← Chapters

အပိုင်း (၃၁၁-၃၂၀)

Vol. 4 Ch. 311-320

အပိုင်း (၃၁၁-၃၂၀)

Vol. 4 Ch. 311-320

အပိုင်း (၃၁၁)

“ ဘယ်သူ ပထမ ရမလဲ ဆုံးဖြတ်ရအောင်။”

နန်ကုန်းဟောင် ဘာတွေ တွေးနေလဲ ဘယ်သူမှ မသိဘူး။ အဖြေလွှာ ဗလာကြီးကို ပေးမလို့လား။ မေးခွန်းကများ အရမ်းလွယ်လွန်းနေတာလား။ ညီလာခံ စာမေးပွဲက သူ့ အတွက် လွံယ်လွန်းနေတာလား။

ဒါတော့ ဖြစ်နိုင်တယ် မထင်။

အကယ်၍ နန်ကုန်းဟောင်သာ ညီလာခံ စာမေးပွဲကို ဂရု မစိုက်ရင်။ မြို့တော်ကို တကူးတက လာမှာ မဟုတ်ဘူး။ လာဖြေဖို့ ကြေညာမှာလဲ မဟုတ်ဘူး။

နန်ကုန်းမိသားစုက ဂုဏ်သိက္ခာကို တန်ဖိုးထားလွန်းတယ်။ အမတ်မင်းတွေ ကောင်းကောင်း သိတယ်။ အဖြေလွှာ ဗလာကြီးကို အပ်တာ သည်းခံ နိုင်စရာ ကိစ္စ မဟုတ်ဘူး။

နန်ကုန်းဟောင် ဘာတွေများတွေးနေတာလဲ။

အမတ်မင်းတွေ တွေးနေတယ်။ နန်ကုန်းဟောင် သူ့ အဖြေလွှာကို ကောက်တယ်။ ပြီၤးတော့ ကမ်းပေးတယ်။

“ ဘာ ဘာတွေ ဖြစ်နေတာလဲ။”

အမတ်မင်းတွေ မျက်လုံးပြူးရပြန်ပြီ။

နန်ကုန်းမုက အဖြေလွှာကမ်းတဲ့ အချိန်……….။ အဖြေလွှာက ဗလာကြီး ဖြစ်မနေဘူး။ စာလုံးတွေ ပြည့်နေတယ်။

ပြောရရင် ။ နန်ကုန်းဟောင် အဖြေလွှာ ဗလာကြီး အပ်တာ မဟုတ်ဘူး။

ဘယ်လို ဖြစ်နိုင်မှာလဲ။

သူတို့ မြင်နေတာကို မယုံနိင် ကြ။ ဖန်ကျန်းရှီ အဖြေလွှာ မအပ် ခင်ထိ ဗလာကြီးပါ။

အခုတော့ ဘယ်လိုများ …..

“ မိုးနတ်မင်းရေ။ သူ ဘယ်လိုများ လုပ်လိုက်တာလဲ။”

“ မယုံနိုင်စရာပဲ၊”

အမတ်မင်းတွေ ထိတ်လန့် ကုန်တယ်။

နန်ကုန်းဟောင် အဖြေလွှာ ထဲမှာ စာတွေ ရှိနေတာ။ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်။

ဘာတွေ ဖြစ်ကုန်လဲ သူတို့ ပြန်စဉ်းစားတယ်။

ဖန်ကျန်းရှီ နဲ့ စုချင်း စကားပြောတဲ့ အချိန်စုစုပေါင်း။ ဆယ်မိနစ် ထက် မပိုဘူး။

ဒီ အချိန် အတွင်း နန်ကုန်းဟောင်က အပြီးရေးလိုက်တယ်။

မြန်လွန်းလိုက်တာ။

အမတ်မင်းတွေ ဒီ အရှိန် နှုန်းကြောင့် တကယ် လန့်နေကြတယ်။

အဖြေလွှာက လည်း တစ်ရွက်တောင် မကဘူး။ အနှောက်အယှက်တစ်ခုက လူတစ်ယောက်ရဲ့ အတွေးကို ပျက်ပြားစေတယ်။

ညီလာခံ စာမေးပွဲရဲ့ ဒီလို အချိန် မှာတောင်….. နန်ကုန်းဟောင်က ခဏချင်း အပြီးရေးနိုင်တာ။

သူ့ အဆင့်က နိဗာန် အဆင့်ကို ရောက်နေပြီ။ ဘယ်လို ပတ်ဝန်း ကျင် အခြေအနေကမှ သူ့ကို မနှောက်ယှက်နိုင်ဘူး။

“ သဘာ၀ နှလုံးသား တာအို….. ဒါက သဘာ၀ နှလုံးသား တာအိုလား။” နန်ကုန်းဟောင်ကို ကြောက်လန့် တကြား အမူအယာ နဲ့ ဝူဖုန်း ကြည့်တယ်။

လူတစ်ယောက်ကို ဒီလောက်ထိ ကြောက်တာ ပထမ ဆုံးပဲ။

နှလုံးသား နက်နက်ထဲက ကို ကြောက်လန့်တာ။

စုချင်းလည်း သတိဝင်လာတယ်။ နန်ကုန်းဟောင်ကို တစ်ချက်ကြည့်တယ်။ ဧကရာဇ် လင်းမုပိုင်ကို ပြန်ကြည့်တယ်။ ဧကရာဇ် ရဲ့ အမူအယာ အနည်းငယ် ပြောင်းလဲ နေတယ်။.

“ အဖြေလွှာတွေကို ချိတ်ပိတ်လိုက်၊” ဧကရာဇ် လင်းမုပိုင် ပြန်ဖြေတယ်။

အမတ်မင်းတွေ တော့ တိတ်ဆိတ်နေတယ်။

အကယ်၍ ဖန်ကျန်းရှီ တစ်ယောက်တည်းသာ အဖြေလွှာ အပ်ခဲ့ရင်။ ဧကရာဇ်ကို မလေးမစား လုပ်တဲ့ သူအဖြစ် တွန်းပို့လို့ ရတယ်။ ဒါပေမယ့် အခုတော့ နန်ကုန်းဟောင် ပါ အဖြေလွှာအပ်နေတယ်။

သူတို့ ဘာပြောလို့ ရအုန်းမှာလဲ။

နန်ကုန်းဟောင်ကိုကော ဒီလို လုပ်လို့ ရမှာလား။

စုချင်း နန်ကုန်းဟောင် ဆီကို လျှောက်လာတယ်။ စားပွဲ ပေါ်က အဖြေလွှာကို တစ်ချက်ကြည့်တယ်။ ချိတ်ပိတ်ဖို့ ပြင်တယ်။

လက်တဖက်က သူ့ကို တားတယ်။

ဒါက နန်ကုန်းဟောင်ရဲ့ လက်။

“ သခင်လေး နန်ကုန်း။ အဖြေလွှာ မအပ်ဘူးလား။ ” စုချင်း စိတ်ရှုပ်သွားတယ်။

“ မဟုတ်ဘူး။ ဒါပေမယ့် အမတ်မင်း စု တစ်ခုခု လွဲနေပုံပဲ။” အမူအယာ မဲ့ မျက်နှာ တည်ငြိမ်တဲ့ အသံ နဲ့ နန်ကုန်းဟောင် ပြောတယ်။

“ ဘာများပါလိမ့်။” စုချင်း စိတ်ထဲ လန့်သွားတယ်။

“ အမတ်မင်း စုလည်း လွန်ခဲ့တဲ့ လေးနှစ်က ညီလာခံ စာမေးပွဲမှာ ဝင်ဖြေတာပဲ။ တော်ဝင်ညီလာခံမှာတောင် နေရာတ စ်ခု ရနေပြီ။ ဒါတောင် အဖြေလွှာ အရင် အပ်တဲ့ သူကို မမြင်နိုင်သေးဘူးလား။” ဖန်ကျန်းရှီကို လက်ညှိုးထိုးရင်း နန်ကုန်းဟောင် ပြောတယ်။

စုချင်း မျက်လုံးပြူးသွားပြီ။

ဧကရာဇ် လင်းမုပိုင် နောက်က အမတ်မင်းတွေလည်း လန့်ကုန်တယ်။

“ အဖြေလွှာ အရင် အပ်တဲ့ သူကို မမြင်နိုင်သေးဘူးလား။”

နန်ကုန်းဟောင် ဘာပြောချင်နေလဲ သူတို့ သိတယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီကို ရည်ညွှန်းနေတာလဲ မြင်နေတယ်။

ဒါပေမယ့် နန်ကုန်းဟောင် ဘာလို့ ဒီလိုလုပ်လဲ သူတို့ မတွေးတတ်။ ဒါက ကိစ္စေ သးသေးလေးပဲ။ အလျဉ်းသင့်သလိုလုပ်မှာပဲလေ။

တော်ဝင်သတင်း ပို့သူ တစ်ယောက်က အဖြေလွှာကို လာသိမ်းရင်။ လူအများစုက စကားတစ်ခွန်းမှ မပြောကြဘူး။

နန်ကုန်းဟောင် က စိတ်သဘော ထား သေးသိမ်တဲ့ သူလား။???

ဘယ်ဟုတ်မလဲ။ ….. ဒါဆို နန်ကုန်းဟောင်က ရည်ရွယ်ချက် ရှိရှိ လုပ်နေတာ။

နောက်ထပ် အတွေးတစ်ခု အမတ်မင်းတွေ တွေးမိတယ်။ အကယ်၍ နန်ကုန်းဟောင် သာ ရည်ရွယ်ချက် ရှိရှိ ပြောတာ ဖြစ်ရင်။ ဖန်ကျန်းရှီ အဖြေလွှာ အပ်တာနဲ့ လိုက် အပ်တာကကော။ ဒီလို တမင် တကာ လုပ်တာပဲလား။

ဘယ်သူ မှ နားမလည်နိုင်။

ဒါပေမယ့် စုချင်း ချက်ခြင်း တုံ့ပြန်တယ်။

သူက ညီလာခံ စာမေးပွဲမှာ နံပါတ် နှစ်။ နန်ကုန်းဟောင် နောက်က သူပဲ။ ဒါပေမယ့် နန်ကုန်းဟောင်နဲ့ ယှဉ်ရင် သူက ပမွှားလေး။

အနည်းဆုံးတော့ အခုချိန်မှာ သူက ဘာမှ မဟုတ်ဘူး။

အဆင့် တစ်နဲ့ နှစ်ကြား ကွာခြား ချက်က ကြီးလွန်းတယ်။

စုချင်း ဒါကို ကောင်းကောင်း သိတယ်။ သူက တော်ဝင်စာမေးပွဲ ကြီးကြပ်သူ ဖြစ်နေတာတောင်……. နန်ကုန်းဟောင်ကို ဦးညွှတ်နေရဆဲ။

ဖန်ကျန်းရှီ ဘက် လှည့်ပြီး ဦးညွှတ်တယ်။

“ အမတ်မင်း ဖန်။ ကျွန်တော် တောင်းပန်ပါတယ်။” စုချင်း ဖန်ကျန်းရှီ ဆီ လျှောက် လာတယ်။ အဖြေလွှာကို ချိတ်ပိတ်ဖို့ ပြင်တယ်။

လက်တစ်ဖက်က စုချင်းကို တားပြန်တယ်။ ဒါကတော့ ဖန်ကျန်းရှီ လက်။

အခုကော ဘာဖြစ်ပြန်ပြီလဲ။

စုချင်း မျက်လုံးမှာ ဒေါသတွေ လွှမ်းလာတယ်။ ဒါပေမယ့် သူ စိတ်ကို ထိန်းထားတယ်။

“ အမတ်မင်းဖန်။ အဖြေလွှာ မအပ် သေးဘူးလား။”

“ အပ်မလို့ပါပဲ။ ဒါပေမယ့် အံ့သြမိတယ်။ အမတ်မင်း စုက တစ်ချို့ ကိစ္စတွေကို လျစ်လျူ ရှုထားသလိုပဲ။” နန်ကုန်းဟောင်ကို ကြည့်ပြီး ဖန်ကျန်းရှီ ပြောတယ်။

“ ကျွန်တော် ဘာများ လိုအပ်လို့လဲ။” စုချင်း တည်ငြိမ်ဖို့ ကြိုးစားနေတယ်။

“ အမတ်မင်း စု ။ လွန်ခဲ့တဲ့ လေးနှစ်တုန်းက တော်ဝင် စာမေးပွဲ ဝင်ဖြေတာပဲ။ နောက်ပြီး တော်ဝင် သတင်း ပို့သူတောင် ဖြစ်လာသေးတယ်။ ဒါတောင် ကိုယ်နဲ့ ဘယ်သူ နီးလဲ မမြင်ဘူးလား၊“

“ မင်းဘာပြောချင်တာလဲ။” စုချင်း မျက်နှာ မည်းမှောင်လာတယ်။

“ အမတ်မင်း စုက နန်ကုန်းဟောင် ဘေးကို ရောက်နေပြီပဲ။ ဒါတောင် သူပြောလိုက်တာ နဲ့ ချက်ခြင်း နောက်ပြန်လှည့်တယ်။ ဒါက ကိုယ့်ဆုံးဖြတ်ချက်ကို မပိုင်နိုင်တာပဲ။ အနီးမှာရှိတဲ့သူကို ထားပြီး အဝေးက သူဆီ လာတယ်။ ဒါက နည်းလမ်း မကျဘူး။ ဒီလောက် ဆုံးဖြတ်ချက်လေးတောင် မပိုင်နိုင်ရင်။ တော်ဝင်ကျောင်းတော်က ကိစ္စကြီးတွေကို ဘယ်လိုများ ကိုင်တွယ်မှာလဲ။ စိုးရိမ်မိတယ်။” ဖန်ကျန်းရှီ လေးလေးနက်နက် ပြောတယ်။

ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်ပဲ။

ဧကရာဇ် လင်းမုပိုင်တောင် ဒီလောက် သရုပ်ဆောင်ကောင်းတာ။ သူလည်း စွမ်းရည်လေး ဘာလေး ထုတ်ပြရတာပေါ့။

ဘာလို့ စုချင်းကို ခက်ခဲ အောင် လုပ်ချင်ရတာလဲ ???`

တမင်တကာလုပ်တာလေ။

ဘာလို့ လဲ??

အကြောင်းရင်း နှစ်ခုရှိတယ်။ ပထမ တစ်ခု- အကယ်၍ စုချင်းသာ ဒီ အတိုင်း အဖြေလွှာ ယူသွားရင်။ နန်ကုန်းဟောင်ကို ရှုံးလိမ့်မယ်။

ဒီ အမတ်မင်းတွေက တော့ နားလည်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီတော့သိတယ်။

နန်ကုန်းမု မပြန်ခင် …. သူ …. ဖန်ကျန်းရှီကို လာတွေ့ တယ်။ များများ စားစား မပြောဘူး။ တစ်ခွန်းကိုတော့ ကောင်းကောင်း မှတ်မိတယ်။

“ငါသွားပြီးရင် သူလာလိမ့်မယ်။ ”

ဒီအချိန်က ဖန်ကျန်းရှီ နားမလည် ခဲ့ဘူး။ ဒါပေမယ့် နန်ကုန်းဟောင် စာမေးပွဲ လာဖြေမှာ ကြားတော့ သူနားလည်သွားတယ်။

ဖန်ကျန်းရှီ နန်ကုန်းဟောင်ကို စိန်ခေါ်လိုက်ပြီ။

နန်ကုန်းဟောင် ဒီကိုလာတာလည်း အကြောင်းရင်း တစ်ခုပဲ ရှိမယ်။ - နန်ကုန်းမိသားစုရဲ့ ဂုဏ်ကို ပြန် အဖတ်ဆယ်ဖို့။ ဖန်ကျန်းရှီ အဖြေလွှာ အပ်ပြီးတာနဲ့ သူလိုက် အပ်တာ ဒါကို ဆိုလိုတာပဲ။

သူဘယ်လို လုပ်လိုက်လဲတော့ ဖန်ကျန်းရှီ မသိဘူး။ ဒါပေမယ့် အချိန်တို အတွင်း ရေးလိုက်တာတော့ သိတယ်။

နောက်ပြီးတော့ နန်ကုန်းဟောင်ရဲ့ နည်းလမ်းတွေက အစီအစဉ်ကျတယ်။ တစ်ချက်တည်းနဲ့ အသေသတ် တိုက်ကွက်တွေ။

ပုံမှန် အတိုင်း ဆိုရင် အဖြေလွှာကို စောစော အပ်တဲ့ သူက အခွင့်ရေး ပိုရမှာပဲ။

ဒါပေမယ့် နန်ကုန်းဟောင်က ဖန်ကျန်းရှီကို အလုပ်နဲ့ သက်သေပြသွားတယ်။ ဘယ်သူက အတောက်ပဆုံးသူလဲ။ ဘယ်သူက ဆရာကြီးလဲ။

အတွေးအခေါ် စာမေးပွဲမှာ နန်ကုန်းဟောင် ဘယ်လို မှ အရှုံးခံ မှာ မဟုတ်ဘူး။

နောက်ပြီးတော့ ဖန်ကျန်းရှီကလည်း အရှုံး မပေးဘူး။ နန်ကုန်းဟောင်ကို သူ့ အကွက်နဲ့ သူ ပြန်ကစား ပေးလိုက်တယ်။

ကျွဲ နှစ်ကောင် ခတ်တဲ့ ကြား မြေဇာပင် ဖြစ်ရသူက စုချင်း။

စုချင်းကို ဒီလို လုပ်တဲ့ နောက်အကြောင်းရင်က….. ။ ဒီလို အလုပ် ခံနိုင်လောက်အောင် စုချင်းက အရေထူတယ်လေ။

နောက်ပြီးတော့ ဖန်ကျန်းရှီရှေ့မှာ သူ က မောက်မာရဲတယ်။

အခုချိန်မှာ ခဲ တစ်လုံးနဲ့ ငှက် နှစ်ကောင် ပစ် ဖို့ အကောင်းဆုံးပဲ။

အမတ်မင်းတွေတော့ တစ်ယောက်ကို တစ်ယောက် ကြောက်လန့် တကြား ကြည့်နေပြီ။

ဖန်ကျန်းရှီက ရည်ရွှယ်ချက် ရှိရှိ လုပ်နေတာ။

ဒါပေမယ့် ဖန်ကျန်းရှီရဲ့ စကားတွေက နည်းလမ်း ကျတယ်။ နန်ကုန်းဟောင်ရဲ့ စကားကို နင်းပြီးတော့ တောင် အကျိုးယူသွားသေးတယ်။ (ကောက်ပင်ရိတ်လှီး)

နောက်ပြီးတော့ အနာကို ဆားပက် သလို လုပ်သွားတာ။

စုချင်း ဒီ အခြေအနေ ရောက်လာတာ အိမ်ရှေ့စံ မင်းသားကြောင့်ပဲ။ ဧကရာဇ် ကိုယ်တိုင် ခွင့်ပြုထားတာ မဟုတ်ဘူး။ အခုတော့ ဧကရာဇ် ရှေ့မှာ ဖန်ကျန်းရှီက မေးခွန်းထုတ်နေပြီ။

နောက်ပြီးတော့ နန်ကုန်းဟောင်ရဲ့ စကားတွေကိုတောင် ပြန်သုံးလိုက်သေး။ စုချင်း အတွက်တော့ အဆိုး ဆုံး အချိန်တွေ ရောက်တော့မယ်။ ရာထူးတိုးတာ တွေ ဘာတွေ အကုန် မေ့ထားလိုက်ရပြီ။

“ ဆိုးရွားလိုက်တာ။”

“ ဆိုးရွားလွန်း တယ်။”

ဒီ့ မတိုင်ခင်က ။ ဖန်ကျန်းရှီကို ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှုလို့ သူတို့ မမြင်ခဲ့ ဖူးဘူး။ ဘယ်လိုပဲ အရည်အချင်း ရှိရှိ။ နိမ့်ကျတဲ့ ရွာသားလေး တစ်ယောက်ပဲ။

ဘယ်သူက မှ သူ့ကို မကြောက်ဘူး။

အမတ်မင်း တွေ သူ့ကို ပညာပေးဖို့တောင် တွေးထားကြတာ။

ဒါပေမယ့် စုချင်း အဖြစ်ကို မြင်တော့ သူတို့ တံတွေးမျိုချ မိတယ်။ နိုင်ငံရေးအကြောင်း အတွေ့အကြုံ မရှိတဲ့ ဘာမှ မသိတဲ့ သူ ဟုတ်မှ ဟုတ်ပါ့ မလား????

ဖန်ကျန်းရှီက အလုပ်နဲ့ သက်သေ ပြနေပြီ။

စုချင်း အမူအယာ မည်း မှောင်နေတယ်။ ဒီလို စော်ကားခံရတာမျိုး တစ်ခါမှ မကြုံ ဖူးဘူး။ လွန်ခဲ့တဲ့ လေးနှစ် …. နန်ကုန်းဟောင်ကို သူ ရှုံးခဲ့တယ်။

ကျင့်ကြံခြင်း လမ်းကနေ ညီလာခံကို ပြောင်းလာတယ်။

အကြောင်းရင်းက နန်ကုန်းဟောင် နိုင်ငံရေး စိတ်မဝင်စားမှန်း သိလို့ပဲ။

နန်ကုန်းဟောင်က အခု သူ့ကို ဒီလို အပြစ် ရှာတာ သူ နားမလည် နိုင်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ အဖြေကြောင့် သူရှင်းလင်း သွားတယ်။

ဒီ ကြွက် နှစ်ကောင် က သူ့ကို စစ်တုရင် နယ်ရုပ် လို ကစား နေတာပဲ။ နောက်ပြီးတော့ သိသိသာသာကို သူ့ အတွက် အကျိုးယုတ်အောင် လုပ်နေတာ။

ဒီလို စော်ကာ းခံရတာမျိုးစုချင်း လက်မခံ နိုင်ဘူး။

အတွေးတွေ သူ့ စိတ်ထဲမှာ ပလူပျံလာတယ်။ ဒီ အခြေ အနေကို ဖြေရှင်းဖို့ သူတွေးတယ်။ မဟုတ်ရင် သူ့ အနာဂတ်ကတော့ သွားပြီ။ ဒီလိုဆို သူ့ အစီအစဉ်တွေလည်း ကျရှုံးကုန်တော့မှာပဲ။

ဖန်ကျန်းရှီ ကို အခုချိန်မှာ ဆန့်ကျင်လို့ မရမှန်း သူသိတယ်။ သူ ဒီလို လုပ်လိုက်ရင် သူ့ အနာဂတ် လုံးလုံး ပျောက်သွားမြှ။

အခုတော့ ကိုယ့် လွတ်လမ်း ကိုယ်ရှာဖို့ လိုလာပြီ။ ဒီ အခြေအနေကို ဖြေရှင်းဖို့ အရည်အချင်း ရှိကြောင်း ပြရမယ်။

နည်းလမ်းရှာြ့ပီး မျက်နှာသာ ရအောင် ပြန်လုပ်ရမယ်။

“အမတ်မင်း ဝမ်။ သခင်လေး နန်ကုန်းရဲ့ အဖြေလွှာကို သိမ်းလိုက်ပါ။” စုချင်း ပြောတယ်။

“ကောင်းပါပြီ။” တော်ဝင်သတင်းပို့သူ တစ်ဦး နန်ကုန်းဟောင် ဆီ လျှောက်လာရင်း ပြောတယ်။

စုချင်း ခေါင်းငြိမ့်တယ်။ ဖန်ကျန်းရှီကို ပြန်ကြည့်တယ် ။ သူ့ အမူအယာကတော့ တည်ငြိမ်နေတယ်။ “ သခင်လေးဖန်။ အဖြေလွှာကို အခု ချိတ်ပိတ်လို့ ရပြီလား။”

ဒါကို မြင်တော့ အမတ်မင်းတွေ ခေါင်းငြိမ့်နေတယ်။

ဒီလို အခြေအနေမှာတောင် စုချင်းက တည်တည်ငြိမ်ငြိမ် လုပ်နိုင်တယ်။ ၇င့်ကျက်တယ်။ လေးစားစရာပဲ။ ဒီ ရိုးရှင်းတဲ့ အပြုအမူက နန်ကုန်းဟောင်နဲ့ ဖန်ကျန်းရှီ ပညာပြိုင်နေတာကို ခပ်မြန်မြန် အဆုံးသတ်စေတယ်။

နန်ကုန်းဟောင်ရဲ့ အဖြေလွှာကို တခြားတစ်ယောက်သိမ်းတယ်။ ဖန်ကျန်းရှီ ရဲ့ အဖြေလွှာကို သူက သိမ်းတယ်။

ဒီလိုနဲ့ ဟိုနှစ်ကောင် ထပ်ပြီး စောဒက တက်စရာ မရှိတော့ဘူး။

“ အမတ်မင်း စုက သင်လွယ် တတ်လွယ်တဲ့ သူပဲ။ တကယ်တော်တယ်။” ဖန်ကျန်းရှီ အဖြေလွှာ အပ်ရင်း ပြောတယ်။

စုချင်း မျက်နှာ နောက်တစ်ကြိမ် မည်းမှောင်သွားတယ်။ လက်ဆန့်ရင်း အဖြေလွှာ ကို ပိတ်တယ်။

“ အမတ်မင်း ဖန် သင်ကြာပေးတာ ကျေးဇူးတင်ပါတယ်။ ”

ကြားနေရတဲ့ အမတ်မင်းတွေ ထိုင်ခုံပေါ်ကနေ ပြစ်လဲသွားချင်ကြတယ်။

“ သင်လွယ်တတ်လွယ်တဲ့ သူ ဟုတ်လား။”

“ အရှက် မရှိလိုက်တဲ့ကောင်။”

အပိုင်း (၃၁၁)ပြီး၏။

အပိုင်း (၃၁၂)

“ အခက်အခဲကို အခုကျော်လွှားနိုင်သွားပြီ။ ”

စုချင်းက အသက်ငယ်ပေမယ့် ဖန်ကျန်းရှီ ထက်တော့ အသက်ကြီးတယ်။ အဆင့်လေး အမတ်ချင်း အတူတူပဲ။ ဒါပေမယ့် စုချင်းက ပိုအားသာတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်။

ဖန်ကျန်းရှီကို ဒီလိုမျိုး ပြောရတာ ထူးဆန်းတယ်။

ဒါပေမယ့် ဖန်ကျန်းရှီကတော့ လုပ်ပြီးပြီ။ နောက်ပြီးတော့ အေးဆေးတည်ငြိမ်နေတဲ့ အမူအယာ နဲ့။ ငယ်ရွယ်လွန်းတဲ့ သူ့ အသက်ကြောင့် သာ မဟုတ်ရင်။ ဖန်ကျန်းရှီက ညီငယ်လေးကို ပညာသင်ပေးနေတဲ့ အကိုကြီး တစ်ယောက် အတိုင်းပဲ။

ဟုချင်း နောက်ထပ် ထပ် မပြောတော့ဘူး။

ထပ်ပြောရင်လည်း စိတ်မထိန်း နိုင်ပဲ အော်ဆဲမိတော့မှာ။

သာမာန်လူတွေ ထက် သူ အများကြီး သီးခံ နိုင်တယ်။ ဒါပေမယ့် သူ့ မှာ အကန့် အသတ် ရှိတယ်။ သူ့ရဲ့ သည်းခံနိုင်စွမ်း အဆုံးစွန်ထိ ရောက် တော့မလို့ နည်းနည်းပဲ လိုတယ်။

ဖန်ကျန်းရှီ က နောက်ထပ် ထပ်ပြောချင်သေးတယ်။ စုချင်း ဒေါသတကြီးနဲ့ မြေပေါ်လူးလှိမ့် ကျိန်ဆဲ နေတာမျိုး မြင်ချင်တယ်။

ဒါပေမယ့် စုချင်းက ပြန်မဖြေဘူး။ ဒါကြောင့် သူလည်း ဆက်ပြောလို့ မ၇။

သူက အလွယ် တကူ နိမ့်ချ စော်ကားလို့ ရတဲ့ သူ မဟုတ်မှန်း ပြချင်တယ်။

နန်ကုန်းဟောင် လည်း ဘာမှ မပြောတော့ဘူး။ သူ့ အဖြေလွှာကို တော်ဝင်သတင်းပို့သူ လက်ထဲကို ထည့်လိုက်တယ်။ နောက်ပြီးတော့ လှည့်ထွက်သွားတယ်။

သူ့ အကျီမှာ ကပ်နေတဲ့ မေပယ် သစ်ရွက် လေနဲ့ လွင့်သွားတယ်။ သူ့ အကျီကတော့ နီရဲနေတယ်။

စာဖြေသူတွေ လန့်သွားတယ်။ နန်ကုန်းဟောင် အကျီပေါ်မှာ မေပယ်ရွက် ကပ်နေတာ မဟုတ်ဘူး။ သွေးတွေ စွန်းနေတာ။ သွေးက မေပယ် ရွက်နဲ့ ကပ်ပြီးပုံပေါ်နေတာ ။

နန်ကုန်းဟောင် ဘယ်ကနနေ လာတာလဲ။

ဘာလို့ သူ့ အကျီက သွေးတွေ စွန်းနေတာလဲ။ ဘာလို့ သွေးတွေက မေ ပယ်ရွက်ပုံ ပေါ်နေတာလဲ ။

တစ်ယောက် မှ မသိဘူး။

ဒါပေမယ့် ဧကရာဇ် လင်းမုပိုင်ကတော့ မအံ့သြဘူး။ နန်ကုန်းဟောင် ထွက်သွားတာကိုပဲ ကြည့်နေတယ်။ သေသေချာခာ သုံးသပ် စဉ်းစား နေတယ်။

…..

တော်ဝင်စာမေးပွဲ နောက်ဆုံးတော့ ပြီးသွားပြီ။

ရလဒ်တွေကို ငါးရက် အကြာမှာ ကြေညာမယ်။ နေရာက “တော်ဝင် ဘွဲ့နှင်းသဘင်” ။ တော်ဝင်ဈာပန တွေနဲ့ ရာထူး ခန့်အပ်ပွဲတွေကို ကျင်းပတဲ့ ခန်းမ ကြီး တစ်ခု ။

ကြီးမြတ်သော ရှမင်းဆက် ဘိုးဘေးတွေကို မှတ်တမ်း တင်ရာ နေရာလည်း ဖြစ်တယ်။

ဒါပေမယ့် ဧကရာဇ် လင်းမုပိုင် ထီးနန်း ဆက်ခံပြီး နောက်ပိုင်း မှာ။ ညီလာခံ စာမေးပွဲ ရလဒ် ကြေညာတဲ့ ခန်းမ အဖြစ်သုံးတယ်။ လူ အများစု ဘာကြောင့် မှန်း နားမလည် ကြဘူး။ ဧကရာဇ်မင်းဘာလို့ များ ဒီ ခန်းမကို ရွေးတာလဲ။

သူ ဧကရာဇ် ဖြစ်နေတဲ့ အကြောင်းရင်းက စစ်မှန်တဲ့ နဂါး မလို့ပဲ။ ကောင်းကင်သားတော် သူ့ကို ဘယ်သူက များ အာခံ ဝံ့မှာလဲ။ ဒါတောင်မှ သူ့လုပ်ရပ်ကို လက်မခံ နိုင်တဲ့ သူ တစ်ချိုု့ ရှိနေသေးတယ်။

ယဉ်ကျေးမှု ဝန်ကြီး ဌာနက လူတွေပဲ။

သူ က ဧကရာဇ် မင်း ဖြစ်နေပြီ။ ယဉ်ကျေးမှု ဝန်ကြီး ဌာနက သူ့ကို စဉ်းမျဥ်းတွေနဲ့ မကိုက်ညီတဲ့ အကြောင်း ပြောတယ်။ ဒါပေမယ့် အသုံးမဝင်ဘူး။

စည်းမျဉ်း ဆယ့်နှစ်ခုနဲ့ မကိုက်ညီတာ မရှိဘူးလို့ သူ ပြောတယ်။

အဲ့ဒီ့နောက် ဘယ်သူမှ ဆက် မပြောရဲတော့ဘူး။

အဲ့ဒီ့နောက် ရလဒ်တွေကို ကြေညာတဲ့ တော်ဝင်ဘွဲ့ နှင်းသဘင် ခန်းမ ဖြစ်လာတယ် ။ ဆယ်စုနှစ် ၂ ခုသာ ကြာသွားတယ်။ မပြောင်းလဲဘူး။

ဒီခန်းမကလည်း ကျောင်းတော်သားတွေ အများစု ဝင်ချင်လွန်းတဲ့ ခန်းမကြီး ဖြစ် လာတယ်။ နောက်ပြီးတော့ နန်းတော်ထဲမှာ အစောင့်အကြပ် အများ ဆုံး နေရာကြီး ။

ဒီနေ့တော့ တော်ဝင် ဘွဲ့နှင်းသဘင် မှာ ထူးထူးခြားခြား တောက်ပေ နတယ်။

ပုံမှန်နဲ့ မတူဘူး။

ဒီ လို မီးထွန်းတာက ပွဲတော်တွေမှာပဲ လုပ်တာ။

ဒါပေမယ့် ဒီနေ့တော့ မီးလင်း နေတယ်။

ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတယ်။

ဧကရာဇ် မင်း ခန်းမထဲကို ရောက်နေပြီ။

တော်ဝင် ဘွဲ့နှင်း ခန်းမ ဖွဲ့စည်း ပုံက တခြား ခန်းမတွေ နဲ့ မတူဘူး။ တခြား ခန်းမတွေက ရွှေ တွေ ကျောက်သံ ပတ္တမြားတွေနဲ့ ပြည့်နေတယ်။ ဒီ ခန်းမကတော့ အမွှေးနံ့သာတွေ လွှမ်းခြုံထားတယ်။

အဖြေလွှာ တစ်ခုချင်းစီ ရှေးဟောင်း စားပွဲပေါ်မှာ သပ်သပ်ရပ်ရပ် စီထားတယ်။

ဧကရာဇ် မင်း တစ်ပါး ဖြစ်တဲ့သူက နိုင်ငံ တစ်ဝှမ်း ကိစ္စ တွေကို ဂရု စိုက်ရတယ်။ အရင်တုန်းကတော့ သူ အစီရင်ခံစာတွေကို တစ်ခုပြီး တစ်ခု မဖတ်ဘူး။

ရိုးရှင်းတဲ့ နည်းလမ်းကိုပဲ သုံးတယ်။

အမတ်မင်း ရှစ်ယောက်ကို အရင်ဆုံး စုဝေး ခိုင်းတယ်။ အဲ့ဒီ့နောက် ထိပ်ဆုံး အစီရင ်ခံစာ အခု ၂၀ကို စီစစ် စေတယ်။

ဒါပေမယ့် ဒီ တစ်ခေါက်မှာ ဧကရာဇ် လင်းမုပိုင် ဒီလို မလုပ် ဘူး။

အဖြေလွှာ ၂၀၀ ကို စစ်ရမှာ မလွယ်တဲ့ ကိစ္စပဲ။ ဒါပေမယ့် ဧကရာဇ် လင်းမုပိုင် အပြီး စစ်ရမှာ။ ညီလာခံ စာမေးပွဲ ပြီးပြီးချင်း ကနေ ညနက်သန်းခေါင် ထိ စာစစ်တယ်။

လွန်ခဲ့ ဆယ်နာရီ လုံးလုံး သူ တစ်နေရာမှ မရွေ့ ဘူး။ ကြည့်ရတာ သိပ်ပြီးတော့ မူမမှန်ဘူး။

ပိုပြီး အရေးကြီးတာက ။ စာကြည့်ခန်းမှာ သူ စာမစစ်ဘူး။ တော်ဝင် ဘွဲ့နှင်းသဘင် ခန်းမ မှာ စာလာစစ်တယ်။

ညက အေးစက်တယ်။

တော်ဝင်ဘွဲ့နှင်းသဘင် ခန်းမထဲမှာ မီးလင်းနေတုန်းပဲ။ မြို့တော် ထဲမှာလဲ မီးရောင် တစ်ချို့ လင်းနေတယ်။

သွမ့်အရှင် အိမ်တော်မှာ မီးထိန်ထိန် လင်းနေတယ်။ လူရိပ်တစ်ခု အိမ်တော်ထဲမှာ ခေါက်တုံ့ ခေါက်ပြန်လျှောက်နေတယ်။

အိမ်ရှေ့စံ အိမ်တော်မှာလဲ မီးလင်းနေတယ်။ ဝေါယာဉ် အတော်များများ အိမ်တော်ထဲ ရောက်နေတယ်။ အမတ်မင်းတွေကို ချပေးပြီးတော့ စောင့်နေတယ်။

ဒါပေမယ့် ပင်းယန် အိမ်တော်ကတော့ မီးလင်း မနေဘူး။ နောက်ပြီးတော့ အထဲမှာလည်း လှုပ်ရှားမှု မရှိ။ ညနက်သန်းခေါင်မှာ ပင်းယန် အပြင် ထွက်နေတယ်။

သူ ဘာလို့များ အပြင်ထွက်နေတာလဲ။

ဘယ်သူမှ မသိနိုင်ဘူး။

…

ကောင်းကင်တာအို သုခမိန် ခန်းမမှာ တိမ် ကင်းစင် နေတယ် ။ တောင်ထိပ်ရောက်ရင် ကြယ်ပင်လယ်ကြီးထဲမှာ ရောက်နေသလို ပဲ။

ပန်းနုရောင် ဝတ်ရုံ နဲ့ မျက်ဝန်းလှလှ မိန်းမပျိုလေး တစ်ယောက်………..။ ညနက်သန်းခေါင်…. ကောင်းကင်တာအို သုခမိန် ခန်းမ ထိပ်မှာ ရပ်နေတယ်။

ကျောက်တုံးကြီး ပေါ်မှာ ရပ်ရင်း ကြယ်တွေကို ရှုစားတယ်။

သူ့နောက်မှာ မိန်းမငယ် တစ်ဦး ရှိနေတယ်။ အကျီ ထူထူဝတ်ထားပြီးတော့ လည်ပင်းမှာ ပဝါဖြူ ပတ်ထားတယ်။ ဒါတောင် ခိုက်ခိုက်တုန်အောင် ချမ်းနေဆဲပဲ။

ဆောင်းနှောင်း ရာသီ ညလယ်ကြီး……. လေထန်တဲ့ တောင်မြင့်ထက် မှာ …… အရိုးကွဲမတတ် ချမ်းစိမ့်လွန်းတယ်။

ဒါပေမယ့် မိန်းမငယ်လေးကတော့ ဘာမှ မပြောဘူး။ ချီကူယန် ဘာမှ မပြောရင် သူ့လို အစေခံ တစ်ယောက် က စပြောခွင့် မရှိ။

နောက်ဆုံးတော့ ချီကူယန် ခေါင်းပြန် ငုံ့လာတယ်။ သူမ ရဲ့ မျက်ဝန်းတွေ ပိုပြီး တောက်ပနေတယ်။ကြယ် နက္ခတ်စုကြီး တစ်ခုလုံးကို သူမ မျက်ဝန်းထဲမှာ ထည့်ထားသလိုပဲ။

ယွဲ့အာ မနာလိုမှု တွေနဲ့ ကြည့်မိတယ်။ ချီကူယန့် ဘေးမှာ နေခွင့်ရတာ သူမရဲ့ ဂုဏ်ရည်ပဲ။

“ဒီနေ့က ညီလာခံ စာမေးပွဲ လား။????”

“ ဟုတ်ပါတယ် သခင်မလေး။ သခင်မလေးက အပြင်လောကနဲ့ အဆက်အသွယ် ဖြတ်ထားလို့။ ယွဲ့အာ မပြောတော့တာပါ။” ယွဲ့အာ ပြန်ဖြေတယ်။

“ အင်း…. နန်ကုန်းဟောင်ကော ဝင်ဖြေလား။” ချီကူယန် ခေါင်းငြိမ့်ပြတယ်။ ပြီးတော့ မေးတယ်။

“သူ ဝင်ဖြေပါတယ်။ ”

“ တကယ်ပဲ ဝင်ဖြေတာ….” ချီကူယန် ခပ်တိုးတိုး ပြောတယ်။

“ သခင်မလေး။ ယွဲ့အာ တို့ တစ်ခုခုများ လုပ် ရမလား။”

“ အသုံး မဝင်ဘူး။ အခုက နန်ကုန်းဟောင် ဖြစ်နေပြီ။ ညီလာခံ စာမေးပွဲ ရလဒ်က အဆုံးအဖြတ် ဖြစ်တော့မှာပဲ။”

“ ဖန်ကျန်းရှီ ရှုံးမယ်လို့ သခင်မလေး ထင်နေတာလား။”

“ သူရှုံးမယ် မထင်ပါဘူး။ ဒါပေမယ့် နိုင်မှာလည်း မဟုတ်ဘူး။ ငါလည်း ဘာမှ မတတ်နိုင်ဘူးလေ။ ဘာလုပ်ရမလဲ တောင် မသိတော့ဘူး။”

“သခင်မလေး တောင် မစဉ်းစားနိုင်တဲ့ ကိစ္စမျိုး ဒီလောကမှာ ရှိသေးတယ်လား။” ယွဲ့အာ လန့်နေတယ်။

“ ဟုတ်တယ်။ ဒီကိစ္စက ဥပမာပဲ။” အရှေ့ အရပ်ကိုကြည့်ရင်း ချီကူယန် ခေါင်းငြိမ့်တယ်။ ဒါက မြို့တော် ရှိတဲ့ အရပ်ပဲ။

ချီကူယန့် အမူအယာကို မြင်တော့ ယွဲ့အာ မျက်လုံးပြူးသွားတယ်။

ကောင်းကင်တာအို ခန်းမကို ပြန်လာတည်းက……. ချီကူယန် လူသစ်တစ်ယောက် ဖြစ်သွားသလိုပဲ။

နိုင်ငံရေး အကြောင်း လည်း မမေးတော့ဘူး။ အရင်ကလိုလည်း မအေးစက်တော့။ ယွဲ့အာ နဲ့တောင် ကျင့်ကြံဆင့်တွေ ဓားပညာတွေ ပြောသေးတယ်။

သူမရဲ့ အခု စကားက အကောင်းဆုံး ဥပမာပဲ။

အရင် င်္ချီကူယန်က ဒီလို စကားမျိုး ပြောမှာ မဟုတ်ဘူး။ ဘယ်လို အခြေအနေပဲ ရောက်ရောက် သူမ ဖြေရှင်းနိုင်တယ်။

“ ကူယန် ….. ဂုဏ်ပြုပါတယ်။” အသက်ခပ်ကြီးကြီး လူတစ်ယောက်ရဲ့ အသံ အဝေးကနေ ပျံ့လာတယ်။ အဲ့ဒီ့နောက် င်္ချီကူယန် နောက်မှာ လူတစ်ယောက် ပေါ်လာတယ်။

ဆွတ်ဆွတ်ဖြူနေတဲ့ ဆံပင်တွေ နဲ့ ဝတ်ရုံဖြူ လူ တစ်ဦး။ ဒါပေမယ့် သူ့ အသားအ၇ည်က အသက် ၂၀ လူငယ်လေးလို ချောမွေ့နူးညံ့နေတယ်။

“ ခန်းမ ခေါင်းဆောင်ကို အရိုအသေပြုပါတယ်။” ” ယွဲ့အာ ဦးညွှတ် နှုတ်ဆက်တယ်။

ကောင်းကင် တာအို ခန်းမ ခေါင်းဆောင်က မုချင်းဖန် ။ ထိပ်ဆုံးမှာ ရှိနေတဲ့သူ ။

“ အင်း။ မင်းက ကူယန်နဲ့ နေ့တိုင်း ရှိနေတာ ။ အရိုအသေ ပေးဖို့ မလိုပါဘူး။ ဒီမှာ မီးကျောက်စိမ်း ယူထားလိုက်။” ယွဲ့အာ လက်ထဲကို ကျောက်စိမ်း တုံး တတုံး ရောက်လာတယ်။

“ ခန်းမ ခေါင်းဆောင် ကို ကျေးဇူးတင်ပါတယ်။” ယွဲ့အာ ဦးညွှတ်ရင်း ပြောတယ်။

“ ထပါ။” မုချင်းဖန် ပြောတယ။်

“ ဆရာ။” ချီကူယန့် မျက်လုံးထဲက ကြယ်တာရာ အစုအဝေးကြီး ပျောက်ကွယ်သွားတယ်။

“အင်း ….. မင်း နားလည် သွားပြီပဲ။ အခုချိန်မှာ မင်း အတားအဆီးကို ဖြတ်နိုင်ပြီ။” မုချင်းဖန် ခေါင်းငြိမ့်တယ်။

“ အခက်အခဲ ကို ကျော်နိုင်ပြှီလား။ အခြေခံ အရင် ကောင်းအောင် လုပ်ပြီးမှ ၂ နှစ် အတွင်း တိုးတက်နိုင်မယ်ဆို။” ချီကူယန် နားမလည်နိုင်။

“ မင်းက အခြေခိုင်တယ်။ အတင်းကြီး အဆင့်တက်အောင် လုပ်နေတာ အဓိပ္မာယ် မရှိဘူး။” မုချင်းဖန် ခေါင်းခါတယ်။

“ နားလည်ပါပြီ။” ချီၤကူယန် ခေါင်းငြိမ့်တယ်။

“ အကယ်၍ ငါ ခန့်မှန်း တာသာ မှန်၇င် ။ နန်ကုန်းဟောင် အဆင့်တက် လောက်ပြီ ” မုချင်းဖန်း ခေါင်းငြိမ့်ရင်း ဖြေတယ်။

သူ့ မျက်လုံးထဲက မှာ မီးတောက်တွေတောက်လောင် နေတယ်။

ချီကူယန် စကားမပြောတော့ဘူး။ ကောင်းကင်က ကြယ်တာရာတွေကိုသာ ငေးကြည့်တယ်။ သူမ မျက်ဝန်းထဲမှာ ကြယ်တာရာတွေ ပြန်တောက်ပလာတယ်။

…..

အပိုင်း (၃၁၂) ပြီး၏။

အပိုင်း (၃၁၃)

“ ရှစ်မိုင် တစ်ခွင် မီးပန်းများ။”

နောက်တစ်နေ့ မနက် မိုးမလင်းခင်။ အမတ်မင်းတွေ အများကြီး စုဝေးနေတယ်။ မနက်စာစားရင်း မနက်လင်းဖို့ စောင့်နေတယ်။

“ မင်းတို့ အားလုံး သွားလို့ ရပြီ။ ဧကရာဇ် မင်း ဒီနေ့ မလာဘူး။ ” မာဆတ်ဆတ် အသံ ခန်းမထဲကို လွင့်လာတယ်။ နန်းတော် ဝတ်ရုံနဲ့ လူ တစ်ဦးပေးလာတယ်။

“ ဧကရာဇ် မင်း မလာဘူး။????”

“အထိန်းေ၀ ဘယ်လို သိလဲ။”

အထိန်းတော်ေ၀ ကြေညာတာကြောင့် အမတ်မင်းတွေ အံ့သြနေတယ်။

ဧကရာဇ် လင်းမုပိုင် ထီးနန်း ဆက်ခံတာ အတော်ကြာခဲ့ပြီ။ ညီလာခံ ကို သူ မတက်တာ အတော်ရှားတယ်။ ကိစ္စကြီး တစ်ခုခုများ ဖြစ် နေတာလား??? သူတို့ စိုးရိမ် လာတယ်။

“ ကျွန်တော်လည်း မသိပါဘူး။” အထိန်းတော်ေ၀ ခေါင်းခါတယ်။ ဒါပေမယ့် ထွက်သွားမယ့် ပုံတော့ မရှိဘူး။

“ အထိန်း တော်ေ၀ က အရှင်မင်းကြီး ရဲ့ ဘေးမှာ အမြဲ ရှိနေတာ။ အခု ကိစ္စကို မသိရင်တောင်။ ဧကရာဇ် ဘာလုပ်နေလဲ တော့ သိတယ်။ မလား။ ငါတို့ကို အလင်းပြ နိုင်မလား။” အမတ် မင်းတစ်ဦး မေးတယ်။

“ အမတ်မင်း လီ မေးမှတော့ ပြောပြပါမယ်။ မနေ့ ည တည်းက ဧကရာဇ် မင်း တော်ဝင်ဘွဲ့ နှင်းသဘင် ခန်းမမှာ တစ်ညလုံး နေနေခဲ့တာ။ အခု ချိန် ထိလည်း နေ နေ တုန်းပဲ ။ ဒါပေမယ့် ဒီ နေ့ ညီလာခံ တက်မတက် တော့ ကျွန်တော်လည်း မသိဘူး။”

“ နားလည်ပြီ။ အထိန်း တော်ေ၀ ကျေးဇူးတင်ပါတယ်။ ”

“ ဒါပေမယ့် အခုက အခမ်း အနားလည်း မရှိပဲနဲ့ ။ ခန်းမမှာ ဧကရာဇ် မင်း ဘာများ လုပ်နေတာလဲ။ ”

“အဲ့ဒီ့မှာ စာစစ် နေတာလား။နောက်ဆုံးတော့လည်း။ ဒါက ငါတို့ကို ပထမဆုံး မဖတ်ခိုင်းတဲ့ စာပဲ။”

“ အမတ်မင်း စွန်း ပြောတာ အဓိပ္မာယ် ရှိတယ်။ ဒါပေမယ့် ဧကရာဇ် က ဘာလို့ များ အဲ့ဒီ့နေရာမှာ စာသွားစစ်ရတာလဲ။ တော်ဝင် စာကြည့်ခန်းမှာတောင် စာမစစ်ဘူး။”

“ ဒီ ညီလာခံ စာမေးပွဲက ငါတို့ ထင်ထားတာထက် ပို အရေးကြီး တဲ့ ပုံပဲ။ ဒါကြောင့်ပဲ အဖြေလွှာ ၂၀၀ လုံးကို ကိုယ်တိုင် စစ်တာ ဖြစ်ရမယ်။ ”

“ ဝန်ကြီးချုပ်ယွီကော ဘယ်လို ထင်လဲ။”

“ ဒီလိုဖြစ်လာတော့လည်း ငါတို့ ပြန်သင့်ပြီ။”

“ အမတ်မင်းဝမ်။ ငါကြားတာတော့ သွေးကောျက်စိမ်း တုံးကို မင်းရထားတယ်ဆို။ နေရောင်ထဲမှာ ဆိုရင် သွေးစီးဆင်းနေတာကိုတောင် မြင်ရတယ် ဆို။ ငါတို့ကို တစ်ချက်လောက် ပြ ပါလား။ ”

“ ဒီ သွေးကျောက်စိမ်းက အရှားဆုံး ကျောက်မျိုးပဲ။ နှစ်ရာချီမှာတောင် တွေ့ ဖို့ မလွယ် တာ။ အမတ်မင်း ဝမ် ဒါလေး ပြဖို့ တော့ သိပ်လည်း ကပ်စေးမနဲ ပါနဲ့။”

“ ဟဟား….. ကံကောင်းသို့ ဒီ ကျောက်စိမ်းကို ရလာတာ။ အမတ်မင်း ချင်နဲ့ တခြားအမတ်မင်း တွေကို ပြရမှာ ဂုဏ်ယူစရာပဲ။ ဒီနေ့ ကျွန်တော့် အိမ်တော် ကို လာခဲ့ကြပါ။ သောက်စရာတွေ ပြင်ထားပေးမယ်။ ”

“ လာကို လာရမှာပေါ့။”

“ ဟ ဟား ဟား….”

အမတ်မင်းတွေ သူတို့ အုပ်စုစီ ပြန်တယ်။

ဝန်ကြီးယွီကတော့ မပြန်ဘူး။ တော်ဝင် ဘွဲ့နှင်းသဘင် ခန်းမကို လှမ်းကြည့်နေတယ်။ သူ မျက်မှောင်ကြုတ်ရင်း ပြောတယ်။ “တောင်ဝင်ဘွဲ့နှင်းသဘင် ခန်းမ??”

…

ဆောင်းလယ်ကို ရောက်ပြီ။ ရွှေရောင် သစ်ရွက်ကြွေတွေ မြို့တော် အနှံ့ ပြည့်နေတယ်။ နူးညံ့တဲ့ ကဗ္မလာ အခင်း လို လူသွားလမ်း တစ်ခု ဖြစ်နေတယ်။

အချိန်တုန်းက အဆက်မပြတ် လည်နေဆဲ။

သုံးရက်တောင် ကုန်ဆုံးသွားပြီ။ ညီလာခံ စာမေးပွဲ အောင်စာရင်း ထွက်ဖို့ တစ်ရက်ပဲ လိုတော့တယ်။ အောင်စာရင်း အကြောင်း လူတိုင်း ပြောနေကြပြီ။

မြို့တော်က လူတိုင်း စုဝေးတဲ့ နေရာပဲ။ စီးပွားရေး သမားတွေက ကုန်သွယ်ဖို့ လာတယ်။ ပြည်သူတွေက အလုပ်လာလုပ်တယ်။

အကယ်၍ ငယ်ရွယ်တုန်း အချိန်မှာ မစွန့်စား ရင်။ ငယ်ရွယ်မှုက အလကားပဲ။

အသက်ပိုငယ်လေ ။ ပို စွန့်စား နိုင်လေပဲ။

မြို့တော် က လူငယ်တွေ အတွက်တော့ သတင်းကောင်းပဲ ပေါ့။ ငယ်ငယ် ရွယ်ရွယ်တည်းက အမြင်ကျယ်နေပြီ။

ဝမ် တပေါင်းက ဒီလို တောက်တောက်ပပ နေရတာ အရမ်း ကြိုက်တဲ့ သူလေ။ ဂုဏ်ရှိန် မြင့်မြင့်မားမား နေရတာကို ကြိုက်ပေမယ့် သူ့မှာ အ၇ည်အချင်းက မရှိ။

ဒါပေမယ့် ဇိမ်ကျတဲ့ ဘဝမှာ နေဖို့ သူ လက်မလျှော့ဘူး။

အရည်အချင်း ရှိအောင် သူ ကြိုးစားတယ်။ နာမည်ကျော် အရည်အချင်း ရှိတဲ့ သူနဲ့ တွဲရင် သူလည်း လေးစား ခံရမယ်။

ဒီကိစ္စမှာ သူကပ်လို့ရတဲ့ လူ ….. တစ်ယောက်ပဲ ရှိတယ်။ ဖန်ကျန်းရှီ။

ဖန်ကျန်းရှီက လွဲပြီး ။ ဒုတိယလူကို သူ တွေးလို့ မရဘူး။ သူ့ရဲ့ အစီအစဉ်မှာ ဖန်ကျန်းရှီ ကူညီမှ ဖြစ်မှာ။

ဒီနေ့တွေမှာ ဖန်ကျန်းရှီ အတော်လေး ပျင်းနေတယ်။ မြို့တော်ပတ်ပြီး လုပ်စရာ မှန်သမျှ လုပ်ပြီးပြီ။ မြင်သင့် တာတွေကိုလည်း မြင်ခဲ့ပြီးပြီ။

သူ့ ဘဝက စားသောက် သောက်လိုက် ပျော်စရာ ရှာလိုက်။ အနိုင်ယူလိုက်နဲ့ ပဲ။

ပျော်စရာ ကိစ္စတွေက လွဲပြီး ကျန်တာ အကုန် လုပ်ပြီးပြီ။ “မီးရှူးမီးပန်း”တွေ အကြောင်း အရင်က နည်းနည်း ဖတ်ထားဖူးတယ်။ သူ့ အရင် လောက က မီးရှူးမီးပန်း တွေနဲ့ မတူတာတော့ အမှန်ပဲ။

မင် မင်းဆက်မှာ …. ဆယ်မိုင် ရှည်တဲ့ ချင်ဟွေ့ မြစ်ရှိတယ်။ သူ့ရဲ့ မြစ်ကမ်း တစ်ခုမှာ နိုင်ငံတော် စာမေးပွဲကို ကျင်းပတယ်။ နောက် မြစ်ကမ်း တစ်ဖက်မှာတော့ စာမေးပွဲကို ကြည့် တဲ့ သူတွေ ရှိတယ်။

ချင်ဟွေ့ မိန်းမလှတွေက သမိုင်း တစ်လျှောက်မှာ ကျော်ကြားတယ်။

သူတို့ ရဲ့ ကိုယ်ခန္ဒာကို ရောင်းတာ မဟုတ်ဘူး ။ အနုပညာကို ရောင်းတာ။

ဖန်ကျန်းရှီမှာ အကန့်အသတ် ရှိတယ် ။ ဒါကြောင့် သူ လွန်လွန်ကျုးကျူး ဖြစ်အောင် မလုပ်ဘူး။ သူလိုချင်တာက ပျော်စရာပဲ။ ဝမ်တပေါင်းကို သူကြည့်တယ်။ ပင်လယ်အလှ ရှုစားနေတဲ့ ၇န်ရွှယ်ကို ပြန်လှည့် ကြည့်တယ်။

ဒီကိုလာဖို့ ရန်ရွှယ် ချက်ခြင်း သဘော တူတာကို သူ အံ့သြနေတာ။

စာအုပ် တစ်အုပ်ကို အဖုံးနဲ့ မဆုံးဖြတ် သင့်တာ တကယ် မှန်တာပဲ။ ဒီလောကက လူတွေ သူ့ အရင်လောကမှာလို လိုချင်လောက တွေ စိတ်ဆန္ဒတွေ မများဘူး ။

“ နင် ဒီကို မီးရှူးမီးပန်း ကြည့် ဖို့ လာတာမလား။ ငါ့ကို ဘယ်လိုများ ချန်ထားခဲ့နိုင်တာလဲ။” ပင်းယန် ချက်ခြင်းရောက်ချ လာပြီး အော်တော့တယ်။

“ဒီ မီးပန်း တွေက တကယ့် အစစ်မှ မဟုတ်တာ။” ဖန်ကျန်းရှီ မျက်နှာ တွေ ရဲရဲနီနေပြီ။ အိပ်ယာထဲမှာ သူ့ကို အပျော်မယ် တစ်ယောက် နဲ့ မိခံ ရသလိုပဲ။ ရှက်လွန်းလို့ ခေါင်းမဖော်နိုင်ဘူး။

“ ဟွန့် …. နင် ဒီမှာ သေရည်သောက် ဂီတ နားထောင်လုပ်ဖို့ လာမှန်း သိတယ်။ ဒါက ဒီလို နေရာ တွေ မရောက် ဖူးဘူး ထင်နေတာလား။ နင့်ထက် တောင် ပိုသိသေးတယ်။ ” ပင်းယန် ခေါင်းမော့ ရင်ကော့ရင်း ပြောတယ်။

“ မင်း ဒီမှာ ဘာလာ လုပ်တာလဲ။” ဖန်ကျန်းရှီ သူ့ရှေ့က လောကကြီး သွက်သွက်ခါ အောင် လှုပ်နေတယ်လို့ မြင်တယ် ။ ဒီ ပင်းယန် က သူ့ထက်တောင် ငယ်နေသေးတယ်လေ။

ဘယ်လိုများ ဒီလို နေရာမျိုး ရောက်ဖူးတာလဲ။

ဘယ်အချိန် တည်းက ဒီလို နေရာ မျိုးကို လာတာလဲ။

ဘယ်သူကများ ဒီ ကလေးမကို ခေါ် လာရတာလဲ။

“ ဒါပေါ့။ ငါ့အသက် ၆ နှစ် တည်းက ဖိုးဖိုး နဲ့ လာနေကျပဲ။ ဒီက ဂီတသံ တွေ နားထောင် ကောင်းတယ်လေ။”

“ ဖိုးဖိုး ???”

“ အရှင်လီချင်းလေ။ မတွေ့ဖူးဘူး လား။”

“ သူလား။” ဖန်ကျန်းရှီ ပြန်စဉ်းစားတယ်။ ညီလာခံ ခန်းမ ထဲမှာ ခြေရာမဲ့ ဓားကို လာထုတ်ခိုင်းတဲ့ သူပဲ။ ဒီ လူအိုကြီးက ခြောက်နှစ်သမီးလေးကို ဘယ်လိုများ ဒီလို နေရာဆီ ခေါ်လာရတာလဲ။

ဆိုးဝါးလိုက်တာ။

ဝမ်တပေါင်းက ဘဝင်ကျ နေတယ်။ ပင်းယန် လာတာ မသင့်တော် ဘူးလို့တောင် သူ မထင်ဘူး။ ရန်ရွှယ်တောင် တည်ငြိမ်နေတာ။

ဖန်ကျန်းရှီ တစ်ယောက်ပဲ။ ပင်းယန် မင်းသမီး လိုက်လာတာကို ထူးထူးဆန်းဆန်း တွေးနေတာ။

ဒါသာ ဧကရာဇ် မြင်ရင် ဘယ်လို တွေးမလဲ သိချင်လိုက်တာ။

…

မြို့တော်မှာ ချင်ဟွေ့ ဆယ်မိုင် မြစ်လည်း မရှိဘူး။

ဒါပေမယ့် မီးအိမ်နီတွေ ပိုးသားတွေနဲ့ ပြည့် နေတဲ့ ရှစ်မိုင် လမ်း တော့ ရှိတယ်။ ဖန်ကျန်းရှီ တွေးထားတာ နဲ့တော့ တခြားစီပဲ။

ကုကျန်း။ ပုလွေ ။ နောက်ပြီးတော့ ချင် ဂီတ မျိုးစုံ သံတွေ ကြားနေရတယ်။

“ ဒီနေရာမှာ လူတော်တွေ ပေါ တယ်တဲ့။ ” ပင်းယန် လှမ်း ပြောတယ်။

“ မင်းသမီးက အသိပညာ ကြွယ်လိုက်တာ။ မသိတာမရှိတဲ့ ကဝိ အကျော် လိုပဲ။ ညီလာခံ စာမေးပွဲ ရလဒ်က နက်ဖြန် မနက် ကြေညာတော့မှာ ။ ဒီညတော့ လူတွေ ပြည့်ကျပ် နေမှာ။” ဝမ်တပေါင်း တလေးတစား နဲ့ ပြောတယ်။

ဖန်ကျန်းရှီက သူ့ ဘာသူ တွေးနေတယ်။ ဘာဆိုင်လို့ လဲ။

ပင်းယန်ကို မျက်နှာလို မျက်နှာရလုပ်ပြီးပြီ။ ဖန်ကျန်းရှီ နဲ့ ၇န်ရွှယ်ဘက်ကို လှည့်၇င်း ပြန်ပြောတယ်။ ဧည့်လမ်းညွှတ် လို စကား တတွတ်တွတ် ပြောရင်း ရှင်း ပြတယ်။

“ “ ဒီမှာ အကျော်ကြားဆုံး ပွဲတော် ရှိသေးတယ်။ ( ထိုးထွင်းဉာဏ် ပွဲတော်တဲ့) ။ ညီလာခံ စာမေးပွဲ အောင်စာရင်း မကြေညာခင် ညမှာ စုဝေးပွဲ လုပ်တယ်။ ပြိုင်ပွဲဝင်တွေ သူတို့ အတွေးအခေါ် တွေ အကြောင်း ပြောကြတာ။”

“ အတွေးအခေါ်တွေကို ဆွေးနွေးတာလား။” ဖန်ကျန်းရှီ ပြောတယ်။

သူ့ အရင်လောက က ဆွေးနွးနေကြ ပုံစံ မျိုးပဲ။ စကားရည်လုပွဲ။ သူတို့ရဲ့ စကား သံတွေ တခြားသူစီ ပဲ့တင့်ထပ်တယ်။ အဲ့တော့ ပိုပြီး ယုံကြည်ချက်ရှိလာကြကော။”

ပွဲတော် ကျင်းပတဲ့ နေရာကို သူတို့ ရောက်လာတယ်။

သုံးထပ်ဆောင် ကြီး တစ်ခု ရှိနေတယ်။ မီးအိမ်နီ ရှစ်လုံးက ဝင်ပေါက်မှာ။ ကာရံညီ ကဗျာ ရှစ်စုံ (၁၆ပုဒ်) ကိုလည်း ချိတ်ထားတယ်။ ကြည့်ရတာ ပညာရှင် ၈ ယောက် ရေးထားတဲ့ ပုံစံပဲ။

ခန်းမ ဆောင်ရဲ့ အလယ်မှာ ထူးထူးခြားခြား ဆိုင်းဘုတ်ကြီး ရှိနေတယ်။ အရေးအသား ပုံစံက တော်တော့်ကို မသေမသပ် ။

“ သခင်လေး ဝူ ဂုဏ်ယူပါတယ်။ဧကရာဇ် က ကိုယ်တိုင် ဆင့်ခေါ် တယ် ဆိုတော့ ထိပ်တန်း ဆယ်ယောက်ထဲ ပါမှာပဲ။ နံပါတ်တစ်တောင် ရချင် ရအုန်းမှာ။”

“အမှန်ပဲ အမှန်ပဲ။ ဒီ အချိန်မှာ ဖန်ကျန်းရှီ စားလိုက် သောက်လိုက် ပျော်လိုက် ပါးလိုက် လုပ်နေတာပဲ တွေ့တယ်။ ဧကရာဇ်က သူ့ကို တစ်ခါတောင် မခေါ်ဘူး။ သူတော့ ဆယ်ယောက်ထဲက ပြုတ်မှာ သေချာနေပြီ။”

“နန်ကုန်းဟောင် ဧကရာဇ် နဲ့ တွေ့လား သိချင်လိုက်တာ။”

“ မေးစရာလိုလို့လား။”

“ ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် နန်ကုန်းဟောင်ကို စာမေးပွဲ ဖြေတည်းက မတွေ့ဘူး။ သူ အငွေ့ပျံ သွားတာလား။”

သူတို့ ဝင်မယ့်အချိန်……။ အထဲက လှောင်ပြောင်ရယ်မော နေတဲ့ အသံတွေကို ကြားလိုက်ရတယ်။ ကုကျန်း တေးသွားသံကလည်း မပြတ် ထွက်ပေါ်နေတယ်။

ရုတ်တရက် မာဆတ်ဆတ် ပုလွေ သံ ဖောက်ဝင်လာတယ်။ ချက်ခြင်း တေးသွားနှစ်ခု ပေါင်းစည်း သွားတယ်။ အံ့သြစရာ ကောင်းတဲ့ ဂီတ တေးသွားတစ်ပုဒ် ကို ကြား၇တယ်။

“ဟဟား…. စာမေးပွဲမှာ မင်း ကောင်းကောင်း ဖြေခဲ့တာပဲ။ ဒီတေးသွားက မင်းအတွက်ဂုဏ်ပြုတာ။ မင်း တစ်ခုခု ပြောသင့်တယ။်”

“ ဟုတ်တယ်။ ဟုတ်တယ်။ သခင်လေး ဝူ။ သခင်လေး ရေးခဲ့တဲ့ အဖြေလွှာအကြောင်းလေး ပြောပြ ပါလား။ ကျွန်တော်တို့ လေ့လာလို့ ၇တာပေါ့။ ”

ဒီ အချိန်မှာ တေးသွားလည်း ဆုံးသွားတယ်။

လက်ခုပ်တီးသံတွေ ဂုဏ်ပြုသံတွေ ဟိန်းထွက်လာတယ်။

“ဘယ်လို ငတုံးကောင်တွေလဲ။ ဧကရာဇ် နဲ့ တွေ့တာက လျှို့ဝှက်ချက်ပဲလေ။ ကိုယ်တိုင် မပြောရင် ဘယ်သူက သိမှာလဲ။ အမတ်မင်းဖန်။ ဟုတ်တယ်မလား၊“ ဝမ်တပေါင်း ဒေါသတကြီးနဲ့ ပြောတယ်။

“ ဧကရာဇ် နဲ့ တွေ့တာလား။” ဖန်ကျန်းရှီ တအံ့တသြ ဒွိဟ ဖြစ်နေတယ်။

သူ့ အရင် လောကမှာ ။ အောင်စာရင်း မထုတ်ခင် ထိပ်တန်း ကျောင်းတော်သားတွေကို ခေါ်တွေ့တာမျိုး တော့ ကြားဖူတယ်။ ထိပ်တန်း သုံးယောက်ကို ဆုံးဖြတ်ဖို့ မေးခွန်းတွေ မေးတယ်။

ဒီမှာလည်း အခုလို ကိစ္စမျိုး ရှိနေတယ်လို့ မထင်မိဘူး ။ ဒါကြောင့် သူလည်း သိပ် မစဉ်းစား မိဘူး။

“ အမတ်မင်း ဖန်…. ကျွန်တော့်ကို မခြောက် ပါနဲ့။ တကယ်ပဲ ဖိတ်ခေါ်တာ မခံ ရဘူးလား။ ဖိတ်တာခံရရင်က ထိပ်တန်း ဆယ်ယောက် ထဲ ဝင်တာ။ ဖိတ်တာ မခံရရင် …” ဝမ်တပေါင်း မယုံကြည်နိုင် ဖြစ်နေတယ်။

ဝမ်တပေါင်းမှ ညီလာခံ စာမေးပွဲ ဝင် မဖြေတာ။

အထဲမှာ ဘာဖြစ်ခဲ့လဲ သူ ဘယ်လို သိမှာလဲ။ ဒါကြောင့် ဖန်ကျန်းရှီ ထိပ်တန်း ဆယ်ယောက်ထဲ ဝင်မှာ သူ သေချာ သိတယ်။

ထိပ်တန်း သုံးယောက် ထဲတောင် ဝင်မှာ။

နံပါတ်တစ် နေရာက နန်ကုန်းဟောင် သေချာတယ်။ ဒါပေမယ့် ဖန်ကျန်းရှီလည်း ရနိုင်တာပဲလေ။

ရန်ရွှယ်နဲ့ ပင်းယန်ကို ဖန်ကျန်းရှီ လှည့်ကြည့်တယ်။ သူတို့ မျက်လုံးတွေ ထဲမှာ မေးခွန်းတွေမြင်နေတယ်။

“ ဧကရာဇ် က တော်ဝင်ဘွဲ့နှင်းသဘင်ခန်းမ မှာ စာစစ်နေတာ။ ဒီလို ခေါ်တွေ့မယ် ငါမထင်မိဘူး။” ရန်ရွှယ် ဝင်ပြောတယ်။

“ သခင်လေးရန်လည်း မသိဘူး ဆိုတော့ …. မဟုတ်မှ လွဲရော ။ အဖိတ် မခံရဘူးလား။” ဝမ်တပေါင်း တအံ့ တသြနဲ့ ပြောတယ်။

“ အင်း။ ဖိတ်ခေါ်စာ မရဘူး။” ရန်ရွှယ် ခေါင်းငြိမ့်တယ်။

“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ နှဏ်ယောက်လုံး ဧကရာဇ်ကို မတွေ့တာ။ တော်ဝင်စ ာမေးပွဲရဲ့ ထိပ်တန်း ကျောင်းတော်သား နှစ်ယောက်က လေ။ တိုက်ဆိုင် လွန်းလိုက်တာ။ ဝူဖုန်း ညာနေတာလား။” ဝမ်တပေါင်း အမူအယာ ပြောင်းသွားတယ်။

“ မဖြစ်နိုင်ဘူး။ ဝူဖုန်းက ဒါမျိုးတွေ ညာမှာ မဟုတ်ဘူး။” ၇န်ရွှယ် ယပ်တောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြောတယ်။

“ မိုးနတ်မင်းရေ….. ဖန်ကျန်းရှီ .။ နင်လည်း ဖိတ်ခေါ် စာမရဘူးလား။ နင် စာမေးပွဲ ကျတာလား။ ရန်ရွှယ်ကတော့ သနားစရာပဲ…. အဲ့တာ နင် လမ်းမှား ပြလို့ ဒီလို ဖြစ်တာ။” ပင်းယန် အသံ ထွက်လာတယ်။

အပိုင်း (၃၁၃) ပြီး၏။

အပိုင်း (၃၁၄)

“ သင်္ကေတ လေးခု နဲ့ ပါ့ကွား ”

“ လမ်းမှား ရောက်အောင် လုပ်တယ်။” ပင်းယန်ကို စိတ်ပျက်လက်ပျက် အကြည့်နဲ့ ဖန်ကျန်းရှီ ကြည့်တယ်။ သူက ဘယ်လိုများ လမ်းမှား ပြလို့ ရမှာလဲ။ စာမေးပွဲက ဒီလောက်တောင် ရှင်း လင်း နေတာ။

နောက်ပြီးတော့ သူက ဘယ်လိုများ စာမေးပွဲ ကျနိုင်မှာလဲ။

ဒီလောက ရဲ့ နိုင်ငံရေး အကြောင်းကို သူမသိတာ ဟုတ်တယ်။ ဒါပေမယ့် “ခြောက်နိုင်ငံ” စာတမ်းကို တော့ သူ ယုံကြည်ချက် အပြည့်ရှိတယ်။

“ ဝူဖုန်း ပြောတာ မှန်နေရင်။ သခင်လေး တို့ နှစ်ယောက် ဧကရာဇ်ကို တွေ့ဖို့ ဖိတ်ခေါ် စာ မရတာ ဘယ်လို ဖြစ်နိုင်မှာလဲ။” ဝမ်တပေါင်း အံ့သြနေတယ်။

“ မူဝါဒ အဓိပ္မာယ် ကြောင့် ဖြစ်မယ်။” ၇န်ရွှယ် ခပ်တိုးတိုး ပြောတယ်။

“ အဓိပ္မာယ်။” (ဘာကြီးလဲ။) ဝမ်တပေါင်း စာမေးပွဲ မဖြေဘူးလေ။ ဒါကြောင့် ဘာမေးလဲ သူမသိဘူး။

ဒီ အချိန်မှာ ဂီတ သံတွေ ပြန်ထွက် လာတယ်။ ချိုမြိန်သာယာပြီး ရီဝေရစ်မူးစေတဲ့ ဂီတသံ ထွက်လာတယ်။

“ အထဲကို အရင် ဝင်ရအောင်။ အပြင်မှာ ကောင်းကောင်း မကြားရဘူး။ ”ဖန်ကျန်းရှီ နဲ့ ရန်ရွှယ် စာမေးပွဲ အောင်အောင် ကျကျ ။ သူမ ဂရု မစိုက်ဘူး။

ဖန်ကျန်းရှီ နဲ့ ရန်ရွှယ် ပြန်မဖြေ နိုင်လိုက်ဘူး။ ပင်းယန် ဆွဲခေါ် သွားတာ ခံလိုက်ရတယ်။

ဝမ်တပေါင်းလည်း သူတို့ နောက်ကို ကပ် လိုက်လာတယ်။

ဝူ တို့ အထဲကို ရောက်တော့ ။ (မီးပန်း ပွဲတော်) ဆိုတာ သူတွေးထားနဲ့ တခြား စီမှန်း သိလိုက်တယ်။ အထဲမှာ ဘာမှ ပျော်စရာ မရှိဘူး။ ကဗျာ စာတမ်းတွေနဲ့ အနုပညာ လက်ရာ တွေပဲ ရှိတယ်။

သုံးထပ်ဆောင်ကြီး ရဲ့ အောက် ဆုံးက ဆက်ကပ်တဲကြီးလိုပဲ။ အထဲမှာတော့ ဘာမှ မရှိ။ ဒုတိယထပ် ကိုသွားဖို့ လှေကား လေးခု တွေ့တယ်။

ခန်းမဆောင်ကြီး အလယ်မှာ စားသောက် စရာ အပြည့်နဲ့ စားပွဲဝိုင်းတွေ ရှိနေတယ်။ မျက်နှာကျက် တစ်ခုလုံး ရှုခင်း ပန်းချီတွေနဲ့ ပြည့်နေတယ်။

ဒုတိယ ထပ် မှာ ခပ် မြင့်မြင့် စင် ၈ ခုရှိတယ်။ စင်တွေပေါ်မှာ ဝတ်ရုံရှည် မိန်းမလေးတွေ ရှိနေတယ်။ တစ်ယောက် ချင်းစီက မျက်နှာမှာ ဇာပဝါလေးတွေ ဖုံး ထားတယ်။

တူရိယာ အမျိုးမျိုးကို တီးခတ် ဖျော်ဖြေနေတယ်။

တတိထ ထပ် မှာက လွင့်မျောနေတဲ့ စင်မြင့် လေးခု ရှိတယ်။ အရှေ့ အနောက် တောင် မြောက် အရပ် မျက်နှာ ကိုယ်စားပြု။ ဒီ မှာလည်း ဝတ်ရုံရှည် အမျိုး သမီးလေးတွေ ရှိနေတယ်။

သူတို့ အဝတ်အစားတွေက အရောင် လေးခု။ - အစိမ်း။ အနီ။ ရွှေရောင် အဖြူရောင် ။

ဖန်ကျန်းရှီ တစ်ချက် ကြည့်တယ်။ ဒီ သုံးထပ်ဆောင်ကြီးက ကောင်းကောင်း ဆောက်ထားတာပဲ။ လှေကား လေးခု နဲ့ စင်ကြီး ရှစ်ခု ။ အပေါ်မှာ လွင့်မျောနေတဲ့ စင်မြင့် လေးခု ။ မ

“ သင်္ကေတ လေးခု။ ပါ့ကွား။”

…

“ အိုး ဖန်ကျန်းရှီက ဒီမှာပဲ”

“ နောက်ပြီးတော့ ရန်ရွှယ် ….. ပင်းယန် မင်းသမီး ကို အရို သေ ပြုပါတယ်။”

ခန်းမထဲက လူတိုင်း ဖန်ကျန်းရှီနဲ့ ၇န်ရွှယ်ကို အရင်ဆုံး မြင်တယ်။ အဲ့ဒီ့နောက် လူနှစ်ယောက် ကြားက ပင်းယန်ကို မြင်တယ်။ သူတို့ ချက်ခြင်း ထရပ်တယ်။

သုံးထပ်ဆောင်ကြီး ပိုင်ရှင်ကလည်း ပင်းယန်ကို ချက်ခြင်း မှတ်မိတယ်။

အသက် သုံးဆယ် ဝန်းကျင် ဝတ်ရုံဖြူ အမျိုးသမီး တစ်ယောက် သူတို့ ဆီ ရောက်လာတယ်။

“အရှင် မင်းသမီး ။ ခါတိုင်း ထိုင်နေကျ ခုံပဲလား။”

“ဒါပေါ့။” ပင်းယန်ချက်ခြင်း ပြန်ဖြေတယ်။

“ အရှင် မင်းသမီး ခနလောက် စောင့်ပါ ။ ချက်ခြင်း ပြင် လိုက်ပါမယ်။”

“ မြန်မြန်လုပ်။”

“ အမိန့်တော် အတိုင်းပါ မင်းသမီး။”

သူတို့ တွေ ခန်းမ အလယ်က စားပွဲတစ်လုံး ဆီ သွားတယ်။ ဒီ နေရာမှာ ဆို ။ ခန်းမထဲက အနုပညာတွေ အကုန်လုံးကို ကောင်းကောင်း မြင်နိုင်တယ်။

ပင်းယန် ထိုင်ခုံကို ကြည့်တယ်။ ဖန်ကျန်းရှီကို မျက်စိ မှိတ်ပြတယ်။ သူ ဒီနေရာမှာ ဘယ်လာက် အတွေ့ကြုံ ရှိလဲ ။ နေရာ ကောင်းကောင်းရွေးတတ်လဲ ။ ဖန်ကျန်းရှီ သိအောင်ပြတယ်။

“ မဆိုးဘူး။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ ဟဟား။ ဒါပေါ့။ မဆိုး ဘူး။ ” ပင်းယန် ချက်ခြင်း ပြုံးပြတယ်။

တခြားကျောင်းတော်သားတွေက မျက်စိမျက်နှာပျက်နေပြီ။ သူတို့ နေရာကောင်း ယူထား တာ။ အခုတော့ မောင်း ထုတ် ခံ လိုက်ရတယ်။

“ အကုန်ကျမှာပဲ။”

“ မနက်ဖြန် အောင်စာရင်း ထွက်လာရင်…..။ နောက်ဆုံး ဘယ်သူ ရယ်နိုင်မလဲ ကြည့်ရအောင်။ ”

“ သခင်လေး ဝူ။ နိုင်ငံရေး အဖြေလွှာ အကြောင်း ဆက်ပြောပါအုန်း။ ဒါမှ တခြားသူတွေ သူတို့ ဘယ်လောက် အရည်အချင်း မရှိလဲ မြင်သာမှာ။”

“ ဟ ဟား ဟား..”

၇ယ်မောသံတွေ သူတို့ အနားမှာ ပျံ့လာတယ်။ ”

“ဒီ နေ့ တွေ့ဆုံတာက မိတ်ဆွေဖွဲ့ဖို့နဲ့ အသိပညာ ဝေမျှ ဖို့ပဲ။ အနုပညာ ကိုပဲ ခံစားရအောင် ။ နိုင်ငံရေး အဖြေလွှာ အကြောင်း ဒီနေ့ မေ့ထားကြစို့။ ” ဝူဖုန်း တခြား ကျောင်းတော်သားတွေကို ပြုံးပြရင်း ပြောတယ်။

“သခင်လေး ဝူ မှားနေပြီ။ နိုင်ငံရေး အဖြေလွှာက ညီလာခံ အတွေး အခေါ် စာမေးပွဲမှာ အရေး အကြီး ဆုံးပဲ။ တာအို နိယာမထက် တောင် နိုင်ငံ ရေး အတွေး အခေါ် ကောင်းတဲ့ သူက ပိုသာတယ်။ ”

“ အတိအကျပဲ။ သခင်လေးဝူ။ ဒီ နေ့ ပွဲက ဆွေးနွေးပဲ လေ။ ဘာလို့ မပြောရမှာလဲ။ ”

“ ငါတို့ညီလာ ခံစာမေးပွဲ မှာ ဝင်ဖြေတာပဲ။ ဒါပေမယ့် ဧကရာဇ် ဖိတ်ခေါ်တာ မခံ ရဘူး။ ဒီနေ့ သခင်လေး ဝူ နဲ့ တွေ့ရတာကို ကံထူးနေပြီ။ ငါတို့ကို အသိ ပညာ တိုးအောင် ပညာ မျှဝေပေးပါ။”

ကျောင်းတော် သားတွေ ဝူဖုန်းရဲ့ အဖြေလွှာ အကြောင်း သိချင်နေတယ်။

ဝူဖုန်းကတော့ လှောင်ပြုံးပြုံးနေပြီ။ ဒီနေ့ အဖြေလွှာ အကြောင်းက အဓိက ဖြစ်မယ်မှန်း သူသိတယ်။

ဟန်ဆောင် ပန်ဆောင် ငြင်းတယ်။ ပြီးတော့မှ သူတို့တောင်းဆိုလို့ ပြောပြရတဲ့ ပုံ လုပ်တယ်။

“ အကုန်လုံးက ဒီလို ပြောမှတော့ ။ ကျွန်တော် ဘယ်လိုငြင်းနိုင်မှာလဲ။” ဝူဖုန်း ဖန်ကျန်းရှီကို ကြည့်တယ်။ “ ကျွန်တော့် အဖြေလွှာက နယ်စပ်ဒေသ ဆက်ဆံ ရေး နဲ့ ရိုးသား မှု အကြောင်း ရေးထားတာ။”

“ နယ်စပ်ဒေသ ဆက်ဆံရေ း ….. ရိုးသားမှု ”

“ဒါမျိုးက တာအို နိယာမ မှာ တွေ့ရတာမျိုး မဟုတ်ဘူး။”

ကျောင်းတော်သားတွေ ဒါမျိုး စိတ်ဝင်စားတယ်။

“ အမှန်ပဲ။ ဧကရာဇ် က နိုင်ငံ အတွက် အကောင်းဆုံး ဖြစ်စေချင်တာ။ အမတ်မင်းတွေလည်း ဧကရာဇ်ရဲ့ ဆန္ဒကု လေးစား ရမယ်။ ကလေးတွေကလည်း သူတို့ မိဘတွေကို သိတတ်ရမယ်။ မိဘတွေလည်း ကလေးတွေကို ခွင့်လွှတ် သနား ရမယ်။ တခြားနိုင်ငံ တွေနဲ့ ဆက်ဆံတာမှာ ရိုးသားတာက အဓိပပဲ။

“ ဧကရာဇ်က ဒါကို အရမ်း တန်ဖိုးထားတဲ့ သူလေ။ ညီလာခံ စာမေးပွဲမှာ ဧ ကရာဇ်က တောင် အရပ်ကို မျက်နှာ မူ ပြီးပြောတာ။ တောင်ပိုင်းဒေသက ဧကရာဇ် စိတ်ထဲမှာ ရှိနေပုံပဲ။ ဒီ ဒေသက နတ်ဆိုးတွေကြောင့်လည်း အန္တရာယ် ဖြစ်လာနိုင်တယ်။ ဒါကို အမတ်မင်းတွေလည်း ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။”

“ အသေးစိတ် အကြောင်းကို မသိပေမယ့် ။ တောင်ပိုင်းဒေသ က ငါတို့ နဲ့ မဟာမိတ် ဖြစ်တာ နှစ်ရာချီ နေပြီ။ သူတို့ ဒေသက နတ်ဆိုး တွေကို ခုခံ ဖို့ သဘာ၀ အတားအဆီး ဖြစ်နေတာ။ ”

“ ကြီးမြတ်သော ရှ မင်းဆက်က တောင်ပိုင်းဒေသကို ကောင်းကောင်း အထောက်အပံ့ ပေးထားတာလေ။ လမ်းတွေ လည်း ဖောက်ပေးတယ်။ တောင်ပိုင်း ဒေသ နဲ့ အခုတော့ ဆက်ဆံရေး အတော် ကောင်းတယ်။”

“ အင်ပါယာ အင်အားကြီးဖို့ ငါတို့ လက်ခံ သင့်တာတွေ လက်ခံရမယ်။ တခြားသူတွေနဲ့ ပေါင်းကူး ဆက်ဆံ ဖို့ ရိုးသား ရမယ်။ တစ်ယောက်ကို တစ်ယောက် ယုံကြည်ရမယ်လေ။ ဒါမှ ရေရှည် လက်တွဲနိုင်မှာ။”

“ နောက်ပြီးတော့လေးလေးစားစား ရှိဖို့လဲ လိုတယ်။”

ဝူဖုန်း အသံက ဒီနေရာမှာ ကျယ်လာတယ်။ လောကကြီးကို ကယ်တင်ချင်နေတဲ့ သူပဲ။

“ လေးစား မှု ရှိမှ တစ်ယောက်ကို တစ်ယောက် ယုံ ကြည် လို့ရမယ် ။ သခင်လေး ဝူ က တကယ့်ကို အမြင်ကျယ်ပါပေတယ်။”

“ သခင်လေး ဝူ နိုးထ နဂါး တတိယ အဆင့် ဖြစ်တာ မဆန်းပါဘူး။ သခင်လေးတို့ရဲ့ အရည်အချင်းက ယှဉ်ဖို့ တကယ် ခက်တယ်။ သခင်လေးရဲ့ စာလွှာက ကျွန်တော် ဖတ်ဖူးသမျှ စာပေတွေထက် အများကြီး သာတယ်။”

“ သခင်လေး ဝူရဲ့ နိုင်ငံရေး စာလွှာက ပြိုင်ဘက်ကင်းတယ်။ ။ လုံး၀ ကို ဂန္တဝင်မြောက် စာပေပဲ။ နန်ကုန်းဟောင်တောင် ကျော်နိုင်ဖို့ ခက်လိမ့်မယ်။”

“အမှန်ပဲ။ ကျွန်တော်လည်း ဒီလို တွေးမိပေမယ့် ။အရေးအသား မှာ သခင်လေး ဝူရဲ့ ခြေဖျားတောင် မမှီဘူး။ ”

ကျောင်းတော် သားတွေ ဝူဖုန်းကို တအံ့တသြ ချီးမွမ်း ကြတယ်။ တစ်ချို့ကတော့ စိတ်ပျက်လက်ပျက် သက်ပြင်း ချနေတယ်။

“ နုံ အလိုက်တာ။” ဖန်ကျန်းရှီ နှုတ်ခမ်း တွန့်ကွေး၇င်း ပြောတယ်။

ဒီ အတွေးတွေကမှန်ပါတယ် ။ ဒါပေမယ့် ဘယ်နေရာ မှာမှ သုံးစား မရတဲ့ အတွေးအခေါ်တွေ။

ရိုးသားတာတွေ ယုံကြည်မှုတွေ က ပြဿနာ မရှိဘူး။

နိုင်ငံတွေကြား ဆက်ဆံရေးရ ပြောသလောက် လွယ်တာ ကျလို့။

ယုံကြည်မှု ဆိုတာ လွယ်လွယ် ရနိုင်တာ မဟုတ်ဘူး။ တစ်ယောက်ကို တစ်ယောက် ယုံတယ်လို့သာ ပါးစပ်က ပြောတာ။ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေသွား ရတာ မျိုး ရှိလို့လား။

ယုံကြည်မှုတွေ အားလုံးက အင်အားကြီးတာရဲ့ အခြေခံ ပဲ။ နှစ်ဖက် စလုံး အပေးအယူ မျှ မှ ယုံကြည်မှု ဆိုတာ ရှိနိုင်မှာ။

အခြေခံ (အင်အား ) မကောင်းရင်။ ယုံကြည်မှုကလည်း အလကားပဲ။

ဖန်ကျန်းရှှီ ပြောတာကို ဝူဖုန်း မကြားဘူး။ သူ ပြောပြီးပြီးချင်း။ ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ကို လှည့်ကြည့်တယ်။

သူ ခပ်သွက်သွက် လျှောက်လာတယ်။

“သခင်လေး ရန်။ သခင်လေးဖန်။ မင်းသမီး။ ကျွန်တော့် စာကို ဘယ်လိုထင်လဲ” ဝူဖုန်း တလေးတစားနဲ့ မေးတယ်။

ကြည့်နေသူတွေကတော့ လှောင်ရယ်နေပြီ။

အောင်မှန်း ကျမှန်းတောင် မသိတဲ့ သူတွေကို ။ ဧကရာဇ် ဆင့်ခေါ် ခံရတဲ့ ကျောင်းတော်သား က မေးမြန်းနေရသေးလား။

အတွေးအခေါ် စာမေးပွဲမှာ ဖန်ကျန်းရှီ မောက်မာခဲ့ပုံကို သူတို့ ပြန်တွေးမိတယ်။ ဖန်ကျန်းရှီ အဖြေလွှာ စောစောအပ်တဲ့ ကိစ္စလည်း ထပ်ပေါင်း စဉ်းစား တယ်။

“ ဖန်ကျန်းရှီ။ မင်း အဖြေလွှာကို စောစော အပ်တဲ့ အချိန်…. ဒါမျိုးတွေ ဖြစ်လာမယ်မှန်း မသိဘူး။ ငါ လောင်းကြေးထပ်ရဲတယ်။”

ဝူဖုန်းကို ရန်ရွှယ် ကြည့်နေတယ်။ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကို ထုတ်တယ်။ ယပ်တောင် တဖျတ်ဖျတ် ခတ်တယ်။

အဲ့ဒီ့နောက် တတိယ ထပ်မှာ ကနေတဲ့ မိန်းမပျို တွေကို လှည့်ကြည့်တယ်။

“ ငါ့ ရှေ့ မှာ လာမပိတ်ပါနဲ့လား။”

“…..”

မျှော် လင့်တကြီး နဲ့ စောင့် နေတဲ့ ကျောင်းတော်သားတွေ မျက်လုံးပြူးသွားတယ်။ တစ်ယောက်ကို တစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ ကြည့်တယ်။

( ငါ့ရှေ့မှာ လာမပိတ် ပါနဲ့လား။ )

၇န်ရွှယ်လို အေးစက်လူက ….. ။ ဒီလို ထေ့ငေါ့ စကား ပြောတတ်မှန်း ဖန်ကျန်းရှီ မသိခဲ့ဘူး။ ရန်ရွှယ်ကို အော်ဟစ်ပြီး အားပေးချင်စိတ်တွေ ပေါ်လာတယ်။

ပင်းယန် လည်း ခဏတော့ လန့်သွားတယ်။ ဒါပေမယ့် ဗိုက်ကို နှိပ်ရင်း လိမ့်နေအောင် ရယ် တယ်။

“ ဟဟား ဟား ဟားဟား…..”

ဝူဖုန်းကတော့ မျက်လုံးပြူးနေတယ်။

ရန်ရွှယ်ရဲ့ အေးစက်စက် မျက် နှာကို သူ စိုက်ကြည့်တယ်။ ဝူဖုန်း မျက်နှာ တစ်ခုလုံး နီရဲနေပြီ။ သူ အရမ်းကို ပြောချင် နေတယ်။ ဒါပေမယ့်လည်း သူ တိတ်တိတ် ဆိတ်ဆိတ်သာ နေလိုက်တယ်။

အပိုင်း (၃၁၄ ) ပြီး၏။

အပိုင်း (၃၁၅)

“ အ၇ည်အချင်းပြည့် ဝတဲ့ သူ ။”

ခန်းဆောင်ကြီးထဲက လေထု နည်းနည်း ထူးဆန်းလာတယ်။ ဆိုင်ပိုင်ရှင် ဒုတိယ ထပ် မှာ ရှိတဲ့ အမျိုးသမီးကို မျက်စ တစ်ချက်ပြစ်ပြတယ်။

ချက်ခြင်း နားဝင်ချိုတဲ့ တေးဂီတ သံတွေ ထွက်လာတယ်။

ရှေးဟောင်း စကားပုံ တစ်ခု ရှိတယ်။ မျက်နှာကာ နဲ့ ဗျပ်စောင်း တီးနေတဲ့ မိန်းမလှလေး။ ရှက် သွေးဖြာ နေတဲ့ အလှတပါးပင်။

ဖန်ကျ်န်းရှီ အတော်လေး ပျော်ရွှင်နေတယ်။ စင်ပေါ်မှာ ဗျပ်စောင်း တီးနေတဲ့ မိန်းမလှလေးကို သူ ငေးကြည့်တယ်။ သူ့ ရင်ထဲမှာ ထူးဆန်းတဲ့ ခံစားချက်တွေ လှိုင်းထန်နေတယ်။ ဒီ ခန်းမဆေကြီး ဒီလောက် ကျော်ကြားတာ အဆန်း မဟုတ်ဘူး။

ဂီတသံ နားထောင် နေတဲ့ အချိန် ပင်းယန်လည်း ငြိမ်သက်နေတယ်။

ဝူဖုန်းလည်း သူ့ နေရာသူ ပြန်ထိုင်ပြီ။ ဒါပေမယ့် သူ့ အမူအယာကတော့ မည်းမှောင် နေတယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။

“ သခင်လေး ဝူ။ ဒီလူတွေကို စိတ်ထဲမထားနဲ့။”

“ဟုတ်တယ်။ ဧကရာဇ် မင်း ဖိတ်ခေါ်တာတောင် မခံရတဲ့ သူတွေ။ ကျမှာပဲ။ ”

“ သူတို့တေါက သခင်လေးကို မနာလို ဖြစ်နေတာ။”

ဝူဖုန်းရဲ့ အမူယာကို မြင်တော့ ကျောင်းတော်သားတွေ နှစ်သိမ့်ကျတယ်။

ဖန်ကျန်းရှီ အကုန်လုံးကို

လျစ်လျူ ရှုထားတယ်။ ခန်းမကြီးရဲ့ ပြင်ဆင်ပုံတွေကို ကြည့်တယ်။ ဒီ အပြင် အဆင်က သင်္ကေတ ေ လးခု နဲ့ ပါ့ကွား ပုံစံ ဆောက်ထားတာ ပဲ။ သူ့ စိတ်ထဲမှာ ဒီ အပြင် အဆင် နောက်က တစ်ခုခုကို ခန့်မှန်း မိနေတယ်။

အပြင်အဆင်က ရည်ရွယ် ချက် ရှိရှိ လုပ်ထားတာ။ …. ဒီလောကကြီး သူ တွေးထားတာထက် ပိုရှုပ်ထွေးတယ်။

…

ခန်းမဆောင်ကြီးရဲ့ အခန်း တစ်ခုမှာ ရှေးဟောင်း လက်ရာတွေနဲ့ ပြည့်နေတယ်။

ထိုင်ခုံ နီပေါ်မှာ စာအုပ်ထူထူ တစ်အုပ် ရှိတယ်။ စာအုပ်ဘေးမှာတော့ စာစောင်တွေ ရှိနေတယ်။

တစ်ခုချင်းစီက လက်ရေး မတူဘူး။

ထိုင်ခုံ နောက်မှာတော့ ဝတ်ရုံနက် အမျိုး သမီး တစ်ဦးရှိနေတယ်။ နှင်းလို စွတ်စွတ် ဖြူတဲ့ အသား အရည် နဲ့ လှပတဲ့ သွင်ပြင် က ပန်းချီကား တစ်ချပ် သဖွယ်။ သူမ နဖူး အလယ်မှာ ပြဒါးနီ စက်လေး တစ်ခုရှိနေတယ်။ နှင်းလွှာပြင်ပေါ်က သွေးစက်လေး လိုပဲ။

“ သခင်” ဝတ်ရုံ နက် အစေခံ တစ်ဦး အခန်းထဲ ဝင် လာတယ်။

“ သခင်။ သခင်လေး ဖန် နဲ့။ သခင်လေး ရန် ခန်းမဆောင် ထဲ ရောက်နေပါပြီ။”

“ ကောင်းပြီ။ အစီအစဉ် အတိုင်း ဆက်လုပ်တာပေါ့။”

“ အမိန့် အတိုင်းပါ။”

…

ဒီ စုဝေးပွဲက ညီလာခံ စာမေးပွဲ အကြောင်း ပြောဖို့ မဟုတ်ဘူး။ ကျော်ငးတော်သား တစ်ယောက် ချင်းစီ တိုင်းမှာ ဆန္ဒတွေ ရှိတယ်။ အနည်း ဆုံးတော့ ကိုယ့် သမိုင်း ကိုယ်ရေး ချင်တယ်။

အရက် မမူးတဲ့ အချိန် သူတို့ အင်အားကြီးကြတယ်။ အရက်လေး ဝင် လိုက်တာနဲ့ လောဘ ကြီးလာကော။

သူတို့ မှာ ပြောစရာ အကြောင်း မရှိလို့ မဖြစ်ဘူးလေ။

ဒီ ခန်းမဆောင်ကြီးက. … ရှစ်မိုင်လမ်း မှာ (မီးပန်း) တွေ အတွက် နာမည် အကြီးဆုံး နေရာပဲ။ ပြောရရင် တကယ့်ကို ထူးခြားတဲ့ နေရာ။

ထိပ်ဆုံးမှာ ကျန်နေဖို့ နည်းလမ်း တစ်ခုပဲ ရှိတယ်။

ဆွဲဆောင် နိုင်တဲ့ ထိပ်တန်း ကျောင်းတော်သား ဖြစ်ဖို့။ ရုပ်ရည်တစ်ခုတည်း လိုတာ မဟုတ်ဘူး။

မယှဉ်သာ မြင့်တဲ့ အရည်အချင်းလည်း ရှိရမယ်။

နေ ာက်ပြီးတော့ သန့်စင် ရမယ်။

ဆိုလို ချင်တာကတော့ ရှင်းတယ်။ ရတနုာ ဆိုတိုင်း လက်ခံ လို့ ရတာ မဟုတ်ဘူး။ လူတိုင်း လေးစားတဲ့ အရည်အချင်း ရှိမှ ဖြစ်မှာ။

 တေးသံသာ နတ်မိမယ်။

လွန်ခဲ့ သုံးလ တုန်းက သူမ ထွက်ပေါ် လာခဲ့တယ်။ အဆင့်အတန်း မြင့်မားလွန်းတဲ့ သူမ အသွင်က ထူးခြားတယ်။ အလှပဆုံး မဟုတ်ပေမယ့် နူးညံ့သိမ်မွေ့မှုကတော့ ထိပ်တန်းပဲ။

ရေပြင်လို တည်ငြိမ်ပြီး။ နွေဦးလို ကြည်လင် တယ်။

သူမရဲ့ နာမည်က အရည်အချင်း နဲ့ လိုက်ဖက် ညီတယ်။ သူမရဲ့ ဂီတသံက လူတွေကို ရီဝေယစ်မူးစေတယ်။ အရေး အကြီးဆုံးက အရည်းအချင်း ပြည့်ဝတဲ့ သူ ဖြစ်နေတာပဲ။

ကဗျာ ရေးစပ်တဲ့ အတတ် ပညာမှာ သူမကို မှီတဲ့သူ မရှိဘူး။ နောက်ပြီးတော့ လက်ရေး လက်သားက လည်း ထိပ်တန်း။

ယွင်ချင်းဝူ လောက် မကျော် ကြားပေမယ့်။ သိသိသာသာကို အရည်အချင်း ပြည့်ဝတယ်။

ဖန်ကျန်းရှီ က ဂီတ သံ နားဆင်ရင်း စားသောက်နေတယ်။ ဒီ အချိန်မှာ သူ သတိထားမိ လိုက်တယ်။ ကျောင်းတော်သားတွေ တင်ပါး ဖုန်ခါ ပြီး မတ်တပ် ရပ်နေတယ်။

ပိုးသား နီနီ ခေါင်မိုး ပေါ်ကနေ ကျလာတယ်။

“ ပြပွဲ ရှိတာလား။” ဖန်ကျန်းရှီ ခန့်မှန်း တယ်။

“ မဟုတ်ဘူး။ တေးသံသာ နတ်မိမယ် လာတော့မှာ။” ဝမ်တပေါင်း လှုပ်လှုပ်ရှားရှား ဖြစ်နေပြီ။

“ တေးသံသာ နတ်မိမယ်လား။”

“ ဒီ ပြည်နယ်မှာ အတော်ဆုံး ထိပ်တန်း မိန်းမပျို လေ။” ပင်းယန် ရှင်းပြတယ်။

“အော။်” ဝမ်တပေါင်း လှုပ်၇ှားနေတာ ဖန်ကျန်းရှီ နားလည်ပြီ။ ထိပ်တန်း မိန်းမပျိုလား။ ဘယ်လောက် တော်လို့လဲ။

သူတွေးနေတဲ့ အချိန်။ ခန်းမဆောင်က မီးတွေ မှိန်ဖျော့သွားတယ်။ မီးရောင်တွေ က ဒုတိယထပ်စင်မြင့် တစ်ထပ်မှာပဲ လင်းနေတယ်။

သိပ် မကြာခင်။ အနီရောင် ဗုံ လေးတွေ စင်မြင့်ပေါ်မှာ ပေါ်လာတယ်။

“ ဗုံတွေလား။” ဖန်ကျန်းရှီ သိချင် လာတယ်။

ဒီလောကမှာ တန်ဖိုးကြီး ကြိုးတပ် တူရိယာတွေ ရှိနေတာ … ဘာလို့ ဗုံကို သုံး တာလဲ။

“ တေးသံသာ နတ်မိမယ်။” ကျောင်းတော်သားတွေ တခဲနက် အားပေးတော့တယ်။

ဖန်ကျန်းရှီတော့ သိချင်လွန်းလို့ တအံ့တသြ ဖြစ်နေပြီ၊

ဝတ်ရုံနီ မိန်းမလှလေး တစ်ဦးကို သူ မြင်တယ်။ အနက်ရောင် ကုချင်း တ်ခုကို သူမ ပိုက် ထားတယ်။

တကယ့်ကို နတ်မိမယ် အတိုင်းပဲ။

“ ငါကြားတာတော့ တေးသံသာ နတ်မိမယ် က နတ်ဆိုးစည်း အဆင့်မှာတဲ့။ ကြည့်ရတာ အမှန်ပဲ။ ”

“ ကောင်းကင် ပေါ်မှာ လွင့်မျော နေတာ တကယ့်ကို နတ်မိမယ်လေး အတိုင်းပဲ။ ပြီးပြည့်စုံ လိုက်တာ။”

ကျောင်းတော်သားတွေ အလှတရားကို ခံစားရင်း ယစ်မူးနေတယ်။

“ ဒင်။” ကုချင်း တီးသံ ထွက်လာတယ်။

ဂီတသံ က အခန်း တစ်ခုလုံးကို လွှမ်းသွားတယ်။ အင်အားကြီးလွန်းလို့ မတ်တပ်ရပ်နေတဲ့ လူတွေတောင် နောက်ပြန် လဲကုန်တယ်။

“ တေးသံသာ နတ်မိမယ်က ဂီတ တာအိုကို သုံးနေပုံပဲ။”

“ ဂီတတာအို…..” ( ဝူဖုန်း သုံးတာမျိုးလား။) ရန်ရွှယ် သူ့ကို ပြောပြ ဖူးတာ ဖန်ကျန်းရှီ မှတ်မိမယ်။

“ဒင်” ကုချင်းသံ နောက်တစ်ကြိမ် ထွက်လာတယ်။

လေလေး တဖြူးဖြူးနဲ့ …..

တေးသံသာ နတ်မိမယ် ကုချင်း တီးနေတာကို ဖန်ကျန်းရှီ ကြည့်နေတယ်။

တခြား မိန်းမလှလေးတွေလိုပဲ မျက်နှာကာ ဝတ်ထားတယ်။ ဒါပေမယ့် သူမ ရဲ့ မျက်နှာကာက ထွင်းဖောက် မြင်ရတဲ့ အနီရောင်။ မျက်နှာကာနောက်က သူမ မျက်နှာကို မြင်နေရတယ်။

ကြည်စင်ရှင်းသန့် နေတဲ့ မျက်နှာ။ မျက်ခုံး ပါးပါးလေး နဲ့ မဟူရာ မျက်လုံးတောက်တောက်တွေ။ သူမ မျက်ဝန်းထဲမှာ မှင်၇ည်တွေ စီးဆင်းနေသလိုပဲ။ အေးချမ်း နူးညံ့တဲ့ အငွေ့အသက်တွေ သူမ မျက်ဝန်းထဲက ပျံ့လွင့်နေတယ်။

ဂီတသံ အခန်း တစ်ခုလုံးကို လွှမ်းခြုံနေတယ်။

ဖန်ကျန်းရှီ အခွံမာကြီး တစ်လုံးကို ကောက်တယ်။ ကိုက်ဝါး ဖို့ ပြင်တဲ့ အချိန် ဂီတသံ ရပ်သွားတယ်။ ဝတ်ရုံနီတွေ လေထဲမှာ တဖျတ်ဖျတ် လွင့်နေတယ်။

“ဘုန်းး”

ဗုံတီးသံတွေ နေရာအနှံ့ က ထွက်လာတယ်။

ကျောင်းတော်သားတွေ ဂီတသံ ကို အာရုံစိုက်နေ်တယ်။ လေထဲက ဝတ်ရုံနီ အရိပ်တွေ သူတို့ မျက်လုံးမှာ ထင်ဟ ပ်တယ်။

ဂီတသံ ဆက်ပြီး အရှိန် မြင့် နေဆြ။

ကုချင်းနဲ့ ဗုံတီးသံ က လိုက်ဖက်ညီနေတယ်။ တေးသံသာ နတ်မိမယ်ကတော့ ဂီတသံနဲ့ အတူ ကခုန်နေတယ်။

ဖန်ကျန်းရှီ နောက်ဆုံးတော့ နားလည် ခဲ့ပြီ။ တေးသံသာ နတ်မိမယ် ဘာလို့ ဒီလောက်တောင် နာမည် ကျော်နေမှန်း။

သူ့ အရည်အချင်းက ကျောင်းတော်သားတွေ ထက် သာတာပဲ ။

တစ်ခဏ ကြာပြီးနောက်။ တေးသံသာ နတ်မိမယ် မြေပြင်ပေါ်ကို ဆင်းသက်လာတယ်။

“ တေးသံသာ နတ်မိမယ်။ မနက်ဖြန် ညီလာခံ စာမေးပွဲ အောင်စာရင်း ထွက်မှာ။ ကျွန်တော် တို့ တစ်ယောက်ယောက် ကများ …..။ မိန်းမလှလေးရဲ့ အခန်းမှာ သီဆို ။ သောက်စားခွင့်ရမလား။”

အသံတစ်သံ ထွက်လာတယ်။

“ တေးသံသာ နတ်မိမယ် ရဲ့ အခန်းမှာ စားသောက် မယ်။”

“ နောက်ပြီးတော့ သီဆိုမယ်။”

ဒါကို ကြားတော့။ ကျောင်းတော်သားတွေ လှုပ်၇ှားလာကြတယ်။ ဒါက တစ်သက်မှာ တစ်ခါပဲ ၇တဲ့ အခွင့်အရေး။

“သခင်လေး ဝူက ဂီတကို သုံးပြီး တာအိုမှာ ပေါက်မြောက်တဲ့ သူပဲ။ အခုတော့ အကောင်းဆုံး ပြစ်ချက် ကို ထိပြီ။”

“ သခင်လေး ဝူ ဆက်လုပ်။ ဆက်လုပ်”

“ သခင်လေး ဝူ နဲ့ တေးသံသာ နတ်မိမယ် ၂ ယောက်လုံးက အရည်အချင်း အရမ်းရှိတာ။ နှစ်ယောက် အတူတူ တီးမှုတ်ရင်တော့ အကောင်းဆုံး တေးသံ ဖြစ်လာမှာပဲ။”

 ကျောင်းတော်သားတွေ အားလုံး ဝူဖုန်းကို ကြည့် နေတယ်။

ဝူဖုန်းကတော့ လှောင်ပြုံးပြုံးနေတယ်။

“ တေးသံသာ နတ်မိမယ်ကို နှုတ်ခွန်း ဆက်ပါတယ်။ ကျွန်တော်က ဝူဖုန်းပါ ။ နိုးထ နဂါး အဆင့်သုံး။ တွေ့ရတာ ဝမ်းသာ ပါတယ်။” ဝူဖုန်း ဦး ညွှတ်ရင်း နှုတ်ဆက်တယ်။

“ သခင်လေးဝူ မင်္ဂလာပါ။” တေးသံသာ နတ်မိမယ် ရဲ့ အသံက လူကို ရီေ၀ ယစ်မူးသွားစေတယ်။

ပင်းယန်ကတော့ ပြုံးနေတယ်။

“ ဖန်ကျန်းရှီ ကြိုးစား ကြည့်ကြည့်ပါလား။”

“ မလုပ်ချင်ဘူး။” ဖန်ကျန်းရှီ ချက်ခြင်း ငြင်းတယ်။ သူက သမိုင်း ပညာရှင်လေ။ ကဗျာတွေ ရေးတတ်တယ်။ ဂန္တဝင် စာပေတွေ ပြောတတ်တယ်။ ဒါပေမယ့် တီးမှု တ်တာတော့ မရဘူး။

တီးလုံးတွေကိုလည်း မသိဘူး။ ကြိုးတွေကိုလည်း နားမလည်။ ဗုံ တီးတာလား …. ကောင်း ကောင်း နားငြီးအောင် လုပ်နိုင်တယ်။

သူ့ အကျွမ်းကျင်ဆုံး အလုပ်ကတော့ ကြွားတာပဲ။

ယွင် ချင်းဝူ ရဲ့ လှေကို သူ ပြန် စဉ်းစား မိတယ်။ ကိုယ်တိုင်သာ တီးမှုတ်ပြရမယ် ဆိုရင်။ သံစဉ် တလွဲတွေပဲ ထွက်လာမှာ။

“ ဟဟား …. နင် မလုပ်နိုင်မှန်း ငါသိသားပဲ။ ရန်ရွှယ်ကော” ပင်းယန် ရယ်မောတယ်။

“ငါလည်း နည်းနည်းပဲ သိတာ။ ဒါပေမယ့် ဝူဖုန်းကို ငါ မယှဉ်နိုင်ဘူး။” ရန်ရွှယ် ခေါင်းခါတယ်။

ဝမ်တပေါင်း လှုပ်ရှားဖို့ ပြင်တယ်။ စင်ကို လှမ်းကြည့်တော့ ဝူဖုန်းကို တွေ့တယ်။ ဝူဖုန်းနဲ့တော့ သူ မပြိုင်ဝံ့။ မသိမသာ နောက်ပြန်ဆုတ်လာတယ်။

ဒီ အချိန် ဝူဖုန်း ရဲ့ နားရွက် အဖျားတွေ ဆတ်ခနဲ တုန်သွားတယ်။

“ တေးသံသာ နတ်မိမယ်က အကနဲ့ တေးဂီတမှာ ကျော်ကြားတယ်နော်။ ကျွန်တော် တို့ မှာ အ၇မ်းတော်တဲ့ ဂီတ ပညာရှင်တစ်ယောက် ထပ်ရှိသေးတယ်။ သူက တော်ဝင် စာမေးပွဲရဲ့ ထိပ်တန်း ကျောင်းတော်သားပဲ။ တေးသံသာ နတ်မိမယ်နဲ့ သာ တွဲဖက် ဖျော်ဖြေလိုက်ရင် သမိုင်းတွင်သွားမှာ။”

အပိုင်း (၃၁၅) ပြီး၏။

အပိုင်း (၃၁၆)

“ အကွက်ထဲ မဝင်စေနဲ့။”

ဝူဖုန်း ပြောရင်း နဲ့ ဖန်ကျန်းရှီကို လှမ်း ကြည့်တယ်။

ကျောင်းတော်သားတွေ ဒါကို ကြားတော့ အံ့သြကုန်တယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ သတိ ပြန်ဝင်လာတယ်။ ဝူဖုန်းက ဖန်ကျန်းရှီကို အခွင့်အရေး ပေးနေပုံပဲ။ သူ့ရဲ့ ရွှေ အခွင့်အရေးကြီးကို သူများဆီ ထိုးပေးနေတာ။ တကယ်တမ်းကတော့

အခု အဖြစ်က တကယ့် ဟာသပဲ။

ရန်ရွှယ် ပြောတာကို သူ အခုပဲ ကြားလိုက်တာ။ အထက်တန်း ကျတဲ့ သူ့ ပုံရိပ်ကို ပြန်ယူ ဖို့ အချိန်ကောင်းပဲ။

အသက် သုံးဆယ် အောက် လူတွေထဲ ဝူဖုန်း ထက် ဂီတ ပညာ အရည်အချင်း သာတဲ့သူ မရှိဘူး။

ဒါပေမယ့် သူ့ ရှေ့က မိန်းကလေး ….. ။

ဖန်ကျန်းရှီ ဘယ်လောက်ပဲ တော်တော် …. ဝူဖုန်း ထက်တော့ မသာဘူး။ ဒီ ကောင်မလေးက အချိန်ယူဖို့ လိုတယ်။

တေးသံသာ နတ်မိမယ် ရဲ့ မျက်လုံးတွေ အေးစက် တည်ငြိမ်နေတယ်။ ဝူဖုန်း ရဲ့ စကားတွေ ကြောင့် နည်းနည်း လေးတောင် ပြောင်းလဲ မသွားဘူး။

“ သခင်လေး ဝူ။ ကျွန်မက သခင်လေး ပြောသလို အရည်အချင်း မရှိပါဘူး။ နောက်ပြီးတော့ ကျွန်မက အဆင့်နိမ့် သူ တစ်ယောက်ပါ။ တော်ဝင်စာမေးပွဲ ထိပ်တန်း ကျောင်းတော်သား နဲ့ ဘယ်လိုများ အတူ ဖျော်ဖြေ နိုင်မှာလဲ။ ဒါပေမယ့် သခင်လေး ဖန်သာ ခွင့်ပြု ရင်တော့။ ဖျော်ဖြေ ပေးပါမယ်။”

“ဟဟား…. တေးသံသာ နတ်မိမယ်က နိမ့်ချ လွန်းနေပါပြီ။ တေးသံသာ နတ်မိမယ် နဲ့ တွဲဖက် ဖျော်ဖြေဖို့ မျှော်လင့် နေတဲ့ သူတွေ အများကြီး ။ ” ဝူဖုန်း လှောင်ပြောင် ရယ်မောတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို လှည့်ကြည့်တယ်။ “ သခင်လေး ဖန်။ တေးသံသာ နတ်မိမယ်ကို မငြင်း ဘူးမလား။”

ကျောင်းတော်သားတွေ အားလုံး ချက်ခြင်း ခုန်ထ လာတယ်။

“ သခင်လေး ဖန်။ တေးသံသာ နတ်မိမယ် ရဲ့ ဖိတ်ခေါ် ချက်က ရွှေ ရောင် အခွင့်အရေးပဲ။”

“ အတိအကျပဲ။ ကျွန်တော်တို့က သခင်လေးလို ဂုဏ် သတင်း မကြီးမားလို့။ ဘေးကနေပဲ တလေး တစား နားထောင် ပေးပါမယ်။”

သခင်လေး ဖန်က တော်ဝင်စာမေးပွဲမှာ ထိပ်တန်း ကျောင်းတော်သား ဖြစ်ခဲ့တာပဲ။ အခုတော့ တေးသံသာ နတ်မိမယ် နဲ့ ဖျော်ဖြေဖို့ အခွင့်အရေး ရနေပြီလေ။ ကျွန်တော်တို့ တကယ့်ကို မနာလို ဖြစ်မိတယ်။”

ကျောင်းတော်သားတွေ အားလုံး မနာလိုတဲ့ အမူအယာ တွေ ပြ နေတယ်။

ဖန်ကျန်းရှီ ရဲ့ ပါးစပ် ဟ သွားတယ်။ သေစမ်း.။

ကျောင်းတော်သားတွေ တွေးနေတာ ကို သူ ကောင်းကောင်း သိတယ်။ ဒါပေမယ့် ဂီတ အကြောင်းတော့ သူ လုံး၀ မသိဘူး။ ထောင်ချောက်ထဲ အမိခံမယ့် အထဲ သူမပါဘူး။

ဒီ လူတွေ အားလုံးကို သူ လျစ်လျူ ရှုထားတယ်။

လက်ဖက်ရည် သောက် မပျက် မုန့်စား မပျက် ။

ကျောင်းတော်သားတွေ တွေဝေကုန်တယ်။ ဖန်ကျန်းရှီက နေကြာစေ့ ခွာစား နေတုန်းပဲ။ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်တယ်။ သူတို့ စိတ်ထဲမှာ အတွေး တစ်ခု ဝင်နေပြီ။ ဖန်ကျန်းရှီက ဂီတ အကြောင်း မသိဘူး။ ဒါကြောင့် သူ ပြန် မဖြေတာ။

ကျိုးကြောင်း ဆီလျော်သားပဲ။

ဖန်ကျန်းရှီက ရွာသားလေ။ တာအို နိယာမ တစ်ခုပဲ ကျွမ်းကျင်တာ။ ဂီတ အနုပညာလို ကိစ္စ မျိုးက တန်ဖိုးကြီးတယ် ။ ဒီလိုတောသားက ဘယ်လိုများ တတ်နိုင်မှာလဲ။

“ သခင်လေး ဖန် က ဂီတ အကြောင်း မသိဘူးလား။” ကျောင်းတော်သား တစ်ယောက် လှောင်ပြောင်ရင်း ပြောတယ်။

“ အမှိုက်ကောင်။ သခင်လေး ဖန်က ဒီ လောက် အရည် အချင်း ရှိတာ။ ဘယ်လိုများ ဂီတကို မသိတဲ့ သူ ဖြစ်နိုင်မှာလဲ။”

“ ဟုတ်သားပဲ။ အဓိပ္မာယ် မရှိတာတွေ မပြောနဲ့။”

အသံ နှစ်သံ ရှေ့ဆင့် နောက် ဆင့် ထွက်လာတယ်။

ဒီလို ပြောပြီးနောက် ဖန်ကျန်းရှီကို လှောင်ရယ် ကြပြန်တယ်။

ဂီတ ကဗျာ တွေကို မသိတဲ့ ကောင်က အသုံး မဝင်တဲ့ ကောင်ပဲ။

စာမေးပွဲ မှာ ထူးချွန်တော့ရော ဘာလုပ်ရမှာလဲ။ အပြင်လောကမှာ ရယ်စရာ ကောင် ဖြစ်မှာပဲ။.။

ပြောဆို သံတွေ ကြားတော့ တေးသံသာ နတ်မိမယ် လှည့်ကြည့်တယ်။

ဝူဖုန်းကို ဦးညွှတ်တယ်။ ဖန်ကျန်းရှီ နဲ့ ရန်ရွှယ် ဆီကို လျှောက်လာတယ်။

ဝမ်တပေါင်း ကတော့ မျက်လုံးတွေ ဘလင်း ဘလင်းတောက်အောင် ပျော် နေပြီ။

“ တေးသံသာ နတ်မိမယ် ။ ကျွန်တော် ကျွန်တော်က ဝမ်တပေါင်းပါ။”

“ ကောင်းသော နေ့ပါ သခင်လေး ဝမ်။”

“ တေးသံသာ နတ်မိမယ်။ ကျွန်တော် ဒီကို အမြဲ လာ ဖြစ်တယ်။ နတ်မိမယ် ရဲ့ သီချင်းတွေ အားလုံးကို နားထောင် တဲ့ သူ တစ်ယောက်ပါ….။”

“ ဝမ်တပေါင်း ။ ပါးစပ် ပိတ်ထားစမ်း။” ပင်းယန် ထ အော်တယ်။

“…… ” ကြောက်လန့် တကြား ပါးစပ်ကို လက်နဲ့ ကာလိုက်တယ်။

“ သခင်လေး ဖန်။ ကျွန်မက တေးသံသာ နတ်မိမယ်ပါ။ ဘယ် တူရိယာကို သခင်လေး ကျွမ်းကျင်လဲ။ တူရိယာ ပြင်ဖို့ အစေခံ တွေကို ပြောလိုက်ပါမယ်။” တေးသံသာ နတ်မိမယ် ပြောတယ်။

“ စန္ဒရား။ မင်းမှာ ရှိလား။” ဖန်ကျန်းရှီ တစ်ချက် တောင် မော့မကြည့် ပဲနဲ့ ပြောတယ်။

“ စန္ဒရား။” တေးသံသာ နတ်မိမယ် နားမလည်နိုင်။

ကျောင်းတော်သားတွေလည်း ဒီ တူရိယာ မျိုး တခါမှ မကြား ဖူးဘူး။

“ ဒီကောင် တစ်ခုခု လုပ် ဖို့ ပြင်နေတာလား။”

ကျောင်းတော်သားတွေ သံသယ ဖြစ်နေတယ်။

“စန္ဒရားက ရှေးဟောင်း အနောက်တိုင်း ကမ္ဘာ မှာ တည်ထွင် ခဲ့တဲ့ တူရိယာ တစ်မျိုး။ အသံ ၈၈ ခု ခြေနင်း သုံးခု ပါတယ်။ ဘယ်ဘက် ခြေနင်းက အသံကို နှိမ့်ပေးတာ။ အနိမ့်သံတွေ ကို တီးတဲ့ ေနေရာ သုံးတယ်။ ညာဘက် ခြေ နင်းက အသံရှည်ရှည် ဆွဲ နိုင်အောင် လုပ်ပေးတယ်။ အလယ် ခြေနင်းက စန္ဒရားပညာရှင်တွေ တီးခတ် တဲ့ အချိန် အသံ မရော အောင် လုပ်ပေးတယ်။”

“ အနောက် တိုင်း ကမ္ဘာလား။”

“ အနောက်တိုင်း ကမ္ဘာ ???? ဘာလဲ။”

“ ဒါက ဘယ်လို ဖြစ်နိုင် မှာလဲ။”

ဖန်ကျန်းရှီ ပြောတာ ကြားတော့ သူတို့ မျက်လုံး ပြူးကုန်တယ်။

ရန်ရွှယ် ရဲ့ အမူအယာလည်း ပြောင်းသွားတယ်။ ဖန်ကျန်းရှီကို အထူး တဆန်း နဲ့ ကြည့်တယ်။ ဒါပေမယ့် သူ တစ်ခွန်းမှ မပြောဘူး။

တေးသံသာ နတ်မိမယ် တော့ လန့် နေပြီ။ ဒါပေမယ့် သူမ ချက်ခြင်း အမူအယာ ပြန် ထိန်းတယ်။

“ သခင်လေး ဖန်က တကယ့်ကို အ၇ည် အချင်း ရှိတာပဲ။ အနောက်တိုင်း ဂီတ ကိုယ်တိုင် သိတယ။် သခင်လေး ဖန် စန္ဒရား တီးတာကို တကယ် ကြားချင်ပါတယ်။ ဒါပေမယ့် တူရိယာက ဒီမှာ မရှိဘူး။ တခြား တူရိယာတီးခတ် မလား။”

“ တယောကော ရှိလား။ ဒီလို ပုံစံ လေးလေ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် တယော ပုံကို ပုံကြမ်း ဆွဲ ပြတယ်။

“ “ဒါကကော အနောက်တိုင်းက တူရိယာပဲလား။” ပုံကြမ်းကို မြင်တော့ တေးသံသာ နတ်မိမယ်ရဲ့ မျက်လုံးတွေ တောက်ပ လာတယ်။

“ဟုတတယ်။”

“ ကျွန်မ တကယ့်ကို တောင်းပန် ပါတယ်။ ဒါပေမယ့် ဒီမှာ တယော မရှိဘူး။”

“ ဆယ်လို တယောကြီးကော ရှိလား။”

“အဲ့တာလည်း မရှိပါဘူး။”

“ဂစ်တာတော့ ရှိတယ် မလား။”

“ အဲ့တာလည်း မရှိဘူး။”

ဖန်ကျန်းရှီ နောက်ထပ် ထပ်မပြော တော့ဘူး။ စိတ်ပျက်လက်ပျက် လက်ခါယမ်း နေတယ်။ သူ့ အကြံက ထင်ရှားနေတာပဲ။ ငါ မလုပ်ချင်လို့ မဟုတ်ဘူး ။ ဒါပေမယ့် ငါ တီးခတ် ဖို့ တူရိယာမှ မရှိပဲ။

တခြား ကျောင်းတော်သားတွေ တော့ မျက်လုံး ပြူးနေတယ်။

တယော ။ ဆယ်လို တယောကြီး။ ဂစ်တာ….

ဒါတွေက ဘာတွေ လဲ။

တစ်ခါမှ မကြား ဖူးတဲ့ တူရိယာ တွေပဲ။

ဒီ ကောင် သူ့ကို အပြစ် တင်တာ မခံ ရအောင် လုပ်နေတာပဲ။

ဖန်ကျန်းရှီ တခြားသူ ရဲ့ အတွေးတွေကို ဂရု မစိုက် ဘူး။ နောက်ဆုံးတော့ သူ ရှောင်လို့ ရသွားပြီ။ ဒီ လောကမှာ ဒီ တူရိယာ တွေမှ မရှိပဲ။

ကျောင်းတော်သားတွေ ဒေါသ ထွက်ကုန်ပြီ။ ဒါပေမယ့် တစ်ခွန်းမှ မပြောနိုင် ကြဘူး။ နောက်ဆုံးတော့ ဖန်ကျန်းရှီက တူရိယာတွေကို အသေးစိတ် ပြောသွားတယ်။ ပုံကြမ်းတောင် ဆွဲ ပြ သေးတယ်။

ဖန်ကျန်းရှီ ဒီလောက်တောင် အရှက် မဲ့မယ်လို့ ဝူုဖုန်း မတွေးမိဘူး။ မရှိတဲ့ တူရိယာ တွေကို ပြောမယ် လို့ မမျှော် လင့် ထားဘူး။

ဒါပေမယ့် ….

ဒါပေမယ့် …… ဖန်ကျန်းရှီ ဘယ်လောက် အရှက်မဲ့မဲ့။ နှစ်ယောက် ယှဉ် မတီးနိုင်တာကတော့ အမှန်ပဲ။ အခုတော့ တေးသံသာ နတ်မိမယ် နဲ့ သူ နှစ်ယောက်တွဲ ဖျော်ဖြေဖို့ပဲ ရှိတော့တယ်။

“ တေးသံသာ နတ်မိမယ်။ သခင်လေး ဖန် က နှစ်ယောက်တွဲ မဖျော် ဖြေ ချင်ဘူး။တဲ့။ ကျွန်တော် နဲ့ နှစ်ယောက်တွဲ တီးခတ် ရင်ကော ဘယ်လိုလဲ။” ဝူဖုန်း သူမကို ဦးညွှတ် လိုက်တယ်။

သံချပ်ကာ နဲ့ တလက်လက် တောက်ပ နေတဲ့ သူရဲကောင်းတစ်ယောက်လိုပဲ။”

“ သခင်လေး ဝူက ကျောက်စိမ်း ပုလွေ အနုပညာကို ကြည်လင်ရေ သုခမိန် ဆီက သင်ထားတာ။ သခင်လေး တို့ နှစ်ယောက် တီးခတ်ရင် ဒီ ဂီတ သံက သမိုင်း တွင် သွားမှာပဲ။ ”

“ သခင်လေး ဝူ ဘယ် ဂီတ တေးသွားကို တီးခတ် ဖို့ ရွေးထားတာလဲ။”

ကျောင်းတော်သားတွေ အားလုံး အတည်ပြုကြတယ်။

ဝူဖုန်း ပြုံးပြတယ်။ အဲ့ဒီ့နောက် ချောင်း ဟန့်တယ်။ “ တေးသံသာ နတ်မိမယ် ရဲ့ ပင်းရှ က ထူးခြား လွန်းတယ်လို့ ကြားဖူးတယ်။ အတူတူ တီးခတ် ရမယ် ဆိုရင် ဂုဏ်ယူ မိမှာပဲ။”

ဝူဖုန်းကို တားဖို့ ဖန်ကျန်းရှီ အစီအစဉ် မရှိဘူး။ သူ ဒီမှာ ဂီတသံ နားထောင် ဖို့ လာတာ။ တေးသံသာ နတ်မိမယ် ဘာ လုပ်လုပ် သူ အာရုံ မစိုက်ဘူး။

ဒါပေမယ့် ခုချိန် ထိ တေးသံသာ နတ်မိမယ်က ထွက်မသွားသေးဘူး။

ထွက်သွားမယ့် ပုံလည်း မရှိဘူး။

“ သခင်လေး လိုချင်တဲ့ တူရိယာ ကို မပေးနိုင်တဲ့ အတွက် ဝမ်းနည်းမိပါတယ်။ သခင်လေးနဲ့ တစ်ခွက် သောက် ရင်ကော ဘယ်လိုလဲ။” တေးသံသာ နတ်မိမယ် ဖန်ကျန်းရှီကို ပြောတယ်။

ကျောက်စိမ်း ပုလွေကို ကိုင်ထားတဲ့ ဝူ ဖုန်း သူ့ နေရာမှာ အမြစ် တွယ်နေတယ်။

သူ လျစ်လျူရှု ခံ လိုက်ရတာလား။

သူက နိုးထ နဂါး အဆင့် သုံးလေ။ ဒီ မျိုးဆက်မှာ အတော်ဆုံး ဂီတ ပညာရှင်။ နောက်ပြီးတော့ ဧကရာဇ် နဲ့ ခုပဲ တွေ့လာတာ။

အနည်းဆုံးတော့ ညီလာခံ အတွေးအခေါ် စာမေးပွဲမှာ ထိပ်တန်း သုံးယောက် ထဲ သူ ဝင်မှာပဲ။

ဒါက တော်ဝင်စာမေးပွဲ ထိပ်တန်း ကျောင်းတော်သားထက် အဆင့်သာ တယ်။

ဒါပေမယ့် ခုကတော့ တကယ့်ကို လျစ်လျူရှု တာ ခံနေရပြီ။

တေးသံသာ နတ်မိမယ် က သူ့ကို တစ်ချက် လေးတောင် လှည့် မကြည့်ဘူး။

ကျောင်းတော်သားတွေ ကတော့ မယုံနိုင် အောင် ဖြစ်နေတယ်။ တေးသံသာ နတ်မိမယ် ဒီမှာ အလုပ် စလုပ် တည်းက ဘယ်သူနဲ့ မှ တစ်ခွက် မသောက် ဖူးဘူး။

အခုတော့ တစ်ယောက်ယောက်ကို သောက်ဖို့ ဖိတ်ခေါ် နေပြီ။ နောက်ပြီးတော့….. အမှားလုပ်နေတာ မဟုတ်ဘူး။

သူ တောင်းနေတဲ့ တူရိယာ တွေ တကယ် ရှိတာ မဟုတ်ဘူး။ တေးသံသာ နတ်မိမယ် သူ့ ထောင်ချောက်ထဲ မရောက်စေနဲ့ ။

တေးသံသာ နတ်မိမယ် အရက် ခွက်ကို မြှောက်လိုက်တယ်။ ကျောင်းတော်သားတွေ မနာလို ဖြစ်လွန်းလို့ သွေးတောင် အန်တော့မယ်။

အပိုင်း (၃၁၆) ပြီး၏။

အပိုင်း (၃၁၇)

“ ငါက ဒီမှာ သီချင်း နားထောင်ဖို့ ရှိနေတာ။ ”

ဖန်ကျန်းရှီကို ထူးထူး ဆန်းဆန်း အကြည့်နဲ့ ပင်းယန် ကြည့်နေတယ်။ ဒီ ကောင်က သြဇာ တိက္ကမ ကြီးလိုက်တာ။

ထူးဆန်းနေတယ်လို့ ရန်ရွှယ်လည်း ထင်တယ်။ ဒါပေမယ့် သူ ဘာမှ ဆက် မပြောဘူး။

ဝမ်တပေါင်း အလွန် အမင်း လေးစား အားကျ လွန်းတဲ့ အကြည့် တွေ နဲ့ကြည့်နေတယ်။ ဒီ လူက ဆရာကြီး ပဲ။

ဖန်ကျန်းရှီလည်း အံ့သြနေတယ်။ ဒီ ကောင်မလေးနဲ့ စကား မပြောချင်ဘူး။ နောက်ပြီးတော့ သူက အာဏာ တွေ ဥစ္စာ ဓန တွေလည်း မရှိဘူးလေ။

သူမှ ဘယ်လို တီးမှုတ်ရမယ် မှန်း မသိတာ။ တေးသံသာ နတ်မိမယ်က သူ့ နား ဘာလာလုပ်တာလဲ။

“ သခင်လေး ဖန်။ သောက်ပါ။” တေးသံသာ နတ်မိမယ် ဝိုင်ခွက် ကိုင်ရင်း မော့ချတယ်။

ဖန်ကျန်းရှီ ကတော့ တွေေ၀ နေပြီ။ သူ့ကို ကြည့်နေတဲ့ ကျောင်းတော်သား တွေ တော့ လူသတ်ချင်စိတ်တွေ တဖွားဖွား ပေါ်လာတယ်။ ကောင်မလေးက မင့်ဘေး ရောက်နေပြီ။ ကလေးလိုလို ခွေးလိုလို ဘာ အချိုးချိုးေ နတာလဲ။

ဝူဖုန်း သူ့ နေရာကနေ တိတ်တဆိတ် ရှောင်သွားလိုက်တယ်။

သူ လျစ်လျူ ရှု ခံ ရပေမယ့် ။ သူ့ ပုံရိပ်ကိုတော့ ထိန်းရ အုန်းမယ်လေ။ တေးသံသာ နတ်မိမယ် က သူ့ကို အခု လျစ်လျူ ရှုထား ပေမယ့်။ အဆုံး မှာတော့ ပြန်လာမှာပဲ။

ဟုတ်တယ် …. သူ ပြန်လာမှာပဲ။

“သခင်လေး ဖန်။ ကျွန်မကို ထိုင် ဖို့ မပြောတော့ဘူးလား။” တေးသံသာ နတ်မိမယ် မေးတယ်။

“ ပလွတ်။” ဝူဖုန်း ခြေထောက်တွေ ဂျယ်လီလို ပျော့ခွေ သွားတယ်။ သူ့ မျက်နှာကတော့ ရဲရဲ နီနေပြီ။ အခု ချိန် ဘာတွေ ဖြစ်နေလဲ သူ မသိတော့ဘူး။

သူ ဘယ်မှာ များ အမှား လုပ် မိသွားတာလဲ။

ဧကရာဇ် နဲ့ တွေ့ဖို့ ဖိတ်ခေါ် ခံ ရတယ်။ နိုးထ နဂါး အဆင့်မှာလဲ ဖန်ကျန်းရှီထက် မြင့်တယ်။ အရေးအကြီးဆုံးက သူ့ ဂီတပါရမီ။ ရှားရှားပါးပါး လို့ သတ်မှတ် ခံထားရတာ။

သူ့ မှာ အားသာချက်တွေ အများကြီးရှိတယ်။

ဒါပေမယ့် အခုတော့ သူ ရှုံးသွားပြီ။ ကောင်းကောင်းကြီး ပညာ ပေးခံ လိုက်ရပြီ။

စိတ် ချောက်ခြားတာ။ ဒါ အမြင်မှားနေတဲ့ အာရုံ လှည့်စားမှုပဲ ဖြစ်မှာပါ။

ဝူဖုန်း သူ့ မျက်လုံးတွေကို အကြိမ်ကြိမ် ပွတ်ကြည့်တယ်။ သူ့ အသားသူ ဆိတ်ဆွဲ ကြည့်တယ်။ ဖန်ကျန်းရှီ တို့ စားပွဲမှာ တေးသံသာ နတ်မိမယ် ထိုင်နေဆဲ။ ဖန်ကျန်းရှီ ရဲ့ ဝိုင်ခွက်ကိုတောင် ဖြည့်ပေးနေတယ်။

မဖြစ်နိုင်ဘူး။

ဝူဖုန်း နောက်ထပ် ထပ် မကြည့် နိုင်တော့ဘူး။

သူ့ နှလုံးသား နာကျင် နေပြီ။ အခု ဖြစ်နေတဲ့ တစ်ခုချင်းစီက လုံးဝကို မမျှော်လင့်ထား တဲ့ အရာတွေပဲ။ သူ့ အစီ အစဉ်က လုံးဝကို ကောင်းမွန်တယ်။ သူက လုံးဝကို အထက်စီး ကနေ ကြည့်ရတဲ့ သူပဲ။ ဒါပေမယ့် အမှန်တရားက ခါးသီးတယ်။

“ ဖန်ကျန်းရှီ။ ဒီမှာ ကျောင်းတော်သားတွေ အများကြီး နဲ့ မိန်းမလှ လေးတွေ ရှိတယ်။ ငါ့ကို ကဗျာ စပ် တာ ပြိုင်ရဲလား။ ခေါင်းစဉ်ကို မင်း ရွေးလို့ ရတယ်။” ဝူဖုန်း ဒေါသတကြီးနဲ့ အော်တယ်။

“ ကဗျာစပ် မှာလား။” ဖန်ကျန်းရှီ မေးတယ်။

“ ဟုတ်တယ်။ ခေါင်းစဉ်ကို မင်းရွေး။ ” ဝူဖုန်း ယုံကြည်မှု အပြည့်နဲ့ ခေါင်းငြိမ့်တယ်။ ဖန်ကျန်းရှီက သူ့ကို ဂီတမှာ မပြိုင်နိုင်မှန်း သိတယ်။ ဖန်ကျန်းရှီ မပြိုင်ပြိုင် လာအောင် လုပ်ဖို့ပဲ လိုတယ်။

“ မလုပ်ဘူး။” ဖန်ကျန်းရှီ ငြင်းတယ်။

“ ဘာလို့လဲ။ ဒီမှာ စုဝေးပွဲကြီးလေ။” ဝူ ုဖန်း နားမလည်နိုင်။ ဖန်ကျန်းရှီကို သူ အခွင့်အရေး ပေးပြီးပြီ။ ဘာလို့ ဖန်ကျန်းရှီက ငြင်းရ ပြန်တာလဲ။

“ ငါ ဒီကို ဂီတသံ နားထောင် ဖို့ လာတာ။” ဖန်ကျန်းရှီ နေကြာစေ့ ခွာရင်း နဲ့ ပြန်ဖြေတယ်။

“ဒါပေမယ့်

“စာချိုး စပ်တာကော ပြိုင်မလား။ ငါ မင်းရဲ့ အဖြေလွှာကို မြင်ဖူးတယ။် ကဗျာ မစပ် ချင်ရင် ။ စာချိုးတော့ စပ်ရ အောင်လေ။” ဝူုဖန်း အံကြိတ်ရင်း ဖြေတယ်။

“ မလုပ်ချင်ဘူး။”

“ ဘာလို့လဲ။”

“ ငါပြောပြီးပြီလဲ။ ဒီကို ဂီတသံ နားထောင်ဖို့ လာတာ။ နားပူနားဆာ လုပ်နေတာ တော်တော့ ” ဖန်ကျန်းရှီ စိတ်တိုတို နဲ့ ပြောတယ်။

“ ဟီးဟီး။” တေးသံသာ နတ်မိမယ် ရယ်မောနေတယ်။

ပင်းယန်ရဲ့ ရယ်သံက ပိုပြီးတော့တောင် ဆိုးသေးတယ်။

“ ဟ ဟားဟားဟား။” အသံကို မတိုးနိုင်ဘူး။

ရန်ရွှယ်တောင်မှ ပြုံးနေတယ်။ ဒီ အချိန် အတွင်းမှာ သူ့ ကိုယ်ထဲက မပျော်ရွှင်မှုတွေ လှိုင်းလုံးကြီးနဲ့ မျောပါသွားသလိုပဲ။

ဝမ်တပေါင်းလည်း ရယ်ချင်တာပေါ့။ ဒါပေမယ့် သူက ဖန်ကျန်း၇ှီ တို့ နဲ့မှ မတူတာ။ ဝူဖုန်းကို အပြစ်ပြု မိလို့ မဖြစ်နိုင် ဘူး။

ဒါကြောင့် မရယ်မိအောင် အသက်အောင့်ထားတယ်။ သူ့ မျက်နှာကြီးကတော့ ရဲရဲ နီနေပြီ။

ဝူဖုန်း ရဲ့ မျက်နှာကတော့ မီးသွေး ထက်တောင် မည်းနေတယ်။

“ သခင်လေး ဖန်က ဒီမှာ ဂီတ နားဆင်တာ ဆိုတော့။ ကျွန်မ သတင်း အသစ်တွေ ရေးထားတာ ရှိတယ်။ သခင်လေး ကျွန်မ နဲ့ လမ်းလျှောက်ပါလား။” တေးသံသာ နတ်မိမယ် ရယ်မောရင်း ပြောတယ်။

ခန်းမဆောင် တစ်ခုလုံး အပ်ကျသံ မကြားရအောင် တိတ်ဆိတ်သွားတယ်။

ကျောင်းတော်သားတွေ သူတို့ ကြားတာကို မယုံ နိုင်ဘူး။

ဖန်ကျန်းရှီ ဘာလို့ ဒီလောက် ကံကောင်း နေရတာလဲ။ သူ့ကံတွေ ဘယ်ကနေ ထွက်လာတာလဲ။ ကြိုးတစ်ကြိုး ကိုတောင် လက်နဲ့ မထိ။ ဗုံတစ်လုံးကိုမှ တစ်ချက် မပုတ်ပဲနဲ့။

တေးသံသာ နတ်မိမယ်က ဘာလို့ ဖိတ်ခေါ် တာလဲ။

လောကကြီးက မတရား လိုက်တာ။

ဝူဖုန်း တွေးခဲ့မိတယ်။ ဒီညမှာ သူ့ ကံ ဇာတာ အကောင်းဆုံးပဲ။ ဧကရာဇ် မင်းက ဆင့်ခေါ်တယ်။ အိမ်ကို မိန်းမလှလေးနဲ့ ပြန်ရမယ်။ နောက်တစ်နေ့ မနက်မှာ အောင်ပွဲက သူ့ကို ဆီးကြို နေပြီ။

တစ်ကိုယ်လုံး အပျော် တွေ ပြည့်နှက်နေခဲ့တာ။

ဒါပေမယ့် အခုတော့ သူ ဘယ်လိုပဲ ကြိုးစား ကြိုးစား မအောင် မြင်တော့ဘူး။ သူ့ရဲ့ (ပျော်ရွှင်မှု) တွေ ဖန်ကျန်းရှီ ကြောင့် ပျောက်ကွယ်သွားပြီ။ ဖန်ကျန်းရှီ ဘယ်လိုများ လုပ်လိုက်လဲ သူ နားမလည်ဘူး။

“ လမ်းလျှောက်မယ်။ ဘယ်ကိုလဲ။” တေးသံသာ နတ်မိမယ်ကို ဖန်ကျန်းရှီ မေးတယ်။

“ သူ့ အခန်းကိုလေ။ တေးသံသာ နတ်မိမယ်က သူ့ အခန်းလာဖို့ ဖိတ်နေတာ။” ဝမ်တပေါင်း ထိုင်ခုံကနေ ခုန်ထပြီး ပြောတယ်။

“ အခန်းထဲလား။ ဒါပေမယ့် … ငါက ဂီတသံ လာနားထောင်တာ။ သူနဲ့ မအိပ်ချင်ပါဘူး။” ဖန်ကျန်းရှီ ရိုးရိုးသားသားလေး ပြန်ဖြေတယ်။ ဧ

“ ပလွတ်။” ထိုင်ခုံမှာ ထိုင်နေကြတဲ့ ကျောင်းတော်သားတွေ မြေပြင်ပေါ်ကို လဲကျ ကုန်တယ်။ ဖန်ကျန်းရှီကို သတ်ချင် နေပြီ။

သူမနဲ့ အိပ်မယ်။

တေးသံသာ နတ်မိမယ်က သူနဲ့ အိပ်မယ် ပြောလို့လား။

ဒီကောင် ဘာတွေ တွေးနေတာလဲ။

ပင်းယန်ကတော့ မထိန်း မသိမ်းနိုင် အော်ကြီးဟစ်ကျယ် ရယ်တော့တယ် ။ “ ဖန်ကျန်းရှီ….. ဟဟားဟားဟား ….. ရီစရာ ကောင်းလိုက်တာ။ ဟား ဟားဟားဟား” ရန်ရွှယ်လည်း ရယ်မောနေတယ်။ ဒါပေမယ့် သူ့ ရယ်သံကတော့ ခါးသက်သက်။

ဝမ်တပေါင်းလည်း ရယ်နေပြီ။ ။ဒါပေမယ့် အကျယ်ကြီး မရယ်ရဲ။ သူ ခပ်တိုးတိုး ပြောတယ်။ “ အမတ်မင်းဖန်။ သူ့ အခန်းကို ဖိတ်တာ အိပ်ဖို့ မဟုတ်ဘူး။ ”

“ အာ ။ သိပြီ။” ဖန်ကျန်းရှီ ဖြည်းဖြည်းချင်း ခေါင်းငြိမ့်တယ်။ အရင် ခေတ်မှာ ဆို အမျိုးသမီးတွေက သူ့ အခန်းကို ဖိတ်တာ ဒီ အဓိပ္မာယ် မဟုတ်ဘူးလား။

သမိုင်းတွေက မှားနေတာ များလား ။

ဒါမှ မဟုတ် သမိုင်း ရေးတဲ့သူကပဲ။ သူလုပ်ခဲ့တာကို ရေးထားတာလား။

“ ဟီးဟီး …. ကြည့်ရတာ သခင်လေး ဖန် ။ ပထမ ဆုံး ဂီတ လာနားထောင်တာ ဖြစ်မယ်။” တေးသံသာ နတ်မိမယ် ရယ်မောရင်း မေးတယ်။

“ အင်း။ ဟုတ်တယ်။” ဖန်ကျန်းရှီ ဝန်မခံ ချင်ပေမယ့် လည်း ငြင်းလို့မရ။

“ ကျွန်မ ဂုဏ်ယူ မိပါတယ်။ သခင်လေး ဖန်။ လိုက်ခဲ့ပေးပါ။” တေးသံသာ နတ်မိမယ် လက်ဆန့်တန်း၇င်း ပြောတယ်။

“ ဟဟား။ မြန်မြန် လိုက်သွား။” ပင်းယန် ရယ်ရင်း ပြောတယ်။

“ မနက်ဖြန် အောင်စာရင်းထွက်မှာ မမေ့ နဲ့နော်။ တော်ဝင် ဘွဲ့ နှင်းသဘင် ခန်းမ ရှေ့မှာ ငါစောင့်နေမယ်။” ရန်ရွှယ် ခေါင်းငြိမ့်ရင်း သတိပေးတယ်။

“ အမတ်မင်းဖန်။ ဂီတတေးသွား နားထောင်ပြီးရင် ပြန်ပြော ပြ အုန်းနော်။ တေးသံသာ နတ်မိမယ်ရဲ့ သီချင်း အသစ်ကို ဘယ်သူမှမကြား ဖူး သေးဘူး။” ဝမ်တပေါင်း လှမ်းပြောတယ်။

ပင်းယန်နဲ့ ရန်ရွှယ်ကို ကြည့်ရင်း ဖန်ကျန်းရှီ နားလည်လိုက်တယ်။ ပျော်စရာတွေရှိတယ်လို့ သူတို့ ပြောခဲ့တာကို။

အမျိုးသမီးတစ်ယောက်က ကိုယ်တိုင် လာခေါ်တယ်။ နောက်ပြီးတော့ မင်းသမီးက သူ့ကို အားပေးအားမြှောက် လုပ်နေသေးတယ်။

သူ ဘယ်လိုများ ငြင်းနိုင်တော့မှာလဲ။

…

ခန်းမဆောင်ကြီးရဲ့ အဖိုးတန်ရှေးဟောင်း အခန်းထဲမှာ…..

ဝတ်ရံုံနက် အမျိုးသမီး စာ ဖတ်နေတယ်။ ဒါပေမယ့် အ၇င်ကလောက် အာရုံ မစိုက်တော့ပုံပဲ။

စာ တစ်ဒါဇင်(၁၂ စောင်) ဖတ်ပြီးနောက် သူမ နားတယ်။

နှုတ်ခမ်း ကိုက်ရင်း မီးရောင် တောက်တောက်ကို လှမ်းကြည့်နေတယ်။ သူမ ဒေါသထွက်နေပုံပဲ။

“သခင်။” ဝတ်ရုံနဲ့ အစေခံ တစ်ဦး ဝင်လာတယ်။

“ ဘယ်လိုလဲ။” ဝတ်ရုံနက် အမျိုးသမီး မေးတယ်။

“ တေးသံသာ နတ်မိမယ်။ သခင်လေး ဖန်ကို ဖိတ်ခေါ် ပြီးပါပြီ။” အစေခံ ဦးညွှတ်ရင်း ပြန်ဖြေတယ်။

“ အိုး။ သူ ဘာများ ဖျော်ဖြေလဲ။” သက်ပြင်းချ ရင်း အမျုးိသမီး မေးတယ်။

“ သူ ဘယ်ဂီတမှ မဖျောဖြေပါဘူး။”

“ ဒါဆို ကဗျာစပ်တာလား။”

“ မဟုတ်ပါဘူး။ ဂီတကော ကဗျာကော တစ်ခုမှ မလုပ်ဘူး။”

“တစ်ခုမှ မလုပ်ရင်….. အံ့သြစရာ စာချိုး ကော စပ်တာလား။” အမျိုးသမီး သံသယ အပြည့်နဲ့ မေးတယ်။

“ သခင်။ ဖန်ကျန်းရှီက တစ်ခုမှ မလုပ်ပါဘူး။ တကယ်တော့ သခင်လေး ဖန်က သူမကို လိုချင်ပုံလဲ မပေါ်ဘူး။ အစီအစဉ် အောင်မြင် ဖို့ အတွက် တေးသံသာ နတ်မိမယ်က သူ့ကို မရ ရအောင် ဖိတ်ခေါ် လိုက်တာပါ့။” အစေခံ ပြန် ဖြေတယ်။

“ ဒီ အရှက်မရှိတဲ့ ကောင်စုတ်လေး။ တေးသံသာ နတ်မိမယ်ကို အောင်မြင်အောင် မကြိုးစား ဘူးပေါ့။” ဝတ်ရုံနက် အမျိုးသမီး လန့်သွားတယ်။

“အမှန်ပါပဲ။ ဒါတင် မကဘူး။ တေးသံသာ နတ်မိမယ် အခန်းထဲ ဖိတ်တဲ့ အချိန် သူပြော သေးတယ် ….”

“ဘာပြောတာလဲ။”

“သူ ဒီကို ဂီတသံ နားဆင်ဖို့ ရောက်နေတာ။ သူမနဲ့ အိပ်ချင်စိတ် မရှိဘူးတဲ့။”

“ ဘာ။ ဟ ဟား“ဟား ဟား ဟား….. ဒီ အရှက်မရှိတဲ့ ကောင်စုတ်လေးက ဒီလို ပြောတယ်ပေါ့။”

“ဟုတ်ပါတယ်။ သေသေချာချာ ရှင်းရှင်းလင်းလင်း ကြီးကို ကြားရတာပါ့။ သခင်လေး ဖန်က ဒီကို ပထမ ဆ့ုံး လာတာ ဖြစ်လို့ စည်းမျဉ်းတွေလဲ မသိဘူး။ ”

“ ပထမဆုံး လာတာ။ ဟုတ်ပြီ။ မင်း သွားလို့ ရပြီ။ တေးသံသာ နတ်မိမယ် ကို အစီအစဉ် အတိုင်း ဆက်လုပ်ခိုင်းလိုက်။”

“ အမိန့်တော် အတိုင်းပါ။ ” ဝတ်ရုံန် နက် အစေခံ ထွက်သွားတော့တယ်။

“ပထမဆုံးလာတာ။” တေးသံကို နားဆင်ဖို့။ ကောင်မလေးနဲ့ အိပ်ဖို့ မဟုတ်ဘူးတဲ့ .။ ဟ ားဟားဟားဟား ….”

အပိုင်း(၃၁၇) ပြီး ၏။

အပိုင်း( ၃၁၈)

“ အောင်စာရင်း ထွက်မယ့်နေ့။”

…

အခန်း ဆိုတာ အမျိုးသမီး တွေ အတွက် သီးသန့် အခန်း ပဲ။

ဒီလို အခန်းကို ည ဘက် ဝင်ရတာမျိုး ဖန်ကျန်းရှီ စိတ်မဝင်စား။ ဒါပေမယ့် လူကတော့ အခန်းထဲ ရောက်သွားပြီ။

ပင်ကိုယ်သိစိတ်က ပြောနေတယ်။

ဝင်သည် ဖြစ်စေ။ မဝင်သည် ဖြစ်စေ မကွာဘူး။

စကားပုံ တစ်ခုရှိတယ်။ ဗုဒ္ဒ ဘုရ ားရှင်ကို ယုံကြည် နေသရွေ့။ အရက်သေစာ နဲ့ အသားတွေ တောင် အူထဲကို အစာ မကျေပဲ ဖြတ်သွားနိုင်တယ်။

ဖန်ကျန်းရှီ တေးသံသာ နတ်မိမယ် ရဲ့ အခန်းထဲ ရောက်သွားပြီ။ အခန်း အပြင်အဆင်တွေကို သူ လေ့လာတယ်။

အခန်း အပြင်အဆင်က ပိုင်ရှင် ရဲ့ စိတ်သဘောကို ဖော်ပြတယ်။

တေးသံသာ နတ်မိမယ် ရဲ့ အခန်းက နူးညံ့ နွေးထွေးတယ်။ သင်းပျံ့ တဲ့ မွှေးရနံ့ က အေးချမ်း စေတယ်။

ကြမ်းပြင်ကို ကော်ဇော ခင်းထားတယ်။ လမ်းလျှောက်ရတာ အရမ်းကောင်းတယ်။

အရောင်ကတော့။

အစိမ်းဖျော့ နဲ့ မိုးပြာရောင် ။ ပြတင်းပေါက် ဘောင်ပေါ်မှာ ရှိတဲ့ အပင်တွေ ရောင်ပြန် ဟပ်နေတယ်။

“ သခင်လေး ဖန်။ထိုင်ပါ။” အခန်းအလယ်က ထိုင်ခုံကို တေးသံသာ နတ်မိမယ် ညွှန်ပြတယ်။

ဖန်ကျန်းရှီ ချက်ခြင်း ထိုင်တယ်။

အရင်လောက နဲ့ အခု ေ လာက ကွာခြား ချက်တွေ တော့ ရှိတယ်။ ဒါပေမယ့် များများစားစားတော့ မကွာဘူး။ ဖောက်သည် က ဦးစားပေး။

အခန်းထဲမှာ ဧည့်သည် အတွက် ထိုင်ခုံ ချန်ထားပေးတာ။ လေးစားကြောင်း ပြတာပဲ။

တေးသံသာ နတ်မိမယ် ရေနွေးကြမ်း ငှဲ့ ပေးတယ်။ ရေနွေးခွက်နဲ့ နေကြာစေ့ ပန်းကန်းပါ ယူလာတယ်။ ဖန်ကျန်းရှီ ထိုင်နေတဲ့ ထိုင်ခုံဆီလာ ချ ပေးတယ်။

ဖန်ကျန်းရှီကတော့ မလှုပ်၇ှားဘူး။

တေးသံသာ နတ်မိမယ် ဒီလို လုပ်နေတာ။ သူ ဘယ်လိုမှ ကျင့်သား မရဘူး။ တစ်ခုခု လွဲနေတာ သူ သိတယ်။

ဒီနေရာမှာ သူ မရှိသင့်ဘူး။

ဒီနေ့ အဖြစ်က အကြောင်း တိုက်ဆိုင်ပြီး ကံ ကောင်းသလိုပဲ။ ဒါပေမယ့် ဖြစ်နေတဲ့ ကိစ္စ အားလုံးက အကြောင်းရင်း ရှိတယ်။

တကယ်တော့ သူ ဘာမှ မလုပ်ထားဘူး။

နှစ်ယောက်တွဲလည်း မဖျော်ဖြေဘူး။ ကဗျာလည်း မစပ်။ သူ့ အရည်အချင်း တစ်ခု တောင်မှ မပြဘူး။

ဒါတောင် အခန်းထဲ ခေါ် ခံ ရတယ်။ နောက်ပြီးတော့ နာမည် အကြီးဆုံး မိန်းမလှ လေး က ဖိတ်ခေါ် တာ။ ဖြစ်နိုင်ချေ နှစ် ခုပဲ ရှိတယ်။

တစ်ခုက သူ့ ရုပ်ရည် ချောမော လွန်းလို့။ ဒုတိယ တစ်ခုက မိန်းမပျို လေးရဲ့ အဖေ နဲ့ ရုပ်တူနေလို့ ။

တစ်ခုမှ ဟုတ်မယ် မထင်။

ဒါကြောင့် နောက်ထပ် တစ်ခုပဲ ရှိတော့တယ်။

မတွေးတတ်တော့ဘူး။

ဖန်ကျန်း၇ှီ စဉ်းစား မရဘူး။ ဒါပေမယ့် သူ သိတော့ သိချင်တယ်။ ဒါကြောင့် တေးသံသာ နတ်မိမယ်ကို သတိထားဖို့ ဆုံးဖြတ်လိုက်တယ်။

“သခင်လေး ဖန်။ ရေနွေးကြမ်း သုံးဆောင်ပါအုန်း။” တေးသံသာ နတ်မိမယ် ရေနွေးခွက်ကို ကမ်းပေးရင်း ပြောတယ်။

“ ကျေးဇူး။” ဖန်ကျန်းရှီ ရေနွေးခွက်ကို ယူတယ်။ ဒါပေမယ့် ချက်ခြင်း မသောက်ဘူး။

တေးသံသာ နတ်မိမယ် ဖန်ကျန်းရှီ သောက်တာကို စောင့် မနေဘူး။

အခန်း တစ်ခုထဲကို သူ ဝင်သွားတယ်။ သိပ်မကြာခင်။ အဝတ်အစား လဲပြီး ပြန်ထွက်လာတယ်။ အဝတ်အစား တစ်စုံ လုံး လဲထားတာ။

မိုးပြာရောင် အကျီလည်း မဟုတ်ဘူး။ ခုန ကလို အနီလည်း မဟုတ်။ ဒါပေမယ့် အ၇င် ကထက် ပိုပြီး နူးညံ့လာတယ်။ အရေးအကြီး ဆုံးက သူ မရဲ့ မျက်နှာကာကို ဖယ်လိုက်တာပဲ။

နူးညံ့ပြီး တော်ဝင်ဆန်တဲ့ အသွင် ။ တေးသံသာနတ်မိမယ် ရဲ့ ပုံ စံက လှပပြီး သေးငယ် တယ် လို့ ပြောရမယ်။ နှာခေါင်းသေးသေးလေး။ နှုတ်ခမ်း ကလည်း သေးသေးလေး။ သူ့ မျက်နှာပါ သေးသေးလေး ဖြစ်နေတာ။

ဒါပေမယ့် ကြည့်ရတာ အတော်လေး အေးချမ်းတယ်။

ဖန်ကျန်းရှီ အစ တုန်းက တွေးမိတယ။် တေးသံသာ နတ်မိမယ် ရဲ့ မျက်နှာကာကို ဖယ်မယ်လို့။ ဒါပေမယ့် တေးသံသာ နတ်မိမယ်က လက်ဦးသွားတယ်။ ကိုယ်တိုင် မျက်နှာကာ ချွတ်လာတယ်။

ကိစ္စ အားလုံးက အစီအစဉ် အတိုင်း ဖြစ်နေတာပဲ ။

တေးသံသာ နတ်မိမယ် ကုချင်းကို တီးခတ် ဖျော်ဖြေ တော့တယ်။

ချိုသာ တဲ့ တေးသွားတွေ ပျံ့လွင့်လာတယ်။ ရေပူစမ်းမှာ ရေ စိမ်နေရသလို သက်တောင့် သက်သာရှိတယ်။ သင်းပျံ့ တဲ့ မွှေးရနံ့ လေးပါ ပေါင်းလိုက်ရင်။ တကယ့်ကို နှစ်သက်ဖွယ်ပဲ။

ဖန်ကျန်းရှီ သီချင်း နားထောင်တာ ရှားတယ်။ ဒါကြောင့် ဂီတ အကြောင်းလဲ မသိဘူး။

ယွင်ချင်းဝူ နဲ့ ချီကူယန် တို့က တော်တော် နာမည် ကြီးတဲ့ ဂီတ ပညာရှင်တွေ။

ယွင်ချင်းဝူက ဂန္တဝင်ဆန်တယ် ။ ပွင့်လင်းတယ်.။ စိတ်နှလုံးကို ဖြတ်သန်း နိုင်တယ်။ တောင်တွေ ပင်လယ်တွေကို ရောက်သလို လန်းဆန်းစေတယ်။

ချီကူယန်က ကဗျာဆန်တဲ့ သူမျိုး။ အနုပညာ ရှင် စစ်စစ် တစ်ယောက်လိုပဲ။ မြက်ပင်တွေ ပန်းပွင့်တွေက အစ သူ့ ဂီတ သံမှာ စီးမျောတယ်။

တေးသံသာ နတ်မိမယ်က နှစ်ယောက်လုံး နဲ့ မတူဘူး။

ရေလို ငြင်သာ ပြီး ကျောက်စိမ်းလို နွေးထွေးတယ်။ နားထောင်တဲ့ သူကို နွေးထွေ်းစေတယ်။

ဂီတသံ မှာ နစ်မျော ပြီး အချိန်တွေကို ဖန်ကျန်းရှီ မေ့ပြီ။

ရုတ်တရက် သူ ရေဆာလာတယ်။ သူ့ ရှေ့မှာ ရေနွေးကြမ်း အေးအေး တစ်ခွက်။

တေးသံ သာ နတ်မိမယ် ချက်ခြင်း သတိထားမိ ပုံပဲ။ စောင်းတီး တာကို ချက်ခြင်း ရပ်တယ်။ အခန်းတစ်ခုထဲ ဝင်ပြီး ပြန်ထွက်လာတယ်။ ရေနွေး ပူပူ တစ်အိုး သူ့ လက်ထဲ ပါလာတယ်။

နောက်ထပ် ဝတ်စုံ တစ်စုံကိုလည်း လဲလာ ပြန်တယ်။

သစ်ရွက်ပုံလေးတွေ ခပ်ရေးရေး ထင်နေတဲ့ ဝတ်ရုံစိမ်းကို ဝတ်လာတယ်။ သူမဆံ ထိုး နဲ့တောင် လိုက်ဖက် ညီနေသေး။

ခုန တုန်းက နွေဦးလို နွေးထွေးတယ်။ အခုတစ်ခါတော့ သဘာ၀ နတ်မိမယ်လိုပဲ။

“သခင်လေး ဖန်။ ရေနွေးကြမ်း သုံးဆောင်ပါ။” တေးသံသာ နတ်မိမယ် ရေနွေးခွက် ကမ်းပေးရင်း ပြောတယ်။

“ကျေးဇူးပဲ။” ဖန်ကျန်းရှီ ခွက်ကို ယူတယ်။ နွေးနေတာပဲ။ ဒါပေမယ့် သူ မသောက်ဘူး။

သူ့ လက်တွေ တုန်ယင်နေတယ်။

ငွေသား တစ်ချို့ ရေနွေးခွက်ထဲ ကျသွားတယ်။

“သခင်လေး ဖန် ငွေသား ပြုတ်ကျသွားတယ်။” တေးသံသာ နတ်မိမယ် ချက်ခြင်း မတုံ့ပြန်ဘူး။ ငွေသား ကို ဆယ်ပြီး ဖန်ကျန်းရှီကို ပြန်ပေးတယ်။

“ကျေးဇူးပဲ။” ဖန်ကျန်း၇ှီ ချောင်းဟန့်တယ်။ ငွေသားကို ပြန်ယူတယ်။

အဲ့ဒီ့နောက် ရေနွေး ပူပူကို စုပ်သောက်တယ်။ မွှေးပျံ့ တဲ့ ရနံ့က နှာခေါင်းဝကို ကလူနေတယ်။

လျှာသပ်ရင်း ပြောတယ်။ “ လက်ဖက်ရည်ကောင်းပဲ။”

“ ချီးမွမ်းတာ ကျေးဇူးတင်ပါတယ်။ ဒီ ရေနွေးတွေက ကျွန်မ ကိုယ်တိုင် လုပ်ထားတာလေ။ ပန်းခြောက် ရေနွေး။” တေးသံ သာ နတ်မိမယ် ရှင်းပါတယ်။

“ အင်း။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

ရေနွေးကြမ်း အကြောင်း သူ သိပ် မသိဘူး။ သောက်လို့ ကောင်းမကောင်းပဲ သိတယ်။ တေးသံသာ နတ်မိမယ် ပြောမှ ပန်းနဲ့ ရေနွေးလုပ်လို့ ရမှန်း သိတာ။

တေးသံသာ နတ်မိမယ် မူလနေရာကို ပြန်သွားတယ်။

“သခင်လေး ဖန်။ အက ကြည့်ချင်လား။”

“ က ပြ ချင်လို့လား။” ဖန်ကျန်းရှီ တကယ်တော့ ကပွဲ တွေ ကြည့်ရတာ ကြိုက်တယ်။ ဒါပေမယ့် ဘယ်လို ပြောရမှာလဲ။

အိန္နြေရှိရှိ နေရ အုန်းမယ်။

“ ဒါဆို ကျွန်မ က ပြ ပါမယ်။” တေးသံသာနတ်မိမယ် ပြုံးရင်း ပြောတယ်။ အဲ့ဒီ့နောက် ချက်ခြင်း ကပြ တော့တယ်။

တေးသံသာ နတ်မိမယ် က တာကို ဖန်ကျန်းရှီ ကြည့်နေတယ်။ သူ့ စိတ်ထဲ ခံစားချက်တွေ ရောထွေးလာတယ်။

ဒီလောက မှာ ထိပ်တန်း မိန်းကလေး ဖြစ်ရတာ။ အတော် ခက်ခဲ မှာပဲ။

တူရိယာကိုလဲ ကောင်းကောင်း တီးတတ်ရတယ်။ အနည်း ဆုံးတော့ ဆယ်စုနှစ် ချီပြီး လေ့ကျင့်ရမှာ။ နောက်ပြီးတော့ ကောင်းကောင်း ကနိုင်ဖို့။ တော်တော် ကြိုးစား ရမှာ။

လှဖို့လည်း လိုတယ်။ ကောင်းကောင်း ဆိုတတ် ။ ကတတ်။ တီးခတ်တတ်ရမယ်။

အရင်လောကက စူပါစတားတွေ ထက်တောင် ပို ခက်ခဲ သေးတယ်။ ငယ်ရွယ်ရမယ်။ အရွယ်ကောင်းလေး လွန် သွား တာနဲ့ သူတို့ကို ဘယ်သူမှ မလိုချင် တော့ဘူး။

သူတို့ ရဲ့ အရည်အချင်းတွေ အလကား ဖြစ်သွားမှာ။

ဒါမျိုးက ခံစား ရ မခက်ဘူးလား။

သူတို့ ငယ်ရွယ် နုပျို တဲ့ အချိန်။ ယောကျာ်းတိုင်းက သူတို့ အတွက် တိုက်ခိုက် ကြတယ်။ ဒါပေမယ့် အရွယ်လည်း ကျ ကော စွန့်ပစ်ခံရကော။

ပန်းလေးတွေ လိုပဲ။ ပွင့်ဖူးတယ်။ ဒါပေမယ့် ညှိုးနွမ်း သွားကော စွန့်ပစ်ခံရရော။

အက ကို ကြည့်ရင်း ဖန်ကျန်းရှှီ ရေနွေး သောက်နေတယ်။

အချိန် အတော်ကြာ ကပြီးနောက်။ တေးသံသာ နတ်မိမယ်ရပ်လိုက်တယ်။ အခန်းထဲ ပြန် မဝင်ခင် အမွှေးနံ့ကို မြှင့်သွားတယ်။

သူမ အဝတ်အစား ထပ်လဲ မလို့လား။

ဖန်ကျန်းရှီ လည်း ရေနွေး တစ်ခွက်ပြီး တစ်ခွက် သောက်နေဆဲ။

အနီ။ အပြာ ။ အစိမ်း။ အဝတ်အစား သုံး မျိုး လဲပြီးပြီ။ ဒီ တစ်ခေါက်တော့ ဘယ်လို ဖြစ်မလဲ။

သိပ်မကြာခင်။ လူရိပ်တစ်ခု အခန်းထဲက ထွက်လာတယ်။

အနက်ရောင် ဝတ်ရုံ ရှည် နဲ့ ရွှေချည်ထိုး ဖိနပ်တွေ စီးထားတယ်။ နောက်ပြီးတော့ နဖူးမှာ အနီစက်လေး တစ်ခု ။

လမ်းလျှောက်ပုံက လုံး၀ မတူဘူး။

သူ့ ရဲ့ အငွေ့အသက် ၊ အရှိန်အဝါ အကုန်လုံး ပြောင်းကုန်တယ်။ နွေးထွေးမှုတွေ ပျောက်ဆုံးသွားပြီ။ ဒီတစ်ကြိမ် ကြောက်စရာ ကောင်းလောက်အောင် ဆွဲဆောင်မှု ရှိနေတယ်။

ဖန်ကျန်းရှီတော့ လန့် နေတယ်။ ဒီ တစ်ခေါက် ပြောင်းတာ တစ်မျိုးကြီးပဲ။

အဝတ်အစားက ဒီလောက် ပြောင်းနိုင်လို့လား။ ပြောင်းနိုင်ရင်တောင်။ ဒီလို ဆွဲဆောင်မှုတွေ ဘယ်က ရလာမှာလဲ။

နေစမ်းပါအုန်း။

တစ်ခုခုတော့ လွဲနေပြီ။

ထူဆန်းနေတာ ဖန်ကျန်းရှီ သိတယ်။ ဒီ အမျိုးသမီးက ရေနွေးအိုး မကိုင်ထားဘူး။

ဖန်ကျန်းရှီ ဆီ တည့်တည့် လျှောက်လာတယ်။

အလွန်အမင်းကို တောက်ပတဲ့ အရှိန် အဝါတွေ ဖြာထွက်နေတယ်။

အကြီးအကျယ်လွဲနေပြီ။ ဒီ ကောင်မလေး ဘယ် လို ပုံစံ ရှိလဲ သူ တကယ်သိချင်တယ်။ ဒါပေမယ့် သူ့ အမြင် အာရုံ တွေ ေ၀ဝါးနေပြီ။

မြူတော်ထဲ ရောက်နေသလိုပဲ။

ပိုပြီး အရေး ကြီးတာက သူ့ အင်အားတွေ အကုန် ကုန်ခမ်း သွားတာပဲ။ မလှုပ်နိုင်တော့ဘူး။

သေစမ်း။ ငါ ထောင်ချောက် မိပြီ။

ကောင်မလေး ဘယ်လို ပုံစံမှန်း သူ မမြင်ရတော့ဘူး။

သေစမ်း။

ဒီနေ့တော့ ဘဝပျက် (လူပျိုရည်ပျက်) ရတော့မှာလား။ သူက ၁၅ နှစ်ပဲ ရှိသေးတာကို။ ဒီည လူပျိုရည် ပျက်ရ ရင်တောင်။ မုဒိန်းကျင့်တာတော့ မခံ ချင်ဘူး။ (RIP )

…

နောက်တစ်နေ့ မနက်။

ဆောင်းနှောင်း အချိန်။ အပူချိန်က ကျဆင်းနေတယ်။ လေပြင်းကြောင့် သစ်ရွက်ကြွေတွေ လေထဲ ဝဲနေတယ်။ ငှက်တွေက နေရာ အနံှ့ ပျံသန်းရင်း ။ လူတွေပေါ် အညစ်အကြေ းစွန့် နေတယ။်

တစ်စုံ တစ်ခု ဝူဖုန်းခေါင်း ပေါ်ကို ကျလာတယ်။

ဝူုဖုန်း အတွေးလွန်နေဆဲ။ ခန်းမဆောင်ကနေ အတော်လေး နောက်ကျမှ သူ ပြန်လာတာ။ ဒါပေမယ့် ဖန်ကျန်းရှီက ထွက်မလာသေးဘူး။

ဒါဆို ဖန်ကျန်းရှီတစ်ည လုံး ဒီမှာ ရှိနေတာပဲ။

တစ်စုံ တစ်ယောက်ကို အခန်းထဲ ဂီတသံ နားထောင် ဖို့ ခေါ်တာနဲ့။ တစ်ညလုံး အခန်းထဲမှာ အတူတူ နေမယ် ပြောတာ။ လုံးဝကို အဓိပ္မာယ် မတူဘူး။ တေးသံသာ နတ်မိမယ်က ဖန်ကျန်းရှီ နဲ့ အိပ် မယ်တော့ မထင်။

ဒါပေမယ့် အိပ် ဖြစ်ရင်ကော ????

အမြဲတမ်း ဖြစ်နိုင်ချေ တစ်ခု ရှိတယ်။ သူတွေး၇င်း နဲ့ ဒေါသ ထွက်လာတယ်။ ငှက်တွေ ဘာလို့ သူ့ ခေါင်းပေါ် အညစ်အကြေး စွန့် ကျလဲ သူ မသိဘူး။

ဒါပေမယ့် သူ နားလည် သွားတော့ ။

ပိုပြီး ဒေါသ ထွက်လာတယ်။

ငှက် တစ်ကောင်က ဘယ်လိုများ မြန် နိုင်မှာလဲ။ အကြိမ် ဒါဇင်ချီပြီး သူ ခုန် ရှောင် နိုင်တယ်။ ငှက် တွေ ဘယ်လိုများ ရောက်လာတာလဲ။ ။

“ သေစမ်း …. မင်း အပြင် ထွက်ရင် ဘောင်းဘီ ကောင်းကောင်း ဝတ်ထား။” ဝူဖုန်း ထ အော်တယ်။

ငှက်တွေ ဝူဖုန်းကို လှည့်ကြည့်တယ်။ သူတို့ ရဲ့ မျက်လုံး နက်နက် တွေ ။ မကျေ မနပ် ဖြစ်နေပုံပဲ။ “ ငါတို့ အီးပါတဲ့ အချိန် ဘယ်သူက ဘောင်းဘီ ဝတ်ထား လို့လဲ။ ”

သူတို့ စကားကို ဝူဖုန်း နားမလည် ။

ဒါပေမယ့် သူတို့ မျက်လုံးအကြည့် တွေကိုတော့ သိတယ်။

သူ့ အမြင် အာရုံက အံ့သြစရာ ကောင်းတယ်။ သူ ကျောက်စိမ်း ပုလွေကို ချက်ခြင်း ထုတ်တယ်။ ပြီးတော့ မှုတ်တော့တယ်။

“ ကျစ်”

ငှက်တွေ ရဲ့ အသံ လိုပဲ။ စူးရှ တယ်။ လေထဲကို မြှားတစ်စင်းလို ဖြတ်သွားတယ်။

စကားပုံ တစ်ခု ရှိတယ်။ မြှားမှန် ဖူးတဲ့ စာသူငယ်က မြှားသံကို ကြောက်တယ်။

အခု မှာတော့ ငှက်က ဒဏ်ရာ မရ ဘူး။ သူ့ကိုယ်သူပဲ အတော်လေး ဂုဏ်ယူ နေတာ။ ဒါကြောင့် အပြစ် ခံ ရပြီး မြှား မှန်သွားတယ်။ အသံထွက် လာတဲ့ အချိန် သူ့ အတောင်ပံတွေ ရပ်တန့်သွားတယ်။

“ ဝူးးး”

ငှက်က သစ်ကိုင်းကို တိုက်မိတယ်။ အဲ့ဒီ့နောက် မြေပြင်ပေါ်ကို ကျသွားတယ်။

ဝမ်ဖုန်းပုလွေကို ချ လိုက်တယ်။ သူ့ မျက်လုံးတွေ အေးစက်နေပြီ။ အဲ့ဒီ့နောက် လက်ကိုင် ပဝါကို ထုတ်တယ်။ ခေါင်းပေါ်က ငှက်ချေးကို သုတ်တယ်။

ဒီနေ့က စာမေးပွဲ အောင်စာရင်း ထွက်မယ့် နေ့ပဲ။

ဒီ စာမေးပွဲကို သူ အများကြီး မျှော်လင့်ထားတာ ။ ငှက်ချေးတွေ ပေ နေတဲ့ ခေါင်း နဲ့ ဘယ်လိုများ သွားရမှာလဲ။

 လူတွေ အများကြီး နန်းတော်ကို သွားကြတယ်။ ဒါပေမယ့် နန်းတော်ထဲကို လည်း ဝင်ခွင့် မရ။ အောင်စာရင်း ကိုလည်း မကြားနိုင်ဘူး။

အောင်စာရင်းကို နန်းတော် ထဲက လူ ပဲ သိရတယ်။

စာမေးပွဲ အောင်တဲ့ သူ နာမည်ကို သုံးကြိမ် တိတိ ကြေညာတယ်။ ထိပ်တန်း သုံး ယောက် ကတော့ ။ တော်ဝင်ဘွဲ့ နှင်းသဘင် ခန်းမ ကနေ မြို့တော်ရဲ့ ဆင်ခြေဖုံး နေရာ တွေ အထိ ပျံ့ တယ်။

ဒါက အမြင့်ဆုံး ဂုဏ်ရည်ပဲ။ ကျောင်းတော်သား တိုင်း လိုချင်တဲ့ ဂုဏ်။

မနေ့ ည လူ တော်တော်များများ မအိပ်ကြဘူး။ ကျောင်းတော်သား တွေ မနက်စောစော ထကြတယ်။ အကောင်းဆုံး ဝတ်စုံတွေကို ရွေးဝတ်တယ်။

ဒီ ပွဲတော်မှာ ဂုဏ်သရေ ရှိ ဧည့်သည်တော်တွေ အများကြီးလာမှာ။

အာဏာကြီး မိသားစု တွေရဲ့ တပည့်တွေ။ အင်ပါယာ တစ်ခွင်လုံးက နာမည်ကြီး လူတွေ အကုန်လုံး လာကြတယ်။

အပိုင်း(၃၁၈) ပြီး၏။

အပိုင်း (၃၁၉)

“ အတူတူ ကျရအောင်။”

နှစ်ပေါင်း များစွာ သင်ယူ လာခဲ့တာ……။

ဒီနေရာကို ရောက်ဖို့ စာမေးပွဲ တွေ အများကြီး ဖြတ်ကျော်လာခဲ့ပြီးပြီ။ တစ်ချို့တွေ ဆို ဒီနေရာ ရောက်ဖို့ ငါးကြိမ် ခြောက်ကြိမ် ကြိုးစား ခဲ့ရတယ်။

“ မြန်မြန် … မြန်မြန်လာ။ အောင်စာရင်း ထွက်တော့မယ်။ နေရာကောင်း ရှာထားစို့”

“ ဘယ်လို ရလဒ်တွေ ထွက်လာမလဲ သိချင်လိုက်တာ။ ”

“ ငါကြားတာတော့ ဝူဖုန်းက ဧကရာဇ် နဲ့ တောင် တွေ့ရတယ် ဆိုပဲ။ တခြား ကျောင်းတော်သားတွေ အကြောင်း ပြောသံ မကြားဘူး။ ဝူဖုန်းတော့ ထိပ်တန်း သုံးယောက် ထဲ ဝင်မှာ အသေ အချာပဲ။”

“ ဖန်ကျန်းရှီ က ခေါ်တွေ့ မခံရ ဘူး ကြားတယ်။ ဒီကောင်တော့ ကျ ပြီ။”

“ သူ မကျ ရင်တောင် နန်ကုန်းဟောင် တစ်ယောက် လုံး ရှိနေတာ။ ဘယ်လိုများ ထိပ်သီး ဖြစ် နိုင်မှာလဲ။”

“ အမှန်ပဲ ”

ကျောင်းတော်သားတွေ ညီလာခံ စာမေးပွဲ အကြောင်း ဆွေးနွေးနေတယ်။ နောက်ဆုံးတော့ ဒီ အကြောင်းက မြို့တော် တစ်ခုလုံး စိတ်ဝင်စားနေတဲ့ အကြောင်းရင်း ပဲလေ။ ”

နန်ကုန်းဟောင်က နိုးထ နဂါး အဆင့် နှစ်။ လွန်ခဲ့တဲ့ လေးနှစ် တည်းက နိုင်ငံ့ ထိပ်တန်း ကျောင်းတော်သား ဖြစ်ခဲ့တာ။ နောက်ပြီးတော့ ကြည်လင်ရေ သုခမိန် ရဲ့ တပည့်ကြီး ဝူဖုန်းလည်း ရှိသေးတယ်။

မခန့်မှန်း နိုင်လောက်အောင် အရည်အချင်း မြင့်တဲ့ ရန်ရွှယ် လည်း ရှိတယ်။ နောက်ပြီးတော့ တော်ဝင် စာမေးပွဲ ထိပ်သီး ဖန်ကျန်းရှီ လည်း ရှိနေတယ်။

မြို့တော် တစ်ခုလုံး စာမေးပွဲ အကြောင်းတွေပဲ ပျံ့နေတယ်။

နန်းတော် တံခါးမှာ လူတွေ အစုလိုက် အပြုံလိုက်။ လူတိုင်းက အောင်စာရင်းကို ပထမဆုံး သိတဲ့ သူ ဖြစ်ချင်တယ်။

ရွှေရောင် သံချပ်ကာ နဲ့ အစောင့် စစ်သည် နှစ်တန်း ရှိတယ်။ တော်ဝင်ဘွဲ့နှင်းသဘင် ခန်းမ ဘေးမှာ ရပ်စောင့် နေတယ်။ လက်လက်တောက်နေတဲ့ လှံတွေ ။ သူတို့ ရဲ့ အမူအယာတွေ တည်ငြိမ်နေတယ်။

အမတ်မင်းတွေ အားလုံး အစောင့် နှစ်တန်း ကြားမှာ ရှိနေတယ်။ ဝန်ကြီးယွီယိဖျင် အမတ်မင်း တွေ ရဲ့ ထိပ်ဆုံး မှာ ရပ်နေတယ်။

ခန်းမ ဝင်ပေါက် နဲ့ မီတာ ၅၀၀ အကွာမှာ ကျောင်းတော်သားတွေ ရှိတယ်။ အောင်စာရင်းကို စောင့်နေတယ်။ သူတို့ အားလုံး လည်ပင်း ရှည်မတတ် ဖြစ်နေကြပြီ။

ရန်ရွှယ် က တော့ လူအုပ်ကြီးရဲ့ အလယ်မှာ။ သူ့ အမူအယာက အေးစက်စက် ။ ဘေးပတ်ဝန်းကျင် ကို ဝေ့၀ဲ ကြည့် နေတယ်။

ဖန်ကျန်းရှီ မနေ့ညက ပြန်မလာဘူး။

သူ မအံ့သြခဲ့ဘူး။ ဖန်ကျန်းရှီ ဂီတသံမှာ နစ်မျောပြီး ပြန်မလာနိုင်တာ ဖြစ်မယ်။ ဒါကြောင့် ခန်းမဆောင်မှာ ည အိပ် တာ။

ဒါပေမယ့် ….. စာမေးပွဲ အောင်စာရင်း ထွက်မယ့် အချိန် ရောက်နေပြီ။ ဖန်ကျန်းရှီ ကို အရိပ်အယောင် မမြင်ရသေးဘူး။

ရန်ရွှယ် မသင်္ကာ ဖြစ်မိတယ်။ ဖန်ကျန်းရှီက ဒီလို အမှား မျိုး လုပ်မယ့် သူ မဟုတ်ဘူး။

အောင်စာရင်း ထွက်တဲ့ အချိန်က အရေးကြီးတယ်။

“ ဒီ ကောင် ဘယ်မှာလဲ။ ” နန်းတော် ဝင်ပေါက်ကို ရန်ရွှယ် လှမ်း ကြည့်တယ်။ သူ့ မျက်လုံး ထဲမှာ စိုးရိမ် ပူပန် မှုတွေ အပြည့်။ အောင်စာရင်း မထွက် မချင်း သူ ပြန် လို့ မရဘူး။

သူ စောင့်ရုံပဲ တတ်နိုင်တယ်။

ဖန်ကျန်းရှီ ရောက်လာတာကို စောင့်ရမယ်။

ဝူဖုန်း အတော်လေးကို ပျော်နေခဲ့တယ်။ လမ်း တစ်လျှောက်လုံး လူတွေ သူ့ကို မသိမသာ ချီးမွမ်းနေတယ်။ ဒီနေ့ သူ့ကို စိတ်ညစ်အောင် ဘယ်သူမှ မလုပ်ရဲ ကြဘူး။

ဒါပေါ့။ ဒါကြောင့် သူ တော်တော်လေး ပျော်နေတယ်။

ဖန်ကျန်းရှီလည်း မရှိဘူး။ ဘယ်လောက်တောင် အံံ သြစရာ ကောင်းတဲ့ သတင်းလဲ။

ဖန်ကျန်းရှီ သတ္တိ ရှိလွန်းတဲ့ အကြောင်း ကောလ ဟာလတွေ အမြဲ ကြားနေရတာ။ ညီလာခံမှာ တခြား အမတ်မင်းတွေ ကို ပြောနိုင် ဆိုနိုင်တယ်။ တစ်ချိန်လ့ုး ဒါတွေကို ကြားနေရတာ။

ဒါပေမယ့် ဖန်ကျန်းရှှီ အခုတော့ အောင်စာရင်း လာမကြည့်ဘူး။ အတင့်ရဲလွန်းသွားပြီ။

တစ်ညတာ အပျော်ရှာတယ်။ တော်တော်မှ ပျော်နေရဲ့လား။

“ ဖန်ကျန်းရှီ ဒီနေ့ မလာဘူး။ ဘာတွေ များ ဖြစ်နေပြီလဲ။”

“ငါကြားတာတော့ မနေ့ည ရှစ်မိုင် ခန်းမ ဆောင်ရောက်သွားတယ် ဆိုပဲ။ တေးသံသာ နတ်မိမယ်က သူ့ အခန်းထဲ ဖိတ်ခေါ်သွားတယ်။ မနေ့က တစ်ညလုံး မနားလိုက်ရလို့…. မထနိုင်တာ ဖြစ်မယ်။ ဟဟ ားဟားဟား။”

“ ဒီ ကောင် မလာရဲ တော့ဘူး ထင်တယ်။”

“ သခင် လေး ချင် က ခေါင်းထဲ သံ စိုက်သွားပြီလား။ ဖန်ကျန်းရှီက ဧကရာဇ် နဲ့လည်း မတွေ့ဘူး။ သူ ကျမှာ သေချာ နေပြီ။ အောင်စာရင်း လာမကြည့်ရဲတာ ထုံးစံ ပါပဲ။ ဒါပေမယ့် …..”

“ဒါပေမယ့် ဘာဖြစ်လဲ။”

“တေးသံသာ နတ်မိမယ်က သူ နဲ့ အတူ ရှိနေတာ နှမြော လိုက်တာ။”

“ ဟဟား ဟား….. ငါတော့ မထင်ဘူး။ ဖန်ကျန်းရှီ တနေရာရာမှာ ပုန်းနေတာပဲ ဖြစ်ရမယ်။”

“ ဟ ဟားဟား……”

ကျောင်းတော်သား တွေ ဖန်ကျန်းရှီ မရှိတာကို သတိထားမိတယ်။ ဒါကြောင့် ချက်ခြင်းသူ တို့ အတွေးကို ပြောတော့ တယ်။

ဝူဖုန်းကတော့ လှောင်ပြုံးပြုံးနေပြီ။ ဖန်ကျန်းရှီ ပုန်းနေတယ်လို့ သူထင်တယ်။ ဖန်ကျန်းရှီ အအိပ်လွန် နေတယ် ဆိုတာမျိုး သူ မယုံဘူး။

သူတွေးလေလေ ။ စိတ်ထဲ ပိုပျော် လေလေပဲ။ လူအုပ်ထဲကို ထပ်ခါ ထပ်ခါ ကြည့်ရင်း ရှာတယ်။

နန်ကုန်းဟောင်။

ဝတ်ရုံဖြူ ပေါ်က သွေးတွေ ပျောက်သွားပြီ။ လျှော်ထားထာလား။ ဒါမှ မဟုတ် အသစ် တစ်ထည် လဲ ဝတ်ထားတာလား မသိ။

ဖုန်တွေ ပေ နေတယ်။ ဒါပေမယ့် နေရောင် အောက်မှာ တောက်ပနေဆဲ။

နန်ကုန်းဟောင် ရဲ့ မျက်လုံးတွေက နေမင်းလို တောက်ပတယ်။ ဒါပေမယ့် မောက်မာတဲ့ အငွေ့အသက် တွေ လွှမ်းခြုံနေတယ်။

ကျောင်းတော်သားတွေ ထဲမှာ ထင်ရှားလွန်း နေတယ်။ ထက်မြက်လွန်းတယ်။

ရှားရှားပါးပါး ကျောင်းတော်သားပဲ။ နန်ကုန်းဟောင်က တခြား သူတွေ နဲ့ ဝေးဝေး နေတာ မဟုတ်ဘူး။ ဒါတောင် မှ အံဝင်ခွင်ကျ ဖြစ်မနေဘူး။

ဝူဖုန်း သိချင်တာ ရှိတယ်။

နန်ကုန်းဟောင်ကော ဧကရာဇ် နဲ့တွေ့လား ။ ကြည့်ရတာ နောက်ဆုံး အဆုံး အဖြတ် ပဲ။ နန်ကုန်းဟောင်က ကျ စရာ အကြောင်း မှ မရှိတာ။

ဒါပေမယ့် သူ သိချင် နေတုန်းပဲ။

သိပ် ကောင်းကောင်းတော့ သူ မမျှော် လင့်ထားမိဘူး။ ဒါပေမယ့် မျှော်လင့်တကြီး စောင့်နေမိ တုန်းပဲ။

ဖန်ကျန်းရှီ အဖြေလွှာ အပ်ပုံ မျိုး နဲ့ ဆို ကျ နိုင်ချေ များတယ်။ ဒါပေမယ့် နန်ကုန်းဟောင်လည်း ဒီ အချိန်ပဲ အပ်တာ။

သူကော အခြေအနေ ကောင်းမှာလား။

ဖန်ကျန်းရှီ နဲ့ နန်ကုန်းဟောင် ရဲ့ အစွမ်း ကို သူ သံသယ မရှိပါဘူး။ ဒါပေမယ့် ဧကရာဇ် ရဲ့ အဆုံး အဖြတ်က ပို အရေးကြီးတယ်။

ဝူဖုန်း နန်းကုန်းဟောင် အနားကို ကပ်လာတယ်။

“ သခင်လေး နန်ကုန်း။” ဝူဖုန်း အနားကပ်ရင်း ဦးညွှတ်တယ်။

ဒါကို မြင်တော့ ကျောင်းတော်သားတွေ စကား ပြောသံ တိတ်သွားတယ်။

ဝူဖုန်း ဘာလုပ်ဖို့ ကြံ နေတာလဲ။

ငြိမ်းချမ်း ရေး ဆွေးနွေးမလို့လား။ ဒါမှ မဟုတ် မီးလောင်ရာ လေပင့်မှာလား။

“ သခင်လေး ဝူ။” နန်ကုန်းဟောင် ပြန်ပြီး ဦးညွှတ်တယ်။

အင်ပါယာ ရဲ့ အတော်ဆုံး ကျောင်းတော်သား နှစ်ယောက် ကီု ဒီလို မြင်ရတာ မယုံနိုင်စရာ ပဲ။ အခုတော့ အမှန်တကယ် ဖြစ်လာပြီ။

ဝူဖုန်းကတော့ ပြုံးနေတယ်။ နန်ကုန်းဟောင် သူ့ကို လျစ်လျရှုမယ်လို့ ထင်ထားခဲ့တာ။ အခုတော့ တလေး တစား ပြန်ဖြေ နေတယ် ။ မမျှော်လင့်ထားမိဘူး။

နန်ကုန်းဟောင်က သူ့ကို အခုမှ လူရာ သွင်းလိုက်သလို ထင်မိတယ်။

ဒီလို ခံစား ချက်ကြောင့် ဝူဖုန်း လန့်လာတယ်။ နန်ကုန်းဟောင်က ဒီလိုမျိုး တလေး တစား မလုပ်သင့် ဘူးလို့ သူ ထင်နေတယ်။

အခုချိန်မှာ သူက နိုးထ နဂါး အဆင့်သုံး ရောက်နေပြီလေ။

ဒါတောင် ဘာလို့ ဒီလို တွေးမိတာလဲ။

နန်ကုန်းဟောင်နဲ့ သူ အဆင့် တူ နေပြီလို့ တွေးမိတယ်။ နောက်ဆုံးတော့လည်း အဆင့်လေး တစ်ဆင့် ကွာတာ ပဲလေ။ သူ့ကိုယ်သူ စိတ်အေးအေး ထားဖို့ ပြောတယ်။ ဒါပေမယ့် ဒီ ခံစားချက် ကြီးကို သူ မောင်းမထု် နိုင်ဘူး။

နန်ကုန်းဟောင် ဧကရာဇ် နဲ့ တွေ့ခဲ့လား ။ မတွေ့ခဲ့ ဘူးလား။ သူ မမေးလိုက် နိုင်ဘူး။

သူ ပုံမှန် အတိုင်း မေးချင်တယ်။

သူငယ်ချင်း အချင်းချင်း စကား ပြောသလို သူ မေးချင်တယ်။ ဒါပေမယ့် နန်ကုန်းဟောင်ကို မြင်တော့ ….။ ဘယ်လို မှ မ မေးနိုင်ဘူး။

“ သခင်လေး ဝူ။ ကျွန်တော် ဧကရာဇ်ကို တွေ့ခဲ့ လား သိချင်နေတာမလား။” နန်ကုန်းဟောင် မျက်နှာသေ နဲ့ မေးတယ။် ဝူဖုန်းရဲ့ နှလုံးသားကို ထွင်းဖောက် မြင်နေသလိုပဲ။

“ဟဟား…. မေးဖို့ လိုမယ် မငထ်ပါဘူး။ သခင်လေး ရဲ့ အရည်အချင်း နဲ့ ဆို ဘယ်လိုပဲ ဖြစ်ဖြစ် ထိပ်တန်း ကျောင်းတော်သား ဖြစ် မှာပဲ။” ဝူဖုန်း ရယ်မော၇င်း ပြောတယ်။

သူ့ ရဲ့ တြည်ငိမ်တဲ့ပုံစံကို ထိန်းဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် တုန်ယင်နေဆဲ။ နန်ကုန်းဟောင် သူ့ကို မေးခွန်း မေးလာတော့။။ အဖတ်ခံ လိုက်ရတဲ့ စာအုပ် တစ်အုပ်လို ခံစားရတယ်။

တော်တော့်ကို သက်တော့င့်သက်သာ မရှိဘူး။

“ မတွေ့ ရဘူး။” နန်ကုန်းဟောင် ခေါင်းခါတယ်။ သူ့ အသံက ရေခဲပြင်လို တည်ငြိမ်နေတယ်။

သူ့ အမူအယာ ကလည်း တစ်စက်မှ မပြောင်းဘူး။

လေဘယ်လောက် ထန်ထန်။ ကန်ရေပြင် အေးခဲ နေဆဲပဲ။

နန်ကုန်းဟောင် ကသာ အေးဆေးနေတာ။ ဒီစကားကို ကြားတဲ့ ကျောင်းတော်သားတွေ မတည်ငြိမ် ုနိုင်ေ်တာ့ဘူး။

“ ငါ နားကြား လွဲတာလား…. နန်ကုန်းဟောင်က သူ အဖိတ် မခံ ရဘူး ပြောနေတယ်။ “

“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ”

သူတို့ နားကိုတောင် မယုံနိုင်ကြဘူး။ လွန်ခဲ့တဲ့ လေးနှစ် တော်ဝင်စာမေးပွဲမှာ နန်ကုန်းဟောင်က ထိပ်သီးပဲ။

လေးနှဏ်ကြာပြီးတော့လည်း …. မြို့တော်ကို ဒိန်ခဲ လှီးသလို လွယ်လွယ် ဖြတ်လာတာ။

ဘာလို့ များ သူက ဧကရာဇ်နဲ့ မတွေ့ရတာလဲ။

သတင်းထူး ပဲ။ သတင်း ထူး။

ဧကရာဇ် နဲ့ တွေး ဖို့က ထိပ်တန်း ဆယ်ယောက်ထဲ ဝင်ရတယ်။ မတွေ့ရတာ မဝင်လို့။ ဒီ စည်းမျဉ်းက ဘယ်တော့မှ မပြောင်းဘူး။

ထိပ်တန်းကျောင်းတော်သား ၃၀ပဲ တိုက်ခိုက်ရေး စာမေးပွဲကို ဖြေခွင့်ရှိတာ။ နန်ကုန်းဟောင် ဒီလိုမျိုး ဖြစ်သွားမယ် လို့ ဘယ်သူမှ မထင်ထားဘူး။

လွန်ခဲ့တဲ့ လေးနှစ်က ကြီးမြတ်သော ရှ မင်းဆက် ထိပ်တန်း ကျောင်းတော်သားက ။

အခုတော့ စာမေးပွဲတောင် မအောင်ဘူးလား။

အပိုင်း( ၃၁၉) ပြီး၏။

( မှတ်ချက်။ အရာရာကို လှေနံဓားထစ် မပြုမူရ)

အပိုင်း (၃၂၀)

“ နာမည်တွေ ပျောက်နေတဲ့ အောင်စာ၇င်း စာလွှာ”

ဧကရာဇ် က ခေါ်မတွေ့ဘူး။ မဖြစ်နိုင်တာ။ အခုတော့ နန်ကုန်းဟောင် ကိုယ်တိုင် ဖြေနေပြီ။ သူတို့ တကယ့်ကို မယုံနိုင် ဘူး။ အောင်စာ၇င်းထဲ နန်ကုန်းဟောင် မပါတာ သူ မယုံနိုင်ဘူး။

ဒါဆို ဘာတွေ ဖြစ်တာလဲ။

သူတို့ အားလုံး ဖြစ်နိုင်ချေ တစ်ခုကို တွေးမိတယ် ။ သူတို့ တွေးလို့ ရတဲ့ တစ်ခုတည်းသော အကြောင်း ရင်း။ နန်ကုန်းဟောင်က အဖြေလွှာကို စောစောအပ်တယ်။

ဒါက အကြောင်း ရင်းလား ။

ကျောင်တော်သား တွေ မသေချာဘူး။ အကယ်၍ ဧကရာဇ်က အဖြေလွှာ စောစော အပ်တဲ့ သူ ကို ….. မလေးမစား ပြုတယ် လို့ သတ်မှတ် ရင်။ ဒါက တရားမမျှ ဘူး။

ကျောင်းတော်သားတွေ သံသယ ဖြစ်နေတယ်။ နန်ကုန်းဟောင် အတွက် သူတို့ စိတ်မကောင်း ဖြစ်နေတယ်။ နန်ကုန်းဟောင် ကတော့ အမူအယာ မပြောင်းလဲ ဘူး ။

နန်ကုန်းဟောင် အာရုံ မစိုက်ဘူး ဆိုတာ ကျောင်းတော်သားတွေ မယုံနိုင် ။ နန်ကုန်းဟောင်က ဒါကို ဂရု မစိုက်ရင်။ သူ့ ဘိုးဘေးတွေကို မလေးမစားပြုရာ ရောက်တယ် မလား။

ထိပ်တန်း သုံးဦး။

ဒါက နန်ကုန်းမိသားစုဝင် တွေ အတွက် အနည်း ဆုံး အဆင့်ပဲ။

အကယ်၍ သူတို့ ထိပ်တန်း သုံးဦး နေရာကို ရ နိုင်မယ်လို့ ယုံကြည်ချက် မရှိရင်။ စာမေးပွဲကို ဝင် မဖြေဘူး။

နန်ကုန်းဟောင် ဒီမှာ ရှိနေတာ။ ထိပ်တန်း သုံးဦးထဲ သူပါမယ် လို့ ယုံကြည်ချက် အပြည့်ရှိလို့ပဲ။ တိုက်ခိုက်ရေး စာမေးပွဲ နဲ့ အတွေးအခေါ် စာမေးပွဲမှာ ထိပ်တန်း ဖြစ်ဖို့ နန်ကုန်းဟောင် မျှော်လင့်ထားတယ်။

နန်ကုန်းဟောင်ကို ကြည့်ရင်း ဝူဖုန်း စကားမပြောနိုင်တော့ဘူး။

နှစ်သိမ့် ပေးရမဘား။

နန်ကုန်းဟောင်ကို နှစ်သိမ့် ပေးဖို့က မသင့်တော်ဘူး။ ရယ်မောအောင် လုပ်ပေးဖို့ ကလည်း မဖြစ်နိုင်ဘူး ။

ဒီ လိုနဲ့ ဝူဖုန်း ခေါင်းငြိမ့်တယ်။ သူ့ကိုယ်သူ တြည်ငိမ်အောင် လုပ်တယ်။ အဲ့ဒီ့နောက် မူလ နေရာကို ပြန်သွားတယ်။

နန်ကုန်းဟောင် ရဲ့ နောက်မှာ ရပ် ဖို့ ။ သူ မတတ်နိုင်ဘူး။

“ နန်ကုန်းဟောင်က ဧကရာဇ် ကို မတွေ့ခဲ့ဘူးလား။ ဟ ဟးဟား။ ဒီ တစ်ခါတော့ အတွေးအခေါ် စာမေးပွဲမှာ ငါ ထိပ်တန်း ဖြစ်ပြီ။ ထိပ်သီးနေရာက ငါ့အပိုင်ပဲ။ …” ဝူဖုန်း အတော့်ကို လှုပ်ရှား တက်ကြွနေတယ်။ သူ့ မျက်နှာ တစ်ခု လုံး ပီတိကြောင့် ဝင်းပနေတယ်။

ဒီ အချိန်မှာပဲ ခပ်ဝေးဝေးက လူရိပ်ကို သူ မြင်လိုက်တယ်။

လူကြီး တစ်ယောက် လျှောက်လာနေတယ်။ ဝေါယာဉ်နဲ့ လာတာ မဟုတ်ဘူး။ ဒါပေမယ့် တော်ဝင် အစောင့်တွေ အားလုံ းသူ့ကို အ၇မ်းလေးစားကြတယ်။

ဘယ်သူကမှ သူ့ကို လမ်းတစ်လျှောက်လုံး မတားမြစ်ကြဘူး။

လူကြီးက ချောင်းဟန့်တယ်။ ကျောင်းတော်သားတွေကို တည်ကြည်လေးနက်တဲ့ အကြည့်နဲ့ ကြည့်တယ်။ ဒီလူ ကို သူတို့ သိတယ်။

အတော်လေး အသက်ကြီးနေတယ်။ သူ့ မျက်လုံးတွေက လူငယ်လေး တစ်ယောက်လို တောက်ပနေတယ်။ လူတစ်ယောက် ရဲ့ နှလုံးသားကို ထွင်းဖောက်မြင် နေသလို စူးရှတယ်။

ဒါပေမယ့် ငသူ ဝတ်ထားတဲ့ ငွေရောင် ဝတ်ရုံုကြောင့်။ လူတိုင်း ကြောက်လန့် တကြား အရိုအသေ ပေးကြတယ်။

ဒီ လူကြီးကတော့ အရှင်လီချင်း။

ဝူဖုန်း လေးကန်ကန် သက်ပြင်းချမိတယ်။ အရှင်လီချင်း ဒီမှာ ရှိနေတာ ပုံမှန် မဟုတ်ဘူး။ ညီလာခံ နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ဝင်ပါလေ့ မရှိဘူး။

ဒါဆို ညီလာခံ စာမေးပွဲ အောင်စာရင်း ကြေညာ မယ့် နေရာကို ဘာလို့ လာတာလဲ။ ဘာကိစ္စ ရှိလို့လဲ။

“ အရှင်သခင်” ဝူဖုန်း မတွေးနိုင်ဘူး။ ဒါပေမယ့် အရှင်လီချင်းကို တလေးတစား နှုတ်ခွန်း ဆက်တယ်။ ဒီတစ်ခါတော့ သူ့ လေးစားမှု့ စိတ်ရင်း မှန်တယ်။

အကြောင်းရင်းကတော့ ရှင်းပါတယ်။ သူ့ ဆရာ။ ကြည်လင်ရေ သုခမိန်က ။ မြို့တော်ကနေ မထွက်သွားခင် တစ်ခု မှာ ခဲ့တယ်။

“ မြို့တော်ထဲက ဘယ်သူ့ကို မဆို မင်း မလေးစား လို့ ရတယ်။ ဒါပေမယ့် အရှင်လီချင်းကတော့ ချွင်းချက်ပဲ။”

မှာကြားချက် တစ်ခုလည်း ဖြစ်တယ်။ သတိပေးချက် တစ်ခုလည်းရှိတယ်။

“ မြင့်မြတ်တဲ့ အရှင်။” ကျောင်းတော်သားတွေ အားလုံး ခပ်မြန်မြန် တလေးတစား နှုတ်ဆက် ကြတယ်။

“ အင်း။ အားလုံး ကျန်းမာကြရဲ့လား။” အရှင်လီချင်းရဲ့ ကြမ်းရှရှ အသံ ထွက်လာတယ်။ ကျောင်းတော်သားတွေကို ပုံမှန် အတိုင်း သူ ပြုံးပြတယ်။

အရှင်လီချင်း နှုတ်ဆက် ပုံက သဘာ၀ ကျလွန်းတယ်။ အဖိုး တစ်ယောက်က သူ့ မြေးတွေကို နှုတ်ဆက်နေတဲ့ အတိုင်းပဲ။ ဒီလူ နဲ့ လက်ရှိဧကရာဇ် ရဲ့ ခမည်းတော်ကို ဆက်စပ်မိဖို့ ခက်ခဲ စေတယ်။

တော်ဝင်ဘွဲ့ နှင်းသဘင် ဝင်ပေါက်နားမှာ အမတ်မင်းတွေအားလုံး ရပ်နေတယ်။ အောင်စာရင်း ကြေညာတော့မယ့် အချိန်က နီးကပ်နေပြီ၊ ခန်းမဆောင်ထဲမှာ လှုပ်ရှားတဲ့ အရိပ်အယောင် မတွေ့ရ သေးဘူး။

သူတို့ စိတ်ရှည်ရှည် စောင့်ဖို့ လိုတယ်။

ဒါပေမယ့် အရှင်လီ ချင်းက ပေါ်လာပြီ။ သူတု့ိ ဆက်ပြီး ငြိမ်ငြိမ် မနေနိုင်တော့ဘူး။

ဝန်ကြီး ယွီယိဖျင်ရဲ့ မျက်လုံးမှာ သံသယ အရိပ်တွေ ပေါ်လာတယ်။ အရှင်လီချင်းက ဘာလို့ ဒီမှာ ရှိနေတာလဲ။ ညီလာခံ နဲ့ တစ်ခါမှ မပတ်သက် ဖူးတဲ့ လူက။ ဒါ ပုံမှန် မဟုတ်ဘူး။

တခြား အမတ်မင်းတွေလည်း အတူတူပဲ သိချင်နေတယ်။ ဒါပေမယ့် အရှင်လီချင်းက သူတို့ ဆီကို ဦးတည် လာနေပြီ။ သူ့ ခြေလှမ်းတွေက ဖရိုဖရဲ။

“ မြင့်မြတ်တဲ့ အရှင်။” အမတ်မင်းတွေ အားလုံး ဦးညွှတ်တယ်။ အရှင်လီချင်း ပုံစံက မူးဝေေ၀ ဖြစ်နေပုံပဲ။ ဒါပေမယ့် သူ့လမ်းလျှောက်နှုန်းက အရှိန် မကျသွားဘူး။

“ အင်း။ အားလုံး နေကောင်းလား။” အရှင်လီချင်း ပြုံးပြတယ်။ သူ အရှိန်မလျှော့သွားဘူး။

သိပ်မကြာခင် ။ အရှင်လီချင်း သူတို့ကို ဖြတ်သွားတယ်။ တော်ဝင်ဘွဲ့နှင်းသဘင် ခန်းမထဲ ဝင်သွားတယ်။

ဒီ အချိန်မှာ။ တော်ဝင်ဘွဲ့နှင်းသဘင် ခန်းမ တံခါးပွင့်လာတယ်။ လူ တစ်ယောက်ဝင်စာ နေရာလွတ်လေး တစ်ခု ပေါ်လာတယ်။

“ အရှင်လီချင်း ခန်းမထဲကို ဝင်သွားပြီ။” အမတ်မင်းတွေ နည်းနည်းတော့ လန့်သွားတယ်။ တော်ဝင် ဘွဲ့နှင်းသဘင် ခန်းမထဲမှာ လူတစ်ယောက်ပဲ ရှိတယ်။

ဧကရာဇ်။

သူတို့တွေ သံသယ ပြည့်နေတယ်။ ဒါပေမယ့် သူတို့ မတားနိုင်ကြဘူး။

တော်ဝင်ဘွဲ့နှင်းသဘင်ခန်းမ ရှေ့က ရွှေရောင် စစ်သည်တော်တွေတောင် မတားမြစ်ဝံ့ဘူး။

အရှင်လီချင်း တော်ဝင်ဘွဲ့နှင်းသဘင် ခန်းမကို ကိုယ့်အိမ်ကိုယ့်ယာလို ဝင်သွားတယ်။ ဒီနေရာမှာ ရှိနေတဲ့ လူတွေတော့ အံ့အားသင့်နေတယ်။

…

တော်ဝင်ဘွဲ့နှင်းသဘင် ခန်းမ ထဲမှာတော့ အပြင် ကထက် အေးချမ်း တယ်။

ခန်းမထဲမှာ မွှေးပျံ့တဲ့ နံ့သာ ရနံ့ တွေ လွင့်မျော နေတယ်။ အနီရောင် အလင်းတန်းတွေ အမွှေးနံ့သာ အိုး ပတ် လည်မှာ တောက်ပနေတယ်။ အလင်းရောင်က လူငယ်လေး ရဲ့ မျက်နှာပေါ်ကို ထိုးကျ နေတယ်။

ဒီလူငယ်က ရွှေရောင် နဂါး ဝတ်ရုံကို ဝတ်ထားတယ်။

လူတစ်ယောက်ပဲ ဒီလို ဝတ်နိုင်တယ်။ ဧကရာဇ် လင်းမုပိုင် ။

သူ့ရှေ့က ရွှေရောင် စာလွှာကို ကြည့်ရင်း မျက်မှောင်ကြုတ်နေတယ်။

ဒါက အောင်စာရင်း စာလွှာ။ အောင်တဲ့သူ နာမည်တွေလည်း ရေးပြီးပြီ။

ကြေညာလိုက်တာနဲ့။ အောင်စာရင်းက အတည်ဖြစ်ပြီ။

ဝူဖုန်း နာမည်လည်း ပါတယ်။ သူ့ နောက်မှာတော့ မှတ် ချက် တစ်ချို့ ရေးထားတယ်။

ဒါပေမယ့်လည်း အဖြေလွှာမှာ ဖန်ကျန်းရှီရဲ့ နာမည် မပါဘူး။ ရန်ရွှယ် ကော။ နန်ကုန်းဟောင် ရဲ့ နာမည်ပါ မပါဘူး။

“ ရောက်လာပြီလား။” အရှင်လီချင်း ဝင်လာတာ မြင်တော့ ဧကရာဇ် လင်းမုပိုင် လှမ်းပြောတယ်။

“ ဧကရာဇ်မင်း ဆင့်ခေါ်တာကြောင့် ကျွန်တော်မျိုး လာတာပါ။” အရှင် လီချင်း ရှေ့တိုးလာတယ်။

“ ဒါက ခက်ခဲ လိမ့်မယ်။” ဧကရာဇ် လင်းမုပိုင် ခုံပေါ်ကနေ ထ လာတယ်။ အမွှေးတိုင် သုံးချောင်ကို အရှင် လ ီချင်း ရှေ့မှာ ထားလိုက်တယ်။

အရှင်လီချင်း ယူတယ်။

အဲ့ဒီ့ နောက်။ ရွှေရောင် အမွှေးတိုင် အိုးထဲမှာ အမွှေး တိုင်တွေကို စိုက်ချတယ်။ ခြေ ၇ လှမ်း နောက်ဆုတ် သွားတယ်။

“ ဧကရာဇ် မင်း ။ ကျွန်တော် ဘာများ ဆောင်ရွက် ပေးရမလဲ။” အရှင်လီချင်း နောက် ပြန်ဆုတ်တယ်။ သူ့ နေရာ မှာ ပြန်နေရင်း မေးတယ်။

“ တောင်ပိုင်း ဒေသကို စစ်သည်တွေ ပို့ဖို့ တွေးနေတာ။ အရှင် လီချင်း ဘယ်လို ထင်လဲ။” ဧကရာဇ် လင်းမုပိုင် ခပ်တိုးတိုး ပြောတယ်။

“ သူတို့ကို တိုက်ခိုက်ပေးရမလား။ ဒါမှ မဟုတ် စစ်ပြေငြိမ်း ပေးရမလား။” အရှင်လီချင်း မေးတယ်။ သူ့ အမူအယာ က မပြောင်းမလဲ။

“ ဒီ နှစ်ခုလုံးကို ဘယ်လို ထင်လဲ။” ဧကရာဇ် လင်းမုပိုင် ဖိအားပေးတယ်။

“ သူတို့ကို သိမ်းပိုက်မယ် ဆိုရင်။ တောင်ပိုင်းဒေသ က ကျယ်ပြန့်လွန်းတယ်။ သစ်တောထူထူ။ သားရဲကောင် ပေါတယ်။ ဒီ တိုက်ပွဲကို ဘယ်သူ ဦးဆောင်မှာလဲ။” အရှင်လီချင်း မေးတယ်။

“ ရှင်းဟို့ ဆိုရင်ကော။”

“ ယွမ်ကောင်းက သစ္စာကြီးတယ်။ စစ်တပ်ကို ဦးဆောင် ခိုင်းတာက ပြဿနာ မဟုတ်ဘူး။ ဒါပေမယ့် သူက နတ်ဆိုးတွေနဲ့ အမြဲ တိုက်ခိုက်နေတာ။ တောင်ပိုင်းဒေသကို မကျွမ်းကျင်ဘူး။ နောက်ပြီးတော့ တောင်ဖြို တပ်ဖွဲ့ရဲ့ စွမ်းရည်က မနားနနေ တိုက်ရလွန်းလို့ ပင်ပန်း နေပြီ။ တောင်ပိုင်းဒေသကို နှိမ်နင်းဖို့က ဆယ်စုနှစ် ချီပြီး ကြာမှာ။ ပြောက်ကျားစစ် မှာလည်း အထိ နာ လိမ့်မယ်။”

“ ဒါဆိုရင် ငြိမ်းချမ်းရေး ပြေလည်ဖို့ လုပ်ရင်ကော။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်တယ်။ ပြီးတော့ မေးတယ်။

“ ဧကရာဇ်မှာ အစီအစဉ် ကောင်း ရှိပြီးပြီပဲ။ ကျွန်တော် နောက်ထပ် မပြောလို တော့ပါဘူး။” အရှင်လီချင်း ရွှေရောင် အဖြေလွှာကို ကြည့်ရင်း အရှင် လီချင်း ပြောတယ်။

“ ဒီမှာ ကျောင်းတော်သား သုံးယောက် ရဲ့ အဖြေလွှာ သုံးခုရှိတယ်။ တစ်ချက်လောက် ကြည့်မလား။ ” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်ရင်းတယ်။ အဲ့ဒီ့နောက် အဖြေလွှာ သုံးခုကို အရှင်လီချင်း ရဲ့ လက်ထဲ ထည့်ပေးတယ်။

အရှင်လီချင်း အဖြေလွှာတွေကို လှမ်းယူတယ်။ ထိပ်ဆုံး တစ်ခုကို သူ ခပ်မြန်မြန် ကြည့်တယ်။ သူ့ မျက်လုံး တစ်ခုလုံး တောက်ပလာတော့တယ်။

ခပ်မြန်မြန်ပဲ ကြည့်ပြီး သွားတယ်။

အဲ့ဒီ့နောက် ဒုတိယ တစ်ခုကို သူ ဖတ်တယ်။ ဒီတစ်ကြိမ်မှာတော့ သူ့ မျက်လုံးတွေ ကြည်ရှင်း နေတယ်။ သူ့ မျက်လုံးတွေထဲမှာ တောက်ပတဲ့ အလင်းရောင်တွေ တောက်ပလာတယ်။

နှစ်ခေါက် တိတိ သူဖတ်တယ်။ အဲ့ဒီနောက် တတိယ အဖြေလွှာကို အောက်ကိုင်တယ်။

ဒီအဖြေလွှာကို ကောက်ကိုင် ပြီး စဖတ်တယ်။ သူ့ မျက်လုံးတွေ သိသိသာသာ နက်မှောင် တောက်ပ နေတယ်။ ဒါပေမယ့် သိပ် မကြာဘူး။

သူ့ မျက်လုံးတွေ နောက်ထပ် တောက်ပလာတယ်။ သူ ပိုဖတ်လေလေ သူ့ မျက်လုံးတွေ ပိုပြီး တောက်ပ လာလေ ပဲ။ မျက်လုံးထဲကနေ ရောင်စဉ်တန်းတွေ တလက်လက် ဖြာထွက်နေတယ်။

သူ့ မျက်လုံးထဲကနေ သက်တန့်ကြီး တစ်ခု ပြေးထွက်လာတော့မယ့် အတိုင်းပဲ။

အဲ့ဒီ့နောက် ဒုတိယ အဖြေလွှာကို နောက်တစ်ကြိမ် ပြန်ဖတ်တယ်။ အဖြေလွှာ နှစ်ခုလုံးကို ကို ထပ်ခါ ထပ်ခါ ပြန်ဖတ်တယ်။

“ကောင်းတယ်။ ” အရှင်လီချင်း နောက်ဆုံးမှာ ပြောတယ်။ အဖြေလွှာကို ငါးကြိမ် တိတိ ဖတ်ပြီး တဲ့ နောက် စကား တစ်လုံး ထွက်လာတယ်။ သူ့ အသံက မကြမ်းရှ တော့ဘူး။ လေးနက်တည်ကြည်နေတယ်။ အိပ်ပျော်နေတဲ့ နဂါး တစ်ကောင် နိုးထလာသလို အရှိန်အဝါတွေ ပြင်းထန်လွန်းတယ်။

အပိုင်း (၃၂၀) ပြီး၏။

All Chapters