အားနည်းသော
Vol. 73 Ch. 1456
ရှေးဟောင်းသစ်ထွင်းစာများသည် သားရဲအရိပ်အလွှာများအထက်တွင် ပေါလောပေါ်နေကာ ထိုအထဲတွင် စွမ်းအားများ စုစည်းပြီး တောင်တစ်လုံး ဖြစ်ပေါ်ကာ ရွှေမြင်းအား ရိုက်ချလေသည်။
“ကစဥ့်ကလျားပညာ ကျူးရှန့်ဇုန်”
ဓားနှင့်လွှဲရိုက်ချလိုက်ရာ သားရဲများစွာ၏ ပုံရိပ်များသည် စကြာဝဋာ အနက်ပိုင်းရှိ ဘိုးဘေးတောင်ကဲ့သို့ အတူတကွဖြစ်ပေါ်လာကာ ရွှေမြင်းဆီသို့ ရွှေ့လျားသွားပြီး ဖိနှိပ်လေသည်။ ကျူးရှန့်ချည်းကပ်သွားသည်နှင့် ရွှေမြင်းပေါ် မှ အလင်းသည် တဖြည်းဖြည်းမှေးမှိန်သွားလေသည်။
ဘုန်း
ကမ္ဘာကြီးကိုကိုင်လှုပ်နိုင်သည့် ဘိုးဘေးတောင်ရှေ့တွင် ရွှေမြင်းအထက် မှအလင်းသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားလေသည်။ ကျူးရှန့်သည် ရွှေမြင်းပေါ်သို့ တဖြည်းဖြည်းဖိနှိပ်ရာ ရွှေမြင်းပေါ်မှ ကမ္ဘာကြီးကိုဖျက်ဆီးနိုင် သည့်စွမ်းအားသည် ရွှေရောင်အလင်းတန်းအဖြစ်ပြောင်းကာ ကောင်းကင်နှင့် မြေကြီးအကြားတွင် ပျောက်ကွယ်သွားလေသည်။
တခြားပုတီးစေ့ ၁၈ လုံးကို ပေထင်းဟွမ်ဆီသို့ ပစ်လွှတ်လိုက်ရာ ကျူးရှန့် ကိုပါထိမှန်လေသည်။ အက်ကွဲသံကိုသာကြားလိုက်ရသည်။ ကျူးရှန့်သည် အနည်းငယ်တုန်ခါသွားသည့်ပုံပင်။ သို့သော် မင်စူးမျှော်လင့်ထားသလို အက်ကွဲ ခြင်း၊ ပျက်ဆီးခြင်း ပျောက်ကွယ်သွားခြင်းမရှိပေ။
တိုက်ရိုက်ပင်ဖိနှိပ်ခံလိုက်ရခြင်းပင်။ ပုတီးစေ့ ၁၈ လုံးအားလုံးသည် ကျူးရှန့်ထုတ်လွှတ်လိုက်သော ခွန်အားကြောင့် ပြန်ကန်ထွက်ပြီး မင်စူး၏ ပျာယာခတ်သောမျက်လုံးများအောက်တွင် သူ့ဆီသို့ ပျံလာလေသည်။ သူ၏ ခန္ဓာကိုယ်ကို ငွေရောင်ဦးချိုသားရဲ၏ တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာဖြင့် ဖုံးအုပ်ထားသော်လည်း ပုတီးစေ့ပေါ်မှ လျှို့ဝှက်စွမ်းအင်အားလုံးကို ပျောက်ကွယ်သွားအောင် ဖိနှိပ်နိုင်လေသည်။ ထို 'ကျူးရှန့်ဇုန်' ဆိုသည့် တိုက်ကွက်တွင် စွမ်းအင်မည်မျှပါဝင်သည်ကို တွေးကြည့်၍ရနေသည်။
“မင်း.. အတင့်ရဲလိုက်တာ”
မင်စူးသည် ကျူးရှန့်၏ဖိနှိပ်မှုကြောင့် နောက်ဆုတ်လိုက်ရသည်။ သို့သော် သူ မည်မျှမြန်မြန်နောက်ဆုတ်စေကာမူ ကျူးရှန့်လောက် မမြန်ပေ။ ၎င်းသည်နှေးကွေးပုံပေါက်သော်လည်း အသက်တစ်ရှိုက်အတွင်းမှာပင် ကျူးရှန့်သည် မင်စူး၏ခုခံမှုကို ထိုးဖောက်ကာ မင်စူး၏ခန္ဓာကိုယ်ထဲအား ရိုက်ချကာ အပြင်းအထန်ဖိနှိပ်လေသည်။
အရှေ့၊ အနောက်၊ တောင်၊ မြောက် မိန်းကလေး လေးဦးသည် အမြန်ပြေး လာကာ မင်စူး၏ခန္ဓာကိုယ်ကို ကိုယ်နှင့်ကာလိုက်ကြသည်။ သို့သော် မင်စူး၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသည့်စွန်ကဲ့သို့ မြေပေါ်သို့ လွင့်ကျသွားလေ၏။
ဘုန်း...
ကမ္ဘာကြီးကိုဖိနှိပ်လိုက်သည့်အတိုင်းပင် လူငါးယောက်၏ခန္ဓာကိုယ်များ သည် ကျူးရှန့်ကြောင့် လဲကျသွားကာ မိန်းကလေး လေးဦးသည် အပိုင်းပိုင်း ပြတ်ကာ သွေးနှင့် ခြေလက်များသည် မိုးရွာသကဲ့သို့ ကျလာလေသည်။ မြေကြီး တုန်ခါနေချိန်တွင် သတ်ဖြတ်ဝိညာဉ်လေဟာနယ်သည် ဖိနှိပ်နိုင်သောအရှိန် ကြောင့်ပွင့်သွားပြီး ကြီးမားသောတွင်းကြီးတစ်ခု မြေပေါ်တွင်ပေါ်လာသည်။ အက်ကြောင်းများသည် တစ်မီတာတူထဲကာ ပင့်ကူအိမ်ကဲ့သို့ပင် အလယ်မှနေ ၍ တွင်းနက်ပတ်ပတ်လည်တွင် ပျံ့နှံ့သွားလေသည်။
ဘေးတွင်ဆောင့်ကြောင့်ထိုင်ပြီး ချောင်းကြည့်နေသော ကင်းခြေချုပ် အဖွဲ့နှင့် ငါးမန်းဖြူအဖွဲ့ဝင်များသည် ထိုအချိန်တွင် တွန့်ဆိုင်းခြင်းမရှိ ထွက်ပြေး ကြလေသည်။ အမှောင်ထုထဲမှ ပုံရိပ်များထွက်လာပြီး သူတို့အား ဝန်းရံလေ သည်။ အားလုံး၏မျက်လုံးများသည် တွင်းနက်ကြီးဆီသို့ ကြည့်နေကြသည်။ ဖုန်မှုန့်နှင့် မီးခိုးများတဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အောက်ခြေမရှိသည့် ကြီးမားသောတွင်းထဲတွင် ပုံရိပ်တစ်ခုသည် ရုန်းကန်တက်လာပြီး ဖြည်းဖြည်း တွင်းအောက်ခြေမှ မြောက်တက်လာသည်။
အဲလူကဘယ်သူလဲ။ မင်စူးမဟုတ်ဘူးလား။
အနီရောင်ဝတ်စုံသည် စုတ်ပြတ်နေပြီး သပ်သပ်ရပ်ရပ်ဖြီးလိမ်းထားသော ဆံပင်များသည် ယခုအခါ သွေးများဖုန်များနှင့် ပေကျံနေသည်။ တစ်ကိုယ်လုံး တွင် ဒဏ်ရာများပြည့်နှက်နေပြီး သွေးများစီးကျလာသည်။ အားလုံး၏မျက်လုံး ထဲတွင် ဆွဲဆောင်မှုရှိပြီး စိတ်ကူးယဉ်ဆန်သောလူငယ်မရှိတော့ဘဲ ရှက်စရာ ကောင်းလောက်အောင် သည်းမခံနိုင်လောက်အောင်ရှိနေလေသည်။ ၎င်းသည် အမှောင်နတ်မိစ္ဆာဘုံတွင် ကျော်ကြားသော မင်စူးဖြစ်သည်။
အားလုံး၏မျက်လုံးများ ပြူးကျယ်သွားကြသည်။ တချို့မှာ မယုံနိုင်ကြ ပေ။ မင်စူး၏ခွန်အားသည် နတ်ဘုရားဧကရာဇ်အထွတ်အထိပ်သာဆိုသော်ငြား သူ၏လက်ထဲမှပုတီးစေ့သည် နတ်ဘုရားအဆင့်များစွာကိုသတ်ဖြတ်ခဲ့ပြီး အသိ စိတ်ဘုံသို့ရောက်သည့် အရှင်များကိုပင် နင်းခြေခဲ့သည်။
ယခုအခါ သူသည် ဤလူငယ်ရှေ့တွင် အားနည်းသူဖြစ်နေသည်လား။
ကောင်းကင်ပေါ်တွင် လူလေးယောက်ကိုသတ်ပြီး မင်စူးကို အပြင်းအထန် ဒဏ်ရာရအောင် ပြုလုပ်ပြီးနောက် ဘိုးဘေးတောင်သည် စွမ်းအင်ကုန်ဆုံးကာ ကောင်းကင်နှင့်မြေကြီးအကြားတွင် လုံးဝပျောက်ကွယ် သွားလေသည်။ ထိုအခိုက်တွင် ပေထင်းဟွမ်သည် လေပေါ်တွင်ရပ်နေကာ မင်စူးနှင့် မြေကြီးပေါ်မှလူများကို ထိုင်းမှိုင်းသော်လည်း အထင်သေးသော မျက်လုံးများဖြင့်ကြည့်နေသည်။