ဒီကောင်လေးက ပေထင်းဟွမ်
Vol. 73 Ch. 1459
ဒီကောင်လေးက ပေထင်းဟွမ်။
အကြီးအကဲချီသည် လေထဲတွင် ခြေဖနောင့်ကို အားပါပါဆောင့်လိုက်မှ ပင် နောက်ဆုံးတွင် ခန္ဓာကိုယ်ကိုထိန်းနိုင်သွားသည်။ သူ၏မျက်လုံးများသည် မယုံနိုင်မှုများကို ပြသနေသည်။ ထို့ကြောင့်ပင် သခင်လေးသည် သူမ၏လက် ထဲတွင်သေဆုံးခဲ့ခြင်းပင်။ ဤလူငယ်သည် နတ်ဘုရားဘုရင်ထိပ်ဆုံးအဆင့်သာ ရှိသော်လည်း သူမပြသခဲ့သောခွန်အားသည် အရှင်ဖြစ်သည့် သူ့ထက်ပင် ပိုသန်မာသည်။
အကြီးအကဲချီ၏ဘယ်လက်သည် ရုတ်တရက် ညာဘက်လက်ကို တင်းတင်းဆုပ်ကိုင်ထားလေသည်။ သူသည် ရုတ်တရက် ခေါင်းငုံ့လိုက်သည်။ အမှောင်အလင်းတန်းသည် သူ၏အကြောထဲသို့ စူးဝင်သွားသည်ကို ရှင်းလင်း စွာမြင်နေရသည်။ သူနှင့် တစ်ချိန်လုံးရှိနေခဲ့သည့် လှံတံသည် လေထဲမှလျှော ကျသွားကာ မြေကြီးကို ခွဲလေသည်။
ထိုအချိန်တွင် လှံတံကျသွားသည့်နေရာ၏ အချင်းဝက် တစ်မိုင်တွင်ရှိ သော စိမ်းလန်းသည့်အပင်များသည် ညှိုးနွမ်းပြီး ပြာအဖြစ်ပြောင်းသွားကြလေ သည်။
“မင်းက အဆိပ်သုံးလိုက်တာပဲ” အကြီးအကဲချီသည် လေးလံစွာဖြင့် ရှေ့တိုးပြီး စိတ်လိုက်မာန်ပါဖြင့် ပေထင်းဟွမ်အား ခုန်အုပ်လုမတတ်ပင်။
လူငယ်၏အထင်သေးသောမျက်လုံးများသည် အကြီးအကဲချီဆီသို့ ရောက်သွားသည် “အဆိပ်သုံးတယ်ဟုတ်လား၊ အမှောင်နတ်မိစ္ဆာဘုံမှာ အဆိပ် သုံးလို့မရဘူးဆိုတဲ့ စည်းမျဉ်းများရှိလို့လား၊ ဒီအတိုင်းပဲ မင်စူးက အဆိပ်သုံးတာ ကိုမြင်ပြီးတော့ အဲအတိုင်းလိုက်လုပ်ရုံတင်ပဲ”
“မင်းသိလား ငါက ပင်မတိုက်ကြီးမှာတောင် လူသတ်ပေမဲ့ အဆိပ်မသုံးခဲ့ ဖူးဘူး”
အကြီးအကဲချီသည် ဒေါသထွက်လွန်း၍ စကားပင်ပြောမထွက်ပေ။ ထို အခိုက်အတန့်တွင် သူသည် စိတ်ငြိမ်ငြိမ်ထားပြီး သွေးကြောထဲတွင် အဆိပ်များ ပြေးလွှားနေသည်ကို တားရမည်ဖြစ်ကာ အကြောထဲသို့ဝင်သွားမည်ကို တားဆီးရမည်ဖြစ်သည်။ သို့သော် ပေထင်းဟွမ်၏စကားများသည် သူ့ကို စိတ်မငြိမ်စေသလို ရင်ဘတ်တစ်ခုလုံးလေးလံလာကာ မျက်နှာသည် ခရမ်း ရောင်ပြောင်းသွားသည်။ လက်သီးဆုပ်သည် ဆုပ်လိုက် ဖြည်လိုက်နှင့် တစ်စုံ တစ်ယောက်သာ သူ့ကိုလာမတားလျှင် အကြီးအကဲချီသည် ပေထင်းဟွမ်အား သေသည်အထိ တိုက်ခိုက်နိုင်မည်ကိုစိုးရသည်။
“သွားကြမယ်” ထိုလူ၏ခွန်အားသည် အားမနည်းလှပေ။ သူသည် အကြီးအကဲချီအား ဆွဲကာ ပေထင်းဟွမ်နှင့်ဝေးရာသို့ ဆွဲခေါ်သွားသည် “ဒီကလေးက အမှောင်နတ်မိစ္ဆာဘုံမှာရှိနေသရွေ့ သူ့ကိုသတ်ဖို့မကြောက်ဘူး”
ထိုစကားများသည် ပေထင်းဟွမ်အား ရည်ရွယ်လိုက်ခြင်းပင်။ ထိုလူသည် အကြီးအကဲချီနှင့် တူညီသောခွန်အားနှင့် အဆင့်အတန်းရှိပုံပင်။ သူ၏မျက်လုံး ထဲမှ အပြစ်ပြုမည့်အကြည့်သည် အားနည်းသူတစ်ယောက်ကို သတ်ရန် လုံလောက်သည်။
ပေထင်းဟွမ်သည် တည်ငြိမ်စွာဖြင့် လက်ထဲမှဓားပျော့ကို အေးစက်သော အလင်းတန်းအဖြစ်ပြောင်းလိုက်ရာ အားလုံး၏မျက်လုံးများကို ကန်းသွားစေ လောက်သည်။ သို့သော် ထိုအချိန်တွင် မြေပေါ်၌ ဝေစုခွဲယူချင်သည့် ကင်းခြေချုပ်အဖွဲ့နှင့် ငါးမန်းဖြူအဖွဲ့တို့သည် လင်းယွိပြောင်းရွှေ့တော့မည့် အချိန်တွင် ပျောက်ကွယ်သွားပြီဖြစ်သည်။
ပေထင်းဟွမ်သည် လင်းယွိမှလူအားလုံးကို မသတ်နိုင်ပေ။ သူတို့ကို ရှင်းထုတ်ရသည်မှာ လွယ်ကူလှသည်တော့မဟုတ်ပေ။
ခဏအကြာတွင် လေဟာနယ်တစ်ခုလုံးသည် ဗလာကျင်းသွားသည်။ ထိုနေရာတွင် တိုက်ပွဲကြီးရှိခဲ့ရာ ဖိနှိပ်မှုသည် အဘက်ဘက်သို့ပျံ့နှံ့သွားခဲ့သည်။ ငှက်နှင့်သားရဲများ၏အသံများပင် ပျောက်ကွယ်သွားချေပြီ။ သူမ၏ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာ လည်ချောင်းထဲမှချိုမြမှုကို ခံစားမိသဖြင့် တက်လာသော သွေးများကို ခက်ခက်ခဲခဲမျိုချလိုက်သည်။
“ဟွမ်အာ”
အသိစိတ်ပင်လယ်ထဲတွင် အသံခပ်ဖျော့ဖျော့ထွက်လာရာ ချက်ချင်းပင် ပေထင်းဟွမ်၏ တစ်ကိုယ်လုံး ထိတ်လန့်သွားလေသည်။ သူမသည် မြေပေါ်သို့ ဖြည်းဖြည်းဆင်းလိုက်ကာ လဲကျနေသည့် သစ်ပင်ကြီးတစ်ခု၏ပင်စည်ကို မှီ လိုက်မှပင် အနည်းငယ် စိတ်ဝိညာဉ်သက်သာရာရသွားသည်။ အနည်းငယ် သက်သာလာသောအခါ သူမ ပြန်ဖြေလိုက်သည် “ယန်ယဲ့ အခုဘယ်လိုနေလဲ”
ပေထင်းဟွမ်၏အသံထဲမှာ အားကောင်းခြင်းမရှိသလို အားနည်းခြင်းမရှိ ပေ။ ထို့ကြောင့် သူသည် လက်သီးကိုတင်းတင်းဆုပ်မိလေသည်။ သူသည် အရင်ဆုံး အဆင့်တက်ရန်နည်းလမ်းရှာရတော့မည့်ပုံပင်။ နတ်ဘုရားဧကရာဇ် အဖြစ်အရင်ဆုံးအဆင့်တက်မှပင် ထိုလူများနှင့် တိုက်ခိုက်ရန် ခွန်အားရှိမည် ဖြစ်သည်။