← Chapters

နတ်မိစ္ဆာဧကရာဇ်က သေသွားပြီးကတည်းက နစ်နစ်နာနာနေခဲ့ရတာလား

Vol. 73 Ch. 1460

နတ်မိစ္ဆာဧကရာဇ်က သေသွားပြီးကတည်းက နစ်နစ်နာနာနေခဲ့ရတာလား

Vol. 73 Ch. 1460

“ဟွမ်အာ ကိုယ့်အတွက်ကို စိတ်မပူနဲ့ အများကြီးကောင်းနေပါပြီ”

ထိုအချိန်တွင် ယန်ယဲ့ပြောသလိုပင် သူသည် များစွာကောင်းမွန်လာပြီ ဖြစ်သည်။ စီဖုန်းနတ်ဘုရားအကျဉ်းထောင်သည် သူ၏စစ်မှန်သောဝိညာဉ်ကို စုပ်ယူနိုင်စွမ်းမရှိတော့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် စီဖုန်းနတ်ဘုရား အကျဉ်းထောင်ကို တဖြည်းဖြည်းသန့်စင်နိုင်ပြီဖြစ်သည်။ အကြောင်းအရင်းမှာ ပေထင်းဟွမ်သည် ဘိုးဘေးကျောက်တုံးကို စုပ်ယူလိုက်ခြင်းကြောင့်ပင်။ ဘိုးဘေးကျောက်တုံးပေါ်မှ စွမ်းအင်သည် ကျယ်ပြန့်ကာအဆုံးမရှိဘဲ အားကောင်းသော ကောင်းကင်နှင့်မြေကြီးအရင်းအမြစ်ပါဝင်လေသည်။ ထိုအရာကပင် ယန်ယဲ့အား ပြန်အားဖြည့်စေကာ တစ်ရက်အတွင်း မိုင်ပေါင်း ထောင်ချီ ခရီးရောက်လေသည်။

ထို့ကြောင့်ပင် ပေထင်းဟွမ်အား အာရုံစိုက်နိုင်ရန် စွမ်းအင်အလင်းတန်း ကို ပေးနိုင်ခြင်းပင်။ ပေထင်းဟွမ်၏ရင်ဘတ်ထဲမှ အမွေးပွလုံးလေးသည် သူ၏ ဝိညာဉ်ဖြင့်အသွင်ပြောင်းထားခြင်းဖြစ်ကာ အမွေးပွလုံးလေးမြင်သမျှကို သူ မြင်နိုင်လေသည်။ ယန်ယဲ့သည် ယခုအချိန်တွင် ထိုအစွမ်းအစကိုပါ ပိုင်ဆိုင်နေ ပြီဖြစ်သည်။

“ဘယ်လိုခံစားရလဲ”

အမွေးပွလုံးလေး၏မျက်လုံးထဲတွင် ညအမှောင်ထဲ၌ပင် ပေထင်းဟွမ်၏ မျက်နှာမှာ အလွန်ဖျော့တော့နေသည်ကို ရှင်းလင်းစွာမြင်နေရသည်။ ယန်ယဲ့ သည် စိတ်မကော်ငးဖြစ်မိသည်။ သူသည် ကျားဖြူတိုင်အားမှီကာ မျက်လုံးကို ဖြည်းဖြည်းမှိတ်လိုက်သည်။ ရင်ထဲမှခံစားချက်များကို အတင်းဖိနှိပ်ကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သူသည် ယောက်ျားတစ် ယောက်ဖြစ်ကာ သူ၏မိန်းကလေးမှာအနိုင်ကျင့်ခံနေရသည်ကို သူ ကြည့်ရုံသာ ကြည့်နေနိုင်သည်။

သူ သေဆုံးကတည်းကပင် နတ်မိစ္ဆာဧကရာဇ်သည် နစ်နစ်နာနာနေခဲ့ရ သည်လား။

ဝိုး....

အားကောင်းသောခွန်အားတစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ပြန့်ထွက်ကာ မြူခိုးမည်းသည် မိုးကြိုးတိမ်တိုက်များကဲ့သို့ သူ၏ညာဘက်လက်ပေါ်တွင် လက်ပတ်သဖွယ် ရစ်ပတ်လေသည်။ ကောင်းကင်ဘုံကိုးလွှာအား ခွဲရန်လုံလောက်သည့် အားကောင်းသောစွမ်းအင်သည် သံကြိုးအား ပြင်းထန် စွာရိုက်ရာ သံကြိုးမှာဘာမှမကျန်တော့ပေ။ သို့သော် သံကြိုးသည် အမှန်တကယ်ပင် ပျောက်ကွယ်သွားခြင်းမရှိပေ။ အဆုံးတစ်ဖက်မှာ နတ်တိုင်လုံးတွင် အမြစ်တွယ်ဆဲဖြစ်ကာ တစ်ဝက်မှာမရှိတော့သော်လည်း နောက်တစ်ဝက်ကို ယန်ယဲ့မှသန့်စင်လေသည်။

“ကံကောင်းလို့ အဆင်ပြေနေတယ်” ပေထင်းဟွမ်၏အသံသည် စီဖုန်း နတ်ဘုရားအကျဉ်းထောင်တွင် နူးညံ့စွာလှိုင်းထလာသည်။ လှပသောရေလှိုင်း များကဲ့သို့ ယန်ယဲ့၏ရင်ဘတ်တွင် ပဲ့တင်ထပ်လာရာ သူသည် အလိုလိုပင် အသံထွက်မိလေသည်။ ပေထင်းဟွမ်သည် သူ၏ရင်ခွင်ထဲတွင် လူးလိမ့်နေသည့်ခံစားချက်မှာ တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်သည့်ညကခံစားချက် အတိုင်းပင်။ ယခုအချိန်မှာ သူသည် စီဖုန်းနတ်ဘုရားအကျဉ်းထောင်တွင် ပိတ်လှောင်ခံရကာ ပေထင်းဟွမ်သည် အပြင်ဘက်တွင် ရင်ဘတ်နာကျင် လောက်အောင် အော်ငိုနေသည်။

“လင်မယားဆိုတာ ကံတရားတစ်ခုတည်းကိုပဲ မျှဝေကြတာဆို၊ ရှင် အသက်ရှင်နေရင် ကျွန်မအသက်ရှင်မယ်၊ ရှင်အသက်ရှင်နေမှတော့ ကျွန်မ လည်း ကောင်းကောင်းနေရမှာပေါ့” ပေထင်းဟွမ်သည် နတ်အဆင့်ဆေးကို ပါးစပ်ထဲသို့ထည့်လိုက်သည်။ သူမခန္ဓာကိုယ်မှ သွေးများသည် ပင်ပန်းနေပြီဖြစ် သည်။ တဖြည်းဖြည်းမြုပ်ဝင်သည်နှင့် ဆေးစွမ်းအားသည် သူမ၏သွေးကြော ထဲတွင် စတင်လည်ပတ်ကာ အပြင်ဘက်မှ ကစဥ့်ကလျားနတ်အရင်းအမြစ် စုပ်ယူထားသည့်စွမ်းအားသည် သူမ၏အကြောထဲသို့ စတင်လောင်းထည့်လေ သည်။

ပေထင်းဟွမ်သည် မြေကြီးပေါ်မှ တဖြည်းဖြည်းထပြီး လင်းယွိမှလူများ ပြေးလာသည့်ဘက်သို့ကြည့်လိုက်သည်။ သူမသည် ထိုလူများကို သတ်လိုက် ရန်မဖြစ်သဖြင့် ဦးစွာလွှတ်ထားပေးခြင်းဖြစ်သည်။ သူမ၏လက်ထဲတွင် ဝှက်ဖဲ များစွာရှိသည်။ သို့သော် သူတို့အားလုံးကို တစ်ခါတည်းလွှတ်ပေးလိုက်လျှင် အလွန်မိုက်မဲရာကျမည်။

လက်မြှောက်ပြီး ရင်ဘတ်ထဲမှ မွေးပွလုံးလေးကို ပွတ်သပ်လိုက်သည်။ ပေထင်းဟွမ်၏နူးညံ့သောလက်သည် ယန်ယဲ့၏ခန္ဓာကိုယ်ကို ထိလိုက်မိပုံပင်။ ထိတွေ့လိုက်သည့်ခံစားချက်သည် ယန်ယဲ့၏တစ်ကိုယ်လုံးကို တုန်ယင်သွား စေသည်။ သူသည် ပြုံးမိသည်။ စိတ်မကောင်းဖြစ်ရာမှ များစွာသက်သာလာ သည်။ “ဟွမ်အာ ကိုယ့်စကားများကို မှတ်ထားပါ ဘာတွေပဲဖြစ်လာခဲ့ပါစေ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်မလုပ်နဲ့ ကိုယ့်မှာ အများကြီးရှိသေးတယ် မကြာခင်ထွက်လာမှာပါ”

“အင်းပါ”

ပေထင်းဟွမ်သည် မွေးပွလုံးလေးကို အတွင်းထဲသို့ထိုးထည့်လိုက်ကာ မိုးကြိုးသွားတို့ရှိသည့်ဘက်သို့ ကြည့်ကာ ထိုနေရာသို့ပျံသွားလိုက်သည်။ သူမ တွင် အချိန်မရှိတော့ပေ။ လင်းယွိမှလူများသည် မကြာမီလိုက်မှီတော့မည်။ သူမသည် ရွာသားများကို ဦးဆောင်ကာ မြန်မြန်ထွက်ခွာရမည်။

All Chapters