← Chapters

ဖြစ်ချင်တဲ့အရာ

Vol. 73 Ch. 1457

ဖြစ်ချင်တဲ့အရာ

Vol. 73 Ch. 1457

ကောင်လေးသည် ၁၅ နှစ် ၁၆ နှစ်အရွယ်သာရှိဦးမည်။ သူမသည် အနက် ရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး အားကောင်းလေကြောင့် ဝတ်ရုံမှာလွင့်နေ သည်။ သူမ၏ဆံနွယ်ရှည်များသည် လေနှင့်အတူ ပြန့်လွင့်နေသည်။ သူမ၏ အေးစက်သောမျက်လုံးအစုံသည် သတ်ဖြတ်ဝိညာဉ်တောင်အနက်ပိုင်းရှိ မာန် အကြီးဆုံး သားရဲကဲ့သို့ပင်။ ၎င်းသည် တစ်ကိုယ်လုံးကို အေးစက်သွားစေသည့် ခံစားချက်မျိုးပေးစွမ်းလေသည်။

ဒီကောင်လေးက ဘယ်သူလဲ။

ကျားအဖွဲ့သည်လည်း သူမ၏ခြေထောက်အောက်တွင် ကျရှုံးခဲ့ကာ နောက်ဆုံးတွင် ဖျက်ဆီးခံခဲ့ရသည်။ သခင်မင်စူးသည်လည်း သူမ၏လက်ထဲ တွင် တစ်ချက်မှမလှုပ်လိုက်ရပေ။

ပေထင်းဟွမ်၏အကြည့်ရောက်လာသည်ကိုမြင်ပြီး ကင်းခြေချုပ်နှင့် ငါးမန်းဖြူအဖွဲ့ဝင်များသည် လက်နက်များကိုင်ဆောင်ကာ နောက်ဆုတ်ကြ လေသည်။ ဤအချိန်တွင် မည်သူကမှ သူမနှင့်မတိုက်ခိုက်လိုကြပေ။ သူတို့ အားလုံးသည် လူငယ်၏ခွန်အားကြောင့် လွှမ်းမိုးခြင်းခံလိုက်ရသည်။

“ပေထင်းဟွမ် မင်း မင်းက တကယ် တကယ်သန်မာတာပဲ” မင်စူးသည် ဒယီးဒယိုင်လျှောက်သွားကာ လေထဲသို့ ပြန်မြောက်တက်လာသည် “ဒါပေမဲ့ မင်း ငါ့ကိုအခုသတ်နိုင်မယ်လို့တွေးထားရင် မင်းက စိတ်ကူးယဉ်နေတာပဲ”

ပေထင်းဟွမ်သည် တည်ငြိမ်အေးဆေးလျက်ရှိသည်။ သူမ၏ဝိညာဉ် အသိစိတ်သည် အဝေးသို့ပျံ့နေပြီဖြစ်သည်။ သူမ၏မျက်ခုံးများသည် ခက်ထန် စွာတွန့်သွားသည်။ သူမ၏အေးစက်သောမျက်ခုံးများသည် မြောက်တက်သွား ကာ ကြည်လင်သောအသံသည် ကောင်းကင်ဘုံကိုးလွှာမှကျလာသည့် ရေခဲနှင့် နှင်းများ အရည်ပျော်သွားသကဲ့သိုပင်။ “မင်စူး မင်းက မင်းလူတွေအကုန်လုံးကို ခေါ်လို့ရတယ်၊ နောက်ဆုံးမှာ ဘယ်သူအသက်ရှင်ကျန်မလဲကြည့်ကြတာပေါ့”

ပေထင်းဟွမ်၏အသံနေအသံထားမှာ ပြတ်သားသည်။ ကြောက်ရွံ့မှု တစ်စုံတစ်ရာမရှိဘဲ သူမ၏ ဆွပေးသောမျက်လုံးများသည် အားလုံးအား စဉ်းလဲ စွာကြည့်လေသည်။ ထိုသန်မာသောလူများသည် မင်စူးအား မမြင်ကွယ်ရာမှ ကာကွယ်ရန် သစ္စာဆိုထားကြသူများဖြစ်သည်။ ထိုလူများ သန်မာသည်မှာ မှန်ကန်သည်။ သို့သော် ပေထင်းဟွမ် မကြောက်ပေ။ သူတို့မည်မျှပင် သန်မာ စေကာမူ နတ်မိစ္ဆာနတ်ဘုရား၏ စာချုပ်သားရဲမျှ သန်မာမည်လား။

ထိုအချိန်တွင် ပေထင်းဟွမ်၏ စိတ်နှလုံးသည် မအေးချမ်းနိုင်တော့ပေ။ သူမသည် ကစဥ့်ကလျားနတ်ဘုရားပညာမှ သားရဲထိန်းချုပ်ကိုအသုံးပြုမည်မှာ ပထမဆုံးအကြိမ်ဖြစ်ကာ ဤမျှဝါးမျိုနိုင်လိမ့်မည်ဟု ထင်မထားပေ။ သူမ၏ အတွေးများကို သူမ၏သားရဲများသိသွားပါက စဉ်းလဲသောသခင်အား မကျေနပ် မှုများဖြင့် ကြိမ်းမောင်းကြမည်ဖြစ်သည်။ ရွှေနဂါး၊ ရွှေဇာမဏီနှင့် ဇီယန်တောင် ပံခြင်္သေ့ဘုရင်တို့သည် မည်သို့သောသားရဲများနည်း။

သူတို့၏ခွန်အားများသည် နှစ်ပေါင်းထောင်ချီကြာအောင် နတ်ဆိုးဝိညာဉ် နှင့် ဘိုးဘေးကျောက်တုံးပေါ်မှစွမ်းအားကြောင့် တိုက်စားခံခဲ့ရသော်လည်း ထိုရက်များအပြီးတွင် ကစဥ့်ကလျားနတ်အရင်းအမြစ်၏ အားဖြည့်မှုကြောင့် သူတို့၏ခွန်အားသည် ၇၈ ရာခိုင်နှုန်းထိ ပြန်ကောင်းမွန်လာသည်။ ပေထင်းဟွမ် တစ်ယောက်တည်းပင် ဤကဲ့သို့အားကောင်းသော သွေးအရည်အချင်းကို မေ့လဲသွားသည်အထိ မပင်ပန်းသည်မှာ အထင်ကြီးလောက်စရာဖြစ်သည်။

ပေထင်းဟွမ်သည် စိတ်ထဲတွင် တိတ်တိတ်လေး ပြောဆိုနေသော်လည်း ပါးစပ်မှထုတ်မပြောရဲပေ။ ကံကောင်းစွာပင် သူမ၏ခန္ဓာကိုယ်ထဲတွင် ကစဥ့်ကလျားနတ်အရင်းအမြစ်ရှိသည်။ ထိုအချိန်တွင် ကြီးမားသောမြင်းစွမ်း အားကဲ့သို့ ခုန်ထွက်လာပြီး ကောင်းကင်နှင့်မြေကြီးမှ စွမ်းအားကို စတင်ဆွဲနှုတ် လေသည်။ ရွှေရောင်ဆေးရောက်လာ၏။ အကြောထဲတွင် မျက်လုံးမှိတ် တင်ပျဉ်ခွေထိုင်နေသည့် သေးငယ်သောပုံဒရိပ်လေးသည် ပါးစပ်ဟကာ သန့်စင်ထားသောစွမ်းအင်အားလုံးကို ဝါးမျိုလိုက်သည်။

ထိုအချိန်တွင် မင်သည်လည်း သူ၏တိုးချဲ့မှုအစီအစဉ်ကို အားတက်သရော် ပြသလေသည်။ ပေထင်းဟွမ် ပင်ပန်းပြီး အကြောထဲမှ စွမ်းအင် ကုန်ခမ်းချိန်တိုင်းတွင် မင်သည် ပေထင်းဟွမ်၏ရွှေအူတိုင် စုပ်ယူရန် စွမ်းအင်များအားလုံးကို ထုတ်လေသည်။ မင်၏ရည်ရွယ်ချက်ကို မသိသော်ငြား ပေထင်းဟွမ်အတွက် တိုက်ပွဲအတွင်းတွင် စွမ်းအင်အထောက်အပံ့သည် အရေး အကြီးဆုံးဖြစ်သည်။

ပေထင်းဟွမ်၏ ဆွပေးသော စကားလုံးများကိုကြားပြီးနောက် မင်စူး သည် ခေတ္တမျှမှင်တက်မိလေသည်။ ထို့နောက် ရယ်မောကာ လက်ကောက်ဝတ်ကို လှန်လိုက်သည်နှင့် လက်ဖဝါးပေါ်တွင် ဆေးတစ်လုံးပေါ် လာသည်။ မွှေးပျံ့သောရနံ့ပါဝင်သည့် ကျောက်စိမ်းအဖြူရောင်ဆေးသည် တစ်ကိုယ်လုံးကို သက်တောင့်သက်သာဖြစ်စေသည်။ အားလုံး၏အားကျသော မျက်လုံးများအောက်တွင် သူသည် ဂုဏ်ယူစွာဖြင့် ပါးစပ်ထဲသို့ ဆေးထည့်လိုက် သည်။ ဆေးသည် ပါးစပ်ဝတွင် အရည်ပျော်သွားကာ ကြီးမားသောစွမ်းအင် သည် တစ်ကိုယ်လုံး၏အကြောများဆီသို့ ပျံ့သွားရာ သူ့ကို အလွန်ကျေနပ်သွား စေသည် “ဟုတ်ပြီ ဒီသခင်လေးကလည်း ဒီရည်ရွယ်ချက်ရှိနေတာပဲ၊ ငါကြည့်ချင်သေးရဲ့ နတ်ဘုရားဘုရင်တစ်ယောက်က ဒီလောက် တိုက်ကွက်ကြီး ထုတ်ပြီးတဲ့နောက် ဒီသခင်လေးကို အော်ဖို့ ဘာအရည်အချင်း များရှိဦးမလဲလို့”

All Chapters