အပိုင်း (၂၀၁-၂၁၀)
Vol. 3 Ch. 201-210
အပိုင်း (၂၀၁)
“ နုနယ်သော လူ”
ဖန်ကျန်းရှီကတော့ ရှင်ချင်းစွေ့ကို သာ စိုက်ကြည့်နေခဲ့တယ်။
တကယ်တမ်းမှာတော့ သူ့ အနေနဲ့ ရှင်ချင်းစွေ့ အကြောင်း တွေးစရာဘာမှ မရှိဘူး ။ ဒီ လူ အကြောင်းကို ရန်ရွှယ့် ဆီကသာ ကြားဖူးတာ ။ တိုက်ခိုက်ရေး စာမေးပွဲ အချီတွေမှာတော့ အတွေးအခေါ် စာမေးပွဲမှာပါ မတွေ့ဖူးခဲ့ဘူး ။
ဒါပေမယ့်လည်း ရှင်ချင်းစွေ့ရဲ့ တိုက်ပွဲ စိတ်ဝိဉာဉ် ပြင်းထန်လာတာကို မြင်ရချိန်မှာတော့ ဒီ လူဟာ တိုက်ပွဲတွေကို ရူးသွပ်တဲ့ စစ်နတ်ကျောင်းတော်သား ဆိုတာကို ပိုပြီးတော့ ယုံကြည်လာတယ်။
ဖြစ်နိုင်တာကတော့…
ဒီ နည်းလမ်းက စစ်နတ်ကျောင်းတော်က လူတွေ တိုက်ခိုက်တဲ့ပုံစံ ဖြစ်နိုင်တယ်။
လက်ရှိကို တိုက်ခိုက်ပြီးတော့ ရှုံးနိမ့်မှုကို ငြင်းဆိုမယ်။
တိုက်ပွဲ ထဲမှာ အရာအားလုံး ဖြစ်တည်မှု တာအိုကို နားလည်ပြီးတော့ ပြင်းထန်တဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်နိုင်တာပဲ ။
“ ဘုန်း”
ရှင်ချင်းစွေ့ရဲ့ ဥက္ကာပျံ ဓာ.းဟာ ချီလင်လှံနဲ့ ထိခတ်ပြန်တယ်။
ဒါဟာ ငါးကြိမ်မြောက် ထိပ်တိုက်တွေ့ခြင်း။
မရေမတွက်နိုင်တဲ့ အရှိန်အဝါတွေဟာ သူတို့စီကနေ ထွက်ပေါ်လာတော့တယ်။ ဘေးပတ်လည်မှာ ရှိတဲ့ အရာတွေ ကျောက်တုံးတွေကို စက်ဝိုင်းပုံစံ အင်အားလှိုင်ေးတွက ကြေမွ အောင်စေတယ်။
ဒီ တစ်ကြိမ်မှာတော့
ရှင်ချင်းစွေ့ဟာ သုံးမီတာ ထက် နည်းစွာ နောက်ကို ယိမ်းယိုင်တာ ။
နောက်ဆုတ်ပြီး ကြည့်နေကြတဲ့ စာဖြေသူတွေဟာ တအံံ့တသြ ဖြစ်နေကြတယ်။ ပင်းယန်နဲ့ ရှင်ချင်းစွေ့ရဲ့ တိုက်ပွဲ ကြားမှာ ဒီလို အလှည့်အပြောင်း ဖြစ်လာမယ်လို့ ဘယ်သူမ မတွေးမိဘူး ။
တိုက်ရိုက်တိုက်ခိုက်တာ….
ပင်းယန်ရဲ့ ချီလင်လှံဟာ ကောင်းကင်ထိ ကို ထိုးတက်နေတော့တယ်။
ဒါကို ကြည့်နေတဲ့ ဖန်ကျန်းရှီ သတိထားမိသွားတာဟာတော့ ပင်းယန်ရဲ့ အသက်ရှူနှုန်းဟာ မူမမှန်ဖြစ်နေပြီးတော့ သူမရဲ့ နှုတ်ခမ်းတွေဟာ မောပန်းဟန်ကို ဖော်ပြနေခဲ့တယ်။
ချီလင်လှံဟာ ကြီးမြတ်သော ရှ မင်းဆက် ရတနာ တစ်ပါး ။
သို့ပေမယ့် အသုံးပြုသူကတော့ သန်မာမှု အလုံအလောက် မရှိ ဘူး။ ဒါကြောင့် အစွမ်းကုန် အသုံး မချ နိုင်ဘူး ြဖ်စတယ်။
ဒါက အရာအားလုံး အတွက် ပြဿနာ ။ ဆေးကောင်းတွေမှာတောင် ဆိုးကျိုးရှိနိုင်သေးတယ်။
ပင်းယန်က ကြယ်တာရာစုဝေးမှု အဆင့်မှာပဲ ရှိနေသေးတာ ဖြစ်တဲ့ အတွက် ချီလင်လှံကို တစ်ခါ သုံးလိုက်တိုင်းမှာ သူမရဲ့ အင်အားကို ယုတ်လျော့စေတယ်။
ဒါဟာ သူမအတွက် ဆိုးကျိုးဖြစ်တယ။်
ဒါပေမယ့်လည်း ရှင်ချင်းစွေ့ သူမကို စိန်ခေါ်ချိန်တုန်းက သူမ ဟာ အကောင်းဆုံး အခွင့်အရေး ရှိတဲ့ အချိန်မှာ ရောက်နေခဲ့တာ ။
ရှင်ချင်းစွေ့ နဲ့ ပြင်းထန်တဲ့ တိုက်ပွဲ ဖြစ်မယ်လို့ မတွေးမိခဲ့ ဘူး ြဖ်စတယ်။
တိုက်ပွဲ ဒေါသ တွေဟာ ပိုပြီးတော့ ပြင်းထန်လာခဲ့တယ်။
ရှင်ချင်းစွေ့ဟာ ပင်းယန် ထက် မောပန်း နေတာ အသိသာ ကြီးပဲ ။ ချွေးတွေ ရွှဲနစ်နေပြီးတော့ သူ့အကျီ နောက်ကျော ဟာ ရေလော င်းခံ ထားရသလို စိုစွတ်နေခဲ့တယ်။
သို့သော် သူ့ရဲ့ ဓားကိုတော့ တင်းကြပ်စွာ ဆုပ်ကိုင် ထားဆဲ ။
သူ့ ဘယ်လောက်ပဲ နောက်ဆုတ်ရပါစေ။ ဘယ်လောက်ပဲ မောပန်းနေပါစေ။ သူ့ရဲ့ ဓားကိုတော့ တင်းကြပ်စွာ ဆုပ်ကိုင်နေဆဲ ။
“ တိုက်ခိုက် စမ်း။” ရှင်ချင်းစွေ့ဟာ မာန်ကို သွင်းလိုက်တယ်။
ပင်းယန်ဟာတော့ သူမရဲ့ ချီလင်လှံကို တစ်ဖန်ဝေ့ယမ်းလိုက်ပြန်တယ်။
မီးတောက်တွေဟာ ကောင်းကင်ကို ထိုးတက်သွားခဲ့တယ်။ ရှှုင်ချင်းစွေ့ကတော့ သူ့ရဲ့ တိုက်ပွဲ ဉာဉ်ကို သုံးပြီးတော့ မီးပင်လယ်ကို ထိုးဖောက်ပြန်တယ်။ အဲ့ဒီ့နောက် ဥက္ကာပျံ ဓားနဲ့ ခုခံ ပြန်တယ်။
“ဘုန်း”
ထိခတ်မှုကြောင့် ရွှေရောင် အလင်းတန်းတွေ တစ်ဖန်ဖြာလာခဲ့တယ်။
ဒါကို လူတိုင်း ခန့်မှန်းပြီးသား ။
သို့သော် သူတို့ မမျှော်လင့် ထားတာကတော့ ဒီ တစ်ကြိမ်မှာ ရှင်ချင်းစွေ့ဟာ ချက်ခြင်း နောက်ကို ယိမ်းယိုင်သွားတာမျိုး မရှိတော့တာကိုပဲ ။ လက်နက်တွေ ထိချက်ပြင်းပေမယ့်လည်း သူဟာ နေရာမှာပဲ ဆက်ရှိနေခဲ့တယ်။
“ဘုန်း။”
ရွှေရောင် အလင်းတန်းတွေဟာ ထွက်ပေါ်လာပြီးတော့ သူတို့ နှစ်ဦးဟာ လွင့်ထွက်သွားတော့တယ်။
အကွာအဝေးက တော့ လေးမီတာ လောက် လွင့်သွားတာပဲ ။
အရင်ထိချက်တွေတောင် လွင့်စင်မှုဟာ ပိုပြင်းထန်ခဲ့တယ်။
အဲ့ဒီ့နောက် လူတိုင်း အံံ့သြ စွာ ဖြစ်သွားရတာကတော့ ဒီ ထိခတ်မှုဟာ ပင်းယန်ကို လေးမီတာ လောက် လွင့်စင်သွားစေတာပဲ ။
ဒါဟာ ပင်းယန် အတွက် ပထမဆုံးသော ဆုတ်ခွာ ရမှု ။
ရှင်ချင်းစွေ့ဟာတော့ အရင် ငါးကြိမ်ကအတိုင်း သုံးမီတာ မှာပဲ ရှိနေတာ ။
“ သူတကယ်ပဲ ပင်းယန်ကို ထိပ်တိုင် ရင်ဆိုင်နိုင်တယ်။ ”
“ ဒါက နည်းနည်းတော့မယုံနိုင်စရာပဲ။”
စာဖြေသူတိုင်းဟာ သူတို့ရဲ့ မျက်လုံးတွေကို မယုံကြည်နိုင်အောင်ဖြစ်နေခဲ့တယ်။
ပင်းယန်ကိုယ်တိုင်လည်း မယုံကြည်နိုင်ပါဘူး။ ပထမဆုံး အကြိမ်အနေနဲ့ သူမရဲ့ မျက်လုံးတွေမှာ အံ့သြမှု အရိပ်အယောင်ပေါ်လာတာ။
တစ်ချိန်တည်းမှာပဲ။
အရင်အကြိမ်တွေ တုန်းက ရှင်ချင်းစွေ့ကို အနိုင်ယူဖို့ တွေးခဲ့တဲ့ သူမရဲ့ မျှော်လင့်ချက်ဟာ ပြိုကွဲ သွားတော့တယ်။
ဆက်တိုက်ခိုက်ဖို့ အင်အားတွေရှိနေမယ်လို့ မထင်ထားခဲ့ဘူး ။
ဒါဟာလည်း လူတိုင်းမတွေးခဲ့တဲ့ အရာ ။
လူတိုင်းဆိုတဲ့ အထဲမှာ ဖန်ကျန်းရှီ နဲ့ ရန်ရွှယ်တော့ မပါပါဘူး။
“မင်း ဘယ်လို ထင်လဲ။” ဖန်ကျန်းရှီ က မေးလိုက်တယ်။
“ ဒါက ခက်ခဲတယ်။” ရန်ရွှယ်ဟာ ခေါင်းကို ခါလိုက်တယ်။
ဖန်ကျန်းရှီရဲ့ မေးခွန်းနဲ့ ရန်ရွှယ်ရဲ့ အဖြေဟာတော့ သိပ်ကို ကွဲပြားလွန်းတယ်။
ဒါပေမယ့်လည်း သူတို့ နှစ်ဦးကတော့ ကောင်းကောင်း နားလည်ခဲ့တယ်။
ဖန်ကျန်းရှီ နဲ့ ရန်ရွှယ်ဟာ တိုက်ပွဲအကြောင်းကို ဆက်လက် ပြောဆိုကြတယ်။ အကယ် ၍ သူမ သာ ချီလင်လှံကိုသုံးပြီးတော့ ရှင်ချင်းစွေ့ကို အနိုင်မတိုက်နိုင်ရင်။ ဖန်ကျန်းရှီကို အနိုင်တိုက်ပြီးတော့ တိုက်ခိုက်ရေးစာမေးပွဲမှာ ထိပ်တန်းအဆင့်ကို ယူမယ် ဆိုတာ ဖြစ်နိုင်မှာလား။
သူမ ရူးနေလို့ပဲ ဖြစ်မယ်။
သူမ ဟာ ရှေ့ကို ရုတ်ချည်း လှမ်းလိုက်တယ်။
မီးတောက်တွေကြားမှာ ရပ်တန့်လိုက်ပြီ ။
ရှင်ချင်းစွေ့ကတော့ မဆု်တ်ခွာပါဘူး။ သူ့ရဲ့ မျက်လုံးတွေဟာတော့ သားရဲ ကောင် တစ်ကောင်လို တောက်ပ နေပြီးတော့ ဓားကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့တယ်။
“ဘုန်း ဘုန်း ဘုန်ုး။”
လက်နက်တွေဟာ ထိခတ်ကြပြန်တယ်။
ပင်းယန်ဟာ ချီလင်လှံနဲ့ ထပ်ခါထပ်ခါ ဆက်တိုက်ဆိုသလို ထိုးနှက်နေခဲ့တယ်။
မီးတောက် မီးလျှံတွေဟာ ရှင်ချင်းစွေ့ ကိုယ်ကို စက်ဝိုင်းသဖွယ် ဝိုင်းရံရင်း တောက်ပနေခဲ့တယ်။
ရွှေရောင်အလင်းတန်းက သူ့ကို ထိတွေ့ချိန်တိုင်းမှာ သူ့ရဲ့ ဓားဟာ အလင်းးတန်းတွေကို ပြန်လည် ခုခံခဲ့တယ်။
ပင်းယန် ဟာ တဖြည်းဖြည်းချင်း အသာစီးယူ တိုက်ခိုက်နေခဲ့တယ်။
သူမရဲ့ တိုက်ခိုက်မှု တစ်ချက်ခြင်း စီဟာ ပြင်းထန်လှတယ်။ ရှင်ချင်းစွေ့ကို ထိုးစစ်ဆင်လိုက်ချိန်တိုင်း သူဟာ ပြန်လည် ခုခံ မှုကို ကောင်းမွန်စွာပြုလုပ်နိုင်တယ်။ သူ့ကို ဖိနှိပ်တိုက်ခိုက်ဖို့ဟာ ခက်ခဲ လွန်းလှတယ်။
ရှင်ချင်းစွေ့ဟာတော့ တိုက်ခိုက်ချိန်တိုင်းမှာ တည်ငြိမ်နေခဲ့တယ်။ အင်အားကြီးမားတဲ့ လောင်စာတစ်မျိုး သူ့ကိုယ်ထဲမှာ တောက်လောင်နေသည့်အတိုင်းပါပဲ။
ချွေးဒီးဒီ း စီးကျနေပြီးတော့ တိုက်ပွဲ အရှိန်ကြောင့် အဝတ်အစားတွေ စုတ်ပြဲကုန်ပေမယ့်လည်း သူ့ ဟာ ဂရုစိုက်ဟန် မတူပါဘူး။
ချီလင်လှံကို သာ ထပ်ခါ ထပ်ခါ ခုခံ နေခဲ့တယ်။
တစ်ကြိမ်မှ ခုန်ရှောင်ခြင်း အလျဉ်းမရှိခဲ့ဘူး ။
သူတို့ နှစ်ဦး ကြားက တိုက်ပွဲ အရှိန်ကြောင့် တခြားသော တိုက်ခိုက်မှုတွေဟာ ရပ်တန့်နေခဲ့ကြတယ်။
လူ အားလုံးဟာ ဒီ နှစ်ဦးရဲ့ တိုက်ပွဲကိုသာ စောင့်ကြည့်နေကြတာ ။
သူတို့ အားလုံးသိချင်နေတာကတော့ တိုက်ပွဲ ရလဒ်ပဲ ။
ဒီ လတ်ဆတ်ပူနွေးနေတဲ့ တိုက်ပွဲ ဟာ မကြာခင် အချိန် အတွင်းပြီးဆုံး တော့မှာ ဖြစ်တာကိုတော့ လူ အချို့သာ သိရှိပါတယ်။
ထိုလူ အချို့ကတော့ ဖန်ကျန်းရှီ။ ရန်ရွှယ် နန်ကုန်းမု။ တိုက်ပွဲ နဲ့ အနီး ဆုံး နေရာမှာ ရပ်နေခဲ့တဲ့ အေးစက်စက် လူတို့ပဲ ။
အေးစက်စက်လူ ဟာ သာမာန် အလုပ်သမား ဝတ်စုံကို ဝတ်ဆင်ထားတာပဲ ။ သူဟာ အတော်လေးကို ဖြူဖျော့ပြီး နုနယ်တဲ့ အသွင် ပေါက်တယ်။ နောက်ပြီးတော့ သူ့လည်ပင်းက အမာရွတ်ဟာလည်း မှိန်လိုက်ပျောက်လိုက်ဖြစ်နေခဲ့တယ်။
ထူးဆန်းစွာနဲ့ပဲ သူ့ရဲ့ အဝတ်အစားတွေဟာတော့ အလွန်ကို သန့်ရှင်းနေခဲ့တယ်။
ဖန်ကျန်းရှီ ဝတ်ထားတဲ့ အပြာရောင် အကျီလက်ရှည်လိုပဲ သန့်ရှင်းလှတယ်။ တိုက်ပွဲ တစ်ခုကိုမှ မကြုံခဲ့ရသလိုမျိုး သန့်ရှင်းနေတာကို ။
အပိုင်း (၂၀၁) ပြီး၏။
အပိုင်း (၂၀၂)
“ နောက်ကျောကနေ ထိုးတဲ့ဓား”
တင်းမာနေတဲ့ လေထု အခြေအနေမှာ ဘယ်သူကမှ သတိမထားမိတာကတော့ ဖြူဖတ်ဖြူရော် လူငယ် ရဲ့ အဝတ်အစားတွေ မထင်မှတ်ထားရလောက်အောင် သန့်ရှင်းနေတာပဲ ။
လူတိုင်းဟာ ပင်းယန်နဲ့ ရှင်ချင်းစွေ့ကိုသာ အာရုံစိုက်နေတာ ။
ပင်းယန်ဟာ အရူးတစ်ယောက်လို တိုက်ခိုက်နေခဲ့တယ်။
ဒါပေမယ့်လည်း ပြင်းထန်လှတဲ့ မုန်တိုင်းတောင်မှ အင်အားပျော့သွားတဲ့ အချိန် ရှိနိုင်သေးတယ။်
နောက်ဆုံးမှာတော့လည်း ပင်းယန်က ကြယ်တာရာစုဝေးမှု ထိပ်တန်း အဆင့်မှာသာ ရှိနေသေးသူ ။ ချီလင်လှံကို ဘယ်လိုပဲ သုံးသုံး သူ့မှာ ကန့်သတ်ချက်တော့ ရှိနေတယ်။
“ဘွန်း!”
ပုံရိပ်နှစ်ခုဟာ ကွဲသွားပြန်တယ်။
ပင်းယန်ဟာ နောက်ကို ယိမ်းယိုင် ခဲ့တယ။်
သို့ပေမယ့် လဲကျခြင်းတော့ မရှိခဲ့ဘူး။ ဒါပေမယ့် ရှင်ချင်းစွေ့ရဲ့ ဓားဟာတော့ သူမရဲ့ လက်မောင်းကို ထိခိုက်စေလိုက်ပြီ ။
သူမရဲ့ မီးလျှံပန်းနီ သံချပ်ကာ ကြောင့်သာ ဒဏ်ရာ မရ ခြင်း ။
ဥက္ကာပျံ ဓားဟာ သူမရဲ့ လက်မောင်းကို ထိခိုက်ချိန်မှာတော့ အနီရောင် အလင်းတန်းတွေ ထွက်ပေါ်လာပြီး သူမကို ထိခိုက်ခြင်း အလျဉ်းမရှိအောင် သံချပ်ကာက ကာကွယ်ပေးခဲ့တယ်။ ဒါကြောင့် သူမ ယိမ်းယိုင်သွားရုံသာရှိခဲ့တယ်။
ရှင်ချင်းစွေ့ဟာလည်း မောပန်းစွာအသက်ရှူနေခဲ့တယ်။ သူ့ရဲ့ အသက်ရှူသံတွေဟာ ချွေးသီးချွေးပေါက်တွေနဲ့ အတူ အရှိန်ညီညီ မြင့်တက်နေခဲ့တယ်။ ဒါကလွဲပြီးတော့ သူ့လက်ထဲက ဓားဟာ တည်ငြိမ်စွာရှိနေခဲ့တယ်။
“ ဘယ်လောက်တောင် အင်အားကြီးလိုက်သလဲ။”
“စစ်နတ်ကျောင်းတော်က ကျောင်းတော်ကြီး ဆယ့်သုံးခုကို ဦးဆောင် နိုင်တာ အဆန်းမဟုတ်ပါဘူး။ ချီလင်လှံကို ထိပ်တိုက် ရင်ဆိုင် နိုင်တာ တကယ့်ကို အံ့မခန်းပဲ။”
စာဖြေသူတွေ အားလုံးဟာတော့ ရှင်ချင်းစွေ့ကိုကြည့်ရင်းနဲ့ တိုက်ပွဲ အကြောင်း ဆွေးနွေးကြတော့တယ်။ သူတို့ဟာ ကျောက်တုံးပေါ်က ဓားစည်း အကြောင်း တစ်ခဏ မျှ မေ့လျော့ နေခဲ့ကြတယ်။
“ မင်း … ရှုံးပြီ” ရှင်ချင်းစွေ့ဟာ ပင်းယန်ကို ကြည့်ရင်းမောပန်းစွာနဲ့ ပြောလိုက်တယ်။
ပင်းယန်ကတော့ စကားမဆိုတော့ပါဘူး။ ဒီ အချိန်မှာ သူမရဲ့ ချီလင်လှံကို မြှောက်ဖို့တောင် အင်အားမဲ့နေပြီ ။ ရှင်ချင်းစွေ့က သူ့ရဲ့ ဓားကို ကောင်းကောင်းကိုင်ထားနိုင်တာ မြင်ချိန်မှာတော့ သူမဟာ မယုံကြည်နိုင် ဖြစ်နေခဲ့တယ်။
ဒီ အချက်ဟာ လျင်မြန်စွာ ပျောက်ကွယ် သွားခဲ့တယ်။
ရှင်ချင်းစွေ့က သူ့ရဲ့ ဓားကို မြှောက်ကိုင်ထားပြီးတော့ သူမကို တည့်တည့် ချိန်ထားတယ်။
သူ့ရဲ့ လက်ဟာ တုန်ယင်နေခြင်း မရှိဘူး။
ပင်းယန်ဟာ သူ့နှုတ်ခမ်းသူ ကိုက်ရင်းနဲ့ အချိန်ခဏ ကြာအောင် တိတ်ဆိတ်နေခဲ့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ ဆီကို လျှောက်သွားခဲ့တယ်။ “ ငါ ရှုံးသွားပြီ။ ငါ ထွက်ရတော့မယ်။ ဒါပေမယ့် ငါ အရမ်းသိချင်တယ်။ ကျောက် ကျောက်တုံးအိမ်ထဲမှာ နင် ဘာ တွေ့လဲ”
“ မျက်စိလှည့်စားတဲ့ ပုံရိပ်ယောင် မြင်တယ။်” ဖန်ကျန်းရှီ က မောဟိုက်နေတဲ့ ပင်းယန်ကို ကြည့်လိုက်တယ်။ သူမြင်ခဲ့ရတာကိုတော့ အတိအကျ မဖော်ပြ နိုင်ဘူး ။ ဒါကြောင့် တတ်နိုင်သလောက် ရိုးရှင်းတဲ့ ရှင်းပြချက်ကိုသာ ပြောလိုက်တယ်။
“ပုံရိပ်ယောင်လား။ ငါနားလည်ပြီ။ အဲ့တာက စိတ်သဘောကို စမ်းသပ်တဲ့ စစ်ဆေးမှုပဲ ။ နေစမ်းပါ အုန်း ။ ပုံရိပ်ယောင်ထဲမှာ အမျိုးသမီး တွေ ရှိ ရှိနေလား။” ပင်းယန်ဟာ စိတ်သဘော စမ်းသပ်မှု တစ်ချို့ အကြောင်းကို တွေးမိသွားပြီးနောက် ပြောလိုက်တယ်။
ဒီလို ပုံရိပ်ယောင် စမ်းသပ်မှုမှာ စကားနဲ့ ပြောပြလို့ မရတဲ့ အခြေအနေမျိုးတွေ တောင် ရှိနေနိုင်တယ်။
ဖန်ကျန်းရှီကတော့ ပင်းယန် ဘာကြောင့် ဒါကို မေးလဲ နားမလည်ပါဘူး။ သူမကို လျစ်လျူရှုလိုက်ချင်တယ်။ ဒါပေမယ့်လည်း အမြွှာကျောက်တုံး နှစ်ခု အကြောင်း ကို ပြောပြတုန်းက လိုမျိုး ကျောက်တုံး အိမ်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခု သိချင်တာလည်း ဖြစ်နိုင်တယ်။
သူပြန်တွေးလိုက်တယ်။ အဲ့ဒီ့နောက် တံခါးက နေထွက်လာပြီး သူမြင်ရတာတွေကို ပြန်စဉ်းစားလိုက်တယ်။
“ အမ်။ ငါ မင်းကို တွေ့တယ်။”
“ ငါ့ကို တွေ့တယ်။ နင် က တကယ် လုံးဝကို အရှက်မရှိတာပဲ။” ပင်းယန်ရဲ့ မျက်နှာဟာတော့ ပန်းသီး တစ်လုံးလို နီရဲလာတော့တယ်။
သူမ ရုတ်တရက်တွေးလိုက်မိတာကတော့ ဖန်ကျန်းရှီ သူမရဲ့ အဝတ်ဗလာကိုယ်ကို မြင်ခဲ့တာပဲ ။ ဒီလို ရှက်စရာ ကောင်းတာမျိုးကို လူကြားထဲမှာ ဖန်ကျန်းရှီ ဘာလို့ ပြောလဲ နားမလည် နိုင် ဘူး ။
ဖန်ကျန်းရှီက သူ့ကို အရှက်မရှိဘူး လို့ ခေါ်တာကို စိတ်မဆိုးတောင်မှ ဒါက နည်းနည်း တော့ လွန်တယ် မလား။ အမျိုးသမီးတွေ့လား မေးလို့ အမှန် အတိုင်းလည်း ဖြေရသေးတယ်။ အပြစ်တင်တာလည်း ခံရသေးတယ်။
ဒါ ဘာမှားလို့လဲ။
“ မင်း ခွေးမသား” ဖန်ကျန်းရှီ ဟာ ခပ်ရိုင်းရိုင်းပဲ ပြန်အော်လိုက်တယ်။ သူ့ရဲ့ လေသံဟာတော့ မြောက်ရွာ လေသံ ဝဲ၀ဲ ဖြစ်နေ ခဲ့တယ်။
“ နင် …. နင် ငလူး တောသား ကောင်။ ငါ့ကို ဘယ်လို တောင် ဆဲဝံ့တာလဲ။” ပင်းယန်ဟာ မြောက်ပိုင်းဒေသ လေသံကို သိပ်နားမလည်ပေမယ့်လည်း ဆဲလိုက်တာကိုတော့ ကောင်းကောင်းသိပါတယ်။
“ ငါနင့်ကို ဆဲတော့ရော ဘာဖြစ်လည်း ။ ငါနဲ့ တိုက်ခိုက်ချင်တာလား။ မင်းမှာ မတ်တပ်ရပ်ဖို့ အင်အားတောင် ရှိလို့လား။” ဖန်ကျန်းရှီဟာ တဆတ်ဆတ်တုန်နေတဲ့ ပင်းယန်ရဲ့ လက်မောင်းကို ကြည့်ရင်း ပြောလိုက်တယ်။
“ နင်…”
“ ဘာလို့ မင်း အခု ထိ မထွက်ရသေးတာလဲ။” ဖန်ကျန်းရှီက ပင်းယန်ကို မျက်နှာလွှဲပြီး ကောင်းကင်ကို မော့ကြည့်ရင်း မေးလိုက်တယ်။
အနည်းငယ် ထူးဆန်းနေတာကို သတိထားမိသွားတယ်။
ကျောက်တုံးပေါ်ကနေ စာဖြေသူ ပြုတ်ကျလာတည်းက ဒီ အကြောင်းကို သူတွေးနေမိတာ ။
ဒဏ်ရာ အပြင်းအထန်ရနေတဲ့ စာဖြေသူက တိုက်ခိုက်ရေးစာမေးပွဲကို ဆက်ပြီး ယှဉ်ပြိုင်နိုင်မှာ မဟုတ်မှန်းသိသာတယ်။ ချက်ခြင်း ကို ကုသမှု ခံယူသင့်တယ်။
ဒါပေမယ့်လည်း အခုချိန်မှာတော့
ထိုစာဖြေသူဟာ မြေပြင်ပေါ်မှာ လှဲလျောင်းနေပြီးတော့ သူ့ကိုယ်ကထွက်တဲ့ သွေးနဲ့ ချင်းချင်းနီနေခဲ့တယ်။
အခုလည်း ပင်းယန်က ရှုံးနိမ့်သွားခဲ့ပြီ။
ဘာကြောင့် သူမကအခုထိ ဒီမှာ ရှိနေတာလဲ။
ဖန်ကျန်းးရှီရဲ့ မေးခွန်းဟာ ပင်းယန်ကို အတော်လေး ဒေါသ ထွက်စေတယ်။ သူမရဲ့ လက်ကျန် အင်အားတွေ အကုန်လုံးကို စုစည်းပြီးတော့ တိုက်ခိုက်ဖို့ ပြင်လိုက်ချိန်မှာပဲ။
ဖန်ကျန်းရှီ မေးတဲ့ မေးခွန်းကို သဘောပေါက်သွားတော့တယ်။
ဖန်ကျန်းရှီ ပြောတာ မှန်တယ်။ ဒါက တိုက်ခိုက်ရေး စာမေးပွဲ။
ဘာကြောင့် သူမက ဒီမှာ ဆက်ရှိနေသေးတာလဲ။
“ဟန်ချန်ဖုန်း။ ခင်ဗျားကြီး အိပ်ပျော်နေတာလား။ ငါ့ကို ဒီကနေ ထုတ်ပေး။” ပင်းယန်ဟာ ကောင်းကင်ကို မော့ကြည့်ရင်း အော်ဟစ်လိုက်တယ်။ ဟန်ချန်ဖုန်းက သူတို့ကို စိုက်ကြည့်နေမယ်ဆိုတာ သူမ ယုံတယ်။
တခြားသော စာဖြေသူတွေဟာလည်း ပင်းယန်ပြောတာကို စဉ်းစားမိလာကြတယ်။
ကျောက်တုံးပေါ်က တိုက်ပွဲ ဟာ စာဖြေသူ အချို့ကို ထိခိုက်ဒဏ်ရာ ပြင်းထန်စေခဲ့တယ်။ သူတို့ အားလုံး အခုချိန်မှာ အပြင်ကို ရောက်သင့်နေပြီ။
ဒါပေမယ့်လည်း
သူတို့ ဒီမှာပဲ ရှိနေဆဲ ။
ကောင်းကင်ဟာ ဆက်လက် တိတ်ဆိတ်နေခဲ့တယ်။ နောက်ပြီးတော့ ဘယ် စာဖြေသူမှ ထွက်ခွာခြင်း မရှိ။
“ ဘာတွေ ဖြစ်နေတာလဲ။”
“ စာမေးပွဲ စည်းကမ်း ပြောင်းသွားတာလား။ ဘာလို့ ထွက်ရတဲ့သူ မရှိတာလဲ။”
“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”
စာဖြေသူတွေအားလုံးဟာ တစ်ယောက်ကို တစ်ယောက် သံသယ အပြည့် နဲ့ ကြည့်နေခဲ့တယ်။
အဲ့ဒီ့နောက် သူတို့ စိတ်ထဲမှာ အရာ တစ်ခုကိုပဲ တွေးမိလိုက်ကြတယ်။
အရင်တုန်းက သူတို့ဟာ ဓားရဲ့ သွင်ပြင်ကိုသာ ကြည့်ပြီးတော့ တိုက်ခိုက်နေခဲ့ကြတာ ။
အခုချိန်မှာတော့ ဒီ ဓား ထွက်ပေါ်မှုဟာ ကိစ္စ အတော်များများကို ဖြစ်စေနိုင်တယ် ဆိုတာ နားလည်သွားတော့တယ်။
ရှင်ချင်းစွေ့နဲ့ နန်ကုန်းမုတို့က စတုတ္ထ အချီကို ရောက်နေကြပြီ ။
အခုတော့ ဘာလို့ ဒီမှာ ရှိနေကြတာလဲ။
နောက်ပြီးတော့ သုခမိန်လောကကြီးရဲ့ တုန်ခါမှု ။ ချေမွ ဖျက်စီး ခံရပြီး မှ အသစ် ပြန်ဖြစ်လာသလိုမျိုး ဒါကကော ဘယ်လို ဖြစ်တာလဲ။
စတုတ္ထ အချီကို အောင်မြင်သွားသူတွေဟာလည်း မယုံကြည်နိုင်ဖြစ်နေကြတယ်။
“ အခုက ဘယ်ရောက်နေတာလဲ။”
“ သုခမိန်လောကထဲမှာ ရှိနေတုန်းပဲလား။”
“ဘာလို့ လူတွေ အားလုံး ဒီမှာ ရောက်နေကြတာလဲ၊ ဓားကကော ဘယ်ကနေ ရောက်လာတာလဲ။” မေးခွန်းများစွာဟာ သူတို့ရဲ့ စိတ်ထဲမှာ ပြေးလွှားနေခဲ့ကြတယ်။
ဘာတွေဖြစ်နေလဲ မသိကြသလို။ ဒီလို ကိစ္စကို ကြုံဖူးသူလည်း မရှိပါဘူး။
သူတို့အားလုံးဟာ တိုက်ခိုက်ရေးစာမေးပွဲက စာဖြေသူတွေသာ ။
ဒါပေမယ့် အခုချိန်မှာတော့
စည်းကမ်းချက်တွေက ပြောင်းလဲ သွားပုံပါပဲ။
လေထုထဲက ကြေညာသံလည်း မရှိ။ ထွက်ခွာရသူလည်း မရှိ။ အရာအားလုံးက မထင်မှတ် ထားရလောက်အောင် ထူးဆန်းနေခဲ့တယ်။
“ ဒါက သုခမိန် လောကပဲ ဖြစ်နိုင်မလား”
သူတို့ရဲ့ စိတ်ထဲမှာ ပေါ်လာတဲ့ ဖြစ်နိုင်ချေတွေဟာ အမျိုးမျိုးပြောင်းလဲ သွားခဲ့တယ်။
“ သုခမိန်လောကက ထိန်းချုပ်မှု မဲ့သွားတာလား”
“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ သုခမိန် လောကက မုန့်ထျန်း ဖန်တီးပေးခဲ့တာ။ မုန့်ထျန်းက သေဆုံးတာ ကြာပြီ။”
“ ဓား …. ပြဿနာက ဓားးပဲ။”
တစ်စုံတစ်ယောက်က ပြောလိုက်ချိန်မှာတော့ လူတွေဟာ ကျောက်တုံးထဲက ဓားကို ကြည့်လိုက်တယ်။ ရွှေရောင် အလင်းတန်းတွေ တောက်ပနေပင်မယ့်လည်း လူတိုင်းရဲ့ ခံစားချက်ဟာ ပြောင်းလဲ သွားခဲ့တယ်။
အရင်တုန်းက တော့ သူတို့ တွေးခဲ့တာက ရတနာ အပိုင်းအစ တစ်ခုလို့။ ဒါပေမယ် အခု ချိန်မှာတော့ ခံစားချက်ဟာကွာခြားသွားပြီ ။
ဒါက လူတစ်ယောက် ပိုင်ဆိုင်တဲ့ ကြီးမြတ်တဲ့ အရာ။
ဒါပေမယ့်လည်း သူတို့ကို ထိန်းချုပ်နေတဲ့ ရတနာ ။
အတော်လေးကို အန္တရာယ်များလှတယ်။
“ သုခမိန်လောကကြီးက ထိန်းချုပ်မှု မဲ့နေပြီ။ နောက်ပြီးတော့ ဒီဓားက ထိန်းချုပ်နေတာ” စာဖြေသူ တစ်ဦးက ခန့်မှန်းလိုက်တယ်။
“ ဒါက စမ်းသပ်မှု တစ်ခု ဖြစ်နိုင်မလား။ တိုက်ခိုက်ရေးစာမေးပွဲမှာ ဒီလို စိန်ခေါ် မှုမျိုးရှိတာ ဖြစ်မလား။” နောက် စာဖြေသူက ပြောလိုက်တယ်။
စာဖြေသူအားလုံးဟာတော့ သူတို့ ထင်မြင်ရာကို ပြောနေခဲ့တယ်။ တကယ်တမ်း ဖြစ်ပျက်နေတာကိုတော့ သေချာသိသူ မရှိပါဘူး။
…
ယန်မြို့တော်ထဲမှာတော့ မိုးဟာ သည်းသည်းမည်းမည်း ရွာသွန်းနေခဲ့တယ်။
တောက်ပတဲ့ သံချပ်ကာ နဲ့ စစ်ည်တော် တစ်ဦးဟာ နန်းတော်ထဲကို ဒုန်းစိုင်းနှင်လာခဲ့တယ်။
အစောင့် တပ်သားတွေဟာ သူ့ကို မြင်ချိန်မှာတော့ မကြားမြစ်ကြပါဘူး။ မေးမြန်းခြင်းလည်း မရှိကြဘူး ။
စစ်သည်တော်တွေဟာ ထိုသူကို လေးစားသမှု ရှိမှန်း တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တယ်။
စစ်သည်တော် ဖြတ်သွားပြီး မကြာခင် အချိန်မှာတင် မင်းသားကိုးဟာ နန်းတော် ဂိတ်ကို ဖြတ်သန်းလာခဲ့တယ်။ ထီး လည်း မပါသလို အစောင့် တပ်သားတွေလည်း မပါဘူး ။
“ ဧကရာဇ် အခေါ် ရှိလို့ပါလား။” စစ်သည်တွေဟာ မင်းသားကိုးကို မြင်ချိန်မှာတော့ တားမြစ်ပြီးမေးလိုက်ကြတယ်။
“တော်ဝင်စာမေးပွဲ အရေးပေါ် ကိစ္စကြီး ဖြစ်လာတယ်။ ဧကရာဇ်ကို အခု ချက်ချင်း တွေ့ဖို့လိုတယ်။” မင်းသားကိုးဟာ တားမြစ်ခံရလို့ ဒေါသ မဖြစ်ပါဘူး။ ဒါပေမယ့်လည်း သူဟာ အတော်လေးကို အလျင်လိုနေခဲ့တယ်။
“မင်းသားကိုးက တော်ဝင်စာမေးပွဲ လက်ထောက် စာစစ်သူ တစ်ဦးပဲ။ အကယ်၍ အရေးကြီးကိစ္စ ရှိရင် သတင်းပို့စရာ မလိုဘူး သွားခွင့် ပြုလိုက်” နန်းတော်ထဲကနေ အသံ တစ်သံ ဟာ ထွက်ပေါ်လာတော့တယ်။
“အမိန့်တော် အတိုင်းပါ။” စစ်သည်တော်တွေဟာ ချက်ခြင်း ပြန်ဖြေလိုက်ကြတယ်။
“ မင်းသားကိုး။ ကြွပါ။”
“ ကျေးဇူးပဲ။”
မင်းသားကိုးဟာ ရိုးရိုးရှင်းရှင်း ကျေးဇူးတင်လိုက်ပြီးတော့ ပြေးဝင်သွားတော့တယ်။ ဒီအချိန်မှာ ဧကရာဇ် ရှိနေနိုင်မယ့် နေရာကို သူသိပြီး ။ ဒါကြောင့် တော်ဝင်စာကြည့်တိုက် ဆီကိုသာ တန်းတန်းမတ်မတ် ပြေးတော့တယ်။
…
သုခမိန် လောကထဲမှာတော့ လူတိုင်းဟာ ဓားကိုသာ ကြည့်နေခဲ့တယ်။
“ သုခမိန် လောက အထိန်းကွပ်မဲ့သွားတာလဲဖြစ် နိုင်တယ်။ ဒါမှ မဟုတ်။ စည်းကမ်းချက်တွေ ပြောင်းသွားတာလည်း ဖြစ်နိုင်တယ်။ ပြဿနာကတော့ ဒီ ဓားနဲ့ ပတ်သက်လိမ့်မယ်။ ငါတို့ လုပ်ဖို့လိုတာက ဓားကို ဆွဲထုတ်ရမှာပဲ။ ” စာဖြေသူ တစ်ဦးဟာ အကြံ ပြုလိုက်တယ်။
တခြားသော စာဖြေသူတွေ ဟာတော့ ဒီ အကြံ ပြုချက်ကို ကြားချိန်မှာခေါင်းသာ ငြိမ့်ကြတယ်။
ဒါဆို ဘယ်သူက ဒီ ဓားကို နုတ်မှာလဲ။
ကြည့်ရတာတော့ ခပ်လွယ်လွယ် မေးခွန်းပဲ။
ဒါပေမယ့် အဖြေရဖို့တော့ ခက်တယ်။
ဘာကြောင့်လဲ ဆိုတော့ …
ဘယ်သူကမှ မီးမမွှေးချင်တဲ့ ပြဿ နာ တစ်ရပ်ရှိနေခဲ့တယ်။
အကယ်၍ သုခမိန်လောကသာ ထိန်းချုပ်မှု မဲ့နေပြီ ဆိုရင် ပြဿနာကတော့ ဒီဓားပဲ ဖြစ်မယ်။ နောက်ပြီးတော့ ဒီ ဓားဟာ ပင်ကိုယ် သိစိတ်ဖြစ်လိမ့်မယ်။
နောက်တစ်နည်း ပြောရရင်တော့ ဒီ ဓားက သုခမိန်လောကကို ထိန်းချုပ်မှု ။
ဓားကို ဆွဲထုတ်နိုင်သူက
သုခမိန်လောကကို ထိန်းချုပ်နိုင်မယ်။
ပြောစရာမလိုလောက်အောင်ပဲ စာဖြေသူတွေရဲ့ စိတ်ထဲမှာရှိနေတဲ့ အရာ တစ်ခုဟာ ပုန်းကွယ်နေခဲ့တယ်။
“ ငါတို့က တော်ဝင်စာမေးပွဲကို ဖြေနေတာ။ ဒါကြောင့် စည်းကမ်းတွေအတိုင်းလုပ်ရမယ်။ နောက်ဆုံး အောင် နိုင်သူက ဓားကို ဆွဲထုတ်ရမယ်။”
ဘယ်သူကမှ မငြင်းဆန်ကြဘူး။
အရာအားလုံးဟာ အရည် အချင်းပေါ်မှာမူတည်နေတာ ။
ကျောက်တုံးပေါ်က စာဖြေသူတွေဟာတော့ ခုန်ဆင်းလာကြတယ်။ သူတို့ ကြည့်ရတာတော့ အတော်လေးကို မပျော်မရွှင်ဖြစ်နေကြဟန်ပါပဲ။
လွန်ခဲ့တဲ့ အချိန်တုန်းက ဓားအတွက်နဲ့ သူတို့ဟာ တိုက်ခိုက်ခဲ့ကြတယ်။
စာဖြေသူ ၃၀မှာ ၂၅ ယောက် ထက်မနည်း တိုက်ခိုက်နိုင်စွမ်း ရှိနေကြဆဲ ။
ရှင်ချင်းစွေ့ကတော့ သူ့ဓားကို ဆုပ်ကိုင်ထားဆဲ ။ ပင်းယန်နဲ့ တိုက်ပွဲမှာ အင်အား အများကြီးကို သုံးခဲ့တယ်။ တော်ဝင်စာမေးပွဲ စည်းကမ်းအရ သူဟာ ပဉ္စ အချီမှာ ရှိနေတာ ။
ဒါကြောင့် သူ့ရဲ့ ပြိုင်ဘက်ဟာလည်း ပဉ္စမ အချီမှာ ရှိတဲ့သူ တစ်ယောက် ဖြစ်နေရမှာ ။ အခုချိန်မှာတော့ သူဟာ အနားယူဖို့ လိုနေခဲ့ပြီ။
အရာအားလုံးဟာတော့ ပုံမှန်အတိုင်း လည်ပတ်နေခဲ့တယ်။
ရှင်ချင်းစွေ့ဟာ သူ့ဓားကို ကိုင်ရင်း သက်လတ်ပိုင်း အမျိုးသားဆီ လျှောက်လာခဲ့တယ်။ အဲ့ဒီ့နောက် ထိုင်ချုပြီး မျက်လုံးတွေကို မှိတ်လိုက်တယ်။
ပင်းယန် ဟာလည်း အနားယူနေခဲ့တယ်။
ဒါပေမယ့်လည်း သူမရဲ့ အမူအယာကတော့ သိပ်မကောင်းပါဘူး။ ဖန်ကျန်းရှီကို ကြည့်ရင်း အံတကြိတ်ကြိတ် မျက်စောင်း တခဲခဲ ဖြစ်နေခဲ့တယ်။
ဖန်ကျန်းရှီကတော့ ပင်းယန်ကို လျစ်လျူရှုထားခဲ့တယ်။
ကျောက်တုံး အိမ်ထဲကနေထွက်လာပြီးနောက် ။ ဖန်ကျန်းရှီဟာ စတုတ္ထအချီကို တက်ရောက်သွားပြီ ။
ဒါကြောင့် မပျော်မရွှင် ဖြစ်နေရတဲ့ သူ တစ်ချို့လည်း ရှိနေခဲ့တယ်။ ဒါပေမယ့်လည်း
ဒါပေမယ့်လည်း ဖန်ကျန်းရှီ အတွက်ကတော့ ကိစ္စ မရှိပါဘူး။ သူတို့ အကုန်လုံးကို အေးအေး ဆေးဆေး အနိုင်တိုက်နိုင်တာကြောင့်ပဲ ။
ဖန်ကျန်းရှီ ရန်ရွှယ် နဲ့ ပင်းယန်တို့ သုံးယောက် ပေါင်းတဲ့ အုပ်စု အခြေ အနေ နဲ့ ဆိုရင် အဆင့်တွေ ဟာ သတ်မှတ်ပြီးသား ဖြစ်နေပြီ။ ဖန်ကျန်းရှီကို မကျေနပ်ကြတဲ့ သူတွေ အားလုံးဟာလည်း ငြိမ်ငြိမ်သက်သက်သာ နေကြရတော့တယ်။
အခြားသော စာဖြေသူတွေဟာတော့ ဆက်လက် တိုက်ခိုက်နေခဲ့ကြတယ်။
အရာအားလုံးဟာ အချိုးညီ ညီ ဖြစ်ပျက်နေခဲ့တယ်။ လူတိုင်းဟာ ဒီနေရာမှာ စာမေးပွဲ ဖြေဆိုဖို့ ရောက်ရှိနေကြတာ ။ အညှိုးအတေး ရှိသူလည်း မပါဘူး။ ဒါကြောင့် သတ်ဖြတ်ဖို့ အတွက်လည်း မလိုဘူး ။
ဒီလို ဖြစ်ပြီးနောက်
တည်ငြိမ်နေတဲ့ လေထုဟာ မကြာခင်မှာပဲ ပြိုကွဲသွားတော့တယ်။
အသံ ဟာ တိုက်ပွဲ ကနေ လာတာမဟုတ်။ အသံ ထွက်ပေါ်လာတဲ့ နေရာဟာ အတော်လေးကို မူမမှန်ဘူး ။ ထိုအသံဟာလည်း မယုံကြည် နိုင်မှု တွေနဲ့ ပြည့်နှက်နေတဲ့ အသံ ။
“ မင်း……”
စာဖြေသူတွေ အားလုံးစာ တိုက်ပွဲတွေကို ရပ်တန့်လိုက်ကြတယ်။
လူတိုင်းဟာ အသံ ထွက်ပေါ်ရာ နေရာကို ကြည့်နေခဲ့တယ်။
အဲ့ဒီ့နောက် ပြူးကျယ်လာတဲ့ မျက်ဝန်းတွေဟာ မယုံကြည်နိုင်မှုကို ဖောြ်ပနေခဲ့တယ်။
ဒါဟာ ရှင်ချင်းစွေ့ရဲ့ အသံ ဖြစ်မယ် လို့ ဘယ်သူကမှ မထင်မှတ်ထားခဲ့ ဘူး ။
ရှင်ချင်းစွေ့ ဟာ ဒီလောက်ထိ မယုံကြည်စွာ အော်ဟစ် မယ်လို့ လည်း တွေးခဲ့သူ မရှိဘူး။
အခု ချိန်မှာတော့ ။
ဓား တစ်ချောင်းဟာ ရှင်ချင်းစွေ့ရဲ့ ရင်ဘတ်ကနေ ဖောက်ထွက် နေခဲ့တယ်။ နောက်ကျော ကနေ ထိုးတဲ့ ဓားဟာ ရင်ဘတ်ကို ထုတ်ချင်း ပေါက်သွားတာ ။ သွေးတွေးဟာ ဓား ဒဏ်ရာကနေ စီးကျ နေခဲ့တယ်။
အပိုင်း (၂၀၂) ပြီး၏။
အပိုင်း (၂၀၃)
“ အသက်ရှင်ရန် ခက်ခဲသော ”
ဓားဟာ လုံးဝကို ပုံမှန် ဆန်လွန်းတယ်။ နောက်ဓား တစ်ချောင်းဟာတော့ မြေပြင်ပေါ်မှာ ရှိနေခဲ့တယ်။
ပိုပြီးတော့ ထူးဆန်းတာကတော့ ရှင်ချင်းစွေ့ နောက် မှာဘယ်သူမှ မရှိနေတာပဲ ။
သူဟာ အော်ဟစ်တာထက် “ မင်း…” ဆိုတဲ့ စကားလုံး တစ်လုံးကိုပဲ ပြောတာ ။
ရှင်ချင်းစွေ့ဟာ ဖြူဖျော့ပြီးတော့ တုန်ယင်နေခဲ့တယ်။ အတော်လေးကို နာကျင်နေဟန်ပါပဲ။ သူ့ရဲ့လက်ဟာတော့ မြေပြင်ကို အားပြုပြီး ထောက်ထားခဲ့တယ်။
သူဟာ နောက်ကျောကနေ ဓားထိုးခံရတာ ။
ဒါပေမယ့်လည်း သူ့နောက်မှာတော့ တစ်ယောက်မှ မရှိနေဘူး ။
နောက်ပြီးတော့ …
တိုက်ခိုက်သူကို ဘာကြောင့် တစ်ယောက်မှ မတွေ့တာလဲ။
ပိုပြီးတော့ အရေးကြီးတာကတော့ ရှင်ချင်းစွေ့ ပြောတဲ့ မင်း ဆိုတာ ဘယ်သူ ဖြစ်မလဲ။
လူတိုင်းရဲ့ အတွေးတွေ ထဲမှာတော့ မေးခွန်းတွေဟာ အဆက်မပြတ်ပေါ်ထွက်လာခဲ့တယ်။ သူတို့ မြင်နေရတာကို အံံ့သြနေဆဲ အချိန်မှာပဲ ။ ရှင်ချင်းစွေ့ကို ဘယ်သူ တိုက်ခိုက်သွားလဲ ဆိုတာ တွေး နေကြတယ်။
ဖန်ကျန်းရှီကတော့ သိပ်ပြီးတော့ မအံ့သြ ပါဘူး။
နောက်ဆုံးမှာတော့လည်း သူ ဒီလောကကို ကောင်းကောင်း နားမလည် သေးပါဘူး။ ဒါပေမယ့်လည်း အရာအားလုံးကို အောက်ခြေထိ လိုက်ရှာနေရင် သူ့မှာ အတော်လေး ဆိုးဝါးတဲ့ ခေါင်းကိုက်ရောဂါ ရနေလောက်ပြီ။
ဒီလို ထူးဆန်းတဲ့ အဖြစ်အပျက်တွေကြောင့် သူဟာလည်း မထိတ်လန့်တော့ပါဘူး။ အေးဆေးတည်ငြိမ်နေခဲ့တယ်။
ဓားဟာ ပုံမှန် ဓား တစ်ချောင်း ဖြစ်နေတာကတော့ သူ့ကို အံ့သြစေတယ်။
နောက်ဆုံးမှာတော့ ဒါက တော်ဝင် တိုက်ခိုက်ရေးစာမေးပွဲ ပဲလေ။
လက်နက် မရှိတဲ့သူ ဘယ်သူ ရှိမှာလဲ။
သူ့ရဲ့ စိတ်အာရုံတွေဟာတော့ လုံးဝကို ပြောင်းလဲ သွားတော့တယ်။ သူတွေးမိတာကတော့ ဒီဓားဟာ ကျောက်တုံးထဲမှာ နစ်နေတဲ့ ဓားဖြစ်မယ်လို့ တွေးလိုက်မိတယ်။ ဒီ နားလည်မှုဟာ သူ့ရဲ့ မျက်လုံးတွေ မြင်ကွင်း တစ်ခုကို မမြင်ခင် အထိ အံ့သြဟန် တစ်ခု တောင် မရှိခဲ့ဘူး ။
ဓားပေါင်းများစွာဟာ မြေပြင်ပေါ်ကနေ နိုးထလာကြတာပဲ ။
ဒါဟာ မမြင်ရတဲ့ လက်တွေကနေ ဆွဲနုတ်ပြီးတော့ ဓားတွေကို လှုပ်ရှားစေနေတဲ့ အတိုင်းပဲ ။
ဒါပေမယ့်လည်း လူတွေ အားလုံးဟာ ရှင်ချင်းစွေ့ကို သာ အာရုံစိုက်နေတာကြောင့် သူတို့ နောက်ကျော်က ဓားတွေကို ဘယ်သူကမှ သတိမထားမိ ဘူး ။
“ ရန်ရွှယ်” ဖန်ကျန်းရှီက ဒုတိယ တစ်ခေါက်မတွေးတော့ပဲနဲ့ ပြောလိုက်တော့တယ်။
သူ့ရဲ့ နောက်ကျောမှာ ဓား တစ်ချောင်း ရှိနေတယ် ဆိုတာ မကြည့်ပဲနဲ့ တောင် ပြောနိုင်တယ်။ သူဟာ ငြိမ်ငြိမ် ရပ်မနေ တော့ပဲနဲ့ တစ်လှမ်းချင်းစီ လှမ်းသွားတော့တယ်။
ရန်ရွှယ်ကတော့ ရှင်ချင်းစွေ့ကို သံသယ ဖြစ်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့တယ်။
အဲ့ဒီ အချိန်မှာပဲ ဖန်ကျန်းရှီ ရဲ့ အသံ ကို ရုတ်ချည်း ကြားလိုက်ရတယ်။
သူ နောက်ကို မလှည့်ခင်မှာပဲ အင်အားလှိုင်း တစ်ခုက သူ့ကို ချိန်ထားတာ ခံစားလိုက်ရတယ်။ အဲ့ဒီ့နောက် သူ့ကိုယ်ကို မြေပြင်ပေါ်ကို ဖိထားတဲ့ အင်အားလှိုင်းကို သတိပြုမိသွားတယ်။
သူ ဟာချက်ခြင်း လှည့်ပြီးတော့ တိုက်ခိုက် လိုက်ချင်တယ်။
ဒါပေမယ့်လည်း ဒီအတွေးကို ချက်ခြင်း ပယ်ဖျောက်လိုက်တယ်။
ဖန်ကျန်းရှီရဲ့ အသံကို ကြားလိုက်ရတာကြောင့် ဖန်ကျန်းရှီက သူ့ နောက်မှာ ရပ်နေတာကို သူသိတယ်။
ဘာကြောင့် ဖန်ကျန်းရှီ သူ့ကို တွန်းလဲ မသိပေမယ့် မခုခံ ခဲ့ဘူး။
“ ပလွတ်” သူတို့ နှစ်ဦး လုံးဟာ မြေပြင်ပေါ်ကို လဲကျ သွားတော့တယ်။
ဒီ အချိန်မှာပဲ။ ဓားတွေ ရဲ့ မြင့်တက်လာသံကို သူ တို့ ကြားလိုက်ရတယ်။
ဒါက အကုန်လုံး မဟုတ်သေးပါဘူး။
ဓားတွေ ဟာ လူသား ကိုယ်ခန္ဒာကို ဖြတ်သန်းသွားတဲ့ အသံတွေ ကြားလိုက်ရတယ်။ သူတို့ရဲ့ ရင်ဘတ်နားမှာ ဝိုင်းပတ်နေတဲ့ ဓားတွေကို မြင်လိုက်ရတယ်။
သူတို့ အားလုံးဟာ ရှင်ချင်းစွေ့လိုပဲ နောက်ကျောက နေ ဓားထိုးခံလိုက်ရတော့တယ်။
“အား!”
“အား, အား, အား…”
နာကျင်စွာ အော်ဟစ်သံတွေဟာ ထွက်ပေါ်လာတော့တယ်။
ဘယ်သူကမှ ရှင်ချင်းစွေ့လို ခံနိုင်ရည် မရှိကြပါဘူး။ ဒီလိုမျိုး စာဖြေသူ အများစုရဲ့ နာကျင်စွာ အော်ဟစ်သံတွေ ဟာ ဓားပင်လယ်ထဲမှာ ပျံ့နှံ့လာတော့ တယ်။
“ ဓားတွေ။ဓားတွေ က ငါတို့ကို တိုက်ခိုက်နေပြီ။ ”
“ သုခမိန် လောကကြီး အထိန်းအကွပ်မဲ့ နေပြီ။”
“ ပြေး ပြေး”
အော်ဟစ်သံတွေဟာ ဆက်တိုက်ထွက်ပေါ်လာတော့တယ်။
တတိယ အချီကို ရောက်နေတဲ့ စာဖြေသူတွေဟာ အတော်လေးကို ထိတ်လန့်သွားကြတော့တယ်။ ဓားကို အချိန် မှီ ရှောင်နိုင်တဲ့ သူ တစ်ချို့တော့ ရှိနေခဲ့တယ်။
လူ အုပ်ကြီး တစ်ခုလုံးဟာ ပရမ်းပတာ ဖြစ်နေတော့တယ်။
“ ဘယ်သူ ငါ့ကို တိုက်လိုက် ဝံ့တာလဲ။ အသက်မရှင်ချင်တော့ဘူးလား။” မောက်မာတဲ့ အသံ ဟာ လူအုပ်ထဲကနေ ထွက်ပေါ် လာတော့တယ်။ ပင်းယန်ဟာလည်း တိုက်ခိုက်ခံရမှုကနေ မလွတ်ကင်းခဲ့ဘူး။
သူမက ကြီးမြတ်သော ရှ မင်းဆက်ရဲ့ မြင့်မြတ် တဲ့ ပင်းယန် မင်းသမီး။
ဘယ်သူကများ အတင့်ရဲ ပြီး တော့ တိုက်ခိုက်ဝံံ့ တာလဲ။
ဒါက သူမရဲ့ အသက်ကို တောင် သေစေတော့ လု နီးပါး ။
ပင်းယန်ရဲ့ ဒေါသ မျက်ဝန်းတွေဟာ လူတိုင်းဆီကို ရောက်သွားတော့တယ်။ ဒီလို ကိစ္စမျိုးကို လုပ်ဝံ့တဲ့ စာဖြေသူ တစ်ယောက်မှ မရှိဘူး ။
တစ်ခုတည်းသော ဖြစ်နိုင်ချေကတော့ သုခမိန် လောကကြီး အထိန်းအကွပ်မဲ့သွားတာ ကြောင့်ပဲ ဖြစ်မယ်။
ဖန်ကျန်းရှီက ဒါကို တွေးမိပြီးသား ။ ဒါပေမယ့်လည်း သူ့အတွေးတွေကို ခပ်မြန်မြန်ပဲ လျစ်လျူရှုလိုက်တယ်။
ရှင်ချင်းစွေ့ နောက်ကျောကနေ ဓား မထိုးခံရခင်တုန်းက ပြောတာကို သူ မှတ်မိတယ်။
ရှင်ချင်းစွေ့က ” မင်းးးး ….” လို့ အော်လိုက်တာ။
သူဟာ ထိတ်လန့်တကြား ဖြစ်သွားတာ မဟုတ်ဘူး။
ပထမ ဆုံး တိုက်ခိုက်ခံရသူ ရှင်ချင်းစွေ့က ဒီ ကိစ္စမှာ အရေးကြီးဆုံးလို့ ပြောနိုင်တယ်။
ပြောရမယ် ဆိုရင် ရှင်ချင်းစွေ့ရဲ့ အပြု အမူက ဒီ အဖြစ်ကို သက်သေ ပြပြီးသား ။
ရှင်ချင်းစွေ့ က လှုပ်ရှားမှု လုပ်နေပြီးသား ။
သူဟာ ဒဏ်ရာ အပြင်းအထန် ရထားခဲ့ပေမယ့်လည်း သူ့ရဲ့ လက်ထဲမှာတော့ ဥက္ကာပျံ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး တော့ သူ့နောက်က ဖြူဖျော့ဖျော့ လူကို တိုက်ခိုက်ခဲ့တယ်။
ဓားဟာ လေထုကို ထိုးဖောက်သွားခဲ့တယ်။
“ ကလင်။” ရှင်ချင်းစွေ့ရဲ့ တိုက်ခိုက်မှု ဟာ မြေပြင်ပေါ်က နိုးထလာတဲ့ ဓားနဲ့ ထိခတ်သွားတော့တယ်။
ဒါဟာ ဖြူဖျော့ဖျော့ အမျိုးသားကို ခုန်ရှောင်နိုင်ဖို့ အတွက် အခွင့် အရေး ဖြစ်သွား စေတယ်။
ရှင်ချင်းစွေ့က ဒီ တိုက်ခိုက်မှုက နေ ဒဏ်ရာရပြီး တဲ့နောက်မှာတော့ သတ်လတ်ပိုင်း ဖြူဖျော့ဖျော့ အမျိုးသားဟာ သူ့ကို စောင့်ရှောက်မှု မပျက်ခဲ့ဘူး။
“ သခင် လေးက ဘာလို့ ဒီလို လုပ်တာလဲ။” သက်လတ်ပိုင်း လူရွယ်ဟာ ရှင်ချင်းစွေ့ကို တအံ့တသြနဲ့ ကြည့်နေလိုက်တယ်။
“ အဟမ်း … ဒါ … ငါ … မင်းကို ….. မေးရမှာ…. မင်း …… ဘယ်သူလဲ” ရှင်ချင်းစွေ့ဟာ အံကြိတ်ရင်းနဲ့ မေးလိုက်တယ်။ သူ့ရဲ့ ဓားဟာတော့ တုန်ယင်နေခဲ့တယ်။
သူ့ရဲ့ လက်ဟာလည်း တုန်ယင်နေတာ ။
ဒါဟာ ပထမ ဆုံး အကြိမ် အနေနဲက သူ့လက်တွေ တုန်ယင်တာပဲ ။
ဖြစ်နိုင်တာကတော့ သူဟာ အရမ်းတွေ စိတ်ခံစားချက် ပြင်းထန် နေတာ ဒါမှ မဟုတ် ရင် သူ့ရဲ့ ဒဏ်ရာတွေက အရမ်းကို ပြင်းထန်နေတာ ဖြစ်နိုင်တယ်။
သက်လတ်ပိုင်း လူရွယ်ဟာတော့ မချိပြုံးပြုံးနေခဲ့တယ်။ သူဟာ ရှင်ချင်းစွေ့ ဆီကနေ အကြည့်လွှဲလိုက်ပြီးတော့ ဒဏ်ရာရနေတဲ့ စာဖြေသူတွေကို ကြည့်လိုက်တယ်။
“ သခင်လေးက ကျွန်တော့် နာမည်ကို တောင် မေ့သွားးပြီလား။ ကျွန်တော်က သခင်လေးရဲ့ သစ္စာ အရှိဆုံး ကိုယ်ရံတော်ပါ။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက သခင်လေးကို တိုက်ပွဲမှာ ကယ်ခဲ့တယ်။ ကျွန်တော်က ရှင်ကျုံးလေ။ သခင်လေး ပေးခဲ့တဲ့ နာမည်ကိုတောင် မေ့နေပြီလား။” အမျိုးသားဟာ ရှင်ချင်းစွေ့ကို ကြည့်ရင်း ပြောလိုက်တယ်။
“ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ” ရှင်ချင်းစွေ့ရဲ့ အကြည့်တွေဟာ အသက်မဲ့သွားတော့တယ်။
သက်လတ်ပိုင်း အမျိုးသား ပြောတာ မှန်တယ်။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက တိုက်ပွဲမှာ ဒဏ်ရာ ပြင်းထန်စွာ ရခဲ့တယ်။ အဲ့ဒီ့ အချိန် တုန်းက တောင်ထိပ် တစ်ခုမှာ နတ်ဆိုးထောင်ပေါင်းများစွာ ဝန်းရံခြင်းကို ခံရခဲ့တယ်။
ဒီ နေရာကနေ လွတ်မြောက်ဖို့ သူ့ရဲ့ အင်အား အကုန် သုံးခဲ့တယ်။
နောက်ဆုံးမှာတော့ သတိလစ်ပြီး သေငယ်ဇောနဲ့ မျောသွားခဲ့တယ်။
သူ သတိရလာချိန်မှာတော့ ဒီလူ ဟာ သူ့ရှေ့မှာ ရှိနေပြီ ။
သူ့လို မျိုးပဲ ဒီ သက်လတ်ပိုင်း အမျိုးသားဟာ သေငယ်ဇောနဲ့ မေ့မျော နေခဲ့တယ်။ နောက်ပြီးတော့ လည်ပင်းမှာ သေစေနိုင်လောက်တဲ့ ဓားဒဏ်ရာ ရှိနေတာ ။
စစ်ကူတွေသာ ရောက်မလာခဲ့ရင် သူတို့ နှစ်ဦးလုံး အသက်ပျောက်သွားခဲ့နိုင်တယ်။
ရှင်ချင်းစွေ့ဟာ ဒီ လူကို ရှင် မျိုးနွယ် အဖြစ် ခံယူဖို့ ခွင့်ပြုခဲ့တယ်။ ဒီ လူ ဟာ သူ့ရဲ့ သစ္စာအရှိဆုံး ကိုယ်ရံတော် ဖြစ်လာခဲ့တယ်။ သူ အရာအားလုံး သင်ပေးခဲ့တဲ့သူ တစ်ယောက် ။ ဒီ သုံးနှစ်တာ အတောတွင်းမှာ ဒီ လူ ဟာ သူ့ကို ဘယ်တုန်းကမှ မခွဲခွာခဲ့ဘူး ။
ရှင်ချင်းစွေ့ တိုက်ခိုက်တဲ့ တိုက်ပွဲ တိုင်းမှာ ဒီလူ ဟာ အမြဲ ပါခဲ့တာ ။
“ မင်းက ရှင်ကျုံး မဟုတ်ဘူး။ ရှင်ကျုံးက သေသွားပြီ။ လွန်ခဲ့တဲ့ သုံးနှစ်တည်းက.။ မင်းက ဘယ်သူလဲ။။” ရှင်ချင်းစွေ့ဟာ ဒီ အချိန်မှာတော့ သေချာသွားပြီပဲ ။
“သခင်လေး အတွက် ဒါကို နားလည်တာ နည်းနည်း နောက်မကျ နေဘူးလား။ ” သက်လတ်ပိုင်း အမျိုးသားဟာ ပြောလိုက်တယ် ။ ဒီ အချိန်မှာတော့ ရှင်ချင်းစွေ့ဟာ သူ့ရဲ့ လည်ပင်းကို နောက်ဓား တစ်ချောင်း ချိန်ထားတယ် ဆိုတာ သတိထားမိသွားတော့တယ်။
စာဖြေသူ တိုင်းဟာ ဒီ မြင်ကွင်းကို မြင်သွားတော့တယ် ။
ဒီလူ နှစ်ယောက်ကြား ပြောစကားတွေကို ကြားပေမယ့်လည်း သူတို့ပြောနေတဲ့ အကြောင်းရင်းကိုတော့ နားမလည်ကြပါဘူး။
သူတို့ နားလည်သွားတာ တစ်ခုကတော့ ရှင်ချင်းစွေ့ဟာ တိုက်ခိုက်သူကို ရှာတွေ့သွားပြီ ။ ဒါအပြင်ကို ဓားတွေဟာလည်း ဒီနေရာကနေ ဦးတည်လာနေတာ ။
“သူက ဘယ်သူလဲ။”
“ဘာကြောင့် ရှင်ချင်းစွေ့ရဲ့ ကိုယ်ရံတော်က ဒီလို လုပ်နေတာလဲ။”
“ သူက ငါတို့ကို တိုက်ခိုက်နေတာပဲ။”
မေးခွန်းတွေ နဲ့ အဖြေတွေဟာ တကယ့်ကို ရူးသွပ်စရာ ကောင်းလှတယ်။
ဒါပေမယ့်လည်း မေးခွန်းတွေကို ဒီလို မေးဖို့ အတွက် အချိန်မရှိတာ သေချာလှတယ်။ ဒဏ်ရာ မရတဲ့ စာဖြေသူတွေဟာတော့ သူတို့ရဲ့ လက်နက်တွေကို သက်လတ်ပိုင်း အမျိုးသားဆီ ချိန်ရွယ်လိုက်တယ်။
သူတို့ သုံးဦးဟာ စတင်ပြီး တိုက်ခိုက် တော့တယ်။
ဓားသုံးချောင်းဟာ လေထုထဲမှာ တောက်ပနေခဲ့တယ်။ ဓား နှစ်ချောင်းဟာ ထိုသူ့ ဆီကို တန်းတန်း မတ်မတ် ပြေးဝင်သွားပြီးတော့ နောက် တစ်ချောင်းဟာ လေထုထဲမှာ ဝေ့၀ဲ နေခဲ့တယ်။
ဒါက အခုချိန်မှာ သူတို့ လုပ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်း ။
ဒါပေမယ့်လည်း ရှင်ချင်းစွေ့ရဲ့ လည်ပင်းမှာ ချိန်ထားတဲ့ဓားဟာတော့ စတင်လှုပ်ရှားပြီ ။ ဒါဟာ လျှပ်စီးလက် သလို မျိုး တခြားသော ဓား သုံးချောင်း ထက် ပိုပြီးတော့ မြန်ဆန်လှတယ်။
ရှင်ချင်းစွေ့ဟာတော့ မျက်တောင် တစ်ချက်မခတ်ပဲ ကြည့်နေခဲ့တယ်။
ဒါဟာ လူအုပ်ကြီးရဲ့ မျက်လုံးတွေကို အတော်လေး အံံ့သြစေခဲ့တယ်။ စစ်နတ်ကျောင်းတော်ရဲ့ ဆက်ခံ သူ တစ်ယောက် အနေနဲ့ သေခြင်း တရားကို ကြောက်လန့်ခြင်း စိုးစဉ်းတောင် မျှ မရှိပဲနဲ့ ရင်ဆိုင်ရဲ တာ ။
ဘာကြောင့် ရှင်ချင်းစွေ့က ဓားကို မခုခံရတာလဲ။
သူ့ရဲ့ လက်တွေဟာတော့ ဓားကို မမြှောက်နိုင်လောက်အောင် တုန်ယင်နေခဲ့ပြီ ။
“ ကလင်”
“ကလင်”
မာဆတ်ဆတ် အသံ နှစ်ခု ဟာ ထွက်ပေါ်လာတော့တယ်။
ရှင်ချင်းစွေ့ကို ချိန်ထားတဲ့ ဓားဟာ မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့တယ်။ နောက် ဓား တစ်ချောင်းဟာလည်း မြေပြင်ပေါ်ကို ကျနေခဲ့တယ်။ ဒါဟာ ကျောက်စိမ်း ဓား ။
ရှင်ချင်းစွေ့ရဲ့ ခပ်ဝေးဝေးနေရာမှာ ကျနေတဲ့ နောက် ဓား တစ်ချောင်းလည်း ရှိနေခဲ့တယ်။
ဒါဟာ အပြာရင့်ရောင် ဓား တစ်ချောင်း ။ ကျောက်စိမ်းရောင် ဓားထက်ကို ပိုပြီးတော့ ရှည်လျားတယ်။
သက်လတ်ပိုင်း လူ ရွှယ်ဟာ သူ့ လက်ထဲမှာ ဓား တစ်ချောင်းကိုမှ မကိုင် ခဲ့ဘူး ။ သူ့မှာ ရှိတာကတော့ ဓားကောက် တစ်ချောင်းသာ ။ ဒါပေမယ့်လည်း ရေခဲရောင် တောက်နေခြင်းသာ ရှိခဲ့တယ်။ သွေးရောင်လွှမ်းနေတဲ့ ပုံရိပ်ကြောင့် ဒီဓားဟာ အသက်များစွာကို ခြွှေယူ ခဲ့တယ် ဆိုတာ သိသာလှတယ်။
“ အာ” သက်လတ်ပိုင်း လူရွယ်ဟာ သူ့ရဲ့ ညာဘက်ကို ကြည့်လိုက်တယ်။
အပြာရင့်ရောင် ဓားဟာ သူ့ကို ချိန်ထားခဲ့တယ်။ ဒါပေမယ့်လည်း ဒီဓားဟာ ကျောင်းတော်သား သုံးဦး ဆီက လာတာ မဟုတ်ပါဘူး။ သူ့ရဲ့ ညာဘက်မှာ ရှိတဲ့ လူငယ်ဆီကနေ လာတာ ။
လက်လုပ်လက်စား အလုပ်သမားဝတ်စုံလို အကျီလက်တိုကို ဝတ်ထားတဲ့ လူငယ်ရဲ့ အကြည့်တွေဟာတော့မယုံနိုင်စရာ ကောင်းလောက်အောင် တည်ငြိမ်နေခဲ့တယ်။
ဒီ လူငယ်ဟာတော့ နန်ကုန်းမုပဲ ။
“ ဒါက ကျောက်စိမ်း နီလာ မောင်နှံဓားပဲ။”
“ နန်ကုန်းမျိုးနွယ်ရဲ့ နန်ကုန်းမု ပဲ။ သူက ကျောက်စိမ်း နီလာဓားပညာကို အသုံးချနေတာလား။”
“မိုးနတ်မင်းရေ။ ဒီလောက် ကောင်းတဲ့ ဓားပညာရှိနေတာလား။”
စာဖြေသူတွေဟာတော့ မြေပြင်ပေါ်က ဓားတွေကို မြင်တဲ့ အချိန်မှာ ထိတ်လန့်နေကြတော့တယ်။ သူတို့ရဲ့ ထိတ်လန့်မှုဟာတော့ သက်လတ်ပိုင်း လူရွယ် တိုက်ခိုက်မှု ထက်တောင် ပိုပြီးတော့ အံ့သြစရာ ကောင်းနေသေးတယ်။
အကြောင်းရင်း ထဲက တစ်ခုကတော့
နန်ကုန်းမုဟာ ကျောက်စိမ်း နီလာ လျှို့ဝှက်ဓားပညာကို သုံးနေတာ ။
“ ငါ ထင်ခဲ့တာ နန်ကုန်းဟောင်ရဲ့ ညီက ထက်မြက်မယ်လို့ တကယ်တမ်းက ငတုံးပဲ ။” သက်လတ်ပိုင်း အမျိုးသားဟာ လှောင်ရယ်လိုက်တယ်။
“ အမှန် တကယ်ပါပဲ။” နန်ကုန်းမု ဟာ ခေါင်းငြိမ့်လိုက်တယ်။
သူဟာ တွေဝေခြင်း အလျဉ်းမရှိပဲ ပြန်ဖြေတာ ။ သက်လတ်ပိုင်း လူရွယ်ရဲ့ အပြောကို သူက ခန့်မှန်းမိ နေပြီးသား ဖြစ်တဲ့ပုံပါပဲ။ ကြည့်ရတာတော့ သာမာန် မှတ်ချက်မျိုးကို ပြန်ဖြေနေသလိုပါပဲ။
ဘေးပတ်ဝန်းကျင်က စာဖြေသူတွေကတော့ နားမလည် နိုင်ပါဘူး။
ဘာကြောင့် နန်ကုန်းမုက ဒီ လို လှောင်ပြောင်မှုကို လက်ခံ နေတာလဲ။
“ ငါ ထင်တယ်။ မင်းက သိပ်ပြီးတော့ စကားမများဘူး။” သက်လတ်ပိုင်း လူရွယ်ဟာ နန်ကုန်းမုရဲ့ အဖြေစကားကို ကြားပြီးနောက် ပြန်ဖြေလိုက်တယ်။
နန်ကုန်းမုက သူ့ကို ကြောက်ခဲ့ရင် တိုက်ခိုက်မှာ မဟုတ်ဘူး ။
“မင်းရဲ့ အရိပ်တွေကို အသုံးချပြီးတော့ မြေကြီးထဲက ဓားတွေကို ထိန်းချုပ်နိုင်တယ်။ အရိပ်တွေကို ဖွက်ထားနိုင်တယ်။ ဒီလို အရည်အချင်းတွေက အတော်လေးတော့ အံ့သြစရာ ကောင်းတယ်။ မင်းက လူသား မဟုတ်တာတော့ သနားစရာပဲ။” နန်ကုန်းမုဟာ မေးခွန်းတွေကို မဖြေတော့ပဲနဲ့ သူ့ကိုယ်သူသာ တီးတိုး ပြောနေခဲ့တယ်။
“ မင်းက အတော်လေးကို စကားနည်းတဲ့သူပဲ။ ဒါပေမယ့် မင်းရဲ့ အတွေ့အကြုံတွေကတော့ အတော် ကောင်းတယ်။ ငါ နားမလည်တာက မင်း ဘာလို့ ငါ့ကို လူ မဟုတ်ဘူး လို့ ပြောတာလဲ။” သက်လတ်ပိုင်း အမျိုးသားဟာပြုံးလိုက်တယ်။
“ ဒီ လို အခြေအနေမျိုး ဖြစ်ဖို့က ကောင်းကင်ရောင်ပြန် အဆင့် ထက် မြင့်ရမှာ ။ ဒီလို အရိပ်ပေါင်း များစွာ ခွဲထွက်ပြီး အသုံးပြုနိုင်သူက လူသား ၃၉ ဦးပဲ ဒီလောကမှာ ရှိတယ်။ ဒီ အဆင့် လူ တစ်ယောက်မှလည်း သုခမိန် လောကထဲမှာ ဝင်မလာဘူး။ ဒါကြောင့် မင်းက လုံးဝကို လူ မဖြစ်နိုင်ဘူး။ အကယ်၍ ငါသာ မှန်ရင် နတ်ဆိုးတွေ ထဲမှာ ဒီလို နည်းလမ်းကို သုံးပြီးတော့ တိုက်ခိုက်သူ တစ်ယောက်ပဲ ရှိတယ်။ ဒီသူကတော့ ယဉ်ရှန်ပဲ ။ ” နန်ကုန်းမုက ပြန်ဖြေလိုက်တယ်။
သက်လတ်ပိုင်း လူရွှယ်က “ ယဉ်ရှန်” ဆိုတဲ့ နာမည်ကို ကြားချိန်မှာတော့ သူ့ရဲ့ အပြုံးတွေဟာ အေးစက်သွားခဲ့တယ်။ သူ့မျက်လုံးတွေမှာ ပေါ်ပေါက်လာတဲ့ အံံ့သြမှုကိုတော့ မဖုံးကွယ် နိုင်ဘူး ။
နန်ကုန်းမုရဲ့ စွမ်းရည်ကြောင့် အံ့သြတာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း သူ ဘယ်သူလည်း ဆိုတာ တိုက်ခိုက်ရေးနည်းလမ်းကို ကြည့်ပြီးတော့ သူ့ကို ခန့်မှန်းနိုင်တာကို အံ့သြသွားတာပဲ ။ ဒါက တမျိုးတစ်ဖုံ ကြောက်စရာကောင်းတယ်။
“ မင်း ကောင်းကောင်း မှတ်မိသားပဲ။ မင်းက အတုတော့ မဖြစ်နိုင်ဘူး။ နန်ကုန်းမိသားစုက အခုချိန်ထိ ဒါတွေကို မှတ်တမ်းတင်ရတာ ကြိုက်နေတုန်းပဲလား။ သနားစရာကတော့ မင်း က သေတော့မှာ။” သက်လတ်ပိုင်း လူရွယ်ဟာ နန်ကုန်းမု ပြောလတာကို မငြင်းပယ်ခဲ့ပါဘူး။
ဒါကြောင့်
နန်ကုန်းမု ပြောစကား မှန်တယ်ဆိုတာကို သူ ဝန်ခံ လိုက်တာနဲ့ အတူတူပါပဲ။
ပတ်ဝန်းကျင်က ကျောင်းတော်သားတွေ ဟာတော့ နောက်ကို အလိုလို ဆုတ်သွားကြတော့တယ်။ သူတို့ရဲ့ မျက်နှာဟာတော့ ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
အကယ်၍ နန်ကုန်းမု ပြောတာသာ မှန်မယ်ဆိုရင်
ဒါက ကြောက်ဖို့ ကောင်းလွန်းတယ်။
နတ်ဆိုးမျိုး နွယ် တွေ ထဲမှာ ယဉ်ရှန်လို့ အမည်တွင် တာ တစ်ယောက်တည်းပဲ ရှိတယ်။ ဒီသူဟာ နတ်ဆိုး ပိုင်နက် ဆယ်ခု ထဲမှာ ရှိတဲ့ ယဉ် မျိုးနွယ် နတ်ဆိုးတွေရဲ့ ဒု မျိုးနွယ်စု ခေါင်းဆောင် ။
“ ဒါက ဘယလို ဖြစ်နိုင်မှာလဲ။”
“ ဘာလို့ နတ်ဆိုးတွေက ဒု မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက်ကို တော်ဝင် စာမေးပွဲ ဆီ ပို့လိုက်တာလဲ။”
“ မဖြစ်နိုင်ဘူး။ ငါ အခု မသေချင်သေးဘူး။”
စာဖြေသူ အားလုံးဟာ မယုံနိုင်စရာ ကောင်းလောက်အောင် အကူညီ မဲ့နေကြတယ်။ ယဉ်ရှန်နဲ့ ထိပ်တိုက် တိုက်ခိုက်ဖို့ ဆိုတာ မဖြစ်နိုင် ဘူး။
သူဟာ ကောင်းကင်ရောင်ပြန် အဆင့် ကျင့်ကြံသူ အားလုံးထက် ပိုပြီးတော့ကို အင်အားကြီးမားတယ်။
“ ယဉ်ရှန်က အရမ်း အင်အားကြီးလား။” ဖန်ကျန်းရှီက မြေပြင်ကနေ လူးလဲ ထရင်းနဲ့ ရန်ရွှယ်ကို မေးလိုက်တယ်။
“ ငါ့ အထင်ကတော့ အသက်ရှင်ဖို့ တော်တော် ခက်မယ် ထင်တယ်။” ရန်ရွှယ်က ခေါင်းငြိမ့်လိုက်တယ်။
ဒါက ရန်ရွှယ့် အနေနဲ့ အခြေ အနေ တစ်ခုကို ဒီလိုမျိုး ပြောပြတာဟာ ပထမဆုံး ။ နောက်ပြီးတော့ ဒီလို မျိုး ပြောဖို့ အချိန် တောင် ရောက်လာ တယ်တဲ့လား။
အပိုင်း (၂၀၃ ) ပြီး၏။
အပိုင်း ( ၂၀၄ )
“ သဘာဝလွန် အဆင့်”
ဖန်ကျန်းရှီကတော့ အေးခဲ သွားတော့တယ်။ သူတို့ အတွက် အသက်ရှင်ဖို့ ခက်ခဲတယ် ဆိုရင် အတော်လေးကို အသက်ရှင်နိုင်ချေ နည်းတာပဲ ။ ဘယ်သူကမှ ဒီ အချက်ကို လက်မခံလိုဘူး။
ဖန်ကျန်းရှီက တော်တေ်ာလေးကို ကြက်သေသေနေမိတယ် ။
သူက လူပျိုပဲ ရှိသေးတာလေ။
ဒီလိုမျိုး လွယ်လွယ်နဲ့ တော့ မသေနိုင်ဘူး။
ဖန်ကျန်းရှီက လွယ်လွယ်နဲ့ အရှုံးမပေးလိုဘူး။ ဒါပေမယ့်လည်း ရန်ရွှယ် ကဒီလို ကိစ္စမျိုးကိုတော့ စနောက်မှာ မဟုတ်ဘူး ။ ထုံးစံ အတိုင်းပဲ။ အခုချိန်မှာ အန္တရာယ်များတဲ့ အခြေအနေမှာ ရှိနေပြီ ။
“ငါတို့ အသက်ရှင်နိုင်ချေ ရှိလား။” ဖန်ကျန်းရှီက မေးလိုက်တယ်။
“ အခွင့်အရေးက အတော်လေးကို ရှားပါးတယ်။ ယဉ်ရှန်က (သဘာဝလွန် အဆင့်) ကို လွန်ခဲ့တဲ့ လေးနှစ်တည်းက ရောက်နေပြီ။ ငါတို့ အားလုံး ပေါင်းရင်တောင်မှ တိုက်ပွဲကို နိုင်ဖို့ ခက်လိမ့်မယ်။ နောက်ပြီးတော့ ငါတို့ထဲက တစ်ဝက်ကျော်က ဒဏ်ရာရထားတယ်။ ” ရန်ရွှယ်က ဘေးပတ်လည်ကို ကြည့်ရင်းနဲ့ ခေါင်းခါပြီး ပြောလိုက်တယ်။
“ဖန်ကျန်းရှီကတော့ ကောင်းကင်ရောင်ပြန် အဆင့်သာ ရောက်လာပေမယ့်လည်း ဗဟုသုတ များများစားစား မရှိဘူး ။ သဘာဝလွန် အဆင့် ဆိုတာကိုလည်း နားမလည်ပါဘူး။ ဒါပေမယ့်လည်း သူသိတာကတော့ ရန်ရွှယ်က သူ့ကို မလိမ်ဘူး။
နောက်ပြီးတော့ ရန်ရွှယ်ပြောသလိုပဲ လူ တစ်ဝက်ကျော်လောက်က ဒဏ်ရာရထားတာ ။ အခုချိန်မှာ တော့ တိုက်ခိုက် နိုင်သူက ၁၀ယောက် လောက်ပဲ ရှိတော့တယ်။
ကျင့်ကြံဆင့် တွေ ကွာခြားမှုကို များလေလေ သူတို့ရဲ့ အောင်နိုင်ချေက နည်းလေလေ ။
“ ပထမဆုံး ။ သဘာဝလွန် အဆင့်နဲ့ ကောင်းကင်ရောင်ပြန် အဆင့် ကွာခြားချက်တွေ ငါ့ကို ပြောပြ” ဖန်ကျန်းရှီက ဒီ မေးခွန်းကို မေးသင့်လား ဆိုတာကိုတော့ နားမလည်ဘူး ။ ဒါပေမယ့် လည်း အဆိုးဆုံးသော အခြေအနေကို တော့ နားလည်ချင်တယ်။ ပြိုင်ဘက် အကြောင်းကို တစ်ခုမှ မသိပဲနဲ့ တော့ ရင်မဆိုင်ချင်ဘူး။
ရန်ရွှယ်ကတော့ ဖန်ကျန်းရှီ တွေးနေတာကို နားလည် တာကြောင့် ဒီမေးခွန်းကို မသင့် တော်ကြောင်း မတွေးမိဘူး ။
“ သဘာဝလွန် အဆင့်ကို အမှန်တကယ် မရောက်ရှိပဲနဲ့ ကွာခြားချက်တွေကို နားလည်ဖို့ မဖြစ်နိုင်ဘူး ။ သူ့ရဲ့ အင်အား အပြည့်ကိုလည်း နားမလည်နိုင်ဘူး။” ရန်ရွှယ်က ဖန်ကျန်းရှီကို ကြည့်လိုက်တယ်။
“ ပြည့်ဝတဲ့ အင်အားလား။” ဖန်ကျန်းရှီက ဘာကြောင့် ရန်ရွယ် ဒီလို စကားမျိုးပြောလဲ နားမလည် နိုင်ဘူး ဖြစ်နေတယ်။ တစ်ခဏ တာ စဉ်းစားပြီးနောက်မှာ တော့ ပြန်ဖြေလိုက်တယ်။ “ ဒေါသတွေ ပြင်းထန်လာတဲ့ အခိုက်အတန့်မှာ ဖြစ်မလား။ ဒါမှမဟုတ် ချစ်မိသွားခဲရင်လား။”
ဒီ အဖြေကို သူကြည့်ခဲ့တဲ့ ရုပ်ရှင်ကားတွေထဲကနေ ရတာ ။ လူတစ်ယောက်က သူ ချစ်မြတ်နိုးတဲ့သူ ကို ကျောက်တုံးနဲ့ ဖိသတ်တာ ခံရချိန်မှာတော့ မယုံကြည် နိုင်လောက်တဲ့ အင်အားတွေဟာ ပေါက်ကွဲ ထွက်လာတော့တယ်။
“အမ်။ ဒါကလည်း တစ်ခုပဲပေါ့။ လူတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်မှု မဲ့သွားရင် ဒီ အင်အားတွေဟာ ပေါက်ကွဲ ထွက်လာတော့တယ်။ ဒီ အင်အားတွေက အတော်လေးကို ကြောက်မက်ဖွယ် ကောင်းလှတယ်။ အလွယ်တကူ ပြုပြင်လို့ မရနိုင်ဘူး။ နောက်ပြီးတော့ အချစ် အမုန်းတွေက ပြင်ပ ဒဏ်ရာတွေ လိုမျိုး ကုသလို့မရနိုင်ဘူး။ ” ရန်ရွှယ်က ခေါင်းခါ လိုက်တယ် ။
“ သူတို့တွေက ဒဏ်ရာတွေကို ကုသနိုင်တာလား။ ” ဖန်ကျန်းရှီက သိပ်ပြီးတော့ နားမလည်ပါဘူး။ ဒဏ်ရာရသူ တစ်ယောက် က ဘယ်လို စွမ်းအားမျိုးနဲ့ ကုသနိုင်တာ ဖြစ်မလဲ။
“ သဘာဝလွန် အဆင့်က နာမည်နဲ့ လိုက် အောင် ဒီ အဆင့်ကို ရောက်သူတွေဟာ အင်အားကြီးမားတယ်။” ရန်ရွှယ်က ရှင်းပြလိုက်တယ်။
“သဘာဝလွန် အဆင့်လား။” ဖန်ကျန်းရှီက ရန်ရွှယ် ပြောတာကို ကြားချိန်မှာတော့ သူဟာ စတင်ပြီး သိချင်လာတော့တယ်။ ဒါက သူတို့ သေခါနီးမှာ ဖြစ်ချင်တဲ့ ဆန္ဒများလား။”
“ အမ်။ ပြောနိုင်တာကတော့ အပြင်ပိုင်း ဖျားနာတာနဲ့ ဒဏ်ရာတွေက ဒီ အဆင့် စွမ်းအားကြောင့် ပျောက်နိုင်တယ်။ သူတို့ရဲ့ စွမ်းအားတွေ အမြင့်ဆုံး အဆင့်ကို ရောက်လာချိန်မှာတော့ ထိုးဖောက်မြင်နိုင်တဲ့ အဆင့်ကို လုံးဝရောက်သွားလိမ့်မယ်။”
“ မင်း ဘာကို ဆိုလို ချင်တာလဲ။” ဖန်ကျန်းရှီက နားလည်သွားဟန်ပါပဲ။ ဒါပေမယ့်လည်း သူ သိပ်ပြီးတော့ မသေချာဘူး ။ ဒါပေမယ့်လည်း ရန်ရွှယ် အစတုန်းက ပြောတာကို နားလည်တယ်။
“ သဘာဝလွန် အဆင့်က လူတွေက သေခြင်းနဲ့ ရှင်ခြင်း ကြားမှာ လျှောက်လှမ်း နေကြတာ ။ သူတို့ရဲ့ အင်အားနဲ့ အရှိန် နှုန်းကို သုံးပြီးတော့ သူတို့ရဲ့ စိတ်အာရုံနယ်မြေကို အသုံးချတယ်။ အင်အား အပြည့် အဝကို သုံးပြီးတော့ အင်အားစစ်ကို သုံးနိုင်တယ်။ ပိုပြီးတော့ အရေးကြီးတာက သူတို့မှာ မယုံကြည်နိုင်လောက်တဲ့ ကုသနိုင်စွမ်းရှိနေတာပဲ ။” ရန်ရွှယ်ဟာ သူ့စကားကို အဆုံးသတ်လိုက်တော့တယ်။
ဖန်ကျန်းရှီဟာတော့ ရန်ရွှယ်လိုပဲ တည်ကြည်လေးနက်နေခဲ့တယ်။ သဘာဝလွန် အဆင့်က အတော်လေးကို အင်အား ပြည့်ဝတာတော့ နားလည်ပြီ ဒါပေမယ့်လည်း ဒီလောက်ထိ ကြောင်တောင်တောင် ဖြစ်အောင် စွမ်းအား ပြင်းမယ်လို့ မထင် ခဲ့မိဘူး။
ဘဘာဝလွန် ….
အရင့် အရင် ရှေးဟောင်း မှတ်တမ်းတွေမှာ ဒီ အဆင့်ကို ကောင်းကောင်း မှတ်တမ်းတင်ထားတယ်။ ဒီ အဆင့်မှာေ ရာက်နေသူတွေက သေလုမျောပါး ဒဏ်ရာရနေရင် တောင်မှ လမ်းကောင်းကောင်း လျှောက်ပြီး ပြေးလွှားနိုင်တယ်။
လူတစ်ယောက်ရဲ့ ကိုယ်ကို ထိန်းချုပ်ပြီးတော့ ဒီ အဆင့်မှာ တည်မြဲဖို့က ခက်ခဲတယ်။
သေခြင်းနဲ့ ရှင်ခြင်း ကြားက စည်းမှာ လမ်းလျှောက်နေရတယ်။
ဒါက ဒီလောက်တောင် ကြောင်တောင်တောင် နိုင်တာလား။ အကယ်၍ သူ့ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရတဲ့ အထိ တိုက်ခိုက်ရင်တောင်မှ အသက်တော့ သေစေနိုင်မှာ မဟုတ်ဘူး။
ရန်ရွှယ်ပြောတဲ့ အသက်ရှင်ဖို့ ခက်ခဲ တယ် ဆိုတာကို အခုမှပဲ နားလည်တော့တယ်။ ဒီ လူက တကယ့်ကို ကြောက်စရာပဲ။
ဒါပေမယ့်လည်း သူ့ရဲ့ အင်အား အပြည့်အဝကို သုံးပြီးတော့ ဒဏ်ရာ မရအောင် လုပ်မှ ာပဲ။
ဖန်ကျန်းရှီကတော့ တိတ်ဆိတ်နေတော့တယ်။ သူ့ရဲ့ အသိဉာဏ်တွေက ပြောနေတယ်။ ဒီ အချိန်မှာ ထွက်ပြေးတာက အကောင်းဆုံးပဲ။
ဒါပေမယ့်လည်း ။။။။
အကယ်၍ သူတို့သာ မထွက်နိုင်ရင် ဘယ်လို ဖြစ်လာမလဲ။
သုခမိန်လောကကြီးက ထိန်းချုပ်မှု လွတ်နေပြီ။ ဘယ်သူမှ မဝင်နိုင်သလို ထွက်နိုင်သူလည်း မရှိဘူး ။ သဘာဝလွန် အဆင့် ကျင့်ကြံ သူကို တိုက်ခိုက်ဖို့ ဘဝတော့ ရင်းရတော့မယ်။
နောက်ပြီးတော့ ဒီသူက နတ်ဆိုးတစ်ကောင် ဖြစ်နေတယ်။ ညှိနှိုင်းဆွေးနွေးလို့ရမှာ မဟုတ်ဘူး။
အခုတော့ ဘာလဲ။
ဖန်ကျန်းရှီ နဲ့ လူတိုင်းမှာ တူညီတဲ့ အတွေး အကြံတွေ ရှိနေကြတယ်။ သဘာဝလွန် အဆင့် ကျင့်ကြံသူ တစ်ဦးနဲ့ ရင်ဆိုင်ရချိန်မှာ ကောင်းကင်ရောင်ပြန် အဆင့် ကျင့်ကြံ သူ တစ်ယောက် အနေနဲ့ ပြေးတာ ဟာ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်လိမ့်မယ်။
နောက်ပြီးတော့ အခုချိန်မှာ လွတ်မြောက်ဖို့ လမ်း မရှိဘူး။
ဘယ်သူက နေဝံ့မှာလည်း ။
လူတွေရဲ့ ကူကယ်ရာ မဲ့စွာ အော်ဟစ် သံတွေဟာ ထွက်ပေါ် လာပြန်တယ်။
ပင်းယန်က ယဉ်ရှန်ရဲ့ နာမည်ကို ကြားချိန်မှာတော့ ကြောက်ရွံ့ ထိတ်လန့်မှု တွေဟာ သူမရဲ့ မျက်နှာချောချောမှာ ပြည့်နှက်လာတော့တယ်။
သဘာဝလွန် အဆင့် ကျင့်ကြံသူ တစ်ဦးနဲ့ ကြုံရရင် သူမလည်း ကူကယ်ရာမဲ့ ကြက်ကလေး တစ်ကောင်နဲ့ ဘာမှ မကွာခြား ဘူး ။ မီးလျှံပန်းနီသံချပ်ကာနဲ့ ရဲရဲ တောက် ချီလင်လှံကို ပိုင်ဆိုင်ထားတဲ့ ကြက်ကလေး တစ်ကောင် ဖြစ်တာကလွဲပြီးတော့ပေါ့။
သူမက လွယ်ကူတဲ့ သားကောင် တစ်ကောင်ပဲ။
စိတ်ကို မထိန်းချုုပ်နိုင်စွာပဲ သူမ ဟာ စတင်ပြေးလွှားတော့တယ်။ ဖန်ကျန်းရှီ ရဲ့ နောက်ကို ပြေးသွားပြီးတော့ သူ့လက်မောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားတော့တယ်။ သူမ ဘာကြောင့် ဒီလိုလုပ်မိသလဲ ဆိုတာကိုလည်း မတွေး တတ်တော့ဘူး။
ဒါပေမယ့်လည်း ဖန်ကျန်းရှီ အနားမှာ ကပ်နေရ ရင် အနည်းငယ် လုံခြုံတယ်လို့ ခံစားရတယ်။ ခဏတာလေး ဖြစ်ဖြစ်။
ဖန်ကျန်းရှီ မှာတော့ သူ့လက်မောင်းကို ပင်းယန် လာ ညှစ်တာ နောက် တစ်ကြိမ် ခံရပြန်တယ်။ ။ အတော်လေးကို သက်တောင့် သက်သာ မရှိ ပေမယ့်လည်း သူမကို တွန်း မထုတ်ပါဘူး။
လူတစ်ယောက် အနေနဲ့ အမျိုးသမီးကို ဦးစားပေးရမယ် မဟုတ်လား။
သူ ဘယ်လောက် ပဲ ဆန္ဒ မရှိပါစေ။ လက်လွတ်စပယ်တော့ မလုပ်ပါဘူး။
နန်ကုန်းမုရဲ့ အမူအယာကတော့ အများကြီး မပြောင်းလဲ သွားဘူး ။ ယဉ်ရှန်ရဲ့ အစစ်မှန် သွင်ပြင်ကို သိတာတောင်မှ ထွက်လာပြီး တိုက်ခိုက်ဖို့ကို ရွေးချယ်ခဲ့တယ်။ ဒါက သူ ယဉ်ရှန်ကို မကြောက်ဘူး လို့ ဆိုလိုတာပဲ ။
ရှင်ချင်းစွေ့လည်း မကြောက်လန့်ပါဘူး။ သူ့မှာ အခု ကျန်နေတာကတော့ ခိုင်မှာတဲ့ စိတ်စွမ်းအားပဲ ။ အခုချိန်မှာ တိုက်ခိုက်ရင်တော့ အသေအချာကို ရှုံးမှာပဲ ။ သူ့ရဲ့ စွမ်းရည်တွေ အပြည့်အ၀ ရှိနေရင်တောင်မှ နိုင်နိုင်စရာ အခြေအနေလည်း မရှိဘူး ။
ယဉ်ရှန်ကတော့ ကြောက်ဒူးတုန်နေတဲ့ စာဖြေသူတွေကို ကြည့်ရင်း ရယ်မောလိုက်တယ်။
“ တကယ်တမ်းတော့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားဖို့ ငါ မတွေးထားခဲ့ဘူး။ ငါ့မှာ တိုက်ခိုက်ဖို့ အခွင့်အရေး တစ်ခုပဲ ရှိမယ်လို့တွေးထားခဲ့တာ။ ငါ့ရဲ့ နောက် ကြောင်းသာ ပေါ်ပေါက်လာရင် စာစစ်သူတွေက ဒီ နေရာကို ဝင်လာမှ အမှန်ပဲ။ ဒါပေမယ့်လည်း မိုးနတ်မင်းကြီး က ငါ့ကို ကြင်နာတယ်။ သုခမိန် လောကကြီးက အထိန်းအကွပ်မဲ့နေပြီ။ အခု ချိန်မှာ ပုန်းကွယ်စရာ အကြောင်း မရှိတော့ဘူး။ ”
ယဉ်ရှန် ဟာ နန်ကုနု်းမု။ ပင်းယန်နဲ့ နောက်ဆုံးမှာတော့ ဖန်ကျန်းရှီကို ကြည့်လိုက်တယ်။
ဖန်ကျန်းရှီကတော့ သူ့ကို ဘာလို့ ကြည့်လဲ မသိပေမယ့် ဒါကတော့ကောင်းတဲ့ လက္ခဏာ ဟုတ်ဟန် မတူဘူး။
နန်ကုန်းမုဟာလည်း ဖန်ကျန်းရှီကို လှည့်ကြည့်လိုက်တယ်။
လူတိုင်းဟာ ဖန်ကျန်းရှီကို ကြည့်နေကြဟန်ပါပဲ။ သုခမိန် လောကကြီးကို အထိန်းအကွပ်မဲ့ သွားအောင် ပြုလုပ်သူဟာ ဖန်ကျန်းရှီ ဆိုတာကို ကောင်းကောင်း သိကြတယ်။
“ ဓား ကို ဆွဲထုတ်ပြီး စည်း ကို ဖောက်လိုက်တာနဲ့ စာစစ်သူတွေက ထိန်းချုပ်မှု ပြန်ရပြီးတော့ ငါတို့ကို လာကယ်မယ်။” သူ့ကို ကြည့်နေသူတွေ ဘာကို တွေးနေလဲ ဖန်ကျန်းရှီ ကောင်းကောင်းနားလည်တယ်။
သူတို့ရဲ့ စိတ်အာရုံကို ပြောင်းလဲ ပြစ်ဖို့ အတွက် အစီအစဉ် တစ်ခု ခပ်မြန်မြန်ပဲ ချလိုက်တယ်။
ကံကောင်းစွာနဲ့ပဲ ဒီအစီအစဉ်က သိပ်မဆိုးဘူး။
ဒါဟာ လူတိုင်းကို မျှော်လင့်ချက်လေး အနည်းငယ် ရှိလာစေတယ်။
မျှော်လင့်ချက်နဲ့ အောင်မြင်မှု။ ရန်သူတွေတောင် မဟာမိတ် ဖြစ်လာနိုင်တယ်။ နောက်ပြီးတော့ အခုချိန်မှာ သေခြင်း တရားနဲ့ ရင်ဆိုင်နေရတာ ။
စာဖြေသူတွေဟာ စတင်ရွေ့လျားတော့တယ်။ တစ်ယောက်ကို တစ်ယောက် တိုက်ခိုက် မှု ရပ်လိုက်ပြီး တော့ တစ်ဦးချင်းစီ ဟာ ဓားကို ဆွဲထုတ်ဖို့သာ ကြိုးပမ်းနေကြတယ်။
ယဉ်ရှန်ရဲ့ အေးစက်တဲ့ အကြည့်တွေဟာတော့ ပြောင်းလဲ မသွားခဲ့ဘူး။
“ အရှင်သခင်ငယ် ပြောတာမှန်တယ်။ မင်းက ခန့်မှန်းလို့ မရတဲ့သူ ပဲ။” ယဉ်ရှန်ဟာ ပျောက်ကွယ်မသွားခင်ပြောလိုက်တယ်။
အဲ့ဒီ့နောက် ကျယ်လောင်တဲ့ ပေါက်ကွဲ သံကြီးကို ကြားလိုက်ရတယ်။
နောက် လှုပ်ရှားမှု တစ်ခုမှာတော့ ယဉ်ရှန်ဟာ ကျောက်တုံးနောက်ကို ရောက်နေတော့တယ်။
သူ့ရှေ့မှာတော့ နန်ကုန်းမု ရှိနေခဲ့တယ်။
နန်ကုန်းမုရဲ့ ညာလက်ဟာတော့ သူ့ရင်ဘတ်ကို အုပ်ကိုင် ထားခဲ့တယ်။ သူ့ရင်ဘတ်မှာတော့ သွေးကွက် တစ်ကွက်ရှိနေခဲ့တယ်။ ဒါဟာ ကျယ်လောင်တဲ့ ပေါက်ကွဲသံ ကြောင့် ဖြစ်ပေါ်လာမှန် သိသာလှတယ်။
“ နန်ကုန်း မိသားစုက တကယ့်ကို ငတုံးတွေပဲ ။ ဓား တစ်ချောင်းတောင် မပါပဲနဲ့ ငါ့ကို တားချင်သေးတယ်။”
“မင်း ငါ့ကို မတားခင် ဓားတစ်ချောင်း တော့ ပေးမယ်။” ယဉ်ရှန်က တစ်ခွန်းခြင်းပြောလိုက်တယ်။
အဲ့ဒီ့နောက် ကျောက်စိမ်း နီလာ မောင်နှံဓားဟာ ယဉ်ရှန်ရဲ့ ရှေ့မှာပေါ်လာတော့တယ်။ ဓားတွေဟာ နန်ကုန်းမုရဲ့အနီးမှာ ရှိနေခဲ့တာ မဟုတ်ဘူး ။ ဒါပေမယ့် ယဉ်ရှန်ဟာ ထိန်းချုပ်ပြီး ခေါ်ယူလိုက်တာ ။
ဓားတွေကို နန်ကုန်းမု ဆီ ပြစ်ပေးလိုက်တယ်။
နန်ကုန်းမုဟာ အပြာရောင် ဓားကို ညာလက်မှာ ကိုင်ပြီးတော့ အစိမ်းရောင်ဓားကိုတော့ ဘယ်လက်မှာ ကိုင်ထားခဲ့တယ်။
“ ငါ ကြားဖူးတာတော့ နန်ကုန်းမိသားစုမှ ထိပ်တန်း ပညာနှစ်ခုရှိတယ်။ (နဂါးတိုက်ပွဲ ဗျုဟာနဲ့ ကျောက်စိမ်း နီလာ ဓားပညာ) ။ ဒါပေမယ့်လည်း လူတွေက နဂါးတိုက်ပွဲ ဗျူဟာကိုပဲ မြင်ဖူးကြတာ ဘာကြောင့်လဲ ဆိုတာကို ငါ အခု ခန့်မှန်းမိပြီ။” ယဉ်ရှန်ဟာ ကျောက်စိမ်းနီလာ ဓားပညာကို လျစ်လျူရှုလိုက်တယ်။
“ မင်းရဲ့ ဓားတွေကို ထုတ်မသုံးသင့်ဘူးလား။” နန်ကုန်းမုက မေးခွန်းကို လျစ်လျူရှုလိုက်တယ်။
“ သုံးဖို့ လိုလို့လား။” ယဉ်ရှန်က မေးလိုက်တယ်။
ယဉ်ရှန် ရဲ့ စကား ဆုံးတဲ့ အချိန်မှာပဲ ကျောက်တုံးပေါ်က စာဖြေသူတွေဟာ နေရာမှာတင် တောင့်ခဲပြီး ကြက်သေသေ နေကြတော့တယ်။ သူတို့ တစ်ဦးချင်းစီက နာကျင်မှုကြောင့် ခံစားနေရတယ်။
အဲ့ဒီ့နောက် ဓားတွေဟာ မြေကြီးပေါ်ကနေ ကြွတက်လာတော့တယ်။
သူတို့တွေဟာ စာဖြေသူ ဆီကို ပြေးဝင်သွားတော့တယ်။
ဓားပျံတွေကိုသာ မျက်တောင် မခတ်တမ်း ငေးကြည့်နေကြတယ်။ သူတို့ တွေမှာ ခုန်ရှောင်နိုင်ဖို့ အင်အားလည်း မရှိတော့ပါဘူး။
“ ဘုန်း ။ ဘုန်း ။ ဒုန်း ။ ”
ဓားပျံတွေကြောင့် စာဖြေသူတွေဟာ ဖြူဖျော့သွားကြတော့တယ်။
“ ချီးပဲ။”
စာဖြေသူ တစ်ဦးဟာတော့ ဓားပျံ တွန်းအားကို တောင့် မခံနိုင်တော့ပဲနဲ့ သွေးအန်တော့တယ်။
အလွန် လျင်မြန်စွာနဲ့ပဲ။ ဒုတိယ။ တတိယ ။ တစ်ယောက်ပြီး တစ်ယောက် ။
“ ငါတွေးသလိုပဲ မင်းလုပ်တာ” နန်ကုန်းမု ဟာ အလင်းတန်းတွေကို ပေါင်းစည်းတော့တယ် ။
“ခဘွန်း!” အက်ကွဲရာ နှစ်ခုဟာ မြေပြင်ပေါ်မှာ ပေါ်လာတော့တယ်။
အစိမ်းရောင် နဲ့ အပြာရောင် အလင်းတန်းတွေဟာ မြေပြင်ပေါ်မှာ ပေါ်လာတော့တယ်။
ကျောက်တုံးပေါ်က စာဖြေသူတွေ အားလုံးဟာတော့ အနည်းငယ် စိတ်သက်သာရာရသွားတော့တယ်။
“ကြည့်ရတာ ငါ မင်းကို လျော့တွက် မိတဲ့ပုံပဲ။” ယဉ်ရှန်ဟာ နန်ကုန်းမုကို ကြည့်ရင်းပြောလိုက်တယ်။
စာဖြေသူတွေဟာတော့ မြင်ကွင်း တစ်ခုကို မြင်ချိန်မှာ အံ့သြမှုကို မထိန်းချုပ်နိုင်အောင် ဖြစ်သွားတော့တယ်။
“ကျောက်စိမ်း နီလာ ဓားပညာလား။”
ကောင်းကင်ရောင်ပြန် အဆင့်မှာ ရှိနေရုံနဲ့ ယဉ်ရှန်ရဲ့ အရိပ်ထိန်းချုပ်ဓားတွေကို တားမြစ်နိုင်တယ်။ အတော်လေးတော့ လန့်စရာပဲ။
ဒီ အချိန်မှာပဲ။ မထင်မှတ်ထားတာ ဟာ ထပ်ဖြစ်လာခဲ့တယ်။
နန်ကုန်းမုဟာ ယဉ်ရှန်ကို တိုက်ခိုက်လိုက်တယ်။ သူဟာ ဓားတစ်ချောင်းကို အရှေ့မှာ ဦးတည်ပြီးတော့ နောက်ဓား တစ်ချောင်းကို အနောက်မှာ ထားရင်းနဲ့ တိုက်ခိုက်တာ ။ အလင်းတန်းတွေဟာတော့ သူ့ကိုယ်မှာ လည်ပတ်နေတော့်ယ ။
အစိမ်းရောင်က သစ်သား။ အပြာရောင်က ရေခဲ။
မတူညီတဲ့ နယ်ပယ်တွေ။
ရေခဲထဲမှာ သစ်သားဟာ အသက်မဲ့နေတယ်။
ဆောင်းတွင်းက အေးစက်တဲ့ ရေခဲ ထဲမှာ နစ်မြုပ်နေတဲ့ သစ်ပင်လိုပဲ အသက်ရှင်ရန် အင်အား မရှိ။
ဒါပေမယ့်လည်း နန်ကုန်းမုဟာ ဒီ နယ်ပယ် နှစ်ခုကို ထိန်းချုပ်လိုက်တယ်။ မတူညီတဲ့ ဒီ နယ်ပယ် နှစ်ခုဟာ ပေါင်းစည်းသွားတော့တယ်။
ဒါ ဟာ အတော်လေးကို မယုံနိုင်စရာ ကောင်းလှတယ်။
ကျောက်စိမ်း နီလာ။ သစ်သားနဲ့ ရေခဲ။
ဒါက အတော်လေးကို မတွေးနိုင်စရာပဲ။
ဖန်ကျန်းရှီက နန်ကုန်းမုကို ကြည့်လိုက်တယ်။ ဒီ အရောင် နှစ်ခု တည်ရှိနေတာကို သိတယ်။ နန်ကုန်းမုက ဒါကို ဘယ်လိုများ ပေါင်းစည်းလိုက်တာလဲ။
သူ နားလည်သွားတယ်။
ဒီ နယ်ပယ် နှစ်ခုကို ပေါင်းစည်းဖို့ လွယ်တာမဟုတ်ဘူး။
ဒါဒပေမယ့်လည်း နန်ကုန်းမုကတော့ သူ့အတွေး မှားကြောင်းကို သက်သေ ပြသွားခဲ့တယ်။ ရေခဲနဲ့ သစ်သားက ရောလို့ရတယ်။
ယဉ်ရှန်ဟာတော့ နောက်မဆုတ်ခဲ့ဘူး။ ရိုးရိုးရှင်းရှင်းနဲ့ ဓား တစ်လက်ကိုသုံးပြီးတော့သာ တားမြစ်လိုက်တယ်။ ဒါပေမယ့်လည်း ဒီ ရိုးရှင်းတဲ့ အပြုအမူကတော့ ထင်သလောက် မရိုးရှင်းပါဘူး။
နန်ကုန်းမု တိုက်ခိုက်ချိန်တည်းက သူ့ရဲ့ ဓားတွေဟာ ယဉ်ရှန်ကို ထိခိုက်စေလိုက်ပြီ ။
ပထမဆုံး ဓားပြာနဲ့ တိုက်ခိုက်တာ ။ ရေခဲ တိုက်ခိုက်မှုကို စတင်တာ ။
မယုံကြည်နိုင်လောက်အောင် အေးစက်တဲ့ ရေခဲလှိုင်းတွေ ထွက်ပေါ် လာတော့တယ်။ အပြာရောင် ဓားဟာ အပြာရောင် ရေခဲ အလင်းတန်းတွေကို ထုတ်ဖော်လိုက်ပြီးတော့ ရေခဲ တွေ ထွက်ပေါ်လာတော့တယ်။
အစိမ်းရောင်ဓားဟာတော့ ယဉ်ရှန်ရဲ့ ဓားကို ထိုးနှက်သွားတော့တယ်။
ဒီ အချိန်မှာပဲ ထူးဆန်းတဲ့ အရာဟာ ဖြစ်ပေါ်လာတော့တယ်။
ယဉ်ရှန်ရဲ့ ဓားပေါ်က ရေခဲ ဟာ သူ့ ဘဝသူ ထိန်းချုပ်နေတဲ့ပုံပါပဲ။ ယဉ်ရှန်ရဲ့ လက်မောင်း ရင်းထိ အေးစက်တဲ့ ရေခဲတွေဟာ တဖြည်းဖြည်း ချင်း ဖြစ်ပေါ်လာတော့တယ်။
“ အဲ့တာ ကျောက်စိမ်း နီလာ လျှို့ဝှက် နည်းပညာလား။”
“ဒါ ကအရမ်း အင်အား ပြင်းထန်တာပဲ။”
စာဖြေသူတွေဟာ သူတို့ မြင်တာကို အံသြ ချီးမွမ်း နေကြတယ်။ အောင်မြင်နိုင်ချေ ရှိတာကို သူတို့ တွေ့လိုက်ကြတယ်။
ဒါပေမယ့်လည်း ယဉ်ရှန်ရဲ့ အမူအယာကတော့ သိပ်ပြီးတော့ ပြောင်းလဲသွားခြင်း မရှိပါဘူး။ သူဟာ သူ့ဓားနဲ့ အေးခဲ နေတဲ့ လက်မောင်းကိုသာ ကြည့်နေခဲ့တယ်။
“ မင်း ဘယ်လိုများ သိလဲ။ ငါ လည်းသိချင်မိတယ်။” ယဉ်ရှန်က မေးလိုက်တယ်။
“ အပြာရောင် က ရေခဲ။ အစိမ်းရောင်က သစ်သား။ ဒါပေမယ့်လည်း သစ်သားက သစ်သား မဟုတ်ဘူး။ ဒါ က သက်ရှိ တစ်မျိုး ။ အရာ အားလုံးမှာ အသက်ရှိတယ်။ ရေခဲ အပါအဝင်” နန်ကုန်းမုက ရှင်းပြလိုက်တယ်။
“ သစ်သားကလည်း အသက်ရှိတယ်။ ငါ နားလည်ပြီ။ ဒါပေမယ့်လည်း ဒီလိုမျိုး နန်ကုန်းမိသားစုရဲ့ လျှို့ဝှက်ပညာကို တိုက်ရိုက်ပြောပြတာ မကြောက်ဘူးလား။” ယဉ်ရှန်က ပြောလိုက်တယ်။
“ အကယ်၍ မင်းသိသွားရင်းရော ဘာလုပ်နိုင်မှာမို့လဲ။” နန်ကုန်းမုက ပြန်ဖြေလိုက်တယ်။
“ ဟား ဟား မင်းပြောတာ မှန်တယ်။ ငါ မလုပ်နိုင်ဘူး။ အကယ်၍ ငါသာ ကောင်းကင်ရောင်ပြန် အဆင့်မှာပဲ ရှိနေသေးတာ ဆိုရင် ရှုံးမှာ သေချာတယ်လို့ ဝန်ခံတယ်။” ယဉ်ရှန်က နောက်တစ်ကြိမ် ခေါင်းငြိမ့်လိုက်တယ်။
အဲ့ဒီ့ နောက် သူ့လက်မောင်းကို ယမ်းခါ လိုက်ချိန်မှာတော့ ရေခဲ အကာအကွယ် ဟာ ကျေမွ သွားတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ လက်မောင်းတွေက ရေခဲနဲ့ ပိတ်ဆို့ခြင်း ခံလိုက်ရတဲ့ အတွက် သူ့ရဲ့ အသားအရည် ဟာ ခရမ်းရောင် တောင် ပြောင်းနေတော့တယ်။
မကြာခင်မှာပဲ ခရမ်းရောင် အညိုမည်းတွေဟာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီးတော့ မူလ အသားအရောင်ကို ပြန်လည်ရရှိတော့တယ်။
အပိုင်း ( ၂၀၄) ပြီး၏။
အပိုင်း (၂၀၅)
“ ပြောင်းလဲ နိုင်သော”
ဒီ မြင်ကွင်းကတော့ အတော်လေးကို ရူးချင်စရာ ကောင်းတယ်။
ဖန်ကျန်းရှီက အရာအားလုံး ဖြစ်တည်မှု တာအိုရဲ့ အစွမ်းကို ဒီလောက် သန်မာမယ်လို့ မတွေးခဲ့မိဘူး ။ ယင်ရှန်ရဲ့ အရှိန်ဟာ သူတို့ မျက်လုံးတွေကို မူးနောက်စေတယ်။
အရင်လောကမှာ သူတွေ့ဖူးသမျှ အရာတွေအားလုံးတွေက ဒီအရာတွေ ရဲ့ အစွမ်းကိုတော့ မယှဉ်နိုင်ဘူ း။
တာအိုကို အရင်နှစ်တွေက သူ လေ့ကျင်နေတာကို ပြန်တွေးမိတယ်။ တာအို မုခ်ကို အောင်မြင်ပြီးတော့ ကိုယ်ခန္ဒာကို ထိန်းချုပ်ပြီးတော့ စွမ်းအားနဲ့ အရှိန်တွေကို တိုးမြင့်အောင် လုပ်တယ်။
နတ်ဆိုးစည်းကို ရောက်ပြီးတဲ့ နောက် သူ့ရဲ့ စိတ်အာရုံနယ်မြေ ကို ထိန်းချုပ်ပြီးတော့ အရာအားလုံး ဖြစ်တည်မှု တာအို စွမ်းရည်ကို ပြောင်းလဲ နိုင်တယ်။
ကောင်းကင်ရောင်ပြန် အဆင့် တစ်ယောက် အနေနဲ့ စိတ်အာရုံနယ်မြေနဲ့ အပြင်လောကကို ကောင်းကောင်း ချိတ်ဆက်နိုင်တယ်။
အရာအားလုံး ဖြစ်တည်မှု တာအိုကို ငှားရမ်းပြီးတော့ မုန်တိုင်းတွေကို ဖန်တီး နိုင်တယ်။
သဘာဝလွန် အဆင့် အတွက်တော့
သေခြင်းနဲ့ ရှင်ခြင်း လိုင်းကြားမှာ တိုက်ခိုက်တာပဲ ။ စွမ်းအားတွေကို ထိန်းချုပ်ပြီးတော့ အရာအားလုံး ဖြစ်တည်မှု တာအိုရဲ့ လျှို့ဝှက်ချက် ထဲက တစ်ခုကို နားလည်သွားခြင်း ။
သဘာဝလွန် အဆင့်မှာ ဘယ်လို စွမ်းအားတွေ တကယ်ရှိမလဲ သိချင်တယ်။
ဖန်ကျန်းရှီကတော့ အများကြီး မတွေးတော့ပါဘူး။ ဒါကို နားလည်ဖို့ အတွက် အချိန် ထပ်ပေးစရာ မရှိတော့ ဘူး ။
နန်ကုန်းမုကတော့ ယဉ်ရှန်ရဲ့ လက်ရှိ အဆင့်ကို ကောင်းကောင်းသိပါတယ်။ ယဉ်ရှန်ရဲ့ လက်မောင်းပေါ်က ဒဏ်ရာတွေ ပျောက်ကွယ် သွား မှုကို သိပ်ပြီးတော့ အံ့သြဟန် မရှိဘူး။
ဒါကြောင့် သူဟာ နောက်တစ်ကြိမ် လှုပ်ရှားပြန်တယ်။
ရုတ်တရက်ဆိုသလို အစိမ်း နဲ့ အပြာ အလင်းတန်းတွေဟာ တစ်ခုနဲ့ တစ်ခု ကွဲပြားသွားပြန်တယ်။ အစိမ်းရောင်က အထောက်အပံ့ပေးပြီးတော့ အပြာရောင်ဟာ အဓိက အင်အားကို ဖန်တီးပေးတယ်။ ရေခဲ ထဲမှာ တောင်မှ ဘဝကို ရှင်သန်နေသလိုပါပဲ။
ကောင်းကင်မှာတော့ ရေခဲနဲ့ နှင်းတွေဟာ ပျံ့နှံ့ နေခဲ့တယ်။ အပြာရောင် အလင်းတန်းတွေဟာ ရေခဲ လွှာကို ဖန်တီးပေးပြီးတော့ ယဉ်ရှန်ကို ဝန်းရံထားခဲ့တယ်။
ခပ်ယဲ့ယဲ့ အပြုံးတစ်ခုနဲ့ အတူ လက်ထဲက ဓားကို ဝေ့ယမ်းလိုက်တယ်။ အနက်ရောင် အလင်းတန်းတွေဟာ ပေါ်ထွက်လာပြီးတော့ ဖုံးလွှမ်းနေတဲ့ ရေခဲနဲ့ နှင်းတွေ ကြားကနေ ထိုးထွက်လာတော့တယ်။
“ ဘုန်း။”
ကြောက်မက်ဖွယ် အငွေ့ အသက်တွေဟာ ယဉ်ရှန်ရဲ့ ကိုယ်ကနေ ထွက်ပေါ်လာတော့တယ်။
ကောင်းကင် တစ်ခုလုံးက လုံးဝကို နက်မှောင်သွားသလိုပါပဲ။
ဒါက ယဉ်ရှန်ရဲ့ မုန်တိုင်းပဲ ။ ဒါမှမဟုတ် မှောင်မည်းနေတဲ့ လောကကြီးလို့လဲ ပြောနိုင်တယ်။
နက်မှောင်တဲ့ ရောင်စဉ်တွေဟာ ကျောက်စိမ်း နီလာ အလင်းတန်းတွေကို ဖိနှိပ်နေခဲ့တယ်။ ညအမှောင်ထု ထဲမှာ ပျောက်ကွယ်နေတဲ့ အလင်းတန်းတွေ လို ဖြစ်နေတော့တယ်။
အတော်လေး မတောက်ပပေမယ့် နက်မှောင်နေခဲ့တယ်။
“ မင်း ဘယ်လောက် ကြာအောင် ထိန်းထားနိုင်မှာလဲ။”
“ နောက်ထပ် ငါး မိနစ် လောက်ကြာမယ် ထင်တယ်။” နန်ကုန်းမုက အံကြိတ်ရင်း ပြောလိုက်တယ်။
“ ကြည့်ရတာ မင်းက စိတ်ဆုံးဖြတ်ပြီးတဲ့ပုံပဲ။ ဒါပေမယ့်လည်း မင်း တကယ်ပဲ ငါး မိနစ် တောင့်ခံနိုင်မှာလား။” ယဉ်ရှန်က သူ့ဓားကို နောက်တစ်ကြိမ် ဝေ့ယမ်းရင်းပြောလိုက်တယ်။ ကောင်းကင်ဟာတော့ ပိုပြီး နက်မှောင်လာခဲ့တယ်။ တိမ်မည်းတွေ နဲ့ ကာဆီး ခံထားရသလိုမျိုး ဖြစ်နေခဲ့တယ်။
“ ငါ လုပ်နိုင်တယ်။ ” နန်ကုန်းမုဟာ အလွန့်ကို ယုံကြည်ချက် ရှိစွာ ပြောလိုက်တယ်။
တစ်ချိန်တည်းမှာပဲ အလင်းတန်း တွေ ဟာ ပိုပြီးတော့ တောက်ပ လာခဲ့တယ်။ သူ့ကိုယ်ပေါ်က အနက်ရောင် ဖိအားတွေကို တဖြည်းဖြည်း လျော့ကျလာအောင် ခုခံ နေခဲ့တယ်။
“ငါ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ မတွေးခဲ့မိဘူး။ ဒီ နေ့ ကတော့ တကယ့်ကို အံ့သြစရာပဲ။ နန်ကုန်းဟောင်ရဲ့ ညီငယ်က ကောင်းကင်ရောင်ပြန် ထိပ်သီး အဆင့်ကို ရောက်နေပြီပဲ။ ” ယဉ်ရှန်က သူ့ရဲ့ မျက်စိ ရှေ့က မြင်ကွင်းကို ကြည့်ရင်း နဲ့ ပြောလိုက်တယ်။
“ ကောင်းကင် ရောင်ပြန် ထိပ်သီး အဆင့်”
“ နန်ကုန်းမုက တကယ်ပဲ ကောင်းကင် ရောင်ပြန် ထိပ်သီး အဆင့်မှာ ရှိနေပြီ။”
“ ဒီလို အရည်အချင်းရှိတဲ့ လူငယ် မျိုးက ဘာလို့ နိုးထလာသော နဂါး အဆင့်မှာ မရောက်သေးတာလဲ။ အနည်းဆုံးတော့ ထိပ်သီး အယောက် နှစ်ဆယ် အဆင့်ကို ရောက်နေလိုက်ပြီ။ ကျောက်စိမ်း နီလာ ပညာနဲ့ ဆို ထိပ်သီး ဆယ်ဦးထဲတောင် ဝင် သင့်ပြီ။ ”
“ နန်ကုန်း ဟောင်လဲ ကောင်းကင် ရောင်ပြန် ထိပ်သီး အဆင့်မှာ ရောက်နေတာ။ နန်ကုန်းမုလည်း ကောင်းကင်ရောင်ပြန် ထိပ်သီး အဆင့်မှာပဲ ဆိုတော့ ဒီ နန်ကုန်းမိသားစုက ကောင်းကင်ရောင်ပြန် ထိပ်သီး အဆင့် နှစ်ယောက်တောင် ရှိနေတာလား။”
ယဉ်ရှန်ရဲ့ ပြောစကားကို ကြားချိန်မှာတော့ စာဖြေသူတွေဟာ အတော်လေးကို တအံ့တသြ ဖြစ်နေကြတယ်။
နန်ကုန်းမုကတော့ စကားမပြောတော့ဘူး ။ သူ့ရဲ့ အမူအယာဟာတော့ သာမာန် အရာ တစ်ခုကို ကြားသလိုပဲ သိပ်ကို တည်ငြိမ်နေခဲ့တယ်။
“ ဒါပေမယ့် ကောင်းကင်ရောင်ပြန် ထိပ်သီး အဆင့်က တကယ်ပဲ လုံလောက်ပြီလား။” ယဉ်ရှန်က သူ့ ဘေး ပတ်ဝန်းကျင်ကို ကြည့်ရင်းနဲ့ ပြောလိုက်တယ်။ အဲ့ဒီ့နောက် ကျောက်တုံးထဲမှာ နစ်မြုပ်နေတဲ့ ဓားကို ကြည့်နေတဲ့ သူ့မျက်လုံးတွေဟာတော့ ယုံကြည်မှု မြင့်မားတဲ့ အရိပ်ယောင်နဲ့ ပြည့်နှက်နေခဲ့တယ်။
ကောင်းကင် ရောင်ပြန် ထိပ်သီး အဆင့်ဟာ ကောင်းကင်ရောင်ပြန် စတင် ဆင့်ထက် ပိုပြီးတော့ကို သန်မာတယ်။ တခြား တစ်ဖက်မှာတော့ သဘာဝလွန် အဆင့်က ကျင့်ကြံသူ တစ်ယောက် ရှိနေခဲ့တယ်။
ဒီ အဆင့် နှစ်ခုကြားက ကွာခြားချက်ဟာတော့ မိုးနဲ့ မြေလိုပါပဲ။
နန်ကုန်းမုဟာ တိတ်ဆိတ်နေခဲ့တယ်။ သူ့မျက်လုံး ထဲ က အရိပ်ယောင်ကတော့ အနည်းငယ် မှိန်ဖျော့သွားတော့တယ်။
“ ကြည့်ရတာ မင်းမှာ အတော်လေး ယုံကြည်မှု ရှိနေတဲ့ပုံပဲ။” ယဉ်ရှန်ဟာ တိုက်ပွဲကို ခပ်မြန်မြန် အဆုံးသတ်ဖို့ ပြင်လိုက်တယ်။ ဒါပေမယ့်လည်း နန်ကုန်းမု ရဲ့ လှုပ်ရှားမှု တွေဟာ သူ့ကို အံ့အားသင့်စေတယ်။ ဒါ့အပြင်ကို အရာအားလုံးဟာ သူ့ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတဲ့ အတွက် အဖြေ တစ်ချို့ကို ရဖို့ အချိန် ဖြုန်းရတာ စိတ်မရှိပါဘူး။
“ ကိုယ့်ကိုယ်ကို ယုံကြည်မှုလား။ မဟုတ်ဘူး။ မင်း မှားနေပြီ။ ငါ့မှာ ယုံ ကြည်ချက် မရှိဘူး။” နန်ကုန်းမုဟာ နောက်ဆုံးမှာတော့ စကားပြောပြီ ။
“ ဒါဆိုရင် မင်းက ဘာလို့ အရမ်းကို စိတ်တည်ငြိမ်နေတာလဲ။”
“အကယ်၍ မင်းသာ ငါ ဖြစ်မယ် ဆိုရင် ဒီလိုပဲ စိတ်အေးနေမှာပါ။”
“ ကြည့်ရတာ မင်း ကငါ မေးတာ ဖြေချင်ပုံမရဘူး။ ”
“ ငါ ဖြေချင်ပါတယ်။”
“ ဒါဆိုရင် အချိန် ထပ်ပြီးတော့ မဖြုန်းကြရအောင်. ။” ယဉ်ရှန်က ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက် တစ်လှမ်းချင်းစီ နန်ကုန်းမု ဆီကို လျှောက်သွားတော့တယ်။ သူဟာ အလွန့်ကို နှေးနှေးကွေးကွေးနဲ့ လျှောက်နေတာ ။ အလင်းတန်းတွေဟာတော့ နိမ့်ချည် မြင့်ချီ သူ့ဘေးပတ်လည်မှာ ဖြစ်ပေါ်နေတော့တယ်။
သူဟာ မမြင်ရတဲ့ အင်အားလှိုင်း တစ်ခု ဖိနှိပ်ခြင်းကို ခံစားနေရတာ ။
ဒီမြင်ကွင်းဟာ ကျောင်းတော်သားတွေကို ချောက်ခြားစေတယ်။
ဒဏ်ရာ အပြင်းအထန် ရနေတဲ့ ရှင်ချင်းစွေ့တောင်မှ နန်ကုန်းမု ဟာ နောက်ဆုံး မျှော်လင့်ချက်လို့ ထင်လာတော့တယ်။ ဒါပေမယ့်လည်း နန်ကုန်းမုသာ မကာကွယ် နိုင်ပဲ ယဉ်ရှန်သာ ဓားကို ဆွဲထုတ်နိုင်ခဲ့ရင် ဘယ်လို ဖြစ်သွားမှာလဲ။
နန်ကုန်းမုက ကျောက်စိမ်း နီလာ ဓားပညာကို တတ်ကျွမ်းပေမယ့်လည်း သူ့ရဲ့ ပြိုင်ဘက်ကတော့ နတ်ဆိုးမျိုးနွယ် ဒုတိယ ခေါင်းဆောင် ယဉ်ရှန် ဖြစ်နေတယ်။
လူတိုင်း လည်း ဒါကို သိကြတယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီလည်း ဒါကို သိတယ်။
နန်ကုန်းမုရဲ့ ပြိုင်ဘက် ယဉ်ရှန်ဟာ သဘာဝလွန် အဆင့်မှာ ရှိနေပြီ ။ သူ ပြောသလိုပဲ ငါးမိနစ်လောက်ပဲ ထိန်းထားနိုင်မယ်။ တကယ့်ကို ငါးမိနစ်လောက်ပဲ။ ငါးမိနစ်ထက်တော့ မပိုနိုင်ဘူး။
နောက်ပြီးတော့ ဒီမှာ နိုင်နိုင်ချေ မရှိဘူး။
နောက်ပြီးတော့ ဒီ အခြေအနေက လှုပ်ရှားဖို့ အတွက် လိုအပ်တယ်။
ဖန်ကျန်းရှီက တဖြည်းဖြည်း ချင်း လှုပ်ရှားတော့တယ်။ ဖန်ကျန်းရှီက သူ့ ရဲ့ ခြေထောက်ကို ကြွပြီးတော့ လျှောက်လာခဲ့တဲ့ အတွက် ပင်းယန်ဟာလည်း သူ့နောက်ကနေ ပါလာခဲ့တယ်။
ပင်းယန်ကတော့ ဖန်ကျန်းရှီကို ထိတ်လန့်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့တယ်။
“ ငါ ထင်တာ နင် က အမြဲ သေမှာ ကြောက်နေတဲ့သူ လို့ ။”
“မှန်တယ်လေ။ ငါ သေမှာ မကြောက်ဘူး လို့ ပြောမိလို့လား။” ဖန်ကျန်းရှိက ပင်းယန်ကို ကြည့်လိုက်တယ်။
“ ဒါတောင် ရှေ့ဆက် လျှောက်နေတုန်းလား။” ပင်းယန်ကတော့ နားမလည်နိုင်ပါဘူး။
“ငါ သာ ပြေးနိုင်ရင် အခု ချိန်မှာ ပြေးပြီ။ ” ဖန်ကျန်းရှီရဲ့ အမူအယာဟာတော့ သိပ်ကို သာမာန် ဆန်လွန်းလှတယ်။ သူ့ရဲ့ မျက်နှာတော့ ဒီ စကားကို ဖြေနေချိန်မှာ ရှက်ရွံ့ဟန် တစ်ခု တစ်လေတောင် မရှိနိုင်ခဲ့ဘူး ။
“ နင်က တက်ယ့ကို အရှက်မရှိတာပဲ။” ပင်းယန်ဟာ သူ့ရှေ့ က ဒီသူ နဲ့ အတူရပ်နေရတာ တကယ့်ကို ရှက်စရာပဲလို့ ထင်နေမိတယ်။
“ ချီးမွမ်းမှု အတွက် ကျေးဇူးတင်ပါတယ်။ မင်း ငါနဲ့ ဆက်လိုက် အုန်းမှာလား။”
“လိုက်မှာ ။” ပင်းယန်ရဲ့ အသံ ဟာတော့ တိုးညှင်းလှတယ်။ ဒီသူရဲ့ အသင်း တစ်ခုတည်း ရှိနေရတာ အတော်လေးကို ရှက်စရာ ကောင်း ပေမယ့်လည်း သူမ အတွက် ဒုတိယ ရွေးချယ်စရာ မရှိဘူး ။
“ ကြည့်ရတာ မင်းလည်း ငါ့လိုပဲ သေရမှာ အတော်ကြောက်နေပုံပဲ။”
“ ငါ က နင်နဲ့ မတူဘူး။ အသက်ရှင်ဖို့ အခွင့် အရေးကို ရှာနေတာ ။” ပင်းယန် ဟာ ချက်ခြင်းကို ပြန်အော်တော့တယ်။
“ကောင်းပြီလေ။ ဒါဆိုလည်း အသက်ရှင်ဖို့ အခွင့်အရေး အတွက် မင်းရဲ့ ချီလင်လှံနဲ့ ကစားရအောင် ငှားပေးစမ်းပါ။”
“ နင့် စကားတွေက အမြဲ ပေါက်ကရတွေ။ ငါ့ချီလင်လှံကို နည်းနည်း ပါးပါး လေးစားပါအုန်း” ပင်းယန်ကတော့ မပျော်မရွှင် ဖြစ်နေတော့တယ်။ ဒါပေမယ့်လည်း သူမရဲ့ ချီလင်လှံကို ဖန်ကျန်းရှီ ဆီ ပေးလိုက်တော့တယ်။
ခပ်ပေါ့ပေါ့ ဆုပ်ကိုင်ရင်း ဖန်ကျန်းရှီဟာ ချီလင်လှံရဲ့ စွမ်းအားကို ခံစားနေတယ်။
ငါ့လက်ထဲက လှံနဲ့ ဆိုရင် ကမ္ဘာကြီးက ငါ့အပိုင်ပဲ။
ဥပမာ အားဖြင့် ဖန်ကျန်ရှီက ကမ္ဘာကြီး တစ်ခုလုံးကို အပိုင်စား ရထားတဲ့ပုံပါပဲ။
နောက်ပြီးတော့ သူ့ရဲ့ လှုပ်ရှားမှု အရှိန်ဟာ ဖြည်းဖြည်းချင်း မြင့်တက်လာတော့တယ်။ တစ်လှမ်း ချင်းစီ ယင်ရှန်ဆီကို လျှောက်လာတော့တယ်။
တိုက်ပွဲထဲမှာ အပြောင်းအလဲ တွေဟာ ဖြစ်ပေါ်နေတော့တယ်။ အသက်တစ်ခါ ရှူချိန် အတွင်းမှာပဲ ပြောင်းလဲ မှုတွေ ဖြစ်ပေါ်လာနိုင်တယ်။
ယင်ရှန်က နန်ကုန်းမုကို ဆက်ပြီးတော့ ထိန်းထားနိုင်ခဲ့တယ်။ ထုံးစံ အတိုင်း သူ့အတွက်တော့ သူ့ဘေးန်ားက လူတွေရဲ့ လှုပ်ရှားမှုကို သတိမထားမိပါဘူး။ ဒါပေမယ့်လည်း ဖန်ကျန်းရှီရဲ့ သူ့နားကို လျှောက်လာတာကို သိလိုက်တယ်။
ရန်ရွှယ်နဲ့ ပင်းယန် တို့ လည်း သူ့နောက်မှာ ပါလာခဲ့တယ်။
တစ်ချိန်တည်းမှာပဲ ယဉ်ရှန်ရဲ့ ခေါင်းကို လှည့်လိုက်ချိန်မှာ ။ တခြားသော ကျောင်းတော်သားတွေ ရဲ့ အကြည့်တွေဟာလည်း ဖန်ကျန်းရှီ ဆီကို ရောက်နေကြတယ်။
“ ဖန်ကျန်းရှီက ဝင်တိုက်ခိုက် မှာလား။”
စာဖြေသူတွေက ဒါကို တွေးမိပေမယ့် မယုံကြည်နိုင် ဖြစ်နေကြတယ်။
နောက်ဆုံးမှာတော့ တိုက်ခိုက်ရေး စာမေးပွဲ ရဲ့ အစတည်းက ဖန်ကျန်းရှီဟာ တခြားသော သူတွေ နဲ့ တိုက်ခိုက် ခြင်း မရှိခဲ့ဘူး။ တံတားကျိုးနဲ့ ကျောက်တုံး အမြွှာကို ဖြတ်သန်းပြီးတော့ စတင်နေတာ ။
ဒီ တစ်လျှောက်လုံးမှာ ဖန်ကျန်းရှီက သူတို့ အတွက်တော့ သူရဲကောင်းမဟုတ်ခဲ့ဘူး။ အနည်းဆုံးတော့ ဘယ်သူကမှ သူတို့ရဲ့ မျှော်လင့်ချက်ကို သူ့အပေါ်မှာ မထားကြဘူး ။
နန်ကုန်းမုဟာတော့ နန်ကုန်းမိသားစုက နေ ဆင်းသက်လာတဲ့ သူ တစ်ယောက် ။ ကျောက်စိမ်း နီလာ ဓားပညာရှင် တစ်ယောက် နန်ကုန်းမိသားစုရဲ့ ထိပ်တန်း ပညာရပ်တွေ ရှိတယ်။
ဒီလို စွမ်းအားမျိုးနဲ့ တောင်မှ ယဉ်ရှန်ကို မယှဉ်နိုင်ဘူး။
ဖန်ကျန်းရှီက ဘာကို ဘယ်လို သုံးပြီးတော့ တိုက်ခိုက်မှာလဲ။
…
ဖန်ကျန်းရှီကတော့ ပတ်ဝန်းကျင်က ကျောင်းတော်သားတွေရဲ့ အတွေးကို မခန့်မှန်းပါဘူး။ ဒါပေမယ့်လည်း သူတို့ ရဲ့ အတွေးတွေကကော အရေးကြီးလို့လား။ မဟုတ်တာ အသေအချာပါပဲ။
ဒါဆိုရင် သူ လုပ်နေတာကို ဘာလို့ ရပ်ရမှာလဲ။
ဒီလိုမျိုးနဲ့ပဲ ဖန်ကျန်းရှီဟာ ယဉ်ရှန် ဆီကို မရပ်နားပဲ လျှောက်လာတော့တယ်။
“ မင်္ဂလာပါ။ ငါ့ နာမည်က ဖန်ကျန်းရှီ။” ဖန်ကျန်းရှီက ယဉ်ရှန်ကို မိတ်ဆက် လိုက်တယ်။
အခုလို အခြေအနေမျိုးမှာ ဆိုရင် ဒီလို ကိုယ့်ကိုယ်ကို မိတ်ဆက်တာမျိုးက အကောင်းဆုံး အခြေအနေမဟုတ်ဘူး။ အနည်းဆုံးတော့ ဘေးပတ်လည်က ကျောင်းတော်သား တွေက ဒါကို ကြားချိန်မှာတော့ လေးစား လွန်းလို့ ဦးတောင်ညွှတ်ချင်သွားတယ်။
ဒီအချိန်မှာ ပြောသင့်တာက “ မိစ္ဆာ နတ်ဆိုးကောင် ။ မင်း အခု ချက်ခြင်း အရှုံးပေးလိုက်တော့ ”
ဒီ လို စကားမျိုးက မှ အကောင်းဆုံး ဖြစ်မှာ ။
အနည်းဆုံးတော့ အရှိန်အဝါလေး ပြသင့်တယ်။ အခုတော့ မိတ်ဆက် နေတယ် တဲ့လား။
ယင်ရှန်က သတိဝင်လာတော့တယ်။ အဲ့ဒီ့နောက် သူဟာ ချက်ခြင်းကို ရယ်တော့တယ်။
“အရှင် သခင်ငယ်ပြောတာ အမှန်ပဲ။ မင်း က တကယ့်ကို မတွေးတတ်အောင် နက်နဲတဲ့သူ ပဲ။” ဒါဟာ ဒုတိယ အကြိမ် ယဉ်ရှန် ပြောတာ ။ နောက်ပြီးတော့ အခု တစ်ကြိမ်မှာက သူဟာ ဖန်ကျန်းရှီကို တိုက်ရိုက်ပြောတာ ။
“ မင်း ရဲ့ အရှင်သခင်ငယ် က ငါ့ကို သိလို့လား။” ဖန်ကျန်းရှီကတော့ အနည်းငယ် ထိတ်လန့်သွားဟန်ပါပဲ။
ယဉ်ရှန်က ပြန်ဖြေတော့မယ့် အချိန်မှာပဲ သဘော ပေါက်သွားခဲ့တယ်။ “ဟုတ်မှန်ကြောင်း ဖြေသည် ဖြစ်စေ။” “မဟုတ်ဘူး လို့ ဖြေသည် ဖြစ်စေ ” ဘယ်တစ်ခုကမှ မသင့်လျော် ဘူး။
သူသာ “ မှန်တယ်” လို့ ဖြေလိုက်ရင် အရှင်သခင်ငယ် က ဖန်ကျန်းရှီကို အရင် က တွေ့ဖူးတယ် ဖြစ်သွားမယ်။ အကယ်၍ “ မဟုတ် ဘူး ” လို့ ဖြေလိုက်ရင် သူပြောတာကို ပြန်ဖောက်သလို ဖြစ်သွားမယ်။
အတော်လေးကို ရိုးရှင်းတဲ့ စကား ဆိုပင်မယ့်လည်း စကားနောက်မှာတော့ ကိစ္စ အများကြီး ရှိနေခဲ့တယ်။
“ကြည့်ရတာ မင်းက တိုက်ခိုက်ချင်နေတဲ့ပုံပဲ။” ယဉ်ရှန်က ဖန်ကျန်းရှီရဲ့မေးခွန်းကို မဖြေတော့ပဲနဲ့ အဓိက အကြောင်းရင်းကိုသာ ပြောလိုက်တယ်။
“ မဟုတ်ဘူး။ ငါကဒီမှာ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးဖို့ ရှိနေတာ။” ဖန်ကျန်းရှီက ခေါင်းခါရင်း ပြောလိုက်တယ်။
“ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ။ ဟားဟား ဖန်ကျန်းရှီ မင်း က အရမ်းကို ပညာရှိတဲ့သူပဲ။ မင်း ထင်နေတာ ငါတို့ နတ်ဆိုး မျိုးနွယ်တွေက မင်းတို့ လူသား မျိုးနွယ်တွေနဲ့ ငြိမ်းချမ်းမှု ရနိုင်မယ် ထင်နေတာလား။” ယဉ်ရှန်က လောကမှာ ရီစရာ အကောင်းဆုံး ဟာသကို ကြားလိုက်ရသလိုပါပဲ။
“ဘာလို့ မဖြစ်နိုင်ရမှာလဲ။ မင်း ရဲ့ အကြောင်း ပြချက်ကို ပြောပြ ဒါပေမယ့်လည်း အနည်းဆုံးတော့ ထိုင်ခုံလေး တစ်ခု ယူပြီးတော့ လက်ဖက်ရည် စားပွဲ လေးနဲ့ ဆွေးနွေးသင့်တယ်။ နတ်ဆိုးမျိုးနွယ် နဲ့ လူသားမျိုးနွယ် သမိုင်းကြောင်းကို ကောင်းကောင်း ဆွေးနွေးကြတာပေါ့။” ဖန်ကျန်းရှီက အေးဆေးစွာ ပြောလိုက်တယ်။
“ လက်ဖက်ရည် သောက်မယ်။ စကားကောင်းကောင်း ဆွေးနွေးရမယ်။ မင်းကို မင်း ဉာဏ်မရှိဘူးလို့ မတွေးမိဘူးလား။” ယဉ်ရှန်က ဖန်ကျန်းရှီကို ကြည့်လိုက်တယ်။ ဖန်ကျန်းရှီက ဒီလို အခြေအနေမှာ ဒီလို မေးခွန်းကို မေးတဲ့ အကြောင်း ကို နားမလည်နိုင် ဖြစ်နေခဲ့တယ်။
ဒီ အတွေးတွေက ဘယ်ကနေ လာတာလဲ။
ဒါပေမယ့်လည်း ။ ဖန်ကျန်းရှီရဲ့ စကားတွေက သူ့ကို ဒေါသ ဖြစ်စေနိုင်တာ သေချာလှတယ်။ ပြောရရင်တော့ သူ့ရဲ့ ဒေါသ ကြောင့် ယဉ်ရှန်ဘေးက ဓားအရိပ်တွေဟာ လှုပ်ရှားလာတော့တယ်။ ဒါဟာ နန်ကုန်းမုရဲ့ ဓားပညာကို ပိုပြီးတော့ တောက်ပလာစေတယ်။
ယဉ်ရှန်ရဲ့ စိတ်အာရုံဟာတော့ ဖန်ကျန်းရှီ ဆီမှာ ရောက်ရှိနေတဲ့ အတွက် ပြောင်းလဲမှုကို သတိမထားမိဘူး ။
တခြားသော ကျောင်းတော်သားတွေဟာတော့ ဖန်ကျန်းရှီကို စိုက်ကြည့်နေခဲ့တယ်။ ဒါကြောင့် ဒီ ဓား ပညာကို သတိမထားမိပါဘူး။ ဒါပေမယ့်လည်း နန်ကုန်းမုကတော့ ဒါကို ကောင်းကောင်းသိတယ်။
ဖန်ကျန်းရှီ ဒါကို ဘာကြောင့် လုပ်နေလဲ ဆိုတာကိုတော့ နားမလည်နိုင် ဖြစ်နေခဲ့တယ်။ ဒါပေမယ့်လည်း သူ့ကိုယ်က အလင်းတန်းတွေ မှိန်ဖျော့လာတာကိုတော့ ကောင်းကောင်း သိတယ်။
“ဟုတ်တယ်။ မင်းပြောတာ မှန်တယ်။ ငါက တကယ့်ကို ရူးတာပဲ။ ဒီ နေရာက ဆွေးနွေးဖို့နဲ့ လက်ဖက်ရည် သောက်ဖို့ အကောင်းဆုံးနေရာ မဟုတ်ဘူး။ အရေးကြီးဆုံးကတော့ ဒီမှာ လက်ဖက် ရွက်တောင်မရှိတာပဲ။ ” ဖန်ကျန်းးရှီက သက်ပြင်းချရင်း ပြောလိုက်တယ်။
လက်ဖက်ရွက်တွေလား…..
ယဉ်ရှန်ရဲ့ နှုတ်ခမ်းတွေကတော့ တွန့်ကွေးသွားတော့ တယ်။ သူ ရုတ်တရက်တွေးလိုက်မိတာကတော့ ဖန်ကျန်းရှီ နဲ့ စကားမပြောသင့်ဘူး လို့ပဲ ။ ဘာကြောင့်လဲ ဆိုတော့ သူတို့ ဘယ်လိုပဲ စကားပြောပါစေ။ အတွေးတွေကတော့ စည်းဝါး ကိုက်မှာ မဟုတ်တာကြောင့်ပဲ ။
“ မင်း ငါ့ကို အချိန် ဆွဲဖို့ ကြိုးစားနေတာဆိုရင်တော့ မင်း စိတ်ပျက်ရလိမ့်မယ်။” ယင်ရှန် ဟာ ဖန်ကျန်းရှီကို စကားမပြော ပါတယ်။
“ မင်း က ဘာလို့ အမြဲ တမ်း မကောင်းတဲ့ ဘက်ကို တွေးနေတာလဲ၊ ကောင်းပြီလေ။ မင်း က ထိုင်ပြီး မဆွေးနွေးချင်ဘူး ဆိုတော့လည်း အပေးအယူ တစ်ခု လုပ်ရအောင်” ဖန်ကျန်းရှီက ခေါင်းခါ လိုက်ရင်း အနည်းငယ် စိတ်ပျက်သွားဟန်ပါပဲ။
“ အကယ်၍ မင်းမှာ ပြောစရာရှိရင် ပြော။ မြန်မြန်” ယဉ်ရှန်ကတော့ အတော်လေးကို စိတ်မရှည်နိုင်ဖြစ်နေပြီ ။
“ ငါ့ လက်ထဲက လှံကို တွေ့တယ်ဟုတ်။ အဲ့တာ ဘာလှံလည်း ” ဖန်ကျန်းရှီက ရဲရဲ တောက်ချီလင်လှံကို ဝေ့ယမ်းပြရင်းနဲ့ မေးလိုက်တယ်. ။
““ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ရတနာ တစ်ပါးဖြစ်တဲ့ ရဲရဲတောက် ချီလင်လှံ ။ ဒဏ္လာရီလာ ချီလင်ရဲ့ အသက်သွေးကြောကို ထည့်သွင်းပြုလုပ်ထားတာ ။ ရတနာ ဆယ်ပါးထဲက ပထမဆုံး ပေါ်ထွက်လာတဲ့ ရတနာ ဖြစ်တဲ့ အတွက် ထိပ်တန်း အင်အား လည်းရှိတယ်။ ငါက ဘယ်လိုလုပ် မသိပဲ နေမလဲ။” ယဉ်ရှန်က ခေါင်းငြိမ့်လိုက်တယ်။
တကယ်တမ်းမှာတော့ ဖန်ကျန်းရှီ ကိုင်ထားတာ ရဲရဲတောက် ချီလင်လှံသာ မဟုတ်ရင် ဒီလို အဓိပ္မာယ် မရှိတဲ့ မေးခွန်းတွေကို ပြန်ဖြေစရာ မလိုဘူး။
တိုက်ခိုက်ရေး စာမေးပွဲမှာ သုခမိန် လောကထဲကို ဝင်ရောက်လာနိုင်တယ်။
အရာအားလုံးဟာ သူ့ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေတာ ဖြစ်တယ။်
ဒါပေမယ့်လည်း သူမတွေးထားခဲ့တာကတော့ ပင်းယန် မင်းသမီးလည်း ဒီကို ဝင်ရောက်လာခဲ့တယ်။ သူနဲ့ အတူ ချီလင်လှံလည်း ပါလာခဲ့တယ်။
ကြယ်တာရာ စုဝေးမှု အဆင့်သာ ရှိနေသေးပင်မယ့်လည်း ပင်းယန်က ကောင်းကင် ရောင်ပြန် အဆင့် ရှင်ချင်းစွေ့ကိုတောင် ဖိအားပေးတိုက်ခိုက်နိုင်တယ်။
ရှင်ချင်းစွေ့နဲ့ ပင်းယန် တို့ရဲ့ တိုက်ပွဲကို ကြည့်ပြီးတော့ ချီလင်ထံ ဘယ်လောက်တောင် အင်အား ကြီးမားလဲ ဆိုတာကို သူ ကောင်းကောင်း ခန့်မှန်းမိတယ်။
အခုတော့ ချီလင်လှံက ကောင်းကင်ရောင် ပြန် အဆင့် ဖန်ကျန်းရှီ ရဲ့ လက်ထဲမှာ ရှိနေတာ ။ ချီလင်လှံရဲ့ စွမ်းအားနဲ့ ဆိုရင် သူ့လို သဘာဝလွန် အဆင့်ကို ယှဉ်ဉ်နိုင်မှာ စိုးရိမ်ရတယ်။
ဘယ်သူကမှ သေချာ မသိနိုင်ဘူး။
ယဉ်ရှန်လည်း ဖန်ကျန်းရှီကို တိုက်ရိုက် ချက်ခြင်း မတိုက်ခိုက်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပင်းယန်ဟာ ဖန်ကျန်းရှီ ရဲ့ ဘေးမှာ အမြဲ ရှိနေတာကြောင့်ပဲ ။
ချီလင်လှံကို ဖန်ကျန်းရှီ လက်ထဲမှာ အဆုံးသတ်သွားဖို့ ဆန္ဒ မရှိဘူး ။
ဘာကြောင့်လဲ ဆိုတော့ ဒီ ချီလင်လှံက သုခမိန် လောက ထဲက အခြေအနေကို ပြောင်းလဲ ပေးနိုင်တဲ့ အရာ ဖြစ်တာကြောင့်ပါပဲ။ အခုတော့ ဖန်ကျန်းးရှီက အပြောင်းအလဲကို ယူဆောင်ပြီး တော့ သူ့ရှေ့မှာ ရပ်နေတယ်။
ပိုပြီးတော့ အရေးကြီးတာက ဖန်ကျန်းရှီက ချီလင်လှံကို အလဲအလှယ် အဖြစ် သုံးချင် နေတယ်။
ယဉ်ရှန်က သူ့ရဲ့ စိတ်ရှည်မှုကို အဆုံးသတ်ခါနီး ။ ဒါပေမယ့်လည်း ဒီအချိန်မှာတော့ သူ့ရဲ့ စိတ်ရှည်မှုကို ပိုပြီးတော့ ကြာကြာထိန်းဖို့ ဆုံးဖြတ်လိုက်တယ်။ ….။
အပိုင်း (၂၀၅) ပြီး၏။
အပိုင်း (၂၀၆)
“ အရှက်တရား”
ဖန်ကျန်းရှီ မှာ မကင်းမဲ့ဆုံးသော အရာကတော့ စိတ်ရှည်သည်းခံမှုပဲ ။
သုခမိန် လောက ကို ထိန်းချုပ်မှုက ပျောက်ဆုံးနေပြီ။ သုခမိန်လောကထဲမှာ ရောက်နေတဲ့သူတိုင်းဟာ ဒါကို သိကြတယ်။ ဒါကြောင့် တော်ဝင်ကျောင်းတော်ထဲက လူတွေဟာလည်း ဒါကို သိကြတယ်။ သူမသိတာကတော့ တော်ဝင်ကျောင်းတော်ထဲမှာ အခုချိန် ဘယ်လို အခြေအနေ ရှိနေမလဲ ဆိုတာကိုပဲ ။
ဒါပေမယ့်လည်း သူ သေချာတာ တစ်ခုတော့ ရှိတယ်။ အချိန်များများ ကြာအောင် ဆွဲနိုင်လေလေ သူ့ အတွက်ကောင်းကျိုး ပိုရှိလေပဲ ။
“ အကယ်၍ ငါသာ ဒီ ချီလင်လှံကို အပေးအယူ လုပ်ဖို့ သုံးမယ် ဆိုရင် ဘယ်လိုနေမလဲ။” ဖန်ကျန်းရှီ ရဲ့ နှုတ်ခမ်းမှာတော့ အပြုံးတစ်ခု ဖြစ်ပေါ်လာတော့တယ်။ သူ ဟာ သူ့လက်ထဲက ချီလင်လှံကို စိတ်ရှည်လက်ရှည်နဲ့ ဝေ့ယမ်း ပြလိုက်တယ်။ သူ့ရဲ့ အမူအယာဟာတော့ အတော်လေးကို တည်ငြိမ်နေခဲ့တယ်။
“ ငါနဲ့ အပေးအယူလုပ်ဖို့ ချီလင်လှံကို သုံးမယ်။ ”ယဉ်ရှန်ဟာ သတိဝင်လာတော့တယ်။ အဲ့ဒီ့နောက် သူဟာ လုံးဝကို ထိတ်လန့်သွားတော့တယ်။
ဖန်ကျန်းရှီ နဲ့ ပတ်သက်ပြီးတော့ သူ အများကြီး မသိဘူး ။ တကယ်တမ်းမှာတော့ ဒါက သူတို့ ပထမဆုံးတွေ့ဆုံတာပဲ ဖြစ်တယ။် ဒါပေမယ့်လည်း အစတုန်းကတော့ ဖန်ကျန်းရှီဟာ ငတုံး တစ်ကောင်လို့ လုံး၀ မယုံခဲ့ဘူး ။
ဒေသတွင်းနဲ့ မြို့တော် တာအို စာမေးပွဲမှာ နှစ်ထပ်ကွမ်း ချန်ပီယံ ရခဲ့တဲ့ သူ တစ်ယောက်က ဘယ်လိုများ ငတုံး တစ်ကောင် ဖြစ်နိုင်မှာလဲ။
လုံးဝကို မဖြစ်နိုင်ဘူးပေါ့။
နောက်ပြီးတော့ ဖန်ကျန်းရှီ ရဲ့ ဦးနှောက် အရူးအလုပ်ကို လုပ်မယ်လို့ ယုံရလောက်အောင်လည်း ယဉ်ရှန်က မအဘူး ။ နောက်ပြီးတော့ ဒီလို အခြေအနေမျိုးမှာ ဒီလောက်ထိ တည်ငြိမ်ပြီးတော့ ဆွေးနွေးမှု လုပ်နေတဲ့ပုံဟာ အတော်လေးတော့ လေးစားစရာ ကောင်းလှတယ်။
ဒါဆို ဖန်ကျန်းရှီရဲ့ အကြံ က ဘာ ဖြစ်မလဲ။
ယဉ်ရှန်က နားမလည်နိုင်တော့ပါဘူး။
ဘေးပတ်ဝန်းကျင်က ကျောင်းတော်သားတွေလည်း နားမလည်နိုင်ပါဘူး။ ဖန်ကျန်းရှီရဲ့ စကားလုံးတွေကို ကြားချိန်မှာတော့ သူတို့ဟာ ကြက်သေသေသွားတော့တယ်။ သူတို့ရဲ့ စိတ်ရှုပ်ထွေးမှု နောက်မှာတော့ ကြီးမားတဲ့ အကြောက်တရားနဲ့ စိုးရိမ်မှုတွေ ရှိနေခဲ့တယ်။
နောက်ဆုံးမှာတော့လည်း ဖန်ကျန်းရှီက သာမာန်လူတွေရဲ့ အတွေးနဲ့ မတူညီတာကို လုပ်နေပြန်ပြီ။
အကယ်၍ ချီလင်လှံကသာ ဖန်ကျန်းရှီ ကနေ ယဉ်ရှန်ရဲ့ လက်ထဲကို ရောက်သွားခဲ့ရင် သူတို့ တကယ်ပဲ အသက် ရှင်ဖို့ အခွင့်အရေး လုံး၀ ပျောက်ဆုံးသွားလိမ့်မယ်။
ပင်းယန်ရဲ့ မျက်နှာပေါ်က ထိတ်လန့်မှုဟာလည်း မဖုံးကွယ် နိုင်အောင် ဖြစ်နေတော့တယ်။
အကယ်၍ ဒီနေရာမှာ သူ့လိုမျိုး တူညီစွာ တည်ငြိမ်နေသူကို ပြပါ ဆိုရင် ရန်ရွှယ်ပဲ ဖြစ်လိမ့်မယ်။
ရန်ရွှယ်ကတော့ ဖန်ကျန်းရှီ ဘာလုပ်ချင်နေလည်း မသိပါဘူး။ ဒါပေမယ့်လည်း ဖန်ကျန်းရှီ ရဲ့ စကားလုံးတွေ မှားသည် မှန်သည် ဖြစ်စေ။ ဖန်ကျန်းရှီမှာ ကိုယ်ပိုင် အကြောင်းရင်း ရှိမယ် လို့ သူတွေးပြီးသား ။
“ ဖန်ကျန်းရှီ။ ချီလင်လှံက ငါ့ ဥစ္စာ ” ပင်းယန်ကတော့ ဒီအချိန်မှာ သူ သတိပေးသင့်တယ်လို့ ထင်မိတော့တယ်။
“ ဒါပေမယ့် အခု ချိန်မှာ ငါ့လက်ထဲ ရောက်နေတာ မဟုတ်ဘူးလား။” ဖန်ကျန်းရှီက သူ့လက်ထဲက ချီလင်လှံကို ပင်းယန်ရှေ့မှာ ယမ်းပြရင်းနဲ့ ပြောလိုက်တယ်။
“ အကယ်၍ … နင်သာ ချီလင်လှံကို နတ်ဆိုးကောင်ရဲ့ လက်ထဲ ထည့်ပေးရင်။ ငါ နင့်ကို တသက်လုံး ခွင့်မလွှတ်ဘူး။” ပင်းယန် က ဖန်ကျန်းရှီ ဒီလို မျိုး အရှက်မရှိတာမျိုး လုပ်မယ်လို့ မထင်ထားဘူး ။
“ မင်း ရဲ့ အသက် နဲ့ ချီလင်လှံ ။ ဘယ်တစ်ခုကို ရွေးမှာလဲ။”
“ နှစ်ခုလုံးကို လိုချင်တယ်။”
“ လူတစ်ယောက်က ဒီလောက် ထိ မရူးသွပ်ရဘူး။ တစ်ခုကို ရဖို့ တစ်ခုကို စွန့်လွှတ်ရမယ်။ ငါက အသက်ရှင်ဖို့ကို ရွေးချယ်တယ်။ ဒါကြောင့် ချီလင်လှံကို စွန့်လွှတ်တယ်။” ဖန်ကျန်းရှီက ရှင်းပြလိုက်တယ်။
“ ဟွန့် ” ပြိုင်မငြင်းနိုင်တာ သေချာပြီးတဲ့ နောက်မှာတော့ ပင်းယန်ဟာလည်း ဆက်လက် ငြင်းခုံခြင်း မပြုတော့ပါဘူး။
ယဉ်ရှန်ကတော့ ပင်းယန် နဲ့ ဖန်ကျန်းရှီ တို့ရဲ့ စကားကို ကြားချိန်မှာတော့ သူ့ရဲ့ မျက်လုံးတွေဟာ အလင်းရောင်တွေ တောက်ပလာခဲ့တယ်။ ဖန်ကျန်းရှီရဲ့ စကားတွေကို လုံး၀ ဥဿုံမယုံရသည့်တိုင် အောင် ဖြစ်နိုင်ချေက်တော့ ရှိနေတယ်။ အကယ်၍ ဖန်ကျန်းရှီသာ ချီလင်လှံကို တကယ်ပေးမယ် ဆိုရင် ပြဿနာ အတော်များများကို ရှောင် နိုင်လိမ့်မယ်။
“ မင်း က တကယ့်ပဲ ချီလင်လှံကို ငါ့ ဆီ ပေးမလို့လား။” ယဉ်ရှန်ဟာ တစ်ခဏ တွေးနေခဲ့တယ်။ အဲ့ဒီ့နောက် သူဟာ တော့ ဆက်ပြီး စိတ်ရှည် ဖို့ ဆုံးဖြတ်လိုက်တယ်။
“ဒါပေါ့။” ဖန်ကျန်းရှီကတော့ အတော်လေးကို သေချာနေတဲ့ ပုံပါပဲ။
“ ကောင်းပြီလေ။ ချီလင်လံှကို ငါ့ ပေးလိုက်။ မင်းရဲ့ အသက်ကို ချမ်းသာ ပေးမယ်။” ယဉ်ရှန်ရဲ့ နှုတ်ခမ်းထက်မှာတော့ အပြုံး တစ်ပွင့် ပေါ်လာတော့တယ်။
“ အရင်ဆုံး သစ္စာပြုရအောင်။”
“သစ္စာပြုတာလား။ ကောင်းပြီလေ။ ငါ ။ ယဉ်ရှန်။ နတ်ဆိုး အရှင်နတ်မင်း သခင်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်။ ဖန်ကျန်းရှီက ချီလင်လှံကို ငါ့ဆီ ပေးသရွေ့ ဖန်ကျန်းရှီရဲ့ အသက်ကို ချမ်းသာ ပေးမယ်။” ယဉ်ရှန်ဟာ တစ်ခဏ တွေဝေနေပြီနောက်မှ အဆုံးသတ်မှာ မတွေဝေတော့ပဲ ကျိန်ဆိုလိုက်တယ်။
နောက်ဆုံးမှာတော့ ဖန်ကျန်းရှီ ကို မသတ်ဘူး လို့ပဲ ကျိန်ဆိုတာ ။ မတိုက်ခိုက်ဘူးလို့ မပြောခဲ့ဘူး။ ဥပမာ အားဖြင့် သူ့ကို တစ်ဘဝလုံး မသန်မစွမ်း ဖြစ်အောင် လုပ်လို့ ရတယ်။
“ ကောင်းပြီလေ။ သစ္စာစကားကတော့ မဆိုးဘူး။ ဒါပေမယ့်လည်း ငါ လိုချင်တာက အသက် ချမ်းသာ ပေးဖို့ မဟုတ်ဘူး။ ဒါကြောင့် ဒီ သစ္စာကလည်း အသုံးမဝင်ဘူး။” ဖန်ကျန်းရှီက ခေါင်းငြိမ့်ရင်း အလေးအနက်ကို ပြောလိုက်တယ်။
“ မင်း … ” ယင်ရှန်ရဲ့ မျက်နှာဟာ မည်းမှောင်သွားတော့တယ်။ သူ့ရဲ့ မျက်နှာပေါ် က အပြုံးဟာတော့ အေးခဲသွားခဲ့တယ် ။ ဒီ အချိန်မှာတော့ သူဟာ အရူးလုပ်ခံနေရတာကို သတိထားမိသွားတော့တယ်။
ဒါ့အပြင် သူ့လို ကြီးမြတ်တဲ့ နတ်ဆိုးမျိုးနွယ် ခေါင်းဆောင် တစ်ယောက်ကို သူ့ရှေ့မှာရှိနေတဲ့ ကလေး စုတ်လေးက လှည့်စားဝံ့တယ်။
မင်း အသက်မရှင်ချင်တော့ ဘူးလား။ ဒါဆို မင်း ပင်းယန် နဲ့ ပြောနေတဲ့ စကားတွေက ဘာတွေလဲ။ ငါ့ကို သစ္စာဆို ခိုင်းတာကော ဘာလို့လဲ။
ဒါက လုံးဝကို ရှက်စရာပဲ။ လုံးဝကို ရှက်စရာပဲ။
တခြားသော စာဖြေသူတွေကတော့ တစ်ယောက်ကို တစ်ယောက်သာ ကြည့်နေကြတယ်။ ငိုရမလား ရယ်ရမလား မသိနိုင်တော့ဘူး။
ဖန်ကျန်းရှီကို တုံးအတယ်လို့ ခေါ်ရမလား။
ဒါပေမယ့်လည်း ကြီးမြတ်လှစွာသော နတ်ဆိုးမျိုးနွယ် ဒုတိယ ခေါင်းဆောင် ကို ဖန်ကျန်းရှီ က ကောင်းကောင်း ဆော့ကစားနေတဲ့ပုံပဲ။
ဒါဆို ဖန်ကျန်းရှီကို ထက်မြက်တယ်လို့ ခေါ်ရမလား။
ဘယ်လိုမျိုး ထက်မြက်တဲ့သူက ချီလင်လှံကို နတ်ဆိုး မျိုးနွယ်ဆီပေးမှာလဲ။ ကိုယ်တိုင် ကာကွယ်ဖို့ အတွက် ဒီလိုမျိုး အပေးအယူကို ဘယ်လိုမျိုး လုပ်နိုင်တာလဲ။
ပင်းယန်ရဲ့ အကြည့်တွေကတော့ ဖန်ကျန်းရှီဆီကို လွင့်လာတော့တယ်။ သူမ တကယ်ပဲ သြဘာပေးလိုက်ချင်တယ်။ ကောင်းကောင်းလုပ်တာပဲ။ ဒါပေမယ့်လည်း စကားလုံးတွေဟာ သူမရဲ့ ပါးစပ်ဖျားမှာပဲ ပျောက်ဆုံး သွားတော့တယ်။ နောက်ဆုံးမှာတော့ လည်း ဖန်ကျန်းရှီက သူမရဲ့ ချီလင်လှံကို အပေးအယူက လောင်းကြေးအဖြစ် သုံးတာပဲ ။
“ ဟွန့် ။ နင်က စကားကို ကန့်လန့်တိုက်ပြီးတော့ ပြောနေတာပဲ။” ပင်းယန်က နှာမှုတ်ရင်း နဲ့ ခေါင်းကို တစ်ဖက် လှည့်ပြီး ပြောလိုက်တယ်။
တခြား တစ်ဖက်မှာတော့ ရန်ရွှယ် ရဲ့ အမူအယာဟာ အတော်လေးကို တည်ငြိမ်နေခဲ့တယ်။
ဒီ မြင်ကွင်းကို မြင်နေရတဲ့သူတွေထဲမှာ သက်ရောက်မှု အများဆုံး ရသူဟာတော့ နန်ကုန်းမုပဲ ။ ယဉ်ရှန်ရဲ့ စိတ်လှုပ်ရှား မှု ဟာ သူ့ကို အတော်လေး အောင်မြင်မှု ဖြစ်စေတယ်။
ယဉ်ရှန် ရဲ့ ကိုယ်ကနေ ထွက်ပေါ်လာတဲ့ အရိပ်အယောင်တွေဟာတော့ အတော်လေးကို နိမ့်ကျသွားခဲ့တယ်။
စကား အနည်းငယ် လောက်နဲ့ ဖန်ကျန်းရှီက ယဉ်ရှန်ရဲ့ စိတ်ခံစားချက်တွေကို နှစ်ကြိမ် တိုင်တိုင် ပြင်းထန် စေပြီးတော့ နန်ကုန်းမုကို အင်အားကြီးလာစေတယ်။ ဖန်ကျန်းရှီ ဒါကို ဘယ်လိုများ အောင်မြင်တာလဲ။ သူတကယ်ပဲ နားမလည် နိုင်ဘူး။
ရှင်ချင်းစွေ့ရဲ့ အမူအယာတွေဟာ သရဲ တစ်ကောင်လို ဖြူဖျော့နေခဲ့တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အင်အားတွေကတော့ မျက်လုံး တွေထဲမှာ တောက်ပနေခဲ့တယ်။ သူ့ရဲ့ စိတ်ထဲမှာတော့ ဒေါသကို ခံစားနေရတယ်။ ဒေါသဖြစ်ရတာဟာ ယဉ်ရှန်ကို သုခမိန် လောက ထဲ ခေါ်လာမိတာ ကြောင့်ပဲ ။ ဒါ့အပြင်ကို သူ့ကိုယ်သူ မုန်းတီးနေတာကတော့ ယဉ်ရှန် ကို သူ့ရဲ့ ကိုယ်ရံတော် အဖြစ် ထားခဲ့မိတာကြောင့်ပါပဲ။
အကယ်၍ ဒီလိုသာ မစတင်ခဲ့ရင် ယဉ်ရှန်ရဲ့ တိုက်ခိုက်မှုက ဘယ်လိုလုပ် အောင်မြင် နိုင်မှာလဲ။
အခုချိန်မှာတော့ သူ လုပ်ချင်တာက သူ့ဘဝအတွက် အမှားတွေ အကုန်လုံးကို ပြင်ချင်တာပဲ ။ ဒါပေမယ့်လည်း သူ့မှာ ဒီလို အမှားပြင်နိုင်ဖို့ အခြေအနေ မရှိဘူး။ ဒီလို ကိစ္စကို လုပ်နိုင်မယ်လို့ သူ သေချာသူကတော့ ဖန်ကျန်းရှီပဲ ။
“ မင်း ဘာပြောချင်တာလည်း အခွင့်အရေး တစ်ခု ပေးမယ်။” ယဉ်ရှန်မှာ ဖန်ကျန်းရှီကို စကားလက်ခံပြောဖို့ အတွက် စိတ်မရှည်တော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ စကားသာ ဆက်ပြော ဖြစ်နေရင် ဒေါသထွက်လွန်းလို့ သေသွားနိုင်တယ်။
“ ပြောချင်တာကတော့ ရိုးရှင်းပါတယ်။ ဒီ ချီလင်လှံကို မင်းရဲ့ အားနည်းချက်နဲ့ လဲလှယ် ချင်တယ်။ ” ဖန်ကျန်းရှီက ယဉ်ရှန်ရဲ့ ဒေါသကို ခံစားမိလိုက်တယ်။ ဒါကြောင့် သူ့ကို ထပ်ပြီးတော့ အရူးမလုပ် နိုင် တော့ဘူး။ မီးနဲ့ ကစားတာတော့ ကောင်းတယ်။ ဒါပေမယ့်လည်း လူကို လောင်ကျွမ်းစေနိုင်တယ်။
“ အားနည်းချက်လား။” ယဉ်ရှန်က သတိဝင်လာတော့တယ်။ ဖန်ကျန်းရှီ ဒါကို မေးလာမယ်လို မထင် ခဲ့ဘူး။
တခြားသော စာဖြေသူ တွေလည်း သတိဝင်လာတော့တယ်။
ဒီ အလဲအလှယ်က လုံးဝကို မအောင်မြင်နိုင်ဘူး။ ဘာကြောင့် သူ့ရဲ့ အားနည်းချက်ကို ဖန်ကျန်းရှီ နဲ့ လဲရမှာလဲ။ ဒါက လုံးဝကို မဖြစ်နိုင်တာပဲ။ အဲ့ဒီ့နောက် ဖန်ကျန်းရှီရဲ့ စကားလုံးတွေက ဘာကို ဆိုလို ချင်တာလဲ ဆိုတာ သူ သိသွားပြီ။
“ ရဲရဲတောက် ချီလင်လှံက ငါ့ရဲ့ ဘဝကို ကာကွယ် ပေးတယ်။ မင်းရဲ့ အားနည်းချက်ကလည်း မင်း အသက်ကို ကာကွယ် ပေးတယ်။ မင်းရဲ့ အားနည်းချက် နဲ့ ငါ့ရဲ့ အသက်ကို ကာကွယ် ပေးမယ့် အရာကို လဲတာ ဖြစ်သင့်တာပဲ မလား။” ဖန်ကျန်းရှီကတော့ ဘေးပတ်ဝန်းကျင်က လူတွေကို လျစ်လျူရှုပြီးတော့ ယဉ်ရှန်ကို သာ ကြည့်လိုက်တယ်။
“ ဟားဟား မင်း ပြောတာ အဓိပ္မာယ် ရှိလိုကလား။” ယဉ်ရှန်က ဒါကို ကြားချိန်မှာတော့ ရယ်မောလိုက်တော့တယ်။ “ ဒါဆိုရင်။ ငါပြောလိုက်တဲ့ အားနည်းချက်က မှန်မမှန် မင်းဘယ်လို သိနိုင်မလဲ။ ”
“ မင်း လုပ်စရာ လိုတာက နတ်ဆိုးအရှင်နတ်ဘုရားကို ကျိန်ပြီး ပြောဖို့ပဲ။ ဒါမှ မဟုတ် မင်းရဲ့ အားနည်းချက်ကို တစ်ခါ ပြောပြလိုက်” ဖန်ကျန်းရှီဟာ ယဉ်ရှန်ကို ကြည့်နေခဲ့တယ။်
သူ့ရဲ့ ရည်ရွယ် ချက်က ထုံးစံ အတိုင်း ဒီလိုအပေးအယူလုပ်ဖို့ မဟုတ်ပါဘူး။
သူ့ရဲ့ အရင်လောကက လူတွေ မသိတဲ့လူစိမ်း တစ်ယောက်နဲ့ အပေးအယူ လုပ်ရအောင် အတဲ့သူတွေ မဟုတ်ဘူး။ နောက်ပြီးတော့ အခုလို အခြေအနေမျိုးမှာ ရည်ရွယ်ချက် အနည်းဆုံး တော့ နှစ်ခုလောက် ရှိသင့်တယ်။ ဒါကြောင့် ယဉ်ရှန် ရဲ့ အားနည်းချက်နဲ့ သူ့ရဲ့ အားနည်းချက်ကို လဲတာက ခက်ခဲတဲ့ ကိစ္စ မဟုတ်ဘူး ။
ဒါပေ့ါ ယဉ်ရှန်လည်း ဒါကို တွေးမိပြီးသား ။ နားထောင် ရတာ စိတ်ဆိုးစရာ အကြောင်းမရှိပါဘူး။
ဒါပေမယ့်လည်း နတ်ဆိုးမျိုးနွယ် ဆယ်ခုရဲ့ အကြီးအကဲက ဒီလောက်တောင် အ နိုင် ပါ အုန်းမလား။ ဖန်ကျန်းရှီ မှာတော့ ဒီလို မျှော်လင့်ချက် မရှိဘူး ။ ဒါပေမယ့် အပေးအယူ လုပ်တာ မလုပ်တာက အကြောင်းရင်း ရှိလား။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ အချိန် ဆွဲဖို့ပဲ ။ ဒါကြောင့် ဒီ အပေးအယူကလည်း အချိန်ဆွဲဖို့ပဲ ။
နောက်ပြီးတော့ တန်ဖိုးရှိတဲ့ ပစ္စည်းနဲ့ အလဲအလှယ် လုပ်ပြီးတော့ အကောင်းဆုံး အချိန်ဆွဲတာ ။
နောက်ပြီးတော့ ပို အရေးကြီးတာက
ဖန်ကျန်းရှီ စမ်းသပ်မှု တစ်ခု လုပ်ခဲ့တယ်။
ချီလင်လှံကို ယဉ်ရှန် ဘယ်လောက် တောင် ကြောက်လန့်လဲ ဆိုတာ စမ်းသပ်ခဲ့တာ ။
သူတို့ရဲ့ စကားတွေကနေ ဖန်ကျန်းရှီ သိသွားတာက ချီလင်လှံရဲ့ စွမ်းအားကို ယဉ်ရှန် ကောင်းကေင်းသိတယ်။ ဒါကြောင့် အကယ်၍ ယဉ်ရှန်သာ အပေးအယူကို သဘောတူခဲ့မယ် ဆိုရင် ချီလင်လှံကို တကယ်ပဲ ကြောက်လန့်တာကြောင့် ဖြစ်လိမ့်မယ်။ တိုက်ပွဲ ရဲ့ ရလဒ်ကတော့ ဘယ်လို ဖြစ်မလဲ မသိနိုင်ဘူး။ အကယ်၍ ဖန်ကျန်းရှီ ကိုယ်တိုင်သာ သူ့ရဲ့ အင်အား အကုန်လုံးနဲ့ တိုက်ခိုက်မယ် ဆိုရင် အောင်နိုင်ဖို့ အခွင့်အရေး ငါးဆယ် ရာခိုင်နှုန်းရှိနိုင်တယ်။
ဒါပေမယ့်လည်း ယဉ်ရှန် က ချီလင်လှံကို လက်လျှော့လိုက်မယ် ဆိုရင်
ဒီ ချီလင်လှံက သူ့ကို အနာတရ အနည်းငယ်ပဲ ရစေနိုင်မယ်။ အကယ်၍ ချီလင်လှံကို သုံးပြီးတော့ မတိုက်ခိုက်နိုင်ဘူး ဆိုရင် သူတို့ရဲ့ အောင် နိုင်မှုက တစ်ဆယ် ပုံ တစ်ပုံပဲ ရှိတယ်။
“ ဟားဟားဟား …. မင်းက တကယ်ပဲ ငါ့ အားနည်း ချက်ကို လဲချင်တာလား။ ဒါပေမယ့် ငါက မင်းကို စိတ်ပျက်စေလိမ့်မယ်။” ယဉ်ရှန်ဟာ သူ့ရဲ့ လက်ထဲက ဓားကို ဝေ့ယမ်းရင်းနဲ့ တိုက်ခိုက်တော့တယ်။
ဖန်ကျန်းရှီက ယဉ်ရှန်ရဲ့ ဆုံးဖြတ်မှုကို ကြားတဲ့ အချိန်မှာ တော့ ချီလင်လှံကို သုံးပြီး တိုက်ခိုက်လို့ ရမယ် ဆိုတာ သဘောပေါက်သွားခဲ့တယ်။
ဒါပေမယ့်လည်း သူက အချိန် ဆွဲနေတာသာ ဖြစ်တဲ့ အတွက် နောက်ထပ် စကားထပ်ပြောဖို့ လိုသေးတယ်။
“စိတ်လျှော့ပါ ။ အကယ်၍ ဒါကို သဘောမတူနိုင်ရင် တခြားတစ်ခုကို ပြောင်းပြောရအောင်”
“ အဓိပ္မာယ် မရှိတာတွေ ရပ်ပြီးသေဖို့ ပြင်တော့ ။”
ယဉ်ရှန်ဟာ အမှန်ကို ဒေါသ ပေါက်ကွဲနေပြီ ။
ချီလင်လှံက သူ့ကို ဒုက္ခ ရောက်စေနိုင်ပေမယ့်လည်း သူက သေတဲ့ အထိ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီးပြီ ။ ယန်မြို့တော်က နေ အသက်ရှင်လျက် ထွက်သွားဖို့ မတွေးထားတဲ့ အတွက် ဒီ ကြောက်မက် ဖွယ်ကလည်း သူ့ အတွက် မထူးဆန်းတော့ဘူး။
ရှေ့ကို ထွက်လိုက်ပြီးတော့ ယဉ်ရှန် ဟာ နန်ကုန်းမု ဆီကို ဒေါသတကြီးနဲ့ လျှောက်လှမ်းသွားတော့တယ်။
ဖန်ကျန်းရှီရဲ့ မျက်လုံးတွေကတော့ ပွင့်သွားတော့တယ်။ သူ့ရဲ့ အစီအစဉ်ဟာလည်း ပြောင်းလဲသွားတော့တယ်။
အချိန်ဆွဲတဲ့ နည်းလမ်းက ရန်သူတွေကို ပြောင်းလဲစေတယ်။ နောက်ပြီးတော့ သူ့မှာ ယဉ်ရှန်နဲ့ ထိပ်တိုက် တိုက်ခိုက်ဖို့ကို ဘယ်တုန်းကမှ မတွေးထားခဲ့ဘူး ။
နောက်ပြီးတော့ ယဉ်ရှန် လှုပ်ရှားတာနဲ့ သူဟာ ချက်ခြင်းကို အော်ဟစ်လိုက်တော့တယ်။
“ မြန်မြန် ။ မြန်မြန် ပြေးတော့။”
အဲ့ဒီ့နောက် ပင်းယန်နဲ့ ရန်ရွှယ် တို့ကို စကားပြောဖို့ အတွက် အခွင့်အရေး တောင်မပေးတော့ ပဲနဲ့ သူ့ရဲ့ ဘယ်ညာ လူ နှစ်ယောက်ကို ဆွဲပြီးတော့ ပြေးတော့တယ်။ ဒီ အပြုအမူဟာတော့ လုံးဝကို တွေဝေခြင်း မရှိ သံသယ မရှိဘူး။
ကြီးမားတဲ့ တိုက်ပွဲ တစ်ခုကို မျှောင်လင့်ပြီးတော့ စောင့်ဆိုင်းနေကြတဲ့ စာဖြေသူတွေကတော့ အတော်လေးကို မျက်စိလည်သွားတော့တယ်။
အကယ်၍ ဒါက တိုက်ခိုက်ရေးစာမေးပွဲ တစ်ခုသာ ဖြစ်ခဲ့ရင် ဒီလိုမျိုး ပြေးစရာ မလိုဘူး။ ရှုံးတာကို ဝန်ခံပြီးတော့ ထွက်သွားရုံပဲ .။
ဘယ်လို ကိစ္စ မှာပဲ ဖြစ်ဖြစ် ။ မင်း က ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ရဲရဲ တောက် ချီလင်လှံကို ကိုင်ထားတာလေ။ အကယ်၍ အခုချိန်မှာ မင်းတိုက်ဖို့ အချိန်ကောင်း မဟုတ်ရင် ဘယ်အချိန် က အချိန် ကောင်းလဲ။ အနည်းဆုံးတော့ လှံနဲ့ တိုက်ခိုက်တာလေး တော့ လုပ်သင့်တယ်လေ။ ဘာလို့ ချက်ခြင်း ပြေးရတာလဲ။
ရန်သူကိုတွေ့တာနဲ့ ချက်ခြင်း တန်းပြေးတာကတော့ အရမ်းကို အရှက်မဲ့လွန်းတာ မဟုတ်ဘူးလား။
ဖန်ကျန်းရှီက ဒါမျိုး ကိစ္စတွေ ကြောင့် နာကျင်တာမျိုး စိတ်မသက်မသာ ဖြစ်တာမျိုး ရှိလား။
ဒါပေါ့ မရှိဘူး။
သူ့ရဲ့ ဘဝက သူ့ရဲ့ အကြီးမားဆုံး ဂုဏ်သတင်းပဲ ။ တိုက်ပွဲ အတွင်းမှာ အောင်မြင်ဖို့နဲ့ ပြန်လည် တိုက်ခိုက်ဖို့ အတွက် ဒီ စကားတွေက ဘယ်ရောက်သွားပြီလဲ။ ဒါက စနောက်နေတာလား။
“ငါတို့က အပေးအယူ လုပ်တာလေ။ အနည်းဆုံးတော့ လေးစားမှု လေး ရှိသင့်တယ် မလား။ အကယ်၍ မင်းသာ အချက် တစ်ချက်ကို လက်မခံနိုင်ရင် ဆက်ပြီးတော့ ဆွေးနွေးလို့ရလား။ အကယ်၍ နောက် တစ်ခုကိုလည်း ငြင်းမယ် ဆိုရင်တော့ ။ နောက်ထပ် ရှိသေးတယ်။ တိုက်ခိုက်တာတွေ သတ်ဖြတ်တာတွေက ပြဿနာကို ဖြေရှင်းရာ မရောက်ဖူး။” ဖန်ကျန်းရှီက ပြေးသွားသလို အော်ဖို့လဲ မမေ့ပါဘူး။
“ ကောင်းပြီလေ။ အတူတူ ထိုင်ပြီးတော့ စကား ကောင်းကောင်း ပြောကြရအောင် ” ယဉ်ရှန်ရဲ့ မျက်လုံးတွေဟာတော့ သွေးရောင် လွှမ်းနေတော့တယ်။ အရှက်တရားဟာ သူ့ကို အတော်လေး သက်ရောက်မှု ပြင်းထန်တယ်။ ဒါကြောင့် အံကို တင်းတင်းကြိတ်ထားခဲ့တယ်။
“ ငါထင်တယ်။ ခပ်ဝေးဝေး ခွာနေတာ ပိုကောင်းမယ်။ အကယ်၍ မင်း ရပ်ချင်လာရင်။ ချက်ခြင်း ရပ်လို့ရတယ်။” ဖန်ကျန်းရှီ ဟာ ဒီ လှည့်ကွက်ထဲမှာ မရောက်သွားပါဘူး။
“ဟွန့်” ယဉ်ရှန်ဟာ အေးစက်စွာ နှာမှုတ်လိုက်တယ်။ ဖန်ကျန်းရှီကို နောက်ထပ် မပြောတော့ပါဘူး။ သူ့ ခြေထောက် လှုပ်ရှားနေတဲ့ အရှိန်ဟာတော့ မီးခိုးရောင် အရိပ်တွေလို မြန်ဆန်လှတယ်။
ဒါက နည်းနည်း မမြန်လွန်းဘူးလား။
ကံကောင်းတာက ရန်ရွှယ်ရဲ့ လေအရိပ် နည်းလမ်းကို သင်ထားပေလို့ ဒီထက်နှေးမှာ မဟုတ်ဘူး။ မ
တစ်ယောက်က လိုက်တယ်။ တစ်ယောက်က ပြေးတယ်။
ယဉ်ရှန် ရဲ့ မုန်တိုင်း အလျင်နှုန်းဟာတော့ ဖန်ကျန်းရှီရဲ့ နေရာကို တိုက်ရိုက်တိုးဝင်သွားတော့တယ်။
ယဉ်ရှန်ရဲ့ မုန်တိုင်း လှည့်ကွက်ထဲမှာ ထောင်ချောက်မိနေတဲ့ နန်ကုန်းမုကတော့ သူ့ရဲ့ မျက်နှာပေါ်မှာ သွေးရောင်ပြန်လွှမ်းလာပြီ ။ သူ့ရဲ့ ကိုယ်ပေါ်မှာ ရှိတဲ့ ဖိအားဟာတော့ အတော်လေးကို လျော့ကျသွားခဲ့တယ်။ သူ့ မျက်လုံးတွေဟာတော့ ကျောက်စိမ်း နီလာ ဓားပညာရဲ့ အင်အားတိုးလာမှုကြောင့် အနည်းငယ် ထိတ်လန့်အံ့သြဟန်ပေါ်လာတော့တယ်။
တခြားသော ကျောင်းတော်သားတွေ ဟာတော့ ဖန်ကျန်းရှီရဲ့ ရည်ရွယ်ချက်ကို နားမလည်နိုင် ခဲ့ပါဘူး။ ထို့အတူပဲ ဖန်ကျန်းရှီဟာလည်း တခြားသော ကျောင်းတော်သား တွေကို နားမလည်ပါဘူး။
ဖန်ကျန်းရှီမှာ အကြံတွေ ဘယ်လောက်များများ ရှိနေလဲ ဆိုတာကိုတော့ သူမသိဘူး ဖြစ်နေတော့တယ်။
နောက်ထပ် ဆူညံ ပွက်လော ရိုက်နေခြင်းနဲ့ တွေဝေခြင်း မရှိတော့ပဲ နန်ကုန်းမုဟာ ခုန်လွှားပြီး ကျောက်တုံးပေါ်ကို တက်သွားခဲ့တယ်။ သူ့လက်ထဲက အစိမ်းရောင် နဲ့ အပြာရောင် ဓားတွေဟာ ကျောက်တုံးထဲက ရွှေဓားကို ဝန်းရံထားတဲ့ သံကြိုးတွေကို ဖြတ်လိုက်တော့တယ်။
ဒီ စည်းတွေဟာ ဓားကို ချုပ်နှောင်ထားတာ ဖြစ်တဲ့ အတွက် သာမာန် လက်နက်တွေဟာ ဖောက်လို့ မရနိုင်ဘူး ။ ဒါပေမယ့်လည်း နန်ကုန်းမုရဲ့ လက်ထဲက ဓားတွေဟာတော့ သာမာန် လက်နက်တွေ မဟုတ်ဘူး။
နန်ကုန်းမိသားစုရဲ့ ရတနာတွေ ဖြစ်တဲ့ ကျောက်စိမ်း နီလာ ဓားမောင်နှံ ။
ကျောက်စိမ်း နီလာ ဓားမောင်နံှဟာ လျှို့ဝှက် ဓားပညာကို ထူးခြား ထက်မြက်စေတယ်။ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ သမိုင်းထဲမှာ အဆင့် သုံးဆယ် ဝင်တယ်။
“ ကလန်” မာဆတ်ဆတ် အသံ ဟာ ထွက်ပေါ်လာတော့တယ်။
သံကြိုးနက်တွေဟာ ဓားမောင်နှံနဲ့ ပြင်းထန်စွာ ထိခတ်သွားတော့တယ်။
နန်ကုန်းမုရဲ့ ကိုယ်ဟာတော့ တုန်ယင်နေတော့တယ်။ သူ့ရဲ့ ရင်ဘတ် ဒဏ်ရာထဲက သွေးတွေ ဟာ များစွာ ထွက်ပေါ်လာတော့တယ်။ သူ့ရဲ့ အကျီဝတ်စုံဟာတော့ ချင်းချင်းနီတဲ့ သွေးတွေဟာ သူ့ ဝတ်စုံကို စိုရွှဲနေစေခဲ့တယ်။
ဒီလို လှုပ်ရှားမှုဟာ ယဉ်ရှန်ရဲ့ အကြားအာရုံကနေ မလွတ်မြောက် နိုင်ပါဘူး။
ပုံရိပ်ဟာ ဖန်ကျန်းရှီ ဆီကို ပြေးသွားတော့တယ်။ သူ့ရဲ့ ခေါင်းကို လှည့်ကြည့်လိုက်တော့ နန်ကုန်းမုဟာ သူ့ရဲ့ ကျောက်စိမ်းနီလာ ဓားပညာကို အသုံးချရင်း လျှပ်စီး တွေကို ဖန်တီးနေတာ ယဉ်ရှန် သတိပြုမိသွားတယ်။
“ ငါ နာ်းလည်ပြီ။” မျိုးနွယ်စု ဆယ်ခုရဲ့ ခေါင်းဆောင် တစ်ယောက် အနေနဲ့ သူဟာ ထုံးစံ အတိုင်း တိုက်ပွဲ အနုပညာကို နားလည်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ဒေါသကြောင့် ဖန်ကျန်းရှီ ရဲ့ လှည့်ကွက် ထဲကို ကျရောက် သွားခဲ့တယ်။
ဒီ ထိချက်ဟာ သူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။
ဖန်ကျန်းရှီ သေရမယ်။
ဒါပေမယ့်လည်း ပိုပြီးတော့ ဖိအားများတဲ့ကိစ္စကတော့ နန်ကုန်းမု ဓားဆွဲထုတ်မှာကို တားရမှာ။
ယဉ်ရှန်ဟာ ဆုံးဖြတ်ချက် တစ်ခုကို ခပ်မြန်မြန်ပဲ ချလိုက်တယ်။ သူ့ရဲ့ ကိုယ်ကို လှည့်ရင်း ကျောက်တုံးပေါ်မှာ ရပ်နေတဲ့ နန်ကုန်းမု ဆီကို တရှိန်ထိုး ဦးတည်တော့တယ်။ ဖန်ကျန်းရှီကို နောက်ထပ် အာရုံ မစိုက်တော့ဘူး။
ဖန်ကျန်းရှီကတော့ အခုချိန်ထိ ဆိုရိုးစကား တစ်ခုကို လိုက်နာနေဆဲ ။
အကယ်၍ ရန်သူသာ မလှုပ်ရှားရင် ငါလည်း မလှုပ်ရှားဘူး။ အကယ်၍ ရန်သူသာ လှုပ်ရှားရင် ငါလည်း လှုပ်ရှားမယ်။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်။
အခုတော့ ယဉ်ရှန်က နန်ကုန်းမု ဆီကို ဦးတည် ရွေ့လျားနေပြီ။ ဒါကြောင့် သူ့ကို နန်ကုန်းမု ဆီ လွယ်လွယ် အရောက်မခံနိုင်ဘူး။
“ ငါ့ရဲ့ လက်နက်ပုန်းကို သတိထားစမ်း ”
အပိုင်း (၂၀၆) ပြီး၏။
အပိုင်း (၂၀၇)
“အရိပ်မဲ့”
ဖန်ကျန်းရှီဟာ ယဉ်ရှန် မသိမှာကို ကြောက်နေတဲ့ အတိုင်း အော်ဟစ်လိုက်တယ်။
“ လက်နက်ပုန်းလား။” ယဉ်ရှန်အတွက် ဒီလို လက်နက်ပုန်းကို သုံးတာ အရှက်မဲ့တယ်လို့တော့ မထင်ပါဘူး။ သိပ်မကြာခင်က ကျောင်းတော်သားတွေ အပေါ် ကို ဒီလို တူည်ီတဲ့ နည်းလမ်း နဲ့ ထိခိုက်စေဖို့ အသုံး ချခဲ့တယ်။
ဒါပေမယ့်လည်း သူဟာ အရှိန်လျော့ မသွားခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ ဦးတည်ချက်ဟာ နန်ကုန်းမု ဖြစ်တာကြောင့်ပါပဲ။
တစ်ခြား တစ်ဖက်မှာတော့ ဖန်ကျန်းရှီရဲ့ အပြုအမူဟာ သူ့ကို အတော်လေး သက်ရောက်သွားစေခဲ့တယ်။
သူ့ရဲ့ တိုက်ပွဲ အတွေ့အကြုံမျိုးနဲ့ ဆိုရင် ယဉ်ရှန်ဟာ ဖန်ကျန်းရှီရဲ့ ထိခိုက်စေလောက်တဲ့ ဖန်ကျန်းရှီ ရဲ့ နှောက်ယှက်မှုကို ဂရုစိုက်မှာ မဟုတ်ဘူး။
ဖန်ကျန်းရှီ ရဲ့ အဆင့်က ကောင်းကင်ရောင်ပြန် အဆင့်မှာပဲ ရှိနေသေးတယ်။ လက်နက်ပုန်းတွေ ပြစ်လွှတ်ရင်တောင်မှ သူ့ကို ဘယ်လို ထိခိုက် နိုင်မှာလဲ။
တခြား တစ်ဖက်မှာတော့ နန်ကုန်းမု ဟာ သူ့ရဲ့ ဓားကို မြှောက်လိုက်ပြီးတော့ ပျက်စီးလု နီးပါး ဖြစ်နေတဲ့ ချိန်းကြိုးကို ရိုက်ချလိုက်တယ်။
အချိန်က အရာအားလုံး ပဲ ဖြစ်တယ။်
ယဉ်ရှန်ဟာ အောင်မြင်ဖို့ ဆက်လက် တိုက်ခိုက်ခဲ့တယ်။
ဖန်ကျန်းရှီ သူ့ဆီကို ဘယ်လို လက်နက်ပုန်းမျိုး ပစ်လွှတ်မလဲ ဆိုတာ တောင် မသိပဲနဲ့ သူ့ရဲ့ နောက်ကျောမှာ ရှိနေတဲ့ ဓားကို ဝေ့ယမ်းရင်း နဲ့ အတားအဆီး အကာအကွယ် တစ်ခုကို ဖန်တီး လိုက်တယ်။
ဒါက လုံလောက်ပြီလေ။
ဒါပေမယ့်လည်း ….. လက်နက်ပုန်းရဲ့ သက်ရောက်မှုကတော့ သူထင်ထားတာထက် အတော်လေးကို အင်အား ပြင်းထန်လွန်းတယ်။
“ဘုန်းးးး” ကြီးမားတဲ့ ဟိန်းသံ ကြီးဟာ ပေါ်ထွက်လာတော့တယ်။
ယဉ်ရှန် ဖန်တီးထားတဲ့ မဟူရာ အတားအဆီးဟာလည်း တစ်စစီ ကျိုးပျက်သွားတော့တယ်။ သူ့ရဲ့ နောက်ကျောဆီကို ပြေးဝင်လာတဲ့ အင်အားလှိုင်းဟာ ကြီးမားလွန်းလှတယ်။
တုံ့ပြန်ဖို့ အချိန် မရှိ လိုက်တဲ့ ယဉ်ရှန်ဟာတော့တုန်ခါ ပြီး မြေပြင်ပေါ်ကို ဇောက်ထိုး ကျသွားတော့တယ်။
တုန်ယင်နေတဲ့ အင်အားလှိုင်းတွေဟာ ယဉ်ရှန်ရဲ့ ရင်ဘတ်ကို ဗြောင်းဆန်စေတယ်။
“ဖူးးးးး”ပါးစပ် အပြည့်သွေးတွေဟာ လေထုထဲမှာ စမ်းချောင်း တစ်ခုသဖွယ် ပြန့်သွားတော့တယ်။ အင်အားပြင်းထန်လှတဲ့ နာကျင်မှုဟာ သူ့ရဲ့ နောက်ကျောမှာ ဖြစ်ပေါ်လာတော့တယ်။
မကြည့်ပဲနဲ့တောင်မှ သူ့ရဲ့ ကျော အရိုးနဲ့ ကြွက်သားတွေ အတော်လေး ထိခိုက်သွားတာကို ကောင်းကောင်း သိတယ် ။
ယဉ်ရှန်ဟာ တဆတ်ဆတ်တုန်နေခဲ့တယ်။
ဘယ်လိုလက်နက်ပုန်းမျိုးက ဒီလောက်ထိ ပြင်းထန်တဲ့ အင်အားရှိမှန်း သူ တကယ့်ကို နားမလည်ခဲ့ဘူး။
သူ့ခေါင်းကို ပြန်လှည့်ကြည့်ချိန်မှာတော့ မြေပြင်ပေါ်မှာ အနီရောင် လှံ တစ်ချောင်းကို တွေ့လိုက်ရတယ်။ ရွှေရောင် အလင်းတန်းတွေဟာ လှံထိပ်မှာ တစ်လက်လက် တောက်ပနေခဲ့တယ်။
တခြား တစ်ဖက်မှာတော့ ဖန်ကျန်းရှီ က လျှပ်စီး တစ်ခုလို အရှိန်နဲ့ ရောက်လာပြီးတော့ လျှံကို ပြန်ဆွဲနုတ်သွားခဲ့တယ်။
“ ငါ မင်းကို သတိပေးပြီးသားပဲ။ မင်းက နားမှ မထောင်တာကို ။ မင်း က ငါ့ကို အတော် စိတ်ပျက် စေတာပဲ။” ဖန်ကျန်းရှီဟာ ချီလင်လှံကို ကိုင်ထားရင်း နဲ့ ယဉ်ရှန်ကို အပြစ်ကင်းစင်တဲ့ မျက်နှာပေးနဲ့ ကြည့်နေခဲ့တယ်။
“ ရဲရဲ တောက် ချီလင်လှံ ။ မင်း မင်းက ချီလင်လံှကို လက်နက်ပုန်း အဖြစ် သုံးတယ်။” ယဉ်ရှန်ရဲ့ မျက်လုံးတွေဟာ ထိတ်လန့်မှုနဲ့ ပြည့်နှက်နေတော့တယ်။
သူ့ရဲ့ နောက်ကျောကို လှံနဲ့ ပြစ်ပြီးတော့ လ က်နက်ပုန်းကို သတိထားလို့ အော်လောက်တဲ့ အထိ ရူးသွပ် မယ်လို့ မထင် ထားခဲ့ဘူး ။
အခု အချိန်မှာ အကယ်၍ သူသာ နန်ကုန်းမုကို ဂရုမစိုက်ရင်သော်လည်းကောင်း နည်းနည်းပိုသတိထားပြီးတော့ နောက်ကို လှည့်ကြည့်လိုက်ရင်သော် လည်းကောင်း ချီလင်လှံက သူ့လက်ထဲကို ရောက်နေလောက်ပြီ။
ချီလင်လှံကို လက်နက်ပုန်းအဖြစ် သုံးတယ်လား။ ဒါက လုံးဝကို လုပ်ရဲကိုင်ရဲ လွန်းတယ် ။
ယဉ်ရှန်သာ ဒါကို နားမလည်နိုင်တာ မဟုတ် ပါဘူး။ ကြည့်နေကြတဲ့ စာဖြေသူတွေ ဟာလည်း မျက်လုံးပြူးနေခဲ့တယ်။
ဖန်ကျန်းရှီ ပြောတဲ့ “လက်နက်ပုန်းးး” ဆိုတာ ကြီးက ချီလင်လှံ ဖြစ်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။ ဒါက နည်းနည်းများ များ လွန်းတာ မဟုတ်ဘူးလား။
“သူက ချီလင်လှံကို ပစ်လိုက်တာလား။ ”
“ မိုးနတ်မင်းရေ။ ဒါက ချီလင်လှံလေ။ သူမကြောက်ဘူးလား။”
“ဒါက လုံးဝကို အဓိပ္မာယ် မရှိတာပဲ။” စာဖြေသူတွေဟာ ဖန်ကျန်းရှီကို မယုံကြည်နိုင်စွာ ကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။
ပင်းယန်ရဲ့ မျက်နှာဟာတော့ ကြောက်ရွံ့ မှုနဲ့ ပြည့်နေခဲ့တယ်။
ဖန်ကျန်းရှီရဲ့ နောက်မှာ ရပ်နေပြီးတော့ မြင်ကွင်းကောင်းကောင်းကို ရှင်းရှင်းလင်းလင်း မြင် နေရတာ . ။
ဖန်ကျန်းရှီ “လက်နက်ပုန်းကို သတိထားလို့ ” အော်လိုက်ချိန်တုန်းက ချီလင်လှံဟာ ယဉ်ရှန်ဆီကို ပြေးဝင်သွားပြီ ။
ဒီအချိန်မှာတော့ သူမရဲ့ နှလုံးသားဟာ တစ်စစီ ကျိုးပဲ့သွားသလိုပါပဲ။
ပိုပြီးတော့ အရေးကြီးတာက ဖန်ကျန်းရှီ အော်လိုက်တယ်။ “ လက်နက်ပုန်းကို သတိထား။”
အရေးကြီးဆုံး အချက်က “ သတိထားးး”
ဒီ ကောင် ဘာလုပ်ဖို့ တွေးနေတာလဲ။ လူတွေ တန်ဖိုးထားတဲ့ ရတနာတွေကို မင်း မသိဘူးလား။ ပင်းယန်ဟာတော့ ချီလင်လှံကို ဖန်ကျန်းရှီ ဆီ ငှားပေးမိ လိုက်တာ အတော်လေးကို စိတ်ပျက်နေမိတယ်။
ဒါပေမယ့်လည်း သူမကို ဆွံ့အသွားစေခဲ့တာကတော့ ရဲရဲတောက်ချီလင်လှံကို ပြန်ယူလိုက်တဲ့ ဖန်ကျန်းရှီရဲ့ အရှိန်နှုန်းပဲ ။ နောက်ပြီးတော့ ကြည့်ရတာ သဘာဝလွန် အဆင့် ယဉ်ရှန်ကို ပါးစပ် အပြည့်သွေး အန်စေခဲ့တယ်။
ဒါက လုံးဝကို မယုံကြည်နိုင်စရာပဲ။
ရန်ရွှယ်ဟာလည်း ဖန်ကျန်းရှီ ရဲ့ လှုပ်ရှားမှုကြောင့် သူ အတော်လေး အံ့အားသင့်သွားခဲ့တယ်။ ဖန်ကျန်းရှီကို သူ ဘယ်လောက်ပဲ ယုံကြည်ပါစေ ဒီလို လုပ်ရဲကိုင်ရဲ လုပ်ရပ်မျိုးဟာတော့ သူ့ကို မျက်စိလည်စေတယ်။
ဒါပေမယ့်လည် း ကံကောင်းစွာနဲ့ ယဉ်ရှန်က နောက်ကို လှည့်မကြည့်ပါဘူး။
အဲ့ဒီ့အစား လက်နက်ပုန်းကို ကာကွယ်တဲ့ ရိုးရှှုင်းတဲ့ အတားအဆီးတစ်ခုကိုသာ ဖန်တီး ခဲ့တယ်။ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ရတနာ တစ်ပါး ဖြစ်တဲ့ ချီလင်လံှဟာ ဒီ အတားအဆီးကို ကောင်းကောင်း ကျော်ဖြတ်နိုင်သွားခဲ့တယ်။
ဒါကြောင့် ဒီလှုပ်ရှားမှုဟာ လုံးဝကို အကျိုးသက်ရောက်တယ်။
ဒါပေမယ့်လည်း
ဒီလို လှုပ်ရှားမှုက ဘာကြောင့် ဒီလောက်ထိ သက်ရောက်သွားတာလဲ။
ဒီလို ရလဒ်မျိုး ဖြစ်လာမယ်လို့ ဘယ်သူကမှ မထင်မှတ်ထားခဲ့ပါဘူး။ ဒါပေမယ့်လည်း ယဉ်ရှန်က ဒီ လှုပ်ရှားမှုကို အပြည့်အဝသာ မခုခံ လိုက်ဘူး ဆိုရင်။
တစ်ချက်တည်းက သူ့ကို ဒဏ်ရာ ရဖို့ လုံလောက်တယ်။
ဒီမြင်ကွင်းကို လက်ရှိ မြင်နေရသူတွေဟာ နန်ကုန်းမု ရဲ့ ကျောက်စိမ်း နီလာ ဓားပညာ ဟာ ယဉ်ရှန်ကို ဒဏ်ရာ အနည်းငယ်သာ ရစေနိုင်တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီကတော့ ယဉ်ရှန်ကို သွေးအန်အောင် လုပ်လိုက်နိုင်တယ်။
ဘယ်သူက ပိုတော်လဲ ဆိုတာ သိသာနေပြီ ။
“ကလန်” နန်ကုန်းမုရဲ့ ဓားဟာ ဒီ တစ်ကြိမ်မှာတော့ သံကြိုးဆီကို ကျရောက်သွားတော့တယ်။ သံကြိုးလေးခုထဲက တစ်ခုဟာ ကျိုးပျက်သွားပြီ ။ ဒါဟာ သူ့ရင်ဘတ်က ဒဏ်ရာကို သွေးချင်းချင်းနီစေတယ်။
ဒါပေမယ့်လည်း သူဟာ မရပ်တန့်ခဲ့ဘူး။ အဲ့ဒီ့အစား သူဟာ နောက်ထပ် သံကြိုးသုံးခုကို ဆက်တိုက် ဖြတ်ဖို့ လုပ်တော့တယ်။
နန်ကုန်းမုဟာ ဖန်ကျန်းရှီရဲ့ တိုက်ပွဲကို တွေ့ခဲ့ပြီး ။ နားမလည် နိုင်တဲ့ အကြောင်းရင်း တစ်ခုကြောင့် ဖန်ကျန်းရှီ က ယဉ်ရှန်ကို ထိန်းထားနိုင်မယ်လို့ သူ ယုံကြည်နေမိတယ်။
ယဉ်ရှန်ရဲ့ စိတ်ခံစားမှုတွေကို စကားလုံးလေး နည်းနည်းနဲ့ ရှုပ်ထွေးအောင် လုပ်နိုင်တယ်။
ဒါမှမဟုတ်။ ဒီ အချိန်မှာ တခြားရွေးချယ်စရာ မရှိတာကြောင့်လဲ ဖြစ်နိုင်တယ်။
သေချာ ချိန်ဆ တွက်ချက်ပြီးတဲ့ နောက်မှာတော့ သူဟာ ဒါကို လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အခြား အရာတွေကိုတော့ ဖန်ကျန်းရှီ လုပ်ဆောင်ဖို့ ပြင်ဆင်လိုက်ရမယ်။
နန်ကုန်းမု မျှော်လင့် ထားတဲ့ အတိုင်းပဲ။
ဖန်ကျန်းရှီရဲ့ အင်အားပြင်းတဲ့ တိုက်ခိုက်မှု ပြီးတဲ့ နောက်မှာတော့ ယဉ်ရှန်က ရပ်တန့်လိုက်တယ်။ သူ့ရဲ့ မျက်လုံးတွေကတော့ အေးစက်တဲ့ အငွေ့အသက်တွေ တောက်ပနေခဲ့တယ်။ ဒုတိယအကြိမ်မှာတော့ သူဟာ ရှက်လာမိတော့တယ်။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ တိုက်ပွဲ အတွေ့အကြုံတွေကို အခြေခံပြီးတော့ တိုက်ခိုက်ရမှာ ။
လက်နက်ပုန်း…..
ရဲရဲတောက် ချီလင်လှံကို လောကမှာ ဘယ်သူက လက်နက်ပုန်းအဖြစ် သုံးမှာလဲ။
ဖန်ကျန်းရှီကို ဆွဲပြီးတော့ ဆောင့် နင်းပလိုက် ချင်တယ်။ နောက်ပြီးတော့ နားရွက်ကို ထောင် နေအောင် ဆွဲပြီး ” ချီလင်လှံကို လက်နက်ပုန်း အဖြစ် မသုံးရဘူး မသာလေးရဲ့ ” လို့ ကောင်းကောင်း အော်ပြောလိုက်ချင်တယ်။
ဒါပေမယ့်လည်း သူ မလုပ်နိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ နန်ကုန်းမုကို ရပ်ဖို့ လိုတယ်။
ဓားပျံလာတဲ့ အချိန်မှာပဲ။
သုခမိန်လောက က တော်ဝင်ကျောင်းတော် ရဲ့ ထိန်းချုပ်မှု အောက်မှာ ပြန်ရောက်သွားပြီ ဖြစ်မှန်း ကောင်းကင်ကသာ သိနိုင်တယ်။ အချိန်ကျ လာတဲ့အခါ သူ့ရဲ့ အစီအစဉ်တွေက အကုန် ပြီးဆုံးနေရမယ်။ ဒါကြောင့် သူဟာ အချိန် ဆွဲနေလို့ မရဘူး ။
ဒဏ်ရာရတာလား။
အမှန်ကို ဒဏ်ရာရတာ ။ ဒါပေမယ့်လည်း သဘာဝလွန် ကျင့်ကြံသူ တစ်ယောက်က ဘာဒဏ်ရာကို ကြောက်ရမှာလဲ။ သူ့ရဲ့ သွေးနဲ့ အသား တွေဟာ တဖြည်းဖြည်း ချင်း ပြန်လည် ကောင်းမွန်လာတော့တယ်။
သဘာဝလွန် အဆင့်။
ဒီလို ကြီးမားတဲ့ ဒဏ်ရာတွေဟာတော့ ကုသဖို့ အချိန်လိုအပ်တယ်။ ယဉ်ရှန်က နောက်ထပ် နှောင့်နေးမနေတော့ ပါဘူး။ နန်ကုန်းမုဆီကို နောက်တစ်ကြိမ် ပြေးဝင်သွားပြန်တယ်။
“ငါ့ရဲ့ လက်နက်ပုန်းတွေကို သတိထား။” ဖန်ကျန်းရှီရဲ့ အသံဟာ နောက်တစ်ကြိမ် ထွက်ပေါ်လာတော့တယ်။ သူ့မှာ ရွေးချယ် စရာ မရှိတာကြောင့် ယဉ်ရှန်ဟာ အရှိန်ကို လျော့ချလိုက်တယ်။
ယဉ်ရှန်ဟာ ဒဏ်ရာရထားပြီးသား ။ အကယ်၍ ချီလင်လှံနဲ့ နောက်တစ်ကြိမ်သာ တိုက်ခိုက် ခံရရင် ဒဏ်ရာကို ကုသဖို့ အတွက် အချိန် တစ်နာရီလောက်တော့ လိုအပ်တယ်။
တစ်နာရီ အချိန် …
ကိစ္စတွေ အများကြီး ဒီ အခြေအနေမှာ ဖြစ်သွားနိုင်တယ်။ ဥပမာ အားဖြင့် ဓားကို ဆွဲထုတ်လိုက်နိုင်တာမျိုး။ ဒါမှ မဟုတ် ဒီလူတွေ အကုန်လုံးကို သတ်လိုက်နိုင်တာမျိုး ။
သဘာဝလွန် အဆင့်က အင်အားကြီးလွန်းတယ်။
ဒါပေမယ့်လည်း ဒါဟာ မထိန်းကွပ် မလွှမ်းမိုးနိုင်တဲ့ အရာတော့ မဟုတ်ဘူး။
တကယ်တမ်းမှာတော့ လူသားတိုင်းမှာ တူညီတဲ့ အားနည်းချက် တစ်ခုရှိတယ်။ ဒါကတော့ သူတို့ရဲ့ စိတ်အာရုံနယ်မြေပဲ ။
စိတ်အာရုံနယ်မြေ ဟာ သူတို့ရဲ့ အင်အားတွေ စုစည်းတဲ့ နေရာ။ တာအို နှလုံးသား ဟာ သူတို့ရဲ့ နှလုံးသားထဲမှာ ကြီးထွားတဲ့ အရာ ။ တာအိုမုခ်ကို အောင်မြင်ပြီးချိန်တည်းက လူတိုင်းရဲ့ နှလုံးသားထဲမှာ စိတ်အာရုံနယ်မြေ ဖြစ်ပေါ်လာတယ်။
တစ်ခြားတစ်နည်းနဲ့ ဆိုရင်တော့ နတ်ဆိုးမျိုးနွယ်တွေရဲ့ စွမ်းအား ဟာ နတ်ဆိုးမျက်လုံးမှာ တည်နေတာ ။ သူတို့ရဲ့ စွမ်းအင် အတိုးအလျော့ဟာ နတ်ဆိုးမျက်လုံးမှာ တည်ရှိတယ်။ အကယ်၍ နတ်ဆိုးမျက်လုံးသာ ဒဏ်ရာရသွားရင် သူတို့ရဲ့ အင်အားဟာလည်း ပျောက်ကွယ်သွားမှာ ။
ဒီလိုကိစ္စမျိုးကိုတော့ ယဉ်ရှန်က ခွင့်မပြုနိုင်ပါဘူး။ ဒါကြောင့် ဒီအချိန်မှာ သူဟာ သူ့ရဲ့ ပြိုင်ဘက်ကို မတားမြစ်နိုင်ဘးူ ။
သူ့ရဲ့ ခေါင်းကို လှည့်လိုက်တော့တယ်။ ဒါပေမယ့်လည်း …. ။ ရဲရဲတောက် ချှီလင်လှံဟာ ထင်ထားသလို မရောက်လာခဲ့ပါဘူး။
ငွေရောင် အလင်းတန်းတွေဟာ ကောင်းကင် တစ်ခုလုံးကို ပြည့်နှက်လာတော့တယ်။ ကောင်းကင်က ကြယ်တာရာတွေလို တောက်ပနေခဲ့ပြီးတော့ လေထဲမှာ ပေါ်ထွက်လာသံဟာ ကောငးကောင်း ကြားနိုင်ပါတယ်။
ထုံးစံ အတိုင်း ဒါက “ သစ်တော်သီးပန်းများ သီးပွင့်ခြင်း ” တိုက်ကွက် ။ ဒါဟာ ဖန်ကျန်းရှီ သုံးရတာ အကြိုက်ဆုံး တိုက်ကွက်။
ထပ်ပြီးတော့ ပြောရရင်တော့ ကောင်းကေင်ရောင်ပြန် အဆင့် စွမ်းအားနဲ့ ဆိုရင် ငွေအပ်တွေဟာ နှင်းတွေ မြူတွေ လို ဖြစ်ပေါ်စေတယ်။ ကြယ်တာရာစုဝေးမှု အဆင့်မှာ ရောက်နေတဲ့သူ တစ်ယောက်ကို ကောင်းကောင်းသေစေနိုင်တယ်။
ဒါပေမယ့်လည်း သူ့ရဲ့ အတွေ့အကြုံ အရ သူ့ရဲ့ ပြိုင်ဘက်ကို လျော့မတွက်သင့်ဘူး။
ယဉ်ရှန်ရဲ့ ကိုယ်ကနေ အင်အားပြည့်ဝတဲ့ စွမ်းအားတွေဟာ ထွက်ပေါ်လာတော့တယ်။
နက်မှောင်သိပ်သည်းတဲ့ မုန်တိုင်းဟာ ကြယ်တာရာ အလင်းတန်းတွေ ဖြတ်သန်းသွားတာကို တားဆီးလိုက်တယ်။
“ ကလန် ၊ ကလန်၊ ကလန်၊ ”
သီချင်းသံတွေဟာ ထွက်ပေါ်လာတော့တယ်။ ကြယ်တာရာ အလင်းတန်းတွေဟာ မုန်တိုင်းကို တစဆင့်ချင်းစီ ဖြတ်သန်းသွားပြီးတော့ အပ်တွေကို ကျိုးကြေစေလိုက်တယ်။
တခြား အရာတွေထက် ။ ဒီမှာ တော့ တခြားသော ပြောင်းလဲ မှုတွေ မရှိတော့ဘူး ။
“ ဒီလောက်ပဲလား။” ယဉ်ရှန်ဟာ ကြည့်ရင်းနဲ့ စိတ်ရှုပ်ထွေးနေတော့တယ်။
ပင်းယန်ဟာလည်း မျက်စိလည်နေခဲ့တယ်။
ဖန်ကျန်းရှီက ပထမ တစ်ကြိမ်မှာ ချီလင်လှံကို ပေးလိုက်တာ မြင်ချိန်မှာတုန်းက ဒီ ဒုတိယ အကြိမ်မှာလည်း ဒီလိုပဲ လုပ်မယ်လို့ ထင်လိုက်တာ ။ ဒါပေမယ့်လည်း အခုချိန်မှာတော့ သူ့အိတ်ထဲက ထွက်လာတာ အပ်တွေ အပြုံလိုက် ဖြစ်နေတယ်။ ဖန်ကျန်းရှီ က နောက်ထပ် အံ့ဖွယ် တစ်ခုကို လုပ်အုန်းမယ်လို့ ထင်ထားတာ ။
ဒါပေမယ့်လည်း
အခုချိန်မှာတော့ သူ့ကို အတော်လေး စိတ်ပျက်သွားစေခဲ့တယ်။
စာဖြေသတွေဟာတော့ ။ သူတို့ရဲ့ မျက်လုံးတွေဟာ ပြူးကျယ်နေခဲ့တယ်။ ဖန်ကျန်းရှီက ယဉ်ရှန်ကို တစ်ချက်တည်းနဲ့ ဒဏ်ရာ အပြင်းအထန် ရစေခဲ့တယ်။ ဒါဟာ သူတို့အားလုံးရဲ့ မျှော်လင့်ချက်ကို ဖန်ကျန်းရှီ ဆီမှာ ရောက်ရှိစေတယ်။
ဆိုရိုးစကား တွေ ပြောသလိုပဲ။ တစ်စုံ တစ်ဦးရဲ့ ဒဏ်ရာကို သုံးပြီးတော့ ဘဝတစ်ခုကို ပျက်စီး စေနိုင်တယ်။ စစ်နည်းဗျူဟာမှာ ဆိုရင် ဒါကို သုံးပြီးတော့ အောင်မြင်မှု ဖြစ်စေတယ်။ ဒုတိယ အကြိမ် တိုက်ခိုက်မှုဟာ တော့ ပိုပြီးတော့ အင်အားကြီး သန်မာပြီးတော့ စောစောသေနိုင်တယ် ။
အဲ့ဒီ့နောက် ကြယ်အလင်းတန်းတွေရဲ့ အဓိပ္မာယ်ဟာ မိုးကြိုးလို ကျယ်လောင်ပြီးတော့ မိုးပေါက်တွေလို သေးငယ်တယ်။
အနည်းဆုံးတော့ ပြဇာတ် ကောင်းကောင်း လုပ်သင့်တယ်မလား။
တခြားတစ်ဖက်က ရန်ရွှယ်ဟာတော့ ဒီ အချိန်မှာ အများကြီး မထိတ်လန့်တော့ပါဘူး။
လက်တစ်ဆုပ်ဟာ ငွေအပ်တွေဟာ လမ်းပေါ်မှာ ပေါပေါပဲပဲ ရနိုင်တဲ့ အရာတွေ ဖြစ်ကြောင်း သူ ကောင်းကောင်းသိတယ်။ ဒါမျိုးပစ္စည်းတွေက ယဉ်ရှန်ကို နည်းနည်းတောင် ထိခိုက်စေနိုင်မှာ မဟုတ်ဘူး။
“ ငါ့ရဲ့ သစ်တော်သီး များ သီးပွင့်ခြင်း အစွမ်း ဘယ်လို နေလဲ။” ဖန်ကျန်းရှီက နောက်ထပ် လက်တစ်ဆုပ်စာ ငွေအပ်တွေကို ယဉ်ရှန်ဆီ ပစ်ရင်း အော်လိုက်တယ်။
“….” ယဉ်ရှန် ကမပြောတော့ပါဘူး။ သူဟာ တိတ်ဆိတ်သွားခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီ အချိန်မှာ ဘာပြောရမလဲ တကယ့်ကို မသိပါဘူး။
သူသိတဲ့ တစ်ခုတည်းသော အရာဟာတော့ ဒီနေ့မှာ သူ့ရဲ့ အရှိန်အဝါတွေကို ချိုးဖျက်ပြီးတော့ တိုက်ခိုက်ချင်တယ်။ ဒါကို ကျိန်ပြောချင်ပေမယ့်လည်း ဒါက အချိန် ဖြုန်းတာ သက်သက်ပဲ ဖြစ်နေတော့တယ်။
ဒါပေမယ့်လည်း နှောင့်နှေးမှု ကြောင့်
နန်ကုန်းမုရဲ့ ဓားဟာ ဒုတိယ သံကြိုး အပေါ်ကို ကျရောက်လာပြန်တယ်။ ဒီအချိန်မှာတော့ နန်ကုန်းမုရဲ့ အင်အားတွေဟာ အရင်ကထက် ပိုပြီးတော့ သန်မာလာခဲ့တယ်။ တကယ်တမ်းတော့ သံကြိုးတွေကို ဖြတ်ဖို့ အတွက် သူဟာ လမ်းတစ်ဝက်မှာ ရှိနေခဲ့တာ ။
“ မပြေးနဲ့။ ငါ့ရဲ့ လက်နက်ပုန်းကို သတိထား ” ဖန်ကျန်းရှီဟာ အော်လိုက်ချိန်မှာတော့ ရန်ရွှယ်ဟာ ခေါင်းကို လှည့်ကြည့်တော့တယ်။
ဒီအချိန်မှာတော့ ယဉ်ရှန်ဟာ သူ့ခေါင်းကို ချက်ခြင်း လှည့်လိုက်တာ ဖြစ်တယ။် အရိပ်လို လျှပ်စီးလို လျင်မြန်လှတယ။် ဥပမာ အနေနဲ့ သူဟာ ကျောက်တုံး ဘေးကို ရောက်သွားခဲ့တယ်။
မြန်လွန်းလို့ ဘာတွေ ဖြစ်နေလဲ ဆိုတာ ဘယ်သူကမှ မသိနိုင်ဘူး ။
ဒီ လို အခြေအနေမျိုးမှာ ယဉ်ရှန်ထက် မြန်တဲ့ လျှို့ဝှက် လက်နက်ဆိုတာ ရှိနိုင်မှာ မဟုတ်တော့ဘူး။
လူတိုင်းဟာ အသက်ရှူ ရပ်မတတ် စောင့် ဆိုင်းနေခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ နန်ကုန်းမုသာ ဒီ တစ်ကြိမ်မှာ သံကြိုးတွေကို ဖြတ်နိုင်ခဲ့ရင် တိုက်ပွဲ အခြေအနေမှာ ကြောက်စရာကောင်းအောင် ပြောင်းလဲ သွားနိုင်တယ်။
နန်ကုန်းမုရဲ့ အမူအယာဟာတော့ ထုံးစံ အတိုင်း အေးချမ်းနေခဲ့တယ်။ သူ့ရဲ့ အရည် အချင်း နဲ့ ဆိုရင် ယဉ်ရှန် ကျောက်တုံးနောက်ကို ရောက်လာတာကို ကောင်းကောင်း သိနိုင်တယ်။ ဒါပေမယ့်လည်း သူဟာ မလှုပ်ရှားခဲ့ဘူး။ သူ့လက်ထဲက ဓားဟာ အင်အားပြည့်ဝစွာ ခုတ်ချ ပြန်တယ်။
အကယ်၍ သူသာ ဘာတွေ ဖြစ်မလဲ လုံး၀ သတိ လွတ်သွားခဲ့ရင် ဘယ်လို ဖြစ်မလဲ မသိနိုင်ဘူး ။
ရှင်ချင်းစွေ့ရဲ့ လက်တွေဟာတော့ မြေပြင်ကို အင်အားအပြည့်နဲ့ ထောက်ချလိုက်တယ်။ သူဟာ ယဉ်ရှန်ကို ရပ်တန့်ချင်တယ်။ ဒါပေမယ့်လည်း သွေးတွေ အများကြီး ဆုံးရှုံးထားတာက သူ့ကို အင်အားယုတ်လျော့စေတယ်။ ခုခံ တာဟာ သူ့ အတွက် အကောင်းဆုံး လုပ်နိုင်တဲ့ တစ်ခုတည်းသာ အရာ ။
ဒီ အချိန်ဟာ တိုက်ပွဲထဲမှာ ထိရှလွယ်ဆုံး အချိန်ပဲ ။
လူတိုင်းဟာ ယဉ်ရှန်ရဲ့ ဦးတည်ချက်ကို ခန့်မှန်းနိုင်ကြတယ်။ ဖန်ကျန်းရှီ ဘယ်လိုပဲ ယဉ်ရှန်းကို လှည့်စားနိုင်ပါစေ။ ယဉ်ရှန်နဲ့ ထိပ်တိုက်တွေ့ဖို့ကတော့ အတော်လေးကို ခက်ခဲတဲ့ ဆုံးဖြတ်ချက် ။
ယဉ်ရှန် ရဲ့ နောက်တစ်ကြိမ်လှုပ်ရှားမှုဟာ ကျောက်တုံးပေါ်ဆီဆိုတာ်လူတိုင်း ခန့်မှန်းနိုင်ကြတယ်။ စိတ်လိုက်မာန်ပါသြတ်ဖတ်ခြင်း တစ်ခု ဖြစ်လာမယ်လို့ပေါ့။
ဒါပမေယ့်လည်း ဒီ အချိန်မှာပဲ ယဉ်ရှန်နဲ့ လက်ထဲက ဓားဟာ ရုတ်တရက် လှည့်သွားတော့တယ်။
လူတွေဟာ သူ တို့ရဲ့ ဓားတွေနဲ့ အတူ လှည့်လာတော့တယ်။
သူ့ရဲ့ ဓားကို လှည့်ပတ်ရင်းနဲ့ ဦးတည်ချက် ပြောင်းကာ အနက်ရောင် အလင်းတန်း တစ်ခုအသွင်ပြေးဝင်သွားတော့တယ်။
စစ်နည်းှဗျူဟာ တစ်ခု တိုက်ရိုက်ဆန်ပြီး ခန့်မှန်းနိုင်ခြင်း အလျဉ်းမရှိ။
နတ်ဆိုးမျိုးနွယ် ဆယ်ခုရဲ့ ဒုတိယ ခေါင်းဆောင် အဖြစ် ရန်ရွှယ် ဟာ သိပ်ကို ဝံံကြွားခဲ့တယ်။ သူ့ရဲ့ ထူးချွန်လှတဲ့ အရည်အချင်းတွေ အတွက် အမြဲ လေးစား ခံခဲ့ရတယ်။
ဒါပေမယ့်လည်း ဒီ တစ်ကြိမ်မှာတော့ ဖန်ကျန်းရှီဟာ သူ့ကို အကြိမ် တော်တော် များများ အရူးလုပ်ခဲ့တယ်။
ဒါက တစ်ကြိမ်တစ်ခါတည်းသာ ဖြစ်ပေမယ့်လည်း ။
အကယ်၍ သူသာ ဒါကို မအောင်မြင်နိုင်ရင် စိတ်နှလုံးထဲမှာ တည်ငြိမ်ခြင်း မရှိနိုင်တော့ဘူး။ အကယ်၍ သူ့စိတ်နှလုံးသာ တည်ငြိမ်ခြင်း မရှိရင် ထိပ်သီး အဆင့် စွမ်းအားကို ဘယ်လို ရောက်နိုင်မှာလဲ။
ဒါကြောင့် သူဟာ တစ်ဖက်လှည့် တိုက်ခိုက်နည်းကို သုံးဖို့ ဆုံးဖြတ်လိုက်တယ်။
ကောက်ကျစ်တဲ့ နည်းလမ်းကို သုံးပြီးတော့ ရှုံးနိမ့်အောင် တိုက်ခိုက်ရမယ်။
သူဟာ သူ့ရဲ့ ဓားကို ဖန်ကျန်းရှီ စီ လှည့်ပတ် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါက ဒီ စိတ်ရှုပ်စရာလူကို တစ်ချက်တည်းနဲ့ အနိုင်တိုက်ရမယ်။
ဓားဟာ ဓားဖြစ်နေဆဲပါပဲ။ သွေးနံ့ ဟာ လေထဲမှာ ပျံ့လွင့်လာတော့တယ်။
ဒါပေမယ့်လည်း အရိပ်နည်းလမ်း ဓားပညာဟာ အနက်ရောင် မှင်တွေလို လှုပ်ရှားရင်း မုန်တိုင်းလေပွေ တစ်ခုသဖွယ် ဖြစ်ပေါ်လာတော့တယ်။
ဒါက နတ်ဆိုး မျိုးနွယ် ဆယ်ခုထဲမှာ အင်အားအကြီးဆုံး ဓားပညာ။ ယဉ်ရှန်ရဲ့ အင်အား အကြီးဆုံး ဓားပညာတစ်ခု။
အရိပ်ဓား ပညာ။
နောက်ထပ် ဓားပညာ တစ်ခု ရှိတယ် အရိပ်မဲ့ပညာ။
အနက်ရောင်မုန်တိုင်းရဲ့ လွှမ်းမိုးမှု အောက်မှာ သူ့ရဲ့ ဓားဟာ ကာကွယ်ဖို့ အခက်ခဲဆုံး အဖြစ် တည်ရှိနေတယ်။
ဒီ ဓားပညာနဲ့။ ယဉ်ရှန်ဟာ နတ်ဆိုးမျိုးနွယ်တွေ ကြားမှာ နာမည် တစ်လုံး ရခဲ့တယ်။ သရဲအရိပ်ဓား။
တိုက်ခိုက်ဖို့ အတွက် မလုပ်နိုင်ရင် တစ်ချက်တည်းနဲ့ သေလိမ့်မယ်။
အပိုင်း (၂၀၇) ပြီး၏။
အပိုင်း (၂၀၈)
“ ထိပ်တိုက်ရင်ဆိုင် ခြင်း ”
ဆုတ်ခွာဖို့အခွင့်အရေးဟာ အကောင်းဆုံး အောင်မြင် နိုင်တဲ့ အခွင့်အရေးလည်း ဖြစ်ၤနိုင်တယ်။ ဒါပေမယ့်လည်း ယဉ်ရှန်ရဲ့ လှုပ်ရှားမှုတွေဟာတော့ ရွေ့လျားနေတဲ့ တိမ်တွေလို စီးဆင်းနေတဲ့ ရေလို ချောမွေ့ပြီး သဘာဝကျလှတယ်။ အကြိမ်ကြိမ်လေ့ကျင့်ထားတဲ့သူ တစ်ယောက် သဖွယ် လှုပ်ရှားမှုတွေဟာ တိကျလှတယ်။
အမှောင်ထုဟာ မြေပြင်ကို ဖုံးကွယ်ထားခဲ့တယ်။ နောက်ပြီးတော့ ယဉ်ရှန်ရဲ့ လက်ထဲက ဓားဟာ ပျောက်ကွယ်သွားပြီ ။
ဒါဟာ အရိပ်မဲ့ နည်းလမ်းပဲ ။
ဒါပေမယ့်လည်း ….
ယဉ်ရှန်ရဲ့ ဓားပျောက်ကွယ်သွားသလို ဖန်ကျန်းရှီ လည်း ပျောက်နေခဲ့တယ်။ ရန်ရွှယ် နဲ့ ပင်းယန်ကိုပါ ရှာမတွေ့တော့ဘူး။
ဒါဟာ လုံးဝကို အဓိပ္မာယ် မရှိဘူးလို့ ထင်ရတယ်။
ဒါပေမယ့်လည်း ယဉ်ရှန်ဟာ ဓား ထုတ်လိုက်တည်း က တိုက်ခိုက်မှု ဟာ သက်ရောက်နေပြီးသား ဖြစ်ခဲ့တယ်။ ဖန်ကျန်းရှီကတော့ ဒီ အချိန်မှာ ပျောက်ကွယ်သွားခဲ့ပြီ။ ဒါမှမဟုတ် ဖန်ကျန်းရှီဟာ ယဉ်ရှန် ရဲ့ နောက်မှာ ဘယ်တုန်းကမှ ပေါ်မလာခဲ့ဘူးလို့ ပြောနိုင်မလား။
ယဉ်ရှန်ရဲ့ အနှိုင်းမဲ့ မိမိကိုယ်ကို ယုံကြည်မှု ဟာ ရုတ်ချည်း ဆိုသလို အေးခဲသွားတော့တယ်။
သူနားမလည် နိုင်ဘူး။ ဖန်ကျန်းရှီ ဘယ်ရောက်သွားလဲ။ ဘာကြောင့် ရုတ်တရက်ပျောက်ကွယ် သွားတာလဲ။
“မင်း င့ါ့ကို ရှာနေတာလား။” ဖန်ကျန်းရှီ ရဲ့ အသံ ဟာ ယဉ်ရှန်ရဲ့ နောက်ကနေ ရုတ်တရက်ပေါ်လာခဲ့တယ်။
ယဉ်ရှန်ဟာ နောက်ကို လှည့်ကြည့်လိုက်ချိန်မှာ ကျောက်တုံးနောက်ကို ရောက်နေတဲ့ ဖန်ကျန်းရှီကို မြင်လိုက်ရတဲ့ အတွက် ထိတ်လန့်သွားခဲ့ရတယ်။ ချီလင်လှံကို ကိုင်ထားတဲ့ သူ့မျက်နှာမှာလည်း လန့်သွားဟန် ပေါ်နေခဲ့တယ်။
ဒါပေါ့။ ယဉ်ရှန် ဒီလောက် မြန်မြန်ကြီး နောက်ကို လှည့်မယ်လို့ မထင်ထားခဲ့ဘူး ဖြစ်တယ။်
ယဉ်ရှန်ရဲ့ နောက်မှာ စောင့်ဆိုင်းရင်း ကျောက်တုံးပေါ်ကို ယဉ်ရှန် တက်မှာ နှောင့်နှေးအောင် လုပ်ဖို့သာ ရည်ရွယ်နေတာ ။
ဒါပေမယ့်လည်း ယဉ်ရှန် နဲ့ နီးနီးမှာ မနေပါဘူး။ သူဟာ ယဉ်ရှန် ရဲ့ နောက်ဘက်မှာသာ တစ်ချိန် လုံး ရှိနေခဲ့တာ ဖြစ်တယ။် ဒါက ယဉ်ရှန်ရဲ့ တိုက်ခိုက် မှုကို ကြိုတင်သိမြင်တာကြောင့်မဟုတ်ပါဘူး။
အလေ့အကျင့် ဖြစ်နေလို့ပဲ ။
အလစ်ချောင်း တိုက်ခိုက်တာကို လုပ်မယ်ဆိုရင် ဖြစ်နိုင်ချေ တော်တော် များများကို ရှောင်ရှားပြီးတော့ တိုက်ခိုက်ရမှာ ။
ဒါဟာ စစ်မြေပြင်မှာ ရိက္ခာ ဖြတ်တဲ့ နည်းဗျူဟာ မျိုးနဲ့ တူညီတယ်။ ကိုယ်ပိုင် တိုက်ပွဲ နယ်မြေရဲ့ နောက်တန်းကို ကောင်းကောင်း ဂရုစိုက်ဖို့ လိုအပ်တယ်။
ဖန်ကျန်းရှီက ဒီလို လူမျိုး ။ မမျှော်လင့်တဲ့ တိုက်ခိုက်မှုမျိုးနဲ့ အလစ်ချောင်း တိုက်ခိုက်တာမျိုးမှာ ကျွမ်းကျင် အဆင့်။ ဒါကြောင့် သူ့ကိုယ်သူ ရန်သူရဲ့ နောက်မှာ ရောက်နေပါစေ အနီးကပ်တော့ မနေဘူး ။
ယဉ်ရှန်ရဲ့ ရုတ်တရက် တိုက်ခိုက်မှုက အတော်လေး လှပပါတယ်။
ဒါပေမယ့်လည်း ရုတ်တရက် တိုက်ခိုက်မှုမှာ အကြီးမားဆုံးသော အမှားတစ်ခု ရှိနေခဲ့တယ်။ ဒါကတော့ လူတစ်ယောက်ရဲ့ ဓားကို မထုတ်ခင်ထိ ခေါင်းကို မလှည့်ရဘူး။ ဒါမျိုးလုပ်မယ်လို့ သိသာထင်ရှာ်းတဲ့ အမူအယာ ပြလို့ မဖြစ်ဘူး။
ဒါကြောင့် ယဉ်ရှန်အတွက် ဖန်ကျန်းရှီ ဘယ်နေရာ ရောက်နေလဲ သိဖို့ မဖြစ်နိုင်ဘူး ။
ယဉ်ရှန် ဟာ တိုက်ခိုက်ခဲ့တယ်။
တခြာ်း တစ်ဖက်က ဖန်ကျန်းရှီ ဟာတော့ တုံ့ပြန် ချိန်တောင် မရခဲ့ဘူး။ ဥပမာ အနေနဲ့ သူတို့ နှစ်ဦး စလုံးဟာ တစ်ယောက်ကို တစ်ယောက် မြင်သာတဲ့ နေရာမှာ ရှိနေခဲ့တာ ။ ဒါဟာ တိုက်ခိုက်ဖို့ အကောင်းဆုံးသော အခွင့်အရေး ။ ရွှေရောင် အခွင့်အရေးကောင်း တစ်ခု ။
အကယ်၍ ဖန်ကျန်းရှီသာ ဒါကို ကောင်းကောင်း အသုံးချနိုင်မယ် ဆိုရင် ယဉ်ရှန်ကို ထိခိုက်မှု ကောင်းကောင်း ဖြစ်အောင် လုပ်နိုင်လိမ့်မယ်။
ဒါပေမယ့်လည်း ဖန်ကျန်းရှီဟာ ယဉ်ရှန် ရုတ်တရက်လှည့်လာတာကို မခန့်မှန်း ခဲ့ဘူး ။ ဒါကြောင့် ချီလင်လှံရဲ့ အရှိန်ကို သုံးပြီးတော့ ရှေ့ကို ဆက်သွားနေခဲ့တယ်။ သူဟာ ယဉ်ရှန် ရဲ့ ဘေးမှာ ရပ်တန့်ချင်တယ်။ တိုက်ခိုက်ဖို့ အခွင့်အရေးကို ထုံးစံအတိုင်း အသုံးချမှာ မဟုတ်ဘူး ။
ဒီ အဖြစ်အပျက်ဟာ လူတွေကို ဆွံ့အစေတယ်။
ဒါပေမယ့်လည်း ဒီလို ကျော်ဖြတ်မှုဟာ ယဉ်ရှန် ရဲ့ စိတ်ထဲမှာတော့ အတော်လေးကို မတည်ငြိမ် မှု ဖြစ်သွားစေခဲ့တယ်။ ဒီလို ပြီးပြည့်စုံတဲ့ အစီအစဉ်မှာ ဟာကွက် ရှိနိုင်မှာလား။ ဘာ အရိပ်အမြွက် ကို ရှာရမှာလည်း။
ဒီလောက် အနီးကပ်အခွင့်အရေးရတာတောင်မှ သူ့ကို ထိခိုက်အောင် မလုပ် တာ ဘာကြော်င့်လဲ။
သံသယတွေဟာ ယဉ်ရှန်ရဲ့ ခေါ်င်းထဲမှာ ပြည့်နှက်လာတော့တယ်။
ဒီမေးခွန်းတွေဟာတော့ တခြားသော ကျောင်းတော်သားတွေ အများဆုံးတွေးမိနေတဲ့ အကြောင်းလည်း ။ ဘာကြောင့် ယဉ်ရှန်က တစ်ပတ်လည် သွားတာလည်း အနက်ရောင်မုန်တိုင်းကို ပျက်စီးစေပြီးတော့ ။
အခုချိန်ထိ အကြောင်းရင်းကို ရှာမတွေ့ နိုင်သေးဘူး။
ဒီမြင်ကွင်းဟာ အနည်းငယ်တော့ မှင်သက် စရာ ကောင်းခဲ့တယ်။
ယဉ်ရှန် မှာ သတ်ဖြတ်နိုင်စွမ်း မြင့်မြင့်မားမား ရှိတယ်။ မဟူရာ ဓားမုန်တိုင်း ဟာ တောင်တွေကို ကွဲ အက်စေတဲ့ အထိ အင်အားကြီးတယ်။
ဒါပေမယ့်လည်း တစ်လျှောက်လုံးမှာ ဖန်ကျန်းရှီဟာ ယဉ်ရှန် နောက်ကို လိုက်နေခဲ့တာ မဟုတ်ဘူး။
သူတို့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတဲ့ အရာတွေ ရှိတယ်။
ယဉ်ရှန်က ဘာလို့ ဓား ကို နှစ်ခုခွဲပြီးတော့ လေထဲမှာ ယမ်းရတာလဲ။ သူ့ ဒေါသကို ဖြေလျော့ဖို့လား။
ဘယ်သူကမှ ဒါကို နားမလည် ပါဘူး။ ဒါပေမယ့်လည်း သူတို့ ကောင်းကောင်း နားလည် တာတော့ တစ်ခု ရှိတယ်။
ဖန်ကျန်းရှီ က ယဉ်ရှန်နဲ့ နန်ကုန်းမု ကို ကောင်းကောင်း ပိတ်ဆို့နိုင်တယ်။ ရန်ရွှယ် နဲ့ ပင်းယန်ကလည်း ဖန်ကျန်းရှီရဲ့ ဘေးမှာ အတန်းလိုက်ကြီး ရှိနေခဲ့တယ်။
ကျောက်တုံးရဲ့ အောက်မှာ ရပ်နေခဲ့တယ်။
ယဉ်ရှန်ရဲ့ ဓားဟာတော့ မှင်လို နက်မှောင်နေတာ ။ ဒါပေမယ့်လည်း မှင်နက်ရောင် ဓားဟာတော့သူ့လက်ထဲမှာ အတော်လေးကို လေးလံနေတဲ့ပုံပါပဲ။ လေအရိပ်နည်းလမ်းဟာ လှည့်စားမှု များပြီး ခြေရာကောက်ရန် ခက်ခဲတယ်။ အကယ်၍ အလစ် ဝင် တိုက်ခိုက်မှုမှာ အသုံးပြုမယ် ဆိုရင်တော့ ပိုပြီးတော့ သက်ရောက်မှု ကြီးမားတယ်။ ဒါဟာ ဒီ တိုက်ခိုက်မှု မှာ သုံးဖို့ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပဲ ။
အခုချိန်မှာတော့ ခြေရာကောက်ဖို့ မဖြစ်နိုင်တာက ခြေရာကောက်နိုင်သွားပြီ။ ဓား ပညာရဲ့ အစွမ်းကတော့ ရ၀ ရာခိုင်နှုန်းအထိ လျော့ကျသွားပြီပဲ ။
“ သူ ဘယ်လိုလုပ်ပြီး ကြိုတင် တွက်ဆနိုင်တာလဲ။” ယဉ်ရှန်ဟာ မေးလိုက်တယ်။ ဒီအချိန်မှာတော့ သူ့ရဲ့ ဂုဏ်ရည်နဲ့ မိမိကိုယ်ကို ယုံကြည်မှုတွေဟာ ပျက်ယွင်းသွားပြီ ။
ဖန်ကျန်းရှီက ယဉ်ရှန် မေးချင်တဲ့ အဓိပ္မာယ်ကို ကောင်းကောင်းသိတယ်။
အမှန်ကို ဖြေရမှာလား။
ငါ့ ကံက နည်းနည်းလေး ပိုကောင်းသွားတာလို့။
ဖန်ကျန်းရှီကငတုံးမှ မဟုတ်တာ။ သူ့ရဲ့ အရညအချင်းတွေနဲ့ မအောင်မြင် နိုင်တဲ့ ပြိုင်ဘက်ကို အရှိန်အဝါနဲ့ ဖိနှိပ် တိုက်ခိုက်ရမယ်။ အနည်းဆုံးတော့ ကြောက်အောင် ခြောက်လှန့်လို့ရတယ်။
“ ဘာကြောင့်လဲ ဆိုတော့ မင်းရဲ့ လှုပ်ရှားမှုတွေမှာ မင်းကို သေစေနိုင်လောက်တဲ့ အားနည်းချက်တွေ ပါဝင်နေတယ်။ ဒါမှမဟုတ်။ မင်းရဲ့ လှုပ်ရှားမှု တစ်ခုချင်းစီက အားနည်းချက်တွေ ပြည့်နေတယ်လို့ ပြောရမှာလး။ မင်း မှာ ပြောင်းလဲ လို့ မရနိုင် အကျင့်တွေ ရှိနေတယ်။ နောက်ပြီးတော့ ဒီ အလေ့အကျင့်တွေက မင်း ဘာလုပ်မလဲ ဆိုတာကို ခန့်မှန်းလို့ ရနိုင်စေတယ်။ ” ဖန်ကျန်းရှီ ရဲ့ အမူအယာဟာတော့ သိပ်ကို လေးနက်နေခဲ့တယ။် အကြီးအကဲ တစ်ဦးက လူငယ် တစ်ယောက်ရဲ့ အမှားကို ထောက်ပြ ပြင်ဆင် နေတဲ့ အတိုင်းပါပဲ။
ယဉ်ရှန်ဟာ အေးခဲသွားခဲ့တယ်။ လူတိုင်းမှာ ဟာကွက် အားနည်းချက် ရှိတယ်။ သူ့မှာ လည်း ချွင်းချက် မရှိဘူး။ ဒါပေမယ့်လည်း ဖန်ကျန်းရှီက သူ့ရဲ့ တူညီတဲ့ အားနည်းချက် ကို ရှာတွေ့သွားတယ်။ ဘယ်လိုများ သိတာလဲ။
ဖန်ကျန်းရှီ မဟုတ်တရုတ်တွေ ပြောနေတယ် လို့ပဲ ထင်တယ်။
ဒါပေမယ့်လည်း ဖန်ကျန်းရှီ ရဲ့ လှုပ်ရှားမှုတွေက သူ့စကားတွေကို သက်သေ ပြသွားတယ်။ ဖန်ကျန်းရှီကို မြင်နေရတာ က ခြောက်ခြားဖွယ်ခံစားချက်ကို ဖြစ်စေတယ်။
ပြိုင်ဘက် တစ်ယောက်ရဲ့ အားနည်းချက်ကို ကြည့်ရုံနဲ့ သိနိုင်မလား။
ဖန်ကျန်းရှီက ဒီလို အဆင့်အထိ ရောက်နေပြီလား။
“ သူက ယဉ်ရှန်ရဲ့ လှုပ်ရှားမှုတွေကို ကြိုမြင်နိုင်တယ်။ ”
“ ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။”
“ဒါဆို ရင် ယဉ်ရှန် ရဲ့ သေစေနိုင်လောက်တဲ့ တိုက်ခိုက်ချက်တွေကို ဖန်ကျန်းရှီက ကြိုမြင်တာကြောင့် ခုန်ရှောင် နိုင်ခဲ့တာလား။ အံ့သြစရာ မရှိတော့ပါဘူး။ ”
စာဖြေသူတွေက ယဉ်ရှန်နဲ့ ဖန်ကျန်းရှီ ကြားက စကားတွေကို ကြားချိန်မှာတော့ သူတို့ဟာ စတင်ခန့်မှန်းတော့တယ်။
“ကလန်” တိုးညှုင်းတဲ့ အသံ တစ်ခုဟာ ယဉ်ရှန်ကို လှုပ်ခတ်စေတယ်။
ကျောက်တုံးပေါ်မှာတော့ သံကြိုးနှစ်ခု ဟာ ကျိုးသွားပြီ ။ ရွှေရောင်ဓားဟာ အသံသဲ့သဲ့လေး ထွက်နေခဲ့တယ်။ ကျောက်တုံး တစ်ခုကို ချေမွလိုက်တော့မယ့် အတိုင်း ဖြစ်နေတော့တယ်။
ဖန်ကျန်းရှီ ဟာ ဒီ တစ်လျှောက်လုံး ယဉ်ရှန်ကို ထိပ်တိုက် ရင်ဆိုင်တာမျိုး မလုပ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း သူဟာ ယဉ်ရှန်ကို နောက်ကျောမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင် လုပ်နိုင်ခဲ့တယ်။ နောက်ပြီးတော့ အနည်းဆုံး အချိန် နှစ်မိနစ်လောက် နှောင့်နှေးစေနိုင်တာကလည်း တော်တော်လေးကို အသုံးဝင်ခဲ့တာ ။
ပိုပြီးတော့ အရေးကြီးတာကတော့ ယဉ်ရှန်ဟာ အခုထိ ကျောက်တုံးပေါ်ကို ခြေ တစ်လှမ်းတောင် မချရသေးဘူး ။
ဖန်ကျန်းရှီ တော်ဝင်စာမေးပွဲ အတွေးအခေါ် စာမေးပွဲမှာ မေးခွန်းခြောက်စုံကို လေးနာရီအတွင်း ဖြေပြီး အမှတ်ပြည့်ရသလိုမျိုး ဖြစ်ခဲ့တယ်။
ဘယ်သူကမှ ဒီလို ရလဒ်မျိုး ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
ဒါပေမယ့်လည်း ဒီအချက်တွေက အမှန်တရားတွေ ဖြစ်နေတယ်။ ငြင်းပယ်လို့ မရနိုင်ဘူး။
“ အကယ်၍ မင်းသာ ငါ့ရဲ့ တိုက်ကွက်တွေကို တွေ့ရင် ငါ့ကို တားနိုင်အုန်းမှာလား။” ဒီ တစ်ကြိမ်မှာတော့ ယဉ်ရှန်ဟာ ကျောက်တုံးပေါ်ကို ပြေးသွားဖို့ အလျင် မလို တော့ပါဘူး။ ဖန်ကျန်းရှီကိုသာ စစ်မှန်တဲ့ ရန်သူ တစ်ယောက် အဖြစ် သတ်မှတ်လိုက်ပြီ ။
ဒီရန်သူက သူ အလေးထားရမယ့်သူ တစ်ယောက် ။
“ဆိုရိုးစကား တစ်ခုရှိတယ်။ ပြဿနာ တစ်ခုနဲ့ ကြုံလာရင် ထိပ်တိုက် ရင်ဆိုင် လိုက်” ဖန်ကျန်းရှီက လှံကို မြေပြင်ပေါ်မှာ ထောက်ထားရင်း ဂုဏ်ယူဝံ့ကြွားတဲ့ အမူအယာနဲ့ ပြောလိုက်တယ်။
ဒါပေမယ့်လည်း အရှိန်အဝါ တစ်ခုဟာ ဖန်ကျန်းရှီရဲ့ ကိုယ်ကနေ ပေါ်လာခဲ့တယ်။
ထပ်ပေါင်းပြီး ပြောရမယ် ဆိုရင် ဖန်ကျန်းရှီ လုပ်ခဲ့တဲ့ အရာတွေက သူတို့ကို အတော်လေး သက်တောင့်သက်သာ မဖြစ်စေဘူး ။
ယဉ်ရှန်မှာလည်း တူညီတဲ့ စိတ်ခံစား ချက်မျိုးရှိနေခဲ့တယ်။
ရင်ဆိုင် တိုက်ခိုက်လိုက် တဲ့လား။
ဒါဆိုရင် မင်းက ဘာ်လို့ ချက်ခြင်း မတိုက်ခိုက်ပဲ။ ငါ့ကို နောက်ကနေ အလစ် ဝင်တိုက်တာလဲ။ ငါ ဒဏ်ရာရမှ မျက်နှာချင်းဆိုင် တိုက်မယ်လို့ ဘာလို့ ပြောနေတာလဲ။
ဘေးပတ်ဝန်းကျင်က စာဖြေသူတွေဟာတော့ တူညီတဲ့ အတွေးတစ်ခု ရှိခဲ့တယ်။ ဒါပေမယ့်လည်း ဒီ အချိန်မှာတော့ သူတို့ အားလုံးဟာ ဖန်ကျန်းရှီကို ကြည့်ရင်း အတွေးနွံနစ်နေကြတယ်။
ဒီအချိန်မှာတော့ ရန်ရွှယ်ဟာ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကို သူ့လက်ထဲမှာ ကိုင်ထားပြီ ။ ဖန်ကျန်းရှီဘေးမှာ ရပ်နေခဲ့တဲ့သူဟာတော့ သက်တောင့် သက်သာ မဖြစ်တာကို မခံစားရပါဘူး။ အဲ့ဒီ့အစား ဖန်ကျန်းရှီ နဲ့ အတူ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီအချိန်မှာပဲ ဖန်ကျန်းရှီကလည်း မျက်နှာချင်းဆိုင် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဖန်ကျန်းရှီ နဲ့ ပခုံးချင်း ယှဉ်လျက် ရပ်နေခဲ့တဲ့ ပင်းယန်ဟာတော့ ဒီ အချိန်မှာ ခပ်ခွာခွာ နေရာကို ရောက်သွားခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ သူမမှာ တိုက်ခိုက်ဖို့ အင်အား မရှိတော့ တာကြောင့် ။ ပိုပြီးတော့ အရေးကြီးတာကတော့ သူမဟာ ချီလင်လှံကို ဖန်ကျန်းရှီဆီပေးထားပြီးသား ။ အဲ့ဒီ့နောက် သဘာဝလွန် အဆင့် ကျင့်ကြံသူ တစ်ယောက်ကို သူမက ဘယ်လို တိုက်ခိုက် နိုင်မှာလြ။
ဒါပေမယ့်လည်း ပင်းယန်ဟာ လုံးဝပြေးထွက်သွားတာ မဟုတ်ခဲ့ပါဘူး။
ဖန်ကျန်းရှီ ရဲ့ ဘေးနားမှာပဲ ရပ်ရင်း လက်သ်ီးကို ပြင်ကာ တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေခဲ့တယ်။
“ မင်း ဘေးမှာပဲ နားနေလို့ ရမလား။” ဖန်ကျန်းရှီရဲ့ စကားလုံးတွေက ပင်းယန် ရဲ့ တိုက်ခိုက်မယ့် ဆုံးဖြတ်ချက်ကို ထိခိုက်သွားစေခဲ့တယ်။
သူမရဲ့ နှုတ်ခမ်းသေးသေးလေးတွေ ဟစိဟစိ ဖြစ်နေခဲ့တာကတော့ အတော်လေးကို ဒေါသ ထွက်နေတဲ့ပုံပါပဲ။ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ပင်းယန် မင်းသမီး အနေနဲ့ သူမဟာ အရိုးထိတိုင်အောင် ပြင်းထန်တဲ့ စိတ်ဓာတ်ခွန်အား ရှိတယ်။
နောက်ပြီးတော့ မွေးတည်းက မောက်မာတဲ့ အရှိန်အဝါ ပါလာခဲ့တာ ။
ဒါဟာ ယန်မြို့တော်က လူတိုင်း သိတဲ့ အရာ။
ဖန်ကျန်းရှီ ဒါကို မသိဘူးလို့ သူတို့ မယုံနိုင်ကြဘူး။ ဒါပေမယ့်လည်း ဒီ တစ်လျှောက်လုံးမှာ ဖန်ကျန်းရှီက သူကိုယ်တိုင် မသိပဲနဲ့ ခံစားချက် အမျိုုးမျိုးဖြစ်အောင် လုပ်ခဲ့တယ်။
“ငါ က အရမ်းကို သန်မာတယ်။” ပင်းယန်က ပြောလိုက်တယ်။
“ သန်မာတယ်။ မင်း ငါ့ကိုတောင် နိုင်အောင် တိုက်နိုင်လို့လား။” ဖန်ကျန်းရှီက ပင်းယန်ကို စိတ်ပျက်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။
“ငါ နင့်ကို အနိုင်တိုက်နိုင်တယ်။” ပင်းယန်ရဲ့ မျက်လုံးတွေဟာတော့ တဖျတ်ဖျတ် တောက်ပနေပြီးတော့ စိတ်အားထက်သန်မှု အရိပ်ယောင်တွေကို ပြသနေခဲ့တယ်။
“ မင်း ဘေးဖယ်မနေရင် မင်းသေမှာ။” ဖန်ကျန်းရှီဟာ ပင်းယန်ကို လက်ခလယ် ထောင်ပြန်ရင်းအော်လိုက်တယ်။
ပင်းယန်ရဲ့ မျက်နှာဟာတော့ နီရဲနေခဲ့တယ်။ သူမဟာ ဖန်ကျန်းရှီကို မုန်းတီးစွာ စိုက်ကြည့်ပြီးနောက် အံကိုကြိတ်ရင်း နောက်ဆုတ်လိုက်တော့တယ်။
“ မထင်နဲ့ ၊”
“ မထင်ပါဘူး။” ဖန်ကျန်းရှီၤဟာ ပင်းယန်ကို ချက်ခြင်း ပြန်ဖြေလိုက်တယ်။
အဲ့ဒီ့နောက် ယဉ်ရှန်ကို ကြည့်လိုက်တယ်။ သူ အမြဲရှောင်မနေ နိုင်တဲ့ အရာတွေ ရှိနေတယ်။ ယဉ်ရှန်နဲ့ တိုက်ခိုက်ရမယ်ဆိုရင် အရင်ဆုံး စိတ်ဓာတ် စစ်ဆင်ရေး လုပ်ရမယ်။ ဒါပေမယ့်လည်း ကျင့်ကြံဆင့် ကွာခြားမှုက သူ့ကို သတ်ဖို့ ခဲယဉ်းစေတယ်။
သဘာဝလွန် အဆင့်
တကယ့်ကို ပြင်းထန်တဲ့ အင်အားစစ်ရှိတယ်။
ယဉ်ရှန်နဲ့ မျက်လုံးတွေဟာ ကျဉ်းမြောင်းသွားတော့တယ်။ ဖန်ကျန်းရှီက သူ့ကို မျက်နှာချင်းဆိုင် တိုက်ရိုက်တိုက်ခိုက်မယ်လို့ မမျှော်လင့်ခဲ့ဘူး ။ ဒါပေမယ့်လည်း သူ့ရဲ့ ညာဘက်မှာ ချီလင်လှံကို ကိုင်ပြီးတော့ မတ်မတ်ကြီးရပ်နေတဲ့ ဖန်ကျန်းရှီ ရှိနေတာကတော့ အမှန်တရား ။
“ ဒါဆို မင်းရဲ့ အင်အားစစ်ကို ပြ” ယဉ်ရှန်ရဲ့ ဓားဟာတော့ အလင်းရောင် တစ်ခုတောင် မရှိဘူး ။ အမှောင်ထဲမှာ ဓားအရိပ်တွေဟာ ကခုန်နေခဲ့တယ်။ ဒါပေမယ့်လည်း ရွှေရောင် အလင်းတန်းသေးသေးလေးဟာတော့ လှံထိပ်မှာ တောက်ပနေခဲ့တယ်။ ဒါဟာ ချီလင်ရဲ့ သွေးစစ်စစ် ။
ဒီ တိုက်ပွဲကို ထပ်ပြီးတော့ မရှောင်နိုင်တော့မှန်း သူကောင်းကောင်း သိတယ်။ ဒါပေမယ့်လည်း သူဟာ ရုတ်တရက် ပြဿ နာ တစ်ရပ်ကို သဘောပေါက်သွားခဲ့တယ်။
သူ လှံ နဲ့ မတိုက်ခိုက်တတ်ဘူး။
ငါ ဘာလုပ်ရမလဲ။
ပြဿနာပဲ။ ဖန်ကျန်းရှီက ဒါကို သိပ်ပြီးတော့ အချိန် ယူ စဉ်းစားမနေတော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ယဉ်ရှန်ရဲ့ ဓားဟာ ရွေ့လျားနေပြီ ။
နက်မှောင်လှတဲ့ အမှောင်ထုနဲက အတူ ယဉ်ရှန်ရဲ့ ဓားဟာ သူ့ဆီကို တိုက်ရိုက်ဝင်လာခဲ့တယ်။
ဒီအချိန်မှာပဲ ရန်ရွှယ်ဟာ ရွှေ့လျားတော့တယ်။ သူဟာ တောင်နဲ့ မြစ် မိုးမြေယပ်တောင်ကို သုံးပြီးတော့ ယဉ်ရှန် ရဲ့ လှုပ်ရှားမှု အတိုင်း အတိအကျ လှုပ်ရှားတော့တယ်။
“ မိုးနဲ့ မြေ ကပြောင်းကပြန် ဖြစ်စေ။”
ယန်မိသားစုရဲ့ ရတနာ ငါးပါးထဲက တစ်ခု ဖြစ်တဲ့ အတွက် တောင်နဲ့ မြစ် မိုးမြေ ယပ်တောင် ဟာ မမှုစရာ လက်နက် တစ်ခုမဟုတ်ပါဘူး။ ကြယ်တာရာစုဝေးမှု အဆင့် ရောက်နေသူတစ်ယောက် တောင် မှ တောင်နဲ့ မြစ် ပုံရိပ်လွှာကို ဖန်တီး နိုင်တယ်။ အခုတော့ ရန်ရွှယ်က ကောင်းကင်ရောင်ပြန် အဆင့်မှာ ရှိနေပြီ။
သူ့ရဲ့ ကိုယ်ပိုင် မုန်တိုင်းနဲ့ တောင်မြစ် မုန်တိုင်းဟာ တစ်ခုကို တစ်ခု မှီတည်နေတယ်။ အနည်းငယ်တောင် နေရာ လွတ် မရှိပဲနဲ့ လုံးဝကို ဆက်စပ်နေတာ ။ ကြီးမားတဲ့ တောင်ပုံရိပ်ဟာ ကောင်းကင်ကို ဦးတည်နေခဲ့တယ်။ နက်မှောင်လွန်းတဲ့ အမှောင်ထုကြီး တစ်ခုဟာ ကောင်းကင်ကို ဦးတည်နေတာ ။
ပြင်းထန်လှတဲ့ ဝမ်းနည်စရာ ဖိအားတွေဟာ ယဉ်ရှန်ကို ဖိချနေခဲ့တယ်။
ရန်ရွှယ်ရဲ့ ပုံရိပ်ဟာတော့ ဖြည်းဖြည်းချင်း အောက်ကျလာခဲ့တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ခြေရာဟာတော့ ရွံ့မြေထဲမှာ ခါတိုင်းထက်ပိုပြီးတော့ နက်ရှိုင်းနေတော့တယ်။
“ အရှေ့အရပ်မှ နေထွက်ခြင်း”
ဖန်ကျန်းရှီက ယဉ်ရှန်ကို ရန်ရွှယ် ထိပ်တိုက် ရင်ဆိုင်မှာ မလိုလားပါဘူး။
ရန်ရွှယ်ရဲ့ တောင်နဲ့ မြစ် ပုံရိပ် မုန်တိုင်း ပေါ်လာချိန်မှာ သူဟာ ရွေ့လျားတော့တယ်။ လှံ သိုင်းပညာကို တစ်ခုမှ မသိပေမယ့်လည်း ကိစ္စတော့ မရှိပါဘူး။
သူ့လက်ထဲမှာ လှံတစ်ချောင်း ရှိနေပြီပဲ။ လှံကို ဓားလို ဘာလို့ မသုံးနိုင်ရမှာလဲ။
ဥပမာအားဖြင့်….
“ တောင် ရေတံခွန် ရေတံခွန်”
ဒီအချိန်မှာတော့ ရန်ရွှယ်ဟာ အဇူရာ ဖြတ်တောက်မှုကို အသုံးချလိုက်တယ်။ ဖန်ကျန်းရှီဟာလည်း အပေါ်ကို ခုန်သွားတော့တယ်။ လှံထိပ်ကို ဓား ထိပ်လိုမျိုး အသုံးချပြီးတော့ ရဲရဲတောက် ချီလင်လှံကို အပေါ်အောက် ဝေ့ယမ်းနေခဲ့တယ်။
ဒီ တိုက်ခိုက်မှုက
ဖန်ကျန်းရှီမှာ ဒီအရာရဲ့ စွမ်းအား တွေ အတွက် အကြံ ဉာဏ်မရှိပါဘူး။
ဒါပေမယ့်လည်း သူ ကောင်းကောင်း သေချာတာကတော့ ဓားကို လွှဲခုတ်တာနဲ့ လှံ တစ်ချောင်းကို လွှဲခုတ်တာဟာ လုံးဝကို မတူညီတဲ့ စွမ်းအားတွေ ဆို တာပါပဲ။
ပိုပြီးတော့ အရေးကြီးတာကတော့ တောင် ရေတံခွန် ရေတံခွန် ဟာ တစ်ချက် တည်းနဲ့ အင်အားတွေ အကုန်လုံးကို စုစည်း တာ ဖြစ်စေတယ်။
ဒါက ထိုးဖောက်ဖို့ အတွက် နည်းလမ်း တစ်ခုပဲ။
“ ငါ မင်းကို သေခြင်း တရားဆီ ခေါ်ဆောင်ပေးမယ်။” ဖန်ကျန်းရှီက တော့ ဓားပညာကို လှံမှာ သုံးနိုင် မသုံးနိုင် မတွေးတော့ပါဘူး။ သူ ဟာ တန်ဖိုး တစ်ခုတည်းနဲ့ အသက်ရှင်နေတာ ။ လူသတ်နိုင်တဲ့လှံ သိုင်းပညာ တစ်ခုက ကောင်းတဲ့ နည်းပညာပဲ။
ယဉ်ရှန်ကတော့ သူ့ရဲ့ ကိုယ်ပေါ်မှာ ပြင်းထန်လာတဲ့ ဖိအားကို ခံစားနေရတယ်။
ရန်ရွှယ်ရဲ့ ဓားပေါ်က သတ်ဖြတ်လို စိတ်ကို မြင်ပေမယ့်လည်း သူ့ရဲ့ အမူအယာမှာတော့ ပြောင်းလဲ မှု သိပ်မရှိဘူး ။
ဒါပေမယ့်လည်း ဖန်ကျန်းရှီ ခုန်လွှားပြီး လှံကို နောက်တစ်ကြိမ် ဇောက်ထိုး စိုက်ချ ချိန်မှာတော့ ဒီလို ထူးဆန်းတဲ့ နည်းလမ်းကြောင့် အတော်လေး ထိတ်လန့်သွားခဲ့တယ်။
လှံတစ်ချောင်း ရဲ့ အရိုင်းစိတ်။
လက်နက်များရဲ့ အရှင် ။ တုတ်တချောင်း အဖြစ် တစ်လ တာ ။ ဓားတစ်ချောင်း အဖြစ် တစ်နှစ်တာ ။ ဘ၀ တစ်သက်တာအတွက် လှံတစ်ချောင်း ။
လက်နက်ပေါင်း ဆယ့်သုံးခုထဲမှာ လှံဟာ အသုံးပြုဖို့ အခက်ဆုံး။ ဒါပေမယ့်လည်း လှံပညာကို ဆရာဖြစ်တတ်ကျွမ်းတာနဲ့ တစ်ဘဝစာ အသုံးပြုရမှာ ။ လှံဟာ ရေကန်ထဲက နဂါး တစ်ကောင်နဲ့ တူညီတယ်။
ထုံးစံ အတိုင်း အခြေခံ တိုက်ခိုက်နည်း သုံးမျိုးသာ ရှိတယ်။ ဘယ် ။ ညာ ။ တည့်တည့် ။
ဒါပေမယ့်လည်း ယဉ်ရှန် ဘယ်လောက် ထိ ခေါင်းခြောက်အောင် စဉ်းစားပါစေ ။ လူတစ်ယောက်က မြင့်မြင့်ခုန်ရင်း လှံကို မြှောက်ပြီးတော့ မြေပြင်ပေါ်ကို ဇောက်ထိုး စိုက်ချတာမျိုး မတွေးခဲ့ဖူးဘူးပဲ ။
“ လှံကို ဘယ်လို သုံးရမလဲ သူမသိဘူးလား။” ယဉ်ရှန်ရဲ့ စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာတော့တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အတွေး ထဲမှာ နောက် အတွေးတစ်ခုဟာ ဝင်လာတော့တယ်။
“ဒီမှာ လှည့်ကွက်တွေ ပါနေတယ်။ ”
ဒီလိုမျိုး နှစ်ထပ်ကွမ်း ချန်ပီယံ နှစ်ခါတောင် ရထားတဲ့ ထူးချွန် ကျောင်းတော်သား က လှံကို ဘယ်လို သုံးရလဲ ဆိုတာ မသိဘူး။ ဒါက ဖြစ်နိုင်ချေ ရှိလို့လား။ အနည်းဆုံးတော့ အခြေခံ ကောင်းကောင်း ရှိလိမ့်မယ်။
ဒါပေမယ့်လည်း ဒီအချိန်မှာတော့ ဖန်ကျန်းရှီဟာ လှံကို တုတ်ချောင်း တစ်ချောင်းလိုမျိုး သရုပ်ပြနေတဲ့ ခပ်ကြောင်ကြောင်သူ ဖြစ်နေတယ်။
လှည့်စားဖို့ လုပ်နေတယ် ဆိုတာ သိသာထင်ရှားလှတယ်။
ယဉ်ရှန်ကတော့ ဒီလှည့်ကွက်ကို သတိမထားမိပါဘူး။ နောက်ပြီးတော့ ဂရုလည်း မစိုက်ဘူး ။ သူဟာ သူ့လက်ထဲက ဓားကို ဝေ့ယမ်းရင်း ဓားနှစ်လက် ဖြစ်အောင် ဖန်တီးလိုက်တယ်။ ဓား တစ်လက်ဟာတော့ အစစ်မှန် ဖြစ်ပြီးတော့ နောက်တစ်လက်ဟာတော့ ပုံရိပ်ယောင်မျှသာ ဖြစ်တယ။် ပုံရိပ်ယောင်ဟာ ဟန်ပြတိုက်ခိုက်ပြီးမှ ဓားအစစ်ဟာ တိုက်ခိုက်မှာ ။ ဒါက အတွေ့အကြုံ ပေါ်မူတည်တယ်။ ပုံရိပ်ယောင်ကိုတော့ ပြိုင်ဘက်ရဲ့ အင်အားကို စမ်းသပ်ဖို့ အသုံးချတယ်။
ဒါပေမယ့်လည်း ဓား တစ်ချောင်း ကို နှစ်ခု ခွဲလိုက်တာဟာ ယဉ်ရှန်ရဲ့ စွမ်းအားကို ဖော်ပြနေတယ်။
ဒါဟာ ဘေးပတ်ဝန်းကျင်က ကျောင်းတော်သားတွေကို တအံ့တသြ ဖြစ်စေခဲ့တယ်။
ဖန်ကျန်းရှီက လေထဲကို ခပ်မြင့်မြင် ခုန်လွှားပြီးတော့ ချီလင်လှံကို ဇောက်ထိုး စိုက်ချလိုက်တယ။် ကြည့်နေသူတွေ ရဲ့ စိတ်ထဲမှာတော့ အတော်လေးကို အေးခဲ သွားတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ သမိုင်း တစ်လျှောက်မှာ ချီလင်လှံကို ဒီလို အတင့်ရဲစွာ ပြုမူဝံ့တဲ့သူ တစ်ယောက်မှ မရှိတာ ကြောင့်ပဲ ဖြစ်တယ။်
ဖန်ကျန်းရှီက ချီလင်လှံကို လွှတ်ချလိုက်ချိန်မှာ ယဉ်ရှန်က အခွင့်ရေး ယူပြီး နိုင် အောင် မတိုက်ခိုက်တာဟာ သူတို့ကို ပိုပြီးတော့ အံ့အားသင့်စေတယ်။ အဲ့ဒီ့အစား ဓားတွေကို ပြန်လည် ပေါင်းစည်းပြီးတော့ နောက်ဆုတ်သွားခဲ့တယ်။
ယဉ်ရှန်မှာ တိုက်ခိုက်ရေး အတွေ့အကြုံ မလုံလောက်လို့လား။ ဖန်ကျန်းရှီ ရဲ့ တိုက်ခိုက်မှု အားနည်းချက်ကို မမြင်ဘူးလား။
ဒါက လုံးဝကို မဖြစ်နိုင်တာပဲ။
ဒါဆိုရင် ဖန်ကျန်းရှီ ရဲ့ လှံ နည်းပညာမှာ မမြင်ရတဲ့ လျှို့ဝှက်ချက် များ ပါနေတာလား။ သူတို့ နားမလည်နိုင်တဲ့ လျှို့ဝှက်ချက်မျိုး။ ဒါပေမယ့်လည်း လှံကို အုန်းပင်စိုက်သလို စိုက်ပြီးတော့ သုံးတဲ့ နည်းလမ်း ဘယ်မှာများ ရှိလို့လဲ။
အပိုင်း (၂၀၈) ပြီး၏။
အပိုင်း (၂၀၉)
“ နိုးထလာသော ဓားနှင့် ကွဲအက်သွားသော ကျောက်တုံးများ”
ဘယ်သူကမှ မခန့်မှန်းနိုင်ပါဘူး။
ဒါပေမယ့်လည်း အမှန်တရားကတော့ သူကိုယ်တိုင်ဖော်ပြနေပြီ ။
ဖန်ကျန်းရှီကတော့ သူ့ရဲ့ စွမ်းအားတွေ အကုန်လုံးကို ဒီ ထိုးနှက်မှုမှာ စုစည်းလိုက်တာ ။ ထပ်ပေါင်းပြောရမယ် ဆိုရင်တော့ တောင် ရေတံခွန် ရေတံခွန် ဟာ စွမ်းအင်တွေကို အဆုံးစွန်ထိ စုစည်းပြီးတော့ လံှထိပ်မှာ ပြန့်နှံစေရန် အသုံးချတာ ။ ချီလင် သတ္တဝါ သွေး တည်ရှိရာ လှံထိပ်မှာ အင်အားတွေကို ပို့လွှတ် စုစည်း လိုက်ခြင်း ။
ဒီ တိုက်ကွက်ကတော့ ရိုးရှင်းလွန်းလှတယ်။ ဒါပေမယ့်လည်း အင်အားစစ်ကတော့ အဆုံးမဲ့ ။
ယဉ်ရှန်ဟာတော့ ဒီ တိုက်ကွက်ကို အတုအယောင်သာ ထင်နေခဲ့တာ ။ နောက်ဖြစ်လာမယ့် ရလဒ်ကတော့ ကြိုတင်ခန့်မှန်း မိစရာပါပဲ။
ဥပမာအနေနဲ့ ပုံရိပ်ယောင်ဟာ အနက်ရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီးတော့ ချီလင်လှံကတော့ ပုံမှန် နေရာမှာ ရှိနေခဲ့တယ်။ ဒါပေမယ့်လည်း ရွှေရောင် အလင်းတန်းနဲ့ ထိုးနှက်မှုဟာတော့ ယဉ်ရှန် စီကို တိုက်ရိုက်ဝင်သွားခဲ့တယ်။
“ဘုန်းးးး”
လှံဟာ ဓားနဲ့ ဆက်သွယ် သွားတယ်။
ချီလင်လံှကို သုံးပြီးတော့ ဖန်တီးထားတဲ့ ကို့ယို့ကားယား တိုက်ကွက်ဟာတော့ ဒီ အချိန်မှာ တော့ တောက်ပစွာ အဆုံးသတ်သွားခဲ့တယ် ။ ဆက်သွယ်မှု ပြီးတဲ့ နောက်မှာတော့ ယဉ်ရှန်ဟာ အတော်လေး အခက်ကြုံသွားခဲ့တယ်။ သူဟာ ဒါကို အယောင်ပြ လှည့်စားမှု တစ်ခု လို့ ထင်နေခဲ့တာ ဖြစ်ပေမယ့်လည်း ဒါဟာ စစ်မှန်တဲ့ တိုက်ကွက် တစ်ခု ဖြစ်နေခဲ့တယ်။
အင်အားပြင်းထန်စွာ လေးလံ ထက်ရှ မှု တစ်ခုဟာ ချီလင်လံှထိပ်ကနေ ထွက်ပေါ်လာပြီးတော့ ယဉ်ရှန်ရဲ့ လက် ထဲက ဓားကို ထိုးဖောက်တော့တယ်။
လှံထိပ် ပမာဏရှိတဲ့ အပေါက် တစ်ခုဟာ မဟူရာ ဓားနက်ပေါ်မှာ ပေါ်လာခဲ့တယ်။
ဒါဟာ မပြီးဆုံးသေးဘူး ။ ဘာကြောင့်လဲ ဆိုတော့ ဒီအချိန်မှာ ရန်ရွှယ်ရဲ့ ဖြတ်တောက်မှု တိုက်ကွက်ဟာ ရောက်ရှိလာတာကြောင့်ပဲ ။ သွေးနံ့လွှမ်းသော သတ်ဖြတ်မှု အဇူရာ။ တာအိုဖြောင့်မတ်မှု ဖြစ်ပေမယ့်လည်း သတ်ဖြတ်ခြင်း အငွေ့အသက်တွေဟာ လေထုထဲမှာ သိသာ ထင်ရှားစွာ ပျံ့နှံ့နေခဲ့တယ်။
ယဉ်ရှန်ရဲ့ ဓားဟာ ချီလင်လှံရဲ့ ထိုးဖောက်မှုကို ခံလိုက်ရပြီ ဖြစ်တဲ့ အတွက် ရန်ရွှယ် အသုံးပြုတဲ့ ဖြတ်တောက်မှုကို တားဆီးရာမှာ အခက်ကြုံတော့တယ်။
ဆိုရိုးစကားတွေ ပြောတဲ့အတိုင်း လွှဲချော်မှုလေး တစ်ခုဟာ ဝမ်းနည်းစရာ အဖြစ်ကို ချန်ထားခဲ့တယ်။ တိုက်ပွဲ မှာတော့ အမှားအယွင်းအလေး တစ်ခုဟာ ရှုံးနိမ့် စေဖို့ သော့ချက် အကြောင်း တစ်ခု ။ ဒါဟာ နောက်ကွယ်က အဓိပ္မာယ်ပဲ ။
ဒါပေမယ့်လည်း ယဉ်ရှန်ဟာတော့ ယဉ်ရှန်ဖြစ်နေဆဲပါ။
နတ်ဆိုး မျိုးနွယ် ဆယ်ခုရဲ့ ဒုတိယ ခေါင်းဆောင် ဖြစ်နေဆဲ ။ သူ့ရဲ့ တိုက်ခိုက်ရေးအတွေ့အကြုံနဲ့ ဆုံးဖြတ်ချက်တွေဟာ သာမာန်လူ မယှဉ်သာ နိုင်တဲ့ အဓိက အချက်တွေ ။
တစ်ကွက် ရှုံးပြီးတဲ့နောက် သူသာ ထိုးစစ်ကနေ ဆုတ်ခွာမှုကို ပြောင်းလဲ လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့လက်ထဲက ဓားဟာတော့ အပေါ်ကို မြောက် တက်သွားခဲ့တယ်။ ဒါဟာ ဓားပညာကို အထူးတတ်မြောက် ကျွမ်းကျင်သူမှ သာ ပြုလုပ်နိုင်မယ့် အခက်ခဲ ဆုံး သော ရေပြင်ခွဲဓား ။
“ ဘုန်းးး။”
ဒုတိယ အကြိမ် ဓား ချက်ဟာ ထွက်ပေါ်လာပြန်တယ်။
ဒီ အချိန်မှာတော့ ယဉ်ရှန် ပျောက်ကွယ်သွားပြီ ။
သူ့ရဲ့ ကိုယ်ဟာတော့ အရိပ်တွေ ထဲမှာ ရှုပ်ထွေးနေတာပဲ ။
ဓားကသာ အရိပ်မဲ့ နိုင်တာ မဟုတ်ဘူး ။ ယဉ်ရှန် ကိုယ်တိုင်ဟာလည်း အရိပ်မဲ့နေပြီ ။
ဒါပေမယ့်လည်း အရိပ်မုန်တိုင်းထဲမှာ နစ်မြုပ်သွားတာဟာ ဓားခုတ်ချက် ဒဏ်ရာကြောင့် ရွေးချယ်စရာ မရှိပဲ ပုန်းကွယ်ရတာကို ဖော်ပြနေတယ်။
ဒီ ရလဒ်ဟာတော့ ကြည့်နေကြတဲ့ စာဖြေသူတွေကို တအံ့တသြ ဖြစ်စေခဲ့တယ်။
ဒီလို ထူးဆန်းတဲ့ နည်းလမ်းမျိုးက ယဉ်ရှန်ကို ဘယ်လိုများ ဒဏ်ရာရစေလဲ မသိနိုင်ခဲ့ဘူး ။
ဒါကြောင့် ဖန်ကျန်းရှီ အရင်က ပြောမိတာကို သူတို့ ပြန်ကြားယောင် လာတယ်။
“ပြဿနာ တစ်ခုကို ကြုံလာချိန်မှာ မင်း ထိပ်တိုက် ရင်ဆိုင်ရမယ်။”
ဒီအချိန်မှာတုန်းက လူတိုင်းဟာ ဖန်ကျန်းရှီ ပြောစကားကို တောင်စဉ်ရေမရ ပြောနေတဲ့ လူလို့ပဲ ထင်ခဲ့တာ ။ ဒါက ရှေ့မတိုးသာ နောက် မဆုတ်သာ အခြေအနေ ကို ပိုပြီးတော့ စိတ်ချရအောင် ပြောတာလို့ပဲ ထင်ခဲ့ကြတာ ။
ဒါပေမယ့်လည်း ဖန်ကျန်းရှီက တကယ်တမ်း ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ချိန်မှာတော့ ယဉ်ရှန်ဟာ ရှုံးနိမ့်သွားခဲ့တယ်။
အရမ်းကို ထူးဆန်းတဲ့ ရှုံးနိမ်မှုပဲ ။
ဖန်ကျန်းရှီက တကယ်တမ်း ကို ထိပ်တိုက် တိုက်ခိုက်တာမှာ အခွင့်ကောင်းရခဲ့တယ်။
စာဖြေသူတွေကတော့ ဒီ နောက်ကွယ်က အဓိပ္မာယ်ကို နားမလည် ခဲ့ဘူး ။ ယဉ်ရှန် ကိုယ်တိုင်လည်းပဲ ဒီ တိုက်ခိုက်မှုကို အတုအယောင် အဖြစ်သာ ထင်နေခဲ့တာ ။
ဒီကောင် လှံကို သုံးပြီးတော့ ဘယ်လို တိုက်ခိုက်ရမလဲ မသိဘူး လို့တော့ မပြောနဲ့ ။
မဖြစ်နိုင်တာတွေပဲ။
ယဉ်ရှန်က ဒါကို လက်မခံ ချင်ပါဘူး။ သူ့ရဲ့ အတွေ့အကြုံ ကိုယ်ပိုင် ယုံကြည်မှုနဲ့ ကိုယ်ပိုင် လေးစားမှုတွေ အရ ဖန်ကျန်းရှီ နဲ့ ပတ်သက်တဲ့သူ့ရဲ့ အာရုံဟာ မမှန်ကန်ဘူး ဆိုတာ မယုံကြည် နိုင်ပါဘူး။ အနည်းဆုံးတော့ သူ့ရဲ့ နှစ်ပေါင်းများစွာ တိုက်ပွဲ အတွေ့အကြုံ အရ လူတစ်ယောက်ရဲ့ အမှာ်းကို မတွေ့နိုင်ဘူး ဆိုတာ မဖြစ်နိုင်ဘူး။
ဒါပေမယ့်လည်း သူ့ရဲ့ ဓားဟာတော့ ပျက်စီးသွားခဲ့ပြီ ။ ဓားဟာ မကျိုးသွားသည့်တိုင်တောင် သူ့ရဲ့ အနိုင်ရနေတဲ့ အခြေအနေ ဟာတော့ အခုချိန်မှာ ရုတ်တရက် ကျရှုံးမှု ဆီကို ပြောင်းလဲသွားခဲ့ပြီ ။
နောက်ထပ် တိုက်ခိုက်မှုလား။
အရူးတွေပဲ ဒီလို လုပ်မှာ ။
နောက်ပြီးတော့ ကျောက်တုံးပေါ်မှာ နန်ကုန်းမုရဲ့ ဓားဟာ နောက်တစ်ကြိမ် ကျရောက်လာပြီ ။
တတိယ သံကြိုးဟာတော့ ကျောက်စိမ်း နီလာ ဓား မောင်နှံ ရဲ့ ထိုးခတ်မှုကို ခံနေရပြီ ။
“ ဂျိန်းးး”
ဓားရဲ့ ငိုကြွေးသံဟာတော့ နဂါး တစ်ကောင် သဖွယ်ထွက်ပေါ်လာတော့တယ်။ ရွှေရောင် အလင်းတန်းတွေဟာ ကျောက်တုံးပေါ်မှာပျံ့လာပြီးတော့ ကြီးမားတဲ့ ပေါက်ကွဲ မှုကြီး ဖြစ်လာတော့တယ်။ ဓားဟာ ကျောက်တုံးထဲကနေ ကိုယ်တိုင် ပျံထွက်ချင်သလို မျို း ဖြစ်နေတော့တယ်။
ဘေးပတ်ဝန်းကျင်က ကျောင်းတော် သားတွေဟာတော့ ဒီမြင်ကွင်းကို စိတ်အား ထက်သန်ဟွာ ကြည့်ရှု နေကြတယ်။
သူတို့ တစ်ဦး ချင်းစီရဲ့မျက်နှာမှာတော့ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်လာခဲ့တယ်။ အမှောင်ထုထဲကနေ မျှော်လင့်ချက် ရောင်ခြည်ကို တွေ့လိုက်ရသည့် အလားပါပဲ။
ရန်ရွှယ်ဟာတော့ တောင်နဲ့ မြစ် မိုးမြေယပ်တောင်ကို ကိုင်ရင်းနဲ့ သူ့ရဲ့ အမူအယာဟာတော့ အေးဆေး တည်ငြိမ်နေခဲ့တယ်။ သူဟာ ကျောက်တုံးအောက်မှာ ရပ်ရင်း သေချာ စောင့်ကြပ်နေတာ ။
တခြား တစ်ဖက်က ဖန်ကျန်းရှီဟာတော့ အံ့အားသင့်နေခဲ့တယ်။
ဘာကြောင့် ယဉ်ရှန်က ဒီလောက်တောင် အားနည်းနေတာလဲ။ သဘာဝလွန် အဆင့်က ဘာဖြစ်သွားပြီလဲ။
ယဉ်ရှန် နဲ့ ထိပ်တိုက် ရင် ဆိုင်တာ မလုပ်ခင် တုန်းက သူဟာ ဒဏ်ရာ ရဖို့ အတွက် ပြင်ဆင်ထားပြီးသား ။ ဒါပေမယ့်လည်း တစ်ချက်လောက် တိုက်ခိုက်ရုံနဲ့ ယဉ်ရှန်က ဘယ်လိုတောင် အားနည်သွားရတာလဲ။
ဒါမှ မဟုတ် ငါပဲ အရမ်း ထူးချွန်နေလို့များလား။ လွန်ခဲ့တဲ့ မိနစ် အနည်းငယ်တုန်းက သူဖန်တီးလိုက်တဲ့ လှံပညာက ချီလင်လှံရဲ့ အင်အားကို ဒီလောက်တောင် တိုးသွားစေနိုင်တာလား။ ချီလင်လှံရဲ့ မူလစွမ်းအား ထက် အဆ သုံးရာတောင် တိုးသွားခဲ့တယ်။
ဖန်ကျန်းရှီကတော့ လုံးဝကို စိတ်ရှုပ်ထွေးနေခဲ့တယ်။ ဒါပေမယ့်လည်း ဒီ တစ်လျှောက်လုံးမှာ သူက အမြဲ တမ်း အောင်မြင်သူတော့ ဖြစ်နိုင်တာ မဟုတ်ဘူးလေ။
တစ်ခါတည်းပဲ အနိုင်ရပြီးတဲ့ နောက် ကျောက်တုံးအောက်မှာ စောင့်နေတာက ပိုပြီးတော့ ကောင်းလိမ့်မယ်။
နန်ကုန်းမုသာ သံကြိုးလေးခုလုံးကို ချိုးနိုင်ပြီ ဆိုရင် သုခမိန်လောကလည်း တော်ဝင်ကျောင်းတာ်ရဲ့ ထိန်းချုပ်မှု အောက်ကို ပြန်ရောက်သွားမယ်။ တော်ဝင်ကျောင်းတော်က စာစစ်သူတွေသာ ရောက်လာခဲ့ရင်သူတို့ အတွက် ပြဿနာ မရှိနိုင်တော့ဘူး ။
လုံခြုံသွားမှာလား။
ဒါက ယာယီပဲ ဖြစ်နိုင်မလား။
ဖန်ကျန်းရှီ တစ်ချိန်လုံးမှာ စောင့်ဆိုင်း သည်းခံခဲ့တယ်။ ကျင့်ကြံဆင့် မြင့်မားတဲ့သူတွေကို ဒီလိုမျိုးတိုက်ခိုက်တာဟာ သေဖို့ အတွက် ပိုပြီးတော့ နီးစပ်တယ် ဆိုတာ သူ ကောင်းကောင်း သိတယ်။
သိပ်မကြာခင် အချိန်မှာတုန်းက သူဟာ ကောင်းကင်ရောင်ပြန် အဆင့်မှာ ရောက်နေတာ ။ သဘာဝလွန် အဆင့်နဲ့ ရင်ဆိုင်ပြီးချိန်မှာတော့ သေခြင်း နဲ့ ရှင်သန်ခြင်း ကြားက အခြေအနေနဲ့ ပတ်သက်ပြီးတော့ အသိပညာ တစ်ခုမှ မရလိုက်ဘူး ။ တိုက်ခိုက်တာက ဒီလိုမျိုးပဲ ပြီးသွားတာလား။
လုံးဝကို ကိုယ့်ကိုယ်ကို သတ်သေ နေသလိုပဲ။
အရိပ်မုန်တိုင်းထဲမှာ ယဉ်ရှန်ရဲ့ ပုံရိပ်ဟာ ကခုန်နေခဲ့တယ်။ ဒါပေမယ့်လည်း သူ ဘယ်လိုပဲ လှုပ်ရှားနေပါစေ ဖန်ကျန်းရှီ နဲ့ ရန်ရွှယ် က တော့ ကျောက်တုံးအောက်မှာပဲ ရှိနေတာ ။
သူတို့ဟာ စိတ်လောတာမျိုးလည် းမရှိသလို စိုးရိမ်တာမျိုးလည်း မရှိဘူ ။
ဒီ လိုမျိုုး ကြာရှည်လာတော့ ယဉ်ရှန်ဟာ စိုးရိမ်လာတော့တယ်။
ဖန်ကျန်းရှီ နဲ့ ရန်ရွှယ်တို့က ကောင်းကောင်း စောင့်နိုင်တယ်။ ဒါပေမယ့်လည်း သူကတော့ မစောင့် နိုင်ဘူး။
နန်ကုန်းမု ဓားကို ဆွဲထုတ်မှာကို သူ တားမှ ရမယ်။ ဒါပေမယ့်လည်း အခု အခြေအနေမျိုးမှာတော့ သူကသာ ကျောက်တုံး ပေါ်ကို မတက်နိုင်တာ နန်ကုန်းမုကတော့ စတုတ္ထမြောက် သံကြိုးကို ဖြတ်ဖို့ အတွက် မခက်ခဲတဲ့ပုံပါပဲ။
ဒါကြောင့် သူ့ရဲ့ နည်းဗျူဟာကို ပြောင်းလဲရမှာ ။
ယဉ်ရှန်ရဲ့ မျက်လုံးတွေဟာတော့ ကျဉ်းမြောင်းသွားခဲ့တယ်။ သူ့ရဲ့ မျက်လုံးတွေဟာတော့ ပင်းယန်ကို ဦးတည်နေခဲ့တယ်။
ပင်းယန်ဟာ ဘေးမှာ ရပ်နေတာ ဖြစ်ပြီးတော့ အတော်လေးကို ပြင်းရိနေတဲ့ အသွင် ပေါက်နေခဲ့တယ်။ သူမရဲ့ မျက်လုံးတွေကတော့ ဖန်ကျန်းရှီ နဲ့ ရန်ရွှယ်ကိုသာ ကြည့်နေခဲ့တယ်။ နောက်ပြီးတော့ တစ်ခုခုကို ပြောချင်နေဟန်ပါပဲ။
ယဉ်ရှန်ရဲ့ မျက်လုံးတွေဟာ ပြူးကျယ်သွားတော့တယ်။
ဒါပေမယ့်လည်း သူတို့ဟာလျင်မြန်စွာပဲ မည်းမှောင်သွားခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ပင်းယန်ရဲ့ ကိုယ်ပေါ်က မီးလျှံပန်းနီ သံချပ်ကာကို သတိပြုမိသွားတာကြောင့်ပဲ ။
မြေပြင်ပေါ်မှာ ရပ်နေကြတဲ့ ကျောင်းတော်သားတွေဟာတော့ ကောင်းကင်ရောင်ပြန် ထိပ်သီး အဆင့်မှာ ရှိနေတဲ့ နန်ကုန်းမုကို သော်လည်းကောင်း အရှက်မရှိတဲ့ ဖန်ကျန်းရှီကိုသော်လည်းကောင်း ။ ရန်မိသားစုရဲ့ ရတနာ ရှိတဲ့ ရန်ရွှယ်ကိုသော်လည်းကောင်း ယှဉ်ပြိုင်နိုင်ချင်း မရှိဘူး ။
ဒါပေမယ့်လည်း တိုက်ခိုက်ရေး စာမေးပွဲ ရဲ့ တတိယ အချီကို ရောက်လာသူတွေဆိုတော့လည်း သူတို့ တွေက လူသား မျိုးနွယ်ထဲက အသုံးမကျသူတွေတော့ မဟုတ်ပါဘူး။
ပိုပြီးတော့ အရေးကြီးတာကတော့ သူတို့တွေ အားလုံးဟာ ဒဏ်ရာ အပြင်းအထန် ရနေတာပဲ ။ သူတို့ရဲ့ အသက်ကို အလွယ်တကူ နုတ်ယူနိုင်တယ်။ ဒီလို နည်းနဲ့ အရှုံး ပေးအောင် လုပ်ဖို့ဟာ ခက်ခဲတဲ့ အရာ မဟုတ်ပါဘူး။
ဒါကိုတွေးမိပြီးတဲ့ နောက်မှာတော့ ယဉ်ရှန်ရဲ့ နှုတ်ခမ်းတွေဟာ တွန့်ကွေးရင်းနဲ့ အပြုံးတစ်ခု ဖြစ်ပေါ်လာတော့တယ်။
သူ့ရဲ့ အရိပ်မုန်တိုင်းဟာ တဖြည်းဖြည်းချင်း ကျယ်ပြန်လာခဲ့တယ်။ သူ့ရဲ့ ကိုယ်ဟာတော့ မုန်တိုင်းနဲ့ ဖြည်းဖြည်း ချင်း ကွဲသွားတော့တယ်။ ဒါဟာ လုံးဝကို သဘာဝကျတယ်။ သိပ်သည်းတဲ့ မုန်တိုင်းဟာ အင်အားကို စုစည်းထားတာ ။ သူ့ရဲ့ အင်အားဟာတော့ မှင်လို နက်မှောင်နေခဲ့တယ်။ သူဟာ ကျယ်ပြန့်လာသလို အရိပ်မဲ့ခြင်းကိုတော့ ဆက်လက် မထိန်းသိမ်းနိုင်တော့ပါဘူး။
လူတိုင်းဟာတော့ ယဉ်ရှန်ကို စိုက်ကြည့်နေကြပြန်တယ်။
နတ်ဆိုးမျိုးနွယ် ဆယ်ခုရဲ့ ခေါင်းဆောင်ကတော့ သူ့ရဲ့ နောက်ဆုံးအင်အားကို အသုံးချနေပြီ ြဖ်စ်တယ်။ ဖန်ကျန်းရှီကတော့ အရင်တစ်ခါလို ကံကောင်းမယ့်ပုံမရှိတော့ပါဘူး။
ဖန်ကျန်းရှီ သေဆုံးနိုင်လား။
ဒီအတွေးဟာ သူတို့ရဲ့ စိတ်ထဲမှာ ပေါ်လာခဲ့တယ်။
အဆုံးသတ်မှာတော့ သူတို့ အားလုံးဟာ နိဂုံး တစ်ခုကို တွေးလိုက်မိကြတယ်။
အကယ်၍ ဖန်ကျန်းရှီ ရဲ့ သေခြင်းက သုခမိန်လောကို သာ ပြန်ဖွင့်နိုင်ပြီး သူတို့ကို ကယ်နိုင်မယ် ဆိုရင် သေရတာ တန်ပါတယ်။
ဒီကောင်က သာမာန် တောသား တစ်ယောက်ပဲလေ။
ဒီလို သေတာက ကြီးမြတ်တဲ့ ဂုဏ်ရည်ပဲ မလား။ သူ့ရဲ့ နာမည်က တော်ဝင်ကျောင်းတော်ရဲ့ စာအုပ်ထဲမှာ ထာဝရ ရေးထွင်းခြင်း ခံရလိမ့်မယ်။ နောက်ပြီးတော့ နောင်လာနောင်သားတွေ အမြဲ သတိရနေကြမယ်။
ဒါက ဘယ်လောက်တောင် ကြီးမြတ်လိုက်သလဲ။
သူတို့တွေထဲမှာ ကြီးမြတ်တဲ့ မိသားစုက ဆင်းသက်လာသူတွေ အများအပြားရှိတယ်။ ရွှေဇွန်းကိုက် ပြီးတော့ ငွေလင်ဗန်းနဲ့ အချင်းဆေးလာတဲ့သူ တွေ ကို ကယ်တင်ဖို့ ရွာသားလေး တစ်ယောက်က အသက်ပေးလိုက်ရတယ်။ ဘယ်လောက်တောင် ကြီးမြတ်လိုက်သလဲ။
သူတို့ဟာ ဒီလိုတွေးရင်း သူတို့ရဲ့ မျက်နှာတွေကတော့ အေးချမ်းနေခဲ့တယ်။ ဒါမှမဟုတ်။ ငြိမ်းချမ်းနေတဲ့ လို့ ပြောရမလား။
ဒါပေမယ့်လည်း ..
သူတို့ရဲ့ စိတ်အေးချမ်းမှုကတော့ ကြာရှည်မခံပါဘူး ။ သူတို့ရဲ့ လည်ပင်းနားမှာ အေးစက်ပြီး အင်အားပြင်းထန်တဲ့ အရာ တစ်ခုဟာ ထောက်ထားပြီး ဖြစ်တဲ့ အတွက် ကြောင့်ပါပဲ။
စာဖြေသူတွေဟာ သူတို့ရဲ့ ခေါင်းကို ငုံ့ကြည့်လိုက်ချိန်မှာတော့ သူတို့ရဲ့ မျက်နှာက အေးချမ်းမှုတွေဟာ ပျောက်ကွယ်သွားခဲ့တယ်။ အဲ့ဒီ့အစား ထိတ်လန့်မှုတွေ သာ ကြီးစိုးလာတော့တယ်။
ဓားးး။
ဓားတွေဟာ ဒါဇင်ချီပြီးတော့ လေထဲမှာ လွင့်မျောနေကြတယ်။
ဒါဟာ ကြောက်မက်ဖွယ် ကောင်းလှယတ။် ပိုပြီးတော့ ကြောက်စရာ ကောင်းတာကတော့ ဓားတွေဟာ သူတို့ရဲ့ လည်ပင်းနားမှာ လွင့်မျောနေတာ ။ အနည်းငယ်သော လှုပ်ရှားမှု ဟာ သေပန်းပွင့်စေဖို့ လုံလောက်တယ်။
ဒီ ဓားတွေဟာ မြေပြင်ပေါ်က ဖြစ်ပေမယ့်လည်း အရိပ်နက်တွေရဲ့ ထိန်းချုပ်မှု အောက်မှာရှိနေတာကြောင့် မြေပြင်ပေါ်ကနေ နိုးထ လာတာ ပဲ ။
လမ်းတစ်လျှောက်မှာတော့ ဓား တစ်ချောင်းစီဟာ အရိပ်နက်တွေရဲ့ ထိန်းချုပ်မှုကို ခံနေရတယ်။
ဒါတွေဟာ လက်တွေ အလားပါပဲ။
“အ” သွေး တွေနဲ့ အတူ အော်ဟစ်သံဟာ ထွက်ပေါ်လာခဲ့တယ်။ စာဖြေသူ တစ်ယောက်ဟာတော့ သူ့လည်ပင်းကို လက်နဲ့ အုပ်ကိုင်ရင်းနဲ့ ပြူးကျယ်နေတဲ့ မျက်လုံးကြီး နဲ့ အတူ လဲကျသွားခဲ့တယ်။ သူ့ရဲ့ ပါးစပ်ဟာတော့ ပွင့်ဟ နေခဲ့တယ်။ သူဟာ အသက် ရှူချင်ပေမယ့်လည်း ဒီ အရာဟာတော့ မဖြစ်နိုင်တော့ပါဘူး။
“ ပလွတ်”
စာဖြေသူဟာ မြေပြင်ပေါ်ကို လဲကျသွားခဲ့တယ်။ ရဲရဲနီတဲ့ သွေးတွေဟာ သူ့လည်ပင်းကနေ စီးကျလာပြီးတော့ မြေပြင်ပေါ်ကို ပြန့်သွားခဲ့တယ်။
အလွန့်ကို အင်အားမဲ့စွာ အကူအညီမဲ့စွာနဲ့ပဲ ။
တခြားသော ကျောင်းတော် သား တွေဟာ ဒီမြင်ကွင်းကို မြင်ချိန်မှာတော့ သူတို့ရဲ့ မျက်လုံးတွေဟာ ဆက်လက် လျစ်လျူရှုခြင်းငှာ မစွမ်းသာ တော့ပါဘူး။
“ အားးး”
“ ငါ့ကို မသတ်ပါနဲ့ ။”
“ ကျွန်တော့်မှာ ရှေ့ဆက်စရာ တောက်ပတဲ့ အနာဂတ်ကြီး ရှိနေသေးတယ်။ အကြီးအကဲ ယဉ်ရှန် ကျွန်တော့်ကို မသတ်ပါနဲ့ ။”
နတ်ဆိုးမျိုးနွယ်ကို တောင်းပန် ရတာကတော့ လူသားတွေ အတွက် ဂုဏ်ယူစရာ တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီ စာဖြေသူတွေထဲမှာ စစ်မြေပြင်ကို တစ်ခါမှ မဝင်ဖူးတဲ့သူတွေ အများအပြားရှိနေသေးတာပဲ ။
သူတို့ဟာ တော်ဝင် စာမေးပွဲကိုလည်း မအောင်မြင်သေးသလို တိုင်းပြည် အတွက်လည်း တာဝန် မထမ်းဆောင် ရသေးဘူး ။
ဒါကြောင့် သေခြင်း တရားနဲ့ တကယ်တမ်း ရင်ဆိုင်ရမှာက သူတို့အတွက်တော့ ထိတ်လန့်စရာ ကောင်းလွန်းလှတယ်။
“ မင်းတို့ဘာလို့ ဒီလောက်တောင် ဆူညံနေကြတာလဲ။ ယဉ်ရှန် ရဲ့ အပြုအမူ တွေက ငါတို့ရဲ့ အသက်ကို ချိန်းခြောက်နေတာ ဖြစ်ပေမယ့်လည်း မင်းက သူတို့ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ချင်တာလား။ ” ထိတ်လန့်ဖွယ် အော်ဟစ်သံဟာ လူအုပ်ထဲကနေ ထွက်ပေါ်လာတော့တယ်။
ဒါဟာ ရှင်ချင်းစွေ့ပဲ ။
ရှင်ချင်းစွေ့ဆိုလို ချင်တဲ့ ”သူတို့ ” ဆိုတာ ဖန်ကျန်းရှီ ။ ရန်ရွှယ် နဲ့ နန်ကုန်းမု တို့ပဲ ။
သူ့ရဲ့ လည်ပင်းမှာတော့ ထောက်နေတဲ့ ဓားတစ်ချောင်း ရှိခဲ့တယ်။ သူဟာ ဒါကို ခုခံ ဖို့ အတွက် အင်အားမဲ့နေခဲ့တယ်။
ဒါပေမယ့်လည်း သူဟာ စိတ်ပျက်အား လျော့ခြင်း အလျဉ်းမရှိသလို ငိုကြွေးသံ တစ်သံမှလည်း မထွက်ခဲ့ပါဘူး။ သူ့ဘေးနားကနေ ကြောက်လန့်တကြား အော်ဟစ်သံ ထွက်လာချိန်မှသာ စကားပြောတာ ။
စာဖြေသူတွေရဲ့ အကြည့်တွေဟာတော့ ရှင်ချင်းစွေ့ဆီကို ရောက်လာခဲ့တယ်။
သူတို့အားလုံးဟာ တစ်ခုခုကို ပြောချင်နေကြတယ်။ ဒါပေမယ့်လည်း ရှင်ချင်းစွေ့ရဲ့လည်ပင်းက ဓားကို မြင်ချိန်မှာတော့ သူတို့ ရဲ့ စကားတွေကို ပြန်လည် မျိုချလိုက်တော့တယ်။
စစ်နတ်ကျောင်းတော် က မျိုးနွယ် တစ်ဦး အနေနဲ့ ငယ်ရွယ်စဉ်ထဲက တိုက်ပွဲတွေနဲ့ ကြုံတွေ့ခဲ့ရသူ ။ သွေးချောင်းစီး တိုက်ပွဲ များစွာကိုလည်း ကြုံတွေ့ခဲ့ရတယ်။ ရန်သူ နယ်မြေကို ချိုးဖောက် ချိန် တုန်းက သူတို့ဟာ သေခြင်း နဲ့ ရှင်ခြင်းကြားမှာ ရှေ့နောက် မတိုးမဆုတ်သာတဲ့ အချိန်တွေကို ရင်ဆိုင်ရတိုင်းမှာ ဒီလို သတ္တိ နည်းသူ တစ်ယောက်မှ မရှိခဲ့ဘူး ။
ဒါဟာ စစ်နတ်ကျောင်းတော် ။ ကျောင်းတော်ပေါင်း ဆယ့်သုံးခုကို ဦးဆောင်တဲ့ စစ်နတ်ကျောင်းတော် ။
“ကောင်းပြီလေ။ ပြောရရင်တော့ ။ ဒီနေ့မှာ သခင်လေး ရှင်းနဲ့ အတူ သေခြင်း တရားကို ရင်ဆိုင်မယ်။ ” နောက် အသံတစ်ခုဟာတော့ ဒီ အချိန်မှာ ထွက်ပေါ်လာတော့တယ်။
“ ငါလည်း သေဖို့ ဆန္ဒရှိတယ်။” တတိယ အသံဟာ ထွက်ပေါ်လာခဲ့တယ်။
ကံမကောင်းစွာနဲ့ပဲ။ စတုတ္ထမြောက်သူကတော့ မရှိတော့ ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ လူတိုင်းဟာ ရှင်ချင်းစွေ့ လုပ်သလိုမျိုး သေခြင်း နဲ့ ရှင်ခြင်း တရားကို မဖြတ်သန်း နိုင်တာကြောင့်ပဲ ။ ဒီလို လေးနက်တဲ့ အချိန်မှာပဲ လူတွေရဲ့ ကွာခြာ်းချက်ဟာ ထွက်ပေါ် လာနိုင်တာ ။ လူတိုင်းဟာတော့ မတူညီ နိုင်ပါဘူး။
“ ငါ မသေချင် ဘူး။”
“ ငါလည်း မသေချင်သေးဘူး။”
“ အာ။”
တတိယ မြောက် အသံဟာ ထွက်ပေါ် လာတော့ တယ်။ “ ငါမသေချင် ဘူးလို့ ” အော်လိုက်တဲ့ အသံနဲ့ တစ်ချိန်တည်းမှာပဲ ထွက်ပေါ်လာတာ ။ ဒါဟာ သူ့ရဲ့ မျက်လုံးတွေကို မယုံကြည် နိုင်မှုတွေနဲ့ ပြည့်နှက်နေ ခဲ့တယ်။
သူဟာ ရှင်းလင်းစွာပဲ ခွင့်လွှတ်မှုကို တောင်းခံသူ ။ ရှင်ချင်းစွေ့နဲ့ တခြားသူတွေ သေဖို့ တောင်းဆိုနေချိန်မှာ။
ဒါပေမယ့်လည်း ဘာလို့ သူက ဒုတိယမြောက် သေတဲ့သူ ဖြစ်လာရတာလဲ၊
သူဟာ နားမလည် ပါဘူး။ နားလည်ဖို့လည်း အချိန် မရှိတော့ပါဘူး ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ ကိုယ်ခန္ဒာဟာ အင်အားမဲ့လာပြီ ဖြစ်တာကြောင့်ပါပဲ။
ဒီ ရုတ်တရက် အလှည့်အပြောင်း ဟာတော့ တောင်းပန်ဖို့ ပြင်ဆင်နေသူတွေကို ပါးစပ်ပိတ်သွားစေတယ်။
သူတိုက တစ်ဦးချင်းစီ ဟာ ယဉ်ရှန်ကို ငေးစိုက်ကြည့်နေခဲ့ကြတယ်။
“ ကလန်”
ဒီ ရှင်းလင်းတဲ့ အသံဟာ တိတ်ဆိတ်နေတဲ့ နေရာကြီး တစ်ခုလုံးကို ဟိန်းထွက်သွားစေတယ်။ နန်ကုန်းမုဟာ စတုတ္ထမြောက် သံကြိုးကို ခုတ်ချလိုက်ပြီပဲ ။ ဒီ အချိန်မှာတော့ သူဟာ အင်အား အတော်များများကို သုံးထားရပြီ ဖြစ်တဲ့ အတွက် ရင်ဘတ်ကနေသွေးတွေ တလဟော စီး ကျနေခဲ့တယ်။
ဒါပေမယ့်လည်း သံကြိုးဟာတော့ တစ်ချက်တည်းနဲ့ ပြတ်သွားခဲ့တယ်။
“ ဘုန်း ဘုန်းဘုန်း ။”
ကြီးမား ပြင်းထန်လှတဲ့ အင်အား တစ်ခုဟာ ကျောက်တုံးကြီးရဲ့ အက်ကွဲရာကနေ ပေါ်ထွက်လာပြီးတော့ ကျောက်တုံး တစ်ခုလုံးကို ဧရာမ ပင့်ကူ အိမ်ကြီး သဖွယ် ကာကွယ်ထားတော့တယ်။
နန်ကုန်းမုဟာတော့ သူ့ခြေထောက် အောက်က ကျောက်တုံးကို တည်ငြိမ်တဲ့ အမူအယာ နဲ့ ကြည့်နေခဲ့တယ်။
တစ်ချိန် လုံးမှာတော့ သူဟာ သူ လုပ်ရမယ့် အလုပ်ကို သာ အာရုံစိုက်နေခဲ့တာ ။ ဘာတွေပဲ ကျောက်တုံး အောက်မှာ ဖြစ်နေပါစေ ဖန်ကျန်းရှီ နိုင်သည ် ဖြစ်စေ ရှုံးသည် ဖြစ်စေ သူ ဂရု မစိုက်ပါဘူး။
သွေးထွက်သံယို အဖြစ်တွေနဲ့ တောင်းပန်တိုးလျှိုးသံတွေကို သူ ကောင်းကောင်း ကြားနေခဲ့ရတယ်။
သူဟာ သူုလုပ်မယ့် အရာကိုသာ အာရုံစိုက်နေတာ ။
တွေဝေခြင်း အလျဉ်းမရှိသလို ရပ်တန့်ခြင်းလည်း မရှိဘူး ။
ခံစားမှု ကင်းမဲ့နေသူ တစ်ယောက်လိုမျိုး ။
ဒါပေမယ့်လည်း ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ချထားတဲ့ ဇွဲရှိသူ တစ်ယောက်လိုမျိုး တည်ငြိမ်လှတယ် ။
ကျောက်တုံးတွေရဲ့ ကွဲအက်မှုဟာ ပိုပြီးတော့ ကြီးမားလာခဲ့တယ်။ ကျောက်တုံးက နေ ပေါက်ကွဲ ထွက်မတတ် ဖြစ်နေခဲ့တဲ့ မှိန်ဖျော့ဖျော့ အလင်းတန်းဟာ ထွက်ပေါ်လာခဲ့တယ်။ အကယ်၍ ဒီမြင်ကွင်းဟာ သိပ်မကြာခင်ကမှ ဖြစ်ပေါ်လာခဲ့တာ ြဖ်စတယ်။
ဒီ အချိန်ဟာတော့ မျှော်လင့်ချက်တွေ အသက် ရှင်လိုစိတ်တွေ ပြည့်နှက်နေတဲ့ အခိုက်အတန့်လေး ။
ဒါပေမယ့်လည်း ဓားတစ်ချောင်းဟာ လည်ပင်းနားကို ရောက်လာချိန်မှာတော့ ဒီမြင်ကွင်းကို မြင်တဲ့ အမြင်ဟာ လုံးဝကို ပြောင်းလဲ သွားတော့တယ်။
သုခမိန်လောကကြီးက ထိန်းချုပ်မှု မဲ့နေခဲ့ပြီ။
သူတို့ရဲ့ တည်ရှိမှု တန်ဖိုးကလည်း အနည်းငယ်တော့ ရှိနေသေးယ်။
ဒါပေမယ့်လည်း သုခမိန် လောကကြီး တစ်ဖန် ပြန်ပွင့်သွားချိန်မှာ တော်ဝင်ကျောင်းတော်က စာစစ်သူတွေ ဒီလောကထဲ ကို ဝင်လာကြမှာ ။ ဒီ အချိန်ရောက်လာခဲ့ရင်တော့ ရှေ့မတိုးသာ နောက်ဖြစ်နေခဲ့ ရင်တော့ သူတို့ကို တစ်ချက်တည်းနဲ့ အသေသတ်တဲ့ လုပ်ရပ်မျိုးကို ဖန်တီးသွားနိုင်တယ်။
“ဘုန်းး။”
နောက်ဆုံးမှာတော့ ကျောက်တုံးကြီးဟာကွဲအက်သွားပြီးတော့ ရွှေရောင်အလင်းတန်းတွေဟာ ထွက်ပေါ်လာတော့တယ်။ ထို အလင်းတန်းတွေဟာ ကောင်းကင်နဲ့ ချိတ်ဆက်သွားတော့တယ်။
အပိုင်း (၂၀၉) ပြီး၏။
အပိုင်း (၂၁၀)
“ အစစ်မှန် နှင့် အတုယောင်”
ဒီအချိန်မှာတော့ သုခမိန်လောကကြီး မှာ ရွှေရောင် အလင်းတန်းတွေ ပြည့်နှက်လာတော့တယ်။
မှောင်မည်း ခြင်း အလျဉ်းမရှိ။ ရွှေရောင်အလင်းတန်းတွေဟာ မြေပြင်ပေါ်ကို ထွန်းလင်းစေပြီးတော့ ဓားတွေနဲ့ လူတွေရဲ့ မျက်ဝန်းထဲမှာ နေရာယူထားခဲ့တယ်။
ဒါပေမယ့်လည်း လူတိုင်းရဲ့ အတွေးနဲ့ အမြင်တွေဟာတော့ လုံးဝကို ကွဲပြား ခြားနားနေခဲ့တယ်။
နန်ကုန်းမုဟာ အလင်းတန်းရဲ့ ဘေးမှာ ရှိနေခဲ့တယ်။ သူ့ရဲ့ မျက်လုံးတွေဟာတော့ ရွှေရောင် အလင်းတန်းတွေ လွှမ်းခြုံထားတဲ့ ဓားကို ကြည့်နေခဲ့တယ်။
ရှင်ချင်းစွေ့ရဲ့ အကြည့်တွေဟာတော့ သေခြင်း တရားကို ရင်ဆိုင်ရန် အသင့်ဖြစ်နေတဲ့ ဆုံးဖြတ်ချက်တွေ ထင်ရှားနေခဲ့တယ်။ ရွှေရောင် အလင်းတန်းတွေ ကို မြင်လိုက် ရချိန်မှာတော့ သူ့ရဲ့ စိတ်ထဲမှာ တွေးနေမိတဲ့ တစ်ခု တည်းသော အရာဟာ ဒီ သေခြင်း တရားက သူ့အတွက် ထိုက်တန်တယ် ဆိုတာပဲ ။
တခြား တစ်ဖက်က ပင်းယန်ရဲ့ မျက်လုံးတွေဟာတော့ ပျော်ရွှင်မှု နဲ့ ပြည့်နေခဲ့တယ်။ လက်သီး နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း စိတ်လှုပ်ရှားနေဟန်ဟာ သိသာ လှတယ်။
ယဉ်ရှန်ဟာတော့ ရွှေရောင် တောက်နေတဲ့ ဓားကို အေးစက်တဲ့ အကြည့်တွေနဲ့ ကြည့်နေဟန်ဟာ ကောက်ကျစ် ယုတ်မာ တော့မည့် အသွင်ကို ဆောင်နေခဲ့တယ်။ ဒါပေမယ့်လည်း သူဟာ အလျင်မလိုခဲ့ပါဘူး။ အဲ့ဒီ့အစား နေရာမှာသာ မတ်မတ် ရပ်နေခဲ့တယ်။
ဖန်ကျန်းရှီ နဲ့ ရန်ရွှယ် အတွက် သူတို့ဟာ ယဉ်ရှန်ကို ပဲ အာရုံစိုက်နေ်ကြတာ ။ ရွှေရောင်အလင်းတန်းတွေကို လုံး၀ မေ့လျော့ နေသည့် ဟန် ဖြစ်နေတော့တယ်။
တခြားသော စာဖြေသူတွေရဲ့ အမူအယာဟာတော့ ဒီ အချိန်မှာ ရှုပ်ထွေးနေခဲ့တယ်။ တချို့သူတွေဟာ ပျော်ရွှင်နေခဲ့တယ်။ တချို့ဟာတော့ စိတ်ရှုပ်ထွေးနေခဲ့တယ်။ တချို့ဟာတော့ အော်ဟစ် နေကြပြီ။ တချို့ဟာတော့ ခေါင်းရှုပ်နေခဲ့တယ်။
နောက်ဆုံးမှာတော့ ရွှေရောင် အလင်းတန်းတွေဟာ ပျောက်ကွယ်သွားခဲ့ပြီ။
သုခမိန် လောကကြီးဟာတော့ ပြန်လည် တည်ငြိမ်သွားတော့တယ်။
ကျန်ခဲ့တာကတော့ ဓား တစ်ချောင်းသာ ။ ဓားဟာ ရွှေရောင် မှိန်ဖျော့ဖျော့ တောက်ပရင်း မြေကြီးထဲမှာ စိုက် ဝင်နေခဲ့တယ်။ ဓား ကိုယ်ထည်မှာတော့ အနည်းငယ် ကွဲအက် နေခဲ့တယ်။ နဂါးအော်သံ ဟာ ဓားကနေ ခပ်ဖျော့ဖျော့ ဟိန်းထွက်နေခဲ့တယ်။
“ ဓားကို ဆွဲထုတ်လိုက်” ရှင်ချင်းစွေ့ရဲ့ အသံဟာ ထွက်ပေါ်လာတော့တယ်။
ဒါပေမယ့်လည်း နန်ကုန်းမုကတော့ မလှုပ်ရှားပါဘူး။
ဓားကို ကြည့်ရင်းနဲ့သာ နေရာမှာ ရပ်နေခဲ့တယ်။ သူဟာ တစ်ခုခုကို စောင့် ဆိုင်း နေသလိုပါပဲ။ တလေးတစားနဲ့ စောင့် ဆိုင်းနေတာ ။ ဘယ်သူကမှ သူတွေးနေတာကို မသိပါဘူး ။
ဒါပေမယ့်လည်း သူ မလှုပ်ရှားတာကတော့ အမှန်ပဲ ။
အံ့သြစရာ ကောင်းတာကတော့ ယဉ်ရှန်ဟာလည်း မလှုပ်ရှားဘူး ။
နေရာ တစ်ခုလုံးမှာတော့ ထူးဆန်းစွာ ငြိမ်သက်သွားခဲ့တယ်။ တခြား တစ်ဖက်က အချိန်တွေဟာတော့ ဖြည်းဖြည်းချင်းစီ ကုန်ဆုံးသွားခဲ့တယ်. ။
ဘယ်သူကမှ နန်ကုန်းမု မလှုပ်ရှားခင် မလှုပ်ရှားကြပါဘူး။ သူဟာ ဓားကို မဆွဲထုတ်ဘူး ။ အဲ့ဒီ့အစား သူဟာ ဖြည်းဖြည်းချင်း လြှည်ပီးတော့ သိပ်မဝေးတဲ့ နေရမှာ ရပ်နေတဲ့ ဖန်ကျန်းရှီကို ကြည့်လိုက်တယ်။ သူဟာ ခွင့်ပြုချက် တစ်စုံတစ်ရာကို တောင်းခံနေဟန်ပါပဲ။
ဖန်ကျန်းရှီက သူတို့ နှစ်ဦး ဆီက အကြည့်ကို ကောင်းကောင်း သတိထားမိလိုက်တယ်။ သူ ဟာ နန်ကုန်းမုနဲ့ ယဉ်ရှန် ရဲ့ အကြည့်တွေ နောက် အဓိပ္မာယ်ကို ကောင်းကောင်း နားလည်ပါတယ်။
အခုတော့ ဓားကို ချိတ်ထားတဲ့ စည်းဟာ ကျိုးပေါက်သွားပြီ။
ဒါပေမယ့်လည်း မမျှောင်လင့် ထား တာကတော့ သုခမိန် လောကထဲမှာ ရောက်နေတဲ့ စာဖြေသူတွေ ရုတ်တရက် ပျောက်ဆုံးသွားတာပဲ ။ ဒါဟာ သုခမိန် လောကကြီး ထိန်းချုပ်မှု မဲ့နေဆဲ လို့ ဆိုလိုတာပဲ ။
နန်ကုန်းမု ဒီလောက် ကြိုးစားပြီး သံကြိုးတွေကို ဖြတ်ခဲ့တာဟာ သုခမိန် လောကကြီးကို ပြန်လည် ချိတ်ဆက်နိုင်ဖို့ ။ သုခမိန် လောကကြီး ထိန်းချုပ်မှု အောက်မှာရှိနေသေးသရွေ့ စာဖြေသူတွေရဲ့ လည်ပင်းဟာ လည်း အန္တရာယ် ရှိတော့မှာ မဟုတ်ဘူး ။
ဒါပေမယ့်လ်ည်း တကယ်တမ်းမှာတော့ ဒီ ဓားတွေဟာ စာဖြေသူတွေရဲ့ လည်ပင်းမှာ ရှိနေဆဲပါပဲ။
တခြား တစ်ဖက်က မှာတော့ ဒဏ်ရာ ရနေတဲ့ စာဖြေသူတွေဟာလည်း သူ့နေရာနဲ့သူ ရှိနေဆဲ ။
အဲ့ဒီ့နောက် နန်ကုန်းမု ဓားကို ဆွဲထုတ်မယ့် အချိန်ကို စောင့်ဆိုင်းနေကြတာ ။
နန်ကုန်းမုကတော့ ဓားကို မဆွဲထုတ်ခဲ့ပါဘူး ။
ယဉ်ရှန်ဟာ စိတ်ရှည်လက်ရှည် နဲ့ စောင့်ဆိုင်းနေခဲ့တယ်။
ဖန်ကျန်းရှီဟာလည်း စောင့် ဆိုင်း ဖို့ကိုသာ ရွေးချယ်ခဲ့တယ်။ ဒါပေမယ့်လည်း သူတို့ ဘယ်လောက် ကြာကြာ စောင့် ဆိုင်း သည် ဖြစ်စေ ကန့်သတ်ချက်ကတော့ ရှိနေပါတယ်။
သူတို့ရှေ့က မြင်ကွင်းဟာ မတိုးသာ မဆုတ်သာ အခြေအနေမှာ ရှိနေတာ အသေအချာ ။ နန်ကုန်းမု နဲ့ ယဉ်ရှန်ဟာတော့ ဖန်ကျန်းရှီကို သာ စောင့်ကြည့်နေကြတာ ။ ဒါဟာတော့ အတော်လေးကိုတွေးတော စရာအချက်ပါပဲ။
ဒါပေမယ့်လည်း နန်ကုန်းမု နဲ့ ယဉ်ရှန် ဟာတော့ ဒီ ဆုံးဖြတ်ချက်ကို ပြဿနာ တစ်ခုလို မတွေးထားဘူး ။
ဒီ အချိန်မှာတော့ တခြားသော စာဖြေသူတွေဟာ နန်ကုန်းမု နဲ့ ယဉ်ရှန် ရဲ့ အတွေးကို နားလည် သွားဟန်ပါပဲ။ ဒါပေမယ့်လည်း သူတို့ရဲ့ ဖန်ကျန်းရှီ နဲ့ ပတ်သက်တဲံ အတွေးတွေဟာတော့ သိပ်ပြီးတော့ မကောင်းလှပါဘူး။
“ဓားကို ဆွဲထုတ်လိုက်။” ရှင်ချင်းစွေ့ရဲ့ အသံဟာတော့ နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာတော့တယ်။ သူ့ရဲ့ အသံ ထဲမှာတော့ ပြင်းပြတဲ့ စိတ်ဆန္ဒ ကို ကြားယောင် နေနိုင်တယ်။ ဒါပေါ့ ။ လူတိုင်း စောင့် ဆိုင်းနေတာကိုသူ ကောင်းကောင်းသိတယ်။
ဒီမှာ နည်းလမ်း တစ်ခုပဲ ရှိတယ်။ ရှေ့ကို ဆက်သွားရမယ်။
အဲ့ဓီ့နောက် သူရဲ့ နောက် ဆုံး မျှော်လင့်ချက်ကို ဓား ဆွဲထုတ်တဲ့ အပေါ်မှာ အာရုံစိုက်ထားရုံပဲ ။
ဖန်ကျန်းရှီကတော့ နှုတ်ခမ်းတွေကို တွန့်ကွေးရင်း ပြုံးလိုက်တော့တယ်။ ဒီလိုမျိုး ဆုံးဖြတ်ချက်ချရတဲ့ ကိစ္စတွေကို သူ တကယ် မကြိုက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဦးနှောက် ဆဲလ် တွေကို အတော်လေး အသုံးချဖို့ လိုတယ်။ ဒါပေမယ့်လည်း သူ့မှာ တခြား ရွေးချယ် စရာမရှိဘူး ။
နောက်ဆုံးမှာတော့ ဒီ ဆုံးဖြတ်ချက်က သေခြင်း နဲ့ ရှင်ြ်ခင်းကို ဆုံးဖြတ်နိုင်လိမ့်မယ်။ ဒါဟာ သူကိုယ်တိုင် ရန်ရွှယ် နဲ့ တခြားသော သူတွေ အတွက် ပါ ဆုံးဖြတ် ချက် ဖြစ်လိမ့်မယ်။
ကြည့်ရတာတော့ ဓားကို ဆွဲထုတ်တာက ဖန်ကျန်းရှီ ရဲ့မသက်ဆိုင်တဲ့ပုံပါပဲ ။
အခုချိန်မှာတော့ သုခမိန်လောကကို ပြန်လည်ဖွင့်ပေးမယ့် အကြောင်းရာက ဓားကို ဆွဲထုတ်တာဖြစ်မယ်။ ဒါပေမယ့်လည်း ဓားကို ဆွဲထုတ်ပြီးတဲ့ နောက် ဘာတွေ ဖြစ်လာမလဲ ဘယ်သူ သိနိုင်မှာလဲ
သုခမိန်လောကကြီး တကယ်ပဲ ပွင့်လာနိုင်မှာလား
နန်ကုန်းမုကတော့ ဒါကို တွေးနေတာ ။ ယဉ်ရှန်ဟာလည်း ဒါကိုတွေးနေခဲ့တယ်။
အဲ့ဒီ့နောက်သူတို့ နှစ်ဦး ဟာ မရွေ့လျားပဲ ရှိနေခဲ့တယ်။
“အကယ်၍ ဒီဓား ကိုသာ ချီလင်လှံ နဲ့ ပေါင်းလိုက်ရင် မင်း ကို ရှုံးနိုင် အုန်းမလား သိချင်သေးတယ်။ ” ဖန်ကျန်းရှီကတော့ ဓားကို ကြည့်ရင်း နောက်ဆုံးမှာ ပြောလိုက်တော့တယ်။
“ဖြစ်နိုင်ပါတယ်။ ” ယဉ်ရှန်ကတော့ မငြင်းသလို အတည်လည်း မပြုပါဘူး။
“ အကယ်၍ သူတို့ အကုန်လုံးကို လွှတ်ပေးဖို့ ပြောရင်ကော ။ ဖြစ်နိုင်ချေရှိလား။” ဖန်ကျန်းရှီက ဘေးပတ်ဝန်းကျင်ကကျောင်းတော်သားတွေကို ကြည့်ရင်း ပြောလိုက်တယ်။ဒီ လူတွေကို သူ တကယ်ပဲ မနှစ်သက်ပါဘူး။ ဒါပေမယ့်လည်း အနည်းဆုံးတော့ ဒီ လူတွေ နဲ့ တစ်ခရီး တည်း သွားနေရတာ။ ပြိုင်ပွဲ တစ်ခုတည်းမှာ ရှိနေတာ ။
“ဖြစ်နိုင်တယ်။”
“ ဒါဆိုရင် အပေးအယူက ဘာလဲ။”
“ ဓား တစ်ချောင်း”
“ ဒါဆိုရင် ငါ က ဓားကို အရင်ဆုံး ဆွဲထုတ်ရမှာလား။ မှန်တယ်ဟုတ်။”
“ မလိုပါဘူး။”
“ကြည့်ရတာ မင်းက ဓားကို ဆွဲမထုတ် စေချင်တဲ့ပုံပဲ။”
“ ဒါပေါ့။”
“ ဒါပေမယ့် အကယ်၍ ဓားသာ ဆွဲမထုတ်နိုင်ဘူး ဆိုရင် ငါတို့တွေ ဘယ်လို လုပ် မလဲ။” ဖန်ကျန်းရှီက ယဉ်ရှန်ကို မေးလိုက်တယ်။
“ ဒါက မင်း ကိစ္စ ”
“မင်းက ငတုံးပဲ။ ငါ က ဒီကောင်တွေ သေသေရှင်ရှင် ဂရုစိုက်မယ် ထင်နေတာလား။” သူပြောရင်း နဲ့ မြေကြီးထဲက ဓားကို ညွှန်ပြလိုက်တယ်။
တစ်လှမ်းချင်းစီနဲ့ ဖန်ကျန်းရှီဟာ ဓားဆီကို နီးကပ်လာတော့တယ်။
ယဉ်ရှန်ဟာတော့ စကားမပြောတော့ ပါဘူး။ တခြား တစ်ဖက်က စာဖြေသူတွေဟာတော့ ချွေးပြိုက်ပြိုက်စီးကျနေပြီ။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီ ဓားနဲ့ နီးလာလေလေ ။ သူတို့ လည်ပင်းနားက ဓားဟာ ပိုမိုအေးစက်လာလေ ဖြစ်တာကြောင့်ပါပဲ။
နန်ကုန်းမုကတော့ ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ သူ့ရဲ့ အမူအယာဟာတော့ တည်ငြိမ်အေးဆေးနေခဲ့တယ်။ တစ်လျှောက်လုံးမှာ သူဟာ စကား တစ်ခွန်းကိုမှ မပြောခဲ့ဘူး ။
ဖန်ကျန်းရှီက ဓားဆီကို လျှောက်လာရင်း သူ့ရဲ့ လက်တွေဟာတော့ ဓား အရိုးကို ဆုပ်ကိုင် လိုက်တယ်။
သူ လုပ်နေတဲ့ အပြုအမူ တိုင်းဟာ တွေဝေမှု မရှိဘူး ။ သာမာန် ဓား တစ်ချောင်းကို ပြုမူ နေသလိုမျိုး တူညီ လှတယ်။ ဘေးပတ်ဝန်းကျင်က စာဖြေသူတွေကို တစ်ချက်တောင် မကြည့်ခဲ့ဘူး။
ဒါဟာ ကျောင်းတော်သားတွေ ရဲ့ နှလုံးသားကို နာကျင်မှု နဲ့ ပြည့်စေတယ်။ ရ
ရှင်ချင်းစွေ့ တစ်ဦး တည်းသာ တည်ငြိမ်နေခဲ့တာ ။ ဖန်ကျန်းရှီ ရဲ့ အပြုအမူကို ကြိုတင်မျှော်လင့်ပြီးသား သူတစ်ယောက်လိုပါပဲ။
ဖန်ကျန်းရှီရဲ့ လက်တွေကတော့ ဓားလက်ကိုင်ကို ကိုင်ထားတာ ။
ဓား ရဲ့ စွမ်းအားတွေကို ဒီ ကနေ တစ်ဆင့်ခံစားနိုင်တယ်။ နေရောင်ခြည်လို လင်းလက်နေတဲ့ စွမ်းအားတွေ။
ဒီ အချိန်မှာတော့ ရန်ရွှယ်ဟာလည်း ဖန်ကျန်းရှီ ရဲ့ ဘေးကို လျှောက်လာခဲ့တယ်။ ဒါပေမယ့်လည်း သူဟာတော့ တည်ငြိမ်နေခဲ့တယ်။
တခြားတစ်ဖက်မှာတော့ ပင်းယန်ဟာ ပွစိ ပွစိ ပြောနေခဲ့တယ်။
“ ဖန်ကျန်းရှီ။ နင်တကယ်ပဲ ဓားကို ဆွဲထုတ်မလို့လား။” သူမရဲ့ နှလုံးသားထဲမှာတော့ ဖန်ကျန်းရှီ ဓား ချက်ခြင်း ဆွဲထုတ်လိုက်တာကို မြင်ချင်လှတယ်။ သို့ပေမယ့်လည်း သူမ က မင်းသမီး တစ်ပါး ဖြစ်နေတဲ့ အတွက် ဒါဟာ မသင့်တော် ဘူး လို့ ထင်နေမိတယ်။ ”
ဖန်ကျန်းရှီကတော့ သူ့လက်တွေကို ဖြေလျော့လိုက်တယ်။
“ ဒီ ဓားက အတုကြီး ထင်တယ်။” ဖန်ကျန်းရှီကတော့ ယဉ်ရှန်ကို လေးနက်တဲ့ အမူအယာ နဲ့ ကြည့်ရင်းပြောလိုက်တယ်။
“အတုလား။” ယဉ်ရှန်ကတော့ သတိပြန်ဝင်လာတော့တယ်။
သူတွေးခဲ့တာက ဖန်ကျန်းရှီ နှစ်ခုကိုပဲ ရွေးချယ်လိမ့်မယ်လို့ ဓားကို ဆွဲထုတ်မယ်။ ဒါမှမဟုတ် မထုတ်ဘူး။ ဒါပေမယ့်လည်း ဖန်ကျန်းရှီက ဒီလို စကားမျိုး ပြောလာမယ်လို့ မမျှော်လင့်ဘူး ။
ဒီ ဓားက အတုလား အစစ်လား။
ယဉ်ရှန်မှာ အတည်ပြုစရာ အချိန်မရှိပါဘူး။
သုခမိန်လောကကြီး တစ်ခုလုံးမှာ ဒီ မေးခွန်းကို ဖြေနိုင်မယ့်သူက ဖန်ကျန်းရှီ တစ်ယောက်ပဲ ရှိတယ်။
ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီက တံတားကျိုးကို ဖြတ်သန်းပြီးတော့ အမြွှာကျောက်တုံး နဲ့ ကျောက်တုံးအိမ်တွေကို အောင်မြင်နိုင်တဲ့သူ ဖြစ်တာကြောင်ပဲ။
ဒါပေမယ့်လည်း
ယဉ်ရှန်က ဖန်ကျန်းရှီကို ယုံကြည်နိုင်လို့လား။
မယုံနိုင်ပါဘူး။ ဒါကြောင့် ဖန်ကျန်းရှီ ရဲ့ စကားတွေကို ဂရုစိုက်စရာ အကြောင်းလည်း မရှိဘူး။
ဒီ အချိန်မှာတော့ နန်ကုန်းမုဟာ ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ တူညီစွာပဲ သူဟာ လည်း ဖန်ကျန်းရှီ ရဲ့ စကားတွေ မှန်မမှန်ကိုမသိပါဘူး။ ယဉ်ရှန်ကို လှည့်စားဖို့အတွက် ပြော နေတာလည်း ဖြစ်နိုင်တယ်။
“ အစစ်လား အတုလား။ မင်း တစ်ချက်တည်းနဲ့ ဆွဲထုတ်ရမှာကို မင်းသိမှာပဲ။ မမှန်ဘူးလား။” ဖန်ကျန်းရှီက ပင်းယန်ကို စိတ်ပျက်တဲ့ အကြည့်နဲ့ တစ်ချက် ကြည့်လိုက်တယ်။ သူဟာ ယဉ်ရှန် စကားပြောမှာကို တောင် မစောင့် တော့ ပါဘူး။
“ မင်း …” ပင်းယန်ဟာ ပါးစပ် ပြန်ပိတ်သွားပြန်တယ်။
သူမကိုယ် သူမ အရမ်းကို ထက်မြက်တယ်လို့ ထင်နေတာ ။ ဖန်ကျန်းရှီ ရဲ့ စကားလုံးတွေ နောက်က အဓိပ္မာယ်ကိုလည်း နားမလည် နိုင်ပါဘူး။ ဒါပေမယ့်လည်း ဖန်ကျန်းရှီကတော့ ရှင်းပြ ချင် ဟန်မရှိဘူး ။
ဒါဟာ သူမကို ဒေါသ ထွက်စေတယ်။
“အကယ်၍ မင်းသာ ဓားကို မဆွဲထုတ်ရင် ဓားက အစစ်လား အတုလား မသိနိုင်ဘူး မလား။” ယဉ်ရှန်က နောက်ဆံးုမှာတော့ ပြောလိုက်တယ်။
“ သုခမိန် လောကကို ထိန်းချုပ်မှု မဲ့စေတာ ဘာအကြောင်း ရင်း ဖြစ်မလဲ။ ” ဖန်ကျန်းရှီဟာ ယဉ်ရှန် ရဲ့ မေးခွန်းကို တိုက်ရိုက်မဖြေဘူး ။ အဲ့ဒီ့အစား သူဟာ မေးခွန်း တစ်ခုကို ပြန် မေးလိုက်တယ်။
“ ဒါက တိုက်ဆိုင်မှုပဲ ။ ဒီဓားကို ပိုင်ဆိုင်သူက သုခမိန် လောကကို ထိန်းချုပ်နိုင်တဲ့ စွမ်းအား ရလိမ့်မယ်။” ယဉ်ရှန်က ဖြေလိုက်တယ်။
ဖန်ကျန်းရှီ က ခေါင်းငြိမ့်လိုက်တယ်။ သုခမိန် လောကကြီး လှုပ်ခတ် ချိန်မှာပေါ်လာခဲ့တဲ့ ဓား။ သူဟာ သံသယ တွေ နဲ့ ပြည့်နှက်လာတော့တယ်။ ဒါကြောင့် နောက်ဆုံးမှာတော့ သူဟာ ရန်ရွှယ့်ဆီကို ပထမဆုံး မေးခွန်း မေးတော့တယ်။
“ မင်း မှန်တယ်။ ဒါပေမယ့်လည်း ဒီ ဓားမှာ တိုက်ဆိုင်မှု မရှိဘူး။ ဒါကြောင့် ဒါက ထုံးစံ အတိုင်း အတုအယောင်ပဲ။” ဖန်ကျန်းရှီကတော့ သူ့ရဲ့ အဖြေကို ကြားရတာ အတော်လေးကို ယုံကြည်ချက် ရှိနေတဲ့ပုံပါပဲ။
“ ဟဟဟ … ဖန်ကျန်းရှီ။ ဒီ ဓား က အတု ဆိုရင် မင်း က ဒါကို ဘယ်လို တောင် ကောင်းကောင်း ပြောရတာလဲ။ ဒီစကားတွေက ဘာကို ဆိုလိုလဲ ဆိုတာ မင်း တကယ်ပဲ မသိတာလား။” ယဉ်ရှန်က ရယ်မောလိုက်တယ်။
သူပြောသလိုမျိုး ဓားကသာ အတု ဆိုရင် သူ့မှာ နောက်ဆုံး လှည့်ကွက် ကုန်သွားပြီ ။
“ ငါ ပြောပြီးသားပဲ။ သူတို့ သေသေရှင်ရှင် ငါနဲ့ မဆိုင် ဘူး။” ဖန်ကျန်းရှီက ပြုံးလိုက်တယ်။
တခြားသော စာဖြေသူ တွေက ဒါကို ကြားချိန်မှာတော့ သူတို့ရဲ့ မျက်လုံးတွေ ထဲက အံ့သြမှု ဟာ ပြင်းထန်လာခဲ့တယ်။ မင်း သာ ငါတို့ သေတာရှင်တာကို ဂရုမစိုက်ဘူး ဆိုရင် ဒါကို ဘာလို့ ထုတ်မပြောတာလဲ။
ဒါက အရမ်းကို စော်ကား မော်ကား နိုင်လွန်းတယ်။
ဒါပေမယ့်လည်း ယဉ်ရှန် ရဲ့ မျက်လုံးတွေဟာ တဖြည်းဖြည်း ကျဉ်းမြောင်းသွားတော့တယ်။
ဖန်ကျန်းရှီ ရဲ့ အပြုအမူတွေက လုံးဝကို သဘာ၀ မကျဘူး။
သူ့ မှာ ရွေးချယ်စရာ မရှိပေမယ့် ယုံလိုက်ရပြန်တယ်။ အကယ်၍ ဖန်ကျန်းရှီသာ စာဖြေသူတွေ ရဲ့ အသက်ကို ဂရုမစိုက် ရင် ဒီလို အခြေအနေမျိုးမှာ ဒီလောက် ထိ တည်ငြိမ်တာမျိုး ဖြစ်နိုင်မလား။
ဒါပေမယ့်လည်း ဖန်ကျန်းရှီ က ဂရုစိုက် ခဲ့ရင်ကော ။
ဒါဆိုရင် သူ့ အတွက် “ ဒီ ဓားက အတုကြီး” လို့ ပြောတာမျိုး လွယ်လွယ် မပြောနိုင်ဘူး။
ဒါဆို
သူ့ရဲ့ အကြံ အစည်က ဘာဖြစ်နိုင်မလဲ။
ရုတ်တရက် ဆိုသလို ယဉ်ရှန် ရဲ့ မျက်လုံးတွေ တောက်ပ သွားတော့တယ်။
သူ နားလည် သွားပြီ ။
ဖန်ကျန်းရှီက ဓား ငှားပြီးတော့ လူသတ်နေတာပဲ။
ပထမဆုံး အနေနဲ့ ဒီ ကျောင်းတော်သားတွေ အားလုံး က တန်ဖိုး မဲ့သွားပြီ ဆိုမှ သတ်ပြစ်တယ်။
အချိန် ကျလာရင်တော့ သူဟာ ဓားကို ဆွဲထုတ်ပြီးတော့ လူပေါင်းများစွာ ရဲ့ အမုန်း ခံပြီးတော့ နေထိုင် မှာ ။
ဒါက လုံးဝကို ပြီး ပြည့်စုံတဲ့ အစီအစဉ်ပဲ။
တစ်ချိန် တည်းမှာပဲ ဒါဟာ ဖန်ကျန်းရှီ ရဲ့ ရှေ့မှာ ရှိတဲ့ ဓားက အစစ် ဖြစ်နေတယ်။
ယဉ်ရှန်က ဖန်ကျန်းရှီ ရဲ့ စကားလုံးတွေ နဲ့ ပတ်သက်ပြီးတော့ စိတ်ရှုပ်ထွေးနေခဲ့တယ်။ အခုတော့ အရာအားလုံးကို နားလည်ပြီး ချိန်မှာတော့ ယဉ်ရှန် ရဲ့ စိတ်ဟာ နှင်းတွေလို ဖြူဖွေး ရှင်းလင်းသွားပြီ ။
“ မင်း က ဓားကို အတုလို့ ပြောတယ် ဆိုရင် ဒီ နားမှာ ဘာလို့ ဆက်စောင့်နေတာလဲ။” ယဉ်ရှန်ဟာ အခုတော့ အရမ်းကို သေချာ နေပြီ ။ ဒါကြောင့် သူဟာ ဖန်ကျန်းရှီ ရဲ့ ထောင် ချောက် ထဲကို အလွယ် တကူ မရောက်နိုင်တော့ဘူး။
“မင်း သူတို့ရဲ့ အသက်တွေကို ဒီ ဓား အတုနဲ့တော့ မလဲခိုင်း ချင်ဘူးမလား။” ဖန်ကျန်းရှီဟာ ယဉ်ရှန်ကို ထိတ်လန့်နေဟန် နဲ့ ကြည့်လိုက်တယ်။
“ ဒီ ဓားကို ဆွဲ မထုတ်ဖို့တော့ မမျှော်လင့်ဘူး။ ”
“မင်း စိတ် မပျက် နဲ့ နော်။ ဒါက ဓား အတုကြီး ” ဖန်ကျန်းရှီက အခိုင်အမာကို ငြင်းဆို နေတယ်။
ယဉ်ရှန်ရဲ့ နှုတ်ခမ်းမှာတော့ အပြုံး တစ်ခု ဖြစ်ပေါ်လာတော့တယ်။ ဓားဟာ ဓား အစစ်လို့ ထင်လိုက်တာနဲ့ ဖန်ကျန်းရှီ ရဲ့ အပြုအမူတွေက ဘာမှ မဟုတ်တော့ဘူး ။
“ ဓားကို ထားခဲ့လိုက်။ သူတို့ကို အသက်ချမ်းသာ ပေးမယ်။” ယဉ်ရှန်ဟာ တိုက်ရိုက်ပြောလိုက်တယ်။
“ ကောင်းပြီလေ။ ဒါပေမယ့်လည်း ဒီ ဓားရဲ့ ဘေးမှာ ရပ်နေတဲ့သူ သုံးယောက်ရှိတယ်။ မင်းရဲ့ စကား အတိုင်း လူတွေကို လွှတ်ပေးလိုက်မယ်။ ငါတို့ တစ်ယောက် ချင်း စီကိုတော့ သူတို့ရဲ့ ဝေစုကို ခွဲပေးရမယ်။ ဒါဆိုဘယ်လိုလဲ။” ဖန်ကျန်းရှီ က အပေးအယူ တစ်ခု လုပ်ခဲ့တယ်။
“ကောင်းပြီလေ။” ယဉ်ရှန်က ခေါင်းငြိမ့်လိုက်တယ်။
“ ဒီ အရှက် မရှိတဲ့ ကောင်က ဘယ်လိုများ မှန်ကန်အောင် လုပ်နိုင်တာလဲ။” ပင်းယန်က ရေရွတ်လိုက်တယ်။
ဒါပေါ့ ။ ပင်းယန်ဟာ လူတွေကို ကယ်ချင်တယ်။
ဒါပေမယ့်လည်း သူမဟာ ဒီ ဓားနဲ့ လူတွေကို လဲတာက ခေတ္တပဲ ဖြစ်စေမယ် ဆိုတာ ကောင်းကောင်းသိတယ်။ ယဉ်ရှန် က အခွင့်ကောင်း ရသွားတာနဲ့ တိုက်ခိုက်ဖို့ အခွင့်အရေးဟာ သူတို့ အတွက်တော့ ခက်ခဲသွားပြီ ။
ဒါက ဖန်ကျန်းရှီ အတွက် ပုံမှန် လုပ်နေကျ မဟုတ်ဘူး ။
အကယ်၍ ရှင်ချင်းစွေ့ သာ ဒီလို ပြောတဲ့ သူ ဆိုရင် ပင်းယန်က စကားပြောမှာ မဟုတ်ဘူး။
ဒါပေမယ့်လည်း အခုက ဖန်ကျန်းရှီ ဖြစ်နေတယ်။
ဖန်ကျန်းရှီကတော့ ပင်းယန်ရဲ့ ထူးဆန်နေတဲ့ အမူအယာကို သတိ မထားမိပါဘူး။ အဲ့ဒီ့အစားသူဟာ ရန်ရွှယ်ကိုသာ တချက်ကြည့်ပြီးတော့ ခေါင်းငြိမ့်လိုက်တယ်။
ရန်ရွှယ် ဟာ ဖန်ကျန်းရှီ ရဲ့ စိတ်ကို ကောင်းကောင်းနားလည်ပါတယ်။ သူဟာ ဖြည်းဖြည်းချင်းစီ ပင်းယန်ရဲ့ ဘေးကို လျှောက်သွားခဲ့တယ်။
“ ဒီ ဓားက အစစ်လား။ ငါ မှန်လား။” ပင်းယန်ဟာ ရန်ရွှယ်ကို ခပ်တိုးတိုး မေးလိုက်တယ်။
“ ဓားက အတုကြီး ” ရန်ရွှယ်က ပင်းယန်ကို ကြည့်ရင်း ဖြေလိုက်တယ်။
“ ဘယ်သူက ဒါကို ယုံမှာလည်းအလင်းရောင်က တောက်လွန်းတယ်။ ဘယ်လို ဓား အတု မျိုးက ဒီလောက်ထိ စွမ်းအား ရှိမှာလဲ။ ” ပင်းယန်ဟာ နှုတ်ခမ်းကို တွန့်ကွေးရင်း ပြောလိုက်တယ်။ သူမဟာလည်း ရန်ရွှယ်ရဲ့ စကားတွေကို မယုံပါဘူး။
ယဉ်ရှန် ဟာ ပင်းယန် နဲ့ ရန်ရွှယ် ကို ဂရုမစိုက်ပါဘူး။
အဲ့ဒီ့အစား သူ့ရဲ့ လက်ချောင်းလေး တစ်ချောင်းကိုသာ ဖြည်းဖြည်းချင်း လှုပ်ရှားလိုက်ချိန်မှာတော့ စာဖြေသူ ငါးယောက် ရဲ့ လည်ပင်းတွေ နဲ့ ဓားဟာ နီးကပ်လာတော့တယ်။
သူဟာ သေမင်း တစ်ပါးလိုမျိုး စာဖြေသူ ငါး ယောက် အတွက် ခံစားရစေတယ်။ သဘောတူညီမှု အရ ဓားတွေ ပြုတ်ကျသွားပြီး နောက်မှာတော့ ကျောင်းတော်သား ငါးယောက်ဟာ ပင်းယန် နဲ့ ရန်ရွှယ့် ဘေးကို တွားသွားတော့တယ်။ သူတို့ရဲ့ ကိုယ်မှာရှိနေတဲ့ ဒဏ်ရာတွေကိုတောင် မေ့ပျောက် ကုန်တဲ့ အတိုင်းပါပဲ။
ဖန်ကျန်းရှီကတော့ သူ့ရဲ့ အကြည့်တွေကို နန်ကုန်းမု ဆီ ရွှေ့လိုက်တယ်။
နန်ကုန်းမုဟာတော့ တူညီစွာပဲ အနည်းငယ်မျှသော တွေဝေမှု အလျဉ်းမရှိခဲ့ဘူး ။ ဒါပေမယ့်လည်း သူဟာ ပင်းယန် နဲ့ ရန်ရွှယ့် ဘေးကို မသွားခဲ့ပါဘူး။ တိတ်တဆိတ်နဲ့ပဲ တခြား ဘေးဘက်ဆီကို သွားခဲ့တယ်။
ဒီ မြင်ကွင်းဟာ အနည်းငယ် ထူးဆန်းနေဟန်ပါပဲ။ နောက်ဆုံမှာတော့ အကယ်၍ ရန်ရွှယ်သာ နေရာ ဖယ်သွားခဲ့ရင်တော့ ဒါက နားလည် နိုင်စရာပါပဲ။ ဒါပေမယ့်လည်း နန်ကုန်းမုက ဘာလို့ ထွက်သွားရတာလဲ။
နန်ကုန်းမုက ဖန်ကျန်းရှီ ပြောသလိုပဲ ဓားက အတုဆိုတာ သူ လည်း တွေးမိတာလား။
ဒါက ဘယ်လိုလုပ် အတု ဖြစ်နိုင်မှာလဲ။
အပိုင်း (၂၁၀) ပြီး၏။