← Chapters

အပိုင်း (၂၉၁-၃၀၀)

Vol. 3 Ch. 291-300

အပိုင်း (၂၉၁-၃၀၀)

Vol. 3 Ch. 291-300

အပိုင်း (၂၉၁)

“ ငါ့ရဲ့ ထိပ်ဆုံးနေရာ ပြန်ပေးးး”

ဘယ်သူမှ မမြင်ဖူးလို့ ဘယ်သူမှလည်း မသိကြပါ။

ဒါပေမယ့် ကျောက်စိမ်းရောင် အလင်းတန်းကတော့ ပိုပိုပြီး တောက်လာပြီ။ ကြည့်နေတဲ့သူတွေ မျက်ကလူး ဆန်ပြာ ဖြစ်ကုန်တယ်။

“ အားးး ။ ငါ့ကို မပစ်ပါနဲ့။”

“ငါလေးက ပြိုင်ပွဲ ပြိုင်ချင်ရုံလေး ပါ။ ”

“ ရပ်လိုက်ပါတော့ အကိုကြီးရယ်။ စိတ်လိုက်မာန်ပါတွေ မလုပ်ပါနဲ့။”

ရှန်းထျန်းရင် နဲ့ တန်ကျုံးမင် လို အစွမ်းမြင့်တာ တစ်ယောက်မှ မရှိဘူး။ ဖန်ကျန်းရှီရဲ့ လေးကိုင်းပေါ်ကမြှားကို မြင်တယ်။ သူတို့ တုန်နေကြပြီ။

“ ရွီးးးးးး” လေထုကို ခွင်းသွားတဲ့ အသံ ပေါ်လာတယ် ။

အစိမ်းရောင်တောက်နေတဲ့ မြှားတစ်စင်း လေဟုန်ခွင်းပြီး လူအုပ်ထဲ ပြေးဝင်သွားတယ်။

တောင်းပန်တာက အလုပ် မဖြစ်ဘူး။

“ပြေးးးး” အကုန်လုံးပြေးပြီ။ အစိမ်းရောင်မြှားအစွမ်း ကြောက်ဖို့ကောင်းလွန်းတာ သူတို့ သိလိုက်ရပြီ။

တစ်ချက်ထိတာနဲ့ အများကြီးသေရင်သေ။ မသေ ရင် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရမှာပဲ။

ကြီးမြတ်သော ရှ မင်းဆက်မှာ ရတနာဆယ်ပါးရှိတယ်။ ရဲရဲတောက်ချီလင်လှံက အကောင်းဆုံး ထိုးစစ် လက်နက်။ နေခွင်းလေးက

နောက်ဆုတ်သွားတဲ့ ပြိုင်ပွဲဝင်တွေရဲ့ ခေါင်းပေါ်ကနေ ဖြတ်သွာတးယ်။ အဲ့ဒီ့နောက် မီတာသုံးရာ အကွာမှာ ရပ်သွားတယ်။ အစိမ်းရောင် အလင်းတန်းတွေ ပေါက်ကွဲထွက်ကုန်တယ်။

“ဘွန်းးးး”

အက်ကွဲကြောင်း တစ်ခု မြေပြင်ပေါ်မှာ ပေါ်လာတယ်။

အက်ကွဲကြောင်းထဲမှာ သွေးတွေအိုင်နေတဲ့ အပြစ်မဲ့တောကောင်လေး နှစ်ကောင် ရှိနေတယ်။ ဒါက ကြောက်စရာကောင်းသွားပြီ။

“ဟီးးးးး”

လူအားလုံး မီတာ ၃၀၀ အကွာကို ကြောက်လန့်တကြား ကြည့်နေတယ်။ ကျောရိုးတစ်လျှောက် စိမ့်ချမ်း သွားတယ်။

သူတို့ စိတ်ထဲ တွေးနေတယ်။ မြှားသာ သူတို့ ကြားကို ရောက်လာခဲ့ရင် နောက်ဆက်တွဲက မတွေးရဲ စရာပဲ။

ရှန်းထျန်းရင်နဲ့ တန်ကျုံးမင် အက်ကွဲကြောင်းကို ကြည့်တယ်။ ပြီးတော့ တစ်ယောက်ကို တစ်ယောက် ကြည့်တယ်။ သူတို့ မျက်နှာတွေ မည်းမှောင်နေပြီ။

ရွံ့မြင်းကျားက တခြား ပြိုင်ပွဲ ဝင်မြင်းတွေကို ကြည့်ပြီး တစ်ချက် ဟီတယ်။ ဝံ့ဝံ့ကြွားကြွားနဲ့ ရှေ့က ဖြတ်လျှောက်တယ်။

ဖန်ကျန်းရှီလည်း ပြုံးနေတယ် ။ ဒါက နေခွင်းလေးကို ပထမဆုံး သုံးတာ။ ဒီလောက်ထိ အင်အားကြီးမယ်လို့ မထင်ထားမမိဘူး။

ဒါကို သူ သိပ်ဂရု မစိုက်ဘူး။

သူ တွေးနေတာ ဒီ လောက် အစွမ်းပြပြီးတောင်မှ အေးအေးဆေးဆေး ဖြတ်လို့ ရပါ့မလား။

ပြိုင်ပွဲဝင်တွေကို သူ ကြည့်တယ်။ အဲ့ဒီ့နောက် သူများတွေကို အလန့်တကြား ဖြစ်အောင် လုပ်ဖို့ သွားဖြီးပြတယ်။

ဘယ်သူကမှ သူ့သွားဖြီးနေတာ သတိ မထားမိဘူး။ ဒါပေမယ့် သူ ဖြတ်လာတော့ လမ်းဖယ်ပေးတယ်။

ဖန်ကျန်းရှီ ဝမ်းသာပီတိ ဂွမ်းဆီထိနေတယ်။

သူလည်း ကြမ်းကြမ်းတမ်းတမ်းတွေ မလုပ်ချင်ပါဘူး။ ဒါပေမယ့် ပင်းယန်က တတိယမြောက် ကျောက်ဖျာကို ရောက်နေလောက်ပြီ။ သူသာ အရှိန် မမြှင့်ရင် ပင်းယန် အသာစီး ရသွားလိမ့်မယ်။

ပထမ နေရာက သူပဲ ရရမယ်။

“ဖန်ကျန်းရှီ ။ ဒီမြှားလေးလောက်နဲ့ ငါတို့ကို ခြောက်လို့ရမယ် မင်း ထင်နေတာလား။” ရှန်းထျန်းရင် ဖန်ကျန်းရှှီ့ လမ်းကို ပိတ်တယ်။

သူ့ဘေးမှာ တည်ကြည်နေတဲ့ တန်ကျုံးမင် ။

“ငါတို့” ဖန်ကျန်းရှီ တန်ကျုံးမင်ကို ကြည့်တယ်။ “ မင်းက နှစ်ယောက် တစ်ယောက် တိုက်ချင်တာလား။”

“ ဟုတ်တယ် ။ ငါတို့ တစ်ယောက်ချင်းဆို လုံလောက်ပြီ။ ဒါပေမယ့် မင်း က ဒီ အစွမ်းထက် လေးကိုင်းနဲ့ ငါတို့ ကို အနိုင်ကျင့်မှတော့ ငါတို့လည်း အင်အား ပေါင်းရတော့မှာပေါ့။” ရှန်းထျန်းရင် ခေါင်းငြိမ့်တယ်။

“ ငါ က မင်းတို့တွေကို အစွမ်းထက်တဲ့ လေးကိုင်း နဲ့ အနိုင်ကျင့်တယ် တဲ့လား။ ဒါကြောင့်မို့ မင်းတို့ က နှစ်ယောက် တစ်ယောက် တိုက်မယ်။” ဖန်ကျန်းရှီ ပြောတယ်။

တခြား ပြိုင်ပွဲဝင်တွေကတော့ ဒီစကားကြားပြီး ကြောက်လန့် နေခဲ့ပြီ။

ရှန်းထျန်းရင်ရဲ့ အကြောင်းပြချက်က ပုံမလာမှန်း သိတယ်။ ဒါကို စိတ်ထဲ မထားပါဘူး။

ပိုပြီး အရေးကြီးတာက

နိုးထလာသော နဂါး အဆင့် ၇ နဲ့ ၈ ပေါင်း တော့မှာလေ။

ဖန်ကျန်းရှီကို ပေါင်းတိုက်တော့မှာ။

ဒါက အနိုင်ကျင့်တာပဲ။

ဒါပေမယ့် ဖန်ကျန်းရှီ လက်ထဲက မြှားအစွမ်းကို အကုန်လုံး မြင်ပြီးပြီ။ ဘယ်သူက သူနဲ့ နှစ်ယောက်ယှဉ်တိုက်ရဲမှာ လဲ။ ကိုယ့်သေတွင်း ကိုယ် မတူး နိုင်ဘူး။

“မင်းတို့ …. တွေကော။” ဖန်ကျန်းရှီ တခြားသူတွေကို ကြည့်တယ်။

“ ငါတို့တော့ ကြည့်ပဲ ကြည့်တော့မယ်။ ”

“ဘေးကနေပဲ ကြည့်ပါမယ်။”

“ အေးအေးဆေးဆေး တိုက်ကြ။ ငါတို့ ဝင် မရှုပ်ဘူး။”

အကုန်လုံး သူတို့ စိတ်သဘောနဲ့ ရပ်တည်မယ့် ပုံစံကို ရှင်းရှင်းလင်းလင်း ပြောကြတယ်။ သူတို့က ရှန်းထျန်းရင်နဲ့ တန်ကျုံးမင်လို မဟုတ်ဘူးလေ။

သူတို့ ဝင်ရှုပ်ရင် မြှားက သူတို့ကို တစ်စစီ ဖြစ်အောင် လုပ်ပြစ်မှာ။

ဘယ်သူကမှ ဒီလောက်ထိ မအဘူး။

နောက်ပြီးတော့ ရှန်းထျန်းရင်နဲ့ တန်ကျုံးမင်က ပေါင်းတိုက်မှာလေ။ သူတို့ဝင်စရာနေရာမှ မရှိတာ။ ဘာလို့ ပြဿနာကိုမီးထွန်းရှာရမှာလဲ။

သူတို့က ဒီမှာ ပြိုင်ပွဲဝင်ဖို့လာတာ။

တိုက်ခိုက်ဖို့က ….

သူတို့ အစီအစဉ်မရှိဘူး။

ဖန်ကျန်းရှီလည်း သူတို့ကို မတိုက်ခိုက်ချင်ဘူး။ ဒါပေမယ့် အခုတော့ သူ စိန်ခေါ်ပြီးသွားပြီ။ နောက်ဆုတ်လို့ မဖြစ်တော့ဘူး။

နောက်ပြီးတော့ ရှန်းထျန်းရင်နဲ့ တန်ကျုံးမင် ဆိုတာ ဘယ်သူတွေမှန်း သူမသိဘူး။”

အဲ့တော့ သူ ဂရု မစိုက်ဘူး။

“ကောင်းပြီလေ။ ငါတို့ တိုက်မယ်ဆိုရင် မြန်မြန်လုပ်ကြရအောင်။ ငါ့မှာ အချိန် မရှိဘူး။ ပထမ ရအောင် လုပ်ရအုန်းမယ်။” ဖန်ကျန်းရှီ ပြောတယ်။

သူတို့ နှစ်ယောက်လုံးက နိုးထလာသော နဂါးအဆင့် ထိပ်တန်း ဆယ်ယောက်ထဲ ဝင်တယ်။

နိုင်ငံ အနှံ့ ကျော်ကြားတဲ့သူတွေ ။ ဒီလို စော်ကားခံရတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။

“ ပထမရချင်သေးတယ် ဟုတ်လား။ ဖန်ကျန်းရှီ မင်း ဒီမှာပဲ သေရေမယ်။ ” ရှန်းထျန်းရင်နဲ့ တန်ကျုံးမင် က ပြိုင်ဘက်တွေ။

သူတို့ ဒီလို ပေါင်းပြီး တိုက်ခိုက်ဖို့ အစီအစဉ်ချမထားဘူး။

ဒါပေမယ့် ဖန်ကျန်းရှီရဲ့ လေးနဲ့ မြှားက သူတို့ယုံကြည်မှုတွေကို လေထဲ လွင့်သွားစေခဲ့ပြီ။

တန်ကျုံးမင်လည်း အတူတူပဲ။ ဖန်ကျန်းရှီမှာ နေခွင်းလေး ရှိတာကြောင့် သူလည်း ဒီလို ပေါင်းရတာ။ မဟုတ်ရင် ရှန်းထျန်းရင်နဲ့ ပူးပေါင်းဖို့ တွေးတောင် တွေးမှာ မဟုတ်ဘူး။

ဖန်ကျန်းရှီ သာ ပြဿနာ မရှာရင် သူလည်း ဂုဏ်ရှိန်ဂုဏ်ဝါ တောက်နေလောက်ပြီ။

ပထမ ဒါမှမဟုတ် ဒုတိယ နေရာကို ရမှာ။ ဒါပေမယ့် အခုတော့ လက်ဗလာနဲ့ အိမ်ပြန်ရတော့မယ်။ ဖန်ကျန်းရှီကို အလွတ် မပေးနိုင်ဘူး။

“ ငါ့ရဲ့ ထိပ်တန်းနေရာ ပြန်ပေး ” တန်ကျုံုးမင် လက်ကို ဝေ့ယမ်းတယ်။ ဓားရှည်တစ်ချောင်း သူ့လက်ထဲ ပေါ်လာတယ်။ သူ့ တစ်ကိုယ်လုံး အေးစက်စက် အပြာရောင်ရေခဲ အငွေ့အသက်တွေ တောက်ပလာတယ်။ လေထု တစ်ခုလုံး အေးမြလာတယ်။

“အိုးးးး” ဖန်ကျန်းရှီ အံ့သြသွားတယ်။ သူ့ ပြိုင်ဘက် နှစ်ယောက်က ဒီလောက်ထိ သန်မာမယ်လို့ မထင်ထားမိဘူး။

ဒီတစ်ယောက်ရဲ့ ပညာက နန်ကုန်းမုရဲ့ ကျောက်စိမ်းနီလာဓားပညာထက် မနိမ့်ဘူး။

“ ငါ့ကိုယ်ငါ မိတ်ဆက်ဖို့ မေ့နေတယ်။ တန်ကျုံးမင် ။ ကောင်းကင်ရောင်ပြန်အထွဋ် အထိပ် အဆင့် ။ နိုးထလာသော နဂါး အဆင့် ၈ ” တန်ကျုံးမင် အသံက အေးစက်နေတယ်။

“ရှန်းထျန်းရင် ။ ကောင်းကင်ရောင်ပြန် အထွဋ် အထိပ် အဆင့်။ နိုးထလာသော နဂါး အဆင့် ၇” ရှန်းထျန်းရင်လည်း ပြောတယ်။ တန်ကျုံးမင် ကို တစ်ချက်ကြည့်တယ်။

“ ငလူးပဲ။” ဖန်ကျန်းရှီ စိတ်ထဲမှာ ကျိန်ဆဲတယ်။

အဆင့် ၇ နဲ့ ၈ နိုးထလာသော နဂါးတွေလား။ ”

တုန်လင်း မြို့တော်မှာ သူ အနိုင်တိုက်ခဲ့ဲ့ သူ အကြောင်း ပြန်တွေးမိတယ်။ အဲ့ဒီ့လူက နိုးထလာသော နဂါး အဆင့် ၁၀။ သူ နိုင်သာ နိုင်လာတာ။ လူကြီးလူကောင်း ပီပီသသ တိုက်ပြီး နိုင်လာတာ မဟုတ်ဘူး။

နောက်ပြီးတော့ ….

နန်ကုန်းမု က နိုးထလာသော နဂါး အဆင့် တစ်ဆယ်ထဲတောင် မဝင်ဘူး။

ဒီလူ နှစ်ယောက်က နန်ကုန်းမုထက် ပိုပြီး အင်အားကြီးနေတာလား။

ဖြစ်ကောင်း ဖြစ်နိုင်တယ်။

သူ့ကိုယ်သူ မြှောက်လွန်းနေတာ။

“ အိုးလာ စမ်းပါ…. ကျော်ကြားသူကြီး နှစ်ယောက်က ငါ့ကို တိုက်ဖို့ ပူးပေါင်း ကြမယ်ပေါ့။ မသင့်တော်ရာ မရောက်ဖူးလား။” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက် ပြောတယ်။

“ မင့် ကို ဒီလောက် အစွမ်းထက်တဲ့ လေးကိုင်း ယူလာဖို့ ဘယ်သူက ပြောလဲ၊ ” ဖန်ကျန်းရှီ ပြောတာကြားတော့ ရှန်းထျန်းရင် မဲ့ရွဲ့ပြတယ်။

“ အပေးအယူလေး တစ်ခုလောက် မလုပ်ချင်ဘူးလား။ ငါ့ရဲ့ လေးကိုင်းကို မသုံးဘူး။ မင်းတို့ နှစ်ယောက်ထဲက တစ်ယောက် ငါနဲ့ ယှဉ်တိုက်။ မင်း ရှုံးရင် ငါ့ကို ဖြတ်ခွင့်ပေး။” ဖန်ကျန်းရှီ အကြံပေးတယ်။

“ နှစ်ယောက်ချင်း တိုက်ပွဲလား။”

ရှန်းထျန်းရင်နဲ့ တန်ကျုံးမင် တစ်ယောက်ကို တစ်ယောက် ကြည့်တယ်။ ပြုံးလိုက်တယ်။

“သေချာတာပေါ့။ ငါတို့ နှစ်ယောက်လုံးကို အနိုင်တိုက်ပြီးမှ မင်း ဖြတ်ရမယ်။။” ရှန်းထျန်းရင်ရဲ့ အပြုံး ပိုပို တောက်ပလာတယ်။

ဖန်ကျန်းရှီ ကြောက်နေတာ သူကောင်းကောင်း သိတယ်။ ဒီကောင်က အင်အားမရှိတာ အသိသာကြီး။

ဘယ်လိုများ နိုးထလာသော နဂါး အဆင့် ၁၀ ဖြစ်နေလဲ သိချင်လိုက်တာ။

“ကောင်းပြီလေ……” ဖန်ကျန်းရှီ ဖြည်းဖြည်းချင်း ခေါင်းငြိမ့်တယ်။

“သခင်လေးတန် ။ သွားပါ။ ” ရှန်းထျန်းရင် တန်ကျုံမင်ကို ကြည့်လိုက်တယ်။

“သခင်လေး ရှန်း က ပိုပြီးတော့ အင်အားကြီးပါတယ်။ အရင်ကြွပါ” ပထမ တိုက်တဲ့ သူက အကျိုးနည်းမယ်ဆိုတာ တန်ကျုံးမင်သိတယ်။

နောက်ပြီးတော့ ဖန်ကျန်းရှီနဲ့ ပဋိပက္ခ ဖြစ်မယ်လို့ သူ မတွေးထားခဲ့ဘူး။ ပွဲကြည့်တဲ့သူ လုပ်တာက ပြင်ဆင်လို့ရနိုင်တယ်။

“မင်း အရင်သွား။ ငါ က မင်းထက် အင်အားကြီးတယ်။ မင်း သူ့ကို စမ်းသပ်လိုက်ရင် ငါ သူ့ကို အပြတ်နှံလို့ ရတယ်။” ရှန်းထျန်းရင် ပြောပြတယ်။

“ သခင်လေး ရှန်းက ဖန်ကျန်းရှီကို အနိုင်တိုက်ဖို့ ယုံကြည်ချက် မရှိဘူးလား။ ”

“ သခင်လေး တန် အရင်သွားသင့်တယ်။”

“ သခင်လေး ရှန်း အရင်သွားတာက ပို သင့်လျော် ပါတယ်။”

သူတို့ နှစ်ယောက် စတင် ငြင်းခုန်ကြတယ်။

ရှန်းထျန်းရင်နဲ့ တန်ကျုံးမင်တို့ ငြင်းခုန်နေတာ မြင်တော့ ကျောင်တော်းသားတွေ ခေါင်းခါနေပြီ။ ဒီလို အဖြစ်မျိုး သူတို့ကြုံရင်လည်း ဒီလိုပဲ ဖြစ်မှာပဲ။

နောက်ဆုံးတော့လည်း ဖန်ကျန်းရှီက ထိပ်တန်းဆယ်ယောက်ထဲကပဲလေ။

ဖန်ကျန်းရှီထက် အဆင့်သာ ပိုမြင့်တာ သူတို့လည်း အင်အား သိပ်ကွာတာ မဟုတ်ဘူး။ ဘယ်လိုပဲ တိုက်တိုက် နှစ်ဖက် လုံး အထိ နာမှာပဲ။

ဒုတိယမြောက် တိုက်မယ့် တစ်ယောက်က ပိုပြီး အရေးသာမှာပဲ။

“ မင်းတို့ နှစ်ယောက် ဆုံးဖြတ်လို့ မရဘူး ဆိုရင် နောက် တစ်ခုလောက် ထပ်လုပ်ဖို့ အကြံ ပေးလိုက်မယ် ။ ” ဖန်ကျန်းရှီ ပြောတယ်။

“ ဘာလဲ။” ရှန်းထျန်းရင်နဲ့ တန်ကျုံးမင် ပြန်အော်တယ်။ ဒီကောင်ဘာလုပ်ဖို့ တွေးနေလဲ သူတို့ မသိဘူး။ ဖန်ကျန်းရှီ အကြောင်းကို သူတို့ ကြားထားတယ်။

အရှက်မရှိတဲ့ကောင်။ အနိုင်ရတာ ဘယ်သူမှ မတားနိုင်တဲ့သူ။

ဒါကြောင့် သူတို့ အတော်လေး သတိထားတယ်။

“လွယ်ပါတယ်။ ကျောက်တုံး စက္ကူ ကပ်ဟြေား (စုံစမ်စိ) ဆော့ကြ။ ရှုံးတဲ့ သူ အရင်သွား။ မင်းတို့ ဘယ်လို ကစားရမလဲတော့ သိတယ်မလား။” ဖန်ကျန်းရှီ ဒီလောကမှာ ကစားလား မကစားလား မတွေးတတ်ဘူး။

“ဒါပေါ့ သိတာပေါ့။” ရှန်းထျန်းရင် ထအော်တယ်။

၂နှစ်သား ထဲက ဆော့လာတာ မသိစရာလား။

“ကောင်းပြီလေ။ဒါက နည်းနည်းတော့ ကလေးဆန်ပေမယ့်။ ဆုံးဖြတ်ဖို့ တရားမျှတတဲ့နည်းလမ်းပဲ။ ” တန်ကျုံးမင် တွေတွေဝေေ၀ ခေါင်းငြိမ့်တယ်။

“ ငါ ဒိုင်လုပ်ပေးမယ်။ မင်း တို့ မညစ် နဲ့” ဖန်ကျန်းရှီ တည်တည်ကြည်ကြည် ပြောတယ်။

ရှန်းထျန်းရင်နဲ့ တန်ကျုံးမင် နှစ်ယောက်လုံ းဖန်ကျန်းရှီကို တအံ့တသြ ကြည့်တယ်။ ဒီကောင် ဘာလုပ် မလို့လဲ။

သူတို့ နှစ်ယောက်လုံး တွေးတောပြီးတော့ သဘောတူလိုကတယ်။

ဖန်ကျန်းရှီ သူတို့ နှစ်ယောက် အလယ်ကို လျှောက်လာတယ်။ ရှန်ထျန်းရင်နဲ့ တန်ကျုံးမင် နှစ်ယောက်လုံး လက်နောက်ပြစ်ထားတယ်။

“ ငါ သုံးအထိ ရေးမယ် ။ အတူတူ ကစားမယ်။ ညစ်တဲ့သူ ရှုံးမယ်။” ဖန်ကျန်းရှီ တစ်ခွန်းချင်းပြောတယ်။

“အဓိပ္မာယ် မရှိတာတွေ ရပ်စမ်း ။စမယ်။” ရှန်းထျန်းရင် စိတ်ပျက်လက်ပျက် ပြောတယ်။

သူတို့နားမှာ ပြိုင်ပွဲဝင်တွေ ပတ်ချာလည် ဝိုင်းနေတယ်။ ဘာဖြစ်မလဲ စောင့်နေတယ်။

“ကောင်းပြီ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“တစ်”

“နှစ်”

“သုံး”

“စ”

ဖန်ကျန်းရှီ လက်နှစ်ဖက်ကို ယမ်းရင်း အမိန့်ပေးတယ။် ရှန်ထျန်းရင်နဲ့ တန်ကျုံးမင် လက်ရှေ့ထုတ်တယ်။

ဒီအချိန်မှာ။

“ ဘုန်းးးး”

အဖြူရောင် အလင်းတန်းတွေကြောင့် အမြင်ကွယ်သွားတယ်။

“မျက်လုံးးးး”

“ငါ့မျက်လုံးတွေ”

“-ျီးပဲ။ ဘာလို့ ငါ မမြင်ရတော့တာလဲ။”

“ ဖန်ကျန်းရှီ လုပ်တာ။ ဒီကောင် နန်ကုန်မုကို တိုက်ခိုက်တဲ့ နည်းလမ်း သုံးပြန်ပြီ။”

အလင်းတန်းတွေ ပေါက်ကွဲ ထွက်လာတယ်။ နေရာ တစ်ခု လုံး အုန်းအုန်းကြွက်ကြွက် ဖြစ်လာတယ်။

“ဖန်ကျန်းရှီ ငါ မင်းကို အလွတ်မပေးဘူး။ ” ရှန်းထျန်းရင် မျက်လုံးပိတ်ပြီးေ အာ်တယ်။ ခရမ်းရောင် အလင်းတန်းတွေ ကောင်းကင်ပေါ်ကို တက်သွားတယ်။ နေရောင် မှာ တလက်လက် တောက်ပနေတယ်။

ခရမ်းရောင်ပုံဆောင်ခဲ မုန်တိုင်း …..။

အပိုင်း (၂၉၁) ပြီး၏။

အပိုင်း (၂၉၂)

“ မြန်မြန် ကန်ထုတ်ခံလိုက်ခြင်း”

တစ်ခါ တုန်းက လူတစ်ယောက် လောကမှာရှိတဲ့ အရာဝတ္ထု အမျိုးမျိုးကို နှိုင်းယှဉ်ခဲ့ဖူးတယ်။

ခရမ်း ပုံဆောင်ခဲတွေ နာမည်ကြီးလာတာ သူ့ အရောင် တစ်ခုတည်းကြောင့် တော့ မဟုတ်ဘူး။ ခရမ်းပုံဆောင်ခဲရဲ့ ဒုတိယ အဓိပ္မာယ်က - ပျက်စီးရန် ခက်ခဲ ။

ရှန်းထျန်းရင် နားလည် အသုံးပြုတဲ့ တာအိုက အားမနည်းဘူး။ နောက်ဆုံးတော့လည်း သူက နိုးထလာသော နဂါး အဆင့် ၇ ပဲလေ။ ခရမ်းပုံဆောင်ခဲက သူ့ရဲ့ အသန်မာဆုံး တာအိုတွေထဲက တစ်ခုပဲ။

ဒီအဖြစ်ပျက်မှာ ရှန်ထျန်းရင်ရဲ့ အရည်အချင်းက ပို ပေါ်လွင်တယ်။ မတုန်မလှုပ်သလို ။ မျက်လုံးဖွင့်ဖို့လည်း မကြိုးစားဘူး။

မျက်လုံးပိတ်ပြီးတော့ ခုခံတယ်။

ဖန်ကျန်းရှီ တိုက်ခိုက်လိုက်မှာကို သူ နားစွင့်နေတယ်။

တန်ကျုံးမင်ရဲ့ တုံ့ ပြန်မှုက အားမနည်းဘူး။

ဒါပေမယ့် … ရှန်းထျန်းရင်ထက် နည်းနည်း နှေးတယ်။

လှုပ်ရှားမှု နှေးသွားတဲ့ အတွက် သူ့ ရေခဲပုံဆောင်ခဲတွေက ရှန်းထျန်းရင်ရဲ့ ခရမ်းပုံဆောင်ခဲ မုန်တိုင်းကို သွားတိုက်တယ်။

“ဘုန်းးးး”

တန်ကျုံးမင် နောက်ကျော်မှာ ဒဏ်ရာ ပြင်းပြင်းထန်ထျန် ရသွားတယ်။ အဲ့ဒီ့နောက် လွင့်ထွက်သွားတယ် ။

တန်ကျုံးမင် ဆိုရိုးစကား တစ်ခုကို နားလည်သွားခဲ့တယ်။ လူတစ်ယောက် ကြောက်သင့်တာက အင်အားကြီးတဲ့ ပြိုင်ဘက်ကို မဟုတ်ဘူး။ တစ်ကိုယ်ကောင်း ဆန် တဲ့ မိတ်ဆွေကို ပိုကြောက်သင့်တာ။

…

ဖန်ကျန်းရှီ နှစ်ယောက်တွဲ ပြိုင်ပွဲတွေကို မကြိုက်ဘူး။

စင်ပေါ်မှာဆိုရင် တုံ့ပြန် တိုက်ခိုက်ဖို့ အကန့်အသတ်ရှိတယ်။ နော်က်ပြီးတော့ ပုန်းစရာနေရာလည်း မရှိဘူး။ လုပ်ကြံ တိုက်ခိုက်တာမျိုးကလည်း အခွင့်အရေး နည်းတယ်။

တခြားတစ်ဖက်မှာတော့ သစ်တောတွေ ရှိနေတယ်။

သူ့တစ်ဘဝလုံး သစ်တောထဲမှာ နေလာတာ။ သစ်တောတွေ။ ကျောက်တုံးတွေ။ သဘာဝဖြစ်တည်မှုတွေ အားလုံးက သူ့ အတွက် ပုန်းကွယ်ဖို့ သုံးလို့ရတဲ့ အရာတွေပဲ။

မျက်ကွယ်နေရာတွေကို အေးအေးဆေးဆေးတွက်တယ်။ တိုက်ခိုက်လို့ရမယ့် ေ နရာတွေကို ရှာတယ်။

နောက်ပြီးတော့ အခုျိန်မှာ။

ကောင်းကင်က သူ့အတွက် အခွင့်အရေးကောင်းကောင်း ရမယ့်နေရာကို ပေးထားပြီပဲ။

အေ၈ှ့ပိုင်း အမဲလိုက် ကွင်းပြင်က သစ်တော အလယ် မှာရှိနေတာ။

သူလိုတာက အချိန်နဲ့ အကွာအဝေးပဲ။

နေခွင်းလေးက အဝေးပစ်တဲ့ လက်နက်။ အနီးကပ် တိုက်ပွဲမှာ သုံးရတာ မဟုတ်တယ်။ နောက်ပြီးတော့ မြှားအဖြစ် သုံးတဲ့ ဓားသိန်းသန်း ပညာ ကလည်း အချိန်ယူဖို့ လိုတယ်။ ဒီလို အဖိုးတန် ပစ္စည်းမျိုးကို စင်ပေါ် တိုက်တဲ့ အချိန် သုံးလို့ မရဘူး။

မြှားတောင် မပြင်ရသေးခင် သူ့ ပြိုင်ဘက်က သူ့ အနားရောက်လာ လိမ့်မယ်။

ရှန်းထျန်းရင်နဲ့ တန်ကျုံးမင် သူ့ရှေ့ ပိတ်ရပ်နေတဲ့ အချိန် ဘာမှ မလုပ်နိုင်တာ အသိအသာကြီး။

ဒါပေ်မယ့် ရှန်းထျန်းရင်က သူ့ကို တိုက်ခိုက်ဖို့ ပြောလာတယ်။

ဒီတိုက်ပွဲက ရှောင်မရတော့ဘူး။ သူတို့ တစ်ယောက် ချင်းစီ တိုက်တာပဲ ဖြစ်ဖြစ်။ နှစ်ယောက်လုံး အတူတူ တိုက်တာပဲ ဖြစ်ဖြစ် ကိစ္စ မရှိဘူး။

ပတ်ဝန်းကျင် အခြေအနေကို သုံးရမယ်။ နေခွင်းလေးကို ဒါမှ ကောင်းကောင်း အသုံးချနိုင်မှာ။

…

ပြိုင်ပွဲဝင်တွေလည်း တဖြည်းဖြည်း အမြင်အာရုံ ပြန်ရလာတယ်။ ခပ်ဝေးဝေးက အလင်းတန်းလေးကို မြင်ရတယ်။

အလင်းတန်းက အတော်လေး ကို နီးတယ။်

အစိမ်းရောင် အလင်းတန်းက လေထုထဲမှာ လှည့်ပတ်နေတယ်။ လေဟုန်ခွင်းပြီး လည်ပင်းတောင် ပြတ်စေနိုင်မယ့် အရှိန်နဲ့ ပြေးလာနေတယ်။

တန်ကျုံးမင် နောက်ကျောဒဏ်ရာ ရပြီးနောက် ဒီလောက်မြန်မြန် ရင်ဘတ်မှာ ဒဏ်ရာရမယ်လို့ မထင်ထားမိဘူး။

နောက်ပြီးတော့ ဒီ တစ်ခေါက် ထိချက်က အရင် တစ်ခုထက် အများကြီး ပိုပြင်းတယ် ။

ဓားတွေ သန်းချီပြီးတော့ သူ့ကိုယ်ကို ဆုတ်ဖြဲပြစ်နေသလို ခံစားနေ၇တယ်။

သူ့ရဲ့ ရေခဲပုံဆောင်ခဲတွေ ဖြစ်ပေါ် လာတယ်။ ဒါပေမယ့် လည်း နောက်ကျောက ထိချက်ကို အဓိက ထားပြီးကာကွယ်လိုက်တယ်။

ဒါကြောင့် အရှေ့ပိုင်းက အကာအကွယ်မဲ့သွားတယ်။

နောက်ပြီးတော့ တန်ကျုံးမင်က တစ်ချက် ထိထားတဲ့ အတွက် စစချင်းကလို မသန်မာတော့ဘူး။ မြှားကို ကာလိုက်ပေမယ့် ဒဏ်ရာက ရသွားသေးတယ်။

ဖန်ကျန်းရှီ ဒါကို နားလည်တယ်။

အားနည်းတဲ့ ပြိုင်ဘက်ကို အဓိက ထားမှာ သဘာဝပဲ။

ဒါက ရိုးရှင်းတဲ့ အတွေးအခေါ်ပဲ။ ပြိုင်ဘက် နှစ်ယောက် ရှိတာ တစ်ယောက်က ပြင်ဆင်ထားတဲ့ သူ နောက်တစ်ယောက်က မပြင်ဆင် နိုင်လိုက်တဲ့သူ

မပြင်ဆင်နိုင်လိုက်တဲ့ သူကိုပဲ ရွေးတိုက်မှာပေါ့။

ဒီလိုကြောင့် ဖန်ကျန်းရှီ ချက်ခြင်း မြှားတပ်ပြီး တန်ကျုံးမင်ကို ပြစ်တယ်။

“ဘုန်းးး”

တန်ကျုံးမင် ပျံတက်သွားတယ်။ ဒီ တစ်ကြိမ်တော့ သူ့ တစ်ကိုယ်လုံး အစိမ်းရောင် အလင်းတန်းတွေ ပြည့်နေပြီ။ ဒါတွေက သူ ဝတ်ထားတဲ့ သံချပ်ကာပေါ်မှာ စိုက်ဝင်နေတဲ့ အလင်းဓားတွေပဲ။

အဲ့ဒီ့နောက် ပေါက်ကွဲမှု တစ်ခု ဖြစ်သွားတယ်။

တန်ကျုံးမင် ေနောက်ဆုံးတော့ ပျံသန်းရတဲ့ ခံစားချက်ကို သိသွားပြီ။ ဒါပေမယ့် အခု ကိစ္စက သူ့ အတွက် ပြင်းထန်လွန်းတယ်။

သူ ဒါကို မခံစားနိုင်ဘူး။

“ဒုန်းးးး” တန်ကျုံးမင် မြေကြီးပေါ်ကို ခေါင်းနဲ့ ကျတယ်။ မျက်လုံး လေး ကလယ်လယ် ဖြစ်ပြီး တစ်ကိုယ်လုံး အရောင်မှိန်သွားတယ်။ သူ့ကိုယ် တစ်ခုလုံး

ဒဏ်ရာတွေ ပြည့်နေပြီ။

ကြီးမားတဲ့ စွပ်ကြောင်းရာကြီး တစ်ခု သူ့ ကိုယ်အောက်မှာ ပေါ်လာတယ်။ ကောင်းကင် ထိ ဖုန်မှုန့်လုံးကြီး လိမ့်တက်သွားတယ်။

ဖုန်တွေ ပျောက်သွားပြီ ။ တန်ကျုံးမင်ရဲ့ တစ်ကိုယ်လုံး ဖုန်တွေ အလိမ်းလိမ်းနဲ့ ဖြစ်နေခဲ့ပြီ။

“ အားး။ ဘာဖြစ်သွားတာလဲ။ ဘာဖြစ်သွားတာလဲ။”

“ဘယ်သူ ဒဏ်ရာရသွားတာလဲ။”

“ ဘာအသံကြီးလဲ။”

မျက်လုံး အမြင်ပြန်ရပြီးနောက် ပြိုင်ပွဲ ဝင်တွေ ထိတ်လန့်တကြား အော်ဟစ်ကြတော့တယ်။

ဒါပေမယ့် သူတို့ ခပ်မြန်မြန်ပဲ ငြိမ်ကျသွာတးယ်။

သူတို့ရှေ့က စွပ်ကြောင်းရာကြီးကိုတစ်လျှောက်ကို ကြည့်တယ်။ နောက်ဆုံးမှာ သတိလစ်နေတဲ့ တန်ကျုံးမင်ကို မြင်လိုက်တယ်။

“ဘာ … ဘာ တွေ ဖြစ်ကုန်တာလဲ။”

“ အဲ့တာ ဘယ်သူလဲ….”

“မိုးနတ်မင်းရေ။ အဲ့တာ…. အဲ့တာက တန်ကျုံးမင်ပဲ…. ဘယ်လို ဘယ်လိုတောင် ဖြစ်နိုင်တာလဲ။ တန်ကျုံးမင်က နိုးထလာသော နဂါး အဆင့် ၈ လေ။ ”

တန်ကျုံးမင်ရဲ့ အခြေအနေကို မြင်ပြီး ကြောက်လန့်တကြား ပြောကြတော့တယ်။

သူက နိုးထလာသော နဂါး အဆင့် ၈လေ။ အင်ပါယာရဲ့ အထူးစစ်သည်။ မျက်တောင် တစ်ခတ်အတွင်း ဘယ်လိုများ ဖြစ်သွားနိုင်တာလဲ။

နောက်ပြီးတော့ အရှက်ရ စရာ ပုံစံ နဲ့ ရှုံးသွားတာ။

တန်မိသားစုက ဘယ်သူကများ မသိလို့လဲ။

ရှန်းထျန်းရင် နောက်ဆုံးတော့ မျက်လုံး ပွင့်လာပြီ။ သူမျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာ အံ့သြစရာပဲ။

“တန်ကျုံး မင် ရှုံးသွားပြီလား။ မြန်လိုက်တာ။ ဘယ်လိုများ ဖြစ်သွားတာလဲ။”

တန်ကျုံးမင်ရဲ့ အစွမ်းကို လူတိုင်းထက် သူ ကောင်းကောင်းသိတယ်။

သူက တန်ကျုံးမင်ထက် တစ်ဆင့်သာ မြင့်တာ။ ဒါကလည်း သူ ခရမ်းပုံဆောင်ခဲ တာအိုကို နားလည်နေလို့ပဲ။ ဒါက တန်ကျံုံးမင် မဖျက်ဆီး နိုင်တဲ့ တာအို ဖြစ်နေလို့ပဲ။ ဒီ အားသာချက်သာ မရှိရင် သူလည်း တန်ကျုံးမင်ကို နိုင်မှာ မဟုတ်ဘူး။

ဒါပေမယ့် အခုတော့ တန်ကျုံးမင်က မြေကြီးပေါ် ရောက်နေပြီ။

ဘာတွေ ဖြစ်ကုန်တာလဲ။

(ငါများ တန်ကျုံးမင်ကို တွန်းထုတ်မိတာလား။)

သူ လုပ်ခဲ့ရင်တောင် ဒီလောက် ထိခိုက်တာတော့ မဖြစ်နိုင်ဘူး။ အခု ပုံစံက ခရမ်းပုံဆောင်ခဲ မုန်တိုင်း လုပ်နိုင်စွမ်းထက် ပိုနေတယ်။

“ ဖန်… ဖန်ကျန်းရှီ လုပ်လိုက်တာလား။” ရှန်းထျန်းရင် လက်မခံ နိုင်ဘူး။ ဒါပေမယ့် ဒီနေရာမှာ ရှန်ထျန်းရင်ကို တိုက်ခိုက်ဝံ့ တာကော တိုက်ခိုက်နိုင်စွမ်း ရှိတာ ကော က တခြားသူ မရှိဘူး။

ရှန်းထျန်းရှင် ဖန်ကျန်းရှီ ရှိတဲ့ နေရာကို ကြည့်လိုက်တယ်။ တန်ကျုံးမင် ကျသွားပြီ။ နောက်တစ်ယောက်က သူပဲ။

မျက်လုံး တစ်ရာကျော် ဝိုင်းရှာတာတောင်မှ ဖန်ကျန်းရှီကို ရှာမတွေ့ဘူး။

“သူ ဘယ်မှာလဲ။ ”

“ဖန်ကျန်းရှီ ဘယ်ရောက်သွားပြီလဲ။”

“ လူရှာတဲ့နေရာမှာ ငါ အတွေ့အကြုံရှိတယ်။ ငါ့ ဦးလေးက ပြောဖူးတယ်။ မင်းရဲ့ ပြိုင်ဘက်က မင်း အနီးတဝိုက်မှာ မရှိရင် သူက မင်းရဲ့ အပေါ် ဒါမှမဟုတ် အောက်မှာပဲ ရှိမယ်။” ကျောင်းတော်သား တစ်ယောက် အော်ပြောတယ်။

“ အပေါ်မှာ ရှိမှာလား။” သူတို့ အကုန်လုံး အပေါ် မော့ကြည့်တယ်။

ဒါပေမယ့် အပေါ်မှာ နေနဲ့ တိမ်တွေက လွဲပြီးတော့ တခြား မရှိဘူး။

အောက်မှာလား။

မဖြစ်နိုင် တာတွေ မပြောစမ်းပါနဲ့ ။ ဖန်ကျန်းရှီက ကောင်းကင်ရောင်ပြန် အဆင့်ပဲ ရှိသေးတာ။ ဘယ်လိုလုပ် မြေလျှိုးနိုင်မှာလဲ။

“မဖြစ်နိုင်ဘူး။ ငါ့ဦးလေးက ငါ့ကို လိမ်မှာ မဟုတ်ဘူး။”

“ သောက်ပိုတွေ။”

ဒေါသ ထွက်လွယ်တဲ့ ကျောင်းတော်သား တစ်ယောက်က စကားပြောနေတဲ့ သူကို ကန်ချလိုက်တယ်။ မြေပြင်ပေါ်လဲသွားတဲ့ သူကတော့ နောက်ထပ် မပြောဝံ့တော့ဘူး။

“ဖန်ကျန်းရှီ ။ အရှက်မရှိတဲ့ ေ-ွးကောင်။ မင်းသာ ယောကျာ်းမှန်ရင် ငါ့ကို လာတိုက်စမ်းပါ။ ” ရှန်းထျန်းရင် သူ့ရဲ့ ခရမ်း ပုံဆောင်ခဲ မုန်တိုင်းကို ဖွင့်ထုတ်ရင်း အော်ဟစ်ေ်နတယ်။

“ ရွီ။ ” ဒီအချိန်မှာပဲ လေဟုန်ကို ခွင်းတဲ့ အသံ ပေါ်လာတယ်။

အစိမ်းရောင် အလင်းတန်း ကို ကောင်းကင်ပေါ်မှာ မြင်လိုက်ရတယ်။

“ ဒါက ဓားသိန်းသန်းချီ ပညာပဲ။”

“ပြေးး”

ကျောင်းတော်သားတွေ အားလုံး တန်ကျုံမင်ရဲ့ အခြေအနေကို တွေ့ပြီးပြီ။

အခုတော့ ရှန်းထျန်းရင်ပါ ပြေးဖို့ ပြင်နေပြီ။ တန်ကျုံးမင်ရဲ့ အခြေ အနေကို မြင်ပြီးတဲ့နောက် သူလည်း စိတ်ပြောင်းသွားပြီ။

ခရမ်းပုံဆောင်ခဲ မုန်တိုင်းက အင်အားကြီးပေမယ့်လည်း

ရပ်ပြီးတော့ မြှားပြစ်ခံတာကို စောင့်ဖို့ကတော့ ရူးလွန်းရာ ကျတယ်။

ကျောင်ေးတာ်သားတွေ အုပ်စုထဲကို ပြေးဝင်တော့တယ်။ လူအုပ်ကြားထဲမှာ ဝင်နေတာက အကောင်းဆုံး ပဲ။ သူ့ အတွက် မြှားခံပေးမယ့် သူလည်း ရှိတယ်။

“ ဘုန်းးး”

ရှန်းထျန်းရင် ရပ်နေခဲ့တဲ့ နေရာမှာ ပေါက်ကွဲရာကြီး တစ်ခု ဖြစ်နေတော့တယ်။

ရှန်းထျန်းရင် ပြေးတာမြင်တော့ ကျောင်းတော်သားတွေ အံ့သြ ကုန်ကြတယ်။

“သခင်လေး ရှန်း။ ဖန်ကျန်းရှီက သခင်လေးကို ပြစ်မှတ်ထားနေတာ သူ့ကို နိုင်အောင် သွားတိုက်ပါ။”

“ ဟုတ်တယ်။ ကျွန်တော် တို့က စောင့်ကြည့် နေရုံတင်ပါ။ ကျွန်တော် တို့ဆိ ပြေးမလာပါနဲ့။ ”

“ ဖန်ကျန်းရှီကို မြင်လိုက်တယ်။ သူက မြောက်ဘက်မှာ။ သခင်လေး ရှန်း။ သူ့ကို အနိုင်သာ တိုက်ပါ။”

ကျောင်းတော်သားတွေ အားလုံးက ရှန်းထျန်းရင်ကို အော်တော့တယ်။ သူတို့ အများစုကလည်း အာဏာကြီး မိသားစုတွေကပဲ။ သူတို့တွေက အင်အားသာ အများကြီး မကြီးကြတာ။ ဘယ်သူကမှ လူသား ဒိုင်းကာမဖြစ်ချင်ဘူး။

ရှန်းထျန်းရင် ဒါကို ကြားတော့ မျက်နှာမည်းမှောင်သွားတယ်။ သူလည်း တိုက်ချင်တာပေါ့။ ဒါပေမယ့် ဖန်ကျန်းရှီက ဘယ်မှာမှန်းမှ မသိပဲ။

“ ဖန်ကျန်းရှီ ပုန်းနေတာ တော်တော့ ။ မင်းသာ ယောက်ျား စစ်ရင် ထွက်လာခဲ့ ငါ့ကို လာရင်ဆိုင်” ရှန်းထျန်းရင် စိန်ခေါ်နေတယ။်

ဒီလိုနဲ့ ဖန်ကျန်းရှီက သူ့ အကွက်ထဲ ဝင်လာရောလား။

မဝင်လာပါဘူး။

နောက်ထပ် မြှားစိမ်း တစ်ချောင်းသာ ထွက်လာတယ်။

မြှားက လူအုပ်ထဲ ဝင်လာတာ မြင်တော့ လူအုပ်ကြီးလည်း ကွဲသွားတယ်။ ဒီ မြှားက အင်အားကြီးလွန်းတယ်။ သူတို့ မသေရင်တောင် ဒဏ်ရာကတော့ ပြင်းပြင်းထန်ထန် ရမှာပဲ။

ရှန်းထျန်းရင် ပြိုကွသြွားတဲ့ လူအုပ်ကြီးကို မြင်တော့ အံကြိတ်တယ်။ နောက်တစ်ခေါက် လူအုပ်ထဲ ပြေးဝင်တယ်။

“ ဘုန်းးး” နောက်ထပ် အက်ကွဲကြောင်း တစ်ခု ထပ်ပေါ်လာတယ်။

…

“သခင်လေးရှန်း။ ဘာလို့ ကျွန်တော်တို့နောက် လိုက်နေတာလဲ။”

“ဟုတ်တယ်။ သခင်လေးက ဖန်ကျန်းရှီကို စိန်ခေါ်မှာ ဆို။ ကျွန်တော်တို့ကို မြှားကာ အဖြစ် ဘာလို့ သုံးနေတာလဲ။ အရှက်မဲ့လိုက်တာ။ နိုးထလာသော နဂါး အဆင့် ၇ ဆိုတဲ့ နာမည်နဲ့ မတန်လိုက်တာ။”

“ ဘယ်လောက်တောင် အင်အားကြီးလဲ ပြ အုန်းလေ။ သူ့ကို သွားတိုက်ခိုက် စမ်းပါ။”

ဖန်ကျန်းရှီရဲ့ မြှားချက်တွေကြောင့် သူတို့ အားလုံးပေါက်ကွဲနေကြတယ်။ ရှန်းထျန်းရင်က သူတို့ကို လူသား ဒိုင်းကာ အဖြစ် သုံးနေတာ။

ရှန်းထျန်းရင် ရဲ့ အမူအယာကတော့ မည်းမှောင်နေပြီ ။

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ သူလည်း တကယ် တိုက်ခိုက်ချင်ပါတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက နေရာ ပြောင်းပြောင်းနော။

မြှား နေရာကို သူ ရှာတွေ့တိုင်း နောက်တစ်နေရာကို ပြောင်းသွားရော။

ဖန်ကျန်းရှီ ကို ခန့်မှန်းနိုင်ဖို့ နောက်ထပ် မြှားသုံးချောင်း ထပ် ပြစ်ခံဖို့ လိုသေးတယ်။ နောက်ပြီးတော့ မြှားနဲ့ နီးလာလေလေ ခုန်ရှောင်ဖို့ ခက်လေပဲ။

မြှားက နီးလေ မြန်လေ။ သူ ခုန်ရှောင်နိုင်မှာလား။

ရှန်းထျန်းရင် တွေဝေနေတယ်။

သူတွေဝေနေချိန်မှာ တခြားသူတွေက သူ့ကို ခွာသွားပြီ။ သူ့ အနားမှာ ဘယ်သူမှ မရပ်ချင်ဘူး။

လေအေးအေးက တိုက်နေတယ်။ နေမင်းကြီးကလည်း ပူမြဲ ပူဆဲ။

ရှန်းထျန်းရင် သူ့ ဘေးပတ်လည်ကို ကြည့်တယ်။ သူ့ဘဝတစ်ယောက်လုံး လူတွေ ဝန်းရံခဲ့ကြတယ်။ လူတိုင်းက လေးစားကြတယ်။ ဒါပေမယ့် အခုတော့

ဒီအချိန်မှာတော့ သူ တစ်ယောက်တည်းသာ။

“ဖန်ကျန်းရှီ။ ထွက်လာစမ်း ငါ့ကို လာတိုက်။” ရှန်းထျန်းရင် အော်ဟစ်နေတယ်။ ဒါပေမယ့် သူ့ အသံက လွဲပြီး ပြန်ဖြေသံ မကြားရ။

သူ စိတ်ပျက်လာတယ်။

“ရွီးးးး” အစိမ်းရောင် အလင်းတန်း တစ်ခု ကောင်းကင်ပေါ်မှာ ထပ်ပေါ်လာတယ်။ ရှန်းထျန်းရင် ဆီကို ပြေးဝင်တယ်။

ဒီတစ်ကြိမ်တော့ ရှန်းထျန်းရင် မပြေးတော့ဘူး။

နောက်ထပ် မပြေးနိုင်တော့ဘူး။ ဒီမြှားကိုသာ ထပ်ရှောင်လိုက်ရင် သူ့ရဲ့ အဆင့်အတန်းတွေ ဂုဏ်တွေ အကုန် ရေစုန်မျောသွားမှာ။ လူရှေ့မှာ နောက်ထပ် ဘယ်လို မျက်နှာပြရတော့မှာလဲ။

အနိုင်ရတာ မရတာကို သူ ဂရုမစိုက်တော့ဘူး။

“လာခဲ့စမ်းပါ။” ရှန်းထျန်းရင် မျက်လုံးတွေ တောက်လာလာတယ်။ ခရမ်းရောင် သံချပ်ကာ သူ့ကိုယ် ပေါ်မှာ ပေါ်လာတယ်။ ခရမ်းရောင် ဆဋ္ဌဂံ ဒိုင်းကာ သူ့ ခေါင်းပေါ်မှာ ဝေ့၀ဲ နေတယ်။ ဆဋ္ဌဂံတွေ များသထက် များအောင် စုလာပြီးတော့ ဒိုင်းကာကြီး တစ်ခု ဖြစ်လာတယ်။

အပိုင်း (၂၉၂) ပြီး၏။

အပိုင်း (၂၉၃)

“ အံ့ဖွယ်”

ခရမ်းရောင် ဒိုင်းကာ သူ့ခေါင်းပေါ်မှာ လည်ပတ်နေတယ်။

အစိမ်းရောင် အလင်းတန်းတွေ လေထုထဲကို ဖြတ်လာတယ်။ ခရမ်းပုံဆောင်ခဲ ဒိုင်း ကာ ကို လာထိတယ်။ အဲ့ဒီ့နောက်ပေါက်ကွဲ တော့တယ်။

“ဘုန်းး”

မြေပြင်တစ်ခုလုံး တုန်ခါ သွားတယ်။

မရေမတွက်နိုင်တဲ့ အစိမ်းရောင် အလင်းတန်းတွေ ရှန်းထျန်းရင် ကိုယ်ကို ဝန်းရံသွားတယ်။

ရှန်းထျန်းရင် အမူအယာ ပြောင်းသွားတယ်။ သူအခု ရင်ဆိုင်နေရတဲ့ အင်အားတွေကို သူ နားမလည်ဘူး။

အခုတော့ သူသိသွားပြီ။ ဘာကြောင့် တန်ကျုံးမင် တစ်ချက်တည်းနဲ့ လဲသွားလဲ ။ သူ့ရဲ့ အကာအကွယ်တွေကို တစ်စစီ ဆုတ်ဖြဲ ပြစ်နေတဲ့ ခံစားချက်က တောင့်မခံ နိုင်စရာပဲ။

အလင်းဓားတွေရဲ့ တိုက်ခိုက်မှုက တဖြည်းဖြည်းချင်း ပြင်းထန်လာတယ်။ သူ့ရဲ့ ခရမ်းပုံဆောင်ခဲ သံချပ်ကာလည်း အက်ကွဲလာလေပြီ။

“ သေစမ်း။” ရှန်းထျန်းရင် နှုတ်ခမ်းကို တင်းတင်းဖိကိုက်ထားတယ်။ သူ့ နှုတ်ခမ်းထောင့်က သွေးတွေ စီးကျလာတယ်။ သူ့ကိုယ်က ခရမ်းရောင် အလင်း တွေ ပိုပို တောက်ပလာတယ်။ သူ့ကိုယ် ပတ်လည်က ဒိုင်းကာ အရှိန်ပြင်းပြင်းနဲ့ လည်ပတ်တော့တယ်။

“ခ ဘွန်းး”

ဖုန်မှုန့်တွေ အလုံးအရင်းနဲ့ ထလာတယ်။ ရှန်းထျန်ရင်ခြေထောက် မြေကြီးထဲ ကျွံဝင်သွားတယ်။ သူ ဒူးထောက်လျက် လဲကျသွားတယ်။

…

ပြိုင်ပွဲဝင်တွေ သူတို့ မြင်တာကို မျက်လုံးပြူးနေတယ။် ဖန်ကျန်းရှီရဲ့ ဓား သိန်းသန်းချီ ပညာက အင်အားကြီးမှန်း သူတို့ သိတယ်။ ဒါပေမယ့် ဒီလောက်ထိ အင်အား ကြီးမယ်လို့ မထင်ထားမိဘူး။

နောက်ပြီးတော့ မြေပြင်ကိုတောင် တုန်ခါစေတယ်။

တန်ကျုံးမင်ကို ထိတဲ့ အချိန်တုန်းက ဘယ်သူမှ ဒီ သက်ရောက်မှုကို မမြင်ခဲ့ဘူး။

ဒါပေမယ့် ဓားသိန်းသန်းချှီ ပုံရိပ်က ရှန်းထျန်းရင်ကို ကောင်းကောင်း ဖိအားပေးနေပြီ။ သူတို့ ရှင်းရှင်းလင်းလင်းကြီး မြင်နေရတယ်။

ရှန်းထျန်းရင် ခြေထောက်တွေ တုန်လာပြီး ဒူးထောက်လျက်ကျသွားတယ်။ သူ့ မျက်နှာမှာတော့ ချွေးသီးချွေးပေါက်တွေ အပြည့် ။

ဒီတိုက်ခိုက်မှုကို တောင့်ခံ နိုင်လိုက်တယ်။ ဒါပေမယ့် ဒဏ်ရာတွေက မသက်သာဘူး။

“ဒါက နေခွင်းလေးပဲ။ သူ့မှာ ရှိနေတာ နေခွင်းလေးပဲ။ ” ရှန်းထျန်းရင် လက်ခံ လိုက်တယ်။ နတ်ဆိုးကျောင်းတော်ရဲ့ ဓားသိန်းသန်းပညာ တစ်ခုတည်းနဲ့ ဒီလောက် ကြောက်စရာ ကောင်းတဲ့ စွမ်းအား မရှိနိုင်ဘူး။

ဖန်ကျန်းရှီ ကိုင်ထားတာ နေခွင်းလေး ဖြစ်လို့ပဲ ဒီလောက် အခြေအနေဆိုးလာတာ။ ကြီးမြတ်သော ရှမင်းဆက် ရတနာ ဆယ်ပါး စွမ်းအား တွေ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ။

ရတနာ တစ်ခုချင်းစီက အင်အားကြီးတယ်။

ပင်းယန်လို ကြယ်တာရာစုဝေးမှု အဆင့်ပဲ ရှိသေးတဲ့ သူတောင် ရဲရဲတောက်ချီလင်လှံ နဲ့ ဆိုရင် ကောင်းကင်ရောင်ပြန် အဆင့်ကျင့်ကြံသူ ကို အနိုင်တိုက် နိုင်တယ်။ နေခွင်းလေးက ရတနာဆယ်ပါးထဲ ပါနေတာ ဘာကြောင့်လဲ ဆိုတော့ သူ့ပေါ်မှာ တင်ပြီး ပြစ်လိုက်တဲ့ မြှားအစွမ်းကို ကြောက်စရာကောင်းအောင် တိုးစေတာကြောင့်ပဲ။

“ အဲ့တာ တကယ်ပဲ နေခွင်းလေးလား။”

“ဘယ်လိုလုပ်ပြီး ဖန်ကျန်းရှီမှာ နေခွင်းလေး ရှိနေတာလဲ။”

“ဒါက ဘယ်လို ဖြစ်နိုင်တာလဲ။”

ပြိုင်ပွဲဝင်တွေ သစ်တောထဲကို မယုံကြည်နိုင်တဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်။ သူတို့ အားလုံး နေခွင်းလေး အကြောင်း သိတယ်။ ဒါက သွမ့်အရှင် ပိုင်တာ။

ဒီအချိန်မှာပဲ နောက်ထပ် အစိမ်းရောင် အလင်းတန်း တစ်ခုပေါ်လာတယ်။

ရှန်းထျန်းရင် ဆီကို တည့်တည့် ဝင်လာတယ်။

ရှန်းထျန်းရင် အလင်းတန်းကို ငေးကြည့်နေတယ်။ သူခုန်သင့်တယ် ။ ဒါပေမယ့် အမြဲတမ်း ခုန်ရှောင်နေနိုင်မှာလား။

“ဘုန်းး”

ရှန်းထျန်းရင် ကိုယ်ပေါ်က ခရမ်းရောင်သံချပ်ကာ အက်ကွဲသွားပြီ။ လေနဲ့ အတူ လွင့်စင်ပျောက်ကွယ်သွားတယ်။ ပါးစပ် အပြည့်သွေးတွေ ရှန်းထျန်းရင် အန်ချ လိုက်တယ်။ သူ့ တစ်ကိုယ်လုံး သွေးချင်းချင်း နီနေပြီ။

“ ငါမယုံဘူးးး။” ရှန်းထျန်းရင် စွပ်ကြောင်းရာထဲ ဒူးထောက်နေတယ်။ ကျောက်တုံးတွေကို လက်သီးနဲ့ ထိုးရင်း အော်ဟစ်နေတယ်။

ဘာဖြစ်သွားလဲ လူတိုင်း မြင်ကြတယ်။

ရှန်းထျန်းရင် ရှုံးသွားပြီ။

အပြတ်အသတ်ကို ရှုံးတာ ။

ဘယ်လိုပဲ ဖြစ်ဖြစ် သူက နိုးထလာသော နဂါး အဆင့် ၈ ဖြစ်သွားပြီ။ ဖန်ကျန်းရှီက သူ့နေရာကို ယူသွားပြီ။

“ ဖန်ကျန်းရှီ ရှန်းထျန်းရင်ကို အနိုင်တိုက်လိုက်ပြီ။”

“ သူ ရှန်းထျန်းရင်ကိုတင် အနိုင်တိုက်တာ မဟုတ်ဘူး။ တန်ကျုံးမင်ကိုပါ နိုင်တာ။”

“ အံ့သြစရာကြီး”

သူတို့ အားလုံး တစ်ယောက်ကို တစ်ယောက်ကြည့် ရင်း မယုံနိုင် ဖြစ်နေတယ်။

သူတို့ထဲက အများစု ကောင်းကောင်း သဘော မပေါက်သေးဘူး။

ကျောက်တုံး ကပ်ဟြေား စက္ကူ ကစားနေတာ။ေ နာက်တော့ အဖြူရောင် အလင်းတန်းတွေ ထွက်လာတယ်။ တန်ကျုံးမင် ရှုံးသွားတယ်။ အဲ့ဒီ့နောက် ရှန်းထျန်းရင် သတ္တိကြောင်ပြီး ထွက်ပြေးတယ်။

နောက်ဆုံးတော့ ရှန်းထျန်းရင် ရှုံးသွားတယ်။

ကြားရတာ အချီကြီးလိုပဲ။ ဒါပေမယ့် အဖြစ်အပျက် အကုန်လုံးက သုံးမိနစ်ထက် မပိုဘူး။

မထိတ်လန့်တဲ့ သူလည်း မရှိဘူး။

ရှန်းထျန်းရင်နဲ့ တန်ကျုံးမင်က တိုက်ပွဲမှာ အင်အားသာတာ အသိသာကြီး။ ဒါပေမယ့် ဖန်ကျန်းရှှီက နှစ်ယောက်လုံးကို အနိုင်ယူသွားပြီ။

ပိုပြီး အရေးကြီးတာက သူတို့ နှစ်ယောက်လုံး ဖန်ကျန်းရှီ အနားကိုတောင် မသီလိုက်ရဘူး။

မျက်စိလည်စရာပဲ။

“ ဘုန်းးး”

သူတို့ သက်ပြင်းချရင်းခေါင်း ခါနေတယ်။ ဒီအချိန်မှာပဲ လူရိပ်တစ်ခု သစ်ပင် တစ်ပင်ပေါ်က ခုန်ချလာတယ်။ နေခွင်းကိုလက်မှာ ကိုင်ရင်း မြက်ပင်တစ်ပင်ကို ငုံထားတယ်။

“မင်း ကောင်းကောင်း မသိသေးဘူးမလား။ ကောင်းပြီလေ။ အခွင့်အရေးပေးလိုက်မယ်။ ငါ့ကို လာတိုက်လှည့်” ဒူးထောက်နေတဲ့ ရှန်းထျန်းရင်ကို ကြည့်ရင်း အော်လိုက်တယ်။

“…..” ကြည့်နေသူတွေ သူ့တို့ လောကကြီး တစ်ခုလုံး ချာချာလည်သွားသလို ခံစားရတယ် ။

လူတစ်ယောက်က ဘယ်လိုများ ဒီလောက်ထိ အရှက်မရှိနိုင်တာလဲ။

သူက သူတို့ကို အနိုင်တိုက်ပြီးပြီပဲ။ အခုတော့ နောက်တစ်ခေါက် လာတိုက်ခိုင်းတာ ဘာလုပ် မလို့လဲ ။

“ဖန်ကျန်းရှီ။ မင်း အနိုင်ကျင့်နေတာပဲ။” ရှန်းထျန်းရင် သွေးအန်တော့တယ်။ သူ သတိလစ် မတတ် ဖြစ်နေပြီ။

“ငါက မင်းကို အနိုင်ကျင့်တယ်တဲ့လား။ အခုပဲ ။ နိုးထလာသော နဂါး အဆင့် ၇ နဲ့ ၈ က နှစ်ယောက်ပေါင်းပြီး ငါ့ကို တိုက်မယ်ပြောတာလေ။ သတိထားစမ်းပါ။ ငါက အဆင့် ၁၀ ။ ဒါတောင်မှ ငါ စောဒကမတက်ဘူး။ နှစ်ယောက်ထဲက တစ်ယောက် နဲ့ တိုက်မယ်လို့ ငါပြောသားပဲ။ မင်းဘာမင်း လက်မခံပဲ နှစ်ယောက်ပေါင်း တိုက်ချင်တာလေ။ အခုတော့ မင်းကို တိုက်ချင်သလို တိုက်ဖို့ အခွင့်ရေး ပေးနေတာတောင် ငါ့ကို အနိုင်ကျင့်တယ်ပြောသေး။ အိုက်ယား။ မင်းတို့ကောင်တွေ ဘာများတွေးနေလဲ နားမလည်လိုက်တာ။” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက်ပြောတယ်။

“မင်း….” ရှန်းထျန်းရင် တောင် ဆွံ့အသွားတယ်။

သူ နောက်ထပ် ထပ်ပြောချင်တယ်။ ဒါပေမယ့် သူ့စကားတွေ ထွက်မလာဘူး။ ဖန်ကျန်းရှီပြောတာ မှန်တယ်။

နိုးထနဂါး အဆင့် ၇ နဲ့ ၈ နှစ်ယောက်ပေါင်းပြီးတော့ ဖန်ကျန်းရှီကို တိုက်တာ အရှက်မရှိရာ ရောက်တယ်။

ဖန်ကျန်းရှီ ဒီလို နည်းလမ်း သုံးပြီးတော့ သူတို့ကို အနိုင်ယူသွားတာ အပြစ်မဆိုသာဘူး။

သူတို့က အရင်လွန်တာ။

ဒါကို ငြင်းလို့ မရဘူး။

နောက်ပြီးတော့ အချစ်နဲ့ စစ်မှာ မတရားတာမရှိ။ ဖန်ကျန်းရှီ ဘယ်လိုလုပ်သွားတာ ဖြစ်ဖြစ်။ နိုင်တာက နိုင်တာပဲ။

“ မင်းက တိုက်ခိုက်ချင်သေးလား။ မဟုတ်ရင် ငါလည်း မအားဘူး။ ပထမနေရာ ယူရအုန်းမယ်။ ” ဖန်ကျန်းရှီ နေခွင်းလေးကို လက်နဲ့ ယမ်းပြရင်း တစ်ပတ်လည် ကြည့်တယ်။

တခြားပြိုင်ပွဲဝင်တွေ အကုန် နောက်ဆုတ်သွားတယ်။

ရှန်းထျန်းရင် အံကြိတ်ထားတယ်။ သူမတ်တပ်ရပ်ပြှီး ကောင်းကင်ကို မော့ကြည့်တယ်။

မြို့တော်ကို ဝင် မလာခင်တုန်းက သူ့မှာ ယုံကြည်ချက် အပြည့်။

ဒီ ပြိုင်ပွဲ အကြောင်းကြားတော့။ သူ့ မိသားစု အတွက် ဂုဏ်ရှိအောင် လုပ်ပေးမယ်။ ပထမ နေရာကို ယူမယ်လို့ တွေးခဲ့တယ်။

ဒါပေမယ့် အခုတော့ ဖန်ကျန်းရှီနဲ့ ရွံ့မြင်းကျားကို ရှုံးလိုက်ရပြီ။

ဘယ်လောက်တောင် စိတ်ထိခိုက်စရာ ကောင်းလိုက်လဲ။

အကယ်၍ တခြားသူသာ ဖြစ်ရင်တော့ “ နောက် ၂ နှစ် အတွင်း မင်းကို အနိုင်တိုက်မယ်” လို့ ထ အော်မိမှာ အမှန်ပဲ။

ဒီတစ်ကြိမ်မှာတော့ သူ မပြောတော့ဘူး။ ဖန်ကျန်းရှီက ရွံ့မြင်းကျားနဲ့တောင် ပထမ ရအောင် လုပ်နိုင်ရင် သူ မလုပ်နိုင်တာ ဘာရှိအုန်းမှာလဲ။ ၊

“မြင်းတစ်ကော င်ရဲ့ အရည်အသွေးက ပြိုင်ပွဲမှာ အရေးအကြီးဆုံး မဟုတ်တာ ငါ နားလည်ပြီ။” ရှန်းထျန်းရင် ခပ်တိုးတိုးပြောတယ်။ အဲ့ဒီ့နောက် သတိလစ်သွားတော့တယ်။

“ဘုန်းးး”

ရှန်းထျန်းရင် မြေကြီးပေါ်ကို မျက်နှာအပ်သွားတယ်။

…

ဖန်ကျန်းရှီ အချိန် မဖြုန်းတော့ဘူး။ အကုန်လုံး ကြက်သေသေနေတဲ့ အချိန်သူ့နာမည်ကို ကျောက်ဖျာပေါ်မှာ ထိုးဖို့ တွေးလိုက်တယ်။

ဒါပေမယ့် ဒီအတွေး ခပ်မြန်မြန်ပဲ ရှင်းသွားတယ်။

ပထမဆုံး။ သူ့မှာ သားရဲကောင်ရဲ့ သွေး လုံလုံလောက်လောက် မရှိဘူး။

ဒုတိယ သူ့နာမည်ကို ရေးနိုင်ရင်တောင် တန်ကျုံးမင်နဲ့ ရှန်းထျန်းကျင်ကို မကျောနိုင်ဘူး။

နောက်ပြီးတော့ ရှန်းထျန်းရင်နဲ့ တန်ကျုံးမင် နှစ်ယောက်လုံး သူများ မြင်းတွေကို ခိုးပြီး သူ့နောက် လိုက်လာရင် ဘယ်လို လုပ်မလဲ။

ဒီလို ဖြစ်ရင် သူလည်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ပန်းတိုင်တောင် ရောက်မှာမဟုတ်။ ဒီ နှစ်ယောက် ကို သူ ဘယ်လို အပြတ်ဖြတ်နိုင်မှာလဲ။

ဖန်ကျန်းရှီရဲ့ ပထမမြှားက သားရဲကောင် နှစ်ကောင်ကို ထိသွားတာ။ အဲ့ဒီ့က သွေးတွေကို ယူပြီး နာမည် မြန်မြန်ရေးတယ်။ ပြီးတော့ မြင်းကို ဒုန်းစိုင်းနှင်သွားတော့တယ်။

ဘယ်သူကမှ ဖန်ကျန်းရှီကို မတားဘူး။

ဖန်ကျန်းရှီ မှာ တကယ်ပဲ လေးခုမြောက် ကျောက်ဖျာ ရှိနေရင်တောင်မှ ကိစ္စမရှိဘူး။ သူတို့လည်းပွဲကြည့်ရုံပေါ့။

အဆုံးထိ ဘေးဖယ်နေဖို့ စီစဉ်ထားတယ်။

“ပြေး” ပြိုင်ပွဲဝင် တစ်ယောက်အော်ရင်း မြင်းပေါ်ကို ခုန်တက်တယ်။

“ ငါတို့ အတူတူပြေးမယ်ပြောထားတာ…. မင်း ဘယ်လိုများ ငါ့ကို ချန်ထားခဲ့တာလည်း” နောက်တစ်ယောက်က ဒေါသတကြီးနဲ့ အော်တယ်။

“ လူလိမ် အုပ်စုကြီးပါလား။ နည်းနည်းလောက် ရိုးသားကြစမ်းပါ။”

ပြိုင်ပွြဝင်တွေ အကုန် မြင်းပေါ်ခုန်တက်ကြပြီ။ ရှေ့ဆုံး လူတွေ နောက်ကို လိုက်တော့တယ်။

ဖန်ကျန်းရှီ ပန်းတိုင်နဲ့ နီးလာပြီ။

ဒါပေမယ့် …

ဖန်ကျန်းရှီ စီးနေတာက ရွံ့မြင်းကျား။ သူတို့ လေးခုမြောက် ကျောက်ဖျာကို တွေ့ရင် အမှီ လိုက်နိုင်မှာပဲ။

…

လူတိုင်း ပန်းတိုင်မှာ စိတ်ရှည် လက်ရှည်နဲ့ စော င့်နေတယ်။ ဝမ်တပေါင်းကတော့ အံ့ဖွယ်ဖြစ်လာဖို့ ဆုတောင်းနေဆဲ။

“ ဆုတောင်းတာ ရပ်တော။ ဖန်ကျန်းရှီ နိုင်မှာ မဟုတ်ဘူး။”

“ လူတိုင်းက ပထမ ကျောက်ဖျာမှာ စောင့်နေတာ။ သူ ပေါ်လာတာနဲ့ အဖမ်းခံရမှာပဲ။ ဘာလုပ်လို့ ရအုန်းမှာလဲ။”

“အတိအကျပဲ။ အကုန်လုံး မေ့ထားတော့ ငွေသာ ပေးဖို့ ပြင်စမ်း။ အကယ်၍ မင်းသာ အခု ရှုံးတာကို ဝန်ခံရင် ။ နောက်လ ထိ စောင့်ပေးမယ်။”

ဝမ်တပေါင်းကို လူ လေးေ ယ ာက် လှောင်ပြောင်နေတယ်။

“ တကယ်လား။” ဝမ်တပေါင်း မေးတယ်။

“ ငါတို့ ပြောပြီးသား စကားကို ပြန်မရုပ်သိမ်းဘူး။”

“ ဒါဆိုရင် ဟုန်ယွဲ့။ ချင်းကျူ။ လုလွီနဲ့ နဲ့ တစ်ခြား မက်မွန်သီးလေးတွေပါ ထပ်ပေါင်း ယူ အုန်းမယ်။” ဝမ် တပေါင်း မျက်လုံးတွေ တောက်ပနေပြီ။

“နေစမ်းပါအုန်း။ ဝမ်တပေါင်း ။ မင်းမှာ ထောက်ပံ့ဟြေားရှိတာ သေချာလား။”

“ ဘာလို့ မရှိရမှာလဲ။ နောက်တစ်လလောက် အေးအေးဆေးဆေးနေလို့တောင်ရတယ်။” ဝမ်တပေါင်းပြောတယ်။ူ

“ သောက်ပိုတွေ။ မင်းက အံ့ဖွယ်ဖြစ်ဖို့ စောင့်နေတာလား။”

“အံ့ဖွယ်လား။” ဝမ်တပေါင်း စူပုတ်သွားတယ်။ ဘယ်လို အံ့ဖွယ်ရာ ဖြစ်လာရအုန်းမှာလဲ။ အဆင့်မြင့် နိုးထနဂါး နှစ်ယောက်တောင် ပါသွားတာကို။

အကယ်၍ ဖန်ကျန်းရှီ နိုင်ရင်တော့လား….

တကယ့် အံ့ဖွယ်ပဲ။

ဝမ်တပေါင်းနဲ့ တခြားသူတွေ အခြေအတင် ဖြစ်နေတယ်။ ဒီအချိန်မှာပဲ ပထမ ကျောက်ဖျာ အရောင်တောက်သွားတယ်။

နာမည် တစ်ခု ပေါ်လာတယ်။

ခပ်ရိုးရိုးနာမည်လေး။ ဒါပေမယ့် အံ့ဖွယ်။

“ ဖန်ကျန်းရှီ”

“ မိုးနတ်မင်းရေ။ အံ့ဖွယ်ပဲ ” ဝမ်တပေါင်း အပျော်လွန်နေပြီ။ ချက်ခြင်းကို စွမ်းအားတွေ ပြည့်သွားသလိုပဲ။

ဝမ်တပေါင်း ပန်းတိုင်မှာရှိတဲ့ အဆင့်ခွဲ ကျောက်ဖျာကြီးကို ဖက်နမ်း တယ်။

ကျောက်ဖျာကြီးကို ပတ်ရင်း စိတ်လွတ်လက်လွတ် ကတော့တယ်။

“ ဘယ် ဘယ်လို ဖြစ်နိုင်တာလဲ။”

“ဖန်ကျန်းရှီက စတုတ္ထ ကျောက်ဖျာကို ဖြတ်လာပြီလား။

“ဘာ။ ” ဖန်ကျန်းရှီက ပထမ ကျောက်ဖျာကို ဖြစ်လာပြီ။ ဘယ်လို ဖြစ်နိုင်မှာလဲ။ တစ်ယောက်ယောက်ကများ သူ့ကို စောင့်နေတာ ပြောလိုက်လို့လား။”

“မဖြစ်နိုင်ဘူး ။လုံး၀ မဖြစ်နိုင်ဘူး။”

အခုဖြစ်နေတာတွေကို ဘယ်သူမှ မယုံကြည်နိုင်။

ဒါပေမယ့်လည်း အမှန်ဖြစ်နေတယ်။

အဆင့်ခွဲ ကျောက်ဖျာက နေရာအခြေတည် ကျောက်ဖျာတွေနဲ့ ဆက်နေတာ။ မှားစရာ အကြောင်းမရှိဘူး။

တအံ့တသြ အော်သံတွေ အမတ်မင်း ထိုင်ခုံ ဘက်က ထွက်လာတယ်။

ရုတ်တ၇က် ပေါ်လာတဲ့ နာမည်ကို သေချာအောင် ထကြည့်နေကြတယ်။

ပထမ ကျောက်ဖျာရဲ့ အောက်ဆုံးမှာ နာမည် တစ်ခု ထင်ထင်ရှားရှားကြီးရှိနေတယ်။

ဖန်ကျန်းရှီ။

အပိုင်း (၂၉၃) ပြီး၏။

အပိုင်း (၂၉၄)

“ ဘယ်သူက ပထမ လဲ။”

“ ဖန်ကျန်းရှီပဲ။ ဒါက ဘယ်လို ဖြစ်နိုင်တာလဲ။” အမတ်မင်းတွေရဲ့ အမူအယာ ပြောင်းသွားတယ်။ ဒီလို ရလဒ်မျိုး ဖြစ်လာမယ်လို့ သူ တစ်ခါမှ မတွေးခဲ့ဖူးဘူး။

ဝန်ကြီးချုပ် ယွီယိဖျင်ရဲ့ အမူအယာကလည်း ကြောက်နေစရာကောင်းနေပြီ။ ဘယ်နေရာမှာ လွဲနေလဲ သူ နားမလည်နိုင်ဘူး။

ဖန်ကျန်းရှီက ဒီလောက်ရာချီတဲ့ ကျောင်းတော်သားတွေ ပထမကျောက်ဖျာမှာ စောင့်နေတာတောင် ဘယ်လိုလုပ် ဖြတ်လာနိုင်တာလဲ။

ဧကရာဇ် လင်းမုပိုင်လည်း အမူအယာ ပြောင်းနေပြီ။ တော်တော်လေးကို စိတ်ရှုပ်ထွေးနေတာ သိသာတယ်။ သူ့မျက်နှာမှာ ခံစားချက်တွေ ရှုပ်ထွေးနေပြီ။

ဘာတွေ ဖြစ်ကုန်တာလဲ။

ဖန်ကျန်းရှီ ပင်းယန်နဲ့ ဘာဖြစ်သွားတာလဲ။

ဧကရာဇ် လင်းမုပိုင် ကိုယ်တိုင်တောင် အံ့သြနေတယ်။ ပင်းယန်နဲ့ ဖန်ကျန်းရှီ ဆက်ဆံရေးကို သူ သိတယ်။

ဖန်ကျန်းရှီက ပင်းယန် ကို သုံးပြှီးတော့ ပထမ ကျောက်ဖျာမှာသူ့နာမည်ကို ရေးရင်တောင် သူအံ့သြမိမှာ မဟုတ်ဘူး။

ဒါပေမယ့်လည်း ….

လူတိုင်း ထိတ်လန့် သွားရတယ်။ စတုတ္ထမြောက် ကျောက်ဖျာမှာလည်း နာမည် တစ်ခု လင်းလာပြီ။

အဆင့်ခွဲ ကျောက်ဖျာမှာ အဆင့်တွေ တဆင့်ချင်း ပေါ်လာပြီ။

ပထမဆုံး ဖန်ကျန်းရှီ သူ့နာမည်အောက်မှာ ပင်းယန်။

ပင်းယန် နာမည်က စတုတ္ထမြောက် ကျောက်ဖျာမှာ ပေါ်လာတယ်။

“ ပင်းယန် မင်းသမီး… ပင်းယန် မင်းသမီး။”

“သူလည်း စတုတ္ထမြောက် ကျောက်ဖျာကို ရောက်သွားပြီ။”

“ စတုတ္ထမြောက် ကျောက်ဖျာကို ရှာတွေ့ပြီလား။”

“ ဘာတွေ ဖြစ်ကုန်တာလဲ။”

ကြည့်နေသူ တွေနဲ့ အမတ်မင်းတွေ စိတ်ရှုပ်ထွေးလာတယ်။ သူတို့ ထဲက တစ်ချို့လည်း တွေးနေတယ်။ ဖန်ကျန်းရှီက ပင်းယန် မင်းသမီးကို သုံးပြီးတော့ သူ့နာမည်ကို ပထမ ကျောက်ဖျာမှာ ရေးတယ်။

ဒါကြောင့် ပင်းယန် ကလည်း ပထမ ကျောက်ဖျာမှာပဲ ရှိမယ်။ ဒါပေမယ့် အခုတော့ ဖန်ကျန်းရှီ နာမည်ပေါ်လာပြီး ငါးမိနစ် အတွင်းမှာပဲ ပင်းယန် နာမည်က စတုတ္ထ ကျောက်ဖျာမှာ ပေါ်လာတယ်။

ကြည့်နေသူတွေ ဖြစ်နိုင်ချေ တစ်ခုကို တွေးမိလိုက်တယ်။

ဖန်ကျန်းရှီက ပင်းယန်ကို သူ့နာမည် ပထမ ကျောက်ဖျာမှာ ရေးခိုင်းတယ်။ နောက်ပြီးတော့ စတုတ္ထကျောက်ဖျာမှာ ပင်းယန် ရဲ့ နာမည်ကို ထိုးပေးတယ်။

ဒါက တစ်ခုတည်းသော ဖြစ်နိုင်ချေပဲ။

ဖန်ကျန်းရှီက စတုတ္ထကျောက်ဖျာ ကို ပထမနေရာဆီ ယူသွားတယ်။ တစ်နည်း ပြောရရင် ဖန်ကျန်းရှီက ကျောက်ဖျာကို ရွေ့သွားတယ်။

“ အရှင်မင်းတရားကြီး။ ကျွန်တော်မျိုး လျှောက်တင်စရာရှိပါတယ်။” အမတ်မင်းဝမ်ချောင် ရှေ့ထွက်လာတယ်။

“ ဟမ်။ လျှောက်တင်စေ။” ဧကရာဇ် လင်းမုပိုင် ချက်ခြင်း အေးဆေးသွားတယ်။ ဧကရာဇ် ဘာတွေတွေးနေလဲ သိဖို့ရာ မဖြစ်နိုင်ဘူး။

ဝမ်ချောင့် စကားကို ကြားတော့ ယွီယိဖျင် မျက်မှောင်ကြုတ်သွားတယ်။ အဲ့ဒီ့နောက် ခေါင်းကို ဖြည်းဖြည်းချင်း ငြိမ့်လိုက်တယ်။

“ ပြိုင်ပွဲ အတွင်းမှာ ပြဿနာ တစ်ခု ကျွန်တော်မျိုးရှာတွေ့ရပါတယ်။ ဒီ ပြဿနာကြောင့် ပြိုင်ပွဲရဲ့ တရားမျှတမှုက မေးခွန်းထုတ်ချင်စရာပါပဲ။ ဒါကြောင့် ဒီပြဿနာကို ချက်ခြင်း လျှောက်တင်ရတာပါ။” ယွီယိဖျင် ခေါင်းငြိမ့်တာ မြင်တော့ ဝမ်ချောင် ဆက်ပြောတယ်။

“ ဘာပြဿနာလည်း ။ ဆက်ပြီးတော့ ပြောပါ” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်လိုက်တယ်။

အမတ်မင်းဝမ်ချောင် ဦးညွှတ်လိုက်တယ်။ ဧကရာဇ် လင်းမုပိုင်က ထွေထွေ ထူးထူး မပြောဘူး။ သူ့မှာ ဆက်ပြောဖို့ အခွင့်အရေးရှိပြီ။

“ပြိုင်ပွဲ စည်းကမ်းချက် အရ။ ကျောက်ဖျာတွေကို ရွေ့ပြောင်းတာ စည်းကမ်းနဲ့ မညီပါဘူး။ ကျောက်ဖျာတွေက နေရာတွေကို ကိုယ်စား ပြုတဲ့ အတွကိ ဒီလို လုပ်တာက မတရားဘူး။ နောက်ပြှီးတော့ ဒီလို သာရွေ့လို့ရနေရင် နောင်လာမယ့် ပြိုင်ပွဲတွေမှာ လူတိုင်းက ကျောက်ဖျာတွေကို ရွေ့နေကြမှာပါ။ ဒီလို အပြု အမူ မျိုးကို ကျွန်တော်တို့ ဘယ်လို များ ကိုင်တွယ် နိုင်တော့မှာလဲ။” ဝမ်ချောင် ပိုပိုသာသာ ပြောတော့တယ။်

“ အရှင်မင်းတရားကြီး ကျွန်တော်တို့ အပြည့်အ၀ ထောက်ခံပါတယ်။ ”

“ အရှင်မင်းတရားကြီး။ ကျွန်တော်လည်း ထောက်ခံပါတယ်။ အကယ်၍ ကျွန်တော်တို့သာ ဒီလို အတင့်ရဲ တဲ့ အပြုအမူမျိုးကို ခွင့်ပြု ပေးလိုက်ရင် ကျွန်တော် တို့ရဲ့ အနာဂတ်လည်း ထိခိုက် ပါလိမ့်မယ်။”

ခပ်မြန်မြန်ပဲ အမတ်မင်း နှစ်ယောက်က ဝမ်ချောင်ကို ထောက်ခံတော့တယ်။

ဝမ်ချောင် ပြောချင်တာကို ဧကရာဇ် လင်းမုပိုင် ကောင်းကောင်း သိတယ်။ ဒါပေမယ့် သူ ချက်ခြင်း ပြန်မဖြေဘူး။ ခဏတာ စောင့်ဆိုင်းနေခဲ့တယ်။

နောက်ဆုံးတော့ ပြိုင်ပွဲက စတင်နေပြီလေ။ ပြိုင်ပွဲ တစ်ဝက်ရောက်မှ စည်းမျဉ်းတွေကို ပြောင်းလိုက်တာက အကျိုးအကြောင်း မဆီလျော်ဘူး။

ယွီယိဖျင် ဧကရာဇ် ရဲ့ အမူအယာကို မြင်တော့ ချက်ခြင်း သဘော ပေါက်လိုက်တယ်။ ဒီ စည်းမျဉ်းကို အတည်ပြုဖို့ အကြောင်းရင်း တစ်ခု လိုတယ်။

စောင့်ကြည့်နေတဲ့ အမတ်မင်းတွေကို မျက်စပြစ်လိုက်တယ်။

စိုက်ကြည့် အလိုက်သိ ဆိုသလို အမတ်မင်းတွေ ချက်ခြင်း အထာပေါက်တယ်။

“ အရှင်မင်းတရားကြီး ။ ဒီလို ကိစ္စရပ်မျိုး ဖြစ်လာတာကို ကြိုတင်ကာကွယ်ဖို့ အတွက် စည်းမျဉ်းထုတ်ပြန်ပေးဖို့ ကျွန်တော်မျိုးတို့ အားလုံး တောင်းဆိုပါတယ်။ ” အမတ်မင်းတွေ အားလုံး ဒူးထောက်လိုက်တယ်။

ဒီအသံတွေကိုကြားတော့ ကနေတဲ့ ဝမ်တပေါင်း တုန်သွားတယ်။

“ ဘာလဲ။” ဝမ်တပေါင်း ထ အော်တယ်။ အဆင့်လွဲ ကျောက်ဖျာကို သူကြည့်တယ်။ “ ဟဟ ။ နာမည်ရှိနေသေးတယ်။ ဒီမှာ နာမည်ရှိနေသေးတယ်။”

သူ ပြန်ကတော့ မလို့ ပြင်ချိန်မှာပဲ ကျက်သေသေသွားတယ်။

ဖန်ကျန်းရှီ နာမည်အောက်မှာ နောက် နာမည် တစ်ခုကို တွေ့လိုက်တယ်။ ပင်းယန်။

“ ပင်းယန် မင်းသမီးက စတုတ္ထ ကျောက်ဖျာကို ရောက်သွားပြီ။ မိုးနတ်မင်း ကယ်ပါ။ ဖန်ကျန်းရှီရေ မြန်မြန်လာပါတော့ဟ” ဝမ်တပေါင်း တတွတ်တွတ် ပြော နေတယ်။

“သူ နိုင်စရာ အကြောင်း မရှိတော့ဘူး။ ထုတ်ပယ်ခံရဖို့ အကြောင်းတောင်ရှိနေပြီ။”

“အတိအကျပဲ။ ဖန်ကျန်းရှီတော့ နိုင်တော့မယ် မထင်ဘူး။”

“ ပြည်သူ တစ်ယောက်က ဘယ်လိုများ အမတ်မင်းတွေ အကုန်လုံးကို ဆန့်ကျင်နိုင်မှာလဲ။”

အာဏာရှိ မိသားစုက ပွဲကြည့်သူတွေ ဝမ်တပေါင်း ကို လှောင်ကြတော့တယ်။

“ မင်းတို့ ဘာတွေ ပြောနေတာလဲ။ ဘာလို့ သူက ထုတ်ခံရမှာလဲ။” ဝမ်တပေါင်း စိတ်ရှုပ်လာတယ်။

“ သူက စတုတ္ထမြောက် ကျောက်ဖျာကို ရွေ့သွားတာကို။ ဒီ လို ကိစ္စမျိုးူက ခွင့်မပြုဘူး။” ကျောင်းတော်သား ကျောင်းတော်သား တစ်ဦး လှမ်းပြော တယ်။

“ ဘာ ဘယ်လို ဖြစ်နိုင်မှာလဲ။ ပြိုင်ပွဲက စတောင် စနေပြီလေ။ မဖြစ်ဘူး။ ဒီစည်းမျဉ်းကို ပြိုင်ပွဲပြီးမှ ပြောင်းဖို့ ဧကရာဇ်ကို တောင်းပန်ရမယ်။”

“ဝမ်တပေါင်း။ မင်း သေချင်နေပြီလား။”

“ မင်း ကန်းနေတာလား။ ဟိုမှာ အမတ်မင်းတွေ ဒူးထောက်နေတာ မမြင်ဘူးလား။”

ဧကရာဇ် မင်းဆီ သွားတောင်းပန်မယ် လုပ်နေတဲ့ ဝမ်တပေါင်းကို လူတွေ ဝိုင်းဆွဲနေတယ်။ ဝမ်တပေါင်း ယက်ကန်ယက်ကန်နဲ့ ပြန်ပါလာ တယ်။

ဝမ်တပေါင်း အမတ်မင်းတွေကို မြင်တော့ လန့်သွားတယ်။ ဘာတွေ ဖြစ်ကုန်တာလဲ။ ဘာလို့ အကုန် ဒူးထောက်နေတာလဲ။

သူတွေးနေတဲ့ အချိန် ဝန်ကြီး ယွီယိဖျင် ရှေ့ထွက်လာတယ်။ ဝတ်ရုံကို ခါတယ်။ ဒူးထောက်လိုက်ပြီ။

“အရှင်မင်းကြီး ။ စစ်တပ်အမိန့်စကား တစ်ခွန်းကို ပြောင်းလဲ နိုင်ဖို့ သတင်းပို့သူတွေ တ၇က်တည်းနဲ့ မိုင် ၃၀၀ကို ဖြတ်သန်းသွားလာရတယ်။ အရင် ဧကရာဇ် မင်းတရားကြီး ရဲ့ အချိန်နဲ့ တပြေးညီ ဆုံးဖြတ် ပြုပြင် နိုင်စွမ်း ကြောင့်သာ မဟုတ်ရင် နတ်ဆိုး မျိုးနွယ်တွေကို နိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒီနေ့ ကိစ္စက သေးငယ် ပေမယ့် ဒီနေ့ရှိတဲ့ သူတွေကို အများကြီး သက်ရောက်ပါတယ်။ အရှင်မင်းကြီး ဆုံးဖြတ်ချက် ချတော်မူပါ။” ယွီယိဖျင် ဝပ်တွားဦးညွှတ်ရင်း လျှောက်တင်တယ်။

“အရှင်မင်းကြီး ဆုံးဖြတ်ချက် ချတော် မူပါ။”

ယွီယိဖျင် နောက်ကို သံယောင်လိုက်ပြီး တညီတည်ွှတ်တည်း အော်ကြတော့တယ်။

ဧကရာဇ် လင်းမုပိုင် အသနားခံသူ တွေကို ကြည့်နေတယ်။ သူ့ရှေ့မှာ ဒူးထောက်နေတဲ့ လူတန်းကြီး အတော်များတယ်။

“ ကောင်းပြီ။ ကိုယ်တော်မှားသွားခဲ့တယ်။ ဒီနေ့ အားလုံးရဲ့ ဆန္ဒအတိုင်း အမိန့်ချမယ်။ စည်းမျဉ်း အသစ်ထုတ်ပြန်မယ်။ ဘယ် ပြိုင်ပွဲဝင်ကမှ ကျောက်ဖျာ တွေကို ရွေ့လိုက မ၇ဘူး။ ဒါပေမယ့် … ဒီ စည်းမျဉ်းက အခု ပြိုင်ပွဲ အတွက်လည်း အကြုံးဝင်တယ်။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်လိုက်တယ်။

မင်းတပါး ရဲ့ စကားလုံး သက်ရောက်မှုကို အမတ်မင်းတွေ ကောင်းကောင်းသိတယ်။ ဧကရာဇ် မင်းရဲ့ စကားလုံးတွေက ရွှေလို အဖိုးတန်တယ်။

အကယ်၍ သူသာ ဒီ စည်းမျဉ်းကို ဘယ်သူမှ မတောင်းဆိုပဲ ပြောင်းလဲ လိုက်ရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။

ဧကရာဇ် လင်းမုပိုင်ရဲ့ စကားတွေကို ကြားကြားချင်း ဝမ်တပေါင်း တစ်ယောက် မြေပြင်ပေါ်ကို လဲကျသွားတယ်။

“ မိုးနတ်မင်းရေ။ ဒီလိုကြီးတော့ မနောက်နဲ့လေ။”

…

ဖန်ကျန်းရှီ ပန်းတိုင်ကို ဒုန်းစိုင်းနှင်လာတယ်။

သူစီးထားတာ ရွံ့မြင်းကျား ပေမယ့် ။ မြင်းကတော့ မြင်းပဲလေ။ နောက်ပြီးတော့ သူ့ရွံမြင်းကျား လမ်းတစ်လျှောက်လုံး အေးအေးဆေးဆေးနဲ့ ပြေးနေတာ။

ပင်းယန် ရဲ့ ကျောက်စိမ်းနှင်းအရှိန်နဲ့တော့ ဘယ်ယှဉ်နိုင်မလဲ။ ကျောက်စိမ်းနှင်းမှာ ခြေသုံးချောင်းပဲ ရှိတော့ရင်တောင် ရွံ့မြင်းကျားကို အေးဆေး နိုင်တယ်။

ဒါပေမယ့် ကျောက်စိမ်းနှင်းက နှစ်ပတ်တောင် ပြေးထားရတာ။

နောက်ပြီးတော့ စစတည်းက ပင်းယန်ကို သုံးမိနစ်သာထားတယ်။ ကျောက်စိမ်းနှင်းက ဘယ်လောက်ပဲ မြန်မြန် ပင်းယန်က သူ့ကို နှာတစ်ဖျား နောက်ကျပြီးသားပဲ။

နောက်ပြီးတော့ ရွံ့မြင်းကျားက အေးအေးဆေးဆေး နားပြီး လမ်းတလျှောက်လုံး ဗိုက်ဖြည့်ထားတာ။ လန်းဆန်းတက်ကြွမှု အပြည့် ရှိတယ်။

ဒီလို ကြောင့် ပန်းတိုင်ကို သူ ရောက်လာတာတောင် သူ့ကို မှီတဲ့ သူ မရှိသေးဘူး။

ပြိုုင်ပွဲကွင်းပြင်က စက်ဝိုင်းပုံစံ ။ စမှတ်ကနေ ပန်းတိုင် အထိက တစ်မိုင်တိတိ ကွာတယ်။

နောက်ပြီးတော့ ဧကရာဇ် မင်းနဲ့ အမတ်မင်းတွေ အပြင် ကြည့်နေသူတွေ ထောင်ချီပြီးတော့ ပန်းတိုင်မှာ ရှိနေတယ်။ ဒါကြောင့် ပန်းတိုင်ကို သွားတဲ့ လမ်းကြောင်း ကန့်လန့်ဖြတ်ထားလို့ မဖြစ်ဘူး။

မဟုတ်ရင် လမ်းတ်လျှောက်လုံး လူတွေနဲ့ ပြည့်ကုန်မယ်။

“ဖန်ကျန်းရှီပဲ။”

“ဖန်ကျန်းရှီ ပြန်လာပြီ။ ရွံ့မြင်းကျားနဲ့ ပန်းဝင်တော့မယ်။”

ကြည့်နေသူ တွေ အကုန် ဖန်ကျန်းရှီ ပြန်လာတာ မြင်တော့ အံ့သြနေတယ်။ နောက်ပြီးတော့ သူတို့ မျက်နှာမှာ လှောင်ရယ်တဲံ အငွေ့အသက်တွေပေါ်လာတယ်။

ဖန်ကျန်းရှီကတော့ တစ်ယောက်ကိုမှ ဂရုမစိုက် ။ နောက်ဆုံး မရောက်ခင်အထိ အနိုင်အရှုံးကို ဘယ်သူမှ မသိနိုင်ဘူး။

ဒီလိုနဲ့ သူလည်း အရှိန်မြင့်လိုက်တယ်။ သူ့မြင်း ကဆုန်ပေါက်ပြေးသွားတယ်။ ဖုန်မှုန့်လုံးတွေ ပွဲကြည့်နေသူတွေကို ဖုံးလွှမ်းသွားတယ်။

“ဖုန်ရှူလိုက်။ ဖုန်ရှုှူလိုက်။ ရှူလိုက်။ ရှူလိုက်….” ဖန်ကျန်းရှီ သူ့ ဘာသူ ပြောရင်းနဲ့ ပန်းတိုင် အမှတ်ကို ကြည့်နေယ။်

ဒီ အချိန်မှာပဲ မြင်းခွာသံတွေနောက်ထပ် ထွက်ပေါ်လာတယ်။ ရဲရဲတောက်နေတဲ့ ပုံရိပ်တစ်ခု ပေါ်လာတော့တယ်။

“ကြည့်ရတာ….”

“ပင်းယန် မင်းသမီး”

“အရှင်မင်းသမီး မြန်မြန်။ ဖန်ကျန်းရှီ ဒီမှာ ရောက်နေပြီ။”

ကြည့်နေသူတွေကတော့ ဖုန်ရှူရတာတောင် သင်ခန်းစာ မရသေးပုံပါပဲ။ ပင်းယန်ကို အော်ဟစ် အားပေးနေရတယ်။

“ဘာ။ဖန်ကျန်းရှီက ရောက်တောင်ေ နပြီလား။” ပင်းယန် မျက်နှာရဲရဲနီသွားတယ်။ ဖန်ကျန်းရှီကို အရှုံးမပေးနိုင်ဘူး။

ပင်းယန်က ကျောက်စိမ်းနှင်းကို အရမ်း တန်ဖိုးထားတယ်။ ရေမိုးချိုး အစာ်ကျွေး အကုန်လုံး သူကိုယ်တိုင် လုပ်ပေးတာ။

ဒါပေမယ့် အခုတော့

သူမရဲ့ ကြာပွတ်ကို ယမ်းလိုက်တယ်။

“ လိမ်လိမ်မာမာ်နေစမ်းပါ။ ငါ မင်းကို တစ်ခါပဲ ရိုက်တာ။ ဒါပေမယ့် ဟို အရှက် မရှိတဲ့ ကောင်ကို အမှီလိုက်ရမယ်။” ပင်းယန် ခေါင်းငုံ့ပြီး ကျောက်စိမ်းနှင်းကို ခပ်တိုးတိုး ပြောတယ်။

ကျောက်စိမ်းနှင်း နားမလည်နိုင် ဖြစ်နေတယ်။ အဲ့ဒီ့နောက် ပင်းယန်ကို ခေါင်းလေးနဲ့ ချစ်စနိုးပွတ်လိုက်တယ်။

ဒီအချိန်မှာပဲ ကျာပွတ်နဲ့ အရိုက်ခံလိုက်ရတယ်။

“အာဝူးးးး”

ကျောက်စိမ်းနှင်း နာလွန်းလို့ အော်လိုက်တယ်။ အရှားပါးဆုံး သတ္တဝါ တစ်ကောင်ဖြစ်တဲ့ အတွက် ကျောက်စိမ်းနှင်းက မာနကြီးတယ်။ တစ်ခါ တုန်းက ဖန်ကျန်းရှီ ရိုက်တာ ခံလိုက်ရတယ်။

အဲ့ဒီ့နေ့ကို အခုထိ မှတ်မိနေဆဲ။

ဒီနေ့ မနက်ဖန်ကျန်းရှီကို မြင်တော့ ထွက်ပြေးချင်နေတုန်းပဲ။ ဒါပေမယ့် ရွံ့မြင်းကျားကို စီးထားတဲ့ ဖန်ကျန်းရှီကို မြင်တော့ ယုံကြည်မှု ပြန်တိုးလာတယ်။

“ သန်းထူတဲ့ မြင်းစုတ်ကို ငါ နိုင်ရမယ်။” ကျောက်စိမ်းနှင်း အရှိန်ပြင်းပြင်းနဲ့ ပြေးလိုက်တော့တယ်။ ရွံ့မြင်းကျား ဒူးတွေတောင် ချောင်လာပြီ။

ရှားပါးမျိုးနွယ် တစ်ကောင်ရဲ့ အရှိန်အဝါနဲ့ အငွေ့အသက်က ငြင်းလို့ရမဘူး။

ချစ်မြတ်နိုးရတဲ့ သခင်ရိုက်တာ ကျောက်စိမ်းနှင်းခံလိုက်ရပြီးပြီ။ သူမ မရိုက်ခင် တီးတိုးပြောတာကို ကြားတယ်။ သန်းထူတဲ့ မြင်းကို ကျော်တက်ဖို့ ။

ကျောက်စိမ်းနှင်း ဒီလို စော်ကား တာကို မခံစားနိုင်ဘူး။

မြေကြီးကို ကဆုန်ပေါက်လိုက်တယ်။ သူ့ခြေထောက်အောက်က မြေကြီး ကွဲအက်ပြီး အဖြူရောင် အလင်းတန်းတွေပေါ်လာတယ်။

တစ်ကိုယ်လုံးက အဖြူရောင်အဟြေားခွံ တွေနဲ့ လည်ဆံမွှေး တောက်ပလာတယ်။

“ဝေါင်းးး”

ကျောက်စိမ်းနှင်းက ရှားပါးလွန်းတဲ့ မြင်းပျံ မျိုးနွယ်ပဲ။ မြင်းပျံ အားလုံးရဲ့ ဘုရင်လို့တောင်ပြောလို့၇တယ်။

အဖြူရောင် အလင်းတန်းနဲ့ အတူ မြေကြီးပေါ်မှာ ဖုန်တစ်ချက်တောင် မထစေပဲ ခုန်လွှားတော့တယ်။

…

ပန်းတိုင်ကို သူ နီးလာတာ မြင်တော့ ဖန်ကျန်းရှီ့ သီချင်းဆိုသံ ပိုကျယ်လာတော့တယ်။ “ ဖုန်ရှုလိုက်။ ဖုန်ရှူလိုက်။ … လူတိုင်း ဖုန်ရှူလိုက်။”

ပျော်ပျော်ရွှင်ရွှင် သီချင်းညီးနေချိန် နောက်ဘက်က အသံကို ကြားလိုက်ရတယ်။

နားအူသွားတာကြောင့် တစ်ချက် လှည့်ကြည့်တယ်။

အဖြူရောင် အလင်းတန်း တစ်ခု သူ့ဆီကို ပျံလာတာ မြင်ရတယ။် ပင်းယန်က အဖြူရောင် အလင်းတန်းပေါ်မှာ ထိုင်နေတယ်။

“ဘာဖြစ်လာတာလဲဟ။ ငလူး”

အပိုင်း (၂၉၄) ပြီး၏“။

အပိုင်း (၂၉၅)

“နောက်ဆုံး အနိုင်”

ကြည့်နေသူတွေ ဆီက အော်သံတွေ ထွက်လာတယ်။ ဒါပေမယ့် ဒီ အလင်းတန်း က ….

“အဲ့တာက ပင်းယန် ”

ဖန်ကျန်းရှီ ပန်းတိုင်ရောက်ဖို့ မီတာ ၃၀၀ လိုသေးတာ မြင်၇တယ်။ ပင်းယန်က သူ့ နောက် မီတာ ၂၀၀ အကွာမှာ။.

သူ့ရဲ့ ပထမ နေရာကို တကယ်ပဲ ရှုံးတော့မှာလား။

မဖြစ်ဘူး။

ကြာပွတ်ကို ရမ်းရင်းနဲ့ ရွံ့မြင်းကျားကို တစ်ချက် ရိုက်လိုက်တယ။်

“ဟီးးးး” ရွံ့မြင်းကျား ဟီတော့တယ်။ ကျောက်စိမ်းနှင်း က သူတို့ နောက်မှာ ရှိနေတယ်။ ဖန်ကျန်းရှီသာ သူ့ မြင်းသူ မရိုက်ရင် သူ့ မြင်းလည်း ရူးသွပ်သွားတော့မယ်။

ခွာကို ပြင်းပြင်း ပေါက်ရင်း ဒုန်းစိုင်း နှင်နေတယ် ။ မူလထက် အရှိန် ၂ဆ တက်သွားတယ်။ တခြားမြင်း တစ်ကောင် အဖြစ် ပြောင်းသွားသလိုပဲ။

“ဖန်ကျန်းရှီ ထွက်ပြေးမှာကို မေ့လိုက်တော့။” ဖန်ကျန်းရှီ အသော့နှင်တာ တွေ့တော့ ပင်းယန် လှမ်းအော်တယ်။ ကျောက်စိမ်းနှင်းကို နောက်တစ်ခေါက် ကြာပွတ်နဲ့ ထပ်ရမ်းတယ်။

လူလိမ်။

ကျောက်စိမ်းနှင်းကတော့ ဒေါသ ထွက်နေပြီ။ ပင်းယန်က တစ်ခါပဲ ရိုက်မယ် လို့ ကတိပေးထားတာ အခုတော့ နောက် တစ်ခါ ထပ်ရိုက်တယ်။

ကျောက်စိမ်းနှင်း အရှိန်မလျှော့်သွားဘူး။ သူ့ရဲ့ အရှိန်က ထပ် မမြန်လာပေမယ့် အားပြင်းတဲ့ အရှိန် အဝါတွေ သူ့ကိုယ်က ပေါက်ကွဲထွက်လာတယ်။

ရွံ့ မြင်းကျားက ဒီ အရှိန် အဝါတွေကြောင့် တစ်ခဏ မျက်လုံး ပြူးသွားတယ်။ သူ့မျက်လုံးထဲမှာ နာကျင်မှုတွေ ပြည့်လာတယ်။

ဒါပေမယ့် တစ်ခဏပဲ တွေဝေပြီး နောက်တစ်ကြိမ် ဒုန်းစိုင်းပြေးတော့တယ်။

…

ပန်းတိုင်မှာ ရှိတဲ့ လူတွေကတော့ ရလဒ်ကို စောင့်ရင်း စိတ်လှုပ်ရှားနေကြပြီ။

ရွံ့မြင်းကျားနဲ့ ကျောက်စိမ်းနှင်း ပြိုင်နေတယ်။ မယုံကြည်နိုင်လောက်အောင်ပဲ သူတို့ရဲ့ အရှိန် နှုန်းက တူနေခဲ့တယ်။ ဘယ်သူ ပန်းတိုင်ကို အရင် ရောက်မလဲ ပြော မရဘူး။

“ ပင်းယန် မင်းသမ်ီး အမှီလိုက်လာပြီ။”

“ ကျော်ပလိုက်စမ်းပါ မင်းသမီးရယ်။ ဖန်ကျန်းရှီနဲ့ သူ့ရွံ့မြင်းကျားကို တုန်းလင်း မြို့ ဆီ ပြန်ပို့လိုက်။”

“ ရွံ့မြင်းကျား တစ်ကောင်က ကျောက်စိမ်းနှင်းကို ဘယ်လိုများ ယှဉ်နိုင်မှာလဲ။ ယုတ္တိ မတန် လိုက်တာ။ ”

အသံတွေ ဘေးက ထွက်လာတယ်။ ဝမ်တပေါင်း က လွဲပြီး ဘယ်သူမှ ဖန်ကျန်းရှီ နိုင်တာကို မတွေ့ချင်ကြဘူး။

အကယ်၍ ဖန်ကျန်းရှီသာ ရွံ့မြင်းကျားကို စီးပြးီ တကယ် နိုင်သွားခဲ့ရင် ….

သူတို့ မျက်နှာတွေ ဘယ်သွားထားရမှာလဲ။

ဖန်ကျန်းရှီက နောက်ဆုံးမှာထုတ်ပယ်ခံရရင်တောင် ။ ဒီလိုမျိုး ပထမနေရာ ရသွားမှာ ကို မကြည့်နိုင်ဘူး။

အမတ်မင်းတွေလည်း စိတ်ရှုပ်ထွေးနေတယ်။

ဒီလို ပြိုင်ပွဲမျိုးက အာဏာကြီး မိသားစုနဲ့ ငွေရှင်ဟြေားရှင်တွေ အတွက်ပဲ။ ပြည်သူတွေ ဒီမှာ မရှိသင့်ဘူး။

ပင်းယန် နိုင်သွားတာက မမျှော်လင့်စရာ ဖြစ်ရင်တောင် သူမက တော်ဝင်သွေးသားပဲ။ လက်ခံနိုင်စရာ ရလဒ် တစ်ခုပဲ။

ဒါပေမယ့် ဖန်ကျန်းရှီသာ ပထမ ဖြစ်သွားခဲ့ရင် ဘယ်လို သမိုင်းကြောင်း ဖြစ်သွားတော့မလဲ။

ဧကရာဇ် လင်းမုပိုင်ကတော့ ပြုံးနေတယ်။ ဘယ်လို ရလဒ် ရရ။ သူ့ စိတ်ထဲမှာတော့ သိပြီးသားပဲ။

ဒါ့ကြောင့် ဒီ ပြိုင်ပွဲအတွက် ဆုကို ပွင့်ပွင့်လင်းလင်း ကြေညာနိုင်တယ်။

ကျောင်းတော်သားတွေနဲ့ အာဏ်ာရှင် မိသားစုက လူတွေ ဧကရာဇ် မျက်နှာသာပေးတာ ခံရဖို့ ကြိုးစားနေတယ်။ ဧကရာဇ်က ဒီ ပြိုင်ပွဲကို ကျင်းပပေးတာ သဘောထား ကြီးမားကြောင်းကို ပြချင်လို့ပဲ။

ဒါက အင်ပါယာကို အုပ်ချုပ်သူ တစ်ယောက် အတွက် အရေးကြီးတယ်။

ဧကရာဇ် မင်း တစ်ပါး အနေနဲ့ ထည့်စဉ်းစား စရာ တွေ မနည်းဘူး။ ပထမဆုံး အင်ပါယာကို အင်အားညီမျှအောင် ထားရမယ်။ ဒုတိယက သူ့ နိုင်ငံ့ နဲ့ ပြည်သူ တွေကို ဂရုစိုက်ရမယ်။

ဒါကြောင့် သူ ပေးမယ့် ဆုကလည်း ထုံးစံ အတိုင်း တန်ဖိုး မဖြတ်နိုင်ဘူး။

ဒါပေမယ့် သူ့ လက်အောက်က လူ တိုင်းကိုတော့် ညီတူညီမျှ မဆက်ဆံ နိုင်ဘူး။

ဘယ်သူမှလည်း ဒီလို လုပ်နိုင်မှာ မဟုတ်ဘူး။

ဒီ ပြိုင်ပွဲ အတွက် ဧကရာဇ် လင်းမုပိုင် ဆုကို တရားဝင် မကြေညာရသေးဘူး။ သူ့ စိတ်ထဲမှာ ကွဲပြားတဲ့ ဆု နှစ်ခု ရှိတယ်။

နှစ်ခုလုံးက အဖိုးမဖြတ်နိုင်ဘူး။

ဒါပေမယ့် သူတို့ရဲ့ အဓိပ္မာယ်က လုံးဝကို ကွာခြားတယ်။

တစ်ခုကတော့ ရွှေငွေတွေနဲ့ တန်ဖိုး ဖြတ်လို့ ရတယ်။ နောက်တစ်ခုက တော့ ဘာနဲ့မှ တန်ဖိုး ဖြတ်လို့ မရဘူး။

အကယ်၍ ဒါကိုသာ ပင်းယန်ဆီ ပေးလိုက်ရင် ညာဘက် အိတ်ထဲကနေ ဘယ်ဘက်အိတ်ကို ပြောင်းထည့် တာနဲ့ မခြားဘူး။ သူ့ရဲ့ စိတ်ထားကြီးမြတ်မှုနဲ့ တရားမျှတမှုကို ချီးမွမ်းခံရရုံ တင် မကဘူး ရတနာကိုလည်း တော်ဝင် မိသားစုထဲမှာ ထိန်းသိမ်း ထားနိုင်မယ်။

ဒါက အကောင်းဆုံးရလဒ်ပဲ။

ဒါပေမယ့် ဖန်ကျန်းရှီကို ပေးဖို့ လို လာ ခဲ့ရင် …

လုံး၀ ပေးဖြစ်မှာ မဟုတ်ဘူး။ ရှန်းထျန်းရင် ဒါမှ မဟုတ် တန်ကျုံးမင်ကိုလည်း ပေးမှာ မဟုတ်ဘူး။ ကျန်းဖေးယွီလို တော်ဝင် မိသားစုနဲ့ သွေးနီးတဲ့ သူကိုတောင် မပေးဘူး။

ဒါပေမယ့် ရလဒ်က မရှင်းလင်းသေးဘူး ။

ဒါကြောင့် သူ့ရဲ့ ကြီးမြတ်တဲ့ ပုံရိပ်ကို ဖော်ပြဖို့ နောက်ဆုံးမှာ ဆုံးဖြတ်လိုက်တယ်။ “ ကိုယ်တော် ပေးလိုက်ဖို့ ဆုံးဖြတ်ပြီးပြီ။ ဒါပေမယ့် မင်းမှာ နိုင်ဖို့ အရည်အချင်းမှ ဒါကို ရမှာ။ မနိုင်ရင်တော့ မင်းလည်း ကိုယ်တော့်ကို အပြစ်မတင်ပါနဲ့။”

ဧကရာဇ် လင်းမုပိုင် ဟန်ဆောင်ပန်ဆောင် ပြုံးနေခဲ့တယ်။

…

“ကျာ့ ကျာ့ ” မြင်းခွာသံတွေ ကျယ်သထက် ကျယ်လာတယ်။

ဖန်ကျန်းရှိလည်း စိတ်ရှုပ်ထွေးလာတယ်။ သူ ပန်းတိုင်ကို ရောက်တော့မယ် ဒါပေမယ့် ပင်းယန်က အမှီ လိုက်နေပြီ။ သူ့နောက်မှာ ရောက်နေပြီ။

“ဟား ဟား။ ဖန်ကျန်းရှီ နင် ရှုံးတော့မယ်။” ပင်းယန် ဖန်ကျန်းရှီကို ကြည့်ရင်း ပြုံးနေတယ်။ အနိုင်ဆိုတာ သူမ လက်ထဲမှာပဲ။

“ ဟုတ်လို့လား။ မင်း ငါ့ကို ကျော်ရဲ ရင် ကျော်ကြည့်လေ။ ငါ့ လျှို့ဝှက် လက်နက်စာ မိသွားမယ်။” ဖန်ကျန်းရှီ ပင်းယန်ကို လှည့်ပြီး ခြိမ်းခြောက်တယ်။

“အရှက်မရှိတဲ့ ကောင်။ နင်လုပ်ရဲလို့လား။ ဒီမှာ ကြည့်နေတဲ့ သူတွေ အများကြီး စမ်းကြည့်လေ။” ပင်းယန်စိတ်ပျက်လက်ပျက် အော်တယ်။

တရားမျှတမှုက ဒီ ပြိုင်ပွဲကို ဆုံးဖြတ်တယ်။

မိတ်ဆွေ ဆက်ဆံရေးကတော့ နောက်မှာ ခေါက်ထားလိုက်ပြီ။

ပုံမှန် အခြေအနေမျိုးမှာ ပြိုင်ပွဲ အတွင်း လျှို့ဝှက်လက်နက်တွေ ဘာတွေ သုံးတာ ပုံမှန်ပဲ။ ဒါပေမယ့် လူအများကြီး ကြည့်နေရင်တော့ သုံးဖို့ ခက်ပြီ။

“ လျှို့ဝှက်လက်နက်” ဖန်ကျန်းရှီ လက်ဟန်ပြရင်း ပင်းယန်ကို လှမ်းပြောတယ်။

“အရှက် မရှိတဲ့ကောင်။ အတင့်ရဲလိုက်တာ။” ဖန်ကျန်းရှီရဲ့ လက်ဟန်ကို မြင်တော့ ပင်းယန် မျက်လုံးပြူးသွားတယ်။ ဒီ ကောင် ဒီလောက် သတ္တိရှိမယ်လို့ မထင်ထားမိဘူး။

ဒါပေမယ့် ဖန်ကျန်းရှီ လက်ထဲက ဘာမှ ထွက်မလာဘူး။

ဖန်ကျန်းရှီ သူမကို ခြောက်လှန့်နေတာမှန်း သိတော့ သူမ လန့်သွားတယ်။

ပြန်အော်တော့မယ် အချိန်မှာပဲ ကြက်သေသေသွားတော့တယ်။

လူသတ်ချင်နေတဲ့ မျက်လုံးတွေကို တွေ့လိုက်ရတယ်။ အလင်းဓားတွေ လိုမျိုးေ အးစက်ပြီး သေစေနိုင်တဲ့ အငွေ့အသက်တွေ ပြည့်နေတဲ့ မျက်လုံးတွေ။

ဒါက လူ သတ်နိုင်လား။

ဘယ် သတ်နိုင်မလား။

မြင်း တကောင်ကိုကော သတ်နိုင်လား။

မဖြစ်နိုင်ဘူး။ ဒါပေမယ့် မြင်း တစ်ကောင်ကိုတော့ ကောင်းကောင်း ခြောက်လှန့်နိုင်တယ်။

“ ဝေါင်းးးး” ရှေ့ကို အားသွန်ခွန်စိုက်ပြေးနေတဲ့ ကျောက်စိမ်းနှင်း ဖန်ကျန်းရှီ နဲ့ အကြည့်ချင်း ဆုံသွားတယ်။ ချက်ခြင်း ရပ်တန့်သွားတယ်။

ရုတ်တရက် ရပ်သွားတော့ ပြင်းယန် တုန်ယင်သွားတယ်။ သူမရဲ့ မြင်းစီး စွမ်းရည် ကောင်းလွန်းတာကြောင့် မဟုတ်ရင် မြင်းပေါ်က ပြုတ်ကျမှာ အမှန်ပဲ။

“ အားးး…… ဖန်ကျန်းရှီ ။ အရှက်မရှိတောင် ။ ေ-ွးသား။ ” ကျောက်စိမ်းနှင်းဘာလို့ ဒီလို တုံ့ပြန်မှန်း သူမ သိတယ်။

နောက်ဆုံး တစ်ကြိမ် ဖန်ကျန်းရှီနဲ့ တွေ့တုန်းကလည်း ဒီလို ကြောက်လန့်တကြား ထွက်ပြေးတာပဲ။

ဒါကြောင့် မနက်တည်းက ကျောက်စိမ်းနှင်း ဖန်ကျန်းရှီကို မကြောက်အောင် ကျင့်သားရအောင် လှည့်ပတ် ပေးနေတယ်။ ကျောက်စိမ်းနှင်း နေသားကျ သွားတော့ ပင်းယန်လည်း အဆင်ပြေ သွားပြီ ထင်ခဲ့တယ်။

ဒါပေမယ့် ဖန်ကျန်းရှီရဲ့ ကြောက်စရာ မျက်လုံးတွေကြောင့် အခြေအနေက ပြောင်းသွားပြီ။ ဈေးမှာ လေလံတင်ရောင်းခံရတဲ့ အဖြစ်တွေ။ အရေပြားဖြူဖြူ မှာ အနီကွက်တွေ ထ အောင် အကန်ခံရတဲ့ အဖြစ်တွေ ဒီ အတွေ့အကြုံတွေကို ပြန်မှတ်မိလာတယ် ။

“မြန်မြန်ပြေး ” ဖန်ကျန်းရှီ ပင်းယန်ကို အာရုံ မစိုက်တော့ဘူး။ သူ့ မြင်းကို နောက်တစ်ခါ ကျာပွတ်နဲ့ ရိုက်တယ် ။ မ

အခွင့်ရေး ကောင်းက လက်လွှတ်ခံလို့ မရဘူး။

“ ဟီးးးး” ရွံ့ မြင်းကျား ဟီလိုက်ပြီးတော့ ပန်းတိုင်ကို ကဆုန်ပေါက် ပြေးတော့တယ်။

…

ကြည့်နေသူ တွေ သူတို့ မြင်တာကို မျက်လုံးြ့ပူးနေတယ်။

ပင်းယန်က ဖန်ကျန်းရှီ အနားကို ရောက်နေပြီ။ ဒီ အရှိန်အတိုင်း ဆက်သွားရင်တောင် ပထမ နေရာ ရမှာပဲ။

ဒါပေမယ့် ကျောက်စိမ်းနှင်းက ရုတ်တရက် ရပ်သွားတယ်။

တစ်ချက်လေးတောင် မလှုပ်တော့ဘူး။

ကျောက်စိမ်းနှင်း ဘာဖြစ်သွားလဲ ကြည့်နေသူတွေ နားမလည်နိုင်။ ဒါပေမယ့် သူတို့ ခေါင်းပေါ်မှာ ရေခဲ တုံးကြီး လာဖိ ထားသလို ခံစားလိုက်ရတယ်။

ကျောက်စိမ်းနှင်း ရပ်နေတဲ့အချိန် ဖန်ကျန်းရှီနဲ့ သူ့ ရွံ့မြင်းကျားကတော့ ပန်းတိုင်ကို ရောက်သွားပြီ။

ကျောက်စိမ်းနှင်းက ပန်းတိုင်နဲ့ ၂၀ မီတာပဲ လိုတော့လည်း ။

မိုးနတ်မင်းရေ။ သေလိုက်ပါတော့လား။

“ဖန်ကျန်းရှီ…….” ပင်းယန် ဆူဆောင့်နေပြီ။ ပထမ နေရာက သူ အပိုင် ဖြစ်ရမှာ။ အခုတော့ ဖန်ကျန်းရှီရဲ့ လူသတ်အကြည့်ကြောင့် ရှုံးသွားပြီ။

လျှို့ဝှက် လက်နက်လား။

ဒီ အကြည့်က တကယ်ပဲ လျှို့ဝှက် လက်နက်လား။

“ မင်း ဘာတွေ အော်နေတာလဲ။ ငါမရှိရင် မင်း ဒုတိယ နေရာတောင် ရမှာလား။ ကိုယ်ရတာကို ပျော်ပျော်ကြီးလက်ခံဖို့ သင်ယူစမ်းပါ။” ဖန်ကျန်းရှီ လှမ်းအော်ယ်။

“….” ပင်းယန် ပါးစပ် ဟနေပြီ။ ပြန်ငြင်းပြီး အော်လိုက်ချင်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို ငြင်းဖို့ အကြောင်းရင်း ကောင်းကောင်း မရှီဘူး။

မဟုတ်ရင် ဒုတိယ နေရာတောင် သူမ ရမှာ မဟုတ်ဘူးလေ။

“ဟွန့်” ပင်းယန် နှာမှုတ်ရင်း မျက်နှာလွှဲလိုက်တယ်။

ကျောက်စိမ်းနှင်းက ပန်းတိုင်ကို သတိကြီးကြီးနဲ့ လျှောက်လာတယ်။ ဖန်ကျန်းရှီ လက်ထဲက ကြာပွတ်ကို မျက်လုံး မလွှဲ ပဲ။ ဝေးဝေး ရှောင်နေတယ်။

ကြည့်နေသူ တွေနဲ့ အမတ်မင်းတွေ ဖန်ကျန်းရှှီ ပြောတာကို နားထောင်နေတယ်။ “ငါမရှိရင် မင်း ဒုတိယ နေရာတောင် ရပါ့မလား။ ”

သူတို့ အားလုံး တစ်ယောက်ကို တစ်ယောက်ကြည့်တယ်။ ဖန်ကျန်းရှီနဲ့ ပင်းယန် အပေးအယူ လုပ်ထားတယ်။

သူတို့ ခန့်မှန်းထားတာကို ပြန်တွေးလိုက်တယ်။

သိပ်မကြာခင်ပဲ ဘာတွေ ဖြစ်နေလဲ ဆိုတာ နားလည်လိုက်တယ်။

ဖန်ကျန်းရှီက ပင်းယန်ကို သုံးပြီးတော့ ပထမ ကျောက်ဖျာကို ဖြတ်တယ်။ ပြီးတော့ စတုတ္ထ ကျောက်ဖျာကို ပေးတယ်။

ဒါက တစ်ခုတည်း သော ဖြစ်နိုင်ချေပဲ။

ဒီလိုပဲ ဖြစ်မှာ။

သူတို့ တွေးနေတဲ့ အချိန် နောက်ထပ် နာမည်တွေ ကျောက်ဖျာ ပေါ်မှာ ပေါ်လာတယ်။

မင်းသားကိုး လင်းယွမ်။ ကျန်းဖေးယွီ…

နောက် ပြိုင်ပွဲ ဝင်တွေရဲ့ နာမည်တွေ အကုန်လုံးပေါ်လာတယ်။

ကျောက်ဖျာ တစ်ခုလုံး နာမည်တွေ ပြည့်သွားပြီ။

ဒါက ဖန်ကျန်းရှှီ ကျောက်ဖျာကို တစ်ခုခု လုပ်ထားတယ် ဆိုတဲ့ အတွေးကို ပိုခိုင်မာစေတယ်။ မဟုတ်ရင် ပြိုင်ပွဲဝင်တွေ ဘာလို့ ဒီလောက် ကြာကြာ စောင်ေ့နမလဲ။

ဖန်ကျန်းရှီက သူ နိုင်ဖို့ အတွက် ကျောက်ဖျာကို ပန်းတိုင်နားမှာ ချ ထားတာ ဖြစ်မယ်။

ဖန်ကျန်းရှီ လောင်ရယ်ချင်တဲ့ အကြည့်တွေနဲ့ ကြည့်နေကြပြီ။ နောက်ဆုံးရလဒ်က ဘာဖြစ်မလဲ သူတို့ သိပြီးြ့ီလေ။

ချက်ခြင်း ဆိုသလို တိုက်ပွဲဝင် စစ်မြင်းပျံတွေ ပန်းတိုင်ဆီ ရောက်လာတယ်။

မင်းသားကိုး က ပထမဆုံး ရောက်လာတယ်။ သူ့နောက် မလှမ်းမကမ်း မှာ ကျန်းဖေးယွီ ပါလာတယ်။

မင်းသားကိုးက ပင်းယန်နဲ့ အတူ စတုတ္ထ မြောက် ကျောက်ဖျာဆီ သွားတာ မဟုတ်ဘူး။ သူ့ကတိ အတိုင်း တခြားပြိုင်ပွဲ ဝင်တွေကို လမ်းဘေးမှာ ရပ်စောင့်နေတာ။

ဒါပေမယ့် သူ့ရဲ့ ခရမ်းလျှပ်စီး မြင်းပျံနဲ့ မြင်းအကြောင်း နားလည်လွန်းတာက တတိယ နေရာကို ရစေတယ်။

ဒီလိုနဲ့ ပြိုင်ပွဲကြီး ပြီးသွားပြီ။

အခုတော့ ရလဒ်ကို ကြေညာဖို့ အချိန် ရောက်ပြီ ။

ဥပဒေ ရေးရာ ဝန်ကြီး ဌာနက ပြောရေးဆိုခွင့်ရှိတဲ့ သူတွေ ဒီၤ အချိန်မှာ ရှေ့ထွက်လာတယ်။ ရလဒ် အကြောင်းကို ဆွေးနွေးပြီးပြီ။ ရလဒ်နဲ့ ထုတ်ပယ်တာကိုလည်း သူ တို့ ကြေညာဖို့ ပြင်ပြီးပြီ။

ဒါပေမယ့် သူ့ ရှေ့ထွက်ဖို့ ပြင်ချိန် ဧကရာဇ် လင်းမုပိုင် ကြည့်နေတာကို မြင်လိုက်တယ်။

ဧကရာဇ် မင်းကိုယ်တိုင် ကြေညာချင်တာကို သူသိလိုက်တယ်။

ဒါက သဘောထားကြီးမှုကို ပြတာပဲ။

“အခုတော့ ပြိုင်ပွဲကြီး ပြီးဆုံးသွားပြီ။ မိန့်မှာစကား ပြောပေးဖို့ ဧကရာဇ်ကို ဖိတ်ခေါ်ပါရစေ။ ”

ဧကရာဇ် လင်းမုပိုင် ရှေ့ထွက်လာတယ်။

“ ရလဒ်တွေက အဆုံးအဖြတ် မထွက်သေးတော့ များများစားစား ပြောစရာ မရှိပါဘူး။ ကိုယ်တော် ဆုတွေကို ကြေညာမယ်။”

ရလဒ် မထုတ်ခင် ဆုတွေကို ကြေညာပေးတာက လူတွေကို သဘောထား ကြီးကြောင်း ပြရာရာက်တယ်။

“ ဝိုးးး” လူတိုင်း ဆုတွေကို စောင့်ဆိုင်းနေကြတယ်။

ဧကရာဇ် လင်းမုပိုင် မျှော်လင့် တကြီး မျက်ဝန်းတွေကို မြင်တော့ ပြုံးလိုက်တယ်။ ဒါက သူ လိုချင်တဲ့ ကိစ္စပဲ။

ကျောင်းတော်သားတွေနဲ့ အာဏာကြီးမိသားစုက လူတွေကို သူက တရားမျှပြီး သဘောထားကြီးတယ် ဆိုတာ လုံး၀ သိစေရမယ်။

အပိုင်း (၂၉၅) ပြီး၏။

အပိုင်း (၂၉၆)

“ ဆိတ်ဆိတ်နေသင့်”

လူထု ပရိသတ်ရဲ့ တုံ့ပြန်မှုကို မြင်တော့ ဧကရာဇ် လင်းမုပိုင် ချောင်းဟန့်လိုက်တယ်။ လက်ဝါးကို ဆန့်ထုတ်လိုက်တော့ ဖိနပ်တစ်စုံ ။

အပြာရင့်ရောင် ဖိနပ်မှာ ရွှေ ကနုတ်တွေ စီခြယ်ထားတယ်။ တိမ်သဏ္ဍာန် ကနုတ်တွေ လည်း ဖိနပ်ပေါ်မှာ လှလှပပ ရေးထွင်းထားတယ်။ ဖိနပ်ကို ဘယ်အရာနဲ့ ပြုလုပ် ထားလည်း ဆိုတာ ပြောဖို့ မဖြစ်နိုင်ဘူ။ သတ္တုပျော့ တစ်မျိုးနဲ့ လုပ်ထားဟန်ပဲ။

ဖန်ကျန်းရှီကတော့ ဖိနပ်တွေကို စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေတယ်။ “ဆုကဒီ ဖိနပ်တွေတဲ့လား ???”

စိတ်ပျက်စရာကောင်းချက်။

လူတွေကြားက ယုံကြည်မှု ဘယ်မလဲ။

( ငါထင်တာ ဆုကကောင်းကောင်း ကန်းကန်း ဖြစ်မယ်။ အနည်းဆုံးတော့ ရွှေသေတ္တာ သုံးလေးလုံး လောက် ပေါ့။ ဒီ ဖိနပ် က ဘယ်လောက် တန်မှာလဲ။)

ဖန်ကျန်းရှီၤကတော့ အတော်လေးကို စိတ်ပျက်နေခဲ့ပြီ။ ဒါပေမယ့်လည်း ကြည့်နေသူတွေကတော့ တအံ့တသြ အမူအယာတွေနဲ့ အော်ဟစ်နေကြတယ်။

“ လေညှင်းဆောင် တိမ်တိုက် ဖိနပ်ပဲ။”

“မိုးနတ်မင်းရေ။ လေညှင်းဆောင် တိမ်တိုက် ဖိနပ်တွေပါလား။”

“ အံ့သြဖို့ ကောင်းလိုက်တာ။ ငါသာ သိခဲ့ရင် ပြိုင်ပွဲမှာ ဝင်ပြိုင်ပါမယ်။ မိုးနတ်မင်းရေ….. ဒီ ဖိနပ်တွေကို ဘယ်သူ မလိုချင်မှာလဲ။ ”

ကြည့်နေသူတွေရဲ့ မျက်လုံးတွေမှာ မနာလို စိတ်တွေ ပြည့်လာတယ်။ တချို့ဆိုရင် သွားရည်တမြားမြားနဲ့ ဖြစ်နေကြပြီ။

ယှဉ်ပြိုင်ခဲ့သူတွေလည်း ဆုကို မြင်တော့ ခေါင်းကိုက်နေကြပြီ။ စတုတ္ထမြောက် ကျောက်ဖျာကို တွေ့အောင် မရှာပဲ နဲ့ သူများတွေ သွားတဲ့ လမ်းကို လိုက်ခဲ့တဲ့ ကိုယ့်ကိုယ်ကို နောင်တရနေကြတယ်။

မဟုတ်ရင် လေညှင်းဆောင် တိမ်တိုက် ဖိနပ်တွေက သူ့ အပိုင် ဖြစ်လာမှာ။

ဒီလို တွေးနေကြတယ်။ ဖန်ကျန်းရှီကို သဝန်တို မုန်းတီးတဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်။ “ လေညှင်းဆောင် တိမ်တိုက် ဖိနပ်တွေကို ဒီ အရှက်မရှိတဲ့ ကောင် ရတော့မှာလား။ ဒေါသ ထွက်စရာ ကောင်းလိုက်တာ။ ”

ပွဲကြည့်သူတွေကတော့ ဖန်ကျန်းရှီကို လှောင်ပြုံးပြုံးနေကြတယ်။

လေညှင်းဆေ ာင် တိမ်တိုက် ဖိနပ်တွေကို မင်း လိုချင်တယ်လား။

မဖြစ်နိုင်ဘူး။

လူတစ်ဝက် လောက်က ဖန်ကျန်းရှီကို မနာလို မုန်းတီးစိတ်နဲ့ ကြည့်နေတယ်။ တစ်ဝက်ကတော့ လှောင်ပြုံးပြုံးနေကြတယ်။

ဖန်ကျန်းရှီကတော့ တစ်ခုကိုမှ ဂရုမစိုက်ပါဘူး။

“လေညှင်းဆောင် တိမ်တိုက် ဖိနပ် ။ အဲ့တာ ဘာကြီးလဲ။ ဈေးကြီးလို့လား။”

သူတွေးနေ ခဲ့တယ်။ သက်ကြီးပိုင်း ပွဲကြည့်ပရိသတ်တွေက သူတို့ အသိပညာ ကြွယ်ကြောင်း ပညာပြတော့တယ်။

“ ဧကရာဇ် မင်းက ဒီလောက်တောင် စိတ်သဘောထား ကြီၤးမြတ်လိုက်တာ။ ဒီ ပြိုင်ပွဲအတွက် လေညှင်းဆောင် တိမ်တိုက် ဖိနပ်ကိုတောင် ဆုအဖြစ်ပေးတယ်၊ ငါ ကြက်သီးတောင် ထ နေ ပြီ။”

“ ဟုတ်ပ့။ လေညှင်းဆောင် တိမ်တိုက် ဖိနပ်တွေက တကယ့် ရတနာစစ်စစ်ပဲ။”

“ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ရတနာ ဆယ်ပါးထဲမှာ မပါပေမယ့်လည်း အရမ်း အင်အားကြီးတာ ၊”

“ နောက်ပြီးတော့ ဒီ လေညှင်းဆောင် တိမ်တိုက် ဖိနပ်ကို ငါတို့ ဘိုးဘေးတွေ အင်ပါယာ တည်ထောင်တဲ့ အချိန် တုန်းက သုံးခဲ့တာ။ လုံးဝကို ပြိုင်ဘက်ကင်း ရတနာပဲ။ ”

“ ဒါက တစ်ချက်ပေါ့။ နောက်တစ်ခုက ဒီ ဖိနပ်ကို စီးထားရင် နှင်းလွှာပေါ်မှာ သွားရင်လည်း ခြေရာမထင်ဘူး။ ဒီဖိနပ်နဲ့ ဆိုရင် တောင်ကိုလည်းကျော်နိုင်တယ်။ မြစ်ကိုလည်း ဖြစ်နိုင်တယ်။ လွင်ပြင်တွေကိုလည်း အရှိန်မြင့်မြင့်နဲ့ အချိန် တို အတွင်း ဖြတ်နိုင်တယ်။ ”

ဖန်ကျန်းရှီၤ ဒါကို ကြားတော့ ပါးစပ်ဟ သွားတယ်။ ဒီရတနာက ဒီလောက်ထိ အင်အားကြီးတာလား။ ဒီဖိနပ်နဲ့ ဆိုရင် သူတော့ အေးအေးဆေးဆေး ပြေးနိုင်မှာပဲ။

ဖန်ကျန်းရှီ ပြုံးနေပြီ။

မဆိုးဘူး ။ ဒါက သူ့ အတွက် အကောင်းဆုံးပဲ။

ပွဲကြည့်သူတွေကတော့ ဖန်ကျန်းရှီ ဘာတွေ တွေးနေလဲ မသိကြဘူး ။ ဖိနပ်ကို ထွက်ပြေးတဲ့ နေရာမှာ သုံးဖို့ တွေးနေတာသာ သိရင်တော့ သူတို့ သတ်ချင်ကြမှာ အမှန်ပဲ။

ဧကရာဇ် လင်းမုပိုင်က ဒုတိယ နဲ့ တတိယ အတွက် ဆုတွေကို ကြေညာပေးတယ်။

ရတနာ တစ်ခုချင်းစီ က အသက်ရှူ မှားလောက် အောင် လန့်စရာ ကောင်းတယ်။

ဖန်ကျန်းရှီ က ဒီ ရတနာတွေကို တစ်ခုမှ မသိဘူး။ ဒါကြောင့် သူများတွေလိုလည်း မလန့်ဘူး။ သူ့ အတွေးက ရိုးရှင်းတယ်။ ရတနာတွေကို တတ်နိုင်သလောက် များများ စုရမယ်။ အခြေအနေ မကောင်းရင် ဒါတွေကို လက်နက်ပုန်း အဖြစ် သုံးလို့ရတယ်။

သုခမိန်လောကထဲက ယဉ်ရှန်နဲ့ တိုက်ပွဲမှာ ရဲရဲတောက် ချီလင်လှံက အကျိုး ကောင်ကောင်း ပေးတာပဲ။

ဆုတွေကို ပြ ပြီးနောက် ဧကရာဇ် လင်းမုပိုင် နောက်ထပ် စကား မဆို တော့ဘူး။

ဥပဒေရေးရာ ဝန်ကြီး ဌာနက အမတ်မင်း တစ်ဦး ရှေ့ထွက်လာတယ်။ သူ စကား ပြောဖို့ အချိန်ရောက်ပြီ။

“ ကောင်းပြီ။ ရလဒ်ကို မကြေညာခင် ကြေညာ စရာ တစ်ခု ရှိတယ်။ ပြိုင်ပွဲမှာ တရားမျှတမှုက အရေးအကြီးဆုံးပဲ။ ဒါကြောင့် စည်းမျဥ်းတွေကို ချိုးဖောက်တဲ့ မည်သူ မဆို ထုတ်ပယ်ခံရမယ်။”

အမတ်မင်း လူထုပရိသတ်ကို တစ်ချက်ကြည့်တယ်။ ဒီစကားကြောင့် ပြိုင်ပွဲဝင်တွေ မျက်လုံးပြူးနေခဲ့ကြပြီ။

သူတို့ အတွေးတွေ မှန်လောက်တယ်။

“ မြင်းပြိုင်ပွဲနဲ့ အမဲ လိုက်ပွဲတွေက ရာစုနှစ်ချီပြီး ကျင်းပခဲ့တယ်။ စည်းမျဥ်းတွေကိုလည်း ပြောင်းလဲ မှု မရှိဘူး။ ဒါပေမယ့်လည်း ဒီနေ့ပြိုင်ပွဲမှာတော့ ထပ်တိုး ဖြည့်စွက်မှု ရှိတယ်။ ဧကရာဇ် မင်းရဲ့ အမိန့်တော် နဲ့ စည်းမျဥ်းတစ်ခုကို ထပ်ပေါင်းထည့်ခဲ့ပြီးပြီ ။”

“ စည်းမျဉ်းတွေ ပြောင်းလိုက် တာလား။”

“ ကောင်းသားပဲ။ ဖန်ကျန်းရှီက ကျောက်ဖျာဆီ လမ်းညွှန်တဲ့ အမှတ်အသားတွေကို ရွေ့ပြစ်ထားတာပဲ။ ဒီ လို လုပ်တာ ဖြစ်သင့်တယ်။ ဒီကောင့်ကို အပြစ်ပေးမှ ဖြစ်မှာ။”

“ ဟုတ်တယ်။ ဟုတ်တယ်။”

အမတ်မင်းရဲ့ ကြေညာချက်ကြောင့် ပြိုင်ပွဲဝင်တွေ ကြားမှာ လှိုင်းထန်သွားတယ်။ သူတို့တွေ လည်ပင်းကို ဆန့်ထုတ်ရင်း ကြေညာချက်ကို စောင့်နေကြတယ်။

ဖန်ကျန်းရှီက တော့ တောင့်ခဲနေပြီ။ မဖြစ် နိုင်ဘူး။ စည်းမျဉ်းအသစ် ထည့်တယ် တဲ့လား။ မင်းတို့က ငါ့ကို ဆွဲချဖို့ ကြံနေကြတာ။ ကြားရတာ မကောင်းဘူး။

သူတွေးနေတဲ့ အချိန်မှာပဲ …..။ အမတ်မင်းက စကား ပြောလာတယ်။

“ ထပ်ထည့်တဲ့ စည်း မျဥ်းက ရိုးရှင်းပါတယ်။ ဘယ်သူ တစ်ဦးတစ်ယောက်မှ….. မှတ်တမ်းတင် ကျောက်ဖျာကို မရွေ့ပြောင်းရဘူး။” အမတ်မင်း ခဏတာ ရပ်ပြီး ဆက်ပြောတယ်။ “ မှတ်တမ်းတင် ကျောက်ဖျာတွေ လမ်းပေါ်က အမှတ်မှာပဲ ရှိရမယ်။ ရွေ့ပြောင်းတဲ့ သူ မှန်သမျှ စည်းမျဉ်းနဲ့ ငြိမယ်။ ဒီ စည်းမျဉ်းကို ထောက်ပြစရာ ရှိသေးလား။”

“ မရှိပါဘူး။”

ပွဲကြည့်သူတွေ အကုန် ထ အော် ကြတယ်။ ဒါက သူတို့ စောင့်နေတဲ့ စကားပဲ။

ပြိုင်ပွဲဝင်တွေကတော့အံ့အားသင့်နေကြတယ်။ ကျောက်ဖျာကို ရွေ့ခွင့် မပြုဘူးတဲ့လား။ အသုံးမဝင် လိုက်တာ။

အမတ်မင်းက နောက်ထပ် ထပ် မပြောတော့ဘူး။ ပြိုင်ပွဲဝင်တွေကိုသာ ကြည့်နေတယ်။ သူတို့ စောဒကတက်မှာကို စောင့်နေတယ်။

အံ့သြစရာ ကောင်းလှတယ်။ သုံးမိနစ် ကြာတာတောင် တစ်ယောက်မှ စကား မပြောကြ။

အမတ်မင်း ရှက်လာတယ်။

ဘာတွေ ဖြစ်နေတာလဲ။

စည်းမျဉ်းက ထပ်တိုး ပြီးပြီလေ။ သူတို့ တွေ ဘာစောင့်နေတာလဲ။

အမတ်မင်းတွေ ရှက်နေတာ မဟုတ်ဘူး။ ကြည့်နေတဲ့ အမတ်မင်းတွေ အားလုံးနဲ့ ဧကရာဇ်လည်း သံသယ ဝင်လာကြပြီ။ အခုချိန်က ဖန်ကျန်းရှီ ရဲ့ အပြစ်ကို အော်ဟစ်နေသင့်တဲ့ အချိန် မဟုတ်ဘူးလား။

ဘာ မှားနေလို့လဲ။

“ အဟမ်း….. ဘယ်သူမှ ပြောစရာ မရှိတော့ဘူးလား။” အမတ်မင်း နောက်ထပ် ထပ်မစောင့်နိုင်တော့ဘူးု။

“ အမတ်မင်း။ ကျွန်တော် မေးစရာရှိပါတယ်။” ပြိုင်ပွဲဝင် တစ်ယောက် ရှေ့ထွက် လာပြီး မေးတယ်။

“ အိုး။ ဘာမေးမလို့လဲ။ မေးပါ။ ဒီနေရာမှာ ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘူး၊” အမတ်မင်း ရဲဆေးတင်ပေးတယ်။

“ကျွန်တော် မေးချင်တာက။ တစ်ယောက်ယောက် ပြိုင်ပွဲအတွင်းမှာ လမ်းညွှန် အမှတ်အသားတွေကို ရွေ့မိရင် ။ စည်းဖောက်ရာ ရောက်လား။” ပြိုင်ပွဲဝင် က မေးလိုက်တယ်။

ပြိုင်ပွဲ ဝင်ရဲ့ မေးခွန်းကို ကြားတော့ တခြားပြိုင်ပွဲဝင်တွေ မျှော်လင့် တကြီးနဲ့ကြည့်နေကြတယ်။ ဒီအချိန်မှာပဲ အမတ်မင်းက ခေါင်း ငြိမ့်လိုက်တယ်။

ဖန်ကျန်းရှီနေရာက နေ လစ်မပြေးဘူး ဆိုတာ သေချာအောင် ကြည့်တယ်။

ဒါပေမယ့် အမတ်မင်းကတော့ ခေါင်းခါတယ်။

“ လမ်းညွှန်ကျောက်တုံးတွေက ပြိုင်ပွဲ မစခင်ကမှ ထားတာ။ ပြိုင်ပွဲ အတွင်း လန့်နေတဲ့ မြင်းတွေကြောင့်နေရာ ရွေ့သွားတာ ဖြစ်နိုင်တယ်။ အဖြစ် များတဲ့ ဒီကိစ္စက ဘယ်စည်းမျဉ်းနဲ့မှ မငြိဘူး။” အမတ်မင်းက ဒီလို ဖြေတယ်။ ယွီယိဖျင် ကို လှမ်းကြည့်ရင်း ခေါင်း ခါတယ်။

“ အိုး။” စိတ်ပျက်လက်ပျက် ဖြစ်သွားတဲ့ ပြိုင်ပွဲဝင်ရဲ့ မျက်နှာ သနားစရာ ကောင်းလှတယ်။

ပြိုင်ပွဲဝင်တွေ အားလုံးလည်း ထပ်တူညီမျှ စိတ်ပျက်ကုန်တယ်။ ဒါက ဘယ်လိုများ စည်းမျဉ်းနဲ့ မငြိရတာလဲ။ အိုက်ယား။ ဒီ ပြိုင်ပွဲကို တရားမျှတ တယ်လို့ ထင်ထားတာ။

ဖန်ကျန်းရှီကတော့ ပျော်ရွှင်နေခဲ့ပြီ။

ဒါက သက်သက် ချောက်နေတာပဲ။ သူလည်း အစတုန်းက ကျောက်ဖျာကြီးကို ရွေ့ဖို့ တွေးခဲ့ပါတယ်။ ဒါပေမယ့် မရွေ့နိုင် လိုက်ဘူး။ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ ။

ပင်းယန်ကတော့ ဖန်ကျန်းရှီကို ကြည့်ရင်း မျက်မှောင်ကြုတ်ေနေတယ်။ “ ဒီ အရှက်မရှိတဲ့ ေ-ွးကောင် နောက်တစ်ခါ ကံ ကောင်းသွားပြန်ပြီ၊”

မင်းသားကိုးကတော့ ပြုံးနေတယ်။ ဖန်ကျန်းရှီ ကူညီလို့ သူလည်း တတိယ နေရာ ရပြီလေ။

မဟုတ်ရင် တတိယ နေရာက ပင်းယန် ရမှာ။

ဘယ်သူမှ မပြောကြတော့ဘူး။ အမတ်မင်း ရလဒ် ကြေညာတာကိုသာ စောင့်နေတော့တယ်။

အမတ်မင်း ဆက်ပြီး စောင့်နေတယ်။

ငါးမိနစ် ကုန်သွားပြီ ။

“ မင်းတို့ မေးစရာ မရှိတော့ဘူးလား။” အမတ်မင်း နောက်တစ်ကြိမ်ထပ်မေးတယ်။ ဒါမျိုးက နှစ်ခါ မမေးသင့်ဘူး။

ဒါပေမယ့်လည်း သူ မေးနေရပြီ။

ဘာကြောင့်လဲ ဆိုတော့

ဧကရာဇ် လင်းမိုပိုင်က ဖန်ကျန်းရှီကို ထုတ်ပယ်ဖို့ စောင့်နေတယ်။

ပြိုင်ပွဲဝင် တွေကတော့ ခေါင်း တခါခါ လုပ်နေကြပြီ။

သူမေးပြီးသားပဲ ။ လမ်းညွှန် အမှတ်က ကျောက်တုံးရွေ့တာက စည်းကမ်း ဖောက်တာ မဖြစ်ဘူးဆို။

“ နောက်ထပ် မေးစရာ မရှိတော့ဘူးလည.”

“ မရှိတော့ဘူး။”

“…” အမတ်မင်းလည်း နောက်ထပ် မစောင့်တော့ဘူး။ ဝန်ကြီးချုပ် ယွီယိဖျင်နဲ့ ဧကရာဇ် လင်းမုပိုင်ကို လှမ်းကြည့်တယ်။

သူတို့ နှစ်ယောက်လုံးကတော့ နေရာမှာ ထိုင်နေကြဆဲ။

ဘာတွေ ဖြစ်ကုန်ပြီလဲ။

ဝန်ကြီးချုပ် ယွီယိဖျင်က ထိုင်ခုံကနေထပ်ရပ်ဖို့ စဉ်းစားတယ်။ ဒါပေမယ့်လည်း သူ ရုတ်တရက် တွေးလိုက်မိတယ်။

ခနနေအုန်း။

ရှေ့ တယောက်က နေရာ လမ်းညွှန် ကျောက်တုံး ရွှေ့တာကို မေးသွားတယ် မလား။

ဖြစ်နိုင်မလား။

အိုး. မဖြစ်ဘူး။

ယွီယိဖျင် မျက်နှာ မည်းမှောင်သွားတယ်။

ဧကရာဇ် လင်းမုပိုင်လည်း အမူအယာ ပြောင်းသွားတယ်။ သူလည်း အရှေ့တစ်ယောက် မေးတဲ့ မေးခွန်းကို မှတ်မိတယ် ။ တစ်ယောက်မှ မထင်တဲ့ ကိစ္စ ဖြစ်သွားပုံပဲ။

လမ်းညွှန် ကျောက်တုံးတွေကို ရွှေ့တာက လွယ်လွန်းတယ်။

အဓိက ပြိုင်ပွဲဝင်တွေက ရပ်ဝေးဒေသတွေ များတယ်။ တော်ဝင်မိသားစုက ပြိုင်ပွဲဝင်တွေလည်း ရှိတယ်။

ပင်းယန်နဲ့ မင်းသားကိုးတို့လို အမဲလိုက် နေကြသူတွေ လမ်းမှားတာ ဘယ်လို ဖြစ်နိုင်မှာလြ။

ဘယ်သူမှ ဒီလို မထင်ထားဘူး။

ပိုပြီးတော့ အရေးကြီးတာက အကယ်၍ ဖန်ကျန်းရှီသာ လမ်းညွှန်ကျောက်တုံးကို ရွှေ့ခဲ့တယ် ဆိုရင် ….. ။ သူက ဘယ်လိုများ ပထမ ကျောက်ဖျာကို ဖြတ်လာ နိုင် တာလဲ။

နောက်ပြီးတော့ ပင်းယန်ရဲ့ နာမည်က ဖန်ကျန်းရှီနဲ့ အချိန် သိပ်မကွာပဲ ပေါ်လာရတာလဲ။

ဒါက တိုက်ဆိုင်မှုသာ ဖြစ်မယ် ဆိုရင်။

လောကမှာ အကြီးကျယ်ဆုံး တိုက်ဆိုင်မှုပဲ။

ဧကရာဇ် လင်းမုပိုင်။ ဝန်ကြီး ချုပ် ယွီယိဖျင်နဲ့ တခြား အမတ်မင်းတွေ နားမလည် နိုင် ဖြစ်နေတယ်။

အမတ်မင်း က တစ်ပတ် လှည့်ကြည့တယ်။ ဧကရာဇ်နဲ့ ဝန်ကြီး ယွီယိဖျင် သူ့ကို ကြည့်နေတယ်။ ပြိုင်ပွဲဝင်တွေကို ကြည့်နေသလိုမျိုးပဲ။

ဒါပေမယ့် အမတ်မင်းကတော့ ချက်ခြင်း နားလည်တယ်။

“ ကောင်းပြီလေ။ … ရလဒ်ကို မကြေညာခင် တစ်ယောက်ယောက်များ ပြိုင်ပွဲ အတွင်း အဖြစ် အပျက်တွေကို ပြန်ပြီး မျှ ဝေချင်လား ။ ပြိုင်ပွဲ အတွင်း (ဘာတွေ ဖြစ်ခဲံလဲ) အတွေ့ကြုံ တွေ နဲ့ အတွေးတွေကို လွတ်လွတ် လပ်လပ် ပြန် မျှေ၀ နိုင်ပါတယ်။ ” အမတ်မင်းက ဘာတွေ ဖြစ်ခဲ့လည်း ဆိုတာကို ဖိပြောတယ်။

ပြိုင်ပွဲဝင်တွေကတော့ စိတ်ရှုပ်နေကြပြီ။

နောက်ဆုံးတော့ လည်း ပြီးခဲ့တဲ့ ပြိုင်ပွဲနဲ့ ပတ်သက်ပြီးတော့ ပြောစရာမှ မရှိတာ။

ဒါပမေယ့် ဒီ အခွင့်အရေးက ဧကရာဇ် မင်းနဲ့ ဝန်ကြီး ယွီယိဖျင် ရှေ့မှာ စကားပြောဖို့ အခွင့်အရေး။

ခပ်မြန်မြန်ပဲ ပြိုင်ပွဲဝင်တစ်ယောက် ရှေ့ထွက်လာတယ်။

“ ကျွန်တော် မျှ ဝေချင် ပါတယ်။”

“ကောင်းပြီ ငါတို့ကို အသေးစိတ် ပြောပြ” အမတ်မင်းက အမိန့်ပေးတယ်။

ဒါကိုကြားတော့ ပြိုင်ပွဲဝင် မျက်လုံးတွေ တစ်လက်လက် တောက်လာတယ်။ အသေးစိတ် ပြောရမယ်ဆိုတော့ သူကြိုးစား သမျှ ပြောပြဖို့ အချိန် ရောက်ပြီ။

လည်ချောင်းရှင်းပြီးတဲ့နောက် ပြိုင်ပွဲ အစကို စီကာပတ်ကုံး ပြောဖို့ စတော့တယ်။

ပြိုင်ပွဲ ကို သူ့မြင်းအကြောင်း ပြောတာနဲ့ စတယ်။ ပြိုင်ပွဲ တစ်လျှောက် ပတ်ဝန်းကျင် အကြောင်း သူ့ အတွေးတွေကိုပါပြောလိုက်သေးတယ်။

ဧကရာဇ် မင်းကိုလည်း ဒီ အံ့သြစရာ ပြိုင်ပွဲ ကျင်းပ ပေးတဲ့ အတွက် ကျေးဇူးတင်တယ်။

မရပ်တန်း ကရားရေလွှတ် တတွတ်တွတ် ပြောတော့တယ်။ ပြိုင်ပွဲ စဖို့ကို မပြောခင် ငါးမိနစ်လောက် အစပျိုးတယ်။ အမတ်မင်းတွေ ကတော့ မျက်လုံးတွေ ကလယ် ကလယ် ဖြစ်နေကြပြီ။ စတင် ဖို့ ပြောတဲ့ အမတ်မင်းကတော့ သနားစရာ အကောင်းဆုံးပဲ။ နောက်ဆုံးတော့ လူတိုင်းက ထိုင်ပြီး နားထောင်နေ ရတယ်။ သူ့ခမျာတော့ မတ်တပ်ရပ်လျက်သား။

သူ့ အသက်အရွယ်နဲ့ အကြာကြီး မတ်တပ်မရပ်နိုင်ဘူး။

“ငလူးပဲ။ အဓိက အကြောင်းရင်းကို မရောက်နိုင်သေးဘူးလား။” မျက်နှာမှာတော့ ပြုံးရင်းနဲ့ စိတ်ထဲကတော့ ကျိန်ဆဲ နေပြီ။

ဒီ ေ-ွးသား ဘယ်ကနေ လာတာလဲ။ ပါးစပ်ပိတ်စမ်း။ ပါးစပ်ပိတ်စမ်း။”

အပိုင်း (၂၉၆ ) ပြီး၏။

အပိုင်း (၂၉၇)

“ ကံတရား”

စကားပြောနေတဲ့ သူကတော့ အမတ်မင်းရဲ့ အတွေးကို မသိ နိုင်ဘူး။ ရှိသမျှ အသေးစိတ် အလက်တွေကို အကုန် ပြောနေခဲ့တယ်။

အရမ်းကို စိတ်လှုပ်ရှားလွန်းလို့ တံတွေးတွေတောင် သီးကုန်တယ်။

အမတ်မင်းတွေကတော့ သူ့ရဲ့ ပုံပြင် ရှည်ကြီးကြောင့် ပျင်းရိနေခဲ့ပြီ။ ဧကရာဇ် လင်းမုပိုင် တောင်မှ ရေနွေးကြမ်းကို ခပ်ပျင်းပျင်း သောက်နေတယ်။

နောက်ဆုံးတော့ တတိယ ကျောက်ဖျာကို သူတို့ ဖြတ်လာတဲ့ အကြောင်းကို ရောက်လာ ခဲ့ပြီ။

ရုတ်တရက် ပြိုင်ပွဲဝင် စိတ်ဖိစီးလာတယ်။ ရုတ်တရက် မိုးနတ်မင်းက သူ့ကို လှည့်စားနေတယ်လို့ ပြောပြီး ငိုတော့တယ်။ တခြားသော ပြိုင်ပွဲဝင်တွေလည်း သက်ပြင်းတွင်တွင်ချနေတယ်။

ဒါက အတော်လေးကို နာကျင်စရာ ကောင်းတဲ့ မှတ်ဉာဏ်ပဲ။

သူတို့သာ ဖန်ကျန်းရှီရဲ့ လှည့်ကွက်မှာ မမိခဲ့ရင်…..။ လေညှင်းဆောင် တိမ်တိုက် ဖိနပ်တွေကို သူတို့ ရမှာ အမှန်ပဲ။

“ အိုက်ယား…. ကျွန်တော်တို့က ပြိုင်ပွဲမှာ အာရုံ စိုက်လွန်းသွားတာ။ ဒါကြောင့် ရှေ့က လူ နောက်ပဲ လိုက် ကြတာ ။ ကျွန်တော်တို့ ဘယ်သူမှ လမ်းညွှန် ကျောက်တုံး ရွေ့သွားတာ သတိ မထားမိဘူး ။ ” ကျောင်းတော်သား ခေါင်းခါတယ်.။

“ ထျန်” ဧကရာဇ်လင်းမုပိုင် ရဲ့ ရေနွေးခွက် လွတ်ကျသွားတယ်။ ”

“ သူ တကယ်ပဲ လမ်းညွှန်ကျောက်တုံး ကို ရွေ့လိုက်တာလား။”

“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”

“ သူ ဘယ်လိုများ ဒီလို လှည့်စားတာမျိုး လုပ်ရတာလဲ။”

ရုံးတော်သားတွေ အားလုံး သူတို့ နားကိုတောင် သူတို့ မယုံနိုင်ဘူး။ ကြည့်နေသူတွေတောင် ဒီ လို ရိုးရှင်းတဲ့ လှည့်ကွက်လေး အလုပ် ဖြစ်တာကို မျက်လုံးပြူး နေတယ်။

“အခုမှ ကျွန်တော် တွေးမိတယ်။ အဓိက အကြောင်းရင်းက ဖန်ကျန်းရှီ လမ်းမှားမှာ ပေါ်လာတာ ကြောင့်ပဲ။ ဒါကြောင့် ငါတို့ ……”

ဧကရာဇ် လင်းမုပိုင် ရဲ့ အမူအယာ မည်းမှောင်သွားတယ်။

ဒါပေမယ့်လည်း ဘယ်သူကမှ ပြိုင်ပွဲဝင်ကို မရပ်ကြဘူး။ လူတိုင်းက ဖန်ကျန်းရှီ ပထမ ကျောက်ဖျာကို ဘယ်လို ဖြတ်သွားလဲ သိချင်တယ်။

ဒါက သူတို့ အတွက် မေးခွန်းကြီး တစ်ခု ဖြစ်နေတုန်းပဲ။

နောက်ဆုံးတော့ ပြိုင်ပွဲဝင်လည်း အာရုံ ပြန်ရသွားပြီ။ နောက်ထပ် ဘာတွေ ဖြစ်လဲ ဆက်ပြောတော့တယ်။ ဖန်ကျန်းရှီကို ဘယ်လို စောင့်နေလဲ ဆိုတဲ့ အကြောင်း စပြောတော့တယ်။

ဒါပေမယ့်လည်း

ဖန်ကျန်းရှီ ရောက်လာတာကို မြန်မြန်ပြောချင်တဲ့ပုံ မပေါ်ဘူး။ သူတို့ ဘယ်လို သည်းခံပြီး စောင့်လဲ ဆိုတာ တစ်ခုတည်းချင်း စီ အသေးစိတ် ပြောတယ်။ သူဘယ် စာအုပ်ကို ဖတ်လဲ ဆိုတာ ။ ဘယ်လို လေ့ကျင့်လဲ ဆိုတာနဲ့။ အချိန် အများစုကို ဘာလုပ်လဲ ဆိုတာ …..

အမတ်မင်း သည်းခံနိုင်စွမ်း ကုန်သွားပြီ။ “ အချိန် မစောတော့ဘူး။ မြန်မြန်ပြော။ ပထမကျောက်ဖျာမှာ ဘာဖြစ်လဲ ပြောတော့။”

ပြိုင်ပွဲဝင် လန့်သွားတယ်။ ချွေးဒီးဒီး ကျလာတော့တယ်။ ဒီ အနှောက်အယှက် က သူ့ အတွေးတွေကို ပျောက်စေတယ်။

ပထမ ကျောက်ဖျာမှာ ဘာဖြစ်လဲ ပြော တဲ့လား။

ပြိုင်ပွဲဝင် ဘာကို ဆိုလို ချင်လဲ တွေးတယ်။ သူ ခပ်မြန်မြန်ပဲ သဘောပေါက်သွားတယ်။ နောက်ဆုံးတော့လည်း သူက ကောင်းကောင်း သင်ကြားထားတဲ့ သူပဲ။

ချုံပုတ်တွေ နားက အကြောင်း ဆက်မရစ်တော့ဘူး။ လူ အများစိတ်ဝင်စားတဲ့ အကြောင်း ပြောတော့တယ်။

“ ဒီ အချိန်မှာပဲ ဖန်ကျန်းရှီ ပေါ်လာတယ်။”

အမတ်မင်း ဒါကို ကြားတော့ ခေါင်းငြိမ့်တယ်။ ပြိုင်ပွဲဝင် ဆက်ပြောဖို့ တွန်းအား ပေးတယ်။

ပြိုင်ပွဲဝင် ခေါင်းငြိမ့်တာ ကို မြင်တယ်။ အခြေအနေ ကောင်းသွားတာကို နားလည်သွားပြီ။ ဒါကြောင့် သူ လည်း အသေးစိတ် မပြောတော့ဘူး။

ခပ်မြန်မြန်ပဲ အဆုံးသတ် လိုက်တယ်။ ရှန်းထျန်းရင်နဲ့ တန်ကျုံးမင် ဘယ်လိုမျိုး ဖန်ကျန်းရှီကို စိန်ခေါ်လည်း စပြောတယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီ ဘယ်လောက် ကြောက်စရာ ကောင်းလည်း ပြောတယ်။

“ရှန်းထျန်းရင် နဲ့ တန်ကျုံးမင်က ဖန်ကျန်းရှီကို ဘယ်လိုများ စိန်ခေါ်တာလဲ။”

“ ဒီလိုသာ ဖြစ်ရင် ဖန်ကျန်းရှီ နိုင်နိုင်စရာ အကြောင်းကို မရှိတော့ဘူး။”

အမတ်မင်းတွေ အားလုံး ဒါကို ကြားတော့ တောင့်ခဲသွားတယ်။ ဖန်ကျန်းရှီ ဘယ်လိုများ ရှန်းထျန်းရင် နဲ့ တန်ကျုံးမင် တို့ နှစ်ယောက်ကို နိုင်အောင် တိုက်လိုက်တာလဲ။

“ဖန်ကျန်းရှီ က အဖြူရောင် အလင်းတန်းကို ရှန်းထျန်းရင် နဲ့ တန်ကျုံးမင် ငြင်းခုန်နေတဲ့ အချိန် သုံးလိုက်တယ်။ ” ပြိုင်ပွဲဝင်က ဘာတွေ ဖြစ်ခဲ့လည်း ပြန်တွေး တယ်။ “ အဲ့ဒီ့နောက် တန်ကျုံးမင်ကို ကန်ထုတ်လိုက်တယ်။ နောက်ပြီးတော့ ခပ်ဝေးဝေးနေရာမှာ ပုန်းရင်းနဲ့ အလစ်တိုက်တယ်…. ထပ်ခါ ထပ် ခါ ပြင်းပြင်းထန် ထန် တိုက်ခိုက်တယ်။ နောက်ဆုံးတော့ ရှန်းထျန်းရင်လည်း ရှုံးသွားရော။”

ပြိုင်ပွဲဝင် နောက်ထပ် မပြောတော့ဘူး။ အမတ်မင်း တွေ ထောက်ပြတာကို စောင့်နေတယ်။

ဒါပေမယ့် ဘယ်သူမှ သူ့ကို သတိ မထားမိကြဘူး။ သူတို့ ကြားလိုက်ရတာကိုပဲ အံံ့အားသင့်နေတယ်။

“ဖန်ကျန်းရှီက ရှန်းထျန်းရင်နဲ့ တန်ကျုံးမင်ကို အနိုင်တိုက်တယ်။”

“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”

“ တန်ကျုံးမင်နဲ့ ရှန်းထျန်းရင် က နိုးထလာသော နဂါး အဆင့် ၇ နဲ့ ၈ လေ။ နောက်ပြီးတော့ ရှန်းထျန်းရင်မှာ ခရမ်းရောင်ပုံဆောင်ခဲ မုန်တိုင်းလည်းရှိ သေး တယ် ။ ဖန်ကျန်းရှီက ဘယ်လိုများ အနိုင်တိုက်လိုက်တာလဲ။ မဖြစ်နိုင် လိုက်တာ။”

“ဘာတွေ ဖြစ်ကုန်တာလဲ။”

အမတ်မင်းတွေ အားလုံး မယုံနိုင် ဖြစ်နေကြတယ်။ ရလဒ်ကတော့ လုံးဝကို မမျှော်လင့်ထားစရာပဲ ။ ဘယ်လို အလစ်တိုက်တာမျိုးက သူတို့ နှစ်ယောက်ကို အလဲ ထိုးသွားတာလဲ။

ဖန်ကျန်းရှီနဲ့ ရန်ရွှယ် တိုက်ခိုက်တာကို သူတို့ မြင်ဖူးတယ်။

ဒါပေမယ့် သူတို့ နှစ်ယောက်လုံးကို အနိုင်တိုက်တာကတော့ မဖြစ်နိုင်တာပဲ။

ပင်းယန်က ဖန်ကျန်းရှီကို လှည့်ကြည့်တယ်။ “ ဒီ အရှက်မရှိတဲ့ ကောင်စုတ်က ဘယ်လိုများ ဒီလောက်ထိ အင်အားကြီးတာလဲ။ နှစ်ယောက်လုံးကို အနိုင် တိုက် သွားတယ်တဲ့လား။”

ဝန်ကြီး ယွီယိဖျင်ကတော့ အမူအယာ မည်းမှောင်သွားပြီ။ ဒါက ဘယ်လိုများ ဖြစ်နိုင်တာလဲ။

ဧကရာဇ် လင်းမုပိုင် ကွဲအက်သွားတဲ့ ရေနွေးခွက်ကို စိုက်ကြည့်နေတယ်။ သူ့ နှုတ်ခမ်းတွေ တွန့်ကွေးတက်နေတယ်။ ဖန်ကျန်းရှီက လမ်းညွှန် ကျောက်တုံးကို ရွေ့တယ်။ နောက်ပြီးတော့ ရှန်းထျန်းရင်နဲ့ တန်ကျုံးမင်ကို အနိုင်တိုက်တယ်။

ဖန်ကျန်းရှီ။

မင်းက ဘာလဲ။

အမတ်မင်းရဲ့ အမူအယာကလည်း အတော်လေးကို ရုပ်ပျက်နေပြီ။ ပြိုင်ပွဲဝင်က အသေးစိတ် အချက် အလက်တွေကို အကုန်လုံး ကျော်တယ်။ ရလဒ်ကိုပဲ တိုက်ရိုက် ပြောသွားတယ်။

“အင်း….. ဖန်ကျန်းရှီ ဘယ်လိုများ ရှန်းထျန်းရင်နဲ့ တန်ကျုံးမင်ကို အနိုင်တိုက်သွားလည်း ပြောပြစမ်းပါ။” အမတ်မင်း ပြိုင်ပွဲဝင်ကို လှည့်ကြည့် တယ်။

“ အမိန့်တော် အတိုင်းပါ အမတ်မင်း။ ” ပြိုင်ပွဲဝင် ချွေးပြိုက်ပြိုက်ကျလာတော့တယ်။ အမတ်မင်းရဲ့ စကားလုံးတွေကို သူ သဘောပေါက်သွားပြန်ပြီ။

“ ဒါက ဖန်ကျန်းရှီ မှာ နေခွင်းလေး ရှိလို့ပါ…. သူ အဝေးကြီးကနေ ပြစ်တာလေ။”

“ မင်း ဘာပြောတယ်။ ” အမတ်မင်းက စကား ဖြတ် ပြောတော့တယ်။

“ အမတ် …. အမတ် မင်း …. ကျွန်တော် ပြောတာ … ဖန်ကျန်းရှီမှာ နေခွင်းလေး ရှိတယ်လို့” ပြိုင်ပွဲဝင်ကတော့ တုန်ယင်နေပြီ။

“နေခွင်းလေးလား”

“ဘယ်လို ဖြစ်နိုင်မှာလဲ။”

“ ဖန်ကျန်းရှီမှာ ဘယ်လိုများ နေခွင်းလေး ရှိနေရတာလဲ။”

လူတိုင်းက သွမ့်အရှင်ကို ကြည့်နေကြတယ်။

နေခွင်းလေးက သူ့ အပိုင်လေ။

ပင်းယန်က ဒါကို ကြားတော့ လှမ်းကြည့်တယ်။ သွမ့်အရှင်က နေခွင်းလေး သူ့ကို ပေးတာ မလား။ ဘာလို့ ဖန်ကျန်းရှီမှာ ရှိနေတာလဲ။

ဧကရာဇ် လင်းမုပိုင်လည်း အနီးက သွမ့်အရှင်ကို လှမ်းကြည့်တယ်။ သွမ့်အရှင် ရှင်းပြတာကို စောင့်နေတယ်။

သွမ့်အရှင်ကတော့ ဟန်ဆောင်ပြုံးနဲ့ ပြုံးနေပြီ။

နေခွင်းလေးလို့ ကြားတည်းက ဖြေဖို့ ပြင်ဆင် ထားပြီးပြီ။

“ အရှင်မင်းကြီး။ ကျွန်တော် ညီမလေး ပင်းယန်ကို လွန်ခဲ့တဲ့ ရက်တုန်းက အလောင်းအစားမှာ ရှုံးသွားတယ် ။ လွန်ခဲ့တဲ့ ၂ ရက်တုန်းက နေခွင်းလေးကို သူ့ ဆီ ပို့လိုက်ပါပြီ်။ ဒါပေမယ့် က လမ်းမှာ အခိုးခံ လိုက်ရပါတယ် အရှင် မင်းကြီး ။ ကျွန်တော့််လူတွေကို ရှာခိုင်းပေမယ့် မတွေ့ခဲ့ပါဘူး။” သွမ့်အရှင်က ဖန်ကျန်းရှီကို လှမ်းကြည့်တယ်။

ဖန်ကျန်းရှီကတော့ စောင့်နေတယ်။ ဒါပေမယ့် သွမ့်အရှင်ပြောတာ ကြားတော့ မျက်လုံးပြူးသွားတယ်။

နေခွင်းလေးကို ရတည်းက တစ်ခုခု လွဲနေတာကို သူသိတယ်။

ဒါပေမယ့် ပင်းယန်နဲ့ မင်းသားကိုးကို သင်းရနံ့ စားသောက် ဆိုင်မှာ မြင်တော့ ….. ။ သူလည်း မေ့သွားရော။

ကြည့်ရတာ….

အစတည်းက ထောင်ချောက်မိသွားတဲ့ ပုံပဲ။

“ ဓားသံတမန်။ ဒီ နေခွင်းလေး ဘာကြောင့် အမတ်မင်းနဲ့ အတူရှိနေလဲ ရှင်းပြပေးနိုင်မလား။” တာဝန်ရှိ အမတ်မင်းက မေးတယ်။

“ ဒါကို ဟြေားပြား ငါးပြားနဲ့ ဝယ်ခဲ့တယ် ပြောရင် ယုံမှာ မို့လား။” ဖန်ကျန်းရှီ ရိုးရိုးသားသား ပြောတယ်။

“ ဟြေားပြား ငါးပြားနဲ့ ဝယ် တယ် ????” ဖန်ကျန်းရှီကို ကြောက်လန့်တကြားနဲ့ လှမ်းကြည့်တယ်။

ဒီ အကြောင်းပြချက်က ….

လုံးဝကို မယုံနိုင်စရာပဲ။

ကြည့်နေသူတွေလည်း မျက်လုံး ပြူးနေကြပြီ။

ဒီ လေးကိုင်းကို ဘယ်လိုများ ဈေးဖြတ် လိုက်တာလဲ။

ဟြေားပြား ငါးပြားတဲ့လား။

လမ်းဘေးမှာ အဆာပြေမုန့် ဝယ်စားတယ်များ ထင်နေလား။

နေခွင်းလေးကို ဘယ်လိုလုပ် ငါးပြားနဲ့ ရောင်းလိမ့်မှာလဲ။

“ မင်း ဘယ်ကနေ ဝယ်လည်း ငါသိချင်တယ်။ ငါလည်း ဒါမျိုး တစ်ခုလောက် ဝယ်ချင်တာပေါ့။”

“ အတိအကျပဲ ။ ဒီလို ရတနာမျိုး အတွက် ဝမ်းမြောက်ဝမ်းသာကို ပေးအုန်းမှာ။ ”

“ နေခွင်းလေးကို ဟြေားပြား ငါးပြား။ ဘယ်လိုတောင် လား။”

အမတ်မင်းတွေ အားလုံး ရှေ့ထွက်လာတယ်။ ဖန်ကျန်းရှီကို ဝိုင်းပြောကြတယ်။ သူုတို့က အရူးတွေမှ မဟုတ်တာ ဒီလို လှည့်စားလို့ ရမလား။

“ ဝယ်ချင်ရင်တောင် ဝယ်လို့ မရတဲ့ အရာတွေ ရှိတယ်သိလား။ တစ်ချို့ ကိစ္စတွေက လူ အပေါ်မှာ မူတည်တယ်။ ချောချောခံ့ခံ့ အမျိုးကောင်း သားတွေ ဝယ် ရင် ရ နိုင်ပေမယ့် ရုပ်ဆိုးဆိုး လူကြီးတွေကတော့ …. ရှာဖို့တော်င ခက်မှာပေါ့။” ဖန်ကျန်းရှီ ပြန်လှောင်တယ်။

“မင်း …..”

“ ဖန်ကျန်းရှီ ငါတို့ကို ရုပ်ဆိုးတယ် ပြောတာလား။”

“အမှိုက်ကောင်။ အတင့်ရဲ လိုက်တာ။ ”

အမတ်မင်းတွေ မျက်နှာ မည်းမှောင်လာပြီ။

“ မပြောမိပါဘူး။ အကယ်၍ အမတ်မင်းတို့သာ ကျွန်တော့်လောက် ကံကောင်းမယ် ဆိုရင်တော့ မပြောတတ်ဘူးး …….။ နေခွင်းလေးကို ဟြေားပြားငါးပြားနဲ့ ဝယ်လို့ ရချင် ရမှာပေါ့။” ဖန်ကျန်းရှီ လှောင်ပြုံးပြုံးရင်း ပြောတယ်။

“ အတင့်ရဲလိုက်တာ။ အဆင့်လေး အမတ်မင်းကများ အဓိပ္မာယ် မရှိတာတွေ ပြောရဲတယ်။” အမတ်မင်း ဟိန်းကေက်တယ်။

“ ကျွန်တော်ပြောတဲံ အထဲ အမှား ပါတာရှိလို့လား။ ရှိရင် သက်သေပြလေ။” ဖန်ကျန်းရှီ ထောက်ပြတယ်။

“သွမ့်အရှင်က ပြောပြီးသားပဲ။ နေခွင်းလေးက အခုးိခံလိုက်ရတာ။ ဝယ်ခံရတာ မဟုတ်ဘူး။” အမတ်မင်း ဒေါသထွက်လွန်းလို့ လည်ပင်းတွေ တောင် နီ ရဲ နေပြီ။

“ဟုတ်တယ်လေ။ သွမ့်အရှင်က နေခွင်းလေး အခိုးခံရ ပြီးသားလို့ ပြောတာပဲ။ ဒါဆို သူနဲ့ မဆိုင်တော့ဘူးလေ။ ခိုးသွားတဲ့သူ တစ်ဆင့်ပြီး တစ်ဆင့် ပြန်ရောင်း ရင်း နဲ့ ကျွန်တော့်လက်ထဲ ရောက်လာတာလေ။ ဒါက ပုံမှန် မဟုတ်တာ ရှိလို့လား။” ဖန်ကျန်းရှီ အေးအေး ဆေးဆေး ပြန် ဖြေတယ်။

“ မင်း …. အဓိပ္မာယ် မရှိတာတွေ။”

“ ဘာ အဓိပ္မာယ် မရှိတာလဲ။ အကယ်၍ တစ်ယောက်ယောက်က နေခွင်းလေးကို ခိုးသွားတယ်ပဲထား။ ဘာလို့ ဟြေားပြား ငါးပြားနဲ့ မရောင်းရ မှာလဲ။”

“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”

အမတ်မင်းတွေ အားလုံး ဖန်ကျန်းရှီ ဆင်ခြေဆင်လက် ပေးနေမှန်း သိတယ်။

“ ဒီလောကမှာ မဖြစ်နိုင်တဲ့ ကိစ္စတွေ အများကြီး ရှိတာပဲ။ ကျွန်တော် ဒေသတွင်း တာအို စာမေးပွဲ ဖြေတုန်းက ဘယ်သူမှ အောင်မယ် မထင်ဘူး။ ဒါပေမယ့် ကျွန်တော်က ထိပ်တန်း ဖြစ်လာတာပဲ။ နောက်ပြီးတော့ မြစ်မြို့တော် စာမေးပွဲမှာလည်း ကျွန်တော် ထိပ်တန်း။တော်ဝင် စာမေးပွဲကော ဘာထူးလဲ။ ကျွန်တော် အတွေးအခေါ်စာမေးပွဲမှာ ထိပ်တန်း ဖြစ်မယ်လို့ ဘယ်သူ ထင်လဲ။ နောက်ပြီးတော့ ဒီနေ့….. ကျွန်တော် နိုင်မယ်လို့ ထင်တဲ့သူ တစ်ယောက် ယောက် များ ရှိလို့လား။” ဖန်ကျန်းရှီ သူတို့ကို အထင်သေးတဲ့ ပုံစံနဲ့ ပြောလိုက်တယ်။

“ မင်း …..”

သူတို့ အားလုံး ပြန်ပြောချင်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ပြောတာတွေက အကုန် မှန်နေတယ်။

ဘယ်သူမှ သူ့ကို မယုံကြည်ဘူး။

ဒါပေမယ့် သူလုပ်နိုင်တယ်လေ။

ဒီနေ့ ပြိုင်ပွဲက အကောင်းဆုံး ဥပမာပဲ။ ရွံ့မြင်းကျားနဲ့ ဒီလို ပြိုင်ပွဲကို နိုင်တာ ကိုယ်တိုင် မမြင်ရင် ဘယ်သူ ယုံမှာလဲ။

“ ထပ်မေးစရာ ရှိသေးလား။ မရှိရင် ရလဒ်ကို မြန်မြန်ကြေညာတော့။ ဆုလိုချင်နေပြီ။” ဖန်ကျန်းရှီ အမတ်မင်း တွေကို လှမ်းအော်တယ်။

“စုန်းပြူးကောင်”

“အရှင်မင်းကြီး။ နေခွင်းလေးနဲ့ ပတ်သက်တဲ့ ကိစ္စက ဓားသံတမန် အမတ်ပြောသလို မရိုးရှင်းပါဘူး။ ကျွန်တော်တို့ ဥပဒေ ရေးရာ ဝန်ကြီးဌာနကို စုံစမ်း ခွင့် ပေး ပါ။ သွမ့်အရှင် စိတ်အေးရအောင် ကျွန်တော် တို့ လုပ်ပေးပါမယ်။” အမတ်မင်း ဝမ်ချောင် ရှေ့ထွက်လာတယ်။

လုံးဝကို တည်ကြည်နေတယ်။

ဧကရာဇ် လင်းမုပိုင်ကတော့ စကား မပြောဘူး။ ဖန်ကျန်းရှီကို လှမ်းကြည့်နေတယ်။

ဧကရာဇ် မင်း တစ်ပါး အနေနဲ့ သူ့ အမတ်မင်းတွေထက် ရှေ့ရေးကို ပိုပြီး မျှော်မြင်ရတယ်။ ဖန်ကျန်းရှီရဲ့ စကားလုံးတွေက သူ့ကို လှုပ်ရှားစေတယ်။

ဖန်ကျန်းရှီ ပြောသွားသလိုပဲ။

သူ စပြီးလောက အလယ် လျှောက်လှမ်းတည်းက … သူ့ကို ဘယ်သူ့မှ မယုံဘူး။ ဒါပေမယ့် သူများတွေ အတွေးမှားမှန်း သက်သေပြတယ်။ မ

သူ ဘယ်လိုများ လုပ်တာလဲ။

အသက် ၁၅ နှစ်နဲ့ ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်တယ်။

ရှန်းထျန်းရင်နဲ့ တန်ကျုံးမင်ကို နေခွင်းလေး သုံးပြီး အနိုင်တိုက်တယ်။

ဒီလူက အခု သူ့ရှေ့မှာ ရောက်နေပြီ။

လုံးဝကို အံ့ဖွယ်ပဲ။

လွန်ခဲ့တဲ့ လေးနှစ်တုန်းက နန်ကုန်းကေင်ရဲ့ အရည်အချင်းက တန်ဖိုး အမြင့်ဆုံးပဲ။ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ချီကူယန် ကျော်တက်သွားတယ်။ နိုင်ငံမှာ အတောက် ပဆုံး ကြယ်ပွင့် ဖြစ်လာတယ်။

သူမက တော်ဝင် သွေးသား မဟုတ်ဘူး။ အရည်အချင်းနဲ့ စွမ်းအားက ပိုပြီးတော့ အရေးပါတယ်။

နောက်ပြီး အခုတော့

နောက်ထပ် ကြယ်တစ်ပွင့် သူ့ ရှေ့မှာ ရောက်နေပြီ။

ဒီကြယ်ပွင့်လေးရဲ့ ကံကြမ္မာက သူ့လက်ထဲမှာပဲ။

အပိုငး (၂၉၇) ပြီး၏။

အပိုင်း (၂၉၈) – “ နောက်ထပ် ပေါက်ကွဲမှု အသစ်”

ဧကရာဇ် လင်းမုပိုင် အတော်ကြာကြာ တွေဝေနေတယ်။ ဖန်ကျန်းရှှီက သာမာန် ရွာသားလေး တစ်ယောက်…. ဒါပေမယ့် သူက အရည်အချင်း မြင့်တယ်။ သူ ဘယ်လို ဆုံးဖြတ်ရမှာလဲ။

လူတိုင်းထက် ပိုပြီးတော့ ဧကရာဇ် လင်းမုပိုင် နက်နက်နဲနဲ စဉ်းစားတယ်။

သူ့ရဲ့ ဆုံးဖြတ်ချက်က ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အနာဂတ်ကို သက်ရောက်မယ်။ သူ့လက်ထက်မှာ အင်ပါယာ ဆက်ပြီးတော့ အရှိန်အဝါ တောက်ပ မှ ဖြစ်မယ်။

ဒီအချိန်မှာ အနီရောင် မီးတောက် ပုံရိပ် သူ့ရှေ့မှာ ပေါ်လာတယ်။ ဖန်သလင်း မျက်လုံးတွေက လူအုပ်ကြီးကို စိုက်ကြည့်တယ်။

“အကို ခြောက် ပြောပြီး သားပဲ။ နေခွင်းလေးကို ပင်းယန်ဆီ ရှုံးထားတာလို့ ….။ ဒါကြောင့် လေးကိုင်းက အခိုးပဲ ခံရခံရ။ အလုပဲ ခံရခံရ။ သူနဲ့ မဆိုင်တော့ဘူး။ ” ပင်းယန်ရဲ့ အသံက မကျယ်ဘူး။ ဒါပေမယ့် သူမရဲ့ အေးစက်စက် အသံ က အမတ်မင်းတွေ အားလုံးကို တုန်တက်သွားစေတယ်။

သွမ့်အရှင်လည်း ဒါကိုကြားတော့ တုန်ယင်သွားတယ်။

“ ညီမလေး။ ဘာပြောတာလဲ။”

“ဒီ လေးကိုင်းကို လာလုဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်တယ် ပြောရင်ယုံမှာလား။ လမ်းတစ်ဝက်မှာ ဖန်ကျန်းရှီက ငါ့ အစေခံ ဆီကနေ ပြန်ဝယ်သွားတာ။” ပင်းယန် လှောင်ပြုံးပြုံးပြတယ်။ သူမ ဖန်ကျန်းရှီကို ကာကွယ်တာ သိသာတယ်။

အမတ်မင်းတွေ အားလုံး ယင်ကောင် မျိုချ မိသလို ဖြစ်နေပြီ။

သူတို့ ယုံကြည်သင့်လား။

ဒါက ပြဿနာ တစ်ခု။

သွမ့်အရှင်ကတော့ မျက်ခွံတွေတောင် တွန့်နေပြီ။

သူမယုံနိုင်ဘူး။ နောက်ဆုံးတော့ သူက ဖန်ကျန်းရှီ ဆီ နေခွင်းလေး ပို့တဲ့ သူလေ။ ဒီကိစ္စကို ဘယ်လိုများ ပြောလို့ ရမလဲ။

လုံးဝကို မရဘူး။

ဒါကြောင့် သူလုပ်နိုင်တာက …… မျက်စိမှိတ်ပြီး ယုံလိုက်ရတာပဲ။

“ဟဟ…..” သွမ့်အရှင် ရယ်မောတယ်။ နောက်ထပ် မငြင်းတော့ဘူး။ ပင်းယန်က ဖန်ကျန်းရှီကို ဗြောင်ကာကွယ်နေတာ ။ အကုန်လုံးမြင်တယ်။

ဒါပေမယ့် အခု ကိစ္စတွေက ဒီလို ဖြစ်လာပြီ။

ဧကရာဇ် မင်း နောက်ဆုံး ဆုံးဖြတ်ချက် ချဖို့ အချိန် ရောက်ပြီ။

ဝန်ကြီး ယွီယိဖျင် မှာတော့ မေးခွန်းတွေ ရှိနေဆဲပဲ။ မြောက်ရွာမှာ ဖြစ်ခဲ့တဲ့ အဖြစ် ပြီးတော့ ….. ဖန်ကျန်းရှီ ရဲ့ စိတ်ဓာတ် နဲ့ တန်ဖိုး အကြောင်းတွေ သူ သိတယ်။

ဖန်ကျန်းရှီ တကယ်ပဲ သစ္စာ ရှိမရှိ သူ့ စိတ်ထဲ တွေဝေနေတယ်။

ဒါက လုံးဝကို အသေသတ် တိုက်ကွက်ပဲ။

ဒါပေမယ့် ဒီ အသေသတ် တိုက်ကွက်က ဖန်ကျန်းရှီမှာ အပြစ် ရှိမရှိ မသက်ဆိုင်ဘူး။ ဧကရာဇ် လင်းမုပိုင်ရဲ့ ဆုံးဖြတ်ချက် အပေါ်ပဲ မူတည်တယ်။

အခိုင်အမာဆုံးဖြတ် ထားတဲ့ ပင်းယန်ကို ဧကရာဇ် လှမ်းကြည့်တယ်။ သူ့ ဘဝတစ်သက်တာမှာ မမေ့ပျောက် နိုင်တဲ့ ပုံရိပ် တစ်ခုကို အမှတ်ရမိတယ်။

သူ့ မျက်လုံးမှာ ချစ်မြတ်နိုးမှုတွေ ပြည့်နှက်သွားတယ်။

“ ဒီနေ့က မြင်းပြိုင်ပွဲနဲ့ အမဲလိုက်ပွဲ။ ဒါကြောင့် ဒီကိစ္စကိုပဲ အဓိက ထားမယ်။ တခြား ကိစ္စတွေကို နောက် တော်ဝင် ညီလာခံ မတိုင်ခင် အထိ စောင့် ဆိုင်း မယ်။ ” ဧကရာဇ် လင်း မုပိုင် ရဲ့ ပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကြီး ကျသွားတယ်။

ဧကရာဇ် ရဲ့ စကားကြောင့် အမတ်မင်းတွေ မျက်လုံးပြူးသွားတယ်။

ဧကရာဇ် က သူ့ အမြင်ကို မပြောဘူး ….

သူတို့ ရဲ့ အတွေ့အကြုံတွေကတော့ ပြောတယ်။ ဧကရာဇ် က ဖန်ကျန်းရှီ ဘက်မှာရှိနေတယ်။

နောက်ပြီးတော့ …..

သူ ကာကွယ်တဲံ့ ပုံစံက ပင်းယန်ထက် ပညာ သား ပါတယ်။

ဘာကြောင့်လဲ???` ဧကရာဇ် က ဘာလို့ ဖန်ကျန်းရှီကို ကာကွယ်တာလဲ။ ဒါက ဘာအဓိပ္မာယ်လဲ။

ဧကရာဇ် တွေးနေတာ…..

အမတ်မင်းတွေ အားလုံး တွေးလိုက်မိတယ်။ သူတို့ အတွက် အခြေအနေ မကောင်းဘူး။ သူတို့ တစ်ဦးမှ တွေးတောင် မတွေးမိဘူး။

သွမ့်အရှင်လည်း မျက်လုံးပြူးနေပြီ။

သူ့ရဲ့ ဇာတ်လမ်းက ဒီလို ဖျက်ဆီး ခံရမယ်လို့ မတွေးမိဖူးဘူး။ ပိုပြီးတော့ အရေးကြီးတာက ….. ဧကရာဇ်က နေခွင်းလေးကို သူ့ ဆီ ပြန်မပေးဘူး။

ဒီနေရာမှာ အရေးကြီးတာ ဖန်ကျန်းရှီရဲ့ ပြစ်မှု မဟုတ်ဘူး….

နေခွင်းလေးပဲ။

ဒါက သူ့ ပစ္စည်း

ဧကရာဇ် က နေခွင်းလေးကို ပြန်ပေးခိုင်းခဲ့ရင် …… ညီလာခံမှာ ဖန်ကျန်းရှီ အတွက် နေရာမရှိတော့ဘူး။

ဖန်ကျန်းရှီ တော်ဝင်စာမေးပွဲမှာ ထိပ်တန်း ရလည်း ….

အဓိပ္မာယ် မဲ့သွားပြီ။

ဂုဏ်ရည်တွေ အားလုံးက အယောင်ပြပဲ။ ညီလာခံထဲမှာ အရေးပါတော့မှာ မဟုတ်ဘူး။ သွမ့်အရှင်လည်း ခေါင်းခြောက်စရာ တစ်ယောက် လျော့သွားမယ်။

ဒီလို ဖြစ်ဖို့ သူ ပင်ပန်းခံပြီး ကြံစည်ထားတာ။

ဖန်ကျန်းရှီကို စာမေးပွဲ နှစ်ခု လုံးမှာ ထိပ်တန်းရအောင် သူလုပ်တယ်။ ဒါပေမယ့် ဒီထိပ်တန်း ရလဒ်တွေ အသုံးမဝင်အောင် လည်ပင်းကို ကြိုးကွင်း အရင်စွပ်တယ်။ ရလဒ်တွေ ထွက်လာလည်း အသုံး မဝင်တော့ဘူး။

ဒါပေမယ့် အခုတော့

ဧကရာဇ် လင်းမုပိုင်က သိသိသာသာကာကွယ်ပေးတယ်။ နောက်ပြီးတော့ လေးကိုင်း အကြောင်းလည်း မပြောဘူး။

ဖန်ကျန်းရှီကို တော်ဝင်စာမေးပွဲမှာ နံပါတ်တစ် ဖြစ်အောင် လုပ်ထားတဲ့ သူ့ အကွက်လည်း အခုချိန် မှာ အသုံးမဝင်တော့ဘူး။

“ ဧကရာဇ် ဘာတွေ တွေးနေတာလဲ။” သွမ့်အရှင် ပထမဆုံး အကြိမ် ဧကရာဇ် အတွေးကို နားမလည်နိုင်ခဲ့ဘူး။

ပွဲကြည့်သူတွေက ဖန်ကျန်းရှီကို ကြောက်လန့်တကြား ကြည့်နေတယ်။

သူတို့ ခေါင်းတွေက အခု အဖြစ်အပျက်ကို လိုက်မမှီတော့ဘူး။

ဖန်ကျန်းရှီ ဒီလို ဖြစ်တာမြင်တော့ နည်းနည်း လန့်သွားတယ်။ သူက အကြောင်းရင်း တစ်ခု ရှာပြီး ပြစ်မှု မဖြစ်အောင် တားချင်တာ။

နေခွင်းလေးကိုတော့

သိမ်းထားဖို့ တွေးတောင် မတွေးထားဘူး။

“ ဒီအကြောင်း မပြောတော့ဘူးလား။ ဒါဆို ငါ့ အပိုင် ဖြစ်ပြီပေါ့။” ဖန်ကျန်းရှီ သူ့ဘာသူ တွေးတယ်။ ဒီလောက်တော့ မလွယ်နိုင်ဘူး။ သူ ခေါင်းခါတယ်။

ပင်းယန် ခုန်ထွက်လာတယ်။

ဖန်ကျန်းရှီကို ငါးမြှားချိန်က လွတ်အောင် သူလုပ်ပေးပြီးပြီ။ ဒါပေမယ့် နေခွင်းလေးကိုတော့ မပေးနိုင်ဘူး။

“ ခမည်းတော်” ပင်းယန် ဂျီကျတဲ့ ကလေးငယ်လေး တစ်ယောက်လို လှမ်းပြောတယ်။

“ ဟား ဟား …. ခမည်းတော်ရဲ့ ရွှေသိမ်းငှက်လေးက မသုံးတာ ကြာတော့ ဖုန်တွေတောင် တက်နေပြီ။ အဲ့တာကို မယူချင်ဘူးလား။” ဧကရာဇ် လင်းမုပိုင် ဖြတ် ပြော တယ်။

“ရွှေ သိမ်းငှက်လေးလား။ ယူမယ် ယူမယ် ” ပင်းယန် ပျော်လွန်းလို့ ခုန်ဆွခုန်ဆွ ဖြစ်နေပြီ။

“ အမတ်မင်း။ ရလဒ်ကို ကြေညာတော့။” ဧကရာဇ် လင်းမုပိုင် ပင်းယန် နှာသီးဖျားကို လက်နဲ့ တို့ရင်း ပြောတယ်။ သမီးငယ်လေးကို ချော့မြှူရင်း ပျော်ရွှင်နေတဲ့ ဖခင် တစ်ယောက် ပြုံးရွှင်နေတယ်။

ပင်းယန် ချက်ခြင်း ဖန်ကျန်းရှီ နားကို ပြေးလာတယ်။

“ဘာကြည့်တာလဲ.”

“ရွှေသိမ်းငှက်လေးက နေခွင်းလေးထက် ပိုကောင်းလို့လား။” ဖန်ကျန်းရှီ မထိန်းနိုင်ပဲ မေးတယ်။

“ဧကရာဇ် ကိုင်တဲ့ လေးလေ။ မကောင်းပဲ နေမလား။” ပင်းယန် ဖန်ကျန်းရှီ မေးခွန်းကို တိုက်ရိုက်မဖြေဘူး။ သူမလည်း ဘယ်တစ်ခုက ပိုစွမ်းမှန်း မသိ။ ဒါပေမယ့် မသိကြောင်း ဝန်မခံဘူး။

“ငါနားလည်ပြီ။” ဖန်ကျန်းရှီ ပြုံး ပြတယ်။

အမတ်မင်းတွေ ဒီ အချိန်မှာတော့ သူတို့ လန့်နေတာကို မဖုံးကွယ်နိုင်တော့ဘူး။

ဧကရာဇ် လင်းမုပိုင် ကာကွယ်ပုံက မသိသာဘူး။

ဒါပေမယ့် သူ့ စကားတစ်ခွန်းကြောင့် အားလုံး ရှင်းလင်း သွားပြီ။

အမတ်မင်းတွေနဲ့ ရှိသမျှ အာဏာရှင် မိသားစုတွေကို ရှင်းလင်းအောင် ကြေညာ လိုက်တာပဲ။

“တကယ်ပဲ ဖြစ်လာပြီလား ???” အမတ်မင်းတွေ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။ တစ်ယောက်မှ စကား မပြောတော့ဘူး။ ဒါပေမယ့် တစ်ယောက် စိတ်ကို တစ်ယောက် ထွင်းဖောက်မြင်ကြတယ်။

ညီလာခံမှာ ပေါက်ကွဲမှု အသစ် ဖြစ်တော့မယ်။

ယွီယိဖျင်ကတော့ တုန်ယင်နေပြီ။ အိမ်ရှေ့စံ မင်းသားကို သူ မကြည့်ဘူး။ သွမ့်အရှင်ကိုသာ ကြည့်နေတယ်။

ပြောရေးဆိုခွင့်ရှိတဲ့ အမတ်မင်းကတော့ မြေကြီးပေါ်မှာ အမြစ်ဆွဲသလို ရပ်နေတယ်။ ဧကရာဇ် လင်းမုပိုင် ပြောတာကို မကြားလိုက်သလို တွေဝေနေတယ်။

“ အမတ်မင်း ” နောက်ဆုံးတော့ အမတ်တစ်ဦး သတိပေးလိုက်တယ်။

“အဟမ်း…..” အမတ်မင်း လည်ချောင်း ရှင်းတယ်။ “ ပြိုင်ပွဲ အတွက် ထိပ်တန်း သုံးယောက် နေရာကို ကြေညာပါမယ်။ ပထမ -ပင်း… အိုး မှားလို့ … ဖန်ကျန်းရှီပါ။ ဓားသံတမန် အမတ်မင်း ဂုဏ်ယူပါတယ်။ ပထမရတဲ့ အတွက်”

“ဟား ဟား ဟား … ငါ နိုင်ပြီ။ ငါ ဝမ်တပေါင်း ချမ်းသာတော့မယ်။” ကြေညာပြီးပြီးချင်း အော်သံကြီး ထွက်လာတယ်။

ပြိုင်ပွဲမှာ ကိုယ်တိုင် အောင်နိုင်သလို ထအော်တယ်။

ပွဲကြည့်သူတွေ ဝမ်တပေါင်းကို နှာခေါင်းရှုတ်နေကြတယ်။

ဒါပေမယ့် ဝမ်တပေါင်း စိတ်မဆုးိဘူး။

အလောင်းအစားမှာ နိုင်မယ့် ငွေပမာဏကို တွေးရင်း မပျော်ပဲ မနေနိုင်ဘူး။

ဒါပေမယ့်လည်း ….

ဖန်ကျန်းရှီ သူ့ အော်သံ ကြားတာကို ဝမ်တပေါင်း သတိမထားမိဘူး။

“အိုး ။ မင်းနိုင်တာလား။” ကနေတဲ့ ဝမ်တပေါင်းကို ဖန်ကျန်းရှီ လှမ်းကြည့်တယ်။ သူ ပြုံးတယ်။ ဒီလူ ငါ့ကို လောင်းထားတာ လား??

…… ဖန်ကျန်းရှီ ဧကရာဇ် မင်းဆီကို လေညှင်းဆောင် တိမ်တိုက် ဖိနပ်ကို ယူတယ်။ နောက် ကျေးဇူးတင်ကြောင်း ပြောတယ်။

အဲ့ဒီ့နောက် သူ့ ဖိနပ်တွေကို ချွတ်တယ်။ လေညှင်းဆောင် တိမ်တိုက် ဖိနပ်ကို စီးတယ်။ အလင်းရောင်တွေ တောက်လာပြီး သူ့ခြေထောက်နဲ့ အံဝင်ခွင်ကျ ဖြစ် သွားတယ။်

“ အိုး မဆိုးဘူး။ စီးလို့ ကောင်းသား။” ဖန်ကျန်းရှီ ခြေလှမ်းနည်းနည်း လျှောက်ကြည့်တယ။် ဖိနပ်ချုပ်သမားဆီမှာ အပ်ထားသလို အတော်လေး ကောင်းတာပဲ။

အမတ်မင်းတွေ လန့်နေကြပြီ။

လူူအများစုက ဆုတွေ ယူပြီးရင် အိမ်မှာ အလှပြထားတာ။ များသော အားဖြင့် ပွဲတော်ကြီးတွေမှာပဲ ဝတ်တယ်။

ဖန်ကျန်းရှီကတော့ ချက်ခြင်းကို ချစီး ပြစ်ပြီ.။

ဒီ ကောင် ဘာကောင်လဲ ??`

အမတ်မင်းတွေ ရဲ့ အတွေးကို ဖန်ကျန်းရှီ မသိဘူး။ သူ့အမြင်အရ …. ဖိနပ် အသစ်ရရင် အကေင်းကို ချွတ်ပြီး အသစ်စီးရမှာပဲလေ ။

…

ပြိုင်ပွဲကတော့ ပြီးသွားပြီ။

မယုံနိုင်စရာ ကောင်းတဲ့ ပြိုင်ပွဲပဲ။ သတင်းကတော့ မြို့တော်ကို တောမီးလို ပျံ့တယ်။

“ ရွံ့မြင်းကျားက ပြိုင်ပွဲ နိုင်တယ်တဲ့။ ”

“ ဖန်ကျန်းရှီက နိုးထလာသော နဂါး အဆင့် ၇ နဲ့ ၈ ကို အနိုင်တိုက် လိုက်တယ်တဲ့။”

“မယုံနိုင်စရာပဲ။”

“ ဒါတင် မကဘူး။ ဖန်ကျန်းရှီက သွမ့်အရှင်ရဲ့ နေခွင်းလေးကို ခိုးသွားတယ်လို့ ကြားသေး။ ဧကရာဇ်က ဒီ ကိစ္စကို မစစ်ဆေးရုံတင် မကဘူး။ ဖန်ကျန်းရှီကို တောင် နေခွင်းလေး ပေးလိုက်သေး ဆိုပဲ။”

“မိုးနတ်မင်းရေ ။ ပြိုင်ပွဲကို မကြည့်မိတာ နောင်တရချက် ကွာ”

လူအများစု ပြိုင်ပွဲ အကြောင်း ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေတယ။် စားသောက်ဆိုင်တွေမှာ တည်းခိုဆောင်တွေမှာ မြို့တစ်ခုလုံး နေရာ အနှံ့ ။ ပြိုင်ပွဲမှာ ဘာဖြစ်ခဲ့လည်း ဆိုတာ ရေပန်း အစားဆုံး ကိစ္စဖြစ်နေတယ်။

တစ်ချို့ သူတွေဆို ဖန်ကျန်းရှီရဲ့ ရွံ့မြင်းကျားက ရိုးရိုး ရွံ့မြင်းကျား မဟုတ်ဘူးလို့တောင် ပြောသေး။ ရွံ့မြင်းကျား ဘုရင်ဆိုပဲ။ နောက်ပြီး ပျံတောင် ပျံနိုင်တယ်က ပါသေး။

ဒီ ပုံပြင်က အတော်လေးကို ခေတ်စားလာတယ်။

နောက်ဆုံးတော့လည်း ပြိုင်ပွဲပန်းဝင် ခါနီး အချိန်….. ရွံ့မြင်းကျားရဲ့ အရှိန်ကို လူတိုင်း ထိတ်လန့်ခဲ့တာပဲ။

မြို့တော် တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေတဲ့ အချိန် သွမ့်အရှင် အိမ်တော်ကတော့ အေးစက်နေတယ်။

အိမ်တော်ထဲမှာတော့ မရေမတွက်နိုင်တဲ့ အဖိုးတန်ရတနာတွေ သွမ့်အရှင်ရှေ့မှာ ပျံကျဲနေတယ်။ ဒီ ရတနာတွေရဲ့ ဘေးမှာ ဒူးထောက် နေသူ အချို့လည်း ရှိတယ်။

ကြမ်းပြင်ပေါ်မှာ ဒူးထောက်ရင်း တစ်ချို့ ဆို တုန်ယင်နေတယ်။

စာကြည့်ခန်းရဲ့ အပြင်မှာ ။ ခန်းမဆောင်လေး တစ်ခုထဲ ဆရာဟွား ထိုင်ေနေတယ်။ သူ့ရှေ့မှာတော့ လက်ဖက်ရည်အိုး တစ်အိုး။ သူ့ကြည့်ရတာ တစ်ခုခုကို စောင့် နေပုံပဲ။

“ မင်းက ဒီမှာပဲ။” ဆရာဟွာ ခပ်တိုးတိုး ပြောတယ်။

“ဟုတ် ကျွန်တော် ဒီမှာ” လူရိပ် ရပ်တန့်ရင်းနဲ့ ဖြေတယ်။

“ဒါဆို ဝင်သွားလိုက်”

“ ဆရာဟွားကော မဝင်ဘူးလား။”

“ မဝင်တော့ဘူး။”

“ဆရာမဝင် ဘူးဆိုရင် ။ သွားတော့မှာလား ” လူရိပ် ခေါင်းစွပ်ကို ချွတ်တယ်.။

ဒါက စုချင်း ။

“ ငါမဝင်မှာတော့ သွားရမှာပဲ။ ” ဆရာဟွား ရေနွေးခွက်ကို မြှောက်လိုက်တယ်။ ခွက်ထဲမှာတော့ မီးလုံးလေး တစ်လုံး လောင်ကျွမ်းနေတယ်။ ဒီ အချိန်မှာပဲ ရေနွေးကြမ်း ပြန်ပူလာတယ်။

“ ရေနွေးက ပြန်နွှေးရင် အနံ့ ပျောက်သွားတယ်။ ” စုချင်း လက်ဖက်ရည် ခွက်ကို ကြည့်ရင်း နဲ့ မှတ်ထားလိုက်တယ်။

ဆရာဟွားက ဒီစကားကိုကြားတော့ တစ်ချက်တုန်သွားတယ်။ လက်ဖက်ရည်ခွက် လက်ထဲက လွတ်ကျတယ်။ ကြမ်းပြင်ပေါ်မှာ အစိတ်စိတ် အမွှာမွှာ ကွဲသွားတယ်။

…

နောက်တစ်နေ့ မနက် ။

လေပြေ လေညှင်းလေး ဆော်သွေးတယ်။ မြို့တော် တစ်ခုလုံးေ ရွှရောင် လွှမ်းပြီး တောက်ပနေတယ်။

လူတွေ လမ်းပေါ်မှာ ပြည့်ကျပ်နေတယ်။

လူတိုင်း သိထားတယ်။

မနေ့က ကျော်ကြားနေတာ မြင်းပြိုင်ပွဲနဲ့ အမဲလိုက်ပွဲ ရလဒ် အကြောင်း ။ ဒီနေ့ကတော့ တော်ဝင် စာမေးပွဲ ရလဒ်ကို ပြည်သူတွေ ဆီ ကြေညာမှာ။

စာမေးပွဲက နှောက်ယှက် ခံရလို့ တစ်လတိတိ ဆိုင်းငံ့ထားတာ။ ဒီနေ့ကတော့ ပြန်လှုပ်ရှားတဲ့ နေ့ပဲ။

ဘယ်သူစိတ် မလှုပ်ရှားပဲ နေရမှာလဲ။

လူအုပ်စုလိုက်ကြီး တော်ဝင်ကျောင်းတော် ရှေ့မှာ မိုးမလင်းခင် တည်း ကစောင့်နေတယ်။ ဝတ်ကောင်းစားလှ ဝတ် လူကြီး လူကောင်းတွေ။ ဈေးသည်တွေနဲ့ အနီးနားက ရွာသား တစ်ချို့ပါ ရောက်နေတယ်။

အပိုင်း (၂၉၈) ပြီး၏။

အပိုင်း (၂၉၉)

“ တော်ဝင် စာမေးပွဲရလဒ် ကို ကြေညာခြင်း”

အရေးကြီး ပွဲတော် အတွက်ဆို စောစောပြင်ဆင်ကြတယ။်

ဖန်ကျန်းရှီတောင် ရှားရှားပါးပါး အိပ်ယာက စောစောထတဲ့ နေ့ရှိခဲ့ပြီ။ ရန်ရွှယ့် အခန်းကို သွားတယ်။ စားပွဲမှာ ထိုင်ရင်း အေးအေးဆေးဆေး စောင့်နေတယ်။

ရန်ရွှယ်က ဖြူဖျော့နေတယ်။ အရင်ကထက်တော့ အခြေအနေ ကောင်းတယ်။ အစတည်းက သူက အေးစက်စက်ပဲလေ။

“မင်း သက်သာရဲ့လား၊“ ဖန်ကျန်းရှီ စားပွဲမှာ ဝင်ထိုင်တယ်။ စားသောက်ရင်းမေးတယ်။

“ အင်း။” ရန်ရွှယ် ခေါင်းငြိမ့်တယ်။ သူလည်း စ စားတယ်။ မနက်စာစားဖို့ ဖန်ကျန်းရှီကို သူ စောင့်နေတာ။

အစာစားနေရင်း စကားပြောတာကို ရန်ရွှယ် မကြိုက်ဘူး။ ဒါကြောင့် ဖန်ကျန်းရှီလည်း တိတ်တိတ်ဆိတ်ဆိတ်ပဲ စားတယ်။

မြန်မြန် စားသောက်ပြီး တော်ဝင် ကျောင်းတော်ဆီ သွားတယ်။

တော်ဝင် ကျောင်းတော်မှာ လူတွေ ပြည့်ကြပ်နေတယ်။

ပတ်ပတ်လည်မှာတော့ စားပွဲရှည်တွေ ရှိတယ်။

မြို့ထဲက လောင်းကစား အိမ်တွေရဲ့ စားပွဲတွေမှန်း သူတို့သိတယ်။ ဒီပြိုင်ပွဲ ရလဒ် အတွက် လူတွေ အလောင်းအစား လုပ်ဖို့ ထားထားတာ ။

ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ ရောက်လာတယ် ။ လူတွေ သူတို့ကို အတော်လေး အာရုံစိုက်တယ်။

နောက်ဆုံးတော့ မနေ့က ပြိုင်ပွဲကြောင့် ဖန်ကျန်းရှီ နာမည်က တစ်မြို့လုံးကို ပြန့်နေတာလေ။ အနီးနားက ရွာသားတွေတောင် ဖန်ကျန်းရှီကို ကြားဖူးတယ် ။

“ ကြည့်စမ်းပါအုန်း။ ဖန်ကျန်းရှီက ဒီမှာ။”

“ မိုးနတ်မင်းရေ။ ရန်ရွှယ်ပါလား။ သူက ခံ့ညားလိုက်တာ။ အရမ်း ခံ့ညားတာပဲ။” ဖန်ကျန်းရှီ သူ့ အကြောင်း စကားသံ ထွက် လာမှာကို စောင့်နေတယ်။ သူ့ဘေး နား ကနေ အော်သံတွေ ထွက်လာတယ်။

ကောင်မလေး တစ်ယောက်ရဲ့ အသံမှန်း သိသာတယ်။

“ ဘာလို့များ ဖန်ကျန်းရှီက ရန်ရွှယ်နဲ့ မြဲ ရှိနေလဲ။ နားမလည် နိုင်ဘူး။”

“ဟုတ်သားပဲ။ ဟုတ်သားပဲ။”

“ ဒါပေမယ့် ဖန်ကျန်းရှီ ကို မြင်တော့ ရန်ရွှယ်က ပိုချောမှန်း သိသာတယ်။”

အမျိုးသမီး အသံတွေ ပလုံစီပြီး ထွက်လာတယ်။

ဖန်ကျန်းရှီ ရုတ်တရက် ဝမ်းနည်းသွားတယ်။ သူက မခံ့ညားဘူးလား။

ညီလာခံ စာမေးပွဲမှာ သူနာမည်ကို လူတွေ အော်ဟစ်ဖို့ သူ စိတ်ကူးယဉ် ဖူးတယ်။

ဒါပေမယ့် အိမ်မက်က တစ်ဝက်ပဲ ပြည့်တယ်။

ရန်ရွှယ့်ကိုပဲ လူတွေ အဓိက စိတ်ဝင်စားတာ။

ကောင်းပြီလေ။

ဘယ်သူမှ မပြောလည်း

ငါက ချောပြီးသားပဲ။ ကိုယ့်ကိုယ်ကို ဂုဏ်ယူတယ်။

သူ တွေးနေချိန်မှာပဲ ရုတ်တရက် အော်သံတွေ ထွက်လာတယ်။ သူနဲ့ ရန်ရွှယ်ကို နှုတ်ဆက်တာထက် အများကြီး ပို ကျယ်တယ်။

“ အိုး ကောင်မရေ ကြည့်စမ်း ဟိုမှာ ဝူဖုန်း”

“ တကယ် ဝူဖုန်းပဲ ။ ဝိုးးး …. နောက်ဆုံးတော့ ဝူဖုန်းကို ကိုယ်တိုင် တွေ့ဖူးခဲ့ပြီလေ။”

“ ကောလာကလတွေက အမှန်ပဲ။ ဝူဖုန်းက ငါ ထင်ထားတာ ထက်တောင် ပိုချောသေးတယ်။”

တစ်ချိန်တည်းမှာပဲ အသံတွေ ပိုကျယ်လာတယ်။ လူအုပ်ထဲ ဗုံးပေါက်သလို ဆူညံနေတယ်။

ဖန်ကျန်းရှီ အသံတွေ ထွက်နေတဲ့ နေရာကို ကြည့်တယ်။

လူငယ် တစ်ယောက် ဖြည်းဖြည်းချင်း လမ်းလျှောက်လာတာကို သူတွေ့တယ်။

ဒီ အချိန်မှာပဲ ဒဏ္ဍာရီ ထဲက *ဖန်အန်း လို ချောတဲ့ သူ ရှိပါလားလို့ ခက်ခက်ခဲခဲ ယုံလိုက်ရတယ်။ သူ့ ဘ၀ တစ်လျှောက်လုံး သူ့ ရုပ်သွင်နဲ့ ပတ်သက်ပြီး စောဒက မတက်ဖူးဘူး။

ဒါပေမယ့် ဝူဖုန်းကို မြင်တော့ နားလည်သွားတယ်

ကျက်သရေရှိတယ်။ အထူးကောင်းမွန်တဲ့ ခြောက်ပြစ်ကင်းသဲလဲစင်။

အဓိက ပြစ်ချက်ချကင်းတယ်။ အကယ်၍ ဒီ အချက်တွေ အကုန် လုံးကို ပေါင်းလိုက်ရင်။…. ဖန်ကျန်းရှီ နောက်ထပ် ထပ်ပေါင်းပြောချင်တာ တစ်ခု ရှိတယ်။

ဒီလူ့ကြောင့် ငါ (ဂေး) တော့မယ့် ။ ******

ဒီလူက တဖျတ်ဖျတ် လွင့်နေတဲ့ ဝတ်ရုံကို ဝတ်ထားတယ်။ သူ့လက်ထဲမှာတော့ ကျောက်စိမ်း ပုလွေ တစ်ချောင်း ။ ဖော်ရွေတဲ့ သူ့ အပြုံးက တောက်ပနေတယ်။

ရန်ရွှယ်နဲ့ လုံးဝကို ဆန့်ကျင်ဘက်။

ဒါကတော့ ဝူဖုန်း။

“ နိုးထလာသော နဂါး အဆင့်လေး ။ ဝူဖုန်းနဲ့ ကျောက်စိမ်းပုလွေ။” ရန်ရွှယ် ဖန်ကျန်းရှီကို ရှင်းပြတယ်။

“ ကျောက်စိမ်း ပုလွေက ဘာထူးခြားလို့လဲ။” ဖန်ကျန်းရှီ စပ်စုချင်လာတယ်။ ကျောက်စိမ်း ပုလွေကို လက်နက် အဖြစ် သုံးတာ သူ ပထမဆုံး မြင်ဖူးတာပဲ။

“ သူက (သန့်ရှင်းရေစင် သုခမိန် ) ရဲ့ တပည့်လေ။ သူတို့တွေက ဂီတ ပညာ ထူးချွန်တယ်။ ကောလကလ တွေ အရ အတော်ဆုံးဆိုပဲ။

“ ဂီတ က တိုက်ပွဲမှာ သုံးလို့ ရလား။”

“ရတယ်။ ”

“ဘယ်လိုလဲ။”

“ ပုလွေကို လေနဲ့ မှုတ်တယ်လေ။”

“ အိုး နားလည်ပြီ။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ဒါပေမယ့် သူ နားမလည်ဘူး။ ဘာကို ဘယ်လို မှုတ်ရမှာလဲ။

သူတွေးနေတယ်။ ဝူဖုန်း လျှောက်လာတယ်။ ရန်ရွှယ် နဲ့ ဖန်ကျန်းရှီဆီ ပြုံးပြုံးကြီး လျှောက်လာတယ်။

“ သခင်လေး ရန် နေကောင်းကျန်းမာလို့ ခံ့သာပါစေ။” ဝူဖုန်း ရန်ရွှယ်ကို တလေး တစားနဲ့ ဦးညွှတ်တယ်။

ဖန်ကျန်းရှီကတော့ စိတ်ပျက်လက်ပျက် နှုတ်ခမ်း တွန့်နေတယ်။ ဘယ်သူ နှုတ်ဆက် နှုတ်ဆက် ရန်ရွှယ်က အဖတ် မလုပ်ဘူး။

ဝူဖုန်းလည်း ဒီထဲ ပါမှာပဲ။

သူတွေးနေတဲ့ အချိန်ပဲ ရန်ရွှယ် အသံ ထွက်လာတယ်။ “ ကောင်းပြီ။”

“အိုး။” ဖန်ကျန်းရှီ ရန်ရွှယ်ကို သံသယ အပြည့်နဲ့ လှမ်းကြည့်တယ်။

ဒါပေမယ့် ရန်ရွှယ်က ပြန်သာ ဖြေတယ်။ စကား ပြောချင်ပုံ မပေါ်ဘူး။

ဝူဖုန်းက စိတ်ညစ်သွားဟန် မပေါ်ဘူး။ ဒီလိုဖြစ်မယ် ထင်ထားပုံပဲ။ ပြုံးမြဲ ပြုံးဆဲ။

“ကျွန်တော် ထင်တာမှန်ရင် ဒါက ကျော်ကြားနေတဲ့ ဖန်ကျန်းရှီပဲ ဖြစ်မယ်။ သခင်လေးဖန်။” ဝူဖုန်း ဖန်ကျန်းရှီကို ဦးညွှတ်ရင်း ပြောတယ်။

ဖန်ကျန်းရှီ ပြန်ဖြေဖို့ မတွေးဘူး။ ဒါပေမယ့် ကျောက်စိမ်း ပုလွေကို မြင်တော့ သူ့ စိတ်ထဲမြင်ကွင်း တစ်ခု ပေါ်လာတယ်။

ဝူဖုန်း လက်ထဲက ပုလွေကို ကြည့်ရတာ …… ။ အဆုံးမဲ့ လောက ညီလာခံ နံရံက ပုံရိပ်နဲ့ တစ်ထပ်တည်း တူနေတယ်။

ဘာတွေ ဖြစ်ကုန်တာလဲ။

ဝူဖုန်း ပုလွေ ပေါ်က အမှတ်လေးက အစ တစ်ထပ်ထည်း တူနေတယ်။

ပုံရိပ်တွေ ဖန်ကျန်းရှီ့ စိတ်ထဲ ပေါ်လာတယ်။ ကောင်းကင်တာအို ကျောက်ဖျာ နောက်ပြီးတော့ ညီလာခံ ခန်းမ တစ်ခုပြီး တစ်ခု သူ့ စိတ်ထဲ ပေါ်လာတယ်။

အဆုံးမဲ့ လောက ထဲက ထွက်တဲ့ အချိန် ကြောက်စရာ အဖြစ်ကို ပြန်သတိရတယ်။ အငွေ့အသက်တွေ နားစည် ကွဲမတတ် မတတ် အော်သံတွေ …. ။

“ မင်းရဲ့ ပုလွေကို တစ်ချက်ကြည့်ဖို့ ငှားပေးနိုင်မလား။” ဖန်ကျန်းရှီ မေးတယ်။

လူတိုင်းက ဖန်ကျန်းရှီ မေးခွန်းကြောင့် လူတိုင်း မျက်လုံးပြူးသွားတယ်။ အဲ့ဒီ့နောက် သူ့ကို စိတ်ပျက်လက်ပျက် နဲ့ ထွက်သွားတယ်။

ဘယ်သူက ပထမဆုံး တွေ့တဲ့ အချိန်မှာ သူများရဲ့ လက်နက်ကို ငှားမှာလဲ။

“ ဟ ဟား ….. မဖြစ်ဘူး။” ဝူဖုန်း ရယ်မောတယ်။ ဖန်ကျန်းရှီက မသင့်တော်တာကို တောင်းဆို မိတဲ့ ပုံပဲ။

“ အိုး….. ဒါဆိုရင် တစ်ချက်လောက် ကြည့်ချင်ရင်ကော။” ဖန်ကျန်းရှီ ဆက်ပြောတယ်။

“ သခင်လေး ဖန်က တကယ်ပဲ ကြည့်ချင်တာလား။” ဝူဖုန်း အမူအယာ ပြောင်းသွားတယ်။ ဖန်ကျန်းရှီကို ကြုံသလို ပြောနေတယ်ပဲ မှတ်တာ။ ဒါပေမယ့် ဖန်ကျန်းရှီက အလေးအနက် ပြောလာတယ်။

“ ဟုတ်တယ်။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ အကယ်၍ သခင်လေး ဖန် တစ်ချက် ကြည့်ချင်တယ်ဆိုရင် ။ ကျွန်တော့်လက်ထဲက နေ လု နိုင်တယ်။” ဝူဖုန်း ပြုံးရင်း ပြောတယ်။

“ အိုး။ ငါ နားလည်ပြီ။” ဖန်ကျန်းရှီ ဝူဖုန်းလက်ထဲက ကျောက်စိမ်းပုလွေကိုကြည့်တယ်။ သူ ပြန်ဖြေတယ်။

“ ဒုန်။”

ဒီ အချိန်မှာပဲ မောင်းသံ ထွက်လာတယ်။ တော်ဝင် ကျောင်းတော် တံခါး ပွင့်လာပြီ။

ဝတ်ရုံနက် တော်ဝင် သတင်းပို့သူ တွေ ထွက်လာတယ်။ တံခါးဝမှာ နှစ်တန်းခွဲပြီး လာတယ်။ တစ်ယောက်ချင်းစီက အနီရောင် သေတ္တာတွေ ကိုင်လာတယ်။

သူတို့ နောက်မှာတော့ သွမ့်အရှင်နဲ့ မင်းသားကိုး လင်းယွမ်။

တခြားသူတွေ ထက် အုပ်စုကြိး နောက်မှာ လူငယ် အမတ်မင်း တစ်ဦးရှီနေတယ်။ အဆင့်လေး အမတ်မင်း ဝတ်ရုံကို ဝတ်ထားတယ်။ သူ့ လက်ထဲမှာ ရွှေရောင် သေတ္တာ တစ်လုံး ။

ဒါကို မြင်တော့ လူတွေ အသက် အောင့်ထားတယ်။ ဘယ်သူမှ စကား မပြောဘူး။ တော်ဝင် သတင်းပို့ သမားတွေကိုပဲ ကြည့်တယ်။

“ စုချင်း။ ဒီနေ့ မင်း ကြေညာသင့်တယ်။” သွမ့်အရှင် နောက်က လူငယ်ကို လှမ်းပြောတယ်။

“ ကောင်းပါပြီ။” စုချင်း တလေးတစားနဲ့ ခေါင်းငြိမ့်တယ်။

အဲ့ဒီေ့နာက် တော်ဝင်သတင်းပို့ သမား နှစ်တန်းကြားကို ဝင်တယ်။

ချောင်းဟန့်တယ်။ လေးကြိမ် တိုင်တိုင် ဦးညွှတ်တယ်။ အရှေ့ အနောက် တောင် မြောက် ။ လေးမျက်နှာကို တစ်ဖက်စီ လှည့်တယ်။

“ တော်ဝင် စာမေးပွဲကို နှစ်ဆင့် ကျင်းပ ပါတယ်။ အတွေးအခေါ် စာမေးပွဲ နဲ့ တိုက်ခိုက်ရေးစာမေးပွဲ ။ ကြိုးစား မှုတွေ အခက် အခဲ တွေ အများကြီး ကြုံခဲ့ရ တယ်။ ဒါကြောင့် ဒီ ရလဒ် က လူတိုင်း အတွက် ထိုက်တန်ပါတယ်။ ”

စုချင်း တော်ဝင်စာမေးပွဲမှာ ဖြစ်ခဲ့တဲ့ အကြောင်းရာတွေကို ပြန်ပြောတယ်။

သုခမိန်လောက ထဲက အကြောင်းကို ပြောတယ်။ သေဆုံးသွားတဲ့ သူတွေနဲ့ ဒဏ်ရာရသူ တွေ အတွက် ထပ်တူ ထပ်မျှ ဝမ်းနည်းကြောင်း ပြောတယ်။

လူအုပ်ကြီး တစ်ခုလုံး သက်ပြင်း နေတယ်။

ပြီးတဲ့နောက် ။ တော်ဝင် သတင်းပို့သူတွေကို ကြေညာဖို့ ပြောတယ်။

သူတို့ အားလုံး အနီရောင် သေတ္တာတွေကို တစ်ပြိုင်နက် ဖွင့်တယ်။ တစ်ခုချင်းစီမှာ နာမည် နဲ့ လူ အကြောင်း အကျဉ်းချုပ် ပါတယ်။

“ ငါအောင်ပြီ။ ငါအောင်ပြီ။”

“ ဂုဏ် ယူပါတယ်။”

“သခင်လေး လီ လုပ်နိုင်ခဲ့ပြီ။ ကျော်ကြားလာရင် တို့ကို မမေ့နဲ့နော်။”

“စိတ်လျှော့ပါ။ ငါနဲ့ စာသင်ဖက် တွေကို မမေ့ပါဘူး။” မ

ဂုဏ်ပြုသံတွေ ဟိန်းထွက်လာတယ်။

တော်ဝင် စာမေးပွဲမှာ ဂုဏ်ထူးတန်းတွေ ရှိတယ်။ ဒုတိယ တန်း ကတော့ ခပ်မြန်မြန်ပဲ ကြေညာပြီးတယ်။

အခုတော့ ပထမတန်းကို ကြေညာဖို့ အချိန်ရောက်ပြီ။

လူတိုင်း ပိုပြီး စိတ်လှုပ်ရှားလာတယ်။ ဘယ်သူတွေ ပထမ တန်းမှာ ရမလဲ။

ဖန်ကျန်းရှီ ရင်းနှီးတဲ့ နာမည်တွေကို ကြားရတယ်။

သုခမိန်လောက ထဲ ပင်းယန်ကို ရှုံးတဲ့ သူက ပထမ တန်း ။ နောက်ပြီးတော့ သူ့ရဲ့ ဝမ်းကွဲ အကိုကော။

“ အမတ်မင်းဖန် ကျေးဇူးတင်ပါတယ်.။ အမတ်မင်းကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့ ဒီနေ့ ဒီနေရာမှာ ရောက်မှာ မဟုတ်ဘူး။” သိပ်မကြာခင် လူလတ်ပိုင်း နှစ်ဦး ဖန်ကျန်းရှီ ဆီ လျှောက်လာပြီး ကျေးဇူးတင်တယ်။

“ မင်း လည်း ကြင်နာ တတ်တာပဲ။ ကျေးဇူးတင်ပါတယ်။” သူ့ကို သုခမိန်လောက ထဲမှာ ကာကွယ်ပေးတဲ့ ဒီနှစ်ယောက်ကို သူ သဘောကျတယ်။

သိပ်မကြာခင် ပထမ တန်းကို ကြေညာတယ်။

ဒါပေမယ့် ရှင်ချင်းစွေ့နဲ့ နန်ကုန်းမု မပါဘူး။

အတော်များများ အံ့သြ ကုန်တယ်။

ရှင်ချင်းစွေ့က ညီလာခံ စာမေးပွဲမှာ အကြို ဗိုလ်လုပွဲ ထိ ရောက်တယ်။ ရန်ရွှယ်ကို ရှုံးတာတောင်မှ သူလည်း ပထမတန်း ရသင့်တယ်။

နန်းကုန်းမုကတော့ အတွေးအခေါ် စာမေးပွဲမှာ ထိပ်တန်း သုံးယောက်ထဲ ပါတယ်။ ဖန်ကျန်းရှီကို ရှုံးတာ တောင် မှ ပထမတန်း ရမှာပဲ။

ဖြစ်နိုင်မလား။

လူတိုင်း တွေးမိကြတယ်။

“ဖန်ကျန်းရှီ လည်း မအောင်ဘူးလား။”

“မထင်ပါဘူး။ ဒီကောင် အတွေးအခေါ် စာမေးပွဲမှာလည်း ထိပ်တန်း ရတယ်။ နောက်ပြီးတော့ ဗိုလ်လုပွဲ အထိလည်း ရောက်တာပဲ။ သူက ပထမ ဒါမှ မဟုတ် ဒုတိယ ရမှာပေါ့။”

“ဒါဆို ရန်ရွှယ်ကကော”

“သူလည်း မပါတာတော့ မဖြစ်နိုင်ဘူး။”

လူအုပ်ကြီး ဆွေးနွေးကြပြန်တယ်။

ရှင်ချင်းစွေ့နဲ့ နန်ကုန်းမုသာ ပထမတန်းကို မပါရင် ထိပ်တန်း သုံးယောက်ထဲ ဝင်မှာပဲ။

ဒါပေမယ့် ဖန်ကျန်းရှီနဲ့ ရန်ရွှယ် ပါရင် ထိပ်တန်းက လေးယောက် ဖြစ်နေမှာ။

ဒီမှာ သရေကျတာ ရှိလို့လား။

သူတို့တွေးနေတယ်။ စုချင်း ခေါင်းတစ်ချက်ငြိမ့်ရင်း ရှေ့ထွက်တယ်။

“ တိုက်ခိုက်ရေးစာမေးပွဲ အတွက် ထိပ်တန်း သုံးယောက်ကို ကြေညာပါမယ်”

လူအုပ်ကြီး ငြိမ်သက်သွားတယ်။

လူတိုင်းက ဒီ ရလဒ်ကို စောင့်နေတာ။

စုချင်း သူ့လက်ထဲက ရွှေ သေတ္တာကို ဖြည်းဖြည်းချင်း ဖွင့်တယ်။ ရွှေရောင် ကတ်ပြား သေးသေးလေးကို ထုတ်တယ်။

သူဖွင့်တယ်။

အဲ့ဒီ့နောက်ပြောတယ်။

“တိုက်ခိုကရေး စာမေးပွဲ တတိယ နေရာ ။ စစ်နတ်ကျောင်းတော် ရှင်ချင်းစွေ့။” စုချင်း ကြေညာတယ်။

လူတွေ ဆူညံဆူညံ ပြောကြပြန်တယ်။

ရှင်ချင်းစွေ့ တတိယ နေရာ ရတာ အံ့သြစရာ မဟုတ်ဘူး။ တတိယ နေရာမှာ သရေ မရှိဘူး။

ဒါပေမယ့် လူလေးယောက် ကျန်တယ်။ သရေက တကယ်မရှိတာလား။

ဘာတွေ ဖြစ်နေ်လဲ နားလမလည် နိုင်ဘူး။

တော်ဝင်စာမေးပွဲ စည်းမျဉ်း အရ ။ ပထမနဲ့ ဒုတိယပဲ သရေ ဖြစ်ဖို့ ကျန်မယ်။

နန်ကုန်းမုက ဒုတိယ ဖြစ်လောက်တယ်။ ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ တစ်ယောက်ယောက်များ ကျတာလား။

မဖြစ်နိုင်ဘူး။

လူအုပ်ကြီး တွေးရလွန်းလို့ ခေါင်းခြောက်တော့မယ်။

စုချင်းစီကို ဝတ်ရုံနက်နဲ့ ရှင်ချင်းစွေ့ လျှောက်လာတယ်။ သူ့စိတ်ထဲမှာ မေးခွန်း တွေ ပြည့်နေတယ်။

“သခင်လေးရှင်း။ ထိပ်တန်း သုံးယောက် နေရာရတာ ဂုဏ်ယူပါတယ်။” စုချင်း လှမ်းပြောတယ်။

“ အင်း။ အမတ်မင်း ကျေးဇူး။ နန်ကုန်းမု ဒီစာမေးပွဲမှာ ဘယ်ကို သွားလဲ မေးချင်လို့။” ရှင်ချင်းစွေ့ တိုက်ရိုက် မေးတယ်။ သူက အမြဲတမ်း ပွင့်ပွင့် လင်းလင်း သမားတစ်ယောက်။

အပိုင်း (၂၉၉) ပြီး ၏။

*ဖန်အန်း ဆိုတာ တရုတ်ပြည် သမိုင်းဝင် အချောဆုံး ယောကျာ်းတွေ ထဲက တစ်ယောက်ပါ။ ဘယ်လောက်တောင် ချောသလဲ ဆိုရင် တစ်နေရာကို သူ လာတဲ့ အချိန် မိန်းမပျိုလေးတွေက ပန်းခြင်းတွေနဲ့ တောင် ကြိုဆိုရပါသတဲ့ ။ ( ထျန်းရှတိယိ မှာ ဖတ်ဖူးတာပါ)

********* ဝူဖုန်းက ဘယ်လောက်တောင် ချောလဲ ဆိုရင် ဖန်ကျန်းရှီတောင် သူ့ကြောင့် အခြောက် ဘ၀ ပြောင်းချင်ပါသတဲ့။ L G B T

အပိုင်း (၃၀၀)

“ ရလဒ်”

ရှင်ချင်းစွေ့ မေးခွန်းကို ကြားတော့ လူထုပရိသတ် ငြိမ်သက်သွားတယ်။ ဒါက လုံး၀ သူတို့ စိတ်ထဲက မေးခွန်းပဲ။

နန်ကုန်းမုက အဆင့်သုံး။ ဒါဆို ရှင်ချင်းစွေ့ က ပထမတန်းမှာ ရှိနေရမှာ။

စုချင်း ပြုံးလိုက်တယ်။ ဒါပေမယ့် ချက်ခြင်း မဖြေ။ သွမ့်အရှင်ကို တစ်ချက် ကြည့်တယ်။

သွမ့်အရှင် လည်း မဖြေဘူး။ ဒါပေမယ့် ခေါင်းငြိမ့်တယ်။

“ သခင်လေး ရှင်း ရဲ့ မေခွန်း က မေးသင့်ပါတယ်။ နန်ကုန်းမုရဲ့ နေရာက နည်းနည်း ထူးခြားတယ်။ အသေးစိတ် မသိ ပါဘူး။ ဒါပေမယ့် ကျွန်တော် အတိအကျ ပြောနိုင်တာက ။ နန်ကုန်းမု အဆင့်မဝင်ပါဘူး။” စုချင်း ပြုံးပြီး ဖြေတယ်။

“ဘာလဲ။”

“ နန်ကုန်းမုက အဆင့် မဝင်ဘူလား။”

“ဘယ်လိုပဲ ဖြစ်ဖြစ် နန်ကုန်းမုက တော်ဝင် စာမေးပွဲ အတွက် ဒီလောက် အဆင့်ဆင့် ဖြတ်လာခဲ့ပြီးပြီ။ ညီလာခံ စာမေးပွဲမှာ မပါရင်တောင် အနည်းဆုံး အဆင့်ဝင်သင့်တယ် မလား။”

“ဒါ စည်းဖောက်နေတာပဲ။”

ဒီ စကားတွေ ကြောင့် ကြည့်နေသူ အများစု ဒေါသထွက်လာတယ်။ တော်ဝင်စာမေးပွဲ အဆင့်တွေက ပြိုင်ပွဲ ဝင်တွေရဲ့ လုပ်ဆောင်ချက် တွေ အဆင့် တွေ နဲ့ ဆုံးဖြတ် တာပဲ။

စုချင်းက ပွင့်ပွင့်လင်းလင်း မပြောဘူး။

နန်ကုန်းမုက အဆင့် တစ်ခုလေးတောင် မဝင်တာတော့ ပြောတယ်။ ဒုတိယ အဆင့် တောင် မဝင်ဘူး။

ဒါက အဓိပ္မာယ် မရှိလိုက်တာ။

“ တော်ဝင်ကျောင်းတော် မှာ ဒီလိုလုပ်ဖို့ အခွင့် အာဏာရှိလို့လား။” ရှင်ချင်းစွေ့ အကြည့်တွေ အေးစက်လာပြီ။ သူနဲ့ နန်ကုန်းမု သိပ်မခင်ဘူး။ ဒါပေမယ့် သုခမိန် လောကထဲမှာ …. ညီလာခံမှာ သူတို့ ကိစ္စတွေ အများကြီး အတူတူ ကျော်ဖြတ် ခဲ့တယ်။ ဒီလို ကိစ္စ မျိုး အဖြစ် မခံ နိုင်ဘူး။

ပထမ တန်းက ကျောင်းတော်သားတွေလည်း ဒီ မေးခွန်း ကြောင့် လည်နေတယ်။

“ တော်ဝင် ကျောင်းတော်မှာ ဒီလို လုပ်ဖို့ အာဏာ မရှိဘူး။”

“ အတိအကျပဲ။ အတိအကျပဲ။ ”

ကျေုာင်းတော်သား အများစု အော်ဟစ် ကြတော့တယ်။

စုချင်းလည်း ပတ်ဝန်း ကျင်ကို တစ်ချက်ကြည့်တယ် ။ ပြီးတော့ ကူကယ်ရာမဲ့ သက်ပြင်း ချ လိုက်တယ်။

“ သခင်လေး ရှင်း ပြောတာ မှန်တယ်။ တော်ဝင်ကျောင်းတော် မှာ ဒီလို လုပ်ဖို့ အခွင့်အရေး ရှိ လို့လား။” စုချင်း မေးခွန်း နှစ်ခုလုံးကို ပြန်ဖြေတယ်။

“ မင်းဘာပြောချင် တာလဲ….”

“ သခင်လေးရှင်။ ဒါက ကျွန်တော် တို့ သခင်လေးတို့ ပြောင်းလို့ ရတဲ့ အခြေအနေ မဟုတ်ဘူး။ နောက်ပြီးတော့ ဒီ ဆုံးဖြတ်ချက်က တော်ဝင်ကျောင်းတော် က ချမှတ်တာ မဟုတ်ဘူး။ ကျွန်တော် ဆိုလိုချင်တာကို သခင်လေး သိမယ် ထင်ပါတယ်။ ” စုချင်း လူအုပ်ကြီးကို လက်ဝေ့ယမ်း ပြတယ် ။ “နန်ကုန်းမု ကိစ္စ က ညီလာခံ စာမေးပွဲ မတိုင်ခင် ရှင်းပြချက် ထွက်လာမှာပါ။ ကိစ္စအားလုံး လည်း ရှင်းသွားမှာပါ။”

“ ညီလာခံ စာမေးပွဲ လား။”

“ ငါတို့ ဘာလို့ စောင့်ရမှာလဲ။”

“ ဒါက ဒီလို ဖြစ်နိုင်မလား။”

လူထုပရိသတ် လည်း ငြိမ်ကျသွားတယ်။ သူတို့ ထဲက အများစု သံသယ အပြည့်နဲ့ ပါးစပ်ပိတ်ထားတယ်။

“ အကြောင်းရင်းကို ခန့်မှန်း နိုင်လား။” ဖန်ကျန်းရှီ ရန်ရွှယ့် ဘက်ကို လှည့်တ.်

“ ငါလည်း မသေချာဘူး။ အကြမ်းဖျင်း လောက်ပဲ ခန့်မှန်း နိုင်တယ် ….” ရန်ရွှယ် ခေါင်းငြိမ့်တယ်။ နောက်ပြီးတော့ ခေါင်းခါတယ်။

“ဘာဖြစ်တာလဲ။”

“ ငါ ထင်တာသာ မှန်ရင် နန်ကုန်းကေင် နဲ့ တစ်ခုခု လုပ်မှာ ဖြစ်မယ်။”

“ နန်ကုန်းကေင်လား ??” ဖန်ကျန်းရှီ စိတ် ဒွိဟ ဖြစ်နေတယ်။

သူ နန်းကုန်းကေင် ဆိုတာ သိမှမသိပဲ။ ဒါပေမယ့် နန်ကုန်းမု နဲ့ တိုက်ပွဲမှာ သိလိုက်တယ်။ နန်ကုန်းမုရဲ့ အကို။

ဒီ နှစ်ခုက ဆိုင်လို့လား။

တော်ဝင်စာမေးပွဲရဲ့ စည်းမျဉ်းတွေက အထူးအခြေအနေ မရှိရင် တော်ရုံမပြောင်းလဲ ဘူး။ ဘာကများ နန်ကုန်းကေင် ကြောင့် နန်ကုန်းမု အဆင့် မဝင်ရတာလဲ။

ဖြစ်နိုင်စရာ သိပ်မရှိဘူး။

ဖန်ကျန်းရှီ တောင့်ခဲ နေတယ်။

နန်ကုန်းကေင်မှာ ဒီလို အစွမ်း ရှိမရှိ မသိဘူး။ သူ ဒီလို လုပ် နိုင်ရင်တောင် … ။ နန်ကုန်းမုက သူနဲ့ ဆက်ဆံရေး ကောင်းတယ် ပြောသား။ ဒါကြောင့် နန်ကုန်းကေင်က သူ့ကို ထိုခိုက်အောင် လုပ်မှာ မဟုတ်ဘူး။

နန်ကုန်းကေင်သာ မလုပ်ရင် ….။ နန်ကုန်းမု ဒီလို အဆင့် မဝင်တဲ့ အဖြစ်မှာ သူက ဘာလို့ ပါရမှာလဲ။

“ အင်း။” ဒုတိယ တစ်ခွန်းမပြောဘူး။ ရန်ရွှယ် ခေါင်းငြိမ့်တယ်။

“ နန်ကုန်းကေင်က …. ဒီလောက်တောင် အင်အားကြီးလား။” ဖန်ကျန်းရှီ စင်ပေါ်မှာ နန်ကုန်းမုကို ပေးခဲ့တဲ့ ကတိ ပြန်သတိရတယ်။

“ ငါ သူနဲ့ မယှဉ်နိုင်ဘူး။” ရန်ရွှယ် ထူးမခြားနား လေသံနဲ့ ပြန်ဖြေတယ်။

“ အဇူရာ တာအို နဲ့တောင် မယှဉ်နိုင်တာလား။” ရန်ရွှယ် တစ်ယောက်ယောက်ကို မနိုင်နိုင်ဘူး ပြောတာ ဒါ ပထမဆုံးပဲ။ အဇူရာ တာအိုကို နားလည် ထားတာတောင် သူ ဒီလို ပြောတယ်။

“ ဟုတ်တယ်။” ရန်ရွှယ် ခေါင်းငြိမ့်တယ်။

ဖန်ကျန်းရှီ ထပ်မမေးတော့ဘူး။ ရန်ရွှယ်က သူ့ကို မလိမ်မှန်း သိတယ်။ အကယ်၍ ရန်ရွှယ်တောင် မနိုင်ရင်…. သူ ကော နိုင်နိုင်ချေ ရှိမှာလား။

နန်ကုန်းမု ကို ဆန္ဒ ဖြည့်ပေးဖို့ သူ ကတိ ပေးထားတယ်။

…

ရှင်ချင်းစွေ့ နောက်ထပ် ထပ် မပြောတော့ဘူး။ သူ့နေရာသူ ပြန်တယ်။

စုချင်း သူ့လက်ထဲက ရွှေရောင် စာရွက်ကို ဖြန့်တယ်။ လူအုပ်ကြီးကို တစ်ချက် ကြည့်တယ်။

လူ အုပ်ကြီး ငြိမ်ကျသွားပြီ။

ဒါက စစ်မှန်တဲ့ အချိန်ပဲ။ တော်ဝင် စာမေးပွဲ အတွက် ထိပ်တန်း နေရာ။

“ တိုက်ခိုက်ရေး စာမေးပွဲ ပထမ …. ရန်ရွှယ် ” လူတွေ ငြိမ်တော့ စုချင်း ကြေညာတယ်။

“ ရန်ရွှယ်ပဲ။”

“ တကယ့်ကို ရန်ရွှယ်ပဲ။”

“ ရန်ရွှယ်က တိုက်ခိုက်ရေး စာမေးပွဲမှာ ထိပ် ဖြစ်မှာလို့ ငါပြောသားပဲ။ ဟ ဟား ငါ နိုင်ပြီ။”

“ ရန်ရွှယ် မှာ စွမ်းရည်ကော ဂုဏ်ကော ရှိနေတာပဲ။”

သူတို့ အားလုံး ရန်ရွှယ့် နားမည်ကို အော်ဟစ်ရင်း ဂုဏ်ပြုတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို လှည့်ကြည့်တယ်။

ဒီကောင်က သာမာန် ရွာသား လေး တစ်ယောက်ပဲ။

မင်းက တော်ဝင်စာမေးပွဲမှာ ထိပ်သီး ဖြစ်ချင်တာလား။ အိမ်မက်မက်နေလိုက် ။

“ ဟ ဟား။ … ဖန်ကျန်းရှီမှာ ပြောရေးဆိုခွင့် မရှိတော့ဘူး။ သူကတော့ ဒုတိယ နေရာပဲ ရောက်မှာပဲ။ နန်ကုန်းမုက ထွက်သွားပြီ ဆိုတော့ ”

“ အတိအကျပဲ။”

အသံတွေ လူအုပ်ထဲကနေ ဟိန်းထွက်လာတယ်။

ဖန်ကျန်းရှီမှာ လည်း မပြောဘူး။

ဖန်ကျန်းရှီလည်း တစ်ခုမှ မပြောဘူး။ သူတို့ စင်ပေါ်က ပြုတ်ကျတဲ့ အချိန် ဖြစ်ခဲ့တာကို သူ အသိဆုံးပဲ။

ရန်ရွှယ်က သတိလစ်သွားတာ။

ရန်ရွှယ့်ကို သူ တက်ဖိလို့ ၇တယ်။ ဒါပေမယ့် သူ မလုပ်ဘူး။ ရန်ရွှယ် ထိခိုက်မှာကို ကာကွယ်ဖို့ သူလည်း အတူတူ ခုန်ချတယ်။

နောက်ပြီးတော့ မြေပေါ် ကျတဲ့ အချိန် ရန်ရွှယ့်ကို သူ လက်နဲ့ မ ထားတယ်။

တစ်ချိန်တည်းမှာ ကျပေမယ့် ။ သေချာကြည့်ရင် ရန်ရွှယ်က နောက်မှ မြေကြီး ထိတာ။

ဖန်ကျန်းရှီ ရန်ရွှယ့်ကို ကြည့်တယ်။

ရန်ရွှယ်လည်း ပြန်ကြည့်တယ်။

ဖန်ကျန်းရှီ့ မျက်ဝန်းတွေက ဂုဏ်ပြုလိုစိတ် အပြည့်နဲ့။ ဒါပေမယ့် ရန်ရွှယ့် မျက်လုံးကတော့ ဒေါသ ရိပ်တွေ တထောင်းထောင်း ။ စကားပြောဖို့ သူ ဖြပင်တယ်။

ဒီ အချိန်မှာပဲ နောက်ထပ် အသံ ထွက်လာတယ်။

“ ….” စုချင်းက ရွှေပေလွှာကို မြှောက်ထားတယ်။ လူအုပ်ကြီး ထပ် ငြိမ်ကျ သွားတယ်။

စုချင်း နည်းနည်းတော့ ရှက်နေတယ်။

ရလဒ်ကို ပြီးဆုံးအောင် သူ ကြေညာချင်တယ်။ ဒါပေမယ့် လူအုပ်ကြီး အသံတွေက သူ့ကို နှောက်ယှက်တယ်။

လူအုပ်ကြီး အထိန်း အကွပ်မဲ့ ဖြစ်နေပြီ။

စည်းမျဉ်း အရ နာမည် တစ်ခုကို ကြေညာ ပြီးတိုင်း သူ တစ်ခါ နားရတယ်။ ဒါပေမည့် နားပြီးတော့ သူ သဘောပေါက်သွားတယ် ။ မနားသင့်ဘူး။

သူ လည်ချောင်းရှင်းတယ်။

“တော်ဝင် စာမေးပွဲ ပထမ နေရာကို ရန်ရွှယ် ရပါတယ်။ ဒီလိုပဲ။ မြောက်ရွကြ ဖန်ကျန်းရှီလည်း ပထမ နေရာပါပဲ။ သူတို့ ပူးတွဲ ပထမ ရပါတယ်။ ” စုချင်း တစ်ချက်မှ မနားပဲ ကြေညာတယ်။

“ ပူးတွဲ … ပထမ ”

“ ဖန်ကျန်းရှီ နဲ့ ရန်ရွှယ်က ပူးတွဲ ပထမ တဲ့လား။”

“ ဒါဆို ဖန်ကျန်းရှီက တော်ဝင် စာမေးပွဲမှာ ထိပ်တန်း ဖြစ်တာပေါ့။”

“နောက်ပြီးတော့ …. အတွေးအခေါ် စာမေးပွဲ နဲ့ တိုက်ခိုက်ရေး စာမေးပွဲ နှစ်ခုလုံးမှာ ထိပ်တန်း ရောက်တာပဲ။ ”

ပွဲကြည့်သူတွေ နောက်ဆုံးမှာ အတော် ထိတ်လန့်သွားတယ်။ စုချင်းက ဒုတိယ နေရာကို ကျော်သွားမှန်း သူတို့ သိလိုက်တယ်။

ဒုတိယ မရှိဘူး။

ပူးတွဲ ပထမ ဖြစ်နေ တာကြောင့်။

ကြီးမြတ်သော ရှ မင်းဆက် သမိုင်းမှာ ပူးတွဲ ပထမ ရတာ အကြိမ်ရေ နည်းနည်းပဲ ရှိတယ်။

“ ဖန်ကျန်းရှီက ပြိုင်ပွဲ နှစ်ခုလုံးမှာ ထိပ်တန်း ဖြစ်ပြန်ပြီ။ ဖြေသမျှ စာမေးပွဲ တိုင်းမှာ သုံးကြိမ် ဆက်တိုက် ထိပ်တန်း ဖြစ်တာပဲ။ ”

“ မိုးနတ်မင်းရေ … သုံးကြိမ် တောင်လား။”

“နှစ်ယောက်လုံး ဂုဏ်ယူပါတယ်။” ဝူဖုန်း ဂုဏ်ပြုစကား ပြောတယ်။ ဒီရလဒ်ကို သူမအံ့သြဘူး။ ကြိုသိထားတဲ့ပုံပဲ။

“ ဂုဏ်ပြုစကားက လက်ဆောင်လေး ဘာလေးနဲ့ ပြောရမှာ မဟုတ်ဘူးလား။” ဖန်ကျန်းရှီ ဝူဖုန်းကို ကြည့်တယ်။

“ ဟဟား။ သခင်လေး ဖန် ပြောတာ အမှန်ပဲ။ ကျွန်တော့်မှာ ငွေသား နည်းနည်းတော့ ပါတယ်။ သခင်လေးဖန် လက်ခံပေးပါ။” ဖန်ကျန်းရှီရဲ့ စကားကို ကြားတော့ ဝူဖုန်း ပြုံးတယ်။ အဲ့ဒီ့နောက် ငွေထုတ် လက်မှတ် နှစ်စောင်ကို ကမ်းပေးတယ်။

ဖန်ကျန်းရှီ့ မျက်လုံးတွေ တလက်လက် တောက်ပလာသွားတယ်။

အဟမ်း…

ငွေသား တစ်သောင်းတဲ့လား။

သူက ဘယ်သူလဲ။ တစ်ခါတည်းနဲ့ ငွေသား တစ်သောင်းတောင် ပေးတယ်။

“ ဒီ ပမာဏ က သခင်လေး ရန်အတွက်တော့ အရမ်း နည်းပါတယ်။ ကသလုပ်တယ် လို့တော့ သဘောမထား ပါနဲ့။” အေးစက်စက်ရန်ရွှယ်ကို ကြည့်ရင်း ဝူဖုန်း ပြောတယ်။ အဲ့ဒိ့ီ နောက် သူ လှည့်ထွက်သွားတယ်။

ရန်ရွှယ်ကတော့ စကား တစ်ခွန်းမှ မပြောဘူး။

ဖန်ကျန်းရှီလည်း ရန်ရွှယ့် အမူအယာ ကြောင့် စပ်စုချင်လာတယ်။ သူ့ကြည့်ရတာ ဝူဖုန်းကို သဘောမကျဘူး။ ဒါဆို ဘာလို့ နှုတ်ဆက်တာလဲ။

“သူ့ဆရာနဲ့ ငါ့အဖိုးက ဆက်ဆံရေး ကောင်းတယ်လေ။” ဝူဖုန်း ထွက်သွားတော့ ရန်ရွှယ် ပြောတယ်။

“ အော် သိပြီ။” ဖန်ကျန်းရှီ နောက်ဆုံးတော့ နားလည်သွားပြီ။

ရန်ရွှယ်က သူ့ အဖိုး အကြောင်း အတော် ပြောတယ်။ ဒါပေမယ့် သူကတော့ ကို ယ်တိုင် မမြင် ဖူးဘူး။

ဝူဖုန်း ဆရာက သုခမိန် လေးယောက် ထဲက တစ်ယောက်

သုခမိန် တစ်ယောက် နဲ့ ဆက်ဆံ ရေး ကောင်းတာ ဆိုရင် ။

သူကကော သုခမိန်ပဲလား။

ခန်းမကြီး တစ်ခု။ သုခမိန် လေးယောက်။ ကျောင်းတော် ဆယ့်သုံးခု။ ဒါက ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အင်အားကို ဖော်ပြတဲ့ စာစုပဲ။ ဖန်ကျန်းရှီ သိသလောက် က နတ်ဆိုး ကျောင်းတော်။ စစ်နတ်ကျောင်းတော်။ တည်မြဲ ကျောင်းတော်။ အခုတော့ သုခမိန် တစ်ယောက်ကို သိသွားပြီ။

ကြီးမြတ်သော ရှ မင်းဆက်ရဲ့ သမိုင်း ကို တော့ သူ ကောင်းကောင်း ဖတ်ဖို့ လိုနေတယ်။

…

ဖန်ကျန်းရှီ ရဲ့ အောင်မြင်မှု သတင်းက မြို့တော် ကို အရှိန်ပြင်းပြင်းနဲ့ ပျံ့တယ်။ တော်ဝင်ကျောင်းတော်ကလည်း ဒီ သတင်းကို တခြား မြို့ကျောင်းတော် တွေ ဆီ ပို့ ခိုင်းတယ်။

မြို့တော်ရဲ့ မိုင်သုံးဆယ် က ရေကန်မှာ….

လှေတစ်စီး ကမ်းကပ်ေ်နတယ်။ အနီရောင် သစ်ရွက်လေးတွေ လေမှာ လွင့်ရင်း လှေထိပ်မှာ ကပ်ညိတယ်။ အနီစွေးစွေးတွေ အရောင်စွန် ကုန်တယ်။

“ ဒီ ဂီတ ကို နားထောင် တိုင်း ငါ့ ပြဿနာတွေ ငြိမ်းသွားတယ်။”

“ ဖန်ကျန်းရှီက ချင်းဝူရဲ့ မျက်နှာကာကို ဟွေ့အန်း ဒေသမှာ ဆွဲဖြုတ်တည်းက …. ။ သူလည်း ပွဲတော် တွေမှာ မလာတော့ဘူး။ ဒေါသထွက်စရာ ကောင်းလိုက်တာ။”

“ ဖန်ကျန်းရှီက တော်ဝင် စာမေးပွဲမှာ ထိပ်တန်း ရောက်ပြန် ပြီး ကြားတယ်… အိုက်ယား… စိတ်ပျက်စရာ ကောင်းလိုက်တာ။ ”

“ ဟုတ်သားပဲ။ ဒီ ဖန်ကျန်းရှီလို ကောင်မျိုး ဘယ်လိုများ ဖြစ်တည် နေရတာလဲ။”

လူငယ် သုံးယောက် သူတို့ ဘ၀ အကြောင်း ထိုင်ပြောနေတယ်။ အနီရောင် အလင်းတန်း ကောင်းကင်ကနေ ထိုးဆင်းလာတယ်။ လူငယ် တစ်ဦး ရဲ့ ရင်ဘတ် တည့်တည့် ကို စိုက်ဝင်တယ်။

တစ်ချိုန်တည်း ။ လူငယ်လွင့်ထွက်တယ်။ သစ်ပင်နဲ့ တိုက်တယ်။

လူငယ် ဒူးထောက်ရက်သား ကျသွားတယ်။

သူ့ရင်ဘတ်မှာတော့ မေပယ်သစ်ရွက် တစ်ရွက် ။

“ ဘယ်ကောင်လဲ ။ ဘယ်ကောင် ငါ့ကို တိုက် ခိုက် ဝံ့တာလဲ။” လူငယ် ဖြူဖျော့သွားတယ်။ သူ့ အသံကတော့ တုန်ယင်နေပြီ။

“ လူတွေ ပြောတယ်။ မေပယ် သစ်ရွက်တွေက ခံစား ချက်ကို ကိုယ်စား ပြုတယ်တဲ့။ ဘာလို့ နင့်ဆီက ခံစားချက် တွေကို မခံစားရတာလဲ။” ခပ်ဝေးဝေးက ပုံရိပ်တစ်ခု နီးကပ်လာတယ်။

ဝတ်ရုံ နက် နဲ့ အမျိုးသမီး တစ်ယောက် ။ သူမရဲ့ ထည်ဝါတဲ့ ပုံရိပ်က မြေပြင်ပေါ်ကို ရောက်လာတယ်။ လက်ထဲမှာတော့ မေပယ် သစ်ရွက် လေးကို ဆော့ကစား နေတယ်။

“မင်းက ဘယ်သူလဲ.” လူငယ်ရဲ့ အမူအယာ ပြောင်းသွားတယ်။ အမျိုးသမီးလေးက အရမ်း ဆွဲဆောင်မှု ရှိတယ်။

အစကတော့ စိတ်ဝင်စားမိမှာပဲ။

ဒါပေမယ့်

အခု သူ တိုက်ခိုက်ခံလိုက် ရပြီးပြီ။ ဘယ်လိုမှ စိတ်မဝင်စားနိုင်ဘူး။

“ နင် သိချင်လား။” အမျိုးသမီးလေး ပြုံးပြတယ်။

“ သိချင်တယ်။ ” လူငယ် ခေါင်းငြိမ့်တယ်။ တစ်ခုခလွဲနေတာကို သူ သိတယ်။ သူ ခေါင်းခါတယ်။ “ ငါမင်းနဲ့ အညှိုးလည်း မရှိပဲနဲ့ ဘာကြောင့် ငါ့ကို အလစ်ဝင် တိုက် တာလဲ။ ”

လူငယ်က ကြိုးပြတ်တဲ့ စွန်လို လွင့်သွားတာ။

တခြား လူငယ် နှစ်ယောက်လည်း အံ့အားသင့်နေတယ်။

မေပယ်ရွက်လေး တစ်ရွက်လား။

ဘယ်လို သစ်ရွက်က များ ဒီလောက်ထိ အင်အားကြီးတာလဲ။

သူတို့တွေးနေတယ်။ အမျိုးသမီး လည်း သူ့နေရာကနေ ပျောက်သွားတယ်။ ရေကန် ဘေး လှေပေါ်ကို ပျံတက်တယ်။

အပိုင်း (၃၀၀) ပြီး၏။

All Chapters