← Chapters

နတ်ဆေးလုံး အဲဒါဘာအဓိပ္ပာယ်လဲ

Vol. 73 Ch. 1458

နတ်ဆေးလုံး အဲဒါဘာအဓိပ္ပာယ်လဲ

Vol. 73 Ch. 1458

ပေထင်းဟွမ် နှာမှုတ်လေသည်။ ထိုအချိန်တွင် သူမသည် လက်ထဲတွင် ‌ရွှေရောင်ဆေးကို ကိုင်ထားသော်လည်း အလျင်စလို ပါးစပ်ထဲမထည့်ပေ “ဒီမှာ မင်းစိတ်ပူဖို့မလိုဘူး၊ မင်းက သေချင်တယ်ဆိုရင်တော့ ဒီသခင်လေးက မင်း ဆန္ဒကိုဖြည့်ဆည်းပေးမှာပါ”

မင်စူးသည် ဒေါသဖြစ်စွာရယ်မောလေသည်။ ပေထင်းဟွမ်သည် အလွန် အမင်းရူးသွပ်နေပြီဟု သူ ရုတ်တရက်ခံစားရလေသည် “မင်းက သန်မာပါတယ် ဒါပေမဲ့ ဒီသခင်လေးနဲ့ တိုက်ခိုက်ဖို့ ဘာအရည်အချင်းများရှိနေလို့လဲ၊ မင်းရဲ့ ခွန်အားပေါ်ကိုပဲမှီခိုရင် နတ်ဘုရားဧကရာဇ်ကို မဖိနှိပ်နိုင်ပါဘူး၊ အဲဒါကို မင်းရဲ့ အားသာချက်အဖြစ်သုံးလို့ရတယ်၊ တိုက်ကွက်ကြီးထုတ်ပြီးတာကို အဲဒီမှာရပ် နေနိုင်တာ သခင်လေးရဲ့ လေးစားမှုကိုရပြီးပါပြီ၊ မင်းက ဆက်တိုက်ခိုက်ချင် သေးတာလား”

ပေထင်းဟွမ်တွင် အလွန်အားကောင်းသော သားရဲများရှိလျှင်တောင် ဂရုစိုက်ရမည်လား။ ကုသသူမရှိဘဲ သားရဲကိုသာအားကိုးခြင်းသည် ခွန်အား မသန်မလာလျှင် တိုက်ခိုက်နိုင်စွမ်းမရှိကြပေ။

ပေထင်းဟွမ်သည် မင်စူးအား ငတုံးဆိုသည့်အကြည့်နှင့်ကြည့်လေသည်။ သူမသည် လက်ဖဝါးဖွင့်လိုက်ရာ လက်ဖဝါးပေါ်တွင် ရွှေရောင်ဆေးရှိနေရာ ၎င်းသည် ညအချိန်တွင်ပင် အလွန်တောက်ပနေ၏။ ဖြူစွတ်သောလက်ဖြင့် ကိုင်ထားရာ လက်ဖဝါးပေါ်တွင် နေရောင်တောက်နေသလိုပင်။ သူမ၏ မျက်လုံးများသည် ဆေးပေါ်သို့ရောက်သွားပြီး မည်သည့်အတွေးများတွေးနေ သည်ကိုမသိနိုင်ပေ။

သို့သော် ဆေးအထက်တွင် မွှေးပျံ့သောရနံ့များပျံ့နှံ့သွားပြီး လေထဲတွင် လွင့်ပျံ့လာသည်။ အားလုံး၏မျက်လုံးများသည် ဆေးပေါ်တွင်ကျရောက်ကာ အမှောင်နတ်မိစ္ဆာဘုံတွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသော ရွှေရောင်၊ နတ်ဘုရားဆေးသည် ဤလူငယ်၏လက်ထဲတွင် မထင်မှတ်စွာနှင့် ပေါ်လာ သည်။

မျက်လုံးများမှ လောဘတက်သည့်အကြည့်များရောက်လာပြီး စိတ်မပြတ်သားနိုင်သည့် တချို့လူများသည် လက်ချောင်းများလှုပ်ရှားကာ ရှေ့သို့တိုးလာသည်။ ဘေးနားမှတားထားသည့် ရဲဘော်ရဲဘက်များသာမရှိလျှင် ထိုလူများသည် အပြေးသွားလုမည်ဖြစ်သည်။

ပေထင်းဟွမ်သည် သဲ့သဲ့ပြုံးလိုက်သည်။ လက်ဖဝါးကိုဆုပ်ကိုင်လိုက်ကာ ဆေးကို ပါးစပ်ထဲထည့်လိုက်သည်။

ထိုအချိန်တွင် မင်စူးသည် အနည်းငယ်ရူးသွပ်နေပြီဖြစ်သည်။ နတ်ဆေး၊ အဲဒါဘာအဓိပ္ပာယ်လြ။ ဆိုလိုတာက ပေထင်းဟွမ်က ထပ်တိုက်ခိုက်ဖို့ ခွန်အား ရှိနေပြီလား။ ဒါပေမဲ့ မင်စူးကိုယ်တိုင်ကရော။ သူစားလိုက်သည်မှာ ကောင်းကင်ဆေးဖြစ်ကာ ၎င်း၏ဂုဏ်သတ္တိသည် ထိုနတ်ဆေးနှင့်မယှဉ်နိုင်ပေ။ သူ၏ခွန်အားတိုးတက်လာသည်မှာ ၅၀ ရာခိုင်နှုန်းမပြည့်ဘဲ ပေထင်းဟွမ်၏ ခန္ဓာကိုယ်သည် ဆေးအရည်ပျော်သည်နှင့် ရွှေရောင်အလင်းတန်းထွက်လာပြီး သူမ၏ခွန်အားသည် ပြီးပြည့်စုံနေပြီဖြစ်သည်။

“ယူလာခဲ့”

ပေထင်းဟွမ်၏လက်ဖဝါးသည် ဓားပျော့ရိုးကိုပွတ်သပ်လိုက်ကာ လက် ချောင်းငါးချောင်းသည် လက်ကိုင်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် မြားတစ်စင်းကဲ့သို့ မင်စူးဆီသို့ ထိုးဝင်သွားလေသည်။ လက်ထဲမှ ဓားပျော့သည် မိုးကြိုးသွားတစ်စင်းကဲ့သို့ပင်။ နားပင်ကာချိန်မရ လိုက်ဘဲ မင်စူး၏ဦးခေါင်းထိပ်ကို ခပ်ကြမ်းကြမ်းရိုက်ချလေသည်။

ချွင်း

ရှည်လျားသောလှံတံသည် ဘေးမှဝင်လာပြီး ပေထင်းဟွမ်၏ဓားပျော့ကို ကာလေသည်။ ထိုအခွင့်အရေးကို အခွင့်ကောင်းယူကာ မင်စူး၏ခြေထောက် သည် လေထဲတွင်ချော်သွားပြီး ခန္ဓာကိုယ်သည် နောက်ပြန်လန်ကျကာ စစ်မြေပြင်မှလွင့်သွားလေသည်။ ထိုအချိန်တွင် သူသည် ထပ်မံတိုက်ခိုက်ရန် အမှန်တကယ်ပင် ခွန်အားမရှိတော့ပေ။

စွေစောင်းနေသောကောင်းကင်တွင် မုတ်ဆိတ်ဖြူဆံပင်ဖြူရှိသည့် ကောင်လေးနှင့်တူသော ယောက်ျားတစ်ယောက်သည် လှံတံရှည်ကိုကိုင်ထား ပြီး ပေထင်းဟွမ်၏လက်ထဲမှဓားပျော့နှင့် ကြမ်းတမ်းစွာ ခုတ်နေကြပြီဖြစ် သည်။ သံမဏိများထိတိုက်ခြင်းမှထွက်လာသည့် မီးတောက်များသည် ည ကောင်းကင်တွင် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲထွက်လာသည်။ ကောင်းကင် အထက်တွင် လူနှစ်ယောက်၏ပုံရိပ်များသည် လျင်မြန်စွာပင် နောက်ပြန်ဆုတ် ကြသည်။ ထိုလူသည် သုံးလှမ်းမျှနောက်ဆုတ်ကာ ပေထင်းဟွမ်သည် ၁၀ လှမ်း ထက်မနည်းနောက်ဆုတ်လေသည်။

ယှဉ်ပြိုင်နေခြင်းပင်။

သို့သော် ထိုအခြေအနေကိုကြည့်ပြီး အပြင်လူများအားလုံးနီးပါးသည် ထိတ်လန့်မိကြသည်။ ပေထင်းဟွမ်အား ကြောက်လန့်သောမျက်လုံးများဖြင့် ကြည့်ကြလေသည်။

“ဒီလူငယ်ကဘယ်သူလဲ၊ အဲဒါက ဝိညာဉ်ဘုံက အကြီးအကဲချီပဲ” ကင်းခြေချုပ်အဖွဲ့အကြားတွင် ကင်းခြေချုပ်၏အသံသည်တုန်ယင်ကာ နောက်ကျောတွင် ချွေးအေးများပြန်လာသည်။ ကံကောင်းစွာပင် သူသည် အလောတကြီးမလုပ်ပေ။ မဟုတ်လျှင် သူသည် ကျားအဖွဲ့ကဲ့သို့ အဆုံးသတ် သွားနိုင်သည်။

All Chapters