← Chapters

အပိုင်း (၂၆၁-၂၇၀)

Vol. 3 Ch. 261-270

အပိုင်း (၂၆၁-၂၇၀)

Vol. 3 Ch. 261-270

အပိုင်း (၂၆၁)

“ ထိပ်တန်း အရည်အချင်း”

  …

ချီကူယန်ရဲ့ ကေသာတွေဟာတော့ လေအဝှေ့မှာ ကခုန်နေခဲ့တယ်။ ကျောက်တုံးတွေကို တိုးတုက်ရင်း စီးကျနေတဲ့ ရေတံခွန်တစ်ခုနဲ့တောင်မှ တူနေခဲ့တယ်။

ဖန်ကျန်းရှီ ရဲ့ နှုတ်ခမ်းတွေဟာတော့ တွန့်ကွေးသွားခဲ့တယ်။

ချီကူယန်ကို အနိုင်တိုက်မှာလား။

သူ ဒါကို တွေးခဲ့ဖူးတယ်။ ဒါ က သူနဲ့ ချီကူယန်ကြားက ဆက်ဆံရေးကို ထိခိုက်စေနိုင်မှာတော့ မဟုတ်ဘူး။ ယောကျာ်းတစ်ယောက် အနေနဲ့ သူ့ ဂုဏ်သိက္ခာကို ကာကွယ်ရုံသာ ။ အမျိုးသမီးတစ်ဦးကိုတော့ အနိုင်ကျင့်မှာ မဟုတ်ဘူး။

ပထမဆုံး အကြိမ် သူတို့ တွေ့ ဆုံးချိန်တုန်းက ချှီကူယန်ရဲ့ အရည်အချင်း အောက်မှာ သူဟာ ပြားပြားဝပ်ခဲ့ရတယ်။ အခုတော့ ၈ နှစ်ကြာ ကြိုးစားခဲ့ပြီး ဖြစ်တဲ့ အတွက် သူတို့ ရဲ့ ကွာခြားချက်က နည်းသွားခဲ့ပြီလို့ ထင်ခဲ့တာ ။

ဒါပေမယ့်လည်း လွန်ခဲ့တဲ့ ၂ ရက်က ချီကူယန်ရဲ့ လှုပ်ရှားမှုကို မြင်ချိန်မှာတော့ ….

သက်ပြင်းချရုံသာ တတ်နိုင်ခဲ့တယ်။

ဒီကောင်မလေးက ဘာလို့များ ဒီလောက်ထိ အင်အားကြီးနေတာလဲ။

ဒါက လွန်လွန်းတယ် မဟုတ်ဘူးလား။

ဒါပေမယ့်လည်း ချီကူယန်ရဲ့ အစွမ်းကြောင့် ဖန်ကျန်းရှီဟာ သူ ရှုံးမယ်လို့ မထင်ခဲ့ဘူး ။ သူ့မှာ လူတစ်ယောက်ကို အနိုင်တိုက် ဖို့ အတွက်တော့ နည်းလမ်းတွေက တစ်ခုမက ရှိသေးတယ်လေ။

သူဟာ သူမကို စိတ်ပိုင်း ဆိုင်ရာ အရ ။ စကား အရ။ ဉာဏ်ပိုင်း ဆိုင်ရာ အရလည်း အနိုင်ယူ နိုင်တယ်။

“ မင်းကို မေးခွန်းတစ်ခုမေးရင်း စကား ဖြတ်ပြောချင်တယ်။ မင်း ငါ့ကို လပ်ထပ်ချင်လား။” ဖန်ကျန်းရှီ ဟာ မေးခွန်းကို ေ မးခွန်း တစ်ခုနဲ့ မေးလိုက်တယ်။

“ နင်က ငါ့ကို လက်မထပ်ချင်ဘူးလား။”

“ တကယ်တော့ ငါက မင်းကို ငါ့ အစေခံ အဖြစ်လိုချင်တာ။ ” ဖန်ကျန်းရှီ ရဲ့ စိတ်ထဲမှာတော့ နောက်ထပ် စကားလုံး အချို့ကို ထပ်ဖြည့်လိုက်တယ်။ ။ ငါ့ အိပ်ယာကို နွေးစေဖို့ ငါ့ အတွက် သီချင်းဆိုပေးပြီး ကပေးဖို့ မ…..

“ အစေခံလား။” ချီကူယန်ဟာ တစ်ခဏတော့ ရပ်တန့်သွားမိတယ်။ သူမက နတ်ဆိုးကျောင်းတော်ရဲ့ ရတနာ တစ်ပါး ၊ အင်ပါယာမှာ အတော်ဆုံး ကျောင်းတော်သူ ။ အခုတော့ ဒီကောင်စုတ်က သူ့ကို အစေခံ ဖြစ်စေချင်နေတယ်။

ဒါပေမယ့်လည်း ချီကူယန်ဟာတော့ တည်ငြိမ်နေခဲ့တယ်။

သူမဟာ ဒီမေးခွန်းကို တစ်ခဏ စဉ်းစားနေခဲ့တယ်။ အဲ့ဒီ့နောက် သူမဟာ ပြုံးလိုက်တယ်။ “ နင့် ရဲ့ အကြံကတော့ မဆိုးဘူး။ ဒါပေမယ့်လည်း ငါ့ကို မျှမျှတတနဲ့ နိုင်အောင် တော့ အရင်လုပ်ရမယ် ။

ဖန်ကျန်းရှီဟာ “ မျှမျှတတ” ဆိုတဲ့ စကားလုံးကို သူမ အားစိုက်ပြီးတော့ ပြောသွားတဲ့ အကြောင်း သတိထားမိခဲ့တယ်။ သူမရဲ့ စိတ်ကူးကတော့ ရိုးရှင်းပါတယ်။

မျှမျှတတ ဆိုတာ သူ့ရဲ့ အစွမ်း ။ နည်းလမ်းနဲ့ ကျင့်ကြံဆင့်တွေ သုံးပြီးတော့ ပဲ ယှဉ်ပြိုင်ရမယ်။

နောက်ပြီးတော့ သူ့လက်ထဲက ဝှက်ဖဲတွေ လည်း မသုံးရဘူး။ လက်နက်တွေနဲ့ ရတနာတွေကိုလည်း မသုံးရဘူး။ လုံးဝကို သန့်ရှင်းတဲ့ ပြိုင်ဘက်ပဲ ဖြစ်ရမယ် ။

ဒါဟာ လုံးဝကို သူနဲ့ မသင့်တော်တဲ့ပြိုင်ပွဲတစ်ခုပဲ။

“ အကယ်၍ ငါသာ မင်းကို မျှမျှတတ အနိုင်ယူနိုင်ရင် ငါ့ရဲ့ အစေခံလုပ်မှာလား။ ” ဖန်ကျန်းရှီဟာ သူရမယ့် အကျိုးကို သေချာအောင် အတည်ပြုဖို့ မေးလိုက်တယ်။

“ ငါ တစ်လ အစေခံ လုပ်မယ်။” ချီကူန်က ပြန်ဖြေလိုက်တယ်။

“ ကျိန်ပြ”

“ ကျိန်ပြရုံတင် မကဘူး။ တစ်လောက လုံးကိုလည်း ကြေညာပေးမယ်။”

ဖန်ကျန်းရှီရဲ့ မျက်လုံးဟာတော့ တစ်ခဏတာ ခပ်ကျယ်ကျယ် ပွင့်သွားခဲ့တယ်။ တွေးကြည့်လိုက်စမ်းပါ။ နတ်ဆိုးကျောင်းတော် ရဲ့ ဆက်ခံသူ မင်းသမီးလေး အင်ပါယာ ထိပ်တန်း ကျောင်းတော် နောက်ပြီးတော့ ထိပ်တန်း အာဏာရှင်တစ်ယောက်က သူ့ရဲ့ အစေခံ အဖြစ် တစ်လတာ လုပ်မယ်တဲ့လား။

“ ငါ့အတွက် အစားအသောက်ပြင်ပေးရုံတင် မကဘူး။ အမိန့်ကိုလည်း နာခံရမယ်။ ကဆို က ရမယ်။ သီချင်း ဆိုခိုင်း ရင် ဆိုရမယ်။မင်း လုပ်နိုင်လို့လား။” ဖန်ကျန်းရှီဟာ စိန်ခေါ်လိုက်တယ်။

“ငါလုပ်နိုင်တယ်။” ချီကူယန်ဟာ အလေးအနက်ကို ခေါင်းငြိမ့်လိုက်တယ်။

“ ကောင်းပြီလေ။ အပေးအယူ ဖြစ်ပြီ။”

“ဟဟ နင့်မှာ အတော်လေး မြောက်ကြွကြွနိုင်တဲ့ စိတ်ကူးတွေ ရှိတာပဲ။ အကယ်၍ နင်သာ ရှုံးရင်ကော”

“ မင်း ဘာလိုချင်လဲ။”

“ နင်လည်း ငါ့ အစေခံ အဖြစ် တစ်လ နေရမယ်။ အကယ်၍ ငါထိုင်နေတယ်ဆိုရင် နင်က မတ်တပ်ရပ်နေရမယ်။ ငါ လှဲအိပ်နေလည်း နင် ရပ်နေရမယ်။ အကယ်၍ ငါသာ အိပ်ပျော်နေမယ် ဆိုရင် တံခါးမှာ နင် ရပ်စောင့်ရမယ်.။” ချီကူယန်ဟာ ပြန်ပြီး စိန်ခေါ်လိုက်တယ်။

ဖန်ကျန်းရှီဟာ ချီကူယန်ကို လှည့်ကြည့်လိုက်တယ်။ ကြည့်ရတာ ချီကူယန်ပြောတဲ့ “ မတ်တပ်ရပ်” ဆိုတဲ့ စကားကို နားလည်သွားဟန်ပဲ။

မတ်တပ်ရပ်နေရုံပဲ မလား။

ကောင်းပြီလေ။ ငါ လုပ်မယ်။

“ကောင်းပြီ ” ဖန်ကျန်းရှီဟာ အံကြိတ်ရင်း ပြန်ဖြေလိုက်တယ်။

“ နောက်ထပ် ရှိသေးတယ်။ နေ့တိုင်း ဟာသ တစ်ခု ပြောပြမယ်။ အကယ်၍ တနေ့ ဟာသ က မရယ်ရရင် အချက် ငါးဆယ် အရိုက်ခံရပြီးတော့ ငါ့ အခန်းတံခါးမှာ ဒူးထောက်ရမယ်။” ချီကူယန်က ထပ်ပေါင်းပြောလိုက်တယ်။

“ မင်းက အတော်လေးကို အသအချာကြီး ပြောနေတာပဲ။

“ ဘာလဲ နင်ကြောက်လို့လား။”

“ငါက ကြောက်ရမှာလား။ ဘယ်လိုတောင် ဟာသ လဲ။ ” ဖန်ကျန်းရှီဟာ အေးစက်စက် ရယ်မောလိုက်တယ်။ အဲ့ဒီ့နောက် သူဟာ ထိုင်ခံ ကနေ ထလိုက်တယ်။ “ ဒါပေမယ့်လည်း ငါက တစ်ဖက်သတ်ဆန်တဲ့ အလောင်းအစားတွေကို စိတ်မဝင်စာဘူး”

“ ဒါဆိုရင်ကော။ သီချင်းဆိုတာတွေ က တာတွေထက် ကုကျန်း(64 လက်မ ရှည်လျားသော ကြိုး၂၁ ချောင်းပါ တရုတ်ရှေးရိုးရာ ဗျပ်စောင်း )။ တရုတ်ဗုံ တွေလည်း တီးတတ်တယ်။ *****(များပြားလှစွာသော အရည်အချင်းများ။ ပဟေဠိ ကစားနည်းတွေလည်း လုပ်တတ်တယ်။ ငါက စစ်တပ်မိသားစုမှာ ကြီးပြင်းလာတာကို မမေ့နဲ့ ။ ယောကျာ်းတွေ ရဲ့ အကြိုက်တွေကို ငါ သိတယ်။” ချီကူယန်ဟာ ဖန်ကျန်းရှီကို မျက်စိမှိတ်ပြရင်း ပြောလိုက်တယ်။

ဒါက ဖန်ကျန်းရှီကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်ခြင်းပဲ။

ငလူးပဲ။

ဖန်ကျန်းရှီဟာ ထောင်ချောက် ဆင်နေတာကို ရပ်လိုက်တယ်။

သူဟာ တကယ်ပဲ ချီကူယန် က စစ်တပ်မိသားစုမှာ ကြီးပြင်းလာကြောင်း မေ့နေခဲ့တာ ။ သူမရဲ့ တစ်ဘဝလုံး စစ်သည်တွေနဲ့ပဲ ကုန်ဆုံး လာခဲ့တာ။ သာမာန် မိန်းမပျိုတွေနဲ့ မတူဘူး။ အမှားလုပ်လို့ကို မရတဲ့ ချစ်စဖွယ် ကောင်မစုတ်လေးပဲ။

ကုကျန်းနဲ့ တရုတ်ဗုံတွေကို တီးတတ် ။

သေလိုက်စမ်း။

ယောကျာ်းတွေ ပဲ လုပ်တဲ့ အလုပ်တွေကို ။ ဒါပေမယ့်လည်း ချီကူယန် ဆိုတဲ့ ဒီ ကောင်မလေးကတော့ တကယ်ပဲ ရှားရှားပါးပါးလေ။

ဒါပေမယ့်လည်း

သူ့ကိုတော့ စိတ်မထိခိုက်စေနိုင်ပါဘူး။

နောက်ဆုံးတော့လည်း သူ့ ပြိုင်ဘက် ချီကူယန်က အင်ပါယာမှာ ထိပ်တန်းကျောင်းတော်သူပဲ။ သူကတော့ မုန်တိုင်းကြားမှာ ဖြတ်သန်းနေရတဲ့ ခေါင်းဆောင် တစ်ဦးလိုပဲ။ သူဟာ ချီကူယန်နဲ့ ယှဉ်ရင် သိသိသာသာကို ကွာခြားနေသေးတယ်။  

“အကယ်၍ မင်းသာ ငါ့ကို ကတိတစ်ခုပေးရင် ဒီ အပေးအယူကို စဉ်းစားပေးမယ်။ ” ဖန်ကျန်းရှီရဲ့ အမူအယာဟာတော့ တည်ကြည်လေးနက်သွားခဲ့တယ်။

“ဘာလဲ ပြောလေ။”

“ငါ့ကို ဝမ်အန်ဟွလို ဆရာ အယောက် ငါးဆယ်ပေး ။”

“ နင်က ဘာလုပ် ချင်တာလဲ။ ”

“ ငါက လူတွေကို ဖမ်းပြီးသား ငါး မပေးချင်ဘူး။ ငါဖမ်းနည်း သင်ပေးချင်တာ။ ရွာသားတွေဟာ သူ့ ခြေထောက်ပေါ် သူ ရပ်တည်နိုင်အောင် လုပ်ပေးစေချင်တာ။ ရွာကို တိုးတက် ကြီးပွားအောင် ငါလုပ်နိုင်ပေမယ့်လည်း အင်အားကြီးရွာတစ်ရွာ ဖြစ်လာအောင်တော့ မလုပ်ပေးနိုင်ဘူး။ ”

“ကောင်းပြီလေ ။ မြောက်ပိုင်း ကျောင်းတော် တွေက အတော်ဆုံး ဆရာ ငါးဆယ် ကို ခေါ်လာပေးမယ်။ သူတို့ ဒီမှာ သုံးနှစ်နေပြီးတော့ နောက်နှစ်တွေမှာတော့ နေမလား ပြန်မလား သူတို့ကိုယ်တိုင် ရွေးချယ်စေမယ်။ ထွက်ခွာသွားတဲ့ ဆရာတွေ နေရာမှာတော့ ငါ ဆရာ အသစ်တွေ ဖြည့်ပေးမယ်။”

“ မင်း ညီလာခံ စာမေးပွဲမှာ ဖြေမှာလား။” ဖန်ကျန်းရှှီက ခေါင်းငြိမ့်လိုက်တယ်။

“ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ငါ ဖြေခဲ့တယ်။ ဒါကြောင့် အခုတစ်ကြိမ်တော့ ဖြေခွင့်မရှိတော့ဘူး။ ဒါပေမယ့်လည်း ညီလာခံစာမေပွဲ အောင်တဲ့ သူတွေက ကောင်းကင်တာအို ခန်းမမှာ သင်ကြားရတယ်။ အဲ့မှာ ငါ နင့်ကို စောင့်နေမယ်။ ငါတို့ရဲ့ ပြိုင်ပွဲကိုလည်း အဲ့ဒီ့မှာ လုပ်ကြတာပေါ့။ ဒါပေမယ့် နင် ငါ့ကို စိန်ခေါ်ချင်တာ သေချာလို့လား။” ချီကူယန်ဟာ ဖန်ကျန်းှရှီ အကြောင်းကို ကောင်းကောင်းနားလည်သူ ။”

“ ငါတို့က ဘယ်လိုပဲ ဖြစ်ဖြစ်ရှေ့တိုးရမှာပဲ နောက်ဆုတ်ဖို့လမ်းမှ မရှိတာ။ ငါတို့ နှစ်ယောက်လုံးက လည်း အမြဲတမ်း တိုးတက်နေတာပဲ။ ဒါနဲ့ ငါမေးစရာရှိတယ်။ ငါက ဘာလို့ ကောင်းကင် တာအို ခန်းမကို လာရမှာလဲ။”

“ နင်ပဲ ပွဲကြည့်သူ ဖြစ်ချင်တယ်ဆို။ ကောင်းကင်တာအို ခန်းမက တပည့်တွေပဲ အင်ပါယာရဲ့ ဥပဒေတွေ လက်ကနေ လွတ်နိုင်တာ။”

“ အဲ့တာ အပြင်ဘာရှိသေးလဲ။ ”

“ တော်ဝင် ညီလာခံက နိုင်ငံရေးမှာ အာဏာကြီးတယ်။ ကောင်းကင်တာအို ခန်းမကတော့ အင်ပါယာ တစ်ခုလုံးမှာ ”တာအို” နဲ့ အနီးဆုံးနေရာ ။ အဲ့မှာဆိုရင် တာအို အရင်းအမြစ်တွေကို ပိုပြီးတော့ လက်ခံနိုင်လိမ့်မယ်။”

“ တနှစ်မှာ ဘယ်နှစ်ယောက် ခေါ်လဲ ခန်းမက” ဖန်ကျန်းရှီဟာ ခေါင်းငြိမ့်ရင်း မေးလိုက်တယ်။ ”ခန်းမကြီး တစ်ခု သုခမိန်လေးဦး ကျောင်းတော် ဆယ့်သုံးခုက အင်ပါယာရဲ့ အင်အားကို ကိုယ်စားပြုတယ်။ ”

ကောင်းကင်တာအို ခန်းမက အစာကွင်းဆက်ရဲ့ ထိပ်မှာ ရှိတယ်။

ကြီးမြတ်သော ရှ မင်းဆက်မှာ တစ်ခုတည်းသော ရှိတဲ့အရာ ။ ကျင့်ကြံသူတွေ အတွက်တော့ ကောင်းကင်တာအို ခန်းမက ညီလာခံ ထက်ပိုပြီးတော့ တောင် တန်ဖိုးကြီးတယ်။

ဒါပေမယ့်လည်း ဒီလို နေရာက လူတိုင်းကို လက်ကမ်းကြိုနေတာ မဟုတ်ဘူး။

“သူတို့က ၂ နှစ်ကို သုံးယောက်ပဲ လက်ခံတယ်။ ရွေးချယ် တဲ့ အထဲမှာ မြောက်ပိုင်း လူရိုင်း တောင်ပိုင်းဒေသက လူတွေ အကုန်လုံးလည်း တက်ရောက်ရတယ်။ ကောင်းကင် တာအို ခန်းမ နဲ့ ကြီးမြတ်ေ သာ ရှ မင်းဆက်ရဲ့ သဘောတူညီမှု အရ ကြီးမြတ်သော ရှ မင်းဆက် က အနည်းဆုံး တစ်ဦးကို အမြဲ လက်ခံတယ်။ ” ချီကူယန် ကရှင်းပြတယ်။

“သုံးယောက်တဲ့လား။” ဖန်ကျန်းရှီဟာ ရွေးချယ်မှု ပြိုင်ပွဲ ခက်ခဲမယ့် အကြောင်းကို တွေးလိုက်မိတယ်။ ဒါပေမယ့်လည်း ဒီလောက်ထိ ခက်ခဲမယ်လို့ တော့ မထင်ခဲ့မိဘူး။

၂ နှစ်တိုင်းမှာ သုံးယောက် ။

သူတို့မှာ လူ ဘယ်လောက်ရှိမှာလဲ။

“ နင်တွေးနေတာက ဒီ ရွေးချယ်မှု ကို အောင်မြင်တာက ဘာအကျိုး ရှိမလဲ။” ချီကူယန်ဟာ ဖန်ကျန်းရှီ ရဲ့ အတွေးကို သိလိုက်တယ်။

“ ငါ ထင်တာတော့ ဒါက စည်း တစ်ခုကို ကျော်ဖြတ်လိုက်တာနဲ့ တူမယ်။ ” ဖန်ကျန်းရှီ ဟာ မငြင်းပယ်ခဲ့ဘူး။

“ ဟဟ နင် ဒါကို စိုးရိမ်ဖို့ မလို ဘူး။ ကောင်းကင်တာအို ခန်းမရဲ့ ရိုးရာ အရ။ ခန်းမ အတွင်းမှာ တပည့် ၃၀၀၀ အမြဲ ရှိရတယ်။”

“ တပည့် ၃၀၀၀ ” ဖန်ကျန်းရှီ ဟာ စိတ်ရှုပ်ထွေးသွားတယ်။

၂နှစ်ကို ၃ ယောက်ပဲ လက်ခံတယ်လည်း ပြောသေးတယ်။ ဘယ်လိုလုပ် ၃၀၀၀ ဖြစ်နေတာလဲ . အဓိပ္မာယ်မှ မရှိတာ ။

“ ဘာလို့ ၃၀၀၀ ဖြစ်နေလဲ ဆိုတာ နင် ဝင်လာရင် သိမှာပေါ့။ ငါတော့ ညီလာခံ စာမေးပွဲကို နင်အောင်ဖို့ အာရုံစိုက်သင့်တယ်လို့ ထင်တယ်။”

“ အရမ်းခက်လား။”

“ ကောင်းပြီလေ။ တော်ဝင် စာမေးပွဲက ခက်ခဲကောင်း ခက်ခဲလိမ့်မယ်။ ဒါပေမယ့် ညီလာခံစာမေးပွဲကတော့ သူ့ကို ပေါက်စီ တစ်လုံး နဲ့ တူစေလိမ့်မယ်။ ” ချီကူယန်က ရှင်းပြတယ်။

“ ဘာလို့ လဲ။”

“ ပုံမှန် အတိုင်းဆိုရင် တော်ဝင် စာမေးပွဲ အောင်တာနဲ့ လူတွေက သူတို့ရဲ့ အရည်အချင်း နောက်ခံ အပေါ် မူတည်ပြီးတော့ နေရာ ရတယ်။ ဒါပေမယ့်လည်း ညီလာခံ စာမေးပွဲကတော့ နောက်ဆုံးသော တာအို စာမေးပွဲ။ နောက်ဆုံး ဆန်ကာတင် ရွေးချယ်တဲ့ နာမည် စာရင်းထဲ ပါဖို့ တောင်မှ ခက်ခဲ လွန်းတယ်။ လူ ကိုးဦးကိုပဲ ရွေးချယ်တယ်။ ထိပ်တန်း သုံးဦး မရှိဘူး။”

“ ထိပ်တန်းသုံးဦး မရှိဘူး။ ညီလာခံစာမေးပွဲက ဆန်ကာတင် လူတွေကို (ထိပ်ခေါင်များ) ဘွဲ့ကို ပေးတယ်။ ”

“ (ထိပ်ခေါင်းများ ) ” ဖန်ကျန်းှရှီ ဟာ ဒီ စကားလုံးရဲ့ အဓိပ္မာယ်ကို နားလည်တယ်။ နယ်ပယ် တစ်ခုခုရဲ့ ထိပ်တန်း ရောက်သူတွေကို ရည်ညွှန်းတဲ့ အချိန်သုံးတာ ။

“ ဟုတ်တယ်။ ဒါက ညီလာခံစာမေးပွဲရဲ့ ထိပ်တန်းကျောင်းတော်သားတွေကို ဆိုလို တယ်။ သာမာန် ပြည်သူတွေကတော့ သူတို့ကို ထိပ်တန်းကျောင်းတော်သားတွေလို့ ခေါ်တယ်။ ”

ဖန်ကျန်းရှီဟာ ချီကူယန်ကို ကြည့်လိုက်တယ်။ “မင်းလည်း ထိပ်တန်းကျောင်းတော်သားပဲ မလား။.”

“ ဟုတ်တယ်။ ဒါပေမယ့် နင့်ငါ့ရဲ့ ဘွဲ့ကို တခြားသူတွေ ခေါ်သလို အမျိုးသား အမျိုးသမီး ခွဲပြီးတော့ မပြောတာလဲ။”

“ ညီလာခံ စာမေးပွဲမှာ တခြား သဘာဝလွန် အဆင့် ကျင့်ကြံသူတွေရှိလား။”

“ နှစ်ယောက်ရှိတယ်။ ဒါပေမယ့်လည်း သူတို့ စာမေးပွဲ မအောင်ဘူး။”

“ကြီးမြတ်သော ရှ မင်းဆက်က တာအို နိယာမကို ကျင့်ကြံခြင်း လေးခုရဲ့ အခြေခံ အဖြစ် သုံးတယ်။ ၂ နှစ်တာ အတွင်းမှာ အများကြီး ဖြစ်လာနိုင်တယ်။ ဥပမာ အားဖြင့် နင့်ကို ဆိုရင် ဘယ်သူကများ ဒေသတွင်းနဲ့ မြို့ တော် စာမေးပွဲတွေ မှာ နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်လာမယ်လို့ ထင်ခဲ့ဘဲ။”

ဖန်ကျန်းရှီဟာ ခေါင်းငြိမ့်လိုက်တယ်။

ကျင့်ကြံခြင်း လမ်းစဉ်တွေက ပြောင်းလဲ နေတယ်။ ဒါက နားလည်ခြင်း အပေါ် မူတည်တယ်။ ဘယ်သူကများ ဒီ ၂ နှစ် အချိန် အတွင်း သူ သဘာဝလွန် အဆင့် ဖြစ်မသွားဘူး လို့ ပြောနိုင်လဲ။

“ ငါနားလည်ပြီ။”

“တကယ်တော့ ကောင်းကင်ရောင်ပြန် အဆင့် ကျင့်ကြံသူ တစ်ယောက်က သဘာဝလွန် အဆင့် ကို အမြဲ မရှုံးပါဘူး။ ကွာခြားချက်က များပေမယ့်လည်း အရင်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေသူက အဆင့် ကွာခြား ချက်ကို ကျော်ဖြတ်နိုင်တယ်။ ”

“ မင်းလို လား၊”

“နောက် တစ်ယောက်ထပ်ရှိသေးတယ်။”

“ဘယ်သူလဲ။ ”

ချီကူယန်ဟာ ဖန်ကျန်းရှှီ ရဲ့ မေးခွန်းကို ချက်ခြင်း မဖြေပါဘူး။ နာမည် တစ်ခုဟာ သူမရဲ့ စိတ်ထဲကို ဖြည်းဖြည်းချင်းဝင်လာခဲ့တယ်။

နန်ကုန်းဟောင်

လွန်ခဲ့တဲ့ ၄ နှစ်တုန်းက နန်ကုန်း ဟောင်က တော်ဝင် စာမေးပွဲမှာ နန်ကုန်းဟောင်က ထိပ်တန်းကျောင်းတော်သား ဖြစ်ခဲ့ပြီးတော့ လူတိုင်းကလည်း သူ့ကို အရေးပေးခဲ့ကြတယ်။

ကောင်းကင် တာအို ခန်းမ ကလည်း နန်ကုန်းဟောင်သာ ညီလာခံ စာမေးပွဲကို အောင်မြင်ပြီးတော့ ဆန်ကာတင်ထဲ ပါရင် ရွေးချယ်ခံရမယ်လို့ တရားဝင် ကြေညာခဲ့တယ်။

ဒါပေမယ့်လည်း မမျှော်လင့်စရာ ကောင်းလောက်အောင် ပဲ သူ့ ရဲ့ အခြေခံက မတည်ငြိမ်သေးဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ နန်ကုန်းမိသားစုကို ပြန်ပြီး တော့ ကျင့်ကြံခဲ့တယ်။ ဒါဟာ အတော်လေးကိုလူပြောများခဲ့သေးတယ်။

ကောင်းကင်ရောင်ပြန် အဆင့် ကျင့်ကြံသူ တစ်ယောက် အနေနဲ့ သဘာဝလွန် အဆင့်ကို အနိုင်တိုက်နိုင်တဲ့ သူ့လိုလူက အခြေခံ မခိုင်တာ ဘယ်လိုများ ဖြစ်နိုင်မှာလဲ။

ဘယ်သူကမှ သူ့အတွေးကို နားမလည်နိုင်ခဲ့ဘူး။

ဘာလို့များ ရွှေရောင်တောက်နေတဲ့ ဒီ အခွင့်အရေးကို သူလက်လွှတ်လိုက်လဲ ဘယ်သူမှ မသိခဲ့ဘူး။

လွန်ခဲ့တဲ့ ၂နှစ်တုန်းက နန်ကုန်းဟောင် တော်ဝင်စာမေးပွဲကို ပြန်လာဖြေမယ် ထင်ခဲ့ပေမယ့်လည်း နန်ကုန်းမုသာ ရောက်လာခဲ့တယ်။

အဆုံးသတ်မှာတော့ နန်ကုန်းမုဟာလည်း နန်ကုန်းဟောင်လိုသာ တော်ဝင်စာမေးပွဲကို လက်လျှော့ပြီးတော့ အိမ်ပြန်သွားခဲ့တယ်။

ဒါပေမယ့်လည်း ဒီအချိန်မှာတော့ ဘယ်သူမှ မအံ့သြ ခဲ့ဘူး။

ချှီကူယန်ဟာ မြင်ကွင်းတွေကို ပြန်မြင်ယောင်နေခဲ့တယ်။ သူမက ပြိုင်ပွဲ တွေ အကုန်လုံးကို ကျော်ဖြတ်ပြီးတော့ ထိပ်ခေါင် ဘွဲ့ကို ဆောင်ကျဉ်းကာ ကောင်းကင်တာအို ခန်းမကို ဝင်ခဲ့တယ်။

လွန်ခဲ့တဲ့ တစ်နှစ်တုန်းက သူမဟာ နန်ကုန်းဟောင်ကို စိန်ခေါ်ခဲ့တယ်။

နဂါး အဆင့် ၂ ခုမှာ ထိပ်တန်း ဖြစ်သွားပြီးတော့ မျိုုးဆက်တစ်ခုလုံးရဲ့ ထိပ်တန်းကျောင်းတော်သူ ဖြစ်ခဲ့တယ်။

နန်ကုန်းဟောင်ရဲ့ နာမည်ဟာတော့ မှိန်ဖျော့ ပျောက်ကွဲသွားခဲ့တယ်။ အခုချိန်မှာတော့ လူတွေဟာ ချီကူယန်ကို ကောင်းကင် နိမိတ် အရ ထွက်ပေါ်လာသူ အဖြစ်တွေးနေခဲ့တာ ။

ဒါပေမယ့်လည်း

ချီကူယန် ကြိုသိနေတာ တစ်ခုရှိတယ်။

ကောင်းကင် တာအို ခန်းမက အသက် ကန့်သတ်ချက်ရှိတယ်။ နန်ကုန်းဟောင်ရဲ့ နောက်ဆုံး အခွင့်အရေးကလည်း တပတ်လည်လာတော့မယ်။

ဒါဟာ ညီလာခံ စာမေးပွဲ အဆုံးအဖြတ်ကို နန်ကုန်းဟောင် ပါဝင်ယှဉ်ပြိုင်မယ် ဆိုတာ သေချာစေတယ်။

“ ငါထင်တာတော့ နင် သူနဲ့ ဆုံတော့မှာပါ။ သူလည်း ညီလာခံ စာမေးပွဲကို ဖြေမှာ။” ချီကူယန်ဟာ ဖန်ကျန်းရှီကို နောက် ထပ် မပြောတော့ပဲ သူ့ ဘေးမှာ ဝင်ထိုင်လိုက်တယ်။

ဖန်ကျန်းရှီဟာတော့ သူမ ရဲ့ သင်းပျံ့နဲ့ ရနံ့ကို မွှေးကြူနေခဲ့တယ်။ ရုတ်တရက် သူဟာ တစ်စုံ တစ်ခုကို သတိရသွားတယ်။ “တစ်ညကို ငွေသား တစ်သောင်းခွဲ။ ”

ချီကူယန်ဟာတော့ ဟိုရွေ့သည်ရွေ့ လုပ်နေခဲ့တယ်။

“မှန်းကြည့်လေ။” ဖန်ကျန်းရှီရဲ့ အမူအယာဟာတော့ ပြောင်းလဲ သွားတော့တယ်။ မင်း က အများကြီး သင်ထားတဲ့သူပဲ ငါ့ကိုလှည့်စားဖို့ တော့ မကြံနဲ့။ မင်းသာ ဒီလို လုပ်ရင် မင်းကို အစေခံ ထက်ဆိုးအောင် လုပ်ပြစ်မယ်။

“အကယ်၍ ငါသာ နင့်ကို ပို ကြံ့ခိုင် လာစေတဲ့ နည်းပေးမယ် ဆိုရင် နင်ငွေသား ယူအုန်းမှာလား။” ချီကူယန်ဟာ ဖန်ကျန်းရှီကိုပြောလိုက်တယ်။

အပိုင်း (၂၆၁) ပြီး၏။

အပိုင်း (၂၆၂)

“တံခါးသစ်”

“ဒါပေါ့ … ယူရမှာပေါ့ ” ဖန်ကျန်းရှီဟာ တစ်ခဏတာ တွေဝေသွားပြီး နောက်မှာတော့ ပြန်ဖြေလိုက်တယ်.။

ချီကူယန်ဟာ ရယ်မောပြီးနောက် နောက်ကို လဲချလိုက်တယ်။ ဖန်ကျန်းရှီ ရဲ့ အဖြေကိုတော့ မအံ့သြတော့ပါဘူး။ သူမဟာ ရွာထိပ်က သစ်ပင်ကြီးကို ကြည့် ပြောလိုက်တယ်။ “ အရှက်မရှိတဲ့ သူခိုးကောင် ။ ငါတို့ သိလာတာ ၈ နှစ်တောင် ရှိပြီ။”

“ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။”ဖန်ကျန်းရှီဟာ ပြန်ဖြေလိုက်တယ်။

“ ၈ နှစ် အချိန် အတွင်း သစ်ပင်တွေ တစ်ပင်နဲ့ တစ်ပင် ကြီးထွားလာတာ တူလို့လား။ ” ချီကူယန်ရဲ့ မျက်လုံးတွေဟာတော့ မှိန်ဖျော့ဖျော့ တောက်ပနေခဲ့တယ်။

“ ဘယ်ဟုတ်မလဲ။ သူတို့မှာ နေရောင် နဲ့ မြေကြီး အပေါ် မူတည်ပြီးတော့ ကြီးထွားကြတယ်။ ဒါတွေက သူတို့ ရဲ့ ကြီးထွားမှု အပေါ်မှာ သက်ရောက်တယ်။” ဖန်ကျန်းရှီက တွေဝေခြင်း မရှိပဲ ပြန်ဖြေလိုက်တယ်။

“ အခုတော့ နေရောင် ၊ မြေကြီး။ အစာအာဟာရ။ ရာသီဥတု စတဲ့ ပတ်ဝန်းကျင်တွေက အကြောင်းရင်း တစ်ခုတည်းဆို ဘယ်လို ဖြစ်သွားမလည်း ” ချီကူယန်က မေးလိုက်တယ်။

ဖန်ကျန်းရှီဟာတော့ရုတ်တရက် ကြက်သေသေသွားတော့တယ်။ ဘာလို့များ သူမတွေးမိရတာလဲ။ အပြင်လောကနဲ့ စပ်ဆက်ပြီးတော့ တွေးကြည့်ရင်တောင် ရတယ်။ ဘယ်လိုလုပ်ပြီးတော့ သစ်ပင် နှစ်ပင်က နေရောင်အတူတူ ရနိုင်မှာလဲ။ ”

“ ဒီလိုဖြစ်ခဲ့ရင်တောင်မှ သူတို့ က ကွာခြားနေအုန်းမှာလဲ။”

“ ဘာလို့လဲ။ ဘာကြောင့်လဲ။ ” ချှီကူယန်ရဲ့ မျက်လုံးတွေဟာတော့ တောက်ပလာခဲ့တယ်။

ဖန်ကျန်းရှီဟာတော့ သူ့ အရင် ဘဝတုန်းက ဖန်လုံအိမ် အာနိသင်နဲ့ စိုက်ပျိုးမှု အကြောင်းကိုတော့ မပြောတော့ပါဘူး။ ဖန်လုံအိမ်ထဲမှာ အပင်တွေဟာ အရာအားလုံးကို တူညီစွာ ရရှိရင်တောင်မှ သူတို့မှာ ကွာခြားချက်တွေ ရှိနေဆဲ ။

“ မျိုးစေ့ တစ်စေ့ စီတိုင်းမှာကို က ကွာခြားချက်တွေ ရှိတယ်။ တချိုု့တွေက အရည်အသွေး ပိုကောင်းကြတယ်။ လူတွေ ကတော့ အတူတူပဲ ။ လုံးဝကို တူညီတဲ့ သူ ဆိုတာလည်း မရှိနိုင်ဘူး။ မျိုးရိုးတူ အမြွာတွေ တောင်မှ အနည်းဆုံး ကွာခြားချက် အနည်းငယ်ဆီတော့ ရှိတယ်။ ” ဖန်ကျန်းရှီဟာ တွေးတော့ ပြီးတော့ ပြောလိုက်တယ်။ ငါထင်တယ်။ မင်းက မျိုးရိုးဗီဇ အကြောင်းကို မသိလောက်ဘူး။

“ နင့်လို လူမျိုး ဘယ်လို ကြောင့်များ ရှိနေတာလဲ ငါ တကယ်ကိုနားမလည်နိုင်ဘူး။ ကျောင်းတော်မှာလဲ မသင်ကြားဖူးဘူး။ ကိုယ်တိုင် ပဲ တာအို နိယာမကို လေ့လာပင်မယ့် နင့် ရဲ့ အမြင်ကျယ်မှု ကတော့ တိုးတက်နေဆဲပဲ။ ” ချီကူယန်က မှင်သက်စွာ ပြောလိုက်တယ်။ အဲ့ဒီ့နောက် တစ်ခဏ တာ တွေဝေပြီး နောက်မှာ သူမဟာ ဆက်ပြောလိုက်တယ်။ “ သစ်ပင်တိုင်း။ တောင်တိုင်း။ မြစ်ချောင်းတိုင်းမှာ ကွာခြားမှု ရှိတယ်.။ ဒါပေမယ့်လည်း တာအိုကိုတော့ ဘယ်သစ်ပင်။ တောင်တန်း မြစ်ချောင်းကမဆို နားလည်နိုင်တယ်။ ခြားနားချက်ကတော့ အရည်အသွေးအပေါ်ပဲ မူတည်တယ်။ ပိုပြီးတော့ ဂရုစိုက်လေ။ အသီးအပွင့်ကောင်းကောင်းကို ခံစားရလေပဲ။”

ချီကူယန်ဟာ ထရပ်ရင်းနဲ့ အိမ်ထဲကို ဝင်သွားလိုက်တယ်။

ဖန်ကျန်းရှီ ရဲ့ မျက်လုံးတွေဟာတော့ တောက်ပလာတော့တယ်။ ဒီ နိယာမရှင်းရှင်းလေးကို သူနားလည်ပေမယ့်လည်း လက်တွေ့ အသုံးချဖို့ကိုတော့ အခုထိ မလုပ်နိုင်သေးဘူး ။

ငါနားလည်ပြီ။

လွန်ခဲ့တဲ့ ၈နှစ်တုန်းက ငါက ကြယ်တွေကို စုဆောင်းတာကိုပဲ အလေးထားခဲ့တယ်။ တစ်ခု စုပြီးတိုင်းမှာ နောက်တစ်ခုကို ထပ်စုတယ်။

အဆုံးသတ်မှာတော့ ကြယ်တွေ အများကြီးကို ဆွဲမိပေမယ့်လည်း အရွယ်ကတော့ အတူတူပဲ ။

အခြားတစ်နည်းနဲ့ ပြောရရင် တော့ သူတို့တွေ အားလုံးဟာတော့ အခြေတည် အဆင့်မှာပဲ ရှိနေခဲ့တာ ။

ဖန်ကျန်းရှီဟာ နောက်ဆုံးမှာတော့ နားလည်သွားခဲ့တယ်။ ဒီအကြောင်း သူ ယုံကြည်ဖို့ကို သေချာစေတဲ့ နောက်ထပ် အကြောင်းပြချက် တစ်ခုရှိတယ်။ သူ့ရဲ့ စိတ်အာရုံနယ်မြေထဲက သစ်ပင်မှာ ရှိတဲ့ သစ်သီးတွေ ထဲက အကြီးဆုံးကတော့ သွေးရောင်လွှမ်းနေတဲ့ ခရမ်းရောင် အသီးတွေပဲ ။

အစုပြုံလိုက် သတ်ဖြတ်မှု တာအို။

ဖန်ကျန်းရှီဟာ ဒီ သစ်သီးတွေ သီးလာချိန် တည်းက ဘာလို့ ဒီလောက်တောင် ကြီးနေရသလဲ မသိဘူး။ ဒါပေမ့ယ့်လည်း အခုတော့ သူ့ အတွက် တံခါးက ပွင့်သွားခဲ့ပြီ။ အရင်တုန်းက သူဟာ သဘာဝလွန် အဆင့် ရောက်ဖို့ကို လိုချင်ခဲ့တာ ။ ဒါပေမ့ယ့် အခုချိန်မှာတော့ သူက တခြားတစ်ခုကို ပြောင်းလိုချင်နေပြန်ပြီ။

ဒါကတော့ အကယ်၍ အခြေတည် အဆင့် သစ်သီး ၃၀၀ ကသာ သူ့ကို ဒီလောက်ထိ အင်အားကြီးအောင် လုပ်နိုင်ရင် အကယ်၍ သူတို့သာ နှစ်ဆ ဖြစ်သွားခဲ့ရင်ကော။

ဒါမှ မဟုတ်။ သုံးဆ လေးဆ ဖြစ်သွားခဲ့ရင်

ဘာတွေ ဖြစ်လာနိုင်မလဲ။

ဒါကြောင့် သူ လုပ်ဖို့ လိုတယ်။

ဖန်ကျန်းရှီဟာ အတော်လေးကို စိတ်အားတက်ကြွ လာတော့တယ်။ သစ်သီးဝိုင်ပုလင်းကို ခပ်မြန်မြန်ဆွဲယူပြီးတော့ တစ်ငုံသောက်လိုက်တယ်။ ပါးစပ်ထဲ မရောက်ခင်မှာပဲ တစ်ခုခု လွဲနေတာကို သိလိုက်ရတယ်။

ငလူးပဲ။

ချီကူယန်က သူ့ဝိုင်တွေကို သောက်သွားတယ်။

ဖန်ကျန်းရှီ သူ့စကားတွေကို နားလည် မလည် ဆိုတာ ချီကူယန် လည်း မသိပါဘူး။ ဒါပေမယ့်လည်း တစ်နေ့် တော့ နားလည်မယ် ဆိုတာ သူမ သိတယ်။

သူ့ကို ဇွန်းတပ်ပြီးတော့ တစ်ခါတည်း စားရအောင် လုပ်မပေးဘူး။ သူကိုယ်တိုင် နားလည်အောင်သာ လမ်းပြခဲ့တာ ။

နောက်ပြီးတော့ သူ ကိုယ်တိုင် ကြိုးစားမှုကိုလည်း သူမ လိုချင်တယ်။

ဖန်ကျန်းရှီဟာ အရှက်မရှုှိတဲ့ ဖြစ်ချင်ဖြစ်မယ် ။ ဒါပေမ့ယ့်လည်း ဒီ အရာတွေ နောက်ကွယ်က သူ့ရဲ့ တန်ဖိုး အစစ်အမှန်ကိုတော့ ချီကူယန် နားလည်တယ်။

“ သူက ကြယ်ပေါင်း ၃၀၀ လောက် စုဆောင်းထားပြီပြီပဲ။ အကယ်၍ (သစ်ပင်ကိုသာ ရေလောင်းလိုက်ရင်) ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းသွားမလဲ။” ချီကူယန်ဟာ တံခါးမှာ ရပ်နေခဲ့တယ်။ ယွီယိဖျင်လို လူမျိုးကတော့ ဖန်ကျန်းရှီဟာ ဆူးညှောင့် တစ်ခု အဖြစ် ထင်ကောင်းထင်မယ်။

ချီကူယန်ကတော့ ဒီလို မတွေးဘူး။ တစ်ဧကမှာပဲ စိုက်ပျိုးပြီးတော့ အကောင်းဆုံး မြေသြဇာကို သုံးသူဟာ အရည်သွေးကောင်းတဲ့ ပစ္စည်းကို ရပေမယ့်လည်း ထုတ်ကုန်ကတော့ ကန့်သတ်ချက်ရှိတယ်။ အကယ်၍ ဒီလူသာ ၁၀ဧက ဧက ၁၀၀ကိုသာ စိုက်ပျိုးလိုက်ရင် ဘယ်လို ဖြစ်သွားမလဲ.။

အစပိုင်းမှာတော့ စိုက်ပျိုးဖို့ နှေးကွေးကောင်း နှေးကွေးနိုင်ပေမယ့်လည်း အချိန်ယုူ ကြိုးစားရင် ဧက ၁၀၀ ရဲ့ ထွက်ကုန်တွေဟာ ၁ ဧက ထွက်ကုန်ထက်တော့ အများကြီး များလိမ့်မှာ ဖြစ်သလို အဆပေါင်းများစွာ များစွာ ကျော်လွန်မှာလဲ ။

…

နောက်ရက်မှာတော့ ဖန်ကျန်းရှီ နဲ့ ဖန်ဟို့ဒဲ တို့ဟာ ကျန်းယန်ဖိန် ဆီကို အလည်သွားကြတယ်။

ကျန်းယန်ဖိန်ရဲ့ မျက်နှာဟာတော့ သွေး ရောင်လွှမ်းနေပြီ ။ နတ်ဆိုးကျောင်းတော်က ဆေးဝါးတွေဟာလည်း သူ့ ဒဏ်ရာ အတွက် ကောင်းလွန်း လှတယ်။

ရွာက လူကြီးသူမတွေဟာ ကျန်းယန်ဖိန်ရဲ့ ဘေးမှာ ဝိုင်းပတ်ပြီးတော့ ထိုင်နေခဲ့ြက်တယ်။

“ ကျန်းရှီ နဲ့ ဟို့ဒဲ ရောက်လာပြီ။ ” ရွာသားတွေဟာ သူတို့ကို ကြိုဆိုကြတယ်။

“ ကျန်းရှီ မင်းက အချိန်ကိုက်ရောက်လာတာပဲ။ ငါတို့က မင်း ရွာကို ပြန်လာတဲ့ အကြောင်းပြောနေကြတာ။ ငါတို့ ရွာမှာ အဆင့်လေး အမတ်မင်း တစ်ပါး တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒါပေမယ့်လည်း ငါ အားနန်ကို မင်းအတွက် ဂုဏ်ပြု ဆိုင်းဘုတ်ထိုးဖို့လုပ်ခိုင်းထားပြီးပြီ။ ရှေးဟောင်း နှင်းဆီသာကို သုံးပြိးတော့ ဆိုင်းဘုတ်ထွင်းပေးမယ်။ မင်းဘယ်လို ထင်လည်း ။ အိမ်ပေါက်မှာလည်း နောက်ထပ် ဆိုင်းဘုတ်တွေကို ထွင်းပေးမယ်လေ။” ကျန်းယန်ဖိန်ဟာ တက်ကြွစွာ ပြောနေခဲ့တယ်။

“ ဦးလေး ယန်ဖိန် ။ တကယ်တော့ ဦးလေးနဲ့ ပြော စရာရှိလို့ လာခဲ့တာ။” ဖန်ကျန်းရှီဟာ လည်း ဒီ ဆိုင်းဘုတ် တွေ က ရိုးရားဖြစ်မှန်းသိတယ်။ ဒါက ရွာရဲ့ ဂုဏ်အဆင့်အတန်း အရ အမြင့်မားဆုံး ချီးမြှောက်တာပဲ ။ သူ့ရဲ့ အမိန့်ပြားကို ထုတ်ပြပြီးတဲ့ နောက် ဂုဏ်ပြုပွဲတွေ လာတော့မှာ။

ဒါပေမ့ယ့်လည်း

ဖန်ကျန်းရှီအတွက်တော့ ဆိုင်းဘုတ်ဆိုတာ သစ်သားပြား သာသာပဲ။ ကျန်းယန်ဖိန်ကတော့ ထွင်းတောင် ထွင်းခိုင်းထားပြီးပြီ။ ဒိလို အမြန်နှုန်း နဲ့ အလုပ်လုပ်ပုံကတော့ ချီးကျူးစရာ ကောင်းမှန်း ဖန်ကျန်းရှိ ဝန်ခံရမှာ အမှန်ပဲ ။

ဒါတွေထက် နှင်းဆီသားရဲ့ မူလရင်းမြစ်ကိုလည်း သူသိတယ်။

ဒါက လွန်ခဲ့တဲ့ ရှေးဘိုးဘေးတွေ စိုက်ပျိုးခဲ့တာ ။ အလွန့်ကို ရှားပါးပြီးတော့ ရွာမှာ တန်ဖိုး အရှိဆုံး အရာလည်း ။ အခုတော့ ဒါက ဆိုင်းဘုတ် အထွင်းခံရတော့မယ်။

“ ဒါပေါ့။ ငါတို့ မေ့နေတာ တစ်ခုခုရှိရင်ပြောပါအုန်း။” ကျန်းယန်ဖိန်ဟာ တောက်ပစွာပြုံးနေခဲ့တယ်။

“ တကယ်တမ်းတော့ ကျောင်းကိစ္စကို ပြောချင်တာပါ။” ကျန်းယန်ဖိန် အထင်မှားနေတာကို ဖန်ကျန်းရှီ သိလိုက်ရတယ်။

“ကျောင်းလား။ ဟုတ်သားပဲ။ ဆရာဝမ်လည်း အတော်လေး ထိခိုက်သွားခဲ့တာ။ သူ့ကို ကောင်းကောင်း ဂရုစိုက်ပြီး လိုအပ်တာ မှန်သမျှ လုပ်ပေးလိုက်ပါမယ်။”

“ ကျွန်တော်ပြောချင်တာက ကျောင်းကို တိုးချဲ့မယ်။”

“ ကျောင်းကို တိုးချဲ့မယ်။ ဟုတ်တာပေါ့။ မင်းရဲ့ ဂုဏ်သတင်းက နတ်ဆိုးကျောင်းတော်နဲ့ ဆက်စပ်နေတော့ ငါတို့လည်း ကျောင်းသား နည်းနည်းလောက် ပိုလက်ခံပြီး သင်လို့ ရတော့လည်း ကောင်းတာပေါ့။ ရွာရဲ့ မျှော်လင့်ချက်ကိုလည်း တိုးစေတာပေါ့၊”

“ ဦးလေး ယန်ဖိန်။ ကျွန်တော်က တာအို ခန်းမကို ကျောင်းတော်ကြှီး တစ်ခု ဖြစ်အောင် လုပ်ဖို့ အကြောင်း ပြောနေတာ။”

“ကျောင်းတော်ကြီးလားး။ ကောင်းတာပေါ့။ အကယ်၍ ကျောင်းတော်ကြီးသာ ဖြစ် ဖြစ်…. ခဏနေပါအုန်း။ ကျောင်းတော်ကြီး ဟုတ်လား။ ကျန်းယန်ဖိန်ဟာ အတည်မပြုခင် တစ်ခဏတာ တွေဝေသွားခဲ့တယ်။

“ ဟုတ်တယ်။ ချီကူယန်နဲ့ အပေးအယူ လုပ်ပြီးပြီ။ သူမက အကောင်းဆုံး ဆရာ ၅၀ကို ဒီခေါ်လာပေးဖို့ သဘောတူထားတယ်။ သူတို့ က ဒီမှာ သုံးနှစ်နေပြီး သင်ကြားပေးလိမ့်မယ်။ ဒီလိုနဲ့ ကျောင်းတော်ကြီး ဖြစ်လာအောင် လုပ်မှာ။” ဖန်ကျန်းရှီက ရှင်းပြလိုက်တယ်။

“ ဒါက အတော် ကောင်းတဲ့ သတင်းပဲ ဒါပေမ့ယ့် ” ကျန်းယန်ဖိန်ရဲ့ ပျော်ရွှင်မှုဟာတော့ သိသိသာသာကို ပျောက်ကွယ်သွားတော့တယ်။

“ ကျန်းရှီ။ မင်း ပြောချင်တာကို ငါတို့ သိတယ်။ ဒါပေမ့ယ့်လည်း တို့ မြောက်ရွာက အတော်လေးကို ဆင်းရဲလွန်းတယ်။ သူတို့ နေနိုင်ပါ့မလား။ နောက်ပြီးတော့ ငါတို့မှာ ဒီလောက် လူ အများကြီး နေဖို့ အိမ်တွေ မရှိဘူးလေ။ ”

“ ဒါကြောင့် မြေကွက်တေါွ ရှင်းပြီးတော့ တည်ဆောက်ဖို့ လိုတာပဲ။ နောက်ပြီးတော့ ကျွန်တော့် တို့ရွာလည်း မကြာခင် အချိန်မှာပဲ တိုးတက်လာလိမ့်မယ်။” ဖန်ကျန်းရှီက ပြန်ဖြေလိုက်တယ်။

“ ကျန်းရှီ။ အခု အခြေအနေကို မင်း သိသင့်တယ်။ ငါတို့က တခြားရွာတွေ ထက် ချမ်းသာတာ မှန်ပေမယ့်လည်း ငါတို့မှာ ကျောင်း တည်ဆောက်ဖို့ လောက်တော့ မရှိဘူး။ ဆရာ ၅၀ကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။ နောက်ပြီးတော့ သူတို့ရဲ့ လခကလည်း ငွေသား ရာချီပြီး ကုန်ကျမှာ။

“ ကျွန်တော်ပြောလို့ မပြီးသေးဘူး။ ကျောင်းဧရိယာကို ဧက တစ်ထောင်လောက် လုပ်ချင်တာ။ ကျောင်းသားတွေ အတွက် အထူးသင့်လျော်အောင် စာကြည့်တိုက်။ အမဲလိုက်ကွင်း ။…..” ဖန်ကျန်းရှီဟာ စာရင်း တွေကို ပြောပြနေခဲ့တယ်။

ကျန်းယန်ဖိန်နဲ့ ရွာအကြီးအကဲ တွေရဲ့ အမူအယာဟာတော့ ပြောင်းလဲ သွားခဲ့တယ်။ ဒါက ဟွေ့အန်း ဒေသ မှာ ရှိတဲ့ ကျောင်းတော်ကြီး ထက်တောင် ပိုပြီးတော့ ခမ်းနားသေးတယ်။

မြောက်ပိုင်း ဒေသမှာတောင်မှ ဒီလို ကျောင်းတော် မရှိသေးဘူး။

“ ကျန်းရှီ။ ငွေလေ ငွေ။ ဒါတွေ အကုန်လုပ်ဖို့က ငွေလိုတယ်။ ” ကျန်းယန်ဖိန်က သတိပေးနေခဲ့တယ်။

“ ဟုတ်တယ်။ ကျွန်တော့်ရဲ့ တွက်ချက်မှု အရဆိုရင် ရွာဝန်းကျင်က ဧရိယာ နဲ့ ဆို လောက်တယ်။ ဒါပေမယ့်လည်း ကျောင်းတော်ကြီး တစ်ခုလုံး ပြီးအောင် ဆောက်လုပ်ဖို့ ဆိုရင်တော့ ငွေသား နှစ်သောင်း လိုလိမ့်မယ်။” ဖန်ကျန်းရှီဟာ ခေါင်းငြိမ့်လိုက်တယ်။

“ ငွေ ငွေသား နှစ်သောင်း ” ကျန်းယန်ဖိန်ဟာ ခုံပေါ်ကနေ ပြုတ်ကျ မတတ် ဖြစ်သွားခဲ့တယ်။ ဒါက အနည်းဆုံး တွက်ချက်မှု တဲ့လား။ ယုံကြည်မှု မြစ်မြို့တော်မှာတောင်မှ တစ်နှစ် တစ်နှစ်ကို အခွန်ခ ဒီလောက် မရဘူး။

“ ဟုတ်တယ်။ ရွာရဲ့ လိုအပ်ချက် အရဆိုရင်။ အကယ်၍ တစ်စုံတစ်ယောက်က ချမ်းသာလိုရင် သစ်ပင်များများ စိုက်ရမယ်။” ဖန်ကျန်းရှီက ထပ်ပြောလိုက်တယ်။

“ ဘာကိုပြောတယ်။” ကျန်းယန်ဖိန်ဟာတော့ မျက်စိလည်သွားခဲ့တယ်။ ဘာတွေ ပြောနေတာလဲ။ ကန်လင်းတောင် တစ်ခုလုံး သစ်ပင်တွေနဲ့ ပြည့်နေတာတောင်မှ ငါတို့ ရွာက မချမ်းသာ သေးဘူး။”

“ခနလေး။ ပြောတာများသွားတယ်။ ရွာကို ကြီးပွားအောင် လုပ်ချင်ရင် လမ်းဖောက်ဖို့လိုတယ်။ ဟွေ့အန်းဒေသဆီကို လမ်းဖောက်ဖို့ လိုတယ်။ အဲ့တာက ” ဖန်ကျန်းရှီဟာ ခနတာ စဉ်းစားနေခဲ့တယ်။

“ ကျန်းရှိ။ ဟွေ့အန်းဒေသ နဲ့ ဒီက အတော်လေး ဝေးတယ်နော်။ ငွေသား ထောင်ချီကုန်မှာ ။” ကျန်းယန်ဖိန်က သတိပေးလိုက်တယ်။

“ အကြမ်းဖျင်း တွက်လိုက်တာ။ လမ်း လေးခုရှိတယ။် ဒါပေမယ့်လည်း ဘိလပ်မြေ လမ်း (ကွန်ကရစ်လမ်း) ကတော့ ဈေးကြီးလွန်းတယ်။ ကတ္တရာလမ်းက ပို အဆင်ပြေတယ်။ ဒါပေမယ့်လည်း လိုအပ်တဲ့ ပစ္စည်းတွေက မရှိပြန်ဘူး။ ကျောက်သားလမ်းနဲ့ပဲ စရအောင်။ ကျွန်တော်တို့မှာ ကျောက်တုံးတွေလည်း ရှိနေတာပဲ။ ပေါပေါများများ ရှိလွန်းနေတာ။ ဒါက ငွေသား သုံးသောင်း ကုန်လိမ့်မယ်။”

“ ငွေသား သုံးသောင်း ” ကျန်းယန်ဖိန်ဟာ သူ့နားသူ မယုံနိုင် ဖြစ်နေကြတယ်။

တခြားသော ရွာသားတွေဟာတော့ သွေးပျက်နေခဲ့တယ်။ သူတို့ အားလုံးမှာ ငွေသား ၅၀ ဆတောင် မရှိဘူး။

“ ကျန်းရှီ။ မင်း မင်းရဲ့ အကြံ တွေက ကောင်းလွန်းပါတယ်။ ဒါပေမယ့် ငါတို့မှာငွေ မရှိဘူး။” ကျန်းယန်ဖိန်ဟာ အံကြိတ်ရင်း ပြောလိုက်တယ်။

“ ရှိပါတယ်။ ” ဖန်ကျန်းရှီက ပြုံးနေခဲ့တယ်။

“ ငါတို့မှာ တကယ်မရှိဘူး။” ကျန်းယန်ဖိန်ဟာ ငိုမဲ့မဲ့လေး ဖြစ်နေခဲ့တယ်။

သူ စကားမဆုံးသေးဘူး။

ဖန်ကျန်းရှီဟာ သူ့ရဲ့ နှလုံးကာ မှန်ထဲက သိုလှောင်မှုကို ကြည့်လိုက်တယ်။

သူဟာ ငွေသေတ္တာတွေကို စားပွဲပေါ် တင်လိုက်တယ်။

ကျန်းယန်ဖိန်နဲ့ တခြားလူကြီးတွေဟာတော့ မျက်လုံး ပြူးနေခဲ့တယ်။

ဒါက

များလိုက်တဲ့ငွေတွေ။

ချက်လတ်မှတ်တွေ ပေါ်က ငွေသား ပမာဏကို မြင်နိုင်တယ်။ တစ်ခုချင်းစီက ငွေသား ၁ထောင်စီ ။ စာရွက်တွေရဲ့ အထူ နဲ့ ဆိုရင် အနည်းဆုံးတော့ ငွေသား နှစ်သောင်း ကျော် ရှိတယ်။

နောက်ပြီးတော့ ငွေသားသေတ္တာတွေကို မြင်နေရတဲ့ သူတို့ မျက်လုံးတွေကိုတောင်မှ မယုံနိုင်အောင် ဖြစ်နေခဲ့တယ်။

ဖန်ကျန်းရှီဟာ ဆက်ဆက်ပြီးတော့ ထုတ်နေခဲ့တယ်။ ငွေသား သေတ္တာတွေ ထုတ်ပြီးတဲ့နောက် ရွှေချောင်းတွေကို ထုတ်လိုက်တယ် ။

ရွှေတွေဟာ အခန်း တစ်ခန်းလုံးကို တောက်ပနေစေခဲ့တယ်။

ဦးလေး ယန်ဖိန် တစ်ချက်ကြည့်ပါအုန်း။ ချက်လတ်မှတ်။ ငွေသားနဲ့ ရွှေချောင်းတွေပဲ ရှိတယ်။ ” ဖန်ကျန်းရှီဟာ ပြောရင်းနဲ့ နောက်ထပ် ဆွဲထုတ်နေခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ငွေပုံကြီး ဖြစ်သွားခဲ့တယ်။

တခြားသူတွေ အားလုံးဟာတော့ မျက်လုံး ပြူးနေကြတယ်။ သူတို့ ဟာ မျက်စိမှောက်နေပြီလို့ တောင် ထင်နေခဲ့တာ ။ ရွှေချော်င်း တစ်ချောင်းကို ကောက်ယူပြီးတော့ ကိုက်ကြည့်လိုက်တယ်။

သွားရာဟာ ရွှေပေါ်မှာ ချက်ခြင်းထင်သွားခဲ့တယ်။

“ဒါတွေ အကုန်လုံ းပေါင်းရင်တောင်မှ နည်းနည်းလေး လိုနေသေးတယ်။ ဒါပေမယ့်လည်း မစိုးရိမ်ပါနဲ့ ဒီ အတောတွင်းမှာ ရလာမှာပါ။ အရင်ဆုံး မရှိမဖြစ် ကိစ္စတွေကို စဖို့ လိုအပ်တယ်။ ပြီးတာနဲ့ ကျန်တဲ့ ပိုက်ဆံတွေက တော့ ကျောင်းတော်နဲ့ လမ်း အတွက်ပဲ ဖြစ်စေရမယ်။”

ဖန်ကျးန်းရှီဟာ ပြုံးနေခဲ့တယ။် ကျောင်းတစ်ကျောင်းဆောက်ရတာ လွယ်ပါတယ်။ နောက်ပြိးတော့ ဒီကျောင်းတော်က မြောက်ပိုင်းဒေသမှာ အချက်အချာ ဖြစ်လာမှာပဲ။ ပိုပြီးတော့ တောင် မလွယ်ဘူးလား။

ဆရာတွေရဲ့ ဂုဏ်သတင်းနဲ့ ဆိုရင် ကျောင်းသားတွေ နဲ့ ငွေရမယ့် ရင်းမြစ်တွေပါ ရောက်လာမှာပဲ။

သုံးနှစ် ။

မြောက်ရွာကို တိုးတက်အောင် လုပ်ဖို့ သုံးနှစ်တောင် မလိုပါဘူး။ ဒီမှာ ခေတ်အမှီဆုံး သင်ကြားနည်းတွေ နဲ့ သင်ပေးမှာပဲ။

ဖန်ကျန်းရှီဟာ ပိုပြီးတော့ စိတ်လှုပ်ရှားလာခဲ့တယ်။ ကျောင်းတော် အားလုံးကို ညီလာခံက နေ ထိန်းချုပ်ထားတာ ဖြစ်ပြီးတော့ အရေအတွက်ကလည်း ကန့်သတ်ချက်ရှိတယ်။ ကျောင်းကို ဝင်တာနဲ့အရှိန်ရပြီ။

နောက်ပြီးတော့ ကျောင်းတော်သား ဆိုတဲ့ နာမည်ကို ရချင်နေသူတွေလည်း အမြောက်အများရှိကြတယ်။ ဒီကျောင်းက သူတို့ကို အရှိန်ရစေတဲ့ အကြောင်းရင်းကြောင့်လည်း ကျောင်းတော်ကြီးတွေကို ဝင်ကြတာ ြဖ်စတယ်။

ဖန်ကျန်းရှီဟာ ဒီ အကြောင်းကို ချိုုးဖောက်ပြီးတော့ ကိုယ်ပိုင်ကျောင်းထောင်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါ့အပြင် (ကျောင်းလခ) ဆိုတော့ အခေါ်အဝေါ် သတ်မှတ်ဖို့ကိုလည်း သူတွေးနေခဲ့တယ်။

ဖန်ကျန်းရှိဟာ သူ့ စိတ်ထဲမှာ ကျောင်းတော် တည်ဆောက်ဖို့နဲ့ တိုးတက်အောင်လုပ်ဖို့ အစီအစဉ်ဆွဲနေချိန်မှာပဲ ခပ်တိုးတိုး အသံ တစ်ခုဟာ သူ့ ဘေးကနေ ထွက်လာတော့တယ်။

“ကျန်းရှီ။ ဦးလေး ယန်ဖိန်ကို အမှန်အတိုင်းပြော။ မင်းသမီးကို မင်း ပြန်ပေးဆွဲလာတာလား။”

အပိုင်း (၂၆၂) ပြီး၏။

အပိုင်း (၂၆၃)

“ မမျှော်လင့်ပဲ သတ်ဖြတ်ခြင်း”

  …

ဒီငွေသားတွေ ဘယ်လိုရလာသလဲ ကျန်းယန်ဖိန်ကို ရှင်းပြဖို့ ခက်ခဲခဲ့တယ်။ နောက်ဆုံးတော့လည်း ပင်းယန်ရဲ့ နှင်းဖြူလေးကို ရောင်းတာကနေ ငွေသား တွေ အတော်ရခဲ့တာ ။

ဒီလိုကြောင်း့ သူဟာ ဒီ ငွေသားတွေကို ဥပဒေနဲ့ အညီရလာတယ်လို့ပဲ ပြောဖို့ တတ်နိုင်တော့တယ်။

ကျန်းယန်ဖိန်က အကုန်လုံး နီးပါး မယုံကြည်ပေမယ့်လည်း နောက်ဆုံးတော့ လည်း ဖန်ကျန်းရှီရဲ့ ဇာတ်လမ်းကို သူ လက်ခံလိုက်တယ်။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီက အဆင့်လေး အမတ်မင်းတောင် ဖြစ်လာခဲ့သေးတာပဲ။ သူ မလုပ်နိုင်တာ ရှိအုန်းမလား။

အဲ့ဒီ့နောက် ကျန်းယန်ဖိန်ဟာ ကျန်းလီကို ခေါ်ပြ ၤီးတော့ ရွာကွင်းပြင်မှာ ရွာသားတွေ အားလုံးကို စုဝေးခိုင်းစေလိုက်တယ်။ ဖန်ကျန်းရှီရဲ့ ပြန်လာမှုကို ကြိုဆိုဖို့နဲ့ ကျောင်းတော်ကြီး တစ်ကျောင်းတည်ဆောက်ပြီးတော့ လမ်းဖောက်ဖို့ ကို လည်း ပြောစေချင်နေတာ ။ မ

နေ့လယ်ခင်း တပိုင်းလုံးကုန်ဆုံးသွားပြီး နောက်မှာောတ့ အနီရောင် ပိုးပဝါစ လွှမ်းခြုံထားတဲ့ အရာတစ်ခုဟာ သန့်ရှှုင်းတောက်ပလှတဲ့ ကတ္တီပါ အစပေါ်မှာ ရှိနေခဲ့တယ်။

ဖန်ကျးန်ရှီက ဒီလို ပိုးသား အနီရောင်ကို မလိုချင်ဘူး ။ ဒါပေမယ့်လည်း မနေ့က အဖြစ်အပျက်တွေဟာ သူ့ စိတ်ထဲမှာ ထင်ရှားနေဆဲ ။

ဒါပေမယ့်လည်း ကျန်းယန်ဖိန်နဲ့ ရွာသားတွေ အားလုံးဟာတော့ မနေ့ည အဖြစ်ကို မေ့ဖျောက်ပြီး ပွဲတော်ကျင်းပ ဖို့သာ စိတ်အားထက်သန်နေခဲ့ကြတယ်။

ဒါ့အပြင် ရွာသား အချို့ဟာ ရွာရဲ့ ”ကံဆိုးမှု ရှေ့ပြေးနိမိတ်” တွေကို မောင်းထုတ်တဲ့ ပွဲလည်း လုပ်စေချင်နေကြတယ်။

ဖန်ကျန်းရှီကတော့ ဘာမှ မပြောတော့ပါဘူး။ ဒဏ်ရာရ ရွာသားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို စားပွဲ ထိပ်မှာ ထိုင်ဖို့သာ စီစဉ်ပေးနေခဲ့တယ်။

ပင်းယန်နဲ့ ချီကူယန် တို့ဟာလည်း ပွဲတော်ကို ရောက်လာခဲ့တယ်။ ဧရိယာ တစ်ခုလုံးကို မီးတွေ ထွန်းညှိထားပြီးတော့ ရွာသားတွေ နဲ့ ပြည့်ေ်နကြတယ်။ သူတို့ ဟာ ဖန်ကျန်းရှီကို ဒူးထောက်ဖို့ ပြင်ပေမယ့်လည်း သူဟာ သူတို့ကို တားမြစ်ထားခဲ့တယ်။

အဲ့ဒီ့နောက် ဖန်ကျန်းရှီဟာ ပင်းယန်ကို အဓိက စားပွဲကြီး ဘေးက နောက်စားပွဲ တစ်ခုမှာ ထိုင်ဖို့ နေရာချပေးတယ်။

ပင်းယန်ဟာတော့ ချက်ခြင်း စောဒကတက်တော့တယ်။

ဧကရာဇ်ရဲ့ တန်ဖိုးအထားဆုံး သမီးတော် ဖြစ်တဲ့ သူမကို ဘယ်သူကမှ ဒီလို ဒုတိယ နေရာမပေးဖူးဘူး။ ဒါပေမယ့်လည်း ချီရှင်းလိန်နဲ့ ဖန်ဟို့ဒဲ တို့သာမက ဖန်ကျန်းရှီပါ ထိုစားပွဲမှာ ထိုင်နေတာကို တွေ့လိုက်ရတဲ့ အတွက် ပင်းယန်ဟာ ပါးစပ်ပိတ်သွားခဲ့တယ်။

ချီကူယန်ဟာတော့ အစကနေ အဆုံးထိ တည်ငြိမ် အေးဆေးနေခဲ့တယ်။

ဒီအချိန်မှာတော့ နှင်းဆီဟာ ဆိုင်းဘုတ်ဟာ ရှေးဟောင်း ဆိုင်းဘုတ်ကြီးရဲ့ ဘေးကို ရောက်သွားပြီ ။ အမြင့်အတူတူပဲ ထားလိုက်တာဟာ သူတို့ရဲ့ တူညီတဲ့ အဆင့်အတန်းကို ဖော်ပြနေခဲ့တယ်။

ပွဲတော် ပြီးခါန်ီး အချိန်မှာ ကျန်းယန်ဖိန်ဟာ ရွာသားတွေ အားလုံးကို တိတ်ဆိတ်စေလိုက်တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို ကြည့်ရင်း သတင်းကို ပြောစေချင်နေခဲ့တယ်။

ဖန်ကျန်းရှီဟာ ခေါင်းခါပြီး ငြင်းဆိုလိုက်တယ်။

ရွေးချယ်စရာ မရှိတော့တာကြောင့် ကျန်းယန်ဖိန်ဟာ စင်ပေါ်တက်ပြီးတော့ ကျောင်းတော် ဖွင့်လှစ်ဖို့ အစီအစဉ် မြေယာချဲ့ထွင်ဖို့နဲ့ လမ်းဖောက်ဖို့ အကြောင်းတွေကို တစ်ခုပြီး တစ်ခု ပြောလိုက်တော့တယ်။

ရွာသားတွေ အားလုံးဟာတော့ ကျန်းယန်ဖိန်ရဲ့ စကားကို ကြားချိန်မှာ မျက်လုံးပြူးနေကြတယ်။

“ ဒီလောက်များတဲ့ ငွေတွေကို ဘယ်ကနေ ရမှာလဲ။”

“ငါတို့်က စားလို့ သောက်လို့ လောက်ငှ ရုံပဲ ရှိတာ။”

ကျန်းယန်ဖိန်ဟာ ရွာသားတွေရဲ့ အတွေးကို အပြည့်အ၀ နားလည်တယ်။ ကျန်းလီနဲ့ တခြားသော လူငယ်တွေဟာ ငွေသား သေတ္တာတွေကို သယ်ပြီးတော့ စင်ပေါ်ကို တက်လာခဲ့တယ်။

ရွာသားတွေဟာ သူတို့ရဲ့ မျက်လုံးကို မယုံနိုင် ဖြစ်နေခဲ့တယ်။ ငွေသားသေတ္တာကြီးတွေ။ ရွှေချောင်း တွေနဲ့ ချက်လတ်မှတ် အထပ်လိုက်ကို မြင်ချိန်မှာတော့ တစ်ယောက်ကို တစ်ယောက် မယုံနိုင်စွာ ကြည့်နေခဲ့ကြတယ်။

သူတို့ ဘဝမှာ ဒီလို မျိုး ကံကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ကျန်းယန်ဖိန်ဟာ သူတို့ရဲ့ မျက်လုံးထဲက စူးစမ်းလိုစိတ်ကို မြင်ချိန်မှာတော့ ။ ဒီငွေသားတွေဟာ ဖန်ကျန်းရှီ လှူဒါန်းတာ ဖြစ်ကြောင်းနဲ့ ဖန်ကျန်းရှီက တရားဥပဒေနဲ့ အညီ ရှာဖွေလာခဲ့တဲ့ ငွေတွေ ဖြစ်ကြောင်းကိုပါ ထပ်ပေါင်းပြောလိုက်တယ် ။

ရွာသားတွေဟာ ဒါကို ကြားချိန်မှာတော့ ဖန်ကျန်းရှီ ရဲ့ နာမည်ကို အကြိမ်ကြိမ်ရေရွတ်ကာ ကောင်းချီးမင်္ဂလာ စကားတွေကို ဆိုကြတော့တယ။

ပင်းယန်ဟာတော့ သူ့နားသူ မယုံနိုင်ဖြစ်နေခဲ့တယ်။

“ ဘယ်လိုများ တရားဥပဒေနဲ့ အညီလဲ။ ငါ့ရဲ့ နှင်းဖြူလေးကိုရောင်းပြီး ရတဲ့ ငွေတွေနဲ့ ။ ကျန်တာက ငါ့ မွေးနေ့ကနေ ရတဲ့ ငွေသားတွေကို ။” ပင်းယန်ဟာ မကျေမနပ် ဖြစ်စွာပြောလိုက်တယ်။

ဒါပေမယ့်လည်း ဖန်ကျန်းရှီက ဒီငွေတွေကို ကျောင်းဆောက်ဖို့နဲ့ လမ်းဖောက်ဖို့ သုံးမှာကို ကြားချိန်မှာတော့ အတော်လေးကို အံ့သြခဲ့ရတယ်။

ဒီ အချိန်အတောတွင်းမှာ ဖန်ကျန်းရှီဟာ ငွေကို သူ့ဘဝသဖွယ် တန်ဖိုးထားတယ်လို့ ထင်ခဲ့တာ ။ သူ့ရဲ့ ကံကြမ္မာတစ်ခုလုံးကို သူ့ရွာ အနာဂတ်နဲ့ လဲလှယ်ပြစ်မယ်လို့ မထင်မှတ်ထားခဲ့မိဘူး။

တကယ်ပဲ ပိုကောင်းတဲ့ လူ့ အဖွဲ့အစည်းအတွက် ကြိုးစားနေတာပဲ။

ဒီအချိန်မှာတော့ သူမ အရင်ကတွေးခဲ့သလိုမျိုး ဖန်ကျန်းရှှီ ကို နားလည်ဖို့ မဖြစ် နိုင်မှန်း လက်ခံလိုက်ရတယ်။ သူ့ကို မေးမလို့ ပြင်ချိန်မှာပဲ ဖန်ကျန်းရှီက သူမကို ရေနွေးခွက် ကမ်းပေးနေတာ တွေ့လိုက်ရတယ်။

“ အမ်းး။ မင်းသမီး တစ်ပါး အနေနဲ့။ အလှူအတန်းလေး မလုပ်ချင်ဘူးလား။ ဒီ ကျောင်းတော်က အင်ပါယာ အတွက် အကောင်းဆုံ းဖြစ်လာလိမ့်မှာလေ။ ငွေသား ၈ သောင်းလောက် လှူပါလား။”

“သွားသေလိုက်၊” ပင်းယန်ဟာ ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ရှာခဲ့တယ်။ ဒီ ကောင်ရဲ့ လောဘနဲ့ အရှက်မရှိတာက အရင်ကထက် ဆိုးလာတာပဲ။ ငွေသား ၈သောင်း တဲ့လား။ ဒါက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာ မဟုတ်ဘူးလား။

“နင် တကယ်ပဲ ကျောင်းတော်ကို ဒီလောက် ကြီးအောင် ဆောက်မှာလား။ ” ချီကူယန်က မေးလိုက်တယ်။

“ဒါပေါ့။ အကယ်၍ ငါသာ တစ်ခုခုကို လုပ်ချင်ရင် အကောင်းဆုံးကိုပဲ လုပ်တယ်။” ဖန်ကျန်းရှီက ပြန်ပြောလိုက်တယ်။

“ ဒါပေမယ့်လည်း ကျောင်းတော် လည်ပတ်ဖို့ အတွက် လိုတဲ့ ငွေက အတော်လေး များလိမ့်မယ်။ နတ်ဆိုး ကျောင်းတော်က ဆရာတွေကို ခေါ်ပဲ ခေါ်လာနိုင်တာ။ လခတော့ မထောက်ပံ့နိုင်ဘူး။ နောက်ပြီးတော့ စာကြည့်တိုက်နဲ့ အမဲလိုက် ကွင်းပြင်အတွက်လည်း ငွေသားတွေ လိုအုန်းမှာ။ ဟွေ့အန်း ဒေသက ချင်းဖုန်း ကျောင်းတော် ဆိုရင် အင်ပါယာနဲ့ တခြားချမ်းသာတဲ့ မိသားစုတွေ ထောက်ပံ့ထားတာ။ ဒါပေမယ့်လည်း မြောက်ရွာကတော့ ။”

ချီကူယန်ဟာ သေသေချာချာရှင်းလင်းအောင် ပြောပြနေခဲ့တယ်။

ဟွေ့အန်း ဒေသမှာ ချင်းဖုန်း ကျောင်းတော် ကို တည်ဆောက်ပေးခဲ့ပြီးပြီ။ အင်ပါယာက နောက်တစ်ခု တည်ဆောက်ပေးဖို့တော့ မဖြစ်နိုင်ဘူး ။

အကယ်၍ ကျောင်းတော် အသေးလေး ဖြစ်ရင်တောင်မှ အနည်းဆုံး ငွေသား တစ်သိန်းတော့ နှစ်စဉ်လည်ပတ်ဖို့ လိုမှာပဲ။

“ ငါ့မှာ ကုန်ကျငွေကို ရှာဖို့ အတွက် နည်းလမ်းရှိပါတယ်။” ဖန်ကျန်းရှီဟာ ယုံကြည်ချက် အပြည့်နဲ့ ပြောလိုက်တယ်။

ပိုက်ဆံရဖို့ အကောင်းဆုံး နည်းတွေက ပညာရေး။ ကျန်းမာရေး။ အစားအသောက်နဲ့ ကုန်ကျစရိတ်တွေ အတွက် ။

ပညာရေးဟာ သူ့ အတွက် အကောင်းဆုံးသော လောင်းကြေး။

ချင်းဖုန်း ကျောင်းတော်ကို ထောက်ပံ့နေတဲ့ သူတွေလည်း သူတို့ရဲ့ သားသမီးတွေကို ဒီမှာ လာထားကြမယ်။ ဒါက သူဒီမှာ အသုံးပြုမယ့် နည်းလမ်းပဲ ။

အရင်ဆုံး မြောက်ပိုင်း ဒေသကအတော်ဆုံး ဆရာ ၅၀ကို အရင် လိုအပ်တယ်။ အ

ဆရာတွေ ရဲ့ အရည်အသွေးကသာ သတင်းပျံ့သွားခဲ့ရင် အရာအားလုံးကလည်း အဆင်ပြေ ချောမွေ့သွားပြီ။ ” လှည့်ကွက်လေး နည်းနည်း” သုံးလိုက်ရင် ပြဿနာတွေကလည်း အချိန်မှီ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။

…

ဟွေ့အန်းဒေသရဲ့ တည်းခိုခန်း တစ်ခုမှာတော့

ပိုင်ရှင်းဟာ အတော်လေးကို စိတ်ညစ်ညူနေဟန်ပါပဲ။ သူဟာ ကန်လင်း တောင်က ကိစ္စကိုလည်း ပြီးမြောက်အောင် မလုပ်နိုင်ခဲ့ဘူး။ အသက်ရှင် ကျန်ရစ်တဲ့ တစ်ယောက်တည်းသော နတ်ဆိုး လည်း ဖြစ်ခဲ့တယ်။

ပိုပြီးတော့ အရေးကြီးတာက အဆုံးမဲ့လောကနဲ့ ကောင်းကင် တာအို ကျောက်ဖျာ နှစ်ခုလုံးကို သူ ဆုံးရှုံးသွားတာပဲ။

“ ကျွန်တော့်ကို အပြစ်ပေးပါ သခင်။ ”

“ ခေါင်းဆောင်ပိုင်။ မင်းပြောတုန်းက အဆုံးမဲ့လောကို ပြန်ယူလာခဲ့တယ်။ ” မာကျောတဲ့ အသံဟာ ကန်လန့်ကာ နောက်ကွယ်ကနေ ထွက်ပေါ်လာခဲ့တယ်။ အထဲမှာတော့ ဝတ်ရုံဖြူ ပုံရိပ်တစ်ခု ရှိနေခဲ့တယ်။

ဒါဟာ ယွင်ချင်းဝူ ။

“ ဟုတ်ပါတယ်။ ကန်လင်းတောင်ကို အဆုံးမဲ့ လောကထဲ စုပ်ယူပြီးနောက်မှာ စွမ်းအင် ကျောက်တုံးဟာ မဖို့ရာ အလွန့်ကို ခက်ခဲသွားပါပြီ၊ တောင်တွေကို ဖယ်ရှားပြီးတော့ ပင်လယ်ပြင်ကို ဖြည့်နိုင်တဲ့ အင်အားလိုအပ်လာပါတယ်။ ဒီကိစ္စမှာ ဖြစ်နိုင်ချေ နှစ်ခုရှိပါတယ်။ တစ်ခုက ။ သုခမိန်လေးဦး ပါဝင်ပတ်သတ်တာ။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ဟာ အဆုံးမဲ့ လောကထက် အင်အားကြီးတဲ့ ရတနာ တစ်ခု ရှိနေတာ ဖြစ်နိုင်ပါတယ်။ ”

“ ဘယ်တစ်ခုက ပိုဖြစ်နိုင်မယ်ထင်လဲ။”

“ ရှေ့တစ်ခုပါ။ နောက်တစ်ခုရဲ့ ဖြစ်နိုင်ချေက မဖြစ်နိုင်လောက်အောင်ကို နည်းပါးလှပါတယ်။ ”

“ အင်း ။ မင်းကို ဒီကိစ္စ တစ်ခုလုံး အတွက် အပြစ်တင်လို့ မရပါဘူး။ လူနှစ်ယောက် ပါဝင်ပတ်သက်မှုကို ငါတွက်ချက်ဖို့ မေ့သွားခဲ့တာ။ ဖန်ကျန်းရှီ နဲ့ ချီကူယန် က အဆုံးမဲ့လောကမှာ တပြိုင်တည်း ပေါ်လာမယ်လို့ မထင်ထားခဲ့ဘူး။

“ သခင်။ ကျွန်တော်တို့ရဲ့ နောက် လှုပ်ရှားမှုက ဘာလဲ။”

“ရှင်းယွမ်ကောင်က ရှန်ကျာ့ကို မြင်သွားတာလည်း ဆိုးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ရှန်ကျာ့က တောင်ပိုင်းထိပ်တန်း မိသားစုက လာတာပဲ။ ကြီးမြတ်သော ရှ မင်းဆက် အတွက် တန်ဖိုးရှိလှတဲ့ မျိုးနွယ်။ ဒီ အခွင့်အရေးကို အသုံးချပြီးတော့ တောင်ပိုင်းဒေသကို သိမ်းပိုက်ရမယ်။ ဒါက မင်းရဲ့ တာဝန်ပဲ။ ”

“ ဒါပေမယ့် သခင်။ ဖန်ကျန်းရှီ။ သူ ”

“ ဖန်ကျန်းရှီလား။ သူက မြောက်ရွာ်မှာ စစ်သည် ၁၀၀ နီးပါးကို သတ်ထားတယ်လို့ သတင်းရထားတယ်။ ချီကူယန်က သူ့ကို ထောက်ပံ့နေရင်တောင်မှ မြို့တော်မှာ ကောင်းကောင်းနေရမှာ မဟုတ်ဘူး။ ဒါက ငါသူ့ကို အခုသွားတွေ့ဖို့ အချိန်ပဲ။ သူ့ ကို မစိုးရိမ်နဲ့ ၊”

“အမိန့်တော် အတိုင်းပါ သခင်”

…

နောက်တစ်နေ့မှာတော့ ဖန်ကျန်းရှီဟာ သူ့ရဲ့ ကျင့်ကြံမှုကို စတင်တော့တယ်။ မတူညီတဲ့ တာအိုတွေကို နားလည်ဖို့က အခက်ခဲဆုံးဖြစ်ပြီးတော့ ကျင့်ကြံဖို့ကတော့ အလွယ်ကူဆုံး။

ဒါဟာ နှင်းလုံးတွေနဲ့ တူတယ်။ ခပ်သေးသေး နှင်းလုံးလေးကို တောင်ပေါ်ကနေ လှိမ့်ပြီး ပြစ်ချလိုက်ရင် တဖြည်းဖြည်း ချင်း အရွယ်ကြီးလာလိမ့်မယ်။

ဖန်ကျန်းရှီဟာ နှင်းဘောလုံး သုံးရာကျော်ကို အရွယ်ကြီးအောင် လုပ်ဖို့ လိုနေတာ ။ သူ့ရဲ့ အကြီးမားဆုံးသော မေးခွန်းကတော့ တစ်ခါတည်း အကုန် ကြီးအောင် လုပ်ရမလား။ တစ်ခါလုပ်တစ်ခုပဲ လုပ်ရမလား ။

အဖြေကတော့ ရှင်းပါတယ်။

ဖန်ကျန်းရှီဟာ အကုန်လုံးကို တစ်ခါတည်း လှိမ့်ချလိုက်တယ်။

ကြည့်ရတာတော့ သိပ်ကောင်းဟန်မတူဘူး။ ဒါပေမယ့်လည်း ဖန်ကျန်းရှီက အများကြီးကို လှိမ့်ပလိုက်မှာတော့ သူ့မှာ ကစား စရာ နှင်းလုံးတွေလည်း များလာပြီလေ။

ဖန်ကျန်းရှီ ကျင့်ကြံနေချိမ်ှာတော့ မြောက်ရွာဟာ အလုပ်များနေခဲ့တယ်။

မြောက်ရွာက ကျောင်းတော်ကြီး ဆောက်တော့မယ်လို့ သတင်းကို ရတာနဲ့ ရွာပေါင်းးစုံဟာ လာရောက် စနည်းနာကြတော့တယ်။ ဒါက ကမ္ဘာကို လှုပ်ခတ်စေတဲ့ သတင်းပဲ။

မြောက်ရွာမှာ ဒီလောက်ငွေရှိလို့လား။

ဘယ်သူက မှ မယုံကြဘူး။

ဒါပေမယ့်လည်း ကျန်းယန်ဖိန်က သူတို့ကို “ ငွေပုံကြီး ” ပြလိုက်ချိန်မှာတော့ သူတို့ဟာ လက်ခံသွားတော့တယ်။

ရွာထဲက သန်မာတဲ့သူ မှန်သမျှစုဝေးပြီးတော့ လခမရသည့်တိုင်အောင် ကျောင်းတော် တည်ဆောက်ဖို့ ဝိုင်းဝန်း ကူညီကြတော့တယ်။

ဒါက ရွာသားတွေ ရဲ့ အပြစ်ကင်းစင်မှု ဖြစ်သလို။ ရွာတွေကြားက စည်းလုံးမှုလည်း ။ သူတို့တွေ အားလုံးဟာ တောက်ပတဲ့ မျှော်လင့်ချက်တွေကို ဆုပ်ကိုင်ထားကြတယ်။ နောက်ဆုံးတော့လည်း ကျောင်းတော် တစ်ခု တည်ဆောက်တာဟာ အရေးကြီးဆုံးသော ကိစ္စရပ်ဖြစ်လာခဲ့တယ်။

အပြန်အလှန် အကျိုး။

သူတို့အားလုံး ကူညီကြတာဟာ အကြောင်းရင်း တစ်ခုပဲ ရှိတယ်။ အတွေးတစ်ခု။ သူတို့ များများ ကူညီလေလေ ကျောင်းတက်နိုင်ဖို့ အခွင့်အရေးဟာ များလေပဲ ြဖ်စတယ်။

ဟွေ့အန်းဒေသကို ဖောက်တဲ့ လမ်းဟာလည်း စတင်နေပြီ ။

အရှေ့ဘက်မှာတော့ တောင်ကုန်းကြီး တစ်ခုလုံးးဟာ ပျောက်ကွယ်သွားပြီးတော့ မြောက်ရွာ ကျောင်းတော် ဆီကို သွားတဲ့ လမ်းမကြီး ဖြစ်လာတယ်။

ဟွေ့အန်းဒေသကို သွားတဲ့ လမ်း ဖြစ်တဲ့ အတွက် လမ်းမှာ ဖြတ်ရတဲ့ ရွာတွေဟာလည်း များပြားလှတယ်။ ကျောင်းတော်ကြီး တည်ဆောက်နေတာကို ကြားချိန်မှာတော့ သူတို့ဟာလည်း ကူညီကြတော့တယ်။ တည်ဆောက်သူတွေ အတွက် လခ ပေးနေတာကို ကြားချိန်မှာတော့ လယ်ယာ အလုပ်တွေကိုတောင် ပြစ်ချပြီးတော့ လာကူကြတော့တယ်။

ဖန်ကျန်းရှီဟာ တည်ဆေက်ရေးနည်းလမ်းတွေကို ရှင်းပြ ပြီးနောက် ။ ဒီ ကိစ္စကို ကျန်းလီ လက်ထဲ ကိုထည့်ထားလိုက်တော့တယ်။ နောက်ဆုံးတော့လည်း ငယ်ရွယ်တဲ့ ကျန်းလီမှသာ ဒီ ကိစ္စကို ကောင်း ကောင်း ကိုင်တွယ်နိုင်မှာ ။

…

ယန်မြို့တော်ဟာတော့ ဒီအချိန်မှာ မှုန်မှိုင်းနေခဲ့တယ်။

ညီလာခံ ခန်းမထဲမှာတော့ ဧကရာဇ်ရဲ့ စားပွဲပေါ်မှာ စာတွေ အထပ်လိုက်ရှိနေခဲ့တယ်။ ဒါတွေအားလုံးဟာ ဖန်ကျန်းရှီ ရဲ့ စစ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အတွက် တိုင်ကြားစာတွေ ။

“ဧကရာဇ် မင်း ။ဖန်ကျန်းရှီက ဥပဒေကို လုံး၀ ချိုးဖောက်လိုက်ပါပြီ။ သူ့ကိုသာ ကောင်းကောင်း အရေးမယူနိုင်ရင် ကျွန်တော့် တို့ စစ်တပ်ရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုများ ထိန်းသိမ်းရမှာလဲ။”

“ ဖန်ကျန်းရှီက သူ့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ဒီလို လုပ်ခဲ့တာပဲ။ တိုက်ရိုက်အမိန့်ကြောင့် တာဝန်ထမ်းဆောင်နေရတဲ့ စစ်သားတွေ ကို သူက ဘယ်လိုများ သတ်နိုင်လိုက်တာလဲ။”

“ ကျွန်တော် တို့ရဲ့ စစ်သည်တွေ နဲ့ ခေါင်းဆောင်တွေ အတော်များများ သေဆုံးခဲ့ရပါတယ်။ စစ်တပ်ဟာလည်း ဒီ အဖြစ်ကြောင့် အတော်လေးကို သက်ရောက်မှု ရှိနေပါတယ်။ ဥပဒေရေးရာ ဝန်ကြီးဌာနကနေ စစ်ဆေးပေးဖို့ တောင်းဆိုပါတယ်။ ”

အမတ်မင်းတွေဟာ တစ်ယောက် တစ်ပေါက် ပြောဆိုနေခဲ့ကြတယ်။

ဖန်ကျန်းရှီကသာ အဆင့်လေး အမတ်မင်း ဓားသံတမန် တစ်ယောက် မဟုတ်ခဲ့ဘူး ဆိုရင် ဥပဒေဝန်ကြီးဌာနကနေ ဖမ်းဆီးမိန့်ကို ထုတ်လိုက်ပြီ ြဖ်စတနယ်။

“ အရှင်မင်းကြီး ။ ဒီလို အရည်အချင်းရှိတဲ့ သူမျိုးကို အရှင် အလေးထားမှန် ကျွန်တော်တို့ သိကြပါတယ်။ ဒါပေမယ့်လည်း အခုတစ်ကြိမ်ကတော့ အတော်လေးကို စည်းဘောင်ထက် ကျော်လွန်နေပါပြီ။” ဥပဒေ အမတ်မင်း ဝမ်ချောင်ဟာ ဒေါသကို ချုပ်တီးရင်းပြောနေခဲ့တယ်။

ဧကရာဇ် လင်းမုပိုင်ဟာတော့ ငြိမ်သက်နေခဲ့တယ်။

စစ်တပ်ဟာ သတ်ဖြတ်မှု အကြောင်း သူ့ဆီကို သတင်းပို့ခဲ့တယ်။ အဲ့ဒီ့နောက် ချီကူယန့် ဆီက စာကိုလည်း သူ ရခဲ့တယ်။ ချီကူယန်ဟာ အသေးစိတ် ရှင်းလင်း ပြထားခဲ့တယ်။

ဒီ အခြေအနေမှာ ဘယ်သူမှားလည်း ဆိုတာ သိသာ လွန်းတယ်။

ဒါပေမယ့်လည်း

စစ်တပ်ရဲ့ ရပ်တည်မှုကလည်း ရှိနေသေးတယ်။

အကယ်၍ စစ်သည်တွေကို ဒီလို သတ်ဖြတ်မှုကို သာ ခွင့်ပြုထားလိုက်ရင် ဥပဒေဟာလည်း အဓိပ္မာယ်မဲ့သွားလိမ့်မယ်။ ပိုပြီးအရေးကြီးတာကတော့ သူသတ်လိုက်တဲ့ စစ်သည်အရေအတွက်က အရမ်းကို များလွန်းလှတာပဲ။

သေဆုံးတဲ့ စစ်သည်တွေများလွန်းတယ်။

စစ်တပ်ရဲ့ ဂုဏ်သတင်းဟာလည်း စစ်ဆေးမှု မလုပ်လိုက်ရင် ကျဆင်းသွားလိမ့်မယ်။

ဒါပေမယ့်လည်း ဖန်ကျန်းရှီကို ဥပဒေ ဌာနဆီ အပ်ပြီးတော့ စစ်ဆေးခိုင်းတာကကော ဖြစ်သင့်လို့လား။

ဧကရာဇ် လင်းမုပိုင်ဟာ စဉ်းစားနေဆဲ ။ စာထဲမှာတော့ ချီကူယန်ဟာ ဖြစ်စဉ် တစ်ခုလုံး သေချာ ပြောပြထားပြီးတော့ သူ့မိဘတွေနဲ့ ရွာသားတွေရဲ့ အသက်ကို ကာကွယ်ဖို့ အတွက် လုပ်ဆောင်ရတာ ဖြစ်ကြောင်း ရှင်းပြထားခဲ့တယ်။

“ အရှင်မင်းကြီး ။ ဖန်ကျန်းရှီက ဒီ ကိစ္စ မှာ အပြစ်အကုန်လုံးကို ခံယူသင့်တဲ့ သူတစ်ယောက် မဟုတ်ပါဘူး။ ” ဝန်ကြီးချုပ် ယွီယိဖျင်ဟာ ရှေ့ထွက်လာခဲ့တယ။်

ဒီအကြောင်းကို သူမမြင်လို့ ဘယ်ဖြစ်မလဲ။

“ ကျွန်တော့်ရဲ့ လေ့လာ တွေ့ရှိချက်တွေ အရ။ စစ်တပ်ဟာ တာဝန်ကျနေတဲ့ ကာလ တစ်လျှောက် ရွာသားတွေကို အနိုင်ကျင့်ပြီး အစားအသောက် တွေကိုလည်း ယူဆောင်သလို ထောက်ပံ့ငွေတွေကိုလည်း အလွဲသုံးစားလုပ်ထားခဲ့ပါတယ်။ ဒါ့အပြင်ကို ရွာတစ်ရွာလုံးကို အစဖျောက်ဖို့ (မျိုးတုန်း သတ်ဖြတ်ဖို့) အမိန့်ပေးခံရတာလည်း ဖြစ်ပါတယ်။ စစ်သူကြီးဟာလည်း ရွာသားတွေကို ဒဏ်ရာရစေခဲ့တယ်။ သူတို့ဟာ စစ်တပ်ကို သိက္ခာကျစေပြီးတော့ အရေးယူခံဖို့ သင့်တာလည်း ။ ယွီယိဖျင်ဟာ သွမ့်အရှင်ကို ကြည့်ရင်း ပြောလိုက်တယ်။

“ ဝန်ကြီး ယွီက ချက်ကောင်းကို ထိတာပဲ။ မင်းသား ၆ က စစ်တပ်ကို ကောင်းကောင်း အုပ်ချုုပ်ခဲ့တယ်။ အောင်မြင်မှုတွေက တော့ အကုန်လုံးလည်း တွေ့တယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ စည်းကမ်းတွေကိုတော့ တင်းကြပ်ဖို့ လိုနေပြီ။ ဒါက ကြိုတင်ကာကွယ်ထားရမှာပဲ။” အိမ်ရှေ့စံ မင်းသားက ပြောလိုက်တယ်။

သွမ့်အရှင်ရဲ့ မျက်နှာဟာတော့ မည်းမှောင်သွားခဲ့တော့တယ် ။ ယွီယိဖျင်နဲ့ အိမ်ရှေ့စံ မင်းသား ပြောချင်နေတဲ့ စကားတွေကို သူ ကောင်းကောင်းသိတယ်။ ဒါပေမယ့်လည်း စစ်တပ်ဟာ အဲ့ဒီ့မှာ တကယ်ပဲ အမှားလုပ်ခဲ့တာ ဖြစ်တဲ့ အတွက် ငြင်း ဆိုဖို့ရာတော့ မဖြစ်နိုင်ဘူး။

“ သတိပေးမှု အတွက် ကျေးဇူးတင်ပါတယ်။ စည်းကမ်းတွေကို ပိုပြီး အလေးထားအောင် လုပ်ပေးပါမယ်။ သူတို့ရဲ့ အပြု အမူအတွက်လည်း ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ပေးမှာပါ။ ” သွမ့်အရှင်က ပြန်ဖြေလိုက်တယ်။

သူ့ရဲ့ အမှားကို လက်ခံလိုက်တယ်။

နောက်ဆုံးတော့လည်း လူတိုင်းဟာ စစ်တပ် လုပ်ခဲ့တဲ့ အမှားတွေကို မြင်သွားကြပြီြ ဖစ်တယ်။

ဒါက သေးငယ်တဲ့ ကိစ္စပဲ ဖြစ်တဲ့ အတွက် ဒီကိစ္စကို တာဝန်ယူရမယ် ရှောင်မပြေးရဘူး။

“ သွမ့်အရှင်ရဲ့ လက်အောင်မှာဆိုရင် စည်းကမ်း ကောင်းမွန်လာမှာ သေချာပါတယ်။ ” ယွီယိဖျင်ဟာ ချက်ခြင်းကို ဝင်ပြောလိုက်တယ်။

သွမ့် အရှင်နောက်က အမတ်မင်း တစ်ဦးဟာ ရှေ့ထွက်ဖို့ ပြင်နေချိန်မှာပဲ ယွီယိဖျင်ရဲ့ စကားကို ကြားချိန်မှာတော့ နောက်ပြန်ဆုတ်သွားခဲ့တယ်။

ယွီယိဖျင်ဟာတော့ ရှေ့တစ်လှမ်း ဆက်တိုးလိုက်ပြီးနောက် ဒူးထောက်ချလိုက်တယ်။

ဧကရာဇ် ဟာတော့ ယွီယိဖျင်ကြောင့် အံ့အားသင့်သွားခဲ့တယ်။ “ ဝန်ကြီးယွီ ဒါက ဘာအတွက်လည်း ”

“ အရှင် မင်းမြတ်။ ဝန်ကြီး တစ်ပါး အနေနဲ့ ကျွန်တော့်မှာ အရှင့်ရဲ့ ပြဿနာတွေကို ကူညီ ဖြေရှင်းပေးဖို့ တာဝန်ရှိပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ ဒီ လူဟာ မပြောသင့်တဲ့ စကားကို ပြောရတော့မယ်။ ”

“ ဆက်ပြောပါ့။”

“ အရှင် မင်းမြတ်။ အခုချိန်မှာ စစ်တပ်က ပဲ မှားယွင်း သလား။ ဖန်ကျန်းှရီ ရဲ့ သတ်ဖြတ်မှုကပဲ စမှားသလား ဆိုတာ ကိုဆုံးဖြတ်ဖို့ အရေးကြီးတယ်လို့တော့ မထင်ပါဘူး။ ဒီနေ့ ကျွန်တော် မျိုးရဲ့ အမြင်ကတော့ ဥပဒေနဲ့ မသက်ဆိုင်ပဲ သစ္စာရှိမှု စိတ်ဓာတ်ခွန်အားနဲ့ တန်ဖိုးတွေ အပေါ်မှာ မူတည်ပါတယ်။ ဖန်ကျန်းရှီက တွေဝေခြင်း မရှိပဲ စစ်သည် အမြောက်အများကို သတ်ခဲ့တယ်။ စစ်တပ်ကိုတောင် အရေးမစိုက်တဲ့ သူဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ နောင် အနာဂတ်မှာ သူ့ကို ကောင်းကောင်း သတိထားဖို့ လိုပါတယ်။

ယွီယိဖျင်ဟာတော့ နောက်တစ်ကြိမ် ဝပ်တွား ဦးညွှတ်လိုက်တယ်။ သူ့ မျက်လုံးက မျက်ရည်စတွေဟာတော့ သူ့ အသွင်ကို လူသား မျိုးနွယ်နဲ့ အင်ပါယာ အပေါ် အလွန်အမင်း သစ္စာရှိဟန် ပေါ်စေခဲ့တယ်။

အမတ်မင်းတွေဟာတော့ ယွီယိဖျင်ရဲ့ စကားတွေက မျက်လုံးပြူးကုန်ကြတယ်။ အဲ့ဒီ့နောက် ကြောက်လန့်ကုန်ကြတယ်။

ယွီယိဖျင်ဟာ အစတုန်းက ဖန်ကျန်းရှီကို ပြဿနာ လွတ်အောင် ပြောပြီး စစ်တပ်ရဲ့ စည်းကမ်းတွေကို ဖိနှိပ်ခဲ့တယ်။

အခုတော့ လည်း တစ်ချက်တည်းနဲ့ သေအောင် သတ်နေပြန်ပြီ။

သူက ဥပဒေ အကြောင်းမပြောပဲ ။ သစ္စာရှိမှု လူ့တန်ဖိုးတွေ နဲ့ ပြောလာတာကတော့ ဖန်ကျန်းရှီ ရဲ့ ကံကြမ္မာကို စည်းချသလို ဖြစ်နေခဲ့တယ်။

သစ္စာရှိမှုက အမြဲတမ် းအရေးအကြီးဆုံး။ ပထမဆုံး ထိပ်တန်း တင်သင့်တြ့ အရာလည်း ။

ယွီယိဖျင်ဟာ စကားကို သွယ်ဝိုက်ပြောဆိုရင်းနဲ့ ဖန်ကျန်းရှီဟာ လုံး၀ သစ္စာမရှိဘူးလို့ ဆိုချင်တာပဲ ။

ဧကရာဇ်ကို ဒီလို အတွေးဝင်အောင် လုပ်နေတာ ။

“ အရှင်မင်းမြတ် ။ ရှင်းဟို့က အရှင်နဲ့ တွေ့ဆုံဖို့ ခွင့်တောင်းပါတယ်။ ” လူတိုင်းဟာ ယွီယိဖျင်ရဲ့ ဉာဏ်ပြေးလှတဲ့ အပြုအမူကို လေးစားနေချိန်မှာပဲ အသံ တစ်သံဟာ ညီလာခံခန်းမထဲကို ပျံ့လာခဲ့တယ်။

အပိုင်း (၂၆၃) ပြီး၏။

အပိုင်း (၂၆၄)

“ သုခမိန်လေးဦး၏ ဟောစာတမ်း”

“ ရှင်းဟို့ ပြန်လာပြီ။”

“ မြန်လိုက်တာ။”

အမတ်မင်းတွေဟာတော့ အသံကိုကြားချိန်မှာ မျက်လုံးပြူးသွားကြတယ်။ ကန်လင်းတောင်ရဲ့ သတင်းတွေဟာ မြို့တော်ကို ရောက်ပြီး ။

“ သူ့ကို မြန်မြန်ဝင်ခိုင်းလိုက်၊” ဧကရာဇ် လင်းမုပိုင်ဟာ ပလ္လင်ပေါ်ကနေ ချက်ခြင်းထကာ ပြောလိုက်တယ်။

သိပ်မကြခင်မှာပဲ ခရမ်းရောင် အမတ်မင်း ဝတ်ရုံကို ဝတ်ထားတဲ့ ရှင်းဟို့ဟာ ဝင်ရောက်လာတော့တယ်။

“ အရှင်မင်းမြတ် ။ တာဝန်ကို မကျေပွန်ခဲ့တဲ့ ကျွန်တော်မျိုးကို အပြစ်ပေးပါ။” ရှင်း ဟို့ဟာ ဒူးထောက်လိုက်တယ်။

“ အမတ်မင်း ရှင်း။ ထပါ။ ကန်လင်း တောင်က ကိစ္စတွေကို အကုန်လုံးကို ကိုယ်တော်ကြားပြီပြီ။ မင်းက အင်ပါယာအတွက်အကောင်းဆုံး တာဝန် ထမ်းဆောင်ခဲ့တာပဲ။ မင်း တာဝန်ကျေပါတယ်။ ” ဧကရာဇ်ဟာ မိန့်ကြားလိုက်တယ်။

“ အတိအကျပဲ။ ဒီတစ်ခေါက်မှာ ရှင်းဟို့ အတော်လေးကို ဒဏ်ရာပြင်းထန်ခဲ့တယ်။”

“ သူပြန်လာနိုင်တာက ငါတို့ အင်ပါယာ အတွက်ကောင်းချီးတစ်ခုပဲ။”

အမတ်မင်းတွေဟာ တတွတ်တွတ်ပြောကြတော့တယ်။ စစ်နတ်ကျောင်းတော် ဟာ ဒီနှစ်တွေ အတွင်းမှာ အင်ပါယာအတွက် အများကြီး ကြိုးစားပေးခဲ့တာ ြဖ်စတယ်။ သူတို့ကို အတိုက်အခံ ဘယ်သူက လုပ်ဝံ့မှာလဲ။

“ တောင်ဖြိုတပ်ဖွဲ့ နဲ့ တပ်နီတော်က တပ်သားတွေကို ကယ်တင်နိုင်ခဲ့တဲ့ အဓိက အကြောင်းရင်းဟာတော့ ဓားသံတမန်ကြီး ရဲ့ ထက်မြက်မှု နဲ့ ရဲစွမ်းသတ္တိကြောင့်ပါ ။ နောက်ပြီးတော့ ချီကူယန်ရဲ့ တိုက်ပွဲ ဗျူဟာတွေကြောင့်လည်း ပါပါတယ်။ ကျွန်တော် မျိုးက တာဝန် မကျေပွန်ပေမယ့် လည်း ဓားသံတမန်ကြီး ဖန်ကျန်းရှိနဲ့ ချီကူယန်တို့ကို သူတို့ရဲ့ ထက်မြက်မှု စွမ်းရည်တွေ အတွက် ဆုလဒ် ချီးမြှင့်သင့်ပါတယ်။ ” ရှင်းယွမ်ကောင်းဟာ ဒူးထောက်နေဆဲ ။

“ ဖန်ကျန်းရှီလား။”

“သူလည်း ကန်လင်းတော်ငမှာ ရှိနေတာလား။”

“ ကောင်းကင်ရောင်ပြန် အခြေတည် အဆင့် ကျင့်ကြံသူက ဘာလုပ်နိုင်မှာလဲ။”

အမတ်မင်းတွေဟာ ရှင်းဟို့ရဲ့ စကားကို မယုံနိုင် ဖြစ်နေခဲ့တယ် ။ သူ့ရဲ့ စာဟာ လွန်ခဲ့တဲ့ ၂ ရက်ကပဲ မြို့တောက်ကို ရောက်ရှိခဲ့တာ ။

ကန်လင်းတောင် တိုက်ပွဲ အကြောင်း အသေးစိတ် မရေးသားထားခဲ့ဘူး။

ဒီလိုကြောင့် အမတ်မင်းတွေဟာ ဖန်ကျန်းှရှီ တိုက်ပွဲမှာ ပါဝင်တဲ့ အကြောင်းလဲ မသိခဲ့ဘူး။ ဒါပေမယ့်လည်း သူက တိုက်ပွဲမှာ ဘာတွေ လုပ်ခဲ့လို့လဲ။ စစ်နတ်ကျောင်းတော် အကြီးအကဲ ကတောင်မှ သူ့ကို ဆုချီးမြှင့်ဖို့ တောင်းဆိုနေသေးတယ်။

ရှင်းယွမ်ကောင်းဟာ နိုင်ငံရေးမှာ ပါဝင်တာ ရှားပါးလှတယ်။ ဘယ် အမတ်မင်း အတွက် ဆုချီးမြှင့်ဖို့ကိုမှ တောင်းဆိုခဲ့တာလည်း မရှိခဲ့ဖူးဘူး။

ဧကရာဇ် လင်းမုပိုင်ဟာတော့ မျက်မှောင်ဖြည်းဖြည်းခြင်း ကြုတ်သွားခဲ့တယ်။ ရှင်းယွမ်ကောင်းကို သူကောင်းကောင်းသိတယ်။ ဘယ်တုန်းကမှ ဘယ်သူ့အတွက်မှ ပြောပေးတာမျိုး မရှိခဲ့ဘူး။ အခုတော့ သူက တောင်းဆိုပေးနေပြီ။ ဒါက ဒီလူဟာ အလွန်အရေးပါတဲ့ ကိစ္စကို လုပ်ပေးခဲ့တာကြောင့်ပဲ ။

“ အမတ်မင်း ရှင်း ။ မင်းက အလောတကြီးနဲ့ ပြန်လာခဲ့ရတာပဲ။ ဒီဆွေးနွေးမှုကို မနက်ဖြန် မတိုင်ခင် ရပ်မယ်။” ဧကရာဇ် လင်းမုပိုင်ဟာ လက်ဝေ့ယမ်းလိုက်တယ်။

“ ညီလာခံသိမ်းမယ်။”

“ရှင်းဟို့။ ဧကရာင်္ဇ်က စာကြည့်ဆောင်ဆီ ဖိတ်ခေါ်တယ်။”

“ အမိန့်တော် အတိုင်းပါ အရှင်မင်းမြတ်”

ယွီယိဖျင်ဟာ ရှင်းယွမ်ကောင်းကို ကြည့်ရင်း မကျေနပ်မှုတွေ ပြည့်နေခဲ့တယ်။ သူ့ရဲ့ အစီအစဉ်က အကုန်လုံး နီးပါး ပြီးမြောက်တော့မှာ ။ အ

အခုတော့ ရှင်းယွမ်ကောင်းက အချိန်ကိုက် လ ာပြီးတော့ ဖျက်စီးသွားခဲ့ပြီ။

သူဒါကို ဘယ်လို လက်ခံရမှာလဲ။

“ စစ်နတ် ကျောင်းတော်ရဲ့ ရှင်းဟို့။ ဘာလို့ နိုင်ငံရေးမှာ မပါတဲ့ သူတွေတောင်မှ ဖန်ကျန်းရှီကို လာကယ်နေတာလဲ။ အရှင်လီချင်း တုန်းကလည်း တစ်ခါ။ အခုတော့ စစ်နတ်ကျောင်းတော်ကလည်း တစ်ခါ။ ယန်မိသားစု။ နန်ကုန်းမိသားစုတွေ လဲ အတူတူပဲ။… ခနလေး။ နန်ကုန်းမိသားစု။ အံ့သြစရာမရှိပါဘူး။ လေးနှစ်တာ ပျောက်ကွယ်နေတဲ့ ထိပ်တန်းေ ကျာင်းတော်သားလည်း ပြန်လာတော့မှာပဲ။”

“ နန်ကုန်းဟောင်။ လွန်ခဲ့တဲ့ လေးနှစ်တုန်းက ကောင်းက်ငရောင်ပြန် အဆင့်နဲ့ သဘာဝလွန်အဆင့် ကျင့်ကြံသူကို အနိုင်တိုက်ခဲ့တယ်။ အခုတော့ သူ့ရဲ့ အလားအလာ နဲ့ စွမ်းရည်တွေက တိုးတက်မှာ အမှန်ပဲ။”

ဝန်ကြီးချုပ် ယွီယိဖျင်ဟာ အာဏာရဲ့ အရေးပါမှုကို သူကောင်းကောင်းသိတယ်။

ဖန်ကျန်းရှီက အထွဋ်အထိပ်ကို ရောက်နေပြီ။ မြို့တော် စာမေးပွဲ ။ ညီလာခံ စာမေးပွဲတွေကိုလည်း အကုန်လုံး ဖြတ်ကျော်သွားနိုင်ခဲ့ပြီ။ ဒါက သူ့အစွမ်းပဲ။

ဒါက လှိုင်းလုံးကြီးတွေ ပုတ်ခတ်လာသလိုပဲ။

ဒါပေမယ့် အင်အားကို တစ်ကြိမ်သာ ချိုးဖျက်နိုင်ရင် နောက်ဆက်တွဲကတော့ မမျှော်မှန်းနိုင်ချင်စရာပဲ။

“ ညီလာခံစာမေးပွဲက မင်းရဲ့ အဆုံးသတ်ဖြစ်စေရမယ။်”

…

ရ ရက်ကြာပြီးနောက်မှာတော့ မြောက်ရွာဟာ အထူး ကြိုဆိုမှုကို ပြင်ဆင်နေကြတယ်။

မြောက်ပိုင်း ကျောင်းတော်တွေက ဆရာတွေကို ကြိုဆိုတာ ။ သူတို့ဟာ ဂုဏ်မြင့်ပြီး ထောင်လွှားကြတယ်။ အကောင်းဆုံးကျောင်းတော်တွေမှာပဲ ရှိနေသင့်တဲ့ သူတို့တွေက ဒီလို ရွာငယ်လေးမှာ လာနိမ့်ကျ ခံရတယ်။

ဘယ်လောက်တောင် စိတ်ပျက်ဖွယ်လည်း ။

ဒါပေမယ့်လည်း သူတို့ရဲ့ စိတ်ပျက်မှုဟာတော့ သိပ်မကြာဘူး ။

နေ့ဝက် အတွင်းမှာပဲ။ ဖန်ကျန်းရှီဟာ ဒီဆရာတွေ အားလုံးကို ပြုံးချိုကြည်ရွှင်တဲ့ သူတွေ ဖြစ်အောင် လုပ်ပေးလိုက်တယ်။ ရွာပတ်လည်ကို လျှောက်သွားပြီးတော့ အလုပ်များနေတဲ့ ရွာသားတွေနဲ့ အတူ ပျော်ရွှင်သူ တွေ ဖြစ်သွားကြတယ်။

သူတို့ရဲ့ ပြောင်းလဲ မှုဟာ ပင်းယန်ကို အံ့သြ စေတယ်။ ဖန်ကျန်းရှီ ဒီဆရာတွေကို ဘာလုပ်လိုက်လဲ သူမ နားမလည်နိုင်ဘူး။

သူတို့ရဲ့ အမူအယာနဲ့ စိတ်အခြေအနေက လုံးဝကို ပြောင်းလဲ သွားတာ ။

ဖန်ကျန်းရှီဟာ တော့ ဒီကိစ္စကို ပင်းယန် သိအောင်ဘယ်တော့မှ မပြောပြဘူး .။

ဆရာတွေနဲ့ သီးသန့်တွေ့ ဆုံချိန်မှာ ရွှေသား တစ်တုံးစီကို ပေးလိုက်တယ်။

ဆရာတွေ အားလုံးဟာတော့ မျက်လုံးပြူးသွားခဲ့တယ်။ အင်ပါယာက ခန့်အပ်သူတွေ အနေနဲ့ ထောက်ပံ့မှုတွေကို သာ ရရှိတာ ဖြစ်တဲ့ အတွက် တခြား နေရာကနေ ရွှေတွေကို ဘယ်လို လက်ခံရမှာလဲ။

ဖန်ကျန်းရှီဟာတော့ ဆရာတွေရဲ့ တုံ့ပြန်မှုကို မအံ့သြဘူး ။ သူဟာအေးဆေးစွာသာ ပြောလိုက်တယ်။ “ ဒီနေ့ကနေ စပြီးတော့ လစာကို လေးဆပေးမယ်။ အပိုကြေးကတော့ ကျွန်တော် သပ်သပ်ပေးမယ်။”

ဆရာတွေဟာ တစ်ယောက်ကို တစ်ယောက် အံံ့သြစွာကြည့်နေခဲ့တယ်။ ဒါပေမယ့်လည်း သူတို့ လက်ထဲက ရွှေချောင်းတွေကို ကြည့်ရင်း ရယ်မောနေခဲ့ကြတယ်။

ဘယ်သူကမှ မတုံးအဘူး။

ဒီ အပိုငွေကြေးတွေဟာ ဒီလို ရွာငယ်လေးကို လာရောက်သင်ကြားပေးရတဲ့ သူတို့ အတွက် ရသင့် ရထိုက်တဲ့ ငွေကြေးပဲ။

ဖန်ကျန်းရှီဟာ ဆရာတွေရဲ့ အတွေးကို ကောင်းကောင်းသိတယ်။ ငွေတွေက ခဏတာ အတွက်ပဲ ြဖ်စတယ်။ သူတို့တွေကို လုံး၀ သိမ်းသွင်းနိုင်ဖို့ အရင်ဆုံး မျှော်လင့်ချက်ပေးဖို့ လိုတယ်။

ဒီမျှော်လင့်ချက်ဟာ လိုအပ်တဲံ့နေရာကို ရောက်ဖို့ တွန်းအားပဲ ။

သူဟာ သူ့စိတ်ထဲက သင်ကြားမှု နည်းစနစ်တွေကို ပြောပြပြီးတော့ ကျောင်းသားတွေ ကို သင်ကြားမှု။ ကျောင်းရဲ့ တိုးတက် လည်ပတ်မှုတွေကို ရှင်းပြတယ်။ အဆင့် ။ ဘာသာ ။ အရည်အချင်းနဲ့ အတန်းတွေကို ခွဲခြားပြစ်ဖိုကလည်း ပြောခဲ့တယ်။

အစတုန်းကတော့ ဆရာတွေဟာ ငြိမ်သက်စွာသာ နားထောင်နေခဲ့ကြတယ်။ အဲ့ဒီ့နောက် သူတို့ရဲ့ အတွေးတွေဟာ ဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့တယ်။ အဆုံးမှာတော့ သူတို့ဟာ ရယ်မောက ာ လက်ခုပ်တီးပြီးတော့ ထောက်ခံကြတော့တယ်။

ဒီကိစ္စတွေ အကုန်လုံးဟာ လေးနာရီ ကြာခဲ့တယ်။

အဲ့ဒီ့နောက် ဖန်ကျန်းရှီဟာ သူ့ရဲ့ ဝှက်ဖဲတွေကို ထုတ်သုံးပြီး ကစားတော့တယ်။ သူသေချာတာကတော့ သူ့ရဲ့ ဒီကိစ္စမှာ ပါဝင်သူတိုင်း အကျိုးရှိမှာပဲ ။

ဖန်ကျန်းရှီဟာ ဆရာတွေကို ကျောင်းတော်ရဲ့ ၂၀ % သော အကျိုးအမြတ်တွေကို ခွဲေ၀ ပေးမှာ ။ ဒါပေမယ့်လည်း သုံးနှစ် တာကို ဖြတ်သန်းပြီးနောက်မှာတော့ သူတို့တွေကို အရည်အချင်း သတ်မှတ်ပြီးသားဖြစ်သွားလိမ့်မယ်။

ဒါဟာ အလောကြီးစရာ မလိုဘူး ။ ငွေသားတွေ မပါပဲနဲ့တောင်မှာ သူတို့ဟာ ဒီမှာ သုံးနှစ် နေကို နေရမှာ ။

ဖန်ကျန်းရှီဟာ သူ့ရဲ့ ဒီ နည်းလမ်း အသစ်တွေနဲ့ ဆရာ အယောက် ငါးဆယ်လုံးကို အပြည့်အ၀ သိမ်းသွင်းဖို့ မဖြစ်နိုင်မှန်း သူသိတယ်။ ဒါပေမယ့်လည်း သူတို့သာ ဖန်ကျန်းရှီ ရဲ့ နည်းလမ်းကို လိုက်နာပြီးတော့ သင်ကြားခဲ့ရင် ရလဒ်ကောင်းက သူတို့ အတွက်ပဲ ။

သုံးနှစ်ကြာပြီးနောက်မှာတော့ ။

ရလဒ်ကို မြင်ချိန်မှာ အနည်းဆုံးတော့ တစ်ချို့ က ထွက်ခွာသွားမှာ မဟုတ်မှန်း သူ ကောင်းကောင်းသိတယ်။

သူ့ရဲ့ သင်ကြားမှု နည်းလမ်းက မအောင်မြင်ခဲ့ရင်တောင်မှ ဒီ ဆရာ ငါးဆယ် ရဲ့ သုံးနှစ်ကြာ သင်ကြားမှုဟာ ကျောင်းတော်သား တွေကို သက်ရောက်မှု အနည်းနဲ့ အများတော့ ရှိမှာပဲ ။

ဒါဟာ သူ့ အတွက် လုံလောက်တယ်။

…

မြောက်ရွာက တည်ဆောက်မှုဟာတော့ အရှိန်တည်ီးညီးနဲ့ တောက်လောင်နေသည့်မီးသဖွယ် အင်တိုက်အားတိုက် ကို ဖြစ်နေခဲ့တယ်။

နှစ်ရက်ကြာပြီးနောက်မှာတော့ ။

ချီကူယန်နဲ့ ပင်းယန်ဟာ တို့ဟာ အတူတူ ထွက်ခွာသွားတော့တယ်။ သူတို့ မပြန်ခင်မှာ ချီကူယန်ဟာ ဖန်ကျန်းရှီကို တစ်ခုပြောခဲ့တယ်။ “ ရှင်းဟို့က မြို့တော်ကို ပြန်သွားခဲ့ပြီ။”

ဖန်ကျန်းရှီဟာတော့ မတုံ့ပြန်တော့ပါဘူး။ အကယ်၍ မိုးသာရွာမယ်ဆိုရင် သူက မိုးကို ရပ်စရာ အကြောင်းမရှိဘူး။ သူလုပ်စရာလိုတာက ငွေနည်းနည်းသုံးပြီးတော့ ထီးကို ဝယ်ရမယ်။

နောက်ပြီးတော့ အခုချိန်မှာလည်း သူဟာ ” နှင်းဘောလုံးတွေကိုလှိမ့်တာ” နဲ့ အတော်လေးကို အလုပ်များနေခဲ့တာ။ အားလပ်ချိန်မှာ ဆိုရင်လည်း ကျောင်းတော်ကို စည်းကမ်းသတ်မှတ်ပြီးတော့ ဆရာတွေရဲ့ လုပ်ဆောင်စရာတွေကို ခွဲဝေနေခဲ့ရတယ်။

ဝမ်အန်ဟွကတော့ ဒီဆွေးနွေးမှုတွေကို တိုက်ရိုက်ဆက်သွယ်ပေးတဲ့ သူ ။

အရာအားလုံးဟာတော့ အစီအစဉ် အတိုင်း ဖြစ်ပေါ်နေကြတယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီဟာ လူ တစ်ယောက်ကို စောင့်ဆိုင်းနေတာ ။ အလွန့်ကို သတင်းကောင်းသယ်ဆောင်လာမယ့် လူတစ်ဦး ။

သူဟာ စူးကျိုး လာမယ်လို့ ထင်ခဲ့တာ ။ ဒါပေမယ့်လည်း ရောက်လာတာကတော့ ဝူယွဲ့အာ ဖြစ်နေခဲ့တယ်။

အနက်ရောင် ဝေါယာဉ်ဟာ ဖန်ကျန်းရှီရဲ့ အိမ်တံခါးမှာ ရပ်တန့်လာခဲ့တယ်။ ၁၀ယောက်မကတဲ့ မျက်နှာဖုံးစွပ်လူတွေဟာတော့ ဖန်ကျန်းရှှီ ရဲ့ အိမ်ထဲကို ငွေသားတွေ ဖြည့်တင်းပေးတော့တယ်။

ဘယ်သူကမှ စကား တစ်ခွန်း မဆို။

 ငွေသား သေတ္တာတွေဟာ ဖန်ကျန်းရှီရဲ့ အိမ်ထဲကို ပြည့်သွားခဲ့တော့တယ်။

ရွာသားတွေဟာတော့ သူတို့ရဲ့ မျက်လုံးတွေကို မယုံနိုင်ဖြစ်နေခဲ့တယ်။

“ ငွေသားတွေက ဒီလောက်တောင် ရဖို့လွယ်တာလား။”

ဖန်ကျန်းရှီဟာ သူတို့ကို စကားမပြောသလို ရပ်တန့်ဖို့လည်း မလုပ်ပါဘူး။ သူဟာ တစ်ကိုယ်ကြားပြောနေခဲ့တယ်။ “ ဒါက ချက်လတ်မှတ်(ငွေထုတ်စာရွက်) တွေကြောင့် ရလာတာ။ ”

ငွေသားတွေကို နေရာချပြီးနောက်မှာတော့ ဝေါယာဉ်တံခါးဟာ အတွင်းဘက်ကို ပွင့်သွားခဲ့တယ်။

ဘယ်သူမှ ထွက်မလာခဲ့တဲ့ အတွက် ဖန်ကျန်းရှီဟာ ဝင်သွားခဲ့တယ်။

ဝေါယာဉ်အတွင်းမှာတော့ လက်ဖက်ရည်နံ့ သင်းသင်းလေး ပျံ့နေခဲ့တယ်။

“ မင်း ကျောင်းတော် တစ်ခု ဆောက်နေတယ်လို့ငါကြားတယ်။” စကားသံ တစ်ခုထွက်လာခဲ့တယ်။

“ ကောလဟာလတွေကို မယုံပါနဲ့။ ” ဖန်ကျန်းရှီဟာ ဝေါယာဉ် အတွင်းက နှင်းဆီသား စားပွဲဆီကို သွားနေရင်းပြောလိုက်တယ်။

စားပွဲရဲ့ အခြားတစ်ဖက်မှာတော့ အမျိုးသမီး တစ်ဦးရှိနေခဲ့တယ်။

သူမဟာ အပြာရောင် အမျိုးသမီး ဝတ် ဝတ်ရုံနဲ့ အနက်ရောင်မှာ ရွေချည်ဖောက်ထားတဲ့ စကပ်ကို ဝတ်ထားခဲ့တယ်။ ပဝါပါး တစ်စဟာတော့ သူမရဲ့ ပုခုံးပတ်လည်မှာ ရှိနေခဲ့တယ်။ သူမရဲ့ မျက်ခုံးတွေဟာတော့ သေချာပြုလုပ်ထားတဲ့ ပန်းချီကား တစ်ချပ် သဖွယ် ဖြစ်နေခဲ့တယ်။ သူမရဲ့ အသားအရည်ဟာ ဖြူဝင်းတောက်ပနေပြီးတော့ နဖူးအလယ်မှာတော့ ဟင်္သာပြဒါး အနီစက် လေး တစ်ခု ရှိနေခဲ့တယ်။

သူမဟာ တန်ဖိုးကြီးမြင့်လှတဲ့ ပန်းတစ်ပွင့် သဖွယ်။ သူမရဲ့ ပုံရိပ်နဲ့ အရှိန်အဝါဟာ ပြိုင်ဘက်ကင်းလှတယ်။

ဝူယွဲ့အာရဲ့ အလှတရားဟာတော့ မငြင်းဆိုနိုင်အောင် လှပလွန်းတယ်။ သူမရဲ့ ဆွဲဆောင်မှု ဟာလည်း ပြင်းထန်လာလွန်းတယ်။

“ ငါကိုယ်တိုင် မြင်တာဆိုရင် ဘယ်လိုဖြစ်မလဲ။”

“ မြင်ပြီးပြီ ဆိုတော့လည်း မပုန်းကွယ်တော့ပါဘူး။ ” ဖန်ကျန်းရှီဟာ ရေနွေး တစ်ခွက်ကို ကောက်ယူရင်း မွှေးယူလိုက်တယ်။ အနံ့ကို သဘောကျတော့မှ တစ်ကျိုက်သောက်လိုက်တယ်။

“ နဂါးကိုးကောင် ဝတ်ရုံနီ လက်ဖက်ခြောက်ကတော့ လက်ခံချင်စရာပဲလား။” ဝူယွဲ့အာဟာ မကျေမနပ်နဲ့ မေးလိုက်တယ်။

“အဆင့်အတန်း ကတော့ အရင်တွေ့တန်ုးကထက် ပိုပြီးတော့ မြင့်လာတယ်။ ဒါရဲ့ အကြောင်းရင်းကကော ဘာအတွက်လဲ။” ဖန်ကျန်းရှီဟာ ပြုံးပြရင်း မေးလိုက်တယ်။

“အခုတော့ မင်းက အဆင့်လေး အမတ်မင်း ဖြစ်နေပြီ။ ကျောင်းတော်ကြီး အတွက်လည်း ကောင်းမွန်တဲ့ အစီအစဉ်တွေရှိနေတယ်။ မင်းရဲ့ အလားအလာကတော့ တောက်ပနေတာပဲ။ ”

“ နောက်ပြီးတော့ကော။”

“ ဒီမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေက မြို့တော်ကို ရောက်သွားခဲ့ပြီ။ အမတ်မင်းတွေအားလုံးက ဥပဒေဌာနကို စုံစမ်းဖို့ တောင်းဆိုနေကြတယ်။ ဒါပေမယ့်လည်း ရှင်းဟို့ ပြန်လာချိန်မှာတော့ ဧကရာဇ် ဟာ ဒီ အကြောင်းအတွက် ဆွေးနွေးမှုတွေ အားလုံးကို ရပ်နားလိုက်ပြီးတော့ ။ မင်းကို ပြန်လာဖို့လည်း အမိန့်တော် မချလိုက်ဘူး။”

“ ညီလာခံမှာတောင် အဆက်သွယ်တွေရှိနေမယ်လို့ မထင်ထားခဲ့ဘူး။”

“ ငါ့ရဲ့ အတွေးသာ မှန်မယ်ဆိုရင် မင်း မြို့တော်ကို ပြန်တာနဲ့ ကိစ္စတွေကို ဖြေရှင်းရလိမ့်မယ်။ မင်းရဲ့ ကံကြမ္မာကို သူတို့ ဆုံးဖြတ်ကြလိမ့်မယ်။”

“ ဒါတွေကို ပြောဖို့ လာခဲ့တာလား။” ဖန်ကျန်းရှီဟာ ရေနွေးနောက်တစ်ခွက် ထပ်ငှဲ့ရင်းပြောလိုက်တယ်။

“ တခြားတစ်နည်းနဲ့ ပြောရရင်တော့ မင်း မြို့တော်ကို မပြန်ရင် ဒီကိစ္စကို ဘယ်သူမှ အစဖော်ကြမှာ မဟုတ်ဘူး။ ဥပဒေ ဝန်ကြီးဌာနကလည်း မင်းကို ဝရမ်းမထုတ်ပဲနဲ့ အလွှတ်ပေးထားလိမ့်မယ်။ မင်းလည်း အဆင့်လေး ဓားသံတမန် အဖြစ် ဆက်ရှိနေပြိးတော့ ကျောင်းကိုလည်း ကောင်းကောင်းလည်ပတ်နိုင်စေမယ်။ ၂ နှစ်ကြာပြီးနောက်မှာတော့ ….”

“ ၂ နှစ် အတွင်းမှာ ဘာဖြစ်နိုင်လဲ။”

“ ညီလာခံစာမေးပွဲက ၂ နှစ် အတွင်းလိမ့်မယ်။ အဲ့ဒီ့အချိန်မှာ မင်း သွားဖြေရမယ်။ မင်းရဲ့ ကျောင်းတော်ဟာလည်း သူ့ဘာသူ ဆက်လက် လည်ပတ်နေလိမ့်မယ်။ မင်း ထိပ်တန်းကျောင်းတော် သား အဖြစ်ကို ရပြီးတော့ (ထိပ်ခေါင်များ) ထဲက တစ်ယောက် ဖြစ်လာမှာ သေချာတယ်။” ဝူယွဲ့အာဟာ သူ့ရဲ့ ခွက်ကို မြှောက်လိုက်ပြီးတော့ တစ်ငုံသောက်လိုက်တယ်။

“ အားလုံးကတော့ ကြားရတာ သတင်းကောင်းတွေပဲ။ ဒါပေမယ့် ကျွန်တော့်ကို ဒီမှာ ၂ နှစ်စောင့်ခဲတဲ့ အကြောင်းရဲ့ အကြောင်းပြချက်ကတော့ မခိုင်လုံးဘူး။ ကျွန်တော်သာ မြို့တော်ကို ပြန်ရင် ကိစ္စလည်း ဖြေရှင်းရမှာပဲ။ ဘာလို့ စောစော မလုပ်ရမှာလဲ၊” ဖန်ကျန်းရှီဟာ လက်ဖက်ရည်ခွက်ကို ချရင်း ဖရဲသီး တစ်စိတ်စားကာ ပြောလိုက်တယ်။

“ အကယ်၍ အခုချိန်မှာ မင်း မြို့တော်ကို ပြန်ရင် ကြီးမားတဲ့ ကံမကောင်းမှုနဲ့ ကြုံရမယ့် အဖြစ်ရှိတဲ့ အကြောင်း ငါသိတယ်လို့ ပြောရင်ကော။ ဒီအကြောင်းရင်းက လုံလောက်လား။” ဝူယွဲ့အာရဲ့ မျက်လုံးထဲမှာတော့ မျှော်လင့်ချက်တွေ တောက်ပနေခဲ့တယ်။

“ လုံလောက်တယ်။” ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ်။

ဝူယွဲ့ ဖရဲသီး စိတ်ကို လက်လှမ်းကာ တစ်ကိုက်ကိုက်ဖို့ ပြင်လိုက်ချိန်မှာပဲ ဖန်ကျန်းရှီ ရဲ့ စကားသံ ထွက်လာခဲ့တယ်။

“ဒါပေမယ့်လည်း မြို့တော်က နေ ထွက်လာချိန်တုန်းက သူငယ်ချင်းနဲ့ ကတိပြုခဲ့တယ်။ သူ့ကို ညီလာခံ စာမေးပွဲမှာ ပြန်တွေ့မယ်လို့ ပြောထားခဲ့တယ်။ ကတိဆိုတာ တည်ရတယ်။”

“ ဒီကိစ္စလေးက မင်းရဲ့ အသက်ထက် ပိုပြီးတော့ တန်ဖိုးရှိ တာလား။” ဝူယွဲ့အာက နားမလည်ဟန်နဲ့ မေးလိုက်တယ်။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီက အများသိသလို သိက္ခာမရှိတဲ့ သူတော့မဟုတ်သေးဘူးပဲ။

“ ကိစ္စ ကအ ရေးမကြီးပေမယ့်လည်း ကတိပြုခဲ့တဲ့ သူကတော့ အရေးကြီးတယ်။ ”

“ ရန်ရွှယ်လား။”

“ ဟုတ်တယ်။”

ဝူယွဲအာဟာ တိတ်ဆိတ်သွားတော့တယ် လက်ထဲက ဖရဲသီးစိတ်ကို ပြန်ချပြီးတော့ နောက်ထပ် ရေနွေးတစ်ခွက်ကို ထပ်ငှဲ့လိုက်တယ်။

ရေနွေးငွေ့ တထောင်းထောင်းဟာတော့ နဂါးတစ်ကောင် သဖွယ် လေထဲကို လွှင့်ပျံနေခဲ့တယ်။

“ အကယ်၍ ကံတရားကသာ ဒီတစ်ခေါက်စာမေးပွဲမှာ မင်းအတွက် ထိပ်တန်းရဖို့ မစီစဉ်ထားရင်တောင်မှ ဝင်ဖြေအုန်းမှာလား။” အချိန်ခဏ ကြာပြီးနောက်မှာတော့ ဝူယွဲ့အာဟာ ပြောလိုက်တယ်။

“ ဖြေမှာ။” ဖန်ကျန်းရှီက ပြောလိုက်တယ်။

“ ကောင်းပြီလေ။ ဒါဆိုရင် မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲ နိုင်ပါစေလို့ မျှော်လင့်တယ်။”

“ ကျွန်တော်က အမြဲ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးတာပဲ။ ဒီအချိန်မှာတော့ ဘယ်သူက ပြောင်းလဲနိုင်မှာလဲ။ ပြောင်းဖို့ ကြံနေတဲ့ သူတွေကလည်း လူရမ်းကားတွေပဲ ဖြစ်မှာပေါ့ ။ မဟုတ်ဘူးလား။ ” ”

“ ဟဟ ” ဝူယွဲ့အာဟာ ရယ်မောလိုက်ပြီးနောက် နောက်ထပ် မပြောတော့ပါဘူး။ ဒီလူကပဲ သုခမိန်လေးဦးကို လူရမ်းကားတွေလို့ ခေါ်ဝံ့တယ်။

“ ဒီလောက် ခရီးဝေးကို လာခဲ့ရတာ အနားမယူတော့ဘူးလား။” ဖန်ကျန်းရှီဟာ သူမကို လေးလေးစားစား ဖိတ်ခေါ်လိုက်တယ်။

“ အင်း ။ တော်ပါပြီ။” ဝူယွဲ့အာဟာ ဖန်ကျန်းရှီကို ကြည့်ရင်း ပြောလိုက်တယ်။

“ ဒီနေ့မှာတော့ ကြင်နာမှုကို ဖော်ပြခွင့်မရှိတော့ဘူး။ ကျွန်တော့်ရဲ့ ကျောင်းတော် အသစ်ကို ကြေညာဝင်ဖို့ အတွက် ကူညီပေးပါအုန်း။ ဒီမှာ ပြဿနာတွေ အတွက်ငွေသား။” ဖန်ကျန်းရှီဟာ ထွက်သွားပြီးနောက် ငွေတုံးကို ချန်ခဲ့တော့တယ်။

ဝူယွဲ့အာဟာ ငွေတုံးကို ကောက်ယူပြီးနောက် အိတ်ထဲ ထည့်လိုက်တယ်။ သူမဟာ ဖန်ကျန်းရှီ ရဲ့ နောက်ကျောကို ကြည့်နေခဲ့တယ်။ “ ဒီကောင်စုတ်လေးက အတော်လေးကို မျက်နှာပြောင် တိုက်တာပဲ။ ဒါပေမယ့် ငွေတစ်တုံးကလည်း ငွေပဲလေ။ ငွေထက်ကောင်းတာ ဘယ်အရာမှ မရှိဘူး။”

…

သုံးလကြာပြီးနောက်မှာတော့ ကျောင်းတော်သစ်ကြီးရဲ့ ပထမ ခြေလှမ်းဟာတော့ အောင်မြင်သွားပြီ ။ သုံးထပ်ဆောင်ကြီးကို ဆောက်လုပ်ပြီးစီးသွားခဲ့ပြီ။ စာကြည့်တိုက်မှာလည်း စာအုပ်တွေ ဖြည့်ပြီး ဖြစ်သလို။ အမဲလိုက်ကွင်းကိုလည်း ပြင်ဆင်ပြီးခဲ့ပြီ။

ဟွေ့အန်းဒေသဆီကို သွားတဲ့ လမ်းဟာလည်း ပြီးဆုံးလုဖြစ်နေပြီ။

လည်ပတ်မှုဟာ ကောင်းစွာ ဖြစ်ပေါ်နေခဲ့တယ်။ ဆရာ အယောက် ၅၀ ရဲ့ ဂုဏ်သတင်းဟာတော့ မြောက်ပိုင်း ဒေသ တစ်ခုလုံးကို လျင်မြန်စွာ ပျံ့သွားခဲ့တယ်။

နောက်ပြီးတော့ ရွာဆီကို တည့်တည့် ဦးတည်ထားတဲ့ လမ်းမကြီးဟာလည်း နေရာဒေသ ပေါင်းစုံက ကျောင်းတော်သားတွေကို လမ်းညွှန် ဖိတ်ခေါ်သလို ဖြစ်နေခဲ့တယ်။

ဒါပေမယ့်လည်း ….

ညီလာခံစာမေးပွဲဟာတော့ နီးကပ်နေခဲ့ပြီ။

ဒီအချိန်မှာ ရွာကနေ ထွက်ခွာဖို့ အချိန်ဖြစ်မှန်း သူသိတယ်။ သူ့ စိတ်ထဲက မေးခွန်းတစ်ခုဟာတော့ ဒီ အချိန် အတောတွင်းမှာ ရန်ရွှယ်က ပိုပြီးတော့ သန်မာလာလေမလား။

အပိုင်း (၂၆၄) ပြီး၏။

အပိုင်း (၂၆၅)

“ ထိပ်တန်း ဆယ်ဦး ။”

ညီလာခံ စာမေးပွဲ ရဲ့ အစမ်းစာမေးပွဲဟာ တစ်လ တောင် မလိုတော့ဘူး ။ မြို့တော်ကို ရောက်ဖို့ အတွက်ကတော့ ၂ ပတ်ကြာမှာ ။

ဖန်ကျန်းရှီဟာ ရွာမှ နောက်ထပ် အချိန်မဖြုန်းတော့ပါဘူး။ အရာအားလုံးကို သေသေချာနေရာချပြီးနောက်မှာတော့ သူဟာ ကျန်းယန်ဖိန်နဲ့ သူ့မိဘတွေကို နှုတ်ဆက်ပြီး ထွက်ခွာခဲ့တော့တယ်။

သူဟာ ရွာကနေ ထွက်ချိန်မှာပဲ အံ့သြစရာ သတင်းကို ကြားလိုက်ရတယ်။ ချီကူယန်ဟာ နတ်ဆိုးကျောင်းတော်ကို မပြန်ပဲနဲ့ ကောင်းကင်တာအို ခန်းမကိုသာ ပြန်သွားခဲ့တယ်။

သူမဟာ သစ္စာဆိုမှု တစ်ခုကို ပြုခဲ့တယ်။

ဖန်ကျန်းရှီ ရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီဟာ ကောင်းကင်တာအို ခန်းမရဲ့ တပည့် တစ်ဦး အဖြစ် ဝင်ခွင့်ရရမှာ ။ နောက်ပြီးတော့ သူတို့ရဲ့ တိုက်ပွဲကိုလည်း အများရှေ့မှာ ကျင်းပမှာ ။

ရှုံးနိမ့်သူဟာတော့ တစ်လတာ အစေခံ လုပ်ရမယ်။

ဒီ သတင်းဟာ အင်ပါယာ တစ်ခုလုံးကို မုန်တိုင်း သဖွယ် ပျံ့နှံ့သွားခဲ့တယ်။ အိမ်တွေမှာ စစ်တပ်တွေမှာ။ စားသောက်ဆိုင်တွေမှာ။ ကျောင်းတော်တွေမှာတောင်မှ လူတိုင်းဟာ ဒီအကြောင်းကို ပြောနေခဲ့ကြတယ်။

ဖန်ကျန်းရှီပဲ ရူးနေတာလား။

သူကတကယ်ပဲ ချီကူယန်ကို စိန်ခေါ်တယ်တဲ့လား။ ”

အကယ်၍ ဖန်ကျန်းရှီ ဟာ သူတို့ရဲ့ လွန်ခဲ့တဲ့ ၈ နှစ်က ကတိစကားကို သာ ဆက်ပြီးတော့ ထိန်းသိမ်းထားမယ်ဆိုရင်တောင်မှ နောက် ၂ နှစ်ကြာရင် အေးဆေးဆေးဆေး ကတိပျက်သွားမှာ ။

ဒါပေမယ့်လည်း ဖန်ကျန်းရှီမှာ ဒီလို လုပ်ဖို့ အစီအစဉ် မရှိဘူး။

သူဟာ လောကကြီးကို စိန်ခေါ်မှု အကြောင်း ပြန်လည် အမှတ်ရစေပြီးတော့ အချိန်ကိုလည်း ရှေ့တိုးလိုက်တယ်။

ဒါတွေက ပြိုင်ဘက်ကို အထင်သေးလွန်းတာ မဟုတ်ဘူးလား။ နောက်ပြီးတော့ အင်ပါယာရဲ့ ထိပ်တန်းကျောင်းတော်သူကို ဒီလောက်တောင် အရှက်မဲ့ ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့တော့ စိန်ခေါ်ရဲတာ လွန်လွန်းတယ် မဟုတ်ဘူးလား။

ဒါဟာ နတ်ဘုရား တစ်ပါးကို မသန့်ရှင်းတဲ့ ရေထဲ နှစ်လိုက်သလို စော်ကားမှု ကြီးပြ။

ဘယ်သူက ဒါကို လက်ခံမှာလဲ။

စိန်ခေါ်မှုက နောက် ၂ နှစ်မှ ဆိုပေမယ့်လည်း ဒီ နှစ်ယောက်တွဲ တိုက်ပွဲမှာ ဖန်ကျန်းရှီက ဘယ်လို နိုင်နိုင်မှာလဲ။

“ ဒါက လုံးဝကို အတာပဲ။ ”

“ သူ့ကိုယ်သူ ပိုသိမှာပါ။”

“ဘယ်လောက်တောင် ယုံကြည်မှု လွန်ကဲ နေလိုက်သလဲ ။

“ ဟုတ်တယ်။ ကိုယ့် အဆင့် အတန်းကိုယ် မသိတဲ့ ကောင်တွေလည်း လောကမှာ ရှိနေသေးတယ်။ ”

ဒီ အကြိတ်အနယ် အတင်းချမှုတွေဟာ ကြီးမြတ်သော ရှ မင်းဆက် တစ်ခုလုံးကို ပျံနှံ့သွားပြိးတော့ သတင်းတွေဟာ ဖုန်မှုန့်လုံးကြီးတွေလို ကြီးမားလာခဲ့တယ်။

တကယ်တမ်းမှာတော့ နောက်ထပ် နှစ်ယောက်တွဲ ပြိုင်ပွဲ ထပ်ပေါ်လာခဲ့ရင်တောင်မှ ဒီလောက်ထိ ဂယက်ကြီးမားလိမ့်မှာ မဟုတ်ဘူး။

ဒါပေမယ့်လည်း ချီကူယန်နဲ့ ရွာသားလေး တစ်ယောက်ရဲ့ ပြိုင်ပွဲဟာ အတော်လေးကို စိတ်ဝင်စားစရာ ကောင်းလွန်းလှတယ်။ နောက်ပြီးတော့ ဒီ ရွာသားကလည်း ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်ခါစရှိသေးတာ ။

ရလဒ်တွေဟာ အလွန်ကို ကွာခြားလိမ့်မယ်။

လူတိုင်းဟာတော့ နတ်သမီးတစ်ပါးကို အပြစ်ပြုမိသလိုခံစားနေရတာ ။

နောက်ပြီးတော့ သူတို့ရဲ့ ကွာခြားလှတဲ့ ဂုဏ်ရည်ဟာ သူတို့ နှလုံးသားထဲက မီးတောက်ကိုတောက်လောင်စေတယ်။

အစေခံ တစ်ဦးအဖြစ်တဲ့လား။

ချီကူယန်ဟာ နတ်ဆိုးကျောင်းတော်ရဲ့ ရတနာမင်းသမီး ။ အင်ပါယာရဲ့ ထိပ်တန်းကျောင်းတော်သူ ။ အနာဂတ်မှာ စစ်တပ်ကို ဦးစီးသူ ဖြစ်လာမှာ ။ ဒီလို မြင့်မားလှတဲ့ အိပ်မက် နတ်သမီးကိုတောင် ဒီ အရှက်မရှိတဲ့ ကောင်က အစေခံ အဖြစ်လုပ်စေချင်သေးတယ်။

ဘယ်သူက လက်ခံနိုင်မှာလဲ။ တရက်တာတောင် အစေခံ အဖြစ် မခံနိုင်ဘူး။

ဒါဟာ မတွေးသင့်တဲ့ အရာပ ဲ ။

 ချီကူယန်ဟာ အပြစ်ကင်းစင်တယ် မြင့်မြတ်ပြီး တော်ဝင်ဆန်တယ်။ သူမဟာ ဖန်ကျန်းရှီ ရဲ့ စိန်ခေါ်မှုကို သက်တောင့်သက်သာ ဖြစ်စွာ လက်ခံနိုင်ပေမယ့်လည်း လူထုဟာတော့ လက်မခံနိုင်ဘူး ။

ဒါဟာမီးတောက်တွေကို အရှိန်မြှုင့်ပေးသလို ဖြစ်စေခဲ့တယ်။

ပင်းယန်ဟာလည်း သူတို့ထဲက တစ်ယောက် ဖြစ်ခဲ့တယ်။

ချီကူယန်က ဘယ်လိုစိတ်နဲ့ များ ဖန်ကျန်းှရီ ရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်သလဲ မသိဘူး ဖြစ်နေခဲ့တယ်။ သူမ နှစ်နှစ်ခြိုုက်ခြိုက်အိပ်နေခဲ့တဲ့ အချိန်တွေမှာ ဘာများ ဖြစ်ခဲ့သလဲ။

ဒါပေမယ့်လည်း ဒီအကြောင်းကို သိပြီးတဲ့နောက်မှာတော့ ပင်းယန်ဟာ အခွင့်ကောင်းယူဖို့ လှိုက်လှဲစွာ ဆုံးဖြတ်လိုက်တယ်။

“ ဒီ အရှက်မရှိတဲ့ ကောင်စုတ်က တကယ်လွန်လွန်းတယ်။ ငါတို့ သူ့အိမ်မှာ နေတုန်းကလည်း ယန်လေး က တစ်ညကို ငွေသား တစ်သောင်းခွဲပေးရတယ်။ ”

ပင်းယန်ဟာ ဒီ အကြောင်းကို အသုံး ပြုရင်းနဲ့ ဖန်ကျန်းရှီကို ပိုပြီးတော့ ကျော်ကြားစေခဲ့တယ်။

သူမဟာ လူတွေ အားလုံး နီးပါးကို ဒေါသထွက်စေပြီးနောက်။ ချီကူယန်ဟာ ဒီ စိန်ခေါ်မှုကို ဒေါသထွက်လွန်းတာကြောင့် လက်ခံတာ ဖြစ်နိုင်တယ်လို့လည်း သတင်းလွှှုင့်လိုက်တယ်။

“ဖန်ကျန်းရှီက သူ့ အပြစ်ကို ကောင်းကင်တာအို ခန်းမမှာ ပေးဆပ်ရမှာအမှန်ပဲ။”

“ ကောင်းကင် တာအို ခန်းမက နေ ဝမ်းလျားထောက်ပြီးတော့ ထွက်လာရမှာ မြင်ယောင်ပါသေးတယ်။”

“ မယုံနိုင်စရာ ကောင်းလောက်အောင် အရှက်မဲ့တာပဲ။”

ဒေါသစကားတွေဟာ မြို့တော်ကို တော်မီး သဖွယ် ပျံ့နှံ့လာခဲ့တယ်။

လူတိုင်းဟာတော့ ဖန်ကျန်းရှီ ရဲ့ အရှက်မရှိတဲံ နည်းလမ်းကို သုံးပြီးတော့ ချီကူယန်ကို စိန်ခေါ်မှု လက်ခံလာအောင် လုပ်တယ် ဆိုတာ လူတိုင်းကို လက်ခံစေခဲ့တယ်။

ပင်းယန်ဟာ ဒီ ရလဒ်ကို အတော်လေး ကျေနပ်နေခဲ့တယ်။ ဒါဟာ ဆရာငါးဆယ်ကို ဘယ်လို စည်းရုံးလိုက်လဲ ဆိုတာ မပြောပြတဲ့ အတွက် လက်စားချေမှုပဲ ။  

သူမဟာ တောက်ပစွာ ပြုံးရင်းနဲ့ ဒီအခြေအနေကို ပြန်လည် ရှင်းလင်းပေးဖို့ ဖန်ကျန်းရှီ တောင်းဆိုမယ့် အချိန်ကို မြင်ယောင်ေ်နခဲ့တယ်။ သူမဟာ အဲ့ဒီ့နေ့ ရောက်လာချိန်ကိုတောင် မစောင့်နိုင် ဖြစ်နေခဲ့တယ်။

ဒါက အချစ်နဲ့ အမုန်းလား။

အင်းးး

ဒီလိုကောင်မျိုးကို ဘယ်သူကများ ချစ်မှာလဲ။

ပင်းယန်ရဲ့ စကားတွေဟာ အတော်လေးကို အင်အား ပြင်းထန်လှတယ်။ လွှမ်းမိုးမှု ကြီးမားလှတဲ့ မိသားစုကြီးက တပည့်လက်သားတွေတောင်မှ ဖန်ကျန်းရှီကို ကြိုဆိုဖို့ မြို့တော်ဆီကို ရောက်လာကြတယ်။

တစ်ချို့သူတွေဟာ ပုန်းကွယ်နေသော နဂါး အဆင့်နဲ့ နိုးထလာသော နဂါး အဆင့်က ထိပ်တန်းကျောင်းတော်သားတွေတောင်မှ ပါဝင်ကြတယ်။

ပုန်းကွယ်နေသော နဂါးအဆင့်က သူတွေ အနေနဲ့ ဖန်ကျန်းရှီ ဟာ ကောင်းက်ငရောင်ပြန် အဆင့်ကိုရောက်ပြီး ဖြစ်တာ သိတဲ့ အတွက် သူတို့ဟာ စကားသာ ပြောဝံ့ကြတယ်။ တိုက်ခိုက်တာမျိုးတော့ မလုပ်ဝံ့ဘူး ။

ဒါပေမယ့်လည်း နိုးထလာသော နဂါး အဆင့်ဟာတော့ ကွာခြားခဲ့တယ်။

နိုးထလာသော နဂါးအဆင့် ထိပ်တန်း ဆယ်ဦးဟာတော့ ကောင်းကင်ရောင်ပြန် အဆင့် အထွဋ်အထိပ်ကို မရောက်သေးပင်မယ့်လည်း သူတို့တွေဟာ စုတုန်းလင်ကိုတော့ တစ်ယောက်ချင်းစိတောင် အေးအေးဆေးဆေး အနိုင်တိုက်နိုင်တယ်။ ဖန်ကျးန်ရှီ လေးယောက် တစ်ယောက် တိုက်ခိုက်ပြီးတော့ အနိုင်ယူခဲ့တဲ့ သူကို။ နိုးထလာသော နဂါး အဆင့်ရဲ့ ထိပ်တန်းကိုရောက်ဖို့ဟာ ခက်ခဲလှတယ်။

ဒါဟာ အဆင့်တစ်ဆင့်ချင်းစီ အရ စွမ်းအင် ကွာခြားမှုတွေပဲ ။ အဆင့် ၁၀ကို ဝင်သူတိုင်းဟာ လုံးဝကို အရည်အချင်းပြည့်ဝသူတွေ ။

ဒီအရည်အချင်းရှိကျောင်းတော်သားတွေဟာ ညီလာခံစာမေးပွဲမှာ ပါဝင်ပြီး ကောင်းကင်တာအို ခန်းမရဲ့ ရွေးချယ်မှုကို ခံရမှာ ။

သနားစရာ ကောင်းတာကတော့။

အလွန်အမင်းကို စိတ်ပျက်ဖွယ် ကောင်းတဲ့ သတင်းဟာ ရောက်ရှိလာခဲ့တယ်။

နိုးထလာသော နဂါး အဆင့်ရဲ့ ဒုတိယ နေရာမှာ ရှိနေတဲ့ နန်ကုန်းဟောင်ဟာ ညီလာခံစာမေးပွဲရဲ့ ရွေးချယ်မှုဟာ ဝင်ရောက်ဖို့ အတွက် လုံးဝကို သတင်းမပို့ခဲ့ဘူး ။

နန်ကုန်းဟောင်ရဲ့ ပါဝင်ယှဉ်ပြိုင်မှုဟာ အတော်လေးကို စိတ်ဝင်စားခံရတဲ့ သတင်းဖြစ်မှာ အမှန်ပဲ ။ သူဟာ ပါဝင်လာခဲ့ရင် ဖန်ကျန်းရှီကို စိန်ခေါ်မှာ မလွဲမသွေပဲ ။ အကြောင်းရင်းကတော့ ရှင်းလင်းပါတယ်။ နန်ကုန်းဟောင်းက ဖန်ကျန်းရှီကို စိန်ခေါ်လိုက်တာနဲ့ ဖန်ကျန်းရှီဟာလည်း ကောင်းကင်တာအို ခန်းမရဲ့ ရွေးချယ်ခံစာရင်းမှာ မပါနိုင်တော့ဘူး ။

အကယ်၍ သူသာ မဝင်နိုင်ရင် ချီကူယန်ကို ဘယ်လို စိန်ခေါ်နိုင်မှာလဲ။

အရာအားလုံးဟာ ဟာသ သဖွယ် ဖြစ်သွားမှာ အမှန်ပဲ။

…

ဖန်ကျန်းရှီဟာ မြို့တော်ကို ရောက်မယ့် အချိန်ကို တွက်ချက်ပြီးသား ။ သူဟာ သူ့အရှိန်သူ ကောင်းကောင်းသိတယ်။

ဒါပေမယ့်လည်း မမျှော်လင့်ထားတဲ့ ကိစ္စတွေဟာ လမ်းတစ်လျှောက်လုံးကြုံခဲ့ရတယ်။

နောက်ဆုံး တစ်ကြိမ်တုန်း က သူဟာ ရန်ရွှယ် နဲ့ အတူ ခရီးသွားခဲ့တာ ။ သူတို့တွေဟာ နှင်းမဟူရာ မြင်းပျံကို စီးနင်းလာခဲ့တဲ့ အတွက် ဘယ်သူကမှ မနှောက်ယှက်ဝံ့ကြဘူး ။

ဒါပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့

သူ့ရဲ့ လမ်းကြောင်း တစ်လျှောက်မှာ အုပ်စုဖွဲ့ပြီး သူ့ကို ဦးတည်သူတွေကို တွေ့နေရတယ်။

ဒါကြောင့် လက်ဖက်ရည်ဆိုင်မှာ ငွေသားနည်းနည်း သုံးပြီးတော့ စုံစမ်းကြည့်ချိန်မှာ အကြောင်းစုံကို သိလိုက်ရတယ်။

သူဟာ ခပ်မြန်မြန်ပဲ သဘောပေါက်သွားခဲ့တယ်။

ချီကူယန်က သူတို့ရဲ့ စိန်ခေါ်မှုကို ကြေညာလိုက်ပြီ ။ ဒါကြောင့် နှင်းမဟူရာ မြင်းပျံဟာ သူ့ကို ညွှန်ပြတဲ့ အရာ တစ်ခု ဖြစ်လာခဲ့တယ်။

ဒီလိုနဲ့ သူဟာ လမ်းသွယ်လေးတွေကို ရွေးသွားဖို့ အတွက် ဆုံးဖြတ်လိုက်တော့တယ်။

ဒီ နေရာကိုလှည့်ပတ်ကြည့်ရတယ်။

ဖန်ကျန်းရှီမှာ အတွေးကောင်းကောင်းတွေရှိတယ်။ ဒါပေမယ့်လည်း လက်တွေ့ကတော့ ကောင်းမွန်းတာ ရှားပါးလွန်းတယ်။ ဘာကြောင့်လည်း တော့ သူမသိပေမယ့်လည်း သူဖြတ်ရမယ့် တံတားတိုင်းက ကျိုးနေတာမျိုး မိုးသည်းထဲမှာ ပြေးလွှားနေရတာမျိုး ။

“ ဘာတွေ ဖြစ်နေတာလဲ ငလူးပဲ။ ” ဖန်ကျန်းရှီဟာ နောက်ထပ် ကျိုးနေတဲ့ တံတား တစ်စင်းကို မြင်ချိန်မှာတော့ အော်ဟစ်ကျိန်ဆဲလိုက်တော့တယ်။ အကျီချွတ်ပြိးနောက် ရေကူးကာ ဖြတ်ရပြန်တယ်။

…

တံတားနဲ့ သိပ်မဝေးတဲ့ နေရာမှာပဲ ဝတ်ရုံဖြူဝတ် ခြေဗလာ လူ တစ်ဦးဟာ ဖန်ကျန်းရှီ နှင်းမဟူရာမြင်းပျံကို ဆွဲရင်း မြစ်ကို ဖြတ်နေတာကို လှမ်းကြည့်နေခဲ့တယ်။

သူဟာတော့ အမူအယာ မဲ့နေခဲ့တယ်။

ဖန်ကျန်းရှီ အဝတ်အစားလဲပြီးတော့ မြင်းပျံပေါ်ကို တက်တဲ့ အထိ စောင့်ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက်တော့ သူဟာ တံတားဆီကို လျှောက်သွားခဲ့တယ်။ သူ့ရဲ့ ခြေလှမ်းတွေဟာ နှေးကွေးပြီးတော့ ခပ်စိပ်စိပ်ဖြစ်ပေမယ့်လည်း ထူးဆန်းစွာပဲ။

တံတားဆီကို လျင်မြန်စွာရောက်သွားခဲ့တယ်။

ပိုပြီးတော့ ထူးဆန်းတာက သူဟာ ရေကူးပြီးတော့ မဖြတ်ဖူး။ ရိုးရိုးလေးသာ နင်းရင်း ဖြတ်သန်းတာ ။ သူ့ရဲ့ ခြေထောက်တွေဟာ တံတားကျိုး အပေါ်ကို ရောက်ချိန်မှာတော့ ကျိုးနေတဲ့ တံတားဟာ လှုပ်ရှားလာပြီးတော့ မူလ အခြေအနေကို ပြန်လည်ရောက်ရှိသွားတော့တယ်။

ဒီလို အဖြစ်မျိုးက မိုးအောက် မြေပြင်မှာ တည်ရှိနေသေးတယ်။ တိတ်ဆိတ်ငြိမ်သက်မှု နဲ့ လေးနက်မှု ကြားမှာ တည်ရှိနေတဲ့အရာလည်း ။ အမည်မသတ်မှတ်နိုင်တဲ့ အရာတစ်ခုဖြစ်ပြီးတော့ တာအိုလို့သာ ရှင်းပြနိုင်ခဲ့တယ်။ ကြီးမြတ်မှုဟာ လက်လှမ်းမှီနိုင်ဖို့ ဝေးကွာလှပြီးတော့ သဘာဝတရားကို လူသားတွေက နားလည်ပြီး လေးစားဖို့လည်း လိုကတယ်။

“ မင်းရဲ့ ကံကြမ္မာက သတ်မှတ်ထားပြီးသာ ဖြစ်ရင် မင်း လက်ခံသင့်တယ်။ ဆန့်ကျင်တိုက်ခိုက်တာက နည်းဗျူဟာကိုပဲ ဖြစ်ပေါ် စေမယ်။”

သက်ကြီးပိုင်းလူဟာ ဆက်ပြောပြီးနောက် သူ့ရဲ့ ပုံရိပ်ဟာ မြင်ကွင်းကနေ ပျောက်ကွယ်သွားတော့်တယ်။ ဒီအချိန်မှာပဲ တံတားဟာလည်း မူလ ကျိုးပျက်နေတဲ့ အခြေအနေကို ရောက်ရှိသွားတော့တယ်။

…

ဖန်ကျန်းရှီရဲ့ လမ်းတစ်လျှောက်လုံးမှာ အန္တရာယ် အနှောက်အယှက်တွေ အပြည့်ဆိုတာကတော့ ချဲ့ကားပြီးပြောနေတာ မဟုတ်ရပါဘူး။ ဒီလိုနဲ့ပဲ သူဟာ တုန်းလင်း မြို့တော်ကို ရောက်လာခဲ့ပြီးနောက် သူဟာ ရုပ်ဖျက်ဖို့ ဆုံးဖြတ်လိုက်တယ်။

“ အခုတော့ ငါ အမျိုးသမီး တစ်ယောက်ပုံစံ ရုပ်ဖျက်လိုက်ရင် ငါ့ကို မှတ်မိမယ့်သူ ရှိမှာ မဟုတ်တော့ဘူး။

တခြားသူတွေရဲ့ မနာလို ဖြစ်ခံရတာကြောင့် ဒီလို ဒုက္ခတွေ ကြုံရပေမယ့်လည်း ဖန်ကျန်းရှီဟာ ဒါတွေကို စိတ်မဆိုးခဲ့ပါဘူး။ သူဟာ ဒါတွေ အားလုံးအတွက် ပြင်ဆင်ထားပြီးသား ။

ဒါပေမယ့်လည်း သူဟာ အချိန် အနည်းငယ် နှောင့်နေး သွားခဲ့ရင် သော်လည်းကောင်း ။ အတားအဆီးတွေ များလွန်းလို့ အချိန်မှီ မရောက်နိုင်ရင်သော် လည်းကောင်း ညီလာခံ စာမေးပွဲကို လွဲချော်ရမှာ ။

အခုတော့ သူဟာ ချီကူယန်ရဲ့ လွှမ်းမိုးမှုကို လျော့တွက်မိခဲ့တယ်။ သူမကို လေးစ ားတဲ့သူ အရေအတွက်ကိုလည်း လျော့တွက်မိခဲ့တယ်။

တုန်းလင်း မြို့တော် မှာ နှင်းမဟူရာမြင်းပျံပေါ်တက်ခါစ အချိန်မှာပဲ သူဟာ တားမြစ်ခံလိုက်ရတယ်။

“ဖန်ကျးန်ရှီ မင်း ရွာကို မင်းပြန်သွားသင့်တယ်။ မင်း ညီလာခံ စာမေးပွဲကို မဖြေသင့်ဘူး။ အကယ်၍ မင်းသွားဖြေရင် မင်းခြေလက်တွေကို ချိုးပြစ်မယ်။”

လူငယ်တစ်ဦးဟာ ကျယ်လောင်စွာ ရယ်မောရင်းပြောနေခဲ့တယ်။

သူဟာ ၂၆ နှစ်အရွယ် ဖြစ်ပြီးတော့ မျက်ခုံးမျက်လုံးကောင်းသူ တစ်ယောက် ။ ဒါပေမယ့်လည်း ရှေးဟောင်း ဝတ်ရုံဖြူကို ဝတ်ဆင်ထားခဲ့တယ်။

“ အိုက်ယား … ငါ မအားဘူးဟ။ မင်းတို့ အားလုံး တစ်ပြိုင်တည်းသာ လာခဲ့ကြတော့ ။” ဖန်ကျန်းရှီဟာ လမ်းတစ်လျှောက်လုံးမှာ သူ အနိုင်ယူလာခဲ့ရတဲ့ လူတွေ များလွန်းလို့ အလွန်အမင်း ပျင်းရိခြောက်သွေ့နေပြီပဲ ။

“ အကုန်လုံး အတူလာတဲ့လား။ ဟား ဟား ဖန်ကျန်းရှီ မျက်လုံးကို ကျယ်ကျယ် ဖွင့်ကြည့်စမ်း။ ဒါက ယွီဝမ်ကု ။ နိုးထလာသော နဂါး အဆင့် ၁၀။ ကောင်းကင်ရောင်ပြန် အထွဋ်အထိပ် အဆင့်ကို ရောက်နေပြီ။ ”

“ အဆင့် ၁၀ နိုးထလာသော နဂါးလား။ ” ဖန်ကျန်းရှီဟာ ယွီဝမ်ကုကို ကြည့်ရင်း ပြုံးပြလိုက်တယ်။

“ ဖန်ကျန်းရှီ။ ငါပဲ ကံဆိုးမလား မင်းပဲ ကံဆိုးသလားတော့ မသိဘူး။ ငါလည်း ညီလာခံ စာမေးပွဲမှာ ဖြေဆိုဖို့ ကြေညာပြီးပြီ။ နောက်ပြီးတော့ မင်းကို ဒီမှာ အနိုင်တိုက်ရတော့မယ်။ မင်းကို ဒီမှာတွေ့မယ်လို့ မထင်ထားခဲ့မိဘူး။ ” ယွီဝမ်ကုဟာ ပြောနေခဲ့တယ်။

“နောက်ပြီးတော့ရော” ဖန်းကျန်းရှီက မေးလိုက်တယ်။

“ ငါလည်း စိတ်မကောင်းပါဘူး ။ဒါပေမယ့်လည်း ကောင်းကင်ဘုံရဲ့ ဆန္ဒအရ မင်း မြို့တော်ကို ရောက်တော့မယ် မထင်ဘူး။”

“ဘာလို့လဲ။”

“ ခြေထောက်ကျိုးနေတဲ့ လူ တစ်ယောက်က ဘယ်လိုများ ညီလာခံ စာမေးပွဲကို ဖြေနိုင်မှာလဲ။ မဟုတ်ဘူးလား။ အာ… ငါမေ့တော့မလို့။ မင်းက အဆင့် လေး အမတ်မင်းပဲ။ အခု ငါသာ မင်းကို ခြေထောက်ချိုးလိုက်ရင် အပြစ်သင့်မှာပေါ့။ အဝတ်အစား အရင်လဲရအောင်”

ယွီဝမ်ကုဟာ ပြောရင်းနဲ့ အမတ်မင်း ဝတ်ရုံကို လဲဝတ်လိုက်တယ်။ အကျီလက်ကို ခါလိုက်ပြီးနောက်။ “ ငါက မင်းလောက် အဆင့်မမြင့်ပေမယ့်လည်း ကိစ္စမရှိပါဘူး ငါတို့ရဲ့ မျိုးရိုးစဉ်ဆက် သူရဲကောင်းသံခမောက်ကိုပါ ထပ်ပေါင်းထည့်လိုက်မယ်။ အဆင်ပြေတယ်မလား။ ဓားသံတမန် အမတ်မင်းကြီး ။

“ ငါထင်တယ်။ … မင်းပြောတာက အဓိပ္မာယ်ရှိတယ်လို့ ။ ” ဖန်ကျန်းရှီဟာ ခေါင်းငြိမ့်ရင်းနဲ့ အတည်ပြုလိုက်တယ်။

…

ဒီလောကမှာ အရာအားလုံးဟာ အစီအစဉ်အတိုင်း ဖြစ်ပေါ်နေတာ ရှားပါးလှတယ်။

မရေမတွက် နိုင်တဲ့ အရည်အချင်းရှိ ကျောင်းတော်သားတွေဟာ မြို့တော်ကို လာရောက်ပြီး ဖန်ကျန်းရှီ ဆီကို ဦးတည်နေကြတယ်။ သူတို့အားလုံးဟာ ဖန်ကျန်းရှီကို အနိုင်တိုက်နိုင်သူတွေ ဖြစ်လိုကြတယ်။

စကားဝိုင်းတွေ အထွဋ်အထိပ်ရောက်ချိန်မှာတော့ ထိတ်လန့်ဖွယ် သတင်း တစ်ခုဟာ မြို့တော်ကို ပျံ့နှံ့လာခဲ့တယ်။ အရည်အချင်းရှိ ကျောင်းတော်သား အများစုဟာတော့ သူတို့ရဲ့ နေရာမှာပဲ အမြစ်တွယ်နေကြတော့တယ်။

အကြောင်းရင်းဟာတော့ ……

ယွီဝမ်ကု ( နိုးထလာသော နဂါးအဆင့် ၁၀) ဟာ ဖန်ကျန်းရှီ နဲ့ တုန်းလင်း မြို့တော်မှာ တွေ့ဆုံကြတယ်။ ယွီဝမ်ကုရဲ့ ခြေထောက်တွေဟာတော့ အချိုးခံလိုက်ရပြီးတော့ ညီလာခံ စာမေးပွဲကနေ အလိုလို နှုတ်ထွက်သွားကြောင်း သတင်းဟာ ရောက်ရှိလာလို့ပဲ ။

ဖန်ကျန်းရှီဟာလည်း အဆင့် ၅၃ ကနေ နိုးထလာသော နဂါး အဆင့် ၁၀ ကို ရောက်ရှိသွားတော့တယ်။

သူဟာ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ သမိုင်းကြောင်း တစ်လျှောက်မှာ ကောင်းကင်ရောင်ပြန် အဆင့် ရောက်ပြီး ခြောက်လ အချိန်အတွင်းမှာ နိုးထလာသော နဂါး အဆင့် တစ်ဆယ် အတွင်းကို ရောက်ခဲ့တဲ့ ပထမဆုံးသော ကျောင်းတော်သားလည်း ။

အပိုင်း (၂၆၅) ပြီး၏။

အပိုင်း (၂၆၆)

“ ငှက်လေး ကောင်ကို ခဲတစ်လုံးနှင့် ထိခိုက်စေခြင်း”

ဒါဟာ စကားသံတွေကို တိတ်ဆိတ်သွားစေခဲ့တယ်။

အခုချိန်မှာတော့ ဖန်ကျန်းရှီက ချီကူယန်ကို စိန်ခေါ်မှှု အကြောင်း များများစားစား မတွေးကြတော့ဘူ ။ အဆင့် ၁ နဲ့ အဆင့် ၅၃ ဟာ ကွာခြားလွန်းလှတယ်။

သို့ပေမယ့်လည်း ….. အခုတော့ သူက အဆင့် ၁၀ ထဲကို ဝင်သွားခဲ့ပြီ။ အရာရာဟာ ကွာခြားမှု နည်းသွားခဲ့ပြီလည်း ။

နောက်ပြီးတော့ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့သူတွေ ပြောပုံ အရ။ ယွီဝမ်ကု ဟာ ဖန်ကျန်းရှီနဲ့ ခဏတာလေးပဲ တိုက်ခိုက်ပြီးတော့ ရှုံးနိမ့်ခဲ တာ ။

ယွံီဝမ်ကုလောက် မသန်မာ သူတွေဟာတော့ ဖန်ကျန်းရှီကို အတော်လေး ကြောက်လန့်နေခဲ့ကြတယ်။

သူတို့ဟာ သူ့တို့ထက် အင်အားနည်းသူကိုသာ ပြဿနာ ရှာရဲကြတာ ။ ဒါပေမယ့်လည်း အကယ်၍ ဒီသူကသာ နိုးထလာသော နဂါး အဆင့် ၁၀ ထက်ပိုပြီး စွမ်းအားကြီးတဲ့ သူ ဖြစ်နေခဲ့ရင်တော့

ဘယ်သူက ကိုယ့်အသားကိုယ် အနာခံရတာ သာယာမှာလဲ။

ဘယ်သူကမှ မိုက်မဲတဲ့သူ မဟုတ်ဘူး။

…

မြို့တော် အတွင်းမှာတော့ ဝေါယာဉ်တွေဟာ အိမ်ရှေ့စံ မင်းသား ရဲ့ နန်းဆောင်ရှေ့မှာ ရပ်လေ့ရှိကြတယ်။

သိပ်မကြာခင်မှာပဲ။ အိမ်ရှေ့စံ မင်းသားဟာ ဝန်ကြီး ယွိယိဖျင်နဲ့ အတူ ညီလာခံကနေ ထွက်လာခဲ့တယ်။

“ လေးစားမှုနဲ့ ဝတ်တရားတွေကို ဘေးဖယ်ထားလိုက်တော့ ညီလာခံစာမေးပွဲ ကို ဘယ်လို မြင်လဲ ပြောကြ။” အိမ်ရှေ့စံ မင်းသားဟာ အိတ်ထဲကနေ ကျောက်စိမ်းပြားလေးကို ထုတ်ရင်း ကစားနေခဲ့တယ်။

သူ့ရဲ့ အကြည့်တွေဟာတော့ ရုံးတော်သား အားလုံးကို ဝေ့၀ဲ နေခဲ့တယ် ။ အိမ်ရှေ့စံ မင်းသား ဟာ နူးညံ့သိမ်မွေ့ပုံပေါ်ပေမယ့်လည်း သူ့ရဲ့ အကြည့်တွေဟာတော့ ထက်မြက်လွန်းလှတယ် ။

ယွီယိဖျင်ဟာလည်း ရှေ့ဘက် ထိုင်ခုံ တစ်လုံးမှာ ဝင်ထိုင်နေခဲ့တယ်။ သူဟာတော့ စကားမပြောခဲ့ပါဘူး။

“ အရှင်မင်းသား။ ကျွန်တော်မျိုးမှာ အမြင် တစ်ခုရှိပါတယ်။ ” အသက် ၂၈ နှစ်အရွယ် အဆင့်လေး အမတ်မင်းဟာ အခန်းအလယ်ကို ထွက်လာပြီးတော့ ပြောလိုက်တယ်။

“ ဆက်ပြောပါ။” အိမ်ရှေ့စံ ဟာ အမိန့်ပေးလိုက်တယ်။

တော်ဝင် ညီလာခံ အတွက်တော့ အသက် ၂၈ နှစ်နဲ့ အဆင့်လေး အမတ်မင်း ရာထူးကို လုပ်နိုင်တာဟာ အတော်လေးကို တော်တဲ့သူပဲ ။ ဒါပေမယ့်လည်း အိမ်ရှေ့စံ မင်းသားရဲ့ နန်းဆောင်မှာတော့ သူဟာ သစ်သားရုပ်လေး တစ်ရုပ်ထက် မပိုဘူး ။ တခြား သော အဆင့် တန်းမြင့် အမတ်မင်းတွေလည်း ရောက်ရှိနေကြတယ်။ သူတို့ထဲမှာ တစ်ချို့ဆိုရင် အဆင့် တစ် အမတ်မင်းတွေတောင်မှ ပါကြတယ်။

ဒါကြောင့် ဒီလို လူငယ် တစ်ဦးက ရှေ့ထွက်လာချိန်မှာ အခြားသော အမတ်မင်းတွေဟာ သူ့ကို စိတ်ပျက်စွာနဲ့ ကြည့်နေကြတယ်။ တစ်ချို့ဆိုရင်ေ ခါင်းခါရင်း သက်ပြင်းချနေခဲ့ကြတယ်။

“ လူငယ်လေး ။ ကိုယ့်နေရာကိုယ် သိသင့်တယ်။ ”

“ ထားလိုက်စမ်းပါ။ လူငယ်တွေကို ဦးစားပေးရအောင်။”

အမတမ်င်း အများစုဟာတော့ သက်ပြင်း ချရင်းနဲ့ နိုင်ငံရေး ကိစ္စတွေကို ဆွေးနွေးနေခဲ့ကြတယ်။

“ ထုံးစံ အတိုင်း ဧကရာဇ်က မေးခွန်းကို တော်ဝင်စာမေးပ ွဲအတွက် ထုတ်ပြီးတော့ စာမေးပွဲ ကြီးကြပ်သူ အဖြစ်တာဝန်ယူမှာပဲ။ သမိုင်း တစ်လျှောက် စာမေးပွဲတွေ အရ ဧကရာဇ်ရဲ့ မေးခွန်းတွေဟာ လက်တွေ့ကို ပိုပြီး လုပ်ဆောင်ခိုင်းတာ များလေ့ရှိတယ်။ ဒီလို ကြောင့် … ကျွန်တော် တို့က ခဲတစ်လုံးနဲ့ ငှက်လေးကောင်ကို ပစ်ဖို့ အခွင့်အရေးရအောင် လုပ်နိုင်မှာပါ။

“ အိုး။ ငှက်လေးကောင်ကို ကျောက်တုံးတစ်တုံးနဲ့ ဘယ်လို ပစ်မျာလဲ။ ဆက်ပြီးတော့ ပြောပါ။ ” အိမ်ရှေ့စံ မင်းသားဟာ သူ့ကို နေရာတစ်ခု ပေးကာ ထိုင်ခိုင်းရင်း ပြောလိုက်တယ်။

လူငယ် အမတ်မင်း ရဲ့ အကြည့်တွေဟာတော့ အေးဆေးနေခဲ့တယ်။ သူဟာ ဦးညွှတ်လိုက်ပြီးနောက် သူ့ဘေးက အကြည့်တွေ အားလုံးကို လျစ်လျူရှုကာ ပြောတော့တယ်။

အမတ်မင်းတွေအားလုံးဟာတော့ ခပ်တိုးတိုး ပြောဆိုနေကြတော့တယ်။ ဒီလိုမျိုး လူငယ်လေးက ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိတာ အတော်လေး ကောင်းတယ်။ ဒါပေမယ့်လည်း ငှက်လေး ကောင်ကို တစ်ချက်တည်းနဲ့ အမိပြစ်မယ် ဆိုတာကတော့ စကားကြီး စကားကျယ် နိုင်လွန်းလှတယ်။

“ မှန်ပါတယ် အရှင့်သာ။ ပထမ တစ်ခုကတော့ ဧကရာဇ်ရဲ့ စိုးရိမ်မှုတွေကို ဖြေဖျောက်ပေးဖို့ပဲ ။ ဧကရာဇ်က နိုင်ငံနဲ့ ပြည်သူတွေ အတွက်လည်း စိုးရိမ်တယ်။ ညီလာခံ စာမေးပွဲကလည်း အရေးကြီးပေမယ့် နိုင်ငံရဲ့ လုံခြုံမှု ကိုတော့ မယှဉ်နိုင်ဘူး။ ရှင်းဟို့ ၊ ကန်လင်းတောင်ကနေ ပြန်လာချိန်တည်းက ဧကရာဇ်ရဲ့ အာရုံအစိုက်ဆုံး ကိစ္စက နယ်စပ်ဒေသ လုံခြုံမှုကိုပဲ။ ” လူငယ်ဟာ ရှင်းပြနေခဲ့တယ်။

“ မင်းရဲ့ နာမည်က ဘယ်သူလဲ။ နောက်ပြီးတော့ မင်းရဲ့ လက်ရှိရာထူးကကော။” အိမ်ရှေ့စံ မင်းသားဟာ ဒီလူကို လေးနက်စွာမေးလိုက်တယ်။

ဒါဟာ မေးဖို့ မေးခွန်းကောင်းတစ်ခု မဟုတ်သလို။ အိမ်ရှေ့စံ မင်းသားလို လူမျိုးက မေးဖို့ ဆိုတာလည်း မဖြစ်နိုင်သလောက်ပဲ။ လူငယ်ဟာ အဆင့် သိပ်မမြင့်တဲ့ အမတ်မင်း တစ်ပါး ဖြစ်နေပင်မယ့်လည်း အိမ်ရှေ့စံ ရဲ့ အမတ်တွေထဲက တစ်ဦးပဲ ။

ကိုယ့် အမတ်ရဲ့ နာမည်ကိုတောင် မသိတာတော့ ဂုဏ်ယူ စရာ တစ်ခုမဟုတ်ဘူး ။

ဒါပေမယ့်လည်း အိမ်ရှေ့စံ မင်းသားက မေးလာခဲ့တယ်။ နောက်ပြီးတော့ လူငယ်ဟာ ဒီမေးခွန်းကို ကြားချိန်မှာတော့ သူဟာ တည်ငြိမ်နေခဲ့တယ်။

အမတ်မင်းတွေရဲ့ မျက်လုံးထဲမှာတော့ မနာလိုမှု အရိပ်အယောင်တွေ ပေါ်ထွက်လာခဲ့တယ်။

ဧကရာဇ်ရဲ့ စိတ်ကိုတောင် မှ ခန့်မှန်း နိုင်တယ်။

အကယ်၍ဒီနေ့မှာ သူ့နာမည်ကို သိခဲ့ရင်တောင် ကိစ္စမရှိဘူး။

နောင်တစ်ချိန်မှာ သူ့နာမည်ကို မှတ်မိနေဖို့ပဲ လိုတယ်။ အိမ်ရှေ့စံ မင်းသားက သူ့နာမည်ကို ဒီနေ့မှာ မှတ်မိသွားခဲ့ရင်နောက်ထပ် မေးတော့မှာ မဟုတ်ဘူး။

နောက်တစ်နည်းပြောရရင်တော့ သူဟာ အမတ်မင်းတွေ အားလုံး အမြဲမှတ်မိနေတဲ့သူ ဖြစ်နေမှာ ။

“အရှင်မင်းသား ကျွန်တော်မျိုး နာမည်က စုချင်းပါ ။အခုချိန်မှာတော့ တော်ဝင်ကျောင်းတော်မှာ သတင်းပို့သူအဖြစ်တာဝန်ထမ်းဆောင်နေပြီးတော့ စာရေးစာချီ အလုပ်ကို အဓိက လုပ်ကိုင်ပါတယ်။” စုချင်းဟာ နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြန်တယ်။

“ စုချင်းလား။ မင်းက မင်းဆရာထက် လက်စောင်းထက်တာပဲ မဆိုးဘူး။” အိမ်ရှေ့စံ မင်းသားက ခေါင်းငြိမ့်လိုက်တော့တယ်။

“ အရှင်မင်းသား ။ အမတ်မင်း စုက လွန်ခဲ့တဲ့ သုံးနှစ် ညီလာခံစာမေးပွဲမှာ ဒုတိယ အဆင့်ကို ရတဲ့သူပါ။ ”

“ ဧကရာဇ်ထံမှာ နောက်လိုက်နောက်ပါ အဖြစ်ယုံကြည်ရသူတွေဟာ အတော်လေးကို ရှားပါးနေခဲ့ပြီ။ ဒီတစ်ခေါက်မှာတော့ ဧကရာဇ်က ဒီကိစ္စကို မေးခွန်းထုတ်မယ်လို့ ခန့မှန်းမိပါတယ်။ ”

“ အမတ်မင်း စုရဲ့ စိတ်ဖြာမှုက ကောင်းမွန်ပါတယ်။ လူတွေနဲ့ ဧကရာဇ် ကြားက ဆက်သွယ်မှု အကြောင်းကို ထောက်ပြနိုင်တယ်။ မင်းက ဧကရာဇ်ရဲ့ စိတ်ကို ခန့်မှန်း နိုင်မှာတော့ ဘာလို့ လွန်ခဲ့တဲ့ လေးနှစ်တုန်းက ညီလာခံစာမေးပွဲမှာ ဝင်မဖြေခဲ့တာလည်း ” အိမ်ရှေ့စံ မင်းသားဟာ သံသယ အပြည့်နဲ့ မေးလိုက်တယ်။

“ ကျွန်တောက် နိုင်ငံ့ တာဝန်ကို ထမ်းဆောင်ချင်တာပါ။ သုခမိန် ဖြစ်ချင်တာ မဟုတ်ပါဘူး။ တာအို နိယာမ အကြောင်းကို အနှစ် ၂၀ကျော် ကြာအောင်လေ့လာခဲ့တယ်။ တော်ဝင်စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီးနောက်မှာတော့ ဘာလို့ ညီလာခံစာမေးပွဲကို ဖြေရအုန်းမှာလဲ။”

“ ဟားဟား ။ အမတ်မင်း စုပြောတာ ယုတ္တိရှိတယ်။ ညီလာခံမှာတော့ ကျင့်ကြံခြင်း ကို မလုပ်နိုင်တော့လို့ လက်လျှော့ပြီး အမတ်လုပ်နေကြသူ တွေရှိတယ်။ ဒါပေမယ့်လည်း မင်းကတော့ လက်လျှော့ခဲ့တယ်။ ” အိမ်ရှေ့စံ မင်းသားဟာ ရယ်မောလိုက်တယ်။

“ကျွန်တော့ရဲ့ စိတ်ကူးကတော့ ရိုးရှင်းပါတယ်။ အရှင်မင်းသား” စုချင်းဟာ လေးစားစွာ ပြောလိုက်တယ်။

“ ကိစ္စမရှိပါဘူး။ လူတိုင်းမှာ မတူညီတဲ့ အိမ်မက်တွေ ရှိကြတာပဲ။ အမတ်မင်းစု။ မင်းက နိုင်ငံရေးကို ပဲ နှလုံးသွင်းထားတော့လည်း မင်းရဲ့ အနာဂတ်ကတော့ တောက်ပနေပြ။ မင်းရဲ့ ရည်ရွယ်ချက် အကြောင်းကို ပြောပါအုန်း ။” အိမ်ရှေ့စံ မင်းသားက လက်ဝေ့ယမ်းကာ ပြောလိုက်တယ်။

“ မှန်ပါတယ်။ ပထမဆုံး ဧကရာဇ်ရဲ့ စိတ်ဆန္ဒကို အရင်ဆုံး နားလည်ပေးဖို့ လိုပါတယ်။ ဒါက သားတစ်ယောက် ဖြည့်ဆည်းရမယ့် တာဝန်ပဲ ။ ဒုတိယတစ်ခုကတော့ ယုံကြည်ရတဲ့ သူတွေနဲ့ ချိတ်ဆက်ဖို့ အဆင့်ပဲ ။ တတိယနဲ့ စတုတ္ထကတော့ ဒီအရာတွေရဲ့ ရလဒ်ကို ကျွန်တော် အစီစဉ် မချထားဘူး ။ ဒါပေမယ့် လည် ဒီကိစ္စတွေသာ ဖြစ်လာခဲ့ရင်တော့ ကျွန်တောတို့မှာ ရွေးချယ်စရာ ရှိမှာ မဟုတ်တော့ဘူး။ ”

“ ငါ့ကို ပြောပြပါ။”

“ ညီလာခံမှာ အိမ်ရှေ့စံ မင်းသားက နိုင်ငံရေးကို ထိန်းချုပ်ပြီးတော့ သွမ့်အရှင်ကတော့ စစ်တပ်ကို ထိန်းချုပ်ပေးတယ်။ ဒါက ဧကရာဇ် ရဲ့ ဆန္ဒလည်း။ ဒါပေမယ့်လည်း ထီးနန်းကို ဆက်ခံတဲ့ နေ့မှာတော့ အရှင်ဟာ စစ်တပ်မရှိတဲံ မင်းတရား ဖြစ်လာလိမ့်မယ်။ ဒါဟာ ပြည်သူ လူထု အတွက်လည်း မကောင်းသလို အင်ပါယာရဲ့ တည်မြဲမှု အတွက်လည်း မကောင်းဘူး ။ အခုချိန်ကနေ စပြီးတော့ အစီအစဉ်ချသင့်တယ်။ ”

“ခမည်းတော်က ငါ့ကို စစ်တပ်ရေးရာ မှာ ပါဝင်တဲ့ အကြောင်း သိပ်ပြီးတော့ သဘောမတွေ့လှဘူး။”

“ ဒါကတော့ အရှင်မင်းသားသာ တိုက်ရိုက်ပါဝင် မပတ်သတ်ဘူးဆိုရင် ရပါတယ်။ ဒါပေမယ့်လည်း သွယ်ဝိုက်တဲ့ နည်းးလမ်းနဲ့တော့် ထိန်းချုပ်လို့ရတယ်။”

“ အိုး။ ဒါဆိုရင် ဘယ်လို လုပ်ရမလဲ။”

“ ကျွန်တော်ကြားတာကတော့ နှစ်စဉ် ကျင်းပတဲ့ ပွဲတော်ဟာ မကြာမီရောက်ရှိတော့မှာ ြဖ်စတယ်။ အကယ်၍ ဒီ ပွဲတော်သာ ညီလာခံ စာမေးပွဲနဲ့ စပ်ဆက်နေမယ်ဆိုရင်တော့ ဒါဆိုရင် တစ်ခုကိုပဲ ပြောဖို့ လိုမယ်။”

“ပွဲတော်က ညီလာခံ စာမေးပွဲနဲ့ စပ်ဆက်မယ်လား။ အစီအစဉ်ကောင်းပဲ။ မြန်မြန်လေး ရမယ့် အကျိုးကျေးဇူး လေးခုကို ပြောပြတော့။” အိမ်ရှေ့စံ မင်းသားဟာ စိတ်လှုပ်ရှားလာတော့တယ်။

ဒီလူက ထုံးစံ အတိုင်းဆိုရင်တော့ အတွေ့အကြုံရင့်တဲ့ အသက်အရွယ်မဟုတ်ပေမယ့်လည်း နိုင်ငံရေးကိုတော့ ကောင်းကောင်းနားလည်တယ်။ ဒါ့အပြင်ကို ထိန်းချုပ်မှု လမ်းကြောင်းတွေကိုလည်း သိတယ်။

အခြားသော အမတ်မင်းတွေဟာလည်း အာရုံစိုက်လာကြတော့တယ်။ သူတို့တွေဟာ အချင်းချင်း စကားပြောနေတာမျိုးမရှိကြတော့ပဲနဲ့ စုချင်းကိုပဲ အာရုံစိုက်ကြတော့တယ်။

ယွီယိဖျင်တောင်မှ စုချင်းကို တချက်ကြည့်လိုက်တယ်။ အဲ့ဒီ့နောက်မ်ှာတော့ သူဟာ ဒုတိယ တစ်ချက် ထပ်မကြည့်တော့ဘူး ။

“ ဒီအကျိုးကျေးဇူးလေးခုက ဖန်ကျန်းရှီ နဲ့ ပတ်သက်တယ်။”

“ ဖန်ကျန်းရှီလား။ ငါနားလည်ပြီ။ အမတ်မင်း စုက ဖန်ကျန်းရှီ အကြောင်းဘယ်လိုတွေးလဲ။” အိမ်ရှေ့စံမင်းသားဟာ အံ့သြသွားခဲ့တယ်။ သူရဲ့ မျက်လုံးတွေဟာတော့ မျှော်လင့်ချက် အရောင်တွေ တောက်ပလာခဲ့တယ်။

“ အရှင့်သားသာ အရှေ့ပိုင်း နန်းတော်မှာ ဆက်လက်တည်မြဲနေသင့်တယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။ ဒါပေမယ့်လည်း ဖန်ကျန်းှရှီက အပြောင်းအလဲကို ယူဆောင်လာနိုင်တဲ့ အကြီးဆုံး ပြဿနာကြီး ဖြစ်နေခဲ့တယ်။ သူ့ကို အခုချက်ခြင်း ထုတ်ပယ်ရ အောင်လုပ်သင့်တယ်။ ဒါပေမယ့်လည်း ”

“ဒါမေပယ့် ဘာဖြစ်လဲ။”

“ ဖန်ကျန်းရှီက အဆင့်လေး အမတ်မင်း တစ်ပါး ဖြစ်နေတဲ့ အတွက် သူ့ကိုဖယ်ရှားဖို့ဟာ ဧကရာဇ်ရဲ့ နောက်ဆုံး အဆုံးအဖြတ်ပေါ်မှာ မူတည်တယ်။ အခုချိန်မှာတော့ ဖန်ကျန်းရှီက သူ့ရဲ့ အထွဋ်အထိပ်နေရာမှာ ရောက်နေတာ ။ သူ့နောက်ကွယ်မှာ မမြင်ရတဲ့ နောက်ခံအင်အားတွေ ရှိနေတယ်။ ချီကူယန်။ အရှင်လီချင်း။ ရှင်းဟို့ ။ ယန်မိသားစု …တွေက တစ်ချို့တစ်ဝက်ပဲ ရှိသေးတယ်။ ဒါပေမယ့် သူတို့တွေကို ကျွန်တော်တို့က ဘယ်လိုမှ မေးခွန်းထုတ်လို့ မရနိုင်ဘူး။”

“ မင်းပြောတာ မှန်တယ်။ ”

“ဒီလိုကြောင့် အခုချိန်က ဖန်ကျန်းရှီကို သတ်ဖို့ အချိန်ကောင်းမဟုတ်နိုင်ဘူးလို့ ကျွန်တော် ထင်တယ်။ အချိန်မကျသေးတဲ့ အတွက် အရှင်လည်း အရှေ့ပိုင်းနန်းတော် တည်မြဲရေးကိုသာ အာရုံစိုက်သင့်ပါတယ်။ ပိုမိုကောင်းမွန်ဖို့ အတွက်လှုပ်ရှားတာဟာ အရှင့်ကို တခြားသူက နောက်ကျောကနေ ဓားနဲ့ထိုးစေတာမျိုးဖြစ်စေနိုင်ပါတယ်။” စုချင်းရဲ့ မျက်လုံးတွေဟာတော့ တောက်ပနေခဲ့တယ်။

သူ့ရဲ့ အကြည့်တွေဟာတော့ ကန်ရေပြင်သဖွယ် တည်ငြိမ်နေခဲ့တယ်။ ကြည့်ရတာ သတ်ဖြတ်ခြင်း ဆ ိုတာ သူနဲ့ လားလားမျှ မသက်ဆိုင်သည့် အတိုင်းပဲ ။ မ

“ သူ့ကို ငါ့အတွက်သတ်ပေးဖို့ တစ်ယောက်ယောက်များရှိနေလား။ ငါနားလည်ပြီ။ မင်းက ငါ့ကို အကျိုးကျေးဇူး လေးခု အကြောင်းပြောပြီးပြီ ဆိုတော့ အစီအစဉ်ကို ပြောတော့။” အိမ်ရှေ့စံဟာ သူ့လက်ထဲက ကျောက်စိမ်း တံဆိပ်ပြားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့တယ်။

“ ကျွန်တော်မျိုးရဲ့ နည်းလမ်းတွေကတော့ ရိုးရှင်းပါတယ်။ အိမ်ရှေ့စံမင်းသားလည်း အတွေးအခေါ်စာမေးပွဲတွေမှာ ဘယ်လိုနည်းလမ်းမှ သုံးမရတာကို သိမှာပါ။ ဒါပေမယ့်လည်း တိုက်ခိုက်ရေးစာမေးပွဲ ကျင်းပရာနေရာကို တောင်ပိုင်းဒေသမှာသာ ကျင်းပနိုင်မယ်ဆိုရင် ဧကရာဇ် ရဲ့ ယုံကြည်မှုကို ရရှိမှာ ။ ” စုချင်းဟာ လေးနက်စွာ ပြောလိုက်တယ်။

“ ဘာပြောတယ်။ တိုက်ခိုက်ရေးစာမေးပွဲကို တောင်ပိုင်းဒေသမှာ ကျင်းပရမယ်။”

“ အမတ်မင်းစု။ ဒါက အိမ်ရှေ့စံအတွက် ကောင်းတဲ့ အရာမဟုတ်ဘူးလေ။ တောင်ပိုင်းဒေသ နယ်မြေက မငြိမ်းချမ်းဘူး။ ဧကရာဇ် က ဘယ်လိုများ တိုက်ခိုက်ရေးစာမေးပွဲကို အဲ့ဒီ့မှာ ကျင်းပဖို့ အတွက် လက်ခံမှာလည်း ”

အမတ်မင်းတွေအားလုံးဟာတော့ ဒါကို ကြားချိန်မှာ ရှေ့ထွက်လာခဲ့တယ်။

“ အမတ်မင်းတို့။ အကုန်လုံး မှားနေပြီ။ ဧကရာဇ် က တောင်ပိုင်းဒေသ မငြိမ်းချမ်းမှုကြောင့် အဲ့ဒီ့မှာ တိုက်ခိုက်ရေးစာမေးပွဲ ကျင်းပမှာကို ပိုပြီးတော့ သဘောတူမှာပါ။” စုချင်းဟာ ယုံကြည်ချက် အပြည့်နဲ့ ပြောနေခဲ့တယ်။

အမတ်မင်း တစ်ဦးဟာ ထပြောမလို့ ကြံနေချိန်မှာပဲ နောက်တစ်ဦးဟာ သူ့ကို တားမြစ် လိုက်တယ်။ အမတ်မင်းဟာ အိမ်ရှေ့စံရဲ့ အမူအယာကို မြင်ချိန်မှာတော့ သူဟာ စကားလုံးတွေကို ပြန်မျိုချလိုက်တယ်။ “ အမတ်မင်းစု ပြောသမျှ အကြောင်း တွေက အတော်လေးကို အဓိပ္မာယ် ရှိလှပါတယ်။ ဒါပေမယ့်လည်း တိုက်ခိုက်ရေးစာမေးပွဲကို နေရာ ပြောင်းပြီးတော့ ကျင်းပတာက ဘာကြောင့် အကျိုးကျေးဇူး လေးခုကို ရနိုင်မှာလဲ။ ” အိမ်ရှေ့စံ မင်းသားဟာ မေးလိုက်တယ်။

အပို်င်း (၂၆၆) ပြီး၏။

အပိုင်း (၂၆၇)

“ညီလာခံ စာမေးပွဲစတင်ပြီ။”

ယွီယိဖျင်ဟာတော့ သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို ချလိုက်တယ်။ သူဟာ စုချင်းကို မကြည့်ပေမယ့်လည်း သူရဲ့ စိတ်ထဲမှာတော့ အထင်ကြီးနေခဲ့တယ်။

စုချင်းဟာ အိမ်ရှေ့စံ မင်းသားကို နောက်တစ်ကြိမ်ဦးညွှတ်လိုက်ပြန်တယ်။

“ အရှင်မင်းသား။ ညီလာခံစာမေးပွဲက အင်ပါယာမှာ အရေးအကြိးဆုံးသော ပွဲတစ်ခုလည်း ။ အကယ်၍ စာမေးပွဲကို အဲ့ဒီ့မှာသာ ကျင်းပလိုက်ရင် တောင်ပိုင်းဒေသလူမျိုးစုတွေကို တန်ဖိုးထားကြောင်းလညး သိသာသွားလိမ့်မယ်။ နောက်ပြီးတော့ ဒီ အခွင့်အရေးကို အသုံးချပြီးတော့ သူတို့ရဲ့ ကြီးမြတ်သော ရှ မင်းဆက် အပေါ်မှာထားတဲ့ အမြင်ကိုလည်း သိခွင့်ရနိုင်တယ်။ အကယ်၍ သူတို့သာ ပုန်ကန်လိုစိတ် ရှိရင်လည်း အရမ်းကြီးလုပ်ရဲမှာ မဟုတ်တော့ဘူး ။ ဒါက ကျွန်တော်တို့ရဲ့ ပထမ အကျိုး တစ်ခုပါ။” စုချင်းဟာ ဖြည်းဖြည်းချင်းပြောနေခဲ့တယ်။

အိမ်ရှေ့စံ မင်းသားဟာတော့ ခေါင်းငြိမ့်ပြီးတော့ နားထောင်နေခဲ့တယ်။

“ ညီလာခံစာမေးပွဲက ငါတို့ရဲ့ အင်အားကို ပြသဖို့ အကောင်းဆုံး အချိန်ပဲ။ ကျွမ်းကျင်မှု ပြည့်ဝပြီးတော့ ထူးချွန်တဲ့ ကျောင်းတော်သားတွေလည်း ဒါက ကျွန်တော်တို့ရဲ့ အင်အားကို ကောင်းကောင်း ဖော်ထုတ်ပြသတာလည်း ဖြစ်စေလိမ့်မယ်။ ကျွန်တော်တို့ရဲ့ အင်အားကိုသာ မြင်ကြရင် ကိစ္စတစ်ခုခုကို မလုပ်ခင်မှာတွေးတော ကြမှာပဲ ။ ဒါက ဒုတိယ အကိျုးပဲ ။”

“ ပြောတာကောင်းတယ်။ ဒီ အကြံပြုချက်တွေက တကယ်ပဲ အောင်မြင်နိုင်တယ်။ နောက်ဆုံး အကျိုးနှစ်ခုကိုကော ဘယ်လို အောင်မြင်နိုင်မလဲ။”

“ ဒုတိယ အကျိုးနဲ့ တတိယ အကျိုးက ဆက်စပ်နေတယ်။ ပြိုင်ပွဲဝင်တွေက တစ်ယောက်တည်း ရှိတဲ့ အချိန်မှာ တောင်ပိုင်းဒေသကို ကြောက်လန့်ကြမှာ အမှန်ပဲ။ ဒီလိုနဲ့ စစ်တပ်ရဲ့ နည်းလမ်းတွေကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနေရာကို လည်း ဖန်တီးနိုင်တယ်။ ဒါဟာ အင်အားတောင့်တင်းတဲ့ စစ်တပ်ကြီးတစ်ခုကို အဲ့ဒီ့ဒေသမှာ တည်ရှိစေနိုင်ဖို့ ဖြစ်စေလိမ့်မယ် ။ ဒါတွေ ဖြစ်လာချိန်မှာလည်း ရှောင်ပြေးလို့ ရနိုင်ဖို့ မလွယ်ကူ တော့ဘူး။”

“ ဒါကလည်း ကိစ္စတစ်ခုပဲ။ အကယ်၍ ငါတို့သာ စစ်တပ်နည်းလမ်းတွေကို လေ့ကျင့်မယ် ဆိုရင်တော့ ဧကရာဇ်ရဲက လက်အောက်မှာ ရှိတဲ့ အရာတွေကိုလည်း မျှော်မြင်နိုင်တယ်။ ဧကရာဇ်ကလည်း မြို့တော်ကနေ နိုင်ငံတော် တစ်ခုလုံးကို ထိန်းချုပ်ဖို့ လိုအပ်တယ်။ ဒါကြောင့် တောင်ပိုင်းဒေသကို ကိုယ်တိုင်သွားရောက်ဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ညီလာခံစာမေးပွဲမှာလည်း ကြီးကြပ်သူ တစ်ယောက် ဖြစ်လာနိုင်တယ်။ သွမ့်အရှင်ကတော့ လက်ထောက်တစ်ယောက်ပဲ ဖြစ်လာလိမ့်မယ်။”

“ကောင်းတယ်။ အရမ်းကောင်းတယ်။ နောက်ဆုံးအကျိုးကို ပြောပြတော့။”

“ နောက်ဆုံးတစ်ခုကတော့ ဓားငှားပြီး လူသတ်ဖို့ပဲ။ သွမ့်အရှင်နဲ့ ဖန်ကျန်းရှီ တို့ရဲ့ ဆက်ဆံရေးက အတော်လေး ကြမ်းတမ်းတယ်။ ဒါကြောင့် ဒီအကြောင်းရင်းကနေ အိမ်ရှေ့စံ အတွက် ကောင်းကျိုးကို ရနိုင်တယ်။ ဒီလို ရွှေရောင် အခွင့်အရေးကို လက်လွှတ်မခံသင့်ပါဘူး။ ” စုချင်းဟာ ဒူးထောက်လိုက်တယ်။

“ အမတ်မင်း စု ။ ကျေးဇူးပြုပြီးတော့ ထပါ။ မင်းပြောတာ မှန်တယ်။ တိုက်ခိုက်ရေးစာမေးပွဲကို တောင်ပိုင်းဒေသမှာ ကျင်းပတာက အတော်လေးကို ကောင်းတဲ့ အတွေးပဲ။ ငါ အခစားဝင်တဲ့ အချိန်ကြရင် ဒါကို လျှောက်တင်ရမယ်.။ ညီတော်ခြောက် ဘယ်လို တုံ့ပြန်မလဲ ကြည့်ရသေးတာပေါ့။ ဟား ဟား ဟား တခြားသူတွေမှာ အကြံရှိကြသေးလား။” အိမ်ရှေစံဟာ မေးမြန်းလိုက်တယ်။

“ အမတ်မင်း စု ကတကယ်ပဲ အမြင်ကျယ်ပါပေတယ်။ ကျွန်တော်မျိုးတော့ နောက်ထပ် အမြင်မရှိတော့ပါဘူး။ ” ယွီယိဖျင်ဟာ မတ်တပ်ထရင်းနဲ့ အိမ်ရှေ့စံကို ဦးညွှတ်ကာ ပြောလိုက်တယ်။

အမတ်မင်းတွေ အားလုံးဟာတော့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းငြိမ့်လိုက်ကြတယ်။ သူတို့က ငတုံးတွေမှ မဟုတ်တာ။ စုချင်းရဲ့ အစီစဉ်ကလည်း ကောင်းတယ်။ အိမ်ရှေ့စံနဲ့ ဝန်ကြိး ယွီယိဖျင်ကလည်း သဘောတူမှာတော့ သူတို့က ဆန့်ကျင်တဲ့ အမြင် ပြောလို့မရနိုင်ဘူးလေ။

“ ကောင်းပြီလေ။ ဒါဆို လုပ်ငန်းစရအောင် ”

…

ညည့်နက် သန်းခေါင်ယံ ။

သွမ့်အရှင်ရဲ့ အထူးလျှို့ဝှက်ခန်းထဲမှာတော့

လူငယ် တစ်ဦးဟာ သံချပ်ကာဝတ် စစ်သည်တွေရဲ့ အလယ်မှာ ရပ်နေခဲ့တယ်.။ သွမ့်အရှင်ဟာတော့ သူ့ရှေ့မှာ ရပ်နေခဲ့တယ်။

သွမ့်အရှင်ရဲ့ နောက်မှာတော့ ဆရာဟွားနဲ့ အကြီးအကဲဝမ်ဟာ ရှိနေခဲ့တယ်။

“ အရှင်မင်းသား ။ အရှင့်ရဲ့ မှာကြားချက်အတိုင်း အစီအစဉ်တွေကို အိမ်ရှေ့စံ ဆီ တင်ပြခဲ့ပြီးပါပြီ။ သူ့ရဲ့ အမူအယာဟာတော့ အတော်လေးကို သဘောတူဟန်ပါပဲ။

ဒါဟာတော့ အဆင့်လေး အမတ်မင်း စုချင်းပဲ ။

“ကောင်းတယ်။ လုပ်တာကောင်းတယ်။” သွမ့်အရှင်ဟာ စုချင်းပြောတာကို ပြုံးပြီးတော့ နားထောင်နေခဲ့တယ်။

“ အရှင်မင်းသား။ စုချင်းက ဒီလို မျိုးကောင်းမွန်တဲ့ အစီအစဉ်ကို အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်။ ” ဆရာဟွားဟာ ထိုင်ခုံကနေ ထရင်း စုချင်းကိုသူ့ ထိုင်ခုံဆီထိုင်ခိုင်းလိုက်တယ်။

“ ဆရာဟွားကိ ုကျေးဇူးတင်ပါတယ်။ အခုတော့ အဆုံးမသတ်သေးပါဘူး။ ပြောဖို့ စောလွန်းပါသေးတယ်။ အိမ်ရှေ့စံမင်းသား ပေးတိုက်တဲ့ ဆုလဒ်တွေလည်း ကျွန်တော့်မှာ ပါလာခဲ့တယ်။ ကျေးဇူးပြုပြီးတော့ ယူပါ။” စုချင်းဟာ ဆရာဟွားနဲ့ သွမ့်အရှင်ကို ဦးည့ွှတ်လိုက်တယ်။. ။

“ ဟားဟား။ အမတ်မင်း စု က အတော်လေးကို စွန့်စားခဲ့ရတာပဲ။ ယွီယိဖျင်ကိုတောင်မှ အရူးလုပ်နိုင်သေးတယ်။ အိမ်ရှေ့စံ ပေးလိုက်တဲ့ လက်ဆောင်တွေကို မင်းပဲ သိမ်းထားလိုက်ပါ။ နောက်ပြီးတော့ ငါ့မှာ အရှေ့ပိုင်း ဒေသက ပုလဲ တစ်လုံးရှိတယ်။ ဒါက ငါ့ကို ဆက်သလာခဲ့တဲ့ အရာတစ်ခုတော့ အခုတော့ မင်း ကိုပေးမယ်။” သွမ့်အရှင်ဟာ လက်ဝါးကို ဖြန့်ပြလိုက်ချိန်မှာတော့ တောက်ပနေတဲ့ ပုလဲတစ်လုံး ထွက်ပေါ်လာခဲ့တယ်။

“ အရှင့်သားကို ကျေးဇူးတင်ပါတယ်။” စုချင်းဟာ ဝပ်တွားလိုက်တယ်။

“ အရှင်မင်းသား။ အခုတော့ အရာအားလုံးကိုနေရာချပြိးပြီ။ ညီလာခံစာမေးပွဲ ကျင်းပချိန်ကို စောင့်ဖို့ပဲ လိုတော့တယ်။ ကျွန်တော်မျိုး အခုပဲ တောင်ပိုင်းဒေသကို သွားပြီးတော့ ပြင်ဆင်လိုက်တော့မယ် ။” အကြီးအကဲဝမ်ဟာ ပြောရင်းနဲ့ ခြေလှမ်းစတောတယ်။

“ကောင်းပြီ။ ဆရာဟွား တစ်ယောက်ကပဲ တောင်ပိုင်းဒေသကို ထိန်းချုပ်နိုင်တာ။ ငါတို့ အစီအစဉ်ရဲ့ အောင်မြင်မှုက ဆရာဟွာအပေါ်ပဲ မူတည်တော့တယ်။” သွမ့်အရှင်ဟာ အကြီးအကဲဝမ်ကို ဦးညွှတ်ရင်းနဲ့ ပြောလိုက်တယ် ။

“ အရှင်သား ကျွန်တော်မျိုး ထွက်ခွာပါတော့မယ်။”

“ အကြီးအကဲဝမ် ။ အပြင်မှာ မှောင်နေပြီ။ ကျွန်တေ်ာ လိုက်ပို့ပါရစေ။” ဆရာဟွားဟာ အကြီးအကဲ ဝမ်ကို ပြောလိုက်တယ်။

“ ကောင်းးပါပြီ။”

…

ချောင်ယန် ပွဲတော်ဟာ နဂါးကိုးကောင်ပွဲတော် အဖြစ်လည်း ကျော်ကြားလှတယ်။ မင်းဆက်တစ်ခုလုံးမှာ အကြီးကျယ်ဆုံးသော ပွဲတော် လေးခုထဲက တစ်ခု ။ ဒီပွဲတော်ကြီးရဲ့ နေ့တွေမှာတော့ မရေမတွက်နိုင်တဲ့ ပွဲတော်ငယ်တွေရှိနေခဲ့တယ်။

ဒီနှစ်မှာတော့ ချောင်ယန်ပွဲတော်ဟာ အတော်လေးကို အဓိပ္မာယ် ပြည့်ဝနေခဲ့တယ်။

နေအပူချိန်ဟာတော့ ပြင်းထန်လှတယ်။

ဆောင်းဦးရာသီရဲ့ အရှိန်အဝါတွေဟာတော့ အရှေ့ပိုင်း နန်းတော်ဂိတ်တံခါးမှာ ထည်ဝါစွာ ထွက်ပေါ်နေခဲ့တယ်။ ရွှေရောင် ဂန္ဒမာပန်းတွေဟာတော့ ပတ်ပတ်လည်မှာ နေရာချထားပြီးတော့ အလယ်မှာတော့ ပိုးသားအနီနဲ့ ဖုံးလွှမ်းထားတဲ့ ကြီးမားလှတဲ့ ပွဲစင်ကြီး တစ်ခု ရှိနေခဲ့တယ်။

အစောင့်တွေဟာတော့ အစဉ်လိုက် တန်းစီကာ ရှီနေခဲ့တယ်။ သူတို့ရဲ့ အမူအယာတွေဟာတော့ တည်ကြည်လေးနက်နေခဲ့တယ်။ ြပ်ည်သူတွေဟာတော့ သူတို့ကို ကျော်ရင်း စင်မြင့်ကို ကောင်းကောင်းမြင်နိုင်အောင် ခုန်ကြည့်နေကြတယ်။

စင်ပေါ်မှာတော့ ။

ဧကရာဇ် လင်းမုပိုင် ဟာ ပွဲတော်ကို ဦးဆောင်ကျင်းပနေခဲ့တယ်။

အကြီးမားဆုံးသော ချောင်ယန်ပွဲတော်ကြီး မှာ များပြားလှတဲ့ ရိုးရာအခမ်းအနား လုပ်ရိုးလုပ်စဉ်တွေ ရှိကြတယ်။ ၂ နာရီ နီးပါးကြာတဲ့နောက်မှာတော့ လုပ်ဆောင် စရာတွေဟာ ဖြည်းဖြည်းချင်း ပြီးဆုံးသွားတော့တယ်။

ဧကရာဇ် လင်းမုပိုင်ဟာ ဝိုင်အရက်တွေကို မြေပြင်ပေါ်ဆီ လောင်းချပြီးတဲ့ နောက်မှာတော့ အခမ်းအနားဟာ တရားဝင်ပြီးဆုံးသွားတော့တယ်။

အပူချိန်ဟာတော့ ထိပ်ဆုံးကို ရောက်နေခဲ့ပြီပဲ ။

ဒါပေမယ့်လည်း အမတ်မင်း တစ်ဦးကမှ မထွက်ခွာဝံ့ဘူး ။ သူတို့တွေအတွက်တော့ ဒီနေ့ အခမ်းအနားဟာ တော်ဝင်စာမေးပွဲနဲ့ ညီလာခံ အကြိုစာမေးပွဲ ဖွင့်လှစ်မှု ဖြစ်တဲ့ အတွက် အရေးကြီးလွန်းလှတယ်။

သူတိုက အားလုံးဟာ ဒီနေ့ကို အကြောင်းအမျိုးမျိုးကြောင့် ရွေးချယ်ထားကြတာ ။ ဂုဏ်ရည်မြင့်မားလှတဲ့ရှေးဘိုးဘေတွေဟာ ပြိုင်ပွဲဝင်တွေကို အင်ပါယာ ဆီ နီးကပ်စေဖို့ ကြံရွယ်ခဲ့မှုကို အလေးအနက် ပြုခြင်းလည်း ။နောက်ပြီးတော့ တော်ဝင် တိုက်ခိုက်ရေး စာမေးပွဲဟာလည်း အခြေအနေ ကိစ္စရပ်တစ်ချို့ကြောင့် ရပ်တန့်ခဲ့ရတာ ဖြစ်တဲ့ အတွက် ပြန်လည် စစ်ဆေးဖို့ အချိန်ကျရောက်နေပြီ ။

သူတို့တွေဟာ ညီလာခံအကြိုစာမေးပွဲ အတွက် စစ်ဆေးမှုကိုပါ အကုန်လုံးပေါင်းစည်းပြီးတော့ ဒီနေ့မှာ ကျင်းပတာပဲ ။

မောင်းသံဟာ ထွက်ပေါ်လာခဲ့တယ်။

ညီလာခံစာမေးပွဲ အကြိုစစ်ဆေးမှု စတင်တော့မှာ။

အရင်တစ်ကြိမ်က ဖြစ်ခဲ့တဲ့ မတော်တဆမှု ကြောင့် အသက်ရှင်ကျန်သူတွေဟာ တစ်ဒါဇင် လောက်ပဲ ရှိတော့တာ ြဖ်စတယ်။ ဒါကြောင့်သိပ်ပြီး ခက်ခက်ခဲခဲ မဖြစ်တော့ပါဘူး။

စည်းမျဉ်းတွေကတော့ ရိုးရှင်းလျွှယ်။ သူတို့တွေဟာ နာမည်ကို မဲခွဲပြီးတော့ ယှဉ်ပြိုင်ကြရမှာ ။

ဖန်ကျန်းရှီ ၊ နန်ကုန်းမု။ ရှင်ချင်းစွေ့။ ယန်ရွယ် အကုန်လုံး ပါကြတယ်။

ဒါပေမယ့်လည်း

ချင်းယန်တော့မရှိဘူး။

ပင်းယန်ဟာ ဧကရာဇ် ရဲ့ဘေးမှာ ထိုင်နေခဲ့တယ်။ သူမဟာ ရွှေနီေရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီးတော့ မကျေမနပ်ရေရွတ်နေခဲ့တယ်။

လူတိုင်းက ဟာ ချင်းယန်က ပင်းယန်မှန်းသိကြတယ်။

ဒါပေမယ့်လည်း အရေးကြီးဆုံးကတော့ ပင်းယန်ဟာ မြို့တော်ကနေ ထွက်ပြေးပြီးတော့ မြောက်ပိုင်းဒေသကို သွားခဲ့တာပဲ ။ သူမကို မဆူတာကပဲ သူမအတွက် အတော်လေးကို ခွင့်လွှတ်ရာရောက်နေပြီ။

ဘယ်လိုများ ပင်းယန်ကို ညီလာခံ စာမေးပွဲမှာ ဝင်ပါပြီးတော့ ပြဿနာ လုပ်ခိုင်းစေလို့ ရမှာလဲ။

နှစ်ဦးတွဲ ပြိုင်ဘက်တွေဟာတော့ သုခမိန်လောကထဲက နောက်ဆုံး အဆုံးအဖြတ်။ တတိယ အချီကို ဝင်ရောက်သူတွေပဲ များပြားလှတယ်။

နန်ကုန်းမု ။ ရှင်ချင်းစွေ့နဲ့ ဖန်ကျန်းရှီ တို့သာလျှင် စတုတ္ထ အချီကို ရောက်နေကြတယ်။

ဒီလိုကြောင့် သူတို့ရဲ့ နာမည် သုံးခုဟာ ဒုတိယ အချီမှာ ပြိုင်ရမယ့် သူတွေနဲ့ အတူ ယှဉ်တွဲခံလိုက်ရတယ်။

ယှဉ်ပြိုင်သူတွေဟာတော့ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ကြတယ်။

ဒါပေမယ့်လည်း

အမတ်မင်းတွေဟာတော့ ဖန်ကျန်းရှီမရောက်သေးတာကို မြင်ချိန်မှာ အံ့သြနေခဲ့ကြတယ်။

လွန်ခဲ့တဲ့ ဆယ်ရက်တုန်းက ဖန်ကျန်းရှီဟာ တုန်းလင်း မြို့တော်မှာ ယွီ်ဝမ်ကုကို အနိုင်တိုက်လိုက်တဲ့အကြောင်း မြို့တော်မှာ တောမီးပမာ ပျံ့နှံ့ နေတာ ။ ဒီခရီးဟာ ရ ရက်တာသာ ကြာမြင့်မှာ ။

သူ အခုတော့ နောက်ကျနေတယ်လား။

ဒါဟာ အမတ်မင်းတွေ အားလုံး မယုံချင်တဲ့ အရာ။ ဒါဟာ ညီလာခံစာမေးပွဲ အကြိုစစ်ဆေးမှုလည်း ။ အရေးအကြီးဆုံးသော အချိန်တစ်ခု ဖြစ်သလို သူတို့ရဲ့ တန်ဖိုးတွေဟာလည်း ကွာခြားမှာ ။

တစ်ယောက်ယောက်က နောက်ကျတာဟာ

“ လူတိုင်းကို အပြစ်ပြုတာနဲ့ အတူတူပဲ ။”

“ ဒါက အပြစ်ပြုတာတင်မဟုတ်ဘူး ။ငါထင်တယ်။ ဖန်ကျန်းရှီက ညီလာခံစာမေးပွဲကို ဝင်ဖြေဖို့ အစီအစဉ်လည်း မရှိလောက်ဘူး။ ”

“ ညီလာခံ စာမေးပွဲကို ဝင်တဲ့သူတွေက အင်အားကြီးလွန်းတော့ သူ လက်လျှော့သွားတာ ဖြစ်မယ်။ မေ့ထားလိုက်တော့ အကယ်၍ သူသာ အချိန်မှီ ရောက်မလာခဲ့ရင် ဆက်ပြိုင် ဖို့ မလိုတော့ဘူး သူ့ ပြိုင်ဘက်ကပဲ အဆင့်တက်သွားလိမ့်မယ်။ ”

“ သူက ညီလာခံစာမေးပွဲ အကြိုစစ်ဆေးမှုကို အောင်နိုင်ရင်တောင်မှ ထိပ်တန်း သုံးဦးထဲတော့ ရောက်မှာ မဟုတ်ဘူး ။”

“ငါလည်း ထင်တယ်။ ထိပ်တန်း သုံးဦးက ရှင်ချင်းစွေ့။ ရန်ရွှယ်နဲ့ နန်ကုန်းမုတို့ပဲ ဖြစ်မယ်။”

“ ရန်ရွှယ်က ကောင်းကင်ရောင်ပြန် အဆင့် ရောက်ခါစပဲ ရှိသေးပင်မယ့် အတွေးအခေါ် စာမေးပွဲမှာ ဒုတိယ အဆင့် ရခဲ့တယ်။ တိုက်ခိုက်ရေးစာမေးပွဲမှာ အဆင့်ကောင်းကောငး ရဖို့တော့ သူ့မှာ ကံကောင်းဖို့ လိုမှာပဲ။

“ သူ့ရဲ့ ကံက ထင်သလောက် မကောင်းမှာကိုပဲ စိုးရတယ်။”

ပြောဆိုနေတဲ့ စကားတွေဟာတော့ တိတ်ဆိတ်သွားခဲ့ကြတယ်။

ရန်ရွှယ်ရဲ့ ကံဟာ တကယ်ပဲ သိပ်မကောင်းပါဘူး။ သူက ရှင်ချင်းစွေ့ သို့မဟုတ်။ နန်ကုန်းမုနဲ့ ရင်မဆိုင်ရတာတောင်မှ သူဟာ ကျန်ရှိနေတဲ့ အင်အားအအကြီးဆုံး ပြိုင်ပွဲဝင်နဲ့ ယှဉ်ပြိုင်ရသူ ဖြစ်ခဲ့တယ်။

သူဟာ ကောင်ကင်းရော်ငပြန်အဆင့်ကို ရောက်နေတာ ကြာပြီဖြစ်တဲ့ ပြိုင်ပွဲ ဝင်တစ်ဦး ။

“ တတိယအချီ။ ရန်ရွှယ်နဲ့ ချန်ယွမ်ဖုန်း ”

ပြိုင်ပွဲ နှစ်ချီ ပြီးတဲ့နောက်မှာတော့ အသံတစ်သံဟာ ထွက်ပေါ်လာောတ့တယ်။

လူတိုင်းဟာတော့ ရန်ရွှယ်ကိုသာ ကြည့်နေခဲ့ကြတယ်။ ဒီနေ့မှာတော့ သူဟာ အဖြူရောင် ဝတ်ရုံနဲ့ အဖြူရောင် သားရေ ဖိနပ်တွေကို စီးထားခဲ့တယ်။

လွန်ခဲ့တဲ့ လတွေ ကနေ နဲ့ သိပ်ပြီးတော့ မကွာခြားဘူး ။

ဒါပေမယ့်လည်း သူဟာ ပိုပြီးတော့ ပင်ပန်းနွမ်းနယ်နေတာကိုတော့ မြင်သာနိုင်သလို။ မျက်နှာဟာလည်း ချောင်ကျသွားခဲ့တယ်။

“ ရန်ရွှယ်က လွန်ခဲ့တဲ့ လတွေမှာ အိမ်ကို ပြန်သွားတယ်လို့ ကြားတယ်။ သူ အရည်အချင်း တိုးတက်လာမလား သိချင်လိုက်တာ။”

“ ဘယ်သူ ဂရုစိုက်မှာလဲ။ ကောင်းကင်ရောင်ပြန် အခြေတည်အဆင့်က အရည်အချင်းတက်လာတော့ ကောဘာလုပ်ရမှာလဲ။ သူ့ပြိုင်ဘက်က လွန်ခဲ့တဲ့ ငါးနှစ်တည်းက အလယ်ပိုင်း အဆင့်ကို ရောက်နေတာ။ ”

“ ခက်ခဲပေမယ့်လည်း ရန်ရွှယ်က နိုင်ုနိုင်ခြေရှိပါတယ်။ နောက်ဆုံးတော့လည်း သူ့မှာ ရ န်မိသားစုရဲ့ ရတနာ ငါးခုထဲက တစ်ခုဖြစ်တဲ့ တောင်နဲ့ မြစ်မိုးမြေ ယပ်တောင်ရှိနေတယ်လေ။”

“စိတ်ဝင်စားစရာပဲ။ ရန်ရွှယ်က အင်အားကြီးတယ်လို့ ကြားဖူးပေမယ့် အခုချိန်မှာတော့ ကိုယ်တိုင်မျက်မြင်တွေ့ရတော့်မှာပဲ။

ရန်ရွှယ်ဟာတော့ စကားသံတွေကို ဂရုမစိုက်စွာနဲ့ပဲ ခုံပေါ်ကနေ ထပြီးတော့ စင်ပေါ်ကို တက်သွာခဲ့တယ်။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ စင်ပေါ်ကို ရောက်သွားခဲ့တယ်။

သူ့ရဲ့ ပြိုင်ဘက်ဟာတော့ ခေါင်းအစ ခြေအဆုံး သံချပ်ကာ ဝတ်ထားပြီးတော့ ရဲရဲတောက် တုတ်တစ်ချောင်း“ဟာ သူ့လက်ထဲမှာ ရှိနေခဲ့တယ်။

ဒီလူ့ကိုယ်ကနေ ထွက်နေတဲ့ အရှိန်အဝါတွေဟာ နီရဲတဲ့ မီးခိုးငွေ့တွေ သဖွယ်။

သူရဲ့ လက်နက်ဟာတော့ သူ့ရဲ့ တိုက်ခိုက်နည်းကို ဖော်ပြနေခဲ့တယ်။

သူဟာ ခွန်အားကို မူတည်ပြီးတော့ တိုက်ခိုက်သူ ။

“ ပြိုင်ပွဲ စတင်ပြီ။”

ကြေညာသူရဲ့ စကားထွက်လာချိန်မှာတော့ ချန်ယွမ်ဖုန်းဟာ သူ့ရဲ့ အငွေ့အသက်တွကို အပြည့်အ၀ ထုတ်လွှတ်တော့တယ်။

သူဟာ အသက် ၄၀ ခန့်ရှိပြီ ြဖ်စတယ်။

သူဟာ ညီလာခံ စာမေးပွဲမှာ ဝင်မဖြေခင်တုန်းကတော့စစ်တပ်မှာ ကျော်ကြားသူ ။ သူဟာ လေအလျင်သဖွယ်တိုက်ခိုက်နှုန်းရှိတဲ့ သားရဲကောင်တွေထက် ကြောက်မက်ဖွယ် ကောင်းသူလို့ ကျော်ကြားတယ်။

သူ့ရဲ့ စစ်တပ်က အတွေ့အကြုံတွေဟာ တန်ဖိုးမဖြတ်နိုင်အောင် များပြားလှတယ်။

ရန်ရွှယ်မှာ တောင်နဲ့မြစ်မိုးမြေယပ်တောင် ရှိတယ်ဆိုတာ သူသိတယ်။ ဒါကြောင့် ရန်ရွှယ် မတိုက်ခိုင်နိုင်ခင်မှာပဲ သူဟာ လှုပ်ရှားဖို့ ပြင်ဆင်လိုက်တော့တယ်။

“မင်းက ယန်မိသားစုကလား။ ရန်ရွှယ် မင်းက အရည်အချင်းရှိတဲ့သူပဲ။ ဒါပေမယ့် မင်းက ငယ်ရွယ်လွန်းတာပဲ သနားစရာကောင်းတယ်။ မင်းရဲ့တောင်နဲ့ မြစ် မိုးမြေ ယပ်တော်င ကို ငါမြင်ဖူးတယ်။ ဒါပေမယ့် မင်းက ငါ့ရဲ့ မီးတောက် ကျွဲကို မမြင်ဖူးဘူး။” ချန်ယွမ်ဖုန်းရဲ့ မျက်လုံးတွေဟာ ရန်ရွှယ်ကို ဝါးစား မတတ်ကြည့်နေခဲ့တယ်။ သူ့ရဲ့ ကိုယ်ကို ဝန်းရ့ပြီးတော့ မီးတောက်တွေဟာ တောက်လောင်လာတော့တယ်။ တကယ့်ကို ဒေါသထွက်နေတဲ့ ကျွဲရိုင်းကြီး တစ်ကောင်နဲ့ တူလွန်းလှတယ်။

အပိုင်း (၂၆၇) ပြီး၏။

အပိုင်း (၂၆၈)

“ရန်ရွှယ်ရဲ့ စွမ်းရည်”

သူဟာ သူ့ရဲ့ မီးတောက်တွေကို အင်အားကြီး သားရဲကောင် အဖြစ်ပုံဖော်လိုက်တယ်။

ဒါဟာ စစ်တပ်မှာ အသုံးများတဲ့ တိုက်ခိုက်ရေးနည်းလမ်း တစ်ခုဖြစ်သလို အသုံးအဝင်ဆုံးသော တိုက်ခိုက်ရေးနည်းတစ်ခုလည်း ဖြစ်ခဲ့တယ်။ အသုံးပြုသူရဲ့ အင်အားကိုလည်း တိုးပွားစေတယ်။

ဒါက ရိုးရှင်းပြီးတော့ တိုက်ရိုက်ဆန်တယ်။

မီးတောက်တွေဟာ ကောင်းကင်ထက်ကို ထိုးတက်သွားတော့တယ်။ ချန်ယန်ဖုန်းဟာလည်း အချိန်မဆွဲတော့ပါဘူး သူဟာ ယန်ရွှယ်ကို ခပ်မြန်မြန်ပဲ ပွဲသိမ်းလိုက်ချင်ေ်နပြီ ။ ဒါကြောင့် သူ့ရဲ့ အင်အားတွေကို ပထမဆုံး တိုက်ခိုက်မှုမှာပဲ အားစိုက်ကာ ထုတ်သုံးလိုက်ပြီ ။

အမတ်မင်းတွေ အားလုံးဟာတော့ ဒါကို မြင်ချိန်မှာ သူတို့ရဲ့ အတွေးတွေကို အတည်ပြုလိုက်တော့တယ်။

“ ရန်မိသားစုရဲ့ တိုက်ရိုက်ဆက်ခံသူ မိသားစု တစ်ဦးအနေနဲ့ ရန်ရွှယ်က နည်းလမ်းအရာမှာ သာလွန်နိုင်တယ်။ ဒါပေမယ့် ချန်ယွမ်ဖုန်းကတော့ သူ့ကို တိုက်ခိုက်ရေးနည်းလမ်းတွေ ထုတ်သုံးဖို့ အတွက် ခွင့်ပြုနိုင်မှာ မဟုတ်ဘူး ။”

“ ရန်ရွှယ်ကို အင်အားသုံးပြီးတော့ ဖိနှိပ်တာက အကောင်းဆုံးသော အမြင်ပဲ။”

“ အနည်းငယ် အားနည်းတဲ့ အတွက် ရန်ရွှယ်က ခံစစ်ကိုပဲ အသုံးပြုလောက်တယ်။ လေအရိပ်နည်းလမ်းကို သုံးပြီးတော့ ခုန်ရှောင်မှာ ဖြစ်နိုင်လောက်တယ်။ ချန်ယွမ်ဖုန်းက သူ့ကို တစ်ချက်တည်းနဲ့ အလဲထိုးဖို့ ဆိုတာကတော့ မဖြစ်နိုင်လောက်ဘူး။

အမတ်မင်းတွေဟာ ခန့်မှန်းရင်း တိုက်ပွဲကိုကြည့်နေကြတယ်။

ခန့်မှန်းပြီးတော့ မှတ်ချက်ပေးတာကတော့ အမတ်မင်းတွေရဲ့ ဝါသနာကြီးတွေထဲက တစ်ခု။ ဒီလိုဆွေးနွေးပြီးတော့ သူတို့ရဲ့ အမြင်ကျယ်မှုကိုလည်း ပြကြတယ် ။

ဒါဟာ ပညာသားပါတဲ့ အနုပညာ တစ်ခုသဖွယ်ဖြစ်နေခဲ့တယ်။ ဒီအနုပညာက ကောင်းတယ်လို့ ဆိုရုံနဲ့တော့ လုံလောက်မှာ မဟုတ်ဘူး။ လူတစ်ယောက်က ဒီလို ပြောဖို့ အတွက် တိုက်ခိုက်သူတွေ အသုံးပြုတဲ့ နည်းလမ်းနဲ့ သူတို့ရဲ့ မိသားစု နောက်ခံ အကြောင်း ပညာသင်ကြားမှုနဲ့ အတွေ့အကြုံတွေကိုပါ လေ့လာရမှာ ။ ဒါက မိမိရဲ့ နားလည်နိုင်စွမ်းကို ဖော်ထုတ်တဲ့ ဂုဏ်ရည်ပြပွဲတစ်ခုလည်း ။

ဒါဟာ နိုင်ငံရေးတစ်ခုပဲ။

မိမိရဲ့ စွမ်းရည်ကို ပြည်သူလူထုဆီ ချပြဖို့ အတွက် အခွင့်အရေးကတော့ နည်းးပါးလွန်းတယ်။ ဒါကြောင့် တိုက်ခိုက်သူတွေကို ခန့်မှန်းချက်ပေးခြင်းနဲ့သာ တိုက်ခိုက်ရေးနည်းလမ်းတွေကို သူတို့နားလည်ကြောင်း ပညာပြရတာ ။

အမတ်မင်းတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေကို သုံးပြီးတော့ ဆုံးဖြတ်နေကြတယ်။

ဒါပေမယ့်လည်း

သူတို့ဟာ ပြဿနာ တစ်ခုကိုထည့်တွက်ဖို့ အတွက် မေ့လျော့နေခဲ့ကြတယ်။ ချန်ယွမ်ဖုန်း ရင်ဆိုင်နေရတဲ့သူဟာ ရန်မိသားစုရဲ့ ဆက်ခံသူ တစ်ယောက်တင် မကဘူး။ သူဟာ ဖန်ကျန်းရှီ ပြီးတဲ့နောက် ကောင်းကင်ရောင်ပြန် အဆင့်ကိုရောက်ရှိခဲ့တဲ့ တတိယလူလည်း ။

သူ့ရဲ့ နာမည်က ရန်ရွှယ် ။

ဒီအချိန်မ်ှာပဲ အမတ်မင်းတွေ အားလုံးရဲ့ ပါးစပ်ဟာတော့ အဟောင်းသား ဖြစ်သွားတော့တယ်။ သူတို့တွေဟာ မယုံနိုင်တဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တယ်။

ရန်ရွှယ်ဟာ လေအရိပ်နည်းလမ်းကို သုံးပြီးတော့ ခုန်ရှောင်ခြင်း မပြုခဲ့ဘူး။

အဲ့ဒီ့အစား သူဟာ ပြေးဝင်သွားခဲ့တော့တယ်။

“ အရမ်းကို သတိလက်လွှတ်နိုင်လိုက်တာာ။”

ဒါက ဘယ်သူမှ မမျှော်လင့်ခဲ့တဲ့ အရာတစ်ခု ။ လူတိုင်းဟာတော့ ဒါမျိုးဖြစ်နိုင်တဲ့ လို့တောင်မှ ထင်ထားခဲ့တာ မဟုတ်ဘူး။ ဒါဟာ လုံးဝကို တွက်ချက်မှုအရ မဖြစ်နိုင်တဲ့ အရာတစ်ခုသဖွယ် ဖြစ်နေခဲ့တယ်။ ကောင်းကင်ရောင်ပြန် အလယ် အဆင့် ကျင့်ကြံသူ တစ်ယောက်ကို အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက်က ဘယ်လိုများ အင်အားအပြည့်နဲ့ တိုက်ခိုက်နိုင်မှာလဲ။

ဒါပေမယ့်လည်း ဒါဟာတော့ ရန်ရွှယ်တကယ်လုပ်ခဲ့တဲ့ အရာပဲ ။

နောက်ပြီးတော့ သူဟာ အင်အားအပြည့်နဲ့ သူ့ရဲ့ ကိုယ်ဟာ ပြောင်းလဲ မှု မရှိသလို အင်အား ထုတ်လွှတ်မှုလည်း တစ်ခုမှ မရှိဘူး။ မီးတောက်လည်းမရှိ။ ရေခဲလည်း မရှိ။ အနည်းဆုံးတော့ လေထုလေးတောင်မှ မရှိဘူး။

“ မင်းက ရူးနေတာပဲ။” ချန်ယွမ်ဖုန်းရဲ့ မျက်လုံးတွေဟာ ပြူးကျယ်သွားတော့တယ် ။ ဒီလို အဖြစ်မျိုးနဲ့ ရန်ရွှယ်ဟာ သူ့ဆီကို လက်လွှတ်စပယ်ပြေးဝင်လာမယ်လို့ မထင်ခဲ့ဘူး ။

သူက သူ့ ပြိုင်ဘက်ရဲ့ စွမ်းအားကို လျော့တွက်နေတာပဲ။

ချန်ယွမ်ဖုန်းဟာ ဒီလို အခွင့်ကောင်းကို ဘယ်လိုများ လက်လွှတ်နိုင်မှာလဲ။ သူဟာ သူ့လက်ထဲက တုတ်ကို ကိုင်မြှောက်ရင်းနဲ့ မီးတောက်တွေကို ကောင်းကင်ထက်စီ လွှင့်ပျံစေလိုက်တော့တယ်။ မီးတောက်တွေဟာတော့ အလွှာသုံးခု ခွဲကာ ရန်ရွှယ့် ဆီကို ပြေးဝင်လာတော့တယ်။

အကယ်၍ ရန်ရွှယ်သာ သူ့ကို လျှော့တွက်တယ်ဆိုရင်တော့ သွေးထွက်သံယို ဖြစ်အောင် ပညာပြရမတာပေါ့။

ဒါပေမယ့်လည်း ဒီအချိန်မှာတော့ သူဟာ အနီရောင် အရာတွေ မြေပြင်ထက်ကို ထိုးထွက်လာတာ မြင်လိုက်ရတယ်။

ချန်ယွမ်ဖုန်းရဲ့ အကြည့်တွေဟာတော့ အေးခဲသွားတော့တယ်။

ဓားနဲ့ အရောင်လင်းလက်တောက်ပမှုကို မြင်ချိန်မှာတော့ ဓားဟာ သူ့မျက်နှာ နဲ့ တစ်လက်မ အကွာမှာသာ ရှိတော့တာ ။ ဒီ ဓားက သူ့ရဲ့ မီးမုန်တိုင်းတွေ အလွှာ သုံးလွှာလုံးကို ဖြတ်သန်းပြီးတော့ ရောက်လာခဲ့တယ်လား။

“ဘွန်း!”

သူ့ရဲ့ ကိုယ်ဟာတော လေထုထဲမှာ လွင့်ထွက်သွားပြီးတော့ စင်အောက်ကို ရောက်သွားတော့တယ်။

ဒီ ပြိုင်ပွဲဟာတော့ ပြီးဆုံးသွားပြီ ။

လေအေးအေးဟာတော့ အမတ်မင်းတွေရဲ့ မျက်နှာကို ဖြတ်သန်းတိုက်ခိုက်နေတော့တယ်။

“ ရန်ရွှယ် နိုင်သွားပြီလား။”

“ တစ်ချက်တည်းနဲ့ နိုင်သွားတယ်တဲ့လား။”

“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ကောင်းကင်ရောင်ပြန် အလယ်အဆင့် ကျင့်ကြံသူကို အခြေတည် အဆင့်က ဘယ်လိုများ နိုင်လိုက်တာလဲ။ နောက်ပြီးတော့ သူတို့က ထိပ်တိုက် တိုက်ခိုက်မှုကြီး ဖြစ်သွားတာ။ ”

“ အရင်လတွေမှာ ရန်ရွှယ်ဘာတွေမှာ လုပ်နေခဲ့တာလဲ ”

အမတ်မင်းတွေ အားလုံးဟာတော့ မျက်လုံးပြူးနေခဲ့ကြတယ်။ ရန်ရွှယ်ဟာ အရည်အချင်းပြည့်လှတဲ့ သူတစ်ယောက်ဆိုတာ သူတစ်ယောက် သူတို့သိကြတယ်။ ဒါပေမယ့်လည်း ဒီလောက်ထိ အရည်အချင်း ပြည့်နေမယ်လို့ မထင်ထားခဲ့မိဘူး။ နောက်ဆုံးတော့လည်း အရည်အသွေးနဲ့ အတွေ့အကြုံက နှစ်ယောက်တွဲ တိုက်ပွဲမှာ သိပ်ကို စကားပြောခဲ့တယ်။

“ ရန်ရွှယ်က အဲ့ဒီ့နေရာ ရောက်သွာပြီးလား။”

“ မင်းက ရန်မိသားစုရဲ့ ကာကွယ်နေတဲ့ နေရာကို ရောက်ပြီးပြီမေးတာလား။ … ငါတော့ မထင်ဘူး။ ရန်ရွှယ်က အခုမှ ကောင်းကင်ရောင်ပြန် အဆင့် တက်ကာစ ရှိသေးတာ။ ရန်မိသားစု က ဘယ်လိုလုပ် သူ့ကို စွန့်စားခိုင်းမှာလဲ။”

“ငါတို့တော့ သူတို့တွေ ဒီလို လုပ်မယ်လို့ မထင်ဘူး။ ကောင်းကင်ရောင်ပြန် အထွတ်အထိပ် ကို ရောက်တဲ့သူတွေတောင်မှ အသက်ရှင်ဖို့ ၃၀% ထက်မပိုဘူး ။ ကောင်းကင်ရောင်ပြန် အခြေတည် အဆင့်ဆိုရင်တော့ အသက်ရှင်ဖိုက ရာခိုင်နှုန်းက၁%ထက်တော်င် မကျော်နိုင်ဘူး။

“  “ အကယ်၍ သူသာ အဲ့နေရာကနေ ပြန်လာတာမဟုတ်ရင် ဒီလောက် လနည်းနည်း အချိန်အတွင်းမှာ ဘယ်လိုများ ဒီလောက်ထိ တိုးတက်လာနိုင်မှာလဲ။”

“ အနောက်ပိုင်းဒေသရဲ့ ရန်မိသားစု… အကယ်၍ ရန်ရွှယ်သာ အဲ့ဒီ့နေရာကို ဝင်ခဲ့ရင် ဒီ ညီလာခံစာမေးပွဲကတော့ အတော်လေးကို စိတ်လှုပ်ရှားဖို့ ကောင်းမှာလဲ။”

အမတ်မင်းတွေ အားလုံးဟာတော့ သူတို့ရဲ့ တိုက်ပွဲအကြောင်း ကို ပြောဆိုနေခဲ့ကြတယ်။ သူတို့ဟာတော့ ရန်ရွှယ်ကို အရင်ကနဲ့ မတူညီစွာကြည့်နေခဲ့ကြတယ်။

သူတို့ရဲ့ အကြည့်တွေမှာတော့ လေးစားမှုနဲ့ အထင်ကြီးမှုတွေ ပါလာခဲ့တယ်။

ဒါပေမယ့်လည်း ရန်ရွှယ်ဟာတော့ ဒီအရာတွေကို ဂရုမစိုက်ဘူး ။ သူဟာ ခေါင်းကို မော့လိုက်ရင်းနဲ့ ကောင်းကင်ကို မြို့တော် တံခါးကို မော့ကြည့်လိုက်တယ်။ သူ့ရဲ့ စိတ်ထဲမှာတော့ လွန်ခဲ့တဲ့ လ အနည်းငယ်တုန်းက မြင်ကွင်းတွေကို ပြန်မြင်ယောင်နေခဲ့တယ်။

“ ငါမင်းကို ညီလာခံ စာမေးပွဲမှာ အနိုင်တိုက်မယ်။”

“ဟား ဟား…. ကြွားနေတာ ရပ်ပါတော့ … ငါက အရမ်းသန်မာတာ ။”

တစ်ချိန်တည်းမှာပဲ သူဟာ ပြုံးလိုက်မိတယ်။ ဒီအပြုံးဟာ သူ့နှလုံးသားထဲကနေ လာတဲ့ ပီတိ။ ဒါပေမယ့်လည်း သူ့ အပြုံးဟာ ချက်ခြင်းဆိုသလို ပျောက်ကွယ်သွားပြီးတော့ အေးစက်တည်ငြိမ်တဲ့ အသွင်ကို ပြောင်းသွားတော့တယ်။

“ ငါက ဒီကို ရောက်နေပြီလေ။ မင်းကကော ဘယ်မှာလဲ။”

…

ဖန်ကျန်းရှီဟာတော့ စိတ်ဓာတ်ကျနေခဲ့တယ်။

ယွီဝမ်ကုကို အနိုင်တိုက်ပြီးနောက် သူဟာ အမျိုးသမီးတစ်ယောက်လိုဝတ်ဆင်ရင်း ခရီးထွက်ခဲ့တယ်။ ဒါကြောင့် ပြဿနာတွေနဲ့ စိန်ခေါ်မှုတွေဟာလည်း အတော်လေးကို လျော့်ကျသွားခဲ့တယ်။

ဒါပေမယ့်လည်း ရာသီဥတုကတော့ သူ့ဘက်ကို မပါခဲ့ပါဘူး။ သူတို့တွေဟာ အပြောင်းအလဲ မြန်လွန်းလှတယ်။

မြစ်တွေကို ဖြတ်ဖို့အတွက် အဝတ်အစားတွေကို ချွတ်ပြီးတော့ ပြန်လဲရတယ်။ နောက်ပြီးတော့ သူ အခုစီးနင်းနေတဲ့ နှင်းမဟူရာမြင်းပျံကလည်း မိုင်တစ်ရာမှာ တစ်ခါ နားရတယ်။ မဟုတ်ရင်မောပန်းမှုကြောင့် ထိခိုက်လိ့မ်မယ်။

လမ်းတစ်လျှောက်လုံးမှာနှောင့်နှေးတာတွေလည်း အများကြီး ။

နတ်ဘုရားတွေတောင်မှ ဒီလိုစိတ်ပျက်ဖွယ်တွေကို ခဏခဏကြုံလာခဲ့ရင် လူသားတွေ ထက်တောင်မှ ညီးညူကြပေလိမ့်မယ်။

ဖန်ကျန်းရှီဟာတော့ လမ်းကျဉ်းကျဉ်းလေးမှာ ပိတ်ထားတဲ့ ကျောက်တုံးတွေကို ကြည့်နေခဲ့တယ်။ သူဟာ စိတ်ပျက်လက်ပျက်ဖြစ်စွာနဲ့ ကျောက်တုံးတွေကို တွယ်တက်လာခဲ့ရတယ်။ နှင်းမဟူရာမြင်းပျံကိုတော့ နောက်မှာ ချန်ထားခဲ့ရတယ်။

“ဒီလို လုပ်သွားတဲ့ ခွေးကောင် ငလူးပဲ။ မင်းနှမဆီကို ငါသွားမယ်။”

“ နှမလား။ ငါ့နှမကတော့ အတော်လေး အသက်ကြီးနေပြီ(မုတ်ဆိတ်ဖြူ သုခမိန် အဖိုးကြီးရဲ့ နှမဟာတော့ အတော်လေးကို အိုနေခဲ့ပါပြီး။” အသံခပ်တိုးတိုးတစ်ခုဟာတော့ တောင်တွေထဲမှာ ပျံ့လွင့်လာခဲ့တယ်။

…

ညီလာခံအကြိုစာမေးပွဲရဲ့ ပထမအချီကတော့ ပြီးဆုံးသွားခဲ့ပြီ ။

ဒုတိယ အကြိမ်ပြန်စချိန်မှာတော့ ဖန်ကျန်းရှီဟာလည်း နာမည်စာရင်းထဲမှာပါလာခဲ့တယ်။ ဒါပေမယ့်လည်း သူဟာ ကံကောင်းဟန်တော့ မရှိခဲ့ဘူး။

သူ့ရဲ့ ပြိုင်ဘက်ဟာ

နန်ကုန်းမု။

“ဒါက နန်ကုန်းမိသားစုက နန်ကုန်းမုလား။”

“ဖန်ကျန်းရှီကတော့ တကယ့်ကိုကံဆိုးတာပဲ။ နန်ကုန်းမုနဲ့မှ ပထမ အချီမှာတွေ့ရတယ်လို့။”

“နန်ကုန်းမုက ကောင်းကင်ရောင်ပြန် အထွဋ်အထိပ်အဆင့်ကို ရောက်နေပြီ။ နောက်ပြီးတော့ ကျောက်စိမ်းနီလာ အနုပညာကိုလည်း သူက သင်ထားတယ်။ နန်ကုန်းမိသားစုရဲ့ ရှေးရိုးရာ ပညာရပ်ကိုတတ်မှတော့ ယွီဝမ်ကုထက် အင်အားမနည်းနိုင်ဘူး။”

“ ယွီဝမ်ကု အကြောင်းပြောခါမှ ။ ဖန်ကျန်းရှီ ဘယ်လိုများ သူ့ကို အနိုင်တိုက်လိုက်တာလဲ။”

“သူက အခု ဒီကိုတောင် မရောက်သေးဘူး။”

စကားပြောသံတွေဟာ ဆူညံလာခဲ့ပြန်တယ်။ စာမေးပွဲရဲ့ စည်းမျဉ်းအရ ပြိုင်ပွဲကို အချိန်မှီ မရောက်သူဟာ အလိုလို ရှုံးနိမ့်မှာပဲ ။

“ သူပုန်းနေပြီလို့ ငါထင်တယ်။”

“ ဖန်ကျန်းရှီ ပျောက်နေတာကို ထူးဆန်းတယ်လို့ မထင်တဲ့သူ ရှိသေးလား။ ဒါပေမယ့်လည်း သူ့ပြိုင်ဘက်က နန်ကုန်းမု ဖြစ်နေမှာတော့လည်း ထူးဆန်းတာ မရှိတော့ပါဘူး။”

“ မှန်တယ။်”

စင်ပေါ်မှာတော့ နန်ကုန်းမုဟာ တိတ်ဆိတ်စွာနဲ့ လူအုပ်ကြီးကို ကြည့်နေခဲ့တယ်။

သူဟာ အေးချမ်းနေပြီးတော့ စကားတစ်ခွန်းမှ မပြောဖို့ ရွေးချယ်ထားခဲ့တယ်။

သူ့လက်ထဲက ကျောက်စိမ်းနီလာ ဓားဟာတော့ တလက်လက် တောက်ပနေခဲ့တယ်။

အချိန်တွေဟာ တရွေ့ရွေ့ကုန်ဆုံးနေခဲ့တယ်။

ငါးမိနစ်ကြာပြီးနောက်မှာတော့ ဖန်ကျန်းရှီရဲ့ ကိုယ်ယောင်ကိုတောင်မှ မမြင်ရသေးဘူး ။

စာစစ်သူတွေဟာတော့ စိတ်မရှည်တော့ပါဘူး။ နောက်ဆုံးတော့လည်း ဧကရာဇ်နဲ့ အမတ်မင်းတွေ အကုန်လုံ းရှိနေတာကြောင့်သာ မလှုပ်ဝံ့တာ ။

သူဟာ သွမ့်အရှင်ကို ကြည့်လိုက်တယ်။

ဒါ တော်ဝင်စာမေးပွဲကို ပြန်စစ်ဆေးတာ ။ အဓိကကြီးကျပ်သူ ဟန်ချန်ဖုန်းက ဥပဒေရေးရာ ဝန်ကြီးဌာန လက်ထဲရောက်နေတော့လည်း လက်ထောက် ကြီးကျပ်သူဖြစ်တဲ့ သွမ့်အရှင်ကိုသာ မေးရတာ ြဖ်စတယ်။

“ကြေညာလိုက်တော့ ” သွမ့်အရှင်ဟာ ခေါင်းငြိ့မ့်လိုက်တယ်။

“ အကို ၆ ။ ကျွန်တော်ကြားတာတော့ ဖန်ကျန်းရှီက တုန်းလင်း မြို့တော်ကို လွန်ခဲ့တဲံ ၁၀ရက်က ရောက်တယ်ကြားတယ်။ အခုတော့ သူရောက်သင့်နေပြီ။ ညီလာခံစာမေးပွဲ ကသူတို့ရဲ့ အနာဂတ်ကို ကူညီပေးမှာ ဘာလို့များ … ” မင်းသားကိုးက ပြောလိုက်တယ်။

“ ဧကရာဇ် နဲ့ အမတ်မင်းတွေကို ဒီလိုပဲ စောင့်ခိုင်းထားရတော့မှာလား။ ညီတော်ကိုး အရေးကြီးတဲ့ ကိစ္စနှစ်ခုကိုတောင် မချိန်ဆနိုင်တော့ဘူးလား။” သွမ့်အရှင်က တည်ကြည်လေးနက်စွာ ပြောနေခဲ့တယ်။

“ တခြား နှစ်ယောက်တစ်တွဲကို အရင် တိုက်ခိုက်ခိုင်းပြီးတော့ ဒီကိစ္စကို ဖြေရှင်းလို့ ရတာပဲ။ ”

“ ဒီတိုက်ပွဲကိုနောက်ရွေ့ရမယ်တဲ့လား။ ညီတော်ကိုး။ မင်းကိုတော့ လေးစားသွားပြီ။ ခါတိုင်းလို မင်း အပျင်းတက်နေတာကိုတော့ မထူးဆန်းတော့ပါဘူး။ တစ်ခုတော့ သတိရလိုက် ။ ငါတို့ အခုဘယ်မှာရောက်နေလဲ ဆိုတာကို။ ဧကရာဇ် နဲ့ အမတ်မင်းတွေ အားလုံးကြည့်နေတယ်။ နောက်ကျနေတဲ့ သူတစ်ယောက် အတွက်နဲ့ တခြားသူတွေကိုပါ နှောင့်နှေးစေလိုက်ရင် စည်းမျဉ်းတွေက် ဘာဖြစ်သွားမလဲ။ ဥပဒေကို မလေးစားရာ ရောက်မသွားဘူးလား။ ဥပဒေကို မလေးစားတဲ့ နိုင်ငံကကော ဘာနိုင်ငံ ဖြစ်သွားမလဲ။” သွမ့်အရှင်ဟာ ပြောဆိုနေခဲ့တယ်။

“မှန်ပါတယ်။ မှန်ပါတယ်။ အကို ၆ ပြောတာတွေက ”

“ကောင်းပြီလေ။ ဒါဆိုရင် ရလဒ်တွေကို ကြေညာရအောင် ” သွမ့်အရှင်ဟာ လက်ကို ဝေ့ယမ်းရင်းနဲ့ ပြောလိုက်တယ်။

“ အမိန့်တော် အတိုင်းပါ။ ” စာစစ်သူဟာ ခေါင်းငြိမ့်လိုက်တယ်။

ဒါပေမယ့်လည်း ဒီအချိန်မှာတော့ နန်ကုန်းမုဟာ ဒူးထောက်ကျသွားခဲ့တယ်။ သူဟာတော့ ဖြူဖျော့နေပြိးတော့ နာကျင်မှုကို အပြင်းအထန် ခံစားနေရတဲ့ပုံပါပဲ။

ရုံးတော်သားတွေ အားလုံးဟာတော့ သံသယဖြစ်တဲ့ အကြည့်တွေ ပေါ်လာခဲ့တယ်။

“ နန်ကုန်းမုမှာ ဘာတွေ ဖြစ်နေတာလဲ။”

“သူက ခုနကအကောင်းကြီးကို အခုတော့ သေလုမျောပါး ပုံစံ ဖြစ်နေတယ်။”

ဧကရာဇ် လင်းမုပိုင်ဟာ နန်ကုန်းမု နာကျင်ခံစားနေရတဲ့ ပုံကိုမြင်ရချိန်မှာတော့ သူဟာ ပလ္လင်ပေါ်ကနေ ထလိုက်တယ်။ နန်ကုန်းမုက သူ့ကို ဒူးထောက်လျက် အနေအထားမှာ ရှိနေတာ ။

“သမားတော်ကို ခေါ်လိုက်ကြ။”

“အမိန့်တော် အတိုင်းပါ။”

“ကျွန်တော်ဒီမှာရှိတယ်။ ” အသံတစ်သံဟာ လူအုပ်ကြားထဲကနေ ထွက်လာခဲ့တယ်။ အဲ့ဒီ့နောက် သက်လတ်ပိုင်း လူတစ်ဦးဟာ စင်ပေါ်ကို ရောက်လာခဲ့တယ်။

အမတ်မင်းတွေဟာတော စိတ်ရှုပ်ထွေးပြီးတော့ ပူပန်နေကြဟန်ပဲ။

ဒါပေမယ့်လည်း ယွီယိဖျင်။ လင်းထျန်ရုံနဲ့ သွမ့်အရှင်တို့ဟာတော့ ဆိုးဆိုးဝါးဝါးကို မျက်နှာ ပျက်နေခဲ့ကြတယ်။

နန်ကုန်းမု အချိန်ဆွဲနေတာကို အသိဆုံးက သူတို့။

ဒါပေမယ့်လည်း သမားတော်တွေ ပတ်ချာလည်ရှိနေတာကြောင့် ပါးစပ်ကို ပိတ်ထားကြရတယ်။

သိပ်မကြာခင်မှာပဲ သမားတော်ဟာ စမ်းသပ်ပြီးစီးသွားခဲ့တယ်။

“အရှင်မင်းကြီး ၊ နန်ကုန်းမုရဲ့ သွေးကြော်တွေက မတည်မငြိမ်ဖြစ်နေပါတယ်။ ဒဏ်ရာဟောင်း ပြန်ဖောက်တာ ဖြစ်နိုင်ပါတယ်။ အခုချိန်မ်ှာတော့ သူက အနားယူဖို့ လိုအပ်နေပါတယ်။”

“ဒီလို ဖြစ်တော့မှလည်း ခနလောက်ရပ်ဆိုင်းကြတာပေါ့။ ” လင်းမုပိုင်ဟာ ခေါင်းငြိမ့်လိုက်တော့တယ်။

“ မှန်လှပါ အရှင်မင်းမြတ်”

စာစစ်သူဟာ ခေါင်းငြိမ့်ပြီးနောက် ကြေညာ်လိုက်တယ်။ “ နန်ကုန်းမုရဲ့ ဒဏ်ရာပြင်းထန်မှုကြောင့် ဖန်ကျန်းရှီနဲ့ တိုက်ပွဲကို ငါးချီမြောက်ဆီရွေ့ဆိုင်းလိုက်တယ်။ ”

“အရှင်မင်းမြတ်ကိုကျေးဇူးတင်ပါတယ်။” နန်ကုန်းမုဟာ အားတင်းပြီးတော့ ဒူးထောက်ရင်း ပြောလိုက်တယ်။

“ရုတ်တရက် ဒဏ်ရာဖောက်တယ် ။ မတိုက်ဆိုင်လွန်းဘူးလား။ ဒါက သက်သက်မဲ့ အချိန်ဆွဲနေတာပဲ။ သူက နိုင်တော့မှာကို။”

“အမတ်မင်းလီ။ မြင်တယ်မလား။”

“ ဟုတ်ပါ့ဗျာ”

“သူဘာလို့လုပ်တယ်ထင်လဲ။”

“…”

“နန်ကုန်းမုက ညီလာခံခန်းမမှာလည်း ဖန်ကျန်းရှီ အတွက်တောင်းဆိုပေးတယ်။ ဒါက အတုံ့အလှည့်သဘောလို့ ထင်ခဲ့တာ ။ ဒါပေမယ့် ဖန်ကျန်းရှီနဲ့ ဒီလို မိတ်ဆွေ ဖြစ်နေမယ်လို့တော့ မထင်ခဲ့မိဘူး။”

“ငါတော့ မထင်ဘူး ။ ဖြစ်နိုင်တာက ဖန်ကျန်းးရှီ သူ့ကို သုခမိန်လောကထဲမှာ ကယ်ခဲ့တာကြောင့်ဖြစ်လောက်တယ်။ ”

စကားသံတွေ ဆွေးးနွေးမှုတွေဟာတော့ ဆက်လက် လှုပ်ရှားနေခဲ့တယ်။

ဒုတိယ အချီကတော့ ရှင်ချင်းစွေ့နဲ့ ကောင်းကင်ရောင်ပြန် အခြေတည်အဆင့် ပြိုင်ပွဲဝင် တစ်ဦး။ သူဟာ ရှေ့တစ်ချီမှာလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့တာ ။ ဒါကြောင့် ရှင်ချင်းစွေ့ကို မြင်ချိန်မှာ သူဟာ အညံံ့ခံချင်နေခဲ့တယ်။

ဒါပေမယ့်လည်း ရှင်ချင်းစွေ့ကတော့ ခွင့်မပြုခဲ့ဘူး။

ရှင်ချင်းစွေ့ဟာ “ ယောကျာ်းမှန်ရင် လက်မလျှော့ဘူး ” ဆိုပြီးတော့ ဝမ်းခေါင်းသံနဲ့ အော်ဟစ်ကာ ထို ပြိုင်ပွဲဝင်ကို စင်ပေါ်ကို ကန်ထုတ်လိုက်တော့တယ်။ ပြင်းပြင်းထန်ထန် ကန်ခံလိုက်ရတာကြောင့် ပြိုင်ပွဲဝင်ဟာ အော်ဟစ်ေ်နခဲ့တယ်။ သူဟာ နောက်တစ်ခေါက် လက်မလျှော့်တော့ပါဘူး လို့ အော်ဟစ်ကျိန်ဆို နေခဲ့တယ်။

အမတ်မင်းတွေဟာတော့ မျက်လုံးပြူးနေကြပြီးတော့ အံ့သြရုံသာ တတ်နိုင်ကြတယ်။ “ စစ်နတ်ကျောင်းတော်ရဲ့ ဆုံးဖြတ်ချက်နဲ့ စိတ်စွမ်းအားကတော့ လေးစားစရာပဲ ။သူတို့ ဒီလောက်အင်အားကြီးနေတာလည်း အဆန်းမဟုတ်တော့ပါဘူး။ ”

တတိယအချီဟာတာ့ ကောင်းကင်ရောင်ပြန် အခြေတည် အဆင့် နှစ်ယောက်ရဲ့ တိုက်ပွဲ ဖြစ်တဲ့အတွက် အတော်လေးကို ပြင်းထန်ခဲ့တယ်။ တစ်ယောက်ဟာတော့ နောက်ဆုံးမှာ ခက်ခက်ခဲခဲ အနိုင်ယူနိုင်ခဲ့တယ်။

နောက်တစ်ယောက် ကတော့ ရန်ရွှယ်။

လူတိုင်းဟာတော့ ရန်ရွှယ် ဘယ်လို နည်းလမ်း ကောင်းတွေကို သုံးပြီးတော့ တိုက်ခိုက်မလဲ သိချင်နေခဲ့ကြတယ် ။ ဒါပေမယ့်လည်း မမျှော်လင့်ခဲ့တဲ့ ရူးချင်စရာ ကောင်းမှုကြီး တစ်ခုပေါ်ပေါက်လာခဲ့တယ်။

အပိုင်း (၂၆၈) ပြီး၏။

အပိုင်း (၂၆၉) အပိုဒ်(၁)

“ ပေါက်ကွဲနေသော ဖန်ကျန်းရှီ”

ရန်ရွှယ်ဟာ သူ့ရဲ့ ပြိုင်ဘက်ကို ပထမတစ်ချီမှာတုန်းက အလဲထိုးခဲ့တယ်။ ဒါပေမယ့်လည်း ဒီတစ်ခေါက် ပြိုင်ဘက်ကတော့ ပိုပြီးတော့ အားနည်းတဲ့ပုံပဲ။

အရင်တစ်ခေါက်မှာတုန်းက တစ်ချက်တည်းနဲ့ အင်အားပြပြီးတော့ ချန်ယွမ်ဖုန်းကို တုန်လှုပ်ခြောက်ခြားစေခဲ့တယ်။

ဒါ့ကြောင့် ဒီအချိန်မှာ တူညီစွာလုပ်ဆောင်လိမ့်မယ်လို့ ထင်ခဲ့တာ ။ ဒါပေမယ့်လည်း သူဟာ လေအရိပ်နည်းလမ်းကို သုံးပြီးတော့ သူဟာ ခုန်ရှောင်နေခဲ့တယ်။

အစကနေ အဆုံးအထိ တိုက်ခိုက်မှု တစ်ခုကိုမှ မလုပ်ခဲ့ဘူး။

ရန်ရွှယ်နဲ့ တိုက်ခိုက်နေတဲ့ ပြိုင်ဘက်ကတော့ မျက်လုံးပြူးနေခဲ့တယ်။ သူဟာ ရန်ရွှယ် စင်ပေါ်ကို ပတ်ပြေးနေတာ တွေ့တဲ့အတွက် သူဟာ ခုခံဖို့ ပြင်ဆင်လိုက်တယ်။ ရုတ်တရက်သူ့ရဲ့ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရတယ်။

“ လက်နက်ပုန်းလား။”

“ သူက အားနည်းတဲ့သူတစ်ယောက်လို ဘာကြောင့်များ ပြုမူနေတာလဲ။”

“ သူကင့ါကို စနောက်ပြီးတော့မှ ပွဲသိမ်းတိုက်ချက်နဲ့ အဆုံးသတ်မှာလား။”

ယှဉ်ပြိုင်သူရဲ့ စိတ်ထဲမှာတော့ မေးခွန်းပေါင်းစုံဟာ ပြည့်နှက်လာခဲ့တယ်။ ဒါပေမယ့်လည်း ချက်ခြင်းဆိုသလို မေ့ဖျောက်လိုက်တယ်။

နှစ်ယောက်တွဲ တိုက်ပွဲမှာ အားနည်းတဲ့သူပဲ လက်နက်ပုန်းတွေကို သုံးမှာ။

ဒါပေမယ့်လည်း ရန်ရွှယ်က ဒီမှာ အားနည်းတဲ့သူ တစ်ယောက်ဟုတ်လို့လား။

လုံးဝကို မဟုတ်ဘူး။

ဒါဆိုရင်။

သူက ဘာလုပ်ဖို့ကြိုးစားနေတာလဲ။

“ သူက အချိန်ဆွဲနေတာ။” ပြိုင်ပွဲဝင်ဟာတော့ အတော်လေးကို ကြိတ်ပျော်နေခဲ့တယ်။ ပြောနိုင်တာကတော့ သူ့ကို ပတ်ဝန်းကျင်က အထင်မသေးတော့ဘူး။

ဒါကို တွေးနေချိန်မှာပဲ ဓားတစ်ချောင်းဟာ သူ့ဆီကို ပြေ်းဝင်လာခဲ့တယ်။

ပြိုင်ပွဲဝင်ဟာတော့ မျက်လုံးပြူးသွားခဲ့တော့တယ်။

အိုး။ ငါထင်တာ သူအချိန်ဆွဲနေတယ်လို့။

“ဘလွန်းးး“ ပြိုင်ပွဲဝင် မတုံ့ပြန်နိုင်ခင်မှာပဲ ဓားအလင်းတန်းဟာ ဝင်ရောက်လာပြီးတော့ သူ့ကို လွင့်ထွက်သွားစေခဲ့တယ်။

သူဟာ စင်ပေါ်ကနေ ပြုတ်မကျသေးပဲနဲ့ ဘေးနားမှာပဲ ရှိနေသေးတာကတော့ အံ့သြစရာပဲ။

နောက်ပြီးတော့ ။

ဓားခုတ်ချက်တွေကလည်း အရမ်းကြီး မပြင်းထန်ဘူး။ အပြင်ပိုင်းဒဏ်ရာလေး တစ်ချို့ကိုသာခံစားရပြီးတော့ အရိုးတွေကျိုးသွားတာမျိုးတော့ မရှိဘူး ။

ရန်ရွှယ်က သူ့ရဲ့ အင်အားကို အပြည့်အဝမသုံးဘူးဆိုတာ သိသာလှတယ်။

အကယ်၍ ပြိုင်ပွဲဝင်သူသာ ရန်ရွှယ်ဘာလုပ်နေမှန်း မသိခဲ့ရင် သူဟာ တကယ့်ကိုငတုံးတစ်ယောက်ဖြစ်သွားလိမ့်မှာပဲ။ ရန်ရွှယ်က အချိန်ဆွဲနေတာ။ ဒါပေမယ့်လည်း အမတ်မင်းတွေကိုတော့ ကြည့်ရတာ မပျင်းစေအောင် လုပ်နေခဲ့တယ်။

ရန်ရွယ်က သူ့ကို သဲအိတ်တစ်လုံးအဖြစ် အသုံးပြုဖို့ ဆုံးဖြတ်လိုက်တယ်။

“ငါက သဲအိတ် အဖြစ်ခံလိုက်ရမှာလား။” ပြိုင်ပွဲဝင်ဟာ မာနကြီးသူ တစ်ယောက်။ မင်းကအချိန်ဆွဲချင်တာလား။ ရတယ်လေ။ ဒါပေမယ့် ငါ့ကို သဲအိတ်အဖြစ်သုံးတာကတော့ ဖြစ်သင့်လို့လား။ ဒါက လက်မခံနိုင်စရာပဲ။

ဒီလောက် အချီအများကြီးကို ကျော်ဖြတ်လာတဲ့သူဟာ ဘယ်လိုလုပ် အားနည်းသူဖြစ်နိုင်မှာလဲ။

ဓားအလင်းတန်းတွေဟာ သူ့လက်ထဲမှာ လှည့်ပတ်လာတော့တယ်။ ဓားအလင်းတန်းတွေဟာ တောက်ပစွာနဲ့ လှပစွာ လည့်ပတ်လာတော့တယ်။

ဒါပေမယ့်လည်း ရန်ရွှယ်က တကယ့်ကို အသုံးမဝင်တာတွေ လုပ်နေခဲ့တယ်။

လေအရိပ်နည်းလမ်းကို သုံးပြီးတော့ ရန်ရွှယ်ဟာ အကုန်လုံးကို ခုန်ရှောင်နေခဲ့တယ်။ ဓားအလင်းတန်းတွေဟာ ရန်ရွှယ်ရဲ့ အဝတ်တွေကို ဖြတ်သွားခဲ့တယ်။

သူဟာ ရန်ရွှယ်ကို နောက် တိုက်ခိုက်ခြင်း နည်းလမ်းတစ်ခုနဲ့ ပြောင်းလဲ တိုက်ခိုက်ခဲ့တယ်။ သူ့ရဲ့ ကိုယ်ဟာတော့ လေထုကို ဖြတ်သန်းပြီးတော့ လွင့်ထွက်သွားခဲ့တယ်။

…

ဆယ့်ငါးမိနစ်ကြာပြီးနောက်မှာတော့ ပြိုင်ပွဲဝင်ဟာ များပြားလှတဲ့ ကန်ချက်တွေနဲ့ လွင့်ထွက်ခဲ့ပြီး ။ အကြိမ်တိုင်းမှာ သူဟာ ကံကောင်းထောက်မစွာနဲ့ပဲ စင်ပေါ်ကနေ ပြုတ်ကျဖို့ အန္တရာယ်နေ အချိန်တိုင်းကင်းလွတ်ခဲ့တယ်။

ရုံးတော်သားတွေအားလုံးဟတော့ ဒီ တိုက်ပွဲကို စိတ်ပျက်စွာနဲ့သာ ကြည့်နေခဲ့ာကတယ်။ “ဒါက တကယ်ပဲ ညီလာခံ အကြိုစာမေးပွဲရဲ့ ဒုတိယ အချီကော ဟုတ်လို့လား။

မိနစ်သုံးဆယ် ကုန်သွားခဲ့တယ်။

၄၅ မိနစ် ကုန်သွားခဲ့တယ်။

၁နာရီ။

တိုက်ပွဲဟာ ဆယ့်ငါးမိနစ် အကြိမ်ပေါင်း များစွာ ကုန်ဆုံးနေခဲ့တယ်။ တိုက်ခိုက်မှု တစ်ချက်ခြင်း တိုင်းမှာလည်း ပျံထွက်သွားသူဟာ အတူတူပဲ ဖြစ်ခဲ့တယ်။

အမတ်မင်းတွေဟာတော့ နေအပူရှိန်ကြောင့် နဖူးကနေ တောင် ချွေးတွေ ဗူးသီးလုံးလောက် စီးကျနေခဲ့တယ်။ ဒီတိုက်ပွဲက ကြာလိုက်တာ။ နေတောင်ခေါင်းပေါ်ကို ရောက်နေပြီ။

နေအပူရှိန်ဟာတော့ ပူပြင်းသည်ထက် ပူလာခဲ့တယ်။

ဒါပေမယ့်လည်း ဘယ်သူကမှ ထပြိးတော့ ထင်မြင်ချက် မပေးခဲ့ဘူး။ နောက်ဆုံးတော့လည်း ဧကရာဇ် ကိုယ်တိုင်ရှိနေမှာတော့ ဘယ်သူကများ ထပြီး ထွက်သွားရဲတော့မှာလဲ။

ဒါပေမယ့်လည်း ဘယ်လောက်ထိ ကြာကြာဒီလို ဆက်ဖြစ်နေအုန်းမှာလဲ။

အမတ်မင်းတွေဟာတော့ စိတ်ပျက်စွာနဲ့ စကားတစ်ခွန်းတောင်မှ မဟနိုင်တော့ပဲ ထိုင်နေခဲ့ရတယ်။

တကယ်တမ်းတော့လည်း ရန်ရွှယ်နဲ့ ရင်ဆိုင်နေရတဲ့ ပြိုင်ပွဲဝင်ဟာ အခံစားရဆုံး။ သူ့ရဲ့ အဝတ်တွေဟာတော့ စုတ်ပြဲ ပျက်စီးနေခဲ့ပြီ။

ဒဏ်ရာ ပြင်းပြင်းထန်ထန် မရသည့်တိုင်အောင်မှ သူ့မှာ လည်း ဒဏ်ရာအနာတရ ပြင်းထန်နေခဲ့တယ်။

အရေးအကြီးဆုံးကတော့ သူဟာ စိတ်ရောကိုယ်ပါ ပြင်းထန်စွာ ဒဏ်ရာရနေတာပဲ ။

သူဟာ ကျိုးပဲ့ပြီးတော့ တစ်စစီ ဖြစ်တော့မယ်။ သူဟာ တကယ်ပဲ ရန်ရွှယ်ကို အနိုင်မတိုက်နိုင်တော့ဘူး။ ဒါပေမယ့်လည်း သူ တကယ်ပဲ အရှုံးပေးဖို့ လိုအပ်နေပြီလား။

ဟုတ်တယ်။ သူ အရှုံးပေးသင့်ပြီ။

“ ငါ ထပ်မခံစားနိုင်တော့ဘူး။ အရှုံးပေးပြီ။” ပြိုင်ပွဲဝင်ရဲ့ မျက်လုံးတွေဟာတော့ တောက်ပလာခဲ့တယ်။ ဒီလိုမျိုး အနိုင်ကျင့်တာမျိုးနဲ့ လူတွေရဲ့ အရှေ့မှာ စော်ကားခံရတာမျိုးကို နောက်ထပ် အဖြစ်မခံနိုင်တော့ဘူး။

“ ဘုန်းးးး”

ပြိုင်ပွဲဝင်ရဲ့ ကိုယ်ဟာ လေထဲကို လွှင့်ထွက်သွားခဲ့တယ်။ ဒီအချိန်မှာတော့ သူဟာ နောက်ထပ် တောင့်မခံနိုင်တော့ပဲနဲ့ စင်ပေါ်ကနေ လွင့်ထွက်သွားတော့တယ်။

လူအုပ်ကြီးဟာတော့ တိတ်ဆိတ်နေခဲ့တယ်။

သူ အရှုံးပေးလိုက်ပြီလား။

အမတ်မင်းတွေ အားလုံးဟာတော့ ခါးသက်စွာပြုံးနေခဲ့ာကတယ်။ သူ့ရဲ့ နေရာမှာဆို လူတွေ အားလုံးက အရှုံးပေးချင်ကြမှာပဲ။

“ရန်ရွှယ် အနိုင်ရသွားပါပြီ။ ” စာစစ်သူဟာ အိပ်ချင်မူးတူးအသံနဲ့ အော်ဟစ်လိုက်တယ်။

သူဟာ ပြိုင်ပွဲဝင် စင်ပေါ်ကနေ ပြုတ်ကျသွားတဲ့အသံကြောင့် နိုးတာလာ။ ရန်ရွှယ်ရဲ့ အောင်မြင်မှုကို ကြေညာပြီးတဲ့နောက်မှာတော့ သူဟာငယ်ထိပ်ကို ရောက်နေတဲ့ နေမင်းကြီးကို မော့ကြည့်လိုက်တယ်။ နေ့လယ်တောင်မှ ရောက်နေပြီပဲ။

ပင်းယန်ဟာ စာစစ်သူရဲ့ အသံကို ကြားချိန်မှာတော့ သူ့မရဲ့ မျက်လုံးတွေဟာ တောက်ပလာခဲ့တယ်။ အဲ့ဒီ့နောက် သူမဟာ ဧကရာဇ်ကို သနားစဖွယ် ခွေးပေါက် မျက်လုံးလေးနဲ့ ကြည့်ရင်း နှုတ်ခမ်း စူကာ ပူဆာနေခဲ့တယ်။

“ ခမည်းတော် ခမည်းတော်။ ပင်းယန်ကို ဒီ ပြိုင်ပွဲကို အကြာကြီးကြည့်လိုက်ရတာ အခု ပင်းယန် ဗိုက်ဆာပြီ။”

“ အိုး။ ပင်းယန်လေး ဆာနေပြီလား။” ဧကရာဇ်ဟာတော့ သူ့ရဲ့ သမီးတော်လေးကို ချစ်ခင်စွာ ပြောလိုကတယ်။

“အရှင်မင်းကြီး ။ အခုက နေ့လယ်ပဲ ရှိသေးပါတယ်။ ကျွန်တော်တို့ ထွက်ခွာဖို့ မသင့်။ ” ဝန်ကြီး ယွိယိဖျင်ဟာ ပင်းးယန်ရဲ့ စကားကိုကြားချိန်မှာတော့ ရှေ့ထွက်လာခဲ့တယ်။

“ ငါတို့ ဘာမထွက်ခွာသင့်တာလဲ။ အခု ပင်းးယန် ဆာနေပြီ။ စားတော့မယ်။ အခုစားချင်တယ်။”

“ မှန်လှပါ။ မှန်လှပါ။ မှန်လှပါ။ မင်းသမီးလေး ဆာနေမှာတော့ ကျွန်တော်မျိုးကြီး အစားအသောက်ပြင်ပေးပါမယ်။ ” ယွီယိဖျင်ဟာ စာစစ်သူဘက်ကို လှည့်လိုက်တယ်။ “ နောက်တစ်ချီကို စတော့ မင်းသမီးလေးရဲ့ အစားသောက်ကို ငါကိုယ်တိုင်ပြင်ပေးမယ်။ ခဏလောက် ထိန်းထားပေး။”

“ အမိန့်တော် အတိုင်းပါ။” စာစစ်သူဟာ ယွီယိဖျင် လိုချင်တာကို ကောင်းကောင်းသိတယ်။ ပင်းယန် မပြောခင်မှာပဲ သူဟာ ကြေညာလိုက်တယ်။ “ နန်ကုန်းမုနဲ့ ဖန်ကျန်းရှီ ”

အမတ်မင်းတွေ အားလုံးဟာတော့ စာစစ်သူရဲ့ ကြေညာသံကို ကြားချိန်မှာ ပြုံးလိုက်ကြတယ်။ ရန်ရွှယ် ဘယ်လိုပဲ အချိန်ဆွဲဆွဲ ။ ပင်းယန် ဘယ်လိုပဲ လုပ်လုပ် အခုတော့ ဘာတတ်နိုင်ကြသေးလဲ။

သူတို့အားလုံးဟာ ဖန်ကျန်းရှီ ကျကြောင်း ကြေညာမှုကို စောင့်ဆိုင်းနေခဲ့ကြတယ်။

ဒီအချိန်မှာပဲ ခပ်ပျင်းပျင်း အသံတစ်ခုဟာ လူအုပ်ထဲကနေ ထွက်လာခဲ့တယ်။

“ ကျွန်တော် ဒီမှာ။”

သိပ်မကြာခင်မှာပဲ ပုံရိပ်တစ်ခုဟာ လူအုပ်ထဲကနေ ထွက်လာခဲ့တယ်။ သူဟာ စင်မြင့်ပေါ်ကို တက်လာရင်းနဲ့ တစ်ကိုယ်တည်း ပြောနေခဲ့တယ်။ “ ငါက အချိန်ကိုက် ရောက်တာလဲ။ ဒီလို အချိန်ကောင်းကို ရောက်ဖို့ အတွက် အတော်လေး စောင့်နေခဲ့ရတာ။ အခုတော့ နောက်မကျတော့ဘူး။”

“ ငါ့ကို အချိန်ကိုက် ရောက်လာတဲ့ လူငယ်လေးလို့ ခေါ်ကြစမ်းပါ။ ” စင်ပေါ်ကို တက်လာခဲ့တဲ့ ပုံရိပ်ဟာတော့ ပြုံးရွှင်စွာနဲ့ အမတ်မင်းတွေကို ကြည့်နေခဲ့တယ် ။ မ

အမတ်မင်းတွေဟာတော့ ဒီလူကို စိတ်ထဲ အသိအမှတ်ပြုပြီးချိန်မှာပဲ အေးခဲတောင့်တင်းသွာကြတော့တယ်။ “ ဒါက ဖန် ဖန်ကျန်းရှီပဲ။”

“ သူတကယ်ပဲ ရောက်လာပြီ။ ဘာ။ နောက်မကျဘူးတဲ့လား။”

“အချိန်ကိုက်ရောက်လာတဲ့ လူငယ်လေးတဲ့ ။ ဒီ့ထက် အရှက်မရှိစရာ ဘာကျန်သေးလဲ။”

အမတ်မင်းတွေဟာတော့ ဒေါသပေါက်ကွဲနေခဲ့ကြတယ်။ အကြောင်းဟာတော့ ဖန်ကျန်းရှီ နောက်ကျလို့မဟုတ်ဘူး။ ရန်ရွှယ်က အချိန်ကို အကြာကြီးဆွဲခဲ့တာကြောင့် သူတို့ နေပူပူမှာ အချိန်ၤအကြာကြီး စောင့်နေခဲ့ရတာကြောင့်ပဲ ။ “

“ မင်းကိုကြည့်ရတာ အတော်လေးကို ပိန်ကျသွားတယ်။ ဒီလတွေမှာ ဘာတွေများ လုပ်နေလု့လဲ။ ငါ့မှာ အသားတွေ နဲ့ ဒေသထွက် စားစရာတွေ ပါလာတယ်။ ဒီ ပြိုင်ပဲ ပြီးသွားရင် ငါမင်းကို အသားကင် ကျွေးမယ်။” ဖန်ကျန်းရှီဟာ ရန်ရွှယ်ကို စင်ပေါ်ကနေ လှမ်းကြည့်ရင်း ပြောလိုက်တယ်။

“ ကောင်းလိုက်တာ ကောင်းလိုက်တာ။ ငါလည်း စားချင်တယ်။ ” ရန်ရွှယ် ပြန်မဖြေနိုင်ခင်မှာပဲ ပင်းယန်ဟာ ချက်ခြင်း ဆိုသလို ထပြီးတော့ အော်ပြောလိုကတယ်။

“ မင်းငါ့ကို အကြွေးတွေတောင် မဆပ်ရသေးပဲနဲ့။ အစားကျတော့ စားချင်တယ်ပေါ့။” ဖန်ကျန်းရှီဟာ ပင်းယန်ကို ကြည့်ရင်းပြောလိုက်တယ်။

အမတ်မင်းတွေဟာတော့ ဖန်ကျန်းရှီရဲ့ စကားလုံးတွေကို မျက်လုံးပြူးနေခဲ့ကြတယ်။ ဂုဏ်သရေ ကြီးမားလှတဲ့ မင်းသမီးလေးက မင်းဒီလိုပြောလိုက်တော့ ဘာဖြစ်သွားမလဲ ။ ဒါတင်မကဘူး မင်းသမီးလေးကို အကြွေးတောင်းနေတယ်တဲ့လား။

သူတို့အားလုံးဟာ ပင်းယန် ဖြန်ခဲ့တဲ့ ကောလဟာလကို ကောင်းကောင်း မှတ်မိနေကြသေးတယ်။

တစ်ညကိုငွေသား တစ်သောင်းခွဲ။

ဒါကများမှန်နေမလား။

“ အာ နင်ကလည်း ။ ငါက ဦးလေးဖန်နဲ့ အဒေါ်ချီ တို့ရဲ့ အိမ်မှာနေတာလေ. နင့်အိမ်မှာနေတာမှ မဟုတ်ပဲ။ ဘာလို့ နင်က အကြွေးလာတောင်းနေတာလဲ။“ ပင်းယန်ဟာ ဖန်ကျန်းရှီကို စိတ်ပျက်စွာနဲ့ ကြည့်နေခဲ့တယ်။

“ ဥ ီးေ လ းဖန်။ အဒေါ်ချီ”

အမတ်မင်းတွေရဲ့ မျက်လုံးထဲမှာတော့ ကြောက်ရွံ့မှုတွေ ပြည့်နှက်လာတော့တယ်။ ပင်းယန် က မင်းသမီးတစ်ပါး သူမက သာမာန် ပြည်သူ နှစ်ယောက်ကို အဒေါ်တွေ ဦးလေးတွေ ခေါ်နေတယ်။ ဒါက

“ ပင်းယန်။ အဲ့လောက် အကျယ်ကြီးမအော်နဲ့လေ။” ဧကရာဇ် လင်းမုပိုင်ဟာ အခု ဖြစ်သွားတဲ့ အဖြစ်ကို ချက်ခြင်း သတိပြုမိလိုက်တဲ့ အတွက်သူဟာ ရွေးချယ်စရာမရှိပဲ သတိပေးလိုက်ရတယ်။

“အိုး။” ပင်းယန်ဟာ သူမရဲ့ နှုတ်ခမ်းကို လက်နဲ့ ကာလိုက်တယ်။ သူမဟာ ဖန်ကျန်းရှီကို မျက်လုံးမှေးပြီးတော့ စိုက်ကြည့်နေပုံဟာ ဆိုရင်ဖြင့် “ ငါနင့်ကို တစ်ပြားမှ မပေးဘူး။ အဲ့တော့ နင်ဘာလုပ်ချင်လဲ။” လို့ ပြောနေဟန်ပါပဲ။

ဖန်ကျန်းရှီဟာတော့ ပင်းယန်ကို လျစ်လျူရှုရင်းနဲ့ ရန်ရွှယ်ကို မေးလိုက်တယ်။ “ ဒါဆိုရင် ဘယ်လိုလဲ။ မင်းစားမှာလား။”

“စားမှာပေါ့။ ” ရန်ရွှယ်ဟာ ခေါင်းငြိမ့်ရင်းနဲ့ စင်ပေါ်ကနေ ဆင်းလာခဲ့တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ နှုတ်ခမ်းတွေဟာတော့ စိတ်သက်သာရာရသွားတဲ့ အမူအယာနဲ့ တွန့်ကွေးနေခဲ့တယ်။

“ဖန်ကျန်းရှီ။” နန်ကုန်းမုဟာ စင်ပေါ်ကို အေးဆေးတည်ငြိမ်စွာ တက်လာခဲ့တယ်။ သူ့ရဲ့ အေးချမ်းတဲ့ မျက်လုံးတွေဟာတော့ တလက်လက် တောက်ပနေခဲ့တယ်။ ဒါဟာတော့ စိတ်ခံစားချက် တစ်ခုမဟုတ်ပဲနဲ့ တိုက်ပွဲ ဝိဉာဉ်ကြောင့်သာ ။

“ ငါမင်းကို မတွေ့ရတာ လနည်းနည်းပဲ ရှိသေးတယ်။ မင်း အသားတွေ ညိုသွားတယ်။ ”ဖန်ကျန်းရှီဟာ နန်ကုန်းမုကို နှုတ်ဆက်လိုက်တယ်။

“ငါတို့ တိုက်ခိုက်မယ်။” နန်ကုန်းမုဟာတော့ ဖန်ကျန်းရှီ ထက်အလျင်လိုနေဟန်ပါပဲ။”

“ အခုချိန်မှာတိုက်ရမယ်တဲ့လား။ ဒါ ကောင်းတယ်လို့တော့ ငါမထင်ဘူး။” ဖန်ကျန်းရှီဟာ တလေးတစားနဲ့ ပြောလိုက်တယ်။

“ ငါတော့ အသင့်ဖြစ်နေပြီ။” နန်ကုန်းမုဟာ သူ့ရဲ့ ကျောက်စိမ်နီလာ ဓားမောင်နှံကို ရွေ့လျားလိုက်တယ်။ တိုက်ပွဲ အငွေ့အသက်ဟာတော့ လေထုကို လေးလံ စေခဲ့တယ်။

ဖန်ကျန်းရှီဟာတော့ စိတ်ပျက်စွာနဲ့ ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက် သူဟာ နန်ကုန်းမုဆီကို လျှောက်သွားခဲ့တယ်။ မတိုက်ခိုက်ခင် လက်ဆွဲ နှုတ်ဆက်ရအောင်။”

နန်ကုန်းမုဟာတော့ မျက်လုံးပြူးနေခဲ့တယ်။ သူဟာ ဖန်ကျန်းရှီကို ကြည့်ရင်းနဲ့ လက်ကို ဆန့်ထုတ်လိုက်တယ်။ တစ်ခဏတာတွေဝေနေပြီးေနောက်မှာတော့ သူဟာ ဓားနှစ်ချောင်းလုံးကို ဘယ်ဘက်လက်မှာ ထားလိုက်ပြီးတော့ ညာလက်ကို ကမ်းလိုက်တယ်။

“ငါ့ရဲလက်နက်ပုန်းကို ယူလိုက်” နန်ကုန်းမုရဲ့ ညာလက်ဆန်ကထွက်လာချန်မှာပဲ ဖန်ကျန်းရှီရဲ့ လက်ထဲကနေ အလင်းတန်းတစ်ချို့ ထွက်လာတော့တယ်။ နန်ကုန်းမုကို တစ်ခဏတာဆွံ့အသွားစေခဲ့တယ်။

အမတ်မင်းတွေဟာတော့ စိတ်ရှုပ်ထွေးမှုအပြည့်နဲ့ကြည့်နေခဲ့ကြတယ်။ သူပဲ လက်ဆွဲနှုတ်ဆက်မယ်လို့ ပြောခဲ့တာမလား။ ဘာလို့ လက်နက်ပုန်းကို ထုတ်သုံးတာလဲ။

အပြောင်းအလဲကလည်း မြန်လိုက်တာ။

“ အရှက်မရှိလိုက်တာ။”

“တစ်စက်မှကို အရှက်မရှိဘူး ”

“ချောင်းမြောင်းတိုက်ခိုက်တယ်။”

အမတ်မင်းတွေဟာတော့ ကျိန်ဆဲကုန်ကြတော့တယ်။

“ဒီကောင် ဒီလောက်ထိ အရှက်မဲ့မယ်လို့ မထင်ထားခဲ့မိဘူး။” ပင်းယန်ဟာ တအံ့တသြနဲ့ ပြောနေခဲ့တယ်။ သူမဟာ တကယ်ပဲ ဖန်ကျန်းရှီ ဒီလောက်ထိ တော့ မထင်ထားခဲ့ဘူး ။

ဒီလိုမျိုး အပြစ်လုပ်ပြီးတာတောင်မှ ဖန်ကျန်းရှီကတော့ အေးအေးဆေးဆေးပဲ။

ဖန်ကျန်းရှီ ဟာ နန်ကုန်းမုရဲ့ အစွမ်းကို အံ့အားသင့်နေခဲ့တယ်။ ကျောက်စိမ်းနီလာ ဓားပညာကိုတော့ သူမြင်ခဲ့ဖူးပြီး ။

ဒီလိုမျိုး အင်အားကြီးတဲ့ ပြိုင်ဘက်နဲ့ တိုက်ခိုက်ရတာကတော့ သူ့အတွက်ပုံမှန်ပဲ။ အရူးတွေပဲ မစဉ်းစားမဆင်ခြင်ပဲ လုပ်လိမ့်မယ်။

နောက်ပြီးတော့

နန်ကုန်းမုကလည်း သူ့ကိုသူ အဆင်သင့်ဖြစ်ပြီလို့ပြောထားခဲ့တယ်။

“ ကလင် ကလင် ကလန်” ငွေရောင် အပ်တွေဟာ မြေပေါ်ကို ကျလာတော့တယ်။ နန်ကုန်ုးမုဟာတော့ နောက်ဆုတ်မသွားခဲ့ဘူး။ သူဟာ သူ့ရဲ့ ဘယ်ဘက် လက်ထဲက ဓားကိုသုံးပြီးတော့ ပိတ်ဆို့တိုက်ခိုက်နေခဲ့တယ်။ မှန်နဲ့ တူတဲ့ ရေခဲလွှာတစ်ချပ်ဟာ သူ့ရှေ့မှာ ပေါ်လာခဲံတယ်။

ငွေအပ်တွေ အားလုံးဟာလည်း စိုက်ဝင်ကုန်ကြတော့တယ်။

“ ဖန်ကျန်းရှီ။ မင်းက နည်းနည်းလေးတောင်မှ မပြောင်းလဲသေးပါလား။” နန်ကုန်းမုဟာတော့ ဒီလို အချောင်ခိုတိုက်ခိုက်တာကို အံ့သြဟန်မရှိပါဘူး။ ဒါပေမယ့်လည်း ဖန်ကျန်းရှီကိုတောင် ပိုပြီးတော့ လေးစားလာခဲ့တယ်။

ကြည့်ရတာတော့ မျက်စိလည်ချင်စရာပါပဲ။

ဒါပေမယ့်လည်း ဒီလောက်ထိတော့် မရှုပ်ပါဘူး။

သုခမိန်လောကထဲမှာ ဖန်ကျန်းရှီက ဒီလိုနည်းလမ်းတွေကို အသုံးပြုပြီးတော့ ယဉ်ရှန်ကို အရူးလုပ်ခဲ့တယ်။

အကယ်၍ ဖန်ကျန်းရှီသာ ဒီလိုနည်းလမ်းတွေကို မသုံးပဲနဲ့ တကယ်တမ်း အားစိုက်ပြီးတော့ တိုက်ခိုက်တဲ့ တိုက်ပွဲကတော့ ….

နန်ကုန်းမုဟာ ဖန်ကျန်းရှီ စိတ်ပါလက်ပါနဲ့ တိုက်ခိုက်နေတယ်လို့ မထင်သေးဘူး။

“ချီးမွမ်းတာကျေးဇူးပဲ။” ဖန်ကျန်းရှီဟာ နန်ကုန်းမုရဲ့ ချီးမွမ်းမှုကို လက်ခံလိုက်ပြီ်းနောက် သူဟာ ပျော့အိအိ နဲ့ ဖျစ်ညှစ်လို့ရတဲ့ အရာတစ်ခုကို သူ့လက်ထဲမှာ ဆုပ်ကိုင်ထားခဲ့တယ်။

အလင်းတန်းတွေဟာ ဖြာထွက်လာခဲ့တယ်။

တစ်ချိန်တည်းမှာပဲ စင်မြင့်တစ်ခုလုံးကို အဖြူရောင် အလင်းတန်းတွေ ဖုံးအုပ်သွားတော့တယ်။

“ မိုးနတ်မင်းရေ. ငါ့မျက်လုံးတွေ။ ငါ့မျက်လုံးတွေ။ ”

“ဒါက ဘာလဲ။”

“ဘာလို့ငါမမြင်ရတော့တာလဲ။”

အမတ်မင်းတွေအားလုံးဟာ အော်ဟစ်နေကြတော့တယ်။ အလင်းရောင်က တောက်ပလွန်းတယ်။ မရေမတွက်နိုင်တဲ့ အလင်းတန်းတွေက သူတို့ရဲ့ မျက်လုံးတွေကို ထိုးဖောက် တိုက်စားပြစ်လိုက်သလိုပဲ။

လူအုပ်ကြီး တစ်ခုလုံးဟာတော့ ယောက်ယက်ခတ်နေခဲ့တယ်။

ဒါပေမယ့်လည်း အဖြူရောင်ဟာ သိပ်မကြာခင်အချိန်မှာပဲ တောက်ပလာခဲ့တယ်။ အဲ့ဒီ့နောက် သေးငယ်တဲ့ အရာလေးတစ်ခု တောက်ပနေတာကို တွေ့လိုက်ရပြန်တယ်။

အပြာရောင်ဖျော့ဖျော့လေး တောက်နေတာမျိုး ။

အတော်လေးကို လင်းလက်လွန်းလို့ သူတို့ရဲ့ မျက်လုံးတွေကိုတောင်မှ အမြင်အေးစေခဲ့တယ်။ အဲ့ဒီ့နောက် အပြာရောင် အလင်းတန်းလေးဟာ အရာဝတ္ထု တစ်ခု အဖြစ်ထင်ရှားလာတော့တယ်။ ဒါဟာ နီလာတစ်လုံးနဲ့ တူတယ်။ ဒါပေမယ့်လည်း တဖျတ်ဖျတ်တောက်နေတဲ့ အလင်းတန်းတွေက ဝန်းရံထားခဲ့တယ်။

တဖျတ်ဖျတ် ။ တဖျတ်ဖျတ်တောက်နေခဲ့တယ်။

“အဲ့တာဘာကြီးလဲ“

“ဘာလို့ ငါ့မျက်လုံးတွေ မှေးလာတာလဲ။”

 “ပလွတ်!”

အမတ်မင်း တစ်ဦးဟာ ထိုင်ခုံပေါ်ကနေ ပြုတ်ကျတော့တယ်။ အဲ့ဒီ့နောက် ဒုတိယတစ်ယောက် တတိယ တစ်ယောက် အများကြီး မြေပြင်ပေါ်ကို ရောက်ရှိကုန်ကြတော့တယ်။

ဒါတွေ ဘာ ကြောင့် ဖြစ်လည်းတော့ မသိကြတဲ့ သူတွေများတယ်။ ဒါပေမယ့်လည်း စူးစမ်းလေ့လာတတ်သူတွေကတော့သိတယ်။ … ဘယ်လောက်တောင် အထင်ကြီးဖို့ ကောင်းလိုက်သလဲ။

အပိုင်း (၂၆၉) ပြီး၏။

အပိုင်း (၂၇၀)

“ နက်နဲလှသော လျှို့ဝှက်ချက်”

ညှို့ယူခံလိုက်ရတဲ့ သူအများစုဟာတော့ အစောင့်တွေ ဖြစ်ကြတယ်။

သူတို့ဟာ မတ်တပ်ရပ်ပြီး အိပ်ပျော်သလို ဖြစ်နေကြတယ်။

ကျန်နေတဲ့ စစ်သည်တွေဟာတော့ အော်ဟစ်လိုက်ကြတယ်။ “ ဧကရာဇ်ကို ကာကွယ်ကြ”

“ဧကရာဇ်ကို ကာကွယ်ကြ“

…

“အဲ့တာ။ အဲ့တာက အိပ်မွေ့ချ မျက်ဝန်းပဲ။”

အမတ်မင်း တစ်ဦးဟာတော့ ဒီနီလာတုံးကို သတိရသွာခဲ့တယ်။ ဒါပေမယ့်လည်း အချိန်ကတော့ နှောင်းသွားခဲ့ပြီ။ ခေါင်းတွေ မူးဝေပြီးနောက်မှာတော့ သူ့ရဲ့ မျက်နှာဟာလည်း ခေါင်းငိုက်စိုက်ကြသွားတော့တယ်။

“အိပ်မွေ့ ချမျက်ဝန်း ”

“ မျက်လုံးတွေကို ပိတ်လိုက်”

“မကြည့်ကြနဲ့။”

ထိတ်လန့်တကြားသတိပေးသံတွေဟာ ပေါ်လာခဲ့တယ်။ ဒါပေမယ့်လည်း မျက်စိဖွင့်လျက်ရှိတဲ့ လူတွေကိုတော့ မတားမြစ်နိုင်ခဲ့ပါဘူး။

အပြစ်သား ။ဖန်ကျန်းရှီကတော့ အိပ်မွေ့ချ မျက်ဝန်းကို လေထဲမှာ လွတ်လွတ်လပ်လပ် မြှောက်ထားရင်းနဲ့ နေရာပေါင်းစုံကို တောက်ပအောင် လုပ်နေခဲ့တယ်။

“ ဖန်ကျန်းရှီ။ အရှက်မရှိတဲ့ ကောင်စုတ်”

ဖန်ကျန်းရှီက အချိန်ယူပြီး ပြသနေချိန်မှာပဲ မာဆတ်ဆတ် အသံဟာ ထွက်လာခဲ့တယ်။

ပင်းယန်တော့ ဒေါသထွက်နေခဲ့တယ်။ သူမ အိပ်ငိုက်ပြီးတော့ မြေပြင်ပေါ်တောင် ပြုတ်ကျတော့မှာ။

ဧကရာဇ် ကသာ သူမကို မနှိုးလိုက်ဘူးဆိုရင် အခုချိန်မှာတော့ သူမရဲ့ ဂုဏ်သတင်း လေး ရေစုန်မျောရတော့်မှာပဲ။

အိမ်ရှေ့စံမင်းသား နဲ့ သွမ့်အရှင်တို့ဟာတော့ မူးမေ့ အိပ်ပျော်သွားတဲ့ အတွက် သူတို့ရဲ့ ဘေးနားက လူတွေဟာ သူတို့ကို တွဲပေးထားကြရတယ်။ သူတိုရဲ့ မျက်နှာတွေဟာတော့ ဖုန်တွေ သဲတွေနဲ့ ပေပွနေခဲ့တယ်။

ဖန်ကျန်းရှီဟာတော့ ပင်းယန်ရဲ့ အော်သံကို ကြားချိန်မှာတောင် ပြုံးနေခဲ့တယ်။ သူမ ဘယ်လောက်စိတ်ဆိုး စိတ်ဆိုး သူကတော့ ဂရုမစိုက်ပါဘူး။

သူဟာ အိပ်မွေ့ချ မျက်ဝန်းကို ဆက်ပြီးတော့ အသုံးပြုနေခဲ့တယ်။

နတ်ဆိုးကျောင်းတော်မှာတုန်းက ရှင်းဟို့လည်း မခံနိုင်တာကို သူမှတ်မိတယ်။

တုန်လင်းမြို့တော်မှာလဲ။ အလင်းတန်းနဲ့ အိပ်မွေ့ချ မျက်ဝန်းကို သုံးပြီးတော့ ယွီဝမ်ကုကို အနိုင်တိုက်နိုင်ခဲ့တယ်။

အခုတော့ နန်ကုန်းမုနဲ့ တိုက်ရချိန်မှာ ဘယ်လိုလုပ်ပြီးတော့များ သူ့ရဲ့ ထိပ်တန်းလက်နက်ပုန်းကို မသုံးပဲနေရမှာလဲ။

ဒါတွေအားလုံးကိုအေးဆေးစွာ ကြည့်နေသူတော့ တစ်ယောက်ရှိနေခဲ့ပါတယ်။

ဒါကတော့ ရန်ရွှယ်ပါ။ အဖြူရောင် အလင်းတန်းတောက်ပလာတာနဲ့ တစ်ပြိုင်နက် သူဟာ အထာနပ်စွာနဲ့ပဲ တစ်ဖက်ကို လှည့်ပြီး မျက်နှာလွှဲလိုက်တယ်။

“ ဖန်ကျန်းရှီပဲ။”

“ဖန်ကျန်းှရီ ညီလာခံ အကြိုစာမေးပွဲက မျှတတဲ့ ပြိုင်ပွဲပဲ ။ မင်းကဘယ်လိုများ ဒီလို ကိစ္စတွေ လုပ်နိုင်တာလဲ။”

“ဒါက လွန်လိုက်တာ။ ”

အမတ်မင်းတွေဟာတော့ နောက်ဆုံးမှာသူတို့ရဲက အမြင်အာရုံကိုပြန်ရပြီ ။ သူတို့ဟာ ဖန်ကျန်းရှီကို ကျိန်ဆဲကြတော့တယ်။

“ဒါကို သုံးလို့မရဘူးလား။” ဖန်ကျန်းရှီဟာ အိပ်မွေ့ချ မျက်ဝန်းကို ဝေ့ယမ်းပြရင်း နဲ့ အပြစ်ကင်းစင်စွာေ မးလိုက်တယ်။

“ မင်းးး… ” အမတ်မင်းတွေအားလုံးဟာတော့ ရွေးချယ်စရာမရှိတာကြောင့် သူတို့ရဲ့ ဒေါသတွေနဲ့ စကားလုံးတွေကို မျိုချလိုက်တယ်။ အိပ်မွေ့ချမျက်ဝန်းက အဆင့်နိမ့် ရတနာ တစ်ခုဖြစ်ပေမယ့်လည်း မေ့လျော့ခံ အရာတစ်ခုတော့ မဟုတ်ဘူး။

ဖန်ကျန်းရှီက သက်သက်မဲ့ ရူးချင်ယောင်ဆောင်နေတာပဲ။

ဒါပေမယ့်လည်း အပြစ်တွေအားလုံးကိုလည်း သူ့ကို ပုံချလို့မရနိုင်ပြန်ဘူး။

သွမ့်အရှင်ဟာတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ အရှင်တစ်ပါးအနေနဲ့ သူဟာ သူ့ဘဝမှာ ဒီလို စော်ကားခံရမှုကို မကြုံခဲ့ဖူးဘူး ။ နောက်ပြီးတော့ ဒီလို များပြားလှတဲ့ အမတ်မင်းတွေရဲ့ရှေ့မှာ။

“ဖန်ကျန်းရှီ။”

အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံရဲ့ အမူအယာဟာတော့ ကြောက်စရာကောင်းအောင် ရုပ်ဆိုးနေခဲ့တယ်။ အင်ပါယာ တစ်ခုလုံးမှာ ဒုတိယမြောက် ရာထူးအကြီးဆုံးသူ ဖြစ်ပေမယ့်လည်း သူက ဘယ်လိုများ ဖန်ကျန်းရှီရဲ့ လှည့်ကွက်ထဲကို ကျရောက်ရတာလဲ။

ဒါကစော်ကားခံရခြင်းပဲ။

ဖန်ကျန်းရှီကတော့ ဒါတွေကို ဂရုမစိုက်ပါဘူး။ သူဟာသူ့ရဲ့ ပတ်ဝန်းကျင်ကို အကဲခတ်ရင်းနဲ့ အိမ်မွေ့ချ မျက်ဝန်းကို နောက်ထပ် မလင်းထိန် တော့တဲ့ အချိန်အထိကို ကိုင်မြှောက်ထားခဲ့တယ်။

သူဟာ အမတ်မင်းတွေ အားလုံးကိုလည်း လျစ်လျူရှုထားခဲ့တယ်။ နောက်ဆုံးတော့လည်း သူ့ရဲ့ ပြိုင်ဘက် နန်ကုန်းမုက မတ်တပ်ရပ်နေဆဲပဲ ။

“မင်းက အညှို့မခံရဘူးလား။” ဖန်ကျန်းရှီဟာ သံသယ ဖြစ်စွာပြောလိုက်တယ်။

နောက်ဆုံးတော့လည်း နန်ကုန်းမုက သူနဲ့ အနီးကပ်ဆုံး။ သူဟာ အလင်းတန်းတွေရဲ့ သက်ရောက်မှုကို အများဆုံးခံရမှာ ။ ဖန်ကျန်းရှီဟာ နန်ကုန်းမု မထိခိုက်တာကို မယုံနိုင် ဖြစ်နေခဲ့တယ်။

“ လူဆိုတာ အမြဲယုံကြည်ရာတစ်ခုရှိတယ်။ နန်ကုန်းမိသားစုက စိတ်နှလုံးကို လေ့ကျင့်တယ်။ ငါတို့ နန်ကုန်းမျိုးနွယ်တွေရဲ့ နှလုံးသားက ရေပြင်လို တည်ငြိမ်ပြီးတော့ ကျောက်တုံးသဖွယ် တည်ငြိမ်တယ်။” နန်ကုန်းမုရဲ့ မျက်လုံးတွေဟာတော့ ဒီအချိန်မှာ ပွင့်လာပြီးတော့ သူ့ရဲ့ အကြည့်ဟာလည်း အေးချမ်းနေခဲ့တယ်။

သူ့ရဲ့ မျက်လုံးတွေဟာတော့ လေပြင်းမတိုက်သေးတဲ့ ဆောင်းဦးရာသီလိုပါပဲ။

“ နောက်ထပ် စာကြောင်း တစ်ခုကို ထပ်ပေါင်းပြောရမယ်ဆိုရင် ငါတို့ရဲ့ စိတ်နှလုံးသားတွေ အပေါ်ကို မူတည်ပြီးတော့ လှုပ်ရှားကြတယ်။ ဒါပေမယ့်လည်း ငါတို့ရဲ့ နှလုံးသားတွေက ယုံကြည်လို့ မရနိုင်ဘူး။ ” ဖန်ကျန်းရှီက ခေါင်းငြိမ့်ရင်းနဲ့ ပြုံးလိုက်တယ်။

“ လူတွေရဲ့ နှလုံးသားက ကွာခြားတယ်။ တစ်ချို့လူတွေက ထိန်းချုပ်နိုင်တဲ့ နှလုံးသားတွေကို ပိုင်ဆိုင်ကြတယ်။” နန်ကုန်းမုဟာ တိတ်ဆိတ်စွာပြောလိုက်တယ်။

ဖန်ကျန်းရှီဟာ တစ်ခုခုကို ပြောချင်ပေမယ့်လည်း နန်ကုန်းမုကတော့ သူ့ကို စကားပြောခွင့် မပေးတော့ဘူ း။ နန်ကုန်းမုဟာ ထပ်ပြီးတော့ မစောင့်ဆိုင်းတော့ပါဘူး။

သူဟာ ဖန်ကျန်းရှီကို ကျောက်စိမ်းနီလာ ဓားမောင်နှံနဲ့ ဖိအားပေးတိုက်ခိုက်တော့တယ်။ အလင်းတန်းနှစ်ခုဟာတော့ နဂါး နှစ်ကောင်သဖွယ် လည်ပတ်နေခဲ့တယ်။

နီလာဓားကိုတော့ ညာဘက်လက်မှာ ကိုင်ထားပြီးတော့် အစိမ်းရောင်ကိုတော့ ဘယ်ဘက်လက်မှာ ကိုင်ထားခဲ့တယ်။

အပြာရောင်ဟာ ရေခဲဖြစ်ပြီးတော့ အစိမ်းရောင်ကတော့ သစ်သား။

ဒီအရာဝတ္ထုနှစ်ခုဟာတော့ ကောင်းကောင်း မပေါင်းစပ်နိုင်ဘူး ။

သစ်သားဟာရေခဲနဲ့ ထိတွေ့ရင် သေသွားလိမ့်မယ်။ ရေခဲဟာလည်း သစ်သားနဲ့ ထိတွေ့ရင် အေးခဲသွားလိမ့်မယ်။

နောက်ဆုံးအကြိမ်မှာတုန်းက ဖန်ကျန်းရှီဟာ ဒီ အလင်းတန်း နှစ်ခု (အရာဝတ္ထု နှစ်ခု ) နဲ့ ထိတွေ့ပြီးတော့ ပေါင်းစည်းသွားခဲ့တယ်။ သုခမိန်လောကမှာတုန်းက ဒီ ပေါင်းစ်ည်းမှုဟာ မပြည့်စုံသလို ခံစားနေခဲ့ရတယ်။ ဒါပေမယ့်လည်း ဒီတစ်ကြိမ်ကတော့ မတူညီပဲ အပြည့်အ၀ ပေါင်းစည်းသွားခဲ့တော့တယ်။

နန်ကုန်းမုဟာ ဒီ လတွေ အတောတွင်းမှာ အတော်လေးကို တိုးတက်လာခဲ့တာပဲ။

“ အပြာရောင်က ရေခဲ ။ အစိမ်းက သစ်သား။ ဒါပေမယ့်လည်း သစ်သားက သစ်သားမဟုတ်ဘူး။ ဒါက သက်ရှိတစ်ခုပဲ ။ ဒီလောက ထဲက အရာအားလုံးဟာတော့ အသက်ရှိကြတယ်။ ရေခဲမှာလည်း အသက်ရှိသလို သစ်သားမှာလည်း အသက်ရှိတယ်။” ဖန်ကျန်းရှီဟာ နန်ကုန်းမု ပြောခဲ့တာကို ပြန်တွေးနေမိခဲ့တယ်။

သူဟာ ချက်ခြင်းဆိုသလို လေအရိပ်ပညာကို သုံးပြီးတော့ ခုန်ရှောင်လိုက်တယ်။

သူ့ရဲ့ ကိုယ်ဟာ နေရာကနေ ပျောက်ကွယ်သွားပြိးတော့ အလင်းတန်းတွေ အဖြစ်ကို ပြောင်းသွားခဲ့တယ်။

ဒီအချိန်မှာပဲ စင်မြင့်တစ်ခုလုံးဟာလည်း အေးခဲသွားတော့တယ်။ အနီရောင် ပိတ်စတွေဟာ အေးခဲသွားသလို စင်တစ်ခုလုံးဟာလည်း အဖြူရောင် ဖြစ်သွားခဲ့တယ်။

“ ကျောက်စိမ်းနီလာ ဓားပညာ နန်ကုန်းမိသားစုရဲ့ ထိပ်တန်းပညာပဲ၊”

“ နဂါးဗျူဟာနီးပါး ကျော်ကြားတာ အစမ်းမဟုတ်တော့ပါဘူး။ တစ်ချက်တည်းနဲ့ ဒီလောက်တောင် အင်အားကြီးလှတယ်။”

“ငါထင်တယ်။ ဖန်ကျန်းရှီမှာ သူ့ရဲ့ လက်နက်ပုန်းတွေကို သုံးဖို့ အတွက် အချိန်မရှိလောက်တော့ဘူး။”

“ နန်ကုန်းမုက ကောင်းကင်ရောင်ပြန် ထိပ်ဆုံး အဆင့်ကို ရောက်နေပြီ။ ကျောက်စိမ်းနီလာ ဓားပညာနဲ့ ပေါင်းလိုက်ရင် သူ့ကို ယှဉ်နိုင်တဲ့ သူက ငါးယောက်ထက် ပိုမှာ မဟုတ်ဘူး။”

အမတ်မင်းတွေ အားလုံးဟာတော့ အေးခဲသွားတဲ့ စင်မြင့်ကို ကြည့်ရင်းနဲ့ သူတို့ဟာ ကြောက်လန့်တကြားပြောဆိုနေကြတော့တယ်။ အဲ့ဒီ့နောက် သူတို့ဟာ ခေါင်းခါရင်းနဲ့ ဖန်ကျန်းရှီကို ကြည့်နေကြတယ်။

လှည့်စားမှုတွေ အားလုံးက

စွမ်းအင် အစစ်အမှန်ရဲ့ ရှေ့မှာတော့ အသုံးမဝင်တော့ဘူး။

ဒါပေမယ့်လည်း ဖန်ကျန်းရှီဟာ သူ့ဓားကို ဆွဲမထုတ်တာကြောင့် အံ့သြနေကြတယ်။

သူ့မှာ ဓားတစ်ချောင်းမှ မရှိတာလား။

ဒါက မဖြစ်နိုင်ဘူး။ လူတိုင်းဟာ ဖန်ကျန်းရှီမှာ ဓားတစ်ချောင်းရှိမှန်းသိတယ်။ နောက်ပြီးတော့ အဲ့ဒီ့ဓားက သုခမိန် စစ်နတ် မုန့်ထျန်း ချန်ရစ်ခဲ့တဲ့ ဓား။

ခြေရာမဲ့လို့ခေါ်တယ်။

“ မင်းက မင်းရဲ့ဓားကို မထုတ်ဘူးလား။” နန်ကုန်းမုက ဖန်ကန်းရှီကို ကြည့်လိုက်တယ်။

“ ငါက မင်းကို မေးမလို့ပဲ။ ငါတို့ ဓားမပါပဲ တိုက်ခိုက်ကြရင်ကော ဘယ်လိုလဲ။” ဖန်ကျန်းရှီဟာ သူ့ပုခုံးပေါ်က ရေခဲတွေကို ဖယ်ထုတ်ရင်းနဲ့ စောဒက တက်လိုက်တယ်။

“ လုံးဝကို ကိုယ်ကာယ တိုက်ပွဲပဲလား။ ” နန်ကုန်းမုက သူ့လက်ထဲက ကျောက်စိမ်းနီလာ ဓားမောင်နှံကို ကြည့်ရင်း ပြောလိုက်တယ်။ သူဟာတော့ တွေဝေနေခဲ့တယ်။ ဓားမောင်နှံမရှိပဲနဲ့ ကျောက်စိမ်းနီလာပညာရပ်ကို အပြည့်အ၀ သုံးနိုင်ပါ့မလား။

သူ့ရဲ့ အကောင်းဆုံးသော တိုက်ခိုက်မှု ပညာရပ်ကို ပယ်ရှားပေးရမှာလား။

ဒါပေမယ့်လည်း သန့်ရှှုင်းတဲ့ တိုက်ခိုက်မှုကတော့ သူ့အတွက် အခွင့်ကောင်းရနိုင်တယ်။ နောက်ဆုံးတော့လည်း သူ့ရဲ့ ကျောက်စိမ်းနီလာဓားက ဖန်ကျန်းရှီရဲ့ ခြေရာမဲ့ ဓားထက်တော့ ပိုအားနည်းတယ်။

“ ငါသဘောမတူဘူး။” နန်ကုန်းမု က ခေါင်းခါလိုက်တယ်။

“ဘာကြောင့်လဲ။”

“မင်း အခွင့်ကောင်းယူမှာကို အဖြစ်မခံနိုင်ဘူး။ ”နန်ကုန်းမုက ဆုံးဖြတ်ပြီးတော့ ပြောလိုက်တယ်။

“ဒါဆိုရင် ငါ့ကို လာတိုက်တော့။” ဖန်ကျန်းရှီက စိတ်ပျက်စွာနဲ့ ပြောလိုက်တယ်။

“ မင်းတက်ယ်ပဲ ဓားမထုတ်ဘူးလား။”

“မထုတ်ဘူး။ ”

“ ဒါဆိုရင် ငါ့ရဲ့ ကျောက်စိမ်းနီလာဓားပညာကို မင်း ရှုစားပါအုန်း။ ” နန်ကုန်းမုဟာ သူ့ဓားကိုကြည့်ရင်းနဲ့ ပြောလိုက်တယ်။

“အိုး။ ငါက ငါ့ရဲ့ ဓားကိုမသုံးရင် မင်းလည်း မင်းရဲ့ဓားကို မသုံးလောက်ဘူးလို့ ထင်နေတာ” ဖန်ကျန်းရှီဟာ ဒါကို အနည်းငယ်တော့ အံ့သြနေခဲ့တယ်။

ဒါပေမယ့်လည်း သူဟာ နန်ကုန်းမုရဲ့ အပြုအမူတွေကို မခန့်မှန်းနိုင်ဘူး။

နန်ကုန်းမုက ဓားသုံးပြီးတော့ တိုက်ခိုက်မယ်ဆိုရင် သူ့ရဲ့ စွမ်းအား အမြင့်ဆုံး ပညာရပ်နဲ့ တိုက်ခိုက်မှာ ။ ဒါကြောင့် သူ့ကို နိုင်နိုင်ချေ မရှိဘူး။

ဒါကြောင့် ငါတို့က ဘာလို့များ လက်နက်တွေ သုံးပြီးတော့တိုက်ခိုက်နေရမှာလဲ။

ဖန်ကျန်းရှီဟာ ကိုယ်ကာယတိုက်ပွဲမျိုးက သူ့အတွက် အခွင့်ကောင်း ပိုရနိုင်မယ်လို့ ထင်နေခဲ့တာ ။ ဒါပေမယ့်လည်း ဒီ နန်ကုန်းမုကတော့ သူ့ရဲ့လှည့်စားချက်တွေကို လက်မခ့လူး ။ သူဟာ ခပ်မြန်မြန်ပဲ လုပ်ချင်ခဲ့တယ်။

သူဟာ ကျောက်စိမ်းနီလာ ဓားမောင်နှံကို မြေပြင်ပေါ်မှာ စိုက်လိုက်တယ်။

အလင်းရောင်တွေဟာ နောက်တစ်ဖန် တောက်ပလာပြန်တယ်။

ဖန်ကျန်းရှီဟာ နန်ကုန်းမုရဲ့ ပညာကို မြင်ခဲ့ပြီး ။ ယဉ်ရှန်ရဲ့ တိုက်ခိုက်မှုတွေကို ဒီပညာရပ်သုံးပြီးတော့ ခုခံခဲ့တာလည်း ။

ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ တိုက်ခိုက်မှုဟာ စိတ်လိုက်မာန်ပါ ဖြစ်လွန်းနေခဲ့တယ်။

ကျယ်လောင်တဲ့ မြည်ဟိန်းသံကြီးနဲ့ အတူ ဓားအလင်းတန်း ၂ ခုဟာ ကောင်းကင်ပေါ်ကို ထိုးတက်သွားပြီးနောက် စင်မြင့်ပေါ်မှာ ရေခဲကျောက်ဆောင်တေ ွ ဖြစ်ပေးလာတော့တယ်။

“ချာ့ ချာ့ ချာ့!”

ရေတွေခဲကုန်တဲ့ အသံတွေ ထွက်ပေါ်လာတော့တယ်။ အစိမ်းအပြာ အလင်းတန်းတွေ ဟာ ရေခဲတွေကို ဘယ်လောက်မြန်မြန် ဖြစ်ပေါ်စေလဲဆိုတာ ကြည့်ရုံနဲ့ သိနိုင်တယ်။

“ ပန်းများ သန်းချီပွင့်ဖူးခြင်း” နန်ကုန်ုးမုက တီးတိုးရေရွတ်လိုက်တယ်။

အဲ့ဒီ့နောက် အလင်းတန်းတွေဟာ သေးငယ်တဲ့ အပိုင်းအစလေးတွေ အဖြစ်အက်ကွဲသွားပြီးတော့ လေထဲမှာ ကခုန်နေကြတော့တယ်။

ဖန်ကျန်းရှီဟာ လေအရိပ်နည်းကို သုံးပြီးတော့ ခုန်ရှောင်ဖို့ ကြိုးစားလိုက်တယ်။

ဒါပေမယ့်လည်း သူ့ခြေထောက်တွေကို တစ်ခုခုက ချုပ်ထားသလို ခံစားလိုက်ရတယ်။ အဲ့ဒီ့နောက် အရမ်းကို ချမ်းအေးလာတော့တယ်။

သူဟာ ခိုက်ခိုက်တုန်နေခဲ့ရတယ်။

ဒါဟာ ဖန်ကျန်းရှီ အတွက် ပထမဆုံးအကြိမ်အဖြစ် ကျောက်စိမ်းနီလာ အနုပညာကို ကိုယ်တိုင်တွေ့ကြုံဖူးတာ ဖြ စ်တယ်။

နန်ကုန်းမုက ကောင်းကင်ရောင်ပြန် အထွဋ်အထိပ် အဆင့ ်မှာရှိနေပင်မယ့်လည်း သဘာဝလွန် အဆင့် ယဉ်ရှန်ကို မျက်နှာချင်းဆိုင် တိုက်ခိုက်ရဲတယ်။ နောက်ပြီးတော့ ယဉ်ရှန့်ကိုလည်း ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်။

ဒါက ဖန်ကျန်းရှီ လုပ်ခဲ့တာနဲ့တော့ ကွာခြားတယ်။

ဖန်ကျန်းရှီက လှည့်ကွက်မျိုးစုံ သုံးပြီးတော့ တိုက်ခိုက်ခဲ့တယ်။ နန်ကုန်းမုကတော့ သူ့ရဲ့ စွမ်းရည် သီးသန့်ကိုပဲ သုံးခဲ့တယ်။

“ကောင်းလိုက်တဲ့တိုက်ကွက်”

“ ကျောက်စိမ်းနီလာ အနုပညာက ရေခဲနဲ့ သစ်သားကို သုံးပြီးတော့ ပန်းများ သန်းချီပွင့်ဖူးခြင်းကတော့ ကျောက်စိမ်း နီလာအနုပညာရဲ့ အင်အားအပြင်းထန် ဆုံးနဲ့ ကြောက်မက်ဖွယ် ကောင်းလှတဲ့အပိုင်းပဲ။ ရေခဲသစ်သား နယ်မြေမှာ သူ့ရဲ့ စွမ်းအားက မလွတ်မြောက်နိုင်တဲ့ အထိ ပြင်းထန်တယ်။

“ မလွတ်မြောက်နိုင်ဘူးဆိုတော့ ချိုးဖောက်လို့ကောရလား။”

“ဟားဟား။ ဒီသစ်ပင်တွေက သာမာန်သစ်ပင်တွေ မ ဟုတ်ဘူး။ မင်း မျက်လုံးနဲ့ သေချာမမြင်ဘူးလား။”

“ ဒါက စိတ်အာရုံနယ်မြေထဲက တာအို သစ်ပင်တွေလား။”

“အတိအကျပဲ။”

အမတ်မင်းတွေ အားလုံးဟာတော့ သူတို့ကြားနေရတာကို မျက်လုံးပြူးနေကြတယ်။ သူတို့ဟာ အလင်းတန်းတွေကို ကြည့်ရင်း မှင်သက်နေကြတော့တယ်။

စိတ်အာရုံနယ်မြေထဲက တာအို သစ်ပင်။

ကျောက်စိမ်း နီလာ အနုပညာက လူတစ်ယောက်ရဲ့ စိတ်အာရုံနယ်မြေကို တိုက်ခိုက်နိုင်တယ်။ ဒီလို ပညာမျိုးကို သာမာန်လူတွေ နှစ်ရာချီကြာတဲ့ တိုင်အောင်မှ မသင်ယူနိုင်တာအဆန်း မဟုတ်တော့ပါဘူး။ နန်ကုန်းမိသားစုရဲ့ ထိပ်တန်း တိုက်ခိုက်ရေးပညာတွေထဲက တစ်ခု ဖြစ်နေတာလဲ အံ့သြစရာ မရှိတော့ဘူး ။ မ

အမတ်မင်းတွေဟာ တိုက်ပွဲ အကြောင်းဆွေးနွေးနေကြချိန်မှာပဲ ဖန်ကျန်းရှီဟာ အေးခဲလာတော့တယ်။ အလင်းတန်းတွေက သူ့ရဲ့ ခြေထောက်ကို ထိချိန်တည်းက ဖော်ပြလို့ မရနိုင်တဲ့ အရာဟာလည်း ဖြစ်ပေါ်လာခဲ့တယ်။

အအေးဓာတ်က သူ့ရဲ့ အပြင်ဘက် ကိုယ်ခန္ဒာကို တင်ထိခိုက်စေခဲ့တာ မဟုတ်ဘူး။

သူ့ရဲ့ သွေးကြောတွေကိုပါ ထွင်းဖောက်နေတယ်လို့ ခံစားရတယ်။ သူ့ရဲ့ သွေးကြောတွေကို တိုက်ခိုက်ပြီးတော့ နှလုံးသားထဲကို စီးဝင်နေခဲ့တယ်။

“ပန်းပေါင်း သန်းရာချီ ပွင့်ဖူးခြင်း”

ဖန်ကျန်းရှီဟာ ချက်ခြင်းဆိုသလို ဒီပန်းတွေ အကြောင်းကို နားလည်လိုက်တော့တယ်။ ဒါတွေက သူ့ရဲ့ သွေးကြောတွေနဲ့ အသာ်းတွေထဲကို ထိုးဖောက်လာတာပဲ။

ဖန်ကျန်းှရှီဟာ နောက်ထပ် နည်းနည်းတောင်မှ မလှုပ်နိုင်တော့ဘူး။ သူ့ကိုအလင်းတန်းတွေကနေ ကာဆီးထားပြီးတော့ အခုတော့ သူဟာ ရေခဲရုပ်ဖြစ်တော့မယ်။

နောက်ပြီးတော့ အပြင်ဘက်တင်မကပဲ အတွင်းကလီ စာတွေပါခဲတော့မှာ။

သူ့ရဲ့ စိတ်အာရုံနယ်မြေထဲက စွမ်းအားတွေကို ဖိအားပေးလိုက်ပြီးတော့ အအေးဓာတ်ကို ခုခံနေခဲ့တယ်။

ဒါပေမယ့်လည်း

ခြေထောက်က အေးခဲမှုဟာတော့ ဖန်ကျန်းရှီရဲ့ လှုပ်ရှားမှုကို သေစေနိုင်လောက်အောင်ဖြစ်စေတယ်။ သူ့ခြေထောက် ကိစ္စကို မရှင်းနိုင်ခင်မှာတင် လက်မောင်းကိုလည်း တိုက်ခိုက်ခံလိုက်ရတယ်။

အေးခဲတဲ့ ခံစားချက်ဟာ သူ့ကို နောက်တစ်ကြိမ် တိုက်ခိုက်ပြန်တယ်။

နောက်ပြီးတော့ တတိယ ။ စတုတ္ထ ပဉ္စမ အကြိမ်ကြိမ် ချက်ကောင်းကို ထိခိုက်နေတော့တယ်။

အလင်းတန်းတွေ အားလုံးဟာတော့ လေထဲမှာ လွင့်မျောနေပြီးတော့ဖန်ကျန်းရှီရဲ့ ဘေးမှာ ကခုန်နေကြတယ်။ စင်အောက်မှာတော့ ဓားနှစ်ချောင်းကနေ မျဉ်းကြောင်းတွေ ကို ပိုမိုထုတ်လွှတ်နေခဲ့တော့တယ်။

“ရလဒ်ကတော့ ထင်ရှားနေပြီ။”

“မင်း တစ်ချက်ထိခိုက်ခံလိုက်ရတာနဲ့။ ဒုတိယ တတိယ ထိချက်တွေကို ခံစားရတာက လုံးဝကို ကွာခြားတယ်။ လွတ်မြောက်ဖို့လမ်းက မရှိတော့ဘူး။

“ဒီ နည်းလမ်းကို ဖောက်ဖျက်ဖို့ အတွက် သဘာဝလွန် ကျင့်ကြံ ဆင့်ရှိဖို့ လိုအပ်တယ်။”

အမတ်မင်းတွေဟာတော့ တဖြည်းဖြည်း နှေးကွေးလာတဲ့ ဖန်ကျန်းရှီကို ကြည့်နေခဲ့ကြတယ်။ သူတို့ဟာခေါင်းကို ခါယမ်းနေခဲ့ကြတယ်။ သဘာဝလွန် အဆင့် ကျင့်ကြံသူ တစ်ယောက်ကပဲ အအေးဓာတ်တွေ အားလုံးကို ကိုယ်ထဲကနေ ဖယ်ရှားနိုင်တယ်။

“အရှက်မရှိတဲ့ ကောင်စုတ်လေး… ရှုံးတော့မယ်လို့ ထင်တယ်။” ပင်းယန်ဟာ စင်မြင့်ပေါ်ကို ကြည့်ရင်းပြောနေခဲ့တယ်။

ရန်ရွှယ်ဟာတော့ တောင့်ခဲနေခဲ့တယ်။ သူဟာ စင်မြင့်ကနေ သိပ်မဝေးတဲ့ နေရာမှာ ရှိနေတာ ။ နန်ကုန်းမု တိုက်ခိုက်နေတဲ့ဆီက အအေးဓာတ်ကိုတောင် သူခံစားနေရာတယ်။

နန်ကုန်းမိသားစု။ နန်ကုန်းမိသားစုကြီးရဲ့ ထိပ်တန်းပညာရပ်။

သူတို့က အလွန်အမင်းကို အေးတဲ့ ဒေသမှာ နေနိုင်တယ်။ နေ့တိုင်းပြင်းပြင်းထန်ထန်လေ့ကျင့်တာက အအေးဓာတ်ကို ပိုပြီးတော့ နားလည်လာစေနိုင်တယ်။ ဘယ်သူကမှ သူတို့လောက် အအေးဓာတ် အကြောင်းကို ကောင်းကောင်းမသိဘူး။

“Cha cha cha!”

စင်မြင့်ပေးက ရေခဲတွေဟာ ရဲ့ အပေါ်ကို အဖြူရောင် မြူနှင်းတွေဟာ ထူထပ်စွာ ဖုံးအုပ်သွားခဲ့တယ်။ ကြည့်ရတာဟာ မြူနှင်းတွေက နေမင်းကြီးကိုတောင် မှ ဖုံးအုပ်ပြစ်တော့မယ့် အတိုင်း ။

ဒါပေမယ့်လည်း ဒီမြူနှင်းတွေဟာတော့ ဆက်လက်ရွေ့လျားပြီး ကြီးမားလာခဲ့တယ်။

ဖန်ကျန်းရှီဟာတော့ အဖြူရောင်မြူနှင်းတွေ နဲ့ ဖုံးအုပ်ခြင်းကို ခံလိုက်ရတယ်။ သူ့ရဲ့ ကိုယ် ။ ခြေလက်နဲ့ တစ်ကိုယ်လုံးကို မရေမတွက်နိုင်တဲ့ အဖြူရောင်မြူနှင်းတွေ လွှမ်းခြုံထားခဲ့တယ်။

စာစစ်သူဟာတော့ ဒီအချိန်မှာတော့ သူ့ရဲ့ လက်ကို မြှောက်လိုက်တယ်။

စည်းမျဉ်းတွေ အရ။ ဖန်ကျန်းရှီက တစ်ခါတောင် မခုခံနိုင်တာနဲ့ သူဟာ ရှုံးနိမ့်မှာ ။

“ အိုက်ယား။ အေးလိုက်တာ။ ဆောင်းတွင်းမှာရေခဲမုန့်စားနေရတဲ့ အတိုင်းပဲ။” စာစစ်သူ က ရလဒ်ကို ကြေညာတော့မယ့် အချိန်မှာပဲ ဖန်ကျန်းရှီရဲ့ အသံဟာ ထွက်လာခဲ့တယ်။

အပိုင်း (၂၇၀)ပြီး၏။

All Chapters