အပိုင်း (၄၉၁-၅၀၀)
Vol. 5 Ch. 491-500
အပိုင်း( ၄၉၁)
“ ဧကရာဇ်၏ တန်ခိုး အာဏာ။”
“ ဒီ ခရီးအတွက် ငါဘာမှ အသေးစိတ် မပြင်ဆင်ထားဘူး။ ငါ က ရှုခင်းကြည့်ဖို့ပဲ လာတာ။ အသေးစိတ်ကိုတော့ ငါ့မြေးလက်ထဲပဲ အပ်ထားတယ်။
“ ကျွန်တော် နားလည်ပါပြီ။” ချီဟို့ ခေါင်းငြိမ့်တယ်။
မြောက်ပိုင်းဒေသ ခေါင်းဆောင် အနေနဲ့။ ချီဟို့လည်း စည်းမျဉ်းတွေကို နားလည်ပါတယ်။ တကယ်တော့ သူ့လို လူလေးစား ခံရတဲ့ ခေါင်းဆောင် တစ်ယောက်က ။ တစ်စုံတစ်ယောက်ကို အသေးစိတ် အပ်နှံ ထားတယ်လို့ ပြောလိုက်ရင်။ ဒါက အမိန့်အာဏာ အကုန်လုံးကို အပ်နှင်းထားတာနဲ့ အတူူပဲ။ ရန်ချန်လိ ဘာကြောင့်များ မြို့တော်ကို လာတာလဲ။ ဒီကိစ္စက ကြောက်စရာကောင်းတယ်။
အနောက်ပိုင်းလျန် ရဲ့ ခေါင်းဆောင် အသစ်အတွက် ခိုင်မာတဲ့ အုတ်မြစ် ချပေးလို တာကြောင့်လား။ ဒါမျိုး လုပ် ချင်မှပဲ။ သူ မြို့တော်ကို လာဖြစ်မယ်။ ချီဟို့ သေချာတာကတော့ ဒီ ခရီးစဉ်ပြီးတာနဲ့။ ဆက်ခံသူကို အတည်ပြုပြီးသား ဖြစ်သွားလိမ့်ဆို တာပဲ။ ဒါပေမယ့် ရန်ရွှယ် နဲ့ အတူ မြောက်ရွာကို လိုက်တာက တော့ ။ ရန်ချန်လိ ကိုယ်တိုင်ပဲ သိနိုင်မယ်။ ချီဟို့ နောက်ထပ် မခန့်မှန်းတော့ဘူး။ ရန်ချန်လိ ရဲ့ နောက်ခရီးစဉ် ဖြစ်တဲ့ မြို့တော်ကို သွားရောက်တာက ။ အမြင်အတိုင်းတော့ မရိုးရှင်းနိုင်။ ဒါကိုတော့ ချီဟို့ သေချာတယ်။
သူတို့တွေက ပလ္လင်လုတဲ့ တိုက်ပွဲ မှာ ကိုယ်တိုင် ဝင်ပါကြတော့မှာလား။ ဒါမှ မဟုတ်။ ဒီ့ထက် ပို နက်ရှိုင်းတဲ့ ကိစ္စရှိနေသေးတာလား။ ထားလိုက်ပါတော့။ အရင်ဆုံး သွမ့်အရှင်ကို မြန်မြန် သတင်းပို့မှ ဖြစ်မယ်။ အကယ်၍ သူတို့သာ ရန်ချန်လိရဲ့ အထောက်အပံ့ကို ရနိုင်ရင်။ အင်အားပိုင်းမှာ အများကြီး တိုးတက်သွားမှာပဲ။
…
နောက်သုံးရက်ကျော် ကြာတဲ့ အထိ ။ ရန်ရွှယ်က ဖန်ကျန်းရှီရဲ့ အိမ်တော်မှာ နေထိုင်ဆဲ။ ဖန်ကျန်းရှီကတော့ ရန်ရွှယ့်ကို ခေါ်ပြီး သူ့ ရွာကို လှည့်ပတ်နေခဲ့တယ်။ ရန်ချန်လိကတော့ ကိုယ်ယောင် ထွက်မပြခဲ့။ ချီဟို့က ဒီ သုံးရက်ကို အခွင့်အရေးယူပြီး။ ရန်ချန်လိနဲ့ ရင်းနှီးအောင် လုပ်ရင်း သူ့ စိတ်အကြံဉာဏ်ကို နားလည်နိုင်ဖို့ ကြိုးစားနေခဲ့တယ်။ ဒါပေမယ့် ရန်ချန်လိက ရန် တိမ်မြင်းတပ်ထဲ ကနေ ထွက်မလာဘူး။ ဖန်ကျန်းရှီကိုတောင် တွေ့ချင်တဲ့ ပုံ မပေါ်။
သုံးရက်ကြာပြီးတဲ့နောက်။ ဖန်ကျန်းရှီ သူ့ရွာက လူတွေကို နှုတ်ဆက်တယ်။ အဲ့ဒီ့နောက် ရန်ရွှယ်နဲ့ အတူ မြို့တော်ကို သွားတဲ့ ခရီးမှာ အတူတူ လိုက်ပါ သွားတော့တယ်။ တပ်နီတော်နဲ့ ရန်တိမ် တပ်ဖွဲ့လည်း သူတို့ နောက်က လိုက်ပါလာတယ်။
ကျန်းယန်ဖိန်။ ဖန်ဟို့ ဒဲ။ ချီရှင်းလိန် နဲ့ တခြား ရွာသားတွေကတော့။ ရွာကနေ ထွက်သွားတဲ့ တပ်စုကြီးကိုသာ ကြောက်ရွံ့ ဝမ်းနည်းမှု အပြည့် နဲ့ ကြည့်နေခဲ့တယ်။ သူတို့လို သာမာန် ရွာသားတွေက ဒီ တပ်စုကြီးကို ဘယ်လိုများ တားလို့ရမှာလဲ။
“ ရွာသူကြီး ….. ဖန်ကျန်းရှီက…..”
“ မဟုတ်ဘူး။ ချီဟို့က ပြောခဲ့တယ်လေ။ သူဒီကို ရောက်နေတာ ဖန်ကျန်းရှီကို ကူညီဖို့တဲ့။ ဖန်ကျန်းရှီ ဒီလို စွပ်စွဲခံထားရတာနေ တရားသေလွတ်အောင် သူ ကူညီပေးမှာပဲ။
“ ငါ့ သား လေး….”
“ အမေကြီးရေ့. … အိမ်ပြန်ရအောင်။ ကျန်းရှီက သိပ်မကြာခင် ပြန်လာမှာပါ။”
“ သူ ဘာမှ မဖြစ်မှာတော့ သေချာတယ် မလား။”
“ ဒါပေါ့။ ဘာမှ မဖြစ်ဘူး။ ဘာမှ မဖြစ်နိုင်ဘူး။ ”
…
နွေဦးရာသီက ပျော်ရွှင်စရာတွေ ပေါများပြီးတော့ ။ တကယ့်ကို လှုပ်ရှားတက်ကြွတဲ့ အချိန် ကာလပဲ။ ဒါပေမယ့် ကြီးမြတ်သောရှ ရဲ့ မြို့တော်ကြီးမှာတော့။ အပူချိန်တွေကျဆင်းနေသလား မှတ်ရတယ်။ အိမ်ရှေ့စံရဲ့ အိမ်တော်ထဲမှာ။ အမတ်မင်းတွေ ဒါဇင်ချီပြီး စာကြည့်ခန်း အပြင်ဘက်မှာ ရပ်စောင့်နေခဲ့ကြတယ်။ တစ်ယောက်ချင်းစီ တိုင်းက အတော့်ကို စိတ်ရှုပ်ထွေးနေတာ သိသာလွန်းတယ်။
စာကြည့်ခန်းထဲမှာတော့ အိမ်ရှေ့စံ လင်းထျန်းရုံက ခုံတစ်လုံးရဲ့ နောက်မှာ ထိုင်နေခဲ့တယ်။ သူက ငွေရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီးတော့။ အမတ်မင်းတွေကို လေးလေး နက်နက် စိုက်ကြည့်နေခဲ့တယ်။ သူ့ရဲ့ စားပွဲပေါ်မှာတော့။ စာရွက်တွေ အထပ်လိုက်ရှိနေ ခဲ့တယ်။ ဒါတွေက အခုမှ သူ လက်ခံရလာခဲ့တဲ့ အရေးပေါ် စာလွှာတွေပဲ။
“ သေသင့်တဲ့ နတ်ဆိုးကျောင်းတော် … မင်းက ဘယ်လိုများ ငါ့ကို ဒီလို ပေါ်တင် ဆန့်ကျင့်ရဲ တာလဲ။ အမတ်မင်း တို့ ငါ ဘာလုပ်သင့်တယ် ထင်လဲ။” လင်းထျန်းရုံက စားပွဲပေါ်ကို လက်တစ်ချက် ယမ်းလိုက်တဲ့ အတွက်။ သူ့ရဲ့ ရေနွေးခွက် က မြေပြင်ပေါ်ကို ကျရောက်ပြီး အက်ကွဲသွားတော့တယ်။ အမတ်မင်း တွေ ဒါကို မြင်တော့ ခေါင်းခါ နေခဲ့ကြတယ်။
“အရှင်။ ချီဟို့က သွမ့်အရှင်ရဲ့ ညာလက်ရုံးလူ။ ဒါကြောင့် ဖန်ကျန်းရှီကို မြို့တော် ဆီ ခေါ်လာတာ အံ့သြ စရာတော့ မဟုတ်ဘူး။” အမတ်မင်း တစ်ယောက် စပြောတယ်။
“ ဟုတ်ပါတယ်။ အခုချိန်မှာ ပြဿနာက နတ်ဆိုး ကျောင်းတော် မဟုတ်ဘူး။ အနောက်ပိုင်းလျန်က ရန်မိသားစုပဲ။” နောက်ထပ် အမတ်မင်းတစ်ယောက် ပြောပြန်တယ်။
“ ရန်ဘုရင်…. ရန်ချန်လိက ဒီ ကိစ္စ အတွက် နဲ့။ အနောက်ပိုင်း လျန် ကနေ ထွက်လာမယ်လို့ မထင်ထား မိခဲ့ဘူး။ အခုတော့ အလာလမ်းမှာ တပ်ပုန်းချဖို့က မဖြစ်နိုင်တော့တာပဲ။”
“ ဟုတ်တယ်။ တပ်နီတော်ရဲ့ စစ်သည်တော် နှစ်ထောင် ကတောင် တိုက်ခိုက်ဖို့ မလွယ်ကူ တာ။ အခုတော့ ရန် တိမ်မြင်းတပ်က အယောက် ၃ထောင် ထပ်ပေါင်းလိုက်တော့။ စစ်တပ် အကူအညီ မရပဲနဲ့ ဘယ်လိုမှ တိုက်ခိုက်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒါပေမယ့် သွမ့်အရှင်က စစ်တပ် အင်အားအများစုကို ထိန်းချုပ်ထားတာ။ ကျွန်တော်တို့ တရားဝင် မပါ ပါနဲ့တော့ ။ တစ်ခုခု လုပ်ဖို့က ခက်ခဲလိမ့်မယ်။ ”
“ ရန်ချန်လိကို ဧကရာဇ်ကလည်း နန်းတော် ဂိတ်မှာ ထွက်ကြို လိမ့်မှာ အမှန်ပဲ။ အကယ်၍ ဒီလို သာ လုပ်ခဲ့ရင်။ ကိစ္စတွေက ကျွန်တော်တို့ အတွက် ပိုပြီးတော့ ခက်ခဲ လာလိမ့်မယ်။”
“ ဖန်ကျန်းရှီက ဧကရာဇ်ကို တွေ့တဲ့ အချိန်မှာ။ သူ့ရဲ့ ဇာတ်ကြောင်းကို ပြောဝံ့မယ်လို့ မင်း ထင်လား။”
“ သူ့ရဲ့ စရိုက် က ထူးခြားတော့။ ငါလည်း အတိအကျတော့ မပြောနိုင်ဘူး။ အကယ်၍ သူသာ တစ်ခုခုကို ထုတ်ပြောလိုက်ရင်။ ငါတို့ ဘာမှ တတ်နိုင်တော့မှာ မဟုတ်ဘူး။”
“ သူ့ကို မြို့ထဲ ဝင်စေလို့ မဖြစ်ဘူး။”
“ အမတ်မင်းတို့။ တွေးတာ များလွန်းနေပါပြီ။” ဥပဒေ ဝန်ကြီး ဝမ်ချောင် ထပြောတယ်။
“ တကယ်တော့ ဖန်ကျန်းရှီရဲ့ ကိစ္စ အတွက် ဆုံးဖြတ်ခွင့်က ကျ ပြီးနေပြီ။ သူ့ကိုလည်း ဖမ်းဝရမ်း ထုတ်ထားခဲ့တာ ကြာပြီ။ ဧကရာဇ်က နတ်ဆိုး ကျောင်းတော်ကြောင့် နဲ့တော့ သူ့ကို လွယ်လွယ်ကူကူ အလွတ်ပေးမှာ မဟုတ်ဘူး။ နောက်ထပ် သက်သေ အသစ် တွေ မပေါ်လာ သေးသရွေ့။ ဒီ ကိစ္စက အရင် အတိုင်းရှိနေမှာပဲ။ အိမ်ရှေ့စံ မစိုးရိမ်ပါနဲ့။”
“အမတ်မင်း ဝမ် ပြောတာ မှန်တယ်။ ငါတို့ စိတ်အေးအေး ထားပြီးတော့။ အလျင် စလို မပြုမူဖို့ လိုတယ်။”
“ အမှန်ပဲ။ အမှန်ပဲ။”
အမတ်မင်းတွေ ခေါင်းငြိမ့်ကြတယ်။ ဒီအချိန်မှာပဲ ယဉ်ကျေးမှု ဝန်ကြီး ဌာနက အမတ်မင်း တစ်ဦး ထရပ်တယ်။ သူ့ရဲ့ ဝတ်ရုံကို သပ်ရပ်အောင် လုပ်ရင်း။ အိမ်ရှေ့စံ ကို တစ်ချက်ဦး ညွှတ်ရင်း အရိုအသေပြုတယ်။
“ ကျွန်တော် သတင်းပေးချင်တာ တစ်ခုရှိပါတယ်။ တောင်ပိုင်းဒေသဧကရီ အရှင်မ က မြို့တော်ကို လာမယ်လို့ ကျွန်တော် သတင်းရထားပါတယ်။ ဒီ ကိစ္စက ဖန်ကျန်းရှီ နဲ့ တစ်ခုခုများ သက်ဆိုင်နေမလား ….”
“…”
တိတ်ဆိတ်သွားတယ်။ အမတ်မင်းတွေ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ဆွေ း နွေးနေတာကို ရပ်လိုက်ကြတယ်။ အခု အချိန် အတောတွင်းမှာ ဖြစ်သွားတာတွေ တကယ့်ကို များလွန်းတယ်။ ဖန်ကျန်းရှီက ဟွေ့ အန်းဒေသမှာ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက်။ သူတို့ အသက်တောင် ၀၀ရှူနိုင်ချိန် မရ လိုက်ဘူး။ ကိစ္စတွေ အများကြီး ဖြစ်သွားခဲ့ပြီ။ ဒါတွေက တိုက်ဆိုင်မှုလား။ ဒါမှ မဟုတ် အရင် တည်းက ကြိုတင် စီစဉ်ထားတာ လား။ ဒါပေမယ့် အရာအားလုံးက အရမ်းကို တိုက်ဆိုင် လွန်းနေတယ်။ ဝန်ကြီး ယွိယိဖျင်ကတော့။ လက်ချောင်းတွေကို အဆက်မပြတ် လှုပ်ရှားနေခဲ့တယ်။
“ ရန်ချန်လိ မြောက်ပိုင်းဒေသမှာ ဘာတွေ လုပ်ခဲ့တယ်ဆိုတာ။ ငါတို့ရဲ့ သတင်းပေး ပြောထားတာ ရှိလား။” ယွိယိဖျင် မေးတယ်။
“ ဝန်ကြီး ခင်ဗျာ။ သူက မြောက်ပိုင်းဒေသမှာ လူလုံး ထွက်မပြခဲ့ပါဘူး။” စစ်သည်တော် သတင်းပို့တယ်။
“ သူက လူလုံး ထွက်မပြဘူး။ ဒါဆိုရင်။ ရန်ချန်လိက ဖန်ကျန်းရှီ နဲ့ အတူ မြို့တော်ကို လာမယ် မှန်း။ မင်းတို့ ဘယ်လို သိလဲ။” ယွီယိဖျင် မျက်မှောင်ကြုတ်နေခဲ့တယ်။
“ သူ လူလုံး မပြခဲ့ပေမယ့်။ ချီဟို့ နဲ့ စကားပြောခဲ့ပါတယ်။ အဲ့ဒီ့နောက်။ သူ့တဲထဲ ကနေ ထွက်မလာခဲ့ပါဘူး။ ဒါကြောင့် ချီဟို့ကော ဖန်ကျန်းရှီကော နဲ့ သူ မတွေ့ဆုံးပါဘူး”
“မှန်ပါတယ်။”
“ သူက သူ့ တဲထဲမှာ ပဲ နေတယ်။ တဲထဲမှာပဲ နေ တယ်။ …. ငါ နားလည်ပြီ။” ဝန်ကြီး ယွီယိဖျင်ရဲ့ မျက်လုံးတွေ တလက်လက် တောက်ပလာခဲ့တယ်။ တခြား အမတ်မင်းတွေကတော့ သူ ပြောတဲ့ စကားကို ကြားတော့။ တစ်ယောက်ကို တစ်ယောက် သာ ကြည့်နေခဲ့ကြတယ်။
“ဝန်ကြီး။ ကျွန်တော်တို့ကို အလင်းပြပေးပါ။” အမတ်မင်း တစ်ယောက် လှမ်းပြောတယ်။
“ရန်ချန်လိက အနောက်ပိုင်း ဘုရင်။ ဒါပေမယ့် သူက အခု ချိန်မှာ အိုမင်းနေပြီ။ သူ့ရဲ့ ဝှက်ဖဲကို မလို အပ်ပဲနဲ့ လုံး၀ ထုတ်သုံးမှာ မဟုတ်ဘူး။” ယွီယိဖျင် ယုံကြည်ချက် အပြည့်နဲ့ ပြုံးပြရင်း ပြောတယ်။
“ ဝန်ကြီး ဆိုလိုချင်တာက။”
“ ရန်ချန်လိက ဖန်ကျန်းရှီကို ကူညီမှာ မဟုတ်ဘူး။”
“ ဒါပေမယ့် ရန်ချန်လိက အနောက်ပိုင်း လျန်ကနေ ထွက်လာပြီး မြောက်ရွာကို ရောက်ချလာတယ်။ ဒါပေမယ့် သူက ဖန်ကျန်းရှီကို ကူညီဖို့ မစီစဉ်ထားဘူးလား။”
“ ရန်ရွှယ့် ကြောင့်ပဲ။”
“ ဒါဆိုရင်။ ရန်ချန်လိက မြို့တော်ကို ရောက်လာတာ ။ ဖန်ကျန်းရှီ ကြောင့် မဟုတ်ပဲ။ ရန်ရွှယ့် ကြောင့်ပေါ့။ ”
“ဟုတ်တယ်။”
“ ကျွန်တော်တို့ အပြည့်အ၀ နားမလည်သေးဘူး။ အလင်းပြ ပေးပါ။” အမတ်မင်းတွေ ကြည့်ရတာ ခုထိ လမ်းပျောက်နေကြပုံပဲ။
“ ရန်ချန်လိက အိုမင်းနေပြီ။ ဒါကြောင့် အနောက်ပိုင်း လျန် ရဲ့ အနာဂတ် အတွက် ။ သူ အစီအစဉ်ချဖို့ လိုနေ ပြီ။ အနောက်ပိုင်းလျန် ဒေသရဲ့ အုပ်ချုပ်ခွင့် ကို ရန်ရွှယ့်ဆီ သူ လက်လွှဲ ပေးတော့မယ် လို့ ငါ ထင်တယ်။”
“ အနောက်ပိုင်း လျန်ကို ရန်ရွှယ့်ဆီ လက်လွှဲ ပေးမယ်။ ဝန်ကြီး ။ ဒါက သူ ဆုံးဖြတ် နိုင်တာမျိုး မဟုတ်ဘူးလေ။ ဒီ ဒေသကို သူတို့ ဦးဆောင်နိုင်နေတာက ရန်ချန်လိ ကြောင့်ပဲ။ သူသာ မရှိရင်။ ရန်မိသားစု ဆိုတာ အနောက်ပိုင်း ဒေသ အတွက် လူစိမ်းတွေပဲ။ အကယ်၍ ဧကရာဇ်သာ ရန်မိသားစုကို ဆက်လက် အုပ်ချုပ်စေချင်ရင်။ ကျောင်းတော် တစ်ခုခုကိုပဲ သူတို့ ဆီ ပို့မှာပေါ့။” အမတ်မင်းတွေ သူတို့ရဲ့ အမြင်ကို စပြောတော့တယ်။
“အမှန်ပဲ။ ဒါဆိုရင် ဘာက ပြဿနာ ဖြစ်နိုင်မလဲ။” ယွီယိဖျင် ခေါင်းငြိမ့်ရင်း ပြောတယ်။
“ ဝန်ကြီး ဆိုလိုချင်တာက…..”
“ရန်ချန်လိက အနောက်ပိုင်း လျန်ကို ဘာ အနှောက်အယှက်မှ မရှိပဲ နဲ့။ အုပ်ချုပ်ခဲ့တာ ဆယ်စုနှစ်တွေ အများကြီး ကြာနေခဲ့ပြီ။ သူက ကျောင်းတော်ဆယ့်သုံးခုကို အနောက်ပိုင်းလျန်ဆီ လာခိုင်း မယ်လို့ ထင် လား။” ယွီယိဖျင်မေးတယ်။
“ မထင်ဘူး။ ”
အမတ်မင်းတွေတစ်ချက်လေးတောင် မတွေဝေပဲ ဖြေတယ်။
“အမှန်ပဲ။ ရန်ချန်လိက ဒါမျိုး အဖြစ်ခံမှာ မဟုတ်ဘူး။ ဒါကြောင့်။ သူ့ရဲ့ ရည်ရွယ်ချက်ကို အောင်မြင်အောင် လုပ်ပေးတဲ့ ဘယ်သူ့ကို မဆို။ ထီးနန်းအတွက် ပါဝင် ယှဉ်ပြိုင်မှုမှာ ကူညီ ပေးမှာပဲ။”
“ နားလည်ပါပြီ။ ရန်ချန်လိက မြောက်ပိုင်းဒေသကို သွားပေမယ့်။ လူလုံးထွက်မပြတာ။ သူ မရွေးရသေးဘူးလို့ ပြောချင်တာပဲ။ ဘယ်သူကများ သူ့ရဲ့ ရည်ရွယ်ချက်ကို အောင်မြင်အောင် လုပ်ပေးနိုင် မလဲ ဆိုတာ ။ သူ စောင့်ကြည့်ချင်တာပဲ ဖြစ်ရမယ်။” အမတ်မင်းတွေ နောက်ဆုံးတော့ အလင်း ပွင့်သွားခဲ့ပြီ။
“ ရန်ချန်လိက ဘယ်သူ့ကို မှ မရွေးရသေးပင်မယ့်။ သူက ဖန်ကျန်းရှီနဲ့ အတူတူ မြို့တော်ကို လာမှာ။ ကျွန်တော်တို့ ဒီ ကိစ္စကို ဘယ်လို လုပ်ရမလဲ။” နောက်ထပ် အမတ်မင်း တစ်ယောက် မေးတယ်။
“ ရန်ချန်လိ ဆုံးဖြတ်ချက် မချရသေးခင် အချိန်ထိ ။ ကိစ္စတွေက အပြောင်းလဲ ဖြစ်လာနိုင်ပါတယ်။ ” ဝန်ကြီး ယွီယိဖျင် အခိုင်အမာ ပြောတယ်။
“ ဝန်ကြီးရဲ့ အ စီအစဉ်ကို ကျွန်တော်တို့ သိခွင့်ရှိနိုင်မလား။” အမတ်မင်း တစ်ယောက် ဦးညွှတ်ရင်း ပြောတယ်။
“ မနက်ဖြန် မနက်။ ညီလာခံမှာ။ ဘိုးဘေးပူဇော်ပွဲအတွက် စားသောက်ပွဲကို ဆယ်မိုင်ရေကန်မှာ ကျင်းပဖို့။ မင်းတို့တွေ အဆို တင်သွင်းလို့ရတယ်။”
“ စားသောက်ပွဲ။ ကျွန်တော်တို့က နန်းတော်က မလုပ်ပဲ။ ဘာလို့များ ဆယ်မိုင် ရေကန်မှာ လုပ်မှာလဲ။”
“ ရန်မိသားစုက ။ ဆယ်မိုင်ရေကန် တိုက်ပွဲမှာ။ အထိခိုက် အများဆုံး ခံစားခဲ့ရတဲ့ သူတွေပဲ။ သူတို့ရဲ့ စွမ်းစွမ်း တမံ ခုခံတိုက်ခိုက်မှု ကြောင့်သာ မဟုတ်ရင်။ အခု ငါတို့ နေနေတဲ့ မြို့တော်ကြီး ဆိုတာရှိလာခဲ့မှာ မဟုတ်ဘူး ။ ပိုပြီးတော့ အရေးကြီးတာက။ ရန်ချန်လိရဲ့ ညီ အစ်ကို ငါးယောက် စလုံး ဒီ တိုက်ပွဲမှာ ကျဆုံး ခဲ့တာပဲ။ ဒါကြောင့် ဆယ်မိုင်ရေကန်ဆီ ဖိတ်ခေါ်မှုကို သူ ဘယ်တော့မှ ငြင်းမှာ မဟုတ်ဘူး။”
“ဝန်ကြီးက တကယ့်ကို အမျှော်အမြင်ကြီးပါပေတယ်။ အကယ်၍ ဆယ်မိုင်ရေကန်မှာ ကျင်းပတဲ့ ပွဲကို ။ ရန်ချန်လိ တက်ရင်။ ကျွန်တော်တို့ အတွက် အကျိုးရှိမှာ အမှန်ပဲ။ နောက်ပြီးတော့ အပြင်လူတွေ လည်း တက်ရောက်မှာ မဟုတ်ဘူး။”
“သူ့ရဲ့ စိတ်အာရုံကို ဆွဲဆောင်နိုင်မယ်။ ကောင်းလိုက်တဲ့ အစီအစဉ်။”
“ ဒါ ပြီးရင် ကျွန်တော်တို့ ဘာ ဆက်လုပ်ရမလဲ။” အမတ်မင်းတွေ ဆက်မေးတယ်။
“ သတ်မယ်။” ယွီယိဖျင် ဖြေတယ်။
“ သတ်ရမယ်။ ဆယ်မိုင်ရေကန်က မြို့တော်နဲ့ နေ့တဝက်ပဲ ဝေးတာ။ နောက်ပြီးတော့။ ချီဟို့ကလည်း ဖန်ကျန်းရှီကို ကာကွယ်ထားမှာပဲ။ သူ့ကို ကျွန်တော်တို့ ဘယ်လိုများ အနားကပ်နိုင်မှာလဲ။” အမတ်မင်းတွေ ထိတ်လန့်တကြားမေးတယ် ။
“အမတ်မင်း ဝမ် ပြောထားပြီးသားပဲ။ ဖန်ကျန်းရှီရဲ့ အမှုက ပိတ်သွားပြီ။ ဒါကြောင့် ဧကရာဇ်ရဲ့ အမြင်ကို မေးလို့ရမှာ မဟုတ်ဘူး။”
“ သူ့ကို မြို့တော် မရောက်ခင် ဖမ်းစေချင်တာလား။” အမတ်မင်း ဝမ်ချောင်း မေးတယ်။
“ မဟုတ်ဘူး။ လူတွေ မျက်မြင်ရှိတဲ့ အချိန် ဂိတ်တံခါးမှာ ဖမ်းရမှာ။”
“ မြို့တော် ဂိတ်တံခါးမှာလား။”
“ ဟုတ်တယ်။ ဒါက ချီဟို့ မင်းကို မတားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ။ မင်းက ဥပဒေ အတိုင်း လုပ်နေတာ။ သူက သခင်တစ်ယောက် ဖြစ်နေပင်မယ့်လည်း ဥပဒေ ကိုတော့ မဆန့်ကျင်နိုင်ဘူး။ နောက်ပြီးတော့။ မင်းက လူတွေ ရှေ့မှာ ဖန်ကျန်းရှီကို ဖမ်းလိုက်ရင်။ ဖန်ကျန်းရှီကို မင်း ဘာမှ မလုပ်နိုင် ဘူးလို့ သူ ထင်သွားမှာ အမှန်ပဲ။”
“ အဓိပ္မာယ်ရှိတယ်။ ဒါက ဖန်ကျန်းရှီကို ဖမ်းဖို့ အလုံခြုံ ဆုံး နည်းလမ်းပဲ။ ဒါပေမယ့် ဒါ ပြီးရင် ကျွန်တော်တို့ ဘာ လုပ်ရမလဲ။”
“ မင်းရဲ့ ဝန်ကြီး ဌာနမှာ ပြဿနာ ဖြေရှင်းနည်းတွေ မရှိဘူးလား။ ”
“ ဒါပေမယ့်….. သူ့ကို လူရှေ့မှာ ဖမ်းလာခဲ့လိုက်ရင်.။…..”
“မင်း အပြစ်တင်ခံရမှာကို ကြောက်နေတာလား။”
“ကျွန်တော်…..”
“ အမတ်မင်း ဝမ် မစိုးရိမ်ပါနဲ့။ ဖန်ကျန်းရှီ သေသွားရင်။ ရန်ချန်လိကလည်း။ ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ ကြားက ခင်မင် ရင်းနှီးမှုကို ဂရု စိုက်တော့မှာ မဟုတ်ဘူး။ အိမ်ရှေ့စံ အတွက် မင်း ကောင်းကောင်း လုပ်ပေးရင်။ အနာဂတ်မှာ မင်းရတဲ့ အကျိုးကလည်း မနည်းပါဘူး။”
“ ကျွန်တော် နားလည်ပြီ။ ဒီလို ဖြစ်မှတော့။ အခုပဲ သွားစီစဉ် လိုက်တော့မယ်” ဝန်ကြီး ဝမ်ချောင် အံကြိတ်ရင်း ထွက်ခွာသွားတော့တယ်။
တခြား အမတ်မင်းနဲ့ ဝန်ကြီးတွေကတော့ ။ ယွီယိဖျင်ကို လေးစားတဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တယ်။
“ ဖန်ကျန်းရှီက သူ့ကို မြို့တံခါးမှာ လာဖမ်းမယ် လို့တော့။ ထင်ထားမှာ မဟုတ်ဘူး”
“ငါတောင် မထင်ထားဘူး။”
“ဒီကောင်က တကယ်အတာပဲ။ ရန်မိသားစု နဲ့ နတ်ဆိုး ကျောင်းတော်က ကာကွယ်ပေးထားရုံနဲ့။ နေ့ခင်းကြောင်တောင်မှာ လွတ်မယ် ထင်နေတာ။ အမှားအကြီးကြီး လုပ်မိတာပဲ။”
“ ဝန်ကြီးယွီ မလို့ပဲ။ ဒီ လို အစီစဉ် ကြီးကို စဉ်းစားတတ်ပေတယ်။”
“ အမှန်ပဲ။ ရန်ချန်လိ တဲထဲက ထွက်မလာတဲ့ အချက်လေး နဲ့ တင်။ ဒီလောက်ထိ ဆက်စပ်တွေးတော နိုင်တယ်။ ငါတို့တွေ အများကြီး သင်ယူရအုန်းမှာပဲ။”
ယွီယိဖျင်ကတော့ အမတ်မင်းတွေရဲ့ ပြောစကားကိုကြားတော့ ပြုံးနေခဲ့တယ်။ အိမ်ရှေ့စံ အခုတွေးနေတာကို သူ သိတယ်လေ။ ဖန်ကျန်းရှီ အသက်ရှင်နေ သရွေ့။ အိမ်ရှေ့စံ စိတ်အေးနိုင်မှာ မဟုတ်ဘူး။ ဖန်ကျန်းရှီ ရဲ့ အသက်ကို ယူဖို့ အတွက်။ ဥပဒေ ဝန်ကြီးကိုလည်း စတေးနိုင်ပါတယ်။ တကယ်တော့။ အိမ်ရှေ့စံက လိုအပ်လာရင် ဝန်ကြီး ဌာန ခြောက်ခုလုံးကိုတောင် စတေးနိုင်တယ်။ တစ်ခါ အောင်မြင်တာနဲ့။ လောကကြီးက သူ့ လက်ခုပ်ထဲ ရောက်ပြီပဲ။
အပိုင်း(၄၉၁)ပြီး၏။
အပိုင်း(၄၉၂)
“ မဟုတ်ဘူး။ ပြန်မလာဘူး။”
အနိုင်ရတဲ့ သူက အကုန်လုံးကို ပိုင်ဆိုင်မယ်။ ဝန်ကြီး ယွီယိဖျင် က သူ့ရဲ့ လောင်းကြေးတွေ အကုန်လုံးကို ။ အိမ်ရှေ့စံ မင်းသားဆီ ပုံအော ထားခဲ့တာ။ ဒါကြောင့် အိမ်ရှေ့စံကို ထိခိုက်တဲ့သူ မှန်သမျှကို သူ အသက်ပေး ရှင်မှာ မဟုတ်ဘူး။
“ အိမ်ရှေ့စံကို စိတ်အေး အောင် လုပ်ရမယ်။ ဝမ်ချောင်…..။ ငါ့ကို အပြစ်မတင် ပါနဲ့။” ဝန်ကြီး ယွီယိဖျင်ရဲ့ မျက်လုံးတွေ။ တံခါးကို ကြည့်ရင်း တလက်လက် တောက်ပနေခဲ့တယ်။ အမတ်မင်းတွေ ရဲ့ ခေါင်းဆောင် အနေနဲ့။ အိမ်ရှေ့စံ နဲ့ ဧကရာဇ် ရဲ့ အတွေးတွေကို သူ နားလည်တယ်။ ဒါကြောင့် တစ်စုံတစ်ယောက်ကို သူ စတေး ပြစ်ရမှာပဲ။ အိမ်ရှေ့စံ လင်းထျန်းရုံက စကား မပြောဘူး။ ဝန်ကြီး တစ်ယောက် ဆိုတာ သူ အာရုံ စိုက်စရာ မှ မဟုတ်ပဲ။ အင်အားကို ဆက်ပြီးတော့ ထိန်းသိမ်း ထားနိုင်သရွေ့။ ဝန်ကြီးတွေကို ထပ်ခါ ထပ်ခါ ပြောင်းလဲ ပြစ်ရ လဲ သူ့ အတွက်တော့ အဆင်ပြေတယ်။ သူ ထီးနန်းကို ဆက်ခံဖို့ လမ်းမှာ ဆူးခလုတ် ဖြစ်နေတာ ။ လူတစ်ယောက်ပဲ ရှိတယ်။ ဒါကတော့ ဖန်ကျန်းရှီပဲ။ မဖြစ်ဘူး။ ဖန်ကျန်းရှီ အရင်ဆုံး သေမှ ဖြစ်မယ်။ အများကြီး စွန့်စား ပြီးတော့။ အရိပ်ထဲမှာ ပုန်းအောင်း နေခဲ့ရတာ အချိန် ကြာခဲ့ပြီ။ သူ့ရဲ့ လက်ရှိနေရာ ကိုရဖို့ အများကြီး ကြိုးစား ခဲ့ရပြီးပြီ။ အခု ချိန်မှာ လက်လွှတ်မခံနိုင်တော့ဘူး။
…
နောက်တစ်နေ့ မနက် စောစော။ မနက်ခင်း ညီလာခံ မှာ။ အိမ်ရှေ့စံ လင်းထျန်းရုံက ။ ဘိုးဘေး ပူဇော်ပွဲကို ဆယ်မိုင် ရေကန်မှာ လုပ်ဖို့ အရင်ဆုံး တောင်းဆိုခဲ့တယ်။ အဲ့ဒီ့နောက် အမတ်မင်းတွေက တခဲနက် ထောက်ခံကြတယ်။ ဧကရာဇ် လင်းမုပိုင်ကတော့ ဒီလို အကြံကောင်းကို တွေးပေးတဲ့ အတွက်။ အိမ်ရှေ့စံကို ချီးမွမ်းပြီးတော့။ တက်ရောက်ရမယ့် ဧည့်သည်တော် စာရင်းကို လုပ်ဖို့ တာဝန်ပေးလိုက်တယ်။
သွမ့်အရှင်က တော့ တိတ်ဆိတ်နေခဲ့တယ်။ ညသန်းခေါင်ယံ အချိန်မှာ။ သွမ့်အရှင်ရဲ့ အိမ်တော်က မီးရောင် တောက်ပနေ ဆဲ။ ဒါပေမယ့် အိမ်ရှေ့စံရဲ့ အိမ်တော်လို ပွဲတော်ကြီး သဖွယ်တော့ လှုပ်ရှားမနေခဲ့။ ဒီ နှစ်ပိုင်း အတွင်း ။ ကိစ္စတွေက အတော့်ကို ပြောင်းလဲသွားခဲ့တယ်။ သွမ့်အရှင်ကတော့။ စားပွဲခုံ နောက်မှာ ထိုင်နေခဲ့တယ်။ အရောင်ဖျော့ဖျော့ ည အိပ်ဝတ်စုံကို ဝတ်ထားရင်း။ လက်ထဲမှာတော့ စာ တစ်စောင်ကို ကိုင်ထားခဲ့တယ်။ ဒါပေမယ့် ဒီ စာက ဟောင်းနွမ်းနေပြီ။ စာပေါ်မှာ တွန့်ခေါက်ရာတွေ အများကြီး ရှိနေခဲ့တယ်။
တိတ်ဆိတ်နေတဲ့ စာကြည့်ခန်း အပြင်ဘက်မှာတော့ လူနှစ်ယောက်ပဲ ရပ်နေခဲ့တယ်။ တစ်ယောက်ကတော့ ဝတ်ရုံ နက်နဲ့ လူ။ နောက်တစ်ယောက်ကတော့ အဖြူရောင် ကျောင်းတော်သား ဝတ်ရုံ နဲ့ ဆရာဟွား။
“အရှင်။ ကျွန်တော်တို့ကို အိမ်ရှေ့စံ ကြောင့် ခေါ်လိုက်တာပါလား။” သွမ့်အရှင် သူ့လက်ထဲက စာကို ချလိုက်တဲ့ အချိန် ဆရာဟွားမေးတယ်။
“ အင်း…. ဒါပေမယ့် မြောက်ပိုင်းဒေသ ကနေ ငါတို့ သတင်းရထားတယ်။” သွမ့်အရှင် စန္ဒာကူး အမွှေးတိုင်ကို ထွန်းညှိရင်း ပြောတယ်။
“ ချီဟို့ က ကျွန်တော် တို့ ဆီ စာရေးလိုက်တာလား။” ဆရာဟွား စာကို ကြည့်ရင်း နဲ့ ပြောတယ်။
“ ဟုတ်တယ်။ ချီဟို့ပြောတာ။ ရန်ချန်လိက အနောက်ပိုင်းဒေသ ကနေ ထွက်ခွာလာပြီးတော့။ မြို့တော် ကို သူတို့ နဲ့ အတူ လာနေတယ်။ ဖန်ကျန်းရှီလည်းပါလာတယ်။ ချီဟို့က ရန်ချန်လိ နဲ့ တွေ့ဖို့ ကြိုးစားပေမယ့်။ အခု ထိ တွေ့ခွင့် မရသေးဘူး။” သွမ့်အရှင် စာကို အတိုချုံ့ ရှင်းပြတယ်။
“ သူတို့တွေ မတွေ့ရသေးဘူး။ အခု ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတော့တယ်။ ရန်ချန်လိက တွေ့ဖို့ အချိန် မတန်သေးဘူးလို့ တွေးနေတာပဲ။” ဆရာဟွား ခန့်မှန်းတယ်။
“ မင်းပြောတာ မှန်တယ်။ ဒါပေမယ့် ရန်ချန်လိကို ငါ့တို့ ဘက် ရောက်အောင် လုပ်ရမယ်။ ချီဟို့က အိမ်ရှေ့စံရဲ့ ဘက်ကို ရန်ချန်လိ မရောက်သွားခင်။ မြို့ပြင်အရင် ထွက်ပြီးတော့ ကြိုဆို စေချင်နေတယ်။ ဒါပေမယ့် အိမ်ရှေ့စံက အစီအစဉ်ကြီး တစ်ခု နဲ့ ။ နှောက်ယှက်လာလိမ့် မယ်လို့ မထင်ထားမိဘူး။ အခုတော့ သူက ရန်ချန်လိကို ပထမဆုံး ချဉ်းကပ်တော့မယ်။”
“ အရှင်မင်းသား။ အရှင့်ရဲ့ ခွဲခြမ်း စိတ်ဖြာမှုက မှန်ကန်ပါတယ်။ အကယ်၍ အရှင်သာ ရန်ချန်လိကို ပထမဆုံး ဆုံခဲ့ရင်တောင်။ ဧကရာဇ်က အိမ်ရှေ့စံ ကိုပဲ ထိန်းချုပ်မှု အကုန် အပ်မှာပဲ။ အရှင် ဘယ်လောက်ပဲ ကြိုးစား ကြိုးစား။ စားသောက်ပွဲမှာတော့ သူ့ အနားကိုတောင် ကပ်လို့ရမှာ မဟုတ်ဘူး။
“ ဆရာဟွားပြောတာ မှန်တယ်။ ဒါကြောင့်ပဲ။ ဆရာတို့ နှစ်ယောက်ကို ဒီည ခေါ်ပြီးတော့ အနှောက်အယှက် ပေးရတာပဲ။ ဆရာတို့ ကျွန်တော့်ကို ကူစဉ်းစားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
“ ငါတို့က အခု အစပိုင်းမှာ ရှုံးနိမ့် နေရပြီ။ ဒီ အချိန်မှာတော့ အိမ်ရှေ့စံကို ညီလာခံမှာ တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး။ ဒါကြေင့် နောက်ဆုတ်ထားရမယ်။ ”
“နောက်ဆုတ်ရမယ်။ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး ငါ နောက်ဆုတ်ထားခဲ့ရတာ။ အခုတော့ ထပ် မလုပ်နိုင်တော့ဘူး။ ဝန်ကြီး ဌာန ခြောက်ခုလုံး က အိမ်ရှေ့စံကို သစ္စာရှိနေကြတယ်။ ညီလာခံရဲ့ အင်အား တဝက်က သူက လက်ထဲ ရောက်နေပြီ။ နောက်ပြီးတော့ စစ်တပ်ကော။ အရင်က စစ်တပ်တစ်ခု လုံက ငါ့ကို သစ္စာခံထားတာ။ အခုတော့ သုံးဆယ်ရာခိုင်နှုန်း လောက်က အိမ်ရှေ့စံ ဆီရောက်ကုန်ပြီ။ ငါ ဘယ်လောက်ထိ နောက်ဆုတ်ရအုန်းမှာလဲ။”
“အရှင့်မှာ အခု ရွေးချယ်စရာမရှိဘူး။” ဆရာဟွား ခေါင်းခါတယ်။
“ထီးနန်း အတွက် တိုက်ပွဲ က သေတာနဲ့ ရှင်တာ နှစ်ခုပဲ ရှိတယ်။ ကျွန်တော် ရှေ့ တစ်လှမ်း တိုးလိုက်တာနဲ့။ နောက်ဆုတ်ဖို့ နည်းလမ်း မရှိတော့ဘူး။ ကျေးဇူးပြုပြီးတော့. .. . ကျွန်တော့်ကို ကူညီပါ။”
“ အရှင် မင်းသား…. ဘာလို့များ ဒီလောက်တောင် အလောကြီးနေတာလဲ။ ကျွန်တော်တို့ ပြန်အောင်မြင် အောင် လုပ်ဖို့ အခွင့်အရေး ရှိပါသေးတယ်။” ဆရာဟွား ဆက်ပြောတယ်။
“ ကျွန်တော့်ကို အလင်းပြပေးပါ။”
“ ဆရာဝမ်ကော။ ဘယ်လို ထင်လဲ။” ဆရာဟွား က သွမ့်အရှင် ရဲ့ အမူအယာကို မြင်တော့။ ဆရာဝမ်ကို လှမ်းကြည့်တယ်။
“ နောက်တစ်လှမ်း ဆုတ်လိုက်။ အရာအားလုံး ရှင်းလင်းသွားမယ်။” ဒါကတော့ ပြန်ဖြေသံပဲ။
“ နောက်တစ်လှမ်း ဆုတ် ဆိုတာ ဘာကို ဆိုလိုတာ ပါလိမ့်။”
ဆရာဟွားကတော့ သူ့ အမြင်ကို ဆရာဝမ် ထောက်ခံတဲ့ အတွက် အံ့သြနေခဲ့တယ်။
“ ငါတို့တွေ နောက်တစ်လှမ်း ဆုတ်လိုက်ရင် ကိစ္စတွေ ရှင်းလင်း လာမှာပါ။”
ဒါကိုကြားတော့ သွမ့်အရှင်ရဲ့ မျက်လုံးတွေတလက် လက် တောက်ပတော့တယ်။ နောက်ထပ် စကားတွေ ရှိနေ အုန်းမယ်ဆိုတာ သွမ့်အရှင် သိတယ်။ ဒါကြောင့် သူ စိတ်ရှည် လက်ရှည် စောင့်နေခဲ့တယ်။
“ ကျေးဇူးပြုပြီး ရှင်းပြပေးပါ။” ဆရာဟွား ဆက်ပြောတယ်။
“ စားသောက်ပွဲက အပေါ်ယံ ပဲ။ အိမ်ရှေ့စံက ထက်မြက်တဲ့ အကြံပေးတွေ ရှိတဲ့ အတွက် ဒီလို လုပ်တာပဲ။ ဒါပေမယ့် ပြန်တွေးကြည့်မယ်ဆိုရင် ဝန်ကြီးယွီက ဒီ့ထက်တော့ ထက်မြက်ပါတယ် ။ ဘာလို့များ သူက အခု လို အချိန် အများကြီး အကုန်ခံပြီးတော့ ။အကျိုး အမြတ် နည်းနည်းပဲရမယ့် ကိစ္စကို လုပ်မှာလဲ။”
“ ဆရာဝမ် ဆိုလိုချင်တာက ဘာများလဲ။” သွမ့်အရှင် မေးတယ်။
“ ရန်ချန်လိကို သူကိုယ်တိုင် လိုလို လားလား နဲ့ ငါတို့ဆီ ရောက်လာ ဖို့က။ အရမ်း အရေးကြီးတယ်။ ဒါပေမယ့် ရန်ချန်လိက ထက်မြက်တယ်။ ဒီ ထီးနန်းလုပွဲမှာ မပါချင်လို့ အနောက်ပိုင်း ဒေသ ကနေ။ မထွက်လာတာ နှစ်ပေါင်း နှစ်ဆယ်ကျော်ခဲ့ပြီ။ နောက်ဆုံး အချိန် မရောက်ခင် အထိ သူ ရွေးချယ်မှာ မဟုတ်ဘူး။ သူ့ကို တစ်ချက်တည်း နဲ့ ငါတို့ ဘက်ရောက်လာအောင် လုပ်ဖို့ အရေးကြီးတယ်။”
“ ဆရာဝမ် ပြောတာ။ ကျွန်တော် တို့ ဘာမှ မလုပ်သင့်ဘူးလို့ လား။”
“ ဒီလို ပြောချင်တာ မဟုတ်ဘူး။”
“ဒီလို ပြောချင်တာ မဟုတ်ဘူးဆိုတော့ ……”
“ ဟုတ်တယ်။ အကယ်၍ အရှင်သာ ခြေတစ်လှမ်း ဆုတ်လိုက်ရင်။ တစ်ခုခု ထူးခြား တာကို တွေ့မှာပါ။”
“တစ်ခုခု တွေ့ရမှာ ဘာများ ဖြစ်မလဲ။” သွမ့်အရှင် စိတ်ရှုပ်ထွေးနေခဲ့တယ်။ ဒါပေမယ့် ဆရာဝမ်ကတော့ ဆက် မပြော တော့ဘူး။ ဆရာဟွားကိုသာ လှည့်ကြည့်နေခဲ့တယ်။ ဆရာဟွားကတော့ မျက်လုံး ပိတ်ထားခဲ့တယ်။ သူ့ ကိုယ်သူ စိတ်အေးေ အာင် လုပ်နေတဲ့ ပုံစံပဲ။ စာကြည့်ခန်း တစ်ခုလုံး တိတ်ဆိတ်သွားတယ်။ ပွင့်နေတဲ့ ပြတင်းပေါက်က ထွက်ပေါ်လာတဲ့ လေပြည်ညှင်း အသံကိုပဲ ကြားနေခဲ့ရတယ်။ အခန်းထဲမှာ ထွန်းထားတဲ့ ဖယောင်း တိုင်မီး က တလက်လက် တောက်ပနေတယ်။ အချိန် အကြာကြီး ရပ်တန့်နေပြီး တဲ့နောက်။ သွမ့်အရှင် ရဲ့ မျက်လုံးတွေ တလက်လက် တောက်ပလာတော့တယ်။
“ ဖန်ကျန်းရှီ အကြောင်းကို ပြောနေကြတာလား။
“ဟုတ်တာပေါ့။ နောက်ဆုံးတော့ …..” ဆရာဝမ် ထရပ်ရင်း သွမ့်အရှင်ကို ဦးညွှတ်တယ်။
“ ဒါ ငါ့ အမှားပါ။ ဒီ လူနဲ့ ပတ်သက်ပြီးတော့ အများကြီး မတွေးထားမိလို့။ ဒါကြောင့် တစ်ချက် တစ်ချက် သူ ရှိနေတာကို မေ့သွားတယ်။ …. အိုက်ယား။ ဆရာဝမ်။ အကျယ်တဝင့်ရှင်းပြပေးပါအုန်း။” သွမ့်အရှင်ရဲ့ အမူအယာက ရှက်ရွံ့တဲ့ ပုံစံကိုရောက်သွားခဲ့တယ်။
“ အင်း။ အရှ င့်ကို နားလည်ပါတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို ကျွန်တော်တို့ ဘက် ရောက်အောင် လုပ်ဖို့ က။ ရန်ချန်လိ ထက် ပို အရေးကြီးတယ်။ ” ဆရာဝမ် အကြံပေးတယ်။
“ တကယ်ပဲ သူ့ကို တောင်းပန်ရမှာလား။”
“ ဟုတ်ပါတယ်။”
“ နောက်ထပ် နည်းလမ်းမရှိတော့ဘူးလား။”
“ မရှိတော့ဘူး။ ဖန်ကျန်းရှီက ထီးနန်းလုပွဲမှာ အိမ်ရှေ့စံကို တိုက်ခိုက်နိုင်မယ့် တစ်ခုတည်းသော လက်နက်ပဲ။ အရှင့်ရဲ့ အင်အားကို ပြန်ရဖို့ သူက အရေးကြီးတယ်။”
“ ဒါဆို…… ကျွန်တော်ဘာလုပ်ရမလဲ။ ဖန်ကျန်းရှီက ဝရမ်းပြေးလေ။ ဧကရာဇ်က သူ့ကို မသတ်တာ မှန်ပေမယ့်။ သူ့ကို ဒီ အတိုင်း သွားကြိုဆိုရင်တော့ မဖြစ်ဘူးလေ။” သွမ့်အရှင်ပြောတယ်။
“ အကယ်၍ ငါ ခန့်မှန်း တာ မှန်မယ်ဆိုရင်။ ဖန်ကျန်းရှီက ဒီ တစ်ခါ မြို့ထဲကို ဝင်လာဖို့ ခက်လိမ့်မယ်။”
“ ဆရာဝမ် ပြောချင်တာက။”
“ အိမ်ရှေ့စံ လုပ်တဲ့ စားသောက်ပွဲဆိုတာ ရန်ချန်လိကို အာရုံလွှဲဖို့ပဲ။”
“ရန်ချန်ကို အာရုံလွှဲဖို့။ ဖန်ကျန်းရှီကို အာရုံမစိုက်နိုင်စေဖို့လား။ ဒါပေမယ့် ဆယ်မိုင်ရေကန်က မြို့တော်နဲ့ နေ့တဝက်ပဲ ဝေးတာလေ။ သူ့ကို တပ်ပုန်းချပြီးတော့ သတ်ဖို့က ခက်ခဲ လိမ့်မယ်။ နောက်ပြီးတော့ ချီဟို့က ဖန်ကျန်းရှီရဲ့ ဘေးမှာ ရှိနေမှာပဲ။ ” သွမ့်အရှင် စိတ်ရှုပ်ထွေးနေတယ်။
“ အင်း ….. ဒါက ငါ့အတွေးပဲ။ ဆရာဟွား။ မင်းကော ဘယ်လို ထင်လဲ။” ဆရာဝမ် လှမ်းမေးတယ်။
“ ဟ ဟား….” ဆရာဝမ်ကတော့ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ရင်း လှောင်ပြုံးပြုံးနေခဲ့တယ်။ အဲ့ဒီ့နောက် သူ ပြုံးပြတယ်။
…
ပန်းပွင့်ချိန် ကို ရောက်လာတဲ့ အတွက်။ မြို့တော်ကြီးက ပိုပြီး တောက်ပနေခဲ့တယ်။ စားသောက်ပွဲကြီးရဲ့ သတင်းက အင်ပါယာ အတွင်းမှာ ရှိတဲ့ မြင့်မြတ်ဂုဏ်ခံ မိသားစုတွေအားလုံးကို ။ လှုပ်ရှားလာစေခဲ့တယ်။ မရေမတွက် နိုင်တဲ့ လှည်းယာဉ်တွေ။ မြို့တော်ကို ရောက်ရှိ လာကြတယ်။ ဒါကလွဲပြီးတော့။ တော်ဝင်စာမေးပွဲကြီးကို အောင်မြင်တဲ့ ကျောင်းတော်သား တွေက။ သူတို့အိမ်မှာ ပွဲတော် ကျင်းပပြီးတဲ့ နောက်။ မြို့တော်ကို ပြန်လာကြတော့တယ်။ မြို့တော်ကို သွားတဲ့ လမ်းက က ဆူညံ တက်ကြွနေခဲ့တယ်။
“ အဖိုး။ ကျွန်တော်ကြားတာတော့။ ရန်ဘုရင်က စားသောက်ပွဲအတွက် အထူး ဧည့်သည်ဆိုပဲ။ အဖိုးက က အဲ့ဒီ့ တိုက်ပွဲမှာ ပါခဲ့တယ် မလား။ ရန်ဘုရင်က ဘယ်လို ပုံစံလဲ အဖိုး သိတယ်ဟုတ်။ သူ့ကို အရင် တုန်းကကော တွေ့သေးလား။” လူငယ်အသံ တစ်ခု ပေါ်လာခဲ့တယ်။
“ ဟ ဟား…. ရန်ဘုရင်ကို ငါ နောက်ဆုံး တွေ့ခဲ့တာ အနှစ်နှစ်ဆယ်ကျော်နေပြီ။ အဲ့ဒီ့အချိန် တုန်းကတော့ ငါက အဆင့်နိမ့် အမတ်မင်းလေး တစ်ယောက်လေ။ သူ့ကို ဘယ်လို များ တွေ့ဖူးမှာလဲ။” လူကြီးတစ်ယောက်ရဲ့ အသံ ထွက်လာခဲ့တယ်။
“ သူက အရမ်းကို မောက်မာလွန်းလို့။ ဧကရာဇ်က ကတောင် လေးစားရတယ်ဆို။”
“ အမှန်ပဲ။ ရန်မိသားစုက ငါတို့ အောင်ပွဲရဲ့ အဓိက သော့ချက်ပဲ။ ရန် တိမ် မြင်းတပ် စစ်သည်တော် သုံးသောင်းက ။ ခုနှစ် အတွင်း မြို့တော်ကို အရောက်လာခဲ့တယ်။ အကယ်၍ သူတို့သာ ဒီလို အရောက် မလာခဲ့ရင်။ မြို့တော်ကို ဆုံးရှုံးလိုက်ရပြီ ။ ရန်မိသားစု သာ မရှိရင်။ ကြီးမြတ်သောရှ မင်းဆက်လည်း ရှိ လာမှာ မဟုတ်ဘူး။”
“ အနောက်ပိုင်း လျန်ကနေ မြို့တော်အထိ။ ခုနှစ်ရက် ဟုတ်လား။ ဒါက မယုံနိုင် လောက်အောင် မြန်တာပဲ။ ပုံမှန် အတိုင်းဆို ခရီးက တစ်လ ခွဲကြာမှာ။ သူတို့ ညမနားပဲ ခရီးနှင်ရင်တောင်။ ဆယ့်ငါးရက် ရက်နှစ်ဆယ်တော့ ကြာမှာပဲ။ ခုနှစ်ရက်ဆိုတာက…… မဖြစ်နိုင်လိုက်တာ။” လူငယ် မယုံကြည်နိုင် ဖြစ်နေခဲ့တယ်။
“ဟုတ်တယ်။ ဘယ်သူမှလည်း ရန်တိမ်မြင်းတပ် ခုနှစ် ရက် အတွင်း ရောက်လာမယ်လို့ မထင်ထားခဲ့ဘူး။ ဧကရာဇ်ကော။ နတ်ဆိုးတွေပါ ဒါကို မမျှော်လင့်ထားဘူးလေ။ ဒါပေမယ့် အဲ့ဒီ့ တိုက်ပွဲက သွေးချောင်းစီး တိုက်ပွဲကြီးပဲ။ ဒီ အယောက်သုံးသောင်းက။ နတ်ဆိုး တစ်သိန်းခွဲကို သုံးရက် သုံးည တောင့်ခံ တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲက ပြင်းထန် လွန်းလို့။ ရန်မိသားစုမှာ အခု လက်ရှိ ရန်ဘုရင် တစ်ယောက်ပဲ အသက်ရှင် ကျန်ရစ်ခဲ့တယ်။ ဒါပေမယ့် နတ်ဆိုး တွေကို သူတို့ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ် အင်အားက အနိုင်ရခဲ့တယ်။ နတ်ဆိုးတွေ ပြန်ဆုတ်ခွာတဲ့ အချိန်မှာ အယောက်ငါးသောင်း မပြည့်တော့ဘူး။”
“ အဖိုး။ ဒီ မြို့တော်မှာ ဘယ်လောက် ကြာကြာနေမှာလဲဟင်။”
“ ဒီ တစ်ခေါက် မင်း စားမေးပွဲ ပြီးတာနဲ့ ငါ ပြန်မှာပါ။”
“ တကယ်လား။ ကောင်းပါပြီ။ ကျွန်တော် စာမေးပွဲကို အောင်မြင်အောင် လုပ်ပါမယ်။ ကျွန်တော်တို့ မိသားစု အတွက် ။ ညီလာခံ စာမေးပွဲမှာ ဂုဏ်ယူရအောင် လုပ်ပါမယ်။ ”
“ ငါ့မြေးက ရင့်ကျက်လာပြီပဲ။ ”
…
လူတိုင်းရဲ့ မျက်လုံးကို ဖမ်းစားနိုင်တဲ့ အရာ က တစ်ခုပဲရှိတယ်။ မရေမတွက်နိုင်တဲ့ အမတ်မင်းတွေလည်း ဒီပွဲတော်ကို တက်ရောက်လာကြတယ်။ ရန်တိမ်မြင်းတပ် အယောက် သုံးထောင်။ တပ်နီတော်က အယောက် နှစ်ထောင်။ တကယ့်ကို ခမ်းနားတဲ့ မြင်ကွင်းပဲ။ စစ်သည်တော် တစ်သိန်းကို ကြိုဆိုတာ ထက်တောင် ပို ခမ်းနားသေးတယ်။
ဒဏ္ဍာရီလာ ရန်တိမ် တပ်ဖွဲ့ကြီးကို ။ သူတို့ အားတက်သရော စောင့်ကြို နေခဲ့ကြတာ။ ဒါပေမယ့် သူတို့တွေ စိတ်ပျက်သွားခဲ့ရတယ်။ ဘာမှန်း မသိရတဲ့ အကြောင်းရင်း တစ်ချို့ကြောင့်။ ဒီ တပ်ဖွဲ့ကြီးက။ အလွန့်ကို နှေးနှေးကွေးကွေးနဲ့ လှုပ်ရှားနေတာပဲ။
လမ်းကနေရာတိုင်းမှာ ရပ်တန့်နေလို။ မြို့တော်ကို မရောက်ခင်မှာလဲ နေရာ ပေါင်းစုံမှာ ဝင် နားနေခဲ့တယ်။ ခရီးသွား အဖွဲ့ကြီးလိုပဲ။ မြို့တော်ကို ရောက်နေကြတဲ့ လူတွေ ဒါကို အစကတော့ မယုံခဲ့ကြဘူး။ ဒါပေမယ့် အချိန်နဲ့ အမျှ သူတို့ နားလည်ခဲ့ကြတယ်။ စစ်တပ်ကြီးရဲ့ အလယ်မှာ မြင်းစီးနေတဲ့ တစ်ယောက် တည်းသော သူ။ သူ့ကို မြင်တဲ့ အချိန်တိုင်း သူတို့ ရယ်မောကြတယ်။
“ငါလောင်းရဲတယ်။ သူက အသက်ရှင်ဖို့ အချိန် ဆွဲနေတာပဲ။”
“အမှန်ပဲ။ ငါ သာ သူ ဖြစ်ခဲ့မယ်ဆို၇င်လည်း။ မြို့တော်ကို ဖြည်းဖြည်းချင်း လာမှာပဲ။”
“ သူ ဒါမျိုး မလုပ်ခင် နှစ်ခေါက်တော့ ပြန်တွေးကြည့်သင့်တယ်လေ။ ဟွေ့အန်းဒေသမှာ လူလုံး ထွက်ပြတည်းက ဒါမျိုး ဖြစ်လာမယ်မှန်း သိသင့်တယ်။”
“ ထားလိုက်ပါတော့။ သူက တောင်ပိုင်းဒေသ အောင်ပွဲမှာ အဓိက စွမ်းဆောင်သူပဲ။ သတ္တိအရမ်းကောင်းနေတော့ လည်း ဘယ်ကြောက်တော့ပါ မလိမ့်။ တောင်ပိုင်းမင်းသမီးကို အရှက်ခွဲတယ်။ အိမ်ရှေ့စံကို သတ်ပြီးတော့။ ငါတို့ အိမ်ရှေ့စံကို ဒဏ်ရာရအောင် လုပ်ရဲခဲ့တာပဲ။”
“ ရှူး။ တိုးတိုး ပြော။ သူတို့ ကြားသွားရင် မင်းပြဿနာ တက်သွားမယ်။”
အပိုင်း(၄၉၂)ပြီး၏။
အပိုင်း( ၄၉၃)
“ မင်းကို ထောင်ချောက် ဆင်ပြီး ဖမ်းမယ် ”
နွေဦးရာသီက တည်ငြိမ်ပြီးတော့ တောက်ပနေတဲ့ အချိန်ပဲ။
ဖန်ကျန်းရှိကတော့ စာမေးပွဲ ကို အလောတကြီး မသွားပါဘူး။ အခုချိန် သူ့မှာ ဘာ ဖိအားမှ မရှိဘူးလေ။ ဖန်ကျန်းရှီ လေလေး ချွန်ရင်း အေးအေးဆေးဆေး မြင်းစီးလာခဲ့တယ်။ သူ့ အရင် လောကမှာ ဆိုရင်။ နွေဦးရာသီ ဆိုတာက လူတိုင်း သဘောကျတဲ့ ရာသီ ဥတုပဲ။ ရာသီ ဥတုကလည်း အကြောင်းရင်း တစ်ခုပေါ့။ ပန်းတွေ ဖူးပွင့်ပြီး စိမ်းလန်းနေတဲ့ ရာသီ ဥတု နဲ့။ သက်ဝင် လှုပ်ရှားနေတဲ့ လူတွေ ဒါတွေက နှစ်သက်စရာကောင်းတယ်လေ။
“ မြို့တော်ကို ရောက်ဖို့ အချိန် ဘယ်လောက် လိုသေးလဲ။”
“ သခင်လေး ဖန်။ ကျွန်တော်တို့ ရောက်ဖို့ မိုင်တစ်ရာလောက် လိုပါသေးတယ်။ အေးအေး ဆေးဆေး သွား ရင်တော့။ မနက်ဖန် မနက်လောက် ရောက်မှာပါ။ အကယ်၍ ….” ရန်တိမ် တပ်ဖွဲ့ဝင် တစ်ဦး ပြန်ဖြေတယ်။
“ အင်း။ ဒါဆိုရင် နေရာရှာ ပြီးတော့ အနားယူရအောင်။ နောက်ထပ် ရက်နည်းနည်းလောက် အနားယူကြတာပေါ့။”
“ နားလည်ပါပြီ။”
…
တိတ်ဆိတ်နေတဲ့ ည အချိန်။ တောင်ကြားထဲမှာ တပ်ဖွဲ့ကြီး တစ်ခု စခန်းချနေခဲ့တယ်။ တပ်နီတော်နဲ့ ရန်တိမ် တပ်ဖွဲ့ က။ ပတ်ပတ်လည်ကို ကင်းစောင့်နေ ခဲ့တယ်။ တဲတစ်ခု ထဲမှာ။ ဖယောင်းမီးရောင်က တောက်ပနေတယ်။ ဖန်ကျန်းရှီ ကတော့ သူ့ ထိုင်ခုံပေါ်မှာ ကျောမှီလျက်ရှိနေခဲ့တယ်။ သူ့ တဲထဲကို ဝင်လာ တဲံ သူကို ကြည့်နေတယ်။
“ အရှင်။ ဘာကိစ္စ များ ရှိလို့ပါလဲ။ ”
“ အင်း။ ငါ မြို့တော်ကနေ သတင်းရတယ်။ ဒီ နှစ် ဘိုးဘေး ပူဇော်ပွဲကို ဧကရာဇ်က ဆယ်မိုင်ရေကန်မှာ ကျင်းပ လိမ့်မယ်။ ရန်ချန်လိကို အထူး ဧည့်သည်တော် အဖြစ် ဖိတ်ကြားလိုက်တာ။ သူကလည်း လက်ခံတယ်။ သွမ့်အရှင် က မှာလိုက်တယ်။ ငါတို့တွေ မြို့ထဲကို ဝင်တဲ့ အချိန် အထူး သတိ ထားဖို့။ စားသောက်ပွဲ ပြီး တဲ့ အချိန် မှ ငါတို့ မြို့တော်ကို ဝင်ရင် ပို ကောင်းမယ် ထင်တယ်။ ရန်ချန် လိ ငါတို့ နဲ့ အတူ အင်အား လာပေါင်း တာကို စောင့်ရမယ်။” ချီဟို့ ပြန်ဖြေတယ်။
“ အရှင် ကော ဒီ ကိစ္စကို ဘယ်လို ထင်လဲ။”
“ တိုက်ဆိုင်မှုတွေက အရမ်းကို အချိန် ကိုက်လွန်းနေတယ်။ အကယ်၍ ငါတို့ လုံခြုံ စေချင်ရင်။ စားသောက်ပွဲ ပြီးတဲ့ အထိ စောင့်ရမယ်။” ချီဟို့က သွေးဆာတဲ့ စစ်သူကြီး တစ်ယောက်ပဲ။ လုံခြုံတာတွေ အာမခံချက် ရှိတာတွေက သူ့ အကြိုက်တော့ မဟုတ်ဘူး။
“ အဟမ်း…. ငါပြောချင်တာက စည်းမျဉ်းတွေ အရ ဆိုရင် ။ ရန် တိမ် တပ်ဖွဲ့ နဲ့ တပ်နီတော်က ။ မြို့ပြင် မှာပဲ စခန်းချ လို့ရတယ်။” ချီဟို့ နည်းနည်းတော့ ရှက်ရွံ့နေတယ်။ ဖန်ကျန်းရှီက သူ့ကို စာ အုပ် တစ်အုပ် လို မျိုး ဖတ်နေတာပဲ။ တကယ်တော့ သူ့ရဲ့ အရင် အစီအစဉ် မှာ ရန် ချန်လိ ကိုလည်း ထည့် မတွက် ထားခဲ့ ဘူးလေ။ ဒါကြောင့် မြို့ပြင်မှာ စောင့်ဆို့လည်း သူ စိတ်ကူး မရှိဘူး။ ဘာလို့ များ အခုချိန်မှာ နောက်ဆုတ်ရမှာလဲ။
“ ပြီးတော့ကော။” ဖန်ကျန်းရှီ ဆက်မေးတယ် ။
“ မင်း ရယ် ငါရယ် ရန်ရွှယ်ရယ် သုံးယောက်ထဲဆို ။ မကောင်းတဲ့ ကိစ္စ တစ်ခုခု ဖြစ်လာမှာ ငါ စိုးရိမ်တယ်။ နောက်ဆုံးတော့လည်း မင်းက ဝရမ်းပြေး လေ။ ငါက မင်းကို ဖမ်းလာတယ် ဆိုတဲ့ သက်သေ ကို ပြပြီးတော့။ ကြိုတင် စီစဉ်တာတွေ လုပ်ရမယ်။”
“ ဒါဆိုရင်။ အချုပ် လှည်းထဲမှာ ကျွန်တော် လိုက်ရမှာလား။”
“ အဟမ်း….။ ငါတို့ ရှောင်ရှား နိုင်ရင်တော့ ဒါမျိုး မလုပ်ပါဘူး။ ဒါပေမယ့် စိတ်ချပါ။ ငါနဲ့ သွမ့်အရှင် စီစဉ် ထားတယ်။ ဧကရာဇ်ကို ငါ ဝင်တွေ့ပြီးတာ နဲ့။ သွမ့်အရှင် ဆီ မင်းကို ခေါ်သွားမယ်။” ချီဟို့ ချောင်းဟန့်ရင်း ပြောတယ်။
“ အရှင်က ကျွန်တော့်ကို ဒါတွေ ပြောဖို့ လာတာလား။”
“ အင်း….. အခု အချိန်မှာ။ အိမ်ရှေ့စံက အခွင့်ထူးခံ ဖြစ်နေတယ်။ ငါတို့ လုံခြုံစေချင်ရင် တစ်ခုခု တော့ ပေးစပ်ရ မှာပဲ။ အကယ်၍ ငါ့ အစီအစဉ် အတိုင်း သွားမယ်ဆိုရင်….” ချီဟို့ တလေးတစား နဲ့ ပြောနေခဲ့တယ်။
“အရှင်နဲ့ သွမ့်အရှင်တို့ရဲ့ အမိန့်ကို လိုက်နာပြီး လုပ်မယ်လို့ ။ ကျွန်တော် မပြောထားမိဘူး။” ဖန်ကျန်းရှီ စကား ဖြတ်ပြောတယ်။
“ မင်း သဘောမတူလည်းရတယ်။ ဒါပေမယ့်။ မင်း မြို့ထဲကို အန္တရာယ် ကင်းကင်းနဲ့ ဝင်နိုင်ဖို့က လည်း အရေးကြီး တယ်။ ငါ့ကို ခက်ခဲအောင် မလုပ် ဘူးမလား။”
“ အရှင် စိတ်ချပါ။ ကျွန်တော် အခက်အခဲ ဖြစ်အောင် မလုပ်ပါဘူး။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ချီဟို့က သူ့ကို ထောင်ချောက်ထဲ ဦးဆောင်ပြီး ခေါ်သွားနေတာပဲ။ သူက အခုချိန်မှာ ဖန်ကျန်းရှီကို ကူည်ီနေတယ် ဆိုပေမယ့်။ အကယ်၍ ဖန်ကျန်းရှီသာ သူ့ အစီအစဉ်တိုင်း မျော ပါ နေရင်။ ဒါက ပြန်လမ်း မရှိဘူးဆိုတာ သူ နားလည်သွားမှာပဲ။
“ ဒါဆိုရင် မင်းပြောတာက…. မင်း သဘောတူတယ်လို့လား။”
“မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော် မထင်မရှား ရုပ်ဖျက်ပြီး နေပါမယ်။” ဖန်ကျန်းရှီ ခေါင်းခါရင်း ပြောတယ်။
“ မထင်မရှားနေမှာလား။”
“ ဘယ်လောက် မထင်မရှား လဲ။”
“ အရမ်း အရမ်း…. အရမ်းကို မထင်မရှား။”
“ အမ်…. ကောင်းပြီ။ ဒါဆိုလည်း ငါ မစိုးရိမ်တော့ဘူး။ ”
…
သုံးရက်ကြာပြီးနောက်။ ညနေခင်းပိုင်းမှာ။ လူဆယ်ယောက်ကျော်တဲ့ အုပ်စုကြီး တစ်ခု။ မြို့တော်ကို ဦးတည်လာတယ်။
“ ဖန်ကျန်းရှီက မြို့ထဲကို ဝင် မလို့လား။”
“ သူ့ကိုယ်သူ မဖုံးကွယ်ပဲနဲ့ ဒီလို ဝင်လာတာလား။”
“ နတ်ဆိုးကျောင်းတော်က ဖိအားပေးဖို့ ဖြစ်ရမယ်။ မဟုတ်ရင်။ သူ့လို ဝရမ်းပြေးက ဒီလို လာနိုင် မလား။”
“ နတ်ဆိုးကျောင်းတော်က ဖိအားပေးတာလား။ သူ့ ပုံစံ ကြည့်ပါအုန်း။ ဖိအားပေးခံရတဲ့ ပုံ ပေါ်နေတာ။ နောက်ပြီးတော့ ငါကြားတာတော့။ ဟွေ့အန်းဒေသမှာ သူ့ဘာသူ ပေါ်လာတာ ဆိုပဲ။”
“ ဒီကောင် ဘာတွေများ တွေးနေတာလဲ။ မသိတော့ဘူး။ ကိုယ့်သေတွင်း ကိုယ်တူးနေတာလား။”
မြို့တော်သားတွေ ဖန်ကျန်းရှီကို ရပ်ကြည့်နေခဲ့တယ် ။ သူတို့ မျက်လုံးကိုတောင် မယုံနိုင်ကြ။ ဝရမ်းပြေး တစ်ယောက် ဒီလို ပုံစံ မျိုး နဲ့ မြို့ထဲ ဝင်လာတာကို သူတို့ မမြင်ဖူးဘူလေ။ ချီဟို့ကတော့ မြို့သားတွေကို စိတ်အေး လက် အေး နဲ့ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ က မြို့ထဲ ဝင်လာတယ်။ ဒါက ဆူညံစေမှ အသေအချာပဲ။ ဒါပေမယ့် အခုတော့။ မြို့ထဲမှာ လူနှစ် တန်း က ရပ်စောင့်နေခဲ့တယ်။ တစ်ခုခု လွဲနေတာ တော့ အမှန်ပဲ။ လူ ရှင်းတဲ့ အချိန်ကို သူတွက်ပြီး ဝင်လာတာလေ။ အခုတော့ ဘာလို့ ဒီလောက်တောင် လူတွေ များနေတာလဲ။
ဖန်ကျန်းရှီကတော့။ ချီဟို့ကို ဘာမှ ပြောချင်တဲ့ ပုံ မပေါ်ဘူး။ လွန်ခဲ့တဲ့ သုံးရက်ထဲက သူတို့တွေ ဆွေးနွေး ထားပြီးသား။ ဖန်ကျန်းရှီက မထင်မရှားနေဖို့ သဘောတူထားတယ်။ ဒါပေမယ့် အခုတော့။ သူက သူ့ရဲ့ သင်္ကေ တ အပြာရောင် အကျီ လက်ရှည်ကို ဝတ်ထား တုန်းပဲ။ အကျီတောင် မတူတာလေး လဲ မလာဘူး။ အနည်းဆုံးတော့။ အပေါ်ထပ် ဝတ်ရုံရှည်လေး ဝတ်လာသင့်တယ်လေ။ လူတိုင်းက သူ့ကို သိနေရင်တောင်။ နည်းနည်း ပါးပါးလေးတော့ ။ ဖုံးကွယ်ထားသင့်တယ် မလား။ ချီဟို့ ပြောစရာ စကားမရှိ ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ရန်ရွှယ်ကော။ ဖန်ကျန်းရှီကော။ ဒီကိစ္စတွေကို အာရုံစိုက်တဲ့ ပုံစံ မပေါ်ဘူး။
သူတို့တွေ မြို့တံခါးကို နီးကပ်လာတယ်။ ချီဟို့ သူတို့ နောက်က ဝတ်ရုံနက်တွေကို တစ်ချက်ကြည့်တယ်။ အဲ့ဒီ့နောက် လီကျန်းဖုန်းကို မျက်စပြစ်တယ်။ လီကျန်းဖုန်း ချက်ခြင်း နားလည်တယ်။ မြင်းဇက်ကြိုးကို ဆွဲရင်း။ ဝတ်ရုံနက်တွေ ကြားထဲကို ဖြည်းဖြည်း ချင်း ဝင်ရောတော့တယ်။ ဖန်ကျန်းရှီ နဲ့ ရန်ရွှယ်ကတော့ ဒါကို သတိထားမိတဲ့ ပုံစံ မပေါ်ဘူး။ ဆက်ပြိးတော့သာ လမ်းလျှောက်နေခဲ့တယ်။ အဲ့ဒီ့နောက် ဂိတ်တံခါးကို သူတို့ ဖြတ်သွား တဲ့ အချိန်။ အစောင့်တွေက တစ်ချက်ကြည့် ပြီးနောက် လွှတ်ပေးလိုက်တယ်။
“ ဟ ဟား ….. အရှင်ရောက်လာပြီပဲ။ ဒီ ခရီးကတော့ အတော် ပင်ပန်းခဲ့မှာ။”
ဒီအချိန်မှာပဲ။ဖန်ကျန်းရှီ နဲ့ ချီဟို့ရှေ့ကို လူတစ်ယောက်ပေါ်လာခဲ့တယ်။ အမတ်မင်း ဝတ်ရုံကို ဝတ်ထားရင်းေ တာက်တောက်ပပ ပြုံးနေခဲ့တယ်။ သူ့ နောက်မှာ အစောင့် စစ်သည်တော် ရာချီပြီး ပါလာခဲ့တယ်။
“ဖမ်းလိုက်။” ဒါက ဥပဒေ ဝန်ကြီး ဌာနက စစ်သည်တော်တွေပဲ။ ဖမ်းဖို့ အော်နေတဲ့ လူတစ်ချို့လည်း ရှိတယ်။ အရှေ့ဆုံးက လူကတော့။ ဝမ်ချောင်။ ဥပဒေ ဝန်ကြီး ။ ချီဟို့ကတော့ သူ့ လမ်းမှာ လာပိတ်နေတဲ့ ဝမ်ချောင်ကို စိုက်ကြည့်နေခဲ့တယ်။ သူ ပခုံးတွန့်သွားတယ်။ ဝမ်ချောင် ဘာလို့ ရောက်နေမှန်း သူသိတယ်လေ။
ရောက်လာမယ်ဆိုတာ ခန့်မှန်းပြီးသား ဖြစ်ပေမယ့်။ ဒီလောက်မြန်မယ်လို့တော့ မထင်ထားမိခဲ့ဘူး။ နောက်ပြီးတော့ မြို့ဂိတ်တံခါးမှာ လာစောင့်နေတယ်တဲ့ ။
“အမတ်မင်း ဝမ်။ ငါ့ကို ဒီမှာ လာစောင့်နေတာလား။” ချီဟို့ရဲ့ မျက်လုံးတွေ အေးစက်စက် တောက်ပလာသလို။ စွမ်းအားပြင်းတဲ့ လူသတ်ငွေ့တွေ ထွက်ပေါ်လာတယ်။
“ ဟ ဟား… ဘာဖြစ်လို့ မစောင့်ရမှာလဲ။” ဝမ်ချောင် တုန်ယင်နေခဲ့တယ်။ လုံးဝကို သက်တောင့်သက်သာ မရှိဘူး။ ဒါပေမယ့် သူ ပြုံးထားခဲ့တယ်။
“ ဥပဒေ အမတ်မင်းက အတော့်ကို အားနေတဲ့ပုံပဲ။ ” ချီဟို့ ရပ်နေတဲ့လူတွေ ကြားအောင် အသံ မြှင့်ပြောတယ်။ ပြည်သူတွေရဲ့ အကြည့်တွေကတော့ စိတ်ရှုပ်ထွေးနေပုံပဲ။ ဒီနှစ်တွေ အတွင်းမှာ ဝမ်ချောင်က ညီလာခံ မှာပဲ နေ ခဲ့တာ။ နောက်ကျောကနေ ဓား နဲ့ထိုးတာမျိုးတွေ အကွက်ဆင်ခံရတာတွေ ရိုးနေပြီ။ ဒါပေမယ့် ညီလာခံက အေးချမ်းမှုကို တန်ဖိုးထားတယ်။ အနည်းဆုံးတော့ အပေါ်ယံမှာပေါ့ ။ ဒါကြောင့် ညစ်ပတ်တဲ့ ကိစ္စတွေက ဒီ မြင်ကွင်းရဲ့ အပြင်မှာပဲ လုပ်ဆောင်ကြတယ်။
လူတွေကတစ်ယောက်ကို တစ်ယောက် ပွင့်ပွင်းလင်းလင်း တိုက်ခိုက်ကြတာမျိုလည်း ရှားတယ်။ ဒီအချိန်မှာ ဝမ်ချောင်ရဲ့ အမူယာ ပြောင်းလဲသွားခဲ့တယ်။ ဒါပေမယ့် သူ ခပ်မြန်မြန်ပဲ အမူအယာ ပြန်ထိန်းလိုက်တယ်။ သူ့နောက်က အစောင့်တွေကို လက်ဝေ့ယမ်းပြတယ်။
“ ဒီ လူ့ကို ဖမ်းလိုက်ကြ”
“ အမိန့်တော်အတိုင်းပါ။”
အစောင့်တွေ ချက်ခြင်း ချီဟို့ တို့ အုပ်စုကို ဝန်းရံလိုက်တယ်။
“ အမတ်မင်း ဝမ်။ မင်းက ငါ့ကို ဖမ်းဖို့ စဉ်းစားနေတာလား။” သူ့ကို ဝန်းရံထားတဲ့ တပ်သားတွေကို ကြည့် ရင်း လှမ်းအော်တယ်။
“ ဟ ဟား…. အရှင် နောက်နေတာပဲ ဖြစ်ရမယ်။ ကျွန်တော်က ဥပဒေ အတိုင်း လုပ်နေတာပါ။ တောင်ပိုင်းဒေသ အိမ်ရှေ့စံ သေဆုံးတဲ့ ပြစ်မှုက တရားခံကို ဖမ်းဆီး ရုံပါပဲ။ ” ဝမ်ချောင်ရယ်မောတယ်။
“ အိုး… ငါ သိပြီ…. ဒါဆိုရင်။ မင်းက ငါ ဖမ်းလာတဲ့ သူကို ကြားဖြတ်လုပြီးတော့။ ဂုဏ်ထူးဆောင်လုပ် မလို့ပေါ့။” ချီဟို့ရဲ့ မျက်လုံးတွေ တစ်လက်လက် တောက်ပလာခဲ့တယ်။
“ အရှင်။ အထင်လွဲနေပါပြီ။ အရှင့်ရဲ့ ဂုဏ်ထူး ကို ခိုးယူဖို့ ကျွန်တော့်မှာ စိတ်ကူး မရှိပါဘူး။ ဒါပေမယ့် အခုက မြို့တော်ကို ရောက်နေမှန်းတော့ အရှင် သိသင့်ပါတယ်။ ”
“အဲ့ဒီ့တော့ ဘာဖြစ်လဲ။”
“ ဥပဒေအရ။ ဝရမ်းပြေး တစ်ယောက် မြို့တော်ကို ရောက်လာတာ နဲ့ ။ သူက ဥပဒေ ဝန်ကြီး ဌာန နဲ့ ပဲ သက်ဆိုင် သွားပြီ။ ဒါကြောင့် ဖန်ကျန်းရှီက အခု ဆို ကျွန်တော့် တာဝန်ပါပဲ။”
“ အမတ်မင်း ဝမ် ပြောတာ မှန်တယ်။ ငါ ဧကရာဇ် ဆီကို သတင်းပို့ပြီး တာနဲ့။ ဧကရာဇ် အမိန့်ချတဲ့ အတိုင်း ဆောင်ရွက်မယ်။” ချီဟို့ ဆက်ပြောတယ်။
“ အရှင်။ ဖန်ကျန်းရှီ ရဲ့ အမှုက ပိတ်သိမ်းသွားပြီ။ သက်သေတွေက ဒီလောက်တောင် ခိုင်မာနေတာ။ ဧကရာဇ်ကို သတင်းပို့ စရာ မလိုတော့ပါဘူး။”
“ သံသယရှိသူကို ဖမ်းတောင် မဖမ်းမိသေးပဲ နဲ့ ၊ အမှုကို ဘယ်လိုများ ပိတ်လိုက် တာလဲ။”
“ အရှင် မယုံကြည်ရင် ဒီ အထောက်အထားတွေကို ကြည့်လိုက်ပါ။” ဝမ်ချောင် စာရွက် စာတမ်းတွေ ထုတ်ပြတော့တယ်။ ချီဟို့ရဲ့ အမူအယာ ပြောင်းလဲသွားတယ်။ ဒါက ဖန်ကျန်းရှီရဲ့ အမှုတွဲပဲ။ အောက်ခြေ ဘက်မှာတော့။ ထင်ထင်ရှားရှား ရေးထားတာ ရှိနေတယ်။ ပိတ်သိမ်းလိုက်ပြီ။
ဝမ်ချောင်ပြောတာ မှန်တယ်။ ဥပဒေ အ ရဆို ဒီ အမှု မျိုးက ပိတ်သိမ်းသွားပြီ။ နောက်ထပ် ခိုင်မာတဲ့ သက်သေ အသစ် မရှိရင် ။ ဒီ အမှုက ပြန် မဖွင့်တော့တယ်။ အခုချိန်မှာ သက်သေလည်း မရှိ ဘူးလေ။
“ ငါငြင်းရင်ကော။ မင်း ဘာလုပ်မလဲ။” ချီဟို့ အံကြိတ်ရင်း လက်သီး ဆုပ်ထားခဲ့တယ်။
“ အရှင်က ။ မြို့တော်ကို ဝရမ်းပြေး တစ်ယောက်နဲ့ ဝင်လာတာ။ ကျွန်တော့်ကို ခက်ခဲ အောင် မလုပ်ဘူးလို့ ထင်ပါတယ်။ မင်းတို့တွေကော ဘယ်လို ထင်လဲ။ မြောက်ပိုင်း အရှင်က ။ ဥပဒေကို လိုက်နာ လိမ့်မယ် မလား။” ဝမ်ချောင်ရယ်မောရင်း နဲ့ လူတွေကို မေးတယ်။
“ ဟုတ်တယ်။ နတ်ဆိုး ကျောင်းတော် ခေါင်းဆောင်က ဥပဒေကို လိုက်နာမှာပဲ။” အသံ တစ်သံ ထွက်လာခဲ့တယ်။
“ ဖန်ကျန်းရှီကို သူ့ အပြစ် တွေ အပြစ်ဒဏ် ခံခိုင်းသင့်တယ်။ ”
“ ပြစ်မှုကျူးလွန် ထားမှတော့ ဥပဒေ ဝန်ကြီး ဌာန လက်ထဲကို အပ်သင့်တာပေါ့။ ”
“ တောင်ပိုင်းဒေသ အောင်ပွဲမှာ သူက အရေးပါ ခဲ့ပေမယ့်လည်း။ တောင်ပိုင်း အိမ်ရှေ့စံ ကို သတ်ပြီး။ ငါတို့ရဲ့ အိမ်ရှေ့စံကို ဒဏ်ရာရစေတဲ့ အပြင်။ တေ ာင်ပိုင်း မင်းသမီးကို အရှက်ခွဲခဲ့တာ တွေက။ ခွင့်မလွှတ်နိုင်စရာ ပဲ။” လူအုပ်ကြီးရဲ့ ဆူညံသံတွေ ပို ကျယ်လာခဲ့တယ်။
ချီဟို့ကတော့ အမူအယာ ပြောင်းလဲသွားတယ်။ ဂိတ်တံခါးမှာ လူ အများကြီး ရှိနေရ တဲ့ အကြောင်းရင်းကို သူ နားလည်ပြီ။ ဒါက အကွက်ဆင်ထားတာ။ ပဲ။ ဖန်ကျန်းရှီကို ဥပဒေ ဝန်ကြီး ဌာန လက်ထဲ အပ်အောင် သူ့ကို ဖိအားပေးဖို့ တမင် လုပ်ထားတာ။ ဒါပေမယ့် ဥပဒေ ဝန်ကြီး ဌာနက ဖန်ကျန်းရှီကို ဘာလို့ ဒီလောက်တောင် သဲကြီးမဲကြီး လိုချင်နေတာလဲ။ ထိခိုက်အောင် လုပ်မလို့လား။ ဒါပေမယ့် လူသိရှင်ကြား ဖမ်းပြီးတော့ မှ။ ဖန်ကျန်းရှီမှာ တစ်ခုခု ဖြစ်သွားရင်။ ဝမ်ချောင် ဘယ်လို ဖြစ်သွားလိမ့်မလဲ။
အပိုင်း(၄၉၃)ပြီး၏။
အပိုင်း(၄၉၄)
“ လူတိုင်း ကို ငတုံးတွေလို ဆက်ဆံနေတာပဲ။ ”
ဝမ်ချောင် ဘာတွေ ဘာတွေ စီစဉ်ထားမှန်း ချီဟို့ မသိဘူး။ ဒါပေမယ့် သေချာတာကတော့ ။ ဖန်ကျန်းရှီကို ဖမ်းဖို့ စီစဉ်ထားတာ တစ်ခုတည်းတော့ မဟုတ်ဘူး။
“ ဝရမ်းပြေးကို အပ်ပါ….”
“ သူ့ ကို အပြစ်ပေးရမယ်။”
“ဥပဒေ အတိုင်း အပြစ် ဒဏ်ခံရမယ်။”
အသံတွေက လေထဲမှာ ပဲ့တင် ထပ်လာတယ်။ မိနစ်ပိုင်း အတွင်းမှာပဲ အတော့်ကို ဆူညံလာကြပြီး တော့။ လမ်းသွားလမ်းလာ တွေတောင် သူတို့ကို ရပ်ကြည့်နေကြတယ်။ ချီဟို့ ကတော့ ပြုံးနေတဲ့ ဝမ်ချောင်ကို သာ ကြည့်နေခဲ့တယ်။ အခု အခြေအနေကို သူ သုံးသပ်နေတယ်။ ဖန်ကျန်းရှီကိုပဲ ဥပဒေ ဝန်ကြီး လက်ထဲ အပ်လိုက် ရမလား။ ဒါမှ မဟုတ်။ အဆုံး ထိ ဆန့်ကျင်ရမလား။ နတ်ဆိုးကျောင်းတော် ခေါင်းဆောင် အနေနဲ့။ သူ ဒီလို ဆန့်ကျင်ရင်တောင်။ အများကြီးတော့ အပြစ်ပေးခံရမှာ မဟုတ်ဘူး။ ဒါပေမယ့် အကယ်၍ သူက ဥပဒေကို သိသိလျက် နဲ့ ချိုးဖောက်တယ် ဆိုတဲ့ စကားက။ အပြင်ကို ပျံ့ သွားရင်။ သူ့ အတွက် အကျိုး မရှိ ဖြစ်ရလိမ့်မယ်။
ချီဟို့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှိကို ခေါင်းငြိမ့်ပြတယ်။ ဒီ အဓိပ္မာယ်ကတော့ ရှင်းလင်းပါတယ်။ ဖန်ကျန်းရှီ တစ်ခုခု လုပ်ဖို့ အချိန် ကျလာပြီ။ ချီဟို့ နားလည်ပါတယ်။ နန်းတော်ကို သွားပြီးတော့ ဧကရာဇ်ကို တွေ့ဖို့က အချိန် အများကြီး မကုန်ဘူး။ ဧကရာဇ်က ဒီ အခြေအနေ ထိန်းချုပ်ခွင့် သူ့ကို ပေးလိုက် တာနဲ့။ ဝန်ကြီး ဌာနကို သွားပြီးတော့ ဖန်ကျန်းရှီ ကို ပြန်ခေါ်လို့ရတယ်။ ဒါက ချီဟို့ရဲ့ အတွေးပဲ။
ဒါပေမယ့် ဖန်ကျန်းရှီကို သူ လှည့်ကြည့်လိုက်တော့။ လန့်သွားမိတယ်။ ဖန်ကျန်းရှီက နည်းနည်းလေးတောင် စိတ်ရှုပ်နေတဲ့ ပုံစံ မရှိဘူး။ ပြောရရင်။ ဒီ အခြေအနေကိုတောင် ကျင့်သားရနေတဲ့ ပုံစံပဲ။ ဥပဒေ ဝန်ကြီး ဝမ်ချောင်ကို ချီဟို့ ခေါင်းငြိမ့်ပြတယ်။
ဝမ်ချောင်ကတော့ အခုမှပဲ သက်ပြင်း ချနိုင်တော့တယ်။ ဖန်ကျန်းရှီကို သူ ဖမ်းတာ။ ချီဟို့ မတားသရွေ့ ။ ဖန်ကျန်းရှီက ဘယ်လိုမှ လွတ်နိုင်မှာ မဟုတ်ဘူး။
“ ဖမ်းလိုက်ကြ။” ဝမ်ချောင် အော်ဟစ်တယ်။
“ ဝူး …. ဝူး…. ဝူး…..” အစောင့်တွေ ဓား အိမ်ထဲက ဓားကို ချက်ခြင်း ဆွဲထုတ်တယ်။ ဓားရောင်တွေက နေရောင်အောက်မှာ တလက်လက် တောက်ပနေခဲ့တယ်။ ရန်ရွှယ်လည်း လှုပ်ရှားတော့တယ်။ ဒါပေမယ့် သူ့ ပုခုံးကို လက်တစ်ဖက်က လာ ဖိထားတယ်။ သူ လှည့်ကြည့် လိုက်တော့။ သူ့ကို ပြုံးပြနေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ အဲ့ဒီ့နောက် သူ့ ပုခုံးပေါ်က လက်။ မြင်းဇက်ကြိုးပေါ်ကို ပြန်ရောက်သွားတော့ တယ်။ တစ်ချိန် တည်းမှာပဲ။ လူ လေးယောက်က ရန်ရွှယ် နဲ့ ဖန်ကျန်းရှီ ကို ဝန်းရံလိုက်တယ်။ ဝတ်ရုံနက် ဝတ်ထားပြီးတော့ မျက်နှာဖုံး နက် စွပ်ထားတဲ့ လူလေးဦး။ လမ်းသွားလမ်းလာ တွေက အော်ဟစ်ပြီးတော့။ ပြေးလွှားကြတော့တယ်။ “ မဖြစ်ဘူး။ သူတို့ တွေ တိုက်ခိုက်ကြတော့မယ်။”
“ ဖန်ကျန်းရှီ ပုန်ကန်တော့မယ်။ သူ့ အပြစ်ဒဏ်ကို ဝန်မခံဘူး။”
“ ဒါပေမယ့် အခုက မြို့တော်ကို ရောက်နေတာလေ။ သူ ဘယ်ကို ပြေးလို့ရမှာလား။ ညီလာခံ တစ်ခုလုံး နဲ့ သူ က အတိုက်ခံ လုပ်မလို့လား။” မြို့တော် သားတွေ အဆုတ်ကွဲမတတ် အော်ဟစ် နေကြတော့တယ်။ လူတိုင်းက ကြောက်လန့်တကြား နဲ့။ အော်ဟစ်နေကြတော့တယ်။ ဝမ်ချောင်ကတော့ ပျော်ပျော်ကြီး သာ ရယ်မောနေခဲ့တယ်။ အရာ အားလုံးက အစီအစဉ် အတိုင်းဖြစ်နေတာ။ ဖန်ကျန်းရှီ ခုခံလေလေ သူ့ အတွက် အကျိုးရှိလေလေပဲ။
အကယ်၍ ဖန်ကျန်းရှီ သာ အလွယ်တကူ အလျှော့ပေးလိုက်ရင်။ နောင်လာမယ့် ကိစ္စ တွေမှာ ။ သူ လက်လွန်ခဲ့ရင် ။ လွယ်လွယ် ဖြေရှင်းလို့ ရ မှာ မဟုတ်တော့ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီသာ ခုခံရင်။ အခု အခြေအနေက ။ သူ့အတွက် ပိုပြီးတော့ အကျိုးရှိလာလိမ့်မယ်။
ပိုပြီးအရေးကြီးတာက။ ဖန်ကျန်းရှီကို နေရာမှာ တင် သတ်လိုက်လို့ ဖြစ်မှာ မဟုတ်ဘူး။ ဝမ်ချောင်က ဒီ အခု အဖြစ်အပျက်ကို “ မတော်တဆ” ဖြစ်အောင်လုပ်ပြီး။ လွှဲချဖို့ လူတစ်ရာတောင် ခေါ်လာတာပဲ။
“ ခုခံတဲ့ သူ မှန်သမျှကို ညှာတာမပေးနဲ့။” ဝမ်ချောင် အမိန့်ပေးတယ်။ ဒီ အချိန်မှာပဲ။ အစောင့်လေး ယောက် တိုက်ခိုက်တော့တယ်။ ဥပဒေ ဝန်ကြီး ဌာနက အစောင့်တွေ။ တကယ့်ကို မညှာတာဘူး။ ဒါပေမယ့် …… သူတို့ တွေ ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်နိုင်ပါဘူး။ သူတို့ကို တစ်ခုခု က တားဆီး ထားတဲ့ အတိုင်း။ လမ်းတစ်ဝက်မှာ ရပ်တန့်နေခဲ့တယ်။
“မဖြစ်ဘူး။” ချီဟို့ရဲ့ အသံ ထွက်ပေါ်လာတယ်။ ဖန်ကျန်းရှီကို မထင်မရှားနေဖို့ လွန်ခဲ့တဲ့ သုံးရက် တည်းက သူ ပြောထားပြီးသားပဲ။ ဒါပေမယ့် ဖန်ကျန်းရှီ ကတော့ အားလုံးကို လျစ်လျူရှုထားတယ်။ မြို့တော် ဂိတ်တံခါးမှာ ဥပဒေ ဝန်ကြီး ဌာနကို တိုက်ခိုက်တယ်။ ဖမ်းတာကို ခုခံတယ်။ ဘယ်လိုတောင် အာရုံစိုက် ခံချင် နေတာလဲ။ သူ ဖန်ကျန်းရှိကို ရပ်တန့်လိုက်ချင်ပေမယ့်။ အခုက နောက်ကျလွန်းသွားပြီ။
အသံ ထွက်လာတဲ့ အချိန်မှာပဲ ။ ဓားလေးချောင်း မြေပြင်ပေါ်ကို ကျသွားတယ်။ သူတို့ရဲ့ လက်တွေလည်း ဓား နဲ့ အတူ ပြုတ်ကျသွားတယ်။ သွေးတွေကတော့ မြင်မကောင်းအောင် ပြန့်ကျဲနေပြီ။ မြို့တော် ဂိတ်က မြေပြင် တစ်ခုလုံး သွေးတွေ စွန်း ထင်းသွားခဲ့တယ်။
ချီဟို့ရဲ့ အမူအယာကတော့ အရမ်းကို ရုပ်ဆိုးနေခဲ့တယ်။ ဖန်ကျန်းရှီ မြို့တော်ထဲကို ဝင်လာတဲ့ အချိန်။ ပြဿနာရှာမှာကို စိုးရိမ်နေတယ်။ ဖန်ကျန်းရှီ ဖမ်းဆီးတာကို ခုခံပြီးတော့ ။ လာဖမ်းတဲ့ အစောင့်တွေကို ခုခံမှာ ကို ပိုပြီးတော့တောင် စိုးရိမ်သေးတယ်။ ဒါက အတော့်ကို များတဲ့ ပြစ်မှုပဲ။ အတော့်ကို များတဲ့ ပြစ်မှု။
“ ဖန်ကျန်းရှီ။ မင်းက တောင်ပိုင်းဒေသ အိမ်ရှေ့စံကို သတ်တယ်။ မင်းသမီးကို အရှက်ခွဲတယ်။ ငါတို့ရဲ့ အိမ်ရှေ့စံကို ဒဏ်ရာရစေတယ်။ အခုတော့ ငါတို့ကို ခုခံပြီးတော့ အစောင့်တွေကို ဒဏ်ရာရအောင် လုပ်မလို့လား။” ဝမ်ချောင် အေးစက်စက် ရယ်မောရင်း နဲ့ ပြောနေခဲ့တယ်။ ဖန်ကျန်းရှီက တိုက်ခိုက်လိုက်ပြီ။
ဖန်ကျန်းရှီက အတင့်ရဲတဲ့ လူဆိုတာ ။ သူတို့ သိတယ်။ ဒါပေမယ့် ဒီလောက်ထိ အတင့်ရဲမယ်လို့တော့ မထင်ထားခဲ့မိဘူး။ သူ ထင်ထားတာ ထက်တောင် ကိစ္စတွေ က ပိုပြီးတော့ ကောင်းနေသေးတယ်။
“ ဝန်ကြီးက ကျွန်တော့်ကို ပြောနေတာလား။” ဖန်ကျန်းရှီ ရဲ့ အသံ ထွက်ပေါ်လာတယ်။ သူ့ကြည့်ရတာ လမ်းပျောက် နေတဲ့ ပုံစံပဲ။
“ အဓိပ္မာယ်မရှိလိုက်တာ။ ဒီမှာ ဖန်ကျန်းရှီ နာမည် နဲ့ ဘယ်သူ ရှိသေးလို့လဲ။” ဝမ်ချောင် မျက်လုံး ပြူး နေခဲ့တယ်။ ဒါပေမယ့် သူ အေးစက်စက် ပြန်ဖြေတယ်။
“ ကျွန်တော် မသိဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။ လူအုပ်ကြီး ဘက်ကို လှည့်မေးတယ်။
“ မင်းတို့တွေထဲ ဖန်ကျန်းရှီ ဆိုတဲ့ နာမည်နဲ့ လူ ရှိလား…..”
“ ….”
“ …. ဒီကောင် ဦးနှောက်ပျက်သွားတာလား။”
“ သူ့နာမည်သူတောင် မသိတော့ဘူးလား။” မြို့သားတွေ စိတ်ရှုပ် ရှုပ် နဲ့ ပြောတယ်။ ဖန်ကျန်းရှီ ဘာကြောင့် ဒီလို ပြောနေလဲ မသိဘူး။ ဝမ်ချောင် ကိုယ်တိုင် တောင် ဖန်ကျန်းရှီ ကို နားမလည်နိုင်။ ချီဟို့ကတော့ ဒေါသတကြီး နဲ့ အံကြိတ်ထားခဲ့တယ်။ ဖန်ကျန်းရှီ ဘာတွေ ဆက်ပြောမလဲ တောင် မကြားချင်တော့ဘူး။ ဖန်ကျန်းရှီကို ဒီ အတိုင်း ခေါ်လာမိတာတောင် နောင်တရနေမိပြီ။ ဒီလို ဖြစ်မယ်မှန်း သိရင်။ ဖန်ကျန်းရှီကို ကြိုးနဲ့ တုပ်ပြီး ခေါ်လာမိမှာ အမှန်ပဲ။
ဖန်ကျန်းရှီကို ဘာမှကို မလုပ်ခိုင်းသင့်ခဲ့ဘူး။ တစ်ခါတည်း ကြိုးနဲ့ တုပ်ပြီး လှည်းထဲ ထည့်ပိတ် ထားရမှာ။ အခုတော့။ ချီဟို့ရဲ့ အကြည့်တွေ ရေခဲ လွှာပြင်လို အေးခဲ နေခဲ့တယ်။ ဒီ အချိန်မှာပဲ ။ သူ့ဘေး ကနေ အသံ ထွက်လာခဲ့တယ်။
“ အမတ်မင်း ဝမ်။ အမတ်မင်း ကိုယ်စား လူတွေကို မေးပေးပြီးပြီနော်။ ဖန်ကျန်းရှီ ဆိုတဲ့ နာမည် နဲ့ လူ မရှိဘူး။ အို း ဟုတ်သား။ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးဖို့တောင် မေ့နေသေးတယ်။ ကျွန်တော်က ဖန်ကျန်းကျန်းပါ။ အမတ်မင်း ဝမ်။ ဘာကြောင့်များ ကျွန်တော့် လမ်းမှာ ပိတ်ရပ် နေတာလဲ။ ”
“ ဖန်ကျန်းကျန်း လား။” အမတ်မင်း ဝမ်။ သူ ကြားလိုက်ရတာကိုတောင် မယုံနိုင်ဘူး။
“ ဒီ ကောင် ဘာပြောလိုက်တာလဲ။ သူ့ နာမည်က ဖန်ကျန်းကျန်း တဲ့လား။ ”
“ ငါလည်း ကြားလိုက်တယ်။ ”
“ ဒီကောင် ရူးနေတာလား။ ကိုယ့် နာမည်ကိုတောင် မေ့နေတာလား။ ဒါက အလုပ်ဖြစ်မယ် လို့ သူ ထင်နေတာလား။ ” ရွာသားတွေ ဒါကို ကြားတော့ ။လန့်ကုန်ကြတယ်။ ချီဟို့လည်း မျက်လုံးပြူး နေခဲ့တယ်။
ဖန်ကျန်းရှီ က ဟွေ့အန်းဒေသမှာ နေ့ခင်းကြောင်တောင် ထွက်လာတယ်။ အခုတော့ မြို့တော်က လူရာချီ ရှိတဲ့ နေရာမှာ လာ လိမ်နေပြန်ပြီ။ ဖန်ကျန်းကျန်းတဲ့။ ဘယ်သူက သူ့ကို ယုံမှာလဲ။ အကယ်၍ သူ့ နာမည်ကို ပြောင်း လိုက်ရင်တောင်။ အဝတ်အစားလေး လဲပြီးတော့။ ရုပ်လေး နည်းနည်း ပါးပါး ဖျက်လာ သင့်တယ်လေ။ ချီဟို့ က လည်း သူ ရုပ်ဖျက်ဖို့ လုပ်ပေးနိုင်တာပဲ။ ပိုပြီးတော့ အရေးကြီးတာက သူ့ နာမည်ကို နည်းနည်းပါးပါး ။ ယုံကြည်စရာကောင်းအောင် ပြောင်းသင့်တယ်လေ။ သူ့ နာမည်ကို ဖန်ကျန်းကျန်းလို့ ပြောင်းတာက။ လူတိုင်းကို ငတုံးတွေလို ဆက်ဆံနေတာပဲ။
ချီဟို့ က ဖန်ကျန်းရှီ တွေးနေတာကို နားမည် နိုင်ဘူး။ ဝမ်ချောင်လည်း နားမလည်နိုင်ဘူး။ ဒါပေမယ့် သူ ကြိုးစားပြီး ရယ်မောတယ်။
“ “ဟ ဟား….။ ဖန်ကျန်းရှီ။ မင်းက ငတုံးလား။ ငါ ဥပဒေ ဝန်ကြီး ဌာနမှာ နေလာတာ ငါးနှစ်ရှိပြီ။ မင်းလို ဝရမ်းပြေးမျိုး မတွေ့ဖူးဘူး။ မင်းက တကယ်ပဲ မင်း နာမည်ကို ဖန်ကျန်းကျန်းလို့ ပြောင်းလိုက်တယ်ပေါ့။ ဟ ဟား…..။ မင်းကိုမင်း မိန်းကလေး တစ်ယောက်လို ဝတ်ထားရင်တောင်။ ငါ မင်းကို မှတ်မိတယ်။ ဒါပေမယ့်….. မင်း က ငါ့ကို ငတုံးလို့ မှတ်နေတာလား။”
“ အမတ်မင်း ဝမ်။ ဒီ ရိုးသားတဲ့ ပြည်သူလေးကို ငတုံးပါလို့ ဘာလို့များ ဝန်ခံစေချင်နေတာလဲ။ ” ဖန်ကျန်းရှီ စိတ်အေးလက်အေး နဲ့ ပြန်ဖြေတယ်။
“ ဖန်ကျန်းရှီ မင်း ငါ့ကို လှည့်စားဖို့ မကြိုးစားနဲ့တော့။ မင်း မုတ်ဆိတ်မွှေးတွေ တပ်ထားတာပဲ ဖြစ်ဖြစ်။ အမျိုးသမီးလို ဝတ်မထားတာပဲ ဖြစ်ဖြစ်။ ငါက မင်းကို မှတ်မိနေမှာပဲ။” ဝမ်ချောင်ရယ်မောတယ်။ သူ့ရဲ့ အမူအယာက အေးစက်သွားခဲ့တယ်။
“ ဒါဆိုရင်။ အမတ်မင်း ဝမ်က ကျွန်တော့်ကို မယုံဘူးပေါ့။” ဝမ်ချောင် လှောင်ပြုံးပြုံးတယ်။
“ ဒီလို ဖြစ်မှတော့။ ကျွန်တော်က ဖန်ကျန်းရှီ ဆိုတာ အမတ်မင်း သက်သေ ပြနိုင်လား ” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ နောက်ပြီးတော့ အေးဆေးဆေး ပြန်ဖြေတယ်။
“ မင်း က သက်သေလိုချင်တာလား။” ဝမ်ချောင်ရဲ့ အပြုံး အေးခဲသွားတယ်။ ဖန်ကျန်းရှီက တကယ်ပဲ ဖန်ကျန်းရှီ ဖြစ်တယ် ဆိုတာ သက်သေပြဖို့ သူ့မှာ တကယ်ပဲ သက်သေမရှိဘူး။ ဘယ်သူကများ ဒီလိုသက်သေကို ပြင်ဆင်ထားမှာလဲ။ လူတိုင်းက ဖန်ကျန်းရှီကို သိ နေတာပဲလေ။
“ ဖန်ကျန်းရှီ။ မင်း ရဲ့ ပုံတူတွေက မြို့တော် တစ်ခုလုံး အပြည့်ပဲ။ ဒီက ပြည်သူတွေ အကုန်လုံးက ငါ့ရဲ့ မျက်မြင် သက်သေတွေပဲ။ ဘာသက်သေများ ထပ်လိုအပ်သေးလို့လဲ။” ဝမ်ချောင် ပြန်ဖြေတယ်။
“ ပုံတူ ဟုတ်လား။ အမတ်မင်း ဝမ်။ ဥပဒေ ဝန်ကြီး အနေနဲ့။ အမတ်မင်းက ဒီ့ထက် ထက်မြက်လိမ့်မယ် ဆိုတာ ကျွန်တော် သေချာသိပါတယ်။ ဘယ်လိုများ လူတစ်ယောက်ကို ။ ပုံတူ နဲ့ ဖမ်းလို့ရမှာလဲ။ လောကမှာ တူတဲ့ လူ တွေ အများကြီး။ ” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
ဝမ်ချောင်ရဲ့ အမူအယာ ပြောင်သွားတယ်။ ဖန်ကျန်းရှီ ပြောတာ အမှန်ပဲ။ ပုံတူ ပန်းချီ တစ်ခုတည်း နဲ့တော့ သူ့ကို ဖမ်းလို့ မရဘူး။ ဒီလူက ဖန်ကျန်းရှီ ဆိုတာ သူ သက်သေ ပြပြီးသားပဲ။ ဒါပေမယ့်။ ဖန်ကျန်းရှီက သူ့ကို ချက်ကျ လက်ကျ ပြန်ငြင်းနေခဲ့တယ်။
နာမည်ကို ပြောင်းတာက။ သူကြားဖူးသမျှထဲ အတော့်ကို တုံးတဲ့ နည်းလမ်းပဲ။ စနစ်ကိုကစားဖို့ ကြံစည်နေတာလား။ ဖန်ကျန်းရှီက အခုလို ဥပဒေကို လက်တစ်လုံးခြား လုပ် လာလိမ့်မယ် လို့ မထင် ထားခဲ့မိဘူး။ ဖန်ကျန်းရှီက ဟွေ့အန်း ဒေသမှာလို အတိအလင်း ထင်ထင်ရှားရှား နဲ့ လာမယ် လို့ပဲ ထင်ထားတာ။ မြို့တော်ကို ရောက်လာတော့ နာမည် ချက်ခြင်း ပြောင်းလိမ့်မယ်လို့ မထင်ထားခဲ့ မိဘူး။ ဝမ်ချောင် မျက်နှာတွေ ရဲ လာခဲ့တယ်။ ဖန်ကျန်းရှီကို လွယ်လွယ် နဲ့တော့ လွှတ် မပေးနိုင်ဘူး။ သူက ယဉ်ကျေးမှု ဝန်ကြီးလေ။
“ဖန်ကျန်းရှီ။ ငါ မင်းကို အခုချိန်မှာ အတည် မပြုနိုင်ရင်တောင်။ မင်းကို ဖမ်းနိုင်ပါသေးတယ်။” ဝမ်ချောင်ရယ်မောတယ်။
“ ကျွန်တော်က ဖန်ကျန်းရှီ ဆိုတာ သက်သေ မပြနိုင်ဘူးလို့ ဝန်ကြီး ပြောနေတာလား။”
“ ဒါဆိုရင်။ ငါ သက်သေ မပြနိုင် တော့ကော ဘာဖြစ်လဲ။ မင်း ထောင်ထဲမှာ ထိုင်နေတဲ့ အချိန်။ မင်း က ဖန်ကျန်းရှီ ဆိုတာ ငါ သက်သေပြဖို့ နည်းတွေ အများကြီး ရှိတယ်။ ” ဝမ်ချောင် သူ့ကိုယ်သူ စိတ်ထိန်း ထားခဲ့ တယ်။
ဝရမ်းပြေး တစ်ယောက်ကို ဖမ်းဖို့ ။ ဘာမှ မလိုပါဘူး။
“ ဒါပေမယ့် ….. ။ ကျွန်တော်က ကျွန်တော့်ကို ကျွန်တော် ဖန်ကျန်းကျန်း ဖြစ်ကြောင်း သက်သေ ပြလိုက်ရင်ကော။ ” ဖန်ကျန်းရှီ လည်း အေးဆေးနေခဲ့တယ်။
“ မင်းက မင်းကို မင်း ဖန်ကျန်းကျန်း လို့ သက်သေ ပြမလို့လား။” ဝမ်ချောင် လည်း အေးဆေးနေခဲ့တယ်။
“ ဒါပေါ့။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် စာလွှာတစ်ခုကို သူ ထုတ်လာခဲ့တယ်။ အဲ့ဒီ့နောက် စာလွှာကို ဖွင့်ချလိုက်တယ်။ (ဖန်ကျန်းကျန်း) ဆိုတဲ့ စကားလုံးက ထင်ထင်ရှားရှား မြင်သာနေတယ် ။ ပိုပြီးတော့ အရေးကြီးတာက။ စာလွှာရဲ့ အောက်ဆုံးမှာ။ ( ဟွေ့အန်းဒေသ ) ဆိုတဲ့ အနီရောင် တံဆိပ်ခေါင်းကို ခတ်နှိပ် ထားတယ်။
“ မွေးစာရင်းလား။” ဝမ်ချောင် မယုံနိုင်။ အရင်တုန်းက။ ဝရမ်းပြေးတစ်ယောက်။ ဒီလိုမျိုး မွေးစာရင်း အတုလုပ်လာ တဲ့ ဝရမ်းပြေးကို သူ မတွေ့ဖူးဘူး။ အတု လုပ်လာတာလား။ လူတွေကို ငတုံးတွေလိုများ ဆက်ဆံနေတာလား။ ဒါက လုံးဝကို မယုံနိုင်စရာပဲ။ ဘယ်သူက များ သူ့ကို ယုံမှာလဲ။
“ ဖန်ကျန်းရှီ ။ မင်းက ငါ့ကို မွေးစာရင်း အတု နဲ့ လှည့်စား လို့ရမယ်လို့ ထင်နေတာလား။ မင်း လိုမျိုး ငတုံးလို့ လေ။” ဝမ်ချောင် က ဒီ လှည့်ကွက်ထဲ ကျရောက်မှာ မဟုတ်ဘူး။
“ အိုက်ယား….. အမတ်မင်း ဝမ် ကြည့်ရတာ ။ သဘောမပေါက် သေးတဲ့ ပုံစံပဲ။ စိတ်မပူ ပါနဲ့။ ဒီ စာရွက် စာတမ်း တင် မကဘူး။ မျက်မြင် သက်သေလည်း ရှိပါသေးတယ်။ ” ဖန်ကျန်းရှီ သက်ပြင်းချရင်း ပြောတယ်။
“ မျက်မြင် သက်သေ ဟုတ်လား။” ဝမ်ချောင်ကတော့ မျက်လုံး ပြူးနေခဲ့တယ်။ လူတစ်ယောက်က ဒီ လောက်ထိ မျက်နှာပြောင် တိုက်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ အံ့သြစရာ ကောင်းလိုက်တာ။
အပိုင်း(၄၉၄) ပြီး၏။
အပိုင်း (၄၉၅)
“ အံကြိတ်ပြီး ဗြောင်လိမ်မယ်။”
ဝမ်ချောင်က ခေါင်းခါနေခဲ့တယ်။ သူ့ ဘေးပတ်ပတ်လည်က လူတွေကို ကြည့်တယ်။ ဖန်ကျန်းရှီ က ဘယ်သူ့ကို များ သူ့ရဲ့ မျက်မြင် သက်သေ အဖြစ် သုံးမှာလဲ။ ဝမ်ချောင် ဒီ အတွေးကို ချက်ခြင်း ဖျောက်လိုက်တယ်။ မျက်မြင် သက်သေ ဆိုတာ ကြုံရာလူ မဟုတ်ဘူး။ တကယ့်ကို ယုံကြည်ရတဲ့ သူပဲ ဖြစ်ရမယ်။ ဒါက မျက်မြင်သက်သေ တစ်ယောက်မှ ရှိသင့် ရှိထိုက်တဲ့ အခြေအနေ တစ်ခုပဲ ။ ဥပမာ အားဖြင့်။ သူ့ရဲ့ ဇနီး ဒါမှ မဟုတ်။ သားသမီး တစ်ယောက်ယောက်က မျက်မြင် သက်သေ ဖြစ်လို့မရဘူး။ ဒါမျိုးက ယုံကြည်ရတဲ့ မျက်မြင် သက်သေလို့ ပြော လို့မရဘူးလေ။
ဘယ်သူမှလည်း ဒါမျိုးုကို လက်ခံမှာ မဟုတ်ဘူး။ ဒီလိုပဲ ရွာသား တစ်ယောက်ယောက်ကို မင်း အတွက် သက်သေ ခံခိုင်းရင်တောင်။ ဘာမှ သက်ရောက်မှာ မဟုတ်ဘူး။ အခုလို ကိစ္စကြီး အတွက်က။ ရာထူးမြင့် တဲ့ သူ ဖြစ်ဖို့ လို လိမ့်မယ်။ ရွာသားတွေက ရွာတွင်း ပြစ်မှု တွေမှာ တော့ မျက်မြင် သက်သေ လုပ်နိုင်တယ်။ ဒါပေမယ့် လူသတ်မှု။ ဓားပြမှု တွေမှာတော့။ သူတို့ရဲ့ သက်သေခံချက်က သက်ရောက်မှု နည်းပါးတယ်။ ဖန်ကျန်းရှီ လို ကိစ္စ မျိုးကတော့ ။ ချမ်းသာတဲ့ သူတွေ ။ မြင့်မြတ်ဂုဏ်ခံ မိသားစုက သခင်ကြီးတွေ တောင် မျက်မြင်သက်သေ လုပ်ပေးနိုင် မှာ မဟုတ်ဘူး။ ဝမ်ချောင် ဖန်ကျန်းရှီ ရဲ့ ဘေးပတ်ပတ် လည်ကို ကြည့်တယ်။ ဝတ်ရုံနက် ခြုံပြီးတော့ မျက်နှာဖုံး နက် စွပ်ထားတဲ့ လူ လေးယောက်။
မဟုတ်ဘူး။ သူတို့တွေက ဖန်ကျန်းရှီ ရဲ့ အမိန့် အတိုင်း လိုက်လုပ်နေတာ။ ဒါကြောင့် မျက်မြင် သက်သေ တော့ မဖြစ်နိုင် ဘူး။ ရန်ရွှယ် တစ်ယောက်ပဲ ကျန်တော့တာ။ ရန်မိသားစုက ရန်ရွှယ်က။ ရန်ဘုရင် ရန်ချန်လိ ရဲ့ နေရာကို ဆက်ခံ မှာ ။ နောင်တစ်ချိန်မှာ အနောက်ပိုင်း လျန် ဒေသကို အုပ်ချုပ်ရမယ့် သူ။ ဒါကြောင့် သူ့ရဲ့ ဂုဏ်သတင်း နဲ့ သက်ရောက်မှု ကတော့ ပိုပြီး ကြီးတယ်။
ဒါပေမယ့် မြို့တော် ထဲက လူတိုင်း သိနေတာပဲ။ ရန်ရွှယ် က ဖန်ကျန်းရှီ ရဲ့ သူငယ်ချင်း အရမ်း ခေါက်ခေါက်ကြီး။ ဒါကြောင့် သူက မျက်မြင် သက်သေ မဖြစ်နိုင်ဘူး။
“ဖန်ကျန်းရှီ။ မင်း နဲ့ သခင်လေး ရန် က မိတ်ဆွေ တွေ ဆိုတာ ငါသိတယ်။ မိသားစုတွေ မိတ်ဆွေတွေက မျက်မြင်သက်သေ ဖြစ်လို့မရဘူး။” ဝမ်ချောင်ရယ်မောရင်း နဲ့ ပြောတယ်။
“ သိပါတယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ အိုး….. ဒါဆိုရင် မင်းရဲ့ မျက်မြင် သက်သေက ဘယ်သူ ဖြစ်မလဲ ဆိုတာ ငါ သိပါရစေ။ ” ဝမ်ချောင် သူ့ကိုယ်သူ သံသယဖြစ်လာတယ်။ ရန်ရွှယ် မဟုတ်ဘူး။ ဒါဆိုရင် ဘယ်သူက အတည်ပြုပေးမယ့် သူ ဖြစ်လာနိုင် အုန်းမှာလဲ။ ဘယ်သူကများ ဒီကောင့်ကို အတည်ပြုပေးတဲ့ အထိ တုံးအ နိုင်မှာလဲ ။
ချီဟို့လည်း တူညီစွာပဲ စိတ်ရှုပ်ထွေးနေခဲ့တယ်။ ဖန်ကျန်းရှီက မျက်မြင်သက်သေ ခေါ်မယ် ပြောပြောချင်း တုန်းက။ ရန်ရွှယ်ကို သူ တွေးလိုက်မိတယ်.။ ဒါပေမယ့် မဟုတ်ဘူးလို့ ဖန်ကျန်းရှီက အရိပ် အမြွက်ပေးလိုက်ပြီးသား။ ဒါဆိုရင်။ ပင်းယန် မင်းသမီးလား။ ဖြစ်နိုင်တယ်။ ဒါပေမယ့် ပင်းယန် မင်းသမီးက ဖန်ကျန်းရှီ ပြန်လာတည်းက တစ်ခါမှ မတွေ့ရသေးဘူး။
ချီဟို့ ခပ်ဝေးဝေးက လူအုပ်ကို ကြည့်နေ မိတယ်။ ပင်းယန် မင်းသမီးရဲ့ အရိပ်ယောင်ကိုတောင် မတွေ့ဘူး။ ဒီတော့ မျက်မြင် သက်သေ ဆိုတာ ဘယ်သူ ဖြစ်နိုင်မလဲ။ ဘယ်သူကများ ဖန်ကျန်းရှီရဲ့ အလိမ်အညာတွေကို လက်ခံပေးနိုင်မှာလဲ။ အံကြိတ်ပြီး ဗြောင်လိမ်မယ့် လူ ဘယ်သူများ ရှိအုန်းမှာလဲ။ ချီဟို့ ဖန်ကျန်းရှီကို သံသယ အပြည့်နဲ့ ကြည့်နေခဲ့တယ်။ ရန်ရွှယ်ကောပဲ။ ဒါပေမယ့် ရန်ရွှယ်ကတော့ မမေးဘူး။ ဖန်ကျန်းရှီ စကား ပြောလာမှာကို စောင့်နေခဲ့တယ်။
ဖန်ကျန်းရှီကတော့ ချီဟို့ကို ပြုံးပြရင်း ကြည့် နေတယ်။ ချီဟို့ လန့်သွားတယ်။ ဖန်ကျန်းရှီက ဘာကြောင့်များ သူ့ကို ကြည့်နေရတာလဲ။ သူ့ကို မျက်မြင် သက်သေများ လုပ်ချင်နေတာလား။ သူ တွေးနေတဲ့ အချိန်မှာပဲ။ ဖန်ကျန်းရှီက လက်ကို မြှောက်ရင်း နဲ့ ချီဟို့ကို လက်ညှိုးထိုးလာတယ်။
“ကျွန်တော့်ရဲ့ မျက်မြင် သက်သေက။ နတ်ဆိုးကျောင်းတော်က ချီဟို့…..”
“ ကျွန်တော့် မျက်မြင် သက်သေ။”
“ နတ်ဆိးကျောင်းတော်က ချီဟို့။
“ ……”
အသံ ကလေထဲမှာ ပဲ့တင်ထပ်သွားခဲ့တယ်။ နတ်ဆိုးကျောင်တော်ရဲ့ ခေါင်းဆောင် တစ်ယောက်က ဖန်ကျန်းရှီ ရဲ့ မျက်မြင်သက်သေ ဖြစ်လာမယ်လို့ ဘယ်သူမှ မတွေးထားခဲ့မိဘူး။ ဒီ လို တုံးအတဲ့ အလုပ်မျိုး သူက ဘာကြောင့်များ လုပ်ရမှာလဲ။ နတ်ဆိုးကျောင်းတော်ရဲ့ ခေါင်းဆောင်က တကယ်ပဲ ဒီ အလိမ် အညာကို ထောက်ခံ ပေးတော့မှာလား။
“ သူပြောတာ….. ချီဟို့က မျက်မြင် သက်သေတဲ့လား။”
“ဟုတ်တယ် ချီဟို့ တဲ့လား။ ဒါက ဖြစ်ကော ဖြစ်နိုင်လို့လား။”
“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ နတ်ဆိုးကျောင်းတော်က သူ့ကို ဒီနေရာဆီ ခေါ်လာတာလေ။ ဘာကြောင့်များ ချီဟို့က သူ့ကို အတည်ပြုပေးရမှာလဲ။ ဒီလူက ဖန်ကျန်းကျန်း လို့ ” လူအုပ်ကြီး တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့တယ်။ ချီဟို့က ဒီလိုမျိုး လုပ်လာမယ်လို့ မထင်ထားမိဘူး။
ဝမ်ချောင်လည်း နားမလည်နိုင်။ ဒီလူက ဖန်ကျန်းကျန်းလို့ ချီဟို့ တကယ်ပဲ အတည်ပြုပေးမှာလား။ အမ်။ ဘာတွေ ဖြစ်နေတာလဲ။ ချီဟို့ရဲ့ မျက်နှာ မှောင်မည်းနေတာကို ဝမ်ချောင် သတိ ထားမိတယ်။ သူလည်း ဒါကို ကြို မသိတာ သေချာ တယ်။
ချီဟို့ ဒေါသထွက်နေတယ်။ အော်ဟစ်ပြီးတော့ ကျိန်ဆဲ ချင်နေတယ်။ သူသိသမျှ ကျိန်ဆဲတဲ့ စကားလုံး တွေ အကုန် အော်ဟစ်ပြစ်လိုက်ချင်တယ်။ ဒါပေမယ့် တွေးကြည့်ပြန်တော့လည်း။ ဒါက ဘာ အကူအညီမှ မဖြစ်နိုင် ဘူးလေ။ သူက မြင့်မြတ်တဲ့သူ။ ဖန်ကျန်းရှီက သာမာန် မိသားစုလေးက။ ရိုးရိုးသားသားပြောရရင်။ ချီဟို့က သာမာန် လူတွေ ရှေ့မှာ အော်ဟစ်တာမျိုး မလုပ်သင့်ဘူးလေ။ သူ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်။ ချီဟို့ အပြစ်ကင်းစင် တဲ့ အမူအယာလေး နဲ့ ကြည့်နေတဲ့ ဖန်ကျန်းရှီ ရဲ့ မျက်နှာကို စိုက်ကြည့်နေတယ်။ နောက်ဆုံးတော့ ဖန်ကျန်းရှီရဲ့ အတွေးကို သူ နားလည်ပြီလေ။ အခုချိန်မှာ မှ သူ နားမလည်ရင်။ နတ်ဆိုးကျောင်းတော် ခေါင်းဆောင် လုပ်မနေတော့ဘူး။
ဒါက ထောင်ချောက်ပဲ။ ကြိုတင် စီစဉ်ထားတဲ့ ထောင်ချောက်။ လွန်ခဲ့တဲ့ သုံးရက်တုန်းက။ ဖန်ကျန်းရှီကို သူ့ တဲထဲ သွားရှာတဲ့ အချိန်မှာ။ မြို့ထဲကို ဝင်တဲ့ အချိန် လုပ်ရမယ့် ကိစ္စတွေကို သူတို့ ဆွေးနွေးပြီးသား။ သွမ့်အရှင်က သူတို့ ကူညီမှာကိုတောင် ပြောပြ ထားသေး။ ဖန်ကျန်းရှီက သူ့ အစီအစဉ် အတိုင်း ဆက်လုပ်မယ်လို့ မျှော်လင့် ထားတာ။ ဒီလို အစီအစဉ် အတိုင်း ဆက်လုပ်နေမယ်ဆိုရင်တော့။ ဖန်ကျန်းရှီက နောက်ဆုံးမှာ သွမ့်အရှင်ရဲ့ လက်အောက် ကို အလိုလို သစ္စာ ခံ ရလိမ့်မယ်။
ဒါက လုံးဝကို ပြီးပြည့်စုံတဲ့ အစီအစဉ်ပဲ။ ချီဟို့က သူ့ အစီအစဉ်ကို အကြိမ် ကြိမ် ပြန် ဆင်ခြင်ခဲ့တယ်။ ဒါပေမယ့် ဘာ ဟာကွက်မှ ရှာမတွေ့ဘူး။ အကယ်၍ ဖန်ကျန်းရှီသာ ဟွေ့အန်းဒေသမှာ လုပ်သလိုမျိုး။ မြို့တော်ကို ဝင်လာခဲ့ရင်။ သွမ့်အရှင်နဲ့ ချီဟို့ရဲ့ အကူအညီ မပါပဲ အသက်ရှင် နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် အခုတော့။ သူ့ အစီအစဉ် တစ်ခုလုံး သဲထဲ ရေသွန် ဖြစ်သွားပြီ။ ဖန်ကျန်းရှီက သူ့ နာမည်ကို မျက်မြင် သက်သေ အဖြစ် ထုတ်ဖော်နေပြီ။ အခုချိန် ချီဟို့မှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။
ပထမတစ်ခုက ။ ဖန်ကျန်းရှီ အတွက် လိမ် ပေးဖို့။ ဒုတိယ တစ်ခုကတော့ ဘာမှ မပြောပဲ ဘေးဖယ် နေဖို့။ တစ်ခုမှ တော့ မကောင်းဘူး။ ချီဟို့ အံကြိတ်ထားမိတယ်။ သူ အော်မိတော့မလို့။ “နှစ်တစ်သန်းကြာရင်တောင် မလုပ်နိုင်ဘူး လို့။” ဒါပေမယ့် သူအံကြိတ်ရင်းနဲ့ သာ စကားတွေကို ပြန်သိမ်းထားမိတယ်။ အစောင့်တွေရဲ့ ပြတ်သွားတဲ့ လက်တွေ နဲ့။ မြေပြင်ပေါ်က ကျနေတဲ့သွေးတွေကို သူ ကြည့်နေတယ်။ နောက်ဘာဆက် ဖြစ်မယ် ဆိုတာ တွေးကြည့်လို့ရတယ်။ ဒါကို လူတိုင်းထက် သူက ပိုသိသလို။ ဒီ အခြေအနေကို ဘယ်လို ဖြေရှင်းရမယ် ဆိုတာလည်း နားလည်တယ်။
ဒါပေမယ့် ဖန်ကျန်းရှီ နဲ့ ပတ်သက်လာရင်တော့။ နောက်တစ်လှမ်း ဆုတ်ပြီးတော့။ သူ့ အခြေအနေကို ဆုံးဖြတ်ကြည့်ဖို့ လိုတယ်။ ဖန်ကျန်းရှီက ဖမ်းဆီးတာကို လုံး၀ ဆန့်ကျင်နေမှာပဲ။ ဖန်ကျန်းရှီ ဘယ်လို လုပ်ချင်ဆိုတာ သူ ဂရုမစိုက်ဘူး။ အခုချိန်မှာ ဖန်ကျန်းရှီကို မြို့တော်ဆီ ခေါ်လာခဲ့တာ သူပဲလေ။ ဒါကြောင့် သူ ဘာပဲ လုပ်လုပ် သူ့ကို လာထိ ခိုက်မှာပဲ။ နောက်ပြီးတော့ ဖန်ကျန်းရှီရဲ့ နောက်မှာ အရိပ် မျိုးနွယ်ကြီး တစ်ခုလုံးလည်း ရှိနေသေးတယ်။ ဒါကိုလူတော်တော် များများ မသိပေမယ့်။ ချီဟို့ကတော့ သိနေတယ်လေ။ အကယ်၍ အရိပ်မျိုးနွယ်သာ ဖန်ကျန်းရှီကို ကယ်ဖို့ ဆုံးဖြတ် လိုက်ရင်။ ဘာတွေ ဖြစ် လာတော့မှာလဲ။
မြို့တော် တစ်ခုလုံး ဆူပူ အုံကြွ လာလိမ့်မယ်။ နောက်ထပ် ကိစ္စ တစ်ခုကတော့။ ဖန်ကျန်းရှီသာ ဒီ နေရာမှာ အဖမ်း ခံလိုက်ရရင်။ အိမ်ရှေ့စံ မင်းသား အတွက် အကျိုးရှိသွားလိမ့်မယ်။ ဒီလို ဖြစ်ရင်ကော။ သွမ့်အရှင်ရဲ့ အစီအစဉ် က အောင်မြင်နိုင်ပါ့ မလား။ ဖန်ကျန်းရှီ မရှိရင်။ အိမ်ရှေ့စံကို တိုက်ခိုက်မယ့် သူလည်း မရှိတော့ဘူး။ လက်ရှိ ဧကရာဇ် နန်းမစွန့်ခင် ထိ နှစ်တွေ မှာ ။ အိမ်ရှေ့စံက ဆက်တိုက် အင်အား ရှိနေမယ်ဆိုရင် ….. ။
“ဒါက များလွန်းတယ်လေ။ ” နှစ်တွေ အများကြီး အာဏာလွှမ်း မိုးတာက။ ချီဟို့ ကိုယ့်လည်ပင်းမှာ ဒီလို ကြိုးကွင်း လာစွပ်နေမယ်လို့ မမျှော်လင့်ထားမိဘူး။ ဖန်ကျန်းရှီက သူ့ကို မလှိမ့်တပတ် လုပ်သွားပြီ။ ဖန်ကျန်းရှီကို မြို့တော်ဆီ သူ ခေါ်လာတာ။ ထောင်ချောက်ဆင် ချင်တဲ့ ရည်ရွယ်ချက် နဲ့ပဲ။ ဒါပေမယ့်။ ဖန်ကျန်းရှီက သူ့ကို ထောင်ချောက် ထဲ ပြန်ထည့်သွားတယ်။ ချီဟို့ အခုချိန်မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ထောင်ချောက်ထဲ ဝင်ရတော့မယ်
“ ငါ … ငါ သက်သေခံနိုင်တယ် ….. ဒီလူ့ရဲ့ နာမည်က ဖန်ကျန်းကျန်း။” ချီဟို့ ဒီ စကားတွေကို မနည်း အားတင်း ပြီးတော့ ပြောလိုက်တယ်။ ဒါပေမယ့် ဒီ စကားလုံးတွေကို ပြောလိုက်ပြီးတဲ့ အချိန်။ ပုခုံးပေါ်မှာ ထမ်းထားရတဲ့ အလေးတုံးကြီး ပြုတ်ကျသွားသလိုပဲ။
“ သူ့ နာမည်က ဖန်ကျန်းကျန်း။”
“ဖန်ကျန်းကျန်း…..”
ချီဟို့ရဲ့ အသံက လေထဲမှာ ဖြတ်ပြီးတော့ ထွက်လာခဲ့တယ်။ လူအုပ်ကြီးကတော့ အံ့သြနေခဲ့တယ်။ နတ်ဆိုးကျောင်းတော် ခေါင်းဆောင်က ဒီလို အတည်ပြုပေးတာကို သူတို့ မယုံနိုင်ဘူး။ သူတို့ကို သူတို့ တောင် သံသယဝင်လာကြတယ်။ ဒီလူက တကယ်ပဲ ဖန်ကျန်းကျန်းလား။ မဟုတ်ဘူးဆိုရင်။ နတ်ဆိုးကျောင်းတော် ခေါင်းဆောင်က ဘာကြောင့်များ ဗြောင်လိမ်ရမှာလဲ။
ဒီအလိမ်အညာက တကယ်ပဲ တန်လို့လား။ သူက ကျောင်းတော် ဆယ့်သုံးခုထဲက တစ်ခုရဲ့ ခေါင်းဆောင်။ မြောက်ပိုင်းဒေသ ခေါင်းဆောင်လေ။ တကယ်ပဲ ဗြောင်လိမ်တယ်ပေါ့။ ဝမ်ချောင်ကတော့ မျက်လုံးပြူးရ လွန်းလို့။ မျက်လုံးတောင် ကျွတ်ထွက်တော့မယ်။ ချီဟို့…… ချီဟို့က အခုပဲ အတည်ပြုလိုက်တယ်။ လိမ်ညာတာက ဘယ်လောက်ထိ အပြစ်ကြီးမှန်း သူ တကယ်ပဲ မသိဘူးလား။
ဒါပေမယ့် ချီဟို့ကတော့ ပြောခဲ့ပြီးပြီ။ လူတွေ အများကြီးရဲ့ ရှေ့မှာ အတည်ပြုလိုက်တာ။ ဝမ်ချောင် မျက်လုံးတွေကို ပွတ်သပ်ရင်း သေချာအောင် ကြည့်နေခဲ့တယ်။ သူ ဘာပြောရမယ်မှန်း မသိကို ဖြစ်နေခဲ့ပြီ။ ဝမ်ချောင်က ဥပေဒတွေကို ကျေညက်တဲ့ လူလေ။ ဥပဒေမှာ သက်သေ လိုအပ်တယ်။ ချီဟို့ရဲ့ အတည်ပြုချက်က မှားတယ် ဆိုတာကို နောက်ထပ် ထောက်ပြဖို့ သက်သေ က မရှိနိုင်တော့ဘူး။ သူ ဘာများ ဆက် လုပ်နိုင် အုန်းမှာလဲ။
“ အရှင်….. အရှင် အခုပဲ ပြောလိုက်တာကို သိကောသိရဲ့လား။” ဝမ်ချောင် ရှင်းရှင်းလင်းလင်းကို ကြားလိုက်ပါတယ်။ ဒါပေမယ့် သူ အခုထိ မယုံနိုင်သေးဘူး။ ချီဟို့က တကယ်ပဲ ဖန်ကျန်းရှီကို ကယ်တင်ဖို့ ။ ဗြောင်လိမ်နေတာလဲ။
“ဒါပေါ့။ ငါ သိတာပေါ့။ ဘာလဲ။ မင်းက ငါ့စကားတွေကို သံသယ ဝင်နေတာလား။” ချီဟို့ အံကြိတ်နေခဲ့တယ်။ ဒီ စကားတွေကို ပြောတဲ့ အချိန် သူ့ နှလုံးသားထဲက တဆစ်ဆစ် နာနေခဲ့တယ်။ ဒါပေမယ့် သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထိန်းချုပ်ရင်း။ တည်ငြိမ်အောင် လုပ်နေခဲ့တယ်။ သူပြောစရာရှိတာ ပြောလိုက်ပြီးပြီ။ နောက်ပြန်ဆုတ်ဖို့ လမ်း မရှိတော့ဘူး။ ဒီလူက ဖန်ကျန်းကျန်းဆိုတာ လုံးဝကို ငြင်းရမယ်။
“အရှင်….. အရှင်က တကယ်ပဲ ဒီ လူ့ရဲ့ မျက်မြင် သက်သေလား။ ဒီလူက ဖန်ကျန်းရှီ။ မဟုတ်ပဲ ဖန်ကျန်းကျန်းလို့ ပြောနေတာလား။” ဝမ်ချောင်က ချီဟို့ကို စိုက်ကြည့်ရင်း နောက်တစ်ကြိမ် မေးပြန်တယ်။
“အတိအကျပဲ။” ချီဟို့ ခေါင်းငြိမ့်ရင်း နဲ့ ပြန်ဖြေလိုက်တယ်။ ဝမ်ချောင်ကတော့ ဆက်မမေးတော့ဘူး။ သူ ဖိအားပေးပြီးတော့ ဆက်မေးရင်တောင် ဘာမှ မထူးခြားတော့မှာ သေချာတယ်လေ။ ဒါမျိုး ဖြစ်လာမယ်လို့ မထင်ထားမိဘူး။ ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ်။ ဒီကိစ္စကို ဖြေရှင်းဖို့ လိုတယ်။ အိမ်ရှေ့စံက ဖန်ကျန်းရှီကို ဖမ်းဆီး ချင်တယ်။ ဒါကြောင့်။ သူ ပြီးဆုံးအောင် လုပ်ရမယ်။ အခုချိန်မှာ နောက်ဆုတ်လို့ မရဘူး။ သူပဲ ဖြစ်ဖြစ်။ ဖန်ကျန်းရှီ ပဲ ဖြစ်ဖြစ်။
“ ငါ မယုံနိုင်ဘူး။ မင်း က ဒီလိုပဲ ဆက်လုပ်နေအုန်းမှာလား။ စိတ်မရှိရင်။ ဘေးဖယ်နေလိုက်တော့။ ဒီလို့ကို ဖမ်းရမယ်။ ” ဝမ်ချောင် အံကြိတ်ရင်း ပြောတယ်။
“ ဝမ်ချောင်။ မင်း ကိုယ်မင်း ဘာလုပ်နေတယ် မှတ်လဲ။ ငါက အဆင့်တစ် စစ်သူကြီး။ မင်းက ဥပဒေ ဝန်ကြီး ဖြစ်နေရင်တောင်။ ငါ့ရဲ့ အတည်ပြုချက်ကို သံသယ ဝင်လို့ရမယ် ထင်နေတာလား။” ချီဟို့ ဒေါသ တကြီးနဲက ပြောတယ်။
“အရှင်။ ဒါက မြို့တော်ပါ ။ မြောက်ပိုင်းဒေသ မဟုတ်ဘူး။”
“ အဲ့ဒီ့တော့ ဘာဖြစ် လဲ။”
“ဥပဒေသ အမတ်မင်းေ တွရဲ့ အထက်မှာ ရှိတယ်။ ငါက ဥပဒေ ဝန်ကြီး။ နောက်ပြီးတော့ ဘယ် ဝရမ်းပြေးကို မဆို ဖမ်းနိုင်ခွင့်ရှိတယ်။ အကယ်၍ မင်းမှာ တစ်ခုခု ပြောစရာရှိရင်။ မနက်ဖြန် ညီလာခံမှာသာ သွားပြောတော့။”
“ဒါပေမယ့် ငါ့ မျက်လုံးကို ငါယုံတယ်။ ဒီလူကို မှား ဖမ်းမိတာ ဆိုရင်။ အမှားလုပ်မိတဲ့ ငါ့မျက်လုံးကို ကိုယ်တိုင် ဖောက်ထုတ်ပြစ်မယ်။ ” ဝမ်ချောင်က ဒေါသတကြီးနဲ့ ပြန်ဖြေတယ်။
“ဝမ်ချောင်။ မင်း ….” ချီဟို့ မျက်လုံးပြူး သွားတယ်။ ဝမ်ချောင်က ဖန်ကျန်းရှိကို ဖမ်းဖို့ ဒီလောက်ထိ စိတ်ဆုံးဖြတ် ထားလိမ့်မယ်လို့ မထင် မှတ်ထားမိဘူး။ ချီဟို့ကို ဆန့်ကျင်ပြီးတော့တောင်။ ဒီလို တိုက်ခိုက်ဖို့ စိတ်ကူးရှိနေသေးတယ်။ ချီဟို့ ဒါမျိုးကို မမျှော်လင့်ထားဘူး။
“ ဖမ်းလိုက်ကြ။”
“ “မင်း မလုပ်ဝံ့ပါဘူး။”
“ မင်း …. ။ ငါ့ တံဆိပ်ကို ယူသွား။ ဥပဒေ ဝန်ကြီး ဌာနကို သွားပြီးတော့ စစ်ကူတောင်းလာခဲ့။ ငါ့လမ်းမှာ ပိတ်နေတဲ့ လူတွေ အားလုံးကို ဖယ်ရှား ပြစ်မယ်။ ” ဝမ်ချောင် သူ့ အမိန့်ပြားကို ထုတ်လာရင်း ပြောတယ်။ လူအုပ်ကြီးကတော့ အရမ်းကို ထိတ်လန့်နေခဲ့တယ်။ ဝန်ကြီး တစ်ယောက်က အဆင့် တစ် စစ်သူကြီးကို ဒီလို ပွင့်ပွင့်လင်းလင်း တိုက်ခိုက် လာမယ်လို့ မထင်ထားခဲ့ဘူး။ ချီဟို့ကော ဝမ်ချောင်ကော အင်အားကြီးတဲ့ လူတွေပဲ။ ဒီလို မြို့တော် ကြီးမှာတောင် သူတို့ တွေက တကယ့်ကို အင်အားကြီးတယ်။
အခုတော့။ တစ်ယောက်က လိမ်ညာပြီး အတည်ပြုတယ်။ နောက်တစ်ယောက်က အမတ်မင်း တံဆိပ်ကိုတောင် ဖန်ကျန်းရှီကြောင့် ထုတ်သုံးနေရပြီ။ မနက်ဖြန် ရောက်ရင်တော့ ဒီ အဖြစ်က အတော့်ကို လူပြောများနေ တော့မှာပဲ။ ချီဟို့ရဲ့ အမူအယာကတော့ မည်းမှောင်နေတယ်။ တကယ်တော့ ဒီ မြို့ဂိတ်တံခါးကို ခြေချတည်းက သူ့ မျက်နှာ အမူအယာက မပြောင်းလဲ ခဲ့ဘူး။ မြောက်ပိုင်းကျောင်းတော် ငါးခုရဲ့ ခေါင်းဆောင် အနေနဲ့။ သူ့စကားတွေကို သံသယ ဝင်တဲ့ သူ မရှိခဲ့ဖူးဘူး။ ဥပဒေ ဝန်ကြီး။ အဆင့် နှစ် ဝန်ကြီး တစ်ယောက်က ဘယ်လိုများ သူ့ကို စိန်ခေါ်ဝံ့တာလဲ။ ချီဟို့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ အကယ်၍ သူတို့သာ မြို့တော်မှာ မဟုတ်ရင်။ လူတွေ အများကြီး ရှိနေတာကြောင့်သာ မဟုတ်ရင်။ ဝမ်ချောင် အခုချိန်မှာ မတ်တပ်ရပ် မနေနိုင်တော့ဘူး။
ရန်ရွှယ်ကတော့ လက်တွေကို ဆုပ်လိုက် ဖြန့်လိုက် လုပ်နေခဲ့တယ်။ ဘာတွေ ဖြစ်လာတော့မယ်မှန်း သူသိတယ်လေ။ ဒီ အချိန်မှာပဲ သူ့ ပုခုံးကို လက်တစ်ဖက်က လာ ဖိ ပြန်တယ်။ ဒီ အချိန်မှာပဲ ဒေါသ ထွက်တဲ့ အသံ တစ်သံ လည်း ပေါ်လာခဲ့တယ်။
“ အမတ်မင်းဝမ်။ ဘာလို့များ ဒါတွေ လုပ်နေတာလဲ။ ကျွန်တော့်ကို တကယ်ပဲ ဒီလောက်ထိ ဖမ်းချင်နေတာလား။ အရှင်။ ကျေးဇူးပြုပြီးတော့ ဘေးဖယ်နေပါ။ လာစမ်းပါ။ အမတ်မင်းဝမ်။ ကျွန်တော် ဒီမှာ ရပ်နေတယ်လေ။ အကယ်၍ အမတ်မင်းသာ ကျွန်တော့် ခေါင်းကို ကိုယ်တိုင် ချုပ်နှောင်နိုင်ရင်။ အမတ်မင်းနဲ့ ကျွန်တော် လိုက်ခဲ့မယ်။ ဒီလို ဆိုရ်င ဘယ်လိုလဲ။”
အပိုင်း(၄၉၅) ပြီး၏။
အပိုင်း(၄၉၆)
“ အနီရောင် အမှတ်လေး။”
လူတိုင်းက ငြိမ်ကျသွားခဲ့တယ်။ ချီဟို့၊ ဝမ်ချောင် ၊ ဘေးပတ်ဝန်းကျင်က မြို့သားတွေ ။ ရန်ရွှယ်တောင်မှ ။ ဖန်ကျန်းရှီကို စိုက်ကြည့်နေခဲ့တယ်။ သူတို့ကြားလိုက်ရတာကြောင့် မျက်လုံး ပြူးနေကြတယ်။ ဒါက လုံးဝကို မတိုးသာ မဆုတ်သာ အခြေအနေပဲ။ ဝမ်ချောင်က ချီဟို့ကြားက အားပြိုင်မှု။ ဖန်ကျန်းရှီက သူ့ကိုယ်သူ ဒီ အကွက်ထဲကနေ ဆွဲထုတ်လိုက်ပြီ။ ချီဟို့ကတော့ ဝမ်ချောင်ကို ဖမ်းခွင့်ပေးမှာ မဟုတ်ဘူး။ ဒါက ဥပဒေ နဲ့ လုံးဝကို မသက်ဆိုင်ဘူး။ ဒါက နတ်ဆိုးကျောင်းတော် ရဲ့ ဂုဏ်ကျက်သရေ နဲ့ သက်ဆိုင်နေတယ်။ အကျယ်ဖြန့် ပြောရရင်။ ဒါက ဥပဒေ ဝန်ကြီးဌာန နဲ့ ကျောင်းတော် ဆယ့်သုံးခုကြားက အားပြိုင်မှု ဖြစ်နေပြီ။
အကယ်၍ အခုချိန်မှာ…… သူ နောက်ဆုတ်လိုက်ရင် ။ အနာဂတ်မှာ ထိခိုက်မှု ဖြစ်လာနိုင်တယ်။ ဒါကြောင့် ချီဟို့ လွယ်လွယ် နဲ့ လက် မလျှော့နိုင်ဘူး။ အကျိုးဆက် အနေနဲ့ ကတော့။ ကြီးမြတ်သောရှ မင်းဆက်မှာ သူ့ရဲ့ အာဏာ လွှမ်းမိုးမှုက ပြောင်းပြန်လန်သွားနိုင်တယ်။ ဒါကြောင့် အခုချိန်မှာ လုံး၀ နောက်မဆုတ်ပဲ။ ဧကရာဇ် ဆီမှာ သူ့အမှားကို ဝန်ချ တောင်းပန်ရုံပဲ။ နောက်ပြီးတော့ သူ့မှာ သမီးတစ်ယောက်လည်း ရှိနေသေးတယ်လေ။ ကောင်းကင်တာအို ခန်းမမှာ ပညာသင်ကြားနေတဲ့ သမီးလေး။ သူ့ သမီးက ကောင်းကင် အနာဂတ်ဟောကိန်း ကို ဖြည့်ဆည်းပေးမယ့် သူ။ အနာဂတ်မှာ ကြီးမြတ်သောရှ မင်းဆက် စစ်သေနာပတိ ဖြစ်လာမယ့် သူလေ။
ချီဟို့ က ဥပဒေ ဝန်ကြီး ဌာနကို သူ့ လ မ်းမှာ အပိတ်ခံမှာ မဟုတ်ဘူး။ သူက ကြီးမြတ်သောရှ မင်းဆက် က ။ အင်အားကြီးပြီး လွှမ်းမိုးမှုရှိတဲ့ လူတစ်ယောက်လေ။ အခုချိန်မှာ ချီဟို့ ဒွိဟ ဖြစ်နေခဲ့ပြီ။ ဖန်ကျန်းရှီက သူ့ ကို အကျဉ်းအကျပ်ထဲ ရောက်ပြီး နောက်မဆုတ်နိုင်အောင် တွန်းပို့တယ်။ သူဆုံးဖြတ်ချက် ချပြီးတော့ အကုန်လုံး ကို တိုက်ခိုက်ဖို့ ပြင်ဆင်ပြီးခါမှ။ ထူးဆန်းတဲ့ ကိစ္စ တစ်ခု ဖြစ်လာတော့တယ်။ ဖန်ကျန်းရှီ ….. ဒီကောင် နောက်ဆုတ်ဖို့ ဆုံးဖြတ် လိုက်တာလား။
အခုချိန်မှာ ချီဟို့ ကျေးဇူးတင် သင့်လားတောင် မသိတော့ဘူး။ မထင်ပါဘူးလေ။ အခု ဖန်ကျန်းရှီ ဘာလုပ်ဖို့ ကြိုးစားနေလဲ ချီဟို့ လုံး၀ နားမလည်နိုင်။ ဖန်ကျန်းရှီက ဒီလိုမျိုး ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေ ဘယ်ကရ လာလဲ ။ စဉ်းစားလို့ကို မရဘူး။ (ကျွန်တော် ဒီမှာ ရပ်နေတယ် လာ ဖမ်းလေတဲ့) ဘာလို့များ ဒီလောက်တောင် မောက်မာ နေရတာလဲ။ သူ့ကိုယ်သူ ကျင့်ကြံဆင့် မရှိတော့တောတောင် မသိဘူးလား။ နောက်ပြီးတော့။ အကယ်၍ သူက ကျင့်ကြံဆင့် ရှိနေရင်တောင်။ ဝမ်ချောင်ကို တားလို့ရမယ် မှတ်နေတာလား။ ဝမ်ချောင်က အားနည်းတဲ့သူ မဟုတ်ဘူး။
ချီဟို့ကော ဝမ်ချောင်ပါ နားမလည်နိုင်။ ဖန်ကျန်းရှီ ဘာတွေ ပြောနေလဲ ။ သူတို့ တကယ့်ကို နားမလည်နိုင်ဘူး ။ ဖန်ကျန်းရှီက လက်လျှော့နေတာလား။ ဒီ အရှက်မရှိတဲ့ ကောင် ဒီလို လုပ်တာ ဖြစ်ကော ဖြစ်နိုင်လို့လား။
“ ဖန်ကျန်းရှီ မင်း တကယ် ပြောနေတာလား။” ဝမ်ချောင် မယုံကြည်နိုင် ဖြစ်နေခဲ့တယ်။
“ အမတ်မင်း ဝမ် က အတော့်ကို မှတ်ဉာဏ် အခြေအနေ ဆိုးဝါးနေတာပဲ။ ကျွန်တော့် နာမည်က ဖန်ကျန်းကျန်းလို့ ။ ချီဟို့တောင် အတည်ပြုပေးထာတာကို။” ဖန်ကျန်းရှီ လက်ခါယမ်း ပြရင်းပြောတယ်။
“ မင်း နာမည်က ဖန်ကျန်းကျန်း ဖြစ်ဖြစ်။ ဖန်ကျန်းရှီ ဖြစ်ဖြစ် ။ ငါ ဂရုမစိုက်ဘူး။ မင်း ကို မေးစရာ တစ်ခုပဲ ရှိတယ်။ မင်းတကယ်ပဲ မခုခံ ဘူးလား။” ဖန်ကျန်းရှီ ဘာကို အစီအစဉ်ချနေလဲ ဆိုတာ ။ ဝမ်ချောင် နားမလည်နိုင်ဘူး။
“ ကျွန်တော် ပြောခဲ့ပြီးပါရောလား။ ကျွန်တော် မခုခံဘူးလို့။ ပုံမှန် အတိုင်း ဆိုရင်။ ကျွန်တော်က မခုခံ တတ်ပါဘူး။ ဒါပေမယ့် အခုချိန်မှာ မေးစရာရှိတာက….။ အမတ်မင်းဝမ်။ လာဖမ်းဖို့ သတ္တိရှိရဲ့လား။”
“ သတ္တိရှိလား။ ဟန့်။ ငါက ဥပဒေ ဝန်ကြီး။ မင်းလို ဝရမ်းပြေးကို ငါက ဘာလို့ ကြောက်ရမှာလဲ။ ” ဝမ်ချောင် ဆတ်ဆတ်ထိ မခံ ပြန်ဖြေတယ်။
“ ဒီလို ဖြစ်မှတော့။ ဆက်လုပ်ပါ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ဝတ်ရုံနက် လူလေးဦးကို ခေါင်းငြိမ့်ပြတယ်။ သူတို့ လေးဦး ဖန်ကျန်းရှီကို ဦးညွှတ်တယ်။ ဖန်ကျန်းရှီရဲ့ နောက်ကို ဝင်သွားခဲ့တယ်။
ဝမ်ချောင် မျက်မှောင် ကြုတ် သွားတယ်။ ဒီလောက်တောင် ယုံကြည်ချက် ရှိနေတာလား။ ဖန်ကျန်းရှီ ဘာတွေ အစီအစဉ် ချနေတာလဲ သိချင်လိုက်တာ။ ဒါပေမယ့် သူ မသိနိုင်ဘူး။ ဒီ ကောင် တကယ်ပဲ လက်လျှော့လိုက် လိုက်တာလား။ ဖန်ကျန်းရှီ အခုချိန်မှာ အရှုံးပေးလိုက်တယ် ဆိုတာ ဝမ်ချောင် လက်ခံနိုင်ဖို့ အရမ်းခက်ခဲ နေတယ်။ လူတွေလဲ သူတို့ မျက်လုံးကို သူတို့ မယုံနိုင်ဘူး။ ဖန်ကျန်းရှီ ဘာလို့များ လုပ်နေကြတာ လဲ ။
“ ငါ မတွေးတတ်ဘူး။”
“ သူ တကယ်ပဲ လက်လျှော့ လိုက်တာလား။ ဒါက မဖြစ်နိုင်ဘူးလို့ ငါ ဘာလို့များ တွေးမိနေတာလဲ။”
“ ဟုတ်တာပေါ့။ ငါလည်း မဖြစ်နိုင်ဘူးလို့ ခံစား မိနေတယ်။ ဒါပေမယ့် အခုက သူကိုယ်တိုင် ပြောတာလေ။” လူတွေ တကယ်ပဲ သူတို့နားကို မယုံနိုင်ကြဘူး။ ဖန်ကျန်းရှီ ရဲ့ ဘေးနားက လူတွေ အကုန်လုံး နောက်ဆုတ် သွားခဲ့တယ်။ ချီဟို့တောင် ဘေးဖယ်သွားတယ်။ ဝမ်ချောင်နဲ့ ဖန်ကျန်းရှီ ကြားမှာ လမ်းက လုံးဝကို ရှင်းနေခဲ့တယ်။ ဝမ်ချောင်ကတော့ ချက်ခြင်း မလှုပ်ရှားသေးဘူး။ အခုချိန် ဖြစ်နေတာတွေကို သူ လိုက်မမှီဘူးလေ။ ချက်ခြင်း လှုပ်ရှားဖို့ ရာ မသိနိုင်တဲ့ ကိစ္စ တွေ များလွန်းနေတယ်။
“ အမတ်မင်း….။ ကျွန်တော်တို့ အရင် သွားလိုက်ရင်ကော။” ခေါင်းဆောင် တစ်ဦး ဝမ်ချောင်ကို တီးတိုးပြောတယ်။
“ မလိုအပ်ဘူး။ ငါတို့ အတွက် ။ ဒီကောင့်မှာ ဘာများ အံ့သြ စရာ ရှိမလဲ သိချင်တယ်။ ” ဝမ်ချောင် လက်ခါယမ်း ပြရင်း ပြောတယ်။ ဖန်ကျန်းရှီကတော့ သူ့ကို လာဖမ်းလို့ ရှင်းရှင်းလင်းလင်း ကြီးကို ပြောနေတာလေ။ အခုချိန်မှာ သူ နောက်မဆုတ်နိုင်ဘူး။
“ ကျွန်တော် နားလည်ပါပြီ ။ ထိပ်တုံးနဲ့ သံကြိုးတွေ ဒီမှာပါ။” ခေါင်းဆောင်က ဝမ်ချောင်ရဲ့ လက်ထဲကို ပစ္စည်းတွေ ကမ်းပေးတယ်။
“အင်း….” ဝမ်ချောင် ခေါင်းငြိမ့်ရင်း ယူလိုက်တယ်။ သံကြိုးက နေရောင် အောက်မှာ တလက်လက် တောက်ပနေတယ်။ ဒါက အန္တရာယ်ကြီးတဲ့ ရာဇဝတ်သားတွေကို ဖမ်းဖို့ သုံးတဲ့ အထူး သံကြိုးပဲ။ ချီဟို့က ဝမ်ချောင်ရဲ့ လက်ကို ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို သူ ပြန်ကြည့်တယ်။ ဖန်ကျန်းရှီ ဘာများ လုပ်မလဲ သူသိချင် လိုက်တာ။
ဒီ အချိန်မှာပဲ…..။ ဝမ်ချောင် လှုပ်ရှားတော့တယ်။ ခြေတစ်လှမ်း။ နောက်တစ်လှမ်း။ နောက်တစ်လှမ်း။ ဖန်ကျန်းရှီ ကတော့ ငြိမ်ငြိမ်လေး ရပ်နေခဲ့တယ်။ ဝမ်ချောင်ကတော့။ သံကြိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားခဲ့တယ်။ ဖန်ကျန်းရှီ တကယ်ပဲ ငြိမ်ငြိမ်နေမယ်လို့ သူ မယုံတာကြောင့် မြန်မြန် မသွားဘူး။ ဒါပေမယ့် ဖန်ကျန်းရှီက တကယ့်ကို မလှုပ်ရှားဘူး။ သူ့ လည်ပင်းကို ဆန့်ပြီးတောင်။ ဝမ်ချောင် သူ့ကို လာဖမ်းတာကို စောင့်မျှော်နေခဲ့တယ်။
“ အံ့သြစရာ ကောင်းလိုက်တာ။ ငါ က မင်းကို ကြောက်လိမ့်မယ်လို့ ထင်နေတာလား။” ဝမ်ချောင် အံကြိတ်ထားခဲ့တယ်။ သူ ဖန်ကျန်းရှီ ဆီကို မြန်မြန် သွားတော့တယ်။ နီးကပ်လာနေပြီ။ ဖန်ကျန်းရှီက လက်တစ်ကမ်း မှာ ရှိနေပြီ။ ဝမ်ချောင် လှောင်ပြုံးပြုံးလိုက်တယ်။ ဒီ အချိန်မှာပဲ လူအုပ်ထဲကနေ အသံ တစ်သံ ထွက်လာခဲ့တယ်။
“ သခင်…. သခင်….. ။ သခင့်အတွက် စာပါလာပါတယ်။”
“ စာ ဟုတ်လား။ ဘာစာလဲ။” ဝမ်ချောင် လမ်းတဝက်မှာ ရပ်တန့်နေခဲ့တယ်။ ဒါက သူ့အိမ်တော်က အိမ်တော်ထိန်းရဲ့ အသံ ဆိုတာ သူသိတယ်။
“ ကျွန်တော် မပြောဝံ့ပါဘူး။ စာလာပို့တဲ့ သူ ပြောတာတော့။ သခင်ကြီးကိုယ်တိုင် ဖွင့် ဖောက်ရမယ် လို့ ပြောပါမယ်…..” အိမ်တော်ထိန်းက အသက်တောင် မရှူနိုင် ဖြစ်နေခဲ့တယ်။
“ ငါ အလုပ်လုပ်နေတာ မမြင်ဘူးလား။ ဘာ စာ ဖြစ်နေလို့ ငါ ပြန်လာတဲ့ အထိကို မစောင့်နိုင်ရတာလဲ။” ဝမ်ချောင် ရဲ့ အကြည့်တွေ အေးခဲ သွားခဲ့တယ်။
“ စာလာ ပို့တဲ့ သူ ပြောတာကတော့။ ဒါက သေခြင်းရှင်ခြင်း နဲ့ သက်ဆိုင်တယ်တဲ့ ……. ဒါကြောင့် ကျွန်တော် မစောင့် ရဲတာကြောင့် ရောက်လာတာပါ….” အိမ်တော် ထိန်းက ဖြူဖျော့နေခဲ့တယ်။ ဝမ်ချောင် မျက်လုံးပြူးနေတယ်။ အဲ့ဒီ့နောက်…. သူ ဖန်ကျန်းရှီကို စိုက်ကြည့်တယ်။ အကြောင်းရင်း တစ်ချို့ ကြောင့်။ ဖန်ကျန်းရှီက ဒီ စာ နဲ့ တစ်ခုခု လုပ်မယ် လို့ ။ သူ့စိတ်ထဲမှာ ထင်နေခဲ့တယ်။
“ ယူလာခဲ့။” ဝမ်ချောင် တွေဝေနေပြီး နောက်။ ခေါင်းငြိမ့်လိုက်တယ်။ စာကို သူ့ လက်ထဲ ယူလိုက်တယ်။ ဘာ နာမည်မှ မပါတဲ့ စာ တစ်စောင်ပဲ။ စာအိတ်ကို သူ ဖွင့်ဖောက်တယ်။
အထဲမှာ ခပ်ပါးပါး စာလွှာလေးပါတယ်။ တကယ်တော့ စာ မဟုတ်ဘူး ။ ဒါက ပုံတစ်ခု။ ပုံကြမ်း တစ်ခု ။ မြေပုံတစ်ခုလိုပဲ။ ဒါပေမယ့် ဒီမြေပုံက ဝမ်ချောင်ရဲ့ အမူအယာကို ပြောင်းလဲ စေတယ်။ သူ့ရဲ့ လက်တွေက တုန်ယင်လာတော့တယ်။ ဒီ မြေပုံ ရဲ့ အောက်မှာ တစ်ခုတည်းသော စာကြောင်းရှိတယ်။
“ ဝမ်အိမ်တော် မြေပုံ။” ဒါက ဝမ်ချောင် ကောင်းကောင်းသိတဲ့ အရာတစ်ခုပဲ။ ဒါပေါ့။ အရေးအကြီးဆုံးက ဒါ မဟုတ်ဘူး။ ညာဘက်ထောင့်မှာ အနီရောင် အမှတ်လေး တစ်ခုရှိနေတယ်။ ဒီ အမှတ်လေးက ဝမ်ချောင်ကို ဖြူဖျော့သွားစေတယ်။ ဒီ အနီမှတ်လေးက ဘာကို ပြောချင်မှန်း သူသိတယ်။ သူ့ ကျောရိုးထဲကနေ ခြေဖျားအထိ စိမ့်ချမ်း သွားခဲ့တယ်။ သူ့ရဲ့ အိမ်တော်မှာ အကြီးဆုံး လျှို့ဝှက်ချက်ရှိတဲ့ နေရာ။ နောက်ပြီးတော့ သူ့ ဘဝ။ ကြီးမြတ်သောရှ မင်းဆက်ရဲ့ ညီလာခံမှာ သူရှိနေခဲ့တာ အချိန် အများကြီးကြာခဲ့ပြီ။ အာဏာအတွက် တိုက်ခိုက်နေတာက လူတိုင်းအတွက် အသိသာကြီးပဲ။ ဥပဒေဝန်ကြီး အနေနဲ့။ ဝမ်ချောင့်မှာ ပြောပြလို့ မရတဲ့ လျှို့ဝှက်ချက်တွေ ရှိတယ်။ အချိန်အကြာကြီး တိုက်ခိုက်ပြီးတဲ့ အချိန်မှ။ သူဒီနေရာကို ရောက်လာခဲ့တာ။ ပိုက်ဆံတွေ ရတနာတွေက။ အပေးအယူ ရဲ့ အစိတ် အပိုင်း တစ်ခုပဲ။ ဆိုးဝါးတဲ့ အရာတွေကတော့။ ခြိမ်းခြောက်စာတွေပဲ။ ဝမ်ချောင်က သူ့တစ်ဘဝလုံးကို ဝရမ်းပြေးတွေကို ဖမ်းဆီးရင်း ကုန်ဆုံး ခဲ့တာ။ ဒါကြောင့် ဒီလို စာလွှာတွေကို သူ သိမ်းထားမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဒါပေမယ့် တချို့သော ကိစ္စတွေကတော့ မထင်မှတ်ထားနိုင်စရာပဲလေ။
တာအို စာမေးပွဲတွေမှာ ။ ဝမ်ချောင်က ညီလာခံ အတွက် သူ့ နည်းသူ့ဟန် နဲ့ လှုပ်ရှားခဲ့တယ်။ သူက ဘယ်လောက်တောင် တန်ဖိုးရှိတဲ့ သူဖြစ်ကြောင်း ပြသတယ်။ ဒါပေမယ့် ဝမ်ချောင်က တကယ်တမ်းမှာ စာပေပညာရှင် ဖြစ်ချင်ခဲ့တာ။ ဒါကို သိတဲ့သူ နည်းပါးတယ်။ သူက ညီလာခံစာမေးပွဲ အတွေးအခေါ် စာမေးပွဲမှာ ထိပ်တန်း ဖြစ်ခဲ့တယ်။ တိုက်ခိုက်ရေးစာမေးပွဲမှာတော့ သူ ထိပ်တန်း မဖြစ်ခဲ့ဘူး။ သူ့ရဲ့ ကျင့်ကြံဆင့် အိမ်မက်တွေကို ဒါက ဖျက်စီး ဖြစ် လိုက်တယ်။
အစပိုင်းတည်းက ။ သူ့ရဲ့ ရည်မှန်းချက် က တော်ဝင် ကျောင်းတော်ကို ဝင်ပြီးတော့။ ထက်မြက်တဲ့ ပညာရှင် တစ်ယောက် ဖြစ်ချင်ခဲ့တာ။ ဒါပေမယ့် သူ့ရဲ့ အိမ်မက်တွေက အစစ်အမှန် ဖြစ်မလာခဲ့ဘူး။ ဝမ်ချောင် က ဥပဒေ ဝန်ကြီးဌာနမှာ တာဝန်ကျသွားခဲ့တယ်။ ဥပဒေဝန်ကြီးဌာန။ အဲ့ဒီ့နေရာမှာ ။ တစ်နေကုန် ဝရမ်းပြေးတွေ ပြစ်မှုတွေနဲ့ ထိတွေ့နေရတာ။ အင်ပါယာက ထောင်တိုင်းကို သူ သွားဖူးတယ်။ ဝရမ်းပြေးတွေ အပြစ်သားတွေ အများကြီးနဲ့ သူ တွေ့ ဖူးတယ်။ ဒါက သူ လိုချင်တဲ့ ဘ၀ မဟုတ်ဘူး။ အိမ်မက်နဲ့ လက်တွေ့ကို ရွေးချယ်လာရတဲ့ အချိန်မှာ။ ဝမ်ချောင်က လက်တွေ့ကိုပဲ ရွေးချယ်ခဲ့တယ်။ ဒါပေမယ့် သူ့ အိမ်မက်တွေကို ဘယ်တော့မှ လက်မလျှော့ခဲ့ဘူး။
ဝမ်ချောင်ရဲ့ အသိပညာတွေကို ဆာလောင်မွတ်သိပ်မှုက ။ မယှဉ်ပြိုင်နိုင်လောက် အောင်ပဲ။ ဒါကြောင့် သူ့ကို တစ်နေ့မှာ ထိခိုက်နိုင်မှန်း သိတာတောင်။ စာတွေ အကုန်လုံးကို စုဆောင်း ပြီး ဖတ်ရှု်နေခဲ့တယ်။ ဒီ စာလွှာတွေကပဲ။ သူ့ကို ထောင်မှူးချုပ်ကြီး ဖြစ်လာစေတယ်။ အဲ့ဒီ့နောက် နောက်ဆုံးမှာ ဥပဒေဝန်ကြီး ဖြစ်လာခဲ့တော့တယ်။ ဝန်ကြီး တံဆိပ်ပြားကို သူ မြင်လိုက်တဲ့ အချိန်မှာ။ သူ့ အိမ်မက်တွေ ဘယ်တော့မှ ဖြစ်မလာနိုင် တော့ဘူး ဆိုတာ နားလည်သွားခဲ့တယ်။ သူ့ စာကြည့်ခန်းထဲက စာအုပ်တွေကို ကြည့်ရင်း။ မီးရှို့ပြစ်ဖို့ အကြိမ် ကြိမ် စဉ်းစားခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့။ မြေသာ မြှုပ်ပြစ်ခဲ့တယ်။ ဘယ်သူမှ မသိနိုင်တဲ့ နေရာမှာပေါ့။ ကံခေမယ့်ဒီလို နေ့ မရောက်ခင် လွန်ခဲ့တဲ့ ငါးနှစ်တည်းက သူ မြေမြှုပ်ခဲ့တာ။ အခု ဆိုရင်။ ဒီစာတွေ ရှိနေမှန်းတောင် သူ မေ့နေခဲ့ပြီ။ ဒါပေမယ့် အခုတော့။ အနီရောင် အမှတ်လေးက သူ့ မျက်လုံးထဲမှာ ထင်ထင်ရှားရှားပေါ်နေခဲ့တယ်။ မ
“ဖန်ကျန်းရှီ ….” ဝမ်ချောင်ရဲ့ မျက်နှာ တစ်ခုလုံးနီရဲလာခဲ့တယ်။ ဒီစာကို ဘယ်သူ ပို့တာလဲ ရှာဖို့က မခက်ခဲ ပါဘူး။
ဖန်ကျန်းရှီ ဒီနေရာမှာ စာတွေ မြှုပ်ထားတာ ဘယ်လို သိလဲ သူ နားမလည်နိုင်။ ဒါပေမယ့် အခုတော့။ ဖန်ကျန်းရှီ အစီအစဉ် ချနေတာကို သူ သိတယ်။ “ အမတ်မင်းဝမ်။ ကျွန်တော်က ဖန်ကျန်းကျန်းပါ။” ဖန်ကျန်းရှီ လှောင်ပြုံးပြုံးရင်း နဲ့ ပြောနေတယ်။
“ ဒါက ငါ့ကို တားနိုင်မယ်လို့ မင်း နေတာလား။ မင်းကတုံးအ လွန်းတာပဲ။ ဝန်ကြီးတစ်ယောက်ရဲ့ အိမ်ကို ဝင်ရှာဖို့ လွယ်တယ်များ ထင်နေတာလား။” ဝမ်ချောင်ရဲ့ အသံက ဖန်ကျန်းရှီ ကြားနိုင်လောက်အောင်ပဲ ကျယ်တယ်။ ဝမ်ချောင် ဒေါသ ထွက်နေတယ်။ ဒါပေမယ့် သူ့ကိုယ်သူ ထိန်းချုပ်နိုင်တယ်။
ဘာကြောင့်လဲ ဆိုတော့…. ထွက်ပေါက်ရှိနေတာကို သိလို့ပဲ။ ဖန်ကျန်းရှီကို ဖမ်းရမယ်။ အိမ်ပြန်ပြီး စာတွေကို မီးရှို့ ရမယ်။ အရာအားလုံးကို သူ ထိန်းချုပ်နိုင်တယ်။
“ ဒီလိုလား။ ဝန်ကြီးရဲ့ အိမ်တော်ကို ရှာဖို့ က ခက်တယ် ဆိုပေမယ့်။ မဖြစ်နိုင်တာတော့လည်း မဟုတ်ဘူးလေ။” ဖန်ကျန်းရှီ ပြုံးနေခဲ့တယ်။
“မင်းဘာကို ဆိုလိုချင်တာလဲ။ ” ဝမ်ချောင် အံကြိတ်ရင်း လက်သီး ဆုပ်ထားခဲ့တယ်။
ဖန်ကျန်းရှီ မေးခွန်းကို ချက်ခြင်း မဖြေဘူး။ အဝေးကို အကြည့်လွှဲထားခဲ့တယ်။ သူတို့ဆီကို ပြေးလာနေတဲ့ အနက်ရောင်ဝတ် အစေခံကို ကြည့်နေခဲ့တယ်။ ဒီအချိန်မှာပဲ လေထဲမှာ အသံထွက်လာခဲ့တယ်။
“ သခင်… သခင်…. မကောင်းတဲ့ ကိစ္စ ဖြစ်ပြီ….။ မကောင်းတဲ့ ကိစ္စ ဖြစ်ပြီ…..။ ”
“ ဒီ တစ်ခါ ဘာ ဖြစ်ပြန်ပြီလဲ။ ” ဝမ်ချောင် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့တယ်။
အပိုင်း(၄၉၆)ပြီး၏။
အပိုင်း (၄၉၇)
“ နည်းနည်း ကြီးလာတယ်။ ”
“အိမ်တော် ။ အိမ်တော် ….” အစေခံ ခမျာ အသက်တောင် မရှူနိုင်။ သူ မျက်နှာ တစ်ခုလုံး ဖြူဖျော့နေခဲ့တယ်။
“ ဘာဖြစ်တာလဲ။” ဝမ်ချောင် သူ့ အစေခံ ဖြစ်နေတဲ့ ပုံကို မြင်တော့ အံ့သြနေမိတယ်။ ဒီကိစ္စ နဲ့ ပတ်သက်ပြီးတော့ စိတ်ခံစားချက် သိပ် မကောင်းလှဘူး။ အရေးကြီးကိစ္စ ဆိုတာတော့ သူသိတယ်။ ပြောနိုင်တာကတော့။ သူ့ အိမ်တော်မှာ ဘာ မကောင်းတဲ့ ကိစ္စများ ဖြစ်မလဲ သူ မတွေးတတ်ဘူး။ အခုက တော်ဝင်မြို့တော်ကြီးမှာလေ…..။ ဒီ အချိန်မှာတော့။ ဖန်ကျန်းရှီ အထိတ် တလန့် အမူအယာကို ပြောင်းသွားခဲ့တယ်။
“အိုး …. မီးခိုးညှော်နံ့တွေ ဘာလို့များ ဒီမှာ ရနေတာလဲ။ ဝိုး ….. မီးလောင်နေတာလား။” ဖန်ကျန်းရှီ ထိတ်လန့်တကြားနဲ့ အော်တယ်။ လူအုပ်ကြီးက သူညွှန်ပြတဲ့ ဘက်ကို လှမ်းကြည့်တယ်။
“ မီးခိုးတွေ….”
“ ဒီလိုရာသီဥတု သာယာတဲ့ နေ့မျိုးမှာတောင် ဘာလို့များ မီးခိုးတွေ ရှိနေတာလဲ။ မီးလောင်နေတာလား။”
“ အိုး …. မိုးနတ်မင်းရေ……. မီးတောက်တွေကို ကြည့်စမ်းပါအုန်း။ တောက်ပနေလိုက်တာ ….” လူတွေ စစချင်း မှာ မယုံကြည်ခဲ့ကြဘူး။ ဒါပေမယ့် ။ နေ့အလင်းရောင်ထဲမှာတောင် တောက်ပနေတဲ့ မီးရောင်ကြောင့် သူ စတင်ပြီး အော်ဟစ်တော့တယ်။ ဒီ အချိန်မှာပဲ အသက်ရှူရပ်မတတ် ဖြစ်နေတဲ့ အစေခံ ။ သတင်းပို့တော့တယ်။
“ သခင်…. အိမ်တော်….. အိမ်တော်…….. မီးလောင်နေပြီ….။”
“ ဘာ …….။ ငါ့ အိမ်တော်က မီးလောင်နတယ်။ ” ဝမ်ချောင် မျက်လုံးပြူးနေတယ်။ အဲ့ဒီ့နောက် သူ့ရဲ့ အမူအယာ ပြောင်းလဲ သွားတော့တယ်။ ဖန်ကျန်းရှီ ရဲ့ မျက်နှာ နဲ့ ပြောနေတဲ့ စကားတွေကို ကြားတော့ ။ တစ်ခုခု မကောင်းတာ ဖြစ်တော့မယ်ဆိုတာ သူသိတယ်။ ဒါပေမယ့် သိတာနဲ့ ကိုယ်တိုင် မျက်မြင်တွေ့ရတဲ့ အဖြစ် အပျက်က မတူညီဘူး။
“ အမိန့်တော် အတိုင်းပါ……. သခင်….. ကျွန်တော်တို့ ပြန်သင့်တယ် ထင် တယ်….။ အိမ်တော်က တော်ဝင် အစောင့်တွေနဲ့ ဝန်းရံခံထားရတာ …. အကယ်၍ သခင် အခုချိန်မှာ မပြန်ရင်….” အစေခံ ဆက်ပြောတယ်။
“ တော်ဝင် အစောင့်တွေ ….. ။ တော်ဝင် အစောင့်တွေ က ငါ့ အိမ်တော်မှာ ဘာလို့များ ရောက်နေတာလဲ။” ဝမ်ချောင် တုန်ယင်သွားတယ်။
“ မီးလာင်တဲ့ အချိန်မှာ။ တော်ဝင် အစောင့်တပ် ခေါင်းဆောင်။ ပိုင်ချီ ဖြတ်သွားတာနဲ့ တိုက်ဆိုင် သွားပါတယ်။ ဒါကြောင့် သူ နဲ့ တော်ဝင် အစောင့်တွေက မီးလာ ကူငြိမ်း တာပါ…. ပြီးတော့…..”
“ မင်းပြောတာ။ ပိုင်ချီ နဲ့ သူ့ရဲ့ တော်ဝင် အစောင့်တပ်တွေက မီးလာ ကူငြိမ်းတယ် ပေါ့။ သူ လူ ဘယ်လောက်တောင် ခေါ်လာတာလဲ။”
“ လူ ငါးရာ ဝန်းကျင်ပါ။”
“ ငါးရာတောင်လား။” ဝမ်ချောင် ဒူးတွေ ချောင်လာပြီးတော့ တုန်ယင်လာခဲ့တယ်။ မြေကြီးပေါ်မှာ တောင် သူ ထိုင်ချ မိတော့မယ်။ နောက်ဆုံးတော့ ဖန်ကျန်းရှီပြောခဲ့တာကို သူ နားလည်သွားပြီ……။ အိမ်တော်ကို ဝင်ရှာဖို့ အတွက် မခက်ခဲဘူးဆိုတာ ။ အိမ်တော်က မီးေ လာင်တာက မဖြစ်နိုင်ဘူးလေ။ ဒီလို လုပ်ဝံ့တဲ့သူလည်း မရှိဘူး။ အခုက နွေဦးရာသီလေ။ နွေရာသီတောင် မဟုတ်ဘူး။ ဘာကြောင့်များ ဒီလို မီးကြီး လောင်ရတာလဲ။
ပိုပြီးတော့ အရေးကြီးတာကတော့။ အခုက ဥပဒေ ဝန်ကြီးရဲ့ အိမ်တော်လေ။ သူ့မှာ မရေမတွက် နိုင်တဲ့ အစေခံတွေ အကူအညီတွေ ရှိနေတယ်။ ဒါက လုံးဝကို အစီအစဉ် ချထားတဲ့ ကိစ္စ ဆိုတာ သေချာတယ်။ ဒီ အိမ်တော်က အကြောင်းရင်း မရှိပဲ မီး မလောင်နိုင်ဘူး။ တစ်ယောက်ယောက်က မီးလာ ရှို့သွားတာပဲ။ ပိုင်ချီ ဖြတ်သွားတဲ့ ကိစ္စကတော့။ နောက်ထပ် အစီအစဉ် တစ်ခုပဲ။ ဒါပေမယ့် ပိုင်ချီ နဲ့။ သူ့ရဲ့ စစ်သည်တော် ငါးရာကတော့။ တမင်တကာ စောင့်နေတာ မဟုတ်လောက်ဘူး….။ ပတ်ဝန်းကျင်က လူတွေကတော့ ဝမ်ချောင်ကို သနားစရာ တစ်ခုလို ကြည့်နေခဲ့ကြတယ်။
“ အမတ်မင်းဝမ်…။ စိုးရိမ် စရာမလိုပါဘူး။ တော်ဝင် အစောင့်တပ်တွေက အမတ်င်း အိမ်တော်ကို ရောက်နေပြီပဲ။ သူတို့တွေ အသေအချာကို မီးငြိမ်း ပေးနိုင်မှာပါ။”
“ဟုတ်တယ်။ တော်ဝင် အစောင့် အယောက် ၅၀၀ က အသေအချာကို မီးငြိမ်းပေးနိုင် မှာပါ။”
“ ဒီ အိမ်တော်ကို နောက်မှ ပြန်တည်ဆောက်လို့ရပါတယ်။ အရှင့်ရဲ့ လုံခြုံမှုက ပိုပြီးတော့ အရေးကြီးပါတယ်။”
ရွာသားတွေနဲ့ ပြည်သူတွေ အမတ်မင်း ဝမ်ကို နှစ်သိမ့်ပေးနေကြတယ်။
“ပြန်တည်ဆောက်ရမယ်လား…” ဘေးပတ်ဝန်းကျင် က လူတွေရဲ့ အမူအယာကို ကြည့်ရင်း ။ ဝမ်ချောင် ရယ်မောနေမိတယ်။ အတွေးအခေါ် စာမေးပွဲမှာ ထိပ်တန်း ရခဲ့တဲ့ အချိန်တုန်းက…။ ဘယ်လိုတောင် တောက်ပတဲ့ နေ့တွေ ဖြစ်ခဲ့လဲ ဆိုတာ သူ မှတ်မိနေသေးတယ်။ ဒီနေ့ အချိန်ထိ ရောက်လာအောင် သူ ဘယ်လို ကြိုးစား ရုန်းကန်ခဲ့ရလည်း ဆိုတာ သတိရနေတုန်းပဲ။ ခါးသက်သက် လူသတ်ငွေ့တွေ အပြည့် နဲ့ သူ ရယ်မောနေခဲ့တယ်။။
သူ့ရဲ့ နာကျင်မှုကို ဘယ်သူကများ နားလည်နိုင်မှာလဲ။ သူ့ အိမ်တော် ပြာကျသွားရင်။ သူ့ ဘဝကြီး တစ်ခုလုံးလည်း ပြာကျသွားပြီပဲ။ နောက် ရက် အနည်းငယ် အတွင်းမှာ။ လူတွေ သူ့ကို ဘယ်လို မြင်ကြမလဲ တွေးကြည့်မိနေတယ်။ အဲ့ဒီ့အချိန် ရောက်လာရင်။ သူ့ အိမ်တော်ကို ပြန်လည်တည်ဆောက်ဖို့ ပြောကြ အုန်းမှာလား။ အဝေးကို သူ လှမ်းကြည့်နေတယ်။ သူ့ ဆီကို ပြေးလာတဲ့ ။ ရွှေရောင် စစ်သည်တော် တပ်ဖွဲ့ကြီးကို တွေ့လိုက်ရတယ်။ တစ်ယောက်ချင်းစီ တိုင်းက သူတို့ လက်ထဲမှာ တလက်လက် တောက်ပနေတဲ့ သံမဏိလံှ တွေကို ကိုင်ထားခဲ့တယ်။
“ ပိုင်ချီ။ မင်း လှုပ်ရှားတာ တကယ့်ကို မြန်တာပဲ။” သူ့ ဆီကို လာနေတဲ့ တပ်ကို မြင်တော့။ ဝမ်ချောင် သူ့ လက်ထဲက ချိန်းကြိုးတွေကို ပြစ်ချ လိုက်တယ်။ ကိစ္စတွေပြီးသွားပြီ။ သူ အခုချိန်မှာ ရှုံးသွားပြီ ဆိုတာ သူသိတယ်လေ။ ဥပဒေ ဝန်ကြီး ဖြစ်ခဲ့စဉ် အချိန် တုန်းက။ ဖန်ကျန်းရှီ ရဲ့ ခေါင်းကို ချုပ်နှောင်ဖို့ သူ့မှာ အခွင့်အရေးရှိတယ်လေ။ အခုတော့ ပိုင်ချီ ရောက်နေပြီ။
“ ဥပဒေ ဝန်ကြီး ဝမ်ချောင်။ မင်းကို အဂတိ လိုက်စားမှု ၊ အမှုတွေကို ဖုံးကွယ် မှုတွေ အတွက် သံသယ တရားခံ ဖြစ်သွားပါပြီ။ ကျွန်တော် တို့ နဲ့ လိုက်လာခဲ့ပါ။”
“ ခေါင်းဆောင်ပိုင်။ မင်းက နန်းတော်ကို စောင့်ကြပ်နေရမှာ မဟုတ်ဘူးလား။ ဘယ် အချိန် တုန်းကများ အထူးစုံစမ်းရေး ဘက် ရောက်သွားတာလဲ။”
“ ဖြတ်သွား ဖြတ်လာ လုပ်ရင်း လမ်းကြုံလို့ပါ။” ပိုင်ချီ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေတယ်။
“ ဟ ဟား…. ကောင်းလိုက်တာ….” ဝမ်ချောင် အေးစက်စက် ရယ်မောနေတယ်။
“ ချီးမွမ်း လွန်း နေပါပြီ။”
“ စာရွက် စာတမ်းတွေကို အလုပ်တိုက်ဆီ ယူသွားဖို့ အချိန် မလောက်ဘူး ဆိုတာ ငါ သေချာ သိတယ်။”
“ အချိန်လေးပဲ လိုနေတာပါ။ ကျေးဇူးပြုပြီးတော့ မစိုးရိမ်ပါနဲ့။ ”
“ ဒီလို ဖြစ်မှတော့။ ငါက ရာဇဝတ်သား မဟုတ်သေးဘူးလေ။ ငါ့ အိမ်တော်ကို ပြန်ပြီးတော့ ပစ္စည်းလေး နည်းနည်း လောက် သွားယူလိုက်အုန်းမယ်။” ဝမ်ချောင် ခေါင်းငြိမ့်တယ်။
“ မရဘူး။” ပိုင်ချီ ချက်ခြင်းကို ငြင်းပယ်လိုက်တယ်။
“ပိုင်ချီ။ ငါက ဝန်ကြီးဌာန ခြောက်ခု တည်းက တစ်ခုရဲ့ ဝန်ကြီး ။ ပြီးတော့ ငါက အဆင့်နှစ် အမတ်မင်းလေ။ အခုထိ ငါ့ရာထူးက ရှိနေတုန်းပဲ။ မင်းက ငါ့ကို အင်အား သုံးပြီးတော့ ဖမ်းမလို့ လား။”
“ ကျေးဇူးပြုပြီး ……ဒီလမ်းကို ကြွခဲ့ပေးပါ။ ”
“ ပိုင်ချီ…..။ ကောင်းတယ်။ အရမ်းကောင်းတယ် ။ ဒီ လမ်းကို ငါ သိတယ်။ ငါ့ ဘာသာ ငါ သွားမယ်။”
“ အမတ်မင်း ဝမ်ကို ချုပ်နှောင်ကြ။” ပိုင်ချီက ဝမ်ချောင်ရဲ့ စကားတွေကို လျစ်လျူရှုထားခဲ့တယ်။ ဝမ်ချောင်ရဲ့ ခြေထောက်တွေကို သံကြိုး ခတ်လိုက်တယ်။
“ ပိုင်ချီ.။ မင်း ငါ့ကို ဘယ်လိုများ ချုပ်နှောင်ဝံ့တာလဲ။”
“ ဒါပေ့ါ။ လုပ်ရဲတာပေါ့။ ဝန်ကြီး။ ဘာများ မှားနေတာ ရှိလို့လ ဲ။”
“ ငါ မင်း နဲ့ တိုက်ခိုက်မယ်။”
“ သူ့ကို ခေါ်သွားလိုက်ကြ၊”
…
အရာအားလုံး ။ ဖြစ်ပျက်သွားတာ မြန်ဆန် လွန်းတယ်။ လူတွေ ။ အချိန်မှီ မတုံ့ပြန်နိုင်ဘူး။ အချိန် ခဏလေး အတောတွင်းမှာပဲ။ ဝမ်ချောင်က ချည်နှောင်ပြီးသား ဖြစ်သွားခဲ့ပြီ။ ဥပဒေ ဝန်ကြီးက မျက်တောင် တစ်ခတ် အချိန် အတွင်းမှာ။ ရာဇဝတ်သား ဖြစ်သွားတယ်။ နောက်ပြီးတော့ တော်ဝင် အစောင့်တွေ ဖမ်းဆီးတာကို ခံလိုက်ရတယ်။
သူ့ အိမ်တော်က မီးလောင်နေတာ မဟုတ်ဘူးလား။ ဘာဖြစ်လို့လဲ။ ဥပဒေ အမတ်မင်းရဲ့ ဘေးကလူတွေ ရှေ့ထွက်ပြီးတော့ ဝမ်ချောင်ကို ကယ်ချင်နေတယ်။ ဒါပေမယ့် ပိုင်ချီရဲ့ ရေခဲလို အကြည့်တွေ အောက်မှာ သူ ရပ်တန့်သွားခဲ့တယ်။ သူတို့ သေမှာ ကြောက်နေလို့ မဟုတ်ဘူး။ ဒါပေမယ့် အခုချိန်မှာ ရင်ဆိုင် တိုက်ခိုက်ဖို့က မဖြစ်နိုင်ဘူးလေ။
“ ဝန်ကြီး ကို ခေါ်သွားပြီတဲ့လား။”
“ ဒါဆိုရင်…. ဖန်ကျန်းရှီ က ဘာဖြစ်သွားတော့မှာလဲ။ ”
“ ခေါင်းဆောင်ပိုင်။ ဒီမှာ ဝရမ်းပြေး တစ်ယောက်ရှိနေပါတယ်။ သူ့ကိုကော မခေါ်သွားဘူးလား။” လူအုပ်ကြီး က ရွှေရောင် သံချပ်ကာ နဲ့ အစောင့်တပ်တွေကို ကြည့်နေခဲ့တယ်။ ပိုင်ချီက ဖြတ်သွားဖြတ်လာရင်း နဲ့ ။ ဝမ်ချောင်ရဲ့ အိမ်တော် မီးလောင်တာကို လာကူညီတယ်လို့ ပြောတာ။ သူတို့ မှတ်မိတယ်လေ။
“ဖန်ကျန်းရှီ ဘယ်ရောက်သွားပြီလဲ။” ပိုင်ချီ စိတ်ရှုပ်ထွေးမှု အပြည့်နဲ့ ကြည့်နေခဲ့တယ်။
“ သူက ဒီမှာ မဟုတ်ဘူးလား။” လူတွေက မြင်းပေါ်မှာ ခပ်ပျင်းပျင်း ထိုင်နေတဲ့ ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။
“ လူမိုက်တွေ။ ဒီ လူငယ်လေးရဲ့ နာမည်က ဖန်ကျန်းကျန်း။ သူ့မှာ အတည်ပြုဖို့ မွေးစာရင်းတောင် ရှိနေတာပဲ။ နောက်ပြီးတော့ ချီဟို့ကလည်း သူ့ ကို အတည်ပြုပေးခဲ့ပြီးပြီ။ ငါ့ကို ငတုံးများ မှတ်နေကြတာလား။” ပိုင်ချီ နှာခေါင်း မှုတ်ရင်းပြောတယ်။ အဲ့ဒီ့နောက် ဝမ်ချောင်ကို ဆွဲခေါ်သွားရင်း အဝေးကို ထွက်သွားတော့တယ်။
“ ခေါင်းဆောင်ပိုင် က သူ ဖန်ကျန်းကျန်း မှန်း ဘယ်လို သိတာလဲ”
“ သူက အခုပဲ ဒီကို ရောက်လာတာ မဟုတ်ဘူးလား။”
“ သူ ဒီကို အခုမှ ရောက်လာတာ မဟုတ်ဘူးလား။ ” ”
“ ချီဟို့ အတည်ပြုတဲ့ အချိန်တုန်းက သူတောင် ဒီနေရာမှာ မရှိသေးဘူးလေ။ ဘယ်လိုများ သူ သိတာလဲ။”
ပိုင်ချီကတော့ ထွက်သွားခဲ့ပြီ။ ဒါကြောင့် သူတို့တွေ ဘာမှ မလုပ်နိုင်ကြဘူး။ ဖန်ကျန်းရှီကတော့ ပိုင်ချီကို စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေခဲ့တယ်။ သရုပ်ဆောင် ပညာ ဆိုတာ တကယ့်ကို အရေးကြီးတယ်။ ဒါပေမယ့် ဒီလူ့ရဲ့ သရုပ်ဆောင် စွမ်းရည်ကတော့ တော့်တော့်ကို ဆိုးဝါးတာပဲ။ သူ ဘယ်လိုများ တော်ဝင် အစောင့် ငါးရာရဲ့ ခေါင်းဆောင် ဖြစ်လာနေတာလဲ။
ချီဟို့ကတော့ ဖန်ကျန်းရှီ တွေးနေတာကို သူ မသိဘူး။ ဒီ စာထဲမှာ ဘာတွေ ပါနေလဲ သူမသိဘူး။ တွေးလည်း မတွေးတတ်ဘူး။ ဝမ်ချောင် အဖမ်းခံလိုက်ရတယ်။ တော်ဝင်အစောင့်တွေရဲ့ လက်ထဲမှာ။ ဝမ်ချောင်က လည်း အပြစ်မရှိကြောင်းတောင် မငြင်းဆိုဘူး။ ဒါက ကိစ္စတွေ အများကြီးကို သက်သေပြသွားနိုင်တယ်။ ပြောနိုင်တာကတော့။ ဒီ အစီစဉ်က သူတို့ လုပ်တာ မဟုတ်ဘူး။ သွမ့်အရှင်လည်း ဒါတွေကို သိထားတာ မဟုတ်ဘူး။
“ ငါ နားလည်ပြီ…. ။ အရိပ် မျိုးနွယ်စုကို ငါ အထင်သေးမိတာပဲ။ အရိပ်မျိုးနွယ်စုက မြို့တော် ကို ထိန်းချုပ်ထားတာတောင် ငါ မသိလိုက်ရပါလား။” ချီဟို့ရဲ့ မျက်လုံးတွေ တစ်လက်လက် တောက်ပလာခဲ့တယ်။
“ အရှင်။ ဟာသတွေ ပြောနေပြန်ပြီ။ ပိုင်ချီက အရိပ်မျိုးနွယ် နဲ့ ဘာ မှ မဆိုင်ပါဘူး။” ဖန်ကျန်းရှီ ခေါင်းခါနေတယ်။
“ ဘာမှ မဆိုင်ဘူး ဟုတ်လား။ ကောင်းပြီလေ။ မေးပါရစေအုန်း။ ဝမ်ချောင်နဲ့ ဒီ လို ရင်ဆိုင်ဖို့ တွေးထားပြီးမှတော့။ ငါ့ကို ကိုယ်တိုင် သက်သေ ပြခိုင်းဖို့ လိုသေးလို့လား။” ချီဟို့ ရယ်မောတယ်။ ဖန်ကျန်းရှီ ရဲ့ စကားတွေကို မယုံပေမယ့် ဖိအားပေးပြီးတော့ မမေးဖို့ ဆုံးဖြတ်လိုက်တယ်။
“အရှင်က ကျွန်တော့်ကို လွန်ခဲ့တဲ့ သုံးရက်တည်းက ဆွဲချဖို့ ကြိုးစားနေခဲ့တာလေ။ ကျွန်တော် အတော်လေး တွေးပြီးတော့ ။ နားလည်သွားတယ်။ အရှင့်ကို ပြန်ဆွဲချတာက ပိုကောင်းမယ်လို့။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
“ ဟုတ်တယ်။ ငါ လုပ်ခဲ့တယ်။ ဒါပေမယ့် မင်းကို သတ်ပြီးတော့ လည်း တစ်ခါတည်း လက်စ ဖျောက်လိုက်လို့ ရ တာပဲ။”
“ ဟ ဟ ားး…. အရှင် ဒီလို လုပ်ချင်ရင်။ မြောက်ပိုင်းဒေသ မှာ တည်းက လုပ်လိုက်ရောပေါ့။ ဘာလို့များ အခုထိ စောင့်နေအုန်းမှာလဲ။ နောက်ပြိးတေ့။ အရှင် ကျွန်တော့်ကို မသတ်နိုင်ဘူး ဆိုတာ ကျွန်တော် သိပါတယ်။”
“ မင်းကို မသတ်နိုင်ဘူး ဟုတ်လား။” ချီဟို့ မျက်လုံး ပြူးနေတယ်။ ဖန်ကျန်းရှီ ရဲ့ နောက်မှာ ရပ်နေတဲ့ ဝတ်ရုံနက်တွေကို သူ လှမ်းကြည့်တယ်။
“ သူတို့တွေက ငါ့ကို တားနိုင်မယ်လို့ မင်း ထင်နေတာလား။”
“ ဟ ဟား ….” ဖန်ကျန်းရှီ ဘာမှ ဆက်မပြောပဲ ရယ်နေခဲ့တယ်။ ရပ်တန့်သွားတဲ့ လှည်း တစ်စီးကို သူ ကြည့်နေခဲ့တယ်။ ဒီလို လှည်းယာဉ်တွေကို စီးတဲ့သူက မြို့တော်မှာ သိပ်မရှိဘူး။ နောက်ပြီးတော့။ ဒီလှည်းကို သူ အရင်ကလည်း မြင်ဖူးတယ်။ မီးတောက်တွေနဲ့ ဝန်းရံထားတဲ့ လှည်း။ ရန်ရွှယ်ကော ဖန်ကျန်းရှီကော မြင်တယ်။
“ ငါ နားလည်ပြီ။” လှည်းကို မြင်တော့ ရန်ရွှယ် သဘောပေါက်သွားတယ်။ အခု ဖြစ်သွားတာကို သူ နားလည်သွားခဲ့ပြီ။ လူအုပ်ကြီးကတော့ ဘေးကို ကပ်သွားကြတော့တယ်။ သူတို့တွေ လမ်းဖယ်ပေးနေကြတယ်။ ဖန်ကျန်းရှီကတော့ မလှုပ်ရှားဘူး။ သူ့ မြင်းပေါ်မှာသာ ထိုင်ရင်း စောင့်နေခဲ့တယ် ။ လှည်းက တဖြည်းဖြည်းချင်း နီးကပ်လာတယ်။ လှည်းမောင်းနေတဲ့ ရွှေရောင် စစ်သည်တော်။ ရပ်တန့်ပြီးတော့ လှည်းတံခါးကို ခေါက်လိုက်တယ်။.
“ ငါတို့ ရောက်ပြီလား။” မာဆတ်ဆတ် အသံ။ လှည်းထဲကနေ ထွက်လာတယ်။
“ရောက်ပါပြီ။”
“ ခါ့။” တံခါး ပွင့်သွားတာနဲ့။ မီးတောက်လို ရဲရဲနီနေတဲ့ လူတစ်ယောက် ထွက်လာခဲ့တယ်။ မီးတောက်လို ရဲရဲနီပြီးတော့။ နူးညံ့နေတဲ့ ဝတ်ရုံကို ဝတ်ထားတယ်။ သဲနာရီလို ကောက်ကြောင်းလှတဲ့ ခန္ဒာကိုယ်ကို သူမ ပိုင်ဆိုင်ထားတယ်။
သူမရဲ့ ဝတ်ရုံနီကို မီးတောက်ပုံတွေ စီခြယ်ထားတယ်။ အကျီ တစ်ခုလုံးက မီးတွေ တောက်နေသလိုပဲ။ သူမမှာဖန်သလင်းလို မျက်ဝန်းတွေ ။ နူးညံ့တဲ့ နှုတ်ခမ်း ဖူးဖူးလေးတွေ ရှိတယ်။ မော့်ချီပြီး မာန်မာန ပြည့်နေတဲ့ မျက်နှာထားကလည်း သိသာလွန်းလှတယ်။
ဖန်ကျန်းရှီကတော့ လှောင်ပြုံးပြုံးနေခဲ့တယ်။ လွန်ခဲ့တဲ့ တစ်နှစ် တုန်းကနဲ့ အတော်လေး ကွာခြားသွားတာပဲ။ လှလှပပလေး ကြီးပျင်းလာတယ်။
“ နင် ဘယ်လိုထင်လဲ။ လွန်ခဲ့တစ်နှစ်အတွင်း ငါ ရင့်ကျက်လာပြီၤလား။” မာဆတ်ဆတ် အသံ ထွက်လာခဲ့တယ်။ ဖန်ကျန်းရှီကို သူမရဲ့ မျက်လုံး ဝိုင်းဝိုင်းတွေနဲ့ စိုက်ကြည့်ရင်း မျှော်လင့်ချက် အပြည့်နဲ့ မေးနေခဲ့တယ်။
“ရင့်ကျက်လာတာလား။ ” ဖန်ကျန်းရှီက မိန်းမပျိုရဲ့ မျက်နှာ။ လည်ပင်း။ ကိုယ်ခန္ဒာနဲ့။ အနောက်ပိုင်းကို သေချာ ကြည့်တယ်။
“အင်း။ ကြီးတော့ ကြီးလာတယ်။ ”
အပိုင်း(၄၉၇) ပြီး၏။
အပိုင်း (၄၉၈)
“ ဧကရာဇ်ကို လွှမ်းမိုးခြင်း။”
“ နည်းနည်း ကြီးလာတယ် ?? ” မိန်းမပျိုလေး နားမလည်ခဲ့ဘူး။ ဖန်ကျန်းရှီ ကြည့်နေတဲ့ နေရာကို သူမတွေ့ သွားပြီးတဲ့နောက် ။ ဒေါသကြီးနဲ့ အော်တော့တယ်။
“ နင်အရှက် မရှိတဲ့ကောင်။ ငါ နင့်ကို သတ်မယ်။”
“ အင်း။ ဒါကမှ ကောင်းသေးတယ်။ ဘာဖြစ်လို့ ရင့်ကျက်ချင်ယောင် ဆောင်နေ အုန်းမှာလဲ။ ” ဖန်ကျန်းရှီ ခေါင်းးငြိမ့်ရင်းပြောတယ်။ ဒါက ပင်းယန် မင်းသမီး။ လူအုပ်ကြီးကို ဒီလို တိတ်ဆိတ် သွားစေနိုင်တာ ပင်းယန် မင်းသမီး တစ်ယောက်ပဲရှိတယ်။ နောက်ဆုံးတော့လည်း။ နံပါတ်တစ် အနိုင်ကျင့်သူ ဆိုတဲ့ ဂုဏ်ပုဓ်က အလကားရထား တာ မဟုတ်ခဲ့ဘူး။
“ အရှင်မင်းသမီးကို နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်က ချီဟုန်ပါ။” ချီဟို့ * ရှေ့ထွက်လာပြီးတော့ ပင်းယန်ကို ဦးညွှတ်တယ်။
“ ဓလေ့ထုံးတမ်းကို ဘေးဖယ်ထားလိုက်ပါ။ အရှင်။” ပင်းယန် ရင့်ကျက်သူ တစ်ယောက် ပုံစံ နောက်တစ်ကြိမ် ပြုမူ ပြန်တယ်။
“အရှင်မင်းသမီးကို နှုတ်ခွန်းဆက်ပါတယ်။” လူအုပ်ကြီးက ချက်ခြင်း ဒူးထောက်ကြ တော့တယ်။
“ထကြပါ။” ဖန်ကျန်းရှီ နဲ့ ရန်ရွှယ်ကို ဝန်းရံထားတဲ့ လူအုပ်ကြီးကို ပင်းယန်ကြည့်ရင်း ပြောတယ်။
“ မြို့တံခါးမှာ ပေးတဲ့ လက်ဆောင်က ဘယ်လိုလဲ။ ငါ့ကို နင် ကျေးဇူးတင်သင့်တာ မဟုတ်ဘူးလား။”
“ မင်းက ဒီရောက်နေတာ ငါ့ကို ကျေးဇူးတင်တာ မဟုတ်ဘူးလား။” ဖန်ကျန်းရှီ ပြန်မေးတယ်။
“ ငါက ….။ နင့်ကို ကျေးဇူးတင်ရမယ်။ ဘယ်လို ဖြစ်နိုင်မှာလဲ။ အိမ်တော်ကို မီးသွားရှို့ရတာလဲ ငါပဲ။ ပိုင်ချီကို အိမ်တော်ထဲ တွန်းပို့ တာလည်း ငါပဲ။ နင် ငါ ရှေ့လာရပ်နေတာ ငါ့ကို ကျေးဇူးတင်ဖို့ မဟုတ်ဘူးလား။”
“ ငါ့ကြောင့်သာ မဟုတ်ရင်။ သူ့ အိမ်တော်ကို မင်း မီးရှို့ဖို့ အခွင့်အရေးရမှာလား။”
“ နင် ဘာပြောချင်တာလဲ။”
“ တွေးကြည့်စမ်းပါ။ အဲ့တာက ဥပဒေ ဝန်ကြီးရဲ့ အိမ်တော်လေ။ မင်းက မင်းသမီး ဖြစ်နေရင်တောင်။ ဒီ အတိုင်းကြီး မီးသွားရှို့လို့မှ မရတာပဲ။ အခုတော့ ဝမ်ချောင်ကို ဖမ်းတဲံ့ ကိစ္စမှာ မင်းက အဓိက အခန်းကဏ္ဍက လူ ဖြစ်သွားပြီ။ ဒီ့အတွက် ဂုဏ်ပုဒ်တွေ အများကြီးရမှာပဲ။ မင်း ငါ့ကို ကျေးဇူးတင် သင့်တာ မဟုတ်ဘူးလား။” ဖန်ကျန်းရှီ ပြန်မေးတယ်။
“ နင်က ဒီလို လုပ်တယ်ပေါ့။ ထင်သားပဲ။” ပင်းယန် ခဏတာ စဉ်းစားပြီးတဲ့နောက် ခေါင်းငြိမ့်ရင်း ပြန်ပြောတယ်။ “ ငါတို့ ပြန်ဆုံတာ လက်ဆောင်လေး ဘာလေး ပြင်ဆင် ထားသင့်တာပေါ့။”
“ ဟော့ပေါ့ လုပ်ကျွေးမယ် ဆိုရင်ကော ဘယ်လိုလဲ။” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက် နဲ့ ပြောတယ်။
“ သဘောတူတယ်။” ပင်းယန် ချက်ခြင်းခေါင်းငြိမ့်တယ်။ ဟော့ပေါ့ အကြောင်းတွေး လိုက်တာနဲ့ သွားရည်ကျလာတော့တယ်။
ချီဟို့ ကတော့ စိတ်ရှုပ်ထွေးနေဆဲ။ ပင်းယန်နဲ့ ဖန်ကျန်းရှီ က ကမ္ဘာပေါ်မှာ နောက်ထပ် ရှာလို့ မတွေ့နိုင် တော့မယ့် လူနှစ်ယောက်ပဲ။ သူတို့ နှစ်ယောက်က သူများ အိမ်တော်ကို မီးတင်ရှို့ပြီးတာတောင်။ ဘယ်သူက ပိုအရေးပါတဲ့ အကြောင်း လူ ကြားထဲမှာ ပြောနေကြသေးတယ်လား။ ဒါပေမယ့် အခုလို ဖြစ်တာ ဆိုရင်။ ပိုင်ချီက အရိပ်မျိုးနွယ် နဲ့ ပတ်သက်မှု မရှိဘူးလို့ ဆိုလိုတာလား။ သူပဲ အတွေးလွန်နေတာလား။ ဒါမှ မဟုတ်ရင် ။ သူ လွတ်သွားတာများ တစ်ခုခု ရှိနေတာလား။
ဖန်ကျန်းရှီက ပင်းယန်ကို ဒီလောက်ထိ လွှမ်းမိုး ထားနိုင် ထားတာ လား။ အကယ်၍ လွန်ခဲ့တဲ့ ၁၅ မိနစ်ကသာ ဒီ မေးခွန်းကို မေးဖြစ်ရင်။ ဖန်ကျန်းရှီက ဒီလောက်ထိ လုပ်နိုင်မှာ မဟုတ်ဘူးလို့ သူ့ကိုယ်သူ ဖြေမိမှာပဲ။ ဒါပေမယ့် အခု ဖြစ်သွားတာကို မြင်ပြီးတဲ့နောက်မှာတော့။ တခြားကိစ္စတွေကိုပါ သူ ထည့်စဉ်းစားဖို့ လိုလာပြီ။ ဖန်ကျန်းရှီ မြို့တော်ကို ပြန်လာတာ ဘာ ရည်ရွယ်ချက် နဲ့လဲ။ ပင်းယန်က တော့ ချီဟို့ရဲ့ အမူအယာ ပြောင်းနေတာကို သတိ မထားမိဘူး။ ဖန်ကျန်းရှီ သူမကို ပေးမယ့်လက်ဆောင်အကြောင်း သေချာအောင် လုပ်ပြီးတဲ့နောက် ။ ရန်ရွှယ့်ဘက်ကို လှည့်လာတယ်။
“ ရန်ရွှယ်။ နင်ကော။ ဒီတစ်ခါ ငါ့ အတွက် လက်ဆောင် ယူလာလား။”
“ ယူလားတယ်။” ရန်ရွှယ် ခေါင်းငြိမ့်တယ်။
“ ဘာလက်ဆောင်လဲ။”
“ မြင်းပျံ”
“ မြင်းပျံ။ နင်တို့ ရန်တိမ် မြင်းတပ်က မြင်းလား။”
“ အင်အားကြီးတဲ့ မုန်တိုင်းနီ တိမ်ပျံမြင်း။”
“အင်အားကြီးတဲ့ မုန်တိုင်းနီ တိမ်ပျံမြင်း……..။ အဲ့တာ ဒဏ္ဍာရီလာ ရှားပါး မြင်းပျံ မဟုတ်လား။”
“ အတိအကျပဲ။”
“အထီးလား ။ အမလား။”
“ အထီး။”
“ ဟ ဟား ….. ကောင်းလိုက်တာ။ ငါ့ နှင်းဖြူလေးတော့ ယောကျာ်းရတော့မယ်။ ရန်ရွှယ် နင်က ဒီ ကပ်စေးနဲ တောသားကောင်ထက် အများကြီး ရက်ရောတယ်။ စဉ်းစားကြည့်စမ်းပါအုန်း။ ငါ့ကို ဟော့ပေါ့ တစ်အိုးပဲ တိုက်တယ် တဲ့။” ပင်းယန် ဖန်ကျန်းရှီကိုကြည့်ရင်း ဆူပူနေခဲ့တယ်။
“ မင်းရဲ့ နှင်းဖြူလေးက ။ မင်းသားကိုးရဲ့ ခရမ်းလျှပ်စီး မြင်းပျံနဲ့ ညားနေတာ မဟုတ်ဘူးလား။” ဖန်ကျန်းရှီ မေးတယ်။
“ အဲ့တာ ပြောင်းလို့ရတယ်လေ။”
“အင်း….”
…
ဝမ်ချောင် ဖမ်းခံရတဲ့ သတင်းက မြို့တော် တစ်ခုလုံးကို တောမီးလောင်သလို ပျံသွားခဲ့တယ်။ မြို့တော်ထဲမှာ လူတိုင်း ဒီ အကြောင်းပဲ ပြောနေကြတာ။ ဒါပေါ့။ နောက်ထပ် နာမည်ကြီး သတင်းကတော့။ ဖန်ကျန်းရှှီ မြို့တော်ကို ပြန်လာတာနဲ့ သူ လုပ်ခဲ့တဲ့ သတင်းပဲ။
“ ဖန်ကျန်းကျန်း ဟုတ်လား။”
သိပ်မကြာခင် မှာပဲ။ လူတိုင်းက။ ဖန်ကျန်းရှီ သူ့ကိုယ်သူ ပေးထားတဲ့ နာမည်အကြောင်းကို ပြောကြတော့တယ်။
အိမ်ရှေ့စံ မင်းသားရဲ့ အိမ်တော်မှာတော့။ အမတ်မင်းတွေ အတန်းလိုက်ရှိနေခဲ့တယ်။ ဒီ တစ်ကြိမ်မှာ။ သူတို့ အတော့်ကို စိတ်ရှုပ်ထွေးနေကြတာ။ အမတ်မင်း ဝမ်ချောင် အဖမ်းခံရတဲ့ သတင်းက သူတို့ကို အံ့သြစေတယ်။ ပိုပြီးတော့ အရေးကြီးတာက။ ဝမ်ချောင် ကို အပြစ် သင့်စေတဲ့ အဓိက သက်သေက စာလွှာ တွေပဲ။ ဒါကြောင့် သူတို့တွေ ပိုပြီးတော့ စိုးရိမ်နေခဲ့ကြတယ်။ ဒီ စာလွှာတွေထဲမှာ သူတို့ နာမည်တွေများ ပါနေ မလား။
ဝန်ကြီး ယွီကတော့ ခုံကို ဖွဖွလေး ခေါက်နေခဲ့တယ်။ ဒီ အခန်းထဲက လေထု အတော့်ကို လေးလံနေခဲ့တယ်။ အိမ်ရှေ့စံ လင်းထျန်းရုံကတော့ ကြောက်လန့်နေတဲ့ ဝန်ကြီးတွေကို ထိုင်ကြည့်နေခဲ့တယ်။
“ မင်းတို့တွေ ဘာများ ေ ကြာက်နေကြတာလဲ။ ဖန်ကျန်းရှီက ညီလာခံ တစ်ခု လုံး နဲ့ ဆန့်ကျင်နိုင်မယ်လို့ ထင်နေတာလား။” အိမ်ရှေ့စံ လင်းထျန်းရုံ ရဲ့ အကြည့်တွေ အေးစက်နေခဲ့တယ်။
“ အရှင် မင်းသား ။ ကျွန်တော်။ ” အမတ်မင်းတွေ။ တစ်ယောက်ကို တစ်ယောက် ကြောက်ရွံ့မှု အပြည့် နဲ့ ကြည့်နေခဲ့တယ်။ ဒီ လမ်းက လွယ်တော့မှာ မဟုတ်ဘူး။ အိမ်ရှေ့စံ ဆီမှာ သစ္စာခံထားတာ သူတို့ရဲ့ ဘ၀ နဲ့ အသက်တွေ အတွက်ပဲ။ သူတို့ရဲ့ နောင်လာမယ့် မျိုးဆက် သစ်တွေ အတွက်လည်း အဆင်ပြေအောင် တစ်ခါတည်း ကြိုတင် ပြင်ဆင် ထားခဲ့တာ။ ဒါပေမယ့် ဝမ်ချောင်ရဲ့ အဖြစ် အပျက်ကတော့ သူတို့ကို စိုးရိမ်လာစေခဲ့တယ်။ ကိစ္စတွေ ဖြစ်ပျက်သွားတာ က မြန်လွန်းတယ်။ ဝန်ကြီး ဌာ န ခြောက်ခု တည်းက တစ်ခုရဲ့ ဝန်ကြီး တောင်မှ။ မျက်တောင် တစ်ခတ် အတွင်း ချက်ခြင်း ရာထူး ပြုတ်သွားတယ်။ ဒါတောင်မှ အိမ်ရှေ့စံက ဘာမှ မလှုပ်ရှားဘူး။
“ဖန်ကျန်းရှီ အခု ဘယ်မှာလဲ။”
“ အရှင်မင်းသား ။ ဖန်ကျန်းရှီ နဲ့ ရန်ရွှယ်က ။ ပင်းယန် အိမ်တော်မှာ ရောက်နေပါတယ်။ အခုချိန်မှာ ပင်းယန် မင်းသမီး အတွက် ဟော့ပေါ့ ချက်ပေး နေတယ်လို့ သတင်း ကြားပါတယ်။” အမတ်မင်း တစ်ယောက် ပြန်ဖြေတယ်။
“ ဟော့ပေါ့ ချက်ကျွေးနေတာလား။” အိမ်ရှေ့စံ လင်းထျန်းရုံ မျက်မှောင်ကြုတ်သွားတယ်။
“ ဝမ်ချောင့် အိမ်တော်က စာတွေ ကော လူထု ဆီ ထုတ်ပြပြီးပြီလား။” ဝန်ကြီး ယွိယီဖျင် မေးတယ်။
“ အခုထိ မလုပ်ရသေးပါဘူး။ ပိုင်ချီက ဒီ စာတွေ ကို ။ ဖက်ဒရယ် ကြီးကြပ်ရေးဌာန ဆီ အပ်လိုက်ပါပြီ။ ကျွန်တော်တို့ရဲ့ အစီအစဉ်ကို ။ ဥပဒေ ဝန်ကြီး ဌာန သုံးပြီးတော့ လုပ်လို့ရပါသေးတယ်။
“မင်း ဘာကို ဆိုလို ချင် တာလဲ။”
“ ကျွန်တော်တို့ လုပ်ဖို့ လိုတာက ။ ဝမ်ချောင်ရဲ့ နေရာကိုအစားထိုးဖို့ လူတစ်ယောက် ရှာရုံပါပဲ။ ပြီးတော့။ ဝမ်ချောင်ကို သီးသန့်ထားလိုက်ရင်။ ဘယ်သူမှ ဒီကိစ္စကို မနှောက်ယှက်နိုင်တော့ပါဘူး။” ဝန်ကြီး ယွီ ဆက်ပြောတယ်။
“ဟုတ်တယ် ။ ဝမ်ချောင်က ဥပဒေ ဝန်ကြီး ဖြစ်နေတယ်။ ဒါကြောင့် သူ့ အမှုကို ဥပဒေ ဝန်ကြီး ဌာနဆီ အပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် …..”
“ ဝန်ကြီးယွီ။ ဒီနေရာ အတွက် စဉ်းစားထားတဲ့ သူ တစ်ယောက်ယောက်များ ရှိလား။ ”
စိတ်ပူပန်နေတဲ့ မျက်လုံးတွေက။ ဒါကို ကြားတော့ တောက်ပလာခဲ့ကြတယ်။ အမှောင်ထုထဲက တောက်ပနေတဲ့ အလင်းတန်းကို သူတို့တွေ မြင်လိုက်ရတဲ့ အတိုင်းပဲ ။
“ဒီနေရာ အတွက်တော့ စိတ်မပူပါနဲ့။ ငါနဲ့ အိမ်ရှေ့စံ မင်းသား ရှိနေသရွေ့တော့။ ဒါက ပြဿနာ မရှိပါဘူး။.” ဝန်ကြီး ယွီ အခိုင်မာအကို ပြောနေခဲ့တယ်။
“ အမှန်ပဲ။ အိမ်ရှေ့စံ နဲ့ ဝန်ကြီး ယွီ ရှိနေသရွေ့။ စိတ်ပူ စရာဘာမှ မရှိဘူး။ ”
“ တကယ်ကောင်းတယ်။” အမတ်မင်းတွေ အတော့်ကို စိတ်သက်သာရာရသွားခဲ့တယ်။
“ကောင်းပြီေ။ အခုက အတော်လေး မှောင်နေပြီ။ အနားယူကြရအောင်။“ ဝန်ကြီး ယွီ အမတ်မင်းတွေကို လက်ဝေ့ယမ်းပြတယ်။
“ ကောင်းပါပြီ။ ကျွန်တော်တို့ သွားပါတော့မယ်။ ”
“ အရှင်မင်းသား ကျွန်တော်တို့ သွားပါပြီ။” အမတ်မင်းတွေ မတ်တရပ် ထပြီးနောက်။ အိမ်ရှေကစံ လင်းထျန်းရုံကို ဦးညွှတ်တယ်။ အဲ့ဒီ့နောက် သူတို့ ထွက်ခွာသွားတော့တယ်။ စာကြည့်ခန်း နောက်တစ်ခေါက် တိတ်ဆိတ်သွားပြန်တယ်။
“ ဖြန်း။” တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ရိုက်ခတ်သံ တစ်ခု ထွက်လာခဲ့တယ်။
“ ပင်းယန်ရာ သေလိုက်ပါတော့။”
“ အရှင်မင်းသား။ ပင်းယန် မင်းသမီး က ဖန်ကျန်းရှီကြောင့် ဒီ လို အဖြစ်မျိုး ရောက်တာပါ။ သူမ အထင် လွဲကောင်းလွဲနိုင်တယ်။ ဒါပေမယ့် သူမက မီးတင်ရှို့တဲ့ သူတော့ မဖြစ်နိုင်ဘူး ။
“ ဝန်ကြီး ငါတို့ အခုချိန် ဘာလုပ်ရမလဲ။”
“ ပထမဆုံး ကိစ္စက။ အမတ်မင်းတွေကို ကျွန်တော်တို့ဘက်မှာ ရှိနေတာ သေချာအောင် လုပ်ရမယ်။ ကျွန်တော် အမှား လုပ်ကောင်း လုပ်မိနိုင်မယ်။ ဥပဒေဝန်ကြီးနဲ့ ဖန်ကျန်းရှီ ရဲ့ အသက်ကို လဲလှယ်ချင်ခဲ့တာ။ ခုတော့ ကျွန်တော် တို့ ဥပဒေ ဝန်ကြီးကို ဆုံးရှုံးလိုက်ရပြီ။ ဒီကိစ္စတွေက ရှုပ်ထွေးသွားပြီ။”
ဥပဒေ ဝန်ကြီး အကြောင်းက ဘာများ ဒီလောက်တောင် ရှုပ်ထွးနေတာလဲ။” လင်းထျန်းရုံမေးတယ်။
“ ပုံမှန် အတိုင်းဆိုရင်။ ဒါက ကိစ္စ သေးသေးလေးဖြစ်မှာ ။ ဒါပေမယ့် ဖန်ကျန်းရှီ ကိစ္စက ဥပဒေ ဝန်ကြီး နဲ့ ဆက်စပ်နေတာ။ ” ဝန်ကြီး ယွီ သတိပေးတယ်။
“ မင်း ဘာကို ဆိုလိုချင်တာလဲ။”
“ အကယ်၍ ဖန်ကျန်းရှီ သာ သေသွားရင်။ ဝန်ကြီးဌာနတွေနဲ့ ဘာ ပတ်သက်မှုမှ ရှိတော့မှာ မဟုတ်ဘူး။ ဒါပေမယ့် သူသာ အသက်ရှင်နေသေးရင်။ သွမ့်အရှင်ရဲ့ ရာထူးအတွက် တိုက်ခိုက်မှုမှာ ကူညီလာခဲ့ရင်…..”
“ မင်းပြောတာ။ ဥပဒေ ဝန်ကြီးကို ဒီကိစ္စအတွက် ။ ဒီကောင် အသုံးချလိုက်တယ်လို့လား။”
“အင်း…”
“ ဒီကောင် ဘယ်လိုတောင် လုပ်ဝံ့တာလဲ။”
“ ထီးနန်း အတွက် တိုက်ခိုကတာက အမြဲတမ်း သွေးစွန်းတယ်။ သွမ့်အရှင်က ဒီလို တိုက်ခိုက်တော့မယ် ဆိုတည်း က။ သူက ညီအကို သံယောဇဉ်ကို ဖြတ်တောက်လိုက်ပြီပဲ။ အရှင် မင်းသား။ တွေးကြည့်ပါအုန်း။ အကယ်၍ အရှင်သာ သွမ့်အရှင် ဖြစ်မယ်ဆိုရင်။ အရှင်ကော သူ့လို မလုပ်ဘူးလား။“
“ ငါနားလည်ပြီ။ ပြောနိုင်တာက။ ဖန်ကျန်းရှီ မြို့တစ်ပတ်လည်ပြီးတော့ သူ့ကိုယ်သူ ဖန်ကျန်းကျန်းလို့ လူတိုင်းကို လိုက်ပြောနေတဲ့ ကိစ္စကို ။ငါ ဒီအတိုင်း ကြည့်မနေနိုင်ဘူး။ ” အိမ်ရှေ့စံ လင်းထျန်းရုံ ဒေါသ တကြီးနဲ့ ပြောတယ်။
“ ဒီတိုင်း ကြည့်နေစရာ မရှိပေမယ့်။ အချိန်ကောင်းကိုတော့ စောင့်ရမယ်။” ဝန်ကြီးယွီ ခေါင်းခါတယ်။
“ ဘာ အခွင့်အရေးလဲ။”
“ စားသောက်ပွဲက မကြာခင် စောင့်တော့မယ်။ ဧကရာဇ်က ဆယ်မိုင်ရေကန်မှာ ရှိနေတာ။ အကယ်၍ တစ်ခါတည်း ရှင်းရှင်းလင်းလင်း နဲ့ လက်စဖျောက်နိုင်ရင်။ ဘာ ပြဿနာမှရှိမှာ မဟုတ်ဘူး ”
“ပင်းယန် အိမ်တော်မှာပဲ လက်စဖျောက်လိုက်ဖို့ပြောနေတာလား။ ”
“ မဟုတ်ဘူး ။ ပင်းယန် အိမ်တော်က အစောင့် အကြပ် များလွန်းတယ်။ နန်းတော်ထက်တောင် အစောင့် အကြပ်များသေးတယ်။ ”
“ဒါဆိုရင်။ ငါတို့ ဘာလုပ်သင့်လဲ။”
“အရှင်မင်းသား။ စိတ်ခပါ။ ဖန်ကျန်းရှီက ပင်းယန် အိမ်တော်မှာ အချိန်အကြာကြီးနေမှာ မဟုတ်ပါဘူး။ သူ့ကို နည်းလမ်းရှာပြီးတော့ ခေါ်ထုတ်လာပါမယ်။”
…
သွမ့်အရှင်ရဲ့ အိမ်တော်ထဲမှာတော့။ ချီဟို့က ရေနွေးခွက်ကို ချထားခဲ့တယ်။ ဆရာဟွားနဲ့ အမတ်မင်းဝမ်ကို ပြုံးရင်း စိုက်ကြည့်နေခဲ့တယ်။
“ ဝမ်ချောင်ကို မြို့ထဲ ဝင်ဝင်ချင်းမှာပဲ ရှင်းထုတ်နိုင်မယ်လို့ မထင်ထားခဲ့မိဘူး။ လေးစားမိပါတယ်။” ဆရာဟွား ပြုံးပြရင်း ချီးမွမ်းတယ်။
“အဲ့ဒီ့ကိစ္စ ငါနဲ့ မဆိုင်ဘူး။”
“ အိမ်ရှေ့စံက ဝမ်ချောင်ကို။ မြို့ ဂိတ်တံခါးမှာ တပ်ပုန်း ချထားလိမ့်မယ်လို့ မထင်ထား မိဘူး။ ပိုပြီးတော့ အံ့သြမိတာက။ ဝမ်ချောင့်ကို ဖန်ကျန်းရှီ ဖယ်ရှားပြစ်လိုက်တဲ့ ကိစ္စပဲ။” ဆရာဝမ်ရဲ့ အသံ ထွက်ပေါ်လာတယ်။
“ ကိစ္စတွေ ဖြစ်တဲ့ အချိန်မှာ ။ ချီဟို့က ဖန်ကျန်းရှီ အနားမှာ ရှိနေတာ မဟုတ်လား။ ကိစ္စတွေ ဘယ်လို ဖြစ်သွားလဲ သိလိုက်လား။” သွမ့်အရှင် ချီဟို့ ခွက်ထဲ ရေနွေးဖြည့်ပေးရင်းေ မးတယ်။ ချီဟို့ ကတော့ မတ်တပ် ထရပ်ရင်း ရေနွေးဖြည့်ပေးတာကို ငြင်းဆန်ဖို့ ပြင်ပေမယ့်။ အဆုံးမှာတော့ သူ လက်ခံလိုက်တော့တယ်။ အဲ့ဒီ့နောက် သူ ပုခုံး တွန့်ပြတယ်။ တစ်ခုခုကို စဉ်းစား ပြီးတဲ့နောက်။ ပုံမှန် တည်ငြိမ်တဲ့ အနေအထားကို ပြန်ရောက်သွားခဲ့တယ်။
“အရှင်မင်းသား။ အခုချိန်မှာ အိမ်ရှေ့စံနဲ့ မဟာမိတ် ပြုထားတဲ့ သူတွေကို ဖယ်ရှားဖို့ ပြင်ဆင်နေတာ ဆိုရင်တော့။ အခုက အချိန်ကောင်း မဟုတ်သေးပါဘူး။”
“ ဘာကို ဆိုလိုတာလဲ။” သွမ့်အရှင် တလေးတစားနဲ့ ပြန်မေးတယ်။
“ သက်သေ သက်ကာယတွေကို ကျွန်တော်တို့ လက်ထဲ ရောက်လာ စေဖို့က ။ ဥပဒေ ဝန်ကြီး လို လူမျိုးကို ။ ကျွန်တော်တို့ ဘက် ရောက်အောင် လုပ်ဖို့ လိုတယ်။” ချီဟို့ ပြန်ဖြေတယ်။
“ မင်းပြောတာ မှန်တယ်။ ဥပဒေ ဝန်ကြီးလိုမျိုး တစ်ယောက် မရှိရင်။ အိမ်ရှေ့စံ အပေါ် သစ္စာရှိနေတဲ့ လူတွေကို ဘာမှ လုပ်လို့ရမှာမဟုတ်ဘူး။” သွမ့်အရှင် ခေါင်းငြိမ့်တယ်။
“ အရှင်မင်းသား။ ဒီနေရာကို ရအောင်လုပ်ဖို့ ယုံကြည်ချက်ရှိရဲ့လား။”
“ အခုတော့။ အမတ်မင်းတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းက အိမ်ရှေ့စံ ဘက်ကို ရောက်နေတယ်။ ငါတို့ အတွက် ဥပဒေ ဝန်ကြီး နေရာကို ရအောင် လုပ်ဖို့က ….”
“ အရှင်မင်းသား ။ ညီလာခံ အတွင်းမှာ ကိစ္စ တစ်ခု ခု လုပ်ဖို့ စဉ်းစားထားလား။”
“အကြံပေးပါ။”
“ အခုချိန်က အရှင် လှုပ်ရှားဖို့ အချိန်ပဲ။” ချီဟို့ ချက်ခြင်း ပြန်ဖြေတယ်။
“ ချီဟို့က ငါ့ကို လှုပ်ရှား စေချင်နေတာလား။ ”
“ မြို့တော်မှာ ဧကရာဇ်ကို လွှမ်းမိုးနိုင်တဲ့ သူက သုံးယောက်ထက်ပိုမရှိဘူး အရှင်။ ဒါကို တွေးကြည့်ပါ။” ချီဟို့ ပြန်ဖြေတယ်။
“ ဧကရာဇ်ကို လွှမ်းမိုးနိုင်တဲ့ တစ်ယောက်ယောက် အကြောင်းကို ပြောနေတာလား။ ” သွမ့်အရှင်ရဲ့ မျက်လုံးတွေ တောက်ပလာတော့တယ်။
အပိုင်း(၄၉၈) ပြီး၏။
*ချီဟို့ဆိုတာကဘွဲ့နာမည်ပါ။ (မြောက်ပိုင်း သခင်) ချီဟုန်က သူ့နာမည်။
အပိုင်း( ၄၉၉)
“ထူးဆန်းတဲ့ စိတ်နေသဘောထား”
အိမ်ရှေ့စံ မင်းသား နဲ့ အချိန် အကြာကြီး စောင့်ကြည့်ပြီး နောက်။ သွမ့်အရှင်က နိုင်ငံရေးမှာ အတော်လေး ကျွမ်းကျင်နေခဲ့ပြီ။ ချီဟို့ ပြောနေတာကို သူ နားလည်တယ်။ အိမ်ရှေ့စံက အခုချိန်မှာ ညီလာခံထဲ အင်အားကြီးနေတယ်။ ဥပဒေ ဝန်ကြီးရာထူးကို ပြိုင်လုဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဖြစ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက။ ဧကရာဇ် ကိုယ်တိုင် ဒီ ရာထူးကို ပေးအပ်ဖို့ပဲ။ ဧကရာဇ်ကို လွှမ်းမိုး နိုင်တဲ့ သူ တွေရဲ့ နာမည်ကိုတော့ ချီဟို့ မပြောပြတော့ဘူး။
လောလောဆယ် မြို့တော်မှာ ရှိနေတာ ။ ဧကရာဇ်ကို လွှမ်းမိုး နိုင်တဲ့သူ သုံးယောက်ထက် မပိုဘူး။ အတိအကျ ပြောရရင်။ နှစ်ယောက် နဲ့ တပိုင်း။ ပထမ တစ်ယောက်ကတော့ ။ စစ်နတ်ကျောင်းတော်က ရှင်းယွမ်ကောင်း ။ ကျောင်းတော် ဆယ့်သုံးခုရဲ့ ခေါင်းဆောင်။ ဧကရာဇ် ရဲ့ သူ့ အပေါ် ယုံကြည်မှုက မခန့်မှန်း နိုင်လောက် အောင် မြင့်မားတယ်။ ရှင်းယွမ်ကောင်းက နိုင်ငံရေး ကိစ္စတွေမှာ ဝင် ပါလေ့ မရှိဘူး။ အဓိက အကြောင်းရင်း ကတော့ ရှင်းယွမ်ကောင်းက နိုင်ငံရေးမှာ သူ ဝင်ပါဖို့ မလိုတာ ကြောင့်ပဲ။
ဘယ်သူပဲ ထီးနန်းပလ္လင်ကို ဆက်ခံရသည် ဖြစ်ပါစေ။ သူတို့က စစ်နတ်ကျောင်းတော်ကို ထပ်တူညီမျှ တန်ဖိုးထားကြမှာပဲ။ နောက်ပြီးတော့ ရှင်းယွမ်ကောင်းက ပလ္လင်ပေါ်က ဘုရင် တစ်ယောက်တည်းကိုပဲ သစ္စာရှိတယ်။ ကျန်နေသေးတဲ့ တစ်ဝက် နဲ့ တစ်ယောက်မှာ။ တစ်ဝက်ကတော့ လုံး၀ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့။ အဲ့ဒီ့ တစ်ဝက်က ဝန်ကြီး ယွီယိဖျင် ဖြစ်နေတာ ကြောင့်ပဲ။ အမတ်မင်းတွေ ရဲ့ ခေါင်းဆောင် အနေနဲ့။ သူက ဧကရာဇ်ရဲ့ စိတ်သဘောကို နားလည်တဲ့ အပြင်။ ဧကရာဇ် မင်းကလည်း သူ့ရဲ့ အကြံဉာဏ်တွေကို ယုံကြည်တယ်။ ဒါပေမယ့် ယွီယိဖျင်ရဲ့ နိုင်ငံရေး လှည့်ကွက်တွေ ကြောင့် ။ တဝက်ပဲ ယုံကြည်တာ။ နောက်ဆုံး တစ်ယောက်ကတော့….။
“ အခုချိန်မှာ ငါ လှုပ်ရှားသင့်ပြီလား။” သွမ်အရှင် က တွေးမိတာကို မေးလိုက်တယ်။
အိမ်ရှေ့စံ နဲ့ နှစ်ပေါင်း များစွာ တိုက်ခိုက် လာပြီးတဲ့နောက်။ သူ့ရဲ့ အကိုကြီး အကြောင်းကို သူ ကောင်းကောင်း သိတယ်။ နောက်တစ်နေ့ မနက် ညီလာခံမှာ သူ့ အကိုကြီးက ။ ဥပဒေ အမတ်မင်း နေရာ အတွက် အဆိုတင်သွင်းမှာပဲ။
“ ငါမသိဘူး။ ဒါပေမယ့် လုံးဝမလှုပ်ရှား တာထက်တော့ လှုပ်ရှားတာက ပို ကောင်းပါတယ်။ ” ချီဟို့ ခေါင်းခါရင်း နဲ့ ရေနွေးကို စုပ်သောက်နေခဲ့တယ်။
“ ငါနားလည်ပြီ။ လိုအပ်တဲ့ ကိစ္စတွေကို စီစဉ်လိုက်ပါမယ်။” သွမ့်အရှင်က ဆရာဟွားနဲ့ ဆရာဝမ်ကို ကြည့်ရင်း ပြောတယ်။ သူတို့ ခေါင်းငြိမ့်လိုက်တာကို မြင်တည်းက ။ ဆုံးဖြတ် ချက် ချလိုက်ပြီ။
“ ရွေးချယ်တာ ကောင်းတယ်။” သွမ့်အရှင်ရဲ့ အပြု အမူတွေကို သူ သတိမထားမိတဲ့ အတိုင်း။ ရှိနေခဲ့တယ်။
…
နောက်တစ်နေ့ မနက်….။ အိမ်ရှေ့စံက ။ ညီလာခံ ဝတ်ရုံကို ဝတ်ဆင်ထားရင်း။ ညီလာခံကို စောစောရောက်နေခဲ့တယ်။ ဝန်ကြီး ယွီ နဲ့ တခြားသော အမတ်မင်းတွေ လည်း စောစော ရောက်နေခဲ့တယ်။ သူတို့ အားလုံး တစ်ယောက် နဲ့ တစ်ယောက် ဆွေးနွေးနေခဲ့ကြတယ်။ သွမ့်အရှင် နဲ့ ချီဟို့ ကတော့ မရှေးမနှောင်းပဲ ရောက်လာခဲ့ကြတယ်။ ညီလာခံက အဖြစ်ကို မြင်တာနဲ့ ဘာတွေ ဖြစ်နေမှန်း သူတို့ သိလိုက်ကြတယ်။ ဒါပေမယ့် သူတို့ အမူအယာ တွေကတော့ ပြောင်းလဲ မသွားခဲ့ဘူး။ အမတ်မင်းတွေ ဆွေးနွေးတာကို ရပ်လိုက်ကြ ပြီးတော့။ ချီဟို့ကို နှုတ်ဆက်ကြတော့တယ်။ အဲ့ဒီ့နောက်။ ချီဟို့ကို အမျိုးမျိုး ဖိတ်ခေါ်ကြတယ်။ တစ်ချို့က အစားသောက်အတွက် ။ တခြားသူတွေ ကတော့ အမဲလိုက်ပွဲတွေ။ ပြိုင်ပွဲတွေ။ တစ်ချို့ကတော့ ရေနွေးကြမ်းသောက်ရင်း စကား စမြည် ပြောဖို့ ဖိတ်ခေါ်ကြတယ်။
အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့တယ်။ ညီလာခံ က စတင်တော့မယ်။ သူတို့တွေ ဆွေးနွေးတာ ရပ်ပြီးတော့။ ညီလာခံ စမှာကို စောင့်နေခဲ့တယ်။ အထိန်းတော်ေ၀ ညီလာခံ ခန်းကို ဝင်လာတယ်။
“ ဧကရာဇ် နေထိုင် မကောင်းတာကြောင့်။ ညီလာခံကို ဒီနေ့ ရပ်နားလိုက်ပါတယ်။ ” အထိန်းတော် ေ၀ ။ အမတ်မင်းတွေကို ကြေညာတယ်။
“ အထိန်းတော်ဝေ။ ဧကရာဇ်က မနေ့က ထိ အကောင်းကြီးပါ။ အခုက ဘာဖြစ် တာလဲ။” အမတ်မင်းတွေ ရှေ့ တိုးလာရင်း မေးတယ်။ အထိန်းတော် ေ၀ ကတော့။ ဝန်ကြီးယွီယိဖျင်ကို ကြည့်ရင်း တွေေ၀ နေခဲ့တယ်။
“ လူတွေ အားလုံက အချိန် မရွေး ဖျားနားနိုင်တာပဲ။ မဟုတ်ဘူးလား အမတ်မင်း လီ။ ” အထိန်းတော်ေ၀ ပြန်ဖြေတယ်။
“ မှန်တယ် မှန်တယ်။ အထိန်းေ၀ ပြောတာ မှန်တယ်။ ဒါပေမယ့် ။ ကျွန်တော်တို့မှာ ဧကရာဇ် နဲ့ ဆွေးနွေးစရာရှိနေပါသေးတယ်။ ဒါကြောင့် သူ့ အခြေအနေကို သိချင် ရုံပါ။”
“ သမားတော်တော့။ အနည်းဆုံး နှစ်ရက် သုံးရက်။ အများဆုံး ငါးရက် နဲ့ ခြောက်ရက် အတွင်း ပြန်ကောင်းသွားမယ်လို့ ပြောထားပါတယ်။”
“အိုး…. ဒါဆို သတင်းကောင်းပဲ။ ဧကရာဇ် ဘယ်နေရာမှာ အနားယူနေလဲ ငါတို့ သိနိုင်မလား။ အကယ်၍ အဆင်ပြေမယ်ဆိုရင်။ ငါတို့အတွက် သတင်းပါးပေးပါ…..”
“ဧကရာဇ်က အခုချိန်မှာ ။ တော်ဝင် မိဖုရား ဟွားဖေးရဲ့ နန်းဆောင်မှာ ရှိနေပါတယ်။ အကယ်၍ အမတ်မင်းတို့ ပြောဆို ဆွေးနွေးချင်တာ ရှိရင်။ တံခါးပေါက်မှာ ဒူးထောက်ပြီးတော့ တောင်းဆိုလို့ရပါတယ်။ ” အထိန်းတော်ေ၀ ပြန်ဖြေတယ်။
“အဟမ်း….။ ဧကရာဇ်က အဲ့ဒီ့မှာ ရှိနေမှ တော့။ ငါတို့လည်း မနှောက်ယှက်တော့ပါဘူး။ ဧကရာဇ် ကျန်းမာရေး ပြန်ကောင်းလာတဲ့ အထိပဲ ငါတို့ စောင့်ပါတော့မယ်။”
“ ကျွန်တော်မျိုး ဧကရာဇ်ကို ပြုစုဖို့ သွားလိုက်ပါအုန်းမယ်။ ”
“ဂရုစိုက်ပါ။”
ဝန်ကြီးယွီ ကတော့ အထိန်းတော်ဝေကို ကြည့်ရင်း မျက်မှောင်ကြုတ်နေခဲ့တယ်။“ဟွားဖေး…”
…
ညီလာခံက ရွေ့ဆိုင်းလိုက်တဲ့ အတွက်။ ဥပဒေ ဝန်ကြီး အသစ်ကို ရွေးကောက်ဖို့ရာကလည်း စောင့်ဆိုင်းဖို့ လို လာခဲ့ပြီ။ ဝမ်ချောင်ရဲ့ အမှုကိစ္စတောင်မှ ရွေ့ဆိုင်းခံထားရတယ်။ ဝမ်ချောင်က ဥပဒေ ဝန်ကြီး။ သက်သေ အကြီးကြီး ရှိနေပေမယ့်။ ဧကရာဇ်ရဲ့ အတည်ပြုချက် မရသရွေ့။ သူ့ကို ဘာမှ လုပ်လို့ မရဘူး.
မြို့တော်က ထူးထူး ဆန်းဆန်းကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေခဲ့တယ်။ ဒါပေမယ့် အောက်ခြေမှာတော့ ဘယ်လောက်တောင်။ နက်ရှိုင်းတဲ့ ကိစ္စတွေရှိနေလဲ လူတိုင်းသိကြတယ်။ အမတ်မင်းတွေက ဝမ်ချောင့် ကိစ္စ နဲ့ ပတ်သက်ပြီးတော့ စိတ်ရှုပ်ထွေးနေကြတယ်။ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားပြီးတဲ့နောက်။ သူတို့ရဲ့ စိတ်ရှုပ်ထွေးမှုက ပိုပြီးတော့ မြင့်မားလာခဲ့တယ်။ မရေမတွက် နိုင်တဲ့ လှည်းတွေက။ မြို့တော်ရဲ့ လမ်းတွေမှာ ဖြတ်သန်း သွားလာနေကြတယ်။ နည်းနည်းပါးပါး တိုက်မိတာလောက် က လွဲပြီးတော့ တခြား ပြဿနာ ကြီးကြီးမားမား မရှိကြဘူး။
“ ဖယ်ကြ….။ ဖယ်ကြ စမ်း…… လီမိသားစုရဲ့ လှည်းကို မင်း ဘယ်လိုတောင် ပိတ်ဆို့ရဲ တာလည်း။ မင်း အသက်မရှင်ချင်တော့ ဘူးလား။ ”
“လီမိသားစု ဟုတ်လား။ သူတို့က ဘယ်သူတွေလဲ မျက်လုံးကို ဖွင့်ပြီးတော့။ ဒီလှည်းပေါ်မှာ ဘယ်သူ ပါလာလဲ မျက်လုံး ဖွင့်ပြီးတော့ ကြည့်စမ်း။ မင်း ဘေးကို မဖယ်ရင်။ မင်းရဲ့ လှည်းတွေကို ဆွဲဖြဲပြစ်မယ်။ ”
“ အိုး ။ ဘယ်သူကများ ဒီလို စကားကြီး စကားကျယ်တွေ ပြောနေတာလဲ။ မင်း လာပြီးတော့ ငါ့ကို တိုက်ကြည့်ရဲလား။”
“ကောင်းပြီလေ။ ကျန်းမိသားစု ဘယ်လောက်တောင် အင်အားကြီးမှန်း မင်း သိစေရမယ်။ မင်း ဘာကိုများ စောင့်နေတာလဲ။ သူ့လှည်းက ဘီးတွေကို ဆွဲဖြဲလိုက်စမ်း။”
“ မောက်မာနေတဲ့ မိသားစု သေးသေးလေး…. တိုက်မယ်။”
“ ….”
“ မရေမတွက် နိုင်တဲ့ လှည်းတွေက လမ်းမတွေ ပေါ်မှာ ဖြတ်သွားနေတာ ဒါပေမယ့် ဂိတ်တံခါးကြီးက တစ်ခုပဲရှိတယ်။ ဒါကြောင့် ဘယ်သူမှ အချိန် ပေးပြီးတော့ ရပ်စောင့် မနေကြဘူး။ ဘယ်သူမှလည်း ဂိတ်တံခါးမှာ တိုက်ခိုက် မနေကြဘူးလေ။ ဂိတ်တံခါးပေါ်မှာ ရွှေရောင် စာလုံးတွေနဲ့ ရေးထားတဲ့ စကား တစ်ချို့ ရှိနေတယ်။
ပင်းယန် အိမ်တော်။ ဒီ အိမ်တော်က နန်းတော်ကြီး တစ်ခုလိုပဲ။ နောက်ပြီးတော့ မြို့လည်ခေါင်မှာ တည်ရှိနေတယ်။ ဒါပေမယ့် အမတ်မင်း အများစုကတော့ ဒီ အိမ်တော်ကို ဝေေးဝေးက ရှောင်ကြတယ်။ အခုချိန်မှာတော့။ လှည်း ခပ်သေးသေး တစ်စီး အိမ်တော်ရှေ့မှာ လာရပ်တယ်။ အဲ့ဒီ့နောက် လူငယ်တစ်ယောက် လှည်းပေါ်ကနေ ဆင်းလာတယ်။ ဘေးပတ်လည်ကို ကြည့်ရင်း။ ပြုံးနေခဲ့တယ်။
“ ဟိုင်း ….ညီနောင်။ ငါရောက်လာတာကို ကြေညာပေးပါ။ အမတ်မင်း ဖန်ကို တွေ့ဖို့ ရောက်နေတာပါ။” လူငယ် ရောက်လာပြီးတော့ ပြောတယ်။ အဲ့ဒီ့နောက် ငွေသား တစ်ချို့ကို သူ ထုတ်ပေးတယ်။
“အမတ်မင်း ဖန်။ အမတ်မင်း ဖန်လား။” ရွှေရောင် စစ်သည်တော်က။ ငွေတွေကို လျစ်လျူရှုထားတယ်။ အဲ့ဒီ့နောက် ရုတ်တရက် ခပ်ထုံထိုင်းထိုင်း အသံ တစ်ခု ထွက်လာခဲ့တယ်။ တံခါး ရုတ်တရက် ပွင့်သွားပြီးတဲ့ နောက်။ စစ်သည်တော် အယောက်နှစ်ဆယ် ကျော်ထွက်လာခဲ့တယ်။ လူငယ်ကို ချက်ခြင်း ဖိနှိပ်ထားတော့တယ်။ လူငယ်က မျက်လုံးပြူးသွားတယ်။ ဒါပေမယ့် လက်သီးချက်တွေ မိုးရွာသလို သူ့ ကိုယ်ပေါ်ကို ကျလာတဲ့ အချိန်မှာတော့။ လူငယ် ထအော်တော့တယ်။
“ ကျွန်တော် မှားသွားလို့ပါ။ ကျွန်တော်က ဝမ်တပေါင်းပါ။ ဖန်ကျန်းကျန်းကို တွေ့ဖို့ ရောက်နေတာပါ။ ”
“အိုး ။ မင်းက သခင်လေး ဖန်ကို တွေ့ဖို့ ရောက်နေတာလား။ စောစောက ပြောရောပေါ့။ ” စစ်သည်တော်တွေ ရပ်တန့်လိုက်ကတယ်။ ဝမ်တပေါင်းကတော့ အတော့်ကို စိတ်ထဲ ခါးသက်သက် ဖြစ်သွားပေမယ့်။ သူ လုပ်နိုင်တာ တခြား ဘာမှ မရှိဘူးလေ။ မျက်ရည်တွေကို သုတ်ရင်း သူ ထရပ်တယ်။
“ ငါရောက်လာတာကို ပြောပေးနိုင်မလား။”
“ဒါပေါ့။ စောင့်ပါအုန်း။ သခင်လေးဝမ်။” စစ်သည်တော် ခေါင်းငြိမ့်တယ်။ မြေကြီးပေါ်က ငွေကို ကောက်ယူပြီးတော့ အိတ်ထဲ ထည့်လိုက်တယ်။
“…..” ဝမ်တပေါင်းကတော့ စိတ်ထဲ ချဉ်နေခဲ့တယ်။ သူ သတိထားမိတဲ့ တစ်ခုတည်းသော ကိစ္စကတော့။ သူ့ငွေကို စစ်သည်တော် ကောက်လိုက်တာပဲ။
…
ပင်းယန် အိမ်တော်ရဲ့ ဥယျာဉ်ထဲမှာ။ ဖန်ကျန်းရှီက သူ့ အမှတ်အသား။ အပြာရောင် အကျီ လက်ရှည်ကို ဝတ်ထားရင်း ။ အဖိုးတန် သားရေခင်း ထိုင်ခုံပေါ်မှာ ထိုင်နေခဲ့တယ်။ ကောင်းကင်ကို မော့်ကြည့်ရင်း နဲ့ ထိုင်နေခဲ့တယ်။ ပင်းယန်က ဖန်ကျန်းရှီ ရဲ့ နောက်မှာ ထိုင်နေခဲ့တယ်။ အနီရောင် ဝတ်ရုံကို ထုံးစံ အတိုင်း ဝတ်ထားပြီးတော့။ ခေါင်းနောက်မှာ လက်ပြစ်ရင်း။ ဖန်ကျန်းရှီကို ထိုင်ကြည့်နေခဲ့တယ်။
“ အရှင်မင်းသမီး။ သခင်လေးဖန်။ သခင်လေးရန်။ ဝမ်တပေါင်း ဒီမှာ ရောက်နေပါတယ်။ ”
“….”
တိတ်ဆိတ်နေတယ်။ ဖန်ကျန်းရှီ ရန်ရွှယ် နဲ့ ပင်းယန်။ တစ်ယောက်မှ စစ်သည်တော် ပြောတာကို မကြား တဲ့ အတိုင်းပဲ။ ခုန လုပ်နေသလိုသာ ဆက်နေနေကြတယ်။
စစ်သည်တော် ဆယ့် ငါးမိနစ်ကြာတဲ့ အထိ စောင့်ဆိုင်းနေခဲ့တယ်။ ဒါပေမယ့်။ သူ့ကို သူတို့ လျစ်လျူရှုထားကြ တုန်းပဲ။ “အဟမ်း။ အရှင်မင်းသမီး။ သခင်လေးဖန်နဲ့ သခင်လေး ရန်။ ဝမ်တပေါင်း ဒီမှာ ရောက်နေပါတယ်။” စစ်သည်တော် သတိပေးတယ်။ သူ့အသံက တစ်စထက် တစ်စ ကျယ်လောင်လာတယ်။
“ …..” တိတ်ဆိတ်နေတယ်။ စစ်သည်တော်ကတော့ ဒီ လူသုံးယောက်ကို သာ ဒီ အတိုင်းကြည့်နေခဲ့တယ်။ သူတို့တွေက အရင်အတိုင်း မပြောင်းလဲ ဘူး။ စစ်သည်တော် စိတ်ရှုပ်ထွေးလာတော့တယ်။ ဝင်ပေါက်မှာပဲ ကျောက်ရုပ်ကြီး တစ်ခုလိုသာ စောင့်နေခဲ့တယ်။
ဆယ့်ငါးမိနစ်ကြာပြီးနောက်။ နောက်ထပ် ရွှေရောင် စစ်သည်တော်တစ်ယောက် ထပ်ရောက်လာပြန်တယ်။ ဖန်ကျန်းရှီ ။ ပင်းယန် နဲ့ ရန်ရွှယ်ကတော့ သူတို့ရဲ့ ကိုယ်ပိုင် လောကထဲကိုသာ ရောက်နေကြတဲ့ အတိုင်းပဲ။ အချိန်တွေ ကုန်ဆုံး သွားတယ် ။ တံခါး၀ မှာ ရပ်နေတဲ့ စစ်သည်တော်တွေ တိုးလာခဲ့တယ်။ ရပ်စောင့်နေကြတဲ့ ကျောက်ရုပ်လို လူတွေထဲ ။ အစေခံတွေ ကျွန်တွေတောင် ပါလာကြတယ်။ ပင်းယန် အိမ်တော်ရဲ့ ။ အိမ်တော်ထိန်းတောင်မှ လာရပ်စောင့် နေခဲ့ပြီ။
နေမင်းကြီးက ပူသထက် ပူလာခဲ့တယ်။ ပင်းယန်။ ဖန်ကျန်းရှီ နဲ့ ရန်ရွှယ် ကတော့ မလှုပ်ရှားဘူး ။ ဒါကြောင့်။ တခြား ဘယ်သူမှလည်း မလှုပ်ရှားဝံ့ဘူး။ ဂိတ်တံခါးမှာသာ သူတို့ ဆက်စောင့်နေကြတယ်။ နောက်ဆုံးမှာတော့ ပင်းယန်က တံခါးဘက်ကို လှည့်ကြည့်လာတော့တယ်။
အစေခံက ချက်ခြင်း နားလည်သွားတယ်။ သိပ်မကြာခင်မှာပဲ ။ ရေနွေး တစ်ခွက်ကို ယူပြီးတော့ သူရောက်ချလာတော့တယ်။ ပင်းယန်ကတော့ ရေနွေးခွက်ကို လှမ်းယူရင်း သောက်လိုက်တော့တယ်။
“ မင်း ရှုံးပြီ။” ဖန်ကျန်းရှီ ပင်းယန်ကို ကြည့်ရင်း ပြောတယ်။
“ ငါရှုံးပြီဟုတ်လား။ ဘာလို့ ရှုံးရမှာလဲ။ ငါစကား တစ်ခွန်းမှတောင် ပြောသေးတာ မဟုတ်ဘူး။” ပင်းယန် ကြည့်ရတာ အတော်လေး စိတ်ပျက်နေပုံပဲ။
“ဟုတ်လို့လား။”
“ ဒါပေါ့။ ငါ စကားပြောတာ ကို နင်ကြားလို့လား။”
“ ငါပြောခဲ့တာက။ ပထမဆုံး ပါးစပ်ဖွင့်တဲ့သူ ရှုံးမယ်လို့ ပြောတာ။ ပထမဆုံး စကားပြောတဲ့ သူ မဟုတ်ဘူး။ မင်းပါးစပ်ကို မဖွင့်ပဲနဲ့ ဘယ်လိုများ ရေနွေးသောက်လို့ရမှာလဲ။ ” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
“ ဒါလည်း ထည့်တွက်တာပဲလား။” ပင်းယန် သူမ ကြားရတာကို မယုံနိုင်ဘူး။
“ မင်း ဘယ်လိုထင်လဲ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
“ဒါဆို ကောင်းပြီလေ။ ဒီတစ်ယောက် နင်နိုင်ပြီ။ မေးခွန်းမေးတော့။” ပင်းယန် နောက်ဆုံးတော့ သူ ရှုံးတာကို လက်ခံလိုက်တော့တယ်။
“ငါ့မေးခွင့်က စောင့်လို့ရတယ်။ ဝမ်တပေါင်းက အပြင်မှာ စောင့်နေတာ လေးနာရီ ကျော်ကြာနေပြီ” ဖန်ကျန်းရှီ လက်ဝေ့ယမ်းပြရင်း ပြောတယ်။
“ဟုတ်တယ်။ ဝမ်တပေါင်းစောင့်နေတာ လေးနာရီ နီးပါး ရှိပါပြီ။” ရွှေရောင် စစ်သည်တော် တလေးတစား နဲ့ ပြန်ဖြေတယ်။ ဒါပေမယ့်။ သူတို့တွေ အားလုံး အတော့်ကို မျက်နှာ မကောင်းကြဘူး။ ပင်းယန်ကော ဖန်ကျန်းရှီပါ ထူးခြားတဲ့ စိတ်နေသဘောထားရှိတဲ့ သူတွေမှန်း သူတို့ သိတယ်။ တစ်ရက်တည်းမှာ ဒီလိုလူ နှစ်ယောက်ဆီ တာဝန် ထမ်းဆောင် ရမယ်မှန်း သူတို့ မထင်မှတ် ထားမိဘူး။ ရန်မိသားစုရဲ့ ယဉ်ကျေးပြီး တရားနည်းလမ်းကျတဲ့ သားလိမ္မာ ရန်ရွှယ်တောင်။ သူတို့ နဲ့ အတူ ဝင်ကစားနေသေးတယ်။
အပိုင်း(၄၉၉) ပြီး၏။
အပိုင်း(၅၀၀)
“အပေးအယူ”
“အင်း….. ဒါဆိုရင်လည်း လေးနာရီတိတိ သာ စောင့်ခိုင်းလိုက်တော့။” ဖန်ကျန်းရှီ သူ့ရဲ့ တင်ပါးကို ပွတ်ရင်း နဲ့။ ခေါင်းငြိမ့်လိုက်တယ်။
“ကောင်းပါပြီ။” ရွှေရောင် စစ်သည်တော် ဖြေပြီးတဲ့နောက်။ ထွက်သွားတော့တယ်။ အဲ့ဒီ့နောက်။ အိမ်တော်ထိန်း နဲ့ အစေခံတွေလည်း။ သူတို့ရဲ့ သက်ဆိုင်ရာနေရာကို ပြန်သွားတော့တယ်။ ဒါက အိမ်တော်နဲ့ သက်ဆိုင်တဲ့ ကိစ္စ မဟုတ်သလို။ စစ်သည်တော် သတင်းပို့တာကို ပင်းယန် ပြန်ဖြေပြီးတဲ့ အချိန်မှာ။ သူတို့သုံးယောက် တည်းသာ ဥယျာဉ်ထဲမှာ ကျန်ရစ်ခဲ့တော့တယ်။
“အား…. ငါ ထပ်မစောင့်နိုင်တော့ဘူး။ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး ။ နင် ဘယ်မှာရှိနေတာလဲ။” ပင်းယန် နောက်ထပ် ထပ်မစောင့်နိုင်တော့ဘူး။
“ မင်း တကယ်ပဲ သိချင်တာလား။ ဒါပေမယ့်။ ငါ့ကို အရင်ဆုံး နိုင်ဖို့တော့ လိုမယ်လေ။ အနိုင်ရတဲ့ သူ ပဲ မေးခွန်း မေးခွင့်ရှိတာ။ အရှုံးသမားတွေကတော့ ဖြေပဲ ဖြေလို့ရတယ်။” ဖန်ကျန်းရှီ သတိပေးတယ်။
“ ဟန့်….။ ငါ လုံးဝကို အနိုင်တိုက်မှာ။ ” ပင်းယန် ပွစိပွစိ နဲ့ ပြောနေခဲ့တယ်။ “ အခုတော့…… ငါ့ မေးခွန်းကို မင်းဖြေရတော့မှာပဲ။ အရှင်လီချင်းက ဘယ်သူ့ကို သဘောအကျ ဆုံးလဲ။” ဖန်ကျန်းရှီ မေးတယ်။
“ နင်က အရှင်လီချင်း အကြောင်း မေးတာလား။ အရှင်လီချင်းက ငါ့ကို အချစ်ဆုံး။ ယန်လေးကတော့ ဒုတိယ ဖြစ်မှာပေါ့။ ရှင်းယွမ်ကောင်းကော ။ သူ့ အဖေ နဲ့ကော ဆက်ဆံရေး ကောင်းသေးတယ်။” ပင်းယန် မျက်တောင် တဖျပ်ဖျပ် ခတ်ရင်း ပြောတယ်။
“ချီကူယန်လား။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ပင်းယန် ပြောတာမှန်သမျှကို အကုန်လုံး ယုံကြည်လို့ မဖြစ်ဘူးလေ။ သူမကို သဘောအကျဆုံးဆိုတာ တကိုယ်ကောင်းဆန်ပြီးတော့ ပြောတာလည်း ဖြစ်နိုင်တယ်။ အရှင်လီချင်းက ချီကူယန်ကို အနှစ်သက်ဆုံး ဆိုတာ သိသာတယ်။ ဒီကိစ္စကတော့ ….. လွန်ခဲ့တဲ့ တစ်နှစ်။ ညီလာခံ ခန်းမထဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စကို ကြည့်ရင် သိသာတယ်။
အဲ့ဒီ့အချိန် တုန်းက။ သုခမိန်လောက ကနေ သူ ထွက်လာခါစပဲ ရှိသေးတယ်။ ခြေရာမဲ့ဓားကို ။ အမတ်မင်းတွေ။ အိမ်ရှေ့စံ နဲ့ သွမ့်အရှင်တို့ ပြိုင်လုနေတဲ့ ကြားမှာ သူ က ကိုင်ထားခဲ့တာ။ အဆုံးမှာတော့။ ချီကူယန်က အရှင်လီချင်းကို ခေါ်လာပြီးတော့။ ပြဿနာတွေကို ဖြေရှင်းပေးခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့။ အရှင်လီချင်း အကြောင်း အဲ့ဒ့ီအချိန်က ဘာမှ သိပ်မသိခဲ့ဘူး။ အရင်ကလည်း ဒီလူနဲ့ သူမတွေ့ခဲ့ဘူးလေ။
“ ယန်လေး က အရှင်လီချင်းကို တောင်းဆိုပြီးတော့ နင့်အမှုကနေ ။ ကယ်ခိုင်းဖို့ မျှော်လင့် မနေနဲ့။ အရှင်လီချင်းက နိုင်ငံရေး မှာ လုံး၀ ဝင်မပါဘူး။ နောက်ပြီးတော့ ယန်လေးကလည်း ကောင်းကင် တာအို ခန်းမ မှာ။ သူ့ကိုယ်သူ လောကြင်္ကီးနဲ့ အဆက်ဖြတ်ထားတယ်။ ” ပင်းယန် ချက်ခြင်း ပြန်ပြောတယ်။
“ လောကကြီးနဲ့ သူ့ကိုယ်သူ အဆက်ဖြတ်ထားတာကို မင်း ဘယ်လိုလုပ်သိလဲ။” ဖန်ကျန်းရှီ မေးတယ်။
“ ဒါပေါ့။ ငါသိတာပေါ့။ အကယ်၍ ယန်လေးသာ သူ့ကိုယ်သူ လောကကြီး နဲ့ အဆက်ဖြတ် မထားရင်။ ငါ့ စာတွေကို သူ ပြန်စာရေးမှာပေါ့။ ” ပင်းယန် ပြန်ဖြေတယ်။
“မင်းကို စာပြန်ရမယ် ဟုတ်လား။ အင်း…. သူနဲ့ စာ အဆက်အသွယ်ရ ခဲ့တာ ဘယ် အချိန်က နောက်ဆုံးလဲ။”
“လွန်ခဲ့တဲ့ သုံးလ တုန်းက….”
“ အိုး…. ဒါဆိုရင် စာထဲမှာ ဘာတွေ ရေးထားလဲ ပြော ပြစမ်းပါအုန်း။”
“ နင့်ကို မပြောပြပါဘူး။ ဘာ တစ်ခုမှ မပြောပြဘူး။ ဒါပေမယ့် ယန်လေးက ပြောတယ်။ သူမ ကျင့်ကြံဖို့ အတွက် အချိန်လိုတယ်တဲ့။ အပေးအယူရဲ့ အချိန် ကုန်ဆုံးရက်က နီးလာပြီဆိုပဲ။ သူပြောတာတော့။ လူတစ်ယောက်က အချိန်စာရင်းကို နှစ်ခါမမေ့ သင့်ဘူး တဲ့။ အဲ့ဒီ့အကြောင်းမေးတော့ သူ စာမပြန်တော့ဘူး။”
“ အပေးအယူ ဟုတ်လား။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
ကောင်းကင်တာအို ခန်းမ လူရွေးပွဲက စတော့မယ်လေ။ နောက်ဆုံး တစ်ခေါက်တုန်းက နန်ကုန်းဟောင် အောင်အောင်မြင်မြင် လုပ်ဆောင်ပြီးစီးခဲ့တယ်။ ဖန်ကျန်းရှီ ခပ်မြန်မြန် တွက်ချက်လိုက်တယ်။ တော်ဝင်စာ မေးပွြ စတော့မယ်။ အဲ့တာပြီးရင် ညီလာခံ စာမေးပွဲလာမယ်။ နောက်ဆုံးတော့။ ကောင်းကင်တာအို ခန်းမ လူရွေးပွဲ။ ကောင်းကင်တာအို ခန်းမ။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းကတော့။ ဒါက အခေါ်အဝေါ် တစ်ခုထက် မပိုခဲ့ဘူး။ ဒါပေမယ့် အခုတော့ ပိုပြီးတော့ အဓိပ္မာယ ် ရှိလာပြီ။ ခန်းမကြီးတစ်ခု ။ သုခမိန်လေးယောက်။ ကျောင်းတော် ဆယ့်သုံးခု။ ဒါက ကြီးမြတ်သောရှ မင်းဆက်ရဲ့ ဆိုရိုးစကား တစ်ခုပဲ။ ခန်းမကြီးက သုခမိန်လေးယောက်ရဲ့ အထက်မှာ ရှိတယ်။
“ သုံးလက လုံလောက်မှာပါ။”
…
ဖန်ကျန်းရှီ နဲ့ ပင်းယန်က ကောင်းကင်တာအို ခန်းမ အကြောင်း ဆွေးနွေးနေတဲ့ အချိန်မှာပဲ။ ဝမ်တပေါင်း ရောက်လာတော့တယ်။ အပြင်မှာ လေးနာရီလုံးလုံး။ အစာမစား ရေမသောက်ရပဲ ရပ်စောင့်နေခဲ့ရတာ။ ဒါက ဝမ်တပေါင်းလို။ ဖူးဖူးမှုတ်ထားခံရတဲ့ သခင်လေး တစ်ယောက် အတွက်တော့ အိမ်မက်ဆိုးလိုပဲ။ သူ့ အတွက် ကံကောင်းတာကတော့ ။ ဒီအိမ်မက်ဆိုးကြီး အခုချိန်မှာ ပြီးဆုံးသွားတာပဲ။ သူ့ငွေသားတွေကို ယူသွားတဲ အစောင့် ပြန်ထွက်လာတော့တယ်။ အဲ့ဒီ့နောက် အစောင့်က သူ့ ဘေးမှာ လာရပ်တယ်။ ဒါပေမယ့် နောက်ထပ် ဆယ့်ငါးမိနစ် ကြာအောင် ဆက်ပြီးတော့ တိတ်ဆိတ်နေဆဲ။ ဝမ်တပေါင်းက သူ ဝင်လို့ ရပြီလားလို့ မေးတော့မယ့် အချိန် မှာပဲ။ အစောင့်က အိမ်တော် ထဲက နာရီကို တစ်ချက်လှမ်းကြည့်တယ်။
“ကောင်းပြီ။ အခု ဝင်လို့ရပြီ။”
“ ငါဝင်လို့ရပြီလား။” ဝမ်တပေါင်း သူ့ အရေခွံထဲကနေ တောင် ခုန်ထွက်လိုက်ချင်တယ်။ ဖန်ကျန်းရှီ ဒီလောက်ထိ အလုပ်များနေမယ်လို့ မထင်ထားမိဘူး။ ဒါပေမယ့် အခုလို ဖန်ကျန်းရှီ နဲ့ တွေ့ရတာတော့ ကံကောင်းတယ်လို့ ။ ဝမ်တပေါင်း တွေးနေမိတယ်။ ( လွန်ခဲ့တဲ့ လေးနာရီလုံးလုံး ဖန်ကျန်းရှီ နေပူဆာ လှုံနေတာသာ ဝမ်တပေါင်း သိသွားခဲ့မယ်ဆိုရင်။)
သူရဲ့ တုံ့ပြန်မှုကလည်း ကွာခြားသွားမှာပဲ။ ဝမ်တပေါင်းကို အစောင့် ဥယျာဉ်ထဲ ခေါ်သွားတယ်။ အဲ့ဒီ့နောက် သူရောက်လာတာကို ကြော်ညာပေးတော့တယ်။ “သခင်လေး ဝမ် ကြွပါ။”
“ကျေးဇူးပဲ“ ဝမ်တပေါင်း ခေါင်းငြိမ့်တယ်။ စစ်သည်တော်ကို ကျေးဇူးတင်တယ်။ ဥယျာဉ်ထဲ ဝင်ဝင်ချင်းမှာပဲ ပန်းရနံ့တွေက သူ့ကို ဆီးကြိုနေခဲ့တယ်။ ဒါက ဝမ်တပေါင်းကို စိတ်တက်ကြွလာစေတယ်။ ဒီပန်းတွေက မြို့တော်ထဲမှာ တန်ဖိုးအမြင့်ဆုံးသော ပန်းတွေပဲ။ ဒါပေမယ့် ပင်းယန်ရဲ့ အိမ်တော်မှာတော့ အသက်ရှူကြပ်လောက်အောင် ပြည့်နှက်နေတယ်။
“ အရှင်မင်းသမီး။ သ သခင်လေး ဖန်။ သခင်လေး ရန်။” ဝမ်တပေါင်း သင်ခန်းစာရ သွားခဲ့ပြီ။ ဖန်ကျန်းရှီကို နာမည် မခေါ်ဝံ့တော့ဘူး။
“ မင်း အဖေလာခိုင်းလို့လား။” ဖန်ကျန်းရှီ တစ်ခါတည်း မေးတယ်။
“ အင်း…” ဝမ်တပေါင်း ရပ်တန့်သွားသလို။ ဖန်ကျန်းရှီကို ပြုံးပြုံးကြီးသာ စိုက်ကြည့်နေတော့တယ်။ ဒီအချိန်မှာ သူ့ စိတ်ထဲ တဖျပ်ဖျပ် လှုပ်ခတ်နေခဲ့တယ် ။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက။ ဖန်ကျန်းရှီ၊ ရန်ရွှယ်နဲ့ ပင်းယန် တို့က။ သူ့ ကို ထမင်းအနပ်ပေါင်း အများကြီး ဒကာခံခိုင်းပြီး စားသောက်သွြးခဲ့တယ်။ ဒါပေမယ့် ဒီနေ့မှာတော့။ ဖန်ကျန်းရှီ က လွန်ခဲ့တဲ့ တစ်နှစ် ကနဲ့ မတူပဲ ပြောင်းလဲ နေပြီလို့ ။ ခံစားမိနေတယ်။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ။ ဖန်ကျန်းရှီ ဒီလို မေးခွန်းမျိုကို လုံးဝမေးမှာ မဟုတ်ဘူး။ အခုတော့ တနှစ်တင်းတင်း ပြည့်သွားခဲ့ပြီ။ ဖန်ကျန်းရှီက သူ့ကို ဒီလို မေးခွန်းမျိုး မေးလာခဲ့ပြီ။
“ ဟုတ်ပါတယ်။” ဝမ်တပေါင်း တွေဝေနေပြီး နောက်မှာ။ ခေါင်းငြိမ့်လိုက်တယ်။
“ အင်း…. မင်း ကိုယ်တိုင်ကကော။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ ကျွန်တော်လည်း ဒီကို လာချင်လို့ပါ။ ဖန်….. သခင်လေးဖန် မြို့တော်ကို ရောက်လာပြီလို့ ကြားတာနဲက…. ကျွန်တော်လာချင်တာ ဒါပေမယ့် အဲ့ဒီ့ အချိန်က…..” ဝမ်တပေါင်း သူ့ အတွေးတွေကို ။ ဖော်ပြဖို့ စကားရှာ မတွေ့ခဲ့ဘူး။ အရင်တုန်းကတော့ သူ့မှာ အကြောင်းပြချက် အများကြီးရှိခဲ့တယ်။ ဒါပေမယ့် အခု ဖန်ကျန်းရှီကို မြင်တဲ့ အချိန်မှာ။ ဘာမှ ပြောမထွက်တော့ဘူး။
“ ထည့်တွက်လို့လည်း ရပါတယ်။” ဖန်ကျန်းရှီက ဒီလို အမူအယာကို စိတ်ဆိုးပုံမပြဘူး။ အနီးက ခုံကို လက်ညှိုးထိုးပြတယ်။ ဝမ်တပေါင်း ဝင်ထိုင်လိုက်တယ်။
“ ကျွန်တော်လည်း ကျွန်တော့် အဖေ ဘာတွေးနေမှန်း မသိဘူး။ ကျွန်တော်ထင်တာတော့။ မင်းသမီး။ သခင်လေး ဖန် နဲ့ သခင်လေးရန်။ …. အဟမ်း။ အဖေက လာလည်စေချင်တာ ဖြစ်မယ်။ ” ဝမ်တပေါင်း ထိုင်လိုက်ပြီး နောက်မှာ ပိုပြီးတော့ သက်တောင့်သက်သာ ရှိသွားသလိုပဲ။
“ ဘာအတွက်လည်း။” ဖန်ကျန်းရှီ မေးတယ်။
“ သူမပြောဘူး။ ပင်းယန်အိမ်တော်ကို သွားပြီးတော့ စကားသွားပြောလို့ပဲ ပြောတယ်။ ကျွန်တော်တောင် မေးခဲ့သေးတယ်။ ဘာအကြောင်း သွားပြောရမှာလဲလို့။” ဝမ်တပေါင်း ချက်ခြင်း ပြန်ဖြေတယ် ။
“ ပင်းယန် နဲ့ ရန်ရွှယ် တစ်ယောက်ယောက်ကို လာရှာဖို့ သူမပြောတာ သေချာလို့လား။” ဖန်ကျန်းရှီ မေးတယ်။
“မဟုတ်ဘူး။ သူက သခင်လေး ဖန်ကိုပဲ ပြောတာ။” ဝမ်တပေါင်း အခိုင်အမာပြောတယ်။
“ ငါနားလည်ပြီ။ မင်း အခု ပြန်လို့ရပြီ။”
“ ဘာဖြစ်တယ်။”
“ မင်းက နေ့လယ်စာစားဖို့ တွေးနေတာလား။” ဖန်ကျန်းရှီ လှောင်ပြုံးပြုံးရင်းမေးတယ်။
“ အမ်…. မဟုတ်ဘူး မဟုတ်ဘူး။” ဝမ်တပေါင်း ချက်ခြင်းပြန်ဖြေတယ်။
“ တကယ်တော့ နေ့လယ်စာ စားလို့ရပါတယ်။ ဒီနေ့ ပိုက်ဆံယူလာသေးလား။” ဝမ်တပေါင်းရဲ့ ခါးပိုက်အိတ်ကို ကြည့်ရင်း ဖန်ကျန်းရှီ မေးတယ်။
“ မဟုတ် မဟုတ်…. တကယ်တော့ နည်းနည်းလေး ယူလာတယ်။ သိပ်မများ ပါဘူး။ တကယ့်ကို မများဘူး။ တစ်သောင်း ….. နှစ်သောင်းတည်းပဲ ယူလာတာပါ။ ” ဝမ်တပေါင်း သူ့ငွေတွေကို ဖွက်ဖို့ ကြိုးစားပေမယ့် ။ မလုပ်နိုင်ခဲ့ဘူး။ ဖန်ကျန်းရှီက တဖက်လူ ဖြစ်နေသရွေ့တော့။ ဘယ်နေရာဖွက်ဖွက် အသုံးမဝင်မှန်း သူသိတယ်။
“ အင်း…. တနပ်စာအတွက်တော့ လုံလောက်ပါတယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ဘာပြောတယ်။ တနပ်စာ အတွက် ငွေသား နှစ်သောင်းတဲ့လား။”
“ နှစ်နပ်စာ စားဖို့ တွေးနေတာလား။”
“ ဟ ဟား….။ သခင်လေး ဖန်။ ဒီ တစ်နပ်စားပြီးရင် ကျွန်တော်က သွမ့်အရှင်ရဲ့လူ ဖြစ်တော့မှာလား။”
“ မင်း အဖေက ဒီလို မေးလိုက်တာလား၊”
“မဟုတ်ပါဘူး။ အဖေက ဘာမှ မပြောဘူး။ စကာပြောဖို့ပဲ လွှတ်လိုက်တာ။
“နေ့လယ်စာ စားပြီးမှပြန်လို့ရတယ်။ နက်ဖြန် နေ့လယ်စာ စားချင်ရင်တော့။ ငွေသား နှစ်သောင်း ထပ်ယူလာခဲ့။ ” ဖန်ကျန်းရှီ က ဝမ်တပေါင်းနဲ့ စကားဆက်ပြောဖို့ စိတ်ကူးမရှိတော့တဲ့ ပုံစံပဲ။
“ကောင်းပြီလေ။ ကြယ်ခုနှစ်လုံး လမ်းကို ဒီည သွားမယ်ဆိုရင်ကော။ မနှစ်က ခန်းမဆောင် မီးလောင်သွားပြီးတည်းက ။ ကြယ်ခုနှစ်လုံး လမ်းက နောက်ထပ် လူဆုံများတဲ့ နေရာ ဖြစ်လာတော့တာပဲ။ ” ဝမ်တပေါင်းက ဖန်ကျန်းရှီရဲ့ အမူအယာကို မြင်တော့ ပြုံးလိုက်တယ်။
“မင်းမှာ ပိုက်ဆံရှိသေးတာလား။” ဖန်ကျန်းရှီ ပြုံးပြရင်း နဲ့ ဝမ်တပေါင်းကိုကြည့်ရင်း ပြောတယ်
“ ဒါပေါ့ ရှိသေးတာပေါ့။ နောက်ထပ် ရွှေသား နည်းနည်းလည်းရှိသေးတယ်။ ” ဝမ်တပေါင်း သူ့ ရင်ဘတ်သူ ပုတ်ပြရင်း ပြောတယ်။
“ ရန်ရွှယ် မင်းကော လိုက်မလား။ ” ဖန်ကျန်းရှီက ဝမ်တပေါင်း မေးတာကို ပြန်မဖြေဘူး။ ရန်ရွှယ့်ကို ဆက်မေးတယ်။
“ ငါ သွားမယ်။” ရန်ရွှယ် ပြန်မဖြေခင် တွေဝေနေခဲ့တယ်။
“ကောင်းပြီလေ။ ဒီနေ့ည ငါတို့ ကြယ်ခုနှစ်လုံး လမ်းကို သွားမယ်။” ရန်ရွှယ်ဖြေတာ ကြားပြီးတဲ့နောက်။ ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ ငါ့ကိုကော ဘာလို့မမေးတာလဲ။ ” ဖန်ကျန်းရှီက သူမကို မဖိတ်ခေါ်တာကြောင့်။ ပင်းယန် စိတ်ဆိုးသွားတယ်။ ဒါက သူမ အိမ်တော်လေ။ ဒါတောင် အိမ်ရှင်ကို လျစ်လျူရှုသေးတယ်လား။
“ ဖိတ်ဖို့မှ မလိုပဲ။ မင်း သွားမယ်ဆိုတာ ငါသေချာ သိတာပဲ။” ဖန်ကျန်းရှီ လက်ဝေ့ယမ်းပြရင်း ပြန်ဖြေတယ်။
“ ငါမသွားဘူးဆိုရင်ကော။”
“ ပိုလို့တောင် ကောင်းသေးတယ်။”
“ လာနောက်မနေနဲ့။ သေသေချာချာကြီးကို ငါသွားမှာ။”
…
ဝမ်တပေါင်း နောက်တစ်နေ့ မွန်းတည့်ချိန်မှာ ရောက်လာပြန်တယ်။ ဒါပေမယ့် ဒီနေ့တော့ သူ့ အခြေအနေက သိပ်မကောင်းလှ။ နောက်ကျောတစ်ခုလုံး စုတ်ပြတ်သတ်နေပြီးတော့။ တစ်ကိုယ်လုံး ဒဏ်ရာတွေ ပြည့်နေခဲ့တယ်။ သူ့ခမျာ ဖြောင့်ဖြောင့်တန်းတန်းတောင် မတ်တပ်မရပ်နိုင်ဘူး။
“ ညီနောင်။ သခင်လေး ဖန်နဲ့ တွေ့ဖို့ ရောက်နေတာပါ။ ကျေးဇူးပြုပြီးတော့ သတင်းပို့ပေးပါအုန်း။” ဝမ်တပေါင်း ပြောတယ်။
“ သခင်လေး ဝမ် ဘာတွေ ဖြစ်လာတာလဲ။” အစောင့်က ဝမ်တပေါင်းရဲ့ အခြေအနေကို မြင်တော့ ထိတ်လန့် နေခဲ့တယ်။ ဝမ်တပေါင်းက ။ ကြယ်ခုနှစ်လုံးလမ်းကို ရန်ရွှယ်။ ပင်းယန်။ ဖန်ကျန်းရှီ တို့နဲ့ သွားခဲ့တယ်လေ။ တကယ်တော့ မြို့ထဲမှာ ရှိတဲ့ မြင့်မြတ် ဂုဏ်ခံတွေနဲ့ အမတ်မင်းတွေ အကုန်လုံး သိတယ်။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီ ဆိုတာ။ အလင်းတန်းကြီးတစ်ခုလိုပဲ သူ ဘယ်သွားသွား တောက်ပနေတာလေ။ ပင်းယန် အိမ်တော်ထဲမှာ သူနေနေလို့ မေးခွန်း အများကြီး မေးမယ့်သူ မရှိတာ။
ဒါပေမယ့် ကြယ်ခုနှစ်လုံး လမ်းမှာ။ လူသုံးယောက်နဲ့ အတူ သူပေါ်လာခဲ့တယ်။ အဲ့ဒီ့ထဲက နှစ်ယောက်က အတော့်ကို နောက်ခံ အသိုင်းအဝိုင်း မြင့်မားတဲ့ သူတွေ။ ဒါက လုံးဝကို ထူးခြားတဲ့ ပုံပြင်တစ်ပုဒ် ဖြစ်သလို။ မနေ့ညတုန်းက ဘာမှ မဖြစ်ခဲ့တာကလည်း ။ ပိုပြီးတော့တောင် အံ့သြစရာ ကောင်းသေးတယ်။ ကြယ်ခုနှစ်လုံး လမ်းမှာ တစ်ခုခု ဖြစ်ခဲ့တာလား။ ဘယ်သူမှ မသိဘူး။ အစောင့်တွေက ဝမ်တပေါင်းကို သံသယ အပြည့်နဲ့ ကြည့်နေခဲ့တယ်။ စစ်သည်တော်ရဲ့ စကားကို ကြားတော့။ ဝမ်တပေါင်းရဲ့ မျက်နှာ တစ်ခုလုံး နာကျင်မှုကြောင့် ရှုံ့တွ သွားခဲ့တယ်။ သူ တုန်ယင်နေတယ်။ ကြောက်လန့်စရာ တစ်ခုခုကို သူ ပြန်တွေးမိတဲ့ အတိုင်းပဲ။ ဘာမှ မပြောရခင်။ သူ့ မျက်လုံးထဲ မျက်ရည် ဝဲလာခဲ့တယ်။ အစောင့်ကို သူကြည့်နေခဲ့တယ်။
“ သခင်လေးဝမ်။ အရိုက်ခံထားရတာလား။” အစောင့်က မျက်ရည်ဝဲပြီးတော့ တုန်ယင်နေတဲ့ ဝမ်တပေါင်းကို ကြည့်ရင်း ပြောတယ်။
“အင်း….” ဝမ်တပေါင်း ခေါင်းငြိမ့်ရင်း။ ပါးပြင်ပေါ်မှာ မျက်ရည်တွေ လိမ့်ဆင်းလာတော့တယ်။ ဒါတွေက ယောကျာ်းတစ်ယောက် ထိခိုက် နာကျင်လွန်းတဲ့ အချိန်မှာ။ ကျလာတဲ့ မျက်ရည်တွေပဲ။
ရွှေရောင် စစ်သည်တော်ကတော့။ ဒါကို ကြားတဲ့ အချိန်မှာ မျက်လုံးပြူးနေခဲ့တယ်။ ကြယ်ခုနှစ်လုံး လမ်းမှာ မနေ့ညက ဘာတွေများ ဖြစ်ခဲ့တာလဲ။
အပိုင်း(၅၀၀)ပြီး၏။