← Chapters

အပိုင်း (၂၃၁-၂၄၀)

Vol. 3 Ch. 231-240

အပိုင်း (၂၃၁-၂၄၀)

Vol. 3 Ch. 231-240

အပိုင်း (၂၃၁)

“ ဓားသံတမန်”

အရှင်လီချင်း ရဲ့ စကားတွေကတော့ ဖန်ကျန်းရှီ လက်ထဲက ဓား နဲ့ မဆိုင်တော့သလို ထင်ရတယ်။ ဒါပေမယ့်လည်း အရှင်လီချင်း ဘာကို ဆိုလိုချင်တာလဲ ဖန်ကျန်းရှီ ကောင်းကောင်းသိတယ်။

သုခမိန် လောကထဲမှာ ခြေရာမဲ့ ဓားကို ပထမဆုံး ကိုင်လိုက်ချိန်တုန်းက ဓားနဲ့ ကျိန်စာစွမ်းအား နဲ့ အရှိန်အဝါတွေကို ခံစားလိုက်ရတဲ့ အကြောင်း သူ ကောင်းကောင်းမှတ်မိတယ်။

ငါ့ရဲ့ ဘဝကို ငါချစ်တယ်။ နောက်ပြီးတော့ အကြောင်းရင်းတွေကိုလည်း ချစ်တယ်။ ဒါပေမယ့်လည်း အကယ်၍ နှစ်ခုလုံးကိုသာ မရနိုင်ခဲ့ရင် ကိုယ့်ရဲ့ ဘဝကို အကြောင်းရင်းရှိတဲ့ အရာတွေ အတွက်ပဲ ကုန်ဆုံးစေမယ်။ ဒီစကားက မန်စီးယပ်စ် ပြောခဲ့တဲ့ စကား ။ ဖန်ကျန်းရှီက ဒါကို အသုံးပြုရင်း နဲ့ မုန့်ထျန်းက ဒီဓားကို အကြောင်းမဲ့ ချန်ထားခဲ့တာ မဟုတ်မှန်း သိစေဖို့ သွယ်ဝိုက် ပြောခဲ့တယ်။

“ ဟမ်။” အရှင်လီချင်း ရဲ့ မျက်လုံးတွေ ဖန်ကျန်းရှီ ပြောတဲ့ စကားကို ကြားချိန်မှာတော့ တောက်ပ လင်းလက်လာခဲ့တယ်။ အဲ့ဒီ့နောက် သူ့ရဲ့ မျက်နှာမှာ အပြုံး တစ်ခု ဖြစ်ပေါ် လာတော့တယ်။ “ ငါတွေး ခဲ့တာက ဧကရာဇ် က ဓားကောင်းတစ်လက်ကို ရတယ်လို့ ။ ဒါပေမယ့်လည်း သူ တကယ်တမ်း ရလိုက်တာက ဗဟုသုတ ကြွယ်၀ ပြည့်စုံလွန်းလှတဲ့ လူ တစ်ယောက်ပဲ ။”

အမတ်မင်းတွေ အရှင်လီချင်း နဲ့ ဖန်ကျန်းရှီ ရဲ့ စကားတွေကို ကြားချိန်မှာ ငြိမ်သက်နေခဲ့ကြတယ်။

ဖန်ကျန်းရှီက ဓားကို ရသွားပြီ။ နောက်ပြီး အရှင်လီချင်းကလည်း ဓားကို ယူမယ့် ပုံ မပေါ်ဘူး။ ” ငါ နားလည်ပြီ ” လို့ တစ်ခွန်းပဲ ပြောတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီက သူ့ရဲ့ ဘဝကို အကြောင်း ရင်းရှိတဲ့ ကိစ္စကြောင့် သာ လက်လျှော့ မှာ ဖြစ်ကြောင်း ပြောတယ်။ အရှင်လီချင်းက လည်း ချီးကျူးနေတယ်။

လောကကြီး တစ်ခုလုံး ဘာတွေ ဖြစ်နေပြီလဲ။

အရှင်လီချင်း ။ အရင် ဧကရာဇ်လက်ထက် တုန်းက သူ့ရဲ့ အောင်မြင်မှု သော့ချက် တစ်ခုကတော့ သူကိုယ်တိုင် နိုင်ငံရေးမှာ တိုက်ရိုက်ပါဝင် ပတ်သက်ခြင်း မရှိတာပဲ ။ သူ့ရဲ့ ဒီနေ့ ပေါ်ထွက်လာမှု လုံးဝကို မမျှော်လင့် ထားတဲ့ အရာ တစ်ခုပဲ ။ နောက်ပြီးတော့ ဖန်ကျန်းရှီ ကို ဦးတည်မှုက ပိုပြီးတော့ ရှုပ်ထွေးစေခဲ့တယ်။

အမတ်မင်းတွေလည်း သူတို့ မြင်နေရတဲ့ အရာကို မယုံနိုင် ဖြစ်နေခဲ့တယ်။

အဲ့ဒီ့နောက် ။ ပိုပြီးတော့ အံ့သြဖွယ် ကိစ္စ တွေ ဆက်ဖြစ်လာခဲ့တယ်။ စကားပြောပြီး နောက်မှာတော့ အရှင်လီချင်း ……

ထွက်ခွာသွားခဲ့တယ်။

ချီကူယန် ကလည်း သူနဲ့ အတူ ထွက်သွားခဲ့တယ်။

အရှင်လီချင်း ကလည်း ဖန်ကျန်းရှီ ဆီကနေ ဓားကို မယူသွားခဲ့ဘူး။ နှစ်ခါ တောင် မကြည့်ပဲနဲ့ ထွက်ခွာသွားတာ ။ ပိုပြီးတော့ အရေးကြီးတာက တော့ ကျေနပ်အားရစွာ ထွက်သွားတာ ။

ဓားကို သူပဲ ကြိုက်တယ်လို့ ပြောထားတာ မဟုတ်ဘူးလား။

အခု ဘာတွေ ဖြစ်နေတာလဲ။

ဘာလို့ ချီကူယန်က ထွက်ခွာ သွားတာလဲ။ ဒီနေ့ ညီလာခံကို သူမ လာတာ ဘာကြောင့်လည်း ။ အစကနေ အဆုံးထိ ဘာမှ မပြောခဲ့ဘူး။ တိုးတိုး တိတ်တိတ် နေရင်း နဲ့သာ အရှှုင်လီချင်း ရဲ့ ဘေးနားမှာ ရပ်နေခဲ့တယ်။

ပွဲကြည့် ပရိသတ် တစ်ယောက် အတိုင်းပဲ ။

ဒါပေမယ့်လည်း ချီကူယန်က တော်ဝင် ရုံးတော်သား ဝတ်ရုံကို ဝတ်ထားပြီးတော့ ဂဠုန်ငှက် ဆံထိုးကိုလည်း ဆင်မြန်းထားခဲ့တယ်။ သူမက ဒီအတိုင်း ပွဲကြည့်ဖို့ လာတာတော့ မဖြစ်နိုင်ဘူး ။

အကယ်၍ သူမသာ ပွဲကြည့်သူ တစ်ယောက် မဟုတ်ခဲ့ရင် ဘာလို့ စကား တစ်ခွန်းတောင် မပြောတာလဲ။

အမတ်မင်း အများစု တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း နဲ့သာ ဘာတွေ ဖြစ်နေလဲ မသိ ခဲ့ဘူး ဖြစ်နေခဲ့တယ်။ ဒါပေမယ့်လည်း တချို့သော သူတွေ ရဲ့ မျက်လုံးတွေ တောက်ပ လာခဲ့တယ်။ ဒီလူ တစ်ချို့ထဲမှာ ဝန်ကြီး ချုပ် ယွီယိဖျင်လည်း ပါဝင်ခဲ့တယ်။

“ နဂါး အဆင့်က ထိပ်တန်း လူသား က တကယ့်ကို ထက်မြက်လွန်းတယ်။ ” ယွီယိဖျင်ကတော့ နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေခဲ့တယ်။ “ ဧကရာဇ် ရဲ့ စိတ်လိုအင်ကို စကား တစ်ခွန်းတောင် မပြောပဲ ဆောင်ရွက် သွားနိုင်တယ်။ ထီးနန်း အတွက်ကော သူ ဘယ်သူ့ဘက်မှာ နေမှာ ဖြစ်နိုင်လဲ။ ”

ယွီယိဖျင်ကတော့ နောက်ထပ် မပြောတော့ဘူး။ ဧကရာဇ် လင်းမုပိုင်ရဲ့ အမူအယာ ပြောင်းလဲ သွားပုံကို ကြည့်ရင်း နဲ့ ဧကရာဇ် လည်း ဒါကို ကောင်းကောင်း သဘောပေါက်တယ်ဆိုတာ သူသိတယ်။

အရှင်လီချင်း ရဲ့ စကားတွေက သိပ်လည်း မများပြားပေမယ့် အဓိပ္မာယ်ကတော့ ထင်ရှားလှတယ်။ ဓားကောင်း တစ်လက်နဲ့ လူတော် တစ်ယောက် ။ သူဆိုလို ချင်တဲ့သူက ဘယ်သူဆိုတာ သိသိသာသာ ထင်ရှားလွန်းလှတယ်။

နောက်ပြီးတော့ ချီကူယန်လည်း ဘာမှသာ ဝင်မပြောပေမယ့် သူမ အရာအားလုံးကို နောက်ကွယ်ကနေ ထိန်းချုပ်သူ ဖြစ်မှန်း သိသာလှတယ်။

“ဖန်ကျန်းရှီ ။ ဒီနေ့မှာ ဓားကို ပြသရင်း နဲ့ အကောင်းဆုံး လုပ်ဆောင်ခဲ့တယ်။ တော်ဝင်စာမေးပွဲ အတွင်းမှာ နတ်ဆိုးမျိုးနွယ် ခေါင်းဆောင် ဖြစ်တဲ့ ယဉ်ရှန်ကို သတ်နိုင်ခဲ့တယ်။ ပင်းယန် မင်းသမီးကိုလည်း ကယ်တင်ခဲ့ပြီးတော့ ကြီးမြတ်သော ရှ မင်းဆက်ကြီး ရဲ့ သူရဲကောင်း အလောင်းအလျာ ကျောင်းတော်သားတွေကိုလည်း ကယ်တင်ခဲ့တယ်။ အမတ်မင်းတွေအားလုံး လည်း သင့်ကို ဆုလာဒ် ချီးမြှင့်ဖို့ အတွက် တောင်းဆိုပေးခဲ့ကြတယ်။ ဧကရာဇ် မင်း တစ်ပါး အနေနဲ့ အသင့်ကို ကျွနု်ပ် ဆုချီးမြှင့်မယ်။ ယနေ့မှ စ၍ အသင်သည် ကြီးမြတ်သော ရှ မင်းဆက် ၏ “ ဓားသံတမန်” ဘွဲ့ထူးကို ပေး၍ အင်ပါယာ တစ်ခု လုံးကို ဂုဏ်ပုဒ် ပျံ့နှံ့စေမည်။ ရွှေသား တစ်ထောင်ကိုလည်း ချီးမြှင့် မည်။”

ဧကရာဇ် လင်းမုပိုင်ရဲ့ အသံ ညီလာခံ ခန်းမကြီး တစ်ခုလုံးကို ဟိန်းထွက်သွားစေခဲ့တယ်။ ဝန်ကြီးချုပ် ယွီယိဖျင် ကတော့ ဒီနေ့ရဲ့ ကိစ္စကြီးတွေကို မျှော်လင့် ထားတာ ။ ဒါပေမယ့်လည်း သူမမျှော်လင့်ထားတာ ကတော့ ဧကရာဇ် က ဖန်ကျန်းရှီကို ဓား သံတမန် လုပ်လိုက်မယ် ဆိုတာပါပဲ။

အရင်တုန်းက တစ်ခါမှ မရှိခဲ့တဲ့ ရာထူး တစ်ခု ။

စိတ်ဝင်စားစရာ ကောင်းလိုက်တာ ။

အမတ်မင်းတွေ ဧကရာဇ် လင်းမုပိုင် ရဲ့ စကားကို ကြားချိန် မှာ အမူအယာ အမျိုးမျိုး ပြောင်းလဲ သွားခဲ့ကြတယ်။ တချို့ကတော့ ဝန်တို နေကြတယ်။ တစ်ချို့ကတော့ အေးစက်စက် ချောင်းဟန့်နေကြတယ်။ တစ်ချို့ကတော့ မကျေမနပ် ဖြစ်နေခဲ့ကြတယ်။

“ ကျေးဇူးတော် မြင့်မြတ်လှတဲ့ အရှင်မင်းမြတ် ခင်ဗျား ဒီပြည်သူလေး မေးခွန်း တစ်ချို့ မေးပါရစေ။” ဖန်ကျန်းရှီ အမတ်မင်းတွေ ရဲ့ အမူအယာကို လျစ်လျူရှု ထားခဲ့တယ်။ ဒီရာထူးနဲ့ သူ ဘာလုပ်လို့ ရမလဲ ဆိုတာ သူပိုပြီးတော့ သိချင်တယ်။

အကယ်၍ ဒီ ရာထူးက အရမ်းကို ကြီးလေး လွန်းရင် ငါ ထမ်းဆောင်နိုင်မှာလား ။

“ မင်းက အခု ဓားသံတမန် တစ်ဦး ဖြစ်နေခဲ့ပြီ။ မင်းကို မင်း ပြည်သူလို့ မသုံးသင့်တော့ ဘူး ။ အမတ်လို့ သုံးသင့်နေပြီ။ ” ဧကရာဇ် လင်းမုပိုင်ကတော့ အနည်းငယ် စိတ်မကျေမနပ် ဖြစ်သွား တဲ့ ပုံပါပဲ။

“ အမိန့်တော် အတိုင်းပါ အရှင် ။ ဒီ အမတ် မေးခွန်း တစ်ချို့မေးပါရစေ။”

“ ဆက်မေးပါ။”

“ ဓား သံတမန်က ဘာကို လုပ်ရမှာပါလဲ။”

“ ဓား သံတမန်ရဲ့ ဒုတိယ တာဝန်ကတော့ ကြီးမြတ်သာ ရှ မင်းဆက်ကို လွှမ်းမိုးမှု ကြီး စေဖို့ပဲ ။ အဓိကတာဝန် ဓားကို အသက်ရှိနေသရွေ့ ကာကွယ် စောင့်ရှောက်ရမယ်။ ” ဧကရာဇ် လင်းမုပိုင် သူ့ရဲ့ စကားတွေကို ရပ်လိုက်တော့တယ်။ အဲ့ဒီ့နောက် ဆက်ပြောပြန်တယ်။ “ နောက်ပြီးတော့ နန်းတော် ကို အတားအဆီး မရှိ ဝင်ထွက်သွားလာနိုင်တယ်။ ညီလာခံခန်းမ အပါအဝင် နန်းတော် တစ်ခုလုံကို လွတ်လပ်စွာ ဝင်ထွက်နိုင်တယ်။ ရာထူးတွေကို ငဲ့ကွက်ခြင်း မရှိ စကားပြောဆိုနိုင်တယ်။”

ဖန်ကျန်းရှီကတော့ နားလည်သွားခဲ့ဲပြီ ။

ဓား သံတမန်ဆိုတာ ရှင်းရှင်းပြောရရင် ရာထူးမြင့် ဓား အစောင့်ပဲ။ နန်းတော် ထဲကို အတားအဆီးမဲ့ ဝင်ထွက်သွားလာတာနဲ့ စကားပြောဆိုခွင့်ကတော့ အပယိက အပို ဆုပေါ့။ အကယ်၍ ဓားကိုသာ ဘယ်သွားသွား ယူသွားနေရင် နေ့တိုင်း လူသတ်သမားတွေ လိုက်သတ်တာကို ခံနေရမှာ အသေအချာပဲ။

ပြောနိုင်တာကတော့ ဒီအလုပ်က ဖန်ကျန်းရှီ အတွက် အကောင်းဆုံး အလုပ်လို့ ဆိုနိုင်တယ်။ သူက ဘာအလုပ်မှ မလုပ်ပဲ နေနိုင်တဲ့ သက်တောင့် သက်သာ အမတ် တစ်ပါး တော့ ဖြစ်လာပြီ။ မြို့တော် ကလမ်းတွေမှာ လမ်းသလားတဲ့ အချိန်မှာ လည်း သူက အမတ်ပဲ ဖြစ်နေအုန်းမှာ။ ခန်နေပါအုန်း ။ ဓား သံတမန်က ဘယ်အဆင့် ရှိလဲ။

“ ဒီ အမတ်မှာ နောက်ထပ် မေးခွန်း တစ်ခု ရှိပါသေးတယ်။ ”

“ ဆက်မေးပါ အမတ်မင်း”

“ ဓား သံတမန်က ညီလာခံမှာ ဘယ်အဆင့်ရှိပါသလဲ။ ” ဖန်ကျန်းရှီက အဆင့်မြင့်မြင့်တော့ မမျှော်လင့်ထားဘူး ။ ဓားအစောင့် တစ်ယောက် အနေနဲ့ သူက အဆင့် ရ ရှိတဲ့ အမတ် ဒါမှ မဟုတ် အဆင့် ၉ လောက်ရှိတဲ့ အမတ်တော့ ဖြစ်မှာပါ။

ဧကရာဇ် လင်းမုပိုင် ဒီမေးခွန်းကို ကြားချိန်မှာတော့ ခေတ္တ တိတ်ဆိတ်သွားခဲ့တယ်။

အမတ်မင်းတွေလည်း တစ်ယောက်ကို တစ်ယောက်သာ ကြည့်နေခဲ့တယ်။ ဒီမေးခွန်းက ဖြေဖို့ လွယ်တာ မဟုတ်မှန်း သူတို့ ကောင်းကောင်းသိတယ်။

ဓား သံတမန် ရာထူးက အရင်တုန်းက မရှိခဲ့တဲ့ ရာထူး ။ ဒါကြောင့် ဌာနကြီး ခြောက်ခုရဲ့ လက်အောက်မှာလဲ မရှိဘူး။ ရလဒ် အနေနဲ့ကတော့ ညီလာခံကို သက်ရောက်မှု အကြီးအကျယ်မဖြစ်စေ နိုင်ဘူးပဲ ။

ဒါပေမယ့်လည်း အဆင့်ကို သတ်မှတ်ဖို့ကတော့ အတော်လေး ခက်ခဲလှတယ်။

အကယ်၍ သူသာ အဆင့်နိမ့်နိမ့် သတ်မှတ်လိုက်ရင် စစ်နတ်ဘုရား မုန့်ထျန်းကို မလေးမစား ပြုရာ ကျလိမ့်မယ်။ ဒါပေမယ့်လည်း အဆင့် မြင့်မြင့် ပေးလိုက်ရင် ဖန်ကျန်းရှီလို ကလေး တစ်ယောက် အတွက် မသင့်တော်တာ ဖြစ်သွားလိမ့်မယ်။

တော်ဝင်စာမေးပွဲ ရလဒ်တောင် မထွက်လာသေးပဲနဲ့ သာမာန်ပြည်သူ လေး တစ်ယောက်ကို အဆင့် ၁ သို့မဟုတ် အဆင့် ၂ ရာထူး ပေးလိုက်လို့ ရမလား။ ဒါကတော့ မတရားရာ ကျသွားလိမ့်မယ်။

“ အဆင့်လေး။” ဧကရာဇ် လင်းမုပိုင် အံကြိတ်ရင်း ပြောလိုက်တယ်။

“ အဆင့်လေး လား။ အရှင် မင်းကြီးကို ကျေးဇူးတင်ပါတယ်။ ” ဖန်ကျန်းရှီကတော့ မျက်တောင် တစ်ခတ်စာ အချိန် တွင်းမှာ အဆင့်လေး ရာထူးရှိတဲ့ အမတ်တစ်ယောက် ဖြစ်လာမယ် လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး ။

ညီလာခံ ထဲက အမတ်မင်းတွေ ဧကရာဇ် ရဲ့ စကားကို ကြားချိန်မှာ ပါးစပ်အငေ်းသား ဖြစ်သွားတော့တယ်။

အဆင့်လေး …..

ဒါက ညီလာခံ ခန်းမ မှာဆို အတော်လေးကို မြင့်တဲ့ ရာထူး တစ်ခု ။ နယ်မြေ ဒေသ တစ်ခုရဲ့ အုပ်ချုပ်သူ အဆင့် ငါး ရှိတဲ့ အမတ်မင်း ။ ရွှေရောင် မြို့တော်လို မြို့ကြီးမှာတောင်မှ အုပ်ချုပ်သူ အဆင့်လေး ရှိတဲ့ အမတ်မင်း ။

ကြီးမြတ်သော ရှ မင်းဆက် ရဲ့ သူရဲကောင်း မုန့်ထျန်းဓား အတွက်တော့ အဆင့်လေး က အနည်းငယ် နိမ့်သလို ရှိပေမယ့်လည်း တော်ဝင်စာမေးပွဲကိုတောင် ဖြေပြီးကာစ ပြည်သူ တစ်ယောက် အတွက်တော့ အဆင့်လေး မြင့်လွန်းလှတယ်။

လုံးဝကို မမျှော်မှန်းနိုင်အောင် မြင့်မားတာ ။

တစ်ချက်တည်းနဲ့ အဆင့်လေး အမတ်မင်း ဖြစ်လာတယ်။ လူအများစု အတွက်တော့ ဒီလို ဖြစ်ဖို့ က ဆယ်စုနှစ် အတော်ကြာ စောင့်ဆိုင်း ကြိုးစားရတာ ။ ဘယ်လိုများ အံ့အား မသင့်ပဲ နေနိုင်မှာလဲ။

“ ညီလေး ဖန် ရဲ့ ရာထူးကို ဂုဏ်ပြုပါတယ်။ ” ရှင်ချင်းစွေ့ ဖြူဖျော့ နေပင်မယ့်လည်း ဖန်ကျန်းရှီကို ဦးညွှတ်ကာ ဂုဏ်ပြုစကားဆိုခဲ့တယ်။

“ ကျေးဇူးတင်ပါတယ်။ ” ဖန်ကျန်းရှီက ပြန်လည် ဦးညွှတ်လိုက်တယ်။

ဖန်ကျန်းရှီ က တစ်ယောက်ယောက်ကို ကျေးဇူး တင်တာ အတော်လေး ဖြစ်ခဲတယ်။ ဒါပေမယ့်လည်း ရှင်ချင်းစွေ့ က ဒဏ်ရာအပြင်းအထန် ရထားတာတော်ငမှ သူ့ အတွက် ညီလာခံ ခန်းမထဲကို လာရော်က တောင်းဆိုပေးတယ်။ ဒါက ဖန်ကျန်းရှီၤကို အတော်လေး အံ့အားသင့်စခေဲ့တယ်။

ရန်ရွှယ် နဲ့ နန်ကုန်းမု တို့ကလည်း ဂုဏ်ပြု စကားတွေကို ပြောကြတယ်။

တစ်ခဏ ငြိမ်သက်တွေဝေမှု ပြီးတဲ့နောက်မှာတော့ တခြားသော အမတ်တွေလည်း ဖန်ကျန်းရှီကို ဂုဏ်ပြု စကားဆိုကြတော့တယ်။

ဖန်ကျန်းရှီကို အရည် ဖျော်ပြစ်ဖို့ သူတို့ မကြိုးစား ကြတော့ပါဘူး ။ နောက်ဆုံး တော့လည်း သူတို့ ထဲက အနိမ့် ဆုံး အဆင့် ကတောင်မှ အဆင့်လေး အမတ်မင်း တွေ အများအပြား ရှိနေတာ ကြောင့်ပဲ ။

နောက်ပြီးတော့ ဖန်ကျန်းရှီကလည်း ပြည်သူ တစ်ယောက် မဟုတ်တော့ဘူး အဆင့်လေး ရှိတဲ့ အမတ်မင်း တစ်ယောက်ဖြစ်နေပြီ။

အဆိုးဆုံး ကတော့ ဧကရာဇ် ရဲ့ အတွေးတွေကို ဘယ်သူမှ ခန့်မှန်းလို့ မရနိုင်တာပဲ ။

သွမ့်အရှင် လက်သီးကို ကျစ်ကျစ် ပါအောင် ဆ ုပ်ရင်း ဒေါသမျက်ဝန်း တွေနဲ့ ကြည့်နေခဲ့တယ်။ အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံကတော့ တည်ကြည်လေးနက် နေဟန်နဲ့ မျက်ဝန်း တွေ မျက်ရည်ကြည်တွေ အရည်လဲ့နေခဲ့တယ်။

ဝန်ကြီးချုပ် ယွိယီဖျင် အတွက်တော့ သူ့ရဲ့ အမူအယာတွေ သိပ်ပြီးတော့ မပြောင်းလဲ သွား ခဲ့ပါဘူး။ ဖန်ကျန်းရှီကို ကြည့်ပြီးတော့ သာ သူ့ ရဲ့ အောင်မြင်မှု အတွက် ဂုဏ် ပြုပေးတော့တယ်။

ဒါ လူအများစုကို အံ့အားသင့်စေခဲ့တယ်။ ယွီယိဖျင်နဲ့ ရင်းနှီးပြီးတော့ သူ့အကြောင်း သိနေတဲ့ သူတွေ ယွီယိဖျင် လူတစ်ယောက်ကို ဖယ်ရှားဖို့ ပြင်ဆင်ချိန်မှာ သူတို့ကို ဒီလို မျိုး စတင် သိမ်းသွင်းတယ် ဆိုတာ သိသာလှတယ်။

“ ဟွန့် ။ ဘာများ ကြီးကြီးကျယ်ကျယ် ရှိလို့လဲ။ သူက အဆင့်လေး အမတ်ငယ်လေးပဲ။” ပင်းယန် ကတော့ စိတ်ပျက်စွာ ပြောလိုက်တယ်။ ဒါပေမယ့်လည်း သူမရဲ့ ဖန်သလင်း မျက်လုံးတွေ အမည်မဖော်ပြနိုင်တဲ့ အရောင်တစ်မျိုး နဲ့ တောက်ပနေခဲ့တယ်။

…

ပြင်းထန်လှတဲ့ မိုးသက်မုန်တိုင်း ရပ်တန့်သွားပြီး နောက်မှာတော့ နေရောင်ခြည် မြို့တော်ထဲ မှာ တောက်ပလာတော့တယ်။ မုန်တိုင်း တစ်ခု ပြီးဆုံးသွားပြီးနောက် မကောင်းတဲ့ အရာ အားလုံး အဆုံးသတ်သွားသလိုပဲ ။

ဒါပေမယ့်လည်း

မြောက်ပိုင်း ဒေသမှာတော့ မိုးသက် မုန်တိုင်း အသစ် တစ်ခု စတင်ပြန်တယ်။

ကန်လင်း တောင် မြောက်ပိုင်း ဒေသရဲ့ အကြီးဆုံး တောင် ဖြစ်ပြီးတော့ မတိုးတက် တဲ့ ဒေသ တစ်ခုလည်း ။ ဒါပေမယ့်လည်း လူဦးရေ ထူထပ်လှတယ်။

ဒီဒေသတွင်းက လူတွေ အသက်ရှင် နေထိုင်ဖို့ အတွက် ခက်ခက်ခဲခဲ ကြိုးစား နေခကြရတယ်။

သူတို့ အများစု ရွာမှာပဲ မွေးပြီး ရွာမှာပဲ ခေါင်းချသွားကြတာ ။ သူတို့ရဲ့ ဆန္ဒကတော့ အသက်ရှင် နေထိုင်ဖို့ပဲ ။ ဒါပေမယ့်လည်း ကြီးမြတ်သော ရှ မင်းဆက်ကတော့ ဒီ လူတွေရဲ့ အသက်ရှင်နေထိုင်မှုကို သိပ်ပြီးတော့ ဂရုစိုက်ဟန်မရှိပါဘူး ။

ယခုအချိန်မှာတော့ စစ်ဝတ်တန်ဆာဝတ် စစ်သားတွေ တောင်ခြေ ဒေသ ရွာအကုန်လုံးကို ဝန်းရံ ထားကြတယ်။ အရောင်တလက်လက် တောက်နေတဲ့ လှံတွေကို ကိုင်ဆောင်ထားပြီးတော့ သူတို့ရဲ့ အဆင့် တန်းကို ဖော်ပြနေခဲ့တယ်။

“ တောင်ကို စည်းချလိုက်”

အပိုင်း (၂၃၁) ပြီး၏။

အပိုင်း ( ၂၃၂)

“တောင်ကို စည်းချခြင်း ”

“ တောင်ကို စည်းချ ”

တူညီတဲ့ အသံတွေ ရွာပေါင်းများစွာကို လွှမ်းခြုံသွားခဲ့တယ်။

ရာပေါင်းများစွာသော မိသားစုတွေ မြောက်ရွာ ရွာသူကြီး ကျန်းယန်ဖိန်ရဲ့ ဦးဆောင်မှု နဲ့ အတူ ရွာကွင်းပြင်မှာ စုဝေးနေခဲ့ကြတယ်။ သူတို့ရဲ့ ရှေ့မှာတော့ ထောင်ပေါင်းများစွာသော စစ်ဝတ်တန်ဆာ အပြည့်နဲ့ စစ်သည်တော်တွေ ရပ်နေခဲ့ကြတယ်။

ဖန်ဟို့ ဒဲ နဲ့ ချီရှင်းလိန်တို့လည်း မတ်တပ်ရပ်နေနဲ့ လူအုပ်ထဲမှာ ရပ်နေတာ ။ ရွာသားတိုင်း အကူအညီ မဲ့ စွာ ငေးငိုင် နေခဲ့ကြတယ်။

“ အရှင်စစ်သည်တော် ကြီး ။ အရှင်တို့ တောင်ကို စည်းချလို့် မရဘူးလေ။ ကျွန်တော်တို့က အမဲမလိုက်ပဲ ဘာနဲ့ စားရမှာလဲ။” ကျန်းယန်ဖိန် အမိန့်ပေးနေသူကို မေးလိုက်တယ်။

“ မင်းက မြောက်ရွာရဲ့ ရွာသူကြီးလား။” အမိန့်ပေးနေသူ ကျန်းယန်ဖိန်းကို ကြည့်လိုက်တယ်။

“ ဟုတ်ပါတယ် အရှင် ။ ကျွန်တော်က ရွာသူကြီးပါ။ ကျွန်တော်တို့က ကန်လင်းတောင် ကို အမှီပြုပြီး အမဲ လိုက် အသက်မွေးရတဲ့သူတွေပါ။ အကယ်၍ တောင်ကို တောင်ကိုသာ စည်းချလိုက်ရင် ကျွန်တော်တို့ ရွာသားတွေ ရာနဲ့ ချီပြီးတော့ အသက်ရှင်သန်ဖို့ ခက်ခဲ တော့မှာပါ။”

“ ငါကြားတာတော့ မြောက်ရွာမှာ တာအို ခန်းမ ရှိတယ်လို့ ကြားထားတယ်။ ” အမိန့်ပေးသူ စကားသံတွေကို လျစ်လျူရှုပြီးတော့ သူ့ကိစ္စကိုသာ ဆက်ပြောခဲ့တယ်။

“ မှန်ပါတယ်။ မှန်ပါတယ်။ တာအို ခန်းမက တောင်ဘက်တောင်ရွာကနေ မြောက်ရွာကို ရွေ့လာတာပါ။ နတ်ဆိုးကျောင်းတော် မင်းသမီး လေး ရဲ့ အမိန့်တော် အရ ပြောင်းလာ တာပါ။ အကယ်၍ အရှင် မယုံကြည်ရင် တာအို ခန်းမထဲ က ဆရာတွေကို မေးလို့ ရပါတယ်။” ကျန်းယန်ဖိန် မျှော်လင့်ချက်လေးများ ကျန်လို ကျန်ငြား မေးကြည့်ခဲ့တယ်။

“ အမ် ။ ဟွေ့အန်း ဒေသကနေ ဒီကို လာတဲ့ လမ်းတွေကို အကုန်ပိတ်ဆို့လိုက်ပြီ။ မင်းသာ အရေးပေါ် သွားဖို့ လိုအပ်လာရင် တောင်လမ်းတွေကို ဖြတ်သွားဖို့ လိုမယ်။ ဒါပေမယ့်လည်း ဒီလမ်းတွေမှာ သားရဲကောင်တွေ အတော်များများ ရှိနေတယ်။ ဒါကြောင့် အုပ်စုလိုက် ဖွဲ့ပြီးတော့ သွားကြပါ။ ဒီ ဖြတ်သန်းသွားလာခွင့်ကို ယူထား ။ လမ်းက စစ်သားတွေ မင်းကို ဖြတ်သန်းခွင့်ပေးလိမ့်မယ်။ ” ကျန်းယန်ဖိန်လက်ထဲက ို သတ္တုနက် အပြားလေး တစ်ခု ပေးရင်း နဲ့ အမိန့်ပေးသူ ပြောလိုက်တယ်။

“ အရှင် ။ အရှင်က တောင်ကို စည်းချမှာလား။ ” ကျန်းယန်ဖိန် နောက်တစ်ကြိမ် ထပ်မေးလိုက်တယ်။

“ တောင်ကို စည်းချဖို့က စစ်တပ်ရဲ့ အမိန့်ပဲ။ ”

“ တောင်ကို စည်းချတာက … ဒါပေမယ့် … အရှင် ။။။ ကျွန်တော်တို့ ရွာက လူငယ် လေး က ဒီနှစ်မှာ ဒေသတွင်း စာမေးပွဲကို ဖြတ်သန်း အောင်မြင် ခဲ့တယ်။ ”

“ ငါသိတယ်။ ဟွေ့ အန်း ဒေသ က လီရှန်းတိုင် ငါ့ကို ပြောပြီး ပြီ။ ဒီ အကြောင်း ကြောင့် သာ မဟုတ်ရင် ဟွေ့အန်းဒေသ ကို သွားဖို့ အတွက် ဒီလောက် လွယ်ကူမယ် ထင်နေလား ။” အမိန့်ပေးသူ ကျန်းယန်ဖိန်ကို အော်တော့တယ်။

“အရှင် ….”

“တော်သင့်ပြီ။ ငါ့ စစ်သားတွေက လနဲ့ ချီပြီး ခရီးနှင်လာရတာ ။ ပင်ပန်းနေကြပြီ။ ငါတို့ အတွက် တည်းခိုစရာ နေရာရှိလား။”

“ပြင်ဆင်ပြီးပါပြီ။ ”

“ ကောင်ပြီ။ ငါ့ရဲ့ စစ်သား တွေ နဲ့ ငါ တို့ မြောက်ဘက် အရပ်မှာ စခန်းချမယ်။ မင်း တို့ရဲ့ ရွာကို အများကြီး သက်ညှာပေးထားတာ။ ငါတို့ အတွက် အရက် နဲ့ အစား အသောက်တွေ ယူလာရမယ်။ နားလည်လား။” အမိန့်ပေးသူ အော်ဟစ်လိုက်တယ်။

“ အမိန့် အမိန့် တော် အတိုင်းပါ။ အနားယူကြပါ။” ကျန်းယန်ဖိန် တစ်ခုခုကို ထပ်ပြောချင်ပေမယ့်လည်း မျိုချလိုက်ရတယ်။ သူ့ ရွာသားတွေ ကောင်းကောင်း အသက်ရှင်ဖို့ အတွက် သူ့ရဲ့ စကားတွေကို ထိန်သိမ်းထားရမယ်။

နောက်ဆုံးတော့လည်း ဒါက စစ်တပ်ရဲ့ အမိန့်ပဲလေ။ ငြင်းဆန်လို့ မရဘူး။

ရွာသားတွေက ဖန်ကျန်းရှီ ဒေသတွင်း စာမေးပွဲ ကို အောင်တယ်ဆိုပေမယ့်လည်း တော်ဝင်စာမေးပွဲ ကိုတော့ အောင်လား ဘယ်သူမှ မသိကြဘူး။ နောက်ပြီးတော့ သူတို့ ကြောင့်လည်း ဖန်ကျန်းရှီကို စစ်တပ်နဲ့ ထိပ်တိုက် မတွေ့စေချင်ကြဘူး။

ရွာအကြီးအကဲ တစ်ယောက် အနေနဲ့ ဖန်ကျန်းရှီကို ကာကွယ်ဖို့က တစ်ခုပဲ ရှိတယ်။ အနာဂတ်မှာ ချောချောမွေ့မွေ့ နေထိုင် ဖြတ်သန်းဖို့ အတွက် သူတို့ အနှောက်အယှက် မပေးမှပဲ ရမယ်။

“ မင်းတို့ကလည်း ။ သူက ဒေသတွင်း စာမေးပွဲကို အောင်မြင်ထားရုံလေး။ တော်ဝင်စာမေးပွဲ ရလဒ်ကလည်း မထွက်သေးဘူး။ တော်သား တစ်ယောက်က စစ်တပ် အမိန့်တော်ကို ဆန့်ကျင်နိုင် မယ်လို့ ထင်လား။” အမိန့်ပေးသူ ကျန်းယန်ဖိန်ရဲ့ အမူအယာကို မြင်ချိန်မှာတော့ ပြောလိုက်တယ် ။ အဲ့ဒီ့နောက် သူ့ရဲ့ စစ်သားတွေ ဘက်ကို လှည့်ကာ “ ဒီနေ့ညမှာ ကောင်းကောင်း စားသောက် အားဖြည့်ထားကြ။ နက်ဖြန်မှာ အင်အား ပြည့်နေဖို့လိုတယ်။ တိုက်ပွဲကြီး တစ်ခုက စတော့မှာ လာရှုပ်တဲ့သူ မှန်သမျှကို မညှာနဲ့ အကုန်သတ်။”

“ အမိန့်အတိုင်းပါ။” စစ်သည်တွေ တညီတညာတည်း ပြန်ဖြေကြတယ်။

အမိန့်ပေးသူ စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုကတယ်။ အဲ့ဒီ့နောက် မြောက်ရွာကို ကြည့်ရင်း တစ်ချက် နှာခေါင်းရှုတ်လိုက်တယ်။ “ လီရှန်းတိုင်ကတော့ ဟိုကလေး ရဲ့ နာမည်က ဖန် ပါတယ်လို့ တော့ ပြောလိုက်သား။ ငါလည်း အလျင်လိုနေတာ့ ကောင်းကောင်း မမှတ်မိလိုက်ဘူး။ ထားလိုက်ပါတော့ ။ ဒီလို ရွာ အစုတ်အနုတ် က ဘယ်လောက်အရည်အချင်း ရှိတဲ့ သူ ထွက်လာမှ မို့လဲ။ တော်ဝင်စာမေးပွဲက လွယ်လွယ် အောင်တာကြလို့။ နောက်ပြီးတော့ ငါက စစ်တပ် အမိန့် အတိုင်းပဲ လုပ်ဆောင်နေတာပဲ။”

ကျန်းယန်ဖိန် အမိန့်ပေးသူ ထွက်သွားတာကို သာ စိတ်မသက်မသာ နဲ့ ကြည့်နေခဲ့ရတယ်။ တခြား ဘာမှ မပြောပဲနဲ့ ကောင်းကင်ကိုသာ မော့ကြည့်နေခဲ့တယ်။

ဖန်ဟို့ဒဲ သူ့ရဲ့ ဘေးကို လျှောက်လာခဲ့တယ်။

“ အကိုယန်ဖိန် ဘာဖြစ်လို့လဲ။”

“တောင်ကို စည်းချတာက စစ်တပ်ရဲ့ အမိန့်ပဲ။ ငါတို့ ပြောင်းလဲ လို့မရဘူး။ လီရှန်းတိုင်သာ ငါတို့ အတွက် ပြောပေးမထားရင် ငါတို့ ရွာကတောင် ထွက်လို့ရမှာမဟုတ်ဘူး။” ကျန်းယန်ဖိန် သက်ပြင်းချရင်း ပြောလိုက်တယ်။

“အကယ်၍ ဒါသာ စစ်တပ်အမိန့် ဖြစ်ရင် ကျွန်တော်တို့ တတ်နိုင်တာ မရှိတော့ဘူး။ မစိုးရိမ်ပါနဲ့ အကို ယန်ဖိန်။ တောင်ပေါ်က ကိစ္စလည်း အချိန်တို အတွင်း ဖြေရှင်းနိုင်မှာပါ။ ကျန်းရှီ မသွားခင်တုန်းက ငွေသားတွေ ပေးသွားတာလဲ ရှိတယ်။ ရှင်းလိန်ကို ယူလာခိုင်းလိုက်တယ်။ ကျွန်တော်တို့ အတွက် အကြပ်အတည်းကိုတော့ နည်းနည်း သက်သာ စေနိုင်မှာပေါ့။” ဖန်ဟို့ဒဲ နှစ်သိမ့်နေခဲ့တယ်။

“ ငါတို့ မျှော်လင့်နိုင်တာကတော့ အကောင်းဆုံး ဖြေရှင်းဖို့ပဲ။” ကျန်းယန်ဖိန် သက်ပြင်းချလိုက်ပြန်တယ်။”

…

ဟွေ့အန်းဒေသနဲ့ စပ်ဆပ်နေတဲ့ မြစ်မှာတော့

လှေတစ်စင်း လျင်လျင်မြန်မြန် ရွက်လွှင့်နေခဲ့တယ်။ မ

အစိမ်းရောင်ဝတ် အမျိုး သမီးလေး တစ်ဦး ငှက်ခြေထောက်က ဝါး ကျည်တောက်လေးထဲမှာ ပါလာတဲ့ စားကို အလျင်အမြန်ယူပြီး ဖတ်နေခဲ့တယ်။ အဲ့ဒီ့နောက် လှေပေါ်က အခန်းကြီး ဆီကို သုတ်ခြေတင်တော့တယ်။

“ အရှင်သခင်။ မြို့တော်ကနေ သတင်းရောက်ပါတယ်။ ”

“ ဆက်ပြော” ခပ်တိုးတို းအသံ တစ်သံ ထွက်ပေါ်လာတော့တယ်။

“ တိုက်ခိုက်ရေးစာမေးပွဲမှာ မျိုးနွယ်စုဒုခေါင်းဆောင် သေဆုံးသွားပါပြီ။ ဖန်ကျန်းရှီ သတ်လိုက်တာ နောက်ပြီးတော့ …”

“ဆက်ပြောစမ်း ။”

“ဖန်ကျန်းရှီက သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ ဓားကို ပိုင်ဆိုင်သွားပြီ။ ဒါ့အပြင်ကို သူက အခုချိန်မှာ အဆင့်လေး ရှိတဲ့ ဓား သံတမန် အမတ် အဖြစ် ခန့်အပ် ခံလိုက်ရပါပြီ။ “

“ သဘောပေါက်ပြီ။ ဟွေ့အန်းဒေသကို ရောက်ဖို့ ဘယ်လောက်ကြာအုန်းမလဲ။ ”

“ အနည်းဆုံး ၁ရ ရက်ပါ။”

“ ၁၅ အတွင်းရောက်အောင်သွား”

“ အမိန့်တော်အတိုင်းပါ အရှင်သခင်”

အစိမ်းရောင် အမျိုးသမီး တံခါးဝကနေ ပျောက်ကွယ်သွားတော့တယ်။

အခန်းထဲမှာတော့ အဖြူစွတ်စွတ်ဝတ်ရုံနဲ့ ယွင်ချင်းဝူ ဇာပဝါ မျက်နှာကာ ကို ဆင်မြန်းထားကာ စုတ်တံ တစ်ချောင်းကို ကိုင်ထားခဲ့တယ်။

သူမရဲ့ ရှေ့မှာတော့ ပုံစွဲ စာရွက် နဲ့ မှင်တွေ ပြည့်နေတဲ့ စားပွဲ တစ်ခုရှိနေခဲ့တယ်။ စာရွက်ပေါ်မှာတော့ မရေမတွက်နိုင်တဲ့ မျဉ်းတွေ နဲ့ အတူ စာရွက် တစ်ခုချင်းစီ ရှုပ်ထွေးလှတယ်။

ယွင်ချင်းဝူ ခေတ္တ ရပ်နားလိုက်ပြီးတော့ စတင်ရေးသားတော့တယ်။ စုတ်ချက် တစ်ချက် ချင်းစီကို အသေအချာ စဉ်းစားကာ ဂရုတစိုက်ရေးသားနေတာ ။

အချိန် အနည်းငယ် ကြာပြီးနောက်မှာတော့ သူမ စုတ်ချက် ငါးချက်ကို အဆုံးသတ်လိုက်တယ်။

သူမ ကောင်းကင်ဆီ ဦးတည်ပြီး မော့ကြည့်လိုက်တယ်။ သူမ လက်ထဲက စုတ်တံကို ချလိုက်ပြီးနောက် ။ “ သူက နတ်ဆိုး မျိုးနွယ် ခေါင်းဆောင် ကိုလည်း ကျော်ဖြတ်နိုင်တယ်လား။ အခုတော့ အဆင့်လေး ရှိတဲ့ ဓားသံတမန် အမတ် လည်း ဖြစ်နေပြီ။ ကြီးမြတ်သော ရှ မင်းဆက် ရဲ့ ဓလေ့ထုံးစံ အရ သူ့ ရွာကို သူ ပြန်ရတော့မှာပဲ။ အကယ်၍ ဒါသာ မိုးနတ်မင်း ရဲ့ အလို ဖြစ်ခဲ့ရင် င့ါလက်ကနေ လွတ်နိုင်မယ်လို့ ထင်လား။”

…

မြို့တော်ထဲမှာတော့ ဖန်ကျန်းရှီ နဲ့ ရန်ရွှယ်တို့ မြို့တံခါးကို နှုတ်ဆက်ထွက်ခွာပြီ ။

ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ရိုးရာအရ သူ့ရဲ့ ရွာကို ပြန်ပြီးတော့ မိဘ ဆွေမျိုးတွေနဲ့ စားသောက်ပွဲ ကျင်းပရမှာ ။

ဖန်ကျန်းရှီကတော့ ရိုးရာတွေကို သိပ်ဂရုမစိုက်ပေမယ့်လည်း တိုက်ခိုက်ရေး စာမေးပွဲကို ပြန်လည် စစ်ဆေးခြင်း နဲ့ ရလဒ် ထုတ်ပြန်တာတွေ လည်း လာအုန်းမှာ။ နောက်ပြီးတော့ သူ့ရဲ့ မွေးနေ့ကလည်း နီးနေပြီ။

ဒါက သူ့ရဲ့ ဆယ့်ခြောက်နှစ်ပြည့် မွေးနေ့ ဖြစ်ပြီးတော့ အရွှယ်ရောက်တဲ့ အထိန်းအမှတ် အချိန်ကို ရောက်နေတာ့မှာ ။

ဒါကြောင့် ရွာပြန်ပြီး မွေးနေ့လုပ်ရအုန်းမယ်။ အိမ်ကိုခွဲရမှာလည်း လ ကြာနေပြီ ဆိုတော့ အိမ်လွမ်းတဲ့ ရောဂါ ရနေပြီ။

နောက်ပြီး တော့ ရန်ရွှယ် ကလည်း အနောက်ပိုင်း လျန် ဒေသကနေ အိမ်ပြန်ဖို့စာရောက်လာပြီ။ မြို့တော်မှာ အချိန် အကြာကြီး နေနေရတာကလည်း ပျင်းစရာ ကောင်းလွန်းလှတယ်။

ဒါကြောင့် သူလည်း ရွာကို ပြန်ပြီးတော့ အနားယူချင်တယ်။ ခြေရာမဲ့ ဓားကိုတော့ ယူသွားရမှာပေါ့။

တစ်ဘဝလုံး မြို့တော်မှာ နေသွားရမှာက အရမ်းကို ပျင်းစရာ ကောင်းလွန်းလှတယ်။

ကမ္ဘာကြီးက အကြီးကြီး ။ လူတစ်ယောက်က ကောင်းကောင်း လှည့်ပတ် လေ့လာသင့်တယ်။

“ ညီလာခံ စာမေးပွဲမှာ ငါတို့ ပြန်တွေ့ရင် ငါ မင်းကို အနိုင်တိုက်မယ်။ ” ရန်ရွှယ် တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကို ဝေ့ယမ်းရင်း နဲ့ ဖန်ကျန်းရှီကို ယုံကြည်မှု ရှိရှိပြောလိုက်တယ်။

“ ဟဟ အရမ်း အလောမကြီးပါနဲ့။ ငါက အတော်လေး အင်အားကြီးတဲ့ လူနော် ” ဖန်ကျန်းရှီက ချောင်းဟန့်ရင်း မယုံကြည်စွာ နဲ့ ခေါင်းလေး ခါကာ ပြောနေခဲ့တယ်။

အပိုင်း (၂၃၂) ပြီး၏။

အပိုင်း ( ၂၃၃)

“ ပြဿနား ကြား ”

ရန်ရွှယ် ခေါင်းကို ဖြည်းဖြည်းချင်း ငြိမ့်လိုက်တော့တယ်။ အဲ့ဒီ့နောက်မှာတော့ သူ့ရဲ့ နှင်းမဟူရာ မြင်းပျံကို စီးနင်းကာ မြို့တော်ကနေ ထွက်ခွာသွားတော့တယ်။

ဖန်ကျန်းရှီကတော့ သူ့ သူငယ်ချင်း ထွက်ခွာသွားတာကို ကြည့်ပြီးတော့မှ သူ့ကိုယ်ပိုင် နှင်းမဟူရာ မြင်းပျံပေါ်ကို တက်တော့တယ်။

ဒီ အိမ်အပြန်လမ်းမှာ ဖန်ကျန်းရှီက အမတ်မင်း ဖြစ်သွားတဲ့ အကြောင်းကို ကြေညာဖို့ အတွက် လူတစ်ယောက် လိုတယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီက သူ့ ခရီး မှာ ကြေညာသူကို ခေါ်ဖို့ အတွက် ငြင်းဆန်ခဲ့တယ်။

ဖန်ကျန်းရှီ အိမ်အပြန်လမ်းအတွက် အိမ်ပြန်လက်ဆောင်တွေ ယူသွားဖို့ ဆုံး ဖြတ်ခဲ့တယ်။ ဒါကြောင့် ရန်ရွှယ် နဲ့ အတူ မသွားဖို့ အတွက် ဆုံးဖြတ်ခဲ့တယ်။ အရင်ဆုံး ဈေးဝယ်ရမယ် ။

…

ပင်းယန် အိမ်တော်မှာတော့ ပန်းရာချီ ပွင့်ဖူး နေကြတယ်။ ဝတ်ရုံနီလေးနဲ့ ပင်းယန် မင်းသမီး မပျော်မရွှင် ဖြစ်နေခဲ့ကြတယ်။

“ ဘာလို့ ယန်လေးက မြောက်ပိုင်းကို အလောတကြီး ပြန်မှာလဲ။ ပင်းယန်လည်း လိုက်ချင်တာကို ဘာလို့ ဧကရာဇ် ဆီ ခွင့်မတောင်းခိုင်းတာလဲ။” ပင်းယန် က ချီကူယန်ရဲ့ လက်ကို ကိုင်ကာ မေးနေခဲ့တယ်။

“ ခရမ်း လျှပ်စီးကို မယူတော့ဘူးလား ပင်းယန်ရဲ့” ချီကူယန်က ပြုံးပြီးတော့ မေးလိုက်တယ်။ ဧကရာဇ် က ပင်းယန်ကို မြို့တော်ကနေ မခွာခိုင်း နိုင်တာ သူ ကောင်းကောင်းသိတယ်လေ။

“ ခရမ်းလျှပ်စီး မြင်းပျံ လား။ ဘယ်မှာလား။” ပင်းယန်ရဲ့ မျက်လုံးတွေ တလက်လက် တောက်ပလာခဲ့တယ်။

“ ဒီမှာရပြီလေ။” အသံတစ်ခု ဝန်းတံခါး အပြင်ကနေ ထွက်လာခဲ့တယ်။ အဲ့ဒီ့နောက် မင်းသားကိုး မြင်းပျံ တစ်ကောင်ရဲ့ ဇက်ကြိုးကို ဆွဲရင်း ပေါ်လာခဲ့တယ်။

ခေါင်းကနေ ခြေဖျားအထိ တြိဂံပုံစံ အကြေးခွံတွေ ဖုံးအုပ်ထားခဲ့တယ်။ နဖူးမှာတော့ ခရမ်းရောင် ဂျိုလေး တစ်ချောင်းရှိပြီးတော့ လျှပ်စီး သဖွယ် အလင်းတန်းတွေ တောက်ပနေခဲ့တယ်။

ဒါက အရမ်းကို ရှားပါးလွန်းတဲ့ မျိုးစိတ် မြင်းပျံ တစ်ကောင်။

“ းး အစ်ကိုကိုး ။ နောက်ဆုံးတော့ ခရမ်း လျှပ်စီးကို ပေးပြီပေါ့။”

“မင်းကို ပေးရမယ်လား။ အိမ်မက် မက်နေလိုက်။ ငါက ချီကူယန် ခရီးထွက်တဲ့ အချိန် အတွက် မင်းကို ငှားတာပဲ။ ချီကူယန် ပြန်လာတာနဲ့ ငါ့ကို ချက်ခြင်း ပြန်ပေး။” မင်းသားကိုး စိတ်အချဉ်ပေါက်နေဟန်ပါပဲ။

“ အစ်ကို ကိုး စိတ်လျှော့ပါ။ အသေအချာ ပြန်ပေးပါမယ်။” ပင်းယန် ပြုံးစိစိ နဲ့ ပြောလိုက်တယ်။ မင်းသား ကိုး နောက်တစ်ခွန်း မပြောရသေးခင် အချိန်မှာပဲ ပင်းယန် သူ့လက်ထဲက မြင်း ဇက်ကြိုးကို ယူသွားခဲ့ပြီ ။

“ ဟ ဟ ” ချီကူယန် ကတော့ ပင်းယန်ကို ကြည့်ပြီး ရယ်မောနေခဲ့တယ်။ သူမရဲ့ တောက်ပတဲ့ မျက်ဝန်း အစုံ မြောက်အရပ်ကို ဦးတည်လိုက်ပြီးနောက်။ “ ကောင်းကင် တာအို ကျောက်ဖျာ ။ ကန်လင်း တောင် ။ ကြည့်ရတာ အရှက်မရှိတဲ့ သူခိုးကောင် အိမ်ပြန်တဲ့ လမ်း ပဲ ဖြစ်လိမ့်မယ်. ။

…

၂ နာရီ ကြာပြီး နောက်မှာတော့ ဖန်ကျန်းရှီ နှင်းမဟူရာ မြင်းပျံ ပေါ်မှာ ဝန်တင်ရင်း မြို့တော် တံခါးကနေ ထွက်ခွာတော့တယ်။

“ ငါက ကတိစကားကို တည်တဲ့ လူ တစ်ယောက်ပဲ။ မင်းကို လောက အနံ့ ရှုခင်းကြည့်ဖို့ အခုပဲ ခေါ်သွားမယ်။ ” ဖန်ကျန်းရှီ တီးတိုး ရေရွတ်လိုက်တယ်။

တံခါး အစောင့်တွေကတော့ ဖန်ကျန်းရှီ ကို မြင်ချိန်မှာ ရပ်တန့် ခိုင်း ချင်း မရှိသလို တစ်လုံး တစ်ပါဒ မှလည်း ပြောချင်းမရှိပါဘူး။

သူ မြို့တံခါး ကနေ ထွက်တာနဲ့ မြောက်ပိုင်း ဒေသကို ဦးတည်ပြီ ။

နှင်းမဟူရာ မြင်းပျံကို ဒုန်းစိုင်း နှင်ကာ ထွက်တော့မယ့် အချိန်မှာပဲ။ မြောက်ဘက်ကို ဦးတည်နေတဲ့ ပုံရိပ်လေး တစ်ခုကိုသူတွေ့လိုက်တယ်။ ဒီပုံရိပ် အဖြူရောင် ဝတ်ရုံကို ဝတ်ထားခဲ့တယ်။ ဒါပေမယ့် ” ကောင်းကင် တာအို တံဆိပ်” တော့ ထိုးထွင်းမထား ဘူး ။

ပိုပြီးတော့ အရေးကြီးတာက ပုံရိပ် မြင်းပျံ တစ်ကောင်ကို စီးနင်းထား တာပဲ ။

နောက်ပြီးတော့ မြင်းက ဖန်ကျန်းရှီ အတော်လေး ရင်းနှီးနေတဲ့ မြင်း တစ်ကောင် ဖြစ်နေတယ်။

ခေါင်းကနေ ခြေဖျား အထိ ဆွတ်ဆွတ်ဖြူ နေပြီးတော့ နဖူး အလယ်မှာ အနီမှတ်လေး ရှိနေခဲ့တယ်။ ဒီ မြင်းပျံက အင်အားကြီး နဂါး မျိုးနွယ်ကနေ ဆင်းသက်လာတဲ့ မြင်းပျံ ။

ဖန်ကျန်းရှီက ဒီမြင်းကို သူ့ ကိုယ်ပိုင် ပစ္စည်းလို့ အမြဲတမ်း မှတ်ယူထားတာ ။

“ မတွေ့တာကြာပြီနော်။ သခင်လေး ဖန်” အသံခပ်စူးစူး ထွက်လာခဲ့တယ်။ တခြားသူ သူ့ အသံကို ဖျက်ထားခဲ့တာ ။

“ ဟန်ဆောင်နေတာ ရပ်လိုက်စမ်း ။ ” ဖန်ကျန်းရှီ ထိုပုံရိပ်ကို ပြောလိုက်တယ်။ ချီကူယန် ရဲ့ ယောကျာ်းလေး တစ်ယောက်လို ရုပ်ဖျက်ထားတာကို သူ ကောင်းကောင်းသိတယ်။ ဒါကို နတ်ဆိုးကျောင်းတော်မှာ သူ သေသေချာချာ ခွဲခြား ပြီးပြီ။

“ ငါလည်း မြောက်ပိုင်း ဒေသကို သွားမှာ ။ ငါ့ အတွက် အစားအသောက် ပြင်ပေး ရင် နင့်ကို ငွေသား ၅၀၀ ပေးမယ်။ ” ချီကူယန် ဖန်ကျန်းရှီ နဲ့ မငြင်းခုံတော့ပဲ ပြောလိုက်တယ်။

“ ငွေသား တစ်ထောင် ထက် နည်းတာ ဘာမှ လက်မခံ ဘူး။” ဖန်ကျန်းရှီ မကျေမနပ် ပြောလိုက်တယ် ။

“ ၆၀၀”

“ အကယ်၍ ၉၅၀ အောက်ဆို စဉ်းတောင် မစဉ်းစားနဲ့ ။”

“ ရ၀၀”

“ ငါ နင့်ကို နည်းနည်း ထပ်လျှော့ပေးမယ်။ ၉၄၀ ။ မပေးနိုင်ရင် တစ်ယောက် တစ်လမ်း သွားမယ်။” ဖန်ကျန်းရှီက အံကြိတ်ရင်း ပြောလိုက်တယ်။

“၉၀၀”

“ ၈၈၀ ။ ငါ အဲ့ဒီ့ ဂဏန်းကို ကြိုက်တယ်။ နောက်ထပ် ပိုတဲ့ ၂၀ကတော့ ပြန်အမ်းငွေ ထားလိုက်။ အများကြီး မတွေးနဲ့ တော့ ။ င့ါမှာ ပိုက်ဆံ ရှိရင် ကောင်းကောင်းတော့ လုပ်နိုင်ပါတယ်။ ” ဖန်ကျန်းရှီက ပြုံးပြီးတော့ ပြောလိုက်တယ်။ နှင်းမဟူရာ မြင်းပျံ ရဲ့ အစွမ်း နဲ့ ဆိုရင် ခရီး တစ်လျှောက်လုံးက အများဆုံး တစ်လပဲ ကြာမှာ ။ နောက်ထပ် အပို ငွေသား ၈၈၀ ပိုရမယ့်ကိစ္စ ကို ဘာလို့ ငြင်းရမှာလဲ။

ပိုပြီးတော့ အရေးကြီးတာက ဒီလို အစွမ်းထက်တဲ့ အမျိုးသမီး ရဲ့ အကာအကွယ် မပါပဲ နဲ့ သူ ဘယ်လိုလုပ် ခရီးထွက်ဝံ့မှာလဲ။

ဒီလို အစွမ်းထက် တဲ့ သူ မျိုးက သူ့အကြိုက်မဟုတ်ပေမယ့်လည်း လက်ခံလို့ တော့ ရပါတယ်။

“ နင်က အရင် အတိုင်း အရှက်မရှိတဲ့ ကောင်ပဲ။”

“ ချီးမွမ်းမှု အတွက် ကျေးဇူးပါ။ ”

…

ဖန်ကျန်းရှီ နဲ့ ချီကူယန် တို့ မြို့တံခါးကနေ ထွက်ခွာကြတော့တယ်။ သူတို့နောက်မှာတော့ မှောင်ရိပ်ခိုပြီး စောင့်ကြည့်နေခဲ့တဲ့ ဝတ်ရုံနက် လူတစ်ဦး ရှိနေခဲ့တယ်။

“ ချီကူယန်လား။” ထို ပုံရိပ် အလောတကြီး ရေရွတ်ရင်း အမှောင်ထုထဲကို ဝင်ရောက်ပျောက်ကွယ်သွားတော့တယ်။

…

…

တစ်လကြာပြီး နောက်။

ဟွေ့အန်း ဒေသတွင်းမှာတော့ ချပ်ဝတ်တန် ဆာ အပြည့်နဲ့ စစ်သား တွေ ကင်းလှည့်နေခဲ့ကြတယ်။ သူတို့ ရှေးငေ်းမြို့တော်ကြီးကို တည်ကြည်လေးနက်တဲ့ အသွင် ဖြစ်ပေါ် စေခဲ့တယ်။

နှင်းမဟူရာမြင်းပျံကို စီးနင်းလာတဲ့ ဖန်ကျန်းရှီကတော့ မြင်းပေါ်မှာ ပျင်းရိပျင်းတွဲ နဲ့ လိုက်ပါလာခဲ့တယ်။ သူ့နောက်မှာ တော့ ချီကူယန် ရုပ်ဖျက်ပြီးတော့ လိုက်လာခဲ့တယ်။

ချီကူယန်ကတော့ ဖန်ကျန်းရှီ ထက် အပုံကြီး သက်တောင့်သက်သာ အနေအထားမှာ ရှိနေခဲ့တယ်။ လေပြည်ညှင်း သူမရဲ့ အဝတ်တွေကို တိုးတိုက်ရင်း တဖျတ်ဖျတ် လွှင့်နေစေခဲ့တယ်။ ဒီလို လေအဝှေ့က သူမကို သက်တောင့်သက်သာ အသွင်နဲ့ ကျက်သရေရှိနေစေခဲ့တယ်။

နောက်ပြီးတော့ သူမရဲ့ မီးတောက်နီ နှင်းဖြူလေး ဟွေ့အန်းဒေသကို ဖြတ်သွားချိန်မှာ မိန်းမငယ်လေး တွေ ရဲ့ အာရုံစိုက်မှုကို တော်တော် ရခဲ့တယ်။ အမျိုးသမီးငယ်လေး တွေ သူတို့ရဲ့ အိမ် ပြတင်းတံခါးတွေကနေ ငေးကြည့်ကြတာ ။

ဖန်ကျန်းရှီကတော့ အများကြီး မတွေးတော့ဘူး ။

ဟွေ့အန်း ဒေသ ကို လာတဲ့ လမ်း တစ်လျှောက်လုံးမှာ သူတို့ ရပ်နားတဲ့ နေရာတိုင်း မိန်းမငယ်လေး တွေ အများအပြားစုဝေးပြီးတော့ သူတို့ကို ကြည့်ကြတာ ။ သူတို့ နှစ်ဦးကို ဝန်းရံပြီး အစကတော့ သဘောကျပေမယ်လည်း နောက်တော့ စိတ်မပါ ဖြစ်လာခဲ့တယ်။

“ မင်း ဘာလို့ နတ်ဆိုး ကျောင်းတော်ကို မပြန်တာလဲ။ ငါတို့ ဟွေ့အန်း ဒေသကို ရောက်နေပြီပဲ။” ဖန်ကျန်းရှှီ နှုတ်ခမ်းတွေကို ကွေးညွှတ်ရင်း နဲ့ ပြောလိုက်တယ်။

“ နတ်ဆိုး ကျောင်းတော်ကို ပြန်မယ် ပြောမိလို့လား။” ချီကူယန် က ပြုံးရင်း ပြန်မေးလိုက်တယ်။

ဖန်ကျန်းရှီကတော့ သူမရဲ့ အပြုံးကို ခေတ္တတော့ ကြက်သေသေသွားခဲ့တယ်။ ချီကူယန်က အတော်လေးကို ချောမောပြီး ကျက်သရေရှိတာကို တော့ သူ ဝန်ခံရမှာ အမှန်ပဲ။

အထူးသဖြင့် ပြုံးလိုက် တဲ့ အချိန်မှာ ည ကောင်းကင်က ကြယ်တာရာတွေ လို လင်းလက်တောက်ပ နေတယ်။ မှင်သက်စရာ ကောင်းလှတယ်။

ဒါပေမယ့်လည်း ဖန်ကျန်းရှီက အပြုံးရဲ့ ဖမ်းစားမှုကို သိပ်မခံရပါဘူး။ သူကြိုက်တာက သိမ်မွေ့ နူးညံ တဲ့ မိန်းမလှလေးကိုလေ။ သူ့ ရှေ့က အမျိုးသမီးက သူ့ ထက် အင်အားကြီးတယ် မလား။

အမျိုးသမီးကို လှည့်စားတဲ့သူ လည်း မလုပ်ချင်သလို။ လှည့်စားတာလဲ မခံ နိုင်ဘူး ြဖ်စတယ်။

“ မင်းက နတ်ဆိုးကျောင်းတော်ကို မပြန်ဘူး ဆိုရင် ။ငါနဲ့ အတူ မြောက်ရွာကို လိုက်မလို့လား။” ဖန်ကျန်းရှီက စိတ်ပျက်စွာ မေးလိုက်တယ်။ ဘယ်လိုလုပ်ပြီးတော့ ဒီလို မြင့်မြတ် အင်အားကြီး လှတဲ့ ချီကူယန်က သူ့ ဇာတိ အိမ်ကို လိုက်မှာလဲ။

“ အင်း ဟုတ်တယ်။ ငါတွေးထားတဲ့ အတိုင်း အတိအကျပဲ။” ချီကူယန် က ခေါင်းငြိမ့်လိုက်တယ်။

“ တကယ်ပဲ မြောက်ရွာက ငါ့အိမ်ကို လိုက်မှာ လား။” ဖန်ကျန်းရှီက ထိတ်လန့်တကြား မေးလိုက်တယ်။

“ဟုတ်တယ်။”ချီကူယန်က ခေါင်းငြိမ့်လိုက်တယ်။

“ မြို့တော်ကနေ လာတဲ့ လမ်း တစ်လျှောက်မှာ ငါ မင်းကို အမွှေးစိမ်း ယုန် ရှစ်ကောင်။ မီးတောက် အမွှေးဖွာ ကြက် ၁၃ ကောင်။ အစွယ် ၂ ချောင်း ပါတဲ့ သတ္တုဝက် နဲ့ သတ္တုဂျို ဆိတ်တစ်ကောင် ကင်ကျွေးခဲ့တယ်လေ။ အခုတော့ မင်းက ငါ့အိမ်ကို လိုက်ပြီး အလကား ကပ်စား ချင်ပြန်တာလား။ အိမ်မက်မက်နေလိုက်။” ဖန်ကျန်းရှီ တစ်လုံးချင်း တည်ကြည်လေးနက်စွာ ပြောလိုက်တယ်။

“ ဒီလို ဆိုရင် ငွေသား ပေးမယ်လေ။”

“ ငွေနဲ့ တင် ရမလား ။ ဒီတစ်မိုးအောက်မှာ ငွေနဲ့ တင် အရာအားလုံးကို ဝယ်လို့ရတယ်ထင်နေလား။ ဒါက အခြေခံ အဆင့်ပဲ ရှိသေးတယ် ။ နားလည်ရဲ့လား ။”

“တစ်လ ကို ငွေသား တစ်ထောင်ပေးမယ်လေ။ နင့်အိမ်လိုက်နေရင်။”

“ အပေးအယူ ဖြစ်ပြီ။”

“ နင်ပြောတော့ နံပါတ် ၈၈၀ကို သဘောကျတယ်ဆို”

“ ဟုတ်တယ်။ ၁၀၀၀ နဲ့ ၈၈၀ ကြားက ကွာခြားချက်က ၁၂၀ ရှိတယ်။ ငါက မင်းကို ပြန်အမ်းမယ် ထင်နေတာလား။ အရူး ”

“…”

…

ခပ်စောစော မနက်ခင်း အချိန်အခါ။ သူတို့ ဟွေ့အန်းဒေသကို ရောက်နေပြီ ဖြစ်တဲ့ အတွက် ဖန်ကျန်းရှီက အိမ်ပြန်ဖို့ အလောတကြီး မရှိခဲ့ ဘူး။ ဒီ ခရီးတစ်လျှောက်မှာ သူ အရာအားလုံးကို ကိုယ်တိုင် လုပ်ခဲ့ရတာ ။ ချက်ပြုတ်တာ အဝတ်လျှော် ပန်းကန်ဆေး အောက်ခြေသိမ်း အကုန် လုပ်ရတာ ။

အခုတော့ ဟွေ့အန်း ဒေသကို ရောက်လာပြီ ဆိုတော့ စားသောက ဆိုင် ကောင်းကောင်း တစ်ဆိုင်မှာ ကောင်းကောင်း စားဖို့ပဲ ။

“ ငါ ရှင်းရှင်းလင်းလင်း ပြောမယ်။ အခု ဟွေ့အန်း ဒေသကို ရောက်လာပြီ။ ငါတို့ ရဲ့ သဘော တူညီ မှုကလည်း ပြီးပြီ။ စားသောက်ဆိုင်ထဲမှာ ကိုယ်စားတာပဲကိုယ်ရှင်းမယ်။ ” ဖန်ကျန်းရှီက ချီကူယန်ကို ပြောလိုက်တယ်။

“ နင်က ငါ့ကို အရှုပ်ထုပ် လို့ ပြောနေတာလား။ ငါ့ကို ချွေတာဖို့ မလုပ်ပေးတော့ဘူးလား။” ချီကူယန်က ဖန်ကျန်းရှီကို ပြောလိုက်တယ်။

“ အဲ့ကိစ္စ နှစ်ခုက မဆိုင်ဘူး။ မင်းက ငါနဲ့ အတူ လိုက်မယ်လို့ ပြောတယ်။ ငါ က မင်းကို အစားအသောက် ကိစ္စ လုပ်ပေးတယ်။ မင်းငါ့ကို ပိုက်ဆံ ပေးရမှာက အမှန်တရားပဲ။ အခု တော့ ငါတို့ရဲ့ စာချုပ်က ကုန်သွားပြီ။ ယောကျာ်းတစ်ယောက် အနေနဲ့ မိန်းကလေး တစ်ယောက်ရဲ့ ပိုက်ဆံကို အမြဲ တမ်း စားနေဖို့ကတော့ မဖြစ်နိုင်ဘူး။” ဖန်ကျန်းရှီက ချက်ခြင်း ပြန်ဖြေလိုက်တယ်။ သူက ပိုက်ဆံကို ကြိုက်ပါတယ်။ ဒါပေမယ့်လည်း အမျိုးသမီး တစ်ယောက်ရဲ့ ငွေ နဲ့ အမြဲစားနေတာကတော့ မဖြစ်သင့်ဘူး မလား။

“ ယောကျာ်း တစ်ယောက် ဟုတ်လား။ ဒါဆိုရင် နင် ငါ့ကို ဘာလို့ ထမင်းဖိုး မပေးတာလဲ။”

“ မင်းကကော ယောကျာ်း မဟုတ်ဘူးလား။” ဖန်ကျန်းရှီက ချီကူယန် ဝတ်ဆင်ထားပုံကို ကြည့်ရင်း ပြုံးကာ ပြောလိုက်တယ်။ “ အကယ်၍ အဝတ်အစား ပြန်ပြောင်းရင်တော့ ထမင်းဖို့ အတွက် စဉ်းစားပေးမယ်။”

“ အရှက်မရှိလိုက်တာ။”

…

ဖန်ကျန်းရှီ ရဲ့ အိတ်ထဲမှာတော့ ဒီ အချက်ကြောင့် အတော်လေးကို ပြည့်နေပြီ ။ ဟွေ့အန်း ဒေသမှာ သူ့ထက် ချမ်းသာ တဲ့ လူနည်းနည်းပဲ ရှိတော့မယ်။ ပင်းယန် ရဲ့ မြင်းကို ရောင်းတုန်းက ငွေသား ရ၀၀၀ နီးပါးရထားတာ ။ နောက်ပြီးတော့ ပင်းယန် နေ့တိုင်း ပို့ပေးနေတဲ့ ငွေသေတ္တာ တွေလည်း မနည်းဘူး။

ဧကရာဇ် စီကလည်း ရွှေသား တစ်ထောင် ရထားသေးတယ်။

ဒီလို မျိုး အိတ်ထဲ ပိုက်ဆံ ပြည့်နေမှာတော့ အကောင်းဆုံး စားသောက်ဆိုင်ကိုပဲ ရွေးတာပေါ့။ ဒီစားသောက်ဆိုင်က ရန်ရွှယ် နဲ့ တွေ့တွေ့ချင်းမှာ စားတဲ့ ဆိုင် ။

အရင် တုန်းကနဲ့ တော့မတူပဲ တော်တော်တော့ ငေ်းနွမ်းနေခဲ့တယ်။ ဒါပေမယ့်လည်း အထဲမှာ စစ်သားတွေ အများကြီး ရှိနေခဲ့တယ်။

ဖန်ကျန်းရှီကတော့ ဒီ လမ်း တစ်လျှောက်က စစ်သားတွေကို သိပ်ဂရုမစိုက်ခဲ့ဘူး။ ဒါပေမယ့်လည်း အခုချိန်မှာတော့ စားသောက်ဆိုင်ထဲမှာ စစ်သားတွေ များပြားနေတာ သူ့ရဲ့ သံသယတွေကို တိုးစေတယ်။

“ဟွေ့အန်း ဒေသ အခက်ကြုံနေရတာလား။”

အပိုင်း (၂၃၃) ပြီး ၏။

အပိုင်း (၂၃၄)

“ မင်း ခေါင်းဖြတ် သတ်ခံရမယ်။”

ဖန်ကျန်းရှီကတော့ အနည်းငယ် စိုးရိမ်သွားတော့တယ်။ သူ စားပွဲထိုးကို ခေါ်ပြီးတော့ ငွေနည်းနည်း ပေးရင်း နဲ့ ဘာတွေ ဖြစ်နေတာလဲ မေးမြန်းခဲ့တယ်။ ဒီလို နည်းနဲ့ သတင်း အချက်လက်ကို ကောင်းကောင်းစုဆောင်းနိုင် တယ်။

“ ဟွေ့အန်းဒေသမှာ ဘာတွေ ဖြစ်နေတာလဲ။ ဒီမှာ စစ်သည်တွေ အများကြီး ဘာလို့ ရောက်နေတာလဲ။”

“ သခင်လေး လူမှန်ကို ရွေးပြီး မေးတာပဲ။ ကျွန်တော်လည်း အသေးစိတ်တော့ မသိပေမယ့် လွန်ခဲ့တဲ့ တစ်လ လောက်တည်းက ဟွေ့အန်းဒေသကို စစ်သည်တော်တွေ အများကြီး ရောက်လာပြီးတော့ ဝန်းရံထားကြတယ်။ ကျွန်တော် ကြားတာတော့ ကန်လင်း တောင်မှာ တောရိုင်း သတ္တဝါကြီး တစ်ကောင်ရှိနေတယ်တဲ့။ လမ်းတွေ အကုန်လုံးကို ပိတ်ဆို့ပြီးတော့ ကန်လင်းတောင်ကိုလည်း စည်းချထားတယ်။ ”

“ တောရိုင်းသတ္တဝါကြီး လား။” ဖန်ကျန်းရှီ မြောက်ပိုင်း ရွာမှာ နောက်ဆုံး နေခဲ့တဲ့ အချိန်တုန်းက ကန်လင်းတောင်မှာ တနေကုန်နေနေတာ။ တောရိုင်းသတ္တဝါ တစ်ကောင်မှ မတွေ့ခဲ့ဘူး။

မီးတောက် မြေခွေး ရဲ့ သောင်းကျန်းခဲ့တဲ့ နေ့တွေကို ပြန်ရောက်လာတာလား။

မြေခွေးတွေက အုပ်စုဖွဲ့ပြီး နေကြတယ်။ ဒါပေမယ့်လည်း မီးတောက်ပြာ မြေခွေးကတော့ တစ်ကောင်တည်း ပဲ သင်းကွဲ နေတယ်။ ပြိုင်ဘက်ကင်းတယ်။ ရာစုနှစ်မှာတောင် တစ်ကောင်ပေါ်ထွက်ဖို့က ခက်ခဲလွန်းတယ်။

နောက်ထပ် ပြိုင်ဘက်ကင်း သားရဲကောင် တစ်ကောင် ပေါ်လာတာလား။

စစ်သည်တော် တွေ အများကြီး လှုပ်ရှားနေကြတယ်။

ဘယ်လို သားရဲကောင်များ ဖြစ်နိုင်လို့လဲ။

ဖန်ကျန်းရှီက ထပ်မေးချင်တယ်။ ဒါပေမယ့်လည်း စားပွဲထိုးကတော့ ခေါင်းခါ နေတယ်။ သူဘာမှထပ်မသိတော့တာ သိသာလှတယ်။ ဖန်ကျန်းရှီကတော့ ဒီအချိန်မှာ ကန်လင်း တောင် ကို တစ်လတာ စည်းချ ပိတ်ဆို့ထားတာကို ကြားပြီးတဲ့နောက်မှာတော့ သူ့ရဲ့ အစာစားချင်စိတ် ပျောက်သွားခဲ့တယ်။

သူ မုန့်တစ်ချို့ကို မြန်မြန်မှာစားပြီးတော့ မြို့တံခါးဆီကို လျှောက်သွားတော့တယ်။

ချီကူယန်ကတော့ နောက်ထပ် ထပ်မပြောတော့ဘူး။ သူလည်း ဖန်ကျန်းရှီ နောက်ကို လိုက်ပြီးတော့ သာ ဖြတ်သန်းသွားတော့တယ်။

ဒါပေမယ့်လည်း ….

သူတို့ နှစ်ယောက် မြို့တံခါးမှာ ရပ်တန့်လိုက်ကြတယ်။

စားပွဲထိုးလေး ပြောလိုက်သလိုပဲ ကန်လင်းတောင်ခြေကို သွားတဲ့ လမ်းက ပိတ်ဆို့ခံထားရတယ်။

“ ရပ်စမ်း။”

စစ်သည် နှစ်ဦး ဖန်ကျန်းရှီ နဲ့ ချီကူယန်ကို မြင်ချိန်မှာတော့ သူတို့ရဲ့ လှံတွေကို နှိမ့်လိုက်ပြီးတော့ တားမြစ်လိုက်တယ်။ အဲ့ဒီ့နောက်မှာတော့ သူတို့နှစ်ဦး စီးနင်းလာတဲ့ မြင်းပျံကို ကြည့်ပြီးတော့ မေးလိုက်တော့တယ်။ “ ဒီ လူ နှစ်ယောက်က ဘယ်ကို သွားမလို့လဲ။”

“ မြောက်ရွာကို သွားမလို့” ဖန်ကျန်းရှီက ပြန်ဖြေလိုက်တယ်။

“ မင်းတို့မှာ ဖြတ်သန်းသွားလာခွင့် အမိန့်ပြားရှိလား။” စစ်သည် တစ်ဦး မေးလိုက်တယ်။

“ မရှိဘူး။” ဖန်ကျန်းရှီက ခေါင်းခါလိုက်တယ်။”

“ မင်းတို့ ဖြတ်လို့ မရလောက်ဘူး။ စစ်တပ်က ကန်လင်းတောင်ကို စည်းချထားတယ်။ အကယ်၍ မင်းတို့မှာ အရေးကြီး ကိစ္စရှိရင်တော့ စစ်တပ်မှာ ဖြတ်သန်းသွားလာခွင့် အမိန့်ပြားကို တောင်းလို့ရတယ်။” စစ်သည်တော်က တလေးတစားနဲ့ ပြန်ဖြေလိုက်တယ်။ မြင်းပျံတွေက အလွန်အမင်းရှားပါးလွန်းတာ သူသိတယ်။ ဒါကြောင့် ဒီလူတွေကို သူမလေးမစားမလုပ်ရဲဘူး ။

“ ဘာ ဖြတ်သန်းသွားလာခွင့်လဲ။ ငါမယူ လာမိဘူး။” ဖန်ကျန်းရှီက ခေါင်းခါလိုက်တယ်။

“ ဒီ အကြောင်းလား။ ငါတို့ကို ခက်ခဲအောင် မလုပ်ပါနဲ့။ ဖြတ်သန်းသွားလာခွင့် မရှိပဲနဲ့ ဖြတ်လို့မရဘူး။” စစ်သည် တစ်ဦးပြောလိုက်တယ်။

“ အတင်း အကြပ် ဖြတ်မယ် ဆိုရင်ကော”

“ အကယ်၍ ဖြတ်သန်း သွားလာခွင့် မရှိပဲ ဖြတ်ရင်တော့ စစ်ဥပဒေနဲ့ အရေးယူခြင်း ခံရမယ်။ ”

“ကြည့်ရတာတော့ အတော်လေး အရေးကြီးနေတဲ့ ပုံပဲ။ အမိန့်တော်ကို ဆန့်ကျင်ရင်ကော ဘာဖြစ်မလဲ။” ဖန်ကျန်းရှီက စစ်သည်တော်ကို လျစ်လျူရှုလိုက်ပြီးတော့ ချီကူယန် ဘက်ကို လှည့်ကာ မေးလိုက်တယ်။

“ မင်း ခေါင်းဖြတ်ခံရမယ်။” ချီကူယန်က အေးဆေးစွာ ဖြေလိုက်တယ်။

“ မင်းကော ဒီ အမိန့်ကို ကျော်ပြီး တော့ ဖြတ်သန်းနိုင်မလား ခန့်မှန်းကြည့်ရအောင်” ဖန်ကျန်းရှှီက မေးလိုက်တယ်။

“ခန့်မှန်းကြည့်လေ။”

“ မခန့်မှန်းချင် ဘူး ပျင်းတယ်။ ငါက လုပ်ချင်တာ လုပ်တဲ့သူပဲ။ အကယ်၍ လမ်းပျောက်သွားရင်တော့ ငါ့ကို အပြစ်မတင်လေနဲ့။” ဖန်ကျန်းရှီက စကား ဆုံးအောင် ပြောပြီးတာနဲ့ နှင်းမဟူရာမြင်းပျံကို ဒုန်းစိုင်းနှင်တော့တယ်။ ဖုန်လုံးတွေ တော့ မြင်းခွာ ချရာ နေရာ တစ်လျှောက်မှာ ဖုန်လုံးတွေ အလုံးအရင်းနဲ့ ပေါ်လာတော့တယ်။

အစောင့်တပ်သားတွေ သူတို့ မြင်လိုက်တာကို တအံ့တသြ ဖြစ်နေခဲ့ကြတယ်။ ဘယ်သူကမှ မတုံ့ပြန်နိုင်ကြဘူး။ ဒီလူ အကြောင်းရင်း မသိတဲ့ ကိစ္စ နဲ့ ဒုန်းစိုင်း နှင်သွားခဲ့ပြီ ။

ခနနေပါအန်ုး။

နောက်တစ်ယောက်လည်း ဖြတ်သွားသလိုပဲ။

သူတို့ အော်ဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ အဖြူရောင် ပုံရိပ်တစ်ခု ဖြတ်သွားတော့တယ်။ ချီကူယန် ခရမ်းလျှပ်စီးကို အသော့ နှင်ရင်း ဖန်ကျန်းရှီ နောက်ကို လိုက်သွားတာ ။

ဟုတ်တယ်။ နောက်တစ်ယောက် ဖြတ်သွားတာပဲ။

စစ်သည်တော်တွေ အားလုံး တစ်ယောက်ကို တစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြတယ်။

“ တစ်ယောက်ယောက် ဖြတ်သွားပြီ။” သူတို့ အော်တော့မယ့် အချိန်မှာပဲ ရုံးတော်သား တစ်ဦး ပြေးထွက်လာခဲ့တယ်။

“ မင်း တို့ ဘာတွေ အော်နေတာလဲ။” ရုံးတော်သား အော်ငေါက်လိုက်တယ်။

“ ဆရာ။ တစ်ယောက်ယောက် ဖြတ်သွားပြီ။ နောက်ပြီးတော့ နှစ်ယောက်တောင် ”

“ ဖြောင်း ”

“ဖြောင်း”

စစ်သား နှစ်ဦး ပြောစကား မဆုံးသေးခင် အချိန်မှာပဲ ရုံးတော်သား ထို နှစ်ဦးကို နားရင်း အုပ်တော့တယ်။

“ မင်းတို့ အကုန် သေချင် နေတာလား။ ကန်းနေကြလား။ ငါတော့ မကန်းဘူးဟေ့ ။ အဲ့ဒီ့ မြင်းပျံက ဘာ မြင်းပျံလည်း သိလား။ နတ်ဆိုးကျောင်းတော်က နှင်းမဟူရာ မြင်းပျံပဲ။ တပ်နီတော်ရဲ့ မြင်းပျံ ။” ရုံးတော်သား ဒေါသထွက်စွာ အော်ဟစ်တော့တယ်။

“နတ်ဆိုးကျောင်းတော် ။ တပ်နီတော်။” မြို့စောင့် တပ်သား တွေ အရိုးထဲက နေ စိမ့်ချမ်းတဲ့ အထိ ကြောက်လာကြတော့တယ်။

စစ်တပ်ထဲမှာ အချိန် သိပ်မကြာခဲ့ပေမယ့်လည်း “ တပ်နီတော် ” ဆိုတဲ့ စကားလုံးကတော့ သူတို့ရဲ့ စိတ်ထဲမှာ နက်ရှိုင်းစွာရှိနေခဲ့တယ်။ ဒါက နတ်ဆိုးကျောင်းတော်ရဲ့ တပ်ဖွဲ့ကြီးပဲ။

“ နှစ်ယောက်လုံးက တပ်န်ီတော်ကလား”

“ ကန်းနေတာလား နှင်းမဟူရာ မြင်းပျံ တစ်ကောင်ပဲ ရှိတယ်။”

“ နောက်တစ်ယောက်ကကော ဘယ်သူလဲ။”

“ မသေချာဘူး။ တူညီတဲ့ စစ်တပ်ကပဲ ဖြစ်လိမ့်မယ်။ ”

“ တပ်နီတော် လိုမျိုး နောက်ထပ် စစ်တပ်ရှိသေးလို့လား။ ငါ စာကောင်းကောင်းမတတ်တာနဲ့ပဲ လှည့်စားဖို့ ကြံမနေနဲ့။”

“ငါ တကယ်ပြောတာ.။ စစ်နတ်ကျောင်းတော်ကို သိလား။ သူတို့က “ တောင်ကို ဖြိုနိုင်လောက်အောင် အင်အားကြီးတယ်။ ဒါက ငါ့ရဲ့ ဦးလေး ပြောပြထားတာပဲ။”

“မင်း ရဲ့ ဦးလေးက အတော် သိတာပဲ။”

“ဖြောင်း ”

“ ဖြောင်း”

သူတို့ နှစ်ဦး ထပ်ပြီး အရိုက်ခံရပြန်တယ်။

“မင်းတို့ နှစ်ယောက်လုံး ပါးစပ်ပိတ်ထား စမ်း။ တောင်ဖြို တပ်ဖွဲ အကြောင်းကို ဒီမှာ လာပြောနေသေးတယ်။ ကိုယ့်သေတွင်း ကိုယ်တူး နေကြတာလား။”

“ နောက်မပြောတော့ ပါဘူး ဆရာ။ ”

…

ဖန်ကျန်းရှီက ချီကူယန်ကို ဖုန်မှုန့်လေး ရှူစေချင်နေတာ။ ဒါပေမယ့်လည်း မိုင်ဝက်လောက် ခရီး နှင်ပြီး တဲ့နောက်မှာတော့ သူ သတိထားမိသွားတယ်။

နှင်းမဟူရာ မြင်းပျံကို မီးတောက်နီ နှင်းတိမ်က ကျော်တက်သွားပြီလား။

သူ ဘယ်လိုပဲ အသော့ နှင်ပါစေ။ ဖမ်းလို့ကို မမိတော့ဘူး။ ချီကူယန် ရဲ့ နှင်းလုံးလေး ချန်ရစ်ခဲ့တဲ့ ဖုန်လုံး တိမ်တွေ ထဲမှာပဲ သူ ခရီးဆက်နေရတာ ။ အကယ်၍ သူသာ အရှိန် ထပ်မြင့်လိုက်ရင် ဖုန်လုံး နှစ်ခု ကြားညပ်ပြီးတော့ အသက်ရှူကြပ်သေလိမ့်မယ်။

ဒီလိုနဲ့ပဲ ဖန်ကျန်းရှီ သူ့နဲ့ အတူ ခပ်ဖြည်းဖြည်း သွားဖို့သာ ချီကူယန်ကို ပြောလို့ရတော့တယ်။

ချီကူယန်ကလည်း မငြင်းခဲ့ဘူး။

လမ်းကျဉ်းလေး သူတို့ နှစ်ဦးနဲ့ပဲ ပြည့်နေခဲ့တယ်။ စစ်တပ်တွေကို သူတို့ ဖြတ်သန်း ချိန်မှာတော့ လမ်းတွေ အနည်းငယ်တော့ ဖြတ်ရခက်တယ်။

ဒါပေမယ့်လည်း ဖန်ကျန်းရှီ စီးလာတဲ့ နှင်းမဟူရာ မြင်းပျံကြောင့် မြောက်ပိုင်း ဒေသ စစ်တပ်တွေကို အလွယ်တကူဖြတ်သွားနိုင်ခဲ့တယ်။

ရိက္ခာသယ်တဲ့ လှည်းတွေကိုလည်း သူတို့ ဖြတ်ကျော်လာခဲ့တယ်။

လမ်းတစ်လျှောက်လုံးမှာ သူတို့ နှစ်ဦးကို ဖြတ်သန်းသွားလာခွင့်စစ်ဆေးခြင်း အလျဉ်းမရှိခဲ့ဘူး ။

“ ဒီ မြင်းပျံက တော်တော် ကောင်းတာပဲ။ နတ်ဆိုးကျောင်းတော်ကို သွားပြီး အကောင်တစ်ရာလောက်ယူရမယ်။ ပြီးရင် မြောက်ရွာက လူတွေကို တစ်အိမ် တစ်ကောင် ပေးထားရမယ်။” ချီကူယန်ကို ဘေးနားထားပြီး ဖန်ကျန်းရှီ ပွစိပွစိ ပြောနေခဲ့တယ်။

ချီကူယန်ကတော့ ဖန်ကျန်းရှီကို လုံး၀ လျစ်လျူရှုထားပြီးတော့ နှင်းဖြူလေးကိုသာ အာရုံစိုက်နေခဲ့တယ်။

“ ကန်လင်း တောင် က နေရာကောင်းပဲ။ မြင်းတွေကို ကောင်းကောင်းကျောင်းလို့ရတယ်။ နတ်ဆိုး ကျောင်းတော် ကို ပြန်ရင် အကောင်းဆုံးကောင် တွေ ခေါ်လာမယ်။ ”

“ နတ်ဆိုး ကျောင်းတော်က အ တယ်လို့ မင်း မထင်ဘူးလား။ ကန်လင်းတောင်မှာ မြင်းလာမွေးဖို့ မတွေးကြဘူး။ သနား စရာ ကောင်း လိုက်တာ။ ”

ဖန်ကျန်းရှီက ချီကူယန် ပြန်မဖြေမချင်း ပြောနေခဲ့တယ်။

“ နှင်းမဟူရာ မြင်းပျံတွေကို ထိန်းကျောင်းတာက နတ်ဆိုး ကျောင်းတော်ရဲ့ လျှို့ဝှက်နည်းလမ်းပဲ ။ ဘယ်လိုလုပ် ပေါက်ကြားခံနိုင်မလဲ။ ” ချီကူယန် နောက်ဆုံးမှာတော့ ဖြေကြားလာပြီ ။

“ မင်းပြောတာ မှန်တာပေါ့။ ဒီလိုမျိုး အစီစဉ်ကြီးမျိုးက အကျိုးရှိအောင် ကောင်းကောင်းလုပ်ရမှာပေါ့။ မြောက်ရွာကို နတ်ဆိုး ကျောင်းတော်ရဲ့ မြင်းမွေးရာ ဒေသ အဖြစ် သတ်မှတ်လိုက်လေ။ ဒါဆိုရင် နတ်ဆိုး ကျောင်းတော် ကနေ အုပ်ချုပ်ရာလည်း ရတယ်။ သဘောတူတယ်မလား။” ဖန်ကျန်းရှီကပြောလိုက်တယ်။

“ နင် အတွေးလွန်နေပြီ။ ဒါပေမယ့် ငါတို့ နတ်ဆိုး ကျောင်းတော်က အသုံးမဝင်တာတွေ ဘာလို့ လုပ်ရမှာလဲ။ ဒီလောက်ဝေးလံ ခေါင်သီနေတဲ့ ရွာကို လာပြီးတော့ ။” ချီကူယန်က မေးခွန်း တစ်ခုနဲ့ ပြန်ဖြေလိုက်တယ်။

“အသုံး မဝင်တဲ့ ကိစ္စ ။ မင်းတော့ အမှားကြီးမှားပြီ။ ကန်လင်းတောင်ရဲ့ မြောက်ရွာက အဓိက ကျတဲ့ နေရာပဲ။ ရှုခင်းကလည်း အရမ်းကောင်းတယ်။ အရာအားလုံး ကောင်းမွန်တယ်။ ၂ လ အတွင်း ဟွေ့အန်း ဒေသ တစ်ခုလုံးမှာ အတိုးတက်ဆုံး နေရာ ဖြစ်လာလိမ့်မယ်လို့ ငါ ပြောရဲတယ်။ ငါ့ကို ယုံလား။”

“ နှစ်လ အတွင်းလား။” ချီကူယန်ရဲ့ အမူအယာပြောင်းလဲ သွားတော့တယ်။

“ ဟုတ်တယ်။”

“ သေချာလို့လား။”

“ဒါပေါ့။ ”

“ ကောင်းပြီလေ။ မြောက်ရွာကို ၂ လအတွင်း ဟွေ့အန်း ဒေသ တစ်ခုလုံး ထက် ပိုပြီး ကြီးပွားတိုးတက် အောင် လုပ်နိုင်ရင် နတ်ဆိုး ကျောင်းတော်ရဲ့ လက်အောက်ခံ ရွာ အဖြစ်ထားပေးမယ်။ ဒါပေမယ့် နင် မလုပ်နိုင်ရင်ကော”

“ မဖြစ်လာခဲ့ရင် ။ ဖြစ်မလာတဲ့ အရာအတွက် ဘာတွေးနေစရာ လိုလဲ။ ” ဖန်ကျန်းရှီက ယုံကြည်ချက် အပြည့်နဲ့ ပြောလိုက်တယ်။

“ နေ့ခင်းကြောင်တောင် အိမ်မက်မက်နေတာ ရပ်စမ်း။ နင်သာ မလုပ်နိုင်ရင်။ ငါ့ အစေခံ အဖြစ် ၂ နှစ်နေရမယ်။ ငါ စားချင်တာ မှန်သမျှ ချက်ကျွေးရမယ်။”

“ ချွင်းချက်မရှိဘူးလား။”

“ မလုပ်ရဲရင် မလုပ်နဲ့ မေ့လိုက်။”

“ကောင်းပြီလေ။ သဘောတူတယ်။ ” ဖန်ကျန်းရှီက အံကြိတ်ရင်း ပြောလိုကတယ်။ သူ့ရဲ့ ချစ်လှစွာသော ငွေကြေးတွေကိုတော့ မြောက်ရွာ အတွက် ရင်းရတော့မယ်။

အပြန်ခရီးမှာတော့ သူ့ ကိုယ်သူ သုံးသပ်နေခဲ့တယ်။ သူ့ရဲ့ ငွေတွေက ရွာကို ကောင်းကောင်းပြုပြင်နိုင်တယ်။ ဒါပေမယ့်လည်း နှစ် အများကြီး ရပ်တည်ဖို့တော့ မလုံလောက်ဘူး။

အင်အားကြီးမားတဲ့ အထောက်အပံ့ နောက်ခံ မရှိပဲနဲ့ ငွေကြေး တစ်ခုတည်းပဲ ရှိပြီးတော့ ရပ်တည်လို့မရဘူး။ အင်အားတောင့်တင်းတဲ့ နောက်ခံလိုအပ်တယ်။

နောက်ပြီးတော့ နတ်ဆိုး ကျောင်းတော် ထက်ကောင်းတာ ဘာရှိသေးလို့လဲ။

…

နာရီ အနည်းငယ် ကြာပြီး နောက်မှာတော့ ဖန်ကျန်းရှီ မြောက်ရွာ ဝင်ပေါက်ကို ရောက်ရှိခဲ့ပြီ ။ ကြည်လင်လှတဲ့ မြစ်ရေ ရွာဝင်ပေါက်ကို ဖြတ်သန်း စီးဆင်းနေဆဲပါပဲ။

ဒါပေမယ့်လည်း အလုပ်ခွင်ဝင်ပြီး မြစ်ကမ်းဘေးမှာ အဝတ်လျှော်နေလေ့ရှိတဲ့ အမျိုးသမီးငယ်တွေ ပျောက်ဆုံးနေခဲ့တယ်။

“ရာသီဥတုလည်း ကောင်းသာနဲ့ ကို။ အပျင်းတက်နေကြတာလား။” ဖန်ကျန်းရှီက တကိုယ်တည်း ညည်းဆိုလိုက်တယ်။ သိပ်မတွေးတော့ပဲ နဲ့ အိမ်ကို အမြန် ပြန်ရောက်ဖို့သာ ဒုန်းစိုင်းပြန်တယ်။

သိပ်မကြာခင်မှာပဲ။ ရွာကွင်းပြင်ကနေ ပေါ်ထွက်လာတဲ့ အသံတွေကို သူကြားလိုက်ရတယ်။

အပိုင်း (၂၃၄) ပြီး ၏။

အပိုင်း (၂၃၅)

“ ရွာသား တွေက ပြဿနာ ကောင်တွေပဲ။”

မြောက်ရွာရဲ့ ဓလေ့ ပွဲတော် တစ်ခုရှိတိုင်း မိသားစုတွေ ရွာကွင်းပြင်မှာ စုဝေးစားသောက်ကြတာ ။ ရောင်စုံ အစတွေလွှားထားပြီးတော့ ပင်ပျိုပန်းတွေပါစီထားတာလည်းရှိတယ်။

ဒါကြောင့် ရွာကွင်းပြင်က အသံတွေကို ကြားချိန်မှာတော့ ဖန်ကျန်းရှီ က ပျော်ရွှင်လာခဲ့တယ်။ ဘယ်မိသားစုကများ မင်္ဂလာဆောင်တာလဲ။

ငါတော့ အချိန်ကိုက်ရောက်လာတဲ့ ပုံပဲ။

ဖန်ကျန်းရှှီက အတော်လေးကို ပျော်ရွှင်လာခဲ့တယ်။

“ အိမ်ရောက်တာနဲ့ ကောင်းကောင်းစားရမယ်။”

ဖန်ကျန်းရှီ က အိမ်ထမင်း အိမ်ဟင်းတွေကို လွမ်းနေခဲ့တာ ကြာပြီ ။ ချီကူယန်ကို အိမ်ခေါ်လာချိန်မှာတော့ အိမ်တံခါးတွေ အကုန်လုံး ပိတ်ထားပြီးတော့ မီးအမှောင်ချထားခဲ့ကြတယ်။

ဖန်ကျန်းရှီကတော့ မအံ့သြသွားခဲ့ဘူး။ ရွာထဲမှာ မင်္ဂလာဆောင်ရှိလို့သာ သူ့မိဘတွေ ရွာကွင်းပြင်ကို ရောက်နေကြတာ ဖြစ်မယ်။

ငါ ဘာလုပ်မလို့လဲ။ တံခါးတွေက ပိတ်ထားတာကို

ငါက နံရံဖောက်ထွက်မလို့လား။ နောက်တော့် ပြန်စဉ်းစားလိုက်ပြီး အိမ်တံခါးက အုတ်တစ်လုံးကို ဖယ်ကြည့်လိုက်တယ်။ ထင်တဲ့ အတိုင်းပဲ သော့ရှိနေတယ်။

တံခါး ဖွင့်ပြီးနောက်မှာတော့ မြင်းဇောင်းထဲမှာ မြင်းတွေကို သက်တောင့်သက်သာ ဖြစ်အောင် နေရာချပြီးတော့ ရွာကွင်းပြင်ဆီကို ထွက်ခဲ့တော့တယ်။

ချီကူယန်လည်း မြောက်ရွာမှာ အချိန် အတော် နေခဲ့ဖူးတာကြောင့် ဖန်ကျန်းရှီကို မမေးတော့ပဲ လိုက်လာခဲ့တယ်။

သူတို့ ရွာကွင်းပြင်ကို မရောက်ခင်မှာပဲ အသားကင်နံ့တွေကို အဝေးကနေ ရနေရတယ်။

ကြည့်ရတာ အများကြီး ကင်ထားပုံပ။

အသံတွေ အလယ်ဘက်ကနေ လာတယ်။

“ လူများလှချည်လား။” ဖန်ကျန်းရှီအံ့သြ သွားခဲ့တယ်။ မြောက်ရွာမှာ မိသားစု တစ်ရာလောက်ပဲရှိတာ။ ဒါကြောင့် စားပွဲ အများကြီး သုံးလေ့မရှိဘူး။

ဒါပေမယ့် ဒီနေ့ကတော့ ကွဲပြားတယ်။

အိမ်နီးချင်းရွာက သူနဲ့ များ လက်ထပ်လို့လား ရွာ နှစ်ရွာစာလောက် လူတွေများနေတာ။ နောက်ပြီးတော့ မင်္ဂလာ အရောင် အနီကို လည်း မတွေ့ပါဘား။

သူတွေးနေချိန်မှာပဲ ရုတ်တရက်မြင်လိုက်ရတဲ့ မြင်ကွင်း သူ့ကို တောင့်ခဲသွားစေခဲ့တယ်။ ကွင်းပြင်မှာ လက်နက်ကိုင်တွေ အများကြီးရှိနေတယ်။ အလယ်မှာက စစ်သည်တေ်ွ ။

ရွာသားတွေက စစ်သည်တွေ ဘေးမှာရ့ပ်နေတယ်။ ရွာကွင်းပြင်မှာ လူတွေများနေတာ စစ်သည်တွေနဲ့ ပြည့်နေတာ ဖြစ်မှန်း သူ သဘောပေါက်သွားခဲ့တယ်။

“ရွာထဲမှာ စစ်သည်တွေ ဘာလို့ ဒီလောက်တောင် များနေတာလဲ။” ဖန်ကျန်းရှီ သံသယ ပွားလာတော့တယ်။

နောက်ပြီးတော့ ဒီလို စားသောက်နေပုံကလည်း အချိန် အတော်ကြာ နေနေတဲ့ သူတွေဆိုတာ သေချာတယ်။

ထူးဆန်းတဲ့ သားရဲကောင်ကို ဖမ်းဖို့လား။

ဒီလောက် စစ်သည် အများကြီး လိုလို့လား။ နောက်ပြီးတော့ သားရဲကောင် ဖမ်းမယ်ဆိုရင် တောင်ထဲမှာ စခန်းချရမှာလေ။ အခုတော့ ဒီကိုရောက်နေကြတာ ဘာကြောင့်လဲ ။

ဖန်ကျန်းရှီ ရဲ့ စိတ်ထဲမှာ မေးခွန်းတွေ ပြည့်လာတော့တယ်။

သူ ခပ်မြန်မြန်ပဲ ရွာကွင်းပြင်ကို ရောက်သွားခဲ့တယ်။

ရွာသားတွေ စစ်သည်တွေကို ဧည့်ခံရင်း အလုပ်များနေခဲ့တယ်။ ဘယ်သူကမှ ချီကူယန်နဲ့ ဖန်ကျန်းရှီ ရောက်လာတာကို သတိ မထားမိကြဘူး။ ဒါပေမယ့်လည်း ချီကူယန် ဂုဏ်သတင်းမြင့်မားလွန်းသူ ။ ဒီ ရွာသားတွေ ဘယ်လိုမှ နားလည် နိုင်မှာ မဟုတ်မှန်း သိသာ လှတယ်။

ရွာကွင်းပြင်ကို သူတို့ ရောက်လာချိန်မှာပဲ သူတို့ သတိ ပြုမိလိုက်တယ်။

“ အာ။ ဘာလို့ ။။။ ဟင် ကျန်းရှီ ပြန် လာပြီ။” ထိတ်လန့် ပျော်မြူးတဲ့ အသံ တစ်သံ ထွက်လာခဲ့တယ်။

ဒီ အသံ နူးညံ့လှတယ်။ ဒါပေမယ့်လည်း အကျိုးသက်ရောက်မှုကတော့ မြန်ဆန်တယ်။ လူတော်တော်များများ သတိထားမိလာြက်တယ်။

“ကျန်းရှီလား”

“ကျန်းရှီကဘာလို့ ရုတ်တရက်ပြန်လာတာလဲ။”

“မိုးနတ်မင်းရေ ကျန်းရှီ ပြန်လာပြီ။”

အသံတွေ ရွာသားတွေ ဆီကို ဖြည်းဖြည်း ချင်း ပျံ့သွားခဲ့တယ်။ သိပ်မကြာခင်မှာပဲ ရွာသားတိုင်း သူတို့ လုပ်လက်စ အလုပ်တွေကို ရပ်တန့်ရင်း တအံ့တသြ ကြည့်နေကြတော့တယ်။

“ကျန်း အာ။ ကျန်းအာ ပြန်လာပြီ။ ” အလယ်ပိုင်း စားပွဲမှာ ဝိုင်ငှဲ့နေတဲ့ ချီရှင်းလိန် တအံ့တသြ ရေရွတ်လိုက်မိတယ်။

သူမရဲ့ တုန်ယင်နေတဲ့ ကိုယ် ပျော်ရွင်မှုတွေ ပြည့်နှက်လာတော့တယ်။

အရင်လတွေတုန်းက သူ့ရဲ့ သားလေးကို နေ့တိုင်းမျှော်နေခဲ့မိတာ ။

စိတ်လှုပ်ရှားပျော်ရွှင်မှု သူမကို တုန်ယင်စေတယ်။

သူမရဲ့ လက်ထဲက ဝိုင်ခွက်ကို မေ့ပြီးတော့ လွှတ်ချ မိတော့ မလို ဖြစ်သွားခဲ့တယ်။

“ ခလွမ်း”

ဝိုင်အိုး စားပွဲပေါ်ကို ကျသွားပြီးတော့ ပန်းကန်လုံးတွေကို တုန်ခါသွားစေတယ်။ ဝိုင်တွေ အသက် ၄၀ အရွှယ် စစ်သည်ကို စင်သွားတာ ။ ဒီလူ ခေါင်းဆောင် ဖြစ်ဟန်ပါပဲ။

သူ့ရဲ့ အမူအယာ မည်းမှောင်သွားခဲ့တယ်။

“ ခွေးမ ။ မင်း လုပ်သွားတဲ့ အမှိုက်တွေကို လာရှင်းစမ်း” ထိုသူ အော်လိုက်တယ်။

ချီရှင်းလိန် ထိုသူရဲ့ စကားကို ကြားဟန်မရှိပါဘူး။ သူမ ရဲ့ မျက်လုံး ထဲမှာ မြင်တဲ့ တစ်ခုတည်းသော အရာ သူမရဲ့ သားလေး ပြန်လာတာပဲ ။ အရာအားလုံး သူမရဲ့ အာရုံထဲကနေ ပျောက်ကွယ်သွားတယ်။

ထိုသူကို လျစ်လျူရှုကာ ချီရှင်းလိန် ဖန်ကျန်းရှီ ဆီကို ပြေးသွားတော့တယ်။

ဖန်ဟို့ဒဲလည်း ဖန်ကျန်းရှီဆီကိုပြေးသွားခဲ့တယ်။

ဖန်ဟို့ဒဲ အပြင်ဘက်နဲ့ ပိုနီးတဲ့ နေရာမှာ ရှိနေခဲ့တာ ။ အနက်ရောင် ကို ဝတ်ဆင်ထားတာကြောင့် အနည်း ငယ်မျှ ရှုပ်ပွ နေခဲ့တယ်။ သို့ပေသော်ငြား ဖန်ကျန်းရှီ အတွက်တော့် သူတို့ တောက်ပလွန်းနေခဲ့တယ်။

“ ကျန်းအာက ဘာလို့။” ဖန်ဟို့ဒဲ ရဲ့ စကားမဆုံးသေးခင် အချိန်မှာပဲ ပတ်ဝန်းကျင် အခြေအနေ ပြောင်းလဲ သွားတာကို သူ သတိထားမိလိုက်တယ်။ သူ့ခေါင်းကို လှည့်ကြည့်ချိန်မှာတော့ စစ်သည်တွေအကုန်လုံး မတ်တပ်ရပ်နေတာကို တွေ့လိုက်ရတယ်။

မျက်တောင် တစ်ခတ် အချိန် အတွင်းမှာပဲ ဒါဇင်ချီတဲ့ စစ်သည်တွေ တစ်ပြိုင်နက်တည်း ဒေါသ ထွက်စွာ ထရပ်လိုက်ကြတာ ။ သူတို့ ဘာဖြစ်မှန်းမသိ လို့ မျက်စိလည်နေခဲ့တဲ့ ချီရှင်းလိန်ကို စူးစိုက်ကြည့်နေကြတယ်။

“ငါတို့ ခေါင်းဆောင်ပြောတာကို မကြားဘူးလား။ မင်း လုပ်ထားတာတွေကို ပြန်ရှင်းစမ်း” စစ်သည် တစ်ဦး ချီရှင်းလိန်ကို ဓားနဲ့ ချိန်ရင်း အောင်လိုကတယ်။

“ စစ်သည်တော်ကြီး ဒေါသ မထွက်ပါနဲ့ ။ ရှင်းလိန်က သူ့ သား ပြန်လာတာကို ပျော်လွန်းလို့ မတော်တဆ အမှား လုပ်မိတာပါ။ ” ကျန်းယန်ဖိန် လှမ်းအော်ရင်း တောင်းပန်လိုက်တယ်။

“ အလုပ်ထွက်မလုပ်တဲ့ သား က ဘယ်အိမ်မှာ ရှိလို့လဲ။ လီရှင်းတိုင်ရဲ့ စကာ်းတွေ ကြောင့် သာမဟုတ်ရင် မင်းတို့ အကုန် ရွာကနေ ထွက်ဖို့တောင် မစဉ်းစားကြနဲ့။ တခြား ရွာတွေမှာကော ဒီလို အခွင့် ရေး ရှိတယ်ထင်နေလား။ ငါတို့ က မင်းတို့ အတွက် အများကြီး လုပ်ပေးခဲ့ပြီးပြီ။ ” စစ်သည် အော်ဟစ်နေခဲ့တယ်။

“ ကျွန်တော် ရှင်းပေးပါမယ်။ ကျွန်တော် ရှင်းပေးပါမယ်။” ကျန်းယန်ဖိန် ထိုသူ့ ထံကို လျှောက်သွားရင်းနဲ့ ပြောလိုက်တယ်။ သို့ပေမယ့်လည်း သူ့မှာ အ ဝတ်စ မပါ သွားခဲ့တဲ့ အတွက် သူ အဝတ်စကိုရှာနေခဲ့တယ်။

“ရပ်နေစမ်း။ ငါတို့ ခေါင်းဆောင်က ဟို ခွေးမကို ရှင်းစေချင်တာ ” စစ်သည် အော်လိုက်ပြန်တယ်။

“ း း း ” စစ်သည်တွေ အော်ဟစ်ရယ်မော နေခဲ့ကြတယ်။

ချီရှင်းလိန် မလှုပ်မယှက်သာ ရှိနေခဲ့တယ်။ ဒီ အချိန်မှာတော့ သူလည်း ဘာလုပ်ရမှန်း မသိဖြစ်နေခဲ့တယ် ။

ဒီလို အကြပ်အတည်း အခြေအနေမျိုး ရောက်စေဖို့ တစ်ခါမှလည်း ဖိအား မပေးခံခဲ့ရဖူးဘူး။ ပိုပြီးတော့ အရေးကြီးတာက သူမရဲ့ သားရှေ့မှာ အခွင့်ရေး ယူခံရတော့မလို ဖြစ်သွားခဲ့တယ်။

ဖန်ဟို့ဒဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ ကိုယ့်ဇနီးကိုယ်တောင်မှ မကာကွယ်နိုင်တဲ့ သူကို ဘယ်လိုများ ယောကျာ်း တစ်ယောက်လို့ ခေါ်ရမှာလဲ။

သူက သစ္စာရှိတဲ့ ပြည်သူ တစ်ယောက် ဖြစ်တဲ့ အကြောင်း စစ်သား တစ်ယောက်ရဲ့ စော်ကားမှုကို ငုံ့ခံမယ် ဆိုတဲ့ အကြောင်းရင်းတော့ မဟုတ်ဘူး။

ဒီလို မျိုးနဲ့ပဲ သူ သူ့ရဲ့ ဒေါသ ကြောင့် ရွာကိုတောင်မှ ဒုက္ခရောက်စေတော့မလို ဖြစ်ခဲ့တယ် ။ နောက်ဆုံးမှာတော့ သူတို့တွေက အင်ပါယာ ရဲ့ စစ်သည်တော်တွေပဲ။ ပြည်သူတွေကို ကာကွယ်ဖို့က သူတို့ရဲ့တာဝန်ပဲ ။

သူ ဘယ်လောက်ပဲ ဒေါသ မီးတောက်နေပါစေ။ တိုက်ခိုက်ဖို့ရာတော့ မဖြစ်နိုင်ဘူး။

ဒီလို အကြောင်းတွေ နဲ့ပဲ ဖန်ဟို့ဒဲ ချီရှင်းလိန်ကို ပိတ်ရပ်နေတဲ့ စစ်သည်ကို တွန်းဖယ် ပြစ်ကာ သူ့ ဇနီးကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ကာကွယ်ဖို့ ဆုံးဖြတ်လိုက်တယ်။

စစ်သည် တွန်းခံလိုက်ရတာကြောင့် လဲကျမလို ဖြစ်သွားခဲ့တယ်။

အရှက်ရသွားတဲ့ စစ်သည် ဖန်ဟို့ဒဲကိုကြည့်ကာ အမိန့်ပေးသူ ထံကို ပြန်လျှောက်လာခဲ့တယ်။

အခု သူတို့က ဒီမှာ စခန်း ချတော့မှာ ။ သူ့ရဲ့ ဂုဏ်သိက္ခာကို ဒီလို ကိစ္စလေးနဲ့ ပျက်စီး စေလို့ ဘယ်ဖြစ်မလဲ။

သူ့ရဲ့ မျက်ဝန်းတွေ အေးစက်စွာ တောက်ပလာခဲ့တယ်။

ဒီရွာသားတွေကို မသတ်မခြင်း အရာအားလုံးက အဆင်ပြေမှာပဲ။

“ မင်း နေရာမင်းသိစမ်း” အမိန့်ပေးသူ ဟိန်းကေ်လိုက်တယ်။

အမိန့်ပေးသူရဲ့ စကားကို ကြားချိန်မှာတော့ စစ်သည်တွေ ဘာလုပ်ရမလဲ သိသွားခဲ့တယ်။ ဖန်ဟို့ဒဲကို ဥပမာ အနေနဲ့ ထားရင်း မသေမခြင်း ရိုက်သတ်ဖို့ ဆုံးဖြတ်လိုက်တယ်။

“ အာ ရွာသားတွေ အားလုံးက ပြဿနာ ကောင်တွေပဲ။ ညီနောင်တို့။ မှတ်လောက်သားလောက်အောင် ရိုက်ပြီး ဆုံးမလိုက်” စစ်သည် နောက်ထပ် မစောင့် တော့ပဲ အော်ဟစ်တော့တယ်။

သူ ဒီ ရွာသားကို မှတ်လောက်သားလောက်တဲ့အထိ ပညာပေးရင်း တခြား သူတွေကိုပါ ဘယ်သူက ခေါင်းဆောင်လဲ ဆိုတာ ကောင်းကောင်း သိစေအောင် လုပ်ဖို့ ဆုံး ဖြတ်လိုက်တယ်။

“ မင်း ဘာပြောလိုက်တာလဲ။”

စစ်သည် ရဲ့ အမိန့်ပေးသံ အဆုံးသတ်သွားတဲ့ အချိန်မှာပဲ အသံ တစ်သံ သူ့နောက်ကနေ ထွက်လာခဲ့တယ်။

သူ ရုတ်တရက် ကျောထဲကနေ စိမ့်ချမ်းလာတော့တယ်။ ဒီ အသံ သူ့နောက်ကနေ ထွက်ပေါ်လာတာ ။ ပိုပြီးတော့ အရေးကြီးတာကတော့ ဒီ အသံ ရိုးတွင်းခြင်ဆီထဲကနေ စိမ့်ချမ်းစေတဲ့ အထိ အေးစက်စက် နိုင်လွန်းလှတယ။်

အပိုင်း (၂၃၅) ပြီး ၏။

အပိုင်း (၂၃၆)

“ စိတ်လိုက်မာန်ပါ သတ်ဖြတ်ခြင်း”

“ ကိုယ့်နေရာကိုယ်သိ” စစ်သည် နောက် လှည့်ကြည့်ချိန်မှာတော့ သူ့နောက်မှာ လူငယ် တစ်ဦးရပ်နေတာကိုတွေ့လိုက်ရတယ်။

အပြာရောင် အကျီလက်ရှည်ကို ဝတ်ထားတဲ့ လူငယ် အသက် ၁၅ ၁၆ နှစ် ဝန်းကျင်ရှိပြီးတော့ သိပ်ကို ငယ်ရွှယ် လွန်းလှတယ်။

မြောက်ရွာ မှာ သူတို့ နေတာ တစ်လ ကြာနေပင်မယ့်လည်း ဒီလူငယ်ကို တစ်ခါမှ မတွေ့ဖူးတာကြောင့် ဒီလူငယ် သူတို့ ပြောနေကြတဲ့ ကျန်းရှီ ဆိုသူ ဖြစ်လိမ့်မယ်။

ဘယ်လို များ ရုတ်တရက်ပေါ် လာတာလဲ။

ဒီလူငယ် ရုတ်တရက် ပေါ်လာတယ် ဆိုတာ သိသာလှတယ်။

နောက်ပြီးတော့ ရွာကွင်းပြင်မှာ စားပွဲတွေ ရွာသားတွေ နဲ့ ပြည့်နေခဲ့တယ်။

ဒီလောက် မြန်မြန်ဆန်ဆန် ဘယ်လို များ ရောက်လာတာလဲ ။

စစ်သည် အော်တော့မလို့ ပြင်နေတဲ့ အချိန်မှာပဲ သူ့ရဲ့ လည်ပင်းက တင်းကြပ်မှုကို ခံစားလိုက်ရတယ်။ သူငုံ့ကြည့်လိုက်ချိန်မှာတော့ သူ့ လည်ပင်းကို ညစ်ထားတဲ့ လက်တစ်ဖက်ကို မြင်လိုက်ရပြီးတော့ သူ့ရဲ့ ခြေထောက်တွေ ပျော့ခွေ ကျနေခဲ့တယ်။

ဒါ သူ့ကို အတော်လေး သက်တောင့် သက်သာ မဖြစ်စေခဲ့ဘူး။ အသက်ရှူကြပ်ပြီးတော့ မျက်လုံးတွေ ပြာဝေနေခဲ့တယ်။

သူ လှုပ်ရှားချင်တယ်။ ဒါပေမယ့်လည်း သူ ရဲ့ လည်ပင်းက တင်းကြပ်မှု ကြောင့် မျက်တောင်တောင် မခတ်နိုင်တော့ဘူး ။

“ ရပ်လိုက်” အမိန့်ပေးသူ ထရပ်ရင်း နဲ့ လက်မြှောက်လိုက်တယ်။ သူ့ရဲ့ မျက်နှာ သောက်စား ထားတာကြောင့် နီရဲနေပြီးတော့ ဒေါသ အရှိန်ကြောင့် အလျှံညီးညီး နေတာက်နေခဲ့တယ်။

“ ကျန်းအာ ။ မလုပ်နဲ့ ” ချီရှင်းလိန် သူ့ မျက်စိရှေ့က မြင်ကွင်းကို မြင်ချိန်မှာတော့ အတော်လေးကို ထိတ်လန့်သွားခဲ့တယ်။

“ ကျန်းအာ ။ သူ့ကို မြန်မြန်လွှတ်လိုက်တော့။ အဖေ က အကြမ်းခံနိုင်တယ်။ အရိုက်ခံနိုင်တယ်။ ” ဖန်ဟို့ဒဲ လည်း ဘေးကနေ အော်ဟစ်ဖြောင်းဖျ နေခဲ့တယ်။

“ ကျန်းရှီ။ ” ကျန်းယန်ဖိန်လည်း အမိန့်ပေးသူ ဘက်ကို လှည့်ရင်း နဲက “ စစ်သူကြီး ဝမ်။ ဒါက အထင်လွဲတာပါ။ ကျန်းရှီက ခုမှ ပြန်လာတာမို့ ဘယ်အကြောင်းကိုမှ မသိသေးတာပါ။ အရှင်တို့ ကို ကောင်းကောင်း ဧည့်ခံဖို့ ဝိုင်တွေ ထပ်ပေးပါမယ်။ သနားညှာတာသော အားဖြင့် ကျန်းရှီကို ခွင့်လွှတ်ပေးပါ။

“ ဦးလေး ယန်ဖိန်” ဖန်ကျန်းရှီ တော့ သူ့လက်ထဲက စစ်သားကို မလွှတ်ပဲနဲ့ အော်လိုက်တယ်။

သူ့လက်ထဲက စစ်သား နှုတ်ခမ်းတွေ ပြာနှမ်းပြီးတော့ သူ့ မျက်လုံးတွေ သွေးနီရောင် လွှမ်းပြီးတော့ သေခါနီး အဖြစ်ကို ရောက်နေပြီ။

“ လူငယ်လေး မင်းက စစ်တပ်ကို ဆန့်ကျင်နေတာလား။” အမိန့်ပေးသသူ ဖန်ကျန်းရှီကို ဓားနဲ့ ရွှယ်ရင်း အော်လိုက်တယ်။

ဒီ အချိန်မှာတော့ ဖန်ကျန်းရှီ နောက်က အဖြူရောင် ပုံရိပ်လေး ထွက်လာပြီးတော့ ချီရှင်းလိန် နဲ့ ဖန်ဟို့ဒဲကို ဆွဲခေါ်သွားတော့တယ်။ ဒါက ချီကူယန်ပဲ ။

“ ဦးလေး နဲ့ အဒေါ် မင်္ဂလာပါ။” ချီကူယန် ဖန်ဟို့ဒဲ နဲ့ ချီရှင်းလိန်ကို ဦးညွှတ်ရင်း နှုတ်ဆက်လိုက်တယ်။

ဒါ မြောက်ရွာက လူတွေအတွက်တော့ သာမာန် ကိစ္စ တစ်ခု။

သို့ပေမယ့်လည်း အကယ်၍ ကြီးမြတ်လှစွာသော ချီကူယန်ကို သိတဲ့သူတွေ ဖြစ်ခဲ့ရင် ဒီလို အဖြစ်မျိုး သိပ်ကို ထူးဆန်းလှမှန်း အံ့အားသင့်မိမှာ အမှန်ပဲ။

ဧကရာဇ်တောင်မှ ချီကူယန် ရဲ့ ဦးညွှတ်မှုကို မရခဲ့ဘူး ။

“ ကူယန် ။ ကူယန်လည်း ရောက်နေတာလား။ ကျန်းရှီကို မလုပ်ဖို့ တားပါအုန်း။” ချီရှင်းလိန် ချီကူယန်ကို ကြည့်ရင်းနဲ့ ထိတ်လန့် အံ့သြနေမိတယ်။

သူမက ဖြတ်သွားဖြတ်လာ ဧည့်သည် တစ်ယောက်ပဲ။ နောက်ပြီးတော့ သူမ အတွက်ကောင်းမွန်တဲ့ ဧည့်သည် တစ်ယောက် ။

“ စိတ်မပူပါနဲ့။ သူ့ ဘာသူ ဖြေရှင်းနိုင်ပါတယ်။ ဦးလေး နဲ့ အဒေါ် ဒီဘက်မှာ လာနေပါ။” ချီကူယန်က ချီရှှုင်းလိန်ကို လက်မောင်းကနေ ဆွဲရင်း နဲ့ သူ့ဘေးကို ခေါ်လာလိုက်တယ်။

ချီကူယန်ပြောနေတာတွေကို သူနားမလည် ပေမယ့်လည်း ချီကူယန်ကို ယုံကြည်တဲ့ အတွက် သူ့ဘေးကို လာရပ်တာ ။

“ မင်းကဘယ်သူလဲ။ ” ပထမ ဆုံး အကြိမ်အနေနဲ့ အမိန့်ပေးသူ လျစ်လျူရှုတာကို ခံလိုက်ရတယ်။ လူနှစ်ယောက် ရဲ့ လျစ်လျူရှုတာကို တစ်ချိန် တည်းမှာ ခံလိုက်ရတာ ြဖ်စတယ်။

“ အရေးကြီးလို့လား။” ဖန်ကျန်းရှီက ပြန်ဖြေလိုက်တယ်။

“ ပြောစမ်းပါ။ အကယ်၍ ငါမှန်းတာသာ မှန်ရင် မင်းက ဒေသတွင်း တာအို စာမေးပွဲကို အောင်တဲ့ ကလေးပဲ ဖြစ်လိမ့်မယ်။ မင်းက ဒီလောက်ထိ ငယ်မယ်လို့ မထင်ထားခံဘူး။ မင်း အခု ဘာလုပ်နေလဲ သိလား။ မင်း အခု လုပ်နေတာက စစ်တပ်ကို ပုန်ကန်နေတာပဲ။ မင်းလက်ထဲက လူကို ချလိုက်ပြီး တောင်းပန်တိုးလျှိုးစမ်း။ အခု ဖြစ်တာတွေကို မေ့ပေးမယ်။”

အမိန့်ပေးသူတွေ ရဲ့ မျက်လုံး အေးစက်စွာ တောက်ပနေတော့တယ်။ ဒီကလေးက ဒေသတွင်း တာအို စာမေးပွဲကို အောင်ထားတဲ့ ကလေး လား။ ဒါဆိုလည်း ဘာ ဖြစ်လည်း ။

မြောက်ပိုင်း ဒေသ မှာ စခန်းချဖို့ အတွက် ခေါ်ထားတာ ။ ကန်လင်းတောင်ကို စောင့်ဖို့ အတွက် တာဝန်ပေးခံထားရတာလည်း ။ ဒါတောင်မှ ဒီကလေး က သူတို့ စစ်တပ်ကို စိန်ခေါ် ရဲတယ်လား။

“ တောင်းပန် တိုးလျှိုးရမယ် တဲ့လား။” ဖန်ကျန်းရှီ လက်သီးကို ကျစ်ကျစ်ပါအောင် ပိုပြီးတော့ တင်းတင်းကျပ်ကျပ်ဆုပ်ထားခဲ့တယ်။ “မင်းက စစ်တပ် အာဏာကို သုံးပြီးတော့ ရွာသားတွေကို အရူးလုပ်နေတာပဲ။ မင်းတို့လို လူတွေက သေသင့်တယ်။”

“ သေသင့်တယ်လား။ ဟ ဟ ဟ မင်းက အတင့်ရဲလိုက်တာ။ ငါတို့က ကြီးမြတ်တဲ့ ရှမင်းဆက် ရဲက စစ်သည်တော်တွေပဲ။ မင်း က ဒေသတွင်း စာမေးပွဲကို အောင်ရုံနဲ့ အမတ်မင်း ဖြစ်မလာဘူး။ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ စစ်သည် တစ်ဦးကို သတ်တာက မင်းကို သေဒဏ် ကျစေမယ်။” အမိန့်ပေးသူ အေးစက်စွာ ပြောလိုက်တယ်။

ဖန်ကျန်းရှီ ရဲ့ အေးစက်လှတဲ့ အသံကို သူ ကောင်းကောင်းသတိ ထားမိတယ်။ ဒါပေမယ့်လည်း ဒီလို ကလေး တေစ်ယောက်က စစ်သည် တစ်ဦးကို ဘယ်လို သတ်ဝံ့မှာလဲ။

“ ကျန်းရှီ မလောနဲ့” ကျန်းယန်ဖိန်က ဖန်ကျန်းရှီ ပြောတာကို ကြားချိန်မှာတော့ သူ လုံးဝကို မျက်စိလည်သွားခဲ့တယ်။ ဖန်ကျန်းရှီ အခု ဘယ်လို ခံစားနေရလဲ သူ ကောင်းကောင်းသိတယ်။

သူ့ရဲ့ မိဘတွေ အနိုင်ကျင့်ခံရတာကို မြင်ချိန်မှာတော့ သူ့ရဲ့ ဒေါသတွေ ပေါက်ကွဲ တာ ဖြစ်သင့်တဲ့ အရာတစ်ခုပဲ ။

ဒါပေမယ့်လည်း စစ်သာ်း တစ်ယောက်ကို သတ်လိုက်တာက သူ့ရဲ့ အနာဂတ်ကို ပျက်စီး စေနိုင်မှာလား။ သူက မြောက်ရွာရဲ့ ဂုဏ်သိက္ခာနဲ့ သူရဲကောင်း တစ်ယောက်ပဲ။ ကျန်းယန်ဖိန်ကလည်း ဒီကလေး သူ့ရဲ့ အနာဂတ်ကို ကိုယ်တိုင် ဖျက်ဆီးတာမျိုး အဖြစ်မခံနိုင်ဘူး။

ရွာသားတွေ အားလုံး အလွန်အမင်းကို စိုးရိမ်နေကြတယ်။ ဖန်ကျန်းရှီက ဖန်ဟို့ဒဲ နဲ့ ချီရှင်းလိန်ကို ကာကွယ်ဖို့ပဲ လုပ်ပေမယ့် အခုတော့ သူက ကြီးမြတ်သော ရှ မင်းဆက်ရဲ့ စစ်တပ်ကို ဖျက်ဆီးမိတော့မလို ဖြစ်ခဲ့တာ တဲ့လား။

သူက စစ်တပ်ရဲ့ အမိန့်ကို ဖီဆန်မိတာလား။

အကယ်၍ ဖန်ကျန်းရှီသာ စစ်သည် တစ်ဦးကို တကယ်ပဲ သတ်လိုက်မိရင် သူတို့တွေမှာကော ဘာဖြစ်လာမှာလဲ။

“ သူ့ကို လွှတ်လိုက်”

“အကယ်၍ သူ့ကို မလွှတ်ရင် ငါတို့ အကြောင်း မင်း ကောင်းကောင်း သိစေရမယ်။”

စစ်သည်တွေအားလုံး အော်ဟစ်နေကြတယ်။

ဖန်ကျန်းရှီကတော့ အတော်လေးကို ဒေါသမီးတောက်နေခဲ့တာ ။ ဒါပေမယ့်လည်း ငြိမ်းချမ်းတဲ့ ကမ္ဘာကနေ လာတဲ့ သူ ဖြစ်တဲ့ အတွက် သတ်ဖြတ်ရတာက သူ့ အတွက် အတော်လေးကို ခက်ခဲ လွန်းလှတယ်။ ဖန်ကျန်းရှီ မလုပ်လိုတဲ့ အရာ တစ်ခု။

အခုအချိန်မှာတော့ သူ စစ်သည်ကို သတ်ဖို့ အတွက် က လွဲပြီးတော့ တခြား အရာကို မတွေးတော့ဘူး ။

ဒါပေမယ့်လည်း သူ့ဘေးက စားပွဲ ဝိုင်းတွေကို ကြည့်ချိန်မှာတော့ မီးတောက်နေတဲ့ အငွေ့အသက်တွေကို သူကောင်းကောင်းသတိ ထားမိလိုက်တယ်။

အလယ်က အဓီက စားပွဲကြီး ဝိုင်နဲ့ အသားတွေ ပြည့်နေပြီးတော့ အခြား စားပွဲ တွေမှာတော့ အရံဟင်းတွေ နဲ့ သာ ပြည့်နေခဲ့တယ်။

ဒီစားပွဲ အခြားသော စားပွဲ တွေနဲ့ မတူညီတာကို သူ သတိ ထားမိလိုက်တယ်။

စိတ် အချဉ်ပေါက်မှု တော်တော်လေးကို ဆိုးလာခဲ့တယ်။

သူ့ဘဝမှာ ဒီလိုမျိုး မရင့်ကျက်သေးတဲ့ ဒေါသ တစ်ခုတည်းသာ ဖြစ်ပေါ်လာတာ ပထမဆုံး အကြိမ်။

လူတိုင်းကို တန်းတူညီမျှ ဆက်ဆံ ကြရမှာ ။ ဒါပေမယ့်လည်း အခုက ဘယ်လို ဖြစ်တာလဲ။ စစ်သားတွေရဲ့ မျက်လုံးထဲမှာ ရွာသားတွေက သားကောင်တွေ သက်သက်ပဲလား။ သူတို့ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက လက်လျှော့ဖို့လား။

နောက်ပြီးတော့ စစ်သည်တွေကို ဝပ်တွားခယနေရမှာလား။

ဘယ်လောက်တောင် စိတ်ပျက်ဖွယ်လည်း ။

“ ဒီကောင်လေးက ပုန်ကန်ဖို့ ကြံစည်နေပြီ။ စစ်သည်ကို တိုက်ခိုက်ဖို့ လုပ်တယ်။ ဖမ်းကြစမ်း ” ဖန်ကျန်းရှှီက သူတို့ကို လျစ်လျူရှုထားတာကို မြင်ပြီး တဲ့နောက် အေးစက်စွာ ရယ်မောရင်း အမိန့်ပေးလိုက်တယ်။ ဒီကောင်စုတ်လေးက ဒေသတွင်း တာအို စာမေးပွဲလေး အောင်ရုံလောက်နဲ့တင် စစ်တပ်ကို ဖီဆန်ခြင်နေတယ်။

အမိန့်ပေးသံကို ကြားပြီးတဲ့ နောက်မှာတော့ စစ်သည်တွေ လှုပ်ရှားဖို့ ပြင်လိုက်ကြတော့တယ်။

သူတို့ အားလုံး ဖန်ကျန်းရှီကို တိုက်ခိုက်ကြဖို့ ပြင်တော့တယ်။

စစ်သည် တစ်ဦးချင်းစီ ဓားတစ်ချောင်းစီကို ကိုင်ရင်းနဲ့ ဖန်ကျန်းရှီကို ခုတ်ထစ်ပြစ်ဖို့ ပြင်ဆင်နေကြတယ်။

သူတို့ တွေ အတော်လေးကို နီးကပ်လာကြတယ်။

သူတို့ရဲ့ ဓား ထိပ်တွေကိုတော့ ဖန်ကျန်းရှီ ရဲ့ မျက်လုံး တည့်တည့်ကို ချိန်ထား တာပဲ ။

ဖန်ကျန်းရှီမှာ သူတို့ရဲ့ တိုက်ခိုက်မှုကို တားဖို့ အတွက် နည်းလမ်းတွေ အများကြီးရှိတယ်။

ဒါပေမယ့်လည်း ရွာသားတွေ ရှိနေတာကို ငဲ့ညာသော အားဖြင့် သူ့ရဲ့ ဒေါသတွေကို မျိုချရင်း နောက်ဆုတ်လိုက်တယ်။

သူတွေးထားတဲ့အတိုင်းပဲ စစ်သည် တစ်ဦး သူ့ ဆီကို တိုက်ရိုက် တိုက်ခိုက်လာတာ ။ ဓားကို ဆွဲကိုင်ရင်း နဲ့ သူ့ ဆီကို တည့်တည့် ပြေးဝင်လာတာ ။

ဖြည်းဖြည်းချင်း အဆုံးသတ်တာပေါ့။

သူက ဒီ အရူးလုပ်တဲ့ သူတွေကို သင်ခန်းစာ ကောင်းကောင်း ပေးချင်တာပဲ ။ ဒါပေမယ့် အသက် ကို ထိခိုက်စေဖို့ မတွေးခဲ့ဘူး။

“သေစမ်း” ဖန်ကျန်းရှီက သူ့စိတ်သူ မထိန်းချုပ်နိုင်တော့ဘူး ။ တကယ်တမ်းပြောရရင်တော့ သူ့ စိတ်ကို ထိန်းထား စရာလည်း မလိုတော့ဘူး ။

လွန်ခဲ့တဲ့ နာရီ အနည်းငယ် တုန်းကတော့ ဒီလို တူညီတဲ့ ပြဿနာကို ဟွေ့အန်း ဒေသမှာ ကြုံခဲ့ရတာ ။

အဲ့ဒီ့နေရာမှာ အဖမ်းခံခဲ့ရရင်တော့ တစ်ခါတည်း ခေါင်းဖြတ်ခံရမာ ။

အဲ့ဒီ့ အချိန် တုန်းကတော့ သူ ချီကူယန်ရဲ့ အမြင်ကို မေးမြန်းခဲ့ကြတယ်။ ဒါပေမယ့် ဒီ တစ်ကြိမ်မှာတော့ သူ့ မမေးတော့ဘူး ။

လူတိုင်း သိပ်ကို ဖိအား များနေခဲ့ကြတာ ။

ဖန်ကျန်းရှီ လည်း ထို့နည်း တူစွာပဲ ။ သူ့ရဲ့ ဖိအားတွေ ဖန်ဟို့ဒဲ ချီရှင်းလိန်နဲ့ မြောက်ရွာ တစ်ခုလုံး အတွက် ဖြစ်နေခဲ့တယ်။

ဒီလိုမျိုး သူ့ရဲ့ မိသားစုနဲ့ ရွာသားတွေ အနိုင်ကျင့် ခံနေရတာကို ဘယ်လိုမှ မခံစားနိုင်ဘူး ။ ဒီလောက က ဘယ်ကလေး ကမှ သူ့မိဘတွေ အနိုင် ကျင့် စော်ကားခံနေရတာကို ရပ်ကြည့်နေမှာ မဟုတ်ဘူး။

သတ်။

ဒီ အချိန်မှာတော့ ဖန်ကျန်းရှီ လှုပ်ရှားတော့တယ်။

သူ့ရဲ့ လက် လှုပ်ရှားမှုနဲ့ အတူ ။

မာဆတ်ဆတ် အသံ တစ်သံ ထွက်လာခဲ့တယ်။

ဖန်ကျန်းရှီကို စိုက်ကြည့် နေတဲ့ စစ်သည် ဘယ်တုန်းကမှ မထင်မှတ်ခဲ့တာကတော့ ဖန်ကျန်းရှီ အတင့်ရဲစွာနဲ့ သူ့ကို သတ်မယ် ဆိုတာကိုပဲ ။ နောက်ပြီးတော့ ဖန်ကျန်းရှီ တွေဝေခြင်း အလျဉ်း မရှိ ဘဲနဲ့ လှုပ်ရှားခဲ့တာ ။

သူ ကြီးမြတ်သော ရှ မင်းဆက် ရဲ့ စစ်သည် တစ်ဦး ။

စစ်သူကြီးရဲ့ လက်အောက်ခံ ။

ဒီလို မျိုး အမတ်တောင် မဖြစ်သေးတဲ့ ကလေးစုတ်က ဘယ်ကနေ သတ္တိတွေရလာတာလဲ။

တွေးနိုင်ခြင်းငှာ မစွမ်းသာခဲ့ဘူး။ သူ့ရဲ့ လည်ပင်း ကျိုးသွားခဲ့ပြီ ။ အသက်လည်း မရှူနိုင်တော့သလို အသက်ဝိဉာဉ်လည်း ပျောက်ဆုံးသွားပြီ ။

ဖန်ကျန်းရှီကတော့ သူ့လက်ကို လွှတ်လိုက်တော့တယ်။

စစ်သည်ရဲ့ အသက်မဲ့ကိုယ် မြေပြင်ပေါ်ကို ကျသွားခဲ့တယ်။ သူ့ရဲ့ ကိုယ် ချီရှင်းလိန်ဘက်ကို မျက်နှာမူနေတာ ။

ဒါ ဖန်ကျန်းရှီ အတွက် ဒုတိယ အကြိမ် မြောက် သတ်ဖြတ်ခြင်း ။

ပထမ အကြိမ်တုန်းကတော့ ရွေးချယ်စရာ မရှိတာကြောင့် ခြေရာမဲ့ ဓားကို သုံးပြီးတော့ ယဉ်ရှန်ကို သတ်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချခဲ့ရတာ ။

ဒါပေမယ့် နောင်တမရ ခဲ့ဘူး။

တိုက်ခိုက်ဖို့ ပြင်နေကြတဲ့ စစ်သည်တွေ မြေပြင်ပေါ်မှာ ကြက်သေသေနေကြတယ်။ အမိန့်ပေးသူ ကိုယ်တိုင်တောင်မှ ဖန်ကျန်းရှီ လုပ်လိုက်တာကို မယုံနိုင် ဖြစ်နေခဲ့တယ်။ ဖန်ကျန်းရှီက တကယ်ပဲ စစ်တပ်ကို ဆန့်ကျင်နေတာလား။

သူက စစ်သည် ကိုတောင် သတ်လိုက်ပြီ ။

ရွာသားတွေ သူတို့ မြင်နေတာကို မယုံနိုင်ဖြစ်နေခဲ့ကြတယ်။

“ ကျန်းရှီက တစ်ယောက် ယောက်ကို သတ်လိုက်ပြီ။ ”

“ စစ်သား တစ်ယောက်ကို သူ သတ်လိုက်ပြီ။ ”

“ ငါတို့ ဘာလုပ်ကြ မတုန်း”

ရွာသားတွေ တော့ ဂယောင် ခြောက်ခြား ဖြစ်လာကြတော့တယ်။

အမိန့်ပေးသူ ဒေါသ ပေါက်ကွဲတော့တယ်။

“ ရွှမ်း ”

သူ ဓားကို ဆွဲထုတ်ရင်း ဖန်ကျန်းရှီကို ချိန်ထားတော့တယ်။ သူ့ ဘဝမှာ ဒီလို မျိုး စော်ကားခံရတာ မျိုး မရှိခဲ့ဘူး ။ နောက်ပြီးတော့ ၁၅ နှစ်လောက်ပဲ ရှိတဲ့ ကလေး တစ်ယောက် က စော်ကားမော်ကား ပြုတာကို ခံလိုက်ရတာ ။

“ရွှမ်း!”

“ရွှမ်း!”

“…”

သူတို့ရဲ့ အမိန့်ပေးသူ ဓား ထုတ်တာကို မြင်ချိန်မှာတော့ စစ်သည်တွေ အားလုံးလည်း သူတို့ရဲ့ ဓားတွေကို ဆွဲထုတ်လိုက်တော့တယ်။ သူတို့ရဲ့ မျက်လုံးတွေမှာတော့ ဒေါသ နဲ့ ထိတ်လန့်မှုတွေ ပြည့်နှက်နေခဲ့တယ်။

သူတို့ အားလုံး ဖန်ကျန်းရှီရဲ့ အပြုအမူ ကြောင့် အံ့အားသင့်သွားခဲ့တာ ။

အပြုအမူနဲ့ စကားလုံး တွေ တော့ လုံးဝကို မတူညီနဲ့ အရာတွေ ။

ဖန်ကျန်းရှီ ဒါကို ပြောပြပြီး သတိပေးခဲ့ပေမယ့်လည်း ဘယ်သူကမှ သူ လုပ်မယ်လို့ မထင်ခဲ့ကြဘူး ။ စစ်သည် ရာချီနဲ့ ရွာသားတွေ မျက်စိရှေ့မှာတင် စစ်သည် တစ်ဦးကို သတ်ပြစ်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ဘူး ။

“ မင်း မင်း ဒါ ပုန်ကန်တာပဲ။” အမိန့်ပေးသူ အော်ဟစ်လိုက်တယ်။ ဖန်ကျန်းရှီကို ဒူးထောက် တောင်းပန်ခိုင်းဖို့ မဖြစ်နိုင်တော့တာ သူသိတယ်။ စစ်တပ်ရဲ့ ဂုဏ်သတင်းက ဒီလို နည်းနဲ့ အစော်ကားခံရတာမျိုး အဖြစ်မခံ နိုင်ဘူး။

ဒေသတွင်း တာအို စာမေးပွဲကို ပဲ အောင်မြင်ထားတဲ့ ဆယ်ကျော်သက်လေး တစ်ယောက်က စစ်သည် တစ်ဦးကို ဒေါသ ထွက်တာနဲ့ ချက်ခြင်း သတ်ပစ်တာမျိုး ဖြစ်သင့်သလား။ စစ်တပ်က ဘာ အတွက်ကြောင့် တည်ရှိနေတာလဲ။

အခုတော့ ဖန်ကျန်းရှီက သတ်ခဲ့လိုက်ပြီ။ ဒါက ပုန်ကန်မှုပဲ ။ ပုန်ကန်မှုထက် ပိုတယ် ။

အပိုင်း (၂၃၆) ပြီး ၏။

အပိုင်း (၂၃၇)

“ ကန်လင်းတောင် အတွင်းမှာ ရေချိုးခြင်း ”

အယောက်တစ်ရာနီးပါးရှိတဲ့ စစ်သည်တွေ ဖန်ကျန်းရှီကို သတ်ဖြတ်ဖို့ အတွက် ပြင်ဆင်နေကြတော့တယ်။

ရွာသားတွေ အားလုံး ဒါကို မြင်ချိန်မှာ

“ အမိန့်ပေးသူ ဆရာ။ မလုပ်ပါနဲ့။ ကျန်းရှီကို မသတ်ပါနဲ့။”

“ ကျန်းရှီ ဆရာ့ကို တောင်းပန်လိုက်တယ်။ သူ့မှာ ပုန်ကန်လိုစိတ် မရှိပါဘူး။”

ရွာကနေ မခွာဖူးတဲ့ ရွာသားတွေ အတွက်တော့ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ စစ်တပ် အင်အားကြီးလှတယ်။ ဖန်ကျန်းရှီက ဒီလို မျိုး ဆန့်ကျင်လိမ့်မယ်လို့ မထင်ခဲ့ကြဘူး ။

ဒီမြင်ကွင်း လူတိုင်းရဲ့ စိတ်ကို ဆူပွက်လာစေခဲ့တယ်။

လူအိုကြီးတွေ ။ အမျိုးသမီးတွေ။ ကလေးတွေ အားလုံး စိတ်လှုပ်ရှား ကြောက်လန့်နေကြတယ်။ တစ်ချို့ သူတွေ ထိတ်လန့်မှုကြောင့် ငိုကြွေးနေကြပြီးတော့ တချို့ စစ်သည်တွေရဲ့ လမ်းကို ပိတ်ဆို့ဖို့ ကြိုးစားနေခဲ့ကြတယ်။

ဖန်ကျန်းရှီ ဘယ်လိုပင် လုပ်ခဲ့သည်ဖြစ်ပါစေ။ သူတို့ အားလုံး သူ့ရဲ့ မိသားစုတွေပဲ ။ ဒီကလေး ဒုက္ခရောက်စေမယ့် အဖြစ်မျိုးကို တော့ မရောက်စေလိုကြဘူး။

ချီကူယန် လဲကျသွားတဲ့ စစ်သည်ကို အေးဆေးစွာကြည့်နေခဲ့တယ်။ သူမ အံ့အားသင့်ဟန်လည်းမရှိသလို ဖန်ကျန်းရှီကို တားမြစ်ဖို့လည်း မကြိုးစားခဲ့ဘူး ။

“ သတ်စမ်း” အမိန့််ပေးသူ ဓားကို ဆွဲထုတ်ရင်း အော်ဟစ်လိုက်တယ်။ သူ့ရှေ့က အတင့်ရဲလှတဲ့ ကလေးစုတ် ကို သတ်ဖို့ ပြင်လိုက်တယ်။

ဒါပေမယ့်လည်း

ဒီအချိန်မှာ ပဲ ပုံရိပ်တစ်ခု သူ့ရှေ့မှာ ရုတ်တရက်ပေါ်လာခဲ့တယ်။ ဒီပုံရိပ်ရဲ့ အပြာရောင် အကျီလက်ရှည်တွေ လေထဲမှာ လွင့်မျောနေခဲ့တယ်။ သူ့ရဲ့ အမူအယာ အေးစက်လှပြီးတော့ အမိန့်ပေးသူကို လျစ်လျူရှုထားဟန်ပါပဲ။

အမိန့်ပေးသူ သူ့မျက်လုံးတွေကို မယုံနိုင် ဖြစ်နေခဲ့တယ်။

သူ့ရဲ့ ပြိုင်ဘက်က လျင်မြန်မှန်း သူကောင်းကောင်းသိတယ် ။ ဒါပေမယ့်လည်း ဒီလောက်မြန်မယ်လို့တော့ မထင်ခဲ့ဘူး ။ ပိုပြီးတော့ အရေးကြီး တာကတော့ သူ့ရဲ့ ကိုယ်ပေါ်ကို ဖိထားတဲ့ ပြင်းထန်လှတဲ့ အင်အားကို ခံစားနေရတာ။

ဒါ အရှိန်အဝါ မဟုတ်ဘူး။

ထူးခြားလှတဲ့ ဖိအား တစ်မျိုးပဲ။ တောတောင် သစ်ပင်တွေရဲ့ ဖိအား သူ့ရဲ့ လှုပ်ရှားမှု တိုင်းကို ချိနဲ့ စေတယ်။

“ ထိန်းချုပ်မှု ဧရိယာ”

“တောင်တန်းနှင့် နွယ်ပင်များ။”

“ သူ သူက ကောင်းကင်ရောင်ပြန် အဆင့်မှာလား။ ဒါပေမယ့် ဒီကလေးက အသက် ၁၅ နှစ်ထက် ပိုကြီးသေးတာ မဟုတ်ဘူး။ ကျန်းရှီ။ သူ့ကို ကျန်းရှီလို့ ခေါ်တယ်။ ဒီ ဒီကလေးက ဖန်ကျန်းရှီ။ အသက် ၁၈ နှစ်အောက်မှာ ချီကူယန် ပြီးရင် ဒုတိယ မြောက် ကောင်းကင်ရောင်ပြန် အဆင့် ။ ယုံကြည်မှု မြစ် မြို့တော် စာမေးပွဲရဲ့ ထိပ်တန်းကျောင်းတော်သား”

နောက်ဆုံးမှာတော့ အမိန့်ပေးသူ သူ့ရှေ့က လူငယ် အကြောင်းကိုသိသွားခဲ့ပြီ ။

လွန်ခဲ့တဲ့ တစ်လ တုန်းက မြောက်ရွာမှာ တာဝန်ယူဖို့ အမိန့်ကျလာခဲ့တယ်။ ဖန်ကျန်းရှီ ရဲ့ တော်ဝင်စာမေးပွဲ ရလဒ်ကို သူမသိပေမယ့်လည်း နတ်ဆိုးကျောင်းတော်က ရုတ်တရက် အဆင့်တိုးတက်မှု သတင်းကိုတော့ သူ ကြားခဲ့တယ်။

အခု ရွာသားတွေ သူ့ကို ခေါ်တာနဲ့ ပေါင်းလိုက်ရင် ဒီ လူငယ်က ဘယ်သူဆိုတာ ခန့်မှန်းဖို့ လွယ်ကူသွားပြီ ။

သနားစဖွယ် ကောင်းတာကတော့

သူ့ရဲ့ နားလည်မှု နောက်ကျလွန်းသွားခဲ့တာပဲ ။

ချွေးတွေ စီးကျလာတော့တယ်။

သူ စစ်သား တစ်ရာကျော်ရဲ့ ခေါင်းဆောင် ဖြစ်ပေမယ့်လည်း နတ်ဆိုးစည်း အဆင့်ကိုတောင်မှ ပြီးဆုံးသေးသူ မဟုတ်ဘူး။

သူ့ဘေးနားက စစ်သားတွေကတော့ သာမာန် သန်မာတဲ့ အဆင့်တွေပဲ ။ ကျင့်ကြံသူ သုံးယောက်ပဲ ရှိတယ်။

သာမာန် စစ်သည် တစ်ရာက ကောင်းကင်ရောင်ပြန် အဆင့် စွမ်းအားရှင်ကို တိုက်ခိုက်မယ်။

အဆုံးသတ်က တစ်ခုပဲရှိမယ်။

သေခြင်း တရား။

“ မိုးနတ်မင်းရေ။” အမိန့်ပေးသူ အော်ဟစ်ရင်းနဲ့ ဒူးထောက် ကျသွားခဲ့တယ်။ တောင်ရဲ့ ဖိအားကို သူခံစားနေရတာ ။

သူ့ရဲ့ နှလုံး ပေါက်ကွဲမတတ် နာကျင်နေခဲ့တယ်။

“ပလွတ်!”

မြေပြင်ပေါ်ကို လဲကျသွားတဲ့ အမိန့်ပေးသူ မယုံကြည်နိုင်မှုတွေ ပြည့်နေခဲ့တယ်။

ငါ့လို လူက ဒီလိုပဲ အဆုံးသတ်ရတော့မှာလား။ မြော်က်ရွာရဲ့ လူထူးချွန် ဖန်ကျန်းရှီ ဖြစ်နေတာကို သူ အခု ထိ မယုံနိုင် ဖြစ်နေဆဲပါပဲ။

အကယ်၍ သူသာ စောစော သိခဲ့ရင် သူ့စစ်သည်တွေကို ဒီလို ပြုမူခိုင်းမှာ မဟုတ်ဘူး ။

အခုတော့ အချိန်နှောင်းသွားခဲ့ပြီ။

ဒါက ကောင်းကင်ရဲ့ အလိုပေလား။

ဒါ မြစ်ထဲမှာ လမ်းလျှောက်သူတစ်ယောက်လိုပဲ ဖိနပ်စီးပြီး လျှောက်ရင် ဖိနပ်စိုမှာ ပဲ ။

စစ်သည်တွေ အားလုံး မြေပြင်ပေါ်မှာမလှုပ်နိုင်ဖြစ်နေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ ထိန်းချုပ်မှု ဧရိယာ အတွင်းမှာ ဝန်းရံခံထားရတာ ြဖ်စ်တယ်။

“ ကောင်း ကောင်းကင်ရောင်ပြန် အဆင့်လား”

ကြီးမြတ်သော ရှ မင်းဆက်ရဲ့ စစ်သည်တွေ အနေနဲ့ သေခြင်းကို ရင်ဆိုင်ဖို့ လေ့ကျင့်ထားပြီးသား ။ သို့ပေသော်ငြား ကိုယ့်သေတွင်း ကိုယ်တူးရမယ် လို့တော့ မသင်ထားဘူး ။

နောက်ပြီးတော့ သူတို့ရဲ့ ခေါင်းဆေ ာင်လည်း သေဆုံးသွားခဲ့ပြီ။

တိုက်ရိုက်အမိန့်မရှိပဲနဲ့ ဘယ်သူကမှ မလှုပ်ရှားရဲဘူး ။

ဒီအချိန်မှာတော့ နေရာကနေ မလှုပ်နိုင်ကြတဲ့ စစ်သည်တွေ တုန်ရီ ခြောက်ခြားလာတော့တယ်။

“Clang!”

ဓားနဲ့ မြေပြင်ထိတွေ့သံ ပေါ်ထွက်လာတော့တယ်။

တစ်ယောက်ပြီး တစ်ယောက်

သိပ်မကြာခင် အချိန်မှာပဲ စစ်သည်တစ်ရာကျော် လက်နက်ချပြီးသား ဖြစ်နေခဲ့တယ်။

ရွာသားတွေ ထိတ်လန့်ကြောက်ရွံ့နေဆဲ ။ ဖန်ကျန်းရှီ ရဲ့ လျင်မြန်မှုနဲ့ စွမ်းရည်ကို သူတို့ အံ့အား သင့်နေကြတာ ။ နောက်ပြီးတော့ အမိန့်ပေးသူ မတိုက်ခိုက်နိုင်ခင် အချိန်မှာပဲ ဖန်ကျန်းရှီ သူ့ နောက်မှာ ပေါ်လာခဲ့တယ်။

အရေးအကြီးဆုံးကတော့ ပတ်ပတ်လည်က စစ်သည်တွေ မလှုပ်ရှားကြတာ ။

မြေပြင်မှာ မြှုပ်ခံထားရသလို ဖြစ်နေတာ ထူးဆန်းလွန်းလှတယ်။

“ ဘယ် ဘယ်လောက်တောင် အင်အားကြီးလိုက်သလဲ။ တကယ်ပဲ ကျန်းရှီ ။ သူ ဘယ်လိုတောင် အင်အားကြီးရတာလဲ။” ရွာသားတွေ အားလုံး ထိတ်လန့်နေခဲ့ကြတယ်။

ဒီလူငယ်လေးက သူတို့နဲ့ အတူ ၈ နှစ်တောင် နေခဲ့တာ ။

ဒါပေမယ့်လည်း သူတို့ တွေ မမြင်ဖူးတဲ့ စွမ်းရည်တွေကို အများကြီး ထုတ်ဖော် ပြသခဲ့တယ်။

“ ကျန်းအာ။” ချီရှင်းလိန် ပျော်ရွှင်မှု နဲ့ အတူ အံ့အား သင့်နေခဲ့တယ်။ ဒီလိုပဲ သူမ သူမရဲ့ သားကို စိုးရိမ်နေခဲ့တယ်။

ဖန်ဟို့ဒဲ ကျက်သေသေ နေခဲ့တာ ။ သူ့သား သန်မာကြောင်း သူသိတယ်။ ဒါပေမယ့်လည်း ဘယ်လောက် အင်အားကြီးမှန်းတော့ သူမသိဘူး။ ဖန်ကျန်းရှီက သူ့ရဲ့ စွမ်းအင်တွေကို လူရှေ့မှာ ထုတ်ပြတာ ရှားပါးတယ်။

ဒီနေ့မှာတော့ ထုတ်ဖော်ပြသခဲ့ပြီး။

ဖန်ဟို့ဒဲ သတိ လစ်မလိုတောင် ဖြစ်သွားခဲ့ရတယ်။

“ မင်းတို့ မြောက်ရွာမှာရောက်နေတာ ဘယ်လောက်ကြာပြီလဲ။” ဖန်ကျန်းရှီ နောက်ထပ်မလှုပ်ရှားတော့ပဲ တုန်ယင်နေတဲ့ စစ်သည်တွေကို ကြည့်ရင်း မေးလိုက်တယ်။

“ ကျွန်တော်တို့ ရောက်နေတာ တစ် တစ်လ ရှိပါပြီ။ “ စစ်သည် တစ်ဦး ဖြေလိုက်တယ်။

“ တစ်လ။” ဖန်ကျန်းရှီ ရဲ့ အကြည့်တွေ အေးခဲ သွားပြန်တယ်။ “ မင်းတို့ က ဒီမှာ အသားတွေ နဲ့ ဝိုင်အရက်တွေကို ကောင်းကောင်းစား ကောင်းကောင်းသောက်နေတဲ့ အချိန် ငါတို့ ရွာသားတွေက ရေငံသောက် မြက်ခြောက်စားနေရတာ တစ်လ ရှိပြီပေါ့။ ဟုတ်လား။”

“ ဟုတ် ဟုတ်ပါတယ် ။ ကျွန်တော် ကျွန်တော်တို့ကို ပေးတဲ့ အမိန့်ကြောင့်…..” စစ်သည်တွေ ဖြူဖျော့ကုန်ကြတော့တယ်။

“သခင်လေး ဖန်။ ချမ်းသာပေးပါ။”

“သခင်လေး ဖန်။ ကျွန်တော် ကျွန်တော်တို့ ဒီ တစ် လမှာ စားသောက်တာက လွဲပြီးတော့ တခြား မကောင်းတာတွေ မလုပ်ပါဘူး။ ကျွန်တော်တို့ မသေချင် သေးဘူး ။ နောက်ပြီးတော့ ရွာသားတွေကို ဟွေ့အန်းဒေသဆီ ဖြတ်သန်းသွားလာခွင့် အမိန့်ပြားလည်း ပေးထားတယ်။”

စစ်သည်တွေ အားလုံး ဒူးထောက်ကုန်ကြတော့တယ်။

“ကျန်းရှီ ။ သူတို့ ပြောတာ အကုန်အမှန်ပါပဲ။ အခုတော့ ခေါင်းေ်ဆာင်လည်း သေသွားပြီ။ သူတို့ကို အသက်ချမ်းသာပေးလိုက်ပါ။ “ ကျန်းယန်ဖိန် ဖန်ကျန်းရှီ အနားကို လာရင်း ပြောလိုက်တယ်။

ကျန်းယန်ဖိန် ဘာတွေ နေလဲ သူသိတယ်။ ရွာသားတွေက အတော်လေးကို ရိုးသားတဲ့သူတွေပဲ။

အကယ်၍ စစ်သားတွေ အကုန်လုံးကို သူ သတ်ပြစ်ပြီး သွေးချောင်းစီးစေလိုက်မယ် ဆိုရင် ရွာသားတွေ ရဲ့ စိတ်ထဲမှာ အရိပ်ဆိုးကြီး ထင်ကျန်သွားလိမ့်မယ်။

အမိန့်ပေးသူကို သူ သတ်ခဲ့ပြီးပြီ။ အခုတော့ ထပ်ပြီး သတ်ဖြတ်လို့ မဖြစ်တော့ဘူး။

“ ထွက်သွားကြစမ်း ”

…

စစ်သည် တစ်ရာကျော် ညတွင်းချင်းရွာကနေ ခွာသွားခဲ့ကြတယ်။ အသက်မဲ့ ကိုယ် နှစ် ခုကို သယ်ဆောင်ရင်း သူတို့ တွေ ဖြူဖျော့ တုန်ယင်နေခဲ့ကြတယ်။

“အကိုကျန်း အခုတော့ ဘယ်လို လုပ်မလဲ။”

“ မြောက်ရွာရဲ့ လူငယ်က ဖန်ကျန်းရှီ ဖြစ်နေမယ်လို့ မထင်ခဲ့မိဘူး။ အခုတော့ သူက ငါတို့ရဲ့ ခေါင်းဆောင်ကို သတ်လိုက်ပြီး ဒီကိစ္စကို စစ်သူကြီး လျှို့ ဆီ သတင်းပို့ရမယ်။

“ ကန်လင်းတောင် ထဲမှာ စစ်သည် တစ်ထောင် ကျော် ရှိနေတာ ။ သူ့ရဲ့ အင်အားနဲ့ အကုန်လုံးကို တိုက်ခိုက်ဖို့က မဖြစ်နိုင် ဘူး ”

“ အကယ်၍ ကျန်းရှီ သာ သူတို့ အကုန်လုံးကို တကယ်သတ်လိုက်ရင် စစ်တပ်က သူ့ကို အလွတ်ပေးမယ် ထင်နေတာလား။”

“ သွားကြစို့”

…

မြောက်ရွာ နောက်တစ်ကြိမ် ပြန်လည် ငြိမ်သက်သွားပြန်တယ်။

ဒါပေမယ့်လည်း အရိပ်တစ်ခု သူတို့ဆီကို လွှမ်းမိုးလာခဲ့တယ်။ မြောက်ရွာ ဒေါသကြီး တစ်ခုလုံးကို ကြီးမားတဲ့ တောင်ကြီး တခုကဖိထားသလို ဖြစ်နေ ခဲ့တာ ။ ရွာသားတွေ အသက်ရှူဖို့ တောင် ခက်ခဲ လာတော့တယ်။

နှင်းမဟူရာ မြင်းပျံ နဲ့ နှင်းဖြူလေးတို့ ကွင်းပြင်ထဲမှာ စားသောက်နေခဲ့ကြတာ ။

အခန်းထဲမှာတော့ မီးအိမ် လေးခုကို ထွန်းညှိထားပြီးတော့ အခန်း တစ်ခု လုံးကို လင်းထိန် နေစေခဲ့တယ်။

ချီရှင်းလိန် သူ့သားလေး ရဲ့ မျက်နှာကို ကြည့်ရင်း မျက်ရည်ဝဲနေခဲ့တယ်။

ဖန်ဟို့ဒဲ ဘေးမှာ ထိုင်ရင်း နဲ့ သူ့ရဲ့ အမူအယာ ရှုပ်ထွေးနေခဲ့တယ်။

ကျန်းယန်ဖိန် အတော်လေးကို စိုးရိမ်နေခဲ့တယ်။ သူ့ရဲ့ မျက်နှာ ခေါင်းငုံ့ထားရင်း နဲ့ အနည်းငယ် တုန်နေခဲ့တယ်။

“ ကျန်းရှီ မင်းက ဒီ အချိန် မှာ အရမ်းကို အလောကြီးလွန်းနေတယ်။ စစ်တပ်ရဲ့ အမိန့်ကြောင့်သာ သူတို့က ဒီမှာ ရှိနေတာ။ အခုတော့ သူတို့ကို မြောက်ရွာကနေ မောင်းထု်တလိုက်ပြီ ဆိုတော့လည်း စစ်တပ်က ဒီ အကြောင်းကို သိဖို့ မြန်မှာပဲ။

“ ဦးလေး ယန်ဖိန် ။ စစ်တပ် အကြောင်းကို သိတာလား။” ဖန်ကျန်းရှီ ကျန်းယန်ဖိန်ကို အံ့သြမှု နဲ့ ကြည့်နေခဲ့တယ်။

“ မင်း ။ ကျန်းရှီ မင်းက ဘာလို့ မစိုးရိမ်တာလဲ။” ကျန်းယန် ဖိန် ဖန်ကျန်းရှီရဲ့ မေးခွန်းကို ကြားချိန်မှာတော့ ထိတ်လန့် သွားခဲ့တယ်။ အနည်းဆုံးတော့ ထိတ်လန့်သွားသင့်တာကို သူက ဘာလို့ ရယ်မောနေတာလဲ။

“ အဖေ ။ အမေ။ သားက တော်ဝင်စာမေးပွဲကို အောင်ပြီးပြီ။ တော်ဝင် အတွေး အခေါ် စာမေးပွဲမှာ ထိပ်တန်း ကျောင်းတော်သား အဆင့်ကိုရတယ်။ ” ဖန်ကန်းရှီ သူ့ မိဘတွေကို ပြောနေခဲ့တယ်။

“ ငါတို့ ကို မနောက်ပါနဲ့။ တော်ဝင် စာမေးပွဲက ိုသာ တကယ်အောင်ရင် ကြေညာပေးတဲ့သူက မင်းနဲ့ ပါလာရမှာပေါ့။” ကျန်းယန်ဖိန် ေြုပာလိုက်တယ်။

“တိုက်ခိုက်ရေး စာမေးပွဲ တွင်းမှာ ပြဿနာ တစ်ခု ရှိနေလို့ ကျွန်တော် တို့ ပြန်လည် စစ်ဆေးခံရမှာ။ ရလဒ်ကတော့ ပြန်လည် စစ်ဆေးမှု အပီး မှာ ထွက်လာလိမ့်မယ်။ ” ဖန်ကျန်းရှီက ရှင်းပြခိုက်တယ်။

“ ကျန်းရှီ မင်းက ငါတို့ လက်ထဲမှာ ကြီးလာတာပါ။ မင်း တွေးနေတာကို ငါတို့ သိတယ်။ ငါတို့ အတွက် မင်းက အမတ်မင်း ဖြစ်အောင်လုပ်ခဲ့ပြီလို့ ပြောမလို့လား။ မင်းက နောက်လ မှာ ဟွေ့အန်း ဒေသကို အုပ်ချုုပ်သူ ဖြစ်လာတော့မှာလား။”

“ ဦးလေး ယန်ဖိန်။ ဦးလေးက ကျွန်တော့် အကြောင်း သိတာ ဟုတ်ပါတယ်။ ကျွန်တော်က အခု အမတ် ဖြစ်နေပြီ။ ဒါပေမယ့်လဟွေ့အန်း ဒေသကို အုပ်ချုပ်တဲ့ သူတွေ မဟုတ်ဘူး။ ဓားသံတမန် ဖြစ်သွားတာ။ ရုံးတော် တံဆိပ်ပြားလည်း ကျွန်တော့်မှာ ပါလာတယ်။” ဖန်ကျန်းရှီ ပြုံးရင်း နဲ့ ရှင်းပြနေခဲ့တယ်။

သူ လှပစွာ စီခြယ် ထားတဲ့ နှင်းဆီ သေတ္တာလေးကို ပြသရင်း ပြောနေခဲ့တယ်။

“ မင်းက ရုံးတော် တံဆိပ်ကို တောင် အတု လုပ်လာတာလား။” ကြီးမြတ်သော ရှ မင်းဆက် ရဲ့ တံဆိပ်စာသားကို လေးဘက် လေးတန်မှာ ရေးထိုးထားတဲ့ နှင်းဆီ သေတ္တာကို ကြည့်ရင်းမေးလိုက်တယ်။

ဖန်ကျန်းရှီကတော့ သူ့မိဘတွေနဲ့ ကျန်းယန်ဖိန် ထိတ်လန့်နေပုံကို မြင်တဲ့ အချိန်မှာ ခပ်ချဉ်ချဉ် ပြုံးလိုက်မိတယ်။

“ အဖေ နဲ့ အမေလည်း မယုံဘူးလား။ ”

“ ဒါပေါ့။ ကျန်းအာ မှောင်နေတဲ့ အချိန် မြန်မြန်သာ ပြေးတော့။ စစ်တပ်က မရှာနိုင်ခင် မြန်မြန်သာပြေး”

ဖန်ကျန်းရှီ ပြောစရာ စကားမဲ့သွားတော့တယ်။ လူတွေကြားက ယုံကြည်မှုက ဘယ်ရောက်သွားပြီလဲ။ ငါ့ရဲ့ မိဘတွေကတောင် ငါ့ကို မယုံတော့ဘူးလား။ ကြည့်ရတာ အမှန်ကို ပြောလို့ မရတော့ ဘူး ထင်တယ်.။

“ သား ကြားတာ ကန်လင်းတောင်ကို စည်းချ ထားတယ်ဆို” ဖန်ကျန်ရှီက စကားလမ်းကြောင်းလွှဲဖို့ ကြိုးစားလိုက်တယ်။

“ တောင်ခြေ ပတ်ပတ်လည် ၁၈ မိုင် အတွင်းကို စည်းချ ထားတာ။ ။တောင်ရွာ။ အနောက်မြစ်ရွာ။ အကုန်လုံးကို စစ်တပ်က အခြေစိုက်ထားတာ။ ငါတို့ တစ်ရွာပဲ လွတ်လွတ်လပ်လပ်ရှိတယ်။ တခြားရွာတွေ ထက်တော့ အတော်လေးကို အခွင့်အရေး ကောင်းကောင်းရပါတယ်။

တောင်ကို စည်းချ ထားကြောင်းပြောနေချိန်မှာတော့ ကျန်းယန်ဖိန်ရဲ့ အမူအယာ ပျက်ယွင်းနေခဲ့တယ်။ တောင်ကို စည်းချ တာေ်ကြာင့် သူတို့ရဲ့ စားဝတ်နေရေးက အတော်လေးကို ခက်ခဲ သွားခဲ့တာပဲ ။

“ တောင်ကို ဘာလို့ စည်းချ ထားတာလဲ ဦးလေး ယန်ဖိန် သိလားး ” ဖန်ကျန်းရှီက မေးလိုက်တယ်။

အလွန် ဆိုးဝါးတဲ့ သားရဲကောင်ကို ဖမ်းမလို့ ဆိုပဲ။ အခုတော့ တောင် တစ်ခုလုံးမှာ စစ်သားတွေ နဲ့ ပြည့်နေပြီၤ။ မိုင် တိုင်းနဲ့ ခြေဆယ်လှမ်း အကွာမှာ စစ်သည်တွေ အပြည့်ပဲ။ အတော်လေးကို တင်းကြပ်တဲ့ အခြေအနေမှာ ရောက်နေတာ။

“ အစောင့် ချောင်တဲ့ နေရာ ရှိလား။”

“ ငါတို့ ဟွေ့အန်း ဒေသကို တစ်နေ့ နှစ်ကြိမ် သွားနေတဲ့ လမ်းကတော့ အစစ်အဆေး လျှော့်တယ်။ ” ကျန်းယန်ဖိန် ခဏ တာ တွေးရင်း ပြောလိုက်တယ်။ ““ ဒီမှာ ဘာလို့ ထပ်ပုန်း မနေတာလဲ။ အန္တရာယ် အများဆုံး နေရာက အလုံခြုံဆုံးပဲ။ ”

ဖန်ကန်းရှီကတော့ ခေတ္တ ပြောစရာ စကားမဲ့သွားတော့တယ်။

“ ဦးလေး ယန်ဖိန် ။ ရွာကို ပိုကောင်းအောင် လုပ်ဖို့ ကျွန်တော့မှာ အကြံ တစ်ချို့ရှိတယ်။ ဒါပေမယ့် ဒီကိစ္စကို ဆွေးနွေးဖို့ လုံခြုံတဲ့ နေရာ နဲ့ တခြား ရွာတွေရဲ့ အကူအညီ လိုအပ်တယ်။ နောက်ပြီးတော့ ကန်လင်းတောင်ကို အခြေစိုက်ရမယ်။ ဒီ နေရာက အခြေအနေတွေကို သေချာကြည့်ဖို့ အခု လိုနေပြီ။” ဖန်ကျန်းရှီက အမှန်တရားကို နောက်တစ်ကြိမ်ပြာလိုက်တယ်။

“ ကောင်းပြီလေ။ အခုပဲ သွားပါတော့။” ကျန်းယန်ဖိန် နားလည်သွားဟန်ပါပဲ။ အဲ့ဒီ့နောက် သူ ထပ်မံ သတိ ပေးလိုက်တယ်။

“ ငါတို့ ထောင်ချောက် တွေ ထားတဲ့နေရာကို သေချာ မှတ်ထားနော်။ မင်းရဲ့ အစားအသောက် အတွက်တော့ လူလွှတ်ပြီး ပို့ခိုင်းေးမယ်။”

ပထမဆုံး အကြိမ် အနေနဲ့ ဒီ တစ်ခါမှာ ကျန်းယန်ဖိန် ကို စကားပြောဖို့ ခက်ခဲ လိမ့်မယ် ဆိုတာ ဖန်ကျန်းရှီ နားလည်တယ်။ ဒီ အချိန်မှာ ဖန်ဟို့ဒဲ ကျန်းယန်ဖိန် နဲ့ ချီရှင်းလိန်တို့ ဘယ်လို ခံစားနေရမလဲ ဆိုတာ သူ သိတယ်။

“ ပင်ပန်းနေပြီ ။ ” ဖန်ကျန်း ရှီ သက်ပြင်း ချလိုက်ရင်းနဲ့ အထုပ်ပြင်ဖို့ ပြင်ဆင်လိုက်တယ်။

“ ငါ အထုပ်ပြင်ပြီးပြီ။ ဘယ်အချိန် စထွက်မလဲ။ ” အသံ တစ်သံ အိမ်ထဲကနေ ထွက်ပေါ်လာခဲ့တယ်။

ဒီ အသံကို ကြားချိန်မှာတော့ ဖန်ကျန်းရှီလည်း အံ့အားသင့်သွားခဲ့တယ်။ ချီကူယန်က သူနဲ့ အတူ လိုက်ပြီး တောင် ထဲကို ဝင်မလို့လား။

ချီကူယန်ကို လွန်ခဲ့တဲ့ ၈ နှစ် တုန်းက တွေ့ ပြီးချိန်တည်းက

သူမရဲ့ စွမ်း ရည်တွေ ထုတ်ဖော်ပြသတာကို မမြင် ဖူးဘူး ။ သူတွေးမိခဲ့တာက ဒီနေ့မှာတော့ သူမရဲ့ စွမ်းရည်တွေကို မြင်ရတော့မယ်။

၈ နှစ်။

သူမက နှစ်ထပ်ကွမ်း နဂါး ချန်ပီယံ တစ်ယောက် ။ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ထိပ်တန်း စံပြဖြစ်သူ။ နောက် ၂ နှစ် ကြာချိန်မှာ သူ့ ပြိုင်ဘက် ဖြစ်လာမယ့်သူ ။ အခုတော့ သူမ ဘယ်လောက် အင်အား ကြီးနေပြီလဲ။ ဖန်ကျန်းရှီ ပြုံးနေမိတယ်။

“ ငါ အထုပ်ပြင်ပြီးတာနဲ့ ထွက်မယ်။ ”

“ အင်း ” အိမ်ထဲက နေ ပြန်ဖြေသံ ထွက်လာခဲ့တယ်။

အဲ့ဒီ့နောက် ပုံရိပ် တစ်ခု အိမ်ကနေ ထွက်လာတော့တယ်။ ချီကူယန် အထုပ်ပြင်ပြီးပြီ။

သူမ အကြေးခွံ အနက်တွေပါတဲ့ ခေါင်းကနေ ခြေဖျားထိ ဖုံးအုပ်ထားတဲ့ သားရေ ဝတ်ရုံကို ဝတ်ဆင်ထားခဲ့တယ်။ အဖိုးတန်တဲ့ သားရေ ပြားတွေကိုတော့ ခါး နဲ့ သူမရဲ့ ဦးခေါင်းမှာ သပ်ရပ်စွာ ချည်နှောင်ထားတာ ။

ချီကူယန်ရဲ့ ပုံစံ အမျိုးမျိုးကို ဖန်ကျန်းရှီ မြင်ဖူးပေမယ့်လည်း ဒီလိုမျိုး သားရဲ ကောင် အသွင်ကိုတော့ မမြင်ဖူးခဲ့ဘူး ။

ဒါက အနက်ရောင် သားရေ ဝတ်ရုံ လား။ နတ်ဆိုး ကျောင်းတော်ရဲ့ ဆက်ခံသူ မင်းသမီး အတွက်တော့ ဒီ သားရေ ဝတ်ရုံက ဘာအတွက် အကျိုးရှိနိုင်မလဲ။ ကြည့်ရတာတော့ အတော်လေး အကြမ်းခံမယ့် ပုံပဲ။

ခနနေပါအုန်း

တစ်ခုခုတော့ လွဲနေပြီ။

ချီကူယန်က သူနဲ့ အတူ မြောက်ပိုင်းဒေသကိုရော မြောက်ရွာကိုပါ လိုက်လာတယ်။ အခုတော့ ကန်လင်းတောင်ကိုတောင် မှ လိုက်ဝင်တော့မယ်။ ဒါ့အပြင် တောင်ထဲ ဝင်ဖို့ ဝတ်စုံကိုလည်း ကြိုတင်ပြင်ဆင်ထားသေးတယ်။

ချီကူယန်က ဒီ့အတွက် အစီအစဉ် ချနေခဲ့တာပဲ။

ကန်လင်းတောင်။

သူမရဲ့ ရည်ရွှယ်ချက်က ကန်လင်းတောင်ပဲ။

ဖန်ကျန်းရှီရဲ့ နှလုံးသားတွေ ပေါက်ထွက်မတတ် ခုန်လာတော့တယ်။ ကန်လင်းတောင်ကိုလည်း စည်းချ ထားသလို ဟွေ့ အန်းဒေသတွင်း တစ်ခု လုံးမှာလဲ စစ်သည်တွေပြည့်နေခဲ့တယ်။ ရွာတွေ အာလုံးကိုလည်း အထောက်အပံ့အဖြစ် သုံးနေကြတာ ။

ဒါတွေ အားလုံးက သားရဲကောင် တစ်ကောင်တည်း အတွက်လား။

ဘယ်လို သားရဲ မျိုးက ဒီလောက်တောင် လူအား ငွေအား သုံးပြီးတော့ ဖမ်းရမှာလဲ။ အင်အားကြီးမားလွန်းတဲ့ သားရဲ ကောင်ြ ဖစ်ခဲ့ရင်တောင်မှ ဧကရာဇ် ရဲ့ စစ်တပ် တစ်ခုနဲ့ တင် ခြေမှုန်းလို့ ရတယ်မလား။

ကန်လင်းတောင်ကို ဘာလို့ စည်းချ ထားတာလည်း

နောက်ပြီးတော့ ချီကူယန်ကလည်း ဒီကို ရောက်လာတယ်။

တစ်ခုခုတော့ လွဲနေပြီ။

သူမသိတဲ့ အကြောင်းရင်းတော့ ရှိလိမ့်မယ်။

ဖန်ကျန်းရှီ တွေးရင်းနဲ့ပြုံးလိုက်တော့တယ်။

“ မင်းက ကန်လင်းတောင်ကို ကောင်းကောင်း မသိဘူး မလား။”

“ အင်း။” ချီကူယန်ရဲ့ မျက်လုံးတွေ ဖန်ကျန်းရှီကို ကြည့်ရင်း ပြန်ဖြေချိန်မှာ တောက်ပလာတော့တယ်။ “ ကန်လင်း တောင်ကို ငါ မကျွမ်းဘူး ဆိုပေမယ့်လည်း ငါ ဝင်လို့ မရဘူးလို့ မဆိုလိုဘူး။”

“ ဟုတ်ပါတယ်။ မင်း ကန်လင်းတောင်ကို ဝင်လို့ရတယ်။ ဒါပေမယ့် အလယ် ဗဟိုချက်ကိုတော့ မရောက်နိုင်ဘူး။” ဖန်ကျန်းရှီက ပြုံးလိုက်တယ်။

“နင်တော့ ရောက်နိုင်တယ်ပေါ့။” ချီကူယန်ရဲ့ မျက်လုံးတွေ ဖန်ကျန်းရှီကို ပြန်ပြောနေချိန်မှာ ပိုမို တောက်ပလာတော့တယ်။

“ ခြောက်နှစ်လုံးလုံး လတိုင်း အဲ့ဒီ့မှာ ရေသွားချိုး နေကြ လို့ ငါပြောရင် မင်းယုံမှာလား။”

အပိုင်း (၂၃၇) ပြီး၏။

အပိုင်း (၂၃၈)

“ ချီကူယန်ရဲ့ စွမ်းရည်”

ဖန်ကျန်းရှီ ယုံကြည်မှု ရှိရှိ ပြောနေသလို သူ့ရဲ့ အသံ မှာလည်း ပြောင်းလဲ မှု အနည်းငယ် ပါနေခဲ့တာ ။

ဖန်ကျန်းရှီ ရဲ့ အမူအယာကို မြင်ချိန်မှာတော့ ချီကူယန် တည်ငြိမ် လေးနက်နေခဲ့တယ်။

ကန်လင်းတောင် ကြီးမြတ်သော ရှမင်းဆက်ရဲ့ ရှေးအကျဆုံးသော တောင်တစ်ခု ။ နှစ်ပေါင်း ၁၀၀၀၀ ( တစ်သောင်း) ကျော် နီးပါး ကြာအောင် ကြီးမြတ်သော ရှမင်းဆက် သမိုင်းမှာ တည်ရှိခဲ့ တာ ။

နယ်မြေထဲကို ဝင်ရောက်စီးနင်းထားပေမယ့်လည်း နယ်မြေ တစ်ခုလုံးကို ကျွမ်းကျင်နေပြီလို့တော့ မဆို လို နိုင်ဘူး ။

ကန်လင်းတောင် ထူးခြား လှတယ်။ အံ့ဖွယ် တစ်ခု ။ တူးဖော်ခြင်း မပြုရသေးတဲ့ ရတနာသိုက် တစ်ခု ။ တောင်ထဲမှာ ဘယ်လို သားရဲ ကောင် တွေ ရှိလဲ ဘယ်လောက်များများရှိသလဲ ဆိုတာ ဘယ်သူမှ မသိဘူး ။

လူသားတွေ အင်အားကြီးတဲ့ သားရဲကောင် တစ်ချို့ကို လေ့ကျင့်ပေးပြီးတော့ စစ်တပ် အင်အားကို ဖြည့်ဆည်းခဲ့ကြတယ်။ သို့ပေမယ့်လည်း စစ်မှန်တဲ့ မျိုးရိုးမြင့် သားရဲကောင်တွေ အသိဉာဏ်လည်း မြင့်မားလှတယ်။ လူသားတွေရဲ့ လက်အောက်ကို ကျရောက် မခံ ဘူး ။

ဒီလို သားရဲ ကောင်ကြီးတွေ တောင်ထဲမှာ နေထိုင်ပြီးတော့ နယ်မြေ ဒေသ အဆီအနှစ် ( အကောင်းဆုံးသယံဇာတ) တွေကို စားသုံးရင်း အင်အားကို ဖြည့်တင်းတယ်။ အရာအားလုံး ဖြစ်တည်မှု တာအို ကိုလည်း နားလည် ကြတယ် ။ ဒီ့အတွက်ကြောင့် သူတို့ရဲ့ ရက်စက်မှု နဲ့ သတ်ဖြတ်လိုစွမ်းတွေ စစ်ပွဲ ရလဒ်တွေကို ပြောင်းပြန် လန်စေနိုင်တယ်။ အင်အားပြည့်၀ လွန်းလှတဲ့ သားရဲကောင်တွေကို ဧကရာဇ် မင်း ကိုယ်တိုင် ။ သုခမိန်ကြီးလေးဦးနဲ့ ကျောင်းတော် ၁၃ ခုတောင်မှ လိုလိုလားလား မတိုက်ခိုက်ရဲဘူး ။

ပုံမှန် အတိုင်း ဆိုရင်တော့

ဒီလို အင်အားပြင်းထန်လှတဲ့ သားရဲကောင်ကြီးတွေ တောင် ထိပ်တွေမှာ နေထိုင်တာ ။ လူသားတွေ နဲ့ စည်းခြားထားပြီးတော့ သူတို့ မြင့်မားတဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းသူတွေ သဖွယ် ။

ဒီလိုကြောင့် အန္တရာယ် ရှိမှုလည်း ထင်ရှားလှတယ်။

ကန်လင်းတောင် တည်ရှိခဲ့တာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်တဲ့ အတွက် ဒီလို သားရဲကောင်ကြီးတွေရဲ့ အင်အား သာမာန်ထက် ကျော်လွန်နေတတ်တယ်။ တစ်ချို့သားရဲကောင်တွေ အလ ွန်အမင်းကို အန္တရာယ် များလှတယ်။

အကယ်၍ အခြား လူသား တစ်ယောက်သာ ကန်လင်းတောင် အလယ်ကို သွားဝံ့တယ်လို့ ပြောရင် ချီကူယန်ယုံမှာ မဟုတ်ဘူး။ ရေချိုးနေကြလို့ ပြောရင် ပိုပြီးတော့ တောင် မယုံမှာ ။

ဒါပေမယ့်လည်း အခု ပြောသူက ဖန်ကျန်းရှီ ဖြစ်နေတယ်။

ဒါ သူမကိုတွေးတောစေတယ်။ ဒီ အရှက်မရှိတဲ့ ကောင်စုတ်လေးက တောင် အလယ်ကို သွားဖို့ လမ်း သိတာ ဖြစ်နိုင်မလား။ သူ ဘယ်လိုလုပ် သိတာလဲ။

“ နင်တကယ်ပဲ ကန်လင်းတောင် အလယ်ကို ရောက်ဖူးတာလား။” ချီကူယန် အတော်ကြာ တိတ်ဆိတ်ပြီးနောက် မေးလာခဲ့တယ်။

“ငါ မင်းကို မေးခဲ့သားပဲ ငါ့ကို ယုံလား။” ဖန်ကျန်းရှီ အေးဆေးစွာ ပြန်ဖြေခဲ့တယ်။

“ ငါ နင့်ကို ယုံတယ်။” ချီကူယန်ရဲ့ နှလုံးသား တလှပ်လှပ် ခုန်နေခဲ့တယ်။

“ အိုက်ယား ။ မင်း ဒီလော က် အမယ် လို့ တစ်ခါမှမတွေးဖူးဘူး။ ငါ တော့ မင်းကို အတွက်မှားပြီ ထင်တယ်။ ကန်လင်း တောင် အလယ်ကို သွား ဖူးတယ်။ ဒီ စကားက သုံးနှစ် အရွှယ် ကလေး တွေ အချင်းချင်း စကားနိုင်လုပြီး ပြောတဲ့ စကားပဲ။” ဖန်ကျန်းရှီ ရယ်ကျဲကျဲ လုပ်ရင်း ပြေးထွက်သွားတော့တယ်။

ချီကူယန်ကို ကျက်သေသေနိုင်အောင် လုပ်ပြီးတော့ အရိပ်လေးပဲ မြင်အောင် ထားခဲ့တာ ။

“အရှက်မဲ့လိုက်တာ။”

…

ဟွေ့အန်း ဒေသရဲ့ ရှေးကျတဲ့ အဆောက် အဦး တစ်ခုမှာတော့

အစိမ်းရောင် ဝတ်ထားတဲ့ အမျိုးသမီး တစ်ဦး အလောတကြီးနဲ့ တံခါးကို ဖြတ်ပြီးတော့ ရောက်ရှိလာခဲ့တယ်။

“ သခင်။”

“ ဘာဖြစ်လို့လဲ။” မာဆတ်ဆတ် အသံ တစ်သံ လေထုကို ခွင်းလာခဲ့တယ်။

“ ကန်လင်းတောင်မှာ နေရာချပြီးပါပြီ။ အဆုံးမဲ့ လောကကို အချိန် မရွေး အသက်သွင်းနိုင်ပါပြီ။ ” အစိမ်းရောင် အမျိုးသမီး ရဲ့ စိတ်လှုပ်ရှားနေဟန် သိသာလှတယ်။

“ ဖန်ကျန်းရှီ အကြောင်း သတင်းထူးမရှိဘူးလား။ ”

“သခင့်ကို လျှောက်တင်ပါတယ်။ ဖန်ကျန်းရှီက မြို့ကို ဒီနေ့ပဲ ရောက်လာပါတယ်။ စားသောက်ဆိုင်မှာ ခပ်မြန်မြန်စားပြီးတော့ အခုချိန်မှာတော့ မြောက်ရွာမှာ ရောက်နေလောက်ပါပြီ၊” အစိမ်းရောင် အမျိုးသမီး ဆက်တိုက် ပြန်ဖြေနေခဲ့တယ်။

“ အင်း ။ အကယ်၍ သူသာ သူ့ ဆွေမျိုး တွေဆီ ပြန်သွားရင် မနက်ဖြန် မနက်မှာ ဘိုးဘွား ကန်တော့ပွဲ နဲ့ ဆုတောင်းပွဲ လုပ်မှာ အမှန်ပဲ။ အမိန့် ချမယ်။ “ အဆုံးမဲ့ လောက” ကို ဒီညပဲ အသက်သွင်း”

“အမိန့်တော် အတိုင်းပါ။ ”

အစိမ်းရောင် အမျိုးသမီး လျှပ်စီး တစ်ခုလို ပျောက်ကွယ်သွားခဲ့တယ်။

ပြတင်းပေါက်မှာ ရပ်နေတဲ့ အမျိုးသမီး တောင်တွေ ဘက်ကို မျှော်ငေးကြည့်နေခဲ့တယ်။

“ ဒီနေ့ည ပြီးတာနဲ့ အရာအားလုံး စတင်တော့မယ်။ စစ်နတ်ကျောင်းတော်ကို မှုန့်မှုန့်ညက်ညက်ကျေစေမယ်။ ဖန်ကျန်းရှီ နဲ့ ချီကူယန် ကြောင့်ပဲ အပြောင်းအလဲ တွေ ဖြစ်လာနိုင်မယ်။ အကယ်၍ မင်းတို့သာ အဆုံးမဲ့ လောကကို မဝင်နိုင်ခဲ့ရင် စစ်နတ်ကျောင်းတော်ကို ဘယ်လို ကယ်မလဲ ကြည့်ကြသေးတာပေါ့။ ”

…

မြောက်ရွာကနေ ကန်လင်းတောင်ကို တည့်တည့်သွားတဲ့ လမ်း တစ်ခု ရှိတယ်။

ဒီလမ်း အမဲလိုက်မုဆိုးတွေသုံးနေကြ လမ်း။ လွန်ခဲ့တဲ့ နာရီ အနည်းငယ် တုန်းကပဲ လမ်းကြောင်းကို စစ်သည်တွေ နဲ့ ပိတ်ဆို့လိုက်တာ ။

ဒါပေမယ့်လည်း အခုချိန်မှာတော့ အကုန်လုံး ပျောက်ကွယ်သွားခဲ့ပြန်ပြီ။

ကန်လင်းတောင်ကို ဝင်ဖို့ အတွက် ဖန်ကျန်းရှီလည်း အဝတ်အစားပြောင်းဖို့ လိုလာခဲ့တယ်။ သူ့ရဲ့ အကျီ အပြာကို ချွတ်ပြီးတော့ အနက်ရောင် သားရေ အကျီကို ဝတ်ဆင်ခဲ့တယ်။

သားရေ ပေါင်းစုံနဲ့ စပ်ထားတဲ့ အကျီကိုလည်း ဝတ်ဆင်ခဲ့တယ်။

ဒီ နှစ်တွေ အတွင်းမှာ ကန်လင်းတောင်ထဲ လှည့်လည်ရင်း လေ့ကျင့်မှုကိုလည်း မရပ်တန့်ခဲ့ဘူး ။

ဒါတွေကြောင့် သူ့ရဲ့ ဝတ်ရုံ စုတ်ပြဲနေခဲ့တယ်။ တစ်ချို့နေရာမှာဆို အမွှေးတွေတောင် မရှိတော့တာကြောင့် အဖာအစပ်တွေ နဲ့ ချုပ်ထားရတယ်။

ဒါက ချီကူယန် ရဲ့ ထိပ်တန်း ဝတ်စုံ နဲ့ တော့ ကွားခြား လွန်းလှတယ်။

ဖန်ကျန်းရှီကတော့ ဝတ်စုံကိစ္စကို စိတ်ထဲ သိပ်မရှိဘူး ။

နဂါးက မြွေနဲ့ မနှိုင်းသင့်ဘူး။ ချီကူယန်က နဂါး ဖြစ်ပေမယ့်လည်း အခုချိန်မှာတော့ သူပြောသလို လိုက်လုပ်ရမှာပဲ ။

“ မင်းသိလား ။မင်းက ဘယ်ဘက်ကနေ လိုက်သင့်တယ်။ “

“ ညာဘက် မဟုတ်ဘူးလား။”

“ ညာဘက်က အပြင်လူတွေ အတွက်ပဲ။ ဘာဘာညာညာတွေ ဂရုမစိုက်ရင်တော့ ညာဘက်ကပဲ လိုက်ပေါ့။ ဒါပေမယ့် ခြေ ဆယ်လှမ်း တစ်ခါ ရှိမယ့် ထောင်ချောက် နဲ့ တွင်းတွေ အတွက်တော့ ကောင်းကောင်း ပြင်ဆင်ထား”

“ ထောင်ချောက်တွေကို သူစိမ်းတွေ နဲ့ အမူအကျင့်ကို ခွဲခြားပြီး တပ်ထားတာက ရက်စက်ရာကျတယ်။ ဒါပေမယ့်လည်း အတော် အသုံးဝင်တယ်။ ”

“ရွာသားတွေက စားဝတ်နေရေး အတွက် အမြဲ ရုန်းကန်နေရတာ။ တိုက်ပွဲတွေကလည်း ဒီနေရာတွေမှာပဲ အဓိက ဖြစ်တာ။ ဒါတွေကို မင်း ဒီတစ်သက်နားလည်မှာ မဟုတ်ပါဘူး။”

ချီကူယန်ကတော့ ပြန် မပြောတော့ဘူး ။ သူမ ကောင်းကင် ဂုဏ်ရည်ကျောင်းတော်သူ နတ်ဆိုးကျောင်းတော် မင်းသမီးလေး ။ တာအို နိယာမကို ငယ်ရွှယ်စဉ်တည်းက သဘောပေါက်သူ ဖြစ်ပြီးတော့ စစ်တပ်ရေးရာ နည်းဗျူတွေကို နားလည် ပေမယ့်လည်း

လူတွေ ရဲ့ စိတ် သဘော အမူအကျင့်ကိုတော့ နားလည်တယ်လို့ မဆိုနိုင်ဘူး။

ဒါက စွမ်းဆောင်ရည်နဲ့ မသက်ဆိုင်ပဲ

အတွေ့ အကြုံနဲ့သာ သက်ဆိုင်တယ်။

တောင်ပေါ်မှာ ကြီးပြင်းလာတဲ့ သူတွေမှာပဲ ဒါတွေကို နားလည်နိုင်စွမ်းရှိမှာ ။ သူမ ဒါတွေကို နားမလည်နိုင်ဘူး။ ဖန်ကျန်းရှီမှာ ဒီလို အရည်အချင်းတွေရှိနေတာ ကောင်းခြင်း တစ်မျိုးလည်း ဖြစ်သလို ကျိန်စာ တစ်ခု သဖွယ်လည်း ။

ဒါပေမယ့်လည်း ဒီအကြောင်းရင်း လွယ်လွယ်ကူကူ ဖြေရှင်းပြီးမြောက်ခဲ့တယ်။

ဖန်ကျန်းရှီ ရဲ့ အတွေ့အကြုံတွေ သူ့ကို ရွာတွေရဲ့ တိုက်ပွဲ အကြောင်း နားလည်အောင် သင်ကြားပေမယ်။ ဒီလိုနဲ့ပဲ သူ ကျားသစ်တစ်ကောင်က သူ့နယ်မြေထဲက သားကောင်ကို လိုက်ဖမ်းသလိုမျိုး လျင်မြန်စွာ ပြေးလွှားတော့တယ်။

ချီကူယန်က သူ့ အရှိန်နဲ့ အမြန်နှုန်းကို ကောင်းကောင်းလိုက်နိုင်တာကို သူအံ့သြနေမိတယ်။ သူမရဲ့ မျက်လုံးတွေ ခြေလှမ်းတိုင်းမှာ တောက်ပလာခဲ့တယ်။

ဖန်ကျန်းရှီက ဒါကို နားမလည်နိုင်ဘူး ဖြစ်နေခဲ့တယ်။

သူဒီနေရာမှာ ကောင်းကောင်း လျှောက်ပြေးနိုင်တာက သူ့ရဲ့ အတွေ့အကြုံကြောင့်။ မျက်စိမှိတ်ပြိးတော့ သွားရင်တောင်မှ လမ်းက ကျောက်တုံးတွေ နဲ့ သစ်ပင်တွေကို ဝင်တိုက်မှာ မဟုတ် ဘူး ။ ခြေလှမ်း ကျဲကျဲ လှမ်းရမလား။ ခုန်ရမလား။ လွှားရမလား သူ အကုန်လုံးကို အလွတ်မှတ်မိတယ်။

ဒါပေမယ့် ချီကူယန်ကတော့ မသိဘူးလေ။

ဒီအကြောင်းရင်းကိုတောင် မထောက်ပဲနဲ့ ချီကူယန်က သူနဲ့ အတူ အရှိန်မြင့်မြင့် ပြေးလွှားပြီးတော့ နောက်ကနေ ကပ်လိုက်လာနိုငတယ်။

သူတို့ နှစ်ဦး တောတောင် လမ်းတွေ နဲ့ သစ်ပင်တွေကို ခပ်မြန်မြန်ပဲ ဖြတ်ကျော်လာခဲ့တယ်။

သူ ငယ်ရွှယ်စဉ် အချိန်တုန်းက အမဲလိုက်သမားတွေ နဲ့ အတူ ဖန်ကျန်းရှီက တောင်တွေ တက်တယ်။ ခရီးက ၄ နာရီ အထက် ကိုကြာမြင့်တယ်။ ကန်လင်းတောင်ခြေမှာပဲ အချိန်ကုန်သွားတာ မျာ်းတယ်။ အခုချိန်မှာတော့ တောင်အလယ်ကို တက်လာတောင်မှ တစ်နာရီတောင် မကြာသေးဘူး ။

ဖန်ကျန်းရှီ နောက်ဆုံးမှာတော့ ရပ်တန့်လိုက်တယ်။

သူရပ်ပြီးနောက်လှည့်ကြည့်ချိန်မှာတော့ သားရေဝတ်စုံ အနက်ရောင်ထက်တောင် တောက်ပနေတဲ့ ချီကူယန်ရဲ့ မျက်လုံးတွေ ကို တွေ့လိုက်ရတယ်။

သူမရဲ့ အမူအယာ ကန်ရေပြင်လို တည်ငြိမ်နေပင်မယ့်လည်း သူမရဲ့ အသားအရေတောက်ပမှု လမင်း သဖွယ် ။ မောပန်းခြင်းလည်း မရှိသလို ချွေးထွက်ခြင်း လည်း မရှိဘူး ။ အပန်းဖြေခရီးအတွက် လမ်းလျှောက်နေသူတစ်ဦးလို သက်တောင့်သက်သာရှိလွန်းလှတယ်။

ဖန်ကျန်းရှီကတော့ ချီကူယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်မှာတော့ သူ့ရဲ့ စိတ် အချဉ်ပေါက်သွားတော့တယ်။ လမ်းတစ်လျှောက်လုံး သူ ဒီလောက်ပြေးနေတာတောင်မှ ချီကူယန်က လိုက်နိုင်သေးတယ်။ နောက်ပြီးတော့ အရမ်းကို လွယ်ကူနေသလိုပဲ။

သူတို့ကြား စွမ်းရည် ကွာခြား ချက်က များလွန်းတယ်။

ဒီကလေးမ

လူကော ဟုတ်လို့လား။

ဖန်ကျန်းရှီ သူ့မျက်လုံးသူတောင် မယုံနိုင် ဖြစ်နေခဲ့တယ်။ အကယ်၍ ရန်ရွှယ်သာ ဖြစ်ခဲ့ရင် မေးခွန်းထုတ်မိမှာ အသေအချာပဲ ။

ဒါပေမယ့် အခုက ချီကူယန် ဖြစ်နေတယ်။

ဖန်ကျန်းရှီ မမေးဖို့ကို ရွေးချယ်ခဲ့တယ်။ နောက် အကြောင်းရင်း တစ်ခုကတော့ အနီးနားမှာ မီးရောင်ကို တွေ့လိုက်ရတာ ကြောင့်လဲ ။ မီးတောက်တွေ ည အမှောင်ထုကို တောက်ပနေစေခဲ့တယ်။

အလင်းရောင် ထဲမှာတော့ သံချပ်ကာ ဝတ် စစ်သည် တစ်ဦးရှိနေခဲ့တယ်။ သူ လက်ထဲမှာ လှံ တစ်ချောင်းကို ကိုင်ထားခဲ့တယ်။

ဒါ စစ်တပ် တဲ တစ်ခု ဖြစ်မှန်း သိသာလှတယ်။

ဖန်ကျန်းရှီ ရပ်တန့်သွားရတ ဲ့ အကြောင်းရင်း တစ်ခုလည်း ရှိတယ်။ ဒါကတော့ ကန်လင်း တောင်ကို စစ်တပ်ကြီး တစ်ခုက ဝန်းရံ ထားတာကို သူတွေ့လိုက်ရတယ်။

ဒါပေမယ့်လည်း သူတို့ရဲ့ အနေအထားနဲ့ တဲ နေရာ ချပုံကို ကြည့်ပြီးတဲ့ နောက်မှာတော့ တစ်ခုခု လွဲနေတာကို သူသတိ ထားမိသွားတယ်။

အကယ်၍ သူတို့သာ သားရဲ ကောင်ကို ဖမ်းချင်တာ ဖြစ်ခဲ့ရင် လှုပ်ရှားမှုတွေက စိပ်ပြီးတော့ တဲနေရာ ချပုံလည်း ယာယီ ဖြစ်ခဲ့တယ်။ နောက်ပြီး တော့ အစီအစဉ်ချထားပုံလည်း အမိန့် အတူ ညီညာနေရမှာ ။

နောက်ပြီးတော့ ၂ မီတာ မြင့်တဲ့ အကာအရံလည်း ပတ်ပတ်လည်မှာ ကာရံ ထားတာ ။

ဒါ အခို အမာ စခန်းချထားတာ ဖြစ်မှန်း သိသာလှတယ်။

“ သွားပတ်ကြည့်မလား။” ဖန်ကျန်းရှီ မေးလိုက်တယ်။ သူက စစ်တပ် တဲတွေကို မကြောက်လန့်ဘူး ။ ဒါပေမယ့်လည်း ကျန်းယန်ဖိန်ပြောလိုက်တာကြောင့် တောင် တစ်လျှောက်လုံးကို ဝန်းရံ ခံထားရမှန်းသိတယ်။ ဒါကြောင့် ဒါ စခန်းချခြင်း တစ်ခု သာ မဖြစ်နိုင်ဘူး။

သူသာ စစ်တပ်တစ်ခုကို ဝင်စီးလိုက်တာနဲ့ အခြားသော စစ်တပ်တွေ သူ့ကို ရန်သူ အဖြစ် ပြစ်မှတ်ထားပြီးတော့ တိုက်ခိုက်ကြလိမ့်မယ်။

“စစ်တပ်သုံးတဲက ၅၃ရ မီတာ ကျယ်ပြီးတော့ ၄၂၅ မီတာ မြင့်တယ်။ ဒီလို အခြေ အနေအရ မီးပုံ ကို အကာအကွယ် ယူပြီးတော့ ပုန်းအောင်းနေတဲ့ တပ်သား ရ ဦးရှိလိမ့်မယ်။” ချီကူယန်က တီးတိုး ပြောလိုက်တယ်။

ဖန်ကျန်းရှီကတော့ ချီကူယန်ကို ဘာကြောင့်လဲ လို့ မမေးပါဘူး။

ဒါက ခက်ခဲ တဲ့ အရာလည်း မဟုတ်ဘူး။ ဝင်ရိုး ထောက်တိုက်တွေ နဲ့ ပြုလုပ်ထားတဲ့ အတားအဆီးတွေ အားလုံး တူညီတဲ့ အလျားရှိနေတယ်။ ဒီနေရာမှာ ရှိနေတဲ့ လူ အရေအတွက်ကိုလည်း အဆောက် အအုံပုံစံကို ကြည့်ရင်း တွက်ချက်နိုင်တယ်။

တဲရဲ့ ဧရိယာကို သူလည်း တွက်လိုက်ပေမယ့် ချီကူယန် ပြောတာထက်တော့ အနည်းငယ် သေးသွားခဲ့တယ်။ ရှိမယ့်သူ အရေအတွက်လည်း သိသိသာသာကို နည်းသွားခဲ့တယ်။

“နောက်ပြီးတော့ ကော” ဖန်ကျန်းရှီက မေးလိုက်တယ်။

“ ငါတို့သာ နေရာမှန်ကို ဖြတ်သွားရင် ၅ မိနစ် မပြည့်ခင်မှာပဲ ကျော်နိုင်လိမ့်မယ့်။” ဖန်ကျန်းရှီ က သူ့ကို ဘယ်လို တွက်လဲ မမေးတော့တာကို သူမအံ့သြဘူး ။

လူတွေမှာ တူညီတဲ့ အပြန်အလှန်နားလည် ပေးမှု ရှိသင့်တယ်လေ။

ဒီလို အချက်တွေ ချီကူယန်ကို ကျက်သရေ ရှိစေတာ ဖြစ်ယတ။်

သူ့ အနားမှာ ရှိနေတဲ့ သူတွေ အကြောင်းကို သူမ ခနခြင်း ခန့်မှန်း တွက်ထုတ်နိုင်တယ်။ အခုလို အခြေအနေမျိုးမှာတော့ အသေးစိတ် ရှင်းမပြ တာ ပိုပြီးတော့ လွယ်ကူတဲ့ ရှင်းပြနည်း ။

ဒီ အတ္တစိတ် ပါတဲ့ သတိပေးမှု တစ်စုံ တစ်ယောက်ကို ပိုပြီးတော့ ကျက်သရေ ရှိစေတယ်။

ဖန်ကျန်းရှီလည်း ချီကူယန် ဆိုလို ချင်တာကို သူကောင်းကောင်းသိတယ်။ ဒီ အကွာ အဝေးကို ကာဆီးဖို့ အတွက် သူတို့ မှာ ၅မိနစ် မပြည့်တပြည့် လိုအပ်တယ်။

သူမရဲ့ ၅ မိနစ် တံခါးတွေကို ချိုးဖြတ်နိုင်တယ်။ စစ်သည်တွေကို လဲ ကျ သွားအောင် လုပ်နိုင်စွမ်းရှိပြီးတော့ တခြား တစ်ဖက်ကိုလည်း ဖြတ်သွားနိုင်တယ်။

တခြားသော ခပ်ရှုပ်ရှုပ် အဖြစ်တွေလည်းရှိသေးတယ်။

“ အမျိုးသမီး ဦးစားပေး” ဖန်ကျန်းရှီ ချီကူယန်ကို အရင် သွားဖို ဖိတ်ခေါ်လိုက်တယ်။

“ ငါတွက် ထားတဲ့ ၅ မိနစ်က နင့် အတွက် ဆိုတာ ပြောရင် ယုံမှာလား။” ချီကူယန်က ဖန်ကျန်းရှီကို စိတ်အေး သက်သာစွာ ကြည့်ရင်း ပြောလိုက်တယ်။

“ မယုံဘူး။” ဖန်ကျန်းရှီကတော့ ဒီ လှည့်ကွက်ကြောင့် ကြွေ ဆင်းသွားမယ့် သူထဲ မပါဘူး ။ ဒီလို လှည့်ကွက်မျိုးကို ခဏခဏ လုပ်နေတဲ့ သူ့ အတွက် ဒါက ကလေး ကလား ဆန်လွန်းလှတယ်။

ယုံတယ်လို့ ဘယ်တော့မှ ပြန် မဖြေတာ့ဘူး။

“နောက်ကနေ ကပ်လိုက်ခဲ့။” ချီကူယန် ဖန်ကျန်းရှီ ရဲ့ အဖြေကို အံ့သြဟန် မပြပဲနဲ့ ခပ်ယဲ့ယဲ့ ပြုံးရင်း သာ ကြည့်နေခဲ့တယ်။

ဖန်ကျန်းရှီက “ ဘယ်လောက် နီးနီးလိုက်ရမလဲ။” လို့ ပြန်ဖြေတော့မယ့် အချိန်မှာပဲ သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။ ပထမဆုံး အချိန် အနေနဲ့။ သူ့ စကားတွေကို မျိုချ လိုက်ရတယ်။

အသက်ရှူ ရပ်သွားနိုင်လောက်တဲ့ အဖြစ်ကို မြင်လိုက်ရတာ ။

မီးတောက် တွေကြားကနေ ဖြတ်ပြီးတော့ ချီကူယန် စစ်တပ်တဲတွေ ဆီကို ပြေးဝင်သွားခဲ့တယ်.။

သူမရဲ့ အရှိန် ကြောက်မက်ဖွယ် ကောင်းလွန်းလှတယ်။

သေနတ်ကနေ ထွက်သွားတဲ့ ကျည်ဆံ တစ်တောင့် သဖွယ်တဲတွေ ဆီကို ပြေးဝင်သွားတာ ။

အကယ်၍ ဖန်ကျန်းရှီ သာ အချိန် မှီ မလှုပ်ရှားနိုင်ရင် သာမာန် စစ်သည် နှစ်ဦးက သူ့ကို ဘယ်လိုများ မြင်နိုင်မှာလဲ.။

ခပ်တိုးတိုး အသံ နှစ်ခု ထွက်လာတော့တယ်။ စစ်သည် နှစ်ဦး ဘာ ဖြစ်သွားခဲ့လည်း မသိသလို နေရာမှာသာ ရပ်နေခဲ့တယ်။

သောက်ကျိုးနဲ မြန်လွန်းတယ်။

သုခမိန်လောကထဲမှာ နန်ကုန်းမုရဲ့ အရှိန်ကို သူ ကောင်းကောင်း မြင်ဖူးတယ်။ သူက ကောင်းကင်ရောင်ပြန် ထိပ်သီး အဆင့်မှာ ရှိနေခဲ့ တာ ။ သို့ ပေမယ့်လည်း အခု ချိန်မှာတော့ ချီကူယန် နဲက ယှဉ်လိုက်ချိန်မှာ နန်ကုန်းမု ကလေး သာသာပဲ ။

ဘာလို့ ချီၤကူယန် က ဒီလောက်တောင် မြန်နေတာလဲ။ သူတို့ က အဆင့်တူ တာတောင် အရည် အချင်းက ကွာလိုက်တာ။

ဖန်ကျန်းရှီ ထင်တာတော့ ချီၤကူယန်က ယဉ်ရှန်ထက် မြန်လိမ့်မယ်။

သိပ် ပြီးတော့ ဖြစ်နိုင်ချေ မရှိပေမယ့်လည်း အမှန်တရားကတော့ သူ့ရဲ့ မျက်စိ ရှေ့မှာ တင် ပေါ် လာတာ ။

သူမက လမ်းလျှောက်နေတာလည်း မဟုတ်ဘူး။ ခုန်နေတာကော လွင့်မျောနေတာကော မဟုတ် ဘူး။ သူမက ရွေ့လျားနေတာ။ မ

ဖန်ကျန်းရှီ ရဲ့ ဘေးကနေ စစ်သည်တွေ ရဲ့ စခန်းချ တဲ ဆီကို ရွေ့လျား သွားတာ ။

“ ငလူး။ ပျံသန်းနေတဲ့ နတ်သမီးလား။ ဒီလိုမျိုး ပျံ ပြဖို့ လိုလို့လား။”

အပိုင်း (၂၃၈ ) ပြီး၏။

အပိုင်း (၂၃၉)

“ အမီလိုက်ခြင်း”

ဖန်ကျန်းရှီ ဒီ အဖြစ်ကြောင့် ထိတ်လန့်သွားခဲ့ရတယ်။

အရာအားလုံး ဖြစ်တည်မှု တာအို အတော်လေးကို ကျယ်ပြန့်လှပြီးတော့ ဒီလောက အတွင်းမှာ လွှမ်းမိုးမှု ကြီးမားလှတယ်။ သို့ပေမယ့်လည်း ဒီမှာတော့ အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်းတွေ လည်း ရှိနေတယ်။ ဥပမာ အားဖြင့် လေကို စီးနင်း ပြီး ခရီးနှင်မယ် ဆိုရင် လေ ရဲ့ ဦးတည်ရာကို ထိန်းညှိပေးဖို့ လိုက်တယ်။

လူ တစ်ယောက်က ပျံ ချင် သလို ပျံ ချင်တဲ့ နေရာကို ပျံလို့မရဘူး။

အခု မြင်ကွင်းကတော့ အတော်လေးကို ကြောင်တောင်တောင် နိုင်လှတယ်။

ဒီ အချိန်အတော တွင်းမှာ ဖန်ကျန်းရှီ သူ့ကိုယ်သူ အတော်လေး အင်အားပြည့် ဝနေပြီ ထင်နေခဲ့ တာ ။ ဒေသတွင်းမှာကော မြို့တော် တာအို စာမေးပွဲမှာပါ ထိပ်တန်း ကျောင်းတော်သား လွယ်လွယ်ပဲ ဖြစ်ခဲ့တယ်။

တော်ဝင် စာမေးပွဲ ရဲ့ အတွေးအခေါ် စာမေးပွဲမှာပါ သူ ထိပ်တန်း ဖြစ်ခဲ့တယ်။

တိုက်ခိုက်ရေး စာမေးပွဲမှာ ရှင်ချင်းစွေ့ နဲ့ နန်ကုန်းမု ရဲ့ စွမ်းရည်တွေကို မြင်ပြီးတဲ့နောက် တိုက်ခိုက်ရေး စာမေးပွဲမှာ ထိပ်တန်းရောက်ဖို့ ဆိုတာ ခက်ခဲ နိုင်မှန်း သူသိလာတယ်။

ထိပ်တန်း သုံးဦး အဆင့်ကို ဝင်ဖို့ လောက်ပဲ ယုံကြည်မှု ရှိတယ်။

ဒီလို ပန်းခင်းလမ်း တစ်ခုသဖွယ် ချောမွေ့ နေတဲ့ လမ်းမှာ သူ ဟိတ်ကြီး ဟန်ကြီးနဲ့ မောက်မာနေနိုင်တယ်။ ဒါပေမယ့် ချီကူယန်ရဲ့ ထူးထူးခြားခြား စွမ်းအားကို မြင်ချိန်မှာတော့

နတ်ဆိုးကျောင်းတော်က အမတ်မင်းတွေ နဲ့ မြို့တော်က အမတ်မင်းတွေ ချီကူယန်ကို ၂နှစ် အတွင်း သူ အနိုင်တိုက်မယ် လို့ ပြောတာကို ဘာလို့ မယုံနိုင်တာ လဲ သူ နားလည် သွားတော့တယ်။

နဂါး အဆင့် ၂ ခုက ထိပ်တန်း ကျောင်းသူ ပီသလှတယ်။

လွန်ခဲ့တဲ့ တစ်နှစ် ။ ချီကူယန် အသက် ၁၃ နှစ်မှာ ကောင်းကင်ရောင်ပြန် အဆင့် အထွတ်အထိပ်ကို ရောက်ခဲ့ပြီးတော့ တမိုးအောက် ကျောင်းတော်သားတွေကို တွေကို အံ့သြ ထိတ်လန့်စေခဲ့တယ်။

ပေါ်ထွက်လာသော နဂါး အဆင့်မှာ ကောင်းကင် ရောင်ပြန် အထွတ် အထိပ် အဆင့် ၁၅ ယောက်ထပ် မနည်းရှိနေခဲ့တာ ။

သူတို့ အားလုံး တူညီတဲ့ ကျင့်ကြံ ဆင့်မှာ ရှိနေပင်မယ့်လည်း အရည်အချင်း ကွာခြားလွန်းလှတယ်။

နောက်ပြီးတော့ ဒါက လွန်ခဲ့တဲ့ ၁ နှစ်က ကိစ္စ ။ အခုတော့ အချိန် တစ်နှစ်တောင် ကုန်သွားခဲ့ပြီ။ ချီကူယန် လောကကြီး နဲ့ အဆက်အသွယ် ဖြတ်ထားပြီးတော့ ကျင့်ကြံခြင်းမှာပဲ အား စိုက်နေခဲ့တာ ။ အခုချိန်မှာတော့ သူမ ဘယ်လောက်တောင် အင်အားကြီးနေပြီလဲ။

ဘယ်သူမှ မသိနိုင်ဘူး။

ဖန်ကျန်းရှီ ရဲ့ နှလုံးသားလေး ရုတ်တရက် ကွဲအက်သွားသလိုပဲ။ ဒါပေမယ့် ဖန်ကျန်းရှီ ဆိုတာ လွယ်လွယ် အရှုံးပေးတတ်တဲ့ သူ မဟုတ်ဘူး။ တိုက်ပွဲ တစ်ခုက အရည်အချင်း တစ်ခု တည်း အပေါ်မှာပဲ မူတည်တာ မဟုတ် ဘူး။ အစီအစဉ် ။ ဗျူ ။ နည်းပညာ အကုန်လုံးက အရေးပါ လွန်းတယ်။

ဥပမာ အားဖြင့် သူ သူမကို လက်နဲ့ မရိုက်နိုင်ပေမယ့် လည်း ခြေထောက်နဲ့ လှမ်းကန်လို့ ရတယ်။ နောက်ပြီးတော့ လက်နက်ပုန်းတွေ သုံးပြီးတော့ တိုက်ခိုက်လို့ရတယ်။ သို့ပေမယ့်လည်း ဒါတွေကို အသုံးချဖို့ အတွက် ထိခိုက်မှု ကောင်းကောင်း ဖြစ်စေမယ့် အချိန် ကောင်းလိုအပ်တယ်။ ဒါမှ မဟုတ်ရင် ကျရှုံးနိုင်တယ်။

သူ့ သွားတွေကို သုံးပြီးတော့ ကိုက်လို့လဲ ရတယ်။

ဒါက အတော်လေးကို အသုံးဝင်တဲ့ နည်းလမ်းတွေ ပဲ ။ သူ့ရဲ့ အရင်လောကမှာ ဆိုရင် ဒီလို နည်းလမ်းတွေ သုံးတဲ့ တိုက်ခိုက်ရေး ချန်ပီယံ တွေက ရလဒ်ကောင်းကောင်းရလေ့ရှိတယ်။ တွေးကြည့်လိုက်စမ်းပါ။ လူ နှစ်ယောက် အသေအကျေ တိုက်ခိုက်နေချိန်မှာ တစ်ယောက်ယောက်က ပါးစပ်ကို ကျယ်ကျယ် ဟလိုက်ရင်။ ဒါက သူ့ရဲ့ ပြိုင်ဘက်ကို အံ့အားသင့်စေနိုင်သလို တစ်ချိန်တည်းမှာပဲ ခုခံ ဖို့ အတွက် အချိန် မရှိ ဖြစ်စေလိမ့်မယ်။

တကယ်တမ်းတော့ ဖန်ကျန်းရှီက ချီကူယန်ကို ဘယ်လိုများ ဒီလို လုပ်လဲ မေးလိုက်ချင်တယ်။ ဒါပေမယ့်လည်း အရင်ဆုံး အမီလိုက်ဖို့ လိုတယ်။

နောက်ကနေ ကပ်လိုက်ရမယ်။

ချီကူယန် အဓိက တံခါးကြီးကို ဖြတ်သွားပြီးတော့ သူ ပျောက်တော့ မလို ဖြစ်နေခဲ့တယ်။

ဖန်ကျန်းရှီ ကျားသစ် တစ်ကောင် လို ခုန်လွှားဖို့ ပြင်ဆင်လိုက်တယ်။ သူက ချီကူယန်လို မလျင်မြန်ပေမယ့်လည်း နောက်မှာ ကျန်နေခဲ့မယ့် သူမျိုးတော့ မဟုတ်ဘူး ။

နောက်ပြီးတော့ ချီကူယန်က သူမ သွားတဲ့ လမ်းက စစ်သားတွေကို ရှင်းလင်းသွားခဲ့တာ ။ ဒါ သူမရဲ့ အရှိန်ကို အနည်းငယ် လျော့ကျစေပြီးတော့ ဖန်ကျန်းရှီကို အလွယ်တကူ ဖြတ်ကျော်နိုင်စေတယ်။

သိပ်မကြာခင်မှာပဲ။

သူ ချီကူယန်ကို နောက်တစ်ကြိမ် မြင်ရတော့တယ်။

စစ်တပ်သုံးတဲတွေကို လျင်မြန်စွာ ဖြတ်သွားနေတဲ့ ချီကူယန် စစ်သားတွေ အတွက် အိမ်မက်ဆိုးသဖွယ် ဖြစ်စေခဲ့တယ်။ သူတို့ မလှုပ်ရှားနိုင်ခင်မှာပဲ အဓိက တံခါး မှာ ရှိတဲ့ စစ်သားတွေ အေးခဲ သွားခဲ့ပြီ ။

“ အသေခံမလား ငြိမ်ငြိမ်နေမလား။”

ဖန်ကျန်းရှီက တော့ နီးနီးကပ်ကပ် သွားမကြည့်ပါဘူး။ သူ့ရဲ့ အဓိက အလုပ်က ချီကူယန် နောက်ကို ကပ်လိုက်ဖို့ပဲလေ။

“ မြန်မြန်။ မြန်မြန်လုပ်။” ဖန်ကျန်းရှီ သူ့ကိုယ်သူ သတိပေးရင်း ပြောလိုက်တယ်။ သူ့ခြေထောက် အောက်က လေထုကို ထိန်းချုပ်ြ့ပီးတော့ ပျံသန်းလိုက်တယ်။

သူက နီးကပ်လာပြီ။

ဖန်ကျန်းရှီက သူ ချီကူယန် နဲ့ နီးလာတာကို မြင်နိုင်တယ်။ သူရဲ့ နှုတ်ခမ်းတွေကတော့ စိတ်ပျက်မှု ကြောင့် တွန့်ကွေးသွားတော့တယ်။ သူမက နောက်ဆုံးတော့လည်း ထင်သလောက် မမြန်ဘူးပဲ။

ဒါပေါ့။ ဖန်ကျန်းရှီက မလှုပ်မယှက် ဖြစ်နေတဲ့ စစ်သားတွေကို ကျော်ဖြတ်လာတာ ။ သူ ဒီ အချက်ကို လုံး၀ လျစ်လျူရှုပြီးတော့ ဖြတ်ကျော်လာတာ ။

“ငါသာ သူ့ကို အမီလိုက်သွားရင် ရှက်သွားမလား။” ဖန်ကျန်းရှီ သူ့ဘာသူတွေးရင်းနဲ့ ပြုံးလိုက်တယ်။ “ သူ့ ဆီကို အမီမလိုက်ခင် အရင်ဆုံး ပခုံးလေး ဘာလေး ပုတ်ပြီး ပြုံးပြသင့်တယ်။ အိမ်လာလည်တဲ့ သူငယ်ချင်းကို နှုတ်ဆက်သလို ပုံစံ မျိုး လုပ်ပြမယ်။”

သူ ချီကူယန် ဖြစ်သွားမယ့် အမူအယာကိုတွေးတောရင်းနဲ့ ပိုပြီးတောက်ပစွာ ပြုံးမိတော့တယ်။

“ မင်း ရှက်သွားစေရမယ်လို့ အာမခံတယ်။”

သူ တဖြည်းဖြည်း နီးကပ်လာတယ်။

နီးလာရင်း နီးလာရင်း အတော်လေးကို ကပ်လာောတာ့တယ်။

ဖန်ကျးန်ရှီ ချီကူယန် ဝတ်ထားတဲ့ ဝတ်စုံကနေ မွှေးပျံ့ တဲ့ အနံ့တွေကို ရတဲ့ အထိ နီးကပ်လာတာ ။ သူ့ရဲ့ မျက်လုံးတွေ သားကောင်ကို တွေ့တဲ့ ဝံပုလွေ တစ်ကောင် သဖွယ် တောက်ပလာတော့တယ် ။

“ ကောင်းပြီလေ။ နှုတ်ဆက်ရတာပေါ့။”

ဖန်ကျန်းရှီၤ လက်ဆန့်တန်းရင်း နဲ့ ချီကူယန့် ပုခုံးစီကို လက်လှမ်းလိုက်တယ်။

“ အိုက်ယာ း မင်းက ဘာလို့ ဒီလောက်နှေးတာလဲ။ ငါ့ လမ်းကို လာ ပိတ် ပိတ်။ ငလူး…. ” ဖန်ကျန်းရှီ ပြီးအောင် မပြောနိုင်ခင်အချိန်မှာပဲ သူမရဲ့ အသားကို ထိမိလိုက်တာကို သိလိုက်ရတယ်။

နောက်ဆုံးတော့ မိပြီ။

ဖန်ကျန်းရှီတွေးမထားခဲ့တဲ့ အရာ ဖြစ်လာခဲ့ပြီ။ ချီကူယန်က ရုတ်တရက် ရပ်တန့်လိုက်တယ်။

ရုတ်တရက်ကြီး သတိမပေး ဘာမပေးနဲ့ ရပ်လိုက်တာ ။

သူမရဲ့ အရှိန်လည်း ချက်ချင်းကို ပြင်းထန်လာတာ ဖြစ်တဲ့ အတွက် သူမ နောက်မှာ ရှိနေတဲ့ သူ့ကို လာတိုက်တာတော့တာပဲ ။

သူမ ကျက်သရေ ရှိတဲ့ နတ်သမီးလေး တစ်ပါး ပျံသန်းလာသလိုမျိုး အချိန်တွေလည်း ရပ်တန့်သွားသည့် သဖွယ် ဖြစ်နေခဲ့တယ်။

ဖန်ကျန်းရှီကတော့ လုံးဝကို အိန္နြေရှိတဲ့ အထဲ မပါဘူး ။

သူ ချီကူယန်ရဲ့ အရှိန်ကို တွက်ချက်ပြီးသား ။ ဒါကြောင့် သူ့ရဲ့ အရှိန်ကို မလျော့ပဲနဲ့ သူမ အနာ်းကို ကပ်လာခဲ့တာ ။

သူသာ အမြင့်ဆုံး အရှိန်နဲ့ သွားနေရင်တောင်မှ ချီကူယန်ကို မှီဖို့ အနည်းဆုံး ၃ စက္ကန့်ကျော် ကြာမှာ။

အခု လို ချီကူယန် ရုတ်တရက် ရပ်တန့်လိုက်ခြင်း အခြေအနေကို ပြောင်းပြန် ဖြစ်စေခဲ့တယ်။

ပြေးလွှားနေချိန် တုန်းက ချီကူယန် ဓားအိမ်မပါတဲ့ ဓား တစ်လက်ဆိုရင် ရပ်တန့် လိုက်ချိန်မှာတော့ သူမ ဝါးတောထဲက ဝါးပင် တစ်ပင် သဖွယ် ။

ဖန်ကျန်းရှီက သူ့ကို ဝင်တိုက်လိုက်ချိန်မှာတော့ သူမ ရှေ့ကို မှောက်လျက်ကျသွားတော့တယ်။

သူမမှာလည်း ခုခံ နိုင်ဖို့ အချိန် မရှိဘူး ။

ဖန်ကျန်းရှီကတော့ ရေမြှုပ်မွေ့ယာ အိအိလေး အပေါ်မှာ အိပ်နေရသလို ခံစားမိနေတော့တယ်။ သူမက အတော်လေးကို နူးညံ ပြီးတော့ နွေးထွေးတာပဲ။ ဒါပေမယ့်လည်း ဖန်ကျန်းရှီက ဒါကို သိပ်ပြီးတော့ သာယာ မနေနိုင်ပါဘူး ။ ချီၤကူယန် တစ်ပတ်လည်ပြီးတော့ သူ့ ကို ကြည့်နေတာကြောင့်ပဲ ။

သူမရဲ့မျက်လုံးတွေ ည သန်းခေါင်ယံက ကြယ်တွေ သဖွယ် တောက်ပလွန်းလှတယ်။ သူမရဲ့ မျက်လုံး ထဲမှာတော့ မြင့်မားတဲ့ ဟိတ်ဟန်တွေ ပြည့်နှက်နေခဲ့တယ်။

ဒါပေမယ့် ဒီ ကိစ္စတွေက အရေးကြီးတာတွေ မပါဘူး ။

ချီကူယန်ရဲ့ နှုတ်ခမ်းမှာ သွေးစတွေ ရှိနေတာပဲ ။ သူမရဲ့ အသွင်လည်း ဖြူဖျော့နေတဲ့ အတွက် နှင်းကမ္မလာ ထက်မှာ နှင်းဆီနီ ပွင့်ဖက် တစ်ခု တင်ကျန်ေ်နသည့် သဖွယ် ဖြစ်နေခဲ့တယ်။

“ သူမ ဒဏ်ရာရနေတာလား။”

ဖန်ကျန်းရှီ ချီကူယန် ဒဏ်ရာရတာကို မယုံနိုင် ဖြစ်နေခဲ့တယ်။ ကိုယ့်ကိုယ်ကို ဒဏ်ရာရအောင် လုပ်မိတာလား။ ဒါမှမဟုတ်။ ငါ ဖိလိုက်မိတာကြောင့် များလား။

ဒါတော့ ဖြစ်နိုင်တယ် မထင်ဘူး။ သူဘယ်လောက်ပဲ အင်အားကြီးပြီး လျင်မြန်ပါစေ ချီကူယန်လို လူကို ဒဏ်ရာရစေနိုင်မှာတော့ မဟုတ်ဘူး ။

အဆုံးသတ်မှာတော့

ဖန်ကျန်းရှီ စကားမပြောနိုင်ခင် အချိန်မှာပဲ ချီကူယန်ရဲ့ အသံကို ကြားလိုက်ရတယ်။

“ ဒီမှာ ဘာလုပ်နေတာလဲ။”

ဒီမေးခွန်းကတော့ ခပ်ရှင်းရှင်းပဲ ။ ချီကူယန်က ဒီမေးခွန်း သူ့ကို မေးတာ မဟုတ်မှန်း ဖန်ကျန်းရှီသိတယ်။ ဒါပေမယ့် သူမက ဘယ်သူ့ကို မေးနေတာလဲ။

သူ ခေါင်းမော့ကြည့်လိုက်ချိန်မှာတော့ ချီကူယန်ရဲ့ ရှေ့မှာ တစ်ယောက်ယောက်ရှိနေတာကို တွေ့လိုက်ရတယ်။

ဒီလူ သာမာန် စစ်တပ် သံချပ်ကာကို ဝတ်ထားတဲ့ တပ်သား တစ်ဦးပဲ ။ တခြားစစ်သားတွေ နဲ့ ကွာခြားတဲ့ အရာ မရှိသလို ထင်ရပေမယ့်လည်း

ဒီလူမှာ ဖန်သလင်း မျက်လုံးတွေရှိနေခဲ့တယ်။

ရေလို ကြည်လင်ပြီး သန့်စင်တဲ့ မျက်လုံးတွေ။

ဖန်ကျန်းရှီ ဒီ မျက်လုံးတွေကို ကောင်းကောင်းမှတ်မိတယ်။ ကြီးမြတ်သော ရှ မင်းဆက်မှာ ဒီလို မျက်လုံးတွေ ရှိတာ တစ်ယောက်ကိုပဲ တွေ့ဖူးတယ်။

ပင်းယန်။

“ယန်လေး ” တက်ကြွ တဲ့ အသံ တစ်ခု ဖန်ကျန်းရှှီရဲ့ စိတ်အတွေးကို အတည်ပြုပေးလိုက်တယ်။ ဒါပေမယ့်လည်း ဒီ အချက် သူ့ရဲ့ သိလိုစိတ်ကို တိုးစေတယ်။

ပင်းယန်။

“ မင်းက ဒီမှာ ဘာလုပ်နေတာလဲ “ ဖန်ကျန်းရှှီ ချီကူယန်ရဲ့ မေးခွန်းကို နောက်တစ်ကြိမ်မေးလိုက်တယ်။

ကြီးမြတ်သော ရှ မင်းဆက်ရဲ့ မင်းသမီးက ကန်လင်းတောင် စစ်တပ်တဲ ထဲမှာ ဘာလာလုပ်နေတာလဲ။

ဒါက သူ့ကို အံ့အားသင့် တာထက်တော့ မပိုစေဘူး။

ပိုပြီးတော့ မယုံနိုင်စရာ ရှိနေ အုန်းမလား ဖန်ကျန်းရှီ မတွေးတတ်တော့ ဘူး ။

မြို့တော်မှာ ရှိနေရမယ့် ပင်းယန်က ဘာလို့ မြောက်ပိုင်းဒေသကို ရောက်နေတာလဲ။ နောက်ပြီးတော့ စစ်တပ် တဲ ထဲမှာ ဘာလုပ်နေတာလဲ။ သူတို့ ဖြတ်သွားတဲ့ လမ်းမှာ ဘာလာလုပ်နေတာလဲ။

ဒီ ဖြစ်နိုင်ချေက နည်းပါး လွန်းလို့ လျစ်လျူရှုထားလို့တောင် ရတယ်။

“ အာ နင်လား။ အရှက်မရှိတဲ့ကောင်။ မိုးနတ်မင်းရေ။ နင်က ယန်လေး အပေါ်မှာ ထပ်ပြီး လဲှ နေတာလဲ မြန်မြန် ထစမ်း ” ပင်းယန်ရဲ့ အသံ နောက်တစ်ကြိမ် ထွက်လာခဲ့တယ်။

ဖန်ကျန်းရှီ ပင်းယန် ဘာပြော နေလဲ ကောင်းကောင်းကြားနိုင်တယ်။

တကယ်ပဲ။

ပင်းယန် ပြောတာ ရိုးရိုးလေးပင်မယ့် ချီကူယန် ကို ဒီမှာ တွေ့ဖို့ သူမျှော်လင့် ထားပြီးသားဆိုတာ သေချာ စေတယ်။

ပင်းယန်က သူနဲ့ ချီကူယန် ကန်လင်းတောင်ကို ဒီနေ့ရောက်မှာ ဘယ်လို သိနိုင်မှာလဲ။

မဖြစ်နိုင်တာတွေ ။

ဒါ သူ့ရဲ့ နောက်ဆုံး အတွေး ။ ပင်းယန် က ဒါကို ဘယ်လို သိနိုင်မှာလဲ။ ငါတို့ မရောက်ခင် ဘယ်လိုလုပ် ဒီကို ကြိုရောက်နေတာလဲ။

ဖန်ကျန်းရှီက ဘယ်လို ကြောင့် များလဲ လို့ မေးလိုက်ချင်တယ်။

ဒါပေမယ့်လည်း အခုချိန်က အချိန်ကောင်း မဟုတ်သေး တာ သိသာလှတယ်။ အခုက စစ်တပ် တဲ ထဲမှာ ရောက်တေယ်။

နောက်ပြီးတော့

အန္တရာယ် များလွန်းတယ်။

အကယ်၍ ချီကူယန်သာ သူ့ အရှိန် အတိုင်း ဆက်ပြီးတော့ သွားနေခဲ့ရင် လမ်းမှာတွေ့ တဲ့ စစ်သားတိုင်းကို စကားမပြောနိုင်ခင်မှာပဲ ပါးစပ်ပိတ်အောင် လုပ်နိုင်လောက်တယ်။

ဒါပေမယ့် အခုတော့ ချီကူယန်က ဖန်ကျန်းရှီ ဖိထားတာကို ခံလိုက်ရပြီ ။

ရလဒ်ကတော့ ခန့်မှန်း ထားတဲ့ အတိုင်း။

“ ငါတို့ တိုက်ခိုက်ခံနေရပြီ။ ”

“ တောင်ကို ကျူးကျော်လာသူရှိတယ်။ ဖြတ်လမ်းတွေကို ပိတ်လိုက်”

“ ကျူးကျော်သူကို တွေ့တာနဲ့ တစ်ခါတည်းသတ်”

အသံတွေ နေရာအနှံ့ ထွက်ပေါ်လာခဲ့တယ်။ စစ်တပ်သုံးတဲ တွေ ထဲက စစ်သားတွေ သူတို့ရဲ့ တဲတွေကနေ ပြေးထွက်လာကြတော့တယ်။

“ ကြမ်းတမ်းလိုက်ကြတာ။” ပင်းယန် နှာခေါင်းရှုတ်ရင်း ပြောလိုက်တယ်။

ဒီအချိန်မှာပဲ ဖန်ကျန်းရှီ အင်အားပြင်းထန်လှတဲ့ အားလှိုင်း တစ်ခု သူ့ကို တွန်းကန်နေတာကို ခံစားလိုက်တယ်။ ထို အားလှိုင်း သူ့ကို အပေါ်မြင့်တက်စေတယ်။

“ သွားရအောင်”

ချီကူယန် ဖန်ကျန်းရှီကို သယ်ဆောင်ရင်း ပြေးတော့တယ်။ အံ့သြစရာ ကောင်းလောက်အောင်ပဲ သူမ ဖန်ကျန်းရှီကို အပြစ်တင်ချင်း အလျဉ်း မရှိပဲ နဲက ဖန်ကျန်းရှီ နဲ့ ပင်းယန်ကို သယ်ဆောင်ကာ စစ်တပ်တဲ ထဲ ကနေ ပြေးတော့တယ်။

ဖန်ကျန်းရှီ အနည်းငယ် တော့ စပ်စုလိုစိတ် ပြင်းထန်လာခဲ့တယ်။

ဒီလို စစ်တပ်တဲ သေးသေးလေးက ဘယ်လိုများ ချီကူယန်ကို ဒီလောက်တောင် စိတ်ရှုပ်စေနိုင်တာလဲ။

အပိုင်း (၂၃၉) ပြီး၏။

အပိုင်း (၂၄၀)

“ သုခမိန်”

ဖန်ကျန်းရှီမှာ မေးချင်တဲ့ မေးခွန်းတွေ အများကြီးရှိနေခဲ့တယ်။ ဒါပေမယ့်လည်း အခုချိန်မှာ အရာအားလုံးထက် ပို အရေးကြီးတာရှိနေခဲ့တယ်။

ပင်းယန်က ဘာလို့ ဒီစစ်တပ်တဲ ထဲမှာရှိနေတာလဲ။ နောက်ပြီးတော့ ချီကူယန်ကလည်း ဘာကြောင့် ဒီလောက် အရေးတကြီးနဲ့ ထွက်ပြေးရတာလဲ။

ဖန်ကျန်းရှီက အခုချိန်မှာ ဒဏ်ရာရနေတဲ့ င်္ချီကူယန် အတွက် လမ်းရှင်းပေးဖို့ တာဝန် ရှိမှန်း သူသိတယ်။

ဒါပေမယ့် ပင်းယန်က သူ့ကို အဲ့လို အခွင့် အရေး မပေးဘူး။ ကြယ်တာရာစုဝေးမှု အဆင့် ပဲ ရှိသေးတဲ့ သူမ တော်ဝင် တိုက်ခိုက်ရေးစာမေးပွဲမှာ အင်အား မပြည့်ပေမယ့်လည်း စစ်တပ်သုံး ထဲတဲမှာတော့ သူမ သေခြင်း နတ်ဘုရားမတစ်ပါး သဖွယ် ဖြစ်နေတယ်။

“ ဟ ဟ ဟ ။ ငါ့ လမ်းကို ဘယ်သူ လာပိတ်ရဲလည်း”

ပင်းယန် ချီကူယန် လောက်တော့ သန့်သန့်ရှင်းရှင်း ရှင်းလင်းတတ်တဲ့ အမျိုးအစားထဲ မပါ ဘူး။

သူမ ရယ်မောရင်း တဲ တစ်ခုလုံးကို သတ်ဖြတ်ရှင်းလင်း ပြစ်နေခဲ့တယ်။

သိပ်မကြာခင်မှာ ပဲ။ ဖန်ကျန်းရှီ။ ချီကူယန်နဲ့ ပင်းယန် တို့ တံခါးကို ဖြတ်ပြီးတော့ အမှောင်ထုထဲကို ဝင်ရောက်ပျောက်ကွယ်သွားတော့တယ်။

…

ကန်လင်းတောင်ရဲ့ ည အချိန် မျှော်လင့်သလို ငြိမ်သက်မနေခဲ့ပါဘူး။ လူတွေ နေ့မှာ အလုပ်လုပ်သလို ။ သားရဲကောင်တွေလည်း ည အချိန်မှာ လှုပ်ရှားကြတာ ။ ညဉ့်အချိန် ကျက်စားတဲ့ အသားစား သတ္တဝါတွေ များပြားလှတယ်။

ဒါကြောင့် အော်သံ အူသံတွေနဲ့ သားကောင်တွေ ရဲ့ အော်ဟစ်သံ တွေ ပြည့်နှက်နေခဲ့တယ်။ ည ရဲ့ အမှောင်ထုအောက်မှာ ပြင်းထန်တဲ့ တိုက်ပွဲ တစ်ခု ဖြစ်ပေါ်နေခဲ့တယ်။

ဖန်ကျန်းရှီ ဒီဒေသမှာ သူ အသက် ရ နှစ်တည်းက နေခဲ့တာ ။ ဒါကြောင့် ဒီတော အကြောင်းကို အကုန်အစင် သိတယ်။

သူ ဘေးပတ်လည်မှာ ရှိတဲ့ ရွာတွေ အကုန်လုံးက ရွာသားတွေထက် ပိုပြီးတော့ နားလည်တယ်လို့ ဆိုနိုင်တယ်။ ဘယ်နေရာမှာ သားရဲကောင်တွေ ထူထပ်တယ်။ ဘယ်နေရာက လုံခြုံတယ် ဆိုတာ သူ ကောင်းကောင်းသိတယ်။

ဥပမာ အနေနဲ့ သူတို့ သုံးဦးရဲ့ ခရီး အတော်လေး ချောမွေ့နေခဲ့တယ်။

သူတို့ နဲ့ တွေ့သမျှ သားရဲတွေ အကုန်လုံးနီးပါးလည်း အရွက်စားသားရဲတွေပဲ ဖြစ်ကြတယ်။ သူတို့ သတိထားရတဲ့ တစ်ကောင်တည်း သော သတ္တဝါ ကတော့ ကြီးမားလှတဲ့ ဦးချိုုပါ ဆိတ်ကြီးပဲ ။ စိတ်လှုပ်ရှားတက် တက်ကြွ နေတဲ့ ပင်းယန် ဆိတ်ကို ဆွဲယမ်းပြီး ကန်ကျောက်တော့တယ်။

သိပ်မကြာခင်မှာပဲ ဆိတ် ပြန်ကန်တော့တယ်။

ပင်းယန် ထိခိုက်ဒဏ်ရာမရပဲ တိုက်ပွဲ အဆုံးသတ်သွားတော့တယ်။

“ဒီတောင်က သားရဲတွေက အရမ်းကို နူးညံ့လွန်းတယ်။ အားကြီးတဲ့ တစ်ကောင်ကောင်များ မရှိဘူးလား။” ပင်းယန် ဖန်ကျန်းရှီကို ကြည့်ရင်း အားမရစွာ ပြောလိုက်တယ်။

ဖန်ကျန်းရှီ လက်ခလယ်သာ ထောင်ပြခဲ့တယ်။

“ မင်း ဦးနှောက် ပျက်သွားပြီလား။”

“ နင် ဘာစကားပြောတာလဲ။” ပင်းယန် ချက်ခြင်း ဒေါသပေါက်ကွဲတော့တယ်။

ပင်းယန် ဖန်ကျန်းရှီ သူမကို နောက်ထပ် စကားမပြောတာကို တွေ့လိုက်ရတာကြောင့် လှမ်းဆွဲပြီး ရန်ဖြစ်မလို့ ပြင်လိုက်ချိန်မှာပဲ ဖြူဖျော့နေတဲ့ ချီကူယန်ကို တွေ့ချိန်မှာ သူမ ရပ်တန့်လိုက်တယ်။

စစ်တပ်တဲတွေကို ဖြတ်သန်းပြီးနောက်မှာတော့ သူတို့ ဆက်လျှောက်လာခဲ့ကြတယ်။ ကန်လင်းတောင် အစွန်ကိုတောင် ရောက်တော့မှာ ။ ဒီအချိန်မှာတော့ ချီကူယန် အစိမ်းရောင် ဆေးတောင့်လေးတစ်ခုကိုသောက်လိုက်တယ်။

သူမရဲ့ မျက်နှာသွေးရောင် ပြန်လွှမ်း လာပေမယ့်လည်း အရင်ကထက်တော့ ဖြူဖျော့နေဆဲ ။

ချီကူယန် သဘာဝလွန် အဆင့်ကို မရောက်သေးမှန်း ဖန်ကျန်းရှီ ကောင်းကောင်း ပြောနိုင်တယ်။ အကယ်၍ သူမသာ သဘာဝလွန် အဆင့်မှာ ရှိနေခဲ့ရင် ဘာလို့ဆေးသောက်ပြီး ကုဖို့ လိုမှာလဲ။

ဒီလိုသာ ဆိုရင် အခုချိန်မှာ ဘာဖြစ်နိုင်မလဲ။ ချီကူယန်က ဘာကြောင့် ရုတ်တရက် ဒဏ်ရာရသွားတာလဲ။ ဒဏ်ရာတွေကလည်း အတော်လေး ပြင်းထန်တဲ့ပုံပဲ။

“ ယန်လေး။ ပင်းယန် မှားသွားတယ်။ ပင်းယန်သာ ရုတ်တရက် ပေါ်လာပြီး မလန့်စေလိုက်ရင် ယန်လေးလည်း ဒဏ်ရာရမှာ မဟုတ်ဘူး။” ပင်းယန် အတော်လေး စိတ်မကောင်း ဖြစ်နေဟန်ပါပဲ။

“ ပင်းယန်ရဲ့ အမှားမဟုတ်ပါဘူး။” ချီကူယန် ခေါင်းခါ လိုက်တယ်။

“ တောင်အောက်ကို အရင် ပြန်ဆင်းရအောင်။ မြောက်ရွာ ဒါမှ မဟုတ် ဟွေ့အန်းဒေသမှာ ကောင်းကောင်း အနားယူပြီးမှ ပြန်လာရအောင်။ ကောင်းကင်တာအို သုခမိန်ကျောက်ဖျာလည်း မထွက်ပေါ်လာသေးဘူးလေ။” ပင်းယန် အကြံပြုလိုက်တယ်။

ဖန်ကျန်းရှီကတော့ ပင်းယန်ပြောလိုက်တဲ့ အကြောင်းရာကြောင့် မျက်စိ လည်သွားခဲ့တယ်။

ကောင်းကင်တာအို သုခမိန်ကျောက်ဖျာ ။

ဘာကြီးလဲ။

“ ငါတို့ ဒီကို ရောက်နေပြီပဲ။ တောင်အောက်ကို မဆင်းခင် တစ်ချက် လောက်ကြည့်ရအောင်” ချီကူယန် ခေါင်းခါရင်း ပင်းယန်ကို ပြန်ဖြေလိုက်တယ်။

“ နားဖို့ နေရာ တစ်ခု အရင်ရှာသင့်တယ် မလား။” ပင်းယန် ချီကူယန်ရဲ့ လက်မောင်းကို တွဲထားရင်းနဲ့ ကျောက်တုံးကြီးကို ညွှန်ပြလိုက်တယ်။

“ အင်း။” ချီကူယန် ခေါင်းမငြိမ့်ခင် မှာပဲ တစ်ခဏတွေဝေသွားခဲ့တယ်။

“ ယန်လေး။ အနားယူဖို့ပဲ တွေးစမ်းပါ။ ဒီမှာ အင်အားကြီးတဲ့ သားရဲကောင်လည်း မရှိဘူး။ ရှိခဲ့ရင်လည်း ပင်းယန်အကုန်ရှင်းပေးမယ်။” ပင်းယန် ချီကူယန် အနားယူဖို့ သဘောတူလာအောင် ပြောဆို စည်းရုံးနေခဲ့တယ်။

ဖန်ကျန်းရှီကတော့ စိတ်ပျက်စွာ ကြည့်နေခဲ့တယ်။ ဘာက မင်းကိုယ်မင်း ဒီလောက်တောင် ယုံကြည်မှု ရှိနေစေတာလဲ။ သိသိသာသာကြီးကို ကိုယ့်နေရာကိုယ် မသိတဲ့သူပဲ။

ဒါပေမယ့်လည်း ချီကူယန်က အနားယူဖို့ သဘောတူလိုက်ချိန်မှာ သူ ပိုပြီးတော့ အံ့သြလာခဲ့တယ်။ သူမရဲ့ ဟိတ်ကြီးဟန်ကြီး ပုံစံ နဲ့ ဆိုရင် ဒီလို နေရာမျိုးမှာ လွယ်လွယ် နဲ့ အနားယူမှာ မဟုတ်ဘူး။ အခုက သူ့ရဲ့ ဒဏ်ရာတွေ ပြင်းထန်လှကြောင်း ဖော်ပြနေသလို ဖြစ်နေခဲ့တယ်။

ပင်းယန်ကို တွဲထားတဲ့ ချီကူယန် ထုံးကျောက်တုံးကြီးနားကို ခပ်မြန်မြန်ရောက်သွားခဲ့တယ်။

အဲ့ဒီ့နောက် သူမ မျက်လုံးတွေကို ပိတ်ရင်းနဲ့ လှဲချလိုက်တယ်။ သူမရဲ့ ကြီးမြတ်လှတဲ့ ပုံရိပ် အိပ်ပျော်နေဟန် အသွင် ပေါ်နေစေခဲ့တယ်။ သို့ပေမယ့်လည်း ပင်ပန်းနေဟန် ဖုံးဖိ မရနိုင်အောင် သိသာလှတယ်။

ချီကူယန် အနားယူနေချိန်မှာပဲ ပင်းယန်နဲ့ ဖန်ကျန်းရှီတို့ ထိုင်စရာနေရာ ရှာနေခဲ့တယ်။ သူတို့ တစ်ယောက်ကို တစ်ယောက် ရန်စောင်နေခဲ့ကြတယ်။ (ကြောင်နှစ်ကောင် မာန်ဖီခြင်း)

“ နင်ဘာကြည့်တာလဲ။” ပင်းယန် ၅ မိနစ် အကြာမှာ စကားသံ စထွက်လာတယ်။

“ မင်းသာ ငါ့ကို ကြည့်မနေရင် ငါ မင်းကို ကြည့်နေတာ ဘယ်လို သိမှာလဲ။”

“ အဲ့တာ နင့်ငါ့ကို အရင်ကြည့်လို့ ဖြစ်တာလေ။ ”

“ မေ့လိုက်စမ်း။ ငါ မင်းနဲ့ မငြင်းချင်ဘူး။ ကန်လင်းတောင်က စစ်တပ်တဲ ထဲမှာ ဘာလာလုပ်တာလဲ ပြော။ နောက်ပြီးတော့ ကောင်းကင်တာအို ကျောက်ဖျာကကော ဘာလဲ ” ဖန်ကျန်းရှီ ပင်းယန်ကို စကားနှိုက်နေခဲ့တယ်။

“ း း နင်က သိချင်တယ်ပေါ့။ မပြောပြဘူး။”

“ ဟုတ်တယ်။ ငါ မြင်းပျံ ပတ်စီးရင်း နဲ့ မြောက်ပိုင ်းဒေသကို ရောက်လာတာ။ နောက်ပြီးတော့ မြောက်ရွာမှာ ဆင်းလိုက်တော့ စစ်သားတွေက ရွာသားတွေရဲ့ အိမ်ခန်းတွေကို ပတ်နေတာတွေ့တာနဲ့ တောင်ပေါ်ကို တစ်ယောက်တည်း တက်လာတာ။” ပင်းယန် ဖန်ကျန်းရှီရဲ့ အမူအယာကို ကြည့်ရင်းနဲ့ ပြောနေခဲ့တယ်။

ဖန်ကျန်းရှီ ပင်းယန် မြောက်ရွာကို ရောက်လာတာ မတော်တဆလို့ မထင်ဘူး ။ နောက်ပြီးတော့ ပင်းယန်က ကောင်းကင်တာအို ကျောက်ဖျာလို့လည်း ပြောတယ်။

ဒီကို ရောက်လာတာ ကိစ္စကြီး တစ်ခုရှိလို့ပဲ ဖြစ်ရမယ်။ ဒါပေမယ့် ဘာလို့ မြောက်ပိုင်းဒေသ မြောက်ရွာကို ရွေးရတာလဲ။

မေးခွန်း သင်္ကေတ အကြီးကြီး တစ်ခုရှိနေဆဲ ။ နောက်ဆုံးတော့လည်း ပင်းယန်က သူနဲ့ ချီကူယန် အတူထွက်လာတာကို သိနိုင်စရာ အကြောင်းမှ မရှိတာပဲလေ။

နောက်ပြီးတော့ ဒီ အချိန် အတောတွင်း သူ အိမ်ပြန်တဲ့ လမ်းကို ပင်းယန်က လာစောင့်နေတာတော့ မဖြစ်နိုင်ဘူး။

မဖြစ်နိုင်ဘူး။

ပင်းယန်က ချီကူယန်ကို လာစောင့် နေတာပဲ ။

ချီကူယန် က ကန်လင်းတောင်ကို လာမယ် ဆိုတာ သူမ သိတယ်။ နောက်ပြီးတော့ မြောက်ရွာကို ဖြတ်မယ် ဆိုတာလည်း သိတယ်။ ဒါကြောင့် စစ်တပ်တဲ ထဲမှာ လာစောင့်နေတာပဲ ဖြစ်ရမယ်။

ပင်းယန် ချီကူယန် ဘာကြောင့် ဒီကို ရောက်နေရလဲ သိတာ သေချာလှတယ်။

“ငါ့ကို ေ ကာင်းကင်တာအို သုခမိန်ကျောက်ဖျာ အကြောင်းပြောပြ” ဖန်ကျန်းရှီ ဒီ ပဟေဠိကို ဖြေရှင်းဖိုက အတွက်ဒီ ကျောက်ဖျာ သော့ချက် ဖြစ်မယ်လို့ ယုံကြည်နေတယ်။

“ နင် မသိဘူးလား။” ပင်းယန် ဖန်ကျန်းရှီ ရဲ့ မေးခွန်းကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့တယ်။

“ ငါသိသင့်လို့လား။”

“ မသိသင့်ဘူး။ ဒါက ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အမြင့်မြတ်ဆုံး ရတနာတွေထဲက တစ်ခု ပဲ။ နင် ဘယ်လိုလုပ် သိမှာလဲ။ ဒါပေမယ့် နင်က ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ အကြောင်း မသိပဲနဲ့ ဘယ်လို များ ကန်လင်းတောင်ကို ရောက်လာတာလဲ။”

ဖန်ကျန်းရှီက ဒီ မေးခွန်းကို ခပ်ရှင်းရှင်း ဖြေလိုက်ဖို့ပဲ လိုမှန်းသိတယ်။ ဒါပေမယ့် သူ့ စိတ်က အမှန်တိုင်း မပြောဖို့ တားနေခဲ့တယ်။

“ လမ်းလျှောက်ထွက်တာ။” ဖန်ကျန်းရှှီ ပင်းယန်ကို ဒီစကားနဲ့ ပိတ်ပြောလိုက်တယ်။

“ ပြောပြစမ်းပါဟ။ နင့် ဒီ အကြောင်းပြချက်ကို ဘယ်သူ ယုံမှာလဲ။” ပင်းယန် ပြောရင်းနဲ့ သူမရဲ့ မျက်လုံးတွေ တလက်လက်တောက်ပလာခဲ့တော့တယ်။ “ ကောင်းကင် တာအို ကျောက်ဖျာ က လူတိုင်း လိုချင်နေတဲ့ အရာပဲ။ ကြီးမြတ်တဲ့ ရှ မင်းဆက်။ မြောက်ပိုင်း ဒေသ အရိုင်းအစိုင်း (လူရိုင်းတွေ) နဲ့ နတ်ဆိုးတွေ တောင်မှ ရတနာ တစ်ခု အဖြစ် တန်ဖိုး ထာားကြတယ်။ ဒီကျောက်ဖျာက ဘယ်သူ့ ကို မဆို သုခမိန် ဖြစ်အောင် ပြုလုပ်ပေးနိုင်တယ်။ ”

အပိုင်း (၂၄၀) ပြီး၏။

All Chapters