← Chapters

အပိုင်း (၂၈၁-၂၉၀)

Vol. 3 Ch. 281-290

အပိုင်း (၂၈၁-၂၉၀)

Vol. 3 Ch. 281-290

အပိုင်း (၂၈၁)

“နေခွင်းလေး”

“ဆရာ။” ပုံရိပ်က ဆရာဟွားကို မြင်တော့ ရပ်တန့်သွားတယ်။ အဲ့ဒီ့နောက် ဆရာဟွားရှိရာ ခန်းမကို ဝင်လာတယ်။

“ မင်း လည်း သွမ့်အရှင်ကို တွေ့ဖို့ လာတာမလား။” ဆရာဟွားက ပြုံးလိုက်တယ်။ ပုံရိပ်ရဲ့ တုံ့ပြန်မှုကို သူမအံ့သြခဲ့ဘူး။

“ ကျွန်တော် နားမလည်တဲ့ ကိစ္စတွေ အတွက် မင်းသားရဲ့ အမြင်ကို မေးမြန်းဖို့ လာတာပါ ဆရာ၊” ပုံရိပ်က ခေါင်းငြိမ့်လိုက်တယ်။

“ မင်း မဖြေရှင်းနိုင်တာက တော်ဝင်စာမေးပွဲ အဆင့်ကိစ္စ လား။ ” ဆရာဟွားရဲ့ အသံက တည်ငြိမ်တယ်။ မျက်လုံးတွေကတော့ ဘလင်းဘလင်း တောက်လာတယ်။

ပုံရိပ်က ထိုင်ရာကထတယ်။ အဲ့ဒီ့နောက် ဝတ်ရုံခေါင်းစွပ်ကို ချွတ်လိုက်တယ်။ မျက်နှာပေါ်လာချိန်မှာတော့ လူငယ်လေး တစ်ယောက် ။ စုချင်း ။ ပြိုင်ပွဲ တုန်းက အိမ်ရှေ့စံ မင်းသား အနားမှာ ရပ်နေတဲ့သူ ။

“ဆရာက အရမ်း ထက်မြက်တာပဲ။ ဆရာရဲ့ တွေးခေါ်မျှော်မြင်နိုင်စွမ်းက တကယ်ပဲ မြင့်မား လွန်းတယ်။ ဆရာ့မှာ ဒီ စာမေးပွဲ အဆင့်အတွက် ဘယ်လိုအမြင်များရှိလဲ သိပါရစေ။ ကျွန်တော် ပညာနည်းနာ ယူပါရစေ။” စုချင်းက ဦးညွှတ်ကာ ပြောလိုက်တယ်။

“ မင်းက စကားပြောကောင်းတာပဲ။ ငါက ညီလာခံမှာလည်း အာဏာရှိတဲ့သူ မဟုတ်ဘူး။ သွမ့်အရှင် အိမ်တော်က ဧည့်သည်တစ်ယောက်ပါပဲ၊ မင်းကို အကြံ ပေးဖို့ မသင့်တော် ဘူး ။ နောက်ပြီး မင်းမှာ ဘယ်လို စိတ်ကူးရှိလဲ ငါသိချင်တယ်။” ဆရာဟွားက ပြုံးသာပြုံးနေခဲ့တယ်။

“ဆရာက သွမ့်အရှင် အနားမှာ နေရင်း သူ့အစီအစဉ် နည်းဗျူကတွေကို ကွပ်ကဲ ပေးနေတဲ့ သူ တစ်ယောက်ပါ။ ကျွန်တော်ကတော့ သာမာန် မင်းမှုထမ်း ငယ်လေး တစ်ယောက်။ ကျွန်တော့် အမြင်က ဆရာ့ကို ဘယ်ယှဉ်နိုင်မလဲ။ ဆရာမေး လာတော့ လည်း ကျွန်တော့် အမြင်ကို ရိုးရိုးသားသား ပြောပြမယ် ဆရာ။ ကျွန်တော် မှားတဲ့ နေရာကို ထောက်ပြပေးပါ ခင်ဗျာ” စုချင်းက နောက်တစ်ခေါက် ဦးညွှတ်လိုက်တယ်။ သူက တလေးတစား ပြောနေခဲ့တယ်။

“ကောင်းပြီ။ သွမ့်အရှင် က မင်းကို စောင့်နေတာ ကြာပြီ။ ငါနဲ့ အတူလိုက်ခဲ့။” ဆရာဟွားက လက်ခါပြရင်း စာကြည့်ခန်းထဲကို ဝင်သွားတယ်။

စုချင်းက ခေါင်းငုံ့ရင်း ဆရာဟွားကို ကြည့်နေခဲ့တယ်။ ဒါပေမယ့် သူ့မျက်လုံးတွေက ထူးဆန်းစွာ တောက်ပနေတယ်။ နောက်ပြီး သူက ပြုံးနေတယ်။

……………….

စာကြည့်ခန်းထဲမှာတော့ သွမ့်အရှင်က သူ့ခုံပေါ်မှာ ထိုင်မနေဘူး။ အခန်းထဲမှာ ပတ်လျှောက်နေတယ်။ သူက မျက်မှောင်ကြုတ်ရင်း အတွေးနွံနစ်နေတယ်။

ဒီအချိန်မှာ စာကြည့်ခန်း တံခါးပွင့်လာတယ်။ စားသောက်စရာတွေ ကိုင်ထားတဲ့ ဆရာဟွား တံခါးဝမှာ ပေါ်လာတယ်။ သူက အခန်းထဲ မဝင်ဘူး။ စုချင်းအရင်ဝင်မှာကို စောင့်နေတယ်။

စုချင်းလည်း ဆရာဟွား နောက်မှာ လာရပ်တယ်။ ရှေ့ကို တစ်လှမ်းမတိုး။

သွမ့်အရှင်က သူတို့ နှစ်ယောက်ကို မြင်တော့ မျက်လုံးအရောင်တောက်သွားတယ်။

“စုချင်း။ ဆရာဟွား။ ထိုင်ကြပါ။”

စုချင်းက ဆရာဟွားကို အရင်သွားခိုင်းတယ်။ စိတ်မကောင်းစွာပဲ ဆရာဟွားက တံခါးကို အရင်ပိတ်တယ်။ စုချင်းလည်း ရွေးစရာမရှိ။ အရင်ဝင်လာရတယ်။ ဆရာဟွားက နောက်က လိုက်လာတယ်။ စားစရာတွေကို စားပွဲပေါ်ချလိုက်တယ်။

“ ဒီ တော်ဝင်စာမေးပွဲ အဆင့်တွေ အကြောင်း အခုပဲ တွေးနေတာ။ မင်းတို့ နှစ်ယောက် ရောက်လာတာ အချိန်ကိုက်ပဲ။ မင့် အတွေးကို ပြောပါအုန်း။” သွမ့်အရှင်က စုချင်းကို ကြည့်နေတယ်။

စုချင်းက အနည်းငယ်တောင် မတွေဝေဘူး။ စာကြည့ခန်းအလယ်ကို လျှောက်လာပြီး သွမ်အရှင်ကို ဦးညွှတ်တယ်။

“ကျွန်တော်က တော်ဝင်စာမေးပွဲ အဆင့်ကို ပြောဖို့ မထိုက်တန်ပါဘူး။ ဒါပေမယ့် အရှင်မေးလာတော့ ကျွန်တော့ အမြင်ကို ပြောပါမယ်။”

“ဆက်ပြော။” သွမ့်အရှင်က ခေါင်းငြိမ့်ပြီး ထိုင်လိုက်တယ်။

“ဧကရာဇ် က အရှင့်ကို တော်ဝင်စာမေးပွဲ အဆင့် ဆုံးဖြတ်ဖို့ အာဏာကုန်လွှဲထားတယ် မလား။ ဒါက အရှင့်အပေါ် ယုံကြည်မှုကို ပြတာပဲ။ ဒါပေမယ့် မြင်နေရသလိုလည်း မရိုးရှင်းနိုင်ဘူး။ ဒါက ဧကရာဇ် မင်းရဲ့ စိတ်ဝင်စားမှုကိုတင် ပြတာမဟုတ်ဘူး။ သာမာန် ပြည်သူနဲ့ အာဏာကြီးမိသားစုကြားက ယှဉ်ပြိုင်မှုပဲ။ အရှင့်ဆုံးဖြတ်ချက်က အရှင့် နေရာကို သက်ရောက်မှာပဲ။ ”

“မင်းပြောတာ အမှန်ပဲ ။ ငါလည်း ဒါကို စဉ်းစားနေတာ။” သွမ့်အရှင်က ခေါင်းငြိမ့်တယ်။

“ အရှင်မင်းသား ။ အရှင့်အမြင်ကို ဂရုတစိုက်ချိန်ညှိပါ။”

“ မင်းဘာပြောချင်တာလဲ။ ”

“ ဧကရာဇ် ရဲ့ အမြင်ကိုကော ဘယ်လိုထင်လဲ။”

“ရန်ရွှယ်ပဲပေါ့။”

“ ကျွန်တော် တွေးမိနေတာလည်း ဒါပဲ။ အရှင်မင်းသား တစ်ခု ထပ်မေးပါရစေ။ ပြည်သူနဲ့ အာဏာကြီး မိသားစု ဘယ်တစ်ခုက အရှင့်အတွက် ပို တန်ဖိုးကြီးမလဲ။”

“ အာဏာကြီး မိသားစုပေါ့ ။ဒါဆို ထိပ်တန်းကျောင်းတော် ဘွဲ့ကို ရန်ရွှယ့်ဆီ ပေးရမလား။ မင်း ဒီလို ထင်တာလား။” သွမ့်အရှင် က ဖြည်းဖြည်းချင်းပြော့တယ်။

“ အရှင်မင်းသား။ အရှင့်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက် အတွက် ကျွန်တော့်မှာ ထင်မြင်ချက် မရှိပါဘူး။ ဒါပေမယ့် ကိစ္စတွေက မြင်သလောက် ရိုးရှင်းရင် အရှင် ဒီလောက် စိတ်ရှုပ် နေမှာ မဟုတ်ဘူး။

“ အမှန်ပဲ။”

“ဆရာဟွား။ ဒီ ကိစ္စကြီး အတွက် ထင်မြင်ချက်လေး အလင်းပြပါဆရာ။ အကယ်၍ သွမ်အရှင်သာ ရန်ရွှယ့်ကို ထိပ်တန်းကျောင်းတော်သား ဘွဲ့ ပေးမယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်တယ်လို့ ဆရာဟွားထင်လဲ။” စုချင်းက ဆရာဟွားကို မေးတယ်။

ဆရာဟွားက ရေနွေးကြမ်း သောက်ရင်း သူ့ အလုပ်သူ လုပ်နေတယ်။ စုချင်း မေးတာ ကြားချိန်မှာ ရေနွေးခွက်ကို လှုပ်ရင်း တစ်စုပ်သောက်တယ်။

“အမတ်မင်းစု ပြောတာ အဆုံးရောက်ပါပြီ။ အမတ်မင်း ပြောတာ အကုန်လုံး မှန်တယ်။ ရန်ရွှယ့်ကို ထိပ်တန်းကျောင်းတော်သားဘွဲ့ပေးရင် ဧကရာဇ်ကို ထောက်ပံ့နိုင်မယ်။ ဒါပေမယ့် …” ဆရာဟွားက တွေဝေနေတယ်။

“ ဘာရှိသေးလဲ။”

“ လူတွေ မေ့နေတဲ့ တစ်ခု ရှိက ရန်ရွှယ်ရဲ့ အမြင်ပဲ။” ဆရားဟွား မျက်လုံးတွေက ယုံကြည်ချက်ကြောင့် တောက်ပလာတယ်။

“ ဒါက ငါ အခု တွေးနေတာပဲ။ အကယ်၍ ငါတို့က ရန်ရွှယ်ကို ထိပ်တန်းကျောင်းတော်သား ဘွဲ့ ပေးမယ်။ ဒါပေမယ့် ရန်ရွှယ်က လက်မခံဘူး။ ဒီ ဆုံးဖြတ်ချက်က ငါတို့ ကိုယ့်ရှူးကိုယ်ပတ် ဖြစ်ကုန်မယ်။ ဖန်ကျန်းရှီကို ပေးပြန်ရင် လည်း ငါ့စိတ်ထဲ အဆင်မပြေဘူး။ ဧကရာဇ်လည်း သဘောကျမှာ မဟုတ်။ လွှမ်းမိုးမှု ကြီးတဲ့ မိသားစုတွေကိုလည်း စိန်ခေါ်သလို ဖြစ်သွားမယ်။ ငါတော့ ကျောက်တုံးကြီး နှစ်ခုကြား ညှ့ပ်နေပြီပဲ။” သွမ့်အရှင်ကပြောတယ်။

“အရှင်ရဲ့ အမျှော်အမြင်က လေးစားစရာပဲ။ ဒါပေမယ့် ခက်ခဲတဲ့ ရွေးချယ်စရာ နှစ်ခုမှာ တစ်ခုက နောက်တစ်ခုထက် အမြဲပိုကောင်းမှာပါ။”

“အမတ်မင်းစု ။ မင်းကောဘာရွေးမလဲ။” သွမ့်အရှင်က မေးတယ်။

“ ဆုံးဖြတ်ချက်တွေ အကုန်လုံးက ဦးတည်ချက် တစ်ခုတည်းပဲ။ ဒါကြောင့် ကျွန်တော်တို့ အသေးစိတ်ကိုပဲ စဉ်းစားမယ်။”

“ဆက်ပြော။”

“ လူတိုင်းက ဧကရာဇ် ရဲ့ အမြင်ကို သိနေပြီပဲ။ ဒါပေမယ့် ကျွန်တော်တို့ စာမေးပွဲ အကြောင်းပဲ စဉ်းစားရင် ဘယ်သူက ပထမ ရသင့်တယ် ထင်လဲ။” စုချင်းက မေးတယ်။

“သက်ရောက်မှုတွေ အကုန်လုံးကို လျစ်လျူရှုလိုက်ရင် ငါ ….. ဖန်ကျန်းရှီကို ပထမ ပေးမှာပဲ။” သွမ့်အရှင်က စဉ်းစဉ်းစားစား ဖြေတယ်။

“မှန်တယ်။ ဖန်ကျန်းရှီက အတွေးအခေါ်စာမေးပွဲမှာလည်း သမိုင်းကို ပြောင်းပြန် လှန် နိုင်သူ။ မေးခွန်း ခြောက်စုံလုံးကို အမှားတစ်ခုမှ မပါပဲ ဖြေတဲ့သူ။ ချီကူယန်နဲ့ နန်ကုန် ကေင် တောင်မှ သူ့ကို မယှဉ်နိုင်ဘူး။ ဒါ့အပြင် ရန်ရွှယ့်အင်အားက သူ့ထက် အများကြီးသာ တာ။ ဒါတောင်မှ ရင်ဆိုင်နိုင်တယ်။ နောက်ပြီးတော့ ရန်ရွှယ်က အဆုံးသတ်မှာ တောင့်မခံနိုင်ဘူး။ ဒါကြောင့် ဖန်ကျန်းရှီပဲ နိုင်တာ ။ အချက်တွေ အကုန်လုံးကို လျစ်လျူရှုလိုက်ရင်တော့ ဒီ ရွေးချယ်မှုက အကောင်းဆုံးပဲ။”

“အင်း။” သွမ့်အရှင် ခေါင်းငြိမ့်တယ်။

“အကယ်၍ အရှင်မင်းသားသာ ရန်ရွှယ့်ကို ထိပ်တန်းကျောင်းတော်သား ဖြစ်အောင် လုပ်ပေးရင် ဧကရာဇ်က မျက်နှာပေးမယ်။ ဒါပေမယ့် ဧကရာဇ် ရဲ့ စိတ်အကြံက မရှင်းလင်းဘူး။ သူ့ကို ဂုဏ်တက်အောင် လုပ်ပေးသလို ဖြစ်ပေမယ့်လည်း အရှင့် ရဲ့ နာမည် သတင်းကိုတော့ ပျက်စီးစေမှာ ။ ဒါက လုံးဝမတန်ဘူး။” စုချင်းက ပြောတယ်။

“ဆရာဟွားကော ဘယ်လိုထင်လဲ။ ” သွမ့်အရှင်က အမူအယာ ပြောင်းသွားတယ်။ ဆရာဟွား ကို အကြံြ့ုပုချက်မေးတယ်။

“အမတ်မင်း စု ပြောတာ ကျွန်တော် အတွေးထဲက အတိုင်းပါပဲ။ ဒါပေမယ့် အာဏာကြီး မိသားစုရဲ့ သက်ရောက်နိုင်စွမ်းကို အမတ်မင်း စု ဘယ်လိုမြင်လဲ သိချင်တယ်။ ” ဆရာဟွားက မေးတယ်။

“ ဒါက ကျွန်တော် ဒီနေ့ဒီမှာ ရောက်နေတဲ့ အကြောင်းရင်းပဲ။” စုချင်းက ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။

“ အမတ်မင်း စု ဘာကို ပြောချင်တာလဲ။”

“အဖြစ်အပျက်က ရှုပ်ထွေး သလို ဖြစ်နေတာ။ ဒါပေမယ့် ရိုးရိုးလေးပါပဲ ။ အရှင်မင်းသား လုပ်ဖို့က ပါးပါးနပ်နပ် လှည့်ကွက်သေးတေ သုံးပြီး တစ်ယောက်ယောက်ကို ပုံချ လိုက်ဖို့ပဲ။”

“ဘယ်သူ့ကိုလဲ။”

“မင်းသားကိုး။”

“ညီတော်ကိုးလား။ ငါ နားလည်ပြီ။ သူက လက်ထောက်စာစစ်သူ လုပ်နေတာကို ငါမေ့ နေတာ။”

……….

နောက်တစ်နေ့ မနက် မိုးလင်း။ နေမင်းကြီးက ရေပြင်ညီ အတိုင်း ရှိနေတယ်။

ယန်မြို့တော် ရဲ့ ရှေးအကျဆုံး လက်ဖက်ရည်ဆိုင်မှာ ကျောင်းတော်သားတွေ နဲ့ လူပေါင်းစုံ စုဝေးနေတယ်။ မနက်ခင်းမှာတော့ အလုပ်ရှုပ်ကာ ဆူညံ ပွက်လောရိုက်နေတယ်။

အထူးပြင်ဆင်ထားတဲ့ အခန်းတစ်ခန်း အထဲမှာ ရှိတယ်။

ဘယသူကမှ အထဲကို မဝင်ရဲ။ ဒါပေမယ့် ပင်းယန်လို အာဏာရှိပြီး လွှမ်းမိုးမှု ရှိတဲ့ သူ အတွက်တော့ ကိတ်မုန့်တုံးလေး တစ်တုံးလိုပဲ လွယ်တယ်။

တောက်ပတဲ့ အနီရဲရဲ ဝတ်ရုံကို ဝတ်ထားတယ်။ သူမရဲ့ သွယ်လျလျ ခြေထောက်ဖွေးဖွေး က စားပွဲပေါ်ရောက်နေတယ်။ လက်ထဲက မုန့်မျိုးစုံကို ပါးစပ်ထဲ ပြစ်ထဲရင်း စိမ်ပြေနပြေ ဝါးနေတယ်။

သူ့ရှေ့မှာတော့ ဝတ်ကောင်းစားလှ လူငယ်တစ်ဦး ။ ပင်းးယန်ရဲ့ မုန့်ထုပ်တွေကို ဖောက်ပေးနေတယ်။ ပင်းယန်စားနေပုံကိုြုကည့်ရင်း စိတ်ပျက်လက်ပျက် ဖြစ်နေတယ်။

ဒါကတော့ မင်းသားကိုး ။ လင်းယွမ်။

မင်းသား တစ်ပါး နဲ့ မင်းသမီး တစ်ပါး အတွက် ဒီမှာ မနက်စာ လာစားတာက ဖြစ်လေ့ ဖြစ်ထမဟုတ်။ ဒါပေမယ့် လင်းယွမ်ရဲ့ ပုံစံကတော့ အတော်လေး သနားစရာပဲ။

“ အစ်ကို ကိုး ဒီကိုလာတာ စကားပြောဖို့ သက်သက်တော့ မဟုတ်ဘူးမလား။ ပင်းယန် အကြိုက်ဆုံးမုန့်နဲ့ ဒီလောက်ကောင်းတဲ့ လက်ဖက်ရည်လည်း ပြင်ပေးထားသေးတယ်နော်။ ” ပင်းယန်က ပလုပ်ပလောင်းနဲ့ ပြောတယ်။

“ ဟ ဟား။ ဘာမှ မဟုတ်ပါဘူး။ မြို့တော်ကို ဒီ အချိန်မှာ အရည်အချင်းရှိတဲ့ သူတွေ အများကြီး လာတာကို သိတယ်မလား။ ဒါကြောင့်။ …”

“ စတိုခန်းထဲမှာ ပျော်စရာလေး ဘာလေး မရှိဘူးလားု။ ”

“အရင် နှစ်တွေ တုန်းကတော့ သူငယ်ချင်း ကေင်းတွေ လောက်ပဲ လာကြတာ ။ ဒီနှစ်တော့ လာတဲ့သူ အရမ်းများနေပြီ။ နောက်ပြီးတော့ နိုးထလာသော နဂါး အဆင့် ၂၀ က အကုန်လုံး နီးပါး ကို လာကြတာ။ မ ဧကရာဇ် ကိုယ်တိုင်တောင်မှ ဒီ အဖြစ်ကြောင့် လှုပ်ရှားနေတယ်။ ဒါကြောင့်။ ”

“ဒါကြောင့် ဘာဖြစ်လဲ။”

“အမဲလိုက်ပွဲ အရှေ့အရပ်မှာ စမယ်။ ဧကရာဇ် ကိုယ်တိုင် ဆုချီးမြှင့်မှာ။”

“အမဲလိုက်ပွဲလား။ ဟ ဟား ပျော်စရာ ကောင်းတော့မယ်။ ဆုကလည်း အတော် ကောင်းမှာပဲ။ အကိုတော်ရေ ပြောပြတာ ကျေးဇူးပဲ။ ပင်းယန် သွားပြင်ဆင်တော့မယ်။”

“နေပါအုန်း ဟ ” မင်းသားကိုးက ထွက်ဖို့ ပြင်နေတဲ့ ပင်းယန်ကို အော်လိုက်တယ်။

“ အကိုတော် ပြောစရာ ရှိသေးတာလား။”

“ မင်းသိတဲ့ အတိုင်း လာတဲ့ သူတွေ အကုန်လုံးက တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ပါမှာ ချည်းပဲလေ။ ငါ့မှာတော့ ခရမ်းလျှပ်စီး မြင်းပျံလေး တစ်ကောင်ပဲ ရှိတာ။” မင်းသား ကိုးက တွေဝေနေတယ်။

“မရဘူး။ မပေးဘူး။” ပင်းယန်က ချက်ခြင်း ထအော်တယ်။

“ တစ်ရက်ပဲ ငှားပေးလေ။ ပြန်ပေးမှာပါ ။” မင်းသားကိုးကတော့ စိတ်ဖိစီးနေပြီ။

ခရမ်းလျှပ်စီးဆိုတာ သူ့မြင်းပျံလေ။ အခုတော့ ပင်းယန်ဆီကနေ ပြန်ငှားနေ ရတယ်တဲ့လား။

ဘယ်လောက်တောင် ရင်နာစရာ ကောင်းလိုက်လဲ။

…

သေသေသပ်သပ် မွမ်းမံပြင်ဆင်ထားတဲ့ တည်းခိုခန်း အတွင်းမှာတော့

ဖန်ကျန်းရှီ သာသာယာယာ အိပ်နေတယ်။ သမားတော်လီက တကယ်ပဲ တော်တယ်။ တစ်ရက်အတွင်းမှာပဲ ဖန်ကျန်းရှီရဲ့ ဒဏ်ရာတွေ ပျောက်ကုန်ခဲ့ပြီ။

တစ်ရက်လုံးလုံး ဘာမှ မစားသေးဘူး။ ဒါကြောင့် သူ ဆာလောင်မွတ်သိပ်နေတယ်။

ဖန်ကျန်းရှီ စားဖို့ တစ်ခုခု ရှာမလို့ပဲ။ ဒါပေမယ့် ရန်ရွှယ့် အခြေအနေကို သိရအောင် အရင်သွားတယ်။

ရန်ရွှယ်က သူ့ဘေးခန်းမှာ နေတယ်။

တိုက်ဆိုင်တာ မဟုတ်ဘူး။ ရန်ရွှယ်က ဒီအခန်းကို ဖန်ကျန်းရှီအတွက် ကြိုမှာပေးထားတာ။

ရန်ရွှယ်က ငွေမရှိတဲ့ သူမှ မဟုတ်ပဲ။

ဖန်ကျန်းရှီလည်း ဒါကို သိတယ်။ ဒါကြောင့် သူမအံ့သြတော့ဘူး။

အခန်းထဲ ဝင်လိုက်တာနဲ့ ဂင်တိုတို တုတ်ခိုင်ခိုင် လူတစ်ယောက် ခပ်တည်တည်ရပ်နေတာကို အရင်တွေ့တယ်။

“သခင်လေးဖန်။ ” ဖန်ကျန်းရှီကို မြင်တော့ လှမ်းနှုတ်ဆက်တယ်။

ဖန်ကျန်းရှီကို အမတ်မင်း တစ်ယောက်လို သုံးနှုန်းတာလည်း မဟုတ်။ သူ့ထက် အဆင့်မြင့်သူ တစ်ယောက်အဖြစ်ပြောတာလည်း မဟုတ်ခဲ့။ ရန်ရွှယ် သုံးနှုန်းသလိုသာ ပြောတာ။

ဖန်ကျန်းရှီ ဒီလူ့ကို သိတယ်။

ရန်ရွှယ်နဲ့ စစချင်း တွေ့တဲ့ အချိန် ဒီလူက ရန်ရွှယ့်ဘေးမှာ ရှိတယ်။ ယုံကြည်မှု မြစ်မြို့တော်မှာလည်း ရန်ရွှယ်နဲ့ အတူ လိုက်လာတယ်။

ဒါပေမယ့် ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ အတူတူ ခရီးထွက်ချိန်က စပြီးတော့ ပျောက်နေတာ။ အခုတော့ ပြန်ပေါ်လာပြီ။ ဘာကြောင့် ဒီလူ ဒီမှာ ရှိနေလဲ ဖန်ကျန်းရှီ ခန့်မှန်းနိုင်တယ်။

“ဦးလေးတိုင်။” ဖန်ကျန်းရှီက ဒီလူ့နာမည်ကို မသိဘူး။ ရန်ရွှယ်က သူ့ကို ဦးလေတိုင် လို့ ခေါ်တယ်။ ဒါကြောင့်သူလည်း လိုက်ခေါ်တာ။

“ သခင်လေး ဖန် အပြင်ထွက်မလို့လား။”

“ ဟုတ်တယ်။ ရန်ရွှယ့် အခြေအနေ ဘယ်လိုလဲ။”

“ မနေ့ညက သတိပြန်လည်လာတယ်။ အခုတော့ အိပ်နေပြီ။ အထဲ ဝင်အုန်းမလား။” ဦးလေးတိုင်က တံခါးကို ဖြည်းဖြည်းချင်း ဖွင့်တယ်။

“ ရန်ရွှယ်က အိပ်နေတုန်းလား။ ရတယ်။ မဝင်တော့ဘူး။” ဖန်ကျန်းရှီက ရန်ရွှယ့်ကို မနှောက်ယှက်ဖို့ တွေးလိုက်တယ်။ ဦးလေး တိုင်ရှိနေမှာတော့ ရန်ရွှယ့်ကို စိတ်ချရပြီ။

“ကောင်းပါပြီ၊” ဦးလေးတိုင်က ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် တံခါးဝမှာ ပြန်ရပ်နေတယ်။

ဖန်ကျန်းရှီလည်း ထပ်မပြောတော့ဘူး။ တည်းခိုဆောင်ကနေ ထွက်လိုက်တယ်။ လမ်းတွေကို လျှောက်ပတ်ရင်း ဗိုက်ဖြည့်ဖို့ အစားကောင်း အသောက်ကောင်း တွေ ပတ်ရှာတော့တယ်။

သိပ်မကြာခင်ပဲ သူ့လက်ထဲမှာ မုန့် ၆ ထုပ် ပြည့်သွားတယ်။

နေပူဆာလှုံရင်း သူ လမ်းပတ်လျှောက်တယ်။ ဒီအချိန်မှာပဲ အနက်ရောင် အကျီလက်တိုနဲ့ လူကို သူ သတိထားမိသွားတယ်။

အဝတ်စအကြီးကြီး ပတ်ထားတဲ့ သေတ္တာတစ်ခုကို ကိုင်လာတယ်။

ဖန်ကျန်းရှီက ဒီလူ့ကို စိတ်မဝင်စားဘူး။ ကျီးကန်းတောင်းမှောက် သူခိုးမျက်လုံးတွေကပဲ သူ့ကို ဖမ်းစားနိုင်တာ။ ဒါက မျက်စိနောက်စရာပဲ။

ဒါကြောင့် သင်ခန်းစာပေးဖို့ ဆုံးဖြတ်လိုက်တယ်။

တခြားသူဆီက ခိုးဖို့ ကြိုးစားရင် ဘယ်လို ဖြစ်မလဲ သိစေချင်တယ်။

“ အိုက်ယာ။ သခင်လေး။ သနားညှာတာပေးပါ။ ချမ်းသာပေးပါ။” ရှောင်စီက ဖန်ကျန်းရှီ လက်သီး မြှောက်တာကို မြင်ချိန်မှာ ဒူးထောက်ပြီးအော်တော့တယ်။

“ ပြောစမ်း။ ဒီလို ကြောက်စရာ ကောင်းတဲ့ မျက်နှာတဲ့ လူတွေကို ဘာလို့ လိုက်ခြျောက်နေလဲ။” ဖန်ကျန်းရှီက မေးတယ်။

“ဘာ ။” ဒီစကားကြားတော့ ရှောင်စီ လန့်သွားတယ်။

သူ့မျက်လုံးတွေကတော့ လည်နေခဲ့တယ်။ “ သခင်လေးလောက် မခံ့ညား ပေမယ့်လည်း ကျွန်တော်က သန်မာတဲ့လူပါ။ သခင်လေး ရတနာတွေကို ကြိုက်လား။”

“ရတနာ ဘယ်လိုရတနာလဲ။” ဖန်ကျန်းရှီ့ မျက်လုံးတွေ တောက်ပလာတယ်။ ( ဒီလောက် ကံကောင်းရလား။ သူခိုးက ခိုးရာပါ ပစ္စည်းကို ရောင်းဖို့ကြံနေတာပဲ။)

“ကျွန်တော့်နောက် လိုက်ခဲ့။ ဒါက ထိပ်တန်း ရတနာပဲ။ တခြားသူတွေ မြင်လို့ မဖြစ်ဘူး။ ” ရှောင်စီက ခပ်တိုးတိုး ပြောတယ်။

“ကောင်းပြီ။”

ခပ်မြန်မြန်ပဲ ရှောင်စီက ဖန်ကျန်းရှီကို လူရှင်းတဲ့ လမ်းကြားထဲ ဆွဲခေါ်သွားတယ်။

“ ဘာကြီးလဲ။ ပြစမ်းပါအုန်း။” ဖန်ကျန်းရှီ ခုန်ဆွ ခုန်ဆွ ဖြစ်နေတော့တယ်။

ဒါကတော့ သစ်သား သေတ္တာတစ်လုံး ။

အဖိုးတန် အနီရောင် သစ်သားနဲ့ အလှဆင်ထွင်းထုထားတယ်။

“ ဒီ ရတနာက နေခွင်းလေး”

အပိုင်း(၂၈၁) ပြီး၏။

အပိုင်း (၂၈၂)

“ မဟူရာနဂါးနက် လေး။”

အစေခံက သစ်သား သေတ္တာကို အဆက်မပြတ်ပွတ်ရင်း ပြောတယ်။ သူ့မျက်လုံး တွေက သနားစဖွယ်။ သူ့ကြည့်ရတာ သေတ္တာကို ပေးချင်ဟန်မရှိ။

မျက်ရည်တွေ ဝဲနေတဲ့ အစေခံရဲ့ မျက်လုံးကို ဖန်ကျန်းရှီ ကြည့်နေတယ်။ သူက အထာနပ်တယ်။ ဒီလို ဖန်တရာတေနေတဲ့ လှည့်ကွက်တွေမှာ မကျရှုံး။

ဈေးမြှင့်ချင်နေတယ်ပေါ့။

“ မင်း အတွက် ဒီလောက်တောင် အဖိုးတန်နေမှတော့ ငါမယူတော့ဘူး။” ဖန်ကျန်းရှီ ထွက်သွားဖို့ ပြင်တယ်။ သေတ္တာကို တစ်ချက်လေး တောင် မကြည့်။

သေတ္တာကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ အစေခံ မျက်လုံးပြူးသွားတယ်။

“ သခင်လေး။ သခင်လေး မသွားပါနဲ့ အုန်း။ ဒီလို ရတနာက သခင်လေးလို့ အင်အားကြီး သူ နဲ့ပဲ တန်တာ။ ကျွန်တော်လို လူ အတွက်တော့ ဒါက အသုံးမဝင်ဘူး။” အစေခံက ထွက်သွားဖို့ ပြင်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း လှမ်းအော်တယ်။

“ မင်းက ငါ့ကို ဒါ ပေးချင်နေတာမလား။” ဖန်ကျန်းရှီက အစေခံကို ပြုံးပြဘိုက်တယ်။

“ အဟမ်း…..” အစေခံက လည်ချောင်းရှင်းတယ်။

“တစ်ချက်လောက်တော့ ကြည့်ပါအုန်း သခင်လေးရာ။ ကြည့်ပြီးမှပြောလေနော။်“

“ ကောင်းပြီလေ။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်ပြီး ပြန်လာတယ်။

“ငါ အလုပ်များနေတယ်။ မြန်မြန်ပြ။”

“ဟုတ် ဟုတ် ဟုတ်….” အစေခံ ခေါင်းငြိမ့်လိုက်တယ်။

သေတ္တာကို အာရုံမစိုက်တော့ဘူး။ ခလုတ်ဖိပြီး ဖွင့်ချလိုက်တယ်။

သစ်သားသေတ္တာ ပွင့်လာတယ်။

အစိမ်းရောင်အလင်း ဖျော့ဖျော့လေး တောက်ပနေတယ်။

ဖန်ကျန်းရှီ တစ်ချက်ကြည့်လိုက်ရုံနဲ့ မျက်လုံးတွေ ဘလင်းဘလင်း တောက်သွားတယ်။

သစ်သားသေတ္တာထဲမှာ လေးတစ်ချောင်း။ နောက်ပြီးတော့ အဖိုးတန်လေး။ ကျောက်စိမ်း ရောင် ရှားပါးလေး။ ဒါဘာနဲ့ လုပ်ထားလဲ ဖန်ကျန်းရှီ မသိ။

အထူးခြားဆုံးက လေးကြိုး။

အနက်ရောင် အဟြေားခွံ သေးသေးလေတွေ ပြည့်နေတယ်။ အလင်းတန်း ခပ်ဖျော့ဖျော့ လေးကြိုးပေါ်မှာ တောက်ပတယ်။

လေးကြိုးက ဘာနဲ့လုပ်ထားလဲ သူမသိ။ သေချာတာကတော့ ကံအကြီးကြီးကောင်းပြီ။ သူခုးိလက်ကနေ ဈေးပေါပေါနဲ့ ရတာပဲ။

လေးကြိုး နဲ့တောင် ဈေးကြီးတာသိသိသာသာ။

ကောင်းလိုက်တဲ့လေးကွာ။

လက်နဲ့ အသာလေး ပွတ်ရင်း သေတ္တာထဲကနေ ထုတ်လိုက်တယ်။

လေးပြီးတော့ အေးအေးလေး။

တော်တော်လေး မာတဲ့ လေးကိုင်းပဲ။

“သခင်လေး ဘယ်လိုလဲ။ အကောင်းစားရတနာ ပဲ မလား။” ဖန်ကျန်းရှီ လေးကိုင်းကို မြှောက်တာ ကြည့်ရင်း အစေခံက သဘောကျနေတယ်။

“မဆိုးပါဘူး။” ဖန်ကျန်းရှီ ကျေကျေနပ်နပ် ခေါင်းငြိမ့်တယ်။

“သခင်လေး ဒီလေးရဲ့ ရာဇဝင်ကို ပြောပြမယ်။ ဒီလေးက ကျွန်တော်တို့ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာတာ။ စစချင်း ပိုင်တဲ့သူက လောကတခွင် ဟိုးဟိုးကျော်ခဲ့တာ။ ”

“ ရောင်းဈေးသာ ပြာစမ်းပါ။ ငါ ပြောမယ် ငါ အရမ်း အရမ်း အလုပ်များနေတာ။” ဖန်ကျန်းရှီက လက်ဝေ့ယမ်းရင်း အစေခံရဲ့ စကားကို ဖြတ်လိုက်တယ်။

အစေခံ ပြောချင်နေတာကို သူသိတယ်။

ဒီလေးကိုင်းရဲ့ တောက်ပလွန်းတဲ့ သမိုင်းကြောင်းတွေ ပိုင်ရှင်တွေ၊ တောင်စဉ်ရေမရ ပြောတော့မှာ။ နောက်ပြီးတော့ ဘယ်လို ဆင်းသက်လာတာတွေ ဘယ်လို လက်ခံရတာတွေ နားပူအောင်ကြားရတော့မှာ။

ဒါပေမယ့် ဖန်ကျန်းရှီက ဒီ အသုံးမဝင်တာတွေကို လုံး၀ စိတ်မဝင်စား။

ပြောရမယ်ဆို ဒီလေးကို သဘောကျတယ် ဆိုတည်းက အပေးအယူ ဖြစ်ပြီ။ အချိန် ထပ်ဖြုန်းဖို့ မလိုတော့ဘူး။

“ သဘောကျတယ် ဆိုမှာတော့ ကျွန်တော် စကားမများတော့ပါဘူး။ ဒီလောက်ဆို အဆင် ပြေမလား သခင်လေး။” အစေခံက ဖန်ကျန်းရှီကို လက်ငါးချောင်းထောင်ပြတယ်။

“ ရတာပေါ့။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။

“သခင်လေး ဆုံးဖြတ်ပြီးပြီလား။” အစေခံက ဖန်ကျန်းရှီ ခေါင်းငြိမ့်တော့ မျက်လုံးပြူးသွားတယ်။

“ထုံးစံ အတိုင်းပေါ့။ ” ဖန်ကျန်းရှီက အစေခံစီက သစ်သား သေတ္တာကို ယူလိုက်တယ်။ နေခွင်းလေးကို ပြန်ထည့်တယ်။

အစေခံကတော့ လက်ကလေး ဖြန့်ရင်း ပိုက်ဆံစောင့်နေတယ်။

ဒါပေမယ့် ….

သူ့လက်ထဲ ရောက်လာတဲ့ ဟြေားပြားငါးပြားကို တွေ့တော့ မျက်နှာ မည်းမှောင်သွားတယ်။ မိုးကြိုးအစင်းတစ်ရာ ပြစ်ခံလိုက်ရသလို ပူလောင်သွားတယ်။

“ပြီးပြီ။” ဖန်ကျန်းရှီက နှလုံးကာမှန်ထဲ သစ်သား သေတ္တာ ထည့်လိုက်တယ်။

“သခင်လေး သခင်လေး။” အစေခံ စိုးရိမ် ပူပန်သွားတယ်။

“ ဟြေား ဟြေားပြား ငါး ပြား။ ငါ ပြောတာက ဟြေားပြား ငါးသိန်း။” အစေခံက သူ့ လက်ထဲက ဟြေားပြားတွေကို မယုံနိုင်စွာ ကြည့်နေတယ် ။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ ပျောက် သွားတဲ့ ဘက်ကို ကြည့်နေတယ်။

ဆယ့်ငါးမိနစ်လောက် မျက်လုံးပြူးပြီး ကျက်သေသေ နေတယ်။

သူ့မျက်လုံးတွေကတော့ မျက်ရည် အပြည့်။ အော်ငိုတော့တယ်။ မြေကြီးပေါ် လူးလိမ့်ရင်း ဝမ်းပန်းတနည်း ငိုကြွေးတယ်။ မျက်နှာမှာတော့ ဖုန်တွေ သဲတွေ အပြည့်။

=မျက်ရည်တွေနဲ့ ပေါင်းပြီးတော့ သူ့မျက်နှာ ညစ်ပတ်ပေသလူး ကုန် တယ်။

အဲ့ဒီ့နောက် ခေါင်းငုံ့ပြီး လမ်းထဲ ပြန်လျှောက်သွားတယ်။ လမ်း တစ်လျှောက်လုံး သူ့ အမေ သေ သလို တသိမ့်သိမ့် ရှိုက်ငိုနေတယ်။

အစေခံ့ နောက်မှာတော့ လူပုံရိပ်တစ်ခု လိုက်လာတယ်။

ဒါက ဖန်ကျန်းရှီ။

“ သရုပ်ဆောင်တာ မဆိုးဘူးပဲ။ ဒီလောက် ကျယ်ကျယ် အော်ငို နေတာ မဟုတ်ရင်တော့ ငါ အညာမိမှာ အမှန်ပဲ။” ဖန်ကျန်းရှီ အထင်သေးတဲ့ပုံနဲ့ ပြောတယ်။

ဒီ ကိစ္စက ရိုးရိုးလေးလို့ သူ မယုံ နိုင်ဘူး။

သူ သမိုင်းသုတေသီလုပ်တဲ့ အချိန်တည်းက ဒါမျိုးတွေ အများကြီး ကြုံဖူးပြီးသား။ သမိုင်း တစ်လျှောက်မှာ ဒီလို အညာမိသွားတဲ့ သူတွေ နည်းမှ မနည်းပဲ။ တချို့ဆို အသက်ပါ ပေးလိုက်ရတယ်။

ဒီလို အစေခံမှာ ဒီလို ရတနာမျိုး ရှိနေတာ အထူးတဆန်းပဲ။ နောက်ပြီးတော့ ဘယ်လို အစေခံ က ဒီလို စကားကြီး စကားကျယ်တွေ ပြောနိုင်တာလဲ။ ဖန်ကျန်းရှီကို များ ဒီလို လာပြီး အကွက်ဆင်လို့ ရမလား။

နောက်ပြီးတော့ ဒီလို မခုမခံ ပဲနဲ့ ငနုံငအ ပုံစံ ဖမ်းနေတာ အကုန် အတုအယောင်တွေ ချည်းပဲ။

ဖန်ကျန်းရှီက သူ့ ငွေထုပ်ကို စမ်းလိုက်တယ်။ အစေခံ ဆက်ပြီး သရုပ်ဆောင် နိုင်အောင် လုပ်ပေးတာ ငါးပြားတော့ ပါသွားပြီ။

“ ဒီလူ ဘယ်သူ့အတွက် များ အလုပ်လုပ်ပေးနေ တာလဲ သိချင်လိုက်တာ။”

သစ်နီတွေနဲ့ ဆောက်ထားတဲ့ လက်ဖက်ရည်ဆိုင်ကို တွေ့လိုက်တယ်။ ရှေးကေင်း အဆောက်အအုံကြီး ခေါင်းစီးတောင်မှ အနီရဲရဲ တပ်ထားတယ်။

သင်းရနံ့ စားသောက်ဆိုင်။

အစေခံက အပေါက်ဝမှာ ရပ်တယ်။ ဘယ်သူ့မှ သူ့ကို မမြင်တာ သေချာ အောင် လုပ်ပြီးမှ လူအုပ်ကြီးနဲ့ ရောပြီးတော့ ဝင်သွားတယ်။

ဖန်ကျန်းရှီလည်း အစေခံ့ နောက်ကို လိုက်တယ်။

ဒါပေမယ့် ….

ဖောက်သည်တွေရဲ့ အရည် အတွက်ကို သူ လျော့တွက်မိခဲ့တယ်။

မျက်တောင်တစ်ခတ် အတွင်း ။ အစေခံ ပျောက်သွားတယ်။ ဖန်ကျန်းရှီက လက်ဖက်ရည်ဆိုင်ထဲ ပတ်ရှာနေတယ်။

“ သခင်လေး ဘာလိုချင်လဲ။” စားပွဲထိုးက ဖန်ကျန်းရှီ အနား ရောက်လာတယ်။

“ ရေနွေး တစ်အိုးပေး။” ဖန်ကျန်းရှှီ လက်ခါပြရင်း ပြန်ရှာတယ်။

“သခင်လေးစောင့်ရမယ်နော။်။ ဒါက မနက်စာစားချိန်မို့ ထိုင်ခုံတွေ ပြည့်နေလို့ပါ။ ထောင့်မှာ ထိုင်မလား သခင်လေး။” စားပွဲထိုးက ဖန်ကျန်းရှီကို စားသောက်ဆိုင် ထောင့် နေရာ ပြတယ်။

ဆိုင်ကို ပတ်ကြည့်တော့ ဖန်ကျန်းရှီ မျက်လုံပြူးသွားတယ်။ ဒီနေရာမှာ လူ ဒါဇင်ချီပြီး တန်းစီ နေတာမြင်လိုက်ရတယ်။

“မိုးနတ်မင်းရေ။ ဒီနေရာက ဘာကြီးလဲ။ တန်းစီပြီးတောင် စောင့်နေရတယ်။”

အရင်လောကမှာ ပဲ ဒါမျိုးများတာ ။ ဖန်ကျန်းရှီ ကျင့်သားရနေတဲ့ အတွက် ပြန် တည်ငြိမ်သွားတယ်။ စားပွဲ တစ်လုံပေါ်မှာ သစ်သားပြားလေး ထောင်ထားတာ တွေ့တယ်။ ဒါက ကြိုတင် စားရင်ပေးထားပုံပဲ။

“တကယ်တော့ ငါ ကြိုမှာထားတာ။” ခပ်တည်တည်ပဲ စားပွဲမှာ ဝင်ထိုင်တယ်။ ဒီ အချိန်မှာ လူတစ်ယောက်ကို ဖျတ်ခနဲ တွေ့လိုက်တယ်။

စားသောက်ဆိုင် အပေါ်ထပ်ကို တက်သွားတဲ့ လူ။

ဒါ သူလိုက်နေတဲ့ သူမှန်း ဖန်ကျန်းရှီ သိလိုက်တယ်။ ဦးတည်ချက် ပြောင်းပြီးတော့ လှေကားပေါ် ပြေးတက်တယ်။

“ သခင်လေး။ အပေါ်ထပ်ကို တက်မရဘူး။” ဖန်ကျန်းရှီ ပြေးတက်တာ မြင်တော့ စားပွဲ ထိုး လေး မျက်လုံးပြူးသွားတယ်။

ဖန်ကျန်းရှီကတော့ လုံး၀ ဂရုမစိုက်။

လှေကားတွေကို ခုန်ပျံရင်း သုံးထပ်ဆောင်ပေါ်ရောက်သွားတယ်။

“သုံးထပ်ဆောင်ကြီးလားဟ ” ဖန်ကျန်းရှီ အံ့သြသွားတယ်။

သင်းရနံ့ စားသောက် ဆိုင် က အရမ်း ကျော်ကြားတယ်။ တတိယ ထပ်မှာ စားနိုင်တဲ့ သူတွေက ခပ်ကြီးကြီး မိသားစုက သူတွေပဲ။ မြင်နေရတာထက်ကို ပိုတာတွေ ရှိတယ်။

ဖန်ကျန်းရှီ နောက်ထပ် မတွေးတော့ဘူး။

တအံ့တသြလေး ဖြစ်သွားအောင် လုပ်ပြစ်ဖို့ သူ စိတ်ကူးတယ်။ ခုန်ဝင်ပြီးတော့ “ အားးးး မင်း ပါလား။ ” ဒီလို အော်သွားအောင် ခုန်ဝင်ပြမယ်။

နည်းနည်းပါးပါးလေး ခြောက်ရုံလောက်နဲ့တော့ …

ဖန်ကျန်းရှီ မကျေနပ်နိုင်။

အခုလို အားယားနေတဲ့ အချိန် ပျော်စရာ လေး လုပ်ဖို့ သူ ဆုံးဖြတ်တယ်။

အခုတော့ နေခွင်းလေးက သူ့လက်ထဲ ရောက်နေပြီ။ ပြန်မပေးနိုင်ဘူး။ အစေခံမှာလည်း သက်သေမှ မရှိတာ ။ အဲ့တော့ သူ့ကို လွှဲချလို့ မရ။

သူလုပ်ရမှာ မသိချင်ယောင် ဆောင်ပြီး ခပ်တည်တည် နေဖို့ပဲ။

ခပ်မြန်မြန်ပဲ ဖန်ကျန်းရှီ တတိယထပ်ကို ရောက်သွားတယ်။ တံခါးမှာတော့ သစ်သား စားပွဲ သေးသေးလေး တစ်ခုရှိနေတယ်။

“နေထွက်ပြီ။” လို့ ရေးထားတယ်။

…….

မင်းသားကိုး ဘဝမှာ ဒီလောက်ထိ အကူအညီမဲ့တာမျိုး မဖြစ်ဖူးဘူး။ သူဘယ်လိုပဲ ပြောပြော ပင်းယန်က လုံး၀ ပြန်ပေးမယ့်ပုံမပေါ်ဘူး။

ခရမ်းလျှပ်စီး မြင်းပျံကို ကမ္ဘာကြီး နှစ်ခြမ်းကွဲရင်တောင်မှ ပြန်ပေးမယ့် စိတ်ကူးမရှိ။

မနက်ဖြန် အမဲလိုက် ပြိုင်ပွဲမှာ သူလည်း ပြိုင်ချင်တယ်။

ကြီးမြတ်သော ရှ မင်းဆက် မင်းသား တစ်ပါး ပေမယ့် ။ လင်းယွမ်က နိုင်ငံရေးလည်း ဝင်မပါ။ စစ်တပ်ရေးလည်း ဝင်မရှုပ်။ ဘယ်အလုပ်မှ စိတ်မဝင်စား။

ဒါပေမယ့် သူက မင်းသား တစ်ပါး ဖြစ်နေဆဲပဲ။

ဘယ်လိုနေနေ သူ့မှာ အာဏာရှိတယ်။ ဘယ်အရာပဲ ဖြစ်ဖြစ် သူလိုချင်တာကို ရဖို့ နည်းလမ်း ရှိကိုရှိတယ်။

ခရမ်းလျှပ်စီး မြင်းပျံလည်း အဲ့ဒီ့လိုပဲ။

(အိမ်ရှေ့စံ မင်းသား ဆီကနေ မွေးနေ့လက်ဆောင်ရထားတဲ့ ရှားပါး ပစ္စည်းလေး။ လူတိုင်း သိတဲ့ သူ့ မြင်းပျံလေး။ အိမ်ရှေ့စံတောင်မှ ဧကရာဇ်ရှေ့မှာ သူ့ကို ကိုယ်တိုင် ပေးထားတာ။ တစ်ရက်လုံးလုံး မြင်းရေးပြပြီးတော့ ကြွားထားရတဲ့ အဖိုးတန်လေး။ )

ဧကရာဇ် မင်းက အိမ်ရှေ့စံကိုတောင် အကိုကောင်းတစ်ယောက် ပီသတယ်လို့ ချီးမွမ်းခဲ့တယ်။ ဒီလိုပဲ အိမ်ရှေ့စံကို ဆက်ပြီး ကြင်နာတတ်ဖို့ မိန့်မှာခဲ့တယ်။

ဒါပေမယ့်

အိမ်ရှေ့စံ ဆိုလိုချင်တာကို သူတကယ်ပဲ နားမလည်ဘူး။

ခရမ်းလျှပ်စီးကို ရပြီးတဲ့နောက်မှာ မြင်းပြိုင်ပွဲတွေမှာ ဝင်ပြိုင်တယ်။ ခရမ်းလျှပ်စီးလေး ကြောင့် အမြဲနိုင်တယ်။ ဒါကြောင့် “ နဂါးနက်လေး ” လို့တောင် နာမည်ပေးထားတယ်။

သူက နိုင်ငံရေးမှာသာ အသုံးမဝင်ပေမယ့်

မြင်းပြိုင်တဲ့နေရာနဲ့ အမဲလိုက်တဲ့ နေရာမှာ အတော်ဆုံးသူပဲ။

အခုတော့ အခုများတော့

သူ့ရဲ့ ဂုဏ်ရည် ခရမ်းလျှပ်စီးလေးကို ဆုံးရပါပြီ။

ဒီသတင်းသာ ပေါက်ကြားသွားရင်ရင် ရယ်မော လှောင်ပြောင်ခံရမယ်။ သူ့ရဲ့ နဂါးနက် လေးလည်း နဂါးမြင်းပျံ ဖြစ်နိုင်မှာ မဟုတ်တော့ဘူး။

“ညီမလေးရယ်။ ခရမ်းလျှပ်စီး မြင်းပျံလေး ကို တစ်ရက်ပဲ တရက်တည်းပဲ ငှားပေးလေ။ ရတဲ့ ဆုကို တဝက် ခွဲပေးမယ်လေ။” လင်းယွမ်က ပင်းယန်ကို အသနားခံနေတယ်။

“တဝက်ပဲလား။ မငှားဘူး။” ပင်းယန်က ခေါင်းခါရင်း ပြောတယ်။

“ အကုန်လုံး ပေးမယ်ဟေ့ ။ အကုန်ပေးမယ်။ မနက်ဖြန် အမဲလိုက် တစ်ရက်ပဲ ငှားပေးလေ။ ငါ့မှာ ရှိသမျှ အကုန်ပေးပါမယ်ဟ” မင်းသားကိုး အံကြိတ်ရင်း အော်လိုက်တယ်။

“လုံး၀ မငှား။” ပင်းယန်ကတော့ ငြင်းမြဲ ငြင်းဆဲ။

“ညီမလေး မင်းဘာလိုလဲ။ လိုချင်တာသာပြော။ ငါ့မှာ ရှိတာ အကုန်ပေးမယ်။” မင်းသား ကိုး စိတ်ပျက်လက်ပျက် ဖြစ်နေတယ်။

ပင်းယန် ဒီလောက်ထိ ခေါင်းမာမယ် မထင်ထားဘူး။

ရွေးစရာမရှိတာကြောင့် သူ့ခမျာ ပုံအောလိုက်ရတယ်။ သူ့ ရဲ့ ဂုဏ်ကို ဆက်ထိန်းမှ ဖြစ်မယ်။

“ ငှားပေးမယ်လေ။ ဒါပေမယ့် တစ်ခုတော့ ပြန်ပေးရမယ်။” ငိုတော့ မတတ် ဖြစ်နေတဲ့ လင်းယွမ်ကို ပင်းယန်က လူယုတ်မာ အပြုံးနဲ့ပြုံးပြနေခဲ့တယ်။

“ဘာလိုချင်လဲ။ ပြောသာပြော။ ငါယူလာပေးမယ်။” မင်းသားကိုး ခေါင်းငြိမ့်တယ်။

“ သိပ်လည်း အရေးမကြီးပါဘူး။ အခုချက်ခြင်း ပေးတောင် ရတယ်။” ပင်းယန် မျက်လုံးမှေး ပြီး ပြုံးပြတယ်။

“ ပြောပါအုန်း။” မင်းသားကိုး စိတ်ထဲ သံသယ ပွားလာတယ်။

သူ့ရဲ့ ဂုဏ်ရည်ပြ ကျောက်စိမ်း အဆောင် နဲ့ မုန့်တွေကလွဲပြီးတော့ တခြား ဘာမှ မယူလာဘူး။

“ သဘောတူညီချက် တစ်ခုရေးပြီးတော့ လက်ဗွေနှိပ်ပေးရုံပါပဲ။”

“ သဘောတူညီမှု တစ်ခု”

“ ဟုတ်တယ်။ ခရမ်း လျှပ်စီးကို ငွေသား တစ်သောင်းနဲ့ ပင်းယန် ဆီ ရောင်းလိုက်ပြီလို့ ရေး။” ပင်းယန်က ပြောတယ်။

“ရောင်း ရောင်းတယ်။ မင်းကို။ မဖြစ်ဘူး။ လုံးဝကို မဖြစ်ဘူး။” မင်းသာကိုးရဲ့ အမူအယာ ပြောင်းသွားတယ်။ သူ ကြောက်လန့်တကြားနဲ့ ချက်ခြင်း ငြင်းတယ်။

သူ့ရဲ့ ခရမ်းလျှပ်စီးက ပင်းယန်စီမှာရောက်နေတယ်။ ချီကူယန့် စာကိုလည်း ပင်းယန်က အစ ဖျောက်ပြစ်ပြီ။

မင်းသားကိုး သိတယ်။

ချီကူယန် ကောင်းကင်တာအို ခန်းမကနေ ဆင်းလာတာနဲ့ ခရမ်းလျှပ်စီးက သူ့ လက်ထဲ ပြန်ရောက်ပြီ။

ပင်းယန်က ချီကူယန့် စကားကို နားထောင်မှာပဲ။

အကယ်၍ သူသာ သဘောတူညီမှု လုပ်ခဲ့ရင်

ခရမ်းလျှပ်စီး မြင်းပျံကလည်း ပင်းယန်ရဲ့ အပိုင် ဖြစ်သွားမှာ။ အကယ်၍ ချီကူယန် ပြန်လာရင်တောင်မှ သူလည်း ကူညီနိုင်တော့မှာ မဟုတ်။ သူ့ရဲ့ နဂါးနက်လေး ဆိုတဲ့ ဘွဲ့လည်း ထာဝရ ပျောက်သွားမှာ။

အပိုင်း (၂၈၂) ပြီး၏။

အပိုင်း (၂၈၃)

“ တံခါးနဲ့ ထုခံရခြင်း”

“မရဘူးလား။ ကောင်းပြှီလေ။ သွားနှင့်ပြီ။” ပင်းယန်က မင်းသားကိုး ဒီ လိုဖြေမှာ သိပြီးသား ပုံပဲ။ လှည့်ပြီးတော့ ပြန်ထွက်ဖို့ ပြင်တယ်။

“နေပါအုန်း။” မင်းသားကိုး ချက်ခြင်း တားတယ်။

“ညီမလေးရယ် မသွားပါနဲ့ အုန်း။ ဆွေးနွေးရအောင်။”

“ဘန်းးးး”

ဒီအချိန်မှာပဲ အခန်းတံခါးကို တစ်စုံ တစ်ယောက် ကန်ဖွင့်တယ်။

မင်းသားကိုးလည်း မရှောင်နိုင်လိုက်ဘူး။ တံခါးရွက်ကြီး သူ့ခေါင်းပေါ်ကျလာတာပဲ တွေ့လိုက်တယ်။ ပြင်းထန်တဲ့ အားလှိုင်းတွေ ကြောင့် နံရံဆီ လွင့်ထွက်သွားတယ်။ အဲ့ဒီ့ နောက် သူ ဒူးထောက်ကျသွားတယ်။

“ စ ပရိုက် စ်စ်စ်” တံခါးဝမှာ အသံ တစ်သံ ထွက်လာတယ်။ အဲ့ဒီ့နောက် အပြာရောင် အကျီလက်ရှည်နဲ့သူ ပေါ်လာတယ်။

…

ဖန်ကျန်းရှီထင်လိုက်တာ အခန်းထဲက ရှိတဲ့သူ အတော်လေး အံ့သြသွားမယ်ပေါ့။

မထင်မှတ်ပဲ။ သူ ဝင်သွားချိန်မှာ လူ တစ်ယောက်က ကြမ်းပြင်ပေါ် ဒူးထော်ကနေတယ်။

နောက်ပြီးတော့

အိုးးးး

ပင်းယန်။

ဖန်ကျန်းရှီ အချိန်ကိုက် စကားမစနိုင်ဘူး။

အစေခံက ဒီမှာ ရှိသင့်တာ မဟုတ်ဘူးလား ။ ပင်းယန်နဲ့ ဒူးထောက်နေတဲ့ လူငယ် တစ်ယောက်။ လူငယ်က ဘာလုပ်နေတာလဲ။”

“နှောက်ယှက်မိတာ တောင်းပန်ပါတယ်။ ။။။။။ ” ဖန်ကျန်းရှီ နောက်လှည့်ပြီး ပြန်ထွက်တယ်။

“ရပ်နေစမ်း။” ပင်းယန် အံ့သြသွားတယ်။ သင်းရနံ့ စားသောက်ဆိုင်မှာ မနက်စာ စားနေတုန်း တစ်ယောက်ယောက် လာနှောက်ယှက်မယ်လို့ မထင်ထား။ ပိုပြီးတော့ အရေးကြီးကတာက ။ နှောက်ယှက်တဲ့ သူက ဖန်ကျန်းရှီ။

ဒီ အရှက်မရှိတဲ့ ကောင် ဘယ်လို ဝင်လာတာလဲ။

“ ဘာဖြစ်လို့လဲ။” ဖန်ကျန်းရှီ ရပ်လိုက်တယ်။

“ လူ တစ်ယောက်ကို ဒဏ်ရာရအောင် ရပြီးမှ ပြေးချင်လို့ ရမလား။ ဒီလောက် လွယ် မနေဘူး။ နောက်ပြီးတော့ နင် ဒဏ်ရာရအောင် လုပ်လိုက်တာ ဘယ်သူလဲ သိလား။ ” ဒူးထောက်နေတဲ့ မင်းသားကိုးကို ပင်းယန် ကြည့်တယ်။ ကောက်ကျစ်တဲ့ အပြုံး သူ့မျက်နှာမှာပေါ်လာတယ်။

“ဘယ်သူလဲ။” ဖန်ကျန်းရှီက မင်းသားကိုးကို ကြည့်တယ်။ ဒါ ဘယ်သူ လဲ သူမှ မမှတ်မိတာ။

အကယ်၍ ဖန်ကျန်းရှီက သူ့ မျက်နှာကို မြင်ရင်တောင် မင်းသားကိုးလို့ သိမှာ မဟုတ် ။ နောက်ဆုံးတော့လည်း သူတို့တွေ တရားဝင်တွေ့တာ တစ်ခါမှ မရှိသေး။

“ မင်းသားကိုး။ လင်းယွမ်။” ပင်းယန် ပျော်ပျော်ကြီး အော်ပြောတယ်။ ဖန်ကျန်းရှီ ထိခိုက်အောင် လုပ်လိုက်တာ ဘယ်သူလဲ သိသွားရင် ကြောက်သွားမယ့် ပုံကို သူမ မြင် ချင်တယ်။

ဒါပေမယ့်

စိတ်ပျက်စရာပဲ။

ဖန်ကျန်းရှီကတော့ ခပ်တည်တည်။

“ဟင် ဘာပြောတယ်။ ဘာပြောလိုက်တာလဲ။ မင်း ပြောတာကို ငါမကြားရ ဘူး။ မနက် စောစော ထလာလို့လား။ ည ပဲ အိပ်ရေးမဝလို့လား။ နားထဲ တစ်ခုခု ဖြစ်နေတာလား။ နားတွေ အူလိုက်တာ။ ထူးဆန်းချက် ထူးဆန်းချက်။ ” ဖန်ကျန်းရှီ တစ်ယောက် ထဲ ပြော နေတယ်။ ပင်းယန် တောင် ပြန် မပြောနိုင်သေးဘူး။ သူက တံခါး အပြင်ကနေ လိမ့်သွားပြီ။

ပင်းယန်နဲ့ မင်းသားကိုးကို တစ်ချက်တောင် လှည့်မကြည့်။ သူတို့ နှစ်ယောက် ကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်းသာ မျက်လုံး ပြူးနေကြတယ်။

…

သင်းရနံ့ စားသောက်ဆိုင်ဘေးက ပုံမှန် အခန်း တစ်ခုမှာ။

စုချင်း လူအုပ်ကြီးကို ကြည့်နေတယ်။ သူ့ ရှေ့မှာတော့ လက်ဖက်ရည် ပူပူ တစ်အိုး ။

“အမတ်မင်း အကုန်လုံး လုပ်ပြီးပါပြီ။” ဒီအချိန်မှာပဲ အနက်ရောင် ဝတ်ထားတဲံ အစေခံ က စုချင်းရှေ့မှာ ဒူးလာထောက်တယ်။

“ အင်း။” စုချင်း ခေါင်းငြိမ့်ပြီးတော့ ရေနွေးကြမ်းခွက်ကို ကိုင်လိုက်တယ် ။ ခံစားချက် မဲ့ တဲ့ ပုံနဲ့ တစ်ချက် စုပ်သောက်တယ်။

“ အမတ်မင်း။ အမတ်မင်းရဲ့ အမျှော်အမြင်က တကယ်ပဲ အရမ်း မြင့်တာပဲ။ ဖန်ကျန်းရှီက ကျွန်တော့် နောက်ကို လိုက်ပြီး သင်းရနံ့ စားသောက် ဆိုင်ထဲ လိုက်လာတယ်။ ” အစေခံ က ဆက်ပြောတယ်။

“ နေခွင်းလေးကို ဘယ်လောက်နဲ့ ရောင်းလိုက်လဲ။” သူ့ကို ချီးမွမ်းနေတာကို လျစ်လျူရှုပြီးတော့ ရေနွေးကြမ်းသောက်ရင်း စုချင်း မေးတယ်။

“ဒါ ဒါက ” အစေခံရဲ့ အမူအယာ ပြောင်းသွားတယ်။

“ဘာဖြစ်တာလဲ။”

“ဖန်ကျန်းရှီက တကယ်ပဲ အရှက် တစ်စက်မှ မရှိဘူး။ တကယ့်ကို နာမည် တစ်လုံးနဲ့ နေတဲ့ သူပဲ။ ကျွန်တော် ရောင်းတာ ဟြေားပြား ငါးပြားပဲ ရတယ်။”

“ဟြေားပြားငါးပြား။” စုချင်း မျက်လုံးပြူသွားတယ်။ သူ့လက်ထဲက ရေနွေးခွက်တောင် တ ဆတ်ဆတ် တုန်နေတယ်။ ရေနွေးတွေ ဖိတ်စင်ကျကုန်တဲ့ အထိ သူ့ကို အံ့သြစေတယ်။

“ အမတ်မင်း။ ကျွန်တော့်ကို ကယ်တင်ပေးပါ။ အကယ်၍ သွမ့်အရှင် သာ သိသွားရင် ကျွန်တော့်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှာ။”

“မေ့လိုက်တော့။ အဲ့ဒါ လည်း ငါ့အများပဲလေ။ ဖန်ကျန်းရှီက လွယ်လွယ် ရိုက်ချလို့ ရတဲ့ သူမှ မဟုတ်ပဲ။ မဟုတ်ရင် ဒီနေ့ထိ သူ ဘယ်လို အသက်ရှင်နိုင်မလဲ။ သွမ့်အရှင်ကို ငါ ကိုင်တွယ်နိုင်တယ် ။ မင်း အခုသွားးလို့ရပြီ။”

“အမတ်မင်း ကျေးဇူး နှိုင်းတု မရပါဘူး။ ကျွန်တော့ အသက်နဲ့ ရင်း ပြီး ပြန်ပေးပါမယ်။ ” အစေခံ ပြတင်းပေါက်ကနေ ခုန်ထွက် ပျောက်ကွယ်သွားတယ်။

“ နေခွင်းလေးကို ဟြေားပြား ငါးပြားတည်းနဲ့ …… လူတစ်ယောက် က ဘယ်လိုများ ဒီ လောက်ထိ အရှက်မဲ့နိုင်တာလဲ။ ကြိုတင်ကြံစည် ထားတာ မင်းသိရင်တောင် အနည်း ဆုံး ငါးရာ။ ဒါမှ မဟုတ် ငါးဆယ် လောက်တော့ ပေးသင့်တယ်လေ။ ဓား သံတမန် အမတ်ကြီး ဖြစ်ပြီး ဟြေားပြား ငါးပြားတည်း ပေးတယ်တဲ့လား။ နိမ့်ကျတဲ့ ရွာသား ဖြစ်နေတာ မဆန်း ဘူး။ ” စုချင်း တစ်ကိုယ်တည်း ညည်း ညူနေတယ်။

သင်းရနံ့ စားသောက်ဆိုင်ကို ကြည့်ရင်း ပြောတယ်။

“နေခွင်းလေးက လွယ်လွယ်ရတာ မဟုတ်တော့ သနားစရာပဲ။”

…

ဖန်ကျန်းရှီကတော့ ပြေးနိုင်သလောက် ပြေးဖို့ ကြံနေတယ်။

ဒါပေမယ့်လည်း တစ်ခုကို သူမေ့နေတယ်။ သူ ရောက်နေတာ သင်းရနံ့ စားသောက် ဆိုင်။ နောက်ပြီးတော့ စားပွဲထိုးက နောက်ကလူတွေကို ခေါ်ထားတယ်။

ဒါကြောင့်

သူ လှေကားမှာ တားခံလိုက်ရတယ်။

အရာအားလုံးက အဆင်ပြေပြေပဲ ဖြစ်နေတယ်။ မင်းသားကိုးက အစောင့်တွေကို နောက်ဆုတ်ဖို့ အမိန့်ပေးတယ်။ ဖန်ကျန်းရှီကို ခေါ်ပြီး အခန်းထဲ ပြန်ဝင်တယ်။

စားပွဲထိုးတွေကတော့ တစ်ယောက်ကို တစ်ယောက်ကြည့်နေတယ်။

“ ဧည့်သည် တော်တို့ရဲ့ မနက်စာကို နှောက်ယှက်မိတဲ့ အတွက် တောင်းပန်ပါတယ်။ ”

တိတ်ဆိတ်နေပြီးနောက် ဖန်ကျန်းရှီ စ လှုပ်ရှားလာတယ်။ သူ့လက်က မုန့် ပန်းကန်ဆီ ရောက်သွားတယ်။

ပါးစပ်အပြည့် ထိုးထည့်တယ်။

“ ငါ့ မုန့်တွေ။ ” ပင်းယန် ထအော်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို မတားဘူး။ သူ့ မျက်လုံး ထဲ မျှော်လင့်ချက်တွေ ပြည့်နေတယ်။

“ မင်းကလည်း မုန့်လေး တစ်ပန်ကန်းကိုများ ။ ဒါနဲ့ မုန့်တွေက ကောင်းသားပဲ။” ဖန်ကျန်းရှီ ပြောတယ်။ မုန့်ပန်းကန်ကို ထပ်ဆွဲတယ်။

“ နင်မစားဖူးမှန်း ငါသိသားပဲ။ စားကောင်းတယ်မလား။ ထပ်ယူအုန်းမလား။ ” ဖန်ကျန်းရှီ စားပိုးနင့်အောင် သွပ်နေတာ မြင်တော့ ပင်းယန် ပျော်နေတယ်။

“ မင်းမှာ ထပ်ရှိသေးလို့လား။” ဖန်ကျန်းရှီ့ မျက်လုံးတွေ ဘလင်းဘလင်း တောက်လာပြန်တယ်။

“ရှိတာပေါ့။ ဟုတ်တယ်မလား အကို ကိုး။” ပင်းယန် က လင်းယွမ်ကို ကြည့်တယ်။

“ အမတ်မင်း ဖန် ကြိုက်တယ်ဆိုရင် သွားဝယ်ခိုင်း ပေးမယ်လေ။” လင်းယွမ်က ဖန်ကျန်းရှီကို ပြောတယ်။

“ ကောင်းတာပေါ့။ အရမ်းကောင်းတာပေါ့။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ရေနွေးငှဲ့ ပြီး တစ်ခွက် သောက်တယ်။ သောက်ပြီးတော့ သူ့မျက်လုံးတွေ အရောင် ထပ်တောက် လာတယ်။ “ ကောင်းလိုက်တဲ့ ရေနွေး။”

ဖန်ကျန်းရှီက ရေနွေးကြမ်း (လက်ဖက်ခြောက် ခတ်ထားသော ရေနွေး) အကြောင်း မသိပေမယ့် သောက်လို့ ကောင်းတာတော့သိတယ် ။

သောက်တဲ့ သူက ဘယ်လိုလုပ်လဲ သိစရာမှ မလိုပဲ။ မွှေးပျံ့ချိုမြတဲ့ အနံ့က သင်းပျံ့ နေတယ်။

“ ငါ့ကို ပြော။ နင် ငါ့အကူအညီ လိုလို့ လာတာမလား။” ပင်းယန်က မျက်လုံးမှေးပြီး ပြောတယ်။

“ ငါ အခန်းမှားဝင် တာဟ။” ဖန်ကျန်းရှီ ရေနွေးခွက်ကို ထပ်ဖြည့်တယ်။ ”

“အခန်းမှားဝင်တာ။ ဒီလောက် တိုက်ဆိုင်လား။” ပင်းယန် လုံးဝမယုံ။

“တိုက်ဆိုင်ရုံပဲ ရှိတာပါ။ မုန့်တွေ ကုန်တော့မယ်။ တခြား ကိစ္စမရှိရင် ငါသွားပြီ။” ဖန်ကျန်းရှီ လွတ်နေတဲ့ ပန်ကန်းကိုကြည့်ပြီး ထွက်ဖို့ ပြင်တယ်။

“လူတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ပြီးမှ ပြေးချင်တယ်ပေါ့။ နင်က မင်းသားကိုး ။ ငါ့အစ်ကို ကို ဒဏ်ရာရအောင် လုပ်ထားတာ။ သူ့ခေါင်းကို တံခါးနဲ့ ထုထားတာ။ ဒီလောက် လွယ်လွယ် ပြေးလို့ ရမယ် ထင်နေတာလား။” ဖန်ကျန်းှရီ တွေးနေတာကို ပင်းယန် ကော်ငးကောင်းသိတယ်။

ဖန်ကျန်းရှီ ဒီလို ပြေးမှာကို သူမ ခွင့်မပြုနိုင်။ မှတ်လောက် သားလောက် ဖြစ်အောင် ဆုံးမပြစ်မယ။်

“ အမတ်မင်း ဖန်က တမင်တကာ မလုပ်ဘူး ဆိုတာ ကျွန်တော် ယုံပါတယ.် ။ ကျွန်တော်တို့… ” မင်းသားကိုးက စကား ဖြတ်ပြောတယ်။ ခေါင်းနည်းနည်း မူးနေ ပင် မယ့်လည်း ဒီကိစ္စကို လိုက် တွက်ကပ်ဖို့ မလို ဘူးလို့ သူထင်တယ်။ မဟုတ်ရင် စိတ်ထား သေးသိမ်ရာကျမယ်။

နောက်ပြီးတော့ ပင်းယန်နဲ့ ဖန်ကျန်းရှီ တို့ ရဲ့ ဆက်ဆံရေးက သာမာန် မဟုတ်မှန်း သူသိတယ်။ ဒါကြောင့် ဖန်ကျန်းရှီကို အခက်တွေ့အောင် မလုပ်ချင်ဘူး။”

“ အစ်ကို ကိုး။ ခရမ်းလျှပ်စီး မြင်းကို ငှားချင်တယ်မလား။” ပင်းယန် စကား ဖြတ်ပြောတယ်။

“ ဒါပေါ့။” မင်းသားကိုး စိတ်လှုပ်ရှားလာတယ်။

“ ဒါဆိုရင် ဒီကိစ္စကို ဘယ်လို အရေးယူမလဲ။” ပင်းယန်က လူယုတ်မာ အပြုံး နဲ့ ပြုံးနေတယ်။

“ ငါတို့ လုပ်ရမှာပေါ့။” မင်းသားကိုး နားလည်သွားတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို ကြည့ြ်ပီး ပြောတယ်။ “ အမတ်မင်းဖန် ။ ကျွန်တော့်ကို ငွေသား တစ်ထောင်ပေးရင်ကော ဘယ်လိုလဲ။”

“ငွေသား တစ်ထောင်”

ဖန်ကျန်းရှီ နဲ့ ပင်းယန် လန့်သွားတယ်။

“ မင်းသား ဓားပြလာတိုက်ေ်နတာလား။”

“အကို ကိုး။ ဘယ်လိုများ ဒီလောက် လွယ်လွယ် လွတ်ပေးတာလဲ။”

ပထမ တစ်ခွန်းက ဖန်ကျန်းရှီ ပြောတာ ။ ဒုတိယ တစ်ခွန်းက ပင်းယန် ပြောတာ။

တစ်ယောက်ကို တစ်ယောက် မီးတောက် မျက်ဝန်း တွေနဲ့ ကြည့်ရင်း အကြည့်ချင်း စစ်ခင်းနေကြတယ်။ ဖန်ကျန်းရှီ နဲ့ ပင်းယန် နှစ်ယောက်လုံး ဒေါသ ပေါက်ကွဲနေတယ်။

“ ဂရိုစိုက်ဘူး။ သူ ငွေသား တစ်သောင်း ပေးရင်ပေး။ မပေးရင်တော့ ခရမ်းလျှပ်စီး မြင်းပျံ ကို ငှားဖို့ မစဉ်းစားနဲ့။ နောက်ပြီးတော့ သူ ပင်းယန် အိမ်တော်မှာ ဆယ်ရက် အစေခံ လာလုပ်ရမယ်။ သူ့ အမှားသူ ပြင်းရမယ်။”

“မင်း ဦးနှောက်ပျက်နေတာလား။ ငါ မင်းကို တစ်ခါမှ ထိခိုက်အောင် မလုပ်ဖူးဘူး။ ငါ က ဘာကိစ္စ မင်းဆီ အ စေခံ လာလုပ်ရမှာလဲ။” ဖန်ကျးန်းရှီ ပေါက်ကွဲနေတယ်။

ဒါက အနိုင်ကျင့်တာပဲ။

အိမ်မက် ရည်မှန်းချက် သတ္တိတွေ အပြည့်နဲ့ ဖန်ကျန်းရှီက ဒီလို တောင်းဆိုမှုမျိုးကို တစ်သက်လုံး လက်မခံဘူး။

“ ငါ့ အိမ်တော် လာပြီးတော့ လိမ်လိမ်မာမာ အစေခံ လာလုပ်စမ်းပါ။” ပင်းယန် ထ အော်တယ်။

မင်းသားကိုး ချွေးပြန်လာတော့တယ်။ ဒီ နှစ်ယောက်ရဲ့ ပတ်သက်မှုက တကယ်ရှုပ်တယ်။ ဖန်ကျန်းရှီက ပင်းယန်ကို အခုပဲ ကျိန်ဆဲလိုက်တာ။

ပိုပြီးအရေးကြီးတာက

ပင်းယန် စိတ်မဆုးိဘူး။

ဘာတွေ ဖြစ်ကုန်တာလဲ။

ပင်းယန် ပြောင်းလဲသွားပြီလား။ မင်းသားကိုးကတော့ ပင်းယန် ပိုကောင်းလာတယ် မထင် ပါဘူး။ နောက်ပြီးတော့ ဘယ်လောက်တောင် ရှေ့နောက် မစဉ်းစားပဲ လုပ်တတ်မှန်း သူ ကြုံနေရဆဲပဲ။

ဖြစ်နိုင်ချေကတော့ တစ်ခုပဲ ရှိတယ်။

ကျိန်ဆဲတဲ့ သူက ဖန်ကျန်းရှီ ဖြစ်နေတာ ကြောင့်ပဲ။

“ ငါက သူ့ကို ဒဏ်ရာ ရအောင် လုပ်တယ်လို့ ဝန်မခံရင်ကော ” ဖန်ကျန်းရှီ မေးတယ်။

“ နင်က ငြင်းချင်တာလား။ ဒီ မှာ ဒီမှာ ကြည့် ဒီလောက် ထင်ရှားနေတာ။ နောက်ပြီးတော့ သက်သေတွေလည်း အရမ်းများတယ်။ စားပွဲထိုးတွေ အကုန် ်နီးပါး နင် လုပ်တာကို မြင်တယ် သိလား။ ဗြောင်လိမ် ဖို့ ကိစ္စ ခေါက်ထားလိုက်။” ပင်းယန် ယုံကြည်ချက် အပြည့်နဲ့ ပြောနေတယ်။

ဖန်ကျန်းရှီ တိတ်နေတယ်။

သူ့ လုပ်ရပ်ကို ငြင်းဖို့က အလုပ်ဖြစ်မယ် မထင်။ နောက်ပြီးတော ဒီ လောက စည်းမျဉ်း အရ မင်းသား တစ်ပါးကို ဒဏ်ရာရအောင် လုပ်တာ အပြစ်ကြီးတယ်။

အကောင်းဆုံး အခြေအနေကတော့ အထင်လွဲတယ်။ ဒီလောက်နဲ့ ပြီးသွားမှာ။

အဆိုးဆုံးက …..

တော်ဝင်မိသားစုကို မလေးမစား ပြုရာရောက်ပြီးတော့ ပုန်ကန်တာ။

ငလူးပဲ။

သူက တကယ်ပဲ အခန်းလေး မှားပြီး တံခါးလေး မှားကန်တာကို။

ဖန်ကျန်းရှီ တစ်ခုခု မှားနေတာ သိတယ်။ ကိစ္စ အရင်းအမြစ်ကို ပြန်စဉ်းစားတယ်။ ရလဒ်ကတော့ သူ့ကိုသူ ပြဿနာ ပိုတက်အောင် လုပ်မှာပဲ။

ဖန်ကျန်းရှီ မင်းသားကိုးကို ကြည့်လိုက်တယ်။

သူက မင်းသားကိုးကို ဒဏ်ရာရစေတယ်။ ပင်းယန်က မင်းသားကိုး ကို သူ့ စကား နားထောင် အောင် လုပ်ထားတယ်။ ဒါပေမယ့် မင်းသားကိုးသာ စကား နားမထာင်တော့ ရင် ဘယ်လိုဖြစ်မလဲ။

ပင်းယန် အခုပဲ ပြောလိုက်တယ်။

ခရမ်းလျှပ်စီး မြင်းပျံ

မင်းသားကိုးက ခရမ်းလျှပ်စီး မြင်းပျံကို ငှားချင်တယ်။ ဒါကြောင့် ပင်းယန် စကား နားထောင် တယ်။

မင်းသားကိုးကို ကူညီပြီးတော့ ခရမ်းလျှပ်စီး မြင်းပျံ ပြန်ရအောင် လုပ်ပေးရင်ကော။

ပင်းယန် အိမ်တော်က အစောင့် အင်အားကို ပြန်တွေးမိတယ်။ ဒါက စွန့်စား ရာ ရောက်လွန်းတယ်။ ပေါ်တင်ခိုးမရတော့ အခုချက်ခြင်း လုရုံပေါ့။

ပင်းယန်နဲ့ အပေးအယူ လုပ်ဖို့ လွယ်တယ်။

ဒါပေမယ့် မင်းသားကိုးက ဘာကြောင့် ခရမ်းလျှပ်စီး မြင်းပျံကို ငှားချင်နေလဲ သိဖို့လိုတယ်။

“မင်းသားကိုး ဘာလို့များ ခရမ်းလျှပ်စီး မြင်းပျံကို ငှားရလဲ ဆိုတာ သိခွင့်ရှိနိုင် မလား။” ပင်းယန်ကို အဖက်မလုပ်ပဲ မင်းသားကိုးကို မေးတယ်။

“ ဧကရာဇ် ကိုယ်တိုင် ကျင်းပပေးမယ့် အမဲလိုက် ပြိုင်ပွဲ အကြောင်းကို အမတ်မင်းဖန် ကြားပြီးသား ဖြစ်မှာပါ။” မင်းသားကိုးက ပြန်ဖြေတယ်။

“ ကျွန်တော် သိတယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

စာမေးပွဲ တွေ မဖြေခင်။ ကျောင်းတော်သား ပေါင်းစုံစုဝေးတယ်။ ယွင်ချင်းဝူရဲ့ မျက်နှာကာ ကို ဆွဲဖြုတ်ပြီးတဲ့ က ကြီးမြတ်သော ရှ မင်းဆက် တစ်ခွင်မှာ ဖန်ကျန်းရှီက ဟိုးဟိုး ကျော် တဲ့ နှာဗူးကောင် ဖြစ်နေတာ။

ဒါကြောင့် စုဝေးပွဲတွေကို သူ ရောက်တာ ရှားတယ်။

“ အမဲလိုက်ပွဲမှာ မြင်းပြိုင်ပွဲလည်း ပါတယ်။ ခရမ်းလျှပ်စီးက ကျွန်တော့် မြင်း။ ဒါကြောင့် … ” မင်းသားကိုးရဲ့ အသံ တိမ်ဝင်သွားတယ်။

ဖန်ကျန်းရှီလည်း ဘာတွေ ဖြစ်နေလဲ ဆိုတာ တွေးလို့ရသွားပြျီ။”

ပင်းယန်က မင်းသားကိုး ဆီက ခရမ်းလျှပ်စီးကို လုထားတာ ဒါမှ မဟုတ် ခိုးထားတာ ဖြစ်မယ်။

အခုတော့ ကိစ္စက လွယ်သွားပြီ။ သူ လုပ်ဖို့ လိုတာက ခရမ်းလျှပ်စီး မြင်းပျံကို ပင်းယန်ဆီက ပြန်ယူရုံပဲ။ ကိစ္စရှင်းပြီ။

ဒါကို ဘယ်လို လုပ်ရမလဲ။

ဖန်ကျန်းရှီ တွေးရင်းနဲ့ ပင်းယန့် မျက်နှာကို မျက်လုံးမှေးပြီး အရိပ်အကဲ ကြည့်နေတယ်။

“ဘာကြည့်တာလဲ။ ငါ့ အိမ်တော် လာပြီး အစေခံ မလုပ်ရင် ခရမ်း လျှပ်စီး မြင်းပံျကို အကိုကိုး ဆီ မငှားဘူး။ နင်လုပ်နိုင်ရင် ငါ့နန်းဆောင်မှာ မြင်းပျံလာခိုးကြည့်လေ။” ပင်းယန်က ဖန်ကျန်းရှီ မျက်နှာကို တည့်တည့်ကြည့်ရင်း ပြော်တယ်။

အပိုင်း (၂၈၃) ပြီး၏

အပိုင်း (၂၈၄)

“အကွက်ကျကျ”

အစေခံ

ဖန်ကျန်းရှီက နှာတစ်ချက်မှုတ်တယ် ။ ပင်းယန်ကို ကြည့်တယ်။ ပင်းယန်အိမ်တော်မှာ အစေခံ ဘယ်တော့မှ မလုပ်ဘူး။

“ ကောင်းပြီလေ။ ငါ နင့်အစေခံ လုပ်မယ်။” နှာမှုတ်ပြီး ဖန်ကျန်းရှီ သဘောတူတယ်။

“ဘာဘာပြောတယ်။”

ပင်းယန်နဲ့ မင်းသားကိုး အထိတ်တလန့် ဖြစ်သွားတယ်။

ပင်းယန်နဲ့ မင်းသားကိုး နှစ်ယောက်လုံး အံ့သြသွားကြတယ်။

ပင်းယန်တောင်မှ သူကြားတာကို မယုံနိုင် ဖြစ်နေတယ်။ မင်းသားကိုးလည်း မျက်လုံးြ ပူးနေတယ်။

“ နင် …. သဘောတူတယ်။” ပင်းယန် မေးလိုက်တယ်။

“ဟုတ်တယ် ငါ သဘောတူတယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။

“ ဟား ဟား ။ ဖန်ကျန်းရှှီ။ ဒီလို နေ့မျိုး ရောက်လာမယ်လို့ ငါ မထင်ထားဘူး။ က. ဟား ဟား။” ဒါကိုကြားတော့ ပင်းယန် အူတက် မတက် ရယ်မောတော့တယ်။

“ ဟဟား။ အမှန်ပဲ။ ဒီလို နေ့ ရောက်လာမယ်လို့ ငါ လည်း မထင်ထားဘူး။” ဖန်ကျန်းရှီ ရယ်မောတယ်။

မင်းသားကိုးက ဖန်ကျန်းရှီကို ကြည့်တယ်။ ပြီးတော့ ပင်းယန်ကို ကြည့်တယ်. ။ တစ်ခုခု တော့ လွဲနေပြီ။ ဖန်ကျန်းရှီက ဘာလို့ အစေခံ လုပ်မယ် သဘောတူတာလဲ။

အချိန်အတော်ကြာအောင် ရယ်မောပြီးနောက်။ ဖန်ကျန်းရှှီပါ လိုက်ရယ်နေတာကို ပင်းယန် သတိထားမိလိုက်တယ်။ ဒါက သူမကို စိတ်ရှုပ်စေတယ်။

“ နင် ဘာရယ်နေတာလဲ။ အစေခံ ဖြစ်ရမှာ ပျော်နေတာလား။” ပင်းယန် မသင်္ကာ ဖြစ်လာတယ်။

ဒါပေါ့။ ပင်းယန် အိမ်တော်မှာ အစေခံ ဖြစ်ဖို့ လွယ်မှ မလွယ်ပဲ။” ဖန်ကျန်းရှှီ ပုံမှန် အတိုင်းပဲ ပြောတယ်။

“ နင် တကယ်ပဲ ဒီလို ထင်တာလား။” ပင်းယန် လုံး၀ မယုံ။

“ ဟုတ်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ ဟား ဟား … ကောင်းပြီလေ။ ငါ့ အိမ်တော်ကို ချက်ခြင်း လိုက်ခဲ့တော့ အခုပဲ အစေခံ လုပ်။” ပင်းယန် မထိန်းနိုင်ပဲ ရယ်လိုက်ပြန်တယ်။

ဒါပေမယ့် ဖန်ကျန်းရှီက ထိုင်ခုံက နေ မထ။

ရေနွေးကြမ်း ဆက်သောက်နေတယ်။

“ဘာလုပ်နေတာလဲ။ နင့်စကား နင် မတည်တာလား။” ပင်းယန် ထပ်ပြောတယ်။

“နင်သာ ငါ့ အစေခံ လာမလုပ်ရင် ခရမ်းလျှပ်စီး မြင်းပျံကို ငါ မငှားဘူး။ ”

“ငါ့ စကား ငါ မတည်ဘူးလို့ ဘယ်သူ ပြောလဲ။” ဖန်ကျန်းရှီ ခပ်ဆတ်ဆတ် ပြန်ဖြေတယ်။

“ ဒါဆိုရင် ငါ့အိမ်တော်ကို အခုချက်ခြင်း ငါနဲ့ လိုက်ခဲ့၊” ပင်းယန် ပြောတယ် ။

“ ဘာပဲ ဖြစ်ဖြစ်။ ငါက အဆင့် လေး ဓား သံတမန် အမတ်မင်း ။ အခုချက်ခြင်း မင့် အစေခံ လုပ်ပြီး မင့်နောက် လိုက်လာရင် လူတွေ ဘယ်လို တွေးမလဲ။” ဖန်ကျန်းရှီ ပြန်ပြောတယ်။

“ မဟုတ်တရုတ် ပြောတဲ့ သူတွေ အကုန်လုံးကို လျှာဖြတ်ပြစ်မယ်။” ပင်းယန် ခါးထောက်ပြီး ချက်ခြင်း ပြန်အော်တယ်။

“ ညီမလေး။ အမတ်မင်း ဖန် ပြောတာ ယုတ္တိရှိတယ်။ အဆင့်လေး အမတ်မင်းက ညီမလေး အိမ်တော်မှာ အစေခံ မလုပ်သင့်ပါဘူး။” ဖန်ကျန်းရှှီ ဘာ အကွက်နင်းနေလည်း သူမသိဘူး။ ဒီ အချိန်မှာ ဘာပြောရမလဲ ဆိုတာလည်း စဉ်းစား မရ။

“ဒါကို နင်က ဘာလုပ်ချင်လို့လဲ။” ဖန်ကျန်းရှီကို ပင်းယန် အော်တယ်။

“ ငါ မင်းဆီမှာ စိတ်လိုလက်ရ လာပြီး လုပ်အားပေးတယ်လို့ စာချုပ်ရေးရမယ်။ ဒီလိုမှ သက်သေ လည်းရမှာ။ တခြားသူတွေလည်း မဟုတ်တာတွေ ပြောတော့မှာ မဟုတ်ဘူး။”

“ စာချုပ်” ပင်းယန် တွေးနေတယ်။ ဖန်ကျန်းရှီက ဒီအခွင့်အရေးကို သုံးပြီးတော့ အကျိုး ဖြစ်အောင် လုပ်မှာပဲ။ အခုတော့ ဖန်ကျန်းရှီက ကိုယ့် သေတွင်း ကိုယ် တူးနေပြီ။

“ အကြံကောင်းပဲ။ စာချုပ်ရေးပြီးတော့ လက်မှတ်ထိုးမယ်။”

“ အမတ်မင်း ဖန်။ တကယ်ပဲ စာချုပ် ချုပ်မှာလား။” မင်းသားကိုး မယုံကြည်နိုင်။

သူထင်ခဲ့တယ်။ ဖန်ကျန်းရှီက ခရမ်း လျှပ်စီး မြင်းပျံလေးကို ပြန်ရအောင် ကူညီ ပေးနေတယ်။ ဒါကြောင့် သူလည်း အေးဆေးနေရုံပဲ။ အခုတော့ ဖန်ကျန်းှရှီက စာချုပ် ချုပ်မယ်တဲ့။

ဒါက ကိုယ့်သေတွင်း ကိုယ်တူးနေတာ မဟုတ်ဘူးလား။

“ ဒါပေါ့။ စကားလုံးတွေက အလကားပဲ။ သက်သေလိုတယ်။” ဖန်ကျန်းရှီ ထောက်ခံတယ်။ ”

“ ဟ ဟား ကောင်းတာပေါ့။ တစ်ယောက်ယောက် ခေါ်ခဲ့စမ်း။” ပင်းယန် အခန်းအပြင်ကို ခုန်ထွက်သွားတယ်။

ဒီအချိန်မှာပဲ အစေခံ က အခန်းထဲကို စာရေးကိရိယာတွေ သယ်လာတယ်။ မြန်မြန်ချပြီးတော့ ဦးညွှတ်တယ်။ ပြီးတော့ ပြေးထွက်သွားတယ်။

ဖန်ကျန်းရှီ ချက်ခြင်း စုတ်တံ ပြန်ကိုင်တယ်။ ဒါပေမယ့် ဘာမှ မရေး။

“ ဘာဖြစ်ပြန်တာလဲ။” ပင်းယန် စိတ်မရှည်တော့။

“ မင်း အိမ်မှာ အစေခံ လာလုပ်မယ်။ ဒါပေမယ့် ကိစ္စ နည်းနည်းတော့ သဘောတူ။” ဖန်ကျန်းရှီ စုတ်တံကို ချတယ်။ ရေနွေးကြမ်း တစ်ငုံသောက်တယ်။

“ ဘာတွေ လိုလဲ ပြော”

“ ပထမ ဆုံး ငါ့ အခန်းနဲ့ ငါ နေမယ်။ တခြား သူနဲ့ မနေနိုင်ဘူး။ အခန်းက သန့် ကျယ် ကောင်း သုံးချက် ညီရမယ်။ ”

“ တော်တော့။ နင့် ကိုယ်ပိုင် အဆောင်နဲ့ အခန်းနဲ့ အကုန်ပေးမယ်။ ” ပင်းယန် စကား ဖြတ်ပြောတယ်။

“ ဒါဆို ကောင်းပြီ။” ဖန်ကျန်းရှီ ကျေကျေနပ်နပ် ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် သူ ဆက်ပြောတယ်။

“ ငါ မင်း အိမ်တော်မှာ လာနေရင် လစာ ပေးရမယ်။ သိပ်မများဘူး။ တရက်ကို ငွေသား တစ်ထောင် ။ ဆယ်ရက် တစ်သောင်း ။ နေ့တိုင်း ပေးရမှာ ”

“ ကောင်းပြီ ။ ကောင်းပြီ။ နင်ပြောတဲ့ အတိုင်းပဲ။ တစ်ရက် ငွေသား တစ်ထောင်ပေးမယ်။” ပင်းယန် သဘောတူလိုက်တယ်။

မင်သားကိုးတော့ ချွေးတောက်တောက် ကျနေပြီ။ ဖန်ကျန်းရှီ က တကယ်ပဲ အစေခံ သွား လုပ်မှာလား။ ဘယ် အစေခံ က တရက် ငွေသား တစ်ထောင် နဲ့ သူတို့ ကိုယ်ပိုင် အခန်း ရလို့လဲ။

ဒါပေမယ့် ပင်းယန် မငြင်းတာကို တွေ့တော့ မင်းသားကိုးလည်း ထပ် မပြောတော့ဘူး။

နောက်ပြီးတော့ ဖန်ကျန်းရှီက အစေခံ သွားလုပ်ရင် သူလည်း အကျိုးရနိုင်တယ်။ ဖန်ကျန်း ရှိရဲ့ အစီအစဉ်ကို သူက ဘာလို့ တားရမှာလဲ။

ပင်းယန် ကကော ငွေကို ဂရုစိုက်လို့လား။

ဒါပေါ့ ဂရုမှ မစိုက်တာ။ ဖန်ကျန်းရှီကို ဘယ်လို နှိပ်စက်ရမလဲပဲ တွေးနေတာ ။ အိမ်သာ ဆေးခိုင်းရမလား။ ခြေထောက်ကိုပဲ ဆေးခိုင်းရမလား။

အမိန့်မနာခံရဲရင် ချက်ခြင်း ကန်ထုတ်ပြစ်မယ်။

ဖန်ကျန်းရှီ သူမရဲ့ အိမ်တော်ထဲ ဝင်တာနဲ့ ကောင်းကောင်း ခိုင်းစား ပြစ်မယ်။

“ နောက်ပြီးတော့ ငါ့ကို အားလပ်ချိန် ပေးရမယ်။ ညီလာခံ စာမေးပွဲက စတော့မှာ ငါ့မှာ လေ့ကျင့်ရအုန်းမှာ ။ ”

“ ကောင်းပြီလေ။ နင့်ကို တစ်ရက် လေးနာရီ အားလပ်ချိန် ပေးမယ်။ ”

“ လေး …. ။ ငါ …..”

“ကောင်းပြီ ကောင်းပြီ ။ အဲ့တာလည်း ပေးမယ်။”

“ နောက်ပြီးတော့ ….”

“ အကုန်လုံး အကုန်လုံး သဘောတူ ။ နင်လိုချင်တာ ဘာဖြစ်ဖြစ် ပေးမယ်။ နောက်ထပ် ပြဿနာ ရှိသေးလား။” ပင်းယန် စိတ်ပျက်လက်ပျက် လက်ခါနေတယ်။

“ ပြဿနာ မရှိတော့ဘူး။ ဒါပေမယ့် အကုန်လုံးကို ရေးချထားရမယ်။ မဟုတ်ရင် မင်းစကား မင်း မတည်တဲ့ အချိန် ဘယ်လို လုပ်မလဲ။” ဖန်ကျန်းရှီ ပြန်ပြောတယ်။

“ ရေးထား အကုန် သာ ရေးထားလိုက်။” ပင်းယန် ခေါင်းငြိမ့်တယ်။

သူမ ဘာ သူမတွေးတယ်။ “ နင် ဘာပဲ ရေးရေး။ ငါ့ အိမ်တော်ထဲ ရောက်ရင် အသုံးဝင် အုန်းမှာလား။ ဟင်း ဟင်း။”

“ကောင်းပြီလေ။ သဘောတူပြီ ဆိုတော့ အသိသက်သေ လိုတယ်။” ဖန်ကျန်းရှီ မင်းသားကိုး ဘက်ကို လှည့်လိုက်တယ်။

မင်းသားကိုး ကြားတော့ ခေါင်းငြိမ့်တယ်။ “ ငါ အသိသက်သေ လုပ်ပေးမယ်။”

ပင်းယန်လည်း မငြင်း။

အရာအာလးုံး အကွက် ဝင်လာပြီ။

ဖန်ကျန်းရှီ စရေးတော့တယ်။ သိပ်မကြာခင်ပဲ တစ်ရွက်ပြည့် သွားတယ်။ နောက် နှစ်ရွက်။ သုံးရွက်။ ….. သူရေးတာ ကြာလွန်းလို့ ပင်းယန်တောင် အိပ်ပျော်သွားတယ်။

“ ကောင်းပြီလေ။ ငါ ရေးပြီးပြီ။ ဖတ်အုန်းမလား။” ဖန်ကျန်းရှီ ကျေကျေနပ်နပ် ခေါင်းငြိမ့်တယ်။ စာရွက် ထပ်ကြီးကို ပင်းယန် ရှေ့မှာ ချတယ်။

“ မကြည့်တော့ဘူး လက်မှတ် ထိုးရအောင်။ ” ပင်းယန် မတွေဝေတော့ပဲ ချက်ခြင်း လက်မှတ် ထိုးတယ်။

အဲ့ဒီ့နောက် မင်သားကိုးက အသိ သက်သေ ဆိုတဲ့နေရာမှာ သူ့နာမည် ရေးတယ်။

စာရွက်ထပ်ကြီး ဖန်ကျန်းရှီ ဆီကို ရောက်သွားတယ်။ ပင်းယန်ကတော့ စောင့် ကြည့် နေတယ် ။ ဖန်ကျန်းရှီ လက်မှတ်ထိုးတာနဲ့ စာချုပ်က အကျုံးဝင်ပြီ။

ဒါပေမယ့် ဖန်ကျန်းရှီကတော့ အလျင်မလို။

“ မင်းစကားတွေ ပြန် မရုပ်သိမ်းဘူးဆိုတာ သေချာပြီလား။ ” ဖန်ကျန်းရှီ တွေဝေနေတယ်။

“ ဘာလို့ ရုပ်သိမ်းရမှာလဲ။ ငါက အဲ့လို လူမဟုတ်။” ပင်းယန် ရင်ဘတ်ကို ပုတ်ပြရင်း အာမခံတယ်။

“ ဒါဆိုရင် ခရမ်းလျှပ်စီး မြင်းပျံကို မင်းသားကိုးစီ ဘာလို့ မငှားသေးတာလဲ။” ဖန်ကျန်းရှှီ မင်းသား ကိုးကို စိုးရိမ်တကြီး နဲ့ ကြည့်နေတယ်။

“လွယ်ပါတယ်ဟ။ အကိုကိုး။ ဒီ တံဆိပ်ပြားယူသွား။ ခရမ်းလျှပ်စီးကို ပင်းယန် အိမ်တော် မှာ သွားထုတ်လိုက်လို့ ရပြီ။” ရွှေတံဆိပ်ပြား တစ်ခု မင်းသားကိုးကို ပင်းယန် ပေးတယ်။

မင်းသားကိုး ချက်ခြင်းထယူတယ်။

သူ့မှာ ဆုံးရှုံး စရာမရှိ။

“ ခနနေအုန်း။ ငါ နင့် လှည့်ကွက်ထဲ ရောက်တော့ မလို့။” ပင်းယန် တံဆိပ်ပြားကို ပြန် ယူလိုက်တယ်။

“ နင် လက်မှတ်ထိုး။”

“ကောင်းပြီ။” ဖန်ကျန်းရှီ ချက်ခြင်း လက်မှတ် ထိုးလိုက်တယ်။

ပင်းယန် စာချုပ်ကို ကောက်ကြည့်တယ်။ ဖန်ကျန်းရှီ သူ့ နာမည်ကို ရေးမှန်း သေချာအောင် စစ်တယ်။

“ ဟား ဟား။ ဖန်ကျန်းရှီ နောက်ဆ့ုးတော့ ဒီနေ့ ရောက်လာပြီ။ ” ပင်းယန် ပျော် ပျော်ရွှင် ရွှင်နဲ့ တံဆိပ်ပြားကို မင်းသား ကိုးဆီ ပေးတယ်။

မင်းသားကိုး ဖန်ကျန်းရှီကို တောင်းပန်တဲ့ အကြည့်နဲ့ ကြည့်နေတယ်။ ပြီးတော့ တံဆိပ်ပြားကို ယူတယ်။

“ အားနာစရာ မလိုပါလူး။ မင်းသားရဲ့ခရမ်း လျှပ်စီး မြင်း ပျံကိုပဲ သွားယူလိုက်ပါ။” ဖန်ကျန်းရှီ လက်ခါ ပြတယ်။

မင်းသားကိုး နှစ်ခွန်း မပြောတော့ပဲ အခန်းထဲကနေ ထွက်ပြေးတော့တယ်။

ပင်းယန် သူ့ စကားသူ မတည်မှာ တကယ်ပဲ သူ စိုးရိမ်တယ်။

…

အခန်းထဲမှာတော့

ပင်းယန်က ပျင်းရိခြောက်သွေကနေတယ်။

ဖန်ကျန်းရှီကတော့ ရေနွေးကြမ်း သောက်နေတယ်။ အဲ့ဒီ့နောက် စားပွဲ ထိုးကို ခေါ်ပြီးတော့ မုန့်မှာတယ်။ ပင်းယန် ရှင်းမှာဆိုတော့လည်း ဘယ်လောက် စားစား ကိစ္စမရှိ။

ပင်းယန်ကတော့ စိတ်မဆိုးပါဘူး။ “ အကုန်စား အကုန်စား မြန်မြန်စား။ စားပြီးရင် ငါ့ အိမ်တော် ဘယ်လောက် ပျော်စရာကောင်းလဲ ဆိုတာ ပြမယ်။”

ဆယ့်ငါးမိနစ် ကုန်သွားပြီ။

တစ်နာရီ။

ဖန်ကျန်းရှီ မလှုပ်သေး။

ပင်းယန်က စိတ်မရှည်စ ပြုလာတယ်။ “ အိုက်ယာ။ နင် လုပ်နေတာ တစ်နာရီတောင် ကုန်သွားပြီ။ ခုထိ စားမပြီးသေးဘူးလာ။”

“ အိုး။ အဲ့သလောက်တောင် ကြာသွားပြီလား။ ကောင်းပြီလေ။ ငါပြန်ပြီ။” ဖန်ကျန်းရှီ တင်ပါးကို ဖုန်ခါပြီးတယ်။ နေမင်းကို ကြည့်တယ်။ ပြီးတော ကောက်ကျစ်တဲ့ အပြုံးနဲ့ ပြုံးတယ်။

“ နင် ဘယ်သွားမလို့လဲ။” ပင်းယန် ထ အော်တယ်။

“ မသွားရင် ငါက ဘာလုပ်ရမှာလဲ။” ဖန်ကျန်းရှီ ပင်းယန်ကို စိတ်ရှုပ်ရှုပ်နဲ့ ပြန်မေးတယ်။

“ နင့်စကား နင် မတည်တာလား။ စာချုပ်လည်း လက်မှတ်ထိုးပြီးပြီ။ မင်းသားကိုကလည်း အသိ သက်သေ ။ နင် ငါ့ အစေခံ ဖြစ်ပြီ နင် ငါနဲ့ ပြန် လိုက်ရမှာပါ့။” ပင်းယန် စာချုပ်ကို ကိုင်ရင်းနဲ့ ဖန်ကျန်းရှီကို ပြောနေတယ်။

“ ဟုတ်တာပေါ့။ စာချုပ် အရ ….. မင်း ငါ့ကို အိမ်တော်လေး တစ်ခု။ ငွေသား တစ်သောင်း ။ စာရေးကိရိယာ နှစ်စုံ ။ အကြွေးတင်ပြီ။ နောက်ပြီး …… ” ဖန်ကျန်းရှီ အဆက်မပြတ် ပြောတော့တယ်။

“ ရပ် ရပ်တော့။ ငါ နင့်ကို အကုန်ပေးမယ်။ ဒါပေမယ့် အစေခံ အရင် လာလုပ်။” ပင်းယန် ဖြတ်ပြောတယ်။

“ ဘာလို့လဲ။” ဖန်ကျန်ရှီ ေ မးတယ်။

“ နင် စာချုပ်မှာ လက်မှတ်ထိုးထားတယ်လေ။”

“ဟုတ်တယ် လေ”

“ဒါဆို နင်ကဘာလို့ ငါနဲ့ မလိုက်တာလဲ။”

“ဘာလို့ လိုက်ရမှာလဲ။”

“နင် … စာချုပ်မှာ လက်မှတ် ထိုးတယ်လေ။”

“အဲ့တော့”

“ ငါ့ အိမ်တော်မှာ အစေခံ ဆယ်ရက် လာလုပ်ရမှာပေါ့ဟ။ နင့်စကား နင် မတည်တာလား။”

ပင်းယန်က စာချုပ်ကို ကြည့်ရင်း အမူအယာ ပြောင်းသွားတယ်။ စာချုပ်ထဲမှာ ရှင်းရှှုင်း လင်းလင်းကို ဖန်ကျန်းရှီက ပင်းယန် အိမ်တော်မှာ အစေခံ အဖြစ် လာသင်ဖို့ ရေးထားတယ်။

“ဘာမှ လွဲမနေဘူး။”

“ ဘာပြောတာလဲ”

“ နင်က ငါ့အိမ်တော်မှာ အစေခံ အဖြစ် လာသင်မယ် ပြောထားတာ လေ။”

“ အော် အဲ့လိုလား။ ကြည့်ရအောင်။” ဖန်ကျန်းရှီ စာချုပ်ကို ကြည့်လိုက်တယ်။ အဲ့ဒံီနောက် ပင်းယန်ကို ပြန်မပေးခင် ပြောတယ်။ “ငါက လာသင်မယ်ပဲ ပြောထားတာ လေ။ “

“ဘယ်လိုများ …. ” ပင်းယန် ပါးစပ်အကေင်း သာ ဖြစ်နေတယ်။

ဒီစကားက အကွက်ကျကျ လုပ်ထားတာပဲ။

“ တောင်းပန်ပါတယ်။ ငါ စိတ်ပြောင်းသွားပြီ။ လာ မသင်ချင်တော့ဘူး။ ”

ပင်းယန် စာချုပ်ကို ကြည့်ရင်း မျက်လုံးပြူးနေတယ်။

“ဖန် ကျန်းရှီ။”

ပင်းယန်ရဲ့ ဒေါသ အပြည့်နဲ့ အသံက သင်းရနံ့ စားသောက် ဆိုင် တစ်ခုလုံးကို ပျံ့သွားတယ်။

ဖန်ကျန်းရှီ လည်း မြို့တော် လမ်းတွေထဲမှာ အေးအေးဆေးဆေး လျှောက်သွားနေတယ်။

“ လှည့်ကွက် နည်းနည်းလေး သုံးလိုက်တာနဲ့ ။ ကိစ္စက ပြတ်သွားတာပဲ။”

ဒါပေါ့။ ဖန်ကျန်းရှီ ကိစ္စ တစ်ခုလုံးကို သေသေချာချာ ကြံစည်ထားတာ ။ နောက်ပြီးတော့ စာချုုပ်ထဲက စကားလုံးတွေကို သေသေချာချာကို ရွေးထားတာ။

ဒါက က ဈေးဆစ်သလိုပဲ။ ပင်းယန်ကို သူ့ အကွက်ထဲ ဝင်ပြီဆိုတာ သေချာအောင် လုပ်တယ်။

ပင်းယန်ကို လှည့်ဖို့ကတော့ အတော်လေးကို စွန့်စားရာ ရောက်တယ်။

“ မနက်ဖြန် အမဲလိုက်ပွဲရှိတယ်လို့တော့ ကြားသား။” ဖန်ကျန်းရှီ ကောင်းကင် ပြာ ကို မော့ကြည့်တယ်။

“ဒီလေးကို စမ်းဖို့ အချိန် ကောင်းပဲ။”

အပိုင်း(၂၈၄) ပြီး၏။

အပိုင်း (၂၈၅)

“သန်းထူတဲ့ မြင်း”

…

နောက် တစ်နေ့ မနက်။

နေသာတဲ့ မနက်ခင်း။ ရွှေနေခြည် လွှမ်းနေတဲ့ မြို့တော်ကြီး ။ နွေဦးအငွေ့အသက်တွေ သင်းပျံ့ နေတယ်။

ဖန်ကျန်းရှီ ရန်ရွှယ့် အခန်းကို နိုးနိုးခြင်း ပြေးတယ်။

ရန်ရွှယ်လည်း နိုးနေပြီ။ ဒါပေမယ့် နေကောင်းသေးဟန် မပေါ် ။ ရန်ရွှယ်က အမဲလိုက်ပွဲကို ဝင်ပြိုင်မှာ မဟုတ်လောက်ဘူး။

နှုတ်ဆက်ပြီး ဖန်ကျန်းရှီ လှေကားကနေ ဆင်းလာတယ်။

တည်းခိုခန်းက ထွက်တယ် ။ ထွက်ထွက်ချင်း အပေါက်ဝမှာ လူပုံရိပ် တစ်ခုကို မြင် လိုက်တယ်။ မီးလျှံပန်းနီ သံချပ်ကာကို ဝတ်ထားတယ်။ လက်ထဲမှာတော့ ရဲရဲ တောက် ချီလင်လှံ။

“ နင် အမဲလိုက်ပွဲ ဝင်ပြိုင်မယ်ဆို”

“ ဘာလဲ ကန့်ကွက်စရာ ရှိလား။ ” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ နင် ဒီ ကြောက်စရာ မြင်းကြီး စီးမလို့လား။” ဖန်ကျန်းရှီရဲ့ မနှစ်မြို့စရာ မြင်းကြီးကို ပင်း ယန် နှာခေါင်းရှုတ်နေတယ်။

ဖန်ကျန်းရှီ လည်ပြန် ကြည့်တယ်။

အမှန်အတိုင်းဆို သူ့ရဲ့ မြင်းက

အတော်လေး အခြေအနေ ဆိုးနေတာ ။

ဒါပေမယ့် နှင်းမဟူရာ မြင်းပျံကို တုန်လင်း မြို့တော်မှာ ထားခဲ့ပြီ။ ဈေးပေါပေါ မြင်းလေး တစ်ကောင် ဝယ်ပြီး အစားထိုးလိုက်တယ်။

“ဟုတ်တယ်။” ဖန်ကျန်းရှီ အခိုင်အမာ ထောက်ခံတယ်။

“ ငါ့ အိမ်တော်က အစေခံဖြစ်ပြီး မြင်းစုတ်လေးနဲ့ ။ ဒါ ငါ့ ဂုဏ်သိက္ခာကို စော် ကားတာပဲ ။ နင် ငါ့ကို တောင်းပန်ရင် ငါ့ရဲ့ ဒုတိယ အကောင်းဆုံး မြင်းပျံကို ငှားမယ်။” ပင်းယန် ကျောက် စိမ်းနှင်း နောက်က မြင်းပျံကို လက်ညှိုးထိုးတယ်။

ကျောက်စိမ်းနှင်း ရဲ့ ဘေးမှာ

အစိမ်းရောင် အဟြေားခွံတွေနဲ့ ဖုံးအုပ်ထားတဲ့ တိုက်ပွဲ ဝင် မြင်းပျံ တစ် ကောင် ။

ဖန်ကျန်းရှီ ဒါ ဘာမြင်းမှန်းမသိဘူး။ ဒါပေမယ့် ပင်းယန် က သူကဒုတိယ အကာင်းဆုံး မြင်း ပျံလို့ ပြောမှတော့ ကျောက်စိမ်းနှင်း တို့ ခရမ်းလျှပ်စီး တို့ကို မှီနိုင်ပါတယ်လေ။

“ ရပါတယ်။ ” ဖန်ကျန်းရှီ လာကမ်းလှမ်းတာကို ချက်ခြင်း ငြင်းတယ်။ အကယ်၍ ဒီ မြင်းပျံ ကို သာ လက်ခံ လိုက်ရင် ပင်းယန် အိမ်တော်က အစေခံ ဖြစ်သွားမှာလေ။

“ နင်တကယ်ပဲ မလိုချင်ဘူးလား။ ဒီ မြင်းပျံရဲ့ ဈေးကို ဧကရာဇ် ကိုယ်တိုင် သတ်မှတ် ထားတာနော်။ တကယ့် မြင်းကောင်း စစ်စစ်။ နင် မလိုချင်ဘူးလား။” ပင်းယန် အံကြိတ် ပြီး မေးနေတယ်။

“သူ့ရဲ့ အရည်အချင်း သက်သက်နဲ့။ မင်း ပေးတာ ငါ ယူလိုက်ရင် တောင်မှ ။ မင်းရဲ့ မြင်းပျံ နဲ့ ယှဉ်ရင် ဒုတိယ ရောက်နေမှာပဲ မလား။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ ဒါပေါ့။ ကျောက်စိမ်းနှင်းနဲ့ ယှဉ် နိုင်တဲ့ မြင်းပျံ မြို့တော်မှာ မရှိဘူး။ “

“ခရမ်း လျှပ်စီး မြင်းပျံကကော။”

“ မနီးစပ်ဘူး။ တတိယနေရာပဲ ရှိတယ်။” ပင်းယန် ဝံ့ဝံ့ကြွားကြွား ပြန်ဖြေတယ်။

“အိုး။ ဒါဆိုရင် ဘယ်မြင်းပျံက ဒုတိယလဲ။”

“ ဒုတိယလား။ ယန်လေးရဲ့ မီးတောက်နီ နှင်းတိမ်လေ။”

“သေစမ်း” ဖန်ကျန်းရှီ မကျိန်ဆဲချင်ပါဘူး။ ဒါပေမယ့် မီးတောက်နီ နှင်းတိမ် အကြောင်း တွေးလိုက်တော့ မခံစားနိုင်တော့ဘူးးးးး။ နောက်ဆုံးတော့ …. ဒီ မြင်းက သူ့မြင်းပဲလေ။

…

ပင်းယန်နဲ့ ဖန်ကျန်းရှီ အမဲလိုက် ကွင်း ရောက်ချိန်။ နေမြင့်နေပြီ။ အမဲလိုက် ကွင်းနဲ့ ပတ်လည် ဧရိယာတွေ ရွှေရောင် တောက်နေတယ်။

ဖန်ကျန်းရှီ မျှော်လင့်ထားသလိုပဲ…

နေရာ တစ်ခုလုံး လှုပ်ရှားတက်ကြွနေတယ်။

သံချပ်ကာဝတ် လူငယ်တွေ တစ်ယောက်နဲ့ တစ်ယောက် စကား ပြောနေတယ်။ အများစု က သူများရဲ့ မြင်းတွေ အကဲဖြတ်နေတယ်။ မြင်းတွေရဲ့ အရည်အသွေးကို ကြည့်ရင်း ဖော် လံဖား နေကြတယ်။

မြင်းတွေရဲ့ အရည် အသွေးတင် မကဘူး။ သူတို့ရဲ့ သံချပ်ကာ လက်နက် ၊ ဆံထိုးတွေကိုတောင်မှ ချီးမွမ်း နေကြတယ်။

ဖန်ကျန်းရှီက ဒါတွေကို စိတ်မဝင်စား။

သူ့ကို ဘယ်သူမှ လာမချီးမွမ်းတာလည်း သူ့ အတွက် ကောင်းတယ်။ သူ့မြင်းက ကြောက်စရာ ကောင်းလွန်းလို့ ဘယ်သူမှ အနားမကပ်ရဲ။ လမ်းဘေးမှာ မြက်စား နေရင်းတောင် နားရွက်တွေက ငိုက်ကျနေတယ်။

“ အိုး။ ဖန်ကျန်းရှီပဲ။”

“ အမဲလိုက်ပွဲမှာ သူ ပါမယ်လို့ ဘယ်သူ ထင်မှာလဲ။ နောက်ပြီးတော့ မြင်းပြိုင်ပွဲ ကော ပါမှာလား။”

“ ငါကြားတာတော့ ဟွေ့ အန်းဒေသ ပန်းပေါင်းစုံ စုဝေးပွဲ ကိစ္စ ပြီးတည်းက။ ဒီလို လူများ တဲ့ ပွဲတွေကို သူ မတက်ဘူး။ ဘာလို့ ခုမှ ပေါ်လာတာလဲ။”

“ဧကရာဇ် မင်းရဲ့ ဆုကြောင့် ဖြစ်မယ်။”

“ ခနနေပါအုန်း …. သူ့ မြင်း လေ …. ဘယ်လိုခေါ်လဲ…. ငါမေ့နေတယ်။”

“ ရွံ့ရောင် မြင်းကျားလေ။ တုန်လင်း မြို့က မြင်း ။ အရွက်စားတဲ့ ကောင် မြင်းလေ။ ”

“ အရွက်စား ကောင်လား။ အနည်းဆုံးတော့ အသားစား (နို့တိုက်သတ္တဝါ) ဖြစ်သင့် တယ်လေ။ ဒီလိုမြင်းက ကောင်းလို့လားဟ။ ဘာလို့ ပြိုင်ပွဲကို စီးလာတာလဲ၊”

“ မဆိုးပါဘူး။ တုန်လင်း မြို့တော်မှာ ဆို ငွေသား ၂၀ လောက်နဲ့ ဝယ်လို့ ရတာပေါ့။”

“ ဟား ဟား ဟား ”

ရယ်မော လှောင်ပြောင်ကြတယ်။ ရုတ်တရက် ဖန်ကျန်းရှီက ပင်းယန်နဲ့ အတူ လာတာကို မြင်လိုက်တယ်။

သိပ်မကြာခင်ပဲ ဖန်ကျန်းရှီ အနားမှာ လူ တွေ စုလာတယ်။

ဒါက ဧကရာဇ် မင်း ကိုယ်တိုင် ကျင်းပတဲ့ ပွဲ ။ လူတိုင်းက သူတို့ရဲ့ အကောင်းဆုံး မြင်းတွေကို ထုတ်ပြကြတယ်။ ဖန်ကျန်းရှီရဲ့ မြင်းကျားက တသီးတခြား ချွန်ထွက် နေ တယ်။

ဒါပေမယ့် ဖန်ကျန်းရှီ ကတော့ စိတ်မဆိုး။ ပြိုင်ပွဲ တစ်ခုလုံးက မြင်း တွေကိုပဲ မှီခို နေရင် လူတွေက ဘာလုပ်ဖို့လဲ။

ပင်းယန်လည်း စိတ်မဆိုး။ တကယ်တော့ သူမ အတော် ပျော်နေတာ။ မီးလျှံ ပန်းနီ သံချပ်ကာကိုလည်း ဝတ်ထားတယ်။ ရဲရဲ တောက် ချီလင်လှံကလည်း တဝံ့ဝံ့ ။ နောက်ပြီးတော့ ကျောက်စိမ်းနှင်းကိုလည်း စီးထားတယ်။

ပင်းယန်က ကွင်း တစ်ခုလုံးမှာ အကောင်းဆုံး လက်နက ်ရှိတဲ့ သူပဲ။

ဒီလိုကြောင့် ပင်းယန် ကျေကျေနပ်နပ်ကြီး ဖန်ကျန်းရှီ ဘေးမှာ ရပ်တယ် ။ ဖန်ကျန်းရှီ နဲ့ ယှဉ်ရင် သူမက ကြယ်တာရာ နတ်မိမယ်လို တောက်ပတယ် ။ နောက်ပြီးတော့ ပင်းယန်က ကော်လို ကပ်နေတာ။ ဖန်ကျန်းရှီ သွားတဲ့ နေရာ သူ လိုက်တယ်။

ပင်းယန်က သူ့ကို သုံးပြီး အရောင်ထွက်အောင် လုပ်နေတာ သူသိသားပဲ။

မောင်းသံ ထွက်လာတယ်။ ဧကရာဇ် ရောက် ကြောင်း အမိန့်ပြန်တယ်။ ဝတ်စုံပြည့် ဝတ်ထားတဲ့ မင်းသားအချို့ နောက်မှာ ပါလာတယ်။

ဒါက ထိပ်သီးတွေ စုဝေးတဲ့ပွဲ ။ မင်းသားတွေ အတွက် စွမ်းရည် ပြဖို့ အချိန်ကောင်း တစ်ခု။

ဖန်ကျန်းရှီ ခရမ်းလျှပ်စီးမြင်းပျံပေါ်က မင်းသားကိုးစီ ရောက်တယ်။ အဲ့ဒီ့နောက် စစ်မြင်း ပျံတွေကို စီးထားတဲ့ အိမ်ရှေ့စံနဲ့ သွမ့်အရှင် နားကို ဖြတ်တယ်။

သူတို့တွေ အပြင် ။ နောက်မှာ အမတ်မင်း တသီတတန်းကြီး ရှိတယ်။ ဒါပေမယ့် အကြို စာမေးပွဲထက် အမတ်မင်း နည်းတယ်။ ဗိုလ်ချုပ်တွေ နှစ်ဆ မက များတယ်။

သံချပ်ကာ အမျိုးမျိုးကို ဝတ်ထာတယ်။ အနည်းဆုံး တော့ အယောက် ငါး ဆယ် အသက် အရွယ်မျိုးစုံ။

နောက်ပါလူတွေနဲ့ အကုန်ပေါင်းရင် ၁၀၀ နီးပါးရှိတယ်။ သူတို့အားလုံး အဝေးက နေ ဒုန်း စိုင်း စီးလာကြတယ်။ ဖုန်လုံးတွေ တလိမ့်လိမ့်။

ဖန်ကျန်းရှီ ခန့်မှန်းတွက်တယ်။….

ပတ်လည်က စောင့်နေတဲ့ စစ်သည်တွေကို မယူဘူး။ အနည်းဆုံး စစ်သည် ၅၀။ အမတ်မင်း ၇ဦး။ နောက်ပြီးတော့ ကျောင်းတော်သား အယောက် သုံးရာ ။

ပွဲကြီးပွဲကောင်းပဲ။

ညီလာခံ စာမေးပွဲ စစ်ဆေးမှု ကျောင်းတော်သား အယောက် ၂၀၀။ ဒီ လူ အရေအတွက်ကို ဖန်ကျန်းရှီ သိထားတယ်။ နောက်ပြီးတော့ ညီလာခံ စာမေးပွဲ မဖြေခင် တော်ဝင် စာမေးပွဲ အောင်ထားကြသူတွေ။

ဒါကြောင့် ဒီ ပွဲကို လာပြိုင်သူ အနည်းဆုံး ရာချီမှာ သူ သေချာတယ်။

ဒါက အံ့သြစရာတော့ မဟုတ်ဘူး ။ နောက်ဆုံးတော့လည်း ဒါက ကျောင်းတော်သား တွေ စုဝေးပွဲပဲ။ လူငယ်တွေ အမျာကြီးက ဒီ အခွင့်အရေးကို အမိအရ သုံးကြတယ်။ သူတို့ရဲ့ စွမ်းရည်တွေကို ဧကရာဇ် မင်းရှေ့ ပြချင်တယ်။

…

ဧကရာဇ် မကြာခင်ရောက်လာတယ်။ နဂါးဝတ်ရုံ နဲ့ မဟုတ်။ ခံ့ညားတဲ့ ရွှေရောင် သံချပ်ကာ။ ရွှေရောင် ဝတ်ရုံ ရှည်ကြီးနဲ့။ တောက်ပ ထည်ဝါတဲ့ စစ်မြင်းနီ ကြီး ကို စီးနင်းလာတယ်။

ဖန်ကျန်းရှီကို သူမြင်တော့

ဧကရာဇ် လင်းမုပိုင် သိသိသာကြီး အံ့သြသွားတယ်။ ဖန်ကျန်းရှီ စီးထားတဲ့ ရွံ့မြင်းကျားကို ကြည့်တယ်။ ခေါင်းတစ်ချက် ခါပြီး ဆက်သွားတယ်။

မင်းသားတွေလည်း ဖန်ကျန်းရှီကို သတိထားမိတယ်။

“ အဲ့တာ ဖန်ကျန်းရှီလား။ ဘာလို့ ပွဲလာကြည့်တဲ့ သူ ပုံစံ ဖြစ်နေတာလဲ ။

“ ငါထင်တာတော့ ကသ လာလုပ်တာပဲ။”

မင်းသားငယ် နှစ်ပါး တွတ်ထိုးနေတယ်။ အဲ့ဒီ့နောက် ဧကရာဇ် မင်း နောက်ကနေ လိုက် သွားတယ်။

သွမ့်အရှင်က ဖန်ကျန်းရှီကို တစ်ချက် ကြည့်တယ်။ ရယ်ပြီးတော့ ထွက်သွားတယ်။

အိမ်ရှေ့စံ မင်းသား နှာခေါင်း ရှုတ်တယ်။ နှစ်ခါ မကြည့်ပဲ ထွက်သွားတယ်။

မင်းသားကိုး တခြားမင်းသားတွေအစား တောင်းပန်တဲ့ အကြည့်နဲ့ ကြည့်တယ်။ ပြီးတော့ ဖန်ကျန်းရှီ အနားကို ကပ်လာတယ်။

“ အမတ်မင်း ဖန် ။ မြင်း ပြောင်းစီးမလား။ တခြားမြင်း ကောင်းကောင်းတွေ ရှိတယ်။ ပြိုင်ပွဲ အတွက် အသစ် ရောက်ထားတာတွေ။”

“ ကျေးဇူးပါပဲ အရှင် မင်းသား။ ကျွန်တော်မျိုးရဲ့ မင်းက ကြည့်မကောင်းပေမယ့် ကောင်း ကောင်း ပြေးနိုင်ပါတယ်။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။

“ နာ်းလည်ပြီ။” မင်းသားကိုး ထွက်ခွာခင် တွေဝေနေခဲ့တယ်။

အမတ်မင်း တွေ နဲ့ မင်းသားတွေ မျက်စိရှေ့က မြင်ကွင်းကို မယုံနိုင် ။

“ မင်းသား ကိုးက ဖန်ကျန်းရှီကို ဘယ်လို သိတာ လဲ။”

“မတွေးတတ်ဘူး။”

“ ငါ ကြားထားတာ ရှိသဟ။ ဖန်ကျန်းရှီ က မင်းသားကိုးရဲ့ ခရမ်း လျှပ်စီး မြင်းပျံကို ပြန်ရအောင် ကူညီ ပေးတယ် ဆိုတဲ့ ….. ဆီက”

“ ဘာကြီး …… ဘယ်သူ့ ဆီက။” မာဆတ်ဆတ် အသံ ဖန်ကျန်းရှီ ဘေးက ထွက်လာတယ်။

အမတ်မင်းတွေလည်း ကျောရိုးထဲ့ စိမ့်ချမ်းလာတယ်။ လေအေးအေးတွေ တိုက်လာလို့ သွေးလေဖောက်ပြားပြီး ကယောင် ချောက်ခြား ဖြစ်နေသလိုလို။ လည်ပင်းကိုပဲ ဓား တင် ခံထားရသလို။ ဆံပင်မွှေးတွေတောင် ထောင်လာတယ်။

………………….

အမဲလိုက်ကွင်းတံခါး ပွင့်လာပြီ။ ဧကရာဇ် နဲ့ နောက်ပါတွေ ဝင်တယ်။

ဖွင့်ပွဲ အချိန်ရောက်ပြီ။

ဝတ်ရုံ လက်ရှည် မိန်းမလှတွေ စတင် ကခုန်တယ်။ ဝိုင်အရက် ။ အစား အသောက် တွေ လိုက်ဖြည့်ပေးနေတဲ့ အစေခံတွေလည်း ရှိတယ်။

ဖန်ကျန်းရှီ အဆင့်လေး အမတ်မင်း ထိုင်ခုံမှာ ထိုင်လိုက်ပြီ။ ချုပ်တည်း မထားတော့ပဲ အငမ်း မရ စားတော့တယ်။

“ စားထား ။ စားထား။ ဗိုက် တင်းပြီး ဘယ်လို အမဲလိုက်မလဲ ကြည့်ရသေးတာပေါ့။”

“အမတ်မင်း လီရေ။ အမတ်မင်း ဖန်ကတော့ ဒီမှာ စားဖို့ ရောက်နေတယ် ထင်တာပဲ။”

အမတ်မင်းတွေက ဖန်ကျန်းရှီကို ကြည့်ရင်း တွတ်ထိုးနေတယ်။

ဝန်ကြီးချုပ် ယွီယိဖျင် နောက်ထပ် မပြောတော့ဘူး။ မျက်မှန်ကို ပင့်တယ်။ ဝိုင်ခွက်ကို မြှောက် တယ်။ အမတ်မင်းတွေကို ဂုဏ်ပြု အရက် သောက်တယ်။

အမတ်မင်းတွေ အားလုံးစားသောက်နေတယ်။ ဒါပေမယ့် သိက္ခာကိုတော့ နည်းနည်းတောင် အပျက် မခံ။

ဖွင့်ပွဲ ပြီးနောက်….

ဧရိယာ တစ်ခုလုံး တိတ်ဆိတ်သွားတယ်။ အမတ်မင်း တစ်ယောက် ရှေ့ထွက်လာတယ်။ လည်ချောင်း ရှင်းတယ်။ ပြိုင်ပွဲရဲ့ စည်းကမ်းချက်တွေကို ရှင်းပြတယ်။

ကြေညာပြီးခဲ့ပြီ။ ဧကရာဇ် မိန့်ခွန်း ပြောရမယ့် အချိန် ရောက်ပြီ။

မိန့်ခွန်းပြီးတဲ့နောက် ပြိုင်ပွဲ စာရင်းသွင်းချိန် ရောက်ပြီ။

သူ ဒီကို ရောက်လာမှတော့ လှုပ်ရှားသင့်ပြီ။ ဖန်ကျန်းရှီ ဆုံးဖြတ်လိုက်တယ်။

အမတ်မင်းတွေက ဖန်ကျန်းရှီ စာရင်း သွင်း တာကို မြင်တော့ လန့်သွားတယ။် ကျောင်းတော်သားတွေ အားလုံး နဲ့ သူစစ်ကြီးတွေ စိတ်မထိန်းနိုင်တော့ဘူး။ ခေါင်းငုံ့ ပြီး လှောင်ရယ်ကြတယ်။

“ ဖန်ကျန်းရှီ စာရင်းသွင်းလိုက် ပြီလား။”

“ တခြားသူနဲ့ အတူ သွားမယ် ထင်တာပဲ။ ”

“ သူ ဘာမှ မလုပ်နိုင်ပါဘူးကွာ”

“ ဒါပေါ့ ။ ရွံ့မြင်းကျားနဲ့သာ ဖန်ကျန်းရှီ နိုင်သွားရင် ငါ့ နာမည်ကို ပြောင်းပြန် ရေးပြစ်မယ်။”

“ဒီလောက်ပဲလား။ ငါဆို ဒီနေရာကို တုံးလုံး ချွတ်ပြီး ပြတ်ပြေးပြမယ်။ မင်း ငါ့လို လုပ်ရဲလား။”

“ လုပ်တာပေါ့။ ဘာကြောက်စရာလိုလဲ။”

စစ်သူကြီးတွေနဲ့ ကျောင်းတော်သားတွေ ဘေးမှာ ကသ လုပ်နေကြတယ်။

ဖန်ကျန်းရှီကတော့ တစ်ချက်တောင် မကြည့် ။ သူတို့ကို အခွင့်အရေး ပေးဖို့ ပြင် လိုက်တယ်။ စာရွက်ဖြူ တစ်ရွက်ကို သူတို့ဆီ ယူသွားပေးတယ်။

“ ချရေးထားလိုက်ပါလား။ လေထဲက ပြောစကားတွေ အဓိပ္မာယ် မရှိဘူးနော်။ ”

“ အကိုလီ။ လုပ်မှာလား။ ”

“ဒါပေါ့။”

သိပ်မကြာခင် ။ လက်မှတ်ထိုးတဲ့ သူတွေ များလာတယ်။

အဲ့ဒီ့နောက် ဖန်ကျန်းရှီ ရှုံးရင် လည်း သူတို့ ဘာမှ မရဘူးဆိုတာ နားလည် လိုက်တယ်။

သူတို့ စာကြောင်း ထပ်ထည့် မလို့ ပြင်လိုက်တယ်။ ဖန်ကျန်းရှီ က ချက်ခြင်း စာရွက်ကို ပြန်ယူသွားတယ်။

“မေ့ထားလိုက်။ သူ့ကို အခွင့်အရေး ပေး လိုက်ပါ။ ဟဟားဟား ….. အဆင့် အကြောင်းကို မပြောနဲ့တော့။ ကံကောင်းရင် ဘိတ်ချေးလောက် ရ နိုင်တာပေါ့။” လူငယ် အုပ်စုကြီး ရယ်မော ကြတယ်။

…

ပင်းယန်နဲ့ ဖန်ကျန်းရှီ ဘေးချင် ယှဉ်ရက် သွားနေတယ်။ ဒါပေမယ့် သူတို့ ပတ်ဝန်းကျင်က အရှိန်အဝါ လုံးဝကို ကွာခြားတယ်။

ပါဝင်ယှဉ်ပြိုင်သူတွေ အကုန် လုံး မောင်းသံကို စောင့်နေတယ်။

အရှိန်နှုန်းက ပြိုင်ပွဲမှာ အရေးပါတယ်။ တိုက်ရိုက်တွက်ရင် ထိပ်တန်းမြင်းနဲ့ ရိုးရိုးမြင်း ကွာခြား ချက်က ပြိုင်ပွဲမှာ အသိသာကြီး ။

ဒါပေမယ့် တိုက်ပွဲ အရှိန်မှာ။ ခြားနားချက်က မတွက် နိုင်အောင်ပဲ။

မင်းသားကိုး ခရမ်းလျှပ်စီး မြင်းပျံကို ဝံ့ဝံ့ကြွားကြွားလေး စီးလာတယ်။ ဒီ ပြိုင်ပွဲ အတွက် အရမ်းကို စိတ် လှုပ်ရှားနေတယ်။

ထိပ်တန်း သုံးယောက်ထဲ ဝင်စေရမယ်လို့ သူ ကျိန်ဆို ထားတယ်။

ပထမ နေရာနဲ့ ဒုတိယ နေရာ အတွက်တော့ ။

သူ တွေးတော့ တွေးထားပါတယ်။ ဒါပေမယ့် ရ ဖို့က လည်း ခက်တယ်လေ။ အကယ်၍ တော်ဝင် မြို့တော် တစ်ခုတည်း ဆိုရင်တော့ သူလည်း အေးအေးဆေးဆေး ယုံကြည်ချက် ရှိတယ်။

ဒါပေမယ့် အခုတော့ ယှဉ်ပြိုင်တဲ့ သူတွေက နေရာ အနှံ့က လာတာ။

အင်ပါယာ တစ်ခုလုံးက ကျွမ်းကျင် စစ်သားတွေ စုနေတယ်။ ခရမ်းလျှပ်စီး လို မြင်း ပျံ ကောင်းကောင်းတွေလည်း အများကြီး ။

“ ဒုန် “ မောင်းသံ ထွက်လာပြီ။ ပြိုင်ပွဲ စပြီ။

အပိုင်း (၂၈၅) ပြီး ၏။

အပိုင်း (၂၈၆)

“ မင်းငါ့ကို လာနောက် နေတာလား။????”

တိုက်ပွဲဝင် မြင်း ကောင်ရေ ရာချီထွက်လာတယ်။ သူတို့ ဒုန်းစိုင်း နှင်တဲ့ အချိန် ဖုန်မှုန့် တွေ ကောင်းကင်ထိ တက်လာတယ်။ ရှေ့ဆုံးက ဦးဆောင်နေတဲ့ မြင်းတွေက မြားလိုပဲ။

စက္ကန့် ပိုင်း အတွင်း မီတာ ငါးဆယ်ကို ရောက်သွားတယ်။

ပင်းယန်က အရည်အချင်း ဖြစ်ဖြစ် မြောက်မြောက် မရှိ။ ကျောက်စိမ်း နှင်းရဲ့ အရှိန်ကြောင့် တတိယ နေရာကို ရောက်နေတယ်။

မင်းသားကိုးက နံပါတ် ၇ နေရာ။

ဖန်ကျန်းရှီကတော့ အတော်လေး ဝေးဝေးမှာ ရှိနေတယ်။

ရွံ့ မြင်း ကျားလေးက လည်ပင်းကို ဆန့် ထုတ်ပြီး ပြိုင်ပွဲကို ကြည့်တယ်။ အရှိန် အပြည့်နဲ့ တတ်နိုင်သလောက် ပြေးနေတယ်။ ဒါပေမယ့် များများ စားစားတော့ မလုပ်နိုင်။ အညံံ့စား မြင်းမျိုးလေး ဖြစ်နေတယ်။

သိပ်မကြာခင်ပဲ ဒုတိယ တစ်ပတ်ကို ရောက်ဖို့ မီတာ တစ်ရာပဲ လိုတော့တယ်။

ဒါပေါ့။

နောက်ကနေ ရေရင် ဒုတိယ နေရာကို ရောက်တယ်။

“ ဟ ဟ ဟား ….. ဖန်ကျန်းရှီ က အမှီတော့ လိုက်နိုင်သား။”

“ ဖန်ကျန်းရှီက အကောင်းဆုံး ရွံ့ မြင်းကျားကို စီးထားတာပဲ။ သူ ဘာတွေ များ ထပ် လုပ် နိုင် အုန်းမလဲ။”

လူတိုင်းက ဖန်ကျန်းရှီကို ကြည့်လိုက် ရယ်လိုက်။ ပြိုင်ပွဲမှာ အာရုံ မရောက်ကြ ။ ဖန်ကျန်းရှီကို သာ ရယ်မောနေကြတယ်။

သူတို့ တွေ ယုံကြည်မှု ပြည့်နေတယ်။

သူတို့တွေမှာ စာရင်းသွင်းရဲတဲ့ သတ္တိတော့ မရှိ။ ဖန်ကျန်းရှီကိုတော့ တတ်နိုင်သလောက် လှောင်ဖို့ အင်အားကတော့ အပြည့် ။

ဘယ်သူ့ ပြောစကားမှ ဂရုမစိုက်လျက် ဖန်ကျန်းရှီ သူ့ မြင်းကိုသာ ဒုန်းစိုင်း နှင်နေတယ်။

ရွံ့ မြင်းကျား ပတပ်ရပ်တယ်။ ပြီးတော့ တပတ် လည်တယ်။ သစ်တော်ထဲကို ဝင်သွားတော့ တယ်။

“ အိုး။ ဖန်ကျန်းရှီက နောက်ကြောင်း ပြန်လှည့် မလို့လား။”

“ ဖြတ်လမ်းကို သုံး ဖို့ ပြင်နေတာလား။”

“ သူရူးနေတာလား။ ပြိုင်ပွဲ စည်းးမျဉ်း အရ ။ အမှတ်အသား လေးခုလုံးမှာ ယှဉ်ပြိုင်သူတွေက သူတို့ နာမည်တွေကို ရေးရတာ။ ပန်းတိုင်ကို ရောက်ရုံနဲ့ မအောင်မြင်ဘူး။”

“ အမဲလိုက်ပွဲ အရင်သွားဖို့ ပြင်နေတာလား။”

“ တခြားသူတွေလည်း ဒါမျိုး အရင်က လုပ်ဖူးသလိုပဲ။ ဒါပေမယ့် အချိန် အတော်ယူရလို့ လက်လျှော့ ကြတာ ပါပဲ ကွာ”

ကြည့်နေတဲ့ သူတွေ အကုန် ဖန်ကျန်းရှီ တွေးနေတာကို သိတယ် ။ ဒါပေမယ့် ဒီပြိုင်ပွဲ မျာ ဖန်ကျန်းရှီ အတွက် နေရာမရှိမှန်း သေချာနေကြတယ်။

ဧကရာဇ် လင်းမုပိုင် ဖန်ကျန်းရှီ ထွက်သွားတဲ့ နေရာကို ကြည့်တယ်။ သိလိုစိတ်တွေ ပြည့်နှက်လာတယ် ။ ဒါပေမယ့် အဆုံးသတ်မှာတော့ ခေါင်းကို ဖြည်းဖြည်းချင်းသာ ခါလိုက်တယ်။

ဒီ ပြိုင်ပွဲက ကြီးမြတ်သော ရှ မင်းဆက်မှာ ပုံမှန် ကျင်း ပနေကြပွဲ။ စည်းမျဉ်းတွေက ရိုးရှင်းတယ် ။ စည်းမျဉ်းတွေကပုံသေ။ နောက်ပြီးတော့ လူတိုင်း နားလည်တယ်။

ပထမ အချီ တည်းက ထူးထူးဆန်းဆန်း နည်းလမ်းတွေ သုံးမှ ဖန်ကျန်းရှီ ပီသတာ။

ဒါပေမယ့် ဒီလို လုပ်လည်း အခွင့်အရေး ရမှာမှ မဟုတ်တာ။

စည်းမျဉ်းတွေ အရ။ လူတစ်ယောက်က သားရဲကောင် လေးမျိုးကို သတ်ရမယ်။ သားရဲကောင်တွေရဲ့ သွေးနဲ့ နာမည်ကို အမှတ်လေးခုမှာ ရေးရမယ်။

သားရဲကောင်အလောင်းတွေကို အမှတ်တွေ နားမှာ ထားထားရမယ်။

အလွယ်ဆုံးနည်းက အမှတ်လေးခုကို စက်ဝိုင်းပုံ ပတ်ပြေးဖို့ပဲ။

ပြောင်းပြန်ပြေးတဲ့ လူတွေ ရှိတယ်။

ဒါပေမယ့် ဘယ်သူကမှ ကောင်းကောင်း မပြီး ။

ပြောင်းပြန် လှည့်ပြီး ပြေးကြတာ တခြားသူတွေကို ရှောင်ဖို့။ ဒါပေမယ့် လူတစ်ယောက်တည်းက ဒီ သားရဲကောင်တွေကို ဘယ်လို ရင်ဆိုင်မှာလဲ။ တခြားသူ တွေက သားရဲကောင်တွေကို အုပ်စုလိုက် ရင်ဆိုင်ကြတာ။

တစ်ယောက်တည်း ရင်ဆိုင်တာက လွယ်ပါ့မလား။

နောက်ပြီးတော့ အကွာအဝေးကလည်း အတူတူပဲ။ အရှေ့။ အနောက်။ တောင် ။ မြောက် ။ အမှတ်တွေ ကို ပတ်ပြီးရင် နောက်ဆုံး အမှတ်ကို ပြန်လာဖို့ လိုတယ်။

ဖန်ကျန်းရှီကတော့ ဘယ်သူတွေ ဘာတွေနေလဲ မသိ။ သစ်တောထဲကို ဝင်ပြီး ပျောက်သွားပြီ။ အေးအေးဆေးဆေး စီးသွားတယ်။ ကျောက်တုံးလေးတွေတောင် ကောက်လိုက်သေး။

…

အချိန်တွေ ကုန် သွားပြီ။ အဆင့်တွေလည်း တည်ငြိမ်လာပြီ။

ယှဉ်ပြိုင်တဲ့သူ အယောက် ၂၀ ။ ပထမ အမှတ်မှာ သားရဲကောင်ကို အမဲလိုက် ပြီး ပြီ ။ အမှတ်တွေမှာ နာမည်တွေလည်း ရေးခဲ့ပြီ။

ဖန်ကျန်းရှီကတော့ ခြေရာလက်ရာ မရှိ ပျောက်သွားပြီ။

အရှေ့ပိုင်း အမဲလိုက် မြေပြင်က တော်ဝင် အမဲလိုက်ကွင်း။ အထဲမှာ အဆင့်တွေ အများကြီး ရှိတယ်။

ဒီနေ့ ဖွင့်ထားတဲ့ အဆင့်က အကွာအဝေး ပတ်လည်ပဲ ။ သားရဲကောင်တွေ အများကြီး ရှိတယ်။ အကုန်လုံးက စွမ်းအား မြင့်တယ်။ အများစုက အရွက်စားနဲ့ အစုံစားသတ္တဝါ တွေပဲ။

အင်အား အရမ်းမြင့်ပြီး တော့ အသက် အန္တရာယ် ဖြစ်စေ်နိုင်တဲ့ သားရဲကောင်တော့ မရှိ။

ဖန်ကျန်းရှီ လမ်း တစ်လျှောက်လုံး ဖြတ်လာတယ်။ ပြဿနာ တစ်ခုလေးတောင် မတွေ့ ။

ပြိုင်ပွဲကတော့ အရှိန် တက်လာပြီ။ လူတွေလည်း ပြိုင်ပွဲ ဝင်တွေ ကိုပဲ အာရုံစိုက်လာပြီ။ ဖန်ကျန်းရှီ ရှိမရှိတောင် ဘယ်သူမှ စိတ်မဝင်စား။

“ ပင်းယန် ဒီလောက် အင်အား ကြီးမယ်လို့ မထင်ထားဘူး။ ထိပ်တန်း သုံးယောက်ထဲ ပါနေတာပဲ။ ”

“ ဒါပေါ့။ ကျောက်စိမ်း နှင်း မြင်းပျံကို သူ စီးနေတာလေ။ အင်ပါယာ တစ်ခုလုံးက အကောင်းဆုံး မြင်းပျံ။ နောက်ပြီးတော့ လူတိုင်းက သူ့ နောက်မှာ ကျန်ခဲ့တာ။ ”

“မင်းသားကိုးလည်း တော်တာပဲ။ မြို့တော်မှာ နဂါးနက်လေးလို့ နာမည်ကြီးတာ အဆန်းး မဟုတ်ဘူးပဲ။ နံပါတ် ငါး နေရာကိုတောင် ရောက်လာပြီ။ မကြာခင် ထိပ်တန်း သုံးယောက် ထဲ ဝင်လာမှာပဲ။ ”

“ ဒီ ပြိုင်ပွဲက လူတွေ အကုန် ထိပ်သီးတွေပဲလေ။ နိုးထလာသော နဂါး အဆင့် တစ်ဆယ် က တကယ့်ကို အံ့ဖွယ်ပဲ။ ရှန်းထျန်းယင် နဲ့ တန်ကျုံးမင်တို့ ဒီမှာ ပါလာာတာ သနားစရာပဲ။ ငါကြားတာတော့ ဝူဖုန်းလည်း ညီလာခံစာမေးပွဲ အတွက် စာရင်းသွင်းထားတယ်ဆိုပဲ။ သူလည်း မြို့တော်မှာရှိနေမှာ မလား။ ဒီနေ့ ဘာလို့ မလာတာလဲ သိချင်လိုက်တာ။”

ကြည့်နေတဲ့ သူတွေ အကုန် ပြိုင်ပွဲထဲမှာ စိတ်နှစ်ထားကြတယ်။

ပထမနဲ့ ဒုတိယ နေရာ မှာ။

ဖုန်မှုန့်လုံးတွေ တလိမ့်လိမ့်တက်လာတယ်။

ပင်းယန်က သားရဲကောင်ရဲ့ ခေါင်းကို သူမမြင်းပျံ နောက်မှာ သယ်လာတယ်။ ရဲရဲတောက် ချီလင်လှံကို ဝေ့ယမ်းနေတယ်။ သူမနောက်က ပြိုင်ပွဲဝင်တွေ ရိုက်ချ ခံ နေရတယ်။

“ အရှင်မင်သမီး ချမ်းသာပေးပါ။” ကျန်းဖေးယွီ နံပါတ်လေး နေရာမှာ ရှိနေတယ်။ အဆင့် ၁၂ နိုးထလာသော နဂါး ။ ပြိုင်ပွဲမှာ အဖြစ်ဆိုးရှာသူ မောင်ရှင်လေး။

သူ့ရှေ့မှာက ပင်းယန် မင်းသမီး။

သူ့နောက်မှာက မြို့တော် မြင်းပွဲ ဘုရင် မင်းသားကိုး ။ လင်းယွမ်။

ပဲလှော်ကြား ဆားညပ်နေရှာ။

အမှီလိုက်ရမှာလား။

ပင်းယန်ကို တကယ် ကျော်တက် ချင်တယ်။ ဒါပေမယ့် ကျောက်စိမ်း နှင်းကို သူက စီး ထားတော့ ဘယ်လိုမှ ကျော်မရ။

ကျော်ဖို့ ခက်တာတင် မကဘူး။ ပင်းယန်လက်ထဲက ချီလင်လှံကလည်း တယမ်းယမ်း နဲ့ ။ ထိလိုက်ရင် မသက်သာ ဘူး။

ပင်းယန်ထက် အင်အားကြီးလို့သာ။ မဟုတ်ရင် အထိ နာနေလောက်ပြီ။

“ နံပါတ်လေး နေရာမှာ အေးအေးဆေးဆေး နေစမ်းပါ။ ငါ့ကို ကျော်တက်လို့ကတော့ နောင်တကြီးကြီး ရသွားစေရမယ်။” ပင်းယန် နောက်လှည့်ပြီး ကျန်းဖေးယွီကို ရိုက် ချ ပြန်တယ်။ ကောင်းကင်မီးတောက်ကိုလည်း သုံးတယ်။

ကျန်းဖေးယွီရဲ့ ကိုယ်က အပြာရောင် တောက်နေတယ်။ အပြာရောင် စက်ကွင်းထဲမှာ အစိမ်း ရောင် လီလီပန်းတွေ တောက်ပလာတယ်။

မီးတောက်တွေ သူ့ဆိကို ဝင်လာတယ်။ လီလီပန်းတွေက အကာကွယ်။ကျန်းဖေးယွီ ကိုယ်က အကာအကွယ် မီးတောက်တွေကို ကာဆီးတယ်။

ဒီလိုကြောင့်

သူ အရှိန်လျော့သွားတယ်။

သူနဲ့ ပင်းယန်ကြား အကွာအဝေး ဆယ်မီတာ ကျော်ကွာသွားတယ်။

ရဲရဲတောက် ချီလင်လှံ နာမည်နဲ့ လိုက်ဖက်ပါပေတယ်။ ကြီးမြတ်သော ရှ မင်းဆက် ဒဏ္ဍာရီလာ ရတနာ ဆယ်ခုထဲက တစ်ခု ပီသပါပေတယ်။

နောက်ပြီးတော့ အကောင်းဆုံး ထိုးစစ်လက်နက် ထဲက တစ်ခု။ သူ ကောင်းကင် ရောင်ပြန် အထွဋ် အထိပ် ဆင့် ရောက်နေတာတောင် မှ ။ တော်တော်လေးကို ရှောင်ရ ခက်တယ်။

“ အရှင် မင်းသမီး။ စည်းကမ်း ဖောက်နေတယ်။ ” ကျန်းဖေးယွီ ပင်းယန်ကို ကြည့်တယ် ။ ဒေါသ ကို မျိုချနေတယ်။

“ စည်းကမ်းဖောက်တယ်တဲ့လား။ ဒီမြို့တော်မှာ ။ ငါ့ စည်းမျဉ်းပဲ။ ငါက ဥပဒေပဲ။ ဧကရာဇ် ကို ပြန်မေးချင်မေး။ နောက်မှ ကြိုက်သလိုလုပ်။” ပင်းယန် ခပ်ရိုင်းရိုင်း ပြန်အော်တယ်။

မင်းသားကိုး လင်းယွမ် ဖြစ်နေတာတွေကိ မြင်တယ်။ စိတ်ပျက်လက်ပျက် ခေါင်းခါတယ်။

သူက အဆင့်ငါးကို ရောက်နေတယ်။ ပင်းယန်က အဆင့်သုံးကို ရောက်နေတယ်။ ဖြစ်ရတဲ့ အကြောင်းက ဒီ လို မဟုတ်တရုတ် လုပ်တာတွေ ကြောင့်ပဲ။

အဆင့်လေး နေရာက လူတော့ ကံဆိုးတာပဲ။

ဒါပေမယ့် ကျန်းဖေးယွီကတော့ ကွာတယ်။ ကျောင်းတော် ဆယ့်သုံးခုထဲက တစ်ခုရဲ့ ဆက်ခံ သူ။ သူ့ညီမက ဧကရာဇ် ကိုယ်လုပ်တော်။ ဒါကြောင့် သူက ပင်းယန်ရဲ့ ဦးလေး။

မဟုတ်ရင် ဘယ်သူကများ ပင်းယန်ကို ကျော်တက်ဖို့ တွေးရဲမှာလဲ။”

ကျားနှစ်ကောင် ကိုက်ရင် ဒဏ်ရာရမှာက မပြောပဘူး။

မင်းသားကိုး သူတို့ကို တိုက်ခိုက်ပါစေ ဆိုပြီး ထားလိုက်တယ်။

ကျန်းဖေးယွီ အရှိန်မြင့်ပြီး ပင်းယန် နောက်ကို ပြေးလိုက်တယ်။

“ မင်းသမီး တန်ကျုံးမင်ကို ဘာလို့ မဆွဲချတာလဲ။ မင်သမီးက ဒုတိယ ကျွန်တော်က ဒုတိယ ဖြစ်အောင် လုပ်လို့ ရတာပဲ။” ကျန်းဖေးယွီက သူ့ဦးရီးတော်။ ဒါပေမယ့် ပင်းယန် ကိုတော့ မထိရဲ။

ပင်းယန်က သာမာန် မင်းသမီး တစ်ပါး မဟုတ်ဘူး။ ဧကရာဇ်ရဲ့ အချစ်ဆုံး ပူတူတူးလေး။

“ ငါ မလုပ်ချင်ဘူးလို့ ထင်လား။” ပင်းယန် မီတာ ၂၀၀ အကွာက တန်ကျုံးမင်ကို ကြည့်ပြီး သက်ပြင်းချတယ်။

“ ကျွန်တော်ကို ရှေ့ပို့လိုက်ပါလား။ ကျွန်တော် သွားဆွဲ ချ လာမယ်လေ။ ပြီးတော့ မှ ကျွန်တော့်ကို ပြန်ကျော်ပေါ့။ ” ကျန်းဖေးယွီ ပင်းယန်ကို ဖြောင်းဖျနေတယ်။

“ ငါ့ကို များ ငတုံးလို့ ထင်နေတာလား။ ကိုယ့်နေရာမှာ ကိုယ်နေစမ်း။” ပင်းယန် ပြန်အော် တယ်။

“…..” ကျန်းဖေးယွီ ထပ်ပြောစရာ မရှိတော့။ မင်းသားကိုးကို လှည့်ကြည့်တယ်။ ခေါင်းခါ ပြတယ်။ သူလုပ်စရာရှိတာ လုပ်ပြီးပြီ ။ မရတာတော့ မတတ်နိုင်။

မင်းသားကိုးနဲ့ အတူ အလုပ်လုပ်ချင်တယ်။ ဒါပေမယ့် မင်းသားကိုးနဲ့ ပင်းယန် ပေါင်းသွားရင် သူတော့ ကံ ဆိုးပြီ။

…

ပြိုင်ပွဲက ပြင်းထန်နေပြီ။

ရှန်းထျန်းရင် သူ့ နာမည်ကို ဒုတိယ အမှတ်မှာ ရေးပြီးပြီ။ တန်ကျုံးမင် ကတော့ သိပ်မဝေး။

အဲ့ဒီ့နောက် ပင်းယန် ။ ကျန်းဖေးယွီ။ လင်းယွမ် သူတို့ နာမည်တွေ အသီးသီး ပေါ်လာတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ နာမည်ကတော့ ပေါ်မလာခဲ့။

“ ဖန်ကျန်းရှီ အကုန်သိမ်းဖို့ ပြင်နေတာလား။” သံချပ်ကာနဲ့ လူငယ် တစ်ယောက် မယုံနိုင်အောင် ဖြစ်နေတယ်။

ဒါက ဝမ်တပေါင်း။ အဆုံးမဲ့လောကထဲမှာ ပင်းယန်ရွေးတာ ခံရပြီး ကံဆိုးသွားတဲ့ တပ်သားလေး။

တောင်ဖြို တပ်ဖွဲ့ က တပ်သား တစ်ယောက်။ သူ့မှာ ရည်ရွယ်ချက် ရှိတယ်။ ဒါပေမယ့် အစွမ်းမရှိ။

ဒီလို ပြင်းထန်တဲ့ ပြိုင်ပွဲတွေ အတွက် ဘယ်တော့မှ စာရင်းမသွင်း ။ ဒါပေမယ့် သူ့ရဲ့ အဆင့် နဲ့။ ပွဲတော့် ကောင်းကောင်း ကြည့်လို့ ရတယ်။

သူ့လို လူတွေ ပွဲကြည့်နေတာ အများကြီး။

ဒီ လူတွေက ပွဲကြည့်ရတာ ကြိုက်တယ်။ အရက်သောက်တယ်။ ကောင်းကောင်းစားတယ်။ လွတ်လွတ် လပ်လပ် နေတယ်။

ပွဲတိုင်းကို ကြည့်ပြီး ဝေဖန်တယ်။

ဝမ်တပေါင်းက ဒီလို ဇိမ်ခံ ရတာကို သဘောကျတယ်။

သူတို့ရဲ့ ရည်ရွယ်ချက်တွေ ခံစားချက်တွေကို ရင်ဖွင့်တယ်။ သူတို့တွေကို သက်တောင့် သက်သာ ဖြစ်စေတယ်။

ဒီလိုကြောင့်

ဝမ်တပေါင်း သက်ပြင်းချနေတယ်။ သူ့ဘေးနားက လူတွေကတော့ မယုံနိုင်ကြ။

“ ဖန်ကျန်းရှီ နိုင်မယ်လို့ ထင်နေတာလား။”

“ ကသလုပ်နေတာလား။ အဲ့ဒီ့ကြောက်စရာ ရွံ့မြင်းကျားကြီးကို စီးထားတာလေ။”

“ သခင်လေးဝမ်။ မင်းရဲ့ အဖေ ကောင်းကောင်း သမတာ ခံလိုက်ရလို့ ခေါင်းများ ချောင် သွားပြီလား။

အသံတွေ ပေါင်းစုံ ဆူညံလာတယ်။

ဝမ်တပေါင်းရဲ့ နဖူးပေါ်လက်တင်ရင်း “ဖျား” နေသလားလို့ လာစမ်းတဲ့ သူတွေ တောင် ရှိတယ်။

“ မင်း ဘာသိလို့လဲ ။ ငါ ဖန်ကျန်းရှီကို တွေ့…….” ဝမ်တပေါင်း သူ စကားကျွံတော့မှာကို ထိန်းလိုက်တယ်။

ကန်လင်းတောင်က ထွက်လာပြီးနောက်။ ရှင်းယွမ်ကောင်းက စစ်သည်တိုင်းကို အမိန့် ပေးထားတယ်။ တောင်ထဲမှာ ဖြစ်ခဲ့သမျှ စကားတစ်ခွန်းတောင် မပေါက်ကြားစေရ။ အမိန့်မနာခံသူ အကုန် သက်ညှာခြင်း မရှိ ကွပ်မျက်မယ်။

“ဘာဖြစ်လဲ။”

“နန်ကုန်းမုကို အနိုင် တိုက်တာ မြင်ဖူးတယ်။” ဝမ်တပေါင်း ဟန် မပျက် ဆက်ပြောတယ်။

“ အဓိပ္မာယ် မရှိလိုက်တာ။ ဘယ်သူ မမြင်တာရှိလဲ။ နန်းကုန်းမုသာ လက်မလျှော့လိုက်ရင် ဖန်ကျန်းရှီ ဘယ်လို အေးအေးဆေးဆေး နိုင်မလဲ။ ”

“ အမှန်ပဲ။ နောက်ပြီးတော့ ရန်ရွှယ် နဲ့ တိုက်ပွဲမှာလဲ။ ရန်ရွှယ် က အသာစီး ရနေ တာ ပဲလေ။ ဖန်ကျန်းရှီက အများဆုံး ကောင်းကင်ရောင်ပြန် အထွဋ် အထိပ် အဆင့်ပဲ ရှိမှာ။ ”

ဝမ်တပေါင်းကို လူတွေ စလှောင်ကြတယ်။

“ ဘာဖြစ်လဲ။ မင်း အသက် ၁၆ နှစ်မှာ ကောင်းကင်ရောင်ပြန် အထွဋ် အထိပ် အဆင့်ကို ရောက်လို့လား။” ဝမ်တပေါင်း ထအော်တယ်။

“ အဲ့တော့ ဘာ ဖြစ်လဲ။ ဖန်ကျန်းရှီက သာမာန် ပြည်သူလေးပဲ။ ဘယ်လောက် အရည် အချင်း ရှိရှိ ညီလာခံမှာ အဏာရှိလို့လား။ အဆင့်လေး အမတ်မင်း ဖြစ်တာ တောင် မှ ဘာကိစ္စ လုပ်တာ ရှိလို့လဲ။ ” နောက်တစ်သံ ထွက်လာတယ်။

“မုန်လာဥခေါင်းတွေ ။ တော်သင့်ပြီ။ လောင်းဟြေားထပ်မယ်။ ဖန်ကျန်းရှီ နိုင်မယ်လို့ ငါ လောင်းတယ်။” ဝမ် တပေါင်း ဒေါသတစ်ကြီးနဲ့ ပြောတယ်။

“အိုးးးး။ မင်းမှာ ငွေ တော်တော် ပေါ နေပြီလား။ ဘယ်လောက် လောင်းမလဲ ။ မင်း နိုင်ရင် ငါတို့ နှစ်ဆ ပေးမယ်။ ”

“လာလာ ။ ငါတို့ အကုန်လောင်းမယ်။”

“ ငါတို့ ရှုံးရင် ။ မင်းကို နှစ်ဆ ပေးမယ်။”

ပွဲကြည့်တဲ့ သူတွေ အကုန် ဝမ်တပေါင်း နားမှာ စုလာတယ်။ သူတို့ ရဲ့ သားကောင်ကို ဝိုင်းလာသလို။

“ ကောင်းပြီ။ ငါ လောင်းမယ်။ …. ငွေ ငါးပြား။” ဝမ်တပေါင်း အံကြိတ်တယ်။ ခြေဆောင့်ရင်း ပြောတယ်။

“ ငွေငါးပြားလား။ ငါ့ လာနောက်နေတာလား။”

အပိုင်း (၂၈၆) ပြီး၏။

အပိုင်း (၂၈၇)

“ ကျောက်ပြားပေါ်က ပထမ နာမည် ”

ဒါကိုကြားတော့ အမျိုးကောင်းသား တစ်ချို့ လှောင်ရယ်တယ်။

ချမ်းသာတဲ့ လူငယ်တွေ အတွက် ။ ငွေငါးပြားက ဘာတန်ဟြေားရှိမှာလဲ။ မြေကြီးပေါ် ကျနေရင် တောင် ကောက်ဖို့ စိတ်မဝင်စား။

“ ဆယ်ပြားကွာ” ဝမ်တပေါင်း မျက်နှာနီလာပြီ။

“ လုပ်စမ်းပါ။ ငါတို့ လေးယောက် တစ်ယောက်ကို ငွေသား ငါးရာနဲ့ စုစုပေါင်း ၂၀၀၀ လောင်းမယ်။ ဒီလောက်လေးတော့ မင်း တတ်နိုင်တယ် မလား။”

“ နှစ် …. နှစ်ထောင်တောင် ။” ဝမ်တပေါင်း ဖျားချင်သွားတယ်။

…

ပြိုင်ပွဲကတော့ အရှိန် ဆက်မြင့်နေဆဲ။ ဒါပေမယ့် တခြားအဖြစ် အပျက် မရှိ။ နာမည်တွေ ကျောက်ပြား အဆုံး ထိ ပေါ်လာတယ်။

အများစုက ဒုတိယ အမှတ်က ကျောက်ပြားကို ကျော်သွားပြီ ။

ဖန်ကျန်းရှီရဲ့ နာမည် ပေါ်မလာသေး။ နတ်ဖွက်ခံရလို့ ပျောက်သွားသလို။

ဝမ်တပေါင်း နာမည် ကျောက်ဖျာကို ကြည့်နေတယ်။ တစ်ယောက်တည်း တိုးတိုး တိုး တိုး နဲ့ ။ အံ့ဖွယ်ရာ ဖြစ်လာဖို့ ဆုတောင်းနေတယ်။

လောင်းထားတဲ့ လေးယောက်ကတော့ အေးအေးဆေးဆေး ဒူးနန့်နေခဲ့ပြီ။

အခုချိန် ဖန်ကျန်းရှီမှာ ကျောက်စိမ်း နှင်း ရှိရင်တောင်မှ ပြိုင်ပွဲကို အမှီ လိုက်နိုင်မယ့် ပုံ မပေါ်။

ဧကရာဇ် လင်းမုပိုင် ရဲ့ ပလ္လင် အောက်က အမတ်မင်း တွေ ကျောက်ဖျာကို ကြည့်ရင်း ပြုံးနေကြတယ်။

တစ်ယောက်ကမှ ဖန်ကျန်းရှီကို သတိမရ။

ဖန်ကျန်းရှီက အာရုံစိုက်ဖို့မှ မတန်ပဲ။

တတိယ ကျောက်ဖျာမှာ နာမည် တစ်ခုပေါ်လာတယ်။

ရှန်းထျန်းရင်

တန်ကျုံးမင်ရဲ့ နာမည်ကလည်း မရှေးမနှောင်း ပေါ်လာတယ်။

သိပ်မကြာခင် ပင်းယန်။ ပြီးတော့ ကျန်းဖေးယွီနဲ့ မင်းသားကိုး။

အဆင့်တွေကတော့ မပြောင်းသေး။

“ထိပ်တန်း သုံးဦးကတော့ ဒီငါးယောက်ပါပဲ ရှိမှာပါကွာ။ ပြိုင်ကြပေရော့”

“ ရှန်းထျန်းရုံက ထုံးစံ အတိုင်း လက်ရည် အသာဆုံးဟ။ နိုးထလာသော နဂါး အဆင့် ၇ လေ။ ေနောက်ပြီးတော့ ငယ်ငယ်တည်းက မြင်းစီး ကျွမ်းတာ။”

“ ရှန်း မိသားစု (ကြယ်တာရာ စစ်တလင်း ) စောင့်ရှောက်သူ ပီသတယ်ကွာ။ ငယ်ငယ် လေး ထဲက ဒီလို စစ်တလင်းမှာ လေ့ကျင့်လာတဲ့ ကလေးကို ဘယ်သူ ယှဉ်နိုင် အုန်းမှာလဲ”

“ ပင်းယန် မင်းသမီးလေးလည်း တော်လိုက်တာ။” ဧကရာဇ် လင်းမုပိုင်ကို လှမ်းကြည့်ရင်း အမတ်မင်း တစ်ယောက် ပြောတယ်။

ပင်းယန် ကိုယ့်သားကောင်ကို ကိုင်လာတယ်။ ဧကရာဇ် မင်းကတော့ ဒါကို ကြည့်ရင်း ပျော်နေရှာတယ်။ “ ပင်းယန် က ပြဿနာကို ရှောင်နိုင်တာပဲ ။ ကျန်းဖေးယွီကို နောက်မှာ ဖြတ်ဖို့ တစ်ခုခု လုပ်အုန်းမှာ သေချာတယ်”

“ အရှင်မင်းကြီး ။ ကျွန်တော်မျိုး လျှောက်တင်ပါတယ် ။ ပင်းယန် မင်းသမီးလေးက မြို့တော် မှာ အတော်ဆုံး မြင်းသည်တော်ပါ။ နောက်ပြီးတော့ ကျောက်စိမ်းနှင်းက အကောင်းဆုံး အင်ပါယာ မြင်းပျံ။ ဒါကြောင့် ပွတ်တာ တိုက်တာ လေးတွေက မဆန်းပါဘူး။”

“ ဝန်ကြီးယွီ။ ပင်းယန် အတွက် ပြောပေးစရာ မလိုဘူး။” ဧကရာဇ် လင်းမုပိုင် ပြန်ဖြေတယ်။ ဒါပေမယ့် သူ့ရဲ့ အပျော်ကတော့ လျော့မသါား။

“ကျွန်တော်မျိုးရဲ့ အမြင်အရ။ ပင်းယန် မင်းသမီးလေးက အရှင်မင်းကြီးနဲ့ အတော်လေး ဆင်တူတယ်။” နောက်ထပ် အမတ်မင်း တစ်ဦး ထွက်လာတယ်။။

“ဒါက မိုးနတ်မင်းပေးတဲ့ ဆုလဒ် ပဲ။ ဧကရာဇ် လို အင်အားပြည့်ဝတဲ့ အရှင် တစ်ပါး က ဒီလို ထူးချွန်တဲ့ သမီးလေးမျိုးမွေးတာ ဆန်းမလား။ ” အမတ်မင်းတွေ ဖော်လံဖားကြတော့တယ်။

ဧကရာဇ် လင်းမုပိုင် နောက်ထပ် စကားမပြောတော့ဘူး။ ဒါပေမယ့် ဧကရာဇ် မင်း ပျော်ရွှင် နေတာ လူတိုင်း သိနိုင်တယ်။

နိုင်ငံရေးက ရှုပ်ထွေးညစ်ပတ်တဲ့ ကိစ္စပဲ။

သူက အင်ပါယာ ခေါင်းဆောင် တစ်ယောက်။ တစ်ရက်တစ်ရက် စိတ်ပူစရာတွေ မနည်းမနော။

နိုင်ငံရေးကိစ္စတွေကို ဘေးထားတယ်။ ဒီလို ပြိုင်ပွဲက သူ့ အတွက် ရှားရှားပါးပါး အားလပ်ချိန်ပဲ။ သူ့သမီးတော်လေး ကောင်းကောင်း ယှဉ်ပြိုင်ပြီး ထိပ်ဆုံးရောက် နေပြီ။ ဒီအခိုက်အတန့်က အဖိုးတန်လွန်းတဲ့ အချိန်ပဲ။

သူ့ သမီးတော် လေး အကြောင်း ချီးကျူးတာ ကြားရတော့ ပိုပြီး ပျော်လာတယ်။

…

စတုတ္ထမြောက် အမှတ်က ကျောက်ဖျာမျာ လူငယ် တစ်ယောက် ရှိနေတယ်။ အပြာရောင် အကျီ လက်ရှည် က လေထဲမှာ လွင့်နေတယ် ။

လက်ထဲမှာတော့ အစိမ်းရောင် သားရဲကောင် တစ်ကောင်ရဲ့ ဦးခေါင်း။

စိတ်ပျက်စရာ အဝါပုပ် မြင်းကျားကြောင့်သာ မဟုတ်ရင်။ ဒီလူငယ်ရဲ့ အသွင်က အတော်လေး တက်ကြွနေမှာ အမှန်။

ဖန်ကျန်းရှီ ကျောက်ဖျာကြီးနားကပ်တယ်။ စူးစမ်းတယ်။

အနက်ရောင် ကျောက်ပြားကြီ။ ၅မီတာမြင့်တယ်။ ၂မီတာ ကျယ်တယ်။

“ကြီးလိုက်တဲ့ ကျောက်ပြားကြီး” ဖန်ကျန်းရှီ ပြောတယ်။

ကျောက်ဖျာကြီးကို လက်နဲ့ ကပ်ကြည့်တယ်။ ထိရတာ အေးအေးလေး။

ခဏလောက် ကပ်ကြည့်တယ်။

ဆွဲနုတ်ပြီး မကြည့်တယ်။ သယ်ဖို့ ကြံတယယ။်

ဒါပေမယ့် ကျောက်တုံးက အရမ်းလေးတယ်။ သူထင်ထားတာထက် ပိုလေးတယ်။ မြေကြီး ထဲလည်း နက်နက်ရှိုင်းရှိုင်း နစ်ဝင်နေတယ်။ ဘယ်လိုလုပ်လုပ် မြေကြီးထဲကနေ ထွက်မလာ။

“ မင်းက ဒီလိုလား။” ဖန်ကျန်းရှီ ပြုံးတယ်။ လုပ်ရမယ့် ကိစ္စကိုပဲ သူ စဉ်းစား တယ်။ ဒါပေမယ့် ပြဿနာတွေမှာ စိတ်ရှုပ်မခံဘူး။

သူ့ အစီအစဉ်က ရှင်းတယ်။

ပထမ အ စီအစ ဉ်က ဒီပတ်ပတ်လည်က တောကောင်ကို အကုန်လုံးကို သတ်မယ်။ ဒါပေမယ့် မလုပ်ဖြစ်လိုက် ။

ဒါက ရက်စက်လွန်းတယ်။

ကိုယ့်ဘာကို ပေးတဲ့ ဆင်ခြေ ဆင်လက် တစ်ခုပဲ။ တကယ့် အကြောင်းရင်းက ဒီ ပတ်ပတ် လည်မှာ တောကောင်တွေ အရမ်း များလွန်းတယ်။

နေရာအနှံ့လည်း ပျံ့နေတာ။

ပထမ အမှတ်မှာ တင် တောကောင်တွေက ထောင်ချီ။ လိုက်ဖမ်းဖို့က မလွယ်။

တစ်ကောင်တည်း သတ်တာက ပြဿနာ မဟုတ်။

တစ်ထောင်ကို သတ်တာက…..

အချိန် တစ်လ တောင်မှ မလောက်နိုင်ဘူး။

ဒါမျိုး သူလုပ်မှာလား။

ဘယ်လုပ်မလဲ။

ဒါကြောင့် ဒုတိယ် အစီအစဉ်ကို လုပ်တယ်။

နာမည်ရေးတဲ့ ကျောက်ဖျာတွေကို တစ်ခုခု လုပ်ပြစ်မယ်။ ဒါပေမယ့် သူထင်သလောက် မလွယ်။

အကုန်ခွဲပြစ် ရမလား။

စည်းကမ်းဖောက်ရာရောက်တယ်။ နောက်ပြီးတော့ ပြိုင်ပွဲ ပြီးရင်လည်း ပြန် လျော်နေရအုန်းမယ်။ ပြည်သူပိုင် ပစ္စည်းကို ဖျက်စီးတာက လွတ်ဖို့ရာ လမ်းမရှိ။

ခွဲလို့ မရမှတော့…… တနေရာရာကို သယ်ပြီး ဖွက်မယ်။

ဒါပေမယ့် အလေးချိန်က အံ့သြစရာကြီး ။

“ ဘယ်လိုပဲ ဖြစ်ဖြစ် ကွာ ။ လုပ်စရာရှိတာ လုပ်မယ်။ဧ ဖန်ကျန်းရှီ ပေါက်တူးလေး တစ်ခုကို ထုတ်တယ်။ ရေတွင်းတူးတဲ့ အချိန် သုံးတဲ့ ပေါက်တူး။

သူ့ အလုပ်မှာ ဒါ လိုတယ်။

နိုင်ဖို့ လုပ်သင့်တာ လုပ်ရမယ်။

ဖန်ကျန်းရှီ တူးနေရင်း ကိုယ့်ကိုကိုယ် အားပေးနေတယ်။

မြေကြီးတွေ ရွံ့တွေ လွင့်ထွက်နေတယ်။ များများတူးလေ ကျောက်သား ပေါ်လေ။ ဖန်ကျန်းရှီ စိတ်ပျက်လာလေ။

ဘယ်လောက်ထိ ထပ်တူးနေရအုန်းမှာလဲ။

………

စတုတ္ထ နေရာဆီ လာတဲ့ လမ်းမှာ

မှင်နက်ရောင် မြင်းပျံ တစ်ကောင် ။ မြင်းပေါ်မှာ လူငယ်တစ်ယောက် ။ ကြာပွတ် တယမ်းယမ်းနဲ့ ။ သူ့နောက်က အစိမ်းရောင် မြင်းပျံတစ်ကောင် ကပ်လိုက်နေတယ်။

“ရှန်းထျန်းယင်။ ပထမ နေရာက ငါ့ နေရာပဲ။”

အစိမ်းရောင် မြင်းပျံ ပေါ်က အစိမ်းရောင်လူငယ် လှုပ်ရှားတယ်။ ရေခဲအလင်းတန်းတွေ ရှန်းထျန်းယင်ဆီကို တည့်တည့် သွားတယ်။

“ဟီးးးးး ”

မြင်း ပတပ်ရပ်တယ်။ အဲ့ဒီံနောက် မှင်နက်ရောင် မြင်းပျံ မြေပြင်ပေါ်ကို တလိမ့်ခေါက် ကွေး ကျတယ်။

ရှန်းထျန်းယင် မျက်နှာ ပျက်သွားတယ်။

တန်ကျုံုးမင် သူ့ကို မတိုက်ခိုက်ရဲဘူး။ ဒါပေမယ့် သူ့မြင်းကို တိုက်တယ်။ ဒါက ပုံမှန်ပါပဲ။

“တန်ကျုံးမင် သွားသေတော့ ။” သူ့မြင်းခြေထောက်က အပ်ပုံစံ အချောင်းတွေကို မြင်တယ်။ ရှန်းထန်းရင် ထအော်တယ်။

“ ဟား ဟား။ ဒီ ရေခဲ အပ်တွေက အသားနဲ့ ထိပြီး အရည်ပျော်သွားမှာပဲ။ ဒါပေမယ့် ငါ ထုံဆေး နည်းနည်းလေး သုတ်ထားတယ်။ စိတ်မပူပါနဲ့ ။ မင်းရဲ့ ချစ်လှစွာသော မြင်းပျံကြီး မထိခိုက်ပါဘူး။” တန်ကျုံးမင် အော်ပြေးတယ်။

ရှန်းထျန်းရင် က သူ့ထက် တစ်ဆင့် မြင့်တယ်။ နိုးထလာသော နဂါး အဆင့် တွေမို့ ရှန်းထျန်းရင်က သူ့ကို သက်လို့ မရ။

မလုပ်ရဲတာကိုလည်း သိတယ်။

“ယုတ်မာချက်“ ရှန်ထျန်းရင် အံကြိတ်နေတယ်။ ချက်ခြင်း ကျောက်စိမ်း ဆေးပုလင်းကို ထုတ်တယ်။ ဆေးနီလေး တစ်လုံး မြင်းပါးစပ်ထဲ ထည့်လိုက်တယ်။

“ဟီ………း” မြင်းချက်ခြင်း ထရပ်တယ်။ မျက်လုံးတွေ ရဲရဲ နီနေပြီ ။

“မင်းမှာ အရှိန်မြင့်ဆေးလုံး ရှိတာလား။ မင်း ….မင်း ဒီလောက်ထိ ပြင်ဆင်ထားတယ်။” အခြေအနေဆိုးပြီးမှန်း တန်ကျုံးမင် သိလိုက်ပြီ။ ”

ဒါက ရှန်းမိသားစုရဲ့ လျှို့ဝှက်ဆေး။ မြင်းရဲ့ အစွမ်းကို အမြင့်ဆုံး တင်ပေးတယ်။ တစ်နာရီ တိတိ ဆေးစွမ်းပြတယ်။ မျက်တောင် တစ်ခတ် အတွင်း ချက်ခြင်း အစွမ်းမြင့်သွားတယ်။

ပြီးရင်တော့ နောက်တစ်လ လုံးလုံး မြင်း မလှုပ်နိုင်တော့ဘူး။

တစ်နာရီအတွင်း ပြိုင်ပွဲလည်း ပြီးပြီ။

ပေးရတဲ့ တန်ဖိုးနဲ့ ရတဲ့ရလဒ် မကာမိဘူး။

“ဒါပေါ့။ ငါအစတည်းက ပြင်ဆင်ထားးပြီးသား။ ဒါပေမယ့် လေးနေရာ မြောက်က ကျောက်ပြား ဖြတ်ပြီးမှ သုံးမယ် စိတ်ကူးထားတာ။ …. အခုတော့ ငါ့မှာ ရွေးစရာ မရှိတော့ဘူး။ သုံးလိုက်ရပြီ။” ရှန်းထျန်းရုံ ရယ်မောတယ်။

ထိပ်ဆုံးနေရာကို ရဖို့ သူ စီစဉ်ထားပြီးပြီ။

ဒီလို ဖြစ်ပျက်နေတဲ့ အချိန်။ နောက်က မြင်းပျံတွေ အမှီလိုက် လာတယ်။

သိပ်မကြာခင် ရဲရဲ တောက်နေတဲ့ ပုံရိပ် ပေါ်လာတယ်။ ဒါက ပင်းယန် ။ သူ့နောက်မှာ ကျန်းဖေးယွီနဲ့ မင်းသားကိုး။

“ သခင်လေး တန်။ သွားနှင့်ပြီ။” ရှန်းထျန်းရင် မြန်မြန် ဒုန်းစိုင်းတော့တယ်။

အရင်ကထက် ပိုမြန်တယ်။

“သေစမ်း” တန်ကျုံးမင် ကျိန်ဆဲတယ်။ အစိမ်းရောင်ဆေးလုံးကို ထုတ်တယ်။ သူ့ မြင်း ပါးစပ်ထဲ ပြစ်သွင်းတယ်။

အစိမ်းရောင် မြင်းပျံရဲ့ ခြေထောက်တစ်ခုလုံး အစိမ်းရောင် ဟြေားခွံတွေ ပေါ်လာတယ်။ အားပြင်းပြင်းနဲ့ ဒုန်းစိုင်းနှင်တော့တယ်။

တန်ကျုံးမင် ပြင်ဆင်ထားပြီးပြီ။

သူသုံးလိုက်တဲ့ ဆေး ရှန်းမျိုးနွယ် ဆေးနဲ့ အာနိသင် အတူတူပဲ။

ဒါပေမယ့်

မြင်းကို အသက်တိုစေတယ်။

ပြိုင်ပွဲ ပြီးရင် ဒီမြင်းအနားယူ ရပြီ။

ပင်းယန်ရဲ့ ကျောက်စိမ်းနှင်း ။ မင်းသားကိုးရဲ့ ခရမ်းလျှပ်စီးတွေလောက် အမျိုးကောင်း မဟုတ်ဘူး။ ဒါပေမယ့် အတော်လေး ကောင်းတဲ့ မြင်းပျံ တစ်ကောင်။

ကိစ္စကြီး မဖြစ်မချင်း သူမ သုံးချင်။

အခုက ဧကရာဇ် ကိုယ်တိုင် စီစဉ်ပေးတဲ့ ပွဲ။ ကိုယ်တိုင် ဆုချီးမြှှုင့်မယ့်ပွဲ။ ဒီ ဂုဏ်သိက္ခာ အတွက် စစ်မြင်း တစ်ကောင်ကို ရင်းရတာ တန်တယ်။

ဒီမြင်းက သူနဲ့ သုံးနှစ်လုံးလုံး အတူရှိခဲ့တယ်။ ပြိုင်ပွဲတွေ အများကြီးကို အတူတူ နိုင်ခဲ့တယ်။

ဒါတွေ အကုန် ကိစ္စ မရှိ။ ဒီတစ်ခုမှာပဲ သူ အာရုံ စိုက်ထားတယ်။

…

နာမည်တွေ အဆင့် ကျောက်ပြားမှာ ပေါ်လာတယ်။ တတိယ ကျောက်ပြားကို လူတွေ ဖြတ်လာပြီ။

ဝမ်တပေါင်း ငွေသား ၂၀၀၀ အကြောင်းတွေးရင် မူးတောင် လဲ ချင်တယ်။

“ အကိုကြီး။ အကိုကြီး ကူညီပါ။ တစ်ခုခု လုပ်ပြပါတော့ ။” ဝမ်တပေါင်း ငိုတော့မယ်။

ဒူးထောက်ပြီး ဆုထိုင်တောင်းချင်တယ်။ ဒါပေမယ့် အသုံးမဝင်တာ သူ အသိဆုံးပဲ။

ငွေသား ၂၀၀၀ ဆို သူ စုဆောင်း ထားသမျှ အကုန်ကုန်မှာ။ အနည်းဆုံးတစ်လ တော့ ပျော်ရမှာ မဟုတ်တော့ဘူး။

ဒီလို အဖြစ် မခံနိုင်ဘူး။

“ အိုး။ ” ဒီအချိန် ။ သူ့ နောက်က ကြည့်နေသူ ထအော်တယ်။

“ဘာတွေ ဖြစ်ကုန်တာလဲ။” နောက်တစ်ယောက် လည်း မယုံနိုင်။

ဝမ်တပေါင်း မေးမလို့ ပြင်တယ်။ ဒါပေမယ့် အဆင့်ကျောက်ပြားကို အရင်မြင်တယ်။ မျက်လုံးပြူးသွားတယ်။ ထိပ်ဆုံးက နာမည်။

မျက်လုံးတွေ ရဲရဲ နီသွားတယ်။

“ ဟ ဟား ဟား။ သူပေါ်လာပြီ။ …. နောက်ဆုံးတော့ သူပေါ်လာပြီ။” ဝမ်တပေါင်း ဝမ်းသာ အားရ ပြောတော့တယ်။

ကျောက်ဖြာ ထိပ်ဆုံးမှာ။

ဖန်ကျန်းရှီ။

“ တကယ်ပဲ ဖန်ကျန်းရှီ။ ”

“ ကြည့် ဖန်ကျန်းရှီပေါ်လာြပ်ီ။”

“ သူက ထိပ် ထိပ်ဆုံးမှာ”

ဝမ်တပေါင်းရဲ့အော်နေတယ်။ လူတွေ အာရုံစိုက်လာတယ်။ အဆင့်ကျောက်ပြားရဲ့ ထိပ်မှာ နာမည် တစ်ခု ။

ရလဒ်ကို လေးခုခွဲတယ်။ အောက်ဆုံးတစ်ခုက နံပါတ်လေး နေရာ။ နံပါတ်လေး အမှတ်မှာ ပထမဆုံး နာမည် ရေးတဲ့ သူ။

“ ဖန်ကျန်းရှီ လေးခုမြောက်နေရာကို ဖြတ်သွားပြီလား။”

တစ်ယောက်ကို တစ်ယောက်ကြည့်နေတယ်။ ဘယ်သူမှ မယုံနိုင်။ ဖန်ကျန်းရှီ ဒီလို လုပ်မှာ တွေးခဲ့ကြတယ်။ ဒါပေမယ့် သူတို့ ကိုယ်တိုင် မြင်လိုက် ရပြီ။ မယုံနိုင်စရာပဲ။

အပိုင်း (၂၈၇)ပြီး၏။

အပိုင်း (၂၈၈) – “ အဆုံးသတ်လိုင်း ”

“ သူ တကယ်ပဲ လုပ်လိုက်နိုင်ပြီ။”

“ သူ သူ အစဉ်အလာကို လုံး၀ ချိုးဖောက်သွားပြီ။ ”

အမတ်မင်းတွေ အထိတ်တလန့်။ပြီးတော့ ဒေါသထွက်လာတယ်။

ဒီကောင်တော့ ပြဿနာ ရှာပြီ ။

သူတို့ အားလုံး အော်ဟစ် ကျိန်ဆဲချင်နေတယ်။ ဒါပေမယ့် ပြိုင်ပွဲ စည်းကမ်းကြီး ရှိနေ တယ်။ ယှဉ်ပြိုင်တဲ့ သူတွေ အကုန် လုံးက သူတို့ ရဲ့ နာမည်ကို အမှတ်လေး ခုလုံးမှာ ရေးရမယ်။

ဘယ်နေရာမှာ စရမယ်လို့ မပြောထား ဘူး။

ဒါကြောင့်

သူတို့ စိတ်ထဲ အတွေး ပလုံစီတော့တယ်။

…

ရှန်းထျန်းရင် ။ တန်ကျုံးမင်ကို အနိုင်မကျောနိုင်ဘူး။

ရှန်ထျန်းရင် အရှိန်မလျော့သွား။ ပြိုင်ပွဲ အဆုံးသတ်ဖို့ တစ်နာရီပဲ ကျန်တော့တယ် ။ တစ်နာရီက သူ့ အတွက် လုံလောက်တယ်။ ဒါပေမယ့် သူ့ မြင်းကို ပန်းဝင်တာနဲ့ ခွေ ခေါက် လဲကျတာမျိုး မဖြစ်စေရဘူး။

တန်ကျုံးမင် ထိပ်တန်း ဘွဲ့ ယူပြီး ပြန်ချင်တယ်။

ပြောရရင်တော့ ဘယ်သူမှ ဒုတိယ မဖြစ်ချင်ဘူး။ ပထမ နေရာကို ပဲ လူတိုင်းက လေးစား အသိအမှတ် ပြုကြတာ ။

ဒီလိုကြောင့် သူရဲ့ မြင်းကို ဒုန်းစိုင်း နှင်နေတယ်။ အားအပြည့်နဲ့ နောက်ကနေ လိုက်တယ်။

ဖုန်မှုန့်လုံးတွေ ထကြွနေတယ်။

ဒါပေမယ့် ရှင်းထျန်းရင်နဲ့ တန်ကျုံးမင် ဂရု မစိုက်။ ဖုန်ရှူနောက်မှာ နောက် က လူတွေပဲ လေ။ ပင်းယန် ကျန်းဖေးယွီ မင်းသားကိုးတို့ ဖုန်မှုန့်လုံးထဲ ရောက်နေတယ်။

မဟုတ်ရင် ……

သူတို့ရှေ့မှာ လူ တစ်ယောက် ရောက်နေတယ်။

သူတို့ ရှေ့က လူ အကြောင်းတွေးနေကြတယ်။ ရှန်း ထျန်းရင်နဲ့ တန်ကျုံးမင် တို့ အမူအယာ ပြောင်းသွားတယ်။

အဝါရောင် ရွံ့မြင်းကျားကို မြင်တယ်။ အိပဲ့ အိပဲ့နဲ့ လျှောက်နေတဲ့ မြင်းကျား ။ အရှိန်ပြင်းပြင်တောင် နှင်နေတာ မဟုတ်ဘူး။

လူတစ်ယောက်က မြင်းကို ဆွဲပြီး လမ်းလျှောက်နေသလို အိပဲ့အိပဲ့နဲ့ လျှောက်နေတာ။

ရွံ့မြင်းကျား ကျောပေါ် က လူငယ် အပြာရောင် အကျီလက်ရှည်ကို ဝတ်ထားတယ်။ လေချွန်သံကို ကြားနေရတယ်။ သူက နေပူဆာလှုံရင်း မြင်းစီးနေတယ်။

“ဖန်ကျန်းရှီ။“

ရှန်းထျန်းရင် နဲ့ တန်ကျုံးမင် နှစ်ယောက်လုံး တအံ့တသြ။

သူတို့ ဖန်ကျန်းရှီမှန်း ချက်ခြင်း သိလိုက်တယ်။ ဖန်ကျန်းရှီကတော့ သူ့နေရာက ဖြည်းဖြည်း မှန်မှန် လာနေတယ်။

လူတိုင်းက သူ့ကို အာရုံစိုက်နေတယ်။

“ သူက ဘာလို့ ရှေ့ရောက်နေတာလဲ။ နောက်ပြီးတော့ ငါတို့ ဆီကို လာနေတယ်။ …. ” ရှန်းထျန်ရင်ရဲ့ စိတ်ထဲ အလင်းပေါက်သွားတယ်။ အဖြေရပြီ။

“ သူ တခြား ဘက်ကနေ လာတာ။”

“ ငတုံး ” တန်ကျုံးမင် အထင်တသေးနဲ့ ပြောတယ်။ ပြိုင်ပွဲပြိုင်တဲ့ ရွာသားတွေက ဒီလိုပဲ။

ပြိုင်ပွဲမှာ ဝင်ပြိုင်နေကျ မြို့ကြီးသားတွေက ဒီလို မလုပ်ဘူး။ ကိုယ့်အတွက် ခက်ခဲမှာတွေကို ရှောင်တယ်။

“ သူက ထူးထူးခြားခြား ဖြစ်အောင် လုပ်နေတာ။”

“ဘာမှတော့ မဟုတ်ဘူး။ ကသ ကောင်ပဲ။”

ရှန်းထျန်းရင်နဲ့ တန်ကျုံးမင် က ဒီ အချက်ကို လက်ခံတယ်။ ဒါပေမယ့် သူတို့တွေက မကမိတ် မဟုတ်။

ဖန်ကျန်းရှီ ကို သူတို့ ဖြတ်သွားတယ်။

ဖန်ကျန်းရှီလည်း မရပ်။ သူတို့ နှစ်ယောက်ကို တစ်ချက်တောင် မကြည့်ဘူး။ အလယ် တည့်တည့်ကနေ ဖြတ်ဝင်တယ်။

ရှန်းထျန်းရင်နဲ့ တန်ကျုံးမင်ကို ကျော်လာတယ်။ အနီရောင် လူရိပ်ကို လှမ်းမြင်တယ်။

“ အိုး။ ဒီကောင်မလေးက တတိယလား။” ဖန်ကျန်းရှီ ပြုံးတယ်။ ပင်းယန် နဲ့ နီးလာတယ်။ သူ စချင်လာတယ်။ “ ဟိုင်းးး”

ပင်းယန် လမ်းမှာ ရပ်တယ်။ ချီလင်လှံကို ယမ်းတယ်။ ကျောက်စိမ်းနှင်း ရဲ့ ကျောပေါ်မှာ မတ်တပ်ရပ်တယ်။ ကျန်းဖေးယွီကို လှမ်း ရိုက်တယ်။

ကျန်းဖေးယွီ ထိတ်လန့်တယ်။ အသက်အန္တရာယ် ရှိနေပြီ။

ဘာတွေ ဖြစ်ကုန်တာလဲ။

ဖန်ကျန်းရှီ သူ့ရှေ့ ရောက်လာတော့ အံ့သြတယ်။ အခုတော့ ပင်းယန်က သူ့ကို တိုက်ခိုက် ဖို့ ပြင်နေပြီ။

သူ ဘာများ အပြစ်ပြုမိလို့လဲ။

“အရှင်မင်းသမီး။ ဘာလို့ ဒီလို လုပ်နေတာလဲ။” ကျန်းဖေးယွီ လှံနဲ့ ထိုးခံရမှာ ကြောက်တယ်။ မြင်းပေါ်က ခုန်ဆင်းပြီး လှမ်းအော်တယ်။

“ အိုးးး” ရှေ့က မြင်ကွင်းကို မြင်တယ်။ မင်းသားကိုးရပ်တယ်။ ခရမ်းလျှပ်စီး မြင်းပျံ ပတပ်ရပ်တယ် ။ ပြီးတော့ ရပ်သွားတယ်။

သူများတွေ တိုက်ခိုက်နေချိန် ဝင် မရှုပ်ဘူး။

ရှုပ်တတ်တဲ့ အကျင့်လည်း သူ့မှာ မရှိဘူး။

“ ဖန်ကျန်းရှီ ။ နင် လေးခုမြောက် ကျောက်ဖျာကနေ လာတာလား။ နင့် နာမည် ရေးပြီးပြီလား။” ပင်းယန် ဖန်ကျန်းရှီကို လှမ်းအော်တယ်။ တစ်ချိန်တည်းပဲ ကျန်းဖေးယွီ ကို လှံနဲ့ ပြစ်တယ်။

“ ရေးပြီးပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ အခု တတိယ ကျောက်ဖျာကို သွားမလို့လား။” ပင်းယန် ထပ်မေးတယ်။

“ဟုတ်တယ်။”

“ကောင်းပြီလေ။ ငါ လည်း သွားပြီ။” ပင်းယန် မြင်းပေါ် ပြန်ထိုင်တယ်။ ဒုန်းစိုင်း နှင်တယ်။

ကျန်းဖေးယွီ အခုအဖြစ်ကြောင့် မျက်လုံးပြူသွားတယ်။

အရှိန်ပြင်းပြင်းနဲ့ ဒုန်းစိုင်းနင်သွားတဲ့ ပင်းယန်ကို ကြည့်တယ်။

“ ဘာတွေ ဖြစ်ကုန်တာလဲ။ ဟိုကောင်ကို စကားလှမ်းပြောဖို့ ဒီလို ရပ်စရာလား။ လှံနဲ့လည်း လှမ်းပစ်သေး။” ကျန်းဖေးယွီ မေးချင်တယ်။ ပင်းယန် ဘာတွေတွေးနေလဲ။

ဒါပေမယ့် ပင်းယန် ရည်ရွယ်ချက်ရှိရှိလုပ်သွားတာကို သူ သဘောပေါက်တယ်။

ခဏတာ ဆွံ့အသွားတယ်။

“ကျာ့” ကျန်းဖေးယွီ မြင်းပေါ်ကို ခုန်တတ်တယ်။ ဒုန်းစိုင်နှင်တယ်။ သူ့မြင်း ဖန်ကျန်းရှီကို ကျော်တယ်။

“အမတ်မင်းဖန်။ ကျွန်တော်တို့ ကျောက်ဖျာ သုံးခု ပတ်လည်မှာ သားကောင်တွေ အတော် သတ်ပြီးပြီ။ ဒါပေမယ့် မလုံခြုံသေးဘူး။ ဂရုစိုက်ပါ။” မင်းသားကိုး အကြံပေးတယ်။

“ အဆင်ပြေမှာပါ။” ဖန်ကျန်းရှီ လက်ခါ ပြတယ်။

မင်းသားကိုး ထပ်မပြောတော့ဘူး။ ဒူး နှစ်လုံးကို ကပ်တယ်။ ခရမ်းလျှပ်စီး မြင်းပျံ နဖူးက အမှတ်လေး လင်းလာတယ်။ မြှားတစ်စင်းလို ပြေးထွက်တယ်။

“ကောင်းလိုက်တဲ့ မြင်းပျံ”

ခရမ်းလျှပ်စီး မြင်းပျံက ထိပ်တမ်း မြင်းတစ်ကောင်။ နှင်းမဟူရာမြင်းပျံ ထက် အင်အား ပို ကြီးတယ်။

မင်းသားကို ဖြတ်သွားတယ်။ တခြား ကျောင်းတော်သားတွေ စစ်သူကြီးတွေ ဖန်ကျန်းရှီကို ကျော်တယ်။

တစ်ချို့ က ဖန်ကျန်းရှီကို မြင်တော့ အံ့သြတယ်။ တစ်ချို့က လှောင်ပြုံးပြုံးတယ်။

ဖန်ကျန်းရှီ အကုန်လုံးကို အဖက်မလုပ်။

ရွံ့မြင်းကျားလေးကိုသာ အိပဲ့ အိပဲ့နဲ့ ဆက်စီးတယ်။ လမ်းမှာ ရပ်ပြီး မြက်ကျွေးတယ်။ အနားယူတယ်။

…

ရှန်းထျန်းရင်နဲ့ တန်ကျုံးမင် တော်တော်လေး စိတ်ရှုပ်နေတယ်။ ပတ်ပတ်လည်ကို ကြည့်တယ်။ ရှာတယ်။

ပုံမှန် အတိုင်း

လမ်းလယ်က ကျောက်ဖျာ ရှိမနေဘူး။ အနီးနားက တောကောင်တွေကို အမဲ မလိုက်ခင် ကျောက်ဖျာကို အရင်တွေ့တယ်။

ဒါပေမယ့် အခုတော့ လေးခုမြောက် ကျောက်ဖျာကို မတွေ့ဘူး။ သူတို့ သွားတာ တော်တော် ခရီးပေါက်လာပြီ။

ဒါပေမယ့် ရှန်းထျန်းရင် မရပ်နိုင်ဘူး။

တန်ကျုံးမင်က နောက်မှာ ။

အရမ်းကို န်ီးကပ်နေတယ်။

ဒါကြောင့် …. သူ ဆက်ပြီး ဒုန်းစိုင်း နှင်လာတယ်။

ငါးမိနစ်ကျော် ကြာပြီ။ ရှေ့မှာ အမြဲရောင် ပုံရိပ်ကို တွေ့တယ်။ ကျောက်ဖျာနဲ့ တူတယ်။

“နောက်ဆုံးတော့ နံပါတ်လေး ကျောက်ဖြာကို ရောက်ပြီ၊” ရှန်းထျန်းရင် သက်ပြင်းချတယ်။ ပြိုင်ပွဲမှာ သူ နိုင်ပြီ။

…

ပန်းတိုင်မှာ။

ဝမ်တပေါင်း ဒူးထောက်ပြီး ဆုတောင်းတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ နာမည် က နောက်ထပ် ကျောက်ဖျာပေါ်မှာ ပေါ်မလာ။

သိပ်မကြာခင် မြင်းခွာသံတွေ ထွက်လာတယ်။

ဝမ်တပေါင်း ထကြည့်တယ်။

စစ်မြင်နှစ်ကောင် အပြိုင် ပန်းဝင်တယ်။

ဝမ်တပေါင်းနဲ့ အလောင်းအစား လုပ်ထားသူတွေ ထကြည့်တယ်။ ပွဲကြည့်သူတွေ နဲ့ အမတ်မင်း တွေ ရလဒ်ကို စောင့်နေတယ်။

လူနှစ်ယောက်ကို ပြူးပြဲ ကြည့်တယ်။

“အိုး ။ သူတို့ပဲ။” ပွဲကြည့်သူတွေ ပြောတယ်။ ရှန်းထျန်းရင်နဲ့ တန်ကျုံးမင်ပဲ။

“သူတို့ ဘာလို့ ရောက်လာတာလဲ။”

“ ဒါက ပန်းဝင်တဲ့ နေရာလေ။”

ကျောင်းတော်သားတွေ အံ့သြတယ်။ တန်ကျုံးမင်နဲ့ ရှန်းထျန်းရင် နာမည်တွေ စတုတ္ထမြောက် ကျောက်ဖျာမှာ ပေါ်မလာဘူး။

သူတို့ ပန်းတိုင်ကို ဘာလို့ ရောက်လာတာလဲ။

ဒါကိုတွေးနေတယ်။ ဒီအချိန်မှာ အနီရောင် ပုံရိပ် သူတို့ နောက်မှာ ပေါ်လာတယ်။ မီးလျှံပန်း နီ သံချပ်ကာနဲ့ ပင်းယန်။

အဲ့ဒီ့နောက် ကျန်းဖေးယွီ နဲ့ မင်းသားကိုး။

ြပိုုင်ပွဲဝင်တွေ အကုန် ပန်းတိုင်ကို ရောက်လာပြီ။

“ ဘာတွေ ဖြစ်ကုန်တာလဲ။” အမတ်မင်းတွေ တစ်ယောက်ကို တစ်ယောက် ကြည့်တယ်။ ဘယ်သူမှ မသိ။ စတုတ္ထမြောက် ကျောက်ဖျာကို အကုန် ကျော်တယ်။ ပန်းတိုင်ကို ရောက်တယ်။

ပြိုင်ပွဲဝင်တွေ ရှေ့ရောက်လာတယ်။

ကျောက်ဖျာနားမှာ ရပ်တယ်။

အဲ့ဒီ့နောက် ….

နှစ်ယောက်လုံးမျက်လုံး ပြူးတယ်။

“ အိုး ။ ဘာလို့ ငါတို့ ဒီကို ရောက်လာတာလဲ။” တစ်ယောက်ကို တစ်ယောက် မျက်လုံး ပြူးပြီး ကြည့်တယ်။

“ ဟုတ်တယ်။ မင်းတို့ နှစ်ယောက် ဘာလို့ ရောက်လာတာလဲ။” ပွဲကြည့်သူ တစ်ယောက် လှမ်းအော်တယ်။

“ စတုတ္ထမြောက် ကျောက်ဖျာကို ဖြတ်ရမှာ မင်းတို့ မသိဘူးလား။” နောက်တစ်ယောက် က ပြောတယ်။”

“ဒါ ….” ရှန်းထျန်းရင် ပတ်ချာလည် လှည့်ကြည့်တယ်။ ဧကရာဇ် လင်းမုပိုင် ၊ အမတ်မင်းနဲ့ ပွဲကြည့်သူတွေ ။

“ဘာဖြစ်တာလဲ။ ငါတို့ ဘာလို့ ပန်းတိုင်ကို ရောက်လာတာလဲ။” တန်ကျုံးမင် မယုံနိုင်။

“ ဒါက ငါတို့ မေးရမှာ။” ဝန်ကြီးချုပ် ယွီယိဖျင် မျက်နှာ မည်းမှောင်နေပြီ

ဧကရာဇ် မင်းက ဒီ လို မေးခွန်းမျိုး မေးဖို့ မသင့်ဘူး။ ဒါကြောင့်သူပဲ မေးတယ်။

ရှန်ထျန်းရင်နဲ့ တန်ကျုံုးမင် တစ်ယောက်ကို တစ်ယောက် ကြည့်နေတယ်။ သူတို့်လည်း နားမလည်ကြဘူး။

“ဝန်ကြီးချုပ် ။ ကျွန်တော်တို့ လာတဲ့လမ်းမှာ စတုတ္ထမြောက် ကျောက်ဖျာကို မတွေ့ခဲ့ဘူး။ သုံးခုပဲ ရှိတာလား။” ရှန်းထျန်းရင် စမေးတယ်။

“မုန်လာဥခေါင်းတွေ။ စည်းမျဉ်းထဲမှာ ကျောက်ဖျာ လေးခုရှိတယ် ပြောထားပြီးသားပဲ။ ဘယ်လိုလုပ် တစ်ခု ပျောက်နေရမှာလဲ။” ယွီယိဖျင် ထအော်တယ်။

“ ဟုတ်တယ်။ သူများတောင် စတုတ္ထမြောက် ကျောက်ဖျာကို ရောက်ပြီးပြီ။”

“ဘယ်လိုလုပ် မရှိပဲ နေမှာလဲ။”

“ မင်းတို့ လမ်းမှားလာတာလား။”

အမတ်မင်းတွေ သူတို့ ကြားတာကို မယုံကြဘူး။

“ လမ်းမှားတာ မဟုတ်ဘူး။ မဖြစ်နိုင်တာတွေ။ ကျွန်တော်တို့ လမ်းမှန်ကိုပဲ ဖြတ်လာတာ။ ဘယ်လိုလုပ် မှားနိုင်မှာလဲ။” တန်ကျုံးမင် စိတ်ရှုပ်နေပြီ။

“ ဘယ်သူက စတုတ္ထမြောက် ကျောက်ဖျာကို ဖြတ်သွားတာလဲ။” ရှန်ထျန်းရင် မယုံနိုင်ဘူး။ သူလမ်းမှာ ကျောက်ဖျာ တစ်ခုတောင် မတွေ့ခဲ့ ။

ဒါပေမယ့် သူမယုံနိုင်ရင်တောင် ….

ကျောက်ဖျာပေါ်မှာ နာမည်က ထင်းထင်းကြီး။

“ဖန်ကျန်းရှီ။” ရှန်းထျန်းရင် ထအော်တယ်။ ဖန်ကျန်းရှီ နာမည်က ထိပ်ဆုံးမှာ။

စတုတ္ထမြောက် ကျောက်ဖျာကို ဖန်ကျန်းရှီ ဖြတ်သွားပြီးပြီ။

“သူပဲကိုး။” ဖန်ကျန်းရှီ ကျောက်ဖျာကနေ တပတ်လှည့်လာတာ သူသိတယ်။ ဒါပေမယ့် လမ်းမှာ သူ မတွေ့ဘူး။ ဒါကြောင့် ဖန်ကျန်းရှီ နာမည် ရေးပြီးတာကို မယုံဘူး။

ရှန်းထျန်းရင်နဲ့ တန်ကျုံုးမင် ကြက်သေသေနေတယ်။ ပင်းယန် ၊ ကျန်းဖေးယွီ နဲ့ မင်သား ကို းအချိန်ကိုက် ရောက်တယ်။

“အိုး ။ ငါတို့ ပန်းတိုင်တောင် ရောက်လာပြီလား။” ပင်းယန်ပြောတယ်။

ကျန်းဖေးယွီနဲ့ မင်းသားကိုး မျက်လုံးပြူးနေတယ်။

ဘာတွေ ဖြစ်ကုန်တာလဲ။

ယွီယိဖျင် မျက်နှာ အကြီးအကျယ် ပျက်နေပြီ။ လူအုပ်စုကြီး ပန်းတိုင် ရောက်လာပြီ။ စိတ်ပျက်လက်ပျက် သူ ကြည့်တယ်။

နောက်ပြီးတော့

စတုတ္ထကျောက်ဖျာမှာ ဖန်ကျန်းရှီ နာမည် တစ်ခုတည်း ။

“နေစမ်းပါအုန်း။ ဘာလို့ ငါက ပန်းတိုင်ကို ရောက်လာတာလဲ။”

“ကျောက်ဖျာ သုံးခုပဲ ဖြတ်ရသေးတာလေ။”

“စည်းကမ်းမှာက လေးခုဆို။ အခုတော့ ဘယ်လို ဖြစ်တာလဲ။”

လူတွေ များသထက် များလာတယ်။ စကားဝိုင်းကလည်း ပိုကျယ်လာတယ်။ ပြိုင်ပွဲဝင် တွေ အကုန် စိတ်ရှုပ်နေပြီ။

စတုတ္ထမြောက် ကျောက်ဖျာကို မဖြတ်ရဘူး။ ဒါပေမယ့် ပန်းတိုင်ကို ရောက်ပြီ။

ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ။

ဒီအချိန်မှာ။ နာမည်တစ်ခုလင်းလာတယ်။ ဖန်ကျန်းရှီ။ တတိယကျောက်ဖျာရဲ့ အောက်ဆုံးမှာ။

“ဖန်ကျန်းရှီ တတိယ ကျောက်ဖျာကို ရောက်သွားပြီ။ ”

“သူက စတုတ္ထ ကျောက်ဖျာကနေ လာတာမလား။”

“ ဒီလိုဆိုရင် …..”

အမတ်မင်းတွေ တစ်ယောက်ကို တစ်ယောက် အထာပေါက်စွာကြည့်ကြတယ်။

အပိုင်း (၂၈၈)ပြီး၏။

အပိုင်း (၂၈၉)

“ပထမနေရာ”

“ မဖြစ်နိုင်ဘူး။ နံပါတ်လေး ကျောက်စာတိုင် ဖျက်ဆီးလိုက်ရင် ဖန်ကျန်းရှီ နာမည် ဘယ်လို များ ပေါ်လာမှာလဲ။” အမတ်မင်း တစ်ယောက်က စဉ်းစဉ်းစားစား ပြောလိုက်တယ်။

“ ဒါဆို ဘာဖြစ်တာလဲ။ နံပါတ်လေး ကျောက်စာတိုင်က ဘယ်ရောက်သွားတာလဲ။”

“ ဖန်ကျန်းရှီ ကျောက်တုံး တစ်ခုလုံးကို မ သွားတာလား။ု” အမတ်မင်း တစ်ယောက် အတွေးပေါက်ပြီး ထအော်တယ်။

“ မဖြစ်နိုင်ဘူး။ ကျောက်စာတိုင်က မြေကြီးထဲ ဆယ်မီတာတောင် နစ်နေတာ။ အမြင့်ဆုံး မူလပြန် ကျင့်ကြံသူ တောင်မှ ဖယ်နိုင်မှာ မဟုတ်ဘူး။”

“ ဖန်ကျန်းရှီမှာ ရတနာများ ရှိလို့လား။”

“ သူ ဘယ်လိုပဲ လုပ်လုပ်…. ငါတို့ ဒီမှာ ထိုင်နေရုံနဲ့ ပြီးမလား။”

“ဖန်ကျန်းရှီ ကို တွေ့တာနဲ့ ကိစ္စပြတ်မှာပဲ။”

“ ငါတို့ သူ့ကို တားရမယ်။”

“ ဖန်ကျန်းရှီ တတိယ ကျောက်ဖျာကို ဖြတ်သွားပြီ။ ငါတို့ သူ့ကို လိုက်ရင် မမှီ စရာ အကြောင်း မရှိဘူး။ သူ ချန်ပီယံ ဖြစ်သွားလိမ့်မယ်။ ”

“ ငါတို့ ပြောင်းပြန်လှည့်ရင် သူ့ကို မှီမှာပဲ။”

“ ဟုတ်တယ်။ ငါတို့ နောက်တစ်ပတ် လှည့်ရရုံပဲ ရှိမှာ။”

ပြိုင်ပွဲဝင်တွေ အကုန် အကြံထုတ်တယ်။ အဲ့ဒီ့နောက် မြင်းပျံ တွေပေါ် ခုန်တက်တယ်။ ပထမ ကျောက်စာတိုင်ဆီ ပြေးတော့တယ်။

ရှန်းထျန်းရင်နဲ့ တန်ကျုံးမင် မျက်နှာတွေ မည်းမှောင်နေပြီ ။

နောက်တစ်ချီ။

သူတို့မှာ ဒီလို လုပ်ဖို့ အချိန် ရှိလို့လား။

“ဖန်ကျန်းရှီ။ ” ရှန်ထျန်းရင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ သူ ဒေါသ ထွက်တယ်။ ဒီလိုပဲ အကူအညီမဲ့နေတယ်။ အကယ်၍ သူသာ ဒီမှာ စောင့်နေရင် နိုင်နိုင်ချေက လုံး၀ မရှိတော့ဘူး။

အကယ်၍ သူလိုက်ရင် အခွင့်အရေး ရှိမယ်။

ရပ်တာက သေတာပဲ။

“ကျာ့” ရှန်းထျန်းရင်နဲ့ တန်ကျုံးမင် တစ်ပြိုင်တည်း ထွက်တယ်။ သူတို့ရဲ့ တိုက်ပွဲ မြင်းတွေ မြှားတစ်စင်းလို ထွက်သွားတယ်။

“ ဒီ ကောင်စုတ် ငါ့နဲ့ တွေ့တာတောင် ဘာမှ ပြောမသွားဘူး။ အမှတ် အသားလေးတောင် တစ်ခု မပြဘူး။ ဆိုးဝါး လိုက်တာ။ ” ပင်းယန် ပွစိပွစိ မရပ်တန်း ပြောတယ်။ ကျောက်စိမ်း နှင်းကို ဇက်ကြိုး တင်းတင်းဆွဲတယ်။ ဒုန်းစိုင်း နှင်တယ်။

…

ရလဒ်က ရုန်းရင် ဆန်ခတ် ဖြစ်မယ်မှန်း သူသိတယ်။ ရှန်းထျန်းရှင်နဲ့ တန်ကျုံးမင် ကို မြင်တော့ ဘာဖြစ်နေလဲ သူ ကောင်းကောင်း သိတယ်။

ကျောက်ပြားကို သူ တူးထုတ်ရမှာလား။

သူ တွေးပြီးပြီ ။ ဒါက မဖြစ်နိုင်ဘူး။

နှလုံးကာ မှန်မှာ လည်း အကန့် အသတ် ရှိတယ်။ နောက်ပြီးတော့ မှန်ထဲ ထည့်ဖို့က လက် ထဲမှာ ကိုင်ဖို့ လိုတယ်။

ကျောက်ပြားကြီးကို သူ ဘယ်လို ကိုင် ထားရမှာလဲ။

ပို လွယ်တဲ့ နည်းကို သုံးမယ်။ ထိထိရောက်ရောက် န ည်းလမ်း ပေါ့။

အမဲလိုက်ကွင်း ပတ်လမ်းက အတော် ရှုပ်တယ်။ လမ်းတွေက အများကြီး။

တော်ဝင် အမဲလိုက် ကွင်းက အမြဲ ဖွင့်ထားတာလည်း မဟုတ်ဘူး။ ဒီပွဲတော် တစ်ခု အတွက်ပဲ ဖွင့်တာ။ များသောအားဖြင့် ပြည်သူ လူထု အတွက်ပဲ ဖွင့်ထားတာ ။

ပြိုင်ပွဲဝင် တွေ လမ်းသိအောင် လုပ်ဖို့ အမှတ်အသားတွေ ချ ထားတယ်။ လမ်းမမှား အောင် လုပ်တယ်။

ဒါပေမယ့် အခုတော့ လမ်းပြ အမှတ်အသားတွေက ဖန်ကျန်းရှီ လက်ထဲ ရောက် သွားပြီ။

…

လေးနေရာ မြောက် ကျောက်တုံး ပတ်လည်ကို လိုက်ကြည့်တယ်။ အမှတ်အသား တွေကို နည်းနည်း ချင်း လှည့်လိုက်တယ်။

မတော်တဆ ဖြစ်တာကို ကာကွယ်ဖို့ ပြင်ဆင်တယ်။ တခြားသူ တွေ အတွက် သူ ပြင် ထားတဲ့ လမ်းက နေ စောင့်နေတယ်။

ဒီအချိန်မှာပဲ ရှန်းထျန်းရင် နဲ့ တန်ကျုံးမင် ကို တွေ့တယ်။ သူတို့က ပြည်သူ တွေ မဟုတ်ဘူး။ ဒါကြောင့် အမဲလိုက် မြေပြင်ကိုလည်း ကောင်းကောင်း မသိဘူး။ ဖန်ကျန်းရှီ လုပ်ထားတဲ့ ထောင်ချောက် ထဲကို ကျသွားကော။

ဖန်ကျန်းရှီကို ဖြတ်ပြီး ပြေးတယ်။

ပင်းယန် နဲ့ မင်းသား ကိုလည်း အတူတူပဲ။ တခြား သူတွေလည်း ရှန်းထျန်းရင် နဲ့ တန်ကျုံးမင် သွားတဲ့ လမ်းကိုပဲ လိုက်ကြတယ်။ အဆင့် ကောင်းဖို့ အတွက်ပဲ စဉ်းစားကြတယ်။ ဖန်ကျန်းရှီ လုပ်ထားတဲ့ လှည့်ကွက်ကိုလည်း မသိကြဘူး။

ဖန်ကျန်းရှီ ပင်းယန်ကို နှုတ်ဆက်တယ်။ ပတ်ဝန်းကျင်ကို သတိမမူမိအောင် လှည့်စား တယ်။

ဒီလိုနဲ့

အကုန်လုံး အဆင်ပြေသွားတယ်။

ပင်းယန်နဲ့ မင်းသားကိုလည်း လူတိုင်းကို လမ်းမှားရောက်အောင် ခေါ်သွားတယ်။ ဖန်ကျန်းရှီ မျက်နှာချင်းဆိုင်က လာမှတော့ ဒါက လမ်းမှန်ပဲ။ သူတို့ ဒီလို တွေးတယ်။ လမ်းခွဲမှာ သူ ပြောင်းထားတဲ့ ကိစ္စကိုတောင် ဘယ်သူမှ မသိဘူး။

လူတိုင်းက လှည့်စားထားတဲ့ လမ်းကို သွားတယ်။ …..

ဖန်ကျန်းရှီ သူလုပ်ထားတာကို အတော် ဂုဏ်ယူ တယ်။ ပထမဆုံး ကျောက်ပြား ကို မဖျက် ဆီးဘူး။ ဖျက်မိလို့က ပြဿနာ အကြီးအကျယ် တက်မှာ။

ဒုတိယ - ကျောက်ဖျာတွေကို သူ မကျော်သွားဘူး။ ဒါကြောင့် စည်းကမ်း ဖောက်တာလည်း မဟုတ်။

တတိယ - လူတိုင်း ပန်းဝင်တဲ့ အချိန် သူက တတိယ ကျောက်ဖျာကို ရောက်ပြီ။ ဒီအချိန်ဆို ဘယ်သူကမှ စတုတ္ထ ကျောက်ဖျာကို လိုက်မှာ မဟုတ်တော့ဘူး။

သူတို့ လမ်းမှား ကနေ သွားတယ်လို့ ဘယ်သူ တွေးမိမှာလည်း ။

ဖန်ကျန်းရှီ ဖြည်းဖြည်းချင်း သွားတယ်။ သူ့မှာ နောက်ထပ် ဖြေရှင်းစရာ တစ်ခု ရှိတယ်။ ဒါကို လုပ်မှ သူ ပထမ ရမယ်။

အေးအေးဆေးဆေး လျှောက်တယ်။ ရှုခင်း ကြည့်တယ်။

ဒုတိယ ကျောက်ဖျာမှာ နာမည်ရေးတယ်။ နောက်ထပ် ထပ် မလျှောက်တော့ဘူး။ မီး ဖိုတယ်။ ယုန်ကင်တယ်။

…

ပန်းတိုင်က ဒုတိယ ကျောက်ဖျာမှာ ဖန်ကျန်းရှီ နာမည် လင်းလာတယ်။ ကြည့်နေတဲ့ သူ တွေ ဖင်တကြွကြွ ဖြစ်လာတယ်။

“ ဒုတိယ ိကျောက်ဖျာကို ဖြတ်သွားပြီ”

“ ပထမ ကျောက်ဖျာမှာ ရေးလိုက်တာနဲ့ သူ နိုင်ပြီပဲ။”

“ ပထမ ကျောက်ဖျာကို မဖြတ်နိုင်ပါ ဘူးကွာ”

ပြိုင်ပွဲ စတည်းက ဒီလို ဖြစ်မယ်လို့ ဘယ်သူမှ မထင် ။

ဖန်ကျန်းရှီ တစ်ယောက်တည်း ရွံ့ မြင်းကျား စီးတယ်။ သူ့ပြိုင်ဘက်တွေက ရှယ် မြင်းပျံ တွေ စီးတယ်။

အဆုံးမှာတော့

ဖန်ကျန်းရှီက မဖြစ်နိုင်တာကို လုပ်ပြီ၊

ရွံ့မြင်းကျားနဲ့ ကောင်က ကျောက်ဖျာ သုံးခုမှာ နာမည် ထိုးပြီးပြီ။

နောက်ပြီးတော့ လူတိုင်းကို အကျောရနေတာ။

သူသာ ပုန်းနေရင် ုဘယ်လို လုပ်မလဲ။

ဒါ မှ မဟုတ် လမ်းကို ကွေ့ပတ်သွားရင်ကော။

ကြည့်နေတဲ့သူတွေ ဘာဖြစ်မလဲ ခန့်မှန်းနေတယ်။ ဖန်ကျန်းရှီကို ရှာတွေ့ဖို့ ဆုတောင်း တယ်။ သူ့ထောင်ချောက်ထဲ မရောက်ဖို့ မျှော်လင့်တယ်။

“ သူတို့ ပထမ ကျောက်ဖျာမှာ စောင့်နေရင် ဖန်ကျန်းရှီ ဘယ်လိုလုပ် ပန်းဝင် နိုင်မလဲ။ ”

“အတိအကျပဲ။ ဖန်ကျန်းရှီကို အမိ ဖမ်းနိုင်ရင် အားလုံး အဆင် ပြေပြီ။”

“ ဒါပေမယ့် …. ဖန်ကျန်းရှီကို အမိ ဖမ်းဖို့ ဘယ်သူက သူ့ကိုယ်သူ စတေးမှာလဲ။”

အမတ်မင်းတွေ တစ်ယောက်ကို တစ်ယောက် မဲ့ရွဲ့ ပြတယ်။

ဝမ်တပေါင်း ကတော့ ပျော်နေပြီ၊ အမွေးတိုင် သုံးတိုင်ကို ကိုင်ထားတယ်။

ကျောက်ဖျာရှေ့မှာ စိုက်တယ်။ မီးထွန်းတယ် ။ ဆုတောင်းတယ်။

“ ဖန်ကျန်းရှီ နိုင်ရမယ်။ နိုင်ကို နိုင်ရမယ်။ အကယ်၍ မင်းသာ နိုင်ရင် ငါ့ရဲ့ အကိုကြီး ။ အကိုကြီး ။ အကိုကြီး….”

…

ဖန်ကျန်းရှီ ရွံ့မြင်းကျားကို လွှတ်တယ်။ မြက်စားတာကို စောင့်တယ်။ အမွှေးစိမ်း ယုန်ကင် ဘေးမှာ ဖန်ကျန်းရှီ လှဲတယ်။

ပထမ ကျောက်ဖြာမှာ သူ့ကို စောင့်နေမယ့် သူတွေ အကြောင်း စဉ်းစားတယ်။

စောစောပဲ ရောက်ရောက် နောက်ကျပဲ ရောက်ရောက် ကိစ္စ မရှိဘူး။

ဒါပေမယ့် ဗိုက် မပြည့်ပဲ သွားရင် ဆိုးကျိုးဖြစ်မှာပဲ။ ကော်းကောင်း စားထားရင် ဗိုက် ပြည့်မယ်။ အနည်းဆုံးတော့ ဗိုက်ဆာနေတဲ့ ပြိုင်ဘက်တွေကို အသာစီး ရတာပေါ့။

ဖန်ကျန်းရှီ ဒီ အကြောင်းတွေးတယ်။ အမွှေးစိမ်း ယုန်ကို စိတ်ရှည် လက်ရှည်နဲ့ ကင်တယ်။

အဲ့ဒီ့နောက် သူ့ရှေ့မှာ အနီရောင် ပုံရိပ် ပေါ်လာတယ်။

“ဖန်ကျန်းရှီ နင် ဒီမှာ ယုန်ကင်နေတာလား။” ဖန်ကျန်းရှီ လမ်းလွှဲက သွားမယ်လို့ ပင်းယန် ထင်တယ်။

ဒါပေမယ့် သူထင်ထားတာနဲ့ တခြားစီ။ ဖန်ကျန်းရှီက ပြိုင်ပွဲရပ်ပြီး ယုန်ထိုင်ကင်နေတယ်။

တခြားသူတွေ လိုက်ဖမ်းမှာ မကြောက်ဘူးလား။

“ ဘာလဲ ပြောစရာရှိလို့လား။” ဖန်ကျန်းရှီ ဆက် ကင်တယ်။

“ ဒါပေါ့။”

“ ဒါဆို စားအုန်းမလား။”

“စားမယ်။”

“မင်းသားကိုး ကော စား အုန်းမလား။” ဖန်ကျန်းရှီ ပင်းယန်ကို ဂရုမစိုက်။

“ အမတ်မင်း ဖန်။။ ကျေးဇူးပါပဲ။ နည်းနည်း စားမယ်လေ။” မင်းသားကိုး အသံပြုတယ်။

“ အကိုကိုး ဒီရောက်နေတာ ဘယ်လို သိလဲ။” ပင်းယန် စပ်စုတယ်။ ဖန်ကျန်းရှီက ခေါင်း တစ်ချက်တောင် လှည့် မကြည့်ဘူး။

“ ငါခန့်မှန်းလိုက်တာ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။ သူ့ အိတ်ထဲက သေတ္တာလေးကို ထုတ်တယ်။ ဟင်းခတ် အမွှေးအကြိုင်တွေ ယုန်ကင်မှာ ဖြူးတယ်။

သိပ်မကြာခင် အသားကင်နံံ့ မွှေးမွှေးလေးထွက်လာတယ်။

မင်းသားကိုး ဖန်ကျန်းရှီ အနား ရောက်တယ်။ သူ မျက်လုံး ပြူးသွားတယ်။ ဖန်ကျန်းရှီ ရဲ့ သေတ္တာ သေးသေးလေးထဲက ဘာတွေလဲ သူမသိဘူး။

“ အကို ကိုး ။ အကိုတော် ကံကောင်းတယ်။ ဒီ ကောင်စုတ်က ဘာမှသာ ကောင်းကောင်း မလုပ် တတ်တာ။ သူကင်ပေးတဲ့ အသားကင်တွေကတော့ အရမ်းစားကောင်း ။ အရသာ အရမ်းရှှိတာ။ ” ပင်းယန် စားရမယ့် အသား အကြောင်းတွေးတယ်။ တံတွေးကို ဂလု ခနဲ မျိုချတယ်။

“ အနံ့လေး မွှေးသား။” မင်းသားကိုး ပြောတယ်။

…

အချိန်တွေ ကုန်သွားပြီ။

ဖန်ကျန်းရှီ မင်းသားကိုးနဲ့ ပင်းယန် တို့ ပြိုင်ပွဲကိုတောင် မေ့နေပြီ။

အသားကင် ပြီးတယ်။ မြက်ခင်း ပြင်ပေါ် ထိုင် တယ်။ အသားကင်ကို ဝါးတယ်။ ကောင်းကင်ကြီးကို မော့ကြည့်တယ်။

“ဖန်ကျန်းရှီ နင်ဘာလို့ ပထမ ကျောက်ဖျာကို မသွားတာလဲ။” ပင်းယန် မေးတယ်။

“ သွားလို့ ဘာထူးမှာလဲ။”

“ မထူးဘူး။ သူတို့က နင့်ကို ချုံခို တိုက်ဖို့ ပြင်ပြီးသား။ နင်ရောက်တာနဲ့ ပန်း မဝင် အောင် ဖမ်းမှာ။”

“ အတိအကျပဲ။”

“ဒါဆို ငါ ဒီမှာ ရှိနေတာ ဘာလို့ မအံ့သြလဲ။”

“ဘာလို့ အံ့သြရမှာလဲ။ မင်းက ပင်းယန် ပဲကို။”

“အာ ပြောစမ်းပါ။ ” ပင်းယန် အံကြိတ်ရင်း ပြောတယ်။ မင်းသားကိုးကို ကြည့်တယ်။

“ ဒါဆို သူရှိနေတာကော ဘယ်လို သိလဲ။”

“ ဒုတိယ ကျောက်ဖျာမှာ စောင့်မယ်လို့ သူ ကတိ ပေးလိုက်တယ်မလား။” ဖန်ကျန်းရှီ ထိုင်တဲ့ ပုံစံ ပြောင်းလိုက်တယ်။

“ဟွန့်။” ပင်းယန် ဝန်မခံ ချင်ဘူး။ ဖန်ကျန်းရှီက အကုန်လုံး ကို သိနေတယ်။

နေက အတော်ပူလာပြီ။ အချိန်ကျပြီ။

ဒီအချိန်ဆို ပြိုင်ပွဲ ဝင်တွေ ဆာလောင်နေလောက်ပြီ။ ရေလည်း ငတ်နေလောက်ပြီ။

“သွားကြစို့” ဖန်ကျန်းရှီ ဖုန်ခါတယ်။

“ ဘယ်သွားမှာလဲ။” ပင်းယန် မေးတယ်။

“ ပန်းတိုင်ကိုလေ။ မင်း ပထမ မရချင်ဘူးလား။” ဖန်ကျန်းှရီ ပြန်ဖြေတယ်။

“ ပန်းတိုင် ….”

“မင်း ငါ့ကို နံပါတ်လေး ကျောက်ဖျာက ဘယ်မလဲ လို့ မေးချင်နေတာ မလား။” ဖန်ကျန်းရှီ ပင်းယန်ကို ပြောတယ်။

“ဟုတ်တယ်။ ကျောက်ဖျာ နေရာကို ပြောလိုက်။ အသက် ချမ်းသာ ပေးမယ်။” ပင်းယန် ပြောတယ်။

ဒါပေမယ့် သူမရဲ့ မျက်လုံး တောက်တောက်တွေ။ နှုတ်ခမ်းသေးသေးလေး နဲ့ ကလေး ဆန်ဆန် မျက်နှာလေးတွေက ထိရစ်ရာ မရှိ။

တော်တော်လေးကို ချစ်စရာ ကောင်းတယ်။

“ဟားဟား….. ငါ့ကိုယ်ပေါ်လာရှာလေ ။ အခုပဲ လုပ်လိုက်စမ်းပါ။” ဖန်ကျန်းရှီ လက်မောင်းကို ဆန့်ထာ းတယ်။

“ အရှက်မဲ့လိုက်တာ။” ပင်းယန် မျက်နှာ ရဲရဲနီနေပြီ။

မင်းသားကိုး ဒါကို မြင်တယ်။ စကားမပြောနိုင်တော့ဘူး။ ဖန်ကျန်းရှီ အလျင်မလို မှန်း သူသိတယ်။

“ မင်း တကယ်သိချင်တာလား။” ဖန်ကျန်းရှီ ပင်းယန်ကို ကြည့်တယ်။

“ ဒါပေါ့။ ငါ ပထမရချင်တယ်။ ” ပင်းယန် ပြန်အော်တယ်။

အပိုင်း (၂၈၉)ပြီး၏။

အပိုင်း (၂၉၀)

“ကံကြမ္မာကို ဆုံးဖြတ်မယ့် မြှား”

“ပထမ နေရာလား။ ကောင်းပြီလေ။ စတုတ္ထမြောက် ကျောက်ဖျာက တကယ်တော့ လမ်း ဘေး မှာပဲ။ ဒါပေမယ့် ….” ဖန်ကျန်းရှီ ပြုံးတယ်။

“ ဒါပေမယ့် ဘာဖြစ်လဲ။”

“မင်းတို့ကောင်တွေ လမ်းမှား နေတာ။” ဖန်ကျန်းရှီ လမ်းညွှန် ကျောက်တုံးကို လက်ညှိုးထိုးတယ်။

“ လမ်းမှား” ပင်းယန် ပြောတယ်။ သူ့ မျက်လုံးတွေ တောက်လာတယ်။ “ နင် လမ်းမှာ တစ်ခုခု လုပ်ထားတယ် မလား။ ဒါပေါ့။ ငါတို့ တွေ့တဲ့နေရာ …. ငါ တစ်ခုခု တော့ လွဲနေတယ်ထင်သား… နင် … နင် အရှက်မရှိလိုက်တာ။”

“ချီးမွမ်းတာ ကျေးဇူးပဲ။ အခု မင်းသိပြီလေ။ ဘာလို့ မသွားသေး တာလဲ။ ”

“ ငါ မသွားခင် မေးစရာ ရှိတယ်။” ပင်းယန် ဖန်ကျန်းရှီကို ကြည့်တယ်။

“ ငါ ဘာလို့ မင်းကို ပြောပြလဲ မေးချင်တာလား။”

“ ဟုတ်တယ်။ ဘာလို့ ငါ့ကို ပြောတာလဲ။ နင်သာ မပြောရင် ငါကော အကိုကိုး ကော သိမှာ မဟုတ်ဘူး။ နင်လည်း နိုင်နိုင်ချေ ပိုများမှာ မဟုတ်ဘူး လား ။” ပင်းယန် စိတ်ရှုပ်နေပြီ။

“ ငါ မင်းကို ပြောရင်တောင် ငါက ပထမ နေရာ ရမှာပဲ။”

“ ဘယ်လိုလိုပ် ဖြစ်နိုင်မှာလဲ။ နင့်နာမည် ပထမကျောက်ဖျာမှာတောင် မရောက်သေးဘူး။ နောက်ပြီးတော့ အဲ့မှာ စောင့်နေတဲ့ သူတွေ အများကြှီး ။ နင် ဘယ်လို ဖြတ်မလဲ။” ပင်းယန် မယုံကြည် ပြောတယ်။

“ ဖြတ်ရမှာလား။ ဘာလို့ ဖြတ်ရမှာလဲ။ ငါသူတို့ကို အမှန် ပြောလိုက်ရင် မင်းတို့ နောက်ကို လိုက်လာကြမှာပဲ ။ ဘယ်သူက ငါ့ကို တကူးတက တားနေအုန်းမှာလဲ။” ဖန်ကျန်းရှီ ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။

“ အမတ်မင်း ဖန် မှန်တယ်။ သူတို့လည်း ပြိုင်ပွဲကို နိုင်ချင်တာပဲလေ။ အမတ်မင်း ဖန်ကို ပြဿနာရှာမှာ မဟုတ်ပါဘူး။ စတုတ္ထမြောက် ကျောက်ဖျာနေရာကို ပြော လိုက်ရင် အလွတ်ပေးမှာပါ။” မင်းသားကိုး ခေါင်းငြိမ့်တယ်။

“နားလည်ပြီ။ ဒါကြောင့် နင် ငါတို့ကို ဒီမှာ စောင့်နေတာလား။” ပင်းယန် ပြောတယ်။

“ မင်းကို စောင့်တယ်။ ကိုယ့်ကိုယ်ကို အထင် စွတ်ကြီးနေတာတွေ ရပ်သင့်ပြီ။ ငါ့ ဘာငါ ဗိုက်ဆာလို့ နားနေတာ။ ဘိုင့်ဘိုင် ။ သွားပြီ။” ဖန်ကျန်းရှီ မြင်းပေါ် ခုန်တက်တယ်။ ဒုန်းစိုင်း နှင်တယ်။

ပင်းယန်ကတော့ ခြေဆောင့်ပြီး ကျန်ရစ်ခဲ့ပြီ။

“အရှက် မရှိတဲ့ကောင်။ နင် ခရီးက ပိုတို ပေမယ့် ငါ အရင်ရောက်မှာ။”

…

ဖန်ကျန်းရှီ ထင်တယ်။ သူ အကုန်လုံး အစီအစဉ် ချပြီးပြီ။

စတုတ္ထ မြောက် ကျောက်ဖျာဆီ သွားတဲ့ လမ်းကို ပြင်တယ်။ တခြားသူတွေကို လမ်းမှားအောင် လုပ်တယ်။

အကုန်လုံး နောက်တစ်ခေါ က် ပြန်ပြေးရကော။ အခုချိန်ဆို လူတိုင်း ဆာနေလောက်ပြီ။ ဒီလို နဲ့ ပြိုင်ပွဲ မြန်မြန် ပြီး ဖို့ လုပ်ကြလိမ့်မယ။်

သူ့ကို ပြဿနာ ရှာနိုင်မှာ မဟုတ်တော့ဘူး။

ကိုင်း … ဘယ်လောက် နေရာကျလိုက်သလဲ။

ဒါပေမယ့် ရှန်းထျန်းရင် နဲ့ တန်ကျုံးမင်တို့ အကြောင်း သူ မတွေးမိဘူး။

ဖန်ကျန်းရှီ နဲ့ သူ့ရွံ့မြင်းကျား ပထမ ကျောက်ဖျာကို ရောက်တယ်။ ရှန်ထျန်းရင်နဲ့ တန်ကျုံးမင်တို့ ပြိုင်ပွဲကနေ ထွက်သွားပြီ။

မဟူရာ မြင်းပျံ နဲ့ ကျောက်စိမ်းရောင် မြင်းပျံ နှစ်ကောင်လုံး မြေကြီးပေါ်မှာ ။

မဟူရာရောင် မြင်းပျံက တော့ အရိုးတွေ အကုန် ကျိုးနေပြီ။ မြစိမ်းရောင် မြင်းပျံကတော့ အသက်မဲ့ မျက်ဝန်း တွေနဲ့။

ရှန်းထျန်းရင်နဲ့ တန်ကျုံးမင်ကို ဘယ်သူမှန်း ဖန်ကျန်းရှီ မသိဘူး။ ဒါပေမယ့် ဒီ နှစ်ယောက် က ရှေ့ဆုံးမှာ ပြေးနေတဲ့ သူတွေမှန်း သတိ၇သွားတယ်။

“ အိုးးး။ မင်းတို့တွေ ဘာလို့ ကိုယ့် မြင်းကို သတ်ထားတာလဲ။ ” ဖန်ကျန်းရှီ ရိုးရီုး သား လေး မေးတယ်။

“ မင်းးးး”

ဖန်ကျန်းရှီက သူတို့ကို လှောင်နေတာ အသိသာကြီး ။

“ စတုတ္ထမြောက် ကျောက်ဖျာကို ငါတို့ လက် အပ်လိုက်။ ”

“ နာမည်ရေးရမယ့် ကျောက်ဖျာကို မသွားတာက စည်းကမ်း ဖောက်တာပဲ။ ငါတို့ အတည်ပြုပြီးရင် မင်းလည်း ထုတ်ခံရပြီ။”

သူတို့ အားလုံး စတုတ္ထ မြောက် ကျောက်ဖျာကိုပဲ အာရုံစိုက်နေတယ်။

“ ငါ မ မသွားပါဘူး။ မင်းတို့တွေ လမ်းမှားကုန်တာ။” ဖန်ကျန်းရှီ အပြစ်ကင်းစင်တဲ့ ပုံလေး လုပ်ပြတယ်။

“ လမ်းမှားတယ်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတို့ လမ်းညွှန် ကျောက်တုံးတွေ အတိုင်း သွားတာပဲ … နေစမ်းပါအုန်း …. မင်း ဘယ်လိုလုပ်….”

“ဖန်ကျန်းရှီ ။ မင်း ကျောက်တုံးတွေကို ရွေ့ပြစ်တယ်။”

“ မင်း …. မင်း …..”

ပြိုင်ပွဲဝင်တွေ အကုန် ထိတ်လန့်နေတယ်။

“ ငါလည်း မသေချာဘူး။ မင်းတို့ သွားသလို လမ်း ကနေ ငါသွားတာ မှ မဟုတ်ပဲ။ ငါ လာတဲ့ အချိန် စတုတ္ထမြောက် ကျောက်ဖျာက က လမ်းဘေးမှာလေ။” ဖန်ကျန်းရှီ သူ လုပ်တဲ့ အကြောင်း ကို ဝန်ခံရအောင် မအဘူး။

“ ပြောလိုက်စမ်းပါ။ မင်း တမင် လုပ်တာ မလား။”

“ ဒါပေမယ့် ငါလုပ်ရင်ကော။ မတော်တဆကန်မိတာသွားတာလေ။ ဘယ်လိုလုပ် ပြိုင်ပွဲကနေ အထုတ်ခံရမှာလဲ။ ” ဖန်ကျန်းရှီ လက်ခါပြတယ်။

ပြိုင်ပွဲဝင်တွေ ဒေါသ ထွက်နေကြပြီ။

ဒါပေမယ့် ….

သူတို့ ဖန်ကျန်းရှီကို တိုက်ခိုက်လို့ ဖြစ်မှာလား။

တိုက်ခိုက်မယ် ဆိုရင် အကြောင်းရင်းက ရှိရမယ်။ လေးခုမြောက် ကျောက်ဖျာ ဖန်ကျန်းရှီ ဆီ ရှိမှဖြစ်မယ်။

အခုတော့ ဖန်ကျန်းရှီ ဆီမှာ ဘာမှ မတွေ့ဘူး။

ဒါက လုံးဝကို မတူတဲ့ အခြေအနေပဲ။

ဖန်ကျန်းရှီကအဆင့်လေး အမတ်မင်း။ တော်ဝင်ညီလာခံ တက်ရတဲ့သူ။ အကြောင်းပြချက် မခိုင်လုံးပဲ တိုက်လို့ မရဘူး။

နောက်ပြီးတော့ ဖန်ကျန်းရှီက အင်အားကြီးတယ်။

ဒီမှာ လူတွေ အများကြီး ရှိတယ်။ ရှန်းထျန်းရင်နဲ့ တန်ကျုံးမင် နှစ်ယောက်ပဲ ဖန်ကျန်းရှီနဲ့ တိုက်နိုင်တယ်။

သူ့တို့ အကုန်လုံ းပေါင်းတိုက်လို့ မရရင် ဘယ်လို မှ မနိုင်နိုင်ဘူး။

ဒေါသတွေကို မျိုချရုံသာ တတ်နိုင်တယ်။

“ဖန်ကျန်းရှီ ။ ဒီ တစ်ခေါက် မင်းကို အလွတ်ပေးလိုက်မယ်။”

“သွားကြစို့ ”

ပြိုင်ပွဲဝင်တွေ ဆာလောင် နေပြီ။ ပင်လည်း ပင်ပန်းနေပြီ။ နောက်ပြီးတော့ သူတို့ ပြိုင်ပွဲကို ၂ ချီ တောင် ပြေးထားရတာ။

စတုတ္ထမြောက် ကျောက်ဖျာဆီ သွားတဲ့ လမ်းကို သူတို့ တွက်တယ်။ လမ်းကြောင်း အတိုင်း လိုက်သွားရင် ကျောက်ဖျာကို တွေ့မှာပဲ။

ဒီမှာ ဆက်နေဖို့ အကြောင်းမရှိတော့ဘူး။

သူတို့ အားလုံး မြင်းပေါ်တက်တယ်။ ကျောက်ပြားရှာဖို့ ပြင်တယ်။

ရှန်းထျန်းရင်နဲ့ တန်ကျုံးမင် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပြီ။ သူတို့ ရှေ့ထွက်တယ်။

“သူ အရူးလုပ် တာ မခံ နဲ့။ စတုတ္ထမြောက် ကျောက်ဖျာက သူ့ ဆီမှာပဲ ရှိရမယ်။ သူက ငါတို့ကို လှည့်စားပြီး ပထမ နေရာ ယူချင်နေတာ။” ရှန်းထျန်းရင် ထ အော်တယ်။

ပြိုင်ပွဲဝင်တွေ ရပ်နေပြီ။

“ရှန်းသခင်လေး ပြောတာ အမှန်ပဲ။ ဖန်ကျန်းရှီက ဒီလောက် အရှက်မရှိတာ။ ရှန်းသခင်လေး ပြောပေလို့။” တန်ကျုံးမင် ကမန်းကတန်း ထောက်ခံတယ်။

“ဟုတ်တယ် ဟုတ်တယ်။ သူတို့ ပြောတာ ယုတ္တိိရှိတယ်။ ”

“နောက်တစ်ခါ အလှည့်စား မခံတော့ဘူး”

“သူ့ကို ရှာစမ်းးး၊”

“ မရှာခင် အရင်ဆုံး ကြိုးနဲ့တုပ်”

ရှန်းထျန်းရင်နဲ့ တန်ကျုံးမင်ကို ထောက်ခံတယ်။

ဖန်ကျန်းရှီ က ကျောက်ဖျာကို ယူသွားတာပဲ။ သူတို့ တိုက်ခိုက်ဖို့ အကြောင်းပြချက်ရပြီ။

ပြောရရင်….

ဖန်ကျန်းရှီ ကျောက်ပြားကြီးကို ယူသွားတာ ဒုတိယ ဖြစ်နိုင်ချေပဲ။ ဒီလောက်ကြီးတဲ့ ကျောက်ပြားကြီးကို ဖန်ကျန်းရှီ ယူမလာနိုင်မှန်းသိတယ်။

ဖန်ကျန်းရှီ အမှန်ပြောနေတာလဲ သိတယ်။

ဒါပေမယ့် ဖန်ကျန်းရှီကို ဒီလို လွယ်လွယ်နဲ့တော့ လွှတ်မပေးနိုင်ဘူး။

ပြိုင်ပွဲ ပြန်စခင် ဖန်ကျန်းရှီကို အရင်ကြိုးနဲ့ တုပ်မယ်။ ဒါမှ သူ နိုင်မှာကို တားလို့ ရမှာ။

သူတို့ ပင်ပန်း ရတဲ့ အတွက်လည်း လက်စားချေချင်တယ်။

“ငါပြောပြီးပြီ။ စတုတ္ထမြောက် ကျောက်ဖြာကို ငါ မ လာတာ မဟုတ်ဘူး။ မင်းတို့ ရှာချင်ရင် တစ်ယောက်ယောက် လွှတ်ပြီး ရှာ။ ဒါပေမယ့် အကုန်လုံး ဝိုင်း လာရင် တော့ ငါ့ကို အဆိုး မဆိုနဲ့။” ဖန်ကျန်းရှီ ခြိမ်းခြောက်တယ်။

သူက ညီလာခံမှာ အဆင့်မြင့်တဲ့ အမတ်တော့ မဟုတ်ဘူး။ ဒါပေမယ့် သူက အင်အားကြီးတဲ့ ပြိုင်ပွဲဝင်ပွဲ။”

ပြိုင်ပွဲဝင်တွေ မျက်လုံးပြူးကုန်ပြီ။

“ မင်းက ငါတို့ကို ဒီမှာ သတ်မလို့လား။” ပြိုင်ပွဲဝင် တစ်ယောက် မယုံမကြည် မေးတယ်။”

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဧကရာဇ် မင်း ကိုယ်တိုင် ဒီမှာ ရှိနေတာပဲ။ သူသာ ငါတို့ကို သတ်ရင် သူလည်း ကွပ်မျက်ခံရမှာ။” နောက်တစ်ယောက်က ပြောတယ်။

“ အပြစ်မရှိတဲ့လူတွေကိုတော့ မသတ်ဝံ့ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ကာကွယ် ပိုင်ခွင့်ကို သုံးမယ်ဆိုရင်ကော။ အဟမ်း ။ တစ်ခါ တုန်းက ငါ ကိုယ့်ကိုယ်ကို ကာကွယ်လိုက်တာ သမိုင်းတွင်သွားသေးတယ်လေ။” ဖန်ကျန်းရှီ ပြုံးပြုံးလေး ပြောတယ်။

(ကိုယ့်ကိုယ်ကိုကာကွယ်ပိုင်ခွင့်) ဒီစကားကို ကြားတော့ သူတို့ အကုန် တစ်ခုတည်းကို တွေးမိတယ်။

မြောက်ရွာက အဖြစ်ပျက်က မြို့တော် တစ်ခုလုံးမှာ ပျံ့နေတာ။ ဖန်ကျန်းရှီ စစ်သား ၁၀၀ နီးပါးကို သတ်ခဲ့တယ်။

“ကိုယ့်ကို ကာကွယ်တယ်။ မင်းငါတို့ကို အရင် နိုင်အောင် တိုက်စမ်းပါ။” ရှန်းထျန်းရင် တခြားပြိုင်ပွဲဝင်တွေကို ကြည့်တယ်။ သူအခုချိန်မှာ မပြောရင် မဖြစ် တော့ဘူး။ အကုန်လုံး ဖန်ကျန်းရှီကို ကြောက်လို့ တုန်နေပြီ၊

“ဖန်ကျန်းရှီ ။ ငါမင်းကို ညီလာခံ စာမေးပွဲမှာ မှ တိုက်ခိုက်မယ် လုပ်ထား။ ကိစ္စ မရှိဘူး။ အခုပဲ တိုက်ကြတာပေါ့။ ” တန်ကျုံးမင် ပြောတယ်။

ဒီ လူနှစ်ယောက်ကြောင့် တခြားသူတွေ အားတက်လာတယ်။

ဒီနှစ်ယောက်သာ ရှိနေရင် ဖန်ကျန်းရှီလည်း သူတို့ကို မသတ်ရဲတော့ဘူး။

ဖန်ကျန်းရှီကတော့ စိတ်ကုန်နေပြီ။

သူက ခြောက်ချင်တာလေ။ ဒါပေမယ့် သူ့ ဂုဏ်သတင်းက ဒီလို လုပ်ဖို့ မဖြစ်နိုင်တဲ့ ပုံပဲ။

နောက်ထပ် နည်းနည်းလောက် အချိန်ယူဖို့ပဲ လိုတာ။

တစ်ယောက် ထွက်သွားရင် နောက် လူတွေလဲ လိုက်မှာပဲ။ နောက်ဆုံးတော့လည်း အချိန်က လူကို မစောင့်။

သူလည်း အချိန် နဲ့ အလုပ်လုပ်ရတာ။

ပင်းယန်ကို သူ စတုတ္ထ ကျောက်ဖျာ နေရာ ပြောလိုက်ပြီးပြီ။ ပင်းယန်အရှိန်နဲ့ သူ အချိန် မရွေး ရှုံးသွားနိုင်တယ်။

ဒီလိုဆိုရတနာတွေ ရှုံးမှာတင် မကဘူး။ ပင်းယန် လှောင်တာကိုလည်း ခံရအုန်းမယ်။

“ ငါက ပထမ နင်က ဒုတိယ ။ ငါက ပထမ နင်က ဒုတိယ …..”

ဖန်ကျန်းရှီ တွေးလိုက်ရုံနဲ့ အန်ချင်လာတယ်။

ဒီလို အဖြစ်မခံနိုင်ဘူး။

ကိစ္စ မြန်မြန် ရှင်းဖို့ လိုတယ်။

လက်ဆန့်တယ်။ လက်ဝါးဖြန့်တယ်။ ကျောက်စိမ်း လေးကိုင်း တစ်ခု ပေါ်လာတယ်။ လူသတ်တဲ့ အငွေ့အသက်တွေ ပြည့်နေတယ်။

ဖန်ကျန်းရှီ လက်ထဲက လေးကိုင်းကို အကုန်လုံး မြင်ကြပြီ။

“ ဒါ…. ဒါက …”

“ကြည့်ရတာ အရမ်း ရင်းနှီးနေ သလိုပဲ။ အဲ့တာ နေခွင်းလေး မလား။”

“ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ။ နေခွင်းလေးက ဘယ်လိုလုပ် ဖန်ကျန်းရှီလက်ထဲ ရောက်နေမှာလဲ။”

ပြိုင်ပွဲဝင်တွေ တစ်ယောက်မှ မယုံနိုင်ကြဘူး။

ဖန်ကျန်းရှီက သူတို့အကုန်လုံးကို အဖက် မလုပ်။ လေးကိုင်းကို အသင့်ပြင်တယ်။ လေးကြိုးကို ဆွဲတယ်။

သူက မြောက်ရွာမှာ ကြီးလာတာ။

မြှားပစ်လည်း ကျွမ်းတယ်။

၁၀၀ % ယုံြက်ည်မှုတော့ မရှိဘူး။ မီတာသုံးရာ အတွင်း ရှိသမျှ အကုန် သတ်နိုင်တယ်။

ဖန်ကျန်းရှီ လက်ထဲက နေခွင်းလေး ဟုတ်မဟုတ်တော့ မသိဘူး။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ လုပ်ရပ်ကြောင့် သူတို့ လန့်သွားတယ်။

“ ဒီကောင် ငါတို့ကို တကယ် တိုက်ခိုက်မလို့လား။”

“ရူးနေတာပဲ။”

ရှန်းထျန်းရင်နဲ့ တန်ကျုံးမင် တို့တောင် ဖန်ကျန်းရှီလက်ထဲက လက်နက်ကို မြင်တော့ လန့်သွားတယ်။

ဖန်ကျန်းရှီလက်ထဲက လေးကိုင်း အစိမ်းရောင် တောက်လာတယ်။

“ လေးကိုင်းပေါ်မှာ အလင်းဓား တစ်ချောင်း”

ရှင်သန်ခြင်း အငွေ့အသက်က လေးကိုင်းဆီကနေ ထွက်လာတယ်။ ရှည်လျားတဲ့ လေးကြိုးပေါ်က အလင်းဓား။

ကြည့်ရတာ လေးနဲ့ မြှား ပုံစံပဲ။

ဒါပေမယ့် မြှားမဟုတ်ဘူး။ အသွားတွေ ချွန်မြနေတဲ့ အလင်းဓား တစ်ခုပဲ။

“ ဒါက ဘာလဲ။”

“နတ်ဆိုးကျောင်းတော်ရဲ့ ဓား သိန်းသန်းချီ အနုပညာလေ။ သူက အလင်းဓားကို မြှား အဖြစ် သုံးတာလား။

“ ဒီကောင် ဘာလုပ် မလို့လဲ။”

အကုန်လုံး ဖြည်းဖြည်းချင်း နောက်ဆုတ်တယ်။ အဲ့ဒီ့မြှားက ထွက်နေတဲ့ အင်အားတွေကို ခံစားလို့ရတယ်။

အကယ်၍ ဖန်ကျန်းရှီသာ နေခွင်းလေးကို သုံးနေတာ ဆိုရင်

နေခွင်းလေးနဲ့ ဓားသိန်းသန်းချီ ပညာ ပေါင်းစပ်တယ်။

ဘယ်လောက်တောင် အင်အားကြီးသွားမလဲ။

အပိုင်း (၂၉၀) ပြီး၏။

All Chapters