← Chapters

အပိုင်း (၂၂၁-၂၃၀)

Vol. 3 Ch. 221-230

အပိုင်း (၂၂၁-၂၃၀)

Vol. 3 Ch. 221-230

အပိုင်း ( ၂၂၁)

“ တော်ဝင် အမိန့်တော် ”

“ ဓားကို ရှာတွေ့ခဲ့သူ ဟာ ဖန်ကျန်းရှီ ဖြစ်ခဲ့ပေမယ့် သုခမိန် လောက ထဲမှာ တွေ့ခဲ့ တာ ။ သုခမိန်လောက ဟာ တော်ဝင် အစိုးရရဲ့ ပိုင်ဆိုင်မှုလည်း ။ ဒါကြောင့် ဓားကို ပိုင်ဆိုင်ခွင့်ဟာလည်း တော်ဝင်အစိုးရမှာ ရှိတယ်။” ရုံးတော်သား တစ်ဦးဟာ အရှေ့ကို ထွက်လာပြီးတော့ သူ့ရဲ့ အမြင်ကို ပြောလိုက်တယ်။

“ အမတ်မင်း ဝမ် ပြောတာ မှန်တယ်။ ငါလည်း သဘောတူတယ်။”

“ ငါလည်း သဘောတူတယ်။”

“ဖန်ကျန်းရှီ မှာ အရည်အချင်း ရှိပေမယ့်လည်း သူက ကောင်းကင်ရောင်ပြန် အဆင့်ပဲ ရှိသေးတာလလေ။ နတ်ဆိုးမျိုးနွယ် လာရောက်လုယူတာကို ကာကွယ် နိုင်ဖို့ အကောင်းဆုံးသူ မဟုတ်ဘူး။ အချိန်ကျရင် ဓားဆုံးရုံ မကဘူး။ လူပါ အသက်ပျောက်သွားလိမ့်မယ်။ အရှင် ဧကရာဇ် မင်း ဖန်ကျန်းရှီကို တော်ဝင်အစိုးရထဲ ဓားကို ပြန်အပ်ဖို့ အတွက် အမိန့်တော် ချမှတ်ပေးပါ အရှင်။”

“ အမတ်မင်း လီက အမျှော်အမြင် ကြီးလှပါတယ်။ သာမာန်လူ တစ်ယောက်က အပြစ်ကင်းစင် နိုင်ပေမယ့်လည်း ကြီးမားတဲ့ ရည်မှန်းချက်နဲ့ နိုင်ငံ တော်ရဲ့ ရတနာကို ရှိတဲ့သူဟာ အန္တရာယ်လဲ ကြီးမားလှတယ်။ သုခမိန်လောကထဲကနေ ဖန်ကျန်းရှီဓားရသွားတဲ့ သတင်းဟာ လောကတစ်ခွင်ကို ပျံ့နှံ့နေပြီ ။ အကယ်၍ သူသာ ဓားကို လက်မလွှတ်နိုင်ရင် သူ့ရဲ့ အသက်ဟာလည်း အန္တရာယ် ကျရောက်လိမ့်မယ်။”

“ကျွန်တော်လည်း သဘောတူပါတယ်။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ ရတနာကို ထိန်းသိမ်းပြီးတော့ ဖန်ကျန်းရှီ့ အသက်ကို ကယ် တင်ရာလည်း ရောက်ပါတယ်။ အရှင်မင်းကြီး အမိန့်တော် ချမှတ်လိမ့်မယ် လို့ မျှော်လင့်ပါတယ်။ ”

အလွန် လျင်မြန်စွာနဲ့ပဲ ရုံးတော်သားတွေဟာ တစ်ယောက်ခြင်း စီ ရှေ့ထွက် ရပ်တော့တယ်။ သူတို့ထဲက တစ်ဦးချင်းစီဟာ ကိုယ်ကျိုးမငဲ့ပဲနဲ့ အမှန်တရားဘက်က ရပ်တည်သူတွေ သဖွယ် ထင်ရှားနေခဲ့ကြတယ်။

ဒါပေမယ့်လည်း သူတို့ရဲ့ စိတ်ထဲမှာတော့ ဖန်ကျန်းရှီ ဟာ တော်ဝင် အစိုးရကိုတောင်မှ မဝင်ရသေးတဲ့ သာမာန်ပြည်သူ လေး တစ်ယောက်ပဲ ။ သူ့ရဲ့ အဆင့်နိမ့် မွေးဖွားမှု နဲ့ ဆိုရင် ဖန်ကျန်းရှီက ဓားကို ထိန်းသိမ်းထားဖို့ ဘယ်လိုများ ခွင့်ပြုနိုင်မှာလဲ။

ဒါ့အပြင် အကယ်၍ ဖန်ကျန်းရှီသာ တော်ဝင်စာမေးပွဲကို အောင်မြင်ခဲ့ရင်တောင်မှ သူ့ရဲ့ တရားဝင် အဆင့်အတန်းဟာ အဆင့် ခုနှစ်ပဲ ရှိသေးမှာ ။ အရှင်မင်းကြီး က အရမ်းကို သနားဂရုဏာထားတော်မူမှ အဆင့် ငါးကို ရမှာ ။

တခြားတဖက်မှာတော့ ….

ရုံးတော်သားတွေဟာ ညီလာခံ ခန်းမ ထဲမှာ ဆွေးနွေးနေကြတော့တယ်။ အဝေးဆုံးထောင့်မှာ ရပ်နေတဲ့ သူတွေဟာတော့ အဆင့် လေး ရှိတဲ့ ကျောင်းတော်သားတွေ ။ တော်ဝင် အစိုးရထဲမှာတော့ အဆင့်တစ် ။ နှစ် နဲ့ သုံး ကျောင်းတော်သားတွေရှိနေခဲ့တယ်။ ဘယ်သူကများ ဖန်ကျန်းရှီကို ဂရုစိုက်မှာလဲ။

“ ခမည်းတော် ဧကရာဇ် ။ ကျွန်တော်မျိုးရဲ့ အမြင်ကို ပြောပြပါရစေ။” ဒီ အချိန်မှာတော့ လင်းရှင်းကြွယ်ဟာ လူအုပ်ထဲကနေ ထွက်လာတော့တယ်။ ရုံးတော်သား တွေဟာ သူတို့ရဲ့ ဆွေးနွေးမှုကို ရပ်တန့်လိုက်ကြတော့တယ်။ ထုံးစံ အတိုင်း သူဟာ အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံ မပြောခင် သူ အရင်ပြောရမှာ ။

ပထမဆုံး လှုပ်ရှားသူ ဟာ အခွင့်ရေး အကောင်းဆုံး ။

အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံ ဟာ သွမ့်အရှင် လင်းရှင်းကြွယ် ထွက်လာတာကို မြင်တဲ့အချိန်မှာ သူဟာ ထွက်လက်စ ခြေလှမ်းကို ပြန်ဆုတ်လိုက်တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အမူအယာဟာတော့ မပြောင်းလဲ ခဲ့ဘူး ။

“ ကောင်းပြီ။” ဧကရာဇ် လင်းမုပိုင်ဟာ အေးဆေးစွာ ခေါင်းငြိမ့်လိုက်တယ်။

သူဟာ တော်ဝင်အစိုးရကို အတိုက်အခံ မလုပ်သင့်မှန်းကောင်းကောင်း သိတယ်။ ဒါပေမယ့်လည်း ဧကရာဇ် တပါး အနေနဲ့တော့ အဆင့်မြင့် ရုံးတော်သားတွေကို ပြောကို ပြောသင့်တယ်လို့ ထင်တယ်။

“ သုခမိန် စစ်နတ် မုန့်ထျန်းဟာ ကြီးမြတ်သော ရှမင်းဆက်ရဲ့ ဒဏ္လာရီလာ စစ်သူရဲကောင်း တစ်ဦး။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ စစ်အင်အား နဲ့ စိတ်ဝိဉာဉ်ကို ပြတဲ့ ပြယုဂ် ။ အခုချိန်မှာတော့ သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ ဓားဟာ တစ်ဖန် ထွက်ပေါ်လာခဲ့ပြီ။ ဒီ အချိန်ဟာ ကျွန်တော်တို့ရဲ့ စစ်အင်အားကို မြင့်တင်ဖို့အတွက် အကောင်းဆုံ းအချိန် ။ ဒီ ဓားကို ကျွန်တော်တို့ စစ်တပ် အတွက် ပေးသနားပါ အရှင် ” သွမ့်အရှင် လင်းရှင်းကြွယ်ဟာ ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်နေတာကို မြင်ချိန်မှာတော့ ဦးညွှတ်ရင်း ဆက်ပြီးတော့ ပြောလိုက်တယ်။ ”

“ သွမ့်အရှင် ပြောတာ မှန်ကန်ပါတယ်။ ဒီဓားဟာ ကျွန်တော် စစ်တပ်ကို ကိုယ်စားပြုတဲ့ အတွက် မုန့်ထျန်းရဲ့ ဓားနဲ့ ဆိုရင် အင်ပါယာ တစ်ခုလုံးကို အပြည့်အ၀ ကာကွယ် နိုင်မယ့်လို့ ထင်ပါတယ် ။ နတ်ဆိုးမျိုးနွယ်ကို ရင်ဆိုင်ရချိန်မှာလည်း စိတ်ဆုံးဖြတ်ချက် နဲ့ စိတ်အင်အား တက်စေမှာ ။”

“ ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။ မုန့်ထျန်းဓားဟာ စစ်တပ်ရဲ့ လက်ထဲမှာ ရှိနေတာ ဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။”

သွမ့်အရှင်ရဲ့ လျှောက်တင်ချက်ပြီးချိန်မှာတော့ သက်လတ်ပိုင်း လူရွယ် နှစ်ဦးဟာ ထွက်လာခဲ့ပြီးတော့ ထောက်ခံခဲ့တယ်။ သူတို့ နှစ်ဦးလုံးဟာ တော်ဝင် စာမေးပွဲမှာ နေရာမြင့်မြင့်ရထားတဲ့ စစ်သူကြီးတွေ ဖြစ်ကြတယ်။

“ဆဌမမြောက် မင်းသားပြောတာ မှန်ကန်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အမြင်ဟာတော့ အနည်းငယ် တစ်ဖက်သတ်ဆန်လွန်းတယ်။ သုခမိန် စစ်နတ် မုန့်ထျန်းဟာ စစ်တပ်ကို အုပ်ချုပ်သူ ။ ဒါပေမယ့်လည်း သူဟာ ကြီးမြတ်သော ရှမင်းဆက် တစ်ခုလုံးကို ကိုယ်စားပြုသူတစ်ဦးလည်း ။ သူဟာ ကျွန်တော် တို့ မင်းဆက်ရဲ့ သူရဲကောင်း တစ်ဦး။ သွေးအရိပ်မြို့တော်ဆီကို မိုင်ထောင်ချီ ခရီးနှင်ပြီးတော့ တစ်ဦးတည်း သွားရောက်တိုက်ခိုက်ခဲ့တယ်။ ဘယ်လောက်တောင် စံပြဖြစ်လိုက်သလဲ။ သူ့ရဲ့ အရိုးအသွေးထဲက ဆုံးဖြတ်ချက်ဟာ မင်းဆက် တစ်ခုလုံးကို လေးစားမှု ဖြစ်စေတယ်။ ခမည်းတော် ဧကရာဇ် အရှင် ၊ ဒီဓားကို ကျွန်တော်မျိုးတို့ ရဲ့ တော်ဝင် အစိုးရ အုပ်ချုပ်မှု အောက်မှာ ထိန်းသိမ်းထားသင့်ပါတယ်။ ဒါဟာ ကျွန်တော်တို့ မင်းဆက်ရဲ့ တည်မြဲမှုကို ပြသခြင်းလည်း ဖြစ်ပါတယ်။”

လင်းထျန်းရုံဟာ သွမ့်အရှင်ရဲ့ စကားကို ကြားချိန်မှာတော့ သူဟာ ရှေ့ကို ထွက်လာပြီးတော့ သွမ့်အရှင် ရဲ့ စကားကို တိုက်ခိုက်တော့တယ်။

“ အိမ်ရှေ့စံ မင်းသား ကတကယ့်ကို အမြင်ကျယ်ပါပေတယ်။ ဓား အရှိန်အဝါကို အသုံးပြုတာဟာ သုခမိန် စစ်နတ်မုန့်ထျန်းကို ပြန်လည် သတိရစေဖို့အတွက် အကောင်းဆုံး ။ အိမ်ရှေ့စံ မင်းသားတစ်ပါးအနေနဲ့ အကယ်၍ ဒါကိုသာ ခွင့်ပြုလိုက်ရင် လောကတစ်ခွင်မှာ အကောင်းဆုံး သော ချီးမွန်းမှုဖြစ်မှာ အသေအချာပါပဲ။ ”

“ အိမ်ရှေ့စံ မင်းသား ကို ဒီ ဓား စောင့်ရှောက်စေသင့်တယ်လို့ ကျွန်တော်မျိုးလည်း ထင်မြင်မိပါတယ်။ ”

“ ကျွန်တော်မျိုးလည်း အမြင်တူပါတယ်။”

“ ကျွန်တော်မျိုး ကော…”

“ကျွန်တော်မျိုးကော”

“…..”

အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံရဲ့ စကားသံ ထွက်လာ တာနဲ့ တစ်ပြိုင်နက် ကြီးမားလှတဲ့ ရုံးတော်သား အုပ်စုကြီးဟာ တစ်ယောက်ပြီး ထွက်လာပြီးတော့ ဒူးထောက်ကြတော့တယ်။

တော်ဝင်ရုံးတော်မှာတော့ အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံဟာ နိုင်ငံရေးကိစ္စတွေကို ဦးဆောင် သူ တစ်ယောက် ။ ဒါကြောင့် သူ့ရဲ့ အာဏာဟာတော့ အုပ်ချုပ်ရေးပိုင်းမှာ ကြီးမားလှတယ်။

“ ဧကရာဇ် ထံပါးမှာ ခစားစဉ်ထဲက အိမ်ရှေ့စံ မင်းသား နဲ့ အရှင့်ရဲ့ ကြီးမြတ်မှုတွေကို ကျွန်တော်မျိုး အမြဲ နှလုံးသွင်း မှတ်သားခဲ့ရဖူးတယ်။ ကျွန်တော်မျိုး ရဲ့ အမြင်အရတော့ အိမ်ရှေ့စံ မင်းသား ဟာ ဒီဓားကို ထိန်းသိမ်းထားဖို့ အတွက် အသင့်တော်ဆုံး သူ ။ ” လူတိုင်း ဟာ သူတို့ရဲ့ အမြင်ကို ပြောပြပြီးတဲ့ နောက်မှာတော့ ဝန်ကြီးချုပ် ယွီယိဖျင်ဟာ ရုံးတော်သားတွေ ရှေ့ကို ထွက်လာပြီးတော့ ဒူးထောက်ကာ သူ့ရဲ့လက်နှစ်ဖက်ကို မြှောက်ရင်း နဲ့ ဒူးထောက် လိုက်တယ်။

“ ဝန်ကြီးချုပ်ပြောတာ မှန်ပါတယ်။ အရှင် ဧကရာဇ် မင်း ၊ အိမ်ရှေ့စံကို တာဝန်ပေးလိုက်တာဟာ အကောင်းဆုံး ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ” ဥပဒေ ရုံးတော်သားတွေ ဟာ လည်း တစ်ချိန်တည်းမှာပဲ ဒူးထောက်လိုက်တော့တယ်။

လင်းရှင်းကြွယ်ကတော့ လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ရင်း နဲ့သာ ဒူးထောက်နေတဲ့ ရုံးတော်သားတွေကို ကြည့်ရင်း နှုတ်ခမ်းကို ကိုက်ထားခဲ့တယ်။ သူ စကားပြောဖို့ ပြင်တဲ့ အချိန်မှာပဲ ဧကရာဇ် လင်းမုပိုင်ဟာ သူ့ရဲ့ ခေါင်းကို ခါယမ်းပြတာကို တွေ့လိုက်ရတယ်။

ဒါဟာ လင်းရှင်းကြွယ်ကို ပါးစပ်ပိတ်ပြီးတော့ နောက်ပြန် ဆုတ်စေတယ်။

“အိမ်ရှေ့စံမင်းသားနဲ့ သွမ့်အရှင် တို့ နှစ်ဦးလုံး ရည်ရွယ်ချက်တွေ ကောင်းမွန်ပါပေတယ်။ ဒီ အကြောင်းကို အခုချိန်မှာ ခေတ္တ ရပ်နားရအောင်။ ဖန်ကျန်းရှီကို နန်းတော် ဆီ လာဖို့ မနက်ဖြန် အမိန့်ချလိုက်မယ်။ ဒီနေ့တော့ ညီလာခံသိမ်းမယ်။” ဧကရာဇ် လင်းမုပိုင်ဟာ သူ့ရဲ့ လက်ကို ဝေ့ယမ်းရင်း နဲ့ မတ်တပ်ရပ်ရင်း ထွက်ခွာသွားတော့တယ်။

“ ဧကရာဇ် သက်တော် ရာကျော် ရှည်ပါစေ။”

…

ပင်းယန် အိမ်တော်ထဲမှာ ပင်းယန်ဟာ ပင်းယန်ဟာ အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီးတော့ သူမဟာ ထိုင်ခုံပေါ်မှာ ထိုင်ရင်း ကျောက်စိမ်း ရုပ်သေးကို စိတ်မပါစွာ ကစားနေခဲ့တယ်။

“ အရှင်မင်းသမီး ၊ သခင်လေး ဖန် ရောက်လာပါတယ်။”

“ သခင်လေး ဖန်၊ ဘယ် သခင်လေး ဖန်လည် း၊ ဖန်ကျန်းရှီတော့ မဖြစ်နိုင်ဘူး မလား ၊ ” ပင်းယန်ဟာ သံသယ အပြည့်နဲက မေးလိုက်တော့တယ်။ ဖန်ကျန်းရှီက သူမရဲ့ ပင်းယန် အိမ်တော်ကို လာတွေ့မယ်လို့ မထင်ဘူး။

“ မှန်ပါတယ်။”

“ ဟွန့် ၊ ဒီ အရှက်မရှိတဲ့ ကောင် တကယ်ပဲ လာရဲတယ်။ ငါလောင်း ရဲတယ်။ ငါ့ဆီကနေ တစ်ခုခု လိုချင်လို့ပဲ ဖြစ်ရမယ်။ မှန်တာပေါ့ .. . ဒီကောင်စုတ် က သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ ဓားကို ရခဲ့ပြီ ။ ခမည်းတော် ဆီမှာ သက်ညှာခွင့် တောင်းခံဖို့ပဲ ဖြစ်ရမယ်။”

ပင်းယန် ရဲ့ ဖန်သလင်း မျက်လုံးတွေဟာ လည်း တောက်ပ လာတော့ တယ်။ အဲ့ဒီ့နောက် သူမရဲ့ နှုတ်ခမ်းစွန်းတွေဟာ တွန့်ကွေးသွားပြီးတော့ အပြုံးတစ်ခု ဖြစ်ပေါ်လာတော့တယ်။

“ သူ့ကို ဝင်ခိုင်းလိုက်”

“ အမိန့်တော် အတိုင်း”

…

သိပ်မကြာခင် အချိန်မှာပဲ ဖန်ကျန်းရှီ ဟာ ပင်းယန် အိမ်တော်ထဲကို အိမ်တော်ထိန်း ခေါ်လာတာကို ခံလိုက်ရတယ်။ လေပြည်ညှင်းတွေဟာ သူ့ရဲ့ အကျီကို တလွင့်လွင့် ဖြစ်စေနေခဲ့တယ်။

“သခင်လေး ဖန် ကျေးဇူးပြုပြီးတော့ ဝင်ပါ။”

“ အာ ကျေးဇူးတင်ပါတယ်။ ဒါက မင်း အတွက် ” ဖန်ကျန်းရှီ က ကြေးပြားလေ တစ်ပြားကို ထုတ်လိုက်ပြီးတော့ အိမ်တော်ထိန်းရဲ့ လက် ထဲကို ထည့် ကာ အိမ်ထဲ ဝင်သွားတော့တယ်။

အိမ်တော်ထိန်ကတော့ ကြက်သေသေပြီး ရပ်နေခဲ့တော့တယ်။

“ တစ်ပြားလား။”

…

ဖန်ကျန်းရှီဟာ အရင်တုန်းက တွေးခဲ့တာ ပင်းယန် ရထားတဲ့ ဒဏ်ရာတွေကြောင့် အနည်းနဲ့ အများတော့ လှုပ်နိုင်မှာ မဟုတ်တော့ဘူးလို့ ထင်ထားခဲ့တာ ။ ဒါပေမယ့်လည်း အခန်းထဲကို ဝင်သွားချိန်မှာတော့ ပင်းယန်ဟာ အိပ်ယာပေါ်မှာ လဲ နေခဲ့တယ်။

ကြည့်ရတာတော့ ဒဏ်ရာတွေက အတော်လေးကို ပြင်းထန်တဲ့ ပုံပါပဲ။

“ နင် နင် ငါ့ကို လာတွေ့ တာလား။ ” ပင်းယန်ဟာ နဖူးမှာ ချွေးသီးချွေးပေါက်တွေ အပြည့်နဲ့ မေးလိုက်တယ်။

ဖန်ကျန်းရှီက ဒါကိ ု ကြားချိန်မှာတော့ သူ့ရဲ့ မျက်နှာပေါ်မှာ အံ့သြတဲ့ အမူအာ တစ်ချို့ ဖြတ်ပြေးသွားတော့တယ်။

ပင်းယန်က သူ့ကို ကာကွယ် ပေးခဲ့တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့်လည်း သူမ က မီးလျှံပန်းနီ သံချပ်ကာကို ဝတ်ထားခဲ့တယ် လေ။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရမ်ယလို့တော့ မယုံဘူး။

နောက်ပြီးတော့ ပင်းယန် ရဲ့ အဆင့်နဲ့ ဆိုရင် ဒီလို ဒဏ်ရာ အပြင်းအထန် ရထားရင် ဘာလို့များ အစေခံတွေ၊ သမားတော်တွေက သူ့နားမှာ စောင့်ပေးမနေတာလဲ။

ဖန်ကျန်းရှီဟာ တစ်ချက် ကြည့်လိုက်ရုံနဲ့ ရွှေရောင် ဖိနပ်တွေဟာ ကပြောင်းကပြန် ဖြစ်နေတာကိုလည်း သတိထားမိသွားတယ်။

မင်းက ငါ့ကို သရုပ်ဆောင်ပြ ချင်တာလား ။

ဖန်ကျန်းရှီက သူ့ဘာသူ တွေးရင်း ပြုံးလိုက်တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ မျက်နှာ အမူအယာဟာတော့ လေးနက် နေခဲ့တယ်။ အဲ့ဒီ့နောက် သူဟာ ပင်းယန် ရဲ့ အိပ်ယာဘေးကို ဖြည်းဖြည်း ချင်း လျှောက်လာခဲ့တယ်။

“ မင်း ဘယ်နေရာ ဒဏ် ရာ ရတာလဲ။ အရမ်း ပြင်းလား။ ငါကြည့်ပါရစေ။”

ဖန်ကျန်းရှီ ဟာ ပြောရင်း နဲ့ ပင်းယန် ရဲ့ စောင်ကို ဆွဲလှန်လိုက်တယ်။ သူဟာ အပြုအမူနဲ့ ပင်းယန်ကို မင်းသရုပ်ဆောင်တာ ညံံ့လွန်းတယ်လို့ ပြောလိုက်ချင်တာ ။

စောင်ဟာတော့ လေထဲမှာ လွင့်နေခဲ့တယ်။

ပင်းယန် ရဲ့ မျက်လုံးတွေကတော့ ဝိုင်းစက်ပြူးကျယ်သွားခဲ့တယ်။ သူမရဲ့ မျက်နှာကတော့ သေခါနီး လူတစ်ယောက်လို ဖြူဖျော့ေနေခဲ့ တယ်။ စောင်လေပေါ်မှာ လွင့်သွားတာကို သူဟာ မယုံနိုင်ဘူး ဖြစ်နေခဲ့တယ်။

တခြား တစ်ဖက်မှာတော့ ဖန်ကျန်းရှီဟာ အနိုင်ရသွားပြီ ။

အစတည်းက သရုပ်ောဆင်နေတယ် ဆိုတာ သူသိသားပဲ။ ဒါပေမယ့်လည်း သူခန့်မှန်းတာဟာ အပြည့်အဝတော့ မမှန်ခဲ့ဘူး ။ ဘာကြောင့်လဲ ဆိုတော့ ပင်းယန်ဟာ ဒီ အချိန်မှာ ဝတ်စုံပြည့် မဝတ်ထားခဲ့ဘူး ။

ဒါမှမဟုတ် အဝတ် တစ်လွှာပဲ ဝတ်ထားတယ် လို့ ပြောရမှာ ။ အနီရဲရဲ ခါးပတ်ဟာ သူမရဲ့ ခါးမှာ စီးရှောင် ထားခဲ့တယ်။

ဒါပေ့ါ သူမရဲ့ ခြေတံသွယ်သွယ်လေးတွေဟာ လစ်ဟနေခဲ့တယ်။

“အားးးး” ပင်းယန်ဟာ ထိတ်လန့်တကြားအော်ဟစ်လိုက်တယ်။

သူမရဲ့ အော်သံဟာ ပင်းယန် အိမ်တော် တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တယ်။

…

ပင်းယန် အိမ်တော်မှာ လေးသည်တော် တွေ အပြည့်ရှိမှန်း နဲ့ ဒီနေ့လို နေ့မျိုးမှာ အပြစ်ပြုတာဟာ ကြီးမားလွန်းတဲ့ ပြစ်ဒဏ် သင့်နိုင်မှန်း သူ အသိဆုံး ။

မင်းသမီး တစ်ပါးကို မလေးမစားပြုတာ။

အကယ်၍ ပထမ တစ်ကြိမ်တုန်းကတော့ မရည်ရွယ်ပဲနဲ့ ဖြစ်တာဆိုရင်

အခုကတော့ ဘယ်လို ပြောရမလဲ။

ဒီ အခြေအေနကို ဘယ်လို ဖြေရှင်းရမလဲ မသိတာကြောင့် သူဟာ ပြေးတော့တယ်။ ဒီ အခန်းထဲကနေ တတ်နိုင်သလောက် ဖနောင့်နဲ့ တင်ပါး တစ်သားတည်း ကျအောင် ထွက်ပြေးတော့တယ်။ နောက်ကို တစ်ချက်လေးတောင် လှည့်မကြည့်ပဲ သုတ်ခြေတင်တော့တယ်။

ပင်းယန် ရဲ့ မျက်လုံးတွေဟာတော့ ဒေါသ မီးတောက်တွေ တောက်လောင်နေခဲ့တယ်။ သူမရဲ့ အိပ်ယာဘေးက အပေါ်ထပ် ဝတ်ရုံကို ခပ်မြန်မြန် ခြုံလိုက်ပြီးတော့ ပြေးလိုက်တော့တယ်။ ဘယ်လောက် ပဲ ခင်ခင် ဒီလို ကိစ္စကိုတော့ ခွင့်မလွှတ်နိုင်ဘူး လို့ သူမ ဆုံးဖြတ်ထားပြီး သား။

ဒီနေ့မှာတော့ ဒီ အရှက်မရှိတဲ့ကောင်ကို အသေသတ်ရမယ်။

ဒါပေမယ့်လည်း တံခါးကို ရောက်တဲ့ အချိန်မှာတော့ သူမဟာ ရုတ်တရက်ရပ်တန့်သွားတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ ဆံထိုးလေး တစ်ချောင်းဟာ တံခါး အဝင်ပေါက်မှာ ရှိနေတာ ကြောင့်ပဲ ။

ဒီ ကျောက်စိမ်း ဆံထိုးဟာ သူမ ရဲ့ ဆံထိုးမဟုတ်ပဲ ကောင်းကောင်းသိတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလို အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေ သူမ တစ်ခါမှ မဝတ်ဆင်တာကြောင့်ပဲ ။

“ ဘယ်သူ့ဟာလည်း ” ပင်းးယန်ဟာ အတွေးတစ်ခုဝင်လာခဲ့တာကြောင့် မယုံနိုင် ဖြစ်နေခဲ့တယ်။

ဒါပေမယ့်လည်း သူမဟာ ဆက်ပြီးတော့ လိုက်ဖမ်းခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ဖန်ကျန်းရှီ ဟာ ရပ်တန့်သွားတာကြောင့်ပဲ ။ သူဟာ လေးသည်တော်တွေ ဝန်းရံထားတာကို ခံလိုက်ရပြီ။

ပင်းယန် အိမ်တော်က နေ လွယ်လွယ်နဲ့ ထွက်သွားချင်တယ်လား။

ဟာသလုပ်နေတယ် ထင်နေတာလား။ ပင်းယန်ရဲ့ အရေးပါမှု ဟာ ကြီးမြတ်သော ရှမင်းဆက် ဧကရာဇ် လင်းမုပိုင်ရဲ့ အသက် တမျှ ။ ဒါကြောင့် သူမရဲ့ ကိုယ်ရံတော် တပ်ဟာလည်း အတော်ဆုံး စစ်သည်တော်တွေနဲ့ ဖွဲ့စည်းထားတာ ။

ဖန်ကျန်းရှီ မဆိုထားနဲ့။ ယဉ်ရှန်လိုမျိုး စွမ်းအားကြီးတဲ့သူ ဒါမှ မဟုတ် ရှင်းဟို့ ရှင်းယွမ်ကောင်း တို့တောင်မှ ပင်းယန် အိမ်တော် တံခါးကနေ ဖြတ်မလျှောက်ရဲဘူး။

“ အမိန့်တော် ရောက်လာတယ်။” ပင်းယန် က ဖန်ကျန်းရှီကို ဖမ်းဖို့ အော်မယ့် အချိန်မှာပဲ အသံ တစ်သံဟာ ရုတ်တရက်ထွက်လာခဲ့တယ်။ အဲ့ဒီ့နောက် မိန်းမစိုးငယ်လေး တစ်ဦးဟာ ပင်းယန် နဲ့ ဖန်ကျန်းရှီ ဆီကို လျှောက်လာခဲ့တယ်။

အပိုင်း (၂၂၁) ပြီး ၏။

အပိုင်း (၂၂၂)

“ အချုပ်အခြာ အာဏာကို ခြိမ်းခြောက်မှု”

တော်ဝင် အမိန့်တော် ရောက်ရှိလာတာကို ကြားချိန်မှာတော့ လေးသည်တော်တွေဟာ လေးတွေကို ချလိုက်ပြီး ဒူးထောက်လိုက်ကြတယ်။ ဒါဟာ အခြေအနေကို သူတို့ သဘော မပေါက်လို့ မဟုတ်ပါဘူး။ အခြေအနေကို နားလည်လွန်းတယ် ဆိုတာ ဖောြ်ပခြင်း ။

ဘာကြောင့်လဲ ဆိုတော့ အခန်းထဲကနေ ပြေးထွက်လာသူဟာ ဖန်ကျန်းရှီ ဖြစ်နေတာကြောင့်ပဲ ။

ပင်းယန် ရဲ့ အော်ဟစ် သံဟာ သွေးပျက်ဖွယ် ကောင်းလှတယ်။ ဒါဟာ သူမ ထိတ်လန့်မှု အကြီးအကျယ်ကြုံလိုက်ရတာ ဖြစ်ကြောင်းဖော်ပြနေခဲ့တယ်။ အကယ်၍ တစ်စုံတစ်ယောက်သာ အခန်းထဲကနေ ထွက်လာခဲ့ရင် သူတို့ရဲ့ တာဝန်ဟာ တုံ့ဆိုင်း မနေပဲ နေရာ မှာတင် အသေသတ်ရမှာ ။

ဒါပေမယ့်လည်း အကယ်၍ ထွက်လာသူဟာ ဖန်ကျန်းရှီ ဖြစ်နေရင်တော့

ဒါဟာ သာမာန် အဖြစ်တစ်ခုလို့သာ ဆိုရမှာ ။

ပင်းယန် အိမ်တော်ထဲက ဘယ်စစ်သည်တော်ကများ ပင်းယန်မင်းသမီး နဲ့ ဖန်ကျန်းရှီ တို့ရဲ့ ညီနောင်သားချင်းပမာ ဆက်ဆံရေးကို မသိလို့လဲ။ မနာလို ဖြစ်နေတဲ့ ရန်သူတွေလား။ သူတို့ နှစ်ယောက် ဘယ်လို ပဲ မတည့်မတည့် ဘယ်လိုပဲ ဖြစ်နေပါစေ။ သူတို့ ဝင်ရောက် စွက်ဖက်လို့ ရမယ့် ကိစ္စမျိုး မဟုတ်ဘူး ဖြစ်နေတယ်။

ဒါကြောင့် သူတို့တွေဟာ လေးမြှားတွေကို ချပြီးတော့ ဒူးထောက်လိုက်ကြတာ ။

ဖန်ကျန်းရှီ ရဲ့ မျက်လုံးတွေဟာတော့ အလင်းရောင်ကို ရုတ်တရက်တွေ့လိုက်တဲ့သူလိုမျိုး စိတ်သက်သာရာရသွားတော့တယ်။ သူ့လမ်းကို ပိတ်ရပ်ထားတဲ့ စစ်သားတွေက ဒူးထောက်လိုက်ကြတာလား။ နောက်ထပ် ဆူညံ ပူညံ မရှိတော့ပဲ ။ ဒါ့အပြင် တော်ဝင်အမိန့်တော်ကလည်း သူနဲ့ ဆိုင်တယ်လို့ မထင်ဘူး။ သူ့ရဲ့ အသက်ရှင်ရေးကသာ ပထမဦးစားပေး ။

မျက်တောင် တစ်ခတ် အချိန် အတွင်းမှာပဲ သူဟာ ဒူးထောက်နေတဲ့ စစ်သားတွေ နဲ့ မိန်းမစိုးငယ်လေးကို ပရိယာယ် ပါပါ နဲ့ ကျော်လွှားပြီးတော့ လေအရိပ်နည်း လမ်းကို သုံးကာ ပျံပြေးတော့တယ်။

“ သ သခင်လေး ဖန်။ တော် တော်ဝင် အမိန့်တော်” အမိန့်တော် ကြေညာဖို့ ပြင်ဆင်နေချိန်မှာပဲ မိန်းမစိုးငယ်လေး ဟာ ဖန်ကျန်းရှီ တကယ်ပဲ ထွက်ပြေးတာကို တွေ့လိုက်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်သွားခဲ့တယ်။

တော်ဝင် အမိန့်တော်က ရောက်လာပြီ။ ဒီ လူကဘာလို့ ထွက်ပြေးတာလဲ။

သူ နားမလည် နိုင်ဘူး။ ဒါပေမယ့်လည်း ပင်းယန် အိမ်တော်ထဲမှာ ဖန်ကျန်းရှီ ရှိနေတာကို သိဖို့တောင် တော်တော်လေး ကြိုးစားလိုက်ရတယ်။ အကယ်၍ ဒီလူသာ အခုချိန် ထွက်သွားရင် သူက နောက်တစ်ကြိမ် ဘယ်မှာ ထပ်ရှာရမှာလဲ။

“ မြန်မြန် ဖမ်းကြ။ သူ့ကို မပြေးစေနဲ့ ” ပင်းယန် ကဖန်ကျန်းရှီ ပျံသန်းနေတာကို မြင် ချိန်မှာတော့ သူမ ဟာ တော်ဝင်အမိန့်တော်ကို ဂရုမစိုက်နိုင်တော့ဘူး ။ ဒါကြောင့် သူမရဲ့ စစ်သည်တော်တွေကိုသာ အမိန့်ပေးလိုက်တယ်။

“ ဝူးးးး”

ဒူးထောက်နေကြတဲ့ စစ်သည်တော်တွေဟာလည်း ချက်ခြင်း မတ်တပ်ရပ်လိုက်ကြတယ်။ ဒါပေမယ့်လည်း သူတို့အားလုံး နားလည် လိုက်တယ်။ ပင်းယန် မင်းသမီး ပြောတာက ဖမ်းဖို့ သတ်ဖို့ မဟုတ်ဘူး။ ဒါကြောင့် ပြဿနာက ရှင်းပါတယ်။

ခေါင်းဆောင် တချို့ဟာ ချက်ခြင်း ပြေးထွက်သွားပြီးတော့ ဖန်ကျန်းရှီ ရဲ့ လမ်းကို ပိတ်ဆို့လိုက်ကြတယ်။ ဒီ စစ်သည်တော်တွေဟာတော့ သူ့ကို ဘယ်ညာ ပတ်လည်မှာ ဝန်းရံလိုက်ကြတယ်။

သနားစဖွယ် ဖန်ကျန်းရှီမှာတော့ မီတာငါးဆယ်လောက်ပဲ ပျံပြေးရသေးတယ်။ စစ်တပ်ကြီးက ဝိုင်းထားတာကို ခံလိုက်ရပြန်ပြီ ။ ဒီအဖြစ်ကတော့ သူ့ရဲ့ ဂုဏ်သိက္ခာကို ကျစေတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ။ ငါက တော်ဝင်စာမေးပွဲကို အောင်ထားတဲ့သူလေ။

ကောင်းကင်ရောင်ပြန် အဆင့်လည်း ရောက်နေပြီ။ ပင်းယန် အိမ်တော်ထဲက စစ်သူကြီးတွေ ဖမ်းတာကို ခံလိုက်ရတယ်တဲ့လား။ ငါလေးလို လူမျိုးက စစ်သည်ထောင်ပေါင်းများစွာ ဝိုင်းဖမ်းရမယ့်သူမျိုး မဟုတ်ဘူးလား။

တစ်ခုခုတော့မှားနေပြီ။

“ သခင်လေး ဖန် ၊ သခင်လေး ဖန် ၊ မပြေးနဲ့ ။ တော်ဝင်အမိန့်တော် ပါတယ်။” မိန်းမစိုးငယ်လေးဟာ ဖန်ကျန်းရှီ ရဲ့ အမူအယာကို သတိမပြုမိပါဘူး။ ဖန်ကျန်းရှီ ပိတ်မိသွားတာ မြင်လိုက်တာနဲ့ သူဟာ ချက်ခြင်း ပြေးလာပြီး အော်လိုက်တာ ။

“ငါ့အတွက်လား။” ဖန်ကျန်းရှီ ဟာ သံသယ ဖြစ်နေခဲ့တယ်။

သူတွေးခဲ့တာက ဒီ အမိန့်တော်ဟာ ပင်းယန် အတွက် ဖြစ်မယ်လို့ ။ အခုတော့ သူ့အတွက်တဲ့လား။ တော်ဝင် အမိန့်တော်။ ဘာ တော်ဝင် အမိန့်တော်လဲ။ ငါ့ကို ရုံးတော်သား ဖြစ်ဖို့ ကမ်းလှမ်းတာတော့ မဟုတ်ဘူး မလား။

ဒါက မြန်လွန်းတယ်။

အခုမှ တော်ဝင် စာမေးပွဲကို ဖြေထားတာလေ။ အဆင့်တောင်မှ မထွက်သေးဘူး။ ဘယ်လို များ တော်ဝင်အမိန့်တော်ကို လက်ခံရမှာလဲ။ ဒါပေမယ့် ဒီအတွက်တောင် စိတ်ကို မပြင်ဆင်ထားရသေးဘူးလေ။

ဒီအချိန်မှာတော့ ပင်းယန် ဟာ ဖန်ကျန်းရှီ ရဲ့ ဘေးကို ရောက်ရှိနေပြီ ။ သူမဟာ တော်ဝင်အမိန့်တော် ထဲက အကြောင်းရာကိုတော့ ခန့်မှန်းသိရှိထားတဲ့ ပုံပါပဲ ဒါပေမယ့်လည်း သူမ လေးစားမှုတော့ ရှိဖို့လိုတယ်။

ဒီနေ့ ဖန်ကျန်းရှီ ရောက်လာတာဟာ သူမကို အကူညီ တောင်းဖို့လို့ ထင်ထားတာ ။

ဒါကြောင့် ဖျား ချင်ဟန် ဆောင် နေခဲ့တာ ။ ဒါပေမယ့်လည်း ဖန်ကျန်းရှီက တော်ဝင်အမိန့်တော်ကို လက်မခံရသေးဘူးလား။ ဒါဆို ဘာလိုက ဒီမှာ ရှိနေရတာလဲ။

“ မနက်ဖြန် တော်ဝင် ညီလာခံ အစည်းအဝေးမှာ ဓားကို ယူလာခဲ့ဖို့ ဖန်ကျန်းရှီကို ဧကရာဇ်က ဖိတ်ခေါ်ပါတယ်။” မိန်းမစိုးငယ်လေး ဟာ ပင်းယန် နဲ့ ဖန်ကျန်းရှီ ဘာဖြစ်ဖြစ် ဂရုမစိုက် ပါဘူး။ သူဟာ အမိန့်တော်ကို မြန်မြန်ကြေညာပြီးတော့ တော်ဝင် အမိန့်တော်ကို ထိုးပေးခဲ့ပြီး ထွက်ပြေးတော့တယ်။ မြင်ကွင်းကနေ လျှပ်တပြက် အတွင်း ပျောက်ကွယ် သွားတော့တယ်။

ဒါက ပင်းယန် အိမ်တော် …..

အကယ်၍ ယန်မြို့တော်မှာ မိန်းမစိုးတွေ မသွားချင်ဆုံး နေရာကို ပြောပါဆိုရင် ပင်းယန် အိမ်တော်ပဲ ဖြစ်မယ်။ အကယ်၍ တော်ဝင် အမိန့်တော် ကြောင့်သာ မဟုတ်ရင် သူ ဘယ်လိုများ လာဝံ့မှာလဲ။

နောက်ပြီးတော့ လက်ရှိ အခြေအနေက တိုက်ပွဲ ဖြစ်တော့မှာ ။

အကယ်၍ ငါ မပြေးရင် တခြား ဘာလုပ်ရမှာလဲ။

မိန်းမစိုးငယ်လေးက ပြေးသွားခဲ့တဲ့ နောက်မှာတော့ ဖန်ကျန်းရှီဟာ တော်ဝင် အမိန့်တော်ကို ကိုင်ရင်း နဲ့သာ သူ့ကို ချိန်ထားတဲ့ လေးသည်တော်တွေကို ကြည့်လိုက်တော့တယ်။

ဓားကို ညီလာခံစီ ပို့ရမယ်။

ဒါက စာထဲမှာ ပါသလိုမျိုးကို ဓားကို လွယ်လွယ် ယူသွားဖို့ မဟုတ်မှန်း သူ ကောင်းကောင်းနားလည်တယ်။ အလွန့်ကို သိသာ ထင်ရှားစွာနဲ့ပဲ ဒါက နေ့ခင်း ကြောင်တောင် ဓားပြတိုက်တာပဲ ။ ဓားကို နိုင်ငံဆီ တကယ်ပဲ ပြန်ပေးရမှာတော့ မဟုတ်ဘူး မလား။

တကယ်တမ်းမှာတော့ ဖန်ကျန်းရှီက ဒီဓား သူ့လက်ထဲမှာ ရောက်လာစဉ် တည်းက မနာလို ဖြစ်ခံရမယ် ဆိုတာ ခန့်မှန်းထားတယ်။

သူ့အတွက်တော့ ဒီဓား သူ ရှာတွေ့ ထားတာ ဖြစ်တဲ့ အတွက် သူပိုင်ဆိုင်တယ်။

ဒါဟာ အရင် လောကတည်းက သင်ကြားပေးခံထားရတာ ။

ပြောနေကျ စကားလိုပဲ မကောင်းဆိုးဝါးကို သတ်မယ်။ အဆင့်တက်ပြီးတော့ ရတနာတွေကို ရမယ်။

ဒါကြောင့် ရတနာတွေဟာ သူ့အပိုင် ။ ဒါဟာ အကျိုးသင့်အကြောင်း သင့် ရှင်းလင်းချက်လည်း ။ ဒါပေမယ့်လည်း ဒီလောက ကတော့ သူတွေးထားသလို မဟုတ်တဲ့ပုံပါပဲ။

သက်ဦးဆံပိုင် အုပ်ချုပ်ရေး စနစ် အရ ရတနာတွေ အဖိုးတန်တာတွေ မှန်သမျှဟာ တော်ဝင် မိသားစုရဲ့ ပိုင်ဆိုင်မှု ဖြစ်နေတဲ့ပုံပါပဲ။

“ကြည့်ရတာ ငါ အတွေးချော် သွားတဲ့ ပုံပါပဲ။” ဖန်ကျန်းရှီ ရဲ့ နှုတ်ခမ်းပေါ်မှာတော့ အပြုံး တစ်ခု ဖြစ်ပေါ်လာတော့တယ်။ တစ်ချိန်လုံး သူဟာ ရေလိုက်ငါးလိုက်နေလာခဲ့တာ ။ အာဏာကို စိတ်ဝင်စားခြင်း အလျဉ်းမရှိခဲ့ဘူး။

ဒါပေါ့ ။ အခုချိန်ထိလည်း စိတ်မဝင်စားပါဘူး။ သူဟာ အချုပ်အနှောင်များတဲ့ ကိစ္စတွေကို လုပ်ချင်စိတ်မရှိတာ ။ အစိုးရ တာဝန်ကို ထမ်းဆောင် တာဟာ သူ့ကို သူ့အတွက်တော့ အချုပ်အနှာင် များလှတယ်။ ဒါက လွတ်လပ်မှုကို ပိတ်ပင်တဲ့ အရာတွေပဲ။ သူလိုချင်တဲ့ အရာလည်း မဟုတ်ဘူး ။

ဒါပေမယ့်လည်း ဒီလို သွားတာက သူ့ကို လှည့်စားလို့ ရမယ်လို့ ဆိုလို တာ မဟုတ်ဘူး။

“ ဟေးးး။ ဖန်ကျန်းရှီ။ ဒါ နင့် ဆံထိုးလား။” ပင်းယန်ရဲ့ အသံဟာ ဖန်ကျန်းရှီ ရဲ့ အတွေးတွေကို နှောက်ယှက်တော့တယ်။

“ အမ်။ ဘာလို့ ငါ့ရဲ့ ရွှေရည်သုတ် ကျောက်စိမ်း ဆံထိုးက မင်းဆီကို ရောက်နေတာလား။ စိတ်မရှိပါနဲ့ အရင် တုန်းကတော့ ငါ မင်းကို ပေးမလို့ပဲ။ မင်း ယူချင်ယူလေ။ မယူ်ချင်လည်း ငါသွားတော့မယ်။” ပြောပြီးတာနဲ့ ဖန်ကျန်းရှီဟာ ထွက်ခွာဖို့ ကြံတော့တယ်။

“ ဟဲ့ နင် ဒီလိုပဲ သွားတော့မှာလား။ ” ပင်းယန် ဟာ ဖန်ကျန်းရှီကို မယုံနိုင်စွာ ကြည့်လိုက်တယ်။

ပင်းယန် ရဲ့ မွေးနေ့ပွဲ တုန်းက အခန်းထဲမှာ ဖန်ကျန်းရှီဟာ သူ့ကို ဓားစာခံ လုပ်ထားချိန်တုန်းက ချီကူယန်ဟာ ကျောက်စိမ်းရွှေ ဆံထိုးကို အကြောင်းပြပြီးတော့ ပင်းယန် နဲ့ ဖန်ကျန်းရှီ ကြားက အငြင်းပွားမှုကို ဖြေရှင်းခဲ့တယ်။

ဒီအချိန်မှာတုန်းက ဖန်ကျန်းရှီက ပင်းယန်ကို ဆံထိုးပေးမယ်လို့ ကတိ ပြုခဲ့ပေမယ့်လည်း ဖန်ကျန်းရှီ တကယ်ပဲ ယူလာလိမ့်မယ်လို့တော့ မထင်ခဲ့ဘူး ။

ဒီ အရှက်မရှိတဲ့ကောင်က ဘယ်လိုများ ကတိ တည်နိုင်တာလဲ။

ဒါဟာ ပင်းယန် ရဲ့ အတွေးထဲမှာပေါ်လာခဲ့တဲ့ ပထမဆုံး အရာ ။ ဒုတိယ တစ်ခု သူမတွေးမိတာကတော့ ဖန်ကျန်းရှီက သူ့ကို တကယ်ပဲ ပေးတယ်ဆိုရင် ဘာတွေ ကြံစည်နေလို့လဲ။

ဒါပေမယ့်လည်း အခုချိန်မှာတော့ ….

သူမရဲ့ အထင် မှားသွားပြီ လို့ တွေးနေခဲ့တယ်။ သူမကို လာတွေ့ချိန်တုန်က တော်ဝင် အမိန့်တော်ကို မသိသေးရင် ဘာကိစ္စရှိလို့ လာတာလဲ။ နောက်ပြီးတော့ အခုချိန်မှာ အမိန့်တော်ကို သိပြီးတာတောင်မှ ပြန်သွားဖို့ ပြင်နေတာလဲ။

ငါက ကြီးမြတ်လှတဲ့ မင်းသမီးဆိုတာ ဒီကောင် မသိတာလား။ ဒါမှ မဟုတ် ငါ့ကို မင်းသမီးလို့ တစ်ခါမှ မမြင်တာလား။

“ မင်းက အခုထိ ငါချီးမွမ်းတာကို ခံချင်နေတာလား။ ဒီ ကျောက်စိမ်း ဆံထိုးက ငါ ငွေသား နှစ်ရာတောင် ပေးပြီးတော့ ဝယ်လာရတာ။” ဖန်ကျန်းရှီ ဟာ ပင်းယန် ဘာတွေ တွေးနေလဲ နားမလည် ဘူး ။ ပင်းယန် ဘာလို့များ မကျေမနပ် ဖြစ်နေတာလဲ။ သူမသိဘူး ဖြစ်နေခဲ့တယ်။

“ ဒါပေမယ့် ဒီ ဆံထိုးလေး ဝယ်ဖို့ အတွက် ငွေသား နှစ်ရာတောင် အကုန်ခံထားရတာ အတော်လေးကို နာကျင် စရာကောင်းလှတယ်။

ပင်းယန် သူ့ကို သုခမိန် လောကထဲမှာ လူသားဒိုင်း အဖြစ် ကာကွယ် ပေးခဲ့တာ နဲ့ ယှဉ်ရင်တော့ ဒါဟာ နည်းပါးလွန်းလှတဲ့ ပမာဏ ။ အကယ်၍ ပင်းယန်သာ မကျေနပ်ဘူး ဆိုရင် နောက် ထပ် ငွေသား ငါး ဆယ် ထပ်ပေါင်းပြီးတော့ ပုလဲ ဆံထိုး ဝယ်မယ် ဒါမှ မဟုတ် တူတာ တစ်ခုခု ဝယ်မယ်လို့ တွေးထားပြီးသား ။

“ဟွန့် ။ ငွေသား နှစ်ရာ တည်းလား။” ပင်းယန်ဟာ ဖန်ကျန်းရှီ ရဲ့ ရှင်းပြချက်ကို ကြားချိန်မှာတော့ သူမဟာ ဖန်ကျန်းရှီ ရဲ့ ရည်ရွယ်ချက်ကိုတော့ သိသွားပြီ ။ ဒါ့အပြင်ကို ဖန်ကျန်းရှီက အကူအညီ တောင်းဖို့ လာတာမဟုတ်မှန်း သိလိုက်တယ်။ သူမရဲ့ နှုတ်ခမ်းတွေဟာတော့ ပွစိပွစိ ဖြစ်လာတော့တယ်။ “ နင် ငါ့ကို ဒီ ဆံထိုး ထိုးပေးခဲ့ပါလား။” သူမဟာ ဖန်ကျန်းရှီ ကို ကြည့်ရင်း ပြောလိုက်တယ်။

“ ငါက မင်းကို ဆံထိုး ထိုးပေးရမှာလား။ ဘယ်လောက်တောင် အလုပ်ရှုပ်လိုက်သလဲ။” ဖန်ကျန်းရှီ ဟာ သူ့ရဲ့ နှုတ်ခမ်းတွေကို အကူအညီမဲ့စွာ တွန့်ကွေးနေတော့တယ်။ ဒါပေမယ့်လည်း လုပ်ပေးဖို့ ဆုံးဖြတ်လိုကတယ်။

ဒါကြောင့် သူဟာ ပင်းယန် ရဲ့ ရှေ့ကို လျှောက်လာပြီးတော့ ကျောက်စိမ်းဆံထိုးကို လှပပြီး ကျက်သရေ ရှိမယ့် ထောင့်မှာ ရွေးထိုးပေးလိုက်တယ်။

“အင်း ။ မဆိုးဘူးပဲ။ ” ဖန်ကျန်းရှီဟာ သူ့ရဲ့အလှအပ အတွက် အမြင်ကို အတော်လေး သဘောကျသွားတယ်။

“ ဟွန့် မဆိုးဘူး တဲ့လား ။ သိသိသာသာကြီး ဒီလောက် လာနေတာကို” ပင်းယန် ဟာခေါင်းကို မော့ရင်း ပြောလိုက်တယ်။

ဒီ အခြေအနေဟာ ကြောက်မက်ဖွယ် ကောင်းတယ်လို့ ဆိုရအောင်လည်း မဖြစ်နိုင်ဘူး ။ ပိုပြီးတော့ အရေးကြီးတာကတော့ သူတို့ နှစ်ယောက်ဘေးမှာ စစ်သည်တော်ပေါင်း ရာနဲ့ ချီပြီးတော့ ရှိနေခဲ့တယ်။

သူ့ကို ဖမ်းရမယ် ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

စစ်သည်တော် တစ်ဦးချင်းစီဟာ ပင်းယန် နဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း နဲ့ သက်ပြင်း တစ်ချက် မှု တ်ထုတ်လိုက်ကြတယ်။ အခုချိန်မှာ တစ်ဖက်လူက ဖန်ကျန်းရှၤီ တကယ်ပဲ ဖြစ်နေခဲ့တယ်။ မင်းသမီး ဘယ်လောက်ပဲ အော်အော် ငိုငို ။ ဆိုးဆိုးဝါးဝါး ဖြစ်နိုင်တာတော့ တစ်ခုမှ မရှိဘူး။

ဒါပေမယ့်လည်း အခန်းထဲမှာက ဘာဖြစ်ခဲ့တာလဲ။

…..

ကြီးမြတ်သော ရှမင်းဆက်ရဲ့ တောက်ပလှတဲ့ ညီလာခံခန်းမဟာတော့ စကားလုံးတွေ နဲ့ ဖော်ပြဖို့ မဖြစ်နိုင်ပါဘူး။ ရဲရဲတောက် နှီမြန်းလှတဲ့ အရောင်တွေဟာ အဝင်တံခါးကို မယှဉ်သာ နိုင်တဲ့ အလင်းရောင်တွေ နဲ့ တောက်ပနေခဲ့တယ်။ အခန်းထဲမှာတော့ ရွှေရောင် အလင်းတန်းတွေ တောက်ပနေတဲ့ တိုင်လုံးတွေဟာ အခန်းတစ်ခုလုံးကို တောက်ပနေစေခဲ့တယ်။ တိုင်လုံးတွေမှာတော့ နဂါး ရုပ်ပုံတွေကို ထွင်းထုထားခဲ့တယ်။ မတူညီတဲ့ နဂါး ရှစ်ကောင် ပုံရိပ်လွှာကို ရွှေသားဆေးရေးနဲ့ ပုလဲတွေ စီခြယ ထားခဲ့တယ်။

ရွှေရောင် တိုင်လုံး တစ်လုံးမှာ နဂါး တစ်ကောင် ဆီ ရှိတယ်။ ဒါဟာ တောဝင်ကျောင်းတော် ရဲ့ သင်္ကေတပဲ ။

ညီလာခံ ခန်းမထဲမှာ ရှိနေတဲ့ သူတွေဟာတော့ ကြီးမြတ်သော ရှမင်းဆက်ရဲ့ အာဏာကို ကိုယ်စားပြုတယ် မဟုတ်ဘူးလား။ ဒါ့အပြင်ကို သူတို့ဟာ မရေမတွက်နိုင်တဲ့ အသက်တွေကို ထိန်းချုပ်ထားသူတွေလည်း ။

ဒါဟာ လောကမှာ အမြင့်မားဆုံး အာဏာ မဟုတ်ဘူးလား။

ဒီ အာဏာဟာ အခုချိန်မှာ ခြိမ်းခြောက်မှု တစ်ခုနဲ့ ရင်ဆိုင်နေရပြီ ။ သူတို့ဟာ လူတစ်ယောက်ကို စောင့်ဆိုင်းနေတာ ။ ရုံးတော်သား မဟုတ်တဲ့ လူတစ်ယောက် ။ မြင့်မားတဲ့ နောက်ခံ အင်အားလည်း မရှိဘူး။

ရုံးတော်သားတွေအားလုံးဟာ ညီလာခံခန်းမထဲမှာ တိတ်တဆိတ်သာစောင့် နေခဲ့ကြတယ်။ သူတို့ရဲ့ မျက်လုံးတွေထဲမှာတော့ အေးစက်မှု အရိပ်ယောင်တွေ ဖုံးလွှမ်းနေခဲ့တယ်။ ဒါပေမယ့်လည်း သူတို့ နားမလည် နိုင်တာက သာမာန် ပြည်သူ တစ်ယောက်က ဘယ်လိုများ သူတို့ကို စောင့်ခိုင်းစေဝံ့နိုင်တာလဲ။

ကြီးမြတ်သော ရှ မင်းဆက် မှာ တော်ဝင် အမိန့်တော်ရဲ့ အာဏာကို ဒီကောင် မသိတာတော့ မဖြစ်နိုင်ဘူးလား။

ညီလာခံ ခန်းမကို ဖိတ်ခေါ်ခံရသူတွေဟာ ညီလာခံမစတင်ခင် အချိန် အတော် ကြာထဲက ဒူးထောက်ပြီးတော့ ဧကရာဇ်ကို တွေ့ဖို့ စောင့်ဆိုင်းနေခဲ့တာ ြဖ်စတယ်။

ဒါပေမယ့်လည်း ဒီနေ့မှာတော့

မနက်ခင်း ညီလာခံစတင် ခဲ့တာ နာရီဝက်ရှိနေပြီ။ ဘာတွေကို ဆွေးနွေးရမှာလဲ။ အခုတော့ သူတို့က လျစ်လျူရှုခံရတာ မဟုတ်ဘူးလား။

ဒါပေမယ့် အပြင်မှာ ဒူးထောက်ပြီးတော့ စောင့်နေသင့်တဲ့ ဒီကောင်က အခုချိန် ထိ မရောက်နိုင်သေးဘူးလား။

ပိုပြီးတော့ အရေးကြီးတာက သတင်းပို့တဲ့ မိန်းမစိုးလေး ဆီက သတင်းပို့မှုရောက်ရှိလာတာကြောင့် ဒီကောင်ဟာ အအိပ်လွန်ပြီး တော့ အိပ်ယာထ နောက်ကျနေတယ်လို့ သိရတယ်။ ဒါ့အပြင်ကို အခုချိန်မှာ ယန်မြို့တော်ထဲက စားသောက် ဆိုင်တစ်ခုမှာ ပေါက်စီနဲ့ ကြက်ပေါင်း စားနေတယ် တဲ့လား။ …….

အပိုင်း (၂၂၂) ပြီး၏။

အပိုင်း (၂၂၃)

“ ခဲ တစ်လုံးနဲ့ ငှက် နှစ်ကောင်ကို သတ်ပြီးနောက် နောက်ထပ် ငှက်နှစ်ကောင်ကိုပါ အထိနာစေခြင်း ”

လက်ရှိ ဧကရာဇ် ၊ မြောက်များလှစွာသော ရုံးတော်သားတွေ နဲ့ အရှေ့ပိုင်း နန်းတော် အိမ်ရှေ့စံ မင်းသားကတော့ ညီလာခံခန်းမထဲမှာ သာမာန် ပြည်သူ တစ်ယောက် မနက်စာစားတာကို စောင့် ဆိုင်းနေရတယ်။

ဘယ်လောက်တောင် မယုံကြည် နိုင်စရာ ကောင်းလိုက်သလဲ။

ရုံးတော်သားတွေဟာ ဒေါသ ထွက်လာကြတယ်။ သူတို့ တစ်ဦးချင်းစီဟာ တင်းမားတဲ့ အမူအယာတွေ ရှိနေခဲ့တယ်။ ရုံးတော်သားတွေဟာတော့ သူတို့ရဲ့ အတွေးတွေထဲမှာ ဧကရာဇ် က အပြစ်ပေးတဲ့ အမိန့်ကို စောင့် ဆိုင်းနေကြတယ်။ ဒါပေမယ့်လည်း ရုံးတော်သား တစ်ယောက်ကမှ အသံ မထွက်ရဲကြဘူး ။

အကြောင်း ရင်းကတော့ ရိုးရှင်းလှပါတယ်။ ဖန်ကျန်းရှီ က သာမာန် ပြည်သူ တစ်ယောက်သာ ဖြစ်ပေမယ့်လည်း သူဟာ တော်ဝင် အတွေးအခေါ် စာမေးပွဲက ချန်ပီယံ တစ်ယောက် ။ အင်ပါယာ တစ်ခုလုံးကို တုန်လှုပ်သွားနိုင်တဲ့ အထိ မြင့်မားတဲ့ အရည်အချင်း ရှိသူလည်း ။ နောက်ပြီးတော့ နတ်ဆိုးမျိုးနွယ် ဒုခေါင်းဆောင် ယဉ်ရှန်ကိုလည်း အနိုင်တိုက်ပြီးတော့ သတ်နိုင်လိုက်သေးတယ်။

အရေးကြီးဆုံးကတော့ ဘယ်သူ ဖြန့်လိုက်တဲ့ သတင်းလည်း မသိပေမယ့် ယန်မြို့တော် တစ်ခုလုံးမှာ ဖန်ကျန်းရှီ က ဧကရာဇ် ဆင့်ခေါ်တာကို ခံရတဲ့ သတင်းဟာ ပျံ့နှံ့နေခဲ့တာ ။ ဒါ့အပြင်ကို နတ်ဆိုး တစ်ကောင်ကို သတ်နိုင်တဲ့ အတွက် ဧကရာဇ် က သူ့ကို ဆုလာဘ်တော် ချီးမြှင့်မယ်လို့ သတင်းတွေ နဲက ထင်ကြေးပေးမှုတွေကလည်း တောမီးပမာ ပျံ့နှံ့နေခဲ့တယ်။

တော်ဝင်စာမေးပွဲမှာ ဖန်ကျန်းရှီ ရဲ့ စွမ်းအင် တွေဟာ သာမာန် ထက်ကို ကျော်လွန်နေတယ်လို့ တွေ့မြင်သူတိုင်းက ပြောခဲ့တာ ။ ဒါဟာ ထွက်ပေါ်လာတဲ့ ကောလဟာလ သတင်းတွေကို ပိုပြီးတော့ ခိုင်မာစေခဲ့တယ်။

ဒါပေါ့။ ဓားကို အာရုံစိုက်နေသူတွေလည်း ရှိနေတာ ။ ဒါကြောင့် ဧကရာဇ် ဟာ မုန့်ထျန်းဓားကို မျက်စောင်း ထိုးနေတယ် ဆိုတဲ့ ထင်ကြေးပေးမှု တွေဟာလည်း ရှိနေခဲ့တယ်။

ဒီကိစ္စမှာ ။

ရုံးတော်သားတွေ ရှင်းရှင်း လင်းလင်း သိတာကတော့ ညီလာခံ အစည်းအဝေးကို လာဖို့ နောက်ကျတဲ့ အတွက် ဖန်ကျန်းရှီကို နေရာမှာ သတ်ဖို့ ဆိုတာ လုံး၀ မဖြစ်နိုင်ဘူး မှန်း သူတို့ သိလိုက်တယ်။

လုပ်မိခဲ့ရင်လည်း မင်းဆိုးမင်းညစ် အဖြစ် သတ်မှတ်ခံရပြီးတော့ လူတွေ ရဲ့ စိတ်ထဲမှာ ထိတ်လန့်မှုကို ဖြစ်စေလိမ့်မယ်။

ဒါဟာတော့ လူတိုင်း မပြောရဲ ကြတဲ့ အကြောင်း ရာ တစ်ခု ။

ဒါပေမယ့်လည်း ဖန်ကျန်းရှီ က ညီလာခံကို မလေးမစား လုပ်တာကတော့ ခွင့်လွှတ်ဖို့ မဖြစ်နိုင်ဘူး ။ ဒီလို လူမျိုးကို မှတ်လောက်သားလောက် အောင် အပြစ်ပေးပြီးတော့ တခြားသူတွေ မလုပ်ရဲလောက်အောင် သတိပေးရမယ်။

“ အနည်း ဆုံး ကြိမ်ဒဏ အချက် ငါး ဆယ် ရိုက်ရမယ်။”

“ ကြိမ်ဒဏ် ငါးဆယ်။ အနည်းဆုံး တော့ တစ်ရာလောက် ရသင့်တယ်။ ဒါက လုံးဝကို အသုံးမဝင်ဘူး။”

“ တကယ်တော့လည်း သူက ငယ်ရွယ်ပြီးတော့ အတွေ့အကြုံ မရှိတဲ့ လူငယ် လေးပဲလေ ။ အရေးကြီးတဲ့ ကိစ္စတွေကို ဝေဖန် ဆုံးဖြတ်နိုင်စွမ်း မရှိသေးဘူး။ ငါ တော်ဝင် နန်းတော်ကို ဆင့်ခေါ်ခံရချိန် တုန်းက ဆိုရင် ဧကရာဇ်ကို တွေ့ဖို့ အတွက် သုံးနာရီ တိတိ ဒူးထောက်ခဲ့ရတယ်။”

အဆင့်မြင့် ရုံးတော်သားတွေကတော့ ဖန်ကျန်းရှီ ရောက်လာချိန်မှာ အပြစ်ပေးဖို့ အတွက် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြတော့တယ်။

ဒီအချိန်မှာပဲ အပြင်ဘက်ကနေ ကြေညာသံ ဟာ ထွက်ပေါ်လာတော့တယ်။

“ ဖန်ကျန်းရှီ ။ အခန်းထဲကို ဝင်ပြီးတော့ ဧကရာဇ် နဲ့ တွေ့ ဆုံပါ။”

“ သူ ရောက်လာပြီလား။”

“ဒီ ကောင်က ပေါက်စီနဲ့ စွပ်ပြုတ်သောက် တာကို နာရီဝက်ကြာအောင် စားနေတယ်။ ကိုယ့်သေတွင်း ကိုယ်တူးနေတာလား”

“ ညီလာခံ က ကြက်စွပ်ပြုတ်လောက်တောင် အရေးမပါ ဘူးလား။ ဒီကောင်က လုံးဝကို ကိုယ့်သေတွင်း ကိုယ်တူးနေတာလား။ ဒါပမေယ့်လည်း ကြည့်ရတာတော့ ဒီမှာ တကယ်ပဲ သေတဲ့ အထိ အရိုက်ခံရတော့မယ့် ပုံပဲ။”

အပြင်ဘက် တံခါး ကနေ သတိပေးသံ ထွက်ပေါ်လာချိန်မှာတော့ ရုံးတော်သားတွေ ရဲ့ မျက်နှာပေါ်မှာ လေးနက် တည်ကြည်ဟန် ပေါ်လာတော့တယ်။။ သူတို့ဟာ ဒေါသ ထွက်နေ သလို ။ အရှင် ဧကရာဇ် ၊ သွမ့်အရှင် နဲ့ အိမ်ရှေ့စံ မင်းသားတို့ လည်း ဘယ်လိုများ စိတ်မဆိုးပဲ နေနိုင်မှာလဲ။

“ ဟမ်။ မနက်ခင်း ညီလာခံက မစသေးဘူးလား။”

သက်တောင့် သက်သာ ဖြစ်လှတဲ့ အသံ တစ်သံ ဟာ အပြင်ကနေ ထွက်ပေါ်လာတော့တယ်။ အဲ့ဒီ့နောက် အပြာရောင် ဝတ်ရုံနဲ့ လူငယ် တစ်ယောက်ဟာ ညီလာခံ ခန်းမ ထဲကို အေးဆေးစွာ နဲ့ လျှောက်လာတော့တယ်။

“ ပြည်သူ ဖန်ကျန်းရှီ ဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်။”

“ ဖန်ကျန်းရှီ မင်းလာဝံ့တယ်နော်။ အခုက ဘယ်အချိန် ရှိပြီလဲ ။” ရုံးတော်သား တစ်ဦးဟာ ဖန်ကျန်းရှီပြောတာကို ကြားချိန်မှာတော့ သူဟာ ရှေ့ထွက်လာပြီး အော်လိုက်တော့တယ်။

ဧကရာဇ် က စိတ်ထားကြီးမြတ်ပြီးတော့ ခွင့်လွှတ်တတ်တယ်။ ဒါကြောင့် ပြည်သူတွေကို ဆူပူကြိမ်းမောင်း ခြင်း ပြုမှာ မဟုတ်ဘူး။ ဒါကြောင့် အဆင့်မြင့် အမတ်မင်း တွေရဲ့ အလုပ်ဟာ ဧကရာဇ်ရဲ့ အရိပ်အကဲကို သိစွာ နဲ့ပဲ လှုပ်ရှားရမှာ ။

“ အချိန်လား။ ကျွန်တော် အစောကြီး လာတာပဲလေ။ ပြောပြီးသားပဲ အခုချိန်က စောပါသေးတယ်လို့ ဒါပေမယ့် အရှေ့ လမ်းပြတဲ့ မိန်းမစိုးက ကျွန်တော့်ကို မယုံဘူး။ ဧကရာဇ် ရဲ့ ဖိတ်ခေါ်မှုကို ကြားလိုက်တော့ တစ်ညလုံး အိပ်တောင် မအိပ်နိုင်လိုက်ဘူး။ ဒီနေ့မနက် မိုးသောက် ချိန် ရောက်မှပဲ မျက်လုံးတွေ ပိတ်နိုင်တော့တယ်။ မနက်ခင်း ညီလာခံမှာ လူတိုင်းကို ဒီလောက် စောစော တွေ့ရမယ်လို့ မထင်ခဲ့မိဘူး။ အခု အပြင်ကို ပြန်ထွက်ပြီးတော့ ဒူးထောက်ရမလား။ ”

ဖန်ကျန်းရှီက ပြောလိုက်ပြီးနောက် ကိုယ်ကို လှည့်ကာ တံခါး အပြင်ကို ထွက်ရင်း ဒူးထောက်ဖို့ပြင်လိုက်တယ်။

“ အဲ့ဒီ့မှာ ရပ်နေဆဲ မင်း မင်း ပြန်လာတာ ပိုကောင်းလိမ့်မယ်။” ရုံးတော်သားတွေ ဟာ ဖန်ကျန်းရှီ ဒီလောက်တောင် မျက်နှာပြောင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး ။ တစ်နာရီလောက် နောက်ကျပြီးတာတောင်မှ ဘယ်လိုများ သူ့ကိုယ်သူ စောတယ်လို့ ပြောနိုင်သေးတာလဲ။

မင်းဆက် တစ်ခုလုံးက ရုံးတော်သားတွေဟာတော့ အချိန် အကြာကြီး စောင့်ဆိုင်း နေခဲ့ကြတာ ။ သူတို့ အားလုံး ရဲ့ ခြေလက်တွေ တောင်မှ ကိုက်ခဲနေပြီ ။ ဘယ်လိုများ ဖန်ကျန်းရှီ ကို ဆက်ပြီးတော့ အချိန်ဆွဲခိုင်းနိုင်မှာလဲ ။

“ စိတ်မဆိုးကြပါနဲ့။ ဖန်ကျန်းရှီ က သာမာန် ပြည်သူ တစ်ယောက်သာ ဖြစ်တဲ့ အတွက် ညီလာခံ ကျင်းပချိန်ကို မသိတာ ခွင့်လွှတ်နိုင်လောက်ပါတယ်။ ဝင်လာခဲ့ပါ။” ဒီအချိန်မှာတော့ ဧကရာဇ် လင်းမုပိုင်ဟာ ပြောလိုက်တော့တယ်။

“ ဧကရာဇ်က ကြင်နာပြီး ခွင့်လွှတ်တတ်လှတယ်။ ” ဧကရာဇ် လင်းမုပိုင်ရဲ့ စကားကို ကြားချိန်မှာတော့ ရုံးတော်သားတွေ ဟာ တည်ီတညွှတ်တည်း ဂုဏ်ကျေးဇူး ကို ချီးမွမ်းကြတော့တယ်။

ဖန်ကျန်းရှီ က ဧကရာဇ် လင်းမုပိုင်ရဲ့ စကားကို ကြားချိန်မှာတော့ ဖြည်းဖြည်း လှည့်ကာ များပြားလှတဲ့ ရုံးတော်သားတွေကို အပြစ်ကင်းစင်လှတဲ့ မျက်နှာပေးလေးနဲ့ ကြည့်လိုက်တယ်။

“ဖန်ကျန်းရှီ ။ ကိုယ်တော် ကြားက မင်းက နတ်ဆိုးမျိုးနွယ် ခေါင်းဆောင် ယဉ်ရှန်ကို သုခမိန် စိတ်အာရုံနယ်မြေထဲ မှာ နှိမ်နင်းနိုင်ခဲ့တယ်။ ဒီသတင်းဟာ ကိုယ်တော့်ကို ပျော်ရွှင်စေတယ်။ ဘယ်လို ဆုလဒ်မျိုးကို မင်း လိုချင်လည်း ။” ဧကရာဇ် လင်းမုပိုင်က မေးလိုက်တယ်။

ထုံးစံ အတိုင်း သူဟာ ဓားအကြောင်းကို တိုက်ရိုက်မပြောခဲ့ဘူး ။ ဒါဟာ ဧကရာဇ် ရဲ့ စိတ်သဘော ။ မင်းဆက်မှာ ဧကရာဇ် ရဲ့ အဆင့်တန်းဟာ ပြည်သူတွေ ရဲ့ ထောက်ခံ အားပေးမှုကို ရရှိတာပဲ ။ ဒါကြောင့် သူလုပ်တဲ့ အရာ မှန်သမျှဟာလည်း မှန်ကန်ပြီး တရားနည်းလမ်းကျရမယ်။

ဓား အတွက် ကတော့ ။။။

သူ့ ရဲ့ ပုလ္လင်အောက်မှာရှိနေတဲ့ ရုံးတော်သားတွေ ယူလာနိုင်မယ်လို့ သူ ကောင်းကောင်းယုံကြည်တယ်။ ဒါကြောင့် သူ ဟာ ဆုံးဖြတ်ချက် တစ်ခုကို ချဖို့ လိုလာတယ်။ ဒီဆုံးဖြတ်ချက် ဟာ အခြေအနေကို ပြောင်းလဲ သွားစေနိုင်လောက်တဲ့ ဖိအား ရှိရမယ်။

“ ကြီးမြတ်သော ရှမင်းဆက် တည်မြဲ ဖို့ အတွက် ကျွန်တော်မျိုး ရဲ့ အသက် နဲ့ကိုယ်ကို အပ်နှင်းပါတယ်။ ဒါကြောင့် ကျွန်တော်မျိုး ချမ်းသာ ကြွယ်ဝမှုကိုလည်း မတောင်းဆိုပါဘူး။ ညီလာခံမှာ အဆင့်ကောင်းကောင်း ရဖို့လဲ မတောင်းဆိုပါဘူး။ အကယ်၍ အရှင် မင်းကြီးသာ ဆုချီးမြှင့်ချင်တယ်ဆိုရင် ။ ကျွန်တော်မျိုး အသက် သေမိန့်ကင်းလွှတ်ခွင့်အမိန့် ပြား ။ ဒါမှ မဟုတ် တူညီတာမျိုးကို ပေးဖို့ တောင်းဆို ပါရစေ။”

“သေမိန့်ကင်းလွှတ်ခွင့် အမိန့်ပြား။”

“ ဒီကောင် တကယ့်ကို အရည်ထူတာပဲ။”

“ဘယ်လိုများ ဒီလောက်ထိ အရှက်မရှိတဲ့ တောင်းဆိုမှုကိုလုပ်နိုင်တာလဲ။ ကြီးမြတ်သော ရှမင်းဆက် စတင် တည်ထောင်ချိန် တည်းက နေ အခုချိန်ထိ သေမိန့် ကင်းလွတ်ခွင့် အမိန့်တော်တံဆိပ်ပြား ငါးခုတောင်မှ မပေးရသေးဘူး။ ကြီးမြတ်တဲ့ ကိစ္စကြီးကို လုပ်ခဲ့တဲ့ သူကိုမှ ချီးမြှင့်တာ ။ ဒီ ကောင်စုတ်လေးက နတ်ဆိုး ခေါင်းဆောင် တစ်ယောက်ကိုသာ သတ်ပြီးတော့ သေမိန့်ကင်းလွတ်ခွင့် အမိန့်ပြားကို တောင်းဆိုရဲတယ်။”

ရုံးတော်သားတွေဟာ ဖန်ကျန်းရှီ ရဲ့ စကားကို ကြားချိန်မှာတော့ သူတို့ရဲ့ မျက်လုံးတွေဟာ ဒေါသအရိပ်ယောင်တွေ တောက်ပလာတော့တယ်။ သူတို့ တစ်သက်နဲ့ တစ်ကိုယ် ဒီလောက်ထိ အရှက်မဲ့တဲ့ သူမျိုး မတွေ့ဖူးခဲ့ဘူး။

“ အဟွတ်” ဧကရာဇ် လင်းမုပိုင်ဟာ အသံ ခပ်တိုးတိုး နဲ့ ရယ်မောလိုက်တယ်။ ဖန်ကျန်းရှီ ဒီလိုမျိုး ဖြေမယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး။ သေမိန့်ကင်းလွတ်ခွင့် အမိန့်ပြားကို ဘယ်လိုများ ပေးလို့ရမှာလဲ။

ဒါပေမယ့်လည်း သူ မေးလိုက်လို့ ဖန်ကျန်းရှီ က ပြန်ဖြေတယ်။ ဒါက လုံး၀၈ို မသင့်တော် တာ ဖြစ်ပေမယ့်လည်း ကလေး တစ်ယောက်ရဲ့ ဟန်ဆောင်မှု ကင်းမဲ့ စိတ်ကိုတော့ တွေ့မြင်နိုင်တယ်။

“ သေမိန့်ကင်းလွှတ်ခွင့် တံဆိပ်ပြားက လွယ်လွယ် နဲ့ ရနိုင်တာ မဟုတ်ဘူး။ ဒါကို ရဖို့ အတွက် ကြီးမားတဲ့ အောင်မြင်မှု လိုအပ်တယ်။ ဒါပေမယ့်လည်း မင်းက အသက် ဆယ့်ငါးနှစ်ပဲ ရှိသေးတာ။ အနာဂတ်မှာ အခွင့်အရေးတွေ အများကြီး ရှိနိုင်ပါသေးတယ်။” ဧကရာဇ် လင်းမုပိုင်ဟာ ပြုံးလိုက်ရင်း နဲ့ ခေါင်းခါ လိုက်တယ်။

“ ကျွန်တော်မျိုး သဘောပေါက်ပါတယ်။ ” ဖန်ကျန်းရှီက စိတ်ပျက်သွားဟန်ပါပဲ။

တခြား တစ်ဖက်မှာတော့ ရပ်တန့်နေကြတဲ့ ရုံးတော်သား အမတ်မင်း နှစ်ယောက်ဟာ သူတို့ ဘာပြောလို့ လိုလာလဲ ဆိုတာကို ကောင်းကောင်း သိကြတယ်။ သူတို့ စကားစဖို့ ပြင်လိုက်ချိန်မှာလဲ ဥပဒေ အရာရှိ ဝမ်ချောင် ဟာ ခြေတစ်လှမ်း ရှေ့တိုးရင်း နဲ့ လူအုပ်ထဲကနေ ထွက်လာခဲ့တယ်။

သူဟာ တော်ဝင် စာမေးပွဲမှာ အဓိက စစ်ဆေးသူ တစ်ယောက် ဖြစ်တဲ့ အတွက် သူ့မှာ ပြောစရာ ကိစ္စ ကြီးကြီးမားမား ရှိနေတယ်။

ဒီနေ့ အခြေအနေမှာတော့ ဧကရာဇ် နဲ့ အိမ်ရှေ့စံ မင်းသား တို့ရဲ့ နှစ်သက်မှုကို ရဖို့ အတွက် ညီလာခံခန်းမ တစ်ခုလုံးက ရုံးတော်သားတွေဟာ ကြိုးစားနေကြတာ ။ ဒါကြောင့် သူလုပ် စရာလိုတာက ချက်ကောင်းကို ကိုင်ပြီးတော့ တခြားသူတွေကို အနိုင်တိုက်ရမယ်။ ဒါကြောင့် သူဟာ သူများတွေရဲ့ နောက်ကနေ ထွက်လာတာ ။

အောင်မြင်မှု အတွက် တိုက်ခိုက်ရမယ်။ ဧကရာဇ် ရဲ့ စိတ်သဘောကို နားလည်ရမယ်။

ရုံးတော်သားတွေ ရဲ့ အရည် အချင်းတွေကို ဒီ အချိန်မှာ ထုတ်ပြရမှာ ။ ခြောက်ဦးသော ကောင်စီ အဖွဲ့ဝင် ရုံးတော်သား တစ်ယောက် ဖြစ်လာဖို့ အတွက် ဝမ်ချောင်ဟာ ပြိုင်ဘက် ကင်း အစွမ်း ရှိတယ်။

“ ဖန်ကျန်းရှီ ။ ငါက ဥပဒေ ကောင်စီ အုပ်ချုပ်သူ ဝမ်ချောင် ။ တော်ဝင်စာမေးပွဲ အတွင်း ဟန်ချန်းဖုန်းရဲ့ ပြစ်မှုကို စုံစမ်းစစ်ဆေးရသူ ။ ဒါကြောင့် မင်းကို နားလည် စေချင်တာ တစ်ခုရှိတယ်။ ငါကြားတာတော့ သုခမိန်စစ်နတ် မုန့်ထျန်း ချန်ထားခဲ့တဲ့ ဓားကို မင်းအသုံးပြုပြီးတော့ ယဉ်ရှန်ကို သတ်ခဲ့တယ်လို့ ငါကြားသိရတယ်။ ဒါက မှန်ကန်လား။ ” ဝမ်ချောင်ဟာ အဓိက အကြောင်းရာကို စကာ်းတစ်ခွန်းတည်း နဲ့ ဖော်ပြနိုင်တာ ။ စုံစမ်းစစ်ဆေးမှု အကြောင်းကို အသုံးချပြီးတော့ ဒီ အခြေအနေမှာ ကယ်ဆယ်တာလား။

အဖြေကို ကောင်းကောင်း သိပေမယ့်လည်း သူဟာ မေးခွန်းကို မေးလိုက်တယ်။

ဒါက သူ့ရဲ့ အစီအစဉ်လား။ သူတွေးထားခဲ့တာကတော့ ဖန်ကျန်းရှီက ဒါကို မလုပ်ပါဘူးလို့ ပြောမယ် ထင်ခဲ့တာ ။ ဒါပေမယ့်လည်း သူ့မှာ လူသက်သေ ပစ္စည်း သက်သေတွေ အများအပြား ရှိပြီးသား ။ ညီလာခံခန်းမထဲမှာ ဖန်ကျန်းရှီ လိမ်တာမျိုးကို သူ ဘယ်လိုများ ခွင့်ပြုနိုင်မှာလဲ။

အကယ် ၍ ဖန်ကျန်းရှီသာ လိမ်ခဲ့ရင် ဧကရာဇ် ရှေ့မှာ အမှန်ကို ပြောခိုင်းဖို့ ဖိအားပေးပြီးတော့ စိတ်ဓာတ်ကို ဖိနှိပ်ရမယ်။ ဒါက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပဲ။

“မှန်ပါတယ်။ ” ဖန်ကျန်းရှီက လေးနက်တည်ကြည်တဲ့ အမူအယာ နဲ့ ခေါင်းငြိမ့်လိုက်တယ်။

“ ဒီဓား က သုခမိန် စစ်နတ်မုန့်ထျန်းချန်ထားခဲ့တာ ။ ဒါဟာ ကြီးမြတ်သော ရှမင်းဆက်ရဲ့ရတနာ တစ်ပါးလည်း ဖြစ်ပါတယ်။ ဖန်ကျန်းရှီ က ကံကောင်း ထောက်မစွာနဲ့ ဓားကို ရရှိခဲ့တဲ့ အတွက် ဖန်ကျန်းရှီကို ငွေသား ငါးထောင် ချီးမြှင့်ပေးပါလို့ ဧကရာဇ်ကို တောင်းဆိုအပ်ပါတယ်။” ဝမ်ချောင်ဟာ ဖန်ကျန်းရှီ ခေါင်းငြိမ့်တာကို မြင်လိုက်ရတဲ့ အတွက် အနည်းငယ် စိတ်ပျက်သွားခဲ့တယ်။

ဒါပေမယ့်လည်း သူ့ရဲ့ အစီအစဉ်ကိုတော့ ဒါက မသက်ရောက်ဘူး ။ သူ့ရဲ့ အကူအည်ီဟာ အနည်းငယ်တော့ သက်ရောက်မှု အားနည်းသွားခဲ့တယ်။

ရုံးတော်သားတွေဟာ ဒါကို ကြားချိန်မှာတော့ သူတို့လည်း သဘော ပေါက်သွားခဲ့တယ်။ ဖန်ကျန်းရှီရဲ့ အောင်မြင်မှုကို ချီၤးမြှောက်ပြီးတော့ ဓားကို လက်လျှော့ စေဖို့ လုပ်ရမယ်။ ဒါဟာ ဧကရာဇ် အလိုရှိတာ ။ ဥပဒေ ကောင်စီ အုပ်ချုပ်သူ တစ်ဦးဖြစ်တဲ့ ဝမ်ချောင်ဟာ အရိပ်အကဲ သိလှတယ်။

“ အမတ်မင်း ဝမ်ကို ထောက်ခံပါတယ်။ ဖန်ကျန်းရှီက သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ ဓားကို တော်ဝင် စာမေးပွဲမှာ ရရှိခဲ့တာ ဖြစ်တဲ့ အတွက် မင်းဆက် ဂုဏ်ကို ဆောင် နိုင်ခဲ့ပါတယ်။ နောက်ပြီးတော့ လူတွေ ရဲ့ ချီးမွမ်းမှုကို ရရှိစေပါတယ်။ ငွေသား ဆုလဒ် ဟာ ဒီ ကြီးမားလှတဲ့ စွမ်းဆောင်မှု အတွက် မလုံလောက်ဘူး လို့ ထင်ပါတယ်။ ဧကရာဇ် မင်း ခင်ဗျာ ဆုလဒ်ကို တိုးမြှင့်ပေးမယ်လို့ မျှော်လင့်မိပါတယ် ။

“ ဒီလို ကြီးမားတဲ့ စွမ်းဆောင်မှု မျိုးကို ဆုလဒ် များများ ချသင့်တယ်လို့ ကျွန်တော်မျိုးလည်း ထင်ပါတယ်။ ”

“ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။”

“ထောက်ခံပါတယ်။ ”

“…. ”

ဖန်ကျန်းရှီ စကားတစ်ခွန်းတောင် မပြောရသေးခင်မှာပဲ ရုံးတော်သား အုပ်စုကြီးဟာ တစ်ယောက်ချင်းစီရှေ့ထွက်ရပ်ရင်း ဖန်ကျန်းရှီ ပါးစပ်ဟမှာကို ပိတ်ဆို့ကာ အသံကုန်ဟစ်နေကြတယ်။

သူတို့တွေရဲ့ မျက်နှာပေါ်မှာတော့ ဖြောင့်မတ်တည်ကြည်မှုတွေ နဲ့ ပြည့်နှက်နေပြီးတော့ ဖန်ကျန်းရှီ ဆုချီးမြင့်ခံရဖို့ကို သာ အားထုတ်နေကြပုံပါပဲ။

ဒီ အဖြစ်ဟာ အချိန်အတော်ကြာတိတ်ဆိတ်နေခဲ့တဲ့ ညီလာခံ ခန်းမကြီးကို လှုပ်ရှားတက်ကြွစေတယ်။

ဧကရာဇ် လင်းမုပိုင် ဒါကို မြင်ချိန်မှာတော့ သူ့ရဲ့ အမူအယာဟာ အနည်းငယ် တုံ့ဆိုင်းသွားခဲ့တယ်။ သူဟာ တစ်စုံ တစ်ခုကို စဉ်းစားနေဟန်ပါပဲ။ သူ့မှာ စကားပြောလို စိတ်တော့ ရှိဟန် မတူဘူး ။

“ ကျွန်တော်မျိုး ရဲ့ အမြင် အရ ဖန်ကျန်းရှီဟာ တော်ဝင် တိုက်ခိုက်ရေးစာမေးပွဲကို ကျူးကျော်လာခဲ့တဲ့ နတ်ဆိုးမျိုးနွယ် ခေါင်းဆောင်ကို သတ်နိုင်တာဟာ ကြီးမားတဲ့ ဂုဏ်ဆောင်မှုကြီး တစ်ခု ။ ဒါ့အပြင်ကို အတွေးအခေါ် စာမေးပွဲမှာလဲ ချန်ပီယံ ဖြစ်ထားတဲ့ အပြင် တံတားကျိုး။ အမြွှာကျောက်တုံးနဲ့ ကျောက်တုံး အိမ်တို့ကိုပါ ဖြေရှင်းပြီး အဆင့်လေး အထိ တက်ရောက်သွားခဲ့တယ်။ ဒီလို ထက်မြက်ထူးချွန်လှတဲ့ လူငယ်လေးကို တော်ဝင် အစိုးရမှာ စောစော တာဝန်ပေးတာဟာ အကောင်းဆုံး ဖြစ်နိုင်မယ်လို့ ကျွန်တော်မျိုး ထင်မြင်မိပါတယ်။ ဒါကလည်း ကျွန်တော်တို့ရဲ့ ဥပဒေတွေကို ချိုးဖောက်ခြင်း မရှိတာကြောင့် အရှင်မင်းမြတ် သနားဂရုဏာ ထားစွာ ချီးမြင့်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ” ဝန်ကြီးချုပ် ယွီယိဖျင်ဟာ လူအုပ်ထဲကို ထွက်လာပြီးတော့ ပြောလိုက်တယ်။ သူဟာ ဖန်ကျန်းရှီအတွက် ဆုလဒ် ချီးမြှင့်ဖို့ကို တောင်မှ တောင်းခံ နေခဲ့တယ်။

ဒါပေမယ့်လည်း သူ့ရဲ့ တောင်းဆိုမှု ဟာ ပိုပြီးတော့ ကြီးမားနေခဲ့တယ်။

ပုံမှန် အခြေအနေမျိုးမှာ ဆိုရင် တော်ဝင် စာမေးပွဲကို အောင်မြင်တဲ့ သူကို ရုံးတော်သား အမတ်အဖြစ် အဆင့် သတ်မှတ်နိုင်တာ ။ ဒါပေမယ့်လည်း ဒါဟာ စောင့်ဆိုင်းချိန် တော့ လိုအပ်တယ်။ အနည်းဆုံး နှစ်ဝက်ကနေ အများဆုံး ငါးနှစ် အထိ စောင့် ဆိုင်းရတယ်။ တစ်ချို့ သူတွေဆိုရင် ဆယ်နှစ်ကျော် အထိကို စောင့်ဆိုင်းကြရတယ်။

ဖန်ကျန်းရှီ က အသက် ဆယ့်ငါးနှစ်သာ ရှိသေးတာ ။ အသက် ဆယ့်ငါးနှစ် နဲ့ ရုံးတော်သား ဖြစ်ဖို့ကတော့ ကြီးမြတ်သော ရှ မင်းဆက် မှာ တစ်ခါမှ မရှိခဲ့သေးဘူး ။

ဒါပေမယ့်လည်း အခုချိန်မှာတော့

ဝန်ကြီးချုပ်ကိုယ်တိုင်က ဖန်ကျန်းရှီကို ရုံးတော်သား အဖြစ် ခန့်အပ်ဖို့ တိုက်ရိုက်တောင်းဆိုလာပြီ ။ ဒါဟာ အခြားသော အမတ်တွေကိုတော့ မထီမဲ့မြင် ပြုနေသလိုပါပဲ။ ဒါပေမယ့်လည်း ပညာသား ပါလှတဲ့ လှုပ်ရှားမှုလည်း ။ ဖန်ကျန်းရှီ ရဲ့ နာမည်ကို ကြားရုံနဲ့ လူတိုင်း ဟာ မနာလို ဖြစ်နေရမယ်။

ဒါက ခဲတစ်လုံး နဲ့ ငှက်နှစ်ကောင်ကို ပစ်ပြီးတော့ ဥပဒေရဲ့ ထိပ်မှာ ရှိနေတာ ။ ဒါက ခဲတစ်လုံ းနဲ့ ငှက်လေးကောင်ကို သတ်တာ ။

အပိုင်း (၂၂၃) ပြီး ၏။

အပိုင်း ( ၂၂၄)

“ မဆောင်ရွက်နိုင်ပါသော ”

လူအိုကြီးတွေ ရဲ့ ဉာဏ်နီဉာဏ် နက်တွေ ဘယ်ရောက်ကုန်ပြီလဲ။ ဧကရာဇ် ရဲ့ စိတ်ကို နားလည် နိုင်ခြင်းကကော ဘယ်ရောက်သွားပြီလဲ။ ဝန်ကြီးချုပ် ယွီယိဖျင်ရဲ့ အပြုအမူတွေက ခန်းမထဲမှာ ရှိနေတဲ့ ရုံေးတာ်သား အမတ်မင်းတွေကို သူသာလျှင် ဧကရာဇ် စိတ်နှလုံးကို အသိဆုံးသူလို့ သွယ်ဝိုက်ပြောနေသလိုပါပဲ။

ဒီ အချိန်မှာတော့ ဒီ အချိန်မှာတော့ ဧကရာဇ် လင်းမုပိုင်ရဲ့ အမူအယာဟာ အနည်းငယ် စိတ်သက်သာ ရာရသွားသလိုပါပဲ။

ဒါဟာ အတိအကျကို သူလိုချင်တဲ့ ရလဒ် ဆိုတာ သိသာလှတယ်။ ဖန်ကျန်းရှီဟာ သာမာန် ပြည်သူ တစ်ယောက် ဖြစ်ပေမယ့်လည်း တော်ဝင် စာမေးပွဲမှာ သူ့ရဲ့ လုပ်ဆောင် ချက်တွေဟာ အတွေးအခေါ် စာမေးပွဲကော တိုက်ခိုက်ရေးစာမေးပွဲမှာပါ အောင်မြင် လှတယ်။ ဒီ အရာတွေ အားလုံးဟာ ဖန်ကျန်းရှီ ရဲ့ မြင့်မားလှတဲ့ အရည်အချင်းတွေကို ဖော်ပြနေခဲ့တယ် ။

ဒီလို ဖြစ်တဲ့ အတွက်

သူ့ကို ဖိအားပေးဖို့ဟာ မဖြစ်နိုင်ဘူး ။

ဓားတစ်ချောင်းတည်း ဟာ မုန့်ကော လက်ချောင်းကိုပါ ပြတ်စေနိုင်တယ်။ ဧကရာဇ် လင်းမုပိုင်ဟာတော့ ဒါကို ကောင်းကောင်းသိပါတယ်။ ဒါပေမယ့်လည်း ဒီဓားကို သူလိုအပ်တယ်။ ဒီဓားက ကြီးမြတ်သော ရှမင်းဆက်ရဲ့ အင်အားကို ပြည်လည် မြင့်မား စေနိုင်တယ်။ ဒါပေမယ့်လည်း သူဟာ ဖန်ကျန်းရှီ ကို ဒါကြောင့် စိတ်ခုသွားမှာကိုလည်း မလိုလားဘူး ။

ဒါကြောင့် ဓားကို ယူရမယ် ဆိုရင် ကြီးမြတ်တဲ့ ကြင်နာမှုကို ပြသမှ ဖြစ်နိုင်မယ်။ နောက်ပြီးတော့ စစ်မှန်တဲ့ ကြင်နာခြင်းလည်း ဖြစ်ရမယ်။

ဓားကို လှူရမယ်။

နောက်ပြီးတော့ သာမာန်လူတွေ မရနိုင်တဲ့ ဆုလဒ်ကို ပြန်လည်ရရှိမယ်။ နောက်ပြီးတော့ တော်ဝင်အစိုးရကိုလည်း ဝင်နိုင်မယ့် အခွင့်အရေး ။ သာမာန် ပြည် သူအတွက်တော့ ဒါက လုံလောက်ပါတယ်။ ဒါပေါ့ ဖန်ကျန်းရှီကို ဒီ့ထက်ပိုပြီးတော့ သူ ချီးမြှင့်ချင်ပါတယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီက ငယ်ရွယ်လွန်းလှတယ်။

ငယ်ရွယ်ချိန်မှာ အခက်အခဲ အတားအဆီးတွေကို ရင်ဆိုင်ရမယ်။ ကောင်းကင်ကို တချက် ခုန်ရုံနဲက မရောက်နိုင်ဘူး။

ဧကရာဇ် လင်းမုပိုင် ဟာ ဖန်ကျန်းရှီ ရဲ့ စွမ်းရည်တွေကို လေးစား တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီ ဟာ သာမာန် ပြည်သူ လေး တစ်ယောက်သာ ဖြစ်နေတယ်။ ဒါကြောင့် တော်ဝင်မိသားစုတွေနဲ့ မျှခြေ ညီအောင်လည်း လင်းမုပိုင် လုပ်ဆောင်ဖို့ လိုအပ်တယ်။

“ ကောင်စီ အမတ်မင်း ချင် ။ ဒီမှာ လစ်လပ်နေတဲ့ ရာထူးနေရာရှိလား။” ဧကရာဇ် လင်းမုပိုင်ဟာ နောက် ဆုံးမှာတော့ စကားပြောပြီ ။

ဧကရာဇ် လင်းမုပိုင်ရဲ့ စကားဟာတော့ ရိုးရှင်းလှပေမယ့်လည်း ဒီစကားတွေဟာ ဧကရာဇ် ရဲ့ စိတ်နှလုံးကို ဖော်ပြနေခဲ့တယ်။

တခါတည်း ရာထူးချီးမြှင့်မလို့လား။

အသက် ဆယ့်ငါး နှစ် နဲ့ တော်ဝင် အစိုးရကို ဝင်တာဟာ သာမာန် ခန့်အပ်မှု တစ်ခုမဟုတ်ဘူး ။ ဒီလိုမျိုး ချီးမြှင့်မှုဟာ သမိုင်း တစ်လျှောက်မှာလဲ ရှားပါးလှတယ်။ သိသာထင်ရှားလှတာကတော့ ဧကရာဇ် လင်းမုပိုင်ဟာ ဖန်ကျန်းရှီကို သာမာန် ပြည်သူတွေ တအံ့တသြ ဖြစ်သွားစေမယ့် ဆုလဒ်ကို ပေးချင်နေတာပဲ ။

ကောင်စီအမတ်မင်း ” ချင်ထျန်” ဟာ ဒီအချိန်မှာ ဖြည်းဖြည်း ခြင်း ရှေ့ထွက်လာခဲ့တယ်။ သူ့ရဲ့ အမူအယာဟာတော့ တည်ငြိမ်လှတယ်။ ဒါပေမယ့်လည်း အတွင်းစိတ်ထဲမှာတော့ သူဟာ မေးခွန်းကို ဘယ်လို ပြန်ဖြေရမလဲ တွေးနေခဲ့တယ်။

ဧကရာဇ် ရဲ့ စိတ်သဘောကို နားလည်သွားပြီ ဖြစ်ပေမယ့်လည်း ဧကရာဇ် ပေးသနားချင်တဲ့ အဆင့်ကတော့ ဘယ်အဆင့်လည်း ဆိုတာ မရှင်းမလင်း ဖြစ်နေခဲ့တယ်။ ဒါဟာ သူ့ကို အနည်းငယ်တော့ အခက်တွေ့စေခဲ့တယ်။ အကယ်၍ သူသာ အဆင့်မြင့်နေရာကို ပြောလိုက်ရင်လည်း အမတ်မင်းတွေက မကြည်မလင် ဖြစ်ကြလိမ့်မယ်။ အကယ်၍ အဆင့်နိမ့်ကိုသာ ပြောပြန်ရင်လည်း ဧကရာဇ် အပြစ်တင်တာကိုခံရလိမ့်မယ်။

“ ဝမ်ထျန်း ဒေသမှာ ဝူအန်းမြို့တော် တောင်ဘက် ဒေသမှာ ဒေသမှူး တစ်ဦးလိုအပ်နေပါတယ်။ ” ကောင်စီ အမတ်မင်း ဝမ်က ဆင်ခြင်သုံးသပ်ပြီးတော့ ပြန်ဖြေလိုက်တယ်။ ဒေသမှူးဟာ အဆင့် ခုနှစ်ရှိတဲ့ ရာထူး။ သာမာန် လူ တစ်ယောက် ဆိုရင် အောင်မြင်ဖို့ ခက်ခဲလှတယ်။

နောက်ပြီးတော့ ဒေသမှူးရာထူးဟာ အရေးပါပြီး အာဏာကြီးလှတယ်။

“ ဖန်ကျန်းရှီက ငယ်ရွယ်လွန်းသေးတယ်။ ဒေသမှူး ရာထူးက ပြည်သူတွေ အများကြီးရဲ့ အသက်အိုးအိမ်တွေနဲ့ ပတ်သက်နေပြီးတော့ အတွေ့အကြုံလည်း လိုအပ်တယ်။ ဒီရာထူးက ခက်ခဲလွန်းသလို နေရာကလည်း ဝေးလံတယ်။ ဒီတာဝန်ကိုတော့ ကိုယ်တော် မပေးလိုဘူး။” ကောင်စီ အမတ်မင်းရဲ့ စကားကိုကြားချိန်မှာတော့ ဧကရာဇ် ဟာ ခေါင်းခါလိုက်ရင်း ပြန်လည် မိန့်ကြားလိုက်တယ် ။

အမတ်မင်းတွေက ဒါကို ကြားချိန်မှာတော့ သူတို့ရဲ့ စိတ်ထဲမှာ နားလည် သဘောပေါက်သွားတော့တယ်။ ဧကရာဇ် ကဖန်ကျန်းရှီကို မြို့တော်မှာပဲ နေစေချင်နေတာမလား။

ဒါဆိုရင် တော်ဝင် အမတ်မင်းကလွဲပြီးတော့ တခြား ဘာဖြစ်နိုင်သေးလို့လဲ။

တော်ဝင် အစိုးရမှာတော့ လက်ရှိ အဆင့် အငယ် ဆုံးဟာ အဆင့်ငါး ရာထူး ။

အဆင့်ငါးကို ပေးရမှာလား။

အသက် ဆယ့်ငါးနှစ် သာမာန် ပြည်သူလေး တစ်ယောက် တော်ဝင် စာမေးပွဲကို အခုမှ အောင်ပြီးတော့ အစိုးရမှာ အဆင့်ငါး ရှိတဲ့ ရုံးတော်သား ဖြစ်လာတယ်။ ဧကရာဇ် ရဲ့ ကြင်နာမှုကတော့ သမိုင်းတစ်လျှောက်မှာ ဘယ်သူမှ မယှဉ်နိုင်လောက်တဲ့အရာပဲ ။

ကောင်စီ အမတ်မင်း ချင်ကတော့ သူ့ရဲ့ နဖူးက ချွေးတွေကို သုတ်လိုက်တယ်။ ဧကရာဇ် လင်းမုပိုင်က တကယ်ပဲ ကြီးမားလှတဲ့ ဆုလဒ်မျိုးကို ချီးမြှင့်ဖို့ တွေးနေတယ် ဆိုတာ သူ တကယ်ပဲ နားမလည်နိုင်ဘူး။

ဧကရာဇ် ရဲ့ စိတ်ကူးဟာတော့ ရှင်းလင်းသွားပြီ ။ ဒါကြောင့် ဘယ်လို ပြန်ဖြေရမလဲ သူကောင်းကောင်းသိသွားပြီ။

သူ စကားပြောဖို့ ပြင် လိုက်ချိန်မှာပဲ

တံခါး အပြင်ကနေ အသံ ထွက်လာတော့တယ်။

“ အရှင် မင်းမြတ် ၊ ညီလာခံ ခန်းမ အပြင်မှာ စစ်နတ်ကျောင်းတော် က ရှင်ချင်းစွေ့ ။ ရန်မိသားစုက ရန်ရွှယ် နဲ့ မြင့်မြတ်ဂုဏ်ခံ နန်ကုန်း မျိုးနွယ် က နန်ကုန်းမု တို့ ရောက်ရှိနေကြပါတယ်။ ”

“ ချင်းစွေ့ ၊ သူက ဒဏ်ရာ အပြင်အထန် ရနေတာ မဟုတ်ဘူးလား။ ကိုယ်တော့်ကို ဘာလို့တွေ့ချင်ရတာလဲ။ ရန်ရွှယ် နဲ့ နန်ကုန်းမု …။ နန်ကုန်းမု က ဒဏ်ရာရနေတာ မဟုတ်ဘူးလား။ ” ဧကရာဇ် လင်းမုပိုင်က အပြင်ဘက်က အသံကို ကြားချိန်မှာတော့ သူ့ခေါင်းကို ငြိမ့်လိုက်တယ်။

ရုံးတော်သားတွေရဲ့ မျက်နှာ အမူအယာတွေဟာတော့ အပြင်ဘက်က အသံကို ကြားချိန်မှာ သံသယ ဖြစ်ဟန် စူးစမ်းလိုဟန်တွေ ပြည့်နှက်လာတော့တယ်။ ရန်ရွှယ်က ဧကရာဇ်ကိုတွေ့ဖို့ တောင်းဆိုတယ် ဆိုတာ သူတို့ မမျှော်လင့်ထားတဲ့ အရာ တစ်ခုပဲ မဟုတ်ဘူးလား။

ဒါပေမယ့်လည်း ရှင်ချင်းစွေ့နဲ့ ရန်ရွှယ်တို့ လာတွေ့တာကကော ဘာဖြစ်လို့လဲ။

သူတို့ နှစ်ယောက်လုံးက တိုက်ခိုက်ရေးစာမေးပွဲမှာ ဒဏ်ရာရထားတာ မဟုတ်ဘူးလား။ ဘာကြောင့် တခြားသူတွေလိုမျိုး အနားမယူပဲနဲ့ ဧကရာဇ်ကို လာတွေ့တာလဲ။

စစ်နတ်ကျောင်းတော်မှာများ တစ်ခုခု ဖြစ်လို့လား။ ဒါမှမဟုတ် နန်ကုန်းမု မိသားစုနဲ့ ပတ်သတ်ပြီးတော့ အရေးကြီးကိစ္စရှိနေတာလား။

ဒါက တော့ မဖြစ်နိုင်ဘူး။

အကယ်၍ တစ်စုံတစ်ခု သာ ဖြစ်ခဲ့ရင် သတင်းပို့မှု ဟာ အဆောတလျင်ရောက်လာမှာပဲ ။

ဖန်ကျန်းရှီဟာတော့ အခန်းထဲမှာ တိတ်တဆိတ်စွာ ရပ်နေခဲ့တယ်။ ရန်ရွှယ်ကိုလည်း ဧကရာဇ် နဲ့ သွားတွေ့မယ်လို့ မပြောမိ ပါဘူး။ နောက်ပြီးတော့ ရှင်ချင်းစွေ့ နဲ့ နန်ကုန်းမုကိုလည်း တိုက်ခိုက်ရေးစာမေးပွဲမှာပဲ တစ်ခါ တွေ့ဖူးတယ်။ ရှင်ချင်းစွေ့ နဲ့ နန်ကုန်းမုက ဧကရာဇ်ကို တွေ့ ဖို့ တောင်းဆိုတာ သူကြောင့် ဖြစ်နိုင် ပါ့မလား။

ဒါကိုတော့ တခါမှ မတွေးဖူးတာ အသေအချာပါပဲ။

အလွန်လျင်မြန်စွာနဲ့ပဲ နန်ကုန်းမု နဲ့ ရန်ရွှယ်ဟာ လမ်းလျှောက်ဝင်လာခဲ့တယ်။ ရှင်ချင်းစွေ့ကိုတော့ အစောင့် လေးဦးက သယ်ဆောင်လာခဲ့တယ်။ သူဟာ အနက်ရောင်ရုံးတော်သား ဝတ်ရုံကို ဝတ်ထားပေမယ့်လည်း ရင်ဘတ်က စိမ့်ထွက်နေတဲ့ သွေးတွေဟာတော့ မြင်သာနိုင်တယ်။

“ရှင်ချင်းစွေ့ ဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်။ ညီလာခံခန်းမထဲကို ရောက်ရှိချိန်မှာတော့ ရှင်ချင်းစွေ့ဟာ ထမ်းစင်ပေါ်ကနေ ထပြီးတော့ ဧကရာဇ်ကို အရိုအသေပြုလိုက်တယ်။ သူ့ရဲ့ ကိုယ်ဟာတော့ တုန်ယင်နေသလို နှုတ်ခမ်းကိုလည်း တင်းတင်းစေ့ထားခဲ့တယ်။ အတော်လေးကို နာကျင်နေခဲ့တယ် ဆိုတာ သိသာလှတယ်။

“ ကျွန်တော်မျိုး ရန်ရွှယ် ၊ ဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်။”

“ ကျွန်တော်မျိုး နန်ကုန်းမု ၊ ဧကရာဇ် ကို နှုတ်ခွန်းဆက်ပါတယ်။ ”

ဒီနေ့မှာတော့ ရန်ရွယ်ဟာ ဘရိုကိတ်ဝတ်ရုံကို မဝတ်ထားဘူး ။ တောင်နဲ့ မြစ် ရုပ်ပုံလွှာ ထိုးချုပ်ထားတဲ့ အနက်ရောင် ရုံးတော်သား ဝတ်စုံကို သာ ဝတ်ထားခဲ့တယ်။ ဒါဟာ ထုံးတမ်းစဉ်လာဝတ်ရုံလိုပါပဲ။ နန်ကုန်းမုဟာလည်း ရန်ရွှယ် နဲ့ တူညီစွာ ဝတ်ဆင်ထားတယ်။ ဒါပေမယ့်လည်း သူ့ဝတ်ရုံမှာတော့ ဓား တစ်လက်ကို ပန်းထိုးထာားတာ ။

ဖန်ကျန်းရှီက ရန်ရွှယ်ကို ပထမဆုံး ရုံးတော်သား ဝတ်စုံနဲ့ မြင်ဖူးတာ ။

နောက်ပြီးတော့ ရန်ရွှယ်က ဧကရာဇ်ကို နှုတ်ခွန်းဆက်တဲ့ နေရာမှာ ကျွန်တော်မျိုး လို့ သုံးတာကို သတိထားမိသွားတယ်။ ရန်ရွယ်မှာ တော်ဝင် အစိုးရ ရာထူးတစ်နေရာရှိနေတာလား ဒါမှမဟုတ် မြင့်မြတ်ဂုဏ်ခံ မိသားစု ရာထူးရှိနေတာလား။

ဒီအကြောင်းကို အရင်ကတစ်ခါမှ မပြောဖူးဘူး။

ဒါပမေယ့်လည်း တစ်ခဏတာ တွေးတောပြီးနောက်မှာတော့ ဒါဟာ ပုံမှန်ဖြစ်မှန်း နားလည်သွားခဲ့တယ်။ ရန်ရွှယ်က ရန်မိသားစု သခင်လေး ။ နောက်ပြီးတော့ တိုက်ရိုက် ဆင်းသက်တဲ့ မိသားစုဝင် ဖြစ်တဲ့ အတွက် ဒီလိုမျိုး ဂုဏ်ပုဒ်ဟာ ပုံမှန်ပဲ ။

“ ထကြ”

“အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ ”

“ ချင်းစွေ့ ဒဏ်ရာရထားတယ်။ သူ့ကို ထိုင်ခုံပေးလိုက်ကြ”

“ အရှင် ဧကရာဇ်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော် မတ်တပ်ရပ်နိုင်ပါတယ်။

“ စစ်နတ်ကျောင်းတော်က တကယ့်ကို သူရဲကောင်းတွေ ပေါများတာပဲ။ ချင်းစွေ့ရဲ့ စိတ်ဓာတ်ကလည်း ရှင်းဟို့နဲ့ တူညီလှတယ်။ ဒါပေမယ့်လည်း ချင်းစွေ့ မင်းရဲ့ ဒဏ်ရာတွေကို သက်သာအောင် အရင်ဆုံး ကုသပြီးမှ ငါ့ကို လာတွေ့သင့်တယ်။ ” ဧကရာဇ် လင်းမုပိုင်ဟာ ရှင်ချင်းစွေ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့တယ်။ ရှင်းဟို့နဲ့ သူဟာ ညီအကိုတွေသဖွယ်ခင်မင်ရင်းနှီးတာကြောင့် ရှင်ချင်းစွေ့ကိုလည်းသူ့ သားတစ်ယောက်လိုသာ သဘောထားတာ ။

“ ကျွန်တော်ဒီကိုလာရတာ ဓား အတွက်ပါ။”

“ ဓား “

“ ကျွန်တော်ကြား ခဲ့ရတဲ့ သတင်းအရ အဆင့်မြင့်ရုံးတော်သား တစ်ချို့ဟာ ဖန်ကျန်းရှီ ရဲ့ ဓားကို လုယူချင်နေတယ်။ ဒါပေမယ့် ကျွန်တော် ဖန်ကျန်းရှီ နတ်ဆိုး မျိုးနွယ်ခေါင်းဆောင်ယဉ်ရှန်ကို ဓားနဲ့ သတ်ခဲ့တာကို ကိုယ်တိုင် မြင်ခဲ့သူ ဖြစ်ပါတယ်။ ဖန်ကျန်းရှီ အတွက်သာ မဟုတ်ရင် ဓားဟာလည်း သုခမိန်လောကထဲမှာ နှစ်ပေါင်းများစွာ နစ်မြှုပ်နေရာကနေ နိုးထလာမှာ မဟုတ်ပါဘူး။ တော်ဝင်အစိုးရကို ပြောရေးဆိုခွင့် မရှိပေမယ့် ဒီအကြောင်းရာကိုတော့ ကျွန်တော်မျိုး လုံး၀ ကန့်ကွက်ပါတယ်။” ရှင်ချင်းစွေ့ရဲ့ အသံဟာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ပေါ်လွင်စေတယ်။

အမတ်မင်းတွေဟာ ရှင်ချင်းစွေ့ရဲ့ စကားကိုကြားချိန်မှာတော့ သတိဝင်လာကြတယ်။

ရှင်ချင်းစွေ့က တကယ်ပဲ ဖန်ကျန်းရှီ ဆီ့မှာ ဓား ဆက်ထားဖို့ ကူညီပေးနေတယ်။

အကယ်၍ ဒီစကားတွေသာ ရန်ရွှယ် ပြောတာဆိုရင် အံ့သြစရာမရှိဘူး ။ ဒါပေမယ့်လည်း အခုချိန်မှာ ရှင်ချင်းစွေ့ပါ ဖန်ကျန်းရှီဘက်မှာ ရှိနေပြီ။

သုခမိန်လောကထဲမှာ ဘာတွေဖြစ်ခဲ့တာလည်း စစ်နတ်ကျောင်းတော် ဆက်ခံသူ တောင်မှ ဖန်ကျန်းရှီ အတွက် လာတောင်းဆိုပေးနေတယ်။ ဒါက စိတ်ကူးယဉ် ဆန်လွန်းတာပဲ။

“ ဟ ဟ မင်းက ဒီကို ဓားကြောင့် ရောက်နေတာတော့ မဟုတ်ဘူးမလား။” ဧကရာဇ် လင်းမုပိုင်ရဲ့ မျက်လုံးမှာတော့ အံ့သြဟန် တစ်ချက်လက်သွားခဲ့တယ်။ ရှင်ချင်းစွေ့ကို ရန်ရွယ် အစားမေးလိုက်တာကတော့ ရှင်းပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ဘယ်သူကမှ ဓား အကြောင်းကို အစ ဖော်တာ သူ မဖြစ်စေချင်လို့ပဲ ။

ရှင်ချင်းစွေ့က ရှင်းဟို့ ရဲ့ နောက်ကိုလိုက်ပြီးတော့ စစ်နတ်ကျောင်းတော်မှာ နှစ်များစွာ လေ့ကျင့်လာခဲ့သူ ။ ဒါကြောင့် ဧကရာဇ်ရဲ့ အတွေးကို သူလည်း နားလည်နိုင်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့်လည်း သူ့ရဲ့အသံ ထွက်လာတာနဲ့ ဆုံးဖြတ်ချက်ကိုပါ တစ်ခါတည်း ပြောခဲ့တယ်။

“ ကျွန်တော်ဒီကို ဓား အတွက် ရောက်နေတာပါ။”

“ ကျွန်တော်လ ည်း အတူတူပါပဲ။”

ဧကရာဇ် လင်းမုပိုင်ရဲ့ စကားကို ကြားချိန်မှတော့ နန်ကုန်းမုနဲ့ ရန်ရွှယ်တို့ဟာ တညီတညွှတ်တည်းဖြေလိုက်ကြတယ်။

ဒီမြင်ကွင်းဟာ ရုံးတော်သားတွေကို သတိပြန်ဝင်လာစေတယ်။ ဖန်ကျန်းရှီက သာမာန် ပြည်သူ တစ်ယောက်ပဲ ရန်ရွှယ် နဲ့ ရင်းနှီးနေတာကိုက မတွေးတတ်စရာ ကောင်းလှတယ်။

ဒါပေမယ့်လည်း တိုက်ခိုက်ေၤရးစာမေးပွဲ အပြီးမှာတော့ ပိုပြီး မထင်မှတ်ထားတဲ့ အရာ ဖြစ်လာခဲ့တယ်။

သူက တကယ်ပဲ စစ်နတ်ကျောင်းတော်က ရှင်ချင်းစွေ့နဲ့ နန်ကုန်း မျိုးနွယ်က နန်ကုန်းမု တို့ ကိုပါ သိမ်းသွင်းနိုင်လိုက်ပြီ။ မိုင်ပေါင်းများစွာ အကွာမှာ ရှိတဲ့ တစ်ဦးနဲ့ တစ်ဦး မကျွမ်းဝင်ကြတဲ့ သူတွေတောင်မှ ဧကရာဇ် ဆီမှာ လာတောင်းဆိုနေကြတယ်။

သူတို့ သုံးဦးဟာ ယန်မြို့တော် တော်ဝင် အစိုးရမှာတော့ စကားပြောခွင့်ရှိသူတွေ မဟုတ်ဘူးလို့ ထင်ရတယ်။ ဒါပေမယ့်လည်း သူတို့သုံးဦးဟာ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အင်အားကို ကိုယ်စားပြုတယ်။

စစ်နတ်ကျောင်းတော်ဟာ ကျောင်းတော်ဆယ့်သုံးခုကိုဦးဆောင်တယ်။

ယန်ုမိသားစုကတော့ အနောက်ဘက် လျန်ပြည်နယ်က ။

မြင့်မြတ်ဂုဏ်ခံ နန်ကုန်းမျိုးနွယ်ကတော့ လောကမှာ ထီးထီးတည်း တည်နေတဲ့ အင်အားကြီး မျိုးနွယ် စု။

နောက်ပြီးတော နန်ကုန်းမု ထက် တခြားသော သူ နှစ်ယောက်ဟာ အတိုက်အခံ လုပ်ဖို့ မဖြစ်နိုင်သူတွေ။ သူတို့ဟာ ကြီးမြတ်သော ရှမင်းဆက် တည်မြဲမှု အတွက် အရေးကြီးလှတဲ့ အင်အားတွေကိုလည်း ပိုင် ဆိုင်ထားကြတယ်။

ဧကရာဇ် လင်းမုပိုင်က ဓားကို ဖန်ကျန်းရှီ လက်လျှော့ တာ လိုချင်တယ်။

အမတ်မင်းတိုင်းက ဒါကို နားလည်တယ်။ ဒါ့အပြင်ကို သူတို့ ရှေ့က လူသုံးယောက်ရဲ့ စိတ်ထားကိုလည်း နားလည်ကြတယ်။ လူတစ်ယောက် အတွက် ဧကရာဇ် ထံမှာ လာရောက်တောင်းဆိုကြသူတွေ ။

ဖန်ကျန်းရှီ …

ဘယ်လို လှည့်ကွက်ကများ ဒီလူ သုံးဦးကို သူ့အတွက် နန်းတော်ထဲ ဝင်စေလိုက်တာလဲ။

ဧကရာဇ် လင်းမုပိုင်ရဲ့ မျက်လုံးထဲမှာတော့ တောက်ပတဲ့ အလင်းတစ်ခု လင်းလက်သွားတော့တယ်။ ထုံးစံ အတိုင်း ဒီသုံးဦးရဲ့ စကားတွေဟာ သူ့ ဆုံးဖြတ်ချက်ကို သက်ရောက်ခြင်း မရှိပါဘူး။

ဒါပေမယ့်လည်း ဒီ လူ သုံးယောက်ရဲ့ အပြုအမူကတော့ သူ့ကို အံ့သြစေတယ်။

ဧကရာဇ် လင်းမုပိုင်က အရည်အချင်းရှိသူတွေကို လေးစားတယ်။ ဒါကြောင့် ဖန်ကျန်းရှီရဲ့ အရည်အချင်းကိုလည်း အသိအမှတ်ပြုတယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီ အကြောင်း ကြားရတဲ့ သတင်းတွေ နဲ့ ပတ်သက်ပြီးတော့ သူ စိတ်မကျေနပ်ခဲ့ဘူး။

ဖန်ကျန်းရှီ ရဲ့ လူမှုဆက်ဆံရေးက ခေါင်းကိုက်စရာ ကောင်းလှတယ်။ ဒါ့အပြင်ကို စိတ်ဓာတ်ကလည်း အရမ်းကို လွတ်လပ်လွန်းတယ်။ ဖိအားမရှိ လှုပ်ရှားတက်ကြွမှု မရှိ။

အေးစက်တဲ့ ရန်ရွှယ် နဲ့ ဖန်ကျန်းရှီ ဘယ်လိုများ ပလဲနံပ သင့်သွားလဲ သူ မတွေးတတ်တော့ဘူး။

ဒါပေမယ်လည်း ရှင်ချင်းစွေ့လိုမျိုး ဖြောင့်မတ် မှန်ကန်ပြီး ဟောဟောဒိုင်းဒိုင်း ရှိတဲ့ လူမျိုးက ဖန်ကျန်းရှီ နဲ့ ခင်မင် ရင်းနှီးနိုင်မှာလား ။ ဒါ့အပြင်ကို နန်ကုန်းမုလို ငယ်ရွယ်စဉ်တည်းက သီးခြားနေတတ်တဲ့ လူမျိုးကကော ဖန်ကျန်းရှီလို လူနဲ့ ဘယ်လိုများ ရင်းနှီးနိုင်မှာလဲ။

ဖန်ကျန်းရှီ ကို ငါ မြင်တဲ့ အမြင်ပဲ မှားနေတာလား။

ဧကရာဇ် လင်းမုပိုင်ရဲ့ စိတ်ထဲမှာတော့ အတွေးတွေ ရှုပ်ထွေးလာတော့တယ်။ မင်းဆက် တစ်ခုရဲ့ ဧကရာဇ် တစ်ပါးအနေနဲ့ မိမိကိုယ်ကို ယုံကြည်မှုဟာ မြင့်မားလှတယ်။ ဒါကြောင့် ကိုယ်တိုင်ရဲ့ အမှားကို လွယ်လွယ် ဝန်ခံဖို့ဟာ ခက်ခဲလှတယ်။ သူ့ရဲ့ အတွေးတွေ ထဲမှာ သံသယ တွေရှိလာရင်တောင်မှ ခပ်မြန်မြန်ပဲ ဖယ်ရှားလ ိုက်တယ်။

“ တော်ဝင် အမတ်မင်းတွေက ဒီကိစ္စ အတွက် ဆုံးဖြတ်ချက် ချပြီးသား ။ ဖန်ကျန်းရှီ ရဲ့ ဓားကိုရှာတွေ့မှု အတွက် ရွှေသား ချီးမြှင့်ပြီးတော့ ယန်မြို့တော်မှာ အမတ်မင်းရာထူး တစ်ခုကိုပေးအပ်မှာ ။ ချင်းစွေ့ မင်း ဒဏ်ရာ အပြင်းအထန် ရထားတာ ပြန်သွားပြီး အနားယူသင့်တယ်။ ရန်ရွှယ် နဲ့ နန်ကုန်းမုကတော့ နေရစ်ခဲ့နိုင်တယ်။ ဒီလို မနက်စောစောမှာ မင်းတို့ကိုတွေ့ဖို့ တကယ်ပဲ ရှားပါးတယ်။ မနက်ခင်း ညီလာခံ ပြီးရင် တော်ဝင် ဥယျာဉ်မှာ ကိုယ်တော်နဲ့ စကားစမြည်ပြော ရအောင်။ ” ဧကရာဇ် လင်းမုပိုင်ဟာ ပြုံးလိုက်ပြီးနောက် လက်ကို ဝေ့ယမ်းလိုက်တယ်။

အပိုင်း (၂၂၄) ပြီး၏။

အပိုင်း (၂၂၅)

“ ညီလာခံ ခန်းမထဲက အပေါက်ကြီး ”

ရှင်ချင်းစွေ့ နန်ကနု်းမု ရန်ရွှယ်တို့ဟာ ဖန်ကျန်းရှီ နဲ့ သူ့ဓား အတွက်ရောက်နေကြတာ ။

ဒါပေမယ့်လည်း သူတို့ အားလုံးသိတာကတော့ ဧကရာဇ် လင်းမုပိုင်ဟာ စကား အလွန်အကျွံ ပြောဖို့ ငြင်းဆန်ပြီးတော့ ကောင်စီဝင်တွေ အလိုက်တသိပြောဖို့ကိုသာ စောင့်နေခဲ့တယ် ဆိုတာပဲ ။

ဧကရာဇ် ရဲ့ ဆန္ဒကို ဆန့်ကျင်တာဟာ အန္တရာယ်များလှတယ်။

ဒါပေမယ့်လည်း တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးနောက်မှာတော့ သူတို့တွေ ရဲ့ မျက်လုံးထဲ ဆုံးဖြတ်ချက်ဟာ ထင်ရှားလာခဲ့တယ်။

ရှင်ချင်းစွေ့ဟာ ရပ်နေတာ အချိန် ကြာလှပြီ ဖြစ်တဲ့ အတွက် ဖြူဖျော့နေခဲ့တယ်။ တိုက်ခိုက်ရေးစာမေးပွဲမှာတည်းက ရင်ဘတ် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားခဲ့တာ ။ ဒီကို သယ်လာတာ ခံရပေမယ့်လည်း အချိန် အကြာကြီး မတ်တပ်ရပ်နေခဲ့ရတဲ့ အတွက် သူ ဟာ နာကျင်မှု ပြင်းထန်လာတော့တယ်။

ဒါပေမယ့်လည်း တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့သူ ဖြစ်ပြီးတော့ စစ်နတ်ကျောင်းတော်ရဲ့ ဆက်ဆံသူ ဖြစ်တဲ့ အတွက်သူဟာ သူယုံကြည်တဲ့ အရာအတွက် အပြည့်အ၀ ရပ်တည်မှာ ။

ရှင်ချင်းစွေ့ ဟာ ရှေ့ကို တစ်လှမ်းတိုးလာခဲ့တယ်။ ဒါပေမယ့်လည်း စကား တစ်ခွန်းမှ မပြောခဲ့ဘူး။

ရန်ရွှယ်နဲ့ နန်ကုန်းမုဟာလည်း ရှေ့ကို တိုးလာခဲ့တယ်။

“အရှင်မင်းမြတ်”

သူတို့သုံးဦးလုံး ဘာမှ မပြောရသေးခင် အချိန်မှာပဲ ဖန်ကျန်းရှီဟာ ရှေ့ကို ထွက်လာပြီးတော့ သူတို့ကို ပိတ်ဆို့လိုက်တယ်။ အဲ့ဒီ့နောက် သူဟာ ပြုံးပြလိုက်တယ်။

ရှင်ချင်းစွေ့ နဲ့ နန်ကုန်းမုတို့ ရောက်လာတာကို သူလည်း မတွေးတတ်ပါဘူး။ ဒါပေမယ့်လည်း သူတို့ ရောက်လာမှာတော့ ဧကရာဇ်ကို အတိုက်အခံ လုပ်ခွင့် မပြုနိုင်ဘူး။

အစကနေ အဆုံးအထိ သူ နားထောင်ပြီးပြီ။ အမတ်မင်းတွေ ပြောခဲ့တဲ့ အရာတွေ အားလုံးကို သူ တွေးထားပြီးသား ။ ဧကရာဇ်က သူ့ကို မြို့တော်မှာ နေပြီး အမတ် လုပ်စေချင်တာကပဲ သူ့ကို အံ့သြစေတယ်။

ငါ့ကို တကယ်ပဲ အမတ်လုပ်စေချင်တာလား။

အကယ်၍ ဖန်ကျန်းရှီသာ သာမာန် ပြည်သူ တစ်ယောက် စစ်စစ်သာ ဖြစ်ခဲ့မယ် ဆိုရင် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မှားယွင်းနေတယ်လို့ ထင်တာမျိုး ရှိမှာ မဟုတ်ဘူး ။ ဧကရာဇ် က သူ့ကို ရွှေ နဲ့ ရာထူး တစ်ခု ပေးပြီးတော့ ဓားကို လဲလှယ်ဖို့ သုံးတယ်။

ဖန်ကျန်းရှီ ရဲ့ ရည်ရွယ်ချက်က နိုင်ငံ ရေးမဟုတ်ခဲ့တာဟာ သနားစရာ ကောင်းလှတယ်။

ဒီလိုမျိုး အမတ် ရာထူးဟာ ဖန်ကျန်းရှီကို မဆွဲဆောင်နိုင်ဘူး။ ပြောရမယ် ဆိုရင်တော့ စိတ်ကို မဝင်စားတာ ။

သူ့ရဲ့ အမြင်ကိုပြောဖို့ တွေးလိုက်ချိန်မှာပဲ အနီရောင်ပုံရိပ်တစ်ခုဟာ တံခါးအပြင်ကနေ ပြေးဝင်လာခဲ့တယ်။ အဲ့ဒီ့နောက် ဧကရာဇ် ထံကို ပြေးသွားခဲ့တယ်။

“ ခမည်းတော်က မျက်နှာလိုက်လွန်းတယ်။ သူတို့ နှစ်ယောက်ကို နန်းတော် ဥယျာဉ် ထဲ ဘယ်လို ခေါ်နိုငတာလဲ။ သမီးတော် မပါပဲနဲ့ ..“ အော်သံတစ်ခု ဟာ ထွက်ပေါ်လာခဲ့တယ်။

ကြီးမြတ်သော ရှ မင်းဆက်မှာ ညီလာခံ ခန်းမထဲကို ခွင့်ပြုချက်မလိုပဲနဲ့ ဝင်ထွက်နိုင်တာ လူ အချို့ပဲ ရှိတယ်။ ထိုသူတွေဟာတော့ ဧကရာဇ် လင်းမုပိုင် အတွက် အရေးပါသူတွေပဲ ။

တခြားသူတွေအားလုံးထက် တစ်ယောက်သောသူ

ပင်းယန်ကတော့

ဧကရာဇ် ရဲ့ အချစ်ဆုံးသမီးတော် ။ သူမဟာ ဧကရာဇ်ကို ဘယ်အချိန် ဘယ်နေရာမှာ မဆို ရှာဖွေ နိုင်တယ်။ သူမကို တားဆီးပိတ်ဆို့ဖို့ မဖြစ်နိုင်ဘူး။ အကယ်၍ သူမ အကြောင်းပြောနေချိန်မှာဆိုရင် အမတ်မင်းတွေမှာ အသက်တော်င် ရဲရဲ မရှူနိုင်ကြဘူး။

သူမဟာ ကြီးမြတ်သော ရှ မင်းဆက်မှာ အမြင့်မားဆုံးသော မင်းသမီး တစ်ပါး ။.

“ ဟဟ ပင်းယန် လည်း ရောက်လာတယ်ဆိုတော့ သမီးတော်ကို ဦးစားပေးရမှာပေါ့။ ” ဧကရာဇ် လင်းမုပိုင် ဟာ ပင်းယန်ကို ကြည့်လိုက်ပြီးတော့ သူမ အတွက် သူ့ဘေးမှာ ထိုင်ဖို့ နေရာ လုပ်ပေးလိုက်တယ်။

“ခမည်းတော်က အကောင်းဆုံးပဲ။ သမီးတော်ကို အမြဲ ဦးစားပေးမယ် ဆိုတဲ့ ကတိကို တည်ရမယ်လေ။ တော်ဝင် ဥယျာဉ်ကို သွားရအောင်” ပင်းယန်ဟာ ဧကရာဇ် ရဲ့ လက်မောင်းကို ဆွဲပြီးတော့ လှုပ်ယမ်းနေခဲ့တယ်။

“ခနလေး စောင့်ပါအုန်း ။ ခမည်းတော်ရဲ့ မနက်ခင်း ညီလာခံ မပြီးသေးဘူးလေ။ ညီလာခံ ပြီးတာနဲ့ ဥယျာဉ်မှာ လမ်းလျှောက်ပေးမယ် ။” ဧကရာဇ် လင်းမုပိုင်ဟာ ပင်းယန် ရဲ့ ခေါင်းကို ပွတ်သပ်ရင်း ပြောလိုက်တယ်။

“ အဲ့တာက ဓားကျိုး တစ်ချောင်းပဲ မဟုတ်ဘူးလား။ ခမည်းတော် ပေးတဲ့ ချီလင်လှံထက် ကောင်းလို့လား။”

“ ပင်းယန် လေး အဲ့ဒီ့လို ပြောလို့မရဘူးလေ။ သုခမိန် စစ်နတ် မုန့်ထျန်းက ကြီးမြတ်သော ရှမင်းဆက်ရဲ့ သူရဲကောင်းပဲ ။ သူ့ဓားကို ဓားကျိုးလို့ ဘယ်ပြောလို့ ရမလဲ။ ”

“ ဒီလိုလား။ ဒါဆိုရင်လည်း ဘာလို့ ငြင်းခုံနေရတာလဲ။ ဓားကို ပိုင်တဲ့သူ ယူပေါ့။ ” ပင်းယန်ဟာ ဧကရာဇ်ကို အပြစ်ကင်းစင် တဲ့ မျက်နှာလေးနဲ့ ကြည့်လိုက်ရင်း လှည့်စားဖို့ ကြံနေခဲ့တယ်။

“ ဒါက ” အမတ်မင်းတွေဟာ တစ်ယောက်ကို တစ်ယောက်သာ ကြည့်နေခဲ့တယ်.။ ပင်းယန်က ဒီကို ဓား အတွက် ရောက်နေတယ် ဆိုတာ အသေအချာကို ပြောနိုင်တယ်။

ဒါပေမယ့်လည်း ပင်းယန်က ရန်ရွှယ် နဲ့ တခြားသူတွေလို မတူဘူး။

ရန်ရွှယ်နဲ့ ရှင်ချင်းစွေ့က ကြီးမြတ်သော ရှမင်းဆက် အနာဂတ် စွမ်းအား ။ ဒါပေမယ့်လည်း ပင်းယန်ကတော့ လက်ရှိ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အင်အားကို ကိုယ်စား ပြုတယ်။ ဘယ်သူကမှ အပြစ်ပြုလို့ မဖြစ်နိုင်တဲ့ အင်အားစုတစ်ခု။

အနည်းဆုံး ဘယ်ရုံးတော်သား ကမှ ပင်းယန်ကို လူအများရှေ့မှာ မဆန့်ကျင်ရဲဘူး။

အကယ်၍ ပင်းယန်ကိုသာ ဆန့်ကျင်ရင် အိမ်ယာတွေ ဆုံးရှုံးပြီးတော့ ကိုယ်ပေါ်က အမတ်ဝတ်စုံကို စွန့်ပြီး လမ်းဘေးမှာ လေလွင့်နေရလိမ့်မယ်။

ဒီလို အဖြစ်မျိုးထက်တော့ သေတာကမှ ကောင်းသေးတယ်။

ဧကရာဇ် လင်းမုပိုင်ကတော့ ပြုံးနေခဲ့တယ်။ ပင်းယန် ဒီကို ဘာ်လို့ရောက်နေလဲ သူသိတယ် ။ ဒါပေမယ့်လည်း မဖော်ထုတ်ချင်ဘူး။

ဒါကြောင့် ဝန်ကြီးချုပ် ယွီယိဖျင်ကိုသာ ကြည့်လိုက်တယ်။

ယွီယိဖျင်က သူပြောချင်တာကို သိတဲ့ တစ်ဦးတည်းသော သူ ဖြစ်နိုင်တယ်။

“ မင်းသမီးပြောတာ နည်းလမ်းကျပါတယ်။ ဒါက ပိုင်ရှင်ရှိတဲ့ ပစ္စည်းတွေ အတွက်ပဲ ပြောလို့ရတာပါ။ အကယ်၍ ပစ္စည်း တစ်ခုမှာ ပိုင်ရှင် ရှိပြီးသား ဆိုရင်တော့ စည်းမျဉ်းတွေဟာ မသက်ရောက်နိုင်တော့ဘူး။ ကျွန်တော်မျိုးမှာ ရှေးယခင် မင်းတရားပေးအပ်ထားတဲ့ ကျောက်စိမ်းလက်ကောက်ရှိနေတယ်။ လူတိုင်းကလည်း ဒါကို ကျွန်တော်ပိုင်ဆိုင်မှန်းသိတယ်။ အကယ်၍ ဒါကို ကြမ်းပြင်ပေါ်မှာ ပြစ်ထားရင်တော့ ကျွန်တော်ပိုင်တဲ့ ပစ္စည်းဖြစ်နေတုန်းပဲ။ မင်းသမီးလေး ဒါကို လက်ခံမယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။”

ယွီယိဖျင်ဟာ သူ့ရဲ့ ကျောက်စိမ်းလက်ကောက်ကို ချွတ်ရင်းနဲ့ ပင်းယန်ကို ရှင်းပြနေခဲ့တယ်။

တကယ်တမ်းတော့ သူ့ရဲ့ စကားတွေက ရိုးရှင်းလှတယ။် ဒါပေမယ့်လည်း အကျိုး သက်ရောက်မှု ရှိလှတယ် ။ ဒီလက်ကောက်ကို ရှေးမင်းတရား ပေးအပ်ထားတာ သိအောင်လည်း ပြောတယ်။ ဒါကိုသာ ပင်းယန် ဆက်ပြီး ငြင်းခုန်မယ်ဆိုရင် ဘိုးဘေးတွေကို မလေးစားရာရောက်သွားလိမ့်မယ်။

“နင် …” ပင်းယန် ရဲ့ မျက်နှာဟာ အရောင်ပြောင်းးသွားခဲ့တယ်။ သူမရဲ့ စကားတွေကို မပြောခင်မှာပဲ ပြန် မျိုသိပ်လိုက်တယ်။ သူမက ဆိုးသွမ်းပေမယ့်လည်း အခြေအနေနဲ့ အချိန် အခါ ကိုတော့ နားလည်တယ်။

အကယ်၍ ရှေးမင်းတရား ပေးခဲ့တာကိုသာ ယွီယိဖျင် ပိုင်တာ မဟုတ်ဘူးလို့ ငြင်းရင်တော့ သူမ လွန်ရာကျသွားလိမ့်မယ်။

အမတ်မင်းတွေဟာလည်း ယွီယိဖျင် ပြောတာကို ကောင်းကောင်းနားလည်တယ်။ သူက ပင်းယန်ကို စကားတစ်ခွန်းတည်းနဲ့ အနိုင်ပိုင်းလိုက်တာပဲ။

အမတ်မင်း တစ်ယောက် ဝန်ကြီး တစ်ယောက် အနေနဲ့ ဘုရင် မင်းမြတ် ရဲ့ စိတ်သဘောကို နားလည်ပြီးတော့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းဟာတော့ အံ့ဖွယ်ပဲ .။

ဧကရာဇ်ကတော့ ခေါင်းငြိမ့်ပြီး တော့ ပြုံးပြလိုက်တယ်.။ ပင်းယန်ကို သူ့ရဲ့ အမတ်မင်းတွေ နဲ့ ငြင်းခုံ တာမျိုး မဖြစ်စေချင်ဘူး။

ပင်းယန်ကို အသံတိတ်အောင် လုပ်နိုင်ဖို့က ရှေးမင်းတရားကို သုံးပြီးတော့ ခြောက်လိုက်ရုံပဲ ။ ဒီနည်းလမ်းဟာ အသုံးအဝင်ဆုံးလဲ ။

“ဝန်ကြီးချုပ်ယွီက ထက်မြက်လှတယ်။ ကျွန်တော် တကယ်ပဲ လေးစားမိတယ်။”

လူတိုင်းဟာ ယွီယိဖျင်ကို ကြည့်ပြီးတွေးတောနေချိန်မှာပဲ အသံ တစ်သံဟာ ထွက်လာခဲ့တယ်။

အသံထွက်ပေါ်ရာကို ကြည့်ချိန်မှာတော့ ဖန်ကျန်းရှီ ဖြစ်မှန်းသိသွားကြတယ်။

“ဖန်ကျန်းရှီက ဝန်ကြီးချုပ်ယွီကို ချီးမွမ်းနေတယ်။”

“ သူ လက်လျှော့လိုက်ပြီလား။”

“ လက်လျှော့တယ်။ အမတ်မင်း လီက ဒီတောသားကို အတော်လေး အထင်ကြီးနေတာပဲ သူက ကျုပ်တို့ အားလုံးကို ဆန့်ကျင်နိုင်မယ် ထင်နေတာလား။”

ဖန်ကျန်းရှီက ဒီ အခြေအနေကို ခပ်မြန်မြန်ပဲ နားလည်သွားတယ်။ အဓိက လူဟာ ယွီယိဖျင်။ တစ်ချိန်တည်းမှာပဲ ဧကရာဇ် ရဲ့ ဆန္ဒကို သုံးပြီးတော့ သူ့အတွက်ပါ အခွင့်ကောင်း ရအောင် ယူတတ်တယ်။ ပညာသားပါတာပဲ။

အိမ်ရှေ့စံမင်းသား လင်းထျန်းရုံကတော့ ဖန်ကျန်းရှီ ကို ကြည့်နေခဲ့တယ်။

သူ ဟာ ဖန်ကျန်းရှီကို တောသား တစ်ယောက် အဖြစ်သာ အမြဲ တွေးခဲ့တာ ။ ဖန်ကျန်းရှှီ ရဲ့ မြင့်မားလှတဲ့ စွမ်းရည်တွေကို သူမတွေးမိခဲ့ဘူး။ ဒါပေမယ့်လည်း ရှင်ချင်းစွေ့၊ နန်ကုန်းမု နဲ့ ရန်ရွှယ်တို့ ရှေ့ထွက်လာမှုဟာတော့ သူ့ကို ဖိအား များစေတယ်။

ဖန်ကျန်းရှီသာ တော်ဝင် အစိုးရမှာ ရုံးတော်သား တစ်ယောက်ဖြစ်လာခဲ့ရင် ။

ဒီလိုသာ ဖြစ်လာခဲ့ရင်။

ဖန်ကျန်းရှီကို သူ့ဘက်ပါအောင် ဆွဲဖို့ကတော့ ဆိုးတဲ့ ကိစ္စမဟုတ်ဘူး။ အကယ်၍ ဖန်ကျန်းရှီသာ ယွီယိဖျင်နဲ့ တစ်ဖက်တည်း နေမယ်လို့ ဆုံးဖြတ်ရင်တော့ ဓားကို သူ ရအောင် ယူရမယ်။

အမိန့်ရရှိပြီးနောက်မှာတော့ လင်းထျန်းရုံဟာ ဖန်ကျန်းရှီကို တစ်ချက်ကြီးလိုက်ပြီးနောက် ဝန်ကြီးချုပ်ယွီယိဖျင်ကို ခေါင်းငြိမ့်ပြရင်း အတည်ပြုလိုက်တယ်။

ယွီယိဖျင်လည်း လင်းထျန်းရုံ ဘာတွေ တွေးနေတာလည်း ကောင်းကောင်းသိပါတယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီက အလွယ်တကူ သိမ်းသွင်းလို့ ရမယ့်သူ မဟုတ်မှန်းလည်း သူသိတယ်။ ဖန်ကျန်းရှီက တလေးတစား ပြုမူပြီး ရေလိုက်ငါးလိုက်နေနေတည်း ကသူဟာ ဉာဏ်နည်းသူ မဟုတ်မှန်းသိသာ လှတယ်လို့ ဆိုနိုင်တယ်။

“သခင်လေး ဖန်ရဲ့ နားလည်ပေးမှုကို ကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက် တော်ဝင်စာမေးပွဲမှာ သခင်လေးဖန်က သခင်လေးရဲ့ အစွမ်းကို အပြည့်အ၀ ပြသနိုင်ပြီး အတွေးအခေါ် စာမေးပွဲမှာလဲ အမှားအယွင်းကင်းစွာ ဖြေဆိုနိုင်တယ်။ ဒီအဖြစ်က အင်ပါယာ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တယ်။ နောက်ပြီးတော့ တိုက်ခိုက်ရေးစာမေးပွဲမှာလဲ။ နတ်ဆိုးမျိုးနွယ် ခေါင်းဆောင် ယဉ်ရှန်ကို အနိုင်တိုက်နိုင်ပြီး ပင်းယန် မင်းသမီးနဲ့ စာဖြေသူတွေကို ကယ်တင်ခဲ့တယ်။ ဒီလို မြင့်မားလှတဲ့ အောင်မြင်မှုတွေက ယန်မြို့တော်မှာ အမတ် အဖြစ် တာဝန်ယူဖို့ သင့်တော်လှတယ်။” ယွီယိဖျင်ရဲ့ လမ်းကြောင်းဟာတော့ ပြောင်းလဲသွားပြီ ။ သူဟာ ဖန်ကျန်းရှီကို နွေးထွေးလှတဲ့ အပြုံးနဲ့ ကြည့်နေခဲ့တယ်။ သူ့ရဲ့ နောက်ဆုံးစကားကတော့ ဖန်ကျန်းရှီကို အမတ်အဖြစ် ခန့်အပ်ဖို့ အတည်ပြုချက် သဖွယ် ဖြစ်ခဲ့တယ်။

သွမ့်အရှင်ဟာတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။

ယွီယိဖျင်က ဖန်ကျန်းရှီကို သိမ်းသွင်းဖို့ ကြံစည်နေတာကို သူပြောနိုင်တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီ ရဲ့ အခြေအနေကိုပါ တွေးလိုက်မယ် ဆိုရင် သူ့အတွက် ဓားကို ရနိုင်ချေဟာ နည်းပါးသွားခဲ့ပြီ။

သူဟာ တုန်လှုပ်နေသလို ဘာကြောင့် ဒီလို ခံစားနေရလည်း နားမလည်နိုင်ခဲ့ဘူး ဖြစ်နေတယ်။ ဖန်ကျန်းရှီက သာမာန် တောသားတေလး တစ်ယောက်ပဲ ။ တော်ဝင် အစိုးရ အမတ်မင်း ဖြစ်လာခဲ့ရင်တောင်မှ အဆင့်ငါး ရှိတဲ့ ရာထူးကိုပဲ ရမှာ ။

ယန်မြို့တော်က များပြားလှတဲ့ အမတ်မင်းတွေ နဲ့ ယှဉ်ရင် အဆင့်ငါးဟာ မပြောပြလောက်တဲ့ အဆင့်တစ်ခုပဲ ။

ဒါပေမယ့် ။

ဘာကြောင့် သိပ်ကို မသက်မသာ ခံစားနေရတာလဲ။

သွမ့်အရှင်ဟာတော့ ဒေါသမီးတောက်နေခဲ့တယ်။

ဒါပေမယ့်လည်း ပင်းယန်ဟာ ဒေါသ ပိုထွက်နေခဲ့တာ ။

သူမ က ဖန်ကျန်းရှီ ဓားကို ထိန်းသိမ်းထားနိုင်ဖို့ ဒီကိုလာတာ။ သူမရဲ့ အကူအညီကို လျစ်လျူရှုပြီးတော့ ယွီယီဖျင်နဲ့ ပလဲ နံပ သင့်နေတယ်။ ဒါဟာ သူမကို ဒေါသ ထွက်စေတယ်။

“ ဖန်ကျန်းရှီ ငါ နင့်ကို ကူညီဖို့လာတာ။ ” ပင်းယန်ဟာ ဒေါသတကြီးအော်ဟစ်လိုက်တယ်။

“ အရှင်မင်းသမီးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း ဝန်ကြီးချုပ် ယွီယိဖျင် ပြောတာ အဓိပ္မာယ်ရှိတယ်လို့ ထင်တယ်။ ပိုင်ရှင်ကို အသိအမှတ်ပြုပြီးသား အရာ တစ်ခုဟာ ကြမ်းပြင်ပေါ်မှာ ကျနေရင်တောင် တခြားသူ ယူနိုင်မှာ မဟုတ်ဘူး။ ဥပမာ အားဖြင့် ဒီဓားလိုပေါ့။”

သူပြောလိုက်တဲ့ အချိန်မှာပဲ အလင်းတန်း တစ်ခုဟာ သူ့ ရင်ဘတ်မှာ တောက်ပလာပြီးတော့ ညီလာခံ ခန်းမ မျက်နှာကျက်ဆီကို ထိုးတက်သွားတော့တယ်။

“ ဘုန်းးး ”

ပဲ့တင့်သံ ကျယ်ကြီး ထွက်လာပြီးတဲ့ နောက်မှာတော့ ညီလာခံ ခန်းမထဲမှာ နှစ်မီတာ ပတ်လည် အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ်လာတော့တယ်။

အပိုင်း (၂၂၅) ပြီး၏။

အပိုင်း (၂၂၆)

"ဖြည်းဖြည်း ချင်း ဆွဲထုတ်မယ်"

အပေါက်ကြီးရဲ့ အလယ်မှာတော့ နစ်ဝင်နေတဲ့ ဓားတစ်ချောင်း ရှိနေခဲ့တယ်။

ဒီဓား မယုံနိုင်စရာကောင်းလောက်အောင် သာမာန်ဓား တစ်လက် နဲ့သာ ဆင်တူနေခဲ့တယ်။ ဓားလက်ကိုင်မှာလဲ အထူးတလည် ထွင်းထုထားတဲ့ စည်း တံဆိပ်တွေ မရှိဘူး ။ ဓား ရဲ့လက်ကိုင်ကနေ အသွားအထိ တစ်ချောင်းလုံး စတင်တောက်ပလာခဲ့တယ်။

မှိန်ဖျော့ဖျော့ ခရမ်းရောင် အလင်းတန်းတွေ မြေပြင်ကို လွှမ်းခြုံနေခဲ့တယ်။ ဒါ နတ်ဆိုးအရှင် စစ်ခုန်ရဲ့ နောက်ဆုံးသော သွေးစက် တောက်ပမှုကို ကိုယ်စားပြုတဲ့ တောက်ပမှု အရင်း အမြစ် ဖြစ်ခဲ့တယ်။

ဒီဓား ထူးခြား ပြိုင်ဘက်ကင်းတဲ့ အသွင် မရှိသော်ငြား ညီလာခံ ခန်းမတွင်းက မည်သူ တစ်ဦးတစ်ယောက်ကမှ သာမာန် ဓား အလက် အဖြစ် အထင်မသေးဝံ့ ကြပါဘူး။

ဒါ မုန့်ထျန်းရဲ့ ဓား ။ နတ်ဆိုး အရှင် စစ်ခုန်ကို ဇီဝန်ခြွေခဲ့တဲ့ သမိုင်းဝင် ဓား တစ်လက် ။

ညီလာခံခန်းမထဲက လူတိုင်း ဓားကိုသာ မျက်တောင်မခတ်စတမ်းစိုက်ကြည့်နေခဲ့ကြတယ်။

" ဒါက သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ ဓားလား။"

"ကောင်းလိုက်တဲ့ ဓားကွာ"

ဓားကို ကြည့်နေကြတဲ့ အမတ်မင်းတွေရဲ့ မျက်လုံးတွေ ထဲမှာတော့ လောဘ မောဟ တွေ ပြည့်နှက်နေခဲ့တယ်။ ဒါပေမယ့်လည်း ဘယ်သူကမှ တစ်ချက်မလှုပ်ရဲခဲ့ဘူး။

ဒီဓား ထောင်ပေါင်းများစွာသော ဂုဏ်ပုဒ်တွေ ပြည့်နှက်နေတဲ့ အရာ ။

ကြီးမြတ်သော ရှ မင်းဆက် လူသား မျိုးနွယ် သူရဲကောင်း တစ်ယောက် ဖြစ်တဲ့ သုခမိန် စစ်နတ် မုန့်ထျန်း ရဲ့ လက်စွဲတော်။ လူသားမျိုးနွယ်ရဲ့ ဂုဏ်အသရေ ဖြစ်တဲ့ သူနဲ့ အတူ သူ့ရဲ့ ဓားကလည်း အမွေအနှစ် တစ်ခု ။

သွမ့်အရှင် နဲ့ လင်းထျန်းရုံ တို့ရဲ့ မျက်လုံးတွေလည်း ဓားကနေ မခွာ နိုင်ဖြစ်နေခဲ့ကြတယ်။ သွမ့်အရှင် လှုပ်ရှားလွန်းနေတဲ့ စိတ်နဲ့ အတူ ထိန်းမရ နိုင်အောင် တုန်ယင်နေတဲ့ သူ့လက်တွေကို အတော်လေး ဖုံးကွယ် နေခဲ့ရတယ်။

အကယ်၍ ဒီဓားသာ သူ့လက်ထဲကို ရောက်လာခဲ့ရင် ညီလာခံမှာ သူ့ရဲ့ နေရာ တည်မြဲသွားတော့မှာ ။

ဒီဓား ကြီးမြတ်မှုကို ကိုယ်စားပြုတယ်။ သုခမိန်စစ်နတ်ရဲ့ ကျန်ရစ်ခဲ့တဲ့ ဓား သူ့ရဲ့ အမွေဆက်ခံသူကို ရွေးချယ်ခြင်းနဲ့ ထိုက်တန်သူကို ကိုယ်စားပြုတယ်။

သူ့ရဲ့ လက်ရှိ ရာထူး အခြေအနေကိုပါ ပေါင်းထည့်လိုက်ရင် စစ်တပ်သုံးခုမှာ သူ့ကို အာခံ ဝံ့တဲ့သူ ရှိတော့မှာ မဟုတ်ဘူး ။

အိမ်ရှေ့စံရဲ့ လက်ဖဝါးတွေလည်း စိတ်လှုပ်ရှားမှုကြောင့် ချွေးတွေ စိုနေခဲ့တယ်။ သွမ့်အရှင် လိုချင်နေတာကို သူ ကောင်းကောင်းသိတယ်။ ဒီဓားရဲ့ အမိန့်အာဏာကို အသုံးချပြီးတော့ စစ်တပ်သုံးခုကို ဦးညွှတ်လာအောင် လုပ်မှာကိုလည်း ကြိုတွေးမိနေခဲ့တယ်။

သွမ့်အရှင် ဒီအချိုးချိုးမှာကိုတော့ သူ လုံး၀ ခွင့်မပြုနိုင်ဘူး။ ဘယ်လိုပင် ဖြစ်ပါစေ သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ အမိန့်အာဏာကို ကိုယ်စားပြုမယ့် ဒီဓားကိုတော့ မရ ရအောင် ယူရမှာ အမှန်ပဲ ။

ဧကရာဇ် အနည်းငယ် စိတ်ပျက် အံ့အားသင့်ရုံမှ အပ အခြား အမူအယာ မပြခဲ့ပါဘူး။ ညီလာခံ ခန်းမထဲမှာ စိုက်ဝင်နေခဲ့တဲ့ ဓား သူ့ရဲ့ လက်ထဲမှာ အပိုင်စား ရထားသလို ဖြစ်နေတဲ့ အတွက်ကြောင့်ပဲ ။

သက်ဦးဆံပိုင် ဧကရာဇ် တစ်ပါး အနေနဲ့ သူလိုချင်တဲ့ အချိန်မှာဓားကို ယူနိုင်တယ် ။

ဒါ ရန်ရွှယ် ပင်းယန် ရှင်ချင်းစွေ့ နဲ့ နန်ကုန်းမုတို့ အတွက်တော့ ဓားကို ပထမဆုံး အကြိမ် မြင်ဖူးတာပဲ ။

ဒီဓားကို ဖန်ကျန်းရှီက သုခမိန်လောကထဲကနေ ယူလာခဲ့မှန်းတော့ သိတယ်။ ဒါပေမယ့်လည်း ဘာလို့ ဓားကို မြေကြီးထဲ စိုက်ထားတာလဲ။

နောက်ပြီးတော့ ဖန်ကျန်းရှီက ဘာကို ဆိုလို ချင်တာလဲ။

"ပိုင်ရှင်ရှိတဲ့ ပစ္စည်း တစ်ခု "

ယွီယိဖျင်ရဲ့ အမူအယာ အခြားသော သူတွေထက် ပိုပြီးတော့ နတ်မှောင်နေခဲ့တယ်.။ သူ ဓားကိုသာ ကြည့်နေပင်မယ့် အတွေးကတော့ ဖန်ကျန်းရှီ ပြော ခဲ့တဲ့စကားကိုသာ စဉ်းစားနေခဲ့တယ်။

" သခင်ကို အသိအမှတ်ပြုပြီးတဲ့ ပစ္စည်း တစ်ခု မြေပြင်ပေါ်မှာ ကျနေပါစေ ယူလို့ မရနိုင်ဘူး။"

ဖန်ကျန်းရှီက ဘာကို ဆိုလိုချင်တာလဲ။

ဒါက ဖြစ်နိုင်မလား။ ......

ယွီယိဖျင်မှာ အတော် လေး မကောင်းတဲ့ ခံစားချက်တစ်ခုကို ရနေခဲ့တယ်။ ခံစားချက်က အရမ်း ကို ပြင်းထန်လွန်းတယ်။ ဒါ ဖြစ်နေတယ် ဆိုတာကို ငြင်းဆိုဖို့ အတွက် သူ့ကိုယ်သူ ဖိအားပေးနေခဲ့မိတယ်။

ဖန်ကျန်းရှီကတော့ အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့တယ်။ ဒါပေမယ့်လည်း သူ စိတ်ရှုပ်တာက ဓား အတွက်ကြောင့် မဟုတ်ပါဘူး။ ဒါပေမယ့် ဓား လုပ်ထားတဲ့ ညီလာခံ ခန်းမထဲက အပေါက်ကြီး ကြောင့် ဖြစ်နေတယ်။

"ငါပြစ်လိုက်တာ အား နည်းနည်း များသွားတယ်။"

ဒါက ဘယ်နေရာမလို့လဲ။

ညီလာခံ ခန်းမကြီးလေ။

ငါတော့ လျော်ရတော့မယ်။ ညီလာခံခန်းမကို အပေါက်ဖောက်လိုက်မိတာ ပြန်ပြင်ဖို့ ဘယ်လောက်တောင် ကုန်မှာလဲ။

ဒါက မတော်တဆ ဖြစ်တာပါ ဆိုရင်ကော ယုံကြမှာလား။

ဖန်ကျန်းရှီ ညီလာခံ တက်နေကြတဲ့ ရုံးတော်သား အမတ်မင်းတွေ ကို ကြည့်လိုက်တယ် အဲ့ဒီ့နောက် သွမ့်အရှင်နဲ့ အိမ်ရှေ့စံ နောက်ဆုံးမှာတော့ ဧကရာဇ် ရဲ့ အမူအယာကို အကဲခတ်နေခဲ့တယ်။

အဲ့ဒီ့နောက်မှာတော့ သူ သက်ပြင်းချလိုက်တော့တယ်။ ဘယ်သူကမှ အပေါက်ကြီးကို သတိမထားမိကြဘူး။ ဓားကိုသာ အာသာငမ်းငမ်း တက်ပြီး စိုက်ကြည့်နေကြတာ ။ ကောင်းပြီလေ။ လွယ်လွယ်ကူကူ ပဲ ဓားကို အပြစ်လွှဲချရတာပေါ့။ ဘယ်သူကမှ ဓားတစ်ချောင်းကို သတ်စေ အမိန့်ချတာတို့ ဒဏ်ကြေးဆောင်ခိုင်းတာတို့ မလုပ်ဖူးမလား။

ဒါကို တွေးမိပြီးတဲ့ အချိန်မှာတော့ ဖန်ကျန်းရှီ အမတ်မင်းတွေကို ရိုးသားဖြူစင် အပြစ်ကင်းတဲ့ မျက်နှာလေးနဲ့ မလှိမ့်တပတ်လုပ်ဖို့ သတ္တိတွေ အပြည့်ရှိလာတော့တယ်။

" ဖန်ကျန်းရှီ မင်း ခုနက ပြောလိုက်တာ သခင်ကို အသိမှတ်ပြုပြီးသား ပစ္စည်းက မြေပြင်ပေါ်မှာ ကျနေတာတောင် ယူသွားလို့ မရဘူး။ မင်း စကားက ဘာကို ပြောတာလဲ။" ယွီယိဖျင်ရဲ့ မျက်စပြစ်ခြင်း ကို ခံလိုက်ရတဲ့ အမတ်တစ်ဦး ရှေ့ကို ထွက်လာပြီးတော့ ပြောလိုက်တယ်။

" ဘာကို ပြောတာလဲ ဟုတ်လား။ ဒီစကားကိုတောင် နားမလည်ရင် အကိုကြီးက စာမေးပွဲကို ဘယ်လိုများ အောင်လာတာလဲ။ " ဖန်ကျန်းရှီက ထို အမတ်မင်းကို လှည့်ကြည့်ရင်း ချက်ခြင်း ဆိုသလို မေးလိုက်တယ်. ။

"စာမေးပွဲကို ဘယ်လို အောင်လာတာလဲ။"

အမတ်မင်းတွေ အားလုံး ဖန်ကျန်းရှီကို စူးစိုက်ကြည့်ကြတော့တယ်။ အဆင့်လေး ရှိတဲ့ အမတ်မင်း တစ်ဦးကို ဒီလို စကားပြောတာ အရှက် တကွဲ ဖြစ်အောင် စော်ကားတာပဲ ။

ဒါ ဘာမှ အရေးမကြီးတဲ့ ကိစ္စ တစ်ခုသဖွယ် ထင်ရပေမယ့်လည်း ဉာဏ်ရှိရှိနဲ့ ချက်ကောင်းကို ထိုးနှက်လိုက်တာလဲ ။

ဒီ ပြက်ရယ်ပြုမှု " သုံးမျိုးသော ဂန္တဝင် အမူအကျင့်များ " ပညာရှိ ရွေးချယ်မှု စာအုပ်ကို လုပြေးသွားတဲ့ ကလေး တစ်ယောက်ကို " ငါ့ကို ပြန်ပေးစမ်း ဒါက မင်း နားလည်နိုင်တဲ့ အရာမဟုတ်ဘူး" လို့ ပြောနေသလိုပဲ ။

ဘယ်လို အတင့်ရဲမှုလဲ။

" မင်း....." အမတ်မင်းရဲ့ မျက်နှာ အနီရောင် ကနေ အဖြူရောင် ကို ပြောင်းသွားခဲ့တယ်။ သူလည်း ဖန်ကျန်းရှီကို ပြန်ပြီး နှိပ်ကွပ်ချင်တယ်။ ဒါပေမယ့်လည်း သူ့လို အဆင့်လေး အမတ်မင်း တစ်ဦးအနေနဲ့ ဒီလိုသာ လုပ်လိုက်ရင် လူတွေ ဘယ်လို မြင်ကြမလဲ။ ဒါကြောင့်မို့သူ့ရဲ့ မေးခွန်းကိုသာ ဆက်ဖို့ ကြိုးစား လိုက်တယ်။ " ငါ မင်းကို မေးနေတာက ။ မင်း ဒီစကားကို ပြောတာ ဘာရည်ရွှယ်ချက် နဲ့ ပြောတာလဲ။"

" အာ။ ဒါဆို ကျွန်တော့် ရဲ့ ရည်ရွှယ်ချက်ကို မေးနေတာလား။ ဒါပေမယ့် ဝန်ကြီးချုပ် ယွီယိဖျင်က ရှင်းရှင်းလင်းလင်း ပြောပြီးပြီ မဟုတ်ဘူးလား။ ပိုင်ရှင်ရှိတဲ့ ပစ္စည်းက သူ့သခင်က လွဲပြီးတော့ အခြား သူ ကောက်ယူခြင်း မပြုနိုင်ဘူး။ ဘာလဲ အကိုကြီးက ဝန်ကြီးချုပ်ပြောတာကို အထွန့်တက်ချင်နေတာလား ။" ဖန်ကျန်းရှီက မေးလိုက်တယ်။

" ဟ ဟ ဟ ။ ဝန်ကြီးချုပ် ပြောတာက အရမ်းကို ရှင်းလင်းပါတယ်။ ဒါပေမယ့်လည်း ဒီ ဓားက မင်းပိုင်တာလို့ ပြောနေတာတော့ မရှင်းဘူး။ ဖန်ကျန်းရှီ မင်းက အရည်အချင်း ရှိတာ မှန်ပါတယ်။ ဒါပေမယ့် သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ ဓားက မင်း ပိုင်တာ ဘယ်လို ဖြစ်နိုင်မှာလဲ။ " အမတ်မင်း ရယ်သွမ်းသွေးရင်း ပြောလိုက်တယ်။ ဝန်ကြီးချုပ်ပြောတာနဲ့ ဖန်ကျန်းရှီ ပြောတဲ့ စကား စပ်ဆက်တာ တစ်ခုကိုမှ သူ မတွေ့မိဘူး ။

" ရှင်းရှင်းလေးပါပဲ။ ငါတို့ လုပ်ရမှာက ဓားကို ခေါ်ကြည့်ပြီးတော့ ဓား ရဲ့ တုံ့ပြန်မှုကို ရတဲ့သူ ဘယ်သူမဆို ဓားကို ပိုင်တယ်လို့ ပြောနိုင်တယ်။ " ဖန်ကျန်းရှီ အချက်ကျကျ ပြောလိုက်တယ်။

သူက ဓားကို သုခမိန်လောကထဲကနေ ခေါ်ထုတ်လာတာ ။ ဒါကြောင့် နောက်တစ်ကြိမ် ထပ်ခေါ်ဖို့ သူ့မှာ ယုံကြည်ချက် အပြည့်ရှိတယ်။ သူလိုတာက ဒီကိစ္စကို အစပျိုးတဲ့ မေးခွန်းမေးဖို့ လူတစ်ယောက်ပဲ။

အဲ့ဒီ့နောက် ဓားက သူ့အပိုင်ဖြစ်ကြောင့် လူတိုင်းကို သက်သေပြလိုက်မယ်။

"မင်း လုပ်နိုင်တာ..."

" အမတ်မင်း ဝမ်"

အသံတစ်သံ ညီလာခံ ခန်းမထဲကို ပျံ့လွင့်လာခဲ့တယ်။ အဲ့ဒီ့နောက် မျက်မြင်ကြုံခဲ့ရသူ တစ်ဦး ရှေ့ကို အလျင်အမြန် ပြေးထွက် လာရင်း ခေါင်းခါနေခဲ့တယ်။

တော်ဝင် စာမေးပွဲကြီးကြပ်သူ တစ်ယောက် အနေနဲ့ သုခမိန် လောကထဲမှာ ဘာဖြစ်ခဲ့လည်း သူကောင်းကောင်းသိတယ်။ ဖန်ကျန်းရှီက ဓားကို ခေါ်ထုတ်ပြီး ထိန်းချုပ်ခဲ့တယ်။

ဖန်ကျန်းရှီက ထောင်ချောက်ဆင်နေတာ အသိသာကြီး ။

အမတ်မင်းသာ ဖန်ကျန်းရှီကို စိန်ခေါ်လိုက်ရင် သူ့အကွက်ထဲကို ဝင်သွားပြီးတော့ ညီလာခံ တစ်ခုလုံးလည်း ဘာမှ မတတ်နိုင်ပဲ ဖြစ်သွားလိမ့်မယ်။

ယွီယိဖျင်ရဲ့ စကားနဲ့ အမတ်တွေကို ချုပ်ထားမယ်တဲ့လား။

ရှေ့ထွက်လာတဲ့ လူ အေးစက်စွာ ပြုံးနေခဲ့တယ် ။ ဖန်ကျန်းရှီရဲ့ အစီအစဉ်ကတော့ လေးစားစရာပဲ ဒါပေမယ့် အခု သူရောက်နေတာက ညီလာခံ ခန်းမလေ ဒီလို အစီအစဉ်မျိုးက လွယ်လွယ်ကူကူ အလုပ်ဖြစ်မှာလား။

" ဖန်ကျန်းရှီ ။ မင်းက သုခမိန် လောကထဲမှာ ဒီဓားကိုရှာတွေ့ခဲ့ပြီး နတ်ဆိုး တစ်ကောင်ကို သတ်ခဲ့တယ်။ ဒါကြောင့် ဓားက မင်းစကားကို ယာယီ ကာလမှာ နားထောင်နေမှာ အမှန်ပဲ။ ဒါပေမယ့်လည်း ဒီလို နာခံ ရုံနဲ့ ဒီ ဓားက မင်းပိုင်တယ်လို့ မဆိုသာဘူး။"

" ဒါ့အပြင် ဒီဓားက သုခမိန် စစ်နတ် မုန့်ထျန်း ရဲ့ အမွေအနှစ် နတ်ဆိုးတွေကို သတ်ဖို့ အထူးပြုထားတာ ။ မင်း ဒီဓားကို သုံးနိုင်တာ သေချာပေမယ့် တခြားသော အရည်အချင်း ရှိသူတွေလည်း ကြီးမြတ်သော ရှမင်းဆက်မှာ ရှိနေတယ်။ ဒီဓားက ပိုပြီးတော့ အင်အားကြီးတဲ့ သူနဲ့ ထိုက်တန်တယ်လို့ ငါထင်တယ်။ ဓားရဲ့ စွမ်းအားကို အပြည့်အ၀ အသုံးချနိုင်သူ ကိုသာ ပေးအပ်သင့်တယ်။"

" ဒါပေါ့။ မင်းလည်း နောင်နှစ်တွေမှာ အများကြီး တိုးတက်လာအုန်းမှာပဲ ။ အချိန် ကျလာရင် ဓားက မင်းလက်ထဲကို ပြန်ရောက်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ။"

သူ့ရဲ့ စကားကို အဆုံးသတ်ပြီးတဲ့နောက်မှာတော့ ထိုလူ ဖန်ကျန်းရှီကို ငါးခူပြုံးပြုံးပြီး ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ ကို နှိပ်ကွပ်နိုင် လိုက်ပြီလို့ သူနေခဲ့တာ ။

ဒါဆို...

အခု ဖန်ကျန်းရှီ ဘာဆက်လုပ်မလဲ။

အစပထမ မေးခွန်းကို မေးလိုက်တဲ့ အမတ်မင်း ရုတ်တရက် ကျောထဲကနေ စိမ့်ချမ်းလာခဲ့တယ်။ အန္တရာယ်က အခု ချက်ခြင်း အချိန် မရွေးပဲ ကျရောက်လာနိုင်လာကို သဘောပေါက်သွားတာကြောင့် လူအုပ်ထဲကို ပြန်တိုးဝင် သွားခဲ့တယ်။ သူက ညီလာခံ တစ်ခုလုံးရဲ့ ဂုဏ်သိက္ခာ နဲ့ ကစားသလို ဖြစ်သွားခဲ့တာပဲ။

အကယ်၍ သူ သာ ဖန်ကျန်းရှီ ရဲ့ အကွက်ထဲကို ဝင်သွားခဲ့ရင် သူ့ အနာဂတ်ကတော့ ပျက်သုန်းပြီပဲ။

ဥပဒေ အမတ်မင်းကို ကျေးဇူးတင်စွာ ခေါင်းငြိမ့်ရင်း လူအုပ်နောက်ထဲကို ဆုတ်ခွာသွားခဲ့တယ်။

တခြား သော အမတ်မင်းတွေလည်း ဖန်ကျန်းရှီ ဘာကို ကြံရွှယ်နေသလဲ ကောင်းကောင်း သိကြတယ်။ သူတို့ အနည်းငယ်တော့ အံ့အားသင့်နေကြတယ်။ ဒီကလေးက ညီလာခံကို မဝင်ခင် ငါတို့နဲ့ ကစားဖို့ ကြိုစားနေတာလား။

မင်း ဝါး နိုင်တာထက်ပိုပြီးတော့ များများ ကိုက်ဖို့ မကြိုးစားနဲ့။ မင်းမှာ ကောင်းမွန်တဲ့ စိတ်ထားရှိနိုင်တယ်။ ဒါပေမယ့်လည်း အရည်အချင်း မပြည့်ဝဘူး။

ယွီယိဖျင် အနည်းငယ် တည်ကြည်လေးနက်နေခဲ့တယ်။ သူ ဖန်ကျန်းရှီ လက်လျှော့သွားပြီလို့ ထင်ခဲ့တာ ။ ဒါပေမယ့်လည်း ဖန်ကျန်းရှီက အခုတော့ သူ့ရဲ့ အလေးပေးမှုကို ရဖို့ ကြိုးစားနေတာလား။

စိတ်မကောင်းစရာကတော့ ဖန်ကျန်းရှီ မရင့်ကျက်သေးတဲ့ လူငယ်လေး ဖြစ်နေဆဲပဲ။

အမတ်မင်းတွေကတော့ ဖန်ကျန်းရှီ စကား ထပ်မပြောတော့တာကို သတိပြုမိလာကြတယ်။ ဖန်ကျန်းရှီလည်း သူ့ကို ကြည့်နေတဲ့ မျက်လုံးတွေကို ကောင်းကောင်းကြီး သိနေတယ်။ ကိစ္စကတော့ ရှောင်လို့ မရအောင် နီးနေပြီ။

"သခင်လေး ဖန် အတွက် ဓားကို ကျွန်တော် ယူပေးပါမယ်။" ဥပဒေ အမတ်မင်း ဖန်ကျန်းရှီကို ပြုံးပြုံးကြီး ကြည့်လိုက်ပြီးတော့ ဧကရာဇ်ကို ဦးညွှတ်ရင်း ခွင့်တောင်းလိုက်တယ်။

ဧကရာဇ်ရဲ့ ခွင့်ပြုမှုကို ရပြီးနောက်မှာတော့ သူ ဓားဆီကို လျှောက်လာခဲ့တယ်။

ချောင်းတစ်ချက် ဟန့်လိုက်ပြီးတဲ့နောက်မှာတော့ သူ ဓားလက်ကိုင်ကို ကိုင်ပြီး

လက်မောင်း အားကို အားပြုရင်း ဆွဲထုတ်လိုက်တယ်။

ဓား နှမ်းစေ့မျှတောင် မလှုပ်ပါဘူး။

" ကောင်းလိုက်တဲ့ ဓားကွာ။ မြေပြင်ကို ထိုးခွဲပြီးတော့ ကောင်းကောင်းစိုက်နေတာပဲ။ ငါတော့ အားများများ သုံးဖို့ လို လာပြီ းးး။ " ဥပဒေ အမတ်မင်း အရှက်ပြေ ပြောရင်းဓားကို မနုတ်နိုင်တာကို ဖုံးကွယ်နေခဲ့တယ်။

ဓားကို မနုတ်နိုင်တာကို သူ့ကိုသူ သတိထားမိချိန်မှာတော့ ရယ်မောရင်း လှည့်ဖြား စကားကို ဆိုလိုက်တယ်။

ဒါပေမယ့်လည်း သူ့ရဲ့ ရယ်မောခြင်း ပြီးဆုံးသွားတဲ့နောက်မှာတော့ တည်ကြည်လေးနက်တဲ့ အမူအယာကို ပြောင်းလဲသွားတော့တယ်။ လက်နှစ်ဖက်လုံး ဓားလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်ရင်း အံကြိတ်လိုက်တော့တယ်..........

အပိုင်း (၂၂၆) ပြီး၏။

အပိုင်း (၂၂ရ)

“ ဓားဝိဉာဉ်မှ သခင်ကို အသိအမှတ်ပြုခြင်း”

ဒီ အဖြစ် သူ့ရဲ့ ပုံရိပ်ကို အကျည်းတန်စေခဲ့တယ်။

ဓား မြေ ကြီးထဲမှာ နက်ရှိုင်းစွာ စိုက်ဝင်နေခဲ့တာ ။ အားအပြည့်သုံး ပြီး ဆွဲထုတ်နေရတဲ့ လူ တစ်ယောက်ရဲ့ ပုံရိပ် မည်သို့မျှ တည်ငြိမ် သော အသွင် မရှိနိုင်ပေ.။

ဥပဒေ အမတ်မင်း သူ့ရဲ့ ရုပ်သွင်နဲ့ ပတ်သက်ပြီးတော့ ဂရုမစိုက်နိုင်အားဘူး ။ ဓားလက်ကိုင်ကို ခြေစုံကန်ပြီး ဆွဲထုတ် ရင်း နဲ့ သာ အလုပ်များနေခဲ့တယ်။

ဒါပေမယ့်လည်း ဒီလို လုပ်နေတဲ့ သူ့ကို ကြည့်နေကြတဲ့ အခြားသော အမတ်မင်းတွေ နှာခေါင်းရှုတ်နေခဲ့ကြတယ်။

သိပ်မကြာခင် အချိန်မှာပဲ။

ရှုတ်ချဟန် အထင်းသား ပေါ်နေတဲ့ အမတ်မင်းတွေ တစ်ခုခု လွဲနေတာကို သဘောပေါက်သွားကြတယ်။

ဥပဒေ အမတ်မင်းက ဒီဓားကို ဆွဲထုတ်နေတာ အချိန် ကြာနေပြီ။ လက်က သွေးကြောတွေတောင်မှ ပေါက်ထွက်တော့ မတတ် ထောင်နေခဲ့ပြီ။ မျက်နှာလည်းနီရဲပြီးတော့ ချွေးတွေလည်း စီးကျနေခဲ့တယ်။

သူ့ရဲ့ အပြုံး လုံးဝပျောက်ကွယ်သွားပြီ ဖြစ်ပြီးတော့ နဖူးကနေ ခြေမထိ ချွေးတောက်တောက်ကျနေတော့တယ်။

သူ့ရဲ့ နောက်ဆုံး အင်အားလက်ကျန်ကို အဆုံးစွန်ထိ အသုံးချနေတဲ့ ဟန် ပေါ်လွင်လှတယ်။

ဒါပေမယ့်လည်း ဓားကတော့ မလှုပ်ရေးချ မလှုပ်။

အမတ်မင်းတွေ သူတို့ မြင်နေရတာကို မျက်စိလည်နေကြတယ်။ ဥပဒေ အမတ်မင်း ဝမ်ချောင်က ဓားကို ဆွဲမထုတ်နိုင်ဘူး။

ဘယ်လို ဖြစ်နိုင်မှာလဲ။

ဝမ်ချောင်က ဒီလို အဆင့်ရောက်နေတယ် ဆိုတာ သူ့ရဲ့ စွမ်းဆောင်ရည် မြင့်မားလွန်းတာကြောင့် ။ ရာထူးတက်တာလည်း မြန်ဆန်လှတယ်။ ကျင့်ကြံ ဆင့်ကတော့ နှေးကွေးတယ်လို့ ဆိုနိုင်ပေမယ့် လည်း သဘာဝလွန် အဆင့်ကို ရောက်နေတာ နှစ် အတော် ကြာနေပြီ။

ဒီလို လူမျိုးကတောင် မှ ဓားကို ဆွဲ မထုတ်နိုင်ဘူးတဲ့လား ။

ဘယ်သူကမှ သူတို့ မျက်လုံးကို မယုံနိုင်ကြဘူး ။

ဒါက ဒီလို ဖြစ်နိုင်မလား။

သူတို့ရဲ့ အတွေးတွေ ထဲမှာ အကြောင်း ရာ တစ်ခု လင်းလက်လာခဲ့တယ်။ ဒါက မဖြစ်နိုင်လောက်အောင် ရူးချင်စရာ ကောင်းလှတယ်။ ဒါပေမယ့်လည်း ဖြစ်နိုင်စရာ အရှိဆုံး အကြောင်းပြချက်လည်း ။

ဖြစ်နိုင်တာက …. ဖြစ်ကောင်းဖြစ်နိုင်တာက … မုန့်ထျန်းချန်ခဲ့တဲ့ ဒီဓား ….. မှာ

စိတ်ဝိဉာဉ်ရှိနေတယ်။

လူတိုင်းက ဒါကို ယုံကြည်ကြတယ်။ နောက်ဆုံးမှာတော့ ဒီ ဓားက သုခမိန်လောကကိုတောင်မှ အထိန်းအကွပ်မဲ့ ဖြစ်သွားစေခဲ့တာပဲ။ ဒါပေမယ့်လည်း ဘယ်သူမှ မယုံ ကြတာကတော့ ဓား ဖန်ကျန်းရှီကို သခင် အဖြစ် သတ်မှတ်ထားတယ်ဆိုတာကိုပဲ ။

အခုမှ ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်လာတဲ့ ပေါက်စလေး တစ်ယောက်။ နိုးထလာသော နဂါး အဆင့် တစ်ဆယ်တောင် မဝင်သေးဘူး။ နောက်ပြီးတော့ ရွှေရောင် နဂါး အဆင့်တွေလည်း အထက်မှာ ရှိနေသေးတယ်။

နောက်ပြီးတော့ ဒီဓားကလည်း မုန့်ထျန်း ပိုင်ဆိုင်တဲ့ အရာ ။ ဒီလို ဂုဏ်သရေရှိ ဓားမျိုးက ဖန်ကျန်းရှီကို ရွေးချယ်တာ ဖြစ်နိုင်လို့လား။

သူတို့အားလုံး တွေးထင်ခဲ့တာကတော့ ဓားဝိဉာဉ် နတ်ဆိုးကို အသုံးချဖို့ အတွက် ဖန်ကျန်းရှီကို အသုံးချခဲ့တာလို့ ထင်နေခဲ့တာ ။

ဒါပေမယ့်လည်း အခု ချိန်မှာတော့

သူတို့အတွေးတွေက မှားနေတဲ့ပုံပဲ။

“ ဓားက တကယ်ပဲ ဖန်ကျန်းရှီကို သူ့ ပိုင်ရှင်အဖြစ် သတ်မှတ်ထားတာ ဖြစ်နိုင်မလား။”

အမတ်မင်းတွေ တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြတယ်။ သူတို့ရဲ့ မျက်လုံးတွေ မယုံကြည်မှု သံသယတွေ အပြည့် ဖြစ်နေတယ်။ ဘယ်သူကမှ ဒီလို ဖြစ်လာဖို့ မမျှော်လင့်ခဲ့ဘူး။

သွမ့်အရှင် တောင့်တောင့် ကြီး ကြက်သေသေ နေခဲ့တယ်။ လက်လွှတ်ရတော့မှာလား။ ဒါပေမယ့် သူက ဝမ်ချောင်ထက် အားနည်းတဲ့သူ ။ အကယ်၍ သူသာ လူရှေ့ သူရှေ့မှာ ဓား ကို ဆွဲမထုတ်နိုင်ခဲ့ရင် ဘယ်လို ဖြစ်သွားမလဲ။

အိမ်ရှေ့စံမင်းသား လင်းထျန်းရုံရဲ့ အကြည့်တွေ အေးခဲနေခဲ့တယ်။ ဓားကို ဆွဲထုတ်နေတဲ့ ဝမ်ချောင်ကို ဆက်မကြည့်နိုင်တော့ဘူး။ အဲ့ဒီ့အစား ယွီယိဖျင်ကိုသာ ကြည့်နေခဲ့တယ်။

ယွီယိဖျင်ရဲ့ မျက်နှာ မည်းမှောင်နေခဲ့တယ်။

အကယ်၍ ဓားကိုသာ ဘယ်သူကမှ ဆွဲမထုတ်နိုင်ရင် သူတော့ “ အဓိက ရာဇဝတ်သား ” ဖြစ်လာတော့မှာ။ နောက်ဆုံးတော့လည်း ဓားကို သူ့သခင် နဲ့ သာ သက်ဆိုင်တဲ့ အကြောင်း စကားစခဲ့တာ သူပဲ ဖြစ်နေခဲ့တယ်။

သုခမိန် လောကထဲမှာ ဖန်ကျန်းရှီ ဘယ်လို လုပ်ခဲ့လည်း ဆိုတဲ့ အကြောင်း သူတို့ အကုန်ကြားထားပြီးသား ။

“ ဒီလို အဖြစ်မျိုး တကယ်ရှိနိုင်တာလား” လူ သုံးယောက် မယုံကြည်နိုင်မှု တွေနဲ့ ကြည့်နေခဲ့ကြတယ်။ တယောက်ကို တယောက်ကြည့်ရင်း မျက်လုံး ခြင်း ဆက်သွယ်နေခဲ့ကြတယ်။

ပင်းယန်ရဲ့ ဖန်သလင်း မျက်လုံးတွေ နီရဲ နေတဲ့ ဝန်ချောင်ကို ကြည့်နေခဲ့တယ်။ သူမ အလွန်အမင်းကို အံ့အားသင့်နေခဲ့တာ ။ဒါပေမယ့်လည်း သူမရဲ့ အမူအယာ ဒေါသ အဖြစ်ကို လျင်မြန်စွာ ပြောင်းလဲ သွားခဲ့တယ်။

သူမ ဖန်ကျန်းရှီကို ဘက်ကို ကြည့်ရင်း ပွစိပွစိ ပြောတော့တယ်။ “ ဟွန့် ။ အရှက်မရှိလိုက်တဲ့ ကောင်။ တကယ်ပဲ ဓားကို ပြစ်ချလိုက်တယ်။”

ဖန်ကျန်းရှီ ချွေးဒီးဒီး ကျနေတဲ့ ဝမ်ချောင်ကိုသာ ကြည့်နေခဲ့တယ်။ တခြားသူတွေ တွေးနေတဲ့ အကြောင်းကိုလည်း သူသိတယ်။

တကယ်တမ်းတော့ အခုလို အခြေအနေ ဖြစ်လာဖို့ အတွက် သူ အတော်လေး အားထုတ်ထားခဲ့ ရတာ ။

မနေ့ည တုန်း က တစ်ညလုံး မအိပ်ခဲ့ရဘူး။ ပင်းယန် အိမ်တော်က နေ ထွက်လာလည်း က အခန်းတံခါးပိတ်ပြီးတော့ ဓားကို ပုံပြင်ထိုင်ပြောနေခဲ့တာ ။

စစချင်း ကလေး ပုံပြင်တွေကို ပြောတယ်။ အဲ့ဒီ့နောက် သိုင်းဝတ္ထုတွေ အကြောင်း နဲ့ နောက်ဆုံးမှာတော့ သုံးနိုင်ငံ ခေတ်က ချစ်ခြင်း မေတ္တာဖွဲ့ ဇာတ်လမ်းတွေကို ပြောခဲ့တယ်။ ဓားကတော့ တော်တော်လေးကို ပျော်ရွှင်နေခဲ့တယ်။

ပြောရမယ်ဆိုရင် ဒီ အကြောင်းရာက

အတော်လေးကို အထောက်အကူ ဖြစ်စေ်တယ်။ ဒါပေမယ့်လည်း ခြေရာမဲ့ လို ဂုဏ်သရေရှိ ဓား တစ်လက် ကို သူ့ အပိုင် ဖြစ်ဖို့ အရေး ဒီလောက် ကြိုးစားရတာ မပြောပြလောက်ပါဘူး။ ဝတ္ထုတွေကတော့ ပြီးဆုံး ခါ နီးပြီ။

အချိန်တွေ ကုန်လာတာနဲ့ အမျှ ဖန်ကျန်းရှီ ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု နဲ့ အတူ ပျော်ရွှင်မှုလည်း တိုးလာခဲ့တယ်။ သူ ခပ်တိုးတိုးလေး လေချွန်နေရင်း သီချင်းညီး နေခဲ့တယ်။ “ တူး… တူး တူးး…. မုန်လာဥလေး ကို တူးးး”

ဒါပေမယ့်လည်း ဖန်ကျန်းရှီက သူ့ အသံကို သတိမပြုမိခဲ့ဘူး။

ညီလာခံ တစ်ခုလုံးမှာတော့ သူ့ရဲ့ လေချွန်သံနဲ့သာ ပြည့်လာတော့တယ်။ ဒါ ဝမ်ချောင်ရဲ့ အမူအယာကို ပိုပြီးတော့ ပျက်ယွင်းစေခဲ့တယ်။

ဧကရာဇ် အမူအယာ အနည်းငယ် ပြောင်းသွားခဲ့တယ်။ အဲ့ဒီ့နောက်သူ ချပ်ဝတ်တန်ဆာ ဆင်မြန်းထားတဲ့ လူတစ်ယောက်ကို ကြည့်ရင်း ခေါင်းငြိမ့်လိုက်တယ်။

“ အမတ်မင်း ဝမ်။ အတော်လေး ကြိုးစားခဲ့ပြီးပြီ။ ဒီလို ကိစ္စလေးကို စစ်သူကြီး ကျွန်တော့် ဆီ အပ်လိုက်ပါလား။” သက်လတ်ပိုင်း အမျိုးသား ရှေ့ထွက် လာရင်း ပြောလိုက်တယ်။

အမတ်မင်းတွေ ရှေ့ထွက်လာသူကို မြင်ချိန်မှာ သက်ပြင်းချလိုက်ကြတယ်။

“ စစ်သူကြီးကျင်းကို ကျေးဇူး တင်ပါတယ်။ ဒီလို ကိစ္စငယ်လေး အတွက် ကိုယ့်ကိုယ်ကို ဒုက္ခမပေးပါနဲ့တော့ ။ ဒါပေမယ့်လည်း မနေ့တုန်းက ဥယျာဉ်ထဲမှာ လမ်းလျှောက်ရင်းနဲ့ အကြော အဆစ်တွေ ဒဏ်ဖြစ်သွားတဲ့ပုံပဲ ဒီနေ့ အားအပြည့် မသုံးနိုင်ဘူး။” ဥပဒေ အမတ်မင်း ချွေးတွေကို သုတ်လိုက်ရင်း နဲ့ ဓားလက်ကိုင်ကို လွှတ်လိုက်တော့တယ်။

သူ အရှက်ရပြီးနေပြီ။ ဒါပေမယ့်လည်း ဆက်ပြီးတော့ အရူးုလုပ်ခံလို့ မဖြစ်တော့ဘူး။ သူ့ရဲ့ အင်အားတွေကို အကုန်သုံးခဲ့ပြီးပြီ။

“ ငါတို့တော့ ပြဿနာ တက်ပြီ။ ” ရှင်ချင်းစွေ့ စစ်သူကြီး ကျင်း ရှေ့ထွက်လာတာကို မြင်ချိန်မှာတော့ စိတ်ပူလာတော့တယ်။

ရန်ရွှယ်လည်း စကားတစ်ခွန်းမှ မပြောပေမယ့် အတော်လေး စိတ်ရှုပ်နေဟန် သိသာ လှတယ်။ သူ ညီလာခံ ခန်းမ အကြောင်း ထက် စစ်သူကြီး ကျင်းအကြောင်းကို ပိုပြီးတော့ ကောင်းကောင်းသိသူ ။

စစ်သူကြီးကျင်းက ညီလာခံမှာ အသန်မာဆုံးသူ မဟုတ်ပေမယ့် သူ့ရဲ့ အပြုအမူတွေ သူ့ကို ညီလာခံမှာ သန်မာတဲ့ ပုံရိပ်တစ်ခုကို ဖန်တီးပေးတယ်။

နန်ကုန်းမု ဖန်ကျန်းရှီကို သတိပေးဖို့ ပြင်လိုက်တယ်။

ဒါပေမယ့်လည်း ဖန်ကျန်းရှီ စစ်သူကြီးကျင်း ထွက်လာတာကို မတွေ့တဲ့ အတိုင်း လေချွန်မပျက်ရှိနေခဲ့တယ်။ သူ့ ကြည့်ရတာ အတော်လေးကို သက်တောင့်သက်သာ ရှိနေဟန်ပဲ။

တကယ်တမ်းမှာတော့ ဖန်ကျန်းရှီ ရဲ့ စိတ်တွင်းမှာလည်း အနည်းငယ်တော့ စိုးရိမ်နေခဲ့တာ ။

ဘယ်လိုပင်ဖြစ်ပါစေ။ သူ့ရဲ့ အမူအယာ ပျက်ယွင်းသွားရင် အဆိုးတွေပဲ ဖြစ်လာမှာကို သူ ကောင်းကောင်းသိလှတယ်။ ဒါ့အပြင်ကို ညီလာခံ ခန်းမတွင်းက အမတ်မင်းတွေကို သူ ကန့်လန့်တိုက်လို့ မရတာကြောင့် လုပ်ချင်တာ လုပ်ကြပါစေလို့ သာ လွှတ်ထားရတော့တယ်။ သူ့ရဲ့ အာရုံစိုက်မှုကို ဓားအပေါ်မှာသာ ထားရှိခဲ့တယ်။

ဒါ့အပြင်ကို နန်ကုန်းမု။ ရန်ရွှယ် နဲ့ တခြားသော သူတွေ ဒီ ကိစ္စမှာ ပတ်သက်လာမှာကို သူမလိုလား ခဲ့ ဘူး ။ သူတို့လည်း အပြစ်ဒဏ်ကို ခံရနိုင်တယ်။

စစ်သူကြီး ကျင်း ထွက်လာချိန်မှာတော့ သူ ခြေလှမ်း ကျယ်ကျယ်လှမ်းရင်း ခံ့ခံ့ထည်ထည် လျှောက်လာခဲ့တယ်။ ဓားကို ဆွဲထုတ်ဖို့ အတွက် သာ ဦးတည်နေခဲ့တာ ။

တခြားသော အရာတွေကို ဂရုမစိုက်ပါဘူး။ သူ့ရဲ့ သန်မာ တုတ်ခိုင် လှတဲ့ လက်မောင်းကြီးတွေ ဓားကို အားစိုက် ဆွဲထုတ်ရင်း သူ့ရဲ့ အသားအရည် အနီရောင် ပြောင်းလာခဲ့တယ်။ ညီလာခံ ခန်းမထဲကို တောက်လောင်နေတဲ့ နေမင်း တစ်စင်း ကျလာသလို ဖြစ်နေခဲ့တယ်။

“ ထလာစမ်း ”

ညီလာခံ ခန်းမထဲက လူတိုင်း မျက်တောင်မခတ်စတမ်း ကြည့်နေခဲ့ကြတယ်။

“ ကချာ့” အသံကျယ်ကြီး ပဲ့တင့်ထပ်လာခဲ့တယ်။

“ထွက်လာပြီလား။”

“တကယ်ပဲ ဓားကို ဆွဲထုတ်နိုင်ပြီလား။”

“စစ်သူကြီးကျင်းက အင်အားကြီးလှတယ်။”

အမတ်မင်းတွေ ပဲ့တင့်သံကိုကြားချိန်မှာတော့ မျှော်လင့်ချက်ရောင်ခြည်သန်းလာကြတော့တယ်။ နောက်ဆုံးတော့ ဓားကို ရွေ့အောင် လုပ်နိုင်ခဲ့ပြီလေ။

“ကချာ့!” နောက်ထပ် ပဲ့တင့်သံ ထွက်လာပြန်တယ်။

အမတ်မင်းတွေရဲ့ စိတ်ဓာတ် တက်ကြွမှုလည်း တိုးမြှင့်လာခဲ့တယ်။ မှောင်မည်းနေတဲ့ ဂူထဲမှာ အလင်းရောင်ကိုတွေ့လိုက်ရတဲ့ အတိုင်း ။ သူတို့ အားလုံး ဓားကိုသာ အာရုံစိုက်နေကြတာ ။

ယွီယိဖျင်ရဲ့ မည်းမှောင်နေတဲ့ မျက်နှာ နောက်ဆုံးမှာ အရောင် တစ်ချို့ ပြန်ပေါ်လာပြီ ။

အကယ်၍ စစ်သူကြီး ကျင်းသာ ဓားကို ဆွဲထုတ်နိုင်ခဲ့ရင်

ဒီလိုသာ ဖြစ်ခဲ့ရင် ထောင်ချောက်ကနေ လွတ်သွားနိုင်တယ်။

“ဖန်ကျန်းရှီ မင်း ပြောသလို ဒီ ဓားက ပိုင်ရှင်ကို အသိအမှတ်ပြုနိုင်တယ်။ အခု ဓားကို ဆွဲထုတ်နိုင်တဲ့သူရှိလာပြီ မင်း ဘာပြောမလဲ။” အမတ်မင်း တစ်ဦး ရှေ့ထွက်ရပ်ရင်း အော်လိုက်တော့တယ်။ ဒီအမတ်မင်း ပထမ အကြိမ်မှာ ပြက်ရယ်ပြုခြင်း ခံလိုက်ရသူပဲ ။

“ အမှန်ပဲလား။ ” ဖန်ကျန်းရှီ ပြစ်တင်ရှုတ်ချတဲ့ အကြည့်နဲ့ ကြည့်ရင်း နှုတ်ခမ်းတွေကို တွန့်ကွေးထားခဲ့တယ်။ “ အမတ်မင်း က ရေတွင်းထဲက ဖားလို ဖြစ်နေရုံတင်မကပဲ မျက်လုံးပါ မမြင်ဘူးကိုး။”

ပြက်ရယ်ပြုခြင်း ခံထားရတဲ့ ထိုအမတ် ဖန်ကျန်းရှီကို ပြန်လည် နှိပ်ကွပ်ဖို့ အချိန် စောင့် နေခဲ့တာ။

“ မင်း။ ငါ့ကို ကန်းနေတယ်လို့ ဘယ်လို ပြောဝံ့တာလဲ။” အမတ်မင်း ဒေါသပေါက်ကွဲတော့တယ်။ ဒါပေမယ့်လည်း အခုချိန်ထိ ဖန်ကျန်းရှီ ဘာပြောနေလဲ ဆိုတာ နားမလည်နိုင် ဖြစ်နေဆဲပါပဲ။

ကန်းနေတယ်။

သူ ပြန်မအော်နိုင်ခင် အချိန်မှာပဲ အမတ်မင်း တစ်ဦး သူ့ ရဲ့ အကျီကို ဆွဲထားခဲ့တယ်။

ဒါ အမတ်မင်း ဝမ်ချောင်ကို စိတ်ရှုပ်ထွေး သွားစေခဲ့တယ်။

သူ့ရဲ့ အကြည့်တွေကို ဓားဆွဲထုတ်နေဆဲ ဖြစ်တဲ့ စစ်သူကြီး ကျင်း ကို ကြည့်လိုက်ချိန်မှာတော့

အဲ့ဒီ့နောက်မှာ

စစ်သူကြီး ကျင်းရဲ့ အမူအယာ အတော်လေးကို ပျက်ယွင်းနေခဲ့တယ်။ ပိုပြီးတော့ အရေးကြီးတာကတော့ သူ့ရဲ့ လက်နဲ့ ခြေထောက်တွေ ဆိုးဆိုးဝါးဝါးကို တုန်ယင်နေတာပဲ ။

ရှင်းရှင်းလင်းလင်း ကြီးကို စစ်သူကြီးကျင်းက သူ့ရဲ့ အင်အားတွေကို အကုန်သုံးထားမှန်းသိသာလှတယ်။

သူ့ရဲ့ ခြေထောက်အောက်မှာ ရှိတဲ့ ကျောက်ပြားတွေတောင်မှ အက်ရာ ထင်နေခဲ့ပြီ ။

စစ်သူကြီး ကျင်း ဒီလောက် အားစိုက်ထုတ်တာတောင်မှ ဓား မြေကြီးထဲမှာ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေဆဲ ဖြစ်ခဲ့တယ်။

ဓား ညီလာခံ ခန်းမနဲ့ အတူ ပျော်ဝင်သွန်းလောင်းထားတဲ့ အရာ တစ်ခုနှယ် ဖြစ်နေခဲ့တယ်။

စစ်သူကြီး ကျင်းလည်း ဆွဲမထုတ်နိုင်ဘူးလား။

အမတ်မင်းရဲ့ ဒေါသတွေ တစ်ခဏချင်း ပျောက်ကွယ်သွားခဲ့တယ်။ သူ တကယ်ပဲ အရှက်ရပြီ။ အခုချိန်မှာတော့ ယင်ကောင်ကို မြိုချထားရတဲ့သူလို ဖြစ်နေခဲ့တယ်။ ဒါကြောင့် သူ ပြန်လည် ဆုတ်ခွာဖို့ ရွေးချယ်ခဲ့တယ်။

“ဘာ ဘာတွေ ဖြစ်နေတာလဲ။”

“ စစ်သူကြီးကျင်းတောင်မှ ဓားကို ဆွဲမထုတ်နိုင်ဘူးလား။”

“ဓားက တကယ်ပဲ……”

အပိုင်း (၂၂ရ) ပြီး၏။

အပိုင်း( ၂၂၈) "ဓားကို ဆက်သမည်လော။ ဖိအားပေး၍ လုယူခံမည်လော။"

ဓား ဝိဉာဉ်က သခင်ကို အသိအမှတ်ပြုလိုက်ပြီလား။

အမတ်မင်းတွေ ရဲ့ အပြုံးမျက်နှာ တုန်ယင်နေတဲ့ စစ်သူကြီးကျင်းကို မြင်ချိန်မှာ ပျောက်ကွယ်သွားတော့တယ်။ သူတို့အားလုံး အခုချိန်မှာတော့ တူညီတဲ့ အတွေးတစ်ခုကိုသာတွေးနေကြတာ ။

ဒါပေမယ့်လည်း ဘယ်သူကမှ ထုတ်မပြောဝံ့ကြဘူး။

ဝန်ကြီးချုပ် ယွီယိဖျင်ရဲ့ မျက်နှာ ရှုံ့မဲ့နေခဲ့တယ်။

သွမ့်အရှင် ၊ အိမ်ရှေ့စံမင်းသား လင်းထျန်းရုံ နဲ့ ညီလာခံ ခန်းမထဲက အမတ်မင်းတွေ မျက်နှာ လည ်း တူညီစွာ ပျက်ယွင်းနေခဲ့တယ်.။ သူတို့ ထဲမှာ အဆိုးဆုံး ဖြစ်နေသူကတော့ စစ်သူကြီး ကျင်းပါပဲ။

စစ်သူကြီး ကျင်းရဲ့ မျက်လုံးတွေ သွေးကြောတွေ ပေါက်ထွက်မတတ် ရဲရဲ နီနေပြီးတော့ ဖိကိုက်ထားတဲ့ နှုတ်ခမ်းလည်း ပြာနှမ်းနေခဲ့တယ်။

ဒီလိုနဲ့ပဲ သူ့ လက်ထဲက ဓားလည်း လှုပ်ရှားဟန်တောင်မရှိခဲ့ဘူး။ သူ ဘယ်လောက် ပင် ကြိုးစားပါစေ ဓား ကျောက်သား ထဲက မထွက်လာခဲ့ဘူး ဖြစ် လေတယ်။

အဆိုးဝါးဆုံး သော ခံစားချက်ကတော့ ဧကရာဇ် လင်း မုပိုင် ရပ်ဖို့ အမိန့် မပေးမချင်း သူ မရပ်ဝံ့တာပဲ ။

ဘယ်သူကမှ ရှေ့မထွက်လာခဲ့ဘူး။

အကယ်၍ စစ်သူကြီးကျင်းသာ ဓားကို ဆွဲ မထုတ် နိုင်ခဲ့ရင် ဒါ ဓားကို ဆွဲထုတ်ဖို့ အတော်လေး ခက်ခဲ သွားပြီလို့ ဆိုလိုတာပဲ ။ သူတို့ ထဲက ဘယ်အမတ်မင်း ကမှ ဓားကို ဆွဲ ထုတ်ဖို့ ယုံကြည်ချက် မရှိတော့ဘူး ။

ဧကရာဇ် လင်းမုပိုင်ရဲ့ အမူအယာ စစ်သူကြီးကျင်းကို ကြည့်နေရင်းနဲ့ပဲ ပြောင်းလဲ သွားတော့တယ်။

ဒီမှာ ပြဿနာ တစ်ခုခု ဖြစ်နေတာကို သူပြောနိုင်တယ။် သို့ပေသော်ငြား တိုင်းပြည် တစ်ခုရဲ့ ဥသျှောင် နဂါးသားတော် တစ်ပါး အနေနဲ့ ဓားတစ်ချောင်း ကြောင့် ပြက်ရယ်ပြု ခံရတာက ဘယ်လိုလုပ် ဖြစ်မှာလဲ။

အခု အခြေအနေကတော့ ဓား တစ်ချောင်း စွမ်းဆောင်နိုင်တာထက်ကို ကျော်လွန်နေတယ်။

အကယ် ၍ ဓားသာ သခင်ကို အရင်တည်းက အသိအမှတ်ပြုပြီးသား ဖြစ်မှန်း သာ သိခဲ့မယ် ဆိုရင် ဖန်ကျန်းရှီကို ဆက်သဖို့ ပြောနေတော့မှာ မဟုတ်ဘူး။ တစ်ခါတည်း ပေးလိုက်ပြီးတော့ စိတ်ကြိုက်လုပ်လိုရာ လုပ် လို့ ခိုင်း လိုက်မှာပဲ။

ဒါပေမယ့်လည်း အခုတော့ ဓားကိုသာ ဆွဲထုတ်နိုင်သူ တစ်ယောက်မှ မရှိခဲ့ရင် သူ့ရဲ့ ဂုဏ်သတင်းလည်း ကျဆင်းတော့မှာ ။

နှစ်ထောင်ပေါင်း များစွာ အတွင်းမှာ ဧကရာဇ် တရားမမျှတဘူးလို့ ပြစ်တင် ရှုတ်ချ ခံရတာမျိုး အဖြစ်ခံ နိုင်မှာလား။

ဧကရာဇ် လင်းမုပိုင်က ဆုံးဖြတ် ချချက်ဖို့ အချိန် ကျလာပြီမှန်းသူသိတယ်။

ဒါပေမယ့်လည်း

ဒီဓားက သုခမိန် စစ်နတ် မုန့်ထျန်းပိုင်ဆိုင်ခဲ့တဲ့ သူ့ရဲ့ သေတမ်းစာ အမွေအနှစ် ပစ္စည်း တစ်ခု။ အကယ်၍ ဓားကသာ ဖန်ကျန်းရှီကို သခင်အဖြစ် အသိအမှတ်ပြုပြီး ဖြစ်မယ်ဆိုရင် ဘယ်လိုမှ ဆွဲထုတ်လို့ရမှာ မဟုတ်ဘူး။

ဧကရာဇ် လင်းမုပိုင် လက်ဖဝါး နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ပူးကပ်ရင်း နဲ့ သူ့မျက်လုံးတွေ တလက်လက် တောက်နေခဲ့တယ်။ သူ့ကိုယ်ကနေ တောင်တန်းသဖွယ် ပြင်းထန်လှတဲ့ အရှိန်အဝါ ထွက်ပေါ်နေခဲ့တယ်။

ဒီ အရှိန်အဝါ ညီလာခံ ခန်းမ တစ်ခုလုံးကို လွှမ်းခြုံနေခဲ့တယ်။

အမတ်မင်းတွေ အားလုံး ဧကရာဇ်ကို ငေးစိုက်ကြည့်နေကြတော့တယ်။ ဒီလူရဲ့ အရှိန်အဝါကို သူတို့ ကောင်းကောင်းနားလည်ကြတယ်။ ဧကရာဇ် မင်းတစ်ပါး အနေနဲ့ သူ့ကို အမိန့်ပေးနိုင်သူ မရှိဘူး ။

" ဧကရာဇ်က သူ ကိုယ်တိုင် ပြဿနာကို ဖြေရှင်းမလို့လား။" အမတ်မင်းတွေ စိတ်ရှုပ်ထွေးနေတဲ့ အမူအယာနဲ့ ကြည့်နေခဲ့တယ်။

သူ့ရဲ့ အရည်အချင်းနဲ့ ဆိုရင် ဓားကို ကိုယ်တိုင်ဆွဲထုတ်ဖို့ အခွင့်အရေးကောင်းပဲ ။

ဒါပေမယ့်လည်း ဒီ လုပ်ရပ် ကိစ္စ တစ်ခုလုံးကို ပြောင်းလဲ သွားစေနိုင်တယ်။ ဒါက ဓားကို လုယူတာ ဖြစ်သွားလိမ့်မယ် ။ ဖန်ကျန်းရှှီ ကိုယ်တိုင် ဓားကိုလိုလို လားလား နဲ့ ပေးတာ မဟုတ်ဘူး။

နောက်ပြီးတော့ ဓားကိုသာ ဧကရာဇ် ဆွဲ မထုတ်နိုင်ခဲ့ရင် ဘယ်လို ဖြစ်သွားမလဲ။

လုံးဝကို ဗရမ်းဗတာ အခြေအနေ ဖြစ်သွားမှာပဲ။

ဖိအားပေးပြီးတော့ ဓားကို လုတယ်။ ဖန်ကျန်းရှီကို သတ်ပြီးတော့လား။

တချို့ အမတ်မင်းတွေကတော့ ဒီလို ဖြေရှင်းလိုက်စေချင်တယ်။ ဒါပေမယ့်လည်း လူအများစုကတော့ ဒီလို အဆုံးသတ်မျိုး မဖြစ်စေချင် ကြဘူး ။ သူတို့ ဖန်ကျန်းရှီကို ဓား နဲ့ တန်တယ်လို့ မတွေးကြပေမယ့်လည်း အနာဂတ်မှာ အသုံးဝင်လာနိုင်တဲ့ ကလေး တစ်ယောက် အဖြစ်တော့ တွေးထားကြတယ်။

"ဟမ်"

ခြေရာမဲ့ ဓား အရှိန် ပြင်းပြင်းတုန်ခါ နေခဲ့တယ်။ ဓား တစ်ခုလုံး ခရမ်းရောင် အလင်းတန်းတွေ ဖြာထွက်ပြီးတော့ အောက်ခြေကနေ တောက်ပနေပုံ ကြီးမားပြင်းထန်တဲ့ အင်အား တစ်ခုနဲ့ တိုက်ခိုက်နေပုံပါပဲ။

ဖန်ကျန်းရှီ ကတော့ သူ့ နှလုံးတောင် ပြုတ်ထွက်တော့မယ်လို့ ခံစားနေရတယ်။ ဓားက တော်တော်လေး အခက်တွေ့နေတာကို သူခံစားနိုင်တယ်။ ထောင်ချောက် တစ်ခုမှာ ပိတ်မိနေသလိုမျိုး ဖြစ်နေခဲ့တယ်။

သူစကားပြောဖို့ ပြင်လိုက်ချိန်မှာပဲ တုန်ခါ သံ ပျောက်ကွယ်သွားတော့တယ်။

ဧကရာဇ် လင်းမုပိုင်ရဲ့ အရှိန်အဝါလည်း ပျောက်ကွယ်သွားတော့တယ်။ ညီလာခံ ခန်းမကြီး တစ်ခုလုံး ပြန်လည်တည်ငြိမ်သွားတော့တယ်။

ဧကရာဇ်လည်း ဓားကို ဆွဲထုတ်ဖို့ မကြိုးစားတော့သလို စစ်သူကြီး ကျင်းကိုလည်း မတားမြစ်ခဲ့ဘူး။ ပလ္လင်ပေါ်မှာသာ အေးဆေးစွာ ထိုင်ရင်း တစ်စုံတစ်ခုကို စောင့်ဆိုင်းနေခဲ့တယ်။

ဝန်ကြီးချုပ် ယွီယိဖျင်လည်း ဧကရာဇ် ရဲ့ အမူအယာကို အကဲခတ်ရင်း နှလုံး တဖျပ်ဖျပ် ခုန်နေခဲ့တယ်။ ဧကရာဇ် ဘာတွေ တွေးနေသလဲ သူ ခန့်မှန်းနိုင်တယ်။

ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ဂုဏ်သိက္ခာ အတွက် ဧကရာဇ် အများကြီးတွေးပေးဖို့ လိုအပ်တယ်။ ဓား အင်ပါယာရဲ့ ရတနာ တစ်ခုဖြစ်ပေမယ့်လည်း သူက သခင်ကို အသိအမှတ်ပြုပြီးသွားခဲ့ပြီ။

ဖိအားပေးပြီးတော့သာ လုယူခဲ့ရင် သူ သူခိုး တစ်ယောက် နဲ့ မကွာခြား တော့ပဲ ဖြစ်သွားလိမ့်မယ်။ နောက်ပြီးတော့ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အရည်အချင်း အရှိဆုံး အလားအလာ ကောင်းလှတဲ့ ကျောင်းတော်သား တစ်ယောက်ကိုလည်း ဆုံးရှုံးရလိမ့်မယ်။

ဒါက ကောင်းလှတဲ့ ရွေးချယ်မှုတော့ မဟုတ်ဘူး။

ဒီလိုနဲ့ပဲ ဓားကို အတင်းအကြပ်ယူမယ့် အတွေးကို လက်လျှော့ခဲ့တယ်။ ဒီလို နဲ့ ပြဿနာကတော့ ဖြေရှင်းပြီးခဲ့ပြီ။ ယွီယိဖျင်မျှော်လင့် ထားသလို အတိအကျ ဖြစ်လာခဲ့တယ်။

တခြားသော အမတ်မင်း တွေ တစ်ဦးမှ ခန့်မှန်းထားသလို ဖြစ်မလာခဲ့ဘူး။

နောက်ပြီးတော့ အခုချိန်မှာ

ဧကရာဇ် လင်းမုပိုင် သူ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ အတွက် လိုအပ်နေဆဲ ။ နောက်ပြီးတော့ အမတ်မင်းတွေကို ကျေနပ်နိုင်စေမယ့် ဖြေရှင်းချက် တစ်ခုလည်းလိုအပ်တယ်။

ဝန်ကြီးချုပ် ယွီယိဖျင်က ဒါကို ဖြည့်ဆည်းပေးနိုင်တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီ ရဲ့ ရှေ့မှာတော့ ဒါ အရှက်ရစရာ ကောင်းတဲ့ အရာ တစ်ခု ဖြစ်သွားလိမ့်မယ်။

ဒါကြောင့် သူ ဧကရာဇ် ရဲ့ လိုအင်ကို သိပေမယ့်လည်း ဆိတ်ဆိတ်သာနေဖို့ ဆုံးဖြတ်ခဲ့တယ်။

အခြားသော အမတ်မင်းတွေလည်း ယွီယိဖျင်ရဲ့ လမ်းကိုသာ လိုက်နာကြတယ်။

သူတို့ထဲက ဘယ်သူကမှ ဒီ ၁၅ နှစ်သားလေးလောက် မစွမ်းဆောင်နိုင်ဘူး ဆိုတာ ဝန်မခံ လိုရဘူး။

ညီလာခံ ခန်းမ မယုံနိုင်စရာ ကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့တယ်။

ဘယ်လောက်ထိ တိတ်ဆိတ်နေသလဲ ဆိုရင် စစ်သူကြီး ကျင်းရဲ့ အသက်ရှူသံ ပြင်းပြင်းကိုတောင် ကြားနေရတဲ့ အထိပဲ ။

" ကြွလာစမ်း ။"

"ယားးးးး"

" ထလာစမ်း"

"..."

ဒါ မတိုးသာ မဆုတ်သာ အခြေအနေမှာ ရှိနေတာပဲ ။ ဒါပေမယ့်လည်း အခု အခြေအနေ်မှာတော့ ပလ္လင်ရှေ့မှာ ရပ်နေသူ တစ်ယောက်ရှိနေခဲ့တယ်။ ပင်းယန်။ သူမ အတော်လေးကို စိတ်လှုပ်ရှားနေတဲ့ ပုံပဲ။

" ကြိုးစားလိုက်စမ်းပါ။ စစ်သူကြီး ကျင်းရာ"

သူမရဲ့ ခပ်စူးစူး အသံ ညီလာခံ ခန်းမကို ဖြတ်သန်းပြီး ပေါ်ထွက်နေတယ် ။ သူမရဲ့ ပြက်ရယ် ပြုမှု စစ်သူကြီးကျင်းကို မြေပြင်ပေါ် အရုပ်ကြိုးပြတ်လဲ သွားစေဖို့ စိတ်ဓာတ် စစ်ဆင်ရေး တစ်ခု ဖြစ်ခဲ့တယ်။

ဒီ အချိန်မှာပဲ ချောင်းဟန့်သံ တစ်ခု ညီလာခံ ခန်းမ အပြင်ကနေ ထွက်ပေါ်လာခဲ့တယ်။

အဲ့ဒီ့နောက် ပုံရိပ်တစ်ခု ညီလာခံ ခန်းမ ဝင်ပေါ်မှာ ပေါ်လာတော့တယ်။ အသက်ရှစ်ဆယ် အရွှယ်ရှိပြီ ဖြစ်တဲ့ ထိုသူ ဖွေးဖွေး ဖြူနေတဲ့ ကေသာတွေကို ပိုင်ဆိုင်ထားတယ်။ သူ့ရဲ့ ပိန်ပါးသွယ်လျတဲ့ မျက်နှာ ထက်မြက်စူးရှ လှတဲ့ မျက်ဝန်းတွေကို ပိုပြီး အားဖြည့်ပေးနေခဲ့တယ်။ ငွေနဂါး ဝတ်ရုံလည်း သူ့ရဲ့ အဆင့်အတန်းကို ဖော်ပြနေခဲ့တယ်။

" အရှင် လီချင်း"

အမတ်မင်းတွေ ထိုသူ ကို မြင်ချိန်မှာတော့ စိတ်ရှုပ်ထွေးသွားကြတယ်။

အရှင် လီချင်း ဧကရာဇ် ရဲ့ ဦးရီးတော် ။

အတော်လေးကို အိုမင်းနေသူ တစ်ယောက် ဖြစ်ပေမယ့်လည်း ဘယ်သူက မှ သူ့ကို လျစ်လျူမရှုဝံ့ပါဘူး။

သူ ညီလာခံ အုပ်ချုပ်ရေးမှာ ပါဝင်ပတ်သက်ခြင်း မရှိပေမယ့်လည်း စစ်တပ် တွေကို ထိန်းချုပ်နိုင်နေဆဲ ။ ယခင် ဧကရာဇ် လက်ထက် တုန်းကတော့ နောက်ကွယ်ကနေ ကူညီထောက်ပံ့ တဲ့ အရေးပါသူ တစ်ဦး ဖြစ်ခဲ့တယ်။

သူ့ရဲ့ အမြင် ကျယ်ပြန့်မှု နဲ့ ဉာဏ်ပညာတွေ အင်ပါယာကြီးကို ထိန်းသိမ်း တိုးတက်စေခဲ့တယ်။

ဒါပေမယ့်လည်း ဘယ်သူမှ နားမလည်နိုင်ခဲ့တာကတော့ အရင် ဧကရာဇ် နန်းစွန့်ပြီးနောက်မှာ အရှင်လီချင်းလည်း သူ့ရဲ့ စစ်အာဏာတွေကို စွန့်လွှတ်ခဲ့တဲ့ အကြောင်းပဲ ။

စံပြပုဂိုလ် တစ်ဦး အဖြစ်နဲ့ပဲ နန်းတော်ထဲမှာ သက်တောင့်သက်သာ နေထိုင်တော့တယ်။

အကယ်၍ မုန့်ထျန်းကို ရာဇဝင်ထဲက သူရဲကောင်းလို့ ဆိုခဲ့ရင် အရှင် လီချင်း ကြီးမြတ်သော ရှမင်းဆက် တပ်မကြီး ကို လောင်စာ ပျိုးခဲ့တဲ့ သူရဲကောင်းကြီးလို့ တင်စားရမှာ အမှန်ပါပဲ။

" အရှင်လီချင်းက ဒီကို ရောက်လာတယ်လား။"

အမတ်မင်း တွေ အကြောင်းရင်းကို နားမလည်နိုင်ခဲ့ကြဘူး။ အရှင်လီချင်း နောက်မှာ ရပ်နေတဲ့ မိန်းမပျိုလေးကို မတွေ့ခင် အထိပေါ့်။

ပန်းနုရောင် ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးငယ် ရွှေသားကွပ် ခရမ်းရောင် ခါးစည်းကို စည်းနှောင်ထားခြင်း သူမရဲ့ ဂုဏ်ပုဒ်ကို ဖော်ပြနေခဲ့တယ်။ သူမရဲ့ ခါးစည်း အလယ်မှာ ငွေရောင် တောင်ပံတွေကို ဖြန့်ထားတဲ့ ဂဠုန်ငှက် တစ်ကောင်ရှိနေခဲ့တယ်။ ဂဠုန်ငှက်ရဲ့ မျက်ဝန်းတွေ ရွှေပုလဲ လုံးတွေ နဲ့ စီခြယ်ထားခဲ့တယ်။

တောက်ပတဲ့ မျက်ဝန်းတွေ နဲ့ မိန်းမငယ်လေး ဂဠုန်ငှက် အတောင် ဆံထိုးကို ဆင်မြန်းထားခြင်း သူမရဲ့ ဂုဏ်ကျက်သရေကို ဖော်ညွှန်းနေခဲ့တယ်။

အမျိုးသမီး ငယ် တည်ငြိမ် လှပေသော်ငြား သူမရဲ့ မျက်ဝန်းတွေ တောက်ပလှတဲ့ အရှိန်ဝါတွေ အရောင် တညီးညီး တောက်ပနေခဲ့တယ်။

အရှင်လီချင်း နောက်ကို ကပ်လိုက်လာခဲ့တဲ့ ထို မိန်းမပျို စကား မပြောခဲ့ဘူး။ ဒါပေမယ့်လည်း အမတ်မင်းတွေ သူမကို ရဲရဲမကြည့်ဝံ့ ဖြစ်နေခဲ့တယ်။

ဘာကြောင့်လဲ ဆိုတော့

သူမ ကောင်းကင်ဘုံ ဂုဏ်သတင်းဆောင် ကြီးမြတ်သော ရှ မင်းဆက်ရဲ့ နှစ်ထပ်ကွမ်း နဂါး ချန်ပီယံ ချီကူယန် ဖြစ်နေတာ ကြောင့်ပါပဲ။

"အရှင် မင်းတရားကြီးကို နှုတ်ခွန်းဆက်ပါတယ်။" အရှင်လီချင်း ညီလာခံ ခန်းမထဲကို ဝင်လာချင်း မရှိပဲ ဦးညွှတ် နှုတ်ဆက်လိုက်တယ်။

" ဦးရီးတော် ထပါ။" ဧကရာဇ် လင်းမုပိုင် ပလ္လင်ပေါ်ကနေ ထရင်း ဒူးထောက်နေတဲ့ လူကြီးကို ထရပ်ဖို့ လက်ဟန် ပြလိုက်တယ်။

အရှင် လီချင်း ညီလာခံ ခန်းမထဲကို ဝင်မလာပဲ အပြင်ဘက် တံခါးမှာသာ ရုပ်တုကြီး တစ်ခုနှယ် ရပ်နေခဲ့တယ်။

" အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။"

" ဦးရီးတော် နဲ့ ချီကူယန် ဘယ် အကြောင်းရာ ကြောင့်များ ရောက်လာခဲ့ပါသလဲ။" ဧကရာဇ် လင်းမုပိုင်ရဲ့ မျက်လုံးတွေ တော့ ချီကူယန်ကို မြင်ချိန်မှာ တောက်ပ လာခဲ့တယ်။

" ရာသီဥတုက ဆိုးနေတာကြောင့် ငါလည်း ပျင်းနေတာ။ ချီကူယန်က ငါ့ဆီကို အလည်လာတော့ လမ်းထွက်လျှောက် လာတာပဲ ညီလာခံ ခန်းမ ထဲက ကိစ္စတွေကို နှောက်ယှက်ဖို့ မမျှော်လင့်ပါဘူး။ " အရှင်လီချင်း အတော်လေးကို အားနည်းနေပြီး လေတိုက်ရင်တောင် လွှင့်ထွက်တော့မယ့် အတိုင်းပဲ။

" ဦးရီးတော် ။ ဘာတွေ ပြောနေတာလဲ။ ညီလာခံက သိမ်းတော့မှာ။ အခုတော့ ဦးရီးတော်က ဒီကို ရောက်နေပြီပဲ ဥယျာဉ် ထဲမှာ လမ်းလျှောက်ကြရင် ဘယ်လိုလဲ။"

" အရှင်မင်းကြီးရဲ့ ဆန္ဒကို မလိုက်လျော နိုင်တာ တောင်းပန်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ နှစ်ဦး အရှင့် ညီလာခံကို မနှောင့်ယှက် ဝံ့ပါဘူး။ ကျွန်တော်မျိုးလည်း လုပ်စရာ အလုပ် ထွေထွေ ထူးထူး မရှိတာကြောင့် အချိန် ပို ကြာကြာစောင့် ရတာကလည်း ကိစ္စမရှိပါဘူး။"

အပိုင်း (၂၂၈) ပြီး၏။

အပိုင်း (၂၂၉)

“ ဓားကို ဆက်သခြင်း ”

အရှင်လီချင်း ရှေးငေ်းနှောင်းဖြစ် တွေကို ပြန်လည် တွေးတောမိနေတဲ့ပုံပါပဲ ဒါပေမယ့်လည်း သူ့ရဲ့ မျက်ဝန်း အကြည့်တွေကတော့ မယုံနိုင်စရာ ကောင်းလောက်အောင် ရှုပ်ထွေးနေပြီးတော့ သူ့ရဲ့ အတွေးတွေကို မခန့်မှန်း နိုင်လောက်အောင် ဖြစ်စေခဲ့တယ်။

ညီလာခံခန်းမတွင်းမှာရှိနေတဲ့ အမတ်မင်းတွေ သေချာကြီး ပြောနိုင်တာ တစ်ခုကတော့

အရှင်လီချင်းရဲ့ ရောက်ရှိလာမှု တိုက်ဆိုင်မှု တစ်ခု မဖြစ်နိုင်ဘူး ဆိုတာပဲ ။ ဒါ့အပြင် ချီကူယန်လိုမျိုး နိုင်ငံ့ ထိပ်တန်း လူငယ် တစ်ဦးလည်း သူ့ဘေးမှာ ရှိနေခဲ့တယ်။

ချီကူယန်ကကော ညီလာခံ ခန်းမကို အကြောင်းရင်းမရှိပဲ ရောက်လာတာ ဖြစ်နိုင်လို့လား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

အရင်နှစ်တွေ တုန်းက ချီကူယန် နိုင်ငံရေးနဲ့ ဝေးဝေး နေပြီးတော့ ကောင်းကင်တာအို ခန်းမမှာပဲ သူမကိုယ်သူမ ပိတ်လှောင်ထားခဲ့တာ ။ လွန်ခဲ့တဲ့ လ အနည်းငယ် တုန်းက တောင်ပေါ်ကနေ ဆင်းလာခဲ့ပေမယ့်လည်း နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်း အလျဉ်းမရှိခဲ့ဘူး ။

ဒီလိုမျိုး အရှင်လီချင်းနဲ့ ချီကူယန် ရောက်ရှိလာမှု တော့ ဓား ကြောင့်ပဲ ဖြစ်နိုင်တယ်။

ဧကရာဇ် ရဲ့ဦးရီးတော်ကကော ဒါကို ဖြေရှင်းနိုင်မှာလား။

အရှင်လီချင်း ရဲ့ စကားကို ကြားချိန်မှာတော့ ဧကရာဇ် ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက် ပြန်လည် တိတ်ဆိတ်သွားပြန်တယ်။ အရှင်လီချင်းနဲ့ ချီကူယန် ဒီကို ဘာကြောင့် ရောက်နေလဲ ဆိုတာ သူ ကောင်းကောင်းကြီးကို သိတယ်။

ဒါပေမယ့်လည်း ဧကရာဇ် တစ်ပါး အနေနဲ့ အရှင်လီချင်းက ဒီ ပြဿနာကို ဘယ်လိုနည်းလမ်း သုံးပြီး ဖြေရှင်းမလဲ ခန့်မှန်းစရာမလိုဘူး ။ သူလုပ်ဖို့ လိုအပ်တဲ့ တစ်ခုတည်းသော အရာ ခေါင်းငြိမ့်ခေါင်းခါ လုပ်ရုံပဲ ။

ဧကရာဇ် တစ်ပါးအနေနဲ့ သူ့ရဲ့ ဆုံးဖြတ်ကသာ နောက်ဆုံးသော သော့ချက် တစ်ခု ။

အရှင်လီချင်း ဓားကို ကြည့်နေခဲ့တယ်။ ဧကရာဇ် လင်းမုပိုင် ကို အချိန် အကြာကြီး မစောင့် ခိုင်း စေနိုင်ပါဘူး။ ခြေရာမဲ့ ဓားကို တစ်ချက်ကြည့်လိုက်ပြီးနောက်မှာတော့ သူ တစ်ကိုယ်ကြား ခပ်တိုးတိုး ပြောတော့တယ်။

“ ကောင်းလိုက်တဲ့ ဓား ။ တကယ့်ကို ဓားကောင်းပဲ။ ဒါက သုခမိန် လောကထဲက ဓားမလား။ မုန့်ထျန်းဓား။ အရင်နေ့တွေ တုန်းက ငါ့ရဲ့ နန်းဆောင်ကလူတွေ ဓား အကြောင်း ပြောနေတာကို တောင် ကြားလိုက်သေးတယ်။ ညီလာခံခန်းမ ထဲမှာ တွေ့မယ်လို့ မထင် ထားဘူး။ မဆိုး ဘူး မဆိုးဘူး။” အရှင်လီချင်း ဓားကို ဂုဏ်ပြုရင်း ပြောနေခဲ့တယ်။ ဒါပေမယ့်လည်း ညီလာခံ ခန်းမထဲကို ခြေတစ်လှမ်းတောင် ဝင်မလာခဲ့ဘူး ။

ညီလာခံ ထဲက အမတ်မင်းတွေ အရှင်လီချင်း တွေးနေတာကို ခန့်မှန်းဖို့ ကြိုးစားနေကြတယ်။ အရှင်လီချင်း လည်း ဓားကို မျက်စိကျနေတာလား။

ညီလာခံကြီး တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ ဘယ်သူကမှ ဘာတစ်ခွန်း မပြောဝံ့ကြဘူး။

အရှင်လီချင်းက ထပ်ပြောပြန်တယ်။

“ အခုနှစ်တွေမှာ ငါ့အလုပ်က ဓားတွေကို စုတာကလွဲပြီး တခြား လုပ်စရာမရှိခဲ့ဘူး။ ဒီ ဓားကောင်းကိုလည်း ငါကြည့်ချင်တယ်။ တစ်ယောက်ယောက်ကများ ယူလာပေးနိုင်မလား။” အရှင်လီချင်းက ပြောလိုက်တယ်။

စစ်သူကြီး ကျင်း ဒါကို ကြားချိန်မှာ တုန်ယင်သွာခဲ့တယ်။ ဓားနဲ့ အနီးဆုံးဖြစ်တဲ့သူ ဝမ်းပန်းတသာ ကူညီလိုက်ချင်ပေမယ့်လည်း ဘာမှ မလုပ်နိုင်တာကို သူကိုယ်တိုင် အသိဆုံးသာ ။

အမတ်မင်းတွေ အရှင်လီချင်း ဆိုလိုချင်တာကို နားလည်သွားခဲ့ပြီ ။ သူလည်း ဓားကို ဆွဲထုတ်စေချင်တာပဲ။

ဒါပေမယ့် ဘယ်သူ ဆွဲ ထုတ်ရမလဲ ဆိုတာတော့ မပြောဘူး။

သူ့ရဲ့ စကားတွေက ရိုးရှင်းတယ်။

ဒါပေမယ့်လည်း ဝန်ပိစေတယ်။ အခုချိန်မှာတော့ ဧကရာဇ် မှာ ဓားကို နုတ်ယူဖို့ အတွက် အကြောင်း ပြချက်ရှိသွားပြီ ။

သူ့ရဲ့ ဦးရီးတော်ကို ပြသဖို့ အတွက် ဧကရာဇ် ဓားကို ဆွဲနုတ်စေချင်တယ်လို့ သတင်းတွေက ဆိုလိမ့်မယ်။

ဒါက သူ့ရဲ့ ဂုဏ်သတင်းကိုလည်း မထိခိုက်စေနိုင်သလို လူတွေ ရဲ့ သူခိုး သဖွယ် စွပ်စွဲ စကားမှလည်း ကာကွယ်ပြီးသားဖြစ်စေနိုင်တယ်။

အကယ်၍ ဧကရာဇ် လင်းမုပိုင်သာ ရှေ့မထွက်လာတော့ဘူးဆိုရင် ဓားကို နုတ်နိုင်မှာ လူတစ်ယောက်ပဲ ရှိတော့တယ်။

ဒီလူကတော့ ဖန်ကျန်းရှီ ။

အတော်လေးကို ကောင်းတဲ့ အစီအစဉ်ပဲ။ လိမ္မာတဲ့ တူလေး တစ်ယောက် အနေနဲ့ ဧကရာဇ် ဖန်ကျန်းရှီကို ဓားဆွဲနုတ်ဖို့ အမိန့်ပေးတာလည်း ဖြစ်စေမယ်။

ဧကရာဇ် ဘယ်လိုပင် ဆုံးဖြတ်သည် ဖြစ်စေ သူ့ရဲ့ ဂုဏ်သတင်းကျော်ဇောမှုကိုလည်း မထိလိုက်စေနိုင်တော့ဘူး။ ပိုပြီးတော့ အရေးကြီးတာကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်က ဓားကို သူလိုချင်တဲ့ အကြောင်း ထုတ်ဖော်နိုင်တော့မှာ မဟုတ်ဘူး။

သူလုပ်မှာက ဓားကို ကိုယ်တိုင်ဆွဲထုတ်ပေမယ်။

နောက်တစ်ခုက ဖန်ကျန်းရှီကို ဆွဲနုတ်ခိုင်းမယ်။

အရှင်လီချင်း တီးတိုးပြောဆိုပြီးနောက် သူ့နေရာမှာသာ ပြန်ရပ်နေတော့တယ်။ အမတ်မင်းတစ်ပါး။ ဦးရီးတော် တစ်ပါးအနေနဲ့ ဧကရာဇ် အမိန့်ချတာကို သူစောင့်ဖို့ လိုအပ်တယ်။

အမတ်မင်းတွေ အားလုံးလည်း ဧကရာဇ် ချမှတ်မယ့် အချိန်ကို စောင့်မျှော်နေ ကြတယ်။

ဧကရာဇ် လက်ကို ဖြည်းဖြည်းချင်းမြှောက်ရင်း နဂါး ပလ္လင်ပေါ်ကို လက်တင်လိုက်တယ်။ သူ အမတ်မင်းတွေ နဲ့ အိမ်ရှေ့စံ ၊ သွမ့်အရှင်တို့ကို တည်ငြိမ်စွာ ကြည့်နေခဲ့တယ်။

နောက်ဆုံးမှာတော့ သူ့အကြည့်တွေ ချီကူယန့် ဆီကို ဦးတည်တော့တယ်။

ချီကူယန်ကတော့ စကားမပြောပါဘူး။ သူမ အရှင်လီချင်းရဲ့ လက်မောင်းကိုသာ ဖေးမထားရင်း တိတ်ဆိတ်စွာ ရပ်နေခဲ့တာ ။

မြေးငယ်လေးက အဖိုးကို စောင့်ရှောက်နေဟန် တူလှတယ်။

ဒီလို ဖြစ်ပေမယ့်လည်း သူမရဲ့ တည်ရှိမှုကိုတော့ ဘယ်သူကမှ လျစ်လျူမရှုဝံ့ပါဘူး။ နဂါး အဆင့် နှစ်ခုရဲ့ ထိပ်သီး မိန်းမပျို သူမ။ သူမ တစ်နေ့မှာ လောကတစ်ခွင် လုံးကို ထိန်းချုပ်သူ ဖြစ်နိုင်တယ်။

ချီကူယန် ရဲ့ အမူအယာ ကန်ရေပြင်လို ငြိမ်သက်နေခဲ့တယ်။

ရုတ်တရက် ဧကရာဇ် ရယ်မောလိုက်တယ်။

“ း း။ ဦးရီးတော် တောင်းဆိုတာက ဘာများ ခက်ခဲမှာလဲ။ ဒီဓားက သုခမိန် လောကထဲကနေ ဖန်ကျန်းရှီ ယူဆောင်လာခဲ့တာ ။ သူနုတ်ပေးနိုင်မယ်လို့ ကိုယ်တော် ထင်တယ်။ ”

အမတ်မင်းတွေ သူတို့ ကြားရတာကို အံ့အားသင့်နေကြတယ်။ သူတို့ထဲက အများစု ဓားကို ဧကရာဇ် ကိုယ်တိုင် ဆွဲထုတ်ပေးမယ်လို့ပဲ ထင်နေခဲ့ တာ ။

ဒါပေမယ့်လည်း အခုတော့ ဧကရာဇ်က ဖန်ကျန်းရှီကို လုပ်ခိုင်းစေချင်နေပုံပဲ။

ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။

ဘယ်သူကမှ မယုံကြည်ချင်ပေမယ့်လည်း တစ်ခါတစ်ရံမှာလည်း မမျှော်လင့်တာတွေက ဖြစ်လာနိုင်တယ်။ ဧကရာဇ်က နိုင်ငံ့ဂုဏ်ဆောင် မုန့်ထျန်းဓားကို တကယ်ပဲ သာမာန် ပြည်သူတစ်ယောက်ကို ပေးဖို့ လုပ်နေတာလား။

ဝန်ကြီးချုပ် ယွီယိဖျင် ဖြူဖျော့နေခဲ့တယ်။ အကယ်၍ သူသာ စကားမစခဲ့ရင် အခုလို အဖြစ်လည်း ဖြစ်လာမှာ မဟုတ်ဘူး။

ဖန်ကျန်းရှီက လည်း ဓားကို မြေကြီးထဲဝင်အောင် ပြစ်လိုက်မှာ မဟုတ်သလို။

ဘယ်သူကမှလည်း ဆွဲထုတ်ဖို့ ကြိုးစားခဲ့မှာ မဟုတ်ဘူး။

ဒါက တိုက်ဆိုင်မှု သက်သက်လား။

ဒါမှမဟုတ် ဖန်ကျန်းရှီ ရဲ့ အစီအစဉ်လား။

ယွီယိဖျင်ရဲ့ မျက်လုံးတွေ အေးစက်လာတော့တယ်။ အကယ်၍ သူ့ အတွေး တစ်ခုသာ မှန်ခဲ့မယ် ဆိုရင် ဖန်ကျန်းရှီ သူ့နေရာကို ခြိမ်းခြောက်လာနိုင်တဲ့ လူတစ်ယောက်ပဲ ။

သွမ့်အရှင် နဲ့ အိမ်ရှေ့စံ ကတော့ သူတို့ နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားကြတယ်။ ဒီဓား ထီးနန်းတိုက်ပွဲ အတွက် အရေးပါလှတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဘာမှမဟုတ် တဲ့ သာမာန် ပြည်သူ လေး တစ်ယောက်ကို ပေးရတော့မယ်။

ဘယ်လိုလုပ် ဒီလိုမျိုး အဖြစ်ခံနိုင်မှာလည်း

အမတ်မင်းတွေ ဖန်ကျန်းရှီကိုသာ မျက်ထောင့်နီကြီးတွေ နဲ့ စိုက်ကြည့်နေခဲ့ကြတယ်။

ရန်ရွှယ် ရှင်ချင်းစွေ့ နဲ့ နန်ကုန်းမုတို့ကတော့ သူ့ကို ခေါင်းငြိမ့်ပြရင်း အတည်ပြုချက် ပေးနေခဲ့တယ်။

ပင်းယန်ကတော့ အနိုင်ရ သူရဲကောင်းကြီး တစ်ဦး သဖွယ် ပြုံးရွှင်နေခဲ့တယ်။

ဖန်ကျန်းရှီကတော့ သက်ပြင်းသာချတော့တယ်။ သူ့က အာဏာကို ဘယ်တုန်းကမှ မရူးသွပ်ခဲ့ဖူးဘူး။ ဧကရာဇ် ရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်ဖို့ ဆိုတာ ဝေလာဝေး။

သူလုပ်ချင်တဲ့ တစ်ခုတည်းသော အရာ ဓားကို ထိန်းသိမ်းထားချင်တာပဲ ။

ဒါပေမယ့် အခုချိန်မှာတော့ ဘာတွေ ဖြစ်နေလဲ တောင် သူမသိဘူး ဖြစ်နေခဲ့တယ်။ ဓားက လုံခြုံရဲ့လား။

ဧကရာဇ်က သူ့ကို ဓား နုတ်ပေးဖို့ အမိန့်ချနေပြီ။

အခုတော့ အရာအားလုံးက အဆင်ပြေနေတာပဲ။ သူလုပ်ရမှာက အမတ်မင်းတွေ အားလုံးရှေ့မှာ ဓားကို နုတ်ပြီးတော့ အဖိုးကြီးကြည့်ဖို့ ဓားပြပေးရုံပဲ ။

နောက်ပြီးတော့ ဒါတွေ အကုန်လုံးက ပြီးသွားပြီလား။

ဖန်ကျန်းရှီ တွေးမဆုံးနိုင် ဖြစ်နေခဲ့တယ်။

“ အမိန့်တော် အတိုင်း ပါ အရှင်မင်းမြတ်” ဖန်ကျန်းရှီ ဧကရာဇ်ကို အရီုအသေပေးလိုက်ပြီးတော့ အမတ်မင်းတွေကို ခပ်လှောင်လှောင် အပြုံးနဲ့ ကြည့်လိုက်တော့တယ်။

အဲ့ဒီ့နောက် ဓား ဆီကို ဦးတည်တော့တယ်။

စစ်သူကြီးကျင်း ဒီမြင်ကွင်းကို မြင်ချိန်မှာ စိတ်သက်သာရာရသွားတော့တယ်။ ဖန်ကျန်းရှီ ဘာတစ်ခွန်းမှ မပြောခင် တည်းက သူ ဘေးထွက်ရပ်နေပြီးသား ။ သူ့ရဲ့ တုတ်ခိုင်လှတဲ့ လက်တွေနဲ့ နဖူးက ချွေးတွေကို သုတ်နေခဲ့တယ်။

အမတ်မင်းတွေ အားလုံးကတော့ ဖန်ကျန်းရှီ ဓားဆွဲထုတ်ဖို့ ပြင်ဆင်နေတာကို တည်ကြည်စွာ ကြည့်နေကြတယ်။

ဒီ ၁၅ နှစ်သားလေးကသာ သူတို့ မလုပ်နိုင်တာကို လုပ်နိုင်ခဲ့ရင် ဓားကို ဆွဲထုတ်နိုင်ခဲ့ရင် ကြီးမားတဲ့ အရှက်ရစရာ တစ်ခု ဖြစ်လာမှာ အမှန်ပဲ။

ဖန်ကျန်းရှီ ကတော့ ဒါတွေကို ဘာမှ မတွေးခဲ့ပါဘူး။ သူသိတာကတော့ ဒီဓားက သူပိုင်တာ။ ဘယ်သူ့ကို မှ မပေးနိုင်ဘူး။ ပြိုင်ဘက်က ဧကရာဇ် ဖြစ်နေရင်တောင်မှ မကြိုးစားပဲနဲ့ မလွှတ်ပြစ်နိုင်ဘူး။

“ဓားကို ဆွဲထုတ်ရမယ်။ ဘယ်လောက်တောင် လွယ်လိုက်သလဲ။” ဖန်ကျန်းရှီ လေလေး တချွန်ချွန်နဲ့ လက်တဖက်ဆန့်ကာ ဓား လက်ကိုင်ကို ကိုင်လိုက်တယ်။ အဲ့ဒီ့နောက် သူ ညင်ညင်သာသာလေး ဆွဲထုတ်တော့တယ်။

ဖန်ကျန်းရှီ အရမ်းကို အေးဆေးသက်သာစွာ ပြုမူနေတာကို မြင်ချိန်မှာတော့ အမတ်မင်းတွေ စိတ်ထဲကနေ ကျိန်ဆဲနေကြတော့တယ်။ ဒီကလေးက သူတို့ကို ရယ်စရာဖြစ်အောင် လုပ်တော့မှာလား။ အနည်းဆုံးတော့ ဟန်ဆောင် ပန်ဆောင်လေး လုပ်သင့်တယ်။

သူတို့ အချိန်အကြာကြီး မစဉ်းစားလိုက်ရဘူး ။

သူတို့ အားလုံး နားလည်သွားတာကတော့ ဖန်ကျန်းရှီလည်း အတော်လေး အားစိုက်ထုတ်ပြီး ဓားကို ဆွဲထုတ်နေရတာပဲ ။

ဒါပေမယ့်လည်း

ဓားကတော့ မထွက်လာခဲ့ဘူး။

“ ဒီ ကော င်က ပြဇာတ် ကနေတာလား။”

“ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့ကို တော့ အပြည့်အ၀ စော်ကားမော်ကာ းလုပ်လို့ မရဘူး။”

အမတ်မင်း တွေ ဓား မထွက်လာတာကို ကြည့်ရင်း အတော်လေး စိတ်ပျော်ရွှင်နေကြတယ်။ ဖန်ကျန်းရှီ ပိုပြီး အားစိုက်ထုတ်ဖို့ လိုလေ သူတို့ အတွက် ကြည့်ကောင်းလေပဲ ။

ဖန်ကျန်းရှီကတော့ အနည်းငယ် ယုံမှားသံသယ ရှိလာတော့တယ်။

သူ ဓားကို ဟန်ရေးပြပြီး ကိုင်နေပင်မယ့်လည်း အား တော်တော်လေး ထုတ်ထားတာ ။

“ ညပ်နေတာလား။” ဓားက မြေကြီးထဲမှာ နစ်နေတာကို ကြည့်ရင်း နဲ့ ဖန်ကျန်းရှီ လက်နှစ်ဖက်လုံးကို သုံးကာ ဆွဲနုတ်တော့တယ်။

“…”

ထွက်လာတဲ့ တစ်ခုတည်းသော အသံ ညီလာခံခန်းမတွင်းမှာ ဝေ့၀ဲတိုက်ခတ်နေတဲ့ လေရူးဝေ့သံပဲ ။

ဖန်ကျန်းရှီ ရဲ့ အပြုံး တောင့်ခဲသွားတော့တယ်။ ခြေရာမဲ့က မြေပြင်ထဲမှာ ညပ်နေဆဲပဲ။

“ နုတ်မရတော့တာ များလား။”

“ဟန်ဆောင် ပန်ဆောင် လုပ်ပြနေတာပဲ ဖြစ်မှာပါ။”

အမတ်မင်းတွေ ဖန်ကျန်းရှီ ဒုတိယ အကြိမ်မြောက ဓားကို မထုတ်နိုင်တာကို ကြည့်ရင်း ခက်ခက်ခဲခဲ ဖြစ်နေပုံကို အရသာခံ ရှုစားနေကြတယ်။.

“ဖန်ကျန်းရှီ မြန်မြန်လုပ် ။ ဦးရီးတော်က နင့်ကို စောင့်နေတာ။” ပင်းယန် ဖန်ကျန်းရှီ အားထုတ်နေဆွဲ နေတာကို မြင်ချိန်မှာတော့ အော်ဟစ်လိုက်တယ်။

ဖန်ကျန်းရှီ ပင်းယန်ကို လျစ်လျူရှုရင်း ခြေရာမဲ့ကို ကြိုးစားပမ်းစားဆွဲထုတ်နေခဲ့တယ်။ ချွေးတွေ သူ့ရဲ့ နဖူးကနေ ကျဆင်းနေခဲ့တယ်။ ဓားက သခင်ကို အသိအမှတ်ပြုလိုက်ပြီလို့ ငါ ထင်တာ မှားသွားပြီလား။

ငလူးပဲ။

နတ်သမီး ပုံပြင်တွေလို ပျော်စရာ ဇာတ်သိမ်း ဘယ်ရောက်နေလဲ။

အပိုင်း (၂၂၉) ပြီး၏။

အပိုင်း (၂၃၀)

“ ဒီဓား နာမည်က ခြေရာမဲ့”

ဆိုရိုးစကား တစ်ခုရှိတယ်။ လူတစ်ယောက် တံတား ပေါ်ကနေ ရှုခင်းကို ရှုစားနိုင်တယ်။ သို့ပေသော်ငြား ရှုခင်းကို အမှန်တကယ် ရှုစားသူ ဘုံပြသာဒ် ပေါ်က နေ ကြည့်နေသူ ။

ဖန်ကျန်းရှီကတော့ အခုချိန်မှာ ဒီလို ခံစားချက်ကို ရနေတာ ။ အချိန်မကျခင်တုန်းက တခြားသူတွေ ဓားဆွဲထုတ်တာကိုသာ ဘေးမှာ ရပ်ကြည့်နေခဲ့တာ ။

လူတွေကတော့ ပြောင်းသွားပေမယ့်လည်း ရလဒ်ကတော့ အတူတူပဲ ။

“လိမ်လိမ်မာမာ ထွက်လာစမ်းပါ။” ဖန်ကျန်းရှီက ဓားကို လက်ကိုင်ကနေ တင်းတင်းဆုပ်ရင်း အော်နေခဲ့တယ်။ အဲ့ဒီ့နောက်မှာတော့ သူ လက်နှစ်ဖက်နဲ့ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း နဲ့ ခြေစုံ ကန်ပြီးဆွဲတော့တယ်။

တစ်ကြိမ်ပြီး

တစ်ကြိမ် ။

ထပ်ခါ ထပ်ခါ။

…

အမတ်မင်းတွေ အားလုံး ဖန်ကျန်းရှီကိုသာ စိုက်ကြည့်နေခဲ့ကြတယ်။ ဒီ ကလေး ဘာလုပ်နေလဲ ဆိုတာ သူတို့ မတွေးတတ်ကြတော့ဘူး။ ဓားကလည်း တစ်လက်မတောင် ကြွမလာခဲ့ဘူး။

“ သူ က သရုပ်ဆောင်နေတာလာ း။” အမတ်မင်း တစ်ယောက် စကားစလိုက်တယ်။

“ သူက ဓားဆွဲမထုတ်တာ ပိုမဖြစ်နိုင်ဘူးလား။” နောက်ထပ် အမတ်မင်း တစ်ယောက်က ဖြည့်စွက်လိုက်တယ်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဓားက သူပဲ ပြစ်လိုက်လို့ မြေ ကြီးထဲ စိုက်သွားတာလေ။ ဘယ်လိုလုပ် ဆွဲမနုတ်နိုင်တာ ဖြစ်မှာလဲ။ ဓားကသူ့ကို ပိုင်ရှင် အဖြစ် အသိအမှတ်ပြုထားတာ မဟုတ်ဘူးလား။ ”

အမတ်မင်းတွေ တီးတိုးပြောဆိုလာကြတော့တယ်။ ဖန်ကျန်းရှီ ဓား ဆွဲမထုတ်နိုင်တာကို သူတို့ မယုံနိုင် ကြဘူး။

ဖြစ်နိုင်ချေကတော့ နှစ်ခုပဲ ရှိတယ်။ တစ်ခုကတော့ ဖန်ကျန်း ရှီက ဧကရာဇ် အမိန့်ကို ဖီဆန်နေတာ နောက်တစ်ခုကတော့ သူကိုယ်တိုင် ဓားကို ဆွဲမထုတ်နိုင်တာ။

မင်းတရားကြီးရဲ့ အမိန့်ကို ဖီဆန်တာလာ း။

အမိန့်ကို ဖီဆန်တာလား။

ဒါက အမြင်အရတော့ ဒါက မဖြစ်နိုင်ဘူး။ အကယ်၍ ဖန်ကျန်းရှီ က အတင့်ရဲပြီး ဒီလို လုပ်မယ် ဆိုရင်တောင် သူ့မှာ ကျောထောက် နောက်ခံ ကောင်းကောင်းမရှိပဲနဲ့ ရပ်တည် ရဲလို့လား။

“ သူတောင် ဆွဲမထုတ်နိုင်ဘူး ဆိုရင်။ သူက ပိုင်ရှင် မဟုတ်လို့များလား။”

ဒီ အမတ်မင်း စကားသံ ထွက်လာချိန်မှာတော့ လူတိုင်း ဖန်ကျန်းရှီကို မတူညီတဲ့ အကြည့် တွေနဲ့ ကြည့်လာတော့တယ်။

ဒီ့ မတိုင်ခင်ကတော့ အမတ်မင် ဝမ်ချောင်နဲ့ စစ်သူကြီး ကျင်းတို့ ဧကရာဇ် ရဲ့ အမိန့်ကို တိုက်ရိုက်မရပဲ ဓားကို ဆွဲခဲ့ကြတာ ။

ဒါပေမယ့်လည်း အခုချိန်မှာတော့ ဖန်ကျန်းရှီက ဆွဲမထုတ်နိုင် ဘူးဆိုရင် ထူးခြားသွားလိမ့်မယ်။ ဒါ အမိန့်တော်ကို ဖီဆန်ခြင်း ပြစ်မှု ဖြစ်စေလိမ့်မယ်။

ရန်ရွှယ် ရှင်ချင်းစွေ့ နဲ့ အခြားသော သူတို့ ဖန်ကျန်းရှီ ဓား ဆွဲမထုတ်နိုင်တဲ့ ကိစ္စ ကို ပိုပြီးတော့ စိတ်ရှုပ်ထွေးလာကြတယ်။ ဘာလို့ ဒီလောက်တောင် အချိန်ကြာရတာလဲ။

တစ်ခုခုတော့မှားနေပြီ။

သွမ့်အရှင်နဲ့ အိမ်ရှေ့စံ မင်းသားတို့ရဲ့ မျက်နှာ အမူအယာ လင်းလက်လာတော့တယ်။ ဖန်ကျန်းရှီသာ ဓားကို ဆွဲမထုတ်နိုင်ခဲ့ရင် သူတို့မှာ အခွင့်အရေး ရှိလာနိုင်တယ်။

အရှင်လီချင်းရဲ့ အမူအယာ ရောယှက်နေခဲ့တယ်။ သူ့ရဲ့ မျက်လုံးထဲက အမူအယာ ဖော်ပြချက်တွေ ချီကူယန် နဲ့ ကွာခြား လှတယ်။ ချီကူယန် ရဲ့ မျက်ဝန်း တွေ ညအမှောင်ထုထဲက ကြယ်တွေလို လင်းလက်နေပေသော်ငြား အရှင်လီချင်း ရုပ်တုကြီး တစ်ခုသဖွယ် တည်ငြိမ်လှတယ်။

လူတိုင်း ဖန်ကျန်းရှီကို စူးစိုက်ကြည့်နေခဲ့ကြတယ်။

ချီကူယန် လည်း အပါအဝင်ပါပဲ။ သူမရဲ့ မျက်လုံးတွေ တလက်လက်တောက်နေခဲ့တယ်။ ဖန်ကျန်းရှီ ဓားကို အံကြိတ်ပြီး ထုတ်နေရတာ ကို သူမ ကောင်းကောင်းမြင်နေရတယ်။ ဒါပေမယ့်လည်း ရလဒ်ကတော့ သူမ တွေးထားသလို မဖြစ်ခဲ့ပါဘူး။

“ တစ်ယောက်ယောက်များ ဝင်ရှုပ်နေလို့လား။ ” ဒါပေမယ့်လည်း သူမရဲ့အတွေးကို ခပ်မြန်မြန်ပဲ ခေါင်းထဲ ကနေ ထုတ်လိုက်တော့ တယ်။ ဧကရာဇ် လင်းမုပိုင် နဲ့ အရှင်လီချင်း ရဲ့ ရှေ့မှာ အကောက်ကြံ ရဲတဲ့ သူ ရှိပါ့မလား ။

ဒါဆိုရင်…

သူတကယ်ပဲ ဆွဲမထုတ်နိုင်တာလား။

ဖန်ကျန်းရှီ အတော်လေးကို ကြိုးစားရုန်းကန်ရင်း ဆွဲထုတ်နေခဲ့တယ်။ သူ ထပ်ခါထပ်ခါ အားစိုက်ထုတ်ရင်း ကြိုးစားပေမယ့်လည်း ဓား ထွက်လာဖို့ကို ငြင်းဆိုနေခဲ့တယ်။ လေအေးအေး သူတို့ရဲ့ မျက်နှာတွေကို စပ်ဖြင်းဖြင်း ဖြစ်စေတဲ့ အထိ နောက်တစ်ကြိမ် ထပ်မံ တိုက်ခတ်လာပြန်တယ်။

အချိန် တစ်ခု ကြာပြီးနောက်မှာတော့ ဧကရာဇ် လင်းမုပိုင်ရဲ့ အမူအယာလည်း စတင်ပြောင်းလဲ လာတော့တယ်။ သို့ပေသော်ငြား သူ ဖန်ကျန်းရှီကိုတော့ ဖိအားမပေးပါဘူး။ အဲ့ဒီ့အစား ယွီယိဖျင် ဘက်ကိုသာ လှည့်တော့တယ်။

ယွီယိဖျင် ဧ ကရာဇ် ဆိုလိုချင်တာကို ချက်ခြင်း သဘောပေါက်သွားပြီးနောက် ရှေ့ကို ထွက်လာတော့တယ်။ “ ဖန်ကျန်းရှီ ။ အရှင်လီချင်းက အသက်အရွှယ် ထောက်နေပြီ။ သူ့ကို ဒီလို ရာသီဥတု အေးအေးမှာ အချိန် အကြာ ကြီး စောင့်ခိုင်းလို့ မသင့်တော်ဘူး။”

“အသေအချာပဲ ။ ဓားကို မြန်မြန် ဆွဲထုတ်လိုက်”

“ဖန်ကျန်းရှီ။ မင်းက ဧကရာဇ် ရဲ့ အမိန့်တော်ကို ဆန့်ကျင်နေတာလား။”

အမတ်မင်းတွေအာ းလုံး စတင်ပြီး ဆူပူတော့တယ်။

ဖန်ကျန်းရှီကတော့ ချွေးပြိုက်ပြိုက်စီးကျနေခဲ့တယ်။ သူလည်း ဓားကို မြန်မြန် ဆွဲထုတ်ချင်တာပေါ့။ ဒါပေမယ့်လည်း ဇာတ်ကြောင်းကတော့ အထိန်းအကွပ်မဲ့သွားတယ်။

သူ ဘာလုပ်နိုင်မှာလဲ။

“အချစ်ကလေး ရယ် စိတ်ကောက်မနေနဲ့လေ။ ထွက်လာခဲ့ပါ။ ”

“ အချစ်ကလေး ထွက်လာရင်။ ကိုယ်တို့ ကမ္ဘာတစ်ပတ် ရှုခင်းတွေ လျှောက်ကြည့် ကြမယ်လေ။ ကမ္ဘာကြီးက အကြီးကြီးပါ။ ဒီနေရာမှာ အကြာကြီးနေရတာ မပျင်းဘူးလား။”

ဖန်ကျန်းရှီကတော့ တုံ့ပြန်မှု ကင်းမဲ့နေတဲ့ ဓားကို စကားစပြောတော့တယ်။

အမတ်မင်းတွေ ရဲ့ အမူအယာ ဖန်ကျန်းရှီ ရဲ့ စကားကို ကြားချိန်မှာ ပြောင်းလဲ သွားတော့တယ်။ သူတို့ကတော့ ဒီနေရာမှာ အချိန်အကြာကြီး နေနေတာ မဟုတ်ဘူးလား။

ဒါက ညီလာခံ ခန်းမလေ။ တခြား သူတွေ ဝင်ချင်လို့တောင် မဝင်နိုင်တဲ့ နေရာ တစ်ခု ။

“ ငါတို့ အများကြီး အတူတကွ ဖြတ်သန်းပြီးခဲ့ပြီလေ။ သုခမိန် လောကထဲမှာ ငါတို့ အတူအတူ ဖြတ်သန်း ခဲ့တဲ့ အကြောင်းကို တွေးကြည့်ပါအုန်း။ တစ်ယောက်အနားမှာ တစ်ယောက် အတူတူ ဖေးမ ခဲ့ကြတာလေ။ ဘယ်လောင်တောင် ကောင်းလိုက်တဲ့ အရာလဲ။ ” ဖန်ကျန်းရှီကတော့ အမတ်မင်းတွေ ရဲ့

အကြည့်ကို ဆက်ပြီးတော့ သာ လျစ်လျူရှုပြန်တယ်။

အမတ်မင်းတွေ သူတို့ ကြားနေရတာကို ပဟေဠိ ဖြစ်နေခဲ့တယ်။ ဖန်ကျန်းရှီက ဓားကို စကားပြောနေတာလား။ ဓားမှာ စိတ်ဝိဉာဉ်ရှိတယ်ဆိုပေမယ့်လည်း လူစကားကို နားလည်လို့လား။

အမတ်မင်းတွေ အားလုံး ဖန်ကျန်းရှီကို အရူးတစ်ယောက်လို သဘောထားပြီးတော့သာကြည့်နေခဲ့ကြတော့တယ်။

ဒါပေမယ့်လည်း ပင်းယန် ။ ရန်ရွှယ် နဲ့ တခြား နှစ်ယောက်ကတော့ ဒီလို မတွေးခဲ့ဘူး ။

ဖန်ကျန်းရှီက ဒီလို အဓိပ္မာယ်မရှိတဲ့ စကားတွေကို သုံးရင်းနဲ့ သာ ဓားကို ထွက်လာအောင် လုပ်ခဲ့တာ ။ အခုစကားတွေကလည်း ပရိယာယ် ဆင်နေတာပဲ ဖြစ်မှာ အသေအချာပဲ။

“ အချစ်ကလေး ထွက်မလာချင်သေးဘူးလား။ နောက်ထပ် ပုံပြင် တစ်ခု ပြောစေချင်နေတာလား။ ” ဖန်ကျန်းရှီက ဓားကို ပြောလိုက်တော့တယ်။

“ တင်င်င်င်” ခြေရာမဲ့ ဓားကနေ အသံ ထွက်လာတော့တယ်။

ငလူးပဲ။ ဖန်ကျန်းရှီကတော့ စကားပြောချင်စိတ်တောင် ကုန်သွားခဲ့တယ်။ ဒါက ညီလာခံ ခန်းမ ။ ဒီလို ဂုဏ်သရေရှိ ဓား တစ်လက် က ဒီလို ကိစ္စ လုပ်စေချင်နေတာ

အဆိုးဆုံး အပိုင်းကတော့ ။

မနေ့တုန်းက ရေပိုင်နက် တိုက်ပွဲ အတိုင်း ပြောနေတာ ။ ဝူစွန်း က ကျားကို အနိုင်တိုက်တဲ့ နေရာအထိပဲ ပြောလို့ ပြီးသေးတယ်။ နောက်တစ်ပိုင်းက ဖန်းကျင်လျန် နဲ့ စီးမန်ချင်း(ကျင်း) တို့ အကြောင်းပဲ ။

“ ဖန်ကျန်းရှီ မင်း ဘာတွေ လုပ်နေတာလဲ ။ အမိန့်ကို ဖီဆန်နေတာလား။ ” ယွီယိဖျင် ဖန်ကျန်းရှီကို ကြည့်ရင်း ချောင်းဟန့်ကာ ပြောလိုက်တယ်။

ဖန်ကျန်းရှီကတော့အကျပ်အတည်း ထဲ ရောက်နေပါပြီ။ ဒါပေမယ့်လည်း သူ့မှာ ရွေးချယ်စရာ မရှိတော့တာကြောင့် ဒါကို လုပ်ရတော့မှာ ။

“ အရှင် ဧကရာဇ်မင်း ။ ကျွန်တော်မျိုး ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ”

“ ပြင်ဆင်မယ်။” ဧကရာဇ် လင်းမုပိုင် ဖန်ကျန်းရှှီ ရဲ့ စကားတွေကို စိတ်ရှုပ်နေဆဲ ။

“ ဟုတ်ပါတယ်။ စစ်ချီဖို့ မပြင်ခင် စစ်ရေးလေ့ကျင့်သလိုပဲ ဓားကို ဆွဲမထုတ်ခင်မှာ ပြင်ဆင်ဖို့ လိုအပ်ပတယ်။” ဖန်ကျန်းရှီက ပြန်ဖြေလိုက်တယ်။

“ အမ်။ ကောင်းပြီလေ။” ဧကရာဇ် လင်းမုပိုင်က ခေါင်းငြိမ့်လိုက်တယ်။

အမတ်မင်းတွေအားလုံး တိတ်ဆိတ်သွားကြပြန်တယ်။ ဘာ ပြင်ဆင်ဖို့ လိုတာလဲ။ ဖန်ကျန်းရှီ ရဲ့ တိုက်ပွဲ မစခင် ပြင်ဆင်ပုံတွေကို လေ့လာ အတုယူကြရမှာလား။

ဖန်ကျန်းရှီကတော့ ထပ်မစောင့်တော့ပဲ သူ့ ပုံပြင်ကို စတော့တယ်။

“ ဝူစွန်းက ကျားကျု သတ်ပြီးတဲ့ နောက်မှာတော့ သူ နယ်မြေထိန်း တစ်ဦး ဖြစ်လာခဲ့တယ်။ သူ အုပ်ချုပ်တဲ့ နယ်မြေမှာ ချမ်းသာလှတဲ့ မိသားစုကြီး တစ်ခုလည်းရှိတယ်။ အဲ့ဒီ့မိသားစုမှာ အလွန်တရာမှ ချောမောလှပလွန်းတဲ့ အစေခံ တစ်ဦးရှိခဲ့တယ်။ သူမရဲ့ နာမည်ကတော့ ဖန်ကျင်းလျန် ။ အိမ်တော်သခင်ကြီးက သူမကို ကိုယ်လုပ်တောင် အဖြစ် တော်ကောက်ချင်တယ်။ ဒါပေမယ့်လည်း သူမ ထိုလူကြီးရဲ့ သိမ်းပိုက်မှုကို မလိုလားတဲ့ အတွက် အိမ်တော် သခင်မကို တိုင်ကြားခဲ့တယ်။ အိမ်တော်ကြီး သခင် သူမကို အလွန်အမင်း ဒေါသထွက်ခဲ့တယ်။”

ဖန်ကျန်းရှီ ဇာတ်ကြောင်းကို စီကာပတ်ကုံး ပြောပြနေခဲ့တယ်။ အမတ်မင်းတွေ အားလုံး မှင်သက်နေမိကြတယ်။ ဘာဇာတ်လမ်းလည်း ဘာလို့ ငါတို့တစ်ခါမှ မကြားဖူး ရတာလဲ။

ဖန်ကျန်းရှီရဲ့ ပုံပြင် ဖန်ကျင်းလျန် စီးမန်ကျင်းကို ဆွဲဆောင် ဖျားယောင်းခန်းမှာ အထွတ်အထိပ်ကို ရောက်ရှိလာတော့တယ်။

မျက်နှာတွေ ရဲရဲ နီနေတဲ့ ပင်းယန် “ အရှက်မရှိလိုက်တဲ့ ကောင်” ဆိုတဲ့ စကားကိုသာ အထပ်ထပ်ပြောနေခဲ့တယ်။

ချီကူယန်ကတော့ သူ နားသူတောင် မယုံနိုင် ဖြစ်နေခဲ့တယ်။

ဖန်ကျန်းရှီ အရှက်မရှိမှန်းတော့ သူလည်း သိတာပေါ့။ ဒါပေမယ့်လည်း ဒီလို ဇာတ်လမ်းမျိုးကို ညီလာခံ ခန်းမထဲမှာ အော်ကြီး ဟစ်ကျယ်ပြောပြပြီးတော့ ဒါကို ပြင်ဆင်မှုလို့ လုပ်နေတာမျိုးကတော့ မလွန်လွန်းဘူးလား ။

မယုံနိုင်စရာ ကောင်းလွန်းတယ်။

အမတ်မင်းတွေ သူတို့ ကြားနေရတာနဲ့ ပတ်သက်ပြီး ဒေါသတွေ ထွက်လာကြတယ်။ ဒီလို လူက ဘယ်လိုများ အတွေးအခေါ် စာမေးပွဲမှာ ထိပ်တန်း အဆင့်နဲ့ အောင်လာတာလဲ။

“ ဒီလို လူမျိုး နဲ့ နောက်ထပ် မပတ်သက်တော့ဘူး။”

“ ဒီလူက ငါတို့ရဲ့ ယဉ်ကျေးမှုကို စော်ကားနေတာပဲ။ ”

အမတ်မင်းတွေ အားလုံး ဒေါသကို ရင်ထဲမှာ မျိုသိပ်ထားနေကြရတယ်။

ဧကရာဇ် လင်းမုပိုင်ကတော့ ဖန်ကျန်းရှီ သူ့ဇာတ်လမ်းကို ဆက်နေချိန်မှာ ပဲ မချိုမချဉ် မျက်နှာနဲ့ ရှိနေခဲ့တယ်။

ဖန်ကျန်းရှီကတော့ အရာအားလုံးကို လျစ်လျူရှုထားခဲ့တယ်။ သူပြောနေတာက အရင်လောက ရဲ့ အကောင်းဆုံးသော ဂန္တဝင် ဝတ္ထု လေ။ ဘာကို ရှက်ရမှာလဲ။

ဖန်ကျန်းရှီကတော့ သူ့ ဇာတ်လမ်းကို ဆက်ပြန်တယ်။

ဧကရာဇ် နဲ့ အတူ အမတ်မင်းတွေ နားမထောင် ချင်သည့်တိုင် နားပိတ်ထားခွင့်မရှိဘဲ စိတ်ပျက်လက်ပျက်ဖြစ်စွာ နားထောင် နေခဲ့ရတယ်။

ဖန်ကျန်းရှီလည်း နောက်ဆုံးမှာတော့ ဝူစွန်း က စီးမင်ချင်း(ကျင်း) ကို မန်ဒရင်း အိမ်တော်မှာ သတ်ဖြတ်ပြီး သွေးချောင်းစီးစေခဲ့တဲ့ နေရာကို ရောက်တဲ့အထိ ပြောတော့တယ်။ သူတို့အားလုံး ဖန်ကျန်းရှီ ရဲ့ ပုံပြင်မှာ အာရုံဝင်စား လာခဲ့ကြတယ်။

ဒါ သူတို့ ရဲ့ ပုခုံးပေါ်မှာ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုနဲ့ ဖိထားသည့်နှယ် ။

အခုချိန်မှာတော့ ညီလာခံခန်းမထဲမှာ အသက်ရှူသံ ကလွဲပြီး အခြား အသံတွေ မကြားရတော့တဲ့ အထိ အမတ်မင်းတွေ တစ်စုံတစ်ရာ မှာ နစ်မျော နေခဲ့ကြတယ်။ ဒါပေမယ့်လည်း သူတို့ အားလုံး ဖန်ကျန်းရှီ ရဲ့ စကားသံ လွှမ်းမိုးမှုကို ခံနေရတာကတော့ မယုံစရာ ကောင်းလွန်းလှတယ်။

ဒီ အချိန်မှာပဲ တိုးညှင်းလှတဲ့ ပဲ့တင့်သံလေးကို ကြားလိုက်ရတယ်။ အလင်းတန်း တစ်ခု ကောင်းကင်ပေါ်ကို ထိုးတက်သွားပြီး နောက် ဖန်ကျန်းရှီ လက်ထဲကို ရောက်ရှိလာတော့တယ်။ ဒါ ခြေရာမဲ့ဓားပဲ ။

“ ဓား ထွက်လာပြီ။ ”

“ ဒါပဲ။ ဒါပဲလား ။”

“ ဘာတွေဖြစ်ကုန်တာလဲ။ ”

“ မယုံနိုင်စရာ ကောင်းလိုက်တာ။ ”

“ ဒါက ရာစုနှစ်တွေ ကြာအောင် ပြောစမှတ် ပြုစရာ ဖြစ်နေတော့မှာပဲ။”

အမတ်မင်းတွေ အားလုံး ဖန်ကျန်းရှီ လက်ထဲ ကို ရောက်သွားတာ မြင်ချိန်မှာတော့ မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်သွားကြတော့တယ်။ ပုံပြင်ပြီးတဲ့ နောက် ဓားက သူ့ဘာသူ ထွက်လာတယ်လား။

ဖန်ကျန်းရှီကတော့ အမတ်မင်းတွေကို မရှင်းပြတော့ပါဘူး။ သူ ဓားကို ဖွဖွ လေး ကိုင်ကာ ညီလာခံ ခန်း မရဲ့ အပြင် ဘက်ကို ထွက်လာပြီး အရှင်လီချင်းရဲ့ လက်ထဲကို ကမ်းပေးလိုက်တော့တယ်။

“ အရှင် ။ ဒီဓားရဲ့ အမည်ကတော့ ခြေရာမဲ့ပါ။”

“ခြေရာမဲ့လား။”

“ဓား အပေါ်က ခရမ်းရောင် အမှတ်ကို မမြင်ဘူးလား။”

အမတ်မင်းတွေ အားလုံး ဓား ပေါ်က ခရမ်းရောင် အမှတ်ကို ကောင်းကောင်းမြင်နေရတာ ။ သူတို့အားလုံး စိတ်ထဲမှာ တွေးနေမိတာကတော့ ။ ဓားကို ခုနက နာမည် ဘယ်သူ ပေးလိုက်တာလဲ။

အရှင်လီချင်း သူ့လက်ထဲက ဓားကို ကြည့်လိုက်တယ်။ ဓားကို လက်ကိုင်ကနေ အသွားအထိ သေချာစွာ လေ့လာရင်း ခရမ်းရောင် အမှတ်လေးကို ပွတ်ကြည့်နေခဲ့တယ်။ သူ့ရဲ့ မျက်လုံးတွေ တစ်စုံတစ်ခုကို တမ်းတမေတာပါပဲ။

“ ငါ နားလည်ပြီ။”

အပိုင်း (၂၃၀) ပြီး၏။

All Chapters