← Chapters

အပိုင်း (၃၂၁-၃၃၀)

Vol. 4 Ch. 321-330

အပိုင်း (၃၂၁-၃၃၀)

Vol. 4 Ch. 321-330

အပိုင်း(၃၂၁)

“ အချိန် ကျပြီ။”

ဒီ အချိန်မှာ။ ကြောက်မက်ဖွယ် အရှိန်အဝါတွေ အရှင်လီချင်းဆီက ထွက်ပေါ်လာတယ်။ ဒီ အရှိန်အဝါက ဧကရာဇ် လင်းမုပိုင် နဲ့ မတူဘူး။

အကယ်၍ ဧကရာဇ် လင်းမုပိုင် ရဲ့ နဂါး အရှိန် အဝါက နေမင်းကြီး ဆိုရင်။

အရှင်လီချင်းက ပိုပြီး အင်အားကြီးတယ်။ သဘာဝလွန် ထူးခြားတဲ့ အရှိန်အဝါ။ ဆယ်စုနှစ်ချီအောင် ပုန်းကွယ်နေတဲ့ စွမ်းအားတွေ ပေါက်ကွဲ ထွက်လာသလို ပြင်းထန် လွန်းတယ်။

ဒီလို အိုမင်းနေတဲ့ လူ တစ်ယောက်မှာ။ ဒီလို အရှိန်အဝါတွေရှိနေတယ်။ ဘယ်သူ ထင်မိမှာလဲ။

ဧကရာဇ် လင်းမုပိုင်တောင် ဒီ အရှိန်အဝါကြောင့် မျက်လုံး ပြူးနေတယ်။ သူ့ဦးလေးကို ကြည့်ရင်းနဲ့။ မျက်လုံး အရောင်တွေ တောက်ပလာတယ်။

အရင် ဧကရာဇ်မှာ မွေးချင်း ၈ ယောက် ရှိတယ်။ နတ်ရွာစံ သွားချိန်မှာ။ အကိုတစ်ယောက်ပဲ ကျန်ခဲ့တယ်။ ဒီ တစ်ယောက်တည်းသော သူက အရှင် လီချင်း။ ကြီးမြတ်သော ရှ မင်းဆက် စစ်တပ်ကြိးကို ဦးဆောင် ခဲ့ တဲ့ သူ။

“ ဦးလေး ။ အဆင်သင့်ဖြစ်ပြီလား….။” ဧကရာဇ် လင်းမုပိုင် မျှော်လင့်တကြီး နဲ့ မေးတယ်။ သူ့ မျက်ဝန်းတွေမြှ လေးစား မှုတွေ ပြည့်နှက်နေတယ်။

ဧကရာဇ် တစ်ပါးအနေနဲ့။….

သူ့ ပလ္လင်ကို ခြိမ်းခြောက် လာတဲ့ အရာ မှန်သမျှကို သူ ဖယ်ရှား ပြစ်သင့်တယ်။

ဒါပေမယ့် သူ မလုပ်ခဲ့ဘူး။ တွေးတောင် မတွေး ခဲ့ဘူး။ ဘာကြောင့် လဲ ဆိုတော့ သူ့ အရှေ့မှာ ဒီလို အရှိန်အဝါတွေ ထုတ်နေတာ အရှင်လီ ချင်း ဖြစ်နေတယ်။

အင်ပါယာ အတွက် နယ်မြေသစ်တွေ ရှာပေး ခဲ့တဲ့ အရှင်လီချင်း။ မဟာစစ်သူကြီး။

“ ငါက ထိပ်ဆုံးကို ရောက်နေပြီ။ ဒါပေမယ့် အခွင့်အရေးကတော့ လွဲနေတုန်းပဲ။ ” အရှင်လီချင်း ချက်ခြင်း အမူအယာ ပြောင်းသွားတယ်။ သူ့ မျက်လုံးတွေ မှုန်ရီ ေ၀ဝါး လာတယ်။ အသံကတော့ ကြမ်းရှရှ။

“ ဦးရီးတော် ကျွန်တော့် အကူအညီ လိုလား။ ” တူ တစ်ဦး အနေနဲ့ ဧကရာဇ် လင်းမုပိုင် မေးတယ်။ အရှင်လီချင်းကို သူ့ အကြီးအကဲ တစ်ယောက် လိုပဲ မြင်တယ်။

“ အချိန် မကျသေးဘူး။ ငါ့အထင် ဒီ အဖြေလွှာတွေ အကြောင်း မေးဖို့ ရှိနေတာ ဖြစ်မယ်။” အရှင် လီချင်း ခေါင်းခါ ရင်း ပြန်ဖြေတယ်။ အဖြေလွှာတွေကို ဧကရာဇ် လင်းမုပိုင် ဆီ ပြန်ပေးတယ်။

“ ဟုတ်ပါတယ်။ ဦးရီးတော် ဘယ်လို မြင်လဲ။”

“ ပထမဆုံး တစ်ခုကတော့ အတော်ကောင်းတဲ့ စာလွှာပဲ။ သူ့အတွေးအခေါ် တွေကို သက်သေ အခိုင်အမာ နဲ့ ရေးထားတာ။ သူ့ ရဲ့ စာလွှာက ရှင်းလင်း သေသပ်တယ်။ နောက် စာလွှာ ၂ခုသာ မရှိရင် ။ ဒီ စာလွှာက ထိပ်တန်း ဖြစ်မှာပဲ။” အရှင်လီချင်း ရှင်းပြတယ်။

“ ဦးရီးတော် ပြောတာကို ကျွန်တော် သဘောတူတယ်။ ဒါပေမယ့် နောက်ဆုံး ၂ ခုက….” ဧကရာဇ် လင်းမုပိုင် တစ်ချက်ကြည့်ရင်း ပြောတယ်။

“ ညီတူညီမျှ ကောင်းနေတယ်။”

“ ဦးရီးတော်လည်း ဒီလို ထင်တာလား။”

“ ဟုတ်တယ်။”

“ဒါကြောင့် ဆုံးဖြတ်ဖို့ ခက်နေတာပဲ။ ညီလာခံ စာမေးပွဲမှာ တစ်ယောက်တည်းပဲ ထိပ်တန်း ဖြစ်သင့်တယ်။ တစ်ယောက်ယောက်ကို အနိုင်ရသူ အဖြစ် ရွှေးရမယ်။”

“ အကယ်၍ တစ်ယောက်ကို ရွေးလိုက်ရင်။ ဘယ်လို စိတ်မျိုးနဲ့ ဒီစကားလုံး တွေကို ရေးလဲ တွေးရတော့မယ်။ ဒီ စာလွှာအပေါ် ထားတဲ့ အတွေးကို စဉ်းစား ရမယ်။ ဒုတိယ တစ်ခုက အပြစ်အနာအဆာ မရှိဘူး။ စကားလုံးတိုင်း စာကြောင်း တိုင်းက စင်းလုံးချောပဲ။ ငါ သေချာ ရှာတာတောင် ပြောင်းစရာ ရှာ မတွေ့ဘူး။ ”

“ ဒါက ကျွန်တော့် အတွေးနဲ့ ထပ်တူပဲ။”

“ တတိယ တစ်ခုမှာ အပြစ် အနာအဆာ နည်းနည်း ရှိတယ် ။ အစပိုင်းမှာပဲ။ အဆုံးသတ်ကတော့ ပြီးပြည့်စုံတယ်။ ခြောက် နိုင်ငံ အကြောင်း သူ ရေးထားတာ အမှားအယွင်း မရှိဘူး။ ဒါကို ဖတ်တာနဲ့ သူ ပြောချင်တာကို တန်း မြင်ရတယ်။ လုံးဝကို တောက်ပနေတဲ့ အဖြေလွှာပဲ။” အရှင် လီချင်း ထပ်ပေါင်း ပြောတယ်။

“ဒါဆိုရင် ဒီ အဖြေလွှာ နှစ်ခုကို ဘယ်လို အဆင့် သတ်မှတ်သင့်လဲ။ ဦးရီးတော် ရဲ့ အမြင်ကကော။”

“ ဒီ အဖြေလွှာ နှစ်ခုက တကယ့်ကို လက်ရည်ညီတယ်။ နှစ်ခု ပေါင်းမှ အကာင်းဆုံး ဖြစ်လိမ့်မယ်။ ငါ့ကို တစ်ခု ရွေးခိုင်းရင်တော့ တတိယ အဖြေလွှာကို ရွေးမှာပဲ။ ဒါပေမယ့် မင်းကတော့ ဒုတိယ တစ်ခုကို ရွေးမှာ။ ငါသိတယ်။” အရှင်လီချင်း ပြန်ဖြေတယ်။

“ အရင်တုန်းက ဒီလို မေးခွန်းတွေ မေးတဲ့ အချိန် ။ ဦးရီးတော် က အမြဲ ဝေ့လည် ကြောင်ပတ် ဖြေတယ်။ ဒီနေ့တော့ ဘာလို့များ ဒီလောက် ထိ ဒဲ့တိုး ဖြေနေတာလဲ။” ဧကရာဇ် လင်းမုပိုင် မေးတယ်။

“ ဟဟ ား…. ဧကရာဇ် မင်းက ဒီ အဖြေလွှာတွေကို စစ်ဆေးဖို့ ချိတ်ပိတ်နေတာ။ ဒီ အဖြေလွှာ သုံးခုကို ကြည့်ဖို့ အချိန်မှ ဆင့်ခေါ်တယ်။ ဒါက တရားမျှဖို့ အတွက်ပဲ မဟုတ်ဘူးလား။ ဒါက ဧကရာဇ် မင်း လိုချင် တာ ဆိုရင် ။ ပေးရမှာပေါ့။”

“ နားလည်ပါပြီ။ ကျေးဇူးပါ ဦးရီးတော်။”

“ သွားခွင့်ပြု ပါအုန်း။”

“ ဦးရီးတော်…”

“ ဧကရာဇ် မင်း တစ်ခုခု လိုအပ်တာ ရှိသေးလို့လား။”

“အတားအဆီး တွေကို ဖြတ်မယ် ဆိုရင် …… တစ်ခုလောက် တောင်းဆို လို့ ရမလား။”

“ အ၇ှင်ဧကရာဇ် တောင်းဆို တာက …. အတော်လေး ခက်ခဲ ပါတယ်။” ဧကရာဇ် လင်းမုပိုင်ကို ကြည့်ရင်း အရှင်လီချင်း ခေါင်းခါတယ်။ သူ့မျက်လုံးတွေ တိမ်ဖုံး သလို ရီေ၀ နေတယ်။

“အတားအဆီကို ကျော် ဖြတ် နိုင်တာတောင်။ ဒါကို မလုပ်နိုင် ဘူးလား။” ဧကရာဇ် လင်းမုပိုင် စိတ်ပျက်လက်ပျက် ဖြစ်နေတယ်။

ဒါက ဧကရာဇ် မင်း တစ်ပါး ပြသင့်တဲ့ အမူအယာ မဟုတ်ဘူး။ ဒါပေမယ့် ဒီလို အမူအယာ လုပ်ပြနေတာ။ သန့်စင်ပြီး မရင့်ကျက်သေးတဲ့ လူငယ်လေး တစ်ယောက်လိုပဲ။

“ ငါလည်း မသိဘူး။” အရှင်လီချင်း ခေါင်းခါတယ်။

“ယွဲ့ အာကို မတွေ့ရတာ ဆယ်နှစ်။ ငါးလ နဲ့ ၂၃ ရက် ရှိပြီ ။ ဦးရီးတော်။ ပင်းယန်လေး အသက် ၃ နှစ်ခွဲမှာ သူထွက် သွားခဲ့တာ။ ဆယ်နှစ်တာ အတွက် ကတိကဝတ်ထားခဲ့တယ်။ ဒါပေမယ့် အခုတော့ ငါးလ နဲ့ ၂၃ ရက်တောင် ကျော် သွားပြီ …..” ဧကရာဇ် လင်းမုပိုင် နာကျင်နေတဲ့ အမူအယာ နဲ့ ပြောတယ်။

“ အတော်လေး ကြာခဲ့ပြီ။ ဒါပေမယ့် ဧကရာဇ် ဖြစ်လာဖို့ ရွေးချယ်ပြီးတည်းက ။ ဒီ ကိစ္စ အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင် ထားသင့်တယ်။” အရှင်လီချင်း သက်ပြင်းချတယ်။

“ ကျွန်တော် သိပါတယ်။ ဒါပေမယ့်…..”

“ အကောင်းဆုံး ကြိုးစား ပေးပါမယ်။”

“ ကျေးဇူးပါပဲ ဦးရီးတော်။”

“ သွားခွင့်ပြုပါ။”

…

တော်ဝင် ဘွဲ့ နှင်းသဘင် ခန်းမ ရဲ့ တံခါးတွေ ပွင့်လာပြီ။ အရှင်လီချင်း ထ ွက်လာတယ်။ အမတ်မင်းတွေ သံသယ အပြည့်နဲ့ ကြည့်နေတယ်။

ဒီနေ့က ညီလာခံစာမေးပွဲေ အာင်စာရင်း ထွက်မယ့် နေ့။ အရှင်လီချင်း ရောက်လာတာ အံ့သြစရာပဲ။

အရှင်လီချင်း တစ်ယောက်တည်း ထွက်လာတယ်။ ထုံးစံ အရ အရှင်လီချင်း ကို လိုက်ပို့ ဖို့ တစ်ယောက်ယောက် လွှတ်တယ်။

ဒါပေမယ့် အခုတော့ ….

…

တော်ဝင်ဘွဲ့ နှင်းဘသင် ခန်းမ ထဲမှာ လှုပ်ရှားမှု အရိပ်အယာင်တစ်ခုမှ မရှိဘူး။

အရှင်လီချင်း တစ်ယောက်တည်း ဝင်လာတယ်။ တစ်ယောက်တည်း ပြန်ထွက်လာတယ်။ ခန်းမထဲမှာ တစ်ယောက်မှ မရှိခဲ့သလိုပဲ။

အောင်စာ၇င်း စောင့်နေကြတဲ့ ကျောင်းတော်သားတွေ လန့်နေပြီ။

အရှင်လီချင်း ထွက်လာပြီလား။ ဆွေး နွေးတာ ပြီးသွားပြီလား။ ဘာတွေများ ဆွေးနွေးခဲ့လည်း။ ညီလာခံ စာမေးပွဲ နဲ့ ဆိုင်လား။

ဒါမှ မဟုတ်။

တခြား တစ်ခုခု ပြောတာလား။

မေးခွန်းတွေ အတွေးထဲမှာ ပလူပျံလာတယ်။ အဖြေကား မရှိ ။

အရှင်လီချင်းရဲ့ အမူအယာကို ဖတ်ဖို့ ဝူဖုန်း ကြိုးစားတယ်။ ဒါပေမယ့် စိတ်ပျက်စရာပဲ။ အရှင်လီချင်းက အေးဆေးလွန်းတယ်။

ကန်ရေပြင်လို တည်ငြိမ်တယ်။

သူ့ မျက်လုံးတွေကတော့ ရီဝေနေတယ်.။ အရှင်လီချင်း။ ဝူဖုန်းကို လေးစားတယ်။ ဒါပေမယ့်လည်း မသင်္ကာ ဖြစ်မိတယ်။

“ဆရာက အရှင်လီချင်းကို မလေးမစား မလုပ်ဖို့ ပြောထားတယ်။ ဒါပေမယ့် ဆရာက သုခမိန်လေးယောက် တည်းက တစ်ယောက်လေ။ ဧကရာဇ် နဲ့ အဆင့် အတန်းညီတယ်။ ဒါပေမယ့် ဘာလု့ိ အရှင် လီချင်း ကိုမှ သတိ ပေးထားတာလဲ။ အရှင်လီချင်းကကော သုခမိန် တစ်ယောက်ပဲလား။ ခန်းမကြီး တစ်ခု။ သုခမိန် လေးဦး။ ကျောင်းတော် ဆယ့်သုံးခု။ ဒါဆို သုခမိန်က လေးယောက်ပဲ ရှိမှာ။ အကယ်၍ အရှင် လီချင်းသာ သုခမိန် ဖြစ်ခဲ့၇င်။ နေရာ တစ်ခုတော့ ပါသွားပြီ”

ဝူဖုန်း တကယ့်ကို နားမလည်နိုင်ဘူး။ ဒါပေမယ့် တလေးတစား နဲ့ ဦးညွှတ်တယ်။

အရှင်လီချင်း ဖြည်းဖြည်းချင်း ထွက်လာတယ်။ အမတ်မင်းတွေနဲ့ ကျောင်းတော်သား တွေကို ကျော်သွားတယ်။ အဲ့ဒီ့နောက် အရှေ့ တံခါးကနေ ပျောက်ကွယ်သွားတယ်။

အရှင်လီချင်း ထွက်သွားတဲ့ အချိန် မောင်းသံ ပေါ်လာတယ်။

“ ဒုန်။”

နန်းတော်တစ်ခုလုံးကို ပဲ့တင့်ထပ်သွားတယ်။

အမတ်မင်းတွေနဲ့ ကျောင်းတော်သားတွေ သိသိသာသာကို စိတ်လှုပ်ရှားလာတယ်။

ဒီ အသံက သူတို့ စောင့်နေတဲ့ အသံပဲ။ အောင်စာရင်း ကြေညာ်တော့မယ်။

ဝူဖုန်း စိတ်လှုပ်ရှားလွန်းလို့ တုန်ယင်နေပြီ၊ နန်ကုန်းဟောင်။ ဖန်ကျန်းရှီ။ ဝူဖုန်း ။ သူတို့ သုံးယောက် ဧကရာဇ် နဲ့ မတွေ့ရဘူး။

“သူတို့ သုံး ယောက်လုံး မအောင်နိုင်ဘူး။”

ဒါက ကြားဖူးသမျှထဲ အကောင်းဆုံး သတင်းပဲ။

ညီလာခံ စာမေးပွဲကို ဝူဖုန်း လာဖြေတဲ့ အချိန်တုန်းက ။ ထိပ်သီး ဖြစ်ကိုဖြစ်ရမယ် လို့ သူ ရည်ရွယ် ထားခဲ့တယ်။ သူ့မှာ ဒီလို အရည်အချင်း ရှိမှန်း ယုံကြည်တယ်။

ဒါပေမယ့် ….

နန်ကုန်းဟောင် ဝင်ပြိုင်မှာ သူကြားတော့။ ပထမဆုံးအကြိမ် ယုံကြည်ချက် မရှိ ဖြစ်မိတယ်။

ဒါကြောင့် နိုးထနဂါး အဆင့်သုံး ချင်းယန်ကို သူ စိန်ခေါ်တယ်။ သူ လုပ်ချင်တာက ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပြည့်၀ အောင်ပဲ။

သူ အခု ဘယ်အဆင့် ရောက်နေပြီလဲ သိချင်တယ်။

ချင်းယန်ကိုအေးအေးဆေးဆေး နိုင်ခဲ့တယ်။

ယုံကြည်မှုတွေ ပြန် ခိုင်မာလာတယ်။ ဒါပေမယ့် အတွေးအခေါ် စာမေးပွဲမှာ။ နန်ကုန်းဟောင်ရဲ့ အရည်အချင်း စစ် ကို သူ မြင်လိုက်ရတယ်။

နန်ကုန်းဟောင်က တောက်ပလွန်းတယ်။ သူ့ မျက်လုံးတွေတောင် မဖွင့်နိုင် လောက်တဲ့ အထိ တောက်ပတယ်။

သူ့ ယုံကြည်ချက်တွေ ဇောက်ထိုး ကျ ပြန်တယ်။

စိတ်ပိုင်း ဆိုင်ရာ ပြင်ဆင်ထားတယ်။ အကယ်၍ ပထမ နေရာကို မရ နိုင်ရင်။ ဒုတိယ နေရာတော့ ရ သင့်တယ်။ နောက်ဆုံးတော့ နန်ကုန်းဟောင်က နိုးထ နဂါး အဆင့် နှစ် ။

ဒုတိယ နေရာ ရတာ ရှက်စရာမှ မဟုတ်တာ။ ပြိုင်ဘက်က နန်ကုန်းဟောင် ဖြစ်နေရင် ပိုပြီးတော့တောင် မလိုသေး။ ဒါပေမယ့် ဒီနေ့တော့ သူ ကြား ခဲ့ပြီ။ နန်ကုန်းဟောင်က ဧကရာဇ်နဲ့ မတွေ့ခဲ့ဘူး။ ဒါဆို ထိပ်တန်း ဆယ်ယောက်ထဲ မဝင်တာပဲ။

နန်ကုန်းဟောင် သူ နဲ့ ဘယ်လို တိုက်ခိုက် နိုင်မှာလဲ။ ။

အခုတော့ သူ နိုင်ပြီလေ။ ဘယ်လိုများ စိတ်မလှုပ်ရှားပဲ နေမှာလဲ ။ ဝူဖုန်း သံသယ အပြည့်နဲ့ နန်ကုန်းဟောင်ကို လှမ်းကြည့်တယ်။ နန်ကုန်းဟောင်က အရင်အတိုင်း အေးဆေး နေတုန်းပဲ။ ဘယ်အရာကမှ သူ့ကို မသက်ရောက်နိုင်ဘူး။

“ဟမ့်… . ဆက်ပြီး သရုပ်ဆောင်လိုက်ပါအုန်း။” ဝူဖုန်း သူ့ ဘာသူ တွေးမိတယ်။ ရလဒ်တွေ ထွက်လာတာ နဲ့ ဒီလို မတည်ငြိမ် နိုင်တော့ ဘူး။

သူတွေးနေတဲ့ အချိန် တော်ဝင်ဘွဲ့ နှင်းသဘင် ခန်းမ တံခါး ပွင့်လာတယ်။ အမွှေးနံ့တွေ အတွင်းကနေ ပျံ့လွင့်လာတယ်။

“ဧကရာဇ် သက်တော် ရာကျော် ရှည်ပါစေ။”

အမတ်မင်းတွေ အားလုံး ဒူးထောက်ရင်း ဝပ်တွားဦးညွှတ်ကြတယ်။ ကျောင်းတော်သားတွေလည်း တစ်ပုံစံတည်း နှုတ်ဆက် ကြတယ်။

“ထကြပါ။” ဧကရာဇ် လင်းမုပိုင် မိန့်ကြားတယ်။

ရွှေရောင် ထီး အကြီးကြီး ပါတဲ့ ပလ္လင် တစ်ခုကို အစေခံ တွေ မလာတယ်။ ဧကရာဇ် လင်းမုပိုင် ပလ္လင်ပေါ်မှာ ထိုင်တယ်။ ဧကရာဇ် လင်းမုပိုင် ကျောင်းတော်သားတွေကို ထပ်ခါ ထပ်ခါ ကြည့်တယ်။

သူ့ အမူအယာ ပြောင်းသွားတယ်။

အကြောင်းရင်းကတော့ ရှင်းတယ်။ ဒီမှာ လူတစ်ယောက် ပျောက်နေတယ်။ ဒါပေမယ့် ဧကရာဇ် လင်းမုပိုင် မမေး ဘူး။

ဝန်ကြီး ယွီကို တစ်ချက်ကြည့်တယ်။

ဝန်ကြီးယွီ ချက်ခြင်း စဉ်းစားတယ်။ ဧကရာဇ် မင်း ဘာပြောချင်နေတာလဲ။ ဖန်ကျန်းရှီ မရှိတာကို ပြောချင်တာလား။

မဟုတ်လောက်ဘူး…. ဖန်ကျန်းရှီက ဧကရာဇ် နဲ့ မတွေ့ရဘူး ကြားတယ်။ ဒါဆို ထိပ်တန်း ၁၀ ယောက်ထဲ မဝင်တာ မလား။ ဧကရာဇ်က ဖန်ကျန်းရှီ အကြောင်း မေးတာ ဘယ်ဖြစ်နိုင်မလဲ။

ဒါဆိုရင် ….. အကြောင်းရင်းက ရှင်းပြီ။

အောင်စာရင်း ကြေညာဖို့ပဲ ဖြစ်ရမယ်။

သမိုင်းတစ်လျှောက်။ တော်ဝင် သတင်းပို့သူ အကြီးအကဲက အောင်စာရင်းကို ကြေညာရမှာ။ ဒါပေမယ့် အခုတော့ တော်ဝင်သတင်းပို့သူ အကြီးအကဲက ထောင်ထဲ ရောက်နေတယ်။

အသက်ရှင်နေပေမယ့် ။ နောက်ဆုံးတော့ ကွက်မျက်ခံ ၇မှာပဲ။

အခုလောလောဆယ် စုချင်းက ယာယီ တာဝန်ယူထားတယ်။

အဆင့်လေး အမတ်မင်း တစ်ယောက်။ ဒီလို ပွဲတော်ကြီး အတွက် အောင်စာရင်းကို ကြေညာဖို့ မသင့်တော်ဘူး။

သူ နားလည်သွားပုံပဲ။

ချက်ခြင်း အမတ်မင်း အုပ်စုထဲက ထွက်တယ်။ ဧကရာဇ် မင်းဆီကို ထွက်သွားတယ်။ လက်ကို တလေးတစား ဆန့်ထုတ်ရင်း ဧကရာဇ် လင်းမုပိုင်ရှေ့မှာ ရပ်တယ်။

ဧကရာဇ် လင်းမုပိုင် မျက်လုံးပြူးသွားတယ်။ ဝန်ကြီးယွီ ဘာလာလုပ်တာလဲ။

ဘာတွေ တွေးနေတာလဲ။

သူမေးတော့မယ့် အချိန် ။ ဖြစ်နေတာကို နားလည်သွားတယ်။

ဝန်ကြီးယွီက အောင်စာရင်း ကြေညာတာ ကူညီ ပေးမလို့ပဲ။

ဧကရာဇ် လင်းမုပိုင် အမတ်မင်း တစ်ယောက်ယောက် ကို အောင်စာရင်း မကြေညာခိုင်းစေချင်ဘူး။ အခုလို အဖြစ် မျိုးကို မမျှော်လင့်ထားဘူး။

တော်ဝင်သတင်းပို့သူ အကြီး အကဲ မရှိတာ တကယ့် ပြဿနာ ကြီးပဲ။

ဒါပေမယ့် သူ့မှာ ဝန်ကြီး ၆ ပါးရှိနေသေးတယ်။ အိမ်ရှေ့စံ မင်းသားလည်း ရှိတယ်။ နောက်ပြီးတော့ လက်ယာရံ ဝန်ကြီးလည်း ရှိတယ်.။

အခုတော့ လက်ဝဲရံ ဝန်ကြီးက တောင်းနေပြီ။ ဧကရာဇ် လင်းမုပိုင် အမူအယာ ပြောင်းသွားတယ်။ အဆုံးသတ်မှာတော့ စာလွှာကို သူ ပေးလိုက်တယ်။

သူ့လက်ထဲ ရောက်နေတဲ့ စာလွှာကို ယွီယိဖျင် ကြည့်နေတယ်။

ရလဒ်ကို ကြေညာတာက တော့ ကိစ္စ သေးသေးလေး။ ဒါပေမယ့် ဧကရာဇ်က သူ့ကို တော်ဝင် ကျောင်းတော် အုပ်ချုပ် စေချင်ပြီ။

သူ့ စိတ်ထဲ ပီတိဖြာလာတယ်။

“ အဟမ်း”ဝန်ကြီး ယွီ ချောင်းဟန့်တယ်။ အောင်စာ၇င်း ကြေညာဖို့ ပြင်တယ်။

အပိုင်း (၃၂၁) ပြီး၏။

အပိုင်း (၃၂၂)

“ ညီလာခံ စာမေးပွဲ အောင်စာ၇င်း ထုတ်ပြန်ပြီ (၁) ”

ဒါပေမယ့် အောင်စာရင်း မကြေညာခင် စိတ်ချမ်းသာစရာ တစ်ချို့ ရှိတယ်။ ဝန်ကြီး ယွီယိဖျင်က နိုင်ငံရေး လောကမှာ သမ္ဘာရင့် ဝါရင့် ပုဂ္ဂိုလ် ကြီး တစ်ယောက်လေ။ သူ့ အတွက်တော့ ဒါက ပြဿနာ မရှိဘူး။

ပထမဆုံး အောင်စာ၇င်း ကြေညာရတာ ဖြစ်ပေမယ့်…..

ကြေညာတာကို သူ အကြိမ်ကြိမ် ကြားဖူးပြီးသား။

ပထမဆုံး ဧကရာဇ် လင်းမုပိုင် ကို ဂုဏ်ပြုရမယ်။ တစ်နှစ်လုံးလုံး အောင်မြင်မှုတွေကို ဂုဏ်ပြု ချီးမွမ်းရမယ်။ ညီလာခံစာမေးပွဲ ကျင်းပပေးတဲ့ အတွက် ကျေးဇူးတင် ချီးမွမ်းမယ်။

ဝန်ကြီး ယွီယိဖျင် အခွင့်အရေးကို အမိအရ ဆုပ်ကိုင် လိုက်ပြီ။ ဧကရာဇ် လင်းမုပိုင် ရဲ့ စွမ်းဆောင်မှု တွေကို သူ အကုန်သိတယ်။

ဧကရာဇ် လင်းမုပိုင် တစ်ခွန်း မှ မပြော နိုင်ခင်။ အောင်မြင်မှုတွေ အားလုံကို သူ ပြောတော့တယ်။

အမတ်မင်းတွေ နဲ့ ကျောင်းတော်သား တွေ သူ့ မိန့် ခွန်းကို ငြိမ်ငြိမ် သက်သက်လေး နားထောင်နေတယ်။

ဆယ့်ငါးမိနစ် နီးနီး ကြာတော့ ဝန်ကြီး ယွီယိဖျင် ၇ပ်သွားပြီ။ နောက်ဆုံးတော့ ဒါက ညီလာခံ စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ပွဲလေ။ အောင်စာရင်းက ဒီနေ့ အဓိကပဲ။

ပြောပြီးပြီ။ ဧကရာဇ် လင်းမုပိုင်ကို သူ လှမ်းကြည့်တယ်။

ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်ပြတယ်။ သူပြောတာ ရှင်းတယ်။ ကောင်းပြီ။ လုံလောက်ပြီ။ ဆက် လုပ်။

ဝန်ကြီး ယွီယိဖျင် ချက်ခြင်း နားလည်တယ်။ စာလွှာကို ဖြည်တယ်။ နာမည်တွေ ပေါ်လာပြီ။

ညီလာခံ စာမေးပွဲ အောင်စာရင်းက တော်ဝင် စာမေးပွဲ နဲ့ မတူဘူး။

တော်ဝင်စာမေးပွဲက ဒုတိယ တန်းကို အရင်ကြေညာတယ်။ အဲ့ဒီ့နောက် ပထမ ဂုဏ်ထူးတန်း။ ထိပ်တန်း သုံးယောက် ကနောက် ဆုံးမှ။ ညီလာခံ စာမေးပွဲ ကတော့ အောင်စာရင်းကို ထိပ်ကနေ အောက် ကြေညာတယ်။

နောက်ပြီးတော့ နာမည် ဆယ်ခုပဲ ရှိတယ်။

အဆင့် ၁၁ ကနေ ၃၀ ကိုက နန်းတော် ဝင်ပေါက်မှာ ကပ်ထားတယ်။

ဝန်ကြီးယွီယိဖျင် အောင်စာ၇င်းကို ကြည့်ရင်း သူ့ နှလုံးသား တောင့်ခဲ သွားတယ်။ သူ့ အပြုံးတွေ ပို ကျယ်ပြန့်လာတယ်။

ဘာကြောင့် လဲ ဆိုတော့ ….

ဖန်ကျန်းရှီ ရဲ့နာမည် အောင်စာရင်းမှာ မပါဘူး။

အဖြေလွှာ ထိပ်ဆုံးမှာ နာမည် နှစ်လုံး။ (ဝူဖုန်း)

ဖန်ကျန်းရှီ နာမည် မရှိဘူး။

“ ဒီ ညီလာခံ စာမေးပွဲ အောင်စာရင်း ……” ဝန်ကြီး ယွီယိဖျင် စကား ဆက် မပြောနိုင်တော့ဘူး။ သူ့ အပြုံးလည်း အေးခဲ သွားတယ်။

ဝူဖုန်း နာမည် နောက်က စကားလုံး တွေကို သူ မြင်တယ်။

အဆင့် ၄ ။

ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။

ဝူဖုန်း နာမည်က ထိပ်ဆုံး မှာလေ။ ဒါတောင် သူ က အဆင့်လေး တဲ့လား။ ဧကရာဇ် ရဲ့ မှတ်ချက် ကိုလည်း ဘေးမှာ ရှင်းရှင်းလင်းလင်း ရေးထားတယ်။

ဘာတွေ ဖြစ်နေလဲ။ ယွီယိဖျင် ဆက် မတွေးနိုင်တော့ဘူး။

ထုံးစံ အတိုင်း ရလဒ်က အထက်ကနေ အောက်ကို ကြေညာ သွားရမှာ။ ထိပ်တန်း သုံးယောက်က နောက် မှာ များ ရှိနေလား။

ဝန်ကြီး ယွီယိဖျင် အောင်စာရင်း နောက်ဆုံး အကြောင်းကို ကြည့်တယ်။ ဒီလို ကြည့်တာ တောင်မှ …..

ထိပ်တန်းကျောင်းတော်သား သုံးယောက်ကို မရေးထားဘူး။ အဖြေလွှာရဲ့ နောက်ဆုံး မှာ အဆင့် တစ်ဆယ်။

ဘာ ပြဿနာ ရှိလို့လဲ။

ယွီယိဖျင် ဘယ်လို ကြည့်ကြည့် ။ ထိပ်တန်း ကျောင်းတော်သား သုံးယောက်ကို သူ မတွေ့ဘူး။ ဒါက သူ မမျှော်လင့် ထားတာပဲ။

ဒါပေမယ့် အခုချိန်မှာ သူ မေးလို့ ရမလား။

ဘယ်ရမလဲ။ အောင်စာ၇င်းကို ဖတ်ကြည့်ရုံသာ တတ်နိုင်တယ်။

သူ့လက်ထဲက အောင်စာရင်း မှာ လေးကနေ တစ်ဆယ် အထိ ပဲ ပါတာ တွေ့လိုက်ရတယ်။ ထိပ်တန်း သုံးယောက် မပါဘူး။

နာမည် ခုနှစ်ခုပဲ ပါတယ်။

“ နာမည် ခု နှစ်ခု….. ” ဝန်ကြီး ယွီယိဖျင် ပြဿနာကို ရှာတွေ့သွားတယ်။ ဝူဖုန်း နာမည် ရဲ့ အထက်မှာ နေရာလွှတ် တွေ ရှိနေတယ်။ ဒီနေရာလွတ်က ထိပ်တန်းကျောင်းတော်သား သုံးဦးအတွက် နေရာပဲ။

ဒါပေမယ့် ဘာလို့ မဖြည့်ထားတာလဲ။

ဝန်ကြီး ယွီယိဖျင် မမေးရဲဘူး။ ဒါပေမယ့် ဧကရာဇ် လင်းမုပိုင်ကို ဒွိဟ ဖြစ်နေတဲ့ အမူအယာ နဲ့ လှမ်းကြည့်တယ်။

ဝန်ကြီး ယွီယိဖျင်ဘာတွေး နေလဲ ဧကရာဇ် လင်းမုပိုင် သိတယ်။

သူ လည်း သူ့ကိုယ်သူ ဒေါသအရမ်းထွက်တယ်။

အောင်စာရင်း ထုတ်မယ့် အချိန်က ရောက်လာပြီ ။ သူတို့ နာမည်တွေနဲ့ အကျိုးအပြစ် မှတ် ချက်ကို မရေးနိုင် လိုက်ဘူး။

အချိန်က အရမ်း အရေးကြီးတယ။်

ကံတရား နဲ့ ကံကြမ္မာကို ကိုယ်စား ပြုတယ် ။

အကယ်၍ သူသာ အချိန်မကိုက်ရင်။ အင်ပါယာ အတွက် နိမိတ် မကောင်းဘူး။ နောက်ပြီးတော့ တောင်ပိုင်း ဒေသမှာ ကတိသစ္စာ ပြုဖို့လည်း လုပ်ရအုန်းမယ်။

ဒီလို ကြောင့် ကသော ကမျော ရေးတာထက် အလွတ် ထားဖို့ ဆုံးဖြတ် လိုက်တယ်။

ဒါက အောင်စာရင်း ကြေညာ တာကို မသက်ရောက်ဘူးလေ။

အရင်ကတော့ ထိပ်တန်း သုံးယောက်ကို ကိုယ်တိုင် ကြေညာမယ်။ အဆင့် ၄ ကနေ ၁၀ ကိုတော့ ယဉ်ကျေးမှုဝန်ကြီး ဌာန ကို ကြေညာ ခိုင်းမယ်။ သူ ဒီလို စီစဉ် ထားခဲ့တာ။

ဒါပေမယ့် ဝန်ကြီး ယွီယိဖျင် ရှေ့ထွက်လာတယ။်

ဧကရာဇ် လင်းမုပိုင် မျက်လုံးတောင် ပြူးသွားသေးတယ်။ ဒါပေမယ့် အောင်စာရင်း ကြေညာဖို့ သူ့ကို မပေးပြန်ရင်လည်း။ ယွီယိဖျင် မျက်နှာ ပျက်ရပြန်မယ်။

စဉ်းစားချင့်ချိန် ပြီးတော့မှ ဝန်ကြီးယွီကို နည်းနည်း မျက်နှာသာ ပေးဖို့ ဆုံးဖြတ်လိုက်တယ်

ဝန်ကြီးယွီကတော့ သူ့ ဂုဏ်ရည်တွေ အကြောင်း ချီးမွမ်းနေပြီ။ ဧကရာဇ် မင်း ဖြစ်တဲ့ သူကတော့ ဘေးကနေ စောင့်နေရုံသာ တတ်နိုင်တယ်။ ဝန်ကြီး ယွီ ဒီ မိန့်ခွန်းပြီးရင် တစ်ချက်ကြည့်မှာပဲ။

အဲ့ဒီ့နောက်….

ဝန်ကြီး ယွီသာ ထက်မြက်ရင်။ ဒီ အောင်စာရင်း စာလွှာကို ဧကရာဇ် ဆီ ပြန်ပေးမှာပဲ။ ဒါက ချောချောမွေ့မွေ့ ပြီးသွားမယ်။

ဝန်ကြီးယွီယိဖျင် တစ်ချက်ကြည့်လိုက်တယ်။

ဒါပေမယ့် သူ ချက်ခြင်း အောင်စာရင်း ကြေညာ တော့တယ်။

ရှက်စရာ အဖြစ်ကတော့ စပြီ။ ယွီယိဖျင် ဆက် မပြော နိုင်တော့ ဘူး။ ဒါပေမယ့် သူ့ကို တားဖို့ နောက်ကျ လွန်းသွားပြီ။

“ မင်း မြင်တဲ့ အတိုင်း ကြေညာစမ်း။” သူ မပြောရင် ဝန်ကြီး ယွီယိဖျင် ဆက်ပြီး ရပ်နေမှာ လင်းမုပိုင် သိတယ် ။ သူကြားရတဲ့ အသံကြောင့် ယွီယိဖျင် လန့်သွားတယ။်

ဒါက ရှင်းလင်း ပြတ်သားတဲ့ အမိန့်ပဲ။ ဒါပေမယ့် ဒီစကားကြောင့် ယွီယိဖျင် နောက်တစ်လှမ်း ယိုင်သွားတယ်။

မင်း မြင်ရတာကို ကြေညာစမ်း …..

တကယ်ကြီးလား။

ဒါက ငတုံးတွေကိုပဲ ပြောတဲ့ စကားလေ။

ထိပ်တန်း သုံးယောက် ဘာလို့ ပျောက်နေလဲ သူ နားမလည် ဘူး။ ဒါပေမယ့် အောင်စာရင်း စည်းမျဉ်းတွေကို သူ သိတယ်။

ဖြေရှင်းချက် ကောင်းကောင်း ရဖို့ ဦးနှောက်ကို အ၇ည်ညှစ်ရင်း အလုပ်ပေးတော့တယ်။ နောက်ဆုံးတော့ သူ အကြံ ထွက်ပြီလေ။

“ ညီလာခံ စာမေးပွဲ ကျင်းပရတဲ့ ရည်ရွယ် ချက်နဲ့ အဓိက အကြောင်းရင်းတွေကို လူ အများစု သိကြမှာပါ။ အခုချိုန် ဖြည့်စွက် ပြောပြ စရာ တစ်ခုရှိပါတယ်။ လွန်ခဲ့တဲ့ သုံးရက်လုံးလုံး။ တော်ဝင်ဘွဲ့နှင်းသဘင် ခန်းမထဲမှာ ဧကရာဇ် ကိုယ်တိုင် အဖြေလွှာတွေကို စစ်ဆေး ခဲ့ပါတယ်။ သုံးရက်လုံးလုံး မထွက်ခွာခဲ့ပါဘူး။” ယွီယိဖျင် နောက်ဆုံး စကားကို ဖိ ပြောတယ်။

ဧကရာဇ် ကိုယ်တိုင် စာစစ်တာ အမတ်မင်းတွေ အားလုံး သိတယ်။

ဒါပေမယ့် ကျောင်းတော်သားတွေ မသိဘူး။

သူတို့ အားလုံး သိသိသာသာကို စိတ်လှုပ်ရှားနေတယ်။ ဧကရာဇ် မင်း ကိုယ်တိုင် အဖြေလွှာတွေကို စစ်တယ်။ နိုင်ငံရေး ကိစ္စ တွေနဲ့ ဧကရာဇ် ဘယ်လောက်တောင် အလုပ်များလည်း သူတို့ သိတာပေါ့။

အရင် စာမေးပွဲတွေမှာ။ ဧကရာဇ် ဆီ အကောင်းဆုံး စာလွှာတွေ မတင်ပြခင် ။ အမတ်မင်းတွေ အိတ်ဖွင့်စစ်ရတယ်။

ယွီယိဖျင်လည်း ဒီ အကြောင်း သိတယ်။. အ၇င် စာမေးပွဲ တွေ အကြောင်း မပြောတော့ဘူး။ ဒီ တစ်ခေါက် စာမေးပွဲ အကြောင်းပဲ သူ ပြောတယ်။

ဒါက တစ်ချက်တည်းနဲ့ ချက်ကောင်း ထိမယ့် ပြစ်ချက်ပဲ။

အဲ့ဒီ့နောက် စိတ်လှုပ်ရှားနေတဲ့ ကျောင်းတော်သားတွေကို သူ တစ်ချက် ကြည့်တယ်။ ချက်ခြင်း တစ်ပတ်လည်ပြီး ဧကရာဇ် လင်းမုပိုင်ကို ဒူးထောက်တယ်။

“အရှင်မင်းကြီး။ ကျွန်တော်မျိုး ညီလာခံ စာမေးပွဲ စည်းမျဉ်းကို နားလည် ပါတယ်။ ဒီနေ့တော့ လူအများရှေ့မှာ ကျွန်တော် မျိုး တစ်ခုလောက် တောင်းဆိုပါရစေ။ ဒီ အောင်စာရင်း ကြေညာချက် စည်းမျဥ်းကို အနည်းငယ် ပြောင်းလဲ ပေးစေ လိုပါတယ်။ ”

“ အိုး။ မင်း က ဘာကို တောင်းဆို ချင်တာလဲ။” ဧကရာဇ် လင်းမုပိုင် သံသယ အပြည့်နဲ့ ကြည့်တယ်။

“ ကျွန်တော်မျိုး အဆင့် လေး ကနေ တစ်ဆယ် အထိ ကျောင်းတော်သားတွေကိုပဲ ကြေညာပါမယ်။ ထိပ်တန်း ကျောင်းတော်သား သုံးယောက်ကို တော့ အရှင်ဧကရာဇ် ကိုယ်တိုင် ကြေညာ်ပေးတော် မူပါ။ ကျောင်းတော်သား တွေ အပေါ် အရှင်ရဲ့ အလေး ထားမှုကို ပြ သ ပေးပါ.” ဒီလို လုပ်မှပဲ ဖြစ်တော့မယ်။ သူက အောင်စာ၇င်းကို ကြေညာဖို့ လုပ်ပြီးနေပြီ။ ဒီတော့ ဧကရာဇ်ကို ထိပ်တန်း သုံးယောက် ကြေညာခိုင်းမှ ဖြစ်မယ်။

နောက်ပြီးတော့ ဧကရာဇ် လင်းမုပိုင် ကိုယ်တိုင် သူ့လက်ကို ဒီ စာလွှာ အပ်ထားတာ။ ဒီ အတိုင်း ပြန်ပေးလိုက်ရင် ….. သူ့ အမှားက သိသာလွန်း သွားမယ်။

ဒါပေါ့။ ဝန်ကြီး ယွီယိဖျင်လည်း ကိုယ့် အတွက် ကိုယ် စဉ်းစား ရသေးတယ်။ ချက်ခြင်း ကြီး ပြန်အပ်လိုက်ရင် သူ အစပျိုး ထားသမျှ မိန့်ခွန်းက အလကား ဖြစ်သွားအုန်းမယ်။

ဒါဆို အရှက် ဗျမ်းဗျမ်းကွဲပြီ။

ကျောင်းတော်သားတွေ နဲ့ အမတ်မင်းတွေ တစ်ခုခု လွဲနေတာကို သိတယ်။

ဝန်ကြီးယွီယိဖျင် (ဖိနပ်လျက် = ကပ်ဖား ယက်ဖား) စကားဆိုလာချိန်မှာ သူတို့ ဒွိဟ ဖြစ်မိတယ်။ ဒါပေမယ့် အများဆန္ဒကို ရှေ့တန်း တင်သလို ပြောပြန်တော့လည်း ….

သူတို့ ချက်ခြင်း သံယောင် လိုက်တော့တယ်။ “ အရှင်မင်းမြတ် ကိုယ်တိုင် ထိပ်တန်း သုံးဦးကို ကြေညာပေးဖို့ မျှော်လင့်ပါတယ်။” အမတ်မင်းတွေ ချက်ခြင်း အော်တယ်။ ဒီလို မြှောက်ပင့်ရမယ့် အချိန်ကို ဘယ်သူက အလွတ် ခံ နိုင်မှာလဲ။

ဧကရာဇ် လင်းမုပိုင် သူ့ရှေ့မှာ ဒူးထောက် နေတဲ့ သူတွေကို ကြည့်နေတယ်။ စိတ်သက်သာရာ ရ မိတယ်။

ယွီယိဖျင် အောင်စာရင်း အရင် ကြေညာရင်တောင်။ ဒီ ပြဿနာက ချောချောမွေ့မွေ့ ပြီးသွားပြီ။

“ ကျွနု်ပ် ကြေညာပေးမယ်။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်တယ်။

ဝန်ကြီး ယွီယိဖျင် နဲ့ တခြား သူတွေ (ဧကရာဇ် မင်း ကျေးဇူးတော် ချီးမွမ်းခန်း) ပြုကြပြန်တယ်။ ကျောင်းတော်သားတွေ တော့ ဧကရာဇ် ကိုယ်တိုင် အောင်စာရင်း ကြေညာ ပေးမယ် ဆိုတော့ ပျော်နေကြတယ်။

ယွီယိဖျင် လေပူတစ်ချက် မှုတ်ထုတ်လိုက်တယ်။

အောင်စာ၇င်းကို ချက်ခြင်း ကြေညာတယ်။

“ ညီလာခံ စာမေးပွဲ အဆင့်လေး …. ဝူဖုန်း ” ယွီယိဖျင် ရဲ့ ခိုင်မာပြတ်သားတဲ့ အသံ ထွက်လာတယ်။ မှတ်ချက်ကိုပါ သူ ကြေညာတယ်။

ဒီလိုနဲ့ …..

ကျောင်းတော်သားတွေ မျက်လုံးပြူးကုန်ပြီ။ အဆင့်လေး။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။

သူက ပထမ မဟုတ်ဘူးလား။

နန်ကုန်းဟောင်လည်း ဧကရာဇ် နဲ့ မတွေ့ဘူး။ ဖန်ကျန်းရှီ ကော ရန်ရွှယ်ပါ မတွေ့ဘူးလေ။ ဘယ်လိုများ ဝူဖုန်း က ရှုံးသွားတာလဲ။ ဒါက မဖြစ်နိုင်လိုက်တာ။

ဝူဖုန်း မလှုပ်မယှက် ။

ကြား ကြားချင်း မိုးကြိုးပစ်ခံရသလို သူ ခံစားရတယ်။

ထိပ်တန်း သုံးဦးကို ဧကရာဇ် ကိုယ်တိုင် ကြေညာမယ် ကြားတော့ သူ့ ရင်ထဲ ဗလောင်ဆူတယ်။ အမြင့်ဆုံး ဂုဏ်ကို သူရတော့မယ်။

အဖြစ်အပျက်တွေက မြန်လွန်းတယ်။

တုံ့ပြန်ချိန်တောင် မရလိုက်ဘူး။ မကြားချင်တဲ့ အချိန် ကြားလိုက်တရတဲ့ နာမလည် ခေါ်သံပဲ။

အဆင့်လေး တဲ့လား။

ဘာလို့ သူက အဆင့်လေးလဲ။

ထိပ်တန်း သုံးယောက်က ဘယ်သူတွေလဲ။

ဝူဖုန်း သိချင်တယ်။

နောက်ထပ် အတွေးတစ်ခု သူ့ စိတ်ထဲ ပေါ်လာတယ်။ ဝန်ကြီး ယွီယိဖျင်။ မှားပြီး ကြေညာတာ။ သူက ပထမ။ ဝန်ကြီး ယွီ မှားတာ။

ဒီလိုပဲ ဖြစ်မယ်။

ဝန်ကြီး ယွီ အပေါ်ကနေ အောက်ကို ဖတ်ရမှာလေ။ အခု ကြေညာတာ မှားတာ။

“ ဝူဖုန်း။ ရှေ့ထွက်ပါ။ ဧကရာဇ် မင်းကို ကျေးဇူးတင်ကြောင်း ပြောပါ။” အသံ တစ်သံ ထွက်လာတယ်။

ဝူဖုန်း တကယ်ကို မသွားချင်ဘူး။ ဒါက သူ လိုချင်တဲ့ ရလဒ် မဟုတ်ဘူး။ ဘာတွေ ဖြစ်နေလဲ မေးလိုက်ချင်တယ်။ ဒါပေမယ့် ဧကရာဇ် ကိုယ်တိုင် ရှိနေတော့ ။ သူမမေးရဲဘူး။

“ ဝူဖုန်း။”

“ကျွန်တော်မျိုး။ ဝူဖုန်း။ ဧကရာဇ် ကို ကျေးဇူးတင်ပါတယ်။” ဝူဖုန်း ပြော၇င်း ဒူးထောက်တယ်။

သူ့ စိတ်ထဲမှာတော့ အဆက်မပြတ် အော်နေတယ်။

ဒါက အမှားတစ်ခုပဲ။ အမှားတစ်ခုပဲ။

ဝူဖုန်း ဒူး ထောက် လိုက်တဲ့ အချိန် အသံတွေ သူ့ နားထဲ ရိုက်ခတ်လာတယ်။

“ အဆင့်လေး … ဝူဖုန်း…..”

“အဆင့်လေး …. ဝူဖုန်း……”

“အဆင့်လေး …..”

တော်ဝင်ဘွဲ့နှင်းသဘင်ကနေ နန်းတော် ဝင်ပေါက် အထိ အသံတွေ ပျံ့သွားတယ်။

တံခါးဝက ကျောင်းတော်သားတွေ ဝူဖုန်း နာမည်ကိုကြားတယ်။ သူတို့ စိတ်လှုပ်ရှားနေပြီ။ ဝူဖုန်း နာမည် အရင်ဆုံး ထွက်လာတယ်။ ဖန်ကျန်းရှီ နာမည် မဟုတ်ဘူး။

သူတို့ အောင်ပွဲ ခံ မလို့ ပြင်တဲ့ အချိန်။ နောက်ဆက်တွဲ သတင်းကို ကြားရတယ်။ အဆင့်လေး ????`

မြင်းပေါ်က ရွှေရောင် စစ်သည် တစ်ချို့တောင် လန့်သွာတယ်။ တစ်မြို့လုံးကို သတင်းဖြန့်ဖို့ သူတို့ သွားရမှာလေ။ ဒုတိယ တစ်ကြိမ် ကြေညာတဲ့ ထိ သေချာအောင် ရပ်စောင့်နေတယ်။

အဆင့်လေး ကို အရင်ဆုံး ကြေညာတယ်လား။

သမိုင်းထဲမှာ။ ထိပ်တန်း ကျောင်းတော်သားသုံးယောက်ကို အရင်ကြေညာတာ။ ဒီသုံးယောက် နာမည် ကိုပဲ ပတ်ဝန်းကျင် မြို့တော် တွေဆီ သတင်းပို့တာ။ အခုတော့ အဆင့်လေး ကို ကြေညာမှတော့။ သူတို့ သွားစရာ မလိုသေးဘူး။

“ အထိန်းတော်လီ။ အခု ကြေညာချက် မှန်ပါရဲ့လား။ ဘာလို့ အဆင့်လေး ကနေ စနေတာလဲ။”

“ အရှေ့လူတွေ အဆင့်လေး လို့ ပြောတာပဲ။ ဒါကြောင့် ငါလည်း ကြားတဲ့ အတိုင်း ပြောတာ။” နန်းတော်ဝတ်ရုံနဲ့ လူ ချက်ခြင်း ပြန်ဖြေတယ်။

ရွှေရောင်စစ်သည်တော်တွေ နှုတ်ခမ်း တင်းတင်းစေ့ထားတယ်။ သူတို့ထပ်မမေးတော့ဘူး။

စောင့်ရမယ်။

သူတို့ လုပ်မှာ စောင့်ရမှာပဲ။ နောက်ထပ် ကြေညာမယ့် နာမည်တွေကို စောင့်၇မယ်။

ဝူဖုန်းလည်း စောင့်နေတယ်။ ဝန်ကြီးယွီယိဖျင် အမှားပြင်မှာကို စောင့်နေတယ်။ စိတ်ပျက်စရာပဲ။ ယွီယိဖျင်က အမှား မလုပ်ဘူး။

သူဆက်ပြီး ကြေညာတယ်။

“အဆင့်ငါး….”

“အဆင့်ခြောက် ….”

“အဆင့် ခုနှစ် ……”

“ …..”

“ အဆင့် တစ်ဆယ် ……”

ကြေညာချက်တွေ နန်းတော် တစ်ခွင် ပြန့်သွားတယ်။ နန်းတော် မုခ် တံခါးတွေကို ရောက်သွားတယ်။

အပိုင်း (၃၂၂) ပြီး၏။

အပိုင်း ( ၃၂၃)

“ ညီလာခံ စာမေးပွဲ အောင်စာ၇င်း ထုတ်ပြန်ပြီ (၂) ”

ကြေညာချက်တွေ တစ်ခုခု ပြီး တစ်ခု ထုတ်တယ်။ ကျောင်းတော်သား တစ်ယောက်ချင်း စီရှေ့ထွက်လာတယ်။ ဧကရာဇ်ကို ကျေးဇူးတင်တယ်။

ရွှေရောင်စစ်သည်တော်တွေ ဆက်ပြီး နားစွင့်နေတယ်။ သူ တို့ ကြားတာ မမှားဘူး။

အောင်စာရင်းက အဆင့်လေး ကနေ တစ်ဆယ်ကို ကြေညာတာပဲ။

ဘာတွေ ဖြစ်နေလဲ တော့ သူတို့ မသိဘူး။ ဒါပေမယ့် သူတို့ အလုပ်က ထိပ်တန်း သုံးယောက်ကို ကြေညာပေးဖို့ပဲ။ တခြား ကိစ္စတွေက သူတို့ နဲ့ မဆိုင်ဘူး။

အစက နေ အခုထိ တစ်ချက် တောင် မလှုပ်ရှားကြဘူး။ အေးအေးဆေးဆေးသာ နေကြတယ်။

ဒါပေမယ့် ဝူဖုန်းကတော့ မအေးချမ်း နိုင်ဘူး။ ဒီ ထိပ်တန်း ကျောင်းတော်သား ဆယ်ယောက် ကြားမှာ သူ တောက်ပနေသင့်တယ်။

ဒါပေမယ့် သူပြုံးတောင် မပြုံးနိုင်ဘူး။ တခြား ကျောင်းတော်သားတွေ သူ့ကို စိုက်ကြည့် နေသလိုပဲ။

“ပထမ …. ငါက ပထမ ဖြစ်ရမှာ ။ ဘာတွေ ဖြစ်ကုန်တာလဲ။” အဆင့်လေး ဆိုတာ ဝူဖုန်း လက်မခံ နိုင်။ ဝန်ကြီး ယွီယိဖျင် ( အမှား) ပြင်မှာကို သူ စောင့်နေတယ်။

ဒါပေမယ့် ဝန်ကြီး ယွီက နာမည်တွေကို တစ်ချက် မနားစတမ်း ကြေညာသွားတယ်။ အောင်စာရင်း စာရွက်ကို လိပ် ပြီးတော့တောင် ဧကရာဇ် လင်းမုပိုင် လက်ထဲကို ထည့်လိုက်ပြီ။

“ အရှင် မင်းမြတ်။ ထိပ်တန်း ကျောင်းတော်သား သုံးဦးကို ကြေညာ ပေးတော် မူပါ။”

“ အင်း။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်တယ်။ အထိန်းတော် ေ၀ အောင်စာရင်းစာရွက်ကို ယူတယ်။ ဧကရာဇ်မင်း လက်ထဲကို ထည့်ပေးတယ်။

လင်းမုပိုင် စာလွှာကို ချက်ခြင်း မဖွင့်ဘူး။ သူ့ရဲ့ စူးရှထက်မြက်တဲ့ မျက်ဝန်း တွေနဲ့ လူအုပ်ကြီးထဲကို ရှာဖွေတယ် ။

“ဖန်ကျန်းရှီ ဘယ်မှာလဲ။”

ဒါက ဧကရာဇ် လင်းမုပိုင် စိတ်ထဲမှာ အတွေးမိဆုံး ကိစ္စပဲ။

အခုတော့ အောင်စာရင်း ကြေညာရတော့မယ်။ ဒါပေမယ့် ကြေညာပြီးတော့ ဘာဖြစ်လာမှာလဲ။ ဖန်ကျန်းရှီက သူ့ကို ကျေးဇူးတင်ဖို့ အနီးနားမှာ မရှိဘူး။

ဖန်ကျန်းရှီ လူအုပ်ထဲမှာ ပုန်းနေတာများလား။

ဒီလို ဖြစ်စေဖို့ ဧကရာဇ် လင်းမုပိုင် မျှော်လင့်နေမိတယ်။ ဒီလို အရေးကြီး နေ့ မျိုးမှာတောင် ဖန်ကျန်းရှီ အတင့်ရဲ ပြီး ပျက်ကွက်တာမျိုး မယုံနိုင်ဘူး။

ဒီနေ့ ဒီကောင် ငါ့ကို အရှက်ရစေ၇င်။ ခေါင်းဖြတ် သတ်ပြစ်မယ်။

ဧကရာဇ် လင်းမုပိုင် တစ်ယောက်တည်း ကျိန်ဆဲ နေတယ်။ အဲ့ဒီ့နောက် သူ စပြီး ကြေညာတော့တယ်။ ” အဖြေလွှာ တွေကို စစ်တဲ့ အချိန် အတွေးအမြင် အသစ်တွေ ကိုယ်တော် တွေ့မြင်ရတယ်။ ကြီးမြတ်သော ရှ မင်းဆက် ရဲ့ အနာဂတ်ကတော့ တောက်ပ နေပြီ ။ ဒါပေမယ့် ထိပ်တန်း မှာတော့ သုံးယောက်တည်းပဲ ရှိနိုင်မယ်။ ဒီ နာမည် သုံးခု မှာ မပါရင် စိတ် မပျက် ကြပါနဲ့။ ကောင်းကောင်း ကြိုးစားပြီး နောက် တစ်ကြိမ် ပြန် ဖြေကြပါ။ ”

“ အရှင်မင်းမြတ် ကို ကျေးဇူးတင်ပါတယ်။”

ကျောင်းတော်သားတွေ အားလုံး ဧကရာဇ် မင်းကို အကြံ ဉာဏ် ပေးတဲ့ အတွက် ကျေးဇူးတင် စကား ဆိုကြတယ်။

ဧကရာဇ် လင်းမုပိုင် နောက် တစ်ကြိမ် ခေါင်းငြိမ့် လိုက်တယ်။ အဲ့ဒီ့နောက် စာလွှာကို ဖြန့်တယ်။ တစ်ချက်ကြည့်တယ်။ တစ်ခဏ တွေေ၀ နေပြီး နောက် သူ ကြေညာတော့တယ်။

“ညီလာခံ စာမေးပွဲ အတွေးအခေါ် ထိပ်တန်း ကျောင်းတော် သား ……. နန်ကုန်း ဟောင် နဲ့ ဖန်ကျန်းရှီ။”

သူ့ ကြေညာချက် ကို ချက်ခြင်း ဂုဏ်ပြုသံတွေ လွှမ်း မသွားခဲ့ဘူး။ အဲ့ဒီ့အစား လူအုပ်ကြီး တစ်ခုလုံး တိတ်ဆိတ် သွားခဲ့တယ်။ အတော်ကြာ တွေေ၀ နေပြီး နောက် ။ တိတ် ဆိတ် မှုက နောက်ဆုံးမှာ ပျောက်သွားတယ်။ ဒါပေမယ့် ဂုဏ်ပြုသံ ထွက်မလာ ဘူး။ တစ်ယောက်ကို တစ်ယောက် မယုံကြည် တဲ့ အကြည့် တွေနဲ့ မေးမြန်း နေတယ်။

“ ငါကြားတာ မှန် ရဲ့လား။ နန်ကုန်းဟောင် လေ။”

“ မင်းကြ ားတာ မမှား ဘူး။ ငါလည်း ကြားတယ်။ ဒါပေမယ့် ဘာလို့ နန်ကုန်းဟောင်လည်း။ သူ က ဧကရာဇ် နဲ့ မတွေ့ဘူးမလား။”

“ သူ ဝူဖုန်း ကို လိမ်နေတာလား။”

နန်ကုန်းဟောင် နာမည်ကို ကြားတော့ ကျောင်းတော်သားတွေ ချက်ခြင်း မတုံ့ပြန် နိုင်ဘူး။ နန်ကုန်းဟောင် ကိုယ်တိုင်က ဧကရာဇ် နဲ့ မတွေ့ ရ သေးဘူး ပြောထားတာလေ။

ဒါဆို သူက ဘာလို့ ထိပ်တန်း ကျောင်းတော်သား ဖြစ်ရတာလဲ။

လူတိုင်းထင်ထား ပြီးသား ဖြစ်ပေမယ့် ။ သူ တို့ နားမလည် နိုင်ဘူး။ အထူးသဖြင့် အခုလို ကိစ္စ ဖြစ်ပြီးတဲ့ အချိန်မှာပဲ။

နောက်ပြီးတော့။ နန်ကုန်းဟောင် အပြင် နောက်တစ်ယောက်။ ဒုတိယ နာမည်။ ဒီ နာမည်က အမတ်မင်းတွေ အကုန်လုံးကို တုန်လှုပ်စေတယ်။

“ ဖန်ကျန်းရှီ????”

“ ထိပ်တန်း ကျောင်းတော်သားတွေက နန်ကုန်းဟောင် နဲ့ ဖန်ကျန်းရှီ ”

ဧကရာဇ် လင်းမုပို ရဲ့ အသံ သူတို့ စိတ်ထဲ ပဲ့တင် ထပ်နေတယ်။

“ နန်ကုန်းဟောင် နဲ့ ဖန်ကျန်းရှီ နှစ်ယောက် ဆိုတာ ဘာကို ပြောတာလဲ။”

“ ပူးတွဲ ပထမလား။”

“ဒီ အဆင့်က ဘယ်လိုများ နှစ်ယောက် ရှိနိုင်တာလဲ။”

“ နောက်ပြီးတော့ ဒုတိယ တစ်ယောက်က ဖန်ကျန်းရှှီ တဲ့။ ဖန်ကျန်းရှီလည်း ဧကရာဇ် နဲ့ မတွေ့ရဘူး။ လုံး၀ အဓိပ္မာယ် မရှိတာပဲ။”

ဘာတွေ ဖြစ်နေလဲ ဘယ်သူမှ နားမလည်နိုင်။ နန်ကုန်းဟောင် ပထမ ရတာ လက်ခံ နိုင်စရာ ရှိတယ်။

ဧကရာဇ် နဲ့ မတွေ့ရင်တောင်မှ ဖြစ်နိုင်ချေ ကရှိတယ်။

နန်ကုန်းဟောင် ထိပ်သီး ဖြစ်မယ် ဆိုတာ အစတည်းက ကျော်ကြားနေတာပဲ။ ဒါပေမယ့် ဖန်ကျန်းရှီ နဲ့ ပူးတွဲ ပထမ ရတာ ကတော့ သမရိုးကျ မဟုတ်ဘူး။

ဘယ်လိုများ ဧကရာဇ် နဲ့ မတွေ့ပဲ ပထမ ရနိုင်တာလဲ၊

ပူး တွဲ ပထမ ။ သမိုင်း တစ်လျှောက် ညီလာခံ စာမေးပွဲမှာ ပူးတွဲ ပထမ ဆိုတာ မရှိဖူးဘူး။

ဝူဖုန်း မျက်လုံ းပြူးရလွန်းလို့ ။ ပေါက်တောင် ထွက်တော့မယ်။

ဘာတွေ ဖြစ်ကုန်တာလဲ။

သူ့ ရဲ့ ပထမ နေရာကို နန်ကုန်းဟောင် နဲ့ ဖန်ကျန်းရှီက လုသွားပြီ။ နောက်ပြီးတော့ သူတို့ တစ်ယောက် မှ ဧကရာဇ် နဲ့ မတွေ့ရ သေးဘူး။ ဘာတွေလဲ၊ ဘာတွေ ဖြစ်ကုန်တာလဲ။

“အရှင်မင်းမြတ်။ ကျွန်တော် မျ……” ဝူဖုန်း ရှေ့ထွက် ရင်း ပြောဖို့ ပြင်တယ်။ အဲ့ဒီ့နောက် ဧကရာဇ် ရဲ့ အကြည့် နဲ့ ရင်ဆိုင်လိုက်ရတယ်။

ဒီ အကြည့်က အရှိန်အဝါတွေ ပါဝင်တယ်။ မင်း တစ်ပါးရဲ့ အာဏာ စက်တွေ ပြည့်၀ နေတယ်။

ဝူဖုန်း ဆက်ပြီး ခြေ မလှမ်း နိုင်တော့ဘူး။ ရှေ့ကို ဆက် မတိုး ရဲတော့ သလို။ စကားလည်း ဆက် မပြောနိုင်တော့ဘူး။

ဝန်ကြီး ယွီယိဖျင်နဲ့ တခြား အမတ်မင်း တွေလည်း မယုံနိုင် ကြ။ ဘာတွေ ဖြစ်နေလဲ နားကို မလည်နိုင်ဘူး။

ဒါက ညီလာခံ စာမေးပွဲလေ။

ညီလာခံ စာမေးပွဲမှာ ပူးတွဲ ဆိုတာမျိုး မရှိဘူး။ ညီလာခံ စာမေးပွဲက ထိပ်သီး ကျောင်းတော်သား ကို ရှာဖို့ ပဲ။ မ

စာမေးပွဲ တစ်ခုမှာ (ထိပ်တန်း) နှစ်ယောက် ဘယ်လိုများ ရှိနိုင်တာလဲ။

နည်းလမ်း မကျ လိုက်တာ။ နောက်ပြီးတော့ ဖန်ကျန်းရှီ နဲ့ နန်ကုန်းဟောင် အရည်အချင်း တူတယ် ဆိုတာ။ သူ တို့ လုံးလုံး လက်မခံ နိုင်ဘူး။

ဝန်ကြီးယွီ ပြုံးနေတယ်။ ဒါပေမယ့် သူ စကား တစ်ခွန်း မဆို။

အမတ်မင်းတွေက ဧကရာဇ် လင်းမုပိုင်ကို ဒွိဟ အပြည့်နဲ့ ကြည့်နေတယ်။ ဒီ ကြေညာချက်ကြောင့်သူတို့ ဘယ်လို သံယောင်လိုက်ရမလဲ မသိတော့။

ချီးမွမ်း ဂုဏ်ပြုသင့်လား ဆိုတာတောင် မသေချာ နိုင် ဖြစ်နေပြီ။ ဧကရာဇ် လင်းမုပိုင်လည်း မြင်တယ်။ ဒါပေမယ့် သူက ဧကရာဇ်လေ။

သူ့ ဆုံးဖြတ်ချက်ကို ဘယ်သူက သံယ ဖြစ်ရဲမှာလဲ။

တကယ်တမ်းတော့ အရှင်လီချင်း နဲ့ မတွေ့ခင်။ သူ တကယ့်ကို တွေေ၀ နေခဲ့တယ်။ ဒါပေမယ့် အရှင်လီချင်း စကားကို ကြားပြီး နောက် ။ သူ့ အတွေး ပြောင်းသွားတယ်။

တရားမျှတမှု။

ဒီ အဖြေလွှာတွေကို စစ်တဲ့ အချိန် အရေးအကြီးဆုံး ကိစ္စ။ သူ အောင်မြင်ခဲ့ပြီလို့ ထင်ထားတာ။ ဒါပေမယ့် သူ မအောင် မြင် သေးဘူး။

စည်းမျဥ်းတွေ အရ အောင်နိုင်သူကို ရွေးရမယ်။

ဒါပေမယ့် အဖြေလွှာ နှစ်ခုက လက်ရည်ညီနေတယ်။ တစ်ယောက်တည်း ကို အနိုင်ပေးတာ ။ မတရားဘူး။ ဒါကြောင့် သူ ဘာလုပ် သင့်သလဲ။

စည်းမျဥ်းတွေလား။ သူကိုယ်တိုင်က စည်းမျဥ်းပဲ။

ဖန်ကျန်းရှီ နဲ့ နန်ကုန်းဟောင်ကို သူ ဘာလို့ မတွေ့တာလဲ။ အကြောင်းရင်း ကတော့ ရှင်းတယ်။ အဖြေလွှာ သုံးခုတည်း တိုက်ခိုက်ရမြှ။

ထိပ်တန်း သုံးယောက်က ဆုံးဖြတ် ပြီးပြီ။

ဒီ လူ သုံးယောက်ကို သူ ဆုံးဖြတ် ပြီးမှတော့ ဘာလို့ ထပ်တွေ့ ရအုန်းမှလြြ။

သူ တွေ့ရမှာ။ အဆင့် လေး ကနေ တစ်ဆယ် အထိပဲ။ သူတို့ ရဲ့ ရည်ရွယ်ချက်ကို သိအောင် လုပ်ရမယ်။ ဒါမှ အဆင့်ကို သေချာ ခွဲလို့ ရမှာ။

ဧကရာဇ် လင်းမုပိုင်က အပျင်း ထူတဲ့ သူ မဟုတ်ဘူး။ အဖြေလွှာ ၂၀၀ လုံးလုံးကို တစ်ယောက်တည်း ကိုယ်တိုင် စစ်တာ။ တခြား ကိစ္စတွေ အားလုံးကို သူ လျစ်လျူရှုထားတယ်။

နောက်ပြီးတော့ ဖန်ကျန်းရှီ။ ဖန်ကျန်းရှီ ကို တွေ့ သည ဖြစ်စေ မတွေ့သည် ဖြစ်စေ ကိစ္စ မရှိဘူး။

သူ့ ဆုံး ဖြတ်ချက်ကို မေးခွန်း ထုတ်စရာ မလိုမှန်း သူသိတယ်။ ဒါပေမယ့် သူ့ ဆုံးဖြတ် ချက်ကိုတော့ ရှင်းပြဖို့ လိုတုန်းပဲ။ ကောင်းကောင်း ရှင်းပြဖို့ လိုတယ်။

“ ကိုယ်တော်ရဲ့ ဒီနေ့ ဆုံးဖြတ်ချက်က အားလုံးကို ထိတ်လန့် စေမှာ နားလည်ပါတယ်။ ဒါပေမယ့် ဒီနေ့ ကိစ္စက နည်းလမ်းတကျ ဖြစ်ပျက်နေတာ။ အနိုင်ရသူ တစ်ဦးတစ်ယောက်တည်းသာ ရှိသင့်တယ်လို့ အရင်တည်းက လက်ခံ ခဲ့ကြတယ်။ ဒါပေမယ့် ကိုယ်တော် မရေမတွက် နိုင်တဲ့ စာလွှာတွေကို ဖတ်ရှုထားပြီးပြီ။ စာလွှာတစ်ခု ချင်းစီ ရဲ့ အဆင့် အတန်းကိုလည်း ခွဲခြား နိုင်တယ်။ ဘယ်သူ ပိုသာလည်း ကိုယ်တော် ရွေးချယ်နိုင်တယ်။ ဒါပေမယ့် နန်ကုန်းဟောင် နဲ့ ဖန်ကျန်းရှီ တို့ ရဲ့ စာလွှာကိုတော့။ ဘယ်သူ ပိုသာလွန် လဲ ကိုယ်တော် မရွေးချယ် နိုင်ဘူး။”

“ ဘယ်သူ ပိုသာလွန်လဲ ကိုယ်တော် မရွေးချယ် နိုင်ဘူး။”

နောက်ဆုံး စကားလုံးက တော်ဝင်ဘွဲ့နှင်းသဘင် ခန်းမကြီးကို ပဲ့တင်ထပ်သွားတယ်။

ကျောင်းတော်သားတွေ နဲ့ အမတ်မင်းတွေ။ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ငြိမ်သက်နေတယ်။

ဒီ စကားလေး တစ်ခွန်းက နားလည်ဖို့ လွယ်ကူတယ်။ ဧကရာဇ် ကိုယ်တိုင် ပြောတာကတော့…… သက်ရောက်မှု ကြီး သွားပြီ။

ဒီ စာလွှာ နှစ်ခုက ဧကရာဇ် ရဲ့ အမြင်မှာ တောင် လက်ရည်ညီနေတယ်။ ဘယ်လောက်တောင် ထူးဆန်း လိုက်သလဲ။

ဒါက ဖန်ကျန်းရှီ နဲ့ နန်ကုန်းဟောင်ကို သူတို့ တော်ကြောင်း ချီးမွမ်း လိုက်တာပဲ။ ဝူဖုန်း မျက်နှာ ကတော့ ရဲရဲ နီ နေပြီ။

မနေ့ ညက ခန်းမဆောင်မှာ ဖြစ်တဲ့ အဖြစ်တွေ သူ့ စိတ်ထဲ ဝင်လာတယ်။ အဲ့ဒီ့အချိန်တုန်းက ဖန်ကျန်းရှီ ရှေ့မှာ သူ့ရဲ့ စာလွှာ အကြောင်း ကြွားဝါ ခဲ့တယ် ။

အခုတော့။

သူ့ မျက်နှာကို တည့်တည့်ကြီး ဖြတ်ရိုက်ခံ လိုက်ရသလို နာကျင်နေရပြီ။ ။

“ အရှင်ဧကရာဇ် မင်း တရားမျှတပြီး အမျှော်အမြင် ကြီးမားလှပါတယ်။” အမတ်မင်း တစ်ဦး သတိဝင်ပြီး ချက်ခြင်း ချီးမွမ်း ဒူးထောက်တယ်။

တခြား အမတ်မင်းတွေ ခပ်မြန်မြန် လိုက်အော်ကြတယ်။

“ အရှင်ဧကရာဇ် ဆုံးဖြတ်ချက် ကောင်းမွန် လ ှကြောင်း ပါ ”

ဧကရာဇ် ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူကမှ သံသယ မဖြစ်ရဲဘူး။ ကြီးမြတ်သော ရှ မင်းဆက် ရဲ့ ခေါင်းဆောင်ကြီး လေ။

ကျောင်းတော်သားတွေလည်း ဒူးထောက်လိုက်တယ်။

သတင်းပို့ဆောင်သူတွေလည်း သတိဝင်လာကြပြီ။

“ ပူးတွဲ ပထမ။ နန်ကုန်းဟောင်နဲ့ ဖန်ကျန်းရှီ။”

“ပူးတွဲ ပထမ။ နန်ကုန်းဟောင် နဲ့ ဖန်ကျန်းရှီ။”

“ ပူးတွဲ ပထမ။……..”

သတင်းက နန်းတော် ဝင်ပေါက်ကို ချက်ခြင်း ရောက်သွားတယ်။

နန်းတော် အပြင်က လူအုပ်ကြီးကတော့ အော်ဟစ်နေကြပြီ။ လူနှစ်ယောက် ပူးတွဲ ပထမ တဲ့လား။ နောက်ပြီးတော့ နန်ကုန်းဟောင် နဲ့ ဖန်ကျန်းရှီ ။

ဖန်ကျန်းရှီ …..။ သူက နန်ကုန်းဟောင် နဲ့တောင် အရည်အချင်း တူတယ်လား။

အဝတ်နွမ်း တွေ ဝတ်ထားတဲ့ ရွာသားတွေကတော့ အော်ဟစ် ဂုဏ်ပြု နေကြပြီ။ ဖန်ကျန်းရှီ နာမည်ကို အော်ဟစ် ကြွေးကြော်ရင်း ချီးမွမ်းနေတယ်။ လူအုပ်ထဲမှာ ဝတ်ရုံနက် တစ်ချို့ ရှိနေတယ်။ တစ်ယောက်ကို တစ်ယောက် မျက်စ ပြစ်ပြတယ်။ အဲ့ဒီ့နောက် ပျောက်ကွယ်သွားတယ်။

ရွှေရောင် စစ်သည်တော်တွေ လည်း နောက်ဆုံးတော့ လှုပ်ရှား လာပြီ။ “ ညီလာခံ စာမေးပွဲ အဆင့် တစ် ထိပ်သီး။ ပူးတွဲ ပထမ။ နန်ကုန်းဟောင် နဲ့ ဖန်ကျန်းရှီ။”

စစ်သည်တော် တွေ ရဲ့ အသံက မြို့တော် တစ်ခုလုံးကို ပျံ့သွားတယ်။

ဝတ်ရုံ ဖြူ နန်ကုန်းဟောင် လူအုပ်ရှေ့ကို ထွက်လာတယ်။ ဖြည်းဖြည်း နဲ့ မှန်မှန် လျှောက်လာတယ်။

ခြေ တစ်လှမ်း ချင်းစီတိုင်းက ပုံမှန်။ ဒါပေမယ့် သူ့ နှုတ်ခမ်း တွေကတော့ စိတ်လှုပ်ရှားမှု နဲ့ တုန်ယင်နေတယ်။ ဒါက အောင်စာရင်းကြောင့် စိတ်လှုပ်ရှားတာ မဟုတ်ဘူး။ ထိုက်တန်တဲ့ ပြိုင်ဘက်ကို တွေ့ရတဲ့ နှလုံးသား ထဲက ပီတိပဲ။

ပူးတွဲ တဲ့လား။

ညီလာခံ စာမေးပွဲ အဆုံးအဖြတ်က စိတ်ဝင်စား စရာပဲ။

“ ကျွန်တော်မျိုး ပြည်သူ နန်ကုန်းဟောင် ဧကရာဇ်မင်းကို ကျေးဇူးတင်ပါတယ်။“ တော်ဝင်ဘွဲ့နှင်း သဘင် ခန်းမ အလယ်မှာ ရပ်ရင်း နန်ကုန်းဟောင် ဦးညွှတ်တယ်။

“ ပြည်သူ။၊” ဧကရာဇ် လင်းမုပိုင် စိတ်ထဲ သက်ပြင်းချ မိတယ်။ ဒါပေမယ့် သူ ဘာမှ မပြော။ နန်ကုန်းဟောင်ကို တစ်ချက် ကြည့်တယ်။

နန်ကုန်းဟောင် နောက်မှာ ဘယ်သူမှ မရှိဘူး။

နေရာလွတ်နေတယ်။

“ ဖန်ကျန်းရှီ မလာဘူး။” လင်းမုပိုင် တောင့်ခဲ သွားတယ်။ မမြင်ရတဲ့ အရှိန်အဝါတွေ သူ့ကိုယ်က ထွက်ပေါ်လာတယ်။

အမတ်မင်းတွေ ချက်ခြင်း သတိထားမိတယ်။

သူက ဧကရာဇ်။

ဖန်ကျန်းရှီကို အမြင့်ဆုံး ဂုဏ်ပုဒ်တောင် ပေးထားပြီးပြီ။ ဒါပမေယ့် ဖန်ကျန်းရှီက ဘယ်မှာလဲ။ ဒါတင် မက။ အောင်စာရင်း လာကြည့်ဖို့ တောင် ပျက်ကွက်တယ်။

အကယ်၍ ဖန်ကျန်းရှီသူ စာမေးပွဲ မအောင်ခဲ့ရင်…..

သူလည်း မေ့မှာပဲ။ ဖန်ကျန်းရှီ ပျောက်နေတာတောင် သိမှာ မဟုတ်ဘူး။

ဒါပေမယ့် အခုတော့ ဖန်ကျန်းရှီ စာမေးပွဲ အောင်နေပြီလေ။

စာမေးပွဲမှာ ထိပ်တန်းတောင် ဖြစ်နေပြီ။

ဒါကို တောင် လျစ်လျူ ရှုထားတယ်။”

“ဖန်ကျန်းရှီ ဘယ်မှာလဲ။ ဓားသံတမ်န် ဘယ်မှာလဲ။” ဧကရာဇ် လင်းမုပိုင် ကျောင်းတော်သားတွေကို ဝေ့၀ဲ ကြည့်တယ်. ။ သူ့ အသံက တည်ငြိမ်နေတယ်။ ဒါပေမယ့် အန္တရာယ် အပြည့်။

လေထဲမှာ မြှားတွေ ဖြတ်ပြေးနေသလိုပဲ။

တစ်ယောက်မှ မဖြေဝံ့။

ကျောင်းတော်သားတွေ တစ်ယောက်ကို တစ်ယောက် ကြည့်နေတယ်။

အမတ်မင်းတွေလည်း ကျောင်းတော်သား အုပ်စုကြီးကို ကြည့်နေတယ်။ ဖန်ကျန်းရှီ နောက်ကျတာကို သူတို့ လက်ခံ နိုင်တယ်။ ဒါပေမယ့် အခုတော့ သူက လာတောင် မလာဘူး။

ဒါက ဧကရာဇ်ကို မလေး မစား ပြုတာပဲ။ဝန်ကြီးယွီယိဖျင်ကတော့ လှောင်ပြုံးပြုံးနေပြီ။ ဖန်ကျန်းရှီ မရှိတာကို သူသိတယ်။ ကြေညာချက်အပြီးမှ အပြစ်ပေးခံ ရအောင် သူ စီ စဉ်ထားတာ။

ဒါပေမယ့် …. အခုတော့ လုပ်စရာတောင် မလိုတော့ဘူး။

ဖန်ကျန်းရှီက စာမေးပွဲမှာ ထိပ်သီး ဖြစ်နေပြီ။

ဒါက အကော င်း လား။ အဆိုးလားတောင် သူ မသိတော့ဘူး။

ဧကရာဇ် က ဒီလောက ရဲ့ ထွဋ်ခေါင်ပဲ။ ဖန်ကျန်းရှီ …. ဒီ အပြစ်ကို မင်း ဘယ်လို ချေပမလဲ။ ဧကရာဇ် က ဘယ်လောက် ဂရုဏာ ကြီးကြီး။ ဒီလို မလေး မစား ပြုတာမျိုးကိုတော့ သူ လည်း လက်ခံမှာ မဟုတ်ဘူး။

အပိုင်း (၃၂၃) ပြီး၏။

အပိုင်း (၃၂၄)

“ ငရုဲက လာတဲ့ အသံ”

…

ရှစ်မိုင်လမ်းက ခန်းမဆောင်ထဲ ဝတ်ရုံ နက် တစ်ချိုု့ ပြေးဝငလာတယ်။ ညီလာခံ စာမေးပွဲ ရလဒ် မြို့တော် တစ်ခုလုံးကို ပျံ့သွားပြီးပြီ။

သူတို့ တွေ ခန်းမဆောင် အမိုးအောက် ကို တန်းတန်း မတ်မတ် ဝင်လာတယ်။

အဖိုးတန် ရှေးဟောင်း အခန်းထဲမှာ …..။ ဝတ်ရုံ နက် အမျိုးသမီး ထိုင်နေတယ်။ သူမ လက်ထဲမှာတော့ စာတစ်စောင် ။

စားပွဲက ပြောင်ရှင်း နေတယ်။ မနေ့က ညနေ အချိန်နဲ့ ယှဉ်တွဲမိဖို့တောင် ခက်ခဲတယ်။

“အရှင်သခင်။” သိပ်မကြာခင် အသံတွေ တံခါးက နေ ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် ဝတ်ရုံ နက် အစေခံ တစ်ချို့ ဝင်လာတယ်။

“ ဘာထူးလဲ။” ဝတ်ရုံနက် အမျိုးသမီး ရဲ့ အသံက အနိမ့်အမြင့် မရှိ။ တည်ငြိမ် နေတယ်။

“အရှင်သခင်။ သခင်လေး ဖန် နဲ့ နန်ကုန်းဟောင်။ ပူးတွဲ ပထမ ရပါတယ်။” အစေခံ ဦးညွှတ်ရင်း ပြန်ဖြေတယ်။

“ပူးတွဲ ပထမ။” ဝတ်ရုံနက် အမျိုးသမီး။ သိသိသာသာ အံ့အားသင့်သွားတယ်။

“ ဟုတ်ပါတယ်။ ဒီ သတင်းက မြို့တော် နဲ့ ပတ်ဝန်းကျင် ရွာတွေ ကိုပါ ပျံ့သွားပါပြီ။ ” အစေခံ က အတည်ပြု တယ်။

ဝတ်ရုံ နက် အမျိုးသမီး ခေါင်းငြိမ့်တယ်။ ပြတင်းပေါက် အပြင်ကို လှမ်းကြည့်ရင်း သူမ ပြောတယ်။ “ ဒီ အရှက်မရှိတဲ့ တောသား ကောင်စုတ် က နန်ကုန်းဟောင် နဲ့ ယှဉ်နိုင်မယ် လို့ ငါ မထင်ထား ခဲ့ မိဘူး။ ဒါက ကံတရားပဲ…. ညီလာခံ စာမေးပွဲ စည်းမျဉ်းတွေတောင် ဒီ ကောင်စုတ်လေး ကြောင့် ပြောင်းလဲ ကုန်ပြီလား။”

“ အရှင်သခင်။ အခု ဘာဆက် လုပ်ရပါမလဲ။”

“ မူလ အစီအစဉ် အတိုင်း ဆက်သွားမယ်။”

“ ဒါပေမယ့် ….. အရှင်။ ခန်းမဆောင်ပိုင် ရှင်တွေ ဆယ်စုနှစ်ချီ ပြီး ကြိုးစား လာခဲ့ရတာ။ နောက်ပြီးတော့ ဒီ ခန်းမဆောင်က မြို့တော် သတင်း အရင်း အမြစ်ပဲ….။ တကယ်…… လုပ်မှ …..” ဝတ်ရုံနက် အစေခံ ဆက်မပြော နိုင်တော့။ သူမ ၇ပ်တန့်နေတယ်။

“ ငါ့ ဆုံးဖြတ်ချက်ကို မေးခွန်း ထုတ်နေတာလား။” ဝတ်ရုံနက် အမျိုးသမီး တစ်ချက် ကြည့်ရင်း မေးတယ်။

“ ကျွန်တော် မျိုးမ မလုပ်ဝံ့ပါဘူး။” အစေခံ ဒုတိယ တစ်ခွန်း မပြောရဲ။ ချက်ခြင်း ဒူးထောက် တောင်းပန် တော့တယ်။

“ ကိစ္စ တွေ အကုန်လုံး ဆယ့် ငါးမိနစ် အတွင်း အပြတ်ဖြတ်မယ်။”

“ အမိန့်တော် အတိုင်းပါ။”

……

ဆောင်းဦးရာသီ လေညှင်းလေး မြို့တော်ထဲ တဖြူးဖြူး တိုက် ခတ် နေတယ်။ တော်ဝင်ဘွဲ့ နှင်းသဘင် ခန်းမ ဝန်းကျင် မှာ လေထုက ကြောက်မက် ဖွယ် ကောင်းတယ်။

ဧကရာဇ် လင်းမုပိုင် ကျောင်းတော်သားတွေ ကို ဝေ့၀ဲ ကြည့်နေပြီ။ သူ့ မျက်လုံးထဲ မှာတော့ ဒေါသရိပ်တွေ အပြည့်။ ခြိမ်းခြောက်မှု အရှိန် အဝါတွေ သူ့ကိုယ် ကနေ တရိပ်ရိပ် ထွက်နေတယ်။

“ ဖန်ကျန်းရှီ ဘယ်မှာလဲ။”

“အရှင် မင်းကြီး။ ကျွန်တော်မျိုးကြားတာ။ အမတ်မင်း ဖန် မနေ့ညက မီးပန်းပွဲတော်မှာ ရှိခဲ့ပါတယ်။ ခန်းမဆောင်က ထိပ်တန်း မိန်းမလှ လေးနဲ့ အတူတူ အချိန် ကုန်ဆုံးခဲ့တယ်။ ကျွန်တော်မျိုး စိုးရိမ်မိတာ….” အမတ်မင်း တစ်ဦး ထွက်လာတယ်။

“ဘာပြောတယ်။” ဧကရာဇ် လင်းမုပိုင် အေးစက်သွားပြီ။

“ သူမနိုးသေးတာ ဖြစ် နိုင်ပါတယ်။”

“ အသုံးမကျတာတွေ။”

“ ဖန်ကျန်းရှီ အိပ်ပျော်နေတယ်လို့ ကျွန်တော် မျိုး မထင် ပါဘူး။ ခန်းမဆောင်ကနေ ထွက်လာပြီလို့ ထင်ပါတယ်။” အေးစက်စက် အသံ ထွက်လာတယ်။

အဲ့ဒီ့နောက် လူရိပ်တစ်ခု လူအုပ်ထဲက ထွက်လာတယ်။

ကျက်သရေ ရှိတဲ့ ဝတ်ရုံနက် ။ ယပ်တောင် တစ်ချောင်း ကိုင်ထားတဲ့ လူတစ်ယောက်။

“ရန်ရွှယ် ???`”

ကျောင်းတော်သားတွေ ချက်ခြင်း သိတယ်။

ဧကရာဇ်မင်း ဒေါသထွက်နေတယ်။ လူတိုင်း ငြိမ်ငြိမ် နေတယ်။ တစ်ချို့ဆို အသက်တောင် ရဲရဲ မရှူဝံ့ကြဘူး။ ဒါပေမယ့် ၇န်ရွှယ်ကတော့ ရှေ့ထွက်လာတယ်။

ဘာကြောင့်လဲ???? သူက ရန်ရွှယ်လေ။

“သခင်လေးရန်။ သခင်လေးက ဖန်ကျန်းရှီ နဲ့ သူငယ်ချင်း တွေမှန်း သိပါတယ်။ ဒါပေမယ့် သူ့ကို ကာကွယ်ဖို့ ဒီ လို မဟုတ်တမ်းတရားတွေ ပြောဖို့ မလိုပါဘူး။” ရန်ရွှယ် ထွက်လာတာ မြင်တော့ အမတ်မင်း နည်းနည်း လန့်သွားတယ်။

တခြားအမတ်မင်းတွေလည်း ရန်ရွှယ်ကို မြင်တော့ ခေါင်းခါကုန်တယ်။

“ဖန်ကျန်းရှီက နောက်ကျတတ် တဲ့ သူမျိုး မဟုတ်ပါဘူး။” အမတ်မင်းတွေ ဘယ်လို ကြည့်ကြည့် ရန်ရွှယ် ဂရုမစိုက်။

“ ဟဟ …. သခင်လေးရန်။ တခြား အကြောင်း ပြချက် မရှိတော့ဘူးလား။ ဒါပေမယ့် ဖန်ကျန်းရှီ ဘယ်တုန်းကမှ နောက် မကျဘူးလို့ ပြောတာ။ ငါတို့ ဘယ်လို ယုံရမလဲ။”

“ အတိအကျပဲ။ သူ့ ကို ဘာလို့များ ကူညီ နေတာပဲ။ ဖန်ကျန်းရှီ နောက်ကျတာ ဒါ ပထမ ဆုံး အကြိမ်မှ မဟုတ်ပဲ။”

“ သခင်လေး ရန်။ ညီလာခံ ခန်းမထဲက အဖြစ် ကို မေ့သွားပြီလား။”

အမတ်မင်းတွေ ရယ်မော ကြတယ်။ ဖန်ကျန်းရှီက နောက်မကျ တတ်ဘူးတဲ့။ သုခမိန်လောက ထဲက အဖြစ်အပျက် အပြီး ဧကရာဇ်က သူ့ကို ဆင့်ခေါ်တယ်။ တစ်နာရီတိတိ နောက်ကျ ပြီးမှ ဖန်ကျန်းရှီ ရောက်လာတယ်။ အကြောင်းရင်း ကတော့ မနက်စာစားနေလို့ပါတဲ့။

ဘယ် အမတ်မင်းက ဒီ အကြောင်းကို မမေ့ဘူး။

“ သခင်လေး ရန်။ ဖန်ကျန်း၇ှီ ခန်းမ ဆောင်မှာ မရှိမှန်း တခြား သက်သေ ရှိသေးလား။” ယဉ်ကျေးမှု ဝန်ကြီး ရှေ့ထွက်လာတယ်။

ဖန်ကျန်းရှီက အမဲလိုက်ပွဲနဲ့ မြင်းပြိုင်ပွဲမှာ သူ့ကို အရှက်ခွဲထားသေးတယ်။

ဒါက ဒီနေ့ သူ ရှေ့ထွက်လာတဲ့ အကြောင်းရင်း မဟုတ်ဘူး။ သူထွက်လာတာ။ ဖန်ကျန်းရှီမှာ အမိန့်ပြား ရှိနေလို့ပဲ။

ဖန်ကျန်းရှီ ယဉ်ကျေးမှု ဝန်ကြီး ဌာနကို ရောက်လာရင် သုံးမယ့် တံဆိပ်ပြား။

ဧကရာဇ် ဘာလို့များ ဒီလို စီစဉ်လည်း သူ နားမလည်နိုင်ဘူး။

ဒါပေမယ့် ဖန်ကျန်းရှီသာ သူတို့ ဌာနကို တက်ယ် ရောက်လာခဲ့၇င်။ ဘာတွေ ဖြစ်လာမလဲ ခန့်မှန်းလို့ မရဘူး။

“မရှိပါဘူး။” ရန်ရွှယ် ခေါင်းခါတယ်။

“ သခင်လေး ရန်မှာ သက်သေ မရှိမှတော့ ။ ဒီလို မထွက်လာ သင့်ဘူး။ သခင်လေးက မြင့်မြတ်ဂုဏ်ခံ မိသားစုက ဖြစ်ပေမယ့်။ အမတ်မင်းတစ်ယောက်တော့ မဟုတ်ဘူး။” ယဉ်ကျေးမှု ဝန်ကြီး ခေါင်းငြိမ့်တယ်။

ရန်ရွှယ် တိတ်ဆိတ်နေတယ်။ သူ့ အပြုအမူက မသင့်တော် မှန်း သိတယ်။ ဒါကြောင့် သူ ထွက်မလာပဲ နေရမှာလား ။

မလုပ်နိုင်ဘူး။

သူ ရှေ့ထွက်လာဖို့ ဆုံးဖြတ်ပြီးပြီ။ နောက်ဖြစ်လာမယ့် အကျိုးဆက်တွေကို သူမေ့ထားတယ်။

“ရပါတယ်။” ဧကရာဇ် လင်းမုပိုင် လက်ခါပြတယ်။ ရန်ရွှယ် တိတ်ဆိတ်နေတာ သူမြင်တယ်။ “ ရန်ရွှယ်က ဖန်ကျန်းရှီ အကြောင်း ကောင်းကောင်းသိတယ်။ သူ ဒီနေ့ ထွက်လာတာ မအံ့သြတော့ပါဘူး။”

“အရှင်မင်းမြတ် သနားကြင်နာတ်ပါပေတယ်။” ယဉ်ကျေးမှု ဝန်ကြီး တလေးတစား နဲ့ ဖြေတယ်။ အဲ့ဒီ့နောက် ရန်ရွှယ် ဘက်ကို လှည့်တယ်။ “သခင်လေး ရန်။ ဧကရာဇ်ရဲ့ ကြင်နာမှုကို အခွင့်ကောင်း မယူသင့်ဘူး။ ကိုယ့်နေရာကို ပြန်သွားဖို့ တောင်းဆိုပါတယ်။”

ဧကရာဇ် လင်းမုပိုင ် နဲ့ ယဉ်ကျေးမှု ဝန်ကြီးကို ၇န်ရွှယ် ကြည့်တယ်။ သူ့လက်ထဲက ယပ်တောင်ကို ခပ်တင်းတင်း ဆုပ်ကိုင်တယ်။ ဆုံးဖြတ်ချက်က သူ့ မျက်ဝန်းမှာ အထင်းသား။

“ ဖန်ကျန်းရှီကို ရှာဖွေဖို့ ကျွန်တော်မျိုး ခွင့်ပြုချက် တောင်းခံ ပါရစေ။ သူ တစ်ခုခုဖြစ်နေတာ သေချာပါပြီ၊”

အမတ်မင်းတွေ မျက်လုံးပြူသွားတယ်။ ရန်ရွှယ်က ဖန်ကျန်းရှီ အတွက် ကိစ္စ အားလုံးကို လျစ်လျူရှုပြစ်တာ သူ တို့ မယုံနိုင်သေးဘူး။

“သခင်လေး ရန်။ သခင်လေးက မြင့်မြတ်တဲ့ မိသားစုက ပါ။ ဒါပေမယ့် ဒီမှာတော့ သခင်လေး ကိုယ့်နေရာကိုယ် သိသင့်ပါတယ။် သခင်လေးက ပြိုင်ပွဲဝင်ပါ။ ”

“ ဧကရာဇ့် ရဲ့ ဆုံးဖြတ်ချက်ကို စောင့်သင့်တယ်။ သခင်လေး ၇န်။ ကိုယ့်ကိစ္စကိုယ်သာ ဂရုစိုက်ပါ။”

“သခင်လေး ရန်။ ပြန်သွားပါ။”

အမတ်မင်းတွေ အကြံ ပေးကြတယ်။ ဒီလို ထက်မြက်တဲ့ လူငယ် ။ တစ်ခြားတစ်ယောက် အတွက် ကိုယ့် အနာဂတ်ကို ရေစုန်မျော ပြစ်တာမျိုး သူတို့ ကြည့်မနေ နိုင်ဘူး။

ဧကရာဇ် ကတော့ ဒေါသ ထွက်နေပြီ။ ၇န်ရွှယ်ကို သူ့မိသားစု မျိုးရိုးကြောင့်သာ ဒီလောက်ထိ လိုက်လျောထားတာ။ ဒါပေမယ့် ဒီကလေးက မိုက်မိုက်မဲမဲ လုပ်နေပြီ။

“ ဖန်ကျန်းရှီ အကြောင်းရင်း ်မရှိပဲ ပျက်ကွက်မယ် လို့ ကျွန်တော်မျိုးလည်း မထင်ပါတယ်။” ဒီ အချိန်မှာ နောက်တစ်ယောက် အသံ ထွက်လာတယ်။ ဒီ အသံကို အမတ်မင်းတွေ အတော်လေး ရင်းနှ်ီးတယ်။

သူတို့ တွေတောင့်ခဲ သွားတယ်။

အသံလာရာအရပ်ကို လှမ်းကြည့်တယ်။ ဝတ်ရုံဖြူ နဲ့ လူ တစ်ယောက်။ တည်ငြိမ်အေးဆေးတဲ့ အမူအယာ နဲ့ ရှိနေတယ်။ ဒီလူက နန်ကုန်းဟောင်။။ ညီလာခံ စာမေးပွဲ ရဲ့ ပူပူနွေးနွေး ထိပ်သီး ကျောင်းတော်သား။ အမတ်မင်းလည်း မဟုတ်။ မြင့်မြတ်ဂုဏ်ခံ မျိုးနွယ်လည်း မဟုတ်။ ဒါတောင် သူ့ စကား တစ်ခွန်း နဲ့။ အမတ်မင်းတွေ အကုန် ပါးစပ်ပိတ်သွားတယ်။

အကြောင်းရင်းက ဘာလဲ။

နန်ကုန်းဟောင် ဘာလို့ ဒီလို ပြောတာလဲ၊

၇န်ရွှယ် ဖန်ကျန်းရှီ အတွက် ပြောပေးတာ။ သူတို့ ထင်ထားပြီးသားပဲ။ ဒါပေမယ့် နန်ကုန်းဟောင် ရဲ့ အပြု အမူအက ရှင်းပြလို့ မရဘူး။ ဘာလို့လဲ။ သူတို့က ပြိုင်ဘက်တွေ မဟုတ်ဘူးလား။”

“တော်ဝင် သက်စောင့်တပ်ဖွဲ့။” ရန်ရွှယ် နဲ့ နန်ကုန်းဟောင်ကို ကြည့်ရင်း လင်းမုပိုင်းတယ်။

“ခစားလျက်ရှိကြောင်းပါ။”

“ ရှစ်မိုင်လမ်း ခန်းမဆောင်ကို သွား….။ ဖန်ကျန်းရှီကို ပြန်ခေါ်ခဲ့။”

“ အမိန့်တော် အတိုင်းပါ။”

အဖြစ် အပျက်တွေက မြန်တယ်။ လူရိပ်ငါးခု။ နန်းတော် တံခါးကို ရွှေရောင်အလင်းတန်း တွေလို ဖြတ်သန်း သွားတယ်။

တော်ဝင် သက်စောင့် တပ်ဖွဲ့ကို ရန်ရွှယ် ကြည့်နေတယ်။.

သူ တစ်ခုခု ပြောချင်တယ်။ ဒါပေမယ့် သူ ပြောမထွက်ဘူး။ ဧကရာဇ်ကို ဦးညွှတ်တယ်။ သူ့ နေရာသူ ပြန်ဖို့ ပြင်တယ်။

“မင်း ပြန်ဖို့ မလိုဘူး။ ရှေ့တိုးခဲ့။” ဧကရာဇ် လင်းမုပိုင် ရဲ့ အမူအယာ ပြန်လည် နွေးထွေးသွားတယ်။

“ ရှေ့တိုးလာ။”

“ဧကရာဇ် မင်း ဘာလုပ်မလို့လဲ။”

“ အခုက တော်ဝင်စာမေးပွဲ အောင်စာရင်း ကြေညာ နေတာ ဆိုတော့ ….”

အမတ်မင်းတွေ ဧကရာဇ် စကားကြာတော့ မျက်လုံး ပြူးကုန်တယ်။ အဲ့ဒီ့နောက် ဖြစ်နိုင်ချေ တစ်ခု တည်းကို သူ တွေးမိတယ်။

အမတ်မင်းတွေ ယဉ်ကျေးမှု ဝန်ကြီးကို သနားတဲ့ အကြည့်နဲ့ လှမ်းကြည့်တယ်။

အခု ဖြစ်နေတာကို သူ တို့ ခန့်မှန်းလို့ ရပြီ။ ရန်ရွှယ်က မြင့်မြတ်ဂုဏ်ခံ မိသားစု။ ဒါက အမတ်မင်းတွေကို မသက်ရောက်ဘူး။

ဒါပေမယ့် ညီလာခံ စာမေးပွဲမှာ ထိပ်သီး သုံးယောက်ထဲ ပါရင်တော့။

သူ့ ဂုဏ်ပုဒ်က လုံးဝကို ပြောင်းသွားြပြီ။

တခြား ကျောင်းတော်သားတွေ ဧကရာဇ် စကားကြောင့် လန့်သွားတယ်။ ရန်ရွှယ် ထိပ်သီး သုံးဦးထဲ ဝင်တာလား။

ဘယ်လို ဖြစ်နိုင်မှာလဲ။

၇န်ရွှယ်လည်း ဧကရာဇ် နဲ့ မတွေ့ဘူးလေ။

“အဆင့်သုံး ရန်ရွှယ်။” ဧကရာဇ် လင်းမုပိုင် ပြုံးပြုံးကြီး ပြောတယ်။”

“ရန်ရွှယ်။ တကယ့် ရန်ရွှယ်ပဲ။”

“ ညီလာခံ စာမေးပွဲမှာ ရန်ရွှယ် တတိယ ရတယ်။”

“ မယုံနိုင်စရာပဲ ။ဧကရာဇ်ကို မတွေ့ရတဲ့ လူ သုံးယောက် ဘယ်လိုများ ထိပ်သီး ဖြစ်ရတာလဲ။”

ကျောင်းတော်သားတွေ မျက်လုံးပြူုးနေပြီ။ နန်ကုန်းဟောင် ။ ဖန်ကျန်းရှီ နဲ့ ရန်ရွှယ် ဧကရာဇ်ကို မတွေ့ ခဲ့တာကြောင့် သူ တို့ တကယ် အံ့သြရတယ်။

အခုတော့ ရလဒ်က ထွက်လာပြီ။ အံ့သြတာထက် ပိုရတယ်။

လုံးဝကို မထင်မှတ် ထားတာ တွေပဲ။

ဝူဖုန်း ဖြူဖျော့ သွားတယ်…… ရန်ရွှယ်က တတိယ တဲ့။

နန်ကုန်းဟော င် နဲ့ ဖန်ကျန်းရှီ သူ့ရဲ့ ထိပ်တန်း နေရာကို လုသွားတည်းက ….။ စိတ်ထိခိုက်နေတာ။ အခု ဒီ သတင်းက အနာပေါ် ဆားပက်သလိုပဲ။

ရန်ရွှယ်ကို ငိုဖို့ပဲ သိတဲ့ ကလေးလေး လို့ သူ အမြဲ တွေးထားတာ။

သူ့လက်နဲ့ သစ်ပင်တွေကို လိမ်ချိုးပြစ်တဲ့ အချိန်။ ကျောက်တုံးပု လေးပေါ် ထိုင်ရင်း မနာလိုတဲ့ အကြည့်နဲ့ ကြည့်တတ် တဲ့ ကလေးလေး ။

သုခမိန် လေးဦး ထဲက တစ်ယောက်ရဲ့ တပည့် ဖြစ်လာတော့ သူ့ကိုယ်သူ ဂုဏ်ယူဝံ့ကြွားခဲ့တယ်။ နောက်ပြီ်းတော့ ရန်ရွှယ်ကို သူ အမြဲ မေးတယ်။ “ သခင်လေးရန်။ ဒီ စာအုပ် ကနေ ဘာတွေများ သင်ထားတာလဲ။”

“ သခင်လေးရန်။ ကျင့်ကြံ ရတာ ဘယ်လိုလဲ။ အဆင့်တက်ပြီလား ။ ကျွန်တော် လမ်းညွှန် ပေးရအုန်းမလား။”

“ သခင်လေး ရန်။ အတင်းကာရော တိုးတက် ဖို့ မလုပ်ရဘူ်းလေ။ အခြေခံ ကောင်းဖို့ အရင် လုပ်သင့်တယ်။”

ဆယ်စုနှစ် တစ်ခု ကြာခဲ့ပြီ။

ဒီ ကလေးလေး။ သူ အမြဲ လှောင်ရယ် နေခဲ့တဲ့ ကလေး က ….. အခုတော့ သူ့ထက် သာသွားပြီ။ နောက်ပြီးတော့ အပြတ်အသတ်ကို ။

ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်ဘူး။ ဝူဖုန်း သူ့ နားသူ တောင် မယုံနိုင်။

ဒါပေမယ့် ရန်ရွှယ်ကတော့ သူ့ ဘေးမှာ ရောက်နေပြီ။ တလေးတစား ဦးညွှတ်ရင်း ပြန်ဖြေတယ် ။ “အရှင် မင်း မြတ် ကျေးဇူးတော် ကြီးမားလှပါတယ်။”

“ အဆင့်သုံး ရန်ရွှယ်။ ”

“အဆင့်သုံး။ ရန်ရွှယ်။”

“အဆင့်သုံး …..”

ရန်ရွှယ် ကျေးဇူးတင် စကား ဆိုတဲ့ အချိန် .။ သတင်းစကားသံတွေ နန်းတော်ထဲ ပျံ့သွားတယ်။

မြို့တော် တစ်ခုလုံး ပွက်လော ရိုက်နေတယ်။

“ ရန်ရွှယ်က တတိယတဲ့။”

“ရန်ရွှယ်က ၁၆ နှစ်ပဲ ရှိသေးတာလေ။”

“ဘယ်လောက်တောင် အင်အားကြီးလိုက်သလဲ။”

မြို့တော် မှာ သတင်းတွေ ပျံ့နေချိန်။ ရှစ်မိုင် လမ်းမှာ မီး စ လောင်တယ်။

သိပ်မကြာခင်။ မီးညွှန့်တွေ ကြီးလာတယ်။ ကောင်းကင် တစ်ခုခု ရဲရဲ နီသွားတယ်။

…

တော်ဝင်ဘွဲ့နှင်းသဘင် ခန်းမ ဝင်ပေါက်မှာ ။ ဧကရာဇ် လင်းမုပိုင် ရန်ရွှယ်ကို ကြည့်ရင်း ကျေနပ်နေတယ်။ ရန်ရွှယ်က အလျင်လိုပြီး ဆင်ကန်ုးတော်တိုး လုပ်တတ်ပေမယ့် ။

လူတော် လေး တစ်ယောက်ပဲ။

ဒါပေမယ့် ဒီအချိန်။ ရွှေရောင် အလင်းတန်း တစ်ခု သူ့ရှေ့ ဖြတ်လာတယ်။ ရုတ်တရက် ကြားလိုက်ရတဲ့ သတင်းကြောင့် လင်းမုပိုင် ဒူးတွေတောင် ညွှတ်ခွေ ကျမတတ်ပဲ။

“အရှင်မင်းကြီး။ ရှစ်မိုင်လမ်းခန်း မဆောင်မှာ မီးအကြီး အကျယ် လောင်ခဲ့ပါတယ်။ နေရာတစ်ခုလုံး ပြာဖြစ်သွားပါပြီ။”

“….”

“ ဘာ။ ရှစ်မိုင်လမ်း ခန်းမဆောင် မီးမလောင်တာ ဆ ယ်စုနှစ် ချီနေပြီ။”

အမတ်မင်းတွေလည်း မယုံနိုင်။ နောက်ပြီးတော့ ပို အရေးကြီးတာ ။ အခု အဖြစ်က တိုက်ဆိုင် လွန်းတယ် ။

ဧကရာဇ် လင်းမုပိုင်လည်း အမူအယာ ပြောင်းသွားတယ်။ ဖန်ကျန်းရှီ အောင်စာရင်းကိုတောင် အတင့်ရဲပြီး လာမကြည့်ဘူး။ သူ ဒီ လို အပြစ်တင်မိတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို သူ သေစေလိုစိတ် မရှိခဲ့ပါဘူး။

သတ်ချင်ရင်တောင် (ဖမ်း) ဆိုတာထက်။ ( ခေါ်လာခဲ့) လို့ပဲ အမိန့်ပေးမှာ။

“ ရှစ်မိုင်လမ်း ခန်းမဆောင် မီးလောင် ပြာကျသွားပြီ။” ဧကရာဇ် လင်းမုပိုင် မျက်မှောင်ကုတ်နေတယ်။ ဒီကိစ္စ က မြင်ရသလို မရိုးရှင်း နိုင်ဘူး။

ကျောင်းတော်သားတွေလည်း လန့်နေတယ်။ ရှစ်မိုင်လမ်း ခန်းမဆေ ာင်က သူတို့ အကြိုက်ဆုံး နေရာပဲ။ အခုတော့ ပြာပုံ ဖြစ်သွားပြီ။

သနား စရာ ကောင်းလိုက်တာ။်

ဒါပေမယ့် တခြားသူတွေနဲ့ မတူ။ ရန်ရွှယ့် ထိတ်လန့် မှုက သိသိသာသာ ကွာခြားတယ်။ သူ ချက်ခြင်း ဖြူဖျော့ ယိုင်နဲ့ သွားတယ်။ တောင်နဲ့မြစ် မိုးမြေ ယပ်တောင်ကို ကျစ်ကျစ်ပါအောင် သူ ဆုပ်ထားတယ်။

“အားးးးး” ငရဲက လာတဲ့ အော်သံလို နက်ရှိုင်းတဲ့ အော်ဟစ်သံ ကြီး။ တော်ဝင် ဘွဲ့နှင်းသဘင် ခန်းမ တစ်လျှောက် ဟိန်း ထွက်သွားတယ်။

အပိုင်း (၃၂၄)ပြီး၏။

(သတင်းဆိုး။ ဖန်ကျန်းရှီ သေပြီၤ။ လုံးလုံး အစ ဖော်မရတော့ဘူး။

သတင်းကောင်း - အပိုင်း ၃၂၆ တွင် ဖန်ကျန်းရှီ၏ နောက်ဘဝကို ရှုစားရန်)

အပိုင်း (၃၂၅)

“ နတ်ဆိုး အဇူရာ”

တော်ဝင်ဘွဲ့နှင်းသဘင် ခန်းမ ဝင်ပေါက်မှာ။ အနီရောင် အလင်း တန်းတွေ ထွက်ပေါ်လာတယ်။ တောက်ပတယ်။ သွေးရောင်လွှမ်းနေတဲ့ စက်ဝန်းကြီး တစ်ခု။

“ရန်ရွှယ်။”

“သခင်လေးရန်။ မင်း ဘာလုပ်နေတာလဲ။ ဒါက တော်ဝင် ဘွဲ့နှင်းသဘင် ခန်းမ။”

“ ရှေးဧကရာဇ် တွေ နားခိုတဲ့ နေရာကို မင်း ဖျက်စီး မလို့လား။”

အမတ်မင်းတွေ ဒီ အသံ ကြောင့်လန့်သွားတယ်။ သူတို့ အားလုံး ရန်ရွှယ်ကို ကြည့်တယ်။

ရန်ရွှယ့် မျက်လုံးတွေ ရဲရဲ နီနေပြီ။ သူ့တစ်ကိုယ်လုံး အနီရောင် စက်ဝန်းကြီးက ဝန်းရံထားတယ်။ သူ့ခြေထောက် အောက်မှာ ရဲရဲ နီနေတဲ့ ရေဝဲတွေ ရှိနေတယ်။

“အဇူရာ တာအို။”

“ လွန်ခဲ့တဲ့ ရက်ကထက် အများကြီး တိုးတက်လာတာပဲ။”

“ အဇူရာ တာအိုက အကောင်း အဆိုး ရောထွေးနေတာ။ စွမ်းအားကြီးပေမယ့် ဒေါသ နဲ့ တည်ဆောက်တဲ့ တာအိုမျိုး။ ဖန်ကျန်းရှီ သေသွားလို့ ရန်ရွှယ် စိတ်မထိန်းတာ ဖြစ်မယ်။ တကယ့်တော့ သူ့ကိုယ်သူ ထိန်းချုပ်နိုင်သင့်တာ အခုတော့ ….”

“အခုတော့ ဘာဖြစ်လဲ။”

“ရန်ရွှယ်က အဇူရာ တာအိုကို မကျွမ်းကျင်သေးဘူး။ အခြေခံလည်း မကောင်းဘူး။ ဒါကြောင့် အဇူရာ တာအို လွှမ်းမိုးတာ ခံ လိုက်ရပြီ။ အဇူရာ တာအို သာ သူ့ကို လုံးဝဖိစီးသွားရင်….. ကံ မကောင်း စွာနဲက။”

“သူက ရှားရှားပါးပါး တော်တဲ့ လူငယ်ပဲ။ အသက် ၁၆ နှစ်နဲ့ အဇူရာ တာအိုစည်းကိုတောင် ချ နိုင်နေပြီ။ ဒီလို ရေစုန် မျောမှာ အဖြစ်မခံ နိုင်ဘူး။ ငါတို့ သူ့ကို ကူညီရမယ်။”

အမတ်မင်းတွေ ရန်ရွှယ့်ကို စိုးရိမ် တကြီး ကြည့်နေတယ်။

ကျောင်းတော်သားတွေကတော့ သူတို့ မြင်ရတာကို လန့်နေတယ်။

“ဒါက အဇူရာ တာအိုလား။”

“ ၁၆ နှစ် နဲ့ ညီလာခံ စာမေးပွဲ ထိပ်သီး အဆင့်သုံးက …. အဇူရာ တာအို စည်းကို သုံးနိုင်နေပြီ။ ….. လောကကြီးက မတရားလိုက်တာ။”

“ ငါတို့ သုံးယောက် ပေါင်းတိုက်ရင်တောင် သူ့ ပြိုင်ဘက် မဟုတ်နိုင်ဘူး။”

“တကယ်ပဲ အင်အားကြီးလိုက်တာ။”

ဒါကို မြင်တော့ ။ ဝူဖုန်း အမူအယာ တော်တော်လေးကို ရုပ်ပျက်နေပြီ။ သူက ရန်ရွှယ့် နောက် တည့်တည့်မှာ ရပ်နေတာလေ။ ရန်ရွှယ့် စွမ်းအားတွေကို ဓားသွားတွေ လိုပဲ သူ့ကို ထိုးနှက်နေတယ်။

ငရဲကနေထွက်လာတဲ့ အငွေ့အသက်တွေလိုပဲ။ အေးစက်တယ်။ ချွန်မြတယ်။ ရွေးစရာ မရှိတာကြောင့် နောက်ကိုပဲ ဆုတ်ရတယ်။

“ရန်ရွှယ်။”

အဆင့် ငါး ကနေ တစ်ဆယ် အထိ လူတွေ အကုန် နောက်ဆုတ်တယ်။

လူတစ်ယောက်ကတော့ မရွေ့ဘူး။

နန်ကုန်းဟောင်။

နန်ကုန်းဟောင်လည်း ရန်ရွှယ့်ဘေးမှာ ရှိနေတယ်။ ဝူဖုန်း ထက်တောင် သူက ပို နီးကပ်သေးတယ်။ အနီရောင် အလင်းတန်းတွေ သူ့ဘေးမှာ လည်နေတယ်။

သူဝတ်ထားတဲ့ ဝတ်ရုံဖြူ လေအရှိန်ကြောင့် တဖျတ်ဖျတ် လွင့်နေတယ်။

ဒါပေမယ့် နန်ကုန်းဟောင်ရဲ့ အမူအယာကအေးချမ်း မနေဘူး။ စိတ်လှုပ်ရှားမှုတွေ တလက်လက် တောက်ပနေတယ်။

“ရန်ရွှယ် ???`”

ဧကရာဇ် လင်းမုပိုင် လက်ကို ခပ်ဖြည်းဖြည်း ခါတယ်။

ရွှေရောင် အလင်းတန်းတွေ ရန်ရွှယ့် နဖူး တည့်တည့်ကို ချက်ခြင်း ထိတယ်။ တစ်ချိန်တည်းမှာပဲ။ ရန်ရွှယ့် မျက်လုံးနီ အရောင်မှိန် လာတယ်။ သူ့ဘေးနားက စက်ဝန်းလည်း မှိန်ဖျော့ ပျောက်ကွယ်သွားတယ်။

“ လူငယ်လေးရန်။ မင်းက တကယ့်ကို စိတ်ရင်းမှန်နဲ့ ဂရုစိုက်တာပဲ။ ရှစ်မိုင် ခန်းမဆောင် ကို ကိုယ်တော် နဲ့ အတူ လိုက်ခဲ့ နိုင်တယ်။”

ရန်ရွှယ် ကိုယ် တုန်ယင်နေတယ်။ ကျန်ရှိနေတဲ့ အငွေ့အသက်တွေ ကို သူ့ဘာသူ ပြန်စုပ်ယူတယ်။ ဧကရာဇ် လင်း မုပိုင် နဲ့ ပတ်ဝန်းကျင်က အမတ်မင်းတွေ ကျောင်းတော်သားတွေကို တစ်ချက်ကြည့်တယ်။

သူခေါင်းငြိမ့်တယ်။

“အရှင် မင်းမြတ်။ စည်းမျဉ်းအရ။ အတွေးအခေါ် စာမေးပွဲ အောင်စာ၇င်း ကြေညာပြီးရင်။ တိုက်ခိုက်ရေး စာမေးပွဲ ကျင်းပ မယ့် နေ့ကို ကြေညာပေးသင့်ပါတယ်။ …… ရှစ်မိုင် ခန်းမဆောင်ကို အခု ကြွချီမှာလား။” ရန်ရွှယ် ခေါင်းငြိမ့် တာ မြင်တော့ ယဉ်ကျေးမှု ဝန်ကြီးမေးတယ်။

“ စည်းမျဉ်းတွေက အသက်မဲ့ပဲ။ ကိုယ်တော်တို့ ပြင်ဆင်လို့ ရတယ်။ …. ရှစ်မိုင် ခန်းမဆောင်ကို အရင်သွားမယ်။”

“အမိန့်တော် အတိုင်းပါ။”

……

ရှစ်မိုင် ခန်းမဆောင်ကြီးက ဆယ်စုနှစ် င်္ချီပြီး တည်ရှိခဲ့တာ။ မြို့တော်ရဲ့ အထင်ကရ နေရာ တစ်ခုဖြစ်နေပြီ။ ကျောင်းတော်သား အများစု အတွက် အမှတ်တရ ကောင်းတွေ မရေတွက်နိုင်အောင် ရှိတဲ့ နေရာကြီး။

အမှတ်တရတွေထက်။ သူတို့ ရဲ့ လက်ရေးမူတွေ။ ကဗျာ ပန်းချီ။ စာချိုးတွေ ။ ဒါတွေက ခန်းမဆောင်ရဲ့ တန်ဖိုးပဲ။

အခုတော့ ပြာပုံကြီးကလွဲပြီး တခြား မရှိတော့။

တန်ဖိုးကြီး သုံးထပ်ဆောင်ကြီး။ နှစ်ခုမရှိနိုင်တဲ့ ဗိသုကာ လက်ရာတွေနဲ့ ခန်းမဆောင် ကြီး။ အခုတော့ မီးကျွမ်းနေတဲ့ သစ်သား တိုင်လုံးတွေပဲ ကျန်တော့တယ်။ သစ်သားတွေ အားလုံး မီးသွေးတုံး ဖြစ်ကုန်ပြီ။

တခြား အရာတွေထက် ပြာပုံထဲမှာ မီးကျွမ်းနေတဲ့ အလောင်းတွေ ရှိနေတယ်။ ဘယ်သူ့ကိုမှ မှတ်မိနိုင်မှာ မဟုတ်။ အများစုက အမျိုးသမီးတွေ။ အမျိုးသား တစ်ချိုကလည်း ရှိနေတယ်။

အစောင့်တပ်သား တွေနဲ့ စစ်သည်တော်တွေ ပတ်ချာလည် ဝိုင်းပြီး စောင့်ကြပ်နေတယ်။ ပြည်သူတွေ ဝင်မလာနိုင်အောင် ကာကွယ် ထားတယ်။

အစောင့်တွေရဲ့ အလယ် မှာ။

ဧကရာဇ် လင်းမုပိုင် ရပ်နေတယ်။ သူ့ မျက်နှာက တည်ကြည်လေးနက် နေတယ်။ အပျက်အစီးပုံကြီးကို မျက်တောင် မခတ် စိုက်ကြည့် နေတယ်။

ဧကရာဇ် လင်းမုပိုင် နောက်မှာတော့ အမတ်မင်းတွေ ရှိတယ်။ မြို့တော်က အထင်ကရ နေရာကြီး ရဲ့ အဖြစ်ကို နှမြောတသ ဖြစ်မဆုံး ရှိနေတယ်။

“ ဘယ်လိုများ ဖြစ်ရတာလဲ။ ”

“ ပြန် တည်ဆောက်ဖို့ တောင် မဖြစ်နိုင်တော့ ဘူး။”

“အိုက် ယား …. နှမြော စရာ ကောင်းလိုက်တာ။”

အမတ်မင်းတွေ သူတို့ ရှေ့ က ပြာပုံကြီးကို ကြည့်ရင်း ပြောဆို နေတယ်။ သူတို့ အများစုက ဒီကို လာနေကြလေ။

“ ခမည်းတော် ။” ဒီ အချိန်မှာပဲ။ အနီရောင် လူရိပ်တစ်ခု ပျံသန်းလာတယ်။ ပတ်ပတ်လည်က အစောင့်တွေကို သူ ဖြတ်လာတယ်။ ဧကရာဇ် နောက်မှာ ပေါ်လာတယ်။

“ ပင်းယန်လေး ရောက်လာပြီ။” ဧကရာဇ် လင်းမုပိုင် သူ့သမီးတော် ခေါင်းကို ပွတ်ရင်း ပြောတယ်။

“ဖန်ကျန်းရှီ ဘယ်မှာလဲ။ သူ ဘယ်ရောက်သွားပြီလဲ။” ဧကရာဇ် လင်းမုပိုင်ကို မျက်လုံးပြာပြာ တွေနဲ့ စိုက်ကြည့်နေတယ်။ စိုးရိမ်တကြီးနဲ့ မေးတယ်။

ဧကရာဇ် လင်းမုပိုင် ပြန်မဖြေဘူး။

ရန်ရွှယ့် အမူအယာက လည်း အတူတူပဲ။ အေးစက်နေတယ် ။ အလွန်တရာ အေးစက်နေတယ်။ ဆီးနှင်းတွေ ဖုံးလွှမ်း နေတဲ့ နှင်းဖုံး တောင်တန်းကြီးလိုပဲ။

သိပ်မကြာခင်။ ရွှေရောင်စစ်သည်တော် တစ်ဦး ဧကရာဇ် ရှေ့ ပေါ်လာတယ်။

“အရှင်မင်းမြတ်။ စုစုပေါင်း အလောင်း ၃၆ ခု ၇ှာတွေ့ပါတယ်။ လူတိုင်းက ဆိုးဆိုးဝါးဝါး မီးလောင်ကျွမ်းနေတာကြောင့် အတည်ပြုဖို့ မလွယ်ပါဘူး။ သူတို့ကို အမျိုးသား အမျိုးသမီး ခွဲနိုင်ပေမယ့် ….. လူကိုတော့ ဘယ်လိုမှ မသိနိုင်တော့ပါဘူး။”

“ သူတို့ကို မသိနိုင်တော့ဘူး။ မီးလောင် ရတဲ့ အကြောင်း ရင်းကကော။” ဧကရာဇ် လင်းမုပိုင် မျက်မှောင်ကြုတ်နေတယ်။

“ အတွင်းကနေ လောင်တဲ့ မီးလို့ပဲ သတ်မှတ် နိုင်ပါတယ်။ အပြင်ကနေ မီးရှို့တာတော့ မဟုတ်ပါဘူး။” ရွှေရောင် စစ်သည် ပြန်ဖြေတယ်။

“ကောင်းပြီ။ ထွက်ခွာနိုင်ပြီ။”

“ အမိန့်တော် အတိုင်းပါ အရှင်မြတ်။”

“ ခမည်းတော်။ ဖန်ကျန်းရှီ ဒီနေ့ အောင်စာရင်း လာမကြည့် ဘူးဆို။ အမှန်ပဲလား။ ” ထွက်သွားတဲ့ စစ်သည်တော်ကို ကြည့်ရင်း ပင်းယန် မေးတယ်။

“ ဟုတ်တယ်။ သူ မရှိဘူး။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်တယ်။

“ မဖြစ်နိုင်တာပဲ။ …. ဒီ ကောင်စုတ် ဒီလောက် အတင့် မရဲပါဘူး….. ရန်ရွှယ်။ ဖန်ကျန်းရှီက တည်းခိုခန်းမှာ အိပ်နေ တုန်းပဲလား။ ပြန်ဖြေအုန်း။ နင် ဘာလို့ စကား မပြောတာလဲ။”

“ တစ်ယောက်ယောက်လာစမ်း။”

“ အမိန့်ရှိပါ အရှင် ”

“ မင်းအတွက် အမိန့်တော် ရှိတယ်။ မြို့တော်ထဲက အိမ်တော်တိုင်းမှာ ဖန်ကျန်းရှီကို လိုက်ရှာ။ …. မတွေ့မချင်း မရပ်နဲ့”

“ ဒါ ဒါက …. အမိန့်တော် အတိုင်းပါ အရှင်”

…

လေထုကတော့ မူးေ၀ လောက်အောင် အေးခဲ နေတယ်။ မြို့တော် လမ်းတွေမှာ မိုးစက်တွေ အဆက်မပြတ် ရိုက်ခတ်တယ်။

လူရိပ်တစ်ချို့ လမ်းတွေထဲမှာ သွားလာနေတယ်။ ထီးနဲ့ မိုးကာအကျီတွေကို အပြည့်အစုံဝတ်ထားတယ်။ စားသောက်ဆိုင်တွေ တည်းခိုခန်း တွေမှာ မိုးခိုဖို့ နေရာ ရှာနေ်တယ်။

လူတိုင်းပါးစပ်ဖျားမှာ လူတစ်ယောက် အကြောင်းကိုပဲ ပြောနေကြတယ်။

ဖန်ကျန်းရှီ။

ကြီးမြတ်တဲ့ ညီလာခံ စာမေးပွဲမှာ ထိပ်သီး အဆင့်တစ်။ နန်ကုန်းဟောင်နဲ့ ပူးတွဲ ပထမ ရတဲ့ ဂုဏ်ရည်ရှင်။ ဒါပေမယ့် မီးပင်လယ် ထဲမှာ သူ သေသွားတယ်။

သွမ့်အရှင် အိမ်တော်ကတော့ အတော်လေးကို လှုပ်၇ှားတက်ကြွနေတယ်။

စာကြည့်ခန်းထဲမှာတော့ ဝတ်ကောင်းစားလှ ဝတ်ထားတဲ့ သွမ့်အရှင် ရှိနေတယ်။ တန်ဖိုးကြီး ရေနွေးကြမ်းကို သောက်ရင်း လှောင်ပြုံးပြုံးနေတယ။်

“ အရင်က ဒီ ရေနွေးကြမ်းကို သောက်ရတာ အရသာ ရှိတယ်။ ဒီနေ့တော့ ထူးထူး ခြားခြား ကောင်းလွန်း နေတယ်။”

“ အရှင် ပျော်ရွှင်တာကြောင့် ရေနွေးကြမ်း ရဲ့အရသာ ပိုကောင်းတာ ဖြစ်မယ်။” အမတ်မင်းတစ်ဦး ပြောတယ်။

“ မင်း ပြောတာ တော့ များသွားပြီ။ ငါပျော်နေတာ မင်းတွေးသလို မဟုတ်ဘူး။ ဧကရာဇ်က တောင်ပိုင်းဒေသမှာ စစ်ရေး လေ့ကျင့် မှု လုပ်ဖို့ အမိန့်ချလိုက်ပြီ။ နောက်ပြီးတော့ ကြီးကျပ်တဲ့ သူက အိမ်ရှေ့စံ။”

“ ဂုဏ်ပြုပါတယ်။ အရှင်။”

“ အိမ်ရှေ့စံ ဒီ တစ်ခါ ဘယ်လို လုပ်မလဲ ကြည့်ကျသေးတာပေါ့။ ဟဟားဟား။ ….”

…

အိမ်ရှေ့စံ ရဲ့ အိမ်တော်လည်း လှုပ်ရှားသက်ဝင်နေတယ်။ အရင်ကထက်တောင် အမတ်မင်းတွေ ပိုများလာပြီ။ သူတို့ အားလုံး အိမ်ရှေ့စံ မင်းသား အတွက် ရှားပါး သစ်ပင် မျိုးစိတ်တွေကို ဆက်သကြတယ်။

များပြားလှတဲ့ အမတ်မင်းတွေ အိမ်ရှေ့စံ ဆွေးနွေးခန်းမှာ ရှိနေတယ်။

ဝန်ကြီး ယွီ ကတော့ ညာဘက်မှာ ရပ်နေတယ်။ အေးဆေး တည်ငြိမ်နေတယ်။

“အိမ်ရှေ့စံ။ ဒီ တစ်ခါမှာ စစ်တပ်ကို ဦးဆောင်ဖို့ စမ်းသပ်ခံရပြီ။ ဒီ အခွင့်အရေးကို သုံးပြီးတော့ စစ်တပ်ကို ထိန်းချုပ် နိုင်ပါတယ်။”

“ မသင့်တော်ဘူး။ သွမ့်အရှင်ကို သစ္စာရှိတဲ့ စစ်တပ်တွေ များလွန်းတယ်။ စစ်တပ်ကို ထိန်းချုပ်တာက ဆူပူ အုံကြွမှု ဖြစ်အောင် လုပ်တာနဲ့ တူတယ်။ နောက်ပြီးတော့ စစ်တပ်ကို ထိန်းချုပ်နိုင်သည် ဖြစ်စေ။ မထိန်း ချုပ်နိုင် သည် ဖြစ်စေ။ ကိစ္စ ကြီးတွေကို သက်ရောက်မှုက နည်းပါးတယ်။”

“ လျှို့ အမတ်မင်း ပြောတာ မှန်တယ်။ ဒါပေမယ့် အခုလလို ရွှေအခွင့်အရေးကိုတော့ လက်လွတ် မခံ သင့်ဘူး။ ဒီ အချိန်မှာ အိမ်ရှေ့စံက အမတ်မင်းတွေ ဘက်ကို ပိုလှည့်သင့်တယ်။ သူတို့ရဲ့ သစ္စာကို ပိုရအောင် လုပ်ရမယ်။”

“အမင်းဝမ် ပြောတာ မှန်တယ်။”

ဆွေးနွေးပွဲက အရှိန်တက်လာပြီ။ လူရိပ်တစ်ခု ဝင်လာတယ်။

“သွ့မ့်အ၇ှှုင်က အမတ်မင်းတို့ အခု ဆွေးနွေးနေတာကို မတွေးမိဘူး ထင်လား။ အခုချိန်မှာ သွမ့်အရှင်က အစီအစဉ်တွေ ချ ပြီးနေပြီ။ အရှင်မင်းသား။ ဒီ ကိစ္စမှာ အန္တရာယ် ရှိနိုင်ပါတယ်။” လူ တစ်ယောက်ရဲ့ အသံ ဟိန်းထွက်လာတယ်။

ဝတ်ရုံနက် နဲ့လူကတော့။ စုချင်း။

“အန္တရာယ် ။ စုချင်း မင်း ဘာကို ပြောချင်တာလဲ။ သွမ့်အရှင်က အိမ်ရှေ့စံ အသက်ကို ထိခိုက်အောင်လ ုပ်မှာလား။”

“အမတ်မင်းဝမ်။ ဒါက အမြင့်ဆုံး နေရာ အတွက် တိုက်ပွဲပဲ။

အိမ်ရှေ့စံ မင်းသားက သူ့ အကို ဖြစ်နေတာကြောင့် သွမ့်အရှင်က လက်လျှော့်မယ် ထင်လား။” စုချင်း ရုပ်သေနဲ့ ပြန်ဖြေတယ်။

“ဒါဆို…. မင်းပြောပုံက။ တောင်ဘက်ပိုင်း အစီအစဉ်ကို ဆက်သွားသင့်လား။”

“သွားရမှာပေါ့။ ဒါပေမယ့် ဒီ အခြေအနေမှာ အသာစီးရနိုင်ဖို့ အိမ်ရှေ့စံ ကြိုတင် စီစဉ်ရမယ်။ မဟုတ်ရင်။ ရလဒ်တွေက အချိန်မရွေး ပြောင်းသွားနိုင်တယ်။ ”

“အမတ်မင်း စု။ မင်း ဘာ အကြံ ပေးချင်လည်း။” အိမ်ရှေ့စံ လင်းထျန်ရုံမေးတယ်။ သူ့လက်ထဲက ပန်းအိုးကို ချပြီး စုချင်း ဘက် လှည့်လာတယ်။

“ အနာဂတ် အတွက် အစီအစဉ်ချရမယ်။”

…

သွမ့်အရှင် နဲ့ အိမ်ရှေ့စံ အိမ်တော်မှာ လူတွေ ပြည့်နေသလို။ မြို့တော် လမ်းမ တွေမှာလည်း လူရိပ်တွေ ပြေးလွှားနေတယ်။

အလင်းတန်းတွေလိုပဲ မြန်ဆန်တဲ့ ပုံရိပ်တွေ။

ပင်းယန် အိမ်တော်ထဲမှာ စူးရှရှအော်သံတွေ ထွက်ပေါ်နေတယ်။ နှင်းလို စွတ်စွတ်ဖြူတဲ့ သိမ်းငှက်အသွင်တူ ငှက်တွေကောင်း ကင် ပေါ်ကို ပျံတက်တယ်။ မိုးရေထဲကို ဖြတ်ပြီး အဝေးကို ပျံသန်းသွားတယ်။

မြို့တော်ကြီးရဲ့ တည်းခိုဆောင် တစ်ခုမှာ။ ပြတင်းပေါက် ဘောင်နား ရန်ရွှယ် ရပ်နေတယ်။ အောက်ဘက်က လမ်းပေါ်ကို မိုးပေါက်တွေ ကျနေတာ စောင့်ကြည့်တယ်။

“ သခင်လေး။ လူတိုင်းက အနောက်ပိုင်း လျန်ပြည်နယ်ကို စာလွှာတွေ ပို့ဆောင် နေကြပါပြီ။ ဒါပေမယ့် တစ်ခေါက် ပြန်ဖို့ အချိန်က အနည်းဆုံး ဆယ်ရက်ကြာမှာပါ။”

“အင်း။” ရန်ရွှယ် ခေါင်းငြိမ့်တယ်။”

“သခင်လေး…. တိုက်ခိုက်ရေး စာမေးပွဲက ငါးရက် အတွင်း စတော့မှာ။”

“ ကျွန်တော် သိပါတယ်။”

“ သခင်လေး ….. သခင်ကြီးက မှာကြားပါတယ်။ တခြားအဖြစ်တွေကို မေ့ဖျောက်ပြီး စာမေးပွဲသာ ပြီးအောင်ဖြေပါတဲ့။”

“ ဖြေမှာ။ စိတ်ချပါ။”

“ သခင်လေး ….”

“ ဦးလေးတိုင်. ကျွန်တော့်ကို တစ်ယောက်တည်း ပေးနေပါ။”

“ သခင်လေး ကျွန်တော် သွားပြီ။ ”

…

မိုးက သိပ်မသည်းထန်ဘူး။ ဒါပေမယ့် အချိန်က အတော်ကြာတယ်။ ငါးရက် တိုင်တိုင် မရပ်မနား ရွာသွန်းတယ်။ မြို့တော်ထဲမှာတော့ ရေအိုင်တွေ တောင် ဖြစ်ကနု်ပြီ။

တိုက်ခိုက်ရေး စာမေးပွဲ ကျင်းပဖို့ကို လူတိုင်း စောင့်နေပြီ။

ဒါပေမယ့် လူ တစ်ယောက် မရှိတာကိုတော့ သူတို့ အာရုံစိုက်မိတယ်။ ဒီလူက ရှစ်မိုင် ခန်းမဆောင် မီးလောင်ချိန် တည်းက ပျောက်နေတာ။

မြို့တော် တံခါးမှာ မိုးရေထဲ စစ်တပ်တစ်တပ် ၇ပ်နေတယ်။ ဝတ်ရုံနက် စစ်သည်တွေ။ သူတို့ အားလုံး အစီအစဉ်တကျ ရှိနေတယ်။

ရိုးရှင်းတဲ့ ဝတ်ရုံပေါ်မှာ ထောင့်မှန်စတုဂံအကွက်တွေပါရှိတယ်။

သူတို့ ဖွဲ့စည်း ထားပုံက ထောင့်မှန်စတုဂံ ခပ်ကြီးကြီး တစ်ခု လိုပဲ။ စုစုပေါင်း ထောင့်မှန် စတုဂံ ၂၉ ခုရှိတယ်။

တစ်ခုချင်းစီမှာ စစ်သည် အယောက် ၂၀၀၀ ပါဝင်တယ်။ အုပ်စု တစ်ခုကို မြင်းစီး အမတ်မင်း တစ်ဦးက ဦးဆောင်တယ်။

ညီလာခံစာမေးပွဲက ထိပ်တန်း ကျောင်းတော်သား အယောက် သုံးဆယ် ဒီမှာ ရှိနေပြီ။

ဒါပေါ့။ လောလောဆယ်တော့ ၂၉ ယောက်ပဲ ရှိတယ်။ တစ်ယောက် ပျောက်နေတယ်။

သူတို့ တစ်ယောက်ချင်းစီ။ လူ အယောက် ၂ ထောင်ပါတဲ့ စစ်တပ်ကို ဦးစီးတယ်။ သူတို့ နောက်မှာတော့ ၄၂၀၀၀ ပါတဲ့ စစ်တပ် တစ်ခုရှိတယ်။

မိုးရေထဲက စစ်သည်တော်တွေနဲ့ ပြိုင်ပွဲဝင်တွေကို လင်းမုပိုင် ကြည့်နေတယ်။ သူ့ အမူအယာက တည်ကြည် လေးနက်တယ်။

“အရှင်မင်းမြတ်။ အချိန် ကျပါပြီ။” အထိန်းတော်ေ၀ ခပ်တိုးတိုး သတိပေးတယ်။

“အင်း…..” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်တယ်။ မည်းမှောင်နေတဲ့ ကောင်းကင်ကို တစ်ချ်က် မော့ကြည့်တယ်။ သူ့ ဘာသူ ခပ်တိုးတိုး ပြောတယ်။ “ အတင့်ရဲလိုက်တဲ့ တောသား။ အခုထိ ရောက်မလာသေးဘူး။”

“ အမတ်မင်း ဖန်အကြောင်း တွေးနေတာလား အရှင်။”

“ဟုတ်တယ်။ ဒီကောင်စုတ်လေး လွယ်လွယ် သေမယ်လို့ ကိုယ်တော် မထင်ဘူး။ သုခမိန် လောကထဲမှာလည်း မသေ။ အဆုံးမဲ့လောက ကတောင် လွတ်လာသေးတာ။ ရှစ်မိုင်ခန်းမဆောင် မီးပင်လယ်မှာ ဘယ်လိုများ သေမှာလဲ???”

အပိုင်း (၃၂၅) ပြီး၏။

ဖန်ကျန်းရှီကတော့ သေသွားခဲ့ပြီတဲ့ ။ ဘာတွေ ဆက်ဖြစ်လာအုန်းမှာလဲ။ တောင်ပိုင်းဒေသ က ကော ဘယ်လို နေရာမျိုးလဲ။ တောင်ပိုင်းဒေသမှာ ကျင်းပတဲ့ တိုက်ခိုက်ရေး စာမေးပွဲ နောက်ကွယ်မှာ ဘယ်လို အကြောင်းတရားတွေ ရှိနေမှာလဲ။ ကြီးမြတ်သော ရှ မင်းဆက် ကကော ဘာကြောင့်များ စစ်သည် တစ်သိန်းကို ပို့လွှတ်ထားရတာလဲ။ နိုင်ငံရေး စစ်ရေး မမြင်ရတဲ့ နက်နဲမှုတွေ ၊ နောက်ကွယ်က အကြောင်းတရားတွေက ဘာဖြစ်မလဲ။ တောင်ပိုင်းဒေသ က လူတွေကကော လူနုံ လူအ တွေလား။ ရှမင်းဆက် အတွက် သဘာ၀ ဒိုင်းကာအဖြစ် အသုံးတော်ခံ နေတာကို ကျေနပ်ကြရဲ့လား ။ သူတို့ မှာကော ဘယ်လို စွမ်းရည်တွေ ရှိနေကြမလဲ။

အဆုံးမဲ့ လောက ထဲမှာ တွေ့ခဲ့တဲ့ ရှန်ကျာ့ကို မှတ်မိကြအုန်းမယ် ထင်ပါတယ်။ သားရဲကောင် တွေကို ထိန်းချုပ်ပြီး စစ်တပ်ကြီး တည်ထောင်ထားနိုင်တဲ့ လူ တစ်ယောက်။ သူ့ရဲ့ မွေးရပ်မြေ ကတော့ တောင်ပိုင်း ဒေသ ။ တောင်ပိုင်းဒေသမှာ သူ့လိုစွမ်းတဲ့ သူတွေ ဘယ်လောက် များ ရှိနေအုန်းမလဲ။ ဆယ်ချီ လား?? ရာချီလား ??? ဒါမှ မဟုတ် သိန်းချီတာလား ????

ဖန်ကျန်းရှီ တွေးတောနေခဲ့တဲ့ တိမ်လွှာသဏ္ဍာန်က တောင်ပိုင်းဒေသမှာလည်း ရှိနေခဲ့တယ် ……….

မီးတောက်မြေခွေးပြာ တွေထက် ပိုစွမ်းတဲ့ သားရဲကောင် အသစ်တွေလည်း ပေါ်ထွက်လာခဲ့တယ် ……….

လူတိုင်း ခန့်မှန်းမိမှာပါ။ ဇာတ်လိုက်ကျော်ကြီး ဖန်ကျန်းရှီ မသေမှန်း။ ဒါပေမယ့် တိုက်ခိုက်ရေး စာမေးပွဲ မှာ ပါဝင်ဖို့ အတွက် တော့ သူ့မှာ စစ်သည် မရှိလေပြီ။ စစ်သည် ၂၀၀၀ ဆီ ရှိတဲ့ ကျောင်းတော်သား တွေကို သူ ဘယ်လို ရင်ဆိုင်မှာလဲ။ သူ့ ဉာဏ်ရည်ဉာဏ်သွေး နဲ့ လှည့်ကွက် တွေကို မြင်တွေ့ရအုန်းမှာပါ။

တိုက်ခိုက်ရေးစာမေးပွဲမှာ နတ်ဆိုး တွေ ဝင်ပါ လာခဲ့တယ်။ သူတို့ တွေ ဘယ်လို ပြဿနာကို ဖန်တီးကြ အုန်းမှာလဲ။

စာစဉ် ၁၄ ကတော့ စိတ်လှုပ်ရှားဖွယ် အတိ။ ဘာသာပြန်သူတောင် ဆက်မရေး နိုင်ပဲ နောက် အပိုင်းတွေကို ဖတ်ရင်း စာစဉ်ထဲ နစ်မျော နေမိတယ်။ ဇာတ်ရှိန်ကတော့ နောက်တစ်အုပ်လုံး အရှိန်ကောင်းကောင်း နဲ့ ပြေးလွှားနေမှာပါ။ ဟာသတွေကော နည်းသွားမယ် ထင်သလား။ တည်ကြည်လေး နက် နေတဲ့ အချိန်၊ စာစဉ်ဖတ်ရင်း ရင်တထိတ်ထိတ်ဖြစ် နေရ တဲ့ အချိန်မှာတောင် ရယ်မောစေ နိုင်တဲ့ အဖြစ် လေးတွေက ပါ နေစမြဲပါ။

ကြုံလာတဲ့ အခြေအနေကို ဉာဏ်နဲ့ ယှဉ် စဉ်းစားတယ်။ သွေးမပူဘူး။ ဘယ် အချိန် ဖြစ်ဖြစ်။ ဘာ ပြဿနာ တွေ့တွေ့ ။ မိုးလောက်ကြီးတဲ့ ကိစ္စကို ကြုံနေရရင်တောင် မလိမ့်တပတ် လုပ်နိုင်သူလေး တစ်ယောက် ။

သူကတော့ ဖန် ကျန်းရှီ………….

သူက သမိုင်းသုတေသီ တစ်ယောက် ဖြစ်ခဲ့တယ်။ ငယ်ငယ်ရွယ်ရွယ် နဲ့ ထူးချွန်တဲ့ ကျောင်းတော်သား တစ်ယောက်။ သူ သေဆုံးပြီး ဘ၀ ကူးလာခဲ့တယ်။ သူ့ မှတ်ဉာဏ်တွေက ဘဝသစ်ကို ပါလာတယ်။ ၂၁ ရာစု အတွေးအခေါ် တွေ၊ နည်းပညာတွေ သူ့ စိတ်နှလုံးထဲမှာ စွဲမြဲ နေဆဲ။ အခု သူရှင်သန် နေတဲ့ လောကကြီးက တာအိုဝါဒီ ကို အခြေခံတဲ့ ကျင့်ကြံခြင်း လောက။ လိုက်လျော ညီထွေအောင် သူ ဘယ်လိုများ ရှင်သန်ခဲ့လည်း။ နတ်ဘုရားမုခ်ဝကို ဘယ်လိုများ ဖွင့်ခဲ့လည်း။ ပျော်ပျော်နေတတ်တဲ့ စရိုက် သဘာ၀ နဲ့ တဖြည်းဖြည်းချင်း တိုးတက်လာတဲ့ ဘ၀ ခရီးကို ဖြတ်သန်း နေသူ တစ်ယောက် အကြောင်း မြင်တွေ့ရမှာပါ။ အပင်မြင့်လေ ၊ လေတိုက်လေ ၊၊ သူ့ဘဝကလည်း မြင့်မားလာလေ။ ပြင်းထန်တဲ့ လေရိုင်း ဒဏ်ကို ခံစားရ လေပါပဲ။ ဒါပေမယ့် သူကတော့ ခပ်ပြုံးပြုံး။ ကောင်းကင်ကြီးကို မော့ကြည့်ရင်း လောကကြီးကို ပြုံးပြတယ်။

သူ့ဘဝကို သာမာန်လူတစ်ယောက် အဖြစ်သာ ဖြတ်သန်းချင်ခဲ့တယ်။ အေးချမ်းတဲ့ ဘ၀ ။ သိမ်မွေ့တဲ့ ဇနီး လေး နဲ့ မိသားစု ဘဝလေးထူထောင်မယ်။ တောရွာလေးမှာပဲ ပျော်ပျော်ရွှင်ရွှင် နေထိုင်မယ်။ သူ့ ကံကြမ္မာက ကြီးမားလေးလံ နေခဲ့တယ်။ သူ အင်အားရှိဖို့ လိုလာခဲ့တယ်။ မိသားစုကို ကာကွယ်ရမယ်။ အဖေ နဲ့ အမေကို ကာကွယ်ရမယ်။ သူ့ကို အားကိုးယုံကြည်တဲ့ မြောက်ရွာ က လူတွေကို ကာကွယ် ရမယ်။ ဒါကြောင့် သူ အင်အားရှိဖို့လိုအပ်တယ်။ ……………..

ရိုးရှင်းပြီး ဟာသ မြောက်တဲ့ ဘ၀ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါပေမယ့် သူ့ ဘဝက ထင်မှတ်မထားရ လောက်အောင် အနိမ့်အမြင့် များလွန်းတယ်။ သက်တောင့်သက်သာရှိလွန်းသလို။ ချောက်ထဲ ကျတာထက် ဆိုးတဲ့ အဖြစ်တွေလည်း မနည်းဘူး။

သူကတော့ ဖန်ကျန်းရှီ ……………

ဖန်ကျန်းရှီ ရဲ့ ဘ၀ ဇာတ်ကြောင်းကို မြင်တွေ့ရမှာ ဖြစ်တဲ့ ဒီ စာစဉ်လေးကို ဆက်လက် ဖတ်ရှုပေးကြပါအုန်း။

အပိုင်း (၃၂၆)

“ အနမ်းဆိုတာ နှုတ်ခမ်းကို နမ်းရမှာ။”

“အမတ်မင်းဖန် သေပြီလို့ ကျွန်တော်မျိုးလည်း မထင်ဘူး။” အထိန်းတော်ေ၀ တီးတိုးပြောတယ်။

ဧကရာဇ်လင်းမုပိုင် မျက်မှောင်ကြုတ်သွားတယ်။ ဒါပေမယ့် နောက်ထပ်စကား မဆို။ လက်မောင်းကို လက်နဲ့ တစ်ချက်ပုတ်တယ်။ အဲ့ဒီ့နောက် ထရပ်တယ်။

“ တိုက်ခိုက်ရေး စာမေးပွဲကို တောင်ပိုင်း ဒေသမှာ ကျင်းပမယ်။ ဒီကိစ္စကို တောင်ပိုင်းဘုရင်နဲ့ ကိုယ်တော် ဆွေးနွေးပြီးပြီ။ အဓိက အကြောင်းရင်းက နည်းဗျူဟာတွေ မျှဝေဖို့။ နောက်ပြီး တိုက်ပွဲ စွမ်းရည်ကိုတိုးတက် စေဖို့ပဲ။”

“ စစ်သည်တစ်သိန်းကို ရှေ့ပြေး လွှတ်ထားပြီးပြီ။”

“ မင်းတို့ကို မှာကြားစရာ တစ်ချို့ ရှိတယ်။ ပထမ - အိမ်တော်တွေကို မနှောက်ယှက် နဲ့။ ဒုတိယ- လူစုလူဝေး အင်အားကြီးသုံးပြီး ထိတ်လန့်အောင် မလုပ်နဲ့။ သုံး - အကြောင်းရင်း မရှိပဲ မသတ်နဲ့။”

အဓိကအကြောင်း တွေ ပြောပြီးတော့ ဧကရာဇ်လင်းမုပိုင် ရပ်တန့်တယ်။

“ အမိန့်တော် အတိုင်းပါ အရှင်။” ပြိုင်ပွဲဝင် ၂၉ ဦး တညီတညာတည်း ပြန်ဖြေတယ်။

“စာမေးပွဲ စည်းမျဉ်းက ရိုးရှင်းတယ်။ တောင်ပိုင်း ဒေသက အဓိက နေရာပဲ။ နယ်မြေ လေးခုမှာ မင်းတို့ နေရာ ယူ နိုင်တယ်။ ယန်ယ ။ စီကျွမ်း။ မိုးထစ်ချုန်း ခြင်္သေ့ နယ်မြေနဲ့ အေးခဲမျောက်မင်း နယ်မြေ ။ နောက်ဆုံး ရလဒ်ကိုတော့ မင်းတို့ နယ်မြေ တွေ ထိန်းချုပ်တဲ့ ပုံစံနဲ့ အဆင့် သတ်မှတ်မယ်။ ”

“ နားလည်ကြလား။”

“ နားလည်ပါတယ်။”

“ ထွက်ခွာမယ်။”

“ဝူ…..” စစ်ချီ ခရာသံ ထွက်ပေါ်လာတယ်။ တစ်သိန်းသော စစ်သည်တော်တွေ ခေတ္တရပ်တန့်သွားတယ်။

မြို့တံတိုင်းပေါ်မှာတော့ မင်းသားကိုး။ အဝေးရောက်သွားတဲ့ စစ်တပ်ကြီးကို ကြည့်ရင်း…. သက်ပြင်းချတယ်။

“ သူ အခုထိ ပေါ်မလာသေးဘူး။ ဒီလိုသာဆို တိုက်ခိုက်ရေး စာမေးပွဲကို လွဲတော့မှာပဲ။ သူ အမြန်ပြန်လာရင်း ကောင်းမယ်။ ပင်းယန် မင်း ကော ဘယ်လို ….. နေပါအုန်း။ ပင်းယန် ဘယ်မှာလဲ။”

…

ရှစ်မိုင်ခန်းမဆောင် အဖြစ်က မြို့တော် တစ်ခုလုံးကို အံ့အားသင့်စေတယ်။ ဖန်ကျန်းရှှီ ဘာဖြစ်သွားလဲ လူတိုင်း သိချင်တယ်။

သူ သေသွားပြီလား။ အသက်ရှင်နေသေးလား။

တိုက်ခိုက်ရေး စာမေးပွဲက စပြီ။ သူတို့ ဒီလူ့ အကြောင်း ပြန်ဆွေးနွေးကြပြန်တယ်။

စစ်သည်တစ်သိန်းက ထွက်ခွာသွားပြီ။ ဒါက ဖန်ကျန်းရှီ တိုက်ခိုက်ရေး စာမေးပွဲကို လွဲသွားတာ နဲ့ အတူတူပဲ။ စစ်တပ်က အမိန့်ပြားလည်း မရဘူး။ စစ်သည်လည်း သူ့မှာ မရှိတော့ဘူး။

စစ်သည် မရှိရင်။ သူဘယ်လိုများ တခြား ပြိုင်ပွဲဝင်တွေ နဲ့ ပြိုင်နိုင်မှာလဲ။

သူ့ နယ်မြေကို ဘယ်လို စောင့်ကြပ်မှာလဲ။

ဖန်ကျန်းရှီက အတွေးအခေါ် စာမေးပွဲ ထိပ်သီး ကျောင်းတော်သား။ တိုက်ခိုက်ရေးစာမေးပွဲကိုသာ သူ ဝင်မဖြေရင်။ ရွှေအခွင့်အရေးကြီးကို လက်လွှတ် လိုက်တာပဲ။ အရူးမှ ဒီလို လုပ်မှာ။

ဖန်ကျန်းရှီ တိုက်ခိုက်ရေး စာမေးပွဲကို ရောက်မလာတာ နောက်ထပ် ဖြစ် နိုင်ချေ တစ်ခု ရှိသေးတယ်။

တစ်ခုခု ဆိုးဆိုးဝါးဝါး ဖြစ်နေပြီ။

သူ သေများ သေသွားပြီလား။ ????

…

သိသာထင်ရှားစွာပဲ။ ဖန်ကျန်းရှီ မသေပါဘူး။ ဆန့်ကျင်ဘက် အနေနဲ့။ သာယာတဲ့ ဘဝမှာ ပျော်မွေ့နေတယ်။ သစ်ပင် ပန်းမာန်။ အထူးသဖြင့် သစ်ခွ ပင်တွေပြည့်နေတဲ့ နေရာမှာ သူ နေတယ်။

ချိုမြ လတ်ဆတ်ပြီး အရည်ရွှမ်းတဲ့ သစ်သီးတွေက နေရာ အနှံ့ ။

သူ့မှာ အစေခံ တစ်ယောက်တောင် ရှိသေးတယ်။

သီချင်း နားထောင်မလား။ တေးသံသာ နတ်မိမယ် ရောက်လာတယ်။ ကုချင်း။ ဗုံ။ ဘာပဲ နားထောင် ချင်ချင် အကုန်ရတယ်။

နတ်ဘုရား တို့ရဲ့ ဘဝလိုပဲ။

ဒါပေမယ့် ….

အပြင်တော့ ထွက်လို့ မရဘူး။

သစ်ခွ ပင် အစုကြီးက သူ့ ကို ဝန်းရံထားတယ်။ သစ်ခွနံရံကြီးရဲ့ အလယ်မှာ အိမ်တော်တစ်ဆောင်။ ဖန်ကျန်းရှီ အေးအေးဆေးဆေး နေရုံပဲ။

တေးသံသာ နတ်မိမယ်က သူ့ကို အဖော်ပြုပေးတယ်။ ဒီနေ့တော့ တေးသံသာ နတ်မိမယ် မြက်ခင်း စိမ်းရောင် ဝတ် လာတယ်။ သဘာ၀ နတ်မိမယ်လိုပဲ။

“ငါ တကယ် ကျတာလား။”

“ဟုတ်ပါတယ်။ သခင်လေးရဲ့ နာမည်က ထိပ်တန်း ဆယ်ယောက်ထဲလည်း မပါဘူး။ အယောက် ၃၀ ထဲတောင် မပါပါဘူး။ ညီလာခံ စာမေးပွဲ စည်းမျဥ်းအရဂ။ သခင်လေး စာမေးပွဲ ကျပါတယ်။”

“ဒါဆိုလည်း ကောင်းပြီလေ။ မင်းရဲ့ သခင်က ငါးရက်ကြာရင် တွေ့မယ် ပြောထားတာ။ အခု ငါးရက် မပြည့်သေးဘူးလား။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ခြေထောက် နှစ်ဖက်ကို စားပွဲပေါ် ဆန့်တင်ရင်း ပြောတယ်။

“ဒီရက်တွေမှာ သခင်က အလုပ်များနေတယ်။ သခင်လေး နောက် ထပ် နည်းနည်းလောက် စောင့်ပေးပါ။” တေးးသံသာ နတ်မိမယ် ရယ်မောရင်း ပြောတယ်။

ဖန်ကျန်းရှီ ပုံစံက ဘယ်လိုမှ အထက်တန်း မကျဘူး။ ဒါပေမယ့် သူမ လေးစားရမယ်။ သူမ သခင်နဲ့ ဖန်ကျန်းရှီ ရဲ့ ဆက်ဆံရေးကြောင့် မဟုတ်ဘူး။

ညီလာခံ စာမေးပွဲမှာ နန်ကုန်းဟောင်နဲ့ ပူးတွဲပထမ ရထားသူ ဖြစ်လို့ပဲ။ ဘယ်လိုပဲ ဆောင့်ကြွားကြွားနိုင်ပါစေ။ ဒီလူက လူတော် တစ်ယောက်။

တင့်တယ် ပြေပြစ်တာတွေ။ ထူးချွန်ထက်မြက်တာတွေက အမူအကျင့်နဲ့ ပြောမရဘူး။ နှလုံးသားက အကောင်းအဆိုး အမြဲ ပြောင်းလဲ နေတယ်။

“ အလုပ်များေနေတယ်။” တေးသံသာ နတ်မိမယ်ကို မယုံသင်္ကာ အသံ နဲ့ မေးတယ်။

“ ဟုတ်ပါတယ်။” တေးသံသာ နတ်မိမယ် တည်တည်ငြိမ်ငြိမ် ပြန်ဖြေတယ်။

“ မင်း သခင်နာမည်က ဘာလဲ။”

“ သခင်ကို တွေ့ရင် သိမှာပါ”

“ အိုး. ငါ သိပြီ….. ဝူယွဲ့အာ….. ဟေး စုန်းမအိုကြီး။ ထွက်လာတော့။ မင်းထွက်လာဖို့ ကောဇောနီ ခင်းပေးရအုန်းမှာလား။ ဒါမှမဟုတ် မင်းက အိုမင်းလွန်း နေလို့ လူရှေ့ မျက်နှာ ထွက်မပြ ရဲတာလား။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ လှမ်းအော်တယ်။

“ သေလိုက်ပါလား မသာကောင်ရဲ့ ။ ငါ့ကို ဘယ်လိုတောင် ဆဲနေတာလဲ။” မာဆတ်ဆတ် အသံ ကောင်းကင် ပေါ်က ထွက်လာတယ်။ အမည်းရောင်လူရိပ် တစ်ခု ဖန်ကျန်းရှီ ရှေ့ ရောက်လာတယ်။

ဝတ်ရုံနက် နဲ့ ရွှေချည်ထိုး သားရေ ဖိနပ်ကို စီးထားတယ်။ မဟူရာရောင် ကေသာနက်တွေ အလင်းပြန်ပြီး တောက်ပ နေတယ်။

အသားအရည်က နှင်းလို ဆွတ်ဆွတ်ဖြူတယ်။ နဖူး အလယ်မှာ အနီစက် လေး တစ်ခု ရှိနေတယ်။ အသက်ရှူမှားလောက်အောင်ကို လှလွန်းတယ်။

ဥပဓိရုပ်ကောင်းကောင်းနဲ့ မွေးဖွားလာပုံပဲ။

“သခင်။” တေးသံသာ နတ်မိမယ် ဒူးထောက်တယ်။

“အင်း။ မင်းသွားနိုင်ပြီ။” ဝူယွဲ့အာ ခေါင်းငြိမ့်တယ်။”

တေးသံသာ နတ်မိမယ်ပျောက်ကွယ် သွားတယ်။ ဒီတော့မှာ ဖန်ကျန်းရှီ ဘက်ကို လှည့်လာတယ်။ “ နင့်ကို ဒီခေါ်လာတာ ငါမှန်း ဘယ်လိုသိလဲ။”

“ ငါမှ လူအများကြီး မသိတာ။ နောက်ပြီးတော့ ငါ့ကို အတင်းကာရော ကောင်းလွန်းတာ မင်း တစ်ယောက်ပဲ ရှိတယ်။ ” စားပွဲပေါ်က ခြေထောက်တွေကို နေရာ ပြင်ရင်း ဖန်ကျန်းရှီ ပြောတယ်။

“ဟဟားး…. တော်သားပဲ။ ပြောပါအုန်း။ ငါ့ကို ဘာလို့ ရှာတာလား။” ဝူယွဲ့အာပြုံးပြရင်း မေးတယ်။

“ အဲ့ဒီ့မေးခွန်းက ငါမေးရမှာမလား။”

“ အိုး ဟုတ်သားပဲ။ ငါလည်း ဒီရက်ပိုင်း ပျင်းနေတာ။ ဒါကြောင့် စကားပြောဖို့ နင့်ကို ရှာခိုင်းထားတာ။ နင် ညီလာခံ စာမေးပွဲ မအောင်ဘူးကြားတယ်။ အခုတော့ အေးဆေး အားနေမှာပဲလေ။” ဝူယွဲ့အာ လှောင်ရယ်တယ်။

“ ငါက စာမေးပွဲ ကျတယ်လား။” ဖန်ကျန်းရှီ လုံး၀ မယ့ုံ။

“ဒါပေါ့။ ဘာလဲ။ နင့် အရည်အချင်းနဲ့ စာမေးပွဲမှာ ထိပ်တန်း ဖြစ်မယ် ထင်နေတာလား” ဝူယွဲ့အာ မေးတယ်။

“ ပထမ မရလည်း ကျေနပ်ပါတယ်။ ဒါပေမယ့် စာမေးပွဲ ကျတာကတော့ မဖြစ်နိုင်ဘူး။ မင်းပြော တော့လည်း မတတ်နိုင်ဘူးလေ။ ယုံရမှာပေါ့။ ကံ ဆိုးလိုက်တဲ့ ပါးစပ်။” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက် ပြောတယ်။

“ငါ့ကို ဘယ်လိုတောင် ပြောရဲတာလဲ၊ အသက် မရှင်ချင် တော့ဘူးလား။ ပိုက်ဆံ မယူပဲ အလကား ကျွေးထားတာ တောင် အပြောအဆို ခံရသေးတယ်။ ငါ့နှယ်။” ဝူယွဲ့အာ ဒေါသထွက်လာတယ်။

“ အို ဒီလိုလား။ ဒါဆို ငါက မင်းကို ကျေးဇူးတင်ရမှာလား။”

“ဒါပေါ့။”

“ ကျေးဇူးတင်လို့ရပါတယ်။ ဒါပေမယ့် ငါ့ကို အရင်လွှတ်ပေး။”

“ လုံး၀ မလွှတ်ပေးဘူး။”

“ငါကို ဒီ စိတ်အာရုံ နယ်မြေ ထဲမှာ ပိတ်ထားနိုင်မယ် ထင်နေတာလား။”

“ဟုတ်တယ်။ ”

“ ကောင်းပြီလေ။ မင်းနိုင်ပါတယ်။ ။ ဒီ နေရာကြီးက ငါ့ကို ပိတ်ထားနိုင်တယ်။ သဘောတူညီချက် လုပ်ရအောင်။ ဒီ ကနေ ထွက်ရဖို့ ငါ ဘာလုပ်ပေးရမလဲ။”

ဒီရက်ပိုင်း အတွင်း ဖန်ကျန်းရှီ နည်းမျိုးစုံ စမ်းပြီးပြီ။

ပုဆိန်။ ဓားမ။ ဓား။

အကုန်လုံး သုံးပြီၤး ဖောက်တယ်။ ဒါပေမယ့် မရ ။

နောက်ပြီးတော့ သစ်ခွနံရံကြီး။ မှော်အင်းကွက် နဲ့ အခိုင်အမာ စည်းချ ထားတာ။ ဒီနေရာကို အပြင်က ရှာ နိုင်ဖို့ တောင် မလွယ်ဘူး။

သုခမိန်လောကထဲမှာ ခြေရာမဲ့ ဓားကို သုံးပြီးတော့ သူ လွတ်လာတယ်။ ဓားက သူခမိန် လောက ကို ထိန်းချုပ်နေလို့ပဲ။ ဒါပေမယ့် အခု လို သူများ လုပ်ထားတဲ့ စိတ်အာရုံ နယ်မြေမှာတော့ ဒါက အသုံးမဝင်ဘူး။

“ သဘောတူညီချက်လား။ ရတာပေါ့။ ဒီမှာ တစ်လ နေ။ နင့်ကို အပြင် ပြန်ထုတ်ပေးမယ်။” ဝူယွဲ့အာ လှောင်ပြုံးပြုံးပြတယ်။

“ နောက်တစ်ခု ကကော။”

“ နောက်တစ်ခုလား။ ငါ့ရဲ့ လက်အောက် ငယ်သား တစ်လ လုပ်ရမယ်။” ဝူယွဲ့အာ ကြိုစဉ်းစားပြီးတဲ့ပုံပဲ။

“ နောက်တစ်ခုကော။ ”

“ ငါရဲ့ (အရိပ်မျိုးနွယ်) ထဲကို ဝင်ရမယ်။ လိုအပ်တဲ့ အချိန် ကူညီပေးဖို့ ကျိန်ဆိုရမယ်။” ဝူယွဲ့အာရဲ့ အမူအယာ တည်ကြည် လေးနက်တယ်။

“ ကောင်းပြီလေ။ တခြား အကျိုးရလဒ်ကော ရှိသေးလား။” ဖန်ကျန်းရှီ မေးတယ်။

“ရှိတာပေါ့။ အပ်နှံသူတိုင်းက ။ အရိပ်မျိုးနွယ် ကနေ ကိစ္စ သုံးခ တောင်းပိုင်ခွင့်ရှိတယ်။ မျိုးနွယ်က အာဏာကုန်သုံးပြီးတော့ အကုန် လုပ်ပေးမှာ။” ဝူယွဲ့အာ ဝံ့ဝံ့ ကြွားကြွား ပြန်ဖြေတယ်။

“ကြားရတာတော့ မျှတပုံပဲ။”

“ ဒါဆို နင် သဘောတူတယ်လား။”

“ငြင်းစရာ အကြောင်းမှ မရှိပဲ။”

“ ကောင်းပြီလေ။ ဒီ အချိန်မှာ နင့်ကိုယ်နင် အရိပ် မျိုးနွယ်ဆီ အပ်နှံလိုက်ပြီ။ သဘောတူညီချက်ကို ပြောတော့။” ဝူယွဲ့အာ စိတ်အေးအေး ထားရင်း ပြောလိုက်တယ်။

“ပထမဆုံး။ ငါ့ကို နမ်းရမယ်။”

“နင့်ကို နမ်းရမယ်???` ဟဟား…. သွားသေလိုက်။” ဝူယွဲ့အာ ေ လှာင်ရယ်တယ်။ သူမ ရှက်သွေးဖြာနေခဲ့တယ်။

“ ဘာလဲ။ မင်း က စကား မတည်တာလား။ ငါ့ ဆန္ဒ သုံးခုကို မင်း ပဲ ဖြည့်ဆည်းပေးမယ် ဆို။ ယုံကြည်လို့ မရလိုက်တာ။”

“ ဒါက တကယ်ပဲ ပထမ ဆန္ဒလား။”

“ ဘာလဲ စည်းမျဥ်းနဲ့ မညီလို့လား။”

“မဟုတ်ဘူး။”

ဒါဆိုလာလေ။ ငါ အဆင်သင့်ဖြစ်ပြီ။”

“အပ်နှံဖို့ အတွက် အနမ်း တစ်ခခု။ အပေးအယူ ကောင်းပဲ။” ဝူယွဲ့အာ လှုပ်လီလှုပ်လဲ့နဲ့ လျှောက်လာတယ်။

သူမက တကယ့်ကို ဆွဲဆောင်မှု ရှိလွန်းတယ်။

ဖန်ကျန်းရှီ ဝူယွဲ့အာကို ပြုံးပြ နေတယ်။ နှုတ်ခမ်းကို အသင့် ပြင်ရင်း သူမ နမ်းမှာကို စောင့်နေတယ်။

ဖန်ကျန်းရှီက သူနမ်းတာကို ရှောင်မယ့်ပုံ မပေါ်ဘူး။ ဝူယွဲ့အာတော့ မျက်နှာတွေ ရဲရဲ နီနေပြီ။

“ ငါ ငါ …. နှုတ်ခမ်းကို မနမ်းလို့ ရလား။”

“ဒါဆို ဘယ်လို အလုပ် ဖြစ်မှာလဲ။ နှုတ်ခမ်းက နမ်းကို နမ်းရမှာ။ ဒီလိုမှ မနမ်းရင်ဘယ်လိုများ အနမ်း လို့ ခေါ်မှာလဲ။” ဖန်ကျန်းရှီ ခေါင်းခါရင်း ပြောတယ်။

“ ကောင်း….. ကောင်းပြီ။ ဒါပေမယ့် ငါ နမ်းတဲ့ အချိန်။ နင် မ လှုပ်နဲ့။” ဝူယွဲ့အာ အသက် ပြင်းပြင်းရှူတယ်။ အံကြိတ်ရင်း ပြောတယ်။

“ မင်း နမ်းတဲ့ အချိန် ငါက မလှုပ်ရဘူးတဲ့လား။ အနမ်း က အထကော မြောက်မှာလား။” ဖန်ကျန်းရှီ စိတ်ဆိုးမာန်ဆိုး ပုံ လုပ်ပြါတယ်။

“ ဖန်ကျန်းရှီ နင် အတော် လွန်နေပြီ။ ငါက အရိပ် မျိုးနွယ် ခေါင်းဆောင်ပဲ။ နင် ငါတို့ မျိုးနွယ်ကို ဝင်ရင်တောင် ငါ့ကို ရိုင်းစိုင်းလို့ မရဘူး။” ဝူယွဲ့အာ အမူအယာ ပြောင်းသွားတယ်။

ဒါပေါ့။ သူမ ပြောမထွက်တဲ့ ကိစ္စ တွေလည်း ရှိတယ်လေ။ ဒါက သူမရဲ့ ပထမ ဆုံး အနမ်းပဲ။

“ ကိုယ့ စကားကိုယ် မတည်ဘူး။ အချိန်တွေ အလကား ဖြုန်းနေတာ။ အရိပ်မျိုးနွယ်ရဲ့ ခေါင်းဆောင် လည်း ဆိုသေး။ ကတိတောင် မတည်တာ။ အရိပ်မျိုးနွယ်ကကော ယုံလို့ရမှာလား။” နေကြာစေ့ ခွာရင်း ဖန်ကျန်းရှီ ပြောတယ်။

“ နင် …. ဖန်ကျန်းရှီ။ ဧည့်ဝတ် ကျေပွန်တဲ့ အနေနဲ့ သတင်း နည်းနည်းတော့ ပြောလို့ ရတယ်။” ဝူယွဲ့အာ စိတ်ဆုံးဖြတ် လိုက်ပြီ။

“ ပြောစမ်းပါအုန်း။”

“ယွင်ချင်းဝူကို သိတယ်မလား။”

“ အရင်ကတော့ တွေ့ဖူးတယ်။ ဒါပေမယ့် မရင်းနှီးဘူး။”

“ သူက နတ်ဆိုးမျိုးနွယ်တွေရဲ့ ခေါင်းဆောင်လေ။”

ဖန်ကျန်းရှီ အမူယာ ပြောင်းသွားတယ်။ ယွင်ချင်းဝူက နတ်ဆိုးအရှင်သခင်လား။ ဒီသတင်းသာ ပေါက်ကြားသွားရင်…. ကြီးမြတ်သော ရှ မင်းဆက်လည်း သွက်သွက်ခါ အောင် အုံကြွတော့မှာပဲ။

“ ငါနဲ့ ဘာဆိုင်လို့လဲ။” လန့်သွားတာကို ဖုံးဖိရင်း ဖန်ကျန်းရှီ ပြုံးပြတယ်။

“ မသိချင်ဘူးလား။”

“ ထားလိုက်တော့။ မင်းက ငါ့ကို ပြောပြီးပြီပဲ။” ဖန်ကျန်းရှီ လှောင်ပြုံးပြုံးတယ်။

“ နင် အရှက် မရှိမှန်း ငါသိတယ်။ ကောင်းပြီလေ။ အမှန်အတိုင်း ပြောမယ်။ အခုချိန်မှာ နင် အပြင်ထွက်လည်း အသုံး မဝင် တော့ဘူး။ တိုက်ခိုက်ရေး စာမေးပွဲက စနေပြီ။ စစ်သည် တစ်သိန်း တောင်ပိုင်း ဒေသကို ချီတက်သွားပြီ။ နင် စစ်တပ် အမိန့်ပြားလည်း ရမှာ မဟုတ်ဘူး။ စစ် တပ်လည်း ပိုင်မှာ မဟုတ်ဘူး။ တိုက်ခိုက်ရေးစ ာမေးပွဲကို နင် အောင် နိုင်စရာ အကြောင်း မရှိတော့ဘူး။” ဝူယွဲ့အာ သက်ပြင်းချတယ်။ “

“ဒါဆို ငါ့ကို ဘာလို့ ဒီမှာ ပိတ်ထားတာလဲ။” ဖန်ကျန်းရှီ မေးတယ်။

“ နင် သေမှာ မမြင်ချင်လို့။”

“ မြောက်ရွာမှာလည်း မင်း တစ်ခါ လာပြောပြီးပြီ။ ဒါပေမယ့် ငါ သေလို့လား။ မသေဘူး လေ ဒီမှာ အကောင်း အတိုင်းပဲ။” ဖန်ကျန်းရှီ လက်ဟန်ခြေဟန်နဲ့ ပြောတယ်။

“ နန်ကုန်းဟောင် နဲ့ မတိုက်ခိုင် သင့်ဘူးလို့ ပြောရင်ကော။” ဝူယွဲ့အာ မျက်လုံးတွေ တောက်ပလာတယ်။

“ တာအို စာမေးပွဲ စ ဖြေတည်းက လူတိုင်း ပြော နေတာပဲ။”

“ ကွာတယ်လေ။ နန်ကုန်းဟောင်က သဘာဝလွန်အဆင့် ရောက်နေပြီ။ သဘာဝလွန် အဆင့် အထွဋ်အထိပ်တောင် ရောက်နေလောက်ပြီ။”

“ မင်း ဘယ်လိုသိလဲ။”

“ငါကိုယ်တိုင် မြင်တာ။”

“ မင်း မြင်တာ။”

“ဟုတ်တယ်။” ဝူယွဲ့ အာ ခေါင်းငြိမ့်တယ်။ ကောင်းကင်က တိမ်တွေကို ငေးမောနေတယ်။ သူမ ကြည့်ရတာ တစ်ခုခု တွေးနေပုံပဲ။

ဖြည်းဖြည်းချင်း ထိတ်လန့်တဲ့ အမူအယာ ကို ပြောင်းသွားတယ်။

တွေဝေနေပြီးနောက်။ ဖန်ကျန်းရှီကို ပြန်ကြည့်တယ်။

“ ယွင်ချင်ဝူ ရဲ့ လေ ှကြီးပေါ်ကို နင် ရောက်ဖူးတာပဲ။ ဘယ်လောက်ခိုင်ခံ့လည်း နင်သိမှာပါ။”

“အင်း။ အနည်းနဲ့ အများပေါ့။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ယွင်ချင်းဝူ ရဲ့ လှေက မှော်ဆန်ဆန် တည်ဆောက်ထားတာ။ အရာ အားလုံးက ထိပ်တန်း ပဲ။ သူ မြင်ဖူးသမျှထဲ အကောင်းဆုံး လှေကြီး။

“ နန်ကုန်းဟောင် ဓားပါးလေး သုံးခုကို သုံးတယ်။ ပထမ တစ်ခုက လှေရဲ့ ရှစ်ကွက်အင်း သတ္တုငါးမျိုး ဗျူဟာ ကို ဖျက်စီးတယ်။ ဒုတိယ တစ်ခုက အစေခံ ၄၉ ယောက်ရဲ့ ကြယ်မင်းသခင် ဓား ကွက်ကို ချိုးဖျက်တယ်။ တတိယ တစ်ခု ကတော့ ယွင်ချင်းဝူ ရဲ့ အသက်ကို ယူ သွားခဲ့တယ်။” ဝူယွဲ့အာ ဖြည်းဖြည်းချင်း ပြောတယ်။ သူမ မျက်လုံးထဲမှာ ဓား အရိပ် တွေ ဖြတ်ပြေးနေတယ်။

“ယွင်ချင်းဝူ သေပြီလား။” ဒီ သတင်းကြောင့် ဖန်ကျန်းရှီ တုန်လှုပ်သွားတယ်။

အပိုင်း (၃၂၆) ပြီး၏။

အပိုင်း (၃၂၇)

“ ကြယ်ခုနစ်လုံး။”

“ ငါမသိဘူး။” ယွင်ချင်းဝူ ခေါင်းခါတယ်။

“ မင်း မျက်လုံး နဲ့ ကိုယ်တိုင် မြင်တယ်ဆို။ ဘာလို့ မသိရတာလဲ။” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက် နဲ့ ပြောတယ်။

“ ဟုတ်တော့ ဟုတ်ပါတယ်။ အခြေအနေ တွေ ဆိုးလာတာ မြင်တော့ ငါလည်း ပြန်ပြေးလာတာလေ။” ဝူယွဲ့အာ ခေါင်းခါရင်း ဖြေတယ်။

“ ….” ဖန်ကျန်းရှီ ဆွံ့ အသွားတယ်။ သူက အရိပ် မျိုးနွယ် ခေါင်းဆောင်လေ။ ဒါတောင် အခြေအနေ ဆိုးလာရင် ပြေးသေးတာလား။

ဒါပေမယ့် အကယ်၍ နန်ကုန်းဟောင်သာ ယွင်ချင်းဝူ ကို တိုက်ခိုက်ဖို့ လာတာ ဆိုရင်။ ဝူယွဲ့အာာက ဘာလို့ ပြေးတာတုန်း။

အဓိပ္မာယ်မရှိဘူး။

ဒါပေါ့ ဝူယွဲ့အာ အသေးစိတ် ဘယ်ပြော ပြ မလဲ။ ဖန်ကျန်းရှီလည်း နောက်ထပ် ဖိ အားမပေးတော့ ဘူး။ ဒါပေမယ့် နန်ကုန်းဟောင် နဲ့ ဝူယွဲ့အာ ပတ်သက်မှု မရှိတာ သူ သေချာတယ်။

“ အဲ့ဒီ့ သဘော တူညီချက်….”

ဖန်ကျန်းရှီ တိတ်ဆတ် သွားတာ မြင်တော့ ဝူယွဲ့အာ စကား ပြန်စတယ်။ ဖန်ကျန်းရှီ ကို သိမ်းသွင်းဖို့ ပြန်ကြိုးစားတယ်။ သူမ စည်းရုံးဖို့ စတဲ့ အချိန် မှာပဲ ဖန်ကျန်းရှီ လက်ခါ ပြတယ်။

“ ငါစဉ်းစားပါ့မယ်။ အရင်ဆုံး အပြင် ထွက်ခွင့်ပေး။”

“ မနိုင်မှာ သိရက် နဲ့ ဘာသွားလုပ်မှာလဲ။”

“ တောင်ပိုင်း ဒေသက နတ်ဆိုးတွေ လက်အောက်ကို ရောက်နေပြီလို့ ငါပြောရင်ကော။ ဒီ တစ်ခေါက် တိုက်ခိုက်ရေး စာမေးပွဲမှာ အသက်ရှင်မယ့် သူ နည်းလိမ့်မယ်။ နင်သွားရင်…..” ဝူယွဲ့အာ ဆက်မပြောနိုင်တော့ဘူး ။

“ မင်း ပြောတာ မှန်ရင်တောင် ငါသွားရမှာပဲ။”

“ ဘာကြောင့်လဲ။”

“သူလည်း အဲ့ဒီ့မှာ ရှိတယ်လေ။”

“ဘယ်သူလဲ။”

“ရန်ရွှယ် ။”

“ရန်ရွှယ်ပဲ ဖြစ်ပြန်ပြီလား။ နင် တကယ်ပဲ ရန်ရွှယ့် အတွက် အသက်စွန့်မလို့လား။” သူတို့ နှစ်ယောက် အတော် ခင်တာ ဝူယွဲ့အာ သိတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက ရန်ရွှယ် အတွက် ကိုယ့်အသက်ကို စွန့်စားရလောက်အောင် ဖြစ်နေမယ်လို့ မသိခဲ့ဘူး။

“ဟုတ်တယ်။” ဖန်ကျန်းရှီ အခိုင်အမာ ပြောတယ် ။

“ ငါကြားတာတော့ နင်က အရှက်မရှိဘူး။ နင် ဘယ်လောက်တောင် အရှက်မရှိမှန်း တွေး တောင် တွေးကြည့်လို့ မရဘူးတဲ့ …. ကောင်းပြီလေ။ ဒါဆိုလည်း။ ရန်ရွှယ့်ကို အန္တရာယ် ကင်းကင်း နဲ့ ပြန်ခေါ် လာပေးမယ် ဆိုရင်ကော။ ငါကတိ ပေးမယ်လေ။” ဝူယွဲ့အာ သက်ပြင်းချနေပြီ။

“ ဒီလို ဆို ငါက ပိုသွားသင့်တာပေါ့။”

“ဘာဖြစ် ပြန်လို့လဲ။”

“ ရန်ရွှယ့်ကိုတောင် ပြန်ခေါ် နိုင်မှ တော့။ ငါ့ကိုလည်း ခေါ် နိုင်မယ် လို့ ယုံကြည်ချက် ရှိတယ်မလား။” ဖရဲသီး စေ့ကို ထွေးထုတ်ရင်း ဖန်ကျန်းရှီ ပြောတယ်။

“ …..” ဝူယွဲ့အာ တော်တော့်ကို စိတ်ပျက် နေပြီ။ မေးရိုးတောင် အောက်ကျ မတတ် ဖြစ်နေတယ်။ “ နင်နဲ့ ရန်ရွှယ်က မတူဘူးလေ။ ရန်ရွှယ့် ဘေးမှာ လူတွေ ရှိတယ်။ နင့်မှာ မရှိဘူး။”

“ ငါ့မှာ မင်း မရှိဘူးလား။”

“ ငါလား။” ဖန်ကျန်းရှီကို ဝူယွဲ့အာ တအံ့တသြ အကြည့်နဲ့ ကြည့်နေတယ်။ သူမ မျက်နှာ တစ်ခုလုံး ရဲရဲ နီနေပြီ။

“ ဟုတ်တယ်။ ဘာလဲ ပြဿနာ ရှိလို့လား။”

“ ပြဿနာလား။ မရှိပါဘူး။ နင် တကယ်သွားချင်ရင်လည်း ဒါလေး ယူသွား။” ဝူယွဲ့အာ တည်တည်တံ့တံ့ ပြောတယ်။ သားရေ နဲ့ လုပ်ထားတဲ့ ပစ္စည်း တစ်ခုကို ထုတ်ပေးတယ်။

“ ဒါဘာလဲ။” ဖန်ကျန်းရှီ သူ့လက်ထဲက သားရေ ပြားကို ကြည့်ရင်း ပြောတယ်။ သားရေပြား ပေါ်မှာ အစက်ပျောက်လေး တစ်ချို့ရှိတယ်။

“ တောင်ပိုင်း ဒေသ မြေပုံပဲ။”

“ မြေပုံ။ ဒါကို မြေပုံ လို့ ခေါ်တယ်တဲ့လား။”

“ နင် ဘာသိလို့လဲ။ တောင်ပိုင်းဒေသက သစ်တော်တွေ တောင်တန်းတွေ ပြည့်နေတာ။ ကျယ်ပြောလွန်းလို့ အပြင်လူတွေ ဘယ်သူကမှ အသေးစိတ် မဆွဲ နိုင်ဘူး။ နင့်ကို ပေးထားတဲ့ မြေပုံက အသေးစိတ် အကျဆုံး ပဲ။ ” ဝူယွဲ့အာ ခေါင်းမော့ရင်ကော့ရင်း ပြောတယ်။

“ ဒါက အသေးစိတ်လား။” သားရေပြား ပေါ်က အစက်တွေနဲ့ မျဉ်းကြောင်းတွေကို သူ ပြန်ကြည့်တယ်။ ဒါကို ဘယ်လိုများ အသေးစိတ်လို့ ခေါ် လည်း ။ သူ နားမလည် နိုင်ဘူး ။

“ ငါပြောပြမယ်။ တောင်ပိုင်းဒေသက ကြီးမြတ်သောရှ မင်းဆက် နဲ့ မတူဘူး။ အပိုင်း တစ်ထောင်ကျော်တောင် ခွဲထားတာ ။ ဒါပေမယ့် နေရာကြီးက ခုနှစ်ခုပဲ ရှိတယ်။

“ ခုနှစ်ခု။”

“ ဟုတ်တယ်။ ရှန်မိသားစု အုပ်ချုပ်နေတဲ့ အပိုင်း ကြီးအပြင်။ နောက်ထပ်ခြောက်ခုက။ ယန်ယ နယ်မြေ။ စီကျွမ်း နယ်မြေ။် အေးခဲ မျောက်မင်း နယ်မြေ။ မိုးကြိုးခြင်္သေ့ နယ်မြေ။ သံ တောင်တန်း။ နန်လင်း နယ်မြေ တွေ ရှိတယ်။ အုပ်ချုပ်သူ ရှန် မိသားစု က သုခမိန် တောင်တန်းမြို့တော် မှာ နေတယ်။ တခြား နယ်မြေ ခြောက်ခုကတော့ တကွဲ တပြားပဲ။”

“ သုခမိန်တောင်တန်း မြို့တော်။ ”

“ဟုတ်တယ်။ ငါကြားတာတော့ တိုက်ခိုက်ရေး စာမေးပွဲက ယန်ယ။ စီကျွန်း ။ ခြင်္သေ့။ မျောက်မင်း။ နယ်မြေ လေးခု မှာ လုပ်မယ်တဲ့။ တကယ့်တော့ တောင်ပိုင်း ဒေသကို အပေါ်က ကြည့်ရင်လေ။ ငှက်ကြီးပုံစံ ကြယ်တာရာလိုပဲ။

ငှက်ကြီး ပုံစံ တဲ့လား။

သူ့လက်ထဲက သားရေပြား မြေပုံကို ဖန်ကျန်းရှီ ပြန်ကြည့်တယ်။ အမှတ်ကြီး ၇ခု ရှိနေတာကို သူ သတိ ထားမိတယ်။

ငှက်ကြီး ပုံစံပဲ။

သုခမိန် တောင်တန်း မြို့တော်က ကြယ်တာရာ အလယ် ရဲ့ ညာဘက် မှာ ရှိတယ်။ Alioth (ယွိ့ဟန်ကြယ်) ကို ကိုယ်စားပြုတယ။် ယန်ယ။ စီကျွမ်း။ ခြင်္သေ့ နဲ့ မျောက်မင်းက။ Dubhe (ပေးသိုကြယ်) ။ Merak (ထျန်းရွှမ်ြက်ယ်) ။ Phecda (ထျန်းကျီးကြယ်) နဲ့ Megrez (မိန့်ကောလေဇူးကြယ်) ။ ဒီကြယ်တွေလို နေရာတကျ ရှိနေတယ်။

“တောင်ပိုင်းဒေသ ကို နတ်ဆိုးတွေ ထိန်းချုပ်လိုက်ပြီလို့ မင်းပြောတယ်။ ပြီးတော့ နန်ကုန်းဟောင် ရဲ့ အ၇ည် အချင်း တွေကို ပြောပြန်ရော။ နောက်တော့ ဒီ မြေပုံကို ငါ့ဆီ ပေးတယ်။ ဒါ အားလုံးက တိုက်ဆိုင်တာလား။”

“ ဒါ …. ဒါက ဒီလိုပါပဲ။”

“ တံခါးဖွင့်တော့ ။” ဖန်ကျန်းရှီ ဒေါသထွက်လာတယ်။

“ စောင့်အုန်း။ ငါ မေးစရာ တစ်ခု ရှိသေးတယ်။”

“ဘာလဲ။”

“ ဘယ်သူ့ကို…… နင် အလှဆုံးလို့ ထင်လဲ။ ချီကူယန် ။ ယွင်ချင်းဝူ။ ပင်းယန် ဘယ်သူက အလှဆုံးလဲ။” ဝူယွဲ့အာ တွေဝေနေတယ်။

“ ဒီမေးခွန်း ထဲ မင်း ဘာလို့ မပါ တာလဲ။” ဖန်ကျန်းရှီ ရယ်မောတယ်။

“ ငါ ပါရမလား။ ဒါဆို … ငါတို့ လေးယောက်ထဲ…. ဘယ်သူက အလှဆုံးလဲ။” ဝူယွဲ့အာ အသံ တိုးတိမ် သွားတယ်။

“ငါ့အမေက အလှဆုံး။” ဖန်ကျန်းရှီ တစ်ချက်လေးတောင် မတွေဝေပဲ ပြန်ဖြေတယ်။

“ နင် … နင်…. အရှက်မရှိတဲ့ေ ကာင်စုတ်။” ငါစိတ်ပြောင်း သွားပြီ။ ဒီနေရာက ထွက် ဖို့ နင် မစဉ်းစား နဲ့တော့။” ဝူယွဲ့အာ ရပ်နေတဲ့ နေရာမှာ တင် ပျောက်သွားတယ်။

“ မဖြစ်နိုင်ဘူး။ ဒီလိုကြီး ပြေးသွားပြီလား။” ဖန်ကျန်းရှီ တိတ်ဆိတ်သွားတယ်။ ဘယ်လိုများ ပစ်စလတ်ခတ် ထားရစ် ခဲ့တာလဲ။

လူရဲ့ ယုံကြည်မှုကို အလွဲသုံးစား လုပ်တာပဲ။

…

တောင်ပိုင်းဒေသက အတားအဆီး မဲ့တယ်။ သစ်တော် နက်နက်တွေက ဒေသ တစ်ခုလုံး အပြည့်။ “ တည်ငြိမ်တောင် တံခါး” က ဘောင်အနားသတ်ပဲ။ ဒီ ဘောင် အတွင်း အရာ အားလုံးက ကြီးမြတ်သော ရှမင်းဆက် အပိုင်။ အပြင်ဘက် အကုန်လုံးက တောင်ပိုင်း ဒေသ အပိုင်။

ဆက်ဆံရေးက အခြေအနေ မဆိုးဘူး။

ဘောင်အနားသတ် ကို ကောင်းကောင်း တည်ဆောက် ထားတယ်။ ထုံးကျောက် တုံးတွေ နဲ့ ဆယ်မီတာ ကျော် အမြင့်ရှိတယ်။

ဒါပေမယ့် ဒီနေရာမှာ တိုက်ပွဲတစ်ချို့ ရှိတယ်။ ဒါကြောင့် နံရံတွေက အက်နေပြီ။ အခု အဖြစ်က တောင်ပိုင်း ဒေသ နဲ့ ရှမင်းဆက် ရဲ့ သံတမန် ဆက်ဆံရေးကို စမ်းသပ်တာပဲ။

စစ်သည် တစ်သိန်း ညမှာ အနားယူတယ်။ တောင်ပိုင်းဒေသ မှာ သူတို့ လုပ်စရာ ကိစ္စ များကြီး ရှိတယ်။ မုခ်ဦးမှာတော့ အိမ်ရှေ့စံ လင်းထျန်းရုံက တိုက်ခိုက်ရေး စာမေးပွဲ စည်းမျဥ်းတွေကို ပြောပြနေတယ်။

အဲ့ဒီ့နောက် ကျောင်းတော်သားတွေ သူ့ နယ်မြေသူ ဦးတည်တယ်။

တောင်ပိုင်းဒေသ က ဘယ်လောက်ကျယ်လဲ။

လူတစ်ချို့ပဲ ဒီမေးခွန်းကို ဖြေနိုင်တယ်။ ဒါပေမယ့် နယ်မြေ တစ်ခုတည်း ဆိုရင် ကြီးမြတ်သော ရှမင်းဆက် တစ်ဝက် နီးပါးလောက် ကျယ်ဝန်းတယ်။ လူဦးရေ ကတော့ အတော့်ကို နည်းပါးတယ်။ ဒီနေရာမှာ အန္တရာယ်တွေ သားရဲ ကောင် တွေ အပြည့်။

“ ဒီ သွေးစွန်းနေတဲ့ နေရာကြီးကို ဖြတ်လျှောက်ဖို့တောင် ခက်လိုက်တာ။ ဘယ်အချိန်မှ ရွာ တစ်ရွာလောက် ငါတို့ ရှာတွေ့မှာလား။” ပြိုင်ပွဲဝင်ကြီး ညည်းညူမိတယ်။ သူရောက်နေတဲ့ သစ်တော်ကြီးက အဆုံးမရှိဘူး ထင်ရလောက်အောင် နက်ရှိုင်းတယ်။

“ အကိုလီ။ အကိုလီပြောတာ မှားနေပြီ။ ဒီမှာ ရွာမရှိဘူး။ နယ်မြေတွေ့ဲ ရှိတယ်။ ရောမ ရောက်ရင် ရောမလို ကျင့်ရမယ်လေ။” နောက်ပြိုင်ပွဲ ဝင် တစ်ဦးက ပြောတယ်။

“ မင်းကော ငါကော က မြင့်မြတ် ဂုဏ်ခံ မျိုးနွယ်တွေပဲ။ တိုက်ခိုက်ရေး စာမေးပွဲ ကြောင့်သာ မဟုတ်ရင်။ ဒီကို လာ စရာ အကြောင်း မရှိဘူး။ ငါ …. မြန်မြန်. ရှေ့မှာ လှုပ်ရှားမှု တွေ့လိုက်တယ်။ ”

“အကိုလီ ဒီလောက်လည်း ပူပန်မနေပါနဲ့။ တောရိုင်းကောင် တွေ သွားတာပဲ ဖြစ်မှာ။ ဒီမှာ လူ အယောက် ၄၀၀၀ တောင် ရှိတာ။ ကျွန်တော်တို့တွေ ဆူဆူညံညံ မလုပ်ရင် ပြဿနာ ဖြစ်မှာ မဟုတ်ဘူး။”

“ ဟဟား….။ ညီလေးဝမ် ပြောတာ မှန်တယ်။ လာလေ။ ငါတို့ လူတွေ အတွက် အမဲလိုက် စွမ်းရည်လေး ထုတ်ရ အောင်။”

“ အကိုလီ က ကျွန်တော့်ကို နောက်နေပြီ။ ကျွန်တော်တို့ ပြိုင်ကြရင်ကော ဘယ်လိုလဲ။”

“ ကောင်းပြီ။” ပြိုင်ပွဲဝင် ပြုံးပြရင်း ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် မြင်းကို လှည့်တယ်။ သူ့ စစ်သည်တွေကို လှမ်း အော်တယ်။ “ ဒီမှာ နားနေကြအုန်း။ ငါနဲ့ အကိုဝမ် မြန်မြန် ပြန်လာခဲ့မယ်။”

“ စစ် … စစ်သူကြီးလီ။ ဒီနေရာက အန္တရာယ် များလွန်းတယ်။ စစ်သူကြီးတို့ လူ နည်းနည်း ခေါ်သွားပါလား။” စစ်သည်တော် တစ်ဦး ဂရု တစ်စိုက် နဲ့ ပြောတယ်။

“ဟဟားဟား…. ငါက ကောင်းကင်ရောင်ပြန် အထွဋ်အထိပ် အဆင့်ကို ရောက်နေပြီ။ မင်းတို့ ကာကွ်ယ်ပေးတာ လို အုန်းမလား။”

“ ကျွန်တော်က ….”

“တော်ပြီ။ ဒီမှာ နေခဲ့။ သားကောင် ဖမ်းပြီးရင် ငါပြန်လာမယ်။”

“ အမိန့်အတိုင်းပါ။”

“အကိုဝမ်။ အမဲလိုက်ပြိုင်ပွဲမှာ တုန်းက ဖန်ကျန်းရှီ လှည့်စား တာကိုခံလိုက်ရတယ်။ အခုတော့ တကယ့် ပြိုင်ပွဲ ကို ပြိုင်ရအောင်။”

“ ငါတို့ ပြိုင်ပြီ ဆိုရင်။ ဆုချဖို့လည်း လိုလာပြီပေါ့။ ငါ…. ဒီကျောက်စိမ်း တုံးလေးကို လောင်းကြေးအဖြစ် သုံးမယ် ။ ဘယ်လိုလဲ။” လူငယ် ရယ်မောတယ်။

“ ဒါဆို ကျွန်တော်လည်း ဒီ ကျောက်စိမ်း ပြားကို ပေးမယ်။”

“ ကောင်းပြီလေ။ စမယ်။”

“ကျာ့”

“ကျာ့”

…

ဆယ်ငါးမိနစ် ကြာတဲ့နောက်။ စစ်သည်တော်တွေ ရပ်နားတဲ့ နေရာရဲ့ နှစ်မိုင်အကွာမှာ။ အလော င်းနှစ်လောင်း မြေပေါ် လဲကျနေတယ်။ မျက်နှာဖုံး စွပ် လူ ၈ဦး။ အလောင်းတွေ ဘေးမှာ ရပ်နေတယ်။

“ လူသား တွေက…… တခါ တလေ အတော့်ကို နုံအတာပဲ။”

အပိုင်း( ၃၂၇) ပြီး၏

(ငဖန် ကောင် ပြောသလိုပဲ။ သူ့ အမေက အလှဆုံး။ wiki pedia မှာ ရှာရင် တွေ့မှာပါ။ )

(ချီရှင်းလိန် - သူမ နာမည် နဲ့ လိုက်ဖက်အောင် လှပလွန်းသူ။ နတ်ဘုံနတ်နန်းက ကြာပန်းဖြူလိုပဲ ဖြူစင် တောက်ပတယ်။) ိ

အပိုင်း(၃၂၈)

“ စိတ်အားတက်ကြွအောင် လုပ်ရမယ် ”

မျက်နှာဖုံးစွပ် လူ တစ်ဦး ဓားမြောင်ကို ဆော့ကစား နေတယ်။ ဓားမြောင်ပေါ်က သွေးကို လျှာနဲ့ တစ်ချက် လျက်တယ်။ သူ့ မျက်လုံးမှာတော့ ဂုဏ်ယူပြန် အပြည့်။

မောက်မာတဲ့ အငွေ့အသက်တွေ သူ့ကိုယ်ကနေ ပျံ့လွင့်နေတယ်။ “ မင်း ဘာတွေ ပြော နေတာလဲ။ မျိုးနှယ်စု လက်ထောက် ခေါင်းဆောင် စောင့်နေပြီ။ ဒီနှစ်ယောက်ကို အလောင်း ဖျောက်လိုက် တော့ မင်းတို့ နှစ်ယောက် သူတို့လို ဝတ်။” နောက်ထပ် မျက်နှာ ဖုံး စွပ်လူ အမိန့်ပေးတယ်။

“ ကောင်းပါပြီ။” သူ့ဓားသူ ချက်ခြင်း ပြန်သိမ်းတယ်။ မောက်မာတဲ့ အမူအယာကလည်း လေးစားဟန်ကို ပြောင်းသွားတယ်။

လေတဖြးဖူး တိုက်ခတ်နေတယ်။ သွေးနံ့ တွေက သစ်တောထဲမှာပျံ့လွှင့်နေတယ်။ သားရဲကောင်တွေ ချက်ခြင်း လှုပ်ရှားလာတယ်။ အဝတ်မဲ့ အလောင်းနှစ်လောင်းကို မြင်တော့ ပျော်ပျော်ဂွှင်ရွှင် ဟိန်းဟောက်ကြတယ်။

တစ် ခဏအတွင်း အရိုးပါ မကျန်အောင် ပြောင်စင်သွားတယ်။

တစ်ခါ တစ်လေမှာ လောကကြီးက ကြမ်းတမ်းတယ်။ ဒီ လူနှစ်ယောက်က မြင့်မြတ်ဂုဏ် ခံ မျိုးနွယ်တွေ။ အေးချမ်း သာယာတဲ့ ဘဝမှာ ကြီးပျင်းလာသူတွေ။ ဒါပေမယ့် သေတဲ့ အချိန်တော့ အလောင်းတောင် မကျန်ဘူး။

…

ဝူယွဲ့အာက ဒီငါးရက်မှာ သူ့ကို မြို့တော် နဲ့ ဘယ်လောက် ဝေးဝေး နေရာဆီ ခေါ် လာပြီမှန်းသူမ သိဘူး။ ဒါကြောင့် မြို့တော်ကို ပြန်တာက အချိန်ဖြုန်းရာ ရောက်တယ်။

နောက်ပြီးတော့ အဓိပ္မာယ်လည်း မရှိဘူး။

တည်ငြိမ်မုခ်ဦးကိုပဲ သူသွားသင့်တယ်။ ဒါပေမယ့် ဝူယွဲ့အာ လုပ်တဲ့ ပုံက အလုပ်မဟုတ်ဘူး။ အခုတော့ သူ့မှာ စစ်သည် တစ်ယောက်တောင် မရှိဘူး။ အခုတော့ တိုက်ခိုက်ရေးစာမေးပွဲကို သူ ဘယ်လို ဝင်ဖြေရမှာလဲ။

ရေခဲပြင်ပေါ်မှာ စကိတ်ဘုတ် မပါပဲ သွားနေရသလိုပဲ။ ရေခဲပြင်ပေါ် ခြေဗလာနဲ့ သွားရတယ်။ ဒါကပြဿနာကြီး မဟုတ် သေးဘူး။ ဒါပေမယ့် အအေးဒဏ်က ပိုဆိုးနေတယ်။

ဒီ တိုက်ပွဲကို တစ်ယောက်တည်း တိုက်ရမှာလဲ။

ဒဏ္ဍာရီလာ ပုံပြင်ရှည်ကြီးတော့ ပြောစရာ ဖြစ်ကုန်တော့မှာပဲ။

သူ့ကိုယ်သူ ကံကောင်းလား။ ကံဆိုးလား ဆိုတာတောင် မသိတော့ဘူး။

တစ်ပတ်ကြာပြီးနောက်။ တည်ငြိမ် ဂိတ်တံခါး ဝမှာ လူရိပ်တစ်ခု ပေါ်လာတယ်။ အပြာရောင် လက်ရှည် အကျီနဲ့ ။ အမျိုးအမည် မသိရတဲ့ မြင်းအိုကြီး တစ်ကောင်ကို စီးထားတယ်။

ဒီအချိန် မြို့တော်ထဲကို ဝင်ခွင့်ရှိတာ ၂ယောက်ပဲ၇ှိတယ်။ သားရေ ကုန်သည်နဲ့ ဖန်ကျန်းရှီ။

အဖြေကတော့ နောက်မှပေါ့။

ကျောက်တုံး နံရံကြီးကို ဖန်ကျန်းရှီ မော့ကြည့်တယ်။ လမ်းပေါ်မှာတော့ စစ်သည်တေ်ွ အပြည့်။

သူ့မှာ ရွေးစရာ နှစ်ခု ရှိတယ်။

စစ်သူကြီးကို ရှာ။ သူ့ကိုယ်သူ မိတ်ဆက်။ စစ်သည် နည်းနည်းတောင်း။ ဒါပေမယ့် အောင်မြင်တာ မအောင်မြင် တာက စစ်သူကြီးအပေါ် မူတည်တယ်။

ဒုတိယ တစ်ခုက တောင်ပိုင်းဒေသကို တစ်ယောက်တည်း ဝငါ။

နောက်ဆုံး ဆုံးဖြတ်ချက် မချခင် ။ ဖန်ကျန်းရှီ အစားသောက်ကောင်းကို တစ်နပ် ၀၀လင်လင် စားဖို့ ဆုံးဖြတ်တယ်။ ဘယလိုပဲ ဖြစ်ဖြစ် သွားရမှာပဲလေ။ ဗိုက်ဟောင်းလောင်း နဲ့ အဆာခံ ပြီးတော့ မသွားနိုင်ဘူး။

တောင်ပိုင်း ဒေသ မရောက်ခင် တုန်းက လမ်းမှာ မြို့တွေကို ဖြတ်ရတယ်။ ဒီ မြို့တွေမှာလည်း အစား အသောက် ကောင်းပါတယ။်

ဆိုင်တစ်ခု ချင်းစီက သားရဲကောင် အမျိုးမျိုးနဲ့ ဧည့်ခံတယ်။

“လတ်လတ် ဆတ်ဆတ် အသားတွေပါ။ သခင်လေး ဘာသုံးဆောင်မလဲ။”

“ အထဲကို ဝင်ပါလား။”

မြို့ တစ်ခုလုံးမှာ အသံ တွေ ဆူညံနေတယ်။ မြို့တော်ကြိးနဲ့တော့ ယှဉ်နိုင်စရာ မရှိဘူး။ ဒါပေမယ့် အတော်လေး သက်ဝင်လှုပ်ရှားနေတဲ့ မြို့ပဲ။

ဖန်ကျန်းရှီ လူဝင်များတဲ့ စားသောက်ဆိုင်ကြီးကို ရွေးတယ်။ စားပွဲ ထိုး တစ်ယောက်ကို ခေါ်တယ်။ ဟင်းမှာတယ်။ သူ စပြီး သောက်တော့တယ်။

လူ အများဆုံးနေရာကို သူ ရွေးတယ်။ ဒီလို နေရာမှာ သတင်းစုံတယ်။

စားသောက်ဆိုင်ဆိုတာ သတင်းတွေ ဝေမျှ တဲ့ နေရာပဲ။ လမ်းပေါ်မှာ နှစ်တွေ အများကြီး ကျက်စားခဲ့တော့။ ဖန်ကျန်း ရှီ ဒီ အကြောင်းတွေ ကောင်းကောင်း နားလည်တယ်။

လူများများ ပိုဝင်လာလေ။ ဖန်ကျန်းရှီ နားရွက်က ပိုထောင် လာလေပဲ။ အများစုက တိုက်ခိုက်ရေး စာမေးပွဲ အကြောင်း ပြောနေတယ်။ လမ်းတစ်လျှောက်လုံး ရခဲ့တဲ့ သတင်းတွေကို ဖန်ကျန်းရှီ စုတယ်။ တိုက်ခိုက်ရေးစာမေးပွဲကို သူ နားလည် လာတယ်။

“ကြီးမြတ်သော ရှမင်းဆက်က စစ်သည် တစ်သိန်းကို ပို့ထားတယ်။ ”

“ပြိုင်ပွဲဝင် တစ်ယောက်ချင်းစီက စစ်သည် ၂၀၀၀ ထောင်ကို ကြီးကျပ်ရတယ်။ စစ်သူကြီးဘွဲ့ နဲ့။”

“အိမ်ရှေ့စံ လင်းထျန်းရုံက စစ်သည် လေးသောင်းကို ထိန်းချုပ်တယ်။”

“ ရလဒ်ကတော့ အသက်ရှင်ကျန်တဲ့ စစ်သည် အရေအတွက်နဲ့။ နယ်မြေထိန်းချုပ်ပုံ ဆိုပဲ။”

အရက်လေးသောက်။ အစားလေး စားရင်း လွတ်လွတ် လပ်လပ် သတင်း နားထောင်နေတယ်။ တစ်ချိန်တည်းမှာပဲ စာမေးပွဲ ရလဒ်ကောင်းအောင် ဘယ်လိုဖြေရမလဲ တွေးတယ်။

အမြင်အရတော့ သူ့ အတွက် ပြဿနာကြီးက စစ်သည် မရှိတာပဲ။ တစ်ယောက်တည်း တိုက်ခိုက်လို့မှ မရတာ။ ဒါပေမယ့် သူ သိပ်ဂရုမစိုက်ပါဘူး။

သူ အာရုံစိုက်တာက။ ညီလာခံကို စိတ်ဓာတ်တက်ကြွအောင် လုပ်ဖို့ပဲ။

မေးခွန်းတစ်ခုကို ဖြေဖို့ အတွက် ။ အပြင်ပန်းကိုပဲ မကြည့်ရဘူး။ မေးခွန်းထုတ်တဲ့ သူရဲ့ စိတ်ကိုလည်းခန့်မှန်း ရတယ်။ ဘာကြောင့် ဒီလို မေးတာလဲ။ ဘာကို မေးတာလဲ။ သူဘာတွေနေလဲ။ မြှုပ်ကွက်က ဘာလဲ။

ညီလာခံ စာမေးပွဲ။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ အကြီးကျယ်ဆုံး စာမေးပွဲကြီး။ လက်ရုံးရည် နှလုံးရည် နှစ်ခု ပြည့်စုံမှ ဖြစ်မယ်။ ဒါပေမယ့် စည်းမျဉ်းတွေက ဒီလောက်တောင် ရိုးရှင်းလို့လား။ နယ်မြေကို စောင့်ကြပ်။ စစ်တပ်ကို ဦးစီး။

ဒီလိုသာ ဖြစ်၇င်တော့။ အမာခံ စစ်သည် လေးသောင်းက ဘာလာလုပ်တာလဲ။ ဘာတွေ လာထောက်ပံ့တာလဲ။

ပြိုင်ပွဲဝင်တွေရဲ့ လုံခြုံမှုအတွက်လား။

ကြားရတာတော့ ဟုတ်သလိုလိုပဲ။ ဒါပေမယ့် နီးစပ်ပုံလည်း မပေါ်ဘူး။

နောက်ဆုံးတော့ သူ အတွေးအခေါ် စာမေးပွဲမှာ ထိပ်သီး ဖြစ်တာ ဝူယွဲ့အာ ပြောလို့ သိပြီးပြီ။ သူ ထွက်မလာခင်ပဲ ဝူယွဲ့အာ ပြောတာ။

ရိုးရိုးရှင်းရှင်းတွေးရရင်။ အတွေးအခေါ် စာမေးပွဲ မေးခွန်းက စစ်ပွဲ မေးခွန်းပဲ။ ဧကရာဇ် ရှာနေတဲ့ ကိစ္စက စစ်ပွဲ အတွက်လား။ ဒါက ဧကရာဇ် အတွေးလား။ စစ် …… ။

ဒါဆိုရင် စာမေးပွဲက မြင်ရသလို မရုးိရှင်းနိုင်တော့ဘူး။ တစ်ခုခု တော့ လွဲ နေပြီ။ ဒါပေမယ့် ဧကရာဇ်က ဒါကို ပြည်သူ တွေဆီ ဘယ်လို ပြောမှာလဲ။ တောင်ပိုင်းဒေသကို နတ်ဆိုးတွေ ထ ိန်းချုုပ်နေပြီ။ ဝူယွဲ့အာ ပြောလိုက်သေးတယ်။ ဒါပေမယ့် လုံး၀ သိမ်းပိုက်ထားတာ မဟုတ်ဘူး။ သိမ်းပိုက်ထားတာ ဖြစ်ရင်တော့ အခု ဆို စစ် ဖြစ်နေပြီ။

အရိပ်မျိုးနွယ်ရဲ့ ဉာဏ်ပညာကို သူ ယုံပါတယ်။ ကြီးမြတ်သော ရှမင်းဆက်က အမတ်မင်းတွေကလည်း ငအ တွေမှ မဟုတ်တာ။ အရိပ် မျိုးနွယ်က လူတွေ သိတာကို ညီလာခံကလည်း သိမှာပဲ။

ဒါဆိုသူတို့ ဘာလို့ မကြေညာလဲ။ …..

ပုန်ကန်မှုတွေ ဖြစ်လာမှာကို စိုးရိပ်သင့်တယ်လေ။ နောက်တစ်ခု ဖြစ်နိုင်ချေက ဧကရာဇ်မင်း ကြောင့်။ ဒီကိစ္စကို အစမဖော်စေချင်လို့လဲ ဖြစ် လိမ့်မယ်။ ဒါကိုတွေးမိတော့ ဖန်ကျန်းရှီ့ မျက်လုံးတွေ အရောင် တောက်လာတယ်။

“ငါ အခုတော့ နားလည်ပြီ ။ တိုက်ခိုက်ရေးစာမေးပွဲက မရိုးရှင်းဘူး။ နယ်မြေတွေကို ထိန်းချုပ်တယ်ဆိုတာ အယောင်ပြပဲ။”

တိုက်ခိုက်ရေးစာမေးပွဲကို အယောင်ပြမယ်။ နယ်မြေ ေ လးခုကို ထိန်းချုပ်မယ်။ ဒီ နယ်မြေ တွေကို အခြေ စိုက်ဌာန အဖြစ် သုံးမယ်။ အခြေအနေ တွေ ဆိုးလာရင်…. သုခမိန် တောင်တန်း မြို့တော်ကို သိမ်းပြစ်မယ်။

ဒုတိယ တစ်ခု ….. ဖန်ကျန်းရှီ နောက်ထပ် မစဉ်းစား တော့ဘူး။ အခု အခြေအနေ တွေက သိပ် မဆိုးသေးဘူး။ ဧကရာဇ် ရဲ့ ဆုံးဖြတ်ချက် တွေက လေထဲမှာပဲ ရှိသေးတာ။ သူ့ ပညာနဲ့ မှန်းဆ ချက်က မှန်မမှန် တော့ သူလည်း မသိဘူး။

ဒါပေမယ့် ဖန်ကျန်းရှီ သေချာတာ တစ်ခု ရှိတယ်။ တောင်ပိုင်း ဒေသကို ထိန်းချုပ်ဖို့ စစ်သည်တစ်သိန်း ရောက်လာတာ မဟုတ် လောက်ဘူး။ နတ်ဆိုးတွေနဲ့ သဘောတူထားလို့လား။ ဘယ်ဟုတ်မလဲ။

စစ်ပွဲက အမှောင်ထဲမှာ ဖြစ်မှာ။ ဝူယွဲ့အာ ပြောသလို ဆိုရင်။ ပြိုင်ပွဲဝင် တစ်ချို့ပဲ အသက်ရှင်နိုင်မယ်။

ဒါက ညီလာခံ ရဲ့ ချို့ယွင်းချက် နဲ့ မဆိုင်ဘူး။

အကယ်၍ သူ ခန့်မှန်းတာသာ မှန်မယ် ဆိုရင်။ ပြိုင်ပွဲဝင် တစ်ယောက်ဆီမှာ ကိုယ်စားလှယ် တစ်ယောက်ရှိလိမ့်မယ်။ ဒီ ကိုယ်စားလှယ်မှာ စာမေးပွဲကို ချက်ခြင်း ရပ်ပြစ်ဖို့ အမိန့်ပြား ရှိမယ်။

တိုက်ခိုက်ရေး စာမေးပွဲကသာ စီစဉ်ထားတဲ့ အတိုင်း ဖြစ်မယ် ဆိုရင်တော့ ကောင်းတာပေါ့။

ဒါပေမယ့် မကောင်းတဲ့ ကိစ္စ ဖြစ်လာရင်။ ကိုယ်စားလှယ်က စစ်တပ်ကို ပြန် ထိန်းချုပ်မယ်။ တစ်သိန်းသော စစ်သည်တော်တွေလည်း တစ်စု တဝေးတည်း ဖြစ်သွားမယ်။

ဖန်ကျန်းရှီ ဘာမှ မတတ်နိုင်။ ဧကရာဇ် ရဲ့ အစီအစဉ်ကိုတော့ လေးစားမိတယ်။

အခု အခြေအနေကို ကိုင်တွယ်ဖို့ ဒါက အကောင်းဆုံး နည်းပဲ။ တိုက်ခိုက်လို့ ရတယ်။ ခုခံ လို့ရတယ်။ အကယ်၍ တောင်ပိုင်း ဒေသ ကသာ ငြိမ်းချမ်း နေရင် ။ အေးချမ်းတဲ့ စာမေးပွဲ ဖြစ်မှာ။

ဒါပေမယ့် တောင်ပိုင်းသားတွေ ပြက်ရယ်ပြုဖို့ ကြိုးစားရင်တော့။ စစ်ပွဲက ချက်ခြင်း ဖြစ်မှာ။

ပိုအရေးကြီးတာ။ ပြည်သူတွေက ဒါကို သတိထားမိမှာ မဟုတ်ဘူး။

တိုက်ခိုက်ရေး စာမေးပွဲ လို့ပဲ သူတို့ ထင်ကြမှာ။ ကြီးမြတ်သော ရှ မင်းဆက်က စစ်သည်တစ်သိန်း တောင်ပိုင်းဒေသ ကို ပို့တဲ့ အကြောင်း ရင်း ကိုလည်း သတိထားမိမှာ မဟုတ်ဘူး။

ဖန်ကျန်းရှီ သူ့ ခွက်ကို မြှောက်တယ်။ နည်းနည်းစုပ်သောက်တယ်။ စပ်တော့ စပ်သား။ အရက်ပြင်း ဖြစ်မယ်။

ဖန်ကျန်းရှီ ရဲ့ အယ်လ်ကိုဟော ခံ နိုင်စွမ်းက သာမာန်ပဲ။ အများကြီး မသောက်နိုင်ဘူး။ အရက်ပြင်းပြင်း တွေလည်း မသောက်နိုင်ဘူး။

အခုတော့ ဧကရာဇ် ရဲ့ အစီအစဉ်ကို သူ ခန့်မှန်း မိပြီ။ သူ့ အတွက်သူ စဉ်းစားရတော့မယ်။ ဒီလို အခြေအနေ မျိုးမှာ ဘယ်လိုများ ထိပ်တန်း ရနိုင်မှာလဲ။

စစ်သည်တွေ မရှိပဲနဲ့ …. ။

နယ်မြေ တိုက်ပွဲ ကိုလည်း သူ ဝင်ပါလို့ ရမှာ မဟုတ်ဘူး။ ဒီလိုဆို အဆင့်လည်း ဝင်မှာ မဟုတ်ဘူး။

ဒါဆို အခု စစ်သား သွားငှားရမှာလား။ ဒါပေမယ့် ဒီလို လုပ်ပြီးရင်ကော ဘာဆက် လုပ်ရမလဲ။ နယ်မြေလေးခု ထဲ ဝင်ပြီး ။ အခု ကိစ္စကို သာမာန် စာမေးပွဲ လို့ပဲ ထင်နေတဲ့ ပြိုင်ပွဲဝင်တွေကို တိုက်ခိုက်ရမှာလား။

လူကြီးလူကောင်း မပီသ လိုက်တာ။

သူက လူတော်လေ။ ဘာလို့ အဆင့်နိမ့် တဲ့ လုပ်ရပ်ကို လုပ်ရမှာလဲ။

နောက်ပြီးတော့ ရန်ရွှယ်လည်း အခု ကိစ္စကို သိမှာပဲ။ ဝူဖုန်းကော။ နန်ကုန်းဟောင် ကော…. နောက်ဆုံးမှာ နိဂုံး တစ်ခုပဲ ရှိတယ်။

ဖန်ကျန်းရှီ သူ့ ပြိုင်ဘက်ကို ဘယ်တုန်းကမှ လျှော့်မတွက်ခဲ့ဘူး။ နန်ကုန်းဟောင်က အတွေးအခေါ် စာမေးပွဲမှာ သူ့ အစွမ်းကို ပြခဲ့ပြီးပြီ၊ ထင်သလောက် ရိုးရှင်းတဲ့သူ မဟုတ်ဘူး။

အခုတောင် နန်ကုန်းဟောင် က သူ့ ကိုယ်စားလှယ်ရဲ့ အမိန့်ပြားကို ကြည့်နေလောက်ပြီ ။

ကောင်းပြီလေ…. ပြဿနာက အခုမှ စတာ။

စာမေးပွဲမှာ ကောင်းကောင်း ဖြေဖို့ လိုတယ်။ အခုတော့ တခြား ကျောင်းတော်သားတွေနဲ့ တိုက်ပွဲ မဖြစ် အောင် ဘယ်လို ရှောင်ရမလဲ။

အပိုင်း (၃၂၈) ပြီး၏။

အပိုင်း (၃၂၉)

“ တိုင်းတစ်ပါးသား”

ဒါပေါ့။ အရေးအကြီးဆုံးက ။ အန္တရာယ် ကင်းအောင် နေဖို့ပဲ။

ဖန်ကျန်းရှီ ဘယ်တုန်းကမှ မစွန့်စား ချင်ဘူး။ လူတွေက အဆင့်တက်တာကို သေခြင်း တရား နဲ့ နီး ကပ်တာလို့ ပြောကြတယ်။

သူကိုယ်တိုင်လည်း တွေးမိတယ်။ ဒါက ကိုယ့်သေတွင်းကိုယ်တူးတာလို့။

မင်းမြစ်ကမ်းဘေးမှာ လမ်းလျှောက်ရင်။ မင်းဖိနပ်တွေလည်း စိုမှာပဲ။

ဖန်ကျန်းရှီ တွေးခဲ့တယ်။ အန္တရာယ် ကို ဝေးဝေး ရှောင်တာက အကောင်းဆုံး နည်းလမ်း ။ တိုက်ပွဲတွေကို အဝေးက နေ ကြည့်မယ်။ အပြင်က နေ နားလည်အောင် လုပ်ရင်း အခွင့်ကောင်း ယူမယ်။

ကောင်းပြီလေ။

အခုချိန်မှာ ဘာမှ တွေးလို့ မရတော့ဘူး။ အရင်ဆုံး လှုပ်ရှား သင့်ပြီ။ စားသောက်ဆိုင်မှာ ထိုင်နေရုံနဲ့ အလုပ် မဖြစ်ဘူး။ စာအုပ်ပေါင်း တစ်သောင်း ဖတ်တာထက်။ မိုင်တစ်သောင်း လမ်းလျှောက်တာက ပို အကျိုးရှိတယ်။

အခု အခြေအနေကို ဖြေရှင်းဖို့က ဒီ တစ်နည်းပဲ ရှိတယ်။

“ စားပွဲထိုး ငွေရှင်းမယ်။”

“ ကျေးဇူးပါ ဧည့်သည်။ ဖြည်းဖြည်းသွားပါ။”

စားသောက် ဆိုင်ကနေ ဖန်ကျန်းရှီ ထွက်လာတယ်။ စစ်သူကြီးရဲ့ စခန်းချ တဲကို သူ တွေ့တယ်။

ပတ်ပတ်လည်မှာ စစ်သည်တွေ စောင့်ကြပ်နေတယ်။ နယ်ခြားစောင့် စစ်သည်သူကြီး ဆိုတော့ လက်အောက်ငယ်သား အတော်များတယ်။

စစ်သည်တွေ အားလုံး အရောင်တောက်နေတဲ့ သံချပ်ကာတွေကို ဝတ်ထားတယ်။

“ မင်း ဘယ်သူလဲ။ ဒီစခန်းကို မင်းကျူးကျော်ဝံ့တယ်။” အစောင့်တစ်ယောက် ဖန်ကျန်းရှီကို တားတယ်။

ဖန်ကျန်းရှီ ရှင်းပြချင်စိတ် မရှိဘူး။ အမတ်မင်း အမိန့်ပြားကို ထုတ်တယ်။ အစောင့်တွေ ရှေ့ ဝေ့ယမ်းပြတယ်။

“ ဓား သံတမန် ကို နှုတ်ခွန်းဆက်ပါတယ်။”

“ မင်းတို့ စစ်သူကြီးဆီ ငါ့ကို ခေါ်သွား”

“ အမတ်မင်း ခဏလောက်စောင့်ပေးပါ။ အမတ်မင်း ရောက်လာကြောင်း ကြေညာပါရစေ။”

“ အင်း။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ မြို့တော်မှာတော့ အဆင့်လေး အမတ်မင်းက ဂုဏ်မရှိ။ ဒါပေမယ့် ဒီနယ်စပ်မှာတော့ သူ့ အဆင့်က အမြင့်ဆုံးပဲ။

သိပ်မကြာခင်။ မဟူရာရောင် သံချပ်ကာကို ဝတ်ထားတဲ့ စစ်သူကြီး ရောက်လာတယ်။ အသက်လေးဆယ် အရွယ်။ မျက်လုံး မှေးမှေးနဲ့။ မျက်လုံး အစား အပ်ချည်မျှင်တွေ ကပ်ထားသလိုပဲ

“ ကျွန်တော်က နယ်ခြားစောင့် တပ် စစ်သူကြီး ယွီထျန်းဖုန်းပါ ။ အသင်က ဓားသံတမန် ဖန်လား။” ဖန်ကျန်းရှီ စီ လျှောက်လာရင်းနဲ့ ယွီထျန်းဖုန်း မေးတယ်။

“ဟုတ်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ အမတ်မင်း။ ညီလာခံမှာ အမတ်မင်း အကြောင်း သတင်းတွေ အများကြီးကြားထားပါတယ်။ အမတ်မင်းက ငယ် ငယ် ရွယ်ရွယ် နဲ့ထက်မြတ်တယ်။ ကျွန်တော် ကြားထာတဲ့ တစ်ချိုု့ ပုံပြင်တွေကိုတော့ မယုံဘူး။ ဒါပေမယ့် အခု တော့ ယုံသွားပြီ။ ညီလာခံ အတွေးအခေါ် စာမေးပွဲမှာ ထိပ်သီး ကျောင်းတော်သား ဖြစ်တာ ဂုဏ်ယူပါတယ်။ ဓားသံတမန် အမတ်မင်း ကျွန်တော်တို့ ဘာများ ကူညီပေးရမလဲ။”

“ စစ်သားငှားချင်လို့”

“ စစ်သား ငှားမယ်။…..။ အင်း။ ကျွတော် သိသလောက် အရဆိုရင်။ အမတ်မင်း ဖန်က စစ်တပ် ကလည်း မဟုတ်ဘူး။ ဘာလို့ စစ်သား လိုတာလဲ၊”

“ တိုက်ခိုက်ရေး စာမေးပွဲမှာ ဝင်ပြိုင်ဖို့ စစ်သည် ၂၀၀၀ လိုတယ်။”

“ဟဟား…. ကျွန်တော်ကြားတာ။ အမတ်မင်းက တိုက် ခိုက် ရေး စာမေးပွဲမှာ ဝင်မပြိုင်တော့ဘူးတဲ့။ ကျွန်တော် စိတ်တောင် မကောင်းဘူး။ ပုံမှန်ဆိုရင် စစ်သည် နှစ်ထောင် ကအေးဆေးပါပဲ။ ဒါပေမယ့် အခုတော့ က စစ်သည် နည်းနည်း ငှား တာ နဲ့ တင် ရာထူး ပြုပြီး …. ကျွန်တော်လည်း ခေါင်းဖြတ် သတ်ခံ ရမှာ။ ”

“ ငါ နာ်းလည်ပြီ။ နှုတ်ဆက် ပါတယ်။ ” ဖန်ကျန်းရှီ ခေါင်ငြိမ့်တယ်။ နောက်ထပ် မပြောတော့ဘူး။

“ ဓားသံတမန် အမတ်မင်း ဘယ်ကို သွားမလို့လဲ။ အမတ်မင်းက တိုက်ခိုက်ရေး စာမေးပွဲကို လွဲသွားပြီပဲ။ ဒီမှာ ၇က် နည်းနည်းလောက် နေပါလား။့ကျွန်တော် ဧည့်ခံ ပါမယ်။”

“ ကျေးဇူးပဲ မလိုဘူး။ မြို့တော်ကို ပြန်ပြီး စစ်သား ခေါ်ရမယ်။” ဖန်ကျန်းရှီ ပြန်ထွက်လာတယ်။

“ ကျွန်တော် နားလည်ပါပြီ။ အမတ်မင်းကို မနှောင့်နှေး စေတော့ပါဘူး။” ယွီ ထျန်းဖုန်း လှောင်ပြုံးပြုံးတယ်။ ဖန်ကျန်းရှီကတော့ အဝေးကို ရောက်သွားခဲ့ပြီ။

မြို့တော်ကို ပြန်မယ်လား။ မင်း ပြန်ရင်တောင် စစ်သည် ရမှာ မဟုတ်ဘူး။

“ စစ်သူကြီး။ သူ့ နောက်ကို လိုက်ဖို့ လူ လွှတ်ရမလား။ တောင်ပိုင်း ဒေသကို မဝင်အောင် တားရမယ်။” ပျောက်သွားတဲ့ လူရိပ်ကိုကြည့်ရင်။။ စစ်သူကြီး ဘေးက လူတစ်ယောက် ပြောတယ်။

“ မလိုဘူး ။ စစ်သည် မရှိပဲနဲ့။ တောင်ပိုင်း ဒေသကို ဒီကောင် ဝင်ရဲမှာ မဟုတ်ဘူး။ နောက်ပြီးတော့ ဧကရာဇ် ကိုယ်တိုင်က သူ့ကို တိုက်ခိုက်ရေးစာမေးပွဲ လာမဖြေတာ အမြင်မကြည် ဖြစ်နေတာ။ မြို့ တော်ကို ပြန်ရင်လည်း ပြဿနာပဲ ဖြစ်မှာ။ စစ်သည် ရမှာ မဟုတ်ဘူး။ ဒီတစ်ခေါက် ညီလာခံ စာမေးပွဲ မှာ ဒီကောင် ဝင် မဖြေ နိုင် လောက်ဘူး။”

“ ဒါဆိုရင်….. သွမ့်အရှင်ကိုကော သတင်း ပို့သင့်လား။”

“ အင်း…. သွမ့်အရှင် ဆီကို သတင်းပို့လိုက်။ ဖန်ကျန်းရှီက ငါ့ဆီကနေ စစ်သည် လာငှားတယ်။ ဒါပေမယ့် ငါ ဘာမှ မပေးလိုက်ဘူး။ ဖန်ကျန်းရှီ မြို့တော်ကို ပြန်လာ လိမ့်မယ် လို့ပြော။ သွမ့်အရှင် ပြင်ဆင်ချိန် ရပါစေ။”

“ကျွန်တော် နားလည်ပါပြီ။”

…

စစ်သည်ခေါ်ဖို့ မြို့တော်ကို ပြန်မယ်တဲ့လား။ ဖန်ကျန်းရှီ ဒါမျိုး လုံး၀ မလုပ်ဘူး။

စစ်သည မရှိလို့ အခုချိန် အခွင့်အရေး နည်းချင် နည်းမယ်။ တိုက်ခိုက်ရေ်း စာမေးပွဲမှာ ဝင်ဖြေ ဖို့နဲ့ သူ့ နယ်မြေကို ကာကွယ်ဖို့လည်း မဖြစ်နိုင်ဘူး။

ဝူယွဲ့အာ သူ့ကို တက်လုပ် သွားတာပဲ ။ (T_T)

အခုတော့ တပန်း ရှုံးနေပြီ။

ဘယ်လိုပဲ ဖြစ်ဖြစ် ပြန်လွှတ်ပေးရမှာပဲ ကို။ ဘာကိစ္စနဲ့ သူ့ကို ဖမ်း နေ သေးတာလဲ။ ရူးနေတဲ့ ဟာမ။

ဝူယွဲ့အာ ဘာတွေ တွေးနေလဲ သူ နားမလည် နိုင်။ ဖြစ်နိုင်တာက သူ့ကို တိုက်ခိုက်ရေး စာမေးပွဲ ဝင် မဖြေ စေချင တာ ဖြစ်မယ်။ ဒါပေမယ့် သူမ ကိုယ်တိုင် လည်း ဒီလို ဖြစ်လာမှာကို တွက်ဆ ပြီးသား ပုံစံ။

မြေပုံတောင်ပြင်ဆင်လာသေးတယ်။ ဒါဆို နောက်ထပ် ဘာ အကြောင်း ရင်း ဖြစ်နိုင်မလဲ။ နေစမ်းပါအုန်း။ မြေပုံ ….

ဝူယွဲ့အာ သူ့ အတွက် ပြင်ဆင်ပေးထားတဲ့ မြေပုံကို ထုတ်ကြည့်တယ်။ မကောင်းမကန်း မြေပုံ ပေမယ့်။ နေရာကို တော့် အတိအကျ မှတ်ထားတယ်။ ယန်ယ။ စီကျွေး။ ခြင်္သေ့ ။ မျောက်မင်း….

အခု ချိန်မှာ ဒီ နေရာ တွေကို သွားလို့ မဖြစ်ဘူး။ ဒီ နေရာ လေးခုက အန္တရာယ် အများဆုံး နဲ့ အရှုပ်ထွေးဆုံးပဲ။

တောင်ပိုင်း ဒေသမှာ ကြီးမြတ်သော ရှ မင်းဆက်က စစ်သည် တစ်သိန်း တောင် ရောက်နေပြီ။ ဒါဆို နတ်ဆိုး တွေလည်း ရှိနေမှာပဲ။

အခုချိန်မှာ သူ့လက်ထဲ စစ်သည် တစ်ယောက်မှ မရှိဘူး။

ဒီ နေရာ လေးခုကို သွားရင် ကိုယ့် သေတွင်း ကိုယ်တူးသလို ဖြစ်နေမှာ။

သုခမိန် တောင်တန်း ဒေသ ကကော??? ဖန်ကျန်းရှီ မျက်လုံး တွေ အရောင် တောက်လာတယ်။

သုခမိန်ေ တာင် တန်း မြို့တော်က တောင်ပိုင်း ဒေသရဲ့ မြို့တော် ကြီးပဲ။ အဲ့ဒီ့ကို သွားရင်။ နေရာဒေ သနဲ့ လိုက် ဖက် အောင် နေရမယ်။ အကြံ ကောင်းပဲ။

ဒါပေမယ့် တောင်ပိုင်း ဒေသအကြောင်း သူမသိဘူး။ သုခမိန်တောင်တန်း ဒေသကို သွားဖို့ ကတော့ ရည်မှန်းချက် ကြီးလွန်းရာ ကျတယ်။ ပထမဆုံး ဒေသကို နားလည်ရမယ်။

အစွန် အဖျားနေရာ တွေကို စ ကြည့် ရမယ်။

ဒါပေါ့။

ဖန်ကျန်းရှီ ဆုံးဖြတ်လိုက်ပြီ…. .အကယ်၍ တိုက်ခိုက်ရေး စာမေးပွဲကို သူ ဝင်ဖြေလို့ မရ ရင်။

မေ့ထားလိုက်ရုံပေါ့။

ရပ်ဝေး မြေခြား အပန်းဖြေ ခရီး ထွက်လာတယ်ပဲ သဘော ထားလိုက်မယ်။ ဖန်ကျန်းရှီ့ စိတ်ထဲက ဖိစီးမှု တွေ ဝန်ထုပ် ဝန်ပိုးတွေ ပျောက်ကွယ်သွားပြီ။

အပန်းဖြေခရီး ထွက်လာမှေ တာ့ ပြင်ဆင်ရမယ်လေ။ မြို့ကနေ ချက်ခြင်း ထွက်လို့ မဖြစ်ဘူး။ နီးရာ ဆိုင်တစ်ခုမှာ အဝတ် အစား ဝင် သယ်တယ်။

“ ဒေသခံ ဝတ်စုံရှိလား။” ဆိုင်ထဲ ဝင်ရင်း မေးတယ်။

“ ဒေသခံ ဝတ်စုံလား။ ဧည့်သည် နေရာမှန်ကို ရောက်လာတာပဲ။ ကျွန်တော်တို့ ဆီမှာ ဒေသခံ ဝတ်စုံကော။ တိုင်းတစ်ပါး ဝတ်စုံ တွေကော အကုန်ရှိတယ်။ ” ဆိုင်ရှင် အားတက်သရော ပြန်ဖြေတယ်။

“ နှဏ်စုံ ယူလာပေးပါ။” ဖန်ကျန်းရှီ ပြောတယ်။

“ကောင်းပါပြီ ။ ခနစောင့်ပေးပါ။” ဆိုင်ရှင် အထဲကို ပြေးဝင်သွားတယ် ။ အဝတ်ပုံကြီး တစ်ခု ယူလာပေးတယ်။

“ ဒါ ဘာတွေလဲ။” သူ နေရာ မှန်ကို ရောက်လာပြီ မှတ်တာ။ အခု မြင်နေရာကို သူ နားမလည်ဘူး။

“ အဝတ် အစားတွေလေ။”

“ ယောက်ျာ်းဝတ်လား မိန်းမဝတ်လား။”

“ ဟင် ဧည့်သည်က မခွဲ တတ်ဘူးလား။ ဒါတွေ အကုန် အမျိုးသမီး ဝတ်တွေလေ။ ဒါပေမယ့် ဧည့်သည်က ယောကျာ်း ဝတ် လိုချင်တာလား…. အဟမ်း ။ ကျွန်တော့်မှာ နည်းနည်း တော့် ရှိတယ်။

“ နုံချာလိုက်တာ။” ဖန်ကျန်းရှီ ဒေါသတကြီး နဲ့ အော်တယ်။

ဒါ ဘယ်လိုလူလဲ။ သူက ဒီလောက်တောင်မှ ချောမော ခံ့ညားတာ။ ဘာကိစ္စ မိန်းမ ဝတ်တွေ ထုတ်ပေးလဲ။

“ သခင်လေး …။ စိတ်မဆုးိပါနဲ့။ ဒီ နုံချာတဲ့ အဝတ်အစားတွေကို မကြိုက်ဘူး ဆိုတော့။ ကျွန်တော့်ဆီမှာ အကောင်း စား ဝတ်စုံ တွေ ရှိပါတယ်။ လုံးဝကို နိုင်ငံခြား ဖြစ်တွေ။ အရည်အသွေးက သာမာန်ထက် ထူးထူးခြားခြား ကောင်းတယ်။ နောက်ပြီးတော့။”

“ တောင်ပိုင်းဒေသ လူတွေ ဝတ်တာမျိုး ငါ လိုချင်တယ်။”

“ အာ။ ဒါကတော့ ခက်လိမ့်မယ်။ တောင်ပိုင်းဒေသ လူတွေက အဝတ်အစား မှ မဝတ်ပဲ။

“ အဝတ်အစား မဝတ်ဘူး။” ဖန်ကျန်းရှီ လန့်သွားတယ်။ သူတို့ ဘာလို့ အဝတ်အစား မဝတ်တာလဲ။ ကိုယ်လုံးတီး နဲ့ လျှောက်သွားနေတာလား။

“သူတို့က သားရေ ပြားတွေ။ သစ်ရွက်တွေကိုသီြ့ပီး ဝတ်တာ ။ ဒီလောက်ပဲ ရှိတာ။ သခင်လေး လိုချင်ရင်။ ကျွန်တော့်မှာ သားရေ ပြား နည်းနည်း ရှိတယ်။ ”

“နှစ်ခုပေး။”

“ အကောင်းဆုံး နှစ်ခု ပေးပါ့မယ်။”

ဖန်ကျန်းရှီ ရဲ့ နှလုံးကာ မှန် ထဲမှာ သားရေ ဝတ်စုံ နှစ်ခု တိုးလာတယ်။ တစ်ခုက ကျားသစ်ကွက်။ နောက်တစ်ခုက ကျားလို အစင်းကြားကွက်။

ကြည့်ပျော်ရှုပျော်တော့ရှိတယ်။ ဖန်ကျန်းရှီ သဘောကျနေတယ်။

အဲ့ဒီ့နောက် ဖန်ကျန်းရှီ ပြန်လှည့်တယ်။

အစားအသောက်နဲ့ တခြား လိုအပ်တာတွေကို ပြင်ဆင်တယ်။

တောင်ပိုင်း ဒေသကို အမဲလိုက်သွားတဲ့ လူတွေ မနည်းဘူး။ ဒါကြောင့် ပစ္စည်း ပစ္စယ တွေ ဝယ်ရတာ လွယ်တယ်။ သူ လိုအပ်တာ အကုန်ရပြီ။

ဖန်ကျန်းရှီ အချိန် မဖြုန်းတော့ဘူး။

သားရေ ပြားကို မျက်နှာဖုံး လုပ်တယ်။ ဂိတ်တံခါးကနေ ခိုးထွက်တယ်။ ဘာလို့ ခိုးထွက်ရလဲ..။

အကြောင်း၇င်းက ရှင်းပါတယ်။ သူ့မှာ နယ်ခြား ဖြတ်ခွင့် မရှိဘူလေ။ သူ့ ရဲ့ အာဏာကို မပြပဲနဲ့ လွယ်လွယ် ထွက်လို့ မရဘူး။

ဒါကြောင့် ခပ်ကြမ်းကြမ်း လမ်းကိုပဲ ရွေးလိုက်တယ်။ ထွက်လာပြီးတော့ ။ အတော်ကြာကြာ လိုက်ဖမ်း ခံ ရသေးတယ်။

နောက်ဆုံးတော့ သစ်တောထဲ ရောက်လာတယ်။ နေရာ တစ်ခု ရှာပြီး အဝတ်အစားလဲတယ်။ အပြာရောင် အကျီ လက်ရှည်ကို နှလုံးကာ မှန်ထဲ ထည့်တယ်။

ကျားသစ်ကွက် ဝတ်ရုံကို ဝတ်တယ်။

ကန်လင်းတောင်မှာ တွေ့ခဲ့တဲ့ ရှန်ကျာ့ ပုံစံကို ပြန်တွေးတယ်။

အဲ့ဒီ့နောက် သစ်ရွက်တွေကို ပေါင်းပြီး ဦးထုပ် လုပ်တယ်။

ဆံပင်တွေကို ဖွ ပြစ်တယ်။

သူ့လက်ရာသူ ကျေနပ်နေပြီ။

အင်း…. တိုင်းတစ်ပါးသား ပုံစံ ပေါက်သွားပြီ။

ဒီနေရာမှာ အမျိုးသမီး တွေ ဘယ်လို ဝတ်မလဲ။ သူတကယ်သိချင်တယ်။ မျက်စိရှေ့က အဆုံးမရှိတဲ့ သစ်တော်စိမ်းကို သူ ငေးကြည့်နေတယ်။

စိတ်ဝင်စားစရာ တစ်ခုကို တွေ့ရသလို သူ ပီတိ ဖြာနေတယ်။

အပိုင်း (၃၂၉)ပြီး၏ ။

အပိုင်း (၃၃၀)

“ မင်းက အရှင်သခင်ပဲ။”

…

ဆယ်ရက် ကြာပြီးနောက် …..

“ ရွှီးးး” မြှားတစ်စင်း လေဟုန်ခွင်းလာတယ်။ ကျောက်စိမ်း မြှားရဲ့ အရှိန်က ကြယ်ကြွေတာထက် မြန်တယ်။ လေကို အရှိန်နဲ့ ဖြတ်ရင်း မြေကြီးကို ကျတယ်။

“ ဝူးး…..” ကြေးခွံမာ ဝက်ရဲ့ နာနာ ကျင်ကျင် အော်သံ ထွက်လာတယ် ။ ဒဏ်ရာ ကနေ သွေးတွေ တလဟော ထွက်လာတယ်။

ဒီ အချိန်မှာပဲ ခပ်ဝေးေး၀ ကနေ လူ တစ်ယောက် ပေါ်လာတယ်။

ကျားသစ်ကွက် ဝတ်စုံ နဲ့ လူတစ်ယောက်။ ကျောက်စိမ်း လေးကို ကိုင်ထားတယ်။ ဝက် အနားကို သွားတယ်။ လေချွန်ရင်း လှည့်ပတ် နေတယ်။

သံ တောင်ကုန်းကို ဖန်ကျန်းရှီ သွားမလို့။ သုခမိန်တောင်တန်း နဲ့ အနီးဆုံး ဒေသကို သွားမလို့။

လွန်ခဲ့တဲ့ ဆယ် ရက်တုန်းက ဒေသ လေးခုကို ရှောင်ကွင်း ဖြတ်သတန်းတယ်။ ကန်လင်း တောင် မှာ နှစ်တွေ အများကြီ း နေလာတာ အကျိုးရှိတယ်။ တောင်တန်း ဒေသ တွေကို သူ ကျွမ်းကျင်နေပြီ။

အခုတော့ နယ်မြေ လေးခု ကနေ လွတ်လာပြီ။

နည်းနည်းတော့ ဝန်ပေါ့သွားတယ်။ အမဲလိုက် ပြီး တော့ အစားအသောက် ကောင်းကောင်း စားဖို့ ပြင်တယ်။ ပြီးတော့ ဝက်ကို အမဲလိုက်တော့တာပဲ။

“ ငါ့ကို ခွင့်လွှတ်ပါ။ စားချင်လွန်းလို့ အမဲလိုက်ရတာပါ။” မြှားစိုက်နေတဲ့ ဝက်ကို ဦးညွှတ်ရင်း ပြောတယ်။ အဲ့ဒီ့နောက် ကျေကျေနပ်နပ် ကြီး ပြုံးတယ်။

အတော် ကောင်းတဲ့ ထိချက်ပဲ။

နေခွင်းလေးကို သူ ပြန်သိမ်းတယ်။ ဓားလေးကို ထုတ်တယ်။ အသားတုံး တွေ လှီးထုတ်တယ်။ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောတယ်။ “ ဝက် အမြီး ။ ဝက် လျှာ ။ ဝက်နားရွက်။ အရသာ ရှိလိုက်တာ။ အရသာ ရှိလိုက်တာ။”

ဒါပေမယ့် ….

တစ်ခု နဲ့ အသား ဆိုတာ။ နောက်တစ်ခု အတွက်တော့ အဆိပ်ပဲ။

ပြောနိုင်တာက။ ထူးခြားတဲ့ ဘ၀ အလှည့် အပြောင်းကို ဘယ်သူမှ မခန့်မှန်း နိုင်ဘူးု။

ဖန်ကျန်းရှီ လေချွန်ရင်း ဝက်သား ကိုင်နေတယ်။ သူ့ ဘေးပတ်လည်က ချုံပုတ်တွေ လှုပ်ရမ်းနေတယ်။

အခုတော့ သူ သတိထားမိပြီ။

ဒီနေရာမှာ သားရဲ ကောင် နဲ့ တွေ့တာ မဆန်းဘူး။ ဒါပေမယ့် သားရဲ ကောင် မှန်ရင်။ ဘေးပတ်လည်က သတ္တဝါ တွေလည်း လှုပ်ရှားနေမှာ။

သတ္တဝါ ငယ်တွေ ရှိတဲ့ ဘက်ကို သူလှမ်းကြည့်တယ်။

ဒီ အချိန်မှာပဲ အနက်ရောင် အလင်းတန်းတွေ ကောင်းကင်က ကျလာတယ်။

“ လှံတွေလား။” ဖန်ကျန်းရှီ ချက်ခြင်း သိလိုက်တယ်။

စစ်တပ်သုံ းလက်နက် နဲ့တော့ မတူဘူး။ ဒါတွေက အမဲလိုက်တဲ့ လှံတွေ။

ဒီနေရာမှာ အမဲလိုက်ကွင်း ရှိနေတာလား။

မြေပုံထဲမှာကျ မပါဘူး။

ဖန်ကျန်းရှီ လှံ မိုးကို အေးဆေး ခုန်ရှောင်နေတယ်။ တစ်ခုပြီး တစ်ခု ဆက်တိုက်လာနေတာ ။ ဖန်ကျန်းရှီကို သတ်ဖို့တော့ မဟုတ်ဘူး။ ထောင်ချောက် ဆင်နေရုံ သက်သက်ပဲ။

လှံ စက်ဝိုင်းကြီး ဖြစ်လာတယ် ။ သိပ်တော့ မကြီးဘူး။ ဒါပေမယ့် ဖန်ကျန်းရှီက အလယ်မှာ ပိတ်မိ နေပြီ။

“ မိပြီ။” ခြုံတွေ နောက်က အသံ ထွက်လာတယ်။

သူ့ ဘေးနားမှာ လူ ရာချီ ပေါ်လာတယ်။ အစိမ်းရောင် လျှော်ချည် ဝတ်ရုံ တွေနဲ့ လှံနက်ကိုင် လူတွေ။

ဖန်ကျန်းရှီ ဒီ ဝတ်စုံကို မြင်ဖူးတယ်။ အဆုံးမဲ့ လောကထဲမှာ ရှန်ကျာ့ ဝတ်ထားတာ ဒါ မျိုးပဲ။

ဒါပေမယ့် ဒီ ကလူ တွေ ဝတ်တဲ့ပုံစံ။ ပိုရှင်းတယ်။ အရောင်ဖျော့တယ်။ ရင်ဘတ် နဲ့ အရှက် နေရာ တွေကိုပဲ ဖုံးထားတာ။ ကျန်တဲ့ နေရာက ဗလာ။ အကုန်လုံးက နေလောင်တဲ့ ကြေးနီရောင် အသားအရည် တွေ ရှိနေတယ်။

တောတွင်းသားတွေ။

ဖန်ကျန်းရှှီ နားလည်သွားတယ်။ တောင်ပိုင်းဒေသ စစ်တပ်က လူတွေမှန်း သူ သဘောပေါက်တယ်။

သာမာန် အမဲလိုက် မျိးနွယ်ဆိုရင်။ သူတို့ ဝတ်စုံ တွေ နဲ့ လက် နက်တွေက ပိုရှုပ်ထွေးမယ်။

ဒါပေမယ့် အခုတော့ သူတို့ ရဲ့ လက်နက် တွေ အကုန်လုံးက အတူတူပဲ။

တောင်ပိုင်း ဒေသ စစ်တပ်ကပဲ ဖြစ်မှာ။ အကယ် သူ သာ ထွက်ပြေးလိုက်ရင်။ သူ့ အစီအစဉ်ကတော့ အလကား ဖြစ်သွားမှာ။

“မင်းက ဘယ် နယ်မြေ ကလဲ။” သက်လတ်ပိုင်း လူ တစ်ဦး မေးတယ်။

“ ဘယ်နယ်မြေ။” ဖန်ကျန်းရှီ မျက်လုံးတွေ အရောင် တောက်သွားတယ်။ ကြုံရာ နာမည် တစ်ခုကို သူ သုံး မလို့ ပဲ။ ဒါပေမယ့် အလုပ်မဖြစ်မှန်း တွေးမိပြန်တယ်။

အကယ်၍ သူသာ တောတွင်းသား တွေကို မမြင်ဖူးရင်။

ဒီ အကြံကို သုံး ကောင်း သုံးမိမယ်။ ဒါပေမယ့် သူတို့ ရုပ်တွေကို မြင်ပြီးတော့ ဒီ အကြံကို မလုပ်ဖြစ် တော့ဘူး။

ဘာကြောင့်လဲ ဆိုတော့။ သူက ဖြူလွန်းနေတယ်။

ဘယ် ဒေသ ကလဲ မေးတာ။ သိသိသာသာ လှည့်စားနေတာပဲ။

တောင်ပိုင်းဒေသက လူတွေသည် အချဉ်မဟုတ်။

ဒါပေမယ့် နယ်မြေလေးခုက နေ လွတ်လွတ်ချင်း။ တောင်ပိုင်းဒေသ စစ်တပ် နဲ့ တွေ့မယ်လို့ မထင်မိဘူး။ ဒီ အတွက် သူ မပြင်ဆင် ထားရ သေးဘူးလေ။

အခုချိန် ဘာမှ သိပ် တွေးမရဘူး။

ပထမ အတွေးက အားနည်းတဲ့ အရူးယောင် ဆောင်မယ်။ ဘာမေးမေး မဖြေဘူး။ အရူးလို ကပြမယ်။ ပြီးတော့ ထွက်ပြေးမယ်။

ဒုတိယ အတွေးက သန်မာတဲ့ ပုံစံ ပြမယ်။

ဆိုရိုးစကား တစ်ခု ၇ှိတယ်။ င့ါရန်သူက အားနည်းရင်။ ငါက အင်အားကြီး မယ်။ အကယ်၍ ငါ့ရန်သူက အင်အားကြီးရင်။ ငါက အားနည်းပြမယ်။

သက်လတ်ပိုင်း လူကြီး သူ့ ပတ်ဝန်းကျင်ကို ဝေ့၀ဲ ကြည့်တယ်။ အခုက သူ့ နယ်မြေထဲမှာပဲ။ ဖန်ကျန်းရှီ နားကို လျှောက်လာတယ်။

“ မင်းက ဘယ် နယ်မြေကလူလဲ။ ငါမေးနေတယ်။”

ဖန်ကျန်းရှီ မြေကြီးထဲ နစ်နေတဲ့ လှံ တစ်ချောင်းကို ဆွဲထုတ်တယ် ။ သူ့ရှေ့က လူကို ကောက် ရိုက်တယ်။

“မင်း….” သက်လတ်ပိုင် း လူ ချက်ခြင်း မျက်လုံး ပြူးသွားတယ်။ သူ့ လှံကို ကျစ်ကျစ်ပါအောင် ကိုင်ရင်း နောက်ဆုတ်တယ်။

စစ်သည်တော်တွေ ဖန်ကျန်းရှီကို လှံ နဲ့ ချိန်ထားတယ်။ အမိန့်ကို စောင့်နေတယ်။

“ဘယ် နယ်မြေ ကလဲ ဟုတ်လား။ ငါ့ရဲ့ သားရေ ဝတ်စုံကို မမြင်ဘူးလား။ ဘယ်နေရာမှာ ရွာသား နဲ့ တူ နေ လို့လဲ ။ ငါက သံတမန်။ မင်း ကန်း နေတာလား။” ဖန်ကျန်းရှီ ခပ်ရိုင်းရိုင်း ပြန်အော်တယ်။

သူ့ အစွမ်းကို ထုတ်ပြတယ်။ ပေါက်ကွဲ အော်ဟစ်ပြတယ်။

“ သံ တမန်။ မင်းက….” သက်လတ်ပိုင်းလူ ထပ် လန့်သွားတယ်။

ဖန်ကျန်းရှီ ကို ချက်ခြင်း သူ မတိုက်ခိုက်ဘူး။ အဖိုးတန် သားရေကို ဝတ်ထားတာ သူ မြင်တယ်လေ။ ဒီလို သားရေထည် မျိုးကို လူ နှစ်မျိုးပဲ ဝတ်နိုင်တာ။

ကြီးမြတ်သော ရှ မင်းဆက်က မောက်မာ တဲ့ (သူလျှို) ….

ဒါမှ မဟုတ်ရင်။ တကယ့်ကို အရေးကြီးတဲ့ သံတမန။်

ဒါပေမယ့် အခုတော့ ဖန်ကျန်းရှီကို မတိုက်ခိုက်တဲ့ တခြား အကြောင်းရင်း ရှိပြီ။

ဒီကောင်စုတ်လေးက အင်အားကြီးလွန်းတယ်။

“ ငါ မင်းလည်ပင်းကို ထိုးလိုက်ရင်။ ဘာ တွေ ဖြစ်လာမယ် ထင်လဲ။ တော်လောက်ပြီ။ မင်း လူတွေကို ပြန်သိမ်းတော့ ။ အခု ငါ့ကို မေးခွန်းထုတ်နေတာ ဘယ်သူလဲ။ ” ဖန်ကျန်းရှီ ပြန်အော်တယ်။ သူက ဘာကောင်မှန်း ပြဖို့ လိုတယ်လေ။

“ အချက်ပြလိုက်။” သက်လတ်ပိုင်း လူ ချက်ခြင်း အမူအယာ ပြောင်းသွားတယ်။ သူ့ နောက် က စစ်သည်တွေကို လက်ဝေ့ယမ်း ပြတယ်။ ဖန်ကျန်းရှီကို သူတို့ ဝိုင်းလိုက်ပြီ။

စစ်သည်တစ်ယောက် ကောင်းကင်ကို မြှား တစ်ချောင်း ပြစ်တယ်။ ဖန်ကျန်းရှီမြင်လိုက်တယ်။

“ ဘွန်းးး။” အသံကျယ်ကြီး ထွက်လာတယ်။

ဖ်န်ကျန်းရှီလည်း လန့်သွားတယ်။ ဘာတွေ ဖြစ်ကုန်တာလဲ့။ သူ့ အစီအစဉ် မအောင်မြင် ဘူးလား။

မဖြစ် နိုင်လိုက်တာ။

သူ့ ရှေ့က လူ ကိုတောင် အကြောင်းရင်း မရှိုပဲ သတ်တော့ မလို့လေ။ သူတို့ ထဲက လူ မဟုတ်မှန်းလည်း ပြောပြီးပြီ။ “ပုန်ကန်မှု” လို့ သတ်မှတ်စရာ အကြောင်းလည်း မရှိဘူး။

“ငါ့ကို စော်ကား မော်ကား လုပ်နေတာလား။” ဖန်ကျန်းရှီမှာ ရွေးစရာ မရှိတော့ဘူး။ အခု သူ ရင်ဆိုင် နေရတာ လူ ဘယ် လောက် များမှန်း သူ မသိ။

“ မင်းက တကယ့် သံ တမန် ဆိုရင်။ မင်း လာရင်း ကိစ္စ ကို ပြော။ မဟုတ်ရင်။ ဒီ နေရာက ထွက်သွားတော့။” သက်လတ်ပိုင်း လူ မှာ တိုက် ခိုက် ချင် တဲ့ ပုံစံ မရှိဘူး။

“ ဒီလို လုပ်လို့ အပြစ်ပေးခ ံ ရ မှာကို မင်း မကြောက် ဘူးလား။” ဖန်ကျန်းရှီ အေးစက်စက် ပြန်ပြောတယ်။

“ ငါ့အလုပ် ငါလုပ်တာ။ ဘာမှ မကြောက်ဘူး။ ” လူကြီး ချက်ခြင်း ဖြေတယ်။

“ ဘာမှ မကြောက်ဘူး။” ဖန်ကျန်းရှီ စိုက်ကြည့်တယ်။

တောင်ပိုင်းသားတွေနဲ့ သူတွေ့ဖူးတာ နှစ်ခါပဲ ရှိသေးတယ်။

ဒီ လူကြီး ရဲ့ မျက်လုံးက ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို သူ မြင်နေရတယ်။

ဒီလို ကြမ်းတမ်းတဲ့ ပတ် ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ သူတွေက ပို သန်မာတယ်။ ဒီ အကြောင်းကို ဖန်ကျန်းရှီ လက်တွေ့ မြင်နေရပြီ။

တောင်ပိုင်း ဒေသ လူတွေ….. ကြီးမြတ်သော ရှ မင်းဆက်က လူတွေနဲ့ တကယ် ကွာတာပဲ။

“ပြောစမ်း။” စစ်သည်ရာချီ တစ်ပြိုင်နက်တည်း အော်ကြတယ်။ သူတို့ ရဲ့ အသံက သစ်တောထဲကို ပဲ့တင်ထပ်သွားတယ်။

ဖန်ကျန်းရှီက ပြောမှာလား။ တောင်ပိုင်းဒေသ အကြောင်း သူမှ မသိတာ။ များများ ပြောလေလေ။ ဟာကွက်တွေ့လေပဲ။ ကြုံရာဇာတ်လမ်း ထွင်ပြောလို့ မဖြစ် ဘူး။ သူ့ မှာ ရွေးစရာ နှစ်ခု ထပ်ရှိပြန်တယ်။

သတ်မလား။ ဒါမှ မဟုတ် ပြေးမလား။ သတ်တာ မကောင်းဘူး။ အကြောင်းရင်း မရှိပဲ သတ်တာ မဖြစ်သင့်ဘူး။ နောက်ပြီးတော့ ဒီလူတွေ ဘယ်လောက်စွမ်းလည်း သူမသိ။

စစ်သည်အားလုံးကို သတ်ဖို့လား။ သူက ရူးနေတဲ့ အစုလိုက် အပြုံလိုက် လူသတ်သမားမှ မဟုတ်တာ။ နောက်ပြီးတော့ သူတို့ကို သတ်ပြီး ရင်တောင် ပြေးရအုန်းမှာပဲ။ ဒီ လူတွေ ထက်တော့ သန်မာ ပြ ချင်တယ်။ ဒါပေမယ့် သူတို့ အကုန် ပေါင်းလိုက်ရင်။ ဖန်ကျန်းရှီ နိုင်ဖို့ မလွယ်ဘူး။

သူက အစွမ်းမမြင့်လို့ ဒီလို တွေးနေတာ မဟုတ်ဘူး။ ဒါပေမယ့် သူ့ ပြိုင်ဘက်က ဆုံးဖြတ်ချက် ခိုင်မာလွန်းတယ်။ သေမှာ တောင် မကြောက်ဘူး။ ဒီလို လူမျိုးကို အပြစ် မပြုသင့်။

သူ ပြန်လှည့်တယ်။ နောက်ပြီးတော့ ပြေးတယ်။ “ ပြေးချင်တာလား။ အင်အား ကြီးတဲ့ သားရဲ ကောင်တွေတောင် ငါတို့လက်က မလွတ်နိုင်ဘူး။” လူကြီး အေးစက်စက်ရယ်မောတယ်။

ကောင်းကင်မှာတော့ လှံ အရိပ်တွေ ပြည့်သွားတယ်။ လှံတံ တွေ ဖန်ကျန်းရှီ့ လမ်းကို ပိတ်လိုက်တယ်။

ဘေးဘီကနေ စစ်သည်တွေ ပေါ်လာတယ်။ သူ့ကို ဝိုင်းထားတယ်။ ဝမ်းခေါင်းသံ နဲ့ အော်ဟစ်တယ်။

“ အာဝူးးးးး ဝူးးးး ဝးးးး ူးးးး ”

“ ဒုန် ဒုံ ဒုံ ”

“….” ဖန်ကျန်းရှီ စိတ်ဓာတ်ကျလာတယ်။ ရှေ့လမ်း ကလည်း ပိတ်ခံ ထားရတယ်။ တကယ်ပဲ သတ်မှ ဖြစ်တော့မှာလား။ သူတွေးနေတယ်။ ဒီ အချိန်။ အနီးပတ်ဝန်းကျင်က သားရဲ ကောင်တွေ ရဲ့ ပြန်အော်သံကို ကြား ရတယ်။ သူ မျက်လုံးပြူးသွားတယ်။ တစ်ခဏချင်း။ သူ့ ဘေးနားမှာ စစ်သည် ထောင်ချီ ပြည့်သွားတယ်။ စစ်သည်တွေ အကုန် သူ ရှိရာကိုလာနေတယ်။ အကုန်လုံးက နှစ်မီတာ မြင့်တဲ့ သားရဲ ကောင် တစ်ကောင်စီကို စီး နင်းလာတယ်။

ခရမ်းပြာ ရောင် အမွှေးနဲ့ ဝံပုလွေ တူ သတ္တဝါတွေ ။ နဖူးပေါ်မှာ ဂျိုတစ်ချောင်းရှိတယ်။ ပုံမှန် ဝံပုလွေထက် ၂ ဆ ၃ ဆ ပိုကြီးတယ်။ ငွေဦးဂျို ဝံပုလွေလား။

မီးတောက် မြေခွေးပြာထက် ပို ကြမ်းတဲ့ သတ္တဝါ တွေပဲ။ တစ်ကောင်ချင်းစီက ကောင်းကင်ရောင်ပြန် အဆင့် ကျင့်ကြံသူ နဲ့ ညီတယ်။ “သေစမ်း။ တောင်ပိုင်းဒေသ တစ်ခုလုံးက စစ်တပ်ကြီး ရောက်ချ လာတာပဲ။”

တောင်ပိုင်း ဒေသမှာ ငွေဂျို ဝံပုလွေ ဘယ်နှစ်တပ်တောင် ၇ှိမှန်းသူမသိဘူး။ အခုတော့ သူ့ ရှေ့မှာတင် အကောင်တစ် ထောင်ကျော် ရှိနေပြီ။ ဒါက တောင်ပိုင်းဒေသ ရဲ့ အဓိက စစ်အင်အား မလား။

“ နေစမ်းပါအုန်း။ ငါက မင်းရဲ့ အပြုအမူကို စမ်းသပ်နေတာ။ မင်း မှန်တယ်။ ငါက သံ တမန်ပဲ။” ဖန်ကျန်းရှီ ချက်ခြင်း ပြောတယ်။ ဒါတွေကို သူ အနိုင်မတိုက် နိုင်ဘူး။ ငွေဂျို ဝံပုလွေ ၁ ထောင် နဲ့ စစ်သည်တော် ၁ထောင်ကျော်။ သူ တို့ တက်နင်းတာနဲ့ တင် ပြားလောက်တယ်။ ပြေးလို့လည်း မရပြန်ဘူး။ အသက်ရှင်ဖို့သာ ကြိုးစားရတော့မယ်။

“ဒါဆို မင်း ဒီမှာ ရှိနေတရတဲ့ အကြောင်းရင်းကို ပြောပါ။” လူကြီး လက်ယမ်းပြတယ်။ ဖန်ကျန်းရှီကို မေးတယ်။

“ ငါ အခု မင်းကို သတ်ရင်ကော။” ဖန်ကျန်းရှီ မေးတယ်။

“ ငါက တောင်တန်းတွေနဲ့ တသား တည်းြ ဖစ်သွားမယ်။ ငါ့ အရိုးအသား တွေက အပင်တွေ အတွက် အာဟာရ။ ငါ့သွေးတွေက မြေကြီး အတွက် ရေဓာတ် ဖြစ်လာမယ်။ ငါကိုယ်တိုင်က တောင်ပိုင်းဒေသနဲ့ ထပ်တူညီသွားမယ်။” လူကြီး ဂုဏ်ယူ ဝံ့ကြွားဟန် နဲ့ ဖြေတယ်။

“ စတာပါ။” ဖန်ကျန်းရှီ ပြုံးပြတယ်။ ဒီနေရာမှာ ဘာသာမရှိမှန်း သူသိတယ်။ လူတွေကို စုစည်းပြီး နေထိုင်ရုံ သက်သက်ပဲ။

“ မင်း ဘာလို့ ဒီမှာ ရောက်နေတာလဲ ပြောစမ်း။”

“ ေြုပာနိုင်တယ်။ ဒါပေမယ့် မင်းကိုတော့ မပြောဘူး။”

“ ဒါဆို ဘယ်သူ့ကို ပြောမလဲ။”

“ မင်းတို့ ရဲ့ စစ်သူကြီးကို။”

“စစ်သူကြီး။ ” လူကြီး မျက်မှောင်ကြုတ်တယ်။ ခေါင်းငြိမ့်တယ်။ “ ငါနာ်းလည်ပြီ။ သံတမန်။ လိုက်ခဲ့။”

ဖန်ကျန်းရှီ ပြုံးလိုက်တယ်။ ကိစ္စကတော့ လမ်းကြောင်းပြောင်းသွားပြီ။ သူ့ အစီအစဉ် အလုပ်ဖြစ်တယ်။

ကောင်းပြီလေ။ ဒီလိုဆိုတော့ စစ်သူကြီးနဲ့ တွေ့ရတာပေါ့။ ပြီးမှ ငါ့အကြံကို ဆက်လုပ်မယ်။ တစ်ခုခု ဖြစ်လာရင် စစ်သူကြီးကို ဓားစာခံ လုပ်မယ်။ သာမာန် စစ်သည်ကတော့ ကလန်ကဆန် လုပ်မှာပဲ။ ဒါပေမယ့် စစ်သူကြီၤးကကော။ ဖန်ကျန်းရှီ ပြုံးလိုက်တယ်။ အားလုံး အဆင်ပြေပြီ။ ကောင်းတယ်။

…

စစ်ချင်း ဖန်ကျန်းရှီ သူ့ကိုယ်သူ သေပြီ မှတ်တာ။ အခုတော့ လည်း ။ ဖြစ်လာတဲ့ကိစ္စက မှန်းမရဘူး။ သူ နည်းနည်းအေးဆေး လာတယ်။ ဒါပေမယ့် သစ်တော်ကနေ ထွက်လာတော့ သူ သတိထားတယ်။ သူ့ ရှေ့မှာ မီတာ တစ်ရာ ကျော် မြင့်တဲ့ ကျောက်ဆောင် ကြီး ရှိတယ်။ အောက်ဘက်မှာတော့ စစ်စခန်း။ သစ်လုံးတွေနဲ့ ဆော်ကထားတယ်။ တော်တော် ခိုင်ခံ့ လုံခြုံတယ်။ ရှာတွေ့ဖို့တောင် မလွယ်ဘူး။

တကယ့်ကို စစ်တပ်ကြီးပဲ။ လျှို့ဝှက်တယ်။ ခိုင်ခံတယ်။ ဒါပေမယ့် ဒီ နေရာမှာ ဘာလို့ စခန်း ရှိနေရတာလဲ။ ဖန်ကျန်းရှီ ပြေးချင်တယ်။ ဒါပေမယ့် အခွင့်မသာ။ တောင်ပိုင်းဒေသ ရဲ့ အဓိက စစ်တပ်ကို သူ ရောက်နေပြီ။ လူကြီးက စစ်စခန်းကို ဖြတ်လာတယ်။ နောက်ဆုံးတော့ တောင်ပိုင်းဒေသ စစ်စခန်းကို ဖန်ကျန်းရှီ မြင်ဖူးခဲ့ပြီလေ။

စစ်သည် တစ်ယောက်ချင်းစီက ဝတ်စုံ အတူတူ။ လှံရှည်ကြီးတွေကို ကိုင်ထားတယ်။

ဖန်ကျန်းရှီ ဖြတ်လျှောက်လာတယ်။ လမ်းမှာတွေ့တဲ့ စစ်သည် တိုင်း သူ့ကို စိတ်ဝင်တစား ကြည့်ကြတယ်။ ဒါပေမယ့် တစ်ယောက်မှ မမေးကြ။

အချိန် ဆွဲဖို့ မဖြစ်နိုင်ခဲ့ဘူး။

သက်လတ်ပိုင်း လူကြီး နောက် ဆုံးမှာ ရပ်တန့် ဒူးထောက်တော့တယ်။ ဆုတောင်းစကား ဆို သလို ဒူးထောက်ရင်း ရေရွတ်နေတယ်။

သိပ်မကြာခင် ထရပ်တယ်။ သူ့ ရှေ့က သစ်သားလမ်းကို ညွှန်ပြတယ်။

“သံတမန်ကြီး ကြွပ်ါ။”

“ ကျေးဇူး” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

သူ့ ရှေ့က တဲ တစ်ခုခု ထူးခြားနေတာကို ဖန်ကျန်းရှီ သိတယ်။ အစိမ်းရင့်ရောင် အလွှာနဲ့ ဖုံးထားတယ်။ တိုင်လုံး တွေကလည်း ပန်းပု လက်ရာတွေ ပြည့်နေတယ်။

လူကြီးက ဒီ တိုင်လုံး တွေကို ဒူးထောက် နေတာ။

ဘေး ပတ်လည်မှာ ရှိတဲ့ တဲတွေက ပို ခိုင်မာတယ်။ အရပ်လေးမျက်နှာမှာ အနည်းဆုံး လူ ၂၀ ကနေ ၃၀ ရှိတယ်။ ဒီ တဲကို စောင့် ကြပ်နေသူ ကတော့ အယောက် ၁၀၀ ထက် မနည်းဘူး။

တဲ ရှေ့က အစောင့် နောက်ဆုံးမှာ စကား ပြောတော့ တယ်။ ဖန်ကျန်းရှီနဲ့ လူကြီးကို လှံ နဲ့ ထောက်တယ်။

“ဒါဘယ်သူလဲ။”

“သံတမန်” လူကြီး တလေးတစ်ားနဲ့ ဖြေတယ်။

“ နားလည်ပြီ။ ဝင်လာပါ။” စစ်သည် ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် မူလ ပုံစံ အတိုင်း ရပ်တယ်။

လူကြီး ချက်ခြင်း ထတယ်။ တဲကြီးရဲ့ အစ တစ်ဖက်ကို ဖွင့်တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို ခေါင်းငြိမ့်ပြတယ်။

တဲကပွင့်နေပြီ ။ အခုချိန်မှာ အရေးကြီး ကိစ္စ တစ်ခု လုပ်နေသလိုပဲ။ ဖန်ကျန်းရှီ အကျဉ်းအကျပ်ထဲ ရောက်နေတယ်။

တဲထဲကို သူဝင်တယ်။ တဲက တိတ်ဆိတ်နေတယ်။

ဖန်ကျန်းရှီလည်း တိတ်ဆိတ်နေတယ်။ တဲထဲမှာ လူ တစ်ယောက် မက ရှိနေတယ်။

လူ နှစ်ဆယ်ထက် မနည်း စားပွဲ ဘေးမှာ ရှိနေတယ်။ သူတို့ တွေ နှစ်တန်း ခွဲပြးီ ထိုင်နေတယ်။

အပြင် က စစ်သည်တော် တွေနဲ့ ဝတ်စုံတူတွေ ဝတ်ထားတယ်။ ဒါပေမယ့် သားရေ လွှာတစ်ခုကိုလည်း အပို ဝတ်ထားတယ်။

နောက်ပြီးတော့ သူတို့ရဲ့ လက်မောင်းတွေ။ ခပ်မှိန်မှိန်တောက်ပနေတယ်။ သေ်ချာကြည့်ရင် ရုပ် ပုံတွေကို မြင်နိုင်တယ်။

ဒါပေါ့။ ဖန်ကျန်းရှီ တိတ်ဆိတ်သွားတာ ဒီ လူတွေကြောင့် မဟုတ်ဘူး။

စားပွဲထိပ်ဆုံးမှာ ထိုင်နေတဲ့ လူတစ်ယောက် ကြောင့်ပဲ……။ အမျိုုးသမီး တစ်ယောက်။

ရွှေရောင် သားရေကို ဝတ်ထားတယ်။

အသားအရေက တောက်ပတယ်။ ကျန်းမာတဲ့ ပန်းသွေးရောင် သန်းနေတယ်။ ဆွတ်ဆွတ်ဖြူတဲ့ နှင်းလို သားရေကို သူမရဲ့ ဖုံးကွယ်အပ်တဲ့ နေရာ တွေမှာ ဖုံးကွယ်ထားတယ်။

ဗိုက်ကြွက်သား နဲ့ သေးသွယ်တဲ့ ခြေထောက်ေ တွက အတိုင်းသား။ အတော့်ကို ဆွဲဆောင်မှု ရှိလွန်းတယ်။

ညာဘက် ခြေထောက်မှာ သားရေ ကွင်း ပတ်ထားတယ်။ ဒီ သားရေကွင်းမှာ ဓားမြှောင်နှစ်ချောင်း စိုက်ထားတယ်။

ထူးထူးခြားခြား ဝတ်ထားတာထက်။ သူ့ ခေါင်းပေါ်မှာ သွားတွေနဲ့ လုပ်ထားတဲ့ ခေါင်းစည်း တစ်ခု ရှိနေတယ်။ နောက်ပြီးတော့ အရောင် ငါးမျိုး ငှက်မွှေး တစ်ချောင်း ။

ဒီမှာ ရာ ထူး အမြင့်ဆုံးပဲ။

“ ထူးခြားလိုက်တာ။” သူ့ှရှေ့က အမျိုးသမီး ကို ကြည့်ရင်း တွေးမိတယ်။ တလက်လက် တောက်ပ နေတဲ့ မျက်လုံးတွေက အသက်ပဲ။

ဒီ အမျိုးသမီးက ထူးထူးခြားခြား လှလွန်းတယ်။

ကြံ့ခိုင် ကြမ်းတမ်း တာမျိုး မရှိဘူး။ ဒါပေမယ့် …. သူနဲ့ ယှဉ်ရင် ဖန်ကျန်းရှၤီက အားနည်းသွားတယ်။

နောက်ဆုံးတော့လည်း သူမ ကအရှင် သခင်ပဲလေ။

ဒါက တောင်ပိုင်း ဒေသ ဓလေ့လား။ ။

“ မင်းသမီး။ ကျူးကျော်သူ တစ်ယောက် ဖမ်းမိလာပါတယ်။ သက်လတ်ပိုင်းလူ ချက်ခြင်း ဒူးထောက်တယ်။ မော့တောင် မကြည့်ရဲဘူး။

“ ကောင်းပြီ … မင်း သွားလို့ ရပြီ။” အမျိုးသမီး အသံ ထွက်လာတယ်။

သူမက ရှေ့မှာ ရပ်နေတာ။

ဖန်ကျန်းရှီ အမူအယာ ချက်ခြင်း ပြောင်းသွားတယ်။

မင်းသမီးလား။

ဒီအခေါ် အဝေါ်ကို သူ ကောင်းကောင်း သိတယ်။ ကြီးမြတ်သော ရှ မင်းဆက်မှာ ။ မင်းသမီး တွေ နဲ့….. ဟော့ပေါ့ စား အရက် သောက်တောင် လုပ်ခဲ့သေး…. ။

ဒါပေမယ့် အခုတော့ …. ဒီ အခေါ် အဝေါ်ကို ကြား ရတာ ….. ။ မလွယ်ဘူး။

သူ တော့ ကိစ္စ ပဖက်ပြီ။

ဘယ်လို သံတမန်က နယ်ခြားစောင့် မင်းသမီး စစ်သူကြိကို စကား စရဲမှာလဲ။

ဒီနေရာက ကြည်နူးစရာ ရှုခင်းတွေ အားလုံးက သူ့ကို ထောင်ချောက် ဆင်ဖို့ သက်သက် တဲ့လား။ အခုတော့ သူက ထောက်ချောက်ထဲ မိတဲ့ သူ ဖြစ်နေပြီ။

အပိုင်း (၃၃၀) ပြီး၏။

All Chapters