အပိုင်း (၂၁၁-၂၂၀)
Vol. 3 Ch. 211-220
အပိုင်း (၂၁၁)
“ဓားကို ဆွဲထုတ်ခြင်း”
ရွှေရောင် အလင်းတန်းတွေဟာ ကောင်းကင်ကို ရောက်ရှိသွားတာကို လူတိုင်းဟာ သူတို့ မျက်လုံးနဲ့ တပ်အပ် မြင်တွေ့လိုက်ရတာပဲ ။
ကျောက်တုံးပေါ် က စည်းဟာတော့ လုံးဝကို ကျိုးပျက်သွားပြီးတော့ မြေပြင်ဟာ အက်ကွဲသွားခဲ့တယ်။ ကျောက်တုံးမှာ ရှိနေတဲ့ သံကြိုးတွေ ဓားကို ချိတ်ပိတ်ထားတဲ့ စည်းတွေဟာတော့ ပုံမှန်လို မဟုတ်တော့တာ အသေအချာပါပဲ။
အက်ယ၍ ဒီဓားကိုသာ အတုလို့ ပြောရင် ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။
နောက်ပြီးတော့ အခုပြောနေတာက ဖန်ကျန်းရှှီ ဖြစ်တာကြောင့် မယုံနိုင်တာ ပိုပြီးတော့ တောင် ဖြစ်နိုင်သေးတယ်။
“ ဖန်ကျန်းရှီက ဒီ ဓားကိုသုံးပြီးတော့ ငါတို့ အသက်တွေ နဲ့ လဲချင်နေတာလား။”
“သူက ဒီလောက် တော်နိုင်လို့လား။”
“ ငါဘယ်လိုပဲ ကြိုးစား ကြိုးစား ငါ နားမလည်နိုင်တာ ရှိတယ် ။ ဖြစ်နိုင်ချေက ဘာကြောင့် ဒီလောက်တောင် နည်း တာ လဲ။”
တစ်ယောက်ချင်းစီ သံသယ တွေဟာ သူတို့ရဲ့ စိတ်ထဲမှာ မြင့်တက်လာတော့တယ်။
တစ်ချို့သော သူတွေဟာတော့ ဖန်ကျန်းရှီ ပြောတဲ့ စကားတွေကို ပြန်တွေးရင်းနဲ့ အမုန်းတရားတွေ ပြည့်နှက်လာတော့တယ်။
ဒါပေမယ့်လည်း ဒီ အတွေးတွေ ဟာတော့ ကြာရှည်မခံပါဘူး။ ပျော်ရွှင် လွတ်လပ်မှုဟာ သူတို့အားလုံး ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ မကျေနပ်မှုတွေကို မေ့ပျောက်သွားစေတယ်။
သူတို့ လည်ပင်းကို ထောက်ထားတဲ့ ဓားတွေ ဆီကနေ လွတ်ဖို့ အတွက်ဟာ အရေးကြီးဆုံး ။
အခြေအနေဟာတော့ မတိုးသာ မဆုတ်သာ အခြေ အနေကို ပြန်လည် ရောက်ရှိသွားပြန်တယ်။
ဘာကြောင့်လဲ ဆိုတော့ ဓားရဲ့ ဘေးမှာ ရပ်နေတဲ့သူ တစ်ယောက် ကျန်နေပြီးတော့ ယဉ်ရှန် ရဲ့ လက်ထဲမှာလဲ နောက်ဆုံး လူ ငါး ယောက် ကျန်ေ်နသေးတာ ။
ဒီ အပေးအယူက ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံး အချိန်ကသာ အောင်မြင်ဖို့ အဓိက အချက်။ ဥပမာ အားဖြင့် ဒီ အချိန်မှာ ဖန်ကျန်းရှီက ဓားဘေးမှာ ရပ်နေသလို ယဉ်ရှန် လက်ထဲက လူ ငါး ဦး ရဲ့ အသက်ထဲမှာလည်း ရှင်ချင်းစွေ့ ရှိနေတာ ။
ဒီ အချိန်မှာတော့ နန်ကုန်းမုဟာ သူ့လက်ထဲက ကျောက်စိမ်း နီလာ ဓား မောင်နှံကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း နဲ့ တစ်စုံ တစ်ခုကို လုပ်ဖို့ အတွက် ပြင်ဆင်နေခဲ့တယ်။
ဆိုရိုးစကား တစ်ခု အတိုင်း ကြည့်နေသူဟာ ပိုမြင်တယ်။ နန်ကုန်းမုဟာ ဒီ စကား အတိုင်း လုပ်ဆောင်ပြီးတော့ ကိစ္စ တစ်လျှောက်လုံးမှာ ကြည့်နေခဲ့တာ ။
ဒါဟာ ဖန်ကျန်းရှီ ရဲ့ စကားကို နားထောင် ပြီးတော့ ဓားနားကနေ ထွက်လာတာ။
ဒါပေါ့။ ဓားဟာ အတုဆိုတာ သူလည်း မယုံပါဘူး။
ဒါပေမယ့်လည်း သူဟာ ထွက်ခွာဖို့ လိုတယ်။
သူခွာမှသာ စာဖြေသူ ငါးဦး ရဲ့ အသက်ကို ကယ်နိုင် တာ ။
ဒီ အခြေအနေမှာ ရှိနေတဲ့သူဟာတော့ ဒါက အတု သို့မဟုတ် အစစ် ဆိုတာ ခန့်မှန်းဖို့ဖြစ်နိုင်တယ်။ ဒါပေမယ့်လည်း စောင့်ကြည့်သူ တစ်ယောက်ကတော့ ဒါမျိုး လုပ်ဖို့ မလိုအပ်ဘူး။ သူလုပ်ဖို့ လိုတာကတော့ ဒီ အခြေအနေကို တချက်ကြည့် ကြည့်ပြီးတော့ သဘောပေါက်အောင် မီးစင်ကြည့်က ဖို့ပဲ ။
ယဉ်ရှန်ဟာ ဆယ်ယောက်သော စာဖြေသူတွေရဲ့ အသက်ကို ချမ်းသာပေးလိုက်ပြီ ။ မ
ဒါပေမယ့်လည်း ဖန်ကျန်းရှီကတော့ ဓားရဲ့ ဘေးမှာ ရပ်နေဆဲပါပဲ။
ဒါဟာ မျှတတဲ့ အပေးအယူ တစ်ခု လိုပါပဲ။ ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ မမျှတဘူး ။ ဘာကြောင့်လဲ ဆိုတော့ ဓားကို မြေပြင်ပေါ်ကနေ ဆွဲထုတ် ဖို့ လူတစ်ယောက်ပဲ လိုအပ်တာ ။
အမှန်တရားကတော့ ခါးတယ်။ ဖန်ကျန်းရှီ ဟာ နားလှည့်ပြီး ပါးရိုက်တဲ့ ရွေးချယ်မှု မျိုးကို ပြုလုပ်စေတာ ။ ကျောင်းတော် သား ဆယ်ယောက် ရဲ့ အသက် နဲ့ လူ နှစ်ဦး ထွက်ခွာမှုကို လဲလိုက်တာ ။
နောက်ဆုံးကျန် တဲ့ ကျောင်းတော်သား ငါးယောက်ဟာတော့ ကယ်တင်နိုင်မှာ မဟုတ်တော့ဘူး ။
ဒါဆို ရင် နောက် တော့ရော။
ဖန်ကျန်းရှီက ဓားကို ဆွဲထုတ်သင့်တယ်။
နန်ကုန်းမု ဟာ ဒါကို အရင်တည်းက တွေးထားပြီးသား ။ ဒီ အချိန်မှာတော့ ရှင်ချင်းစွေ့ဟာ ရုတ်တရက်တွေး လိုက်မိတယ်။ ဒီ အခြေအနေကို မသေးပင်မယ့်လည်း အခု ချိန်မှာ ဒါကို နားလည်ဖို့ အတွက် ခက်ခဲ လှတယ်။
ဒါကို နားလည်ပြီးတဲ့နောက်မှာတော့ ရှင်ချင်းစွေ့ဟာ ရင်ဆိုင်ဖို့ စိတ်ပိုင်း ဆိုင်ရာ ပြင်ဆင်ထားတော့တယ်။
လေပြင်း တစ်ချက် ဝေ့၀ဲ တိုက်ခတ်သွားတော့တယ်။ ဖန်ကျန်းရှီ ရဲ့ အပြာရောင် ဝတ်ရုံဟာလည်း လေထုထဲမှာ ဝေ့၀ဲ နေခဲ့တယ်။ အခြေအနေဟာတော့ တစ်ဖန် တိတ်ဆိတ်သွားပြန်တယ်။ လူတိုင်းဟာတော့ စောင့် ဆိုင်း နေခဲ့တယ်။ ဖန်ကျန်းရှီ ဓား ဆွဲထုတ်မယ့် အချိန်ကို ။
ဖန်ကျန်းရှီကတော့ ဓားဘေးမှာ ရပ်ရင်း ယဉ်ရှန်ကို ကြည့်နေခဲ့တယ်။
ယဉ်ရှန်ဟာလည်း ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။
သူ့ရဲ့ မျက်လုံးတွေဟာတော့ ကျဉ်းမြောင်း နေခဲ့တယ်။ အရင် တုန်းကတော့ ဖန်ကျန်းရှီၤ ရဲ့ စကားတွေ နဲ့ ပတ်သက်ပြီးတော့ စိတ်ရှုပ်ထွေး ခဲ့ရတယ်။ ဒါကြောင့် ချက်ခြင်း မမှန်းဆ နိုင်ခဲ့ဘူး ။ ဒါပေမယ့်လည်း အခု ချိန်မှာတော့ သူဟာ နားလည်သွားပြီ ။
ဒါဟာ အကြောင်းပြချက် ။
ယဉ်ရှန်ဟာတော့ မျှော်လင့်ချက် ပြည့်နေခဲ့တယ်။ ဒါပေမယ့်လည်း သူ့မှာ နောက်ထပ် ရွေးချယ် စရာ ရှိနေတယ်။ တူညီတဲ့ ရွေးချယ်မှု တစ်ခုကို လုပ်ရမယ်။ ဒါက သာမာန် ကျောင်းတော်သား ဆယ်ယောက်ကို အသုံးချပြီးတော့ အလောင်းအစား လုပ်တာ တစ်ခုပါပဲ။ ပိုပြီးတော့ အရေးကြီးတာကတော့ သူ့ရဲ့ လက်ထဲမှာ အရေးကြီးဆုံးသူ ရှင်ချင်းစွေ့ ရှိတေယ်။
“ မင်း က ဓားကို ဆွဲထုတ်တော့မှာလား။” ယဉ်ရှန်ရဲ့ နှုတ်ခမ်းတွေဟာ တွန့်ကွေးရင်း ပြုံးနေခဲ့တယ်။
“ဓား အတုကြီးကို ငါ က ဘာလို့ ဆွဲထုတ် နေရအုန်းမှာလဲ။” ဖန်ကျန်းရှီက ခေါင်းခါ လိုက်တယ်။
“မင်း က အခုထိ ပြောနေတုန်းလား။”
“ငါက အမှန်ကို ပြောနေတာ။”
“ဒါဆိုရင် မင်း နောက်ထပ် ဘာလုပ်မှာလဲ။ အကယ်၍ မင်းသာ လူတွေကို အရင်လွှတ်ဖို့ ပြောရင် ငါ ချက်ခြင်း ပြန်ပြောလိုက်မယ်။ မဖြစ်ၤနိုင်ဘူး ။” ယဉ်ရှန် ရဲ့ မျက်နှာဟာတော့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ထားသလိုပါပဲ။
“ မဟုတ်ပါဘူး။ ငါလိုချင်တာက မင်း နတ်ဆိုးအရှင်ကို တိုင်တည်ပြီး ကျိန်ပြရုံပါ။ ငါ ဒီနေရာက ထွက်သွားရင် မင်း လူတွေကို လွှတ်ပေးမယ်လို့။” ဖန်ကျန်းရှီကတော့ ခေါင်းကို ခါယမ်းရင်း ပြောလိုက်တယ်။
“ မင်းက ထွက်သွား တော့မှာလား။” ထိတ်လန့်သွားပြန်ဟာ ယဉ်ရှန်ရဲ့ မျက်လုံးမှာ ပေါ်ထွက်လာခဲ့တယ်။
“ မင်းပြောသလို လူတွေကို အရင် မလွှတ်ပေးနိုင် ဘူး ဆိုရင် ။ ငါ အရင် ဓားနားက ခွာ ရမှာမလား။” ဖန်ကျန်းရှီက တော့ ဒါကို ပုံမှန် အတိုင်း ငထ်ရှားတဲ့ ကိစ္စ တစ်ခုလို ပြောနေခဲ့တယ်။
“ကောင်းြ့ပီလေ။” ယဉ်ရှန်က ခေါင်းငြိမ့်လိုက်တယ်။
အကယ်၍ ဒီ အပေးအယူသာ အောင်မြင်သွားရင် အကျိုးရှိတဲ့သူက တော့ သူပဲ ပေါ့။ ဘာကြောင့်လဲ ဆိုတော့ အပေးအယူသာ အောင်မြင်သွားရင် ဓားကို ထိန်းချုပ်နိုင်မှု ဟာလည်း သူ့လက်ထဲကို ပြန်လည် ရောက်ရှိလာမှာ ။ ဒီအခြေအနေကြီးကို ပြန်လည်ထိန်းချုပ်နိုင်သွားရင် နောက်ထပ် လှည့်စားမှုတွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။
တခြားသော စာဖြေသူတွေဟာတော့ စိတ်ရှုပ်ထွေးနေကြတယ်။ ဘယ်လိုလူမျိုးက ဒီလို တောင်းဆိုမှုမျိုးလုပ်တာလဲ။ ဘာကြောင့်လဲ ဆိုတော့ သူတို့ အားလုံးဟာ ဖန်ကျန်းရှီ ဓား ဆွဲထုတ်မယ်လို့ ယုံကြည် ထားကြတာ ။
ယဉ်ရှန်ကို ဒေါသထွက်အောင် လုပ်နေပြန်တာလား။
ဒီလို သာ ဖြစ်မယ်ဆိုရင် ဖန်ကျန်းရှီက ကောင်းကောင်းလုပ်နိုင်တာ ဘာမှ ရှိမှာ မဟုတ်တော့ဘူး ။
နန်ကုန်းမုရဲ့အမူအယာကတော့ ထိတ်လန့်အံ့သြနေခဲ့တယ်။
သူ့ရဲ့ အဆုံးအဖြတ်က အခုချိန်မှာ မှားနေတာ ဖြစ်နိုင်မလား။ ဒါဆိုရင် ဖန်ကျန်းရှီက ဒီလို ကိစ္စမျိုးကို ဘယ်လို လုပ်နိုင်တာလဲ။ ပထမဆုံး အကြိမ် အနေနဲ့ သူဟာ ဖန်ကျန်းရှီ တွေးသမျှကို တကယ့်ကို နားမလည် နိုင်တော့သလို ခံစားနေရတယ်။
ဖန်ကျန်းရှီကတော့ နောက်ထပ်မပြောတော့ပါဘူး။ အဲ့ဒီ့အစား သူဟာ နေရာမှာသာ မတ်မတ် ရပ်နေခဲ့တယ်။ ယဉ်ရှန် ကျိန်ဆိုတာကို စောင့်နေခဲ့တယ်။
“ ငါ ယဉ်ရှန်။ နတ်ဆိုး အရှင်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်။ သဘောတူညီမှု အရ ဖန်ကျန်းရှီသာ ဓားဘေးကနေ ထွက်ခွာသွားခဲ့ရင် စာဖြေသူ ငါးဦးကို ယာယီ လွတ်လပ်ခွင့် ပေးပါမယ်။” ယဉ်ရှန်ဟာ ”ယာယီ“ ဆိုတဲ့ စကားလုံးကို ရွေးချယ်သုံးလိုက်မှန်း ထင်ရှားလှတယ်။
ဖန်ကျန်းရှီဟာ ခေါင်းငြိမ့်လိုက်တယ်။ သူဟာ ထင်မြင်ချက် တစ်ခုကိုတောင် မပြောတော့ပါဘူး။
ယဉ်ရှန် ရဲ့ အသံ ထွက်လာတာနဲ့ သူဟာ ဖြည်းဖြည်း ချင်းစီ ထွက်ခွာသွားတော့တယ်။ ဒါကို ကြိုတင်မျှော်လင့် ထားသလိုပါပဲ။ သူဟာအေးဆေး တည်ငြိမ်စွာသာ လမ်းလျှောက်လာတာ ။
ဒါပေမယ့်လည်း ဒီ လို အမူအယာဟာ တခြားသော ကျောင်းတော်သားတွေကိုတော့ ထိတ်လန့်မှှု အကြီးအကျယ် ဖြစ်စေခဲ့တယ်။
ယဉ်ရှန်ဟာ စာဖြေသူ ဆယ်ဦးရဲ့ အသက်ကို လဲလှယ်ပြီးတော့ ဒီအခွင့်အရေးကို စောင့်ဆိုင်းနေတာ ။
ဒါပေမယ့်လည်း ဒီ အခွင့်အရေးကို အပြည့်အ၀ မရနိုင်ဘူး လို့ သူယုံကြည်ထားခဲ့တာ ။ ဒါပေမယ့်လည်း သူဟာတော့ ဒီ တစ်ကြိမ်မှာ အလောင်းအစားကို နိုင်သွားပုံပါပဲ။ ဖန်ကျန်းရှီ တကယ်ပဲ ထွက်ခွာသွားပြီ။ ဓားကို ထားခဲ့ပြီ။
ကျောင်းတော်သား စာဖြေသူ တစ်ဦးချင်းစီဟာ သူတို့ရဲ့ မျက်လုံးတွေကို မယုံကြည်နိုင်စွာ ပွတ်သပ်ကြည့်နေ ကြတယ်။ သူတို့အားလုံးဟာ ဖန်ကျန်းရှှီ ဓားကိုဆွဲထုတ်ဖို့ အတွက် မျှော်လင့်ထားကြတာ ။ အခုချိန် လက်တွေ့မှာတော့ ဖန်ကျန်းရှီဟာ ဒါကိုမလုပ်ခဲ့ဘူး ။ ဖန်ကျန်းရှီဟာ ထွက်သွားခဲ့တယ်။
“ဖန်ကျန်းရှီ ဘာတွေ လုပ်နေတာလဲ။ ”
“ ဓားကို ယဉ်ရှန် ရဲ့ လက်ထဲ ထည့်လိုက်ရင် ငါတို့ အကုန် သေသွားနိုင်တာ သူမသိဘူးလား။”
“ ငါ ငါ နားမလည်နိုင်ဘူး။”
စာဖြေသူတွေဟာတော့ လုံးဝကို မျက်စိလည်နေကြတယ်။ ဖန်ကျန်းရှီ ဘာကို လုပ်ချင်နေလဲ သူနားမလည်နိုင်ဘူး ဖြစ်နေကြတယ်။
ရှင်ချင်းစွေ့ နဲ့ တခြားသော ကျောင်းတော်သား လေးဦး လည်ပင်းပေါ်က ဓားတွေဟာတော့ မြေပြင်ပေါ်ကို ကျသွားတော့တယ်။
ယဉ်ရှန်ဟာလည်း ကျိန်ဆိုမှု ပြီးဆုံးပြီ ။
ဖန်ကျန်းရှီဟာလည်း သူ့ကတိကို သူတည်ခဲ့ပြီ။
ဒါကြောင့် သူတို့ နှစ်ဦးလုံးဟာ အမှန်တရားကို လိုက်နာတဲ့ တန်ဖိုးမြင့်သူတွေ ။ ယဉ်ရှန်ဟာတော့ ဓားဘေးမှာရပ်နေပြီ ။ ဖန်ကျန်းရှီဟာတော့ ရန်ရွှယ် ရဲ့ ဘေးကို ရောက်သွားခဲ့ပြီ ။
ဒါဟာ အရမ်းကို လိုက်လျောညီထွေ ဖြစ်တဲ့ အလဲအလှယ်တစ်ခုလိုပါပဲ။
ဒါပေမယ့်လည်း လူသားနဲ့ နတ်ဆိုးတွေ ကြားမှာတော့ ဒီလို လိုက်လျော ည ီထွေမှုဆိုတာ ရှိနိုင်ပါ့မလား။ ဒါဟာ ထူးဆန်းနေသလိုပါပဲ။
အရေးကြီးဆုံးကတော့ ဒါက လူတိုင်းတွေ့ချင်နေခဲ့တဲ့ အရာတွေ မဟုတ်ခဲ့ဘူး။ အနည်းဆုံးတော့ စာဖြေသူတွေထဲမှာ အသက်ရှင်လျက်ရှိနေသူတွေဟာ ဒီမြင်ကွင်းကို မြင်ရဖို့ စောင့်ဆိုင်းနေတာ မဟုတ်ကြဘူး ။
ရှင်ချင်းစွေ့ကိုတော့ ဒဏ်ရာ သိပ်မပြင်းထန်တဲ့ ကျောင်းတော်သား တစ်ချို့ဟာ သယ်သွားခဲ့တယ်။ သူ့ရဲ့ အကြည့်တွေဟာတော့ ဖန်ကျန်းရှီ အပေါ်မှာ သာ ရှိနေခဲ့တယ်။ သူ့ရဲ့ မျက်လုံးထဲမှာတော့ မကျေမနပ်ရိပ်တွေ ပြည့်နေခဲ့တယ်။ သူ တကယ်ပဲ နားမလည်နိုင်ဘူး ဘာကြောင့် ဖန်ကျန်းရှီက ကြိုးစားမကြည့်ပဲနဲ့ လက်လျှော့်လိုက်တာလဲ။
“ မင်းဘာလို့ ဓားကို မဆွဲထုတ်တာလဲ။” ရှင်ချင်းစွေ့ဟာ ခက်ခက်ခဲခဲ မေးလိုက်တယ်။
“ အကယ်၍ ငါ့ရဲ့ ကိုယ်ပိုင် ယာယီ အသက်ရှင်မှု အတွက် လုပ်လိုက်တာလို့ ပြောရင် မင်းယုံမှာလား။” ဖန်ကျန်းရှီဟာ မေးခွန်းကို တိုက်ရိုက်မဖြေပဲနဲ့ ပြန်မေးလိုက်တယ်။
“ ငါ မယုံဘူး။” ရှင်ချင်းစွေ့ဟာ မတွေးတော့ပဲနဲ့ ချက်ခြင်း ပြန်ဖြေလိုကတယ်။
“ဒါဆို တခြားကျန်တဲ့သူတွေကော၊ “
“ငါတို့လည်း မယုံဘူး။”
“ဒါဆိုရင် ဖြစ်နိုင်ချေက တခြားဘာရှိမလဲ။” ဖန်ကျန်းရှီက နောက်မေးခွန်း တစ်ခု ပြောင်းလိုက်တယ်။
ရှင်ချင်းစွေ့ နဲ့ တခြား ကျောင်းတော်သားတွေဟာ တိတ်ဆိတ်သွားပြီးတော့ တစ်ယောက်ကို တစ်ယောက်သာ ကြည့်ေ်နခဲ့တယ်။
“ဓား က အတုကြီး ဖြစ်နေလို့လား။” စာဖြေသူတစ်ယောက် ရဲ့ အသံဟာ ထွက်ပေါ်လာခဲ့တယ်။
“မှန်တာပေါ့။ မင်းတို့ တွေ ဒီလောက် ရှင်းရှင်းလေးကိုတောင် နားမလည်ကြဘူး လား။” ဖန်ကျန်းရှီဟာ အလွန်အမင်း စိတ်ပျက်လက်ပျက် ဖြစ်ဟန် နဲ့ ပြောလိုက်တယ်။ ”
“…”
“ဓားက ဘယ်လိုလုပ် အတု ဖြစ်နိုင်မှာလဲ။”
စာဖြေသူတွေဟာ ပြောစရာ စကားလုံးတွေ ပျောက်ဆုံး ကုန်ကြတယ်။ မယုံကြည်နိုင်မှုတွေဟာတော့ ပိုပြီးတော့ ကြီးထွားလာခဲ့တယ်။
တခြားတစ်ဖက်မှာတော့ ဖန်ကျန်းရှီဟာ နောက်ထပ် မဖြေတော့ပါဘူး။ အဲ့ဒီ့အစား သူဟာ သူ့လက်ကို ဝေ့ယမ်းပြရင်းနဲ့သာ လူအုပ်ကြီးကို စိတ်ပျက်အားလျော့ဟန် နဲ့ ကြည့်နေခဲ့တယ်။
လူအုပ်ကြီးထဲမှာတော့ တည်ငြိမ်နေသူဟာ တစ်ယောက်ပဲ ရှိခဲ့တယ်။
ထိုသူကတော့ ရန်ရွှယ်။
လူအုပ်ကြီးရဲ့ ဘေးမှာ ရပ်နေတဲ့ နန်ကုန်းမုဟာတော့ အထီးကျန်နေဟန်ပါပဲ။ ဒါပေမယ့်လည်း သူ့ရဲ့ အကြည့်တွေဟာတော့ ဖန်ကျန်းရှီ ဆီကိုသာ ဦးတည်နေခဲ့တယ်။ သူ့ရဲ့ အမူအယာ ဟာ ဒီ ဖြစ်စဉ် နဲ့ မသက်ဆိုင် တဲ့သူ တစ်ယောက်လိုပါပဲ။
ဒါပေမယ့်လည်း ဖန်ကျန်းရှီက ဓား အကြောင်းကို ပြောလိုက်ချိန်မှာတော့ သူ့ရဲ့ အမူအယာဟာ အနည်း ငယ် စိတ်ပျက်ဟန်ကို ပြောင်းလဲ သွားခဲ့တယ်။
ယဉ်ရှန်ဟာတော့ ဓားဘေးမှာ ရပ်ရင်း သူ့ရဲ့ အကြည့်တွေဟာတော့ အေးစက်နေခဲ့တယ်။ ဖန်ကျန်းရှီ ဘယ်လို ပဲ တွေးတွေး သူ့ အတွက်ကတော့ ဒီ အချိန်မှာ အခွင့်အကောင်းပဲ ။
ဓားဟာ မြေကြီးထဲမှာ စိုက်ဝင်နေဆဲ ။
သုခမိန် လောကကြီးဟာ စည်းချထားဆဲ .
သဘာဝလွန် အဆင့်သူ့အနေနဲ့ ဖန်ကျန်းရှီ ကော ရန်ရွှယ်ကိုပါ အချိန်မရွေးသတ်နိုင်တယ်။
…
ဒီအချိန်မှာတော့ အရာအားလုံးဟာ စတင်ချိန်ကို ပြန်လည် ရောက်ရှိသွားသလိုပါပဲ။
ဒါပေမယ့်လည်း ဒီ အချိန်မှာတော့ စတင်ချိန်ကထက် ပိုပြီးတော့ လေးနက်မှုတွေ ရှိနေခဲ့တယ်။
ရှင်ချင်းစွေ့ နဲ့ တခြားသော ကျောင်းတော်သားတွေဟာ အင်အား မဲ့နေပြီ။ တိုက်ခိုက် ဖို့ အင်အားကျန် နေသေးတဲ့သ ူတွေကတော့ ဖန်ကျန်းရှီ နဲ့ ရန်ရွှယ် နှစ်ယောက် တည်းပဲ ။ နန်ကုန်းမု တောင်မှ ဒဏ်ရာပြင်းထန်နေခဲ့တယ်။
ပင်းယန် ကကော။
သူမဟာ ဖန်ကျန်းရှီ ရဲ့ လျစ်လျူရှုထားခြင်းကို ခံလိုက်ရတယ်။
“ ဒီဓား က အတုဆိုတာ နင်ဘယ်လိုများ သေချာ နိုင်တာလဲ။ ” ပင်းယန်ဟာ ဖန်ကျန်းရှီ ကို ကြည့်လိုက်တယ်။ သူဟာတော့ ဖန်ကျန်းရှီ ဒီလို မေးခွန်းမျိုးကို မေးချင်တာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူဟာ ဖန်ကျန်းရှီကို မေးတဲ့ အချိန်မှာ အနည်းငယ်တော့ စိုးရိမ်နေမိ တယ်။ ဒါပေမယ့်လည်း သူမ တကယ့်ကို သိချင် လှတယ်။
“ မင်း ကြိုးစားကြည့်ချင်လို့လား။” ဖန်ကျန်းရှီက ပင်းယန်ကို ကြည့်လိုက်တယ်။
“ကြိုးစားကြည့်ရမယ်။ ဘယ်လိုလဲ။” ပင်းယန်ဟာ ရုတ်တရက် သတိဝင်လာတော့တယ်။
“ကြိုးစားပြီး ဆွဲထုတ်ကြည့် လေ။” ဖန်ကျန်းရှီက သိပ်ကို ဖြောင့်မတ်မှန်ကန် အေးဆေးတြည်ငိမ်လှတဲ့အသွင်နဲ့ ပြောလိုက်တယ်။
“ ဆွဲ…” ပင်းယန်ဟာ ဘယ်လို လုပ်ရမလဲလို့ မေးတော့မယ့် အချိန်မှာပဲ သူမရဲ့ မျက်လုံးတွေဟာ ဝိုင်းစက် ပြူးကျယ်သွားခဲ့တယ်။
ဒါမှ မဟုတ် ဒီလို ပြောရမလား။ ပင်းယန် တစ်ယောက်တည်း သာမက လူတိုင်းရဲ့ မျက်လုံးတွေပါ ပြူးကျယ်သွားတယ်လို့ ပြောရမှာပဲ ။
ယဉ်ရှန်ရဲ့ အမူအယာ ဟာတော့ ပထမဆုံးအကြိမ် အနေနဲ့ ရှုပ်ထွေးသွားခဲ့တာ ။ ဒီခံစားချက်ဟာ သူ့ နှလုံးသားကို အနက်ရှိုင်းဆုံး နေရာကနေ ရိုက်ခတ်စေတယ်။ ဖြစ်နိုင်ချေ ပေါင်း မြောက်များစွာကို သူတွေးတောခဲ့တယ်။ ဒါပေမယ့်လည်း သူဟာ ဒါကိုတော့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး ။
နန်ကုန်းမုရဲ့ အေးဆေး တည်ငြိမ်မှုဟာလည်း နောက်ဆုံးမှာ ပြိုကွဲသွားပြီ ။
တစ်လျှောက်လုံးမှာ သူဟာ ဖန်ကျန်းရှီကို နားလည်ခဲ့တယ် လို့ သူ့ကိုယ်သူ တွေးထင်ခဲ့တယ်။ ဒါပေမယ့်လည်း အဆုံးမှာတော့ သူ ဟာ ရုတ်တရက် ဘာကိုမှ နားမလည်သူ တစ်ယောက်လို ခံစားလိုက်ရတယ်။ အခုချိန်မှာတော့ သူ့မှာ အတွေးတစ်ခုပဲ ရှိတယ်။
သူဟာ တစ်ချိန်လုံးမှာ အတွေးလွန်နေခဲ့တယ်။
ဖန်ကျန်းရှီ ဒါကို ဘယ်လိုများ လုပ်လိုက်လဲ သူ တကယ့်ကို နားမလည်နိုင်ဘူး။ ဒါပေမယ့်လည်း အကယ်၍ ဖန်ကျန်းရှီသာ ဒါကို တကယ်ပဲ အောင်မြင်ခဲ့ရင် … အောင်မြင်ခြင်း ရလဒ်ဟာလည်း သူနဲ့ အတူ ရှိနေမှာပဲ ။
ဓား …
ဆွဲထုတ်ခံလိုက်ရပြီ…
အသံလေး တစ်ချက်တောင်မှ မမြည်ပဲနဲ့ .
လေထဲမှာ လွင့်မျောရင်း ရွှေရောင် အလင်းတန်း ဖျော့ဖျော့တွေကို ထုတ်လွှတ်နေခဲ့တယ်။
ဒါဟာ လုံးဝကို ထူးခြား ဆန်းပြားလွန်းလှတဲ့ မြင်ကွင်းပဲ ။
ဒါပေမယ့်လည်း တကယ်တမ်း အမှန်တရားဖြစ်နေတာကတော့ လက်ခံဖို့ ခက်ခဲလှတယ်။
“မင်း ငါ့ကို မပြောဘူး ။ မင်း …” ယဉ်ရှန်ဟာ ဖန်ကျန်းရှီ ဒီလို လုပ်နိုင်မယ်လို့ အိမ်မက်တောင် မမက်ဖူး ခဲ့ဘူး ။ ဘာကြောင့်လဲ ဆိုတော့ ဒါက သူ့ရဲ့ အထူးကျော်ကြား တဲ့ စွမ်းရည် အရိပ် ထိန်းချုပ်နိုင်စွမ်း ဖြစ်တာကြောင့်ပါပဲ။
“မင်း မှာ ပြဿနာ တက်နေလို့လား။” ဖန်ကျန်းရှီဟာ ယဉ်ရှန်ကို အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ ကြည့်လိုက်တယ်။
ဒီ စိတ်အာရုံနယ်မြေထဲမှာ တာအို အမျိုးအစား ရာနဲ့ ချီပြီး ချီနေခဲ့တယ်။ လွန်ခဲ့တဲ့ ခုနှစ်တည်းက ကြယ်တာရာ စုဝေးမှု အဆင့်မှာ ရှိနေပြီးတော့ ခုနှစ်လုံးလုံး တာအို ဖြစ်တည်မှု အမျိုးမျိုးကို ကြယ်တွေ အဖြစ် ပြောင်းလဲ စုဆောင်းခဲ့တဲ့ သူ ။ အရိပ်တွေလား။ ကြယ်တာရာစုဝေးမှု အဆင့်တည်းက ကြယ်အဖြစ် ပြောင်းလဲပြီး စုထားတာ ကြာလှပြီ။
ပထမဆုံး အကြိမ် သူဟာ ယဉ်ရှန်ကို လှည့်စားပြီးတော့ မြေပြင်ပေါ်က အရိပ်တွေကို အသုံးချရင်း နဲ့ မြေပြင်ပေါ်က ဓားကို ဆွဲထုတ်ဖို့ ပြင်လိုက်တယ်။
ဒီ လှုပ်ရှားမှုက သိပ်မဆိုး ဘူး လို့ ထင်နေမိပြီ ။
ဒါကြောင့် သူဟာ စတင်ပြီးတော့ ကြိုးစားကြည့်တော့တယ်။ ဒါပေမယ့်လည်း အတွေးနဲ့ လုပ်ဆောင် ချက်ကတော့ ကြိုးစားမှု နဲ့ အမှား အချို့ လိုအပ်တယ်။
ဒါကြောင့် တစ်ချိန်လုံးမှာ အချိန် ဆွဲ နေခဲ့တာ ။ တစ်ချိန်တည်းမှာပဲ အရိပ်တွေကို သုံးပြီးတော့ မြေပြင်ပေါ်က ဓားတွေကို မရပ်မနား ထိန်းချုပ်နေခဲ့တယ်။
ဓားကို သူ့လက်နဲ့ မကိုင် ခင် အချိန် အခိုက် အတန့် အထိ
နောက်ဆုံးမှာတော့ ဒါကို အောင်မြင်နိုင်ပြီ ဆိုတာ သူသေချာနားလည်သွားခဲ့တယ် ။
အဲ့ဒီ့နောက် သူဟာ ဓားကို ချက်ခြင်း ဆွဲ ထုတ်ဖို့ မလိုမှန်း သတိထားမိလိုက်တယ်။
ယဉ်ရှန်ကကော ဓားကို ဆွဲထုတ် မှာလား။
ဒါပေ့ါ။ မထုတ်ပါဘူး။
ဒါကြောင့် ဖန်ကျန်းရှီလည်း အလျင်လိုဖို့ မလိုအပ်ဘူး ။ နောက်ဆုံးမှာတော့ စာဖြေသူ ဆယ်ဉီး ရဲ့ အသက်ကို ယဉ်ရှန် ထိန်းချုပ်ထားချိန် အထိ သူဟာ စောင့်ဆိုင်းနေခဲ့တယ်။ သူ့မှာ အချိန် လုံလုံလောက်လောက် ရှိတယ်။
ဓားဟာ အတုဖြစ်ဖြစ် အစစ် ဖြစ်ဖြစ် ။
ဖန်ကျန်းရှီကတော့ လုံးဝကို မသိပါဘူး။
ယဉ်ရှန့်ကို ဓား ဆွဲ မထုတ်နိုင်အောင် လုပ်ဖို့ပဲ သူလုပ်ဖို့ လိုအပ်တာ ။
ဒါကြောင့် လူတိုင်းကို ထပ်ခါ ထပ်ခါ ပြောခဲ့တယ်။ ဓားက အတုကြီး ။ ဓားက အတုကြီး လို့
နောက်ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင် လှုပ်ရှားမှုတွေကို သုံးပြီးတော့တောင် ယဉ်ရှန်နဲ့ တခြားသော စာဖြေသူတွေကို ပြောပြခဲ့တယ်။
သူ့မှာ ဓားကို ဆွဲထုတ်ဖို့ အတွက် အခွင့်အရေး ရှိတယ်။
ဒါပေမယ့်လည်း သူဟာ ဓားကို ဆွဲမထုတ်ခဲ့ဘူး။ ဒီ အချိန် တစ်လျှောက်လုံးမှာ သူဟာ ဓားကို ဆွဲမထုတ်ခဲ့ဘူး ။
ဓား လက်ကိုင်ကို ကိုင်ထားနိုင်တာ တောင်မှ သူ ဟာ ဓားကို ဆွဲမထုတ်ခဲ့ဘူး။
ဒီ လို နည်းနဲ့ ယဉ်ရှန် လုံးဝကို မမျှော်လင့် ထားတဲ့ အချိန်မှာပဲ ဖန်ကျန်းရှီဟာ ဆွဲထုတ်ခဲ့တာ ။
ပိုပြီးတော့ အရေးကြီးတာဟာတော့ ယဉ်ရှန်ဟာ ဓားကို အစစ်လို့ ထင်ခဲ့ရင် ဓားကို ဆွဲထုတ်ဖို့ အတွက် သူဟာ ကြိုးစားမှာ ။ ဒါပေမယ့်လည်း ဓားကိုသာ အတုလို့ ယုံကြည်ခဲ့ရင်တော့ ဘယ်လို ဖြစ်လာနိုင်မလဲ။
ဒါက ခန့်မှန်းမှု တစ်ခု သာ ဖြစ်ပေမယ့်လည်း
ဒါဟာ အခွင့်အရေး လည်း ။
တစ်ခါ တစ်လေမှာတော့ အတွေးတစ်ခုဟာ အဆုံးမရှိ ကျယ်ပြန့်တဲ့ အခွင့်လမ်းတွေကို ပေးစွမ်း နိုင်တယ်။
ဖန်ကျန်းရှီ ရဲ့ အတွေးကတော့ အရမ်းကို ရိုးရှင်းပါတယ်။ သူ လုပ်ချင်တဲ့ တစ်ခု တည်းသော အရာကတော့ လူတွေ သူဓားဆွဲထုတ်မှာကို မမျှော်လင့်ဖို့ပဲ ။ သူ တို့ ဘယ်လို တွေးလဲ ဆိုတာ နားမလည် ဘူး။ သူမသိသလို သိစရာလဲ မလိုဘူး ။
နောက်ပြီးတော့ အခုချိန်မှာ။
ဒီ ဓားကို လူတိုင်းက အတုလို့ ထင်နေချိန်မှာ သူ ဓားကို ဆွဲထုတ်လိုက်တယ်။
ဓားရဲ့ ဘေးမှာ ယုံကြည်မှု အပြည့်နဲ့ ယဉ်ရှန် ရပ်နေချိန်မှာ သူဟာ အရိပ် တစ်ခုကို ဓား ဆီ ပြစ်လွှတ်လိုက်ပြီးတော့ ချက်ခြင်း ဆွဲထုတ်လိုက်တယ်။
ပင်းယန်မှာတော့ ဒါကို တွေးချိန်တောင် မရခဲ့ပါဘူး။ သူမရဲ့ ပါးစပ်ဟာ အံ့သြမှုကြောင့် အကြီးအကျယ် ပွင့်ဟ သွားတော့တယ်။
နန်ကုန်းမု ဟာလည်း ဒါကို မတွေးထားဘူး ။ ဘာကြောင့်လဲ ဆိုတော့ အရိပ်တွေကို ထိမ်းချုပ်နိုင်သူ မှန်သမျှကို ရှင်းရှှုင်းလင်းလင်း မှတ်မိတာကြောင့်ပဲ ။
ဒါကြောင့် သူ့ရဲ့ မျက်နှာပေါ်က တည်ငြိမ်မှုဟာ ပျောက်ကွယ်သွားပြီးတော့ ထိတ်လန့်ဟန်ကို ပြောင်းလဲသွားတော့တယ်။
ယဉ်ရှန်ဟာ ဒီ အကြောင်း ရာကို ပိုပြီးတော့ တောင် မတွေး ထားမိဘူး ။ နန်ကုန်းမု ပြောသလိုပဲ လူသား မျိုးနွယ်ထဲမှာ ဒီ နည်းလမ်းကို သုံးတဲ့သူတွေဟာ နည်းပါးလွန်းတယ်။ ဖန်ကျန်းရှီ ရဲ့ နာမည်ဟာ လည်း သူ တို့ ထဲမှာ မပါဝင်ဘူး ။
တခြား တစ်ဖက်က ရန်ရွှယ်ဟာတော့ ဒါကို တွေးထား ခဲ့တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီ ဒါကို အောင်မြင် နိုင်မယ် လို့တော့ သူ မသေချာ ဘူး ။
ဒါပေမယ့်လည်း ဒါက ဖြစ်လာခဲ့တယ်။
ဖန်ကျန်းရှီ ဒါကို အောင်မြင်သည် ဖြစ်စေ ။ မအောင်မြင်သည် ဖြစ်စေ ဓားကို ဆွဲထုတ်ဖို့ အတွက် သူ့မှာ နည်းလမ်း ရှိနေမှာ အမှန်ပဲ လို့ ယုံကြည်နေတာ ။ ဒါက ရန်ရွှယ် ရဲ့ စိတ်နှလုံးထဲမှာ တစ်ချိန် လုံးတွေးနေခဲ့တာပဲ ။
ဒီ အခြေအနေမှာ…..
ဒီအချိန်မှာတော့ တည်ငြိမ်တဲ့ အခြေအနေ ကို ပြန်လည် ရောက်ရှိလာတော့တယ်။
ဓားဟာ လေထဲမှာ လွင့်မျော နေပြီးတော့ ရွှေရောင်အလင်းတန်းတွေ တောက်ပနေတော့တယ်။ လူတိုင်း ရဲ့ အကြည့်ဟာတော့ ဓားပေါ်မှာ ရောက်ရှိနေတော့တယ်။ ဖန်ကျန်းရှီ မြေပြင်ပေါ်ကနေ ဆွဲထုတ်လိုက်တဲ့ ဓား ။
ဖန်ကျန်းရှီ ရဲ့ နှုတ်ခမ်းပေါ်မှာတော့ အပြုံး တစ်ခု ဖြစ်ပေါ်နေတော့တယ်။
“ ဓားကို ဆွဲထုတ်လိုက်တယ်။ ဘယ်လိုတောင် လွယ်လိုက်တာလား။”
အပိုင်း (၂၁၁) ပြီး၏။
အပိုင်း (၂၁၂)
“ နဂါး တပ်ဖွဲ့”
…
ယန်မြို့တော် အတွင်းမှာတော့ မိုးသက်မုန်တိုင်း ဟာ ဆက်လက် ကျရောက်နေခဲ့တယ်။
မင်းသားကိုး လင်းယွမ်ကတော့ စိတ်လှုပ်ရှား စိတ်ပူမှုတွေ ကြားမှာ ဗျာများနေခဲ့တယ်။ မိုးသီးမိုးပေါက်တွေက သူ့ရဲ့ ကိုယ်ပေါ်ကို အရှိန်ပြင်းပြင်းနဲ့ ကျရောက်နေပင်မယ့်လည်း သူဟာ လုံးဝကို ငြိမ်သက်စွာ ရပ်နေခဲ့တယ်။
သူ့ရဲ့ ရှေ့မှာတော့ တော်ဝင် ကျောင်းတော် ရှိ နေခဲ့တယ်။ ပန် မိန်းမစိုးဟာ တော်ဝင်ကျောင်းတော် ရဲ့ တခြား တစ်ဖက်မှာ ရပ်နေပြီးတော့ အထဲမှာ ဧကရာဇ် လင်းမုပိုင် ရှိမရှိ အတည်ပြုနေခဲ့တယ်။
ဒါဟာ လုံးဝကို အရေးကြီးလှတဲ့ ကိစ္စရပ် ။ ဘာကြောင့်လဲ ဆိုတော့ သုခမိန် လောကရဲ့ အတွင်းမှာ ဘာတွေ ဖြစ်နေလဲ မသိနိုင်ဘူး ။ တော်ဝင် ကျောင်းတော် နဲ့ ဆက်သွယ်မှု ပြတ်တောက်သွားတာဟာ ကြီးမြတ်သော ရှမင်းဆက်ရဲ့ လုံခြုံမှု အတွက် ပြစ်မှု တစ်ခု ။
အရေးကြီးဆုံးကတော့ ပင်းယန် မင်းသမီးဟာ အထဲမှာ ပိတ်မိနေတယ်။
ပင်းယန် မင်းသမီးလည်း အထဲမှာ ပိတ်မိနေတယ် ။
ဧကရာဇ် ရဲ့ အချစ်မြတ်နိုးဆုံးသော သမီးတော် ဖြစ်တဲ့ ပင်းယန် မင်းသမီးက အနည်းငယ် မျှသော ကံမကောင်းခြင်းကိုတောင် ခံစားလို့ ဖြစ်တဲ့သူ မဟုတ်ဘူး။
ကြီးမြတ်သော ရှ မင်းဆက်မှာ ပင်းယန် မင်းသမီးရဲ့ အရေးပါမှု ဟာ အိမ်ရှေ့စံ မင်းသားတောင်မှ မယှဉ်နိုင်တဲ့ အရာ ။ ဘာကြောင့် လဲ ဆိုတော့ ပင်းယန် မင်းသမီးဟာ ကာကွယ်မှုကို ကိုယ်စားပြုတယ်။ ကြီးမြတ်သော ရှမင်းဆက် တစ်ခုလုံးကို ကာကွယ်မှု။
အကယ်၍ တခြားသော အချိန်မှာ ဆိုရင်တော့ ဒေါသထွက်နေတဲ နဂါးတစ်ကောင် နဲ့ ရင်ဆိုင် ရမယ် ဆိုရင်တောင် မင်းသားကိုး လင်းယွမ်ဟာ တော်ဝင် ကျောင်းတော် ထဲကို တွေဝေမှု အလျဉ်းမရှိပဲ ပြေးဝင်သွားမိမှာ ။
ဒါပေမယ့်လည်း အခုချိန်မှာတော့ သူဟာ ရပ်တန့်နေခဲ့တယ်။
ဘာကြောင့်လဲ ဆိုတော့ မိန်းမစိုး ပန်ရဲ့ ဘေးမှာ တောက်ပတဲ့ သံချပ်ကာ ဝတ်ရုံကို ဝတ်ထားတဲ့ စစ်သည်တပ်ဖွဲ့ကြီးဟာ တော်ဝင်ကျောင်းတော်ရဲ့ အပြင်မှာ ရပ်တန့်နေကြတာ ကြောင့်ပဲ ။ မိုးတွေ ဘယ်လောက်ပဲ ရွာနေပါစေ စစ်သည်တော်တွေရဲ့ ဝတ်ရုံဟာတော့ သန့်ရှင်းနေခဲ့တယ်။
သူတို့ရဲ့ မုန်တိုင်းဟာတော့ အပြင်လောကကို ကိုယ်စားပြုတယ်။ နောက်ပြီးတော့ လုံးဝကို မတူညီ တဲ့ အကြောင်းရာတွေကို လည်း ဖြစ်စေနိုင်တယ်။ ဒီ လိုမျိုး မြင်ကွင်းဟာ စစ်သည်တော် တစ်ဦးချင်းစီ ရဲ့ ကောင်းကင်ရောင်ပြန် အလယ်လတ်တန်း အဆင့် ထက်မြင့်တဲ့ စွမ်းအားကို ဖော်ပြခဲ့တယ်။
ကောင်းကင်ရောင်ပြန် နှင့် အထက် အဆင့်တွေ နဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်တစ်ခု ။
ကြီးမြတ်သော ရှ မင်းဆက်မှာ တစ်ခု တည်းသာ ရှိတယ်။
ဒါကတော့ နဂါး စစ်သည် တပ်ဖွဲ့ပဲ ။
စစ်သည် တစ်ဦးချင်းစီ ရဲ့ ရင်ဘတ်မှာ ရှိနေတဲ့ ရွှေရောင် နဂါး ရုပ်ပုံလွှာဟာ သူတို့ရဲ့ အဆင့်အတန်း မြင့်မားမှုကို ဖောြ်ပနေတယ်။ သူတို့ဟာ မင်းသား မင်းသမီးတွေကို နှုတ်ခွန်းဆက်စရာမလိုသလို တော်ဝင်မြို့တော် ကိုလည်း တံခါး မရှိ ဓားမရှိ ဝင်ထွက်နိုငတယ်။ ဒါဟာ နဂါးစစ်သည်တော် တွေ ရဲ့ အထူးအခွင့်အရေး။
နဂါးစစ်သည်တော် တစ်ဦးချင်းစီ တိုင်းရဲ့ နောက်ခံ အင်အားတွေဟာ ကြီးမားလှတယ်။ သူတို့ဟာ ကျောင်းတော် ဆယ့်သုံးခုနဲ့ မြင့်မြတ် ဂုဏ်ခံ မိသားစုကြီးတွေကနေ တိုက်ရိုက် ဆင်းသက်လာသူတွေ ။ ဒါပေမယ့်လည်း သူ တို့အပေါ် အမိန့် အာဏာ သက်ရောက်သူဟာတော့ လက်ရှိ ဧကရာဇ် တစ်ဦးတည်းသာ ။
သူတို့ဟာ ဧကရာဇ်ကို ကိုယ်စာ ပြုတယ်။ တစ်ချိန်တည်းမှာပဲ ဧကရာဇ် နဲ့ ကျောင်းတော် ဆယ့်သုံးခု အပါအဝင် မြင့်မြတ်ဂုဏ်ခံ မိသားစု တွေ ဆက်သွယ်မှုကိုပါ ကိုယ်စားပြုတယ်။
နဂါး တပ်ဖွဲ့ ရုတ်တရက် ပေါ်လာတာဟာ လုံးဝကို သာမာန် အကြောင်း ရင်း မဟုတ်ဘူး ။
ဒါပေမယ့်လည်း ဒါဇင်ပေါင်းများစွာသော နဂါးစစ်သည်တော်တွေ မြို့တော်ကို ဝင်ရောက် လာတာ ဟာ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်။ ကိစ္စကြီးတော့ ဖြစ်ပြီ။ ကြီးမြတ်သော ရှ မင်းဆက်မှာ ကိစ္စကြီး တစ်ခု ဖြစ်နေပြီ။
မင်းသားကိုး လင်းယွမ်ဟာ ရပ်တန့်နေခဲ့တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ တွေဝေမှုဟာတော့ သိပ်ြ့ပီးတော့ မကြာ ခဲ့ပါဘူး။
သူဟာ ကျောင်းတော် တံခါး နားကို ရောက်ရှိသွားတော့တယ်။
တံခါးနားမှာ စောင့်ကြပ်နေတဲ့ မိန်းမစိုး ပန်ကတော့ စကား တစ်ခွန်းမှ မပြောပါဘူး။ နဂါးစစ်သည်တော်တွေကတော့ မင်းသားကိုးကို ကြည့်ရုံသာ ကြည့်နေခဲ့တယ်။
နဂါး စစ်သည်တော် အုပ်စုထဲက တစ်ယောက်ဟာ မင်းသားကိုးရှေ့ကို လျှောက်လာခဲ့တယ်။
သူ့ရဲ့ အမူအယာကတော့ ရေခဲတုံး တစ်တုံးလိုပါပဲ။
သူ့ရဲ့ လက်ထဲမှာ ဓားအိမ်မပါတဲ့ ဓား လွတ်တစ်ချောင်းကို ကိုင်ထားခဲ့တယ်။ ဓားဟာ အရောင် တင်ထားသလို ငွေရောင် တလက်လက် တောက်ပ နေခဲ့တယ်။
“မင်းသား ကိုးမှာ အရေးကြီး ကိစ္စ ရှိတဲ့ပုံပဲ။” စကားပြောလိုက်တာကတော့ ဓားကိုင်ထားသူ မဟုတ်ပါဘူး။ မိန်းမစိုး ဝေရဲ့ ဘေးမှာ ရပ်နေသူ ။ အသက်သုံးဆယ်ကျော်ရှိပြီ ဖြစ်ပြီးတော့ ရေခဲတုံးလို အေးစက်တဲ့ အမူအယာ နဲ့သူ တစ်ယောက်ပါပဲ။
“မှန်တယ်။ ” မင်းသားကိုးဟာ စိတ်ဆုံးဖြတ်ထားဟန်ပါပဲ။
“ ဘယ်လောက်တောင် အရေးကြီးလဲ။”
“အရမ်းကို အရေးကြီးတယ်။”
“ ဘာနဲ့ ဆက်စပ်နေလဲ.။”
“တော်ဝင်စာမေးပွဲ။”
“အခုချိန်မှာ တော်ဝင်စာမေးပွဲ က ကြီးမြတ်သော ရှ မင်းဆက် အတော်လေး အရေးကြီးတယ်။ ဒါပေမယ့်လည်း မင်းသားကိုး ခနတော့ စောင့်နိုင်မယ်လို့ ထင်ပါတယ်။ “
“အကယ်၍ ပင်းယန် ရဲ့ လုံခြုံမှု နဲ့ ဆိုင်တာပါ ထပ်ပေါင်းပြောရင်ကော။”
“မင်းသားကိုး ။ ဝင်နိုင်ပါပြီ၊”
နဂါး စစ်သည်တော် တပ်ဖွဲ့ ဟာ မင်းသားကိုး လင်းယွမ်ကို လမ်းဖယ်ပေးလိုက်ရတယ်။
နောက်ထပ် အပိုစကား တစ်ခွန်းတောင် မဆိုတော့ပဲနဲ့သူဟာ သူရပ်နေတဲ့ နေရာကို ပြန်ရောက်သွားပြီးတော့ ဘယ်တုန်းကမှ မလှုပ်ရှားခဲ့သလို ရှိနေခဲ့တယ်။
မိန်းမစိုးပန် ရဲ့ အမူအယာကတော့ အံ့သြထိတ်လန့်ၤမှု အချို့ရှိနေခဲ့တယ်။ ဒါပေမယ့်လည်းသူဟာ တော်ဝင်ကျောင်းတော် တံခါးကို ခပ်မြန်မြန်ပဲ တွန်းဖွင့်ပေးလိုက်တယ်။
မင်းသားကိုးဟာ အထဲကို ဝင်သွားခဲ့တယ်။ တောဝင်ကျောင်းတော် ကြီးရဲ့ တံခါးကို ဖြတ်သန်း ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ ကိုယ်ဟာ လေထဲမှာ လွင့်မျော နေသလို ခံစားလိုက်ရတယ် အဲ့ဒီ့နောက်မှာတော့ တံခါးကို ဖြတ်းသန်း ပြီးတဲ့ နောက်မှာ သူ့ကိုယ်ပေါ်က စိုစွတ်မှုတွေဟာ လေထုထဲကို လွင့်စင်သွားပြီးတော့ မိုးသက်မုန်တိုင်းထဲကို ပြန်လည်ရောက်ရှိသွားတော့တယ်။
…
တော်ဝင်ကျောင်းတော်ထဲမှာတော့ အနံ့တစ်ခုဟာ ပျံ့လွင့်နေခဲ့တယ်။ သွေး နံ့လွှမ်းတဲ့ ရနံ့ ။
နဂါး စစ်သည်တော် နှစ်ဦးဟာ ဘယ်ညာ နှစ်ဖက်မှာ ရပ်တန့်နေပြီးတော့ သွေးလွှမ်းနေတဲ့ အလံတစ်ခုဟာ အလယ်မှာ ရှိနေခဲ့တယ်။ အလံဟာတော့ သွေးစွန်းနေခဲ့တယ်။
လူ တစ်ယောက်ဟာတော့ အလံ အောက်မှာ ရှိနေတယ်။
ဒါဟာ နဂါး စစ်သည်တော် အမှတ်အသား တစ်ခု ။ ဒီလို အမှတ်အသားပေါ်လာတာဟာ အကြောင်း ရင်း တစ်ခုပဲ ရှိတယ်။ နဂါး စစ်သည်တော် တစ်ဦးသေဆုံးပြီ။
နောက်ပြီးတော့ ဒီသူကို တော်ဝင်ကျောင်းတော် ထဲ ခေါ်လာတယ်။
ဒါဆိုရင်
သေတဲ့သူဟာ မရိုးရှင်းနိုင်ဘူး။
နဂါး စစ်သည်တော် တပ်ဖွဲ့မှာ လူပေါင်း ငါးရာနဲ့ ဖွဲ့စည်းထားပြီးတော့ ကြီးမြတ်သော ရှမင်းဆက် စတင်ဖြစ်ပေါ်ချိန်တည်းက တည်ရှိခဲ့တာ ။ အယောက် ငါးဆယ်ကို အဖွဲ့တစ်ခု အဖြစ် ဖွဲ့စည်းတယ်။ လူတိုင်းဟာတော့ နဂါး သံတမန် ဖြစ်လို ကြတယ်။
“နဂါး သံတမန် တစ်ဦး သေဆုံးပြီလား။” မင်းသားကိုးဟာ နောက်ဆုံးမှာတော့ စောင့်ဆိုင်းခိုင်းရတဲ့ အကြောင်းရင်းကို နားလည်သွားပြီ ။
ဘာကြောင့်လဲ ဆိုတော့ နဂါး သံတမန်ဟာ ဆယ်နှစ်တခါ နေရာလဲတာကြောင့်ပဲ ။
ဘာတွေ ဖြစ်တာလဲ။
မင်းသားကိုးဟာတော့ မမေးပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒါက သူမေးသင့်တဲ့ အရာ မဟုတ်ဘူး ။ အခု ချိန်မှာတော့ သူဟာ ဧကရာဇ် လင်းမုပိုင်မေးမှာကိုပဲ ဖြေရမှာ ြဖ်စတယ်။
“ဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်။”
“ပြော” ဧကရာဇ် ရဲ့ အသံဟာ ပေါ်ထွက်လာတော့တယ်။ ဒါပေမယ့်လည်း သူဟာ မင်းသားကိုးကို အာရုံစိုက်ဟန် မတူပါဘူး။
“သတင်းပို့ပါတယ်။ သုခမိန် လောကကြီး ထိန်းချုပ်မှုမဲ့သွားပါပြီ။ တိုက်ခိုက်ရေးစာမေးပွဲက လူ အားလုံး ပိတ်မိနေကြတယ်။ ကျွန်တော်မျိုးရဲ့ အသုံးမကျမှုကို ချမ်းသာ ပေးပါ.”
“နောက်ကွယ်က အကြောင်းရင်းကို မင်းသိလား။”
“ဧကရာဇ်ကို လျှောက်တင်ပါတယ်။ နိဂုံး အကြောင်းရာကို မသိပေမယ့် ။ ဒီ ကိစ္စဟာ မုန့်ထျန်းဓား ကြောင့် ဖြစ်ရတယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။”
“ထင်တယ် ဟုတ်လား။ တော်ဝင်ကျောင်းတော် ရဲ့ လက်ထောက် စာစစ်သူဖြစ်ပြီးတော့တောင် မရှိတဲ့ ဓား တစ်လက်တောင် လို့ ထင်ရဲသေးတယ်။ ပင်းယန် တိုက်ခိုက်ရေးစာမေးပွဲမှာ ပါဝင်တာ မင်းမသိဘူးလား။”
“ ကျွန်တော်မျိုးသိပါတယ်။ ”
“သူမရဲ့ အရည်အချင်း နဲ့ ဆိုရင် ချီလင်လှံကို သုံးပြီးတော့ အားကုန် တာနဲ့တင် ။ တတိယ အချီကို ဝင်နိုင်မှာ မဟုတ်ဘူး ။ မှန်လား။”
“ ပင်းယန်က ချီလင်လှံကို မသုံးခဲ့ပါဘူး။ သူမက ဖန်ကျန်းရှီ ရဲ့ နောက်ကို လိုက်ပြီးတော့ တံတားကျိုးနဲ့ အမြွှာကျောက်တုံးကို ဖြတ်ရင်း တတိယ အချီကို ရောက်သွားတာပါ။”
“တံတားကျိုး။ အမြွှာကျောက်တုံး ။ မင်းပြောတာက ဖန်ကျန်းရှီ ဒါတွေကို ဖြေရှုှင်းလိုက်တယ်။ ”
“ သူ က ကျောက်တုံးအိမ်ကိုတောင် ဖြေရှင်းလိုက်ပါတယ်။ ”
“ ဒါကြောင့် ပင်းယန်က သုခမိန်လောကထဲမှာ ပိတ်မိသွားတာပေါ့။”
“မှန်ပါတယ်။ ”
“မင်း ဒီမှာ ဘာ်လို့ ဒူးထောက်နေတာလဲ။ တော်ဝင် ကျောင်းတော်ကို သွားမယ်။ ” ဧကရာဇ် လင်းမုပိုင်ဟာ ချက်ခြင်း ထလိုက်ပြီးတော့ အပြင်ကို ထွက်သွားတော့်တယ်။ မင်းသားကိုးဟာတော့ လျစ်လျူပြုခြင်းကို ခံလိုက်ရတယ်။
နဂါးစစ်သည်တော်တွေဟာတော့ ဒီဖြစ်ရပ်ကြောင့် မျက်စိလည်နေပင်မယ့်လည်း သူတို့ဟာ စကား တစ်ခွန်းကိုမှ မပြောကြပါဘူး။ အဲ့ဒီ့အစား ကျောက်ရုပ်ကြီး နှစ်ခုလိုသာ ရပ်နေခဲ့ကြတယ်။
မင်းသားကိုး လင်းယွမ်ကတော့ အလံ နဲ့ လွှမ်းထားတဲ့ အလောင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် စကား တစ်ခွန်းမှ မပြောဘဲ ထွက်သွားတော့တယ်။ သူဟာ တစ်စုံ တစ်ခုကိုတွေးတော နေဟန်ပါပဲ။
…
သုခမိန်လောကထဲမှာတော့ ။
မာဆတ်ဆတ်အသံဟာ ကောင်းကင်ကနေ ထွက်ပေါ်လာတော့တယ်။ ရွှေရောင် အလင်းတန်းတွေဟာ ယဉ်ရှန် ရဲ့ဘေးကနေ မြင့်တက်လာပြီးတော့ ဖန်ကျန်းရှီ ရဲ့ လက်ထဲမှာ အဆုံးသတ်သွားခဲ့တယ်။
ဖန်ကျန်းရှီ ရဲ့ ဝတ်ရုံဟာ လေထဲ မှာ တလူလူ လွင့်နေခဲ့တယ်။
သူ့ရဲ့ ညာလက်မှာတော့ လှံကို ကိုင်ထားပြီးတော့ ဘယ်လက်မှာတော့ ဓားကို ကိုင်ထားခဲ့တယ်။ နှုတ်ခမ်းပေါ်မှာတောင် ခပ်ထေ့ထေ့ အပြုံး တစ်ခု ရှိနေခဲ့တယ်။ ဖန်ကျန်းရှီကတော့ ကြည့်ရတာ တစ်မျိုး တစ်ဖုံ ရယ်စရာ ကောင်းနေခဲ့တယ်။ ဒါပေမယ့်လည်း ဒီလို အချိန် အခိုက် အတန့်မှာတော့ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ဟာသ မလုပ်နိုင်ပါဘူး။
ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီ ကိုင်ထားတာဟာ သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ ဓား ဖြစ်နေတာ ကြောင့်ပါပဲ။
သူရဲ့ ဘဝတစ်သက်တာမှာ လူပေါင်းများစွာကို ချီးမွမ်းခဲ့ဖူးတယ်။ ဒါပေမယ့်လည်း ချီးမွမ်းမှုနဲ့ အလားတူ မရေမတွက်နိုင်တဲ့ ကျရှုံးမှုတွေကိုလည်း ယူဆောင် ပေးခဲ့သေးတယ်။
ဒါပေမယ့်လည်း အခုချိန်မှာတော့ ။
သူ့ရဲ့ အရည်ချင်းတွေဟာ မြင့်မားတဲ့ ပြိုင်ဘက် တစ်ယောက်ကို ရင်ဆိုင်နေရသလိုပါပဲ။
သူ့ရဲ့ ဒေါသဟာ စိတ်ထဲမှာ မြင့်တက်လာတော့တယ်။ တစ်လျှောက်လုံး ကစားခံခဲ့ရပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ဒေါသကို ထပ်ပြီး မထိန်းချုပ်နိုင်တော့ပါဘူး။
ပိုပြီးတော့ အရေးကြီးတာကတော့ သူ့ကို အရူးတစ်ယာက်လို လှည့်စားသူ ဟာ သူ့ထက် အင်အားနည်းတဲ့သူ ဖြစ်နေတာကြောင့်ပဲ ။
ဒီလို ခံစားချက်က ဘ၀ အတွေ့အကြုံ လောကဓံ အဖုံဖုံကို ကြုံတွေ့လာခဲ့ရတဲ့ အတွေ့အကြုံရင့်ကျက်သူ တစ်ယောက်ကို သုံးနှစ်သား ကလေးက အရူးလုပ်တာ ခံလိုက်ရသလိုပါပဲ။ အရှက် ။ ဒေါသ ။ မှောင်မိုက်မှု။
ယဉ်ရှန်ဟာ စကား တစ်ခွန်းတောင် မပြောတော့ပဲနဲ့ အံကိုတင်းတင်းကြိတ်ထားတော့တယ်။
အဲ့ဒီ့နောက် သူဟာ သူ့ရဲ့ နဖူးပေါ်က အရည်ပြားကို ဆွဲဖြဲလိုက်တယ်။
တစ်လက်လက် တောက်ပနေတဲ့ ပုလဲ စိမ်း တစ်လုံးဟာ သူ့ရဲ့ နဖူးပေါ်မှာ ပေါ်လာခဲ့တယ်။ ပင်လယ်စိမ်းရောင် အလင်းတန်းဟာ ငရဲမီးသဖွယ်ပါပဲ။
နတ်ဆိုးမျက်လုံး ဟာ နတ်ဆိုးရဲ့ စွမ်းအင် အရင်းမြစ်ပါပဲ။
“အစိမ်းရောင်လား။” ဖန်ကျန်းရှီ ဟာ စိတ်ရှုပ်သွားတယ်။
အရင် ဒေသတွင်း တာအို စာမေးပွဲမှာ တွေ့ခဲ့တဲ့ နတ်ဆိုးက အပြာရောင် နတ်ဆိုး မျက်လုံးနဲ့ပါ။ ဒါပေမယ့်လည်း အခု ယဉ်ရှန် ရဲ့ နဖူးမှာက အစိမ်းရောင် ဖြစ်နေတယ်။
“ ပင်လယ်စိမ်းရောင် နတ်ဆိုးမျက်လုံးက ယဉ်ရှန် သဘာဝလွန် အလယ်လတ် အဆင့်ကို ရောက်နေပြီလို့ ဆိုလိုတယ်။ ” ရန်ရွှယ်ကပြောလိုက်တယ်။
“ ကြည့်ရတာ အရောင် က သူတို့ရဲ့ အစွမ်း နဲ့ ဆိုင်တဲ့ပုံပဲ။” ဖန်ကျန်းရှီ က ရန်ရွှယ်ရဲ့ စကားကို မူတည်ြ့ပီးတော့ ခန့်မှန်းပြောလိုက်တယ်။
အရင် တစ်ခေါက်တွေ့ခဲ့တဲ့ နတ်ဆိုးက ကြယ်တာရာစုဝေးမှု အဆင့်မှာ ရှိနေတာ ။
ဒါဆို ကြယ်တာရာ စုဝေးမှု အဆင့်က အပြာ။ သဘာဝလွန် အဆင့်က အစိမ်းဆိုရင် ကောင်းကင်ရောင်ပြန် အဆင့်က ဆိုရင်ကော လယ်လို ဖြစ်မလဲ။
ဖန်ကျန်းရှီက စကားပြောဖို့ ပြင်လိုက်ချိန်မှာပဲ မြင်လိုက်ရတဲ့ မြင်ကွင်း တစ်ခုကြောင့် သူ့စကားဟာ ပြောင်းလဲသွားခဲ့တယ်။
“ အကယ်၍ နတ်ဆိုးမျက်လုံးက အနက်ရောင် ပြောင်းသွားရင် ဘာ အဓိပ္မာယ် ဖြစ်မလဲ။”
“ အနက်ရောင်လား။ မဖြစ်ဘူး။” ယန်ရွှယ် က ဖန်ကျန်းးရှီ ရဲ့ မေးခွန်းကို ပြန်မဖြေတော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ အမူအယာဟာ ပြောင်းလဲ သွားတာကြောင့်ပဲ ။ အရင်တုန်းက သူဟာ တစ်ခါမှ ဒီလောက်ထိ မထိတ်လန့်ခဲ့ပါဘူး။
နန်ကုန်းမုရဲ့ အမူအယာဟာလည်း အထိတ်တလန့်ဟန် အထင်းသားပေါ်နေခဲ့တယ်။ သူဟာ ကျောက်စိမ်း နီလာ ဓားမောင်နှံကို ကျစ်ကျစ် ပါအောင် ကိုင်ရင်း ဖန်ကျန်းရှီ ဆီကို နှစ်လှမ်း တိုးလာခဲ့တယ်။
ဒါဟာ ထင်ရှားလွန်းလှတဲ့ လှုပ်ရှားမှု ။ဒါပေမယ့်လည်း ဒီလို လှုပ်ရှားမှုရဲ့ နောက်ကွယ်က အဓိပ္မာယ်ဟာ နန်ကုန်းမုရဲ့ စိတ်ထဲက အကြောက်တရားကို ကိုယ်စားပြုတယ်။
ယဉ်ရှန်ရဲ့ မူလရုပ်သွင် ပေါ်လာချိန်တည်းက
နန်ကုန်းမုဟာ ကြောက်လန့်မှု အရိပ်ယောင် တစ်ခုလေးတောင် မပြပဲနဲ့ သံကြိုးတွေကို ကုန်တဲ့ထိ ဖြတ်ခဲ့တယ်။
ဒါပေမယ့်လည်း အခုချိန်မှာတော့ ။
သူဟာ နှစ်လှမ်း တိတိ လှမ်း လိုက်တယ်။
တခြားသော ကျောင်းတော်သားတွေဟာတော့ ထိတ်လန့်မှု ပြင်းထန်လာောတ့တယ်။
သူတို့ တစ်ဦး ချင်းစီဟာ သေခြင်းတရားနဲ့ နီးကပ်လာသလို ထင်မိလာတော့တယ်။ လုံးဝကို ကြောက်လန့်နေကြပြီ။
“မြန်မြန်ပြေး”
“ဓားကို ဆွဲထုတ်ပြီးတာတောင် ဒီ လောကထဲကနေ ဘာ်လို့ မထွက်နိုင်သေးတာလဲ။”
“ ငါမသေချင်သေးဘူး။”
စာဖြေသူတွေဟာ စတင်အော်ဟစ်ကြတော့တယ် ။ သူတို့်ရဲ့ အသံတွေဟာတော့ ကြောက်ရွံ့မှုနဲ့ ပြည့်နေခဲ့တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီ ဓားကို ဆွဲထုတ်ချိန်တည်းက အခုထိ နောက်ထပ်လှုပ်ရှားမှု တစ်ခုမှ မလုပ်သေးဘူး ။
ဒီ ဓားက
အစစ်လား။ အတုလား။
ဒီမေးခွန်းကို နောက်ထပ် ဘယ်သူမှ မမေးတော့ပါဘူး။
ဒီမှာတော့ နောက်ထပ် ဆယ့်ငါးမိနစ် အတွင်း ဘယ်လို တောင့်ခံ နိုင်အုန်းမလဲ လို့ တွေးဖို့ပဲ ရှိတယ်။
ဒီအချိန်မှာတော့ ယဉ်ရှန်ရဲ့ မျက်နှာဟာ အလွန်အမင်းကို ကြောက်မက်ဖွယ်ကောင်းလွန်းလှတယ် ။ သူ့ နဖူးက ပင်လယ် စိမ်းရောင် ပုလဲ ဟာတော့ အသားထဲကို တဖြည်းဖြည်း နစ်ဝင်သွားပြီးတော့ အနက်ရောင် ပြောင်းသွားခဲ့တယ်။ အဲ့ဒီ့နောက် အနက်ရောင် အပေါက်တစ်ခု ဖြစ်ပေါ်လာတော့တယ်။
ဒါဟာလုံးဝကို ထူးဆန်းလှတဲ့ မြင်ကွင်း။ အနည်းဆုံးတော့ ဖန်ကျန်းရှီက နားမလည်ခဲ့ဘူး။ ယဉ်ရှန်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။
“ငါ တို့ အခု ပြေးသင့်ပြီလား။” ပင်းယန်ရဲ့ ဖန်သလင်းလို မျက်ဝန်းတွေဟာ ယဉ်ရှန်ကို စိုက်ကြည့်နေခဲ့တယ်။ သူမရဲ့ ဂုဏ်ရည်နဲ့ မောက်မာမှု သာ မရှိရင် ဒီ အခြေအနေမှာသူမဟာ တွေဝေနေပြီး ဆုံးဖြတ်ချက် မရေမရာ ဖြစ်နေတာ အသေအချာပါပဲ။
သူမဟာ ဖန်ကျန်းရှီ ရဲ့ လက်မောင်းကို တင်းတင်းကြပ်ကြပ် ကိုင် ထားတော့တယ်။
ဒါဟာ မသိစိတ်က လှုပ်ရှားမှု တစ်ခု ။ ပင်းယန်ဟာ သူမကိုယ်တိုင်တောင် ဘာကြောင့် ဒီလို လုပ်မိမှန်း မသိလိုက်ဘူး ။
“ ဘယ်ကို ပြေးရမှာလဲ။” ဖန်ကျန်းရှီက မေးလိုက်တယ်။
ဓားပင်လယ်ကို ကန့်သတ်ထားတဲ့ ပတ်လည် အနားကို သူကောင်းကောင်းမြင်နိုင်တယ်။ ဒီမှာ ပြေးစရာ နေရာမရှိဘူး။
“ ငါ မင်းကို နောက်ဆုံး တစ်ကြိမ် မေးမယ်။ မင်းလက်ထဲက ဓားက အတုလား အစစ်လား။” ပင်းယန်ဟာ ဖန်ကျန်းရှီ လက်ထဲက ဓားကို ကြည့်ရင်း နဲ့ ပြောနေ ခဲ့တယ်။
“ ငါမသိဘူး။ ဒီလို ဟာမျိုးကို အရင်က မစမ်းသပ် ခဲ့ဖူးဘူး။ ” ဖန်ကျန်းရှီက သိပ်ကို အပြစ်ကင်းစင်စွာ နဲ့ ပြောလိုက်တယ်။ သူဟာ တကယ့်ကို မသိတာပဲ ။
“ နောက်ထပ် ထပ်ပြီးတော့ မကြိုးစား တာ အကောင်း ဆုံးလို့ ငါထင်တယ်။ ” ပင်းယန်က ထပ်မပြောတော့ပဲနဲ့ ရပ်တန့်လိုက်တော့တယ်။
“ ဘာကြောင့်လဲ။” ဖန်ကျန်းရှီဟာ သူ့စကားကိုတောင် ဆုံးအောင် မပြောနိုင် ခင်မှာပဲ သူ့ပါးစပ်ကို ပိတ်လိုက်ရတယ် ။ ဘာကြောင့်လဲ ဆိုတော့ ယဉ်ရှန်ဟာ သူ့ဆီကို တဟုန်ထိုး ဝင်လာတာ ကြောင့်ပါပဲ။
တကယ်တမ်းမှာတော့ ဖန်ကျန်းရှီဟာ ယဉ်ရှန် ရဲ့ လှုပ်ရှားမှုကို မမြင်နိုင်တာ မဟုတ်ပါဘူး။
ဒါပေမယ့်လည်း ယဉ်ရှန်ဟာ ပျောက်ကွယ်သွားတာ ။
ဥပမာအနေနဲ့ သူဟာ ခြေရာလက်ရာ တစ်ခုလေး တောင် မကျန်ပဲနဲ့ ပျောက်ကွယ်သွားတာ ။ သူ့ရဲ့ အရိပ်မဲ့ဟာ အမှောင်ထု မုန်တိုင်းထဲမှာ ပျောက်ကွယ် နေပြီ ။ ဒါဟာ ပြင်းထန်လှတဲ့ အရှိန်ပဲ ။
အရမ်းကို ပြင်းထန် လှတဲ့ အရှိန်။
မျက်တောင် တစ်ခတ်စာ အချိန် အတွင်းမှာတင် ဖန်ကျန်းရှီဟာ သူ့ရဲ့ ခေါင်း ဦးရည်ပြားပေါ်က ထုံလာမှုကို ခံစားရတယ်။
သူ့ရဲ့ မျက်နှာ တစ်ခုလုံး ဓားနဲ့ မွှန်းခံရတော့မလိုပါပဲ။
ဒါဟာ ပြင်းထန်လှတဲ့ အရှိန်ရဲ့ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ လေထု အင်အား ။
ရုတ်တရက် တိုက်ခိုက်မှုလား။
မဖြစ်နိုင်ဘူး။ ဒါက ခေါင်းကို တိုက်ခိုက်မှုပဲ။
ဖန်ကျန်းရှီက တာအို ခန်းမကို လည်း မဝင်ခဲ့ဘူး ။ သူ့ရဲ့ အရင် ဘဝမှာလည်း ဒီလို နည်းလမ်းတွေကို တစ်ခါမှ မလေ့ကျင့်ခဲ့။ ဒါပေမယ့်လည်း သူဟာ နည်းလမ်း တစ်ခုကိုပဲ သိတာ ။ ဒီနည်းလမ်းကတော့ သူ့ရဲ့ အတွေ့အကြုံကို အသုံးချပြီးတော့ တိုက်ခိုက်တာပဲ ။
အကယ်၍ တစ်ယောက်ယောက်ကသာ မင်းရဲ့ မျက်နှာကို မတိုက်ခိုက်ခဲ့ရင်…
မင်း ဘယ်လို လုပ်သင့်သလဲ။
မင်း ညာဘက်ကို ခုန်ရှောင်သင့်သလား ။ ဘယ်ဘက်ကို ခုန်ရှောင်သင့်သလား။ ဒါမှမဟုတ် ။ လှည့်ပြီးတော့ ပြေးသင့်လား။ ဒါမှမဟုတ် မြေပြင်ပေါ်ကို ပြုတ်ကျ ရမှာလား။
တကယ်တမ်းမှာတော့ သူတို့အားလုံးဟာ လုံလုံလောက်လောက် မလျင်မြန်ပါဘူး။
မြေပြင်ပေါ်ကို ကျဖို့ ဆိုတာ အလွယ်ကူဆုံးပဲ ။ ဒါပေမယ့်လည်း ဒူးထောက်ပြီးရင် ပြန်ထဖို့က ခက်ခဲလိမ့်မယ်။
နောက်ဆုံးမှာတော့
မြေပြင်နဲ့ ထိကပ်ပြီး မြင်းထိုင် ထိုင်ချဖို့ကသာ အလျင်မြန်ဆုံး ။
ဒီလို ထိုင်ချဖို့ကတော့ မရိုးရှင်းပါဘူး။ ဒါက ခပ်နိမ့်နိမ့် ထိုင်ချရမယ်။ ဒါ့အပြင် ဘောင်းဘီတွေ ပြဲမှာကို ကြောက်နေစရာမလိုဘူး။ နောက်ဆုံးမှာတော့ မျက်နှာဟာ အရေးကြီးဆုံး ။
ဖန်ကျန်းရှီ က ဒါကို ကောင်းကောင်း နားလည်တယ်။ ဒါ့အပြင် ဒီလို အတွေ့အကြုံက သင်ကြားမှုကို နှလုံးသား ထဲကနေ နားလည်ပြီးသား ။
ဒီလိုမျိုးနဲ့ သူ ဟာ ချက်ခြင်း ထိုင်ချလိုက်တယ။် အလွန့်ကို နိမ့်နိမ့် နဲ့ သူ့တင်ပါးဟာ မြေကြီးပေါ်ကို ထိတော့ မတတ်ပါပဲ။
“ ပြဲသွားပြီ။”
သံသယ ဖြစ်စရာ မလိုလောက်အောင် ပါပဲ။ သူ့ရဲ့ အတွင်းခံ ဘောင်းဘီဟာ ဒီလို လျင်မြန်ပြီးတော့ နက်နဲတဲ့ ထိုင်ချမှုမျိုးကို မခံနိုင်ဘူး ဆိုတာ သေချာလှတယ်။ ဒီလို အသံတိုးတိုးလေး တစ်ခုနဲ့ပဲ ဘ၀ ဆုံးသွားရရှာပြီပေါ့။
ဒါပေမယ့်လည်း စကားပုံတွေ ဆိုစကား အတိုင်း ရရှိခြင်းဟာ ကံကောင်းခြင်း ဖြစ်ချိန်မှာ ဆုံးရှုံးမှုဟာလည်း ကံတရားရဲ့ တစ်စိတ်တစ်ပိုင်းထဲ ပါဝင်နေခဲ့တယ်။
ပစ္စည်းဟောင်းတွေကို လက်လွှတ် မခံပဲနဲ့ ဆက်ပြီး ဆွဲ မထားသင့်ဘူး အဟောင်းတွေ မသွားရင် အသစ်တွေလည်း ရှိလာမှာ မဟုတ်ဘူး။
ဖန်ကျန်းရှီ အတွက် သူ့ မျက်နှာကို ထိန်းသိမ်းဖို့က ပိုပြီးတော့ အရေးကြီးတယ်။ နောက်ပြီးတော့ အရမ်း ကို အန္တရာယ် များတယ်။ လက်သီး တစ်ချက်ဟာ သူ့ခေါင်းပေါ်ကနေ ဖြတ်သွားတော့တယ်။
အပိုင်း (၂၁၂) ပြီး၏။
အပိုင်း (၂၁၃)
“ အပြင်းထန်ဆုံးသော ထိချက်”
ဒီလက်သီးဟာ ထုံးစံ အတိုင်း ယဉ်ရှန် ရဲ့ လက်သီး ။
ပထမဆုံး အကြိမ် အဖြစ် ယဉ်ရှန် နဲ့ ဖန်ကျန်းရှီ ကြားက အကွာ အဝေးဟာ ပုခုံးချင်း တိုက်တော့မတတ် ဖြစ်သွားခဲ့တယ်။ တကယ်တမ်းမှာတော့ ခေါင်းချင်း တိုက်တော့မယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်။
ဘယ်လောက်တောင် မြန်လဲ။
ဖန်ကျန်းရှီဟာ တွေးတောလိုက်မိတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ လှုပ်ရှားမှုဟာတော့ မရပ်တန့်သွားခဲ့ပါဘူး။
ခပ်နိမ့်နိမ့် ထိုင်ချခြင်းဟာ လည်း စွမ်းရည် တစ်ခုပဲ ။
ဒီလိုမျိုး ထိုင်ချတဲ့ စွမ်းရည် ဟာ ရိုးရှင်းလှတာတော့မဟုတ်ဘူး။
ဒီလို နည်းအတိုင်းသာ အကြာကြီး ဆက်ထိုင် နိုင်ရင် သူ့ရဲ့ ကိုယ်က စွမ်းအားတွေဟာ ပေါက်ကွဲထွက်တော့မတတ် အခြေအနေကို ရောက်ရှိမှာ ။ ဒါဟာ ပြစ်တော့ မယ့် မြှား တစ်စင်းကို လေးကြိုးဆွဲထားသည့်နှယ် ဖြစ်နေတော့တယ်။
ဒီလို မျိုးနဲ့ ဖန်ကျန်းရှီ ဟာ ထိုင်ချလိုက်ပြီးတဲ့နောက်မှာတော့ နောက်ထပ် လှုပ်ရှားမှု တစ်ခုကို ပြောင်းလဲ လိုက်တော့တယ်။
နှစ်ထောင်ပေါင်းများစွာ နာကျင်မှု ။
ပုံမှန် အခြေအနေမျိုးမှာ နှစ်ထောင်ပေါင်းများစွာ နာကျင်မှု အခြေအနေကို အကောင်းဆုံး အသုံးပြု ဖို့ အခြေအနေက လူတစ်ယောက်ရဲ့ နောက်ကျောဘက်ပဲ ။ ဒါပေမယ့်လည်း ဖန်ကျန်းရှီ က ဘယ်တုန်းကများ အသေးစိတ် အချက်အလက်တွေကို လိုက်နာ လုပ်ဆောင်ဖူးလို့လဲ။
နောက်ကွယ်မှာ အသုံးပြုတာက ပိုပြီးတော့ အကျိုးများ တယ် ဆိုပေမယ့်လည်း အရှေ့ပိုင်းမှာ သုံးရင်ကော အကျိုးက ထင် သလောက် ရနိုင်မှာလား။
ချီလင်လှံ နဲ့ ဓား နှစ်ခုလုံးက ဒီလို လှုပ်ရှားမှု လုပ်ဖို့ အတွက် ကောင်းတာတော့ မဟုတ်ဘူး။ ဒါကြောင့် ဖန်ကျန်းရှီဟာ သူထိုင်ချလိုက်တဲ့ အချိန်မှာ လက်နက်နှစ်ခုလုံးကို နှလုံးကာ မှန်ထဲမှာ သိမ်းလိုက်ပြီး ။
ဒါကြောင့် ဒီလို လှုပ်ရှားမှုကို စိုးရိမ်မှု ရှိစရာ မလိုပဲနဲ့ လုပ်နိုင်တာ ။
နောက်ပြီးတော့
သူ့ရဲ့ ကိုယ်မှာ ရှိသမျှ အင်အားတွေ အကုန်လုံးကို ကောင်းကောင်း စုစည်းနိုငတယ်။
“ သတ်”
ဖန်ကျန်းရှီဟာ သူ့ရဲ့ လက်ဖဝါး နှစ်ဖက်ကို စုစည်းလိုက်တယ်။ သူ့ကိုယ်မှာ ရှိသမျှ စွမ်းအားတွေ အကုန်လုံး လက်ဝါးကို ပို့လွှတ်ပြီးတော့ ခေါင်းပေါ်ကို ရိုက်ချလိုက်တယ်။
ဒီ လှုပ်ရှားမှုက ပြစ်မှတ်ကို ထိပါသလား။
အမှန်ကတော့ သူ့ရဲ့ လက်ဖဝါး ခံစားမှုကနေသာ ဒီ အဖြစ်ကို ခန့်မှန်း နိုင်တာ ။
“ဘုန်းးး”
ယဉ်ရှန် နဲ့ ယှဉ်လိုက်ရင်တော့ ဖန်ကျန်းရှီ ရဲ့ အင်အား ဟာ ထုံးစံ အတိုင်း အတော်လေးကို နည်းပါးတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အင်အားတွေ အကုန်လုံး စုစည်းထားတဲ့ ရိုက်ချက် တစ်ချက်က သက်ရောက်မှု မရှိတာတော့ မဖြစ်နိုင်ဘူး ။
ထပ်ပေါင်းပြောရမယ် ဆိုရင်တော့ ဒီ ထိချက် ရဲ့ ပြစ်မှတ်ဟာ လူသား ကိုယ်မှာ ဆိုရင် အသက်ရှင်ဖို့အတွက် အလွန်အမင်းကို အရေးကြီးတဲ့ နေရာ ။
နောက်ပြီးတော့ အလွန်အမင်းကို နူးညံံ့တဲ့ အစိတ်အပိုင်း ။
တစ်ခုက မာကျောပြီးတော့ တစ်ခုက နူးညံ့နေတယ်။
တကယ်တမ်းတော့ ရလဒ်ကို ခန့်မှန်းနိုင်တယ် ။
ဖန်ကျန်းရှီက ယဉ်ရှန် နာကျင်မှု ခံစားရလားဆိုတာကို မသိပါဘူး။
ဒါပေမယ့်လည်း တစ်စုံတစ်ခု ကွဲအက်သွားတဲ့ အသံကိုတော့ သူကောင်းကောင်း ကြားလိုက်ရတယ်။ အရေးကြီးဆုံးကတော့ ယဉ်ရှန်ရဲ့ ကိုယ် တစ်ခုလုံး တုန်ယင် နေတာပဲ။ ဒါက နှလုံးသားထဲက လာတဲ့ တုန်ယင်မှု ။
“အ”
ဒီအချိန်မှာတော့ ယဉ်ရှန် ရဲ့ ငယ်သံ ပါအောင် အော်လိုက်သံ ကြီးဟာ ထွက်ပေါ်လာတော့တယ်။ အဲ့ဒီ့နောက်သူဟာ ပြန်လည် ဆုတ်ခွာသွားတယ်။ သူဟာ ခပ်မြန်မြန်ပဲ ထုးိစစ်ဆင်လာခဲ့သလို ဆုတ်ခွာသွားမှုကတော့ ပိုပြီးတော့ မြန်ဆန်လှပါတယ်။
လောကကြီး တစ်ခုလုံးဟာတော့ တိတ်ဆိတ်သွားသလိုပါပဲ။
ဒါက သိပ်ကို မြန်လွန်းတယ်။
မြန်လွန်းတာမှ ဘာမှကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘူး။
သူတို့ အားလုံး မြင်လိုက်ရတာကတော့ ယဉ်ရှန်ဟာ လှုပ်ရှားတယ်။ ပြီးတော့ ပျောက်ကွယ်သွားတယ်။ နောက်လှုပ်ရှားမှုမှာတော့ ယဉ်ရှန်ဟာ ဖန်ကျန်းရှီ ရဲ့ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီဟာ ထိုင်ချလိုက်တယ်။ နောက်ဆုံးမှာတော့
ယဉ်ရှန် ဆုတ်ခွာသွားခဲ့တယ်.။
ဆုတ်ခွာချိန်မှာ အော်တောင် အော်သွားသေးတယ်။
ဒီအသံဟာ အတော်လေးကို နာနာ ကျင်ကျင်အော်ဟစ်သံပဲ ။ နောက်ပြီ်းတော့ ရှက်ရွံ့ ဒေါသ ဖြစ်တဲ့ ခံစားချက်တွေပါ ပါဝင်နေခဲ့တယ်။
လူတိုင်းရဲ့ အကြည့်ဟာတော့ ဖန်ကျန်းရှီ ဆီကို ရောက်ရှိလာတော့တယ် ။
တစ်ချို့တစ်လေသော လူတွေဟာ တော့ ဖန်ကျန်းရှီ ရဲ့ လှုပ်ရှားမှုကို မြင်လိုက်ကြတယ်။
ဒါဟာ ဘာနည်းလမ်းလည်း ဆိုတာကိုတော့ သူတို့ မတွေးနိုင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနည်းလမ်းကို ဘယ်စာအုပ်ထဲမှာမှ မဖော်ပြထားတာကြောင့်ပါပဲ။ ဘယ်နေရာမှာမှ သုံးတာကိုလည်း မမြင်ဖူးကြပါဘူး။ ဒါပေမယ့်လည်း ဒီ တိုက်ခိုက်မှု ရဲ့ ပစ်မှတ်နေရာကိုတော့ ကောင်းကောင်း မြင်လိုက်ကြတယ်။
ဒါကြောင့် သူတို့ဟာ ယဉ်ရှန်ကို ကြည့်လိုက်ကြတယ်။
အလွန် လျင်မြန်စွာနဲ့ပဲ သူတို့ သဘောပေါက်သွားတာကတော့ ယဉ်ရှန် ရဲ့ မျက်နှာဟာ နာကျင်မှုကြောင့် ချွေးသီးချွေးပေါက်တွေ နဲ့ ပြည့်နှက်နေပြီးတော့ ခြေထောက်တွေဟာတော့ တုန်ယင်နေခဲ့တယ်။ ဒါ့အပြင်ကို ခြေထောက် နှစ်ချောင်းကို လိမ်ယှက်ပြီးတော့ ပူးထားခဲ့တယ်။
“ အမ်။”
“ကြည့်ရတာ ဟိုနေရာကို ထိသွားသလိုပဲ။”
“….”
အတွေး တစ်ခုဟာ သူတို့ရဲ့ စိတ်ထဲမှာ ပေါ်လာတော့တယ်။ လူတိုင်းဟာတော့ မသိစိတ်ကနေ အရေးကြီး နေရာကို ကာကွယ်လိုက်မိကြတယ်။
နာကျင်မှု ….
ဒီလို အတွေ့အကြုံမျိုးကို တိုက်ရိုက် မကြုံဖူးသည့် တိုင်အောင်မှ စိတ်ကူးကြည့်ရုံနဲ့တင် ဘယ်လောက် နာမလဲ သိနိုင်တယ်။
နန်ကုန်းမုရဲ့ ဖန်ကျန်းရှီ အပေါ် ကြည့်တဲ့ အကြည့်တွေဟာ တမျိုး တဖုံ ထူးဆန်းလာတော့တယ်။ ဒီလောကမှာရှိတဲ့ တိုက်ခိုက်ရေး နည်းလမ်း စာအုပ်မှန်သမျှကို သူဖတ်ပြီးပြီလို့ ယုံကြည်တယ်။ ဒါပေမယ့်လည်း ဒီနည်းလမ်းကို တော့ သူ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ဘူး ။
ကြည့်ရတာလည်း ဒီနည်းလမ်းက သိပ်ပြီးတော့ မူမမှန်လှဘူး။
ဒါပေမယ့်လည်း ဖန်ကျန်းရှီ ဒါကို ဘယ်လို လုပ်လိုက်လဲ သူသေချာ ပြန်တွေးကြည့်လိုက်တယ်။
ဘာကြောင့်လဲဆိုတော့ ……
ယဉ်ရှန် ရဲ့ လှုပ်ရှားမှုတွေက မြန်ဆန်လွန်းတယ်။ မြန်လွန်းလို့ လူတစ်ယောက် အတွက် ဘယ်လို ခုခံ ရမလဲ စဉ်းစားချိန်တောင် မရှိဘူး ။ ဒါပေမယ့်လည်း ဖန်ကျန်းရှီ ရဲ့ လှုပ်ရှားမှုတွေကတော့ ထူးဆန်းစွာကို မြန်ဆန်လွန်းလှတယ်။ တိုက်ခိုက်မှုကို ရှောင်ရှားဖို့ အတွက် ထိုင်ချ လိုက်ရုံတင်မကဘူး။ နောက်ထပ် တိုက်ခိုက်ရေး နည်းလမ်း တစ်ခုကိုပါ ချက်ခြင်း ထုတ်သုံးလိုက်သေးတယ်။
ဖန်ကျန်းရှီ မှာ ဒီလို အခြေအနေမျိုးကို ကြုံရချိန်မှာတွေး တော ဖို့ ဆိုတာ မဖြစ်နိုင် သလောက်ပဲ။
ဒါဆိုရင် ရှင်းပြဖို့ အတွက် ဖြစ်နိုင်ချေ က တစ်ခုပဲ ရှိတော့တယ်။ ဖန်ကျန်းရှီက ဒီ နည်းလမ်းကို တွေးပြီးသား ဒါမှမဟုတ်ရင် ဒီ နည်းကို အရင်တည်းက လေ့ကျင့်ပြီးတော့ အသုံးပြုပြီးသား ။
ပင်းယန် ရဲ့ ဖန်သလင်း မျက်လုံးတွေဟာတော့ ကလယ် ကလယ် ဖြစ်နေခဲ့တယ်။ ဒါပေမယ့်လည်း တစ်ခဏတာ ထိတ်လန့်ပြီးနောက်မှာတော့ သူမရဲ့ မျက်နှာဟာ နီရဲသွားတော့တယ်။ ဖန်ကျန်းရှီကို နှာမှုတ်ရင်း ကြည့်လိုက်တယ်။
“အရှက်မရှိလိုက်တာ။”
ရန်ရွှယ်ကတော့ ဒီလိုမျိုး မပြောတာ အသေအချာပါပဲ။ အဲ့ဒီ့အစား သူဟာ ဖန်ကျန်းရှီ လုပ်လိုက်တဲ့ လက်ဝါးသိုင်းကွက်ကိုသာ အကြိမ်ကြိမ် ပြန်လည် လေ့ကျင့်နေတော့တယ်။
ဖန်ကျန်းရှီကိုတော့ အမျိုးမျိုးသော အဓိပ္မာယ် ရှိတဲ့ အကြည့်တွေဟာ ဝန်းရံနေကြတယ်။
သူဟာတော့ စိတ်ရှုပ်လာတော့တယ်။
ဘာလို့ လူတိုင်းက အထူးအဆန်းကို မြင်ရသလိုမျိုး ဖြစ်နေတာလဲ။ နှစ်ထောင်ပေါင်းများစွာ နာကျင်မှု ။ ဘယ်လောက်တောင် လှပတဲ့ တိုက်ကွက်လေးလဲ။ ဒီလို ပညာသားပါတဲ့ အကွက်ကို မင်းတို့ မမြင်ဖူးတာတော့ မဖြစ်နိုင်ဘူး မလား။
ငါ အခုပဲ ယဉ်ရှန်ကို ဆုတ်ခွာအောင် လုပ်လိုက်တာ မဟုတ်ဘူးလား။ ဘာကြောင့် ဘယ်သူ ကမှ မချီးမွမ်းကြတာလဲ။
ဒီလောကမှာ
ဒီလိုမျိုး လှပတဲ့ တိုက်ခိုက်မှု မရှိတာလား။
ဖန်ကျန်းရှီက ဒါကိုတွေးလိုက်မိပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ စိတ်ထဲမှာ နားလည်မှု တစ်ခုဟာ ပေါ်လာတော့တယ်။ ဒါက ပြဿနာပဲ။
သူဟာ လှုပ်ရှားပြီးနောက် တိုက်ခိုက်မှုကို ဆက်တိုက်လုပ်ဆောင် ခဲ့တာ ။ ဒါပေမယ့်လည်း သူဒီလိုမျိုးလုပ်ဆောင်နိုင်တာကို နားလည်သူ မရှိတာဟာ ဒီလို နည်းလမ်းကို ဒီလောကမှာ သုံးသူ မရှိတာကြောင့်ပဲ ။
ဒါကသာ ပြဿနာ ဖြစ်မယ်ဆိုရင် ယဉ်ရှန်ဟာလည်း ဖန်ကျန်းရှီ တိုက်ခိုက်မယ့် ပုံကိုတွေးမိစရာ အကြောင်းမရှိဘူး ။
နောက်ပြီးတော့ ဒါဟာ ဖန်ကျန်းရှီ အောင်မြင်ရတဲ့ အကြောင်းရင်းပဲ ။
ဖန်ကျန်းရှီဟာ ထူးဆန်းနေတာကိုလည်း သတိထားမိသွားတယ်။ ယဉ်ရှန်က ချက်ခြင်းကို ပြန်သက်သာနေတယ်။ နောက်ဆုံးတော့လည်း ယဉ်ရှန်ဟာ သဘာဝလွန် အဆင့်မှာ ရှိနေတာပဲ ။
သူ့ရဲ့ တိုက်ခိုက်မှုတွေက သေလောက်အောင် ပြင်းထန် ရင်တောင်မှ သေတော့သေနိုင်မှာ မဟုတ်ဘူး ။
ဒါပေမယ့်လည်း ယဉ်ရှန် ရဲ့ စိတ်အေးမှုဟာတော့ ပျောက်ကွယ်သွားခဲ့ပြီ။ အဲ့ဒီ့အစား နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားခဲ့တယ်။ ဒီနာကျင်မှုကြောင့် နဖူးကနေ ဘူးသီးလုံးလောက်ချွေးတွေ စီးကျနေခဲ့တယ်။
“ ဒါတွေ အကုန်လုံးက ဘာတွေလဲ။ ” ဖန်ကျန်းရှီက စိတ်ရှုပ်လာတယ်။
ရန်ရွှယ်က ဖန်ကျန်းရှီ ရဲ့ စကားကို ကြားချိန်မှာတော့ ယဉ်ရှန်ကို ကြည့်လိုက်တယ်။ သူ့ရဲ့ အမူအယာဟာတော့ သိပ်ပြီးတော့ ထိတ်လန့်သွားဟန် မရှိဘူး ။ အဲ့ဒီ့အစား သူဟာ အရာအားလုံးကို မျှော်လင့်ထားသလိုပါပဲ။
“ ယဉ်ရှန်က နတ်ဆိုးမျက်လုံးက စွမ်အားတွေ အကုန်လုံးကို သူ့ကိုယ်မှာ စုထားလိုက်ပြီးပြီ။ ဒါကြောင့် သူ့ရဲ့ သဘာဝလွန် အဆင့် စွမ်းအားတွေလည်း ပျောက်ကုန်ပြီ ။ ဒါပေမယ့်လည်း သူ့ရဲ့ လျင်မြန် မှု နဲ့ အင်အားကတော့ သဘာဝလွန် အဆင့်ထက် ကို သာလွန်သွားပြီ။” ရန်ရွှယ်က ရှင်းပြလိုက်တယ်။
“ဒါက ဖြစ်နိုင်လို့လား။”
“ဒီ စွမ်းအားက ဆယ့်ငါးမိနစ်ပဲ ခံမယ်။ ပြီးရင် သူ့ရဲ့ အင်အားတွေ အကုန်လုံး ပျောက်ကွယ်သွားလိမ့်မယ်။”
“ ဒါဆိုရင် ငါတို့ ဆယ့်ငါးမိနစ် တောင့်ခံထားရမှာပေါ့၊”
“ ဟုတ်တယ်။”
ဖန်ကျန်းရှီ နားလည်သွားတော့တယ်။ ဒါပေမယ့်လည်း ဒီ ဆယ့်ငါးမိနစ်ဟာ မလွယ်ကူ နိုင်မှန်း သူကောင်းကောင်း သဘောပေါက်ခဲ့တယ်။ ယဉ်ရှန်ကို ဆုတ်ခွာအောင် လုပ်နိုင်တာကလည်း ကံတရားကြောင့်ပဲ ဖြစ်မယ်။
ဒါပေမယ့်လည်း လူ တစ်ယောက်က အမြဲ ကံမကောင်း နိုင်တယ်။
ဒါကြောင့် ။
ယဉ်ရှန်ကို အနိုင် တိုက်နိုင်ဖို့ အတွက် နည်းလမ်းရှာရမယ်။
တခြား တစ်ဖက်မှာတော့ ယဉ်ရှန်ဟာ သူ့ကို တွေးချိန်တောင် ပေးမှာ မဟုတ်ပါဘူး။ သူ့ရဲ့ မျက်နှာဟာတော့ ဒေါသကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့တယ်။ ယဉ်ရှန်ဟာ နောက်တစ်ကြိမ် လှုပ်ရှားတော့တယ်။ သူဟာ ရှေ့တစ်လှမ်းကို တိုး လာတယ်။ အနည်းငယ်သော တုန်ခါမှုဟာ သူ့ကိုယ်ကနေ ပေါ်ထွက်နေတယ်။
ဒါဟာ နာကျင်မှုကြောင့် ဖြစ်တာပါ။
ရန်ရွှယ်ဟာ ဖန်ကျန်းရှီ ရဲ့ ရှေ့ကနေ ပိတ်ဆို့ထားတယ်။ ဘာကြောင့်လဲဆိုတော့ ယဉ်ရှန် ရဲ့ ပြစ်မှတ်ဟာ ဖန်ကျန်းရှီ ဖြစ်တာကြောင့်ပါပဲ။ ဖန်ကျန်းးရှီကို ကာကွယ် ခြင်းက ယဉ်ရှန် ရဲ့ တိုက်ခိုက်မှုကို ကာကွယ်ခြင်း ။
နန်ကုန်းမုဟာလည်း ဖန်ကျန်းရှီ ရဲ့ ရှေ့ကနေ ပိတ်ဆို့ထားခဲ့တယ်။
သူ့ရဲ့ အမူအယာဟာတော့ သိပ်ကို အေးဆေး တည်ငြိမ်နေခဲ့တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ မျက်လုံးတွေဟာတော့ အသေအချာ ဆုံးဖြတ်ထားဟန်ပါပဲ။ ဒီ အတွက်တော့ အကြောင်းရင်းမရှိဘူး။ သူဟာ ရှေ့ထွက်ရပ်ရင်း ကျောက်စိမ်း နီလာ ဓားမောင်နှံကို ကျစ်ကျစ်ပါအောင် ကိုင်ထားခဲ့တယ်။
“ အတူတူ တိုက်ခိုက်မယ်။” နန်ကုန်းမုရဲ့ စကားသံဟာ ထွက်ပေါ်လာတော့တယ်။
“ကောင်းပြီ။” ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ်။
“ဟုတ်ပြီ။” ရန်ရွှယ်က ပြန်ဖြေလိုက်တယ်။
ဒီလိုမျိုး လူငယ် သုံးဦးဟာ အတူတကွ ရပ်နေခဲ့တယ်။ ဖန်ကျန်းရှီဟာ အလယ်မှာ ဖြစ်ပြီးတော့ ရန်ရွှယ်ဟာ ဘယ်ဘက်။ နန်ကုန်းမုဟာ ညာဘက်မှာ ရပ်နေခဲ့တယ်။
တခြားသော ကျောင်းတော်သားတွေ ထဲ ကနေ လူ နှစ်ဦး ဟာလည်း ထွက်လာခဲ့တယ်။
သူတို့ ထဲက တစ်ဦးဟာတော့ ဖန်ကျန်းရှီ နဲ့အတူ ပထမ ဒုတိယ အချီတွေကို ဖြတ်လာခဲ့တဲ့ ဝမ်ချွမ်ပင် ။
နောက် တစ်ဦးဟာတော့ သက်လတ်ပိုင်း အမျိုး သား တစ်ဦး ။
“ ကျွန်တော်က ဝမ် မန်ရှင်း ပါ။ ချွမ်ပင် ရဲ့ ဝမ်းကွဲ။ ချွမ်ပင်တိုက်ခိုက်မယ် ဆိုရင် ကျွန်တော်လည်း တိုက်ခိုက်မယ်။ ” သက်လတ်ပိုင်း အမျိုးသားက ပြောလိုက်တယ်။
“ ကောင်းတာပဲ။” ကြည်လင်တဲ့ အသံ တစ်သံ ဟာပေါ်လာခဲ့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ ရဲ့ ဘေးန်ားမှာ မီးလျှံပန်းနီ ဝတ်စုံကို ဝတ်ထားတဲ့ ပုံရိပ်တစ်ခုဟာတောက်ပလာတယ်။
“မင်းဘာ ထ လုပ်တာလဲ။” ဖန်ကျန်းရှီက ပင်းယန်ကို ကြည့်ရင်း ပြောလိုက်တယ်။
“ငါက မီးလျှံပန်းနီ သံချပ်ကာကို ဝတ်ထားတာလေ။ အနည်းဆုံးတော့ တစ်ချက်လောက် အရိုက်ခံနိုင်တာပေါ့။ ” ပင်းယန်ဟာ သူမရဲ့ ခေါင်းသေးသေးလေးကို မာန်အပြည့်နဲ့ မော့ရင်း ပြောလိုက်တယ်။
“ မင်းက လူသား ဒိုင်း လုပ်မလို့လား။”
“ဟွန့် နင့် စကားတွေက အမြဲ သောက်မြင်ကတ်စရာပဲ။ ဒါက ပျော်ရွှင်မှု နဲ့ ခက်ခဲမှုတွေကို မျှဝေခံစား တယ်လို့ ခေါ်တယ်။ မသိဘူးလား။”
“ပျော်ရွှင်မှုနဲ့ ခက်ခဲမှုကို မျှဝေတယ် ဆိုတယ်။ မင်း ရဲ့ အစားအသောက် ကို မျှဝေတာနဲ့ အတူတူ အငတ်ခံတာကို ပြောတာ။ မင်း ဒီလောက် မျှဝေချင်နေရင် ပင်းယန်အိမ်တော်က မင်းရဲ့ ရတနာတွေကို တစ်ဝက်ခွဲပြီးတော့ ငါ့ကို ပေးလိုက်လေ။ ကစား ရတာပေါ့။”
“အိမ်မက် မက်နေလိုက်။”
“ ပါးစပ်ပိတ်ထားစမ်း ။” ယဉ်ရှန်ဟာ ဖန်ကျန်းရှီ နဲ့ ပင်းယန်တို့ ကလေးတွေလို ငြင်းခုံ နေကြတာကို နောက်ထပ် မကြားချင်တော့ပါဘူး ။ သူ့ရဲ့ ကိုယ်က နာကျင် မှုကိုလည်း ဂရု မစိုက်တော့ဘူး ။ သူ့ရဲ့ အရှိန် နှုန်းဟာလည်း အမြင့်ဆုံး အခြေအနေကို ရောက်ရှိနေပြီ ။
“မင်းတို့ အကုန် သေရမယ်။ ”
ယဉ်ရှန်ရဲ့ ဒေါသ ပေါက်ကွဲစွာ အော်ဟစ်သံဟာ လေထဲမှာ ပျံ့လွင့်လာတော့တယ်။
မီးခိုးလို အရိပ်တွေဟာ ဖန်ကျန်းရှီ ရဲ့ ချီလင်လှံဆီကို ဦးတည်လာခဲ့တယ်။
နန်ကုန်းမုရဲ့ ဓားဟာလည်း ဒီအချိန်မှာ လှုပ်ရှားတော့တယ်။
အစိမ်းနဲ့ အပြာ အလင်းတန်းတွေဟာ တောက်ပလာခဲ့တယ်။ ခုန်ရှောင်ခြင်း မရှိပဲနဲ့ အရိပ်တွေကို ထိပ်တိုက် ရင်ဆိုင်လိုက်တော့တယ်။
ရန်ရွှယ်ဟာလည်း တောင် နဲ့ မြစ် မိုးမြေ ယပ်တောင်ကို ဖွင့်ထားခဲ့တယ်။ အလင်းတန်းတွေဟာ ယပ်တောင်ကနေ ထွက်ပေါ်လာပြီးတော့ အရိပ်တွေကို တောင် တန်း တစ်ခုသဖွယ် ဖိနှိပ်ထားခဲ့တယ်။
ဝမ် ညီအကို နှစ်ယောက် ရဲ့ လှုပ်ရှားမှုဟာလည်း လေပွေ မုန်တိုင်း အသွင် ပြောင်းလဲသွားပြီးတော့ လူ ခြောက်ဦးကို ကာကွယ်ပေးနေခဲ့တယ်။
ဒါပေမယ့်လည်း တိုက်ခိုက်မှုဟာတော့ မမျှော်လင့် ထားတဲ့ နေရာကနေ ထွက်ပေါ်လာခဲ့တယ်။
“ထိပ်မှာ ” ဒဏ်ရာ အပြင်းထန်ရနေတဲ့ စာဖြေသူ တစ်ဦး ရဲ့ သတိပေးသံဟာ ထွက်ပေါ်လာခဲ့တယ်။
သူတို့ ခြောက်ဦးဟာ ခေါင်းမော့ကြည့်ချိန်မှာတော့ အရိပ်နက်ကြီးဟာ လျင်မြန်စွာ ထိုးဆင်းလာနေတာကို တွေ့လိုက်ရတယ်။
ဖန်ကျန်းရှီ လည်း ယဉ်ရှန် ဒါကို ဘယ်လိုများ လုပ်သလဲ မတွေးတတ်တော့ပါဘူး။ ဒါပေမယ့်လည်း သူတို့ရဲ့ ခေါင်းပေါ်မှာ ပေါ်လာခဲ့ တဲ့ အရိပ်ဟာတော့ လျင်မြန်လွန်းလှတယ်။
နန်ကုန်းမုရဲ့ ဓားဟာကော ရန်ရွှယ် ရဲ့ ယပ်တောင်ကပါ အခြားသော အရပ်မျက်နှာက တိုက်ခိုက်မှုတွေကို ခုခံနေခဲ့တာ ။
သူမတိုက်ခိုက် ခင် အချိန်မှာတင် ဝမ်ညီအကို နှစ်ယောက် ဟာ ပုရွက်ဆိတ်တွေလို နင်းခြေ ခံနိုင်ရတာကို သူ သတိပြုမိသွားခဲ့တယ်။ ထုံးစံ အတိုင်းပဲ ဖန်ကျန်းရှီက ဒါမျိုး အဖြစ်ခံမှာ မဟုတ်ပါဘူး။
ဒါကြောင့် သူ လှုပ်ရှားလိုက်တယ်။
ချီလင်လံှ နဲ့ ဓားကို ဘယ်ညာ လက် နှစ်ဖက်မှာ အသီး သီး ကိုင်ပြီးတော့ ကောင်းကင်ကနေ ကျလာတဲ့ အရိပ်နက်ကြီးကို ချိန် ရွယ်ထားခဲ့တယ်။
ဓားနဲ့ လှံကို တစ်ပြိုင်တည်း သုံးလို့ရလား။
ဖန်ကျန်းရှီကတော့ ဒါကို မတွေးထားပါဘူး။ ဒါပေမယ့်လည်း အကယ်၍ သူ့မှာသာ လက် ဆယ်ဖက်ရှိရင် လက်နက်ဆယ်ခုကို ကိုင်ထားမှာတော့ မလွဲမသွေပါပဲ။
“ အရိပ်က အပေါ်မှာတင်ရှိတာမဟုတ်ဘူး။ အောက်မှာလဲ ရှိတယ်။” တစ်ချိန်တည်းမှာပဲ နောက်ထပ် အသံ တစ်သံ ဟာ ထွက်ပေါ်လာတော့တယ်။ ဒီအသံဟာတော့ ဒဏ်ရာများစွာ နဲ့ ပြည့်နှက်နေခဲ့တဲ့ ရှင်ချင်းစွေ့ ဆီကပဲ ။
“အောက်ဘက်မှာလား။” ဖန်ကျန်းရှီက ကြည့်လိုက်တယ်။
အဲ့ဒီ့နောက် သူ့ရဲ့ ခြေထောက်တွေကို တစ်စုံ တစ်ခုက ဖမ်းဆုပ်ထားကို တွေ့လိုက်ရတယ်။ ဒါဟာ သူ့ခြေထောက်ကို မလှုပ်နိုင်အောင် သံခြေကျင်းနဲ့ ပိတ်ထားသလိုပါပဲ။
“သေစမ်း ။” အသံဟာ မြေကြီးအောက်ကနေ ထွက်ပေါ်လာတာ ဖြစ်တယ။် ချက်ခြင်း ဆိုသလို မြေကြီးထဲကနေ လက်ဖဝါး တစ်ခုဟာ ပေါ်ထွက်လာတော့်တယ်။ တောက်ပလျင်မြန်လှလွန်းတဲ့ အလင်းရောင်ဟာ သတ်ဖြတ်လိုငွေ့တွေ နဲ့ ပြည့်နှက်နေပြီးတော့ ဖန်ကျန်းရှီ ရဲ့ လည်ပင်းကို ဦးတည်လာခဲ့တယ်။
ဖန်ကျန်းရှီကတော့ အပေါ်က တိုက်ခိုက်မှုကို ရှောင်ရှားဖို့ ခက်ခဲမယ် ဆိုတာ ကောင်းကောင်းသိတယ်။
ဒါပေမယ့်လည်း သူ မတွေးမိတာကတော့ ယဉ်ရှန် ရဲ့ အကျီလက်ထဲကနေ တစ်ခုခုကို ထုတ်ခဲ့မယ် ဆိုတာပဲ ။
အပေါ်က အရိပ်တွေက အယောင်ပြသာ ။
မြေကြီးကလာတဲ့ တိုက်ခိုက်မှုကမှ သေစေနိုင်လောက်တဲ့ တိုက်ခိုက်မှု ။
ဒါဟာ အတွေ့အကြုံပဲ ။ မယှဉ်ပြိုင် နိုင်တဲ့ တိုက်ပွဲ အတွေ့အကြုံ ။ တစ်ချိန်တည်းမှာပဲ နတ်ဆိုးမျိုးနွယ် ဆယ်ခုရဲ့ ဒုတိယ ခေါင်းဆောင် တစ်ဦး အနေနဲ့ အစွမ်းကို ပြသခြင်း ။
အရိပ်နှစ်ခု နဲ့ သတ်ဖြတ်ခြင်း ။
နတ်ဆိုး မျိုးနွယ်တွေ ထဲမှာတောင် မှ ဒီလို တိုက်ခိုက်မှုမျိုးကို မြင်ဖူးတဲ့သူက ရှားပါးလှတယ်။
ဒါဟာ ရန်ရွှယ် ရဲ့ အင်အားအပြင်းထန်ဆုံးသော သတ်ဖြတ်ခြင်း တစ်ခု ဖြစ်တယ။် အရိပ် ။ နေရောင် ။ မြေပြင်။ အဇူရာသတ်ဖြတ်မှု နဲ့ မလှုပ်ရှားအောင် ထိန်းချုပ်မှု စတဲ့ တာအို ငါးမျိုးကို အသုံးပြု တာ ။
နေရောင်ကိုတော့ မြေပြင်ပေါ်က အရိပ်ကို ကောင်းကင်မှာ ပေါ်စေဖို့ အသုံးချတယ်။ အဲ့ဒီ့နောက် ကောင်းကင်ကို လွန်မင်းစွာ တောက်ပစေပြီးတော့ လူတွေကို အရိပ်ဟာ အစစ် သို့မဟုတ် အတုမှန်း ခွဲခြားမရ နိုင် ဖြစ်စေတယ်။ အဲ့ဒီ့နောက် အခွင့်ကောင်းရလာတာနဲ့ ပြိုင်ဘက် ရဲ့ ခြေထောက်ကို မလှုပ်ရှား နိုင်အောင် ချုပ်ထားပြီးတော့ သတ်ဖြတ်တာ ။
ဒါဟာ အရမ်းကို ရှုပ်ထွေးတယ်။
နောက်ပြီးတော့ အရေးကြီးဆုံးကတော့ ဒါကို လုပ်ဖို့ က အရမ်းကို လျင်မြန်ရမယ်။
ဘယ်လောက်တောင် လျင်မြန်ရမလဲ ဆိုရင် တုံ့ပြန်ဖို့ အချိန် မရှိလောက်တဲ့ အထိကို မြန်ဆန်ရမယ်။
ဖန်ကျန်းရှီ ရဲ့အတွေးတွေက ကောင်းကင်ကိုသာ အာရုံစိုက်နေခဲ့တယ်။ ဒါပေမယ့်လည်း သူဟာ တိုက်ပွဲ အတွေ့အကြုံ ရှိတဲ့ ကျွမ်းကျင်သူတော့ မဟုတ်ဘူး။ ဒါကြောင့် သူဟာ ယဉ်ရှန်ရဲ့ လှုပ်ရှားမှုကို ကြိုတင်မတွေးနိုင်ဘူး ။
နန်ကုန်းမု နဲ့ ရန်ရွှယ်တို့က အတွေ့အကြုံ ရှိတယ် ဆိုပါအုန်းတော့ ယဉ်ရှန်ကိုတော့ ဘယ်လို ယှဉ်နိုင်မှာလဲ။
နောက်ပြီးတော့ ယဉ်ရှန်ရဲ့ လက်ရှိ စွမ်းရည် နဲ့ဆိုရင် သူတို့ ခြောက်ယောက် လုံး တိုက်တာတောင်မှ နိုင်နိုင်မှာ မဟုတ်ဘူး ။
ဒီလိုမျိုး အင်အားပြင်းထန် လှတဲ့ ဒေါသ အောက်မှာ။
ယဉ်ရှန်ဟာ ထိပ်တိုက် တိုက်ခိုက်မှု မလုပ်ပဲနဲ့ အလစ်ချောင်း သတ်ဖြတ်မှုကိုပဲ လုပ်ခဲ့တယ်။ သူ့ရဲ့ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းကို နားလည်တယ်။
နောက်ပြီးတော့ ဝမ်ချွမ်ဖျင် နဲ့ ဝမ်မန်ရှင်း တို့ရဲ့ မုန်တိုင်းကလည်း အပေါ် နဲ့ ဘေးပတ်လည်ကို ဝင်ရောက်လာတဲ့ တိုက်ခိုက်မှုတွေကို တားဆီးနေတယ်။
ဒါပေမယ့်လည်း မြေပြင်ပေါ်က တိုက်ခိုက်မှုကိုတော့ တားဆီးချက်ကတော့ …
ဒါဟာ အတော်လေးကို အင်အားနည်းလှတယ်။ ယဉ်ရှန် ရဲ့ တိုက်ခိုက်မှု ဟာ အတားအဆီးတွေကို မကျော်ဖြတ်ရတဲ့ အတွက် သူ့ရဲ့ အရှိန်နှုန်းဟာတော့ ဘယ်သူမှ မမြင်နိုင်လောက်အောင် မြန်ဆန်လှတယ်။
ဖန်ကျန်းရှီကတော့ သူ့ရဲ့ မျက်နှာကို ထိခိုက်မယ့် ကိစ္စကို ရှောင်ရှားဖို့ နည်းလမ်းတွေကိုပဲ တွေးနေတာ ။
ဒါပေမယ့်လည်း သူ့ရဲ့ အရင် ဘဝတုန်းကတော့ မြေကြီးထဲကနေ လူတွေ ပေါ်လာမျိုး ဆိုတာ လုံးဝကို မကြုံခဲ့ရတာပဲလေ။ ဒါကြောင့် ဒီလို တိုက်ခိုက်မှုကို ကာကွယ်ဖို့ အတွက် သူ့မှာ နည်းလမ်းမရှိဘူး ။
ကြည့်ရတာ လုံးဝကို ကူကယ်ရာ မဲ့နေတော့တယ်။
ဒါပေမယ့်လည်း ဒါဟာ အမှန်တရားကြီး ဖြစ်နေတယ်။
စွမ်းအား နဲ့ အတွေ့အကြုံ ကွာခြားလှတဲ့ သူတစ်ယောက်ကို ဖိအားပေးပြီးတော့ အနိုင်တိုက်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။
ဖန်ကျန်းရှီလိုမျိုး ထက်မြက်တဲ့သူ တစ်ယောက် အတွက် တောင်မှ ။
အဲ့ဒီ့နောက် သူ့ရဲ့ လည်ပင်းဆီကို ဦးတည်လာတဲ့ လက်ဝါးကိုသာ ငေးကြည့်နေရတော့တယ်။ ဓားတစ်လက်နဲ့ တူညီလှတဲ့ လက်ဝါး ဟာ သတ်ဖြတ်လိုငွေ့တွေ ပြည့်နှက်နေပြီးတော့ အရှိန်ဟာလည်း မြန်ဆန်လှတယ်။
“ ဘုန်းးးး”
တုန်ခါ သွားတဲ့ အသံ ကြီးဟာ လူ ခြောက်ဦး ရပ်နေတဲ့ နေရာကို လှုပ်ခတ်စေတယ်။
ဒီ အသံ ဟာ အင်အားပြည့်ဝတဲ့ ရိုက်ချက် တစ်ခု ကြောင့် ထွက်ပေါ်လာတာပဲ ။ တစ်ချိန်တည်းမှာပဲ အသံ ထွက်လာခြင်း နဲ့ အတူ အနက်ရောင် အလင်းတန်းတွေဟာ ဟာလည်း ပေါက်ကွဲသွားခဲ့တယ်။
သုခမိန်လောကကြီး တစ်ခုလုံး ဟာ ဒီ ပြင်းထန်လှတဲ့ ရိုက်ခတ်မှုကြောင့် လှုပ်ခါ နေခြ့တယ်။
တစ်ချိန် တည်းမှာပဲ ပွက်ပွက်ဆူပြီး ရဲရဲ နီတဲ့ သွေးတွေဟာ ကောင်းကင်ကို မြင့်တက် လာခဲ့တယ်။ သွေးပုလဲလုံးတွေဟာ ထွင်းဖောက်မြင်နိုင်လောက်အောင် တောက်ပ နေပြီးတော့ ပွင့်ဖူးစ ပန်းနီတွေသဖွယ် တောက်ပ နီစွေး စွာ ရှိနေခဲ့တယ်။
အပိုင်း (၂၁၃) ပြီး၏။
အပိုင်း (၂၁၄)
”သုံးကြိမ်မြောက်”
လေထုထဲမှာ စွေးစွေးနီစွာ ပွင့်ဖူးနေတဲ့ ပန်းနီတွေဟာတော့ သွေးရည်စက်များ အသွင် ပြောင်းလဲ သွားပြီးတော့ မြေပြင်ပေါ်ကို ရောက်ရှိသွားတော့တယ်။
ဖန်ကျန်းရှီ ကတော့ သူ့မျက်နှာ နားမှာ အပူချိန် တိုးလာတာကို ခံစားလိုက်ရတယ်။ ဒါကတော့ သွေးရည်စက်တွေ သူ့မျက်နှာပေါ်ကို လာရောက် ထိမှန် တာကြောင့်ပဲ ။ သူ့ရဲ့ လက်ဖဝါးဟာလည်း တဖြည်းဖြည်း ပူလာ တာကို သတိပြုမိလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ မီးလို ပူပြင်းတဲ့ လက်တစ်ဖက်ဟာ သူ့လက်ကို ဆုပ်ကိုင် ထားတာကြောင့် ပါပဲ။
ပင်းယန် ရဲ့ ဖန်သလင်း လို မျက်လုံးတွေဟာတော့ ဖန်ကျန်းရှီကို ကြည့်နေပြီး တော့ သူမရဲ့ နှုတ်ခမ်းတွေဟာ ပြုံးနေခဲ့တယ်။
“ငါေ ပြောသားပဲ။ ငါ့ ရဲ့ မီး မီးလျှံ ပန်းနီ သံ သံချပ်ကာက တစ်ချက် ရိုက်တာကို ခံ ခံနိုင်တယ်လို့ ။ ငါ မှန်တယ် မ မလား။” ပင်းယန် ရဲ့ နှုတ်ခမ်း နှစ်လွှာဟာ လှုပ်ရှားရင်း နဲ့ တိုးညှင်းစွာ ပြောနေခဲ့တယ်။ ဒါပေမယ့်လည်း လေထုထဲမှာတော့ သွေးနံ့တွေဟာ လွှမ်းခြုံသွားပြီ ။
“ ဘာလို့လဲ။” ဖန်ကျန်းရှီက နားမလည် နိုင်ဘူး ။
သူ တကယ့်ကို နားမလည် နိုင်ဘူး။ သူ နဲ့ ပင်းယန် က အရမ်းခင်တဲ့ သူ တွေ မှ မဟုတ်တာ။ နောက်ပြီး ရင် ပင်းယန်လို မောက်မာတဲ့ မင်းသမီး တစ်ပါးက ဘယ်လိုများ ဒီလို မျိုး လူသား ဒိုင်းလွှာ လုပ်ပေးတာလဲ ။
“ ဘာကြောင့်လဲ ဆိုတော့ ငါက ထက်မြက်တယ်။”
“ ထက်မြက်တယ်လား။”
“ ငါ အသက်ရှင် ချင်တယ်။ ဒါကြောင့် နင် သေလို့ မဖြစ်ဘူး ။ … နင် မသေ သရွေ့ ငါ့မှာ အသက် ရှင်ဖို့ အခွင့်အရေးရှိတယ်။ ” သွေးတွေဟာ ပင်းယန် ရဲ့ နှုတ်ခမ်းထောင့် ကနေ စီးကျ နေခဲ့တယ်။ သူမရဲ့ ကိုယ်ဟာတော့ ဖန်ကျန်းရှီ ရဲ့ လက်မောင်း ကို အပ်လျက် ခွေကျ နေခဲ့တယ်။
“ ဘုန်း။” နောက်ထပ် အသံ တစ်သံ ဟာ ပေါက်ကွဲ ထွက်လာတော့တယ်။
ဒီ အချိန်မှာတော့ ဒီအသံဟာ ယဉ်ရှန်ကို အတူတကွ တိုက်ခိုက် နေတဲ့ နန်ကုန်းမု နဲ့ ရန်ရွှယ် ဆီကနေ ထွက်လာတာ ဖြစ်နိုင်တယ်။
ဖန်ကျန်းရှီ ကို ဦးတည်တဲ့ တိုက်ခိုက်မှုကို ပင်းယန်ဟာ ကာကွယ်လိုက်ပြီး နောက်မှာတော့ ။
နန်ကုန်းမု နဲ့ ရန်ရွှယ်တို့ဟာ ယဉ်ရှန် ရဲ့ နေရာကို ဦးတည်ချက် ပြောင်းလိုက်ကြတော့တယ်။ ကျောက်စိမ်း နီလာ ဓား မောင် နှံ နဲ့ တောင်မြစ်မိုးမြေ ယပ်တောင် တို့ဟာ တောက်ပတဲ့ ရောင်ခြည်တွေ ဖြာထွက်ပြီးတော့ ယဉ်ရှန်ဆီကို တိုးဝင်သွားတော့တယ်။
ယဉ်ရှန်ဟာ မြေပြင်ကို ဦးတည်သွားခဲ့တဲ့ အတွက် ယဉ်ရှန် နဲ့ လူ နှစ်ဦး ကြားက အကွာအဝေးဟာ သုံးနားညီ တြိဂံ တစ်ခု သဖွယ် ဖြစ်သွားခဲ့တယ်။ ဒါကြောင့် ယဉ်ရှန် ဟာ ပြေးစရာ နေရာမရှိ ဖြစ်သွားခဲ့တယ်။
နောက်ပြီးတော့ အောင်မြင်တဲ့ တိုက်ခိုက်မှု တစ်ခု။
ယဉ်ရှန်မှာ နောက်ဆုတ်ဖို့ အချိန် တောင် မရှိခဲ့ဘူး။ သူဟာ ဆက်တိုက် တိုက်ခိုက်ဖို့ အတွက် အသင့် ဖြစ်နေခဲ့တယ်။
လက်ဝါး ရိုက်ချက် နှစ်ခုဟာ ဓားမောင်နှံ နဲ့ မိုးမြေ ယပ်တောင် ဆီကို တည့်တည့် ထိခတ်သွားခဲ့တယ်။
ဒါပေမယ့်လည်း တိုက်ခိုက်မှုကြောင့် ယိမ်းယိုင်သွားခဲ့ရသူတွေကတော့ နန်ကုန်းမု နဲ့ ရန်ရွှယ် ဖြစ်ခဲ့တယ်။
ထပ်ပေါင်းပြောရမယ် ဆိုရင်တော့ နတ်ဆိုး မျက်လုံးကနေ ထွက်ပေါ်လာတဲ့ စွမ်းအားစုပ်ယူ နိုင်စွမ်းတွေဟာ လူတစ်ယောက် ရဲ့ အင်အားတွေကို ဖျက်စီးနိုင်ခဲ့တယ်။ နန်ကုန်းမု နဲ့ ရန်ရွှယ် ဘယ်လောက်ပဲ တိုက်ခိုက် နိုင်ပါစေ သဘာဝလွန် အဆင့်က ယဉ်ရှန်ကိုတော့ အနိုင် တိုက်ဖို့ ခက်ခဲ လှတယ်။
“သေစမ်း။” ယဉ်ရှန် ရဲ့ အမူအယာတွေဟာ ရက်စက် ကြမ်းတမ်း လာတော့တယ်။ ဒီ အချိန်မှာတော့ သူ့မှာ အတွေးတစ်ခုပဲ ရှိတယ်။ ဖန်ကျန်းရှီကိုသတ်ဖို့ ဖန်ကျန်းရှီကို သတ်ဖို့ နဲ့ ဖန်ကျန်းရှီကို သတ်ဖို့။ တခြား အရာတွေအားလုံးကို ဖယ်ရှားပြစ်ရမယ်။
ဒါကြောင့် နန်ကုန်းမု နဲ့ ရန်ရွှယ်တို့ ဆုတ်ခွာသွာပြီး နောက်မှာတော့ ဖန်ကျန်းရှီဆီကို ဦးတည် တိုက်ခိုက်တော့တယ်။
ဖန်ကျန်းရှီဟာ ပင်းယန်ကို သူ့ရဲ့ လက်မောင်းမှာ မှီတွယ် ထားစေခဲ့တယ်။
ဒါပေမယ့်လည်း ပင်းယန် ရဲ့ ကိုယ်ဟာတော့ သူ နဲ့ ယဉ်ရှန် ကြားမှာ ရှိနေဆဲ ။
အကယ်၍ ယဉ်ရှန်သာ နောက်တစ်ကြိမ် တိုက်ခိုက်လာမယ် ဆိုရင် သူမဟာ နောက်ထပ် ကာကွယ်ပေးအုန်းမယ် ဆိုတာ အသေအချာပဲ ။
“ ဘုန်းးးး”
နောက်ထပ် လက်ဝါး ချက် တစ်ချက် ဟာ ထွက်ပေါ်လာခဲ့တယ်။
သွေးနီမိုးဟာ ဇီးပန်းပွင့်တွေ ကြွေသည့်သဖွယ် ဖြစ်ပေါ်လာပြန်တယ်။
ဖန်ကျန်းရှီ ရဲ့ ရှေ့မှာတော့ ဖြူဖျော့ သွေးဆုတ်နေတဲ့ လူ တစ်ယောက်ဟာ ရပ်နေခဲ့တယ်။ သူဟာ နောက်တကြိမ် ဘာကြောင့် လဲလို့ မေးလိုက်ချင်တယ်။ ဒါပေမယ့်လည်း ဒီ တစ်ကြိမ်မှာတော့ မေးစရာမလို အောင်ပဲ ထိုသူဟာ ချက်ခြင်း ပြောခဲ့တယ်။
“မင်းသမီး လေး ပြောတာ မှန်တယ်။ အကယ်၍ သခင်လေး ဖန်သာ သေဆုံးခဲ့ရင် …. ကျွန်တော်တို့ တစ်ယောက်မှ အသက် ရှင်နိုင်မှာ မဟုတ်တော့ဘူး။ ” မြေပြင်ပေါ်ကို လဲကျသွားတဲ့ ထိုသူရဲ့ မျက်နှာမှာလည်း အပြုံးတစ်ခု တူညီစွာရှိနေခဲ့တယ်။
ဒီလူ မြေပြင်ပေါ်ကို လဲကျသွားတဲ့ အချိန်မှာပဲ ဖန်ကျန်းရှီ ရဲ့ ရှေ့မှာ နောက် ထပ် လူ တစ်ယောက်ဟာ ပိတ်ဆို့ပြီးတော့ ရပ်တန့် ကာကွယ်ပေးနေခဲ့တယ်။
ဒီလူဟာတော့ ဝမ်ချွမ်ဖုန်း ရဲ့ ဝမ်းကွဲ ဖြစ်တဲ့ ဝမ်မန်ရှင်းပဲ ။
မြေပြင်ပေါ်မှာ လဲကျနေခဲ့တဲ့ သူဟာတော့ ဝမ်ချွမ်ဖုန်းပဲ ။ ယဉ်ရှန် ရဲ့ လက်ဝါး ရိုက်ချက်ကို ခံနိုင်တဲ့ တစ်ယောက်တည်းသော သူပဲ ။ ဒါပေမယ့်လည်း ကံမကောင်းတာကတော့ သူ့ရဲ့ ကိုယ်မှာ မီးလျှံ ပန်းနီသံချပ်ကာ မရှိခဲ့ဘူး ။
“ ငါ ကျန်သေးတယ်။ ” ဝန်မန်ရှင်းဟာ ယဉ်ရှန်ကို ကြည့်လိုက်တယ်။ သူ့ရဲ့ ဓားကိုတော့ ယဉ်ရှန် ဘက်ကို တည့်တည့်ချိန်ထားခဲ့ပြီးတော့ သူ့မျက်နှာပေါ်မှာတော့ လုံးဝကို ဆုံးဖြတ်ထားတဲ့ အမူအယာ ရှိနေခဲ့တယ်။
ဒီအခိုက်အတန့်လေးမှာတော့ အချိန်တွေဟာ လုံးဝကို ရပ်တန့်သွားသလို ထင်လိုက်ရတယ်။
လူတိုင်းဟာတော့ မြေပြင်ပေါ်ကို လဲကျ နေတဲ့ ဝမ်ချွမ်ဖုန်း နဲ့ ဖန်ကျန်းရှီ ရှေ့မှာပိတ်ရပ်နေတဲ့ ဝမ်မန်ရှင်းကို ငေးကြည့်နေကြတယ်။ လူတိုင်းဟာ သဘောပေါက်သွားခဲ့တယ်။
ဒါဟာ အပိုလုပ်နေတာ မဟုတ်ဘူး။ ခါးသီးပြီး လက်ခံဖို့ ခက်ခဲတဲ့ အမှန်တရား ။
ယဉ်ရှန် သရုပ်မှန်ဖော်ထုတ်ပြီးချိန်တည်းက သူ့ရဲ့ အလစ်တိုက်ခိုက်မှုတွေဟာ အမြဲတမ်းအောင်မြင်ခဲ့တယ်။
ရှင်ချင်းစွေ့လည်း လဲကျနေခဲ့ပြီ။ နန်ကုန်းမု တောင်မှ ယဉ်ရှန်ကို ဒဏ်ရာ အနည်းငယ်ပဲ ရအောင် လုပ်နိုင်ခဲ့တယ်။
ဖန်ကျန်းရှီ တစ်ဦး တည်းသာလျှင်။
ဖန်ကျန်းရှီ ရှေ့ကို ထွက်ပြီး တိုက်ခိုက်ချိန်တည်းက ယဉ်ရှန်ဟာ ဆုတ်ခွာခဲ့ရတယ်။ နောက်ကျောမှာလည်း ဒဏ်ရာရအောင် လုပ်နိုင်တဲ့ အပြင်ကို နန်ကုန်းမုကို သံကြိုးဖြတ်ဖို့ အတွက် အချိန် လုံလုံလောက်လောက် ဆွဲထားနိုင်ခဲ့တယ်။
အဲ့ဒီ့နောက် ယဉ်ရှန် စောင့်ကြည့်နေတဲ့ အချိန်မှာပဲ ဓားကို ဆွဲထုတ်ပြီးတော့ နောက်တစ်ကြိမ် အထိနာ အောင် ဆုတ်ခွာစေခဲ့ပြန်တယ်။
အဖြစ်ပျက်တွေဟာ တစ်ခုချင်းစီ အစဉ်လိုက် ဖြစ်ပျက်သွားခဲ့တယ်။ ဒါကြောင့် ဒီ သုခမိန် လောကထဲကနေ ထွက်သွားဖို့ အတွက် ဖန်ကျန်းရှီဟာ နောက်ဆုံးမျှော်လင့်ချက် ။
ဒါ့အပြင် ဖန်ကျန်းရှီရဲ့ လက်ထဲမှာ ဓား ရှိတယ်။
ဒီဓားဟာ သုခမိန်လောကကြီး ကို ပြန်လည် ပွင့်စေနိုင်ဖို့ အတွက် အကြီးမားဆုံးသော မျှော်လင့်ချက် ။
အရေးကြီးဆုံးကတော့ …..
ယဉ်ရှန် ရဲ့ ဦးတည်ချက်ဟာ ဖန်ကျန်းရှီ ဖြစ်နေတယ်။
ပြစ်မှတ် ရှိတဲ့ လူသတ်သမား တစ်ယောက် နဲ့ ပစ်မှတ် မရှိတဲ့ လူသတ်သမား တစ်ယောက် ကြားက ကွာခြားချက် ဘယ်လောက်တောင် ကြီးမားနိုင်မလဲ။ ဒါကတော့ သာမာန်လူ တစ်ယောက် နဲ့ ရူးသွပ်နေတဲ့သူ ကြားက ကွာခြား ချက်လိုပဲ ။
ဘယ်သူကမှ ဒီလိုအရာတွေ ဖြစ်လာဖို့ အတွက် မမျှော်လင့်ခဲ့ဘူး။ မျှော်လင့်ချက် တစ်ခုကို သူတို့ လက်ခံ ရမယ်။
အခုတော့ သူတို့ရဲ့ အသက်က ဖန်ကျန်းရှီ နဲ့ သက်ဆိုင်နေပြီ။ ဖန်ကျန်းရှီ အသက်ရှင်နေသရွေ့ သူ့ရဲ့ ပြစ်မှတ်ဟာ ဖန်ကျန်းရှီ ဖြစ်နေမှာပဲ။ ဒါကြောင့် ဒီအချက်ကို အသုံးချပြီးတော့ နည်းဗျူဟာ များစွာ နဲ့ တိုက်ခိုက် နိုင်တယ်။
ဒါပေမယ့် အကယ်၍ ဖန်ကျန်းရှီသာ သေသွားခဲ့ရင် ဘယ်လို လုပ်မလဲ။
ရလဒ်ကိုတော့ စိတ် ထဲမှာတွေးကြည့်လို့ရတယ်။
ဦးတည်ချက် မဲ့သွားတဲ့ ယဉ်ရှန်ဟာ စိတ်လိုက်မာန်ပါ မြင်မြင်သမျှ သတ်ဖြတ်တဲ့ အရူးတစ်ယောက် ဖြစ်သွားလိမ့်မယ်။ ဘယ်သူမှလည်း သုခမိန်လောကထဲကနေ မလွတ်မြောက် နိုင်တော့သလို သူတို့ရဲ့ ရုတ်တရက်သေဆုံးမှုကိုလည်း တားဆီးနိုင်မှာ မဟုတ်နိုင် တော့ဘူး။
“ငါလည်း ရှိတယ်။”
“ငါကောပဲ။”
“ငါလည်း မသေချင်သေးဘူး။ ဒါပေမယ့် ရှေ့ထွက်ရမယ်။”
စာဖြေသူ တစ်ယောက်ချင်းစီဟာ ဒီလူ ခြောက်ဦး စီကို လျှောက်လာခဲ့တယ်။ သူတို့ရဲ့ မျက်လုံးတွေဟာတော့ တူညီတဲ့ အကြည့် တစ်ချက် ပါဝင်နေခဲ့တယ်။ သူတို့ အားလုံးဟာ အရာ တစ်ခုတည်းမှာ မျှော်လင့် ချက်ထားထား ကြတဲ့ ပုရွက်ဆိတ်လေးတွေလို မျိုး တူညီလှတယ်။ သူတို့ အသက်ရှင်ရင် လည်း အတူတူ ရှင်သန်မယ်။ သေဆုံးချိန်မှာလည်း အတူတူ သေကြမယ်။
…
ယဉ်ရှန်ဟာတော့ လူ ခြောက်ယောက် ခံတပ်ကို ပြိုကွဲအောင် လုပ်ဖို့ အားထုတ်နေခဲ့တယ်။
ယဉ်ရှန် ရဲ့ လက်ဝါး ရိုက်ချက် သုံးချက် ဟာ အချိန်နည်းနည်းဆီကွာတယ်။ နည်းပါးလှတဲ့ အချိန်ကွာခြားချက်ဟာ လျစ်လျူရှုဖို့ အတွက် လွယ်ကူတယ်။ ဒါပေမယ့်လည်း ဒီလို နည်းပါးလှတဲ့ အချိန်လေး အတောတွင်းမှာ ။
ပင်းယန်ဟာ ဒဏ်ရာ အပြင်းအထန် ရသွားခဲ့တယ်။ ဝမ်ချွမ်ဖုန်းဟာလည်း လက်ဝါး တစ်ချက်ကြောင့် လဲကျသွားခဲ့ရတယ်။
ဘယ်သူကမှ သေမှန်းရှင်မှန်း မသိနိုင်ဘူး။
နန်ကုန်းမု နဲ့ ရန်ရွှယ်တောင်မှ ဒဏ်ရာ အနည်းငယ်ဆီ ရထားကြတယ်။
နန်ကုန်းမုရဲ့ ရင်ဘတ်ဟာတော့ သွေးတွေကြောင့် နီရဲ နေခဲ့တယ်။ ဒီသွေးတွေဟာ သူ့ရဲ့ ဒဏ်ရာက သွေးတွေလား တခြားသူ နှစ်ယောက် စီက စင်လာတဲ့ သွေးတွေ ဖြစ်မလားဆိုတာတော့ မသိနိုင် ဘူး။
ရန်ရွှယ် ရဲ့ မျက်နှာဟာတော့ ဖြူဖျော့ နေခဲ့တယ်။ သူ့ရဲ့ အသက်ရှူသံဟာလည်း နှေးကွေးလေးလံ နေခဲ့တယ်။
ဒီမြင်ကွင်းဟာ အရေးကြီးဆုံး အချိန်ကို အဆုံးဖြတ်ပေးတော့မှာ ဖြစ်ကြောင်း သိသာလှတယ်။
ဒါပေမယ့်လည်း ဒီလို အရေးကြီးတဲ့ အချိန်ကို ရောက်လာပြီ ဖြစ်တာကြောင့် စာဖြေသူတွေဟာ ပိုပြီး အရိုင်းဆန်လာခဲ့တယ်။ သူတို့ တစ်ဦးချင်းစီဟာ ယဉ်ရှန် ရဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့ အတွက် ရှေ့ကို ထွက်ရပ်နေခဲ့ကြတယ်။
ရှင်ချင်းစွေ့တောင်မှ ထရပ်နေခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့ ရင်ဘတ်ထဲကို စိုက်ဝင်နေတဲ့ ဓားကြောင့် စီးကျနေတဲ့ သွေးတွေဟာ မြေပြင်ပေါ်က ကျောက်တုံးဆီကို စီးကျနေခဲ့တယ်။
“ ယဉ်ရှန် လာစမ်းပါ။ ငါ ရှင်ချင်းစွေ့ မင်းကို မကြောက်ဘူး။ ”
…
ယဉ်ရှန် ရဲ့ အမူအယာကတော့ ဒီအချိန်မှာ ယုတ်မာတော့မည့် အသွင်ကို ဆောင်နေခဲ့တယ်။ အနက်ရောင် အငွေ့အသက်တွေဟာ သူ့ ကိုယ်ကနေ ထွက်ပေါ်နေပြီးတော့ ဒီမြင်ကွင်းဟာ သူ့ကို ထိမ်းမရသိမ်းမရ အသွင်ပေါက်စေတယ်။
“ ငါ့ကို တားတဲ့သူ မှန်သမျှ သေရမယ်။”
ယဉ်ရှန်ဟာ အော်ဟစ် ရင်း နဲ့ နောက်တစ်ကြိမ် လှုပ်ရှားတော့တယ်။ သူ့ရဲ့ အရိပ်တွေဟာ ရှင်ချင်းစွေ့ ဆီကို တိုးဝင်သွားခဲ့တယ်။ အနက်ရောင် အလင်းတန်းတွေဟာတော့ သူ့ရဲ့ လက်ဝါး နှစ်ဖက်မှာ လည်ပတ်နေခဲ့တယ်။
ယဉ်ရှန်ဟာ ဓားကို မြှောက်ကိုင်ထားတဲ့ ရှင်ချင်းစွေ့ဆီကို ဦးတည်လာခဲ့တယ်။ နောက်တစ်ကြိမ်မှာတော့ သူ့ရဲ့ အရိပ်တွေဟာ ရှင်ချင်းစွေ့ရဲ့ ဥက္ကာပျံဓားဆီကို ဦးတည်လာခဲ့တယ်။
သူ့ရဲ့ မျက်နှာမှာတော့ ဝံ့ကြွားတဲ့ အမူအယာ ရှိနေခဲ့တယ် ။ တိုက်ပွဲ စစ်မြေပြင်က စစ်သူကြီးတစ်ယောက်လိုမျိုး ပြုံးနေခဲ့တဲ့ ရှင်ချင်းစွေ့ရဲ့ နှလုံးသားထဲမှာတော့ သူ့ရဲ့ ပြိုင်ဘက်က မည်သူပင် ဖြစ်ပါစေ ပုရွက်ဆိတ် တစ်ကောင်သာသာပဲ ရှိတာကြောင့် ။
ဒါက ဘာကြောင့်လဲ ဆိုတော့ …
သူဟာ အကြောက်တရားမဲ့တယ်။
ဒီအချိန်မှာတော့ ယဉ်ရှန်ရဲ့ တိုက်ခိုက်မှုဟာ ရှင်ချင်းစွေ့ကို ကျော်ဖြတ်မသွားခဲ့ဘူး။
သူ့ရဲ့ လက်ဝါးဟာတော့ ဒဏ်ရာရထားတဲ့ ရှင်ချင်းစွေ့ ရင်ဘတ်ကို ဦးတည်နေခဲ့တယ်။ လူသား မျိုးနွယ် ရဲ့ ထူးချွန်သူကို သတ်ဖို့က ယဉ်ရှန့် ဦးတည်ချက်ရဲ့ တစ်စိတ်တပိုင်းပဲ ။
ဒါပေမယ့်လည်း ဒီအချိန်မှာတော့ ။
ရွှေရောင် အလင်းတန်းတွေဟာ ကောင်းကင်ကနေ ကျဆင်းလာခဲ့တယ်။ ဒါဟာ ရေတံခွန် တစ်ခုသဖွယ် ဖြစ်ပြီးတော့ ရေစီးကြောင်း တစ်လျှောက်မှာ ငွေရောင် အလင်းတန်းတွေကို သယ်ဆောင်လာခဲ့တယ်။
ကောင်းကင်ကနေ ကျဆင်းလာတဲ့ အင်အားပြင်းထန်လှတဲ့ ရေတံခွန် တစ်ခု ငွေရောင် မြစ်တစ်စင်း စီးဆင်းနေသည့်သဖွယ်။
ဒါဟာတော့ တောင် ရေတံခွန် ရေတံခွန်ပဲ ။
ဒါပေမယ့်လည်း ဒီအချိန်မှာတော့ တောင်တန်းတစ်ခုမှမရှိခဲ့ဘူး။ ရွှေရောင်တောက်ပနေတဲ့ အလင်းတန်းတွေသာ ဖြစ်ပေါ်နေပြီးတော့ ကောင်းကင်ကနေ သာ စီးကျနေသည့် အလားပါပဲ။ ဒါဟာ တောင်တန်းတွေ ထက်တောင် မြင့်မားပြီးတော့ အင်အား ပြင်းထန်လှတယ်။
စီးကျနေတဲ့ ရေစီးကြောင်းထဲမှာ ဓားတစ်ချောင်းလည်း ပါနေခဲ့တယ်။
ဓားရဲ့ အဆုံးသတ်မှာ တော့ ကောင်းကင် နဲ့ ထိစပ်နေတဲ့ တောင်တန်းကြီး တစ်ခု ရှိနေခဲ့တယ်။
ဒီအချိန်မှာတော့ ယဉ်ရှန် ရဲ့ အကြည့်တွေဟာ ရွှေရောင် ရေစီးကြောင်းကို ကြည့်နေရင်း နဲ့ သူ့စိတ်ထဲမှာ ခံစားချက်တွေ ပြည့်နှက်လာတော့တယ်။ ဒီအချိန် တစ်လျှောက်လုံးမှာ သူ ယုံကြည် ထားခဲ့တာက သူဟာ သူ့မျိုးနွယ် တစ်ခုလုံးမှာ အရည်အချင်း အမြင့်မားဆုံး ဉာဏ်ကြီးရှင် တစ်ယောက် အဖြစ် မွေးဖွားခဲ့တယ်လို့။
သူ အရင် အသက်ရှင်ခဲ့တဲ့ နေရာမှာတော့ သူဟာ အင်အား အကြီးဆုံး ဖြစ်ခဲ့တယ်။
မျိုးနွယ်စု ဆယ်ခုရဲ့ အသုံးချခံ ပစ္စည်း တစ်ခု အဖြစ်သာ အသက်ရှင်ခဲ့တယ်။
အချိန်တွေ ကုန်ဆုံး ကျော်လွန် ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာတော့ သူစာ စစ်ပွဲ ထဲမှာ အသက်ရှင်ဖို့ အတွက် ဆုံးဖြတ်ခဲ့တယ်။ တစ်ကြိမ်ပြီးတော့ တစ်ကြိမ် မှတ်တမ်း အသစ်တွေကို ရေးထိုးနိုင်ခဲ့တယ်။ သူ့မှာ နောက်ခံ အင်အား ကောင်းကောင်းလည်း မရှိသလို လှပတဲ့ငယ် ဘဝလည်း မရှိခဲ့ဘူး။ အဲ့ဒီ့အစား မွေးဖွားချိန်တည်းက ခက်ခဲတဲ့ ဘဝကို ရင်ဆိုင် ခဲ့ရတယ်။ အာဟာရချို့တဲ့မှုကြောင့် ကိုယ်ခန္ဒာ ဟာ ဖြူဖျော့ပြီး အင်အား နည်းပါးတဲ့ အမြဲ ဖြစ်နေခဲ့တယ်။
သူ့ရဲ့ အမျိုးမျိုးသော တိုက်ပွဲ အောင်မြင်မှုတွေ နဲ့ အခွင့်ကောင်းတွေဟာ အားနည်းလှတဲ့ သွင်ပြင်ကြောင့် ရတဲ့ ရလဒ်တွေလည်း ။
အဲ့ဒီ့အချိန် မတိုင်ခင် အထိ
အမျိုုးသမီးတစ်ဦးနဲ့ မတွေ့ဆုံခင် အထိ ….
သူ့ရဲ့ ဘဝတစ်သက်တာ မှတ်မိနေစေမယ့် အမျိုးသမီး တစ်ဦးနဲ့ တွေ့ဆုံခဲ့ရတယ်။
သူမနဲ့ ပထမဆုံး တွေ့ဆုံခဲ့စဉ် အချိန်တုန်းက သူမ ဟာ တစ်ဦးတည်း လာရောက်ခဲ့တာ ။ သူမရဲ့ မြင့်မြတ် လှတဲ့ အဆင့်အတန်း ကြောင့် လိုက်ပါ စောင့် ရှောက်တဲ့ ဒုတိယ လူ မရှိပဲ နဲ့ တွေ့ဆုံနိုင်တာ ။
သွေးသံ ရဲရဲ တိုက်ပွဲ မြေပြင်ထဲက သူ့ရှေ့မှာ ရပ်တန့်နေခဲ့တဲ့ အမျိုးသမီးဟာ အနက်ရောင် ပြောင်းနေပြီ ဖြစ်တဲ့ သွေးကန်ထဲကို ဖြတ်သန်းပြီးတော့ သူ့ဆီကို လျှောက်လာခဲ့တယ်။
သူမဟာ ရိုးရှင်းတဲ့ စကားတစ်ခွန်းကိုပဲ ပြောခဲ့တယ်။
“စာအုပ်တစ်အုပ်ကို အဖုံးသာ ကြည့်ပြီး ဆုံးဖြတ်လို့မရဘူး။”
ဒါဟာ လူသား မျိုးနွယ်မှာ ကျော်ကြားတဲ့ စကားပုံ ။ ယဉ်ရှန်ဟာ ဘာကြောင့် ဒီအမျိုးသမီး သူ့ကို ပြောလဲ နားမလည် နိုင်ဘူး။ ဒါပေမယ့်လည်း ဒီအမျိုးသမီး ရဲ့ စကားကြောင့် သူဟာ ယဉ် မျိုးနွယ်စုရဲ့ ဒုတိယ ခေါင်းဆောင် ဖြစ်လာခဲ့တယ်။
ဒီအမျိုးသမီး နဲ့ ဒုတိယ အကြိမ် တွေ့ဆုံ ချိန်မှာလည်း သူမဟာ ဒီစကားကိုပဲ ထပ်ပြောခဲ့တယ်။
“စာအုပ် တစ်အုပ်ကို အဖုံးသာ ကြည့်ပြီးတော့ ဆုံးဖြတ်မရဘူး။”
ဒါဟာ လူသားလောက ရဲ့ စကားပုံပါပဲ။ ဒါပေမယ့်လည်း ဒီ အချိန်မှာတော့ ယဉ်ရှန်ဟာ နားလည်သွားခဲ့ပြီ ။
သူနားလည်သွားတာကတော့ သူ့ရဲ့ ရုပ်ရည်သွင်ပြင်ဟာ ကောင်းကျိုးပြုနိုင်တဲ့ လက်နက် တစ်ခု ။ ဒီသွင်ပြင်ကို အသုံးပြုပြီးတော့ သူဟာ ကျောင်းတော် ဆယ့်သုံးခုထဲမှာ အခြေချ ဝင်ရောက် နိုင်တဲ့ အရေးကြီး နတ်ဆိုးမျိုးနွယ် တစ်ဦး ဖြစ်လာခဲ့တယ် ။
အချိန်သုံးနှစ် အတွင်းမှာ သူဟာ ယန်မြို့တော် အတွင်းမှာ ရှိတဲ့ ထူးချွန်နတ်ဆိုး မျိုးနွယ်တွေကို ဦးဆောင် နိုင်ခဲ့တယ်။ အချိန်တွေ ကုန်ဆုံးပြီးတဲ့ နောက်မှာတော့ သူဟာ အရေးကြီးတဲ့ တိုက်ပွဲ အချက်တွေကို နတ်ဆိုး မျိုးနွယ်ဆီ သတင်းပို့ပြီးတော့ လူသားတွေကို တိုက်ခိုက်မှုမှာ အောင်မြင်မှု တွေ ယူဆောင်ပေးနိုင်ခဲ့တယ်။
တတိယအကြိမ်မြောက် ထို အမျိုး သမီး နဲ့ တွေ့ချိန်ကတော့
ဆယ်မိုင်ရေကန်ရဲ့ ဘေးမှာ ဖြစ်ခဲ့တယ်။ သူမဟာ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီးတော့ ဆံကေသာတွေဟာတော့ ရေတံခွန်သဖွယ် စီးကျနေခဲ့တယ်။ ယဉ်ရှန်ဟာ သူမ ပြောခဲ့တဲ့ စကားလုံးတိုင်း နဲ့ လှုပ်ရှားမှုတွေကို မှတ်မိနေခဲ့တယ်။
ဒီအမျိုးသမီးက သူ့ကို ဘာကြောင့် တော်ဝင် တိုက်ခိုက်ရေးစာမေးပွဲမှာ ပါဝင် ယှဉ်ပြိုင်စေလိုလဲ နားမလည်နိုင်ဘူး။
ဘာကြောင့် သူ့ရဲ့ အဆင့် အတန်း နဲ့ ဒီလိုမျိုး အလုပ်ကို လုပ်ဆောင်ဖို့ တာဝန်ပေးခံရလဲ ဆိုတာကိုလည်း နားမလည်နိုင်ဘူး ။
ဒီသုံးနှစ်တာမှာ အလုပ် ကောင်းကောင်း မလုပ်မိလို့များလား။
ဒါမှမဟုတ် သူပဲ အိုလာလို့လား။
သူ နားမလည် နိုင်ပေမယ့်လည်း မေးခွန်း ထုတ်ဖို့အတွက် အကြောင်းပြချက်က လည်း မရှိပြန်ဘူး။ အဲ့ဒီ့အစား လူသား တစ်ယောက်ရဲ့ လက္ခဏာ ဝိသေသတွေကိုသာ မေးမြန်းခဲ့တယ်။
အမျိုးသမီးဟာ ပြန်ဖြေခဲ့တယ်။
“ လူတစ်ယောက်ကို သူ့ရဲ့ သွင်ပြင် ကြည့်ပြီး မဆုံးဖြတ်နိုင်ဘူး။”
အစတုန်းကတော့ ဒီစကားကို နားမလည်ခဲ့ဘူး။ ဒါပေမယ့်လည်း အခုချိန်မှာတော့ သူ နားလည်သွားပြီ။ ကောင်းကင်ကနေ ကျဆင်းတဲ့ ရွှေရောင်ရေတံခွန် သူ့ခေါင်းပေါ်မှာ ပေါ်လာတည်းက သူ နားလည်ခဲ့ပြီ
ဘာကြောင့် အမျိုးသမီးက တိုက်ခိုက်ရေးစာမေးပွဲမှာ သူပါဝင်ဖို့ တောင်းဆိုလာတယ် ဆိုတာကိုလည်း နားလည်ခဲ့ပြီ.။
ဘာကြောင့် ဒီအလုပ်ကို ကိုယ့်အသိစိတ်နဲ့ ကိုယ် အောင်မြင်အောင် ထမ်းဆော်င သင့်လည်း ဆိုတာကိုလည်း နားလည်သွားခဲ့ပြီ။
ဘာကြောင့်လဲ ဆိုတော့ လူတစ်ယောက်ဟာ တကယ့်ကို သွင်ပြင် ကြည့်ရုံနဲ့ ဆုံးဖြတ်လို့ မရနိုင်ဘူး ။
အသက် ဆယ့်ငါး နှစ်ပဲ ရှိသေးတဲ့ လူသားလေး တစ်ယောက်မှာ သူတောင် မယှဉ်နိုင်တဲ့ အသိပညာတွေ ရှိနေတယ်။ နောက်ပြီးတော့ အခုချိန်မှာ ဒီလောက က တခြားသူတွေ ဘယ်လိုမှ မတတ်စွမ်းနိုင်တဲ့ စွမ်းရည် တိုက်ခိုက်မှုတွေကို အသုံးချနေခဲ့ပြီ။
ဒီလိုလူသာ ဆက်ပြီး အသက်ရှင်နေမယ် ဆိုရင် နတ်ဆိုးမျိုးနွယ် တစ်ခုလုံး ကံဆိုး မိုးမှောင် ကျနိုင်တယ်။
“သတ်စမ်း”
ယဉ်ရှန်ဟာ ရှင်ချင်းစွေ့ကို သူတို့ရဲ့ ရင်းနှီးမှုကြောင့် အသက် ချမ်းသာ ပေးလိုက်တယ်။
ဘာကြောင့်လဲဆိုတော့ တိုက်ခိုက်ရေးစာမေးပွဲကို သူဝင်လာတည်းက သူ့ရဲ့ ပြစ်မှတ်ဟာ တစ်ယောက်တည်းသာ ။ ဒီလူဟာတော့ ဖန်ကျန်းရှီပဲ ။ နတ်ဆိုးမျိုးနွယ် တစ်ခုလုံးရဲ့ အရှင်သခင်ငယ် ကိုယ်တိုင်တောင်မှ ဒီလူကို သေဆုံးစေဖို့ အတွက် သူ့လို မျိုးနွယ်စု ဒုခေါင်းဆောင်ကို စေလွှတ်တိုက်ခိုက်စေခဲ့တာ။
…
ဆယ်မိုင်ရေကန် ရဲ့ မြစ်ကမ်းဘေးမှာတော့ မုန်တိုင်း တစ်ခု ဖြစ်ပေးနေခဲ့တယ်။ အဖြူရောင် ဝတ်ရုံတွေဟာ သည်းထန်လှတဲ့ မုန်တိုင်းကြားမှာ ကခုန်လွင့်မျောနေခဲ့တယ်။
အမျိုးသမီးတစ်ဦးဟာတော့ အစိမ်းရောင် ထီးတစ်ချောင်းကို ဆောင်းထားခဲ့တယ်။ ထီးပေါ်က ဆေးရေးပန်းချီဟာတော့ ပိုပြီးတော့ ရှင်းလင်း ကြည်လင်လာခဲ့တယ်။ အမျိုးသမီး ရဲ့ ဘေးမှာတော့ အနီရောင် ကျောက်တုံးကြီးဟာ မိုးရေတွေ နဲ့ စိုစွတ်ပြီးတော့ ရေကန်တစ်ဝိုက်ကို တောက်ပလာစေပုံဟာ မီးပင်လယ်ကြီး တစ်ခုလို ဖြစ်နေခဲ့တယ်။
လှေတစ်စင်းဟာ မြစ်ကမ်းဘေးကို ရောက်ရှိလာခဲ့တယ်။
လှိုင်းထန်နေတဲ့ မြစ်ရေပြင်ပေါ်မှာ လူးလွန့်နေပုံဟာ ပန်းချီကား တစ်ချပ်နှယ်ဖြစ်နေခဲ့တယ်။
သိပ်မကြာခင် အချိန်မှာပဲ လေဟာ မြစ်ကမ်းဘေးမှာ ရပ်တန့်သွားခဲ့တယ်။
အစိမ်းရောင် ဝတ်ရုံနဲ့ အမျိုးသမီး ငယ်တွေဟာ လှေပေါ်ကနေ ဆင်းလာခဲ့တယ်။ သူတို့ တစ်ဦးကမှ ထီးမဆောင်း ထားခဲ့ကြဘူး။ မိုးရေစက်တွေဟာ သူတို့ပေါ်ကို ပြင်းထန်စွာရိုက်ခတ်နေပင်မယ့်လည်း သူမတို့ရဲ့ လွန်မင်းစွာ လေးစားတဲ့ မျက်နှာ အမူယာတွေဟာတော့ ပျက်ယွင်းသွားခြင်း အလျဉ်းမရှိဘူး ။
“အရှင် သခင်ငယ်”
အမျိုးသမီးဟာ ခေါင်းငြိမ့်လိုက်တယ်။ ဒါပေမယ့်လည်း သူမဟာ မရွေ့လျားခဲ့ဘူး။
“ ယန်မြို့တော် ကနေ သတင်းလာပါတယ်။ တော်ဝင်ကျောင်းတော် ဟာ သုခမိန်လောကကို ထိန်းကွပ်နိုင်ခြင်း ကင်းမဲ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ဒုမျိုးနွယ်ခေါင်းဆောင် ယဉ်ရှန် နဲ့ ပတ်သက်နေမယ်လို့ ထင်ပါတယ်။” ရှေ့ဆုံးတန်းက အစိမ်းရောင် မိန်းမပျို တစ်ဦးဟာ ပြောလိုက်တယ်။
“မပတ်သက်ဘူး။” အမျိုးသမီးဟာ တစ်ချက် တောင် မတွေးပဲ နဲ့ ခေါင်းခါလိုက်တယ်။
“အရှင်သခင်ငယ်က ဘယ်လို ထင်ပါသလဲ။ ” အစိမ်းရောင် မိန်းမပျိုဟာ စိတ်ရှုပ်သွားခဲ့တယ်။ ဒါပေမယ့်လည်း သူမရဲ့ မျက်နှာဟာ အမူအယာ တစ်ခုကိုမှ ဖော်ပြလို့ မဖြစ်ဘူး ။
“ ဖန်ကျန်းရှီ”
“ဖန်ကျန်းရှီလား။ သူ့မှာ ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ။ သူက ကောင်းကင်ရောင်ပြန် အဆင့်ကို အခုမှ ရောက်တဲ့ လူသား တစ်ယောက်ပဲလေ။ ဒုခေါင်းဆောင် ယဉ်ရှန် ရဲ့ အစွမ်း နဲ့ ဆိုရင် ဖန်ကျန်းရှီက အခုချိန်မှာ သေနေလောက်ပြီ။ ဒါဆိုရင် သုခမိန်လောက အထိန်းအကွပ်မဲ့တာ ဖန်ကျန်းရှီ ကြောင့် ဘယ်လို ဖြစ်နိုင်မှာလဲ။ ” အစိမ်းရောင် မိန်းမပျိုဟာ စကားပြောတာကို ရပ်လိုက်ပြီးတော့ ဒူးထောက်လိုက်တယ်။
“ ရပါတယ်။ ထပါ။ ယဉ်ရှန်က ဖန်ကျန်းရှီကို သတ်နိုင်ဖို့ ဆိုတာ ဆယ်ပုံတစ်ပုံပဲ ရှိတယ်။ ဒါမှမဟုတ် ငါး ရာခိုင်နှုန်းလောက်ပဲ ရှိမယ်။” အမျိုုးသမီးဟာ ယန်မြို့တော်ကိုကြည့်ရင်း နဲ့ ပြောလိုက်တယ်။
“ အရှင် သခင်ငယ်ကို ကျေးဇူးတင်ပါတယ် ။ ဒါပေမယ့် ဘာ ဘာလို့ငါး ရာခိုင်နှုန်းပဲ ရှိတာလဲ။ ” အစိမ်းရောင် မိန်းမပျို က ဖြည်းဖြည်း ချင်း ထရင်း နဲ့ ပြောလိုက်တယ်။ သူမရဲ့ အမူအယာ ဟာတော့ ထိတ်လန့်နေပြီး မယုံကြည်ဟန်ပေါ်နေပင်မယ့်လည်း ယုံကြည်ဖို့ ရွေးချယ်ခဲ့တယ်။
ဘာကြောင့်လဲ ဆိုတော့ သူ့ရှေ့မှာ ရပ်နေတဲ့သူက သူမရဲ့ အရှင်သခင်ငယ် ဖြစ်နေတယ်။ တစ်ချိန်တည်းမှာပဲ နတ်ဆိုးမျိုးနွယ် တစ်ခုလုံးရဲ့ နှစ်ထောင်ချီကြာမှ တစ်ယောက်တည်းသာ ပေါ်တဲ့ အရည်အချင်းပြည့်ဝလှသူ တစ်ဦးဖြစ်နေတယ်။ ကိုယ်ပျောက်ခြင်း အနုပညာ ၊ နက္ခတ်ဗေဒ ၊ မြေပြင် အနေအထားနဲ့ လူသား ကိုယ်ခန္ဒာ အချက်တွေ ။ မိုးအောက်မြေပြင်မှာရှိသမျှ အချက်တွေကို နားလည်ပြီးတော့ ဘယ်လို အခြေအနေမျိုးကို မဆို ထိန်းချုပ်နိုင်သူ ဖြစ်နေတယ်။
“တကယ်တော့ ယဉ်ရှန်ကို တိုက်ခိုက်ရေးစာမေးပွဲ ယှဉ်ပြိုင်ဖို့ ပို့ လိုက်တဲ့ အကြောင်း ရင်းက ဖန်ကျန်းရှီ တော်ဝင် အစိုးရထဲ ဝင်သွားမှာကို နှောင့်နေးအောင် လုပ်ဖို့ပဲ။” အမျိုးသမီးဟာ တည်ငြိမ်စွာ ပြောလိုက်တယ်။
“ မျိုးနွယ်စုခေါင်းဆောင် တစ်ယောက်ကို သုံးပြီးတော့ လူတစ်ယောက် ကို ဟန့်တားးး။။။”
“ အရမ်းကို တန်တယ်။”
“…” အစိမ်းရောင် မိန်းမပျိုဟာ တိတ်ဆိတ်သွားခဲ့တယ်။
“နှစ်ထပ်ကွမ်း ချန်ပီယံဟာ လောကကို ထိတ်လန့်စေပြီး။ အေးချမ်းမှုကို ဆောင်ယူလာပေးမယ်။”
“ကျွန်မနားလည်ပါပြီ။ ”
“ မင်းသွားနိုင်ပြီ။”
“အမိန့်တော် အတိုင်းပါ။”
လေပြင်းဟာ ဆက်လက်တိုက်ခိုက်နေခဲ့တယ်။ အမျိုးသမီးဟာတော့ သူမရဲ့ခေါင်းကို မော့ရင်း ယန်မြို့တော်ဆီကို ကြည့်နေခဲ့တယ်။ သူမရဲ့ မဟူရာ ကေသာတွေဟာတော့ လေထဲမှာ လွင့်မျောရင်း မူးမေ့စရာ အလှတရားကို ဖော်ကျူးနေခဲ့တယ်။
အကယ်၍ ဖန်ကျန်းရှီသာ ဒီ မြင်ကွင်းကို မြင်ရင်တော့ အမျိုုးသမီးကို မှတ်မိမှာ အမှန်ပဲ ။
ဘာကြောင့်လဲ ဆိုတော့ သူမရဲ့ နာမည်ဟာ
ယွင်ချင်းဝူ ……
အပိုင်း (၂၁၄) ပြီး၏။
အပိုင်း (၂၁၅)
“အဆုံးမရှိသော ရေကန်”
ကြီးမြတ်သော ရှ မင်းဆက်မှာ ရှိတဲ့ ကျောင်းတော်သားတွေဟာတော့ ယွင်ချင်းဝူ နဲ့ ပတ်သက်ပြီးတော့ အမြင် အမျိုးမျိုး ရှိကြတယ်။
သီချင်း ၊ အက ၊ ကဗျာ၊ စာချိုးနဲ့ အနုပညာ လေးခုမှာ နှံ့စပ် ကျွမ်းကျင်တဲ့ အံ့ဖွယ် အမျိုးသမီး တစ်ဦး ။ ဒါပေမယ့်လည်း သူမဟာ မျက်နှာကာကို အမြဲတမ်း ဝတ်ထားခဲ့တယ်။ သူမရဲ့ မျက်နှာကို မြင်ဖူးသူဟာ မရှိသလောက် ။
ဖန်ကျန်းရှီ ပေါ်မလာခင်အချိန်အထိပေါ့။
ဟွေ့အန်း ဒေသ ပန်းရာချီစုဝေးပွဲမှာ ဖန်ကျန်းရှီဟာ ယွင်ချင်းဝူကို တစ်ချက်တည်းနဲ့ မျက်နှာကာ လှစ်ခဲ့တယ်။
အဲ့ဒီ့နောက် သူဟာ ယုံကြည်မှု မြစ်မြို့တော် မြစ်ကမ်းဘေး ရပ်ထားခဲ့တဲ့ ယွင်ချင်းဝူရဲ့ လှေပေါ်ကို ရောက်ခဲ့တာကြောင့် ကျော်ကြားလှတဲ့ နှာဘူး ဘွဲ့ကို ရရှိခဲ့တယ်။
ဖန်ကျန်းရှီက ယွင်ချင်းဝူကို သူမရဲ့ လွှမ်းမိုးမှု ကြီးမား လှတဲ့ ပုံရိပ်ကြောင့် မေးခွန်း တစ်ခုမေးခဲ့တယ်။ ဒီအချိန်တုန်းက ယွင်ချင်းဝူဟာ တစ်ခွန်းပဲ ဖြေခဲ့တယ်။
“ မျိုးရိုးနာမည်က ယွင်”
တကယ်တမ်းမှာလည်း သူမရဲ့ မျိုးရိုးနာမည်က ယွင် ။ ဘာကြောင့်လဲ ဆိုတော့ နတ်ဆိုးမျိုးနွယ် ဆယ်ခုကို အုပ်ချုပ်နေတဲ့ အရှင်သခင် ရဲ့ မျိုးရိုးနာမည်ဟာလည်း ယွင် ဖြစ်တာကြောင့်ပါပဲ။
ယွင်ချင်းဝူ ၊ အစေခံတစ်အုပ်နဲ့ မြစ်ကြောင်း တစ်လျှောက်မှာ လှည့်လည်သွားလာရင်း မြို့ငယ် မြို့ကြီးတွေကို ခြေဆန့်နေခဲ့ တဲ့ သူ ။ အကယ်၍ သူမသာ နတ်ဆိုးမျိုးနွယ် အရှင်သခင်ငယ် မဟုတ်ရင် တခြား ဘယ်သူ ဖြစ်နိုင်အုန်းမှာလဲ။
နောက်ဆုံးမှာတော့ ကျရှုံးမှုကနေ ရှုပ်ထွေးမှုကို တဖြည်းဖြည်း ပြောင်းလဲလာတော့တယ်။
…
သုခမိန်လောကမှာတော့ ။ ယဉ်ရှန် မျက်လုံးထဲက အရိပ်အယောင်တွေဟာ တစ်စုံတစ်ရာကို လွမ်းဆွတ်တမ်းတမှုတွေ ပြည့်နှက်နေခဲ့တယ်။ ဒါဟာ အတိတ် အချိန်ကာလ တွေကို ပြန်လည် တမ်းတ နေခဲ့တဲ့ အသွင် ။ သူ့ရဲ့ နှလုံးသား အနက်ရှိုင်းဆုံးနေရာကနေ ချခဲ့မိတဲ့ ဆုံးဖြတ်ချက် တစ်ခုကို တမ်းတနေတဲ့ အသွင်ဖြစ်နေခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ ….
ဒါဟာ အသိအမှတ်ပြုချင်း တစ်ခု။
သူ့ရဲ့ ဘ၀ တစ်လျှောက်လုံးမှာ နတ်ဆိုး တစ်ကောင် အနေနဲ့ ဘယ်နှစ်ကြိမ်များ အသိ အမှတ်ပြု ခံခဲ့ရဖူးလို့လဲ။
“သတ်” အနက်ရောင် အလင်းတွေဟာ ယဉ်ရှန် ရဲ့ ကိုယ်ကနေ သူ့ရဲ့ လက်ကို ကူးပြောင်းသွား ပြီးတော့ သတ်ဖြတ်လိုစိတ် ပြည့်ဝတဲ့ အငွေ့အသက်တွေဟာ ကောင်းကင်ကနေ ကျဆင်းလာတဲ့ ရေတံခွန်ကို တိုက်ခိုက်တော့တယ်။
ရွှေရေတံခွန်ဟာ ပျက်စီးသွားတော့တယ်။
ခုန်ရှောင် ခြင်း မရှိပဲနဲ့ အပေါ်ဘက်ကိုသာ ခုခံနေခဲ့တယ်။ ဓားထိပ်က ရွှေရောင် အလင်းတန်းတွေဟာ ရေတံခွန်ထဲမှာ ဖုံးကွယ်ရင်း နဲ့ တလက်လက် တောက်ပနေခဲ့တယ်။
လက်ရှိအချိန်မှာလည်း ဖန်ကျန်းရှီက လူတွေနောက်မှာ ပုန်းကွယ်နေတာ ။
လူ ဆယ်ယောက်ကျော်။
ယဉ်ရှန်က တစ်ယောက်ဆီကို လက်ဝါး တစ်ချက်တည်းနဲ့ သတ်နိုင်တယ် ဆိုပေမယ့်လည်း သတ်ဖို့ အတွက် အချိန်ကတော့ လိုအပ်တယ်။
အချိန် ပိုနှောင့်နေးလေ။ ဖန်ကျန်းရှီမှာ အသက်ရှင် နိုင်ချေ ပိုများလေ ။
ဖန်ကျန်းရှီက ကယ်တင်ရှင် ကွမ်ရင်မယ်တော် မဟုတ်ဘူး။ လောကကြီးကို ကာကွယ် မယ် ဆိုတဲ့ ရည်ရွယ်ချက်ကြီးလည်း မရှိသလို လူသားမျိုးနွယ် အတွက် အမှန်တရားဘက်က ရပ်တည်လိုစိတ် လိုမျိုး ရည်မှန်းချက် ကြီးကြီးမားမား ရှိသူလည်း မဟုတ်ပြန်ဘူး။ ဒါပေမယ့်လည်း သူ့ရှေ့မှာတော့ ကာကွယ်ပေးနေတဲ့ လူ တစ်အုပ်ကြီး ရှိနေခဲ့တယ်။
သေမယ် ဆိုရင်တောင်မှ လိုလိုလားလားနဲ့ သူ့အတွက် ကာကွယ်ပေးကြမယ့်သူတွေ။
ဘယ်လို စိတ်နဲ့များ သူတို့ နောက်မှာ ပုန်းနေနိုင်မလဲ။
ဒါက ကယ်တင်ရှင် လုပ်ချင်လို့လဲ မဟုတ်။ ရည်ရွယ်ချက် နဲ့ အမှန်တရားအတွက်လည်းမဟုတ်။ ဒါဟာ လူတစ်ယောက်ရဲ့ ဂုဏ်ပုဒ် အတွက် ။ အထူးသဖြင့် သူ့ရှေ့ မြေပြင်ပေါ်မှာ ခွေခွေလေး လဲကျနေတဲ့ အမျိုးသမီးတစ်ယောက် အတွက်။
ဒီအမျိုးသမီးကို သူ တော်တော်လေး သဘောမကျပေမယ့်လည်း ။
သူမ က နောက်ဆုံးမှာတော့ …
အမျိုုးသမီး တစ်ဦး ဖြစ်နေခဲ့တယ်။
သူ့ရှေ့မှာ အမျိုးသမီး တစ်ဦးကိုတော့ လူသားဒိုင်းကာ အဖြစ် ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။
“ သေစမ်းးး” ဖန်ကျန်းရှီက သူ ယဉ်ရှန်ကို အနိုင်မတိုက်နိုင်မှန်းသိတယ်။ ဒါပေမယ့်လည်း သူ ကြိုးစားကြည့်ရမယ်။ သူ့ စိတ်အာရုံနယ်မြေထဲမှာ ရှိသမျှ အစွမ်းတွေကို အသုံးချပြီးတော့ ကြိုးစားရမယ်။
ဓားဟာ ရွေ့လျားနေခဲ့တယ်။
ရွှေရောင်အလင်းတန်းတွေဟာတော့ ပေါက်ကွဲပြီး ထွက်လာနေခဲ့တယ်။
ကောင်းကင်က ကျဆင်းလာတဲ့ ရေတံခွန်ကတော့ ဒီအချိန်မှာ မှင်နက်ရောင် လက်ဝါးချက် နဲ့ ထိတွေ့သွားခဲ့တယ်။
အလင်းနဲ့ အမှောင်
ရွှေရောင် အလင်းတန်း နဲ့ အရိပ်။
မတူညီ လှတဲ့ အလင်းတွေဟာ ပေါင်းစပ်သွားတယ်။
ဖန်ကျန်းရှီကတော့ သူ့ ရဲ့ အောက်မှာ ရှိနေတဲ့ ယဉ်ရှန်ကို စိုက်ကြည့်နေသလို
ယဉ်ရှန်ဟာလည်း သူ့အပေါ်မှာ ရှိနေတဲ့ ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။
မျက်လုံးလေးလုံးဟာ အကြည့်ချင်းဆုံသွားခဲ့တယ်။
သူတို့ရဲ့ မျက်နှာ အမူအယာတွေဟာ တူညီနေခဲ့တယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ စိတ်အင်အားပြင်းထန်မှုတွေ။ သူတို့ရဲ့ နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားခဲ့တယ်။ ဖန်ကျန်းရှီဟာ ဓားလက်ကိုင်ကို ကိုင်ထားပြီးတော့ ။
ယဉ်ရှန်ဟာတော့ ဓားအသွားကို ကိုင်ထားခဲ့တယ်။
“ဘုန်းးး”
ကြီးမားလှတဲ့ ပေါက်ကွဲသံကြီးဟာ ထွက်ပေါ်လာတော့တယ်။ ရွှေရောင်အလင်းတန်း နဲ့ အနက်ရောင် အလင်းတန်းတွေဟာ အလယ်မှာရှိတဲ့ လူ နှစ်ယောက် ထံကနေ ပြန့်လွင့်လာတော့တယ်။ မရေမတွက် နိုင်တဲ့ ရွှေရောင်အလင်းတန်းတွေ နဲ့ အလင်းတန်းတွေဟာ နေရာ အနှံ့ကို ပျံ့နှံ့သွားတော့တယ်။
“အ” စာဖြေသူတွေဟာ မရှောင်လိုက်နိုင်တဲ့ အတွက် အလင်းတန်းတွေ ရိုက်ခတ်ခြင်းကို ခံလိုက်ရတယ်။ သူ့ရဲ့ ပုခုံးပေါ်မှာတော့ ဓားနဲ့ ဖြတ်ခုတ်ခံလိုက်ရသလို ဒဏ်ရာ တစ်ခု ဖြစ်ပေါ်လာတော့တယ်။
ရွှေရောင် အလင်းတန်းတွေ နဲ့ အနက်ရောင် အလင်းတန်းတွေဟာတော့ မရပ်တန့်ခဲ့ပါဘူး။
စာဖြေသူ တစ်ယောက်ခြင်း စီဟာ အံကို တင်းတင်းကြိတ်ထားကြတယ်။ သူတို့ လည်း ရှောင်ချင်ပေမယ့် ရွှေရောင် အလင်းတန်းတွေက မြန်လွန်းလှတယ်။ သူတို့ ရထားတဲ့ ဒဏ်ရာတွေ နဲ့ ဆိုရင် ရှောင်ဖို့ ဆိုတာဟာ ခက်ခဲလွန်းလှတယ်။
အခြေအနေတွေကတော့ တစ်ပတ်လည်သွားပုံပါပဲ။
အလွန် လျင်မြန်စွာနဲ့ပဲ
အစိမ်းအပြာ အလင်းတန်းတွေဟာ တောက်ပ လာပြီးတော့ တောင်တန်း အသွင် ပုံရိပ်ယောင် အင်အားကြားမှာ မုန်တိုင်းသဖွုယ် လည်ပတ်ရင်း နဲ့ စာဖြေသူတွေကို ကာကွယ် ပေးနေခဲ့တယ်။
နန်ကုန်းမု နဲ့ ရန်ရွှယ်သာ မက ဒဏ်ရာ ပြင်းထန်နေတဲ့ စာဖြေသူတွေပါ ပျံ့လွင့်လာတဲ့ အလင်းတန်းတွေ ရဲ့အင်အားကို ခံစားနိုင်ကြတယ်။
“ဘယ်လောက်တောင် အင်အားပြင်းထန်လိုက်သလဲ။”
“ဘယ်လိုများ ဒီလောက်ထိ အင်အား ပြင်းထန်လှတာလဲ။”
စာဖြေသူတွေဟာ အတော်လေး နားမလည်နိုင် ဖြစ်နေခဲ့တယ်။ ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်ခါစပဲ ရှိသေးသူ တစ်ယောက်က ဒီလောက်ထိ အင်အား ပြင်းထန်ကြီးနိုင်လား။ သူတို့ရဲ့နှလုံးသား တစ်ခုလုံး တုန်ယင်သွားတဲ့ အထိ အင်အားပြင်းထန်ပြီး ကြောက်မက်ဖွယ် ကောင်းလှတယ်။
သူ့ရဲ့ အင်အားတွေ
ဘယ်ကများ ရောက်လာတာလဲ ။
“ဒါက စိတ်ဓာတ်အင်အားပြင်းထန်မှုပဲ။” နန်ကုန်းမု ဟာ ရွှေရောင် အလင်းတန်းတွေ ကြားမှာ ရှိနေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ပြောလိုက်တယ်။
“ စိတ်ဓာတ်အင်အား ။” စာဖြေသူတွေစိတ်ထဲမှာတော့ ရှုပ်ထွေးနေခဲ့တယ်။
“သူတို့ နှစ်ဦးလုံး ရဲ့ စိတ်ဓာတ်ခွန်အားက အမြင့်မား ဆုံး အဆင့်မှာရှိနေတယ်။ ” ရန်ရွှယ်ဟာ ထပ်ပြောလိုက်တယ်။ ဒီအချိန်မှာတော့ ဖန်ကျန်းရှီကို ကူညီပြီး အင်အားပေါင်း တိုက်ခိုက်ပေးဖို့ သူ မလုပ်ခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ နက်ရှိုင်းစွာ အာရုံစိုက်နေသူ တစ်ဦးဟာ ဘယ်လို နှောက်ယှက်မှုမျိုးကိုမှ အလိုမရှိမှာ သူကောင်းကောင်း သိတာကြောင့်ပါပဲ။
ဒါဟာ မိတ်ဆွေ သူငယ်ချင်းကြားက ယုံကြည်မှု ။ မိတ်ဆွေ ရဲ့ အရည်အချင်းကို ယုံကြည်မှု ။
ဖန်ကျန်းရှီ ဟာ ယဉ်ရှန်လူသတ်မှာကို ကာကွယ်လိုတယ်။ ယဉ်ရှန်ဟာတော့ ဖန်ကျန်းရှီကို သတ်လိုတယ် ။
မတူညီတဲ့ ဦးတည်ချက် နှစ်ခုဟာ စိတ်ဓာတ်ခွန်အား ပြင်းထန်မှုကို ဖြစ်ပေါ်စေတယ်။
ဒါပေမယ့်လည်း သူတို့ နှစ်ဦးကြားက အင်အားကွာခြားချက်ဟာတော့ ရှောင်လွှဲလို့ မရနိုင်တဲ့ အမှန်တရား ဖြစ်နေတယ်။
ယဉ်ရှန်မှာ သဘာဝလွန် အဆင့် စွမ်းအားရှိတယ်။ ထပ်ပေါင်းပြီး ပြောရရင် နတ်ဆိုး မျက်လုံး ကနေ စွမ်းအားတွေ အကုန်လုံးကို စုစည်းထားခဲ့တယ်။ ဖန်ကျန်းရှီ ဘယ်လိုများ အင်အားအကုန်သုံးတာတောင် နိုင်နိုင်မှာလဲ။
ရွှေရောင်ဓားဟာ အနက်ရောင် အရိပ်ကြားမှာ ကွဲအက်လာခဲ့တယ်။ ပြင်းထန်လှတဲ့ အင်အားဟာတော့ ဖန်ကျန်းရှီကို အဆုံးမရှိတဲ့ လှိုင်းလုံးကြားမှာ ဖိနှိပ်နေခဲ့တယ်။
ဒီလိုမျိုး ပြင်းထန်တဲ့ အင်အားလှိုင်းတွေကို ဖန်ကျန်းရှီ တစ်ခါမှ မခံစားဖူးခဲ့ဘူး။ ချီဟို့ နဲ့ တိုက်ခိုက်ချိန်တုန်းကတောင်မှ ဒီလို ခံစားချက်မျိုး မရခဲ့ဘူး ။
ဖြစ်နိုင်တာကတော့ ချီဟို့က ပညာလျှိုထားလို့ ။ဒါမှမဟုတ်ရင် သူ့ရှေ့က နတ်ဆိုး ကောင်ရဲ့ အင်အား ကြီးမှုကြောင့် ဖြစ်နိုင်တယ်။
မျှော်လင့်ချက်မဲ့စွာပဲ ဖန်ကျန်းရှီ ဟာ သူ့ကိုယ်ထဲကို ဝင်ရောက်လာတဲ့ အင်အားတွေကို မကာကွယ် နိုင်ဘူး ဖြစ်နေခဲ့တယ်။ ဓား လက်ကိုင်ကနေ စီးလာနေတဲ့ အင်အားလှိုင်းတွေဟာ ဖန်ကျန်းရှီ ရဲ့ နှလုံးသားကို တိုက်ရိုက်တိုက်ခိုက်နေခဲ့တယ်။
တာအိုဟာ နှလုံးသားထဲမှာ ရှင်သန်တယ်။
လူသားမျိုးနွယ်ရဲ့ စိတ်အာရုံနယ်မြေကလည်း နှလုံးသားထဲမှာ ရှင်သန်တယ်။
အကယ်၍ နှလုံးသားကသာ ကြီးမားပြင်းထန်တဲ့ ဖိအားကို ရင်ဆိုင်ရမယ် ဆိုရင် စိတ်အာရုံနယ်မြေဟာလည်း အလားတူပျက်စီးမှုကို ရင်ဆိုင်ရမှာပဲ ။ ကွဲအက်ပြီးတော့ ပျောက်ကွယ်သွားမယ်။
အဲ့ဒီ့နောက်
လူတစ်ယောက်က မသေရင်တောင်မှ ဒုက္ခိတတော့ ဖြစ်သွားလိမ့်မယ်။
ဖန်ကျန်းရှီဒါကို သိတယ်။ ဒါပေမယ့်လည်း ဒီအင်အားကတော့ သန်မာလွန်းတယ်။ ရှိသမျှ အင်အားအကုန် သုံးပြီးတော့ သူ့ရဲ့ စိတ်အာရုံနယ်မြေကို တိုက်ခိုက်လာတဲ့ အင်အားကို ခုခံနေခဲ့တယ်။
ဒါပေမယ့်လည်း သူဟာ အင်အားပြည့်ဝတဲ့ တိုက်ခိုက်မှု တစ်ခုကို လုပ်ခဲ့တဲ့ အတွက် အခုချိန်မှာ သူ့ရဲ့ စိတ်အာရုံနယ်မြေထဲ အင်အား မကျန်တော့ဘူး ။
အစိမ်းရောင် အလင်းတန်း တစ်ခုဟာ တောက်ပလာခဲ့တယ်။
ဖန်ကျန်းရှီ ရဲ့ နှလုံးသားကို အလွှာ တစ်ခုက ကာကွယ် ပေးနေခဲ့တယ်။
ဒီအလွှာကို ဖိနှိပ်နေတဲ့ အင်အားဟာတော့ အတော်လေးကို ပြင်းထန်လှတယ်။ ဒါဟာ ဖန်ကျန်းရှီ ရဲ့ အသွေးသားတွေကို နေမထိ ထိုင်မသာ ဖြစ်စေခဲ့တယ်။
ဒါပေမယ့်လည်း ဒီ အားတွေဟာတော့ သူ့ရဲ့ နှလုံးသားထဲကို ဝင်မလာနိုင်ဘူး ဖြစ်နေခဲ့တယ်။
“ ဒါက ဘာလဲ။”
“နှလုံးကာ မှန်တော့ မဖြစ်နိုင်ဘူး မလား။ နတ်ဆိုးကျောင်းတော် က ထွက်မလာခင် ချီကူယန် ရှုံးလို့ ပေးလိုက်တဲ့ နှလုံးကာ မှန် ဖြစ်မလား။” ဖန်ကျန်းရှီ စိတ်ထဲမှာ တရေးရေး ပေါ်လာတော့တယ်။
ချီကူယန်က သူ့ကို အရှုံးပေးလိုက်တာလို့ သူ ထင်လာတယ်။
နှလုံးကာမှန်ရဲ့ စွမ်းရည် က ပစ္စည်း ထည့်ရုံတင်မကပဲနဲ့ နှလုံးကိုကာကွယ်ဖို့လဲ ပါတာလား။
ဖန်ကျန်းရှီကတော့ သူ့ကံ အတော်ကောင်းတယ်လို့ တွေးမိလိုကတယ်။ အနည်းဆုံးတော့ ရတနာ တစ်ခုကို ရထားတယ်လေ။ ဒါပေမယ့်လည်း နှလုံးကာ မှန်က နှလုံးကိုပဲ ကာကွယ်နိုင်တာ သူ့ကိုယ်ထဲကို ဝင်လာတဲ့ အင်အားလှိုင်းတွေကိုတော့ မကာကွယ်နိုင်ဘူး ။
အကယ်၍ အချိန်သာကြာလာခဲ့ရင် နှလုံးကာမှန်လည်း ပျက်စီးမှာ အနှေးနဲ့ အမြန်ပဲ။
အချိန်က စကားပြောလိမ့်မယ်။
သူ့ရဲ့ စိတ်အာရုံနယ်မြေထဲမှာ အင်အား ဘယ်လောက်ကျန်မှန်း ဖန်ကျန်းၤရှီ မသိပါဘူး။ အရင် တစ်ကြိမ်တုန်းကတော့ မြူတွေ အကုန်လုံးကို သူ သုံးလိုက်ပြီးပြီ။
အခုချိန်မှာတော့ သစ်ပင် တစ်ပင် ကျန်နေသေးတယ်။ မိုးထိမြင့်ပြီးတော့ သစ်ရွက်စိမ်းတွေ နဲ့ သစ်သီး အမျိုးမျိုး ပြည့်နေတဲ့ သစ်ပင် ကြီး တစ်ပင် ။
သစ်ပင်ကြီးရဲ့ အောက်ခြေမှာတော့ အဆုံးမဲ့ တဲ့ ပင်လယ်ကြီး တစ်ခု ရှိနေခဲ့တယ်။
ရေတွေဟာ သစ်ပင်ကြီးကနေ တစ်စက်ချင်း စီးကျလာတဲ့ ရေပေါက်လေးတွေကနေ စမ်းချောင်းကြီး တစ်ခု ဖြစ်လာခဲ့တာ ။ အဲ့ဒီ့နောက် ရေကန်ကြီး တစ်ကန်။ မြစ်ကြီး တစ်စင်း ။ အခုတော့ ပင်လယ်ကြီး တစ်ခု ….။
လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက …..
အရာအားလုံး ဖြစ်တည်ပုံဖော်မှုကို အောင်မြင်ပြီးတော့ နှလုံးသားထဲမှာ တာအို သစ်ပင် စိုက်ခဲ့တယ်။
မီးမြေခွေးပြာနဲ့ တိုက်ခိုက်ပြီးနောက်မှာတော့ သူဟာ နတ်ဆိုး စည်းကို အောင်မြင်ပြီးတော့ ကြယ်တာရာစုဝေးမှု အဆင့်ကို ရောက်ခဲ့တယ်။ အောင်မြင်မှုတွေဟာ တစ်ခုခုပြီး တစ်ခု ဆက်တိုက် ဖြစ်လာခဲ့တယ်။
တခြား အချိန်တွေမှာတော့ သူဟာ ကြယ်တွေကို တစ်လုံးချင်းစီ စုဆောင်းရင်း နဲ့ ရာပေါင်းများစွာ သောကြယ်တွေကနေ ထောင်ပေါင်းများစွာ သောကြယ်တွေ တိုးပွားလာပြီးတော့ သူ့ရဲ့ စိတ်အာရုံနယ်မြေထဲမှာ ပြည့်နှက်လာခဲ့တယ်။
ဒီ ကြယ်တွေဟာ သစ်ပင်အောက်က ရေကန်ထဲကို ရောက်ရှိသွားခဲ့တယ်။
သာမာန် လူတွေကတော့ ကြယ်တာရာ စုဝေးမှု အဆင့်မှာ ရေတစ်စက် ကျပြီးတော့ သာ ပြီးဆုံးသွားခဲ့တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီဟာတော့ ရှစ်နှစ်လုံးလုံး ကြယ်စုဆောင်းခဲ့တဲ့ အတွက် ရေစက်တွေဟာ ပင်လယ် တစ်ခုသဖွယ် ဖြစ်နေခဲ့တယ် ။ ဒါကြောင့် သူ့ရဲ့ စိတ်အာရုံနယ်မြေထဲမှာ ပင်လယ်ကြီး သဖွယ် ရေကန်တစ်ခု ဖြစ်ပေါ်နေခဲ့တယ်။
ဒီအချိန်မှာတုန်းက ဖန်ကျန်းရှီဟာ လောကကြီးကိုတောင် အုပ်ချုပ်နိုင်မယ်လို့ ထင်ခဲ့ဖူးတယ်။
သူ့ရဲ့ အစွမ်းတွေဟာ ပင်လယ်တမျှ ကျယ်ပြောတဲ့ ရေကန်ကြီးကို အခြေခံတယ်။ ဒီရေကန်ကြီးဟာ သူ့ရဲ့ ယုံကြည်မှုတို့ မြစ်ဖျားခံရာ နယ်မြေ။
ဒါပေမယ့်လည်း ဖန်ကျန်းရှီ က သူ့ရဲ့ အမြင်ကို အဆင့်တွေ စွမ်းအင်ကွာခြားချက်ကို သိချိန်မှာတော့ ပြောင်းလဲလိုက်ရတယ်။ အဆင့်တွေက ပိုအရေးကြီးတယ်။ ဒါကြောင့် ရေကန်ဟာ သူ့ရဲ့ စိတ်အာရုံနယ်မြေထဲမှာ တိတ်ဆိတ်စွာသာ ရှိနေခဲ့တယ်။
ဒါပေမယ့်လည်း အခု လက်ရှိ အခြေအနေကတော့ ကွာခြားနေတယ်။ ကောင်းကင်က အဖြူရောင် မြူတွေ အကုန်လုံးကို သုံးလိုက်ပြီ။
ဒါဆို ဘာကျန်အုန်းမလဲ။
ဒါပေ့ါ။ ရေကန်ကြီး တစ်ခုလုံးရှိသေးတယ်။
အဲ့ဒီ့နောက် ရေကန်စတင်ပြီး လူးလွန့်လာတော့တယ် ။ ပွက်ပွက်ဆူလာပြီးနောက်မှာတော့ ရေနွေးငွေ့တွေဟာ ကောင်းကင်မှာ အဖြူရောင် မြူနှင်းတွေ အဖြစ် ပြောင်းလဲ ပြည့်နှက်သွားတော့တယ်။
ချက်ချင်းကိုပဲ အဖြူရောင် မြူနှင်း စွမ်းအားတွေဟာ ဖန်ကျန်းရှီရဲ့ ကိုယ်က နေ ခုခံတော့တယ်။
လှုပ်ရှားမှု မရှိသလို အသံတစ်သံမှလည်း မထွက်ဖူး ။
ဒါပေမယ့်လည်း အဖြူရောင် မြူနှင်းတွေရဲ့ တွန်းကန်မှုကြောင့် ဖန်ကျန်းရှီဟာ ခေါင်းမူးသွားပြီးတော့ ခြေလက်တွေ အားပျော့သွားတာကို ခံစားလိုက်ရတယ်။ ဒါဟာ ပင်ပန်းလာတာကြောင့်လို့ တွေးလိုက်မိတယ်။
ဒီအချိန်မှာ သူသိလိုက်တာကတော့ သူ့ကိုယ်ထဲကို ဝင်ရောက်နေတဲ့ အင်အားတွေ ပျောက်ကွယ်သွားပြီ။
နှလုံးသားကို ဖိနှိပ်မှုသာ ကျန်ရှိနေတယ်။
အဲ့ဒီ့နောက် …
သူဟာ ရေကန်ကို ဆူပွက်စေပြီးတော့ ကောင်းကင်ကို မြူနှင်းငွေ့တွေ ပြည့်စေပြန်တယ်။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်။
စတုတ္ထအကြိမ် ကြိုးစားပြီး နောက်မှာတော့ သူဟာ ခေါင်းမူးတာကို မခံစားရတော့ဘူး ။ သူ့ရဲ့ ခြေထောက်တွေလည်း မတုန်ယင်တော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ့ကိုယ်ကို ဖိနှိပ်နေတဲ့ အင်အား အကုန် ပျောက်ကွယ်သွားတာကြောင့်ပဲ ။
အပိုင်း (၂၁၅) ပြီး၏။
အပိုင်း (၂၁၆)
“ ဖြောင့်ချက်”
ဖန်ကျန်းရှီ ရဲ့ မျက်လုံးတွေဟာ နောက်တစ်ကြိမ် ပွင့်လာခဲ့တယ် ။
တခြား တစ်ဖက်မှာတော့ ယဉ်ရှန် ရဲ့ မျက်နှာဟာ သေခါနီးလူတစ်ယောက်လို ဖြူဖျော့ နေခဲ့တယ်။ ဖန်ကျန်းရှီ ရဲ့ ကိုယ်တွင်းကနေ အဆက်မပြတ် ထွက်ပေါ်နေတဲ့ စွမ်းအားတွေဟာ သူ့ရဲ့ အင်အားတွေကို အကြိမ်ကြိမ် တွန်းကန်နေခဲ့တယ်။
ဒါပေမယ့်လည်း ဒီလို ကောင်းကင်ရောင်ပြန် အဆင့် လူသား လေး တစ်ယောက်က ဘယ်လိုများ အဆုံးမရှိတဲ့ စွမ်းအားတွေ ရှိနေ နိုင်တာလဲ။
ဉာဏ်ကြီးရှင်…
အကယ်၍ သူသာ ဉာဏ်ကြီးရှင် တစ်ယောက် ဆိုရင် ဒီလို အရာမျိုးက ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ၊
ယဉ်ရှန် ဟာ သူ့ရဲ့ အံံ့သြမှု တွေကို မဖုံးကွယ် နိုင်အောင် ဖြစ်နေခဲ့တယ်။
သူပိုပြီးတော့ ထိတ်လန့်ရတာဟာတော့ အထင်ကြီးစရာ ကောင်းလောက်အောင် ပြင်းထန်လှတဲ့ အင်အားတွေဟာ သူ့ကို ဖိနှိပ် နေခဲ့တယ်။ ဒါဟာ ထုံးစံ အတိုင်း ဖန်ကျန်းရှီ ရဲ့ အင်အား ဖြစ်နေခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ သူဟာ ဓားအသွားကို ကိုင်ထားခဲ့တဲ့ အတွက် ထိုဓားကနေစီးဆင်းလာတဲ့ ပင်လယ်တမျှ ပြင်းထန်လှသော အင်အားလှိုင်းတွေဟာ သူ့ကို ဖိနှိပ်နေတာကြောင့်ပဲ ။
ဓားအသွားကို ကိုင်ထားတဲ့ ယဉ်ရှန် ရဲ့ လက်တွေဟာတော့ တုန်ယင်ပြီးတော့ မတည်မငြိမ် ဖြစ်လာတော့တယ်။
“ဘုန်းးးး”
ဓား နဲ့ လက်ဝါးဟာ ကွဲပြားသွားတော့တယ် ။
မြေပြင်ပေါ်က ကျောက်တုံးဟာတော့ အမှုန့် အဖြစ်ကို ပြောင်းလဲ သွားတော့တယ်။ ကောင်းကင်ကနေ ကျဆင်းလာတဲ့ ရေတံခွန် ရဲ့ တိုက်စားမှုကို ခံလိုက်ရသည့်အလားပါပဲ။ ရေတံခွန် စီးကြောင်းထဲမှာတော့ မရေမတွက် နိုင်တဲ့ ဓားတွေ ပါဝင်နေတာကို ရှင်းရှင်းလင်း မြင်လိုက်ရတယ်။
မတ်မတ် မရပ်နိုင်ခင် ယဉ်ရှန်ရဲ့ ကိုယ်ဟာ နောက်ကို ငါးလှမ်းအထိ ဆုတ်သွားခဲ့တယ် ။
တခြား တစ်ဖက်မှာတော့ ဖန်ကျန်းရှီဟာ ဓားကို ဆုပ်ကိုင်ရင်း နဲ့ နေရာမှာ မတုန်မလှုပ် ရပ်နေခဲ့တယ်။
သူဟာ တစ်လှမ်းလေး တောင် ယိမ်းယိုင်ခြင်း မရှိဘူး။
ဒီ မြင်ကွင်းဟာ သံသယ မရှိနိုင်စွာပဲ လူတိုင်းကို အံ့သြမှု တွေ နဲ့ ပြည့်နှက်နေစေခဲ့တယ်။
ဖန်ကျန်းရှီ တိုက်ခိုက် ချိန် နဲ့ ယဉ်ရှန် ဆုတ်ခွာချိန်ဟာ အချိန် သိပ်မကြာဘူး ။ ဒါပေမယ့်လည်း လက်တွေ့ကျကျ ပြောရရင်တော့ ဓားနဲ့ လက်ဝါး ကွာသွားတဲံ အချိန်ဟာ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပဲ ဖြစ်သွားခဲ့တာ ။
“ ယဉ်ရှန် ဆုတ်ခွာသွားအောင် ဖိအားပေးနိုင်တယ်။”
“ ဒါက ဘယ်လို ဖြစ်နိုင်တာလဲ။”
“ကောင်းကင် ရောင်ပြန် အဆင့် လူ တစ်ယောက်က သဘာဝလွန် အဆင့်ကို ဆုတ်ခွာသွားအောင် လုပ်နိုင်တယ် လား။”
ဖန်ကျန်းရှီကို ငေးကြည့်နေကြတဲ့ လူတိုင်းဟာ အံ့သြမှု တွေ နဲ့ ပြည့်နှက် နေခဲ့တယ်။
ဖန်ကျန်းရှီ ကို အကြွင်းမဲ့ ယုံကြည်တဲ့ ရန်ရွှယ် တောင်မှ သူ့ကိုယ်သူ မယုံနိုင် ဖြစ်နေခဲ့တယ်။ သူသာ ဖန်ကျန်းရှီကို ယုံကြည်တယ်။ ဒါပေမယ့်လည်း ဒါဟာ ဖန်ကျန်းရှီ နိုင်မယ်လို့ ယုံကြည်တာ မဟုတ်ဘူး ။
ဒါပေမယ့်လည်း အခုချိန်မှာတော့ ….
ဖန်ကျန်းရှီက နိုင်သွားပြီ။ ယဉ်ရှန်ကို တိုက်ခိုက်မှု တစ်ချက်တည်းနဲ့ ဆုတ်ခွာအောင် လုပ်နိုင်တယ်။ တစ်ချက်တည်းနဲ့ ရွေ့လျား တိုက်ခိုက်မှု တောင် မရှိပဲနဲ့ ။
နန်ကုန်းမုရဲ့ မျက်လုံးတွေဟာတော့ အလင်းတန်းတွေ တောက်ပလာတော့တယ်။ သူ့ရဲ့ အေးဆေး တည်ငြိမ်မှုဟာတော့ လုံးဝကို ပျောက်ကွယ်သွားခဲ့ပြီ ။ သူ့ရဲ့ မျှော်လင့်ချက် အကုန်လုံးကို ဖန်ကျန်းရှီ ဆီမှာ ပုံအပ်လိုက်ပြီပဲ ။ ဒါပေမယ့်လည်း ဒီမျှော်လင့်ချက်ကတော့ အသိပညာကို အခြေခံပြီးတော့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းရင်း တစ်ခုလည်း ။
ဒါဟာ အင်အားကြောင့် မဟုတ်ဘူး။
ဒါပေမယ့်လည်း ဖန်ကျန်းရှီက တိုက်ပွဲ အင်အားကို အသုံးချပြီးတော့ အားသာအောင် လုပ်နိုင်ခဲ့တယ်။ သူ ဘယ်လိုများ မအံ့သြပဲ နေနိုင်မှာလဲ။
ရှင်ချင်းစွေ့ဟာ သူ့လက်ထဲက ဓားကို ဆုပ်ကိုင်ထားဆဲ ။ သူ့ရဲ့ ကိုယ်ဟာတော့ သွေးအလိမ်းလိမ်း ဖြစ်နေခဲ့တယ်။ ဒါပေမယ့်လည်း သူ ဟာ တစ်ချက်လေးတောင် ဂရုမစိုက်ခဲ့ဘူး။ သူ အာရုံစိုက်နေခဲ့တာကတော့ ဖန်ကျန်းရှီ ဘယ်လိုများ တစ်ချက်တည်းနဲ့ အနိုင်ရနိုင်တယ်.။
ပင်းယန် ရဲ့ နှုတ်ခမ်းတွေဟာ ပွင့်ဟ လာတော့တယ်။ သူမဟာ အတော်လေးကို ပင်ပန်း နွမ်းနယ် နေပေမယ့်လည်း သူမဟာ သတိတော့ ရှိနေခဲ့တယ်။
ယဉ်ရှန်ရဲ့ စွမ်း အားကို ကိုယ်တိုင် ကြုံတွေ့ပြီးတဲ့ နောက်မှာတော့ ယဉ်ရှန် ရဲ့ အင်အား ပြည့်ဝတဲ့ ရိုက်ချက် တစ်ချက်ဟာ စွမ်းအား ဘယ်လောက်ကြီးမှန်း သူမ ကောင်းကောင်းသိတယ်။ မီးလျှံပန်းနီ သံချပ်ကာ ကို ဝတ်ဆင်ထားတဲ့ သူမ တောင်မှ ဒီ အင်အားကို မခုခံနိုင်ခဲ့ဘူး။
အခုတော့ ဖန်ကျန်းရှီက ယဉ်ရှန်ကို ဆုတ်ခွာ သွားအောင် တိုက်ခိုက်နိုင်ခဲ့တယ်။
“ သူဘယ်လိုများ လုပ်နိုင်တာလဲ။” ပင်းယန် က မေးလိုက်ချင်တယ်။ သူ ဘယ်လို လုပ်လိုက်တာလဲ။ ဘယ်လိုများ လုပ်နိုင် လိုက်တာလဲ။ ဒါပေမယ့်လည်း စကားလုံးတွေဟာ သူမရဲ့ နှုတ်ခမ်းဖျား မှာပဲ ပျောက်ဆုံးသွားခဲ့တယ်။
အမျိုးသမီး မသိတဲ့ အကြောင်းရင်း တစ်ချို့ကြောင့် တံတားကျိုး၊ အမြွာကျောက်တုံး နဲ့ ကျောက်တုံး အိမ်တွေကို ဖြတ်သန်း ပြီးတဲ့ နောက်မှာတော့ သူမရဲ့ စိတ်နှလုံးထဲမှာ ကိန်းဝပ်လာခဲ့တဲ့ အတွေး တစ်ခုဟာ အမြစ်တွယ်သွားခဲ့ပြီ ။ ဖန်ကျန်းရှီ လုပ်သမျှ အရာ တိုင်းဟာ အောင်မြင်တယ်။
အကြောင်း ပြချက်မရှိဘူး။
ဒါက လုံးဝကို ကျိုးကြောင်း မဆီလျော် လွန်းရာကျတယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီက ဒီလို ကျိုးကြောင်းမဲ့တဲ့ သူ တစ်ယောက် မဟုတ်ဘူး။
ဖန်ကျန်းရှီ လက်ထဲမှာ ကိုင်ထားတဲ့ဓားရှိတယ်။
ထုံးစံ အတိုင်း သူသိထားတဲ့ အကြောင်း တစ်ခု ရှိတယ်။ အဆင့်ကွာခြား သူတွေ တိုက်ပွဲ ဖြစ်ရင် ယဉ်ရှန် ရဲ့ အင်အားဟာ သူ့ကို ဖိနှိပ်ထားနိုင်တယ်။ ဒါပေမယ့်လည်း အကယ်၍ တိုက်ပွဲ စွမ်းအား စိတ်ဝိဉာဉ်ကို သုံးမယ် ဆိုရင်တော့ ယဉ်ရှန်ကို သူ ရှုံးနိုင်မယ်လို့ မထင်ဘူး ။
ဒါဟာသူ့ရဲ့ အရိုးထဲမှာ စွဲမြဲနေတဲ့ ယုံကြည်မှု ။
ကံမကောင်းစွာနဲ့ပဲ ။
ဒီ ယုံကြည်မှုက ပြဿနာ တစ်ခုနဲ့ ကြုံလာခဲ့တယ်။
သူဟာ အသေအချာကို ရပ်တန့်ဖို့ အတွက် အစီအစဉ် မရှိဘူး။ တစ်ချက် အနိုင်တိုက်ခိုက်ပြီးနောက်မှာတော့ နောက်ထပ် အောင်နိုင်ချေ ရှိတဲ့ အခွင့်အရေးတွေဟာ များပြားလွန်းလှတယ်။ ဒါပေမယ့်လည်း သူဟာ ဒီလို မလုပ်နိုင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ သူ့လက်ထဲက ဓားမှာ ပြဿနာ သေးသေးလေး တစ်ခု ရှိလာတာကြောင့် ပဲ ။
ဓားကျိုးသွားပြီ။
“ကရက်”
အသံ ခပ်တိုးတိုး နဲ့ အတူ ရွှေရောင်ဓားဟာ ဓားအရိုးနဲ့ ကွဲထွက်သွားပြီးတော့ တစ်စစီ ပဲ့ကြွေကာ မြေပြင်ပေါ်ကို ကျသွားခဲ့တယ်။
ဒီဓားက
စစ်ရော စစ်လို့လား။
ဖန်ကျန်းရှီ ရဲ့ စိတ်ထဲမှာ မေးခွန်းတစ်ခု ပေါ်လာခဲ့တယ်။
ဒီ ဓား စစ်မစစ် ပြောဖို့ အတွက် သူ့မှာ နည်းလမ်း မရှိလူး။ ဒါဆိုရင် သူ့ရဲ့ ဓားက ဒီမှာပေါ်လာရတာလဲ။ နောက်ပြီးတော့ ဓားတွေ အကုန်လုံးရဲ့ စွမ်းအားကိုပါ စုသုံး လိုက်သေးတယ်။
အကယ်၍ ဒီဓားသာ အစစ် ဖြစ်ခဲ့မယ် ဆိုရင်
ဘာလို့ ကျိုးသွားတာလဲ။
အစတည်းက ဓားကျိုးမို့ မူလ အခြေအနေကို ပြန်ရောက်သွားတာလား။
ဖန်ကျန်းရှီဟာ လက်ထဲက ဓားကို ကြည့်ပြီးတော့ တွေးတော နေခဲ့တယ်။
တခြား တစ်ဖက်မှာတော့ ဖန်ကျန်းရှီ နားမှာ ရှိနေတဲ့ စာဖြေသူတွေ ဟာ ဒီလို မတွေးကြပါဘူး။
ဓား ဟာ အတု ပဲ ဖြစ်ဖြစ် အစစ်ပဲ ဖြစ်ဖြစ် အရေးမကြီး ဘူး ။ သူတို့ အာရုံစိုက်တာကတော့ ဒီ ဓားကျိုးနဲ့ ဘာလုပ်လို့ရမှာလဲ။
ဒီခံစားချက်ဟာ ဖော်ပြဖို့ ခက်ခဲလွန်းလှတယ်။ မျှော်လင့်ချက် ရောင်ခြည် သန်းလာချိန်မှာ ရေနှစ်ခံလိုက်ရသလို မျိုး အေးစက် တဲ့ ခံစားမှုဟာ သူတို့ရဲ့ ခေါင်းကနေ ခြေဖျား အထိ ပြည့်နှက်သွားတော့တယ်။
ယဉ်ရှန် ရဲ့ အတွေး ဟာတော့ ကျောင်းတော်သားတွေ နဲ့ ကွာခြား နေခဲ့တယ်။ မ
သူ့ရဲ့ စိတ်ထဲက အေးစက်မှု ဟာတော့ ဖန်ကျန်းရှီ လက်ထဲက ဓားကျိုးကို မြင်ချိန်မှာ မျှော်လင့်ချက် ရောင်ခြည် တစ်ဖန် သန်းလာခဲ့တယ်။
“ ဓားကျိုး တစ်ချောင်း နဲ့ ဘယ်လိုများ တိုက်နိုင်တာလဲ။” ယဉ်ရှန်ဟာ ဖန်ကျန်းရှီကို ကြည့်လိုက်တယ်။
လူတိုင်း ဟာလည်း ဖန်ကျန်းရှီ ကို ကြည့်နေခဲ့ကြတယ်။
အဲ့ဒီ့နောက် အံကို တင်းတင်းကြိတ်ရင်း နဲ့ သူတို့ရဲ့ လက်ထဲက ဓားတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့တယ်။
တစ်ယောက်ပြီး တစ်ယောက်ရဲ့ ဓားတွေဟာ ဖန်ကျန်းရှီ ရှေ့မှာ ပေါ်လာခဲ့တယ်။ ဒီဓားတွေ ထဲမှာတော့ လုံးဝကို မှောင်မိုက်နေတဲ့ ဓားတစ်ချောင်းရှိခဲ့တယ်။ ဒါဟာ ဥက္ကာပျံ ဓား ။
“ငါ့ရဲ့ ဓားလည်း တိုက်ခိုက်နိုင်တယ်။” ရှင်ချင်းစွေ့ရဲ့အသံ ဟာတော့ အားနည်းနေခဲ့တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အမူအယာဟာတော့ လုံးဝကို စိတ်ဆုံးဖြတ်ထား ဟန်ပါပဲ။ ဓားသမား တစ်ယောက် အနေနဲ့ ဓားဟာ သူ့ဘ၀ သူ့အသက် ။
ရှင်ချင်းစွေ့ဟာသူ့ဓားကို ဖန်ကျန်းရှီ ဆီ ပေးလိုက်တာဟာ သူ့ရဲ့ ဘဝကို ဖန်ကျန်းရှီ ဆီ ပေးလိုက်တာနဲ့ တူညီတယ်။
ဖန်ကျန်းရှီက ဓား တစ်ချောင်းကိုမှ လက်မခံဘူး ။
သူဟာ တွေးတော နေခဲ့တယ်။ တံတားကျိုးကနေ အမြွှာ ကျောက်တုံး နောက်ပြီးတော့ ကျောက်တုံး အိမ်ထဲက ပုံရိပ်။ မြင်ကွင်း တစ်ခုချင်းစီဟာ သူ့ရဲ့ စိတ်ထဲမှာ ပေါ်လာတော့တယ်။
ကျိုးနေတာလား။
မကျိုးပါဘူး။
တစ်ခုက အလင်း ။ တစ်ခုက အမှောင်၊ အမြွှာကျောက်တုံး ။
လမ်း ကြောင်းမရှိပေမယ့် အောင်မြင်နိုင်တယ်။ နောက်ဆုတ်မိတာနဲ့ ထွက်ခွာရမယ်။
“ငါ နားလည်ပြီ။” ဖန်ကျန်းရှီ ရဲ့ မျက်လုံးတွေဟာတော့ ပွင့်လာတော့တယ်။ နောက်ဆုံးမှာတော့ သုခမိန်လောက ဟာ ဘယ် အဆင့်ကို ကိုယ်စားပြုလဲ ဆိုတာ သူ နားလည်သွားပြီ ။
“ထွက်လာခဲ့တော့ ။ မင်း ဒီနေရာကနေ ထွက်သွားချင်တယ် ဆိုရင်” ဖန်ကျန်းရှီဟာ ရုတ်တရက်အော်လိုက်တယ်။
သူ့ရဲ့ အသံဟာ လေထုထဲမှာ ပဲ့တင်ထပ်သွားတော့တယ်။
ဒါဟာ စာဖြေသူတွေကို အံ့သြစေတယ်။ ဖန်ကျန်းရှီ ဘာတွေ အော်နေလဲ သူတို့ နားမလည်နိုင်ဘူး။ ထွက်လာခဲ့တဲ့လား။ ယဉ်ရှန် ရဲ့ တိုက်ခိုက်မှုကြောင့် ဖန်ကျန်းရှီက ဦးနှောက်များ ပျက်သွားတာလား။
သုခမိန်လောကထဲမှာ သူတို့ ကလွဲပြီးတော့ တခြားသူ တွေ ရှိနေသေးတာလား။
လေပြည်ညှှုင်းဟာ တိုက်ခိုက်နေခဲ့တယ်။
ဒါက လွဲပြီးတော့ နောက်ထပ် တခြားသော လှုပ်ရှားမှု အလျဉ်းမရှိဘူး ။
ဖန်ကျန်းရှီ ရဲ့ မျက်နှာဟာတော့ အနည်းငယ် နီမြန်းလာခဲ့တယ်။
ငါ ခန့်မှန်းတာ မှားပြီလို့တော့ မပြောနဲ့ ။
ဒါက မဖြစ်နိုင်တာပဲ ။
“ လောကကြီးက ကြီးမားလွန်းတယ်။ အပြင်ထွက်ပြီးတော့ မစူးစမ်း ချင်ဘူးလား။” ဖန်ကျးန်ရှီက မကျေမနပ်နဲ့ နောက်တစ်ခါ အော်ပြန်တယ်။
လေပြင်းတိုက်ခတ်လာပေမယ့်လည်း နောက်ထပ် လှုပ်ရှားမှုတော့ မရှိခဲ့ဘူးပဲ ။
တခြား တစ်ဖက်က စာဖြေသူတွေဟာတော့ ဖန်ကျန်းရှီကို အရူးတစ်ယောက် မြင်သလိုမျိုး စိုက်ကြည့်နေခဲ့တယ်။
သူ တကယ်ပဲ ရူးသွားတာတော့ မဖြစ်နိုင်ဘူး မလား။
“ ဒီမှာ တစ်ယောက်တည်း နေရတာ အထီးကျန်လွန်းတယ်။ မင်း နဲ့ စကားပြောမယ့် သူလည်း မရှိဘူး။ လှပတဲ့ ရှုခင်းတွေကို အတူကြည့်ဖို့ လူလည်း မရှိဘူး။ ဒီလောက် အထီးကျန်တာ မင်း ဝမ်းမနည်းဘူးလား။” ဖန်ကျန်းရှီရဲ့ အသံဟာ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့တယ် ။
ဒါပေမယ့်လည်း သူ့ရဲ့ အသံ တစ်ခုတည်းသာ ထွက်ပေါ်နေတာ ဖြစ်ပြီးတော့ တခြားသော ပြန်ဖြေသူ တော့ တစ်ယောက်မှ မရှိခဲ့ဘူး ။
“ ဒီမှာ တခြားသူ ရှိသေးတာလား။”
“ သူရူးသွားပြီလား။ သုခမိန်လောကထဲမှာ ဘယ်လိုလုပ် တခြားသူရှိနိုင်မှာလဲ။ ”
“ စကားကို ဘယ်လိုတွေ ပြောနေတာလဲ။”
စာဖြေသူ တစ်ဦးချင်းစီဟာ မယုံကြည်နိုင် မှုတွေ နဲ့ ပြည့်နေခဲ့တယ်။ သုခမိန်လောက က တော်ဝင်မိသားစု ရဲ့ ထိန်းချုပ်အောက်မှာ ရှိနေတဲ့ စိတ်အာရုံ နယ်မြေတစ်ခုပဲ ။ ဘယ်သူကများ ခိုးဝင်လာနိုင်မှာလဲ။
ယဉ်ရှန်ဟာတော့ ဖန်ကျန်းရှီကို စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ ဘာတွေ လုပ်နေလဲ ဆိုတာ သူနားမလည်ခဲ့ဘူး။ ဒါပေမယ့်လည်း သူ နားလည်ထားတာကတော့ တစ်ချက်ရှိတယ်။ ဖန်ကျန်းရှီကို အမြန်ဆုံးနည်းနဲ့ သတ်ရမယ်။
အချိန်တွေက အကုန်မြန်လှတယ်။ အချိန်ဖြုန်းလို့ မရဘူး။
အရင်တိုက်ခိုက်မှုကြောင့် ရထားတဲ့ ဒဏ်ရာတွေ ရှိနေတယ်။
ဒါပေမယ့်လည်း
ဒါက ဘာဖြစ်လဲ။
ဒါက သူ့အလုပ်ပဲ။ ဒါကြောင့် မသေခင် တိုက်ခိုက်ရမယ်။ အရေမနွှာခံရခင် အနည်းဆုံးတော့ ဒီ အလုပ်ကို ပြီးအောင် လုပ်သွားရမယ် ။
ဒါကြောင့် ယဉ်ရှန်ဟာ လှုပ်ရှားတော့တယ်။
သူ့ရဲ့ ပုံရိပ်ဟာတော့ အနက်ရောင် အလင်းတန်း တစ်ခုသဖွယ် သူ့ရဲ့ လက်ဝါးတွေဟာ စတင်ပြီးတော့ လှုပ်ရှားလာတော့တယ်။ ဒီ ရိုက်ချက်ဟာ သူ့ရဲ့ နောက်ဆုံးသော ရိုက်ချက် ။
သေရင် မြေကြီး ရှင်ရင် ရွှေထီး ။
ဒါပေမယ့်လည်း ဖန်ကျန်းရှီဟာတော့ အော်နေဆဲ ။ “ ထွက်လာစမ်းပါ ကွာ။ မင်းထွက်လာဖို့ ဆန္ဒ ရှိရင် ကိုယ်မင်းကို ကောင်းကောင်း ဆက်ဆံမယ်လေ။ ကိုယ် မင်းကို ယုယ ကြင်နာ မြတ်နိုးမယ်။ ကိုယ့်ရဲ့ လက်တွေ နဲ့ ဖေးမပေးမယ်။”
ပင်းယန်က ဒါကို ကြားချိန်မှာတော့သူမဟာ နောက်ထပ် လဲလျောင်းမနေနိုင်တော့ပါဘူး။ သူမရဲ့ မျက်နှာလေးဟာ နီရဲနေပြီးတော့ ဖန်ကျန်းရှီကို ကြည့်ရင်းပြောလိုက်တယ်။ ”အရှက်မဲ့လိုက်တာ”
ရန်ရွှယ်ရဲ့ အမူအယာဟာတော့ အကူအညီမဲ့ဟန်ကို ပြောင်းလဲသွားတော့တယ်။
နန်ကုန်းမုရဲ့ အမူအယာဟာလည်း အတွေးနက်နေဟန်ပါပဲ။ သူတွေးနေခဲ့တာကတော့ ဒါက ကောင်မလေး တစ်ယောက်ယောက်များလား။
ယဉ်ရှန် ရဲ့ လှုပ်ရှားနေတဲ့ ကိုယ်ဟာတော့ ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။
အလွန် အမင်း ရှက်ရွံ့မှုဟာ သူ့ကိုယ်မှာ ပျံ့နှံ့လာခဲ့တယ်။ သူတကယ့်ကို နားမလည်နိုင်ဘူး။ နတ်ဆိုးမျိုးနွယ် ဆယ်ခုရဲ့ ဒု ခေါင်းဆောင် တစ်ယောက် အနေနဲ့ ဘယ်လိုများ ဒီလိုလူကို ရှုံးရတာလဲ ။
ဒီလို နှာဗူးကောင်မျိုးကို ။
နောက်ပြီးတော့ သူ့ရဲ့ အကျင့်ကလည်း ဒီလို အခြေအနေမျိုးမှာတောင် ထင်ရှားနေတာကို ။
ဉာဏ်ကြီးရှင်။။
မကောင်းဆိုးဝါး ။
နှာဗူးးကောင် ။
ယဉ်ရှန် ရဲ့ စိတ်ထဲမှာ စကားလုံးတွေဟာ အစီအရီ ပေါ်လာခဲ့တယ်။ ဒါတွေကို မောင်းထုတ်လို့တောင် မရနိုင်ဘူး ။ ဒါပေမယ့်လည်း သူ့ရဲ့ ကိုယ်ဟာတော့ လျှပ်စီးကြောင်း တစ်ခုလိုမျိုး လျင်မြန်စွာ လှုပ်ရှားနေခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ရှေ့က သူ ဘယ်လောက်ပဲ ဒီကောင့်ရဲ့ အကျင့်ကို သည်းမခံနိုင်ပါစေ။
သူ့ရဲ့ ဦးတည်ချက်ကတော့ ရှိနေသေးတယ်။ သတ်ဖို့ အတွက် ဦးတည်ချက်။
“လာပါ။ ဒီကိုလာပါ။ ကိုယ် မင်းကို ပွေ့ဖက်ပြီးတော့ ကျယ်ပြောလှတဲ့ လောကကြီးထဲမှာ အတူတူ လျှောက်လည်ရအောင်။ တောင်တန်းတွေ နဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေကို ကျော်ဖြတ်ရင်းနဲ့ ရှုခင်းတွေကို ခံစားရအောင်လေ။ ကိုယ်တစ်ယောက်တည်းသာ မင်း အတွက် ပျော်ရွှင်မှုကို ပေးနိုင်တယ်။” ဖန်ကျန်းရှီဟာ မရပ်မနား ပြောနေခဲ့တယ်။
ဒီအချိန်မှာပဲ ယဉ်ရှန်ဟာ တိုက်ခိုက်ခဲ့တယ်။
သူ့ရဲ့ အရှိန်နှုန်းဟာ လျင်မြန်လှလွန်းလို့ တုံ့ပြန်ဖို့ တောင် ခက်ခဲလှတယ်။ သူ့ရဲ့ ကိုယ်ဟာ မြူနှင်းတွေလိုမျိုး ဖြစ်နေခဲ့တယ်။ သူ ရပ်နေခဲ့တဲ့ နေရာမှာတော့ ကျန်နေခဲ့တဲ့ အရိပ်မည်း တစ်ခု ရှိနေခဲ့တယ်။
ဒါဟာ သူ့ရဲ့ နောက်ဆုံးသော တိုက်ခိုက်မှု ။ ယဉ်ရှန်ဟာ ဘယ်လို များ နောက်ဆုတ်နိုင်မှာလဲ။
ဒါပေမယ့်လည်း
သူ့ထက် မြန်တဲ့ ပုံရိပ်တစ်ခု ဟာ ပေါ်လာခဲ့တယ်။
ဒီ ပုံရိပ်ဟာ ကျောက်တုံးကွဲ ဆီကနေ ထွက်ပေါ်လာတာ ။ မှိန်ဖျော့ဖျော့ အလင်းရောင် တောက်ပနေပြီးတော့ ကောင်းကင်ဆီကို ထိုးတက်သွားခဲ့တယ်။ အဲ့ဒီ့နောက် ကောင်းကင်ကနေ ပစ်ဆင်းလာတာဟာ ကြယ်တံခွန် တစ်ခုကြွေကျ လာသလိုမျိုး လှပလွန်းတယ်။
နောက်ဆုံးမှာတော့ ပုံရိပ်ဟာ ဖန်ကျန်းရှီ ရဲ့ လက်ထဲမှာ ရပ်တန့်သွားခဲ့တယ်။
ယဉ်ရှန်ရဲ့ ကိုယ်ဟာတော့ ရပ်တန့်သွားခဲ့တယ်။ သူ့ရဲ့ မျက်လုံးတွေဟာတော့ မယုံကြည်နိုင်မှုတွေ ပြည့်နှက်နေခဲ့တယ်။ ဒါဟာ နှလုံးသားထဲကနေ ဖြစ်ပေါ်လာတဲ့ ထိတ်လန့်မှု တစ်ခု ။ ဒီ မြင်ကွင်းကို မြင်လိုက်ရသူတိုင်းဟာလည်း ထိတ်လန့်မှုတွေ ဖြစ်ပေါ်လာကြတယ်။
ဒီအချိန်မှာတော့ စာဖြေသူတွေအားလုံးဟာ မျက်လုံးကို ကျယ်ကျယ်ဖွင့်ရင်း ပြူးပြဲ ကြည့်နေခဲ့တယ်။
နန်ကုန်းမုလို မျိုုးတည်ငြိမ်သူ တစ်ယောက်တောင်မှ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့တယ်။
ရှင်ချင်းစွေ့ ရဲ့ ကိုယ်ဟာတော့ တုန်ယင်နေခဲ့တယ်။ သူ့လက်ထဲက ဥက္ကာပျံဓားဟာတော့ မြေပြင်ပေါ်ကို ကျသွားခဲ့တယ်။
ရန်ရွှယ် တစ်ဦးတည်းမှာသာ တည်ငြိမ်တဲ့ အကြည့်တွေကို တွေ့နိုင်တယ်။ ဒါပေမယ့်လည်း တည်ငြိမ်လှတဲ့ အကြည့်တွေထဲမှာတော့ အရိပ်ယောင် တစ်ခုဟာ မှိန်ဖျော့ဖျော့ တောက်ပနေခဲ့တယ်။ ဒါဟာတော့ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ထွက်ပေါ်လာတဲ့ ပျော်ရွှင်မှု ။
ပင်းယန်ရဲ့ ဖန်သလင်း မျက်လုံးတွေဟာတော့ ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ် ။ သူမရဲ့ မျက်နှာဟာတော့ နီရဲနေခဲ့တယ်။ ဒီလိုမျိုး ထူးဆန်းတဲ့ အရာ ဖြစ်ပျက်နေတာကို သူမ ခုထိ မယုံကြည်နိုင်သေးဘူး ။ “ ဒီ ကောင် ခု ခုနက ဓားကို စကားပြောနေတာကတော့ မဖြစ်နိုင်ဘူး မလား။”
အပိုင်း (၂၁၆) ပြီး၏။
အပိုင်း (၂၁၇)
“ ဂုဏ်ရည်”
လူတိုင်းရဲ့ အကြည့်တွေဟာတော့ ဖန်ကျန်းရှီ ဆီကို ရောက်ရှိနေကြတယ်။ ဒါမှမဟုတ်။ ဖန်ကျန်းရှီ ရဲ့ ညာလက်ကို ငေးကြည့်နေတယ်လို့ ပြောလို့ရမလား။
ဘာကြောင့်လဲ ဆိုတော့ ဒီအချိန်မှာ ဖန်ကျန်းရှီဟာ ဓားတစ်ချောင်းကို သူ့လက်ထဲမှာ ကိုင်ထားတာကြောင့်ပဲ ။
ရုတ်တရက် ပေါ်ထွက်လာခဲ့တဲ့ဓားဟာ ပုံမှန် မဟုတ်တာတော့ အသေအချာပဲ ။ ဓားလက်ကိုင်မှာ အလှဆင်ထားတာလည်း မရှိသလို ထူးခြားနေတဲ့ အရာလည်း တစ်ခုမှ မရှိဘူး ။
ဓားရဲ့ လက်ကိုင်ကနေ အရိုးအထိကို ရှင်းသန့်ကြည်လင်နေပြီးတော့ မှုန်မှိုင်းတဲ့ အနက်နုရောင်ကနေ တောက်ပဖြူဖွေးလှတဲ့ အရောင်ကို ပြောင်းလဲ သွားခဲ့တယ်။ အမြင့်မား ဆုံးသော အရည်အသွေး နဲ့ ဓား တစ်လက် ဖြစ်မှန်းသိသာ လှတယ်။ ဒါပေမယ့်လည်း ဒီ အရည်အသွေးဟာ တော့ ဓားထိပ်မှာ ချို့ယွင်းနေဟန်ပါပဲ။
ဘာကြောင့်လဲ ဆိုတော့ ဓားရဲ့ ထိပ်မှာ ခရမ်းရောင် ဓားပဲ့ရာ တစ်ခု ရှိနေတာကြောင့်ပဲ ။ ဒီအရောင်ဟာ နတ်ဆိုးတစ်ကောင်ရဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေခဲ့တယ်။
တစ်ချက်ကြည့်ရုံနဲ့ ဒီခရမ်းရောင် အရာတွေဟာ ဓား ထွင်းထု စဉ်တည်းက ပါလာတာမဟုတ်မှန်း သိသာလှတယ်။
သွေးစွန်းနေတဲ့ ထိပ်ပဲ့ဓား တစ်လက် ။ မြင်တဲ့သူဟာ ချက်ခြင်း သုတ်ပစ်မိမှာ အသေအချာပဲ ။ ဒါပေမယ့်လည်း ဒီဓားဟာ ကျောက်တုံးအောက်မှာ မြှုပ်နှံခံထားရတာ ဘယ်လောက်တောင် ကြာနေပြီလဲ ဘယ်သူမှ မသိနိုင်ဘူး ။
ဘယ်လိုလုပ်ပြီးတော့ သွေးစွန်းကွက်ကြီးက ရှိနေတာလဲ။
လူတိုင်းဟာတော့ ဖန်ကျန်းရှီ ရဲ့ လက်ထဲက ဓားကို မြင်ချိန်မှာ စိတ်ခံစားချက်တွေ အမျိုးမျိုး ဖြစ်ပေါ်လာတော့တယ်။ စိတ်ရှုပ်ထွေးမှု၊ မနာလိုစိတ်၊ ထိတ်လန့်မှုနဲ့ ယူကြုံးမရ ဖြစ် နေခြင်း ………
ဓားထိပ်က ဓာပဲ့ရာကိုတော့ လူတိုင်းဟာ လျစ်လျူရှုထားကြတယ် ။
ဖန်ကျန်းရှီကတော့ ဒီဓားပဲ့ရာ အကြောင်းကိုကောင်းကောင်းသိတယ်။ ဒါဟာ နတ်ဆိုးအရှင် စစ်ခုန်ဆာ့ရဲ့သွေး ။ ဘာကြောင့်လဲ ဆိုတော့ ဓားကို သူကိုင်လိုက်ချိန်မှာပဲ ပုံရိပ်တစ်ခုဟာ သူ့စိတ်ထဲကို ဝင်ရောက်လာတာကြောင့်ပဲ ။
ဓားချက်တစ်ချက်ဟာ လောကကြီးကို ထိတ်လန့်စေတယ်။
သွေးအရိပ်မြို့တော်မှာ ဓားရာ တစ်ချက်ကို ချန်ထားခဲ့ပြီးတော့ ဒီဓားတစ်ချက်ဟာ သွေးအရိပ်မြို့တော်ကို နှစ်ခြမ်းကွဲ သွားစေခဲ့တယ်။
နတ်ဆိုးအရှင် စစ်ခုန်ဆာ့ကို ကျရှုံးစေခဲ့တယ်။
ဒါပေမယ့်လည်း နတ်ဆိုးသခင် စစ်ခုန် ဟာ ဓားပေါ်မှာ သူ့သွေးစက်တွေကို စွန်းထင်းချန်ရစ်စေရင်း ကျိန်စာ တစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်။ သွေးကျိန်စာဟာ ဓားမှာထာဝရ စွဲကပ်နေစေတယ်။
ကျိန်စာကတော့ သိပ်ကို ရိုးရှင်းလှတယ်။ မုန့်ထျန်း ဟာ သူ့ရဲ့ ကျန်ရှိတဲ့ ဘဝသက်တမ်း တစ်လျှောက်လုံး မှာ ဓားတစ်ချောင်းကိုမှ အသုံးပြုနိုင်ချင်း မရှိစေရဘူး။
ဖန်ကျန်းရှီကတော့ နတ်ဆိုး အရှင် ဘယ်လိုများ ဒီလို ကျိန်စာမျိုးကို တိုက်နိုင်လဲ နားမလည်ခဲ့ဘူး။ မုန့်ထျန်းသေပါစေ ဒါမှ မဟုတ် တစ်သက်လုံး တိုက်ခိုက်လို့ မရပါစေနဲက လို့ ကျိန်စာ တိုက်လို့ရတယ်။ ဒါက ပိုပြီးတော့ တိုက်ရိုက်မထိဘူးလား။
ဖန်ကျန်းရှီကတော့ ဒီနောက်ကွယ်က အကြောင်းရင်းကို နားမလည်နိုင်ဘူး ဒါကြောင့် နောက်ထပ်မတွေးနေတော့ဘူး။ ဒါပေမယ့်လည်း သုခမိန် စစ်နတ်မုန့်ထျန်က ဓားရှည်ကို တစ်သက်လုံး အသုံးမပြုနိုင်တော့တဲ့ အတွက် ဓားတို(ဓားမ)ကိုပဲ ပြောင်းပြီးတော့ အသုံးပြုရတာ ။
ဘာကြောင့်လဲ ဆိုတော့ သူဟာ ဓားကို နောက်ထပ် ထပ်မသုံးနိုင်တော့ လို့ပဲ ။
“ မင်းကို ခရမ်းရောင်အမှတ်လေးလို့ ခေါ်ရင် ဘယ်လိုလဲ။” ဖန်ကျန်းရှီက တိုးတိုးလေး မေးလိုက်တယ်။ သူဟာ စာအုပ်တစ်အုပ်ကို အဖုံးနဲ့ ဆုံးဖြတ်တဲ့သူ မဟုတ်ဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ ဓားကိုတော့ နာမည်မေးသင့်တယ်လို့ တွေးထားခဲ့တယ်။
သူ့ရဲ့ လက်ထဲက ဓားဟာ အော်သံသဲ့သဲ့လေး ထွက်လာပြီးတော့ ဖန်ကျန်းရှီကို ပြန်ဖြေခဲ့တယ်။ ဒါဟာ ကြည့်နေတဲ့ ကျောင်းတော်သားတွေကို တစ်ဖန် ထိတ်လန့်စေပြန်တယ်။
ဒီဓားက တကယ်ပဲ ပင်ကိုယ်သိစိတ် ရှိနေတာတော့ မဖြစ်နိုင်ဘူး မလား။
“ငါ နားလည်ပြီ ။ ကြည့်ရတာ မင်းက ဒီ နာမည်ကို မကြိုက်ဘူးပဲ။ ဒါဆိုရင် နာမည်ပြောင်းကြရအောင်။ မင်းကို …. ခြေရာမဲ့လို့ ခေါ်ရင်ကော ဘယ်လိုလဲ။” ဖန်ကျန်းရှီဟာ ဓားရဲ့ ပြန်ဖြေသံကို စောင့်နေခဲ့တယ်။
အလွန်လျင်မြင်စွာနဲ့ပဲ ဓားဆီကနေ ကျယ်လောင်ပြီး ကြည်လင် ပြတ်သားလှတဲ့ နဂါး တစ်ကောင် အော်သံမျိုး ထွက်လာခဲ့တယ်။
“ကောင်းပြီလေ။ ခြေရာမဲ့လို့ခေါ်မယ်” ဖန်ကျန်းရှီ ရဲ့ နှုတ်ခမ်းမှာတော့ အပြုံးတစ်ခု ဖြစ်ပေါ်လာတော့တယ်။
“ခြေရာမဲ့လား။” ကျောင်းတော်သားတွေဟာတော့ ဖန်ကျန်းရှီ ရဲ့ စကားကို ကြားချိန်မှာ ပြောစရာစကား မဲ့သွားတော့တယ်။ ဓား ထိပ်က ဒီလောက်ကြီးတဲ့ သွေးစွန်းရာကြီးကို မင်းမမြင်ဘူးလား။
ဒါက လူတွေပြောနေကျ ဒဏ္လာရီလာ ပုံပြင်လိုမျိုး ခိုးလာတဲ့ ခေါင်းလောင်းနဲ့ နားဒုက္ခပေးနေတာလား။
လူတစ်ယောက်က ဒီလိုမျိုး ပြောင်ပြောင်တင်းတင်းလုပ်ချင်တာ လုပ်လို့ရနိုင်လား။ သမိုင်းကြောင်းတွေကို မလိုက်နာပဲနဲ့။
နောက်ပြီးတော့ ဓားကကော ဘယ်လိုများ လူနဲ့ တစ်ချိုးတည်း ဖြစ်နေရတာလည်း ။
ဖန်ကျန်းရှီဟာတော့ သူ့ရဲ့ ဘေးပတ်ဝန်းကျင်က ကျောင်းတော်သားတွေကို စိတ်ပျက်လက်ပျက်ဟန်နဲ့ ကြည့်နေခဲ့တယ်။ ဒီလူတွေ ဘာတွေ တွေးနေသလဲ သူ ကောင်းကောင်းသိတယ်။ ဒါပေမယ့်လည်း “ခြေရာမဲ့ဓား ” ရဲ့ အတွေးကို ပိုပြီးတော့တောင် နားလည်သေးတယ်။
ဒီလို အကြောင်းရင်းက မျက်နှာမှာ အမာရွတ်ရှိတဲ့ လူတစ်ယောက်ကို အမာရွတ်ကြီးနဲ့ လူလို့ ခေါ်နေတာနဲ့တယ်။
ဘယ်သူက သူ့ကို ဒီလို ခေါ်တာ လိုချင်မှာလဲ။ အကယ်၍ လူတစ်ယောက်ကသာ ဒီလို ခေါ်ရင် လက်သီးစာ မိသွားမှာ အသေအချာပဲ။
လူမှာ ဂုဏ်သိက္ခာရှိတယ်။
ဓား တစ်ချောင်း အတွက်ကကော ..
ဂုဏ်သိက္ခာ မရှိတာမျိုး ဖြစ်သင့်လို့လား။
ဖန်ကျန်းရှီဟာ ဓားကို ကိုင်ရင်းနဲ့ ဓားထိပ်ကို ယဉ်ရှန့်ဆီ ချိန်ထားခဲ့တယ်။ နတ်ဆိုး အငွေ့အသက်တွေ ပြည့်ဝနေတဲ့ ဓားထိပ်ဟာ တစ်လက်လက် တောက်ပနေခဲ့တယ်။
”ကြည့်ရတာ ဒါက တကယ့် ဓား အစစ်ပဲ” ယဉ်ရှန်ရဲ့ မျက်လုံးတွေဟာ ကျဉ်းမြောင်းသွားခဲ့တယ်။
“ငါပြောသားပဲ ခုနတုန်းက ဓားက အတုကြီးပါလို့ ” ဖန်ကျန်းရှီက တစ်ချက်လေးတောင် မတုန်လှုပ်ပဲနဲ့ ပြောလိုက်တယ်။
“ …” ယဉ်ရှန် ရဲ့ နှုတ်ခမ်းတွေဟာတော့ ဆတ်ခနဲ တုန်သွားခဲ့တယ်။
ဒါကို သူဘယ်လိုမှ ငြင်းလို့မရဘူး။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီက ရွှေရောင်ဓားဟာ အတုကြီးလို့ တကယ့်ကို ပြောခဲ့တာကြောင့်ပဲ ။ ဒါပေမယ့်လည်း ဒီလို အခြေအနေမျိုးမှာ ဘယ်သူကများ ဒါကို ယုံနိုင်မှာလဲ။
ဓားက အတု ဆိုတာ အရင်တည်းက သူသိပြီးသားတော့ မဖြစ်နိုင်ဘူး မလား။
ဒါဆိုရင်လည်း ဘာလို့ ဓားကို ဆွဲထုတ်နေရသေးတာလဲ။
ယဉ်ရှန် ရဲ့ စိတ်တွေဟာတော့ ရှုပ်ထွေးလာခဲ့တယ်။ သူတကယ်ပဲ နားမလည် နိုင်ဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ စိတ်တွေဟာ တစ်ဖန်ရှင်းလင်းသွားပြန်တယ်။ ဘာကြောင့်လဲ ဆိုတော့ အမှန်တရားက ဘယ်လိုပင် ဖြစ်နေပါစေ။
သူ့မှာအလုပ် တစ်ခုပဲ ရှိတယ်။
ဒါကတော့ ဖန်ကျန်းရှီကို သတ်ဖို့ပဲ ။
ဒါကြောင့် ယဉ်ရှန်ဟာ လှုပ်ရှားတော့တယ်။ အရိပ်တွေဟာ ဖန်ကျန်းရှီ ရဲ့ အနီးကို ရောက်ရှိလာပြီးတော့ အရိပ်ထဲကနေ လက်ဝါးချက်တွေဟာ ပြေးထွက်လာခဲ့တယ်။
ဒီ တိုက်ခိုက်ချက်တွေဟာတော့ တစ်ချက်တည်းနဲ့ အသက်ပျောက်သွားစေမယ့် တိုက်ကွက်တွေ။
ဒါပေမယ့်လည်း …
ဒီတိုက်ခိုက်မှုတွေကို ဓား တစ်ချောင်းဟာ ပိတ်ဆို့ထားခဲ့တယ်။
ဒီဓားဟာတော့ မြေကြီးထဲကနေ လာတဲ့ အရမ်းကို ပုံမှန်ဖြစ်လွန်းတဲ့ ဓားတစ်ချောင်း ။ ဒါပေမယ့်လည်း ဒီဓားဟာ ယဉ်ရှန်ရဲ့ တိုက်ခိုက်မှုတွေကို ပိတ်ဆို့နိုင်တယ်။ ဒါ့အပြင် ဓား ထိပ်ဟာ ယဉ်ရှန် ရဲ့ လည်ပင်းကို ဦးတည်ထားခဲ့တယ်။
ယဉ်ရှန်ဟာ သာမာန် ဓားတစ်လက်ကို သူ့ရဲ့ လမ်းမှာ ပိတ်ဆို့နေတာမျိုး အဖြစ်မခံနိုင်ပါဘူး။ အဲ့ဒီ့အစား ဓားကို ခပ်ဖြည်းဖြည်း တိုးလိုက်တယ်။ ထုံးစံအတိုင်း ဓားဟာ အားတော့ လျော့သွားခဲ့တယ်။
ဒါပေမယ့်လည်း ဒီ အဖြစ်ဟာ ဖန်ကျန်းရှီ အနားကို ယဉ်ရှန် ကပ်သွားနိုင်တယ်လို့တော့ မဆိုလိုပါဘူး။
ဘာကြောင့်လဲဆိုတော့ ဒုတိယဓား တတိယ ဓားနဲ့ မြေပြင်ပေါ်က ဓားတွေ အကုန်လုံးဟာ ရွေ့လျားလာတာကြောင့်ပဲ ။ တစ်ချောင်းပြီး တစ်ချောင်း မြေပြင်ပေါ်ကနေ ထလာပြီးတော့ ယဉ်ရှန်ရဲ့ လမ်းကို ပိတ်ထားခဲ့တယ်။
“ ဒါက ဘယ်လို ဖြစ်နိုင်တာလဲ။” ယဉ်ရှန် ဟာ ကောင်းကင်ပေါ်နဲ့ လေထုထဲမှာ ဝဲပျံနေတဲ့ ဓားတွေကို ကြည့်ရင်း ပြောလိုက်မိတယ်။ ဒီ လို ဖြစ်ရခြင်း အကြောင်းကို သူမတွေးတတ်ပါဘူး။
ဓားတွေကို အရိပ်နဲ့ ထိန်းချုပ်တာလား။
ဒါကို ယဉ်ရှန် ကောင်းကောင်းလုပ်နိုင်တယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီ လည်း ဒါကို လုပ်နိုင်မှန်း သူသိတယ်။
ဒါကြောင့် ဓား တစ်ချောင်းမြေပြင်ပေါ်ကနေ ပေါ်လာချိန်တည်းက သူဟာ သတိမထားမိခဲ့ဘူး ။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီ ရဲ့ အစွမ်းနဲ့ ဆိုရင် ဒါကို လုပ်နိုင်မှန်းကောင်းကောင်းသိတာကြောင့်ပဲ ။
ဒါပေမယ့်လည်း
ဖန်ကျန်းရှီက ဓားပင်လယ် တစ်ခုလုံးကို နိုးထစေပြီး အသုံးပြုမယ်လို့ သူမသိနိုင်ခဲ့ဘူး ။
ဖန်ကျန်းရှီမှာ ဒီလို အစွမ်းမျိုး ရှိမယ်လို့ တွေးမိဖို့ မပြောနဲ့ သူကိုယ်တိုင်တောင်မှ ဒီလို လုပ်ဖို့ အောင်မြင်နိုင်မလား မသေချာဘူး ။
ဓား ပင်လယ်က အဆုံး မရှိတာတော့ မဟုတ်ပေမယ့်လည်း မိုင်အနည်းငယ်တော့ ကျယ်ဝန်းတယ်။ အရိပ်မုန်တိုင်းကို သုံးပြီးတော့ ဒီ ဧရိယာကို ထိန်းချုုပ်နိုင်ပါစေ ဓားတွေကို ပါ ထပ်ပြီးတော့ လှုပ်ရှားအောင် ထိန်းချုပ်ဖို့ဟာ ခက်ခဲ လှတယ်။
ဒါဟာ လုံးဝကို မဖြစ်နိုင်တာပဲ။
ကျောင်းတော်သားတွေဟာလည်း ဒီမြင်ကွင်းကို မဖော်ပြနိုင်တဲ့ အမူအယာတွေ နဲ့ ကြည့်နေခဲ့တယ်။
ကောင်းကင်ပေါ်မှာတော့ ဓားတွေဟာ လည်ပတ်နေခဲ့တယ်။ အင်အားပြင်းထန်လှတဲ့ လေပွေမုန်တိုင်းကြီး တစ်ခုအတွင်းမှာ ဓားတွေ စီးဆင်းနေသလို ဖြစ်နေခဲ့တယ်။ အလယ်ဗဟိုချက်မှာတော့ ဖန်ကျန်းရှီ ဟာ ရှိနေခဲ့တယ်။
“ဒါတွေက ဘယ်လို ဖြစ်နိုင်တာလဲ။”
“ဒီလောက်ဓား အများကြီးကို သူဘယ်လိုများ ထိန်းချုပ်နိုင်တာလဲ။”
စာဖြေသူတွေဟာ မယုံကြည်နိုင်မှုတွေပြည့်နှက်နေခဲ့တယ်။ ဖန်ကျန်းရှီလို ကောင်းကင်ရောင်ပြန် အဆင့် မဆိုထားဘိ သဘာဝလွန် ထိပ်သီး အဆင့် ကျင့်ကြံသူတွေ တောင်မှ များပြားလှတဲ့ ဓားတွေကို ထိန်းချုပ်နိုင်ဖို့ ဆိုတာ ခက်ခဲလှတယ်။
ဘယ်လို စိတ်အင်အား အဆင့်ကမှာ ဒီလိုမျိုး အဖြစ်ကို အောင်မြင်နိုင်တာလဲ။
ရိုးရိုးရှင်းရှင်း ဖြစ်နိုင်တဲ့ ကိစ္စ တစ်ခု မဟုတ်တာတော့ သေချာလှတယ်။
“ မဖြစ်နိုင်ဘူး။“
လူတိုင်းရဲ့ စိတ်ထဲမှာ အတွေး တစ်ခု ဖြစ်ပေါ်လာတော့တယ်။
အဲ့ဒီ့နောက် နှစ်နှစ်ကာကာ ပျော်ရွှင် တဲ့ အမူအယာဟာ သူတို့ရဲ့ မျက်နှာမှာ ဖြစ်ပေါ်လာတော့တယ်။ ဒီပျော်ရွှင်မှုဟာ သူတို့ရဲ့ နှလုံးသား ထဲကနေ အသက်ရှင်သန်ဖို့ မျှော်လင့်ချက်တစ်ခုကြောင့် ဖြစ်တည်လာတာ ။
နန်ကုန်းမုဟာတော့ သူ့ရဲ့ ကျောက်စိမ်း နီလာ ဓားမောင်နှံကို နှိမ့်လိုက်တော့တယ်။ ဘာကြောင့်လဲ ဆိုတော့ နောက်ထပ် တိုက်ခိုက်စရာ သူ့အတွက် မရှိတော့တာကြောင့်ပဲ ။
ရန်ရွှယ်ဟာလည်း သူ့ရဲ့ တောင်မြစ်မိုးမြေယပ်တောင်ကို ပြန်သိမ်းထားတော့တယ်။ သူ့ရဲ့ မျက်နှာဟာတော့ ဖြူဖျော့နေပြီးတော့ သက်ပြင်းတစ်ချက်ချလိုက်တော့တယ်။
ပင်းယန်ရဲ့ နှုတ်ခမ်းတွေဟာတော့ O ပုံစံ ဖြစ်တဲ့ အထိကို ဝိုင်းနေခဲ့တယ်။ သူမရဲ့ ကြီးမားတောက်ပတဲ့ ဖန်သလင်း မျက်လုံးတွေဟာလည်း ဖောြ်ပချင်းငှာ မစွမ်းသာတဲ့ ပျော်ရွှင်မှုကြောင့် ပြူးကျယ်ဝိုင်းစက်နေကြတယ်။
ဒါပမေယ့်လည်း ဖန်ကျန်းရှီ ရဲ့ အရှက်မရှိတဲ့ စကားတွေကို စိတ်ထဲမှာ ပြန်တွေးမိချိန်မှာတော့ သူမရဲ့ စိတ်ထဲမှာ မကျေမနပ်ဖြစ်သွားပြန်တယ်။
“ဟွန့်။” ပင်းယန်ဟာ သူမရဲ့ ခေါင်းကို ဆတ်ခနဲ လှည့်လိုက်ရင်း ပွစိ ပွစိလုပ်နေခဲ့တယ်။ ဒါပေမယ့်လည်း သူမရဲ့ မျက်လုံးတွေဟာတော့ ဖန်ကျန်းရှီကို သာ စိုက်ကြည့်နေခဲ့တယ်။
ဖန်ကျန်းရှီက တော့ ဓားကိုသာ တိတ်ဆိတ်စွာ ကိုင်ထားခဲ့တယ်။
ဓားမုန်တိုင်း အလယ်မှာ အပြုံးတစ်ခုနဲ့ ရပ်နေတဲ့ သူဟာတော့ ယဉ်ရှန်ကို စိုက်ကြည့်နေခဲ့တယ်။
“ငါ မကျေနပ်ဘူး။” ယဉ်ရှန်ဟာ အခု မြင်နေရတဲ့ အဖြစ်ကို လုံး၀ မကျေနပ်တာ အသေအချာပါပဲ။
“မင်း ကျေနပ်နပ် မကျေနပ်နပ် ငါ ဘာလုပ်ရမှာလဲ။ ” ဖန်ကျန်းရှီ ရဲ့ အမူအယာဟာတော့ အေးဆေးနေခဲ့တယ်။
ယဉ်ရှန်ဟာတော့ တိတ်ဆိတ်သွားခဲ့တယ်။ သူဟာ နောက်ထပ်ထပ်မပြောတော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီပြောသလိုပဲ သူကျေနပ်နပ် မကျေနပ်နပ် ဒါက ဘာဖြစ်လဲ။
နောက်ပြီးတော့ ဖန်ကျန်းရှီက ခြေရာမဲ့ဓားကို ကိုင်ထားထဲက ရလဒ်ဟာ ကြိုတင်ခန့်မှန်းလို့ ရနေပြီ ။
ဒါဆိုရင် ယဉ်ရှန်မှာ တခြား ဘာ အခွင့်အရေးရှိနိုင်အုန်းမှာလဲ။
ဖန်ကျန်းရှီကို သတ်ဖို့ မပြောနဲ့ သူကိုယ်တိုင်ရဲ့ သေခြင်း ရှင်ခြင်းကတောင်မှ ဖန်ကျန်းရှီ ရဲ့ လက်ထဲမှာ ရှိနေတာ ။
“ ငါရှုံးပြီ။” ယဉ်ရှန်ဟာခေါင်းကို မော့ရင်းနဲ့ ကောင်းကင်ကို ကြည့်လိုက်တယ်။ ဒါဟာ ဘယ် နေရာလည်း ဆိုတာတော့ သူမသိဘူး။ အဲ့ဒီ့အစား သူရဲ့ နှလုံးသားထဲက ဦးတည်ရာကိုသာ လိုက်တော့တယ်။
ယန်မြို့တော်ရဲ့ အပြင်ဘက်မှာ ရှိတဲ့ ဆယ်မိုင်ရေကန် ဆီကို ဦးတည်ပြီတော့။
ဒီရေကန် ဘေးမှာ အမျိုးသမီး တစ်ဦး မတ်တပ်ရပ်နေမယ် ဆိုတာ သူ သိတယ်။ နောက်ပြီးတော့ အမျိုးသမီးဟာ မိုးသည်းထဲမှာ စောင့်ဆိုင်းနေလိမ့်မယ်။
ဒီအမျိုးသမီးက သူ့ကို စောင့်ဆိုင်းနေတာ မဟုတ်ဘူး။
အဖြေလွှာတစ်ခုကို စောင့်ဆိုင်းနေတာ ဖြစ်မယ်။ သူမကို ပြုံးရယ်စေနိုင်တဲ့ အဖြေလွှာ တစ်ခု ။
ယဉ်ရှန်ဟာ သူ့နှုတ်ခမ်းကို ဖိကိုက်ရင်း တွေးနေမိတယ်။ ဒီအမျိုးသမီး ရဲ့ အပြုံးကို သူတစ်ခါမှ မမြင်ဖူးဘူး။ ဒါဟာ သူမကို သုံးကြိမ်ပဲ တွေ့ဖူးတာကြောင့် ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဒီ အမျိုးသမီးက ပြုံးရတာကို မကြိုက်တာကြောင့်လဲ ဖြစ်နိုင်တယ်။
ဒါတွေကို သူမစဉ်းစား ချင်တော့ဘူး။ နတ်ဆိုးတစ်ကောင် အနေနဲ့ ဒီ အမျိုးသမီးကို သူ စိတ်မပျက် စေချင်ဘူး။
တကယ်တမ်းမှာတော့ တိုက်ပွဲ မြေပြင်မှာကော ယန်မြို့တော်မှာပါ။ သူ စခဲ့တဲ့ အလုပ်ကို အဆုံးသတ်အထိ အောင်မြင်ပြီးဆုံးအောင် လုပ်နိုင်တာပဲ ။
သူ့ရဲ့ ဘဝမှာ နတ်ဆိုး တစ်ကောင် အဖြစ် အသိအမှတ်ပြုတာ ဘယ်နှကြိမ်များခံရဖူးလဲ။
ဒီလို အသိအမှတ်ပြုခံရတဲ့ ခံစားချက် အတွက် သူ့ကိုယ်သူ အမြဲ ယုံကြည်မှု ရှိခဲ့တယ်။
အခုချိန်မှာတော့ ။
ဒီနေ့ဟာ သူ အသက်ရှင်တဲ့ နောက်ဆုံးနေ့လို့ တွေးနေမိတယ်။ နောက်ဆုံးသော တိုက်ခိုက်မှုကို အစွမ်းကုန် တိုက်ခိုက်မယ် လို့ တွေးနေခဲ့တယ်။ ဒါပေမယ့်လည်း အမျိုးသမီးကို စိတ်ကျေနပ်တဲ့ အဖြေလွှာကို ပေးနိုင်တဲ့ အခြေအနေ သူ့မှာ မရှိဘူး ။
ဒါကို ကြားတဲ့ အချိန်မှာ အမျိုးသမီး ဘယ်လို အမူအယာမျိုး ဖြစ်သွားမလဲ လို့ သူမသိဘူး။ နတ်ဆိုးတစ်ယောက် အနေနဲ့ ထို အမျိုးသမီးကို စိတ်မပျက်စေသင့်စေဘူး ဆိုတာတော့ သူကောင်းကောင်းနားလည်ထားတယ်။
စိတ်ပျက်စေမှု။
ယဉ်ရှန် ရဲ့ ခေါင်းဟာ ငိုက်စိုက်ကျသွားခဲ့တယ်။ ဒါပေမယ့်လည်း သူဟာတော့ မငိုကြွေးခဲ့ပါဘူး။ နတ်ဆိုးမျိုးနွယ် ဆယ်ခုရဲ့ ခေါင်းဆောင် တစ်ယောက် အနေနဲ့ ။
လူသား မျိုးနွယ်တွေ ရှေ့မှာ ငိုကြွေးတာဟာ မဖြစ်သင့်ဘူး။
အကယ်၍ သူ လုပ်ခဲ့ရင် ။
သူဟာ ဂုဏ်သိက္ခာမဲ့သူ နတ်ဆိုးတစ်ဦး ဖြစ်သွားလိမ့်မယ်။
ဒါကြောင့် သူဟာ လှုပ်ရှားတော့တယ်။
တစ်လှမ်းချင်းစီ ဖန်ကျန်းရှီ နဲ့ အဆုံးမဲ့ ဓား ပင်လယ်မုန်တိုင်းကြားကို လျှောက်လှမ်းသွားခဲ့တယ်။ ဓားတစ်ချောင်းချင်းစီဟာ သူ့ရဲ့ အသွေးအသားတွေကို ထိုးဖောက် ဝင်ရောက်လာခဲ့တယ်။
သူ့ရဲ့ ကိုယ်မှာ အနက်ရောင် အလင်းတန်းတစ်ခုတောင် မရှိတော့တဲ့ အထိ
သူဟာ ခုခံခြင်း အလျဉ်းမရှိခဲ့ဘူး ။
အဲ့ဒီ့အစား ဓားပင်လယ် မုန်တိုင်းကြားက ဖန်ကျန်းရှီကို ကြည့်ရင်း နဲ့ နောက်တစ်လှမ်း တိုးဝင်လာခဲ့တယ်။
အပိုင်း (၂၁၇) ပြီး၏။
အပိုင်း (၂၁၈)
“ကောင်းကင် တာအို သုခမိန်ကျောက်ဖျာ”
…
ယန်မြို့တော်က မိုးသက်မုန်တိုင်းဟာတော့ ရပ်တန့်သွားမည့်ဟန်မရှိပါဘူး။ အဲ့ဒီ့အစား ပိုပြီးတော့သာ သည်းထန်လာတော့တယ်။
ဒါဟာ တော်ဝင်ကျောင်းတော်ကို အတော်လေး စိတ်ရှုပ်စေခဲ့တယ်။ “ ဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်။” အပြင်ဘက်က ကြားလိုက်ရတဲ့ အသံကြီးကြောင့် လူတိုင်းရဲ့ စိတ်ထဲမှာ ခဲကြီးကြီး ဆွဲထားခံရသလို လေးလံ နေခဲ့တယ်။
သုခမိန်လောက ထိန်းချုပ်မှု မဲ့သွားချိန်ကနေစပြီး အခုအချိန် ထိ ကြာမြင့်ချိန်ဟာ အတော်ကြာသွားပြီ ။
ဒါပေမယ့်လည်း ပြန်လည် ကောင်းမွန်မယ့် အရိပ်အယောင်ကို မတွေ့ရဘူး ။
သုခမိန်လောကထဲက လူတွေဟာ ကြီးမြတ်သော ရှမင်းဆက် အနာဂတ်အတွက် အရေးကြီးသူတွေ ။ ဒါဟာ မင်းဆက် တစ်ခုရဲ့ အခြေတည် အုတ်မြစ်နဲ့ တူညီတယ်။
သူတို့တွေဟာ ကြီးမြတ်သော ရှမင်းဆက် အနာဂတ်ကို ကိုယ်စားပြုသူတွေ ။
အကယ်၍ အနာဂတ်သာ မရှိတော့ရင် မင်းဆက် တစ်ခုက ဘယ်လိုများ တည်မြဲနိုင်မလဲ။
အထူးသဖြင့် စစ်နတ်ကျောင်းတော်က ရှင်ချင်းစွေ့လည်း ပိတ်မိနေတယ်။ သူဟာ စစ်နတ်ကျောင်းတော် အကြီးအမှူး ရှင်းဟို့ ရဲ့ ပဏာမဇနီးသည် မွေးဖွားတဲ့ သားဦး။
အရေးကြီးဆုံးကတော့ ပင်းယန် ။
ဧကရာဇ် အလေးထားရဆုံးသော မင်းသမီး ပင်းယန်ဟာ မည်သို့သော ကံဆိုးမှုမျိုးကိုမှ ကြုံတွေ့မရသူ ။
သွမ့်အရှင် လင်းရှင်းကြွယ် ကတော့ ဧကရာဇ် လင်းမုပိုင် ကို ကိုယ်တိုင်သတင်းသွားမပို့ပါဘူး။ ဒီသတင်းကိုကြားပြီၤးနောက်မှာဖြစ်ပေါ်လာနိုင်တဲ့ ဧကရာဇ်ရဲ့ တုံ့ပြန်မှုကို သူကောင်းကောင်းသိတာကြောင့်ပဲ ။
နောက်ပြီးတော့ သုခမိန် လောက ကနေ တိကျတဲ့ အဖြေလည်းမထွက်လာသေးဘူး။
ဒီလို အခြေအနေမျိုးမှာ ။။
ဒီလိုမျိုး မခန့်မှန်းနိုင်လောက်တဲ့ မုန်တိုင်းရဲ့ ပျက်စီးမှုကို ဘာလို့ တာဝန်ယူရမှာလဲ။ ဒါပေမယ့်လည်း ဒါဟာ ထိချက်ပြင်းလှတဲ့ မုန်တိုင်း ။ သူ ရှောင်ချင်ရင်တောင်မှ ဒီလို လုပ်နိုင်ဖို့ အတွက် နည်းလမ်း မရှိဘူး။
ဒါကြောင့် သူလုပ်နိုင်တာ တစ်ခုကတော့ လက်ခံဖို့ပဲ ။
လင်းရှင်းကြွယ်နဲ့ ဟန်ချန်ဖုန်းတို့ ဟာ ထိုင်နေရာကနေ ထရပ်လိုက်တယ်။ ဒါပေမယ့်လည်း သူတို့ နှစ်ဦးလုံး ထရပ်ပြီးပြီး ချင်းမှာပဲ ကြမ်းပြင်ပေါ်မှာ ဒူးထောက်လိုက်တယ်။
သူတို့ တင်မက တခြားသော တော်ဝင်ကျောင်းတော် သတင်းပို့သူတွေဟာလည်း ဒူးထောက်နေခဲ့ကြတယ်။
ဘယ်သူကမှ ခေါင်းမမော့ဝံ့ကြဘူး ။
ခြေသံတွေဟာတော့ နီးကပ်သည်ထက် နီးကပ်လာခဲ့တယ်။
ရွှေနဂါး ဝတ်ရုံကို ဝတ်ထားတဲ့ လင်းမုပိုင်ဟာ သူ့ရဲ့ လက်တွေကို နောက်ပစ်ရင်း ဝင်လာတော့တယ်။ သူ့ရဲ့ မျက်လုံးတွေ နဲ့ မျက်နှာအမူယာဟာတော့ တင်းမာဟန်ကို တထပ်တည်း ပြသနေခဲ့တယ်။ ဒူးထောက်နေကြတဲ့ လူတွေကို တစ်ချက်လေးတောင်မှ သူတို့ မကြည့်ကြပါဘူး။ အဲ့ဒီ့အစား အခန်းလွတ်ကိုသာ ကြည့်နေခဲ့တယ်။
သူ့ရဲ့နောက်မှာတော့ မင်းသားကိုး လင်းယွမ် နဲ့ အိမ်ရှေ့စံ မင်းသား လင်းယွမ်၊ ဝန်ကြီးချုပ် ယွီယိဖျင် နဲ့ အတူ ခြောက်ယောက်သော ရုံးတော်သားတွေပါ လိုက်ပါလာကြတယ်။
အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံကလည်း ဒါကို တာဝန် လွှဲလို့ မရဘူး ။
ဒါကြောင့် ဝန်ကြီးချုပ် ယွီယိဖျင်ကလည်း မလာလို့ မရဘူး ။
အကယ်၍ ဧကရာဇ် အိမ်ရှေ့စံ မင်းသား နဲ့ ဝန်ကြီးချုပ်တို့ ရောက်လာမှတော့ ရုံးတော် အကြီးအကဲ ခြောက်ဦးဟာ ဘယ်လိုလုပ်မလာပဲ နေဝံ့မှာလဲ။
“မင်းတို့ရဲ့ တော်ဝင်စာမေးပွဲကို အတော် ကောင်းကောင်းလုပ်ထားတာပဲ။ တော်ဝင်စာမေးပွဲ အတွက် စာစစ်သူ အကြီးအကဲ နေရာကို ရဖို့အတွက် မင်းတို့ တော်တော်လေး တိုက်ခိုက်ပြီးတော့ ကောင်းကောင်းလုပ်မယ် ပြောထားတာကို ငါ မှတ်မိသေးတယ်။ အခုတော့ မင်းတို့ က ဘယ်လို လုပ်နေတာလဲ။ ” ဧကရာဇ် လင်းမုပိုင်က ပြောလိုက်တယ်။
လွတ်နေတဲ့ အခန်းဟာ သုခမိန်လောက အထိန်းအကွပ်မဲ့နေတဲ့ အခြေအနေကို ဖော်ပြနေခဲ့တယ်။ ဒါကြောင့် ကိစ္စတွေက လွယ်လွယ်ဖြေရှင်းလို့ မရနိုင်ဘူး။
သွမ့်အရှင်ကလည်း ခေါင်းမမော့ဝံ့သလို တော်ဝင် ရုံးတော်သားတွေကတော့ မြေပြင်ပေါ်မှာ ဝပ်တွားနေခဲ့ကြတယ်။
ဘယ်သူကမှ ပြန်မဖြေဝံ့ကြဘူး။ ဘာကြောင့်လဲ ဆိုတော့ မိုးနတ်မင်းရဲ့ သားတော် (ရှင်ဘုရင်) ဒေါသထွက်လာရင် မင်းဟာ ဘယ်လောက် မြင့်မားတဲ့ နေရာမှာ ရပ်တန့်နေပါစေ ပြုတ်လာမှာအမှန်ပဲ။
“ပြောစမ်း ” ဧကရာဇ် ဟာ နောက်တစ်ကြိမ်အော်လိုက်ပြန်တယ်။ အင်အားပြင်းထန်လှတဲ့ အငွေ့အသက်တွေဟာ ပျံ့လွင့်လာခဲ့တယ်။
ဒါဟာ လင်းရှင်းကြွယ် ရဲ့ နောက်ကျောကို ချွေးတွေ စိုရွှဲစေခဲ့တယ်။ သူဟာ ပြန်ဖြေချင်ပေမယ့်လည်း သူ့ရဲ့ လည်ချောင်းတွေဟာ ခြောက်သွေ့နေပြီးတော့ အသံ တစ်သံ တောင် မထွက်ဝံ့ဘူး။
ဒါကြောင့် ဘာတွေပဲ ဖြစ်နေပါစေ ။ သူဟာ တိတ်တိတ်လေး နေဖို့အတွက် လိုအပ်တယ်။
ဟန်ချန်ဖုန်းရဲ့ နဖူးဟာလည်း ချွေးစို့နေခဲ့တယ်။ ဒါပေမယ့်လည်း သူဟာ လင်းရှင်းကြွယ်လိုတော့ ဆိတ်ဆိတ်နေ ထောင်တန် မလုပ်နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူဟာ တော်ဝင်စာမေးပွဲ ရဲ့ အဓိက စာစစ်သူ ဖြစ်တာကြောင့်ပဲ ။
ဒါကြောင့် ဘယ်လို ပဲ ကိစ္စတွေ ဖြစ်လာနိုင်ပါစေ။ သူဟာ စကားတော့ ပြောရမယ်။
“ ကျွန်တော်မျိုး အမြင်အရတော့ သုခမိန် လောက ထိန်းချုပ်မှု မဲ့သွားတာဟာ … ကောင်းတဲ့ ကိစ္စ တစ်ခုဖြစ်နိုင်ပါတယ်။” ဟန်ချန်ဖုန်းဟာ ခေါင်းကို ငုံ့ထားပြီးတော့ ဆက်ပြောလိုက်တယ်။ သူ့လိုမျိုး တည်ငြိမ်လှတဲ့လူ တောင်မှ ဧကရာဇ် လင်းမုပိုင် ရဲ့ အရှိန်အဝါတွေ နဲ့ ရင်ဆိုင် ရချိန်မှာ ခေါင်းမဖော်ဝံ့အောင် ဖြစ်နေခဲ့ရတယ်။
“ ကောင်းတဲ့ကိစ္စလား။ အကြီးအကဲ ဟန် ဆက်ပြီးတော့ ပြောပါ။” ဧကရာဇ်ဟာ မထိုင်ပါဘူး။ သူ့ရဲ့ အမူအယာကသာ အနည်းငယ် ပြောင်းလဲသွားခဲ့တယ်။
“ အရှင့်ကို ပြန်ဖြေပါတယ်။ တော်ဝင်ကျောင်းတော်မှာ စာစစ်သူ အကြီးအကဲ ဖြစ်လာချိန် တည်းက တော်ဝင်ကျောင်းတော် စာမေးပွဲတွေကို ကြီးကြပ်လာခဲ့တာ အချိန် အတော်ကြာခဲ့ပါပြီ။ ဒီနှစ်တွေ အတောတွင်းမှာ သစ္စာ ရှိရှိ တာဝန်ယူခဲ့ပြီးတော့ အမှားတစ်ခုမှ မကြုံခဲ့ရပါဘူး။ ဒီနေ့လို အဖြစ်ဟာ ပြင်ပ အင်အားစုတွေ ကြောင့် လို့ ကျွန်တော် မထင်ပါဘူး။ အခုလို ဖြစ်ရတာဟာ တံတားကျိုး ၊ အမြွှာကျောက်တုံးနဲ့ ကျောက်တုံးအိမ်တွေကို ဖန်ကျန်းရှီ ဖြေရှင်းလိုက်တာကြောင့် နဲ့ သက်ဆိုင်နေနိုင်ပါတယ်။” ဟန်ချန်ဖုန်းဟာ အံကို ကြိတ်ရင်း ဖြေလိုက်တယ်။
“ဆက်ပြောပါ။”
“ သုခမိန်လောကကြီး ထိန်းချုပ်မှုမဲ့သွားတာဟာ အလွန့်ကို အန္တရာယ်များတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့်လည်း ဒါဟာ စမ်းသပ်မှု တစ်ခု ဖြစ်နိုင်ပါတယ်။ သုခမိန်လောက ကနေ စာဖြေသူတွေ အတွက် စမ်းသပ်မှု တစ်ခု ဖြစ်နိုင်ပါတယ်။ သုခမိန်လောက ဟာ သုခမိန်စစ်နတ် မုန့်ထျန်း ဖန်တီးထားတာ ဖြစ်တဲ့ အတွက် ကျောင်းတော်သားတွေ အတွက် အသက်အန္တရာယ်ရှိနိုင်ချေဟာ အလွန်ပဲ နည်းပါးလှတယ်။ အချိန် ကြာနေတာဟာ စမ်းသပ်ချက်တွေ ပိုပြီးတော့ များပြားနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါဟာလည်း အခွင့်အရေးတစ်ခု ဖြစ်နိုင်ပါတယ်။” ဟန်ချန်ဖုန်းဟာ စကားကို ဆုံးအောင် ပြောပြီးတဲ့နောက်မှာတော့ သူ့ရဲ့ နှလုံးသား ဟာ တင်းကြပ်သွားခဲ့တယ်။
ဒါဟာ အခြေအနေကို ထိန်းဖို့ အတွက် အကောင်းဆုံး နည်းလမ်း ။ လေ လှိုင်းထန်နေတဲ့ နေရာမှာ သူ့ကိုယ်သူ အရဲစွန့်လိုက်ရတာလဲ ။ အကယ်၍ သူ့ရဲ့ ခန့်မှန်းမှုသာ မှန်ကန်ခဲ့ရင် သူ့ခေါင်းပေါ်ကျလာမယ့် ကိစ္စတွေကိုရှောင်နိုင်သွားမယ်။
ဒါပေမယ့်လည်း အကယ်၍ ပြဿနာ အကြီးအကျယ် တက်လာရင်တော့
စာမေးပွဲကို ကျင်းပတာဟာ အဆိုးဆုံးသော ကိစ္စကြီး ဖြစ်သွားလိမ့်မယ်။
ဒါပေမယ့်လည်း ဟန်ချန်ဖုန်းကတော့ နောက်ထပ် ရွေးချယ်စရာ မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အကယ်၍ သုခမိန် လောကထဲမှာသာ တစ်ခုခု ဖြစ်ရင် သူ့မှာ ရှောင်နိုင်ဖို့ နည်းလမ်း မရှိဘူး ဖြစ်တာကြောင့်ပဲ။ ဒါကြောင့် ဘယ်လို နည်းနဲ့ ဖြစ်ဖြစ် အန္တရာယ်ကို မရှောင်နိုင်မှာတော့ ဘာကို ကြောက်နေရမှာလဲ ။
“ အာ” ဧကရာဇ် လင်းမုပိုင်ဟာ ဒါကို ကြားချိန်မှာတော့ သူ့ရဲ့ မျက်မှောင်ကြုတ်မှုဟာ အတော်လေးကို ပြေလျော့သွားခဲ့တယ်။
သူဟာ သုခမိန်လောက အကြောင်းကို ကောင်းကောင်းသိတယ်။ သုခမိန်လောက ထိန်းချုပ်မှု မဲ့သွားရတာဟာ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်။ သုခမိန် စစ်နတ် မုန့်ထျန်း ချန်ထားခဲ့တဲ့ ပင်ကိုယ်သိစိတ်ကြောင့်ပဲ ဖြစ်လိမ့်မယ်။
ဒီ ပင်ကိုယ်သိစိတ်ဟာ သုခမိန် လောကကို ယာယီ ထိန်းချုပ်ထားတာပဲ ။
ဟန်ချန်ဖုန်းပြောသလိုပဲ ပင်ကိုယ်သိစိတ်ဟာ သုခမိန် စစ်နတ် ချန်ထားခဲ့တာ ဖြစ်တဲ့အတွက် ကျောင်းတော်သားတွေကိုတော့ အသက် ထိခိုက်တဲ့ ထိ လုပ်ဆောင်မှာ မဟုတ်ဘးူ ။
ဒါပေမယ့်လည်း အကယ်၍ ဒါသာ စမ်းသပ်မှု တစ်ခုမဟုတ်ခဲ့ရင်ကော။
ဧကရာဇ် လီမုပိုင်မှာ အခုချိန် ရွေးချယ်စရာ နှစ်ခုရှိတယ်။ တစ်ခုကတော့ သုခမိန်လောကကို အားသုံးပြီးတော့ ပြန်ဖွင့်ရမယ်။ ဒါပေမယ့်လည်း ဒါဟာ သုခမိန်လောကထဲက အဖြစ်တွေကို နှောက်ယှက်သလိုလဲ ဖြစ်သွားနိုင်တယ်။
လူတွေကို ကယ်နိုင်ဖို့ အခြေအနေလည်း ဖြစ်နိုင်သလို သတ်သလို ဖြစ်သွားနိုင်တဲ့ အခြေအနေလည်း ရှိတယ်။
နောက်တစ်ခုကတော့ စောင့်ဆိုင်းတာပဲ ။
ဟန်ချန်ဖုန်း ခန့်မှန်းသလိုပဲ သုခမိန်လောကထဲက စမ်းသပ်မှု ပြီးဆုံးတဲ့ အထိ စောင့်ဆိုင်းရမယ်။
ခက်ခဲ လှတဲ့ ရွေးချယ်မှု တစ်ခုပဲ ။ အကယ်၍ သုခမိန်လောကထဲမှာ ဆိုးဝါးတဲ့ ကိစ္စ မဖြစ်နိုင်ဘူး ဆိုရင် စောင့်နေတာကတော့ ပိုကောင်းလိမ့်မယ်။ ဒါပေမယ့်လည်း သုခမိန်လောကထဲမှာ ပြဿနာ မဖြစ်ခဲ့ဘူး ဆိုရင် သူတို့ လုပ်လိုက်မှ ပြဿနာ တက်သွားခဲ့ရင် ဘယ်လို လုပ်မလဲ ။
ဧကရာဇ် လင်းမုပိုင်ဟာ အခန်းလွတ်ကို ကြည့်ရင်းနဲ့ အကျိုးအပြစ်ကို ချိန်ဆ နေခဲ့တယ်။
ဒီအချိန်မှာတော့ ဘယ်သူမှလည်း စကားမပြောဝံ့သလို ဟန်ချန်ဖုန်း ကို တောင်းပန်ပေးဖို့ အကူအညီတောင်းတာလဲ မလုပ်ဝံ့ကြဘူး။
ယွီယိဖျင်ကတော့ တောင့်ခဲသွားတော့တယ်။ သူ့ရဲ့ မျက်နှာသွယ်သွယ်ဟာတော့ မည်းမှောင်သွားခဲ့တယ်။ ဟန်ချန်ဖုန်းက တကယ့်ကို အိမ်ရှေ့စံ မင်းသား အတွက် မဟာမိတ်ကောင်း တစ်ယောက်ပဲ ဒါကြောင့် ဒီလို အဖြစ်မျိုးမှာ ဟန်ချန်ဖုန်းကို အရှုံးမပေးနိုင်ဘူး။
ဒါပေမယ့်လည်း မတုံ့ပြန်ခင် ဒီမှာ ဖြေရှင်းဖို့က ပိုပြီးတော့ အရေးကြီးတယ်။
ထောင်ချောက်ထဲကို တိုးဝင်တာမျိုးတော့ အဖြစ်မခံနိုင်ဘူး။
ဒါကြောင့် သူဟာ စောင့်ဆိုင်းနေခဲ့တယ်။
ထို့နည်းတူစွာပဲ ရုံးတော်သား ခြောက်ဦးဟာလည်း စကားမပြောဝံ့ကြဘူး။ ဟန်ချန်ဖုန်းဟာ အိမ်ရှေ့စံ ရဲ့ ဆရာ ။ ဒါကြောင့် သူ့ရဲ့ အရှိန်အဝါ လွှမ်းမိုးမှုဟာလည်း ကြီးမားမှန်း လူတိုင်းသိကြတယ်။
ဒီလို အဖြစ်ဟာတော့ တရားမျှတတယ် လို့ ထင်မြင်ရတယ်။
တော်ဝင်ကျောင်းတော်ဟာတော့ အပ်ကျသံ မကြားရလောက်အောင် တိတ်ဆိတ်နေခဲ့တယ်။
အဲ့ဒီ့အချိန် မတိုင်ခင် အထိ
အခန်းရဲ့ လေထုထဲမှာ မြင်ကွင်း တစ်ခု ပေါ်မလာခင် အချိန်အထိ
ပေါ်လာခဲ့တဲ့ မြင်ကွင်းထဲမှာတော့ အပြာရောင် ဝတ်ရုံဝတ် လူငယ် တစ်ဦးဟာ ရပ်နေခဲ့တယ်။ သူဟာ ဓားမုန်တိုင်းအလယ်မှာ ရပ်တန့်နေပြီးတော့ ဓားထိပ်မှာ ခရမ်းရောင် ဓားပဲ့ရာလေး ပါတဲ့ ဓားတစ်ချောင်းကို ကိုင်ထားခဲ့တယ်။
နောက်ပြီးတော့ လူငယ်ရဲ့ ဘေးပတ်လည်မှာတော့
မရေမတွက် နိုင်တဲ့ ဓားတွေဟာ အရှိန်အဟုန် အပြည့် နဲ့ လေပြေ သဖွယ် လည်ပတ်နေခဲ့တယ်။
ဒါဟာ ထိတ်လန့်စရာ ကောင်းတဲ့ မြင်ကွင်း ။ ဒါပေမယ့်လည်း ပိုပြီးတော့ ထိတ်လန့်စရာ ကောင်းတာကတော့ လူငယ်ရဲ့ ရှေ့မှာ ဖြူဖျော့အားနည်းဟန် အသွင် ရှိတဲ့ လူရွယ် တစ်ယောက်ရဲ့ ကိုယ်မှာ ဓားပေါင်းများစွာဟာ စိုက်နေခဲ့တယ်။
ဒါပေမယ့်လည်း ထိုသူဟာ အသံ လေး တစ်သံတောင် မထွက်ပဲနဲ့ နှုတ်ခမ်းကိုသာ ဖိကိုက်ထားခဲ့တယ်။
သွေးစက်တွေဟာတော့ မြေပြင်ပေါ်မှာ စီးကျနေခဲ့တယ်။
…
ယန်မြို့တော် အပြင်ဘက် ဆယ်မိုင်ရေကန်မှာတော့ လှေတစ်စီးဟာ မိုးသက်မုန်တိုင်းကြားက ရေပြင်ကျယ်မှာ လူးလား သွားလာနေခဲ့တယ်။
အဖြူရောင် ဝတ်ရုံနဲ့ ယွင်ချင်းဝူကတော့ လှေဦးထိပ်မှာ ရပ်ရင်းနဲ့ တိတ်ဆိတ်စွာ စောင့်နေခဲ့တယ်။ သူမဟာ အစိမ်းရောင် ထီးကို ကိုင်ထားရင်း နဲ့ ယန်မြို့တော်ဆီကို ငေးစိုက်ကြည့်နေခဲ့တယ်။
“ အခုချိန် ဆို ပြီးသင့်ပြီ။”
“အရှင်သခင် ငယ်။ ယန်မြို့တော်က နေ ဟွေ့အန်းဒေသကို သွားဖို့အတွက် အနည်းဆုံး အချိန် တစ်လ လိုပါတယ် ။ အနားယူ ဖို့အတွက် သတိရပါအုန်း အရှင်၊” ယွင်ချင်းဝူရဲ့နောက်က အစိမ်းရောင်ဝတ်မိန်းမပျိုဟာ ပြောလိုက်တယ်။ တော်ဝင်ကျောင်းတော် စာမေးပွဲ နဲ့ ပတ်သက်ပြီးတော့ သူမဟာ ဘာမှ မပြောတော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ယွင်ချင်းဝူ ပြောသမျှဟာ မှားလေ့မရှိတာကို သူကောင်းကောင်းသိတာကြောင့်ပါပဲ။
ယဉ်ရှန်ရဲ့ တာဝန်ဟာတော့ ကျရှုံးသွားလောက်ပြီ။
ဒါမှမဟုတ် အစတည်းက မအောင်မြင်နိုင်တဲ့ ကိစ္စ တစ်ခုကို ဆောင်ရွက်စေတယ်လို့ ပြောရမလား။ ဒါပေမယ့်လည်း သူမဟာ အမူအယာမဲ့နေခဲ့တယ်။ ယွင်ချင်းဝူ ပြောခဲ့သလိုပဲ အကယ်၍ ကျရှုံးမှု တစ်ခုဟာ ကိစ္စ တစ်ခုလုံး ကိုခြုံကြည့်လိုက်တဲ့ အချိန်မှာ အောင်မြင်မှုကို ဖြစ်ပေါ်စေနိုင်တယ်ဆိုရင် ကျရှုံးမှုလို့ မဆိုနိုင်ဘူး ။
“ ကောင်းပြီ ။ ဟွေ့အန်းဒေသ..” ယွင်ချင်းဝူဟာ ခေါင်းငြိမ့်လိုက်တယ်။ သူမရဲ့ မျက်လုံးတွေဟာတော့ ရီဝေနေခဲ့တယ်။ ရုတ်ချည်းဆိုသလို ပုံရိပ်တစ်ခုဟာ သူ့ရဲ့ စိတ်ထဲကို ဝင်ရောက်လာခဲ့တယ် ။ လွန်ခဲ့တဲ့ လ အနည်းငယ်တုန်းက ဟွေ့အန်းဒေသ ပန်းရာချီ စုဝေးပွဲမှာ သူမရဲ့ မျက်နှာကာကို အလှစ်ခံခဲ့ရတယ်။
ဟွေ့အန်းဒေသ ကန်လင်းတောင်။
ဖန်ကျန်းရှီ ကြီးပြင်းခဲ့တဲ့ မြောက်ရွာက ကန်လင်းတောင်ခြေမှာ ရှိတာ မဟုတ်ဘူးလား။
သူမ တွေးလိုက်ပြီးနောက် ယွင်ချင်းဝူဟာ ခေါင်းခါလိုက်တယ်။ အဲ့ဒီ့နောက် သူမရဲ့ အကြည့်တွေဟာ တောက်ပလာခဲ့တယ်။
“နတ်ဆိုး တစ်ကောင် တော်ဝင်စာမေးပွဲမှာ ပေါ်လာခဲ့တဲ့အတွက် စာမေးပွဲဟာ ရပ်တန့်ရမလို ဖြစ်သွားခဲ့တယ်။ ဟန်ချန်ဖုန်းရဲ့ တော်ဝင်စာစစ်သူနေရာဟာ ဆက်လက်တည်မြဲဖို့ ခက်ခဲ လိမ့်မယ်။ နောက်ပြီးတော့ လွတ်မြောက်နိုင်ဖို့ ခက်ခဲ လိမ့်မယ်။ သွမ့်အရှင်ကလည်း သူ့ရဲ့ တာဝန်ကို ပေါ့လျော့်တဲ့အတွက် အပြစ်သင့်လိမ့်မယ်။ ဒါကြောင့် ကန်လင်းတောင်က သူတို့နဲ့ မပတ်သတ်နိုင်တော့ဘူး။”
“ ကျောင်းတော်ဆယ့်သုံးခုကို ဦးဆောင် ထားတဲ့ စစ် နတ်ကျောင်းတော်။ ကန်လင်းတောင်မှာ ငါ စီစဉ်ထားတဲ့ ကိစ္စကို မင်းတို့ ဘယ်လို ဖြေရှင်းမလဲ ကြည့်ရသေးတာပေါ့။” ကောင်းကင်တာအို သုခမိန်ကျောက်ဖျာက ငါ့ အတွက်ပဲ။ အဆုံးမဲ့ လောက ဟာလည်း ငါသခင် ပိုင်ဆိုင်တယ်။ အတုံ့အလှည့် စတင်ပြီ။”
…
တော်ဝင်ကျောင်းတော်ထဲမှာတော့ လူတိုင်းဟာ ပေါ်လာတဲ့မြင်ကွင်းကိုသာ တိတ်ဆိတ်စွာ ကြည့်နေခဲ့ကြတယ်။
ဒါက သုခမိန်လောကထဲက အဖြစ်တွေကို မြင်နိုင်တဲ့ ပုံရိပ်လွှာပဲ ။
သုခမိန်လောက ဟာ တော်ဝင်ကျောင်းတော်ထဲမှာ တိုက်ရိုက်ပေါ်တယ်။ ဘယ်သူကမှ မပျော်ရွှင်ကြဘူး။ ဘာကြောင့်လဲ ဆိုတော့ လူတိုင်းရဲ့ အကြည့်တွေဟာ မြင်ကွင်းမှာ ပေါ်နေတဲ့ လူရွယ်ဆီကိုသာ ရောက်ရှိနေတာကြောင့်ပဲ ။
ဧကရာဇ် လင်းမုပိုင်ရဲ့ မျက်လုံးတွေ တောင်မှ အရောင်တလက်လက် တောက်ပနေခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီမြင်ကွင်းဟာ ဘယ်သူကမှ မျှော်လင့် ထားခြင်း မရှိ ခန့်မှန်းထားနိုင်ခြင်း မရှိတဲ့ အကြောင်းရာ ဖြစ်တာကြောင့်ပါပဲ။
အပိုင်း (၂၁၈) ပြီး ၏။
အပိုင်း (၂၁၉)
“ ဓားကို ပိုင်ဆိုင်သူ”
“အဲ့တာ ဖန်ကျန်းရှီလား။”
မြင်ကွင်းပေါ်မှာ ပေါ်လာတဲ့ လူရွယ်ကို ကြည့်ရင်းနဲ့ ဘယ်သူကမှ ဒါကို နားလည်ချင်းငှာ မစွမ်းသာကြဘူး။ သူတို့ရဲ့ စိတ်ထဲမှာတော့ ဖန်ကျန်းရှီ ဘယ်လောက်ပဲ အရည်အချင်း ရှိပါစေ။ သူဟာ ကောင်းကင်ရောင်ပြန် အဆင့်ကို အခုမှ ဝင်တဲ့သူ တစ်ယောက်ပဲလေ။
ရန်သူကို ဓားနဲ့သတ်တာလား။
ဒါမှ မဟုတ် ရန်သူကို တစ်သောင်းနဲ့ သတ်ဖြတ်တယ်။ ဒီအခြေအနေကို ဘယ်လိုပဲ ကြည့်ကြည့် အဓိပ္မာယ် လုံးဝကို မရှိဘူး ဖြစ်နေခဲ့တယ်။ ဘယ်လိုလုပ်ပြီးတော့မှား ကောင်းကင်ရောင်ပြန်အဆင့်က ဓားပေါင်း တစ်သောင်းကို ထိန်းချုပ်နိုင်တဲ့ အစွမ်းရှိနေရတာလဲ။
တစ်ယောက်ချင်းစီ ဟာ သူတို့ရဲ့ စိတ်ထဲမှာ သံသယတွေ ပြည့်နှက်လာတော့တယ်။
အဲ့ဒီ့နောက် သူတို့ရဲ့ အကြည့်တွေဟာ ဖန်ကျန်းရှီ ရဲ့ လက်ထဲက ဓားကို စိုက်ကြည့်နေခဲ့ကြတယ်။ ဒီဓားဟာ သာမာန် ဆန်လွန်းတယ်။ ဒါပေမယ့်လည်း ဓား ထိပ်မှာ ရှိနေတဲ့ ခရမ်းရောင် ဓားပဲ့ရာလေးကတော့ နတ်ဆိုး အငွေ့အသက်တွေ လွှမ်းမိုးနေခဲ့တယ်။
“ ဒီဓား က ဖြစ်နိုင်မလား။”
သုခမိန်လောကထဲမှာ ဓား တစ်ချောင်းရှိတယ်။ သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ ဓား ။ ဒဏ္ဏာရီလာ ဓားတစ်ချောင်း ။ ဒါဟာ လူတိုင်း သိထားကြတဲ့ ဒဏ္ဏာရီ ဇာတ်လမ်း တစ်ပု်း ။ ဒီဓားက တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှတယ်။.
“ ဖန်ကျန်းရှီက မုန့်ထျန်းရဲ့ ဓားကို ရှာတွေ့သွားတာလား။” ဒီအတွေးဟာ သူတို့ရဲ့ စိတ်ထဲကို ဝင်လာချိန်မှာတော့ လူတိုင်းဟာ မယုံကြည်နိုင်မှုတွေ ပြည့်နှက်လာတော့တယ်။
အဲ့ဒီ့နောက် သူတို့ကို ထိတ်လန့်စေတဲ့နောက် အကြောင်းရာ တစ်ခုကတော့ ဓားမုန်တိုင်း ကြားမှာ ရှိနေတဲ့ ဖြူဖျော့ဖျော့ လူရွယ် ရဲ့ နဖူးမှာ အနက်ရောင် ကျောက်မျက်ရတနာ တစ်ခုရှိနေတယ်။
ဒါ ဟာ မှိန်ဖျော့ဖျော့ တောက်ပနေပြီးတော့ အနက်ရောင်ဖြစ်နေခဲ့တယ်။ ဒါပေမယ့်လည်း ဒီ အရာဟာ ဘာကို ကိုယ်စားပြုလဲ ဆိုတာကိုတော့ မသိသူ မရှိဘူး ။
နတ်ဆိုးမျက်လုံး ။
နတ်ဆိုးမျိုးနွယ် ။ ဒီလူက နတ်ဆိုးလား။
ဖန်ကျန်းရှီက မုန့်ထျန်းဓားကို သုံးပြီးတော့ နတ်ဆိုး တစ်ကောင်ကို သတ်တယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီ ရဲ့ နောက်မှာ ရပ်နေတဲ့ ကျောင်းတော်သား ဆယ်ယောက်ရှိနေခဲ့တယ်။ သူတို့ ထဲမှာ ဒဏ်ရာပြင်းထန်စွာ ရထားတဲ့ ရှင်ချင်းစွေ့ နဲ့ ရင်ဘတ်ကနေ သွေးတွေ စီးကျနေတဲ့ နန်ကုန်းမုလည်း ရှိနေခဲ့တယ်။
အဲ့ဒီ့နောက်
နှုတ်ခမ်းကနေ သွေးတစ်စက်စက် စီးကျနေတဲ့ ပင်းယန်လည်း ရှိနေခြံတယ်။
“ သုခမိန်လောကထဲမှာ ဘာတွေ ဖြစ်သွားခဲ့တာလည်း ။”
“ပင်းယန် ဒဏ်ရာရနေတယ်။ ”
“ဖန်ကျန်းရှီက မုန့်ထျန်းဓားကို သုံးပြီးတော့ ရန်သူကို သတ်တယ်။”
သူတို့စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ မေးခွန်းတွေဟာတော့ လူတိုင်းကို ထိတ်လန့်စေခဲ့တယ်။
ဝန်ကြီးချုပ် ယွီယိဖျင်ရဲ့ နှုတ်ခမ်းတွေဟာ လှုပ်ရှားနေပင်မယ့်လည်း သူဟာ တိတ်တဆိတ်သာ နေခဲ့တယ်။ အဲ့ဒီ့အစား သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်တယ်။ ဒီမြင်ကွင်းက လုံးဝကို ထိန်းချုပ်မှု မဲ့နေပြီ ဆိုတာ သူကောင်းကောင်းသိလိုက်တယ်။
ရုံးတော်သား ခြောက်ဦးဟာတော့ ဟန်ချန်ဖုန်းကို ကြည့်နေခဲ့တယ်။ သုခမိန်လောကထဲမှာ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလို ကိစ္စရပ်ကြီးရဲ့ ရိုက်ခတ်မှုဟာတော့ တိုက်ခိုက်ရေးစာမေးပွဲမှာ နတ်ဆိုးတစ်ကောင် ပ ါ သွားခဲ့တာကတော့ ဟန်ချန်ဖုန်းကို လွတ်လမ်းမရှိ အောင် ဖြစ်စေတယ်။
နောက်ပြီးတော့ ပင်းယန်ဟာ မြေပြင်ပေါ်မှာ လဲလျောင်းနေပြီးတော့ စစ်နတ်ကျောင်းတော် ကြီးရဲ့ မျိုးဆက် ပဏာမ တိသား ရှင်ချင်းစွေ့ရဲ့ ရင်ဘတ်မှာလည်း ဓားတစ်ချောင်း စိုက်နေခဲ့တယ်။ သုခမိန် လောကထဲမှာ ဖြစ်သွားတဲ့ အကြောင်းရာတွေက ရှင်းပြလို့ ရနိုင်တာ မဟုတ် ဘူး ။
လင်းရှင်းကြွယ်ရဲ့ အမူအယာကတော့ ဖြူဖျော့နေခဲ့တယ်။ တော်ဝင်စာမေးပွဲကို ကြီးကြပ်သူ တစ်ယောက်အနေနဲ့ သူဟာ ဒါကို တာဝန်ယူရမှာ ။ နောက်ပြီးတော့ အခုလိုအဖြစ်မျိုးမှာ ဖြစ်လာလိမ့်မယ်လို့ တွေးတောင်မတွေးခဲ့ဘူး ။
ဒါပေမယ့်လည်း အခုအဖြစ်ဟာ အမှန်တရား ဖြစ်နေခဲ့တယ်။
ဒါဆိုရင် ။။
ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမလဲ။
အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံရဲ့ အမူအယာကလည်း မည်းမှောင်နေခဲ့တယ်။ အစိုးရကို အုပ်ချုပ်သူ တစ်ယောက်အနေနဲ့ ဒီစာမေးပွဲဟာ သူနဲ့ သက်ဆိုင်ခြင်း အလျဥန်း မရှိဘူး ။ ဒါပေမယ့်လည်း သူ့ကို နောက်ဆံတင်းစေတာကတော့ ဟန်ချန်ဖုန်း ဖြစ်နေခဲ့တယ်။
ဟန်ချန်ဖုန်းက သူ့ရဲ့ ဆရာ ။ နောက်ပြီးတော့ အရည်အချင်းရှိတဲ့ သူတွေကို စုေ ဆာင်းပြီးတော့ အင်အားကြီးစေခဲ့ရာမှာ သူ့ရဲ့ အကြီးမားဆုံးသော မဟာမိတ် အထောက်အပံ့ဖြစ်နေခဲ့တယ်။
တော်ဝင်ကျောင်းတော် စာမေးပွဲ အကြီးအကဲ အဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်လာခဲ့မှု အရ သူ့မှာ တပည့်လက်သားပေါင်းများစွာ ရှိနေခဲ့တယ် ။ အတော်လေးကိုများပြားလှတဲ့ ကြောက်မက်ဖွယ် အရေအတွက် တပည့်လက်သားတွေ တင်မက အိမ်ရှေ့စံ မင်သားတောင်မှ သူ့ရဲ့ တပည့် ။
အခုတော့ သစ်ပင်ကြီးဟာ တဖြည်းဖြည်း ညှိုးနွမ်းလာပြီ။ ဒီလို အဖြစ်မျိုးကို အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံ ဘယ်လိုများ ကျေနပ်နိုင်မှာလဲ။
လူအုပ်ထဲက လူတွေမှာတော့ မင်းသားကိုး လင်းယွမ် တစ်ယောက်သာ မတူညီတဲ့ အမူအယာမှ ရှိနေခဲ့တယ်။ နိုင်ငံရေး ကိစ္စတွေဟာ သူနဲ့ သက်ဆိုင်ခြင်း အလျဉ်းမရှိဘူး ။ တော်ဝင်စာမေးပွဲကို ကြီးကြပ်သူ တစ်ယောက် အနေနဲ့ သူ သက်ဆိုင်တဲ့တာဝန်ကို သူယူရမှာပဲ ။
ဒါပေမ်ယ့လည်း သူ ဂရုစိုက်တဲ့ အရာ တစ်ခုကတော့ ရှိနေခဲ့တယ်။ သူ စိတ်အပူဆုံး အရာ တစ်ခုကတော့ ပင်းယန် နဲ့ ရှှုင်ချင်းစွေ့တို့ အသက်ရှင်နေသေးလား ဆိုတာပါပဲ။ နန်ကုန်းမုက ဒဏ်ရာရထားပေမယ့်လ အသက်ရှင်နေသေးတယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီ ကော ရန်ရွယ်ပါ အသက်ရှင်နေသေးတယ်။
ကြီးမြတ်သော ရှမင်းဆက်ရဲ့ အနာဂတ် တစ်ဝက်လောက်က အသက်ရှင်နေသေးတယ်။
တကယ်တမ်းတော့ ။
ဒါဟာ လုံလောက်တယ်။
“ ငါ ဝင်ချင်တယ်။” တစ်ခဏ ထိတ်လန့်ပြီးနောက်မှာတော့ ဧကရာဇ် လင်းမုပိုင်ဟာ သူ့ရဲ့ စိတ်အာရုံကို ပြန်စုစည်းနိုင်သွားတယ်။ ဒါပေမယ့်လည်း စိတ်ထိခိုက်နာကျင်တဲ့ အရိပ်အယောင်ဟာ သူ့ရဲ့ မျက်နှာမှာ ကျန်ရှိနေခဲ့တယ်။
သူ့ရဲ့ အကြည့်တွေကတော့ ပင်းယန်ပေါ်မှာသာ ရှိနေခဲ့တယ်။ ဒါက သူ့ရဲ့ သမီး ၊ သွေးရင်းသားရင်း သမီးတော်။ အချစ်မြတ်နိုးဆုံးသော ချစ်သမီးလေး။ ပင်းယန်ကို မြင်တဲ့အချိန်တိုင်းမှာ ထိုအမျိုးသမီး အကြောင်းကို တွေးမိတယ်။
သူ့ရဲ့ ဘဝတစ်လျှောက်လုံးက အချိန်တိုင်းမှာ မှတ်မိနေခဲ့တဲ့ အမျိုး သမီးတစ်ယောက်
ဒါပေမယ့်လည်း အခုချိန်မှာတော့ ထို အမျိုးသမီးနဲ့သူ့ရဲ့ အမှတ်တရ ဖြစ်တဲ့ သမီးတော်ဟာ နှုတ်ခမ်းကနေ သွေးယိုစီးပြီၤးတော့ မြေပေါ်မှာ လဲလျောင်းနေရတယ် ။ ဒါဟာ နာကျင်စရာကောင်းလှတယ်။ ဘယ်လိုလုပ်ပြီးတော့ အမျိုးသမီးကို ရဲရဲ ရင်ဆိုင် ရတော့မှာလဲ။
“ ဧကရာဇ် ၊ ဝင်လို့ မရနိုင်ဘူး။ သုခမိန် လောက ပြန်လည်ပွင့်လာပေမယ့်။ ဒါက ထောင်ချောက်လား ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ အကယ်၍ ဒါဟာ နတ် ဆိုးမျိုးနွယ်က ရည်ရွယ်ချက်ရှိရှီ စီစဉ်ထားတာ ဆိုရင်…” ယွီယီဖျင် ဟာ လင်းမုပိုင်ရဲ့ စကားကို ကြားချိန်မှာတော့ ချက်ခြင်း ဒူးထောက်ရင်း တားမြစ်လိုက်တယ်။
“ ထောင်ချောက်လား။ ငါက မိုးကောင်းကင်ရဲ့ သားတော် စစ်မှန်တဲ့ နဂါးပဲ။ ထောင်ချောက် တစ်ခုကို ဘာလို့များကြောက်နေရမှာလဲ။ ” ဧကရာဇ် လင်းမုပိုင်ဟာ အေးစက်စွာ ပြောရင်း နဲ့ ပုံရိပ်ကို ကြည့်လိုက်တယ်။
ဘယ်သူကမှ သူ့ကို မရပ်တန့်နိုင်ဘူး။ အဲ့ဒီ့အစား ပုံရိပ်လွှာထဲမှာတော့ ကျောက်တုံးတံခါး တစ်ခုဟာ ပွင့်လာခဲ့တယ်။
ဧကရာဇ် နောက်မှာ ပထမဆုံး ရှိနေတာကတော့ ထုံးစံ အတိုင်း အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံပဲ ။ နောက်ပြီးတော့ ပထမဆုံး လုပ်ရှားတဲ့ သူကတော့ မင်းသားကိုး လင်းယွမ် ဖြစ်ပေမယ့်လည်း အိမ်ရှေ့စံဟာ သူ့ရဲ့ အရှိန်နှုန်းကြောင့် နိုင်သွားခဲ့တယ်။
လင်းယွမ်ရဲ့ နောက်မှာတော့ ယွီယိဖျင်နဲ့ ရုံးတော်သားခြောက်ယောက်ရှိနေခဲ့တယ်။
ဧကရာဇ်တောင် ဝင်သွားမှတော့ သူတို့ကမဝင်ပဲ ဘယ်လိုလုပ် နေဝံ့မှာလဲ။
ဝင်သွားတဲ့ သူတွေကို ကြည့်ရင်းနဲ့ သွမ့်အရှင် လင်းရှင်းကြွယ်ဟာ အံကို တင်းတင်းကြိတ်ရင်း ဒူးထောက်နေရာကနေ ထကာ လိုက်ဝင်သွားတော့တယ်။ ဟန်ချန်ဖုန်းကတော့ မဝင်ခဲ့ဘူး။ အဲ့ဒီ့အစား ကြမ်းပြင်ပေါ်မှာသာ စိတ်ပျက်လက်ပျက် အမူအယာ နဲ့ ထိုင်နေခဲ့တယ်။ သူဟာ စကားမပြောခဲ့ဘူး။ တိတ်တဆိတ်နဲ့ ငြိမ်သက်စွာသာ ထိုင်နေခဲ့တယ်။
သူ့ရဲ့ ဘေးမှာတော့ တော်ဝင်ကျောင်းတော်က သတင်းပို့သူတွေဟာ တိတ်တဆိတ်ရှိနေခဲ့ကြတယ်။ သူတို့ရဲ့ မျက်လုံးတွေဟာတော့ ဟန်ချန်ဖုန်းကိုသာ ကြည့်နေခဲ့ကြတယ်။ ဘယ်သူကမှ စကားမပြောဝံ့ကြဘူး။
…
သုခမိန်လောကထဲမှာတော့
ဖန်ကျန်းရှီဟာ ဓားကို ဆုပ်ကိုင်ရင်း ရပ်နေခဲ့တယ်။ သူ့ရဲ့ ဘေးမှာတော့ ဓားပေါင်းများစွာ ပြန့်ကျဲနေခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ယဉ်ရှန် လက်လျှော့လိုက်တည်းက ဓားတွေဟာ ဦးတည်ချက်ပျောက်ဆုံးခဲ့ပြီ ။
ယဉ်ရှန်လည်း သေဆုံးပြီ။
ဒါဟာ သုခမိန်လောကထဲက လူတွေကို ထိတ်လန့် ပျော်ရွှင်စေခဲ့တယ်။
ရန်ရွှယ် တောင် မှ ပြုံးနေခဲ့တယ်။ ဒါဟာ သူငယ်ချင်း တစ်ယောက်အတွက် ပျော်ရွှင်မှု ။ ဖန်ကျန်းရှီ လုပ်နိုင်ခဲ့တာအတွက် ပျော်ရွှင်မှု ကို ဖော်ပြခြင်း ။
နန်ကုန်းမု နဲ့ ရှင်ချင်းစွေ့ တို့အတွက်တော့ သူတို့ရဲ့ ဒဏ်ရာတွေကို အာရုံရောက်သွားခဲ့ပြီ ။
တခြားသော ကျောင်းတော်သားတွေကတော့ ဖန်ကျန်းရှီ လက်ထဲက ခြေရာမဲ့ဓားကို စိုက်ကြည့်နေကြတယ်။ သူတို့ရဲ့ စိတ်ထဲမှာတော့ ခံစားချက်တွေ ရှုပ်ထွေးနေခဲ့တယ်။
ဒါပေမယ့်လည်း သူတို့ရဲ့ ခံစားချက်တွေကတော့ ထိတ်လန့်မှုကြောင့် ပျောက်ကွယ်သွားခဲ့ရတယ်။
ဘာကြောင့်လဲ ဆိုတော့
ဧကရာဇ် လင်းမုပိုင်ဟာ သူတို့ရဲ့ ရှေ့မှာ ပေါ်လာတာကြောင့်ပဲ ။
ဧကရာဇ် တင်မကဘူး အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံ။ မင်းသားကိုး လင်း ယွမ် ။ ဝန်ကြီးချုပ် ယွီယိဖျင် နဲ့ ခြောက်ယောက်သော ရုံးတော်သားတွေ ၊ သွမ့်အရှင် လင်းရှင်းကြွယ် တို့ပါ ရှိနေခဲ့တယ်။ သူတို့ အားလုံးဟာ သုခမိန်လောကထဲမှာ ပေါ်လာတာ ။
ဧကရာဇ် လင်းမုပိုင်နဲ့ မင်းသားကိုးတို့ဟာ ပင်းယန်ကို ကြည့်နေကြတယ်။
အိမရှေ့စံ နဲ့ တခြားသော သူတွေကတော့ ဖန်ကျန်းရှီ လက်ထဲက ဓားကိုသာ ကြည့်နေခဲ့တယ်။
“ ဒါက မုန့်ထျန်းဓား ၊ သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ ဓား”
လူတိုင်း ရဲ့ စိတ်ခံစားချက်တွေဟာ အနည်းနဲ့ အများတော့ ပေါ်လွင်လာကြတယ်။ လင်းထျန်းရုံနဲ့ လင်းရှင်းကြွယ် တို့ရဲ့ အကြည့်တွေကတော့ မီးတောက်နေခဲ့ကြတယ်။ မင်းသားတွေ အတွက်တောင်မှ ဒီဓားဟာ သူတို့ကို စိတ်လှုပ်ရှားစေတဲ့ ဒဏ္ဏာရီ လာ ဓားတစ်လက် ဖြစ်နေတယ်။
“ သုခမိန် လောကကို ထိန်းချုပ်နေတဲ့ ဓား မှာ ပင်ကိုယ်သိစိတ်ရှိတယ်။”
နောက်ဆုံးမှာတော့ သုခမိန် စစ်နတ်ဟာ ကြီးမြတ်သော ရှမင်းဆက် ရဲ့ ဒဏ္ဏာရီ တစ်ခု ဖြစ်နေတယ်။ နှစ်ယောက် မရှိတဲ့ သူရဲကောင်းတစ်ဦး ။
“ ဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်။ ” စာဖြေသူတွေဟာတော့ ချက်ခြင်းကို ဒူးထောက်လိုက်ကြတယ်။
“ ထကြ” ဧကရာဇ်က ချက်ခြင်းပြန်ဖြေလိုက်ပြီၤးတော့ ပင်းယန်ဆီ ကို တန်းတန်းမတ်မတ်သွားခဲ့တယ်။ အဲ့ဒီ့နောက် ပင်းယန်ရဲ့ လက်မောင်းကို ဖိကိုင်ရင်း သူ့ရဲ့ ကိုယ်က ရွှေရောင် အလင်းတန်းတွေကို လွှဲပြောင်းပေးလိုက်တယ်။
ရွှေရောင် အလင်းတန်းတွေဟာတော့ နေရောင်ခြည်လို တောက်ပလှတယ်။
“ ခမည်းတော်။ ပင်းယန် အဆင်ပြေ ပြေပါတယ်။” သုခမိန် လောကထဲကို သူ့ခမည်းတော် ဝင်လာမယ်လို့ မထင်ခဲ့တဲ့ အတွက် ပင်းယန်ဟာ မျက်စိလည်နေခဲ့တယ်။
ခမည်းတော်ရဲ့ စွမ်းအားတွေ သူမဆီ ကို ရောက်ရှိ လာချိန်မှာတော့ သူမရဲ့ စိတ်ထဲမှာ နွေးထွေးသွားခဲ့ရတယ်။
ဧကရာဇ် က ခေါင်းငြိမ့်လိုက်တယ်။ ပင်းယန်ရဲ့ ကိုယ်ထဲကို ချီစွမ်းအင်တွေ လည်ပတ်စေပြီးနောက်မှာတော့ အတွင်းဒဏ်ရာ ပြင်းထန်ခြင်း မရှိပဲ ပြင်ပ ဒဏ်ရာတွေသာ ရှိနေတာကို သူသိလိုက်ရတယ်။
“ ပထမဆုံး ဒဏ်ရာတွေကို ကုသရမယ်။ ဥပဒေ ကောင်စီက တော်ဝင်စာမေးပွဲမှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ စုံစမ်းရမယ်။ တော်ဝင်စာမေးပွဲ အကြီးအကဲ အနေနဲ့ ဟန်ချန်ဖုန်းကို တာဝန်က နေ ယာယီ ရပ်ဆဲထားမယ်။ သူ့ရဲ့ ပြစ်မှုတွေကို တော့ ကိစ္စ အားလုံး ပေါ်ပေါက်လာချိန်မှာ စစ်ဆေးပြီး ပြစ်ဒဏ်ချမယ်။ ”
“အမိန့်တော် အတိုင်းပါ။”
တော်ဝင်ကျောင်းတော်က တိုက်ခိုက်ရေး စာမေးပွဲကို စီစဉ် တာ ။ ဒါကြောင့် သမားတော်တွေဟာ ကုသဖို့အတွက် အဆင့်သင့်ရှိနေခဲ့ကြတယ်။ ဒဏ်ရာရနေသူတွေကို အပြင်ထုတ်ပြီးတာနဲ့ ချက်ခြင်း ကုသမှု ခံယူစေတာ ။ ဒါကြောင့် သူတို့ရဲ့ အသက်ကို ထိခိုက်စေမယ့် အကြောင်း မရှိနိုင်ဘူး ။
…
ယန်မြို့တော်က မိုးသက်မုန်တိုင်းဟာတော့ လမ်းတွေကို ရှင်းလင်းစေခဲ့တယ်။ ဒါပေမယ့်လည်း ယန်မြို့တော်က စားသောက်ဆိုင် နဲ့ တည်းခိုခန်းတွေမှာတော့ လူတွေ ပြည့်သိပ်နေခဲ့တယ်။
ဘာကြောင့်လဲ ဆိုတော့ ဒီနေ့ဟာ တိုက်ခိုက်ရေးစာမေးပွဲ အောင်စာရင်းကို ထုတ်ပြန်မှာ ဖြစ်တာကြောင့်ပဲ ။
ဒါပေမယ့်လည်း
တော်ဝင်ကျောင်းတော် ရဲ့ တံခါးတွေကတော့ ပိတ်ထားခဲ့တယ်။
ဒါဟာ ယန်မြို့တော်က လူတွေကို ဆွေးနွေးဖို့ ကြီးမားတဲ့ အတင်းအဖျင်း ကိစ္စရပ်ြက်ီး ဖြစ်စေတယ်။ များပြားလှတဲ့ ကောလဟာလ တွေဟာ တောမီးပမာ ပျံ့နှံ့လာခဲ့တယ်။
စကားပုံတွေ အရ စာရွက်တွေ နဲ့ မီးကို ငြိမ်းသတ်လို့မရနိုင်ဘူး။ ဘယ်လောက်ကောင်းလှတဲ့ နံရံတွေပဲ ဖြစ်ပါစေ လေထုထဲက ပျံ့လာတဲ့ ကိစ္စကိုတော့ မတားဆီးနိုင်ဘူး။ ဒါကြောင့် သုခမိန်လောကမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဟာ တော်ဝင် သတင်းပို့သူတွေကြောင့် ပျံ့နှံ့လာခဲ့တယ်။ တောဝင်သတင်းပို့သူတွေ ရဲ့ မိသားစုတွေက ဆင့် လူတွေဆီကို ပျံ့လာခဲ့တယ်။
“မင်းကြားလား။ တော်ဝင်တိုက်ခိုက်ရေးစာမေးပွဲမှာ နတ်ဆိုး တစ်ယောက် ဝင်သွားခဲ့တယ်။ မျိုးနွယ်စု ဒုခေါင်းဆောင်လို့ ကြားတယ်။”
“ မဖြစ်နိုင်တာတွေ။”
“ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ငါ့ရဲ့ ဝမ်းကွဲက သူကိုယ်တိုင် စာမေးပွဲ ဖြေထားတာ။ တိုက်ခိုက်ရေးစာမေးပွဲမှာ ဝင်သွားတဲ့ နတ်ဆိုးက ယဉ်ရှန်တဲ့ သဘာဝလွန် အဆင့်ရှိနေပြီ။”
“ သဘာဝလွန် အဆင့်လား။ ဒါဆို သူတို့ ဘယ်လို အခု ထိ အသက်ရှင်နေသေးတာလဲ။”
“ ဖန်ကျန်းရှီက သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ ဓားကို ရှာတွေ့ ပြီးတော့ ယဉ်ရှန်လို့ ခေါ်တဲ့ နတ်ဆိုးကို သတ်လိုက်တယ်တဲ။”
“ဖန်ကျန်းရှီလို ကောင်းကင်ရောင်ပြန် အဆင့်ကို အခုမှ ရောက်တဲ့သူက ယဉ်ရှန်ကို သတ်ဖို့ မပြောနဲ့ တစ်ချက်တောင် ခုခံနိုင်မှာလား ။ မဖြစ်နိုင်တာတွေ ”
စာေးသာက် ဆိုင်ထဲမှာတော့ ဘရိုကိတ်ဝတ်ရုံဝတ် လူငယ်တွေဟာ တစ်ဖက်နဲ့ တစ်ဖက် အော်ဟစ်နေခဲ့ကြတယ်။ ဒါပမေယ့်လည်း သူတို့ အားလုံးဟာ ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေခဲ့တယ်။
ဒါပေမယ့်လည်း တော်ဝင်ကျောင်းတော်ရဲ့ တံခါးတွေဟာတော့ ပိတ်ထားခဲ့တယ်။ ဒီအဖြစ်ဟာ တိုက်ခိုက်ရေးစာမေးပွဲ အတွင်း ပြဿနာ ဖြစ်နေတာကို ဆိုလို တာပဲ ။
…
စစ်တပ်သုံးတဲ တစ်ခုထဲ မှာတော့
သွမ့်အရှင် လင်းရှင်းကြွယ်ရဲ့ အမူအယာကတော့ အကျဉ်းတန်နေခဲ့တယ်။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ တော်ဝင်မင်းသား တစ်ပါး အနေနဲ့ သူဟာ ထုံးစံ အတိုင်း လွယ်လွယ် အသက်ပျောက်မှာကိုတော့ စိုးရိမ်စရာ မလို ဘူး ။ ဒါပေမယ့်လည်း နိုင်ငံလေး အလှည့်အပြောင်းတွေ အရ သူ့ စိတ်ထဲမှာ သက်တောင့်သက်သာ မဖြစ်တာတော့ အမှန်ပါပဲ။
ဒါဟာ နိုင်ငံရေးဥပဒေ ကောင်စီကို အိမ်ရှေ့စံ မင်သား လင်းထျန်းရုံက အုပ်ချုပ်နေတာ ကြောင့်လဲ ။ အကယ်၍ နိုင်ငံရေး ဥပဒေကောင်စီကသာ ဒီ အဖြစ်အပျက်ကို စစ်ဆေးဖို့ တာဝန် ယူရမယ် ဆိုရင် သူတောင်မှ အပြစ်ပေးခံရတာကို ရှောင်လို့ရမှာ မဟုတ်ဘူး။
လင်းရှင်းကြွယ်ရဲ့ အနားမှာ တော့ အဖြူအနက် တာအို ဝတ်ရုံကို ဝတ်ထားတဲ့ အကြီးအကဲဝမ် ဟာ ကျောက်ရုပ်ကြီး တစ်ရုပ်လို ထိုင်နေခဲ့တယ်။
သူ့ဘေးမှာ ထိုင်နေတဲ့ ကျောင်းတော်သား ဝတ်ရုံနဲ့ ဆရာဟွားကတော့ ပိုပြီးတော့ တည်ငြိမ်တဲ့ အမူအယာ မှာ ရှိနေခဲ့တယ်။ သူဟာ ထိုင်နေရင်း နဲ့ သာ လင်းရှင်းကြွယ် စကားစမှာကို စောင့်နေခဲ့တယ်။
“ဆရာဟွားကို ကြည့်ရတာ ဖြေရှင်းဖို့ အကြံ ရှိနေတဲ့ပုံပဲ။ ” လင်းရှင်းကြွယ်က ဆရာဟွားရဲ့ တည်ငြိမ်လှတဲ့ အမူအယာကို ကြည့်ရင်း စိတ်ရှုပ်ထွေးစွာ ပြောလိုက်တယ်။
“ အရှင့်ကို ပြန်ဖြေပါတယ်။ ကျွန်တော့်မှာ ကြီးမားတဲ့ အကြံတော့ မရှိပါဘူး။ ဒါပေမယ့်လည်း အခုချိန်မှာ စိုးရိမ်သင့်သူက အိမ်ရှေ့စံ မင်းသားလို့ ထင်တယ်။ အရှင်က ဒီလောက်စိုးရိမ်နေဖို့ မလိုပါဘူး။” ဆရာဟွားက ပြုံးပြီးတော့ ပြောလိုက်တယ်။
“ ဆရာဟွားဘာကြောင့် ဒီလိုတွေးတာလဲ။”
“ ဒီတစ်ကြိမ်မှာ အကြီးမားဆုံးသော ပြစ်ဒဏ်ဟာ ဟန်ချန်ဖုန်းအပေါ်မှာ ကျရောက်မှာ ။ ဥပဒေကောင်စီက အိမ်ရှေ့စံ မင်သား ရဲက ထိန်းချုပ်မှု အောက်မှာ ရှိနေတာကြောင့် အကယ်၍ စုံစမ်းစစ်ဆေးမှုကိုသာ ဥပဒေ ကောင်စီက ထိန်းချုပ်ခွင့်ရမယ် ဆိုရင် အိမ်ရှေ့စံမင်းသားအတွက် ကောင်းကျိုးမရှီနိုင်ဘူး။
“ ဆ ရာဟွား ဘာကို ဆိုလိုချင်တာလဲ။”
“ အကယ်၍ အရှင်သာ အကျိုးရလဒ် ကောင်းကောင်း ရချင်တယ် ဆိုရင် အရှင်လုပ်ရမှာ တစ်ခုပဲ ရှိပါတယ်။ ”
“ ဘာလုပ်ရမှာလဲ။”
“ ဧကရာဇ် ဆီမှာ ဟန်ချန်ဖုန်း အတွက် ခွင့်လွှတ်မှုကို တောင်းခံပေးပါ။”
“အခုချိန်မှာ ဟန်ချန်ဖုန်းအတွက် ခွင့်လွှတ်မှုကို သွားတောင်းဆို စေချင်တာလား။ အခုချိန်မှာ ခမည်းတော်က ဒေါသပေါက်ကွဲနေတာ။ ငါကိုယ်တိုင်ရဲ့ ကြီးကြပ်မှုကိုတောင် ကောင်းကောင်းမလုပ်နိုင်ပဲနဲ့ သူများကို ခွင့်လွှတ်မှု သွားတောင်း ပေးရအုန်းမှာလား။ ” သွမ့်အရှင် လင်းရှင်းကြွယ် က နားမလည်နိုင်ဘူး။
“အရှင့်သား ။ တော်ဝင်စာမေးပွဲကို ပါဝင်ကြီးကြပ်ဖို့ အတွက် တောင်းဆိုခဲ့တဲ့ အကြောင်းပြချက်ကို ပြန်စဉ်းစားကြည့်ပါ။”
“ ဒါက အရည်အချင်း အရည်အချင်းရှိသူတွေ နဲ့ အဆက်သွယ်ကောင်းရဖို့ ။ ခန နေပါအုန်း။ မင်းပြောချင်တာက ။” သွမ့်အရှင်လင်းရှင်းကြွယ် ဟာ ဒါကို ကြားချိန်မှာတော့ သူ့ရဲ့ မျက်လုံးတွေဟာ တစ်ခုခုကို နားလည်သွားတဲ့ ပုံပါပဲ။
“ ဟန်ချန်ဖုန်းက တော်ဝင်ကျောင်းတော်စာမေးပွဲမှာ နှစ်ပေါင်းများစွာ ကြီးကြပ်လာခဲ့တာ ။ ဒီတစ်ကြိမ်မှာ သူအမှားလုပ်မိတာ ဖြစ်စေအုန်းတော့ သူက ဧကရာဇ် ရဲ့ အလေးထားမှုကို ခံနေရဆဲပဲ ။ အကယ်၍ အရှင်သာ ဟန်ချန်ဖုန်းကို သက်ညှာခွင့်အတွက် ကူညီ တောင်းဆို ပေးလိုက်ရင် ဧကရာဇ်လည်း နန်းတော် ရဲ့ ပုံရိပ်ကို ကာကွယ်တယ်လို့ ယူဆပြီးတော့ အပြစ်ပေးမှာ မဟုတ်တော့ဘူး။ ”
“ဒါပေမယ့်လည်း ဧကရာဇ် ရဲ့ စိတ်က ခန့်မှန်းဖို့ခက်ခဲတယ်။ ဒီလို စွန့်စားမှုကို လုပ်ရတာ ငါ့အတွက် ဘာအကျိုးရှိနိုင်လဲ။”
“ ကောင်းကျိုး နှစ်ခုရှိတယ်။ ပထမတစ်ခုက အရည်အချင်းကို ဦးစားပေးတယ် ဆိုတဲ့ ဂုဏ် သတင်းရမယ်။ အကယ်၍ ဧကရာဇ်က အရှင့်ကို စိတ်မကြည်ရင်တောင်မှ အပြစ်တော့ ပေးမှာ မဟုတ်ဘူး။ ဒုတိယ တစ်ခုကတော့ အရှင်သာ ဟန်ချန်ဖုန်း အတွက် တောင်းဆို ပေးလိုက်ရင် အိမ်ရှေ့စံမင်းသား ဘယ်လို တွေးမယ် ထင်သလဲ။”
“ ဒါကတော့ ….” လင်းရှင်းကြွယ် က ပြန်ဖြေမလို့ ပြင်နေချိန်မှာပဲ သူ့ရဲ့ မျက်လုံးတွေဟာ အရောင်တလက်လက် တောက်လာတော့တယ်။ “ ဆရာဟွား ပြောတာ နားလည်ပြီ။ ခဲ တစ်လုံးနဲ့ ငှက်နှစ်ကောင် ပြစ်လိုက်တာပဲ။ ”
“ အရှင်က ထက်မြက်ပါပေတယ်။ ဟန်ချန်ဖုန်း အတွက် ခွင့်လွှတ်မှုကို တောင်းပန်ပေးလိုက်ရင် တော်ဝင်ကျောင်းတော်မှာ အရှင် လုပ်မိတဲ့ အပြစ်အတွက်လည်း သက်ညှာမှု ရဖို့ အခွင့်အရေး ပိုများမယ်။ ဧကရာဇ် လည်း အရှင့်ကို ဆုကောင်းကောင်းတောင် ချနိုင်သေးတယ်။ ဟန်ချန်းဖုန်းက အိမ်ရှေ့စံ မင်းသားရဲ့ ဆရာ။ အိမ်ရှေ့စံက သူ့အတွက် ခွင့်လွှတ်မှုကို တောင်း ခံပေးမှာ မဟုတ်သေးဘူး။ ဒါပေမယ့်လည်း အရှင်သာ လုပ်ခဲ့မယ် ဆိုရင်တော့ အရှင့်ရဲ့ အရည်အချင်းကို ဦးစားပေးတန်ဖိုးထားမှု ဂုဏ်သတင်းဟာ ပျံ့နှံ့သွားလိမ့်မယ်။ တခြား အရာတွေ ထက် ဟန်ချန်ဖုန်း ရဲ့ သားနဲ့ ပတ်သက်တဲ့ ကိစ္စမှာလည်း အရှင် ဟာ အားသာချက်ကို ခြေကုပ်ယူထားနိုင်တယ်။ အိမ်ရှေ့စံ မင်းသားက ဟန်ချန်ဖုန်းကို ဆက်ပြီးတော့ ယုံကြည်နေဆဲ ။။ နောက်ပြီးတော့ ဝန်ကြီးချုပ် ယွီယိဖျင်ကလည်း သူ့ရဲ့ ကိုယ်ပိုင် အတွေးအခေါ် နဲ့ အဆုံးဖြတ်တွေကို ယုံကြည်မှု လွန်ကဲ နေယတ။် ဒါကြောင့် ဟန်ချန်းဖုန်းရဲ့ အိမ်ရှေ့စံ မင်းသား ကို သင်ကြားပေးတဲ့ ဆရာဆိုတဲ့ ဂုဏ်ကိုလည်း သူက ဂရုစိုက်မှာ မဟုတ် ဘူး။ ဒါဆိုရင် ဖြစ်လာနိုင်ချေ ရလဒ် နှစ်ုခရှိတယ်။ ပထမ တစ်ခုကတော့ အိမ်ရှေ့စံ မင်သား နဲ့ ဝန်ကြီးချုပ် ဟန်ချန်ဖုန်း တို့ မတူညီတဲ့ လမ်းကြောင်းလွဲသွားလိမ့်မယ်။ ဒုတိယ တစ်ခုကတော့ တစ်ဖွဲ့ဟာ လာရောက်ပေါင်းစည်းလိမ့်မယ်။ ဟန်ချန်ဖုန်း အတွက်တော့ အသက်ချမ်းသာ ရာရသွားခဲ့ရင်တောင်မှ အရင်ကလို အာဏာရှိဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။”
“ ဆရာဟွားက အမြင်ကျယ် ပြီး ပညာရှိလှတယ်။ ဆရာဟွားကို ဖြေရှင်းပေးစေချင်တဲ့ ကိစ္စ တစ်ခုတော့ရှိသေးတယ်။ ဖန်ကျန်းရှီက မုန့်ထျန်းဓားကို သုခမိန်လောက ထဲကနေ ရလာခဲ့တယ်။”
“ ဒီ ဓားက သုခမိန်စစ်နတ် မုန့်ထျန်းရဲ့ ဓားပဲ ။ ဖန်ကျန်းရှီက သာမာန် ပြည်သူ လေး တစ်ယောက်ပါ။ အရှင် စိုးရိမ် နေစရာ ထွေထွေ ထူးထူး မရှိ ပါဘူး။”
“ ကောင်းပြီလေ။ ဆရာဟွားရဲ့ အစီအစဉ် အတိုင်း လုပ်ဆောင်လိုက်ပါမယ်။ နန်းတော် ထဲ ဝင်ပြီး ဧကရာဇ်ကို အခုပဲ သွားတွေ့လိုက်မယ်။” လင်းရှှုင်းကြွယ် က စကားကို ဆုံးအောင် ပြောပြီးနောက် စစ်တပ်သုံး တဲ ထဲကနေ ချက်ခြင်း ထွက်ခွာလာတော့တယ်။ သူ့ရဲ့မျက်နှာပေါ်မှာတော့ စိတ်ပူပန်ဟန် အလျဉ်းမရှိတော့ဘူး ။
အပိုင်း (၂၁၉) ပြီး၏ ။
အပိုင်း (၂၂၀)
“ ဖုံးကွယ်ထားသော လှုပ်ရှားမှု ”
…
ယန်မြို့တော် တော်ဝင် နန်းတော် ၊ စာကြည့်ဆောင် တံခါးရှေ့မှာတော့ နဂါးစစ်သည်တော် တပ်ဖွဲ့ကြီးဟာ ရပ်တန့်စောင့်ဆိုင်းနေကြတယ်။ မိုးသက်မုန်တိုင်းတွေဟာ သူတို့ အပေါ် ပြင်းထန်စွာ ရိုက်ခတ်နေပင်မယ့်လည်း သူတို့ဟာ တောင် တန်းကြီးများသဖွယ် ယိမ်းယိုင်ခြင်း အလျဉ်းမရှိ မားမားမတ်မတ် ရပ်စောင့်နေခဲ့ကြတယ်။
ခရမ်းရောင် ရုံးတော်သား ဝတ်စုံကို ဝတ်ထားပြီး ဖီးနစ်ငှက် တစ်ကောင်လို တောက်ပလှတဲ့ မျက်လုံးရှိသူ အသက်လေးဆယ်ခန့် လူကြီး တစ်ဦး အဝေးက လျှောက်လှမ်းလာတာကို မြင်ချိန်မှာတော့ နဂါး စစ်သည်တော် တွေ ရဲ့ အမူအယာဟာ လေးစား ဟန် အသွင်ကို ပြောင်းသွားခဲ့တယ်။ သူတို့ အနားကို လူကြီး နီးကပ်လာချိန်မှာတော့ ဦးညွှတ်လိုက်ကြတယ်။
“ သခင် ဟို့”
နဂါး စစ်သည်တော် တွေ ဟာ လက်ရှိ ဧကရာဇ် ရဲ့ အမိန့်ကိုသာ နာခံ ကြသူ တွေ ။ ဒါပေမယ့်လည်း သူတို့ ရှေ့က လူကိုတော့ အတော်လေးကို လေးစားသမှု ရှိရတယ်။ ဒါဟာ သူ့ရဲ့ အမိန့်အာဏာ သက်ရောက်မှု နဲ့ မသက်ဆိုင်ဘူး။
ဘာကြောင့်လဲ ဆိုတော့ အကယ်၍ သူတို့ ရှေ့မှာသာ မင်းသား တစ်ပါး ရှိနေရင် ဓားကိုင်ထားတဲ့ လက်တွေ ကိုတောင် ချမှာ မဟုတ်ဘူး။
ဒါပေမယ့်လည်း အခုလူကြီးကတော့ ကွဲပြားတယ်။ ဒီသူဟာ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ စစ်နတ်ကျောင်းတော်ကို အုပ်ချုပ်သူ ကျောင်းတော် ဆယ့်သုံးခုရဲ့ ခေါင်းဆောင် ဖြစ်တဲ့ အပြင်၊ မင်းဆက်ကို အဓိက အထောက်အပံ့ ပြုထားတဲ့ မဏ္ဍိုင်တစ်ဦးလည်း ။ လက်ရှိ ဧကရာဇ် ရဲ့ သွေးသောက် ညီအကို တစ်ဦးလည်း ။
စစ်နတ်ကျောင်းတော်ရဲ့ ရှင်းဟို့ ၊ ရှင်းယွမ်ကောင်း ။
ရှင်းယွမ်ကောင်းဟာ နဂါး စစ်သည်တော် တပ်ဖွဲ့ ဒါဇင်ပေါင်းများစွာကို ကြည့်လိုက်တယ်။ သူ့ရဲ့ ဖီးနစ်မျက်လုံးတွေထဲမှာတော့ မှိန်ဖျော့ဖျော့ အလင်း တစ်ခု တောက်ပနေ ခဲ့တယ်. ။ နဂါး စစ်သည်တော်တွေ ယန်မြို့တော်ကို ပြန်လာရတဲ့ အကြောင်း ကို သူကောင်းကောင်း သိတယ်။ ဒါကြောင့် မေးမြန်းခြင်း တစ်ခွန်းမှ မလုပ်တော့ဘူး။
သူဟာ စစ်ဦးစီး ဗိုလ်မှူးချုပ် တစ်ဦး ဖြစ်ပြီးတော့ စစ်အရှင် တစ်ပါးလည်း ။ သူ့ရဲ့ တာဝန်ဟာတော့ နိုင်ငံ ကို ကာကွယ် ဖို့ပဲ ။ ဒါကြောင့် နိုင်ငံကိုသာ ကာကွယ်တယ်။
သူမသိသင့်တဲ့ အရာ အတွက်တော့ နည်းနည်းလေးမျှတောင် စုံစမ်းမေးမြန်းခြင်း အလျဉ်းမရှိဘူး။ ဒါဟာ စစ်နတ်ကျောင်းတော် စတင်တည်ထောင် ချိန်တည်းကတည်ရှိ လာခဲ့တဲ့ စည်းမျဉ်း။
ရှင်းယွမ်ကောင်းဟာ ခေါင်းတစ်ချက် ငြိမ့်လိုက်ပြီးတော့ နဂါး စစ်သည်တော် တပ်ဖွဲ့ကို စကားမပြောတော့ပဲနဲ့ မိန်းမစိုး လေး ဖွင့်ပေးတဲ့ တံခါး ဆီကိုသာ လျှောက်သွားတော့တယ်။
တော်ဝင်စာာကည့်စောင် ထဲကို ရောက်ချိန်မှာတော့ အလံ လွှမ်းထားတဲ့ လူသေအလောင်း တစ်ခုကို တွေ့လိုက်ရတယ်။ လူသေအလောင်း အနားမှာတော့ နဂါးစစ်သည်တော် နှစ်ဦးရှိနေခဲ့တယ်။
သူ့ရဲ့ အမူအယာကတော့ နည်းနည်းချင်း ပြောင်းလဲ သွားခဲ့တယ်။ ဒါပေမယ့်လည်း သူဟာ နောက်ထပ် ထပ်မမေးတော့ပါဘူး။ အဲ့ဒီ့အစား တစ်ဖက်ကိုသာ လျှောက်လာရင်း ဒူးထောက် ချလိုက်တယ်။
“ဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်။ ”
“ စစ်သူကြီးရှင်း မြန်မြန်ထပါ။ ချင်းစွေ့ရဲ့ ဒဏ်ရာတွေ အခြေအနေ ဘယ်လိုရှိလဲ။” ဧကရာဇ် လင်းမုပိုင်ဟာ ပြောရင်းနဲ့ သူ့ရဲ့ ခုံကနေ ထတာ ရှင်းယွမ်ကောင်း ဆီကို လျှောက်သွားတော့တယ်။
“သွေးထွက်တာကတော့ လူ တစ်ယောက်အတွက် အရေးမပါပါဘူး။ သူ့ရဲ့ အားနည်းချက်ကိုပဲ အပြစ်တင်ရမှာပေါ့။ ဒီ အဖြစ်က ချင်းစွေ့ ကြောင့် ဖြစ်ရတာပဲ။ တိုက်ခိုက်ရေးစာမေးပွဲကို နတ်ဆိုး တစ်ကောင် ခေါ်သွင်းလာခဲ့မိပြီးတော့ မင်းသမီးကို ထိခိုက်စေတယ်။ ကျွန်တော့် ရဲ့ ကြီးကြပ်မှု ပေါ့လျော့ခြင်း အတွက် တာဝန်ရှိပါတယ်။ အပြစ်အတိုင်း ဒဏ်ပေးတာကို မြန်နိုင်သလောက် မြန်အောင် လုပ်ပါမယ်။” ရှင်းယွမ်ကောင်းဟာ ချက်ခြင်း မထပဲနဲ့ ဆက်ပြီးတော့ ဒူးထောက်နေခဲ့တယ်။
“ နတ်ဆိုးမျိုးနွယ်ရဲ့ သူလျှိုက ခန့်မှန်းဖို့ခက်ခဲတယ်.။ စစ်သူကြီးရှင်း ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ မင်းကို ဒီနေ့ခေါ်လိုက်ရတဲ့ အကြောင်း ရင်းကတော့ တော့ နိုင်ငံရဲ့ ကိစ္စကို ဆွေးနွေးဖို့ အတွက် ခေါ်လိုက်ရတာပဲ။ ” ဧကရာဇ် လင်းမုပိုင်ဟာ သူ့ကို ဆွဲထူပြန်တယ်။
ဒီအချိန်မှာတော့ ရှင်းယွမ်ကောင်းက ဆက်ပြီးတော့ ဒူးမထောက် တော့ပဲ ချက်ခြင်း ထလိုက်တယ်။
“ ဧကရာဇ် အမိန့်ရှိပါ။”
““ တာအို နိယာမမှာ အခန်းပေါင်း သုံးထောင်ရှိတယ်။ ကောင်းကင်တာအို သုံးဆယ့်ခြောက်ခုရှိတယ်။ ကြီးမြတ်သော ရှမင်းဆက်ကို စတင် တည်ထောင်ချိန်တည်းက သုံးဆယ့်ခြောက်ခုသော ကောင်းကင်တာအို ကျောက်ဖျာတွေကို စုဆောင်းခဲ့တယ်။ အခုချိန်မှာတော့ သုခမိန် နယ်မြေထဲမှာ ဆယ့်သုံးခု ၊ ကောင်းကင်တာအို ခန်းမမှာ ကိုးခု၊ နဲ့ တခြားသော ကောင်းကင်တာအို သုခမိန်ကျောက်ဖျာ တွေကတော့ နေရာအနှံ့မှာ ပျံ့နှံ့နေခဲ့တယ်။ ကောင်းကင်တာအို ကျောက် ဖျာတွေ ရဲ့ အရေးကြီးမှုကိုတော့ မင်းသိမှာပါ။ ”
“အရှင်ဆိုလိုချင်တာက၊”
“စစ်နတ်ကျောင်းတော ဟာ နတ်ဆိုးကျောင်းတော် နဲ့ နီးစပ်တဲ့ အခြေအနေမှာရှိတယ်။ အခုချိန်မှာတော့ သုခမိန် ကျောက်ဖျာ အကြွင်းအကျန်ဟာ ယုံကြည်မှု မြစ်မြို့တော် မြောက်ပိုင်း ဟွေ့အန်းဒေသ ရဲ့ ကန်လင်းတောင်ကို ကျရောက် သွားပြီ။ မင်း အဲ့ဒီ့ကို သွားပြီးတာဝန်ယူဖို့ မျှော်လင့်ပါတယ်။
“ ဘာလို့ နတ်ဆိုး ကျောင်းတော်ကိုတာဝန်မပေးတာပါလဲ အရှင်”
“ နတ်ဆိုး ကျောင်းတော်ရဲ့ အင်အားတစ်ခုတည်းက ဒီကိစ္စကို ကိုင်တွယ် နိုင်မယ်လို့ မထင်ဘူး။ ကန်လင်းတောင် ရဲ့ မြေမျက်နှာ သွင်ပြင် အခြေအနေကို မင်းကောင်းကောင်းနားလည်လိမ့်မယ်လို့ထင်တယ်။ ကန်လင်းတောင်ကို နှစ်ပေါင်းများစွာ ရှာဖွေခြင်း အလျဉ်းမရှိ ခဲ့တာက လွဲပြီးတော့ပေါ့။ အကယ်၍ စစ်တပ်ကြီး တစ်ခုလုံကို သုံးပြီးတော့ ကန်လင်းတောင်ကို အုပ်ချုပ်ရင် သူတို့ မျက်နှာပျက် ရလိမ့်မယ်။ နောက်ပြီးတော့ ကောင်းကင်တာအို အကြွင်းအကျန်သာ ပေါ်ထွက်လာပြီးနောက် နဂါး စစ်သည်တော် တပ်ဖွဲ့ဟာလည်း အဆက်မပြတ် တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်။ နောက်ပြီးတော့ နဂါး သံတမန်ကိုတောင်မှ ဆုံးရှုံးခဲ့ရတယ်။
“ ဒါက နတ်ဆိုးမျိုးနွယ်ရဲ့ တိုက်ခိုက်မှုလား။”
“ဟုတ်တယ်။”
“နားလည်ပါပြီ။ ကျွန်တော်မျိုး အခုပဲ ထွက်ခွာတော့ပါမယ်။”
“ နဂါး တပ်ဖွဲ့ အတွက် အမိန့်တော်မှတ်မယ်။ ကန်လင်းတောင်ကို မင်းတို့ သွားရမယ့် ခရီးအတွက် တာဝန်က ရှင်းဟို့ရဲ့ လုံခြုံမှု အတွက်ပဲ။ အကယ်၍ တခြားသော ကိစ္စကြီးတွေ ဖြစလာခဲ့ရင် အကြီးမားဆုံးသော ပြစ်ဒဏ်ကတော့ သေခြင်းပဲ။” ဧကရာဇ် လင်းမုပိုင်ဟာ ရှင်းယွမ်ကောင်းရဲ့ စကားကို ကြားချိန်မှာတော့ နဂါး စစ်သည်တော်တွေ ဘက်ကို လှည့်ပြီးတော့ အမိန့်ချလိုက်တယ်။
“အမိန့်တော် အတိုင်းပါ။” သူတို့ နှစ်ဦးဟာ ဒါကို ကြားချိန်မှာတော့ ဒူးထောက်လိုက် ကြတယ်။
“ စစ်သူကြီးရှင်း ။ လုံခြုံ စိတ်ချရမှုဟာ ပထမဦးစားပေး ဆိုတာ မင်း အမြဲ သတိရပါ။ ကောင်းကင်တာအို ကျောက်ဖျာက အရေးကြီးပင်မယ့်လည်း စစ်နတ်ကျောင်းတော် နဲ့တော့ ယှဉ်လို့ မရဘူး။ မင်း ဂရုစိုက်ပါ။”
“အရှင့်ရဲ့ အလေးထားမှုကို ကျေးဇူးတင်ပါတယ်။” ရှင်းယွမ်ကောင်းကခေါင်းငြိမ့်ရင်း ဦးညွှတ်ကာ ထွက်ခွာသွားတော့တယ်။
တခြားတစ်ဖက်မှာတော့ နဂါးစစ်သည်တော် နှစ်ဦးဟာလည်း လူသေအလောင်း ကို ချန်ထားခဲ့ပြီးတော့ ရှင်းယွမ်ကောင်းနောက်ကို လိုက်လာခဲ့တယ်။
…
ပင်းယန် အိမ်တော်ထဲမှာတော့ ဆေးပေါင်းစုံ အနံ့တွေဟာ ခမ်းနားထည်ဝါလှတဲ့ ဗိသုကာလက်ရာတွေပြည့်နှက်နေတဲ့ အခန်းထဲကနေ ထွက်ပေါ်လာတော့တယ်။ ပင်းယန် ဟာ ပျင်းရိခြောက်သွေ့စွာနဲ့ အိပ်ယာပေါ်မှာ ဆန့်ဆန့်ကြီး လဲလျောင်းနေခဲ့တယ်။ သူမရဲ့ ဖန်သလင်း မျက်လုံးတွေဟာတော့ ရီဝေနေပြီး မျက်ရည်ပေါက်တွေ ဝေ့သီနေခဲ့တယ်။
သူမရဲ့ ဘေးမှာတော့ ပန်းရောင် ဝတ်ရုံကို ဆင်မြန်ထားတဲ့ အမျိုးသမီး ငယ် တစ်ဦး ရှိနေခဲ့တယ်။ နှင်းဖြူသားမွှေး ခါးပတ်ဟာ သူမရဲ့ ကိုယ်ခန္ဒာနဲ့ ပနံသင့်လှတယ်။
“ ယန်လေး။ ငါ လှဲမနေချင်ဘူး။ အပြင်ထွက်ပြီး မြင်းစီးချင်တယ်။ ” ပင်းယန်ဟာ သူ့ရဲ့ ဘေးမှာ ရှိနေတဲ့ ချီကူယန်ကို ကြည့်ရင်း တောင်းပန်တိုးလျှိုးတဲ့ လေသံ နဲ့ ပြောနေခဲ့တယ်။
တောက်ပ နက်မှောင်တဲ့ မျက်ဝန်းတောက်တောက်တွေဟာ ညအချိန်က ကြယ်တာရာတွေ သဖွယ် လင်းလက်နေခဲ့တယ်။ သူမရဲ့ ပိုးသား အသွင် ကေသာတွေဟာတော့ ခါးအထက်မှာ ပြေပြေလေး ကျဆင်းနေခဲ့တယ်။ ကျောက်စိမ်း နဲ့ ပုလဲ ရောစပ်ထားတဲ့ ဆံထိုးကို ပန်ဆင်ထားတဲ့ သူမဟာ နူးညံ့ သိမ်မွေ့လှတဲ့ အလှတရား တစ်ခု ရဲက ပြယုဂ်သဖွယ် ဖြစ်နေခဲ့တယ်။
“ ဒါပေါ့။ ပင်းယန် ကျောက်စိမ်းနှင်းကို စီးမလား။ ဒါမှမဟုတ် မင်းသားကိုးရဲ့ ခရမ်းလျှပ်စီး မြင်းပျံကို စီးမလား။” ချီကူယန် ဟာ ပြုံးရင်း ပြန်ဖြေလိုက်တယ်။
“ ယန်လေး ။ အကိုတော် ကျုးက ဒီလောက်တောင် ကပ်စေးနဲတာ သူ့မြင်းပျံကို ငှားတိုင်း တစ်ခါမှ မရဘူး ယန်လေးမှာ ခရမ်း လျှပ်စီးကို ငှားဖို့ နည်းလမ်း ရှိလို့လား။”
“ ရှိတာပေါ့။ ဒါပေမယ့် ပင်းယန် ရဲ့ ဒဏ်ရာတွေ အကုန်သက်သာ တဲ့ထိ စောင့် ရမယ်။”
“အာ ။ ကောင်းပြီလေ။” ပင်းယန် ဟာ သူမရဲ့ လျှာကို ကိုက်ရင်း နုာကျင်စွာသာ ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက် သူမရဲ့ ခေါင်းကို စောင်ပုံထဲမှာ နှစ်ထားလိုက်တော့တယ်။ စောင်အောက်ကို သူမ ရောက်သွားချိန်မှာတော့ ခပ်ညစ်ညစ် အပြုံးတစ်ခု ဖြစ်ပေါ်လာတော့တယ်။
ချီကူယန်ကတော့ စောင်ပုံထဲ တိုးသွားတဲ့ ပင်းယန်ကို ကြည့်ပြီးနောက် သူမရဲ့ မျက်လုံးထဲမှာ ရွှင်မြူးဟန် အကြည့်တစ်ချက် လက်သွားခဲ့တယ်။ အဲ့ဒီ့နောက် သူမဟာ ဖြည်းဖြည်း ချင်း ထရပ်ရင်း ပြတင်းပေါက်ဆီကို သွားကာ မိုးသက် မုန်တိုင်း ပြီးတဲ့နောက် လန်းဆန်းစွာ ပွင့်ဖူးနေတဲ့ ပန်းတွေကို ကြည့်နေခဲ့တယ်။
“ ကျောက်တုံး တံတားကို ဖြတ်တယ်။ အမြွှာကျောက်တုံး နဲ့ ကျောက်တုံးအိမ်ကိုပါ ဖြတ်သန်းတယ်။ နောက်ပြီးတော့ မုန့်ထျန်းရဲ့ ဓားကိုပါ ရလိုက်သေးတယ်။ သွမ့်အရှင်နဲ့ အိမ်ရှေ့စံ မင်းသားတို့ စပြီးလှုပ်ရှားတော့မှာ ကြောက်ရတယ်။ ”
“ နတ်ဆိုးမျိုးနွယ် ဒုခေါင်းဆောင် တစ်ယောက်ကို သုံးပြီ်းတော့ တိုက်ခိုက်ရေးစာမေးပွဲကိုဝင်စေတယ် ။ ပထမဆုံး ရှင်းချင်းစွေ့ကို တိုက်ခိုက်ပြီးတော့ ဖန်ကျန်းရှီကို ပစ်မှတ် ထားတယ်။”
“ သဘာဝလွန် အလယ် အဆင့်။ ဒီလောက်ထိ ရင်းပြီးတော့ကို လူတစ်ယောက် ကို တိုက်ခိုက်တယ်။ ဒါက ကလေး တစ်ယောက်ကို ဖယောင်းတိုင် ငွေ့ နဲ့ သတ်နေသလိုပဲ။ ဒါက နောက်ထပ် အောင်မြင် မှု ရဖို့ အတွက် စတေးမှု သပ်သပ်များလား။”
“ဒီလောက် ကြီးမားတဲ့ကိစ္စက တော်ဝင်စာမေးပွဲရဲ့ အောင်မြင်မှုကို နှောင့်နှေးစေတယ်။ မဖြစ်ဘူး။ ကြည့်ရတာ ဒီ ပြဇာတ်ထဲတခြား ဇာတ်ကြောင်းတွေ ရှိနေပုံပဲ။ နဂါး စစ်သည်တော်တပ်ဖွဲ့ရဲ့ နဂါး သံတမန်လည်း သေဆုံးသွားပြီ။ မြို့တော် တံခါးကိုလည်း အမည်မသိသူတွေ တိုက်ခိုက်တာ ခံလိုက်ရတယ်။ ကြည့်ရတာ မြွေကို တွင်းကထွက်လာအောင် လုပ်နေကြတဲ့ ပုံပဲ။ သူတို့ စောင့်နေတဲ့ မြွေက ဘယ်သူများလည်း ”
“သွမ့်အရှင် နဲ့ အိမ်ရှေ့စံကတော့ တော်ဝင်စာမေးပွဲကြောင့် လှုပ်နိုင်မှာ မဟုတ်တော့ဘူး။ ဒါဆိုရင် ဖြစ်နိုင်တာက …. စစ်နတ်ကျောင်းတော်။ စစ်နတ်ကျောင်းတာ်ကို ပါဝင်လှုပ်ရှားစေဖို့ ….. နတ်ဆိုးမျိုးနွယ်တွေ အားထုတ်တယ်။ ဘာတွေ ဆက်ဖြစ်လာအုန်းမှာလဲ။”
…
ဒါဟာ ညအချိန်ကို ရောက်နေပြီ ။ ဒါပေမယ့်လည်း အရှေ့ပိုင်း နန်းတော်မှာတော့ မီးအလင်းရောင်တွေ တောက်ပနေခဲ့တယ် ။
အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံဟာတော့ အဖြူရောင် နဂါး ဝတ်ရုံကို ဝတ်ဆင်ပြီး ရပ်နေခဲ့တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အမူအယာဟာတော့ မည်းမှောင်ပြီးတော့ တိတ်ဆိတ်နေခဲ့တယ်။
ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ နောက်မှာထိုင်နေသူဟာ ယွီယိဖျင် ဖြစ်တာကြောင့်ပါပဲ။
အကယ်၍ ယွီယိဖျင်သာ စကားမစရင် သူလည်း တိတ်တဆိတ်သာ နေနေမှာ ။
“ လက်လျှော့လိုက်တော့ ။” အချိန်အတော်ကြာပြီးနောက်မှာတော့ ယွီယိဖျင်ဟာ အံကြိတ်ရင်း ပြောလိုကတယ်။ တော်ဝင်ကျောင်းတော်ကြီးရဲ့ အုပ်ချုပ်သူဟာ အရေးကြီးလှတယ်။ ဒါပေမယ့်လည်း ယွီယိဖျင် အတွက်တော့ ဒီလိုလူမျိုးကို ကယ်တင်ပေးဖို့ဟာ အရေးမကြီးလှဘူး ။
ဘာကြောင့်လဲဆိုတော့ လူတွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားတဲ့ အုပ်ချုပ်သူ တစ်ယောက် ဖြစ်နေတာကြောင့်ပဲ ။ အဲ့ဒီ့နောက် သူဟာ ဒီအခြေအနေတစ်ခုကို ထိန်းချုပ်နေတဲ့ ဝှက်ဖဲ တစ်ချပ် ဖြစ်လာမှာကြောင့်ပဲ။
“ ငါ့ရဲ့ ဆရာ…. ငါ့ကို ဆန့်ကျင်ပြီး ဒုက္ခရောက်စေမယ့် ကိစ္စမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။” လင်းထျန်းရုံဟာ တီးတိုး ရေရွတ်လိုက်တယ်။
“ အိမ်ရှေ့စံ မင်းသား။ အကယ်၍ မင်း ရဲ့ အရှေ့ပိုင်း နန်းတော်က နေရာကို တည်မြဲနေစေချင်ရင် အဆိုးဆုံးကိစ္စတွေကိုလည်း စဉ်းစားထားရမယ်။ အခွင့်အရေးရှိတာနဲ့ အဖူး ဖူးတည်းက ချိုးပြစ်ရမယ်။ အိမ်ရှေ့စံလည်း ဒီ အဖြစ်ကြောင့် ဆွဲချ ခံရရင် ဆံခြည်မျှင် တစ်မျှင်စာတောင် မှ ကျန်မှာ မဟုတ်ဘူး။”
“မင်းမှာ ဘာအစီအစဉ်ရှိလို့လဲ။”
“ သွမ့်အရှင်က ဟန်ချန်ဖုန်း သက်ညှာခွင့်ရဖို့ တောင်း ဆိုပေးခဲ့တယ်။ ဒါကြောင့် အရည်အချင်းကို ရတနာလိုတန်ဖိုးထားတယ် ဆိုတဲ့ ဂုဏ်သတင်းက ပျံ့နှံ့နေပြီ။ ဒါဆို ရေစီးကြောင်း အတိုင်းလိုက်သွားပြီးတော့ လှေကို ကောင်းကောင်း တွန်းပေးရမယ်။ အတွေးအခေါ် စာမေးပွဲ မေးခွန်းမှာ ဟန်ချန်ဖုန်း လုပ်ခဲ့တဲ့ အမှားတွေကို ဖော်ပေးရမယ်။
ဒီလို နည်းနဲ့ ဧကရာဇ်က သွမ့်အရှင်ကော ဟန်ချန်ဖုန်းကိုပါ အမျက်ရှလိမ့်မယ်။ အကယ်၍ ဟန်ချန်ဖုန်း ကသာ အရှင့်အတွက် အမြဲ စဉ်းစားခဲ့မယ် ဆိုရင် သွမ့်အရှင်ကိုပါ သူ ဆွဲချသွားမှာ ပဲ။”
“ ဒါပေမယ့် ဒီလို နည်းက ငါ့ရဲ့ ဆရာ သေရမှာ မလွှဲမသွေပဲ ။ နောက်ပြီးတော့ ငါကြောက်တာက ဟန်အိမ်တော်သားတွေ လုံးဝကို ….”
သူဟာ ငယ်စဉ်တည်းက ဟန်ချန်ဖုန်း သင်ကြားပေးခဲ့ သူ ။ ဟန်ချန်ဖုန်း ဘယ်လို ကြီးမားတဲ့ ကိစ္စကို ကျူးလွန်ပါစေ ။ သွမ့်အရှင်နဲ့ အတူ ဟန်ချန်ဖုန်းအတွက် သက်ညှာမှု တောင်းခံပေးဖို့ သူ ဆန္ဒရှိတယ်။ အကယ်၍ ကိစ္စတွေသာ ဒီလို ဖြစ်လာခဲ့ရင် ဟန်ချန်ဖုန်းက အသက်ချမ်းသာရာ ရသွားရုံသာ မက ရာထူးတစ်ဆင့် နှိမ့်ခံရပြီး တာဝန် ထမ်းဆောင် ရမှာ ။
“ ငါတို့ ဒါကို မြန်မြန်လုပ်ရမယ်။ မဟုတ်ရင် ဧကရာဇ် က မေးခွန်းတွေ ထုတ်လာရင် ဥပဒေ ကောင်စီပေါ် သက်ရောက်တဲ့ ဖိအား ပိုပြီးတော့ များလာလိမ့်မယ်။ အိမ်ရှေ့စံ မင်သား ဒီလို အခွင့်ရေးမျိုးမှာ ညှာတာလို့ မရဘူး။ ” ယွီယိဖျင်ရဲ့ မျက်လုံးတွေကတော့ တလက်လက် တောက်ပနေခဲ့တယ်။
“ဒါပေမယ့် ။” လင်းထျန်းရုံဟာ တွေဝေနေခဲ့တယ်။
“ အိမ်ရှေ့စံ ”
“ မင်း ဘာလို့ ။။။ ကောင်းပြီ။ မင်း … ပြောသလို … လုပ်ရအောင်”
“အိမ်ရှေ့စံ ဆုံးဖြတ်သည့် အတိုင်း ကျွန်တော်မျိုး အသက်သေသည့်တောင် ဆောင်ရွက်ပါမယ်။” ယွီယိဖျင်ဟာ ချက်ခြင်း ဒူးထောက်လိုက်တယ်။
“ မြန်မြန်ထ” လင်းထျန်းရုံက ဒါကို မြင်ချိန်မှာတော့ သူဟာ ဆွဲထူလိုက်တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ မျက်လုံးထဲမှာတော့ ခန့်မှန်းလို့မရနိုင်တဲ့ အရိပ်အယောင်တွေ တောက်ပနေခဲ့တယ်။
…
နှစ်ရက်ကြာပြီးနောက်မှာတော့ မိုးဟာ ရပ်တန့်သွားခဲ့တယ်။ ဒါပေမယ့်လည်း လေပြင်းတိုက်ခတ်မှု ဟာတော့ မရပ်တန့်ခဲ့ဘူး။ ယန်မြို့တော် တစ်ခုလုံးဟာ သွက်သွက်ခါအောင် လေပွေကြားမှာ လွန့်လူးနေရပြီးတော့ ကောင်းကင် တစ်ခုလုံးဟာလည်း မှောင်မည်းနေခဲ့တယ်။
တော်ဝင်ခန်းမ ထဲမှာတော့ မြောက်များလှစွာသော ရုံးတော်သား အမတ်မင်းတွေဟာ တိတ်ဆိတ်စွာ ရပ်နေကြတယ်။ ဧကရာဇ် လင်းမုပိုင်ဟာလည်း နဂါးပလ္လင်ပေါ်မှာ ထိုင်နေပင်မယ့် သူ့ရဲ့ အမူအယာဟာတော့ ပျော်ရွှင်ဟန် အလျဉ်း မရှိဘူး ။ ဘာကြောင့်လဲ ဆိုတော့ ဥပဒေကောင်စီဟာ တော်ဝင်စာမေးပွဲမှာ စစ်ဆေးမှု ရလဒ်တွေကို တင်ပြလာတာကြောင့် ြုဖစ်တယ်။
ကြီးမြတ်သော ရှမင်းဆက်ရဲ့ ဥပဒေ အမတ်မင်း “ဝမ်ချောင်” ဟာ အသက် ငါးဆယ်ရှိပြီ ဖြစ်ပြီးတော့ ဆံပင်တွေ ဆွတ်ဆွတ်ဖြူ သူ ။ မှန်ကန် တိကျတဲ့ ဆုံးဖြတ်ချက် ချသူလို့ ထင်ရှားတယ်။ နောက်ပြီးတော့ ဒီ ကိစ္စကို အိမ်ရှေ့စံ မင်းသားကို တာဝန်ပေးပြီးတော့ စုံစမ်းခိုင်းထားတာကြောင့် ရတဲ့ သတင်းဟာ လျင်မြန်လှတယ်။
ဟန်ချန်ဖုန်း ရဲ့ အပြစ်တွေအားလုံးဟာ လျင်မြန်စွာ နဲ့ ဘူးပေါ်သလို ပေါ်လာခဲ့တယ်။ ဒီ အပြစ်တွေ ထဲကမှ ဟန်ချန်ဖုန်းဟာ ဖန်ကျန်းရှီရဲ့ အတွေးအခေါ် စာမေးပွဲ အဖြေလွှာကို ပြင်ဆင်ဖို့ ကြိုးစားခဲ့တယ် ဆိုတာနဲ့ လင်းရှင်းကြွယ် ရဲ့ တာဝန် မကျေမှုတွေဟာ များပြားစွာ ထွက်ပေါ်လာခဲ့တယ်။
ဘာကြောင့် ဒီလို အပြစ်က ဟန်ချန်ဖုန်း နဲ့ သွမ့်အရှင် ပူးပေါင်းကြံစည်တာ ဖြစ်နိုင်ရမှာလဲ။
အကြောင်းရင်းကတော့ ရှင်းပါတယ်။ ဟန်ချန်ဖုန်းဟာ အိမ်ရှေ့စံ မင်းသားရဲ့ ဆရာ ။ အကယ်၍ သူသာ သွမ့် အရှင် ရဲ့ အမိန့်ကြောင့် ဒီလို လုပ်ရတယ်လို့ ပြောရင် ဘယ်သူကများ ယုံမှာလဲ။
“ဟန်ချန်ဖုန်းက အတွေးအခေါ် စာမေးပွဲရဲ့ အဖြေလွှာကို ပြင်ဆင်ဖို့ ကြံစည်ခဲ့တယ်။ ”
ဒီလို ပြစ်မှုမျိုးဟာ နိုင်ငံတော်တစ်ခုလုံးကို လှုပ်ခတ်သွားစေနိုင်တယ်။ ဒါပေမယ့်လည်း ဒီအဖြစ်ဟာ အခုချိန်မှာ စစ်ဆေးမှု အရ ငြင်းမရတဲ့ သက်သေတွေရှိနေခဲ့တယ်။
ရုံးတော်သားတွေဟာ ထိတ်လန့်နေကြပြီးတော့ ဘယ်သူကမှ ဖြေရှင်းချက်မထုတ်ရဲကြဘူး ။
လင်းရှင်းကြွယ်ရဲ့ အမူအယာဟာတော့ ဖြူဖျော့ ပြာနှမ်းနေခဲ့တယ်။ ခန်းမထဲမှာ ရပ်နေတဲ့ အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံကို သူ တအံ့တသြ စိုက်ကြည့်နေခဲ့တယ်။ သူ့ရဲ့ ဒီ အကို ဒီလောက်ထိ နှလုံးသားမဲ့ တဲ့ သူမျိုး ဖြစ်မယ်လို့ မထင်ခဲ့ဘူး ။
ဒါဟာ သူ့ရဲ့ စိတ်ထဲမှာ မြင့်မားတဲ့ နေရာအတွက် ပိုမို တိုက်ခိုက်လိုစိတ်ဖြစ်လာစေတယ်။
ဘာကြောင့်လဲ ဆိုတော့ သူသာ အရှုံးကို လက်ခံလိုက်ရင်သူ့ အဖြစ်ဟာ ဟန်ချန်ဖုန်း ထက်ဆိုးသွားလိမ့်မယ်။
သွမ့်အရှင် ဖြစ်တဲ့သူက စစ်တပ်ကို အုပ်ချုပ်ရတဲ့သူသာ ။
ဒါဟာ ပထမဆုံး နိုင်ငံရေး ကိစ္စအဖြစ် တော်ဝင်စာမေးပွဲမှာ ပါဝင် တာ ။ ဒါကြောင့် သူ့ရဲ့ ကြီးကြပ်မှု မကောင်းတာဟာ လက်ခံနိုင်စရာ ။ ဒါပမေယ့်လည်း ဒီ အဖြစ်ကြောင့် အနာဂတ်မှာ ဘယ်တော်ဝင်စာမေးပွဲကိုမှ ကြီးကြပ်ခွင့်မရနိုင်တော့မှာလည်း ။
အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံရဲ့ အမူအယာဟာတော့ တည်ငြိမ်နေခဲ့တယ်။ ဟန်ချန်ဖုန်း ရဲ့ တော်ဝင်ကျောင်းတော် အုပ်ချုပ်သူ နေရာဟာ အခုချိန်မှာတော့ လစ်လပ်နေပြီ ။ ဒါပေမယ့်လည်း လင်းရှင်းကြွယ်က ဒီအခြေအနေကို သုံးပြီးတော့ အခွင့်ကောင်း ယူနိုင် မယူနိုင်ဆိုတာ ပြောမရနိုင်သေးဘူး ။
ဒါကြောင့်
တော်ဝင်ကျောင်းတော်ဟာ သူ့ရဲ့ အုပ်ချုပ်မှု အောက်မှာ ရှိနေဆဲ။.
တော်ဝင် စာမေးပွဲ ဟာ ဟန်ချန်ဖုန်းကြောင့် ခေတ္တရပ်နားရပေမယ့်လည်း တခြားသော ကိစ္စရပ်တွေကိုတော့ တော်ဝင်ကျောင်းတော်က ဆက်လက် လုပ်ဆောင် နေဆဲ ။ ဥပမာအားဖြင့် နေရာ သတ်မှတ်ချက် စီစဉ် မှု လိုပေါ့။
ဘယ်လိုများ ရလဒ် မထွက်ပဲ ဖြစ်မှာလဲ။
နောက်ပြီးတော့ ပြန်လည် ယှဉ်ပြိုင်ဖို့ အတွက်လည်း အကြံပြုချက်တွေ ရှိနေတယ်။ ဒါပေမယ့်လည်း စာမေးပွဲ တစ်ခုလုံး ပြန်ဖြေဖို့ကတော့ မဖြစ်နိုင်ဘူး နောက်ဆုံးမှာတော့လည်း တော်ဝင်ကျောင်းတော်က မလုပ်ဆောင် နိုင်ပါလို့ သတင်းပို့ဖို့ပဲ ကျန်တော့တယ်။
ဒါ့အပြင် နတ်ဆိုးမျိုးနွယ်ရဲ့ တိုက်ခိုက်မှု ကြောင့် ဒဏ်ရာ အပြင်းထန် ရထားတဲ့ ကျောင်းတော်သားတွေ အတွက် ပြန်လည်ဖြေဆိုခိုင်းတာက မတရားရာ ကျလွန်းတယ် ။
ဒါကြောင့် နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ အစမ်းဖြေဆိုမှုကို ပြုလုပ်ဖို့ပဲ ။ ဒါဟာ အကောင်းဆုံးသော အဖြေဖြစ်ခဲ့တယ်။
တော်ဝင်ကျောင်းတော် ကိစ္စတွေ လုပ်ဆောင် ပြင်ဆင်ပြီးနောက်မှာတော့ ရုံးတော်သားတွေရဲ့ စိတ်ထဲမှာ တညီတညွှတ်တည်း ပေါ်လာခဲ့တာ တစ်ခုရှိတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ အခုချိန်မှာ ပြဿနာကြီးတစ်ခုဟာ အလွန့်ကို အရေးကြီးနေပြီ ဖြစ်တာကြောင့်ပါပဲ။
သုခမိန် စစ်နတ်မုန့်ထျန်း ချန်ခဲ့တဲ့ ဓား
“ ဧကရာဇ် မင်း ၊ သုခမိန်လောကထဲမှာပေါ်လာခဲ့တဲ့နတ်ဆိုး ဟာ နတ်ဆိုး မျိုးနွယ် ဆယ်ခု ဒုခေါင်းဆောင် ယဉ်ရှန်ပဲ ဖြစ်ပါတယ်။” ဥပဒေ ကောင်စီက ဝန်ချောင်ဟာ ဓား အကြောင်းကို အရင်ဆုံးမပြောခဲ့ပါဘူး။
ဘာကြောင့်လဲ ဆိုတော့ ဒီလို ပြောတာဟာ အမိုက်မဲ ဆုံး လုပ်ဆောင်ချက် ဖြစ်တာကြော်င့်ပဲ ။ ဧကရာဇ် ရဲ့ စိတ်အခြေအနေ မရှင်းမလင်း ဖြစ်နေချိန်မှာ တော်ဝင်ကျော်င်းတော်က ကိစ္စတွေ အကုန်လုံးကို ရှုှင်းလင်းအောင် လုပ်ပြီးမှသာ သတင်းပို့ရမှာ သူ့ တာဝန် ။
“ သူ က တကယ်ပဲ ယဉ်ရှန် ဖြစ်နေတာကိုး။”
“ငါကြားတာကတော့ ယဉ်ရှန်က သဘာဝလွန် အလယ် ဆင့်မှာရောက်နေပြီ ကြားတယ် ။ ဖန်ကျန်းရှီလို ကောင်းကင်ရောင်ပြန် အဆင့်ရောက်ခါစ သူက ဘယ်လိုများ ယဉ်ရှန်ကို သတ်နိုင်တာလဲ။
“ ကြည့်ရတာတော့ သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ ဓားကို ရသွားတာကြောင့် ဖြစ်လိမ့်မယ်။ ”
“ ဓားတစ်ချောင်း နဲ့ အဆင့် ဒီလောက် ကွာတဲ့ သူကို သတ်နိုင်မယ်လို့ ဘယ်သူ ထင်မှာလဲ။ တကယ့်ကို ကြောက်စရာပဲ။”
ဥပဒေ ကောင်စီရဲ့ ပြောတာကို ကြားချိန်မှာတော့ ရုံးတော်သားတွေဟာ တီးတိုး ဆွေးနွေးကြတော့တယ်။ သူတို့ရဲ့ အမူအယာဟာတော့ ထိတ်လန့်ဟန် အထင်းသား ပြောနေခဲ့တယ် ။ အိမ်ရှေ့ စံ နဲ့ လင်းရှင်းကြွယ်တို့ဟာတော့ အေးစက်စွာသာ ရပ်နေခဲ့ကြတယ်။
သူတို့ ဟာ စောင့်ဆိုင်းနေကြတာ ။ သူတို့ အတွက် အကောင်းဆုံး အချိန်ကို စောင့်ဆိုင်း နေကြတာ ။ အဲ့ဒီ့နောက် ဓားဟာ အသင့်တော် ဆုံး သူရဲ့ လက်ထဲကို ရောက်လာလိမ့်မယ်။”
အပိုင်း (၂၂၀) ပြီး၏။