အပိုင်း (၂၄၁-၂၅၀)
Vol. 3 Ch. 241-250
အပိုင်း (၂၄၁)
“ ငလျင်လှုပ်ခတ်ခြင်း”
ဒီ အကြောင်းကို ကြားချိန်မှာတော့ ဖန်ကျန်းရှီ ပြုံးလိုက်တယ်။
ပင်းယန် ပြောတဲ့ သုခမိန် ဆိုတဲ့ စကားကိုတော့ သူ နားမလည် ဘူး ။ ဒါပေမယ့်လည်း ကြီးမြတ်သော ရှမင်းဆက် အတွင်းမှာ ရှိတဲ့ ကျောင်းတော်ကြှီး ၁၃ ခု ။ သုခမိန် ၄ ဦးနဲ့ ခန်းမကြီး အကြောင်း ပတ်သတ်ပြီး ဆိုရိုးစကား ရှိတာကိုတော့ သူသိတယ်။
ခန်းမကြီး ကောင်းကင် တာအို ခန်းမကို ဆိုလိုတယ်။ ကျောင်းတော်ကြီး ၁၃ ခု ကတော့ ကြီးမြတ်သော ရှ မင်းဆက်ကို အထောက်အပံ့အဖြစ် လုပ်ဆောင်ပေးနေတဲ့ အဓိက မဏ္ဍိုင်ကြီး ၁၃ ခုကို ဆိုလိုမှန်းသိတယ်။
သူတို့ရဲ့ စည်းမျဉ်းတွေ နဲ့ အတူ သူတို့ကိုယ်ပိုင် အာဏာတွေရှိတယ်။
ဒါပေမယ့်လည်း သုခမိန် ကြီး လေးဦးကတော့ တစ်ဦးချင်းစီ တစ်သီးတခြား ဖြစ်တည်နေတာ ။
အချက်ကျကျ ပြောရမယ် ဆိုရင် သုခမိန် လေးဦးရဲ့ အာဏာနဲ့ စွမ်းဆောင်ရည် ကျောင်းတော်ကြီး ၁၃ ခု အထက်မှာရှိနေတာပဲ ။
ဖန်ကျန်းရှီက အချုပ်အခြယတွေကို သဘော မကျပင်မယ့်လည်း အင်အား အာဏာ နည်းတဲ့သူတွေ ပိုပြီးတော့ ထိန်းချုပ် ချုပ်နှောင် ခံရတတ်မှန်း နားလည်တယ်။ သူသာ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ သုခမိန် လေးဦးထဲက တစ်ယောက်သာ ဖြစ်သွားခဲ့ရင် အနှောင်အဖွဲ့လည်း ကင်းသွားလိမ့်မယ်။
“ကောင်းကင်တာအို သုခမိန်ကျောက်ဖျာလား။ ”
ဖန်ကျန်းရှီ ကန်လင်းတောင်ထဲကို ကြည့်နေခဲ့တယ်။ သူ ထူထပ်လှတဲ့ သစ်တောတွေ နဲ့ ည အမှောင်ထု မြူနှင်းတွေကို ကြည့်ရင်း နဲ့ ပြုံးနေတာ ။
ကန်လင်းတောင်…
ဒါက သူ့ ပိုင်နက်ပဲ။
“ ဟုတ်ပြီလေ။ ။ မင်း လူတွေ သတ်ထားတာ ငါအခုပဲ မျက်မြင်တွေ့ထားတာ။” ဖန်ကျန်းရှီ ပင်းယန် စစ်တပ်တဲ ထဲမှာ လုပ်ခဲ့တာတွေကို ပြန်လည် ပြောဆိုနေခဲ့တယ်။
“ ပြဿနာရှိလို့လား။” ပင်းယန် ဖန်ကျန်းရှီကို သံသယ အပြည့် နဲ့ ကြည့်ရင်း ပြောလိုက်တယ် ။
“ သတ်ဖြတ်ခြင်းက ဥပဒေနဲ့ ဆန့်ကျင်တယ်။ နောက်ပြီးတော့ မင်းက တပ်သားတွေကို သတ်ထားတာ။ ဒါက ပုန်ကန်မှု မြောက်တယ်။” ဖန်ကျန်းရှီ ပင်းယန်ကို သတိပေးလိုက်တယ်။
“ ဥပဒေလား။ ငါက ဥပဒေပဲ။ ပုန်ကန်တာလား။ သူတို့ ငါ့ကို တိုက်ခိုက်တာကမှ ပုန်ကန်တာပဲ။” ပင်းယန် ဖန်ကျန်းရှီ ရဲ့ စကားတွေကို လျစ်လျူရှုရင်းနဲ့ မောက်မာဝံ့ကြွားစွာ ပြောနေခဲ့တယ်။
“ လူတိုင်းက တူညီစွာမွေးဖွားလာတာပဲ။ သူတို့ရဲ့ အလုပ်က တပ်ကို စောင့်ကြပ်ဖို့ပဲ။ သူတို့က အဆင့်နိမ့်နေတာနဲ့ပဲ မင်းကို တိုက်ခိုက်တာက ပုန်ကန်မှု မြောက်သွားရောလား။” ဖန်ကျန်းရှီက ဆက်ပြောလိုက်တယ်။
“ ဘာပဲ ဖြစ်ဖြစ် ငါက မင်းသမီးပဲ။”
“ မင်းသမီး ဆိုတာ လည်း ငါ့ရဲ့ ဓားသံတမန်လို ဘွဲ့မျိုးပဲ လေ။ ငါက အဆင့်မြင့် အရာရှိ ဖြစ်တာကြောင့် သူတို့ကို အတင်းအကျပ် တွန်းအားပေးပြီးတော့ အလုပ်ခိုင်းလို့ မရဘူးလား။ ”
“ ဘာလို့ မရရမှာလဲ။”
“ အမိန့်ပေးလို့ရနိုင်တယ်လား။”
“ ဒါပေါ့။”
“ သဘောပေါက်ပါပြီ အရှင် မင်းသမီး” ဖန်ကျန်းရှီ လှောင်ရယ်ရင်း ပြောလိုက်တယ်။
“ ဘယ်လောက်တောင် တုံးလိုက်တာလဲ။ ဒါလေးတောင် နင်မသိဘူးလား။ ဘယ်လိုများ အဆင့်လေး ဓားသံတမန် ဖြစ်တာလဲ။” ပင်းယန် ဖန်ကျန်းရှီ ရဲ့ အမူအယာကို မြင်ချိန်မှာ နှာခေါင်းရှုတ်ရင်း ပြန်မေးလိုက်တယ်။
ချီကူယန် စကားနာထိုးနေကြတဲ့ ထိုသူ နှစ်ဦးကြောင့် မနေနိုင်တော့ပဲ နောက်ဆုံးမှာ မျက်လုံးဖွင့်လိုက်ရတော့တယ်။
“ နင် အရင်ကထက် ပိုပြီးတော့ အရှက်မဲ့လာတာပဲ။”
“ ယန်လေး ။ နိုးလာပြီလား။” ပင်းယန် ချီကူယန် မျက်လုံးဖွင့်တာကို မြင်ချိန်မှာတော့ ကမန်းကတန်း ပြေးလာတော့တယ်။
“ အင်း ။ သွားကြရအောင်”
“ကောင်းပြီလေ။”
…
ကန်လင်းတောင်ရဲ့ တောနက်ထဲကို ရောက်လာတာနဲ့ အမျှ မြူနှင်းလည်း ထူသည်ထက် ထူလာခဲ့တယ်။ ရှေ့ဆက်ပြီးသွားဖို့ လမ်းကို မမြင်နီုင်တော့တဲ့ အထိ မြူတွေ ပိတ်ဖုံးလာခဲ့တယ်။
မြူတွေ တောင် အလယ်ကို ရောက်လာလေလေ ပိုပြီးတော့ ထူထပ်လာလေ ။
ဒါ အင်အားကြီးမားတဲ့ သားရဲကောင်တွေ အမဲလိုက်ထွက်ဖို့ အကောင်းဆုံး အခြေအနေ ။ သားရဲကောင်တွေမှာ ပြိုင်ဘက်ကင်း စွမ်းရည်တွေနဲ့ အမှောင်ခွင်း စက္ခုအာရုံတွေ ပိုင်ဆိုင်ကြတယ်။
“ဝေါင်းးး”
မြေပြင်ကို တုန်ခါသွားစေတဲ့ အော်သံကြီး တောထဲကနေ ထွက်ပေါ်လာခဲ့တယ်။
သာမာန် တပ်သားတွေ ဒီ တောင် အတွင်းထဲကို လုံး၀ ဝင်မလာနိုင်ဘူး ။ သူတို့ ပတ်ပတ်လည်ကိုသာလျှင် ကင်းစောင့် ဖို့ တာဝန်ကျတာ ။ ကန်လင်းတောင်ရဲ့တောနက်လည်း သူတို့ မရှိသင့်တဲ့ နေရာ တစ်ခု ။
ပင်းယန် အရင်ကလို စိတ်အေး လက်အေး မနေနိုင်တော့ဘူး ဖြစ်နေခဲ့တယ်။ သူမ ချီကူယန်ရဲ့ လက်မောင်းကိုသာ ဆုပ်ကိုင်လျက် လိုက်ပါလာခဲ့တယ်။ နောက်ဆုံးမှာတော့ သူမရဲ့ မီးလျှံပန်းနီ သံချပ်ကာကို ထုတ်ယူဝတ်ဆင်တော့တယ်။
သို့ပေမယ့်လည်း သူမ ရဲ့ သံချပ်ကာကို ဝတ်ဆင်ပြီးချိန်မှာတော့ ဖန်ကျန်းရှီ သူမကို အနက်ရောင် အဝတ်စနဲ့ အုပ်ပြစ်ခဲ့တယ်။
ဘယ်လို သမျိုးပါလိမ့်။
ဒါ ကန်လင်းတောင်ရဲ့ အနက်ဆုံး နေရာထဲက တစ်ခု ။
မီးလျှံပန်းနီ သံချပ်ကာရဲ့ အလင်းတန်း စွဲဆောင်မှု သားရဲကောင်တွေကို ဖိတ်ခေါ်သလို ဖြစ်နေနိုင်တယ်။
“ မင်းနဲ့ ကစားဖို့ သားရဲကောင်ရှာချင်သေးလား။ အခုတော့ ကြောက်နေပြီမလား။ တကယ်တမ်းတော့ ဘာမှ ကြောက်စရာ မရှိပါဘူး။ ဒါက ငါ့ နယ်မြေပဲ ငါ့ နောက်သာ လိုက်ခဲ့ မင်း လုံခြုံစေရမယ်။ ကိစ္စတွေ ပြီသွားရင်သာ ပိုက်ဆံများများ ပေးဖို့ ပြင်ထား။” ဖန်ကျန်းရှီ ပင်းယန် စိတ်သက်သာရာ ရအောင် ပြောပေးနေခဲ့တယ်။
“ ငါ နင့်ကို အမြဲ ယုံတာပဲ။” ပင်းယန် ဖန်ကျန်းရှီ ကို အထွန့် တက်ဖို့ ပြင်ခဲ့ ပေမယ့်လည်း ချီကူယန်ရဲ့ အကြံပေးချက်ကြောင့် သူမ အဝတ်စ အနက်ကြီးကို ခေါင်းပေါ်ကနေ ခြုံလိုက်ရတယ်။
ဒီ တစ်ကြိမ်မှာတော့ ဖန်ကျန်းရှီ သူကိုယ်တိုင် မထင်မှတ်ထားရလောက်အောင် တည်ငြိမ်နေခဲ့တယ်။ သူ သက်တောင့်သက်သာရှိလွန်းလို့ ဥယျာဉ်ထဲမှာ လမ်းပတ်လျှောက်နေသူ တစ်ယောက် သဖွယ်ပါပဲ။
သူတို့ လာတဲ့ လမ်းတစ်လျှောက်လုံးမှာ သားရ ဲကောင် အော်သံ အမျိုးမျိုးကို ကြားနေရပေမယ့်လည်း အင်အားကြီးသားကောင်တွေ နဲ့ ရင်ဆိုင်တွေ့တာမျိုးတော့ မရှိသေးဘူး ။
“ ဒီဒေသ သားရဲကောင်တွေကို နင် တကယ်နားလည်တာလား။” ချီကူယန်က ခန့်မှန်းလိုက်တယ်။
“ ဒါပေါ့” ဖန်ကျန်းရှီ တွေဝေခြင်း မရှိပဲနဲ့ ပြန်ဖြေလိုက်တယ်။
“ဒါပေမယ့် နင် က ဒီနယ်မြေ ကို သိရင်တောင်မှ သူတို့ ရဲ့ လှုပ်ရှားတိုက်ခိုက်ပုံတွေကိုတော့ နားမလည်နိုင်ဘူးမလား။ ဆာလောင်နေတဲ့ သားရဲတွေ အကုန်လုံးက တခြားနယ်မြေတွေမှာလဲ အမဲ လိုက်ကြမှာပဲလေ။ နယ်မြေလုပွဲတွေ ဖြစ်ပြီးတော့ နေရာတစ်ခုစီက သားရဲတွေကလည်း အမြဲ ပြောင်းလဲ နေမှာပဲ သူတို့ အကြောင်းကို နင် အကုန် ဘယ်လို သိနိုင်…” ပင်းယန် ဖန်ကျန်းရှီ ရဲ့ ပြန်ဖြေမှုကို မကျေမနပ်ပြောနေခဲ့တယ်။
“ နေရာတစ်ခုကို အသံ နဲ့ ဘယ်လို ဆုံးဖြတ်ရမလဲ သိလား။” ဖန်ကျန်းရှီ အမေး တစ်ခုနဲ့ ပြန်ဖြေလိုက်တယ်။
“ အသံနဲ့ ဆုံးဖြတ်မယ်။” ပင်းယန် အံ့သြသွာခဲ့တယ်။
“ မင်းရဲ့ ဦးနှောက်သေးသေးလေးနဲ့ နားလည်မှာလည်း မဟုတ်ပါဘူး။” ဖန်ကျန်းရှီ ပြောလိုက်တယ်။
“ အသံနဲ့ နေရာကို ဆုံးဖြတ်တာက ဘာများကြီးကျယ်နေလို့လဲ။ နင် ပဲ တစ်ခုခုလုပ်နေတာကို ဖုံးကွယ်နေတာ။” ပင်းယန် နှာခေါင်းရှုတ်လိုက်တယ်.။
“ နားလည်ပြီ ” ချီကူယန် ခေါင်းငြိမ့်လိုက်တယ်။ အခုချိန်ထိ ဘယ်သားရဲကောင်မှ တိုက်ခိုက်တာကို မခံရသေးတဲ့ အကြောင်း သူမ နားလည်သွားပြီ ။
သားရဲကောင်တွေ ရဲ့ သဘာဝကို နားလည်ထားတဲ့ ဖန်ကျန်းရှီက အန္တရာယ် အကင်းဆုံး လမ်းကြောင်းကို အစီအစဉ်ချတယ်။ သွားတဲ့ လမ်းကြောင်းကိုလည်း သားကောင်တွေရဲ့ အသံ ပေါ်မူတည်ပြီးတော့ ပြောင်းလဲတယ်။
ဒါကြောင့် ကန်လင်းတောင်ကို ဖြတ်တဲ့ သူတို့ လမ်းက ဒီလောက် အန္တရာယ် ကင်းနေတာ။
…
ဖန်ကျန်းရှီ ကန်လင်းတောင်ထဲကို ဦးဆောင်ပြီးတော့ ဝင်လာခဲ့တယ်။
သူတို့ နားက မြူတွေ ပိုထူထပ်လာသလို သားရဲကောင် အော်သံတွေ ဝေးလံ သွားခဲ့တယ်။
ဒီ အချိန်မှာပဲ ဖန်ကျန်းရှီၤ ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။ ပင်းယန် နဲ့ င်္ချီကူယန်လည်း တစ်ချိန်တည်းမှာ ရပ်တန့်သွားခဲ့တယ်။
မြူတွေ အလယ်မှာတော့ တဖျတ်ဖျတ် တောက်ပနေတဲ့ တစ်စုံ တစ်ခုရှိနေခဲ့တယ်။
“ မီးတောက်လား။” ပင်းယန် မေးလိုက်တယ်။
“ မဟုတ်ဘူး။ ငါတို့ သွားချင်တဲ့ နေရာကို ရောက်ပြီထင်တယ်။” ဖန်ကျန်းရှီ ခေါင်းခါရင်း နဲ့ အလင်းရောင်ကိုကြည့်ကာပြောလိုက်တယ်။
“ နင် ဘာစောင့်နေတာလဲ။” ပင်းယန် သိလိုဇောနဲ့ မေးလိုက်တယ်။
“ ကောင်းကင်တာအို ကျောက်ဖျာ ရှိနေတာက ဒီနေရာပဲ ဖြစ်ရမယ်။ သန့်ရှင်းလွန်းနေတယ်။ နောက်ပြီးတော့ မိုးကြိုး လျှပ်စီးတွေနဲ့ သူ့ အင်အားကို ဖော်မြမယ့် အရာတွေလည်းရှိရမယ်။” ဖန်ကျန်းရှီ မျှော်လင့်တကြီးပြောနေခဲ့တယ်။
“ နင်က အတော်လေး စိတ်ကူးယဉ်နေတာပဲ ” ပင်းယန် စိတ်ပျက်စွာ ပြောလိုက်တယ်။
“ဘွန်း!”
ပင်းယန် ရဲ့ စကား အဆုံးသတ်ချိန်မှာပဲ အသံ ကျယ်ကြီး ပေါ်ထွက်လာခဲ့တယ်။
ဖန်ကျန်းရှီရဲ့ စကားကို ထောက်ခံ ဖြေကြားနေသလိုပဲ ။
“ မိုးရွာတော့မှာလား။” ဖန်ကျန်းရှီကောင်းကင်ကို မော့ကြည့်ရင်း ပြောလိုက်တယ်။
အလင်းရောင် သူတို့ရဲ့ အပေါ်မှာ တောက်ပနေသလိုပါပဲ။ လရောင်လည်း တောထဲကို ဖြာကျနေပင်မယ့် အလွှာ တစ်ခု အလင်းရောင်ကို ပိတ်ဆို့ထားခဲ့တယ်။
“ ကြည့်ရတာ မိုးရွာမယ့်ပုံမပေါ်ဘူး။” ဖန်ကျန်းရှီ တစ်ယောက်တည်း ရေရွတ်နေခဲ့တယ်။
ဒီ အချိန်မှာပဲ သူတို့ ခြေထောက်အောက်က မြေပြင် သွက်သွက်ခါအောင် လှုပ်ခါလာတော့တယ်။
“ ငလျင် တကယ်လှုပ်နေတာလား။ ”
“ဘွန်း!”
ကျယ်လောင်လှတဲ့ ပဲ့တင့်သံ ကန်လင်းတောင်တစ်လျှောက် ပျံ့နှံ့သွားတော့တယ်။
သို့ပေမယ့်လည်း မိုးကြိုးပစ် လျှပ်စီး လက်တာတော့ တစ်ခုမှ မရှိဘူး ။
လျှပ်တပြက် အလင်းတန်း တစ်ချက်သာ လျှင် ကောင်းကင်ပေါ်ကို ထိုးတက်လာတော့တယ်။ သိပ်သည်းကျစ်လစ် လှတဲ့ အလင်းတန်း တစ်ခု တောင်မျက်နှာပြင်ပေါ်ကနေ ကောင်းကင်ထိ ရုတ်တရက် ထွက်ပေါ်လာတာပဲ ။
“ ဒါက ကောင်းကင်တာအို သုခမိန် ကျောက်ဖျာလား။” ပင်းယန် မေးလိုက်တယ်။
“မဟုတ်ဘူး။” ချီကူယန်က ခေါင်းခါယမ်းပြတယ်။ သူမရဲ့ မျက်ဝန်းတွေ ကောင်းကင်ကိုသာ ငေးကြည့်နေခဲ့တယ်။
အပိုင်း (၂၄၁) ပြီး၏။
အပိုင်း (၂၄၂)
“ အဆုံးမဲ့ လောက”
ဖန်ကျန်းရှီ ကောင်းကင်ကို ကြည့်နေခဲ့တယ်။
သူ ဒီ အလင်းတန်းကို မီးရှူးမီးပန်းကနေ လာတာလို့ ထင်နေခဲ့တာ ။ ဒါပေမယ့်လည်း ဒီ အလင်းတန်း ပေါက်ကွဲသွားခြင်း မရှိခဲ့ဘူး။ အပေါ်အောက်သာ ပျံ့နှံ့နေခဲ့တယ်။
အပေါ်က ဖြာကျနေတဲ့ လရောင်လိုပဲ အပြင်ကို ထွက်ဖို့ရာ ကာဆီးခံထားရတယ်။
မျက်စိတစ်မှိတ် အတွင်းမှာပဲ ကန်လင်းတောင်ကြီး တစ်ခုလုံးနဲ့ ဖန်ကျန်းရှီ။ ချီကူယန် ပင်းယန် တို့ကို ထို အလင်းတန်းက ဝန်းရံ ဖုံးအုပ်လိုက်တယ်။
သိပ်မကြာခင်မှာပဲ မြေငလျင် လှုပ်ခတ်လာပြီးတော့ အနက်ရောင် အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာတော့တယ်။ လောကကြီး တစ်ခုလုံး သွက်သွက်ခါအောင် လှုပ်ခါနေခဲ့တယ်။
ဒီ အခြေအနေကို ရင်းနှီးနေတယ်။
သုခမိန်လောကထဲမှာလည်း ဒီလို အဖြစ်မျိုးကို ကြုံခဲ့ရပြီး ။ လောကကြီး တစ်ခုလုံးက လှုပ်ခါ လာပြီးတော့ ဓားပင်လယ်ထဲကို ပို့ ဆောင်ခဲ့တယ်။
ဒါပေမယ့် အခုချိန်မှာတော့
ကန်လင်းတောင်က လှုပ်ခါနေပြန်ပြီ။
“ ဘာတွေ ဖြစ်ကုန်တာလဲ။” ဖန်ကျန်းရှီ အော်ဟစ်လိုက်တယ်။
“ သုခမိန်လောကတုန်းက စိတ်အာရုံ နယ်မြေမို့လို့ ကွဲအက်တော့မလို ဖြစ်သွားတာလေ။ ကန်လင်းတောင်က တကယ့်လောကထဲက တောင်ပဲ ဘာလို့ ကွဲထွက်မတတ် တုန်ခါနေတာလဲ။”
ဒါက ကမ္ဘာပျက်ကိန်းလား။
မေးခွန်းတွေ ဖန်ကျန်းရှီ ရဲ့ စိတ်ထဲမှာ ပေါ်လာခဲ့တယ်။
ချီကူယန်ရဲ့ အမူအယာ တည်ကြည်လေးနက်လာခဲ့တယ်။ သူမရဲ့ မျက်လုံးတွေ ရေခဲတစ်မျှ အေးစက်သည်ထက် အေးစက်လာခဲ့တဲ့ အတွက် သူမရဲ့ အရှိန်အဝါလည်း ပြင်းထန်လာခဲ့တယ်။
ဒါပေမယ့်လည်း သူမ မလှုပ်ရှားသေးပဲ စောင့်ဆိုင်းနေခဲ့တယ်။
ပင်းယန်ကလည်း သုခမိန်လောကထဲမှာ အတွေ့အကြုံရှိခဲ့လို့သာ သိပ်ပြီးတော့ တုန်လှုပ်ခြင်း မရှိပေမယ့် အခုချိန်မှာ ဘာတွေ ဖြစ်နေတာလဲတော့ သူမ မသိဘူး ။
“ဘွန်း!”
အသံကျယ်ကြီး ထွက်ပေါ်လာပြန်တယ်။
မြေပြင်ပေါ်က အက်ကွဲရာတွေ နတ်ရေစင် ဖြန်းခံလိုက်ရသလို ချက်ခြင်း ပျောက်ကွယ်သွားပြန်တယ်။ မျက်တောင် တစ်ခတ်အတွင်းမှာပဲ မူလအခြေအနေကို ပြန်လည် ရောက်ရှိသွားတာ ။
တောင်တွေထဲမှာတော့ မြူထူထပ်နေဆဲ ဖြစ်သည်မှ အပ လောက ကွဲအက်ခြင်း တစ်ကြိမ်တစ်ခါမှ မဖြစ်ဖူးခဲ့သည့် အလားပင်တည်း
ဖန်ကျန်းရှီ အတော်လေး ကို အံ့အာသင့်နေခဲ့တယ်။ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြန်တော့လည်း ပြောင်းလဲ နေသော အရာကား နတ္ထိ ။
ကြည့်ရတာ ကောင်းကောင်းမွန်မွန် ပြီးဆုံးသွားဟန်ပဲ။ အဆိုးဆုံးကတော့ ပြီးသွားတဲ့ပုံပဲ။ သို့ပေမယ့် သူ့စိတ်ထဲက မကောင်းတဲ့ ခံစားချက် ဆုးိဝါးနေဆဲ ။
အခု ဘာဖြစ်သွားတာလဲ။ ဘာလို့ ချက်ခြင်း ပျောက်သွားတာလဲ။
ချက်ခြင်းပဲ ကွဲထွက်တော့မလို ဖြစ်နေတာ မဟုတ်ဘူးလား။
အခုတော့ မိုးကြိုးလျှပ်စီးတွေလည်း မလာတော့ပါလား။
“ ယန်လေး ဘာတွေ ဖြစ်နေတာလဲ။” ပင်းယန်မေးလိုက်တယ်။
“ ကူယန် ထင်တာသာ မှန်တယ်ဆိုရင်။ တို့တွေတော့ ထောင်ချောက်ထဲ ပိတ်မိသွားပြီ။ ” ချီကူယန် အတွေးလွန်နေဟန်ကနေ နိုးထလာသလို ဖြေလိုက်တယ်။
“ထောင်ချောက်မိတယ်။ ဘယ်လိုလုပ် ” ပင်းယန် စိတ်ရှုပ်ထွေးနေခဲ့တယ်။ ဒါပေမယ့်လည်း အခုအဖြစ် သုခမိန်လောက ထဲက နဲ့ ဆင်တူမှုကိုတော့ သူမ မပြောခဲ့ဘူး။
အခုက ကန်လင်းတောင် လေ။ တကယ့်လောက ။
အခုအဖြစ်တွေက အဓိပ္မာမှ မရှိပဲနဲ့ ။
ဖန်ကျန်းရှီလည်း အတွေးလွန်နေခဲ့တယ်။ ချီကူယန်ပြောတာကို ဘေးကနေ နားထောင်ရင်းတွေးနေခဲ့တယ်။
“ကန်လင်းတောင်ကြီး တစ်ခုလုံးသာ ထောင်ချောက် ဖြစ်ခဲ့ရင် တောင်ပေါ်ကို ခြေချချိန်ထဲက ငါတို့ ထောင်ချောက်မိနေတာ။” ချီကူယန် ည ကောင်းကင်ကို ကြည့်ရင်း ပြောလိုက်တယ်။
“ ကန်လင်းတောင်ကြီး တစ်ခုလုံး က ဘယ်လို ဖြစ်နိုင်မှာလဲ။ ကန်လင်းတောင်က လောကထဲက ကြီးမားတဲ့ တည်နေရာကြီး တစ်ခုပဲ ။ သူသာ ထောင်ချောက် တစ်ခု ဖြစ်ခဲ့ရင် ကန်လင်းတောင် တစ်ခုလုံးက ….” ပင်းယန် မယုံနိုင်မှုတွေ နဲ့ ပြည့်နေခဲ့တယ်။
“ ဒါက မဖြစ်နိုင်ဘူးမလား။”
“ အင်း” ပင်းယန် ခေါင်းငြိမ့်လိုက်တယ်။
“ သာမာန် အားဖြင့်တော့ မဖြစ်နိုင်ဘူး။ ကန်လင်းတောင် လို အရွှယ်အစားမျိုးကို ဘယ်လို သက်ရှိကမှ သူတို့ရဲ့ စိတ်အာရုံနယ်မြေထဲကို ပြောင်း မထည့်နိုင်ဘူး။ ဒါပေမယ့် အခုလိုသာ မဖြစ်နိုင်တာက ဖြစ်လာခဲ့ရင်တော့ တို့တွေ ကမ္ဘာသစ်ကိုရောက်နေပြီ။” ချီကူယန်က ရှင်းပြလိုက်တယ်။
“ ကမ္ဘာသစ် … ယန်လေး ပြောတာက ကန်လင်းတောင် တစ်ခုလုံးကို လူတစ်ယောက်က အခြား ကမ္ဘာဆီ ပို့လိုက်တယ်လား။” ပင်းယန် တစ်လုံးခြင်း ပြောနေခဲ့တယ်။
“အင်း” ချီကူယန်က ခေါင်းညိမ့်လိုက်တယ်။
“ ဒါပေမယ့် ယန်လေးပဲ ပြောတာ ဘယ်သူကမှ ဒီလို ကိစ္စမျိုးကို မလုပ်နိုင်ဘူးဆို။”
“ လူတွေ မလုပ်နိုင်ပေမယ့်လည်း ဒဏ္ဍာရီထဲမှာ လုပ်နိုင်တဲ့ ရတနာတော့ ရှိတယ်။
“ ဘာ ရတနာလည်း”
“ အဆုံးမဲ့လောက”
“ အဆုံးမဲ့လောက ဆိုတာ ဘာကြီးလဲ။”
“ လွန်ခဲ့တဲ့ နှစ်ရာချီက ဖျက်စီး ပြစ်လိုက်တဲ့ အရာ တစ်ခုပေါ့။ နောက်ထပ် ပြန်ပေါ်လာမယ့် လို့ မထင်ထားဘူး။”
“ဖျက်စီးခဲ့တာလား။”
“ဟုတ်တယ်။ အဲ့ဒီ့ အရာက ဒီလောကမှာ မရှိသင့်တော့ဘူး။ ဒါပေမယ့် ကန်လင်းတောင်တစ်ခုလုံးကို ဒီလို ပို့ဆောင်ဖို့ အစွမ်းရှိတာကလည်း ဒီ ရတနာပဲ ရှိတယ်။”
“အဆုံးမဲ့ လောကဘာတွေ လုပ်နိုင်လဲ။” ပင်းယန် မေးလိုက်တယ်။
“အဆုံးမဲ့ လောက က နတ်လက်နက် ၉ ပါးထဲက တစ်ခုပဲ။ ဒါပေမယ့် ဒီ အရာက ထူးခြားတယ်။ မျက်တောင် တစ်ခတ် အတွင်းမှာပဲ စစ်တပ်ရဲ့ တိုက်ခိုက်မှု ကို ပြောင်းလဲ ပြစ်နိုင်တယ်။ အဆုံးမဲ့ လောကက အဆုံးမရှိ တိုက်ပွဲတွေကို ဖန်တီးနိုင်တယ်။ သူ့ကို အသုံးပြု တဲ့ နည်း လမ်းတွေကလည်း ခက်ခဲတယ်။ ဒါပေမယ့်လည်း နတ်လက်န်က ဖြစ်နေရတဲ့ အကြောင်းကိုက လောကကြီးကို သမုဒ္ဒရာထဲ နစ်မြုပ်အောင် ဖန်တီးနိုင်တဲ့ အတွက်ပဲ။”
ချီကူယန်က ရပ်နားလိုက်တယ်။
“ သမုဒ္ဒရာထဲက ရေစက်”
ဒီ အခေါ်အဝေါ်က စုရဲ့ “ တောင်ပူစာနီပေါ်သို့ ပထမ ခရီး” ထဲက စကားလုံး။ ဒီစကားလုံးက အလွန်တရာမှ သေးငယ်ခြင်းကို ကိုယ်စားပြုတယ်။
ဒါပေမယ့် အခု လို အခြေအနေနဲ့ ဆိုရင် ဘယ်လိုပြောနိုင်မလဲ။
ရုတ်တရက်
ဖန်ကျန်းရှီ ရဲ့စိတ်ထဲမှာ အတွေးပေါ်လာတော့တယ်။
ကန်လင်းတောင်ကြီး တစ်ခုလုံးကို ရေစက်သဖွယ် အရွှယ်ချုံ့ပြီးတော့ ကြီးမားတဲ့ လောက(သမုဒ္ဒရာ) ထဲမှာ နစ်မြုပ်စေတာ။
“ ယန်လေးက ဘာလို့ ဒါကို ပြောနေတာလဲ။ တစ်ယောက်ယောက်က ကန်လင်းတောင်ကို အသုံးချပြီးတော့ အဆုံးမဲ့ လောကကို ဖွင့်လှစ်ပြီး သမုဒ္ဒရာထဲကို နစ်မြှုပ်စုပ်ယူစေတယ်တဲ့လား။” ပင်းယန် နားလည်သဘောပေါက်သွားဟန်ပါပဲ။ သူမရဲ့ မျက်လုံးတွေ မယုံကြည်နိုင်မှုတွေနဲ့ တောက်ပနေခဲ့တယ်။
“ ဒီလောက် ရိုးရှင်းနိုင်မလားလို့ပဲ စိုးရိမ်မိတယ်။ အကယ်၍ ကန်လင်းတောင်ကိုသာ အဆုံးမဲ့ လောကထဲမှာ နစ်မြှုပ်သွားရင် နတ်လက်နက် ကိုးမျိုးထဲက တစ်ခု အဖြစ် ခေါ်နိုင်မှာ မဟုတ်တော့ဘူး။ ”
“ ဒီမှာ နောက်ထပ် ဘာရှိနိုင် သေးလို့လဲ။”
“ ငါလည်း မသိဘူး။ စာအုပ်ထဲမှာ အသေးစိတ် မရေးထားဘူး။ ဒါပေမယ့် အင်အားကင်းမဲ့ ဆိုတဲ့ စာကြောင်းကတော့ ထင်ရှားတယ်။ “
“ ဘာ ပြောချင်တာလဲ။”
“ အဆုံးမဲ့ လောကထဲကို ဝင်သွားပြီးနောက် အသက်ရှင်လျက် ထွက်လာနိုင်တဲ့သူ မရှိဘူး။ ” ချီကူယန် နောက်ထပ် မပြောတော့ဘူး ။
သူမ အနည်းငယ် လျော့တိလျော့ရဲ နဲ့ စိတ်ဖိစီးနေဟန်ပါပဲ။ ဒါပေမယ့်လည်း သူမရဲ့ မျက်လုံးထဲမှာ ဆုံးဖြတ်ထားတဲ့ အရိပ်ယောင် တစ်ခု ထင်ရှားလှတယ်။
ချီကူယန်တွေးနေတာကိုတော့ သိဖို့ မလွယ်လှဘူး ။
ဖန်ကျန်းရှီရဲ့အတွေး အတော်လေးကို ရိုးရှင်းနေခဲ့တယ်။
“ အကယ်၍ ငါတို့သာ ထောင်ချောက်ကြောင့် ပိတ်မိပြီးတော့ မြောက်ရွာကို မနက် အမှီ ပြန်မသွားနိုင်ရင် ဘာတွေ ဖြစ်မှာလဲ စစ်တပ်တွေ ရွာကို ရောက်လာတဲ့ အချိန်မှာ”
ဒါ ဖန်ကျန်းရှီ ရဲ့ စိတ်ကို အလွှမ်းမိုး ထားနိုင်ဆုံး အတွေး။
အပိုင်း (၂၄၂) ပြီး၏။
အပိုင်း (၂၄၃)
“ ယဇ်ပလ္လင် ”
ဖန်ကျန်းရှီ ဒီအကြောင်းရင်းကို အတော်လေး စိတ်ပူနေတာလည်း အပြစ် မဆိုသာဘူး ။ နောက်ပြီးတော့ ဓားသံတမန် အဖြစ် ညီလာခံ ခန်းမထဲမှာ ခန့်အပ်ခံရတာကလည်း မြို့တော်မှာပဲ သက်ရောက်မှု ရှိနေသေးတာ။
ဟွေ့အန်းဒေသကို သတင်းရောက်လာတယ် ဆိုရင်တောင်မှ စစ်တပ်ကို သတင်းရောက်ဖို့ မဖြစ်နိုင်ဘူး။
အကယ်၍ သူသာ မြောက်ရွာမှာ ရှိနေရင် ဒီကိစ္စတွေက အလွယ် တကူ ဖြေရှင်းပြီးမှာပဲ ။ ဒါပေမယ့် သူသာ အချိန်မှီ ပြန်မရောက်ခဲ့ရင် ရွာသားတွေက စစ်တပ်ရဲ့ ဒေါသကို တောင့်ခံ နိုင်မှာလား။
ဖန်ကျန်းရှီ အတော်လေးကို စိုးရိမ်နေခဲ့တယ်။
ဒီအချိန်မှာတော့ မီးတောက်သဖွယ် အလင်းတန်း တောက်ပသည်ထက် တောက်ပလာပြိးနောက် လောင်ကျွမ်းတော့မည့် နှယ် ဖြစ်လာခဲ့တယ်။ တီးတိုး သတ်ဖြတ်ခြင်း အသံ တွေလည်း ပေါ်ထွက် လာတော့တယ်။
“ ယန်လေး” ပင်းယန် ချီကူယန်ကို ကြည့်ရင်း တစ်စုံတစ်ခု သိလိုသိငြား မေးလိုက်တယ်။
“ငါတို့ ဆက်သွားလို့ရလား။” ချီကူယန် ချက်ခြင်း မဖြေသေးပဲနဲ့ ဖန်ကျန်းရှီ ဘက်ကို လှည့်လိုက်ပြီးနောက် အန္တရာယ် ရှိနိုင်မရှိနိုင်မေးလိုက်တယ်။
“ လမ်းလျှောက်ပြီး တောင်အောက် ပြန်ဆင်းမယ်။” ဖန်ကျန်းရှီ ရဲ့ အတွေးထဲမှာတော့ မြောက်ရွာ အတွက်သာ စိတ်ပူနေတဲ့ အတွက် သူ တောင်အောက်ကိုသာ မြန်မြန် ပြန်ဆင်းဖို့ ဆုံးဖြတ်လိုက်တယ်။
…
ကန်လင်းတောင်ရဲ့ အောက်ခြေ သစ်တော အတွင်းမှာတော့ သေးငယ်လှတဲ့ ကျောက်တုံး လေး တစ်တုံး နစ်မြုပ်နေခဲ့တယ်။ ထို ကျောက်တုံးလေး ရှေးငေ်းသစ်ပင်အိုတွေ နဲ့ ဝန်းရံ ခံထားရပြီးတော့ အထီးကျန် အငွေ့အသက်ကို ဖြစ်ပေါ်နေစေခဲ့တယ်။
အနက်ရောင် ယဇ် ပလ္လင်ပေါ်မှာ ငွေရောင်ခပ်ဖျော့ဖျော့ တောက်ပနေခဲ့တယ်။
ဒီအလင်း ငွေရောင် လေး ထောင့် ကျောက်တုံးလေး ကနေ ထွက်ပေါ်နေတာ ။ ရှင်းလင်းကြည်သန့်နေတယ်။ ဒါပေမယ့်လည်း မျက်နှာပြင်ပေါ်မှာတော့ ရှုပ်ထွေးလွန်းလှတဲ့ အကွက်တွေ ရှိနေခဲ့တယ်။
ယဇ်ပလ္လင် တဝိုက်မှာတော့ ဝတ်ရုံနက် လူ ၉ ဦး ရှိနေခဲ့တယ်။ သူတို့ ယဇ်ပလ္လင် ဘေးတဝိုက်မှာ ဒူးထောက်နေကြပြီးတော့ ကျောက်စိမ်းရောင်တောက်နေတဲ့ ပုလဲ လုံးတွေ သူတို့ရဲ့ နဖူးထက်မှာ ရှိနေခဲ့တယ်။
ဒါတွေ နတ်ဆိုးမျက်လုံးတွေ ဖြစ်ကြတယ်။ အစိမ်းရောင် သူတို့ အားလုံး သဘာဝလွန် အဆင့်မှာ ရောက်ရှိနေတာကို ဆိုလိုတယ်။
“စတင် အသက်ဝင်ပြီၤ။ ငါတို့ ထွက်ခွာရမယ်။”
အသံ တစ်သံ လူ ကိုးဦးရဲ့ နောက်ကနေ ပေါ်ထွက်လာတော့တယ်။ အဲ့ဒီ့နောက် ထိုင်နေခဲ့ဟန် ရှိတဲ့ ထိုပုံရိပ် မတ်တပ်ရပ်လိုက်တော့တယ်။ ထိုသူ ဝတ်ရုံ နက်ကြီး တစ်ခုကို ခြုံထားပြီးတော့ ဦးထုပ်တစ်လုံးကို လည်း ဆောင်းထားခဲ့တယ်။
အကယ်၍ မြို့တော် တံခါးက တံခါးစောင့် တပ်သားတွေထဲက အသက်ရှင်ကျန်ရစ်နေသူတွေသာ ဒီ ကိုရောက်နေခဲ့ရင် ထိုသူ မြို့စောင့် တပ်သား အများအပြားကို အကြောင်းရင်းမဲ့ သတ်သွားသူ ဖြစ်မှန်း မှတ်မိမှာ မလွဲမသွေ ။
“ ကောင်းပြီ။”
နောက်ထပ် အသံ တစ်သံ ထွက်ပေါ် လာပြန်တယ်။
ဒီလူ အစိမ်းရောင် ကြိမ်ပင် သဖွယ် ဝတ်ရုံကို ဝတ်ဆင်ထားတာ ။ သူ မုတ်ဆိတ်ကျင်စွယ် အပြည့်နဲ့ ဖြစ်ပြီးတော့ သံချပ်ကာကိုလည်း မဝတ်ဆင်ထားဘူး ။
သူ လူရိုင်းတစ်ဦးနဲ့ ဆင်တူပြီးတော့ နဖူးမှာလည်း နတ်ဆိုး မျက်လုံး မရှိတာကြောင့် လူသား တစ်ဦး ဖြစ်မှန်း သေချာလှတယ်။
ဒီလူ နဲ့ ပတ်သက်ပြီးတော့ ထူးဆန်းတဲ့ အချက် တစ်ခု သူ့ရဲ့ အရိုင်းဆန်လှတဲ့ အငွေ့အသက် အပြင် လက်ထဲမှာလည်း ကျောက်စိမ်း ပုခွေ တစ်ချောင်း ရှိနေခဲ့တယ်။
ဒီ အချက် ထိုသူ့လို အရိုင်းဆန်လှတဲ့ သူတစ်ဦး အတွက် အတော်လေး ထူးဆန်းလှတယ်။ ဝံပုလွေ ထိန်း တုတ်ကမှ သူနဲ့ ပိုလိုက်ဖက်ဟန်ပါပဲ။ ဒါပေမယ့်လည်း သူ သူ့ရဲ့ ကျောက်စိမ်း ပုလွေကို အလွန်တရာ ဂရုစိုက်စွာ ကိုင်ဆောင်ထားတာ ။
စကားစ ခဲ့တဲ့ လူ ထိုသူနဲ့ သူ့လက်ထဲက ပုလွေကို အကဲခတ်ပြီးနောက်မှာတော့ ယဇ်ပလ္လင်ကနေ အဝေးကို ခပ်မြန်မြန်ပဲ သွားတော့တယ်။
သူ တစ်ခဏချင်း ပျောက်ကွယ်သွားတော့တယ်။
ပျောက်ကွယ်သွားသူကို ကြည့်ရင်း လူရိုင်းသဖွယ်ထိုသူရဲ့ မျက်လုံးထဲမှာ မနှစ်မျို့ဟန် တစ်ချို့ ပေါ်လာခဲ့တယ် ။ တစ်စုံတစ်ခုကို ရေရွတ်လိုက်ပြီးနောက်မှာတော့ ယဇ်ပလ္လင်ဆီကို သွားတော့တယ်။
…
ကန်လင်းတောင် ရဲ့ မြူထု ထူထပ်သည်ထပ် ထူလာခဲ့တယ်။
ဖန်ကျန်းရှီၤ မြူထုကို ဖြတ်သန်းရင်းနဲ့ မီးတောက် ရှိရာကို ဦးဆောင်တိုးလာခဲ့တယ်။ သူတို့ အနီးက တိရစ္ဆာန် ဟိန်းသံတွေ ပိုပြီး ကျယ်လောင်လာတော့တယ်။
လေထုထဲက သွေးညှီ နံ့လည်း ပြင်းထန်လာတော့တယ်။
မီးတောက်ရဲ့ အစွန်း နားကို ကပ်ဖို့ အတွက် သူတို့ သုံးဦး အတော်လေး အချိန် ယူခဲ့ရတယ်။
ဖန်ကျန်းရှီ ရဲ့ အမူအယာ သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ပြောင်းလဲ သွားခဲ့တယ်။
မီးအလင်းရောင် အောက်မှာ ရှိနေတဲ့ စစ်တပ် စခန်းချ တဲကို မြင်လိုက်ရတာကြောင့်ပဲ ။ ဒီ စစ်တပ်တဲ သူမြင်ခဲ့ဖူးသမျှ စစ်တပ်တွေ အားလုံးထက် ပိုပြီးတော့ သိပ်သည်းကျစ်လစ်စွာ ပြုလုပ်ထားတယ်။
ဘေးပတ်လည်မှာတော့ သစ်ပင် တစ်ပင်တောင်မှ မရှိပဲနဲ့ ကြီးမားလှတဲ့ စက်ဝိုင်း တစ်ခုသဖွယ် ကျောက်တုံးတွေကို စီထားတာ အခိုင်အမာဆောက်ထားတဲ့ ခံတပ်သဖွယ် ဖြစ်နေခဲ့တယ်။
ဒါပေမယ့် အခုချိန်မှာတော့ ခံတပ် ချိုးဖောက်ခံလိုက်ရပြီ။
ဘက်ပေါင်းစုံ ကနေ တိုက်ခိုက်ခံထားခံ ရတာ ။ ကြီးမားလှတဲ့ အပေါက်ကြီးတွေ နေရာ အနှံ့ ဖြစ်ပေါ်နေပြီးတော့ အသက်မဲ့ ခန္ဒာတွေ နေရာ အနှံ့ ပျံ့ကျဲ နေခဲ့တယ်။
သမိုင်းတွေကို ကျေညက်တဲ့ သမိုင်းသုတေသီ တစ်ဦးအနေနဲ့ စစ်ပွဲတွေ ရဲ့ ရက်စက်မှု အကြောင်းကို သူ ကောင်းကောင်းနားလည်တယ် ။ ဒါပေမယ့်လည်း ကိုယ်တိုင်တွေ့ကြုံရတဲ့ တိုက်ပွဲ ရလဒ် စာထဲကနဲ့ ကွာခြားလှတယ်။
ဒါက လုံးဝကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းပဲ။ လုံးဝကို ရက်စက်ကြမ်းကြုတ်မှုပဲ။
“ ဒါက တောင်ဖြို တပ်ဖွဲ့။ စစ်နတ်ကျောင်းတော်ရဲ့ တောင်ဖြို တပ်ဖွဲ့ပဲ။” ပင်းယန် ရဲ့ ထိတ်လန့်တုန်ယင်နေတဲ့ အသံထွက်ပေါ်လာတော့တယ်။ သူမရဲက မျက်လုံးတွေ မယုံကြည်နိုင်မှုတွေ ပြည့်နှက်နေခဲ့တယ်။ တောင်ဖြို တပ်ဖွဲ့ရဲ့ အင်အားနဲ့ စွမ်းပကားကို သူမကောင်းကောင်းနားလည်တယ်။
စစ်နတ်ကျောင်း တော်နဲ့ ကြီးမြတ်သော ရှမင်းဆက်ကို ထောက်ပံ့ပေးထားတဲ့ အဓိကမဏ္ဍိုင်တပ်ဖွဲ့ပဲ။
တောင်ဖြို တပ်ဖွဲ့ရဲ့ တပ်သား တစ်ဦးချင်း စီဆီက တပ်သား တစ်ထောင်ထဲမှာ အထူးချွန်ဆုံးသော ဆယ်ဦးကို ရွေးချယ် ဖွဲ့စည်း ထားတာ ။ တစ်ဦးချင်းစီ ကျင့်ကြံသူတွေ ဖြစ်ကြပြီးတော့ နတ်ဆိုး ကျောင်းတော်ရဲ့ တပ်နီတော် လိုပဲ ကြီးမြတ်သော ရှ မင်းဆက် ( ထိပ်တန်း တပ် လေးခု) ထဲက တစ်ခု ။
ချီကူယန် ကောင်းကောင်းမကြည့်တော့ပါဘူး။
ပင်းယန် မပြောခင်အချိန်မှာပဲ တပ်နီတော်က တပ်သား တစ်ချို့ရဲ့ အသက်မဲ့ ကိုယ်တွေကို တွေ့လိုက်ရတာကြောင့်ပဲ ။
ပိုပြီးတော့ အရေးတာက အလောင်းတွေ ပုံနေတာမျိုး မရှိဘူး။
ခံတပ် ပေါက်သွားပြီးနောက် ဒီလောက် များပြားလှတဲ့ တောင်ဖြို တပ်ဖွဲ့တွေ နဲ့ တပ်နီတော်က တပ်သားတွေ ဒီလောက် သေကျေကြတာ ဘာကြောင့်လဲ သူတို့တွေကို ဒီလို သတ်ဖြတ်သွားနိုင်လောက်တဲ့ အရာက ဘာဖြစ်မလဲ ထူး ဆန်းလွန်းလှတယ်။
ချီကူယန် ပထမဆုံး အနေနဲ့ မတွေးတော်နိုင် ဖြစ်သွားခဲ့တာပဲ ။ အကယ်၍ သူတို့သာ တိုက်ခိုက်ခံရတာ မဟုတ်ခဲ့ရင် ဆူညံသံတွေက ဘယကနေ လာတာလဲ။
“ယန်လေး မြန်မြန်လာကြည့် ” ပင်းယန်ရဲ့ အသံ ထွက်ပေါ်လာပြန်တယ်။ သူမရဲ့ မျက်လုံးတွေ ညာဘက်လက်ရဲက လက်ညှိုးညွှန်ရာကို ကြည့်ရင်း တအံ့တသြ ဖြစ်နေခဲ့တယ်။
အကယ်၍ တစ်စုံတစ်ယောက်သာ ပင်းယန်ရဲ့ လက်ညှိုးညွှန်ရာကိုကြည့်မယ် ဆိုရင်တော့ …..
ဖန်ကျန်းရှီ စစ်တပ်တဲတွေရဲ့ညာဘက် အလောင်းတွေ ကြားက ထူခြားမှုကို သတိထားလိုက်မိတယ်။ ကြည့်ရတာ တစ်စုံတစ်ခုကို တူးထားဟန်ပဲ။
ဒါ လှိုင်ခေါင်းထဲကို ဝင်တဲ့ ဝင်ပေါက်တစ်ခုနဲ့ တူညီလှတယ်။
“ ဒါက ကောင်းကင်တာအို သုခမိန်ကျောက်ဖျာ ဆီကို သွားတဲ့ ဝင်ပေါက်ဖြစ်လိမ့်မယ်။ တောင်ဖြို တပ်ဖွဲ့နဲ့ တပ်နီတော်က ဒီကို ဆုတ်ခွာလာတာ ဖြစ်မယ်လို့ ထင်ရတယ်။” ချီကူယန် ပြောလိုက်တယ်။
“ဒါဆို သွားကြည့်ရအောင်” ပင်းယန် ချက်ခြင်း ပြောလိုက်တယ်။
“ နင်ကော ဘယ်လို ထင်လည်း ” ချီကူယန် ဖန်ကျန်းရှီကို မေးလိုက်တယ်။ ။
“ငါတော့ ဒါက ထောင်ချောက်လို့ပဲ ထင်တယ်။ ” ဖန်ကျန်းရှီ အလောင်းတွေကို ကြည့်ရင်း ပြောလိုက်တယ်။ သူ ပြောပြီးနောက် တစ်ခဏတာ တွေဝေသွားခဲ့တယ်။ “ ထောင်ချောက်ဖြစ်နေရင်တောင်မှ ငါတို့ ဝင်ရမှာပဲ။ ဒီမှာ ရပ်စောင့်နေလို့မှ မဖြစ်တာ။”
“ နင်အပြင်မှာ နေခဲ့မယ် ထင်နေတာ။ နင် က ခုတော့ အထဲဝင်မယ် တဲ့လား။” ပင်းယန် ဖန်ကျန်းရှီ ရဲ့ အပြောကြောင့် အနည်းငယ် အံ့အားသင့်သွာခဲ့တယ်။
“ မင်းတို့ ၂ ယောက် ဝင်သွားပြီးမှ ငါက နောက်မှာ ကျန်ခဲ့ပြီး စောင့်နေမှာကို မင်း ဘယ်လို သိလဲ။” ဖန်ကျန်းရှီ ပင်းယန်ကို အံ့သြဟန်နဲ့ ကြည့်နေခဲ့တယ်။
“ နင်။ ဟွန့်။ နင့်ကို စကားကောင်းကောင်း ပြောလို့ မရမှန်းသိသင့်တယ်။” ပင်းယန် ပြောလိုက်တယ်။
“ ငါက ဘယ်လောက်တောင် ပြောင်းလဲ နိုင်တဲ့ သူ မှန်း မင်း ဘာမင်း လေ့လာသင့်တယ်။”
“ဘယ်လို လေ့လာရမှာလည်း ”
“ဟုတ်တယ်။ ဘယ်လို လေ့လာရမှာလည်း ” ဖန်ကျန်းရှီ မဲ့ရွဲ့ရင်း အမူအယာ အမျိုးမျိုးလုပ်နေတဲ့ ပင်းယန်ကို ကြည့်ကာ လှောင်ရယ်နေခဲ့တယ်။
ပင်းယန် ဖန်ကျန်းရှီရဲ့ စကားကြောင့် ကြောင်တောင်တောင်ဖြစ်နေချိန်မှာပဲ ဖန်ကျန်းရှီက သူ့ကို ရယ်နေတာမြင်လိုက်ရတယ်။
“ အရှက်မရှိလိုက်တာ။” ပင်းယန် အော်လိုက်တယ်။
…
အဆုံးသတ်မှာတော့ ဖန်ကျန်းရှီ လှိုဏ်ခေါင်းထဲကို ဖြတ်သွားခဲ့တယ်။ သူ အပြင်မှာ နေခဲ့ချင်ပေမယ့်လည်း ဒီ အုပ်စုကို ဦးဆောင်ရမယ် ဆိုတဲ့ အတွေးကြော်င့ အထဲကို ဝင်ခိုက်ခဲ့တယ်။
ဒါက အတော်လေး ပြောရခက်တဲ့ ပုံပြင်ပဲ။
ဖန်ကျန်းရှီက ပျော်ပျော်ရွင်ရွင် ဝင်သွားတာကို မြင်ချိန်မှာတော့ ပင်းယန် သေစေနိုင်လောက်တဲ့ အကြည့်တွေ နဲ့ ဖန်ကျန်းရှှီ ဆီကိုပြစ်လွှတ်နေခဲ့တယ်။
အကယ်၍ အကြည့်တစ်ချက်ကသာ သေစေနိုင်လောက်ရင် ဖန်ကျန်းရှီ သေတာ အကြိမ်မနည်းတော့ ဘူး ။
လှိုဏ်ခေါင်းထဲမှာတော့ ကျောက်တုံးတွေ ရဲ့ ရောင်ပြန်ဟပ်မှုကြောင့် လင်းထိန်နေခဲ့တယ်။ ထို့အတွက်ကြောင့် ထင်ထားသလို မမှောင်ခဲ့ဘူး ။ လှိုင်ခေါင်း သိပ်ပြီး မကြီးပေမယ့်လည်း လူ ငါးယောက် တော့ ကောင်းကောင်း ဆံ့တယ်။
လှိုဏ်ခေါင်း အပြင်က လူတွေကြောင့် လှိုင်ခေါင်း အတွင်း ညစ်ပတ်နေမယ်လို့ ဖန်ကျန်းရှီ ထင်ခဲ့သော်လည်း လှိုင်ခေါင်း အတော်လေး သန့်ရှင်းနေခဲ့တယ်။
အံ့သြစရာကောင်းလောက်အောင် တိုက်ခိုက်မှု အရိပ်အယောင် တစ်ခုမှ မတွေ့ခဲ့ရဘူး ။
ဒါပေမယ့်လည်း သတ်ဖြတ်တိုက်ခိုက်မှု အသံတွေ ပဲ့တင်ထပ်နေခဲ့တယ်။ အသံလာရာအရပ် လှိုဏ်ခေါင်းထဲကပြ ။
ဒါပေမယ့်လည်း တိုက်ပွဲ ကိုတော့ အရိပ်အယောင်တောင်မှ မတွေ့ရဘူး ြဖ်စတယ်။
ဖန်ကျန်းရှီ စူးစမ်းလိုစိတ် ပြင်းထန်လာတော့တယ်။
ချီကူယန် တိတ်ဆိတ်စွာသာ အတွေးနွံ နစ်နေခဲ့တယ်။
ဒေါသထွက်နေတဲ့ ပင်းယန် ဖန်ကျန်းရှီကို လျစ်လျူရှုထားခဲ့တယ်။ သူမ ဖန်ကျန်းရှီၤ ရဲ့ နောက်မှာ လက်သီးထောင်ရင်း တိုက်ခိုက်ဟန် ပြနေခဲ့တယ်။
သူမ လှိုဏ်ခေါင်းထဲက ထူးဆန်းတဲ့ အခြေအနေကို သတိမပြုမိပဲ ရှိနေခဲ့တယ်။
လှိုဏ်ခေါင်း တဖြည်းဖြည်း နိမ့်ဆင်းလာခဲ့တယ်။ သူတို့ ပို သွားလေလေ ။ ပိုပြီး မတ်စောက်လေ ။ ဖန်ကျန်းရှီ သူတို့ ရောက်သင့်တဲ့ နေရာကို ရောက်နေပြီလို့ ထင်တယ်။
သူတွေးနေချိန်မှာပဲ သတ်ဖြတ်မှု အသံတွေ ပိုပြီး ရှင်းလင်းလာခဲ့တယ်။
အလွန်လျင်မြန်စွာနဲ့ပဲ အလင်းတန်း သူတို့ ခေါင်းပေါ်ကနေ ပေါ်လာခဲ့တယ်။ ဒါ ရုတ်တရက်နေထွက်လာသလိုပဲ လှိုဏ်ခေါင်း တစ်ခုလုံးကို လင်းထိန်သွားစေခဲ့တယ်။
ဖန်ကျန်းရှီ သူ့ရဲ့ ခြေလှမ်းကို ပြင်ဆင်လိုက်တယ်။
ပင်းယန်ရဲ့ ဒေါသတွေ စိတ်လှုပ်ရှားမှုတွေ နဲ့ အစားထိုးသွားတော့တယ်။ တောနက်ထဲကို ရောက်လာချိန်ကနေ စပြီးတော့ သူမ ချီကူယန် သို့မဟုတ် ဖန်ကျန်းရှီ ရဲ့ အကျီစကို စွဲပြီးတော့ လိုက်လာခဲ့တာ ။
ချီကူယန် အတော်လေးကို အေးဆေးနေခဲ့တယ်။ သူမရဲ့ မျက်လုံးတွေ အချိန်နဲ့ အမျှ တောက်ပလာခဲ့တယ်။
“သတ်”
“ငရဲကို သွားပေရော့”
သူတို့ သုံးဦး အုပ်စု အနီးကို သတ်ဖြတ်မှု အသံတွေ ပိုပြီးတော့ နီးကပ်လာခဲ့တယ်။
အလင်းတန်း သူတို့ ပေါ်ကနေ ဖြတ်သွားတာ ။ အလင်းတန်း စူးရှ လွန်းလို့ မျက်လုံး ဖွင့်ဖို့တောင် ခက်ခဲ စေတယ်။ နေရောင် သူတို့ ပေါ်ကို တည့်တည့်ကြီးဖြာကျ နေသည့်ဟန်။
ဒါပေမယ့်လည်း သူတို့ မြေအောက်မှာ ရောက်နေတာ ။
ဘယ်လို လုပ်ပြီးတော့ နေရောင်ရှိနိုင်မှာလဲ။
နောက်ပြီးတော့ သူတို့ အချိန်က ညနက် သန်းခေါင် အချိန်။ ဘယ်လိုလုပ် နေသာ နိုင်မှာလဲ။
ဖန်ကျန်းရှီ ရဲ့ စိတ်ထဲမှာ မရေမတွက်နိုင်တဲ့ မေးခွန်းတွေ ပြည့်နှက်လာချိန်မှာပဲ ။ သူ့ရဲ့ မေးခွန်းတွေကို အသက်ရှူရပ်နိုင်စေတဲ့ မြင်ကွင်း တစ်ခုက ဖြေရှင်းသွားခဲ့တယ်။
သူတို့ ခေါင်းပေါ်က အလင်းတန်း နေမဟုတ်ဘူး။ …. ဒါပေမယ့် ….. .
ဒါ နေရောင် မဟုတ်ဘူး။ .. မီးလုံး တစ်လုံး။ ရွှေရောင် မီးလုံးတစ်လုံး ။
မြင့်မားလှတဲ့ ကျောက်တိုင်ကြီး ထို မီးလုံးကြီးကို ပင့်မ ထားခဲ့တယ်။ တိုင်ကြီးပေါ်မှာတော့ များပြားလှစွာသော ရုပ်ပုံတွေ ရှိနေခဲ့တယ်။ တောတောင် ရေမြေရှုခင်းတွေ နဲ့ တောရိုင်းသတ္တဝါတွေ အပြင် သားရဲကောင်ကြီးတွေ လည်းှရှိနေခဲ့တယ်။
ကျောက်တိုင်ကြီး အနည်းဆုံး မီတာ တစ်ရာကျော် ရှည်လျားပြီးတော့ ဆယ်မီတာခန့် လုံးပတ်ရှိတယ်။
ဒီလို ကြီးမားလှတဲ့ ရွှေရောင်ကျောက်တိုင်ကြီးကို ဘာကြောင့် မြေအောက်ထဲမှာ တည်ဆောက် ထားတာလဲ။ အတော်လေးကို ထူးဆန်းလှတယ်။
ကျောက်တိုင်ကြီး အပြင်ကို နောက်ထပ် ထူးဆန်းနေတာ တစ်ခုကတော့ ကျောက်တိုင်ကြီးရဲ့ ပတ်လည်မှာ ဒူးထောက်နေခဲ့ကြတဲ့ ရုပ်တုကြီး ၈ ခုပဲ ။
ရုပ်တု တစ်ခုချင်းစီကို ကျောက်ဖြူသားနဲ့ ထွင်းထုထားပြီးတော့ ရုပ်တုကြီးတွေရဲ့ မျက်နှာ အမူအယာလည်း တည်ကြည်လေးနက်လှတယ်။ ခေါင်းအစ ခြေအဆုံး သံချပ်ကာနဲ့ ဖုံးလွှမ်းထားရုံသာမက ဓားလှံ လက်နက်တွေကိုလည်းကိုင်ဆောင် ထားခဲ့ကြတယ်။
အရေးအကြီးဆုံးကတော့ ရုပ်တုကြီးတွေ ကျောက်တိုင်နဲ့ အရွှယ်အစားတူညီနေတာပဲ ။
ရှေးကျပြီး လွှမ်းမိုးမှု ပြင်းထန်လှတဲ့ အငွေ့အသက်တွေ ဒီ ရုပ်တုကြီး ၈ ခုကနေ ပေါ်ထွက်နေခဲ့တယ်။ ဒီမြင်ကွင်းကို မြင်မိသူတိုင်း ဒူးထောက်ပြီး ဆုတောင်းမိကြမှာ မလွဲမသွေပါပဲ။
သြတ်ဖတ်ခြင်း အသံတွေ ဒီကျောက်ရုပ်ထုကြီးတွေကနေ ထွက်ပေါ်နေတာပဲ ။ သို့ပေမယ့်လည်း အနီးနားမှာတော့ တပ်သားတွေလည်း မရှိသလို အလောင်းတွေလည်း မရှိဘူးြ ဖစ်တယ်။
“ ဒါက ဘာလဲ။ ”
“ ယဇ်ပလ္လင်။ ကောင်းကင်တာအို ကျောက်ဖျာက ကောင်းကင်တာအိုကနေ ဆင်းသက်လာတယ်။ ပေါ်ထွက်လာချိန်မှာပဲ ကောင်းကင်တာအိုကို ယဇ်ပူဇော်ဖို့ ပလ္လင်နဲ့ အတူ ပေါ်ထွက်လာတာ။” ချီကူယန် သူမကိုယ်သူမ တီးတိုးပြောနေဟန်နဲ့ ဖန်ကျန်းရှီကို ရှင်းပြနေခဲ့တယ်.။
“ကောင်းကင် တာအို ကို ယဇ်ပူဇော်ရတာလား။”
“ ဟုတ်တယ်။ ကောင်းကင်ကနေ ရွေးချယ်ခံထားရသူ ကပဲ ဒီယဇ်ပလ္လင်ကို ကျော်ဖြတ်ပြီးတော့ ကောင်းကင်တာအို ကျောက်ဖျာဆီကို ရောက်ရှိနိုင်မယ်။ ” ချီကူယန်က ပြန်ဖြေလိုက်တယ်။
တစ်ဦးက ကောင်းကင်ကို ဒူးထောက်တယ်။ တစ်ဦးက ငရဲကို ။. တစ်ဦး မိဘတွေကို ။
အခုချိန်မှာ ကောင်းကင်တာအို ကြောင့် ကံကောင်းရင် သုခမိန် ချက်ခြင်း ဖြစ်နိုင်ပြီးတော့ လွတ်လပ်မှုကို ရနိုင်တယ်။
“ ယဇ်ပလ္လင်ကို သွားတဲ့ တံခါးက ပွင့်သွားပြီ။” ချီကူယန် ရွှေရောင်ကျောက်တိုင်ဆီကို ညွှန်ပြရင်းနဲ့ ပြောလိုက်တယ်။
“ ယဇ် ပလ္လင်ကို သွားတဲ့ တံခါး။” ဖန်ကျန်းရှီ ချီကူယန် ညွှန်ပြနေတဲ့ နေရာကိုကြည့်လိုက်ချိန်မှာတော့ ရွှေတိုင်လုံးကြီး ရဲ့ အောက်ခြေမှာ ပွင့်နေတဲ့ တံခါးကို တွေ့လိုက်ရတော့တယ်။
တံခါးက တစ်ဝက်ပွင့်နေတာလား။
အထဲကို ဝင်သွားတဲ့ သူ ရှိနေပြီ။ သူ့ရဲ့ ပျော်ရွှင်မှုတွေ ပျောက်ကွယ်သွားတော့မတတ် ဖြစ်နေခဲ့တယ်။ ငါတို့ ပြဿနာတက်ပြီလား။
ဒီ နေရာဆိုးကြီးကနေ မြန်မြန်ပြေးထွက်ပြီးတော့ မြောက်ရွာကို ပြန်ချင်နေပြီ။ ဒါပေမယ့်လည်း သူ့မှာ ဒီလို လုပ်ဖို့ လမ်းမရှိဘူး။
သူ တွေးဖို့ လိုတဲ့ တစ်ခုတည်းသော အရာကတော့ ကောင်းကင်တာအို ကျောက်ဖျာပဲ။ ဒီနေရာကနေ ထွက်ဖို့ တစ်ခုတည်းသော နည်းလမ်းလည်း ။
ဖန်ကျန်းရှီ ဒီ အကြောင်းကို မေ့တော့မယ့် အခြေအနေမှာ ရှိနေခဲ့တယ်။
အခု သူက ဒီမှာ ရှိနေပြီ။ ဒီ ကောင်းကင်တာအို ကျောက်ဖျာ အတွက် သူ့ ကံကို စမ်းသပ်ရမယ်။ ပထမဆုံး ခြေလှမ်း စဖို့ ပဲ လိုတယ်။
နောက်ပြီးတော့ ချီကူယန်ရဲ့ စွမ်းရည် တွေကို မြင်ချိန်မှာတော့ ဖန်ကျန်းရှီ ရဲ့ တာအိုဖန်တီးမှု အကြောင်း သိလိုစိတ် နဲ့ မနာလိုမှု တိုးပွားလာခဲ့တယ်။
ကောင်းကင်ရောင်ပြန် အထွဋ်အထိပ် အဆင့်မှာ ရှိနေတဲ့သူ တစ်ယောက်က
သဘာဝလွန် အဆင့်က သူ ထက် ပိုပြီးတော့ မြန်ဆန်တယ်။
အကယ်၍ ချီၤကူယန်သာ လုပ်နိုင်ရင် ဘာလို့ ငါက မလုပ်နိုင်ရမှာလဲ။
အပိုင်း (၂၄၃) ပြီး၏။
အပိုင်း (၂၄၄)
“ အနီရောင် နတ်ဆိုး မျက်လုံး”
ဖန်ကျန်းရှီ သူ့ ကံကို စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက်မှာတော့ တစ်စုံတစ်ဦး သူ့ ထက်ပိုပြီးတော့ လှုပ်ရှားတက်ကြွနေတာကို သတိ ထားမိလိုက်တယ်။
ဒီလူ ထုံးစံ အတိုင်း ပင်းယန်ပဲ ။
ဖန်ကျန်းရှီ မလှုပ်ရှားခင်မှာပဲ ပင်းယန် ပြေးသွားနေခဲ့ပြီးသား ။
သူမ တစ်ဝက်ပွင့်နေတဲ့ ကျောက်တုံးတံခါးစီကို ဦးတည်ပြီးတော့ ပြေးခဲ့တာ ။ ဖန်ကျန်းရှီကိုတောင် မှ စကားမပြောတော့ပဲ တံခါးဆီကိုသာ လုံးလုံး လုံးလုံး နဲ့ လိမ့်သွားခဲ့တာ ။
“ ဟ ဟ ။ ငါ သွားပြီ။ ” ပင်းယန် ရယ်မောရင်း ပြောနေခဲ့တယ်။
ဒါ ဖန်ကျန်းရှီၤကို အနည်းငယ် စပ်စုလိုစိတ် ဖြစ်စေတယ်။
ပင်းယန်လို မင်းသမီး တစ်ပါး တောင်မှ ဒီလောက်တောင် အလျင်လိုနေ ရတယ်။ ကောင်းကင်တာအို ကျောက်ဖျာ ဆိုတာ သူ တစ်ခါမှ မမြင် ဖူးဘူးလား။
သူမနည်းနည်းလေးတောင် မတည်ငြိမ်နိုင်ဘူးလား။
ဖန်ကျန်းရှီ ချီကူယန်ကို ကြည့်လိုက်တယ်။
ချီၤကူယန် ဖန်ကျန်းရှီရဲ့ သံသယတွေကို သူ့ အကြည့်တွေကနေ နားလည်နိုင်တယ်။ “ တကယ်တော့ ပင်းယန်က ကောင်းကင်တာအို ကျောက်ဖျာကို တစ်ခါမှ မမြင်ဖူးဘူး။”
“မင်းကကော”
“ ငါ မြင်ဖူးတယ်။” ချီၤကူယန်က ခေါင်းငြိမ့်လိုက်တယ်။
ဖန်ကျန်းရှှီ ရဲ့ စိတ်ထဲမှာ မေးခွန်းတစ်ခု ပေါ်လာပြန်တယ်။ ပင်းယန်က ဧကရာဇ် ရဲ့ အချစ်ဆုံး သမီးတော်။ ချီကူယန် တောင် မြင်ဖူးရင် ပင်းယန်လည်း မြင်ဖို့ အခွင့်အရေးရှိမှာပဲ။
တစ်ခုခု လွဲနေတာ မဟုတ်ဘူးလား။
နောက်ပြီးတော့ ချီကူယန်က ကောင်းကင်တာအို ကျောက်ဖျာကို မြင်ဖူးခဲ့တယ် ဆိုရင် သူမက ဘာ လို့ သုခမိန် မဖြစ်သေးတာလဲ။
“ မင်း သုခမိန် ဖြစ်ပြီလား။”
“ မဖြစ်သေးဘူး။”
“ မင်း နားမလည်လို့လား။”
“…” ချီကူယန် ခေတ္တ တိတ်ဆိတ်သွားခဲ့တယ်။ အဲ့ဒီ့နောက် ခေါင်းကို ခါယမ်းလိုက်ရင်း ” ကောင်းကင်တာအို သုခမိန် ကျောက်ဖျာ ဆိုတာ ကျောက်ပြားတစ်ပြား မဟုတ်ဘူး။ နင် ကံကောင်းလို့ မြင်ရရင် ငါ ပြောတာကို သဘောပေါက်လိမ့်မယ်။”
“ကောင်းကင်တာအို ကျောက်ဖျာက ကျောက်ပြားတစ်ပြား မဟုတ်ဘူးလား။” ဖန်ကျန်းရှီ ချီၤကူယန် သူ့ကို လိမ်ညာနေတယ်လို့ ထင်လိုက်မိတယ်။
သို့ပေမယ့်လည်း ပင်းယန်ဆီကို လိုက်ဖို့က ပိုပြီးတော့ အရေးကြီးတယ်။ ပင်းယန် တံခါးပေါက်နားကို ရောက်နေပြီ ။
ဖန်ကျန်းရှီ နဲ့ ချီၤကူယန်တို့လည်း ချက်ခြင်း ပြေးလိုက်ရတော့တယ်။
သူတို့ တွေ ကျောက်တုံး တံခါးကို ဖြတ်ပြီးတော့ ခြေလှမ်းချချိန်မှာတော့ ကမ္ဘာသစ် တစ်ခုရဲ့ အငွေ့အသက်ကို ခံစားလိုက်ရတယ်။ သူတို့ ဖြတ်ထွက်လာရတာ တံခါး တစ်ခု မဟုတ်ပဲ အင်အားကြီး တစ်ခုကြောင့် ဆုပ်ယူခံလိုက်ရသလို ။
ထူဆန်းလှတဲ့ မြင်ကွင်း သူ့မျက်စိကို မူးနောက်စေတယ်။
ရွှေရောင်ကျောက်တိုင်လုံးကြီး ဆယ်မီတာ ပတ်လည်သာ အများဆုံး ကျယ်ဝန်းမှာ ။ သို့ပေမယ့်လည်း ဒီ မှာတော့ ကြီးမားပြီး အဖိုးမဖြတ်နိုင်တဲ့ ညီလာခံခန်းမ ကြီး သူ့ရှေ့မှာ ရှိနေခဲ့တယ်။ အဖိုးလှတဲ့ တိုင်လုံး ပေါင်းများစွာ နဲ့ ပြည့်နှက်နေတဲ့ ခန်းမကြီး ။
ခန်းမအလယ်မှာတော့ ကြီးမားတဲ့ မဟူရာ ဒယ်အိုးကြီး ရှိနေခဲ့တယ်။
မီးတောက်တွေ ဒယ်အိုးကြီးထဲမှာ တောက်လောင်နေတာ ။
ဒယ်အိုး အောက်မှာတော့ တောက်ပတဲ့ သံချပ်ကာဝတ် တပ်သားတွေ ရှိနေခဲ့တယ်။ ထောင်ပေါင်းများစွာသော တပ်သားစစ်သည်တွေ ။
ပင်းယန် ဖန်ကျန်းရှှီ ရဲ့ရှေ့မှာ ရပ်နေတာ ။ သူမ စစ်သားတွေကို မြင်ချိန်မှာတော့ အတော်လေး စိတ်လှုပ်ရှား တက်ကြွစွာနဲ့ စကားပြောတော့တယ်။
“ ဦးလေးရှင်း”
“ မင်း မင်းသမီးလေး.။ အရှင်မင်းသမီးလေး ဒီမှာ ဘာလုပ်နေတာလဲ။” ခရမ်းရောင် သံချပ်ကာဝတ်ထားတဲ့ အသက်လေးဆယ် အရွှယ် ဖီးနစ်မျက်လုံး ပိုင်ရှင် လူ ပင်းယန်ကို မြင်ချိန်မှာ ပြန်ဖြေလိုက်တယ်။
အဲ့ဒီ့နောက် ထိုသူ ဖန်ကျန်းရှီကို မြင်ချိန်မှာတော့ ခေတ္တ ရပ်တန့်သွားခဲ့တယ်။ သူစကားစတော့မယ့် အချိန်မှာပဲ သူ့ အကြည့်တွေ တန့်သွားပြန်တယ်။
ချီကူယန် ရှေ့ကို လျှောက်လာတာကြောင့်ပဲ ။
“ ကူယန်”
“ဦးလေးရှင်း။ နှုတ်ခွန်းဆက်ပါတယ်။” ချီကူယန် ဦးညွှတ်ရင်း စကားဆိုလိုက်တယ်။”
“ မင်းသမီးလေးနဲ့ ကူယန်။ ဘာ ဘာလို့ ဒီကိုရောက်နေတာလဲ” သတ်လတ်ပိုင် အမျိုးသား တစ်ဦး မေးလိုက်တယ်။
ဖန်ကျန်းရှီ သူ့ရှေ့က ထိုသူကို မြင်ချိန်မှာ အနည်းငယ် ထိတ်လန့်သွားခဲ့တယ်။
အကယ်၍ ချီကူယန်ရဲ့ အရှိန်နှုန်းကသာ သူ့ကို မူးနောက်စေနိုင်တယ် ဆိုရင် ဒီလူရဲ့ အမြန်နှုန်း သဘာဝလွန်ပဲ။.
သူ ပင်းယန် ခမည်းတော်ရဲ့ ညီ လား။ ဒါမှမဟုတ်။ ချီကူယန် အဖေရဲ့ အကိုကြီးလား။
ဖန်ကျန်းရှီ ရဲ့ နှလုံးခုန်သံတွေ မြန်ဆန်လာတော့တယ်။ ဒီလူက ရှင်းယွမ်ကောင်းလား။ ကျောင်းတော် ၁၃ခုကို ဦးဆောင်သူ ။ နောက်ပြီးတော့ ရှင်ချင်းစွေ့ရဲ့ အဖေ။
စစ်နတ်ကျောင်းတော်ကို တော့ ဖန်ကျန်းရှီ အတော်လေး လေးစားပါတယ်။ ဆုံးဖြတ်ချက်တွေက အတော်လေး ပြတ်သားလွန်းတယ်။ နောက်ပြီးတော့ ရှင်ချင်းစွေ့ကလည်း သူ့ကို ညီလာခံ ခန်းမထဲမှာ ကူညီဖူးတယ်။
ဒါပေမယ့်လည်း ရှင်းယွမ်ကောင်းကတော့ ချီကူယန် နဲ့ ပင်းယန်ကိုပဲ အာရုံစိုက်နေခဲ့တယ်။
ဒါကြောင့် သူတို့ မနှောက်ယှက်ဖို့ ဆုံးဖြတ်လိုက်တယ်။
“ ကူယန်တို့ ဒီကိုရောက်လာတာတော့ ပြောဖို့ ရှည်တယ်။ ဦးလေးရှင်းတို့ ဒီမှာ ပိတ်မိနေတာလား။” ချီကူယန် စစ်သားထောင်ချီကို ကြည့်ရင်း မေးလိုက်တယ်။
“ကူယန်ရဲ့ အမြင်က ထက်မြက်ပါပေတယ်။ ဒီတိုက်ပွဲက ဒီ ဆယ်စုနှစ်တွေ ထဲမှာ အခက်ခဲ ဆုံး တိုက်ပွဲပဲ။ အသက်ဆုံးရရင်တောင် ဒီ နတ်ဆိုးတွေ နဲ့ သူသေကိုယ်သေ တိုက်ခိုက် သွားမယ်။” ရှင်းယွမ်ကောင်းရဲ့ တိုက်ပွဲ ဝိဉာဉ် တောက်ပလာပြန်တယ်။
ဖန်ကျန်းရှီ တော့ ဒီ အငွေ့အသက်ကို ရှင်ချင်းစွေ့ ဆီမှာ တစ်ခါ မြင်ဖူးတယ။် အကယ်၍ ရှင်ချင်းစွေ့ကသာ မြစ်ချောင်း သဖွယ် ဆိုရင် ရှင်းယွမ်ကောင်း သမုဒ္ဒရာ သဖွယ် ။
အဆုံးမရှိတဲ့ ပင်လယ်ကြီး
ဒီလို စစ်ဗိုလ်ချုပ်ကြီး တစ်ဦး အတွက်တောင် ခက်ခဲ လှတဲ့ တိုက်ပွဲ ဘယ်လိုမျိုးဖြစ်နိုင်မလဲ။
ခိုင်မာလှတဲ့ စိတ်ဝိဉာဉ်နဲ့ နောက်ပြန် မဆုတ်တမ်း ရှေ့ဆက်တိုးတဲ့ ဆုံးဖြတ်ချက်တွေက စစ်နတ်ကျောင်းတော်ကို ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အဓိကမဏ္ဍိုင်တစ်ခု ဖြစ်လာစေတာလား။
“ ဦးလေး ရှင်း ။ စစ်တပ်ခံတပ်မှာ ဘာတွေ ဖြစ်ခဲ့တာလဲ။” ချီကူယန်က မေးလိုက်တယ်။
“အဲ့ဒီ့ကို ရောက်ခဲ့တယ်လာ။”
“ဟုတ်။”
“ အင်း ။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ခဲ့တယ်။ တပ်နီတော်နဲ့ တောင်ဖြို တပ်ဖွဲ့ကြားက တိုက်ပွဲကြီးပေါ့။” ရှင်းယွမ်ကောင်းရဲ့ မျက်ဝန်းတွေ ဒီ အကြောင်းကို ပြောချိန်မှာတော့ အေးစက်လာခဲ့တယ်။
ချီကူယန် ဒါကို ကြားချိန်မှာတော့ အေးခဲသွားခဲ့တယ်။
ပင်းယန်လည်း ဒီ အချိန်မှာတော့ တိတ်ဆိတ်နေခဲ့တယ်။
အဲ့ဒီ့နောက် ရှင်းယွမ်ကောင်း ဆက်ပြောပြန်တယ်။
“ လွန်ခဲ့တဲ့ တစ်နာရီ တုန်းက တောင်ဖြို တပ်ဖွဲ့နဲ့ တပ်နီတော်တို့ ကို တိုက်ခိုက်မှု ဖြစ်လာတာ သတိထားမိခဲ့တယ်။ ဒီလိုနဲ့ပဲ သူတို့ ခုခံ တိုက်ခိုက် ခဲ့ကြတယ် ။”
“မင်းရဲ့ အဖေက ဦးလေးကို ဒီတိုက်ပွဲ အတွက် တပ်နီတော်ကို အုပ်ချုပ်ခွင့် ပေးလိုက်တယ်။ တပ်တစ်ခုချင်းစီရဲ့ အင်အားနဲ့ ဗျူတွေကို ခွဲခြားပြီးနောက် အရှေ့နဲ့ တောင်ဘက် ကို တောင်ဖြို တပ်ဖွဲ့ ။ အနောက်နဲ့ မြောက်ဘက်ကို တပ်နီတော်ဆီ တာဝန်ပေးလိုက်တယ။်”
ရှင်းယွမ်ကောင် ခေတ္တရပ်နားပြန်တယ်။
ချီကူယန် ခေါင်းတစ်ချက် ငြိမ့်လိုက်တယ်။ သူမသာ အမိန့်ပေးသူဖြစ်ခဲ့ရင်လည်း ဒီလိုသာ နေရာချမှာ ။ တောင်ဖြို တပ်ဖွဲ ရဲ့ ခံစစ် ကောင်းမွန်လှပြီးတော့ တပ်နီတော် တိုက်စစ်ကောင်းမွန်လှတယ်။
ဒီအချက်လည်း တည်နေရာပေါ်မူတည်တယ်။
တပ်နီတော်က လူရိုင်းတွေကို ခုခံဖို့နဲ့ တိုက်စစ်ဆင်ဖို့ အများအားဖြင့် လုပ်ဆောင်တာ ။ ဒီလိုကြောင့် သူတို့ ရဲ့ အရည်အချင်း လူရီုင်းတွေ နဲ့ တိုက်ခိုက်ရာမှာ ပိုမို အစွမ်းထက်လှတယ်။
သူတို့ရဲ့ ကိုယ်ပိုင် ဗျူနဲ့ လူရိုင်းတွေကို တိုက်ထုတ်နိုင်တယ်။
တောင်ဖြို တပ်ဖွဲ့ မြို့တော်တွေကို ကာကွယ်ဖို့ အတွက် အဓိက တာဝန်ဖြစ်ပြီး။ ခံစစ်ကို အားစိုက်သူတွေ ။
ဆယ်စုနှစ်များစွာ စစ်တပ်ကို အုပ်ချုပ်လာတဲ့ ရှင်းယွမ်ကောင်း ဒီလို စီစဉ်တာ အကောင်းဆုံးဖြစ်မှန်းသူ နားလည်တယ်။
“ ဒါပေမယ့် ငါ မမျှော်လင့် ခဲ့တာက စစ်တပ်တွင်း သတ်ဖြတ်မှု ဖြစ်သွားမယ် ဆိုတာပဲ။ ” ရှှုင်းယွမ်ကောင်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း အံကြိတ်ကာ ပြောပြနေခဲ့တယ်။
“ စစ်တပ်တွင်း သတ်ဖြတ်မှု ဖြစ်သွားတာ။”
“ဟုတ်တယ်။ တောင်ဖြိုတပ်ဖွဲ့ စစ်သားတွေက တပ်နီတော်ကို သတ်ပြီးတော့ တပ်နီတော် တောင်ဖြို တပ်ဖွဲ့ကို သတ်ခဲ့တယ်။ ငါတို့ ရပ်တန့် နိုင်ခဲ့ အချိန်မှာ တော့ သိပ်ကို နောက်ကျလွန်းသွားခဲ့ပြီ။”
“ ကျူးကျော်သူတွေက တပ်ဖွဲ့ နှစ်ခုလုံးမှာရောနှောနေပြီးတော့ နှစ်ဖွဲ့ကို တိုက်ခိုက်အောင် အမြင်မှောက်စေတာလား။” ချီကူယန်က ခန့်မှန်းလိုကတယ်။
“ အကြောင်းရင်း တစ်ခုပဲ ရှိမယ်ထင်တယ်။ တိုက်ခိုက်မှု ဖြစ်တဲ့ အချိန်မှာ တောင်ဖြိုတပ်ဖွဲ့လည်း တပ်နီတော်ကိုမမြင်ဘူး။ တပ်နီတော်လည် း ထို့နည်းလည်းကောင်းပဲ။ သူတို့ အားလုံး ဝတ်ရုံနက်တွေကိုပဲ မြင်ကြတယ်။” ရှင်းယွမ်ကောင်းက ပြောလိုက်တယ်။
“ဝတ်ရုံနက်တွေ ။ ဦးလေး ရှင်း။ မတည်ရှိတဲ့ သူတွေ အကြောင်း ပြောနေတာလား။” ချီကူယန်က မေးလိုက်တယ်။
“ ငါရဲ့ အတွေ့အကြုံတွေ အရ ဆိုရင်။ ဒီ ဝတ်ရုံနက်တွေက တောင်ဖြို တပ်ဖွဲ့နဲ့ တပ်နီတော်က လူတွေပ ဲ ဖြစ်ရမယ်။ ဒါပေမယ့် သူတို့ရဲ့ အသွင် ပြောင်းလဲသွားလိမ့်မယ်။ တပ်န်ီတော်ရဲ့ လူတွေ အနေနဲ့ တောင်ဖြို တပ်ဖွဲ့ကို ထိခိုက် တာလဲ ဒါကြောင့်ပဲ ဖြစ်ရမယ်။” ရှှုင်းယွမ်ကောင်း ဆက်ပြောလိုက်တယ်။
“ အကယ်၍ ဒီလို သာ ဖြစ်ခဲ့ရင် တိုက်ပွဲကို ရပ်ဖို့ အမိန့် ဘာလို့မပေးခဲ့တာလဲ။”
“ ငါ အမိန့်ပေးခဲ့တယ် ဒါပေမယ့် တိုက်ခိုက်မှုတွေ ပြီးဆုံးသွားချိန်မှာ အဲ့ဒီ့ ဝတ်ရုံနက် တွေ …” ရှင်းယွမ်ကောင်းရဲ့ အမူအယာ နာကျင်နေဟန်ပါပဲ။
“ ငါ အမိန့်ပေးချိန် တုန်းက သတ်ဖြတ်မှု အစပဲ ရှိသေးတယ်။”
ချီကူယန် ဘာတွေ ဖြစ်နေလဲ ခန့်မှန်းနိုင်တယ်။
နေရာ အနှံ့မှာ ပြည့်နှက်နေတဲ့ ထောင်ချောက်တွေထဲကို တပ်သားတွေ ကျရောက်ကုန်တာ ဖြစ် ရမယ်။
“ ဦးလေးရှင်း ။ အဆုံးမဲ့ လောကကို ကြားဖူးလား။” ချီကူယန် ရုတ်တရက် မေးလိုက်တယ်။
“ အဆုံးမဲ့ လောက။ ဒါပေမယ့် ။ မင်း ဘာေပြောလိုက်တယ်။ ငါတို့ အဆုံးမဲ့ လောကထဲမှာ ပိတ်မိနေတာလား။” ရှင်းယွမ်ကောင်းရဲ့ အမူအယာ ရုတ်တရက်ပြောင်းလဲ သွားခဲ့တယ်။
“ ခန့်မှန်းမှု သက်သက်ပါပဲ။ ဒါပေမယ့် စစ်တပ်တဲမှာ သတ်ဖြတ်မှု ဖြစ်ချိန်တုန်းက ကူယန်တို့လည်း သိပ်မဝေးတဲ့ နေရာကနေ ကြားနေရတယ်။ အဆုံးမဲ့ လောက တစ်ခုတည်းကသာလျှင်ကန်လင်းတောင် တစ်ခုလုံးကို ဒီလို ထောင်ချောက် ဖြစ်စေနိုင်တာ။”
“ ကန်လင်းတောင် တစ်ခုလုံး။ ထောင်ချောက်။ ဖျက်စီး ခံလိုက်ရတဲ့ အဆုံးမဲ့ လောကကို နတ်ဆိုးတွေ ရှာတွေ့မယ်လို့ မထင်ခဲ့ဘူး ။နောက်ပြီးတော့ သူတို့ ပြန်သုံးနိုင်တယ်လား။ ဒီ လောကကြီးမှာ အဆုံးမဲ့ လောကကို သုံးနိုင်တဲ့ သူက သုံးယောက်ပဲ ရှိတယ်။ ဒါပေမယ့် ဘယ်သူကများ နတ်ဆိုးတွေ နဲ့ အပေးအယူ လုပ်လိုက်တာလဲ။” ဒေါသ မီးလျှံတွေ ရှင်းယွမ်ကောင်းရဲ့ မျက်ဝန်းထဲက ပေါ်လာခဲ့တယ်။
“ အတော်လေးကောင်းတဲ့ မေးခွန်းပဲ။ ဒီတစ်သက် အဖြေကို မင်းမသိရတော့မှာပဲ နှမြောစရာ ကောင်းလိုက်တာ။” သူတို့ စကားပြောနေချိန်မှာပဲ ကျောက်တုံး တံခါးကနေ အသံ တစ်သံ ပေါ်ထွက်လာခဲ့တယ်။
အဲ့ဒီ့နောက် ဝတ်ရုံနက် လူ တစ်ဦး ပေါ်ထွက်လာတော့တယ်။ သူ ခေါင်းပေါ်မှာ ဦးထုပ်တစ်လံုံး ဆောင်းထားပြီးတော့ သူ့နောက်မှာတော့ လူ ကိုးဦးက ခြံရံထားခဲ့တယ်။
ထိုသူ ကိုးဦးမှာတော့ အစိမ်းရောင် နတ်ဆိုး မျက်ဝန်းတေ ွ ရှိနေခဲ့တယ်။
“နတ်ဆိုးတေွံ။ သဘာဝလွန် အဆင့် နတ်ဆိုး ကိုးဦး”
ရှင်းယွမ်ကောင်း အံံ့သြသွားပေမယ့်လည်း ခဏခြင်း ပြန်လည် ထိန်းသိမ်းခဲ့တယ်။
“ မင်းက ငါ့ကို အံ့သြအောင် လုပ်မယ် ထင်ထားတာ။ ဒါပေမယ့် အမြဲတမ်း ဒီလောက် လူ နည်းနည်း လေးနဲ့ပဲ ပေါ်လာတယ်။ စိတ်ပျက်စရာ ကောင်းလိုက်တာ။” ရှင်းယွမ်ကောင် ခေါင်းခါယမ်းရင်း ပြောလိုက်တယ်။
“ မင်းက ငါတို့ နဲ့ ဒီလောက် နှစ်တွေ အကြာကြီး တိုက်ခိုက်ခဲ့ပြီးပြီ ။ အခုတော့ မင်း သေရတော့မယ်။ မင်းက အခုတော့ သူငယ်ချင်း ငေ်းကြီး ပို့ဆောင်တာ ခံရတော့မှာပေါ့။ ငါ ပိုင်ရှင်း ၊ မျိုးနွယ်စု ၁၀ ခု ထဲမှာ မင်းကို ယှဉ်နိုင်တဲ့တစ်ဦးတည်းသော သူပဲ။” ဝတ်ရုံနက်လူ သူ့ကိုယ်သူ ဖော်ထုတ်လိုက်တယ်။
အဲ့ဒီ့နောက် သူ့ရဲ့ မျက်နှာကို မြင်လိုက်ရတယ်။ အသက် ၃၀ အရွှယ် ထိုသူ ရဲ့ ရုပ်သွင် ကြည်လင် ရှင်းသန့်နေခဲ့တယ်။
သူ တိုက်ပွဲကို မတွေ့ကြုံဖူးတဲ့ စာပေပညာရှင် တစ်ဦးနဲ့ ဆင်တူလှတယ်။
ဒါပေမယ့်လည်း သူ့ ကို ကြည့်မိသူတိုင်းကို ကျောချမ်းစေနိုင်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ မျက်လုံး တစ်စုံလည်း ရှိနေခဲ့တယ်။
အရေးအကြီးဆုံကတော့ သူ့ရဲ့ နတ်ဆိုးမျက်လုံး သွေးနီရောင် တော က်နေတာပဲ ။
“ ကြယ်တာရာ နတ်ဆိုး မျိုးနွယ်ရဲ့ မျိုးနွယ် စု ခေါင်းဆောင် အနေနဲ့ နောက်လိုက် ၉ ယောက်ကိုပဲ ခေါ်လာတာ လုံလောက်ပြီလား။” ရှင်းယွမ်ကောင်း သွေးနီရောင် နတ်ဆိုး မျက်လုံးကို မြင်ချိန်မှာတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အော်ပြောလိုက်တယ်။
“ ဒါပေါ့။ ဘယ် လောက်မလဲ။ မင်းတို့ အတွက် အထူးလက်ဆောင် ပြင်ဆင်ထားတယ်။ ဒါပေမယ့် ငါ့ အတွက်လည်း မင်းက ပို အံ့သြစရာကောင်းတဲ့ လက်ဆောင်တွေ ပေးထားတာပဲ။ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ထိပ်တန်း စွမ်းအားရှင် ချီကူယန်။ မင်းသမီး ပင်းယန် နဲ့ ငါမှန်းတာ မှန်ရင် နောက်တစ်ယောက်က ချီးမြှောက်ခံ ဓားသံတမန်ပဲ ဖြစ်ရမယ်။” ပိုင်ရှင်း ဖန်ကျန်းရှီကို ပြုံးပြရင်းပြောနေခဲ့တယ်။
“ ဓားသံတမန်လား။” စစ်သည်တွေ ပိုင်ရှင်ရဲ့ စကားကို ကြားချိန်မှာတော့ အနည်းငယ် အံ့အားသင့်သွားကြတယ်။
သူတို့ ထဲက တစ်ချို့ ဖန်ကျန်းရှီကို မှတ်မိကြတယ်။
ဒါပေမယ့် ပိုင်ရှင်းက သူ့ကို ဘာကြောင့် ဓားသံတမန်လို့ ခေါ်နေတာလဲ။
“ ပုံမှန် အတိုင်း ဆိုရင် လူတွေက ချီးမြှောက်ခံတွေ အကြောင်း ပြောချိန်မှာ တန်ဖိုးကြီး လက်ဆောင်တွေ ပေးရင်း နဲ့ လှိုက်လှဲမှုကို ဖော်ပြကြတယ်။ ကြယ်တာရာ ခေါင်းေ်ဆာင် အနေနဲ့ ဘယ်လို များ ဖော်ပြမလဲ သိချင်ပါတယ်။” ဖန်ကျန်းရှီ ” တန်ဖိုးကြီးလက်ဆောင်” ဆိုတဲ့ စကားကို ပိုပိုသာသာလေး ဖိပြောလိုက်တာ ြဖ်စတယ်။
“ း း ဓားသံတမန်ပြောတာ မှန်တာပေါ့။ ဒါက ငါတို့ရဲ့ ပထမဆုံး တွေ့ဆုံ ခြင်းပဲ။ ဒါကြောင့် ငါ လက်ဆောင် နှစ်ခုနဲ့ အထက် ပေးသင့်တယ်။ ဒါပေမယ့် လူတွေမှာ လက်ဆောင် ဆိုတာ အပြန်အလှန်ရှိကြတယ်။ အကယ်၍ ငါသာ မင်းကို လက်ဆောင်တစ်ခု ပေးရင် မင်းကော ပြန်ပေးမှာလား” ပိုင်ရှင်း ရယ်မောရင်း မေးလိုက်တယ်။
“ ဒါပေါ့။ မင်းမှာ သစ္စာ လူမှာ ကတိ ပြောစကား အတိုင်းပဲ။ လက်ဆောင်ဆိုတာ အပြန်အလှန်ပေ်းမှာပေါ့။” ဖန်ကျန်းရှီ တလေးတစား ပြန်ဖြေလိုက်တယ်။
“ ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလိုက်သလဲ။” ပိုင်ရှင်းရဲ့ အပြုံး အပြစ်ကင်းစင်လှတဲ့ အသက် ၁၅ နှစ် အရွှယ် ထိုကောင်လေး ( ဖန်ကျန်းရှီ) ကို ကြည့်ရင်း ပိုမို တောက်ပလာတော့တယ်။
အပိုင်း (၂၄၄) ပြီး၏။
အပိုင်း (၂၄၅)
“ ဒူးထောက်ပြီး ငါ့ကို ကျေးဇူးတင်စမ်း”
ဖန်ကျန်းရှီလည်း ပြုံးနေခဲ့တယ်။ သူ ပိုင်ရှင်းထက်ကို ပိုမိုတောက်ပစွာ ပြုံးနေခဲ့ တာ ။ နောက်ပြီးတော့ သူ့ရဲ့ အမူအယာ ဒယ်အိုး အောက်က စစ်သည်တွေရဲ့ စိတ်ကို သံသယ ပွားစေခဲ့တယ်။
“ သူက သွေးတိုး စမ်းနေတာလား။”
“ ဖန်ကျန်းရှီ အရှုံးပေးနိုင်ချေ ၉၀ % ရှိတယ်။ ” စစ်သားတွေ အားလုံး ဖန်ကျန်းရှီကို စိတ်ပျက်စွာ ကြည့်နေခဲ့တယ်။ သူတို့ တိုက်ခိုက်ဖို့ ပြင်နေခဲ့တာ ဖြစ်ပေမယ့်လည်း ဖန်ကျန်းရှီလည်း နတ်ဆိုး ကောင်ကို လက်ဆောင် တောင်းနေခဲ့တယ်။ ရှင်းယွမ်ကောင်း ဖန်ကျန်းရှီကို စိုက်ကြည့်နေခဲ့တယ်။ ဒီ လူငယ်လေး ဘာတွေ တွေးနေ လည်း သူတကယ်ကို ခန့်မှန်းလို့ မရနိုင်ဘူး။ ဒါပေမယ့်လည်း သူတို့ ပြောတဲ့ စကား အရ။
ဒါ သူတို့ ပထမဆုံး အကြိမ်တွေ့ဆုံတာပဲ ။
ဖန်ကျန်းရှီ ဘယ်လို လူမျိုးလည်း သူတကယ်ကို မသိဘူး။
အကယ်၍ ဖန်ကျန်းရှီသာ သစ္စာရှိသူ တစ်ဦး ဖြစ်ခဲ့ရင် ဒီ လို တိုက်ပွဲ အခြေအနေမှာတောင်မှ သ လုပ်နေနိုင်သေးတဲ့ ဒီလူငယ်ကို အနာဂတ်မှာ သတိထားရမှာ အမှန်ပဲ။
ဒါပေမယ့်လည်း ရန်သူ သူတို့ ထက် သန်မာလွန်းလှတယ်။ ဒါ့အပြင်ကို သူတို့ အဆုံးမဲ့ လောက ထဲမှာ ထောင်ချောက်မိနေတာလည်း ။ ဖန်ကျန်းရှီ အရှုံးပေးတာ ပိုပြီးတော့ ဖြစ်နိုင်ချေ ရှိတယ်။
သတ်ရမလား။
ဒါမှမဟုတ် လွှတ်ပေးရမလား။”
ဒါ ရှင်းယွမ်ကောင်း ရဲ့ စိတ်ထဲမှာ တွေးနေတာပဲ ။ စစ်ဗိုလ်ချုပ် တစ်ဦး အနေနဲ့ အပြုအမူတိုင်းကို သတိထားရမှာ သူ့ တာဝန်ပဲ ။ နောက်ပြီးတော့ ဖန်ကျန်းရှီ ပင်းယန် မင်းသမီးရဲ့ လူ ။
အကယ်၍ ဖန်ကျန်းရှီသာ ပင်းယန်ကို အကာအကွယ် အတွက် အသုံးချနေတာ ဆိုရင် ဒီ့အတွက် အကြောင်းရင်း တစ်ခုပဲ ရှိမယ်။ သတ်။
ရှင်းယွမ်ကောင်းရဲ့ မျက်ဝန်းတွေ အေးစက်မှုတွေ တဖိတ်ဖိတ်တောက်နေခဲ့တယ်။ သူ ဖန်ကျန်းရှီကို မရပ်တန့်သလို တိုက်ခိုက်ခြင်း လည်း မရှိဘူး ။ သူ့ကိုယ်သူ ကတိပေးနေခဲ့တယ်။ အကယ်၍ ဖန်ကျန်းရှှီ လက်ဆောင်ကို ယူရ်င် သတ်မယ်။
ကိစ္စတွေ ရှုပ်ထွေးစွာ လည်ပတ်နေခဲ့တယ်။
ရယ်မောပြီးနောက်မှာတော့ ပိုင်ရှင်း တစ်ခဏ တွေးတောနေခဲ့တယ်။
“ မင်းရဲ့ ဂုဏ်သတင်းနဲ့ ဉာဏ်ရည်က မထင်မှတ်ထားလောက်အောင် ကောင်းမွန်တယ်။ အသက် ၁၅ နှစ်မှာ ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်တယ် တာအို ခန်းမမှာလည်း တစ်ခါမှ မသင်ကြားဖူးဘူး။ ဆရာလည်း မရှိပဲနဲ့ ဒီနေရာထိ ရောက်လာခဲ့တယ်။ ရှားမှ ရှားတဲ့ လူသားပဲ။ သူတို့တွေက မိသားစု နောက်ခံကိုပဲ ကြည့်ၤကြတယ်။ အရည်အချင်းကို အဓိက ဂရုမစိုက်ကြဘူး။ သူတို့နဲ့ နေနေတာက မင်းရဲ့ အရည်အချင်းတွေကို ဖြုန်းတီးရာရောက်တယ်။ အခုတော့ မင်း နဲ့ ငါ ဆုံခဲ့ပြီ။ ငါ့ရဲ့ လက်ဆောင်ကို လက်ခံမယ် လို့ မျှော်လင့်ပါတယ်။ ဒီ ကျောက်မျက်မှာ ။ ငါတို့ရဲ့ တုနှိုင်းမဲ့ ပညာဖြစ်တဲ့ ” အနန္တ ကြယ်တာရာ ဓားပညာ ” ပထမ အပိုင်း ပါတယ်။”
ပိုင်ရှင်း ရဲ့ ရည်ရွှယ် ချက် ထင်ရှားပါတယ်။ သူ စည်းရုံး သိမ်းသွင်းချင်နေတာ ။
သူပြောပြီးတဲ့နောက်မှာတော့ သူ့ ရဲ့ ညာလက်ကို ဖြန့်ရင်း ကျောက်မျက်ရတနာကို ပြထားခဲ့တယ်။ မင်းလိုချင်ရင် လာယူလေ။
“ အနန္တကြယ်တာရာ ဓား ပညာ က ပိုင်ရှင်း ရဲ့ ကိုယ်ပိုင်ပညာ မလား။”
စစ်သည်တွေ သူတို့ ကြားတာကို မယုံနိုင်ဖြစ်နေကြတယ်။
ရှင်းယွမ်ကောင်းလည်း လှုပ်ရှားလာတော့တယ်။ ပိုင်ရှင်း ကျောက်မျက်ရတနာနဲ့ လက်နက်တွေကို မပေးကမ်းပဲနဲ့ သူ့ရဲ့ တိုက်ခိုက်မှု နည်းပညာကို ပေးနေတာ ။
အကယ်၍ ဖန်ကျန်းရှီသာ ပထမ ပိုင်းကို လေ့ကျင့်ခဲ့ရင် အဆုံးသတ်ထိ သူ လေ့ကျင့်ချင်လာမှာပဲ ။
ဒါ သဘောတရား အရ ။
ဖန်ကျန်းရှီက ဘာကို ရွေးချယ်မလဲ။ ကျောက်မျက်ကို ယူပြီးတော့ ပိုင်ရှင်းကို သစ္စာရှိမှုနဲ့ ကျေးဇူးဆပ်မှာလား။ ဒါမှ မဟုတ် ငြင်းပယ်လိုက်မှာလား။
အဖြေကတော့ ရှင်းပါတယ်။
ဖန်ကျန်းရှီ ပိုင်ရှင်း ဆီကို လျှောက်သွားပြီးတော့ လက်ထဲက ကျောက်မျက်ကို ယူလိုက်တယ်။
သူ ယဉ်ယဉ်ကျေးကျေး ဦးညွှတ်ရင်းနဲ့ ” ကျေးဇူးတင်ပါတယ်။” လို့ ပြောလိုက်တယ်။
ညီလာခံ ခန်းမထဲကို ပျံ့နှံ့သွားတဲ့ သူ့ အသံ စစ်သည်တွေရဲ့ အမူအယာကို မည်းမှောင်စေခဲ့တယ်။
ရှင်းယွမ်ကောင်း ဓားကို ဆုပ်ကိုင်လိုက်တယ်။ ဒါကို ဆက်ပြီးတော့ မကြည့်နိုင်တော့ဘူး ဒါပေမယ့်လည်း ချီကူယန် သူနဲ့ ဖန်ကျန်းရှီ ကြားကို ဖြည်းဖြည်းချင်း ဝင်လာပြီးတော့ ကာဆီးထားခဲ့တယ်။
ချီကူယန်ရဲ့ မျက်လုံးတွေ ပုံမှန် အတိုင်းတောက်ပနေပြီးတော့ သူမရဲ့ အမူအယာ ကန်ရေပြင်လို တည်ငြိမ်နေခဲ့တယ်။
ရှင်းယွမ်ကောင်း ဓားကို ဆုပ်ကိုင်ထားခဲ့တယ်။
အခု အဖြစ် အနည်းငယ် လွဲမှားနေခဲ့တယ်။ သူ့ကိုယ်သူ ဖန်ကျန်းရှီ ကို သတ်ဖို့ ကတိပြုထားပေမ်ယ့လည်း အခုချိန်မှာတော့ သတ်ဖို့ မဖြစ်နိုင် ။
ဖန်ကျန်းးရှီ လက်ဆောင်ကို လက်ခံလိုက်တာကတော့ အမှန်ပဲ ။
ကျေးဇူးတင်ပါတယ် ပြောပြီးနောက် ဖန်ကျန်းရှီနောက်ဆုတ်လာခဲ့တယ်။
ဒါ အနည်းငယ် စိတ်ရှုပ်ထွေးစရာ ကောင်းတယ်။
“ဖြစ်နိုင်မလား”
စစ်သည်တွေ ရဲ့ စိတ်ထဲမှာတော့ အတွေးတစ်ခု ပေါ်လာခဲ့တယ်။ ဖန်ကျန်းရှီ အခုချိန်မှာတော့ ပင်းယန် နားမှာ ရပ်နေတာ ။ လက်မအနည်းငယ်ပဲ ကွာပြီးတော့ ရပ်နေတာ ။
ပိုင်ရှင်းရဲ့ အပြုံး ပိုမိုတောက်ပလာတော့တယ်။
ဖန်ကျန်းရှီလည်းတောက်ပစွာပြုံးနေခဲ့တယ်။
ဒီလို တစ်ယောက်နဲ့ တစ်ယောက် အကြည်ဆိုက်နေတာ ငါး မိနစ်ခန့်ကြာပြီးနောက်မှာတော့ ပိုင်ရှင်း ထပ်မစောင့်နိုင်တော့ဘူး ။
“ အမတ်မင်း။ ပြောထားတဲ့ လက်ဆောင် ဘယ်မှာလဲ။” ပိုင်ရှင်ုး သတိပေးတဲ့ အနေနဲ့ မေးလိုက်တယ်။
“ ပေးပြီပြီလေ။ ” ဖန်ကျန်းရှီက ပြန်ဖြေလိုက်တယ်။
“ ပေးပြီးပြီ။ ဘယ်တုန်းကလည်း” ပိုင်ရှင်း စိတ်ရှုပ်သွားဟန်ပါပဲ။
“ အခုပဲ ကျေးဇူးတင်ပါတယ် ပြောလိုက်တယ်။ မလား။ ဒါကပြန်ပေးတဲ့ လက်ဆောင်ပဲ။” ဖန်ကျန်းရှီက ပြန်ဖြေလိုက်တယ်။
“ ဘာ။” ပိုင်ရှင်း သတိဝင်လာတော့တယ် ။
စစ်သည်ထောင်ချီလည်း ဖန်ကျန်းရှီရဲ့ စကားကို ကြားချိန်မှာ စိတ်ရှုပ်ထွေးကုန်ကြတော့တယ။် ဖန်ကျန်းရှီက ရူးနေတာလား။
ဘာလို့ ။
“ ငါတို့ရဲ့ ကြီးမြတ်လှစွာသော ရှမင်းဆက်က ဒီလောက်တောင် အင်အားကြီးမားပြီးတော့ လူဒီလောက်များပြားလှတာ။ နတ်ဆိုးမျိုးနွယ်ဆိုတာ ပါချီပါချဲ့ လူမရှိတဲ့ ခြောက်ကပ်ကပ်မြို့တွေမှာ နေရတဲ့ ကပ်ပါးတွေပဲ။ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ဓားသံတမန် အဆင့်လေး အမတ်မင်း တစ်ဦးက လေးလေးစားစား ကျေးဇူးတင်စကားပြောတာ မှ လက်ဆောင်မဟုတ်ရင် ဘာက လက်ဆောင်လဲ။ နောက်ပြီးတော့ ဒီလောက် ကျောက်မျက်သေးသေးလေး တစ်ခုကိုပဲ လက်ဆောင် အဖြစ်ပေးတာကို ။ ကြယ်တာရာခေါင်းဆောင်က တကယ်တမ်းဆို ဒူးထောက်ပြီးတော့ ကျေးှဇူးတင်စကား ပြန်ဆို သင့်တာ မဟုတ်ဘူးလား။” ဖန်ကျန်းရှီ ရဲ့ အသံ ဟိန်းထွက်လာပြန်တယ်။
ပိုင်ရှင်း ဒီစကားကို ကြားချိန်မှာတော့သူ့ရဲ့ အမူအယာပြောင်းလဲသွားပြန်တယ်။ အဆင့်လေး။ ဓားသံတမန် ဟုတ်လား။
သူ့လို မျိုးနွယ်ဟု ခေါင်းဆောင် စစ်တပ် ဦးစီးတစ်ယောက်က နတ်ဆိုး လောကမှာ ဆိုရင် အဆင့် နှစ် အမတ်မင်း ။
ဒီ ဘာမဟုတ်တဲ့ အဆင့်လေး အမတ်မင်း က ဒူးထောက်ပြီး ကျေးဇူးတင်စေချင်တယ်လား။
ဒါ က စော်ကားမှုပဲ လုံးဝကို မခံမရပ်နိုင်စရာပဲ ။
စစ်သည်တွေ အေးဆေးတည်ငြိမ်နေတဲ့ ဖန်ကျန်းရှီ နဲ့ ဒေါသ ပေါက်ကွဲနေတဲံ့ ပိုင်ရှင်းကို ကြည့်ရင်း ဘာဖြစ်နေမှန်း မသိ ဖြစ်နေကြတယ်။
ရူးကုန်ကြတာလား။
ငလူးပဲ။
ဒီလို အခြေအနေမျိုးမှာ ပြိုင်ဘက ရန်သူကို စကားအရာ ထိုးနှက်နိုင်ခဲ့တာ ဘယ်လိုလုပ် ရူးနေတယ် ဖြစ်ရမှာလဲ။ ဖန်ကျန်းရှီ ရဲ့ အပြုအမူ သူတို့ စိတ်ထဲက မေးခွန်းကို ဖြေရှင်းပြီးးသား ဖြစ်စေခဲ့တယ်။
နတ်ဆိုးကို ခါးသက်သက် အဆုံးသတ် ဖြစ်အောင် သူလုပ်နိုင်တာပဲ။
“ပြောတာ ကောင်းတယ်။ ကြီးမြတ်တဲ့ ရှ မင်းဆက်လို အင်အားကြီးမားတဲ့ နိုင်ငံတော်ကြီးကို ဘာမဟုတ်တဲ့ ပမွှား နတ်ဆိုး မျိုးနွယ်က စော်ကားချင်လို့ ရမလား။”
“ မင်း အိမ်မက် မက်နေတာပဲ။ ငါတို့ရဲ့ အဆင့်လေး အမတ်မင်းကြီးကို ကျောက်တုံးလေး တစ်တုံးနဲ့ အရူးလုပ်ချင်နေတာလား။”
“ မှန်တယ်။ နတ်ဆိုး တွေကို သတ်။ ငါတို့ရဲ့ ကြီးမြတ်သော ရှ မင်းဆက် ဂုဏ်ရည်ကို မြှင့်တင်ကြမယ်။”
စိတ်အားတက်ကြွလာတဲ့စစ်သည်တွေ အော်ဟစ်ကြတော့တယ်။ ဒါ ဖန်ကျန်းရှီ အစပျိုးလိုက်တဲ့ မီးတောက်လေး ။
ဂုဏ်သိက္ခာကို ရင်းရမယ်။
ဒီစကားလုံး တစ်ချို့ အရင်တစ်ပွဲမှာ အထိနာခဲ့ရတဲ့ စစ်သည်တွေရဲ့ စိတ်ကို ပြောင်းပြန်လှန်ပြစ်ခဲ့တယ်။
ရှင်းယွမ်ကောင်း ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။
ဖန်ကျန်းရှီ ရဲ့ အပြု အမူတွေ အစီအစဉ်တကျ ပြုလုပ်ထားတာလား။ မတော်တဆလား ဆိုတာ သူတကယ် မသိဘူး ။ ဒါပေမယ့်လည်း ဖန်ကျန်းရှီ အရိုးရှင်း ဆုံး နည်းလမ်းကို အသုံးပြုပြီးတော့ စိတ်ဓာတ်ကျနေတဲ့ စစ်တပ်ကို ပြောင်းပြန်လှန်ပြစ်နိုင်ခဲ့တယ်။
စိတ်ဓာတ်ခွန်အား စစ်တပ် တစ်တပ်မှာ အရေးအကြီး ဆုံး။
ကြံ့ခိုင်တဲ့ စိတ်ဓာတ်အင်အား နဲ့ ဆိုရင် ဘာမဆိုဖြစ်နိုင်တယ်။
ဖန်ကျန်းရှီလို မရင့်ကျက် အတွေ့အကြုံမရှိသေးတဲ့ တော်ဝင်စာမေးပွဲကိုတောင် မပြီးမြောက်သေးတဲ့ လူငယ်လေးက သူ့လို သမ္ဘာရင့် စစ်သူကြီး တစ်ယောက် မလုပ်နိုင်တာမျိုးကို လုပ်ဆောင်နိုင်ခဲ့တယ်။
ထောင်ချီတဲ့ စစ်သည်တော်တွေရဲ့ စိတ်ဓာတ် အင်အားကို မြှင့်တင်ပေးခဲ့ပြီးတော့ တိုက်ခိုက်မှု အတွက် စိတ်အင်အားကို ဖြစ်ပေါ်စေတယ်။
ပင်းယန် ဒီ နည်းလမ်းကို သတိမထားလိုက်ပေမယ့်လည်း သိသိသာသာ ပြောင်းလဲ သွားတဲ့ စစ်သားတွေ ရဲ့ အမူအယာကိုတော့ သူမ သိရှိလိုက်တယ်။
ဒီ အရှက်မရှိတဲ့ ကောင်စုတ်လေးက “ အနန္တ ကြယ်တာရာ ဓားပညာ ” တစ်ဝက်ကိုလည်း ယူလာတဲ့ အပြင် စစ်သည်တွေရဲ့ စိတ်ဓာတ်ကိုလည်း တစ်ချိန်တည်းမှာပဲ ပြောင်းလဲ နိုင်ခဲ့တယ်။ ဘယ်လောက်တောင် မယုံနိုင်စရာ ကောင်းလိုက်သလဲ။
“ အရှက်မရှိတဲ့ ကောင်စုတ။် ကံကောင်းသွားပြန်ပြီ။ ” ပင်းယန် ခေါင်းမော့ရင်း ပြောလိုက်တယ်။
ချီကူယန် တော့ ပင်းယန်နဲ့ ကွာခြားနေခဲ့တယ်။ သူမ စစ်တပ်မိသားစုမှာ ကြီးပျင်းလာခဲ့တာ ဖြစ်တဲ့ အတွက် စစ်ဗျူကိုလည်း ကျွမ်းကျင်လှတယ်။ ဖန်ကျန်းရှီ တိုက်ပွဲ အရှိန် ကို ချက်ခြင်း လှည့်ပြောင်းနိုင်တဲ့ အကြောင်းသူမ သတိထားမိခဲ့တယ်။
အကယ်၍ သူတို့သာ ဒီ တိုက်ပွဲကို နိုင်ခဲ့ရင် ဖန်ကျန်းရှီ အဓိက ဇာတ်လိုက်။
စစ်သည်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးတာ အမြင်အားဖြင့် လွယ်ကူပေမယ့် တကယ်တမ်းမှာတော့ ခက်ခဲလှတယ်။ စစ်သည်တွေကို တွန်းအားပေးနိုင်သူ ရှားပါးလှတဲ့ ဉာဏ်ကြီးရှင်ပဲ ။
“ ဒီ အရှက်မရှိတဲ့ သူခိုးလေး က တကယ်ပဲ လုပ်နိုင်တာပဲ။” ချီကူယန်ရဲ့ အမူအယာ ပထမဆုံး အကြိမ်အနေနဲက ပြောင်းလဲ သွားခဲ့တယ်။ သူမက အခုချိန်မှာ ဖန်ကျန်းရှီ နဲ့ အတူ ရှိနေပြီ။
စစ်သည်တွေ ရဲ့ အမူအယာကို အစတည်းက သူမ ကောင်းကောင်း သတိ ထားမိခဲ့တယ။် အင်အားချိနဲ့ နေခဲ့တယ်။ ဒါပေမယ့်လည်း စိတ်ဓာတ်ခွန်အား သူတို့ကို သွေးသစ်လောင်းလိုက်သလို တိုက်ခိုက်ဖို့ အတွက် အသင့် ဖြစ်နေစေခဲ့တယ်။
ဖန်ကျန်းရှီ ရဲ့ နည်းလမ်းတွေ က မျက်နှာပြောင်တိုက်ရာ ကျလွန်းတယ်။
ဒါပေမယ့်လည်း ရလဒ်ကိုတော့ ငြင်းဆို နိုင်ဖွယ် အလျဉ်းမရှိ။
ပိုင်ရှင်းရဲ့ အမူအယာ သိသိသာသာပျက်ယွင်းလာခဲ့တယ်။ ဒယ်အိုး အောက်က စစ်သည်တွေကို ကြည့်လိုက်ပြီးနောက် ဖန်ကျန်းရှီ စီမှာ ရပ်တန့်သွားခဲ့တယ်။
“ သခင်က ငါ့ကို သတိပေးထားတယ်။ ဖန်ကျန်းရှီ ဆိုတာ ခန့်မှန်း ရခက်တဲ့သူ ။ သူနဲ့ ဆက်သွယ်မယ်ဆိုသတိကြီးကြီးထားရမယ်။ သခင့် စကားကို လျစ်လျူရှုခဲ့မိတယ်။ အခုတော့ သခင့်ရဲ့ စကားတိုင်းက အပိုမဟုတ်မှန်း နားလည်ရြ့ပီ။ ကိစ္စ မရှိဘူး။ ဖန်ကျန်းရှီ ဆိုတဲ့ နာမည်က ဒီ ည ပြီးတာနဲ့ လောက ကနေ ကွယ်ပျောက်သွားစေရမယ်။ အဆုံးမဲ့ လောကမှ မင်းကို မြှုပ်နှံ သဂြိုလ် ပြစ်မယ်။ ”
ပိုင်ရှင်း ထိုစကာတွေကို ပြောနေချိန်မှာ သူ့ကိုယ်ကနေ ငွေရောင် အလင်းတန်းတွေ တောက်ပနေခဲ့တယ်။ သူ ကြယ်တာရာ အလင်းတန်းတွေကို ထုတ်လွှတ်ရင်း သတ်ဖြတ်လိုမှုတွေ ပြည့်လျှံလာတာလည်း ။
အလင်းတန်းတွေ ဖန်ကျန်းရှီ ဆီကို ပြေးဝင်သွားောတ့တယ်။
အနီရောင် နတ်ဆိုး မျက်လုံး အရ ပိုင်ရှင်း ယဉ်ရှန်ထက် အဆင့်တစ်ဆင့်မြင့်မှန်းသိသာလှတယ်။
ဖန်ကျန်းရှီက ယဉ်ရှန်ကို သတ်ခဲ့တယ်။
ဒါပေမယ့်လည်း သူ သတ်နိုင်ခဲ့တာ အရိပ်မဲ့ ဓား နဲ့ သုခမိန်လောကရဲ့ ထိန်းချုပ်မှု ကြောင့်ပဲ ။ ပုံမှန် အရည်အချင်းနဲ့ ဆိုရင် ယဉ်ရှန်ကို သူ ယှဉ်နိုင်မှာ မဟုတ်ဘူး ။ အခုတော့ ပိုင်ရှင်းကို တိုက်ခိုက်ဖို့လား။
သူက နာကျင်မှုအပေါ်တွင် သာယာကျေနပ်သူ (masochistic. မက်ဆိုချစ်) မှ မဟုတ်တာ။
“ ဒီလို တန်ဖိုး ကြီးတဲ့ ညီလာခံခန်းမထဲမှာ တိုက်ခိုက်ပြီး အချိန် ကုန်နေကြတာက တကယ့်ကို အချိန်ဖြုန်းတာပဲ။” ဖန်ကျန်းရှီ တီးတိုး ရေရွတတ်ရင်းနဲ့ တစ်ဖက်ကို မြန်မြန်ကပ်လိုက်တယ်။
ဒီအင်အားကြီး နှစ်ခုရဲ့ တိုက်ပွဲကြားမှာ ပဲလှော်ကြား ဆားညှပ်မခံ နိုင်ဘူး။ သူက ဘေးကနေပဲ ပွဲကြည့်ပရိသတ် လုပ်ရမယ်။ ငတုံးတွေပဲ အလယ်တည့်တည့် သွားနေမှာ။
ရှင်းယွမ်ကောင်း ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။
ဖန်ကျန်းရှီ ပြေးတာကို မြင်တော့ သူ စိတ်ရှုပ်ထွေးသွားခဲ့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ ပြောနေတာကို ကြားလိုက်တယ်။
ဘာပြောတယ်။
ဒီ ကလေးက မလွယ်ဘူးပဲ။
သိသာစွာနဲ့ပဲ။ ဖန်ကျန်းရှီ ပြေး နေတာ ။ ရှင်းယွမ်ကောင်းကတော့ ဒါကို မအံ့သြပါဘူး။
စိတ်လည်း မဆိုးတော့ပါဘူး။
ဒါပေမယ့်
သူပြေးတာ မမြန်လွန်းဘူးလား။
အနည်းဆုံးတော့ မင်းသမီးကိုပါ ခေါ်သင့်တယ်လေ။
သူတွေးနေတဲ့ အချိန်မှာပဲ ဖန်ကျန်းရှီ ချီကူယန်နဲ့ ပင်းယန် ကြားကို ရောက်သွားခဲ့တယ်။ “ ငါ့နောက်လိုက်ခဲ့ ကောင်းကင်တာအို ကျောက်ဖျာ ဆီသွားတဲ့ လမ်းတွေ့ထားတယ်။”
ရှင်းယွမ်ကောင်း ဖန်ကျန်းရှီရဲ့ အပြုအမူုကြောင့်အံ့အားသင့်သွားခဲ့တယ်။
ဒီ လို ကယ်တာက အလွန်းတယ် မထင်ဘူးလား။
စစ်သည်တွေ ထောင်ချီပြီး ရှိနေတာတောင်မှ ကောင်းကင်တာအို ကျောက်ဖျာကို အထပ်ထပ်အခါခါ ရှာတာတောင် ရှာမတွေ့တာ ။ တစ်ချက်တောင် မလှုပ်ပဲနဲ့ ဘယ်လိုများတွေ့သွားတာလဲ။
ဒါပေမယ့်လည်း ပင်းယန်နဲ့ ချီကူယန်ကို သူနဲ့ အတူ ခေါ်သွားဖို့ လုပ်နေတာ ရှင်းယွမ်ကောင်းကို စိတ်အေး စေတယ်။ သူတို့တွေ အန္တရာယ် ကင်းမှာ အမှန်ပဲ။
“ အရှင် မင်းသမီး။ နဲ့ ကူယန် ။ ကောင်းကင်တာအို ကျောက်ဖျာကို ရှာဖွေဖို့ ဧကရာဇ်ရဲ့ အမိန့်တော် ရှိတယ်။ ဧကရာဇ် ရဲ့ အမိန့်တော် အရ။ အသင်တို့ နှစ်ဦးကို ဖန်ကျန်းရှှီ နဲ့ လိုက်ပါ ရှာဖွေ စေဖို့ အမိန့်တော် လွှဲအပ်လိုက်တယ်။” ရှင်းယွမ်ကောင်း ဖန်ကျန်းရှီ ရဲ့ စကားကြောင့် အံ့အားသင့်သွားခဲ့ရပေမယ့်လည်း သူ ယုံကြည်ဖို့ ဆုံးဖြတ်လိုက်တယ်။
အပိုင်း (၂၄၅) ပြီး၏။
အပိုင်း (၂၄၆)
” ရှန်ကျာ့”
ချီကူယန် အတော်လေးကို ထက်မြက်တဲ့သူ ဖြစ်တဲ့ အတွက် ရှင်းယွမ်ကောင်း ဆိုလိုချင်တာကို နားလည်တယ်။ ဒါပေမယ့်လည်း သူ ဧကရာဇ် ရဲ့ အမိန့်တော်ကို သုံးလိုက်တယ် ဆိုတည ်းက သူ့ စိတ်ဆုံးဖြတ်ချက် ပေါ်လွင်ခဲ့ပြီ ။
ရှင်းယွမ်ကောင်းက အခုချိန်မှာ သူမ တို့ကို ပုန်းရှောင် စေချင်တယ် ဆိုတာလည်း ပင်းယန် နားလည် ခဲ့တယ်။ သူမ ဖန်ကျန်းရှီဆီကို အလျင်အမြန် ပြေးလာခဲ့တယ်။
“ သတ် ” ဒယ်အိုး အောက်က စစ်သည်တော်တွေ ရဲ့ အော်ဟစ်သံ ညီလာခံ ခန်းမထဲကို ပျံ့နှံ့သွားခဲ့ တယ်။
“ မင်းတို့ က အရေ အတွက် နဲ့ အနိုင်ကျင့်လို့ ရမယ် ထင်နေတာလား။ ” ပိုင်ရှင်း ထောင်ချီ တဲ့ တပ်သားတွေနဲ့ သူ့ရဲ့ စစ်သည် ကိုးဦးကို ကြည့်ရင်း ပြောလိုက်တယ်။ သူရဲ့ အကြည့်တွေ နောက်ဆုံးမှာ ရှင်းယွမ်ကောင်း ဆီကို ရောက်သွားပြီး နောက် နှာခေါင်း ရှုပ်လိုက်တော့တယ်။
အသက် ၁၅ နှစ် အရွှယ် ကလေး တစ်ယောက် စော်ကားမော်ကားလုပ်တာကို ခံလိုက်ရတဲ့ သူ အတွက်တော့ အတော်လေးကို ဒေါသ ပေါက်ကွဲ နေခဲ့တယ်။
ဒါပေမယ့်လည်း အင်အားပြည့်ဝတဲ့ ရန်သူတွေ နဲ့ တွေ့ တဲ့ အချိန်မှာတော့ သူ့ရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ ခက်ခဲ လှတယ်။ နောက်ပြီးတော့ စစ်သည်တွေ ရဲ့ စိတ်အားထက်သန်မှု အမြင့်ဆုံး အချိန်ကို ရောက်နေတဲ့ စစ်သည်တော်တွေကို တိုက်ခိုက်ဖို့ အတွက်လည်း သူ့ကို သူ စိတ်လျှော့ဖို့အတွက် နည်းလမ်း ရှာဖို့ လိုအပ်တယ်။
“ အချိန်နဲ့ နေရာ နှစ်ခုလုံးက အရေးကြီးလှတယ်။ ငါ့မှာ ရှိတဲ့ တစ်ခုတည်းသော အရာကတော့ လူတွေပဲ။” ရှင်းယွမ်ကောင်း အေးစက်စွာ ပြောလိုက်တယ်။
“လူတွေလား ။ ဟ ဟ ဘယ်လို သလဲ။ ငါ တခြားတော့ မပြောလိုဘူး။ ဒါပေမယ့် တခြားတော့ မပြောလိုဘူး။ လူ အရေအတွက နဲ့ ပတ်သက်ပြီးတော့ လည်း ငါ့မှာ ယုံကြည်ချက် အပြည့်ရှိတယ်။ ” ပိုင်ရှင်း ရယ်မောရင်း နဲ့ပြောလိုက်တယ်။
ရှင်းယွမ်ကောင်းရဲ့ အမူအယာ မည်းမှောင်သွားတော့တယ်။ သူ ပိုင်ရှင်းနဲ့ နှစ်ပေါင်းများစွာ တိုက်ခိုက်တာ ဖြစ်ကြောင့် ဒါကြောင့် ပိုင်ရှင်း အနိုင်ယူဖို့ ခက်ခဲသူမှန်း ကောင်းကောင်းသိတယ်။ ပိုင်ရှင်းက မနိုင်တဲ့ တိုက်ပွဲကို ဘယ်တော့မှ မတိုက်ဘူး။
ဒီမှာ အလစ်ချောင်းပြီး တိုက်ခိုက်တာ ရှိမှာလား။
သူတွေးနေတဲ့ အချိန်မှာပဲ။ ပုလွေသံ ကျောက်တုံး တံခါး အပြင်ကနေ ထွက်ပေါ်လာတော့တယ်။ သဲကန္တာရထဲက မိုးရွာ သံ နဲ့ တူညီပြီးတော့ မယုံနိုင်စရာ ကောင်းလောက်အောင် သာယာနာပျော်ဖွယ် ကောင်းလှတယ်။
ရှင်းယွမ်ကောင်း ပုလွေသံကို ကြားချိန်မှာတော့ သူ့ရဲ့ အမူအယာ ပြောင်းလဲ သွားတော့တယ်။
“ မင်း က တကယ်ပဲ။” တိုက်ပွဲတွေ နဲ့ ကျင့်သားရနေတဲ့ ရှင်းယွမ်ကောင်းတောင်မှ ဆက်ပြီးတော့ ငြိမ်သက် မနေနိုင်တော့ဘူး ။
ဒီ အချိန်မှာတော့ အရာအားလုံး ထောင်ချောက်ဖြစ်မှန်း သူ သေချာသွားပြီ ။ နဂါး စစ်သည်တော်တွေ ရဲ့ သူတို့ တိုက်ခိုက်ခံရကြောင်း သတင်းပေးမှု ရောက်ရှိလာတော့တယ်။
ကန်လင်းတောင်ကို နတ်ဆိုး တွေ ဘာလို့ ရွေးချယ်လည်း သူ သိတယ်။ သူတို့ရဲ့ ဒီ ထောင်ချောက်ကြီးကို ကန်လင်းတောင် တစ်ခုတည်းမှာ တပ်ဆင် နိုင်တာ ကြောင့်ပဲ ။
“ ဟ ဟ ဟ . ရှင်းဟို့ ။ မင်းရဲ့ လက်ကို ဆန့်တန်းပြီး ပြီးတော့ ငါတို့ရဲ့ မိတ်ဆွေကြီး ရှန်ကျာ့ ကို ကြိုဆို လိုက်ပါအုန်း။ ” ပိုင်ရှင်း ကျောက်တုံး တံခါးကို ကြည့်ရင်း ပြောလိုက်တယ် ။
ရှင်းယွမ်ကောင်း ပိုင်ရှင်းကို လစ်လျူရှုလိုက်တယ်။
သူ့ရဲ့ အကြည့်တွေ ဝင်ပေါက်မှာ ပေါ်လာသူဆီ ရောက်ရှိသွားတော့တယ်။
ဒီသူ ခေါင်းအစ ခြေအဆုံးထိ အစိမ်းရောင် ဖျင်စကို ဝတ်စဉ်ထားပြီးတော့ မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးထူထပ်စွာနဲ့ သံချပ်ကာကို ဝတ်မထားသူ ။ သူ့ လက်ထဲမှာတော့ အစိမ်းရောင် ပုလွေ တစ်ချောင်းကို ကိုင်ထားခဲ့တယ်။
သူ လူရိုင်းတစ်ဦးနဲ့ တူညီလှတယ်။ ဒါပေမယ့်လည်း ရှင်းယွမ်ကောင်း သူ့ကို အထင်မသေးဝံ့ဘူး ။သူ့ မျက်လုံးတွေ တဖျတ်ဖျတ်တောက်ပနေပြီးတော့ ပိုင်ရှင်းကို မြင်ချိန်မှာ သူ့ရဲ့ အမူအယာ ပိုပြီးတော့ တည်ကြည်လေးနက်သွားခဲ့တယ်။
ဒီလူ ရှင်းယွမ်ကောင်းကို လည်း တစ်ချက်ကြည့်လိုက်ပြီးနောက်မှာတော့ စကား တစ်ခွန်းမှ မဆိုပဲ ပိုင်ရှင်း ဘက်ကို သွားရပ်ခဲ့တယ်။
စစ်သည်တွေ ဒီလူကို မြင်လိုက်ရတဲ့ သူတို့ မျက်လုံးတွေကို မယုံနိုင် ဖြစ်နေခဲ့တယ်။
“ သူ့ မျိုးရိုးက ရှန်”
“ရှန်ကျာ့”
“ အတိအကျပဲ။ ဒီ နေရာ မှာဒီ လူတွေပဲ ကြိမ်ပင် အဝတ်ကို ဝတ်ကြတာ ။ဒါပေမယ့် ဘာလို့ သူ့ မျိုးရိုးက ရှန် ဖြစ်နေရတာလဲ။” မ
ထောင်ချီတဲ့ စစ်သည်တွေ ဒီလူရဲ့ မျိုးရိုး နာမည်ကို ကြားချိန်မှာတော့ မယုံကြည်နိုင်မှု တွေပြည့်နှက်လာကြတယ်။ သူတိ ု့ရဲ့ မယုံနိုင်မှုတွေ တော့ ဒေါသ မီးတောက် အဖြစ်ကို ပြောင်းလဲ သွားတော့တယ်။
“ ကြီးမြတ်သော ရှ မင်းဆက် တည်ထောင် ချိန်တည်းက တောင်ပိုင်း တောင်ဒေသကို ငါတို့ ကာကွယ်လာခဲ့တာ။ ရှန် မျိုးရိုး တစ်ယောက် အနေနဲ့ မင်းက အသိဆုံး ဖြစ်မှာပါ။ ဒါပေမယ့် နတ်ဆိုး တွေ နဲ့ ဘယ်လိုများ မင်းဆက်သွယ်နိုင် တာလဲ။” ရှင်းယွမ်ကောင်းရဲ့ အသံ အန္တရာယ် အငွေ့အသက်တွေ ပြည့်နှက်လာတော့တယ်။
ရှန်ကျာ့ တိတ်ဆိတ်နေခဲ့တယ်။ ဒါပေမယ့်လည်း ရှင်းယွမ်ကောင်း ” ရှန်မျိုးရိုး တစ်ယောက် အနေနဲ့” လို့ ပြောလိုက်ချိန်မှာ သူ့ မျက်လုံးထဲ နာကျင်မှု အရိပ်အယောင်တစ်ချို့ ဖြတ်ပြေးသွားခဲ့တယ်။
“ ရှန်ကျာ့။ မင်း အပြုအမူရဲ့ သက်ရောက်မှုတွေကို မင်းသိလား။ တောင်ပိုင်း တောင်ရွာ က လူတွေ အပေါ်ကို ဘယ်လိုသက်ရောက်မလဲ ဆိုတာကော မင်းသိလား။” ရှင်းယွမ်ကောင်း ဆက်ပြောလိုက်တယ်။
ရှန်ကျာ့ လည်း ရှင်းယွမ်ကောင်းပြောတဲ့ စကားကို တစ်ခွန်းမှ မကြားသည့် အတိုင်း တိတ်ဆိတ်နေခဲ့တယ်။
“ လုပ်စမ်းပါ။ ရှန်ကျာ့ရာ။ ကန်လင်းတောင်မှာ မင်း အနှစ်၂၀ ကျော် နေလာခဲ့တာ။ အခုတော့ မင်းရဲ့ အရည် အချင်းကို ပြဖို့ အချိန်တန်ပြီ။” ပိုင်ရှင်း ရှန်ကျာ့ကိုကြည့်ရင်း ပြောလိုက်တယ်။
ရှန်ကျာ့ ခေါင်းငြိမ့်လိုက်ပေမယ့်လည်း ဆက်လက် တိတ်ဆိတ်နေခဲ့တယ်။
သူ နောက်လိုက် ကိုးဦးလိုလည်း ရိုသေမှု ပြည့်နှက်မနေသလို စစ်သည်တွေလိုလည်း အမိန့်နာခံ ခြင်းမရှိနေဘူး ။ သူ ပိုင်ရှင်းကိုတောင် အရိုအသေမပြုဘူး ။ သူ ခေါင်း တစ်ချက် ငြိမ့်ပြီး နောက်မှာတော့ ပုလွေ မှုတ်တော့တယ်။
ချိုသာလှတဲ့ ဂီတသံ ညီလာခံ ခန်းမထဲကို ပြည့်နှက်လာတော့တယ်။
ဒါပေမယ့်လည်း ဒီ တစ်ကြိမ်မှာတော့ ဂီတသံ ပိုပြီးတော့ မြန်ဆန် သိပ်သည်းလှတာ သိသာလှတယ်။
“Kaဘွန်း!”
အသံကျယ်ကြီး ကျောက်တုံး တံခါး အပြင်ကနေထွက်လာခဲ့တယ်။.
သားရဲကောင် အော်ဟစ်သံတွေ ညီလာခံ ခန်းမ ကို တုန်ခါစေတယ်။
ကျောက်တုံး တံခါးမှာတော့ သတ္တရောင် အမွှေးပြာ တွေနဲ့ သာ းရဲကောင် တစ်ကောင် ပေါ်လာခဲ့တယ်။ ချွန်ထက်လှတဲ့ လက်သည်းတွေ အေးစက်စွာ တောက်ပနေခဲ့တယ်။ ပိုပြီးတော့ ပြိုင်ဘက် ကင်းစွာ နဲ့ပဲ အနီရောင် မျဉ်းကြောင်းတစ်ကြောင်း သဖွယ် အမွှေးတွေ နဖူးကနေ အမြီးထိ ရှိနေခဲ့တယ်။
“ မီးတောက်ပြာ မြေခွေး”
“ မဟုတ်ဘူး။ ဒါက မီးတောက်ပြာ မြေခွေးဘုရင်ပဲ။”
စစ်သည်တွေ ဆုံးအောင် မပြောနိုင်ခင်မှာပဲ နောက်ထပ် ပုံရိပ်တွေ တံခါးကနေ ထပ်ပေါ်လာတော့တယ်။ ဒုတိယ တစ်ခု။ တတိယ တစ်ခု။
အချိန် တစ်ခဏ အတွင်းမှာပဲ တစ်ထောင် ခန့် ရှိတဲ့ မီးတောက် ပြာမြေခွေးတွေ အထဲကို ရောက်ရှိလာတော့တယ်။
“ မီးတောက်ပြာ မြေခွေးတွေ အပြင်။ တခြားသော သားရဲကောင်တွေလည်းရှိနေခဲ့တယ်။ သတ္တုခြေလက် ရွှေရောင် ဝံ။ ဂျိုသုံးခု အဖြူရောင်ကြံ့ နဲ့ လည်ဆံမွှေးချွန် မိုးသက်မုန်တိုင်း ခြင်္သေ့တွေလည်း ရှိနေခဲ့တယ်။
သူတို့တွေ ခန်းမ တစ်ခုလုံးကို ပြည့်နှက်သွာေးတာ့တယ်။ ကောင်းကောင်း လေ့ကျင့်ထားဟန်ရှိတဲ့ ဒီ သားရဲကောင် တပ်ကြီးမှာ မီးတောက်ပြာ မြေခွေး တစ်ထောင်။ နဲ့ ကြံ ငါးရာ ထက်မနည ်း ဦးဆောင် နေပြီးတော့ အခြားသော သားရဲတွေ ဘေးကနေ ဝိုင်းပတ်ထားခဲ့တယ်။
ရှင်းယွမ်ကောင်း မှင်သက်သွားမိတော့တယ်။
ရှန်ကျာ့ ကျောက်တုံး တံခါးကနေ ဝင်လာချိန်က စပြီးတော့ ဒီလို သားရဲကောင် တပ်ဖွဲ့ နဲ့ ကြုံရမယ် ဆိုတာ ခန့်မှန်းထားပြီးသား ။ ဒါပေမယ့်လည်း သူ မမျှော်လင့်ခဲ့တာကတော့ ရှန်ကျာ့ ဒီလောက် ထိ အများအပြားကို လေ့ကျင့်ထားမယ် ဆိုတာပဲ ။
ဒီလောက် များပြားပြီးတော့ အမျိုးအစား မတူညီ တဲ့ သားရဲကောင်တွေ။
နောက်ပြီးတော့ သားရဲကောင်တွေ အကုန်လုံးက အုပ်စုလိုက် နေတာတွေ။ ဒီလို ပေါင်းးစည်းအင်အား နဲ့ ဆိုရင် ဒီလောကမှာ မဖျက်ဆီးနိုင်တဲ့ အရာ ရှိတော့မှာ မဟုတ်ဘူး။
ဒါပေမယ့်လည်း သူတို့ ရဲ့ မျိုးတူ အုပ်စု ခြင်း တစ်ခုခြင်း စီ ကတောင် ရင်ဆိုင်ဖို့ခက်ခဲ လှတာ။ ရှန်ကျာ့က အကုန်လုံးကို ပေါင်းစည်းပြီးတော့ လေ့ကျင့်ထားတာက ကြောက်မက်ဖွယ် ကောင်းလှတယ်။
“ မင်း တို့ က တောင်ပိုင်း တောင် မှာ ထိပ်တန်း မျိုးနွယ် ဖြစ်နေတာလည်း အံ့သြစရာ မရှိတော့ပါဘူး။” ရှင်းယွမ်ကောင်းရဲ့ လက်တွေ ဓားပေါ်မှာ ရောက်ရှိသွားပြီ ။
သူ့ရဲ့ ဓား သန့်စင်တဲ့အနက်ရောင် တောက်ပနေပြီးတော့ ရှေးကျလှတယ်။ ဓားအသွား ထက်ရှလှပြီးတော့ ရှုပ်ထွေးစွာ တောက်ပနေမှုလည်း ကျက်သရေ ရှိလှတယ်။
“သတ်။ ငါတို့ရဲ့ ဂုဏ် အတွက် တိုက်ခိုက်ကြ။”
“သတ်”
ရှင်းယွမ်ကောင်းရဲ့ ဦးဆောင်မှု အောက်မှာ ရှိနေတဲ့ စစ်တပ် သားရဲကောင်တွေရဲ့ တပ်ကို ထိတ်လန့်ခြင်း အလျဉ်းမရှိခဲ့ဘူး ။
သူတို့ အားလုံး ကြီးမြတ်သော ရှ မင်းဆက်ရဲ့ စစ်သည်တွေပဲ ။
ဂုဏ်သိက္ခာ အတွက် ။
…
ညီလာခံ ခန်းမကြီး ရဲ့ နော က်မှာတော့ ပင်းယန် ချီကူယန်ရဲ့ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း နဲ့ ရှိနေခဲ့တယ်။ သူမ စစ်သည်တော်ကို သားရဲကောင်တွေ နဲ့ တိုက်ခိုက် ကြတာကို မမြင်ရက်နိုင်ဘူး ဖြစ်နေခဲ့တယ်။
“ဖန်ကျန်းရှီ။ နင်ပြောတော့ ကောင်းကင်တာအို ခန်းမ ဆီကို သွားတဲ့ လမ်း ရှာတွေ့ပြီဆို။ ဘယ်မှာလဲ။ ” ပင်းယန်က မေးလိုက်တယ်။
ချီၤကူယန် စကားမပြောတော့ဘူး။ ဖန်ကျန်းရှီက သူတို့ နှစ်ဦးလုံးကို ဆွဲခေါ်လာဖို့ ဒီလို ပြောမှန်းသိတယ်။ ဒီလို အချိန်မှာ သူ့ကို အရှက်ရအောင် လုပ်ဖို့ မသင့်ဘူး။
ဖန်ကျန်းရှီလည်း စကားမပြောဘူး ။ ပင်းယန်ပြောနေတာကိုလည်း မကြားဘူး။ သူ မီးတောက် မြေခွေးပြာ အုပ်လိုက်ကြီးကိုသာ ကြည့်နေခဲ့တယ်။.
“ အနှစ် ၂၀ အလုပ်လုပ်ခဲ့တယ်။ ”
“လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက”
လွန်ခဲ့တဲ့ ၈ နှစ်တုန်းက သူ့ အသက် ရ နှစ် ကန်လင်းတောင်ခြေမှာ သင်းကွဲ မီးတောက် မြေခွေးပြာကြီးကို သတ်ခဲ့တယ်။ သင်းကွဲဝံပုလွေကြီး။ ဒါပေမယ့် အခု သူတွေ့ နေရတဲ့ အကောင်တွေ ထက် အများကြီးကို ကြီးမားလှတယ်။
အဲ့ဒီ့အချိန် တုန်းက ဝံပုလွေကြီး မသေခင်အချိန်မှာ ကန်လင်းတောင် အတွင်းထဲကို မချိတင်ကဲ ကြည့်ရင်း နဲ့ အသက် ဆုံးသွားခဲံရတာ ။
အဲ့ဒီ့အချိန်တုန်းက မီးမြေခွေးပြာကြီး ကန်လင်းတောင်ခြေကို ရောက်နေတာ ၃ ၄ နှစ် ရှိနေပြီ။ သင်းကွဲနေတာကလွဲပြီးတော့ တခါမှ ကန်လင်းတောင် အတွင်းကို မဝင်ဘူး။ အမြဲတမ်း တောင် ပတ်လည်မှာပဲ နေခဲ့တယ်။
၁၂ နှစ် ….
ဖန်ကျန်းရှီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။
အဲ့ဒီ့ မီးတောက်ပြာ မြေခွေးကြီးက ဒီ ထောင်ချီတဲ့ မီးတောက်ပြာမြေခွေးတွေ ရဲ့ ဘုရင်ပဲ။
အခုချိန်ထိ ဖန်ကျန်းရှှီရဲ့ စိတ်ထဲမှာ မီးတောက်မြေခွေးပြာကြီး သေဆုံး ချိန်က အကြည့်တွေနဲ့ နောက်ဆုံးအချိန် အထီးကျန် အူသံကြီးကို ကောင်းကောင်း မှတ်မိနေဆဲ ။
“ အာဝူးးး”
ဒီအချိန်မှာပဲ ဖန်ကျန်းရှှီ သူ့ စိတ်ထဲမှာ ထို အချိန်က မြင်ကွင်းကို ပြန်လည်မြင်ယောင်ရင်း အူသံကို ပြုမိလိုက်တယ်။
အထီးကျန်ဆန်လှတဲ့ အူသံကျယ်ကြီး ညီလာခံ ခန်းမ ကြီးကို ဟိန်းထွက်သွားခဲ့တယ်။
ဒါ ပုလွေသံကို ပြတ်တောက် သွားစေခဲ့တယ်။
ထောင်ချီတဲ့ မီးမြေခွေးပြာတွေလည်း ချက်ခြင်းဆိုသလို ရပ်တန့်သွားတော့တယ်။ ထောင်ချီတဲ့ မျက်လုံးတွေ ဖန်ကျန်းရှီကို မယုံကြည်နိုင်မှုတွေနဲ့ စိုက်ကြည့်နေကြတယ်။
ဒါ သားရဲကောင်တို့ရဲ့ အသိဉာဏ်ပဲ ။
ဒီသားရဲကောင်တွေ ဘယ်လောက်တောင်မှ အသိဉာဏ် မြင့်မားမှန်း သူ ကောင်းကောင်းသိတယ်။ အသံ ကြားရုံနဲ့ တင် နေရာကို ခန့်မှန်း နိုင်မှန်း သိတယ်။ ဒါကြောင့် သူ နောက်တစ်ကြိမ် “ အာဝူး” ဆိုတဲ့ အသံနဲ့ ထပ်အူလိုက်တယ်။
ဒီ အချိန်မှာပဲ မီးတောက်မြေခွေးပြာတွေ အကုန်လုံး ရပ်တန့်သွားခဲ့တယ်။
မီးတောက်မြေခွေးပြာတွေ တင် မကဘူး။ တခြားသော သားရိုင်းတွေလည်း ဒီ အသက် ၁၅ နှစ် အရွှယ် ကောင်ငယ်လေး ဆီကို လှမ်းကြည့်နေကြတယ်။
“ လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက။ ဒီလူ မင်းတို့ ရဲ့ ဘုရင်ကို ကန်လင်းတောင် အပြင်ဘက် ဆီမောင်းထုတ်လိုက်တယ်။“
“ အဲ့ဒီ့ အချိန် တုန်းက သူ မင်းတို့ ဘုရင်ကြီးရဲ့ လွတ်မြောက်မှုကို ကတိပေးခဲ့တယ်။ မင်းတို့ရဲ့ ဘုရင်ကို အသက် ချမ်းသာပေးမယ်လို့ ကတိပေးခဲ့တယ်။ ”
“ ဒါပေမယ့် သူ့ ကတိကို သူ မတည်ခဲ့ဘူး။”
“ မင်းတို့ရဲ့ ဘုရင်ကို သတ်ပြီးတော့ သူ့ကိုယ်ကို ကန်လင်းတောင်ခြေမှာ မြှုပ်ထားတယ်။ အရေခွံံကိုခွာခဲ့တယ်။ ”
ဖန်ကျန်းရှီ မတ်မတ်ရပ်ရင်း သူ့ရဲ့ ဇာတ်လမ်းကို ဆက်ပြောနေခဲ့တယ်။ သူ့ရဲ့ အမူအယာ အနည်းငယ်တော့ ရယ်စရာ ကောင်းနေခဲ့တယ်။
ထူးဆန်းစွာနဲ့ပဲ သားရဲကောင်တွေ အားလုံး သူ့ရဲ့ အမူအယာ နစ်မြောနေခဲ့ကြတယ်။
“အမှိုက်လိုကောင် ။ ငါ ရှန်ကျာ့။ တောင်ပိုင်း မျိုးနွယ် ထိပ်တန်းမိသားစုရဲ့ မျိုးဆက်က တစ်သက်တာ ပတ်လုံး သတ်သတ်လွတ် စားပြီးတော့ သားမွှေးကို မဝတ်ဆင်ဘူး။ စမ်းချောင်းက ရေကိုပဲ သောက်တယ်။ သဘာဝတရားနဲ့ သားရဲကောင်တွေကို ခင်မင်ရင်းနှီးတယ်။ ငါ့ကို ဒီလို ပြစ်မှု မျိုးနဲ့ ဘယ်လိုများ ယိုးစွပ်နိုင်တာလဲ။” ရှန်ကျာ့ရဲ့ အမူအယာ ဖန်ကျန်းရှီ ရဲ့ စကားကို ကြားချိန်မှာတော့ ပြောင်းလဲ သွားခဲ့တယ်။
တောင်ပိုင်းဒေသရဲ့ ထိပ်တန်းမိသားစု အနေနဲ့ သူတို့မှာလည်း ကိုယ်ပိုင်ကျင့်ကြံနည်းတွေ ရှိကြတယ်။ သူတို့လည်း အရာအားလုံး ဖြစ်တည်မှု တာအို ကို အခြေခံပြီးတော့ ကျင့်ကြံကြတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ ကိုယ်ခန္ဒာနဲ့ သဘာဝကို ချိတ်ဆက်မှု အပေါ်မှာ ပိုပြီးတော့ အာရုံစိုက်ခဲ့တယ်။
သူတို့ တွေ သစ်တောတွေမှာ အဓိက နေထိုင်ကြတယ်။ တောင်ပိုင်း ဒေသ ရဲ့ တစ်ခုတည်းသော ထိပ်တန်း မိသားစု အနေနဲ့ သူတို့ရဲ့ မျိုးရိုး အမည်ကို ရှန် လို့ ခေါ်တွင်ကြပြီးတော့ သဘာဝနဲ့ ဆက်သွယ်မှုကို ပေါ်လွင်စေတယ်။
သူတို့ သားရဲကောင်တွေကို ထိန်းချုပ်သူတွေ ။ သားရဲကောင်တွေကို အသုံးပြုပြီးတော့ သူတို့ရဲ့ ဒေသကို ကာကွယ် ကြတယ်။ အပြန်အလှန် အနေနဲ့ သူတို့ အသား မစားကြသလို သားရေထည် တွေကိုလည်း မဝတ်ဆင် ကြဘူး ဖြစ်တယ။်
ရှန်ကျာ့ ဒေါသအမျက်ချောင်းချောင်း ထွက်နေခဲ့တယ်။ ဖန်ကျန်းရှီ ပြောလိုက်တဲ့ စကားတွေ သူတို့ရဲ့ ယုံကြည်မှုကို လုံး၀ ထိခိုက်စေတယ်။
ဒါက သီလစောင့်တဲ့ ဘုန်းတော်ကြီး တစ်ပါးကို ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးနဲ့ ယိုးစွပ်သလိုပဲ ။ သီလ နဲ့ ပြည့်စုံတဲ့ ဘုန်းတော်ကြီးတောင်မှ ဒီ အခြေအနေကို ရင်ဆိုင်ဖို့ ခက်ခဲ လိမ့်မယ်။
ရှင်းယွမ်ကောင်း အခြေအနေကို စောင့်ကြည့်နေခဲ့တယ်။
ဒါပေမယ့်လည်း ဖန်ကျန်းရှီ စကား စချိန် ကနေ စပြီးတော့ အနည်းငယ်မျှသော စကားတွေ ရှန်ကျာ့ကို ဒေါသ ချောင်းချောင်း ထွက်စေတာကို မြင်တွေ့လိုက်ရတယ်။ ဒါ ထောင်ချီတဲ့ စစ်သည်တွေကို မျက်စိလည်စေသလို ပိုင်ရှင်း နောက်က နတ်ဆိုး ကိုးဦးကိုလည်း အံ့သြစေတယ်။ ရှန်ကျာ့ကို နှစ်ပေါင်း များစွာ သိကျွမ်းလာခဲ့တဲ့ အတွေ့အကြုံ အရ ရှန်ကျာ့ စကားနည်းလှတဲ့ သူ ဖြစ်မှန်း သူတို့ သိထားကြတယ်။
ခေါင်းငြိမ့် ခေါင်းခါ လုပ်ရင်း နဲ့ သာ များသော အားဖြင့် တုံ့ပြန်တာ ။
အခုတော့ …. ဒီလို လူတောင် စကား အများကြီး ပြောနေပြီလား။
ချီကူယန် ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှှီ ပြောနေတာကို သူသိတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက ဘယ်လိုများ လွန်ခဲ့တဲ့ ၁၂ နှစ် က အဖြစ်ကို ရှန်ကျာ့ ဆီ ပုံချလိုက်တာလဲ။
နောက်ပြီးတော့ အခုက ဖန်ကျန်းးရှီ ရှန်ကျာ့ကို တွေ့တာ ပထမဆုံး အကြိမ် ။ လွန်ခဲ့တဲ့ ၁၂ နှစ်က
ဖန်ကျန်းရှှီ အသက် ၃ နှစ်လောက်ပဲ ရှိအုန်းမှာ။
“ စွပ်စွဲနေတယ်လို့ထင်တယ်လား။ အကယ်၍ ငါ့မှာ သက်သေရှိရင်ကော” ဖန်ကျန်းရှီ မသေချာနိုင် ဖြစ်နေခဲ့တယ်။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ ၁၂ နှစ်က ရှန်ကျာ့ မီးတောက်ပြာမြေခွေး ဘုရင်ကို သတ်ခဲ့တယ် ဆိုတဲ့ ထောင်ချောက်ကို တူးပြီးတော့ တွင်းထဲ ပြုတ်ကျအောင် ကြိုးစားနေခဲ့တယ်။
ဒါပေမယ့် လည်း အကျိုးမရှိရင် ဘယ်လိုလုပ်မလဲ။ ပြောချင်တာ ပြောတာက ပြစ်မှု မှ မမြောက်တာ။ အကယ်၍ သူ သာ ကောင်းကောင်း လုပ်နိုင်ခဲ့ရင် အကျိုး ကျေးဇူးကတော့ မမျှော်မှန်းနိုင်အောင်ကြီးမှာပဲ။
“ မင်းမှာ ဘာ သက်သေ ရှိလို့လဲ။” ရှန်ကျာ့ မယုံနိုင်စွာနဲ့ ပြောလိုက်တယ်။ ဒီလို ကိစ္စမျိုးကို သူ့ တစ်သက်မှာ မလုပ်ခဲ့ဖူးဘူး ။ ဒီကောင်လေး မှာ ဘယ်လိုများ သက်သေရှိနိုင်မှာလဲ။
“ သက်သေလား ငါ့မှာရှိတာပေါ့။” ဖန်ကျန်းရှှီ ကြီးမားလှတဲ့ မီးတောက်ပြာ မြေခွေးသားရေကို သူ့လက်နဲ့ ဝေ့ယမ်းရင်း ပြောလိုက်တယ်။
လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက မီးတောက်ပြာမြေခွေးကြီးကို သူသတ်ခဲ့တဲ့ အချိန်မှာ သားရေကို ရောင်းးဖို့ အတွက် သိမ်းထားခဲ့တာ ြဖ်စတယ်။ ဒါပေမယ့်လည်း ချီကူယန်က တောင်ရွာကို အစောင့် အကြပ်တွေ ထားထားတာကြောင့်ကော မြောက်ရွာကို လိုက်လာတာကြောင့်ပါ သူ့မှာ ရောင်းဖို့ အချိန်မရှိဘူး ဖြစ်ခဲ့ရတယ်။
နောက်တော့ သူ့မိသားစု လည်း တဖြည်းဖြည်း ကြွယ်ဝလာတာကြောင့် သားရေရောင်းဖို့ ကိစ္စကိုတောင် မေ့နေခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ ပထမဆုံး သတ်ဖြတ်မှု အထိန်းအမှတ်အဖြစ်သာ သိမ်းထားတော့တယ်။
အခုတော့ အတော်လေး အသုံးဝင်လာပြီ။
ရှန်ကျာ့လည်း ထို သားရေ ကြီးကို သေချာ ကြည့် နေသလို မီးတောက်မြေခွေးပြာတွေလည်း အာရုံစိုက်နေခဲ့ကြတယ်။
ဒါ သူ့ တို့ ဘုရင်ကြီး ရဲ့ သားရေ ။
“အာဝူးးးး” ဒီ အချိန်မှာပဲ ထောင်ချီတဲ့ မြေခွေ အူသံတွေ ထွက်ပေါ်လာတော့တယ်။ သူတို့ရဲ့ အူသံ တွေ ညီလာခံ ခန်းမထဲမှာ ပျံ့နှံ့သွားခဲ့တယ်။ သူတို့ရဲ့ ရှင်ဘုရင်ကို လွမ်းဆွတ် တမ်းတမှု အကြောင်း ဖော်ပြနေသည့် အလားပဲ ။
ရှန်ကျာ့ရဲ့ အမူအယာ မည်းမှောင်သွားတော့တယ်။
“ မင်း ပဲ ။ သူတို့ရဲ့ ဘုရင်ကို သတ်ခဲ့တာ မင်းပဲ။ သွေးစွန်းနေတဲ့ ရွာသားစုတ်”
အပိုင်း (၂၄၆ ) ပြီး၏။
အပိုင်း (၂၄၇)
" အလှည့်အပြောင်း"
" လိမ်နေတာက မင်းပဲ။ လွန်ခဲ့တဲ့ ၁၂ တုန်းက ငါ ၃ နှစ်သားပဲ ရှိသေးတယ်။ ငါက သူတို့ ဘုရင်ကို သတ်တယ်ဆိုတာ ဘုရင်တစ်ပါးကို စော ်ကားမော်ကားလုပ်တာပဲ မဟုတ်ဘူးလား။ ဒါမှ မဟုတ်။ မင်း က မင်းအပြစ်တွေကို င့ါဆီလွှဲချနေတာလား။ ဖန်ကျန်းရှီ ရဲ့ အကြည့်တွေ အေးစက်လာတော့တယ်။
ရှန်ကျာ့ ရဲ့ အဖြေကို သူ ခန့်မှန်းပြီးသား ။ ရှန်ကျာ့က တကယ့်ကို အပြစ်မရှိဘူး ။. ဒါပေမယ့် ဘယ်သူ ဂရုစိုက်မှာလဲ။ ဖန်ကျန်းရှီက ဒီလို ပြန်ဖြေသံကို စောင့်နေခဲ့တာ ။
" အာဝူးးး" တစ်ထောင်ခန့်သော မီးတောက်ပြာမြေခွေးတွေ ဖန်ကျန်းရှီ ရဲ့ စကားသံကို ကြားချိန်မှာတော့ အေးစက်စွာ အူလိုက်ကြတယ်။
အုပ်စုလိုက်နေတဲ့ သားရဲတွေ ရဲ့ အသိဉာဏ် တခြားသော သားရဲကောင်တွေ ထက် ပိုပြီးတော့ မြင့်မားတယ်။ ဒီ အချိန်မှာတော့ သူတို့ရဲ့ အူသံတွေ ဒေါသတွေ နဲ့ ပြည့်နှက်နေခဲ့တယ်။
"အကယ်၍ ငါသာ သူတို့ရဲ့ ဘုရင်ကို တကယ် သတ်ခဲ့ရင် ဒီသားရေကို ထုတ်ပြပြီးတော့ ဒီ အဖြစ်ကို ပြောစရာ လိုသေးလား။ မင်းရဲ့ ထိန်းချုပ်မှုကို ခံနေတဲ့ သူတွေကတော့ အသိစိတ်မဲ့နေတယ်ထင်လို့လား။" ဖန်ကျန်းရှီ ဒီ စကားကို ပြောချိန်မှာတော့ သူ့ စိတ် မခံမရပ်နိုင်ဖြစ်နေပုံပါပဲ
တစ်ထောင်သော မီးတောက်မြေခွေးပြာတွေ ရဲ့ မျက်လုံးတွေ နီရဲလာခဲ့ကြတယ်။
ရှန်ကျာ့ရဲ့ အမူအယာလည်း ပြောင်းလဲ သွားတော့တယ။်
မီးတောက်မြေခွေးပြာ ဘုရင် သတ်ခံ လိုက်ရတာနဲ့ ပတ်သက်ပြီးတော့ သူတကယ်ပဲ မတွေးတတ်ဘူး။ ဖန်ကျန်းရှီက သားရေကို သုံးပြီးတော့ သူ့ကိုအပြစ်ဖို့မယ်လို့ လည်း မထင်ထားခဲ့ဘူး။
လုံးဝကို မှားယွင်းနေမှုကြီး ကို သူခံစားနေရပြီ။
သူ ကိုယ်ဝန်သည် အမျိုးသမီးရဲ့ ဗိုက်ထဲက ကလေးက သူ့ ကလေး မဟုတ်မှန်း သိပေမယ့်လည်း မွေးလာတဲ့ ကလေး ရဲ့ သွေးနဲ့ သူ့သွေး ကိုက်ညီနေတဲ့ ဘုန်းတော်ကြီး တစ်ပါးလို ခံစားနေရတာ ။
ဒီ ထက်ပိုပြီးတော့ စိတ်ပျက်စရာ ကောင်းတာ ရှိ အုန်းမလား။
ငလူး။
ဒါက ရယ်စရာပဲ။
ရှန်ကျာ့ သူ့ကိုယ်သူ အဖြေရှာ နေမိတယ်။ ဘယ်လို ရှင်းပြရမလဲ။
စစ်သား ထောင်ချီ ဒီ အလှည့်အပြောင်းကြောင့် မှင်သက်မိနေကြတယ်။ သူတို့ အားလုံး ဖန်ကျန်းရှီကို ကြည့်နေကြတာ ။
" ရှန်ကျာ့ က တကယ်ပဲ မီးတောက် မြေခွေးပြာ ဘုရင်ကို သတ်ခဲ့တာလား။"
" အကယ်၍ တကယ်သာ သတ်ခဲ့တယ် ဆိုရင် အခုချိန်က တကယ့်ကို အခွင့်ကောင်းပဲ။"
စစ်သည်တွေ ဖန်ကျန်းရှီ အမှန်ကို ပြောနေတာ ဟုတ်မဟုတ်မသိပေမယ့်လည်း ယုံဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီ ပြောသလိုပဲ လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက ဖန်ကျန်းရှှီ ရဲ့ အသက် ၃ နှစ် ပဲ ရှိသေးမှာ။
အသက် ၃ နှစ်နဲ့ မီးတောက်မြေခွေးပြာ ဘုရင်ကို သတ်နိုင်တာ ဖြစ်နိုင်လို့လား။
ဘယ်လို လုပ်ဖြစ်နိုင်မှာလဲ။
ဖန်ကျန်းရှီ စစ်သည်တွေ အားလုံးရဲ့ အံ့အားသင့်မှုကို လျစ်လျူရှုထားခဲ့တယ်။ သူ သူ့ရဲ့ ဇာတ်ကြောင်းကိုသာ ဆက်လက် စီးမျောအောင်လုပ်နေခဲ့တယ်။ သံကို ပူတုန်း အချိန်မှာ ရိုက်ချင်တယ်လေ။
သူ ဆက်ပြီးတော့ ဖိအားပေးနေခဲ့တယ်။ သွေးပူနေတဲ့ ရှန်ကျာ့်ကို သူလိုချင်တဲ့ အခြေအနေရောက်အောင် ဖိအားပေးနေခဲ့တယ်။
" ငါ့မှာ တခြား သက်သေတွေလည်း ရှိသေးတယ်။ ဂျိုသုံးချောင်း ကြံ့ ။ သတ္တုလက် ရွှေဝံ ။ နောက်ပြီးတော့ သတ္တု အမွှေး ချွန် ခြင်္သေ့ ဘယ်တစ်ခုကို အရင်တွေ့ချင်လည်း" ဖန်ကျန်းရှီ ရှန်ကျာ့ ပြန်မဖြေရှင်းနိုင်ခင်မှာပဲ ဆက်ပြောလိုက်တယ်။
" ဒါက မဖြစ်နိုင်တာပဲ။" ရှန်ကျာ့ရဲ့ မျက်လုံးတွေ အနီရောင်ပြောင်းလာတော့တယ်။ သူ က ဒီ သားရဲကောင် ဘုရင် လေးပါး လုံးကို မတူညီတဲ့ အရပ်တွေ ဆီ နှင်ထုတ်ထားပြီးတော့ မျိုးနွယ်စုတွေကို မဆက်သွယ် နိုင်အောင် တားထားခဲ့တယ်။ ဖန်ကျန်းရှီက မီးတောက် မြေခွေးပြာ ဘုရင်ကို ရှာတွေ့ရင်တောင်မှ တခြား သုံးမျိုးကို ဘယ်လို လုပ် ရှိနိုင်မှာလဲ။
ရှန်ကျာ့ မယုံနိုင်ဖြစ်နေခဲ့တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှှီမှာသာ တကယ်မရှိရင် ဘာဘို့ ဒီလောက်တောင် အော်ကြီးဟစ်ကျယ်နဲ့ ကြေညာနေမှာလဲ။ သူ့ရဲ့ အလိမ်အညာတွေက သူ့ကို တစ်စစီ ဖြစ်သွားစေမှာ မကြောက်ဘူးလား။
ဒါမှမဟုတ် ။
"မကောင်းတော့ဘူး။"
ရှန်ကျာ့ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားတော့တယ်။ သူ ပြေးဖို့ ကြိုးစားပေမယ့်လည်း အချိန်နှောင်းသွားခဲ့ပြီ။ ခရမ်းရောင် အ လင်းတန်း သူ့ကိုယ်ကို ရိုက်ခတ်လာတော့တယ်။ နောက်ပြီးတော့ အနက်ရောင် အ လ င်းတန်း တစ်ခု သူ့ကိုယ်ကို ထွင်းဖောက်သွားတော့တယ်။
ဒါက သေစေနိုင်လောက်တဲ့ ထိချက်ပဲ။
" ချီးပဲ။"
သူ စကားတစ်ခွန်းတောင်မှ မဆိုရသေးခင် အချိန်မှာပဲ ။ အနက်ရောင် ဓား သူ့ နှလုံးကို ထိုးဖောက်သွားခဲ့ပြီ ။ သွေးလျှောက်လမ်းတွေလည်း ရပ်တန့်သွားတော့တယ်။
ရှန်ကျာ့ရဲ့ မျက်လုံး နောက်ဆုံး မြင်ကွင်းကို ပြူးကျယ်စွာကြည့်နေခဲ့တယ်။
နောက်ဆုံးတော့ ဖန်ကျန်းရှီ ရဲ့ ရည်ရွှယ်ချက်ကို သူ နားလည်သွားပြီ ။ ဒါပေမယ့်လည်း သူ နောက်ကျလွန်းသွားခဲ့ပြီ။ သူ့ကိုယ်ထဲကို ထိုးဖောက်နေတဲ့ အင်အားတွေကို ခံစားလိုက်ရတယ်။
" င ငါ ... နား လ .ည် . ြပ်ီ" ရှန်ကျာ့် ပါးစပ် အပြည့်သွေးတွေ အန်ထုတ်ပြီး နောက်မှာတော့ ရှင်းယွမ်ကော်ငးကို ကြည့်ရင်း နာကျင်စွာ အသက်ထွက်သွားခဲ့တယ်။ ဒါပေမယ့်လည်း နားလည် သဘောပေါက်သွားတဲ့ အတွေးသူ့စိတ်ထဲက ဝန်ထုပ်ဝန်ပိုးကို လျော့ကျသွားစေခဲ့တယ်။
" ရှန်ကျာ့ မသေခင် တစ်ခုခု ပြောမသွားတော့ဘူးလား။" ရှင်းယွမ်ကောင်းရဲ့ မျက်လုံးတွေ တောက်ပနေခဲ့တယ်။
သူ့လိုမျိုး အင်အားကြီးတဲ့ သူတစ်ယောက် အတွက်တော့ ရှန်ကျာ့ကို တစ်ချက်တည်းနဲ့ အသေသတ်ဖို့ ခက်ခဲတဲ့ အရာ မဟုတ်ဘူး ။ ရှင်းယွမ်ကောင်း ဒီ လို အခွင့်အရေးကို ဘယ်လိုလုပ် လက်လွှတ်ခံနိုင်မှာလဲ။
" ဟ ဟ မင်းက တောင်ပိုင်း ရွာရဲ့ ကြီးမြတ်သော ရှမင်းဆက် အပေါ် အမြင်ကို သိချင်တယ်လား။ အကယ် ၍ မင်း သိ သိချင်တယ်ဆိုရင် ကိုယ်တိုင်သာ သွားကြည့်" ရှန်ကျာ့ ရဲ့ မျက်လုံးတွေ ပြီးဆုံးအောင် မပြောနိုင်ခင်မှာပဲ ပိတ်သွားခဲ့တယ်။
သေဆုံးတော့မယ့် အချိန်အထိ ဘာကြောင့် သူ့ရဲ့ အစီ အစဉ် က ကျရှုံးသွားရလည်း နားမလည်နိုင် ဖြစ်နေခဲ့တယ်။
ကန်လင်းတောင်ကို အဆုံးမဲ့လောကထဲ ရောက်ရှိစေဖို့ အင်အားအများကြီး သုံးခဲ့ရတယ်။ ဒီ သားရဲကောင်တွေ အကုန်လုံးကိုလည်း သူ့လက်အောက် ရောက်အောင် အသေအချာ လေ့ကျင့်ပေးခဲ့ရတယ်။
မီးတောက် မြေခွေးပြာ တစ်ကောင်ချင်းစီ နတ်ဆိုးစည်း အဆင့်မှာရှိနေတယ်။ တခြားသော သားရဲတွေလည်း အင်အားအရာမှာသာလွန် ထက်မြက်လွန်းလှတယ်။
အရေးကြီးဆုံးကတော့ ဒီ သားရဲကောင်တွေ အကုန်လုံး သူ့ရဲ့ လေ့ကျင့်ထားမှုနဲ့ ဆို ရင် အင်အားပြင်းထန်လှတဲ့ မှော် ပညာကို ဖန်တီးနိုင်တယ်။ အခုရောက်နေတဲ့ စစ်သား ထောင်ချီလည်း အကုန်သေဆုံးသွားမှာပဲ ။
အခုတော့ ဘာမှားသွားတာလဲ။
မီးတောက်ပြာ မြေခွေးဘုရင် ....
လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက ဘယ်လိုများ အသက် ၃ နှစ် အရွှယ် ကလေး သတ်တာကို ခံလိုက်ရတာလဲ။ ဘယ်လိုတောင်များလဲ။ ကန်လင်းတောင်ခြေမှာလည်း သာမန်လူတွေ နဲ့ ပဲ ပြည့်နှက်နေတာ ဘယ်လောက်ပဲ အရေ အတွက် များပါစေ မီးတောက်မြေခွေးပြာ ဘုရင်ကိုတော့ ဘယ်လို သတ်နိုင်မှာလဲ။
"ဒုန်း!" ရှန်ကျာ့ရဲ့ ခေါင်း မြေပြင်နဲ့ထိကပ်သွားတော့တယ်။
"အာဝူး!"
"အာဝူး!"
"..."
"ဝေါင်း!"
"အာဝူး!"
မီးတောက်မြေခွေးပြာတွေနဲ့ သားရဲ ကောင်တွေ အားလုံး အော်ကြ အူကြတော့တယ်။
သူတို့တွေ သေဆုံးသွားပြီ ဖြစ်တဲ့ သူတို့ရဲ့ ဘုရင်တွေနဲ့ ရှန်ကျာ့ အတွက် ဝမ်း နည်းကြောင်း ဖော်ပြနေကြတာပဲ ။
သူတို့ရဲ့ အသံတွေမှာ ဝမ်းနည်းမှုတွေနဲ့ ဒေါသတွေ ပါဝင်နေခဲ့တယ်။
ဒေါသပေါက်ကွဲနေတဲ့ သားရဲကောင် စစ်တပ်ကြီး က ဘာလုပ်လိမ့်မလဲ။ ရှင်းယွမ်ကောင်း ပိုင်ရှင်းနဲ့။ တပ်နီတော်က တပ်သားတွေကော တောင်ဖြိုတပ်ဖွဲ့ ပဲ မသိဘူးပဲ ။
ဖန်ကျန်းရှှီလည်း မသိဘူး ။
ရှန်ကျာ့က ဒီ သားရဲကောင်တွေကို ၁၂ နှစ်တောင် လေ့ကျင့်လာပေးခဲ့တာ။ အကယ်၍ သားရဲကောင်တွေသာ ဖန်ကျန်းရှှီ ရဲ့ စကားကို နားယောင်ပြီးတော့ ထွက်သွားခဲ့ရင် ဒီ ၁၂ နှစ် တာက အလကား ဖြစ်သွားလိမ့်မယ်။
ဖန်ကျန်းရှီလည်း ဒီလို မျိုး သားရဲကောင် စစ်တပ်ကြီးရဲ့ ဒေါသကို ရှန်ကျာ့်အပေါ် ပုံချဖို့ မတွေးခဲ့ပါဘူး။ သူက ထင်ယောင် ထင်မှားဖြစ်အောင် လုပ် ရုံသက်သက်ပါပဲ။
နောက်ပြီးတော့ ... ရှင်းယွမ်ကောင်း တိုက်ခိုက်ဖို့ အတွက် အခွင့် အရေး ဖန်တိးပေးရုံပဲ ။
ရှန်ကျာ့ သေသွားတာကြောင့် သားရဲကောင် တပ် ဖန်ကျန်းရှီ ရဲ့ အမိန့်အောက်ကို ရောက်သွားပြီလို့ ဆိုမရဘူး။ ဒါပေမယ့်လည်း ရှန်ကျာ့သာ အသက်ရှင်နေခဲ့ရင် ဖန်ကျန်းရှိမှာ ဒီ စစ်တပ်ကို အမိန့်ပေးနိုင်ဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး။ ဒါကြောင့် ဒီ တိုက်ပွဲမှာ ရှန်ကျာ့ အသက်ရှင်လို့ ဖြစ်တဲ့ အကြောင်းလည်း မရှိဘူး။
ဖန်ကျန်းရှီ ရဲ့ အတွေး ရိုးရှင်းလှတယ်။ ရှန်ကျာ့်ကို ရှင်းယွမ်ကောင်း သတ်ဖို့ အတွက် အခွင့်အရေး ဖန်တီးပေးရုံပဲ ။ အရာအားလုံးက သူနဲ့ ဆိုင်တာမှ မဟုတ်တာ။ သူ လုပ်ဖို့လိုတာက လုံခြုံတဲ့ နေရာ ရှာြ့ပီးတော့ ပုန်းနေရုံပဲ ။
ရှန်ကျာ့ရဲ့ သေဆုံးမှု သားရဲကောင်တပ်ကို အလှည့်အပြောင်းဖြစ်သွားစေတယ်။ နောက်ထပ် ဘာဖြစ်မလဲ သူ လည်း မခန့်မှန်းနိုင်ဘူး။ ရှန်ကျာ့ကို တစ်စစီ ဖြစ်အောင်လည်း ဆွဲဖြဲနိုင်တယ်။ နတ်ဆိုးတွေကိုလည်း တိုက်ခိုက်နိုင်သလို ဒီမြင်ကွင်းကို ကပြောင်းကပြန် ဖြစ်သွားစေနိုင်တယ်။
ဒါပေမယ့်လည်း ရှန်ကျာ့ရဲ့ ဦး ဆောင်မှု မရှိရင်တော့ သူ့တို့ မကျိုးနွံနိုင်တာ သေချာလှတယ်။
ပရမ်းပတာတော့ ဖြစ်သွားတော့မှာ သေချာလှတယ်။
သီချင်းသံ ရပ်တန့်သွားပြီးတဲ့နောက်မှာတော့ သူတို့တွေ မထွက်ခွာသွားတော့ပဲ ညီလာခံခန်းမ ထဲက သူတွေကို ရန်လိုစွာ စိုက်ကြည့်နေခဲ့ကြတယ်။ ဒီအချိန်မှာတော့ သူတို့ အတွက် အရာအားလုံး ရန်သူပဲ ။
" ဖန်ကျန်းရှီ " ဒေါသပြည့်နေတဲ့ နာမည် ခေါ်သံ တစ်ခု ထွက်လာခဲ့တယ်။ ဒီ အသံ ထုံးစံ အတိုင်း ပိုင်ရှင်း စီကနေ ထွက်လာတာပဲ ။ သူ ဒေါသပေါက်ကွဲနေခဲ့တယ်။
ဒါပေမယ့်လည်း ဖန်ကျန်းရှီကတော့ ဂရုမစိုက်ဘူး ။
ပိုင်ရှင်းရဲ့ ပြိုင်ဘက်က ရှင်းယွမ်ကောင်းပဲ။
ရှင်းယွမ်ကောင်းပဲ သူနဲ့ ယှဉ်နိုင်မှာ။ အနည်းဆုံးတော့ ရှင်းယွမ်ကောင်းနဲ့ တိုက်ခိုက်ရရင် ပိုင်ရှင်းက အာရုံ အပြည့်အ၀ စိုက်ပြီးတော့ တိုက်ခိုက်ဖို့ လိုမှာပြ။
" သတ်" ဝတ်ရုံနက် လူကိုးဦး စတင် လှုပ်ရှားလာတော့တယ်။
" သတ်" စိတ်ဓာတ်တက်ကြွနေတဲ့ တပ်သားတွေ ရဲ့ အော်သံလည်း တစ်ချိန်တည်းမှာ မြင့်တက် လာခဲ့တယ်။ ဦးဆောင်သူ မရှိတဲ့ သားရဲကောင်
တပ်အတွက်တော့ ဒီ အသံတွေ သွေးဆာမှုကို မီးမြှိုက်လိုက်သည့် အလားဖြစ်စေခဲ့တယ်။
တိုက်ပွဲတော့နောက်ဆုံးမှာ စတင်ပြီ ။ သွေးချောင်းစီးမှု သားရဲကောင် လူသားနဲ့ နတ်ဆိုးတွေကြား ဖြစ်ပေါ်လာတော့တယ်။
" အားးးး"
" သေစမ်းးး"
...
ညီလာခံခန်းမထဲက တိုက်ပွဲ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြင်းထန်လှတယ်။
ဖန်ကျန်းရှီ တိုက်ပွဲရဲ့ ဘေးကနေ အေးဆေးစွာရပ်ကြည့်နေခဲ့တယ်။ သူ့ရှေ့မှာတော့ အမျိုးသမီးနှစ်ဦးက ကာဆီးထားခဲ့တယ်။ (အကာအကွယ် ယူထားခဲ့တယ်။)
" မီးတောက်မြေခွေးပြာ ဘုရင်ရဲ့ သားရေကို ဘယ်ကနေ ရတာလဲ။" ပင်းယန် သိလိုစိတ်ကို မထိန်းနိုင်တော့နိုင်ကြောင့် မေးခဲ့တယ်။
" ငါ သတ်ပြီးတော့ ရခဲ့တာလေ။" ဖန်ကျန်းရှီ စိတ်ပျက်စွာပြောလိုက်တယ်။
" နင် သတ်ခဲ့တယ်။ မလိမ်စမ်းပါနဲ့။ လွန်ခဲ့တဲ့ ၁၂ တုန်းက နင် ဘယ်လောက်ရှိအုန်းမှာလဲ။ သုံးနှစ်သားက ။ မီးတောက်မြေခွေးပြာ ဘုရင်ကို သတ်တာ ဖြစ်နိုင်မှာလား။" ပင်းယန် မယုံကြည်ဘူး။
" လွန်ခဲ့တဲ့ ၁၂ နှစ်က သတ်တယ်ပြောမိလို့လား။" ဖန်ကျန်းရှီက ပြန်ဖြေလိုက်တယ်။
" မီးတောက်မြေခွေးပြာ ဘုရင်ကိုသူသတ်ခဲ့တယ်။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ ၁၂ နှစ်ကတော့ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၈ နှစ် သူ့အသက် ရ နှစ်က သတ်ခဲ့တာ။" ချီကူယန်ရဲ့ စကားသံ သူတို့ရဲ့ စကားဝိုင်းကို နှောက်ယှက်ခဲ့တယ်။
" ယန်လေးက သိတယ်လား။"
"အင်း"
"ကောင်းပြီလေ။ ယန်လေး ပြောလို့ ယုံလိုက်မယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၈ နှစ်က သတ်တာကို အခုတော့ လွန်ခဲ့တဲ့ ၁၂ ... နင် လူလိမ်ကောင်"
" အိုက်ယား။ သူတို့တွေက နည်းနည်းလေး အတယ်ဆိုတာတော့ သိတယ်။ ဒါပေမယ့် မင်းလည်း သူတို့နဲ့ တူနေမယ်လို့တော့ မထင်ဘူး။ ဒီလောက်သိသာ ထင်ရှားနေတာကိုတောင် နားမလည်တာ အံ့သြတယ်။" ဖန်ကျန်းရှီ လှောင်ရယ်နေခဲ့တယ်။
" ငါ့ကို အတယ်လို့ ဘယ် လ ိုများ ပြောနိုင်တာလဲ။ နင့် ရာထူး ပြုတ်သွားချင်လား။" ပင်းယန် ဒေါသပေါက်ကွဲလာတော့တယ်။
ချီကူယန်ရဲ့ ရှေ့မှာတော့ ငတုံးတစ်ယောက်လို အပြောမခံနိုင်ဘူး။
" ဒီကနေ ထွက်ဖို့က ပို အရေးကြီးတယ်။ " ဖန်ကျန်းရှီ ပင်းယန်ရဲ့ ဒေါသကို လျစ်လျူရှုထားခဲ့တယ်။ အမှန်တကယ်တော့ သူ ကျင့်သားရနေခဲ့တာ။ သူမက မင်းသမီးတစ်ပါးပဲလေ။
" ထွက်ရမယ်လား။ ဒါဆိုရင် ဘာလို့ ထွက်ဖို့ နည်းလမ်း မစဉ်းစားတာလဲ။"
"ငါစဉ်းစားပြီပြီ။ ပြောပြီးသားလေ။ ငါ လမ်းရှာတွေ့ပါပြီဆို" ဖန်ကျန်းရှီ အေးဆေးစွာ ပြောနေခဲ့တယ်။
" တကယ်ပဲ လမ်းရှာတွေ့ပြီလား။" ပင်းယန် မယုံနိုင်စွာ ပြောခဲ့တယ်။
ချီကူယန်ကတော့ အံ့သြသွားခဲ့တယ်။ ဖန်ကျန်းရှီက သူတို့ကို ကယ်ချင်လို့ ပြောခဲ့တယ်ပဲ ထင်တာ။ ဘယ်လိုများတကယ်ပဲ လမ်းကြောင်းရှာတွေ့သွားတာလဲ။
" တကယ်ပေ့ါ။ မဟုတ်ရင် မင်းတို့ နှစ်ယောက်ကို ဘာလို့ ခေါ်လာရမှာလဲ။ ငါက ရူးနေတာ မဟုတ်ဘူး။"
" ဒါဆို ပြောပြ" ပင်းယန် စိတ်ရှုပ်စွာ ပြောလိုက်တယ်။
" ကြီးမြတ်လှစွာသော မင်းသမီး။ အခုသာ ပြောလိုက်ရင် အရှင်က ကျွန်တော့်ရဲ့ ရာထူးကို သိမ်းပြီးတော့ ထောင်ထဲ ထည့်မှာ မလား။ကျွန်တော့်ကို အရူးထင်နေတာလား။" ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။
"နင် နင် က အခု အဆင့်လေး ဓားသံတမန် ဖြစ်နေပြီ။ ငါ့ရဲ့ တိုက်ရိုက်အမိန့်ကို ဘယ်လိုလုပ် ဖီဆန်ဝံ့တာလဲ။" ပင်းယန် ဒေါသထွက်စွာ ပြောလိုကတယ်။
" ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းတဲ့ လမ်းမှ မရှိတာ ဘာများ ထူးသွားလို့လဲ။" ဖန်ကျန်းရှီ ပင်းယန်ကို လျစ်လျူရှုထားခဲ့တယ်။
" နင် နင်။.... အာား .. .ယန်လေး။ သူ ပင်းယန်ကို အနိုင်ကျင့်နေတယ်။"
"ဖန်ကျန်းရှီ ငါတို့ကို နင် ရှာတွေ့ ထားတဲ့ လမ်း အစကို ပြောပြသင့်တယ်။ ဒါမှ အတူဖြေရှင်းလို့ရမှာပေါ့။ နင့်အတွက်လည်း အချိန်ကုန် သက်သာစေမယ်ဆိုတာ သေချာတယ်။"ချီကူယန် စိတ်ထိန်းပြီးတော့ ပြောနေခဲ့တယ်။
ဖန်ကျန်းရှီ အနည်း ငယ် အံ့သြသွားခဲ့တယ်။ ချီကူယန် ပြောသလိုပဲ အချိန်က အရေးကြီးတယ်။ သူ့အတွက် မြောက်ရွာကို နေမထွက်ခင် ပြန်ရောက်ဖို့ အရေးကြီးတယ်။ မဟုတ်ရင် အပျက်အစီးတွေက မယုံနိုင် စရာဖြစ်လာလိမ့်မယ်။
ဒါပေမယ့်လည်း ချီကူယန်ကို တိုက်ရိုက်ပြောပြရမှာတော့ သိပ်ပြီး ဝမ်းမသာလှဘူး။
" ငါက သူ့ကို ညာနေရုံးသက်သက်ပဲ။ မင်းက ငါ့ကို တကယ်ယုံနေတာလား။" ဖန်ကျန်းရှီ ချီကူယန်ကိုကြည့်လိုက်တယ်။
" .... " ချီကူယန် မျက်စိလည်သွားခဲ့တယ်။ သူမရဲ့ နှုတ်ခမ်းတွေ တင်းတင်းစေ့သွားခဲ့တယ်။
ပင်းယန်ရဲ့ မျက်နှာ ဒေါသကြောင့် နီရဲလာတော့တယ်။ သူမရဲ့ခေါင်းးကို မော့လိုက်ချိန်မှာတော့ တောက်ပတဲ့ အနီရောင်လံှ သူ့လက်မှာ ပေါ်လာခဲ့တယ်။
ဒါ ရဲရဲတောက် ချီလင်လှံ။
" ငါနင့်ကို သတ်မယ်။"
မီးတောက်တွေ ပင်းယန်ရဲ့ အော်သံနဲ့ အတူ ထွက်လာခဲ့တယ်။ ဖန်ကျန်းရှီ ဆီကိုတ တဲ့တဲ့တိုးဝင်သွားတဲ့ မီးတောက်တွေ ပြင်းထန်လှယတ။်
"မင်းက စစ်တပ်တဲက အကြောင်းပြောနေတာလား။ တပ်နီတော်နဲ့တောင်ဖြိုတပ်ဖွဲ့တွေက ပုံရိပ်ယောင် တွေ တိုက်ခိုက်မှုကို ခံရကြောင့် တစ်ယောက်ကို တစ်ယောက် တိုက်ခိုက် ရင်း အဆုံးသတ်ခဲ့ကြတယ်။ နောက်ဆုံးတော့ ဝတ်ရုံနက် လူတွေ သတ်တာကို ခံလိုက်ရတယ်။ ဒါကိုတွေးကြည့်စမ်းပါ။ အကယ်၍ နတ်ဆိုးတွေမှာသာ အင်အားတောင့်တင်းတဲ့ စစ်တပ်ကြီးရှိခဲ့ရင် သားရဲကောင်တွေကို ၁၂ နှစ်တောင် လေ့ကျင့်ဖို့လိုမလား။" ဖန်ကျန်းရှီရဲ့ နှုတ်ခမ်းတွေ မီးတောက်တွေကို ကြည့်ရင်း ပြုံးကာ ပြောနေခဲ့တယ်။
ပင်းယန်ရဲ့ လှံ ဒီ အချိန်မှာ ရပ်တန့်သွားခဲ့တယ်။
" အဲ့ဒီ့တော့ ဘာဖြစ်လဲ။ " ပင်းယန် မေးလိုက်တယ်။
ချီကူယန်ရဲ့ မျက်လုံးတွ ဒါကို ကြားချိန်မှာ တောက်ပလာခဲ့တယ်။ ဒီ အကြောင်းရဲ့ နက်နဲမှုကို သူလဲ နားလည် သွားပုံပါပဲ။
" နင်ဘာပြောနေတာလဲ။"
" ငါတို့ အဖြေကို မကြာခင် သိရမယ် ထင်တယ်။" ဖန်ကျန်းရှီ ပိုင်ရှင်းရဲ့ နောက်က ဝတ်ရုံနက် ကိုးဦးကိုကြည့်ရင်းနဲ့ တွေးနေခဲ့တယ်။
အပိုင်း (၂၄ရ) ပြီး၏။
Vip Gpကတော့ အပိုင်း (384) ထိရောက်ပါပြီ။
အပိုင်း (၂၄၈)
“ အဆုံးမဲ့လောက၏ မျက်နှာစစ်”
ဝတ်ရုံနက် လူကိုးဦး ပိုင်ရှင်းကို အလယ်မှာ ထားပြီး စက်ဝိုင်း သဖွယ် ဝန်းရံ ထားတာ ။ သူတို့ရဲ့ ကိုယ် သားရဲကောင်တွေကို တိုက်ခိုက်ချိန်မှာ တောက်ပ လာခဲ့တယ်။
သူတို့ နဖူးပေါ်က အစိမ်းဖျော့ရောင် အလင်းတန်း တဖျတ်ဖျတ် လက်နေခဲ့တယ်။
သဘာဝလွန်အဆင့် ကျင့်ကြံသူတွေ အနေနဲ့ သူတို့ သားရဲကောင်တွေကို အေးဆေးစွာ တိုက်ခိုက်နိုင်ကြတယ်။
သို့သော်ငြားလည်း သားရဲကောင် အုပ်စုလိုက်ကြီး ထူးခြားတယ်။ သူတို့ရဲ့ ခြေလက်တွေ နဲ့ အရှိန် နှုန်း ကန့်သတ်လို့ မရနိုင်အောင် ဖြစ်ခဲ့တယ်။
ညီလာခံ ခန်းမထဲမှာ တော့ သားရဲ ကောင် တွေ များပြားလွန်းလှတယ်။ မီးတောက်မြေခွေးပြာ ၁၀၀၀ ကျော်။ သတ္တု လက် ရွှေဝံ တွေ ဂျိုသုံးချောင်း ကြံ့ဖြူ ။ နဲ့ မိုးကြိုးခြင်္သေ့တွေ အကောင် ၄၀၀၀ ကျော် ရှိနေတာ ။
ရှင်းယွမ်းကောင်းရဲ့ စိတ် ကောင်းကင်တာအို သုခမိန်ကျောက်ဖျာကို ရှာဖို့ အဓိက ရှိနေတာ ။ ကန်လင်းတောင် ကြီးမြတ်သော ရှ မင်းဆက် ရဲ့ နယ်နိမိတ် အတွင်းမှာ ရှိနေတာ ။ အန္တရာယ် များလှတဲ့ နေရာ ဖြစ်ပေမယ့်လည်း တပ်နီတော် နဲ့ တောင်ဖြိုတပ်ဖွဲ့ နှစ်ခု ဆို လုံလောက်ပါတယ်။ သူတို့ မြောက်ပိုင်း ကျောင်းတော် ငါးခုရဲ့ အဓိက ထောက်တိုင်တွေ ။
သူ မြို့တော်က နေ အလောတကြီး ထွက်ခွာလာခဲ့တာ ဖြစ်တဲ့ အတွက် သူနဲ့ အတူ သဘာဝလွန် အဆင့် ၂ ဦးကိုသာ ခေါ်လာခဲ့တာ ။
ဒီလို နဲ့ပဲ သူ တပ်နီတော် နဲ့ တောင်ဖြို တပ်ဖွဲကို သားရဲကောင်တွေ နဲ့ တိုက်ခိုက်ခြင်း ရှောင်ကြဉ်စေခဲ့တယ်။ ပိုင်ရှင်းနဲ့ ဝတ်ရုံနက် လူကိုးဦးကိုသာ အဓိက တိုက်ခိုက်စေတာ ။
ဒီလို နည်းနဲ့ သူတို့ ဝတ်ရုံနက် ကိုးဦးကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ခဲ့တယ်။
သူတို့ အားလုံး တိုက်စစ်ကို ပြင်းထန်စွာ ခုခံနေကြရတာ ။
လေးထောင် ကျော်တဲ့ သားရဲတွေနဲ့ ၂၀၀၀ သော ကျွမ်းကျင် စစ်သားတွေကို ရင်ဆိုင်နေရ တာ ။ တိုက်ပွဲ စီးကြောင်း ပြောင်းလဲ သွားခဲ့တယ်။
“ ခေါင်းဆောင်ကြီး” ဝတ်ရုံနက် လူ တစ်ဦး ပိုင်ရှင်းကို လှမ်းအော်လိုက်တယ်။
“ အရှင် သခင် ဒီလောက်တောင် အားစိုက်ထုတ်ပြီး ပြင်ဆင်ထားခဲ့ရတဲ့ ထောင်ချောက်ကြီးက ဘာမဟုတ်တဲ့ ဖန်ကျန်းရှီ ကြောင့် ပျက်စီးရတယ် တဲ့လား။” ပိုင်ရှင်း လက်မလျှော့နိုင်ဘူး ။
“ ခေါင်းဆောင်ကြီး ဆက်ပြီးတော့ တွေေ၀ နေလို့ မဖြစ်တော့ ပါဘူး။ ကျွန်တော်တို့ရဲ့ သေဆုံးမှုက စစ်နတ်ကျောင်းတော်ကို ဖျက်စီးနိုင်တယ် ဆိုရင် ကျွန်တော်တို့ အကြိမ် တစ်ရာ မက သေဝံ့ပါတယ်။ ”
“ သေဝံ့ပါတယ်။”
“ခေါင်းဆောင်ကြီး။ စစ်နတ်ကျောင်းတော်ကို အဆုံးမဲ့ လောက ကနေ ထွက်ခွာခိုင်းလို့ မဖြစ်ဘူး။ မဟုတ်ရင် နတ်ဆိုး မျိုးနွယ်စုရဲ့ အစီအစဉ်ကြီးက ပျက်စီးသွားလိမ့်မယ်။”
ဝတ်ရုံနက် လူ တစ်ဦးဆီ ပြင်းပြင်းထန်ထန် ခုခံ ရင်း နဲ့ ပိုင်ရှင်းကို ပြောနေခဲ့တယ်။ သူတို့ရဲ့ အမူအယာတွေ အသေအချာကို ဆုံးဖြတ်ထားဟန်ပါပဲ။
“ကောင်းပြီလေ။ စလိုက်ရအောင် ” ပိုင်ရှင်း အံကြိတ်ရင်း သူ့ရဲ့ ငွေရောင် ဓားရှည်ကြီးကို ဆွဲထုတ်လိုက်တယ်။ သူ့ရဲ့ အနီရောင် နတ်ဆိုး မျက်လုံး တောက်ပလာတော့တယ်။
ဒီအချိန်မှာပဲ ဝတ်ရုံနက် လူ ကိုးဦး စိတ်သက်သာရာ ရသွားခဲ့တယ်။
“ ဟွမ်းးးးး”
ထူးဆန်းတဲ့ အသံ တစ်ခု ထွက်ပေါ်လာခဲ့တယ်။
အဲ့ဒီ့နောက် ညီလာခံ ခန်းမ ကြီး စတင် တုန်ခါ လာတော့တယ်။ အနက်ရောင် အက်ကွဲ ကြောင်းတွေ ပင့်ကူမျှင်တွေသဖွယ် ပေါ်လာခဲ့တယ်။ ဒီနေရာကြီး တစ်ခုလုံး ပေါက်ထွက်မတတ် ဖြစ်နေခဲ့ တော့တယ်။
…
“ ငလူးပဲ။ ငါတွက်တာ မှားသွားပြီ။ ” ဖန်ကျန်းရှီ ရဲ့ အသံ ထွက်ပေါ်လာတော့တယ်။ အကြောက်တရား သူ့ ရင်ထဲမှာ လှိုင်းထန်လာခဲ့တယ်။
“ နင် မှန်းတာ မှားသွားတယ်။” ပင်းယန် ဖန်ကျန်းရှီကို စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့တယ်။
“ သွားပြီ။ သွားပြီ။ ငါတို့ အကုန်သေကုန်တော့မယ်။” ဖန်ကျန်းရှီ စိုးရိမ်လာတော့တယ်။
“ဘာတွေ ဖြစ်ကုန်တာလဲ။” ပင်းယန်လည်း စိုးရိမ်နေခဲ့တယ်။
“ ဒီလူတွေ ဘာလို့ ကိုယ့်သေတွင်း ကိုယ်တူးကြတာလဲ။ အကုန်လုံး သေကုန်ရတော့မှာလား။ ဒီလို နည်းနဲ့ ဆို ဘယ်သူမှ မလွတ်နိုင်ဘူး။” ဖန်ကျန်းရှီ ပင်းယန်ကို လျစ်လျူရှုရင်း တောင်စဉ်ရေမရ ဆက်ပြောနေခဲ့တယ်။
“ အာ ငါ နားလည်ပြီ။” ချီကူယန် ရုတ်တရက် နားလည် သွားဟန်ပါပဲ။
ပင်းယန် ချီကူယန် နဲ့ ပင်းယန်ကို သာ ကြည့်နေခဲ့တယ်။ သူမ ဖန်ကျန်းရှီေ ပြာတဲ့ “ အကုန်သေကုန်တော့မယ်။” ဆိုတဲ့ စကားကို ကြားချိန်မှာတော့ စိတ်လွတ်သလို ဖြစ်နေခဲ့တယ်။
ဒီစကားကို သူမ လုံး၀ မနှစ်သက်ဘူး ။ ဘယ်သူကများ ဒီစကားကို ကြိုက်မှာလဲ။
…
ရှင်းယွမ်ကောင်း ဒီ မြင်ကွင်းကို မြင်ချိန်မှာတော့ သူ့ရဲ့ ဖီးနစ် မျက်လုံးတွေ ထိတ်လန့်ဟန် တစ်ချက် ဖြတ်ပြေးသွားခဲ့တယ်။
“ ငါ နားလည်ပြီ။”
“ မင်း နားလည်လည်း အချိန်နှောင်းသွားပြီ။ ” ပိုင်ရှင်းရဲ့ အသံ ထွက်လာခဲ့တယ်။ သူ ဝတ်ရုံနက် ကိုးဦး ကနေ ဝန်းရံ ကာကွယ်ခြင်း မှာရှိနေတာ ဖြစ်ပြီးတော့ သူ့ ဓား ရှင်းယွမ်ကောင်းကို ရွှယ် လျက်ရှိနေခဲ့တယ်။ သူ့ အသံ အေးဆေး နေခဲ့တယ်။
“ ငါ့ တစ်သက်မှာ သေခြင်း ကို ဘယ်တုန်းက မှ မကြောက်လန့်ခဲ့ဘူး။ ကြယ်တာရာ နတ်ဆိုး မျိုးနွယ် ခေါင်းဆောင် နဲ့ အတူ သေရမှာကိုတော့ ဝမ်းသာ မိတယ်။” ရှုင်းယွမ်ကောင်းလည်း အေးဆေးနေခဲ့တယ်။
“ ဟ ား း ငါတို့ရဲ့ ခမ်းနားတဲ့ တိုက်ပွဲကို ဒီနေ့ စတင်ကြတာပေါ့။” ပိုင်ရှင်းရဲ့ ဓား ကြယ်တာရာတွေလို တောက်ပလာခဲ့တယ်။
ဝတ်ရုံနက် ကိုးဦး ပိုင်ရှင်းကို မရပ်တန့်ခဲ့ပါဘူး။ အခြေအနေက ဒီလို ဖြစ်လာမှတော့လည်း အဆုံးမဲ့ လောက ထဲက လူတွေ အကုန်သေရုံသာရှိတာပေါ့။
နတ်ဆိုး ။ လူသားနဲ့ သားရဲကောင်တွေ အကုန်။
ငွေရောင် အလင်းတန်း လေထုကို ခွင်းသွားသလို သားရဲ သုံးကောင်ရဲ့ နဖူးလည်း ကွဲအက်သွားပြီးတော့ သွေးတွေ ပန်းထွက်လာခဲ့တယ်။
အဲ့ဒီ့နောက် သားရဲကောင် သုံးကောင် မြေပြင်ပေါ်ကို လဲ ကျ သေဆုံးသွားခဲ့တယ်။
ပိုင်ရှင်း တော့ သားရဲကောင်တွေရဲ့ ကိုယ်ပေါ်ကို ဘယ် ခြေနဲ့ နင်းကာ ခေါင်းကို မော့ထားခဲ့တယ်။ သူ့ရဲ့ မောက်မာဝံ့ကြွားတဲ့ အသွင်စာတော့ ပေါ်လွင်နေခဲ့တယ်။
သူ စကားမပြောတော့ပဲ လက်ထဲက ဓားကိုသာ သူ့ ဘေးက သားရဲကောင်တွေ ဆီ ယမ်းနေခဲ့တယ်။
ဒါပေမယ့်လည်း ဒီ အချိန်မှာတော့ လောကကြီး ချက်ခြင်း ဆိုသလို တိတ်ဆိတ်သွားခဲ့တယ်။ ပိုင်ရှင်းကြောင့်လား ဖြစ်မယ်လို့ပဲ ထင်လိုက်ကြတယ်။ သူ အင်အားကြီးလွန်းလှတယ်။ သားရဲကောင်တွေ အားလုံးလည်း ငြိမ်သက်သွားခဲ့တယ်။
ဒါပေမယ့်လည်း တိတ်ဆိတ်မှု တစ်ခဏသာ ကြာမြင့်တာ ။
ဒီအချိန်မှာပဲ ထူးဆန်းမှု ဖြစ်ပေါ်လာပြန်တယ်။ ပြင်းထန်လှတဲ့ေ ပါက်ကွဲသံကြီးကို လူတိုင်း ကြားလိုက်ရပြီးနောက်မှာတော့ ၂၀၀၀ ခန့်ရှိတဲ့ စစ်သည်တော်တွေ ရုတ်ချည်း ပေါ်လာခဲ့တယ်။ သူတို့ အားလုံး လှံရှည်တွေကို ကိုင်ဆောင်ထားခဲ့တယ်။ သို့ပမေယ့်လည်း မျက်နှာကိုတော့ ဖုံးအုပ်ထားခဲ့တယ်။
တပ်နီတော်နဲ့ တောင်ဖြို တပ်ဖွဲ့ ထို မျက်နှာဖုံး တပ်သားတွေကို မြင်ချိန်မှာတော့ သူတို့ အားလုံး ရပ်တန့်သွားခဲ့တယ်။
ဒီ လူတွေ ဘာကို ကိုယ်စားပြုလဲ သူတို့ အသိဆုံး။ သေခြင်း တရား။ အစုလိုက် သေဆုံးခြင်း အသက်ရှင်ဖို့ အခွင့်အရေးမရှိ။ တိုက်ခိုက်ဖို့ ရွေးချယ်သည် ဖြစ်စေ မရွေးချယ်သည် ဖြစ်စေ အဆုံးသတ် သေခြင်း တရားပဲ ။
ရှင်းယွမ်ကောင်းရဲ့ မျက်လုံးတွေ ထိုသူ တွေကို မြင်ချိန်မှာ ဒေါသတွေ ပြည့်နှက်လာခဲ့တယ်။ ဒီလူတွေက တပ်နီတော် နဲ့ တောင်ဖြို တပ်ဖွဲ့ကို မြေပြင်ပေါ်မှာ သတ်သွားခဲ့တဲ့ သူတွေပဲ ။
တပ်သား ၂၀၀၀ ကျော်မှာ ၅၀၀ ခန့် ဒဏ်ရာ အပြင်းအထန်ရ နေတာ ။
ဒါ ရှင်းယွမ်ကောင်း ဘ၀ မှာ အဆိုးဝါး ဆုံးသော ရှုံးနိမ့်မှု ဖြစ်လိမ့်မယ်။ အနာကျင်ရဆုံးသော အရှုံး
နောက်ပြီးတော့ အခုချိန်မှာ ….
အသက်ရှင်နေတဲ့ စစ်သား ၂၀၀၀ လည်း အသက်မရှင်နိုင်တော့ မှန်းသူသိတယ်။ ဒီလိုပဲ ကြီးမြတ်သော ရှ မင်းဆက် ရဲ့ ကျွမ်းကျင် စစ်သည်တော်တွေကို ဆုံးရှုံးရတော့မှာလား။
“ သူတို့ နောက်ဆုံးတော့ ရောက်လာပြီ။ ဒီအရာတွေကို မင်းတို့ မှတ်မိမယ် ထင်ပါတယ်။”
“ မှတ်မိပါတယ်။” စစ်သည် ၂၀၀၀ တညီတည်း ပြန်ဖြေလိုက်ကြတယ်။
“ ကောင်းပြီ။ မင်းတို့ မှတ်မိတယ် ဆိုရင် ငါမင်းတို့ကို မေးယ်။ မင်းတို့ တိုက်ခိုက်သည် ဖြစ်စေ မတိုက်ခိုက်သည် ဖြစ်စေသေရမှာပဲ။ မင်းတို့ တိုက်ခိုက်မှာလား။” ရှင်းယွမ်ကောင်းက မေးလိုက်တယ်။
“တိုက်မယ်။ ”
“ တိုက်”
“တိုက်”
“….”
သူတို့ အားလုံးရဲ့ တည်ီတည်း ပြန်ဖြေသံ ညီလာခံခန်းမကို ပဲ့တင်ထပ်သွားခဲ့တယ်။
အဲ့ဒီ့နောက် တပ်နီတော် နဲ့ တောင်ဖြို တပ်ဖွဲ့ လှိုင်းလုံးကြီး သဖွယ် မျက်နှာဖုံးနက် စစ်သည်တော်တွေ ဆီကို ပြေးဝင်သွားတော့တယ်။
“ ကောင်းပြီလေ။ တိုက်ကြတာပေါ့။” ရှင်းယွမ်ကောင်း လေးနက် တည်ကြည်သွားတော့တယ်။
သူပြောပြီးချိန်မှာပဲ သူ့ ရဲ့ ပုံရိပ် ပျောက်ကွယ်သွားခဲ့တယ်။ ခရမ်းရောင် အလင်းတန်း ပိုင်ရှင်း ဆီကို ပြေးဝင်သွားတော့တယ်။
“ ပိုင်ရှင်း ။ ငါတို့ မှတ်လောက် သားလောက် ဖြစ်မယ့် တိုက်ပွဲ တစ်ခုကို တိုက်ကြရအောင်”
“ လာလေ။” ပိုင်ရှင်း ပြန်ဖြေလိုကတယ်။ သူ ခရမ်းရောင် အလင်းတန်းကို ကြည့်နေခဲ့တယ်။ ထို အလင်းတန်း တောက်ပသည်ထက် တောက်ပလာခဲ့တယ်။
“ သတ် ”
“သတ်”
တိုက်ပွဲခေါ်သံ တွေလည်း တစ်ချိန်တည်း ပျံ့နှံ့လာခဲ့တယ်။
ငွေရောင် အလင်းတန်းနဲ့ ခရမ်းရောင် အလင်းတန်းတို့လည်း ထိခတ်သွားခဲ့တယ်။
“ဘွန်း!”
“ဘွန်း ဘွန်း ဘွန်း…”
ပေါက်ကွဲသံတွေ ဆက်တိုက်ပေါ်လာခဲ့တယ်။ အနန္တ ငွေရောင် အလင်းတန်းတွေ ခရမ်းရောင် မီးဘောလုံးတွေနဲ့ ထိခတ်ပြီးတော့ ပေါက်ကွဲ သွားသည့်နှယ် ။
အငွေ့တွေလည်း ကောင်းကင်ကို ပြည့်နှက်သွားခဲ့တယ်။
ညီလာခံ ခန်းမထဲက သားရဲကောင်တွေရဲ့ တိုက်ခိုက်လိုစိတ်လည်း အမြင့်ဆုံး အခြေအနေမှာ ရှိနေခဲ့ပြီ။ အော်ဟစ်သံတွေ နဲ့ တိုက်ခိုက်သံတွေလည်း ပိုပြီးတော့ ဆူညံ လာခဲ့သလို ။ တချို့ ဆိုရင် သူတို့ရဲ့ မျိုးနွယ် တူတွေကို တောင် တိုက်ခိုက်နေခဲ့ကြတယ်။
ရွှေရောင်ဝံ သတ္တုကြံကို ထုချေလိုက်သလို ကြံ့ရဲ့ ဂျိုလည်း ဝံရဲ့ နှလုံးကို ဖောက်ထွက်သွားခဲ့တယ်။
…
ညီလာခံ ခန်းမထဲက တိုက်ပွဲ အမြင့်ဆုံး အခြေအနေကို ရောက်လာခဲ့တယ်။ မြင်မြင်သမျှကိုတွေဝေခြင်း မရှိပဲနဲ့ သတ်ဖြတ်နေကြတဲ့ အတွက် ဘယ်အရာကိုမှ ပြောမရနိုင်အောင် ဖြစ်နေခဲ့တယ်။
ပင်းယန်ရဲ့ မျက်လုံး မျက်ရည်တွေ ပြည့်လျှမ်းလာခဲ့တယ်။ သူမ ညီလာခံ ခန်းမရဲ့ ထောင့်မှာနေရင်း တိုက်ပွဲကို သာ ဆက်ကြည့်နေခဲ့တယ်။
“ ဘာလို့ ဦးလေး ရှင်းက ပိုင်ရှင်းနဲ့ နှစ်ယောက်တည်း တိုက်နေတာလဲ။” ပင်းယန် နားမလည်နိုင်တာကြောင့်မေးလိုက်တယ်။
“ ပိုင်ရှင်းက ထွက်တဲ့တစ်ခုတည်းသော လမ်းကို စည်းချလိုက်ပြီ။” ချီကူယန်က ပင်းယန်ရဲ့ မျက်နှာကို သာသာလေး ပွတ်ပေးရင်း ပြောလိုက်တယ်။
“ ထွက်ဖို့ တစ်ခုတည်းသော လမ်း” ပင်းယန် နားမလည်သေးပါဘူး။
“ ဖန်ကျန်းရှီ ခုနက ပြောတာကို မှတ်မိလား။” ချီကူယန် ဖန်ကျန်းရှီကို ကြည့်ရင်း ပြောလိုက်တယ်။
ဖန်ကျန်းရှီ သူတို့ဘေးမှာရပ်နေပင်မယ့် ဘာကိုမှ မကြားသလို ဘာကိုမှလည်းမမြင်သည့် အတိုင်းတောင့်တောင့်ကြီးရှိနေခဲ့တယ်။
“ ယန်လေး ပြောချင်တာက နတ်ဆိုးတွေမှာသာ အင်အားကြီးတဲ့စစ်တပ်ရှိရင် ဘာကြောင့် သားရဲကောင်တွေကို ၁၂ ကျော် လေ့ကျင့်ပေးစရာလိုမှာလဲ။ အဲ့ အကြောင်းလား။” ပင်းယန်က မေးလိုက်တယ်။
“ ဟုတ်တယ်။ ယန်လေး ထင်တာ ဒီ မျက်နှာဖုံးတပ် စစ်သည်တွေကလည်း အဆုံးမဲ့ လောက ရဲ့ ဖန်တီးထားတဲ့ စစ်သည်တွေ ဖြစ်မယ်။” ချီကူယန် ညီလာခံ ခန်းမထဲကို ကြည့်ရင်း ပြောလိုက်တယ်။
“ အဆုံးမဲ့ လောက ပိုင်ဆိုင်တာ။” ပင်းယန် ပိုပြီးတော့ စိတ်ရှုပ်ထွေ်းလာဟန် ပါပဲ။ မ
“ ဖန်ကျန်းရှီ နဲ့ အမြင်တူတယ်။ ဝတ်ရုံနက် လူကိုးဦးနဲ့ ပတ်သက်တဲ့ ပြဿနာ အကြောင်းလည်း ရှိတယ်။ အရင်က ထင်ခဲ့တာ မြေပြင်ပေါ်မှာ ထင်ယောင် မှတ်မှားပြီး တိုက်ခိုက်အောင် လုပ်တာက ဝတ်ရုံနက်တွေဖြစ်မယ်လ်ု့” ချီကူယန် တွေဝေနေခဲ့တယ်။
“ မဟုတ်ဘူးလား။”
“ မဟုတ်ဘူး။ အဲ့တာတွေက တောင်ဖြိုတပ်ဖွဲနဲ့ တပ်နီတော်ရဲ့ ပုံရိပ်တွေပဲ။ တကယ်တော့ သူတို့ မြင်နေရတာက အဆုံးမဲ့ လောက ထဲမှာ ရှိနေတဲ့ အရာအားလုံးရဲ့ ပုံရိပ်တွေပဲ။ ” ချီကူယန် မျက်နှာဖုံး စစ်သည် ၂၀၀၀ ကို ညွှန်ပြရင်းပြောလိုက်တယ်။
အကယ်၍ ချီကူယန်ရဲ့ လက်ညှိုးညွှန်ရာကို ကြည့်ခဲ့ရင်တော့
ခရမ်းရောင် အလင်းတန်း ဝတ်ရုံနက် လူ တစ်ဦးကို ထိခတ်သွားခဲ့တယ်။ ဒါ ရှင်းယွမ်ကောင်းရဲ့ တိုက်ခိုက်မှု ပဲ့တင့်သံ့။ အလင်းတန်း တပ်နီတော် စစ်သည်တစ်ဦးဆီကိုလည်း ထိခတ်သွားခဲ့တယ်။
တစ်ချိန်တည်းမှာပဲ နောက်ထပ် ဝတ်ရုံနက် လူ တစ်ဦး ကြယ်မှုန် အသွင်း ပြောင်းလဲပြီးတော့ တောက်ပလာခဲ့တယ်။
“ ဒါ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။” ပင်းယန် မယုံနိုင်စွာ ပြောလိုက်တယ်။
“တကယ်တော့ ဒါက အဆုံးမဲ့ လောကရဲ့ မျက်နှာစစ်ပဲ။ ” ချီကူယန်ရဲ့ အသံ ခန့်မှန်းမရ နိုင်တဲ့ အတွက် သူမရဲ့ အတွေးကို ဘယ်သူကမှ မပြောနိုင်ဘူး ။
“ အဆုံးမဲ့ လောကရဲ့ မျက်နှာစစ်” ပင်းယန် ထိတ်လန့်တကြားပြောလိုက်တယ်။
“ ငါတို့က ပုံရိပ်ကို အစစ် အဖြစ် မှတ်ယူရင်။ အစစ် ပုံရိပ်ဖြစ်သွားမယ်။ ငါတို့မှာ တက်ယ်မရှိတာကို စဉ်းစားနေမယ် ဆိုရင် ငါတို့မှာ ရှိနေတာကို ဆုံးရှုံးရမယ် ။” ဖန်ကျန်းရှီ ပင်းယန်ကို ဖြေသလိုနဲ့ သူ့ကိုယ်သူ ပြောနေခဲ့တယ်။
“ မင်းတို့ (ခမ်းဆောင်နီအိမ်မက် Dream of the Red Chamber) * ကို ဖတ်ဖူးလား။” ဖန်ကျန်းရှှီ ကမေးလိုက်တယ်။
“ ဘာကြီး” ချီကူယန်က မေးလိုက်တယ်။
“ ခမ်းဆောင်နီ အိမ်မက်ဆိုတာ ။ အနီရောင် ခြယ်ထားတဲ့ အခန်းထဲကို ရောက်သွားတဲ့ သူတွေ မက်တဲ့ အိမ်မက်” ဖန်ကျန်းရှီက ရှင်းပြလိုက်တယ်။
သူ ရင်ထိတ်သွားခဲ့ရတယ်။ ဒီလောကမှာ ခမ်းဆောင်နီ အိမ်မက် (ဝတ္ထုစာအုပ်) မရှိမှန်းသူမေ့သွားတာ။
“ ဘာ အိမ်မက်အကြောင်း ပြောနေတာလဲ။” ပင်းယန်က ဖန်ကျန်းရှီကိုမေးလိုက်တယ်။
“ ဆိုင်တယ် ပြောမိလို့လား။ ငါ့ဘာငါ တွေးမိတဲ့ စာသား ကို ပြောတာ။ ” ဖန်ကျန်းရှီ ပြန်ဖြေလိုက်တယ်။
“ ပြောစမ်းပါ ” ပင်းယန်လည်း ဖန်ကျန်းရှီ လွယ်လွယ် အနိုင်ရမှာကို မဖြစ်စေလိုပါဘူး။ ဖန်ကျန်းရှီ ပေါက်တက်ကရတွေ ပြောပြီဆိုရင် နောက်ကွယ်မှာ ကြီးမားတဲ့ အကြောင်းရင်း ရှိတတ်တယ်။
ငါတို့က ပုံရိပ်ကို အစစ် အဖြစ် မှတ်ယူရင်။ အစစ် ပုံရိပ်ဖြစ်သွားမယ်။ ငါတို့မှာ တက်ယ်မရှိတာကို စဉ်းစားနေမယ် ဆိုရင် ငါတို့မှာ ရှိနေတာကို ဆုံးရှုံးရမယ် ဒါက အခု ဖြစ်နေတဲ့ အခြေအနေပဲ ။
ပင်းယန် ဒီစကားကို စဉ်းစားရင်း စဉ်းစားရင်းနဲက နောက်ဆုံးမှာတော့ သူမရဲ့ မျက်လုံးတွေ တစ်စုံတစ်ခုကို နားလည်သွားဟန်နဲ့ တလက်လက် တောက်လာခဲ့တယ်။
“ နင်ပြောတာက ဒီ မျက်နှာဖုံးနက်လူတွေက ပုံရိပ်ယောင်တွေ ဖြစ်ပေမယ့် တိုက်ခိုက်နိုင်စွမ်းကတော့ တကယ် ဖြစ်နေတယ်။” ပင်းယန် ချီကူယန်နဲ့ ဖန်ကျန်းရှီကို စိတ်လှုပ်ရှားစွာ ကြည့်ရင်းပြောလိုက်တယ်။
“ အိုက်ယား မင်းရဲ့ ခေါင်းက တော်တော်လေး အလုပ်လုပ်ဖို့ လိုသေးတာပဲ။“ ဖန်ကျန်းရှီ ပင်းယန်ရဲ့ အမူအယာကို မြင်ချိန်မှာတော့ ခပ်ရိုင်းရိုင်းပြန်ပြောလိုက်တယ်။
“ နင် နင် ငါ့ကို လှောင်ပြန်ပြီ။ ပြောစမ်းပါ။ ငါ ဘယ်နားလွဲနေလို့လဲ။” ပင်းယန် လေသံ ပျော့်လေးနဲ့ မေးနေရှာတယ်။
“ မင်းပြောတာ အကုန်လုံးတော့ မမှားပါဘူး။ နည်းနည်းလွဲရုံပါ။” ဖန်ကျန်းရှီ ရှင်းယွမ်ကောင်းနဲ့ ပိုင်ရှင်းရဲ့ တိုက်ပွဲကို ကြည့်ရင်း ပြောနေခဲ့တယ်။
အပိုင်း (၂၄၈) ပြီး၏။
အပိုင်း (၂၄၉)
“ ညီလာခံ ခန်းမထဲက တံခါး”
အင်အားလှိုင်းတွေ တွေ့ဆုံချိန်မှာတော့ တိုက်ပွဲ ပြင်းထန်မှု ခန့်မှန်း မရ နိုင်တော့ပေ။
ဖန်ကျန်းရှီ ရှင်းယွမ်ကောင်း နဲ့ ပိုင်ရှင်းတို့ ဘယ်လောက်တောင် အင်အားကြီးလဲ မသိဘူး ။ ဒါပေမယ့်လည်း အချိန်တို လေး အတွင်းမှာပဲ သူတို့ အကြိမ် ဒါဇင်မက တိုက်ခိုက်ခဲ့ပြီး ။
“ ထိုးစစ်ဆင်ခြင်းသည် အကောင်းဆုံးသော ခုခံ မှု ဖြစ်သည်” ထို ဆိုရိုးစကားကိုတော့ ဖန်ကျန်းရှီ နောက်ဆုံးမှာ နားလည်သွားခဲ့ပြီ ။
ရှင်းယွမ်ကောင်း သေကွင်းသေကွက်တွေကို အဓိက ထား တိုက်ခိုက်နေပြီးတော့ ပြင်းပြင်းထန်ထန် ထိုးနှက် တိုက်ခိုက်နေခဲ့တယ်။ သေစေနိုင်လောက်တဲ့ တိုက်ခိုက်ချက်တွေ နဲ့ အတူ သူ့ရဲ့ ဓားလည်း ပြေးလွှားနေခဲ့တယ်။
ပိုပြီး အရေးကြီးတာကတော့ သူ့ရဲ့ တိုက်ခိုက် မှု အကွက်တွေ ကောင်းမွန်စွာ ချိတ်ဆက်နေခဲ့တယ်။ ပထမ တိုက်ခိုက်မှု ကနေ ဒုတိယ ဆီကို ချောမွေ့စွာ ကူးပြောင်းသွားခဲ့တယ်။ အဲ့ဒီ့နောက် တတိယ တိုက်ခိုက်မှု။
ကြည့်ရတာတော့ အတော်လေး ရိုးရှင်းလှပေမယ့်လည်း သေချာ အာရုံစိုက်ကြည့်ရင်တော့ ကူးပြောင်းဖို့ ဖြစ်နိုင်ချေ မရှိသလောက် နည်းတာကို တွေ့မြင်ရမှာ ။
ရှင်းယွမ်ကောင် က ပထမ တိုက်ခိုက်မှု ကို စတင်ချိန်တည်းက ဒီ အကွက် နောက်ထပ် တိုက်ခိုက်မှု တွေ အတွက် အခြေခံ ဖြစ်ခဲ့တယ်။ ဒါပေမယ့်လည်း ရန်သူနဲ့ ရင်ဆိုင် ချိန်မှာတော့ ဘယ် ပထမ ရိုက်ချက် ဖိနှိပ်မှု အပြင်းဆုံး ဖြစ်နိုင် မလဲ ဆိုတာ ခန့်မှန်းနိုင်ဖို့ ခက်ခဲ လှတယ်။
ဒါ့အပြင် တိုက်ပွဲ မြေပြင်ထဲကို ရောက်သွားခဲ့တဲ့ အတွက် အရပ်မျက်နှာပေါင်းစုံက နေ တိုးဝင်လာတဲ့ တိုက်ခိုက်မှုတွေကိုလည်း ခုခံ နေခဲ့ရတယ်။ မတူညီတဲ့ ရန်သူတွေ မတူညီ တဲ့ နည်းလမ်းတွေကို အသုံးပြုကြတယ်။ လူတစ်ယောက်က နည်းလမ်း တစ်ခုတည်းကို သုံးပြီးတော့ ပြိုင်ဘက်တွေ အကုန်လုံးကို မဖိနှိပ်နိုင်ဘူး ။
ဒီလိုနဲ့ပဲ ရှင်းယွမ်ကောင်း “ ကိုက်ညီမှု ” ခံယူချက်ကို အသုံးပြုရတော့တယ်။
သူ သူ့ရဲ့ တိုက်ခိုက်မှု တွေကို ဖြည်းဖြည်းချင်းနဲ့ ပြောင်းလဲ ပြီးတော့ တိုက်ခိုက်နေခဲ့တယ်။ သူ လက်နှစ်ဖက် လုံးကို အသုံးပြုပြီးတော့ တိုက်ခိုက်နိုင်တာ ။ ဒါကြောင့်လည်း ဘယ်လို အခြေအနေမျိုးကို မဆို ကိုက်ညီအောင် ပြောင်းလဲ တိုက်ခိုက်နိုင်တယ်။
သူ ဖြစ်နိုင်ချေ ရှိသမျှ တိုက်ခိုက်ရေး နည်းတွေ အကုန်လုံးကို သင်ယူထားတာ ဖြစ်တဲ့ အတွက် သူ လိုအပ်သလို ပြောင်းလဲ တိုက်ခိုက်နိုင်တာလည်း ။
“ ငါ ဘာမှားတာလဲ။” ပင်းယန် မေးလိုက်တယ်။
“ ရှင်းဟို့ကိုပဲ ဥပမာ အနေနဲ့ ပြောရအောင်။ မျက်နှာဖုံး နက်နဲ့ လူတွေက ရှင်းဟို့ရဲ့ တိုက်ခိုက်ရည်ကို ရနိုင်တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အတွေ့အကြုံ ကိုတော့ မရနိုင်ဘူး။” ဖန်ကျန်းရှီ ခရမ်းရောင် အလင်းတန်းတွေ တောက်နေတဲ့ မျက်နှာဖုံး နက်လူ ကို ညွှန်ပြရင်း ပြောလိုက်တယ်။
ပင်းယန် ပထမတော့ နားမလည်ခဲ့ဘူး။ ဒါပေမယ့်လည်း သူ မျက်နှာဖုံး နက် သူကို ကြည့်ရင်းနဲ့ နားလည် သွားခဲ့တယ်။
“ မင်းပြောတာကို ငါ သိတယ်။ ဒါပေမယ့် မင်း တက တစ်ခုတည်းပဲ လွဲသွားတာ ။ ပိုပြီးတော့ အရေးကြီးတာလည်း ရှိသေးတယ်။” ဖန်ကျန်းရှီ ဖန်ကျန်းရှီကို လက်ဝေ့ယမ်းကာ တားမြစ်လိုက်ရင်း စကားပြောမယ့် အစား နားထောင်ဖို့ပဲ ပြောလိုက်တယ်။
ပင်းယန် ပါးစပ်ဖျားရောက်နေတဲ့ စကားတွေကို ပြန်မျိုချ လိုက်တယ်။ သူမရဲ့ မျက်နှာ နီရဲနေခဲ့တယ်။ သူ ပြန်အော်လိုက်ချင်ပေမယ့်လည်း ဘာပြောရမှန်း မသိ ဖြစ်နေခဲ့တယ်။
“ ပြောစမ်းပါ။” ပင်းယန်ဒေါသထွက်လာခဲ့တယ်။
“ မင်းပြောသလိုပဲ မျက်နှာဖုံး နက် လူတွေက အတု။ ဒါပေမယ့် စစ်သားတွေကတော့ အစစ် ။ ဒါက သေစေနိုင်လောက်တဲ့ အမှားပဲ။ ဒါကို ရှင်းပြဖို့ကတော့ ပိုပြီးတော့ ရှုပ်ထွေးတယ်။ မင်းနားလည်မယ်လို့ တော့ မထင်ဘူး။ မင်းမှာ ချမ်းသာ ကြွယ်ဝမှု နဲ့ အာဏာကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နိုင်မယ်။ နောက်ပြီးတော့ အသက်ရှည်ရှည် နေရမလား။ အသက်တိုများ။ ကိုယ်စိုက်ပျိုးတဲ့ သီးနှံကို ကိုယ်တိုင် ရိတ်သိမ်းချိန်မှာ အထွက် ကောင်းမကောင်း ။ ဒီလိုမျိုး နဲ့ သက်ဆိုင်တယ။်” ဖန်ကျန်းရှီက ရှင်းြပ်နေခဲ့တယ်။
“ နင် ဘာပြောချင်တာလဲ။ ” ပင်းယန် ဖန်ကျန်းရှီကို ကြည့်လိုက်တယ်။
“ ငါပြောနေတာက ဒီ ပုံရိပ်ယောင်တွေကို တူညီတဲ့ စိတ်စွမ်းရည်နဲ့ ရင် ဆိုင်ရမယ် ပြောနေတာ။” ဖန်ကျန်းရှီက ပြောလိုက်တယ်။
“ ဒါက ရှင်းရှင်းလင်းလင်းကို မတူတာပဲ။ ဘယ်လိုလုပ်ပြီး တူညီတဲ့ စိတ်နဲ့ ရင်ဆိုင်ရမှာလဲ။ ချမ်းသာတာက ချမ်းသာ တာ သက်သက်ပဲ။ အာဏာက အာဏာ ။ နင့်မှာ ဧကရာဇ် နဲ့ တန်းတူ အဆင့်ရှိနိုင်လို့လား။” ပင်းယန် မေးလိုက်တယ်။
“ ဒါကြောင့် ငါပြောတာ။ မင်းကို ရှင်းပြဖို့က ခက်လွန်းတယ်။ ဥပမာ ပြောပြမယ်။ လူတစ်ယောက် ရဲ့ ချမ်းသာမှု နဲ့ သက်တမ်းကို ကံတရားနဲ့ သက်ဆိုင်တယ်လို့ ဆိုကြတယ်။
“ သူေ ပြာတာ လုံး၀ မှားတယ်လို့ ဆိုလို့မရဘူး။ အကယ်၍ တစ်စုံ တစ်ယောက်က သူ့ရဲ့ အရင်ဘဝမှာ ကောင်းမွန်တဲ့ သူ ဖြစ်ခဲ့ရင်တောင့် ချမ်းချမ်းသာသာ နဲ့ အသက်ရှည်ရှည်နေရမယ်။ မကောင်းတာကို များများလုပ်ရင်တော့ ဆင်းရဲပြီး အသက်တိုမယ်။
“ ဒါက သဘာဝကျတဲ့ ရှုထောင့်ပဲ။ ဒါပေမယ့်လည်း တခြားရှုထောင့်တွေ အရတော့ ငါတို့ရဲ့ ကိုယ်ပိုင်ကံတရားကို ဖန်တီးသူ ငါတို့ တွေပဲ။”
“ ချမ်းသာ ပြီး အသက်ရှည်ရှည် နေရအောင် မွေးဖွားလာပေမယ့်လည်း မကောင်းတာတွေကို ဒီ ဘဝမှာ များများ လုပ်ရင်တော့ သူ့ ဘဝမှာ ဝဋ်လည်လိမ့်မယ်။ နောက်ထပ် ဆင်းရဲပြီးအသက်တိုတို မွေးဖွားလာသူ အနေနဲ့ သူ့ဘဝမှာ ကောင်းမှု တွေကို များများ လုပ်ခဲ့ရင် နောက်ဘဝထိ စောင့်စရာ မလိုပဲ ကောင်းကျိုးခံစားရလိမ့်မယ်။ ”
“ နိဂုံးချုပ်ပြောရရင် လူတစ်ယောက်ရဲ့ ကံတရားက ဆုံးဖြတ်ပြီးသား ဖြစ်ချင်ဖြစ်နိုင်ပေမယ့်လည်း။ ဒီ ကံ အတိုင်းပဲ ဆက်လက် စီးမျော နေလို့ မဖြစ်နိုင်ဘူး။ ငါ့တို့ ရဲ့ ကိုယ်ပိုင် ဘဝကို ကိုယ်တိုင် ဖန်တီး ရမယ်။”
ဖန်ကျန်းရှီ ထပ်ပြီး အကျယ်မချဲ့တော့ပါဘူး။ ပင်းယန်လိုမျိုး မင်းသမီးတစ်ပါးကို တူညီမှု နဲ့ ပြောင်းလဲ မှုတွေ အကြောင်းရင်းတွေ ကို ရှင်းပြဖို့ ခက်ခဲမှန်း သူသိတယ်။
“ ငါနည်းနည်း တော့ နားလည်လာပြီ။ ဒါမေပယ့် နင်ပြောတာနဲ့ အခု ကိစ္စက ဘာဆိုင်လို့လဲ။ ” ပင်းယန် ဖန်ကျန်းရှီကို စိတ်ရှုပ်ထွေးစွာနဲ့ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ ပြောနေတာတွေကို သူ နားမလည် ပေမယ့်လည်း နောက်ကွယ်မှာတော့ နက်နဲတဲ့ အကြောင်းရှိနေမှာကို သူသိတယ်။ ဒါပေမယ့်လည်း အဆုံးမဲ့လောကနဲက ဘယ်လို ဆက်စပ်နေလဲ သူ မသိဘူး ။
“ ငါ မှတ်မိတာသာ မှန်မယ် ဆိုရင် အဆုံးမဲ့လောကကို သမုဒ္ဒရာထဲက ရေစက် အဖြစ် စွမ်းဆောင်နိုင်စွမ်း လို့ မှတ်ယူကြတယ်။
ချီကူယန် ခေါင်းငြိမ့်လိုက်တယ်။ ဖန်ကျန်းရှီေ ပြာတာ မှန်တယ်။ အဆုံးမဲ့ လောကရဲ့ စွမ်းဆောင်ရည်က ဒါပဲ။
“ ဒါရဲ့ ဆန်ကျင့်ဘက်က ဘယ်လို ဖြစ်မလဲ ။ သမုဒ္ဒရာထဲက ရေစက်လေးကို ပင်လယ် အသွင်ဖြစ်စေတယ်။ ဒါက ငါတို့ရဲ့ အခု အခြေအနေပဲ မလား။ အကယ်၍ အစစ်အမှန်ကို ပုံရိပ်ယောင်ဖြစ်အောင် လုပ်နိုင်ရင် ပုံရိပ်ယောင်လည်း အစစ်အမှန် ဖြစ်လာလိမ့်မယ်။ ”
“ ပုံရိပ် နဲ့ အစစ်အမှန်ကို ဘယ်လို ချိုးဖောက်ရမလဲ။” ပင်းယန်က မေးလိုက်တယ်။
“ မဖောက်နိုင်ဘူး။ ” ဖန်ကျန်းရှီက ခေါင်းခါလိုက်တယ်။
“ မဖောက်နိုင်ရင် အခု ပြောနေတာတွေက ဘာ အတွက်လဲ၊” ပင်းယန်က ပြောလိုက်တယ်။
“ အဆုံးမဲ့လောက်ထဲမှာ စစ်မှန်တဲ့ အရာအားလုံးက အတုအယောင်တွေပဲ။ အတုယောင်တွေကလည်း စစ်မှန်ကြတယ်။ ငါတို့ မဖောက်နိုင်ဘူး။ ဒါပေမယ့် အဆုံးမဲ့ လောက သာ မတည်ရှိခဲ့ရင် ဘယ်လို ဖြစ်သွားမလဲ။” ဖန်ကျန်းရှီက မေးလိုက်တယ်။
“ မတည်ရှိတော့ရင် ။ နင်ပြောချင်တာက ”
“law of conservation of energy လောအော့ဖ် ကွန်ဆာဗေးရှင်း အော့ဖ် အန်နဂျီ ( စွမ်းအင်တည်မြဲခြင်း နိယာမ) ဆိုတဲ့ နိယာမ တစ်ခုရှိတယ်။ အဆုံးမဲ့ လောကလိုမျိုး လောကကြီး တစ်ခုကို အထောက်အပံ့ပြုဖို့ အတွက် သူနဲ့ တူညီတဲ့ အင်အားကြီး အရာ တစ်ခု လိုအပ်တယ်။”
“ နင်က ကောင်းကင် တာအို သုခမိန်ကျောက်ဖျာကို ပြောနေတာလား။” ပင်းယန်က စွမ်းအင် တြည်မဲ ခြင်း နိယာမကို မသိပါဘူး။ ဒါပေမယ့်လည်း တူညီတဲ့ အင်အားကြီး အရာ တစ်ခု ဆိုတာကိုတော့ သူ ချက်ခြင်း နားလည်တယ်။
“ ဟုတ်တယ်။ ငါတို့သာ ကောင်းကင်တာအို သုခမိန်ကျောက်ဖျာကို ရှာနိုင်ရင် အဆုံးမဲ့လောကကိုလည်း ချိုးဖောက် နိုင်လိမ့်မယ်။” ဖန်ကျန်းရှီ က အခိုင်အမာပြောလိုက်တယ်။
“ ဒါက ဘာမှ မပြောတာနဲ့ အတူတူပဲ။ ဦးလေးရှင်းနဲ့ စစ်သည် ထောင်ချီ ရှာတာတောင်မှ ဘာမှ ရှာမတွေ့တာ။ ငါတို့ ရှာတွေ့တာက ဖြစ်နိုင်လို့လား။” ပင်းယန် က စိတ်ဖိစီးစွာ ပြောလိုက်တယ်။
“ ငါ ပြောသားပဲ အစစ်အမှန်တွေက အတုယောင်တွေပဲ ။ ကောင်းကင်တာအိုကျောက်ဖျာကလည်း ဒီ အဆုံးမဲ့ လောကထဲမှာ ရှိနေမှာပဲ။ ငါတို့ နိယာမ တစ်ခုတည်းကို သုံးပြီးတော့ စဉ်းစားရမယ်။”
“ နင်ပြောတာက …”
“ဒီမှာ ဖြစ်နိုင်ချေ နှစ်ခု ရှိတယ်။ တစ်ခုက ဒီ ညီလာခံခန်းမထဲမှာ နောက် ခန်းမ တစ်ခုရှိနေလိမ့်မယ်။ ဒါပေမယ့်လည်း သူတို့ ရှာတာတောင် မတွေ့ဘူးဆိုတော့ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတော့တယ်။ ”
“ အဲ့တာက ဘာလဲ ။ ”
“ အစစ်အမှန်က အတု ဖြစ်လာမယ်။ အတုအယောင်ကတော့ အစစ် ဖြစ်မယ်။ ယဇ်ပလ္လင်က ညီလာခံခန်းမ ဖြစ်ပြီးတော့။ ညီလာခံ ခန်းက ယဇ်ပလ္လင် ဖြစ်နေလိမ့်မယ်။ ”
“ အာ” ပင်းယန်ရဲ့ ပါးစပ်မှာ မယုံကြည်နိုင်မှု ကြောင့်ပွင့်ဟ သွားခဲ့တယ်။
“ငါ နားလည်ပြီ” ချီကူယန်လည်း ဒါကို ကြားချိန်မှာ ခေါင်းငြိမ့်လိုက်တယ်။
“ ဒါဆိုရင် ထွက် ကြရအောင်” ပင်းယန် ဖန်ကျန်းရှီကို လုံး၀ မယုံရဲပါဘူး။ ဒါပေမယ့်လည်း ချီကူယန်ကိုတော့ ယုံကြည်တယ်။ ချီကူယန် ခေါင်းငြိမ့်လိုက်တာနဲ့ သူမ မတွေဝေတော့ပဲ ပြေးဖို့ ကြံတော့တယ်။
“ ငါတို့ ဘယ်ကနေ ထွက်မှာလဲ။” ဖန်ကျန်းရှီကမေးလိုက်တယ်။
“ ကျောက်တုံး တံခါးကနေ ထွက်မယ်လေ။” ပင်းယန် ဖန်ကျန်းရှီကို ကြည့်ရင်း ဖြေလိုက်တယ်။
“ မင်းခေါင်းက တော်တော်လေး အလုပ်လုပ်ဖို့ လိုနေတာပဲ။ ငါတို့ ဝင်တဲ့ နေရာကနေ ပြန်ထွက်လို့ ရမယ်လို့ တကယ်ပဲ ထင်နေတာလား။ ဖန်ကျန်းရှီ ပင်းယန်ကိုကြည့်လိုက်တယ်။
“ အမ်။ ထွက်မရဘူးလား။” ပင်းယန် စိတ်ရှုပ်လာတော့တယ်။ “ အခုကော ဘာဖြစ်ပြန်တာ လဲ။”
“ ငါမှန်းတာ သာ မှန်ရင် ဒါက တံခါးပေါက် ဖြစ်လိမ့်မယ်။” ဖန်ကျန်းရှီ နောက်ဘက်ကို လက်ညှိုးထိုး ပြလိုက်တယ်။
ဖန်ကျန်းရှီ လက်ညှိုးထိုးပြတဲ့ နေရာမှာတော့ ပိတ်ထားတဲ့ ကျောက်တုံး တံခါး တစ်ခု ရှိနေခဲ့တယ်။ တံခါး နံရံပေါ်မှာ ထွင်းထုထားတာ ဖြစ်ပြီးတော့ တည်ကြည်လှတဲ့ ရုပ်တု ရှစ်ခုနဲ့ ဝန်းရံ ထားခဲ့တယ်။
ဒါအပြင်ဘက်က ယဇ် ပလ္လင်နဲ့ တူညီလှတယ်။
ညီလာခံ ခန်းမရဲ့ နံရံမှာလည်း တူညီ တဲ့ ပန်းပုတွေကို များစွာ ထွင်းထုထားတယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ ဒါဇင်ချီနေတာ သိသာလှတယ်။
“ ဘာလို့ ဒီ တစ်ခုလည်း” ပင်းယန် စိတ်ရှုပ်ထွေးစွာ မေးလိုက်တယ်။
“ အစစ်နဲ့ အတု အယောင်က လုံးဝကို တိုက်ရိုက် ဆန့်ကျင်ဘက်ပဲ။ တံခါးတွေကတော့ အကုန်လုံး တူတယ။” ဖန်ကျန်းရှီ ဆန့်ကျင်ဘက်က ကျောက်တုံး တံခါးကို လက်ညှိုးညွှန်ရင်း ပြောလိုက်တယ်။
“ငါ့ကို လိမ်နေတာတော့ မဟုတ်ဘူးမလား။” ပင်းယန်က ဖန်ကျန်းရှီကို အခုထိ မယုံသေးပါဘူး။
“ကြိုးစားကြည့်လေ။ နားလည်လာမှာပါ။” ဖန်ကျန်းရှီက ပြောလိုက်တယ်။
“ မင်းသာ ငါ့ကို ယုံရင် အဲ့ဒီ့ ကျောက်တုံး တံခါးကို ခေါင်းနဲ့ တိုက်ပြီးတော့ ဆောင့်ကြည့်လိုက်။ ရလဒ်ကို တွေ့လိမ့်မယ်။ ”
“ ခေါင်းနဲ့ ဆောင့်ရမယ်။” ပင်းယန် ဖြူဖျော့သွားခဲ့တယ်။ သူမ ခဏတာ တွေဝေပြီးနောက် အံကြိတ်ရင်း အနီး ဆုံး တောင်ဖြို တပ်ဖွဲ့ က တပ်သားကို အော်လိုက်တယ်။ “ ဟေးးးး …. ဒီကိုလာပြီးတော့ မင်းသမီးကို ကာကွယ် ”
“အမိန့်တော် အတိုင်းပါ။” စစ်သည် နှစ်ခေါက်မတွေးတော့ပဲ ပျော်ရွှင်စွာ ပြေးလာခဲ့တယ်။
ဖန်ကျန်းရှီကတော့ စစ်သည်ရဲ့ မျက်နှာကို ကြည့်ရင်း သက်ပြင်းချနေမိတယ်။ ကျွမ်းကျင်တဲ့ စစ်သည်တွေတောင်မှ ဒီလိုပဲ ဖြစ်ရတယ်။ သမိုင်းကြောင်း တစ်လျှောက်မှာ ငြင်းလို့ မရနိုင်တဲ့ ကိစ္စပါပဲလား ။
“ မင်း နာမည် ဘယ်လို ခေါ်လဲ။” ပင်းယန် စစ်သည်ကို ကြည့်ရင်းမေးလိုက်တယ်။
“ ကျွန်တော့်နာမည်က ဝမ်တပေါင်ပါ။ ကျွန်တော့် အဖေက ဝမ်ချင်းဟယ် ။ မင်းသမီးလေးကို အသက်နဲ့ ရင်းပြီးတော့ ကာကွယ်ပါမယ်။” စစ်သည် ပင်းယန်ကို ကြည့်ရင်း ယုံကြည်မှု အပြည့်နဲ့ ပြောလိုက်တယ်။
“ နင်က ဥပဒေ ဌာန အမတ် တစ်ဦးရဲ့ သားပဲ။ ကောင်းပြီလေ။ အခု မင်း ကို ဒီ တံခါး ဖွင့်ဖို့ အမိန့်ပေးတယ်။ ” ပင်းယန် တံခါးကို ညွှန်ပြလိုက်တယ်။
“ အာ။” ဝမ်တပေါင်း ဒါကို ကြားချိန်မှာ ဖြူဖျော့သွားခဲ့တယ်။
တောင်ဖြိုတပ်ဖွဲ့ကို သူဝင်ခဲ့တာ ဂုဏ်သိက္ခာ အတွက်ပဲ။ တောင်ဖြိုတပ်ဖွဲမှာ သုံးနှစ်တာဝန် ထမ်းဆောင်ရင် ဘဝတစ်သက်တာလုံး လေးစားခံရမှာ။ သူ့ အဖေရဲ့ ရာထူးအတွက်လည်း စစ်နတ်ကျောင်းတော်က အထောက်အပံ့ကို အနာဂတ်မှာရနိုင်တယ်။
ပြောရရင် ကောင်းကင်တာအို သုခမိန်ကျောက်ဖျာကို သွားရှာဖို့ သူ မလိုက်ချင်ဘူး။ စစ်တပ်မှာပဲ အေးအေးဆေးဆေး သုံးနှစ် တာဝန် ထမ်းဆောင်ချင်တာ။
ဒါပေါ့။ တောင်ဖြိုတပ်ဖွဲ့ကလည်း သူ ရှိနေမှန်းတောင် သတိထားမိတာ မဟုတ်ဘူး။ ခေါင်းဆောင်ကလည်း ဝမ်တပေါင်း ပါပါ မပါပါ ဂရုစိုက်တာမဟုတ်။ ဒါပေမယ့်လည်း ဝမ်တပေါင်းရဲ့ အဖေက ဒီစေလွှတ်မှု အကြောင်းကို ကြားတဲ့ အချိန်မှာ သူ့သားအတွက် အခွင့်ကောင်းဖြစ်လာနိုင်တယ်လို့ တွေးခဲ့တယ် ။
နောက်ဆုံးတော့လည်း သာမာန် ဂုဏ်ရှိ စစ်သားလေးကနေ ကြီးမြတ်သော ရှ မင်းဆက် အတွက် ကြီးကျယ်တဲ့ ကိစ္စမှာ တစ်ထောင့်တစ်နေရာက ပါဝင် ခဲ့တယ် ဆိုတာကတော့ ပိုပြီးတော့ ကျော်ကြားမှာ အမှန်ပဲ။ ဒါက နားလည်နိုင်တယ်။ ရှင်းယွမ်ကောင်း ကိုယ်တိုင် ဦးဆောင်တဲ့ တိုက်ပွဲ ဆိုတာကလည်း အမှားယွင်းမရှိနိုင်ဘူး ။
အဆုံးသတ်ကတော့ မိုးနတ်မင်းပဲ သိနိုင်လိမ့်မယ်။
ဝမ်တပေါင်းက သူ တတ်စွမ်း နိုင်သလောက် ကြိုးစားပြီးတော့ အရည်အချင်းကို အပြည့်အ၀ အသုံးချရင်း အခုထိ အသက်ရှင်နေခဲ့တာ ။ သူ ဖြတ်သန်းလာရတဲ့ ဒုက္ခတွေကို ဘယ်သူ နားလည်နိုင်မှာလဲ။
နောက်ပြီးတော့ အခုချိန်မှာ ။
မင်းသမီးရဲ့ အမိန့်ကြောင့် တိုက်ပွဲကနေ ထွက်လာပြီးတော့ ကျောက်တုံးကို ခေါင်းနဲ့ ဆောင့်ရတော့မယ်။ တကယ့်ကို အခက်အခဲ ကြားမှာ ရောက်နေတာပဲ။
ဒါက သူ့အတွက် မျိုသိပ်ဖို့ ခက်ခဲ လွန်းတယ်။
“ ဘာစောင့်နေတာလဲ။ အမိန့်ကို သွေဖီချင်တာလား။” ပင်းယန် အော်လိုက်တယ်။
ဝမ်တပေါင်း ချွေးဒီးဒီးကျနေခဲ့တယ်။ ခိုက်ခိုက်တုန်ရင်း နဲ့ သူ့ကိုယ် ပေါက်ကွဲ ထွက်တော့ မတတ် ခံစားနေရတယ်။
ပင်းယန်ဒေါသ ထွက်ရင် မြို့တော်ကြီး တစ်ခုလုံး မအေးချမ်းနိုင်ဘူး။
နောက်ဆုံးတော့လည်း လူတိုင်းက ဖန်ကျန်းရှီလိုမှ မဟုတ်ကြတာ။ ပင်းယန်လို မင်းသမီးကို မြို့တော်မှာ ဘယ်သူက ဒေါသထွက်အောင် လုပ်ဝံ့မှာလဲ။ နောက်ပြီးတော့ သူ့ ခမည်းတော်တောင်မှ ပင်းယန်ရဲ့ အခု အခြေအနေကို မြင်ရင် ချွေးပျံမှာ အမှန်ပဲ။
ဧကရာဇ်က အမတ်ကို သေစေလိုရင် ထို အမတ်က သေရမှာ အမှန်ပင်။
ပင်းယန် ဧကရာဇ် မဟုတ်ပေမယ့်လည်း သူမ သခင် ။ အင်ပါယာ တစ်ခု လုံးမှာ အာဏာအလွှမ်းမိုးဆုံး မင်းသမီး ဖြစ်သလို။ သူမရဲ့ ဆန္ဒလည်း အမိန့်။
“ မ မဟုတ်။ ကျွန်တော်မျိုး မလုပ်ဝံ့ပါဘူး။” ဝမ်တပေါင် ခေါင်းငုံ့ရင်းပြောနေခဲ့တယ်။
“ ဒါဆို မင်း ဘာစောင့်နေတာလဲ။” ပင်းယန်က အော်လိုက်တယ်။
“ အမိန့် ။ အမိန့် အတိုင်းပါ။” ဝမ်တပေါင်း ခေါင်းကို အကြိမ်ကြိမ် ငြိမ့်နေပင်မယ့်လည်း သူ မလှုပ်မယှက်ရှိနေဆဲ ။
ပင်းယန်က ဒါကို မြင်ချိန်မှာတော့ သူမ ဝမ်တပေါင်းကို စိုက်ကြည့်နေခဲ့တယ်။ သူမ ဒေါသ ထွက်တော့မယ့် အချိန်မှာပဲ ဖန်ကျန်းရှီ ဝမ်တပေါင်း အနားကို က်ပ်လာပြီးတော့ တစ်စုံတစ်ခု တီးတိုးပြောလိုက်တယ်။
ဝမ်တပေါင်း ခေါင်းကို ချက်ခြင်းမော့လိုက်တော့တယ်။ သူ့ရဲ့မျက်လုံးတွေ တလက်လက် တောက်ပနေခဲ့တယ်။
သူချက်ခြင်း ဒူးထောက်လိုက်တယ်။
“ အရှင်မင်းသမီးနဲ့ မင်းသမီးလေးကို ကျေးဇူးတင်ပါတယ်။ အမိန့်တော် အတိုင်း ဆောင်ရွက် ပါမယ်။ ” ဝမ်တပေါင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြောလိုက်တော့တယ်။
ပင်းယန် ဘာတွေဖြစ်နေမှန်းမသိခဲ့ဘူး။ ဝမ်တပေါင်းက ငါ့အမိန့်ကိုတွေဝေနေတာမလား။ ဖန်ကျန်းရှီ စကားတစ်ခွန်းပြောရုံနဲ့ ဒီလောက်တောင် တက်ကြွသွားစရာလား။
ဘာတွေ ဖြစ်ကုန်တာလဲ၊
“အား!”
ပင်းယန် မမေးနိုင်ခင်မှာပဲ။ ဝမ်တပေါင်း တံခါးဆီ ပြေးတော့တယ်။ သူ့ရဲ့ မျက်လုံးတွေ တောက်ပနေပြီးတော့ ကိုယ် မြှားတစ်စင်း သဖွယ် ပြေးထွက်သွားတော့တယ်။
သူ တွေဝေခြင်း မရှိခဲ့ဘူး။
“ဒုန်း!” ကျယ်လောင်လှတဲ့ ပဲ့တင့်သံ တံခါးကနေ ထွက်ပေါ်လာတော့တယ်။
အဲ့ဒီ့နောက် သူ့ မျက်လုံးတွေ မှောင်အတိကျသွားပြီး လူလည်း သတိလစ်သွားတော့တယ်။
အပိုင်း (၂၄၉) ပြီး၏။
အပိုင်း (၂၅၀)
“ မင်း ဘာလုပ်နေတာလဲ။”
ဝမ်တပေါင်း တတ်နိုင်သလောက် အင်အားကို သုံးပြီးတော့ တံခါးကို တိုက်ခဲ့တယ်။ သူ တံခါးကို ပြင်းထန်လှတဲ့ အင်အား နဲ့ တိုက်ခဲ့တာ ။.
သူ့ရဲ့ နဖူးကနေ ထွက်လာတဲ့ သွေးစီးကြောင်းကို ကောင်းကောင်းမြင်နိုင်တယ်။
ဝမ်တပေါင်း သူ့ အချိန်တွေကို တောင်ဖြို တပ်ဖွဲ့မှာ ကုန်ဆုံးရင်း လေ့ကျင့်ခဲ့သူ ဖြစ်တဲ့ အတွက် သူလည်း အားနည်းသူ တစ်ယောက်တော့ မဟုတ်ဘူး ။ နောက်ဆုံးတော့လည်း သူ အမတ်တစ်ဦးရဲ့ သားလည်း ဖြစ်နေခဲ့တယ်။ ဒီလို သာ မဟုတ်ရင် သူ ဒီလောက် ဒဏ်ရာကနေ သွေးထွက်ဖိုက ခဲယဉ်းမှာ ။
ပင်းယန် ဝမ်တပေါင်း ကို သိလိုစိတ်ပြင်းပြစွာနဲ့ ကြည့်နေခဲ့တယ်။
“ နင် သူ့ကို ဘာပြောလိုက်တာလဲ။”
“ သိပ်မများပါဘူး။ အမှန်အတိုင်းပဲ။ အဲ့ဒီ့တံခါးက ထွက်ပေါက်ဆိုတာ ပြောလိုက်တာ ။ သူ အားထုတ်တာနဲ့ အမျှ ကြီးမြတ်သော ရှ မင်းဆက်အတွက် မြင့်မြင့်မားမား စွမ်းဆောင် နိုင်တာပဲလို့ ပြောလိုက်တာ။”
ဖန်ကျန်းရှီ အမှန်တိုင်းပြောနေခဲ့တယ်။
“ သူက နင့်ကို ယုံတယ်လား။” ပင်းယန် တအံ့တသြ ပြောလိုက်တယ်။
“ ဘယ်လိုလုပ် ယုံမှာလဲ။ ဒါပေမယ့် သူ ပြောတာ ဆိုရင်ကော ဘယ်လို ဖြစ်သွားမလဲ။” ဖန်ကျန်းရှီ ချီကူယန်ကို မျက်စ ပြစ်ပြလိုက်တယ်။
“ နင်က တကယ့်ကို အရှက်မဲ့တာပဲ။ ”
“ကျေးဇူးတင်ပါတယ်။ ”
“ အခုတော့ ဘာဖြစ်ပြီလဲ။” ပင်းယန် ဝမ်တပေါင်း ရဲ့သွေးတွေနဲ့ ပေနေတဲ့ တံခါးကို လက်ညှိုးညွှန်ရင်း ပြောလိုက်တယ်။
“ မင်းဘာကို ပြောနေတာလဲ။”
“ကျောက်တုံး တံခါးက အတုကြီး”
“ အတုဆိုတာ ဘာကို ပြောတာလည်း ငါ တွက်တာမှာ အမှားလေး နည်းနည်းလေး ပါသွားတာပါ။” ဖန်ကျန်းရှီ အေးဆေးစွာ ပြောလိုက်တယ် ။
“ အမှားသေးသေးလေး ဟုတ်လား ။” ပင်းယန် သံသယ အပြည့်နဲ့ ပြောလိုက်တယ်။ နင်ကသာ အမှားသေးသေးလေး လုပ်နေတာ။ လူ တစ်ယောက် သေတော့မှာဟဲ့။ တကယ်တမ်းတော့ သူမလည်း ဒီလူရဲ့ အသက်ကို သိပ်ပြီးတော့ ဂရုမစိုက်ပေမယ့် လည်း ….
“ တံခါးက တကယ့် အစစ်ပဲ။” ချီကူယန်က ပြောလိုက်တယ်။
“ ယန်လေးက ဘာလို့ ဘက်လိုက်နေတာလဲ။” ပင်းယန် မကျေမနပ်နဲ့ ပြောလိုက်တယ်။
“ သွေးပေနေတဲ့ ကျောက်တုံး တံခါးကို ကြည့်လိုက်” ချီကူယန် ဝမ်တပေါင်းရဲ့ ခေါင်းတိုက်ခဲ့တဲ့ နေရာကို ညွှန်ရင်းပြောလိုက်တယ်။
ပင်းယန်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။ အဲ့ဒီ့နောက် သူမရဲ့ အမူအယာ ပျော်ရွှင် မြူထူးဟန်ကို ပြောင်းလဲ သွားပြီးတော့ ပျားရည်ဆမ်းထားသလို ချိုမြတဲ့ မျက်နှာအသွင်ကို ရောက်ရှိသွားတော့တယ်။
သူမ အက်ကွဲကြောင်းလေး တစ်ခုကို မြင်လိုက်ရတယ်။ သွေးတွေနောက်မှာ ကွယ်နေတဲ့ အက်ကွဲကြောင်းလေး တစ်ခု ။
အက်ကွဲကြောင်းလေး သေးငယ်တယ်။ သို့ပေမယ့်လည်း အက်ကွဲကြောင်းလေး အရင်က မရှိခဲ့ဘူး ။ ဘယ်လောက် ပြင်းထန်တဲ့ တိုက်ပွဲ ဖြစ်ပါစေ ခန်းမကြီး ပြောင်းလဲ ခြင်း အလျဉ်းမရှိခဲ့ဘူး ။ ဒါပေမယ့်လည်း ဝမ်တပေါင်းရဲ့ ခေါင်းတိုက်ချက် နံရံကို အက်ကွဲစေခဲ့တယ်။
ရလဒ်ကတော့ ထင်ရှားပါတယ်။
“ကျောက်တုံး တံခါးကို ဖျက်ဖို့ အတွက် အင်အားပြည့်ဝတဲ့ သူကို လိုအပ်တယ်။ ဒါက ရိုးရှင်းတဲ့ အတွေးအခေါ်ပဲ။ တစ်ခါတစ်လေတော့လည်း ထက်မြက်တဲ့ သူတွေက အသေးစိတ် ကိစ္စလေး တစ်ချို့ကို လွဲတတ်တယ်။ ” ဖန်ကျန်းရှီ ဝမ်းနည်းစွာပြောလိုက်တယ်။
“ ဟွန့် ” ပင်းယန် နှာမှုတ်လိုက်တယ်။ ဒါပေမယ့်လည်း သူမရဲ့ လက်တွေကတော့ ရပ်တန့်မနေခဲ့ပါဘူး။
ရဲရဲတောက်ချီလင်လှံ တုန်ခါရင်း မီးတောက်တွေ ကောင်းကင်ထိ ထိုးတက်သွားပြီးနောက် ရွှေရောင် အလင်းတန်းတွေ လေထုထဲမှာ ဖြာထွက်လာတော့တယ်။
မူလ စွမ်းရည် အရတော့ ပင်းယန် ဖန်ကျန်းရှီရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ သို့ပေမယ့်လည်း ရဲရဲတောက်ချီလင်လှံ လက်ထဲ ရှိနေချိန်မှာတော့ သူမရဲ့ တိုက်စစ် အင်အားကို ခုခံ နိုင်သူ နည်းပါးလှတယ်။
“ဘွန်း!” ပဲ့တင့်သံ အကျယ်ကြီး ထွက်လာခဲ့တယ်။
မီးပင်လယ်ထဲမှာ ရွှေရောင် အလင်းတန်းတွေ ကျောက်တုံး တံခါးဆီကို တည့်တည့်ဝင်လာတော့တယ်။ အဲ့ဒီ့နောက် ပေါက်ကွဲကာ အပြင်ဘက်ဆီကို အလင်းတန်းတွေ ထွက်လာတော့တယ်။
မြေပြင်ပေါ်မှာ တောက်ပလာပြီးတော့ အနက်ရောင် လှိုင်ခေါင်းတစ်ခု ပေါ်လာခဲ့တယ်။
“ ကြည့်ရတာ အပြင်ကို တန်းတန်းမတ်မတ် မရောက်တဲ့ ပုံပဲ။”
“ ငါပြော်သားပဲ ဖြစ်နိုင်ချေ နှစ်ခု ရှိတယ်လို့ ပထမ တစ်ခုက ဒီ ညီလာခံ ခန်းမထဲမှာနောက်တစ်ခုရှိနေတာ။ နောက်တစ်ခုက ယဇ်ပလ္လင် ညီလာခံ ခန်းမဖြစ်တာ။ ” ဖန်ကျန်းရှှီက ပြန်ဖြေလိုက်တယ်။
“ ပထမ တစ်ခုက မဖြစ်နိုင်ဘူးလို့ နင်ပြောခဲ့သလားလို့ ။”
“ အသေးစိတ်လိုက် ကပ်တွက်နေတာ ရပ်တော့ ။ လမ်းအကုန်လုံးက အပြင်ရောက်မှာပဲ။ အသေးစိတ် သေချာ လိုက်ပြောမနေနဲ့ ” ဖန်ကျန်းရှီ ပင်းယန်ကို ပါးစပ်ပိတ်အောင် အော်လိုက်တယ် ။
“ အာ ။” ပင်းယန် နှာမှု တ်ရင်း မည်းမှောင်နေတဲ့ လှိုဏ်ခေါင်းကို ကြည့်လိုက်တယ်။ “ အခုတော့ တံခါးကို ရှာတွေ့ပြီ။ အရင် ကင်းထောက်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ရမလား။”
“ ဒီမှာ ရှိနေပြီသားပဲလေ။ ”
“ ဟုတ်လား။ နင် သွားမလို့လား။”
“ ဘာလို့ သွားရမှာလဲ၊ ” ဖန်ကျန်းရှီ ခေါင်းခါရင်း ဝမ်တပေါင်းကို ကြည့်လိုက်တယ်။ “ မင်းရဲ့ အနာဂတ် ခရီးလမ်းကတော့ တောက်ပနေပြီ။ ထပ်ပြီးသေချင်ယောင် ဆောင်နေမယ် ဆိုရင် မင်းရမယ့် ကျော်ကြားမှုတွေ အကုန်ပျောက်သွားလိမ့်မယ်။”
ဝမ်တပေါင်း ဖန်ကျန်းရှီ ရဲ့ စကားကိုကြားချိန်မှာတော့ ချက်ခြင်း ခုန်ဆွ ခုန်ဆွ လုပ်ပြီးတော့ ထရပ်နေတာ မျောက်တကောင်အလားပါပဲ။
ပင်းယန်ကတော့ မယုံနိုင်ဖြစ်နေခဲ့တယ်။ ချီကူယန်ကတော့ ဒါကို အစတည်းက သိထားသလို တည်ငြိမ်နေခဲ့တယ်။
“ အခုပဲ အိမ်မက်မက်နေတာ ။ ကောင်းကင်ကနေ ဆင်းလာတဲ့ ရွှေရောင် ကောင်းကင် နတ်စစ်သူကြီးတစ်ပါးက ငါ့ကို ခေါင်းဆောင်လို့ ပြောတယ်။ ပင်းယန် မင်းသမီး နဲ့ ကူယန် မင်းသမီးတို့ကို ကာကွယ်ရမယ်လို့ ငါ့ကို အမိန့်ပေးသွားတယ်။ ” ဝမ်တပေါင်း တောင်စဉ်ရေမရ လျှောက်ပြောတော့တယ်။
“တော်သင့်ပြီ။ မင်းခေါင်း ကသွေး ရာကနည်းနည်း မှိန်နေသေးတယ်။ ပိုပြီးတော့ နက်အောင် လုပ်ပြီးမှ ယုံနိုင်တဲ့ စကားကို ပြော။ နားလည်လား။” ဖန်ကျန်းရှီ သူ့ကို ပြောလိုက်တယ်။
ဝမ်တပေါင်း မျက်စိလည်သွားခဲ့ပေမယ့် ချက်ခြင်းပဲ မျက်နှာပိုးသတ်ပြီးတော့ ပြုံးစိစိ လုပ်နေခဲ့တယ်။ “ အမတ်မင်းက တော်ဝင်စာမေးပွဲ ထိပ်တန်းကျောင်းတော်သား အရမ်း ပီသတာပဲ ။ မျက်စိ အရမ်း လျင်တယ်နော်။”
“အောက်ဆင်းတော့ ။”
“ ဟုတ် ဟုတ် ဟုတ်။ ဆင်းနေပါပြီ။” ဝမ်တပေါင်း လှိုဏ်ခေါင်းထဲကို ပြေးဆင်သွားတော့တယ်။
“ ငါ့ကို ဘယ်လိုတောင် လှည့်စားဝံ့တာလဲ။ ငါက မင်းသမီးတစ်ပါး။ နင့်ကို သတ်ပြစ်သင့်တာ။ တောင်ဖြိုတပ်ဖွဲ့မှာ ရဲဝံ့တဲ့သူတွေပဲ ရှိတယ်။ ငါတို့က ဘယ်လိုများ ဒီလို ကြောက်တတ်တဲ့ လူကို ရှာထားမိတာလဲ။” ပင်းယန် ဝမ်တပေါင်းကိုကြည့်ရင်းပြောလိုက်တယ်။
“ လူတိုင်းမှာ စွမ်းအား ကိုယ်စီရှိတယ်။ ဝမ်တပေါင်းက သေရမှာ ကြောက်ပေမယ့်လည်း သတ္တိိရှိတဲ့ လူတွေထက် အခြေအနေနဲ့ အချိန်အခါကို ပို နားလည်တယ်။” ဖန်ကျန်းရှီ က ပြုံးရင်း ပြန်ဖြေလိုက်တယ်။
“ အဲ့ဒီ့တော့ ” ပင်းယန် သူမရဲ့ ခေါင်းကို အ့ခြား တစ်ဖက်ဆီ လှည့်ရင်းပြောလိုက်တယ်။
ချီကူယန် ဖန်ကျန်းရှီ ပြောတာကို ကြားချိန်မှာ သူ့ မျက်လုံးတွေ တောက်ပလာခဲ့တယ်။ ဒါက သူမရဲ့ အဖေ သူမကို သင်ပေးခဲ့တဲ့ အရာတစ်ခုပဲ ။
လူတိုင်းမှာ စွမ်းအားနဲ့ အားနည်းချက် ကိုယ်စိရှိကြတယ်။
အတော်ဆုံးသော စစ်သူကြီး ဆိုတာ ကျွမ်းကျင်တဲ့ စစ်တပ်ကို ဦးဆောင်သူ တစ်ယောက် မဟုတ်ဘူး။ ဒါပေမယ့် လူတိုင်းရဲ့ ကိုယ်ပိုင် စွမ်းအားကို နားလည်ပြီးတော့ အလေးပေး တတ်သူပဲ ။
ဒီလိုမျိုး တောင်ပေါ် ဒေသ က ကောင်လေး တစ်ယောက်က ဘယ်လိုများ ဒီ နိယာမကို နားလည်နိုင်တာလဲ။
ဒါက ကောင်းကင်ရဲ့ အလို ဆန္ဒလား ။
“ အရှင် မင်းသမီး။ မင်းသမီးနဲ့ ဓားသံတမန်ကြီး ဒီအောက်မှာ အန္တရာယ် ကင်းပါတယ်။” ဝမ်တပေါင်းရဲ့ အသံ လှိုဏ်ခေါင်းထဲကနေ ထွက်လာခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ ဝမ်တပေါင်း ဓားသံတမန်ကိုလည်း အထူးထည့်ပြောထားတာကို တွေ့ရမှာ ။
“ ပင်းယန် ကို နင်နဲ့ အတူ အရင် ခေါ်သွားလိုက်။ ဦးလေးရှင်း နဲ့ ငါ နောက်ကနေ လိုက်လာမယ်။” ချီကူယန် ရှင်းယွမ်ကောင်းဆီကို ပြေးထွက်ရင်း ပျောက်ကွယ်သွားခဲ့တယ်။
“ ယန်လေး ။” ပင်းယန် ချီကူယန်ကို နားမလည်နိုင်စွာ ကြည့်နေခဲ့တယ်။
“ချီကူယန်။” ဖန်ကျန်းရှီလည်း ချီကူယန်ကို ကြည့်နေခဲ့တယ်။ သူမ ဘယ်လောက်ပဲ ကျက်သရေ ရှိရှိ သူ ဂရုမစိုက် ပါဘူး။ ဒါပေမယ့်လည်း နတ်ဆိုးကျောင်းတော်ရဲ့ မင်းသမီး လေးက ဒီ တစ်ကြိမ်မှာ ဘာလို့များ အလျင်လိုနေရတာလဲ။ ထွက်ပေါက်က သူ့ရှေ့မှာပဲ ရောက်နေပြီ။
အကယ်၍ ပင်းယန် ပြောတာသာ မှန်မယ် ဆိုရင် ကောင်းကင်တာအို ကျောက်ဖျာက လူတစ်ယောက်ကို သုခမိန် ဖြစ်အောင် လုပ်ပေးနိုင်တယ်။ ချီကူယန်ကိုကြည့်ရတာ သိပ်ပြီးတော့ ဂရုစိုက်ဟန် မရှိဘူး ။ သူမ ဂရုပဲ မစိုက်တာလား ။ နိုင်ငံ အတွက် ဒီလို မျိုး လုပ်နေတာလား။
ဖန်ကျန်းရှီကတော့ ဘာမှမပြောတော့ပါဘူး။ အရင်လောကမှာလည်း နိုင်ငံကို အလွန်အမင်း သစ္စာရှိတဲ့ သူတွေကို သူတွေ့ဖူးခဲ့တယ်။ အဲ့ဒီ့သူတွေက အသေကောင်း တာမျိုးရှားတယ်။ သူတို့ မှန်သလား မှားသလား။ ဖန်ကျန်းရှီမှာ ဆုံးဖြတ်နိုင်ခွင့် မရှိဘူး ။သူ သူ့ဘဝကို ရိုးရှင်းစွာ သာ ဖြတ်သန်းနေသူ ။ စားချင်ရင် စားတယ်။ လုပ်ချင်တာ လုပ်တယ်။ ကစားချင်သလို ကစားတယ်။
“ သွားရအောင်” ဖန်ကျန်းရှီ ပင်းယန်ကို ဆွဲရင်း နဲ့ လှိုဏ်ခေါင်းထဲကို ဝင်လာခဲ့တယ်။
…
နေမင်းကြီး ဖြည်းဖြည်းချင်း ထွက်ပေါ်လာတော့တယ်။ မိုးသားကောင်းကင် မဟူရာ ရောင်ကနေ မြူနှင်းဖျော့ရောင်ကို ပြောင်းလဲလာတော့တယ်။
ဒါ ကောင်းမွန်တဲ့ ရာသီဥတု.။ မပူလွန်း မအေးလွန်းတဲ့ အကောင်းဆုံးရာသီဖြစ်ပြီးတော့ ရွာသူ ရွာသားတွေ အတွက် မနက်စောစောထပြီး လုပ်ငန်းခွင်ဝင်ဖို့ အကောင်းဆုံး။
ဒါပေမယ့်လည်း ဒီနေ့မှာတော့ ဘယ် ရွာသူရွာသားမှ လုပ်ငန်းခွင် မဝင်ကြဘူး ။
ရွာသားတွေ အားလုံး ရွာကွင်းပြင်မှာ စုဝေးနေခဲ့ကြတယ်။ ဦးဆောင်သူ ကျန်းယန်ဖိန်ဖြစ်ပြီးတော့ သူ့ရဲ့ မျက်နှာ အမူအယာ ကင်းမဲ့နေခဲ့တယ်။ ဒါပေမယ့်လည်း သူ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေမှန်းသိသာလှတယ်။
တိမ်သဖွယ် ဖုန်မှုန့်တွေကိုတော့ မြောက်ရွာရဲ့ ဝင်ပေါက်ကနေ မြင်နေရတယ်။
ဒါ ထောင်ချီတဲ့ စစ်တပ်ကြီး တစ်ခုရဲ့ ရှေ့ပြေး။ တပ်သား တစ်ဦးချင်းစီ တောက်ပလှတဲ့ သံချပ်ကာတွေကို ဝတ်ဆင်ထားပြီးတော့ သူတို့ရဲ့ အမူအယာ လေးနက် တည်ကြည်နေခဲ့တယ်။ သူတို့ရဲ့ လှံတွေ တောက်ပနေခဲ့တယ်။
“စစ်သူကြီး။ ဒီမှာပဲ။”
“ ခေါင်းဆောင် စစ်သူကြီးလီ”
“ အမိန့်ရှိပါ။”
“ မြောက်ရွာရဲ့ ဝင်ပေါက်တိုင်းကို ပိတ်ဆို့လိုက် ငှက်တစ်ကောင်တောင်မှ ပျံမပြေးသွားစေနဲ့”
“ အမိန့်တော် အတိုင်းပါ။”
“ ခေါင်းဆောင်ကျန်း ။ ခေါင်းဆောင် ချန် ။ ခေါင်းဆောင် ဝမ်။ ငါနဲ့ ရွာထဲကို လိုက်ခဲ့၊”
“ရွာထဲကို ဝင်မယ်။”
…
လှိုဏ်ခေါင်း ထင်ထားတာထက် ပိုပြီးတော့ ရှည်လျားခဲ့တယ်။ ဖန်ကျန်းရှီ ပင်းယန် နဲ့ ဝမ်တပေါင်းတို့ လှိုဏ်ခေါင်း အပြင်ကို ထွက်ဖို့ အတွက် ၁၅ မိနစ်ကျော် ကြာခဲ့တယ်။
ဖန်ကျန်းရှီ သူမြင်လိုက်ရတဲ့ အရာကြောင့် မျက်လုံးပြူးသွားခဲ့ရတယ်။
ကောင်းကင်တာအို သုခမိန် ကျောက်ဖျာက ကျောက်ဖျာ မဟုတ်ဘူး။
ဖန်ကျန်းရှီ အဲ့ဒီ့စကားကို နားလည်သွားခဲ့ပြီ ။ ဒါပေမယ့်လည်း ကောင်းကင်တာအို သုခမိန်ကျောက်ဖျာက ဘာလည်း ဆိုတာ သူလည်း မပြောနိုင်ဘူး း။ သူ သာယာလှပလွန်းတဲ့ နေရာတစ်ခုကိုရောက်ရှိနေတာ ။
လောကကြီး တစ်ခုလုံး သန့်ရှင်းလွန်းနေခဲ့တယ်။ မြက်ပင်တွေ ကျောက်စိမ်းရောင် တောက်နေခဲ့တယ်။ သစ်ပင်တွေလည်း စိမ်းစိုနေပြီးတော့ ရေကန်တကန်လည်း ရှိနေခဲ့တယ်။
ရေကန် ကြည်လင်လှလွန်းလို့ အောက်ခြေကိုတောင် မြင်နေရတယ်။
ရေကန်ထဲမှာ ငါးလေးတွေ ရှိမယ်လို့ ထင်ရနိုင်ပေမယ့်လည်း ဘာကိုမှ မမြင်ရဘူး ။
ကွင်းပြင်ကြီး သစ်ပင် တွေနဲ့ ရေကန်ကြီးတစ်ကန်
တခြား အရာတွေထက် ဒါကို ဖော်ပြဖို့ စကားလုံး လေး လုံးပဲ ရှိတယ်။ “ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ”
ဒီစကားလုံးငါးလုံး ဘယ်မှာမှ ရေးထိုးထားတာ မဟုတ်ပေမယ့်လည်း ဘာကြောင့်မှန်းမသိ ဒီမြေပြင်ပေါ်ကို ခြေချချိန်တည်းက ဒီစကားလုံးတွေ သူ့ စိတ်ထဲကို တိုးဝင်နေတာ ။
ကွင်းပြင် သစ်တော ရေကန် ။ အကုန်လုံး ကောင်းကင်တာအို သုခမိန်ကျောက်ဖျာ။
“ နင် ဘာကို မြင်လဲ။” ပင်းယန်က အံ့သြမှုကိုပြန်ထိန်းရင်း မေးလိုက်တယ်။
“သန့်ရှင်းနေတယ်။” ဖန်ကျန်းရှီက ပြောလိုက်တယ်။
“တိတ်ဆိတ်တယ်။” (၁)
“ မဟုတ်ဘူး သန့်ရှင်းတယ်လို့ ပြောတာ။ ”
“ဒါဆို ငါတို့ အခု ဘာလုပ်ကြမလဲ။” ပင်းယန် မေးလိုက်ပြန်တယ်.။
“သန့်ရှင်းမှုကို ပျောက်အောင်လုပ်မယ်။”
“ နင်က ကောင်းကင်တာအို သုခမိန်ကျောက်ဖျာကို ဖျက်ဆီးချင်နေတာလား။” ပင်းယန် ဖန်ကျန်းရှီ ရဲ့ အစီအစဉ်ကို ကြားချိန်မှာ မျက်လုံးပြူးသွားတော့တယ်။
“ ငါတို့သာ ကောင်းကင်တာအို ကျောက်ဖျာကို မဖျက်ရင် အဆုံးမဲ့ လောကို ဘယ်လိုများ ဖြတ်နိုင်မှာလဲ။” ဖန်ကျန်းရှီက မေးလိုက်တယ်။
“ ဒါပေမယ့် ဒါက … နင် နင် … ကောင်းကင်တာအို သုခမိန်ကျောက်ဖျာလို ကောင်းကင်က ချီးမြှင့်တဲ့ ဆုလဒ်ကို ..... ဒီလောကမှာ ၃၆ ခုပဲ ရှိတာကို နင်က ဘယ်လို ဖျက်ဆီးမှာလဲ။”
“ ဒီလောက် အများကြီးရှိလား။ ၃၆” ဖန်ကျန်းရှီ အနည်းငယ် အံ့သြသွားခဲ့တယ်။
“ ဟုတ်တယ်။ ကောင်းကင်တာအို ကျောက်ဖျာ ၃၆ ခုရှိတယ်။ တစ်ခုချင်းစီမှာ ကောင်းကင် တာ အိုတွေ ပါဝင်ပြီးတော့ ။ ဒါကို နားလည်သူ က သုခမိန် ဖြစ်လာနိုင်တယ်။ ”
“နားလည်ခဲ့တဲ့ သူ ရှိလား။”
“ ရှိတာပေါ့။ “ စိတ်စွမ်းအင် သုခမိန် ” က ၂၀ ခုမြောက် ပြောင်းလဲ မှု ကျောက်ဖျာကို နားလည်တယ်။ “ အရိုင်းဆန်သောကောင်းကင် သုခမိန်” က ၂၈ ခုမြောက် ဘေးဒုက္ခ တာအိုကို နားလညခခဲ့တယ်။”
“နောက်ထပ် ဘယ်နှစ်ခုရှိသေးလဲ။” ဖန်ကျန်းရှီက စကားဖြတ်ပြောလိုက်တယ်။
“ နင်မမှားဘူး။ ဒါပေမယ့် ငါတို့ ဒီ နေရာကြီးကို တူးပြီးတော့ ကျောက်ဖျာကို မြို့တော် ပြန်သယ်ရမယ်။”
“ ဒီကနေ မထွက်ပဲ မင်းက ဘယ်လို ပြန်သယ်မှာလဲ။” ဖန်ကျန်းရှီက အော်လိုက်တယ်။
“ နင် ဖျက်ဆီးလို့ မရဘူး။ ငါ ငါ သဘောမတူဘူး။”
“ ငါ့ကို အနိုင်ကျင့်တယ်လို့ မင်းမပြောနဲ့။ မျှမျှတတ ဆုံးဖြတ်မယ်။ ဒီမှာ ငါတို့ သုံးယောက်ရှိတယ်။ မဲ များတဲ့သူ နိုင်တယ်။ ငြင်း စရာရှိလား။” ဖန်ကျန်းရှီ ဝမ်တပေါင်းကို ကြည့်ရင်း ပြေလိုက်တယ်။
ဝမ်တပေါင်း ချွေးပြန်ေ်နခဲ့တယ်။ ဖန်ကျန်းရှီက ပင်းယန်ကို အနိုင်ကျင့်တာ မဟုတ်ပဲ။ ဝမ်တပေါင်းကို အနိုင်ကျင့်တာ ။
“ ကောင်းပြီလေ။ ” ပင်းယန် အံကြိတ်ရင်း ဝမ်တပေါင်း ဘက်ကို လှည့်ကာ မေးလိုက်တယ်။ “ နင် ငါ့ဘက်က နေမလား အဲ့ဒီ့ အရှက်မရှိတဲ့ ကောင်ဘက် က နေမှာလား။”
“ အရှင်မင်းသမီးကို ပြန်ဖြေပါတယ်။ ” ကျွန်တော်က သာမာန် စစ်သား လေး တစ်ယောက်ပါ။ မင်းသမီးရဲ့ အမိန့်အတိုင်း လိုက်နာမှာ ပါ။” ဝမ်တပေါင်းက ချက်ခြင်း ပြန်ဖြေလိုက်တယ်။
“ နင်ကြားလား” ပင်းယန် ခေါင်းမော့ရင်းပြောလိုက်တယ်။
“ဒါပေမယ့်လည်း။ … ဒါပေမယ့်လည်း မင်းသမီးသိတဲ့ အတိုင်း ကျွန်တော်တို့ ဒီမှာ ပိတ်မိနေလို့မှ မဖြစ်တာ။ ဒီလောက်ကြောက်စရာ ကောင်းတဲ့ နေရာကြီးမှာ။ ကျွန် … ကျွန်တော် ဓားသံတမန်ကြီးကို ထောက်ခံတယ်။ ကျောက်ဖျာက ဖျက်စီးရမှာ။”
“ နင် ….” ပင်းယန် စူပုတ်နေတော့တယ်။
“ ကောင်းပြီလေ။ အဓိက အရာက ကောင်းကင် တာအို သုခမိန်ကျောက်ဖျာကို ဖျက်ဆီးဖို့ပဲ။” ဖန်ကျန်းရှှီ ပင်းယန်ကို လျစ်လျူရှုလိုက်ပြီးတော့ အဝတ်ချွတ်တော့တယ်။
“ အာားးးး။ နင် အရှက်မရှိတဲ့ ခွေးကောင်။ ဘာလုပ်နေတာလဲ။” ပင်းယန် ဖန်ကျန်းရှှီ အဝတ်အစား ချွတ်နေတာကို မြင်ချိန်မှာတော့ အသံကုန်ဟစ်တော့တယ်။
(၁) မန်ဒရင်း စကားမှာတော့ (တိတ်ဆိတ်ခြင်း) နဲ့ (သန့်ရှင်းခြင်း) အသံထွက် ဆင်တူတယ်။
( တူ = သံရိုက်တူ။ ထမင်းစားတူ။ လူသားဆွေမျိုးတူ စသည်ဖြင့် )
အပိုင်း (၂၅၀) ပြီး၏။