← Chapters

မုန်တိုင်းနဂါး၊ ကိုးရောင်ခုတ်ချက်

Vol. 73 Ch. 1455

မုန်တိုင်းနဂါး၊ ကိုးရောင်ခုတ်ချက်

Vol. 73 Ch. 1455

ထိုအချိန်တွင် တမလွန်ပင်လယ်လိပ်သည် တိုက်ခိုက်ရေးချပ်ဝတ် တန်ဆာအဖြစ်ပြောင်းကာ ပေထင်းဟွမ်၏ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်သည်။ အမည်းရောင်စီးကြောင်းသည်လည်း ရိုးရှင်းပြီးလေးနက်သောသစ်ထွင်းစာ အဖြစ်ပြောင်းသည်။ ၎င်းသည်လည်း မင်စူး၏တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာ ထက်မလျော့ဘဲ အဆင့်မှာ ပို၍ပင်မြင့်လေသည်။ ထို့အပြင် ပေမင်းသည် ဘုံ၏ ဖိနှိပ်ခြင်းကိုခံရသော်ငြား အရှင်ကြီးအဆင့်သားရဲဆိုသည့်အချက်မှာ မပြောင်းမလဲရှိနေတုန်းပင်။

“ဟား ဟား အဲဒီလိပ်အိုကြီးက မင်းအသက်ကိုကယ်နိုင်မယ်လို့ထင်ရင် ပေထင်းဟွမ် မင်း ဒီနေ့သေမှာပဲ” မင်စူးသည် သူ၏ကျောက်စိမ်းအစက်ကို သေချာနေသည်။

ထိုအချိန်တွင် ပေထင်းဟွမ်၏လက်ထဲမှ ဓားပျော့သည် လေထဲတွင် စက်ဝန်းပြတ်ကို ရေးဆွဲနေပြီဖြစ်သည်။ အရင်ကထက် အနည်းငယ် သေးသည့် ကြီးမားသောလေနဂါးသည် ဓားထိပ်တွင်ဖြစ်ပေါ်လာသည်။ မှောင်မည်းသော ညတွင် ကိုးရောင်အလင်းအစက်နှင့် ကြီးမားသောလေနဂါးသည် အမှောင်ထဲ တွင် ရောနှောသွားသည်။ ရုတ်တရက် နဂါးအော်သံထွက်လာပြီး လေနှင့် တိမ်တိုက်များလိမ့်တက်သွားကာ ပေထင်းဟွမ်၏ဓားထိပ်ဖျားနှင့် ဓားမောက် ရှည်တို့ကို ဆွဲယူသွားလေသည်။

မင်စူး၏ ပုလဲနှင့်ကျောက်စက်တို့၏ လှုူပ်ရှားမှုကို အတုယူကာ ပေထင်းဟွမ်သည် ကိုးရောင်နိဗ္ဗာန်မီးနှင့် ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်ကို ဆွဲယူကာ မုန်တိုင်းနဂါးကိုရောနှောလိုက်သည်။ ၎င်းသည် အရွယ်အစားသေး သွဦးသော်လည်း ပါဝင်သည့်စွမ်းအားမှာကြီးမားသည်။ သို့သော် အဆပေါင်း မည်မျှဆိုသည်ကိုမသိနိုင်ပေ။

“လေနဂါး ကိုးရောင်ခုတ်ချက်”

ပေထင်းဟွမ်၏အသံနောက်တွင် ကောင်းကင်နှင့်မြေကြီးအကြားတွင် မြောက်သွားကာ မုန်တိုင်းနဂါးသည် ဓားမောက်ရှည်ကို လှုပ်ခါသွားစေသည်။

ဘုန်း

ကျယ်လောင်သောအသံသည် ကောင်းကင်နှင့်မြေကြီးကို အက်ကွဲလုနီး ပါးဖြစ်သွားစေကာ ကိုးရက်ကြာမိုးကြိုးမုန်တိုင်းကဲ့သို့ မရေတွက်နိုင်သော အလင်းတန်းများသည် ဟာရီကိန်းမုန်တိုင်းကဲ့သို့ လှိမ့်တက်လာသည်။ ကောင်းကင်မှတိမ်တိုက်များသည် လွင့်ပျံသွားကာ လေဟာနယ်ထဲမှ အက်ကြောင်းများသည် သားရဲများ ပါးစပ်ဟပြီး အရာအားလုံးကို ဝါးမျိုချင် သည့်အတိုင်းပင်။ မြေပေါ်ရှိ ကောင်းကင်နှင့်မိုနင်ပေါင်းတစ်ထောင်၊ ပေါက်ကွဲ သည့်နေရာနှင့် မိုင်တစ်ထောင်ကွာဝေးသော ချင်းရှန့်ရွာလည်း အကုန်လွင့်စင် ကုန်သည်။ မရေတွက်နိုင်သော ကျောက်တုံးများသည် အမှုန့်များအဖြစ် လှုပ်ခါ သွားလေသည်။

အက်ကြောင်းတစ်ခုသည် ချင်းရှန့်ရွာအား နှစ်ပိုင်းပိုင်းပြီးနောက် ချင်းရှန့် ဧရိယာတစ်ခုလုံးဆီသို့ ဆက်သွားလေသည်။ မရေတွက်နိုင်သော သားရဲများကို အချက်ပေးလိုက်သလိုဖြစ်ကာ တောင်အနက်ပိုင်းထိ ပျံပြေးကြလေသည်။

လျှိုများအထိပျံ့သွားရာ လေနဂါး၏ဟိန်းသံနှင့်အတူ နဂါး၏ဦးချိုသည် ဓားမောက်ရှည်အား တိုက်ခိုက်လေသည်။ သတ်ဖြတ်မည့်ဝိညာဉ် ဖြတ်သွားပြီး သန်မာသောတိုက်ခိုက်ရေးဝိညာဉ်သည် နဂါး၏မျက်လုံးနှင့်ခန္ဓာကိုယ်ဆီမှ ပျံ့သွားလေသည်။ အားကောင်းသောစွမ်းအင်ပါဝင်သည့် ဓားမောက်ရှည်သည် မုန်တိုင်းနဂါး၏ဦးချိုကြောင့် အပိုင်းလိုက်ပြတ်သွားလေသည်။

ထိုအချိန်တွင် မင်စူး၏အသားအရေသည် ပြောင်းလဲသွားချေပြီ။ သူ၏ ၃၆ လုံးသောပုတီးစေ့သည် အရှင်အဆင့်ခွန်အားရှိသော်လည်း သူတို့အား အလွယ် တကူမတားရဲပေ။ သို့သော် ပေထင်းဟွမ်၏လက်ထဲတွင် အားနည်းသွားလိမ့် မည်ဟု ထင်မထားပေ။

ကံကောင်းစွာပင် ဤအချိန်တွင် ဓားလက်ကိုင်ပေါ်မှ ပုတီးစေ့သည် ရုတ်တရက် ဝိညာဉ်အသိစိတ်ဝင်သွားကာ အဆုံးမရှိကြီးမားလာပြီး မြေကြီးခွဲ နဂါးခေါင်းအဖြစ်ပြောင်းလေသည်။ နဂါးမျက်လုံးထဲမှ ရွှေရောင်အလင်းနှစ်ခု ထွက်လာသည်။ ကောင်းကင်မှဖြတ်ကာ ကြယ်ကြွေသအားသကဲ့သို့ ရွှေရောင် ကြောက်စရာကောင်းသော ရောင်ဝါနှင့် မြင်းထွက်လာလေသည်။

၎င်းသည် မင်စူး ရွှေရောင်မြင်းလေ့ကျင့်မှုတွင် မပိုင်ဆိုင်သည့် စွမ်းအား တစ်ခုဖြစ်သည်။ ၎င်းသည် ဤအချိန်တွင် စီးဆင်းလာကာ မုန်တိုင်းနဂါးမှ ညှာတာမဲ့စွာထုတ်လိုက်ခြင်းပင်။ မုန်တိုင်းနဂါးသည် စွမ်းအင်အလင်းအဖြစ် ပြောင်းကာ ကောင်းကင်နှင့်မြေကြီးအကြားတွင် ကွဲသွားလေသည်။ ထိုမြင်းသည် သေချာလေ့ကျင့်ပေးထားခြင်းဖြစ်ရာ လေကိုခွင်းကာ သူသွားသည့်နေရာတိုင်းတွင် အလင်းတန်းများလိုက်ပြီး ပေထင်းဟွမ်ဆီသို့ လူသတ်မည့်အဟုန်ဖြင့် ပြေးဝင်လေသည်။

အဝေးရှိ အစိမ်းရောင်တောင်တစ်ခုအထက်ရှိ ဂူထဲတွင် မိုးကြိုးသွားနှင့် လျှပ်စီးတို့သည် စစ်မြေပြင်ကိုကြည့်နေကြသည်။ ထိုအချိန်တွင် သူတို့နှစ်ဦး သည် ကြောက်လန့်နေပြီဖြစ်သည်။ ထိုရွှေရောင်မြင်းတွင်ပါဝင်သည့်စွမ်းအား သည် အမှန်တကယ်ပင် အံ့ဩလောက်စရာပင်။ မီတာထောင်ချီကွာဝေးသည့် တိုင်အောင် ၎င်းတွင်ပါဝင်သော ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအင်ကို သားရဲနှစ်ကောင်သည် ခံစားမိကြလေသည်။

All Chapters