အပိုင်း (၂၇၁-၂၈၀)
Vol. 3 Ch. 271-280
အပိုင်း (၂၇၁)
“သိန်းသန်းမကသော ဓားပိုင်ရှင်”
“ရေခဲမုန့်လား။”
အမတ်မင်းတွေဟာတော့ ရေခဲမုန့်ဆိုတာ ဘာကြီးလဲ တွေးတောနေကြပါတယ်။ အလင်းတန်းတွေနဲ့ အက်ကွဲရာတွေ ပေါ်လာပြီးတော့ ရေခဲတွေဟာ ဖြည်းဖြည်း ချင်းအက်ကွဲကျနေတော့တယ်။
ဒါဟာ ပိုးမျှင်ထုတ်တဲ့ ပိုးမျှင်အိမ်သဖွယ် ဖြစ်နေခဲ့တယ်။
အတော်လေးကို ထူးဆန်းလွန်းလှတယ်။
အမတ်မင်းတွေ အားလုံးဟာတော့ ဘာတွေ ဖြစ်နေလဲ နားမလည်နိုင်ကြဘူး။ တကယ်တမ်းဆိုရင် ဒီရေခဲတွေက အရည်မပျော်သင့်ဘူးမဟုတ်လား။
ဘာလို့ အခုတော့ အက်ကွဲအရည်ပျော်ကျနေတာလဲ။
နန်ကုန်းမုဟာလည်း ထိတ်လန့်နေခဲ့တယ်။ ဒါပေမယ့်လည်း ဒီ ထိတ်လန့်မှုဟာတော့ သူ့ရဲ့ အမူအယာမှာ မပေါ်လွင်ဘူး ။ မျဉ်းကြောင်းတွေနဲ့ ကြိုးတွေကို ထိန်းချုပ်နေတဲ့ သူတစ်ယောက်အနေနဲ့ သူဟာ ဒူးတွေ ညွှတ်ကျမတတ် ခံစားနေရတယ်။
ဒီကြိုးတွေက တိုက်ခိုက်နေ်ရတာမဟုတ်ဘူး။ ပေါင်းစည်းပြီးတော့ တသားတည်း ဖြစ်ကုန်တာ။
“ ပေါင်းစည်းကုန်ပြီ။”
“ နွေဦးလေပြေသွေးချိန်မှာ ပန်းပေါင်းသန်းချီ ပွင့်ဖူးကြတယ်။” ဖန်ကျန်းရှီရဲ့ အသံဟာ နောက်တစ်ကြိမ်ထွက်လာခဲ့တယ်။ ဒီအချိန်မှာတော့ ရေခဲအလင်းတန်းတွေဟာ သူ့ရဲ့ ကိုယ်ကို ထွင်းဖောက်သွားတော့တယ်။ ဒါတွေဟာ သေးငယ်ပြီးတော့ အပ်ချည်ကြိုးတွေ သဖွယ် ဖြစ်နေခဲ့တယ်။
“မင်း… ဘယ်လို… များ။။။” နန်ကုန်းမုရဲ့ အကြည့်တွေဟာတော့ ပြောင်းလဲသွားတော့တယ်။ သူဟာ မယုံကြည်နိုင်ဖြစ်နေခဲ့တယ်။
“ အပြာရောင်က ရေခဲ။ အစိမ်းရောင်က သစ်သား။ ဒါပေမယ့် သစ်သားကတော့ သစ်သားမဟုတ်ဘူး။ ဒါက သက်ရှိတစ်ခုပဲ။” ဖန်ကျန်းရှီဟာ ရေရွတ်နေခဲ့တယ်။ “ ဒါကမင်းငါ့ကို ပြောခဲ့တာပဲ။”
“မဖြစ်နိုင်ဘူး။” နန်ကုန်းမုဟာ ကျောက်စိမ်း နီလာဓားမောင်နှံကို မယုံကြည်မှုအပြည့်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ သူမြင်နေရတာကို ယုံတောင် မယုံနိုင်ဘူး။
ကျောက်စိမ်းနီလာဓားပညာက နန်ကုန်းမိသားစုတွေ တောင်မှ မသင်ယူနိုင်တာ ။ ခက်ခဲလွန်းလို့ လူသိများတယ်။ နန်ကုန်းမုက သင်ယူဖို့ အတွက် ဆုံးဖြတ်လိုက်ချိန်မှာတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူကမှ အားမပေးခဲ့ကြဘူး။”
ဒါပေမယ့်လည်း နန်ကုန်းမုဟာ လူအများစု သင်ကြားနေခဲ့တဲ့ နဂါးဗျူဟာ ပညာကို သင်ယူဖို့ အတွက် မေ့ဖျောက်ထားခဲ့တယ်။ သူများတွေ မသင်ရဲတဲ့ ဒီ ပညာရပ်ကို သင်ခဲ့တယ်။
အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။
နန်ကုန်းဟောင်
နန်ကုန်းဟောင်က နန်ကုန်းမိသားစုရဲ့ ထိပ်တန်းကျောင်းတော်သား ။ အင်ပါယာ တစ်ခုလုံးမှာ အထူးတလည် အရေးပေး အာရုံစိုက်ခံရရုံတင် မကဘူး သူဟာ နန်ကုန်းမိသားစုကြီးမှာလည်း အထူးနေရာတစ်ခုကို ရထားတယ်။
နန်ကုန်းဟောင်ဟာ လူမှုဆက်ဆံရေး အတော်လေး ကောင်းမွန်လှတယ်။
သူ့ရဲ့ အရည်အချင်း တန်ဖိုးနဲ့ ထိုးထွင်းဉာဏ်တွေဟာတော့ နန်ကုန်းမိသားစုမှာ အကောင်းဆုံး။ ဒါကြောင့်သူဟာ တောက်ပတဲ့ ကြယ်တစ်ပွင့် သဖွယ်ဖြစ်နေခဲ့တယ်။
ငယ်ရွယ်စဉ်အချိန်တည်းက နန်ကုန်းမိသားစု အကြောင်းလူတွေ ပြောကြတိုင်း မပြောမဖြစ် နာမည်တစ်ခုကို အမြဲပြောကြတယ်။
နန်ကုန်းဟောင်။
ဒီနန်ကုန်းမိသားစုမှာ ဒုတိယ သားတစ်ယောက် တစ်ယောက်ရှိသေးတာကို တော့ မပြောကြဘူး။ သိတဲ့သူတွေကတောင်မှ သူ့နာမည်ကို မပြောကြဘူး။ နန်ကုန်းဟောင်ရဲ့ ညီငယ်လေး လို့သာ ခေါ်ကြတယ်။
ညီငယ်လေး
ညီငယ်လေး။
နန်ကုန်းမုရဲ့ ဘဝတစ်လျှောက်လုံးမှာ ဒီလို ခေါ်ခံခဲ့ရတယ်။ သူဟာ နန်ကုန်းဟောင်ရဲ့ ညီငယ်လေးပဲ ဖြစ်ခဲ့တယ်။
သူ့အစ်ကို သူမမုန်းပါဘူး။ နန်ကုန်းဟောင်က သူ့ရဲ့ မိဘတွေ ထက်တောင်မှ သူ့အပေါ်ကို ပိုပြီး ချစ်ခင်ကြင်နာတယ်။ ဒါပေမယ့်လည်း ဒါတွေဟာ သူ့ကို ပိုပြီး ခံစားရခက်စေတယ်။
ဒါကို သူဘယ်လို ကျော်ဖြတ်ရမလဲ။
နဂါးဗျူဟာကို သင်ယူပြီးတော့ တိုက်ခိုက်ရမလား။
နန်ကုန်းမုဟာ ကျင့်ကြံဆင့်တွေ အကြောင်းသိတယ်။ သူ့ရဲ့ အကိုကြီးမှာ ကျင့်ကြံချိန်နဲ့ အကူအညီတွေ အများကြီး ရှိခဲ့တယ်။
အကယ်၍ သူသာ နဂါးဗျူဟာကို လေ့ကျင့်ခဲ့မယ် ဆိုရင် သူ့ရဲ့ အကိုကြီးလောက် ထူးချွန်ရင်တောင်မှ ဘယ်သူကမှ သတိထားမိမှာ မဟုတ်ဘူး။
ဒီလိုနဲ့ သူဟာ ကျောက်စိမ်း နီလာဓားပညာကို ရွေးချယ်ခဲ့တယ်။ ဘယ်သူကမှ အထောက်အပံ့မပေးတဲ့ လမ်းကို ရွေးချယ်ခဲ့တယ်။
သူ့ရဲ့ အတွေးကတော့ ရိုးရှင်းပါတယ်။ သူဟာ ဒီနှစ်ရာချီ ကြာနေပြီ ဖြစ်တဲ့ ပြဿနာကြီးကို ဖြေရှင်းချင်ခဲ့တယ်။ သူ့မိသားစု အတွက် လမ်းအသစ်ကို ဖောက်ပေးပြီးတော့ ဒီလောကမှာ နန်ကုန်းမုဆိုတဲ့ နာမည်လည်းှရှိသေးတယ်ဆိုတာ သိစေချင်ခဲ့တယ်။
ဒါကို အောင်မြင်ဖို့အတွက်
နေ့တိုင်း နှစ်တိုင်း အချိန်တိုင်းမှာ တခြားသူတွေ အားလုံးထက် ပိုပြီးတော့ ကြိုးစားခဲ့ရတယ်။ ကျောက်စိမ်းနီလာ ဓားပညာကိုနားလည်ဖို့ အတွက်မရေမတွက်နိုင်တဲ့ စာအုပ်တွေကိုလည်း ဖတ်ခဲ့ရတယ်။ နေ့တိုင်း စာကြည့်တိုက်မှာ အချိန်ကုန်ဆုံးရင်း နားလည်နိုင်အောင် ကြိုးစားခဲ့ရတယ်။
နောက်ဆုံးမှာတော့ သူ အောင်မြင်သွားခဲ့တယ်။
သူ့ရဲ့ အဖေ။ နန်ကုန်းမိသားစုရဲ့ ခေါင်းဆောင်ဟာ ပထမဆုံး အကြိမ် သူ့ကို လူတွေ ရှေ့မှာ ချီးမွမ်းခဲ့တယ်။
နန်ကုန်းမုရဲ့ လုပ်ဆောင်ချက်နဲ့ ကျောက်စိမ်းနီလာဓားပညာကို နားလည်အောင် လုပ်ခဲ့တဲ့ စာအုပ်ကို စာကြည့်တိုက်မှာ မှတ်တမ်းတင်ထားစေခဲ့တယ်။
အဲ့ဒီ့နေ့ဟာ နန်ကုန်းမုရဲ့ အပျော်ဆုံးနေ့ဖြစ်ခဲ့တယ်။ သူဟာ တစ်လလုံးလုံး ကျောက်စိမ်းနီလာဓားပညာကို အနှစ်ချုပ် ရှင်းလင်းရေးသားခဲ့တယ်။ အဲ့ဒီ့နောက် သူ့အဖေကို ပေးခဲ့တယ်။
သူ့ရဲ့ အဖေဟာလည်း ဒီ စာအုပ်ကို ရရချင်းအချိန်မှာပဲ မိသားစုတွေ အားလုံးကို စုဝေးစေပြီးတော့ ကြေညာပေးခဲ့တယ်။
ဒီအချိန်မှာတော့ နန်ကုန်းမုဟာ သူ့ဘဝမှာ ပထမဆုံးအကြိမ် အဖြစ် သူ့ကိုယ်သူ တန်ဖိုးရှိပြီလို့ မှတ်ယူခဲ့တယ်။
အခုချိန်မှာတော့ သူ့ကို နန်ကုန်းဟောင်ရဲ့ ညီငယ်လေးလို့ ခေါ်တာတွေ ရပ်ပြီးတော့ နန်ကုန်းမုလို့ အခေါ်ခံရပြီလို့ ထင်ခဲ့တယ်။
အချိန်တွေ ကုန်ဆုံးသွားခဲ့တယ်။
သူရေးခဲ့တဲ့စာအုပ်ဟာ စာကြည့်တိုက်ထဲမှာ ဖုန်တက်နေပြီ ။ ဘယ်သူကမှ မငှားခဲ့ကြဘူး။ တစ်ချက်လေးတောင် မကြည့်ခဲ့ကြဘူး။
အဖုံးက ဖုန်တွေကို နန်ကုန်းမု သုတ်ပြစ်လိုက်ပြီးတော့ နေရာမှာ ပြန်ထားလိုက်တယ်။ ဖုန်တက်လာတိုင်း ဖုန်သုတ်ပြီး နေရာပြန်ထားတယ်။
တစ်နှစ်တိုင်တိုင် ဒီအတိုင်းဖြစ်နေခဲ့တယ်။
ဘာမှ မပြောင်းလဲသွားဘူး ဆိုတာ နန်ကုန်းမု နားလည်ခဲ့ရတယ်။ လူတွေကလည်း သူ့ကို နန်ကုန်းဟောင်ရဲ့ ညီငယ်လေးလို့ ခေါ်နေကြတုန်းပဲ။ သူ တစ်လတိုင်တိုင် ရေးခဲ့ရတဲ့ စာအုပ်အကြောင်းလည်း ဘယ်သူကမှ မပြောခဲ့ ကြဘူး။
အဲ့ဒီ့ညမှာ သူဟာ စာကြည့်တိုက်ထဲမှာ တိတ်တိတ်လေး ရပ်ရင်းနဲ့ စာအုပ်ကို စိုက်ကြည့်နေခဲ့တယ်။
အဲ့ဒီ့နောက် သူဟာ နောက်ထပ် ထပ်မကြည့်တော့ဘူး။ သူဟာ အဖုံးပေါ်က ဖုန်တွေကို ဒီအတိုင်း ထားရစ်ခဲ့တော့တယ်။
အဲ့ဒီ့အချိန်ကနေ စပြီးတော့ သူ့ရဲ့ အတွေးထဲမှာ ကျောက်စိမ်း နီလာဓားပညာကို သုံးပြီးတော့ သူ့ရဲ့ အကိုကြီးကို အနိုင်တိုက်နိုင်ဖို့ အတွေးတစ်ခုသာ ရှိတော့တယ်။ ဒီနည်းလမ်း ကပဲ နန်ကုန်းမိသားစုက လူတွေ ကျောက်စိမ်းနီလာ အနုပညာက နဂါးဗျူဟာထက် အားမနည်းဘူး ဆိုတာကို သိစေလိမ့်မယ်။ ပိုပြီးတော့တောင်
သာသေးတယ်။
ဒါပေမယ့်လည်း
နန်ကုန်းမုရဲ့ ဒီယုံကြည်ချက်တွေဟာတော့ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့ရပြီ။ ဖန်ကျန်းရှီက တစ်ကြိမ်လေး မြင်လိုက်ရုံနဲ့ ကျောက်စိမ်း နီလာဓားပညာ ကျယ်ပြန့်မှု လျှို့ဝှက်ချက်ကို နားလည်သွားတယ်။
“ငါ မယုံဘူး။ မယုံနိုင်ဘူး။ ” နန်ကုန်းမုဟာ နှလုံးသားဲကနေ အော်နေခဲ့တယ်။
ဖန်ကျန်းရှီက တော်တယ်ဆိုတာ သူသိတယ်။ ရန်ရွှယ်ရဲ့ လေအရိပ်ပညာကိုလည်း တစ်ချက်ကြည့်ရုံနဲ့ သင်ယူနိုင်တယ်ဆိုတာ သူကြားဖူးခဲ့တယ်။
ဒါပေမယ့် အခုက ကျောက်စိမ်းနီလာဓားပညာလေ။
နန်ကုန်းမိသားစုတွေတောင်မှ နှစ်ရာချီကြာအောင် လက်လျှော့ထားခဲ့ရတဲ့ အရာ ။
နန်ကုန်းမု မယုံကြည်နိုင်ဘူး။ အမတ်မင်းတွေဟာလည်း မယုံကြည်နိုင်ဘူး ။ ဒါပေမယ့်လည်း အမှန်တရားကတော့ ဖန်ကျန်းရှီကို နေရာမှာ မလှုပ်နိုင်အောင် ချုုပ်ထားခဲ့တဲ့ အပ်ချည်မျှင်တွေက ပြုတ်ကျနေပြီ။ နောက်ပြီးတော့ ဖန်ကျန်းရှီရဲ့ ကိုယ်ဟာ ပိုမိုတောက်ပနေခဲ့တယ်။
ဒီမြင်ကွင်းက ။
ဖြစ်နိုင်ချေရှိတဲ့ တစ်ခုတည်းသော ရှင်းပြနိုင်မှုကတော့ ဖန်ကျန်းရှီက နန်ကုန်းမုရဲ့ ကျောက်စိမ်းနီလာအနုပညာလို ပုံစံတူတဲ့ ပညာမျိုးကို သုံးနေခဲ့တယ်။
“ အရှက်မရှိတဲ့ တောသားကောင်က ဘယ်လိုများလုပ်လိုက်တာလဲ။” ပင်းယန်ဟာ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သလို သူမရဲ့ မျက်လုံးတွေဟာလည်း စိတ်လှုပ်ရှားမှု စိတ်ပူပန်မှုတွေကြောင့် တောက်ပနေခဲ့တယ်။
ဒီအချိန်မှာပဲ အမတ်မင်းတစ်ဦးဟာ ပင်းယန် အနားကို ရောက်လာခဲ့တယ်။ သူ့ရဲ့လက်ထဲမှာတော့ စားသောက်စရာတွေပါတဲ့ ပန်းကန်ပြားတွေရှိနေခဲ့တယ်။
“အရှင်မင်းသမီး။ စားလို့ရပါပြီ“
“ ငလူးပဲ။ ထွက်သွား။” ပင်းယန်ဟာ ဖန်ကျန်းရှီ ဆီကနေ သင်ထားတဲ့ စကားလုံးတွေနဲ့ အမတ်မင်းကို အော်ဟစ်ရင်း စိတ်ပျက်စွာနဲ့ ကြည့်နေခဲ့တယ်။
“ ဘာ.” အမတ်မင်းဟာတော့ စိတ်ထဲထွေပြားသွားခဲ့တယ်။
“ထွက်သွား။” ပင်းယန်ဟာ ဒေါသပေါက်ကွဲစွာ အော်လိုက်တယ်။
“ အမိန့်တော် အတိုင်းပါ မင်းသမီး။” သူဟာနောက်ထပ် ထပ်မနေဝံ့တော့ဘူး ဖြ စ်တယ်။ သူဟာ ပန်းကန်ပြားတွေကို မြေပြင်ပေါ်ချလိုက်ရင်းနဲ့ ပြေးတော့တယ်။
…
စင်မြင့်ပေါ်မှာတော့
နန်ကုန်းမုဟာ သူ့နှုတ်ခမ်းသူ ကိုက်ရင်းနဲ့ ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ သူ့လက်ထဲက ကျောက်စိမ်းနီလာဓားးမောင်နှံဟာတော့ တုန်ယင်နေခဲ့တယ်။ သူ့ရဲ့ လက်ကိုင်တွေကတောင် ကွဲထွက်တော့မတတ် တုန်ယင်နေခဲ့တယ်။
“ ကျောက်စိမ်းနီလာ အနုပညာကို မင်းဘယ်ကနေ သင်ခဲ့တာလြ။”
“ ကျောက်စိမ်း နီလာအနုပညာလား။ ငါမသိဘူး။ ” ဖန်ကျန်းရှီဟာ အမှန်အတိုင်းပြောနေတာ ။
“ မင်း မသိဘူး။ ဒါဆိုရင်ဘယ်လို လုပ်…”
“ အာ မင်းက ဒါကို ပြောနေတာလား။ ဒါက ကျောက်စိမ်းနီလာ လျှို့ဝှက်အနုပညာနဲ့တော့ ကွာပါတယ်။ ဒါကို ငါအခုပဲ တွေးလိုက်တာ။ တာအိုက အဆုံးမဲ့တယ်။ အမြဲတမ်းပြောင်းလဲနေတယ်။ လောကကို ထိန်းသိန်းပေးနေတဲ့ နိယာမက တာအိုပဲ။ ဒါကို အရင်ကတော့ ငါနားမလည်ခဲ့ဘူး။ တာအိုက အရာ တစ်ခုကို ဖန်တီးမြှင့်တင်ပေးမယ်။ တစ်ခုကနေ နှစ်ခု ဖြစ်လာမယ်။ နှစ်ခုကနေ သုံးခုဖြစ်လာမယ်။ ဒီလိုနဲ့ တဖြည်းဖြည်းချင်း ဆက်သွားနေတော့မယ်။ “ ဖန်ကျန်းရှီက ရှင်းပြလိုက်တယ်။
“တာအိုက အရာ တစ်ခုကို ဖန်တီးမြှင့်တင်ပေးမယ်။ တစ်ခုကနေ နှစ်ခု ဖြစ်လာမယ်။ …” နန်ကုန်းမုဟာ သူ့ဘာသူ ရေရွတ်နေခဲ့တယ်။ ဒီစကားလုံးတွေကို သူနားလည်တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီ ဒါကို ပြောနေရတဲ့ အကြောင်းကိုတော့ သူနားမလည်ဘူး။
“ ဟုတ်တယ်။ ဒါပေမယ့်လည်း ဘယ်လိုများ အဆုံးမဲ့စွာ ဖြစ်ပေါ်လဲဆိုတာ ငါ နားမလည်ခဲ့ဘူး။ မင်း ရဲ့ ကျောက်စိမ်းနီလာ အနုပညာမှာ သစ်သားက သစ်သားမဟုတ်ပဲ သက်ရှိ တစ်ခုလို့ မင်းပြောတာကို မကြားခင် အချိန်အထိ မသိခဲ့ဘူး။ ဒါကြောင့် ကျေးဇူးတင်ပါတယ်။” ဖန်ကျန်းရှီက လေးစားစွာ ပြောလိုက်တယ်။
ဒါကတော့ ဖန်ကျန်းရှီရဲ့ ထိုးထွင်းနားလည်သွားတဲ့ အကြောင်း။ သူက ဒါကို သဘောပေါက်သွားပြီးတဲ့နောက်မှာတော့ ဘဝတွေကို ဖြည့်ဆည်းတာကိုလည်း နားလည်သွားခဲ့တယ်။
ကျောက်စိမ်းနီလာ ဓားပညာရဲ့ ထူးခြားချက် စွမ်းရည်က အအေးထဲမှာ ကြီးထွားလာတာကို ထိန်းချုပ်တာပဲ ။ ဒီလိုကြောင့် သူ့ကိုယ်ကို ပြန်လည်ထိန်းချုပ်ခြင်း အားဖြင့် ကိုယ်ထဲက အအေးဓာတ်ကို နှင်ထုတ်ပေးနိုင်လိမ့်မယ်။
“ငါ့ကိုကျေးဇူးတင်တယ်။” နန်ကုန်းမုဟာ ပြုံးလိုက်တယ်။ သူစကားပြောချင်ပေမယ့်လည်း သူ့ရဲ့ စိတ်ခံစားချက်တွေကို ဖော်ပြဖို့အတွက် စကားရှာမတွေ့ပြန်ဘူး။
“ဒါပေါ့။ ငါ့ကို နောက်ထပ်ပညာရပ် အသစ်တစ်ခုကို သင်ကြားနိုင်အောင် ရှင်းလင်းသွားစေတာ မင်းကို ကျေးဇူးတင်ရမှာပေါ့။” ဖန်ကျန်းရှီဟာ နန်ကုန်းမုရဲ့ အတွေးကိုတော့ မသိဘူး ။
“ပညာအသစ်လား။” နန်ကုန်းမုဟာ တောင့်ခဲသွားတော့တယ်။
ဖန်ကျန်းရှီက သူ့စကားကို ပြီးအောင်ပြောပြီးတဲ့နောက်မှာတော့ နန်ကုန်းမုဟာ ကျောက်စိမ်း အလင်းဓား တစ်ချောင်းကို မြင်လိုက်ရတယ်။ ပိုပြီးတော့ အရေးကြီးတာကတော့ ဒါဟာ ဖန်ကျန်းရှီရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ ဓား ဖြစ်နေခဲ့တယ်။
အလင်းဓားကို သူ့လက်ထဲမှာ ကိုင်ထားတယ်။
ဒါက ထူးဆန်းတဲ့ မြင်ကွင်းပဲ။
ဒါပေမယ့်လည်း ဒါက ဘာကိုဆိုလိုချင်လဲ ဆိုတာ သူ ကောင်းကောင်းသိတယ်။
နန်ကုန်းမုရဲ့ နှလုံးသားဟာတော့ တုန်ယင်နေခဲ့တယ်။
အမတ်မင်းတွေဟာတော့ ဒီလိုပဲ ခံစားနေရတယ်။ နောက်ပြီးတော့ ပင်းယန်။ ဧကရာဇ် လင်းမုပိုင်။ အိမ်ရှေ့စံ လင်းထျန်းရုံနဲ့ သွမ်အရှင်တို့လည်း တူညီစွာပဲ ခံစားနေရတယ်။
“ဒါက ယန်လေးရဲ့…” ပင်းယန်ဟာ မျက်လုံးပြူးသွားခဲ့တယ်။ ဒါကို သူမ လက်မခံနိုင်ဘူး။
“ဒါက နတ်ဆိုး ဓားသိန်းသန်းပုံရိပ်ပဲ။ နတ်ဆိုး ကျောင်းတော်ရဲ့ထိပ်တန်း လျှို့ဝှက်ချက် ဓားသိန်းသန်း ပုံရိပ်။ ”
“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”
“မဖြစ်နိုင်ဘူး။ အတုကြီးပဲ ဖြစ်ရမယ်။ ဘယ်လိုလုပ်ပြီးတော့ နတ်ဆိုးကျောင်းတော်က သူတို့ရဲ့ ထိပ်တန်းပညာ ဓားသိန်းသန်း ပုံရိပ်ကို အပြင်လူဆီပေးမှာလဲ။”
အမတ်မင်းတွေဟာတော့ ဖန်ကျန်းရှီရဲ့ လက်ထဲက အရိပ်ဓားကို ကြောက်လန့်တကြားကြည့်နေခဲ့ကြတယ်။ ဒါက ဓားသိန်းသန်း ပုံရိပ်ထဲက နည်းလမ်း တစ်ခုပဲ။
“ဒါကို ဓားသိန်းသန်း ပုံရိပ်လို့ခေါ်တာလား။” ဖန်ကျန်းရှီက ဒီနာမည်ကို ပထမဆုံး ကြားဖူးတာ ။ ဒါကို ပထမဆုံး ရှင်းဟို့ သုံးတာကို မြင်ဖူးခဲ့တယ်။
အဲ့ဒီ့နောက် ချီကူယန်။
သူဟာ ဒီ တိုက်ကွက်ကို အတော်လေး လန်းတဲ့ တိုက်ကွက်လို့ တွေးခဲ့တာ ။ အလင်းဓားက ဓားပေါင်း သန်းချီ အဖြစ်ပြောင်းလဲသွားတာက အမိုက်ဆုံး မြင်ကွင်းပဲ။
ဒီလိုနဲ့ အဆုံးမဲ့ တာအို ပြောင်းလဲခြင်းကို နားလည်သွားပြီးနောက်။ သူဟာချက်ခြင်း အသုံးချတော့တယ်။
“ငါလာပြီ။” ဖန်ကျန်းရှီဟာ အလင်းဓားကို ခပ်တင်းတင်း မဆုပ်ထားတော့ဘူး။
ဒါဟာ သူ့လက်ထဲမှာ တုန်ယင်နေတာကို သတိထားမိတယ်။ အကယ်၍ သူ့ကို အခုချိန်မလွှတ်ရင်ပေါက်ကွဲ ထွက်တော့ မတတ် ခံစားနေရတယ်။ နောက်ဆုံးတော့လည်း ဒါက သူ့ရဲ့ ပထမဆုံး အကြိမ်အသုံးပြုတာပဲလေ။
သူက အတွေ့အကြုံမှ မရှိသေးတာ။
ကျောက်စိမ်း အလင်းဓားဟာ သူ့လက်ထဲကနေ ပြေးထွက်သွားတော့တယ်။
အလင်းတန်းအဖြစ်ကို ပြောင်းလဲသွြးပြီးတော့ နန်ကုန်းမု ဆီကို ပြေးဝင်သွားတာ ။
နန်ကုန်းမုဟာတော့ အံကြိတ်ရင်းနဲ့ ကျောက်စိမ်း နီလာဓားမောင်နှံကို မြေပြင်ပေါ်ကနေ ဆွဲထုတ်လိုက်တော့တယ်။ သူ့ရဲ့ ဓားတွေဟာတော့ အလွန်အမင်း တောက်ပ နေခဲ့တယ်။
“ တိုက်ခိုက်မယ်။” နန်ကုန်းမုဟာတော့ အော်ဟစ်လိုက်တယ်။
အပြာရောင် အလင်းတန်းနဲ့ အစိမ်းရောင် အလင်းတန်းတွေဟာတော့ ဓားကနေ ပေါက်ကွဲထွက်လာတော့တယ်။ သူတို့ဟာ ေကျောက်စိမ်း နီလာ ဓားပညာနဲ့ နှိုင်းယှဉ် လိုက်ရင် ဖန်ကျန်းရှီရဲ့ အလင်းဓားဟာတော့ အားနည်သယောင် ထင်ရတယ်။ ပိုပြီး သေးငယ်ကာ အင်အားလျော့်တယ်။
အလင်းတန်းတွေဟာတော့ စင်မြင့်အလယ်မှာ ထိတွေ့သွားတော့တယ်။
ကျောက်စိမ်း အလင်းဓားဟာတော့ ကျောက်စိမ်းနီလာ အလင်းတန်းတွေရဲ့ ဝါးမျိုမှုကို ခံနေရတယ်။
အချိန်တွေတောင်မှ အခုချိန်မှာ ရပ်တန့်သွားသလိုပါပဲ။
လူတိုင်းဟာတော့ ဒီ တိုက်ခိုက်မှုအပေါ်မှာပဲ အာရုံစိုက်နေကြတဲ့ အတွက် ဘယ်သူကမှ စကားမပြောကြပါဘူး။ သူတို့ဟာ အသက်အောင့်ထားရင်းနဲ့ ရလဒ်ကို စောင့်ဆိုင်းနေခဲ့ကြတယ်။
သူတို့ဟာ ကျောက်စိမ်း အလင်းဓား ပေါကွဲမှာကို မြင်ချင်နေတာ ြဖ်စတယ်။
ဒီအချိန်မှာပဲ။
ကျောက်စိမ်း အလင်းတန်းဟာ ကျောက်စိမ်းနီလာ နဂါး အလင်းတန်းထဲမှာ တောက်ပနေခဲ့တယ်။ အဲ့ဒီ့နောက် နှစ်ခု သုံးခု လေးခု တဖြည်းဖြည်း ကွဲထွက်သွားတော့တယ်။
ကြောက်မက်ဖွယ် အငွေ့အသက်ကိုလည်း ခံစားနေခဲ့ရတယ်။
မရေမတွက်နိုင်တဲ့ ကျောက်စိမ်း အလင်းတန်းတွေဟာတော့ ကျောက်စိမ်း နီလာ နဂါးကို ကြီးမားတဲ့ ကွန်ယက်သဖွယ် လွှမ်းခြုံရင်း ကုခုန်နေခဲ့တယ်။ သေချာကြည့်မယ်ဆိုရင်တော့ သေးငယ်လှတဲ့ အလင်းဓားလေးတွေကို မြင်နေရမှာ ။
ဒီ အလင်းဓားတွေဟာ ရွေကလျားရင်းနဲ့ ကျောက်စိမ်းနီလာ နဂါးကြီး အင်အားကြီးလာမှုကို တားဆီး ထားခဲ့တယ်။ သူတို့ဟာ ကျောက်စိမ်း နီလာ အလင်းတန်းတွေကို မျိုချနေခဲ့တော့တယ်။
ဓားသိန်သန်း ပုံရိပ်။
နတ်ဆိုးကျောင်းတော်ရဲ့ လျှို့ဝှက်ပညာ။
“ဘွန်း!”
ကြီးမားတဲ့ ပေါက်ကွဲမှု တစ်ခုဟာ စင်မြင့်ပေါ်မှာ ပေါ်လာတော့တယ်။ စင်မြင့် တစ်ခုလုံးဟာတော့ တိုက်ခိုက်မှု အရှိန်ကြောင့် တုန်ယင်နေခဲ့တယ်။
“ခcha ခcha!”
စင်ပေါ်က ရေခဲတွေ အားလုံးဟာတော့ ကွဲအက်သွားခဲ့ပြီ။ သူတို့ဟာ ရေခဲမှုန်တွေ အဖြစ်ပြောင်းလဲသွားပြီးနောက် လေထဲကို လွင့်သွားခဲ့တော့တယ်။
စင်မြင့်တစ်ခုလုံးဟာ ဖြူဖွေးနေခဲ့တယ်။
ပုံရိပ်နှစ်ခုဟာလည်း စင်မြင့်ပေါ်မှာ ပေါ်လာခဲ့တယ်။
ဖန်ကျန်းရှီဟာ သူ့နေရာမှာ သူရပ်နေတာ ဖြစ်ပြီးတော့ သူ့ရဲ့ အပြာရောင် အကျီလက်ရှည်ဟာလည်း လေနဲ့ အတူ လွင့်ေ်မျာနေခဲ့တယ်။ နန်ကုန်းမုကတော့ သူ့နှုတ်ခမ်းသူ ကိုက်ထားခဲ့တယ်။ သူ့ရဲ့ အကျီဟာတော့ အနည်းငယ် ပြဲစုတ်နေပြီ ။
ပိုပြိးတော့ အရေးကြိးတာကတော့ နန်ကုန်းမုရဲ့ ခြေထောက် အောက်မှာ အက်ကွဲ ကြောင်း တစ်ခုရှိနေခဲ့တယ်။ ဒီ အက်ကွဲကြောင်းကြောင့် သူဟာ စင်မြင့်ပေါ်မှာ ရပ်နေနိုင်တာလည်း ။
“ ဓားသိန်းသန်းချီ ပုံရိပ်။ တကယ့်ကို နတ်ဆိုး ကျောင်းတော်ရဲ့ လျှိ့ဝှက်ပညာပဲ။ ”
“ နတ်ဆိုး ကျောင်းတော် ။ ဖန်ကျန်းရှီ။ ဘယ်လိုတွေ ဖြစ်ရတာလဲ။”
“အကယ်၍ သူက ဒီ ဓားသိန်းသန်းချီ ပုံရိပ်ကို သင်ခါစဆိုရင် ကိစ္စမရှိဘူး။ နောက်ဆုံးတော့လည်း ဓားသိန်းသန်း နဲ့ ကျောက်စိမ်း န ီလာ အနုပညာက အင်အား အတူတူပဲလေ။ ဒါပေမယ့်လည်း နန်ကုန်းမုကတော့ အဆုံးသတ်တာ မြန်လွန်းတယ်။”
“ဟုတ်တယ်။ ဖန်ကျန်းရှီ ဒီလို လနည်းနည်းလေး အတွင်းမှာ ဒီလောက်ထိ အင်အားကြီးလာမယ်လို့ မထင်ခဲ့မိဘူး။“
အပိုင်း (၂၇၁) ပြီး၏။
အပိုင်း (၂၇၂)
“နန်ကုန်းဟောင်ကို စိန်ခေါ်ခြင်း ”
အမတ်မင်းတွေအားလုံးဟာတော့ ဖန်ကျန်းရှီနဲ့ နန်ကုန်းမုကို မယုံနိုင်စွာကြည့်နေခဲ့ကြတော့တယ် ။
နောက်ဆုံးတော့လည်း နန်ကုန်းမုက ကောင်းကင်ရောင်ပြန်အထွဋ်အထိပ်အဆင့်မှာ ရောက်နေတဲ့သူတစ်ယောက် သူ့ရဲ့ တိုက်ခိုက်မှုအဆင့်က ဓားသိန်းသန်းချီ ပုံရိပ်နဲ့ အင်အားတူညီရမှာ ။ ဒါ့အပြင်ကို သူ့ရဲ့ လက်နက်ဟာတော့ ကျောက်စိမ်းနီလာဓားပညာအတွက် အကောင်းဆုံးသော ရွေးချယ်မှုလည်း ။ တခြားတစ်ဖက်မှာတော့ ဖန်ကျန်းရှီမှာ ဘာမှ မရှိဘူး။
အဆုံးသတ်မှာတော့ ။
နန်ကုန်းမုဟာ ကြောက်စရာကောင်းလောက်အောင် တိုတောင်းတဲ့ အချိန်မှာပဲ ရှုံးနိမ့်သွားခဲ့တယ်။
ဖန်ကျန်းရှီက ကောင်းကင်ရောင်ပြန်အဆင့်ကို လွန်ခဲ့တဲ့ ၆လကမှတိုးတက်လာခဲ့တာ ။ ဒါကြောင့် ကောင်းကင်ရောင်ပြန် အထွဋ် အထိပ်အဆင့်ကို ရောက်နေခဲ့တဲ့ နန်ကုန်းမုထက် အင်အားကြီးနေတာဟာ ကြောက်စရာကောင်းလှလွန်းတယ်။
သွမ့်အရှင်ဟာတော့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားခဲ့တယ်။ သူဟာ ဖန်ကျန်းရှီရဲ့ အရည်အချင်းတွေကို အလွန် အမင်း ထိတ်လန့်နေတာပဲ ။ အကယ်၍ ဒီလို အတိုင်းသာဆက်ဖြစ်နေရင် ။သူက တကယ်ပဲ။
ကောင်းကင်ရောင်ပြန် ခန်းမမှာ ချီကူယန် ပြောခဲ့တဲ့ စကားလုံးတွေကို ကြားယောင်ပြီးတော့ သွမ့်အရှင်ဟာ အိုးထိန်းစက်ပမာ ချာချာလည်နေတော့တယ်။
အကယ်၍ ဖန်ကျန်းရှီသာ ချီကူယန်ကို အနိုင်တိုက်နိုင်ခဲ့ရင် ဘာတွေ ဆက်ဖြစ်လာမလဲ။
ဖန်ကျန်းရှီနဲ့ ပတ်သက်တဲ့ သူ့ရဲ့ မုန်းတီးစိတ်တွေဟာတော့ တိုးပွားလာတော့တယ်။
“ မဟုတ်ဘူး။ ဒါက မဖြစ်နိုင်ဘူး။”
အမတ်မင်းတွေ အားလုံးဟာတော့ ဒါကိုပဲတွေးနေကြတာ ။ မြောက်ရွာမှာ ဖြစ်ခဲ့တဲ့ အဖြစ်တွေက သူတို့ရဲ့ စိတ်ထဲမှာ ထင်ရှားနေဆဲ။ သူတု့ိရဲ့ စိတ်ထဲမှာလည်း ယွီယိဖျင် ရဲ့ စကားလုံးတွေဟာ သူတို့ရဲ့ စိတ်ထဲမှာပဲ့တင် ထပ်လာပြန်တယ်။ ဒီလူက ပုန်ကန်သူပဲ။ အကယ်၍ သူ့ကိုသာ ဆက်ပြီးတော့ ခွင့်လွှတထားမယ်ဆိုရင် ညီလာခံက ဘာနဲ့တူသွားမလဲ။
ပင်းယန်ဟာတော့ ညီလာခံကို ဂရုမစိုက်ဘူး ။
သူမဟာ ဖန်ကျန်းရှီ ဓားသိန်းသန်းချီ ပုံရိပ်ကို ဘယ်လို သင်ယူခဲ့သလဲဆိုတာကိုပဲ ဂရုစိုက်နေခဲ့တယ်။ ဒါက နတ်ဆိုး ကျောင်းတော်ကြီးရဲ့ ထိပ်တန်း ပညာရပ်ပဲ။ ယန်လေးကများ သူ့ကို သင်ပေးတာလား။
မအံ့သြတဲ့ သူဟာတော့ ရန်ရွှယ် တစ်ယောက်တည်းသာ ရှိတာ ။
ယုံကြည်မှု မြစ်မြို့တော် စာမေးပွဲမှာတော့ သူဟာလည်း ဒီလူတွေလိုပဲ အံ့သြခဲ့ရတယ်။ ဒါပေမယ့်လည်း အခုတော့ လုံးဝကို မအံ့သြတော့ပါဘူး။ နတ်ဆိုး ကျောင်းတော်ကြီးရဲ့ ဓားသိန်းသန်း ပုံရိပ်လား။
ရန်ရွှယ်ရဲ့ လေအရိပ်နည်းလမ်းနဲ့ အဇူရာ ဓားပညာတို့က ဓားသိန်းသန်းပုံရိပ်နဲက ကျောက်စိမ်းနီလာ ဓားပညာတို့လောက်တော့ အင်အားမကြီးဘူး။ ဒါပေမယ့်လည်း သိတော့ မကွာလှဘူး ။ အဇူရာ ဓားပညာနဲ့ လေအရိပ်နည်းလမ်းကို နားလည်တဲ့ သူဟာလည်း တခြားသော ဓားပညာနှစ်ခုကို သဘောပေါက်ဖို့ လွယ်ကူမှာ။
ရှင်ချင်းစွေ့ဟာလည်း ရန်ရွှယ်ထက်ကို ပိုပြီးတော့ အေးဆေးနေခဲ့တယ်။ သူ့ရဲ့အတွေးဟာတော့ တိုက်ပွဲထဲမှာပဲ ရှိနေခဲ့တယ။် သူ့ရဲ့ ပြိုင်ဘက်က ပိုပြီးတော့ အင်အားကြီးလေလေ သူ့ရဲ့ တိုက်ပွဲ ဝိဉာဉ်ဟာလည်း အစွမ်းထက်လေ။
…
စင်မြင့်ပေါ်မှာတော့
နန်ကုန်းမု ရဲ့ ရင်ဘတ်ဟာ အလွန်အမင်း နိမ့်ချည်မြင့်ချည်နဲ့လှုပ်ရှိားနေပြီးတော့ ကျောက်စိမ်းနီလာဓားမောင်နှံကို တင်းတင်းကြပ်ကြပ်ဆွဲကိုင်ထားခဲ့တယ်။ သူရှုံးသွားခဲ့ပြီ ဆိုတာကို သူသိတယ်။ ဒါပေမယ့်လည်း ဒီအချက်ကိုတော့ လက်မခံချင်ခဲ့ဘူး။
သူဒီမှာ မရပ်နိုင်ဘူး။ သူအောင်မြင်ဖို့ လိုတယ်။ နန်ကုန်းဟောင်ကို အနိုင်တိုက်ဖို့ အတွက် လိုအပ်တယ်။
လွန်ခဲ့တဲ့ လေးနှစ်တုန်းက နန်ကုန်းဟောင်က တော်ဝင်စာမေးပွဲမှာ ထိပ်တန်းကို ရောက်ခဲ့တယ်။
လွန်ခဲ့တဲ့ ၂နှစ်မှာတော့ သူဟာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် အခွင့်အရေးရခဲ့တယ်။ ဒါပေမယ့်လည်း ထိပ်တန်းကျောင်းတော်သူဖြစ်တဲ့ ချီကူယန်က အကဲဖြတ်မှုမှာ ဝင်ရောက်လာခဲ့တယ်။ ဒါကြောင့်သူဟာ ရွေးချယ်စရာမရှိပဲ လက်လျှော့ခဲ့ရတယ်။ သူဟာ ထိပ်တန်းကျောင်းတော်သား အဖြစ် အိမ်ပြန်မှ ဖြစ်မှာလေ။
အခုတော့ သူက ကောင်းကင်ရောင်ပြန် အထွဋ်အထိပ်ကို ရောက်ေ်နခဲ့ပြီ ။ ကျောက်စိမ်း နီလာအနုပညာနဲ့ ဆိုရင် ထိပ်တန်းကျောင်းတော်သား နေရာကတော့ သူ့အတွက်ပဲ ဖြစ်မှာ။
ဒါပေမယ့်လည်း
သူဟာ ဖန်ကျန်းရှီ နဲ့ ရင်ဆိုင်လိုက်ရတယ်။
ဒီလူက သူ့ရဲ့လမ်းကို ပိတ်ဆို့ဖို့အတွက် ဖြစ်လာခဲ့တယ်။
“ငါရှုံးလို့မရဘူး။” နန်ကုန်းမုဟာ ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့ ရှေ့ဆက်တိုးလာခဲ့တယ်။ သူဟာ အက်ကွဲကြောင်းကို ကြီးမားစေကာ အင်အားပြင်းထန်လှတဲ့ အငွေ့အသက်တွေ သူ့ကိုယ်ကနေ ထွက်ပေါ်နေခဲ့တယ်။
နန်ကုန်းမုရဲ့ အမူအယာဟာတော့ အင်အားပြင်းထန်လှတဲ့ သားရဲကောင်ကြီး တစ်ကောင်နဲ့ တူနေခဲ့တယ်။
“မင်းကဘာကြောင့် ရှုံးလို့မရတာလဲ။” ဖန်ကျန်းရှီဟာ နန်ကုန်းမုရဲ့ မျက်နှာကို တည့်တည့်ကြည့်ရင်းမေးလိုက်တယ။်
နန်ကုန်းမုက သူမရှုံးချင်ဘူး။ ရှုံးလိမ့်မှာ မဟုတ်ဘူးလို့ ပြောတာမဟုတ်ပဲ။ ငါရှုံးလို့မရဘူးတဲ့လား။
“ မင်းအပူမပါဘူး။”
“ငါတို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား။”
“သူငယ်ချင်းတွေ။ ငါ့မှာ သူငယ်ချင်းဆိုတာ မရှိဘူး။”
“ဒါဆိုဘာလို့ ငါ့အတွက် ကူညီပြီး အသနားခံပေးခဲ့တာလဲ ။ညီလာခံခန်းမမှာတုန်းက ”
“မင်းကို ကျေးဇူးဆပ်ဖို့။ ငါ့အသက်ကို ကယ်ခဲ့တဲ့ မင်းကို ကျေးဇူးပြန်ဆပ်ဖို့။ ”
“ငါနားလည်ပြီ။ ဒါပေမယ့်လည်း မင်းက လက်ခံထားတာထက် ပိုပြီးတော့ ပြန်ပေးသင့်တယ်မလား။ မင်းက ငါ့ကို ကူညီခဲ့ပေမယ့်လည်း တကယ်တမ်းမှာ အကူအညီ မမြောက်ခဲ့ဘူး၊” ဖန်ကျန်းရှီဟာ ခေါင်းငြိမ့်လိုက်တယ်။
“ မင်းဘာလိုချင်လဲ။” နန်ကုန်းမုဟာတော့ မျက်လုံးပြူးနေခဲ့တယ်။
“မင်းဘာကြောင့် ရှုံးဖို့ မဖြစ်နိုင်ဘူးဆိုတာ ငါ့ကို ပြောပြ။ ဒါက မင်းင့ါ့ကို ကျေးဇူးဆပ်တာပဲ။” ဖန်ကျန်းရှီက ပြန်ဖြေလိုက်တယ်။
“မင်းကဘာလို့ အဖြေကိုသိချင်နေတာလဲ။”
“ငါစပ်စုချင်တာလို့ ပြောရင် မင်းယုံမှာလား။”
“ကောင်းးပြီလေ။ ငါက တော်ဝင်စာမေးပွဲမှာ ထိပ်တန်းနေရာကို ရချင်တာ။ ”
“ ဘာလို့ ထိပ်တန်းကျောင်းတော်သား ဘွဲ့ရိုရချင်တာလဲ။” ဖန်ကျန်းရှီက ထပ်မေးလိုက်ပြန်တယ်။ သူနဲ့ နန်ကုန်းမုတွေ့ပြီးတော့ စကားပြောရတဲ့အချိန်က နည်းခဲ့ ပေမယ့်လည်း နန်ကုန်းမုက ကျော်ကြားမှုတွေနောက်ကို လိုက်တဲ့ သူမဟုတ်မှန်းသူသိတယ်။
“ ငါလူတစ်ယောက်ကို မရှုံးချင်လို့။”
“ဘယ်သူ့ကိုလဲ။”
“ငါ့အစ်ကိုကို။” နန်ကုန်းမုရဲ့ အသံဟာတော့ ကြေကွဲမှုတွေ အနည်းငယ်ပါဝင်နေခဲ့တယ်။
“မင်းရဲ့ အကိုလား။ သူက ဘယ်သူလဲ။ အရမ်း အင်အားကြီးတာလား။” ဖန်ကျန်းရှီဟာ အဆက်မပြတ်မေးတော့တယ်။ သူတကယ်ပဲ နန်ကုန်းမုရဲ့ အကိုက ဘယ်သူဆိုတာ မသိဘူးဒ။ နောက်ဆုံးတော့လည်း သူက ကန်လင်းတောင်မှာ နေတဲ့ ရွာသားလေးတစ်ယောက်ပဲလေ။
ရွာသားတွေက အပြင်လောကရဲ့ ကိစ္စကို ပြောတာ အတော်လေးရှားတယ်။
သူတို့ တကယ်ပဲ ဂရုစိုက်ကြတာက သူတို့ရဲ့ ကိုယ်ပိုင်ဘ၀ ကို သက်ရောက်တဲ့ အရာတွေ အကြောင်းပဲ။ ဥပမာဆိုရင်တော့ ဟွေ့အန်းဒေသက အသားဈေးနှုန်းတို့။ လူချမ်းသာတွေက ဘယ်လို သားရေမျိုးကို ကြိုက်လဲတို့။ ယုံကြည်မှုမြစ်မြို့တော်မှာ ဘာတွေ ဖြစ်နေတာလဲ။
များသောအားဖြင့်တော့ သူတို့ဟာ နတ်ဆိုးကျောင်းတော်က စည်းမျဉ်းတွေကိုပဲ စိတ်ဝင်စားကြတာ ။
ဖန်ကျန်းရှီ အတွက်လည်း ချီကူယန်နဲ့ မတွေ့အောင် လှည့်ပတ်ရှောင်တာကလွဲပြီးတော့ သူလည်း တခြား ဘာကိစ္စမှ ဂရုမစိုက်သလောက်ပဲ။
“ မင်းငါ့ အစ်ကို ကို မသိဘူလား။” နန်ကုန်းမုက အံ့သြသွားခဲ့တယ်။
“ငါ သူ့ကို သိသင့်လို့လား။” ဖန်ကျန်းရှီက လက်ဝေ့ယမ်းရင်းမေးလိုက်တယ်။
“မင်းတကယ်ပဲ မသိတာလား။”
“တကယ်မသိတာ။”
“ကောင်းပြီလေ။ ငါ့အကိုက နန်ကုန်းဟောင်။”
“အိုး ။”
“မင်းမလန့်သွားဘူးလား။”
“ဘာလို့လန့်ရမှာလဲ။”
“ငါ့အစ်ကို နန်ကုန်းဟောင်။ သူ့ကို ကြီးမြတ်သော ရှ မင်းဆက်က လူတိုင်းသိတယ်။ ”
“ဒါပေမယ့် ငါမှ မသိတာ။ ရင်းလည်းမရင်းနှီးဘူး။ ငါ့တစ်သက်မှာ နန်ကုန်းဟောင်ဆိုတဲ့ နာမည်ကို အခုမှ ပထမဆုံး ကြားဖူးတာ။ ဒါပေမယ့်လည်း နန်ကုန်းမုဆိုတော့ နာမည်ကိုတော့ ကောင်းေးကာင်းကြားဖူးတယ်။ သဘောတူတယ်မလား။ ဟဟား။” ဖန်ကျန်းရှီဟာ ရယ်မောနေခဲ့တယ်။
အမတ်မင်းတွေဟာတော့ ဖန်ကျန်းရှီ ရယ်မောနေတာကို စိတ်ရှုပ်စွာနဲ့ ကြည့်နေကြတော့တယ်။
ဖန်ကျန်းရှီက နန်ကုန်းဟောင်ကို လှောင်ရယ်နေတယ်ဆိုတာ သူတို့ ပြောနိုင်တယ်။
နန်ကုန်းဟောင်ဆိုတာ ဘယ်သူများလဲ။
နန်ကုန်းမိသားစုရဲ့ ကြီးမားတဲ့ ဂုဏ်ရည်နဲ့ နှစ်သက်ဖွယ် ကောင်းမှုပဲ။
ပိုပြီးတော့ အရေးကြီးတာက
နန်ကုန်းဟောင်က နန်ကုန်းမုရဲ့ အကိုလေ။
ဖန်ကျန်းရှီက ဘယ်လိုများ နန်ကုန်းမုရဲ့ အစ်ကို ကို မသိဘူးလို့ပြောနိုင်တာလဲ။ ဒါက နန်ကုန်းမုနဲ့ သူ့မိသားစုကို မလေးစားရာ ရောက်မနေဘူးလား။
လူတိုင်းဟာတော့ နန်ကုန်းမု ဒေါသထွက်တော့မှာပဲလို့ ထင်နေခဲ့ကြတယ်။
ဒါပေမယ့်လည်း တကယ်တမ်းမှာတော့
နန်ကုန်းမုဟာ ဒါကို ကြားချိန်မှာ နေရာမှာပဲ ကြက်သေသေနေခဲ့တယ်။
“ နန်ကုန်းဟောင်ဆိုတဲ့ နာမည်ကို ဒါ ပထမဆုံးကြားဖူးတာပဲ။ ဒါပေမယ့်လည်း နန်ကုန်းမုဆိုတဲ့ နာမည်ကိုတော့ အများကြီးကြားဖူးတယ်။ “
“အများကြီး ။”
နန်ကုန်းမုရဲ့ အတွေးထဲမှာတော့ ဒီစကားလုံးတွေကို ထပ်ခါ ထပ်ခါ ပြန်တွေးနေမိတယ်။ ဖန်ကျန်းရှီ အမှန်ကို ပြောနေတာလားဆိုတာ သူမသိဘူး။ ဒါပေမယ့်လည်း ဒါဟာ သူ့ဘဝမှာ နန်ကုန်းဟောင်ကို မသိပဲ နန်ကုန်းမုကိုပဲ သိတဲ့ သူရှိကြောင်း ပထမဆုံး အနေနဲ့ ်ကြားဖူးတာ ။
လူတစ်ယောက်က နန်ကုန်းဟောင်ကို မသိပဲ ဘယ်လိုများ နန်ကုန်းမုကိုပဲ သိနိုင်တာလဲ။
နန်ကုန်းမုဟာတော့ ကျောက်စိမ်းနီလာဓားမောင်းနှံကို ကျစ်ကျစ်ပါအောင် ကိုင်ထားမိတယ်။ ဒါဟာ ဆယ်စုနှစ် နှစ်ခုစာ ချိုးနှိမ်ထားခဲ့တဲ့ သူ့ ခံစားချက်တွေရဲ့ ရလဒ် တစ်ခုပဲ ။
တစ်ခဏကြာပြီးနောက်မှာတော့ နန်ကုန်ုးမုရဲ့ အမူအယာဟာ ပုံမှန်ပြန်ဖြစ်သွားတော့တယ်။
သူ့ရဲ့ မျက်နှာပေါ်က ကြောက်မက်ဖွယ် အငွေ့အသက်တွေ ပျောက်ဆုံးသွားပြီးတော့ ပြန်လည်တည်ငြိမ်သွားတော့တယ်။
“ ငါ့အတွက် ကိစ္စ တစ်ခုကို လုပ်ပေးနိုင်မလား။” နန်ကုန်းမုဟာ ဖန်ကျန်းရှီကို ကြည့်ရင်း ပြောလိုက်တယ်။ သူဟာတော့ စိတ်ဆုံးဖြတ်လိုက်ဟန်ပါပဲ။
“လုပ်ပေးမယ်လေ။” ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ်။”
“ဘယ်ကိစ္စလည်း ဆိုတာတောင် မင်းမမေးတော့ဘူးလား။”
“ မေးဖို့လိုသေးလို့လား။ ငါတို့က သူငယ်ချင်းတွေပဲကို။ ”
“သူငယ်ချင်းတွေ။ ဟုတ်တယ်။ ငါတို့က တကယ့်ကို သူငယ်ချင်းတွေပဲ။” နန်ကုန်းမုဟာ သူ့ဘာသူ တီးတိုးပြောလိုက်တယ်။ အဲ့ဒီ့နောက ကျောက်စိမ်းနီလာ ဓားမောင်နှံကို ဖြေလျှော့လိုက်တော့တယ်။ “ ငါ့အတွက် နန်ကုန်းဟောင်ကို အနိုင်တိုက်ပေးစေချင်တယ်။”
“ရတာပေါ့။ သူ့ကို လွှတ်လိုက်စမ်းပါ။ မျက်နှာကို ကောင်းကောင်းချပေးလိုက်မယ်။ အိမ်ပြန်ရင် သူ့အမေတောင် သူ့ကို မမှတ်မိစေရဘူး။” ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက် တစ်ခုခု လွဲနေတာကို သူသတိထားမိသွားတော့တယ်။
နန်ကုန်းမုဟောင်က နန်ကုန်းမုရဲ့ အကိုမလား။ ဘာလို့ နန်ကုန်းမုက သူ့ကို ရိုက်ခိုင်းနေတာလဲ။
သူမေးမလို့ ပြင်လိုက်ချိန်မှာပဲ နန်ကုန်းမုဟာ စင်ပေါ်ကနေ ဆင်းသွားတော့တယ်။
“ ကျေးဇူးပဲ ငါရှုံးသွားပြီ။” နန်ကုန်းမုရဲ့ မျက်လုံးတွေဟာတော့ အေးဆေးနေခဲ့တယ်။ သူဟာ ဝန်ထုပ်ဝန်ပိုကြီး တစ်ခုကို ပြစ်ချလိုက်တဲ့ အတိုင်း ပေ့ါပါးနေတော့တယ်။
“အာ။ မင်းပဲ ခုနက ရှုံးလို့မရဘူး ပြောထားတာ မလား။” ဖန်ကျန်းရှီက နန်ကုန်းမုကိုကြည့်ရင်းပြောလိုက်တယ်။
“ အခုတော့ ငါရှုံးလို့ရပြီ။” နန်ကုန်းမုဟာ အဝေးကို လှမ်းကြည့်ရင်း ပြောလိုက်တယ်။ နန်ကုန်းမိသားစုတွေ နေထိုင်တဲ့ ဘက်ကိုပေါ့။
အိမ်ကနေ ထွက်လာချိန်တုန်းက သူ့မှာ ရည်ရွယ်ချက်တစ်ခုပဲ ရှိခဲ့တယ်။ လူုတိုင်းကို အနိုင်တိုက်ပြီး ထိပ်တန်းကျောင်းတော်သား အဖြစ် အိမ်ပြန်မယ်။
အခုတော့ ဒီဆုံးဖြတ်ချက်ကို နောင်တမရတော့ဘူး။
“ မင်းအအခုရှုံးလို့ရပြီလား။” ဖန်ကျန်းရှီဟာ နန်ကုန်းမုပြောတာကို နားမလည်ဘူး။
အမတ်မင်းတွေအားလုံးဟာတော့ အခုဖြစ်နေတာကို အံ့သြနေကြတယ်။ ဘာတွေ ဖြစ်ကုန်ပြီလဲ။ နန်ကုန်းမုက ရုတ်တရက်ဘာလို့အရှုံးပေးလိုက်တာလဲ။ ဖန်ကျန်းးရှီ သူ့ကို ဘာများလုပ်လိုက်လို့လဲ။
ကြားရတာ
ခနနေပါအုန်း။ ဖန်ကျန်းရှီက နန်ကုန်းမုကို အနိုင်တိုက်မယ်လို့ အခုပဲ ပြောလိုက်တာ မလား။
“ ငါကြားတာ မှန်ကော မှန်ရဲ့လား။ ဖန်ကျန်းရှီက နန်ကုန်းဟောင်ကို အခုစိန်ခေါ်လိုက်တာလား။”
“ ထင်တာပဲ။ သူ့အမေ မမှတ်မိတော့လောက်တဲ့ အထိ မျက်နှာကို နာနာလေး ချပေးမယ်လို့တောင် ေ ပြာလိုက်သေးတယ်။ ”
“ အတင့်ရဲလိုက်တာ။ ဒါပေမယ့် ဒီကောင် ဘာတွေနေတာလဲ။ ဒါက နန်ကုန်းမိသာစုကနန်ကုန်းဟောင်လေ။ သူ့မှာ ဒီလောက်ထိ သတ္တိရှိနေတာလား။”
အမတ်မင်းတွေဟာတော့ အကြောက်အလန့်မရှိတဲ့ ဖန်ကျန်းရှီကို ငေးကြည့်နေကြတယ်။ သူဘာတွေ တွေ းနေလ ဲဆိုတာ သူတို့ တကယ်ပဲ မခန့်မှန်းနိုင်ဘူး။
သူတကယ်ပဲ နန်ကုန်းဟောင်ကို စိန်ခေါ်လိုက်ပြီလား။ ဧကရာဇ်ရဲ့ ရှေ့မှာတောင် စိန်ခေါ်လိုက်တယ်။ ဒီအရှက်မရှိတဲ့ ခွေးကောင်လေးက တစ်နေ့ထက် တစ်နေ့ အတင့်ရဲလာတာပဲ။ “ ပင်းယန်ဟာ တက်ကြွစွာ ပြောနေခဲ့တယ်။
“ နန်ကုန်းဟောင်ကို စိန်ခေါ်မယ်။” ရှင်ချင်းစွေ့ဟာ ရန်ရွှယ်ကို ကြည့်နေခဲ့တယ်။ ရန်ရွှယ်ဟာတော့ တည်ငြိမ်နေခဲ့တယ်။ ဖန်ကျန်းရှီ ရဲ့ စကားလုံးတွေကို မအံ့သြပါဘူး။
သွမ့်အရှင်ရဲ့ မျက်နှာပေါ်မှာတော့ တောက်ပတဲ့ အပြုံးပေါ်လာခဲ့တယ်။ “ ကိုယ့်နေရာကို မသိတဲ့ ရွာသားလေး။ နန်ကုန်းဟောင်က ညီလာခံစာမေးပွဲမှာ ပါဝင်တဲ့ အချိန် မင်းဘယ်လိုလုပ်မလဲကြည့်ကျသေးတာပေါ့။”
လူတိုင်းဟာတော့ အခုဖြစ်နေတာတွေ အကြောင်း တစ်ယောက်မျိုး တွေးနေကြတယ်။ ဒါပေမယ့်လည်း ဧကရာဇ် လင်းမုပိုင်ဟာတော့ အမူအယာ မဲ့နေခဲ့တယ်။ ဧကရာဇ်မင်း တစ်ပါးအနေနဲ့ ဘာတွေ ဖြစ်နေလဲ ဆိုတာ သူခန့်မှန်းဖို့ မလိုဘူး။
သူလိုအပ်တာက တိုးတက်မှုနဲ့ ရလဒ်ကို စောင့်ဖို့ပဲ။
…
ရလဒ်ကို ကြေညာပြီးတဲ့နောက် ဖန်ကျန်းရှီနဲ့ နန်ကုန်းမုတို့ရဲ့ ဗိုလ်လုပွဲ အကြို ယှဉ်ပြိုင်မှု တွဲဖက်တွေကို ရွေးချယ်ကြရတယ်။
ကံကောင်းတဲံ ဖန်ကျန်းရှီကတော့ ဒဏ်ရာပြင်းထန်တဲ့ ပြိုင်ပွဲဝင်တစ်ဦးကို ရွေးမိပြီးတော့
ရန်ရွှယ်ကတော့ ရှင်ချင်းစွေ့ကို ရွေးမိတယ်။
ရန်ရွှယ်ကတော့ စကားများတဲ့သူ မဟုတ်သလို ရှင်ချင်းစွေ့လည်း အတူတူပါပဲ။ အဲ့ဒီ့နောက် တိုက်ပွဲဟာ စတင်တော့တယ်။
ရှင်ချင်းစွေ့ က စတင်တိုက်ခိုက်ခဲ့တယ်။ အံ့သြစရာမရှိပါဘူး ။ စစ်နတ်ကျောင်းတော် ကထိုးစစ် ထိုးစစ် ထိုးစစ် မှာ ကျွမ်းကျင်ယုံကြည်ကြတယ်။
ရန်ရွှယ်ဟာလည်း အခြေအနေကို ကောင်းကောင်းထိန်းထားနိုင်တယ်။
ဒါဟာတော့ အတော်လေးကို ပြင်းထန်ပြီးတော့ စိတ်လှုပ်ရှားစရာကောင်းတဲံ ပွဲ ။ ဒီ တိုက်ပွဲက ဖန်ကျန်းရှီရဲ့ ပွဲတော် ဖျော်ဖြေတင်ဆက်မှု အစွမ်းကိုလည်း မြင်တွေ့ခဲ့ရတယ်။ (ဘောလုံးပွဲ ကြေညာသလို အားပေးခြင်း)
ငါးမိနစ်ကျော်ကြာပြီးနောက်မှာတော့ တိုက်ပွဲဟာ အရှိန်လျော့လာခဲ့တယ်။
ရန်ရွှယ်ဟာတော့ အရင်ကလိုပဲ တည်ငြိမ်အေးစက်နေခဲ့တယ်။
ရှင်ချင်းစွေ့ဟာတော့ ဖြူဖျော့နေခဲ့တယ်။ သူ့ရဲ့ အကျီ အနက်မှာတော့ ချွေးကွက်တွေ စိုနေခဲ့တော့တယ်။
“ကြည့်ရတာ ရှင်ချင်းစွေ့က အပြည့်အ၀ ပြန်မကောင်းသေးတဲ့ပုံပဲ။ ”
“ သူ့ရဲ့ အရိုးတွေကျိုးသွားပြီးတော့ အတွင်းဒဏ်ရာတွေလည်း အတော်များများ ရထားတယ်။ အနည်းဆုံး ခြောက်လ ကြာမှပဲ ပျောက်နိုင်မယ်။ ”
“ဟုတ်တယ်။ ရှင်ချင်းစွေ့က သုခမိန်လောကထဲမှာလဲ ဒဏ်ရာတွေ အများကြီးရခဲ့တယ်။ သူ အသက်ရှင်လာတာကိုက အံ့သြဖွယ်ကောင်းလှတယ်။ ဒီတိုက်ပွဲက အတော်လေး မြန်လိမ့်မယ်လိုက ငါထင်တယ်။”
“ ပြောနိုင်တာကတော့ ရန်ရွှယ်ကို ရှင်ချင်းစွေ့လိုမျိုး အင်အားပြင်းထန်ဖို့တော့ မမျှော်လင့်ဘူး။ သူကအတော်လေး အရည်အချင်းရှိပေမယ့်လည်း“
အမတ်မင်းတွေ အားလုံးဟာတော့ ဒီတိုက်ပွဲ အကြောင်းကို ဆွေးနွေးနေခဲ့ကြတယ်။
ဖန်ကျန်းရှီဟာတော့ ရန်ရွှယ်ကို စင်အောက်ကနေ အားပေးနေခဲ့တယ်။ သူဟာ ချက်ခြင်းဆိုသလို ဘေးပတ်ဝန်းကျင်က အမတ်မင်းနဲ့ စာစစ်သူတွေရဲ့ ဒေါသ အကြည့်တွေကို ကောင်းကောင်းရလိုက်တော့တယ်။
“ ဒီကောင်က ဘယ်လိုများ အတွေးအခေါ်စာမေးပွဲမှာ ထိပ်တန်းကျောင်းတော်သား ဖြစ်ရတာလဲ။”
“ မေးခွန်း ခြောက်စုံလုံးကို ဒီလိုလူက အကုန်ဖြေခဲ့တယ် ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။”
“နောက်ပြီးတော့ ဒီလို အကျင့်စရိုက်ရှိတဲ့ သူနဲ့ ရန်ရွှယ်က ဘယ်လိုများ တွဲမိသွားတာလဲ။”
ဖန်ကျန်းရှီရဲ့ အော်ဟစ် အာေးပးနေမှုကို မြင်ချိန်မှာတော့ အစောင့်တွေ နောက်မှာ ရပ်နေတဲ့ လူငယ်တွေဟာ လှောင်ရယ်နေကြတော့တယ်။
ပင်းယန်တစ်ယောက်သာ ဖန်ကျန်းရှီရဲ့ အပြုအမူကို မအံံသြတာ ။ သူမဟာလည်း အော်ဟစ်အားပေးနေခဲ့တယ်။ “ လာစမ်းပါ။ ချလိုက်စမ်း။ ချပြစ် ချပြစ်။”
…
စင်မြင့်ပေါ်က တိုက်ပွဲဟာတော့ ပြင်းထန်လာတော့တယ်။
အခုချိန်ထိ ရှင်ချင်းစွေ့နဲ့ ရန်ရွှယ်တို့ဟာ စကားတစ်ခွန်းတောင် မပြောကြသေးဘူး ။
ရှင်ချင်းစွေ့ဟာတော့ မဟူရာဓားကို စွဲကိုင်ထားပြီး သူ့ရဲ့ တိုက်ပွဲ ဝိဉာဉ်ဟာတော့ တစ်စထက် တစ်စ ပြင်းထန်လာခဲ့တယ်။ ရန်ရွှယ်ဟာတော့ နေရာမှာပဲ ရပ်နေခဲ့တယ်။ သူ့ရဲ့ တောင်နဲ့ မြစ်မိုးမြေယပ်တောင်ဟာတော့ နေရောင်ထဲမှာ တောက်ပနေခဲ့တယ်။
“တိုက်” ရှင်ချင်းစွေ့ဟာ ဝမ်းခေါင်းသံနဲ့ အော်ဟစ် မာန်သွင်းလိုက်တယ်။ သူ့ရဲ့ ဓားကို နှိမ့်ချလိုက်ပြီးတော့ သူ့ရဲ့ တိုက်ပွဲ ဝိဉာဉ်ဟာလည်း ဓားသွားတမျှ ချွန်ထက်လာခဲ့တယ်။
ဒါပေမယ့်လည်း သူမာန်သွားလိုက်ချိန်မှာတော့ ရန်ရွှယ်ဟာ ပျောက်ကွယ်သွားခဲ့တော့တယ်။
သူရပ်နေတဲ့ နေရာကနေ ပျောက်ကွယ်သွားခဲ့ပြီ။
တကယ်တမ်းမှာတော့ ကမ္ဘာလောကကြီး တစ်ခုလုံးဟာ ပျောက်ကွယ်သွားတာ ။ အဖြူရောင် အလင်းတန်းတွေသာ ပျံ့သွားတော့တယ်။ တခြားအရောင် မရှိဘူး။
စာစစ်သူတွေ အားလုံးဟာတော့ သူတို့ရဲ့ မျက်လုံးတွေကို ဓားသွားတွေနဲ့ ထိုးဖောက်ခံလိုက်ရသလို ခံစားရပြန်တယ်။ သူတို့အားလုံးဟာတော့ နှလုံးသား ထဲကနေ ကျိန်ဆဲ နေကြတော့တယ်။
“ တနေ့တည်းမှာပဲ အဖြူရောင် အလင်းကြောင့် မျက်စိဘယ်နှစ်ခါ ကန်းနေရအုန်းမှာလဲ။ သူတို့တွေ ဒါကို လုပ်မှရမှာလား။ ဒါက ခွေးကောင် ဖန်ကျန်းရှီ ရဲ့ နည်းလမ်း မဟုတ်ဘူးလား။”
အပိုင်း (၂၇၂) ပြီး၏။
အပိုင်း (၂၇၃)
“ အလစ်ချောင်းတိုက်ခိုက်ခြင်းလောက”
ရန်ရွှယ်ဟာ ဒီ တစ်ကြိမ်မှာတော့ အလစ်ချောင်း တိုက်ခိုက်မှုမျိုးကို လုပ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
ဒီလို အဖြစ်မျိုးဟာတော့ အဖြစ်ကင်းစင်တဲ့ ကလေး တစ်ယောက်က ပြစ်မှု ကျူးလွန်လိုက်သလိုမျိုးနဲ့ ဆင်တယ်။ ဒီကလေးက နောက်ဆုံးမှာ ပြစ်မှုများရဲ့ အရှင် သခင်ဖြစ်နေတာကို ရုတ်တရက်တွေ့လိုက်ရသလိုပဲ ။
သူတို့ဟာ မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကြတယ်။
အစကနေ ရန်ရွှယ်ဟာ ရှင်ချင်းစွေ့ကို ကောင်းကောင်းတိုက်ခိုက်ခဲ့တယ်။ သိပ်ကို ရိုးရာဆန်ပြီးတော့ ပြင်းထန်တဲ့ တိုက်ပွဲလည်း ဖြစ်ခဲ့တယ်။
ဒါပေမယ့်လည်း ရန်ရွှယ်ဟာ လှည့်စားမှုကို သုံးဖို့ အတွက် ဆုံးဖြတ်လိုက်တယ်။ ဒါက မထင်မှတ်ထားစရာ ကောင်းတဲ့ အရာတစ်ခုပဲ ။
ဒါက ဘယ်သူမှ မခန့်မှန်းမိတဲ့ အရာ။
ဖန်ကျန်းရှီက ဒီအကွက်ကို ခုနကပဲ တိုက်ပွဲမှာ သုံးသွားခဲ့တာ။ တခြားတစ်ဖက်မှာလည်း ရန်ရွှယ်က စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်မှာမှ ဒီလို လုပ်ချသွားခဲ့တယ်။
ဒီလို ဆိုးတဲ့ အဖြစ်မျိုးနဲ့ သူ့ကိုယ်သူ ကျန်ရစ်ခဲ့အောင် လုပ်မယ်လို့ ငါထင်တောင် မထင်ခဲ့ဘူး။
အမတ်မင်းတွေအားလုံးဟာတော့ နားမလည်နိုင် ဖြစ်နေခဲ့တယ်။ ဒါပေမယ့်လည်း သူတို့ဟာတော့ သူတို့ရဲ့ မျက်လုံးတွေကို ချက်ခြင်းပိတ်လိုက်ကြတယ်။
နောက်ထပ်ဘာလာမလဲ ဆိုတာကို ခန့်မှန်းနေခဲ့ကြတယ်။ အိပ်မွေ့ချမျက်ဝန်း။ နောက်တစ်ခါလား။ ဒီလို စော်ကားခံရတာကိုတော့ နောက်တစ်ကြိမ် မခံတော့ဘူး။
တရက်တည်းနဲ့ နှစ်ကြိမ်တောင် မျက်လုံးကန်းမလို ဖြစ်နေရတာ။
နောက်ထပ် အိပ်မွေ့ချခံရပြီးတော့ ပြုတ်ကျတာမျိုး အဖြစ်မခံနိုင်တော့ဘူး။
ဒီလိုနဲ့ လူတိုင်းဟာ မျက်လုံး ပိတ်နေကြတော့တယ်။
ဒီအချိန်မှာပဲ။ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးဟာ စင်မြင့်ပေါ်မှာ ပေါ်လာခဲ့တယ်။ ဒါဟာ အက်ကွဲသံ တစ်ခုနဲ့ ကျယ်လောင်စွာ ပြုတ်ကျတဲ့ အသံ တစ်ခု ။
အမတ်မင်းတွေ အားလုံးဟာတော့ စင်မြင့်ပေါ်ကို သာ ကြည့်နေခဲ့ကြတော့တယ်။
သူတို့ အားလုံးဟာတော့ သူတို့ မြင်နေရတာကို ထိတ်လန့်သွားခဲ့ကြတယ်။
စင်မြင့်ပေါ်က လူနှစ်ယောက်မှာတော့ တစ်ယောက်တည်းကသာ မတ်တပ်ရပ်နေခဲ့တယ်။
နောက်တစ်ယောက်ကတော့
သူဟာ ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေခဲ့တယ်။ ရန်ရ်ွှယ်ဟာတော့ စကားမပြောခဲ့ဘူး။ သူဟာ လက်သီးဆုပ်ရင်းဟာ ရှင်ချင်းစွေ့ကို အရိုအသေ ပြုလိုက်တ်ယ။ အဲ့ဒီ့နောက် ဧကရာဇ် လင်းမုပိုင်နဲ့ တခြား အမတ်မင်းတွေကို ဦးညွှတ်လိုက်တယ်။
ဒါတွေပြိးတဲ့နောက်မှာတော့ သူဟာ စင်ပေါ်ကနေ ဆင်းသွားတော့တယ်။
ကြည့်ရတာတော့ အလွန်ကို သာမန်ဖြစ်တဲ့ အခြေအနေပဲ။ ရိုင်းစိုင်းတာတွေ မလုပ်သင့်တာတွေကို မလုပ်ထားတဲ့ အတိုင်းပဲ ။ ဒါပေမယ့်လည်း အမတ်မင်းတွေ အားလုံးဟာတော့ ရန်ရွှယ်ကို အထူးအဆန်းဖြစ်စွာ ကြည့်နေခဲ့ကြတယ်။
“သူတကယ်ပဲ မဟုတ်တရုတ်တိုက်ခိုက်မှုကို သုံးခဲ့တယ်။ ”
“ဒါက မဟုတ်တရုတ်တိုက်ခိုက်မှုလို့တော့ မထင်ဘူး။ ဒါက အနိုင်ရအောင် အလွယ်တိုက်တာပဲ ဖြစ်မယ်။ “
“ငါ့အမြင်အရဆိုရင်တော့ ရန်ရွှယ်က လက်ရည်သာတယ်။ သူ့ရဲ့ ပုံမှန်အစွမ်းနဲ့ တင် အနိုင်ရနိုင်တာကို ဘာလို့ ဒီလိုအပြုမူလုပ်လိုက်တာလဲ။”
အမတ်မင်းတွေဟာတော့ တစ်ယောက်ကို တစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့ကြတော့တယ်။
သူတို့ဟာ ရန်ရွှယ်လုပ်တာ မှားတယ်လို့တော့ မတွေးကြပါဘူး။ နောက်ဆုံးတော့လည်း နှစ်ယောက်တွဲ တိုက်ပွဲမှာ အနိုင်ကသာ အဓိကလေ။ ဒါပေမယ့်လည်း သူတို့ရဲ့ အမြင်အရ။ ရန်ရွှယ်ဟာ ဒီလို အလစ်ချောင်းတဲ့ နည်းလမ်းမျိုးကို သုံးပြီးတော့ အနိုင်ယူဖို့ မလိုဘူး ။
ရှင်ချင်းစွေ့ရဲ့ အမူအယာဟာလည်း ထူးဆန်းနေခဲ့တယ်။ သူဟာ ဒီလို အဖြစ်မျိုးနဲ့ ရှုံးရတာကို ဘာလို့များ မလိုလားတဲ့ ပုံစံ မရှိရတာလည်း ။ သူ့ရဲ့ အကြည့်တွေဟာလည်း ရှင်းသန့်နေခဲ့တယ်။
သူဟာ အကျီက ဖုန်တွေကို ခါနေရင်းနဲ့ ရန်ရွှယ့်ဆီကို လျှောက်လာရင်း ဦးညွှတ်ကာ ပြောလိုက်တယ်။ “ ကျေးဇူးတင်ပါတယ်။”
“ အားနာစရာ မလိုပါဘူး။” ရန်ရွှယ်ဟာ ရှင်ချင်းစွေ့ကိုကြည့်ရင်း ခေါင်းငြိမ့်ကာ ပြောလိုက်တယ်။
“ကျေးဇူးတင်တယ်တဲ့လား။”
“ရှင်ချင်းစွေ့က ရန်ရွှယ်ကို ကျေးဇူးတင်နေတယ်တဲ့ ။ နောက်ပြီးတော့ ရန်ရွှယ်ကလည်း ဒါကို ကြိုသိထားတဲ့ ပုံနဲ့။”
“ဘာတွေ ဖြစ်ကုန်တာလဲ။”
အမတ်မင်းတွေဟာ သူတို့ မြင်နေတာကို နားမလည်နိုင် ဖြစ်နေခဲ့ကြတယ်။
“ အာ ငါနားလည်ပြီ။ ” အမတ်မင်း တစ်ဦးဟာတော့ ရုတ်တရက်ထပြောလိုက်တယ်။
“ဘာဖြစ်တာလဲ။” နောက်ထပ် အမတ်မင်း တစ်ဦးဟာ ချက်ခြင်း မေးလိုကတယ်။
“ရှင်ချင်းစွေ့က သူ့ရဲ့ ဒဏ်ရာတွေကနေ သက်သာခါစပဲ ရှိသေးတာ။ ဒီလိုကြောင့် ရလဒ်ကို အစတည်းက ခန့်မှန်းပြီးသားပဲ။ ဒါပေမယ့်လည်း သူ့ရဲ့ ဗီဇကို အခြေခံရင် ရှင်ချင်းစွေ့ဟာ သေသေကျေကျေ တိုက်ခိုက်လိမ့်မယ်။ သူ့ရဲ့ ဒဏ်ရာတွေကလည်း ပိုဆိုးဖို့ပဲ ရှိမယ်။ ညီလာခံစာမေးပွဲမှာ ပါဝင်ဖို့ အတွက်တောင် မှ သက်ရောက်မှု ရှိနိုင်သေးတယ်။ ””
“ မင်းပြောချင်တာ ရန်ရွှယ်က ရှင်ချင်းစွေ့ကို ညီလာခံ စာမေးပွဲမှာ ကောင်းကောင်း မွန်မွန် ဖြေဆိုနိုင်အောင် ဒီလို နည်းလမ်းကိုသုံးပြီးတော့ ခပ်မြန်မြန် တိုက်ပွဲကို အဆုံးသတ်လိုက်တာတဲ့လား။”
“ဒါကတော့ အကောင်းဆုံးဖြေရှင်းချက်ဖြစ်မယ်ထင်တယ်။”
“ ရန်မိသားစုရဲ့ ဆက်ခံသူ ဖြစ်နေတာလည်း မဆန်းတော့ပါဘူး။ သူ့ရဲ့ စိတ်ဓာတ်နဲ့ တွေးခေါ်မျှော်မြင်နိုင်စွမ်းက ငါတို့သိတဲ့ တစ်ယောက်သောသူကြီး (ဖန်ကျန်းရှီ) နဲ့ တူမှမတူပဲ။”
အမတ်မင်းတွေဟာတော့ ရန်ရွှယ် သုံးသွားတဲ့ နည်းလမ်းရဲ့ နောက်ကွယ်က အကြောင်းကို ခန့်မှန်ပြီးပြီ ။
အမတ်မင်းတွေ ပြောနေကြတဲ့ စကားတွေကို ကြားချိန်မှာတော့ ပင်းယန်ဟာ မကျေမနပ်ဖြစ်နေခဲ့တယ်။ “ သူတို့က နည်းလမ်း တစ်ခုတည်းကို သုံးကြတာပဲ။ ဖန်ကျန်းရှီ လုပ်တာကျတော့ အရှက်မဲ့တယ် ဖြစ်ပြီးတော့ ရန်ရွှယ်လုပ်တာကြတော့ ဘာလို့ မြင့်မြတ်တယ်။ ြုဖစ်ရတာလဲ။ ဖန်ကျန်းရှီ အရှက်မရှိတာတွေ များသွားလို့လား။”
ဒါပေမယ့်လည်း ဖန်ကျန်းရှီကတော့ အမတ်မင်းတွေရဲ့ စကာ်းကို ဂရုတောင် မစိုက်ပါဘူး။ အရှက်မရှိတာလား။ ဒါက ငါ့ရဲ့ အထူးအရည်အချင်းပဲ။
ငတုံးကောင်တွေပဲ တိုက်ပွဲမှာ လွယ်ကူတဲ့ နည်းလမ ်းကို မသုံးပဲ အပင်ပန်းခံပြီးတော့ တိုက်ခိုက်မှာ။
ဒဏ်ရာရတာကဘာကောင်းလို့လဲ။
ဖန်ကျန်းရှီရဲ့ အတွေးကတော့ ရိုးရှင်းပါတယ်။ သူဟာ တိုက်ရိုက်တိုက်ခိုက်မှုတွေကို တတ်နိုင်သလောက် ရှောင်ရှားခဲ့တယ်။ သူ့ရဲ့ ကိုယ်ကို သူ့မိဘတွေက ခက်ခက်ခဲခဲ မွေးဖွားပေးတာ။ သူတို့ကို ကာက်ွယ်ပေးရအုန်းမယ်။ကောင်းကောင်း ထားရအုန်းမယ်။ ဒါကြောင့် သူထိခိုက်လို့ မဖြစ်ဘူး။
…
ရန်ရွှယ် နဲ့ ရှင်ချင်းစွေ့ တို့ရဲ့ တိုက်ပွဲဟာတော့ ပြီးဆုံးသွားတော့တယ်။ ဒါဟာ ရန်ရွှယ် ဗိုလ်လုပွဲ ကို တက်သွားခဲ့ပြီလို့လည်း ပြောနိုင်တယ်။ အခုချိန်မှာတော့ အမတ်မင်းတွေရဲ့ ရန်ရွှယ်ကို ကြည့်တဲ့အကြည့်တွေဟာလည်း ပြောင်းလဲနေတော့တယ်။
နောက်ဆုံးတော့လည်း တော်ဝင်စာမေးပွဲ စတင်ချိန်တည်းက ကြယ်တာရာ စုဝေးမှု အဆင့် လူတစ်ယောက်က ဘယ်လိုများ ဗိုလ်လုပွဲကို ရောက်မယ်လို့ ထင်မိမှာလဲ။
သူတို့ဆွေးနွေးနေချိန်မှာပဲ ဖန်ကျန်းရှီဟာ စင်ပေါ်ကို တက်လာခဲ့တယ်။
ဖန်ကျန်းရှီ ရဲ့ ပြိုင်ဘက်ဟာတော့ ဒဏ်ရာ အတော်လေး ရနေတဲ့ ကောင်းကင်ရောင်ပြန် အလယ်အလတ် အဆင့် သူ တစ်ဦး။ သူဟာ ဒီ နေရာကို ရောက်ဖို့ အတွက် အတော်လေး ခက်ခက်ခဲခဲ တိုက်ခိုက်ကာ ကျော်ဖြတ်ခဲ့ရတယ်။ နောက်ပြီးတော့ အရင်တိုက်ပွဲမှာလည်း သူဟာဒဏ်ရာတော်တော် ရခဲ့တာ ။
စင်ပေါ်ကို တက်ချိန်မှာတောင် သူဟာ အနည်းငယ် တုန်ယင်နေခဲ့တယ်။
သူ့ရဲ့ အကျီတွေဟာလည်း သွေးတွေနဲ့ စွန်းပေနေခဲ့တော့တယ်။
ဖန်ကျန်းရှီ အတွက်တော့ သူဟာ တည်ငြိမ်အေးဆေးနေဆဲ ။ နန်ကုန်းမုနဲ့ တိုက်ခိုက်ပြီးတာတောင်မှ သူဟာ ပင်ပန်းဟန် အလျဉ်းမရှိ။ သူ့ရဲ့ အပြာရောင် အကျီ လက်ရှည်ရဲ့ လက်အိုးတွေဟာတော့ လေအလွှင့်မှာ တဖြတ်ဖြတ် လှုပ်ခတ်နေတော့တယ်။
“ အမတ်မင်း ။ ကျွန်တော့် အသက်ကို သုခမိန် လောကထဲမှာ ကယ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း ဒီနေ့မှာတော့ အမတ်မင်းကို ထိခိုက်အောင် လုပ်ရတော့မယ်။ ” သက်လတ်ပိုင်း ယှဉ်ပြိုင်သူဟာ ဦးညွှတ်လိုက်တယ်။
“ ဉာဏ်ရှိရှိနဲ့ တခါတည်း အရှုံးပေးသင့်တာ မဟုတ်ဘူးလား။” ပထမဆုံး အနေနဲ့ ဖန်ကျန်းရှီဟာ ဒီလူ့ကို အနိုင်ရဖို့ ယုံကြည်ချက်တွေ ရှိနေတာကို ခံစားလိုက်ရတယ်။
သူ တကယ်ပဲ ဒီခံစားချက်ကို နှစ်သက်တယ်။ ဒါကြောင့် အချိန်နည်းနည်း ကြာအောင် အချိန်ဆွဲထားချင်ခဲ့တယ်။
“ ဒီနေရာထိ ရောက်အောင် ကျွန်တော် ကြိုးစားခဲ့ရ ပြီးပြီ ဘယ်လို များ အခုချိန်မှာ လက်လျှော့နိုင်မှာလဲ။ ” ယှဉ်ပြိုင်သူဟာတော့ အံကြိတ်ရင်း ပြောလိုက်တော့တယ်။ နောက်ဆုံး ရမယ့် ရလဒ်ကို သူသိပေမယ့်လည်း ဒီလိုမျိုး လ ွယ်လွယ်ကူကူနဲ့တော့ လက်လျှော့ပြီး အရငံးမပေးနိုင်ဘူး။
“ ဒါတော့ မှန်တယ်။ ဒါဆိုရင် မင်းကို သုံးကွက် အကျောပေးလိုက်မယ်။ မင်းသုံးကြိမ် တိုက်ခိုက်ချိန်မှာ ငါ မရွေ့လျားဘူး။ ” ဖန်ကျန်းရှီဟာ ခေါင်းငြိမ့်ရင်းနဲ့ စင်မြင့်ရဲ့ အစွန်ကို လျှောက်သွားခဲ့တယ်။
“ သုံးကွက် အကျော ။ မလှုပ်ရှားဘူး။” သက်လတ်ပိုင်း ယှဉ်ပြိုင်သူဟာတော့ မယုံကြည်နိုင်ဖြစ်နေခဲ့တယ်။ အခု ဖန်ကျန်းရှီ ဘာလုပ်နေတာလဲ။ ဒါပေမယ့်လည်း တစ်ခုခုမှားနေတာကို တော့ သူမခံစားရဘူး ။
နောက်ဆုံးတော့လည်း ဖန်ကျန်းရှီက သူ့ရဲ့ တိုက်ခိုက်စွမ်းရည်ကို နန်ကုန်းမ်ုကို တိုက်ခိုက်ချိန်မှာပြသခဲ့ပြီးပြီပဲ။ သူ့မှာ ဒီလို ပြောဖို့ ယုံကြည်ချက်ရှိမှာပဲလေ။
ဒါပေမယ့်လည်း
သက်လတ်ပိုင်း ယှဉ်ပြိုင်သူဟာတော့ သူ့ရဲ့ ဘယ်လက်လက်ဝါးကို တစ်ချက်ကြည့်လိုက်တယ်။ ဒီမှာ ပုန်းကွယ်ထားတာ တစ်ခုခု ရှိနေခဲ့တယ်။ နှစ်ပေါင်းများစွာ သူပြင်ဆင်ခဲ့တဲ့ အရာတစ်ခု။
တကယ်ပဲ ဖန်ကျန်းရှီသာ မလှုပ်ရှားဘူးဆိုရင် ဒါက သူ့ရဲ့အကောင်းဆုံးသော အခွင့်အရေး ဖြစ်လိမ့်မယ်။
ဒါပေမယ့်လည်း ဖန်ကျန်းရှီက သူ့ အသက်ကို ကယ်ခဲ့တဲ့ အကြောင်း တစ်ခါ ပြန်စဉ်းစားမိပြန်တယ်။ အခုချိန်မှာလည်း ဖန်ကျန်းရှီက သူ့ကို သုံးကွက် အကျော ပေးအုန်းမယ်။ ဒီလိုမျိုး အရှက်မရှိတဲ့ အလစ်ချောင်း တိုက်ခိုက်တဲ့ဗျူဟာကို သုံးဖို့ ဆိုတာကတော့ လွန်သွားခဲ့ပြီလို့ ထင်တယ်။
မသုံးရဘူးလား။
သုံးရမလား။
ယှဉ်ပြိုင်သူဟာ အတော်လေးကို ဒွိဟ ဖြစ်နေခဲ့တယ်။ အဆုံးသတ်မှာတော့ သူဟာ အံကြိတ်လိုက်တော့တယ်။ ဘာပဲ ဖြစ်ဖြစ် အနိုင်ယူပြီးတော့ ဗိုလ်လုပွဲကို တတ်ရမယ်။
အကယ်၍ သူသာ ဒုတိယ ရခဲ့မယ်ဆိုရင်
သူ့ရဲ့ ပထမတန်း သီအိုရီ စာမေးပွဲ ရလဒ်နဲ့ ပေါင်းလိုက်တဲ့ အချိန် ထိပ်တန်းသုံးဦးနေရာကိုတောင် ရနိုင်သေးတယ်။
တော်ဝင်စာမေးပွဲရဲ့ ထိပ်တန်းသုံးဦးနေရာက သူ လက်မလွှတ်နိုင်တဲ့ ဂုဏ်တစ်ခုပဲ။
“ ဖန်ကျန်းရှီ။ တောင်းပန်ပါတယ်။ ငါသာ ထိပ်တန်းသုံးသီးထဲ ပါခဲ့ရင် မင်းကို ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်မှာပါ။” ယှဉ်ပြိုင်သူရဲ့ အတွေးနဲ့ အတူ သူ့ရဲ့ မျက်လုံးတွေဟာလည်း တောက်ပလာတော့တယ်။
ဖန်ကျန်းရှီဟာတော့ အကောင်းဆုံး အနေ အထားမှာ ရှိနေခဲ့တာ ။
သူဟာ စင်ရဲ့ အစွန်းဘက်မှာရှိနေတဲ့ အတွက် ဘယ်လို တိုက်ခိုက်မှုမျိုး မဆို သူ့ကို ကျသွားအောင် လုပ်နိုင်တယ်။
သက်လတ်ပိုင်း ယှဉ်ပြိုင်သူဟာလည်း နောက်ထပ် တွေေ၀ မနေတော့ပါဘူး။ သူ့ရဲ့ ဓားကို မြှောက်ရင်း တိုက်ခိုက်တော့တယ်။
အနည်းဆုံးတော့ ပုံမှန် တိုက်ခိုက်မှုမျိုးကို အယောင်ပြ အဖြစ်သုံးသင့်တယ်။ အနီးကပ်တိုက်ခိုက်မှုကမှ အကောင်းဆုံး ရွေးချယ်မှုပဲ။ နောက်ပြီးတော့ ဖန်ကျန်းရှီကလည်း မလှုပ်ရှားဘူးလို့ ကတိခံထားတယ်။
သူ့ရဲ့ စကားတွေကို ယုံကြည်ခဲ့တယ်။
ဖန်ကျန်းရှီဟာတော့ ဘေးကို ယိမ်းလိုက်ရင်း သူ့ရဲ့ လက်ထဲမှာတော့ အလင်းတန်းတွေ ပေါ်လာခဲ့တယ်။ သူဟာ ယှဉ်ပြိုင်သူရဲ့ ဓားချက်နဲ့ ခြေတစ်လှမ်းအကွာကို သာ ရှောင်လိုက်တယ်။ သက်လတ်ပိုင်း ယှဉ်ပြိုင်သူဟာလည်း ညာဘက်ကို ရောက်သွားခဲ့တယ်။
“ သူတကယ်ပဲ မလှုပ်ရှားဘူး။” သက်လတ်ပိုင်း အမျိုးသားဟာ စမ်းသပ် တိုက်ခိုက်လိုက်တာ ။ အခုချိန်ကတော့ သူ့ရဲ့ နာမည်ကို တွင်ကျန်ရစ်နေအောင် တကယ်လုပ်ဖို့ အချိန်ပဲ။
သူဟာ နောက်ထပ် မတွေဝေတော့ပဲ တစ်ပတ်လည်လိုက်တော့တယ်။ ပြင်းထန်တဲ့ အငွေ့အသက်တွေဟာ သူ့ ကိုယ်ကနေ ထွက်ပေါ်လာပြီးတော့ သူ့ရဲ့ ဓားဟာလည်း ဘယ်ညာ ယိမ်းနေကာ အပြာရောင် လိုင်းတွေ လေထဲမှာ ထွက်ပေါ်လာတော့တယ်။
ဒါဟာတော့ လှိုင်းသဖွယ် တိုက်ခိုက်မှုပဲ ။ အဖြူရောင် အလင်းတန်းတွေ ရောယှက်ပါဝင်နေသလို အလင်းဓား တစ်ခုလည်း ပါနေခဲ့တယ်။
တစ်ချိန်တည်းမှာပဲ သူဟာ သူ့ရဲ့ဘယ်လက်ကို နောက်ပြစ်ရင်း တစ်စုံတစ်ခုကို ဖွင့်ထုတ်နေခဲ့တယ်။
ဖန်ကျန်းရှီ သူ့ရဲ့ တိုက်ခိုက်မှုကို တားဆီးလိုက်ရင် သူဟာ တစ်ခါတည်း စင်ပေါ်ကကျသွားအောင် တိုက်ခိုက်တော့မှာ ။
သက်လတ်ပိုင်း ယှဉ်ပြိုင်သူရဲ့ မျက်နှာဟာတော့ ထိပ်တန်းသုံးဦးနေရာကို ဝင်တော့မယ်ဆိုတဲ့ အတွေးဟာ သူ့မျက်ၤနှာကို ပြုံးပျော်စေခဲ့တယ်။ ဒါပေမယ့်လည်း ဒီအပြုံးဟာတော့ ကြာရှည် မခံခဲ့ပါဘူး။
ဖန်ကျန်းရှီဟာ သူ့နေရာကနေ ပျောက်ကွယ်သွားခဲ့တယ်။
လေပွေဝှေ့သွားသလိုပဲ ဖန်ကျန်းရှီဟာ သူ့မြင်ကွင်းကနေ ပျောက်ကွယ်သွားတော့တယ်။ အခုချိန်မှာတော့ သူ့ရဲ့ ရှေ့မှာ ဘယ်သူမှရှိမနေခဲ့ဘူး။
ဘာတွေ ဖြစ်ကုန်တာလဲ။
သူကမလှုပ်ရှားဘူးလို့ ပြောတထားတာ မဟုတ်ဘူးလား။
သူဟာတော့ အထိတ်တလန့်ဖြစ်နေခဲ့တယ်။ အဲ့ဒီ့နောက် တစ်ခုခုလွဲနေတာကို သတိထားလိုက်မိချိန်မှာတော့ အချိန်နှောင်းသွားခဲ့ပြီ။ သူ့ခေါင်းပေါ်မှာ ပြင်းထန်တဲ့ လေထု ဖိအားကို ခံစားလိုက်ရတယ်။
“ ခေါင်းပေါ်မှာလား။” သူဟာ သူ့ခေါင်းကို မော့လိုက်ပြီး တိုက်ခိုက်မှုကို တားဆီးဖို့ ပြင်လိုက်တယ်။
ဒါပေမယ့်လည်း သူ မြင်လိုက်ချိန်မှာတော့
သူ့ရဲ့ အမူအယာဟာ အေးခဲသွားတော့တယ်။
စွမ်းအင် အလုံး တစ်ခု သူ့ဆီကို တည့်တည့်ဝင်လာတာကို မြင်လိုက်ရတယ်။ သူနဲ့ နီးကပ်လာချိန်မှာပဲ ထို စွမ်းအင်လုံးဟာ ပေါ်က်ကွဲတော့တယ်။
“ ငါ့ မျက်လုံး။ ငါ့မျက်လုံး ။ ငါ့မျက်လုံးတွေ။” သူဟာ နာကျင်မှုကြောင့် အော်ဟစ်လိုက်တော့တယ်။
အဲ့ဒီ့နောက် သူဟာ ပြင်းထန်တဲ့ အင်အား တစ်ခုကို သူ့ တင်ပါးနားမှာ ခံစားလို့်ရတယ်။ ကြီးမားတဲ့ ကျောက်တုံး တစ်တုံးနဲ့ ရိုက်မိသလိုပဲ ။
ဖန်ကျန်းရှီဟာ စင်မြင့်ရဲ့ အစွန်ဘက်မှာ ရောက်နေတာ ။
တိုက်ပွဲကို အဆုံးသတ်ဖို့ ပြင်နေတဲ့ ယှဉ်ပြိုင်သူဟာလည်း ထုံးစံ အတိုင်း စင်ရဲ့ အစွန်းမှာ ရောက်နေခဲ့တယ်။
တိုက်ခိုက်ခံရပြီးနောက် သူဟာ စင်ပေါ်ကနေ တုန်ယင်စွာ ပြုတ်ကျသွားတော့တယ်။ တင်ပါးကို အကန်ခံလိုက်ရပြီးနောက်မှာတော့ သူဟာ စင်အောက်က ကျောက်သား ပေါ်ကို ကျသွားခဲ့တယ်။
“ ဘုန်းးးး” သက်လတ်ပိုင်း ယှဉ်ပြိုင်သူဟာ သူ့ရဲ့ နှာခေါင်း အတော်လေး နာသွားတာကို ခံစားလိုက်ရတယ်။ သူ့ရဲ့ အမူအယာဟာလည်း ပျက်ယွင်းသွားခဲ့တယ်။
အမတ်မင်းတွေအားလုံးဟာတော့ စင်အောက်ကို ရောက်နေတဲ့ ယှဉ်ပြိုင်သူကို တွေ့ချိန်မှာ မျက်လုံးပြူးနေကြတော့တယ်။ ဖန်ကျန်းရှီပဲ ဒီ တိုက်ပွဲ မှာ သုံးကွက် အကျော ပေးမယ် လို့ ပြောထားခဲ့တာ။
ဒါပေမယ့်လည်း အခုချိန်မှာတော့
ဖန်ကျန်းရှီက လှုပ်ရှားခဲ့တယ်။ နောက်ပြီးတော့ ယှဉ်ပြိုင်သူ ရဲ့ ယုံကြည်မှုကို အသုံးချခဲ့တယ်။
“ အိုက်ယား။ ဒီလူက အသက်ဖြင့် လေးဆယ်နား ကပ်နေပြီ။ ဘာလို့ ဒီလောက်တောင် အရတာလဲ။”
“အမှန်ပဲ။ ဖန်ကျန်းရှီကို ဘယ်လိုများ ယုံကြည်နိုင်တာလဲ။”
“ ရှုံးမယ်ဆိုရင်တောင်မှ ဒီလိုမျိုး စော်ကားခံရပြီးတော့ မရှုံးသင့်ဘူး။”
အမတ်မင်းတွေအားလုံးဟာတော့ သူတို့ ခေါင်းကို ခါယမ်းရင်း နဲ့ ထိတ်လန့်မှုကို ဖြေလျော့်ကာ သက်ပြင်းချနေကြတော့တယ်။
စင်အောက်ရောက်နေတဲ့ ပြိုင်ပွဲဝင်ဟာတော့ ကြောင်စီစီ ဖြစ်နေခဲ့တယ်။ ဖန်ကျန်းရှီလိုမျိုး အင်အားကြီးလှတဲ့ သူက ဘယ်လိုများ ဒီလို အရှက်မရှိတာမျိုးကို လုပ်တာလဲ။
ဖန်ကျန်းရှီက အစတည်းက သူ့ရဲ့ အစီအစဉ်ကို သိနေတာလား။
ဒါမှမဟုတ် ။ ဖန်ကျန်းရှီက သူ့ကို လှည့်စား နေတာလား။
သူဟာ ဒေါသထွက်နေခဲ့တယ်။
“ ဘာကြောင့်လဲ။” သက်လတ်ပိုင်း ယှဉ်ပြိုင်သူဟာ အော်ဟစ်လိုက်တယ်။
“ကိုယ့်ဘာကိုယ် ပြန်မေးသင့်တာ မဟုတ်ဘူးလား။” ဖန်ကျန်းရှီက သူ့လက်က ဖုန်တွေကို ခါရင်းနဲ့ ပြန်ဖြေလိုကတယ်။
“ကိုယ့်ဘာကို ပြန်မေးရမယ်။” ထိုသူဟာ အံ့အားသင့်သွားခဲ့တယ်။
“ ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ကြိုးစားတာက မိုက်မဲရာ ကျလွန်းတယ်ဆိုတာ မသိဘူးလား။” ဖန်ကျန်းရှီက ပြောလိုက်တယ်။
ဖန်ကျန်းရှီက ချောင်းမြောင်းတိုက်ခိုက်တဲ့သူလေ။ ဘာလို့ အခုတော့ ဟိုလူရဲ့ အမှားဖြစ်သွားတာလဲ။
“မင်း မင်း ဘယ်လို သိတာလဲ။” ထိုသူရဲ့ အမူအယာဟာလည်း ပြောင်းလဲသွားတော့တယ်။ ဖန်ကျန်းရှီ ဘာပြောနေလဲ ဆိုတာ သူကောင်းကောင်း သိတယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီက ဘယ်လိုများ သိသွားတာပါလဲ။
“ မင်းက ငါ့ကို တကယ်ယုံတာပဲ။ ငါ့ကို တိုက်ခိုက်ဖို့ အချိန်ကောင်း သုံးခု ရခဲ့တယ်။ ဒါပေမယ့်လည်း ငါ့ကို စမ်းသပ်ရင်းနဲ့ သာ အချိန် ဖြုန်းနေတာပဲ။ ဒါက မင်းငါ့ကို တစ်ခုခုလုပ်ဖို့ ကြံနေတာကို ပြတာပဲ။ ” ဖန်ကျန်းရှီက ပြုံးရင်းပြောလိုက်တယ်။
“ ပထမ တိုက်ခိုက်တာက စမ်းသပ်မှုလား။ ဒါပေမယ့် … ဘယ်လိုများ ကိုယ့်ရဲ့ ပြိုင်ဘက်ကို လုံး၀ ယုံနိုင်ရတာလဲ။ ဒါေကြောင့် ငါ ချောင်းမြောင်းတိုက်ခိုက်ဖို့ ကြိုးစားနေတာကို မင်းသိတာ မဖြစ်နိုင်ဘူး။”
“ ဒါပေမယ့်လည်း ငါမင်းကို စမ်းသပ်ခဲ့သားပဲ ။ လက်နက်ချပြီး အရှုံးပေးမလာလို့ ” ဖန်ကျန်းရှီဟာ ဆက်ပြောတော့တယ်။
“မင်းက ငါ့ကို စမ်းသပ်တယ်။ “ ထိုသူ့ရဲ့ အမူအယာဟာတော့ အေးခဲသွားတော့တယ်။
“ဟုတ်တယ်။ မင်းမှာ နိုင်ဖို့ အတွက် လမ်းမရှိဘူး။ မင်းရဲ့ ဒဏ်ရာတွေနဲ့ဆိုရင် စင်ပေါ်ကိုတောင် မတက်လာသင့်ဘူး။ နောက်ပြီးတော့ မင်း ကအရမ်းကို နိုင်ချင်နေတယ။် အရမ်းကို ။ဒါပေမယ့်လည်း မင်းရဲ့ ဒဏ်ရာတွေကြောင့် ဒါက မဖြစ်နိုင်ဘူး။ ဒါကြောင့် မင်းက အလစ်ချောင်းတိုက်ခိုက် ဖို့ ကြံနေခဲ့တယ် ။ဒါကြောင့် ငါ့်ကို တိုက်ခိုက်ဖို့ အကောင်းဆုံး အခွင့်အရေးကို ဖန်တီးပေးလိုက်တာပဲ။
“ငါ နားလည်ပြီ။ ငါက အတော်လေးကို မိုက်မဲခဲ့တာပဲ။” ထိုသူရဲ့ အမူအယာဟာတော့ မည်းမှောင်သွားခဲ့တယ်။ အဲ့ဒီ့နောက် သူ့ရဲ့ ဘယ်လက်ထဲက အရာကို ကြည့်လိုက်တယ်။ တစ်ခဏတာ တွေဝေနေပြီးနောက်မှာတော့ အံကြိတ်ရင်း ပြောလိုက်တယ်။ “အမတ်မင်း ။ အမတ်မင်းက ကျွန်တော့် အသက်ကို တစ်ခါ ကယ်ခဲ့တယ်။ ဒီနေ့မှာတော့ ကျွန်တော်က အမတ်မင်းကို လက်နက်ပုန်းသုံးပြီးတော့ တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော် လုပ်ခဲ့တာတွေ အတွက် ထိုက်သင့်တဲ့ အပြစ်ဒဏ် ရှိသင့်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်မှာ အမတ်မင်းအတွက် လက်ဆောင် တစ်ခု ရှိပါတယ်။ အမတ်မင်း လက်ခံပေးဖို့ မျှော်လင့်ပါတယ်။
“အိုးးးး။ ဘာပေးမှာလဲ။”
“ အမတ်မင်းနဲ့ သင့်လျော်မယ့် အရာ တစ်ခုပါ။” ထိုသူဟာ အတိအကျကို ပြောနေခဲ့တယ်။
အပိုင်း (၂၇၃) ပြီး၏။
အပိုင်း (၂၇၄) အပြည့်
“ မိုးကောင်းကင်နှင့် မဆိုင်သော လောက၊”
“ငါနဲ့ သင့်လျော်မယ့် အရာ တစ်ုခုခုလား။” ဖန်ကျန်းရှီ ရဲ့ မျက်လုံးတွေဟာတော့ တောက်ပလာတော့တယ်။ သူဟာ ညာဘက်လက်ကို ဖြန့်ရင်း နဲ့ “ ပေးပါ။” လို့ ပြောလိုက်တယ်။
“ အမတ်မင်း။ ဒီ အရာက ကိုယ့်ရဲ့ ပြိုင်ဘက် သတိလက်လွှတ်ဖြစ်နေချိန်မှာ သုံးဖို့ အတွက် အကောင်းဆုံးအရာပါပဲ။ အကယ်၍ ဒီအရာသာ အမတ်မင်းရဲ့ လက်ထဲမှာ ရှိမှန်း လူတွေ သိသွားခဲ့ရင် စိုးရိမ်ရတာက…..” သက်လတ်ပိုင်း ယှဉ်ပြိုင်သူဟာ တွေဝေစွာနဲ့ ကြည့်နေခဲ့တယ်။
“ငါ နားလည်ပြီ။” ဖန်ကျန်းရှီဟာ စင်ပေါ်ကနေ ခုန်ချရင်းနဲ့ ထိုသူရဲ့ ဘေးကို ဆင်းလာတော့တယ်။ ဒီသူရဲ့ လက်ထဲမှာ ဘာ ပဲရှိနေရှိနေ နောက်ဆုံးတော့လည်း ပြိုင်ပွဲက ပြီးသွားခဲ့ပြီလေ။
“ အမတ်မင်း။ ဒါက ရတနာ ရပါး သေတ္တာလို့ ခေါ်တွင်ပါတယ်။” ထိုသူဟာ သေတ္တာငယ် လေး တစ်လုံးကို ဖန်ကျန်းရှီရဲ့ လက်ထဲ ထည့်ပေးခဲ့တယ်။
“ရတနာ ရပါး သေတ္တာ တဲ့လား ။” ဖန်ကျန်းရှီဟာ သူ့လက်ထဲက သတ္တု သေတ္တာလေးကို ကြည့်ရင်း ရေရွတ်လိုက်တယ်။
“ဟုတ်ပါတယ်။ ဒီ သေတ္တာလေးက မတူညီတဲ့ ရတနာ ရ ပါးနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီးတော့ ။ မို မိသားစုရဲ့ နာမည်ကျော် ပန်းထိမ် ဆရာကြီးက ရ စင်ကြယ် ပုံသွန်း လောင်းခြင်း နည်းလမ်း နဲ့ ပြုလုပ်ခဲ့တာ ။ ပုံမှန် အခြေအနေ မျိုးမှာတော့ ကောင်းကင် ရောင်ပြန် အထွဋ် အထိပ် အဆင့် ထက် အားနည်းသူတိုင်းဟာ ဒီရတနာကို မခုခံနိုင်ပါဘူး ။ ဒါပေမယ့်လည်း ရုတ်တရက် သုံးလိုက်ရင်တော့ သဘာဝလွန် အဆင့် ကျင့်ကြံသူတောင်မှ မခုခံနိုင်ဘူး။ ” ထိုသူဟာ ရှင်းပြနေခဲ့တယ်။
“အင်အားကြီးလွန်းတယ်လား။ အခုပဲ ငါ့ကို ဒါနဲ့ တိုက်ခိုက်ဖို့ ပြင်နေတာလား။”
“ဟုတ်ပါတယ။်”
“ ဒါဆိုလဲ ကျေးဇူးပဲ။”
“ လုံးဝကို ကျေးဖူးတင်စရာ မလိုပါဘူး။ ရတနာသေတ္တာလေး ပိုင်ရှင်ကောင်း တစ်ယောက် တွေ့သွားတာကိုပဲ ဝမ်းသာမိပါတယ်။ ” ထိုသူဟာ တလေးတစားနဲ့ ပြောလိုက်တယ်။
“ ဟားဟား…. မင်းမှာ အမြင်ရှိတာပဲ။” ဖန်ကျန်းရှီဟာ ခေါင်းငြိမ့်ရင်းနဲ့ ရယ်မောလိုက်တယ်။
အမတ်မင်းတွေအားလုံးဟာတော့ ဖန်ကျန်းရှီရဲ့ ရယ်မောသံကို ကြားချိန်မှာ မျက်လုံးပြူးနေခဲ့ကြတယ်။ ဒါက နည်းနည်း ထူးဆန်းလွန်းတယ် မဟုတ်ဘူးလား။ ဖန်ကျန်းရှီက သူ့ရဲ့ ယှဉ်ပြိုင်ဘက်ကို ထောင်ချောက်ထဲ ကျအောင် လုပ်ခဲ့တာတောင်မှ ဟိုလူက သူ့ကို လက်ဆောင်ပေးနေသင့်တယ်။
အနည်းဆုံးတော့ ဖန်ကျန်းရှီက ဝဋ်လိုက်သင့်တာ မဟုတ်ဘူးလား။
ငါထင်တယ်။ စိတ်ထားကောင်းတဲ့ လူတွေကတော့ အမြဲ ရလဒ် ကောင်းကောင်း မရဘူး။
…
ပြိုှုင်ပွဲဟာတော့ တစ်ခဏ အတွင်း ပြီးဆုံးသွားခဲ့ပြီ ။ ရလဒ်ကတော့ မျှော်လင့်ထားတဲ့ အတိုင်းပဲ ။ ဒါပေမယ့်လည်း ဖြစ်စဉ်တွေကတော့ ပါးစပ် အဟောင်းသား ဖြစ်နေစေခဲ့တယ်။
စာစစ်သူဟာ ရလဒ်ကို ကြေညာပြီးတဲ့နောက်မှာတော့
သူဟာ ဗိုလ်လုပွဲကို စတင်ဖို့ အတွက် ပြင်ဆင်လိုက်တော့တယ်။
ဒီတစ်ခေါက် ပြိုင်ပွဲဟာတော့ ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ တို့ရဲ့ ပြိုင်ပွဲပဲ ။
သူတို့ရဲ့ အတွေးအခေါ်စာမေးပွဲ ရလဒ် အရဒီ ပြိုင်ပွဲဟာ ဘယ်သူက တော်ဝင်စာမေးပွဲ ရဲ့ ထိပ်သီး ဖြစ်မလဲ ဆိုတာကို ဆုံးဖြတ်ပေးမှာပဲ ။
ဖန်ကျန်းရှီပဲ နိုင်မလား။
ဒါမှမဟုတ်။
ရန်မိသားစုက ရန်ရွှယ်ပဲ နိုင်မလား။
အမတ်မင်းတွေဟာတော့ စင်မြင့်ပေါ်က လူနှစ်ဦးကို ကြည့်နေခဲ့ကြတယ်။ သူတို့တွေ အားလုံးဟာတော့ နောက်ဆုံးရလဒ်ကို ခန့်မှန်းနေခဲ့ကြတာ ။
သူတို့ မြင့်ရသလာက် အရဆိုရင် ဖန်ကျန်းရှီက ကောင်းကင်ရောင်ပြန် အထွဋ် အထိပ် အဆင့်မှာရောက်နေပြီ ။
ရန်ရွှယ်ရဲ့ ရှင်ချင်းစွေ့ ကို တိုက်ခိုက်ပုံကို မြင်ပြီးတဲ့နောက်မှာတော့ ရန်ရွှယ်ဟာလည်း ကောင်းကင်ရောင်ပြန် အထွဋ် အထိပ် အဆင့်ကို ရောက်နေတယ် ဆိုတာ သေချာလှတယ။်
ဒါကြောင့် ဒါဟာ ကောင်းကင်ရောင်ပြန် အထွဋ် အထိပ် အဆင့် နှစ်ယောက်ကြားက တိုက်ပွဲ ဖြစ်သလို အသက် ၁၈ နှစ်အောက် လူငယ်နှစ်ဦးကြားက တိုက်ပွဲလည်း ။
တော်ဝင်စာမေးပွဲရဲ့ ထိပ်သီး ဖြစ်ခြင်းဟာ နောက်ထပ် အထူး အဓိပ္မာယ် တစ်ခုလည်းရှိနေခဲ့တယ်။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ ထိပ်တန်း အရည်အချင်းပြည့် ကျောင်းတော်သား က ဘယ်သူ ဖြစ်မလဲ။
စင်မြင့်ပေါ်မှာတော့
ရန်ရွှယ်နဲ့ ဖန်ကျန်းရှီတို့ဟာ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေခဲ့ကြတယ်။
“ငါတို့ နောက်တစ်ခါ တိုက်ရမယ်လို့ ခန့်မှန်းပြီးသားပါ။” ဖန်ကျန်းရှီဟာ ပြောလိုက်တယ်။
“မှန်တာပေါ့။” ရန်ရွှယ်ကလည်း ခေါင်းငြိမ့်လိုက်တယ်။
“ငါတို့ မြို့တော်ကနေ ထွက်ခွာတဲ့ အချိန်တည်းက မင်းက ငါ့ကို အနိုင်တိုက်မယ်လို့ ပြောခဲ့တယ်။ အခုတော့ မင်းမှာ အခွင့်အရေးရှိပြီ။” ဖန်ကျန်းှရီက ခေါင်းငြိမ့်လိုက်တယ်။် သူတို့တွေက သူငယ်ချင်းတွေပဲ။ ဒါပေမယ့်လည်း တိုက်ပွဲကိုတော့ ရှောင်လွှဲလို့ မရဘူး
“ကောင်းပြီလေ။”
“ငါတို့ တိုက်ခိုက်ဖို့ လက်နက်သုံးကြမလား။”
“မင်းကော သုံးမှာလား။”
“မသုံးဘူး။”
“ဒါဆိုရင် ငါလည်း မသုံးဘူး။” ရန်ရွှယ် ဟာ ချက်ခြင်း ဆိုသလို တောင်နဲ့ မြစ် မိုးမြေယပ်တောင်ကို သိမ်းလိုက်တော့တယ်။
အမတ်မင်းတွေ အားလုံးဟာတော့ ရန်ရွှယ် ယပ်တောင် သိမ်းလိုက်တာကို မြင်ချိန်မှာ စိုးရိမ် လာကြတော့တယ်။ ဖန်ကျန်းရှီ က ယုံလို့ရလို့လား။
ပထမ ပြိုင်ပွဲက အကောင်းဆုံးဥပမာပဲ။ မ
ပင်းယန်ဟာတော့ အမတ်မင်းတွေကို စိတ်ပျက်စွာနဲ့ ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက် သွမ့်အရှင်ကို ကြည့်လိုက်ချိန်မှာတော့ သူဟာ အလွန်အမင်း တည်ကြည်စွာနဲ့ စိတ်ဝင်တစား ကြည့်နေတာကို မြင်လိုက်ရတော့တယ်။
သူမရဲ့ မျက်လုံးတွေဟာတော့ ဒီအချိန်မှာ တစ်လက်လက် တောက်ပလာတော့တယ်။
“အကိုတော် ၆ ဖန်ကျန်းရှီ က ရန်ရွှယ်ကို လှည့်စားမယ်လို့ ထင်လား။”
သွမ့်အရှင်ဟာ ဒီပြိုင်ပွဲ စတည်းက အတော်လေး ကို မပျော်မရွှင် ဖြစ်နေခဲ့တာ ။ ပင်းယန်ရဲ့ စကားကို ကြားချိန်မှာတော့ သူဟာ သူမဘက်ကို ပြန်လှည့်ကြည့်လိုက်တယ်။
“ ဖန်ကျန်းရှီ ရဲ့ စကားဆိုတာ ယုံလို့ရတဲ့ အရာ မဟုတ်ဘူး။ သွမ့်အရှင်ဟာ ချက်ခြင်း ဆိုသလို ပြန်ဖြေလိုက်တယ်။
“ ဒီလိုလား။ ဒါဆိုရင် အလောင်းအစားလေး နည်းနည်းလောက် လုပ်ကြည့်ရအောင်။ ” ပင်းယန်ဟာ စိတ်လှုပ်ရှား တက်ကြွလာတော့တယ်။
“အိုး။ ပင်းယန်က ဘာနဲ့ လောင်းကြေးထပ်ချင်တာလဲ။” သွမ့်အရှင်ဟာ မေးလိုက်တော့တယ်။ သူရမယ့် လောင်းကြေးကိုလည်း စိတ်ဝင်စားတယ်လေ။
“ပင်းယန် ကြားတာတော့ အကို ၆ မှာ (နေကိုခွင်းနိုင်သော) လို့ နာမည်ရတဲ့ လေးနဲ့ မြှားရှိတယ်ဆို၊” ပင်းယန်က ပြောလိုက်တယ်။
“ငါ့ရဲ့ နေခွင်းလေးကိုတော့ မပေးနိုင်ဘူး။ ဒါက ငါ့ရဲ့ ကိုယ်ပိုင် လက်နက်ပဲ။” သွမ့်အရှင်ဟာ ချက်ခြင်း စကားဖြတ်လိုက်တယ်။
“ အကိုရာ။ အကိုမှာ့ လက်နက်တွေ အပြည့်ရှိပေမယ့်လည်း မြင်းပျံ ကောင်းကောင်း တစ်ကောင်တော့ မရှိဘူးမလား။ ဒီ အခွင့်အရေး(အလောင်းအစား) ကို သုံးပြီးတော့ ကိုယ်ပိုင် မြင်းပျံကောင်းကောင်း တစ်စီးရအောင် လုပ်ရင်ကော ဘယ်လိုလဲ။” ပင်းယန်ဟာ သွမ့်အရှင်ရဲ့ အမူအယာကို မြင်ချိန်မှာတော့ သူမဟာ လက်မလျှော့်ပဲ တခြား နည်းလမ်းနဲ့ သိမ်းသွင်းဖို့ ကြိုးစားနေခဲ့တယ်။
“ ပင်းယန်က ကျောက်စိမ်းနှင်းကို လောင်းကြေးထပ်မလို့လား။” သွမ့်အရှင်ရဲ့ မျက်လုံးတွေဟာတော့ တောက်ပသွားတော့တယ်။ မြို့တော် တစ်ခုလုံးမှာ ကျောက်စိမ်းနှင်းက တစ်ကောင်တည်း ရှိတာ ။ ဒါက သူအရမ်း လိုချင်နေတဲ့ မြင်းပျံပဲ။
ဒါပေမယ့်လည်း ကျောက်စိမ်းနှင်းက ပင်းယန်ရဲ့ ချစ်မြတ်နိုးလှစွာသော ပိုင်ဆိုင်မှု ဖြစ်နေခဲ့တယ်။ ဒါကိုတော့သူမ လုံး၀ လောင်းမှာ မဟုတ်ဘူး။
“ဘာပြောတယ။် ကျောက်စိမ်းနှင်းတဲ့လား။ ပင်းယန်က ခရမ်းလျှပ်စီးနဲ့ လောင်းမှာ။” ပင်းယန်ဟာ လက်ဝှေ့ယမ်းရင်း ပြောလိုက်တယ်။
“ခရမ်းလျှပ်စီး မြင်းပျံက ညီတော် ကိုးရဲ့ မြင်းမလား။”
“မစိုးရိပ်ပါနဲ့။ ခရမ်းလျှပ်စီးက ပင်းယန်ရဲ့ နန်းဆောင်ထဲမှာ ရှိနေတာ ပင်းယန်ရဲ့ အပိုင် ဖြစ်နေပြီ။ ပင်းယန်က ကိုယ့်စကားနဲ့ ကိုယ် ကတိ တည်ပါတယ်။ ” ပင်းယန်ဟာတော့ သွမ့်အရှင်ကို စကားဖြတ်ပြောရင်း သူမရဲ့ ရင်ဘတ်ကို ပုတ်ကာ အာမခံနေခဲ့တယ်။
မင်းသားကိုးဟာတော့ ဒီစကားတွေကို ကြားနေချိန်မှာတော့ သူ့ရဲ့ အမူအယာဟာ ခါးသက်သွားတော့တယ်။
ခရမ်းလျှပ်စီးက သူ့ မြင်းပျံလေ။ ဒါပေမယ့်လည်း အခုတော့ သူပြန်မရသေးဘူး ။ ချီကူယန်က သူ့ဆီကနေ လာငှားတုန်းက သူပြန်လာရင် ပင်းယန်လည်း ပြန်ပေးစေရမယ်လို့ ကတိပြုခဲ့တာ ။
ဒါမေပယ့်လည်း
ချီကူယန်က ကောင်းကင်တာအို ခန်းမမှာပဲ နေပြီးတော့ ပြန်မလာတော့ဘူး။
ဒီလိုနဲ့ပဲ သူ့ရဲ့ ခရမ်းလျှပ်စီးမြင်းလေးဟာ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ရတော့မယ်။ ချီကူယန်က စာတစ်စောင် ပေးလိုက်ရင်တောင်မှ ပင်းယန်က စာကို မျိုချပြီးတော့ သက်သေဖျောက်ပြစ်ပြီး မြင်းကို ပြန်ပေးတော့မှာ မဟုတ်ဘူး။
အခုချိန်မှာတော့ မင်းသား ကိုးရဲ့ နှလုံးသားတွေ အက်ကွဲကုန်ပြီ ။
သူမစီကနေ အတင်းအကြပ် ပြန်ယူရမလား။
ပင်းယန် နန်းဆောင်က ရှင်ဘုရင့် နန်းဆောင်ထက်တောင် မှ အစောင့် အကြပ်များလွန်းသေးတယ်။
သူမကို အကျိုးကြောင်းပြောပြပြီးတော့ ပြန်တောင်းရင်ကော။
သက်သေတွေကိုလည်း ပင်းယန်က ဖျောက်ဖျက် ပြစ်လိုက်ပြီး နောက်ပြီးတော့ ပင်းယန်က ဧကရာဇ်ရဲ့ အရေးပေးခံရဆုံးသမီးတော် ။ သက်သေ မရှိပဲနဲ့ သူမကို သွားထိလို့ ရတာ မရှိဘူး ။
သူ့ရဲ့ ခရမ်းလျှပ်စီးလေးကတော့ မိစ္ဆာရဲ့လက်ထဲကို ကျရောက်သွားလေပြီ။
အခုချိန်မှာတော့ ပင်ယန်ဟာ သူ့ရဲ့ ခရမ်းလျှပ်စီးလေးကို လောင်းကြေးစားကြေး အဖြစ်တောင် သုံးနေခဲ့ပြီ။ နောက်ပြီးတော့ သူတစ်ယောက်လုံး ရဲ့ ရှေ့မှာ ဒီလို လုပ်နေတာ။ နှလုံးသားထဲက နာကျင်မှုကို သူကိုယ်တိုင်သာ နားလည်နိုင်တော့တယ်။
သွမ့်အရှင် ဟာတော့ မင်းသားကိုးကို ကြည့်ရင်းနဲ့ မေးမြန်းဟန် ပြုနေခဲ့တယ်။ ၏
မင်းသားကိုးဟာတော့ ခေါင်းငြိမ့်ပြလိုက်ခဲ့တယ်။
သူ့မြင်းကို သူ ပြန်မရမှလည်း အနည်းဆုံးတော့ အရေးပေးမှု ကောင်းကောင်းရအောင် လုပ်ရမယ်လေ။
“ကောင်းပြီလေ။ ဖန်ကျန်းရှီက သူ့ဓားကို သုံးလိမ့်မယ်လို့ ငါလောင်းမယ်။” သွမ့်အရှင်ဟာ ခရမ်းလျှပ်စီး မြင်းပျံ ပင်းယန် လက်ထဲကို ရောက်နေပြီ ဆိုတာ နားလည်လိုက်တဲ့ အတွက် သဘောတူလိုက်တော့တယ်။
“ အလောင်းအစားမြောက်ပြီ။ ဟားဟား ” ပင်းယန်ဟာ သူမရဲ့ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်အောင် ဖြစ်နေခဲ့တယ်။
သွမ့်အရှင်ဟာတော့ အတော်လေးကို ပျော်ရွှင်နေခဲ့တယ်။ သူ ပျော်ရွှင်နေတာကတော့ ပြိုင်ပွဲကြောင့် မဟုတ်ဘူး။ ဒါပေမယ့်လည်း တစ်ယောက်ယောက် သူ့ကို ခရမ်းလျှပ်စီး မြင်းပျံ ရအောင် လုပ်ပေးတော့မှာ ကြောင့်ပဲ ။ သူဟာ အတော်လေး နေလို့ ထိုင်လို့ ကောင်းလာခဲ့တယ်။
ပင်းယန် ဘာလို့များ သူ့ကို လောင်းကြေးထပ်လဲ ဆိုတာ ဖန်ကျန်းရှီလည်း မတွေးတတ် ခဲ့ပါဘူး။
သူဟာ ရန်ရွှယ်ကိုသာ အာရုံစိုက်နေခဲ့တယ်။ ရန်ရွှယ်ရဲ့ ပြင်းထန်လှတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို သူခံစားလို့ ရနေခဲ့တယ်။
အလွန်အမင်း ကို ပြင်းထန်တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု။
“ငါ အဆင်သင့်ဖြစ်ပြီ။ ” ဖန်ကျန်းရှီဟာ ဦးညွှတ်လိုက်တယ်။
“ငါလည်း အဆင်သင့်ဖြစ်ပြီး။ ” ဖန်ကျန်းရှီဟာ လည်း ဦးညွှတ်လိုက်တယ်။
“ ဒါဆိုရင် စလိုက်ကြရအောင်။”
“ကောင်းပြီ။”
အမတ်မင်းတွေ ရဲ့ မျက်လုံးထဲမှာတော့ ဖန်ကျန်းရှီဟာ ဘယ်သူ့ကို မှ တန်ဖိုးရှိတယ် မထင်သူ မလေးမစား ပြုတတ်သူ တစ်ယောက် ။ ဒါပေမယ့်လည်း သူဟာ ရန်ရွှယ်နဲ့ အတူ အပြန်အလှန် ဦးညွှတ်နေခဲ့တယ်။
ဒါဟာ အမတ်မင်းတွေကို စိတ်ရှုပ်ထွေ်းစေခဲ့တယ်။
သူတို့ရဲ့ စိတ်ရှုပ်ထွေးမှုတွေဟာတော့ ထိတ်လန့်မှုနဲ့ အစားထိုးသွားခဲ့တော့တယ်။
“ဖွင့်။” စင်ပေါ်ကနေ အသံထွက်လာချိန်မှာပဲ အမတ်မင်းတွေ အားလုံးနီးပါးဟာလည်း တိုက်ပွဲကို ကြည့်လိုစိတ်ကြောင့် ချက်ခြင်း မတ်တပ်ရပ်ကုန်ခဲ့ကြတယ် ။
ရန်ရွယ်ဟာတော့ လှုပ်ရှားပြီ ။
ပုံမှန်အတိုင်းဆိုရင် ဒီအမတ်မင်းတွေဟာလည်း ထကြည့်ကြမှာ ဟုတ်ခဲ့ဘူး။ ဒါပေမယ့်လည်း အခုတစ်ကြိမ်မှာတော့ ဧကရာဇ် လင်းမုပိုင် ကိုယ်တိုင်တောင် မှ သူ့ရဲ့ ခုံပေါ်က နေ ထကြည့်ခဲ့တယ်။
ရန်ရွှယ်ဟာ ဒီစကားလုံးတွေကို ပြောပြီးတဲ့ အချိန်မှာပဲ သူ့ရဲ့ အမူအယာဟာ နာကျင်မှု တွေ ပြည့်နှက်လာပြီးတော့ ချွေးသီးချွေးပေါက်တွေ ဟာ နဖူးပေါ်ကနေ စီးကျနေခဲ့တယ်။
ပိုပြီးတော့ အရေးကြီးတာကတော့…
သူ့ရဲ့ ခြေထောက်နှစ်ဖက်အောက်မှာ အနီဖျော့ဖျော့ ရေဝဲတွေ ရှိနေခဲ့တယ်။
ဒါဟာ လေထုကြောင့် ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ သူတို့တွေဟာ လေထုရဲ့ အလွှာပါးလေး ကနေ ဖြစ်ပေါ်လာတာ ။
“ မှန်တယ်။ ရန်ရွှယ်က အဲ့နေရာကို ဝင်ခဲ့ပြီးပြီး။”
“ဘုရားရေ။ သူက အသက် ၁၆နှစ်ပဲ ရှိသေးတာလေ။ နောက်ပြီးတော့ ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်ခါစပဲ ရှိသေးတာ။ သူ့အဖြေက ဘယ်လို များ ဒီကလေးကို သွေးစွန်းနေတဲ့ ဒေသကြီးဆီ ပို့ လိုက်ရတာလဲ။”
“ ရန်မိသားစုကနေ ဒီလိုနေရာကြီးက အသက်ရှင်လျက် ထွက်လာနိုင်တဲ့ သူရှိမယ်လို့ မထင်ထားခဲ့မိဘူး။ သူက အသက် ၁၆နှစ်တည်း ရှိသေးတာ။”
“ တော်တယ် ရန်ရွှယ်။ ကြည့်ရတာတော့ ရလဒ်က ဆုံးဖြတ်ပြီးသား ဖြစ်နေခဲ့ပြီ. ။ ဒါပေမယ့်လည်း ညီလာခံစာမေးပွဲကတော့ စိတ်ဝင်စားစရာကောင်းတော့မှာပဲ။”
အမတ်မင်းတွေအားလုံးဟာတော့ သူတို့မြင်နေရတာကို ကြောက်လန့်နေခဲ့ကြတယ်။ ဖန်ကျန်းရှီကို သူတို့ဟာတော့ သနားစဖွယ် အရာ တစ်ခုလို ကြည့်နေကြတော့တယ်။
“ ငါ အဲဒီ့အချိန် တုန်းက နေရာတစ်ခုကိုသွားခဲ့တယ်။ ငါသွားချင်ခဲ့တဲ့ နေရာတစ်ခုကို” ရန်ရွယ်ဟာတော့ သူ့ကိုယ်သူ ပြောနေဟန်ပါပဲ။ အဲ့ဒီ့နောက် သူ့ရဲ့ နဖူးပေါ်က ချွေးတွေကို သုတ်လိုက်တော့တယ်။
“ဘယ်နေရာကိုလဲ။ ” ဖန်ကျန်းရှီဟာ ရန်ရွယ်ရဲ့ အမူအာကို မြင်ချိန်မှာတော့ သူဟာ သိလိုစိတ် အပြည့်နဲ့ မေးလိုက်တယ်။ ရန်ရွှယ်ဟာ ဘယ်တုန်းကမှ သူ့ရဲ့ အကြောင်း ကို ပြောမပြခဲ့ဘူး ။ ဒါကြောင့် ဖန်ကျန်းရှီဟာလည်း တစ်ခါမှ တောင် မမေးခဲ့ဘူး။
“ နတ်ဆိုး ကျောင်းတော်ရဲ့ ကောင်းကင်ရတနာခန်းမလိုမျိုး တူညီတဲ့ အပြိုင်နယ်မြေရှိတဲ့ နေရာတစ်ခု။ သူ့ကိုတော့ တခြားသူတွေက “ ကောင်းကင်ဘုံကို ဆန့်ကျင်သော နေရာ” လို့ ခေါ်တယ်။ ဒါပေမယ့်လည်း ရန်မိသားစုကတော့ “ဘိုးဘေးဘီဘင် ခန်းမတော်” လို့ ခေါ်တယ်။” ရန်ရွယ်က ပြောလိုက်တယ်။
“ ဘိုးဘေးဘီဘင် ခန်းမတော်။” ဖန်ကျန်းရှီက စိတ်ရှုပ်ထွေးစွာ ပြောလိုက်တော့တယ်။
“ ဟုတ်တယ်။ ငါတိုက်ခိုက်တော့မယ်။” ရန်ရွှယ်ဟာ နောက်ထပ် မပြောတော့ပါဘူး။
“လာခဲ့လေ။” ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ်။ သူဟာ ဒါကို ရင်ဆိုင်ဖို့ အတွက် ပြင်ဆင်ထားပြီးးသား ။
“ အရွယ်အစား ပြောင်းလဲစေ” အေးစက်တဲ့ လေဟာ ဖန်ကျန်းရှီရဲ့ ရှေ့က ပုံရိပ်ကို တိုက်ခတ်သွားခဲ့တယ်။
အေးဆေးနေခဲ့တဲ့ ဖန်ကျန်းရှီဟာတော့ မျက်လုံးပြူသွားတော့တယ်။ ရန်ရွယ်က အရင်ကထက် အင်အားကြီးလာတာကို သူသိတယ်။ ဒါပေမယ့်လည်း
ရန်ရွှယ် အခု ပြသနေတဲ့ အင်အားနဲ့ အလျင်နှုန်းကတော့ အရင်ကနဲ့ လုံးဝကို ကွာခြားနေခဲ့တယ်။
ဘာတွေ များ ပြောင်းလဲသွားတာလဲ။
ဖန်ကျန်းရှီဟာ လေအရိပ်နည်းလမ်းကို သုံးပြီးတော့ ခုန်ရှောင်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့်လည်း အချည်းနှီးသာ ဖြစ်ခဲ့တော့တယ်။
ရန်ရွှယ်ဟာ အလင်းတန်း တစ်ခုသဖွယ် လှုပ်ရှားရင်းနဲ့ သူ့ဘေးကို ရောက်လာခဲ့တော့တယ်။ ဖန်ကျန်းရှီ ဘယ်လိုမှကို ရှောင်လွှားနိုင်ခြင်း မရှိသလို။ သူတွေးထင်ထားခဲ့တာ ထက်လည်း အတော်လေးကို ပိုမြန်နေခဲ့တယ်။
ဒါဟာတော့ ဖန်ကျန်းရှီ မြင်ခဲ့ဖူးတဲ့ အလျင်နှုန်းပဲ ။
ယဉ်ရှန် ရဲ့ သုခမိန်လောကထဲမှာ သုံးခဲ့တဲ့ အရှိန်နှုန်းနဲ့ အတူတူပဲ ။
ငလူးပဲ။
ဒီလပိုင်း အတွင်းမှာပဲ သဘာဝလွန် အဆင့်ကို ရောက်ချသွားတာလား။
ဖန်ကျန်းရှီက ဒါကို တွေးနေချိန် မှာပဲ စူးရှ ထက်မြက်လှတဲ့ အငွေ့အသက်တွေဟာ သူ့ဆီကို ဝင်ရောက်လာတော့တယ်။
သူဟာ ခုန်ရှောင်လိုက်တယ်။
“ခcha” သူ့ရဲ့ အကျီလက်ရှည်ဟာတော့ အကျီ လက်တို အဖြစ်ကို ပြောင်းလဲသွားတော့တယ်။
ဒီအချိန်မှာပဲ စင်မြင့်ပေါ်မှာ အက်ကွဲကြောင်း တစ်ခုပေါ်လာတော့တယ်။ ဓားနဲ့ ခွဲချလိုက်သလိုမျိုး တိတိကျကျ ပြတ်ထွက်သွားတာ ။ ကျောက်တုံးတွေတောင် မှ ပြတ်ကုန်ကြတယ်။
ဖန်ကျန်းရှီဟာတော့ မျက်လုံးတွေ ပြူးကျယ်သွားတော့တယ်။
ဘာကြီးလဲ။
သူဟာ ရန်ရွှယ်ကို ကြည့်လိုက်ချိန်မှာတော့ ရန်ရွှယ် မလှုပ်ရှားတာကို တွေ့လိုက်ရတယ်။ ဖန်ကျန်းရှီရှိနေတဲ့ နေရာမှာပဲ ရပ်တန့်နေဆြ ။
သူဟာ အနီဖျော့ရောင် ရေဝဲ တွေရဲ့ အပေါ်မှာ ရပ်ရင်း အလွန် အမင်း နာကြင်နေဟန်ပါပဲ။
ဒါပေမယ့်လည်း ဖန်ကျန်းရှီ ပိုပြီးတော့ အာရုံစိုက်နေတာကတော့ ရန်ရွှယ်ဟာ လက်နက် တစ်ခုကိုတောင်မှ မကိုင်ထားဘူး ။
ဒါကြောင့်
ဘာကများ စင်မြင့်ကို ကွဲအက်စေတာလဲ။
အမတ်မင်းတွေ အားလုံးဟာတော့ ဒီ ပျက်စီးမှုကို မြင်ချိန်မှာ တအံ့တသြ ဖြစ်နေခဲ့ကြတော့တယ်။
“သူ တကယ်ပဲ နားလည်သွားပြီ။”
“သူတကယ်ပဲ ဒီ ပျက်စီးမှု အင်အားကို အသက် ၁၆ နှစ်မှာ နားလည်ခဲ့ပြီ။”
“ သမိုင်း တစ်လျှောက်မှာ ကောင်းကင်ရောင်ပြန် အဆင့်နဲ့ ဒီလို အင်အားမျိုးကို ရတဲ့ သူတွေ ရှိခဲ့တယ်။ ဒါပေမယ့်လည်း အသက် ၁၆ နှစ်ကတော့ ဒီ တစ်ယောက်တည်း ရှိတယ်။”
“ ဘာမှ သံသယ ဖြစ်စရာ မလိုတော့ဘူး။ သူက ရန်မိသားစုရဲ့ အောင်မြင်သူ ဖြစ်လာမှာ အမှန်ပဲ။”
“ဒီ ပြိုင်ပွဲ ပြီးသွားရင်းတော့ ဧကရာဇ် မှာ ရန်ရွှယ် အတွက် ဘယ်လို အစီအစဉ် ရှိမလဲ သိချင်လိုက်တာ။”
အမတ်မင်းတွေ အားလုံးဟာတော့ ရန်ရွှယ်ကို အာရုံစိုက်နေကြတာ ။ တစ်ယောက်မှ ဖန်ကျန်းရှီကို မကြည့်ကြဘူး။
အပိုင်း (၂၇၄) ပြီး၏။
အပိုင်း (၂၇၅)
“ဘယ်လိုတောင် ကြီးမားလိုက်တဲ့ အပေါက်ကြီးလဲ။”
ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ နှစ်ယောက်ကို ထိပ်တန်း ကျောင်းတော်သား ဘွဲ့အတွက် သူတို့ကိုသာ ရွေးချယ်ခိုင်းမယ်ဆိုရင် သူတို့ဟာ 80% လောက် ရန်ရွှယ်ကိုပဲ ရွေးချယ်မှာ ။
အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။
ရန်ရွှယ်က လွှမ်းမိုးမှုကြီးမားတဲ့ မိသားစုကဖြစ်နေတာကြောင့်ပဲ။
ထုံးစံအတိုင်း ရန်ရွှယ်ဟာ ညီလာခံ အကြောင်းနဲ့ နိုင်ငံရေးလှည့်ကွက်တွေ အကြောင်းကို ပိုပြီးတော့ နားလည်တယ်။
သမိုင်းတစ်လျှောက်မှာ အာဏာရှင်တွေနဲ့ ပြည်သူတွေကြား တိုက်ပွဲတွေ အမြဲဖြစ်ခဲ့တယ်။
ဒါပေမယ့်လည်း ကြီးမြတ်သော ရှ မင်းဆက်မှာတော့ ဒီလိုအဖြစ်မျိုးတွေဟာ ပြင်းထန်ခဲ့တာ မရှိဘူး။ ဒါကြောင့် လွှမ်းမိုးမှု ကြီးမားတဲ့ မိသားစုက လာတဲ့သူတွေဟာ ပိုပြီးတော့ အခွင့်အာဏာများလေ့ရှိကြတယ်။
နောက်ဆုံးတော့လည်း အင်ပါယာက မျိုးဆက်တွေ အများကြီးကို ဖြတ်ကျော်ခဲ့ပြီ ြဖ်စတယ်။ ခက်ခဲတဲ့ အချိန်တွေဟာလည်း ကုန်ဆုံးသွားခဲ့ပြီ။
အခုတော့
အမတ်မင်းတွေ အားလုံးဟာ သူတို့ရဲ့ လိုချင်လောဘ။ နာမည်ကောင်း။ သူတို့မိသားစု နဲ့ သူတို့ရဲ့ မျိုးဆက်တွေ နေရာမြဲဖို့ကိုသာ ကြိုးစားနေကြတော့တယ်။
သူတို့ဟာ သာမာန် ပြည်သူ တစ်ယောက် ညီလာခံကို ဖောက်ဝင်လာမယ့် အကြောင်း ဘယ်လိုမှ လက်မခံနိုင်ကြဘူး ။ အနည်းဆုံးတော့လည်း အဲ့ဒီ့ ပြည်သူဟာ ရာထူး မမြင့်သင့်ဘူး။
ဖန်ကျန်းရှီဟာ အမတ်မင်းတွေ ဘာတွေတွေးနေလဲ ဆိုတာကို မသိဘူး ။
သူဟာ ရန်ရွှယ်ရဲ့ ခြေထောက်အောက်က ရေဝဲတွေကိုသာ စိတ်ဝင်စားနေခဲ့တယ်။
နောက်ပြီးတော့ ရန်ရွှယ်က ဘယ်လိုများ စင်မြင့်ကို လက်နက်တစ်ခုတောင် မပါပဲ ခွဲပြစ်လိုက်လည်းဆိုတာ သိချင်သေးတယ်။
သူမေးသင့်သလား။
ဖန်ကျန်းရှီဟာ သူရန်ရွှယ်ကို မေးလိုက်ရင် ရန်ရွှယ် လုံးဝကို ဖြေမယ်ဆိုတာ သူသိတယ်။ ဒါပေမယ့်လည်း အခုလို နှစ်ယောက်တွဲ တိုက်ပွဲမှာတော့ ။ ရန်ရွှယ်ဟာ စကားမစခဲ့သလို သူလည်း မမေးခဲ့ဘူး ဖြစ်တယ။်
နောက်ပြီးတော့ ရန်ရွှယ် နာကျင်နေတာကိုလည်း သူမြင်နေရတယ်။
ဒါကြောင့် ဒီအခြေအနေကို ထိန်းသိမ်းထားဖို့ အတွက် ရန်ရွှယ်ဟာ ခက်ခဲနေကြောင်းကို သူခံစားမိနေခဲ့တယ်။ ဖန်ကျန်းရှီဟာလည်း အချိန်တို အတွင်းမှာ တိုက်ခိုက်ရေး နည်းလမ်းကို သင်ကြားပြီးတော့ ပုံတူကူးကာ သူ့အစွမ်းကို မြင့်တင်နိုင်တယ်။
တစ်ခဏတာ စဉ်းစားပြီးတဲ့နောက်မှာတော့ယ။
ဖန်ကျန်းရှီဟာ ဒီ နည်းလမ်းရဲ့ အစွမ်းကို မြင်ရဖို့ အတွက် အကောင်းဆုံး နည်းလမ်းဟာ တိုက်ခိုက်ဖို့ပဲ ဆိုတာ နားလည်လိုက်တယ်။ ဒါမှသာ ရန်ရွှယ်ရဲ့ စွမ်းအင်ကိုလည်း သိရှိနိုင်မှာ ။
ဒီအချိန်မှာတော့ သူဟာ ခြေရာမဲ့ဓားကို သုံးလို့မရနိုင်တဲ့ အတွက် ရေခဲနံရံက သင်ယူခဲ့တာတွေကိုလည်း အသုံးချဖို့မဖြစ်နိုင်ဘူး။ ဒါကြောင့် အလင်းတန်းတွေကို သုံးပြီးတော့ တိုက်ခိုက်ရမယ်။
ဖန်ကျန်းရှီဟာ ခုန်လွှားလိုက်တယ်။
ရန်ရွှယ် မတုံ့ပြန် နိုင်ခင်မှာပဲ သူဟာ ကျောက်စိမ်း အလင်းတန်းတွေကို ဆွဲထုတ်လိုက်တယ်။
“တစ်ခုကနေ နှစ်ခု ဖြစ်လာ။ နှစ်ခုကနေ သုံးခု။ သုံးခုကနေ သန်းချီ။ ဆက်လက်ဖြစ်ပျက်စေ။”
ဖန်ကျန်းရှီဟာ ဒီနည်းလမ်းကို ချီကူယန် သုံးပြီးတော့ လှံမိုးတွေကို ကာကွယ်ခဲ့တဲ့ အကြောင်း မြင်ဖူးခဲ့တယ်။ ချီကူယန်လို မကျွမ်းကျင်ရင်တောင်မှ ဒါမေပယ့်လည်း
ရန်ရွှယ်ရဲ့ တိုက်ခိုက်မှုကို တားဆီးဖို့ အတွက်တော့ သုံးနိုင်တယ်။
သူဒီလို တွေးရတာဟာ တခြားနည်းလမ်း မရှိတာကြောင့်လည်း ။
ရန်ရွှယ်ရဲ့ မျက်လုံးတွေဟာတော့ တိုးပွားလာတဲ့ နာကျင်မှုနဲ့ အတူ ပိုမိုတောက်ပလာခဲ့တယ်။ သူ့ရဲ့ ခြေထောက်တွေဟာတော့ ရေဝဲထဲကို ပိုမိုနစ်မြှုပ်သွားတော့တယ်။
ဒါပေမယ့်လည်း ရန်ရွှယ်ဟာ စိတ်ထဲရှိဟန်မတူပါဘူး။
ဖန်ကျန်းရှီဟာ ဓားသိန်းသန်းချီ ပုံရိပ်ကို သုံးတာမြင်ချိန်မှာတော့ သူဟာ သိပ်မအံ့သြခဲ့ဘူး ။ ဒါဟာ နတ်ဆိုးကျောင်းတော်ရဲ့ ထိပ်တန်း လျှို့ဝှက်ပညာရပ်လို့လည်း ဆိုနိုင်သလို အင်အားအတော်ကြီးတဲ့ ပညာရပ်ပဲ။
အားနည်းချက်မရှိသလောက်ကို သန်မာလှတဲ့ နည်းလမ်းလည်း ။
ခုခံတဲ့ နေရာမှာ အကောင်းဆုံးသော အသုံးပြုမှုလည်း ။
လူတစ်ယောက်က ဘယ်လောက်ပဲမြန်မြန် အလင်းဓားတွေထက်တော့ မမြန်နိုင်ဘူး ။ အလင်းဓားတွေကို ဖြတ်သန်းဖို့ ကြိုးစားသူတိုင်းဟာလည်း ဝါးမျို ဖျက်စီးခံရမှာ ။
အတင်း ထိုးဖောက်ဝင်နိုင်မှပဲ ဖြစ်မယ်။
အဆုံးမသတ်နိုင်တဲ့ အလင်းဓား သန်းချီနဲ့ ဆုံဆည်းမှုဟာတော့ အိမ်မက်ဆိုးသဖွယ် ဖြစ်နေလိမ့်မယ်။
ရန်ရွှယ်ဟာတော့ ထိုးဖောက်ဖို့ ကြိုးစားနေခဲ့တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ နည်းလမ်းဟာတော့ ပုံမှန် မဟုတ်ခဲ့ဘူး။
ဖန်ကျန်းရှှီဟာ အလင်းဓားကို လက်က လွှတ်လိုက်ချိန်တည်း က ရန်ရွှယ်ဟာ ခုန်လွှားပြီးသား ။ သူဟာ ဖန်ကျန်းရှီရဲ့ နောက်ကို ရောက်သွားခဲ့ပြှီးတော့ သင်္ကေတ တစ်ခုကို ဆွဲသားလိုက်တယ်။
အနီဖျော့ရောင် အလင်းတန်းဟာ တောက်ပလာတော့တယ်။
ဖန်ကျန်းရှီဆီကို တိုးဝင်သွားးပြီးတော့။
“ဘုန်းးးး”
အံ့သြစရာမရှိလောက်အောင်ပဲ အနီရောင် အလင်းးတန်းနဲ့ အလင်းဓားတို့ဟာ တိုက်မိတော့တယ်။
သိပ်မကြာခင်မှာပဲ အလင်းဓားတွေဟာ ပိုက်ကွန် သဖွယ် ပေါက်ကွဲသွားပြီးတော့ အလင်းဓားဟာလည်း ပျံသန်းနေတော့တယ်။
“ငါ တားဆီး နိုင်လိုက်ပြီလား။” ဖန်ကျန်းရှှီရဲ့ မျက်လုံးတွေဟာ တောက်ပလာတော့တယ်။ သူဟာ နည်းလမ်းကို ပြောဖို့ ပြင်လိုက်ချိန်မှာပဲ။ ရန်ရွှယ်ဟာ မရပ်တန့်သေးဘူး ဆိုတာကို နားလည်လိုက်တော့တယ်။
ရန်ရွှယ်က သူ့နောက်ကျောကို နောက်တစ်ကြိမ် ရောက်လာပြန်တော့တယ်။
ဒီအချိန်မှာပဲ သူ့ရဲ့ အရှိန်နှုန်းဟာလည်း မထင်မှတ်နိုင်လောက်အောင်ကို မြန်ဆန်လာတော့တယ်။
ဒီအချိန်မှာပဲ နောက် ထပ် အနီဖျော့်ရောင် အလင်းတန်းဟာ တောက်ပလာတော့တယ်။
ဖန်ကျန်းရှီဟာတော့ မျက်လုံးပြူးသွားတော့တယ်။ သူဟာ နောက်ထပ် အလင်းဓား တစ်ချောင်းကို ပြစ်လွှတ်လိုက်ပြီးတော့ ကွဲထွက်စေပြန်တယ်။
တစ်ခုချင်းစီဟာတော့ အရင်တစ်ခုစီထက်ကို ပိုပြီးတော့ သေးငယ်ခဲ့တယ်။
နောက်ပြီးတော့
လိုအပ်တဲ့ အချိန်ဟာလည်း အရင်တစ်ခုထက်ပိုကြာခဲ့တယ်။
ဖန်ကျန်းရှီဟာ ဒီနည်းလမ်းကို သိပ် နားမလည်သေးဘူး ။ နောက်ဆုံးတော့လည်း ဒါကို လွန်ခဲ့တဲ့ နာရီပိုင်းကမှ သူ စသုံးဖြစ်တာ။
ချီကူယန် လုပ်သလိုမျိုး မျက်တောင် တစ်ခတ် အချိန်အတွင်းမှာ တော့ ကြီးမားတဲ့ အလင်းတန်းး ပိုက်ကွန်ကြီးကို မလုပ်နိုင်သေးဘူး။
ရန်ရ့ွှယ်ဟာတော့ ဖန်ကျန်းရှီ သူ့ရဲ့ ဓား အလင်းတန်းတွေကို မတာဆီးနိုင်တဲ့ နေရာမှာရောက်နေတာ ာ။ ဒါကြောင့် သူဟာလေည်း ရန်ရွှယ်ရဲ့ တိုက်ခိုက်မှုကို တားဆီးဖို့အတွက် နောက်ထပ် အလင်းဓား တစ်ချောင်းကို ထပ်သုံးဖို့ပဲ ရွေးချယ်ခဲ့တယ်။ ဒါကြောင့်
နောက်အလင်းဓား တစ်ချောင်း ပြေးထွက်သွားပြန်တော့တယ်။
အနီဖျော့ရောင် အလင်းတန်းနဲ့ တိုက်မိပြီးတော့ နောက်တဖန် အလင်းကွန်ယက် ဖြစ်ပေါ်လာပြန်တော့တယ်။
ဒါပေမယ့်လည်း ဒီအချိန်မှာတော့
ရန်ရွှယ်ဟာ နောက်တစ်နေရာကို ရောက်နေပြီ ။ သူဟာ နောက်ထပ် အလင်းတန်းကို ထပ်ပြီးတော့ ပြစ်လွှတ်ပြန်တယ်။
ဖန်ကျန်းရှီဟာတော့ ဘာတွေ ဖြစ်နေလဲ နားလည်သွားပြီ ။
ရန်ရွှယ်ဟာ သူ့ရဲ့ အရှိန်နှုန်းကို သုံးပြီးတော့ အခွင့်ကောင်းကို ဖန်တီးတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို စက်ဝိုင်းသဖွယ် လှည့်ပတ်နေတာ ။ ဒီလိုနဲ့ ဖန်ကျန်းရှှီဟာ ရွေးချယ်စရာ မရှိပဲ ခုခံရတော့တယ်။
ဒါပေမယ့်လည်း
အခုလုပ်နေတာတွေက ဘာတွေလဲ။
ဖန်ကျန်းရှီဟာ ရန်ရွှယ်ရဲ့ စိတ်ကို မဖတ်နိုင်ဘူး ။ ဒါပေမယ့်လည်း ဒီလို ထိုးနှက်ခံနေရတဲ့ ခံစားချက်ကိုတော့ သူမကြိုက်ဘူး ။ သူဟာ ကောင်းကောင်းမွန်မွန် လက်ရည်တူနဲ့ပဲ တိုက်ချင်ခဲ့တာ။
ကြည့်ရတာ အခုတော့ ရွေးချယ်စရာ မရှိတော့တဲ့ပုံပဲ။
တတိယအလင်းဓားကို သူသုံးလိုက်ပြန်တယ်။
…
စင်မြင့်အောက်မှာတော့ အမတ်မင်းတွေဟာ အနီရောင် အလင်းတန်း ကွန်ယက်က အစိမ်းရော်င် အလင်းတန်း ကွန်ယက်တွေကို ချိုးဖြတ်နေတာကို ကြည့်ရင်း ပြုံးနေခဲ့ကြတယ်။
“သူက အရှိန်ကို သုံးပြီးတော့ နေရာအနှံ့တိုက်ခိုက်မှု လုပ်နေတာပဲ။ ဖန်ကျန်းရှီလဲ ခုခံတာကလွဲပြီးတော့ မတတ်နိုင်ဘူး။ ရန်ရွှယ်က ဒီလောက်ထိ ရင့်ကျက်စွာ တိုက်ခိုက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”
“အင်း ။ရန်မိသားစုကတော့ အမြဲတမ်း တင်းကြပ်နေတာပဲ။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ ကြီးပျင်းလာရမှာတော့ ရန်ရွှယ်ကလည်း သာမာန် ဘယ်ဟုတ်နိုင်မလဲ။”
“ အသက် ၁၆ မှာတင် ဒီလောက်ကြီးမားတဲ့ အင်အားတွေရှိနေခဲ့ပြီ။”
အမတ်မင်းတွေ အားလုံးဟာတော့ တိုက်ပွဲကိုကြည့်ရင်း မှတ်ချက်ပေးနေခဲ့ကြတယ်။
ဝန်ကြီးချုပ်ယွီယိဖျင်ဟာတော့ အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံကို တစ်ချက် မျက်စပြစ်လိုက်တယ်။ သူဟာ အိမ်ရှေ့စံရဲ့ အမြင်ကို မေးမြန်းလိုဟန်ပါပဲ။
လင်းထျန်းရုံဟာတော့ သူ့လက်ထဲက ကျောက်စိမ်းတုံးလေးကို ကစားနေခဲ့တာပဲ ။ ယွီယိဖျင်က သူ့ကိုကြည့်နေတာ မြင်ချိန်မှာတော့ သူဟာ ခေါင်းကို ခပ်ဖြည်းဖြည်း တစ်ချက် ငြိမ့်ပြလိုက်ကာ သူ့နောက်က လူငယ်ကို တစ်ချက် လှည့်ကြည့်လိုက်တော့တယ်။
ထိုလူငယ်ဟာ အဆင့်လေး အမတ်မင်း ဝတ်စုံကို ဝတ်ထားပြီးတော့ သူဟာ အသက် ၃၀ တောင် ပြည့်သေးဟန် မရှိပါဘူး။
ပုံမှန် အတိုင်းဆိုရင်တော့ သူဟာ အိမ်ရှေ့စံ မင်းသား လင်းထျန်ရုံရဲ့ အနားမှာ ရပ်မနေသင့်ဘူး ။
ဒါပေမယ့်လည်း သူဟာ ရှိနေခဲ့တယ်။
သူဟာတော့ စုချင်း ။ အခုတလော လင်းထျန်ရုံ ရဲ့ အရေးပေးမှုကို ရနေခဲ့တဲ့ အမတ် မင်း ။
“ကျွန်တော် နားလည်ပါပြီ။ ” စုချင်း ဟာ လင်းထျန်ရုံကို ပြန်ဖြေလိုက်တယ်။
လင်းထျန်းရုံဟာလည်း ခေါင်းငြိမ့်လိုက်တယ်။ ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ ကြားက မိတ်ဆွေ သူငယ်ချင်း ဆက်ဆံရေးကို သူသိတယ်။ ဒါပေမယ့်လည်း အိမ်ရှေ့စံ မင်းသား တစ်ပါး အနေနဲ့ ဒါကို တွေးဖို့ မလိုဘူး။
သူအတွက်တော့ သူလုပ်ချင်တာကို စုချင်းစီ ပြောဖို့ပဲ လိုအပ်တာ ။
အဲ့ဒီ့နောက် စုချင်း ဘယ်လိုလုပ်သည် ဖြစ်စေ သူ အာရုံစိုက်စရာ မလိုတော့ဘူး။ အမိန့်အတိုင်း အောင်မြင်အောင် လုပ်နေသရွှေ့တော့ သူနဲ့ သက်ဆိုင်ခြင်း မရှိ။
စုချင်းဟာလည်း ဖန်ကျန်းရှီ နဲ့ ရန်ရွှယ် ကြားက သူငယ်ချင်း ဆက်ဆံရေးကိုလည်း သူသိတယ်။ ဒါပေမယ့်လည်း အိမ်ရှေ့စံ မင်းသားက သူ့ကို ဒီကိစ္စ လုပ်ဖို့ အတွက် တာဝန်ပေးလာချိန်မှာတော့ သူလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာဟာတော့ ခေါင်းငြိမ့် ပြီး အစီအစဉ် တစ်ခုကို စဉ်းစားဖို့ပဲ ။
ဒါကတော့ အရာအားလုံး အတွက် လုပ်ဖို့ လိုနေတဲ့ ဗျူဟာလည်း ။
သွမ့်အရှင်ဟာတော့ ရန်ရွှယ်ကို ကြည့်နေခဲ့တယ်။ ဒါပေမယ့်လည်း သူဟာ လှုပ်ရှားမှု တစ်ခုကိုမှ မပြုသေးဘူး ။ သူ့စိတ်ထဲမှာတော့ တခြား မေးခွန်း တစ်ခုကသာ ကြီးစိုးနေခဲ့တယ်။
ဘာလို့ ဖန်ကျန်းရှီ က သူ့ဓားကို ဆွဲမထုတ်သေးတာလဲ။
မဖြစ်ဘူး။
ဓားထုတ်ကို ထုတ်ရမယ်လေ။ အချိန်တွေက မကုန်သေးဘူး မလား။
သွမ့်အရှင်ဟာတော့ သူ့ အနီးနားမှာ ရှိနေတဲ့ ပင်းယန်ကို တစ်ချက်ကြည့်ရင်း ကိုယ့်ကိုယ်ကို နှစ်သိမ့်နေခဲ့တယ်။
ပင်းယန်ဟာတော့ အတော်လေးကို စိတ်ရှုပ်နေဟန်ပါပဲ။ မ သူမဟာ သူမရဲ့ ဂါဝန်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်းနဲ့ စင်မြင့်ပေါ်က တိုက်ပွဲကို ကြည့်နေခဲ့တယ်။ မျက်တောင် မခတ်စတမ်းးး။
သူမဟာ တစ်ကိုယ်ကြား ရေရွှတ်နေခဲ့တယ်။
“ကောင်စုတ်လေး တကယ်ပဲ ရှုံးတော့မှလြား။ တစ်ခုခု တွေးစမ်း။ လှည့်ကွက်လေး ဘာလေး သုံးတော့လေဟာ။ နင်က အမြဲတမ်း ဉာဏ်ကောင်းပြိး မွှတ်နေအောင် လည်တာမလား။ ဘာလို့ အခုမှ ရုတ်တရက် ငတုံးကောင် ဖြစ်သွားတာလဲ။”
…
ရန်ရွှယ်ဟာတော့ သူ့ရဲ့ တိုက်ခိုက်မှုအရှိန်နဲ့ ဆက်လက်ဖိနှိပ်နေခဲ့တယ်။ ဖန်ကျန်းရှီဟာလည်း ရွေ်းချယ်စရာမရှိပဲနဲ့ ခုခံ နေခဲ့ရတယ်။ လေထုဟာတော့ ပိုပြီးတော့ လေးလံဘာသလို လူတိုင်းဟာလည်း ရလဒ်ကို စောင့်ဆိုင်းနေခဲ့ကြတယ်။
ဖန်ကျန်းးရှီဟာတော့ အခုချိန်မှာ အခြေအနေ သိပ်မကောင်းဘူး။
ရန်ရွယ်ရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်နေချိန်မှာပဲ သူဟာ အရေးကြီးတဲ့ အရာတစ်ခုကို နားလည်သွားခဲ့တော့တယ်။
ဓားအလင်းတန်းတွေကို ပိုပြီးတော့ များများသုံးလေလေ ပိုပြီးတော့ နှေးကွေးလာလေပဲ ။ နောက်ပြီးတော့ သူတို့တွေကို ထိန်းချုပ်ရတာကလည်း ပို ပြီးတော့ ပင်ပန်းလာခဲ့တော့တယ်။
“ငါနားလည်ပြီ၊” ဖန်ကျန်းရှီဟာနောက်ဆုံးမှာတော့ ဘာလို့များ ဒီနည်းလမ်းနဲ့ ထိုးစစ်ဆင်နေရလဲ ဆိုတာကို နားလည်သွားခဲ့ပြီ ။
ဒါပေမယ့်လည်း ဘာလို့ ဒီလေ ာက် အချိန်အကြာကြီး လုပ်နေရတာလဲ။
ဒီ တိုက်ခိုက်ရေး နည်းလမ်းက များ အင်အားအရာမှာ ယာယီ ပိတ်ဆို့တဲ့ နည်းလမ်း မဟုတ်တာ များကြောင့်လား။ ဒါဆိုရင်ဘည်း ဘာကြောင့် ရန်ရွှယ်က ဒီလောက်ထိ နာကျင် ဟန်ပေါ်နေတာလဲ။ အရေးအကြီးဆုံးကတော့ ဒီလို နည်းလမ်းမျိုးက ဘာလို့များ တည်ရှိ နေရတာလဲ ။
အဓိပ္မာယ် မရှိလိုက်တာ။
အကယ်၍ ဒါက သာ အချိန်နဲ့ အမျှ အင်အားတိုးလာပြီးတော့ အသုံးပြုသူကို အနိုင်မရနိုင်အောင် ဖြစ်စေတယ်ဆိုရင် ရန်ရွှယ်က ဘာလို့များ ဒီလို နည်းလမ်းကို အသုံးပြု တဲ့ တစ်ယောက်သော သူ ဘာလို့များ ဖြစ်နေရတာလဲ။
ဒါကိုတော့ ဖန်ကျန်းရှီ နားမလည်နိုင်ခဲ့ဘူး။
ဒီအချိန်မှာပဲ။
အေးစက်လှတဲ့ လေထုဟာ သူ့ရဲ့ နားနားမှာ ဖြတ်သန်းတိုက်ခိုက်လာတော့တယ်။
“ဘာဖြစ်တာလဲ။” ဖန်ကျန်းရှီဟာ နောက်ကို ခုန်ဆုတ်လိုက်ရတယ်။ အေးစက်လှတဲ့ လေထုဟာ သူ့ရဲ့ မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်တိုက်သွားဟန်ပဲ။ အဲ့ဒီ့နောက် သူ့ရဲ့ ခြေထောက်အောက်မှာ အက်ကွဲကြောင်. တစ်ခု ပေါ်လာတော့တယ်။
သူ့ရဲ့ မျက်နှာ မထိသွားတာကတော့ အတော်လေး ကံကောင်းတယ်လို့ ဆိုရမယ်။
ဖန်ကျန်းရှီဟာတော့ သက်ပြင်းတစ်ချက်ချလိုက်တော့တယ်။ သူဟာတိုက်ခိုက်မှု လာတဲံ့ အရပ်ကို ကြည့်လိုက်တယ်။
ကိစ္စကတော့ မပြတ်သေးပါဘူး။
ဖန်ကျန်းရှီ ကျိန်ဆဲချင်လာတော့တယ်။
ငလူးပဲ။
ကြီးလိုက်တဲ့ အပေါက်ကြီး ။
သူ မျက်စိမှောက်နေတာလား ဆိုတာကို တွေးမရနိုင်ခဲ့ဘူး။ ဒါမှ မဟုတ် တကယ်ပဲ ဒီလောက် ကြီးမားတဲ့ အပေါက်ကြီးက တကယ်ဖြစ်နေလားဆိုတာ သူ နားမလည်နိုင်ခဲ့ဘူး။ ဖန်ကျန်းရှီ ချန်ထားခဲ့တဲ့ ဓားကွန်ယက်တွေကို အပေါက်ကြီးဟာ စုပ်ယူနေခဲ့တယ်။
သူဟာ သူ့ရဲ့ စွမ်းအားတွေ ထုတ်မလို့ ပြင်လိုက်ချိန်မှာပဲ သူ့ရဲ့ ညာဘက်ကနေ လေတိုးသံကို ကြားလိုက်ရတယ်။
“ မိုးနတ်မင်းရေ။ ဒီမှာသေတော့မယ်။” ဖန်ကျန်းရှီဟာ သူ့ရဲ့ ဓားကွန်ယက် ပြိုကွဲသွားပြီ ဆိုတာ သဘော ပေါက်လိုက်တော့တယ်။ နောက်ပြီးတော့ နေရာ ပေါင်းစုံက ဓားကွန်ယက်တွေ အကုန် ကျိုးပေါက်သွားတာလည်း ။
ဒါက ယာယီ အင်အားလို့ပဲ ထင်နေတာ ။
ငါးမိနစ်လောက်ပဲ ကြာသေးတာကို ဘာလို့များ ဒီလောက်ထိ အင်အားကြီးလာတာလဲ။
ဖန်ကျန်းရှီဟာ ဒီအချိန်မှာတော့ သူ့ရဲ့ တိုက်ခိုက်ရေးဗျူဟာကို ပြောင်းဖို့ အချိန်ဖြစ်မှန်း သိလိုက်တယ်။ ဒါပေမယ့်လည်း ရန်ရွှယ်ကတော့ သူ့ကို စဉ်းစားဖို့ အချိန်များများ မပေးခဲ့ဘူး။
လေထုတိုက်ခိုက်မှုပြီးတဲ့နောက်မှာတော့
ရန်ရွှယ်ဟာ သူ့နောက်ကို ရောက်လာခဲ့တော့တယ်။
သူတို့ နှစ်ဦးရဲ့ အကွာအဝေးဟာ တစ်မီတာတောင် မပြည့်တော့ဘူး ။ ဖန်ကျန်းရှီဟာ ရန်ရွှယ်ရဲ့ နဖူးပေါ်က ချွေးသီးချွေးပေါက်တွေကိုပါ မြင်နေခဲ့ရတယ်။ နောက်ပြီးတော့ ရန်ရွှယ်ရဲ့ ခြေထောက်အောက်က အနီဖျော့ရောင် ရေဝဲ နှစ်ခုကိုလည်း သေချာ အနီးကပ်တွေ့နေရတယ်။
သူ့ရဲ့ စိတ်ထဲမှာ ထူးခြားတဲ့ ခံစားချက် တစ်ချို့ ပေါ်လာတော့တယ်။
ဒီရေဝဲတွေရဲ့ အငွေ့အသက်က ရင်းနှီးနေတယ်လို့ ထင်တယ်။ ဒါပေမယ့်လည်း ဘယ်နေရာတွေ့ခဲ့လည်း ဆိုတာကိုတော့ မတွေးတတ်ဘူး ဖြစ်နေခဲ့တယ် ။
ဒါပေမယ့် ဘယ်နေရာမှာလဲ။
ဖန်ကျန်းရှီဟာ မစဉ်းစားနိုင်ဘူး။
ရိုးရိုးသားသား ပြောရရင်တော့ သူ့မှာ စဉ်းစားဖို့ အချိန် များများစားစားကို မရှိတာပဲ ။ ရန်ရွှယ်ဟာ သူ့ရဲ့ တိုက်ခိုက်မှုကို စတင်နေခဲ့ပြီ ။ အချက်တိုင်းဟာ မြန်ဆန်ပြိးတော့ ကြောက်မက်ဖွယ် ကောင်းလှတယ်။
“ခချာ့”
ဖန်ကျန်းရှီရဲ့ အကျီလက်ဟာတော့ သူ ခုန်ရှောင်လိုက်ချိန်မှာ ပြတ်သွားခဲ့ပြန်တယ်။
သူ့ရဲ့ အကျီလက်တိုကတော့ မကြာခင် အချိန်မှာပဲ တစ်စစီ ဖြစ်တော့မှာ ။
ပထမဆုံး အနေနဲ့ ဖန်ကျန်းရှီဟာ စင်မြင့်ပေါ်မှာ အရှက်ရတာ ။ နောက်ပြီးတော့ သူ့ကို အရှက်ရအောင် လုပ်နိုင်တဲ့ သူဟာလည်း ရန်ရွှယ် ဖြစ်နေခဲ့တယ်။
“လျှို့ဝှက်လက်နက်ပုန်း။”
ဒီအချိန်မှာတော့ ဖန်ကျန်းရှီဟာ ရွေးချယ်စရာ မရှိတော့တာကြောင့် လက်နက်ပုန်းကို သုံးလိုက်ရတော့တယ်။
တစ်ချိန်တည်းမှာပဲ ကောင်းကင်တစ်ခုလုံးဟာ အလင်းတန်းတွေ ပေါက်ကွဲထွက်သွ ားြ ပီးတော့ လက်နက်ပေါင်း များစွာဟာ ကောင်းကင်မှာပျံ့နှံ့သွားတော့တယ်။
ဒါပေမယ့်လည်း ဒါက အသုံးမဝင်ခဲ့ဘူး။
ရန်ရွှယ်ဟာ ဖန်ကျန်းရှီ လုပ်မှာကို ကြိုတင်ခန့်မှန်းထားတဲ့ ပုံပဲ ။
အနီရောင် အလင်းတန်းတွေဟာ သူ့ရှေ့မှာ ပေါ်လာခဲ့တော့တယ်။
ဈေးပေါပေါနဲ့ ဝယ်လာတဲ့ လက်နက်ပုန်းတွေ အကုန် မြြေုပင်ပေါ်ကို ရောက်သွားတော့တယ်။ လုံး၀ ကို အသုံးမဝင်ဘူး။
ဖန်ကျန်းရှီဟာ အနည်းငယ်တော့ တောင့်ခဲသွားခဲ့တယ်။ သူ့ရဲ့ လက်နက်တွေက ရန်ရွှယ့်ကို မထိခိုက်ေ်စနိုင်ဘူး ဆိုတာ သူသိတယ်။ ဒါပေမယ့်လည်း အချိန် နည်းနည်းတော့ ထပ်ဆွဲထားချင်သေးတယ်။
ရန်ရွှယ်ကို နောက်ပြန် တွန်းလိုက်ပြီးတော့ သူ့ အတွက် အသက်ရှူ ချောင်စရာေ နရာလေး တစ်ခုတော့ လုပ်ချင်သေးတယ်။
ဒါပေမယ့်လည်း ရန်ရွှယ်ရဲ့ သူ့ကို ပိတ်ဆို့ တိုက်ခိုက်နေပုံကတော့ သူ့ကို အတော်လေး အခက်တွေ့ စေခဲ့တယ်။
ဒါကို အရင်က သူမြင်ဖူးတယ်။
နတ်ဆိုး ကျောင်းတော်မှာတုန်းကလည်း ရှင်းဟို့က သူ့ရဲ့ လက်နက်ပုန်းတွေကို သုံးမရအောင် လုပ်ခဲ့တယ်။
အခုတော့လည်း ရန်ရွှယ်။
လောကကြီးက ဘာတွေ ဖြစ်ကုန်ပြီလဲ။
ဒီအချိန်မှာတော့ ရှင်းယွမ်ကောင်းနဲ့ ပိုင်ရှင်းတို့ရဲ့ အဆုံးမဲ့လောကထဲက တိုက်ပွဲကို သူပြန်တွေးမိတော့တယ်။ အဲ့ဒီ့အချိန်တုန်းက ရှင်းယွမ်ကောင်းဟာ သိပ်သည်းလှတဲ့ ခရမ်းရောင် အလင်းတန်းတွေနဲ့ ဝန်းရံထားပြီးတော့
ပိုင်ရှင်းကတော့ အဖြူရောင် အလင်းတန်းတွေနဲ့ ဝန်းရံထားခဲ့တယ်။
“ဒါက ဖြစ်နိုင်မလား။” ဖန်ကျန်းရှီဟာ ရန်ရွှယ်ရဲ့ ခြေထောက် အောက်က ရေဝဲ တွေကို ကြည့်ရင်း သူဟာ မဖြစ်လောက်တဲ့ နည်းလမ်း တစ်ခုကိုတွေးလိုက်မိတော့တယ် ။
သူ လက်မခံချင်ပေမယ့်လည်း မှန်နိုင်ချေက ၅၀ % လောက်ကို ရှိနေတယ်။
မဖြစ်နိုင်ဘူး။
အကယ်၍ ဒီလိုသာ ဖြစ်ခဲ့ရင် အနာဂတ်မှာ ငါတို့ အတူတူ ကစားလို့ ရပါအုန်းမလား။
အပိုင်း (၂၇၅) ပြီး၏
အပိုင်း (၂၇၆)
“အဇူရာ”
ရှင်းယွမ်ကောင်းနဲ့ အင်အားတူနေတဲ့ သူကို ဘယ်လိုများ တိုက်ခိုက်ရမှာလဲ။
ရှင်းယွမ်ကောင်းက ဘယ်လို အင်အားကြီးမှန်း သူမသိခဲ့ဘူး။ ဒါပေမယ့်လည်း ပိုင်ရှင်းရဲ့ နတ်ဆိုး မျက်လုံးကတော့ အနီရောင် ဖြစ်နေခဲ့တယ်။ သဘာဝလွန် အဆင့် ယဉ်ရှန်တောင်မှ အစိမ်းရောင် နတ်ဆိုး မျက်လုံးရှိနေခဲ့တာ။
ရှင်းယွမ်ကောင်းက ယဉ်ရှန်ထက် အနည်းဆုံးတော့ အဆင့် တစ်ဆင့်မြင့်တာ သိသာလှတယ်။ ဒါက သဘာဝလွန် အဆင့်ထက် ကျော်လွန်တာပဲ။
ဖန်ကျန်းရှီက ရန်ရွှယ်ကို “ဘိုးဘေးဘီဘင် ခန်းမ” က ဘယ်လို နေရာမျိုးလည်း ဆိုတာ သူ တကယ်မေးချင်နေခဲ့တယ်။ ဒါပေမယ့်လည်း ရန်ရွှယ်က သူ့ကို ဒီလို အခွင့်အရေး မပေးခဲ့ဘူး။
လျို့ဝှက် လက်နက်တွေကို ခုခံပြီးတာတောင်မှ ရန်ရွှယ်ရဲ့ အရှိန်နှုန်းက မလျော့သွားခဲ့ဘူး။
သူက ရေဝဲ နှစ်ခုပေါ်မှာ မတ်တပ်ရပ်ရင်းနဲ့ ဖန်ကျန်းရှီ စီကို ထိုးဖောက်ဝင်နေခဲ့တယ်။ သူတို့ နှစ်ဦးကြားက အကွာအဝေးကလည်း နီးကပ်လာတော့တယ်။
ရန်ရွှယ်ရဲ့ အလင်းတန်းတွေက အရှိန်နဲ့ အတူ မြန်ဆန်လွန်းလှတယ်။ ဖန်ကျန်းရှီကတော့ တုံ့ပြန်ဖို့ အချိန်တောင် မရှိခဲ့ဘူး။သူ့ရဲ့ မျက်နှာနားကို ကပ်လာတဲ့ လေအေးအေးတွေကို ခံစားလိုက်ရတယ်။
ခုန်ရှောင်လိုက်။
ဒါကတော့ သူ့ရဲ့ ပထမ ထင်မြင်ချက်။
ဒါပေမယ့်လည်း သူ့မှာ ဘယ်လို ခုန်ရှောင်ရမလဲ ဆိုတာကို တွေးဖို့ အတွက် အချိန် များများစားစား မရှိခဲ့ဘူး။ ရန်ရွှယ်က သိသိသာသာကို အင်အားကြီးနေခဲ့တယ်။ ဒီလို အခြေအနေမျိုးမှာ ဆိုရင်တော့ ဖန်ကျန်းရှီမှာ နိုင်နိုင်ချေ မရှိတော့ဘူး။အံ့ဖွယ် အရာ တစ်ခုတောင်မှ မဖြစ်နိုင်ဘူး။
အခုတော့ သူက အံ့ဖွယ် တစ်ခုကို စောင့်ဆိုင်းနေရမှာလား။
ဖန်ကျန်းရှီက ငတုံးမှ မဟုတ်တာ။ ဒီလို ကိစ္စမျိုးတွေက အံ့ဖွယ်တွေ ကံတရားတွေ ဖြစ်လာနိုင်တာမှ မဟုတ်တာ။
ဖန်ကျန်းရှီက သူငယ်ရွယ်စဉ် အချိန်တုန်းကတော့ သူ့ရဲ့ ဆရာသင်ကြားခဲ့တဲ့ အရာ တစ်ခုကို မှတ်မိနေဆဲ။“အကယ်၍ အံ့ဖွယ် တစ်ခု ဖြစ်မလာနိုင်ရင် အံ့ဖွယ် တစ်ခု ဖြစ်လာအောင် လုပ်ပါ။”
သူ့ရဲ့ ဘ၀ တစ်လျှောက်လုံးမှာ ထိပ်တန်း နေရာကနေ ရောက်နေခဲ့တာက ဒီ စကားကို လိုက်နာတာကြောင့်ပဲ။
ဒါပေမယ့်လည်း
အခုတော့ ပထမနေရာကနေ အောက်ကျရတော့မယ်။
သေချာတာကတော့ ။ ဒါက နာကျင်စရာ ကိစ္စပဲ ။ ဒါပေမယ့် ဒီမှာ ပျော်ရွှင်စရာ ဇာတ်သိမ်းရှိခဲ့ရင်ကော။ နောက်ဆုံးနေရာသာ ဖြစ်ခဲ့ရင်တော့ သူ အိမ်ပြန်ရောက်ရင် အရိုက်ခံရပြီပဲ။
အဲ့ဒီံနောက်မှာတော့ သူက သူလိုချင်တာ အတွက် ကြိုးစားတယ်။ သူ့ ကိုယ်ပိုင် အံ့ဖွယ်အရာကို ဖန်တီးလိုက်တယ်။
သူ့ရဲ့ အိပ်မက်တွေကို ဖြစ်အောင်လုပ်ဖို့ အတွက် တက္ကသိုလ်ကို သွားခဲ့တယ်။ သနားစရာ ကောင်းတာကတော့ သူ့ရဲ့ မေဂျာကို ရွေးချယ်ချိန်မှာ အမှားသေးသေးလေး တစ်ခုကို လုပ်မိသွားခဲ့တယ်။ ဒါပေမယ့်လည်း ဒါက သူ့ရဲ့ အရင်ဘဝက မှတ်ဉာဏ်တွေသာ ဖြစ်ခဲ့တယ်။
အခုတော့ ဒီမှာ ပုံကြမ်းချဖို့ အတွက် လိုအပ်လာခဲ့ပြီ။ သူ့မှာ နောက်ထပ် အံ့ဖွယ်ရာ တစ်ခုကို ဖန်တီးဖို့ လိုလာခဲ့ပြီ။
နှစ်ယောက်တွဲ တိုက်ပွဲမှာ အရေးကြီးတာက နှစ်ခုပဲ ရှိတယ်။ - စွမ်းရည်နဲ့ လှည့်ကွက်။
ပြဿနာ ရှိတဲ့ အချိန်မှာ လူတစ်ယောက်က အေးဆေးပြီးတော့ တည်ငြိမ်နေခဲ့တယ်။
ရန်ရွှယ်က သူ့ကို သူ့ရဲ့ စွမ်းရည်နဲ့ ဖိနှိပ်နိုင်တယ်။ နောက်ပြီးတော့ သူက အခုချိန်မှာတော့ နာကျင်ခံစားနေရတယ်။ ဒါကြောင့် ဖန်ကျန်းရှီကို မြန်နိုင်သလောက် မြန်အောင် အဆုံးသတ်ပြစ်ချင်နေခဲ့တယ်။
ဖန်ကျန်းရှီက ရန်ရွှယ်ကို အခွင့်အရေး ပေးဖို့ အတွက် ဆုံးဖြတ်လိုက်တယ်။
သူ့ရဲ့ ပြိုင်ဘက်ကို ရန်စ တိုက်ခိုက်ဖို့ အတွက်က ခက်ခဲနေခဲ့ရင် ဘာလို့ ချော်ထွက်အောင် လုပ်ပြီးတော့ သူတို့ကို သတိမဲ့အောင် မလုပ်ရမှာလည်း ။
ဖန်ကျန်းရှီက ခုန်ရှောင်လိုက်တယ်။
ဒါပေမယ့်လည်း သူက ကောင်းကောင်း ခုန်ရှောင်တာတော့ မဟုတ်ခဲ့ဘူး။ လေထုက သူ့ကို ဖြတ်သန်းတိုက်ခိုက်သွားချိန်မှာ သူက နောက်ကို နည်းနည်းလေး ပိုခုန်မိတဲ့ အတွက် လဲကျသွားခဲ့တယ်။
“ဝူး!”
လေထုကတော့ သူ့ရဲ့ ခေါင်းပေါ်ကို ဖြတ်သန်းတိုက်ခိုက်နေခဲ့တယ်။
ဖန်ကျန်းရှီရဲ့ အမူအယာကတော့ ပြောင်းလဲသွားတော့တယ်။ သိသိသာသာကို အရင်ကထက် ပိုပြီးတော့ စိတ်ရှုပ်ထွေးလာခဲ့တယ်။ သူက မတော်တဆ တင်ပါးနဲ့ နောက်ပြန်ကျသွားခဲ့တာ။ အဲ့ဒီံနောက် သူက ခြေထောက်ထောက်ပြီးတော့ ပြန်ထလိုက်တယ်။
သူက ရန်ရွှယ်ကို အထိတ်တလန့်ဖြစ်အောင် လုပ်လိုက်တယ်။
ဒီလိုနည်းနဲ့ ရန်ရွှယ်က ဖန်ကျန်းရှီရဲ့ အနောက်ကို ရောက်သွားပြန်တော့တယ်။ အရာအားလုံးကတော့ ကောင်းမွန်နေခဲ့တယ် ။
အမတ်မင်းတွေ အားလုံးကတော့ သူတို့ မြင်နေရတာကို စိတ်လှုပ်ရှား တက်ကြွနေခဲ့တယ်။
“ ဒါက အခွင့်ကောင်းပဲ။”
“ သူက ငယ်ရွယ်လွန်းသေးတယ်။ သန်မာတဲ့ ပြိုင်ဘက်နဲ့ တွေ့ချိန်မှာတော့ သူက ပျာယာခတ်နေခဲ့တယ်။”
“အကယ်၍ သူသာ တည်ငြိမ်မယ်ဆိုရင် နောက်ထပ် ဆယ့်ငါးမိနစ်လောက် တောင့်ခံနိုင် အုန်းမှာ။ အခုတော့ ကြည့်ရတာ ပြိုင်ပွဲက ပြီးသွားပြီ”
“ ဒါက သူ့အပြစ်လည်း မဟုတ်ပါဘူးလေ။ ရန်ရွှယ်က ပိုပြီးတော့ အင်အားကြီးနေတာပဲ။”
အမတ်မင်းတွေ အားလုံးကတော့ ပျာယာခတ်နေတဲ့ ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။
ရန်ရွှယ်ကတော့ ဖန်ကျန်းရှီကို အပြတ်တိုက်ဖို့ အတွက် ဆုံးဖြတ်လိုက်တော့တယ်။
သူက ဒီ တိုက်ပွဲကို နောက်ဆုတ်တော့မှာ မဟုတ်ဘူး။
ဒါကတော့ သူ့ရဲ့ ဖန်ကျန်းရှီ အပေါ်မှာ ထားတဲ့ လေးစားမှုလည်း ဖြစ်သလို သူတို့ နှစ်ဦးကြားက တစ်ယောက်ကို တစ်ယောက်လေးစားမှုလည်း။ရန်ရွှယ်က ဖန်ကျန်းရှီရဲ့ နောက်ကျောကို ဦးတည်လိုက်တော့တယ်။
အရေးကြီးတဲ့ နေရာတွေ နောက်ကျောမှာ အများကြီးရှိပေမယ့်လည်း သူတို့ထဲက အများစုကတော့ သေစေတာမျိုး အတွင်းဒဏ်ရာ ရစေတာမျိုး တော့ မရှိဘူး။ ဒါပေမယ့်လည်း စင်ပေါ်ကနေ လွင့်ထွက်သွားအောင်တော့ ဖြစ်စေနိုင်တယ်။
ဒီလိုကြောင့် ရန်ရွှယ်က သူ့ရဲ့ အင်အား အကုန်လုံးကို တိုက်ခိုက်မှုမှာ ထည့်လိုက်တော့တယ်။
ဒါပေမယ့်လည်း ။
သူက သူ့ရဲ့ လက်ကို မြှောက်လိုက် ချိန်မှာတော့ သူ့ရဲ့ နာကျင်တဲ့ အမူအယာက ဆိုးဝါးလာတော့တယ်။ သူ့ရဲ့ ခြေထောက် အောက်က ရေဝဲတွေက တုန်ယင်နေခဲ့တယ်။
ဆယ့်ငါးမိနစ် တွက်ချက်မှုကတော့ နှစ်ယောက်လုံး အတွက် ဆုံးဖြတ်ချက် ဖြစ်စေလိမ့်မယ်။
သူကတော့ ချွေးထွက်လွန် တာကြောင့် ရေဓာတ်ခန်းနေပြီ။
ဖန်ကျန်းရှီ ခန့်မှန်းထားတဲ့ အတိုင်းပဲ ရန်ရွှယ်ကတော့ ဒါကို တတ်နိုင်သလောက် မြန်မြန် အဆုံးသတ်ဖို့ ပြင်ဆင်နေခဲ့တယ်။ အနားယူဖိုကတောင်မှ မတွေးခဲ့ဘူး။
ယုံကြည်မှု မြစ်မြို့တော်မှာ တုန်းက သူတို့ နှစ်ဦးက တစ်ခါ ရင်ဆိုင်ခဲ့ရသေးတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီက သူ့ထက် ခံနိုင်ရည်အား သာလွန်တယ်ဆိုတာကို သူသိတယ်။
ဖန်ကျန်းရှီကို သူ့ရဲ့ သက်လုံကြောင့် အနိုင်ယူသွားမှာကို မလိုလားဘူး။
ဖန်ကျန်းရှီက သူ့ နောက်ကျော ဘက်ကနေ လေထု အင်အားကို ခံစားလိုက်ရတယ်။ နောက်ကို လှည့်မကြည့်ပဲနဲ့ ရန်ရွှယ် သူ့နောက်မှာ ရှိနေမှန်းကို သိလိုက်တယ်။
ပြိုင်ဘက်တစ်ယောက် ကိုယ့်ရဲ့ နောက်ကျော်မှာ ရောက်နေခဲ့တယ်။
ဒါက ကြောက်စရာ အကောင်းဆုံးသော အခြေအနေပဲ။ ဒီလို အခြေအနေမျိုးမှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ် ။ တစ်ခုကတော့ သူက ရှေ့ကို ခုန်ရှောင်ဖို့ ကြိုးစား၇မယ်။ နောက်တစ်ခုကတော့ နောက်ပြန် ကန်ထုတ်ပြီးတော့ ရန်ရွှယ်ရဲ့ အရေးကြီး အစိတ်အပိုင်းကို ဦးတည်မယ်။
နှစ်ခုလုံးကတော့ မလွယ်ကြောတွေပဲ ။
ပထမ တစ်နည်းကတော့ ရှက်စရာ ကောင်းတယ်။
ဒုတိယ တစ်ခုကတော့ မဆိုးဘူး။ နိုင်နိုင်ချေ ရှိတယ်။ အကယ်၍ နေရာကောင်းကို မရှာနိုင်ရင်တော့ ဒီတစ်ချီမှာ ရှုံးရပြီ။ အကယ်၍ သူသာ နေရာကောင်းကို သေချာ ချိန် တိုက်နိုင်ရင်တော့ ရန်ရွှယ် သူ့ဘဝမှာ မိသားစု ဘ၀ တည်ထောင်လို့ ရမှာ မဟုတ်တော့ဘူး။
ဒါပေမယ့်လည်း ဒါတွေ အားလုံးက သူ့ရဲ့ အစီအစဉ် အတိုင်း ဖြစ်လာမှ ဖြစ်မယ် ။ နောက်ထပ် သူ့ဆှီကို ရောက်လာမယ့် တိုက်ခိုက်မှုကိုလည်း ကာကွယ်ဖို့ ကြိုးစားရမယ်။
ဥပမာ အားဖြင့်။
သူသာရှေ့ကို စိတ်ပျက်လက်ပျက်နဲ့ ခုန်ချလိုက်ရင်တော့ ရှေ့ကို သွားကျိုးအောင် ပြုတ်ကျတော့မယ်။
ဒါကတော့ လုံးဝကို ရှက်စရာ ကောင်းတာပဲ ။
ရန်ရွှယ်ကလည်း သူ့ရဲ့ ပြိုင်ဘက် ဒီလို ချော်ထွက်သွားတဲ့ ရွှေရောင် အခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ဘူး။ ဖန်ကျန်းရှီက ရှေ့ကို တိုးလာချိန်မှာတော့ သူကလည်း နောက်ကနေ ကပ်လိုက်လာခဲ့တယ်။
အဲ့ဒီ့နောက် သူက သူ့ရဲ့ လက်ဝါးကို ဖန်ကျန်းရှီ ဆီ ပြစ်လွှတ်လိုက်တော့တယ် ။
ဒီအချိန်မှာပဲ
အလင်းဓား တစ်ခုက သူ့ရဲ့ မျက်လုံးရှေ့မှာ ပေါ်လာခဲ့တယ်။
အဲ့ဒီ့နောက် ဒုတိယ တစ်ခု တတိယ တစ်ခု။ စတုတ္ထ တစ်ခု။
၆ ခုမြောက် အလင်းတန်း က သူ့ဆီကို ဝင်လာချိန်မှာတော့ ပြင်းထန်လှတဲ့ အရှိန်နှုန်း နဲ့ နေရာ ပေါင်းစုံကနေ ဦးတည်လာတဲ့ အလင်းတန်းတွေကို မြင်လိုက်ရတော့တယ်။
ရန်ရွှယ်ရဲ့ အမူအယာကတော့ ပြောင်းလဲသွားတော့တယ်။
အလင်းဓားတွေရဲ့ တိုးတက်လာတဲ့ အရှိန်နှုန်းနဲ့ အင်အားကို သူကောင်းကောင်းသိတယ်။
ဒီလို ပြင်းထန်လှုပ်ရှားနေတဲ့ အခြေအနေမှာ ဖန်ကျန်းရှီက ဒီလောက် အလင်းဓား အများကြီးကို ထုတ်နိုင်မှာ မဟုတ်ဘူး။
“ငါ အရူးလုပ်ခံလိုက်ရပြီ။” ရန်ရွှယ်ကတော့ မျက်လုံးပြူးနေခဲ့တယ်။ သူက ချက်ခြင်း ဆိုသလို နောက်ဆုတ် တော့တယ်။ အဲ့ဒီ့နောက် သူ့ရဲ့ နောက်ကျော် ဘက်က ကြီးမားလှတဲ့ အင်အားတွေကို ခံစားလိုက်ရတယ်။
နောက်ဆုတ်နေတာကို သူ လည်း ရပ်လိုက်တော့တယ်။ ဒီအချိန်မှာပဲ အလင်းတန်း ခြောက်ခုလုံးက သူ့ကို ဝန်းရံပြီးတော့ သူရပ်မယ့် နေရာကို ကြိုသိနေသလို ထိုးဖောက် ဝင်လာတော့တယ်။
“ဘုန်း။”
အလင်းဓား ခြောက်ခုလုံးက တစ်ချိန်တည်းမှာ ပေါက်ကွဲသွားတော့တယ်။ မရေမတွက်နိုင်တဲ့ ဓား အလင်းတန်းတွေကတော့ တစ်ခုကို တစ်ခု ထိခတ် ပေါင်းစည်း သွားကာ ရန်ရွှယ်ကို ချိတ်ပိတ်လိုက်တော့တယ်။
တိုက်ပွဲတွေ ပြီးသွားပြီလို့ ထင်ခဲ့တဲ့ အမတ်မင်းတွေကတော့ မျက်လုံးပြူးကုန်ကြတော့တယ်။ သူတို့ အားလုံးက မယုံကြည်နိုင်စွာနဲ့ ကြည့်နေခဲ့ကြတယ်။
ဘာတွေ ဖြစ်ကုန်တာလဲ။
ဖန်ကျန်းရှီက ခုန်ရှောင်ဖို့လုပ်နေတဲ့ အချိန်မှာ ဘာလို့များ ချက်ခြင်း အလင်းဓား ခြောက်ချောင်းကို ပေါက်ကွဲစေနိုင်တာလဲ။
ဒါက မဖြစ်နိုင်တာပဲ။
ဒါက များ။
အမတ်မင်းတွေရဲ့ အတွေးထဲမှာတော့ အတွေးတစ်ခုပေါ်လာတော့တယ်။ အဲ့ဒီ့ နောက် သူတို့က တစ်ယောက်ကို တစ်ယောက် ရှက်ရွံ့စွာနဲ့ ကြည့်နေကြတော့တယ်။ သူတို့ရဲ့ မျက်နှာတွေကို လူရှေ့သူရှေ့မှာ ဖြတ်ရိုက်ခံလိုက်ရသူတွေလိုမျိုး အကြည့်နဲ့ ကြည့်နေခဲ့ကြတယ်။
သူတို့ ခုနကပဲ ပြောခဲ့တာ ဖန်ကျန်းရှီက ငယ်ရွယ်လွန်းြ့ပီး တိုက်ပွဲ အတွေ့အကြုံ မရှိတဲ့ သူ။ဒါကြောင့် သူ့ထက် အင်အားသာတဲ့ သူနဲ့ ရင်ဆိုင်ရချိန်မှာတော့ သူ့ရဲ့ အေးဆေးမှုတွေ ပျောက်ပြီးတော့ ပျာယာခတ်ကာ ရှုံးပွဲ ဆင်လိမ့်မယ်လို့ သူတို့ အခိုင်အမာပြောခဲ့ကြတယ်။
ဒါပေမယ့်လည်း အခုမှာတော့
ဖန်ကျန်းရှီက ပျာယာခတ်တာကို အတုလုပ်နေတာပဲ။
“ အရှက်မရှိလိုက်တာ။ လှည့်စားလိုက်တာ။”
“လူတစ်ယောက်က ဘယ်လိုများ ဒီလောက်ထိ အရှက်မရှိတာလဲ။ အခုက ညီလာခံ စာမေးပွဲလေ။ နောက်ပြီးတော့ ဧကရာဇ် တစ်ယောက်လုံး ငုတ်တုတ်ကြီး ရှိနေတယ်။ ”
“ ဒီလိုလုပ်ရပ်မျိုး ဧကရာဇ်နဲ့ အမတ်မင်း တွေ ရှေ့မှာ လုပ်နေတာ သူ့ရဲ့ ပုံရိပ်ကတော့ အဆင့်လေး အမတ်မင်း တွေ အားလုံးရဲ့ ဂုဏ်ကို ကျဆင်းစေတာပဲ။
အမတ်မင်းတွေ အားလုံးကတော့ သူတို့ရဲ့ အရှက်ရမှု အတွက် ယမ်းပုံမီးကျဖြစ်နေခဲ့ကြတယ်။ သူတို့က စိတ်ထဲမှာ ကျိန်စာ တိုက်ရင်းနဲ့ ပြောနေခဲ့ကြတယ်။ ဒါပေမယ့်လည်း ဘယ်သူကမှ သူတို့ရဲ့ မကျေမနပ်ဖြစ်မှုကို အသံတစ်သံတောင် မထွက်ရဲဘူး။
ပင်းယန်ကတော့ ဒါကို မြင်ချိန်မှာ အလွန် အမင်းကို တက်ကြွလာတော့တယ်။ “ဟား ဟားဟား။ ဒီ ကောင်စုတ် တကယ်ပဲ ဟား ဟား… ဒ့ီထက်တောင်မှ အရှက်မရှိအောင် လုပ်သင့်တာ။”
သွမ့်အရှင်ကတော့ ပင်းယန်ရဲ့ ရယ်မောသံကို ကြားချိန်မှာတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတော့တယ်။
အခုချိန်ထိ ဖန်ကျန်းရှီက သူ့ဓားကို ဆွဲမထုတ်သေးဘူ း။သူ တကယ်ပဲ သူ့ ဓားကို ဆွဲမထုတ်တော့ဘူးလား။ ဒါဆို သူ့ရဲ့ နေခွင်း လေး ကတော့ ရေစုန်မျောရတော့တယ်။
ဒီ အချိန်မှာတော့ ဧကရာဇ် လင်းမုပိုင်ရဲ့ အမူအယာကလည်း အနည်းငယ်လောက် ပြောင်းလဲသွားခဲ့တယ်။ ဒါပေမယ့်လည်း သူက စကား တစ်ခွန်းမှ မပြောခဲ့ဘူး။ သူက သူ့ရဲ့ ပလ္လင်ကိုသာ လက်နဲ့ ခေါက်နေခဲ့တယ်။
သူဘာတွေးနေလဲ ဆိုတာ ဘယ်သူကမှ မသိနိုင်ဘူး။
စင်မြင့်ပေါ်မှာတော့။
ဖန်ကျန်းရှီ ကတော့ ရန်ရွှယ် သူ့ရဲ့ ဓား ပိုက်ကွန်ထဲမှာ ပိတ်မိနေတာကို ကြည့်နေခဲ့တယ်။ သူက ခပ်ယဲ့ယဲ့ ပြုံးနေခဲ့တယ်။ ရန်ရွှယ် တကယ်ပဲ ပိတ်မိမလား မပိတ်မိဘူးလား။
“ဖွင့်” ဒီအချိန်မှာပဲ ရန်ရွှယ်ရဲ့ အသံက ပေါ်လာခဲ့တယ်။ အဲ့ဒီ့ နောက် အနီဖျော့ဖျော့ အလင်းတန်းတွေက ဓား ကွန်ယက်ကို ဖောက်ဝင်လာခဲ့တယ်။
ဒီအချိန်မှာတော့ ကြီးမားလှတဲ့ အပေါက်ကြီးက ဓား ကွန်ယက်ရဲ့ အတွင်းမှာ ဖြစ်ပေါ်လာတော့တယ်။
ရန်ရွှယ်က အလွယ် တကူခုန်ထွက်လာခဲ့တယ်။
ဖန်ကျန်းရှီရဲ့ အပြုံးကတော့ အေးခဲသွားတော့တယ်။
“ ဒါက အရမ်းကို လွန်လွန်းတာပဲ ။ ဘာကြီးလဲဟ”
“ဒါက ဘိုးဘေးဘီဘင် ခန်းမမှာ သင်ကြားခဲ့တဲ့ တာအိုပဲ။” ရန်ရွယ်ကတော့ ဖန်ကျန်းရှီရဲ့ အတွေးတွေကို သိနေဟန်ပါပဲ။ သူက မတိုက်ခိုက်ပဲနဲ့ အပေါက်ကိုသာ ကျယ်အောင် ချဲ့နေဲ့တယ်။
ဒါပေမယ့်လည်း ရန်ရွှယ် ဒါကို ပြောနေချိန်မှာ သူ့ရဲ့ ကိုယ်ကတော့ အနည်းငယ် တုန်ယင်နေခဲ့တယ်။
ပိုပြီးတော့ အရေးကြီးတာကတော့ သူ့ရဲ့ ခြေထောက်အောက် ရေဝဲ တွေက မြင့်တက်လာခဲ့တယ်။ သူတို့က ရန်ရွှယ်ရဲ့ ခြေကျင်းဝတ် အထိကို တက်လာခဲ့တယ်။ ဒါတွေက ဘာတွေလဲ ဆိုတာ ဖန်ကျန်းရှီလည်း မတွေးတတ်တော့ပါဘူး။
“ဒါက တာအိုလား။” ဖန်ကျန်းရှီက ရန်ရွှယ်ရဲ့ ခြေထောက် အောက်က ရေဝဲတွေကို ကြည့်နေခဲ့တယ်။
ဒါပေမယ့်လည်း ဒါတွေကို ဘယ်လို ရင်ဆိုင်ရမလဲ မသိတော့ဘူး။
ရေဝဲတွေ မြင့်တက်လာချိန်မှာတော့ ပြဿနာ ဖြစ်တော့မယ်ဆိုတာ သူသိနေခဲ့တယ်။
အမတ်မင်းတွေအားလုံးကတော့ စင်နဲ့ ဝေးကွာကြတဲ့ အတွက် သူတို့က ရေဝဲတွေရဲ့ ပြောင်းလဲမှုကို သတိမထားခဲ့မိဘူး။
ဒါပေမယ့်လည်း ဓား ကွန်ယက်ကနေ ရန်ရွှယ် ထွက်လာတာကို မြင်ချိန်မှာတော့ သူတို့က ပြုံးလိုက်ကြတော့တယ်။
“ စစ်မှန်တဲ့ စွမ်းရည်ကို ရင်ဆိုင်ရချိန်မှာတော့ ဘယ်လို အရှက်မရှိတဲ့ နည်းလမ်းကမှ အသုံးဝင်မှာ မဟုတ်ဘူး၊”
“ ခုခံမှုက တကယ်ကောင်းတာပဲ။”
“ရန်ရွှယ်က သူ့လှည့်ကွက်ထဲမှာ တစ်ကြိမ်ရောက်ပြီးပြီ။ တူညီတဲ့ အမှားမျိုး နောက်ထပ် လုပ်မယ်ဆိုရင် တော့ ဒီ ပြိုင်ပွဲ မကြာခင် အချိန်မှာ အဆုံးသတ်တော့မှာပဲ။
အမတ်မင်းတွေ အားလုံးကတော့ သူတို့ရဲ့ ခန့်မှန်းမှုကို အတော်လေး ယုံကြည်ချက် ရှိနေပုံပဲ။ ရန်ရွှယ်က ဖန်ကျန်းရှီထက် ပိုပြီးတော့ ထူးချွန်တယ်လေ။
ရန်ရွှယ်က ဖန်ကျန်းရှီကို ချက်ခြင်းတော့ မရှင်းပြခဲ့ဘူး။ သူက ကောင်းကင်ကြီးကို မော့ကြည့်ရင်းနဲ့ တစ်ခုခုကို ပြန် စဉ်းစားနေခဲ့တယ်။
တစ်ခဏ တာကြာပြီးနောက်မှာတော့ သူက ဖန်ကျန်းရှီကို ပြန်ကြည့်လိုက်တော့တယ်။
“ယုံကြည်မှု မြစ်မြို့တော် စာမေးပွဲမှာ ငါသုံးခဲ့တဲ့ နည်းလမ်းကို မှတ်မိသေးလား။” ရန်ရွှယ်က မေးလိုက်တယ်။
“ဓားပညာလား။” ဖန်ကျန်းရှီက သေချာအောင် ပြန်မေးလိုက်တယ်။ အဲ့ဒီ့နောက် တစ်စုံ တစ်ခုကို စည်းစားမိဟန်နဲ့ သူက အမူအယာ ပြောင်းလဲသွားခဲ့တော့တယ်။ “ အဇူရာ ဓားပညာလား။”
“အတိအကျပဲ။ အဇူရာရဲ့ အဓိပ္မာယ်ကိုလည်း ငါရှင်းပြခဲ့သေးတယ်လေ။” ရန်ရွှယ်က ခေါင်းငြိမ့်လိုက်တယ်။
“ အဇူရာ အဓိပ္မာယ် ” ဖန်ကျန်းရှီ ရဲ့ မျက်လုံးကတော့ တောက်ပလာတော့တယ်။ ရန်ရွှယ်ရဲ့ ခြေထောက် အောက်က ရေဝဲ တွေကနေ လာတဲ့ အငွေ့အသက် ရင်းနှီးနေရတဲ့ အကြောင်းရင်းကို သူ နားလည်သွားတော့တယ်။
ရန်ရွှယ်ရဲ့ အဇူရာ ဓားပညာက အဇူရာရဲ့ စိတ်ဝိဉာဉ် ကနေ ဖန်တီးတာ။
ဒါပေမယ့်လည်း ဒီ ရေဝဲတွေကတော့ အဇူရာကို အပြည့်အ၀ သုံးပြီးတော့ ဖန်တီးထားတာ။ဒါက မှ ပိုပြီး ကိုက်ညီတဲ့ အသုံးနှုန်းဖြစ်မှာ။
အဇူရာ တာအို။
တစ်ချိန်တည်းမှာပဲ ဖန်ကျန်းရှီက ဘာတွေ ဖြစ်နေလဲ ဆိုတာကို နားလည်သွားတော့တယ်။
ချီကူယန်က တစ်ချိန်တုန်းက သူ့ရဲ့ စိတ်အာရုံ နယ်မြေထဲက သစ်သီးတွေ အကုန်လုံး အခြေတည် အဆင့်မှာပဲ ရှိနေတာကို ပြောခဲ့တယ်။
ဖန်ကျန်းရှီက တာအိုရဲ့ နောက်ဆုံး အဆင့် ဘယ်လို အခြေအနေ ရှိလဲ မသိဘူး။
ဒါပေမယ့်လည်း များသောအားဖြင့် လူတွေကတော့ အမျိုးအစား တစ်ခုတည်းကိုပဲ ဦးစားပေးလေ့ကျင့်ပြီးတော့ တစ်ခုတည်းကိုပဲ ဦးစားပေးကြတယ်။
ရန်ရွှယ်ကတော့ ချန်လှပ်ခြင်း မရှိဘူးး
“ဘာကြောင့်လဲ ဆိုတော့ သူက ဘိုးဘေးဘီဘင် ခန်းမကို သူဝင်ခဲ့တာက အဇူရာ တာအိုကို တိုးတက်အောင် လုပ်ချင်လို့ပဲ ဖြစ်ရမယ်။”
ဒါပေမယ့်လည်း သူ့ရဲ့ ရှင်းလင်းချက်မှာ တစ်ခုခု လိုအပ်နေတာတော့ သတိထားမိလိုက်တယ်။
ဒါက တာအို တိုးတက်မှု တစ်ခုပဲလား။
ရန်ရွှယ်ရဲ့ အရည်အချင်းတွေက အတော်လေးကို တိုးတက်လာခဲ့တယ်။ ဒါပေမယ့်လည်း ဒီလောက်ထိ အင်အားကြီးလာစရာ အကြောင်းတော့မရှိဘူး။
ဒါက ခုန်လွှားခြင်းပဲ။
သူ့ရဲ့ စိတ်အာရုံနယ်မြေထဲက သစ်သီးတွေကို ကြီးမားအောင် လုပ်ခဲ့တာက လွဲပြီးရင် များများစားစား တိုးတက်မှုမျိုးကို မလုပ်ခဲ့ဘူး။ ရန်ရွှယ့်လိုလဲ အင်အား မကြီးခဲ့ဘူး။ ရှင်းယွမ်ကောင်းနဲ့ ပိုင်ရှင်း တို့ရဲ့ ခုခံမှုကို ပြန်စဉ်းစား ချိန်မှာတော့ ဒါက သူတွေးသလို မရိုးရှင်းနိုင်ဘူးဆိုတာကို ထင်လိုက်မိတယ်။
နောက်ဆုံးမှာတော့ ရန်ရွှယ်က မတွေးနိုင်လောက်အောင် တိုးတက်လာတာ။
သူ ဘာများ ကျန်၇စ်ခဲ့လဲ။
အဇူရာ တာအို ။
အပိုင်း (၂၇၆) ပြီး၏။
အပိုင်း (၂၇၇)
“ အကောင်းနှင့် အဆိုးကြားက ဝင်ရိုးတစ်ခု”
ဖန်ကျန်းရှီကတော့ “အဇူရာ တာအို” ဆိုတဲ့ စကားလုံးကိုသူ့ကိုယ့်သူ ရေရွတ်နေမိတယ်။ သူက သူ့ရဲ့ အရင်လောက က တာအို အဇူရာ အကြောင်းကို ပြန်ပြီးတော့ တွေးဖို့ ကြိုးစားနေခဲ့တယ်။
ဒါက အဆူရာကနေ ဆင်းသက်လာတာ။ စစ်ပွဲတွေကို ချစ်မြတ်နိုးတဲ့ နတ်မျိုးနွယ်တွေကနေ ပြီးတော့ ဆင်းသက်လာတာ။ အမျိုးသားနတ်တွေကတော့ အတော်လေးကို ရုပ်သွင်ကြည့်ရဆိုးပြီးတော့ အမျိုးသမီးတွေကတော့ ချောမောလွန်းလှတယ်။
ဒါပေမယ့်လည်း ဒီ ရှင်းလင်းချက်ကတော့ ဒီလောက်မှာ အသုံးမဝင်နိုင်ဘူး။
ဒါေကြောင့်
သူ့မှာ ရှင်းပြစရာ အကြောင်းရင်း တစ်ခုပဲ ရှိတယ်။ အဇူရာ တာအိုကတောာ့ အတော်လေးကို ကောင်းမွန်တဲ့ တစ်ခုပဲ ။ ဒါပေမယ့်လည်း အမုန်းတရားနဲ့ စစ်ပွဲကို ဆာလောင်မှုလည်း။ဒါကြောင့် ကောင်းတဲ့ တာအိုလို့တော့ ဆိုမရဘူး။
ခနနေပါအုန်း။
အဇူရာတာအို…. ဒါက ခြောက်ခုတည်းက တစ်ခုမလား။
ဖန်ကျန်းရှီက တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားခဲ့တယ်။ ကြည့်ရတာ ဒီလောကမှာ ကောင်းကင်တာအိုကို ဖော်ပြချက်တွေ အတော်များများ ရှိနေပုံပဲ။
ကောင်းကင်နိမိတ်။ ရှေ့ဖြစ်ကေစာတမ်း ။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာ။
ကောင်ကင်တာအိုက မှတ်တမ်းတင်ရေးထိုးထားတဲ့ တာအို ခြောက်ခုထဲက တစ်ခုပဲ။
“တာအို ခြောက်ခု။ တာအို ခြောက်ခု ။ ” ဖန်ကျန်းရှီက ပြန်လည်တွေးတောနေခဲ့တယ်။
ရန်ရွှယ်ကတော့ အပေါက်ကို ချဲ့နေချိန်မှာပဲ ဖန်ကျန်းရှီ ပြောတာကို ကြားချိန်မှာ မျက်လုံးပြူးသွားခဲ့တယ်။
လူတိုင်းကတော့ ဖန်ကျန်းရှီက တာအို ခြောက်ခုအကြောင်းပြောနေတာ ကြားချိန်မှာ ထိတ်လန့်သွားခဲ့ကြတယ်။
ဒါပေမယ့်လည်း ရန်ရွှယ်ကတော့ မအံ့သြခဲ့ပါဘူး။
နောက်ဆုံးတော့လည်း ဖန်ကျန်းရှီ ဆိုတာက တာအို ကျောင်းတော်ကို မဝင်ဖူးတာတောင်မှ စာမေးပွဲတိုင်းမှာ ထိပ်ဆုံးရောက်ခဲ့တဲ့သူ။
ဒါကတော့ လုံးဝကို အံ့ဖွယ်ပဲ။
ဒီလိုကြောင့် သူက ဖန်ကျန်းရှီ တာအို ခြောက်မျိုး အကြောင်းသိတာကိုလည်း မထူးဆန်းတော့ပါဘူး။
“ဟုတ်တယ်။ အဇူရာ တာအိုက ကောင်းကင်တာအိုနဲ့ တူတယ်။ တာအို ခြောက်မျိုးထဲမှာ ပါတယ်။ ”
ဖန်ကျန်းရှီက အပြည့်အ၀ နားမလည်သေးဘူး။ဒါက ရန်ရွှယ် မရှင်းပြတာတေကြာင့် မဟုတ်ဘူး။ သူက တခြား တစ်ခုကို တွေးနေတာကြောင့်ပဲ။
“သဘာဝလွန် အဆင့်ပြီးရင် နောက်ထပ် ဘာအဆင့်လာလည်း ။” ဖန်ကျန်းရှီက ဖြတ်မေးလိုက်တယ်။ ဒါပေမယ့်လည်း အရာအားလုံးက ဒီမေးခွန်းရဲ့ အဖြေပေါ်မှာ မူတည်နေတာကို သူသိတယ်။
“ပြန်လည်မွေးဖွားခြင်း အဆင့်။” ရန်ရွှယ် က ပြန်ဖြေလိုက်တယ်။ ဖန်ကျန်းရှီရဲ့ ရိုးရှင်းလွယ်ကူလှတဲ့ မေးခွန်းကို သူ မအံ့သြသွားခဲ့ပါဘူး။
“ငါနားလည်ပြီ။” ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ်။
ရန်ရွှယ်က ပြန်လည်မွေးဖွားခြင်း အဆင့်လို့ ပြောလိုက်ချိန်တည်းက သူလိုအပ်နေတဲ့ အဖြေကိုလည်း ရသွားခဲ့ပြီ။တာအို ခြောက်ခုက ပြန်လည်မေးွဖွားခြင်း အဆင့်နဲ့ ယှဉ်တွဲနေတယ်။
ပြန်လည်မွေးဖွားခြင်းရဲ့ တာအို ခြောက်ခု။
ဒီလောကမှာ တာအို အခန်း သုံးထောင်ရှိတယ်။ ပြန်လည်မွေးဖွားခြင်း တာအို ခြောက်ခုကတော့ အထူးအဆင့်မြင့် တာအိုတွေ။
ရန်ရွှယ်က အဇူရာတာအိုကို နားလည်နေမှတော့လည်း သူ့ရဲ့ အစွမ်းက ဒီလောက်ထိ အင်အား ထက်မြက်တာ မဆန်းဘူး။ဒါပေမယ့်လည်း ပြဿနာ တစ်ခုရှိနေတယ်။
သူ့ရဲ့ အခုလက်ရှိ အင်အားနဲ့ဆိုရင် အဇူရာ တာအိုကို အပြည့်အ၀ မထိန်းချုပ်နိုင်ဘူး။
ရန်ရွှယ်ရဲ့ နာကျင်လွန်းလှတဲ့ အမူအယာကို သူမြင်နေခဲ့၇တယ်။
“မှန်တယ်။ ငါ အဇူရာ တာအိုကို နားလည်သွားပြီ။ ဒါပေမယ့်လည်း ငါ့မှာ လုံလောက်တဲ့ အင်အားတော့ မရှိဘူး ဒါပေမယ့်လည်း ငါသာ ပြည့်ဝတဲ့ အင်အားနဲ့ စုပ်ယူခံလိုက်ရရင်တော့ ငါက နတ်မိစ္ဆာအဖြစ်ကို ပြောင်းလဲသွားလိမ့်မယ်။ အခုတော့ ငါက “အကောင်းနဲ့ အဆိုးကြာက လှည်းဝင်ရိုးမှာ ရပ်နေတာပဲ။” ဒီပေါ်ကနေ ငါ လှုပ်ရှားလို့ မရနိုင်ဘူး။ ငါ့ရဲ့ ကောင်းမွန်တဲ့ စိတ်ကိုသာ ဆုံးရှုံးသွားခဲ့ရင်တော့ မိစ္ဆာအဇူရာ ဖြစ်သွားလိမ့်မယ်။ ဒီလိုကြောင့် နောက်ထပ် ငါ ဆယ့်ငါးမိနစ်ပဲ တောင့်ခံနိုင်တော့မယ်။ အကယ်၍ နောက်ဆယ့်ငါးမိနစ်သာ အချိန်ဆွဲထားနိုင်ရင် ငါရှုံးသွားလိမ့်မယ်။” ရန်ရွှယ်က ခေါင်းငြိမ့်ရင်း ဖန်ကျန်းရှီကို ကြည့်လိုက်တယ်။
“ ငါမင်းကို ဆယ့်ငါးမိနစ် အတွင်း နိုင်အောင် တိုက်ပါမယ။” ဖန်ကျန်းရှီက သူ့ရဲ့ ကသတွေကို နှစ်သက်တယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ သူက ကသလုပ်နေတာ မဟုတ်ခဲ့ဘူး။
အမတ်မင်းတွေအားလုံးကတော့ စိတ်ပျက်စွာကြည့်နေခဲ့ကြတယ်။
နောက်ဆုံးတော့လည်း ရန်ရွှယ်က ဖန်ကျန်းရှီထက် ပိုပြီးတော့ အင်အားကြီးတာ ပဲ မဟုတ်ဘူးလား။ နောက်ပြီးတော့ ရန်ရွှယ်ကပဲ ဖန်ကျန်းရှီကို ဆယ့်ငါးမိန်စ်အတွင်း အလဲထိုးနိုင်မှာ။
တစ်ခုတည်းသော တိုက်ပွဲ ဆုံးဖြတ်ချက်ကတော့ ထွက်နေခဲ့ပြီ။
ဒါတောင်မှ ဖန်ကျန်းရှီက ရန်ရွှယ်ကို ဆယ့်ငါးမိနစ် အတွင်း အနိုင်တိုက်မယ်လို့ ပြောနေခဲ့တယ်။
ဘယ်လို ကသများလည်။
“သူ ကြောင်များ ကြောင်သွားတာလား။”
“ငါကြည့်ရတာတော့ ဒါက တကယ်ပြောနေပုံပဲ။ ငကြောင်တွေကို အထင်မသေးစမ်းပါနဲ့၊”
“သူက ဘယ်လိုများ ရန်ရွှယ်ကို အနိုင်တိုက်နိုင်မှာလဲ။ ရန်ရွှယ်က အဇူရာတာအိုကို အပြည့်အ၀ မထိန်းချုပ်နိုင်ရင်တောင်မှ ဒီယာယီ အချိန် အတောတွင်းမှာ သူ့ရဲ့ အစွမ်း ကပြင်းထန်လွန်းတယ်။ ဒီလို အဆင့်နဲ့ ဆိုရင် သူ့ရဲ့ ပုံမှန် အင်အားထက် သုံးဆ မက်ကို အင်အားကြီးနေမှာ။ ကြည့်ရတာတော့ သဘာဝလွန် အဆင့် ကျင့်ကြံသူတောင်မှ သူ့ကို အနိုင်တိုက်နိုင်မယ်မထင်ဘူး။”
“ သူ့ရဲ့ စကားတွေကို မျိုချပြီးတော့ စင်ပေါ်ကနေ ကျသွားတာ မြင်ချင်လိုက်တာ။”
အမတ်မင်းတွေကတော့ ဖန်ကျန်းရှီ ကို လှောင်ရယ်နေကြသလို ဖန်ကျန်းရှီ နိုင်မယ်ဆိုတာကိုလည်း မယုံနိုင် ဖြစ်နေခဲ့ကြတယ်။
သွမ့်အရှင်ကတော့ သက်ပြင်းချနေခဲ့တယ်။
“အခုချိန်မှာတော့ သူ့ဓားကို ထုတ်သုံးတော့မှာ မလား။ သူ့မှာ အခွင့်အရေးတွေ အများကြီးရှိနေပြီပဲ။ အကယ်၍ ဒီအချိန်မှာသာ ဓား ထုတ်မသုံးရင် ဒီကောင် ဘာလုပ်ဖို့များ ကြံစည်နေတာလဲ။
အမတ်မင်းတွေအားလုံးကတော့ မယုံကြည်ကြပေမယ့်လည်း ရန်ရွှယ်ကတော့ ခေါင်းငြိမ့်ရင်း တည်ကြည်လေးနက်စွာ ပြောနေခဲ့တယ်။
“ကောင်းပြီလေ။”
…
လေပြည်လေညှင်းလေးက ရန်ရွှယ်ရဲ့ အဝတ်အစားတွေကို တိုက်ခတ်နေခဲ့တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီမှာတော့ လေအဝှေ့မှာ တဖျတ်ဖျတ်လှုပ်ခတ်နေတဲ့ အကျီလက်တွေ မရှိတော့ဘူး။
ဖန်ကျန်းရှီရဲ့ အကျီလက်ရှည်တွေကတော့ အခုချိန်မှာ အကျီလက်တို အဖြစ်ကို ပြောင်းလဲသွားပြီ။
အမတ်မင်းတွေ အားလုံးကတော့ ဒီအချိန်မှာ ”ကောင်းပြီလေ။” ဆိုတဲ့ စကားကို ရန်ရွှယ် ပြောလိုက်တာ ဘာကြောင့်လဲ ဆိုတာ မသိခဲ့ဘူး။
ဒါက ဖြစ်နိုင်မလား။
နှစ်သိမ့်တာများလား။
ဒါပေါ့။ ဒါက နှစ်သိမ့်တာပဲ ဖြစ်ရမယ် ။
သူတို့ရဲ့ မိတ်ဆွေ သူငယ်ချင်း ဆက်ဆံရေးနဲ့ ဆိုရင် ဒီအချိန်မှာ သူက ဖန်ကျန်းရှီကို နှစ်သိမ့်ပေးတာ မထူးဆန်းပါဘူး။
အမတ်မင်းတွေ တွေးနေချိန်မှာပဲ။ ဖန်ကျန်းရှီက ထခုန်ရင်း လှုပ်ရှားတော့တယ်။
သူက ရန်ရွှယ်ကို တစ်ခုခုမပြောတော့သလို လက်နက်ပုန်းလို့လဲ မအော်တော့ဘူး။သူက လေးကိုင်းကနေ ထွက်သွားတဲ့ မြှားတစ်စင်းသဖွယ် ခုန်ထွက်သွားတာ။
ဒါကတော့ ဒီနေ့မှာ လူ တော်တော်များများ အသုံးပြုတဲ့ တိုက်ခိုက်ရေး နည်းလမ်း။
အမတ်မင်းတွေကတော့ ဖန်ကျန်းရှီ ဒီလိုမျိုး တိုက်ခိုက်လိုက်မယ်လို့ မထင်မှတ်ထားမိခဲ့ဘူး။
“ဒါက သူ ရန်ရွှယ်ကို အနိုင်တိုက်မယ့် နည်းလမ်းလား။”
“ သူဒါက တမင်သက်သက် အရှုံးပေးနေတာ မဟုတ်ဘူးလား။”
အကယ်၍ ဖန်ကျန်းရှီကသာ ဒီလို နည်းလမ်းမျိုးကို အသုံးပြုပြီးတော့ တိုက်ခိုက်မယ်ဆိုရင် ခြေရာမဲ့ဓားကိုလည်း သုံးရတော့မှာပဲ။
အမတ်မင်းတွေ အားလုံးကတော့ ခန့်မှန်းနေကြပြန်တယ်။
ဒါပေမယ့်လည်း အမတ်မင်းတွေကတော့ ဖန်ကျန်းရှီ ဘာကြောင့် ဒီလို လုပ်လဲ ဆိုတာကို နားမလည်နိုင်ဘူး ဖြစ်နေကြတယ်.။
ကြည့်ရတာ ဖန်ကျန်းရှီ က နောက်ထပ် လှည့်ကွက်တွေကို လုပ်တော့မယ့်ပုံလည်း မရှိတော့ဘူး ဖြစ်တယ် ။
ရန်ရွှယ်ရဲ့ အခြေအနေကို သိပြီးနောက်မှာတော့ ဖန်ကျန်းရှီမှာ အတွေး တစ်ခုတည်းရှိတယ်။ ရန်ရွှယ်ကို တရားမျှမျှတတနဲ့ အနိုင်တိုက်ရမယ်။ ဒါမှ မဟုတ်ရင် တရားမျှမျှ တတနဲ့ အရှုံးခံရမယ်။
ဒါကတော့
ယောကျာ်းတစ်ယောက်အနေနဲ့ လုပ်ဆောင်သင့်တာပဲ။
ရန်ရွှယ်က သူနောက်ထပ် ဆယ့်ငါးမိနစ်သာ တောင့်ခံနေနိုင်မှာ ဖြစ်ကြောင်း ပြောခဲ့တယ်။ အကယ်၍ သူသာ အနိုင်တိုက်ချင်တယ်ဆိုရင် အချက်ကောင်းကို အပိုင်ကိုင်ရမယ်။
ဖန်ကျန်းရှီကတော့ မတွေဝေနေတော့ပဲနဲ့ တိုးဝင်တော့တယ်။
ရန်ရွှယ်ရဲ့ အမူအယာကတော့ ဖန်ကျန်းရှီ တိုးဝင်တာကို မြင်ချိန်မှာ ပြောင်းလဲသွားတော့တယ်။ သူ့ရဲ့ နာကျင်မှုကလည်း တစ်ခဏတာ ပျောက်ကွယ် သွားခဲ့တယ်။ သူက ချွေးသံတလုံးလုံးနဲ့ ပြုံးလိုက်တော့တယ်။
ဒါကတော့ လေးစားချစ်ခင်တဲ့ အပြုံးဖြစ်တယ်။
သူငယ်ချင်းတွေလား။
ရန်ရွှယ်ကတော့ ဖန်ကျန်းရှီ တကယ့်ကို အင်အားကြီးမှန်း ကော်းကောင်းသိတယ်။ နောက်ပြီးတော့ ဒီအင်အားတွေကို သူသိပ်ပြီးတော့ မသုံးချင်တာကို ပိုတောင် သိသေးတယ်။ နောက်ဆုံးတော့လည်း သူက ဦးနှောက်ကို သုံးပြီးတော့ ပဲ ရှင်သန်တယ်။ ခက်ခဲတဲ့ အလုပ်ဆိုရင် မလုပ်ချင်ဘူး။
ဒါတွေက အတော်လေးတော့ မြို့ကြီးသားမဆန်လွန်းတယ်။
ရန်ရွှယ် တခါတုန်းက ဖန်ကျန်းရှီကို ဘာကြောင့် အင်အား သုံးရတာ မကြိုက်တာလဲလို့ မေးဖူးတယ။် ဖန်ကျန်းရှီကတော့ သူက နာကျင်တာကိုလည်း ကြောက်တယ်။ ဒဏ်ရာရမှာကိုလည်း ကြောက်တယ်လို့ ပြောတယ်။
သူကတော့ ဒီ ခံယူချက်ကို သိပ်နားမလည်ပါဘူး။ ဒါပေမယ့်လည်း ဖန်ကျန်းရှီက အမှန်ကို ပြောနေတယ်ဆိုတာကိုတော့ သူသိတယ်။
နောက်ပြိးတော့ အခုချိန်မှာ။
အမတ်မင်းတွေကတော့ ဖန်ကျန်းရှီ နောက်ထပ် ဆယ့်ငါးမိနစ် တောင့်ခံနိုင်မယ်လို့ မထင်ထားခဲ့မိဘူး ဖြစ်တယ် ။ ဒါကေမယ့်လည်း ရန်ရွှယ်ကတော့ ဖန်ကျန်းရှီရဲ့ သက်လုံအားနဲ့ ဆိုရင် နောက်ထပ် တစ်နာရီနဲ့ ဆယ့်ငါးမိနစ်လောက်တောင် အေးအေးဆေးဆေး တောင့်ခံနိုင်မှာကို သူသိတယ်။
ဒါမေပယ့်လည်း အခုတော့ ဖန်ကျန်းရှီက အဆုံးသတ်ဖို့ အတွက် ဆုံးဖြတ်လိုက် ခဲ့တယ်။
ဖန်ကျန်းရှီ ဒီလို ရွေးချယ်မှုမျိုး လုပ်လိုက်တာကို ရန်ရွှယ်ကတော့ မအံ့သြတော့ပါဘူး။ ဖန်ကျန်းရှီက သူ့ကို ဆယ့်ငါးမိနစ် အတွင်း အနိုင်တိုက်မယ်လို့ ပြောလိုက်ချိန်တည်းက ဖန်ကျန်းရှီရဲ့ ရွေးချယ်မှုကို သူနားလည်လိုက်ပြီ။
သူတို့တွေက စစ်မှန်တဲ့ မိတ်ဆွေတွေပဲ။
ရန်ရွှယ်ကလည်း လှုပ်ရှားတော့တယ်။ ဖန်ကျန်းရှီ ဆီကို တည့်တည့်တိုးဝင်သွားခဲ့တယ်။
အမတ်မင်းတွေ အားလုံးကတော့ ဒီ ပြိုင်ပွဲကို အသက်မရှူနိုင်လောက်တဲ့ အထိ စိတ်ဝင်စားစွာ ကြည့်နေခဲ့ကြတယ်။ ဖန်ကျန်းရှီက လှည့်ကွက်မသုံးဘူးလို့ ရန်ရွှယ်က အရမ်းကို ယုံကြည်နေပုံပဲ။
ဒါတော့ အခြေအနေ မကောင်းဘူး။
“ဘုန်းးးး”
ပုံရိပ်နှစ်ခုက စင်မြင့်ပေါ်မှာ ထိခတ်သွားတော့တယ်။
“ဘုန်း”
“ဘုန်း“
“ဘုန်း”
ကြည့်နေတဲ့ အမတ်မင်းတွေ အားလုံးကတော့ ဖန်ကျန်းရှီက ရန်ရွှယ်ကို အကြိမ်ကြိမ် ထိုးနှက်နေတာကို မြင်နေခဲ့ရတယ်။ သူက သူ့ရဲ့ တိုက်ခိုက်မှု နည်းလမ်းကို ပြောင်းလဲလိုက်ပြီပဲ။ “သားရဲ ကောင်အင်အား။”
အမတ်မင်းတွေ အားလုံးကတော့ ဒါကို မဖြစ်နိုင်ဘူးလို့ ထင်နေခဲ့ကြတယ်။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီအတွက် ရုတ်တရက် အနိုင်ရတာကလည်း ဖြစ်မှ မဖြစ်နိုင်ပဲ။ ဒါဆို သူက ဘာဆက်လုပ်မှာလဲ။
စင်မြင့်ပေါ်မှာတော့
ဖန်ကျန်းရှီက ရန်ရွှယ်ကို ဆက်လက် ထိုးနှက်နေခဲ့တယ်။
အလင်းတန်းတွေကတော့ လေထုထဲမှာ ပေါက်ကွဲပြီး ပုံရိပ်တွေကလည်း အမျိုးမျိုး ဖြစ်ပေါ်နေခဲ့တယ်။
ကြီးမားတဲ့ တောင်တန်းကြီးတွေ တိုက်ခိုက်နေသလို
မြစ်ချောင်းတွေကလည်း စင်မြင့်ပေါ်မှာ စီးဆင်းနေကြတယ်။ “
အနီရောင် နေမင်းကြီးက အရှေ့အရပ်ကနေ ထွက်ပေါ်လာခဲ့တယ်။
…
မတူညီတဲ့ နယ်ပယ်တွေကတော့ စင်မြင့်ပေးမှာ ပေါ်လာခဲ့တယ်။ တောင်တန်း ။ ကျောက်သား မြစ်ချောင်း ။ သစ်ပင်။ နေမင်း။ လီလီပန်းတွေ။
ဖန်ကျန်းရှီကတော့ ဒီအချိန်မှာ နောက်မဆုတ်တော့ဘူး။
သူ့ရဲ့ စိတ်အာရုံနယ်မြေထဲမှာ ရှိသမျှ အရာအားလုံးကို ထုတ်သုံးနေတော့တယ်။
သူ့မှာ ကြယ်ပေါင်းရာချီပြီး ရှိသလို တာအို ရာချီပြီးတော့လည်း ရှိတယ်။ ဒါတွေကို သူဂရုမစိုက်နိုင်တော့ဘူး။ သူ့ရဲ့ စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတော့တယ်။
ဖိအားပေးတိုက်ခိုက်
အမတ်မင်းတွေ အားလုံးကတော့ သူတို့မြင်နေရတဲ့ နယ်ပယ်ပေါင်းစုံကို မျက်ကလူးဆန်ပြာဖြစ်စွာနဲ့ ကြည့်နေခဲ့ကြတယ်။
ဒါတွေက ဘာကို ဆိုလိုလဲ ဆိုတာ သူသိတယ်။
တစ်ခုချင်းစီက တာအိုပဲ။ ဖန်ကျန်းရှီရဲ့ တိုက်ခိုက်ရေးနည်းလမ်းတွေက ရှုပ်ထွေးပြီးတော့ အရူးဆန်တယ်။
ဒါပေမယ့်လည်း
မျက်တောင်တစ်ခတ်စာအချိန်တွင်းမှာတင် သူက ဒါဇင်ချီတဲ့ တာအိုနည်းလမ်းတွေကို သုံးသွားခဲ့ပြီ။
နောက်ပြီးတော့ သူ့မှာ အများကြီး ကျန်နေသေးတယ်။
ပိုပြီးတော့ အရေးကြီးတာကတော့ ဖန်ကျန်းရှီရဲ့ ပြင်းထန်လှတဲ့ တိုက်ခိုက်မှုကို ခုခံနေရတဲ့ ရန်ရွှယ်ကတော့ သူ့ကို အချီ အနည်းငယ်မှာတင် အနိုင်တိုက်နိုင်တော့မှာ မဟုတ်ဘူး။
ဒါကတော့ ထူးဆန်းတယ်။
နောက်ပြီးတော့ မယုံကြည်နိုင်စရာလည်း ကောင်းလှတယ်။
နောက်ဆုံးတော့လည်း ရန်ရွှယ်ရဲ့ အခု အရည်အချင်းက သဘာဝလွန် အဆင့်ကိုတောင် ရောက်နေပြီ။ ယေဘူယျ ပြောရရင်တော့ ဖန်ကျန်းရှီက သုံးချီတောင်ခံမှာမဟုတ်ဘူး။
ရန်ရွှယ်က သက်ညှာနေတာလား။
ကြည့်ရတာ ဒါကလည်း ဖြစ်နိုင်ချေ မရှိဘူး။ အကယ်၍ ရန်ရွှယ်သာ အလျှော့ပေးနေတာ ဆိုရင် အဇူရာတာအိုကိုတောင်မှ သုံးဖို့ မလိုပဲ။ အခုက ဘာတွေ ဖြစ်နေတာလဲ။
ဖြစ်နိုင်တာက
အမတ်မင်းတွေရဲ့ စိတ်ထဲမှာ တူညီတဲ့ အတွေးတစ်ခု ဝင်ရောက်လာပေမယ့်လည်း သူတို့က ချက်ခြင်းဆိုသလို ငြင်းဆို လိုက်ကြတယ်။
“မဖြစ်နိုင်ဘူး။”
“ ဖန်ကျန်းရှီလိုမျိုး သာမာန် လူတစ်ဦးက င်္ချီကူယန်တို့ နန်ကုန်းကေင်တို့နဲ့ ဘယ်လိုများ ယှဉ်နိုင်မှာလဲ။”
ဘယ် အမတ်မင်းကမှ ဖန်ကျန်းင်္ရှီမှာ ဒီလို အစွမ်းမျိုးရှိတာကို မယုံနိုင်ဘူး။
ကျင့်ကြံဆင့်ကွာခြားမှုကတော့ တောင်တစ်လုံး သဖွယ်။
ဒါကတော့ စည်းမျဉ်းတစ်ခုပဲ။ ဒါပေမယ့်လည်း တချို့သော ထူးခြားသူတွေကတော့ ဒီ စည်းမျဉ်းကို ချိုးဖောက်နိုင်တယ်။ ချီကူယန်နဲ့ နန်ကုန်းကေင်ကတော့ သူတို့တွေ ထဲက နှစ်ဦးပဲ။
သူတို့မှာ ကျင့်ကြံဆင့်ထက် ကျော်လွန်နေတဲ့ စွမ်းရည် နဲ့ အင်အားတွေ ရှိတယ်။
ဒါကတော့ ကျောက်တုံး နှစ်ခုကို နှိုင်းယှဉ်နေသလိုပဲ။ကျောက်တုံး တစ်တုံးက နောက်တစ်တုံးထက် ပိုကြီးတယ်။ ပုံမှန် အတိုင်းဆိုရင်တော့ ပိုကြီးတဲ့ ကျောက်တုံးက ပို အလေးချိန်စီးမှာ ဖြစ်ပေမယ့်လည်း သေးငယ်တဲ့ ကျောက်တုံးကတော့ သံရိုင်းတုံး ဖြစ်နေခဲ့တယ်။
ဒီလို အခြေအနေမျိုးမှာတော့ သေးငယ်တဲ့ ကျောက်တုံးလို့ ခေါ်လို့ရမှာ မဟုတ်တော့ပဲ သံသတ္တုရိုင်းလို့သာ ခေါ်ရတော့မှာ။
ချီကူယန်နဲ့ နန်ကုန်းကေင်တို့ကတော့ ဒီလိုလူမျိုးတွေ။ သူတို့တွေက ကောင်းကင်ရောင်ပြန် အဆင့်မှာ ရှိနေကြတာ။သူတို့ရဲ့ ကိုယ်ခန္ဒာတွေကတော့ အခြားသော အဆင့်တူကျင့်ကြံသူတွေနဲ့ ကွားခြားတယ်။
ဒါက အတော်လေးကို ကွာခြားသွားခဲ့ပြီ။
အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။
ချီကူယန်နဲ့ နန်ကုန်းဟောင်တို့ က ရှားပါးတဲ့ ရွှမ်ကောင်းကင်တာအို ကိုယ်ခန္ဒာတွေ ပိုင်ဆိုင်ကြတယ်။
ဖန်ကျန်းရှီကကော ရွှမ်ကောင်းကင် ခန္ဒာကိုယ်ကို ပိုင်ဆိုင်လို့လား။
မပိုင်ဘူးလေ။
ဒါဆို သူက ဘယ်လိုများ အင်အားကြီးတဲ့ ရန်ရွှယ်ကို ခုခံနေနိုင်တာလဲ။
အမတ်မင်းတွေ တစ်ယောက်ကမှ မယုံနိုင် ဖြစ်နေခဲ့တယ်။
ဒါပေမယ့်လည်း ဖန်ကျန်းရှီကတော့ တိုက်ခိုက်မှုကို မရပ်တန့်ခဲ့ဘူး။ သူက ရန်ရွှယ်ကို အသေအကျေထိုးနှက်နေခဲ့တယ်။ သူ့ရဲ့ ကိုယ်ပေါ်က အဝတ်အစားတွေ ပြဲစုတ်ကုန်တာကိုလည်း သူ ဂရုမစိုက်သလို။
တစ်ချက် တိုက်ခိုက်လိုက်တိုင်းမှာ ရနေတဲ့ သူ့ ကိုယ်ပေါ်က ဒဏ်ရာတွေကိုလည်း လျစ်လျူရှုထားခဲ့တယ်။
သူက မရပ်တန့်ခဲ့ပြီ။
သူ့ရဲ့ တိုက်ခိုက်ရေးနည်းလမ်းတွေက ရှုပ်ထွေးတယ်လို့ ထင်ရပေမယ့်လည်း တကယ်တမ်းတော့ မဟုတ်ခဲ့ဘူး။
ဒါကချီကူယန် နဲ့ သူ ပထမ အကြိမ် ပြန်လည်တွေ့ဆုံချိန်တုန်းက သူမ ချန်ရစ်ထားခဲ့တဲ့ စာအုပ်ကို မှီငြမ်းပြီးတော့ တိုက်ခိုက်နေတာ။ ဒီ နည်းလမ်းတွေကို သုံးပြီးတော့ပဲ ရေခဲနံရံက စည်းတွေကို ဖြတ်သန်းကြည့်ရှုနိုင်တာ။
အခုတော့
သူက သူ့ရဲ့ ဘဝအတွက် တိုက်ခိုက်နေတာ။
သူက သူတတ်နိုင်သလောက် နည်းလမ်းတွေကို အသုံးပြုပြီးတော့ တိုက်ခိုက်နေခဲ့တယ်။ နည်းလမ်းမကျတဲ့ ပညာ်တွေ ဖြစ်လည်း ကိစ္စ မရှိပါဘူး။ နောက်ဆုံးတော့လည်း သူက ဘယ်နည်းလမ်းကိုမှ သေချာ သင်ခဲ့ရတာ မဟုတ်ဘူးလေ။
ရန်ရွှယ်ကတော့ တစ်မိနစ် ချင်းစီမှာ နာကျင်မှုကို ပိုမိုခံစားနေခဲ့ရတယ်။ သူ့ရဲ့ အကျီတွေကတော့ ချွေးတွေနဲ့ ရွှဲနစ်နေပြီ။
ဒါပေမယ့်လည်း သူ့ရဲ့ မျက်လုံးတွေကတော တလက်လက် တောက်ပနေခဲ့တယ်။ ဖန်ကျန်းရှီ တိုက်ခိုက်မှု တစ်ခုချင်းစီက ရှုပ်ထွေးပြီးတော့ မစီစဉ်ထားသလို။ဒါပေမယ့် လည်း အလွန်အမင်းကို ကောင်းမွန်ပြီးတော့ ပြင်းထန်လှတယ်။
အရမ်းကို ရှုပ်ထွေးတဲ့ နည်းလမ်းဖြစ်နေတာကတော့ ဖန်ကျန်းရှီက အကုန်လုံးကို ပေါင်းစည်း ပြစ်လိုက်တာကြောင့်ပဲ။
“အထူးတာအိုကို နားမလည်ထားပဲနဲ့တောင် သူက ငါ့ကို ကောင်းကောင်း ယှဉ်နိုင်တာပဲ။” ရန်ရွှယ်ကတော့ ဖန်ကျန်းရှီကို မနာလို မဖြစ်ခဲ့ဘူး။ အဲ့ဒီ့အစား သူက ဖန်ကျန်းရှီအတွက် အံ့သြပျော်ရွှင်နေခဲ့တယ်။
အမတ်မင်းတွေအားလုံးကတော့ အလွန်အမင်း စိတ်နှစ်စွာနဲ့ ကြည့်နေခဲ့ကြတယ်။
သူတို့ရဲ့ စိတ်ထဲမှာတော့ အတွေးတစ်ခုပဲ ရှိတယ်။
ဖန်ကျန်းရှီက ရန်ရွှယ်ကို တကယ်ပဲ အနိုင်တိုက်ဖို့ အတွက် တကယ်ပဲ အစီအစဉ်ချနေတာလား။ ဖြစ်နိုင်တာကတော့ ရန်ရွှယ်က ဖန်ကျန်းရှီ ထက် ပိုပြီးတော့ ပင်ပန်းနေလောက်ပြီ ။ သူက ရန်ရွှယ်ထက် အင်အား အများကြီး ပိုသုံးထားတာ။
သူဘယ်လောက်ထိ ခံနိုင်ရည်ရှိမှာလဲ။
အပိုင်း (၂၇၇) ပြီး၏။
အပိုင်း (၂၇၈)
“အင်အား။”
သူတို့ရဲ့ မေးခွန်းတွေကတော့ မကြာခင်ပဲ အဖြေရခဲ့တော့တယ်။ ဖန်ကျန်းရှီက ကြာကြာတောင့် မခံနိုင်ခဲ့ဘူး။ ရန်ရွှယ်က ပြန်လည် တိုက်ခိုက်တော့တယ်။
လူတိုင်းက ပြင်းထန်တဲ့ ထိုးစစ်ကို ပြုလုပ်နိုင်တာ မဟုတ်ဘူး။ ဖန်ကျန်းရှီက ရှင်ချင်းစွေ့လည်း မဟုတ်သလို ရှင်းယွမ်ကောင်းလည်း မဟုတ်ခဲ့ဘူး။ သူ့ရဲ့ တိုက်ခိုက်ရေး နည်းလမ်းတွေကလည်း အဆုံးမရှိနိုင်အောင် ဆက်လက် ဖြစ်ပေါ်နေခဲ့တယ်။
ရန်ရွှယ် ခဏတာ အနားယူချိန်မှာ သူက ပြန်လည် တိုက်ခိုက်ပြန်တယ်။
ဒီလိုနဲ့ပဲ ဖန်ကျန်းရှီကို ဘယ်အရာကမှ မတားဆီးနိုင် ဖြစ်နေခဲ့တယ်။ အမတ်မင်းတွေကတော့ ဖန်ကျန်းရှီ တိုက်ခိုက်မှု နည်းလမ်း ပြောင်းသင့်တယ်လို့ တွေးနေကြချိန်မှာပဲ ဖန်ကျန်းရှီက နောက်တစ်ကြိမ် တိုးဝင်တိုက်ခိုက်ပြန်တယ်။
သူက လုံးဝကို မယိမ်းမယိုင်ပဲ ကပ်စေးတဲ့ အရာတစ်ခု သဖွယ် ရန်ရွယ်ကို ကပ်ကာ တိုက်ခိုက်နေခဲ့တယ်။
သူက တားဆီးမရနိုင်သူ တစ်ယောက်လိုမျိုး မရပ်မနား တိုက်ခိုက်နေခဲ့တယ်။. သူ့ရဲ့ တိုက်ခိုက်မှု တစ်ခုချင်းစီနဲ့ အသုံးပြုတဲ့ တာအိုတွေကလည်း ပြိုင်ဘက်ကင်းလှတယ်။
“သူတကယ်ပဲ ဒီလို ဆက်တိုက်နေမှာလား။”
“ရန်ရွှယ်ကကော သူ့ကို အခွင့်အရေးပေးမှာလား။”
“ အကယ်၍ သူသာ ဒီနည်းလမ်းနဲ့ နိုင်သွားခဲ့ရင်တော့ သူက အချိန်ဖြုန်းရင်းနဲ့ နိုင်တာပဲ။ သူက အချိန်ကို မတူညီတဲ့ နည်းလမ်းနဲ့ ဖြုန်းပြစ်နေတာပဲ။”
“အမတ်မင်းဝမ်က တကယ်ပဲ အမြင်ကျယ်ပါပေတယ်။ ဘယ်လို အဖြစ်မျိုးက မှ အမတ်မင်းရဲ့ အမြင်ကို မတားမြစ်နိုင်ဘူး။”
အမတ်မင်းတွေအားလုံးကလည်း ခေါင်းငြိမ့်ရင်း ထောက်ခံနေကြတယ်။ ဖန်ကျန်းရှီ ရဲ့ အရည်အချင်းတွေက သူတို့ကို ကြောက်ရွံ့ ထိတ်လန့်စေနိုင်တာတော့ အမှန်ပဲ။ဖန်ကျန်းရှီက ရန်ရွှယ်ကို ဆယ့်ငါးမိနစ်အတွင်း အနိုင်တိုက်မယ်လို့ ပြောခဲ့ပေမယ့်လည်း သူ့ကြည့်ရတာ အချိန်ဖြုန်းနေတာနဲ့ ပိုတူနေခဲ့တယ်။
ဖန်ကျန်းရှီ ဘာဆက်လုပ်မှာလဲ။
သူဘာကို လုပ်နိုင်မှာလဲ။
ဖန်ကျန်းရှီက မရပ်နားပဲ ဆက်ပြီးတော့ တိုက်ခိုက်နေခဲ့တယ်။
ဒါပေမယ့်လည်း ရန်ရွှယ်ရဲ့ အင်အားကြောင့် သူက စင်မြင့်ရဲ့ အစွန်းကို ခဏခဏ ရောက်သွားခဲ့တယ်။ တစ်ကြိမ်စီတိုင်းမှာ သူက အောက်ကျခါနီး အခြေအနေကနေ ပွတ်ကာ သီကာ လွတ်မြောက်ခဲ့တော့တယ်။
ရန်ရွှယ်ကတော့ ဖန်ကျန်းရှီ ဘယ်လို တိုက်ခိုက်နေသည် ဖြစ်စေ ပြဿနာရှိတယ်လို့တော့ မထင်ခဲ့ဘူး။
အနိုင်၇ရှိခြင်းသည်သာ ပြိုင်ပွဲမှာ အဓိက ကျတယ်။ ဒီနေရာမှာ မိတ်ဆွေဆိုတာ လည်းမရှိတော့ဘူး။ ဖန်ကျန်းရှီက သူ့ကို ချက်ခြင်း အနိုင်မတိုက်နိုင်ရင်တောင်မှ ဖန်ကျန်းရှီက သူ့ကို အချိန်ဆွဲတဲ့ နည်းနဲ့ နိုင်နိုင်ချေရှိတယ်။
ရန်ရွှယ်က ဒီလို တွေးနေခဲ့တယ်။
ဒါပေမယ့်လည်း ဖန်ကျန်းရှီကတော့ မတွေးခဲ့ဘူး။
သူက ရန်ရွှယ်ကို ဆယ့်ငါးမိနစ် အတွင်း အနိုင်တိုက်ချင်ခဲ့တယ်။ ဒါမှသာ ထိပ်တန်းကျောင်းတော်သား ဘွဲ့ကို အပြစ်ကင်းတဲ့ စိတ်နဲ့ ရနိုင်မှာ။
ဒါပေမယ့်လည်း ရန်ရွှယ်ကတော့ အင်အားကြီးလွန်းလှတယ်။
အဇူရာ တာအိုကို နားလည်နေတဲ့ အတွက် ရန်ရွှယ်က သူ့ထက် အင်အားကြီးလွန်း သူ့ရဲ့ ကိုယ်ပိုင်တိုက်ခိုက်မှု ကလွဲပြီးတော့ ကျန်တာတွေက ရန်ရွှယ်ကို ဖိအားမပေးနိုင်ဘူး။
အခုတော့ ဘယ်လိုလဲ။
ဖန်ကျန်းရှီက သူ့မှာ ရှိသမျှ အကြောင်းရာတွေကို တွေးတောနေခဲ့တယ်။ လက်နက်ပုန်းတွေလား။ အသုံးမဝင်ဘူး။ ဓားပညာ။ သူ့မှာ ဓားမှ သုံးလို့ မရတာ။ ဓားသိန်းသန်းပုံရိပ်ကကော။ ကြည့်ရတာ အလုပ်ဖြစ်မယ့်ပုံလည်း မပေါ်ဘူး။
ဖန်ကျန်းရှီမှာ တခြား အမြင်လည်း မရှိတော့ဘူး။
တခြားသူတွေရဲ့ ပညာကကော။
ဒီတစ်လျှောက်လုံးမှာ တိုက်ခိုက်ရေး နည်းလမ်းတွေ အများကြီးကို မြင်ဖူးခဲ့တယ်။ ချီကူယန် - ဓား သိန်းသန်း ပုံရိပ်ကိုပဲ မြင်ဖူးတယ်။ ပင်းယန် -
အာ။
သူက ငါ့လောက်တောင် မတော်ဘူး။
နောက်ထပ် သူသိတဲ့ အင်အားကြီးသူ တစ်ယောက်ကတော့ ချီဟို့။ ဒါပေမယ့်လည်း သူနဲ့ တိုက်ခိုက်တုန်းက ဘာနည်းလမ်းမှ မသုံးလိုက်ရဘူး။
နောက်တစ်ယောက်က ပိုင်ရှင်း။ ပိုင်ရှင်းက သူ့ကို ဓား နည်းလမ်း တစ်ခု ပေးခဲ့ပေမယ့်လည်း သူက တစ်ချက်လေးတောင်မှ မကြည့်ခဲ့ဘူး
ခနနေအုန်း။
သူမြင်ဖူးတာ နောက်တစ်ယောက်ရဲ့ နည်းလမ်း ရှိသေးတယ်။ သူ့ကိုတောင်မှ တော်တော်လေး အထင်ကြီးသွားစေတဲ့ တိုက်ခိုက်နည်း ။
ရှင်းယွမ်ကောင်း။
ရှင်းယွမ်ကောင်းနဲ့ ပိုင်ရှင်း အဆုံးမဲ့ လောကမှာ တိုက်ခိုက်ချိန်တုန်းက သူလည်းရှိနေခဲ့တယ်။ ဒါကြောင့် ရှင်းယွမ်ကောင်းက ပိုင်ရှင်းကို ဘယ်လို တိုက်ကွက်တွေနဲ့ မွန်းကြပ်အောင် လုပ်ပြီးတော့ တိုက်ခိုက်ခဲ့လည်း ဆိုတာကို သူမြင်ခဲ့ရတယ်။
“ကောင်းပြီလေ။ ဒါဆိုလည်း တချက်လောက် ကြိုးစားကြည့်ရတာပေါ့။ ငါ့မှာ ရွေးစရာ မရှိတော့ဘူး။” ဖန်ကျန်းရှီက ရှင်းယွမ်ကောင်းရဲ့ တိုက်ခိုက်မှုကို အစကနေ ပြန်စဉ်းစား နေခဲ့တယ်။
ထောင့် တစ်ထောင့်ချင်းစီ ။ ပုံရိပ်။ အသေးစိတ် အချက်တွေက သူ့ရဲ့ စိတ်ထဲမှာေ ပါ်လာခဲ့တော့တယ်။ ဒါတွေကို ထပ်ခါ ထပ်ခါ ထပ်ခါ ပြန်ပြီးတော့ မြင်ယောင်နေခဲ့တယ်။
ပထမ ခြေလှမ်း။
တိုးဝင်မယ်။
ဖန်ကျန်းရှီက အဖြစ်အပျက် တစ်ခုလုံးကို သူ့ခေါင်းထဲမှာ ငါးကြိမ် တိုင်တိုင် ပြန်လည် ကြည့်ရှုပြီးတဲ့နောက် ရန်ရွှယ် ပြန်မတိုက်ခိုက်ချင် အချိန်မှာပဲ စင်ရဲ့ထောင့်ကို ရောက်အောင် သွားတော့တယ်။
သူနဲ့ ရန်ရွှယ်ကြားမှာ လုံလောက်တဲ့ အကွာအဝေးတစ်ခု လိုအပ်တယ်။
အမတ်မင်းတွေ အားလုံးကတော့ ဖန်ကျန်းရှီ ဆက်လက်တိုက်ခိုက်ဖို့ကို မျှော်လင့်နေခဲ့ကြတယ်။ ရန်ရွှယ်ကလည်း တူညီစွာပဲ မျှော်လင့်နေခဲ့တယ်။ ဒါပေမယ့်လည်း အခုတော့ ဖန်ကျန်းရှီက ဆုတ်ခွာသွားခဲ့ပြီ။
ဘာတွေ ဖြစ်ကုန်တာလဲ။
အမတ်မင်းတွေ အားလုံးကတော့ စိတ်ရှုပ်ထွေးကုန်ကြတော့တယ်။
ရန်ရွှယ်ကလည်း စိတ်ရှုပ်ထွေးနေခဲ့တယ်။
ဒီအချိန်မှာပဲ ဖန်ကျန်းရှီက ခုန်ဝင်လာတော့တယ် ။ သူ့ရဲ့ ကိုယ်ကတောာ့ လျှပ်စီးကြောင်း တစ်ခုသဖွယ် စီးဆင်းလာခဲ့တယ်။ သူက လက်မောင်းတွေကို ဖြန့်ကားရင်း လင်းယုန်တစ်ကောင်သဖွယ် ရန်ရွှယ့်ဆီကို ဝင်လာခဲ့တယ် ။
“အိုး။” ရန်ရွှယ်ထင်ခဲ့တာကတော့ ဖန်ကျန်းရှီက တိုက်ခိုက်ရေး နည်းလမ်း သစ် တစ်မျိုးကို ရှာတွေ့ သွားခဲ့ပြီလို့။ဒါပေမယ့်လည်း ဖန်ကျန်းရှီက နောက်တစ်ကြိမ် တိုးဝင်တိုက်ခိုက်တာကို မြင်ချိန်မှာတော့ သူ့စိတ်ထဲမှာ အမေးသင်္ကေတ(?) တစ်ခု ပေါ်လာခဲ့တယ်။
ဒါပေမယ့်လည်း သူက လက်မလျှော့်ခဲ့ဘူး။
အေးစက်နေတဲ့ လေတွေကတော့ ထပ်မံ ပေါ်ထွက်လာကာ ဖန်ကျန်းရှီ ဆီကို ဝင်လာခဲ့ ပြန်တယ်။
ဒီအချိန်မှာတော့ ဖန်ကျန်းရှီရဲ့ တုံ့ပြန်မှုက ပြောင်းလဲသွားတော့တယ်။ သူက မြေပြင်ပေါ် ကို ထိုးဆင်းသွားခဲ့တယ်။ ဒီ လှုပ်ရှားမှု နှစ်ခုကတော့ ရှင်းယွမ်ကောင်းက ပိုင်ရှင်းကို တိုက်ခိုက်ချိန်မှာ သုံးခဲ့တာပဲ။
အဲ့ဒီ့အချိန်တုန်းကတော့ ပိုင်ရှင်းက ရှင်းယွမ်ကောင်းကို ငွေရောင် အလင်းတန်းတွေနဲ့ တိုက်ခိုက်နေခဲ့တယ်။ ဒါကတော့ အခု ရန်ရွှယ်တိုက်ခိုက်နေပုံနဲ့ အတော်လေး တူညီနေခဲ့တယ်။
ရန်ရွှယ်ကတော့ ဖန်ကျန်းရှီ ခုန်ဆင်းသွားတာကို ကြည့်နေခဲ့တယ်။ ရုတ်တရက်ဆိုသလို သူက ဒီ တိုက်ခိုက်မှု နှစ်ခုရဲ့ စပ်ဆက်နေမှုကို သူခံစားသိရှိခဲ့တယ်။
ဖန်ကျန်းရှီကတော့ သူတုံ့ပြန်မှာကို ကြိုတင်မျှော်လင့်ထားခဲ့တဲ့ ပုံပါပဲ။
ရန်ရွှယ် ကတော့ ဒါကို ထူးဆန်းတယ်လို့ ခံစားရပေမယ့်လည်း သူက တော့ ဂရုမစိုက်ခဲ့ဘူး။
ဒီအချိန်မှာတော့ ဖန်ကျန်းရှီက သူ့ရှေ့မှာ ရောက်နေခဲ့ပြီ။ဖန်ကျန်းရှီက ရန်ရွှယ်ရဲ့ မျက်နှာကို ရိုက်ချလိုက်တယ်။ ရန်ရွှယ်က ရွေးချယ်စရာ မရှိတာကြောင့် တားဆီးလိုက်ခဲ့တယ်။
သူက ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုကို တားဆီးဖို့ အတွက် ပြင်ဆင်လိုက်ချိန်မှာ ….
ဒီအချိန်မှာပဲ ဖန်ကျန်းရှီ ပြုံးနေတာကို မြင်လိုက်ရတယ် ။
ဖန်ကျန်းရှီက ပြုံးနေခဲ့တယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေအားလုံး ကတော့ ကြိုတင်ပြင်ဆင်မှု သက်သက်ပဲ။ ဒီ ရိုက်ချက်ကမှ သူ့ရဲ့ ပထမဆုံး တိုက်ခိုက်မှု။
ဒါက ကြည့်ရတာတော့ အလွန် အမင်းကို ရိုးရှင်းလှတဲ့ တည့်တည့် ရိုက်ချက်။
ရန်ရွှယ် မတားမြစ်ခဲ့မှာကို ပဲ ဖန်ကျန်းရှီက စိုးရိမ်နေခဲ့တယ်။ သူက ရန်ရွှယ် ပြန်မတိုက်ခိုက်မှာကိုပဲ စိတ်ပူနေခဲ့တယ်။
“ဝူး” ဖန်ကျန်းရှီ ရဲ့ ပုံရိပ်ကတော့ ပြောင်းလဲ သွားခဲ့တယ်။ သူ့ရဲ့ တခြား လက်ဝါး တစ်ဖက်က ဆန့်ထွက်လာခဲ့တယ်။ ဒါကတော့ ရေခဲတမျှ အေးစက်ပြင်းထန်လှတဲ့ အင်အားလှိုင်းတွေ။သေစေနိုင်လောက်တဲ့ ထိချက်လည်း။
ရှင်ချင်းစွေ့ကတော့ စင်အောက်ကသာ တိတ်ဆိတ်စွာနဲ့ ကြည့်နေခဲ့တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီ ရဲ့ လှုပ်ရှားမှုကို မြင်ချိန်မှာတော့ သူက မခံစားနိုင်တော့ပဲနဲ့။ ခုံပေါ်ကနေ မတ်တပ်ထ၇ပ်လိုက်တော့တယ်။
“ ဒါ ဒါက နတ်ဆိုး ကျောင်းတော်ရဲ့၊”
ရှင်ချင်းစွေ့က နောက်ထပ် ထပ်မပြောတော့ဘူး။အမတ်မင်းတွေ အားလုံးကတော့ သူ့ကို လှည့်ကြည့်ကြတော့တယ် ။ ခိုင်မာတဲ့ သက်သေမရှိပဲနဲ့ ရှင်ချင်းစွေ့က တခြားသူတွေရဲ့ အာရုံစိုက်မှုကို မ၇ချင်ခဲ့ဘူး။
နောက်ပြီးတော့ ဒီ ဗျူကနဲ့ တိုက်ခိုက်ရေး နည်းေ်တွကလည်း သိပ်ပြီးတော့ ရှုပ်ထွေးတာ မဟုတ်တာကြောင့် ဖန်ကျန်းရှီ အသုံးပြုနိုင်မယ် ဆိုတာ သေချာလှတယ်။
ဖန်ကျန်းရှီက ရှင်ချင်းစွေ့ကို သတိမပြုမိခဲ့ဘူး။ဒါပေမယ့်လည်း သူ့ရဲ့ လှုပ်ရှားမှုကတော့ ရှင်ချင်းစွေ့ကို အဖြေပေးခဲ့တယ်။
ဒါက တိုက်ဆိုင်မှု တစ်ခုမဟုတ်ဘူး။
ရန်ရွှယ်ကတော့ သူ့ရဲ့ တိုက်ခိုက်မှုတွေကို နောက်ဆုံးမိနစ်တိုင်းမှာ တားဆီးနိုင်ခဲ့တယ်။ ဒါပေမယ့်လည်း သူကတော့ အမှီမလိုက်နိုင်ခဲ့ဘူး။
ဖန်ကျန်းရှီမှာတော့ သိမ်းဆည်းထားတဲ့ တိုက်ခိုက်မှုတွေ များစွာရှိနေခဲ့တယ်။
သူ့ရဲ့ တိုက်ခိုက်မှုတွေ တားဆီးခံလိုက်ရပြီးနောက်မှာတော့ သူ့ရဲ့ ခြေထောက်ကို မြှောက်လိုက်တော့တယ်။ ရန်ရွှယ်ရဲ့ ခြေထောက်ကို ချိန်ဆလိုက်ပြီး ကန်လိုက်တော့တယ်။
ရန်ရွှယ်ရဲ့ အမူအယာကတော့ ဒါကို မြင်ချိန်မှာ အနည်းငယ် ပြောင်းလဲသွားတော့တယ်။
ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုတွေကတော့ အရင် တိုက်ခိုက်မှုတွေနဲ့ မတူညီတာကို သတိထားမိလိုက်တယ်။ အရင်တုန်းကတော့ ဖန်ကျန်းရှီက တိုက်ကွက် တစ်ခုပြီး တစ်ခုကို ရိုးရိုးရှင်းရှင်း ပြောင်းလဲသွားခဲ့တာ ဖြစ်တယ်။
ဒါပေမယ့်လည်း အခုချိန်မှာတော့ ဖန်ကျန်းရှီ က သူရဲ့ တိုက်ခိုက်မှု တစ်ခုချင်းစီကို သေချာ တွေးတော ထားတဲ့ ပုံပဲ။ သူ စောင့်နေတာကတော့ ရန်ရွှယ် ကသူ့ရဲ့ တိုက်ခိုက်မှု တစ်ခုချင်းစီကို တားမြစ်မှာကိုပဲ။
ဘာတွေ ဖြစ်ကုန်တာလဲ။
ရန်ရွှယ်ကတော့ ဒီ အရာရဲ့ နောက်ကွယ်က အကြောင်းရင်းကို နားမလည်နိုင်ခဲ့ဘူး ဖြစ်နေခဲ့တယ်။
ဒါပေမယ့်လည်း သူသိတဲ့ အရာ တစ်ခုရှိတယ်။ လူတစ်ယောက်က နှစ်ယောက်တွဲ တိုက်ပွဲမှာ ဦးဆောင်နိုင်တယ်။ သူက အရင်ဆုံး အသာရဖို့ အတွက် လိုအပ်တယ်။ တစ်ခါတစ်လေမှာတော့ လူတစ်ယောက်က ပို၇ဖို့ အတွက် တစ်ခုခုကို ပို ဆုံးရှုံးရနိုင်တယ်။
ဥပမာ အားဖြင့် တိုက်ခိုက်မှုကို မတားဆီး ဖို့ ပြင်ဆင်လိုက်တယ်။
ရန်ရွှယ်ကတော့ အံကြိတ်ရင်းနဲ့ ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုကို ခွင့်ပြုလိုက်တယ်။ တစ်ချိန်မှာပဲ သူ့လက်ကနေ ထွက်လာတဲ့ အနီဖျော့ဖျော့ အလင်းတန်းကတော့ ဖန်ကျန်းရှီကို နောက်တွန်းထုတ်လိုက်တယ်။
ဒီ တိုက်ခိုက်မှုကတော့ နှစ်ဦးစလုံးကို ဒဏ်ရာရစေခဲ့တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီက နောက်ဆုံတ်သွားခဲ့ရတယ်။
သူက ဒီနည်းလမ်းကို သုံးရတော့ပြန်တယ်။
ရန်ရွှယ်ကတော့ ဒီလိုမျိုး တွေးနေခဲ့တယ်။ ဒါပေမယ့်လည်း ရလဒ်ကတော့ ခန့်မှန်းထားသလို ဖြစ်မနေခဲ့ဘူး။ သူက ဖန်ကျန်းရှီကို တိုက်ခိုက်လိုက်ချိန်မှာပဲ။
ဖန်ကျန်းရှီက ခပ်ကြမ်းကြမ်း လှည့်ထွက်သွားခဲ့တယ်။ သူ့ရဲ့ ခြေထောက်တွေကတော့ ဂျင်ဂျင်လည်နေဆဲ။ဒါပေမယ့်လည်း သူရဲ့ ကိုယ်ကတော့ လည်ပတ်ရင်း ရန်ရွှယ်ရဲ့ တိုက်ခိုက်မှုကို ခုခံ နေခဲ့တယ်။ သူက လက်နှစ်ဖက်ကို ရှေ့ထားရင်းနဲ့ ကိုယ်ကို ကာကွယ်ထားခဲ့တယ်။
“ဘုန်း။” ဖန်ကျန်းရှီက အောက်ပြန်ကျသွားတော့တယ်။ သူ့ရဲ့ မျက်နှာကတော့ ဆိုးကျိုး အနည်းငယ်ကို ခံစားခဲ့ရတယ်။ ရန်ရွှယ်ထက် အင်အား နည်းသူ တစ်ယောက် အနေနဲက သူက တိုက်ခိုက်မှုကို တားဆီးချိန်မှာ ဒီလို ဒဏ်ရာမျိုး ခံစား၇တာကတော့ ပုံမှန်လို့ ဆိုနိုင်တယ်။
ဒါပေမယ့်လည်း ဒီ အဖြစ်ကတော့ သူ့ရဲ့ တိုက်ခိုက်မှုကို သက်ရောက်မှု မရှိခဲ့ဘူး။
ကွင်းဆက် အခြေအနေကို သက်ရောက်မှု မရှိသရွေ့ ဒါက အဆင်ပြေတယ်။
ရှင်းယွမ်ကောင်းက ပိုင်ရှင်းနဲ့ တိုက်ခိုက်ချိန်မှာ သူတို့တွေက အဆင့်တူ။ပိုင်ရှင်ကလည်း ရှင်းယွမ်ကောင်း အကြောင်း ကောင်းကောင်းသိတယ်။ ဒါကြောင့် ရှင်းယွမ်ကောင်းကို တိုက်ရိုက် တိုက်ခိုက်ရင်းနဲ့တော့ စွန့်စားမှာ မဟုတ်ဘူး။
ဒီလိုနဲ့ ပိုင်ရှင်းက ရှင်းယွမ်ကောင်းရဲ့ တိုက်ခိုက်မှုတွေကို တားဆီးရင်းသာ တားဆီးနေခဲ့တယ်။
ရန်ရွှယ်ကတော့ ကွာခြားတယ်။ သူက ဖန်ကျန်းရှီ ထက်ပိုပြီးတော့ အင်အားကြီးတယ်။ ဒါကြောင့် သူက ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုတွေကို သိပ်ပြီးတော့ အလေးမထားခဲ့ဘူး။
ဒါပေမယ့်လည်း ဖန်ကျန်းရှီက သူ့ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မယ်လို့ မထင်ထားခဲ့မိဘူး ။ ဒါ့အပြင်ကို သူက ခုခံနေရင်းနဲ့ ဆက်ပြီးတော့ တိုက်ခိုက်နေခဲ့တယ်။
ဖန်ကျန်းရှီက ရန်ရွှယ်ရဲ့ ကိုယ်ကို ကန်လိုက်တယ်။
ရန်ရွှယ်က ဖန်ကျန်းရှီ ထက် သန်မာပေမယ့်လည်း သူက ဖန်ကျန်းရှီ ရဲ့ တိုက်ခိုက်မှုကို မ တားဆီး ခဲ့ဘူး။ ဖန်ကျန်းရှီကတော့ သူ့ရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်တဲ့ အတွက် ဖန်ကျန်းရှီရဲ့ ဒဏ်ရာတွေကလည်း လျော့နည်းလာခဲ့တယ် ။
“ငါသူ့ကို ထိပြီ။” ဖန်ကျန်းရှီရဲ့ မျက်လုံးတွေကတော့ တောက်ပလာတော့တယ်။ ဒါကတော့ ပထမဆုံး အကြိမ်အနေနဲ့ တိုက်ပွဲမှာ မျှော်လင့်ချက်ကိုတွေ့တာ။
ဒီနည်းလမ်းက အလုပ်ဖြစ်တယ်။
ဖန်ကျန်းရှီကတော့ စိတ်လှုပ်ရှား တက်ကြွလာတော့တယ်။ သူကတော့ သူ့ရဲ့ ဒဏ်ရာတွေကို မေ့လုနီးပါးဖြစ်နေတော့တယ်။ ထိချက်ကြောင့် ရန်ရွှယ် ချာချာ လည်သွားချိန်မှာတော့ သူက ရိုက်ချလိုက်တော့တယ်။
ဒါက ရန်ရွှယ်ရဲ့ မျက်နှာကို ပုံမှန်ရိုက်ချတာ။
ရန်ရွှယ်ကတော့ ချက်ခြင်းကာလိုက်တော့တယ်။
ဖန်ကျန်းရှီက တခြားဘက်ကို လည်ထွက်သွားပြီတော့ နောက်တစ်ကြိမ် ရိုက်ချပြန်တယ်။
ဒါကတော့ သူအရင်က သုံးခဲ့သလိုမျိူး တူညီတဲ့ နည်းလမ်းကို သုံးတာပဲ။
ရန်ရွှယ်ကတော့ ထိတ်လန့်သွားခဲ့တော့တယ။် ဖန်ကျန်းရှီ နောက်ထပ်ဘာလုပ်မလဲ ဆိုတာ သူသိနေတယ်။ ဒါပေမယ့်လည်း ရွေးချယ်စရာ မရှိစွာနဲ့ပဲ ဖန်ကျန်းရှီကို ဆက်လက် လုပ်ဆောင်စေလိုက်ရတယ်။
သူလုပ်နိုင်တာကတော့ တားဆီးဖို့ပဲ။
ဖန်ကျန်းရှီက ကန်တယ်။
“…” ရန်ရွှယ်ကတော့ ပြောစရာ စကားမဲ့သွားတော့တယ်။ သူကတော့ ဒီလိုနည်းနဲ့ အကြပ်အတည်း ကို ရင်ဆိုင်လာရတော့တယ်။ နောက်တစ်ခေါက် တူညီတဲ့ အမှားမလုပ်တော့ဘူး။ သူက တားဆီးလိုက်တယ်။
စင်မြင့်ပေါ်က မြင်ကွင်းကတော့ ရှင်းပြနိုင်ဖွယ် မရှိ။
ဖန်ကျန်းရှီက ဆက်တိုက် တိုက်ခိုက်နေခဲ့တယ်။ ရန်ရွှယ်ကတော့ သူ့ရဲ့ တိုက်ခိုက်မှုတွေကို အချိန်တိုင်းမှာ တားဆီးနေခဲ့တယ်။ ရန်ရွှယ်က မတားမြစ်ဖို့ အတွက် ဆုံးဖြတ်လိုက်ပြီးတော့ သူတို့ နှစ်ဦးကလည်း တိုက်ခိုက်ဖြစ်တော့တယ်။
အဆုံးသတ်မှာတော့ နှစ်ဖက်လုံးက အတော်လေးကို ထိခိုက် ဒဏ်ရာများနေခဲ့ပြီ။
ဒါပေမယ့်လည်း ဒါကတော့ ဖန်ကျန်းရှီ ရဲ့ တိုက်ခိုက်မှုကို သက်ရောက်မှုမရှိစေခဲ့ဘူး။
ဖန်ကျန်းရှီက ရန်ရွှယ်ရဲ့ မျက်နှာကို ရိုက်ချလိုက်တယ်။
“ ဒါက ကြိုတင်သိတာတောင်မှ ရန်ရွှယ်က ဘာလို့များ မတားမြစ်နိုင်တာလဲ။” အမတ်မင်းတွေထဲက တစ်ယောက်ကတော့ ရန်ရွှယ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့ကြတယ်။
“အကယ်၍ ရန်ရွှယ်သာ နောက်ထပ် မတားဆီးတော့ရင် ဒါကလည်း ပရိယာယ် တစ်ခု အဖြစ် ရှိတော့မှာ မဟုတ်ဘူး။
“ငါ နားလည်ပြီ။” အမတ်မင်းကတော့ နောက်ဆုံးမှာ နားလည်သွားတော့တယ်။
ဒီအချိန်မှာတော့ ဧကရာဇ် လင်းမုပိုင်က တိုက်ပွဲ တစ်လျှောက်လုံး သူ့ရဲ့ ပလ္လင်ပေါ်မှာ အေးဆေးစွာ ထိုင်နေရင်းနဲ့ ကနေ ရုတ်တရက် ထရပ်လိုက်တော့တယ်။ သူ့ရဲ့ မျက်လုံးတွေကတော့ တောက်ပလာတော့တယ်။
နောက်ထပ် မတ်တပ်ရပ်နေတဲ့ သူတစ်ယောက်လည်း ရှိနေခဲ့တယ်။
ဒီလူကတော့ ရှင်ချင်းစွေ့။
ဖန်ကျန်းရှီက ဒုတိယ အကြိမ် ပြန်လည် တိုက်ခိုက်တည်းက သူက မတ်တပ်ရပ်တာ ကနေ ပြန်မထိုင်တော့ဘူး။
ဝန်ကြီး ယွီယိဖျင်ရဲ့ အမူအယာကလည်း ပြောင်းလဲသွားခဲ့တယ်။ သူကတော့ ဧကရာဇ် လင်းမုပိုင်ရဲ့ အမူအယာကို ကြည့်ရင်းနဲ့ သူ့ရဲ့ စိတ်ထဲမှာ ပေါ်လာတဲ့ အတွေးကို ဖိနှိပ်နေခဲ့တယ်။
ဘာကြောင့် ဧကရာဇ် လင်းမုပိုင် က ထရပ်လည်း ဆိုတာကို သူသိတယ်။
ဒါက ရှင်းယွမ်ကောင်းရဲ့ တိုက်ခိုက်မှု နည်းလမ်းနဲ့ တိုက်ခိုက်ဟန် ကို သူလည်း မှတ်မိတယ်။ အကယ်၍ သူတောင်မှ မှတ်မိရင် ဧကရာဇ် မင်းလည်း မှတ်မိမှာ အမှန်ပဲ။
“ဖန်ကျန်းရှီက ကြည့်ရတာ … ရှင်းဟို့ရဲ့ တိုက်ခိုက်ရေး နည်းလမ်းကို သုံးနေဟန်ပဲ ”
“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ၊”
“ ဖန်ကျန်းရှီက ဘယ်လိုများ စစ်နတ် ကျောင်းတော်ရဲ့ နည်းလမ်းကို သိနေတာလဲ။”
ဖန်ကျန်းရှီက နတ်ဆိုး ကျောင်းတော်ရဲ့ ဓားသိန်းသန်းချီ ပုံရိပ်ကို သိတဲ့ အချိန်တည်းက အတော်လေးကို မျက်လုံးပြူးစေခဲ့တယ်။ ဒါပေမယ့်လည်း အခု ကိစ္စကတော့ ပိုပြိးတော့ မဖြစ်နိုင်ဘူး။
ဖန်ကျန်းရှီက နတ်ဆိုး ကျောင်းတော်မှာ အချိန် အတန်ကြာနေခဲ့တယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီ နဲ့ ချီကူယန်ကလည်း ရှုပ်ထွေးတဲ့ ဆက်ဆံရေးရှိတယ်။
ဒါပေမယ့်လည်း
ဖန်ကျန်းရှီက ရှင်းယွမ်ကောင်းရဲ့ တိုက်ခိုက်ရေး နည်းလမ်းကို ဘယ်လိုများ သိနိုင်တာလဲ။
အနတ်မင်းတွေ အားလုံးကတော့ ဖန်ကျန်းရှီ ရှင်းယွမ်ကောင်းကို မြင်ဖူးလား ဆိုတာတောင် မှ မသိဘူး။ ဒီလိုဆို သူက ဘယ်လိုများ သင်ယူခဲ့တာလည်း။
ဒါက သူတို့ရဲ့ အမှားတော့ မဟုတ်ဘူး။
ညီလာခံထဲက အမတ်မင်းတွေက ဖန်ကျန်းရှီနဲ့ ရှင်းယွမ်ကောင်း တို့က အဆုံးမဲ့ လောကထဲမှာ တွေ့ဆုံခဲ့ဖူးကြတယ် ဆိုတာ ကို အနည်းငယ်ပဲ သိတယ်။
“ဒါက ငါ့အဖေရဲ့ တိုက်ခိုက်ရေး နည်းလမ်းပဲ။” ရှင်ချင်းစွေ့က အတည်ပြုလိုက်တယ်။ ဒါပေမယ့်လည်း သူကတော့ သူ့ရဲ့ ကြောက်ရွံ့မှု နဲ့ ထိတ်လန့် မှုတွေကို ဒီမြင်ကွင်းက ဖြစ်ပေါ်စေခဲ့တယ်။
သူက ဒီ တိုက်ခိုက်ရေး နည်းလမ်းကို မသင်ခဲ့ ဖူးဘူး။
ဒီ နည်းလမ်းကို ကြည့်၇တာ ရိုးရှင်းတယ်။ ဒါပေမယ့်လည်း အလွန်အမင်းကို ရှုပ်ထွေးလွန်းလှတယ်။ ရှုပ်ထွေးရုံတင် မကဘူး။ လှုပ်ရှားမှုတွေကလည်း ပုံစံ စုံလှတယ်။ ဒါကြောင့် သင်ယူဖို့ ခက်ခဲရုံတင် မကဘူး။ နောက်တစ်ခုလည်း လိုသေးတယ်။
အင်အား။
ဒါကတော့ ဒီ တိုက်ခိုက်ရေး ပညာမှာ အရေးအကြီးဆုံးသော အပိုင်း။
ရှင်ချင်းစွေ့မှာ တိုက်ပွဲ ဝိဉာဉ် မကင်းမဲ့ဘူး။ ဒါမေပယ့်လည်း သူက ဒီ နည်းပညာကို အပြည့်အ၀ အသုံးချ နားလည် ချင်းငှာ မစွမ်းသာ နိုင်ခဲ့ဘူး။ ရှင်းယွမ်ကောင်းက သူက အင်အား မလုံလောက်သေးဘူးလို့ ပဲ ပြောခဲ့တယ်။
ရှင်ချင်းစွေ့က ဒါကို နားမလည်ခဲ့ဘူး။
သူကတော့ အနိုင်ရဖို့ အတွက် လိုလိုလားလား သေဆုံး တိုက်ခိုက်နိုင်ဖို့ ကို သာ ဆန္ဒ ရှိခဲ့တယ်။ သူ့မှာ အင်အား မရှိတာကကော ဘယ်လို ဖြစ်နိုင်မှာလဲ။
ဖန်ကျန်းရှီဆီကနေ ခံစားနေရတဲ့ အင်အားတွေကို သူ နားမလည်နိုင်ဘူး။ နောက်ပြိးတော့ ဒီအင်အား အငွေ့အသက်တွေကတော့ သူ့ အဖေဆီက အင်အားတွေနဲ့ တစ်ထပ်တည်း တူညီနေခဲ့တယ်။
အပိုင်း(၂၇၈) ပြီး၏။
အပိုင်း (၂၇၉)
“အတူူတူပျံသန်းကြစို့”
ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။
ရှင်ချင်းစွေ့ကတော့ နားမလည်နိုင်ခဲ့ဘူး ဖြစ်နေခဲ့တယ် ။ သူ ဆယ်စုနှစ် တစ်ခုစာ မက ကြိုးစားခဲ့ရတဲ့ အရာကို ဖန်ကျန်းရှီက ဘယ်လိုများ လွယ်လွယ်ကူကူ တတ်မြောက်နိုင်တာလဲ။
ဘာတွေ ဖြစ်ကုန်ပြီလဲ။
ရှင်ချင်းစွေ့ကတော့ သူ့ရဲ့ သတ္တိက တခြားသူတွေထက် မနည်းဘူးလို့ ထင်ထားခဲ့ တာ ။ ဒါဆိုရင် ဖန်ကျန်းရှီက သူ့ထက် သတ္တိ ကောင်းနေလို့လား။ ဒါမှ မဟုတ် တိုက်ပွဲ ဝိဉာဉ်လား။ မဖြစ်နိုင်ဘူး ။ ဆုံးဖြတ်ချက်လား။ ဒါလည်း မှန်သေးတယ် မထင်ဘူး။
ဒါ ဒ့ါက ဖြစ်နိုင်မလား။
ရုတ်တရက် ရှင်ချင်းစွေ့က အကြောင်းရင်း တစ်ခုကို တွေးလိုက်မိတယ်။ မိတ်ဆွေ သူငယ်ချင်း ဆက်ဆံရေး။
ခင်မင်ရင်းနှီးမှု
ရှင်ချင်းစွေ့က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း နဲ့ သူ့ မျက်လုံးတွေကလည်း တလက်လက် တောက်ပလာတော့တယ်။ ကြည့်ရတာတော့ ဒါက ခင်မင်ရင်းနှီးမှု ဖြစ်ဟန်ပါပဲ။ သူက အနိုင်ရလိုတယ်။ ဘာကြောင့်လဲ ဆိုတော့ ရန်ရွှယ်နဲ့ ခင်မင်ရင်း နှီးမှု ကြောင့်။
သူ့ရဲ့ အဖေကလည်း အင်ပါယာရဲ့ ရန်သူတွေကို တိုက်ခိုက်သတ်ဖြတ်ခဲ့တယ်။ ဒါကတော့ အင်အားကြီးဖို့လည်း မဟုတ်သလို ဆုလဒ် ဂုဏ်ဒြပ် တွေ အတွက်လည်း မဟုတ်ခဲ့ဘူး။ ဧကရာဇ် လင်းမုပိုင်နဲ့ ခင်မင်ရင်းနှီးမှုကြောင့် သာ။
အနိုင်ရလွန်းချင်တဲ့ ဆန္ဒကတော့ လူတစ်ယောက်ကို သတ္တိရှိကောင်း ရှိစေနိုင်တယ်။ ဒါပေမယ့်လည်း လူတစ်ယောက်ရဲ့ အစွမ်းကိုတော့ မတိုးစေနိုင်ဘူး။
အင်အား ။
အင်အား။
အင်အားက မရှိမဖြစ်ပဲ။
စစ်မှန်တဲ့ ခင်မင်ရင်းနှီးမှု က တစ်စုံတစ်ယောက်ရဲ့ တိုက်ခိုက်လိုစိတ်ကို လောင်ကျွမ်းစေနိုင်တယ်။ ဒါကတော့ လူတစ်ယောက်အတွက် ကြိုတင်ဆုံးဖြတ်ထားခြင်း မရှိပဲနဲ့ အဆက်မပြတ်တိုက်ခိုက်မှုကိုလည်း ဖြစ်စေနိုင်တယ်။
“အဖေရေ။ ကျွန်တော် အခုတော့ နားလည်သွားပြီ ထင်တယ်။” ရှင်ချင်းစွေ့ကတော့ စစ်နတ်ကျောင်းတော်ရှိရာကို လှမ်းမျှော်ကြည့်ရင်းနဲ့ သူ့ရဲ့ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင် ဖြစ်နေခဲ့တယ်။
အမတ်မင်းတွေ အားလုံးကတော့ အတော်လေးကို စိတ်ရှုပ်ထွေးနေကြတော့တယ်။
“ဖန်ကျန်းရှီက တကယ်ပဲ ရှင်းဟို့ရဲ့ တိုက်ခိုက်ရေး နည်းလမ်းကို သုံးနေတာလား။”
“ဒါက တိုက်ဆိုင်မှုလား။”
“ သူက တာအို ကျောင်းတော်ကိုတောင်မှ မဝင်ဖူးတဲ့ သာမာန် ပြည်သူလေး တစ်ယောက်ပဲ။ စာမေးပွဲတိုင်းမှာလည်း ထိပ်တန်းကျောင်းတော်သား ဖြစ်ခဲ့တယ်။ နောက်ပြီးတော့ နတ်ဆိုး ကျောင်းတော်ရဲ့ တိုက်ခိုက်ရေး နည်းလမ်းကိုလည်း သိနေတယ်။ ရှင်းဟို့ရဲ့ တိုက်ပွဲ နည်းလမ်းကိုလည်း သိတယ်။”
မေးခွန်းတွေကတော့ အမတ်မင်းတွေရဲ့ စိတ်ထဲမှာ ပလူပျံလာတော့တယ်။
အရင်က သူတို့ တွေးခဲ့တာကတော့ ဖန်ကျန်းရှီက သာမာန် ထူးချွန်တဲ့ ပါရမီရှင် တောသားတစ်ယောက်လိုပဲ။ အခုတော့ သူတို့ရဲ့ ယုံကြည်ချက်ကို မေးခွန်း ထုတ်စရာတွေ ရှိလာခဲ့ပြီ။
လွန်ခဲ့တဲ့ ၈ နှစ်တုန်းက ချီကူယန်က တောင်ဘက်ရွာမှာ တာအို ကျောင်းကို ဖွင့်လှစ်ခဲ့တယ်။ ဖန်ကျန်းှရှီကတော့ ကျောင်းကနေ ထွက်ပြေးနေခဲ့တယ်။ သူက မြောက်ရွာမှာပဲ ကိုယ်တိုင်သင်ကြားခြင်းနဲ့သာ အဆုံးသတ်ခဲ့တယ်။ ဒါက တိုက်ဆိုင်မှုပဲလား။
၈နှစ်ကြာပြီး နောက်မှာတော့ ဖန်ကျန်းရှီက သူ့ရဲ့ ပြိုင်ဘက်တွေကို အနိုင်တိုက်ခဲ့တယ်။ သူကတော့ ကျောင်းကို မတက်ဖူးတဲ့ သာမန် ပြည်သူလေး တစ်ယောက်ဆိုတာ လူတိုင်းကို မေ့လျော့်အောင် စွမ်းဆောင်နီုင်ခဲ့တယ်။
အဲ့ဒီ့နောက်မှာတော့ သူက ချီကူယန်နဲ့ အပေးအယူ လုပ်ခဲ့တယ်။ နောက်တော့ သူတို့ နှစ်ဦးရဲ့ ပြိုင်ပွဲကို ကောင်းကင် နိမိတ်တော် အကောင်အထည်ပေါ်မယ့် အချိန်နဲ့ တစ်နှစ်တည်းမှာ စီစဉ်ထားခဲ့တယ်။
ဒါကကော တိုက်ဆိုင်မှုပဲလား။
အပေါ်က အရာတွေ အားလုံးက တိုက်ဆိုင်မှု ဖြစ်ခဲ့ရင်တောင်မှ သူက ဘယ်လိုများ နတ်ဆိုး ကျောင်းတော်ရဲ့ ဓားသိန်းသန်းချီ နည်းပညာနဲ့ စစ်နတ်ကျောင်းတော်ရဲ့ ရှင်းဟို့ တိုက်ခိုက်နည်းတွေကို ဘယ်လိုများ သိတာလည်း
တိုက်ဆိုင်မှုတွေက များလွန်းတယ်။
ဒါက ပူးပေါင်းကြံစည်တာများလား။
အစတည်းကနေ အစီအစဉ် ချထားတာ များလား။
ဒါဆိုရင် ဦးတည်ချက်က ဘာဖြစ်မလဲ။
ဖန်ကျန်းရှီက ဒီ ပူးပေါင်း ကြံစည်မှုမှာ ဘယ်လို တာဝန်မျိုးကို ယူထားတာလဲ။ ညီလာခံကိုရော ဘယ်လို သက်ရောက်မှုမျိုး ရှိလာနိုင်တာလဲ။
ဘယ်အမတ်မင်းကမှ နားမလည်နိုင်ခဲ့ဘူး။ ဒီ အကွက်ချမှုက သိပ်ကိုနက်နဲပြီးတော့ ကြောက်စရာ ကောင်းလွန်းလှတယ်။
နှိုင်းယှဉ်ရမယ် ဆိုရင် ဧကရာဇ် လင်းမုပိုင်က အမတ်မင်းတွေ အားလုံးထက်ကို ပိုပြီးတော့ နားလည်တယ် ။ အနည်းဆုံးတော့ သူက ဖန်ကျ်န်းရှီနဲ့ ရှင်းယွမ်ကောင်းတို့ အဆုံးမဲ့လောကထဲမှာ ဖြစ်ခဲ့တာကို ကောင်းကောင်းသိတယ်။
သူက ဖန်ကျန်းရှီရဲ့ စစ်သား ရာချီ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုကို ဖိနှိပ် ဖုံးအုပ်ထားခဲ့တာလည်း အဆုံးမဲ့ လောကထဲက အဖြစ်ကြောင့်ပဲ။
စစ်နတ်ကျောင်းတော်ရဲ့ နှလုံးသားနဲ့ သစ္စာတရားက သာမာန် စစ်သည် အယောက် တစ်ရာထက် ပိုပြီးတော့ အရေးကြီးတယ်။
ဒါပေမယ့်လည်း ဧကရာဇ် လင်းမုပိုင်ရဲ့ စိတ်ထဲမှာ တစ်စုံ တစ်ခုကိုတွေးနေမိခဲ့တယ်။
“ဖန်ကျန်းရှီက ရှင်းယွမ်ကောင်းရဲ့ တိုက်ခိုက်မှုကို တစ်ခါ ကြည့်ရုံနဲ့ မှတ်မိနိုင်တဲ့ ပါ၇မီရှင်များလား။ အကယ်၍ ဒီလိုသာ ဖြစ်ခဲ့ရင် ဒီလူငယ်ရဲ့ အစွမ်းကတော့ အံ့မခန်းပဲ။ ချီကူယန်တောင်မှ ဒါမျိုးမလုပ်နိုင်ဘူး။ သူဘယ်လိုများ ရှင်းယွမ်ကောင်းရဲ့ တိုက်ခိုက်ရေး နည်းလမ်းကို သင်ယူနိုင်တာလဲ။ ရှင်းယွမ်ကောင်းက နိုင်ငံရေးမှာ ပါဝင်တာ အတော်လေး ရှားပါးတယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီ အတွက် မြို့တော်ကို လာရောက်ပြီးတော့ တောင်းဆိုခဲ့တယ်။ ဒါက တကယ့်ကို မျက်လုံးချင်း ဆုံမိရုံလောက်ပဲလား။”
ဧကရာဇ် လင်းမုပိုင်ကတော့ ဒီကိစ္စမှာ စစ်နတ်ကျောင်းတော်ရဲ့ ပါဝင်မှုကို မခန့်မှန်း လိုတော့ဘူး။
ဧကရာဇ် မင်း တစ်ပါးအနေနဲ့ မတော်တဆမှုတွေကို မဖြစ်ခင်တည်းက ကြိုတင် တားဆီးထားဖို့ သူ့မှာ တာဝန်ရှိတယ်။
ဒါက သူ့အလုပ်ပဲ။
“ဒါက တကယ့်ကို တိုက်ဆိုင်မှု ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။” ဧကရာဇ် လင်းမုပိုင်က ဖန်ကျန်းရှီကို ကြည့်ရင်းနဲ့ ပြန်ထိုင်လိုက်တော့တယ်။
အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံကတော့ ဖန်ကျန်းရှီကို မကြည့်တော့ဘူး။ သူက သွမ့်အရှင်ကိုသာ ကြည့်နေခဲ့တယ်။ ဒီအချိန်မှာပဲ သူ အရင်က မတွေးမိတဲ့ အရာ တစ်ခုကို ရုတ်တရက် တွေးလိုက်မိခဲ့တယ်။
နတ်ဆိုးကျောင်းတော်က ချီဟို့ကတော့ သွမ့်အရှင်ရဲ့ ဘက်မှာ ရှိနေနိုင်တယ်။
ချီကူယန်က ဘယ်ဘက်ကိုမှ မလိုက်ပေမယ့်လည်း သူမရဲ့ အဖေကိုတော့ သစ္စာရှိနေ ဆဲပဲ။ ဒါကြောင့် သူမကလည်း အမြင်လောက် မရိုးရှင်းနိုင်ဘူး။
တောင်ရွာမှာ လွန်ခဲ့တဲ့ ၈ နှစ်တုန်းက ချီကူယန်က ကျောင်းဖွင့်လိုက်တာ တိုက်ဆိုင်မှု တစ်ခု ဖြစ်ခဲ့တာလား။ ဒါက စီစဉ်မှု ဇာတ်လမ်း ထဲမှာ မဟုတ်ခဲ့ရင် ။
အကယ်၍ ကြိုတင် ကြံစည်မှု တစ်ခု ဖြစ်ခဲ့ရင်
ချီကူယန်က အကွက်ချသူ ဖြစ်နိုင်မလား။ ဒါမှမဟုတ် သွမ့်အရှင်ကပဲ ကြိုးကိုင်သူ ဖြစ်နိုင်မလား။
သူတို့က လူတစ်ယောက်တည်းကိုပဲ ထိပ်တိုက် တိုက်ခိုက်ရပြီးတော့ နောက်ကွယ်မှာတော့ တခြားသူတွေ ရှိနေခဲ့ရင် …..။
သွမ့်အရှင်ကတော့ ဖန်ကျန်းရှီကို ဆန့်ကျင်ပြီးတော့ လှုပ်ရှားနေဟန်ပဲ ။ ဒါပေမယ့်လည်း ပြောရရင်တော့ သူကလည်း တစ်ဖက် တစ်လမ်းက ကူညီနေတာပဲ။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီက မြို့တော်ကို ဝင်လာချိန်တည်းက ဒဏ်ရာအနာတရ တစ်ခုလေး တော်င်မှ မရခဲ့ဘူး။နောက်ပြီးတော့ သွမ့်အရှင် ကြီးကြပ်တဲ့ စာမေးပွဲမှာလည်း သူက အေးအေးဆေးဆေးကို ဖြတ်ကျော်နိုင်ခဲ့တယ်။
မျက်စိရှေ့မှာ မြင်နေရတာ အပြင် တခြားအရာ တွေ ရှိနိုင်သေးလို့လား။
အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံကတော့ မျက်မှောင်ကြုတ်ထား မိတယ်။ ဒါကတော့ ဖြစ်နိုင်ချေ လုံးဝမရှိဘူးလို့ထင်ရနိုင်တယ်။ နောက်ဆုံးတော့လည်း ရူးချင်စရာ ကြိုတင် အစီအစဉ်ကြီး တစ်ခု ဖြစ်နေတယ်။
ဒါပေမယ့်လည်း ဒီလောကမှာ အင်အား အကြီးဆုံးသူ တစ်ယောက် ဖြစ်လာဖို့အတွက် အရာအားလုံးကတော့ ဖြစ်နိုင်တယ်။ မဖြစ်နိုင်ဆုံးသော စီစဉ်မှုကတော့ အကောင်းဆုံး ပဲ။
သွမ့်အရှင်က ဖန်ကျန်းရှီရဲ့ ဖြစ်တည်မှုကို ခန့်မှန်းနေချိန်မှာပဲ ….
သွမ့်အရှင်ကတော့ တူညီတဲ့ အရာ တစ်ခုကို လုပ်နေခဲ့တယ်။
အိမ်ရှေ့စံ မင်းသား တွေးးသလို တူညီစွာပဲ တွေးတောနေခဲ့တယ်။ ချီကူယန်ရဲ့ သစ္စာရှိမှုက အိမ်ရှေ့စံ မင်းသား ကိုပဲ လို့ ထင်နေခဲ့တယ်။
ထီးနန်းအတွက် တိုက်ခိုက်မှုကတော့ တစ်ဖက်မှာ တစ်ယောက်ဆီ တွေးချင်သလို တွေးနေခဲ့တယ်။ ခြေတစ်လှမ်းမှားသွားတာနဲ့ စစ်ပွဲ တစ်ခု ဖြစ်လာနိုင်တယ်။ တိုက်ပွဲကို ရှုံးတာကတော့ အသက်ကို ဆုံးရှုံးဖို့ အတွက် အန္တရာယ်။
ပြိုင်ဆိုင်ခြင်း ။
သူတို့ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်တည်းက နောက်ပြန် လှည့်စရာ လမ်း မရှိတော့ဘူး။
ဖန်ကျန်းရှီရဲ့ မျိုးရိုးကို မေ့လိုက်။ သူ့နောက်ကွယ်က အင်အားတွေကို မေ့လိုက်။ သူသေဖို့ လိုတယ်။ သူ သေသွားတာနဲ့ အရာအလားလုံး အဆင်ပြေသွားလိမ့်မယ်။ အလင်းပွင့်သွားလိမ့်မယ်။
…
ဖန်ကျန်းရှီကတော့ ရှင်းယွမ်ကောင်းရဲ့ တိုက်ခိုက်နည်းကို အတုခိုးမိလိုက်တာကြောင့် ဒီလို အဖြစ်မျိုးကို ဆွဲထည့် ခံလိုက်ရတာကို သူ ကိုယ်တိုင် နားမလည်လိုက်ဘူး။သူ့ စိတ်ထဲမှာ ရန်ရွှယ်ကို အနိုင်တိုက်ဖို့ အတွက်ပဲ ရှိတယ်။
သူကတော့ ရန်ရွှယ်ကို ဆယ့်ငါးမိနစ် အတွင်းမှာ အနိုင်တိုက်နိုင် ချင်တယ်။
သူ့ရဲ့ စိတ်နှလုံးသားထဲမှာတော့ သူ့မှာ အတွေးတစ်ခုပဲ ရှိတယ်။ တိုက်ခိုက်။ တိုက်ခိုက် ။ တိုက်ခိုက်။
“ဘုန်းးး။”
“ဘုန်းးးး”
“…….”
သူတို့ နှစ်ဦးကတော့ ထပ်ခါထပ်ခါကို ရင်ဆိုင် ထိတွေ့ နေကြတော့တယ်။ ဖန်ကျန်းရှီက အဆက်မပြတ်တိုက်ခိုက်နေခဲ့တယ်။ ရှင်ချင်းစွေ့ ခန့်မှန်းလိုက်သလိုပဲ သူက ခင်မင်ရင်းနှီးမှု အတွက် တိုက်ခိုက်နေတာ ဖြစ်ခဲ့တယ်။
ဒီလိုကြောင့် ရှင်ချင်းစွေ့ရဲ့ တိုက်ခိုက်ရေးနည်းလမ်းကို အတုယူ သင်ကြားတာက ပြဿနာ မရှိဘူး။
နောက်ပြီးတော့ ဖန်ကျန်းရှီက တိုက်ခိုက်ချိန်တိုင်းမှာ ပိုပြီးတော့ အစွမ်းထက်လာခဲ့တယ်။ သူ့ရဲ့ တိုက်ခိုက်ရေးနည်းလမ်းတွေကတော့ ရှင်ချင်းစွေ့ရဲ့ တိုက်ခိုက်ရေး နည်းလမ်းတွေကနေ သွေဖယ်လာတော့တယ်။
သူက သူ့ရဲ့ ရှုပ်ထွေးပြီးတော့ အစီအစဉ် မကျတဲ့ တိုက်ခိုက်နည်းတွေကို ရောနှော အသုံးပြုခဲ့တယ်။
လက်နဲ့ တိုက်ခိုက်နည်းတွေ မပါဘူး။
ဒါပေမယ့်လည်း သူက အရာအားလုံးကို စပ်ဆက်နိုင်လိုက်တယ်။
ရန်ရွှယ့်ရဲ့ ထိတ်လန့်မှုကတော့ ချက်ခြင်းကို တိုးလာခဲ့တော့တယ်။ ဒါဟတော့ ရန်ရွှယ်ကို အတော်လေး ဖိအားများနေခဲ့တယ်။
ဒါကတော့ သူ တွေးတောင် မတွေးမိခဲ့တဲ့ မြင်ကွင်းကို မြင်လိုက်ရတယ်။
နောက်ဆုံးတော့လည်း သူက ဖန်ကျန်းရှီ ထက်ကို ပို သန်မာ မြန်ဆန်တယ်။
ဒါပေမယ့်လည်း သူကတော့ အခုချိန်မှာ ဖိနှိပ်ခံနေရတဲ့ သူ ဖြစ်နေခဲ့တယ်။
“ သူက လအနည်းငယ် အတွင်းမှာပဲ ဒီလို အဆင့်ကိုတောင်မှ ရောက်သွားပြီလား။ ” ရန်ရွှယ်ကတော့ ထိတ်လန့်သွားခဲ့တော့တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီ က မဖြစ်နိုင်တာတွေ လုပ်နိုင်တယ် ဆိုတာကို သူ ကောင်းကောင်းသိတယ်။
ဒီလိုဖြစ်ခဲ့ရင်တောင်မှ ဒီ အဖြစ်က မယုံနိုင်စရာ ကောင်းလွန်းလှတယ်။ သူ ဖန်ကျန်းရှီကို ကောင်းကောင်း နားလည်တယ်။ ဖန်ကျးန်ရှီရဲ့ တိုက်ခိုက်ရေး နည်းလမ်းတွေကတော့ အတော်လေးကို မယုံနိုင်စရာ ကောင်းလွန်းလှတယ်။
ကြည့်ရတာ ဖန်ကျန်းရှီက နောက်ထပ် လူသစ် တယောက် အသွင်ကို ပြောင်းလဲသွားသလိုပဲ။
အခုချိန်မှာတော့ သူက လုံးဝကို တိုက်ခိုက်မှုကိုသာ ဦးစားပေးတော့တယ်။ ဖန်ကျန်းရှီကတော့ တိုက်ပွဲရဲ့ ဒီရေတွေ သဖွယ် ထူးဆန်းစွာ ပြောင်းလဲသွားတော့တယ်။
သူတွေးလိုက်ချိန်မှာပဲ ဖန်ကျန်းရှီက လက်သီးတစ်လုံးကို ပစ်ထိုးလိုက်တော့တယ်။
သူကတော့ အထူးကောင်းမွန်လှတဲ့ ထောင့်ကနေ ရိုက်ချလိုက်တာပဲ။ရန်ရွှယ် ရဲ့ မျက်ကွယ် နေရာလည်း။ရန်ရွှယ်က ဒါကို သတိ ပြုလိုက်မိချိန်မှာတော့ သိပ်ကို နောက်ကျသွားခဲ့ပြီ။
“ဘုန်းးး။”
ရန်ရွှယ်ကတော့ မြေပြင်ကနေ ခဏတာ လွင့်စင်ထွက်သွားတော့တယ်။ ဒါပေမယ့်လည်း သူ ပျံထွက်သွားတဲ့ အချိန်မှာ ရန်ရွှယ်က အံကြိတ်ထားခဲ့တယ်။ တောင်တမျှ ပြင်းထန် လှ လွန်းတဲ့ အင်အားတွေကတော့ သူ့ကို စင်ပေါ်ဆီ ပြန်လည် တွန်းတင်ပေးလိုက်တော့တယ်။
ဒါကတော့ သူ့ရဲ့ ဒဏ်ရာတွေကို ပိုပြီးတော့ ဆိုးဝါး လာခဲ့တယ်။
ဒါပေမယ့်လည်း ဒီ အဖြစ်ကတော့ ဖန်ကျန်းှရီ ရဲ့ နောက်ထပ် တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီး နိုင်ခဲ့တယ်။
ဆုံးရှုံးမှုကတော့ အကျုးိရလဒ် ကောင်းကောင်း ကို ရစေနိုင်တယ်။
…
တိုက်ပွဲ ရဲ့ အလှည့်အပြောင်းကတော့ ဖန်ကျန်းရှီ ဘက်ကို အားသာ နေသာ သိသာလှတယ်။ ဒီအချိန်မှာတော့ သူက တိုက်ပွဲကို ဦးဆောင်သူ ဖြစ်နေခဲ့တယ်။
“ဖန်ကျန်းရှီက တကယ်ပဲ ရန်ရွှယ်ကို အနိုင်တိုက်နိုင်မှာလား။”
ဒီအချိန်မှာပဲ တချို့သော သူတွေကတော့ ဒီ လမ်းကိုတွေးလာကြတော့တယ်။ ဒါပေမယ့်လည်း အများစုကတော့ ရန်ရွှယ် နိုင်မယ်လို့ပဲ ထင်နေကြဆဲ ြဖ်စတယ်။
ရှှုင်းယွမ်ကောင်းရဲ့ တိုက်ခိုက်မှု နည်းလမ်းကတော့ ရှင်သန်မှုအတွက် လုံလောက်တဲ့ စွမ်းရည်လိုအပ်တယ်။ ဒီလိုနည်းနဲ့ တိုက်ခိုက်မယ် ဆိုရင် နှစ်ဖက် လုံးမှာလည်း နားဖို့ အချိန်ကို မရှိတော့ဘူး။
ဖန်ကျန်းရှီက ဒီလိုနည်းအတိုင်း ဆယ့်ငါးမိနစ်ထိန်းထားနိုင်မှာလား။
ဖန်ကျန်းရှီက ကောင်းကင်ရောင်ပြန် အဆင့်မှာပဲ ရှိနေသေးတာ။ သဘာဝလွန် အဆင့် ကျင့်ကြံသူ တစ်ယောက် တောင်မှ ဆယ့်ငါးမိနစ် အချိန်ကို ထိန်းထားနိုင်မှာ မဟုတ်ဘူး။
ရလဒ်ကလည်း အတူတူပဲ ဖြစ်မှာလား။
ဒီအချိန်မှာတော့ အမတ်မင်းတွေက ရန်ရွယ်ရဲ့ ပြောင်းလဲမှုတွေကို စတင် သတိပြုမိလာတော့တယ်။
သူ့ခြေထောက် အောက်က အနီဖျော့ရောင် ရေဝဲတွေကလည်း မြင့်တက်လာခဲ့တော့တယ်။ ရေဝဲ နှစ်ခုကတော့ သူ့ရဲ့ ပေါင်သားတွေ အထိကို တက်လာခဲ့ပြီ။
အဝေးကနေ ကြည့်နေတာတောင်မှ ရန်ရွှယ်က ရေဝဲ တွေကနေ စုပ်ယူခံနေရတယ် ဆိုတာ သိသာလှတယ်။
“ ဘာတွေ ဖြစ်ကုန်တာလဲ။” အမတ်မင်းတွေ အားလုံးကတော့ သူတို့ မြင်နေရတာကို မျက်လုံး ပြူးနေကြတယ်။
တစ်ချို့သော သူတွေရဲ့ မျက်နှာ အမူအယာကတော့ စတင် ပြောင်းလဲ လာတော့ သူတို့က ကြောက်မက်ဖွယ်ကောင်းတဲ့ တစ်စုံ တစ်ခုကို တွေးမိသွားတာကြောင့်ပဲ။
ရန်ရွှယ် အတွက်တော့ နဖူးကနေ ခြေဖျားထိ ချွေးတောက်တောက် စီးကျနေပြီ။သူကတော့ ပင်လယ်ရေဝဲ ကနေ စုပ်ယူ ခံနေရသူ သဖွယ် ဖြစ်နေခဲ့တယ်။
သူသာ တစ်ခုခုကို ခပ်မြန်မြန် မလုပ်နိုင်တော့ရင်တော့ သူက ရှုံးတော့မှာ သေချာ နေပြီ။
“မဖြစ်ဘူး။ နောက်ဆုံး အချိန်ထိ ငါတိုက်ခိုက်ရမယ်။” ရန်ရွှယ်ကတော့ အနိုင်ရဖို့ အတွက် ဆုံးဖြတ်ထားခဲ့တယ်။ ဖန်ကျန်းရှီ ရဲ့ စွမ်းရည်တွေက သူ့ကို အံ့အား သင့်စေ ခဲ့တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ရည်ရွယ်ချက်ကိုတော့ မပြောင်းလဲ သွားစေခဲ့ဘူး။
ငါမင်းကို အနိုင်တိုက်မယ် လို့ ပြောခဲ့တယ်။ ဒါကြောင့် ငါ လုပ်ကို လုပ်ရမယ်။
ရန်ရွှယ်ကတော့ ခုခံခြင်းကို လက်လျှော့လိုက်တော့တယ်။ သူ့မှာ အချိန် သိပ်မကျန် တော့ဘူး။ ဒါက နောက်ဆုံးသော တိုက်ခိုက်မှုပဲ။
“ဘန်းဘန်း။ ” လက်သီး နှစ်ချက်ကတော့ ရန်ရွယ်ရဲ့ ကိုယ်ပေါ်ကို ရောက်ရှိလာတော့တယ်။
ရန်ရွှယ်ကတော့ မလှုပ်ရှားခဲ့ဘူး။ သူက အံကြိတ်ရင်းနဲ့ ပါးစပ်ထဲက သွေါ်တွေကို ပြန်မျိုချလိုက်တော့တယ်။ လက်တွေကို ရွေ့လျားရင်းနဲ့ အနီဖျော့ရောင ် အတားအဆီး တစ်ခုကတော့ သူ့ရှေ့မှာ ပေါ်လာခဲ့တော့တယ်။
ဖန်ကျန်းရှီကတော့ အေးခဲသွားတော့တယ်။
ဒီ အနီရောင် အလင်းတန်းတွေ ဘယ်လောက်တောင်မှ ကြောက်စရာ ကောင်းမှန်း သိသာလှတယ်။ ရန်ရွှယ်က သူ့ရဲ့ ဓား သိန်းသန်းချီ ပုံရိပ်ကို ဖျက်စီးပြီးတော့ ထောင်ချောက်ထဲကနေ ထွက်လာနိုင်ခဲ့တယ်။
အဆုံးသတ်မှာတော့
ရေဝဲတွေကသူ့ရဲ့ ခြေကျင်းဝတ်ကို တက်လာခဲ့တယ်။
ဖန်ကျန်းရှီက သူ့ကို တားမြစ်လိုက်ချင်တယ်။
ဒါပေမယ့်လည်း သူကတော့ နောက်ကျလွန်းသွားခဲ့တယ်။ ရန်ရွှယ်က သူ့ကို တတိယ အကြိမ် အရိုက်ခံမှာ မဟုတ်ဘူး။ ဒါကြောင့် သူက မြှား တစ်စင်း သဖွယ် ပြေးထွက်တော့တယ်။
ဖန်ကျန်းရှီမှာတော့ သူ့ကို ရပ်တန့်ဖို့ အတွက် နည်းလမ်း မရှိတော့ဘူး။
ရန်ရွှယ်ကတော့ သူ့အစွမ်းသူ ကောင်းကောင်းသိတယ်။ ဒါ့ကြောင့် သူက မရပ်တန့်တော့ပဲ ဖန်ကျန်းရှီ ဆီကိုသာ ပြေးဝင်လာတော့တယ်။
“ဘန်းးး။” ဖန်ကျန်းရှီကတော့ အလင်း မျက်နှာပြင်နဲ့ ထိခတ်သွားတော့တယ်။
ဒီ အချိန်မှာတော့ သူက သူ့ခေါင်းပေါ်မှာ ဖန်ကွဲစ စိုက်ဝင်နေသလိုမျိုး ခံစားလိုက်ရတော့တယ်။ နာကျင်မှုက ပြင်းထန်တယ်။ အလင်းတန်း မျက်နှာပြင် က အနီရောင် အလင်းစက်လေးတွေ အဖြစ်ကို ပြောင်းလဲသွားတော့တယ်။ သူ နောက်ဆုံးတော့ နားလည်သွားခဲ့တော့တယ်။
အခုတော့ အဇူရာ တာအိုကို အထူးတာအို တစ်ခုအဖြစ် ဘယ်လိုများ ဖန်တီးထားတလဲ ဆိုတာ ကို နားလည်သွားတော့တယ်။
အကောင်း ။
အဆိုး။
ဒီ နယ်ပယ် နှစ်ခုက အလင်းရောင် အဖြစ် ပေါင်းစည်းတယ်။ သူတို့တွေက ဖန်ကျန်းရှီ ရဲ့ ဦးခေါင်းထဲကို ဝင်ချိန်မှာတော့ ခေါင်းကွဲမတတ် ခေါင်းကိုက်မှုကို ဖြစ်စေခဲ့တယ်။
သူ့ရဲ့ ကိုယ်ကတော့ တောင့်ခဲသွားပြီးတော့ မလှုပ်ရှားနိုင်တော့ဘူး။
ဒါက ပုံရိပ်ယောင်လား။
ဒါမှ မဟုတ် အမှန်တကယ်လား။
ဖန်ကျန်းရှီလည်း မတွေးတတ်တော့ဘူး။ သူသိတာကတော့ အဇူရာ တာအိုက အကောင်းဆုံးသော တိုက်ခိုက်မှု တာအို တွေထဲက တစ်ခုပဲ။ဒါကြောင့် သူ အားနည်းနေလို့ မရဘူး။
အကယ်၍ တိုက်ခိုက်မှုသာ ထိသွားခဲ့ရင်တော့ ။
ဖန်ကျန်းရှီလည်း စင်ပေါ်ကနေ ပျံထွက်သွားရတော့မှာ။
ဖန်ကျးန်ရှီက ခုန်ရှောင်ချင်လိုက်တယ်။
ဒါပေမယ့်လည်း ပြင်းထန်လှတဲ့ နာကျင်မှုကတော့ သူ့ကို နှေးကွေးစေတဲ့ အတွက် သူက ထင်သလောက် မလှုပ်နိုင် ဖြစ်နေခဲ့တယ်။
ရန်ရွှယ်ကတော့ နီးကပ်သည်ထက် နီးကပ်လာခဲ့တယ်။
ဖန်ကျန်းရှီကတော့ သူ့ရဲ့ ရင်ဘတ်ကို ကြည့်လိုကတယ်။
သူ ရှုံးတော့မှာလား။
မဖြစ်ဘူး။
ငါ မင်းကို အနိုင်တိုက်မယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် ငါ လုပ်ကို လုပ်ရမယ်။
“ဘုန်းးးး။”
တိုက်ခိုက်မှုတွေက ဆက်စပ်သွားတော့တယ်။
ဖန်ကျန်းရှီ ကတော့ အံကြိတ်ရင်း ရန်ရွှယ့်ဆီကို တိုးဝင်သွားခဲ့တော့တယ်။
ဖန်ကျန်းရှီကတော့ သူ ထွက်ခွာရတော့မယ်လို့ ခံစားလိုက်ရတယ်။ ဒါပေမယ့်လည်း သူ မပြုတ်ကျခင်မှာ ရန်ရွှယ်ကို ဖမ်းဆွဲလိုက်တော့တယ်။
“အတူတူ ပျံသန်း ကြစို့” ဖန်ကျန်းရှီကတော့ သူ့ဘာသူ တွေးလိုက်ရင်းနဲ့ ရန်ရွှယ့်ကို ခပ်တင်းတင်းဆွဲထားခဲ့တယ်။
အပိုင်း (၂၇၉) ပြီး၏။
အပိုင်း (၂၈၀)
“ ပထမအတွက် တိုက်ခိုက်ခြင်း ။”
…
ရန်ရွှယ်ကတော့ အကောင်းဆုံးကို လုပ်ခဲ့ပြီးပြီ။ဖန်ုကျန်းရှီ ရဲ့ ရိုက်ခတ်မှု နှစ်ခုကို ရင်ဆိုင်ရင်း သူ့မှာ ရှိသမျှ အင်အားတွေကို အဇူရာတာအိုထဲမှာ ပေါင်းစည်းလိုက်တယ်။ ရန်ရွှယ်ကလည်း အရာအားလုံးကို ကောင်းစွာ တွက်ချက်ပြီး သား။
ဒါပေမယ့်လည်း ဖန်ကျန်းရှီက သူ့ဆီကို တိုးဝင်လာခဲ့မယ်လို့တော့ မမျှော်လင့်ခဲ့မိဘူး။
“ငါထင်တယ်။ သူက နာမှာကို မကြောက်တော့ဘူး။” ရန်ရွှယ်ကတော့ သူ့ဘာသူ တွေးလိုက်မိတယ်။ အဲ့ဒီ့နောက်မှာတော့ သူ့မျက်နှာက ဖြူဖျော့သွားခဲ့တော့တယ်။
ဖန်ကျန်းရှီက ရှေ့ကို တိုးဝင်လာရင်းနဲ့ လက်မောင်းတွေကို ဆန့်ထုတ်လိုက်တယ်။ သူ့ရဲ့ ဒဏ်ရာတွေက ပိုမို ဆိုးဝါးလာပေမယ့်လည်း သူ့ရဲ့ တိုက်ခိုက်မှုကတော့ အတော်လေးကို အင်အား ပြင်းထန်လွန်းလှတယ်။
ရန်ရွှယ်ကတော့ ဒီ အဖြစ်ကို မတွေးထားရသေးဘူး။
“-ျီးပဲ။” သူကတော့ ပါးစပ် အပြည့်သွေးတောကို အန်ထုတ်လိုက်တယ်။ ဒီ အချိန်မှာပဲ သူ့ကို ဝန်းရံထားတဲ့ အနီရောင် အလင်းတန်းတွေက ပျောက်ကွယ်သွားတော့တယ်။
ဘာကြောင့်လဲ ဆိုတော့
ရန်ရွယ်မှာ အင်အား မကျန်တော့ဘူး။ သူ့ရဲ့ ကိုယ် အလင်းရောင်က မှိန်ဖျော့လာတော့တယ်။
ဒါကတော့ ပြိုင်ပွဲရဲ့ ရင်နာစရာ အကောင်းဆုံးသော အဆုံးသတ်။ဒီလို အလှည့်အပြောင်းကို ဘယ်သူကမှ ခန့်မှန်းမထားခဲ့ဘူး။ ပြိုင်ပွဲရဲ့ အဆုံးသတ်မှာတော့ ပြိုင်ပွဲ ဝင် နှစ်ဦးလုံးက စင်မြင့်ပေါ်ကနေ တစ်ချိန်တည်း ပြုတ်ကျသွားခဲ့တယ်။
“ဘုန်းးး။”
ဖုန်မှုန့်လုံးတွေ ထွက်လာတော့တယ်။
“ရန်ရွှယ် မင်း သတိရပါအုန်း။” ဖန်ကျန်းရှီကတော့ ရန်ရွှယ်ရဲ့ လက်မောင်းကို ပုတ်ရင်းနဲ့ နှိုးနေခဲ့တယ်။
“ သမားတော်” ဧကရာဇ် လင်းမုပိုင်ကလည်း တွေဝေခြင်း အလျဉ်းမရှိပဲနဲ့ အော်ဟစ်လိုက်တော့တယ်။
“ဒီမှာ ဒီမှာ။ ” ရပ်နေတဲ့ သမားတော်ကတော့ ချက်ခြင်းဆိုသလို ပြေးသွားပြီးတော့ ရန်ရွှယ့်ကို စမ်းသပ်တော့တယ်။
ဒီဧရိယာရဲ့ လေထုကတော့ အတော်လေးကို လေးလံလာတော့တယ်။
နောက်ဆုံးတော့လည်း ရန်ရွှယ်က အနောက်ပိုင်း လျန်ဒေသ ရန်မိသားစုရဲ့ ဆက်ခံသူ တစ်ယောက် ဖြစ်နေဆဲ့ပဲ။ သူ့မှာတော့ ကောင်းမွန်လှတဲ့ အလားအလာနဲ့ ထက်မြက်တဲံ အရည်အချင်းတွေ ရှိနေတယ်။ သူသာ တစ်ခုခု ဖြစ်သွားခဲ့ရင် အင်ပါယာကော ရန်မိသားစုပါ ကြီးမားတဲ့ဆုံးရှုံးမှုကို ခံစားရမှာ။
“အရှင်မင်းမြတ် သူ့ရဲ့ ဒဏ်ရာတွေက မပြင်းထန်ပါဘူး။ မောပန်းလွန်ပြီးတော့ သတိမေ့သွားခဲ့ရုံ သက်သက်ပါပဲ။ ငါးရက် အတွင်း အပြည့်အ၀ ပြန်ကောင်းလာ ပါ လိမ့်မယ်။ ” သမားတော်က သတင်းပို့လာတော့တယ်။
“ကောင်းပြီ။ ရန်ရွှယ်ကို မင်းကုသရမယ်။” ဧကရာဇ် လင်းမုပိုင်က ခေါင်းငြိမ့်လိုက်တယ်။
“အမိန့် တော် အတိုင်းပါ အရှင် မင်းမြတ်။” သမားတော်ကတော့ ရန်ရွှယ်ကို သူ့ရဲ့ နေရာဆီအစောင့် တချို့ အကူအညီနဲ့ သယ်ဆောင်သွားတော့တယ်။
လူတွေကတော့ သူတို့ သွားဖို့ အတွက် ဖယ်ရှားပေးကြတယ်။ ဖန်ကျန်းရှီကတော့ ရန်ရွှယ် သယ်ဆောင်သွားတာကို ကြည့်ရင်း တွေဝေနေခဲ့တယ်။ အဲ့ဒီ့နောက် သူက သမားတောင် နောက်ကို ပြေးလိုက်တော့တယ်။
“ ဖန်ကျန်းရှီ နင် ဘယ်သွားဖို့ တွေးနေတာလဲ။” ပင်းယန်ကတော့ ဖန်ကျန်းရှှီ ထွက်သွားဖို့ ပြင်နေတာကို မြင်ချိန်မှာ လှမ်းအော်လိုက်တော့တယ်။ ဧကရာဇ်မင်းက ရလဒ်ကိုတောင်မှ မကြေညာရသေးတာ။ နင်က ဘယ်ပြေးမလို့လဲ။
သူမကတော့ ဖန်ကျန်းရှီကို စည်းမျဉ်းနဲ့ လုပ်ထုံးလုပ်နည်ေးတွေ အကြောင်း သင်ကြားပေးဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါက သူ့ကို ပြဿနာတွေ ပိုဖြစ်တာကို ကာကွယ်ပေးနိုင်လိမ့်မယ်။
“အရှင်မင်းသမီး။ ကျွန်တော့်ရဲ့ ဒဏ်ရာတွေကို မမြင်ဘူးလား။ ကျွန်တော် သမားတော် ရှာဖို့ လိုတယ်။ ” ဖန်ကျန်းရှီကတော့ ပင်းယန်ကို ကြည့်ရင်း နာကျင်တဲ့ အမူအယာနဲ့ ပြောနေခဲ့တယ်။
“ သမားတော်ရှာမယ်။” ပင်းယန်ကတော့ သူ့ရဲ့ ဒဏ်ရာတွေ ဘယ်မှာလည်း လို့ မေးလိုက်ချင်ပေမယ့်လည်း သူမရဲ့ စကားလုံးတွေကို မျိုချလိုက်တော့တယ်။
နောက်ဆုံးတော့လည်း တိုက်ပွဲရဲ့ ပြင်းထန်မှုကြောင့် ဖန်ကျန်းရှီ ဒဏ်ရာရတာကလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
ပင်းယန် ပြန်မဖြေတော့တာကို တွေ့တဲ့ အတွက် သူက ရန်ရွှယ့်ဘက်ကို ပြန်လည်ရင်း ပြေးလိုက်ဖို့ ပြင်နေခဲ့တယ်။ ဒါပေမယ့်လည်း သူက ကံမကောင်းရှာပါဘူး။
နောက်ထပ် လူတစ်ယောက်က သူ့ကို ပိတ်ဆို့လာခဲ့တယ်။
ဒီလူကတော့ ရှင်ချင်းစွေ့။
“ကျေးဇူးတင်ပါတယ်။ ဖန်ကျန်းရှီ ” ရှင်ချင်းစွေ့က ပြောလိုက်တယ်။ သူက ဖန်ကျန်းရှီကို အင်အား ဆိုတဲ့ အရာ နားလည်အောင် လုပ်ပေးတာကြောင့် ကျေးဇူးတင်တာပဲ။
အဲ့ဒီ့နောက်မှာတော့ သူက ဖန်ကျန်းရှီရဲ့ ဒဏ်ရာတွေကို ကြည့်ရင်းနဲ့ ပြောလိုက်တော့တယ်။
“ စစ်နတ်ကျောင်းတော် က နှစ်ပေါင်း များစွာ တိုက်ပွဲတွေ တိုက်လာခဲ့တာ။ ငါတို့မှာ မင်းရဲ့ ဒဏ်ရာကို ကုသပေးဖို့ အတွက် ဆေးကောင်းဝါးကောင်းတွေ ရှိတယ်။ ဘာလို့များ..။”
သူက ဖန်ကျန်းရှီ ကုသလိုတဲ့ အချိန် ကုသနိုင်စေဖို့ အတွက် ပြောချင်တာ။
ဒါပေမယ့်လည်း ဖန်ကျန်းရှီက လက်ကို ဝေ့ယမ်းရင်းနဲ့ သူ့ကို ပြောလိုက်တယ်။
“အဆင်ပြေပါတယ်။ ငါ အခု အတော်လေး အလုပ်များနေတယ်။ အရင်သွားနှင့်ပြီ။”
အဲ့ဒီ့နောက်မှာတော့ ရှင်ချင်းစွေ့တောင် ပြန်မဖြေနိုင်ခင်မှာပဲ သူက ထွက်ခွာသွားတော့တယ။်
ရှင်ချင်းစွေ့ကလည်း နေရာမှာတင် ရပ်နေခဲ့တယ်။ သူက ဖန်ကျန်းရှီ နောက်ကို လိုက်ရမလား မလိုက်ရမလား မသိဖြစ်နေခဲ့တယ်။
အမတ်မင်းတွေကတော့ ဒီ အပြောင်းအလဲကြောင့် အံ့သြနေခဲ့ကြတယ်။
“ ရှင်ချင်းစွေ့က ဖန်ကျန်းရှီကို ကျေးဇူးတင်လိုက်တယ်။ ဘာအတွက်လည်း။”
“ စစ်နတ်ကျောင်းတော်က ဖန်ကျန်းရှီနဲ့ တကယ်ပဲ အဆက်အသွယ်ရှိနေတာလား။”
အမတ်မင်းတွေ အားလုံးကတော့ စိတ်ထဲမှာတွေးတောစပြုလာတော့တယ်။ သူတို့ ထဲက ဘယ်သူ တစ်ဦးတစ်ယောက်မှ သူတို့ရဲ့ အတွေးတွေကို ထုတ်မပြော ရဲခဲ့ဘူး။ နောက်ဆုံးတော့လည်း စစ်နတ်ကျောင်းတော် ဆိုတာ အင်ပါယာကို ထောက်ပံ့ပေး ထားတဲ့ အဓိကမဏ္ဍိုင်ကြီး တစ်ခု ဖြစ်နေဆဲပဲ။
ကျောင်းတော် ဆယ့်သုံးခုရဲ့ ခေါင်းဆောင်။
ခိုင်မာတဲ့ သက်သေသကာယ မရှိပဲနဲ့ ဘယ်သူကများ စွပ်စွဲဝံ့မှာလည်း ။
“သမားတော်လီ။ ဓားသံတမန်ကြီးနောက်ကို လိုက်သွားပြီး ကုသပေးလိုက်။” ဧကရာဇ် လင်းမုပိုင် ရှင်ချင်းစွေ့ကို ကြည့်နေခဲ့တယ်။ အဲ့ဒီံနောက် ဖန်ကျန်းရှီဘက်ကို လှည့်လိုက်တယ်။ သူ့ရဲ့ မျက်လုံးတွေကတော့ တောက်ပနေပြီးတော့ သူ့ဘေးက သမားတော်ကို အမိန့်ပေးလိုက်တာ။
“အမိန့်တော် အတိုင်းပါ အရှင်မင်းမြတ် ။” သမားတော်လီက ခေါင်းငြိမ့်ရင်း ဖန်ကျန်းရှီ နောက်ကို လိုက်သွားတော့တယ်။
အမတ်မင်းတွေအားလုံးက လူသူကင်းမဲ့နေတဲ့ စင်မြင့်ကို ကြည့်ရင်း ငေးငိုင်နေခဲ့ကြတယ်။
သူတို့ နှစ်ယောက်လုံးထွက်သွားပြီ။ ဒီ ပွဲမှာ ဘယ်သူနိုင်သွားတာလဲ။
“ မင်း သေချာမြင်လိုက်လား။ ဘယ်သူ မြေကြီးကို အရင်ထိသွားလဲ ”
“ငါတော့ ဖန်ကျန်းရှီလို့ ထင်တာပဲ။ နောက်ဆုံးတော့လည်း သူက စပြီး တိုက်ခိုက်တဲ့သူ ဖြစ်နေတယ်။”
“ငါတော့ မသေချာဘူး။ ရန်ရွှယ်က သတိလစ်နေတာ။ ဒီလို အခြေအနေမျိုးနဲ့ လူက ဘယ်လိုများ ဖန်ကျန်းရှီကို တိုက်ခိုက်နိုင်မှာလဲ။ သူက မြေပြင်ကို အရင်ထိတာ ဖြစ်နိုင်တယ်။ နောက်ပြီးတော့ ရန်ရွှယ်က အနီရောင် အလင်းတန်းတွေ ပျောက်သွားတာနဲ့ သူ့ရဲ့ အင်အားတွေ အကုန်လုံးကို ဆုံးရှုံးသွားတာပဲ။ စည်းမျဥ်းအရဆိုရင် ရန်ရွှယ်က ရှုံးတာပဲ။”
“စာစစ်သူတွေက ရန်ရွှယ် တိုက်ခိုက်နိုင်စွမ်း ပျောက်သွားပြီလို့ မကြေညာခဲ့ဘူး။ ဒီလိုကြောင့် ပြိုင်ပွဲက ဆက်ပြီးတော့ သွားနေတာပဲ လေ။ စည်းမျည်း အရဆိုရင် နိုင်တဲ့သူက မြေပြင်ကို ဒုတိယ မြောက် ထိတဲ့ သူဖြစ်သင့်တာပဲ။”
အမတ်မင်းတွေကတော့ ဖြစ်လာမယ့်ရလဒ်ကို ဆွေးနွေးနေခဲ့တယ်။ ဒီပြိုင်ပွဲက တော်ဝင်စာမေး့ပွဲရဲ့ ရလဒ်ကိုလည်း သက်ရောက်မှု ရှိမှာ။
“တော်ဝင်စာမေးပွဲရဲ့ စည်းမျဉ်းတွေ အတိုင်း ဆောင်ရွက်မယ်။ သုံးရက်ကြာပြီး နောက်မှာတော့ တော်ဝင်ကျောင်းတော်နဲ့ စာစစ်သူတွေက ရလဒ်နဲ့ အဆင့်တွေကို ကြေညာပေးမယ်။” ဧကရာဇ် လင်းမုပိုင်က ဆွေးနွေးသံတွေကို ကြားနေရတဲ့ အတွက် သူက လူအုပ်ကြီးကို တစ်ခါတည်း ကြေညာပေးလိုက်တယ်။
“အမိန့်တော် အတိုင်းပါ အရှင်မင်းမြတ်”
“အမိန့်တော် အတိုင်းပါ အရှင်မင်းမြတ်”
“အမိန့်တော် အတိုင်းပါ အရှင်မင်းမြတ်”
သွမ့်အရှင်။ မင်းသားကိုးနဲ့ တော်ဝင်သတင်းပို့သူတွေက အမိန့်တော်ကို အသိအမှတ်ပြုလိုက်ကြတော့တယ်။
ဧကရာဇ် လင်းမုပိုင်ကတော့ ခေါင်းငြိမ့်ပြီးနောက် ထွက်ခွာသွားတော့တယ်။
ပင်းယန်က ဖန်ကျန်းရှီ ထွက်ခွာသွားတဲ့ အတွက် အနည်းငယ် စိတ်မပျော်ရွှင်နိုင် ဖြစ်နေခဲ့တယ်။ ထိုင်ခုံကနေ ထလိုက်ချိန်မှာပဲ သူမရဲ့ အလောင်းအစားကို ရုတ်တရက် မှတ်မိသွားခဲ့တယ်။
“အကိုတော်။ နေခွင်းလေးကို တစ်ယောက်ယောက်လွှတ်ပြီးတော့ ပို့ခိုင်းမလား။ ဒါမှ မဟုတ် ပင်းယန့်အိမ်တော်က လူကို လွှတ်ပြီးတော့ လာယူခိုင်းရမလား။”
“ပင်းယန်ဆီ မနက်ဖြန် လူလွှတ်ပြီး ပို့ခိုင်းလိုက်မယ်။” သွမ့်အရှင်ရဲ့ အမူအယာကပြောင်းလဲ နေခဲ့တယ်။ ဒါပေမယ့်လည်း သူက အံကြိတ်ရင်းနဲ့ ကြိုးစားဖြေနေခဲ့တယ်။
“ အကိုတော် ကျေးဇူးပဲ။” ပင်းယန်ရဲ့ အမူအယာက တောက်ပနေခဲ့တယ်။
…
ညီလာခံအကြိုစာမေးပွဲကတော့ နီးကပ်လာနေပြီ။ဒါပေမယ့်လည်း ဖြတ်ကျော်နိုင်ဖို့ ကတော့ ဝေးကွာခက်ခဲလွန်းတာကို လူတိုင်း သိကြတယ်။
နတ်ဆိုးကျောင်းတော် နဲ့ စစ်နတ်ကျောင်းတော်ရဲ့ ပညာရပ်တွေကို အသုံးပြုခဲ့တဲ့ ဖန်ကျန်းရှီကို အမတ်မင်းတွေက အတော်လေး အာရုံစိုက်နေကြတယ်။
ပိုပြီးတော့ အရေးကြီးတာက ဒီ ပြိုင်ပွဲရဲ့ ရလဒ် အဆင့်တွေက တော်ဝင်စာမေးပွဲ အတွက်လည်း သက်ရောက်မှာဖြစ်တယ်။ ဒါပေမယ့် ရလဒ်ကတော့ မရှင်းလင်းခဲ့ဘူး။
ရန်ရွှယ် ဖြစ်မလား ဖန်ကျန်းရှီ ဖြစ်မလား။
အဖြေကတော့ သုံးရက်အတွင်းသိရမှာပဲ။
နောက်ပြီးတော့ တခြားကိစ္စတစ်ခုလည်းရှိနေသေးတယ်။
ဧကရာဇ် လင်းမုပိုင် ဖိနှိပ်ချိုးနှိမ်ထားခဲ့တဲ့ ကိစ္စကြီး တစ်ခုရှိနေတယ်။ ဒါက မြောက်ရွာမှာ ဖြစ်ခဲ့တဲ့ စစ်သည်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု။
ဒါမတိုင်ခင်မှာတော့ ဖန်ကျန်းရှီက မြို့တော်ထဲမှာ မရှိခဲ့ဘူး။ ဥပဒေရေးရာ ဝန်ကြီး ဌာနက စစ်ဆေးဖို့ အတွက်လည်း သူတို့က ဧကရာဇ်ရဲ့ ခွင့်ပြုမိန့်လိုအပ်တယ်။
နောက်ပြီးတော့ ဖန်ကျန်းရှီက အဆင့်လေး အမတ်မင်း အဖြစ် ရာထူးတိုးထားတာ မကြာသေးဘူး။ အကယ်၍ သူတို့သာ ဒီကိစ္စ အတွက်နဲ့ ဖမ်းဝရမ်းမိန့်ကို ထုတ်လိုက်မယ် ဆိုရင် ခြေရာမဲ့ဓား (မုန့်ထျန်းဓား) ကို လိုချင်လို့ အကွက်ဆင်တဲ့ပုံစံ သက်ရောက်သွားလိမ့်မယ်။
အရာအားလုံးမှာ ဆက်စပ် သက်ရောက်မှုတွေ ရှိနေခဲ့တယ်။
ဒါပေမယ့်လည်း အခုချိန်မှာတော့ ဖန်ကျန်းရှီက ပြန်လာခဲ့ပြီ။ မေးခွန်းတွေ အကုန်လုံးကတော့ အချည်းနှီး ပျက်ပြားသွားခဲ့ပြီ။ဒီ ကိစ္စက စစ်သည် ရာချီရဲ့ အသက်နဲ့ သက်ဆိုင်တယ်။
ဒါကို လွယ်လွယ်ကူကူ မလျှော်ပြစ်နိုင်ဘူး။
ဧကရာဇ် ကိုယ်တိုင်တောင်မှ ဒီအဖြစ်ကို ဖုံးကွယ်ဖို့ အတွက် အကြောင်းရင်းလည်း ထပ်မရှိတော့ဘူး။ အခုချိန်မှာတော့ ဒီကိစ္စက ဥပဒေ ဝန်ကြီးဌာန လက်ထဲကို အလိုလို ရောက်တော့မှာ။
အိမ်ရှေ့စံ မင်းသားရဲ့ အိမ်တော်မှာတော့ အမတ်မင်း ဝမ်ချောင်က သူ့ရဲ့ စိတ်ကူး အကြံဉာဏ်တွေကို အိမ်ရှေ့စံ မင်းသား ဆီ လျှောက်တင်နေခဲ့တယ်။ အိမ်ရှေ့စံသာ သူ့ကို အထောက်အပံ့ပေးရင် ဧကရာဇ် မင်း ထံကို ဒီ အကြံဉာဏ် တင်ပြတော့မှာ။
ယွီယိဖျင်ကတော့ အိမ်ရှေ့စံ မင်းသားရဲ့ လက်အောက်မှာသာ ရှိနေတဲ့သူ။သူက စားပွဲကို ညာလက်နဲ့ ဖြည်းညှင်းစွာ ခေါက်နေခဲ့တယ်။ သူက တွေဝေပြီးတော့ မဆုံးဖြတ်နိုင် ဖြစ်နေတာက သိသာလွန်းလှတယ်။
“ဝန်ကြီးချုပ်။ ဘယ်လိုထင်လဲ။” အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံကတော့ အကြံ ဉာဏ် ကို မေးဖို့ အတွက် အတော်လေး ပျော်ရွှင်နေခဲ့တယ်။
“ ဒါက သိပ်မဆိုးတဲ့ အခွင့်အရေး တစ်ခုလို့ပဲ ထင်ပါတယ်။ ဒါပေမယ့်လည်း … ကောင်းတော့ မကောင်းလှဘူး။” လက်ဝဲရံ ဝန်ကြီး ယွီယိဖျင် ကတော့ ဒီစကားကို မပြောခင်အချိန်မှာ အတော်လေး တွေဝေနေခဲ့တယ်။
“ ကျေးဖူးပြုပြီးတော့ အားထုတ်ပေးပါ။”“ အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံကတော့ အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့တယ်။
“ ကျွန်တော စုဆောင်းရမိတဲ့ သတင်းအချက်အလက်တွေ အရဆိုရင်တော့ ချီကူယန်နဲ့ ပင်းယန် မင်းသမီးတို့လည်း အဲ့ဒီ့မှာ ရှိနေခဲ့တယ် ။ ဖန်ကျန်းရှီရဲ့ ဘေးမှာ ဒီ လူ နှစ်ယောက် ရှိနေသရွေ့ သူ့ကို ပြစ်မှုအတွက် စီရင်ချက်ချဖို့ (ထောင်ချဖို့) ခက်ခဲလိမ့်မယ်။ အများဆုံးအနေနဲ့ သူ့ကို ဒီကိစ္စ အတွက် ပြစ်ဒဏ်ချတယ်ဆိုရုံ လောက်ပဲ ရနိုင်မယ်။”
“ကျွန်တော်တို့ လက်လျှော့ပြီး လွှတ်ထားပေးသင့်တယ်လို့ ထင်တာလား။ ” အမတ်မင်း ဝမ်ချောင်ကတော့ ဖန်ကျန်းရှီကို အလွတ်ပေးဖို့ရာ ဆန္ဒ မရှိပါဘူး။ 3
“စီရင်ချက်ချဖို့ အတွက် အမိန့်တော် မကျမခြင်း ။ ဒီအဖြစ်ကို ညီလာခံမှာ မတင်ပြသင့်ဘူး လို့ ငါထင်တယ်။”
“ဒါဆို ဝန်ကြီးချုပ်ရဲ့ အမြင်က ငါတို့ ပိုပြီးတော့ စိတ်ရှည်ရှည်စောင့်ရမှာလား။” အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံက သက်ပြင်းတစ်ချက်ချလိုက်တယ်။
“ဟုတ်တယ်။ ငါတို့ ဒီလောက်တောင်မှ စောင့်လာခဲ့ပြီပြီ။ နောက်ထပ် နည်းနည်း ပိုစောင့်လည်း မထူးခြားသွားနိုင်ပါဘူး။ တော်ဝင်စာမေးပွဲရဲ့ ရလဒ်က ထွက်လာတော့မှာပဲ။ သွမ့်အရှင်လည်း ဒီ ကိစ္စကို အတော်လေး တွေးနေလောက်ပြီ။ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကြည့်ကြရတာပေါ့။” ယွီယိဖျင်က ခေါင်းငြိမ့်လိုက်တယ်။
“ကောင်းပြီလေ။ ဒါဆိုရင် ဝန်ကြီးချုုပ်ပြောတဲ့ အတိုင်း ဆောင်ရွက်မယ်။ ဝမ်ချောင် ။ ဒီကိစ္စကို အခုတော့ ဖုံးဖိ ထားလိုက်အုန်း။”
“အမိန်တော်အတိုင်းပါ အရှင်မင်းသား။ ”
…
တော်ဝင်ကျောင်းတော်ကတော့ ပုံမှန် ထက် အနည်းငယ် ပိုမို ရှုပ်ထွေးနေခဲ့တယ်။
တော်ဝင်စာမေးပွဲ အဆင့်တွေကို မစီစစ် ရသေးဘူး။နောက်ပြီးတော့ ဧကရာဇ် ကလည်း သူတို့ကို အချိန် သုံးရက်သာ ပေးထားခဲ့တယ်။
ကိစ္စတွေကို ပိုဆိုးသွားစေတာကတော့ တော်ဝင်ကျောင်းတော် အုပ်ချုပ်သူ ဟန်ချန်ဖုန်း တစ်ယောက်လုံးက ထောင်ထဲမှာ ရောက်နေတာပဲ။ သူ့ရဲ့ နေရာကို အစားထိုးဖို့ ကိစ္စကလည်း အခြေအနေမကောင်းသေးဘူး။ ဒါကြောင့် တော်ဝင်ကျောင်းတော်က ခေါင်းဆောင် မရှိပဲ ပရမ်းပတာ ဖြစ်နေခဲ့တယ်။
မြို့တော်ထဲက လူတိုင်းကတော့ တော်ဝင်စာမေးပွဲရဲ့ ရလဒ် အကြောင်းကို ပြောဆိုနေခဲ့ကြတယ်။
ရလဒ်အတွက် လောင်းကစားအိမ်တွေကလည်း တောင်လို ပုံနေခဲ့ကြတယ်။
“လာကြ။ လာကြ။ အဆင့်တွေကို လောင်းဖို့ အသင့်ဖြစ်နေပြီ။ မင်းလောင်းသလောက် မင်းပြန်ရမယ်။ ရလဒ်က သုံးရက်အတွင်း ထွက်တော့မှာတော့ ။ အခွင့်အရေးကို လက်လွှတ် မခံနဲ့ ။ ရန်ရွှယ်လား ။ ဖန်ကျန်းရှီလား။ မင်းရဲ့ ကံကို ဒီအပေါ်သာ ယုံယုံကြီး လောင်းဟြေားထပ်လိုက်။”
“ ငွေသား ၅၀ လောင်းမယ်။”
“ ဘေးဖယ် ဘေးဖယ်။ ရန်ရွှယ်ကို ငွေသား၂၀၀ လောင်းမယ်။”
အသံတွေကတော့ မြို့တော်တစ်ခုလုံးမှာ အဆက်မပြတ် ထွက်ပေါ်နေခဲ့တယ်။ ဆူညံနေတဲ့ မြို့တော်ကြီးက ပိုပြီးတော့ လှုပ်ရှားသက်ဝင်လာခဲ့တယ်။
စားသောက်ဆိုင်တွေမှာ တည်းခိုခန်းတွေ အတွင်းမှာတော့
ဝတ်ကောင်းစားလှတွေကို ဝတ်ဆင်ထားတဲ့ အမျိုးကောင်းသား အုပ်စုတွေက အဖွဲ့လိုက်ရှိနေခဲ့ကြတယ်။ သူတို့က ညီလာခံစာမေးပွဲကို လာရောက် ဖြေဆိုကြတဲ့ ကျောင်းတော်သားတွေပဲ။ထုံးစံ အတိုင်း သူတို့ကလည်း အဆင့်တွေ အကြောင်းကို ဆွေးနွေးနေခဲ့ကြတယ်။
“သခင်လေးလီ။ ဒီ တစ်ခေါက် အဆင့်တွေ အတွက် သခင်လေးရဲ့ အမြင်ကို ပြောပြပါအုန်း။”
“ငါလည်း မသေချာဘူး။ ဒါပေမယ့်လည်း ခန့်မှန်းဖို့ကတော့ မခက်ခဲပါဘူး။”
“အိုးးး။ ကျွန်တော်တို့ကို အလင်းပြပါအုန်း။”
“ ဒီ ပြိုင်ပွဲက ရလဒ် မရှင်းလင်းဘူး။ ဒါကြောင့် လူတွေကပဲ ဆုံးဖြတ်လိမ့်မယ်။ ဒါကြောင့် ဒီရလဒ်ကနေ ဘယ်လို အကျိုးတွေ ရလာနိုင်လဲ ဆိုတာကိုပဲ ငါတို့တွေးကြည့်ရမယ်။”
“ ဘယ်လို အကျိုးတွေ ရလာနိုင်တယ်။ သခင်လေးလီ ပြောချင်တာက နံပါတ်တစ် နေရာကို ရန်ရွှယ် ရနိုင်တယ်လို့လား။”
“ ရန်ရွှယ်က ဖန်ကျန်းရှီကို တိုက်ပွဲ တလျှောက်လုံးမှာ ဖိအားပေးနိုင်ခဲ့တယ် ။ နောက်ပြီးတော့ ဧကရာဇ်ရဲ့ အမြင်အရဆိုရင်လည်း ရန်ရွှယ်က ဖန်ကျန်းရှီ ထက် ပိုထူးခြားမှာ အမှန်ပဲ။ တော်ဝင်ကျောင်းတော်ကို ဆုံးဖြတ်ခိုင်းတဲ့ အချိန်တည်းက ဧကရာဇ်ရဲ့ ဆုံးဖြတ်ချက်က ရှင်းလင်း နေပြီးသားပဲ။”
“ပထမတစ်ခေါက် တော်ဝင်စာမေးပွဲ နောက်ဆုံး အဆုံးဖြတ်မှာ ပထမ ဂုဏ်ထူးတန်းကို ရတာ သခင်လေးလီ အတွက်တော့ မဆန်းတော့ဘူး။ သခင်လေး လီ ပြောသမျှက အဓိပ္မာယ် အပြည့်ရှိတယ်။ ကျွန်တော်ရတဲ့ သတင်းတွေ အရဆိုရင် ဟန်ချန်ဖုန်း မရှိတော့ တဲ့ အချိန်တည်းက ဒီ အဆင့် ဆုံးဖြတ်မှုတွေ အားလုံးက သွမ့်အရှင်ရဲ့ လက်ထဲကို ရောက်သွားခဲ့ပြီ။ ဖန်ကျန်းရှီက စစ်သည်တွေကို ဒီလောက်တောင် မှ သတ်ထားတာ။ သွမ့်အရှင်က သူ့ကို မျက်နှာသာ ပေးအုန်းမယ် မထင်ဘူး။”
“အတိအကျပဲပေါ့။ သူ့လို သာမာန် ပြည်သူ တစ်ယောက်က ဒီလောက်ထိ အဆင့် တက်လာနိုင်တာကို ကံကောင်းလွန်းလှပြီ။ ဘယ်လိုများ တော်ဝင်စာမေးပွဲရဲ့ ထိပ်တန်းကျောင်းတော်သား ဖြစ်နိုင်အုန်းမှာလဲ။ ပုံမှန် အတိုင်းဆိုရင် ထိပ်တန်းကျောင်းတော် သားဆိုတာ လွှမ်းမိုးမှု ကြီးတဲ့သူတွေနဲ့ မိုးလောက်မြင့်တဲ့ အရည်အချင်းရှိတဲ့ သူတွေပဲ ရကြတယ်။ အရင်တစ်ခေါက်က င်္ချီကူယန် ။ သူ့အရှေ့က နန်ကုနးကေင်။ သူတို့တွေ အားလုံးက မယှဉ်နိုင်တဲ့ အရည်အချင်းပြည့်သူတွေပဲ။”
“ရန်မိသားစုက ဆယ်စုနှစ် တစ်ခုစာလောက် တိတ်ဆိတ်နေခဲ့တာ ။ လောကကြီးကို ရုတ်တရက် ဒီလို ထိတ်လန့်သွားစေနိုင်မယ်လို့ ငါ တွေးတောင် မတွေးဖူးဘူး။”
“ဟားဟားဟား။ ဒါတော့ အမှန်ပဲ။ ငါ့ရဲ့ ဝမ်းကွဲ ညီအစ်ကိုတွေက ရန်မိသားစုနဲ့ နေဖူးတယ်။ သူက နက်ဖြန် မြို့တော်ကို ရောက်လာမှာ။ ငါတို့ သွားပြီးတော့ တံတားဆောက်ကြတာပေါ့။”
“ဒါပေါ့ ဒါပေါ့”
…
မြို့တော်ထဲမှာ ဆူညံနေသလောက် သွမ့်အရှင်ရဲ့ အိမ်တော်ထဲမှာတော့ ကြောက်စရာ ကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့တယ်။ စစ်သည်တွေကတော့ အဆက်မပြတ် စောင့်ကြပ်နေခဲ့တယ်။ မီတာ တစ်ရာ ပတ်လည်အတွင်းမှာ ငှက်တစ်ကောင်တောင်မှ ဖြတ်မပျံနိုင်ဘူး။
“ဆရာဟွား။ သွမ့်အရှင်က စာကြည့်ခန်းထဲမှာ ဆရာဟွားကို စောင့်ဆိုင်းနေပါတယ်။ သူ ရေတစ်ပေါက် တောင်မှ မသောက်သေးဘူး။ ကျေးဇူးပြုပြီးတော့ သူ့ကို ….”
“အင်း။ ငါ့ကို ပေးလိုက် ယူသွားပေးမယ်။” ဆရာဟွားက အစားအသောက်တွေကို ယူလိုက်ပြီးနောက် ပြန်ခိုင်းလိုက်တော့တယ်။ ”
“ ကျေူးဇူးတင်ပါတယ်။”
ဆရာဟွားကတော့ သူ့လက်ထဲက အစားအသောက်တွေကို ကြည့်နေခဲ့တယ်။ သူကတော့ စာကြည့်ခန်းထဲကို မသွားခဲ့ဘူး။ အဲ့ဒီ့အစား ဘေးမှာရှိတဲ့ အခန်းထဲကိုသာ ဝင်သွားခဲ့တယ်။
“အရှင်မင်းသားက စစ်တပ်ကို အမြဲတမ်း ကောင်းကောင်း အုပ်ချုုပ်ခဲ့တယ်။ အခုတော့ အရှင်က စာကြည့်ခန်းထဲမှာ အမှိုက်ဖြစ်တော့မယ်။ ဒီ ပြဿနာ ကျွန်တော် ဖြေရှင်းနိုင်တဲ့ အရာလို့တောင့် မထင်ဘူး။ အရှင် စောင့်ဆိုင်းဖို့ တစ်ခုပဲ လိုအပ်တယ်။”
ဆရာဟွားက ခန်းမထဲမှာ ထိုင်နေခဲ့တယ်။ ဝတ်ရုံခြုံထားတဲ့ ပုံရိပ်တစ်ခုကတော့ သူ့ အနီးမှာ ပေါ်လာခဲ့တော့တယ်။
“မြန်လှချည်လား။ မင်းရဲ့ အရည်အချင်းကတော့ မျက်စိကျစရာပဲ။” ဆရာဟွားကတော့ နီးကပ်လာတဲ့ ပုံရိပ်ကို ကြည့်ရင်း အေးစက်စွာ ပြုံးနေခဲ့တယ်။
အပိုင်း (၂၈၀)ပြီး၏။