← Chapters

အပိုင်း (၂၅၁-၂၆၀)

Vol. 3 Ch. 251-260

အပိုင်း (၂၅၁-၂၆၀)

Vol. 3 Ch. 251-260

အပိုင်း (၂၅၁)

“ကောင်းကင်က ကြည့်နေတယ်။”

“ ကောင်းကင်တာအို ကျောက်ဖျာကို ဖျက်စီး မလို့လေ။” ဖန်ကျန်းရှီဟာ အေးဆေးစွာ ပြောလိုက်တယ်။

“ နင်က ကောင်းကင်တာအို ကျောက်ဖျာကို ဖျက်စီးမယ် ဆိုရင် ဘာလို့ အဝတ်ချွတ်နေတာလဲ။” ပင်းယန်ဟာ မြေပြင်ပေါ်ကျနေတဲ့ ဖန်ကျန်းရှီ ရဲ့ အမဲလိုက် ဝတ်ရုံကို ကြည့်ရင်းမေးလိုက်တယ်။

“ မင်းရေချိုးမယ် ဆိုရင် အကျီဝတ်လို့လား။” ဖန်ကျန်းရှီဟာ ပင်းယန်ကို ပြောရင်းနဲ့ လုပ်စရာရှိတာကို ဆက်လုပ်နေခဲ့တယ်။ သူ့ရဲ့ နှလုံးကာမှန်ကို တော့ သားရေပြားနဲ့ ပတ်ချည်ထားပြီးတော့ ယူသွားခဲ့တယ်။

အဲ့ဒီ့နောက်သူဟာ အနက်ရောင် အတွင်းဝတ် တစ်စုံကိုသာ ဝတ်သွားပြီးတော့ ရေထဲကို ဆင်းသွားခဲ့တယ်။

“ ရေ … ရေချိုးမလို့” ပင်းယန်ဟာ မျက်လုံးပြူးသွားခဲ့တယ်။ ဖန်ကျန်းရှီ အရှက်မရှိတာကို သူ ကောင်းကောင်းသိနေခဲ့တယ်။ ဖန်ကျန်းရှီ ရဲ့ နှလုံးကာမှန်ကို သူတွေ့လိုက်တယ်။

ဒါက ငွေရောင်တောက်နေတဲ့ နှလုံးကာမှန်ဖြစ်ပြီးတော့ အလင်းရောင် ဖျော့ဖျော့လေး တောက်ပနေခဲ့တယ် .။

“ ဒီ နှလုံးကာမှန်ကို ကြည့်ရတာ မြင်ဖူးသလိုပဲ။ ဘာလို့ ယန်လေးရဲ့ (ရေလုံမှန်) နဲ့ တူနေတာလဲ။ ဖြစ်နိုင်မလား။”

ပင်းယန်ဟာ စိတ်ထဲမှာ အကြောင်းရင်းတစ်ခုကို တွေးလိုက်မိပေမယ့်လည်း ချက်ခြင်း ခေါင်းခါလိုက်တယ်။ ရေလုံမှန်က နတ်ဆိုးကျောင်းတော် ရဲ့ ရတနာ ရ ပါးထဲက တစ်ခုပဲ။ ဒီအရှက်မရှိတဲ့တောသားမှာ ဘာလို့ ရှိနေမှာလဲ။

“ ပလွတ်”

ပင်းယန် နောက်ထပ် မတွေးနိုင်ခင်အချိန်မှာပဲ ဖန်ကျန်းရှီဟာ ရေကန်ထဲကို ဆင်းသွားခဲ့ပြီ ။ ငါးလေး တစ်ကောင်သဖွယ် ကူးခတ်နေခဲ့တယ်။

ဝမ်တပေါင်းဟာတော့ ဖန်ကျန်းရှီကို မျက်လုံးပြူးပြီး ကြည့်နေခဲ့တယ်။ “ ဓားသံတမန်ကြီးက တကယ့်ကို သတ္တိရှိတာပဲ ။ ကောင်းကင်တာအို သုခမိန်ကျောက်ဖျာမှာလဲ ရေချိုးရဲတယ်။ နောက်ပြီးတော့ မင်းသမီးရဲ့ ရှေ့မှာ။ ဘယ်သူမှ သူ့ သတ္တိကို မှီမှာ မဟုတ်ဘူး။ ”

ရေကန်ထဲမှာတော့ အပူချိန်ဟာ ကောင်းလှတယ်။ ရေပူစမ်းလိုနေရာမျိုး မဟုတ်ပေမယ့်လည်း အတော်လေး သက်တောင့် သက်သာ ရှိပြီးတော့ အညောင်းအညာ ပြေစေတယ်။

အေးချမ်းပြီးတော့ ပျော်စရာကောင်းတယ်။

သူက ဝမ်တပေါင်းကို လှမ်းအော်ခေါ်လိုက်ရင်း သူနဲ့ ရေလာကူးဖို့ ခေါ်နေခဲ့တယ်။

ဝမ်တပေါင်းဟာတော့ ဖြူဖျော့သွားခဲ့တယ်။ ပင်းယန် မင်းသမီးရဲ့ရှေ့မှာ ဒီလို လုပ်ဖို့ကတော့ မတွေးရဲစရာပဲ ။ နောက်ပြီးတော့သူကလည်း ကောင်းကင်တာအို ကျောက်ဖျာကို ဖျက်ဆီးဖို့ အတွက် သူက တာဝန်ယူထားတာ မဟုတ်ဘူးလေ။

ဒါကြောင့် ရေကန်ထဲကို ဆင်းဖို့ ငြင်းဆန်လိုက်တယ်။

တခြား စိတ်ကူးမရှိတာကြောင့် ဖန်ကျန်းရှီဟာ ပင်းယန်ကို သူနဲ့ ရေလာကူးဖို့ခေါ်လိုက်တယ်။

“ အရှက်မဲ့လိုက်တာ။” ပင်းယန်ဟာ ဖန်ကျန်းရှှီ ကို မျက်နှာလွှဲလိုက်ပြီးတော့ သစ်ပင်တွေဆီ ပြေးတော့တယ်။

လူနှစ်ယောက်လုံးက ငြင်းနေတော့လည်း ဖန်ကျန်းရှီက ပြုံးရုံသာ တတ်နိုင်တယ်။ မြင်ကွင်းက အတော်လေး ကို ကောင်းပြီးတော့ ရေကန်ကလည်း သက်တော့င့်သက်သာ ရှိလွန်းတယ်။ ဘယ်လောက်တောင်နေလို့ ကောင်းလဲ ဆိုတာ ရေကန်ထဲ မဆင်းတဲ့သူ သိမှာ မဟုတ်ဘူး။

“ ဒီ ခရီးမှာ တက်ခဲ့သမျှ ဖုန်တွေ အခုပဲ ရှင်းပြစ်ရမယ်။ ပျော်ပျာ်ရွှင်ရွှင် ရေကူးနေရင်း ကနေ ဖန်ကျန်းရှီဟာ နောက်ကျောကို ချေးတွန်းတော့တယ်။ လေလေး တချွန်ချွန်နဲ့ သာယာနေခဲ့တယ်။

ချီကူယန်ရဲ့ ပြန်တွေ့ခဲ့တဲ့ တောင်ပေါ်ခရီးတုန်းက ဆိုနေတဲ့ သံစဉ်ကိုပဲ လေချွန်နေတာ ။

“ စည် နဲ့ မောင်းကို တီး။ တီးခတ် သံတွေ ရပ်ပြီးတော့ ငါ သီဆိုတဲ့ သီချင်းကို ကြားယောင် ။ ခွာသံတွေ ကို သီချင်း အဖြစ်ပြောင်းလဲ လိုက်။ ငါ ဆိုတဲ့ သီချင်းကို နားဆင်ကြည့်။ ”

သူ့ရဲ့ စိတ်ခံစားမှုဟာတော့ အတော်လေး အထိန်းအကွပ်မဲ့လာတော့တယ်။ သူဟာ နွေးထွေးတဲ့ ရေကန်ထဲမှာ နေလို့ ကောင်းနေတဲ့ အတွက် သူ့ သီချင်းသံဟာလည်း ကျယ်လောင်လာခဲ့တယ်။

သူ့ရဲ့ သီချင်းသံဟာ ကောင်းကင်တာအို သုခမိန်ကျောက်ဖျာ တစ်လျှောက်ကို ပဲ့တင်ထပ်နေတော့တယ်။

ပင်းယန်ဟာတော့ “ အရှက်မရှိလိုက်တာ။” ဆိုတဲ့ စကားကိုသာ ထပ်ခါ ထပ်ခါ ပြောနေခဲ့တယ်။

ဝမ်တပေါင်း ရဲ့ မျက်လုံးတွေဟာတော့ တောက်ပလာခဲ့တယ်။ ဖန်ကျန်းရှှီကို ဒူးထောက်ပြီးတော့ တောင် အရိုအသေ ပြုချင်နေတယ်။ သူ့ကိုယ်သူ စည်းကမ်းမရှိတဲ့ ပုန်ကန်သူ တစ်ယောက်လို့ သတ်မှတ်ထားခဲ့တာ။ ဒါပေမယ့်လည်း ဖန်ကျန်းရှီကို မြင်တဲ့ အချိန်မှာတော့ သူဟာ ဖန်ကျန်းရှီကို အရှက်မရှိ မျက်နှာပြောင်တိုက်တဲ့ နေရမှာ လိုက်မှီဖို့ အတော်လေး လိုနေသေးမှန်း သူလက်ခံလိုက်ရတယ်။

ဒီ လူက တကယ့်ကို ကြောက်ဖို့ ကောင်းလောက်အောင် အရှက်မရှိတာပဲ။

ဆိုရိုးစကားတစ်ခုရှိတယ်။ အရှက်မရှိတဲ့ လူဟာ ကောင်းကင်ကနေ မျက်စိ စပါးမွှေးစူးခြင်းခံရလိမ့်မယ်။

ဖန်ကျန်းရှှီကတော့ ပျော်ရွှင်ဟာ လေချွန်ရင်း ချေးတွန်းရင်း နဲ့ ရေကန်ထဲမှာ ကူးခတ်နေခဲ့တယ်။ ငြိမ်သက်နေတဲ့ ရေကန်ထဲမှာ လှိုင်းကြက်ခွပ်တွေ ဖြစ်ပေါ်စေခဲ့တယ်။

ဒါပေမယ့်လည်း သူမေ့နေခဲ့တယ်။

ဒါက ကောင်းကင်တာအို သုခမိန်ကျောက်ဖျာ ဆိုတာကို သူမေ့နေခဲ့တယ်။ ကောင်းကင် တာအို ကို ကိုယ်စားပြု ပြီးတော့ အင်အားကြီးလှတဲ့ အရာ ဖြစ်နေတာကို သူမေ့လျော့နေခဲ့တယ်။ ဒီနေရာဟာ လူသားတွေ နဲ့ ကောင်းကင် အနီးဆုံး နေရာ ။

ဖန်ကျန်းရှီက ဒါကို ယုံတာ မဟုတ်ဘူး။

သရဲတွေ နဲ့ နတ်မင်းတွေ အကြောင်း ပြောတဲ့ ပုံပြင်တွေကိုလည်း သူမေ့နေခဲ့တယ်။ ဒါပေမယ့်လည်း ဒီနေ့မှာတော့ သူဟာ ရွေးချယ်စရာ မရှိပဲ ယုံကြည်ရတော့တယ်။

ရေတွေဟာ ထူးဆန်းစွာ ပြောင်းလဲ လာတာကို သူတွေ့လိုက်ရတယ်။

ဒီ ရလဒ်က သူလုပ်တာ မဟုတ်ဘူး။ သူ့ အလိုလို ပေါ်လာတာ ။ ဥပမာ အနေနဲ့ ကန်ရေပြင်ထက်က လှိုင်းကြက်ခွပ်လေးတွေဟာ ကြောက်မက်ဖွယ် လှိုင်းလုံးကြီး တွေ အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။

ရေကန်ရဲ့ အလယ်ဗဟို ဆီကို လှိုင်းလုံးတွေဟာ ဖန်ကျန်းရှီကို ဆွဲခေါ်သွားခဲ့တယ်။

 “ဘွန်း!”

ဖန်ကျန်းရှီဟာတော့ ထိတ်လန့်လွန်းလို့ တုံ့ပြန်ချိန်တောင် မရလိုက်ဘူး ။

ငြိမ်သက်နေတဲ့ ကောင်းကင်တာအို ကျောက်ဖျာကြီးက ချက်ခြင်း ဆိုသလို အင်အားပြင်းထန်သွားမယ်လို့ မထင်ခဲ့မိဘူး ။ သူ သေရတော့မှာလား။

လျှပ်စီးတွေ.

သာမန် အတိုင်း လျှပ်စီးတွေဟာ အသံနဲ့ အတူ လက်တာ ။ ဒါပေမယ့်လည်း ဒီ တစ်ခေါက် လျှပ်စီးကတော့ ထူးဆန်းတယ်။ အနက်ရောင် အက်ကွဲကြောင်း တစ်ခုနဲ့ တူပြီးတော့ ဖန်ကျန်းရှှီရဲ့ ခေါင်းပေါ်ကို တည့်တည့် ဦးတည်နေတာ လည်း ။

“ ငလူးပဲ။” ဖန်ကျန်းရှှီဟာ ဒီ မိုးကြိုးလျှပ်စီးကြောင်းကြီး ပစ်တာ မခံရခင် ဒီစကားသုံးလုံးကိုပဲ ပြောဖို့ အချိန်ရလိုက်တယ်။

“ ငါ ကောင်းကင်တာအို သုခမိန်ကျောက်ဖျာကို ဖြေရှင်းလိုက်နိုင်တာများလား။”

ဖန်ကျန်းရှှီဟာ အဆိုးမြင်တတ်တဲ့ သူ မဟုတ်ဘူး ဖြစ်တယ။် သူ အခုချိန်မှာ မမှန် ခဲ့ရင်တောင်မှ လည်း ။ အကယ်၍ သူသာ အဆိုးမြင်တတ်တဲ့သူ ဖြစ်ခဲ့ရင် မိုးကြိုးပစ်ခံရပြီး နောက်နေရာဒေသ တစ်ခုကို ရောက်သွားတာဟာ အဖြေ တစ်ခုပဲ ရှိတယ်။ သေ ခြင်း

ဒါကို လျစ်လျူရှုထားဖို့သာ သူ ဆုံးဖြတ်ခဲ့တယ်။

“ ငါတော့ သုခမိန် ဖြစ်တော့မယ်။ ”

…

ရေကန်ဘေးမှာ ရပ်နေတဲ့ ဝမ်တပေါင်းဟာတော့ ဖန်ကျန်းရှှီကို မိုးကြိုးပစ်ခံရပြီး အနက်ရောင် အက်ကွဲ ကြောင်းကြီးက စုပ်ယူတာခံလိုက်ရတာကို မြင်နေရတယ်။ ဒါပေမယ့်လည်း သူဟာ မလှုပ်ရှားခဲ့ဘူး။

ပထမ တစ်ခုက သူ နဲ့ အရမ်းဝေးလွန်းတယ်။

ဒုတိယ တစ်ခုက သူ မသေချင်ဘူး။

“ ဓားသံတမန်ကြီးရေ။” ဝမ်တပေါင်းဟာ ဒူးထောက်ရင်း လက်သီးဆုပ်ကာ အော်ငိုနေခဲ့တယ်။

သစ်တောထဲ ရောက်နေတဲ့ ပင်းယန်ဟာလည်း ဒီမြင်ကွင်းကို မြင်လိုက်ရတယ်။

သူမရဲ့ ဖန်သလင်း မျက်လုံးတွေဟာတော့ ထိတ်လန့်မှု။ ကြောက်ရွံ့မှု ။ အလွန်အမင်း ကြောက်ရွံ့မှု တွေ နဲ့ ပြည့်နှက်သွားခဲ့တယ်။ ဒီအရာတွေ အားလုံးကို မျက်စိ တမှိတ် အတွင်းမှာပဲ ကြုံတွေ့လိုက်ရတာ ။

“ အရှက်မရှိတဲ့ ခွေး ခွေးကောင်။ မသေ မသေရဘူးလေ။”

…

ညီလာခံ ခန်းမထဲမှာတော့ တိုက်ပွဲ အခြေအနေဟာ အနည်းငယ် လျော့ကျသွားခဲ့တယ်။

ရှင်းယွမ်ကောင်းဟာ တိုက်ခိုက်တာကို ရပ်ခဲ့တယ်။ ဒါပေမယ့်လည်း ခရမ်းရောင် အလင်းတန်း တွေဟာ သူ့ကိုယ် ကို ဆက်လက်လှည့်ပတ်နေခဲ့တယ်။ သူ့ကိုယ်သူ ပြန်ပြီးတော့ ပိတ်ဆို့ ထားသလို ဖြစ်နေခဲ့တယ်။

ပိုင်ရှင်းဟာတော့ ဖြူဖျော့နေခဲ့တယ်။ အကယ်၍ သူ့ကိုယ်သူ ကာကွယ်ဖို့ ငွေချည်မျှင်ကို သုံးထားတာသာ မဟုတ်ခဲ့ရင် အခုချိန်မှာ သူ အသက်ဆုံးနေလောက်ပြီ ။

စစ်နတ်ကျောင်းတော်ကို ဒီနေ့လို အခြေအနေ ရောက်ဖို့ တိုက်ပွဲ ဝိဉာဉ်နဲ့ မနည်း တည်ထောင် လာရတာ။ လူ့ အသက်ပေါင်း များစွာကို ရင်းခဲ့ရတယ်။

ကျောင်းတော် ၁၃ ခုထဲမှာ အင်အားအကြီးဆုံးေ ခါင်းဆောင် တစ်ဦး ဖြစ်ဖို့ ဘယ်လောက်တောင် ပေးဆပ်ခဲ့ရတလည်း ။ နတ်ဆိုး ကျောင်းတော်က ချီဟို့ တောင်မှ ရှင်းယွမ်ကောင်းနဲ့ ရင်ဆိုင မတိုက်ခိုက်ရဲဘူး။ မ

ရှင်းယွမ်ကောင်းက အနားယူနေပင်မယ့်လည်း တိုက်ပွဲ ဝိဉာဉ်တွေဟာတော့ ပိုင်ရှင်းကို လှိုင်းတွေ သဖွယ် တိုက်ခိုက်နေခဲ့တယ်။ ဒါဟာ ပိုင်ရှင်းကို မောပန်းပြီးတော့ အဝတ်တွေ ဆုတ်ပြဲ တဲ့ ထိ ဖြစ်စေခဲ့တယ်။ ပိုင်ရှင်း ရဲ့ လက်မောင်းမှာတင် ဒဏ်ရာ ငါးခုထက် မနည်း ရှိနေခဲ့ပြီးတော့ တစ်ခု ချင်းစီဟာ အတော် နက်ရှိုင်းလှတယ်။

အဆိုးဆုံးကတော့ နောက်ကျောက ဒဏ်ရာပဲ ။

အဲ့ဒီ့ ဒဏ်ရာဟာ သူ့ရဲ့ ကိုယ်တွင်း အင်္ဂါတွေကို ပါ ဒဏ်ရာ ရနေစေခဲ့တယ်။ ထိချက် ပြင်းပြင်းတစ်ချက်ဟာ ကျောဘက် ဒဏ်ရာ အတွင်းဘက်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့တယ်။

ဝတ်ရုံနက် လူ ကိုးဦးဟာလည်း အတော်လေးကို ပင်ပန်း နေပြီ ။

သူတို့ အားလုံးဟာ သဘာဝလွန် အဆင့် ကျင့်ကြံသူတွေ ဖြစ်တဲ့ အတွက် ဒဏ်ရာတိုင်းကို လျင်လျင်မြန်မြန် ကုသနိုင်တယ်။ ဒါပေမယ့်လည်း လိုအပ်တဲ့ စွမ်းအင် ပမာဏနဲ့ အချိန်ကော အားထုတ်မှုပါ လုံလောက် မျှတဖို့ လိုအပ်တယ်။

သူတို့ ကိုးဦးလုံးဟာ ဆုံးဖြတ်ချက် တစ်ခုကို ချပြီး တိုက်ခိုက်တည်းက သူတို့ရဲ့ နတ်ဆိုး မျက်လုံးဟာလည်း အနက်ရောင်ကို ပြောင်းလဲသွားခဲ့ြ့ီ ။

သူတို့ရဲ့ အင်အား အကုန်လုံးကို နတ်ဆိုး မျက်လုံးမှာ စုစည်းလိုက်ပြီးတော့ မလှပတဲ့ အဆုံးသတ် တစ်ခု အတွက် တိုက်ခိုက်နေကြတာ ။

တကယ်တမ်းမှာတော့ မျက်နှာဖုံး နက် စစ်သည် ၂၀၀ပေါ်လာချိန်တည်းက အခန်းထဲက လူတိုင်း ရဲ့ ကံကြမ္မာ ဟာ ဆုံးဖြတ်ပြီးသား ။

ညီလာခံ ခန်းမက အဆုံးမဲ့လောကက နေ ထွက်ဖို့ နောက်ဆုံး နည်းလမ်း ။ အဆုံးမဲ့ လောကက ညီလာခံ ခန်းမကို မသက်ရောက်သရွေ့ သူတို့မှာ ထွက်ခွာဖို့ လမ်းရှိတယ်။

ပထမ အစီအစဉ်ဟာ သားရဲကောင်တပ် ကို အသုံးချပြီးတော့ နတ်ဆိုး ကျောင်းတော်ကို ဖျက်ဆီးဖို့ ဖြစ်ခဲ့တယ်။ မ

ပိုင်ရှင်းက အဆုံးမဲ့ လောက ရဲ့ အင်အားကို ညီလာခံ ခန်းမထဲကို ပြောင်းလဲ စုပ်ယူလိုက်တဲ့ အတွက် မျက်နှာဖုံးနက်တွေဟာ ပေါ်လာခဲ့တာ ။ ဒါဟာ တပ်နီတော် တောင်ဖြို တပ်ဖွဲ့ တွေကို နတ်ဆိုး တွေနဲ့ အတူ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း ကို ကိုယ်စားပြုတယ်။

ဒါဟာ လွတ်မြောက်ဖို့ တစ်ခု တည်းသော လမ်းကို ပိတ်ဆို့လိုက်တာနဲ့လည်း တူတယ်။

လူတိုင်း သေရမယ်။

ထွက်စရာ လမ်း မရှိဘူး ဆိုတည်း က သူတို့ တွေဟာ အသေခံ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တာ ။

“ဦးလေးရှင်း။” အလင်းတန်း တစ်ခုဟာ ရှင်းယွမ်ကောင်းရဲ့ ဘေးမှာ ပေါ်လာခဲ့တယ်။

“ ကူယန် ။ သမီးဒီမှာ ဘာလုပ်နေတာပဲ။ ငါတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက်က ကောင်းကင် တာအို သုခမိန် ကျောက်ဖျာကို သမီး ဖြေရှင်းနိုင်ဖို့ပဲ။ သမီး မြန်မြန် ပြန်ထွက်။”

“ဦးလေးရှင်း။ ဦးလေး တွေးနေတာကို ကူယန်သိတယ်။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာကို ကူယန်တို့ကို ရှာခိုင်းပြီး ဦးလေးက အသေခံမှာ။” မ

ပိုင်ရှင်းနဲ့ ယှဉ်ရင် ရှင်းယွမ်ကောင်းက ပိုပြီး သန်မာဟန် ထင်ရတယ်။ ဒါပေမယ့်လည်း သူဟာ များပြားလှတဲ့ ဒဏ်ရာတွေကို ရထားတာ ။ ပိုင်ရှင်းရဲ့ တိုက်ခိုက်မှု နည်းလမ်းတွေဟာ ထူးဆန်းပြီးတော့ မခန့်မှန်း နိုင်လောက်အောင် ပြင်းထန်တယ်။

ရှင်းယွမ်ကောင်း အတွက် အကုန်လုံးကို ရှောင်ရှားဖို့ရာ မဖြစ်နိုင်ဘူး။ ဒဏ်ရာတစ်ခုချင်းစီစာ သေးငယ်ပေမယ့်လည်း အရိုးတိုင်အောင် ထိခိုက်နေတာ ။

“ ….” ရှင်းယွမ်ကောင်ဟာ တိတ်ဆိတ်နေတော့တယ်။ တိတ်ဆိတ်မှုဟာ သူ့ရဲ့ သဘောတူညီချက်ပဲ ။

“ ဒါပေမယ့်လည်း ကိုယ့်သေတွင်း ကိုယ်တူးပြီးတော့ တိုက်ခိုက်တာကိုတော့ မကြည့်နိုင်ဘူး။ နောက်ပြီးတော့ ကောင်းကင်တာအို ကျောက်ဖျာကို ဖြေရှင်းဖို့လည်း ဦးလေး မတတ်နိုင်ဘူး။”

“ကြီးမြတ်သော ရှမင်းဆက်ရဲ့ အနာဂတ်က ဒီမှာ ရှိလို့ မရဘူး။ ”

“ အကယ်၍ အဲ့တာ က ကူယန် မဟုတ်ခဲ့ရင်ကော။”

“ ကူယန် ။ မမိုက်မဲ စမ်းပါနဲ့။ သမီးပြောတာကို ဦးလေး နားလည်တယ်။ ဒါက သမီး ဆုံးဖြတ်ရမှာ မဟုတ်ဘူး။ ကောင်းကင်ရဲ့ ဆန္ဒပဲ။ အကယ် ၍ သမီးမှာသာ ဒီလို အတွေးမျိုး ရှိနေရင် ကောင်းကင် ဆန္ဒကို ဆန့်ကျင်သလို ဖြစ်နေမယ်။ သမီးက လူသား အနာဂတ်နဲ့ ကြီးမြတ်သော ရှမင်းဆက် အနာဂတ် အတွက် မျှော်လင့်ချက်ပဲ။”

“ဦးလေး ရှင်း”

“ တော်သင့်ပြီ။ ကောင်းကင်တာအို ခန်းမမှာ ဖြစ်တာကို ဦးလေး သိတယ်။ တောင်အောက်ကို ဆင်းလာတဲ့ အကြောင်းရင်းကိုလည်း သိတယ်။ သမီးရဲ့ အင်အား ပြင်းထန်တဲ့ အင်အားတွေကို ဦးလေး မသေချင် မြင်သွားရအောင် မလုပ်ပါနဲ့။”

“ တူမလေး။ အမိန့်ကို နာခံပါတယ်။” ချီကူယန်ဟာ ခေါင်းငြိမ့်လိုက်တယ်။ နတ်ဆိုး ကျောင်းတော် နဲ့ စစ်နတ်ကျောင်းတော်တို့က ကျောင်းတော် ၁၃ ခုထဲမှာ အနီးကပ်ဆုံ ။

ဒါဟာ လူတိုင်းသိတဲ့ အရာလည်း ။

ဒါပေမယ့်လည်း သူတို့ ဟာ အလွန်ခင်မင်ရင်းနှီးကြပေမယ့်လည်း ကျောင်းတော်နှစ်ခု ကြားမှာ လက်ဆက်မှု တော့ တစ်ခါမှ မရှိခဲ့ဘူး ။

ဘာကြောင့်လည်း ဆိုတာကို ဘယ်သူမှ မသိခဲ့ကြ။

အမှန်တရားကတော့ လက်ဆက်မှု မရှိပဲနဲ့တောင်မှ ကျောင်းတော် နှစ်ခုရဲ့ ခင်မင်ရင်းနှီးမှုဟာ နက်ရှိုင်းလှပြီးတော့ တစ်ဦးကို တစ်ဦး ဒုက္ခမပေးတာ သေချာတာကြောင့်ပဲ ။

…

မြောက်ရွာရဲ့ ရွာကွင်းပြင်မှာတော့

လူ လေးဦးဟာ ရွာထဲကို ဒုန်းစိုင်း နင်လာခဲ့တယ်။ ဦးဆောင်သူရဲ့ မျက်နှာဟာ့တော့ မီးသွေး သဖွယ် နက်မှောင်နေခဲ့တယ်။

“ စစ်သူကြီး ။ကြည့်ရတာ ကျွန်တော်တို့ကို စောင့်နေပုံပဲ။”

“ အင်း ။ကြည့်ရတာ ငါတို့ အလုပ်က လွယ်လွယ် ပြီးမယ့် ပုံပဲ။”

“ မင်းပြော ။ စစ်သည် ၂ ဦးကို သတ်တာက အရေးကြီးတဲ့ ပြစ်မှုလား။”

“ ဒါက။”

“ အမှန်အတိုင်းပြော၊”

“ ဟုတ်။ စစ်သည် ၂ ဦးကို သတ်တာက အတင့်ရဲ လွန်းတဲ့ လုပ်ဆောင်ချက်ပဲ။ ဒါပေမယ့်လည်း ငါ့ရဲ့ အတွေ့ အကြုံတွေ အရဆိုရင် ဒီ စစ်သည်တွေက စစ်တပ်က ထောက်ပံ့ကြေးတွေကို ရွာတွေဆီ တစ်ခါမ မပေးဘူး။ ရွာသားတွေ ဆီက စားစရာနဲ့ အရက်တွေကိုလည်း အလကား စားတယ်။ ဖန်ကျန်းရှှီ ရဲ့ လုပ်ဆောင်ချက်တွေက ဥပဒေ ဘောင်ထဲမှာ မရှိဘူး။ ဖန်ကျန်းရှိကလည်း စစ်တပ်က မဟုတ် ဘူး။ ဒါကြောင့် ။ ”

“ အကယ်၍ စစ်သည်တွေကသာ ဖန်ကျန်းရှီ မိဘတွေကို စော်ကား မော်ကားလုပ်ခဲ့ရင်ကော ။”

“ ဥပဒေ အရ သေဒဏ် ပေးရမယ်။”

“ မင်း ဒါကို သိတာ ကောင်းတယ်။ ငါ က ဖန်ကျန်းရှီနဲ့ ပြဿနာ မရှိဘူး။ ဘယ်လို နေနေ သေရမယ့် အသုံးမကျတဲ့ ခွေး နှစ်ကောင် အတွက်နဲ့ ဖန်ကျန်းရှီ နဲ့ ပြဿနာ ဖြစ်ရမှာလည်း ”

“ နားလည်ပါပြီ။”

“ အကယ်၍ ငါ့ရဲ့ ခန့်မှန်းမှု သာ မှန်ရင် ဖန်ကျန်းရှီက ပုန်းနေလောက်ြ့ပီ။”

“ ရွာကို ဝင်ရှာမလား။”

“ ငါသာ ရှာချင်ရင် မင်းတို့ သုံးယောက်ကိုပဲ ခေါ်လာမလား။”

“ ဆရာ ..”

“ သူ ပုန်းလို့ ရတယ်။ ဒါပေမယ့်လည်း ဒီမှာ ပုန်းလို့ မရတဲ့ သူတော့ ရှိတယ်။” စစ်သူကြီးဟာ ကျန်းယန်ဖိန်ကိုကြည့်ရင်းပြောလိုက်တယ်။

သူဟာ ကျန်းယန်ဖိန် နောက်က ဖန်ဟို့ဒဲ နဲ့ ချီရှှုင်းလိန်ကို ညွှန်ပြလိုက်တယ်။

“ ဖန်ကျန်းရှီ။ မင်းက အပြစ် မပြု သင့်တဲ့ သူကို လာ ရန်စတဲ့ မင်းကိုမင်းသာ အပြစ်တင်တော့ အခုတော့ မင်းရဲ့ တောက်ပတဲ့ အနာဂတ်လည်း ပျက်ဆီးပြီ မှတ်ပေတော့ ။”

စစ်သူကြီးဟာ မြို့တော် ဘက်ကို လှမ်းကြည့်ရင်းနဲ့ သူ့ရဲ့ လက်ထဲမှာတော့ စစ်တပ် အမိန့်ပြားကို တင်းတင်း ဆုပ်ထားခဲ့တယ်။ သူ့ ရဲ့ အမူအယာ ဟာတော့ အေးစက်နေခဲ့တယ်။

မနက်ခင်း လေနုအေး ဟာတော့ သစ်ပင်တွေက သစ်ကိုင်းခြောက်တွေကို မြေပြင်ဆီတိုက်ချနေတော့တယ်။

ကျန်းယန်ဖိန်ဟာတော့ ရွာကွင်းပြင်မှာ တိတ်ဆိတ်စွာရပ်နေရင်းနဲ့ လူ လေးဦးကို ကြည့်ရင်း သက်ပြင်းချနေမိတယ်။

သူ ဟာ နှစ်ပေါင်းများစွာ ကြာအောင် အမဲလိုက်ခဲ့တာ ။

လူတွေရဲ့ မျက်နှာရိပ် မျက်နှာကဲကို မဖတ်တတ်ပေမယ့်လည်း လူသတ်ငွေ့တွေကိုတော့ ကောင်းကောင်းသိတယ်။ သားရဲကောင်တွေ နဲ့ ထိတွေ့နေရတဲ့ သူ့ အတွက်တော့ ဒီ ခံစားချက်ဟာ မစိမ်းသက်ဘူး ။

လူလေး ဦးဆီကနေ ဒီ အငွေ့အသက်တွေ ရနေခဲ့တယ်။

လေးဦးသာရှိပေမယ့်လည်း ကြောက်စရာ ကောင်းလှတယ်။ သူတို့ ဘာလုပ်မလဲ ဘယ်သူမ သိနိုင် ဘူး။

…

အပိုင်း (၂၅၁) ပြီး၏။

အပိုင်း (၂၅၂)

“ ကြီးထွားမှု နဲ့ ရှင်သန်မှု ”

ဖန်ကျန်းရှီဟာ တောင်တွေနဲ့ မြစ်တွေကို အပေါ်စီးကနေ ကြည့်နေရတယ်လို့ အိမ်မက်မက်နေတာ ။ အဲ့ဒီ့နောက် သူဟာ လေထုတွေကို ထွင်းဖောက်ရင်း လှပတဲ့ ရှုခင်းတွေကို ဖြတ်သန်းလာခဲ့ရတယ်။

အခုချိန်မှာတော့ ။

သူ့ရဲ့ အိမ်မက်က အမှန်တကယ် ဖြစ်နေပုံပဲ။

အောက်ကို ငုံ့ကြည့်လိုက်ချိန်မှာတော့ စိမ်းစိုတဲ့ သစ်တောတွေကို မြင်လိုက်ရတယ်။ သစ်ပင်တွေ ကျောက်တုံး ကြီးတွေ သားရဲကောင်တွေ ပြည့်နေတဲ့ သစ်တောကြီးကို မြင်လိုက်ရတယ်။

တောင်ကြား လျှိုမြောင်ကိုလည်း မြင်လိုက်ရတယ်။

တစ်ချက်ကြည့်ရုံနဲ့ နေရာတိုင်းကို မြင်နေရတဲ့ အကြောင်း သူ တကယ်ပဲ မယုံနိုင်သေးဘူး။ ဒါပေမယ့် အရာရာတိုင်းကို သူခံစားမိနေတယ်။

ပွင့်ဖူးနေတဲ့ ပန်းမာန်တွေ ။ သစ်တောတွေနဲ့ သားရဲကောင်တွေ အကုန်လုံးကို ။

“ ကန်လင်းတောင် လား။”

ဒါက ကန်လင်း တောင်မှန်း သူ ကောင်းကောင်းသိတယ်။ အပေါ် စီးကနေ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေမယ့်လည်း မြေမျက်နှာ သွင်ပြင်ကိုတော့ သူ ကောင်းကောင်း မှတ်မိတယ်။

နောက်ပြီးတော့ အရာအားလုံးကို သူ တစ်ခါမှ မခံ စားဖူးသလို ခံစားနေရတာလဲ ။ သူ့ ရဲ့ အောက်မှာ ရှိနေတဲ့ သက်ရှိတိုင်းကို ထပ်တူထပ်မျှ သိရှိခံစားနေရတယ်။

တကယ်ကို ထူးဆန်းလွန်းတယ် အရာအားလုံးက မူလပြန်သွားသလိုပဲ။

သူ့ရဲ့ ရင်ထဲမှာ ဗလာကျင်းနေခဲ့တယ်။

ဖန်ကျန်းရှီဟာ ဝိဉာဉ် လွင့်နေတာ။ သူ့ မျက်လုံးတွေကို တောင် မှ သူ မယုံနိုင်ဘူး။ တကယ်ပဲ သုခမိန် ဖြစ်တော့မှာလား။ ပြင်တောင် မပြင်ဆင်ရသေးဘူး လေ။ အရမ်း မမြန် လွန်းဘူးလား။

သူ ဒါကို တွေးနေချိန်မှာပဲ မျက်လုံ းတစ်စုံကို မြင်လိုက်ရတယ်။

ရီဝေနေတဲ့ မျက်လုံ းတစ်စုံ အိမ်မှုန် စုံမွှားထလာသလိုမျိုး ။ ဒါပေမယ့်လည်း ဒီမျက်လုံးတွေဟာ ဖန်ကျန်းရှီကို စူးစိုက်ကြည့်နေခဲ့တယ်။

ဖန်ကျန်းရှီဟာ အန္တရာယ်ကို ခံစားလိုက်တယ်။ သူ့ရဲ့ နှလုံးသား တစ်ခုလုံးဟာ ပျောက်ဆုံး သွားသလိုမျိုး ရင်ထဲမှာ ကြောက်ရွံ့မှု ဟာ ပထမဆုံး ပေါ်လာခဲ့တယ်။

ဒီ ရွှေရောင် မျက်လုံးတွေက သူ့ကို ကြည့်ရင်း တစ်ခုခု ပြောနေသလို ခံစားလိုက်ရတယ်။

 “ခဘွန်း!”

အသံကျယ်ကြီး ဟာ ပေါ်ထွက်လာပြီးတော့ တောင်တစ်ခုလုံးကို လှုပ်ခတ်သွားစေတယ်။

ကြီးမားလှတဲ့ ပုံရိပ်ကြီးဟာ ပေါ်ထွက်လာတော့တယ်။ ကြီးမားလွန်းလို့ ဘာပုံလည်း ဆိုတာ သူမသိနိုင်ဘူး ။ ကြီးမားလွန်းလှတဲ့ အနက်ရောင်မျက်နှာပြင်ကြီးနဲက တူညီလှတယ်။

မြင်နိုင်တဲ့ တစ်ခုတည်းသော အရာဟာတော့ ရွှေရောင် မျက်လုံး တစ်စုံပဲ ။ ခပ်ဖျော့ဖျော့ တောက်ပနေတဲ့ အရောင် ဟာ သံချပ်ကာရဲ့ ရောင်ပြန် ဟပ်မှု နဲ့ တူညီလှယတ။်

“ ငလူးပဲ။ နောက်တစ်ခါလား။”

ဖန်ကျန်းရှီ ရဲ့ သည်းခံနိုင်စွမ်းဟာတော့ ကုန်ဆုံးသွားတော့တယ်။ ငါကို မိုးကြိုးနဲ့ ဘယ်နှစ်ခါတောင် ပြစ်နေမှာလဲ။

ငါ့ကိုငါ သုခမိန်ဖြစ်ပြီ ထင်နေတာလေ။

သက်ရှိတွေ အကုန်လုံးက င့ါ အာရုံထဲမှာ လည်ပတ်နေတာကို

မိုးကြိုးနဲ့ ၂ ခါ ပစ်ချ စရာ လိုလို့လား။

ဖန်ကျန်းရှီဟာ ကျိန်ဆဲမလို့ ပြင်ပြီးတော့ တော့မှာ သူ့ စကားတွေကို ပြန်မျိုချလိုက်ရတယ်။ သူ့ ကိုယ်ဟာ လေထုကို နောက်တစ်ကြိမ်ခံစားနေရတယ်။ ဒါပေမယ့်လည်း ဒီ တစ်ကြိမ်မှာတော့ သူ့ကို ထောက်ပံ့ထားတာ မရှိတော့ဘူး။

မြေဆွဲကအားက သူ့ကို ဆွဲချနေပြီ။

“အောက်မှာ ရေကန်မရှိဘူး။”

ဖန်ကျန်းရှှီ ဟာ ဘာတွေ ဖြစ်နေလဲ တွေးနေမိတယ်။ ဒါပေမယ့်လည်း အောက်ဘက်မှာ ရေကန်လည်း မရှိ တောင်လည်း မရှိ

 “ဘွန်း!”

…

ပုံမှန် အတိုင်းဆိုရင် ဒီလောက် အမြင့်ကနေ ပြုတ်ကျတာဟာ အနည်းဆုံးတော့ ခြေလက်တွေ ကျိုးနိုင်တယ်။

ဒါပေမယ့်လည်း အခုကတော့ သာမာန် အဖြစ်မဟုတ်ဘူး။

“ လူလိမ်၊“ ဖန်ကျန်းရှှီဟာ သူ့ တင်ပါးကို ခါလိုက်ရင်း မတ်တပ်ထရပ်လိုက်တယ်။ သူဟာ ဒေါသပေါက်ကွဲနေတာ ။

လေထုထဲမှာ လွင့်မျော နေချိန်တုန်းက တောင်တွေနဲက မြစ်တွေကို သူ မြင်ခဲ့ရတယ်။ ဒါပေမယ့်လည်း မျက်စိ ဖွင့်လိုက်ချိန်မှာတော့ တူညီတဲ့နေရာမှာ ပြန်ရောက်နေပြန်ရော။

ဘယ်သူက ဒါကို လက်ခံနိုင်မှာလဲ။

လူသားတွေ ကြားက ယုံကြည်မှု ကတော့ ဘယ်ရောက်နေလဲ။

“ငါက ငါ တိုးတက်သွားပြီ မှတ်နေတာ။ ” ဖန်ကျန်းရှှီဟာ ဒီလွင့်မျောနေတဲ့ အချိန်မှာတုန်းက ထူးခြားတဲ့ ဆက်သွယ်မှုကို သတိထားခဲ့မိတယ်။ ထူးဆန်းလွန်းတဲ့ ခံစားချက်ပဲ ။ တစ်ခုခုကို ထိတွေ့နေရသလို မျိုး ။

ဒါပေမယ့်လည်း သူ ပြုတ်ကျလာချိန် တည်းက သူ ခံစားရတဲ့ တစ်ခုတည်းသော အရာက နာကျင်မှု ဖြစ်နေတယ်။ ဒါကြောင့် ဆက်သွယ်မှု အကြောင်းကို လုံး၀ မေ့လျော့သွားခဲ့တယ်။

“ အိုး”

ဖန်ကျန်းရှီဟာ သေးငယ်တဲ့ ကျောက်တုံး အိမ်လေး တစ်ခုကို မြင်လိုက်ရတယ်။ ဒီမှာ လာဆောက်ထားလို့ မဟုတ်ဘူး။ သူ တစ်ခါမှ မမြင်ဖူးတာ ဖြစ်နေလို့ပဲ။

ကျောက်တုံး အိမ်လေး ။

တောင်တွေထဲမှာ ဆောက်နေကြ အိမ်လေးပဲ။

တောင်ခြေရွာတွေ အားလုံးမှာ အမဲလိုက် အုပ်စုတွေ ရှိတယ်။ ဒါကြောင့် ကျောက်တုံးအိမ်တွေ ရှိတာကလည်း ပုံမှန်ပဲ။

အမဲလိုက်သမားတွေ အတွက် နားခိုရာလည်း ။ မိုး။ နှင်း လေ အကုန်လုံတဲ့ အိမ်လေးတွေ။

ပုံမှန်အတိုင်း ဆိုရင် ရွာတစ်ရွာစီက သူတို့ ကိုယ်ပိုင် ဆောက်ထားတာတွေကိုပဲ သုံးကြတာ။ သူများရဲ့ ကျောက်တုံး အိမ်ကို မဖြစ်မနေ အခြေအနေမှပဲ ဝင်ကြတာ လည်း ။

ဒါက ရွာတွေ ကြားက နားလည်မှုပဲ .။

ဒါပေမယ့်လည်း ဒီအချိန်ကတော့ ဒီလို နားလည်မှု လုပ်ရမယ့် အချိန်မဟုတ်မှန်း သူ ကောင်းကောင်းသိတယ်။ ဖန်ကျန်းရှီက ရေကန်က ခွာလာပြီးတာတောင်မှာ သူ ဟာ အဆုံးမဲ့ လောကမှာ ရှိနေဆဲ ။

ကန်လင်းတောင် တစ်ခုလုံလးည်း အဆုံးမဲ့ လောကထဲမှာရောက်နေဆဲပဲ။

ဒီလို အခြေအနေမှာ ကန်လင်းတောင် က အရေးပါတယ်။

“ ငါ အဆုံးမဲ့ လောကက ထွက်လာပြီလား။”

“ဒါမှမဟုတ် တခြားနေရာကို ရောက်နေတာလား။”

ဖန်ကျန်းရှီဟာ သူ ရောက်နေတဲ့ နေရာကိုတော့ မသေချာဘူး ။ ဒါကြောင့် လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။

“ အထဲမှာ တစ်ယောက်ယောက်ရှိလား။”

“ စကားပြောလို့ မရလည်း အသံသာ ပြုလိုက်ပါ။”

ဖန်ကျန်းရှီဟာ ယဉ်ယဉ်ကျေးကျေး ပြောနေခဲ့တယ်။ ဒီလို အိမ်တွေထဲမှာ ဆိုရင် တစ်ချို့ ရွာသားတွေက ပြောမကောင်းတဲ့ အရာတွေ လုပ်နေတာမျိုးရှိတတ်တယ်။ ဥပမာ ချစ်တင်းနှောနေတာမျိုး။ ကလူ ကျီစယ်နေတာမျိုးတွေ ။

တောင်ထဲက ကျောက်တုံးအိမ် က ဒီလို ကိစ္စမျိုးတွေ လုပ်ဖို့ အကောင်းဆုံး။ ဒါကို ကောင်းးကောင်းသိတဲ့ ဖန်ကျန်းရှီကတော့ မျက်စိ ရှက်ဖွယ် မြင်ကွင်းတွေကို ကာကွယ်ဖို့ အတွက် သူရှိနေကြောင်း အရင်ပြောဖို့ ဆုံးဖြတ်လိုက်တယ်။ ပြန်ဖြေသံ ပြန်မလာတာကြောင့် တံခါးကို တွန်းပြီးတော့ ဝင်သွားလိုက်တော့်တယ်။

တံခါးကို တွန်းဖွင့်ချိန်မှာတော့ တံခါ်းဟာ ပိတ်ထားတာကို သိလိုက်ရတယ်။

“ တစ်ယောက်ယောက်များ အထဲမှာ ရှိနေတာလား။” တစ်ယောက်ယောက်ရှိနေတာတော့ သေချာတယ် ။ မဟုတ်ရင် ဘာလို့ တံခါးကို ပိတ်ထားမှာလဲ။

ဒါပေမယ့်လည်း ရှိနေရဲ့သားနဲ့ ဘာလို့ပြန်မထူးကြတာလဲ။ ပြောမကောင်းတဲ့ ကိစ္စတွေ လုပ်နေကြတာလား။ ဒါကလည်း မဖြစ်နိုင်ဘူး။ အကယ်၍ အဆုံးမဲ့ လောကထဲမှာသာ ဆက်ရှိနေသေးရင် ဘာလို့များ တခြားသူက ရောက်လာမှာလဲ။ ဖန်ကျန်းရှီဟာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့တယ်။ အထဲက သူတွေ အဝတ်အစားလေး ဘာလေး ဝတ်ဖို့ အချိန်ရအောင် စောင့်ပေးနော ။

“ မင်းထွက်မလာရင် ငါ ဝင်လာပြီ။”

“ အိုက်ယား။ ငါ တကယ်ပဲ ဝင်မလာဘူး ထင်လို့လား။”

“ ဘွန်း” အသံကျယ်ကြီးဟာ ထွက်ပေါ်လာတော့တယ်။

ဖန်ကျန်းရှီက ပစ္စည်းတွေ ပျက်စီးတာကို သိပ်ဂရုမစိုက်ပါဘူး။ သစ်သား တံခါးကို ကန်ပြီးတော့ ဝင်လာခဲ့တယ်။

“ အိုးး။” ဖန်းကျန်းရှီ ရဲ့ မျက်လုံးတွေ ဟာ ကျောက်တုံး အိမ် တစ်ခုလုံး ရှင်းနေတာကို မြင်တော့ အရောင်လက်သွားခဲ့တယ်။

နောက်ပြီးတော့ အိမ်က အတော်လေး သန့်ရှင်းနေခဲ့တယ်။ အိပ်ယာလေး တစ်ခုနဲ့ ခုံနည်းနည်း ပဲ ရှိတာ။ ဒါတွေက အရေးမကြီးပါဘူး။

အရေးအကြီးဆုံးကတော့ မဟူရာ ပလ္လင်ပေါ်က ကျောက်တုံး လေးပဲ ။

ငွေရောင် အလင်းတန်းတွေ တောက်နေတဲ့ ကျောက်မျက်ရတနာဟာတော့ ယဇ်ပလ္လင်ရဲ့ အလယ်မှာရှိနေခဲ့တယ်။

“ ဘယ်လို ရတနာမျိုးလဲ ” ဖန်ကျန်းရှီဟာ ကျောက်တုံးအိမ်ထဲကို ဝင်လာချိန်မှာ ဒီလို အဖိုးတန် ရတနာမျိုးကို တွေ့ရမယ်လို့ မထင်ထားဘူး ။

ဒါက ဘာလဲ ဆိုတာ သူမသိဘူး။ ဒါပေမယ့်လည်း သူ့ ပုံစံ အရ ရောင်းလိုက်ရင် ငွေသား ထောင်ချီတန်မှာတော့ သေချာတယ်။

“ ကြည့်ရတာတော့ မိုးနတ်မင်းကြီးက ငါ့ကို ကြွယ်ဝမှုကနေ မကယ်တင်နိုင်တော့ ဘူး ထင်ပါတယ်။” ဖန်ကျန်းရှီဟာ သူပြုတ်ကျလာတဲ့ အကြောင်းရင်းကို မေ့နေပြီ ။ ပလ္လင်ပေါ်က ကျောက်မျက်ကို လက်လှမ်းလိုက်ချိန်မှာတော့ ကျောက်စိမ်းလို နွေးထွေးမှုကို ခံစားလိုက်ရတယ်။

ဒါပေမယ့်လည်း

ရတနာက လေး တယ်။ လေးလွန်းလို့ ဖန်ကျန်းရှှီတောင် မမနိုင်ဘူး ။ ပလ္လင်ပေါ်မှာ ပိတ်ထားခံရသလို ကီလို တစ်ထောင်လောက်ကို လေးနေတာပဲ။ မ

“ ဒါက ဘာကြီးလဲ။ ဘာလို့ဒီလောက်တောင်မှ လေးနေတာလဲ။ ” ဖန်ကျန်းရှီလည်း မျက်လုံးပြူးသွားတော့တယ်။ လက်တဝါးစာလောက်ရှိတဲ့ ကျောက်တုံးလေးက တောင်တစ်ခုလုံးစာလေးနေတာလား။ ဖန်ကျန်းရှီဟာ တတ်နိုင်သလောက် ကြိုးစားရင်း အားစိုက်နေခဲ့တယ်။

ကန်လင်းတောင်ရဲ့ ဆယ်မိုင်ပတ်လည် အတွင်းမှာ ဖန်ကျန်းရှီက အသန်မာဆုံးသူပဲ။ ကျောက်တုံးလေး တစ်တုံးကိုတောင် မမနိုင်ရင် သူ ဘယ်လို မျက်နှာ ပြရမလဲ။

ဖန်ကျန်းရှီဟာ ဒေါသ ထွက်စ ပြုလာတော့တယ်။

ပိုပြီးတော့အရေးတာကတော့ သူ့ရဲ့ အားအင်တွေဟာ ကျောက်မျက်ပေါ် မသက်ရောက်သလို ဖြစ်နေခဲ့တယ်။ သူ့အဖြစ်ဟာတော့ အဝတ်မဲ့ မိန်းမလှလေးကို အိပ်ယာထက်မှ တွေ့ရပေမယ့် ဘာမှ လုပ်မရတဲ့ သူလိုပဲ ဖြစ်နေခဲ့တယ်။

ဒါကို သူ လက်မခံ နိုင်ဘူး။

ဖန်ကျန်းရှီကလည်း တခြား နည်းလမ်း စဉ်းစား မရတာကြောင့် လှည့်ပတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

အသေးစိတ်သေချာကြည့်ပြီးနောက်။ ကျောက်မျက်ဒီလောက်တောင် လေးနေရတာ လှည့်ကွက် တစ်ခုခု ရှိမယ်လို့ သူထင်နေတယ်။

အကယ်၍ ကျောက်မျက်ထဲမှာသာ အရိပ်မြွက်ကို မရှာနိုင်ရင် ပလ္လင်က အကောင်းဆုံး လောင်းကြေးပဲ။

ဖန်ကျန်းရှီဟာ တစ်ပတ်ပတ်ပြီး နောက်မှာတော့ စိတ်ပျက်သွာေးတာ့တယ်။ ဒီမှာ ရှိသမျှ အရာအားလုံးကိုကြည့်ပြီးတာတောင်မှ ဘာတစ်မှ နားမလည်သေးဘူး။

ဒါက တကယ်ပဲ ကျောက်မျက်လား ။

ဖန်ကျန်းရှီဟာ ကျောက်မျက်ကို စူးစမ်းတော့တယ်။

စာလုံးတွေ ရုပ်ပုံတွေနဲ့ ရှေးသင်္ကေတတွေ ဘာမှ မရှိဘူး။ အစင်းကြောင်းလေးတွေကလည်း သေးငယ်လွန်းတယ်။

“ ဒါက ဘာကြီးလဲ။” ဖန်ကျန်းရှီဟာ စိတ်မရှည် ဖြစ်လာတော့တယ်။ ဒီကိစ္စမှာတော့ ခေါင်းချင်းဆိုင်ဖို့ လိုလာပြီ။

ဖန်ကျန်းရှီ ရဲ့ နည်းလမ်းက ရိုးရှင်းပါတယ်။ ဒါက ကောင်းကင်ဘုံရဲ့ လက်ဆောင်သာ ဖြစ်မယ်ဆိုရင် ဖန်ကျန်းရှီ လုပ်လိုတဲ့ အတွေးက ရိုးရှှုင်းပါတယ်။ ကျောက်တုံး က ဘယ်လောက် လေးလေး ဆွဲချပြီးတော့ နှလုံးကာ မှန်ထဲ ထည့်မယ်။

တော်တော်လေး ကြိုးစားပြီးတဲ့နောက်မှာတော့ တစ်ခေါက်ထက် တစ်ခေါက် ပိုပြီး သိမ်းရတာ အဆင်ပြေလာတယ်။

ဒါပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ။

မလွယ်ကူဘူး။

“ခဘွန်း!” ကျယ်လောင်တဲ့ ပဲ့တင့်သံ ဟာ ထွက်လာတော့တယ်။ ဖန်ကျန်းရှီ ရဲ့ အားစိုက်မှုကို တုံ့ပြန်ဟန်နဲ့ ကျောက်တုံးကနေ အော်သံ ထွက်လာတာ ။

“ အိုက်ယား ။ ငါ မင်းကို မနိုင်တော့ဘူး။” ဖန်ကျန်းရှီဟာ ထူးဆန်းတဲ့ အရာ အားလုံးကို လျစ်လျူရှုပြီးတော့ ကြိုးစားတော့တယ်။

“ခဘွန်း!”ပေါက်ကွဲသံ ထွက်လာပြန်တယ်။

တတိယ တစ်ကြိမ်။

စတုတ္ဆတစ်ကြိမ်။

ပဉ္စမအကြိမ်။

…

ဖန်ကျန်းရှီက တရားနည်းလမ်း ကျတဲ့ သူ တစ်ယောက်။ သူ့မှာ အမြဲတမ်း ဖြေရှင်းဖို့ နည်းလမ်းတွေ အပြည့်ရှိနေတတ်ယ။် ဒါကြောင့် သူဟာ နည်းလမ်း အမျိုုးမျိုးနဲ့ ကြိုးစားကြည့်ခဲ့တယ်။ ၉ ကြိမ်မြောက် ကြိုး စားမှုမှာတော့ ကျောက်တုံးဟာ လှုပ်ရှားလာတော့တယ်။

“ ဟွန်”

ငွေရောင်ကျောက်တုံးဟာ တစ်စုံတစ်ယောက်ရဲ့ တွန်းအားပေးမှုကို ခံရတာကြောင့် ပိုမိုတောက်ပလာခဲ့တယ်။

ဒီအချိန်မှာတော့ ဖန်ကျန်းရှှီရဲ့ စိတ်ထဲမှာ ထူး ခြးတဲ့ ခံစားချက် တစ်ချို့ ဖြစ်ပေါ်လာတယ်။

နောက်တစ်ကြိမ် ဆွဲဖို့ ပြင်လိုက်ချိန်မှာပဲ။ငွေရောင် အလင်းတန်းတွေဟာ မှိန်ဖျော့ပြီးတော့ ပျောက်ကွယ်သွားတော့တယ်။

ကျောက်မျက်ရတနာ တစ်ခုလုံးဟာ မည်းမှောင်သွားတော့တယ်။

ကြည့်ရတာတော့ ပုံမှန် ကျောက်တုံးလိုပါပဲ။

“ ငလူးပဲ။ ငါ ဖျက်ဆီးလိုက်မိပြီ။” ဖန်ကျန်းရှီဟာ စိတ်ပူလာတော့တယ်။ သူ ဟာ ကျောက်တုံးကို ဆွဲချလိုက်ချိန်မှာ တော့ ထူးဆန်းတာ တစ်ခု ဖြစ်လာောတ့တယ်။

ယဇ်ပလ္လင်ပေါ်မှာ ကျောက်တုံးကို တင်ထားပုံမှာ ပုံမှန် အတိုင်းလေး ။ ဒါပေမယ့်လည်း သူ့ရဲ့ အလေးချိန်ကတော့ မယုံနိုင်စရာပဲ။

“ ဟေ့လူ ရာ။ ဒ ါ က ကျောက်မျက်ရတနာတော့ မဟုတ်ဘူး မလား။ မျက်တော်င တစ်ခတ်အတွင်းမှာပဲ ဘာလို့ ပုံမှန် ကျောက်တုံးဖြစ်သွားပြန်တာလဲ။ အနည်းဆုံးတော့ ငါ့ကို အကျိုး တစ်ခုခ ပေးသင့်တယ်မလား။” ဖန်ကျန်းရှီဟာ ကျောက်တုံးကို ဆွဲယမ်းနေခဲ့တယ်။

နောက်တော့ သူ နားလည်သွားတယ်။

အသုံးမဝင်ဘူး။

ပလ္လင်ပေါ်ကနေ ကျောက်တုံးကို ဖယ်လိုက်ရင် တောက်ပ လင်းလက်မှု တွေ အကုန်ပျောက်သွားပြီး ပုံမှန် ကျောက်တုံ းဖြစ်သွားတယ်။ သစ်တော်ထဲက ပုံမှန် ကျောက်တုံးတွေ နဲ့ ဘာမှ မကွာဘူး။

“ အဲ့တော့ ဘာဖြစ်လဲ။” ဖန်ကျန်းရှီဟာ ကျောက်တုံးကို လွှင့် ပစ်တော့တယ်။ လေထဲမှာ ဝဲပြီးတော့ ကျောက်တုံးဟာ ထောင့် တနေရာကို ရောက်သွားတော့တယ်။

အပိုင်း (၂၅၂) ပြီး၏။

အပိုင်း (၂၅၃)

“ အဆုံးမဲ့ လောကကို ချိုးဖောက်ခြင်း”

လောကကြီးရဲ့ လှုပ်ခတ်မှု ဟာ ဖြစ်ပေါ်လာပြန်တယ်။ ဘာဆိုးကျိုးမှ မရှိပေမယ့်လည်း ကျောက်တုံးကိုတော့ အနည်းငယ် အက်ကွဲ သွားစေခဲ့တယ်။

ဖန်ကျန်းရှီက အတွင်းအပြင် ပတ်ချာလည် လှည့်ပတ်ကြည့်ပြီးတော့မှ ထူးခြားချက်ကို မတွေ့တာကြောင့် ထွက်ခွာဖို့ ပြင်လိုက်တယ်။

ဒါပေမယ့်လည်း အပေါက်ဝကို ရောက်ချိန်မှာ မည်းနက်သွားတဲ့ ကျောက်တုံးလေးကိုမြင်လိုက်တာကြောင့် တွေးမိပြီးတော့ နှလုံးကာမှန်ထဲ ထည့်သိမ်းလိုက်တယ်။

“ ငါ့ရဲ့ လျှို့ဝှက် လက်နက် အဖြစ်သုံးရမယ်။”

…

ရှင်းယွမ်ကောင်းနဲ့ ပိုင်ရှင်းတို့ဟာတော့ ဖြစ်လာတဲ့ အရာကြောင့် ထိတ်လန့်နေခဲ့တယ်။ လူတိုင်းဟာလည်း ဘာဖြစ်မှန်းမသိအောင် အံ့သြနေခဲ့ကြတယ်။

သူတို့ ဘယ်လိုများ တိုက်ပွဲ အလယ်ကနေ ထွက်လာနိုင်တာလဲ။

ညီလာခံခန်းမနဲ့ ယဇ်ပလ္လင်လည်း ပျောက်သွားခဲ့ပြီ။ မျက်နှာဖုံးစွပ် စစ်သည်တွေဟာလည်း ပျောက်ကွယ်သွားပြီးတော့ မျက်တောင် တစ်ခတ် အချိန် အတွင်းမှာပဲ နေရာကြီး တစ်ခုလုံးဟာ ပြောင်းလဲ သွားခဲ့တာ ။

ကန်လင်းတောင်ကို သူတို့ ပြန်ရောက်နေကြပြီ။

စစ်တပ်တဲ က သူတို့ ရှေ့မှာ ပြန့်ကျဲ နေတဲ့ အလောင်းတွေလည်း ရှိနေတယ် ။

ဒါက ရှင်းယွမ်ကောင်းတို့ အခြေစိုက်ခဲ့တဲ့ နေရာ ။

ပိုင်ရှင်းဟာတော့ ရှုံးနိမ့်သွားခဲ့ပြီ။ ဒါပေမယ့်လည်း သူဟာ အရှုံးကနေ ထိတ်လန့်မှု အဲ့ဒီ့နောက် ကြောက်ရွံ့မှုကို ပြောင်းလဲ သွားခဲ့တယ်။ မဖြစ်နိုင်ဘူး ဆိုတဲ့ အရာက အခုတော့ ဖြစ်လာခဲ့ပြီ။

“ အဆုံးမဲ့ လောက ပျက်စီး သွားပြီ။”

ဒါကို ဖြစ်လာလိမ့်မယ်လို့ သူ တစ်ခါ မှ မတွေးခဲ့ဖူးဘူး။ အဆုံးမဲ့ လောကကို ဝင်ဖို့ က တနည်းပဲ ရှိတယ်။ သူလည်း မလုပ်နိုင်ခဲ့ဘူး။ ရှင်းယွမ်ကောင်းလည်း လုပ်နိုင်မှာ မဟုတ် ဘူး။ အင်အားအပြည့်၀ ဆုံးသော ပညာရှိတွေတောင်မှ ဒါကို အောင်မြင်ဖို့ မလွယ်ကူ နိုင်ဘူး ။

ဒီမှာ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်။

အဆုံးမဲ့လောကကို ထောက်ပံ့ပေးနေတဲ့ (စွမ်းအင်ကျောက်တုံး) ကို တစ်ယောက်ယောက်က ဖယ်ရှားပြစ်လိုက်ပြီ။

ဒါပေမယ့်လည်း ကျောက်တုံးက ဘယ်လိုများ ရွေ့သွားတာလဲ။ ကန်လင်းတောင် ရဲ့ အတွင်း ထဲမှာ ရှိနေတာလေ ။ ဘယ်သူကများ ကန်လင်းတောင် တစ်ခုလုံးကို စည်းချပိတ်ဆို့ထားတဲ့ (ကန်လင်းတောင် တမျှ လေးလံတဲ့) ကျောက်တုံးကို ဒီ နေရာမှာ ရွေ့နိုင်မှာလဲ။

“ အခုက ဘာဖြစ်သွားတာလဲ ” ပိုင်ရှင်းဟာ နားမလည်နိုင်ဖြစ်နေခဲ့တယ်။ ဒါပေမယ့်လည်း အခုချိန်မှာ ပိုအရေးကြီးတဲ့ ကိစ္စရှိနေခဲ့တယ်။

သူ့ရဲ့ ကိုယ်ဟာ ငွေရောင် အလင်းတန်းတွေနဲ့ ဖုံးအုပ်လိုက်ပြီးတော့ ကျန်နေသမျှ အင်အား အကုန်ကို စုစည်းလိုက်တယ်။ သူဟာ ကန်လင်းတောင် အတွင်းဆီကို စိတ် စုစည်း လိုက်တာ ။

ရှင်းယွမ်ကောင်းဟာလည်း စိတ်ရှုပ်ထွေးနေခဲ့တယ်။

ဒါပေမယ့်လည်း အဆုံးမဲ့ ေ လာကကနေ ထွက်လာမှန်းတော့ သူလည်း သိတယ်။ မျက်နှာဖုံးနက် လူတွေဟာ ပျောက်ကွယ်သွားခဲ့ ပြီ။

ပိုပြီးတော့ အရေးကြီးတာက ပိုင်ရှင်းလည်း ထွက်ပြေးသွားပြီ။

ရှင်းယွမ်ကောင်းလည်း ဆက်မလိုက်တော့ဘူး ။ ပိုင်ရှင်းထက် သူ့ရဲ့ ပထမ အရေးကြီး တာဝန်က သူ့ရဲ့ ဒဏ်ရာရနေတဲ့ စစ်သည် ၂၀၀၀ ပဲ ။

ပိုင်ရှင်း ကတော့ ပြေးပြီ။ ဒါပေမယ့်လည်း သားရဲကောင် စစ်တပ်ကတော့ မပြေးဘူး။

“ မြဲမြဲ ရပ်ကြ။” ၂၀၀၀ သော စစ်သည် တော်တွေဟာ အမိန့်ကို ကြားချိန်မှာတော့ ချက်ခြင်း ထရပ်လိုက်တော့တယ်။ စက်ဝိုင်း သုံးခု အသွင် ဝိုင်းပတ်ကာ နေရာယူလိုက်ြ့ပီးတော့ သူတို့ရဲ့ လှံတွေကို အသင့် ပြင်လိုက်တယ်။

 “ဝေါင်း!”

 “အာဝူး!”

ဒေါသမီးတောက်နေတဲ့ သားရဲကောင် ၄၀၀၀ ဟာ စစ်သည်၂၀၀၀ ကို အနိုင်ယူနိုင်တယ်။ ဒါပေမယ့်လည်း ဦးဆောင်သူ မရှိပဲနဲ့ တော့် မဖြစ်နိုင်ဘူး။

တိုက်ပွဲ ဟာ ပြင်းထန်ပေမယ့်လည်း အဆုံးသတ်ကတော့ ရှင်းလင်းခဲ့တယ်။

သားရဲကောင်တွေ အားလုံးဟာ အသိဉာဏ် မြင့်မားလှတယ်။ မနိုင်နိုင်တာကို သိတည်းက သူတို့ဟာ လက်လျှော့ပြီးသား ။

ချီကူယန်ဟာ တော့ စက်ပိုင်းရဲ့ အလယ်မှာ ရှိနေတာ ဖြစ်ပြီးတော့ သူမဟာ နေရာတစ်လျှောက်ကို လေ့လာနေခဲ့တယ်။ ပင်းယန် နဲ့ သူမကိုစော င့်ရှောက်နေတဲ့ စစ်သည် တစ်ဦးကို တွေ့လိုက်ရတယ်။

“ အရှင် မင်းသမီး။ ကျွန်တော်မျိုး။ ဝမ်တပေါင်းက မင်းသမီးကို အသက်နဲ့ လဲပြီး ကာကွယ်ပါမယ်။ ” ဝမ်တပေါင်းဟာ အသံကုန်အော်ရင်း တိုက်ခိုက်တော့တယ်။

“ အရှက်မရှိတဲ့ ကောင် ဘယ်ရောက်သွားလဲ။ သေသွားပြီလား။ ” ပင်းယန်ဟာ တစ်ကိုယ်တည်းပြောနေမိတယ်။

“ နောက်ပြီးတော့ သူမက ရဲရဲတောက် ချီလင်လှံကို ကိုင်ပြီးတော့ မီးလျှံ ပန်းနီ သံချပ်ကာကို ဝတ်ထားတာ ။ သူမကို အန္တရာယ် ပြုနိုင်ဖို့ ဆိုတာ ခက်ခဲလှတယ်။

“ ပင်းယန် ” ချီကူယန်ဟာ အလင်းတန်း တစ်ခုလိုမျိုး ရောက်ရှိလာခဲ့တယ်။

“ ယန် ယန်လေး ။ အရှက်မရှိတဲ့ကောင် သေ သေ သွားပြီ။” ပင်းယန်ဟာ မျက်ရည် အပြည့်နဲ့ ပြောလိုက်တယ်။

“ မဖြစ်နိုင်တာတွေ မပြောပါနဲ့။ အရှက်မရှိတဲ့ သူခိုးကောင်က အရမ်းကံကောင်းတယ်။ သူက ဘယ်လို သေနိုင်မှာလဲ။ ” ပင်းယန်ရဲ့ စကားကို ကြားချိန်မှာတော့ ချီကူယန်ရဲ့ အမူအယာဟာ ပြောင်းလဲ သွားတော့်တယ။်

“ သူ တကယ်သေတာ။ ပင်းယန် ကိုယ်တိုင်မြင်လိုက်တယ်။ သူ့ကို မိုးကြိုး ကြောင်း ကြီးကနေ စုပ်ယူသွားတာ။”

“ ဘယ် ဘယ်လို ဖြစ်နိုင်မှာလဲ။ ” ချီကူယန် ဟာ စတင်ပြီးတော့ စိတ်ပူပန်ကြောင့်ကျ လာတော့တယ်။

ပင်းယန်က သူမကို ဘယ်တော့မှ မလိမ်မှန်း သူသိတယ်။

…

ခပ်ပါ်းပါးမြူထုဟာတော့ မြောက်ရွာရဲ့ မနက်ခင်းကို ဖုံးလွှမ်းထားခဲ့တယ်။ ရွာသားတွေဟာတော့ လူသတ်ငွေ့ပြည့်နေတဲ့ လူလေးယောက်ကို သာ စိတ်ပူပန်စွာ ကြည့်နေခဲ့တယ်။ ဘာတွေ ဖြစ်လာမှာလဲ။

သို့ပေသော်ငြား သူတို့ ထဲက တစ်ဦးတစ်ယောက်မှာမှ ထိတ်လန့်ကြောက်ရွံ့ ဟန် အလျဉ်းမရှိဘူး ။

မြောက်ရွာမှာ မိသားစု ၁၀၀ ခန့်သာ ရှိပေမယ့်လည်း သူတို့ဟာ ဆယ်စုနှစ်ပေါင်း များစွာကို အတူ တူ ကျော်ဖြတ်လာခဲ့တာ ။ အလွန်ကို သေးငယ်တဲ့ ရွာအုပ်စု ဖြစ်ပေမယ့်လည်း ပြင်ပ ရန်ကို ကြုံလာချိန်မှာတော့ သူတို့ရဲ့ စည်းလုံးမှု ဟာ အံ့ဖွယ်ကောင်းလှတယ။်

သူတို့ အားလုံးဟာ မိသားစုတွေ ။

နောက်ပြီးတော့ ရန်သူတွေဟာ ဖန်ကျန်းရှီကို ရှာဖွေနေကြတာ။

လွန်ခဲ့တဲ့ ၈ နှစ်တန်ုးက ကျန်းယန်ဖိန်ဟာ ဖန်ကျန်းရှီ တို့ မိသားစုကို ရွာဆီ ခေါ်လာခဲ့တယ်။ ဆင်းရဲတဲ့ ရွာငယ်လေးမှာ ပြောင်းလဲ မှုတွေ အများကြီး ဖြစ်လာခဲ့တယ်။ အခုတော့ သူတို့ရွာဟာ လွှမ်းမိုးမှု ကြီးတဲ့ ရွာတစ်ရွာ ဖြစ်နေပြီ။ လွန်ၤခဲ့တဲ့ နှစ်တွေ တုန်းက သူတို့ ရွာလေး ဟာ ပျက်စီးတော့မယ့် အခြေအနေကို ရောက်ရှိခဲ့တာ ။ ဒါပေမယ့်လည်း မခန့်မှန်းနိုင်တဲ့ ပြောင်းလဲ မှုတွေဟာ ဖန်ကျန်းရှီ နဲ့ ဖန်မိသားစု ကြောင့် ဖြစ်လာခဲ့တယ်။ ဖန်ကျန်းရှီက အသက် ၁၅ နှစ်ပဲ ရှိသေးပင်မယ့်လည်း ကျန်းယန်ဖိန်က သူ့ကို ရွာ အကြီးအကဲ အဖြစ်တာဝန်ယူစေချင်တယ်။

ဘယ်သူကမှ ဒါကို ငြင်းဆန်မှာ မဟုတ်တာကိုလည်း ကျန်းယန်ဖိန်သိတယ်။ ဖန်ကျန်ရှီသာ မရှိရင် မြောက်ရွာကလည်း ဒီလို ပျော်ရွှင်မှု တွေ ကြုံခဲ့ရမှာ မဟုတ်ဘူး။ အခုတော့ ရန်သူတွေက သူတို့ရဲ့ ပျော်ရွှင်မှုကို ယူဆောင်သွားဖို့ ပြင်နေကြပြီ။

လူသတ်ငွေ့ ပြည့်နေတဲ့ လူ လေးဦးဟာ တဖြည်းဖြည်း နီးကပ်လာတော့တယ်။

“ ကောင်းသောနေ့ပါ ရွာသားတို့။ ငါတို့ရဲ့ စစ်သူကြီးက သခင်လေး ဖန် ပြန်ရောက်နေပြီ လို့ ကြားတယ်။ အလည်အပတ်လာတယ်လို့ ပြောလိုက်ကြပါ။ သူ ဘယ်မှာလဲ သိကြလား ” ခေါင်းဆောင် တစ်ဦးဟာ ချိုသာစွာ ပြုံးလိုက်ရင်း နဲ့ ရွာသားတွေကို ပြောလိုက်တယ်။

“ စစ်သူကြီး လေးဦးက ကျန်းရှီကို တွေ့ဖို့ ဒီကို ရောက်နေကြတာလား။ ” ကျန်းယန်ဖိန်ဟာ ရှေ့ထွက်လာရင်း မေးလိုက်တယ်။

“ ဟုတ်တယ။် ” ခေါင်းဆောင်တ စ်ဦးက ခေါင်းငြိမ့်လိုက်တယ်။

“ ကျန်းရှီကို တွေ့ဖို့ ရောက်လာတယ် ဆိုတည်းက မြောက်ရွာရဲ့ ဧည့်သည်တွေပဲ။ ရွာထဲ မှာ ဧည့်သည် တွေ များများစားစား မရှိပေမယ့်လည်း အသားနဲ့ နှစ်သုံးဆယ် ဝိုင်တွေတော့ ရှိသေးတယ်။ အရင်ဆုံး ထိုင်ကြပါ။” ကျန်းယန်ဖိန်ဟာ စစ်သူကြီးတွေ အတွက် စားပွဲ ပြင်ပေးဖို့ ရွာသားတွေကို ပြောလိုက်တယ်။

“ နေအုန်း ။” စစ်သူကြီးဟာ စကားစလိုက်တယ်။ “မင်းက ရွာ အကြီးအကဲလား။”

“ ဟုတ်ပါတယ်။ ကျွန်တော့် နာမည်က ကျန်းယန်ဖိန်ပါ။ အလိုရှိရာ မှန်သမျှ ကျွန်တော့်ကို ပြောနိုင်ပါတယ်။” ကျန်းယန်ဖိန်ဟာ ဦးညွှတ်လိုက်တယ်။

“ သခင်လေး ဖန်ကို စစ်ပတ်ရဲ့ အမိန့်ကြောင့်လာရောက်တွေ့ ဆုံတာပါ။ အခု မင်းက ရွာ အကြီးအကဲ ဆိုတော့ သူ့ကို ထွက်လာဖို့ ပြောပေးပါ။”

“ စစ်သူကြီး။ အချိန် မှားလာပြီ ထင်တယ်။ သူက ဒီ အချိန်မှာ မြို့တော်ကို သွားပြီးတော့ စာမေးပွဲ ဖြေနေတာ လေ။ ဒါကြောင့် ။”

“တိတ်စမ်း”

ကျန်းယန်ဖိန် ဆုံးအောင် မပြောနိုင်ခင်မှာပဲ။ သူဟာ အရိုက်ခံလိုက်ရတယ်။ အသက် ၅၀ အရွယ် ကျန်းယန်ဖိန်ဟာတော့ မြေပြင်ပေါ်ကို လဲကျသွားခဲ့တယ်။

“ ငါ့ကို လှည့်စားဖို့ ကြံမနေနဲ့။ ဖန်ကျန်းရှီကို ရှာဖို့ အမိန့်ပါလာတယ်။ တားဆီးရဲတဲ့ သူ မှန်သမျှ ပြစ်ဒဏ်ခံရမယ်။ ” စစ်သူကြီးဟာ လက်ထဲက စစ်တပ်သုံး အမိန့်ပြားကို ဝေ့ယမ်းရင်းနဲ့ ပြောလိုက်တယ။် သူဟာ ရွာသားတိုင်းကို သေမင်းတစ်ယောက်လို စိုက်ကြည့်နေခဲ့တယ်။

အစားအသောက် ပြင်ဖို့ လုပ်နေတဲ့ ရွာသားတွေဟာတော့ စစ်သူကြီးကို မုန်းတီးရွံ့ရှာစွာကြည့်နေခဲ့တယ်။

ရွာသားတွေက ပြဿနာကောင်တွေပဲ။

သူတို့ဟာ စစ်တပ်ကို ကြောက်ကောင်းကြောက်နိုင်တယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ ခေါင်းဆောင် စော်ကားခံနေရတာကိုတော့ ဒီ အတိုင်း ကြည့်နေကြမှာ မဟုတ်ဘူး။

“ မင်းတို့ ဘာ ကြည့်နေကြတာလဲ။ စစ်တပ်ကို ပုန်ကန်ချင်နေတာလား။” ခေါင်းဆောင် တစ်ဦးဟာ အော်ဟစ် လိုက်တယ်။ သူဟာ စတင်ပြီးတော့ ရန်ပြုတော့တယ်။ ရွာသားတွေ ထဲက တစ်ဦးက ပြန်တိုက်ခိုက်တာနဲ့ ချက်ခြင်း ဥပဒေ အရ အပြစ်ပေးမှာ ။ ဒီလိုနဲ့ ဖန်ကျန်းရှီလည်း ဆက်ပြီး ပုန်းနေနိုင်မှာ မဟုတ်တောာ့ဘူး။

“ စစ်သူကြီး ။ ကျန်းရှီက ငယ်ရွယ်ပြီးတော့ မရင့်ကျက်သေးပါဘူး။ သူက စစ်တပ်ကို စော်ကားမိခဲ့ရင်တောင် အားလုံးက ကျွန်တော် အသုံးမကျတာပါ။ သူ့ကို ကောင်းကောင်း မသင်ကြားမိတဲ့ အပြစ်ပါ။ အပြစ်ပေးချင်ရင် ကျွန်တော့်ကိုသာ အပြစ်ပေးပါ။ ” ကျန်းယန်ဖိန်ဟာ ခေါင်းဆောင် တစ်ဦးကို ပြောလိုက်တယ်။

“ တိတ်စမ်း၊” ခေါင်းဆောင်တစ်ဦးဟာ ကျန်းယန်ဖိန်ကို ကန်လိုက်တာကြောင့် ကျန်းယန်ဖိန်ဟာ မြေကြီးပေါ်ကို လဲသွားခဲ့တယ်။

ကျန်းယန်ဖိန်ဟာ အကြမ်းခံနိုင်တဲ့ လူ တစ်ဦး ဖြစ်နိုင်ရင် ဖြစ်မယ်။ ဒါပေမယ့်လည်း အရိုက်ခံ အကန်ခံ ရပြီး နောက်မှာတော့ သူ့ရဲ့ ပါးစပ်ကနေ သွေးတွေ စီးကျနေပြီ ။

“ချီးပဲ။”

“ လူကြီး ။ လူကြီး ။ သတိထားပါအုန်း။” အမျိုးသမီးတစ်ဦးဟာ လဲကျသွားတဲ့ ကျန်းယန်ဖိန်ကို လာတွဲခဲ့တယ်။ သူမဟာ ကျန်းယန်ဖိန်ရဲ့ ဇနီး။

သူမရဲ့နောက်မှာတော့ သန်မာဟန်ရှိတဲ့ အသက် ၂၀ အရွယ် လူငယ် တစ်ဦးရှိနေခဲ့တယ်။ ကျန်းယန်ဖိန် လဲကျတာကို မြင်ချိန်မှာတော့ သူဟာ ဒူးထောက်လိုက်တယ်။

“ ဘယ်လောက်တောင် အသုံးမကျလိုက်တဲ့ ဟာတွေလဲ။” ခေါင်းဆောင်တစ်ဦးဟာ ကျန်းယန်ဖိန် သွေးအန်နေတာကို မြင်ချိန်မှာ ပြောလိုက်တယ်။ သူ့ရဲ့ မျက်နှာဟာတော့ စစ်သူကြီးရဲု့ အကြည့်ကို မြင်ချိန်မှာ ပြောင်းလဲသွားခဲ့တယ်။

စစ်သူကြီးဟာတော့ ကျန်းယန်ဖိန်ကို တစ်ချက်လေးတောင် မကြည့်ပဲနဲ့ တည်ငြိမ်နေခဲ့တယ်။ မာဆတ်ဆတ် အသံဟာတော့ ထွက်ပေါ်လာခဲ့တယ်။

“ မင်းတို့ရဲ့ ခေါင်းဆောင်က တိုက်ရိုက်အမိန့်တောင်ကို မလေးမခန့် ပြုတဲ့ အတွက် ပေးဆပ်ရတာပဲ။ မင်းတို့ အားလုံး ဖန်ကျန်းရှီကို ငါ့ လက်ထဲ အပ်မယ်ဆိုရင် ချမ်းသာ ပေးမယ်။ မဟုတ်ရင် မင်းတို့ အားလုံး သေရမယ်။”

“ သေရမယ်။”

သူ့ရဲ့ နောက်ဆုံး စကားလုံးဟာ ရွာတစ်ခုလုံးကို ပဲ့တင့်ထပ်သွားပြီးတော့ ရွာသားတွေရဲ့ အမူအယာကိုလည်း ပြောင်းလဲ သွားစေခဲ့တယ်။

ခေါင်းဆောင်တစ်ဦးဟ ာတော့ အခြေအနေဟာ ဆိုးဝါးသွားပြီမှန်း သိလိုက်တာကြောင့် သူဟာ ဆက်ပြီးတော့ မထိန်းထားတော့ဘူး ။

နောက်ပြီးတော့ သူတို့ က တိုက်ရိုက်အမိန့် နဲ့ အလုပ်လုပ်နေတာ။

စစ်သူကြီးက ခေါင်းဆောင်သုံးဦးကိုပဲ ခေါ်လာတဲ့ အကြောင်းက ရိုးရှှုင်းတယ်။ ကျန်နေတဲ့ တစ်ခုတည်းသော အရာကတော့ သတ်ဖို့ပဲ ။

ခြောက်လှန့်ဖို့အတွက် သတ်ဖြတ်မယ်။ တခြားသော ရွာတွေနဲ့ ရွာသားတွေကိုလည်း စစ်တပ်ကို ဆန့်ကျင်တာဟာ ဘယ်လို အကျိုး ကို ဖြစ်စေမလဲ သိစေရမယ်။ ရွာတစ်ခုလုံးကို မသတ်နိုင်ရင်တောင်မှ ၂ ယောက် ၃ ယောက်ကိုတော့ သတ်နိုင်တယ်။

“ ဖန်ကျန်းရှီကို ထုတ်ပေးစမ်း” ခေါင်းဆောင် တစ်ဦးဟာ ကျန်ယန်ဖိန်ရဲ့ ဇနီးကိုကန်ဖို့ ပြင်ရင်းပြောလိုက်တယ်။ သူ့ ခြေထောက်ကို ဆန့်ထုတ်လိုက်ချိန်မှာပဲ။ လက်တစ်စုံရဲ့ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရတယ်။

“ ဘာလဲ။” ခေါင်းဆောင်ဟာ ခြေထောက်ကို ပြန်ရုပ်ရင်း အားရှိသလောက် ကန်လိုက်ချိန်မှာတော့ ပုံရိပ်တစ်ခုဟာ ပေါ်လာခဲ့တယ်။

“ ငါ့အဖေကို မထိနဲ့၊” သူဟာ မြက်ခင်းပေါ်မှာ ဒူးထောက်နေတာ ။ ဒါဟာ ကျန်းယန်ဖိန်ရဲ့ သား ကျန်းလီ ။

“ အကိုလေး လီ။ မလုပ်နဲ့။”

“ လီ။ မြန်မြန်သွား”

ရွာသားတွေဟာ စိတ်ပူစ ပြုလာတော့တယ်။

“ မင်းက သေရမှာ မကြောက်ဘူးပေါ့။ ကောင်းပြီလေ။ မင်းနဲ့ ကစားပေးမယ်။” ခေါင်းဆောင်ဟာတော့ ပစ်မှတ်ကို တွေ့သွားြ့ပီ ။

“ ရပ်လိုက်၊” ဒီ အချိန်မှာပဲ အသံ တစ်သံ ဟာ လူအုပ်ထဲကနေ ပေါ်လာတော့တယ်။

ရိုးရှင်းစွာ ဝတ်ဆင်ထားတဲ့ လူတစ်ဦးဟာ လူအုပ်ထဲက နေ ထွက်လာခဲ့တယ်။ သူဟာ ဒေါသ ထွံက်နေဟန်ရှိပြီ း စိတ်ဆုံးဖြတ်ထားဟန်လည်း ရှိတယ်။

သူ့ရဲ့ လက် တစ်ဖက်ဟာတော့ သံဖြူသား သတ္တုနဲ့ ပြုလုပ်ထားပြီးတော့ သူ့ နံဘေးမှာတော့ အမျိုးသမီးတစ်ဦး ရှိနေခဲ့တယ်။ သူမဟာ ဝတ်ကောင်းစားလှ မဝတ်ထားပေမယ့်လည်း ချောမောပြီး ကျက်သရေ ရှိလွန်းလှတယ်။

“ ဦးလေး ဟို့ဒဲ ။ အဒေါ် ရှင်းလိန်။” ကျန်းလီဟာ ဖန်ကျန်းရှီ ရဲ့ မိဘ နှစ်ပါးကို မြင်ချိန်မှာတော့ အတော်လေး စိတ်ပူသွားခဲ့တယ်။

ဒါဟာ တခြားသော ရွာတွေ ကို သက်ရောက်မှု ဖြစ်ရင်တောင် မှ အခြေအနေ က ဒီလောက် ဆိုးမှာ မဟုတ်ဘူး။ ဒါပေမယ့်လည်း ဖန်ကျးန်ရှှီ ရဲ့ မိဘတွေ နဲ့ ပြဿနာ တက်ရင်တော့ အခြေအနေက တော်တော်လေးကို ဆိုးမှာ ။

ဖန်ကျန်းရှီ ရဲ့ အကြောင်းကို ဒီ အနီးတဝိုက်က လူတိုင်း သိကြတယ်။ သူ့ မိဘတွေကို ထိခိုက်သူတိုင်းကို အလွတ်ပေးလေ့ မရှိဘူး။

ဒါပေမယ့်လည်း စစ်တပ်ရဲ့ တိုက်ရိုက် အမိန့်ကို သူ ဘယ်လို ဆန့်ကျင်မှာလဲ။

“ ငါတို့ သားရဲ့ ပြစ်မှု အတွက် ငါတို့ ဖြေရှင်းမယ်။ ငါတို့ကို ခေါ်သွားနိုင်တယ်။” ဖန်ဟို့ဒဲဟာ ကြောက်ရွံ့ခြင်း ကင်းစွာ ပြောလိုက်တယ်။

အပိုင်း ( ၂၅၃) ပြီး၏“။

အပိုင်း (၂၅၄)

“ ခရမ်းရောင် သွေးစက်”

ချီရှင်းလိန်ဟာ ဖန်ဟို့ဒဲရဲ့ ဘေးမှာ တိတ်ဆိတ်စွာသာ ရပ်နေတာ ။ ဒါဟာ သူမရဲ့ ခင်ပွန်း လုပ်ရပ်ကို အပြည့် အ၀ အားပေးပြီးတော့ သူမသား ပြစ်မှုကို တာဝန်ယူဖို့ စိတ်ဆုံးဖြတ်ထားပြီးသား ပုံစံ ။

စစ်သူကြီးဟာတော့ ဒီ လူနှစ်ဦးကို သေချာ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ ရဲ့ မိဘတွေက သာမာန် ရွာသားတွေပဲ ဖန်ကျန်းရှီ လို ထူးခြားတဲ့ သူမျိုးမှာ ထူးခြားတဲ့ မိဘတွေ ရှိမယ် ထင်နေခဲ့ တာ။ အခုတော့ သာမာန် ရွာသားတွေပဲ။

ဒီလို သာမာန် လူနှစ်ဦးကနေ ကြီးမြတ်သော ရှ မင်းဆက်ကို လှုပ်ခတ်စေနိုင်တဲ့ ကျောင်းတော် သားကို ဘယ်လို များ မွေးထုတ်ပေးနိုင်တာလဲ။ မျက်နှာမည်း စစ်သူကြီးဟာ မယုံနိုင်ဖြစ်နေခဲ့တယ်။ ဒါက စိုးရိမ်စရာ မရှိတော့တာကိုလည်း သူ နားလည်သွားတယ်။ သာမာန် ရွာသားလေး ၂ ယောက်ကို ဘာကြောက်နေရမှာလဲ။

“မင်းတို့ က ဖန်ကျန်းရှီရဲ့ မိဘတွေလား။”

“ဟုတ်တယ်။” ဖန်ဟို့ဒဲ က ဖြေလိုက်တယ်။

“ သူတို့ကို ခေါ်လာခဲ့တယ်။ “ စစ်သူကြီးဟာ အမိန့်ပေးလိုက်တယ်။

စစ်သူကြီးရဲ့ အမိန့်ကို ကြားချိန်မှာတော့ ခေါင်းဆောင် သုံးဦးရဲ့ အမူအယာဟာ ပြောင်းလဲသွားခဲ့တယ်။ ဖန်ကျးန်ရှီ စစ်သည် ၂ ဦးကို သတ်လိုက်ကြောင်း သူတို့ သိထားတယ်။

စစ်သည် နှစ်ဦး သတ်ခံလိုက်ရတာ ဖန်ကျန်းရှီ ရဲ့ မိဘတွေကို အပြစ်ပြုမိလို့ ။

“ စစ်သူကြီး။ ကျွန်တော်တို့ …..”

“ ဘာလဲ ။ မင်းတို့ က ငါ ကိုယ်တိုင် ဖမ်းစေချင်နေတာလား။ ” အမှန်တကယ်တော့ စစ်သူကြီးဟာ ဖန်ကျန်းရှီကို တတ်နိုင်သရွေ့ အပြစ် မပြုလိုဘူး ။ အနည်းဆုံးတော့ ဖန်ကျန်းရှှီဟာ ကြီးမြတ်သော ရှ မင်းဆက်မှာ အတော်လေး နာမည်ကြီးတဲ့ သူဖြစ်နေတယ်။

အသက် ၁၅ နှစ်နဲ့ ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်ခဲ့တယ်။

ဒေသတွင်းနဲ့ မြို့တော် စာမေးပွဲ တွေမှာလည်း နှစ်ထပ်ကွမ်း ချန်ပီယံ ။ နတ်ဆိုးကျောင်းတော် မင်းသမီးနဲ့ လည်း စေ့စပ်ထားသေးတယ်။ တော်ဝင်စာမေးပွဲ ရလဒ်က မထုတ်ပြန်သေးပေမယ့်လည်း သူ့ရဲ့ အနာဂတ်ကတော့ သိသိသာသာကို တောက်ပနေတာ။

အခု တော့ သူ့မှာ ရွေးချယ်စရာ မရှိတာကြောင့် အပြစ်ပြုရတော့မယ်။

သူ့ရဲ့ တာဝန်ကို လက်ခံပြီးတော့ မြောက်ရွာကို ဝင်လာချိန်တည်း က အဆုံးသတ် တစ်ခုပဲ ရှိတယ် ။ သူ နဲ့ ဖန်ကျန်းရှီ နှစ်ယောက်တည်းက တစ်ယောက်သေရမယ်။

ဒါကြောင့် သူ့မှာ အရည်အချင်းရှိတော့ရော ဘာလုပ်ရမှာလဲ။ မသေချာတဲ့ အနာဂတ်က အဓိပ္မာယ်မဲ့တယ်။

သူကော ဘာလို့ အပြစ်မပြုပဲ နေနိုင်ရမှာလဲ။

“ အမိန့်အတိုင်းပါ။” ခေါင်းဆောင်တွေဟာ အံကြိတ်ရင်းနဲ့ ဖြေလိုက်တယ်။ သူတို့ ဟာ တွေဝေကောင်း တွေဝေနိုင်တယ်။ ဒါပေမယ့်လည်း ဒီ တာဝန်ကို လက်ခံ ပြီးတည်းက နောက်ဆုတ်ဖို့ရာ လမ်းမရှိမှန်းသိလိုက်ပြီ ။

ဒီ လူနှစ်ဦးကို ဖမ်းထားဖို့က ဖန်ကျန်းရှီ ခုခံမှာကို တားနိုင်တဲ့ တစ်ခုတည်းသော နည်း။

“ ဦးလေး ဟို့ဒဲကို ထိခိုက်အောင် မလုပ်နဲ့။” ကျန်းလီဟာ ရှေ့ကနေ ကာဆီးလိုက်တယ်။

“ ဖယ်စမ်း။” ခေါင်းဆောင် နှစ်ဦးဟာ ဓားဆွဲထုတ်လိုက်ကြတယ်။ သူတို့ ဟာ လှုပ်ရှားတာနဲ့ သတ်ဖို့ အသင့် ဖြစ်နေခဲ့တယ်။

“ ငါ မသေချင်း သူတို့ကို ထိဖို့ မစဉ်းစားနဲ့။”

“ ဒါဆို သွားသေတော့။” ခေါင်းဆောင်ဟာ ဓားကို ဆွဲထုတ်ရင်း ကျန်းလီရဲ့ လည်ပင်းဆီကို တည့်တည့် ဝင်လာခဲ့တယ်။ ကျန်းလီဟာ အတွေ့အကြုံ များတဲ့ မုဆိုး တစ်ဦး ဖြစ်တဲ့ အလျင်အမြန်ရှောင်လိုက်သော်ငြား ပုခုံးကိုတော့ လျှပ်ထိသွားခဲ့တယ်။

“ သူတို့ကို တိုက်ကြ။”

“ဖန်မိသားစု မရှိရင်။ ငါတို့ ဒီနေ့ အခြေအနေကို ရောက်လာမှာမဟုတ်ဘူး။”

“ကျန်းရှီက ငါတို့ ရွာကြောင့် အခက်တွေ့ရတာ။ ငါတို့ တာဝန်ယူရမယ်။ သူတို့ကို တိုက်ထုတ်ဖြစ်ကြ။”

“ အမှန်ပဲ။ ဖန်မိသားစုမှာ ဘာမှ ဖြစ်လို့ မရဘူး။ ကျန်းရှီကို ဒုက္ခရောက်မခံနိုင်ဘူး။” ခေါင်းဆောင်တွေရဲ့ အပြု အမူကို မြင်ချိန်မှာတော့ ရွာသားတွေဟာ ပေါက်ကွဲလာကြတော့တယ်။ သူတို့ အားလုံးဟာ တတ်နိုင်သလောက် တိုက်ခိုက်ဖို့ ပြင်လိုက်ကြတယ်။

ဓားတွေ။ ကောက်ဆွခက်ရင်းတွေ ။ တူရွင်းတွေ နဲ့ ထင်းခုတ်ဓားတွေကို ဆွဲကိုင်ရင်း တိုက်ခိုက်ဖို့ ပြင်နေကြတော့တယ်။

ခေါင်းဆောင်တွေဟာတော့ မယုံနိုင်ဖြစ်နေကြတယ်။ ဒီ သာမာန်ရွာလေးက ဘယ်လို များ တစ်ရွာလုံး ပုန်ကန်ချင်နေတာလဲ။

“မင်းတို့ အားလုံး ပုန်ကန်နေကြတာပဲ။ ဘယ်သူ စမယ် ငါ ကြည့်ချင်တယ်။ ” ကျန်းလီကို တိုက်ခိုက်ခဲ့တဲ့ ခေါင်းဆောင်ဟာ ဓားကို လွှဲယမ်းလိုက်ရင်း ပြောလိုက်တယ်။

ရွာသားတွေ ထိတ်လန့်စွာ ကြည့်နေချိန်မှာပဲ ခေါင်းဆောင်ရဲ့ အမေးကို တုံ့ပြန်သံ တစ်ခုထွက်လာခဲ့တယ်။ ခေါင်းဆောင်ဟာတော့ မယုံနိုင်စွာ ကြည့်နေဲ့တယ်။ သူ့ရဲ့ ရင်ဘတ်မှာတော့ ရွံ့လုံး ကြီး တစ်လုံး ကပ်နေခဲ့တယ်။ တစ်ယောက်ယောက်က သူ့ကို ရွံ့ နဲ့ ပေါက်တယ်။

ရွာသားတွေက တကယ်ပဲ စစ်တပ်ကို ဆန့်ကျင်ရဲတယ်လား။ ခေါင်းဆောင်ဟာ ဒေါသ ပေါက်ကွဲစွာ လူအုပ်ကြီးကို ကြည့်လိုက်တယ်။

“ ထျန်း ဝေကျစ်” “ထျန်းဝေကျစ် လုပ်လိုက်တာ။”

အသက် သုံးနှစ် အရွယ် ကလေး တစ်ဦးဟာ သစ်သား လေးနဲ့ မြှားကို ဆွဲကိုင်ရင် ခေါင်းဆောင်ကို မီးဝင်းဝင်းတောက် မျက်လုံးတွေ နဲ့ ကြည့်နေခဲ့တယ်။ သူမဟာ ဘောင်းဘီတိုလေးနဲ့ အကျီလက်ပြတ်လေးကို ဝတ်ဆင်ထားပြီးတော့ နှပ်ချေးတွဲလောင်း ကို တရှုပ်ရှုပ်လုပ်နေခဲ့တယ်။

“ ဆိုးရွာလိုက်တာ။” သုံးနှစ်သမီးလေး ဟာ ပြောလိုက်တယ်။ သူမဟာ သစ်သား လေးကိုင်းကို ကိုင်ထားရင်း အကြောက်အလန့်မဲ့စွာ ပြောနေခဲ့တယ်။

“ ငါ သူ့ကို ပြစ်တာ။ ငါသူ့ကို ပြစ်တာ။”

ထျန်းဝေကျစ်ရဲ့ စိတ်လှုပ်ရှားစွာ အော်သံ ပေါ်မလာခင်ထိ ရွာသားတွေ အားလုံးဟာ တိတ်ဆိတ်နေခဲ့တယ်။

သူတို့က လူ လေးဦးပဲ ရှိပေမယ့်လည်း ရွာသား ရာချီဟာ သူတို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ သူတို့ဟ ာ ဘယ်သူ ကမှ စတင် မတိုင်ခိုက်ရဲဘူး ။

“ သူ့ကို ပြစ်။”

“သူတို့ကို ပြစ်”

သုံးနှစ် သမီး လေး ထျန်းဝေကျစ်ဟာ တခြား ကလေးတွေကို လှုံ့ဆော်လိုက်တယ်။ ဒီ အချိန်မှာပဲ။ ရွံ့မိုးနဲ့ ကျောက်ခဲ မိုးတွေဟာ ခေါင်းဆောင်တွေ ဆီကို တဖွဲဖွဲ ကျရောက်လာတော့တယ်။ ရွာထဲက ကလေးတွေဟာ တစ်ယောက်တစ်ချက်စီ ဆွမ်းကြီး ဝိုင်းလောင်းနေကြတာ ။ အငယ်ဆုံးက ၂ နှစ် အရွယ် ဖြစ်ပြီးတော့ အကြီးဆုံးကတော့ ရနှစ်အတွက် ။

“ ပြစ်ကြ ။ ပြစ်ကြ။” အသံ တွေဟာ အဆက်မပြတ် ထွက်ပေါ်လာတော့်တယ်။

ကျောက်တုံး တွေဟာတော့ ခေါင်းဆောင် သုံးဦးဆီကို တိုက်ရိုက်ရောက်လာတာ ။

ဒေါသထွက်နေတဲ့ စစ်သူကြီး ဟာတော့ ရွာသားတွေရဲ့ အပြု အမူကို ပုန်ကန်မှုလို့ ယူဆလိုက်ြ့ပီ ။

“သတ်ကြ။” မျက်နှာမည်း စစ်သူကြီးဟာ အမိန့်ပေးလိုက်တယ်။ ဒီ အရှုပ်ကို ရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ သတ်ဖို့ပဲ။ သူ့ရဲ့ အမိန့် ဆုံးချိန်မှာပဲ သူ့ လက်ထဲမှာ ဓားနက် နှစ်ချောင်း ပေါ်လာခဲ့တယ်။

“ သူ့ရဲ့ ဓားတွေကို လူအုပ်ထဲ ယမ်းလိုက်ချိန်မှာတော့ ရွာသားလေးဦးဟာ ဒဏ်ရာရသွားခဲ့တယ်။

ကန်လင်းတောင် ပတ်လည်ကို တာဝန်ယူရတဲ့ စစ်သူကြီး တစ်ဦး အနေနဲ့ သူဟာ ကောင်းကင် ရောင်ပြန် အလယ် အဆင့်မှာ ရှိနေတာ ။ သူ့ရဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဟာတော့ ကောင်းကင်ရောင်ပြန် အခြေတည် အဆင့်ြ ဖစ်ပြီးတော့ ။နှစ်ဦးဟာတော့ ကြယ်တာရာ စုဝေးမှု အဆင့်ြ ဖစ်တယ်။ သာမာန်ရွာသားတွေဟာ သူတို့ အတွက် ပမွှားတွေပဲ။

“ အားးးး။”

“ သူတို့က ငါတို့ကို သတ်နေတာပဲ။ ”

“ သေတဲ့ ထိ တိုက်မယ်။”

ရွာသားတွေဟာ မပြေးကြဘူ ။ သူတို့ ဟာ မိုက်မဲတဲ့ဆုံးဖြတ်ချက်ကို ချပြီးတော့ ဆက်ပြီးတော့ တွန်းတိုက်ကြတော့တယ်။ အကယ်၍ သူတို့ သာ အခု ပြေးခဲ့ရင် ပြန်လမ်းမဲ့သွားပြီ ။ ( ဖန်ကျန်းရှီရဲ့ ဒေါသကို ပိုကြောက်ကြဟန်ပါပဲ။)

“ အရူးတွေ အရူ်းတွေ ” မျက်နှာမည်း စစ်သူကြီးဟာတော့ ဒီ ရွာသားတွေကို ခြောက်လှန့်ဖို့သာ ရည်ရွယ် ခဲ့တာ ။ အခုချိန်မှာတော့ ရွာသားတွေဟာ လေးမြှားတွေကို ဆွဲကိုင်ထားကြြ့ီပီ ။

“ပစ်ကြ။” အချိန်ခဏတာ အတွင်းမှာပဲ မြား အစင်း သုံးဆယ် ကျော်ဟာ စစ်သူကြီး နဲ့ ခေါင်းဆောင်တွေကို ထိခိုက်ကြတော့တယ်။

“ ဘယ်လောက်တောင် အတင့်ရဲလိုက်သလဲ။” စစ်သူကြီးဟာ လက်ကိုဝေ့ယမ်းရင်းနဲ့ မီးကွင်းကြီးကို ဖန်တီးလိုက်တယ်။ မြှားတွေဟာတော့ ပြာကျသွားခဲ့တယ်။

“ မင်းတို့ အတင့်ရဲ တဲ့ ရွာသားတွေကို အကုန်မျိုးဖြုတ်ပြစ်မယ်။” ရွာသားတွေဟာတော့ မီးပင်လယ်ပြင်မှာ ပိတ်မိကုန်ကြတော့တယ်။

“ အား းးး း ” “မြန်မြန်ညှိမ်းကြ။” “ ရေရေ။” ရွာသားတွေဟာ ဒီ စစ်သူကြီး အင်အားကြီးမယ်မှန်းသိပေမယ့်လည်း ဒီလောက်ထိတော့ မထင်ထားခဲ့ဘူး။

“ သူက ကျင့်ကြံသူပဲ။” “ “ ဒါက အရာ အာလးုံး ဖြစ်တည်မှု တာအိုရဲ့ အစွမ်း့ပဲ။” ရွာသားတွေဟာ ကြားဖူးရုံပဲ ရှိပြီးတော့ မမြင်ဖူးခဲ့ဘူး။

“ ရပ်။” ရွာသားတွေ အော်ဟစ်နေချိန်မှာပဲ အော်သံ တစ်ခုနဲ့ အတူ ဆရာတစ်ဦးဟာ ထွက်လာခဲ့တယ်။

“ စစ်သူ ကြီး ။ မင်းက ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်နေပြီ ။ အပြစ်မဲ့တဲ့ သာမာန် ရွာသားတွေကို ဘယ်လိုများ ထိခိုက်စေနိုင်တာလဲ။” မ

“မင်းက ဘယ်သူလဲ။”

“ ငါက ဝမ်အန်ဟွ ။ ဒီ ရွာ တာအို ခန်းမ ဆရာ။ နတ်ဆိုးကျောင်းတော်ရဲ့ အမိန့်အရ တည်ထားထာ။” သက်လတ်ပိုင်း အမျိုးသားဟာ တည်ကြည်လေးနက်စွာ ပြန်ဖြေလိုက်တယ်။

“ နတ်ဆိုး ကျောင်းတော် လက်အောက်ကလား။”

“ဟုတ်တယ်။”

“ သတ်။” မျက်နှာမည်း စစ်သူကြီးရဲ့ မျက်နှာဟာ တည်ငြိမ်သွားခဲ့တယ်။ သူက တခြား ရွာတွေကို မကြောက်ဘူး ။ ဒါပေမယ့်လည်း ဒီဆရာက နတ်ဆိုးကျောင်းတော်ကို တိုင်ကြားချက် ပို့နိုင်တယ်။

ခေါင်းဆောင်သုံးဦးဟာလည်း သူတို့ စစ်သူကြီးရဲ့ အတွေးကို နားလည်ကြတယ်။

“ မင်းက အနိုင်ကျင့်နေတာပဲ။” ဝမ်အန်ဟွရဲ့ အမူအယာ ဟ ာ ပြောင်းလဲသွားခဲ့တယ်။ သူက ပြဿနာထဲကို ဝင်မပါချင်ပေမယ့်လည်း ရွာသားတွေရဲ့ အသက်ကို ထိခိုက်လာတာကိုတော့ မကြည့်နေနိုင်ဘူး။

“ တော်သင့်ပြီ။ မင်းတို့က ငါတို့ကို ဖမ်းပြီးတော့ ငါတို့ သားကို အကြပ်ကိုင်ဖို့ ပြင်နေတာမလား။ မင်းတို့ မှာ အဲ့ဒီ့လို လုပ်ဖို့ အခွင့်အရေး မရစေရဘူး။” ဖန်ဟို့ဒဲဟာ သစ္စာရှိတယ်။ ဒါပေမယ့်လည်း ဖိနှိပ်မှုကို မလိုလားဘူး။

သူဟာ ဓား တစ်ချောင်းကို လည်ပင်းပေါ်တင်လိုက်တယ်။ သွေးစီးကြောင်းဟာ ပေါ်လာပြီးတော့ သွေးတွေ စိမ့်ထွက်လာခဲ့တယ်။

ချီရှင်းလိန်ဟာလည်း ဓားမြောင်တစ်ချောင်းကို လက်မှာ ကိုင်ရင်း သူမရဲ့ နှလုံးသားကို ထောက်ထားခဲ့တယ်။ ဖိချလိုက်ဖို့ အသင့်ဖြစ်နေခဲ့တယ်။

“ မင်းတို့ နှစ်ယောက် ရပ်စမ်း” မျက်နှာမည်း စစ်သူကြီးဟာ စိုးရိမ်လာတော့တယ်။

အကယ်၍ ဒီလူနှစ်ဦးကိုဖမ်းနိုင်ရင် ဖန်ကျန်းရှီကို ပူစရာမလိုတော့ဘူး ။ ဒါပေမယ့်လည်း သူတို့ သေသွားရင် ဖန်ကျန်းရှီကို ဖမ်းဖို့ က ပိုခက်သွားမယ်။

အကယ်၍ ဖန်ကျန်းရှီသာ ကိုယ်ယောင်မပြပဲနဲ့ မြို့တော်ကို ပြန်သွားပြီးတော့ သူတို့ရဲ့ လုပ်ရပ်တွေကို ကြေညာလိုက်ရင် ဘယ်လို ဖြစ်သွားမလဲ။ ရလဒ်ကတော့ မတွေးရဲစရာပဲ။ ဖန်ကျန်းရှီကို ဒီ မှာ အပြတ်ရှင်းဖို့ လိုတယ်။

“ ဦးလေး ဟို့ဒဲ မလုပ်ပါနဲ့ ။”

“ ဖန်မိသားစု မိုက်မိုက်မဲမဲတွေ မလုပ်ပါနဲ့။ အကယ်၍ ဖန်ကျန်းရှီသာ ဒါကို မြင်သွားရင် သူ့ကို ငါတို့ ဘယ်လို ရင်ဆိုင်ရမှာလဲ။ ”

“ မင်း …” ဖန်ဟို့ဒဲရဲ့ အမူအယာဟာ ပြောင်းလဲ သွားခဲ့တယ်။

“ ဓားကို ချထားလိုက်ပါ။ ဖန်ကျန်းရှီက စစ်သည် နှစ်ဦးကို သတ်လိုက်ပေမယ့်လည်း သူက သေဖို့ မဖြစ်နိုင်ပါဘူး။ အညံ့ခံလိုက်ရင် စစ်တပ်ဥပဒေ အရ အရေးယူမှာပါ” စစ်သူကြီးဟာ ပြောလိုက်တယ်။

“ ညီလေး ဟို့ဒဲ မင်းကြားလား။ ကျန်းရှီ မသေတော့ဘူး။ သူက အရိုက်ခံရတာ လောက်ပဲ ဖြစ်မှာ။”

“ ဓားကို ချလိုက်ပါတော့ ။”

“ဦးလေး ဟို့ဒဲ ဦးလေးတို့သာ ဒီလို လုပ်မယ်ဆိုရင် ကျန်းရှီက ကျွန်တော်တို့ကို တစ်ဘဝစာ အပြစ်တင်နေလိမ့်မယ်။” ရွာသားတွေဟာ တတ်နိုင်သလောက်ဖြောင်းဖျ နေကြတယ်။

နောက်ဆုံးတော့လည်း ဖန်ဟို့ဒဲဟာ ဓားကို ပြစ်ချရင်းနဲ့ ဒူးထောက် ချလိုက်မိတယ်။

“ ယောကျာ်း။” ချီရှင်းလိန်ဟာ သူ့ခင်ပွန်းရဲ့ ဒီလို အဖြစ်ကို မြင်ချိန်မှာတော့ ရင်နာနေမိတယ်။ မ

“ သူတို့ကို မြန်မြန်ဖမ်း။” စစ်သူကြီးဟာ ဓားချလိုက်တာကို မြင်ချိန်မှာတော့ အမိန့်ပေးလိုက်တယ်။

ခေါင်းဆောင်တွေဟာ ဓားကို မြန်မြန် ကန်ထုတ်လိုက်ပြီးတော့ ဖန်ဟို့ဒဲ နဲ့ ချီရှင်းလိန်ကို ကြိုးတုပ်လိုက်တယ်။

“ သူ့ကို သတ်လိုက်။” စစ်သူကြီးဟာ ဝန်အန်ဟွကိုကြည့်ရင်း အမိန့်ပေးလိုက်တယ်။

“ မင်း ။ မင်းတို့ စစ်သည်တွေ ကလိမ်ကကျစ်ကျတယ်။” ဖန်ဟို့ဒဲဟာ စစ်သူကြီး ပြောတာကို မြင်ချိန်မှာတော့ အံ့အားသင့်သွားခဲ့တယ်။

“ဖန်ကျန်းရှီက တောင် စစ်သည်တွေကို အတင့်ရဲပြီးသတ်ဝံ့တာ ဒါက က ပုန်ကန်မှုပဲ။ ငါတို့ ဒီကို လာရတာ ။ သူ့ကို သတ်ဖို့ပဲ။” စစ်သူကြီးက ပြောလိုက်တယ်။

အခုတော့ အရာအားလုံးက ချောမွေ့နေပြီ။ နတ်ဆိုးကျောင်းတော် က ဆရာ အသက်ရှင်နေရင် ပြဿနာ ဆက်ဖြစ်နေမယ်။

ချီရှင်းလိန်နဲ့ ဖန်ဟို့ဒဲ တို့သာ သေသွားခဲ့ရင်တော့ အခြေအနေက ပြောင်းလဲ သွားမှာပေါ့။

“ မင်း ကို အရင်ဆုံး အဆုံးသတ်ရတာပေါ့။” စစ်သူကြီးဟ ာနှာ ခေါင်းရှုတ်လိုက်ရင်း နဲ့ ဝမ်အန်ဟွကို ချိန်ရွယ်ဟာ ဓားကို ခုတ်ချလိုက်တော့တယ်။

လျင်မြန်လွန်းလှတဲ့ ဓားကို ဝမ်အန်ဟွ ဟာ ရှောင်ရှားခြင်း မပြုခဲ့ဘူး ။ သူဟာ မျက်လုံးကို ပိတ်ရင်းနဲ့သာ နာကျင်မှုကို စောင့်ဆိုင်းနေခဲ့တယ်။

“ဘွန်း!” ကျယ်လောင်တဲ့ ပဲ့တင်သံကြီးဟာ ထွက်ပေါ်လာခဲ့တယ်။

မီးတောက်မီးလျှံတွေဟာ ကောင်းကင်ကို တိုးတက်သွားပြီးတော့ နေရာအနှံ့ကို ပျံ့ှနှံ့သွားောတ့တယ်။

“ ငါသေသွားပြီလား။ ဘယ်ရောက်နေတာလဲ။” ဝမ်အန်ဟွ မျက်လုံးကို ဖွင့်ချိန်မှာတော့ သူ အသက်ရှင်နေသေးတာကို သိလိုက်ရတယ်။ နောက်ပြီးတော့ နာကျင်ခြင်းလည်း မရှိဘူး။

ဓားကပဲ မြန်လွန်းနေတာလား။

သူဟာ ဓားဖြတ်သွားတဲ့ အေးစက်စက်အသံကိုတော့ ကြားလိုက်ရတာ ။

ဖုန့်မှုန့်နဲ့ မီးလုံးတွေ ရှ်ငးသွားချိန်မှာတော့ ဝမ်အန်ဟွဟာ မြေပြင်ပေါ်မှာ ထိုင်လျက်ရှိနေခဲ့တယ်။ သူမသေတာကို တအံ့တသြ ဖြစ်နေခဲ့တယ်။

ရွာသားတွေ အားလုံးဟာတော့ သူ့ကို ကြည့်ရင်း မျက်လုံး ပြူးနေကြတယ်။

မျက်နှာမည်း စစ်သူကြီရဲ့ အကြည့်တွေဟာတော့ အေးစက်သွားခဲ့တယ်။ ခေါင်းဆောင် သုံးဦးဟာတော့ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။ သူတို့ရဲ့ စစ်သူကြီး ဓားချက် လွဲသွားတယ်။

“ ဘယ်လောက်တောင် မြန်လိုက်သလဲ။”

သူတို့ဟာ ဖြစ်သွားတဲ့ အဖြစ်ကို ကောင်းကောင်းမမြင်လိုက်ဘူး ။ အလင်းတန်း တစ်ခုဟာ စစ်သူကြီးရဲ့ ဓားကို ပိတ်ဆို့ခဲ့တာ။

အနည်းဆုံးတော့ မျက်နှာမည်း စစ်သူကြီးထက် သုံးဆ မြန်တယ်။

“ဘယ်သူလဲ။”

“ခေါင်းဆောင် သုံးဦးဟာတော့ ကြောက်လန့်နေခဲ့တယ်။

မျက်နှာမည်း စစ်သူကြီးဟာတော့ တိတ်ဆိတ်နေခဲ့တယ်။ တစ်မီတာ အကွာမှာ ရှိနေတဲ့ ဝမ်အန်ဟွ နဲ့ သူ့ ဘေးက ဓား တစ်ချောင်းကို ကြည့်နေခဲ့တယ်။

ဓားမှာ ခရမ်းရောင် အကွက်လေး ရှိနေခဲ့တယ်။

တောက်ပနေတဲ့ ခရမ်းရောင် အလင်းတန်းတွေဟာ သွေးစ သဖွယ်ရှိတဲ့ ထို အကွက်လေးကနေ ထွက်ပေါ်နေတယ်။

အပိုင်း (၂၅၄)ပြီး၏။

အပိုင်း (၂၅၅)

“ တစ်ချက်တည်းနှင့် ရှုံးနိမ့်စေခြင်း ”

မျက်တောင် တစ်ခတ်စာ အချိန်အတွင်းမှာပဲ ခရမ်းရောင်အလင်းတန်းဟာ တောက်ပလာခဲ့တယ်။

ဒါဟာ အတော် ထူးဆန်းတဲ့ မြင်ကွင်း။

ဒီအချိန်မှာပဲ ကောင်းကင်ကနေ ပုံရိပ်တစ်ခုဟာ ဆင်းသက်လာခဲ့တယ်။

တစ်ချိန်တည်းမှာပဲ အရိပ်မဲ့ဓားဟာ သူနဲ့ သက်ဆိုင်ရာကို တွေ့သွားသည့် အလား ခပ်တုးိတိုး မြည်သံ ပြုတော့တယ်။ အဲ့ဒီ့နောက် လေထုကို ခွင်းပြီး ကောင်းကင်ကနေ ဆင်းသက်လာတဲ့ ပုံရိပ်စီကို ပျံသန်းသွားခဲ့တယ်။

“သေ ” ခပ်တိုးတိုး အသံ တစ်ခုဟာ ပုံရိပ်ဆီကနေ ထွက်ပေါ်လာပြီး ကောင်းကင်ကနေ ရေတံခွန် တစ်ခု ပေါ်လာခဲ့တယ်။

ငွေမှင်ရောင် ရေတံခွန်ရဲ့ အလယ်မှာတော့ ခရမ်းရောင် အလင်းတန်းလေးဟာ တောက်ပနေခဲ့တယ်။

တောင်နဲ့ မြစ်ရုပ်ပုံလွှာ။

ခေါင်းဆောင်တွေဟာတော့ ဒီအချိန်မှာ ချီရှင်းလိန်နဲ့ ဖန်ဟို့ဒဲကို လုံခြုံအောင် လုပ်နေကြတာ ။ သူ့ဆီကို ဦးတည်လာတဲ့ ပုံရိပ်ကို မြင်ချိန်မှာတော့ သူဟာ ဖြူဖျော့သွားခဲ့တယ်။

ခရမ်းရောင် အလင်းတန်းရဲ့ ထက်ရှမှုကို သူ ခံစားမိနေတယ်။ အရာအားလုံးကို ထွင်းဖောက်နိုင်ပြီး သူ့ကိုလည်း နှစ်ခြမ်းကွဲသွားစေနိုင်တဲ့ ထက်ရှမှုကို ခံစားနေရတယ်။

သူဟာ ခုန်ရှောင်လိုက်ချင်တယ်။

ဒါပေမယ့်လည်း သူ့ရဲ့ လှုပ်ရှားမှုကို တစ်ခုခုက ကာဆီးထားခဲ့တယ်။ ကြောက်မက်ဖွယ် အင်အားကြီး တစ်ခုဟာ သူ့ကို ဖိချနေသလိုမျိုး နေရာမှာ မြဲမြဲရပ်နေခဲ့ရတယ်။ ရေစီးသန်လှတဲ့ ရေတံခွန်ကြီး အောက်မှာ ရပ်နေရသလိုမျိုး ။

“ မိုးနတ်မင်းရေ။” ခေါင်းဆောင်ဟာ ငယ်သံ ပါအောင် အော်လိုက်တယ်။ သူ့ရဲ့ ဦးခေါင်းကို ဖိထောက်ထားတဲ့ အင်အား တစ်ခုကို ခံစားနေရတယ်။

သူ့ရဲ့ အမြင်အာရုံဟာတော့ ေ၀ဝါးနေခဲ့တယ်။

သားရေဝတ်ရုံကိုဝတ်ဆင်ထားတဲ့ လူ ငယ် တစ်ဦးဟာ ခရမ်းရောင်တောက်နေတဲ့ ဓား တစ်ချောင်းကို ကိုင်ရင်း သူ့နားကို လျှောက်လာတာကို မြင်လိုက်ရတယ်။

“ ဖန် … ဖန်ကျန်းရှီလား။”

ဖန်ကျန်းရှှီဟာ ခေါင်းဆောင်ရဲ့ နောက်ဆုံး စကားကို လျစ်လျူရှုရင်း ဖန်ဟို့ဒဲနဲ့ ချီရှင်းလိန်ဘေးမှာ ရပ်တန့်လိုက်တယ်။

“ အဖေ နဲ့ အမေ ကို ပင်ပန်းစေမိပြီ။ ”

…

စတင်ထွက်ပေါ်လာတဲ့ နေ့ အလင်းရောင် အောက်မှာ မြောက်ရွာဟာတော့ ရွှေရောင်တောက်ပနေခဲ့တယ်။ ထို့ အတူ အနီရောင် အလင်းတွေဟာလည်း ဖြာထွက်နေခဲ့တယ်။

ဒါဟာတော့ သွေးတွေ ။ နောက်ပြီးတော့ သွေးစွန်းနေတဲ့ ရွံ့မြေတွေ။

ရွာသားတွေ အားလုံးဟာတော့ ဒူးထောက်လိုက်တဲ့ ဖန်ကျန်းရှီကို မြင်ချိန်မှာ မျက်လုံးပြူးနေခဲ့တယ်။ အရာအားလုံး ဖြစ်သွားတာက မြန်လွန်းလှတယ်။

မျက်နှာမည်း စစ်သူ ကြီး ဓား ဆွဲထုတ်ချိန်ပြီးတဲ့ နောက်မှာ ပိတ်ဆို့ခံလိုက်ရတယ်။ အဲ့ဒီ့နောက် လဲကျသွားခဲ့တဲ့ ခေါင်းဆောင်ရဲ့ နဖူးမှာတော့ နက်ရှိုင်းတဲ့ ဓားရာကြီး ရှိနေခဲ့တယ်။

“ သူသေသွားပြီလား။”

ကျန်းယန်ဖိန် အပါအဝင် ရွာသားတွေဟာ မယုံကြည်နိုင်ဖြစ်နေကြတယ်။ သူတို့ တွေက ဒီ ခေါင်းဆောင်နဲ့ တိုက်ခိုက်ချိန်မှာ ခေါင်းဆောင်ဟာ မြေပြင်မှာ တွင်းပေါက်ကြီးတွေ ဖြစ်အောင်လုပ်ခဲ့တယ်။ ဒီလို အင်အားကြီးတဲ့ သူတောင် သေ တယ်လား။

ကြောက်ရွံ့မှု နဲ့ အရှုံး

သူတို့တွေရဲ့ စိတ်ခံစားချက်ဟာတော့ အံ့အားသင့်မှုကနေ ဝမ်းမြောက်မှုကို ပြောငးလဲ သွားခဲ့တယ်။

ဖန်ကျန်းရှီက ဒီလို အင်အားကြီးတဲ့ သူ ကို သတ်နိုင်တာကို အံ့အားသင့်နေကြသလို ဖန်ကျန်းရှီ အတွက်လည်း ပူပန်နေခဲ့ကြတယ်။ သူတို့က ဖန်ကျန်းရှီကို ပြဿနာ မဖြစ်လို စေကြဘူး ။ ဒါဟာ မြောက်ရွာရဲ့ မိသားစုစိတ်ဓာတ်လည်း ။

“ ကျန်းရှီ ။ ပြေးတော့ သူတို့က ဒီမှာ ထောင်ချောက်ဆင်ထားတာ။”

“ ရွာ အပြင်မှာ စစ်သည်တွေ အများကြီး ရှိနေတယ်။ ရွာကို ဝိုင်းထားလိုက်ကြပြီ။”

“ ကျန်းရှှီ .။ ငါတို့ကို ဂရုမစိုက်နဲ့။ ငါတို့ သေရင်တောင်မှ မင်းလွတ်ဖို့ လိုတယ်။ ပြေးသာပြေး”

ရွာသားတွေဟာ စိတ်ပူစွာနဲ့ ပြောနေကြတယ်။ သူတို့တွေရဲ့ စိတ်ထဲမှာတော့ ဖန်ကျန်းရှှီ ရဲ့ ပြန်လာနိုင်ချေက တကယ်ကို နည်းခဲ့တယ်။

ဝမ်အန်ဟွရဲ့ အမူအယာဟာတော့ မည်းမှောင်နေခဲ့တယ်။ လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက ပထမဆုံး အကြိမ် ဖန်ကျန်းရှီ နဲ့ တွေ့ဆုံချိန်တုန်းက စိတ်ဆန္ဒ ပြင်းးပြတဲ့ ကလေး တစ်ယောက်မှန်း သိခဲ့ရတယ်။ ဒီကလေးမှာ တောက်ပတဲ့ အနာဂတ်ကို သူ မြင်နေခဲ့ရတယ်။

ဖန်ကျန်းရှီ တောင်ရွာကနေ ထွက်ခွာချိန်တည်းက သူ့ကို နောက်ထပ် မမြင်ရတော့်တာ ။ နောက်ပြီးတော့ ဖန်ကျန်းရှီရဲ့ အမဲလိုက် စွမ်းရည် ကျော်ကြားမှုကို ကြားချိန်မှာတော့ ဒီ ကလေး ရဲ့ အရည်အချင်းတွေ တောထဲမှာပဲ ဖြုန်းတီးနေတာကို သူ နှမြောခဲ့ရတယ်။ “ တာအို နိယာမ” ကို မသင်ဖူးပဲနဲ့ ဒီလိုနေရတာကို တကယ်သနားမိတယ်။

နောက်တော့် ဟွေ့အန်းဒေသ စာမေးပွဲမှာ နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်ပြီးတော့ လောကကို ထိတ်လန့်စေခဲ့တယ်။ အဲ့ဒီ့နောက် ယုံကြည်မှု မြစ်မြို့ တော် စာမေးပွဲမှာ လူတိုင်းကို မျက်လုံးပြူးစေခဲ့တယ်။ ဝမ်အန်ဟွဟာတော့ အံ့အားသင့်မှုနဲ့ အတူ မနာလို ဖြစ်ခဲ့ရတယ်.။ သစ်တောထဲမှာ နေနေတဲ့ ကလေးက ဘယ်လိုများ ဒီလောက်ထိ ထူးချွန်နိုင်တာလဲ။

အချိန်တွေ ကြာလာခဲ့ပြီးနောက် မှာတော့ သူဟာ မြောက်ရွာကို ပြောင်းရွေ့လာခဲ့ရတယ်။

ဖန်ကျန်းရှီ ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်နေပြီ ဆိုတဲ့ သတင်းကိုလည်း ကြားလိုက်ရတဲ့ ညမှာတုန်းက သူဟာ မြောက်ရွာက လူတွေအကုန်လုံးကို ဒီသတင်း လိုက်ပြောခဲ့တယ်။

သနားစရာပဲ ။

မြောက်ရွာကသူတွေ အသက် ၁၅ နှစ်နဲက ကောင်းကင် ရောင်ပြန် အဆင့်ဆိုတာဘာလဲ နားမလည်နိုင်ကြဘူး။  

“ ကောင်းကင်ရောင်ပြန် အဆင့် ဆိုတာ ဘာလဲ ဆရာ။”

“ ဆရာ။ ကောင်းကင်ရောင်ပြန် ဆိုတာ ဘာလဲ ပြသ ပေးနိုင်မလား။”

ငါကိုယ်တိုင်တောင်မှ တာအို ကို လက်မခံရသေးတာ ဘယ်လို များ ကောင်းကင်ရောင်ပြန် အဆင့်ကို သရုပ်ပြနိုင်မှာလဲ။ ခါးသက်စွာ ပြုံးခဲ့မိတယ်။

အခုချိန် သူ့ရှေ့မှာ ရောက်နေတဲ့ လူငယ်လေးကတော့ ပျံတက်တော့မယ့် သိမ်းစွန်ရဲ တစ်ကောင် သဖွယ် ဖြစ်နေခဲ့တယ်။

သူဟာ သူ့ မိဘတွေကို ကာကွယ် ဖို့ အတွက် အသက်ကို မငဲ့ပဲ ပြေးလာခဲ့တယ် ။

ဒီနေ့မှာတော့ ဝမ်အန်ဟွလည်း ကောင်းကင်ရောင်ပြန် အဆင့်ဆိုတာကို မျက်ဝါးထင်ထင် မြင်ဖူးခဲ့ပြီ ။

ရေတံခွန်ရဲ့ စွမ်းအားနဲ့အရှိန်အဝါက တကယ့်ကို ပြင်းထန်လှတယ်။ ဝမ်အန်ဟွရဲ့ စိတ်ထဲမှာ ဝမ်းနည်းလာမိတယ်။ ဖန်ကျန်းရှီက သူ့ကြောာင့် ဒီလောက်မြန်မြန်ထွက်လာခဲ့ရပြီ။

“ ကျန်းရှှီ ပြေးးး။ စစ်သူကြီးက ကောင်းကင်ရောင်ပြန် အဆင့်ရောက်နေပြီ။” ဝမ်အန်ဟွ ဟာ စိတ်ပူစွာ အော်ပြောလိုက်တယ်။

သူ့ အသက်နဲ့ ရင်းပြီးတော့ ဖန်ကျန်းရှှီ တို့ မိသားစု လွတ်အောင် ပြေ းဖို့ အချိန် ဆွဲထားဖို့ရာ ဆန္ဒရှိခဲ့တယ်။

ဝမ်အန်ဟွရဲ့ အတွေးထဲမှာတော့ ကောင်းကင်ရောင်ပြန် အခြေတည် အဆင့်မှာပဲ ရှိသေးတဲ့ ဖန်ကျန်းရှီက ဘယ်လိုများ အတွေ့အကြုံရင့် စစ်သူကြီးကို အောင်မြင်နိုင်မှာလဲ။

စစ်သူကြီးရဲ့ အမူအယာဟာတော့ မည်းမှောင်သွားခဲ့တယ်။

ဖန်ကျန်းရှီက သူ့ရဲ့ လက်ထောက် ခေါင်းဆောင်ကို ဒီလို ရက်စက်တဲ့ နည်းနဲ့ သတ်မယ်လို့ မထင်ခဲ့မိဘူး။ ဒါ့အပြင်ကို သူက မပြေးခဲ့ဘူး။ နောက်ပြီးတော့ အခုချိန်မှာ။ တာအို ခန်းမ ဆရာက သူ့ရဲ့ ဒေါသကို လာဆွေ နတယ်။ ဒါကို ဘယ်လို များ သည်းခံနိုင်မှာလဲ။ သူဟာ ဓားကို ယမ်းရင်း မီးတောက်တွေကို ကောင်းကင်ဆီ ပြစ်လွှတ်လိုက်တယ်။ ခြေသေ်ၤ့အသွင်ဖြစ်သွားတဲ့ မီးလျှံကြီးဟာ ကောင်းကင်ကို ထိုးတက်ရင်း အော်သံ တစ်ခု ကို ပြုလိုက်တယ်။

“ သေပေရော့” စစ်သူကြီးဟာ ဖန်ကျန်းရှီကို သူတို့ရဲ့ ကျင့်ကြံ ဆင့်ကွာခြားချက်ကြောင့် အသာစီး တိုက်ခိုက်နိုင်မယ်လို့ အထင်ရှိနေခဲ့တယ်။

အခုချိန်မှာတော့ ဒီကလေးကို သင်ခန်းစာ ကောင်းကောင်းပေးရမယ်။

မီးလျှံ ခြင်္သေ့ဟာ အင်အား ပြင်းစွာနဲ့ ဝမ်အန်ဟွ ဆီကို တိုးဝင်သွားခဲ့တယ်။

ဒီ အချိန်မှာပဲ ငွေရောင် တောက်ပတဲ့ လတစ်စင်းဟာ ကောင်းကင်မှာ ပေါ်ထွက်လာပြီးတော့ မီးလျှံခြင်္သေ့ကို တား ဆီးလိုက်တယ်။

ထူးဆန်းတဲ့ ခရမ်းရောင် အလင်းတန်းတွေဟာ ခြင်္သေ့ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့တယ်။

စစ်သူကြီးဟာတော့ ဓားချက်တွေကို ထပ်ခါ ထပ်ခါ ပြစ်လွှတ်နေခဲ့တယ်။ အဲ့ဒီ့အချိန်မှာပဲ စစ်သူကြီး မျက်လုံးပြူးရလောက်အောင် ခရမ်းရောင် အလင်းတန်းတွေ ဝန်းရံနေတဲ့ အဖြူရောင် လမင်းကြီးဟာ သူ့ဓားချက်တွေကို ချေဖျက်ရင်း ရှေ့ဆက်လာခဲ့တယ်။

“ဘွန်း!”ကျယ်လောင်တဲ့ အက်ကွဲသံကြီးဟာ မြင်းပေါ်ကနေ ပြုတ်ချခြင်းနဲ့ အတူ ထွက်ပေါ်လာခဲ့တယ်။ အဲ့ဒီ့နောက် ကြီးမားတဲ့ ပုံရိပ်ကြီး တစ်ခုဟာ မြေပြင်ပေါ်ကို အရုပ်ကျိုးပျက်ကျလာခဲ့တယ်။

စစ်သူကြီးဟာတော့ သူ့လက်ထဲက ဓားကျိုးကို မယုံနိုင်စွာ ကြည့်နေခဲ့တယ်။ ဓား တစ်ဝက်ဟာတော့ သူ့ ရင်ဘတ်မှာ စိုက်ဝင်နေတဲ့တယ်။

“ ဒါ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”

ဖန်ကျန်းရှီက ကောင်းကင်ရောင်ပြန် အဆင့်မှာပဲ ရှိသေးတာကို သူသိတယ်။ ဒါပေမယ့်လည်း တော်ဝင်တိုက်ခိုက်ရေးစာမေးပွဲ က သတင်းကို သူ မကြားခဲ့သလို ဖန်ကျန်းရှီ ကိုင်ဆောင်ထားတဲ့ ခြေရာမဲ့ ဓားဟာလည်း မုန့်ထျန်းဓား ဖြစ်နေတာကို မသိခဲ့ဘူး ။

ဖန်ကျန်းရှီ ဘယ်လောက်ပဲ အရည် အချင်းရှိပါစေ ။ ကောင်းကင်ရောင်ပြန် အခြေတည် အဆင့်ပဲ ရောက်သေးတဲ့ ဒီကလေးကို သူက ဖိနှိပ်တိုက်ခိုက်နိုင်ရမှာ မဟုတ်ဘူးလား။

ဒါပေမယ့်လည်း အခုချိန်မှာတော့

သူ့ရှေ့က ကလေးဟာ သာမာန် လူ တစ်ယောက် မဟုတ်ပဲ။ ရေခဲဆူးချွန်တွေရှိနေတဲ့ ကျားတစ်ကောင် ဖြစ်နေခဲ့တယ်။

ဒါကို သူ မတွေးမိခဲ့ဘူး။

စာမေးပွဲတွေရဲ့ ထိပ်တန်းကျောင်းတော်သား ။

တကယ့်ကို နာမည်တစ်လုံးနဲ့ နေတာပဲ။

ဒီလို ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ မမျှော်လင့်ခဲ့ဘူး။ တိုက်ပွဲ အခြေအနေ ပြောင်းလဲ သွားတာကို ရွာသားတွေနဲ့ ခေါင်းဆောင်နှစ်ဦးဟာ မျက်တောင် မခတ်စတမ်းကြည့်နေခဲ့ကြတယ်။

“ ဘာတွေ ဖြစ်ကုန်တာလဲ။”

“ အဲ့ဒီ့လူက စစ်သူကြီး မဟုတ်ဘူးလား။”

“ဖန်ကျန်းရှှီ ရဲ့ ဓားချက် တစ်ချက်ကိုတောင် မခုခံနိုင်ဘူး ။ တကယ့်ကို မယုံနိုင်စရာပဲ။”

“ ဘယ်လောက်တောင် အင်အားကြီးလိုက်သလဲ။”

ရွာသားတွေ အားလုံးဟာ သတိ ဝင်လာချိန်မှာတော့ ဖန်ကျန်းရှှီ ရဲ့ အစွမ်းကို တအံ့တသြ ဖြစ်နေခဲ့ကြတယ်။ ဒါပေမယ့်လည်း ဒီလို အစွမ်းကတော့ ရူးကြောင်ကြောင် နိုင်နေခဲ့တယ်။

ဘယ်လိုများ ကလေး တစ်ယောက်က စစ်သူကြီးကို နိုင်အောင် တိုက်နိုင်တာလဲ။

ဝမ်အန်ဟွ ဟာ သေဖို့ အတွက် ပြင်ဆင်နေခဲ့ရာကနေ မျှော်လင့်ချက်ရောင်ခြည်ကို တွေ့လိုက်ရတယ်။ ဒါဟာ အံံ့သြစရာ ကောင်းလှသလို ဒါက ဖြစ်နိုင်လားဆိုတာတောင်မှ မယုံနိုင် ဖြစ်နေခဲ့တယ်။

“သားလေး။”

“ သား ။ မင်း….”

ဖန်ဟို့ဒဲ နဲ့ ချီရှင်းလိန်တို့ဟာ သူတို့ သားရဲ့ အစွမ်းကို မယုံနိုင်ဖြစ်နေခဲ့ကြတယ်။

“ အဖေနဲ့ အမေ” ဖန်ကျန်းရှီဟာ စစ်သူကြီးကို လျစ်လျူရှုရင်း သူ့ မိဘတွေဆီကို ပြေးကာ ဒူးထောက်လိုက်တယ် ။ သူဟာ ဓ ားကို မြေပြင်ပေါ် စိုက်ထားရင်း ကြိုးတွေကို လက်နဲ့ ဖြည်ပေးနေခဲ့တယ်။

ဒီအချိန်မှာတော့ ရွာသားတွေရဲ့ စိတ်ထဲမှာ အတွေး တစ်ခု ဝင်လာခဲ့တယ်။ ဒီလိုသားမျိုးသာရှိရင် နောက်ထပ် ဘာကို တောင့်တရအုန်းမလဲ။ မ

စစ်သူကြီးဟာတော့ သူ့ရဲ့ ခေါင်းဆောင် နှစ်ဦးကို မျက်စပြစ်လိုက်ချိန်မှာ ခေါင်းဆောင်တွေဟာ ချက်ခြင်း ဆိုသလို ရွာထဲကနေ ပြေးထွက်သွားကြတော့တယ်။

ကောင်းကင်ရောင်ပြန် အဆင့် စစ်သူကြီးတောင် မနိုင်ဘူး ဆိုရင် သူတို့က တိုက်ခိုက်ဖို့တောင် ဖြစ်နိုင်ပါ့မလား။

“ သား မြန်မြန်သွားတော့။ သူတို့ စစ်တပ်က ရွာကို ဝိုင်းထားတာ။ မင်းသူတို့ကို အကုန်တိုက်နိုင်မှာ မဟုတ်ဘူး။ စစ်တပ်ပြန်မလာခင် မြန်မြန်ပြေးတော့။” ချီရှင်းလိန်ဟာ ဆက်တိုက်ပြောနေခဲ့တယ်။

“ အမေ။” ဖန်ကျန်းရှီဟာ သူ့ အမေမျက်လုံး ထဲက မျက်ရည်စတွေကို မြင်ချိန်မှာတော့ ပထမဆုံး အကြိမ်အနေနဲ့ သူ့ အဖေ အမေ အသက်အရွယ်ရနေပြီ ဆိုတာကို သတိထားမိလိုက်တယ်။

သူ့မိဘတွေရဲ့ အတွေးကို သူနားလည်တယ်။ ဒါပေမယ့်လည်း ဒီနေ့သာ သူ ကိုယ်လွတ်ရုန်းခဲ့ရင် နောင်တစ်ချိန်မှာ သူရမယ့် အောင်မြင်မှုတွေဟာလည်း အဓိပ္မာယ်မရှိနိုင်တော့ဘူး ။

သူ့ရဲ့ ထိပ်တန်းေ ကျာင်ေးတာ် သား ဂုဏ်ရည်။ အဆင့်လေး ဓားသံတမန် ရာထူးတွေဟာ သူ့မိဘတွေကို မကယ်နိုင်တဲ့ သူတစ်ယောက် အတွက်တော့ အလကား အမှိုက်တွေပဲ။”

“ဒီနေ့။ ငါ့ရွာမှာ အတင့်ရဲပြီး သွေးစွန်းအောင်လုပ်တဲ့ သူတွေနဲ့ ငါ့ လူတွေကို ထိခိုက်စေသူ တွေ အကုန်သေရမယ်။” ဖန်ကျန်းရှီဟာ ဓားကို မြှောက်ရင်း နဲ့ ကြွေးကြော်လိုက်တယ်။

တစ်ချိန်တည်းမှာပဲ။ ခရမ်းရောင် အလင်းတန်းတွေဟာ သူ့ မျက်လုံးကနေ တောက်ပလာခဲ့တယ်။ ဒါဟာ ဓား ရဲ့ တောက်ပမှု နဲ့ တူညီလှတယ်။

ကျောက်တုံးအိမ်ထဲကနေ ထွက်လာပြီးနောက်သူဟာ အဆုံးမဲ့ လောကထဲက လွတ်မလွတ်ကို မစဉ်းစားတော့ပဲ မြောက်ရွာကိုသာ မြန်မြန် လာခဲ့တာ ။

နေထွက်စပြုနေပြီ။ ကန်လင်းတောင် ဘာဖြစ်ဖြစ် သူ ဂရုမစိုက်နိုင်တော့ဘူး။ သူ့ စိတ်ထဲမှာ အပူပန်ဆုံးက သူ့ရွာနဲ့ သူ့မိဘတွေပဲ။ ကျည်ဆံ တစ်တောင့်လို ပျံသန်းလာရင်းနဲ့ သူ ဟာ ရွာထဲကို ဝင်လာချိန်မှာတော့ သူ့ ဒေါသတွေကို ပေါက်ကွဲ စေတဲ့ မြင်ကွင်းကို မြင်လိုက်ရတယ်။

မီးလောင်ပြင်ထဲက ဒဏ်ရာ အပြည့်နဲ့ ရွာသားတွေရဲ့ နာကျင်စွာ အော်ညီးသံ။ တိုက်ခိုက်နေတဲ့ မျက်နှာမည်း လူတစ်ဦး။ ပိုပြီးတော့ အရေးကြီးတာကတော့ သူ့မိဘတွေဟာ ကြိုးတုပ်ခံထားရပြီးတော့ ကျန်ယန်ဖိန်ဟာလည်း ပါးစပ်ကနေ သွေးစီးကျရင်း လဲကနေခဲ့တယ်။

ကူကယ်ရာမဲ့နေတဲ့ ဒီ လူတွေဟာ သူ့စိတ်ကို ဖုံးလွှမ်းသွားခဲ့တယ်။

သူ့မှာ လူ မသတ်စရာ အကြောင်းမရှိတော့ဘူး။

“ခဘွန်း!” ကျယ်လောင်တဲ့ မိုးခြိမ်းသံကြီးဟာ ထွက်ပေါ်လာခဲ့တယ်။

အပိုင်း (၂၅၅) ပြီး၏။

အပိုင်း (၂၅၆)

“ ကြောက်ခမန်းလိလိ သတ်ဖြတ်ခြင်း အရှိန်အဝါ”

“ ဖန်ကျန်းရှှီ မင်း ထွက်လာပြီ ဆိုတော့ ဒီနေ့မင်းသေရမယ်။ ” မျက်နှာမည်း စစ်သူကြီးရဲ့ အသံဟာတော့ အေးစက်နေခဲ့တယ်။

သူဟာ ပြန်လမ်းမရှိတဲ့ ခရီးကို စတင်ခဲ့မိမှန်းသူသိတယ်။ ဒါကြောင့် နောက်ဆုံး ခြေလှမ်းကို စတင်ခဲ့တယ်။ ဒါပေမယ့်လည်း သူ့ အသက်ကော ဖန်ကျန်းရှီ အသက်ကောဟာ ရွေးချယ်စရာ ရှိခဲ့လို့လား။ သူ့မှာ အမိန့်ကို ငြင်းဆန်ပိုင်ခွင့်ကော ရှိခဲ့လို့လား။

အခုချိန်မှာတော့ သူ့ နောက်မှာ စစ်သည်ထောင်ချီနဲ့ ခေါင်းဆောင်တွေ ပါလာကြတယ်။ ဖန်ကျန်းရှီ ဘယ်လောက်ပဲ အင်အားကြီးသည် ဖြစ်စေ စစ်တပ်ကိုတော့ မဆန့်ကျင်နိုင်ပါဘူး။

ရလဒ်က အဆုံးသတ်တော့မှာ။

ရွာသားတွေဟာ စစ်သူကြီးရဲ့ စကားကို ကြားချိန်မှာတော့ သူတို့ရဲ့ အမူအယာဟာ ပြောင်းလဲ သွားခဲ့တယ်။ သူတို့ ရဲ့ ရွာကို စစ်တပ် တွေက ဝန်းရံထားတဲ့ အကြောင်းသိတယ်။

လူတစ်ဦးတည်းက ဘယ်လိုများ စစ်တပ်ကြီးကို တိုက်ခိုက်နိုင်မှာလဲ။

“ ကျန်းရှီ။ ဟို့ဒဲနဲ့ ရှင်းလိန်ကို မင်းနဲ့ ခေါ်သွား။ ဒီလူတွေကို ငါတို့လက် အပ်လိုက်။” ကျန်းယန်ဖိန်ဟာ မတ်မတ် ရပ်ရင်းနဲ့ ပြောလိုက်တယ်။

သူတို့ အတွက်လည်း နောက်ဆုတ်ဖို့ရာ လမ်းမရှိတော့ဘူး။

“ သူတို့ကို ငါတို့လက် အပ်လိုက်”

““ ငါ့လည်း နေခဲ့မယ်။”

“ငါကောပဲ။”

ရွာသားတွေဟာ ကျန်းယန်ဖိန်ရဲ့ စကားကို ကြားချိန်မှာတော့ သူတို့ရဲ့ လယ်ယာသုံး ပစ္စည်းတွေနဲ့ အိမ်က ပစ္စည်းတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း တိုက်ခိုက် ဖို့ ပြင်နေခဲ့တယ်။

ဒီအချိန်မှာတော့ သူတို့ ဟာ သွေးချောင်း စီးဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်။

မျက်နှာမည်း စစ်သူကြီးဟာတော့ အတော်လေးကို စိတ်မသက်မသာ ခံစားနေကြတယ်။

သူ့ နောက်က ခေါင်းဆောင်ဟာတော့ ပိုပြီးတော့ စိတ်ရှုပ်ထွေးနေခဲ့တယ်။ စစ်တပ်ဟာ အင်အားကြီးပေမယ့်လည်း သူတို့ လုပ်ချင်တာ လုပ်နိုင်တယ်လို့ မဆိုလိုဘူး။ ကြီးမြတ်သော ရှ မင်းဆက်မှာလဲ သူ့ ဥပဒေနဲ့ သူရှိတယ်။

ရွာတစ်ခုလုံးကို မျိုးတုန်း သတ်ဖြတ်မယ်။

ဒါက ကျော်မကောင်း ကြားမကောင်း တဲ့ လုပ်ရပ်ပဲ။

ဓားပြတွေတောင်မှ ဒီလို လုပ်ရပ်မျိုးကို မလုပ်ကြဘူး ။ ရွာလုံးကျွတ်သတ်တာဟာ အမြင့်ဆုံး သော ပြစ်မှုပဲ။ သူတို့ရဲ့ စွမ်းဆောင်မှုတွေတောင်မှ ဒီ အပြစ်ကို ချေနိုင်မှာ မဟုတ်ဘူး။

“ စစ်သူကြီး ဒါက။” ခေါင်းဆောင်ဟာ ရွာသားတွေရဲ့ စိတ်ဓာတ်ကို မြင်ချိန်မှာတော့ သူဟာ ချက်ခြင်း ဆုတ်ခွာခဲ့တယ်။

“ ဒီလို မျိုးနဲ့ ဆိုရင် ဖန်ကျန်းရှှီ သေမှပဲ ပုန်ကန်မှု မဖြစ်နိုင်မှာ။” စစ်သူကြီးဟာ ဖန်ကျန်းရှီကို ကြည့်ရင်းပြောလိုက်တယ်။

“ အမိန့်အတိုင်းပါ။” ခေါင်းဆောင်ဟာ ခေါင်းငြိမ့်လိုက်တယ်။ သူဟာ အမိန့်ကို နာခံဖို့သာ လေ့ကျင့်ထားတာ ။ သူ့မှာ တခြား အမြင်မရှိဘူး။

စစ်သူကြီးဟာ ဖန်ကျန်းရှီကို မြန်နိုင်သလောက် မြန်မြန်သတ်ချင်နေသလို ဖန်ကျန်းရှီဟာလည်း ထပ်တူထပ်မျှ ဖြစ်နေခဲ့တယ်။ သူ့ ရွာသားတွေကို ထပ်ပြီးတော့ အထိခိုက် မခံနိုင်ဘူး။ ဖန်ကျန်းရှီဟာ ရှေ့ကို ခုန်ထွက်လိုက်တယ်။

ရွာကွင်းပြင်နဲ့ ဝင်ပေါက်ကြားမှာ လျှောက်လမ်း အကျယ်ရှိတယ်။ ဒါဟာ အကောင်းဆုံး တိုက်ခိုက်ဖို့ နေရာပဲ။

သူဟာ ခရမ်းရောင် ခပ်ဖျော့ဖျော့လင်းနေတဲ့ ခြေရာမဲ့ ဓားကို မြှောက်လိုက်တယ်။ ဆူနာမီ မုန်တိုင်း တစ်ခုဟာ ဖန်ကျန်းရှီ ရဲ့ ခေါင်းပေါ်မှာ ပေါ်လာခဲ့တယ်။ ဓားရဲ့ ပဲ့တင်သံ ဟာလည်း ထွက်ပေါ်လာခဲ့တယ်။

“ ကောင်းကင်ကနေ ထွက်ပေါ်လာတဲ့ မြစ်ဝါမြစ်။ ပင်လယ်ထဲကို စီးဝင်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ပါနဲ့။” ဖန်ကျန်းရှီဟာ တီးတိုး ပြောရင်းနဲ့ ခြေရာမဲ့ ဓားကို လွှဲခုတ်လိုက်တယ်။

ဒါဟာ ရေခဲနံရံကနေ သူ သင်ယူခဲ့တဲ့ ဒုတိယ ဓားပညာ ။

“ အဆုံးမဲ့ စီးဆင်းမှု”

ပထမ နည်းလမ်းဟာ သူ့ရဲ့ အင်အားတွေကို တချက်တည်းမှာ စုစည်းလိုက်ပြီးတော့ ချောင်းမြောင်းတိုက်ခိုက်မှု အတွက် ကောင်းတယ်။ တခြားတစ်ဖက်မှာပဲ ဒုတိယနည်းလမ်းကတော့ အဆက်မပြတ်တိုက်ခိုက်မှု အတွက် ကောင်းတယ်။ အခု အခြေအနေအတွက် အကောင်းဆုံးလဲ ။

“ အတူ တိုက်ခိုက်မယ်။” မျက်နှာမည်း စစ်သူကြီးဟာ ဖန်ကျန်းရှီ နဲ့ ပထမ အကြိမ် တိုက်ခိုက်ချိန်က အဖြစ်ကို သင်ခန်းစာ ယူလိုက်ပြီ ။ သူ့ရဲ့ ဓားကို ဘေးကပ်လိုက်ပြီးတော့ ခေါင်းဆောင်တွေကို သူ့ဆီ အင်အား ပို့လွှတ်ပေးဖို့ ပြောလိုက်တယ်။

သူက ကောင်းကင်ရောင်ပြန် အလယ် အဆင့်မှာ ရှိနေသော်ငြား ဖန်ကျန်းရှိကို ထိခိုက်အောင် မတိုက်ခိုက်နိုင်ဘူး ။ အင်အားတွေ ပေါင်းစည်းတိုက်ခိုက်ဖို့ လိုအပ်တယ်။ သူဟာ အံ့အားသင့်ခဲ့ပေမယ့်လည်း မတွေဝေဘူး။ ပြိုင်ဘက်ကို အထင်မသေးဘးူး။

ခက်ခဲတဲ့ တိုက်ပွဲက စစ်သည်တိုင်းဟာ တိုက်ပွဲ အန္တရာယ်ကို ကောင်းကောင်းသိတယ်။ သူ့ ဓားကို မြှောက်လိုက်တာနဲ့ ဓားသဏ္ဍာန်တောင်ဟာ ကောင်းကင်မှာ ဖြစ်ပေါ်လာတယ်။ သူဟာ ကောင်းကင်ရောင်ပြန် အဆင့် ရှိတဲ့ တစ်ဦးတည်းသော ခေါင်းဆောင်လည်း ။

ဖန်ကျန်းရှီက ရေကို အသုံးပြုတယ် ဆိုတည်းက သူဟာ တောင်တန်းတွေကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်တယ်။ သစ်သားကတော့ အမာခံအတွက် သုံးတာ ။

မျက်နှာမည်း စစ်သူကြီးဟာ စစ်တပ်ကို အုပ်ချုပ်လာတာ ကြာပြီဖြစ်တဲ့ အတွက် သူ့ ခေါင်းဆောင် ဘာလုပ်ချင်နေလဲ သိတယ်။ အင်အားပူးပေါင်းပေးဖို့ ဆုံးဖြတ်လိုက်တယ်။

သူဟာ မီးခြင်္သေ့နဲ့ တိုက်ခိုက်နေကြ ။ ဒါကြောင့် သူ့ စစ်သူကြီး က သစ်ပင်တွေကို သုံးတာ ဖြစ်သင့်တယ်။

 “Woosh!”

သူ့ရဲ့ ဓားဟာ လေထဲကို ခွင်းသွားပြီးတော့ မီးတောက်တွေကို ဖြစ်ပေါ်စေတယ်။ ဖန်ကျန်းရှီ ဆီကို ရောက်ခါနီးလေ မီးတောက်ဟာ ကြီးလေ။

“ သေပေရော့။” စစ်သူကြီးဟာ အော်ဟစ်ရင်း ဆူနာမီ မုန်တိုင်းဆီကို တိုးဝင်သွားခဲ့တယ်။

ရွာသားတွေဟာတော့ သူတို့ ရှေ့က တိုက်ပွဲကို စောင့်ကြည့်နေကြတယ်။ သူတို့မှာလည်း ဒီ ပြင်းထန်လှတဲ့ တိုက်ပွဲကို ကြည့်နေရုံ အပြင် တခြား ဘာတတ်နိုင်သေးလို့လဲ။ ကြည့်ရတာ အင်အားကြီးတဲ့ သတ္တဝါ နှစ်ကောင်ရဲ့ အသေအကျေတိုက်ပွဲ လိုပဲ ။ တစ်ခုရှိတာကတော့ ပိုပြီး ပြင်းထန် ကြောက်မက်ဖွယ်ကောင်းတယ်။

ရွာသားတွေ အားလုံးဟာတော့ ရလဒ်ကို သိချင်လွန်းလို့ စိတ်လှုပ်ရှားနေကြတယ်။

ဘယ်သူက အနိုင်ယူ သွားနိုင်မလဲ ဘယ်သူမှ မသိဘူး။ သူတို့ရဲ့ မျက်လုံးတွေဟာတော့ ဆူနာမီနဲ့ မီးခြင်္သေ့ကြီးကိုသာ ကြည့်နေခဲ့တယ်။

 “ဘွန်း!”

ဒီအချိန်အတွင်းမှာ မီးခြင်္သေ့ဟာ ဆူနာမီ မုန်တိုင်းရဲ့ စုပ်ယူခြင်းကို ခံလိုက်ရတယ်။ ရေလုံးကြီး ထဲမှာပဲ မျက်တောင် တစ်ခတ် အတွင်း ပျောက်ကွယ်သွားခဲ့တယ်။

မျက်နှာမည်း စစ်သူကြီးဟာတော့ ဆူနာမီနဲ့ တိုက်ရိုက် ရိုက်ခတ်ခံလိုက်ရသလို ပါးစပ် အပြည့် သွေးတွေ အန်တော့်တယ်။

စစ်သူကြီးဟာ အဆိုးဆုံး ကံ တရားနဲ့ တွေ့ကြုံလိုက်ရတာ ။ သူဟာ ကြိုးပြတ်သွားတဲ့ စွန်သဖွယ် ဖြစ်နေခဲ့တယ်။ သွေးတွေ အတော်လေး ဆုံးရှုံးထားတာကြောင့် သူဟာ ဖြူဖျော့လာခဲ့တယ်။ သူ့ရဲ့ ကိုယ်ကိုလည်း နောက်ထပ် မထိန်းထားနိုင်တော့ဘူး။

 “ပလွတ်!” စစ်သူကြီးဟာ မြေပြင်ပေါ်ကို လဲကျသွားရင်း အက်ကွဲ ကြောင်းကြီး တစ်ခုကို ဖြစ်စေခဲ့တယ်။

ခရမ်းရောင် အလင်းတန်းတွေဟာ ဖန်ကျန်းရှီ ရဲ့ မျက်လုံးကနေ လင်းလက်တောက်ပလာခဲ့တယ်။ အရိပ်မဲ့ ဓားရဲ့ ခရမ်းရောင် အလင်းတန်းတွေဟာတော့ နဂါး တစ်ကောင် အသွင် ပီသစွာ ဖြစ်ပေါ်လာခဲ့တယ်။ ဓားထိပ်မှာပြေးလွှားလှုပ်ရှားနေတဲ့ နဂါးငယ်။

ပြင်းထန်လှတဲ့ အင်အားတွေဟာ ဓားကနေ စီးဆင်းလာပြီးတော့ ဖန်ကျန်းရှီ ရဲ့ ကိုယ်ထဲကို ဝင်ရောက်သွားခဲ့တယ်။ သူ့ရင်ထဲက အမုန်းတရားဟာတော့ သတ်ဖြတ်လိုစိတ်နဲ့ အတူ ကြီးထွားလာခဲ့တယ်။ အခုချိန်မှာတော့ သူ့ရဲ့ လောကကြီးဟာ ခရမ်းရောင် အတိ ပြီးနေခဲ့တယ်။

“ သတ်” သူ့ရဲ့ အသံနဲ့ အတူ ခရမ်းရောင် အလင်းတန်းတွေဟာ လှိုင်းလုံး သဖွယ် အသွင်နဲ့ စစ်သူကြီးကို ရိုက်ခတ်တော့တယ်။

စစ်သူကြီးဟာကြောင့် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေခဲ့တယ်။ ဖန်ကျန်းရှိက ဒီလောက် ထိ အင်အား ပြင်းထန်မယ်လို့ မထင်ခဲ့မိဘူး။

ကောင်းကင်ရောင်ပြန် အခြေတည် အဆင့်က ဘယ်လိုများ ဒီလောက်ထိ စွမ်းနိုင်မှာလဲ။

ဒါက ဝိဉာဉ်တွေကို ရိတ်သိမ်းဖို့ ရောက်နေတဲ့ သေမင်း( သေခြင်းနတ်ဘုရား) ပဲ။

မျက်နှာမည်း စစ်သူကြီးဟာတော့ ဖန်ကျန်းရှီ ကို မကောင်းဆိုးဝါး တကောင်သဖွယ် ထိတ်လန့်တကြားကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ ရဲ့ တိုက်ခိုက်မှုတွေက မယုံနိုင်စရာ ကောင်းလောက်အောင် အင်အား ပြင်းထန်လွန်းလှတယ်။

“ပြေးးးး” တွေဝေမှု မရှိပဲနဲ့ စစ်သူကြီးဟာ မီးပင်လယ် တစ်ခုကို ဖန်တီးပြီးတော့ သူ့ရဲ့ စစ်တပ်ဆီကို အရောက်ပြေးတော့တယ်။ ဖန်ကျန်းရှီက စစ်တပ် တစ်ခုလုံးကို အနိုင်တိုက်နိုင်မှာတော့ မဟုတ်ဘူး။

ခရမ်းရောင် အလင်းတန်းတွေဟာတော့ သူ့ကို ဖမ်းမိသွားခဲ့တယ်။

မီးပင်လယ် ခြားနေတာတောင်မှ တောက်ပတဲ့ ခရမ်းရောင် အလင်းတန်းတွေဟာ ဖြတ်သန်းလာပြီးတော့ စစ်သူကြီးရဲ့ ကိုယ်ကို ထွင်းဖောက်သွားခဲ့တယ်။

“ အားးးး” စစ်သူကြီးရဲ့ နာကျင်မှု အပြည့် အော်သံနဲ့ အတူ သူ့ရဲ့ ခြေလက် တစ်ဖက်ဟာ ပြတ်ထွက်သွားခဲ့တယ်။ သွေးတွေဟာတော့ ဒလဟော စီးကျလာတော့တယ်။

ရွာသားတွေဟာတော့ မျက်လုံးပြူးနေခဲ့တယ်။

“ စွမ်းလိုက်တာ။”

“ မိုးနတ်မင်းရေ ”

“ ကျန်းရှီက ဘာလို့ ဒီလောက်များ အင်အားကြီးနေတာလဲ။ စစ်သူကြီးထက်တောင် အင်အားကြီးသေးတယ်။ ”

ရွာသားတွေဟာတော့ သူတို့ရဲ့ လက်နက်တွေကို ကျစ်ကျစ်ပါအောင် ကိုင်ရင်းနဲ့ တိုက်ပွဲကို စောင့်ကြည့်နေခဲ့တယ်။

ဒါဟာ သူတို့ အတွက် ငွေရောင် မျှော်လင့်ချက် ဖြစ်သလို သူတို့ရဲ့ စိတ်ဓာတ်နဲ့ အတွေးကိုတော့ ပြောင်းလဲ ပြစ်ခဲ့တယ်။

ဖန်ဟို့ဒဲ နဲ့ချီရှင်းလိန်တို့ဟာတော့ သူတို့ သားရဲ့ စွမ်းရည်ကို အတော်လေး အထင်ကြီးနေမိတယ်။

ကျန်ယန်ဖိန်ရဲ့ စိတ်ထဲမှာလဲ အေးဆေးလာခဲ့တယ်။ ဖန်ကျန်းရှီရဲ့ အစွမ်းဟာ သူတို့စိတ်ကို မျှော်လင့်ချက် ပေးခဲ့တယ်။

“ နောက်ဆုံးတော့ သူတို့ က အသက်ရှင်ရုံပဲ။”

ဝမ်အန်ဟွ ရဲ့ တအံ့တသြ ဟ နေတဲ့ ပါးစပ်ထဲကိုတော့ ဘဲ နှစ်ကောင်လောက် ချောင်ချောင်လေး ဝင်လို့ရနေပြီ။ သူဟာ ဖန်ကျန်းရှီ ကောင်းကင်ရောင် ပြန် အဆင့် ရောက်သွားတာ လအနည်းငယ်ပဲ ကြာသေးမှန်းသူသိတယ်။

ဒီလောက် အချိန်တို အတွင်းမှာပဲ ဘယ်လိုများ ဒီလောက်ထိ အင်အားကြီးနိုင်တာလဲ။

ကောင်းကင်ရောင်ပြန် အဆင့် နှစ်ယောက်ကို အသာလေး ရှင်းပြစ်နိုင်ခဲ့တယ် ။

ဒါက သရေ အခြေအနေတောင် မဟုတ်ဘူး လုံးဝကို ဖိနှိပ်ပြစ်လိုက်တာပဲ။

ဝမ်အန်ဟွဟာ သူ့ မျက်လုံး သူ မယုံနိုင် ဖြစ်နေခဲ့တယ်။

တကယ်တမ်းတော့ ဖန်ကျန်းရှီ လည်း သူ့ကိုယ်သူ မယုံနိုင် ဖြစ်နေခဲ့တယ်။ သူ ခြေရာမဲ့ ဓားကို ကိုင်လိုက်ချိန်တည်းက အင်အားတွေ ဟာ အလုံးအရင်းလိုက် သူ့ ကိုယ်ထဲ ဝင်လာတာကို ခံစားမိတယ်။ ခြေရာမဲ့ ဓား ရဲ့ စိတ်လှုပ်ရှားမှုကိုလည်း ခံစားမိတယ်။ သွေးစွန်းဖို့ အဆင်သင့်ဖြစ်နေတယ်။ သတ်ဖြတ်ဖို့ အတွက် တက်ကြွနေခဲ့တယ်။

ဘာတွေ ဖြစ်နေလဲ သူ တကယ်ပဲ မတွေးတတ်ဘူး ။

ဒါပေမယ့်လည်း သူ့ မိဘတွေနဲ့ ရွာသားတွေကို ပြုမူခဲ့တဲ့ အဖြစ်တွေဟာ သူ့စိတ်ထဲမှာ ပြန်လည် ထင်ဟပ်လာပြီးတော့ အမုန်းတရားဟာ မဖုံးဖိနိုင်လောက်အောင် ပေါက်ကွဲထွက်လာခဲ့တယ်။

“ သတ် ”

“သတ်”

“သတ်”

အသံတွေဟာ သူ့နားထဲမှာ ပြည့်လျှံလာခဲ့တယ်။ သူ့ မျက်စိထဲက လောကကြီးဟာတော့ ခရမ်းရောင် ဖျော့ဖျော့ကနေ ခရမ်းရင့်ရောင်ကို ပြောင်းလဲလာခဲ့တယ်။ အနီရောင် အလင်းတန်း တစ်ချို့ဟာလည်း သူ့ အမြင်အာရုံထဲမှာ ရှိနေခဲ့တယ်။

မြောက်ရွာကို အနိုင်ကျင့်သူ တိုင်း သေရမယ်။

အဖေ။ အမေ တို့ အတွက် သား လက်စားချေပေးမယ်။ သူတို့ အကုန်လုံးကို တစ်ယောက် မကျန် သတ်ပြစ်မယ်။

“ အားးးးးးးး” ဖန်ကျန်းရှီရဲ့ ဒေါသနဲ့ အော်ဟစ်သံဟာ ရွာ အပြင်ကို ဟိန်းထွက်သွားခဲ့တယ်။

“ သေ ။ မင်းတို့ အားလုံး သေရမယ်။ တစ်ယောက် မှ မလွတ်စေရဘူး။” ဖန်ကျန်းရှှီဟာ ထပ်ခါ ထပ်ခါ ပြောနေခဲ့တယ်။ ခရမ်းရောင် အလင်းတန်းဟာတော့ သူ့ ဓားကနေ ထွက်ပေါ် နေခဲ့တယ်။

လည်ပတ်နေတဲ့ ခရမ်းရောင် အလင်းတန်းတွေဟာတော့ နှစ်ဆ ဖြစ်လာခဲ့တယ်။ နဂါး နှစ်ကောင်ဟာ လည်ပတ်ရင်း ဓားထိပ်မှာ ကခုန်နေခဲ့တယ်။

“ စစ်သူကြီးးး”

ကြောက်လန့်တကြား အော်ဟစ်သံ တစ်ခုဟာ မယုံကြည်နိုင်မှု ထိတ်လန့်မှုရောယှက်စွာ ပေါ်လာခဲ့တယ်။

အဲ့ဒီ့နောက် ထောင်ချီတဲ့ စစ်တပ်ကြီး နီးကပ်လာမှုကို ကြားလိုက်ရတယ်။ ဖုန်မှုန့်တွေဟာ လိမ့်တက်လာသလို လျှံတွေဟာလည်း အသင့် အနေအထား ဖြစ်နေခဲ့တယ်။

ဒါဟာ စစ်သူကြီးရဲ့ ကျွမ်းကျင် စစ်တပ်။

တပ်နီတော် နဲ့ မယှဉ်နိုင်ရင်တောင် မှ သူတို့ဟာ ထူးချွန်တဲ့ စစ်တပ် ။ ၂၀ % ဟာ ကျင့်ကြံသူတွေ ဖြစ်ကြပြီးတော့ အင်အားစုစည်း တိုက်ခိုက်မှုကို ကောင်းကောင်း ကျွမ်းကျင်ကြတယ်။

ကန်လင်းတောင် တဝိုက်မှာ ၂၀၀၀၀ ( ၂သောင်းထက်ပိုတဲ့ တပ်စခန်းတွေ ဟာ ရှိနေခဲ့တယ်။ အချိန်နဲ့ တပြေးညီ တုံ့ပြန်နိုင်အောင် စစ်သူကြီးဟာ ဒီ တပ်ဖွဲ့ကို သူ နဲ့ အနီးဆုံးနေရာမှာ ထားတာ ။

သူတို့ရဲ့ တုံ့ပြန် နိုင်စွမ်းဟာ တကယ့်ကို မြန်ဆန်လှတယ်။ နောက်ပြီးတော့ အခုချိန်မှာတော့ ။

စစ်တပ်ကြီးဟာ ဒီလပိုင်း အတွင်း သူတို့ရဲ့ ပထမဆုံးတိုက်ပွဲကို ရွာငယ်လေး တစ်ရွာ ကို ချေမွပြစ်ဖို့ အသုံးချရတော့မယ်။

ဒါပေါ့။ သူတို့ကို ရင်ဆိုင်ဖို့အတွက် လူငယ်လေး တစ်ဦးဟာ ရွာဘက်မှာရှိနေခဲ့တယ်။

ထူးဆန်းတဲ့ ခရမ်းရောင် အလင်းတန်းတွေဟာ လူငယ်လေးရဲ့ ဓားကနေ ထွက်ပေါ်နေပြီးတော့ သတ်ဖြတ်လိုစိတ် ပြင်းပြလှတဲ့ အငွေ့အသက်တွေဟာ လျှံထွက်နေခဲ့တယ်။ သူ့ရဲ့ မျက်လုံးတွေဟာလည်း ထူးဆန်းစွာ ခရမ်းရောင် တောက်နေခဲ့တယ်။

“ ဖန်ကျန်းရှီက ပုန်ကန်ဖို့ ကြံနေတယ်။ သူ့ရွာလည်း အတူတူပဲ သူတို့ အားလုံးကို သတ်။” စစ်သူကြီးဟာ ဖန်ကျန်းရှီကို ကြည့်ရင်း အသံကုန်အော်လိုက်တယ်။

ဒါဟာ သူ့ ဘဝမှာ ပထမဆုံး အကြိမ် အဖြစ် ဒီလောက်ထိ ကြောက်ဖူးတာ ။ ကျောရိုးထဲကနေ် စိမ့်တက်လာတဲ့ ကြောက်ရွံ့မှု ။ အခုချိန်မှာတော့ သူ လည်း မရပ်နိုင်တော့ ဘူး။

အကယ်၍ ဖန်ကျန်းရှီသာ မသေရင် သူသေရမှာ။

“ စစ်သူကြီး ကျွန်တော်တို့ ဖန်ကျန်းရှီကို ဖမ်းလိုက်မယ်။ ဒီရွာသားတွေကတော့။” ခေါင်းဆောင် တစ်ဦးဟာ စစ်သူကြီးရဲ့ အမိန့်ကို ကြားချိန်မှာတော့ အံ့အားသင့်သွားခဲ့တယ်။

“ သူတို့ကို သတ်ရမယ်။ အမိန့်ကို ဆန့်ကျင်သူတိုင်း ခေါင်းဖြတ်ခံရမယ်။” စစ်သူကြီးဟာ စစ်တပ် အမိန့်ပြားကို ထုတ်ရင်း သူ့ရဲ့ အာဏာကို အကုန်သုံးတော့တယ်။

“မင်းတို့ အားလုံး အမိန့်အတိုင်းဆောင်ရွက်။” ခေါင်းဆောင်ဟာ အမိန့်ပြားကို ကြည့်ရင်း အံကြိတ်ကာ အော်လိုက်တယ်။

“အမိန့်အတိုင်းပါ။” စစ်သည်တွေဟာ ပြန်ဖြေလိုက်တယ်။

သူတို့ဟာ ပင့်ကူ ကွန်ယက် သဖွယ် နေရာယူရင်း တိုက်ခိုက်ဖို့ ပြင်တော့တယ်။

“သတ်”

“သတ်”

သူတို့ရဲ့ အသံတွေဟာ တောင်ကြောတစ်လျှောက် ဟိန်းထွက်သွားခဲ့တယ်။

ရွာသားတွေအားလုံးဟာတော့ နောက်ဆုတ်သွားခဲ့ကြတယ်။

ဒီလို စစ်တပ်ကြီးကို သူတို့ ရင်ဆိုင်ဖို့ရာကတော့ ဘယ်လို ဖြစ်နိုင်မှာလဲ။ အကြောက်တရားဟာ သူတို့ကို လွှမ်းခြုံနေခဲ့တယ်။

“ မြောက်ရွာကို ထိပါးတဲ့ သူ တွေ အကုန် သေသင့်တယ်။” ငရဲကနေ ထွက်ပေါ် လာသလို အေးစက်လှတဲ့ အသံဟာ ပေါ်ထွက်လာပြီးတော့ စစ်တပ်ဗျူဟာ ဆင်ထားတဲ့ ပင့်ကူ အိမ်သဖွယ် တိုက်ကွင်းထဲကို ပုံရိပ်တစ်ခုဟာ ထိုးဖောက်သွားခဲ့တယ်။

စစ်သည်တွေ အားလုံးဟာတော့ သူတို့ မြင်လိုက်ရတာကို မျက်လုံး ပြူးနေကြတယ်။

ဖန်ကျန်းရှီက ဒီလိုမျိုး စစ်တပ်ကို မျက်နှာချင်းဆိုင်တိုက်ခိုက်မယ်လို့ မထင်ထားခဲ့မိဘူး ။

အပိုင်း (၂၅၆) ပြီး၏။

အပိုင်း (၂၅၇)

“ သတ်ဖြတ်ခြင်း တာအို”

ဖန်ကျန်းရှီဟာ တွေဝေခြင်း အလျဉ်းမရှိပဲ ထိုးဖောက် တိုက်ခိုက်ခြင်း ။ သင်းကွဲ ဝံပုလွေ တစ်ကောင်ဟာ သိုးအုပ်ကို ဝင်ဆွဲသည့် အလား ဖြစ်နေခဲ့တယ်။

ဒါပေမယ့်လည်း

စစ်သည်တွေက မခုခံမယ့် သိုးလေးတွေမှ မဟုတ်တာ။ သူတို့က ကြီးမြတ်သော ရှမင်းဆက်ရဲ့ ရဲရင့်တဲ့ စစ်သည်တော်တွေပဲ။ လူငယ်လေး တစ်ဦး သတ်တာကို ဘယ်သူက ရပ်စောင့်နိုင်မှာလဲ။

“ သတ် ” မိုးခြိမ်းသံ သဖွယ် အသံကျယ်ကြီးဟာ ထွက်ပေါ်လာတော့တယ်။ စစ်သည် ၁၀၀ ဟာတော့ သူတို့ရဲ့ ဗျူဟာကို စတင်တော့တယ်။ စစ်သည် ၅၀၀ဟာ လျှံတွေကို နှိမ့်ပြစ်ခဲ့တယ်။ ချွန်ထက်တဲ့ လျှံ အသွားတွေဟာတော့ နေရောင်အောက်မှာ တောက်ပနေခဲ့တယ်။

“သေပေရော့။” ဖန်ကျန်းရှီဟာ သူ့ ဓားကို လွှဲခုတ်လိုက်ချိန်မှာတော့ ခရမ်းရောင် အလင်းတန်းတွေ ပေါ်ထွက်လာပြီး စစ်သည်တွေရဲ့ သွေးစက်တွေဟာမြေပြင်ပေါ်ကို ကျဆင်းတော့တယ်။

နေရာယူထားတဲ့ မြင်းစီး စစ်သည်ငါးဦးဟာတော့ မြေပြင်ပေါ်ကို ကျသွားခဲ့တယ်။

ဖန်ကျန်းရှီ အကြောင်းကို ကြားဖူးကြတဲ့ သူတို့တွေဟာ ကောင်းကင်ရောင်ပြန် အဆင့်ပဲ ရှိသေးတဲ့ သူ့အကြောင်းသိကြတယ်။ ဒါပေမယ့်လည်း ဒီလောက်ထိ အင်အား ကြီးမယ်လို့တော့ မမျှော်လင့်ခဲ့မိဘူး ။

စစ်သည်တွေ အားလုံးဟာတော့ နေရာမှာ ကျက်သေသေနေခဲ့ကြတယ်။

သွေးတွေဟာလည်း မြေပြင်ပေါ်မှာ စွန်းထင်းနေခဲ့တယ်။

ဖန်ကျန်းရှီ ရဲ့ မျက်လုံးတွေဟာတော့ မီးကျည်းမီးပန်း အသွင် တဖြတ်ဖြတ် တောက်ပနေတဲ့ အနီစွေးစွေးကို ပြောင်းလဲ သွားပြန်တယ်။ သွေးတွေဟာတော့ သူ့ မြင်ကွင်းကို ဖုံးလွှမ်းထားခဲ့တယ်။ သူရဲ့ အမုန်းတရား အဆင့်ဟာတော့ ရူးသွပ်ခါနီး အခြေအနေကို ပြောင်းလဲသွားခဲ့ပြီ ။

“ သေ သေ သေ။ မင်းတို့ အားလုံး သေရမယ်။” ဖန်ကျန်းရှီ ရဲ့ စိတ်ထဲမှာတော့ ဒီ အတွေး တစ်ခုပဲ ရှိတယ်။ ရွာသားတွေကို အနိုင်ကျင့်သူ မှန်သမျှ သေရမယ်။ စစ်တပ်ထဲက အကျင့်ပျက်သူ မှန်သမျှကို ဖယ်ရှားရမယ်။

ဒီလိုနဲ့ပဲ။ ဘယ်စစ်သည် တစ်ဦးတစ်ယောက်က မှ ဖန်ကျန်းရှီရဲ့ စွမ်းအားကြောင့် ထိုးစစ်ဆင်မှုကို မရပ်တန့်ရဲကြဘူး။ သူတို့ဟာ အသက် ပြင်းပြင်းရှူပြီးနောက် စက်ဝိုင်း သဖွယ် ဝန်းရံကြတော့တယ်။

“ သတ်” အမိန့်ပေးသံ ထွက်လာချိန်မှာတော့ ဒါဇင်ချီတဲ့ မြင်းတွေဟာ ဒုန်းစိုင်းနှင်လာပြီးတော့ မြင်းပေါ်က လှံကိုင် စစ်သည်တွေဟာ ဖန်ကျန်းရှီကို အသေထိုးသတ်ဖို့ ဝင်လာတော့တယ်။ သူတို့ဟာ အသေအချာလေ့ကျင့်ထားတဲ့စစ်သည်တွေမှန်းသိသာလှတယ်။ မြင်းတွေ အားလုံးဟာတော့ ဖန်ကျန်းရှီ ဆီကို တိုးဝင်လာချိန်မှာ လှံတွေဟာလည်း နေရာလွတ်မရှိ အောင် ထိုးဖောက်လာခဲ့ကြတယ်။

ဖန်ကျန်းရှီ ရဲ့ အကြည့်ဟာတော့ သူ့ခေါင်းပေါ်မှာ ခြေရာမဲ့ဓားကို ဝေ့ယမ်းရင်းနဲ့ အေးစက်သွားပြန်တယ်။ ဆူနာမီ မုန်တိုင်းဟာတော့ သူ့ကိုယ်ကနေ ထွက်ပေါ်လာပြီးတော့ ခရမ်းရောင် အလင်းတန်းတွေဟာ ပြေးလွှားနေခဲ့တယ်။

“သေ ” သူ့ရဲ့ အော်ဟစ်သံဟာ ပဲ့တင်ထပ်သွားတော့တယ်။ ခရမ်းရောင် အလင်းတန်းဟာ ဓား ပေါင်း ထောင်သောင်းချီထက် အင်အားပြင်းထန်ပြီးတော့ လှံကိုင် စစ်သည်တွေကို ချေမွ ပြစ်လိုက်တယ်။

ဒီအချိန်မှာပဲ တိုက်ကွက်ဟာလည်း ပြိုကွဲသွားခဲ့တယ်။

ဒီအချိန်မှာတော့ သူဟာ လှိုင်း တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တာ ။ ဒုတိယ တစ်ခေါက်မှာလဲ စစ်သည်တွေဟာ အရင်အတိုင်း နေရာယူလိုက်ပြန်တယ်။

ဒါဟာ ရောမ အင်ပါယာ်ရဲ့ တိုက်ခိုက်နည်းနဲ့ အတူတူပဲ ။ လူတစ်ဦးတည်းကို တိုက်ခိုက်ချိန်မှာ သူတို့ဟာ ဝန်းရံပြီး ဖိအားပေးခြင်း နည်းလမ်းကို သုံးကြတယ်။

သူတို့ တိုက်ခိုက်လိုသူကို အင်အားတွေ ကုန်ဆုံးးသည် အထိ အသုံးပြုစေလိုပြီး ခြေကုန်လက်ပန်း ကျချိန်မှာသာ အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် သတ်ဖြတ်ပြစ်တာ ။

သူတို့ မမျှော်လင့်ခဲ့တာကတော့ ဖန်ကျန်းရှီရဲ့ဓားဟာ ထက်ရှလွန်းတယ်။ လဲကျသွားတဲ့ စစ်သည်တွေဟာ နောက်တစ်ကြိမ် ပြန်မထိုင်တော့ဘူး။ ဒါဟာ အတော်လေးကို အကြပ်ရိုက်စေတယ်။ သူတို့ ဘယ်လောက်ထိ လေ့ကျင့်ထားသည် ဖြစ်ပါစေ။ ဖန်ကျန်းရှီဟာ အင်အားကြီးလွန်းလှတယ်။ သူတို့ မမျှော်မှန်းနိုင်လောက်တဲ့ အထိ အင်အားကြီးလွန်းလှတယ်။

“သေ ။”

“သေပေရော့၊ ”

“မင်းတို့ အားလုံး မရဏနိုင်ငံကို သွား။”

သူဟာ ထပ်ခါထပ်ခါ ရေရွတ်ရင်းနဲ့ မိစ္ဆာတစ်ကောင် ပူးကပ်နေသူ သဖွယ် တိုက်ခိုက်နေခဲ့တယ်။ တိုက်ပွဲအော်သံ တွေနဲ့ အတူ စစ်သည် ရာချီရဲ့ အသက်ဟာ ယူဆောင်ခြင်းခံရတယ်။ မြင်းတွေ တောင်မှ မလွတ်မြောက်ဘူး ။

ခရမ်းရောင် အလင်းတန်းရဲ့ သတ်ဖြတ်မှုဟာ ပြင်းထန်လှတယ်။

တိုက်ပွဲမြင်းတွေရဲ့ အော်သံဟာတော့ သနားစဖွယ်ကောင်းလှတယ်။ ဖန်ကျန်းရှီဟာ စစ်သည်များစွာ အလယ်မှာ ရပ်နေပင်မယ့်လည်း ကြောက်ရွံ့ဟန်ကို တစ်ချက်မှ ပြသခြင်းမရှိ။ သူ့ စိတ်အလျဉ်မှာတော့ သတ်ဖြတ်ဖို့ရန်အကြောင်းကသာ ကြီးစိးုးနေခဲ့တယ်။

လူလှိုင်းတွေ တစ်လုံးပြီး တစ်လုံးနဲ့ အတူ စစ်သည်တွေရဲ့ အသက်ဝိဉာဉ်ဟာလည်း ချုပ်ငြိမ်းသွားခဲ့ရတယ်။ ဒါဟာ အခြား စစ်သည်တွေကို ကျောချမ်းစေခဲ့တယ်။

သူတို့ ဟာ ရဲရင့်ကောင်း ရဲရင့်မယ်။ ဒါပေမယ့်လည်း သေခြင်း တရားကိုတော့ ကြောက်လန့်တယ်။ သူူတို့ရဲ့ တိုက်ခိုက်မှုတွေဟာတော့ ဖန်ကျန်းရှီ ဓားသွားရဲ့ တိုက်ခိုက်မှု အောက်မှ ဖြည်းဖြည်းချင်းစီ နှေးကွေးသွားခဲ့တယ်။

ဒါကလွဲပြီးတော့ ဖန်ကျန်းရှီ ရဲ့ ဓားဟာတော့ ပိုပြီး ထက်ရှ လာသည့်နှယ် လှုပ်ရှားမှုတိုင်းမှာ ပိုမို မြန်ဆန်လာခဲ့တယ်။ သူဟာ အရှိန်လျှော့သွားဟန် မရှိပေမယ့်လည်း လဲကျသွားတဲ့ စစ်သည် အရေအတွက်နဲ့ အတူ ခရမ်းရောင် အလင်းတန်းဟာတော့ ပိုပြီးတော့ တောက်ပလာခဲ့တယ်။

ထူးခြားလှတဲ့ ခရမ်းရင့်ရောင် အလင်းတန်းမှာ အနီရောင် အစင်းကြောင်းတွေ ပါဝင်နေခဲ့တယ်။

ဖန်ကျန်းရှီဟာ ခြေရာမဲ့ ဓားနဲ့ ဆက်ကာဆက်ကာ လွှဲခုတ်နေခဲ့တယ်။ သူ ဘယ်လောက် လူများများ သတ်ပြီးပြီလဲ မတွေးနိုင်ခဲ့ဘူး။ သူ ယူခဲ့တဲ့ အသက်တွေနဲ့ ညီမျှစွာပဲ သူ့ ဒေါသနဲ့ အမုန်းတရားဟာလည်း ပိုလို့သာ တိုးလာခဲ့တယ်။ သူ့နှလုံးသားဟာ မီးသဖွယ်ပူပြင်းနေပြီးတော့ ဆက်လက် တိုက်ခိုက်ဖို့သာ အားသာနေခဲ့တယ်။

သူဟာ စက္ကန့်နဲ့ အမျှ အင်အား ကြီးလာခဲ့တယ်။ သူ့ကို ဒီအခြေအနေဆီ တွန်းပို့ခံခဲ့ရပြီးပြီ။ ဘယ်အရာက တားဆီးနိုင်စွမ်းရှိအုန်းမှာလဲ။

ဖန်ကျန်းရှီဟာ တစ်ခုခု ထူးဆန်းလာတာကို သတိထားမိလိုက်တယ်။ သူ့ရဲ့ စိတ်အာရုံနယ်မြေထဲက သစ်ပင်ကြီးပေါ်မှာ သစ်သီးတွေ အသစ်တွေ ပေါ်လာဟန်ပဲ။ အနီရောင် သန်းနေတဲ့ ခရမ်းရောင် သစ်သီးတွေ။ သူဟာ အံ့အား သင့်သွားခဲ့တယ်။ အခုချိန်ထိ သစ်သီးတွေဟာ အဆက်မပြတ်ပေါ်လာနေတာ ။ ဘာသစ်သီးတွေလဲ။

သတ်ဖြတ်မှု တာအို လား။

ဖန်ကျန်းရှီလည်း မတွေးတတ်တော့ဘူး။ ဒါပေမယ့်လည်း သူဟာ အသက်တွေကို ဆက်ပြီးခြွေယူချိန်တိုင်း သစ်သီးတွေဟာ ပိုပြီး မာလာတာကို သတိထားမိသွားတယ်။

အမုန်းတရားနဲ့ ဒေါသမီးတွေဟာတော့ သွက်သွက်ခါခါ ရူးသွပ်မတတ် အဆင့်ကို ရောက်ခါနီးနေပြီ ။

ခြေရာမဲ့ ဓားထိပ်က အလင်းတန်းတွေဟာတော့ ဖန်ကျန်းရှီ ရဲ့ ကိုယ်မှာပါ ပတ်ချာလည် လည်ပတ်နေပြီပဲ ။ သူ့ရဲ့ လက်မောင်းကနေ တက်လာပြီးတော့ ကိုယ်ကို စက်ဝိုင်းသ ဖွယ် လည်ပတ်နေခဲ့တယ်။

“မင်းတို့ အားလုံး သေပေရော့၊”

ဖန်ကျန်းရှီရဲ့ အေးစက်လှတဲ့ အသံဟာ မျက်နှာမည်း စစ်သူကြီးကို ကြည့်ရင်းထွက်ပေါ်လာခဲ့တယ်။

စစ်သူကြီးဟာတော့ ဖန်ကျန်းရှီကို ကြောက်ရွံ့ မှု အပြည့်နဲ့ ကြည့်နေခဲ့တယ်။

သူ့ဘဝမှာ ဒီလို သန့်စင်ပြီးတော့ မထိန်းချုပ်နိုင်ဖြစ်နေတဲ့ သတ်ဖြတ်မှု အရှိန်အဝါတွေ ဆယ်စုနှစ်တွေ အတောတွင်း တိုက်ပွဲ စစ်မြေပြင်မှာ တစ်ခါမှ မတွေ့ဖူးဘူး ။ သူ့ရဲ့ စစ်တပ်ကြီး တစ်ခုလုံးကို သေမင်း က ဝါးမျိုနေပြီလို့တောင်ထင်လိုက်မိတယ်။ အခုချိန်မှာတော့ ရပ်တန့်ဖို့ မဖြစ်နိုင်ဘူး။ သူ့ရဲ့ စစ်သည်တွေကို ဆက်တိုက်ဖို့သာ အမိန့်ပေးခဲ့တယ်။

“ သတ်” ဖန်ကျန်းရှီ ရဲ့ အသံဟာထွက်ပေါ်လာခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ ပြစ်မှတ်ဟာ စစ်သူကြီး ။

ခြေရာမဲ့ ဓားဆီက ခရမ်းရောင် အလင်းတန်းတွေဟာတော့ ပျံသန်းသွားရင်း စစ်သူကြီး ဆီကို ပြေးဝင်သွားခဲ့တယ်။

တိုက်ပွဲကို ကြီးကြပ်နေတဲ့ စစ်သူကြီးဟာတော့ အံ့အား သင့်သွားခဲ့တယ်။ တိုက်ပွဲအလယ်က ဖန်ကျန်းရှီက သူ့ လက်နက်ကို ပြစ်လွှတ်ဝံ့တယ်လား။

သူ့ရဲ့ ကြီးမားလှတဲ့ ဓားကြီးကို သုံးရင်း ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုကို ကာကွယ်လိုက်တယ်။

မမျှော်လင့်တဲ့ အရာတစ်ခု ဖြစ်လာခဲ့တယ်။ သူ့နှလုံးကို ဦးတည်နေတဲ့ ခြေရာမဲ့ဓားဟာ ရုတ်တရက်ရပ်တန့်ရင်း ဦးတည်ချက် ပြောင်းကာ လည်ချောင်းကို ထိုးဖောက်သွားတော့တယ်။

“ချီးပဲ။” သွေးတွေဟာ ပွင့်ထွက်သွားတဲ့ လည်ချောင်း အပေါက်ကနေ စီးကျလာတော့တယ်။

စစ်သူကြီးရဲ့ မျက်လုံးတွေဟာတော့ မယုံကြည်နိုင်မှု ကြောင့် ပြူးကျယ်နေခဲ့တယ်။ စစ်သည် ထောင်ချီ စောင့်ကြပ်နေတာတောင်မှ သူ့ကို ဖန်ကျန်းရှီက သတ်နိုင်တယ်လား။

သူ တစ်ခုခုပြောချင်ပေမယ့်လည်း အချိန်စေ့သွားခဲ့ပြီ။

သူ့ ဝိဉာဉ်ဟာတော့ ကိုယ်ခန္ဒာကို စွန့်ခွာခဲ့ပြီ။

“ သူ သူက လူ မဟုတ်ဘူး။” ဒါဟာတော့ စစ်သူကြီးရဲ့ အတွေး ။ ကောင်းကင်ရောင်ပြန် အခြေတည်အဆင့် ကျင့်ကြံသူက ဘယ်လိုများ ဒီလို အစွမ်းရှိနိုင်မှာလဲ။

ဒါက ကော င်းကင်ရောင်ပြန် ထိပ်သီး အဆင့်တောင် မဟုတ်ဘူး။ သဘာဝလွန် အဆင့်ကျင့်ကြံသူတွေတောင်မှ ဒီလို ကိစ္စကို လုပ်နိုင်ဖို့ ခက်ခဲ လိမ့်မယ်။

ဖန်ကျန်းရှီက သဘာဝလွန် အဆင့်လား။”

မဖြစ် ။

မဖြစ်နိုင်ဘူး။

ဒါက လုံးဝမ ဖြစ်နိုင်ဘူး။

စစ်သူကြီးဟာ ဖန်ကျန်းရှီကို မျက်လုံးပြူးကြီးနဲ့ ကြည့်ရင်းသာ အသက်ကုန်သွားခဲ့တာ ။

ဒီ အချိန်မှာတော့ ပြင်းထန်လှတဲ့ တိုက်ပွဲကြီးဟာ ခေတ္တ ရပ်တန့်သွားခဲ့တယ်။

လေခပ်ပြင်းပြင်းဟာတော့ သွေးညှီနံ့တွေကို သယ်ဆောင်လာခဲ့တယ်။

စစ်သည်တွေ အားလုံးဟာတော့ ဖန်ကျန်းရှီကို ကြောက်ရွံ့မှုအပြည့်နဲ့ ကြည့်နေခဲ့တယ်။ ဓားဟာတော့ သူ့လက်ထဲကို ရောက်နေပြီ ။ အခုချိန်မှာတော့ ဓားတစ်ချောင်းလုံးဟာ ခရမ်းရောင်တောက်နေခဲ့တယ်။

မြင်းတွေတောင်မှ အန္တရာယ် အငွေ့အသက်ကို ခံစားနေကြရတယ်။

ရွာသားတွေဟာတော့ မျက်လုံး အပြူးသား ပါးစပ် အဟောင်းသားနဲ့သာ ကြည့်နေခဲ့တယ်။ ခရမ်းရောင် အငွေ့တွေ ပြည့်နေတဲ့ ဖန်ကျန်းရှီရဲ့ စွမ်းအားကို ခံစားနိုင်တယ်။ ဖန်ကျန်းရှီရဲ့ သတ်ဖြတ်မှု အရှိန်အဝါဟာ ပြင်းထန်လှပေမယ့်လည်း သူတို့ဟာ ကြောက်ရွံ့ခြင်း အလျဉ်းမရှိကြဘူး။ ဖန်ကျန်းရှီက သူတို့ကို ကာကွယ်ဖို့ ကြိုးစားနေမှတော့ ဘာ ဖြစ်နိုင်အုန်းမှာလဲ။

ဒီကလေး က သူတို့ရဲ့ မျက်စိရှေ့မှာ ကြီပြင်းလာခဲ့တာ ။

“ ဒါက ကျန်းရှီရဲ့ အစွမ်းတွေလား။”

“သူက အင်အားကြီးလိုက်တာ။”

“ မြို့တော် စာမေးပွဲမှာ သူ ထိပ်တန်း ဖြစ်တာ အံ့သြစရာ မရှိတော့ဘူး။”

“ကျန်းရှီ ရှိနေသရွေ့တော့ မြောက်ရွာကို ဘယ်သူကမှ အနိုင်ကျင့်ရဲမှာ မဟုတ်တော့ဘူး။”

ရွာသူရွာသားတွေရဲ့ စိတ်ထဲမှာ လုံခြုံစိတ်ချမှုကို ခံစားလိုက်ရတယ်။ ကြီးမြတ်သော ရှ မင်းဆက်မှာ ဘယ်လောက်ပဲ အင်အားကြီးတဲ့ သူတွေရှိလဲ သူတို့ မသိဘူး ဂရုလည်း မစိုက်ဘူး။ သူတို့ အားလုံးသိတာက ဖန်ကျန်းရှီ ဟာ ထောင်ချီတဲ့ စစ်သည်တွေတောင်မှ သူ့ကို မတားဆီးနိုင်လောက်အောင် အင်အားကြီးလွန်းလှတယ်။

ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ ခရမ်းရောင် ဖြစ်နေတာကို သူတို့ ဂရုမစိုက်ကြဘူး။

ဖန်ကျန်းရှီဟာတော့ သူ့ဘေးက စစ်သည်တွေကို ကြည့်နေခဲ့တယ်။ သူ့ရဲ့ အကြည့်ဟာတော့ အမိန့်ပေးနေတဲ့ ခေါင်းဆောင်တွေဆီမှာ ရပ်တန့်သွားခဲ့တယ်။ ခရမ်းရောင် အလင်းတန်းတွေဟာလည်း ဆက်လက် လည်ပတ်နေခဲ့တယ်။

“သတ်”

“အဆုံးသတ်ထိ တိုက်ကြ။ ငါတို့ရဲ့ စစ်သူကြီးက ဒီ ပုန်ကန်မှုကို တားဆီးဖို့ အသက်စွန့်လိုက်ရပြီ။ ပုန်ကန်သူကို ဖမ်းကြ။” ခေါင်းဆောင်ဟာ ဖန်ကျန်းရှီကို ကြည့်ရင်း အော်ဟစ်လိုက်တယ်။ သူ့စိတ်ထဲမှာလည်း မကောင်းဆိုးဝါးရဲ့ အငွေ့အသက်ကို ခံစားလိုက်ရတယ်။

မြင်းဟာ ပတပ်ရပ်လိုက်တယ်။

ခရမ်းရောင် အလင်းတန်းဟာတော့ သူ့ရှေ့ကို ရောက်ရှိလာခဲ့တယ်။

တုံ့ပြန်မှုလေးတောင်မလုပ်နိုငခဲ့ဘူး။

“ အားးးး” ခေါင်းဆောင်ဟာ အော်ရင်း မြင်းပေါ်ကနေ ပြုတ်ကျသွားခဲ့တယ်။ သွေးတွေဟာတော့ သူ့ နှလုံးကနေ စီးကျလာခဲ့တယ်။

သူဟာ စစ်သည်တွေ ဝန်းရံထားတဲ့ကြားကပဲ ခေါင်းဆောင် နှစ်ဦးရဲ့ အသက်ကို ယူခဲ့နိုင်တာ ။ အတော်လေး မိုက်တဲ့ အောင်မြင်မှုတွေပဲ။

စစ်တပ်က စစ်သည်တွေဟာ်တော့ ဖန်ကျန်းရှီ နဲ့ ရင်ဆိုင်ရချိန်မှာ ကူကယ်ရာ မဲ့နေခဲ့တယ်။ အကယ်၍ သူတို့သာ ရှိသမျှ ရင်းပြီး တိုက်လိုက်ရင်တော့ ဂုဏ်သိက္ခာတစ်ခု ကျန်ခဲ့မှာ ။

ဒါပေမယ့်လည်း

ဘယ်သူက ဒီလို လုပ်ဖို့ ဆန္ဒရှိလို့လဲ။

သူတို့အားလုံးထဲက တစ်ယောက်မှာတော့ သတ္တိရှိချင်ရှိနိုင်တယ်။ ဒါပေမယ့်လည်းအားလုံးမှာတော့ သတ်္တိမရှိနိုင်ဘူး။ လူအရေအတွက် အတော်များများဟာ ခေါင်းဆောင် နှစ်ဦး သေဆုံးချိန်မှာတော့ စိတ်ဓာတ်ပျက်ပြားကုန်ပြီ ။

ခေါင်းဆောင် တစ်ချို့ဟာလည်း ထို့နည်းလည်းကောင်း။

သူတို့အားလုံးဟာ ဒီအချိန်မှာ တိုက်ခိုက်သင့်မှန်းသိပေမယ့်လည်း စစ်သူကြီးနဲ့ ခေါင်းဆောင်နောက်ကိုတော့ ဘယ်သူမှ မလိုက်လိုကြဘူး။

ဘယ်သူမှ မသေချင်သလို ဘယ်သူမှလည်း တိုက်ပွဲကို ဦးမဆောင်လိုကြဘူး။

ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ဖို့လည်း ယုံကြည်မှု မရှိကြဘူး။ သူတို့ဟာ ရပ်တန့်ရင်း ရွာထွက်ပေါက်ကိုသာ ကြည့်နေခဲ့တယ်။

“ သေ ။ မင်းတို့ အားလုံး သေရမယ်။”

စစ်သည်တွေဟာ တိုက်ခိုက်မှုကို ရပ်လိုက်ကြသော်ငြား ဖန်ကျန်းရှီကတော့ မရပ်ခဲ့ဘူး။ သူ့ ဓားဝေ့ယမ်းချက်နဲ့ အတူ သွေးတွေဟာ ဆက်လက် စီးကျနေခဲ့တယ်။

 “Ah!”

“Ah…”

သနားစဖွယ် အော်ဟစ်သံတွေဟာ ပေါ်ထွက်နေခဲ့ကြတယ်။ စစ်မြင်းတွေတောင်မှ ဒီ အချိန်မှာ ခြေဦးတည့်ရာ ပြေးကုန်ကြပြီ ။ စစ်သည်တွေဟာလည်း ပြေးကြပြီ ။

“ သေ ။ မင်းတို့အားလုံး သေရမယ်။”

“မလုပ်နဲ့”

ဖန်ကျန်းရှီ နောက်တစ်ကြိမ် လွှဲခုတ်ဖို့ ပြင်လိုက်ချိန်မှာပဲ အော်သံ တစ်သံ ဟာ လေထုကို ခွင်းပြီးတော့ ထွက်ပေါ်လာခဲ့တယ်။ ပုံရိပ်တစ်ခုဟာ ဖန်ကျန်းရှီ ဆီကို ပြေးဝင်လာခဲ့တယ်။

ဖန်ကျန်းရှီဟာ သူ့ ဓားကို မြှောက်ထားဆဲ ။

“ သေ” အေးစက်တဲ့ အသံနဲ့ အတူ သူ့ရဲ့ ဓားခုတ်ချက်ကို စတင်တော့မယ့် အချိန်မှာပဲ နီးကပ်လာတဲ့ ပုံရိပ်ဟာ ရင်းနှီးနေတာကို တွေ့လိုက်ရတယ်။

ပုံရိပ်ဟာ ခရမ်းရောင် အသွင် ဖြစ်ြ့ပီးတော့ မသဲမကွဲ ေ၀ဝါးနေပင်မယ့်လည်း သူ့စိတ်ထဲမှာတော့ ဒါဟာ သူ့ အတွက် အဖိုးတန်သူ တစ်ယောက် ဆိုတာ သိနေခဲ့တယ်။

သူ့နှလုံးသားထဲမှာ နာကျင်လာခဲ့တယ်။ တစ်ယောက်ယောက်က သူ့ကို တားမြစ်လိုက်သလိုမျိုး တွေဝေသွားပြီးတဲ့နောက်မှာတော့ ရပ်တန့်နေခဲ့တယ်။

ဒီအချိန်မှာပဲ နွေးထွေးမှုကို ခံစားလိုက်ရတယ်။ ဒီပုံရိပ်ရဲ့ ထွေးပွေးမှုကိုခံရချိန်မှာတော့ မထင်မှတ်ထားရလောက်အောင် အေးချမ်းမှုကိုခံစားလိုက်ရတယ်။

သူ့ ကိုယ်ထဲက အမုန်းတရားတွေဟာ ကင်းစင်သွားခဲ့တယ်။

သူ့ရဲ့ အမြင်အာရုံ တဖြည်းဖြည်းနဲ့ ရှင်းလင်းလာချိန်မှာတော့ သူ့ကို ဖက်ထားသူကို မြင်လိုက်ရတယ်။

“ အမေ။”

“ နောက်ထပ် ထပ် မသတ်ပါနဲ့တော့ ။သား ။ အမေ့သားလေးက လူသတ်သမားမဟုတ်ဘူးလေ။ သူတို့လည်း အရှုံးပေးနေပြီပဲ။ ရပ်လိုက်တော့နော်။ ” ချီရှင်းလိန်ဟာ သူမရဲ့ သားလေးကို တင်းတင်းကြပ်ကြပ်ဖက်ထားရင်းနဲ့ ပြောလိုက်တယ်။

ဖန်ကျန်းရှီဟာတော့ တုန်ယင်သွားခဲ့တယ်။

သတ်တယ်။

လူသတ်သမား မဟုတ်ဘူး ။

ငါ လူသတ်မိတာလား။

“ သားရေ။ ဓားကို ချတော့နော် ။ အမေ့စကားနားထောင် ။ ” ချီရှင်းလိန်ဟာ ဖန်ကျန်းရှီလက်ထဲက ဓားကို ဆွဲရင်းနဲ့ ပြောနေခဲ့တယ်။

“ ဟမ်” ခြေရာမဲ့ဓားဟာ အသံပြုရင်းနဲ့ ခရမ်းရောင်တောက်နေခဲ့တယ်။

“ မင်း ဘာလုပ်နေတာလဲ၊” ဖန်ကျန်းရှီဟာ မျက်လုံးပြူးပြီး အော်လိုက်တယ်။

ခြေရာမဲ့ ဓားရဲ့ အလင်းတန်းဟာလည်း ပျောက်ကွယ်သွားခဲ့တယ်။

ဖန်ကျန်းရှီဟာ ဓားကိုလက်က ချလိုက်ချိန်မှာတော့ ဓားဟာ မြေပြင်မှာ တန်းတန်းမတ်မတ် စိုက်ဝင်နေခဲ့တယ်။

ဒီအချိန်မှာပဲ။ သူ့ အမြင်ဟာလည်း လုံး၀ ကြည်ရှင်းသွားခဲ့တယ်။ ခရမ်းရောင် တွေ နဲ့ သူ့နှလုံးသားထဲက အမုန်းတရားဒေါသမီးတွေလည်း ပျောက်ကွယ်သွားခဲ့တယ်။

“ သူ့ဓားကို ချလိုက်ပြီ။ သူ့ကို သတ်ကြ။ သူ့ကို သတ်ကြ။ လှံကိုင် စစ်သည်တွေ ။ မင်းတို့ လှံတွေကို အသင့်ပြင်။” ဒီအချိန်မှာတော့ အသံ တစ်သံဟာ ထွက်လာခဲ့တယ်။ လှံမိုးဟာ နေရောင်ခြည်တွေကိုတောင်မှ ပျောက်ကွယ်သွားစေခဲ့တယ်။

အပိုင်း ( ၂၅၇ ) ပြီး၏။

အပိုင်း (၂၅၈)

“ သူတို့ အားလုံးကို သတ်”

ရွာသားတွေအားလုံးဟာတော့ မျက်လုံးပြူးနေခဲ့တယ်။

သူတို့ဟာ စစ်တပ်က ရှုံးသွားခဲ့ပြီလို့ ထင်နေခဲ့တာ ။ ခေါင်းဆောင်တွေ အားလုံးဟာတော့ ဖန်ကျန်းရှီ ဓားကို လက်လွှတ်လိုက်တဲ့ အချိန်မှာ အခွင့်ကောင်း ကို အမိအရ ယူလိုက်တာ ။

ရွာသားတွေဟာတော့ ဒီအကြောင်း ရိုးရိုးရှင်းရှင်းကို နားမလည်နိုင်တာ ။

ဒါပေမယ့်လည်း ဖန်ကျန်းရှီကတော့ နားလည်တယ်။ ဒါက ခေါင်းဆောင်တွေရဲ့ နောက်ဆုံးလမ်းလည်း ။ အကယ်၍ သူသာ မသေခဲ့ရင် စစ်တပ်မှာ တစ်သက်တာ ပတ်လုံး အရှက်ရစွာ အသက်ရှင်ရမှာ ။

သူတို့ ဟာ ဖန်ကျန်းရှှီကို ကြောက်လန့်သော်ငြား သူတို့ရဲ့ ခေါင်းဆောင်တွေကိုလည်း မလွန်ဆန်ရဲတာ ဖြစ်တဲ့ အတွက် စစ်သည်တွေဟာ လှံတွေကို ဆွဲကိုင်ရင်း တိုက်ခိုက်ဖို့ ပြင်လိုက်ကြတယ်။

နောက်ပြီးတော့ ဖန်ကျန်းရှီက သူတို့ရဲ့ ညီနောင်တွေကို အများကြီး သတ်ထားခဲ့တာ။ သူတို့ နဲ့ အတူ အသက်စွန့်ပြီး တိုက်ပွဲ ဝင်ခဲ့ကြတဲ့ ညီနောင်တွေကို သတ်ပစ်ခဲ့တာ။

ချီရှင်းလိန်ဟာတော့ လှံမိုးကို မြင်ချိန်မှာ ဖြူဖျော့သွားခဲ့တယ်။ သူမဟာ သူ့ကိုယ်သူ ဒိုင်း အဖြစ်သုံးပြီးတော့ ဖန်ကျန်းရှီကို ကာကွယ်ပေးဖို့ ကြိုးစားလိုက်တယ်။

ဖန်ကျန်းရှီဟာလည်း သူ့ အမေ ဘာလုပ်ဖို့ ကြိုးစားနေလဲ ကောင်ကောင်းသိတယ်။ လှံတွေကို မြင်လိုက်ချိန်တည်းက သူမရဲ့ အတွေးကို အတိ အကျ သိလိုက်ပြီ။ ဘာကြောင့်လဲ ဆိုတော့။ သူမဟာ သူ့ရဲ့ မိခင်။

သူ့ အမေ သူ့ရှေ့မှာ ရပ်ပြီး မကာဆီး နိုင်ခင်မှာပဲ။ သူဟာ သူ့ မိခင်ကို တစ်ပတ်လှည့်လိုက်ပြီးတော့ လှံတွေဘက်ကို ကျောပေးထားခဲ့တယ်။

ချီရှင်းလိန်ဟာတော့ တုန်ယင်နေပြီးတော့ နဖူးကနေ ချွေးသီးချွေးပေါက်တွေ ကျနေခဲ့တယ်။ သူမရဲ့ အမှားကိုလည်း နားလည်သွားမိတယ်။ သူမ ဒီလို ပြေးမထွက်လာသင့်ဘူး။ ကျန်းရှီက ဘယ်လောက်ပဲ စစ်သည်တွေကို များများသတ်ပါစေ။ သူမရဲ့ သား ဖြစ်နေဆဲပဲ။

တစ်ဦးတည်းသော သားလေး။

ဖန်ကျန်းရှီဟာတော့ သူ့ခေါင်းထက်မှာ ဒိုင်းကာ တစ်ခုကို ဖန်တီးလိုက်တယ်။ အဆက်မပြတ်လာနေတဲ့ လှံမိုးကို ကာကွယ်ဖို့ ကျောက်နံရံဟာ အကောင်းဆုံး ဖြစ်မှန်းသူသိတယ်။ ဒါပေမယ့်လည်း ဒီလောက် အလျင်လိုနေတဲ့ အချိန်မျိုးမှာ ဘယ်နားကနေ သဲ သွားရှာရမလဲ။

သူ အခု သေရတော့မှာလား။

ဖန်ကျန်းရှီ စိတ်ထဲမှာ အတော်လေး နှမြော တသ ဖြစ်နေခဲ့တယ်။ သူ့ကို ဂရုစိုက်တဲ့ ရွာသားတွေနဲ့ နွေးထွေးတဲ့ မိသားစုကို ခွဲခွာရတော့မယ်။

“ဘွန်း ဘွန်း ဘွန်း…”

အသံတွေဟာ သူ့နောက်ကနေ ဟိန်းထွက်လာခဲ့တယ်။

လှံတွေဟာ သူ့ကို လာ ထိခိုက်သင့်ပြီလို့ ထင်နေခဲ့တာ ။ ဒါပေမယ့်လည်း သူ့ ထိန်းချုပ်မှု ဧရိယာကို ဘာကမှ လာရောက်ထိခိုက်ခြင်း မရှိခဲ့ဘူး။ ဒါဆို အသံတွေက ဘယ်ကနေ ရောက်လာတာလဲ။

သူ တွေးလိုက်ချိန်နဲ့ တပြိုင်နက် တစ်ပတ်လည်ကြည့်လိုက်ချိန်မှာတော့ မျက်လုံးပြူးသွားခဲ့ရတယ်။ အစိမ်းရောင် ဓား အလင်းတန်းဟာ လှံမိုး အလယ်မှာ ရှိနေခဲ့တယ်။

မဟုတ်ဘူး။

ဒါက မရေမတွက်နိုင်တဲ့ ဓားအလင်းတွေပဲ။

ဓားအလင်းတန်းတွေဟာ တစ်ခုနဲ့ တစ်ခု လိမ်ယှက်ရင်းနဲ့ ကွန်ယက်သဖွယ် ပြုမူကာ လှံမိုးကို ကာဆီး ခုခံထားခဲ့တယ်။ အလင်းတန်းတွေနဲ့ လှံတွေ ထိတွေ ချိန်မှာတော့ ဓား အလင်းတန်းတွေဟာ ပိုပြီး သေးငယ်အောင် ကွဲထွက်သွားပြီး ထက်ရှ လာခဲ့တယ်။ အဲ့ဒီ့ အလင်းတန်းတွေဟာလည်း နောက်တစ်ခေါက် လှံတွေနဲ့ ထိခတ်ကြပြန်တယ်။

 “တာအို က အဆုံးမဲ့ပြီး အရှိန်အဟုန် မြင့်မြင့်ပြောင်းလဲ နေတယ်။ လောကကို စောင့်ကြပ်နေတဲ့ စည်းမျဉ်းက တာအိုပဲ။” ကြည်လင်တဲ့ အသံဟာ သူ့နောက်ကနေ ပေါ်လာခဲ့တယ်။ အဲ့ဒီ့နောက် အနက်ရောင်ပုံရိပ်လေးဟာ အမြောက်ဆံ တစ်ခုလို လေဟုန်ခွင်းပြီး ရောက်ရှိလာကာ ဖန်ကျန်းရှီ ရဲ့ ဘေးမှာ ရပ်လိုက်တယ်။

သူမဟာ အနက်ရောင် သားရေ ဝတ်ရုံနဲ့ အဖိုးကြီးခါ်းစည်းကို ဝတ်ဆင်ထားခဲ့တယ်။ သူမရဲ့ မြင့်မြတ်ပြီး ကျက်သရေ ရှိလှတဲ့ အသွင်ဟာ ပေါ်လွင်နေခဲ့တယ်။

နဖူးစည်းအောက်က မျက်လုံး တောက်တောက်တွေဟာ စစ်သည်တွေရဲ့ အသက်မဲ့ ကိုယ်ကို မြင်ချိန်မှာတော့ အေးစက်သွားခဲ့တယ်။

“ ချီကူယန်” ဖန်ကျန်းရှီဟာ သူမကို မြင်ချိန်မှာတော့ အံ့သြသွားခဲ့တယ်။ သူကိုယ်တောင်တောင် မှ အဆုံးမဲ့ လောက ကနေ ဘယ်လို လွှတ်လာမှန်း မသိဘူး။ အနက်ရောင် အက်ကွဲကြောင်းကြီးက စုပ်ယူသွားတာပဲ မှတ်မိတယ်။

ချီကူယန်ကော ဘယ်လို ထွက်လာတာလဲ။

 “တာအို က အဆုံးမဲ့ပြီး အရှိန်အဟုန် မြင့်မြင့်ပြောင်းလဲ နေတယ်။ လောကကို စောင့်ကြပ်နေတဲ့ စည်းမျဉ်းက တာအိုပဲ။” ဖန်ကျန်းရှီက ဒီ စာကြောင်းရဲ့ ဆိုလိုရင်းကို သဘော ပေါက်လိုက်တယ်။

ဒါက တာအိုကို အကျယ်ဖြန့်မှုပဲ။ တာအိုမှာ ရူပဗေဒ သဘောတရားတွေ အများကြီး ပါဝင်နေတယ်။ ဒီ ပြောင်းလဲ မှုကလည်း ဂတ်စ် ပြိုကွဲခြင်းနဲ့ သိပ်မကွာဘူး။ ဂတ်စ် ပြိုကွဲခြင်းက ကျပန်းကွဲတာမဟုတ်သလို ဒီလောကက တာအို ပြိုကွဲခြင်းကလည်း အတူတူပဲ ။

ရူပဗေဒ သဘောတရားတွေကို ယင်နဲ့ ယန်လို သဘောထားပြီးတော့ (ရွှေ သစ်သား ရေ မီး မြေ ) ဆိုတဲ့ ဒြပ်ထု ငါး ခုကို ခွဲနိုင်တယ်။ အရာအားလုံးဟာ မူလ အခြေအနေ ကနေ ကွဲထွက်လာခြင်း ဖြစ်ပြီးတော့ တာအိုကိုပဲ ကိုယ်စားပြုတယ်။

ဒါပေမယ့်လည်း ဘာလို့ သူမက အခုချိန်မှာ ဒါကို ပြောနေတာလဲ။

ဖန်ကျန်းရှီဟာ သူ့ ခေါင်းပေါ်က ဓား ကွန်ယက်ကို မော့ကြည့်လိုက်တယ်။ ရုတ်ချည်း ပဲ င်္ချီကူယန် ပြောချင်တာကို သဘောပေါက်သွားခဲ့တယ်။ တာအိုက မူလ အစ။ တစ်ခုကနေ နှစ်ခု။ နှစ်ခုကနေ သုံးခု အဆက်မပြတ် ဖြစ်ပေါ်လာနိုင်တယ်။

ချီကူယန်က ဒီလို အဆုံးမဲ့ ဓား အလင်းတန်းတွေကို ဖန်တီးနိုင်တာက မူလ ဓား အလင်းတန်းတစ်ခုကို အခြေခံတာ ။ တစ်ခု ကွဲသွားတာနဲ့ သူ့ဘာသူ ထပ်ခါ ထပ်ခါ ထပ်ကွဲတော့မယ်။ ဒီလိုနဲ့ ပဲ စက်ဝိုင်းဟာ ထိုးဖောက်နိုင်ခြင်း မရှိတော့အောင် ဖြစ်လာရတယ်။ အတော်လေးကို အင်အားပြင်းထန်တဲ့ခုခံနည်းပဲ။

“ ငါတို့ ကြားက စွမ်းရည် ကွာခြားမှု က ဒီလောက်တောင် များတာလား။” ဖန်ကျန်းရှီက အတွေးအခေါ်တွေကို ပိုင်ပိုင်နိုင်နိုင်နားလည်တယ်။ ဒါပေမယ့်လည်း လက်တွေ့ အသုံးချမှု မရှိသေးဘူး။

ချီကူယန်ကတော့ ကောင်းကောင်းအသုံးချနိုင်သူ။

လှံမုန်တိုင်းကိုတောင်မှ အေးအေးဆေးဆေး ကာဆီးထားနိုင်တယ်။ စစ်သည်တွေဟာ သူတို့ မြင်ရတာကို မျက်လုံး ပြူးနေခဲ့တယ်။

ဒါမျိုးက ကောင်းကင်ရောင်ပြန် အဆင့် ကျင့်ကြံသူ တစ်ယောက် လုပ်နိုင်မှာ မဟုတ်မှန်းသိသာလှတယ်။ ဒါပေမယ့်လည်း ဒီ မြောက်ပိုင်း နယ်မြေထဲမှာ ဒီလို အင်အားကြီးမားတဲ့ ထိန်းချုပ်မှုကို လုပ်နိုင်သူက အနည်းငယ်ပဲ ရှိတယ်။

အမျိုးသမီးငယ်တစ်ဦး ဆိုရင်တော့ ….

စစ်သည်တွေရဲ့ အတွေးထဲမှာ လူတစ်ယောက် ပေါ်လာခဲ့တယ်။ ဒါကတော့ မယုံနိုင်စရာပဲ ။ လုံး၀ မဖြစ်နိုင်ဘူး။ ဘာလို့ သူမက ဒီ ရွာငယ်လေးမှာ ပေါ်လာရမှာလဲ။

ခေါင်းဆောင်တွေဟာ ဖြူဖျော့သွားခဲ့တယ်။

သူတို့ရဲ့ တိုက်ခိုက်မှုကို အေးဆေးစွာ ခုခံ ထားသူကို ကြည့်ရင်း တွေးနေမိကြတယ်။ ငါတို့ ရှုံးပြီ။

ဒီ အချိန်မှာပဲ ငယ်ရွယ်နုနယ်တဲ့ အသံငယ်လေးဟာ အဝေးကနေ ပျံ့လာခဲ့တယ်။

“ ယန်လေး။ ယန်လေးက မြန်လိုက်တာ ပင်းယန် အမှီ မလိုက်နိုင်တော့ဘူး။” သိပ်မကြာခင်မှာပဲ မီးတောက်မီးလျှံတွေနဲ့ တောက်ပနေတဲ့ အနီရောင် ပုံရိပ်လေး ဟာ အိမ်ခေါင်မိုးကနေ ခုန်ချလာခဲ့တယ်။

သူမရဲ့ မီးလျှံပန်းနီ သံချပ်ကာဟာ နေရောင်အောက်မှာ ရဲရဲတောက်ေ်နပြီးတော့ သူမရဲ့ လက်ထဲမှာလဲ လှံနီတစ်ချောင်းကို ကိုင်ထားခဲ့တယ်။ ထိပ်ဖျားမှာ ရွှေရောင် အလင်းတန်းတွေ ပြေးနေတဲ့ လှံနီလေး တစ်ချောင်း

စစ်သည်တွေဟာ ပုံရိပ်လေးရဲ့ နာမည် ပင်းယန် ဆိုတာနဲ့ သူမလက်ထဲက လှံကို မြင်ချိန်မှာတော့ သူတို့ရဲ့ ဒူးတွေဟာ အလိုလို ပျော့ခွေသွားခဲ့ကြတယ်။

“ ပင်းယန် ”

“ ဧကရာဇ် ရဲ့ အချစ်ဆုံး သမီးတော်”

စစ်သည်တွေဟာ အခု ဖြစ်နေတဲ့ အဖြစ်ကို မယုံနိုင်ကြဘူး။ ဒါပေမယ့်လည်း မီးလျှံ ပန်းနီသံချပ်ကာကို ရှင်းရှင်းလင်းလင်းမြင်နေရသလို ထိုလှံဟာလည်း

မိုးနတ်မင်းရေ…

ရဲရဲတောက်ချီလင်လှံ။ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ရတနာ ဆယ်ပါးထဲက တစ်ခု ။

“ ယန်လေး။”

“ပင်းယန် မင်းသမီးက သူမကို ယန်လေးလို့ ခေါ်တယ်။ “

“ ကြီးမြတ်သော ရှ မင်းဆက်မှာ ပင်းယန်မင်းသမီး ဒီလို ခေါ်တာ တစ်ယောက်ပဲ ရှိတယ်။ နှစ်ထပ်ကွမ်း နဂါး ချန်ပီယံ။ နတ်ဆိုးကျောင်းတော်ရဲ့ ဆက်ခံသူ မင်းသမီး ၊ နိုင်ငံရဲ့ ထိပ်တန်းကျောင်းတော်သား။ သူမဟာ လူတစ်ယောက်ကိုပဲ ဖြေကြားလေ့ရှိပြီးတော့ ဧကရာဇ် တောင်မှ သူမကို လေးစားရတဲ့ တစ်မိုးအောက် နှစ်ယောက် မရှိတဲ့ ချီကူယန်”

“ တကယ်ပဲ ချီကူယန် ရောက်နေတာ။”

တချိန်တည်းမှာပဲ စစ်သည်တွေဟာ ဒူးထောက်လိုက်ပြီးတော့ အရိုအသေ ပြုကြတော့တယ်။

“ အရှင်မင်းသမီးနဲ့ မင်းသမီး ချီကို နှုတ်ခွန်းဆက်ပါတယ်။ ”

“ အရှင်မင်းသမီး”

“မင်းသမီး”

ရွာသားတွေဟာ ဒူးထောက်တဲ့ စစ်သည်တွေကို ကြည့်ရင်း အံ့အား သင့်နေခဲ့တယ်။

“ ကျွန်တော်မျိုးတို့ ရွာသားများ အရှင်မင်းသမီးနဲ့ မင်းသမီး ချီကို နှုတ်ခွန်းဆက်ပါတယ်။ ” သူတို့ဟာ ဖန်ကျန်းရှီ နောက်က ချီကူယန်ကို မြင်ချိန်မှာတော့ မျက်လုံး ပြူးနေခဲ့တယ်။ သူတို့လည်း မှတ်မိကြတယ်။  ဒါက သူတို့ ရွာမှာ တစ်လကျော်နေသွားတဲ့ ကူယန်ပဲ။ သူက မင်းသမီးလား။

“ ကျွန်တော်မျိုး တာအို ခန်းမဆရာ ဝမ်အန်ဟွ အရှင် မင်းသမီးနဲ့ မင်းသမီးလေး ကျန်းမာစေကြောင်း နှုတ်ခွန်းဆက်ပါတယ်။” ဝမ်အန်ဟွ ဟာလည်း ခပ်မြန်မြန် ဒူးထောက်လိုက်တယ်။

သူဟာ မနေ့ညက စားသောက်ပွဲမှာ မရှိခဲ့ဘူး ။ နောက်ပြီးတော့ ချီကူယန်ကို မတွေ့တာလည်း ရှစ်နှစ်ကျော် ကြာသွားခဲ့ပြီ။ ဒါကြောင့် သူမကို ချက်ခြင်း မမှတ်မိခဲ့ဘူး။

ချီကူယန် မြောက်ရွာမှာ နေနေချိန်တုန်းကလည်း ခန်းမက ရွေ့ပြောင်းခါစပဲ ရှိသေးတာမို့ သူဟာ အတော်လေး အလုပ်များနေခဲ့ရတယ်။

ဒါပေမ်ယ့လည်း စစ်သည်တွေရဲ့ အပြုအမူကို မြင်ပြီးချိန်မှာတော့ ဒါဟာ သူ့ရဲ့ သခင် နတ်ဆိုးကျောင်းတော် မင်းသမီး ချီကူယန်မှန်း သေချာသွားတော့တယ်။

လူတွေအားလုံး ဒူးထောက်နေချိန်မှာတော့ ဖန်ဟို့ဒဲ နဲ့ ချီရှင်းလိန်တို့ ဟာလည်း ဒူးတွေ တုန်နေကြပြီ ။ ကူယန် သူတို့ အိမ်ကို ရောက်လာချိန်တည်း ကသူတို့ဟာ ချီကူယန်ကို သူတို့ရဲ့ ချွေးမလေး အဖြစ်တွေးထားခဲ့ကြတာ ။

အခုတော့ သူမက မင်းသမီး တစ်းပါး ဖြစ်နေခဲ့တယ်။ ဘယ်လိုများ ဒီအတွေးကို ဆက်တွေးဝံ့မှာလဲ။

“ သား မင်းသမီး နှစ်ပါးကို မြန်မြန် ဒူးထောက်လိုက်” ချီရှင်းလိန်ဟာ ဒူးထောက်ဖို့ ပြင်ရင်း သူ့သားကို ဆွဲနေခဲ့တယ် ။ သူမရဲ့ စိတ်ထဲမှာတော့ ဖန်ကျန်းရှီဟာ ဒီအကြောင်းကို မသိဘူးလို့ ထင်နေခဲ့တယ်။ နောက်ဆုံးတော့ခည်း ချီကူယန်ကို ရွာအပြန်လမ်းမှာတွေ့လို့ အိမ်ခေါ်လာခဲ့တာလလေ။

“ အမေထ။ အဖေ ဒူးထောက် စရာ မလိုဘူး။”

ဒီအချိန်မှာပဲ ချီကူယန်ဟာ သူတို့ဘေးကို လျှောက်လာရင်းနဲ့ ချီရှုင်းလိန်ရဲ့ လက်မောင်းကို ထူပေးနေခဲ့တယ်။

“ ဦးလေးနဲ့ အဒေါ် ထပါ။ ကူယန်ကို ဒူးထောက်ဖို့ မလိုပါဘူး။ ” ချီကူယန်ဟာ မမြင်ရတဲ့ စွမ်းအားကို သုံးရင်း ဒူးထောက်ဖို့ ပြင်နေတဲ့ ဖန်ဟို့ဒဲကို တားမြစ်လိုက်တယ်။

“ ဦးလေး ယန်ဖိန် ထ ပါ။ အားလုံး ထပါအုန်း။ ဒူူးထောက် စရာ မလို ဘူး။” ဖန်ကျန်းရှီဟာ ပင်းယန်ကို မျက်စောင်းထိုးလိုက်တယ်။

ပင်းယန်ဟာတော့ ပွစိပွစိ ပြောနေခဲ့တယ်။

“ ဟွန့် ။ ငါက မင်းသမီးလေ။ ဘာလို့ သူတို့က ဒူးထောက် စရာ မလိုရမှာလဲ။ သူမဟာ ဖန်ကျန်းရှီရဲ့ မျက်စောင်းနဲ့ အတူ ပြောင်းလဲ သွားတဲ့ အမူအယာကို မြင်ချိန်မှာတော့ ချက်ခြင်းဆိုသလို ။ “ မြောက်ရွာသားတွေ အားလုံး ထကြပါ။” ဆိုတဲ့ စကားလုံးကို ခပ်ကျယ်ကျယ် အော်လိုက်တယ် ။

သူမရဲ့ စကားက ရှင်းပါတယ်။ စစ်သည်တွေဟာ တော့ ဆက်လက် ဒူးထောက်နေရစမြဲ ။

သူမရဲ့ စကားကို ကြားချိန်မှာတော့ ဒူးထောက်နေတဲ့ ရွာသားတွေဟာ မတ်တပ်မရပ်ခင်မှာပဲ ။ တစ်ယာက်ကို တစ်ယောက် ကြောက်ရွံ့မှုတွေပြည့်နေတဲ့ မျက်လုံးနဲ့ ကြည့်နေခဲ့တယ်။

ပင်းယန်ဟာတော့ ဖန်ကျန်းရှီ ရဲ့ ဘေးကို လျှောက်လာခဲ့တယ်။

“ အရှက်မရှိတဲ့ ကောင်။ ငါ … ငါလေ။ နင်သေပြီလို့ ထင်နေတာ။ ယန်လေးက သာ နင် ဒီကို ပြန်ရောက်နေတယ်လို့ မပြောရင် ငါ ….” ပင်းယန်ဟာ ပြောနေရင်းမှာပဲ ပြန့်ကျဲ နေတဲ့ မြေပေါ်ကို လှံတွေကို သတိထားမိသွားခဲ့တယ်။ သူမရဲ့ အကြည့်တွေဟာတော့ အေးစက်သွားခဲ့တယ်။

“ မင်းတို့တွေ ညီလာခံဝင်ခွင့်ရ အဆင့်လေး အမတ်မင်း ကို ဘယ်လို တောင် တိုက်ခိုက် ဝံ့တာလဲ။”

စစ်သည်တွေ အားလုံးဟာတော့ မျက်လုံး ပြူးသွားခဲ့တယ်။ အဆင့်လေး အမတ်မင်း ။ ဘယ်သူက အဆင့်လေး အမတ်မင်းလည်း။

ဖြစ်နိုင်တာက ။

ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။

အချိန်အရ ဆိုရင် တော်ဝင် စာမေးပွဲက ပြီးခါစပဲ ရှိအုန်းမှာ ။ ဖန်ကျန်းရှီက အောင်ခဲ့ရင်တောင်မှ ချက်ခြင်း အမတ် မဖြစ်နိုင်ဘူး။ သူက ဘယ်လိုများ အဆင့်လေး အမတ်မင်း ဖြစ်နိုင်မှာလဲ။ လုံး၀ မဖြစ်နိုင်တာပဲ။

ခေါင်းဆောင်တွေဟာတော့ ပင်းယန် မင်းသမီး ပြောတာကို ကြားချိန်မှာ ကျက်သေသေ နေခဲ့တယ်။ ညီလာခံ ခန်းမကို ဝင်ခွင့်ရ အမတ်ဖြစ်ဖို့ ဘယ်လောက်တောင် ခက်ခဲ လဲ သူတို့ ကောင်းကောင်း သိတယ်။

တော်ဝင်စာမေးပွဲကို အောင်တာနဲ့ ချက်ခြင်း ဘယ်လိုများ အမတ်ဖြစ်သွားတာလဲ။

ဒါပေမယ့်လည်း အခုက ပင်းယန် မင်းသမီး ပြောနေတာ။ ဧကရာဇ်ရဲ့ အချစ်ဆုံး သမီးတော် က ဘယ်လိုများ ပေါက်ကရ ပြောတာ ဖြစ်နိုင်မှာလဲ။

ဒီအချိန်မှာပဲ ခေါင်းဆောင်တွေဟာ သူတို့ရဲ့ လောကကြီး ပြောင်းပြန် လန်သွားသလို ခံစားလိုက်ရတယ်။ သူတို့ရဲ့ ဒူးတွေ တင် မကပဲ တစ်ကိုယ်လုံးကို မြေကြီးထဲသာ မြှုပ်ထားချင်တော့တယ်။

မြောက်ရွာသားတွေဟာတော့ မျက်လုံးပြူးကျယ်နေခဲ့ကြတယ်။

“ အဆင့်လေး အမတ်မင်း ။”

“သူ ပြောတာ…. ကျန်းရှီက အဆင့်လေး အမတ်မင်း”

ရွာသားတွေရဲ့ စိတ်ထဲမှာတော့ ပျော်ရွှင်မှု ပီတိတွေ ဖြာလာခဲ့တယ်။ သူတို့တွေရဲ့ စိတ် ထဲမှာတော့ ဖန်ကျန်းရှီဟာ ကျောင်းတော်သား တစ်ဦးလို့သာ ထင်ခဲ့တာ ။ အခုတော့ ပင်းယန် မင်းသမီး ကိုယ်တိုင်က ပြောနေပြီ။

ရွာကို ထိပါးစော်ကားခံရတာတွေ အားလုံးဟာ ဒီ သတင်းကြောင့် မေ့လျော့ခံလိုက်ရတယ်။ သူတို့ဟာ ပျော်လွန်းလို့ မျက်ရည်တွေတောင်ဝဲ နေကြတယ်။ နောက်ဆုံးတော့ သူတို့ရွာကို ထိပါးနိုင်သူ မရှိတော့ဘူး။ ကျန်းယန်ဖိန်ဟာတော့ တစ်ကိုယ်တည်း တီးတိုး ပြောနေမိတယ်။ “ ကျန်းရှီက အဆင့်လေး အမတ်မင်း ။ တကယ်ပဲ အဆင့်လေး အမတ်မင်း ။ ယုံကြည်မှု မြစ်မြို့တော် အုပ်ချုပ်သူ ( မြို့စားမင်း ) တောင်မှ အဆင့် ငါးပဲရှိတယ်။ ကျန်းရှီက အဆင့်လေး တဲ့လား။”

သူဟာ မယုံကြည်နိုင်ဖြစ်နေခဲ့သလို ဖန်ဟို့ဒဲ နဲ့ ချီရှင်းလိန်ဟာလည်း အံ့သြ ထိတ်လန့်နေခဲ့တယ်။

ဖန်ကျန်းရှီက သူတို့ကို ပြောပြထားပြီးသား ဖြစ်သလို တော်ဝင် ရုံးတံဆိပ်ကိုလည်း ပြခဲ့ပြီးသား ။ ဒါတွေဟာ သူတို့ကို ယုံကြည်ခြင်းငှာ မစွမ်းသာ ခဲ့ဘူး ။

ဒါပေမယ့်လည်း ပင်းယန် မင်းသမီး ကိုယ်တိုင်ပြောချိန်မှာတော့ မယုံနိုင်စရာ အကြောင်း မရှိတော့ဘူး ။

“ငါ့သားက အဆင့်လေး အမတ်မင်းတဲ့ ။ ဟား ဟား ဟား ငါ့သား လုပ်နိုင်ခဲ့ပြီ။” ဖန်ဟို့ဒဲ ဟာ ပျော်လွန်းလို့ လောကကြီးကိုတောင် မှမေ့ထားမိတယ်။

ချီရှင်းလိန်ဟာလည်း ဖန်ကျန်းရှီကို တင်းတင်းဖက်ထားရင်း ပျော်ရွှင်မှုကြောင့် မျက်ရည်ကျနေခဲ့တယ်။

စကားတစ်ခွန်းတောင်မှ မပြောနိုင်ဘူး ။ ဖန်ကျန်းရှီကို တင်းတင်း သာ ဖက်ထားမိတယ်။

“ ယန်လေး။ ဒီလူတွေက တော်ဝင် ညီလာခံဝင်ခွင့်ရ အမတ်မင်းကိုတောင် အသက်သေတဲ့ အထိရည်ရွယ် တိုက်ခိုက်ဝံ့တယ်။ ဒါက ပုန်ကန်မှု မလား။ သူတို့ အားလုံးကို ခေါင်းဖြတ်လိုက်သင့်လား။” ပင်းယန်ရဲ့ အေးစက်တဲ့ အသံဟာ ထွက်ပေါ်လာခဲ့တယ်။

အပိုင်း (၂၅၈) ပြီး၏။

အပိုင်း (၂၅၉)

“ အရှက်မဲ့နေဆဲပဲ။ ”

“ နိုင်ငံတော် သစ္စာဖောက်မှု ”

“ ခေါင်းဖြတ်သတ်မယ်။”

စစ်သည်တွေဟာ ပင်းယန်ရဲ့ စကားကိုကြားချိန်မှာတော့ ဖြူဖျော့သွားခဲ့တယ်။ သူတို့ရဲ့ အသက်အတွက်တော့ စိုးရိမ်ကြတယ်။ အစတုန်းက ဒီ ပြစ်မှုတွေဟာ ဖန်ကျန်းရှီ ခံရမယ့် ပြစ်မှု တွေ ။ ဒါပေမယ့်လည်း အခုချိန်မှာတော့ ဒီပြစ်မှုတွေက သူ့ဆီကို ရောက်လာခဲ့ပြီ ။

“နိုင်ငံတော် သစ္စာဖောက်မှု” (ဒါက ဆွေစဉ်မျိုးဆက် ကိုးဆက် ခေါင်းဖြတ်ခံရနိုင်တဲ့ ပြစ်မှု ။) (၁)

စစ်သည်တွေအားလုံးဟာတော့ အသက်မသေလိုကြဘူး ။ ပိုပြီးတော့ အရေးကြီးတာကတော့ သူတို့ ရဲ့ မိသားစုတွေကို ဒီကိစ္စနဲ့ မပတ်သက်စေလိုတာပဲ ။ ဒီမှာတော့ သူတို့ ဘဝကို သူတို့ မပိုင်တော့မယ့် စစ်သည်များစွာ ရှိနေခဲ့တယ်။

“ အရှင်မင်းသမီး ။ သနားညှာတာပေးပါ။”

“ အရှင်မင်းသမီး ။ ကျွန်တော်တို့ မတတ်သာ လို့ လုပ်ရတာပါ။”

“ စစ်သူကြီး ဝမ်က သူ့ အာဏာကို အကုန်သုံးပြီးတော့ ဖန်ကျန်းရှီကို သတ်ဖို့ အမိန့်ပေးလိုက်တာကြောင့် ကျွန်တော်တို့က အမိန့်အတိုင်း လုပ်ရတာပါ။ ကျွန်တော်တို့နဲ့ မိသားစုတွေကို ထောက်ထားညှာတာပေးပါ။”

စစ်သည်တွေအားလုံးဟာတော့ ဝပ်တွားရင်း တောင်းပန်နေခဲ့ကြတယ်။ တစ်ယောက်ကမှ ပင်းယန်ကို မော့မကြည့်ရဲ ဖြစ်နေခဲ့တယ်။ နောက်ဆုံးတော့လည်း ပင်းယန်က ဧကရာဇ်ရဲ့ အချစ်ဆုံးသမီးတော် ဖြစ်နေခဲ့တယ်။ သူဟာ မြို့တော်မှာ သခင်တစ်ပါး ။ အဆင့်တစ် အမတ်မင်းတောင်မှ သူမကို မလေးမစားမပြုဝံ့ဘူး။

ချီကူယန်ဟာတော့ မျက်နှာမလွဲခင်မှာ ဒီ မြင်ကွင်းကို မြင်လိုက်တယ်။

ပင်းယန်ရဲ့ မေးခွန်းကို သူမဖြေခဲ့ဘူး။

သူမဟာ ပင်းယန်ရဲ့ မေးခွန်းကိုလည်း ပြန်မဖြေခဲ့သလို စစ်သည်တွရဲ့ တောင်းပန်နေမှုကိုလည်း မရပ်ခဲ့ဘူး။ အဲ့ဒီ့ အစား ကျန်းယန်ဖိန်ဆီကိုသာ လျှောက်လာခဲ့တယ်။

“ ရွာ အကြီးအကဲကို နှုတ်ခွန်းဆက်ပါတယ်။ ”

“ မင်း မင်သမီးလေး ။ ကျန်းမာခံ့သာ ပါစေ။” ကျန်းယန်ဖိန်ဟာတော့ချီကူယန်ကို မြင်ချိန်မှာ စိတ်ထဲ ရှုပ်ထွေးသွားခဲ့တယ်။

မြောက်ပိုင်းသား တစ်ယောက် အနေနဲ့ သူက ဘယ်လို များ ချီကူယန်ကို မသိပဲ နေနိုင်မလဲ။ အကယ်၍ ဖန်ကျန်းရှီကသာ မြောက်ရွာရဲ့ ဂုဏ်ရည် ဖြစ်မယ်ဆိုရင် ချီကူယန်ဟာ မြောက်ပိုင်း ဒေသ ကျောင်းတော် ငါးခုရဲ့ ဂုဏ်ရည် လို့ ဆိုနိုင်တယ်။

“ ကျန်းရှီကို ဒီနှစ်တွေ အတွင်းမှာ စောင့်ရှောက်ပေးထားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီနေ့မှာ ကူယန်လာတာ နောက်ကျသွားတဲ့ အတွက် ဘာတွေ ဖြစ်သွားလဲ မသိခဲ့ဘူး။ ကူယန်ကို အကြောင်းစုံ ပြောပြပေးနိုင်မလား။”

“ ကောင်း ကောင်းပါပြီ ရှင်းပြပေးပါမယ်။ ” ကျန်းယန်ဖိန်ဟာ တွေဝေခြင်း အလျဉ်းမရှိပဲနဲ့ ခေါင်းငြိမ့်လိုက်တယ်။

အဲ့ဒီ့နောက် သူဟာ နောက်ကြောင်းပြန်ခြင်းကို အစပြုတော့တယ်။ ချီကူယန်ကို စစ်သူကြီးရောက်လာချိန်ကနေ စလို့ ဖြစ်ကြောင်းကုန်စင်ကို ပြောပြတော့တယ်။

ချီကူယန်ဟာတော့ နှောက်ယှက်ခြင်း အလျဉ်းမရှိပဲနဲ့ ငြိမ်သက်စွာသာ နားထောက်နေခဲ့တယ်။

ဖန်ကျန်းရှီဟာတော့ ဖန်ဟို့ဒဲ နဲ့ ချီရှင်းလိန်ဘေးမှာ ရပ်နေရင်းကနေ ခပ်မြန်မြန်ပြေးသွားပြီးတော့ ဒဏ်ရာရနေတဲ့ ရွာသားတွေကို ကုသမှု ခံယူစေဖို့ စီစဉ်တော့တယ်။ စစ်သည်တွေဟာတော့ ဆက်လက်ပြီးတော့ သာ ဒူးထောက်နေခဲ့တယ်။

စစ်သူကြီးရဲ့ ရွာထဲက လုပ်ရပ်တွေကို ကြားချိန်မှာတော့ သူတို့ဟာ အတော်ေ လးကို အံ့အားသင့်နေခဲ့ကြတယ်။ သူတို့ရဲ့ စစ်သူကြီးက အပြစ်မဲ့ ရွာသားတွေကို ဥပဒေမဲ့ ပြုမူခဲ့တာပဲ။ ကျန်းယန်ဖိန်ဟာ ဇာတ်ကြောင်းကို သက်ပြင်း တစ်ချက်ချရင်းနဲ့ အဆုံးသတ်လိုက်တော့တယ်။

ချီကူယန်ဟာတော့ ခေါင်းတစ်ချက်ငြိမ့်ရင်း ဒူးထောက်နေတဲ့ စစ်သည်တွေကို ကြည့်လိုက်တယ်။ သူမရဲ့ နှုတ်ခမ်းဟာတော့ တွန့်ကွေးနေခဲ့တယ်။

“ အမိန့်တံဆိပ်ပြားလား။”

ဖန်ကျန်းရှီ စစ်သည်တွေကို သတ်ချိန်မှာ ချီကူယန်ဟာ ရှိနေခဲ့တယ်။ ဒါပေမယ့်လည်း သူမဟာ မတားမြစ်ခဲ့ဘူး ။ ရွာသားတွေကို အနိုင်ကျင့်ခဲ့တဲ့ စစ်သည်တွေကို ဒီလို ပြုမူဖို့ သူ့မှာ အခွင့်အရေးရှိတယ်။ အမတ်မင်းတစ်ပါး အနေနဲ့ ဒါဟာ သူ့ရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ တာဝန် တစ်ခုလည်း ြဖ်စတယ်။ ဒီကိစ္စမှာ သူဟာ လူအတော်များများကို သတ်ခဲ့တာမှန်ပေမယ့်လည်း သူ့မှာ အပြစ်သင့်ဖို့ ရာ အကြောင်းမရှီ။ ဒါပေမယ့်လည်း စစ်သည်တွေဟာ သူ့မိဘတွေနဲ့ ရွာသားတွေကို အပြစ်ပြုတဲ့ အပြင် အဆင့်လေး အမတ်မင်းကို တိုက်ခိုက်ခဲ့မှုဟာ စစ်သည်တွေကို သေဒဏ်ကျစေနိုင်တဲ့ အကြောင်းရင်းလည်း ။

ဒါပေမယ့်လည်း ဒီနေ့မှာတော့ စစ်သည်ထောင်ချီဟာ ရွာကို ဝိုင်းထားခဲ့တဲ့ အပြင် စစ်တပ် အမိန့်ပြားကိုလည်း သူတို့နဲ့ အတူ ယူလာခဲ့တယ်။

ဒါက သေးငယ်တဲ့ ကိစ္စမဟုတ်ခဲ့ဘူး။ မနေ့ညက စစ်သည် နှစ်ဦးကို သတ်ခဲ့တာဟာ သူ့ ရာထူးနဲ့ ချေပပြီးတော့ အပြစ် မသင့်စေလို့ ရတယ်။ စစ်တပ်ဟာ ဖန်ကျန်းရှီရဲ့ ရာထူးကို မသိတဲ့ အတွက် ရွာကို လူလွှတ်ပြီးတော့ စစ်ဆေးတာဟာလည်း ဖြစ်သင့်တယ် ။ သူတို့ သာ တတ်နိုင်ရင် ဖန်ကျန်းရှီကို ဖမ်းဖို့ အကြောင်းတစ်ခုကိုပဲ ဦးစားပေးမှာ ဖြစ်ပြီးတော့ ရွာသားတွေကို သတ်စရာလည်း မလို သလို ရွာတစ်ခုကို မျိုးတုန်းသတ်ဖြတ်ပြစ်ဖို့ ကြံစည်မှာလည်း မဟုတ်ဘူး ။

အခုကတော့ ပြန်လမ်းမရှိတဲ့ လမ်း ဖြစ်သွားခဲ့ပြီ။

တစ်စုံတစ်ယောက်ဟာ ဒီလမ်းကို ဖောက်ခဲ့တယ်။ ဒီ အမိန့်ဟာတော့ စစ်သူကြီးဝမ်ဆီကနေ တိုက်ရိုက်လာတာ မဖြစ်နိုင်ဘူး။

တစ်ယောက်ယောက်က အမိန့်ပေးတာပဲ ဖြစ်ရမယ်။

သွမ့်အရှင်လား။

ချီကူယန်ဟာ ဒီအကြောင်းရင်း မဖြစ်နိုင်တာကို သတိထားမိတယ်။ သွမ့်အရှင်ဟာ စစ်တပ်ကို အုပ်ချုပ်နေသူ ။ ဒီလို အဖြစ်မျိုးကို ဘယ်လို များ အဖြစ်ခံနိုင်မှာလဲ ။ တူညီတဲ့ အကြောင်းရင်းကြောင့်ပဲ။ ဒီလိုကိစ္စမျိုးကို သေတောင်မှ လုပ်မှာ မဟုတ်ဘူး ။

သွမ့်အရှင်ဟာ ငတုံးတစ်ယောက်မဟုတ်ခဲ့ဘူး။ ဖန်ကျန်းရှီ အိမ်အပြန်လမ်းမှာ ချောင်းမြောင်းလုပ်ကြံခြင်းမျိုးတောင် မပြုခဲ့တာ ။ နောက်ပြီးတော့ သူဟာလည်း ဒီလို ကမူးရှူးထိုး အရိုင်းဆန်ဆန် လုပ်ရပ်မျိုးကို ရလဒ် မတွေးပဲနဲ့ လုပ်မယ့်သူလည်း မဟုတ်ပြန်ဘူး။

ဒါဆိုရင်။

အိမ်ရှေ့စံမင်းသား ဖြစ်နိုင်မလား။

ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ကို ပြစ်သလို အခွင့်ကောင်းကို ရမှာ သူ့ အပြင် ဘယ်သူရှိအုန်းမှာလဲ။ ဖန်ကျန်းရှီကို ဦးတည်ပြီးတော့ သွမ့်အရှင်ကို အပြစ်ပုံချမယ်။

ကြားရတာတော့ အတော်ကောင်းတဲ့ အစီအစဉ်ပဲ။ ဒါပေမယ့်လည်း ပြဿနာ အများကြီးရှိတယ်။ ပထမဆုံး သွမ့်အရှင်နဲ့ ပြဿနာတက်မယ်။ သွမ်အရှင်ဟာ စစ်တပ်ကို နှစ်အတော်ကြာအုပ်ချုပ်ခဲ့ သူ ။ ဖန်ကျန်းရှီ ရဲ့ရောက်ရှိမှု ဟာလည်း ဒါကို မသက်ရောက်နိုင်ဘူး။ နောက်ပြီးတော့ ဒါကို သူမ တောင်မှ တွေးနိုင်ရင် ဧကရာဇ်လည်း တွေးနိုင်မှာပဲ ။

အိမ်ရှေ့စံ မင်းသားက သွမ့်အရှင်ရဲ့ နေရာကို ထိပါးခြင်းဟာ ဧကရာဇ်ရဲ့ စိတ်ကို မကြည်မသာ ဖြစ်စေနိုင်တဲ့ အပြင် သူ့ အတွက်လည်း ကောင်းကျိုးမရစေနိုင်ဘူး ။ အိမ်ေ်ရှ့စံက မလှုပ်မရှားပဲ နေရတာကို နှစ်သက်တယ်။ ကြင်နာပြီး ခွင့်လွှတ်တတ်တဲ့ သူ အသွင်လည်း ပေါက်တယ်။

နောက်ပြီးတော့ အင်ပါယာကလည်း ညီမျှမှုကို လိုအပ်တယ်။ သူဟာ သွမ့်အရှင်ထက်ရာထူး မြင့်နေပင်မယ့်လည်း စစ်တပ်ကိုတော့ သူ့ အာဏာဟာ သွမ့်အရှင်ကို ကျော်ပြီးတော့ မသက်ရောက်နိုင်ဘူး။

ကြီးမားတဲ့ အမှားကို မလုပ်သရွေ့ သူ့ ထိုင်ခုံဟာလည်း နေရာမြဲနေမှာ ။

မဟုတ်ရင် သူ့ ဘဝလည်း မလုံခြုံနိုင်ဘူး။ နောက်ပြီးတော့ သွမ့်အရှင်နဲ့ သူဟာ ဧကရာဇ်ရဲ့ အမြင်ထဲမှာ အပြိုင်ဖြစ်နေတာ တစ်ယောက်ထိခိုက်ရင် နောက်တစ်ယောက်ကလည်း သက်ရောက်မှု လွတ်မှာ မဟုတ်ဘူး။

ဒီလို စွန့်စားမှုမျိုးကိုတော့ အိမ်ရှေ့စံက လုပ်မယ့်ပုံလည်း မပေါ်ဘူး။

“ ဒါဆို ဘယ်သူ ဖြစ်နိုင်မလဲ။”

“ ဘယ်သူက အမိန့်ပေးတာလဲ။ ” ချီကူယန်ဟာ အကြာကြီး ရပ်တန့်နေပြီး နောက်မှာတော့ မေးလိုက်တယ်။

“ ကျွန်တေ်ာ။ ကျွန်တော်တို့လည်း မသိပါဘူး ။ သတင်းလာပို့သူက တစ်ကိုယ်လုံး အနက်ရောင် ဝတ်ထားတာ ။စစ်သူကြီးဝမ်ရဲ့ တဲကို လွန်ခဲ့တဲ့ ငါးရက်က ရောက်လာခဲ့တာ ။ အဲ့ဒီ့အချိန်က ညအမှောင်ဖြစ်တဲ့ အတွက်ကောင်းကောင်း မမြင်ရဘူး။ နောက်ပြီးတော့ သူက စစ်တပ်တဲ ထဲကနေ ဘယ်တော့မှ မထွက်ခဲ့ဘူး။ မနေ့ညက စစ်သည် နှစ်ဦး အသတ်ခံရတာနဲ့ စစ်သူကြီး ဝမ်က ချက်ခြင်း ကျွန်တော်တို့ကို စုရုံးပြီးတော့ ဝိုင်းထားခိုင်းတာ။” ခေါင်းဆောင် တစ်ဦးဟာ ဖြည်းဖြည်း ချင်း ရှင်းပြနေခဲ့တယ်။

“ လွန်ခဲ့တဲ့ ငါးရက်ကလား။” သူတို့က မြောက်ရွာကို ဖျက်စီး ပြစ်ဖို့ စီစဉ်ထားကြတာပဲ။ ဒါက အဓိပ္မာယ် တစ်ခုပဲ ရှိနိုင်တယ်။ တစ်ခုက ဒီ ဖြစ်စဉ် ရဲ့ မီးခိုး ကြွက်လျှောက် အကြောင်းကို ကြောက်ကြလို့။ နောက်တစ်ခုက သူတို့ ကိုယ်တိုင်လည်း စေခိုင်းခံရသူတွေ ဖြစ်နေတာ။

သူတို့ရဲ့ ဦးတည်ချက်ကတော့ ဖန်ကျန်းရှီ တင် မကတော့ဘူး။

အခြေအနေကတော့ ပိုပြီးတော့ ရှုပ်ထွေးလာဟန်ပဲ။ အကယ်၍ အချိန်မဆိုင်းပဲ သာ ဆုံးဖြတ်ခဲ့မယ်ဆိုရင် မြောက်ရွာမှာ ဒီလို ဖြစ်လာမှာကို ဘယ်သူ သိနိုင်မှာလဲ။

ဒီ အရာတွေ အားလုံးက အစီအစဉ်ချထားတာပဲ။ ရွာကို ခေါင်းပုံ ဖြတ်ဖို့ စစ်သည်တွေကို အမိန့်ပေးထားသလို တခြား ကိစ္စတွေကို အရှိန်မြှင့်ဖို့ မီးလိုက်ရှို့နေသူလည်း နောက်ကွယ်မှာရှိနေတယ်။

ဒါက ကောင်းကင်တာအို သုခမိန်ကျောက်ဖျာ အတွက်လား။

အကယ်၍ ကောင်းကင် တာအိုကျောက်ဖျာ အတွက်သာ ဖြစ်မယ် ဆိုရင် ဘာလို့ သူတို့တွေက ကန်လင်းတောင်ကို မဝင်ကြတာလဲ။ သူတို့တွေက နတ်ဆိုးမျိုးနွယ်နဲ့ ဆက်စပ်နေတာလား။ ဘယ်သူ့မှာများ စစ်တပ်တစ်ခုလုံးကို အမိန့်ပေးဖို့ အာဏာရှိနိုင်သလဲ ။

မေးခွန်းတွေဟာ ချီကူယန်ရဲ့ စိတ်ထဲကို အပြေးအလွှား ဝင်ရောက်လာခဲ့တယ်။

ဒါပေမယ့်လည်း ချီကူယန်ဟာ မေး ခွန်း တစ်ခုမှ မေးမြန်းခြင်း မရှိခဲ့ဘူး။

စစ်သူကြီးကလည်း သေသွားခဲ့ပြီ။

မြောက်ရွာကလည်း အဖြစ်စတာနဲ့ ဝတ်ရုံနက် သတင်းပို့သူဟာလည်း တဲကနေ ထွက်ခွာခဲ့ဟန်ပဲ။ ဒီကိစ္စရဲ့ အတွင်းကို သိဖို့ အတွက် နည်းလမ်း တစ်ခုပဲ ရှိမယ်။

ငါးစာချရမယ်။

ဒီလို လုပ်ဖို့ ဆိုရင် စစ်သည်တွေအားလုံးကို စစ်မေးဖို့လဲ လိုတယ်။”

“ မင်းတို့က အမိန့်ကြောင့်လုပ်တာ ဖြစ်ပေမယ့် အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ဖို့ ကြံစည်ခဲ့တာကြောင့် အသေးစိတ်စစ်ဆေးဖို့ လိုအပ်တယ်။ ဒီ အချိန် စပြီ းမင်းတို့ တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ခြင်း မရှိစေရ။ ပြေးတဲ့ သူမှန်သမျှ ခေါင်းဖြတ်ခံရပြီး ဆွေမျိုးကိုးဆက် ပြစ်ဒဏ် သက်ရောက်စေမယ်။ ”

“ အမိန့်တော် အတိုင်းပါ။” စစ်သည်တွေဟာ ဘယ်သူကမှ ဆက်မပြောရဲတော့ဘူး ။ ချီကူယန်က စစ်တပ်ကို အုပ်ချုပ်သူ မဟုတ်ပေမယ့်လည်း သူမရဲ့ အမိန့်ဟာတော့ သက်ရောက်မှု ပိုမိုပြင်းထန်တယ်။

“ ယန်လေး ။သူတို့ လုပ်ရပ်တွေ ဒီလောက် ဆိုးတာ ။ အကုန်လုံးကို ဘာလို့ မသတ်သေးတာလဲ။” ပင်းယန်ဟာ မကျေမနပ်ပြောလိုက်တယ်။

“ နောက်ကွယ်က ကြိုးကိုင်သူကို ဖော်ထုတ်ဖို့ လိုသေးတယ်။ အကုန်လုံးကိုသာ သတ်လိုက်ရင် သူ့ကို အားပေးသလို ဖြစ်သွားလိမ့်မယ်။” ချီကူယန်ဟာ စိတ်ရှည်စွာ ပြောပြနေခဲ့တယ်။

“ပင်းယန် နားလည်ပြီ။ သူတို့တွေကို အခုတော့ အသက်ချမ်းသာပေးလိုက်မယ်။ နေ်ာက်မှ ဆက်ရှင်းတာပေါ့်။”

“ဥပဒေ အတိုင်း အရေးယူမှာပါ။”

“ဒါဆို သူတို့ကို စစ်ခုံရုံးတင်ရအောင်လား။”

“ အခုတော့ မဟုတ်သေးဘူး။” ချီကူယန်က ခေါင်းခါလိုကတယ်။

“ ဒါဆိုလည်း သူတို့ တွေကို ဒီမှာပဲ ဒူးထောက် ခိုင်းထားတော့မှာလား။”

“ ဟုတ်တယ်။ သူတို့ တွေ ဒူးထောက်ပါစေ။ သူတို့ကို နောက်မှ လာခေါ်လိမ့်မယ်။”

“ယ န်လေးက ဘယ်ကို ခေါ်မှာလဲ။ ”

…

၁၅ မိနစ် အတွင်းမှာပဲ မီးခိုးရောင် သံချပ်ကာနဲ့ လူကြီး တစ်ဦးဟာ ချီကူယန့် ဘေးကို ရောက်လာခဲ့တယ်။

ဖန်ကျန်းရှီ ဒီလူကို သိတယ်။

တောင်ဘက်ရွာမှာ တုန်းက ချီကူယန်ကို စောင့်ရှောက်ပေးတဲ့သူ အခုတော့ အတော်လေးကို ဆံပင်ဖြူနေခဲ့ပြီ။

“ သခင်မလေးကို နှုတ်ခွန်းဆက်ပါတယ်။ ရွာတံခါးဆီကို လူ ၂၀၀၀ ရောက်ရှိနေ်ပါပြီ။ သခင်မလေး အမိန့်ရှိတဲ့ ဆေးဝါးတွေလည်း ပါလာပါတယ်။”

“ ကောင်းပြီ။ ဆေးတွေကို ဒီမှာ ထားခဲ့။ လူတွေကိုတော့ နတ်ဆိုး ကျောင်းတော်ဆီ ခေါ်သွား။ ကောင်းကောင်းစောင့်ကြပ်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် မဆက်သွယ်စေနဲ့။ တစ်ယောက် မကျန် နတ်ဆိုးကျောင်းတော်မှာ စစ်ဆေးမယ်။”

“ အမိန့်တော် အတိုင်းပါ သခင်မလေး။” စစ်သူကြီးလီဟာ မထွက်ခွာခင်မှာ အရိုအသေ ပြုလိုက်တယ်။

တစ်ခဏတာ အတွင်းမှာပဲ စစ်သည် ထောင်ချီတဲ့ အုပ်စုကြီးဟာ ပျောက်ကွယ်သွားတော့တယ်။

ဖန်ကျန်းရှီဟာလည်းရွာကွင်းပြင်မှာ တစ်ချိန်လုံး မနေပါဘူး။ ချီကူယန် အမိန့်ပေးေနေချိန်တည်းက သူဟာ မိဘတွေံကို ခေါ်ပြီးတော့ အိမ်ပြန်သွားပြီ ။

ပင်းယန်ဟာတော့ ထွက်ခွာသွားတဲ့ စစ်သူကြီး လီနဲ့ ကျေးဇူးတင်နေတဲ့ ရွာသားတွေကို ကြည့်ရင်း ပြုံးနေခဲ့တယ်။

“ ယန်လေး အခု ဘာလုပ်မလဲ။”

“ဒီမှာနေမယ်။ ”

“ ဒါပေမယ့် ပင်းယန်တို့ ကောင်းကောင်းမစားရတာ အတော်ကြာပြီလေ။ ရိက္ခာခြောက်တွေ အရသာ ဘယ်လောက်ဆိုးလဲ တွေးကြည့်ပါအုန်း။ ဟွေ့အန်းဒေသကို သွားပြီး ကောင်းကောင်းစားရအောင်လေ။”

“ အာ ပင်းယန် မှားနေပြီ။ ဟွေ့ အန်းဒေသ က အစားအသောက်တေ်ွက ဒီနဲ့ ဘယ်ယှဉ်လို့ရမလဲ။” ချီကူယန်ဟာ ဖန်ကျန်းရှီ အိမ်ဘက်ကို ကြည့်ရင်း ပြောလိုက်တယ်။

“ ဒီမှာ စားကောင်းတာတွေရှိတာလား။ ဘယ်မှာလဲ။”

“ အရှက်မရှိတဲ့ ကောင် ရဲ့ အိမ်မှာ။”

“ ဘာ ။ ဘာ စားကောင်းတာကို သူ ချက်မှာမို့လဲ။”

“နောက်ကျရင် သိမှာပါ။ ဒါပေမယ့် ဒီနေ့ အစားကောင်းကောင်း စားချင်ရင် ကြိုးစားဖို့တော့ လိုတယ်။ ”ချီကူယန်ဟာ ပုခုံးတွန့်ရင်း ပြောလိုက်တယ်။ ဒီနေ့ အဖြစ်ဟာ သူမရဲ့ အစီအစဉ်ကို နှောင့်နှေးသွားစေခဲ့တယ်။

ဒီ အဖြစ်က အင်ပါယာကို ပြန့်သွားပြီးတော့ ဥပဒေ ဌာနကိုလည်းရောက်သွားမှာပဲ။

ကြီးမြတ်သော ရှမင်းဆက် စစ်သည်တော်များရဲ့ ရက်စက်မှု

အဆင့်လေး အမတ်မင်း မပြောနဲ့ အဆင့်တစ် အမတ်မင်းတောင်မှ ဘယ်လို ဖြစ်မလဲ။

ဖန်ကျန်းရှီ ရဲ့ အပြုအမူတွေက စစ်သည် ရာချီကို သတ်ခဲ့သလောက် နီးနီးပဲ

“ဘာတွေ ဖြစ်ခဲ့တာလဲ။” ဖန်ကျန်းရှီလို လူမျိုးက ရွာကို ကာကွယ်ဖို့ အတွက်တော့ ဒီလောက် လူသတ်စရာ အကြောင်းမရှိဘူး။

သူမဟာ ထပ်မတွေးတော့ဘူး။ ဖန်ကျန်းရှီကို တွေ့ရင် အကြောင်းရင်းက ရှင်းမှာပဲလေ။ ပင်းယန်ကို ဦးဆောင်ရင်း ဖန်ကျန်းရှီ အိမ်ဆီကို သွားလိုက်တယ်။

“ယန်လေး ဒီနေ့လေ။ ကောင်စုတ်က ထူးဆန်းနေသလိုပဲ။ ” ပင်းယန်က လမ်းလျှောက်ရင်းပြောလိုက်တယ်။

“ ဘာကိုလဲ။”

“ သူ့ အကြည့်တွေက အရင်ကထက် အေးစက်ပြီးတော့ ကြောက်စရာကောင်းနေတယ်။ နောက်ြ့ပီးတော့ စစ်သည်တွေ ကိစ္စမှာလည်း တစ်ခွန်းမှဝင်မပြောဘူး။ ဒါက သူ့ အကျင့်နဲ့ ဆို ကွာနေတယ်လို့ မထင်ဘူးလား။”

“ သူ့ ကို ဘာလို့ တိုက်ရိုက်မမေးတာလဲ။”

“ သေတောင် မမေးဘူး။ ဒါနဲ့လေ။ ဒီကောင်စုတ်က တကယ်ပဲ ဒီရွာမှာ မွေးပြီး ကြီးလာတာလား။ ရွာသားတိုင်းက တစ်ယောက်မှ တာအို မုခ်တောင် မအောင်သေးဘူး။ သူက ဘယ်လိုများ ဒီလောက်ထိ အင်အားကြီးနေရတာလဲ။”

“ဘာလို့ သူ့ကို မမေးတာလဲ ပင်းယန်ရဲ့။”

“ ယန်လေးကလည်း ပင်းယန်ကို အနိုင်ကျင့်နေပြန်ပြီ။”

…

သိပ်မကြာခင်မှာပဲ ဖန်ကျန်းရှီ ရဲ့ အိမ်ကို ရောက်လာချိန်မှာတော့ ဖန်ကျန်းရှီရဲ့ မိဘတွေဟာ ဧည့်ခန်းထဲကနေ ထွက်လာပြီ း ကြိုဆိုကြတယ်။

“ အရှင်မင်းသမီးနဲ့ မင်းသမီးကို နှုတ်ခွန်းဆက်ပါတယ်။”

“ ဦးလေးနဲ့ အဒေါ် ကူယန်ကို အရင်လိုပဲ ပြောပါ။ မဟုတ်ရင် ဝန်လေးမိလိမ့်မယ်။” ချီကူယန်ဟာ ချက်ခြင်းဆိုသလို တားမြစ်လိုက်တယ်။

“ ဒါဆို ရင် သမီးတို့ ဘယ်မှာနေကြမှာလဲ။”

“ ဦးလေးနဲ့ အဒေါ်ကိုပဲ ဒုက္ခပေးရတော့မယ်။”

“ မနေရဘူး။ ” ဒီအချိန်မှာပဲ ဖန်ကျန်းရှီရဲ့ အသံဟာ အခန်းထဲကနေ ထွက်လာပြီးတော့ အပြာရောင်ပုံရိပ်ဟာ အိမ်တံခါးဝမှ ပေါ်လာခဲ့တယ်။

ဖန်ကျန်းရှီက လွဲပြီး ဘယ်သူ ဖြစ်နိုင်အုန်းမှာလဲ။

ပင်းယန်ဟာ ဒါကို ကြားချိန်မှာတော့ ။“ ဖန်ကျန်းရှီ ငါတို့ ဒီမှာ နေတာက နင် ဂုဏ်တောင် ယူရအုန်းမယ်။ ငါတို့ ဒီနေ့် နင့်အသက်ကို ကယ်လာခဲ့တာကို ဘာတွေ ကြီးကြီးကျယ်ကျယ် ပြောနေတာလဲ၊”

“ မင်းတို့ ဒီမှာ နေရလို့ရတယ်။ ဒါပေမယ့် တစ်ညကို ငွေသား တစ်ရာပေးရမယ်။” ဖန်ကျန်းရှီဟာ လက်ညှှိုးကို ယမ်းရင်း ပြောနေခဲ့တယ်။

“ယန်လေး။ ပင်းယန် ပြောခဲ့တာတွေ ပြန်ရုပ်သိမ်းတယ်။ ဒီ အရှက်မရှိတဲ့ ကောင်က အခုထိ မပြောင်းလဲ သေးဘူး။ ”ပင်းယန်ဟာ ဒေါသထွက်လာခဲ့တယ်။

“မင်းအတွက်တော့ ။ နတ်ဆိုးကျောင်းတော် ရဲ့ အဖိုးတန် မင်းသမီး ဖြစ်တဲ့ အတွက် တစ်ခြားနေစရာ နေရာသွားရှာ။ မင်းဆီက ပိုက်ဆံ ငါမယူဘူး။” ဖန်ကျန်းရှီဟာ ပင်းယန်ကို လျစ်လျူရှုရင်းချီကူယန်ကို ပြောလိုက်တယ်။

“ကောင်းပါပြီလေ။ နင့်ကို တစ်ညတည်းခိုခ ငွေသား တစ်သောင်းပေးရင်ကော ဘယ်လိုလဲ။” ဖန်ကျန်းရှီရဲ့ အပြုအမူကို ကျင့်သားရနေပြီ ဖြစ်တဲ့ ချီကူယန်ဟာ ပြုံးရုံသာ ပြုံးနေခဲ့တယ်။

အပိုင်း (၂၅၉) ပြီး၏။

အပိုင်း (၂၆၀)

“ဖန်ကျန်းရှှီရဲ့ ပြဿနာ။”

 “ တစ်ညကို ငွေသား တစ်သောင်းလား။” ပင်းယန်ဟာ သူမရဲ့ နားတွေကိုတောင် မယုံနိုင် ဖြစ်နေခဲ့တယ်။ ချီကူယန်က သူမ သိတဲ့ သူတွေထဲမှာ အတော်ဆုံးသူပဲ။

တုံးအမိုက်မဲတာမျိုး တစ်ခါမှ မလုပ်ခဲ့ဘူး။ ဒါပေမယ့်လည်း အခုချိန်မှာတော့ ချီကူယန်က မိုက်မိုက်မဲမဲ တွေ လုပ်နေပါလား။

ဒီလို တောရွာက အိမ်မှာ တည်းခိုဖို့က တစ်ညကို ငွေသား တစ်သောင်း တန်လို့လား။ ဒါဆိုရင် သူမရဲ့ နတ်ဆိုး ကျောင်းတော်ကတော့ တစ်ညကို တစ်သန်းလောက် တန်နေပြီ။ ငွေသား တစ်သောင်း ဆိုတာ ဒီ မြောက်ရွာတစ်ခုလုံးကို မြေလှန်ပြစ်ပြီး အသစ်က ပြန်ဆောက်လို့တောင် ရတာကို။

“ မင်း က အရာအားလုံး ကို ငွေနဲ့ ဝယ်လို့ ရမယ် ထင်နေတာလား။ ” ဖန်ကျန်းရှှီဟာ ဆတ်ဆတ်ထိ မခံ ဖြစ်စွာ ပြန်ဖြေလိုက်တယ်။

“ တစ်သောင်း ခွဲပေးမယ်။” ချီၤကူယန်ဟာ မငြင်းနိုင်တဲ့ ဈေးကို တိုးပေးလိုက်တယ်။

“ အမေ ရေ။ ဒီ အမျိုးသမီးအတွက် အိပ်ယာ ပြင်ပေးထားတော့။ ဘယ်လောက်ထိ နေနိုင်မလဲ သိချင်တယ်။ ” ဖန်ကျန်းရှီဟာ လှည့်ထွက်ပြီး အိမ်ထဲ ပြန်ဝင်သွားတော့တယ်။

ပင်းယန်ဟာတော့ မျက်လုံးပြူးနေခဲ့တယ်။

ခုနကပဲ ပိုက်ဆံက အရာအားလုံးကို ဝယ်လို့ မရဘူးပြောခဲ့တာ ဘယ်သူလဲ။ အခုတော့ ချက်ခြင်း စိတ်ပြောင်းသွားတယ်တဲ့လား။ အပြောနဲ့ အလုပ် ညီတဲ့ ဂုဏ်သိက္ခာဆိုတာ ဘယ်မှာလဲ။ ဒီအရှက်မရှိတဲ့ ကောင်စုတ် အခုထိ မပြောင်းလဲ သေးဘူးပဲ။ မ

ချီရှင်းလိန်ဟာတော့ အခုမှ သတိပြန်ဝင်လာတာ ။

သူမရဲ့ သားက ကန်လင်းတောင်ထဲမှာ မီးမြေခွေးပြာကို သတ်ခဲ့တဲ့ အချိန်တည်းက ကျော်ကြားလာခဲ့တာ ။ ဒီနှစ်တွေ အတောတွင်းမှာလဲ သူ့နာမည် ကျော်ကြားမှုက ရွာတွေ တစ်လျှောက်မှာ ပျံ့နှံ့နေခဲ့တယ်။

ဖန်မိသားစု ကို လာပြောတဲ့ စေ့စပ်ကြောင်းလမ်း မှုတွေကိုလည်း သူမ အမြဲတမ်း ငြင်းခဲ့တယ်။

သူမသားကိစ္စကြီးတွေကို လုပ်ရအုန်းမှာ။ တနေ့တော့ မြို့တော်ကြီးတွေကိုပါ ထိုးဖောက်နိုင်မယ့်သူ ဖြစ်လာအုန်းမှာ ။ ဘယ်ရွာသူက သူ့သားနဲ့ တန်မှာလြ။

ဒါပေမယ့်လည်း ချီကူယန်ကို တော့ မြင်မြင်ချင်း သဘောကျမိတယ်။ ပညာဉာဏ်တွေ ပြည့်နေပြီး ထက်မြက်တဲ့ ဒီမိန်းမပျိုလေးက သူ့သားနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ်လို့ တွေးခဲ့တယ်။

ဒါကြောင့် အဲ့ဒီ့အချိန်တည်းက ချီကူယန်ကို သူမရဲ့ ချွေးမ ဖြစ်စေချင်ခဲ့တယ်။

အခုတော့ သူ့ရဲ့ ထက်မြက်လှတဲ့ သားက ဘယ်လို အရူးအလုပ်တွေ လုပ်နေတာလား။

ဒီကလေးက ချမ်းသာပြီးတော့ နောက်ခံ အင်အား ကောင်းလွန်းတဲ့ မိသားစုကလေ။ နတ်ဆိုးကျောင်းတော်ရဲ့ ဆက်ခံသူ မင်းသမီး။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ ထိပ်တန်းကျောင်းတော်သား။ မင်းမျိုး မင်းနွယ်တွေ တောင်မှ မလေးမခန့် မပြုရဲတဲ့ သူလေ။

သူမမှာ မြင့်မားတဲ့ ဂုဏ်ရည်တွေ အများကြီးရှိတယ်။

ဒီလို မြင့်မြတ်တဲ့ မိန်းကလေးကို သူ့သားက ဘာလို့ ဒီလောက် အမြင်မကြည်နိုင် ဖြစ်နေတာလဲ။

ပိုပြီးတော့ အရေးကြီးတာက …..

ချီကူယန်ကလည်း ဒါကို စိတ်မဆိုးဘူး။ ငွေသားကိုတောင် တိုးပေးနေသေးတယ်။ တကယ်ပဲ ဘာတွေ ဖြစ်ကုန်တာလဲ။ ကျန်းရှီကိုပဲ နှစ်သက်နေတာလား။

“ မင်းသမီးတို့ရဲ့ တည်းခိုမှု က ကျွန်တော်တို့ကို ဂုဏ်ရှိစေပါတယ် ။ ဒီမှာ နေချင်သလောက်သာ နေပါ။ ငွေသားတွေ အကြောင်း တွေ ပြောမနေပါနဲ့တော့ ။ နှစ်ယောက်လုံး ဝင်လာခဲ့ပါ။ ” ချီရှင်းလိန်ဟာ ဖန်ကျန်းရှီရဲ့ စကားတွေကို ပယ်ရှားလိုက်တယ်။

မိခင် တစ်ဦးအနေနဲ့ သူမမှာဆုံးဖြတ်ခွင့်ရှိတယ်လေ။

အရာအားလုံးက ဖြစ်နိုင်ချေ နည်းပေမယ့်လည်း သူမ ကြိုးစားကြည့်ချင်သေးတယ်။

မျှော်လင့်ချက်ရှိနေသရွေ့တော့ ကြိုးစားနေအုန်းမှာပဲ။

“ ကျေးဇူးပဲ အဒေါ်။ ” ချီကူယန်ဟာ ပြုံးပြရင်းပြောလိုက်တယ်။ အဲ့ဒီ့နောက် မကြည်မသာ ဖြစ်နေတဲ့ ပင်းယန်ကို မျက်စပြစ်ပြရင်း အိမ်ထဲကို အေးအေးဆေးဆေးဝင်သွားတော့တယ်။

“ သားရေ။ အသားသွားကင်ပါအုန်း။ မင်းသမီး လေးက အသားကင် ကြိုက်တယ်။ ” ချီရှင်းလိန်ဟာ ဖန်ကျန်းှရှီကို လှမ်းအော် လိုက်တယ်။

သူမဟာ ဒီနေ့ရဲ့ ပြဿတွေကို မေ့ပျောက်စ ပြုနေပြီ ။

မြောက်ပိုင်း ဒေသ ကျောင်းတော်ငါးခုရဲ့ ဂုဏ်ရည်ကို ဧည့်ခံခွင့်ရတာဟာ တကယ့်ကို အိမ်မက်တောင် မမက်ခဲ့တဲ့ အရာ။

“ သူစားချင်ရင် သူ့ဘာသူကင်လေ။” ဖန်ကျန်းရှီဟာ မကျေမနပ်အော်ပြောလိုက်တယ်။

“ ဘာပြောလိုက်တယ်။ မင်းအမေ မင်းကို အသားကင်ဖို့ ပြောနေတယ် ။ များများကင်ပြီး ဦးလေး ယန်ဖိန်ဆီလည်း ပို့လိုက်။ သူ ဒဏ်ရာရနေတာ အားဖြည့်ဖို့ လိုတယ်။” ဖန်ဟို့ဒဲဟာ ဖန်ကျန်းရှှီရဲ့ အော်သံကို ကြားချိန်မှာ ထပ်ပြောလိုက်တယ်။ မင်းက ပုန်ကန်ချင်နေတာလား။

ပင်းယန်ဟာတော့ ဒါကို ကြားချိန်မှာပြုံးနေခဲ့တယ်။ “ ဦးလေးနဲ့ အဒေါ် ပင်းယန် က ယုန်ကင် ကြိုက်တယ်။”

“ သားရေ။ ကြားတယ်မလား။ အမွှေးစိမ်း ယုန်နှစ်ကောင် ကင်လိုက်။”ဖန်ဟို့ဒဲဟာ ချောင်းဟန့်ရင်း စူပုတ်နေတဲ့ ဖန်ကျန်းရှှီကို ပြောလိုက်တယ်။

“ အဖေနဲ့ အမေ။ သားမေးစရာ တစ်ခုရှိတယ်။” ဖန်ကျန်းရှီရဲ့ အသံဟာ မီးဖိုခန်းထဲကနေ ထွက်လာတယ်။

“ ဘာမေးမလဲ။”

“ သားက အဖေတို့ရဲ့ သား ဟုတ်ရဲ့ လား။”

“ မိုးနတ်မင်းရေ။ မင်းအခုထိ မသိသေးရင် မင်းခြေထောက်တွေကို ချိုးပြစ်မှ သိမှာလား။”

“ ကောင်းတယ် ဦးလေး ။ အခုပဲ လုပ်လိုက်ပါလား။ ပင်းယန်မှာ တော်ဝင်မိသားစု အတွက် သီးသန့်ထုတ်ထားတဲ့ အထူးဆေးတွေ ပါတယ်။ အရိုးကျိုးတာတွေ အရှင်းကုနိုင်တယ်။ ” ပင်းယန်ဟာတော့ ကျောက်စိမ်းဆေးပုလင်း တစ်ပုလင်းကို လေပေါ် မြှောက်ကစားရင်း မီးလောင်ရာလေပင့် နေခဲ့တယ်။

ဖန်ဟို့ဒဲ နဲ့ ချီရှင်းလိန်တို့ဟာ တစ်ယောက်ကို တစ်ယောက် ကြောင်တောင်တောင် ကြည့်နေခဲ့တယ်။ ဒါက တကယ်ပဲ မင်းသမီး ဟုတ်ကော ဟုတ်ရဲ့လား။

ငါတို့ ဘာလုပ်သင့်လဲ။

ဖန်ဟို့ဒဲနဲ့ ချီရှင်းလိန်တို့ မှင်သက်နေချိန်မှာပဲ ပုံရိပ်တစ်ခုဟာ အိမ်ထဲကနေ ထွက်ပေါ်လာပြီးတော့ ပင်းယန်ကို ဝင်တိုက်သွားခဲ့တယ်။

“ မဆိုးဘူးပဲ။ ”

ပင်းယန် တုံ့ပြန်ချိန်တောင် မရလိုက်ခင်မှာပဲ ကျောက်စိမ်းပုလင်းလေးဟာ ဖန်ကျန်းရှီ ဆွဲသွားတာကို ခံလိုက်ရတယ်။ အဲ့ဒီ့နောက် သူ့အိတ်ထဲကို ရောက်သွားတော့တယ်။

သူမ သူ့ကိုတောင် ဖမ်းတောင် မမိလိုက်ခင်မှာပဲ။

ဖန်ကျန်းရှီရဲ့ အော်သံဟာ ထွက်လာခဲ့တယ်။ “ အသားကင်တော့မယ်။”

ပင်းယန်ဟာ ဖန်ကျန်းရှီကို လွယ်လွယ်တော့ အလျှော့မပေးနိုင်ဘူး။ သူမ ပြေးလိုက်ဖို့ ကြံချိန်မှာပဲ ချီကူယန်ဟာ သူမကို ဆွဲထားခဲ့တယ်။

“ သူကင်တဲ့ အသားက မြောက်ရွာတစ်ခုလုံးမှာ အကောင်းဆုံးပဲ။”

ပင်းယန်ဟာတော့ ချီကူယန်ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့တယ်။ ဒါပေမယ့်လည်း သူမဟာ အရသာ ရှိရှိစားလိုစိတ်ကြောင့် ဂုဏ်သိက္ခာတွေကို မေ့ပျောက်ထားခဲ့ရတယ်။

“ ဟွန့် ။ နင်အသားကင်ပြီးတာနဲ့ တွေ့ကြတာပေါ့။” ပင်းယန်ဟာ ဖန်ကျန်းရှီ ထွက်သွားတာကို ကြည့်ရင်း ခြေဆောင့်ကာ ပြောလိုက်တယ်။

………..

အစားအသောက်ကတော့ အတော်လေး ကောင်းခဲ့တယ်။

ပင်းယန်ရဲ့ မျက်လုံးတွေဟာတော့ အစားအသောက်တွေကို မြင်ချိန်မှာ ဘလင်းဘလင်း တောက်လာခဲ့တယ်။ အမွှေးအကြိုင်တွေနဲ့ ပေါင်းထားတဲ့ ဝံပုလွေ ပေါင်ကြီးဟာ သွားရည်တမြားမြား ကျချင်ဖွယ်ပဲ။

သူမရဲ့ မြင့်မြတ်လှစွာသော ဂုဏ်သိက္ခာတွေကို လွှတ်ပစ်လိုက်တော့တယ်။

အသားကင်တွေကို တူတောင် မယူနိုင်ပဲ လက်နဲ့ အားရပါးရ ဖဲ့စားရင်း ဝိုင်တွေကို ပုလင်းလိုက်မော့နေခဲ့တယ်။ ဆီတွေ အကွင်းကွင်းနဲ့ နှုတ်ခမ်းကို လက်ခုံနဲ့ သုတ်လိုက်ရင်း ယုန်ကောင်လုံးကင်ကို အပြတ်ရှင်းကာ ဝံပုလွေ ပေါင်း နဲ့ လက်စသတ်လိုက်တယ်။

ညနက်လာချိန်မှာတော့ မြောက်ရွာဟာ အလွန်အမင်း တိတ်ဆိတ်သွားတော့တယ်။ လရောင်ဟာတော့ တောက်ပစွာ ဖြာကျနေပြီး အိမ်တွေကို လင်းထိန်နေစေခဲ့တယ်။

ဖန်ကျန်းရှီဟာတော့ အိမ်ရှေ့ ကွင်းပြင်ထဲက ထိုင်ခုံရှည်မှာ လှဲနေရင်း အေးချမ်းမှုကို ခံစားနေတယ်။ ဖရဲသီး တစ်ပန်းကန်နဲ့ အတူ သစ်သီးဝိုင် ပုလင်းဟာလည်း သူ့ဘေးမှာ ရှိနေခဲ့တယ်။

ပုံရိပ်တစ်ခုဟာတော့ သူ့ဘေးမှာ ပေါ်လာခဲ့တယ်။ ပန်းရောင် ဝတ်ရုံနဲ့ သူမဟာ ညအချိန်မှာ ပွင့်လန်းနေတဲ့ ပန်းတစ်ပွင့်က နတ်သမီးလေးနဲ့ တောင် တူညီနေသေးတယ်။

ချီကူယန်ဟာ သူမရဲ့ အသွင်ကို ပြောင်းလဲလိုက်ပြီ ။

သူမဟာ ဖန်ကျန်းရှီ ရဲ့ ဘေးမှာသာ တိတ်ဆိတ်စွာ ရပ်နေခဲ့တယ်။

ဒီ မြင်ကွင်းကို မြင်သူတိုင်းဟာတော့ အံ့သြမိကြမှာ အမှန်ပဲ ။ ရွာသားတစ်ဦးကအေးအေး ဆေးဆေး လှဲအိပ်နေပြီးတော့ နတ်ဆိုးကျောင်းတော်ရဲ့ မင်းသမီးရတနာက ရပ်စောင့်နေတယ်။

ဒါပေမယ့်လည်း အခု မြင်ကွင်းက မြောက်ရွာထဲမှာ ဖြစ်နေတာ တစ်ခုပဲ။

ဖန်ကျန်းရှီ ဟာတော့ မျက်လုံးတွေကို ပိတ်ထားခဲ့တယ်။ ချီကူယန် ရောက်လာတာကို မမြင်တဲ့ အတိုင်း ဖရဲသီးတစ်စိတ်စားပြီး ဝိုင်တစ်ငုံသောက်ကာ ပြန်အိပ်နေခဲ့တယ်။

ချီကူယန်ဟာတော့ ဖန်ကျန်းရှီ ဝိုင်ကရားချတာကို ကြည့်နေခဲ့တယ်။

အဲ့ဒီ့နောက် လက်ဆန့် တန်းကာ ဝိုင်ပုလင်းဆီကို လက်လှမ်းရင်း တစ်ငုံသောက်လိုက်တယ်။

ဖန်ကျန်းရှီ ဟာတေ့ မျက်လုံး မဖွင့်ပဲနဲ့ မျက်လုံးတွေကို ပိုပြီးတော့ တင်းတင်းကြပ်ကြပ်မှိတ်ထားရင်း လူးလှိမ့်ကာ ပိုပြီး သက်တောင့်သက်သာရှိတဲ့ ပုံစံကို ပြောင်းအိပ်လိုက်တယ်။

ချီကူယန်ဟာလည်း စကားမစသေးဘူး ။

ဒီအခြေအနေဟာ အတော်လေးကို ကြာမြင့်လာခဲ့တယ်။ လမွန်းတည့်ချိန်ကို ရောက်လာသလို အပူချိန်ဟာလည်း သိသိသာသာ ကျဆင်းသွားတော့တယ်။ ရွာတစ်ရွာက ည အတွက်တော့ ဒါဟာ အိပ်လို့ အတော်ကောင်းတဲ့ အချိန်ကို ရောက်နေပြီ ။

“အခုတော့ မင်းလုပ်ချင်တာတွေကို လုပ်ပြီးပြီလေ။ ဘာလို့ ဒီမှာ ဆက်နေနေသေးတာလဲ။ ” ဖန်ကျန်းရှီဟာ စကားစလာတော့တယ်။ သူ့ရဲ့ မျက်လုံးတွေဟာတော့ ပိတ်နေခဲ့တယ်။

“အကယ်၍ ကိစ္စတွေသာ ပြီးသွားရင်တော့ ငါ ပြန်မှာပေါ့။ အခု ငါရှိနေတာက အလုပ်ကိစ္စတွေ မပြီးသေးလို့ပဲ။” ချီကူယန်က ပြန်ဖြေလိုက်တယ်။

“ မင်းက ကန်လင်းတောင်ကိစ္စတွေကို ရှင်းဟို့ဆီ လွှဲခဲ့ပြီးပြီ မလား။ ဘာလုပ်စရာကျန်သေးလို့လဲ။”

“ရှိတယ်။ ”

“ဘ၀ က စစ်တုရင်လိုပဲ။ အပိုင်းလေး တစ်ခု အတွက် နဲ့ ကစားပွဲကို အရှုံးပေးဖို့လိုလို့လား။”

“မလိုဘူး။”

“ဒါဆို မင်းက ဘာလို့ မသွားသေးတာလဲ။”

“ မပြီးပြတ်သေးတဲ့ ကိစ္စရှိသေးတယ်။ ”

ဖန်ကျန်းရှီဟာ တစ်ခဏတာ တိတ်ဆိတ်နေခဲ့တယ်။ အဲ့ဒီေ့နာက်သူဟာ စကားစပြန်တယ် ။ “ ကန်လင်းတောင် က ထောင်ချောက်ကို နတ်ဆိုးတွေက တပ်ဆင်တယ်။ သူတို့က နတ်ဆိုးကျောင်းတော်ကို အစဖျောက် မြှုပ်နှံ ပြစ်ချင်ခဲ့တာ။ မင်းကလည်း ကန်လင်းတောင်မှာ ကစားကွက်တစ်ခုကို ဆင်နေပြီ။ အကယ်၍ ငါသာ မှန်မယ် ဆိုရင် မင်း ဒီမှာ လုပ်မယ့် ကိစ္စကို နေရာချနေပြီ။”

“ဟုတယ်။ ဒီမှာ တပ်နီတော် တပ်သား တစ်ထောင်နဲ့ နတ်ဆိုးကျောင်းတော်က အထူးစစ်သည် ၅၀၀ ကို ဒီမှာ စခန်းချဖို့ ထားထားပြီ။ ” ချီကူယန်ဟာ အမှန်တိုင်း ဖြေလိုက်တယ် ။

“ ဒါပေမယ့် ဒီ ခရီးတစ်လျှောက်မှာ ငါ့ကို မင်း ဘာမှ မပြောဘူး။”

“ ငါ ပြောရင်ကော ဘာထူးမှာလဲ။”

“အကယ်၍ ဒါကိုသာ စောစောသိရင် အေးအေးဆေးဆေး နေမလား။ အိမ်မြန်မြန်ပြန်ပြီး အဲ့ စစ်သည်တွေကို အကုန်မောင်းထုတ်ပြစ်မှာ။ ”

“ရလဒ်က ကွာခြားသွားနိုင်လို့လား။”

“ဒါပေါ့။ ငါသာ တစ်ရက်စောစော ပြန်ရောက်ရင် ရွာသားတွေ အနိုင် ကျင့်ခံရတာ တစ်ရက်နည်းသွားမှာပေါ့။”

“သူတို့တွေ ခံစားရတာ နည်းသွားမလား။ ထောက်ချောက်တွေ ။ ကစားပွဲရဲ့ သက်ရောက်မှုတွေက သူတို့ ဆီကို ရောက်နေပြီ။ ပြောင်းလဲ မှုတွေကို နင် လွန်ခဲ့တဲ့ ရှစ်နှစ်တည်းက လုပ်ခဲ့ရင်ကော ဘယ်လို ဖြစ်သွားမလဲ။”

“ ပြောင်းလဲ မှုတွေလား။” ဖန်ကျန်းရှီဟာ ရေရွတ်လိုက်မိတယ်။ ဒီနှစ်တွေ အတောတွင်းမှာ ရွာကို တိုးတက်ပြောင်းလဲ အောင် ကြီးကြီးမားမား မလုပ်ပေးခဲ့မိဘူးပဲ။

တခြားရွာတွေကထက် သာတယ်ဆိုရုံလေးပဲ ရှိတာ။

တကယ်တမ်းတော့ ရွာသားတွေရဲ့ ဘဝက ခက်ခဲ နေဆဲပဲ။ တနေ့လုပ် တနေ့စား ဘဝနဲ့ စုမိဆောင်းမိတာ လည်း ဘာမှ မရှိခဲ့ဘူး။

သူရှာပေးသမျှ ငွေတွေကလည်း ရွာ အတွက် လောက်ငရုံပဲရှိတာ။

လူတစ်ယောက် အမည်မဲ့ လူတစ်ယောက်က ရွာတစ်ရွာလုံး ပြောင်းလဲ အောင်ဘယ်လို လုပ်ပေးနိုင်မှာလဲ။

“ ငါတွေးတာသာ မှန်မယ်ဆိုရင်။ နင်က ဒီမှာပဲ အေးအေးချမ်းချမ်း နေမယ်။ ညီလာခံနဲ့ အုပ်ချုပ်ရေးကိုလည်း ဝင်မပါချင်သလို ဒေသတွင်း တာအို စာမေးပွဲကိုတောင် ဖြေချင်တာ မဟုတ်ဘူး။” ချီကူယန်က ဆက်ပြောနေခဲ့တယ်။

ဖန်ကျန်းရှီဟာတော့ တိတ်ဆိတ်နေခဲ့တယ်။ သူဟာ အမှန်တကယ်ကို ဒီလိုပဲ တွေးထားတာ ။ ဒီလို အဖြစ်မျိုး ဖြစ်လာခဲ့မှာကိုလည်း လန့်သလို တခြား ဖြစ်နိုင်ချေတွေကိုလည်း လက်မခံနိုင်ဘူး။

မြောက်ရွာမှာ အေးအေးချမ်းချမ်း နေရင်းနဲ့သာ သူ့မိဘတွေနဲ့ ရွာသားတွေကို ကာကွယ်ချင်တဲ့ ဆန္ဒတစ်ခုပဲ သူ့မှာ ရှိတယ်။

“ နင့်ရဲ့ အခု အရည်အချင်းနဲ့ ဆိုရင် ရွာကို အခုတော့ ကာကွယ်နိုင်တယ်။ ဒါပေမယ့်လည်း အမြဲတမ်းကာကွယ်နိုင်လို့လား။” ချီကူယန်ရဲ့ အသံဟာ ထွက်ပေါ်လာတယ်။

“ ငါ့မှာ ငါ့နည်းလမ်းတွေ ရှိပါတယ်။ ” ဖန်ကျန်းရှီက ပြန်ဖြေလိုက်တယ်။

“ နင်လုပ်နိုင်တယ် ဆိုတာ ငါကောင်းကောင်းသိတယ်။ ဒါပေမယ့် ငါ့လောက် မြန်အောင် အာဏာ မသက်ရောက်နိုင်ဘူး။ နင်သာ အာဏာရှိတဲ့ လွှမ်းမိုးနိုင်သူ ဖြစ်မှသာ နင့်ရွာကို ကာကွယ်နိုင်မယ်။ ငါ့ရဲ့ အမိန့်စကား တစ်ခွန်းတည်းနဲ့ မြောက်ရွာကို မြောက်ပိုင်းဒေသမှာ ကြီးပွားတိုးတက်မှု အမြင့်ဆုံးရွာ ဖြစ်အောင် လုပ်နိုင်တယ်။”

ဖန်ကျန်းရှီဟာ မငြင်းဆိုဘူး ။ ဒါတွေက အကုန် အမှန်ပဲ။ အင်ပါယာ တစ်ခုလုံးမှာ အထူးချွန်ဆုံး သူတစ်ယောက် အနေနဲ့ သူမဟာ ရွာတစ်ရွာရဲ့ ကံကြမ္မာကိုလည်း ပြောင်းလဲနိုင်တာ အမှန်ပဲ ။

နောက်ပြီးတော့ သူမ က နတ်ဆိုးကျောင်းတော် ရဲ့ ဂုဏ်သရေဖြစ်တဲ့ အတွက် ကျောင်းတော်ဟာ သူမ သေဆိုသေ ရှင်ဆိုရှင် ။

သူမက နတ်ဆိုးကျောင်းတော်ရဲ့ ဆက်ခံသူ ဖြစ်တဲ့ အတွက် ကျော်ကြားနေတာ မဟုတ်ပဲ။ သူမရဲ့ မိသားစုဟာ သူမရဲ့ ထူးချွန်မှုကြောင့် ပိုမို ကျော်ကြားလာတာ ။

“ သနားစရာကောင်းတာက (ရွာတစ်ရွာ ။ မြို့တစ်မြို့၊ နယ် တစ်နယ် ကိုတောင်မှ ငါ ပြောင်းလဲ ချင် ပြောင်းးလဲနိုင်ပေမယ့်လည်း မင်းဆက်တစ်ဆက် ဒါမှ မဟုတ် လူသား မျိုးနွယ်ရဲ့ ကံကြမ္မာကိုတော့ မပြောင်းလဲ ပေးနိုင်ဘူး။” ချီကူယန်ရဲ့ အသံဟာတော့ လေးနက် နေခဲ့ပေမယ့်လည်း သူမရဲ့ အမူအယာဟာတော့ တည်ငြိမ်နေဆဲ ။

“ ငါကြားတာတော့ နှစ်ထပ်ကွမ်း နဂါးချန်ပီယံ က လောကကို ထိတ်လန့်စေပြီးတော့ ကမ္ဘာကြီးရဲ့ အေးချမ်းမှုကို ယူဆောင်လာပေးမယ် တဲ့။” ဖန်ကျန်းရှီဟာ ပြောလိုက်တယ်။

“ နင် ယုံလား”

“ မယုံဘူး။”

“ ဒါပေမယ့် ငါ ယုံတယ်။ ကောင်းကင် နိမိတ်က မမှားနိုင်ဘူး။ မြောက်ရွာကို ငါ ဂရုမစိုက်ဘူးလို့ နင်တွေးကောင်းတွေးနိုင်တယ်။ ဒါပေမယ့် လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကိုတော့ ငါ ဂရုစိုက်တယ်။ တစ်စုံတစ်ယောက်က ဖန်တီးခဲ့ပြီးပြီ။ အကယ်၍ နင်သာ မလုပ်ရင် ငါလုပ်ရလိမ့်မယ်။ ဒီလောက မှာ သူရဲကောင်တစ်ယောက်လိုနေတယ်။”

“မင်းက မင်းကိုမင်း သူရဲကောင်းလို့ ထင်တာလား။”

“ မဟုတ်ဘူး ။ ငါက ကျားစေ့လေး တစ်စေ့ပဲ။ လူတစ်ယောက်ရဲ့ ကျားထိုးကွက်က ကျားစေ့လေး တစ်စေ့ပေါ့။”

“မင်းကသာ ကျားစေ့ တစ်စေ့ဆိုရင် ငါလည်း အတူတူပဲပေါ့။ မင်းထက် အားနည်းတဲ့ ကျားစေ့လေး။” ဖန်ကျန်းရှီ က ရယ်မောရင်း ပြောလိုက်တယ်။

“ ငါ့စိတ်ထဲမှာ ရှုပ်ထွေးနေတဲ့ မေးခွန်းတစ်ချို့ကို မေးချင်တယ်။ ငါ့စိတ်ထဲမှာ အတော်လေးကို ပြဿနာ ဖြစ်နေတာကြာပြီ။ ” ချီကူယန်ဟာ သိသိသာသာကို စကားလမ်းကြောင်း ပြောင်းလိုက်တယ်။

“ မင်းတောင် မသိတဲ့ ကိစ္စတွေ ရှိနေသေးတာလား။”

“ အင်း ။ ဥပမာ ပြောရရင်။ နင် တခြားသူတွေရဲ့ တိုက်ခိုက်နည်းတွေကို ဘယ်လိုများ ဒီလောက် မြန်မြန်သင်နိုင်တာလဲ။ အရာအားလုံး ဖြစ်တည်ပုံဖော်မှုကိုကော ဘယ်လို ဖြေရှင်းလိုက်တာလဲ။ အခြေတည်စ ကောင်းကင်ရောင်ပြန် အဆင့် ကျင့်ကြံသူ တစ်ယောက်ထက် ဘာကြောင့်များ အင်အား ကြီးလွန်းနေတာလဲ။”

“ မင်းရဲ့ ပထမ မေးခွန်းကိုတော့ ငါဖြေချင်တယ်။ ဒုတိယ တစ်ခုကတော့ မဖြေချင်ဘူး။ တတိယ တစ်ခုကတော့ ကလည်း မသိဘူး။” ဖန်ကျန်းရှီဟာ လေးလေးနက်နက် ပြန်ဖြေနေခဲ့တယ်။

ချီကူယန်ဟာတော့ ဖန်ကျန်းရှီရဲ့ အဖြေကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့တယ်။

“ လွန်ခဲ့တဲ့ ၈ နှစ်တုန်းက တာအိုမုခ်ကို ငါ အောင်မြင်ခဲ့တယ်။ ကြယ်တာရာ စုဝေးမှု အဆင့်ကို နောက်တစ်နှစ်မှာပဲ ရောက်တယ်။ အဆင့်တွေကို ငါမသိတော့ ကြယ်တွေကို စုရင်းနဲ့သာ ရ နှစ် အချိန် ကုန်ခဲ့တယ်။”

“ နင်ဘာပြောတယ်။ ဒါဆို နင်က တာအိုတွေ အများကြီးကို နားလည်ပြီး ကြယ်အဖြစ်ပြောင်းထားတာလား။”

“ ဒီလောက်များမှန်း ငါလည်း မသိဘူး။ ငါ အကြမ်းဖျင်း တွက်ကြည့်တာ အနည်းဆုံးတော့ သုံးရာ ဝန်းကျင်ရှိတယ်။” ဖန်ကျန်းရှှီဟာ ပုံမှန် လေသံနဲ့ ပြန်ဖြေနေခဲ့တယ်။

“ သုံးရာဝန်းကျင် ” ချီကူယန်ဟာ ထိတ်လန့သွားခဲ့တယ်။ ဒါဟာ ပထမဆုံး အကြိမ်အဖြစ် ဖန်ကျန်းရှီ ရှေ့မှာ သူမ ရဲ့ တည်ငြိမ်မှု ပျောက်ဆုံးသွားတာ ။

ဒါပေမယ့်လည်း သူမဟာ ချက်ခြင်း ပုံမှန်ဖြစ်သွားခဲ့တယ်။ သူမရဲ့ ထိတ်လန့်မှုဟာလည်း နှစ်ခြိုက်မှုကို ပြောင်းလဲသွားခဲ့တယ်။ ဒီအချိန်မှာတော့ သူမဟာ ပြုံးနေခဲ့တယ်။

ပွင့်လန်းနေတဲ့ ပန်းတစ်ပွင့်လိုမျိုး လူတကာ ငေးမော စေရလောက်တဲ့ အပြုံးတစ်ခုနဲ့ပေါ့။

ဖန်ကျန်းရှီရဲ့ ပိတ်ထားတဲ့ မျက်လုံး တွေဟာတော့ အနည်းငယ် ပွင့်လာခဲ့တယ်။ ချီကူယန် နဲ့ သူ့ကိုယ်တိုင်ကို မတူညီတဲ့ လောက နှစ်ခုက သူတွေ အဖြစ်သာ အမြဲတွေးခဲ့တာ ။

သူမက နိုင်င ံအတွက် တိုက်ခိုက်ပြီးတော့ သူက အိမ်အတွက် တိုက်ခိုက်နေခဲ့တယ်။ သူတို့က ဘယ်လိုများ ရောနိုင်မှာလဲ။

“ နင့် ရဲ့ ပြဿနာကို ငါသိပြီ။”

ဖန်ကျန်းရှီတွေးနေချိန်မှာပဲ ချီကူယန်ဟာ စကားစလာတော့တယ်။ သူမရဲ့ မျက်လုံးတွေဟာတော့ တက်ကြွမှုကြောင့် တလက်လက် တောက်နေခဲ့တယ်။

ဒါဟာ အတော်လေးကို ထူးခြားတဲ့ မြင်ကွင်းြ ဖစ်တယ်။

ချီကူယန်ရဲ့ မျက်လုံးတွေ ဒီလောက်ထိ တောက်ပပြီးတော့ စိတ်လှုပ်ရှားနေတာမျိုး ဖန်ကျန်းရှီ ပထမဆုံး တွေ့ဖူးတာ ။

“ငါ့ မှာ ဘာပြဿနာ ရှိနေတာလဲ။”

“ ငါမှန်းတာ သာ မှန်မယ်ဆိုရင် နင့်ရဲ့ စိတ်အာရုံနယ်မြေထဲမှာ သစ်သီးတွေ ပြည့်နေတဲ့ သစ်ပင်ကြီး တစ်ခုရှိလိမ့်မယ်။ သစ်သီးတွေ အကုန်လုံးက တရွယ်တည်း၊” ချီကူယန်က တက်ကြွစွာ ပြောလိုက်တယ်။

ဒါဟာ ဖန်ကျန်းရှီကို မျက်လုံးပြူးစေတယ်။

လူတိုင်းရဲ့ စိတ်အာရုံနယ်မြေက ကွာခြားတယ်။ ကျင့်ကြံခြင်း နည်းလမ်း အပေါ်မူတည်ပြီးတော့ ပြောင်းလဲ တယ်။ ဥပမာအားဖြင့် ကမ္ဘာကြီးနဲ့ ဆက်သွယ်ကျင့်ကြံ သူ ဖြစ်ရင် သူ့ စိတ်အာရုံနယ်မြေက ကျောက်သားတွေနဲ့ ပြည့်နေမယ်။

ဒီလိုပဲ။

ဘာကြောင့်များ ချီကူယန်က သူ့ စိတ်အာရုံနယ်မြေကို ချက်ခြင်း ခန့်မှန်းနိုင်တာလဲ။

ဒါက သိပ္မံပညာတော့ မဟုတ်ဘူး။

ဖန်ကျန်းရှီလည်း နားမလည်နိုင်ဘူး။ ဒါပေမယ့်လည်း ချီကူယန်ရဲ့ အမူအယာနဲ့ စကားလုံးတွေဟာ သူ့ရဲ့ သိလိုစိတ်ကို တိုးလာစေတယ်။

“ အဲ့တာ ဘာဖြစ်လဲ။” ဖန်ကျန်းရှီ က မေးလိုက်တယ်။

“ နင် … နင်က ကျားထိုးပွဲ ကို ကစားနေတဲ့ သူပဲ။” (၁) ချီကူယန်ဟာ တောက်ပစွာ ပြုံးရင်း ပြောလိုက်တယ်။

“ ငါက ကျားထိုးတဲ့ သူလား။ ” ဖန်ကျးန်ရှီဟာ ချီကူယန်ရဲ့ စကားလမ်းကြောင်း ပြောင်းမှုကို ဖမ်းမမိ ဖြစ်နေခဲ့တယ်။ သူတို့ ကျားထိုးတဲ့ အကြောင်းပြောနေချိန်တုန်းက သူမက ကျင့်ကြံတာကို မေးတယ်။ အခု ဖြေပြန်တော့ ကျားထိုးတဲ့ အကြောင်း ပြောချင်ပြန်တယ်။

“ ဟုတ်တယ်။ နင်ပြောသလိုပဲ နင်က ငါ့ထက်အားနည်းတဲ့ ကျားစေ့ ဖြစ်ချင် ။ အကယ်၍ နင်သာ ကျားစေ့ မဖြစ်လိုရင် ကျားထိုးသူ ဖြစ်ဖို့ လိုတယ်။ တခြားသူတွေရဲ့ ကံကြမ္မာကို ဖန်တီးသူ”

“ ငါက ကျားထိးုတဲ့သူ မဖြစ်ချင်ဘူး။“ ဖန်ကျးန်ရှီက ခေါင်းခါပြီး ဆက်ပြောတယ်။ “အဲ့လိုပဲ သူများရဲ့ ကျားစေ့လည်း မဖြစ်ချင်ဘူး။ ရှေးဆိုရိုးစကားလိုပဲ။ ပွဲကြည့်သူက ပိုမြင်တယ်။”

“ပွဲကြည့်သူက ပိုမြင်တယ်။ … ” ချီကူယန်ဟာ ပြန်ရေရွတ်ရင်း စကားစပြန်တယ်။ “ တကယ်တော့ ငါကြိုးစားနေခဲ့တဲ့ အလုပ်တစ်ခုရှိတယ်။ ဒါမေပယ့်လည်း ငါ မလုပ်နိုင်သေးဘူး။ ဒါပေမယ့်လည်း မမျှော်လင့်ခဲ့တာ နင် နင် က ….”

ချီကူယန်ဟာ ရပ်တန့်ရင်း လမင်းကို မော့ကြည့်ကာ စကားဆိုလိုက်တယ်။

“နင် ငါ့ကို အနိုင်တိုက်ချင်လား။”

အပိုင်း (၂၆၀)ပြီး၏။

All Chapters