← Chapters

အပိုင်း (၃၀၁-၃၁၀)

Vol. 4 Ch. 301-310

အပိုင်း (၃၀၁-၃၁၀)

Vol. 4 Ch. 301-310

အပိုင်း (၃၀၁) – “ ညီလာခံ စာမေးပွဲ ”

လှေပေါ်က ခုံတစ်လုံးကို ခြေဖျားထောက်လျက် ရပ် နေတယ်။ သူမ လှုပ်ရှားမှု တစ်ချက်လေးတောင် အသံ မထွက်ဘူး ။

ဒီလိုနဲ့ ….

အမျိုးသမီး လှေပေါ် ရောက်တဲ့ အချိန် ။ အစိမ်းရောင် အမျိုးသမီး ခုနှစ်ဦး သူမကို ဝန်းရံတယ်။

မိန်းမလှလေး တစ်ယောက်က အလယ် တည့်တည့်မှာ။

“ ဟဟား… ငါကြားတာတွော့ ယွင်ချင်းဝူက ပြိုင်ဘက်ကင်း ဆိုပဲ။ ဒါပေမယ့် သူ့ဧည့်သည်ကို ဒီလို ဆက်ဆံမယ်လို့ မထင်ထားဘူး။” ဝတ်ရုံနက် အမျိုးသမီးက လှောင်ရယ်တယ်။

“ ဧည့်သည် ဆိုတော့ ကိုယ့်ကိုယ်ကို မိတ်ဆက်ပါ။” ဝတ်ရုံစိမ်း မိန်းမပျို တစ်ယောက်က ဝတ်ရုံနက် အမျိုးသမီးကို မေးတယ်။

“ ငါက ဝူယွဲ့အာ။” ဝူယွဲ့အာ ခေါင်းငြိမ့်တယ်။”

“ ဝူယွဲ့အာ??? ” ဝတ်ရုံစိမ်း အမျိုးသမီးငယ်ရဲ့ အမူအယာ ပြောင်းလဲ သွားတယ်။ ဝူယွဲ့အာကို ကြည့်ရင်း သူမ တုန်ယင်နေတယ်။

“ ကြည့်ရတာ .. မင်း ငါ့ကို သိတဲ့ ပုံပဲ။” ဝူယွဲ့အာ ပြုံးပြတယ်။ သူမ အသား အရည်က တောက်ပလွန်းတယ်။

“ မသိပါဘူး။“ ဝတ်ရုံစိမ်း အမျိုးသမီးငယ် ခေါင်းခါတယ်။

“အိုး။ ဟုတ်ရဲ့လား။” ဝူယွဲ့အာ အမျိုးသမီးငယ်ကို လျစ်လျူရှုပြီ။ မျက်လုံးတွေကို မှိတ်ရင်း လှေပေါ်က ဂီတသံကို နားထောင်တယ်။ “ ကြည့်ရတာ ဒီနေ့ တခြား ဧည့်သည် ရှိပုံပဲ။ ”

“ဘယ်လို သိလဲ။” ဝတ်ရုံစိမ်း အမျိုးသမီး ထိတ်လန့်သွားတယ်။

“ သိပ်မခက်ပါဘူး။ သူ ရွေးထားတဲ့သီချင်းက သိသာတာပဲ။” ဝူယွဲ့အာ လှေကြီးရဲ့ အပြင်ဆင်ကို နှစ်သက်တယ်။

ဝတ်ရုံစိမ်း အမျိုးသမီး ၇ ဦး ထိတ်လန့်နေတယ်။

ဒါပေမယ့် တစ်ယောက်မှ မလှုပ်ရှားဝံ့။ ဝူယွဲ့အာ စားပွဲခုံနား လျှောက်လာတာကို ကြည့်နေတယ်။

“ ငါဝင်လို့ ရလား။” ဝူယွဲ့အာ မေးတယ်။

“ဝူအမျိုးသမီး ချိန်းဆိုချက်အကြောင်း သိမှတော့ …. ဘာလို့ မဝင်တာလဲ။” ဒီအချိန်မှာ နောက်ထပ် ဝတ်ရုံစိမ်း အမျိုးသမီး တစ်ယောက် အပြင်ထွက်လာတယ်။

တခြား ၇ ယောက်နဲ့ အနည်းငယ် ကွာခြားတယ်။ ရွှေဆံထိုး တစ်ခု ကို ထိုးထားတယ်။ သေချာ အာရုံ မစိုက်ရင် ကွဲပြားတာကို သတိထားမိမှ မဟုတ်ဘူး။

“ ဘာဆိုင်လို့လဲ။” ဝူယွဲ့အာ မေးတယ်။

“ ဝူ အမျိုးသမီးက ဒီနေ့ ပြင်ဆင်ထားပုံပဲ။” ဝတ်ရုံစိမ်း အမျိုးသမီးငယ် ပြောတယ်။

“ တကယ်တော့ ဘာမှ မပြင်ဆင် ထားပါဘူး။ ဒါပေမယ့် ငါ သူ့ကို မတွေ့ရရင် မပြန်ဘူး။” ဝူယွဲ့အာ ငွေထုတ် လက်မှတ်တစ်ခု ကမ်းပေးတယ်။ “ငါကြားတာတော့ ယွင် မိန်းမပျိုက လက်ဆောင်ပဏ္ဍာ တစ်ခု မပါရင် လူတွေနဲ့ မတွေ့ဘူး ကြားတယ်။ ဒီ စည်းမျဉ်းကို ဖောက်လို့ ဘယ်ဖြစ် မလဲ။ ”

လက်ချောင်းလေးတွေကို လှုပ်လိုက်တယ်။ ငွေထုတ်လတ်မှတ်က ဝတ်ရုံစိမ်း မိန်းမပျိုဆီကို ပျံသန်းသွားတယ်။

ဝတ်ရုံစိမ်း မိန်းမပျိုရဲ့ အမူအယာ ပြောင်းလဲ သွားတယ်။ လက်နှစ်ဖက်နဲ့ ငွေထုတ်လက်မှတ်ကို ဆုပ်ကိုင်တယ် ။ ငွေထုတ်လက်မှတ် အရှိန်ကြောင့် သူမ ခြေလှမ်း အနည်းငယ် နောက်ဆုတ်သွားရတယ်။

“ကျေးဖူး တင်ပါတယ်။ ဒါပေမယ့် အမျိုးသမီး က ငွေထုတ်လက်မှတ်ကို မလို ချင်ပါဘူး။” ဝတ်ရုံစိမ်း အမျိုးသမီးငယ် သူ့လက်ထဲက ငွေထုတ်လက်မှတ်ကို စုတ်ဖြဲ ပြစ်တယ်။

အပိုင်းအစ လေးတွေ ရေကန်ထက်မှာ လွင့်မျောတယ်။ မေပယ်သစ်ရွက်တွေနဲ့ အတူ လေအဝှေ့မှာ လွင့်တယ်။ နှင်းပွင့်တွေ ရေကန် ထဲကို ကျသွားသလို ပါပဲ။

“ ငွေထုတ်လက်မှတ် ကို ငါ ပေးပြီးသားပဲ။ သူ လက်ခံတာ … လက်မခံ တာက ငါနဲ့ မဆိုင်ဘူး။” ဝူယွဲ့အာ အလယ်တည့်တည့်က ရွှေဆံထိုး ပိုင်ရှင် ဆီ လျှောက်လာ တယ်။

တခြား မိန်းမပျို ၇ ဦး ချက်ခြင်း အမူအယာ ပြောင်းသွားတယ်။

ချက်ခြင်း သူတို့ ဓားတွေကို ဆွဲထုတ်တယ်။ အေးစက်စက် ဓား အငွေ့အသက်တွေ ပျံ့လွင့်လာတယ်။

ဝူယွဲ့အာ ရပ်နေတယ်။

ဒါပေမယ့် မိန်းမပျို ၇ ဦးကို တစ်ချက်မကြည့်။ ရေကန် အလယ်ကိုသာ ကြည့်နေတယ်။

ရေကန်ထက်မှာ ရေငွေ့လွှာ တစ်ခု ရှိနေတယ်။ ခပ်မှိန်မှိန် ပုံရိပ် တစ်ခု ရေကန်ထဲမှာ လွင့်မျောနေတယ်။ သိပ်မကြာခင် လှေ တစ်စီးပေါ်လာတယ်။

လှော်တက် မရှိဘူး။

လူငယ်တစ်ယောက် သာ လှေပေါ်မှာ ရှိနေတယ်။ အဖြူရောင် အကျီကို ဝတ်ထားတယ်။ ဒါပေမယ့် သူ့ ရုပ်သွင်ကို မမြင်ရဘူး။ ကြွေကျနေတဲ့ မေပယ်ရွက်တွေက မြင်ကွင်းကို ဖုံးထားတယ်။

“ သူလား ???`” လှေကို မြင်တော့ ဝူယွဲ့အာ အမူအယာ ပြောင်းသွားတယ်။ နေရာမှာပဲ မလှုပ်မယှက်ရပ်နေတယ်။

ဒီ အချိန်မှာပဲ လှေအတွင်းက ဂီတသံ ရပ်သွားတယ်။

တံခါးပွင့်လာပြီ။

ယွင်ချင်းဝူ အပြင် ထွက်လာတယ်။ အဖြူရောင် မျက်နှာကာကို တပ်လျက်သား။ သူမရဲ့ နူးညံ့ဖြောင့်စင်း နက်မှောင်တဲ့ ဆံပင်တွေ လေအဝှေ့မှာ လူးလွင့်နေတယ်။

“ တစ်ယောက်ယောက်က ငါ့ထက် စောနေတာပဲ။” ဝူယွဲ့အာ သူ့ဘာသူ ခပ်တိုးတိုး ပြောတယ်။ ဒါက အတော်ထူးဆန်းတယ်။ ပုံမှန် အရ သူမက ရေကန်အလယ်က လူရိပ်ထက် စောနေတာ။

“ ဟုတ်တယ်။ သူက ပိုစောတယ်။” ဝူယွဲ့အာ အသံကြားတော့ ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။ ဝူယွဲ့အာ အကဲဖြတ်တာကို သူမ ပိုရှင်းလင်းအောင် ပြောတယ်။

…

မြို့တော်မှာတော့ လေထုက အေးစက်နေတယ်။ ဆောင်းဦးလလယ်ကို ရောက်နေပြီ။

ညီလာခံ စာမေးပွဲ ကျင်းပရက်လည်း သတ်မှတ်ပြီးပြီ။ ဆောင်းရာသီကြိုဆိုပွဲ ကျင်းပပြီး နောက် ငါးရက်အကြာ။

သမိုင်း တစ်လျှောက် အကြီးမြတ်ဆုံးပွဲတော်ထဲမှာ ညီလာခံ စာမေးပွဲ လည်း ပါတယ်။ နိုးထလာသော နဂါး အဆင့်တွေ အကုန်လုံး ဒီမှာ စုဝေးကြလိမ့်မယ်။

အဆင့်လေး ဝူဖုန်းကတော့ အာရုံအစိုက်ခံရဆုံး ဖြစ်တယ်။

အကြောင်းရင်းကတော့ ရှင်းပါတယ်။

သူက သုခမိန် လေးဦးထဲက တစ်ယောက်ရဲ့ တပည့်ကြီး ။

နောက်အကြောင်း၇င်း တစ်ခုက ။ လှုပ်လှုပ်ရှားရှား ကိစ္စ တစ်ခုကို ဝူဖုန်း အခုပဲ လုပ်လိုက်တယ်။ တော်ဝင် စာမေးပွဲ ရလဒ်ကို ကြေညာ ပြီးနောက် ဒီ သတင်းက မြို့တော်ကို ရောက်လာတယ်။

ချင်းယန်.. နိုးထလာသော နဂါး အဆင့်သုံး လူ တစ်ယောက်ကို ရှုံးသွားတယ်။

သူ့ကို နိုင်တဲ့ သူက ဝူဖုန်း။

လူတွေ သိပ်မအံ့သြကြဘူး။ ်နောက်ဆုံးတော့လည်း သူတို့က တစ်ဆင့်ပဲ ကွာတာ။

ကျောင်းတော်သား အများစုက ဒီလိုပဲ နေရာ လဲ နေတာ။ အထူးသဖြင့် ထိပ်သီး ပိုင်းတွေ။

ဒါပေမယ့် လူတွေ အံ့သြတာက ဝူဖုန်း လုပ်လိုက်တဲ့ အချိန်ကိုပဲ။

“ သူ ဒဏ်ရာရမှာ မကြောက်ဘူးလား။”

ဒါကလူတိုင်း စစချင်းတွေးမိတာပဲ။ ဒါပေမယ့် ဝူဖုန်းက ဒဏ်ရာ မရဘူး။ ချင်းယန်ကို သုံးချီနဲ့ အပြတ်တိုက် တယ်။

အခုတော့ ဝူဖုန်း အဆင့်သုံး ဖြစ်ပြီ။

နိုးထနဂါး အဆင့်မှာ အကောင်းဆုံးနေရာကို သူ ယူလိုက်ပြီ။ အခုတော့ သူ့ အထက်မှာ ချီကူယန်နဲ့ နန်ကုန်းဟောင် နှစ်ယောက်ပဲ ရှိတယ်။

ဒါပေါ့။ ဒီ ညီလာခံ စာမေးပွဲက ပြိုင်ပွဲဝင်တွေ ဆက်တိုက် လျော့နေပြီ။

ချင်းယန်လည်း စာမေးပွဲက ထွက်သွားပြီ။

အဆင့် ၇ ရှန်းထျန်းရင်နဲ့ အဆင့် ၈ တန်ကျုံးမင်လည်း ထွက်သွားပြီ။ တော်ဝင်စာမေးပွဲ ရလဒ် ကြေညာပြီးပြီးချင်း သူတို့ နှုတ်ထွက်သွားတယ်။

ဒါက မြင်းပြိုင်ပွဲ အမဲလိုက်ပြိုင်ပွဲနဲ့ ဆက်စပ်နေတယ်။

ဒါပေမယ့် …။ ဘာလို့ သူတို့ နှစ်ယောက် လက်စားမချေပဲ နှုတ်ထွက်လဲ လူတွေ သိလိုကြတယ်။

နောက်ဆုံးတော့ သူတို့ ရန်သူ က ဖန်ကျန်းရှီ တစ်ယောက်တည်းပဲ။

မြို့တော်မှာ လေပြင်းတွေ တိုက်နေတယ်။

တော်ဝင် စာမေးပွဲ မပြီးခင် ဖုန်ထနေတာ အသေအချာပဲ။ ဒါပေမယ့် တော်တော်လေး ဖုန်ထနေတဲ့ ကိစ္စတွေရှိတယ်။

လူတိုင်းက အိမ်ထဲအောင်းနေတယ်။

ဒါပေမယ့် တစ်ယောက်တော့ မပါဘူး။ ခြေမငြိမ်သူကတော့ ဖန်ကျန်းရှီ။

လွန်ခဲ့တဲ့ ရက်တွေမှာ ဖန်ကျန်းရှီ ဝါသနာ အသစ်ရနေတယ်။ ပင်းယန် နဲ့ လူလိုက်ဖမ်းတယ်။ ရန်ရွှယ်ကလည်း အမြဲ ဘေးမှာ တပူးပူး တတွဲတွဲ။

ဖန်ကျန်းရှီ မြို့ထဲမှာ အင်အားအကြီးဆုံးသူ ခပ်မြန်မြန် ဖြစ်လာတယ်။

ဒီကိစ္စမှာ ရန်ရွှယ်က အတော်အရေးပါတယ်။

တစ်ချို့သူတွေ အိမ်ထဲမှာ ပုန်းနေခဲ့ချိန်….. ပင်းယန်ရဲ့ အော်သံနဲ့ သူတို့ ကို ခြောက်ထုတ်တယ်။

ဒီ သနားစရာ လူတွေထဲမှာ ….. ဝမ်တပေါင်းလည်း တစ်ယောက် အပါအဝင်ပဲ။

“သခင်လေး ဝမ် ရေ….. ငါတို့တွေ ဒီနေ့ ဘာသွားစားရမလဲ။” ဖန်ကျန်းရှီ စိတ်ဖိစီးနေတဲ့ ဝမ်တပေါင်းကို စတယ်။

“ သခင်လေး ဖန်…. ဘာလုပ်ဖို့ ကျွန်တော် ပြောရမှာလဲ??`” ဝမ်တပေါင်း ခါးသက်သက်နဲ့ မေးတယ်။

“တစ်ခုခု အရင်ဆုံးပြော။ သင့်တော်တာ မသင့်တော်တာ နောက်မှ ဆုံးဖြတ်မယ်။” ဖန်ကျန်းရှီ ရဲဆေးတင်ပေးတယ်။

“….” ဝမ်တပေါင်း ငိုမဲ့မဲ့ ဖြစ်လာတယ်။ “ အမတ်မင်း ဖန် ဘာလို့ ကိုယ်တိုင် မဆုံးဖြတ်တာလဲ။“

“ကောင်းပြီလေ။ ငါဆုံးဖြတ်ရတာပေါ့။ မင်း ဘယ်သွားမလဲ။” ဖန်ကျန်းရှီ ပင်းယန်ကို လှည့်ကြည့်တယ်။

“ သင်းရနံ့ စားသောက်ဆိုင်မှာ သွားစားမယ်။ ပြီးရင် ကျောက်စိမ်း ခန်းမ မှာ သွားဝယ်တာပေါ့။” ပင်းယန် မျက်တောင် တဖျတ်ဖျတ် ခတ်ရင်း ပြောတယ်။

“ မဆိုးဘူး။ ကောင်းသားပဲ။ မင်းကော ဘယ်လိုလဲ။” ဖန်ကျန်းရှီ ခပ်တည်တည် ခေါင်းငြိမ့်တယ်။ ရန်ရွှယ့်ဘက် ကို လှည့်မေးတယ်။

“အင်း။” ရန်ရွှယ် ခေါင်းငြိမ့်တယ်။

“ အရှင်မင်းသမီး။ သခင်လေး ရန်။ အမတ်မင်း ဖန်. …. ဒီလို မလုပ်ပါနဲ့လား ဗျာ … ။ ကျွန်တော်လေ ကျွန်တော် ….” ဝမ်တပေါင်း မျက်ရည်တွေ ဝဲနေခဲ့ပြီ။

ပြိုင်ပွဲမှာ သူ နိုင်လာတဲ့ ငွေ နှစ်ထောင်လဲ ၂ ရက် အတွင်း ပြောင်သွားပြီ။ အခုတော့ သူ စုဆောင်းထားသမျှလည်း ကုန်လုနှီးပါးဖြစ်နေပြီ။

“ မစိုးရိမ်ပါနဲ့ ။ ဒီတစ်ခါ ငါရှင်းမယ်။” ဖန်ကျန်းရှီ ပြောတယ်။

“….” ဝမ်တပေါင်း ငိုချင်နေပြီ။ ဒီလှည့်ကွက်မှာ သူ တစ်ခါ မိဖူးတယ်။

လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ သူ့ကို လာရှာတယ်။

ဝမ်တပေါင်း ပျော်သွားတယ်။ သူချက်ခြင်း ဖန်ကျန်းရှီၤနဲ့ ရန်ရွှယ်ကို စားကောင်းသောက်ဖွယ်တွေ လိုက်ကျွေးဖို့ ပြင်တယ်။

ဒါပေမယ့် ဖန်ကျန်းရှီ ခေါင်းခါတယ်။

“ငါ ရှင်းမယ်။ ”

ဝမ်တပေါင်း လေးစားလွန်းသွားတယ်။ ဖန်ကျန်းရှီက ဒီလောက် ကောင်းတဲ့ သူပါလား။ အမတ်မင်း ဖန်နဲ့ လိုက်သွားတာ အကောင်းဆုံးပဲ။

ဒါပေမယ့် နောက်ဆုံးမှာ ဖန်ကျန်းရှီ ဧည့်ခံမယ် ဆိုတာကို နားလည်သွားတယ်။

တကယ်တမ်းတော့်

ဒါက အနိုင်ကျင့်နေတာပဲ။

ဖန်ကျန်းရှီ နဲ့ ရန်ရွှယ် က သူ့ကို ကစား သွားတာ။

ဝမ်တပေါင်း သင်ခန်းစာရ သွားတယ်။ သူ့ အိမ်တော်ထဲမှာပဲ ပုန်းနေပြီး ဧည့်သည်ထွက်မတွေ့ဘူး။ ဒါပေမယ့် ပင်းယန် လက်က သူ မလွတ်နိုင်ခဲ့။

နောက်ဆုံးမှာ သူ ပုန်းလေလေ။ ကျွေးရမယ့်သူ များလေလေပဲ။

“ တပေါင်း။” လူကြီး တစ်ဦး အိမ်တော်ထဲကနေ ထွက်လာတယ်။

“ အဖေ။ ဘယ်လိုလုပ်။ ဘယ်လိုလုပ် ဒီကနေ ထွက်လာတာလဲ။” ဝမ်တပေါင်း မျက်လုံးပြူးသွားတယ်။

“ ဘာမှ မဟုတ်ပါဘူး။ ငါ့ မှတ်ဉာဏ်တွေ သိပ်မကောင်းတော့ဘူး။ လွန်ခဲ့တဲ့ ရက်တုန်းက ငွေသား နည်းနည်း ကျပျောက်သွားတာ။ ဒါပေမယ့် ရှာမတွေ့ဘူး။ ဒါကြောင့် ဒီကို လာရှာတာ။ ”

“ အိမ်တော်ထဲမှာ ငွေပျောက်တာလား။” ဝမ်တပေါင်း မျက်လုံး ပိုပြူးလာတယ်။ သူ့ အဖေက သူ့ အိမ်တော်မှာ ငွေသား ပျောက်တာ။ ဘာလို့ သူ့ အိမ်မှာ လာရှာ တာလဲ။

ဒါပေမယ့် ဝမ်တပေါင်း ကျယ်ကျယ် မပြောရဲဘူး။

“ အင်း။ လမ်းမမှာ ရှာလိုက် အုန်းမယ်။ အခုတော့ အဖေ ပြန်ပြီ။” လူကြီး ထွက်သွားတယ်။

ဝမ်တပေါင်း မျက်လုံးတွေ တလက်လက် တောက်လာတယ်။ အိမ်တော်ထဲမှာ ငွေသား ။ ဟဟားဟား…. ငွေရှိပြီ။ နောက်ဆုံးတော့ ငွေရှိပြီ။

…

ဒီသုံးရက်က ခပ်မြန်မြန်ပဲ ကုန်သွားတယ်။

ညီလာခံ စာမေးပွဲ ရောက်ဖို့ နှစ်ရက်ပဲ လိုတော့တယ်။ ကျောင်းတော်သားတွေ အားလုံး အိမ်မှာနေပြီး ပြင်ဆင်နေကြပြီ။

ဒီအချိန်မှာပဲ ….. သတင်း တစ်စ မြို့တော်ကို ရောက်လာတယ်။

ဒီ သတင်းက ရိုးရှင်းတယ်။ တစ်ခွန်းတည်း - “ ညီလာခံ စာမေးပွဲမှာ နန်ကုန်းဟောင် ပါဝင်မယ်။”

“ နန်ကုန်းဟောင် တကယ်ပဲ ပါမှာလား။”

“ တကယ်ကြီးလား။”

“ ဒါပေါ့်။ သတင်းက တော်ဝင် ကျောင်းတော်က နေ လာတာပဲ။”

“ နန်ကုန်းဟောင် ပါမယ် ဆိုရင် ဖန်ကျန်းရှီ ထိပ်တန်း ဖြစ်နိုင်အုန်းမလား။”

“ အမှိုက်သရိုက်တွေ။ နန်ကုန်းဟောင် မပြိုင်ရင်တောင် ဖန်ကျန်းရှီမှာ အခွင့်အရေး မရှိဘူး။ ချင်းယန်ကို နိုင်လိုက်တဲ့ ဝူဖုန်း တစ်ယောက်လုံး ရှိနေတာ မမြင်ဘူးလား။ ဖန်ကျန်းရှီက ရှန်ထျန်းရင် နဲ့ တန်ကျုံးမင် ကို အနိုင်ယူ လိုက်တာ ပြောစရာ တောင် မလိုဘူး။”

“ အမှန်ပဲ။ ညီလာခံ စာမေးပွဲမှာ ဘာတွေ ဖြစ်လာမလဲ သိချင်လိုက်တာ။ ”

ဆွေးနွေးသံတွေ နေရာ အနှံ့ ပြည့်နေတယ်။

တစ်ချိန်တည်းမှာ လူ တစ်ချို့ မြို့တော် တံခါးကနေ အရှိန် ပြင်းပြင်းနဲ့ ထွက်သွားတယ်။ နန်းတော်ဆီကို လည်ပင်း ကျိုးမတတ် အရှိန်နဲ့ တည့်တည့် ပြေးတယ်။

“ နဂါး တပ်ဖွဲ့ပဲ။”

“ အခုချိန် ဘာသတင်းရှိမလဲ သိချင်လိုက်တာ။”

“ နဂါးတပ်ဖွဲ့ ဒီ လောက် အလျင်လိုနေပုံနဲ့။ တော်တော် ကြောက်စရာ ကောင်းတဲ့ ကိစ္စ ရှိလို့ပဲဖြစ်မယ်။”

နဂါး တပ်ဖွဲ့ကို လမ်းပေါ်က လူတွေ ကြည့်ရင်း ပြောတယ်။

ဖန်ကျန်းရှီ ပင်းယန်နဲ့ ရန်ရွှယ်လည်း နဂါး တပ်ဖွဲ့ကို မြင်တယ်။ ဒါပေမယ့် သူလည်း မစပ်စုဘူး။

ဘာကြောင့်လဲ ဆိုတော့ ….

ဒီလူ တွေကို သူ သိမှ မသိပဲ။

ဒါပေမယ့် ပင်းယန့် မျက်လုံးတွေက ချက်ခြင်း တောက်ပ သွားတယ်။

“ ဟဲ့ ဟဲ့ ကြည့်စမ်း။ နဂါးတပ်ဖွဲ့ပဲ။ သူတို့ ဘာတွေ အလျင်လိုနေလဲ သိချင်လိုက်တာ။” ပင်းယန် မျှော်လင့်တကြီးနဲ့ ထအော်တယ်။

“ နဂါး တပ်ဖွဲ့ ??`” ရန်ရွှယ်လည်း အရှိန် ပြင်းပြင်း တပ်ဖွဲ့ကို လှမ်းကြည့်တယ်။ သူ့ အမူအယာ နည်းနည်း ပြောင်းတယ်။

ဒါပေမယ့် သူချက်ခြင်း ပြန်တည်ငြိမ်တယ်။

အဲ့ဒီ့နောက်. …

ရန်ရွှယ် ခေါင်းမော့တယ်။ ကောင်းကင်ပြာနဲ့ တိမ်ဖြူတွေကို ငေးကြည့်ရင်း တစ်ခုခု စဉ်းစားနေပုံပဲ။

“အခု ဘယ်သွားမလဲ။” ငွေရှင်း ပြီးတော့ ဝမ်တပေါင်း စားသောက် ဆိုင်ကနေ ထွက်လာရင်း ပြောတယ်။

ဒီ အချိန်မှာ ဝမ်တပေါင်း စိတ်ညစ်ဟန် မရှိဘူး။ ဒီတစ်ခေါက် ငွေရှင်းရတာ ပျော်နေပုံပဲ။

“ ဖန်ကျန်းရှီ ။ နင် နန်းတော်ထဲမှာ သွား ကစားချင်လား။” ပင်းယန် ဝမ်တပေါင်းကို လှမ်းကြည့်တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို လှမ်းပြုံးပြတယ်။

အပိုင်း (၃၀၁) ပြီး၏။

အပိုင်း (၃၀၂ )

“ အာဇာနည် ှဗိမာန်”

“နန်းတော်လား။ အဲ့ဒီ့မှာ ပျော်စရာ ရှိလို့လား။” ဖန်ကျန်းရှီ မျက်လုံး အရောင်တောက်လာတယ်။

သူနန်းတော်ကို ရောက်ဖူးတယ်။ ဒါပေမယ့် ညီလာခံ ခန်းမကိုပဲ ။ တခြားနေရာကို လျှောက်မကြည့်ရသေးဘူး။

ရိုးရိုးသားသား ပြောရရင် သူလည်း နန်းတော် တစ်ခုလုံးကို မမြင်ဖူးဘူး။

“ အချောအလှ သုံးထောင်ကို ကြားဖူးလား။” ဖန်ကျန်းရှီ့ရဲ့ စိတ်ဝင်တစား မျက်လုံးကိုမြင်တော့ ပင်းယန် စိတ်ကျေနပ် သွားတယ်။

အယောက် သုံးထောင်တောင်

တစ်နှစ်မှာ ၃၆၅ ရက်။ … တစ်ယောက် တယောက် ပြောင်းရင်တောင် ဆယ်နှစ် မကဘူး။

နောက်ပြီးတော့ ဒါက အကြမ်း တွက်တာ။ သူ့ အရင်လောကမှာ ဆို ဧကရာဇ်တွေက သုံးထောင် မက ရှိနေတာ။ တစ်ချို့ ဆိုရင် ရေလို့တောင် မရဘူး။

“ အဟမ်း ။ ငါက ငယ်သေးတယ်။ ဒီလို ကိစ္စတွေကို စောစောစီးစီးစိတ်မဝင်စားဘူး။ ” ဖန်ကျန်းရှီ ခပ်တည်တည်ရုပ်နဲ့ ပြောတယ်။

“ နင် ဘာတွေ တွေးနေတာလဲ။ နင် ကဘာငယ်နေတာလဲ။ ဘာလုပ်ဖို့ စောနေသေးတာလဲ။ ” ပင်းယန် ထအော်တယ်။ “ ငါ က လျှောက်ပတ်ကြည့်ဖို့ ခေါ်သွားမလို့ဟေ့။ လိုက်မှာလား။”

“လိုက်မယ်။” ဖန်ကျန်းရှီ ချက်ခြင်း ဖြေတယ်။

“ ရန်ရွှယ် နင်ကော။”

“ မလိုက်ဘူး။”

“ စိတ်ပျက်စရာ ကောင်းချက်။” ပင်းယန် မဲ့သွားတယ်။ အဲ့ဒီ့နောက် ဝမ်တပေါင်းကို သူ ကြည့်တယ်။

“ လိုက်မယ် လိုက်မယ်။ ကျွန်တော် လိုက်မယ်။”

“တိတ်စမ်း။ နင် သွားလို့ နေရာ ထင်နေလား။ နင့်ကို သင်းကွပ်ပြစ်မှာ။” ပင်းယန် ဝမ်တပေါင်းကို ကြည့်ရင်း လက်အမူအယာ ပြလိုက်တယ်။

ဝမ်တပေါင်း ခြေနှစ်ချောင်းကို လိမ်ထားတယ်။ နဖူးကနေ ချွေးဒီးဒီး ကျနေတယ်။

“ဘာလေ သွားရအောင်။ အချော အလှ သုံးထောင် ဘယ်လိုပုံစံလည်း လိုက်ပြမယ်။” ပင်းယန် ဖန်ကျန်းရှီကို ဆွဲပြိးတော့ ထွက်သွားတယ်။

…

နန်းတော် စာကြည့်ဆောင် ထဲမှာ ….

ရွှေရောင် နဂါး စစ်သည် တစ်ဦး အလယ်မှာ ရပ်နေတယ်။ စာကြည့် စားပွဲပေါ်မှာတော့ စာ တစ်စောင်။

ဝန်ကြီး ယွီယိဖျင်က စားပွဲဘေးမှာ ရပ်နေတယ်။ သူ့ အမူအယာက ရေသေလို တည်ငြိမ်နေတယ်။ ဒါပေမယ့် စားပွဲပေါ်က စာကိုတော့ စိုက်ကြည့်နေတယ်။

ဧကရာဇ် လင်းမုပိုင် စာကိုကြည့်တယ်။ သူ့ အမူအယာ ဖြည်းဖြည်းချင်း ပြောင်းသွားတယ်။

“ သူ အခု ဘယ်မှာလဲ။”

ဧကရာဇ် လင်းမုပိုင် မရှင်းမလင်း မေးတယ်။ ဒါပေမယ့် နဂါးစစ်သည်က သူ့ မေးခွန်းကို ချက်ခြင်း နားလည်တယ်။

“ အရှင် မင်းကြီး။ ကျွန်တော်တို့ စကားပြောနေတဲ့အချိန် သူ အသော့နှင် နေလောက်ပြီ။ သူ့ အရှိန်နဲ့ ဆိုရင် ခဏချင်း ရောက်မှာပါ။”

“ အင်း… မင်းသွားလို့ရပြီ။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်တယ်။

နဂါးစစ်သည် ဦးညွှတ်တယ်။ ပြီးတော့ ထွက်သွားတယ်။

“ အရှင်မင်းကြီး။ ဒီကိစ္စက အောတ်လေး ရှုပ်ထွေးလွန်းတယ်။ ကျွန်တော်တို့ အမတ်မင်းတွေကို စုဝေးလိုက်ရမလား။” ယွိယိဖျင် မေးတယ်။

“ ဒီကိစ္စကို ကိုယ်တော် ဘာလုပ်သင့်လဲ။” ဧကရာဇ် လင်းမုပိုင် မေးတယ်။

“ နတ်ဆိုး ခေါင်းဆောင်အကြောင်း ကျွန်တော်တို့ သိပြီးပြီပဲ။ ကျွန်တော့်မှာ အမြင် နှစ်ခုရှိတယ်။ တစ်ခုက သူ့ကို ဖမ်းဖို့ အမိန့်ပေးတာ။ သူမ ခပ်ဝေးဝေး မရောက်လောက်သေးဘူး။ အခုချိန် အမိန့်ဖြန့်ရင် သူမကို ဖမ်းလို့ ရနိုင်တယ်။ နတ်ဆိုးတွေကိုလည်း အသာစီး ရနိုင်တာပေါ့။ ဒုတိယ တစ်ခုက ။ သတင်းကို ပိတ်မယ်။ သူတို့ စီစဉ်ထားတဲ့ အတိုင်း ကိစ္စ ဖြစ်ပါစေ။ ”

“ သူ့ အကြောင်းကို ငါမေးနေတာာ။” နန်ကုန်းမု ခေါင်းခါတယ်။

“ သူ ???`” စာကြည့်တိုက်ကို ကြည့်ရင်း ယွီယိဖျင်ကြည့်တယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်တယ်။ “အ၇ှင်မင်းကြီး ဒီ အခွင့်အရေးကို သုံးပြီး ဂရုဏာ ပြမှာလား။ ”

“ နန်ကုန်းမုကို မင်း ဘယလို ထင်လဲ။” ဧကရာဇ် လင်းမုပိုင် တစ်မျိုး ပြောင်းမေးတယ်။

“အရှင်မင်းကြီး … သနားကြင်နာသင့်ပါတယ်။ ” ဝန်ကြီး ယွီယိဖျင် ပြန်ဖြေတယ်။

“ ဟ ဟား။ မင်းတစ်ယောက် တည်းပဲ ငါ့ကို ဒီလို ပြောတာ။ နန်ကုန်းဟောင် မြို့တော်ကို ရောက်လာတာတော့ ဒီကိစ္စကြောင့်ပဲ ဖြစ်မယ်။”

“ ဒါက အခွင့်အရေးပါ”

“ ကိုယ်တော်တို့ ဒီအခွင့်အရေးကို မဖမ်းဆုပ်နိုင်မှာ စိုးရိမ်တယ်။”

“ နန်ကုန်းဟောင် ရဲ့ အရည်အချင်းနဲ့ လွန်ခဲ့တဲ့ လေးနှစ်တုန်းက ညီလာခံ စာမေးပွဲမှာ ထိပ်တန်း ရောက်ခဲ့တာ။ အခုလည်း သူ လုပ်နိုင်မှာပါ။ အရှင်မင်းကြီး ။ ကျွန်တော်တို့ အချိန်ကိုပဲ စောင့်ဖို့ လိုတာပါ။”

“ အင်း။ မှန်တယ်။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်တယ်။ ပြတင်းပေါက် အပြင်ကို လှမ်းကြည့်တယ်။ “ ကောင်းကင် အမိန်တော် ထဲက ကလေး နောက်တစ်ယောက် ရှိအုန်းမယ် ထင်လား။”

“ရန်ရွှယ်ကို ပြောတာလား အရှင်။” ယွီယိဖျင် တုန်သွားတယ်။

“မဟုတ်ဘူး။ ဖန်ကျန်းရှီ အကြောင်းပြောတာ။”

“ ဒါ … ဒါက …. ကျွန်တော် မျိုး ကို ခွင့်လွှတ်ပါ။ ဒါပေမယ့် ကျွန်တော်မျိုး နားမလည်ဘူး။” ယွီယိဖျင် အမူအယာ ပြောင်းသွားတယ်။

“ အင်း။ ဒါက ငါ့ အတွေးသက်သက်ပါပဲ။ ဒါနဲ့ အိမ်ရှေ့စံက တောတောင်ရေမြေရှုခင်းတွေဆီ ရောက်နေပုံပဲ။ ” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်တယ်။

“ အိမ်ရှေ့စံက ရုက္ခဗေဒ နဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ စွမ်းရည်တွေကို နားလည်ဖို့ ကြိုးစားနေတာပါ။”

“ အရည်အချင်းနဲ့ ကျန်းမာရေး တိုးတက်လာတာ ကောင်းတယ်။ ဒါပေမယ့် နိုင်ငံရေးမှာ အားနည်းနေတယ်။ ခေါင်းဆောင် တစ်ယောက် အနေနဲ့ အင်အားရှိချင် ရင် ဒီတိုင်း ဆက်သွားလို့ မဖြစ်ဘူး။”

“အရှင်မင်းကြီးက အမြင်ကျယ်ပါပေတယ်။”

“ညီလာခံ စာမေးပွဲ အတွက်။ အိမ်ရှေ့စံက တောင်ပိုင်းဒေသကို အ ကြံပြုတယ်။ အတော်လေး ကောင်းတဲ့ အကြံပဲ။ မင်းကော ဘယ်လိုထင်လဲ။”

“ကောင်းမွန်ပါတယ် အရှင်။ ဒါပေမယ့် စစ်တပ်ကို တော့ သက်ရောက်နိုင်တယ်။ သွမ့်အရှင် ကို …”

“ သွမ့်အရှင်ကို ဘေးကနေ ကူညီခိုင်းလိုက်။ ညီအစ်ကိုတွေက အလုပ် အတူတူ လုပ်သင့်တယ်။ သူက အရင် တစ်ခေါက် စာမေးပွဲမှာ အမှားတွေ လုပ်ထားတာ။ ပြန်ပြင်ဖို့ အခွင့်အရေး ပေးလိုက်မယ်။”

“အရှင် မင်းကြီး။ ဖြစ်နိုင်ချေ တွေ အကုန်လုံးကို စဉ်းစားပြီးပြီပဲ။ ကျွန်တော်မျိုး လေးစားမိပါတယ်။”

“ မင်းကတော့ အမြဲတမ်း ဒီလိုပဲ။ ကိုယ်တော် အခု တလော ခေါင်းကိုက်နေတယ်။ မကောင်းတဲ့ကိစ္စ တစ်ခုခု ဖြစ်လာမယ့် ပုံပဲ။ ကိုယ်တော် ဥယျာဉ်တစ်ပတ်လမ်းလျှောက်မယ်။ မင်း ငါနဲ့ လိုက်ခဲ့ပါလား။ ” ဧကရာဇ် လင်းမုပိုင် ပြုံးရင်း ပြောတယ်။

“ အမိန့်တော် အတိုင်း ပါ အရှင်” ယွီယိဖျင် ဦးညွှတ်တယ်။

… 

လေအေးအေးက ရေကန်ကို အေးခဲသွားစေတယ်။

တောင်တန်းတွေ နှင်းဖွေးဖွေးတွေ အပြည့် အသိပ်။

ရာသီဥတုက အေးလွန်းတယ်။ မြစ်တွေ ရေကန်တွေ ရေခဲအဖြစ် ပြောင်းပြီး ကုန်းမြေက နှင်းတွေ ပြည့်နေတယ်။

ဒီဒေသအလယ်မှာ ကြီးမားတဲ့ ဗိမာန်ကြီး တစ်ခု ။

ကျောက်တုံးတွေတောင် လေအေးအေးကို မတားနိုင်ဘူး။ ထာဝရအေးခဲနေတဲ့ လောကတစ်ခုသဖွယ်ပဲ။

မြင်ကွင်းတစ်ခုလုံးက နှင်းတွေ ပြည့်နေတယ်။

ဒါက နန်ကုန် မိသားစုရဲ့ အာဇာနည် ဗိမာန်ဖြစ်တယ်။

နန်ကုန်းမိသားစုရဲ့ ကျော်ာကားလှတဲ့ အိမ်တော်။

အေးခဲနေတဲ့ နေရာကြီးက ကမ္ဘာဦး အစတည်းက တည်ခဲ့တယ်။ ကြီးမြတ်သော ရှမင်းဆက် နဲ့ တစ်ချိန်တည်း တည်ထောင်ခဲ့တဲ့ နေရာတစ်ခု။ ကျောက်တုံးတွေက ပြောင်းလဲကောင်း ပြောင်းလဲမယ်။ ရေခဲတွေကတော့ မပြောင်းလဲ။

ဘိုးဘေး ဂူဗိမာန် နောက် က အိမ်တော်မှာ နန်ကုန်း မိသားစုတွေ နေတယ်။

လူအများစု နားမလည် ကြဘူး ။ ဒါပေမယ့် ဂူဗိမာန်က ဒီ ရှေးမိသားစုကြီးရဲ့ ကံကြမ္မာပဲ။

ဂူဗိမာန် အလယ်မှာ ကျောက်ဖြာကြိး တစ်ခု။

ကျောက်တိုင် တစ်ခုချင်းစီမှာ နာမည်တွေ ရေးထားတယ်။ နာမည် တစ်ခုချင်းစီရဲ့ အောက်မှာ ကျောက်တိုင်ရှင်ရဲ့ နာမည်အကြောင်း အကျဉ်းချုပ်ဖော်ပြထားတယ်။ ဒါက နန်ကုန်းမိသားစုရဲ့ ဘိုးဘေးတွေ မြှုပ်နှံရာ နေရာတစ်ခု ။

ဒီနေ့ ။ လူဒါဇင်ချီပြီး ဂူဗိမာန်ရဲ့ တံခါးဝမှာ ရပ်နေတယ်။

လူတစ်ယောက်ခြင်းစီရဲ့ အကြည့်က အေးစက်နေတယ်။ လူတိုင်း ခေါင်းကနေ ခြေဖျားအထိ နှင်းတွေ စိုနေတယ်။ ဒီနေရာမှာ အတော်ကြာကြာရပ်နေမှန်း သိသာတယ်။

ဒါပေမယ့် တစ်ယောက်မှ နေရာကနေ မရွေ့ဘူး။ တံခါးနားမှာ ရုပ်တုတွေလို ရပ်နေတယ်။

ထူးဆန်းတဲ့မြင်ကွင်းတစ်ခုပဲ။ သူတို့ အသက်ရှူလိုက်တိုင်း အငွေ့တွေ ထွက်နေတယ်။ ဒါကြောင့် မဟုတ်ရင် ဒီလူတွေ ခဲ သေနေတယ် ထင်ရမှာပဲ။

နှင်းတွေက အဆက်မပြတ်ကျဆင်း နေဆဲ။

လူရိပ်တစ်ခု နှင်းတောထဲက ထွက်လာတယ်။ အစိမ်းရောင် အကျီလက်တိုနဲ့ လူတစ်ယောက်။ အမူအယာမဲ့ မျက်လုံးတွေနဲ့ တည်ငြိမ်တယ်။

ဂူဗိမာန် ရှေ့မှာ သူ ရပ်တယ်။

အဲ့ဒီ့နောက် ဒူးထောက်တယ်။ ဗိမာန် နားက လူတွေဆီ တွားသွားတယ်။ နှင်းဖြူဖြူတွေ သူ့ နဖူးပေါ်မှာ ကပ်ကုန်တယ်။

“ မင်းပြန်လာပြီလား ?” ကျောက်တုံးတံခါး နားက လူကြီး နောက်ဆုံးတော့ စကားပြောပြီ။

ခပ်၀၀ သက်လတ်ပိုင်း လူ တစ်ယောက်ပဲ။ အကျီတစ်ထပ်တည်း ဝတ်ထားတယ်။ ဒါပေမယ့် သူ့ အကျီလည်ပင်းကော်လာက သားမွှေးနဲ့ အနားသပ်ထားတယ်။ သူ့မျက်နှာကလည်း အမူအယာ မဲ့နေတယ်။

လေပြင်းတိုက်နေတာတောင် မျက်တောင် တစ်ချက် မခတ်ဘူး။ သူ့မျက်လုံးသွေးကြောတွေက ရဲရဲနှီနေတယ်။ နှင်းတောထဲမှာ အချိန် အကြာကြီး နေထားမှန်း သိသာတယ်။

“အင်း။” လူရိပ် ခေါင်းငြိမ့်တယ်။

“ မင်းဘာလို့ ပြန်လာတာလဲ။” ခပ်၀၀သက်လတ်ပိုင်း လူက မေးတယ်။ သူ့ အသံက ကြောက်စရာ ကောင်းလောက်အောင် အေးစက်နေတယ်။

လူရိပ် စကား တစ်ခွန်းမှ မပြောဘူး။ နှင်းထဲမှာပဲ တိတ်တဆိတ်ရပ်နေတယ်။ သူ့ အမူအယာကတော့ အရင်အတိုင်း အေးစက်စက်။ မေးခွန်းကို စဉ်းတောင် မစဉ်းစားတဲ့ ပုံပဲ။

“ နန်ကုန်းမိသားစုရဲ့ တန်ဖိုးက ဘယ်မလဲ။” နှင်းတွေကို ကြည့်ရင်း လူကြီး မေးတယ်။ အဲ့ဒီ့နောက် နှင်းတောထဲက လူရိပ်ကို ကြည့်တယ်။

“ လမ်းလွဲမှာထက် စာရင် ပြန်လာတာ ကောင်းပါတယ်။” လူရိပ် ပြန်ဖြေတယ်။

“ မင်းဘာလို့ အရှုံးကို လက်ခံလိုက်လဲ။” လူကြီးအသံ ပြောင်းသွားတယ်။

တစ်ဖန်တိတ်ဆိတ် သွားပြန်တယ်။ ဒါပေမယ့် နှင်းထဲကလူ ပြန်မဖြေဘူး။

“ မင်း ရှုံးလို့ရတယ်။ သေလို့ ရတယ်။ ဒါပေမယ့် မင်း ပြန်လာလို့ မရဘူး။”

“ဟုတ်။”

“ မင်း ဘိုးဘေးတွေကို ဒူးထောက်စမ်း။”

“ ဟုတ်။” ဒါဇင်ချီတဲ့ လူတွေကို ဖြတ်လျှောက်တယ်။ ကျောက်ဖျာကြီး ဆီကို ဦးတည်တယ်။

ဒီမှာ ကျောက်တိုင် စုစုပေါင်း ၃၄၇၈ ခုရှိတယ်။

ဒါပေမယ့် လူငယ်ရဲ့ အမူအယာ က မပြောင်းလဲ။ ကျောက်ဖျာကြီး ဆီကို လျှောက်တယ်။ ဒူးထောက်တယ်။ အဲ့ဒီ့နောက် ဝပ်တွားဦးညွှတ်တယ်။ တစ်ကြိမ်။ နှစ်ကြိမ်။ သုံးကြိမ်။

ဆယ်ကြိမ်တိတိ။

“ ဆရာသခင်။ ဒါက နည်းနည်း ပြင်းထန်ပါတယ်။” ဂူဗိမာန် အပြင်က ပုံရိပ်တစ်ခု ပြောတယ်။ ကျောက်တိုင် တစ်ခုပြီး တစ်ခုရှေ့မှာ ဆယ်ကြိမ်တိတိ ဝပ်တွားဦးညွှတ် နေတဲ့ လူရိပ်ကိုကြည့်ရင်း သူ ခေါင်းကိုက်လာတယ်။

“ ဧကရာဇ်က သူနာမည်ကို အဆင့်ထဲ မထည့်တာတင် ကြင်နာလွန်းရာ ရောက်နေပြီ။ ငါတို့ရဲ့ သမိုင်း တစ်လျှောက်မှာ။ ပထမ တန်းကို မရတဲ့သူ တစ်ယောက်မှ မရှိဘူး။ ဒါက စော်ကားတာ။ နန်ကုန်းမိသားစု သိက္ခာကျပြီ။ သူသေရင် သူ့ အုတ်ဂူမှာ တော်ဝင်ကျောင်းတော် ပထမတန်း လို့ ထိုးပေးရအုန်းမှာလား။”

“ ဆရာသခင် အမျှော် အမြင်ကြီးပါပေတယ်။”

“ မင်းတို့ အားလုံး သွားလို့ရပြီ။ ဒီမှာ ငါကိုယ်တိုင် သူ့ကို စောင့်မယ်။ ”

နှင်းတောထဲမှာ လူနှစ်ယောက်သာ ကျန်ရစ်တယ်။ တစ်ယောက်က ကျောက်တုံးတံခါးဝမှာ တိတ်တဆိတ် ရပ်နေတယ်။ ရုပ်တုကြီးလို စကား မပြော မလှုပ်မရှား။

နောက်တစ်ယောက်က ကျောက်တိုင် တစ်ခုချင်းစီကို ဆက်ပြီး ဦးတိုက်နေတယ်။ တည်ကြည်လေးနက်တဲ့ သူ့ ဆုံးဖြတ်ချက် တစ်ချက်လေးတောင် ယိမ်းယိုင် မသွားဘူး။

“တုန် တုန် တုန်….”

ဆီးနှင်းခဲတွေ ရေခဲတွေကို တူနဲ့ ထုနေသလိုပဲ။ အဆက်မပြတ် တုန်ခါသံ ထွက်နေတယ်။

…

နန်းတော်ထဲမှာ ….

ဖန်ကျန်းရှီ ကျိန်ဆဲနေတယ်။ သူလုံး၀ လှည့်စားခံလိုက်ရပြီ။ ဆိုးဝါးလိုက်တာ။

အချောအလှ သုံးထာင်တဲ့လား။

ပင်းယန်က ဖန်ကျန်းရှီကို မောင်းမဆောင် ခေါ်မသွားဘူး။ ဒါပေမယ့် ဒီနန်းဆောင်က ဧကရာဇ် မပိုင်ဆိုင်ဘူး။

မင်းသမီးနန်းဆောင်။

ဖန်ကျန်းရှီ ဦးညွှတ်ရလွန်းလို့ ခါးကျိုးမတတ်ပဲ။ လူအုပ်ကြီးက ပျာပန်းခတ်သွားလာနေတယ်။

တစ်ယောက်ချင်းစီက သူတို့ကို လှောင်ရယ်တယ်။

ပိုပြီးအရေးကြီးတာက

သူတို့တွေ မေးခွန်းတစ်ခုတည်းကိုပဲ မေးတယ်။

“အိုး. ။ ဒါက ဘယ်သူများလဲ။”

အကုန်လုံး သိချင်နေတဲ့ ကလေးပေါက်စတွေလို စပ်စုတယ်။

သူ့မှာ ရွေးစရာမရှိ။ တစ်ယောက်ချင်းစီကို မိတ်ဆက်ရတယ်။ အကြိမ် နှစ်ဆယ်ကျော် အာပေါက်အောင် ပြောရလွန်းလို့ ပင်ပန်းလာတယ်။

“ အမတ်မင်း ဖန်က တော်ဝင်စာမေးပွဲ ထိပ်သီးနေရာကို ရောက်ခဲ့တယ်ဆို။ ဘယ်လိုလုပ်ခဲ့လည်း ပြောပြပါလား။”

“ဟုတ်သား ဟုတ်သား။ အမတ်မင်း ပြောပြလေ။ ဒါနဲ့ ပင်းယန်လေးက အမတ်မင်းကို အရှက်မရှိတဲ့ ကောင်လို့ ခေါ်တယ်နော။် ဘယ်လောက်တောင် အရှက်မရှိ တာလဲ။ တို့တွေကိုလည်း ပြောပြလေ။ ”

“ နင်တို့ အမတ်မင်းဖန်ကို ဘာလို့ ဒီလောက်တောင် စပ်စုနေတာလဲ။ အမတ်မင်းဖန်။ သူတို့ကို အဖတ်မလုပ်နဲ့။ အမဲလိုက်ပွဲနဲ့ မြင်းပြိုင်ပွဲမှာ ဘယ်လိုများ လှည့်စား လိုက်လဲ။ နောက်ပြီးတော့ သူတို့ကို နောက်တစ်ခါ ပြန်ပြေးရအောင် ဘယ်လို လုပ်လိုက်တာလဲ။”

တစ်ယောက်ပြီး တစ်ယောက် ဖန်ကျန်းရှီကို မေးတယ်။ မျှော်လင့်ချက် အပြည့်နဲ့ ဖန်ကျန်းရှီကို ကြည့်နေကြတယ်။

“ မလောကြနဲ့။ စားကောင်းသောက်ဖွယ်လေး ဘာလေး ယူလာပါအုန်း။” ဖန်ကျန်းရှီ နောက်ထပ် မစောင့်နိုင်တော့ဘူး။ ခုံပေါ်မှာ ထိုင်ရင်း စားပွဲပေါ်က သစ်သီး ပန်းကန်ကို အပြောင်ရှင်းတယ်။

အပိုင်း ( ၃၀၂) ပြီး၏။

အပိုင်း (၃၀၃)

“အမြင် ကျယ်သွားစေမယ်။”

ဒီအဖြစ် ကြောင့် မင်းသမီးတွေ မျက်လုံးပြူးသွားတယ်။

သူတို့တွေကို လူတိုင်းက လေးစားတယ်။ ညီလာခံက အမတ်မင်းတွေတောင် ဖန်ကျန်းရှီ ပြောသလို မပြောရဲဘူး။

ဖန်ကျန်းရှီက အဆင့်လေး ဓားသံတမန် တစ်ယောက်ပဲ။ နောက်ပြီးတော့ သူ့မှာ အာဏာတွေ လွှမ်းမိုးမှုတွေ တစ်ခုမှကို မရှိဘူး။ သူသာ ဓား သံတမန်မဟုတ်ရင် နန်းတော်ကိုတောင် ဝင်လို့ရမှာ မဟုတ်ဘူး။

အခုတော့ ဒီကောင်က သူတို့ကို လုံး၀ မလေးမစား လုပ်နေပြီ။

အတင့်ရဲလိုက်တာ။

“ လူတစ်ယောက်ရဲ့ ဇာတိက သူ့အမြင်နဲ့ ဆိုင်တာပဲ။ အမတ်မင်း ဖန်က ဆာနေပြီတဲ့။ နန်းတော်မှာ သာမာန် ပြည်သူတွေ မစားဖူးတဲ့ စားကောင်းသောက်ဖွယ် တွေ အများကြီး အများကြီးပဲ။”

“ ဟုတ်တယ်။ အမတ်မင်း ဖန်က ပင်းယန်လေးရဲ့ ဧည့်သည်ပဲ။ သူ့ကို အစားသောက် ကောင်းကောင်း နဲ့ ဧည့်ခံရအောင်။”

“ အစေခံ။ အမတ်မင်း ဖန်အတွက် အစားအသောက် ပြင်ပေးလိုက်။ သူ့ကို အမြင်ကျယ်အောင် လုပ်ရအောင်။”

မင်းသမိး တစ်ပါးချင်းစီ အစားအသောက် ပြင်ဖို့ အော်တော့တယ်။ ဖန်ကျန်းရှီကို သိပ်မနှစ်သက် ပေမယ့် …..သူ့ အပြု အမူကို မုန်းတီးတာတော့ မရှိဘူး။

နောက်ဆုံးတော့ ရှားတဲ့ အရာက ပို တန်ဖိုးရှိတယ်။

နောက်ပြီးတော့ ဖန်ကျန်းရှီရဲ့ စရိုက်က မြို့တော် တစ်ခုလုံး သိတာပဲ။ မင်းသမီးတွေက သူ့ အကြောင်း အတော် သိချင်နေတယ်။

သူတို့ စပ်စုချင်လွန်းလို့ အသေးစိတ် ကိစ္စတွေကို မေ့ထားတယ်။

ပင်းယန်ကတော့ သူ့ညီမတွေ စပ်စုနေတာ မြင်တော့ ပြုံးနေတယ်။ သူတို့ကို တော်တော်လေး သနားမိတယ်။

ဒီ နန်းတော် ဝင်္ကပါထဲမှာ ပိတ်မိနေတာ ။

သူမနဲ့ မတူဘူး။ မင်းသမီးတွေက နန်းတော်ထဲမှာပဲ အချိန်ကုန်ကြတယ်။ သူတို့ ထဲက အများစု နန်းတော်ကနေ တစ်ခါမှ မခွာဖူးဘူး။ အပြင်လောကနဲ့ နန်းတော်ကို စည်းခြားထားတယ်။

ဒါကြောင့် သူတို့ကထုံးစံ အတိုင်း မောက်မာတယ်။

ဖန်ကျန်းရှီ ကို အမြင်ကျယ်အောင် လုပ်မယ်တဲ့လား။

ဒါက သာမာန် လူတွေကိုပဲ ပြောလို့ရမှာ။ ပင်းယန်ကတော့ ဖန်ကျန်းှရီ အတွေ့အကြုံများတာ ကောင်းကောင်း သိတယ်။ အထူးသဖြင့် အစားအသောက်နဲ့ ပတ်သတ်ရင်။

ရှင်းရှင်းပြောရရင်။ ဖန်ကျန်းရှီက စားချင်တာ အကုန် လျှောက်စားနေတာ။

မြို့တော်ထဲက စားစရာ မှန်သမျှလည်း စားပြီး လောက်ပြီ။ နောက်ပြီးတော့ မြောက်ရွာကနေ မြို့တော်ကို လာတဲ့ လမ်း တစ်လျှောက်လည်း ကြုံသမျှ စားနေတာ။

ဒါပေမယ့် ပင်းယန် မပြောဘူး။ ဖန်ကျန်းရှီ ကိုယ်တိုင် ပြောမယ် ထင်ထားတာ။

အံ့သြစရာ ကောင်းအောင် ဖန်ကျန်းရှီက မပြောဘူး။ စိတ်လှုပ်တရှားနဲ့ ကြည့်တယ်။ “ ကောင်းတယ်။ ကောင်းတယ်။ အရသာ ရှိတာလေးတွေ ယူခဲ့။ အမြင်ကျယ်ချင်လွန်းလို့။ ”

“ ဟဟား…. ဘယ်လို တောသား ပါလိမ့်။”

“ တော်ဝင်စာမေးပွဲရဲ့ ထိပ်တန်း ကျောင်းသားကလည်း တောသား သပ်သပ်ပဲ။ ”

မင်းသမီးတွေက ဖန်ကျန်းရှီကို လှောင်ရယ်တယ်။ ရယ်မောသံတွေ နေရာအနှံက ပျံ့ တယ်။

ပင်းယန် ကတော့ ပွစိပွစိ လုပ်နေပြီ။ ဒီကောင်စုတ်ကတော့ ငါ့ကို ရှက်အောင် လုပ်နေတာပဲ။ နောက်ဆုံးတော့ သူကိုယ်တိုင်ကပဲ ခေါ်လာခဲ့တာလေ။

ဖန်ကျန်းရှီကတော့ တခြားသူ အမြင်ကို ဂရုမစိုက်ဘူး။ သူကြားဖူးတယ်။ တော်ဝင်စားဖိုမှူးတွေက အကောင်းဆုံးဆိုပဲ။ ဒီနေ့တော့ မြည်းစမ်းရတော့မယ်။

ခပ်မြန်မြန်ပဲ။ စားပွဲ တစ်ခုလုံး စားသောက်စရာတွေ ပြည့်သွားတယ်။

မွှေးမွှေးပျံ့ ပျံ့ စားချင်စဖွယ် ဟင်းပွဲ သုံးဆယ်ကျော် စားပွဲပေါ်မှာ ပြည့်နေတယ် ။ ဟင်းတွေကို ချပြီးနောက်။ ဖန်ကျန်းရှီကို ဟင်းပွဲတွေ အကြောင်း မိန်းမစိုး တစ်ဦးက ရှင်းပြတယ်။

“အမတ်မင်းဖန်။ ကျေးဇူးပြုပြီး သုံးဆောင်ပါ။”

“ ဟုတ်တယ်။ အမြင်ကျယ်အောင် စားစား။ ”

မင်းသမီးတွေ အားလုံး ဘေးကနေ တွန်းအားပေးတယ်။

ဖန်ကျန်းရှီက စိတ်မလောဘူး။ တူကိုင်တယ်။ ပါးစပ်အပြည့် ဟင်းထည့်တယ်။ မျှော်လင့်ချက်အပြည့်နဲ့မျက်လုံး တည်ငြိမ်သွားတယ်။

အိုး။

တော်ဝင်နန်းတော်က စားဖိုမှူးတွေ အကောင်းဆုံး လို့ ထင်ထားတာ။ မြို့တော်က အရသာနဲ့ဘာလို့များ ထူးမခြားနား ဖြစ်နေတာလဲ။

သိပ်မစဉ်းစားတော့ဘူး။ ဒုတိယ တစ်ခု ထပ်ဝါးတယ်။

ဖြည်းဖြည်းချင်း ဝါးတယ်။ မျက်လုံးမှိတ်ပြီးတော့ အရသာ ခံတယ်။

မင်းသမီးတွေ ဖန်ကျန်းရှီကို မျှော်လင့်တကြီး နဲ့ စောင့်နေတယ်။ မျက်ရည်လည်ပြီး အရသာ ဘယ်လောက်ကောင်းကြောင်း ပြောမှာကို မျှော်လင့်တယ်။

 “ပုံမှန်ပါပဲ။ ” ဒီအရသာတွေ အတော်ကောင်းမှန်း သူသိတယ်။ ဒါပေမယ့် ဒီလောကမှာ အကောင်းဆုံးမဟုတ်ဘူး။

“ပုံမှန်။ ဘာပုံမှန်လဲ။”

“ ဒါလေး စားကြည့်။ ဒါက ငါ့ အကြိုက်ဆုံးပဲ။”

“ကောင်းပြီလေ။ စားကြည့်မယ်။” ဖန်ကျန်းရှီ မျှော်လင့် တကြီးနဲ့ နောက်တစ်ဖက် ကောက်ဝါးတယ်။ “တကယ့် ပုံမှန်ပဲ။ စားနေကျ အတိုင်း သိပ်မကွာဘူး။”

“ ဘယ်လို ဖြစ်နိုင်မှာလဲ။”

“ အမတ်မင်းဖန်။ အမှန် အတိုင်းပြောစမ်းပါ။ ဒီ ဟင်းတွေက နန်းတော်ထဲမှာပဲ ရတဲ့ အရသာထိပ်တန်းတွေ။ ပုံမှန်စားလို့ သောက်လို့ ရတာ မဟုတ်ဘူး။”

“ ဟုတ်တယ်။ တောမှာ ဒီလိုစားကောင်းတာတွေ ဘယ်လိုရနိုင်မှာလဲ။ နောက်ပြီးတော့ နင်က ဘယ်လိုလုပ် ဒီလောက်အရသာ ရှိတာတွေ စားဖူးတာလဲ။ လျှောက်ပြောနေတာ မလား။”

“ ငါတို့ စားဖိုဆောင်က ပုံမှန်ပဲဆို။ ဒါဆို ပိုပြီး အရသာ ရှိတာချက်ကျွေးပါလား။ ”

“ဟုတ်တယ်။ ငါတို့ အတွက် တစ်ခုခု ချက်ပေး။”

“နန်းတော် စားဖိုမှူးတွေ ထက် ပိုစားကောင်းတာ ချက်နိုင်တယ်မလား။”

“ ဘာလို့ လျှောက်ပြောတာ မဖြစ်ရတာလဲ။ အလုပ်နဲ့ သက်သေပြလေ။”

မင်းသမီးတွေ ဖန်ကျန်းရှီ ပြောတာကို မယုံဘူး။ သူတို့ရဲ့ အကောင်းဆုံး အစားသောက်တွေ ဝေဖန်ခံနေရပြီ။ ဒေါသထွက်လာလို့ သူတို့ မျက်နှာတွေ နီရဲနေတယ်။

“ ဖန်ကျန်းရှီ သူတို့ကို ပြလိုက်စမ်းပါ။” ပင်းယန် နောက်ဆုံးတော့ အသံထွက်လာပြီ။ ဖန်ကျန်းရှီ ကင်တဲ့ အသားတွေကို သူ အရမ်းကြိုက်တယ်။ ဒီ စားပွဲပေါ်က စားစရာတွေ ထက် အများကြီး ကောင်းတယ။်

“ ပျင်းတယ် ။ အလုပ်ရှုပ်တာ မလုပ်ချင်ဘူး။ ” ဖန်ကျန်းရှီ ချက်ရပြုတ်ရတာ တကယ်ပျင်းတယ်။ ဒီကိုကစားဖို့ လာတာ ဟင်းချက်ဖို့ လာတာ မဟုတ်ဘူး။

“ နင် မချက်တတ်လို့မလား။“ မင်းသမီးတွေ အကုန် ဝိုင်းအာ ကြတယ်။

“ဟုတ်တယ်။ နင် မလုပ်နိုင်လို့ပဲ ”

“ ငါထင်သားပဲ ။ နင် မချက်တတ်ဘူးမလား။”

မင်းသမီးတွေ အော်ရယ်ကြတယ်။ ဖန်ကျန်းရှီ ဟင်းချက်တတ်တာ ဘယ်သူမှ မယုံဘူး။

“ မိုးနတ်မင်းရေ။ သေလိုက်စမ်းပါ။ ငါ မချက်နိုင်ဘူးလို့ ဘယ်သူပြောလဲ။” ဖန်ကျန်းရှီ နောက်ထပ် မခံစားနိုင်တော့ဘူး။ ဒီမိန်းကလေးတွေ လုပ်မှ သူ အရှက်ကွဲတော့မယ်။

နောက်ထပ် ငြိမ်ခံမနေနိုင်တော့ဘူး။

“ လုပ်နိုင်ရင် လုပ်ကြည့်လေ။”

“ ဟုတ်သားပဲ ။ ချက်နိုင်ရင် ငါတို့ကို ချက်ပြလေ။”

“ လူတိုင်းက ပါးစပ်နဲ့တော့ ပြောတတ်သားပဲ။ ဒါပေမယ့် ဘယ်သူက လက်တွေ့လုပ်ပြနိုင်လို့လဲ။”

မင်းသမီးတွေ လုံး၀ လက်မလျှော့ကြဘူး။

“ ကောင်းပြီ။ ငါချက်မယ် ချက်မယ်။ ဒါပေမယ့် … တစ်ခုတော့ရှိတယ်။” ဖန်ကျန်းရှီ ရှေ့ကို လျှောက်တယ်။ မင်းသမီးတွေကို ကြည့်တယ်။ လှောင်ပြုံးပြုံးတယ်။

“ ဘာကိစ္စလဲ။” မင်းသမီးတွေ နောက်ကို ဖြည်းဖြည်းချင်း ဆုတ်တယ်။ ဖန်ကျန်းရှီရဲ့ ကောက်ကျစ်တဲ့ အကြည့်က ….။ ဒီကောင် မင်းသမီး တစ်ပါးပါးကိုများ လက်ထပ် ချင်နေတာလား။

မဖြစ်နိုင်ဘူး။ တောသားနဲ့ လက်မထပ်နိုင်ဘူး။

“ လိုရင်းကိုပြော။”

“ရှင်းပါတယ်။ ပထမ တစ်လုတ်ကို အခမဲ့စား။ နောက်ထပ် စားရင် တစ်လုတ် ကို ငွေသား တစ်ရာပဲ။ ဒါပေမယ့် ငွေသား မပေးချင်ရင် ….. ရတနာပေးလည်း ရတယ်။ ဘယ်လိုလဲ။” ဖန်ကျန်းရှီ မင်းသမီးတွေကို ကြည့်ရင်း ပြောတယ်။ သူတို့တွေ က တစ်လုတ်ကို ငွေသား တစ်ရာပေးနိုင်အောင် ချမ်းသာတယ်လေ။

“ ပထမ တစ်လုတ်က အခမဲ့။”

“နောက်တစ်လုတ် ထပ်စားရင်က ငွေသား တစ်ရာတဲ့လား။”

“ကောင်းပြီ။ သဘောတူတယ်။”

မင်းသမီးတွေ တစ်ယောက်ကိုတစ်ယောက် ကြည့်တယ်။ ပြီးတော့ သဘောတူတယ်။

စားသောက်ပွဲတွေမှာဆို၇င် သူတို့တွေ ဟင်းပွဲ တစ်ထောင်အထိ စားကြတယ်။ နှစ်ကိုက်စားချင်စရာ ဟင်းပွဲဘယ်မှာ ရှိလို့လဲ။ ဒါကြောင့် ဖန်ကျန်းရှီ သူတို့ကို များများ စားလို့ရအောင် လုပ်မယ်လို့ မယုံဘူး။

ပင်းယန်တော့ အံ့သြသွားတယ်။ သူ့ အသားကင်က အရသာရှိတယ်။ ဒါပေမယ့် ကင်ဖို့ အချိန်လိုတယ်။

ဒီမှာ လူအယောက် ၂၀ မက ရှိနေတာ။ ဖန်ကျန်းရှီက တစ်ခုကို ငွေတစ်ရာနဲ့ ရောင်းမလို့လား။ ဘယ်လောက်ရမှာလဲ။ အများဆုံးရ နှစ်ထောင် သုံးထောင်ပေါ့။

ဒါကို သူ မစဉ်းစားမှန်း သိသာတယ်။

ဒါပေမယ့် ဖန်ကျန်းရှီက ပြုံးပြုံးကြီး။

အတော်ပျော်နေပုံပဲ။ ပါးစပ်အပြည့် တစ်ကိုက်စားရင် ငွေသား တစ်ရာ။ ဟဟား…. နန်းတော်တစ်ခုလုံးကို မွဲအောင် လုပ်နိုင်တော့မှာပဲ။

… 

နှစ်နာရီ ကြာသွားပြီ။ မင်းသမီးတွေလည်း ပျင်းရိလာပြီ။ ဒီအချိန် ဖန်ကျန်းရှီ ပြေးလာယ်။ သူ့နောက်မှာတော့ မိန်းမစိုးလေး နှစ်ယောက် အိုးအကြိးကြီး တစ်လုံးကို သယ်လာတယ်။

မြင်ရတာ တောတော်ထူးဆန်းတယ်။ မိန်းမစိုးက နှစ်ယောက် မကဘူး။ နှစ်ယောက် တစ်တွဲ အများကြီး ။ နောက်ဆုံး တစ်ယောက် ကတော့ မီးသွေး အိုးကြီး တစ်လုံးကို သယ်လာတယ်။ သူ့ရှေ့ တစ်ယောက်က အပေါက်ပါတဲ့ စားပွဲကြီး တစ်လုံး သယ်လာတယ်။

“ ဟင်းလေးတစ်ပွဲ ချက်ဖို့ ဒီလောက် ကြာလား။”

“ ဘာမှ မလုပ်နိုင်တာ သေချာတယ်။ ”

မင်းသမီးတွေ စိတ်ပျက်လက်ပျက် ခေါင်းခါနေတယ်။

ပင်းယန်လည်း စိတ်ရှုပ်လာတယ်။ အိုးကြီးဘာလို့ ယူလာတာလဲ။ နောက်ပြီးတော့ အခေါင်းပေါက်နေတဲ့ စားပွဲကော။ အိုးနဲ့ အသားကင်တဲ့ နည်းရှာတွေ့လို့လား။ ထူးခြားလိုက်တာ။

သူတွေးနေတဲ့ အချိန်။ ဖန်ကျန်းရှီ သူ့ရှေ့ရောက်လာတယ်။

မိန်းမစိုးလေး နှစ်ဦး အပေါက်ပါတဲ့ စားပွဲအောက် မီးသွေးထားတယ်။ အဲ့ဒီ့နောက် အိုးကို တင်တယ်။

“ ဘာ ဟင်းပွဲလဲ ” မင်းသမီးတစ်ပါး လှမ်းမေးတယ်။

“ဟင်းမဟုတ်ဘူး။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ ဟင်းမဟုတ်ဘူးလား။ ဒါဆိုဘာလဲ။”

“ ဟော့ပေါ့လေ။”

“ ဟော့ပေါ့လား။” မင်းသမီး တစ်ဦး မျက်လုံးပြူးသွားတယ်။

“ ဟ ဟား….. ဟော့ပေါ့ကို ဘာများလဲလို့။” နောက်ထပ် မင်းသမီးတစ်ပါး ရယ်မောတယ်။ နန်းတော်ထဲမှာ ဆောင်းလရာသီတိုင်း ဟော့ပေါ့ စားကြတယ်။ ဖန်ကျန်းရှီ ဘာများ ချက်လာမလဲ လို့ မျှော်နေကြတာ။

ဟော့ပေါ့လေး ကိုများ။

ဟော့ပေါ့ဆိုရင် မင်းသမီးတွေက ဘယ်လိုလုပ် ပါးစပ်အပြည့် စားမှာလဲ။

ပင်းယန် မျက်မှောင်ကြုတ်တယ်။ ဖန်ကျန်းရှီက အသားကင်အစား ဘာလို့ ဟော့ပေါ့ ချက်လာတာလဲ။ ရာသီဥတု အေးပေမယ့် ဟော့ပေါ့ စားလို့ကောင်းတဲ့ အချိန်မှ မဟုတ်တာ။

နောက်ပြီးတော့ ဟော့ပေါ့က ရေနွေးပူပူ နဲ့ အသားတွေ ရှိရင်ရပြီ။ ဘာများစားကောင်းလို့လဲ။

စိတ်ပျက်နေတဲ့ မင်းသမီးတွေကို ဖန်ကျန်းရှီ တစ်ချက်ကြည့်တယ်။ ဒါပေမယ့် သူ့ အပြုံးက ပျောက်မသွားဘူး။

ဒီမှာ ဟော့ပေါ့တွေ ရှိတာ သူသိတယ်။

ဒါပေမယ့် ဒီက ဟော့ပေါ့တွေက ဟော့ပေါ့မှ မစစ်တာ။

ဒီနေ့တော့ ….

သူတို့ကို ချုံချင့်ဟော့ပေါ့ ဆိုတာ ဘာလဲ သိစေမယ်။

“ ကလန်” ဖန်ကျန်းရှီ အိုးကို မတယ်။ အိုးထဲမှာ အကန့် ၈ကန့် ရှိတယ်။

နန်းတော်ထဲမှာ လိုသမျှ ပစ္စည်းတွေ အကုန်ရှိနေတာ ကျေးဇူးတင်ရမယ်။

စွပ်ပြုတ်ကောင်းကောင်း ရဖို့ ပါဝင်ပစ္စည်း အမျိုး နှစ်ဆယ်ကျော် လိုတယ်။ နောက်ပြီးတော့ အ၇သာ ရှစ်မျိုး ဟော့ပေါ့ လုပ်ဖို့က ရှုပ်တယ်။

မြောက်ရွာမှာဆို ဒီလို အစုံလုပ်လို့ မရဘူး။

အစကတော့ အရသာ နှစ်မျိုး ဟော့ပေါ့ ပဲ လုပ်ဖို့ တွေးထားတာ။ ဒါပေမယ့် နန်းတော်စားဖိုဆောင်ထဲမှာ ပစ္စည်းတွေများလွန်းတယ်။ သူမြင်ပြီးတော့ စိတ်ပြောင်းသွားရော။

ရှားပါးပစ္စည်းတွေနဲ့ ပြည့်နေတဲ့ အဆောင်လည်း တစ်ခုလုံးရှိတယ်။ နောက်ပြီးတော့ အိုးဒါဇင်ချီပြီး ချက်နေတာ။

မီးမလောင်အောင်လည်း လူ အမြဲစောင့်တယ်။

ပုံမှန် အတိုင်းဆို၇င် ဧကရာဇ် အတွက် စွပ်ပြုတ် နည်းနည်း လုပ်ဖို့လောက်ပဲ သုံးတာ ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ အိုးအပြည့် လုပ်ချတယ်။

တကယ်တမ်းတော့ စွပ်ပြုတ်ထဲကို နည်းနည်းပဲ သူထည့်တယ်။ အများစုကို နှလုံးကာမှန်ထဲ ထည့်သိမ်းတယ်။

အစောင့်တွေက ဖန်ကျန်းရှီ လုပ်တာကို စပ်စုချင်တယ်။ ဒါပေမယ့် စွပ်ပြုတ် မချက်ခင်တည်းက သတိလစ်အောင် ရိုက်ချထားတယ်။

ဒီလိုနဲ့ ဖန်ကျန်းရှီကို ဘယ်သူမှ လာမကြည့်ရဲတော့ဘူး။

ပိုပြီး အရေးကြီးတာက သူ့မှာ ပင်းယန် ပေးထားတဲ့ တံဆိပ်ပြားရှိတယ်။

အရောင် ၈ မျိုး စွပ်ပြုတ်တွေက အိုးထဲမှာ ပွက်နေတယ်။ ကြည့်တာနဲ့ စားချင်စရာ။ ဒါပေမယ့် စွပ်ပြုတ်ထဲမှာ ပေါလောပေါ်နေတဲ့ အရွက်တွေက ဘာတွေလဲ။

“ ဒါ …. ဒါတွေက စားလို့ရလား။”

“ အဆိပ်ရှိလား။”

အရွက်တွေကို ကြည့်ရင်း မင်းသမီးတွေ လန့်နေတယ်။

“ အဆိပ်မမိပါဘူးဟ ” ဖန်ကျန်း၇ှီ ခေါင်းငြိမ့်တယ်။

“ မစားကောင်းတဲ့ ဟာတွေလား။ နင်ငါတို့ကို အဆိပ်ခတ်ဖို့ ပြင်နေတာလား။” မင်းသမီးတစ်ပါး ဒေါသတကြီးနဲ့ အော်တယ်။

“ဖရုံသီးမတွေ။ ငါက မင်းတို့ကို ဟော့ပေါ့ စားခိုင်းနေတာ။ ကြိုက်တဲ့ အသားနဲ့ အရွက် ထည့်ပြုတ်ပြီး စားရုံပဲ။” ဖန်ကျန်းရှီ လက်ခါရင်း မဲ့ပြီး ပြောတယ်။

မိန်းမစိုးလေး တစ်ဦး ဟော့ပေါ့ထဲ ထည့်ဖို့ စားစရာတွေ မလာတယ်။

“ နင်ငါတို့ကို ဘယ်လိုများ ဖရုံသီးတွေလို့ ခေါ်ဝံ့တာလဲ။”

“ အတင့်ရဲလိုက်တာ။“

မင်းသမီးတွေ ဖန်ကျန်းရှီ ပြောတာကြားတော့ ပြန်အော်တယ်။ ဒါပေမယ့် မိန်းမစိုးလေး ယူလာတဲ့ ပစ္စည်းတွေကို သူတို့ စိတ်ဝင်စားနေပြီ။

“ ဒါတွေကို ဟော့ပေါ့ထဲ ထည့်လို့ရလား။ ”

“ အိုး။ ဒါက စားလို့ရလား။ ”

“ ဝိုး …. ဒါဘာလဲ။ ကြည့်ရတာ … ဒါလေးကကော ဘာလဲ။”

ပစ္စည်းတွေ အကုန် ယူလာပြီးပြီ။ မင်းသမီးတွေလည်း ခုန်ဆွ ခုန်ဆွ ဖြစ်နေပြီ။ ဒါက သူတို့ မြင်ဖူးတာတွေနဲ့ မတူဘူး။

“ သောက်စကားများနေတာ ရပ်တော့။ မင်းတို့ မစား၇င် ငါစားပြီ။” ဖန်ကျန်းရှီ တကယ်ဆာနေပြီ။ ဝက်ဦးနှောက်ကို ယူတယ်။ ဟော့ပေါ့ထဲ ပြစ်ထည့်တယ်။

အရသာဝင်ပြီး ကျက်သွားတော့ တစ်ကိုက် ကိုက်တယ်။ အရသာ ရှိလိုက်တာ။

ဖန်ကျန်းရှီရဲ့ သွားရည်ကျစရာ စားစရာတွေကို မင်းသမီးတွေ တောင့်မခံ နိုင်တော့ဘူး။ အဆုံးမတော့ ပင်းယန်က ပထမဆုံး စစားတဲ့ သူပဲ။ “ ငါစားတော့မယ်။”

အပိုင်း (၃၀၃) ပြီး၏။

အပိုင်း (၃၀၄)

“ ဧကရာဇ်ကို ဓားပြတိုက်နေပြီ”

ဖန်ကျန်းရှီ ဟင်းရည်တွေကို အဆိပ် ခတ်မှာ ပင်းယန် မကြောက်ဘူး။ ဖန်ကျန်းရှီ ဘယ်လောက် သတ္တိရှိမှန်း သူကောင်းကောင်းသိတယ်။ နန်းတော်ထဲမှာ အဆိပ်ခတ်ရဲမှာတော့ မဟုတ်ဘူး။

နောက်ပြီးတော့ ဖန်ကျန်းရှီမှာ သူတို့ကို အဆိပ်ခတ်ဖို့ အကြောင်းရင်းလည်း မရှိဘူး။

ပင်းယန် အသား တစ်ဖတ်တည်းကိုတော့ ဟင်းရည်ထဲ မပြစ်ထည့်ဘူး။ အဲ့ဒီ့အစား အသား တစ်ပန်းကန်လုံးကို ဟင်းရည်အိုးထဲ ထည့်တယ်။

အနီရောင် ဟင်းရည်တွေ အပြင်ကို စင်ကုန်တယ်။

“ အား အား… ” မင်းသမီးတွေ အပူလောင်လို့ အော်ကုန်တယ်။

ဒါပေမယ့် ဟော့ပေါ့ကနေ ထွက်လာတဲ့ အနံ့က သူတို့ကို ဆွဲဆောင်နေပြီ။ တံတွေးဂလု ဂလု လုပ်နေကြပြီ။

ပင်းယန် အသားတစ်ဖက်ကို ခပ်မြန်မြန် ကောက်ဝါးတယ်။

သူ့မျက်နှာအမူအယာ ချက်ခြင်းပြောင်းသွားတယ်။ မျက်နှာတစ်ခုလုံး ရဲရဲနီလာပြီ။ မီးခဲဖင်ခုထိုင်သလို ဖြစ်နေတယ်။

“ ရေ ရေ ရေလိုတယ်။”

“ မင်းသမီး။ မင်းသမီး။ ဒီမှာရေပါ။” မိန်းမစိုးတစ်အုပ် ပင်းယန် အသံကြားတော့ ပျာယာခတ်သွားတယ်။ ဒီဟော့ပေါ့ကို တော်ဝင် စားဖိုဆောင်က ပါဝင်ပစ္စည်းတွေနဲ့ ချက်ထားတာ။

ကိစ္စတစ်ခုခုရှိရင် ….

စားဖိုတောင်မှာ လည်း တာဝန်ရှိတယ်။

တခြားမင်းသမီးတွေ အကုန် နောက်ဆုတ်သွားတယ်။

“ဖန်ကျန်းရှီ နင်ဘယ်လိုများ အဆိပ်ခတ်ရဲတာလဲ။”

“ ဖန်ကျန်းရှီကို ဖမ်းစမ်း။”

“ ဒီနေ့ ဒီကောင့်ကို အလွတ်မပေးကြနဲ့”

မင်းသမီးတွေ ကြောက်လန့်တကြားအော်ဟစ်တယ်။ နောက်ဆုံးတော့ ဖန်ကျန်းရှီက အတော် အင်အားကြီးတယ်။ သူတို့ထဲက တစ်ယောက်ကို ဓားစာခံလုပ်ပြီး တိုက်ခိုက်မှာ ။ ဒါက ကြောက်စရာပဲ။

ဖန်ကျန်းရှီ နှုတ်ခမ်း တွန့်ပြီး ကြိမ်းမောင်းတယ်။ “အဆိပ်လား။ ဖုန်ရှူလိုက်။ တဆွေလုံး တမျိုးလုံး ဖုန်ရှူလိုက်။”

ပြောနေရင်းနဲ့ အသားနည်းနည်း ပန်းကန်လုံးထဲကို ထည့်တယ်။ မစားခင် အအေးခံပြီး တဖူးဖူးမှုတ်တယ်။

ဆီတွေ သူ့ပါးစပ်မှာ ကွက်ကုန်တယ်။

ပင်းယန်ကတော့ ရေကို ခွက်ကြီးတစ်ခွက်လုံး မော့ချလိုက်ပြီ။ သူ့မျက်နှာ နီရဲနေတာလည်း လျှော့သွားတယ်။

“ဟဟား….. ကောင်းလိုက်တာ။” ပင်းယန် နောက် အသားတစ်ဖက် ကောက်ဝါးရင်း ပြောတယ်။ အဆက်မပြတ်ဝါးရင်း “ အရသာ ရှိလိုက်တာ။ အရမ်း အရသာ ရှိတာပဲ။ ”

တခြားမင်းသမီးတွေ အကုန် အပြောင်းအလဲကြောင့် မျက်လုံးပြူးသွားတယ်။

ရေက အဆိပ်ဖြေဆေးလား။

“ အရသာရှိတယ်မလား။” ဖန်ကျန်းရှီ ပင်းယန်ကို ပြောတယ်။

“ အရမ်းအရမ်း ” ပင်းယန် အဆက်မပြတ် ခေါင်းငြိမ့်တယ်။

“ ဒါဆိုရင် များများစား များများစား ဟီးဟီး။” ပင်းယန် ပါးစပ်ထဲကို အသားပြုတ်တွေ အပြည့်အသိပ်ထိုးထည့်တယ်။ ဖန်ကျန်းရှီ ကျေကျေနပ်နပ်ကြီး ခေါင်းငြိမ့်နေပြီ။ အခုတော့ သူ ငွေ ၂၀၀ ရပြီလေ။

ငွေရှာရတာ ဘယ်လောက် လွယ်သလဲ။

မင်းသမီးတွေ အထူးတဆန်း ဖြစ်နေတယ်။ ပင်းယန် အစားအသောက် ဘယ်လောက်ဇီဇာကြောင်မှန်း သူတို့ သိတယ်။

ဘယ်လို အစားအသောက်က ို ပင်းယန် ဒီလောက်ထိ င်္ချီးမွမ်းနေတာလဲ။

မင်းသမီးတွေ သိချင်လာတယ်။ စားပွဲပေါ်က အသားတွေက ပုံမှန်ပဲ။ ထူးထူးခြားခြား လုပ်ထားတာ မရှိဘူး။ ဟော့ပေါ့ အိုးထဲက အရည်တွေကိုများ ထူးခြားတဲ့ ပစ္စည်းတွေနဲ့ လုပ်ထားတာလား။

“ ငါ စားကြည့်မယ်။ ”

“ငါကောပဲ ”

“ ငါလည်း တစ်ကိုက်လောက်တော့ စားကြည့်မယ်။”

“ ဝိုးးး….. ။ စပ်လိုက်တာ။ အရသာ ကတော့ အနှိုင်းမဲ့ပဲ။”

“ ဒီလို ပူတာမျိုး မခံစားနိုင်ဘူး။ သိပ်မစပ်တာ ရှိမလား။”

“ ဒါပေါ့။ ရှိတာပေါ့။ ဒီမှာ ခရမ်းချဉ်သီး အရသာလေး။ မစပ်ဘူး။” ဖန်ကျန်း၇ှီ ဟင်းရည် တစ်မျိုးဆီကို မိတ်ဆက်ပေးတယ်။

မင်းသမီးတွေ နောက်ထပ် စိတ်မထိန်းနိုင်တော့ဘူး။

တူဆွဲပြီး လုစားကြတော့တယ်။

သိပ်မကြာခင်ပဲ။ သူတို့ အားလုံး အရိုးလုကိုက်နေတဲ့ ခွေးငယ်လေးတွေလို ဖြစ်သွားတယ်။

တစ်ယောက်ချင်းစီက ၈ မျိုးလုံး စမ်းစားကြည့်တယ်။ အဲ့ဒီ့နောက် အကြိုက်ဆုံး ဟင်းရည်ကို ရွေးတယ်။ အဆက်မပြတ်စားတော့တယ်။

“ ဟော့ပေါ့ဆိုတာ ဝိုင်လေးနဲ့မှ စားကောင်းတာ။” ဖန်ကျန်းရှီ မိန်းမစိုးတွေကို လက်ဝှေ့ယမ်းပြတယ်။

“ အမိန့် အမိန့် အတိုင်းပါ။” ဝိုင်ပုလင်း တွေကို သူတို့ ယူလာတယ်။

နန်းတော်ထဲက ဝိုင်တွေ စားသောက်ဆိုင်ကထက်တော့ ကောင်းတယ်။ နောက်ဆုံးတော့ နှစ်ချို့ဝိုင်က အကောင်းဆုံးပဲလေ။

သိပ်မကြာခင်

သူတို့အားလုံး မျက်နှာတွေ နီရဲလာတယ်။ ခပ်ထွေထွေနဲ့ မူးယစ်ကုန် ပြီ။

ဖန်ကျန်းရှီကတော့ ပျော်နေတယ်။ အခုတော့ အကုန်လုံးမူးနေပြီ။ သူတို့ ဘယ်လောက် စားလဲ ဘယ်သူကမှတ်မိမှာလဲ။ နောက်ဆုံးတော့ ကြိုက်သလောက် တောင်းလို့ ရပြီလေ။

…

ဧကရာဇ် လင်းမုပိုင်နဲ့ ဝန်ကြီး ယွီယိဖျင် ရှုခင်းကြည့်ရင်း လမ်းလျှောက်လာတယ်။ ခပ်ဝေးဝေးက အနံ့ မွှေးမွှေးတွေ ပျံ့လာတယ်။

သူတို့ နှစ်ယောက်လုံး ဗိုက်တွေ တဂွီဂွီ ဖြစ်လာပြီ။

“ ဘာဖြစ်မလဲ။” ဧကရာဇ် လင်းမုပိုင် သိချင်လာတယ်။

“ အခုက စားသောက်ချိန်လည်း မဟုတ်သေးဘူး။ ဘာလို့ ဒီလို အနံ့တွေ ရနေတာလဲ။ ဒီလို အနံ့မျိုး တစ်ခါမှ မရဖူးဘူး။

ယွီယိဖျင်လည်း မျက်လုံးတွေ တောက်လာတယ်။ သူလည်း ဆာနေပြီ ။ ဒါပေမယ့် ဧကရာဇ် ရှေ့မှာ ဘယ်လိုများ ပြောရမှာလဲ။

“ မင်း ငါနဲ့ လိုက်မလား။”

“ ကောင်းပါပြီ အရှင် ။” ယွီယိဖျင် ခေါင်းငြိမ့်တယ်။ ဧကရာဇ်တောင် ဒါဘာလဲ မသိဘူးတဲ့။ သူလည်း လိုက်သွားကြည့်ရမယ်။

…

နောက်ဆုံးတော့ မိန်းကလေး တွေကို ကျားနဲ့ နှိုင်းတာ ဘာလို့မှန်း သူသိပြီလေ။

“ ဟဲ့။ အဲ့ စွပ်ပြုတ်ကို မသောက်နဲ့ …..”

“ အာ ဘာလို့တုန်း။ ဒါက အရမ်း အရသာ ရှိတာ။ ”

“ …..” ဖန်ကျန်းရှီ နောက်ဆုံးတော့ ပြောစရာစကားမဲ့သွားတယ်။ သက်ပြင်းချရင်း ခေါင်းယမ်းနေပြီ။ မင်းသောက်လို့ ဘယ်ရမလဲ။ အနည်းဆုံး တော့ ဟင်းရည် ချန်အုန်းမှပေါ့။ အရည်မရှိပဲ အသားကို ဘာနဲ့ ပြုတ်ရမှာလဲ။

ဒီအချိန်ပဲ အသံကျယ်ကြီးတွေ နီးကပ်လာတယ်။

“ ဧကရာဇ်မင်းမြတ် ကြွချီလာပြီ။”

“ အရှင်ဧကရာဇ် ကြွချီလာပြီ။”

“အိုး။ ” ဖန်ကျန်းရှီ မျက်လုံးပြူးသွားတယ်။ မူးဝေနေတဲ့ မင်းသမီးလေးတွေကို တစ်ချက်ကြည့်တယ်။ သူ့ ဗိုက်ထဲမှာ ရစ်တစ်တစ် ဖြစ်လာရော။ “ အ… အိုး … ဒီလိုတွေတောင် ဖြစ်လာပြီလား။”

သူ ပြေးဖို့ ပြင်တယ်။ ဒီ အချိန်မှာပဲ လူရိပ် နှစ်ခု ဝင်ပေါက်ကို ရောက်လာတယ်။

“ ခ … ခမည်းတော်ကို နှုတ်ခွန်းဆက်ပါတယ်။”

“ ခမည်းတော် .. ကို …. နှုတ် . .. ခွန်း … ဆက် .. ပါ တယ်။ ”

မင်းသမီးတွေ ဒူးထောက်တယ်။ အာလေးလျှာလေးနဲ့ နှုတ်ခွန်းဆက်တယ်။ ဒါပေမယ့် တစ်ချိုု့ မင်းသမီးတွေဆို ဒူးတောင် မထောက်နိုင်ရှာဘူး။

ဧကရာဇ် လင်းမုပိုင် ဒေါသထွက်လာတယ်။

သူ့ရဲ့ တော် ဝင် ဥယျာဉ်မှာ ဒီလိုတွေ ဖြစ်စရာလား။ နောက်ပြီးတော့ သောက်စားမူးယစ်နေတာက မင်းသမီးတွေ။ သူ့သမီးတွေ။

ဘယ်လိုတောင် ရှက်ဖွယ် ကိစ္စလဲ။

သူ စကားပြောဖို့ ပြင်တယ်။ ဒီအချိန်မှာပဲ တူကိုင်ထားတဲ့ ဖန်ကျန်းရှီကိုမြင်တယ်။ ပါးစပ်ထဲ အသား ပလုပ်ပလောင်း နဲ့ ဖန်ကျန်းရှီ နောက်ထပ်စားဖို့ ပြင်နေတယ်။

ဖန်ကျန်းရှီ မင်း အတင့်ရဲလိုက်တာ။ ဧကရာဇ့်ရဲ့ သမီးတော်တွေကို ကစားရဲတယ်။

ဧကရာဇ် လင်းမုပိုင် မျက်မှောင်ကြုတ်သွားတယ်။ လေထဲမှာ အရက်နံ့က တထောင်းထောင်း ။ ဖန်ကျန်းရှီ သူ့သမီးတော်တွေကို အရက် တိုက်ထားမှန်း သိသာတယ်။

သူဒေါသ ထွက်ပြီး အော်တော့မယ့် အချိန် …..

အနီရောင် ပုံရိပ် သူ့ရှေ့ကို လွင့်လာတယ်။

“ ခမည်းတော်… ခမည်းတော် …. မြန်မြန်လာ။ ဒီ ဟော့ပေါ့ကို စားကြည့် ။ အရမ်းအရသာ ရှိတယ်။ ” ပင်းယန် ဧကရာဇ် လင်းမုပိုင် လက်ကို ဆွဲခေါ်လာတယ်။

ပွက်ပွက်ဆူနေတဲ့ ဟော့ပေါ့်တွေကို ဧကရာဇ် ကြည့်တယ်။ ဒါက မူလ အနံ့လား။”

“ ခမည်းတော် တစ်ကိုက် လောက် စားကြည့်” ပင်းယန် တူနဲ့ အသား တစ်ဖတ် ယူတယ်။ သူ့ခမည်းတော်ကို ခွံ့ကျွေးတယ်။

စစချင်း ဧကရာဇ် ငြင်းမလိုကပဲ။

အိုးထဲမှာ ပေါလောပေါ်နေတဲ့ အရွက်တွေကို သူ တွေ့တယ်။ ဒါတွေ စားလို့ရလည်း သူ မေးလိုက်ချင်တယ်။

ဒါပေမယ့် …။ ပင်းယန် ခွံ့တဲ့ အသားက သူ့ ပါးစပ်ထဲ ရောက်သွားပြီ။ မတတ်နိုင်ပဲ သူဝါးစားတော့တယ်။

“ အရသာ ကောင်းတယ်မလား။” သူ့ခမည်းတော် ဝါးနေတာကြည့်ရင်း မေးတယ်။

“ အင်း… မဆိုးဘူး။” ဧကရာဇ် ခေါင်းငြိမ့်တယ်။ ပင်းယန်တောင် နောက်ထပ် မပြောရသေးဘူး။ တူကို ကောက်ကိုင်ပြီး စားတော့တယ်။

“ ဝန်ကြီးယွီ။ မင်းလည်း လာစားလေ။”

သုံးလုပ် တိတိ အဆက်မပြတ်စားပြီး နောက် သူ သတိရသွားတယ် ။ နောက်ကို လှည့်ပြီး ယွီယိဖျင်ကို လှမ်းပြောတယ်။

စားသောက်နေတဲ့ အချိန် သူ့ မျက်လုံးတွေ တောက်ပနေတယ်။

“ဟော့ပေါ့က ဝိုင်အရက်လေး နဲ့မှ ပိုစားဝင်တာ။” ဖန်ကျန်းရှီ ပြောထားတဲ့ အတိုင်း ပင်းယန် လိုက်ပြောတယ်။

“ ဒီလိုလား။ ကောင်းပြီလေ။ ဟဟားဟား… ကိုယ့်တော့် အတွက် ဝိုင်နည်းနည်းလောက် ယူလာခဲ့။ ကိုယ်တော်လည်း သုံးဆောင်မယ်။” ပင်းယန် ခေါင်းကို သာသာလေး ပုတ်ရင်းနဲ့ ဧကရာဇ် ပြောတယ်။

“ ကျေး … ကျေးဇူးတင်ပါတယ် ခမည်းတော်။”

ကြောက်လန့်နေတဲ့ မင်းသမီးတွေ ယိမ်းတိမ်း ယိုင်တိုင် ထလာတယ်။ သူတို့ အဝတ်အစားတွေက ဖုန်ကို ခါတယ်။

“ သမီးတော်တွေ ခမည်းတော်နဲ့ လာစားလှည့်”

အဲ့ဒံီနောက် မိန်းမစိုးတွေ ကြောက်စရာ ကိစ္စကို တွေ့လိုက်တယ်။

ဧကရာဇ် လင်းမုပိုင်၊ ပင်းယန်မင်းသမီး နဲ့ ဝန်ကြီးယွီ တို့ ဦးဆောင်တယ်။ တခြားမင်းသမီးတွေလည်း အဆက်မပြတ်စား သောက်တယ်။

ဖန်ကျန်းရှီကတော့ ဘေးမှာ ရယ်မောနေတယ်။  

သိပ်မကြာခင် အစားအသာက်တွေ အကုန် ပြောင်သလင်းခါသွားတယ်။ ဧကရာဇ် လင်းမုပိုင် ထရပ်တယ်။ ဗိုက်ဝသွားလို့ သူ ကျေနပ်နေပြီ။

“ ဒါကို ဘာလို့ ခေါ်လဲ။”

“အရှင်မင်းကြီး ဟော့ပေါ့ ပါ ဖျာ့။” မိန်းမစိုးတစ်ယောက် ချက်ခြင်း ဖြေတယ်။

“ ဟော့ပေါ့လား။ ဟော့ပေါ့က ဒီလို လုပ်လို့ ရတယ်လား။ ကောင်းကောင်းချက်ထားတာပဲ။ ဘယ် စားဖိုမှူးကများ ဒီလို အံ့ဖွယ် နည်းလမ်းကို စဉ်းစား နိုင်တာလဲ။ ကိုယ်တော် ဆုရချမယ်။” ဧကရာဇ် လင်းမုပိုင် ပြုံးရင်း ပြောတယ်။

“ဒါက ….. ” မိန်းမစိုးလေး းး ပြုံးပျော်နေတဲ့ ဖန်ကျန်းရှီကို တစ်ချက်ကြည့်တယ်။

“ ခမည်းတော် ဒါက စားဖိုမှူးချက်တာ မဟုတ်ဘူး။ ဖန်ကျန်းရှီ ချက်တာ။” ပင်းယန် လှမ်းပြောတယ်။

ဖန်ကျန်းရှီ ချက်တာလား။

ဧကရာဇ် လင်းမုပိုင် အမူအယာ ပြောင်းသွားတယ်။

အရင်က သူတွေးခဲ့တယ်။ ဖန်ကျန်းရှီက သူ့သမီးတော်တွေကို သောက်စားမူးရူးခိုင်းနေတာလို့။

ဥယျာဉ်ထဲမှာ မင်းသမီးတရုံးရုံး နဲ့ ဖန်ကျန်းရှီ နေနေတာ အကြောင်းရင်း ရှိတာပဲ။

“ ဒီလိုကိုး။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်တယ်။ သူ့သမီးတော်တော်တွေကို စိတ်ပျက် လက်ပျက်နဲ့ ကြည့်တယ်။

အခု ပြောပြီးမှတော့ ပြန်ရုပ်သိမ်းလို့ မရတော့ဘူး။

နောက်ဆုံးတော့ ဧကရာဇ်မင်းက ဟာသ မဟုတ်ဘူးပဲ။

“ ဖန်ကျန်းရှီကို ငွေသား တစ်ထောင် ချီးမြင့်လိုက်။

“ အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။”

ဖန်ကျန်းရှီ ချက်ခြင်း ကျေးဇူးတင်တယ်။ အဲ့ဒီ့နောက် ပန်းကန်အလွတ်တွေကို လက်နဲ့ ပွတ်တယ်။ “ အရှင်မင်းကြီး …. ငွေသား နှစ်ထောင်ဆိုရင်တောင် လောက်မှ မဟုတ်ဘူး။”

“ မလောက်ဘူးလား။” ဒါက ပထမဆုံး သူချီးမြှင့်တဲ့ ငွေကို နည်းတယ် အပြောခံရတာပဲ။ ငွေသား တစ်ထောင်က တစ်နပ်စာအတွက် ဘယ်လိုများ နည်းနိုင်မှာလဲ။

“ ဖန်ကျန်းရှီ အတင့်ရဲ လိုက်တာ။ ဘယ်လိုများ ဧကရာဇ် ရဲ့ ဆုကို နည်းတယ်လို့ ပြောဝံ့တာလဲ။” ဝန်ကြီး ယွီယိဖျင် ဒေါသတကြီးနဲ့ ထအော်တယ်။

“ ဝန်ကြီးယွီ စိတ်အေးအေးထားပါ။ နောက်မှ စိတ်ဆိုး။ အခုတော့ အကြွေးလေး အရင်ရှင်းအုန်း။ တွက်မယ်နော်…. အင်း စုစုပေါင်း သုံးဆယ့်ငါးလုပ် ပါးစပ်အပြည့်စားထားတယ်။ ပထမ တစ်လုပ်က အခမဲ့ဆိုတော့ လောလောဆယ် ငွေသား ၃၄၀၀ အကြွေးတင်နေပြီ။” ဖန်ကျန်းရှီ တလေးတစား ပြောတယ်။

“ဘာ ။ ငွေသား ၃၄၀၀။ မင်း ဘာတွေ ပြောနေတာလဲ။”

“ ဒါဆို ဝန်ကြီးယွီ အကြွေးထားမှာလား။ ဒီအကြောင်းကတော့ မြို့တော်တစ်ခုလုံး ကို မြန်မြန်ပျံ့မှာပဲ။” ဖန်ကျန်းရှီ ပုခုံးတွန့်ရင်း ရိုးရိုးသားသားလေး ပြောတယ်။

“ ခမည်းတော် ။ ဒါက ဒီလိုရှိတယ်ရယ်။ ဖန်ကျန်းရှီနဲ့ သမီးတော်တို့ အလောင်းအစား လုပ်တယ်လေ။ သူဟင်းမချက်နိုင်ဘူးလို့ သမီးတော်တို့ လောင်းထား တယ်။ ပထမတစ်လုတ်ကတော့ အခမဲ့။ ဒါပေမယ့် နောက်တစ်လုတ်က စပြီး ငွေသား တစ်ရာ ပေးရမယ်။ ” ပင်းယန် ရှင်းပြတယ်။

“ တစ်လုတ်ကို ငွေသား တစ်ရာ။” ယွီယိဖျင် မျက်လုံးပြူးသွားတယ်။ ဒါက နေ့ခင်းကြောင်တော် ဓားပြတိုက်နေတာပဲ။

နောက်ပြီးတော့

ဒီကောင်က နန်းတော်ကို ဓား ပြတိုက် နေတာ။

ဧကရာဇ် မင်းနဲ့ သူ့ရဲ့ လက်ယာရံ အမတ်ကြီးကို ဓားပြ တိုက်နေတာ။

အပိုင်း (၃၀၄) ပြီး၏။

အပိုင်း (၃၀၅)

“ ညီလာခံ စာမေးပွဲ စပြီ။”

ဒီလောကမှာ အရာအားလုံးက ရေမြေ့ရှင် ဧကရာဇ် ပိုင်ဆိုင်တာ။

ဧကရာဇ်ကို ဓား ပြ တိုက် တာထက် အတင့်ရဲတာ ဘာရှိအုန်းမလဲ။ ဒီကောင် ဧကရာဇ်ကို တစ်စက်လေးတောင် မလေးစားဘူး။

ဝန်ကြီးယွီ စကား ပြောဖို့ ပြင်တယ်။ ဧကရာဇ်က သူ့ကို တားမြစ် တယ်။ သူလည်း း အလိုလို ပါးစပ်ပိတ်သွားရတယ်။

“ ဟ ဟား ဟား ….. ပင်းယန်သာ အကျိုးအကြောင်း မပြောရင် ။ ဖန်ကျန်းရှီကို ကိုယ်တော် တစ်လွဲတွေးမိတော့မှာ။ ဖိတ်ခေါ်ခံရတာ မဟုတ်ပဲနဲ့ ကိုယ်တော် အများကြီး စားမိသွားတယ်။ ကိုယ်တော် ပေးသင့်တာပေါ့။ ပြောထားတဲ့ အတိုင်း တစ်လုပ်ကို ငွေသား တစ်ရာ ပေးမယ်။ ” ဧကရာဇ် လင်းမုပိုင် တစ်ချက်လေးတောင် စိတ်မဆိုးဘူး။

ဝန်ကြိးယွီယိဖျင် မယုံနိုင်အောင် ဖြစ်နေတယ်။

တစ်လုတ်ကို ငွေသား တစ်ရာတောင်လေ။

ဧကရာဇ်က တကယ်လက်ခံလိုက်တယ်တဲ့လား။

“ ဝန်ကြီးယွီ ဧကရာဇ် မင်းက သဘောတူလိုက်ပြီ။ နောက်ထပ် ပြောစရာရှိသေးလား။” ဖန်ကျန်းရှီတော့ ပျော်နေပြီ။

“မင်း…. ငါ ဒီနေ့တော့ ငွေသား များများ မယူလာခဲ့ မိဘူး။။ ငါ့ အိမ်တော်မှာ လာယူလို့ ရတယ်။ ” ဝန်ကြီးယွီ လက်ကို တစ်ဖျတ်ဖျတ်ခါရင်း ပြောတယ်။

“ ရတာပေါ့။ ဒါပေမယ့် ဝန်ကြီးယွီ ဒီငွေပမာဏကို အကြွေးကျန်ကြောင်း သက်သေလေးဘာလေး ရေးပေးပါလား။ ” ဖန်ကျန်းရှီ စာရွက် တစ်ရွက်နဲ့ စုတ်တံကို ကမ်းပေးတယ်။

ဧကရာဇ် လင်းမုပိုင် ဒေါသထွက်နေတဲ့ ယွီယိဖျင်ကို ကြည့်တယ်။ ဖန်ကျန်းရှီကတော့ တက်ကြွနေပြီ။ ဧကရာဇ် ပင်းယန် ခေါင်းကို ခပ်ဖွဖွ ပုတ်ရင်း ပြုံးတယ်။

တကယ်တော့ ဒီဟော့ပေါ့လေးကို ငွေသားတစ်ရာက များလွန်းတယ်။ ပင်းယန်ပြောတုန်းက သူ အတော်အံ့သြသွားခဲ့သေး။

ဒါပေမယ့် ။

နန်းတော်ထဲက အစား အသောက်တွေဆို ဒီဈေးက ပုံမှန်ပဲ။

သမိုင်းထဲက ဧကရာဇ် တွေဆို မိုင် ၈၀၀ ကျော်ထိ ဆက်သားတွေ စေလွှတ်တယ်။ လတ်ဆတ်တဲ့ အစားအသောက်တွေကို စုေဆောင်းတယ်။

လူအားငွေအားတွေ အစားအသောက်အတွက် တော်တော်သုံးတယ်။ ဒါကြောင့် တစ်လုတ်စာ တိုင်းက ငွေသား ၁ထောင် အနည်းဆုံး တန်တယ်။

ကြီးမြတ်သော ရှမင်းဆက်မှာ စစ်ပွဲတွေ များတယ်။ ဒါတောင် သူတို့ ကြွယ်ဝနေဆဲပဲ။

နောက်ပြီးတော့ ရတနာတွေကလည်း ဘဏ္ဍာတိုက် အပြည့်။ ဒီငွေသား တစ်ရာက ဧကရာဇ် အတွက် မပြောပလောက်ဘူး။

ထပ်ပြောစရာက အင်ပါယာထဲမှာ ရှိတဲ့ အရာတိုင်း ဧကရာဇ် လက်ထဲမှာပဲ။

ဧကရာဇ်က မင်းကို ငွေသား ပေးလိုက်တာနဲ့ မင်းပိုင်တာ မဟုတ်။

ဒါက ဧကရာဇ် အပိုင် ဖြစ်နေတုန်းပဲ။

ဧကရာဇ့် အတွေးကိုတော့် ဖန်ကျန်းရှီမသိရှာ။

“ဖန်ကျန်းရှီ ကိုယ်တော်တို့ ဒီနေ့ ငွေသား ယူ မလာမိဘူး။ ဘယ်လို လုပ်ရမလဲ။” ဧကရာဇ် လင်းမုပိုင် အရှိန် အဝါ အပြည့်ထုတ်၇င်း မေးတယ်။

“ အရှင်မင်းတရားကြီးလည်း ငွေသား မယူလာဘူးလား။ လွယ်ပါတယ်။ ကျွန်တော့်ကို သက်သေလေး ရေးပေးလိုက်ပါလား။” ဖန်ကျန်းရှီ ချက်ခြင်းကို ပြန်ဖြေတယ်။

“အတင့်ရဲလိုက်တာ။ ဧကရာဇ်က အမတ်မင်း တစ်ယောက်ကို အကြွေးတင်တယ်လို့ ရေးခိုင်းနေတာလား။ … မင်းကိုအလုပ် ထုတ်ပြီး လယ် ပြန်စိုက်ခိုင်းမှာ မကြောက်ဘူးလား။” အမှန်က ဖန်ကျန်းရှီကို ချက်ခြင်းတောင် ကွက်မျက်ပြစ်ချင်တာ။

ဒါပေမယ့် ဖန်ကျန်းရှီက အဆင့်လေး ဓား သံတမန် အမတ်မင်းဖြစ်နေတယ်။ ဒီရာထူးကို သူ ကိုယ်တိုင် ပေးထားတာ။ ချက်ခြင်း ကွက်မျက်လိုက်ရင် ပြဿနာ ဖြစ် လိမ့်မယ်။ ဒါကြောင့် သူ့ဒေါသကို မျိုချနေရတယ်။

“မကြောက်ပါဘူး။” ဖန်ကျန်းရှီ အေးအေးဆေးဆေး ပြန်ဖြေတယ်။

“ အိုး။ ဘာလို့လဲ။” ဧကရာဇ် လင်းမုပိုင် သံသယအပြည့်နဲ့မေးတယ်။

“ဧကရာဇ်က ကျွန်တော့်ကို သေစေလိုရင် ။ ကျွန်တော် သေရမယ်။ အကယ်၍ လယ်သမား ဖြစ်စေချင်တယ် ဆိုရင်လည်း လယ်သမား လုပ်မယ်။ ဧကရာဇ်မှာ ကိုယ်ပိုင် အစီအစဉ်ရှိမှာပဲ။ ဘာများ ကြောက်စရာရှိလို့လဲ။” ဖန်ကျန်းရှီ တည်တည်ကြည်ကြည် ပြန်ဖြေတယ်။

ဧကရာဇ် လင်းမုပိုင် မျက်လုံးပြူးသွားတယ်။ သူ ရယ်မောတယ်။ “ ဟဟား…. ကောင်းတယ်။ အပြောကောင်းတယ် ။ ဒီနေ့ ကိုယ့်တော် စည်းမျဉ်းတွေကို ဖျက်ပြီး အကြွေးသက်သေ ရေးပေးမယ်။ ကိုယ့်တော် ဘဏ္ဍာတိုက်ကနေ လာထုတ်လိုက် ။”

“ အရှင် မင်းတရားကြီးကို ကျေးဇူး တင် ပါတယ်။ ကျွန်တော်မျိုး တစ်ခုလောက် မေးလို့ရမလား။ ကျွန်တော် ငွေသား မဟုတ် တာကော ယူ လို့ရလား။” ဖန်ကျန်းရှီ မေးတယ်။

“ ငွေသား မယူချင်ဘူးလား။ ဘာလို့လဲ။” ဧကရာဇ် လင်းမုပိုင် သံသယ ဖြစ်လာတယ်။ ဒီကောင် သူ့ အမှားသူ နား လည် သွားပြီလား။

“ ကျွန်တော် တွက်ထားတာ။ အရှင်မင်းကြီး ၄၇ လုပ် ပွဲတော်တည်ပါတယ်။ ပထမတစ်လုပ်ကို အခမဲ့ နဲ့ ကျွန်တော်မျိုးကို ချီၤးမြှင့်မှု အတွက် ၁၀၀၀ ကို နုတ်လိုက်ရင် ငွေသား ၃၆၀၀ အကြွေး ကျန်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့ငွေသားတွေက အရှင်မင်းကြီးရဲ့ လက်ရေးမူနဲ့တော့ ယှဉ်လို့ မရပါဘူး။ အရှင့် လက်ရေးမူကို ကျွန်တော် မျိုး လေလံ ပစ်ဖို့ တွေး တွေး….”

“ ဖန်ကျန်းရှီ။ မင်း အတင့်ရဲလိုက်တာ။ ဒီလို အကြွေးလက်ရေးမူကိုများလေလံ ပြစ်ဖို့ ဘယ်လို တွေးရဲတာလဲ။ မင်း အပြစ် ကို မင်း နားမလည် ဘူးလား။ ” ဧကရာဇ်မင်း ဒေါသပေါက်ကွဲလာပြီ။

“ အရှင် ။ အရှင် မင်းကြီး အထင် လွဲနေပါပြီ။ အရှင်က ဟော့ပေါ့ လေးဆယ့် ကိုးလုပ် စားလို့ ကျွန်တော်မျိုးကို အစား အသောက်ဖိုး ပေးရမှာ သဘာ၀ ကျပါတယ်။ သက်သေသက်ကာယ လက်ရေးမူလေးသာ ရေးလိုက်ရင်…..။ ဘယ်လောက်တောင် ဖြောင့်မတ်မှန်ကန်ပြီး စိတ်ထားကြီးမြတ်တဲ့ မင်းတရားကြီး ဖြစ်မှန်း သိသာသွားမလဲ။ နိုင်ငံ တစ်ဝှမ်းလုံးကို ကျောသားရင်သား မခွဲခြားပဲ အုပ်ချုပ်တဲ့ အရှင် ။ ဂုဏ်ကျက်သရေမြင့်မားပြီး ကတိသစ္စာ တည်လွန်းတဲ့ မင်းတပါး ။ ဒီလိုမျိုး ပြသနိုင်မှာပါ။ ကျွန်တော် မျိုးက အရှင့်ကို ကူညီဖို့ ကြိုးစား နေတာပါ။”

“ အရှက်မရှိလိုက်တာ။ ဒီ်ကောင်စုတ် ဖိနပ်လျက်တဲ့ အကျင့် ဘယ်ကနေ သင်လာတာလဲ။ ” ပင်းယန် ခပ်တိုးတိုး ပြောတယ်။

ဧကရာဇ် လင်းမုပိုင် အံ့သြနေပြီ။ ဖန်ကျန်းရှီကို ကြည့်ရင်း သူ့ မျက်လုံး တဖိတ်ဖိတ်တောက်လာတယ်။ ဒီလူငယ်လေး အမြင်ကျယ်လိုက်တာ။ ဒီလောက်ထိ မထင်ထားမိဘူး။

“ မင်း ကိုယ်တော့်ရဲ့ လက်ရေးမူကို လေလံတင်မှာ ။ ကိုယ်တော်က ကျေးဇူးတင်ရမှာလား။ ”

“အရှင် မင်းကြီး ကျွန်တော် မျိုးကို ကျေးဇူး မတင်ပါနဲက။ ငွေသား သာ ချီးမြှင့်ပေးပါယ။” ဖန်ကျန်းရှီ ရယ်မောတယ်။

“ ဟဟား… ကိုယ်တော် မင်းကို ငွေသားတော့ မပေးနိုင်ဘူး။ ဒီတံဆိပ်ပြား ယူသွားလိုက်။ အချိန် ရှိရင် ယဉ်ကျေးမှု ဝန်ကြီးဌာနကိုသွားလိုက်။” ဧကရာဇ် လင်းမုပိုင် ပြုံးပြတယ်။ ဖန်ကျန်းရှီ လက်ထဲ တံဆိပ်ပြားပေးချိန် သူ တည်ကြည်နေတယ်။

“ ယဉ်ကျေးမှု ဝန်ကြီး ဌာန” ဖန်ကျန်းရှီ လွင့်လာတဲ့ တံဆိပ်ပြားကို ဖမ်းတယ်။

တံဆိပ်ပြားက ရွှေသား စစ်စစ် ။ ရှေ့ဘက်မှာက (ရွှေနဂါး)လို့ စာလုံး ပါတယ်။ နောက်ဘက်မှာက နဂါး တစ်ကောင် ပုံ နဲ့။

ဘယ်နေရာ သုံးရမှာလဲ။

သူ့ အရင်လောကမှာ ။ ယဉ်ကျေးမှု ဝန်ကြီးဌာနက တော်ဝင်စာမေးပွဲကို ကျင်းပတယ်။ နောက်ပြီးတော့ ဘွဲ့တွေ ပေးတယ်။ ဒါပေမယ့် တာအို စာမေးပွဲတွေ အရေးပါ လာတော့ ….။ တော်ဝင်ကျောင်းတော်ကို တည်ထောင်တယ်။

ယဉ်ကျေးမှု ဝန်ကြီးဌာနက ဘွဲ့တံဆိပ် နဲ့ ဆိုင်တာ တွေပဲ လုပ်တယ်။ တော်ဝင် အခမ်းအနားတွေကို စီစဉ်တယ်။ အမဲလိုက် ပြိုင်ပွဲနဲ့ ပြေးပွဲကိုလည်း သူတို့ပဲ စီစဉ်တာ။

“ ယဉ်ကျေးမှု ဝန်ကြီးဌာန???” ဝန်ကြီး ယွီယိဖျင် မျက်လုံးပြူးသွားတယ်။

ဖန်ကျန်းရှီ နဲ့ ဧကရာဇ် ကြားက အပြောင်းအလဲကို သူ မြင်တယ်။ ဧကရာဇ် ဒေါသ က သူထင်သလို မဆိုးမှန်း သိလိုက်တယ်။

ဒီလို ဖြစ်တာ အရေးမကြီးဘူး။

အရေးကြီးတာ ဖန်ကျန်းရှီကို ယဉ်ကျေးမှု ဝန်ကြီး ဌာန သွားခိုင်းလိုက်တာပဲ။

ဒီတစ်လျှောက် ဖန်ကျ်န်းရှီက နာမည်ခံ အမတ်မင်းပဲ။ အဆင့်လေး ဖြစ်ပေမယ့် အာဏာ မရှိဘူး။

အခုတော့ ကွာသွားပြီ။ ဧကရာဇ်က ဒီလို ခိုင်းတာ။ ဖန်ကျန်းရှီရဲ့ ရပ်တည်ချက်ကို ခိုင်မာအောင် လုပ်လိုက်တာပဲ။

ဧကရာဇ်က ဖန်ကျန်းရှီုကို သုံးချင်နေတယ်။

ယဉ်ကျေးမှု ဝန်ကြီးဌာနမှာ အမတ်မင်း လုပ်စေချင်တယ်။

အဆင့်လေးက မမြင့်မှန်း ယွီယိဖျင် သိတယ်။ ဒါပေမယ့် ယဉ်ကျေးမှု ဝန်ကြီး ဌာနမှာ ဖန်ကျန်းရှီ ရှိတာ ညီလာခံအတွက် လန့်စရာပဲ။

“ အမဲလိုက်ပွဲမှာ သူ ခန့်မှန်းတ ာ … အခု ဖြစ်လာပြီလား။ မြန်လွန်းလိုက်တာ။ ပေါက်ကွဲမှု အသစ် …. ဒါမျိုး အဖြစ်မခံ နိုင်ဘူး။ ”

သူ စကားစဖို့ ပြင်တယ။် ဖန်ကျန်းရှီက သူ့ထက် ဦးသွားပြီ။

“အရှင်မင်းကြီး။ အမိန့်တော် အရ ကျွန်တော်မျိုး ယဉ်ကျေးမှု ဝန်ကြီး ဌာနကို သွားပါမယ်။ … ဒါပေမယ့် ကျွန်တော်က အမဲလိုက်ပွဲမှာ အပြစ်ပြုမိသေးတယ် ။ ဒါကြောင့် ….” ဖန်ကျန်းရှီ မသွားလို့ ရမလား မေးချင်တယ်။

သူက လွတ်လွတ်လပ်လပ် နေချင်တာ။

“ ယဉ်ကျေးမှု ဝန်ကြီး ဌာနမှာ မင်းရှိနေရင် ။ မင်းက ငါ့ကို ကိုယ်စားပြုတယ်။ စိုးရိပ်စရာ မလိုဘူး။ ” ဧကရာဇ် လင်းမုပိုင် လက်ခါပြတယ်။ ဒီကိစ္စကို ထပ်ပြောစရာ အကြောင်း မရှိတော့ဘူး။

အံ့ဖွယ်ပဲ။

ဒီကောင် ငါ ဧကရာဇ်ရဲ့ အမြင်ကို မလေးစားဘူး။

ဖန်ကျန်းရှီ က ပြုံးတယ်။ ဒါပေမယ့် သူထပ်မပြောတော့ဘူး။ နောက်ဆုံးတော့ ဧကရာဇ် အမိန့်က သွေဖယ်လို့ ရတာမှ မဟုတ်တာ။

ဧကရာဇ် မင်းကို ငွေတောင်းလို့ ရတယ်။ တခြားကိစ္စတွေ တောင်းဆိုလို့ ရတယ်။

ဒါပေမယ့် အမိန့်ကိုတော့ ဖီဆန်လို့ မဖြစ်ဘူး။

ဒါက စစ်တပ်နဲ့ မခြားဘူး။ စစ်သည် တစ်ယောက်က အမိန့်ကို ဘယ်လိုဖြစ်ဖြစ် ငြင်းပယ် မရ။

ဧကရာဇ် ရဲ့ အမိန့် နဲ့ ဆန္ဒက ပိုတောင် ဆိုးတယ်။

“ အမိန့်တော် မြတ် အတိုင်းပါ အရှင် ” ဖန်ကျန်းရှီ တံဆိပ်ပြားကို သိမ်းထားတယ်။ နောက်ဆုံးတော့ ဧကရာဇ် မင်းက သူ အားတဲ့ အချိန် သွားဖို့ ပြောတာ။ သူမအားရင် သွားစရာ မလိုဘူး။

…

နှစ်ရက် အကြာ မနက်ခင်းမှာ…

သတင်းကောင်းက မြောက်ရွာကို ရောက်လာတယ်။ ဒီ အချိန် မြို့တော်က အုပ်ချုပ်သူ ကိုယ်တိုင် သတင်း ယူလာပေးတယ်။

” တော်ဝင် စာမေးပွဲ ထိပ်သီး” ရွှေရောင် စာလုံးတွေ ထွင်းထားတယ်။ ရွာသားတွေ ဒီစာလုံးကို မြင်တော့ အံ့အားသင့် ကုန်တယ်။

“ အ့။ ဖန် အဖိုးကြီးရေ။ မင့် သားကတော့ လုပ်ချလိုက်ပြန်ပြီ။ တော်ဝင်စာမေးပွဲ ထိပ်သီးနေရာကို ရပြန်ပြီတဲ့။”

“ လန့်စရာပဲ။ မြောက်ရွာက အဆင့်လေး အမတ်မင်း တစ်ယောက် မွေးထုတ်နိုင် လိုက်ပြီ။ နောက်ပြီးတော့ တော်ဝင်စာမေးပွဲ ထိပ်သီးတဲ့။ တကယ့်ကို သမိုင်းတွင်မယ့် အဖြစ်ပဲ။”

အသံတွေ မြောက်ရွာ တစ်ခုလုံး ကျွက်ကျွက်ညံနေတယ်။

မြောက်ရွာကို ရောက်နေတဲ့ နာမည်ကြီး ဆရာတွေလည်း ကြားရတဲ့ သတင်းကို မယုံနိုင်။

တော်ဝင် စာမေးပွဲ ထိပ်သီး။ အဆင့်လေး အမတ်မင်း။ ဒီလို ဖြစ်ဖို့က တကယ့်ကို မလွယ်ကူဘူး။

“ သူ တကယ်ပဲ လုပ်လိုက်ပြီ။”

ဘေးပတ်ဝန်းကျင်က ရွာတွေ မြောက်ရွာကို လာတယ်။ သူတို့ ဆီက ကျောင်းသားတွေ မြောက်ရွာမှာ ရှိတယ်လေ။

သတင်းကတော့ တောမီးလို ပျံ့နေပြီ။ ရွာ အကြီးအကဲတွေ ပထမဆုံး ဂုဏ်ပြုတဲ့ သူ ဖြစ်ဖို့ ပြေးလာကြတယ်။

တောင်ရွာကတော့ အနီးဆုံး ။ ဒါကြောင့် ပထမဆုံး ဂုဏ်ပြုတယ်။

“ငါတို့ ဘာစောင့်နေမှာလဲ။ ကျောင်းဆောက် တုန်းကကော။ လမ်းဖောက် တုန်းကကော ငါတို့ မကူညီ ရဘူး။ ။ ဒီမှာပဲ တစ်သက်လုံး ပုန်းနေရမှာလား။”

“ ငါတို့ သွားရမယ်။”

“ပထမဆုံး ဂုဏ်ပြုတဲ့သူ ဖြစ်ရမယ်။”

 တောင်ရွာသားတွေ အကုန် …။ ရွာအကြီးအကဲကို ကြည့်တယ်။ နောက်ပြီးတော့ လီကျွမ်းစီနဲ့ သူ့သားကိုကော။

“လက်ဆောင်တွေ ပြင်ကျ။ ငါ ကိုယ်တိုင် သွားပို့မယ်။” ရွာသူကြီး မုန့်ပိုင် အံကြိတ်ရင်း ပြောတယ်။

“ အကြီးအကု။ ကျွန်တော် နဲ့ ဟူဇီပါ အတူလိုက်ပရစေ။ နောက်ပြီးတော့ … မင်း … မင်းလည်း လိုက်သင့်တယ်။” သူ့မိန်းမ အဒေါ်လီကို လှမ်းပြောတယ်။

“ ငါ ဘာလို့ သွားရမှာလဲ။” အဒေါ်လီ ချက်ခြင်း ပြန်ပြောတယ်။

“ မင်း မသွားလို့ရတယ်။ ဒါပေမယ့် မင့် ခြေထောက်ကို အရင်ဆုံး ချိုးပြစ်မယ်။ ငါပြောတာ ယုံလား။” လီကျွမ်းစီ ရှေ့ထွက်လာတယ်။

“ ကောင်း ပြီ ကောင်းြ့ပီ။ သွားမယ်။”

…. မြောက်ရွာမှာတော့ အတော့်ကို လှုပ်ရှားတက်ကြွနေတယ်။

မြို့တော်မှာတော့ ညီလာခံ စာမေးပွဲ စနေပြီ။

ညီလာခံ အပြင်က သန့်စင်ကျောက်စိမ်း ရင်ပြင်မှာကျင်းပတယ်။ ဧကရာဇ် ကိုယ်တိုင် မေးခွန်းထုတ်တာ။ လှည့်စားလို့ မရဘူး။

မနက်စောစော။

ဆောင်းဦး ရွက်ကြွေ တွေ ကျဆင်းနေတယ်။ သစ်ရွက်ခြောက်တွေ လေမှာ လွင့်မျောတယ်။ ရွှေရောင် စစ်သည်တော်တွေ နန်းတော်တံခါးမှာ နှစ်တပ် စောင့်နေတယ်။ လှံကိုင် စစ်သည်တွေ ဘေးမှာ ထပ်ရံထားတယ်။ ပွဲကြည့် သူတွေ အတွက် အလယ်မှာ နေရာ ပေးထားတယ်။

နန်းတော်တံခါးက ပွင့်နေပြီ။ ကျောင်းတော်သားတွေ စီတန်းပြီး နန်းတော်ထဲ ဝင်လာတယ်။ ဒါပေမယ့် တံခါးက ဝင်ဝင်ချင်း ရပ်သွားတယ်။

“ကြည့်စမ်း။ ဖန်ကျန်းရှီ နဲ့ ရန်ရွှယ်ပဲ။”

“ ကြည့်ရတာတော့ ဒီလိုပဲ။ ဖန်ကျန်းရှီက တော်ဝင်စာမေးပွဲရဲ့ ထွဋ်ခေါင်။ ရန်ရွှယ်က တိုက်ခိုက်ရေးစာမေးပွဲ ထိပ်သီး။ တော်ဝင်စာမေးပွဲက ပြင်းထန်မယ် ဆိုတာ သိသာနေပြီ။ ”

“ဖန်ကျန်းရှီက ဖြေသမျှ စာမေးပွဲ တိုင်း ထိပ်တန်း ရောက်နေတာပဲ။ အခုတစ်ခေါက်လဲ ဒီလိုပဲ ဖြစ်မှာသေချာတယ်။ ”

ဖန်ကျန်းရှီနဲ့ ရန်ရွှယ် အကြောင်း ဆက်တိုက် ပြောကြတော့တယ်။

“ဖန်ကျန်းရှီက ညီလာခံစာမေးပွဲမှာ ထိပ်တန်း ဖြစ်မယ်တဲ့လား။ ရယ်စရာ ကောင်းချက်။ ”

“အမှန်ပဲ။ စောင်တောသားတွေ သိလဲမသိပဲနဲ့။ ဝူဖုန်း တစ်ယောက်လုံး ရှိနေမှတော့ ဖန်ကျန်းရှီ ဘယ်လိုလုပ် ထိပ်တန်း ဖြစ်နိုင်မှာလဲ။”

ဝတ်ကောင်းစားလှ ဝတ် လူရွယ်တွေ ပြောချင်တာ ပြောကြတော့တယ်။

“ တော်ဝင်စာမေးပွဲ တုန်းက ငါ လည်း မြင်တာပဲ။ ဖန်ကျန်းရှီကို ဘယ်သူက ထိပ်တန်း ဖြစ်မယ် ထင်လို့လဲ။ ဒါပေမယ့် သူ လုပ်ခဲ့တာပဲ။”

“ အမှန်ပဲ။ ဝူဖုန်း ဒီမှာ ရှိလဲ ဘာဖြစ်လဲ။ တခြား ကျောင်းတော်သားတွေ ရှိနေလဲ ဘာဖြစ်လဲ။ ဖန်ကျန်းရှီက ထိပ်သီး ဖြစ်ကိုဖြစ်မှာ။”

ရွာသားတွေ အခိုင်အမာ ပြောတယ်။ သူတို့အားလုံး ဖန်ကျန်းရှီကို ထောက်ခံတယ်။

“ စောင်တော်သားတွေ အမြင်ကို မကျယ်ဘူး။ အပြင်လောက အကြောင်းလည်း ဘာမှ မသိပဲနဲ့။ သုခမိန် တစ်ပါးရဲ့ တပည့်ကို ဖန်ကျန်းရှီက ဘယ်လိုများ အနိုင် တိုက်နိုင်မှာလဲ။ ဒါပေမယ့် ဝူဖုန်း ရှုံးရင်တောင်။ မရှုံးမယ့်သူ တစ်ယောက်တော့ ရှိတယ်။

“ဘယ်သူလဲ။”

“နန်ကုန်းဟောင်၊”

အပိုင်း (၃၀၅) ပြီး၏။

အပိုင်း (၃၀၆)

“ နိုင်ငံရေး မေးခွန်း”

“ နန်ကုန်းဟောင်???”

ဗရုန်းသုန်းကား လူစု နန်းကုန်းဟောင် နာမည်ကြားလိုက်တယ်။ သူတို့ အမူအယာတွေ ချက်ခြင်း ပြောင်းတယ်။ ပြီးတော့ တိတ်ဆိတ်သွားတယ်။

“ နန်ကုန်းဟောင် …… က ညီလာခံ စာမေးပွဲမှာ ဝင်ဖြေမှာလား။”

“ နန်ကုန်းဟောင် သာ ပြန်ဖြေမယ် ဆိုရင် ခက်ခဲတော့မှာပဲ။ ဖန်ကျန်းရှီ ဘယ်လောက် တော်တော်။ နန်းကုန်းဟောင်ကို အနိုင်တိုက်နိုင်ပါ့မလား။”

“ အိုက်ယား … ။ သူ အဆင့်ကောင်းကောင်းရရင် တော်ရောပေါ့။ ဘာလို့များ နန်ကုန်းဟောင်ကို အနိုင်တိုက်နေရအုန်းမှာလဲ။”

“ အမှန်ပဲ။”

နန်ကုန်းဟောင် စာမေးပွဲ လာဖြေတာ မြို့တော်ထဲမှာ မသိသူ မရှိ။ ဒါပေမယ့် ရွာသားတွေဆီတော့ သတင်းမရောက်သေးဘူး။

လွန်ခဲ့တဲ့ လေးနှစ်….. သူ့ ခေတ်မှာ နန်ကုန်းဟောင် က ထိပ်တန်းပဲ။ လေးနှစ်ကြာပြီးတော့ ကော….

သူ ဘယ်လောက် အင်အားရှိနိုင်အုန်းမလဲ။

ထုံးစံ အတိုင်း ဖန်ကျန်းရှီ ဘယ်သူ ပြောတာမှ ဂရုမစိုက်ဘူး။ စာမေးပွဲ သုံးခု သူဖြေပြီးပြီ။ အခုတော့ သူ့မှာ အတွေ့အကြုံများနေပြီ။

ဒီ အချိန် သူ အေးအေးဆေးဆေးပဲ ။

ဒါက တာအို နိယာမ စာမေးပွဲ လေးပဲလေ။ ဒီ့ထက် လွယ်တာ ဘာရှိအုန်းမလဲ။

ရန်ရွှယ် ဒီနေ့ ဝတ်ရုံစိမ်း ဝတ်ထားတယ်။ ရန်ရွှယ့် နောက်မှာ သူ ရပ်နေတယ်။ သူတို့ နှစ်ဦးက အတော့်ကို လိုက်ဖက် တယ်။

နန်းတော်ထဲကို ဝင်တော့ ။ စစ်သည် တစ်ချို့က သူတို့ကို တားမြစ်တယ်။ လူ မှန်မမှန် စစ်ဆေးပြီးမှ ဖြတ်ခိုင်းတယ်။

ဖန်ကျန်းရှီ တစ်ခွန်းမှ မပြောဘူး။ နောက်ဆုံးတော့လည်း ဒါက ညီလာခံ စာမေးပွဲ။ အရာအားလုံးက စာအုပ်ကြီး အတိုင်း လုပ်ရတာ။

ဒီ အချိန်မှာ စာဖြေသူ အယောက် ရာချီ နန်းတော်ထဲမှာ စောင့်ဆိုင်းနေပြီ ။ စိုးရိမ်မှု အပြည့်နဲ့ ကြိတ်ကြိတ်တိုးနေတယ်။

“ သခင်လေး ရန်။ သခင်လေး ဖန်။”

သူတို့ လူအုပ် ထဲကို မဝင်ခင်။ ပြုံးနေတဲ့ လူငယ် တစ်ယောက် သူတို့ ဆီ လျှောက်လာတယ်။ သူ့နောက်မှာ ကျော့ကျော့မော့မော့ ဝတ်ထားတဲ့ လူငယ် တစ်သိုက် ။

သူကတော့ ဝူဖုန်းပေါ့။

“ အင်း။” ရန်ရွှယ် ဒုတိယ တစ်ခွမ်း မပြော။ ခေါင်းသာ ငြိမ့်တယ်။

ဝူဖုန်းလက်ထဲက ပုလွေကို ဖန်ကျန်းရှီ စိုက်ကြည့် ပြန်တယ်။ ဒါကို ကြည့်တတိုင်း ထူးဆန်းတဲ့ ခံစားချက် တွေ ရတယ်။

“ သခင်းလေးဖန်။ ညီလာခံ စာမေးပဲ အတွက် ပြင်ဆင် ထားပြီးပြီလား။” ဝူဖုန်း ပြုံးပြတယ်။ ဖန်ကျန်းရှီ အနား ကို ကပ်လာတယ်။

“ ပြင် ဆင်ဖို့ လိုလို့လား။ ” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ ဟဟား။ မှန်သား။ သခင်လေး ဖန်က နိုင်ငံ့ သမိုင်းမှာ စံချိန် တင်ထားတဲ့သူပဲ။ မေးခွန်း ခြောက် စုံ လုံးကိုတောင် တစ်ခါတည်း အပြီး ဖြေနိုင်တာ။” ဝူဖုန်း ခေါင်းငြိမ့်တယ်။

“ ဟုတ်တယ်။ အကယ်၍ ညီလာခံ စာမေးပွဲ ကသာ တာအို နိယာမကို စစ်ဆေးတာ မဟုတ်ရင် ကျွန်တော်တို့လည်း သတိ ပေးမနေပါဘူး။ ” ဝူဖုန်း နောက်က က လူင်ယ တစ်ယောက် ပြောတယ်။

“ တာအို နိယာမ နားလည် တဲ့ နေရာမှာ ။ နန်ကုန်းဟောင်နဲ့ ချီကူယန် နှစ်ယောက်ပဲ သခင်လေး ဖန်ကို ယှဉ် နိုင်မှာ။ ” နောက် လူငယ် တစ်ယောက်က ထပ် ပြောတယ်။

“ဒါပေမယ့် ဘာထူးခြား လို့လဲ။” သူတို့တွေကို ကြည့်ရင်း ဖန်ကျန်းရှီ သိချင်လာတယ်။

“ သခင်လေး ဖန် မသိဘူးလား။” လူငယ် နှစ်ဦး တစ်ယောက်ကို တစ်ယောက် ကြည့်တယ်။ လှောင်ပြုံးပြုံး ပြတယ်။

ဖန်ကျန်းရှီ နောက်ထပ် ဆက် မပြောတော့ဘူး။ သူမမေးရင်တောင် ဒီလူ တွေ ပြောမယ်မှန်း သိတယ်။

သူ ထင်ထားတဲ့ အတိုင်း။ လူငယ် နှစ်ယောက် စိတ်မထိန်းနိုင် ဘူး။

ပြောလုဆဲဆဲမှာ ဝူဖုန်းက ဝင်တားတယ်။

“ သခင်းလေး ဖန် မသိတာ ပုံမှန်ပါပဲ။ တကယ်က ရန်ရွှယ် နဲ့ အချိန် များများ နေသင့်တာ။”

ရန်ရွှယ် အမူအယာ ချက်ခြင်း ပြောင်းသွားတယ်။ ဖန်ကျန်းရှီ ဘက်ကို ချက်ခြင်း လှည့်ပြီး ပြော တယ်။

“ ငါတောင်းပန် ပါတယ်။ ပြောဖိုက မေ့နေတာ။ ညီလာခံ စာမေးပွဲက တာအို နိယာမ အကြောင်း မေးတာ မဟုတ်ဘူး။ ” ရန်ရွှယ် တောင်းတောင်းပန်ပန် ပြောတယ်။

“ တာအို နိယာမကို ဖြေခိုင်းတာ မဟုတ်ဘူးလား။” ဖန်ကျန်းရှီ ငြိမ်ကျသွားတယ်။

ရန်ရွှယ်လည်း ဒီ အချိန် အတွင်း သူ့ ဒဏ်ရာတွေကို ကုနေတာ။ ဖန်ကျန်းရှီလည်း သူ့ကို မနှောက်ယှက်ဘူး။ ရန်ရွှယ် ပြန်ကောင်းလာပြန်တော့လည်း ….။ သူတို့ နှစ်ယောက် ပျော်ပါး လည်ပတ်ရင်း နဲ့ အချိန် ကုန်နေပြီ။

ညီလာခံ စာမေးပွဲကိုလည်း စိတ်ပထဲ မထားမိ။

အရင်စာမေးပွဲ တွေနဲ့ ထူးမခြားနားလို့ ထင်ထားတာ။ တာအို နိယာမကို ပဲ ဖြေရမယ် ထင်ထားတာ။

ဒါကြောင့် သူ မသိတာ မဆန်းဘူး။

“ ဟ ဟား…. မင်း တကယ့်ကို မသိဘူးလား။ စာမေးပွဲ မဖြေခင် တစ်နာရီလောက် အချိန် ရသေးတယ်။ မင်း ဒီအချိန် မှာပြင်ဆင် လို့ ရသေးတာပဲ။ ” ဝူဖုန်း နောက် ကလူငယ် နှစ်ယောက် ရယ်မောရင်း ပြောတယ်။

ဒါကို ကြားတဲ့ ပြိုင်ပွဲဝင်တွေ ရယ်မောတယ်။

“ ဖန်ကျန်းရှီက ညီလာခံ စာမေးပွဲမှာ တာအို နိယာမ မမေးတာကို မသိဘူးတဲ့ ”

“ စိတ်ဝင်စားစရာပဲ။ ငါတို့က ဒီ စာမေးပွဲ အတွက် ၂ နှစ်တောင် အချိန် ယူထားရတာ။ သူကတော့ ပြင်တောင် မပြင်ဆင် ထားဘူးတဲ့လား။ ဟ ဟား …။”

“ ညီလာခံ စာမေးပွဲကို မပြင်ဆင်ပဲ လာဖြေတဲ့သူ မမြင်ဖူးဘူး။”

“ မပြင်ဆင်ထားပဲ ဘယ်လို ဖြေမလဲ သိချင်လိုက်တာ။”

စာဖြေသူ တွေ မယုံနိုင်ကြ။ မဖြစ်နိုင်တဲ့ ကိစ္စ တစ်ခု လို ရယ်ေ်မာ လှောင်ပြောင်တယ်။

“ သခင်လေး ဖန် မသိဘူး ဆိုတော့လည်း ကျွန်တော် တို့ မနှောက်ယှက်တော့ဘူး ။ သွားနှင့်ပါဘူး။ သခင်လေး နည်းနည်းတော့ ပြင်ဆင် သင့်တယ်။ ” ဝူဖုန်း လှောင်ပြုံးပြုံးရင်း ထွက်သွားတယ်။

ဖန်ကျန်းရှီ တစ်ခွန် းမှ မပြောဘူး ။

ရန်ရွှယ် ဖန်ကျန်းရှီကို သနားစရာ မျက်လုံးတွေနဲ့ ကြည့်တယ်။ “ ဒါ … ငါ တောင်းပန်…”

“ ဝူဖုန်း က ဒီ အကြောင်း ငါ့ကို ဘာလို့ လာပြောတယ် ထင်လဲ။ ” ဖန်ကျန်းရှီ ရန်ရွှယ်ကို မေးတယ်။ ၇န်ရွှယ်က သူ့ကို ဒီ အကြောင်း ကွယ်ဝှက်ထားတာ မဟုတ်မှန်း သူသိတယ်။

ဝူဖုန်းက သူနဲ့ ရန်ရွှယ် ဆက်ဆံ ရေးကို အနှောက် အယှက် ဖြစ်အောင် လုပ်ချင်နေတာပဲ ။

ဒီ ကောင် အရေခြုံ မျက်နှာဖုံး ကောင်းကောင်း ဝတ်ထားတာပဲ။

“ ငါနားလည်ပြီ ။ ” ရန်ရွှယ် ခေါင်းငြိမ့်တယ် ။ သူ ထပ် မရှင်းပြတော့ဘူး ။ သူ ခပ်တိုးတိုး ပြောတယ်။ “ညီလာခံ စာမေးပွဲ မေးခွန်းတွေက ဧက ရာဇ် ကိုယ်တိုင် ေမေးခွန်းထုတ်တာ။ ဒါကြောင့် တာအို နိယာမ အကြောင်း ဘယ်တော့မှ မမေးဘူး။”

“ ဒါဆို ဘာမေးတာလဲ။ ” ဖန်ကျန်းရှီ နားတော့လည်တယ်။ တာအိုနိယာမနဲ့ ဆိုင်တာတွေ အများကြီး ရှိပေမယ့်။ ဧကရာဇ်က ဒါကိုတော့ မေးမှာ မဟုတ်ဘူး။

မေးခွန်း ခြောက်စုံလုံးကိုတော့ ဧကရာဇ် ထုတ်တာ မဖြစ်နိုင်ဘူး။

နောက်ပြီးတော့

ဧကရာဇ်ကလည်း မေးခွန်း အများကြီး မေးတာလည်း မဖြစ်နိုင်ဘူး။ သူ အများဆုံး မေးမှာ မေးခွန်း နှစ်ခု ပဲ ရှိမယ်။

ဒါက တော့ နားလည်ဖို့ လွယ်တယ်။

အကယ်၍ မေးခွန်းက သာ တာအိုနိယာမကို မေးမယ် ဆိုရင် အဖြေတူတွေ ရာချီပြီး ထွက်နေမှာ။ သူ့ အရင်လောကမှာ နိုင်ငံရေး မေးခွန်းတွေ မေးတာမျိုး ရှိတယ်။

နိုင်ငံရေး အခြေအနေပေါ်မူတည်ပြီးတော့ မေးခွန်းတွေ မေးတယ်။

ပြိုင်ပွဲဝင်တွေက လက်ရှိကိစ္စ ပေါ်မူတည်ပြီး ဖြေရတယ်။ နိုင်ငံရေး တွေ ဖြေပြီး ညီလာခံမှာ နေရာရတာလည်း ရှီတယ်။

အခုတော့ ….

ပြဿနာပဲ။

ကျောင်းတော်သားတွေ ပြောသလို ။ အတွေးအခေါ် တွေ အများကြီးရှိတာထက်။ နိုင်ငံရေးစာလွှာ ကောင်းကောင်းရေးတာက ပိုအရေးကြီးတယ်.။။

ဒီလို ရေးဖို့ နိုင်ငံ အုပ်ချုပ်ရေးကို ကောင်းကောင်းနားလည် ရမယ်။

နောက်ပြီးတော့ သိပ်သိပ်သည်းသည်း လည်း ရေးရမယ်။

ဖန်ကျန်းရှီကို သူတို့ ဒီလို လှောင်ရယ်နေတာ အကြောင်းရင်း ရှိသေး။

လွန်ခဲ့တဲ့ ၂ နှစ်တည်းက ။ ဒီစာမေးပွဲ ဖြေဖို့ နိုင်ငံ အုပ်ချုပ်ရေးကို သူတို့ လေ့လာထားတယ်။ နောက်ပြီးတော့ တစ်ချိန်လုံး စာလွှာ အရေးကျင့်နေတာ။

အနည်းဆုံးတော့ စာလွှာ ငါးစောင်လောက် ကောင်းကောင်း ရေးနိုင်တယ်။

ဖန်ကျန်းရှီက မပြင်ဆင်ထားဘူး။ ဒီနေ့ ဘာဖြေရမလဲတောင် မသိဘူး။

ဒီစာမေးပွဲကို သူအောင်လို့ ကတော့

အံ့ဖွယ်ဖြစ်မှာပဲ။

“ ငါ အခု ဘာလုပ်ရမလဲ။” ဖန်ကျန်းရှီ စိတ်ထဲမှာ ကျိန်ဆဲနေတယ်။

သူ သာ စောစောသိခဲ့ရင်….. လေ့လာထားမှာပေါ့။

လွန်ခဲ့တဲ့ ၂ နှစ် အတွင်း ဖြစ် သမျှ ကိစ္စ အားလုံးကို သိဖို့ တော့ မဖြစ်နိုင်ဘူး။ ်နောက်ပြီးတော့ အခုချိန်မှာ အစိုးရ ရင်ဆိုင်နေရတဲ့ ပြဿနာကို သိရမယ် ။

ဘောင်ကတော့ အတော့်ကို ကျယ်တယ် ။

“ ငါ့မှာ စာရွက် နည်းနည်း ရှိတယ်။ ” ရန်ရွှယ် ဖန်ကျန်းရှီကို တစ်ချက် မတွေဝေပဲနဲ့ ပြောတယ်။

“ ဟုတ်တယ်။ ရန်ရွှယ့် ဆီက စာရွက် နည်းနည်း ကူး သင့်တယ်။ ”

“ ဖန်ကျန်းရှီ ငါသာ မင်းဖြစ်ရင်။ ရန်ရွှယ် ပြောတာကို ငါ လုပ်မှာပဲ။”

“ အင်း … သခင်လေး ရန် ရဲ့ အကျဉ်းချုပ်စာရွက်ကို င ါတို့လည်း ကြားချင်တယ်။ အမြင်ကျယ်အောင် လုပ်ေ ပးပါလား။”

ဘေး ပတ်ဝန်းကျင်က စာဖြေသူ တွေချက်ခြင်း အနားကပ်လာတယ်။

ရန်ရွှယ် အမူယာ ချက်ခြင်း အေးစက်သွားတယ်။

ဖန်ကျန်းရှီကတော့ ရယ်နေပြီ။

သူ မပြင်ဆင်လာတာ ဒီလူတွေ အတွက် အကွက်ကောင်းပဲ။ ရန်ရွှယ် ပြင်ဆင်ထားသမျှကို သူတို့ ဆီ ပေးကူး စရာလား။

“ မစိုးရိမ်ပါနဲ့ ။ ငါ့မှာ အစီအစဉ်ရှိတယ်။ ဒီစာမေးပွဲကို အောင်ကို အောင်မှာ။“ ဖန်ကျန်းရှီ ပြောတယ်။

သူ့နှလုံးသားထဲမှာတော့ ခဲဆွဲ ထားသလိုပဲ။

၇န်ရွှယ်ရဲ့ စာလား ။

ကူးလို့ ရင်တော့ ကူးချင်တာပေါ့။

ဒါက လှည့်စားတာ ဆိုလည်း ဂရု မစိုက်ဘူး ။ ဧကရာဇ် မင်း မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့ အချိန် လှည့်စားနိုင်တာ။ ဒါက အောင်မြင် မှု ကြီးပဲ။

ဒါပေမယ့် အခုတော့ သွားပြီ။

အခုတော့ လုပ်ချင် တာတောင် လုပ် မရတော့ဘူး။

တကယ်ပဲ စာေ မေးပွဲ ကျတော့မှာလား။

“ သူက စာမေးပွဲ အောင်အုန်းမယ်တဲ့။ ငါနားကြားများ လွဲသလား။”

“ ဟ ဟား …. အကိုလီ။ ကြားတာ မမှားဘူး။ သခင်လေးဖန်က အတွေးအခေါ် စာမေးပွဲ ထိပ်သီးပဲ။ သူ့လို လူ အတွက် ညီလာခံ စာမေးပွဲက ဘယ်ခက်ခဲမလဲ။”

“ ငါမှားသွားတယ်။ သခင်လေး ဖန်။ တောင်း ပန်ပါတယ်။ ”

“ ကျွန်တော့် အမြင်မှာ သခင်လေး ဖန်က တကယ့်ကို လူတော်ပဲ။ ကျွန်တော်တို့ ဆို ရင် ဘယ်လိုပဲ စာကြည့်ကြည့် အခုချိန်မှာတော့ မလွယ်တော့ဘူး။ ဟုတ်တယ်မလား။”

“ ဟုတ်တာပေါ့ ဟ ဟား ဟား။”

ဖန်ကျန်းရှီ စာမေးပွဲ အောင်မှာကို သူတို့ မယုံနိုင်။ ဖန်ကျန်းရှီကို ၇ယ်မော၇င်း ပျော်ရွှင်နေတယ်။

 “ ငလူးပဲ။” ဖန်ကျန်းရှီ တခြားဖြေဆိုသူတွေကို လက်ခလယ် ထောင်ပြတယ်။ အဲ့ဒီ့နောက် ရန်ရွှယ်ကို လှမ်းကြည့်တယ်။ အခုကိစ္စကို ရန်ရွှယ် တစ်ခုခု ဖြေပေးနိုင်မလား။

ရန်ရွှယ် တစ်ချက်ရပ်တယ်။ ခဏတာ စဉ်းစားတယ်။ ပတ်ဝန်းကျင်ကို လှည့်ကြည့်တယ်။ အဲ့ဒ့ီနောက် တစ်ခွန်းပြောတယ်။

“ အလုပ်တွေ။”

“ အလုပ်တွေလား ။ ငါ နားလည်ပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

အခုလတ်တလော ညီလာခံက ကိစ္စတွေကို သူမသိဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂ နှစ် အတွင်း တိုက်ပွဲကြီးတွေ မရှိခဲ့တာ သိတယ်။

နတ်ဆိုးတွေ နောက်တစ်ကြိမ်အင်အားပြန်စုဖို့တောင် အနိုင်နိုင်။ စစ်ပွဲကလည်း ဝေလာဝေး။

ဒါကြောင့် စစ်ပွဲနဲ့ ပတ်သက်တဲ့ မေးခွန်းမေးတာ မဖြစ်သင့်ဘူး။

ဝန်ကြီးဌာန ခြောက်ခုက နိုင်ငံအုပ်ချုပ်ရေးကို ထောက်ကူတယ်။

စစ်ပွဲမရှိရင်။ ကာကွယ်ရေး ဝန်ကြီးဌာနလည်း အသုံးမဝင်။ လူ့အရင်းအမြစ် ဝန်ကြီးဌာနကလည်း နိုင်ငံရေးမှာ ပါတာရှားတယ်။ ဘဏ္ဍာရေး ဝန်ကြီးဌာနကလည်း ငွေနဲ့ ရိက္ခာကိုပဲ ကိုင်တွယ်တယ်။ ဒါကြောင့် စစ်ပွဲ မရှိရင် ဒီ ဌာနသုံးခု ပြဿနာမရှိဘူး။

ဥပဒေ ။ ယဉ်ကျေးမှု နဲ့ အလုပ်သမားရေးရာ ဝန်ကြီး ဌာန သုံးခုပဲ ကျန်တယ်။

အေးချမ်းတဲ့ အချိန် ဥပဒေ ဝန်ကြီးဌာနကို ခေါက်ထားရမယ်။

အလုပ်သမား ရေးရာနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနကတော့ ….. ။ ဉာဏ်ရှိတဲ့ သူဆို ခန့်မှန်း နိုင်မှာပဲ။

အလုပ်သမားရေးရာ ဝန်ကြီးဌာနက နိုင်ငံ တိုးတက်ဖို့ အရှိန် အဟုန် မြင့်နေတယ်။ လွန်ခဲ့တဲ့ နှစ်တွေမှာ ကြီးမြတ်သော ရှမင်းဆက်က အညစ်အကြေးတွေကို ရှင်းထုတ်ပြစ်နေတယ်။ ရွာသားတွေ တော်တော်များများ ဒီ ကိစ္စကြောင့် သက်ရောက်ရတယ်။

လွန်ခဲ့တဲ့ နှစ်တွေမှာ ။ မြောက်ရွာတစ်ခုပဲ ဖန်ကျန်းရှီကြောင့် အေးအေးဆေးဆေး နေနိုင်တာ။ တခြားပတ်ဝန်းကျင်ရွာတွေ အတော့်ကို ချွတ်ခြုံကျ မွဲတေကုန် ပြီ။

ရန်ရွှယ်က တစ်လုံးပဲ ပြောတယ်။ သူပေးနိုင်တဲ့ အကြီးဆုံး အရိပ် အမြွက်ကို ပေးသွားတာ။

ရန်ရအယ် ပြောတာ ကြားတော့ စာဖြေသူတွေ မျက်လုံးပြူးကုန်တယ်။ သူတို့ကို တစ်ခုခုက လှည့်စားနေပြီ။ သူတို့ တစ်ခုခု ပြောချင်ပေမယ့် ဘာပြောရမယ်မှန်း မသိ။

နောက်ဆုံးတော့ “ အလုပ်တွေ” ဆိုတာ သူ့ အကြောင်းနဲ့သူ ရှိမှာပဲ။

“ ဒါဆို အလုပ်တွေ အကြောင်း သူသိရင် ဘာဖြစ်မှာလဲ။”

“ ဟုတ်တယ်။ ကောင်းကောင်း ပြင်ဆင်မထားရင် ခေါင်းစဉ်ကို သိတာတောင်မှ အသုံးမဝင်ဘူး။”

“ ညီလာခံ စာမေးပွဲက မရိုးရှင်းဘူး။ လူရာချီ ထဲကမှ ဆယ်ယောက်ပဲ ရွေးလာတာ။ ဒီ အချိန်တို အတွင်း သူ ဘာရေးနိုင်မှာလဲ။”

စာဖြေသူတွေ သူတို့ အတွေးကို ပြောတယ်။ ဖန်ကျန်းရှီကို ရန်ရွှယ်က သူ့ အစီအစဉ် ပြောပြ လိုက်မှာ စိုးရိမ်နေတယ်။ အစ တည်းကနေ သူတို့ မျက်စိ ဒေါက် ထောက် လိုက်ကြည့်တယ်။

ဖန်ကျန်းရှီ ကတော့ အားလုံးကို လျစ်လျူရှုထားပြီ။ သူ ဘယ်လို ဖြေရမလဲ ဆိုတာပဲ အာရုံ စိုက်တော့တယ် ။

ကျောက်တုံး အရည်ညှစ်သလို။ ဦးနှောက်ကို အရည် ညှစ်တယ်။

ဒါပေမယ့် …….. ပြဿနာ တစ်ခု သူ နားလည်သွားတယ်။ ရှမင်းဆက်ရဲ့ သမိုင်းနဲ့ မြေမျက်နှာ သွင်ပြင် အကြောင်း သူ တစ်ခုလေးမှ မသိဘူး။

အပိုင်း (၃၀၆) ပြီး၏။

အပိုင်း (၃၀၇)

“စာမေးပွဲစပြီ။”

ရေဆိုးဖယ် ဖြေရှင်းမှုက မဟာတံတိုင်းကြီး ဆောက်ဖို့ မဟုတ်ဘူး။ ရွာတွေ မြို့တွေကို ရေမဝေခင်။ ပင်လယ်က လာတဲ့ရေကို မြစ်ချောင်းတွေ ရေကန်တွေဆီ သယ်ဆောင်ပေးတာ။

မြို့သားတွေ အတွက်တော့ အသုံးဝင်တယ် ။

နောက်ပြီးတော့ ဒီလောကမှာ ဆည် တွေတမံတွေ မဆောက်ရသေးတာလည်း မှတ်ထားရမယ်။

ဖန်ကျန်းရှီ ရေရှားပါးမှု အကြောင်း ရေးဖို့ ဆုံးဖြတ်လိုက်ပြီ။

ဒါပေမယ့် မင်းဆက်ရဲ့ သမိုင်းကို နားမလည်။ ဘယ်နေရာမှာ ဘ ာရှိမှန်းလည်း မသိ။ မြို့တော် တည်ဆောက် ပုံတောင် နား မလည်ဘူး။

အရေးအကြီးဆုံးက အင်ပါယာရဲ့ မြေမျက်နှာ သွင်ပြင်ကို နားမလည်တာပဲ။

ပင်လယ်တွေက ဘယ်မှာလဲ။ ရေကန်တွေနဲ့ မြစ်တွေ ကကော ဘယ်နားမှာလဲ။ ရေအရင်းမြစ်ကကော။ နောက်ပြီးတော့ ဒီနှစ်တွေမှာ အချိန်တို အတွင်း သယ်ပို့တာကကော ဘယ်လို လုပ်တာလဲ ။ သူဒါတွေ တစ်ခုမှ မသိဘူး။ မသိပဲနဲ့ ဘယ်လို စရေးရမှာလဲ။

ဒီ စာမေးပွဲက …. သူ့အ၇င်လောကမှာ အတွေး အခေါ် ကို ရေးခိုင်းတာနဲ့ ဘာမှ မခြားနားဘူး။ အပြင်လောက အကြောင်း မသိရင်တော့ စာရွက်လွတ်ပဲ ထားရမှာ။

ဖန်ကျန်းရှီ ချွေးဒီးဒီး စီးကျလာတယ်။

သူ တကယ်ပဲ စာမေးပွဲ ကျတော့မှာလား။

သူတွေးနေတဲ့ အချိန် မောင်းသံထွက်လာတယ်။ ဝတ်ရုံနက် တော်ဝင် သတင်းပို့သူတွေ ရောက်လာပြီ။

အုပ်စုကို စုချင်း ဦးဆောင်တယ်။ အဆင့်လေး အမတ်မင်း ဝတ်ရုံကို သူဝတ်ထားတယ်။

စုချင်း ပုံစံက ပျော်ရွှင်နေပုံပဲ။ သူ့လက်ထဲမှာ ဖြေဆိုသူ အားလုံးရဲ့ နာမည် ရှိတယ်။ တော်ဝင်သတင်းပို့သူ အုပ်စုကို စာဖြေသူတွေ ဆီ ခွဲ ေ၀ လွှတ်တယ်။

ဖြေဆိုသူတွေကတော့ စုချင်း စကားပြောမှာကို စောင့်နေတယ်။

စာဖြေခန်းမထဲကို ဝင်ဖို့ သူ သူ ခပ်ရှင်းရှင်းပဲ ပြောတယ်။ စာမေးပွဲ ဖြေရမယ့် ပုံစံကို ရှင်းပြတယ်။

“ကြီးမြတ်သော ရှမင်းဆက် …..” စုချင်း အချိန် မဖြုန်းတော့ဘူး။ စာမေးပွဲ စည်းမျဉ်းတွေကို ကြေညာတယ်။ အဲ့ဒီ့နောက် စာဖြေသူတွေကို ခန်းမထဲ ဝင်ခိုင်းတယ်။ “မင်းတို့တွေ စောင့်နေတဲ့ အချိန် ရောက်ပြီ။ ခန်းမထဲကို ဝင်ကြပါ။”

“ ကျေးဇူးတင်ပါတယ် အမတ်မင်း ” စာဖြေသူတွေ ဦးညွှတ်ရင်း ပြောတယ်။

ဖန်ကျန်းရှှီကတော့ တခြားသူတွေလို ဦးမညွှတ်ဘူး။ သူကိုယ်တိုင်က အမတ်မင်းပဲ။ ဘာလို့ ဦးညွှတ်ရမှာလဲ။ နောက်ပြီးတော့ သူနဲ့ စုချင်းက အဆင့် အတူတူပဲ။

ဖန်ကျန်းရှီလိုပဲ ဦးမညွှတ်တဲ့ သူတွေ ရှိတယ်။ ရန်ရွှယ် နဲ့ ဝူဖုန်း အပြင် နောက်ထပ် လူ ဒါဇင်ချီလည်း ပါတယ်။

အာဏာကြီး မိသားစုတွေက လာတဲ့ ဖြေဆိုသူတွေ တစ် ဒါဇင်လောက် ရှိတယ်။

ဖန်ကျန်းရှီက သူတို့လို မဟုတ်ဘူး။

ဖြေဆိုသူတွေ အာလုံး ခန်းမဆောင်ကို ဝင်ကြတယ်။ နောက်တစ်ကြိမ် ထပ် စစ်ဆေးခံရတယ်။

ဒီတစ်ခေါက် ပိုပြီး အသေးစိတ်တယ်။ ပထမ တစ်ခါ သူတို့နောက်ကြောင်းကို စစ်တယ်။

ဒုတိယ တစ်ခုကျတော့ သုခမိန် လောကထဲမှာ ဖြစ်ခဲ့တာတွေကို မေးတယ်။

ဒီလို တင်းတင်းကြပ်ကြပ် စစ်တာမျိုး မြောက်ရွာ မပြန်ခင်က တွေ့ဖူးတယ်။ အခုတော့ ဖြေဆိုသူထဲ နတ်ဆိုး ပါမပါ စစ်တာ။ ဒီတော့ ပိုမြန်တယ်။

သိပ်မကြာခင် ဖြေဆိုသူ အကုန်လုံးကို အတည်ပြုပြီးတယ။်

စာမေးပွဲ ခန်းမကို တရားဝင် ဖိတ်ခေါ်ခံရပြီ။ တော်ဝင် သတင်းပို့သူတွေ ခန်းမထဲကို လမ်းညွှန်ပေးတယ်။

ဖန်ကျန်းရှီ နည်းနည်းတော့ မယုံသင်္ကာ ဖြစ်လာတယ်။

နန်ကုန်းဟောင် ဒီနေ့ စာမေး ပွဲ လာဖြေမှာ သူသိတယ်။ ဒါပေမယ့် ဒီ လူကို လူအုပ်ထဲမှာ ရှာမတွေ့ဘူး။

“ နန်ကုန်းဟောင် စာမေးပွဲ မဖြေတော့တာများလား၊” ဖန်ကျန်းရှီ ဘယ်သူ့ကို မှတော့ မမေးဘူး။ နန်ကုန်းမုက စာမေးပွဲကို အလွယ်တကူ လက်ရှောင်သွားတာ သူ မှတ်မိသေးတယ်။

အခုချိန် နန်ကုန်းမု ဘာများလုပ်နေမလဲ။

ဖန်ကျန်းရှီ တောင်ဘက်ကို လှမ်းကြည့်တယ်။ နန်ကုန်းမိသားစု ဘယ်မှာနေလဲ သူ မသိဘူး ။ ဒါပေမယ့် မသိစိတ်ကြောင့် လှမ်းမြော်မိတယ်။

…

ဖြေဆိုသူတွေ ကျောက်စိမ်းရင်ပြင်ကို ခပ်မြန်မြန် ရောက်လာတယ်။ ရွှေစစ်သည် နှစ်တန်းဝင်ပေါက်မှာ ရှိနေတယ်။

သူတို့တွေ အားလုံး တည်ကြည်နေတယ်။

ဖန်ကျန်းရှီ ဒီကို ရောက်ဖူးတယ်။ နန်းတော်မှာ လုံခြုံရေး ဘယ်လောက် ကောင်းမှန်း သူသိတယ်။ ခြေဆယ်လှမ်း တစ်ခါ အစောင့်ရှိတယ်။ ဒါပေမယ့် ဒီနေ့တော့ ပိုပြီး တင်းကျပ်ထားပ့ုပဲ။

နန်းတော်တံခါးကို ဖြတ်လာတယ်။ အခုတော့ အမြင်ကျယ်ပြီလေ။

ကျောက်စိမ်းရင်ပြင်က နာမည်နဲ့ လိုက်ဖက်တယ်။ ကြမ်းပြင်တစ်ခုလုံး ကျောက်စိမ်း ဖြူတွေ အပြည့်။ ပတ်ပတ်လည်မှာလဲ နဂါးပုံ ထွင်းထားတဲ့ ကျောက် စိမ်းတိုင်လုံးတွေ။

ဒီနေ့။ ရွှေရောင် စင်မြင့်က ရင်ပြင် အလယ်မှာရှိနေတယ်။ အပေါ်မှာတော့ ကြီးမားတဲ့ ထီးတစ်လက်ရှိနေတယ်။ စင်ပေါ်မှာ နေရောင် မကျဘူး။

အဝတ်နီတွေ စင်အောက်မှာ ရှိနေတယ်။ ထိုင်ခုံ နီ ၂၀၀ ကျော် ရင်ပြင်ထဲမှာ ရှိတယ်။ တစ်ခုချင်းစီက အနည်းဆုံး သုံးမီတာ ကွာတယ်။

ကောင်းပြီလေ… အတွေ့အကြုံသစ်ပေါ့။

ဖန်ကျန်းရှီ ဒီမှာ ခိုးချလို့ မရမှန်း နားလည်သွားပြီ။ နောက်ပြီးတော့ တော်ဝင်သတင်းပို့သူ အယောက် ၂၀ ထက် မနည်းဒီမှာ ရှိနေတာ။

“သွားရအောင်။” ရန်ရွှယ် ပြောတယ်။

“အင်း။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

တခြား စာဖြေသူတွေ လည်း နေရာယူတယ်။ ဒီတစ်ခါတော့ တခြားစာမေးပွဲတွေနဲ့ မတူဘူး။ လူတိုင်းက ရှေ့ဆုံး ထိုင်ခုံ ရောက်အောင် ကြိုးစားနေတယ်။

ဖန်ကျန်းရှီ ထိုင်ခုံ ကောင်းကောင်း တစ်စုံကို အကြည့်ရောက်သွားတယ်။ ရွှေ တံခါး နားက နဂါး ပါးစပ်နဲ့ နီးတယ်။ နောက်ပြီးတော့ မြင်ကွင်းလည်း ကောင်းတယ်။

ဒီ ပြိုင်ပွဲမှာ ယုံကြည်ချက် နည်းနေတယ်။ ဒါကြောင့် ဖုန်းရွှေနည်း သုံးပြီး နေရာ ကောင်းကောင်းရှာတာ။

သူ သွားမယ့် အချိန်။ ခပ်၀၀ စာဖြေသူ တစ်ယောက် အသည်းအသန် ပြေးသွားတာ တွေ့လိုက်တယ်။

“ ငါ့ ထိုင်ခုံ ယူချင်တယ်လား။” ဖန်ကျန်းရှီ စိတ်ရှုပ်လာတယ်။ ဒီ ထိုင်ခုံက သူထိုင်ရမှာ။ သူ့လက်ထဲမှာ သံတစ်ချောင်း ရောက်လာတယ်။

သံကို လှမ်းပြစ်တယ်။

“ အားး…. ဘာလို့ ခုံပေါ်မှာ သံရှိနေတာလဲ။” ချက်ခြင်း ထိုင်ချတဲ့ လူငယ်တော့ ခုန်ဆွ ခုန်ဆွ ဖြစ်နေရပြီ။

လူငယ်ရဲ့ အသံကြားတော့ တခြားသူတွေ မျက်လုံး ပြူးသွားတယ်။ သူတို့ ထိုင်ခုံတွေကို ပြန်ကြည့်တယ်။ ဒါက စစ်ဆေးမှု တစ်ခုများလားလို့ တွေးမိတယ်။

ဒါပေမယ့် ။

သူတို့ ထိုင်ခုံတွေမှာ သံမရှိ။

“ ဒီလို ပွဲတော်မျိုး မစခင် အနီရောင်လေး နည်းနည်း စွန်းသွားတာ နိမိတ်ကောင်းပဲ။” ဖန်ကျန်းရှီ ရလဒ်ကို ပျော်နေတယ်။ ထိုင်ခုံဆီ လျှောက်လာတယ်။ သူ့ သံ သူ ပြန်နုတ်ပြီး ထိုင်တယ်။

“ဖန်ကျန်းရှီ။ မင်း ဘာလုပ်တာလဲ။” ခပ်၀၀လူငယ် ဒေါသထွက်လာတယ်။

“ သိပ်မများပါဘူး။ မင်းကို အနိုင်ကျင့်တာလေ။ ပြောစရာ ရှိလို့လား။” ဖန်ကျန်းရှီ အေးအေးဆေးဆေး ပြောတယ်။

“ မင်း မင်း ငါ့ကို အနိုင်ကျင့်ရဲတယ်။ ငါ ဘယ်သူလဲ မင်းသိလား။ ငါက နန်ကျင်း….” ဖန်ကျန်းရှီ့ ရဲ့ အဖြေကြောင့် လူငယ် ဒေါသ ထွက်လာတယ်။ သူ့ ရင်ဘတ်သူ ပုတ်ရင်း ပြောတယ်။

“ မင်းက တိုက်ခိုက်ချင်လို့လား။ ” ဖန်ကျန်းရှီ ဖြတ်ပြောတယ်။

“ဟုတ်တယ်။”

“ ကျွန်တော် သတင်းပို့ချင်ပါတယ်။ ဒီ လူ ကျွန်တော့်ကို ကိုယ်ထိ လက်ရောက် ရိုက်နှက်ဖို့ ပြင်နေတယ်။”

“ ဘာပြောတယ်။ ဒါက အတွေးအခေါ် စာမေးပွဲ။ မင်း ပြဿနာ ရှာရဲရင်။ မင်းကို ထုတ်ပြစ်မယ်။” တော်ဝင်သတင်းပို့သူ တစ်ယောက် ရောက်လာပြီး ပြောတယ်။

လူငယ် ချက်ခြင်း အမူအယာ ပြောင်းတယ်။ တော်ဝင်သတင်းပို့သူ ကို ချက်ခြင်း ရှင်းပြတယ်။ သတင်းပို့သူ ထွက်သွားတော့ ဖန်ကျန်းရှီကို သူ ပြောတယ်။

“ဟန့်။ ဖန်ကျန်းရှီ စောင့်ကြည့်နေစမ်းပါ။”

“ ဘာလဲ။ မင်းက တိုက်ခိုက်ချင်လို့လား။” ရန်ရွှယ် ဖန်ကျန်းရှီ အနားကို လျှောက်လာတယ်။ တောင်နဲ့မြစ် မိုးမြေယပ်တောင်ကို ခပ်ရင်း အေးစက်စက် မေးတယ်။

“ မဟုတ် … မဟုတ်ပါဘူး။” လူငယ် ဒူးတုန်ပြီး ချက်ခြင်း ပြေးတော့တယ်။

ဘေးက တခြား ဖြေဆိုသူတွေ ဒါကို အကုန်မြင်တယ်။ ဖန်ကျန်းရှီကို အပြစ်မပြုဝံ့တော့ဘူး။

ဒီလိုနည်းနဲ့ ဖန်ကျန်းရှီ အေးအေးဆေးဆေး နေရပြီ။ ထိုင်ခုံမှာ ထိုင်တယ်။ မျက်စိမှိတယ။်

“ အလုပ် လား။”

“ရေလား။”

ဖန်ကျန်းရှီ သူဖတ်ဖူးသမျှ စာတွေကို ပြန်စဉ်းစားတယ်။ တယွီ ရေကြီးတာကို တားဆီးတဲ့လူ။ သိပ် မကောင်းဘူး…. အရှေ့ပင်လယ် နဂါး နန်းတော် ရောက်နေတဲ့ စွန်းဝူခုန်း။

အမ်…။ မဆိုင်တာတွေ။

အလုပ်သမားနဲ့ လယ်သမား အကြောင်း ကဗျာကကော။

အိုက်ယား။ ဖန်ကျန်းရှီ စိတ်ရှုပ်နေပြီ။ ဒီ အချိန်မှာ တစ်ခုမှ စဉ်းစားမရတော့ဘူး။ ဒါနဲ့ ဆက် မစဉ်းစားဖို့ ဆုံးဖြတ်လိုက်တယ်။

“ ဒုန်။” ဒီ အချိန်ပဲ မော်င်းသံ ထွက်လာတယ်။

စာဖြေသူတွေ သူ့ နေရာသူ ထိုင်ပြီးပြီ။

ခပ်ဝေးဝေးကနေ အသံကျယ်ကြီး ပဲ့တင်ထပ်လာတယ်။

“ ဧကရာဇ် မင်း ကြွချှီလာပြီ။”

“ ဧကရာဇ် မင်း ကြွချီလာပြီ။”

အသံတွေ နီးလာပြီ။ ခမ်းနားထည်ဝါတဲ့ ဝေါယာဉ်ကြီး ကို လှမ်း မြင်ရတယ်။ ရွှေအတိပြီးတဲ့ ဝေါယာဉ်ကြီး။ နဂါးပုံတွေ ထွင်းထုထားတယ်။ နဂါး တစ်ကောင်ချင်း စီ မှာ ထူးဆန်းတဲ့ အကွက်တွေ ထိုးထားတယ်။

“ ဒီ အကွက်က ။….” ဖန်ကျန်းရှီ ရဲ့ မျက်လုံးတွေ တောက်ပလာတယ်။ ဒါက ဧကရာဇ် မင်းရဲ့ ဝေါယာဉ်ကို ပထမဆုံး မြင်ဖူးတာပဲ။ ဒါပေမယ့် ဒီလို အကွက်မျိုးကို သူ မြင်ဖူးတာ တတိယအကြိမ်မြောက် ။ ပထမ တစ်ကြိမ် ကန်လင်းတောင်ရဲ့ သုခမိန်လောကမှာ။ ဒုတိယ တစ်ကြိမ် ဝူဖုန်း ရဲ့ ကျောက်စိမ်း ပုလွေပေါ် မှာ။

အခုတော့ တတိယ အကြိမ် တဲ့လား ။

သေချာပြီ ဒါက တိုက်ဆိုင်မှု မဟုတ်တော့ဘူး။

ဒီမှာ ထူးခြားတဲ့ အဓိပ္မာယ်ရှိမယ် မှန်း သူသိတယ်။ သူ မြင်ခဲ့ရတာ ကောင်ကင်တာအို သုခမိန် ကျောက်ဖျာနဲ့ ဆက်စပ်နေလိမ့်မယ်။ ဝူဖုန်းကတော့ သုခမိန် လေးယောက်ထဲက တစ်ယောက်ရဲ့ တပည့် ။

ဧကရာဇ် လင်းမုပိုင်ကတော့ …

သုခမိန် လေး ယောက်ရဲ့ အထက်က သူ ။

သုခမိန် အင်းကွက် ရှိနေတာ ဖြစ်သင့်တယ်။

ကောင်းပြီ။ ဒါက သူ့ ခန့်မှန်းချက်ပဲ။ စာမေးပွဲ ပြီးရင် ရန်ရွှယ်ကို မေးရမယ်။ မသိပဲနဲ့ ခန့်မှန်းနေတာက အကျိုး မရှိဘူး။

ဝေါယာဉ် ကျောက်စိမ်းရင်ပြင်ကို ရောက်လာပြီ။ ဧကရာဇ် လင်းမုပိုင် ခပ်ဖြည်းဖြည်း ကြွချီလာတယ်။ ရွှေရောင်ဝတ်ရုံကို သူ ဝတ်ထားတယ်။

ဧကရာဇ် လင်းမုပိုင် နောက်မှာ လူငယ်တစ်ယောက်။ ဖန်ကျန်းရှီ ဒီလူ့ကို ချက်ခြင်း သတိထားမိတယ်။ အဖြူရောင်မှာ အနီရောင် တစ်ချို့ စွန်း ထင်းနေတဲ့ ဝတ်ရုံ နဲ့ လူငယ်။

သွေးရောင်ရဲရဲ ဖြစ်ပေမယ့် ပုံစံကတော့ ပြိုင်ဘက်ကင်းတယ်။ ပဉ္စဂံနဲ့ မေပယ် သစ်ရွက် ပုံစံတွေ။

“ နန်ကုန်းဟောင် ”

“ သူနန်းတော်ထဲ ရောက်နေပြီလို့ ဘယ်သူထင်မလဲ။”

“ နောက်ပြီးတော့ ဧကရာဇ် နဲ့တောင် အတူတူ လာတယ်တဲ့လား။”

ဖြေဆိုသူတွေ လူငယ်ကို ကြည့်ရင်း တီးတိုးပြောနေကြတယ်။

“ အဲ့တာ နန်ကုန်းဟောင်လား။” ဖန်ကျန်းရှီ ဝတ်ရုံဖြူ လူငယ်ကို လှမ်းကြည့်တယ်။ နန်ကုန်းမု နဲ့ လုံး၀ မတူဘူး။

နန်ကုန်းမုက ဗြောင်စာရွက်လိုပဲ။ သူ့ကို လူအုပ်ထဲမှာ ရှာတွေ့ဖို့ ခက်တယ်။ ဒါပေမယ့် နန်ကုန်းဟောင်ကတော့ အလင်းတန်းလိုပဲ။

တောက်ပနေတဲ့ အလင်းတန်းတော့ မဟုတ်။ တငွေ့ငွေ့ တောက်လောင်နေတဲ့ မီးစ လိုမျိုးပဲ။

ဒီလို လူကို ခေါ် တဲ့ အခေါ် အဝေါ်ရှိတယ်။

ထက်မြက်တဲ့လူ။

နန်ကုန်းဟောင်ရဲ့ မျက်ခုံးတွေက ထက်ရှတဲ့ ဓားသွားတွေလိုပဲ။ သူ့မျက်လုံးတွေက နက်မှောင် တောက်ပတယ်။ မျက်နှာကတော့ အမူအယာမဲ့။ ပါးလွှာတဲ့ နှုတ်ခမ်းတွေက စိတ်ခံစားချက်ကို တစ်ချက်လေးတောင် မပြဘူး။ ကျောင်းတော်သားတွေ ပြောသမျှကို လုံး၀ ဂရုမစိုက်။

ဧကရာဇ် လင်းမုပိုင်လည်း ဘေးပတ်ဝန်းကျင် စကားတွေကို ကြားတယ။် နန်ကုန်းမု ဘက်လှည့်ပြီး တစ်ချက် ခေါင်းငြိမ့်တယ်။

နန်ကုန်းမုလည်း ပြန် အရိုအသေ ပေးတယ်။

ဒါပေမယ့် ဒီ ပုံစံက အမတ်မင်း တစ်ပါးနဲ့ ဧကရာဇ်လို ပုံမပေါ်ဘူး။ အကိုကြီးနဲ့ ညီငယ် ကြားက က ပုံစံ လိုပဲ။ နန်ကုန်းဟောင် စာမေးပွဲ ခန်းမက ထိုင်ခုံနီ တစ်လုံးမှာ ထိုင်တယ်။

အစကနေ အဆုံးထိ စကားတစ်လုံး တောင် မပြောဘူး။

ဧကရာဇ် လင်းမုပိုင်လည်း တစ်ခွန်းတောင် မပြောဘူး။ သူ စင်မြင့်ပေါ်ကို လျှောက်တယ်။ ပလ္လင်ပေါ်မှာ ထိုင်ချတယ်။

ဒီ အချိန်မှာ အမတ်မင်းတွေလည်း ရောက်လာတယ်။ ဝန်ကြီး ယွီယိဖျင် ဦးဆောင်လာတဲ့ အမတ်မင်း အဖွဲ့ သူ့နေရာသူ ထိုင်တယ်။

ဖြေဆိုသူတွေကတော့ အသက်တောင် အောင့်ထား မိတယ်။

ညီလာခံ စာမေးပွဲက တစ်နှစ်မှာ နှစ်ခါတည်း ကျင်းပါတာ။ လူအများစုက တော်ဝင်စာမေးပွဲ ဖြေပြီးတာနဲ့ အမတ်မင်း တန်းဖြစ်တယ်။

သူတို့က ညီလာခံ စာမေးပွဲ အတွက် ပြင်ဆင်ချိန် နည်းတယ်။

ဖြေဆိုသူ ၂၀၀ မှာ တစ်ချို့က အမတ်မင်းတွေ။ တစ်ချို့တွေက ညီလာခံမှာ နေရာမ၇ဘူး။ တစ်ချို့သူတွေက ညီလာခံစာမေးပွဲမှာ စွန့်စားချင်သူတွေ။

လူတိုင်းက အမြင့်အဆုံး ဂုဏ်ရည်ကို လိုချင်ကြတယ်။

ညီလာခံ စာမေးပွဲက။

နောက်ဆုံးဖြတ်ရမယ့် တောင်ပဲ။ ဒီတောင်ကို ကျော်နိုင်ရင် သူတို့ အနာဂတ်က အတိုင်းအဆမဲ့ တိုးတက်ပြီ။ အခုချိန်က အရေးအကြီးဆုံးပဲ။

စိတ်မလှုပ်ရှားပဲ ဘယ်လို နေနိုင်မလဲ။

ဒီ တစ်ခါ ဘယ်လို မေးခွန်း ဖြစ်မလဲ။ လူတိုင်း သိချင်နေပြီ။ နောက်ဆုံးတော့ သူတို့ ပြင်ဆင်ထားတာ အလကား မဖြစ်ဖို့ လိုပြီ။

သူတို့သာ ခေါင်းစဉ်ကို မှန်အောင် ခန့်မှန်းနိုင်ရင်။ ဒါကတော့ ရွှေမေးခွန်းပဲ။

“ ဒုန်“

မောင်းသံ ထွက်လာတယ်။ ညီလာခံ စာမေးပွဲ စပြီ။ မေးခွန်းတွေကို ဖြေရတော့မယ်။

ဖြေဆိုသူတွေ တိတ်ဆိတ်သွားတယ်။ ဧကရာဇ် မင်း မှာကြားမှာကို စောင့်နေတယ်။

အပိုင်း (၃၀၇) ပြီး၏။

အပိုင်း (၃၀၈)

“ မမျှော်လင့်ထားတဲ့ မေးခွန်း ”

ဧကရာဇ် လင်းမုပိုင် ပြိုင်ပွဲဝင်တွေကို ကြည့်တယ်။

သူငယ်ရွယ်စဉ် အချိန် တုန်းက။ ပလ္လင်ပေါ်မှာ ထိုင်နေတာ မဟုတ်ရင်။ စာဖြေသူ တစ်ယောက်နဲ့ အတော်တူတယ်။

“ နိုင်ငံတော်ကို အုပ်ချုပ်တဲ့နေရာ။ လက်အောက်ခံ နယ်မြေတွေ ငြိမ်းချမ်း စေဖို့ လိုတယ်။ လောကကြီးကို စည်းကမ်း နဲ့ အုပ်ချုပ် ဖို့က အင်ပါယာ ရဲ့ ရည်ရွယ်ချက်ပဲ။ အခုချိန်မှာ ကိုယ်တော်တို့ တိုင်းပြည် အင်အားကြီးနေပေမယ့်လည်း ဒီ ရည်ရွှယ်တွေ ပြည့်မြောက်ဖို့ လိုသေးတယ်။ အင်ပါယာရဲ့ နေရာ အနှံ့ ကနေ အရည်အချင်းရှိ ကျောင်းတော်သာ်းတွေကို ကိုယ်တော် ရှာဖွေခဲ့ပြီးပြီ။ ဒါတောင်မှ ကိုယ့်တော်ဆီ့မှာ အရည်အချင်း ရှိသူတွေ နည်းနေတုန်းပဲ။ ထိပ်တန်း ကျောင်းတော်သားတွေ ဒီ ညီလာခံ စာမေးပွဲ အပြီး ထွက်ပေါ်လာလိမ့်မယ်။”

ဧကရာဇ် လင်းမုပိုင် ရပ်လိုက်တယ်။ သူ့ အမူအယာကတော့ နာကျင်နေပုံပဲ။ “ စိတ်ဖိစီးနေတဲ့ပုံစံကို” အရည်အချင်း အကြောင်း ပြောတဲ့ အချိန် ပြသတယ်။

ဖန်ကျန်းရှီတော့ မျက်လုံးပြူးနေတယ်။ ဘယ်လိုတောင် သရုပ်ဆောင် ကောင်းချက်။

ဘဝက ပြဇာတ်တစ်ပုဒ်ပဲ။

သူ့ အရင်လောက က အော်စကာဆု ရ မင်းသားတွေ။ ဧကရာဇ် လင်းမုပိုင်ရဲ့ ခြေဖျားတောင် မမှီဘူး။ ဧကရာဇ် ရဲ့ သရုပ်ဆောင်ပုံက လုံးဝကို ပြိုင်ဘက်ကင်း ။

ဘယ်လောက်တောင် အသက်ဝင် ပီပြင်လိုက်သလဲ။

ဒါပေမယ့် ဖန်ကျန်းရှီ နားလည် ပေးနိုင်ပါတယ်။

စာမေးပွဲက အုပ်ချုပ်သူ နောက်ပြီးတော့ ဧကရာဇ် မင်း တစ်ပါး။ စာဖြေသူတွေနဲ့ ဆက်ဆံရေးကို သူ မေ့ထားရမယ်။

အခု တော်ဝင်စာမေးပွဲကို လာဖြေတဲ့သူတွေ။ အကုန်လုံးက တာအို စာမေးပွဲကို အောင်လာတဲ့ သူတွေပဲ။

အခုဖြေတာက နောက်ဆုံး စာမေးပွဲ ဖြစ်တယ်။ ပြောစရာလဲ များတယ်။ ဒါပေမယ့် ဧကရာဇ်ကတော့ နားထောင်ချင်ပုံ မပေါ်ဘူး။ သူတို့ ဘာပြောပြော အကျိုး မရှိ။ ဒါမှ မဟုတ်။

နောက်ဆုံးတော့လည်း ….. ဒါက အတား အဆီး တစ်ခုပဲ။ သူတို့သာ ကျော်ဖြတ်နိုင်သွားရင် သူတို့ အသက်ကို စိုးရိမ်ဖို့ မလိုတော့ဘူး။ ကျရင်တော့ နောက်ထပ် အခွင့်အရေးမရှိ။

ဧကရာဇ် လင်းမုပိုင် ကျောင်းတော်သားတွေ ရင်ထဲက အတား အဆီးကို ချိုးပြစ်ပြီ။ စာမေးပွဲကို တည်တည်ငြိမ်ငြိမ် စတင်တယ်။

ညီလာခံမှာ အရည်အချင်း မရှိလို့ ဘယ်ဖြစ်မလဲ။

ကောင်းပြီ။ ငါတို့ အားလုံး အရည်အချင်းရှိတယ်။

ဖြေဆိုသူတွေ စိတ်လှုပ်ရှားလွန်းနေပြီ။ ဧကရာဇ် လင်းမုပိုင် မေးမယ့် မေးခွန်းကို စောင့်နေတယ်။

ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်တယ်။ ဆက်ပြောတယ်။ “ ကိုယ်တော် အတော်လေး ပြောပြီးပြီ။ မင်းတို့ ဒီနှစ်မှာ သင်ကြားလာခဲ့တဲ့ အရည်အချင်းတွေ ထုတ်ပြချိန် ်တန်ပြီ။”

ဧကရာဇ် လင်းမုပိုင် လုပ်နေတာ ကို ဖန်ကျန်းရှီ သိတယ်။

ချီးကျူးပြီး ရဲဆေးတင် ပေးနေတာ။

ပထမဆုံး အရည်အချင်းရှိ ကျောင်းတော်သားတွေ သူ့ ဆီမှာ မရှိဘူး ပြောတယ်။ ကျောင်းတော်သားတွေ အရည် အချင်း ရှိကြောင်း ပြောတယ်။ ဧကရာဇ်သာ သူတို့ ရှေ့မှာ ရှိမနေရင် အဆုပ် ပေါက်မတတ် အော်ကြမှာ အမှန်ပဲ။

ကျောင်းတော်သားတွေ အားလုံး သူတို့ ထိုင်ခုံမှာ အေးအေးဆေးဆေး ထိုင်ကြပြီ။

“ ငါတော့ နောက် မဆုတ်ဘူး။”

ဖန်ကျန်းရှီက သူတို့ နဲ့ မတူဘူး။ ဧကရာဇ် မင်းက အမြဲတမ်း သတိ အပြည့်ရှိနေတာ။ အတွေ့အကြုံ မရှိတဲ့ ဖြေဆိုသူတွေကို လန့်အောင် လုပ်မှာ မဟုတ်ဘူး။

စိတ်သက်သာ ရာရအောင်ပဲ လုပ်တယ်။

ဒါပေမယ့် ဖြေသူတွေက စိတ်အား အရမ်းကို တက်ကြွနေပြီ။ သူတို့ရဲ့ အားဆေးထိုးပေး လိုက်သလိုပဲ။ တောင်ကိုတောင် အေးအေးဆေးဆေး ဖြတ်နိုင်တော့မယ့် ပုံ ပေါက်နေတယ်။

ဖန်ကျန်းရှီကတော့ စိတ်ချမ်းသာ နေရုံ သက်သက်ပဲ။ နောက်ပြီးတော့ သရုပ်ဆောင် ကောင်းလွန်းတဲ့ ဧကရာဇ် မင်းကြောင့် စီးမျော နေမိတယ်။

ဧကရာဇ် မင်း သရုပ်ဆောင်နေတာ ပြီးတော့ မယ်မှန်း သူသိတယ်။ မေးခွန်း မေးဖို့ အချိန် ရောက်လာတော့မယ် လေ။

ဖြေဆိုသူတွေ ရဲ့ အမူအယာ ကို မြင်တော့ ဧကရာဇ် မင်း စိတ်ကျေနပ်သွားတယ်။

သူခေါင်းငြိမ့်ရင်း တောင် အရပ်ကို လှမ်းကြည့်တယ်။

“ ငါတို့ရဲ့ ပုဆိန်ကို မြေမြှုပ်သင့်ပြီ လို့ ပြောကြတယ်။ ငါတို့ရဲ့ မြောက်ဘက်မှာ လူရိုင်းတွေရှိတယ်။ တောင်ဘက်မှာ တောင်တန်း ကြီးတွေနဲ့ အနောက်ဘက်မှာ ပင်လယ်ပြင် ကြီး ကာရံထားတယ်။ အလစ်တိုက်တာတွေကို ကိုယ်တော်တို့ ငါကာကွယ် နိုင်တယ်။ ဒါပေမယ့် အစိုးရိမ်ရ ဆုံးက နတ်ဆိုး မျိုးနွယ်ပဲ။ နတ်ဆိုးတွေကြောင့် ကိုယ်တော် အိပ် မပျော်နိုင်ဘူး။ အင်အားအကြိးဆုံးသူက တိုက်ပွဲမှာ နိုင်စရာ မလို ဘူးလို့ ဆိုကြတယ်။စစ်နည်းဗျူဟာ ကြွယ်ဝတဲ့ သူက တိုက်ပွဲမှာ နိုင်ပြီးသားပဲ။ ကြီးမြတ်တဲ့ စစ်သည်တော်တွေက ဘယ်တော့မှ မရှုံးဘူး။ နောက်ပြီးတော့ သူတို့ ရဲ့ အမှားတွေ ကနေ သင်ယူတယ်။

“ ဧကရာဇ် တစ်ပါး အနေနဲ့ ပြည်သူက အရေးအကြိးဆုံးပဲ။ အေးချမ်းတဲ့ ဘဝကို ရဖို့ လုပ်ဆောင် ပေးရမယ်။ ”

“အကောင်းဆုံး ဦးဆောင်သူက ဓား မမြှောက်ပဲနဲ့ အနိုင်ယူ နိုင်တယ်။ နောက်ပြီးတော့ သံတမန် ပရိယာယ် ကြွယ်ဝတဲ့သူ ။ စစ်ပွဲ တစ်ခုမှာ အဆိုးဆုံးက မြို့တော် တစ်ခုကို ပိတ်ဆို့ တဲ့ နည်းလမ်းပဲ။ ဒီ နည်းလမ်းကို ခုခံ နိုင်ပြီးတော့ နိုင်ငံ ဆင်ဖြေဖုံး ဒေသတွေ အတွက် ကောင်းကျိုး ရှိမယ့် နည်းဗျူဟာကို ဖြည့်ဆည်းစည်းပေးနိုင်မယ် ထင်ပါတယ်။ ”

ဧကရာဇ် လင်းမုပိုင်ရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ ဝဲနေတယ်။ ပုလဲသွယ်တွေလို စီးကျလာတယ်။ စိတ်ဖိစီးနေပုံက သိသာလွန်းတယ်။

ကြည့်နေသူတွေ စိတ်ထဲ ဝမ်းနည်း လာတယ်။ ဒီအချိန်မှာ ကျောင်းတော်သားတွေလည်း ငိုချင်နေပြီ။

သူတို့ ဝမ်းနည်းပုံကတော့ ကွာတယ်။

၂ နှစ်။ လွန်ခဲ့တဲ့ ၂ နှစ်လုံးလုံး ကြိုးစားလာတာတွေ သွားပြီ။ နိုင်ငံ သမိုင်းတွေ မြေမျက်နှာ သွင်ပြင်တွေ အကြောင်း လေ့လာ ထားသမျှ အလကား ဖြ စ်ပြီ ။ နိုင်ငံ တိုးတက်ရေး အတွက်ပဲ သူတို့ အာရုံစိုက်နေကြတာ။

တစ်ချို့ ပြိုင်ပွဲ ဝင်တွေ ဆိုရင် ပြည်သူတွေဆီ ဆင်းပြီးတော့တောင် တကူးတက လေ့လာထားတာ။

သူတို့ လုပ်သမျှ အရာအားလုံးက ဒီနေ့ အတွက်ပဲ။

နောက်ပြီးတော့ သူတို့ လေ့လာထားတာ။ အင်ဂျင်နီယာ လုပ်ငန်းတွေ ။ ရေဘယ်လိုဖြန့်ေ၀ ရမလဲ ဆိုတဲ့ အကြောင်းတွေ။

ဒါပေမယ့် အခုတော့ ။

တိုက်ပွဲ နည်းဗျူဟာ အတွက် မေးနေတာ။ နောက်ပြီးတော့ တိုက်ခိုက်ရေး ဗျူဟာကို မလိုချင်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောတယ်။

နယ်စပ်ဒေသကော မြို့တော် အတွက်ပါ သုံးလို့ရတာ ဖြစ်စေချင်တယ်။

ပင်လယ်နဲ့ မြစ်တွေကို သွယ်ဖို့ကကော ဘယ်လို ဖြစ်သွားမလဲ။ အရှင် မင်းကြီး လွန်ခဲ့တဲ့ ၂ နှစ် တုန်း ရေလျှံမှု မှာ မျက်မြင်သက်သေ မဟုတ်ဘူးလား။ ဘာလို့ ရေကြီးတဲ့ အကြောင်း မမေးတာလဲ ဟင်။ အခုလို လုပ်တော့ ကျွန်တော်တို့က အဖြေကို ဘယ်နေရာ သွားရှာရမှာလဲ။

ကျောင်းတော်သားတွေ အကုန် မျက်ရည်ဝဲ ကုန်ပြီ။

သူတို့ ရဲ့ ၂ နှစ်တာ ပြင်ဆင်မှုကတော့ ဧကရာဇ် စကား တစ်ခွန်းကြောင့် ပြောင်းပြန်လန်သွားပြီ။ အခုတော့ စာမေးပွဲတောင် ဖြေလို့ ရပါ အုန်းမလား။

သူတို့ ထဲက တစ်ယောက်မှ စာမေးပွဲ ဖြေချင်စိတ် မရှိတော့ဘူး။

မေမေရေ။ သား အိမ်ပြန် ချင်ပြီ။

ဖြေဆိုသူတွေရဲက နှလုံးသား နာကျင်နေခဲ့ပြီ။ ဧကရာဇ် မေးခွန်းပြောင်းဖို့ ဆုတောင်းနေတယ်။ ရေအရင်းအမြစ် အကြောင်း မေးပါဘား။့ မျက်ရည်အဝဲသားဖြစ်နေတဲ့ စာဖြေသူတွေ ကြောင့် ဧကရာဇ် အံ့သြနေတယ်။ သူ့ရဲ့ မိန့်ခွန်းက ဒီလောက်တောင် ရင်ထဲ ထိသွားတာလား။

ဘာလို့များ အကုန်လုံး ငိုတော့မယ့် မျက်နှာတွေ ဖြစ်နေတာလဲ။

ဒီအဖြစ်ကို မမျှော်လင့်ထားမိဘူး။ အတော်လေး အကျိုး ရှိတာပဲ။ သူ နောက်ဆုံး တစ်ခေါက် မီးစာ မြှင့်ပေးဖို့ ပြင်ဆင်လိုက်တယ်။

“ စာဖြေသူတို့။ နိုင်ငံရေး မေးခွန်းက တွေးတောဖို့ အချိန် လိုတယ်။ မရေးနိုင်သေးရင် စုတ်တံကို ချပြီး တွေးတောပါ။”

ဧကရာဇ် လင်းမုပိုင် စည်းကမ်းထုတ်တာမှန်း ဖန်ကျန်းရှှီ သိတယ်။

အခု မေးခွန်း အကြောင်း သေချာ တွေးပြီး စဉ်းစားဖို့ လိုချင်တာ။ ဒါမှ သူ့အမြင်ကို ကောင်းကောင်း စဉ်းစားနိုင်မှာ။

ဧကရာဇ်က အတွေးအခေါ် စာမေးပွဲ အတွက် အခြေအနေကို ပြင်ဆင်ပေးပြီးပြီ။

လိုအပ်တာတွေကိုလည်း ခွင့်ပြုတယ်။ ဒါက ဒုတိယ မေးခွန်း တတိယ မေးခွန်း မရှိတော့ဘူးလို့ ဆိုလိုတာပဲ။

ဖြေဆိုသူတွေ အကုန် စိတ်ပျက်လက်ပျက် ဖြစ်နေတယ်။

ဧကရာဇ် ကို တခြား မေးခွန်း တစ်ခု ပြောင်းမေးဖို့ တောင်းပန်လိုက်ချင်တယ်။

သနား စရာပဲ …. ဒါက …. အသုံး မဝင်ဘူး။

ဧကရာဇ်က မေးခွန်းပြောင်းမှာ မဟုတ်။ ဒုတိယ တစ်ခွန်းတောင် မပြောတော့ပဲ ပလ္လင်ပေါ် ထိုင်ပြီ။ ရေနွေး ခွက်ကို ကိုင်ရင်း စရေးဖို့ ပြောတယ်။

…..

ဆောင်းဦးရွက်ကြွေတွေက မေပယ်ရွက်တွေက ရေကန်တစ်ခုလုံး ပြည့်နေတယ်။

လှေပျက် တစ်စီး ကမ်းခြေမှာ သောင်တင်နေတယ်။ ဓားခုတ်ရာတွေ လှေတစ်ခုလုံး ပြည့်နှက်နေတယ်။ ဓား ချက် တစ်ချက်ချင်းစီက နက်တယ်။ လှေ တည်ဆောက်ပုံကြောင့် သာ မဟုတ်ရင် အခုချိန် နှစ်ခြမ်းကွဲနေလောက်ပြီ။

ဒီအချိန် ရေကန်ကမ်းစပ်မှာ လူရိပ် နှစ်ခု ပေါ်လာတယ်။

ရှေ့တစ်ယောက်က ဝတ်ရုံနက်ကြီးနဲ့ ပိန်ပိန်ပါးပါးလူ။ ပြင်းထန်တဲ့ ဆောင်းလေ ကြောင့် သူ့ ခေါင်းဆောင် လွင့်သွားတယ်။ ဖြူဖြူဖွေးဖွေး သူ့ မျက်နှာ ပေါ်လာတယ်။

အကယ်၍ ဖန်ကျန်းရှီသာ ဒီမှာ ရှိနေရင်တော့ ချက်ခြင်းမှတ်မိမှာ။ ဒီလူက ပိုင်ရှင်း။

“ အရှင်သခင် ဘယ်မှာလဲ။” ပိုင်ရှင်း လှေကို ကြည့်ရင်း မေးတယ်။

“ လက်ထောက် ခေါင်းဆောင် ။အရှင် သခင် က မြို့တော်မှာ အနားယူ်နေပါတယ်။ ဒါပေမယ့် အရှင်သခင်က တောင်ပိုင်းဒေသကို ချက်ခြင်း ပြန်ဖို့ လက်ထောက် ခေါင်းဆောင်ကို အမိန့်ပေ်းထားပါတယ်။ ”

“ ဒါက ဘာလဲ။ ငါ့ကို အရှင်သခင်ဆီ ခေါ်သွား။”

“ မလုပ်ဝံ့ပါဘူး။”

“ မင်းသေချင်နေပြီလား။”

“ သတ်လိုက သတ်ပါ။ ဒါပေမယ့် ပိုပြီးတော့ လုံခြုံ တဲ့နေရာကိုတော့ ရွေးပါ။”

“ မင်း…. သခင် ဒဏ်ရာရနေလား။”

“ သူမ ဒဏ်ရာ မရပါဘူး ။တောင်ပိုင်းဒေသကို ပြန်ဖို့ လေးလေးနက်နက် တောင်းဆိုပါတယ်။ သခင်က အဲ့ဒီ့မှာ တွေ့မယ်လို့ ပြောထားတယ်။ ”

“ ဒါဆို အ၇ှင်သခင်က တောင်ပိုင်းဒေသကို သွားတာလား။ ”

“ဟုတ်ပါတယ်။”

“ ငါ နာ်းလည် ပြီ။ နန်ကုန်းဟောင် အခု ဘယ်မှာလဲ။”

“ ယန်မြို့တော်မှာ။”

“ ယန်မြို့တော် ???”

“ဟုတ်တယ်။ နန်ကုန်းဟောင်က ညီလာခံ စာမေးပွဲ ဖြေနေတာ ။ တိုက်ခိုက်ရေးစာမေးပွဲကိုတော့ တောင်ပိုင်း ဒေါသမှာ လုပ်လိမ့်မယ်။ သူ့ကို အဲ့ဒီမှာ စောင့်လို့ ရတယ်။ ”

“ နန်ကုန်းဟောင်က တောင်ပိုင်း ဒေသကို လာမှာလား။ ကောင်းတယ်။ အရမ်းကောင်းတယ်။ ဒီကောင်နဲ့ ငါ တွေ့ပြီပေါ့ကွာ။” ပိုင်ရှင်း တစ်ချက်လှည့်မကြည့်ပဲ ထွက်လာတယ်။

…

နန်းတော်ထဲမှာ….

ဧကရာဇ် ရေနွေးကြမ်း သောက်နေတယ်။ သူ့ခုံမှာသူ ထိုင်နေတဲ့ နန်ကုန်းဟောင်ကို ကြည့်တယ်။

“ နန်ကုန်းဟောင်။ မင်းရဲ့လက်ဆောင်က ထူးခြား တယ် …. ” ဧကရာဇ် လင်းမုပိုင် မျက်လုံးတွေ တစ်လက်လက် တောက်လာတယ်။ သူ့ လက်ထဲက ရေနွေးခွက်ကို ဘေးရွေ့တယ်။

နန်ကုန်းဟောင် ရဲ့ အကျီစွန်းက မေပယ်ရွက်တွေကို သူကြည့်တယ်။ သူ့ အမူအယာ နည်းနည်း ပြောင်းသွားတယ်။ ဒါပေမယ့် စကားတစ်ခွန်းမဆို။ သက်ပြင်းတစ်ချက်သာ ချတယ်။

တခြား ပြိုုင်ပွဲဝင်တွေက ဧကရာဇ် အမူအယာကို သတိ မပြုမိဘူး။ အဖြေ ဖြေဖို့ အတွက်ပဲ အာရုံ စိုက်နေတယ်။

ဧကရာဇ်က နိုင်ငံ အုပ်ချုပ်ရေး။ အာဏာတည်မြဲတာနဲ့ စည်းမျဉ်းတွေ အကြောင်း ပြောတယ်။

ပြီးတော့ လက်အောက်ခံ နယ်မြေတွေကို ဘယ်လို တည်မြဲအောင် လုပ်ရမလဲ မေးတယ်။ ဒါက သူတို့ ထင်ထားတာနဲ့ တခြားစီ။

အခုတော့ ပြဿနာ ဖြစ်ပြီ။

လက်အောက်ခံနယ်မြေ တွေ နဲ့ ပတ်သက်တဲ့ နိုင်ငံရေးကို သူတို့ မလေ့လာထားမိဘူး။ အခုတော့ သူတို့ ဘာလုပ်ရမလဲ။

စာဖြေသူ တွေ အကုန်လုံးက စစ်နည်းဗျူဟာကို နားလည်တယ်။ ဒါပေမယ့် နိုင်ငံရေး အကြောင်းက လိမ်လိမ်မာမာ ပါးပါး နပ်နပ် ရေးဖို့ လိုတယ်။

အရေးအကြီးဆုံးက စာရွက်မှာ ဘယ်လောက်လက်ရေးလှလှ ရေးထားတာ မဟုတ်။

ဘယ်လောက် အမြင်ကျယ်လဲ တန်ဖိုးရှိလဲ ဆိုတာပဲ။

ဧကရာဇ်က လက်အောက်ခံ ပြည်နယ်တွေကို တည်မြဲအောင် လုပ်ချင်တယ်။ နည်းလမ်းကတော့ အများကြီးပဲ။ အဲ့ဒီ့နေရာက မင်းသမီးတစ်ပါးကို ထိမ်းမြားလို့ ရတယ်။ လက်ဆောင် ပဏ္ဍာတွေ ပေးပြီး ရွှေလမ်း ငွေလမ်း ဖောက်လို့ ရတယ်။ မြေအပိုင်စား ပေးပြီး အမတ်မင်းတွေ ဖလှယ်လို့ရတယ်။ စစ်ကြေညာလို့ ရတယ်။

ဒါပေမယ့်အခုတော့ …..

ဧကရာဇ်က စစ်တိုက်ချင်နေတာလား။ မဟုတ်ဘူး။ လုံး၀ မဟုတ်ဘူး။

တကယ့် စစ်ပွဲ မရှိ ရင် ဆက်ရေးဖို့လည်း မရှိဘူး။ သက်သေတွေ ဥပမာတွေ မရှိပဲနဲ့ စာတမ်းရေးလို့ မရဘူး။

မြောက်ပိုင်း ဒေသ လူရိုင်းတွေ မှာ ထူးခြားတဲ့ အလေ့အကျင့်နဲ့ သူတို့ အတွက် ကောင်းတဲ့ မြေမျက်နှာ သွင်ပြင်ရှိတယ်။ တောင်ပိုင်းဒေသ က နတ်ဆိုးတွေ ခနခန ဝင်တိုက်တာ ခံရတယ်။

တိကျတဲ့ ခေါင်း စဉ်တစ်ခု မပေးပဲ ။ ဧကရာဇ် က သူတို့ကို ဘယ်လိုများ စာတမ်းရေးစေချင်တာလဲ။

ပြိုင်ပွဲဝင်တွေ အကုန် မျက်မှောင် ကြုတ်ရင်း သက်ပြင်းချနေတယ်။ စာရေးစုတ်တံတွေ လက်ထဲမှာ တုန်နေတယ်။ သူတို့ အများစု ဘယ်လို စရေးရမယ် မှန်းတောင် မသိဘူး။

ဒါပေမယ့် ကောင်းကောင်း ပြင်ဆင်ထားတဲ့သူ တစ်ချို့တော့် ရှိတယ်။

ပြင်ဆင်ထားသူ တွေထဲ ဝူဖုန်း တစ်ယောက်လည်း အပါအဝင်ပေါ့။ သူ့ အမူအယာ က လုံး၀ ယုံကြည်ချက်တွေ ပြည့်နေတယ်။

အရာရာ တိုင်းက အရိပ်အမြွက် နဲ့ လာတာမဟုတ်ဘူး။ ဒါပေမယ့် ကိစ္စကြီး ကြုံပြီ ဆို နည်းမျိုးစုံနဲ့ ရင်ဆိုင်ရမယ်။ ဝူဖုန်းက သူ့ကိုယ်သူ အတွေ့ အကြုံ များပြီး ရင့်ကျက်တဲ့ သူလို့တွေးထားတယ်။

ဧကရာဇ် က မေးခွန်း မမေးခင် တောင်အရပ်ကို ကြည့်တယ်။ လူအများစု သတိမထားမိလိုက်ဘူး။

ဒါပေမယ့် ဝူဖုန်းတော့ သတိထားမိတယ်။

နောက်ပြီးတော့ တိုက်ခိုက်ရေးစာမေးပွဲကို တောင်ဘက် ဒေသမှာ ကျင်းပ မှာ။ ဒါကို ဝူဖုန်း ကြိုသိတယ်။

ညီလာခံ စာမေးပွဲ က အဲ့ဒီ့မှာ လုပ်မယ် ဆိုတော့

ထပ်ပြီး ရှည်ရှည်ဝေးဝေး စဉ်းစားစရာ မလိုဘူး။

“ တောင်ပိုင်း ဒေသမှာ ပြဿနာ တက်နေပုံပဲ။” ဝူဖုန်း တွေးပြီး စရေးတော့တယ်။

တောင်ပိုင်း ဒေသက အင်ပါယာရဲ့ သဘာ၀ အကာအကွယ်ပဲ။

နတ်ဆိုးတွေကို ကာကွယ် ဖို့ အကောင်းဆုံးပဲ။ ဒီနယ်မြေ ရှိနေလို့ တိုက်ပွဲကြီးတွေကို ကာကွယ်နိုင်တာ။

တောင်ပိုင်းဒေသ အင်ပါယာ လက်အောက်မှာ ဆက်လက် တည်မြဲ ဖို့ အကြောင်း ရေးရမယ်။

ဝူဖုန်း စုတ်တံကို မြှောက်လိုက်တယ်။ တစ်ခဏ တာ စဉ်းစားပြီး စရေးတယ်။

လုံးဝကို အာရုံစိုက်ထားတယ်။

ဒီ အချိန်မှာပဲ။ အသံ ထွက်လာတယ်။

“ လက်မလျှော့နဲ့ လုပ်သာလုပ်လိုက်စမ်း။”

ဝူဖုန်း လန့်ပြီး ခုန်ထ မိတယ်။ လက်က မှင်ခွက်ကို တိုက်မိတယ်။ မှင်တွေ စာရွက်ပေါ်မှာ ပျံ့ ကျဲကုန်ပြီ။

အပိုင်း (၃၀၈) ပြီး၏။

အပိုင်း (၃၀၉)

“ ကိုယ့်သမိုင်း ကိုယ်ရေးမယ်။ ”

“ ဘယ်သူလဲ။” ဝူဖုန်း ဒေါသ ထွက်နေပြီ။ ညီလာခံ စာမေးပွဲမှာ သူတို့ အဖြေလွှာတွေ ညစ်ပတ်လို့ မဖြစ်ဘူး။ မှင်စက်တွေ စွန်း နေတာကြောင့် သူ့ အဖြေလွှာတော့ အလကား ဖြစ်သွားပြီ။

သူ့လိုပဲ ဒေါသထွက်နေသူ တဒါဇင်လောက် ရှိတယ်။

ဝူဖုန်းလိုပဲ သူတို့ ကြုံရတာ။ သူတို့အားလုံး စာလုံး ၃၀၀ ကျော် ရေးပြီးနေပြီ။ အခုတော့ မှင်စက်တွေ ကြောင့် အလဟသတ် ဖြစ်ကုန်ပြီ။

တာဝန်ရှိတဲ့ သူကတော့ ဖန်ကျန်းရှီပဲ။ သူက ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်ပြီး ပီတိသောမန ဖြာကြည်နေတာ။

တစ်ခါ တလေ ယုံကြည်သူတွေက ဆုလဒ်ကောင်း ရတတ်တယ်။ အခုတော့ အမှန် တကယ်ပဲ။ အံ့သြစရာ ကောင်းလိုက်တာ။

သူ ထိုင်ခုံပေါ်မှာ ထိုင်ချ လိုက်တဲ့ အချိန်ပဲ …….. မေးခွန်းက ပြောင်းသွားတယ်။

သမိုင်း ပညာမှာ ဖန်ကျန်းရှီ ရေသွယ်တန်းမှု အကြောင်း နည်းနည်းပဲ သိတယ်။ ဒါပေမယ့် နိုင်ငံ အုပ်ချုပ်ရေးတွေ။ ပုန်ကန်မှု ထိန်းသိမ်းပုံတွေ အကုန်လုံး သူ ကောင်းကောင်း ဖတ်ထားတယ်။

ဧကရာဇ် မင်း လိုချင်တာကို သူသိတယ်။

သုံးနိုင်ငံ ခေတ်က ချောင်ချောင် ။ အရှေ့ဘက် ဝူတိုင်းပြည်ကို စစ်သည် အင်အား ရှစ်သိန်း နဲ့ တိုက်ခိုက်ဖို့ အမိန့် ပေးတယ်။ အမတ်မင်း အများစုက အညံ့ခံ ဖို့ အကြံပြုတယ်။

ဒါပေမယ့် ကျိုးယွီက သူ့ အရှင် ဘာလိုချင်မှန်း သိတယ်။

ဒီလို တူညီတဲ့ အဖြစ်တွေ သမိုင်း တစ်လျှောက်မှာ အများကြီးပဲ။ ဧကရီ ဝူကျဲထျန်း လူရိုင်းတွေကို တိုက်ခိုက်တာ။ ကန်ရှီ ရဲ့ ဗျူဟာတွေ …. ဒါတွေ အကနု်လုံးက ဧကရာဇ် မင်းရဲ့ အခု ရည်ရွှယ်ချက် က သိသာနေပြီ။

နောက်ပြီးတော့ ကြီးမြတ်သော ရှ မင်းဆက်က ငြိမ်းချမ်းနေတာ နှစ်အတော်ကြာလှပြီ။ သူတို့ ရဲ့ ဘဏ္ဍာတိုက်ကြီးကလည်း ပြည့်လျှံနေပြီ။ ဒီတော့ ဧကရာဇ်မင်း တစ်ခြား ပျော်စရာ တစ်ခုခု လိုချင်တာ စမ်းသလား။

ဧကရာဇ် လင်းမုပိုင် အခုပဲပြောသွားတာ သိသာတယ်။

အကယ်၍ လူတစ်ယောက်က ငြိမ်းချမ်းရေး အကြောင်း ရေးရင် ………..။ ဧကရာဇ့် ဆန္ဒနဲ့ ကိုက်ညီမှာ မဟုတ်ဘူး။

ရှင်းပါတယ်။ စစ်ပွဲ အကြောင်း ရေးရင်ရေး။ ဒါမှမဟုတ် တိုက်ပွဲ အကြောင်း အကြံပေး။

အင်ပါယာရဲ့ ရန်သူတွေ ပုန်ကန်တာကို စစ်တပ်က ထိန်းချုပ်ဖို့ အကြောင်း သုံးလို့ရတာပဲ။ နယ်စပ်ဒေသ ပြည်သူတွေ က ကျုးကျော်သူ ရန်ကို ကြောက်လန့် ကြတယ်။ ဒီ အကြောက်တရားက မျိုးဆက် ချီနေပြီ။

အခုတော့ သူ ရေးရမှာ အသေးစိတ်ပဲ။

အစီအစဉ် ကြီး တစ်ခု ရေးရမလား။

ဖန်ကျန်းရှီမှာ တစ်ခုမှ မရှိဘူး။

ညီလာခံ စာမေးပွဲ မေးခွန်းက ဒီလို ဖြစ်လာမယ်လို့ မထင်မိဘူး။ ဘယ်လို ခေါင်းစဉ်မျိုး မေးမလဲ တောင် သူမသိ။ ဒါပေမယ့် အခုတော့ ကိစ္စ မရှိတော့ဘူး။

အရင်လောကမှာ။ နိုင်ငံရေး အကြောင်း ဆွေးနွေးတာတွေ အများကြီး ရှိတယ်။ “ ချင် မင်းဆက် ခေတ်” “ကံကြွေးချစနစ်နဲ့ ” “ ခြောက်နိုင်ငံ”

“ချင် မင်းဆက် ခေတ်က” သူ့ရဲ့ အုပ်ခုပ်နည်း စနစ် တွေ နဲ့ ကျရှုံးပုံ အကြောင်း ရေးထားတာ။ နိုင်ငံ့ အုပ်ချုပ်ရေါ် အကြောင်း စာအုပ်ပဲ။

“ ကံကြွေးချ စနစ် ” က ပြုပြင်ပြောင်းလဲ မှု အကြောင်း ။

တစ်ခုချင်းစီက အုပ်ချုပ်ရေး ပိုင်းနဲ့ ဆိုင်နေပြန်တယ်။

ဒီ ဂန္တဝင် စာပေနှစ်ခုက အသုံးနည်းတယ်။ ဒါပေမယ့် ကိစ္စ မရှိလူး။ “ ခြောက်နိုင်ငံ ရှိနေတာပဲ။” ချင် က တခြား ခြောက်နိုင်ငံကိုဘယ်လို သိမ်းပိုက်ခဲ့သလဲ။

အခုတော့ ခြောက်နိုင်ငံကို ပဲ ဦးတည်ရေးရတော့မယ်။

ချင်က သူ့ရဲ့ နယ်မြေတွေနဲ့ မြို့တော် အများစုကို ယာယီ ငြိမ်းချမ်းရေး ပေးတယ်။ ဒါပေမယ့် ချင် မင်းဆက် အင်အား ကြီးလာဖို့ကို မမျှော်မှန်းထားဘူး။

အဆုံးမှာတော့။. ချင်က သူ့ လက်အောက်ကို ဝင်တဲ့ နိုင်ငံ မှန်သမျှကို ဖျက်စီး ပြစ်တယ်။

ခြောက်နိုင်ငံ ဆိုပြီးရေးထားပင်မယ့် …. အဓိက အကြောင်းရင်း တစ်ခုပဲ ရှိတယ်။

အရှုံးမပေးနဲ့ တိုက်ခိုက်။

နယ်စပ်စည်း ပေါက်သွားရင်ကော။ သူတို့ အမိန့် နာခံတဲ့ အထိ ဖိနှိပ်ရမလား။ ငြိမ်းချမ်းအောင် လုပ်ရမလား။ ဒါက အင်အားမရှိတဲ့ သူတွေ လု ပ်တဲ့ လုပ်ရပ်ပဲ။ စစ်မှန်တဲ့ ဧကရာဇ် မှန်သမျှ ဒီလို နည်းတွေမသုံးဘူး။ မ

ဧကရာဇ် လင်းမုပိုင်က ဘယ်လို လူမျိုးမှန်း သူ မသိဘူး။ ဒါပေမယ့် သတိကောင်းတဲ့ လူမှန်းတော့ သိတယ်။

အကောင်း ဆုံး ဥပမာ က….

ဖန်ကျန်းရှီကို သူ့ အမိန့်ပြားပေးပြီး ယဉ်ကျေးမှု ဝန်ကြီးဌာနမှာ နေခိုင်းတာပဲ။ ဒါက ဧကရာဇ် ရဲ့ ဆုံးဖြတ်ချက်ကို ပြနိုင်ဖို့ လုံလောက်တယ်။

ဒါကို စိတ်ထဲ တွေးတယ်။ စရေးတော့တယ။်

သူ့ကို ထူးထူးဆန်းဆန်း စိုက်ကြည့်နေ တဲ့ မျက်လုံးတွေကို သတိ ထားမိလိုက်တယ်။

“ တစ်ခုခု လွဲနေတာများ ရှိလို့လား ။ သခင်လေး ဝူ။” ဝူဖုန်းကို ဖန်ကျန်းရှီ တစ်ချက်ကြည့်တယ်။

“မရှိပါဘူး။” ဝူဖုန်း အံကြိတ်ရင်း ပြောပြတယ်။ သူ့ အဖြေလွှာက မှင်ကြောင့် ပျက်သွားပြီလေ။

“ ဒါဆိုလည်း ကိုယ့်စာကိုယ်ရေးလေ။ ဘာလို့ လိုက်ကြည့်နေတာလဲ။ ငါ့ စာလာမကူးနဲ့။” ဖန်ကျန်းရှီ သူ့ စားပွဲ ခုံကို ပိုနီးအောင် ဆွဲ လိုက်တယ်။

ဝူဖုန်း ဒေါသထွက်ပြန်ပြီ။

မင့် စာ ငါ ဘာလို့ ကူးရမှာလဲ။ တခြားသူတွေလို လွန်ခဲ့တဲ့ ၂ နှစ်လုံးလုံး နေနေတာ မဟုတ်ဘူး။ ဝန်ကြီး ဌာန ခြောက်ခု အတွက် အစီအစဉ် ကို ပြင်ထားပြီး သား။

မင့် ရေးထားတာကူးစရာလိုသေးလို့လား။

ဝူဖုန်း က မာနထောင်လွှားတယ်။

ဒါပေမယ့် သူ နားလည်သွားတာ တစ်ခု ရှိတယ်။ ဖန်ကျန်းရှီက သူ့ ထက် ပိုဆိုးတဲ့သူပဲ။ ပြောရရင် ဖန်ကျန်းရှီ က ကိုယ့်ကိုကိုယ်ဖော် မသူတော် စစ်စစ် တစ်ယောက်။

“ စောင့်ကြည့်နေလိုက်စမ်းပါ။ အတွေးအခေါ် စာမေးပွဲမှာ ငါ ထိပ်တန်း ရောက်တော့မှ ….. ။ ဘယ်သူက ကူးရမယ့် သူလည်း ကြည့်ကြသေးတာပေါ့။” ဝူဖုန်း သူ့စာ သူ ပြန်ကြည့်တယ် ။ ပြန်ရေးဖို့ ပြင်တယ်။ သူ မျက်မှောင်ကြုတ်တယ်။

ငါရေးတာ ဘယ်နားရောကနေပြီလဲ။

“ အဟမ်း။ စာမေးပွဲတွင်း စကား ပြောခွင့် မရှိ။” ကြီးကြပ်သူ တစ်ယောက် သတိပေးတယ်။ ဖန်ကျန်းရှီ နဲ့ ဝူဖုန်း စကားပြောနေတာသူ မြင်တယ် ။

ဖန်ကျန်းရှီ လက်ခလယ် ထောင်ြပ်တယ်။ ဒီကောင်က အရင်စတာလေ။

ဒါနဲ့ ဒီလောကမှာ

တိုက်ပွဲ အခြေအနေက ဘယ်လိုများလဲ။

ကြီးမြတ်သော ရှ မင်းဆက် သမိုင်းကို သူ သိပ် မသိဘူး။ ချင် ချူ။ ကျောက် နိုင်ငံတွေ လိုတော့ ဟုတ်မယ် မထင်။

ဖြစ်ခဲ့ရင်တော့ တိုက်ဆိုင်လွန်းသွားပြီ။

ဒီလို အကြပ်အတည်း အခြေအနေ မရှိရင် “ ခြောက်နိုင်ငံ” ဗျူဟာကလည်း အသုံး မဝင်နိုင်ဘူး။ သူ ဒါကို ဖြေရှင်းနိုင်ပါ့မလား။

ဖန်ကျန်းရှှီ ကောင်းကင်ကို ကြည့်တယ်။ သစ်ရွက်တွေ လေအဝှေ့မှာ လွင့်နေတယ် ။

ကမ္ဘာကြိးက အမြဲ ပြောင်းလဲ နေတယ်။ - ပန်းတွေ ပွင့်တယ်။ သစ်ရွက်တွေ ကြွေတယ်။ ဆောင်းဦးရာသီ ရောက်လာပြီး ကုန်ဆုံးသွားတယ်။

သူကော ဘယ်အချိန်များမှ မိန်းမ ရမှာလဲ။

နေစမ်းပါအုန်း….. ။ အခုက စာမေးပွဲ ဖြေနေတာလေ။

ဒါလေး အ၇င်အာရုံစိုက်မှ။ “ ခြောက်နိုင်ငံ” ကို ဘယ်လိုများ သုံးရမလဲ။ ခြောက်နိုင်ငံ။ ခုနှစ်နိုင်ငံ။ ရှစ်နိုင်ငံ။ သုံးနိုင်ငံ။

ရပြီ။ ရပြီ။

မရှိခဲ့တော့လည်း ပုံပြင်ရေးရတာပေါ့။

ဝတ္ထု တွေမှာ ဇာတ်ကြောင်း အကုန်လုံးက ဖန်တီးထားတာပဲ။ စာရေးသူက ချက်ကောင်းထိအောင် ရေးရတယ်။

ဒါက ခပ်ရှင်းရှင်း နိယာမပဲ။

မူလတန်း တုန်းကတောင် စာစီစာကုံး ရေးရသေးတယ်။ အပင်တွေ ဘယ်လို ကြီးထွားလဲတဲ့ ခေါင်းစဉ်က

အပင် စိုက်ရတာက အချိန်ကြာလွန်းတယ်။ တကယ်စိုက်ကြည့်ပြီး ရေးရင်။ စာစီစာကုံး အပ်ရမယ့် နေ့ကို မှီမှာတောင် မဟုတ်ဘူး။

ဒီပြဿနာကို သူရှင်းလိုက်တယ်။

ကြီးမြတ်သော ရှမင်းဆက်ရဲ့ သမိုင်းကို မသိမှတော့။ ဆင်တူယိုးမှား လုပ်ရုံပေါ့။

၇ နိုင်ငံကို သုံးပြီးတော့ ရှမင်းဆက်ရဲ့ လက်ရှိ အခြေအနေကို ရေးမယ်။ မြောက်ဘက်က လူရိုင်း။ တောင်ပိုင်းက တောင်တန်းတွေ။ အဝေးက နတ်ဆိုးတွေ ။ အနောက် ပင်လယ်က ပြဿနာ်တွေ။

ဒီလောကက နယ်မြေတွေကို တစ်ခုချင်းစီ အသေးစိတ် ရေးမနေတော့ဘူး။ ဖတ်လိုက်တာနဲ့ တစ်ခါတည်း ဆက်စပ်မိအောင် ရေးပေးလိုက်မယ်။

ဒီနည်းလမ်းက ပုံမှန် စာဖတ်သူတွေ နားလည် နိုင်မှာ မဟုတ်ဘူး။

ဒါပေမယ့် သူ့စာကို ဖတ်မယ့်သူက ဧကရာဇ် လင်းမုပိုင် ဖြစ်နေတယ်။ စိုးရိပ် စရာ မလိုဘူး။ အကယ်၍ ဧကရာဇ်က ဒါကို နားမလည်ရင် ။ ပလ္လင်ပေါ်မှာ ဒီလောက် အကြာကြိး ထိုင်နေနိုင်မှာ မဟုတ်ဘူး။

အစောကြီးထဲက လွင့်သွားလောက်ပြီ။

ဖန်ကျန်းရှီ သူ့ဘာသူ တွေး၇င်းနဲ့ လှောင်ပြုံးပြုံးနေတယ်။ (ခြောက်နိုင်ငံ ) အကြောင်း အခြေခံပြီးရေးဖို့ သူ ဆုံးဖြတ်လိုက်ပြီ။

နည်းနည်း ပါးပါးလေးပြင်ရမှာ။ ဒါက ဖန်ကျန်းရှီ အတွက် အလွယ်လေးပဲ။

သူက သမိုင်း ဌာန ဂုဏ်ထူးတန်းရဲ့ ထိပ်တန်း ကျောင်းတော်သားလေ။ ဒီနှစ်တွေမှာ သမိုင်း စာအုပ်တွေ မရေမတွက် နိုင်အောင် ဖတ်ထားတာ။ တာအို နိယာမ ကိုတောင် မှတ်မိသေးတယ်။

သူ လေ့လာထားသမျှ အလကား မဖြစ်ဘူးပဲ။

ဦးနှောက်တစ်ခုလုံး ဥပမာ တွေ နဲ့ ပြည့်နေပြီ။

ချက်ခြင်း သူ စရေးတယ်။ သူ့ စိတ်ကို စာထဲမှာ လုံး၀ နှစ်မြှုပ်ထားလိုက်ပြီ။

“ ဝူးးးး….. ဝူးးး…. ဝူးးးး…..”

စုတ်တံက စာရွက်ကို ခပ်ကြမ်းကြမ်း ပွတ်ဆွဲနေတယ်။

ကျောင်းတော်သားတွေ ဖန်ကျန်းရှီ ထအော်တာကြောင့် တခါ လန့်ပြီးပြီ။ အခုတော့ ဖန်ကျန်းရှီ ရေးနေတဲ့ ပုံစံကြောင့် ထပ်လန့် ရတယ်။ အရင်တုန်းက ဖန်ကျန်းရှီ ရဲ့ အရှိန် နှုန်းကို သူတို့ ကြားဖူးတယ်။

“အခုတော့ သူတို့ ကိုယ်တိုင် မြင်ရပြီ။”

“ မြန်လိုက်တာ။”

“ သူ မပြင်ဆင်လာခဲ့ဘူးလို့ ပြောတယ်မလား။ ဘာလို့ ဒီလောက်မြန်မြန် ရေးနေတာလဲ။ နောက်ပြီးတော့ စာရေးနေတာ နဲ့လည်း မတူဘူး။ တစ်ခုခုကို ကူးချေနေတာ နဲ့ ပိုတူတယ်။

“ သူ့မှာ ရေးစရာ မရှိလို့ ကြုံရာရေးနေတာ ဖြစ်မှာပေါ့။”

“ဖြစ်နိုင်သားပဲ။ ”

ပြိုင်ပွဲဝင် အကုန် မယုံကြည်နိုင်။ ဖန်ကျန်းရှီ ရဲ့ အရှိန်က မယုံနိုင်အောင် မြန်လွန်းတယ်။

ဝူဖုန်း က သူ့ အတွေးတွေကို ပြန်စုစည်းနေတယ်။ ဒီအချိန်မှာ စာရွက် လှန်သံ တဖျတ်ဖျတ်ကို ကြားနေရတယ်။

သူ လှည့်ကြည့်တော့ ဖန်ကျန်းရှှီ ဖြစ်နေရော။

“ ဒီ အရှိန်က …..” ဝူဖုန်း ပါးစပ်ဟသွားတယ်။ သူ့ရဲ့ စာရွက် ဗလာ အဖြေလွှာကို ကြည့်တယ်။ အဲ့ဒီ့နောက် ဘေးလူကို ကြည့်တယ်။ သူ့ ဘေးလူက နန်ကုန်းဟောင်။

နန်ကုန်းဟောင် က ရေသေလို တည်ငြိမ်နေတယ်။

ဖန်ကျန်းရှီ နဲ့ နန်ကုန်းဟောင်ကတော့ တခြားစီပဲ။ နန်ကုန်းဟောင် စုတ်တံကို တစ်ချက်တောင် မထိဘူး။

မျက်စိပိတ်ပြီး အတွေးထဲ ဈာန်ဝင်နေတယ်။

စာမေးပွဲ ရင်ပြင်ထဲက ကျောက်ရုပ်ကြီး တစ်ရုပ်လိုပဲ။

ဒီအချိန် နန်ကုန်းမုရဲ့ ပုခုံးပေါ်ကို ကျလာတယ်။ သစ်ရွက်ကျလာတာနဲ့ လူ့ကိုယ်ကလည်း တုံ့ပြန် တယ်။

တခြား စာဖြေသူတွေကတော့ သစ်ရွက်တွေကို ခါချ နေတယ်။ နန်ကုန်းဟောင် ကတော့ ကျောက်ရုပ်ကြီးလို ထ ဆက်ရှိနေဆဲပဲ။

ငှက်တစ်ကောင် အဝေးကနေ အော်မြည် ပျံသန်းလာတယ်။

နှုတ်သီး နီနီ။ အမွှေးစိမ်း နဲ့ ပိန်းညှင်းငှက် သုံးကောင် ရင်ပြင် ဆီကို ရောက်လာတယ်။ နန်းတော် ဥယျာဉ် ထဲက သာမာန် ငှက်တွေ။ ဒါကြောင့် ပြိုင်ပွဲဝင်တွေ သိပ်စိတ်မဝင်စားကြဘူး။

ဒါပေမယ့် ဝူဖုန်း မျက်လုံးပြူးနေတယ်။

ဒီငှက်တွေ နန်ကုန်းဟောင်ဆီ တန်းတန်းမတ်မတ် ပျံသွားတာ သူမြင်လို့ပဲ။ သိပ်မကြာခင် နန်ကုန်ဟောင် ရဲ့ ပုခုံးပေါ်ကို ဆင်းသက်တယ်။ သစ်ရွက်ကြွေကို ကောက်ပြီး ပြန်ထွက်သွားတယ်။

“ ဒါ …. ဒါက ….. သဘာ၀ နှလုံးသားတာအိုပဲ။ ” ဝူဖုန်း အမူအယာ ပြောင်းသွားတယ်။

သူက သုခမိန် တစ်ပါးရဲ့ တပည့် ဖြစ်တဲ့ အတွက် အသိပညာ ကြွယ်တယ်။ ပြုမူလုပ်ဆောင်ပုံပေါ် မူတည်ပြီး လူတွေရဲ့ နှလုံးသား ပြောင်းလဲတယ်။ တစ်ချို့ က ပိုကြမ်းတမ်းလာတယ်။ တစ်ချို့ကတော့ အေးချမ်းတယ်။ တချို့က ဒေါသ ထွက်လွယ်တယ်။ တစ်ချို့ကတော့ နူးညံ့တယ်။

သူတို့ ကျင့်ကြံတဲ့ တာအို အပေါ် မူတည်ပြီး ဒါက ပြောင်းလဲ တယ်။

ဒါပေမယ့် လူတစ်မျိုးကတော့ ချွင်းချက်ပဲ။

ကျင့်ကြံတာ ကြောင့် နှလုံးသားပြောင်းလဲ မသွားနိုင်ဘူး။ သူတို့ရဲ့ နှလုံးသားနဲ့ အတွေးအခေါ် တွေက တသမတ်တည်း ဖြစ်နေမှာ။ အပြင်ပိုင်း ရုပ်ရည်သွင်ပြင်က လွဲပြီးပေါ့။

ကြည့်ရတာတော့ ဘာမှ မဟုတ်သလိုပဲ။

ဒါပေမယ့် ဒီလူတွေက လောကမှာ ကြောက်စရာ အကောင်းဆုံးလူတွေ။ ဘယ်လို တာအိုဖြစ်ဖြစ် သူတို့ သင်ယူနိုင်တယ်။

နတ်ဆိုးလမ်းစဉ်တွေ လည်း ကျင့်ကြံနိုင်တယ်။

သတ်ဖြတ်တာက သူ့ကို အင်အား တိုးစေတယ်။ ဒါပေမယ့် တခြားသူတွေကိုလည်း သူတို့ ကုသ ပေးနိုင်သေးတယ်။

သူတို့ ဘာပဲ လုပ်လုပ်။ နှလုံးသားထဲက တာအို နဲ့ ဒီ အဖြစ် ပေါင်းစည်းမယ်။ သူတို့ ရဲ့ ကျင့်ကြံမှု တစ်စိတ်တစ်ပိုင်း ဖြစ်သွားမယ်။ ကောင်းသည်ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေ၊ ငြိမ်းချမ်းမှု နဲ့ ကြမ်းတမ်းခြင်း တွေ အကုန်ခြွင်းချက်မရှိ စုပေါင်း ကုန်မယ်။

ဒါက သဘာ၀ နှလုံးသား တာအိုပဲ။

“ ငါ နားလည်ပြီ။ နားလည်ပြီ။” လွန်ခဲ့တဲ့ လေးနှစ်လုံးလုံး နန်ကုန်း ဟောင် ဘာတွေ လုပ်နေလဲ သူ နားလည် သွားပြီ။ ကောင်းကင်တာအို ခန်းမကို ဝင်ဖို့ ဘာလို့ ငြင်းမှန်း သူသိပြီ။

ပြန်တွေးရင် နန်ကုန်းမုက တစ်ခွန်းပဲ ပြောခဲ့တာ။

အခြေခံ မကောင်းသေးဘူး။

အဲ့ဒီ့အချိန် တုန်းက နန်ကုန်းဟောင် ကောင်းကင်ရောင်ပြန် အထွဋ်အထိပ်အဆင့်ပဲ ရှိသေးတယ်။ ဒါတောင် ပြန်လည် ဖြစ်ပေါ်ခြင်း အလယ်ဆင့်ကျင့်ကြံသူကို အနိုင်တိုက် ခဲ့ပြီ။ သူ့ အခြေခံမှ မကောင်းရင် ဘယ်သူ့ အခြေခံက ကောင်းအုန်းမှာလဲ။

လူတိုင်းက ကောင်းကင်တာအို ခန်းမကို နန်ကုန်းမု မဝင်ချင်လို့ ဆင်ခြေဆင်လက် ပေးနေတယ် ထင်ကြတယ်။

ဒါပေမယ့် အခုတော့ ဝူဖုန်း နားလည်သွားပြီ။

နန်ကုန်းဟောင် ဆင်ခြေဆင်လက် ပေးတာ မဟုတ်ဘူး။ သူအမှန်ကို ပြောနေတာ။ ဒါပေမယ့် တခြားသူတွေ မျှော်မှန်းထားတာတော့ မဟုတ်ဘူး။

လေးနှစ် အတွင်း။

သဘာ၀ နှလုံးသား တာအို။

ဒါကို သူက အခြေခံ ကောင်းလို့ သတ်မှတ်ထားတာ။

ကောင်းကင် ရောင်ပြန် အဆင့်မှာ နန်ကုန်းဟောင် သဘာဝနှလုံးသား တာအိုကို နားလည်တယ်။ အခုတော့ သူက ဝူဖုန်း ဆရာနဲ့ အဆင့်အတူတူပဲ။

သုခမိန်။

ဒါက လူတိုင်း ခစားချင်တဲ့ မြင့်မြတ်တဲ့ ဂုဏ်ရည်။ ဒီ စကားလုံးလေးက အနှိုင်းမဲ့ စွမ်းအင်ရှိတယ်။

နန်ကုန်းဟောင်ကို ဝန်တိုစိတ် အပြည့်နဲ့ ဝူဖုန်း ကြည့်နေတယ်။ ဒါပေမယ့် သူ့ အမူအယာကို တတ်နိုင်သလောက် ဖုံးကွယ်ထားတယ်။ ဘာကြောင့်လဲ ဆိုတော့

နန်ကုန်းဟောင်က အပြစ် ပြုသင့်တဲ့ သူ မဟုတ်ဘူး။

ဝူဖုန်း ဖန်ကျန်းရှီကို တစ်ခါ ပြန်ကြည့်တယ်။ ခါးသက်သက် ပြုံးတယ်။

“ မင်းကော ငါ ကော နှစ်ယောက်လုံးက ဒီလူ့ အတွက်တော့ **** ဖြတ်လျှောက်လေးတွေ ပါပဲ။

အပိုင်း (၃၀၉) ပြီး၏။

***** ဖြတ်လျှောက် - ဇာတ်လမ်း တစ်ခု သို့မဟုတ် ပြဇာတ် တစ်ပုဒ်တွင် ခဏတာသာ ပါဝင် သရုပ်ဆောင်ရသူ။ အဖြည့်ခံ လူသား။

အပိုင်း (၃၁၀)

“ အဖြေလွှာ ကို လက်လျှော့”

ဖန်ကျန်းရှီ အားနည်းတယ်လို့တော့ ဝူဖုန်း မထင်ဘူး။ ဒါပေမယ့် အခုတော့ နန်ကုန်းဟောင်က သဘာ၀ နှလုံးသား တာအိုကို နားလည်ပြီးနေပြီ။

ဖန်ကျန်းရှီကို သူ့ရဲ့ အကြီးဆုံး ပြိုင်ဘက်ကြီးလို့ ယူဆ ထားတာ။

အထူးသဖြင့် အတွေးအခေါ် စာမေးပွဲမှာပေါ့။

မေးခွန်း ခြောက်စုံကို လေးနာရီ အတွင်း အမှတ်ပြည့်ရအောင် ဖြေနိုင်တဲ့သူ။ လုံးဝကို လျှော့တွက်လို့ မရဘူး။

ဝူဖုန်း စမ်းဖြေဖူးတယ်။ ဒါပေမယ့် မေးခွန်း နှစ်စုံပဲ အများဆုံးပြီးတယ်။

မေးခွန်း ခြောက်စုံ….

စကား တစ်ခွန်းပဲ ရှိတယ်။ “ မိစ္ဆာကောင်”

ဒါပေမယ့် ဖန်ကျန်းရှီ နဲ့ သူက နောက်ကောက် ကျနေခဲ့ပြီ။ ဖန်ကျန်းရှီ အားနည်း တာကြောင့် မဟုတ်ဘူး။ ဒါပေမယ့် နန်ကုန်းဟောင်က သန်မာလွန်းနေတာ။

ဖန်ကျန်းရှီကတော့ ဒါကို သတိမထားမိဘူး။ အရင်လောကက အသိပညာတွေကို သူ အကုန် ထုတ်သုံးနေပြီ်။ အဖြေလွှာကို ပျော်ပျော်ကြီး ဖြေနေတယ်။

သူ့ ပတ်ဝန်းကျင်က ကိစ္စအားလုံးကို လျစ်လျူရှုထားတယ်။

ဒါပေ့ါ ဖန်ကျန်းရှီ ရဲ့ “ ခြောက်နိုင်ငံ” က မူရင်းနဲ့ နည်းနည်း ကွာတယ်။ အခြေခံကိုပဲ ယူသုံးထားတာာ။

ကြီးမြတ်သော ရှ မင်းဆက်ရဲ့ သမိုင်းကလည်း သူ့လောကနဲ့ တူမှ မတူပဲ။

ဒါပေမယ့် နိုင်ငံရေး သဘော တရားကတော့ ပြောင်းလဲတာ မရှိ။ သေးငယ်တဲ့ အမှားလေးကတောင် ကြီးမားတဲ့ ပြောင်းလဲ မှု ဖြစ်စေနိုင်တယ်။

ဒါကြောင့် အဓိက လူတွေ ဆိုရင်ကော။

သူတို့ သုံးတဲ့ သဘောတရားက အတူတူပဲ။ ဘယ်တော့မှ အရှုံးမပေးနဲ့။ တကယ်တော့ ရှင်းရှင်းလေးပဲ။

ဒါပေမယ့် သူ အသစ်ထွင်ရေးတဲ့ သမိုင်းမှာ….. စာကြောင်းတွေ ပြောင်းရတယ်။

မူရင်း မှာ ဒီလို ရေးထားတယ်။

“ ခြောက်နိုင်ငံ ပြာပုံ ကြားကနေ အင်ပါယာ အသစ်တစ်ခု နိုးထ လာလေပြီ။ သူသည် နောက်တစ်ကြိမ် ပြိုလဲ နိုင်ချေလည်း ရှိ၏။”

အုပ်ချုုပ်တဲ့ နိုင်ငံက လက်အောက်ခံ တွေကို ကွပ်ကဲ နိုင်တယ်။ ဒါပေမယ့် အပြည့်အဝတော့ မဖိနှိပ် နိုင်ဘူး။

ဖန်ကျန်းရှီ ဒါကို သုံးပြီးတော့ ရေးတယ်။ ကြီးမြတ်သော ရှ မင်းဆက် အတွက် အသေးစိတ် အစီအစဉ် ရေးတယ်။

လူတိုင်းက အရူးမှ မဟုတ်တာ။

သူပြောချင်တာကို တစ်ခါ ဖတ်ရုံနဲ့ နားလည် နိုင်တယ်။ အခု ကြီးမြတ်သော ရှ မင်းဆက်က အင်အားကြီးတယ်။ ဒါပေမယ့် လက်အောက်ခံ နယ်ေြမ်တွေကို တည်ငြိမ်အောင် ဆက်ထိန်းထားဖို့ လိုတယ်။

ဒါကြောင့် သူတို့လည်း မီးပုံထဲ ခုန်ဆင်းရမယ်။

ဖန်ကျန်းရှီရဲ့ အဖြေလွှာ အဆုံးသတ်ခါ နီးနေပြီ။ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ နိုင်ငံရေးပြဿနာတွေကို သူ မပြောထားဘူး ။ ဘေးလူ တစ်ယောက် အနေနဲ့ပဲ အကြံ ပေးထားတယ်။

အကြောင်းရင်းက …. ။ နိုင်ငံရေး အခြေအနေကို သူ သိမှ မသိပဲ။”

“အင်း။ မဆိုးဘူး။” ဖန်ကျန်းရှီ စာရေးတာ ရပ်တယ်။ ပြန်စစ်တယ်။ စာလုံးပေါင်း မှားတာတွေ ပြင်တယ်။

သဒ္ဒါ အသုံး အနှုန်းတွေ စစ်တယ်။

ဟူးးးး။

စာပြန်စစ်တာက အကျင့်ကောင်းပဲ။ အနည်းဆုံး တစ်ကြိမ်တော့ စစ်သင့်တယ် ။ ဒါ သူ့ ဆရာတွေ သူ့ကို သင်ပေးထားတာ။

သူ့ စာကြောင်းတွေကို နည်းနည်းစီ ပြန်ပြင်ရေးတယ်။

နောက်တစ်ကြိမ် ပြန်ဖတ်တယ် ။ ကျေနပ်ပြီ။

စစ်လို့ ပြီးသွားတော့ အချောပြန်ရေးတယ်။

အဖြေလွှာ စာရွက် အသစ် မှာ။ အကုန် ပြန်ကူးတယ်။

သူ့ဘေး တစ်ဝိုက်က ကျောင်းတော်သားတွေ စဉ်းစားနေကြဆဲ။ တစ်ချို့က စုတ်တံကို ကိုက်နေတယ်။ ဆာလွန်းလို့ သစ်ကိုင်းခြောက် ကို ဝါးနေတဲ့ ဝံပုလွေလိုပဲ။

ဒီ ကောင်တွေ ဘာလို့ ဝါး စုတ်တံကို စားနေတာလဲ။ သူတို့ က ပန်ဒါတွေမှ မဟုတ်ပဲ။

ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက် ခေါင်းခါတယ်။ အဲ့ဒီံ့နောက် ရန်ရွှယ့်ကို လှည့်ကြည့်တယ်။ ရန်ရွှယ်ကတော့ ရေးနေပြီ။ သူ့ကြည့်ရတာ ယုံကြည်ချက် အပြည့်ရှိပုံပဲ။

ဖန်ကျန်းရှီ သိပ်တော့ မအံ့သြဘူး။

ရန်ရွှယ်က အလုပ်သမားရေးရာ ဝန်ကြီး ဌာန အကြောင်းတောင် ပြင်လာတာပဲ ။ ရန်မိသားစုရဲ့ တပည့်သားက အင်ပါယာ အကြောင်း မသိစရာ မရှိ။ ဒီ မေးခွန်းက သိပ်မခက်လောက်ပါဘူးလေ။

ဝူဖုန်းကို ကြည့်တော့။ ဝူဖုန်းလည်း စရေးနေပြီ။ သူ့ကြည့်ရတာ ခါတိုင်းနဲ့ မတူဘူး။ ပြုံးရွှင်နေတဲ့ ပုံရိပ် လုံးလုံး ပျောက်နေတယ်။

“ နန်ကုန်းဟောင်ကော ရေးနေပြီလား၊” ဖန်ကျန်းရှီ လှမ်းကြည့်တယ်။

နန်ကုန်ဟောင် ရုပ်တုကြီးလို ထိုင်နေတာပဲ တွေ့တယ်။ စုတ်တံတောင် မှင်ခွက်ကနေ မရွေ့သေးဘူး။

ဒီကောင် နောက်နေတာလား။

ဖန်ကျန်းရှီ တွေးမိတယ်။

ထိပ်တန်း ကျောင်းတော်သား ဖြစ်ချင်တာ မဟုတ်ဘူးလား။ ဒါလေ း ရေးဖို့ ဘာလို့ ဒီလောက်တောင် စဉ်းစားနေတာလဲ။ ဒီလောက် အားနည်းနေတာ စိတ်ပျက်စရာပဲ။

ဖန်ကျန်းရှီ ထပ်ပြီး မကြည့်တော့ဘူး။ စိတ်ငြိမ်ငြိမ်ထားတယ်။ လက် ကို အညောင်းအညာ ဖြေတယ်။ ပြန်ရေးတယ်။

ဆယ့်ငါးမိနစ် အတွင်း သူ့ရဲ့ “ ခြောက်နိုင်ငံ” အဖြေလွှာ ပြီးသွားပြီ။

“အဖြေလွှာ အပ်ချင်ပါတယ်။ ” အရင်ကတော့ ဖြေဖြေပြီးချင်း အိပ်တတ်တဲ့ အကျင့်ရှိတယ်။ အရင်စာမေးပွဲတွေမှာ အချိန် သတ်မှတ်ချက်ရှိတယ်လေ။

ဒါပေမယ့် ညီလာခံ စာမေးပွဲက မတူဘူး။ အချိန်ကန့်သတ်ချက် ပြောမထားဘူး။ ဒါကြောင့် …. အဖြေလွှာ အပ်တာ။ အရင် လောကမှာလဲ သူ အမြဲ ဒီလိုပဲ။

အရင်ဘဝကိုတောင် ပြန်သတိရနေမိတယ် ။

“ အဖြေ… အဖြေလွှာအပ်မယ်။”

“ သူဖြေပြီးသွားပြီလား။”

“ ဘယ်လိုတောင် မြန်တာလဲ။ ငါဆို အစပဲ ပြီးသေးတာ။”

“ အစ ဟုတ်လား။ ငါဆို ဘာရေး ရမယ် မှန်းတောင် မတွေးရသေးဘူး။”

အမတ်မင်းတွေ ဖန်ကျန်းရှီ ကြောင့် မျက်လုံးပြူးကုန်ပြီ။ စာမေးပွဲ စတာ တစ်နာရီတောင် မရှိသေးဘူး။ ဖန်ကျန်းရှီက ဖြေပြီးပြီတဲ့လား။

နောက်ပြီးတော့ ဖန်ကျန်းရှီ ဒီနေ့ စာမေးပွဲ အကြောင်းတောင် မသိဘူး။ ဘာမေးမယ်မှန်းတောင် မသိတာ။ ဘယ်လိုများ ဖြေပြီးတာလဲ။ ပြင်ဆင်လာတဲ့ သူတွေ ထက်တောင် မြန်နေသေးတယ်။

ဧကရာဇ် လင်းမုပိုင်။ အမတ်မင်းတွေ အားလုံး နဲ့ တော်ဝင်သတင်းပို့သူတွေ။ ကျောက်စိမ်းရင်ပြင်မှာ ရှိရှိသမျှ လူတွေ အားလုံး မျက်လုံးပြူးနေတယ်။

အချိန် မပြည့်သေး ပဲ နဲ့ အဖြေလွှာ အပ်တာ။ နှစ် ရာချီမှာ တစ်ခါတောင် မဖြစ်ဘူး။

အလာကားပဲ။

ဒီ့ ထက် ပိုပြီး အံ့သြစရာ ကောင်းတာ ရှိသေးလား။ ညီလာခံ စာမေးပွဲမှာ လာပြီး ဆူညံ ပူညီ လုပ်နေတာပဲ။ ဖန်ကျန်းရှီပဲ ဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ်။ ဒီလို လုပ်တာ ။ ဧကရာဇ်ရဲ့ မေးခွန်းက လွယ်လွန်းတယ်လို့ လုပ်ပြနေတာ။

“ ဖန်ကျန်းရှီက တောရွှာက လာတဲ့ ကောင်ပဲ။ နိုင်ငံရေး အကြောင်း မသိလို့ ရေးချင်တာ ရေးထားတာ ဖြစ်မှာပေါ့။” အမတ်မင်း တစ်ယောက်က ပြောတယ်။ ညီလာခံ စာမေးပွဲ မေးခွန်းကို ဒီလောက် အချိန်နဲ့ ဖြေနိုင်တာ ဘယ်လို ဖြစ်နိုင်မှာလဲ။

“ ဒီ လိုဖြစ်ရင်တောင်။ သူ့ အဖြေလွှာထဲမှာ အကြံကောင်းတွေ ပါ လိမ့်မယ်။” အမတ်မင်း တစ်ဦး က ခေါင်းခါတယ်။

“ မင်းပြောချင်တာ နယ်စပ်ဒေသ နဲ့ လက်အောက်ခံ နယ်မြေတွေကို ဘယ်လို ထိန်းသိမ်းရမလဲ ရေးထားမှာတဲ့လား။”

“ ငါ လည်း မသိဘူး။ ဒါပေမယ့် ။ ဖန်ကျန်းရှီကို မောက်မာတဲ့ အရူးလို့ ငါတို့ သတ်မှတ်ဖူးတယ်လေ။ သူ ဘယ်လောက် ဉာဏ်ပညာ မြင့်လဲ ငါတို့ကို ပြခဲ့ပြီးပြီ။ ငါထင်တယ်။… အခု ကိစ္စက မြင်နေရသလို မရိုးရှင် နိုင်ဘူး။”

“ ဧကရာဇ် က ဖန်ကျန်းရှီကို ထူးခြားတဲ့ ကျောင်းတော်သားလို့ ယူဆနေတယ်မလား။ ဒါပေမယ့် ဒီ ကိစ္စနဲ့ မဆိုင်ဘူး။ မြို့တော်ထဲ ဝင်လာတည်းက ဒီကောင်။ အာဏာကြီး မိသားစုတွေနဲ့ ရန်သူ ဖြစ်အောင် လုပ်နေတာ။ ”

“ ငါတော့ မထင်။ ရန်ရွှယ်က ဘယ်သူလဲ။ ရန်မိသားစုရဲ့ ဆက်ခံ သူလေ။ စကားနည်းပြီးတော့ အေးစက်စက် နိုင်လွန်းတယ်။ ဒါတောင် သူဘယ်လိုများ ဖန်ကျန်ါ်ရှီ နဲ့ အတူရှိနေနိုင်တာလဲ။ နောက်ပြီးတော့ ပင်းယန် မင်းသမီး။ သူ့ ကို မလေးမစား ပြုဝံ့တာ ဘယ်နှစ်ယောက် များ ရှိလို့လား။ နောက်ပြီးတော့ ချီကူယန်။ စစ်နတ် ကျောင်းတော်က ရှင်ချင်းစွေ့ နဲ့ နန်ကုန်းမိသားစုက နန်ကုန်းမု လည်း ရှိသေးတယ်။ ဒီ လူတွေက ပေါင်းလို့ သင်းလို့ လွယ်တယ် မှတ်လား။ ဖန်ကျန်းရှီက သူတို့ အားလုံးနဲ့ မိတ်ဆွေ ဖြစ်နေတယ်။”

“ ဖန်ကျန်းရှီက ဒီနေရာမှာ တော်တဲ့ ပုံပဲ။”

“ပြောဖို့ စောပါသေးတယ်။ ဒီ စာမေးပွဲ ပြီးရင်တော့ သိရမှာပေါ့။”

“ ထောက်ခံတယ်။” အမတ်မင်း ခေါင်းငြိမ့်တယ်။ ပြန်တိတ်ဆိတ်သွားတယ်။ နောက်ထပ် ပြောချင် ပုံ မပေါ်တော့ဘူ်း။ ဒါပေမယ့် ဖန်ကျန်းရှီကို အတော်လေး ထူးထူးဆန်းဆန်း ကြည့်နေတယ်။

စုချင်း ပြုံးနေတယ်။ ဖန်ကျန်းရှီ ဆီ လျှောက်လာတယ်။

“ အမတ်မင်း ဖန်က အဖြေလွှာ စောစော အပ်ချင်တာလား။”

“ အပ်လို့ ရတယ်မလား။”

“ ရတာပေါ့။ ဒါပေမယ့် တစ်ကြိမ်လောက်တော့ ပြန်စစ်ပါအုန်း။” စုချင်း အသံကိုမြင့်ပြီး ပြောတယ်။

စုချင်းနဲ့ ဖန်ကျန်းရှီ ပြောစကားကို အမတ်မင်းတွေကြားတယ်။ သူ့ တို့ အတွေးတွေ မျက်နှာပေါ်မှာ ထင်ရှားနေတယ်။

အိမ်ရှေ့စံမ င်းသားရဲ့ အိမ်တော်မှာသူ လှုပ်ရှားခဲ့တယ်။ ဒါကြောင့် သူ ရာထူးသာ မတိုးတာ။ တော်ဝင်စာမေးပွဲရဲ့ အဓိက ကြီးကြပ်သူ ဖြစ်လာတယ်။

ဒီကိစ္စကို အမတ်မင်း အတော်များများ သဘောမကျဘူး။

ဒါပေမယ့် အခုလုပ်ရပ်ကြောင့် …… ။ သူတို့ အမြင်ကျယ်ရပြီ။

ဒီ စကားလုံးက အမြင်ထက် ပိုပြီး နက်နဲတယ်။

ဧကရာဇ် လင်းမုပိုင်က စာဖြေသူတွေကို ကောင်းကောင်း အချိန်ယူ စဉ်းစားဖို့ ပြောပြီးသား။ စုချင် အပြော က မသိမသာ သတိပေးတာ။ ဖန်ကျန်းရှီ လုပ်နေတာ ဧကရာဇ်လ ိုချင်တဲ့ ပုံစံနဲ့ မညီဘူး။

ဖန်ကျန်းရှီတော့ ထိပြီလေ။

 ဧကရာဇ် လင်းမုပိုင် လက်မြှောက်လိုက်တယ်။ အစေခံ တစ်ဦး ရေနွေးအိုး ချက်ခြင်းလာလဲ ပေးတယ်။

ဧကရာဇ်စကားမပြောဘူး။ အမူအယာ လည်း မပြောင်းဘူး။ ဘာ တစ်ခုမှ မမြင်သလိုပဲ။ ရေနွေးဆက်သောက်နေတယ်။

အမတ်မင်းတွေ စိတ်ရှုပ်နေပြီ။

ဧကရာဇ် လင်းမုပိုင်က ဖန်ကျန်းရှီကို သိသာသာ မျက်နှာလိုက်တယ်။ ဖန်ကျန်းရှီ ဘာလုပ်လုပ် အပြစ် မပြောဘူး။ အမှားကို ထောက် မပြဘူး။

ဘာကြောင့် ဒီလို လုပ်တာလဲ။

ဘယ် အမတ်မင်းမှ မပြောရဲဘူး။ ဧကရာဇ်တောင် စကားမစမှတော့ သူတို့ ဘာပြောနိုင်အုန်းမှာလဲ။

“ အဖြေလွှာကို စစ်ပြီးသား။ အကြမ်းလေးတောင် ရေးထားသေးတယ်။” ဖန်ကျန်းရှီ သူ့ အကြမ်း စာရွက်ကို စုချင်းဆီ ပေးတယ်။

ဖန်ကျန်းရှီ လက်ထဲက စာရွက်ကို သူကြည့်တယ်။ လက်ကို ဖြည်းဖြည်းချင်း မြှောက်တယ်။ အဲ့ဒီ့နောက် ဘာတွေ ဖြစ်နေလဲ သူ နားလည် သွားပြီ။

သူ နောက်တစ်လှမ်း ပြန်ဆုပ်တယ်။

တကယ်တော့ သူ အရမ်း သိချင်နေတာ။ တကယ်တော့ ဖန်ကျန်းရှီ ဘယ်လို အကြောင်းတွေ ရေးထားလဲ။ …. လူတိုင်း သိချင်နေတာ။

စိတ်ရှုပ်စရာ အချိန်မှာ သူ အာရုံစုစည်းနေတယ်။

ညီလာခံ စာမေးပွဲမှာ အဖြေလွှာအပ်ပြီးပြီးချင်း ချိတ်ပိတ်တယ်။ ဧကရာဇ် မင်း ကိုယ်တိုင် ကြည့်တယ်။ အဆင့်လေး တော်ဝင်သတင်းပို့သူက ဘယ်လိုလုပ် ကြည့်လို့ ရမှာလဲ။

အရင် တော်ဝင်ကျောင်းတော် အကြီးအကဲ ဟန်ချန်ဖုန်းတောင်မှ ဒီလို အခွင့်အာဏာမရှိဘူး။

“ ဒီကောင် … တမင်တကာ လုပ်နေတာလား။” စုချင်း ချွေးဒီးဒီ ကျနေပြီ။ ဖန်ကျန်းရှီကို ထပ်ပြီး လှည့်ကြည့်တယ်။ အရင်အကြည့်နဲ့ မတူတော့ဘူး။

ဖန်ကျန်းရှှီက သူ့ အဖြေလွှာကို ထိုးအပ်နေတယ်။ ရိုးသားတည်ကြည် ပြီး ဖြူစင်တဲ့ မျက်နှာ ပေးနဲ့ အဖြေလွှာကို ယမ်းပြနေတယ်။ ကစားစရာ ရတဲ့ ကလေး တစ်ယောက်လို ပျော်နေတဲ့ မျက်နှာနဲ့။

“ တစ်ချက် လောက် ကြည့်ချင်လား။ လာလေ။ လာ ကြည့်။” စုချင်းကို အဖြေလွှာ ကမ်းပေးတယ်။

“ ညီလာခံ စာမေးပွဲ အဖြေလွှာကို မကြည့်ဝံ့ပါဘူး။” ဖန်ကျန်းရှီ ရဲ့ လုပ်ရပ်ကြောင့် စုချင်းလန့်နေတယ်။ နောက်ဆုတ်ရင်း ေ ခါင်း ငုံ့ထားတယ်။

“ မကြည့်ရဲဘူးလား။ ကောင်းပြီလေ…… အမတ်မင်း စု ဧကရာဇ် အစား အဖြေလွှာ စစ်ပေးမယ် ထင်နေတာ။” ဖန်ကျန်းရှှီ လှောင်ပြုံးပြုံးပြတယ်။

ဒီ မြင်ကွင်းကြောင့် ဧကရာဇ် လင်းမုပိုင် ဘေးက အမတ်မင်းတွေ လန့်နေကြတယ်။

အပြစ်ကင်းစင်တဲ့ လေသံ နဲ့ ပြောနေတဲ့ စကား လုံးတွေ။ သက်ရောက်မှု ကြီးလွန်းတယ်။

စုချင်းက ဧကရာဇ် ရဲ့ စကားတွေကို သုံးပြီး ဖန်ကျန်းရှီကို ထိုးနှက်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီက တူညီတဲ့ နည်းလမ်း သုံးပြီး အရေးသာ အောင် လုပ်သွားတယ်။ အဆုံးသတ်မှာတော့ ဖန်ကျန်းရှီ နိုင်လေပြီ။

တမင်တကား လုပ်တာလား။ ဒါမှမဟုတ် တိုက်ဆိုင်တာလား။

ဘယ်အမတ်မင်း ကမှ လက်ဝင်မလျှို ရဲဘူး ။ မ

ဖန်ကျန်းရှီကို သာ ငေးကြည့်နေတယ်။

ဒီအချိန်မှာပဲ။ နောက်ထပ် လူတစ်ယောက် ထလာတယ်။ ဧကရာဇ် မင်းကို ဦးညွှတ်တယ်။

“ အဖြေလွှာ အပ်ချင်ပါတယ်။ ”

သူ့ အသံက မကျယ်ဘူး။ ဒါပေမယ့် မာဆတ်ဆတ်။ တည်ငြိမ်ပြီး ပြတ်သားတဲ့ အသံ။ တောင်ကြားချိုင့်ဝှမ်းကို မြူလွှမ်းသွားသလို အသံမျိုး။

ကောင်းကင်က တိမ်စိုင်တွေနဲ့ ပေါင်းစည်းသွားတယ်။

ထလာတဲ့ သူကို အမတ်မင်းတွေ ကြောက်လန့် တကြား ကြည့်နေတယ်။

ဖန်ကျန်းရှီ ကြောင့် သူတို့ မျက်လုံး ပြူးရတယ်။ အခုတော့ သူတို့ ကြောက်လန့်နေမိပြီ။

ဖန်ကျန်းရှီ အဖြေလွှာ စောစော အပ်တာ မမျှော်လင့် ထားတာပဲ။ ဒါပေမယ့် လက်ခံလို့ ရတယ်။

နောက်ဆုံးတော့ဒါက ဖန်ကျန်းရှီ ပဲလေ။

ဒါပေမယ့် …

နန်ကုန်းဟောင် ကကော ဘာလို့များ အဖြေလွှာ ထအပ်နေတာလဲ။ နောက်ပြီးတော့ ဒီ တစ်လျှောက်လုံး စုတ်တံတောင် မကိုင်ပဲ ထိုင်နေတာ။ သူ့ ရှေ့မှာ စာရွက် လွတ် တစ်ရွက်ပဲ ရှိတယ်။

စာတစ်လုံးတောင် မရေးထားဘူး။

ဒါပေမယ့် အခုတော့

နန်ကုန်းဟောင်က ဖန်ကျန်းရှီ လုပ်သလို လုပ်နေပြီ။

“ အဖြေလွှာ အပ်ချင်ပါတယ်။ ”

ဘာတွေ ဖြစ်ကုန်ပြီလဲ။

အပိုင်း (၃၁၀) ပြီး၏။

All Chapters