← Chapters

သူတို့ဘယ်လောက်သန်မာလဲကြည့်ရအောင်

Vol. 73 Ch. 1454

သူတို့ဘယ်လောက်သန်မာလဲကြည့်ရအောင်

Vol. 73 Ch. 1454

လုံထျန်းသည် စိတ်ကိုပြန်ရုတ်သိမ်းကာ လေးလံစွာသက်ပြင်းချလိုက် သည်။ တစ်ဖက်လူသည် အမှန်တကယ်ပင် နတ်ဘုရားဧကရာဇ်ထိပ်ဆုံးအဆင့် ဖြစ်ကာ နာမည်ပင်မသိရသေးသည့် လူငယ်လေးသည် နတ်ဘုရားဘုရင်သာ ဖြစ်သည်။ သူ အသက်ရှက်လျက်ပြန်လာနိုင်မည်ကို မသိနိုင်ပေ။

“အစ်ကိုကြီး တစ်ခုခုဖြစ်လို့လား” လင်းဖုန်းသည် မိခင်ကိုလက်တွဲကာ လူတန်း၏အဆုံးမှလိုက်လာသည်။

“သေချာပေါက် မဟုတ်ဘူးပေါ့” လျှပ်စီးသည် ပြုံးပြီးပြောလိုက်သည်။ နတ်ဘုရားဧကရာဇ်ထိပ်ဆုံးအဆင့်ဆိုတော့လည်း ဘာလုပ်ရမှာလဲ။ သူတို့ရဲ့ သခင်က တစ်ယောက်ယောက်ကို ရှင်းဖို့ အမြဲနည်းလမ်းရှိတယ်။

မင်စူး၏တစ်ကိုယ်လုံးကို ငွေရောင်ချပ်ဝတ်တန်ဆာများဖြင့် ဖုံးအုပ်ထား ကာ လျှို့ဝှက်ဆန်းကြယ်ပြီး မှေးမှိန်သောသစ်ထွင်းစာများသည် ငွေရောင် ချပ်ဝတ်တန်ဆာပေါ်တွင် တဖြည်းဖြည်းပေါ်လာသည်။ ၎င်းသည် ရှေးဟောင်း သွေးသား သားရဲများမှအသွင်ပြောင်းထားသော တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာ ၏တောက်ပမှုသာဖြစ်သည်။ ခုခံရေးစွမ်းအားသည် သာမန်သားရဲများ မရောက် နိုင်သောအဆင့်တွင်ရှိသည်။

သူသည် လက်ပတ်ကိုဖုံးအုပ်ရန် နတ်စွမ်းအားကို ရွှေ့ပြောင်းလိုက်သည်။ ထိုအခိုက်အတန့်တွင် လက်ပတ်သည် ရုတ်တရက် မြူခိုးမည်းများဖြင့် တောက်ပသွားကာ အဆိပ်အတောက်သည်လေထဲတွင် ပျံ့နှံ့သွားကာ ပုတီး ၃၆ လုံးသည် မြေကြီးခွဲနဂါးခေါင်းများအဖြစ်ပြောင်းကာ ရုတ်တရက် ပျံ့နှံ့သွားလေ သည်။ ၁၈ လုံးသည် မင်စူး၏ဘက်တွင် ကွဲပြီးလှည့်ပတ်ကာ နောက် ၁၈ လုံး သည် ဓားမောက်ရှည်အဖြစ်ပြောင်းသွားလေသည်။ အလင်းသည် မှိတ်တုတ် မှိတ်တုတ်နှင့် ကြည့်လိုက်သည်နှင့် လူများကို ချောက်နက်ထဲသို့ကျသွားသလို ဖြစ်စေသည်။ ၎င်းတွင်ပါဝင်သည့်ကြီးမားသောစွမ်းအင်သည် မင်စူးဘက်မှ မိန်ကလေးလေးဦးကို ၃ မိုင်အကွာထိ တညီတညွှတ်တည်း နောက်ဆုတ်စေ သည်။

“ပေထင်းဟွမ် အဲဒီအရူးမင်ဟွမ်က မင်းလက်ထဲမှာ သေသွားလိမ့်မယ်လို့ ထင်မထားဘူး၊ မင်ရှို့ကိုတောင် မင်းက ဝိညာဉ်စွမ်းအင်ကို ဖြတ်တောက်လိုက် တာပဲ၊ အခု မင်း ဘယ်လောက်သန်မာလဲဆိုတာ ကြည့်တာပေါ့”

သူသည် ပြောပြီးသည်နှင့် လက်ထဲမှ ပုတီးစေ့များမှအသွင်ပြောင်းထား သည့် ဓားမောက်ရှည်သည် စတင်မာန်ဟိန်းကာ သူ၏လက်ဖဝါးမှ လွှမ်းမိုးနိုင် သော အဟုန်ဖြင့် လွတ်မြောက်ရန် ကြိုးစားလေသည်။ မင်စူးပင်လျှင် မထိန်းချုပ်နိုင်တော့ဘဲ လွှတ်လိုက်ရာ ဓားမောက်ရှည်သည် မြင်းရိုင်းတစ် ကောင်ပြေးလွှဦးနေသကဲ့သို့ ပေထင်းဟွမ်ဆီသို့ ခုန်ပေါက်သွဦးလေသည်။ အဆိပ်မြူခိုးမည်းများ ပြန့်ကျဲသွားသည်နှင့် လေအက်ကွဲသွားပြီး အနက်ရောင် အလင်းများလက်လာသည်။

ဓားအလင်းသည် မြေကြီးကို အက်ကွဲသွားစေသည်။ မြေပေါ်တွင် ဓားမောက်ရှည်ဦးတည်ဘက်နှင့်အတူ လက်ချောင်းအရွယ် အက်ကြောင်းသည် ကြမ်းကြုတ်စွာ ငေါထွက်လာသည်။ အက်ကြောင်းတစ်လျှောက်တွင် ၎င်းသည် မီတာ ၁၀၀ နီးပါး ကျယ်လာသည်။ ပေါင်းပင်နှင့် ပန်းရိုင်းများသည် ညှိုးနွမ်းကာ ပြာအဖြစ်လောင်ကျွမ်းလေသည်။

အလွန်အားကောင်းလှသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး မိန်းကလေး လေးဦးသည် ကြောက်လန့်သွားကာ နှာခေါင်းနှင့်ပါးစပ်များကို အင်္ကျီလက်များဖြင့် ဖုံးအုပ်ကြလေသည်။ သူတို့သာ အနည်းငယ်ရှူရှိုက်မိပါက ချက်ချင်းပင် သေသွားနိုင်သည်ကို သူတို့ ကောင်းစွာ သိကြသည်။

ပေထင်းဟွမ်သည် အသက်ရှူအောင့်ထားလိုက်သည်။ သူမသည် အနည်း ငယ်နားလည်သလိုရှိသည်။ ထို ပုတီးစေ့ ၁၈ လုံးသည် အလွန်ထူးခြားသည်။ ၃၃ ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်သည် ပတ္တမြားကမ္ဘာတွင် နှစ်ပေါင်း သောင်းချီဆင်းသက်လာသော အားကောင်းသောမျိုးနွယ်တစ်ခုဖြစ်သည်။ သူတို့လက်ထဲမှ ရတနာများသည် သာမန်လူများအတွက် တွေးမရနိုင်လောက် အောင်အားကောင်းသည်။

“ပုတီးစေ့ကြွေ”

မင်စူးပြုံးကာ နှုတ်ခမ်းရဲရဲများကို ပွင့်ဟကာ ထိုစကားလုံးများကို ရေရွတ်လိုက်သည်။ သူသည် လက်မြှောက်လိုက်သည်နှင့် ပုတီးစေ့ ၁၈ စေ့မှ အသွင်ပြောင်းထားသည့် ဓားမောက်ရှည်သည် ရုတ်တရက် အရှိန်မြှင့်လိုက်ကာ သန်မာသည့်လူသတ်ရောင်ဝါဖြင့် ရစ်ပတ်ကာ ပေထင်းဟွမ်အား ခုတ်လေ သည်။

ထိုမြင်ကွင်းအားကြည့်ပြီး မိန်းကလေး လေးဦးသည် သက်ပြင်းချလိုက် သည်။ ထင်ရှားစွာပင် မိန်းကလေးလေးဦးသည် သူတို့၏သခင်လေး၏ တိုက်ကွက် ကျရှုံးလိမ့်မည်ဟု မထင်ကြပေ။

ပေထင်းဟွမ်၏တစ်ကိုယ်လုံးတွင် နတ်စွမ်းအား ပြည့်နေပြီဖြစ်သည်။ သူမ၏ခြေထောက်အောက်မှ အဌဂံအစီအရင်ထဲတွင် သန့်စင်သောဓား ၉ လက်သည် တဖြည်းဖြည်းလှဉ့်ကာ ကိုးရောင်အလင်းတန်းသည် သက်တန့် အလင်းကဲ့သို့ သူမကို ရစ်ပတ်လေသည်။ သူမ၏ ခြေထောက်အောက်တွင် အကျဉ်းတန်သော လိပ်တစ်ကောင်ရှိနေသည်။ ၎င်းသည်ဘေးတွင်ပေါ်လာပြီး အလင်းတန်းအဖြစ်ပြောင်းကာ ပေထင်းဟွမ်၏ခန္ဓာကိုယ်ဆီသို့ ပြေးဝင်လေ သည်။

မင်စူး၏မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်လာကာ မျက်နှာမှ အလှတရားသည် အနည်းငယ်ပျက်ယွင်းသွားလေ၏။ တမလွန်နတ်ဘုရား... ပေထင်းဟွမ်၏သားရဲသည် အမှန်တကယ်ပင် တမလွန်နတ်ဘုရားပင်။ လင်ရှောင်ဟွာကို တစ်ခါတည်းစားလိုက်သည်မှာ ထိုသားရဲလေလား။ သူ လေဟာနယ်အက်ကြောင်းသို့ မဝင်လိုက်လျှင် မည်သို့အသက်ရှင်ကျန်ဦးမည် နည်း။

All Chapters