← Chapters

အပိုင်း (၃၃၁-၃၄၀)

Vol. 4 Ch. 331-340

အပိုင်း (၃၃၁-၃၄၀)

Vol. 4 Ch. 331-340

အပိုင်း ( ၃၃၁)

“မင်း ဘာပြောပြော။”

ဖန်ကျန်းရှီ နောင်တရနေပြီ။ ဝူယွဲ့အာ ပြောတာကို နားထောင် လိုက်သင့်တာ။ ဒီကို မလာ သင့်ဘူး။

နောက်ပြီး အခုတော့ ….. အမဲလိုက် ခံ ရပြီလေ။

အခုတော့ သူ့ကို ကင်ကြမှာလား။ ပေါင်း ကြမှာလား။

အမျိုးသမီးရဲ့ အမိန့် အတိုင်း သတ်လတ်ပိုင်း ခူတစ်ယောက် လိုက်နာတယ်။ တဲထဲကနေ ထွက်လာတယ်။ သူ့ခေါင်းကိုတော့ တစ်ချိန် လုံး ငုံ့ထားခဲ့တယ်။

ဖန်ကျန်းရှီ ငြိမ်ငြိမ် နေသင့်မှန်း သူ့ကိုယ်သူ သိတယ်။

ဆိုရိုးစကား တစ်ခု ရှိတယ်။ ရန်သူ မလှုပ်၇ှား မခြင်း ငါလည်း မလှုပ်ရှားဘူး။ ငါ့ရန်သူသာ လှုပ်ရှား၇င်…. သူ မမျှော်လင့်ထားတာ တစ်ခုခုကို လုပ်မယ်။ အခြေံခံ ကျကျ ပြောရမယ် ဆိုရင်။ စကားနဲ့ ထိုးစစ်ဆင်တာပဲ။

“ ငါတို့ စကား နဲ့ ဖြေရှင်းလို့ ရပါတယ်။ တိုက်ခိုက်တာတွေ မလုပ်ခင် စကား နဲက ဖြေရှင်းရအောင်။ ဘာဖြစ်ဖြစ် မေးလို့ ရပါတယ်။ ငါသိသမျှ အကုန်လုံး။ အသေးစိတ် ပြောပြမယ်။ ဘာပဲ ဖြစ်ဖြစ် ပြောလို့ ရတယ်။” ဖန်ကျန်းရှီ မတ်မတ်ရပ်တယ်။ အချိန်ယူ ပြင်ဆင်တယ်။ ဖန်ကျန်းရှီက သူ့ အပိုင်းတော့ သူ ပြောပြီးပြီ။

တိတ်ဆိတ်သွားတယ်။

ဖန်ကျန်းရှီ အကုန် ပြောပြီးတော့ အပ်ကျသံ မကြားရအောင် တိတ်ဆိတ်သွားတယ်။

အဲ့ဒီ့နောက် တဲထဲက လူတိုင်း အော်ရယ်ကြတော့တယ်။

“ အိုး -ျီးပဲ။ ဟဟား ဟား။ …. ငါကြားတာတော့ ကြီးမြတ်သော ရှမင်းဆက်က လူတွေ သန်မာတယ်တဲ့။ ဒီကောင် ကတော့ ဟာသပဲ။” အမျိုးသမီးက ရယ်မောလှောင်ပြောင် တယ်။

“ ဒီကောင်စုတ်က အရှက်မဲ့ချက်။ ငါတိုကတောင် ဘာမှ မပြောရသေးဘူး။ ဒီကောင်က သူ့နိုင်ငံ သူ သစ္စာ ဖောက် နေပြီ။ ”

“ ဒီလို လူ့ အမှိုက်မျိုးက တန်ဖိုး မရှိဘူး။ ဒီကောင့်ကို သတ် သင့်တယ်။”

“အင်း။ ပြောတာမှန်တယ်။ ငါတို့ တောင်ပိုင်း ေ ဒသသား တွေက ရဲ၇င့်တယ်။ တောင်တန်းတွေက ငါတို့ ရဲ့ အဖော်မွန်။ သစ်ပင်တွေက မိတ်ဆွေ တွေပဲ။ ငါတို့ မျိုးနွယ်က မုန်တိုင်း တွေကို ရှောင်ဖို့ လိုတယ်။ ဒီ လူမိုက်ကို အရေးလုပ်ဖို့ က ငါတို့ အချိန်တွေ ပေးရတာနဲ့ မတန်ဘူး။”

စစ်သူကြီးတွေ အကုန် ရှုတ်ချနေတယ်။ ဖန်ကျန်းရှှီ ပြောတာကို ကြားတော့ ခေါင်းခါရင်း သူတို့ ပြောဆိုတယ်။

ဒီလူတွေ ရဲ့ အတွေးကို ဖန်ကျန်းရှီ ဂရုမစိုက်။

သူ အာရုံစိုက်တာ အမျိုးသမီးကိုပဲ။ ဒီနေရာမှာ အာဏာရှိတာ သူ တစ်ယောက်တည်းလေ။ အခုတော့ သူ လုပ်စရာ ရှိတာ အကွက်ချ ပြီးပြီ။

သူမကို ရယ်အောင် လုပ်ရမယ်။

ဒီ အမျိုးသမီးနဲ့ နီးအောင် လုပ်ဖို့က အရေးကြီးတယ်။

ဒါပေါ့ ။ ရယ်နည်း မျိုးစုံရှိတယ်လေ။ စိတ်လှုပ်ရှားလို့ ရယ်တာ။ ဝမ်းပန်းတနည်းနဲ့ နှစ်သိမ့်ရယ်မောတာ။ ပျော်လို့ရယ်တာ။ စိတ်ခံစားချက် ပြင်းထန်လာလို့ ရယ်တာ…. နောက်ပြီးတော့ လှောင်ရယ်တာ။

မင်းသမီး ရယ်တာကို သူ အရှင်းဆုံး တွေးကြည့်တယ်။ မင်းသမီးက သူ့ကို လှောင်ရယ်လိုရင် ကိစ္စမရှိဘူး။

“အရှင်မင်းသမီး။ ဒီလူတွေ ပြောတာကို နားမထောင် ပါနဲ့။ ကျွန်တော်က အများကြီးအသုံးဝင်တယ်။ တာအိုနိယာမ အားလုံးကို ကျွန်တော် သိတယ်။ နောက်ပြီးတော့။ ရှစ်ကွက်အင်း။ ဒြပ်ထု ငါးခု ပညာ။ နက္ခတ်ဗေဒ။ ကဗျာ…. အင်း။ နောက်ပြီးတော့ ကျွန်တော်က စားဖိုမှူးကောင်း ။ ကြီးမြတ်သော ရှမင်းဆက် ရဲ့ ဧကရာဇ်တောင် ကျွန်တော် ချက်တာကို ကြိုက်တယ်။ စားပြီးပြီးချင်း ငွေသား တောင် ချီးမြှင့်လိုက်သေး။” ဖန်ကျန်းရှီ သူ့ အစွမ်းတွေကို ထုတ်ကြွားတော့တယ်။

ပထမဆုံး စကားလမ်းကြောင်း စရမယ်။

နောက်တစ်ဆင့်က အရောင်းအဝယ်ဖြစ်ဖို့ လမ်းစပျိုး ရမယ်။ သူ့ကိုယ်သူ ဘယ်လောက် အသုံးဝင်လဲ သိအောင်ကြေညာ ရမယ်။ ဒီလိုမှ အသက်ရှင်လျက်နေ နိုင်မှာ။

“ ဒီကောင်စုတ်က အရှက်မရှိရုံတင် မက ဘူး။ ကြွားတတ်လိုက်တာလည်း လွန်ပါလေရော။”

“ ကြီးမြတ်သော ရှ မင်းဆက်က လူတွေ လိမ္မာပါးနပ် တယ်လို့ ကြားတာ။ မှန်သားပဲ။”

ဖန်ကျန်းရှီ ပြောသံ ကြားတော့ စစ်သူကြီးတွေ လှောင်ပြောင်ပြန်တယ်။ သူတို့ ရဲ့ စကားပြောသံ တွေ ပိုကျယ်လာတယ်။ ဘယ်လိုလူက ဒီလို။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် လုပ်မှာလဲ။

“ ဟဟား…. စိတ်ဝင်စားစရာပဲ။ နင်က တာအို နိယာမကို မှတ်မိတယ်လို့ ပြောတယ်။ ဒီလိုဆိုတော့ ငါ နင့်ကို စမ်းသပ် ရတာပေါ့။ စမ်းသပ်ချက် အောင်ရင် နင် အသက်ရှင်မယ်။ ဒါပေမယ့် စာလုံး တစ်လုံး မှားတာနဲ့ နင့် လက်တစ်ချောင်း ဖြတ်မယ်။ နောက်တစ်လုံး ထပ်မှားရင် နောက်တစ်ချောင်း ထပ်ဖြတ်မယ်။”

“ စာလုံး ၁၁လုံးမှားရင်ကော။” ဖန်ကျန်းရှီ မဖြေခင် တွေးလိုက်မိတယ်။

“ နင့် ခေါင်းကို ဖြတ်မယ်။”

“ ခြေချောင်းတွေ ကို ကော???”

“ အဓိပ္မာယ် မရှိ လိုက်တာ။ ငါ့ စကားက အမိန့်ပဲ။ နင် စကားလုံး ၁၁ လုံး မှားရင် ခေါင်းဖြတ်ခံ ရမယ် ။ ငါ ပြောပြီးတဲ့ စကား အမိန့်တည်ပြီ။”

“ ကောင်းပြီ။ အရှင်သခင် ဖြစ်နေမှတော့ ။ ပြောသမျှ ဖြစ်တာပေါ့။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ တစ်နေ့တော့ ကိုယ် ဖော်တဲ့ ဆေး ကိုယ်ပြန်စား စေရမယ်။ ဖန်ကျန်းရှီ စိတ်ထဲ ကြုံးဝါးတယ်။

ဖန်ကျန်းရှီ ပြောတဲ့ စကားကို အမျိုးသမီးက သိပ်ဂရု မစိုက်ဘူး။ တစ်ခဏကြာပြီးနောက်။ အေးစက်စက် ရယ်မောတယ်။

“ လဲ့တောင်တန်းက တောင်ဘက်အထိ မိုင်သုံးရာ ရှည်တယ်။ ကျောက်စိမ်း နဲ့ ရွှေထွက်တယ်။ ရေကန်က ရေစီးဆင်းမင ကောင်းမွန်ပြီး။ တောင်တန်းတွေကို ခြင်္သေ့မျိုးနွယ်က စောင့်ရှောက်တယ်။ …. ဒါ ပြီးရင် ဘာလာလဲ။”

စစ်သူကြီးတွေ လန့်သွားတယ်။ သေလူ တစ်ယောက်ကို မြင်သလို သူတို့ ကြည့်တယ်။

ဖန်ကျန်းရှီလည်း နည်းနည်း လန့်သွားတယ်။ ဒီ အမျိုးသမီးက တကယ့်ကို ရက်စက်တာပဲ။ (ပင်လယ် နဲ့ တောင်တန်း ရုပ်ပုံလွှာ) အပိုင်းထဲက အရှုပ်ဆုံး အခန်းကို မေးတယ်။

ပိုဆိုးတာက အရိပ်အမြွက်လေးတောင် မပေးဘူး။ ဖန်ကျန်းရှီ နောက်ဆက် မပြောနိုင် မှာကို သူ စောင့်နေတယ်။

သာမာန် လူတစ်ယောက် အတွက်တော့ စိန်ခေါ်မှု ကြီးပဲ။

ဒါပေမယ့် ဖန်ကျန်းရှီက သာမာန် လူလား။ အရင်လောကမှာလဲ ။ အရည်အချင်းမြင့် သမိုင်းသုတေသီ။ ဒီလောကမှာလဲ တာအို နိယာမကို ၈ နှစ် လုံးလုံး သင်ထားတာ။

သူ့ ရဲ့ မှတ်ဉာဏ်က မယှဉ်သာအောင် ကောင်းတယ်။ တာအို နိယာမကို ကြိုးကြိုးစားစား သင်ယူထားတာ။ နောက်ပြန် ဆိုခိုင်း ရင်တောင် ရတယ်။

“ ရွှမ်းကျွမ်းတောင်တန်းကြီး ရဲ့ တောင်ဘက် ကို သွားတာတောင်……။ ကျေ ာက်စိမ်း နဲ့ ရွှေ သယံဇာတ တွေက ပေါများနေဆဲ ပဲ။ အောက်ခြေ အလွှာမှာလဲ ထုံးကျောက်တွေ အပြည့် ။ ထူးခြားတဲ့ သတ္တဝါတွေလည်း အမြောက်အများ။ ခြေ ခြောက်ချောင်း ခွေး။ အမွှေးဖွားငှက်….”

ဖန်ကျန်းရှီ မရပ်စတန်း ရွတ်ဆိုတယ်။

တစ်ချိန်လေးတောင် သူ မရပ်ဘူး။

“ ပင်လယ် နဲ့ တောင်တန်း ရုပ်ပုံလွှာ” တစ်ခုလုံးကို အသက်တရှိုက် မနားပဲ ရွတ်တယ်။ စာလုံးလေး တစ်လုံး တောင် မမှားဘူး။

တိတ်ဆိတ်သွားတယ်။ အပ်ကျသံ မကြားရအောင် တိတ်ဆိတ်သွားတယ်။

ဒီတစ်ကြိမ်မှာ အမျိုးသမီး အတော့်ကို ထိတ်လန့်သွားတယ်။ သူမဘေးက စစ်သူကြီးတွေလည်း ပါးစပ်ကြီး ဟပြီး တအံ့တသြ ဖြစ်ကုန်တယ်။။ ဒီ ကောင်စုတ်က တကယ်ပဲ ရွတ်ပြနိုင်တယ်။

အပိုင်းတစ်ခုလုံးကိုတောင် မှတ်မိသေးတယ်။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။

ကြီးမြတ်သော ရှ မင်းဆက်က တောင်ပိုင်း ဒေသကို တာအိုနိယာမ မိတ္တူ ပေးထားတယ်။ အထဲက အခန်းတွေ အပိုင်းတွေ များလွန်းတယ်။ ရှုပ်ကလည်း ရှုပ်သေး။

စစချင်းမှာ။ ကြီးမြတ်သော ရှမင်းဆက်က စာသင်ဖို့ ဆရာတွေ လွှပေးတယ်။ ဒါပေမယ့် အချိန် ကြာလာတော့။ တော်ဝင် မိသားစုနဲ့ တခြား နယ်မြေကြီး က လူတွေ တာအို နိယာမကို နားလည်လာတယ်။ အဲ့ဒီ့နောက် ကိုယ်တိုင် လေ့လာတော့တယ်။

“ ဆက် ဆို ပြရ အုန်းမလား။” ဖန်ကျန်းရှီ အပိုင်း တစ်ပိုင်းလုံး ရွတ်ပြပြီးနောက် မေးတယ်။

“ အင်း…. ဆက် ပြော။” အမျိုးသမီး လန့်သွားဟန်ကို ထိန်းထားတယ်။ စစ်သူကြီးထဲက တစ်ယောက် ကို လှည့်ကြည့်တယ်။

စစ်သူကြီး ခေါင်းငြိမ့်တယ်။ မင်းသမီး ဘာလိုချင်မှန်း သူနားလည်တယ်။ ချက်ခြင်း ထွက်ခွာတယ်။

သိပ်မကြာခင် တဲတံခါး ပြန်ပွင့်လာတယ်။ အလှဆင် ထားတဲ့ သစ်သား သေတ္တာ တစ်လုံးကို လူ ခြောက်ဦး သယ်လာတယ်။

ဖွင့်လိုက်ပြီ ။ အထဲမှာ ရွှေချည်နဲ့ ချည်ထားတဲ့ စာအုပ်တွေ ရှိနေတယ်။ ဒါက တာအို နိယာမပဲ။ ကြီးမြတ်သော ရှ မင်းဆက် ကနေ တိုက်ရိုက် ပို့ လိုက်တဲ့ တာအို နိယာမ။ ဒါကြောင့်ပဲ ရွှေချည်ထိုး ပစ္စည်းတွေ သုံးထားတာ။

မင်းသမီး ရှေ့ကို တာအိုနိယာမ ကြီး ဖြည်းဖြည်းချင်း ချတယ်။

အဲ့ဒီ့နောက် စာအုပ် တစ်အုပ်ကို သူ စ လှန်တယ်။ “ တာအိုက အရာ အားလုံးကို ဖန်တီးတယ်။ သေမျိုး သဘာဝက အရာ အားလုံးရဲ့ ကန့်သတ်ချက်ပဲ။ ပုံသဏ္ဍာန် အမျိုးမျိုး သော အရာ ဝတ္ထုတွေ ရှိတယ်။ ပတ်ဝန်းကျင်က သက်ရှိတွေ ကြီးထွားဖို့ သော့ချက်ပဲ။ ဒါ ပြီးရင် ဘာလာလဲ။”

“ ယခုကဲ့သို့ပင်။ သေမျိုးသဘာဝသည် တာအိုကို ကျော်လွန်၍ သက်ရောက်သည်။ တာအိုသည် အရာအာလုံးကို ဖန်တီး ၍ သေခြင်းတရားသည် အရာ အားလုံးကို ကန့်သတ် သည်။ သို့သော်ငြား မည်သည့်အရာမှ ဘဝကို ထိန်းချုပ်နိုင်စွမ်း မရှိပေ။ အရာအားလုံးသည် လည်ပတ်သေင့်သော သဘော တရား အပေါ် အခြေခံ လျက် လည်ပတ် သည်။” တစ်ချက် မတွေဝေပဲ သူ ပြန်ဖြေတယ်။ အမျိုးသမီးကတော့ သိသိသာသာကို မျက်လုံး ပြူး နေပြီ။

စစ်သူကြီးတွေလည်း လန့်နေတယ်။ ဒီလူက လူူတောင် မဟုတ်ဘူး။ တကယ်ပဲ တာအို နိယာမကို မှတ်မိမယ်။

“ ဘယ်လိုလဲ။ တစ်လုံးမှ မမှားဘူးမလား ။ ကျွန်တော့်လက်ကို ဖြတ်လို့ မရ တော့ဘူး။” ဖန်ကျန်းရှီ ပြောတယ်။

“ ဟွန့်၊” အမျိုးသမီး နောက် တစအုပ်ကို ကောက်ကိုင်တယ်။ “ ဒါ ပြီးရင် ဘာလာလဲ။….”

“တောင်တွေ မည်မျှ မြင့်သနည်း။ သမုဒ္ဒရာ မည်မျှ ကျယ် ပြောသနည်း ခန့်မှန်း တွက်ဆ နိုင်၏။ ပတ်ဝန်းကျင်ကို နားလည်ပါက ။ ကောင်းကင် သဘောကိုလည်း နားလည် နိုင်ပေမည်….” ဖန်ကျန်းရှီ ချက်ခြင်း ပြန်ဖြေတယ်။

“ ငါ မယုံဘူး….. ။ နင့် လက်ကို ငါ ဒီနေ့ ရ အောင် ဖြတ်မယ်။” အမျိုးသမီးက ဒေါသတွေ ပေါက်ကွဲ နေပြီ။ စာအုပ်ကို ပြစ်ချတယ်။ နောက်တစ်အုပ် ပြန်ကိုင်တယ်။

“ မလုပ်နိုင် မလုပ်နိုင်။ မဖြတ်နိုင်တာ အသေအချာ။” ဖန်ကျန်းရှီ ပြုံးပြတယ်။ သူ့ဘာသူ တခြားဟာ မရွေးပဲ တာအို နိယာမ ရွေးမေးတာလေ။ ဖန်ကျန်းရှီ အကျွမ်းဆုံး အပိုင်း ဖြစ်နေတာတော့ မတတ်နိုင်ဘူး။

နောက် မြင်ကွင်း ကြောင့် တဲထဲက စစ်သူကြီးတွေ ပိုပြီး စိတ်ရှုပ်လာကြတယ်။

မင်းသမီးလေးက စာအုပ်ကို တဖျတ်ဖျတ် လှန်နေတယ်။ စာအုပ် တစ်အုပ်ကို ကြည့်လိုက်။ ဘေးကို ပြစ်လိုက်။ မေးခွန်းခက်ခက်ကို သူ ရှာနေတယ်။ စိတ်ကြိုက်ရွေးပြီးရင် သူ မေးတယ်။

ဖန်ကျန်းရှီကတော့ အေးအေးဆေးဆေး။ တစ်လုံးလေးတောင် မှားမဖြေဘူး။ စာအုပ်ကြည့်ပြီး ဖြေနေ သလိုပဲ။

“ သူဘယ်လိုများ လုပ်နိုင်တာလဲ။”

“ ကြီးမြတ်သော ရှ မင်းဆက်က ရိုးရိုးသားသား စစ်သည်လေး တစ်ယောက် ဖြစ်နိုင်မလား။”

“ မဖြစ်နိုင်ဘူး။”

စစ်သူကြီးတွေ ဖန်ကျန်းရှီကို ကြည့်နေတယ်။ သူတို့ ရဲ့ ယုံကြည်ချက်တွေ နစ်မြုပ်ကုန်ပြီ။ ဒီ ဟာသ ကောင်က သူတို့ ထင်ထားတာထက် သူတို့ ထင်ထားတာထက် အများကြီး သာနေတယ်။

အနည်းဆုံးတော့…… ဒီကောင်က သူတို့ဆီကို မျက်စိ လည်ပြီး ရောက်လာတဲ့ တာအို နိယာမ နတ်ဘုရားလိုပဲ။

“ ဒေါသ ထွက်လာပြီ….. နင် တို့ အားလုံး စဉ်းစား။ ဒီကောင် မဖြေနိုင်တဲ့ မေးခွန်းတစ်ခု မြန်မြန်ရှာ။ ဒီကောင့် လက်ချောင်း ဆယ်ချောင်းလုံး ငါ လိုချင်တယ်။ ”

ဘယ်စာပိုဒ် ဘယ် အခန်းကို ဘယ်နေရာက ဘယ်လို မေးမေး….. ။ ဖန်ကျန်းရှီက ချက်ခြင်း ပြန်ဖြေတယ်။ စာအုပ်ဖတ်ပြီး မေးနေတဲ့ မင်းသမီး ထက်တောင် သူ ဖြေတာ ပို မြန်သေးတယ်။

သူမ ဒေါသ မထွက်ပဲ ဘယ်လို နေမှာလဲ။

“ မင်းသမီး။.. ဒါက ….”

စစ်သူကြီး အားလုံး ခါးသက်သွားတယ်။ တာအိုနိယာမကို ပြီးအောင် ဖတ်ဖို့တောင် ဒီလောက် ခက်တာ။ ဘယ်လိုများ မေးခွန်း ထုတ်နိုင်မှာလဲ။

ပိုပြီး အရေးကြီးက မင်းသမီးက စာအုပ် ကိုင်ထားတဲ့သူလေ။ စာအုပ်ကိုင်ပြီးမေးတာတောင် မမေးနိုင်ရင်။ သူတို့က ဘယ်လို လုပ်ရမှာလဲ။ ပြောစရာ စကား မရှိတော့ဘူး။ ပြောစရာ စကား ကုန်သွားပြီ။

“အရှင်မင်းသမီး။ သူ့ကို တိုက်ခိုက်ရေး မှာ စိန်ခေါ်ပါလား။” စစ်သူကြီး တစ်ယောက် အကြံ ပေးတယ်။ ဒီကောင်က ဟာသကောင်လေ။

တိုက်ခိုက်တတ်တဲ့ အရည်အချင်းရှိမှာလား။

ဒီကောင်က ပညာရပ်မှာ တော်ကောင်း တော်နိုင်မယ်။ ဒါပေမယ့် တိုက်ခိုက်ရေးမှာကော ဘယ်လောက် စွမ်းနိုင်မှာလဲ။.

စစ်သူကြီး ရဲ့ အကြံကို မင်းသမီးကြားတယ်။ သူ့ ဒေါသတွေ ဖြည်းဖြည်းချင်း

“တောင်ပိုင်းဒေသက ကြီးမြတ်သော ရှ မင်းဆက် နဲ့ မတူဘူး။ အရည် အချင်းကို တိုက်ခိုက်ရေး နဲ့ပဲ ဆုံးဖြတ်တယ်။ နင့် အင်အား အပေါ် ပဲ မူတည်တယ်။ ငါတို့ နိုင်ငံက စစ်ပွဲကြားကနေ သွေးချွေးနဲ့ တည်ဆောက် ထားတာ။ တိုက်ခိုက်ရေးက ငါတို့ ရဲ့ အင်အားပဲ။ ငါတို့ ရဲ့ စစ်သည်တော်တွေကို နင် ယှဉ်ပြိုင်ရဲလား။” အမျိုးသမီးက ဖန်ကျန်းရှီကို လှမ်းပြောတယ်။

“မြင်းစီးတာကော။ မြှားပစ်တာကော သိပ်မတော်ဘူး။ ဓားရေးလည်း မတတ်ဘူး။ ဒါက …. ခက်တယ်။” ဖန်ကျန်းရှီ နာနာကျင်ကျင် ပြောတယ်။

“ကောင်းပြီလေ…. ငါတို့ မြှားပစ် ပြိုင်မယ်။” ဖန်ကျန်းရှီ့ ညည်းညူသံ ကြားတော့ အမျိုးသမီး ရယ်မောတယ်။

“ဒါက ငါ့ အားနည်းချက်ပဲ။” ဖန်ကျန်းရှီ ပြောတယ်။

“ မြှားပစ်ပြိုှု်င်မယ်။ ဘယ်လိုလဲ။”

“ မပြိုင်ဘူး။ ဒါက အနိုင်ကျင့်နေတာပဲ။” ဖန်ကျန်းရှီ ခေါင်းခါတယ်။

“ ကောင်းပြီလေ။ လာကြစမ်း။ ဆွဲထုတ်ပြီး ခေါင်းဖြတ်လိုက်။” အမျိုးသမီး လက်ယမ်းပြတယ်။

ဒါဇင်ချီတဲ့ စစ်သည်တွေ အသင့်ပြင်တယ်။ ဖန်ကျန်းရှီကို ခေါင်းဖြတ်ဖို့။

“နေပါအုန်း။” ဖန်ကျန်းရှီ ထအော်တယ်။

“ ဘာလို့လဲ။ ချက်ခြင်း ပြိုင်ချင်သွားပြီလား။” အမျိုးသမီး ရယ်မောတယ်။ ဒီကောင် က ကြောက်တတ်ရန်ကော။

“ မပြိုင်ချင်ဘူး…..”

“ အစောင့်တွေ။”

“ ကောင်းပြီ ။ ကောင်းပြီ။ ပြိုင်မယ်။ ပြိုင်မယ်။”

“ဟဟာ်းဟား…. ” အမျိုးသမီး ရယ်မောတယ်။

ဒီ ဟာသ ကောင်က သုံးစက္ကန့်တောင် အသက် ရှင်နိုင်ပါ့မလား။

“ ဒါပေမယ့် ကျွန်တော့်မှာ မြင်းလည်း မ၇ှိဘူး။ ဘယ်လို ပြိုင်ရမှာလဲ။”ဒီမှာ လူတွေ ဒီလောက်များတာ ဘယ်လိုများ ဆန့်ကျင် ရမှာလဲ။ အခြေအနေကို မကြည့်ပဲ မလှုပ်ရှားရဘူးလေ။

“အသာနေစမ်း။ ငါ့မှာ မြင်းတွေ အများကြိး ရှိတယ်။” အမျိုးသမီး ခပ်အေးအေး ပြောတယ်။

“ ကျွန်တော်က ဘယ်သူနဲ့ ပြိုင်ရမှာလဲ။ အရှင်မင်းသမီးနဲ့တော့ မဟုတ်ဘူးလား ။ မင်းသမီးက အင်အားကြီးလွန်းတယ်။ မြင်းစီးတာတွေ ။ မြှားပစ်တာတွေ လုပ်ဖို့ လိုလို့လား။” အမျိုးသမီးကို ကြည့်ရင်း ပြောတယ်။

“ ငါ့ကို မြင်းမစီး မြှားမပစ် ဖူးတဲ့ သူများ ဖြစ်မယ် ထင်နေလား။” ဖန်ကျန်းရှီ့ စကားကို ကြားတော့ အမျိုးသမီး ဒေါသ ထွက်လာတယ်။“ “ငါက နင်တို့ ကြီးမြတ်သော ရှ မင်းဆက် ရဲ့ မင်းသမီး တွေလို မဟုတ်ဘူး။ နင့် တိုင်းပြည်မှာ ငါ့ထက် သာတယ်လို့ ပြောဝံ့တဲ့ သူ ရှိလား။ ရှိရဲ့လား။”

“ မရှိပါဘူး အရှင် မင်းသမီး။” စစ်သူကြီး တွေ တညီတညွှတ်တည်း ပြန် ဖြေတယ်။

“ နင် ကြားရဲ့လား။” ခေါင်းမော့ရင်ကော့ ရင်း ဖန်ကျန်းရှီကို လှမ်းပြောတယ်။

“ စကားလုံးတွေက အလကားပဲ။ အလုပ်နဲ့ သက်သေ ပြမှ ဖြစ်မှာ။ ” ဖန်ကျန်းရှီ ပုခုံး တွန့်ပြ ရင်း ပြောတယ်။

“ အရှက် မရှိတဲ့ ကောင်။ နင်က ငါ့ အစွမ်းကို အထင် သေးဝံ့တယ်လား။ ငါကိုယ်တိုင် နင် နဲ့ ပြိုင်မယ်။ ထင်ထင်ရှားရှား သိစေရမယ်။” မင်းသမီး ကတော့ ဒေါသ ထွက်နေပြီ။

စစ်သူကြီး တွေ ရဲ့ အမူအယာ ကတော့ ပြောင်းသွားတယ်။ မင်းသမီးက ဖန်ကျန်းရှီ ထက် အများကြီး သာ တာ သူတို့ သိတယ်လေ။

မင်းသမီးက လူငယ်တွေ ထဲမှာ ထိပ်တန်းပဲ။

ဒါပေမယ့် လူငယ်တွေ ကြားမှာပဲ လေ။

ပိုပြီးတော့ အရေးကြီးတာက ပြိုင်ပွဲ ကို စခန်းတွေနဲ့ ဝေးတဲ့ သစ်တောထဲမှာ ကျင်းပမှာ။ ဒီနေရာက အန္တရာယ် များတယ်။

“ မင်းသမီး။ မလုပ်ပါနဲ့။”

“ အရှင် မင်းသမီး။ သူနဲ့ မပြိုင်ပါ နဲ့။”

စစ်သူကြီးတွေ အကုန် ကြောက်လန့်တကြား တားမြစ်တယ်။

ဖန်ကျန်းရှီ စခန်းထဲကို ရောက်လာတည်းက။ သေလူ ဖြစ်ပြီးသားပဲ။ မင်းသမီး အပျင်းပြေ ဖျောဖြေဖို့ သုံးတဲ့ အရုပ် လေး။

ဒါပေမယ့်။ ဒီ ကောင်စုတ်လေးကို ကစားဖို့ သူတို့ မင်းသမီး စွန့်စားတာမျိုး အဖြစ် မခံ နိုင်ဘူး။

အမျိုးသမီး ရဲ့ အမူအယာလည်း ပြောင်းသွားတယ်။ ဒါကို ကြားတော့ သူမ တွေေ၀ နေတယ်။

“ မင်းသမီး မပြိုင်တာ ပို ကောင်း လိမ့်မယ်။ ပြီးတော့ ကျွန်တော့်ကို လွှတ်ပေးလေ။ မင်းသမီးက အခုလေး တင်ပဲ ရှုံးသွားတာ။ ကျွန်တော့်ကို သတ်လို့ မရ တော့ဘူး။” ဖန်ကျန်းရှီ ပြောတယ်။

“ငွေချို(ဂျို) ဝံပုလွေ အုပ်ကို အမိန့် ပေးလိုက်။ နှစ်မိုင် ပတ်လည်က အတွင်း ဝံပုလွေ အုပ်ကို လွှတ် ထားလိုက်။ နောက်ပြီးတော့ စစ်သည် ၂သောင်းကိုပါ တစ်ခါတည်း လွှတ်ထား။ ဦးလေး တိုင်။ ဦးလေး မု။ ဒီ ကောင့် နောက်ကို လိုက်။ တစ်ခုခု လုပ်ရဲ ရင်။ သတ်ပြစ်။ ငါကိုယ်တိုင် ဒီကောင့်ကို သွန်သင်ဆုံးမ ပေးမယ်။”

“အမိန့်တော် အတိုင်းပါ အရှင်မင်းသမီး။ ”

အပိုင်း (၃၃၁) ပြီး၏။

အပိုင်း (၃၃၃)

“ မင်း ရှုံးပြီ။”

တိမ်သဏ္ဍာန်ကို ပထမဆုံး တွေ့တာက အဆုံးမဲ့ လောကထဲမှာ။ အဲ့ဒီံအချိန် တုန်းကတော့ သိချင်စိတ် နည်းနည်းပဲ ရှိခဲ့တယ်။ တခြား ကိစ္စ အတွက် သူ တွေးနေခဲ့တာ။

ဒုတိယ တစ်ကြိမ် ဝူဖုန်း ရဲ့ ကျောက်စိမ်း ပုလွေ ပေါ်မှာ မြင်မိတယ်။ စပ်စုချင်ပေမယ့် ဒီ အတိုင်း ကျောက်ထွင်း ပုံစံ သပ်သပ်လို့ ထင်ခဲ့တာ။

ဒါပေမယ့် အခု တစ်ကြိမ် တိမ်သဏ္ဍာန်ကို မြင်တော့။ သူ့ အရင် အတွေးတွေ ပျောက်သွားပြီ။

ဘာကြောင့်လဲ ဆိုတော့ တိမ်သဏ္ဍာန်က ရှန်းယွီမင်းသမီး ရဲ့ ခြေထောက်ပေါ်မှာ ပေါ်လာ တာကြောင့်ပဲ။ ဖန်ကျန်းရှီ တမင်တကာ သူ့ ခြေထောက်ကို အာရုံ စိုက် မိလို့ မြင်တာ မဟုတ်။ ထူးထူးဆန်းဆန်း ပေါ်ပေါ် လာလို့ သတိထားမိခဲ့တာ။ သွေးနီရောင် တိမ်သဏ္ဍာန်က ရှန်းယွီ ရဲ့ ခြေထောက်ပေါ်မှာ စ ပေါ်လာတယ်။ တဖြည်းဖြည်း ချင်း ရွေ့တယ်။ ပေါင် ပေါ် ကနေ ခြေသလုံးကို။ နောက်တော့ ရှန်းယွီ ရဲ့ ဗိုက်သားချပ်ချပ် ပေါ် ရောက်သွားတယ်။ တဖြည်းဖြည်းချင်း သူမရဲ့ ပုခုံးပေါ် တက်လာတယ်။ သွေးတွေ စီးဆင်း နေ သလိုပဲ။

ရှန်းယွီ မင်းသမီး စီးထားတဲ့ ဆွတ်ဆွတ်ဖြူ သားရဲ ကောင်ကြီး ရဲ့ အမွှေးတွေ ကြောင့် ပို ထင်ရှားနေတယ်။ နှင်းဖြူ ဖြူ ပေါ်မှာ သွေးစက်တွေ ကျ နေသလိုပဲ။

ရန်ရွှယ် ပြောခဲ့တာကို ဖန်ကျန်းရှီ ပြန်စဉ်းစား မိတယ်။

နတ်ဆိုးမျိုးနွယ် ရဲ့ နှတ်ဆိုး မျက်လုံးက သူတို့ ရဲ့ ကျင့်ကြံခြင်း တာအို နဲ့ ဆိုင်တယ်။ ကောင်းကင် နဲ့ မြေကြီးကို ဆက် သွယ်ဖို့ မွေး တည်းက အကြောင်းဖန်လာတဲ့ သူတွေ။ ကြီးမြတ်သော ရှမင်းဆက်မှာက နားလည်မှု။ ကောင်း ကင် မြေကြီး နဲ့ တာအို နားလည်မှုပေါ် မူတည်တယ်။ အရာအားလုံး ဖြစ်တည်မှု နဲ့ အရာအားလုံးကို ထိန်းချုပ်တဲ့ တာအို။

ဒါပေမယ့် တောင်ပိုင်းဒေသ ကတော့ တခြား တစ်နည်။ တောင်ပိုင်းဒေသ ကျင့်ကြံ သူတွေက။ (သွေး) နဲ့ တာအို ကျင့်ကြံ တယ်။ အတွင်းအား မြင့်လာဖို့ သွေးက တွန်းအားပေးတယ်။ တစ်ချို့သွေးတွေက သဘာဝ။ အပင်တွေ တောင် တန်း တွေ နဲ့ ဆက်စပ်တယ်။ တစ်ချို့ကတော့ သားရဲ ကောင်တွေ နဲ့ ဆိုင်တယ်။

ကြီးမြတ်သောရှမင်းဆက် က တာအိုကို နားလည်သဘောပေါက်အောင် ကျင့်ကြံတယ်။ ဒါပေမယ့် တောင်ပိုင်း ဒေသ က လုံး၀ မတူဘူး။ အရှင်းဆုံး ပြောရရင်။ ကြီးမြတ်သော ရှ မင်းဆက်က နှလုံးသား နဲ့ စိတ်ဝိဉာဉ်ကို လေ့ကျင့်တယ်။ တာအိုကို နားလည် တာနဲ့ စိတ်အာရုံ နယ်မြေ ဖြစ် တည် လာတယ်။ တောင်ပိုင်းဒေသ က အရာအားလုံး ဖြစ်တည်မှု တာအို အစွမ်းကို ငှားရမ်းထားတာ။ သူတို့ ကိုယ်ခန္ဒာ ထဲကို ဖိတ်ခေါ်တယ်။ အရာအားလုံး ဖြစ်တည်မှုကို အကျဉ်း ချုံ့တယ်။ လူတစ်ယောက် ရဲ့ အပြင်ပိုင်း ကိုယ် ခန္ဒာနဲ့ တိုက်ခိုက်နိုင်စွမ်းကို ထပ်တူ ကျ အောင် လုပ်ထားတယ်။

ဖန်ကျန်း၇ှီ နားလည်သွားပြီ။ ဒါပေမယ့် တိမ်သဏ္ဍာန်ကိုတော့ နားမလည် သေး။ တိမ်သဏ္ဍာန်ကဘာကို ကိုယ်စား ပြု တာလဲ။

“ ဝူးးးး” ဖန်ကျန်းရှီ စဉ်းစား မရ ။ မင်းသမီး ရှန်းယွီ ရဲ့ သားရဲ ကောင်ကြီး ကတော့ အော်လေပြီ။ မြေကြီးတွေ တောင် တုန်ခါသွားတယ်။

အဲ့ဒီ့နောက်။ ရှန်းယွီ မင်းသမီး နဲ့ သူ့ သားရဲ ကောင် အနီရောင် အလင်းတန်း အဖြစ် ပြောင်းလဲ သွားတယ်။

အမြှောက်ဆံ လိုပဲ။

“ မြန်…. မြန် လိုက်တာ။” ဖန်ကျန်းရှီ ထိတ်လန့် တကြား ပြောမိတယ်။ ပင်းယန် ရဲ့ ကျောက်စိမ်း နှင်းက …. ဒါက အများကြီး မြန်လွန်းတယ်။

ဒါ ဘာ သားရဲ ကောင်များလဲ။

ကြီးမြတ်သော ရှ မင်းဆက် က ထိပ်တန်း မြင်းပျံ တွေ။ တောင်ပိုင်းဒေသ က လာမှန်း သူ သိတယ်။ အခု ပြိုင်ပွဲမှာ တရား မျှတမှု နည်းနည်း လေး တောင် မရှိ။ ငရဲပဲ။ ဒီ အရှိန်နှုန်း နဲ့ ဆို သူ အနိုင်ကျင့်ခံ ရတာ လေ။ ဖန်ကျန်းရှီ ထုတ်ပြောလိုက် ချင်တယ်။ ဒါပေမယ့် ရှန်းယွီ မင်းသမီးက အခွင့်အရေး မပေး။ သားရဲကောင်ကို ခြေထောက် နဲ့ ခပ်ဖွဖွ ကန်နေတယ်။ သူတို့ အရှိန်ပြင်းပြင်းနဲ့ နှင်နေတာ။ ပြိုင်ပွဲ စည်းမျဉ်းကိုတောင် ရှင်းလင်းအောင် မပြော သွားဘူး။

ဆိုရိုးရှိတဲ့ အတိုင်း။ ခေါင်မိုးအောက် မှာ ရှိတဲ့ သူက ရွေးစရာ မရှိ။ ခေါင်းငုံ့ထားရုံသာ။ ဒါပေမယ့် ငါ့ ခေါင်းကို ဘယ်လောက် ငုံ့ နိုင်မှာလဲ။ အနည်းဆုံးတော့ ပြိုင်ပွဲ စည်းမျဉ်းကို ပြောသွားသင့်တာ လေ။

စည်းမျဉ်းမရှိပဲနဲ့ ပြိုင်ပွဲ ရလဒ်ကို ဘယ်လို ဆုံးဖြတ် နိုင်မှာလဲ။ ဖန်ကျန်းရှီ သူမ နောက်ကို လိုက်သင့်လား မလိုက်သင့်လားတောင် မသိ။

ဒီ အချိန်မှာ ရှန်းယွီ မင်းသမီး နောက်လှည့်ကြည့်တယ်။ သူမ ရဲ့ မဟူရာ မျက်လုံး နက်တွေ ဖန်ကျန်းရှီကို စိုက်ကြည့်တယ်။ ဖန်ကျန်းရှီကတော့ မျက်လုံး ပြူးနေတယ်။

သူမ အပြုံးက ခပ်ဖျော့ဖျော့ ဒါပေမယ့် အေးစက်နေတယ်။ အကြည့်ခံ ရသူ အတွက်တော့ လှလှ ပပ ပြုံးပြနေတာပဲ။ ဒါပေမယ့် ဒီ အပြုံးကို မြင်တော့ ကျောရိုးထဲက စိမ့်ချမ်းလာတယ်။

ဖန်ကျန်းရှီ ထင်သလိုပဲ။ ပြိုင်ပွဲက မတရားဘူး။ စည်းမျဉ်းကလည်း သူကိုယ်တိုင် ထုတ်တာ။ မြင်းပျံကလည်း သူ ကိုယ်တိုင်ေ ရွးပေးတာ။ နောက်ဆုံးနေရာ ကိုတောင် သူ့ဘာသူ သတ်မှတ်ထားတာ။ ဒါပေမယ့် ဘာဖြစ်လဲ။

သူက ရှန်းယွီ မင်းသမီးလေး။ သူ့ နယ်မြေမှာ သူ ကြိုက်ရာ လုပ်မှာပေါ့။ သူကတော့ လက်ခံရုံသာ။ ဖန်ကျန်းရှီ လက်ခံ လိုက်တယ်။

ပင်းယန်က ဆိုးတယ်။ စည်းကမ်းမလိုက်နာဘူး။ ဒီ ရှန်းယွီ မင်းသမီးကတော့ လုံးဝကို မောက်မာမော်ကြွာေးနတာ။ မင်းသမီၤး တစ်ပါး နဲ့တောင် တစ်ချက်လေးမှ မတူဘူး။

“ သွားသေလိုက်။” ဖန်ကျန်းရှီ လက်ခလယ် ပြန် ထောင်ပြတယ်။ အဲ့ဒီ့နောက် မီးခိုးရောင် မြင်းပျံကြီးကို အရှိန် ပြင်းပြင်းနဲ့ နှင်တော့တယ်။ မီးခိုးရောင်မြင်းပျံကြီး တတ်စွမ်း သလောက် အားကုန်ထုတ်ရင်း ပြေးတယ်။ ဒါပေမယ့် အရှိန် ကော အင်အားပါ မယှဉ်သာ။ ရှန်းယွီမင်းသမီး နဲ့ သူ့ သားရဲကောင်ကြီးကို လိုက်မမှီ။ ဖန်ကျန်းရှီ ထွက်လာတာနဲ့။ စစ်သူကြီး တိုင်နဲ့ စစ်သူကြီးမု နောက်က ကပ်လိုက်လာတယ် ။ သူတို့ စီးနင်းထားတဲ့ မြင်းပျံတွေက ရှန်းယွီမင်းသမီးကို မယှဉ်နိုင်။ ဒါပေမယ့် သာမာန် မြင်းပျံထက်တော့ အများကြီး သာတယ်။

ဖန်ကျန်းရှီ နောက်ကို အေးအေးဆေးဆေး လိုက်လာတယ်။

“ ပြိုင်ဘက် အတွက် ပြင်ပ ပစ္စည်းတွေ သုံးလို့ရလား။ ” သူ့ဘေးက စစ်သူကြီး နှစ်ယောက်ကို ဖန်ကျန်းရှီ လှမ်းမေးတယ်။ ရှန်းယွီကတော့ အရိပ်တောင် လှမ်း မမြင်ရတော့။

“ ဟန့်။ မင်း ဘယ်လိုထင်လဲ။” စစ်သူကြီးတိုင် ခြောက်ကပ်ကပ် ရယ်မောတယ်။

“ကောင်းပြီလေ။ ဖြစ်နိုင်မယ့် ပုံလည်း မရှိဘူး။ ” ဖန်ကျန်းရှီ လက်လျှော့လိုက်တယ်။

ဒီ ပြိုင်ပွဲကို ဘယ်လို ပြိုင်ရမှာလဲ ။

ဖန်ကျန်းရှီ သူ့ အစွမ်းတွေကို အပြည့်သုံးပြီး ရှန်းယွီကို ဖမ်းဖို့ စီစဉ်ထားတာ။ နောက်တော့ ဓားစာခံ လုပ်မယ်။ ဒါမှ ထောင်ချီ နေတဲ့ စစ်သည်တွေ သူ့ကို မသတ်မှာ။ ဒါပေမယ့် အခုတော့…. လူမပြောနဲ့ အရိပ်တောင် ဖမ်းမမိဘူး။

အစီအစဉ် တစ်ခု ဆွဲရမယ်။ နှစ်မိုင်က လိုက်မှီဖို့ မြန်တယ်။ အချိန် ကျလာ၇င်။ ရှန်းယွီက နောက်ဆုံးနေရာကို ရောက်သွားမှာပဲ။ ဒါဆိုရင် သူ့ကို ဖမ်းဖို့ အခွင့်အရေး ရနိုင်မယ်။

“ငါနားချင်တယ်။ “

“ မရဘူး။ ပြိုင်ပွဲက စပြီးနေပြီ။”

“သဘာ၀ တရားကြီးက ပြောနေပြီ၊”

“ ပါးစပ်ပိတ်။”

“ လဲသေလိုက်။”

“ကလေးစုတ်။ မင်း ဘာပြောတာလဲ။”

“ တောင်တွေက မြင့်လွန်းတယ်။ သစ်ပင်တွေက အစိမ်းရောင်။ ကောင်းကင် ကြီးက …. သေချင်စရာကောင်းအောင် ပြာနှမ်းနေတယ်။” ဖန်ကျန်းရှီ ခေါင်းမော့ရင်း လျှောက်အော်တယ်။ သူ့ စိတ်ထဲမှာတော့ အတောမသတ် နိုင်တဲ့ အထီးကျန်မှုတွေ တရိပ်ရိပ်ထွက်ပေါ်နေတယ်။

“ အသုံးမကျလိုက်တာ။” စစ်သူကြီး တိုင် မာန်မဲတယ်။

“ မြှားကို ဘယ်နေရာ ပြစ်ရမှာလဲ။” သူ့ နောက်က စစ်သူကြီးနှစ်ယောက်ကို လှည့်မေးတယ်။ စစ်သူကြီးတိုင် ပြောဖို့ ပြင်တယ်။ စစ်သူကြီးမုက သူ့ကို တားတယ်။ အဲ့ဒီ့နောက် သိပ်မဝေးတဲံ့ နေရာက သစ်သား ပြစ်မှတ်ကို ညွှန်ပြတယ်။

ပြစ်မှတ်ပေါ်မှာ အဖြူရောင်ငှက်မွှေး မြှားတံ သုံးခု။ အလယ်တည့်တည့်ကို စိုကနေတယ်။

“ နှစ်မိုင် ပတ်လည် အတွင်း ။ပြစ်မှတ် ဆယ်ခုရှိမယ်။ ပထမဆုံး ပြစ်မှတ်ကို ရှာ။ ပြစ်မှတ်တစ်ခုစီကို မြှားသုံးချောင်း ပြစ်ရမယ်။ ပြစ်မှတ်ကို မြှား အများဆုံး ထိတဲ့ သူက အနိုင်ပဲ။ အကယ်၍ မြှားအရေ အတွက် တူ နေရင် ပထမဆုံး ပြီးတဲ့ သူက အနိုင်။ ပထမ ဆုံးပြီးတဲ့ သူက အခွင့်အရေးပိုများမယ်။ ဘာအခွင့်အရေးလည်း တော့ ငါ မသိဘူး။” စစ်သူကြီး မု ၇ှှုင်းပြတယ် ။

ဖန်ကျန်း၇ှီ နားလည်ပြီ။ ရှန်းယွီမင်းသမီးပဲ ဒီ အခွင့်ထူးဆိုတာ ရှင်းပြဖို့ အာဏာရှိတယ်။

“ အနည်းဆုံးတော့ မြှားလေး ဘာလေး ပေးသင့်တယ် မလား။” ဖန်ကျန်းရှီ ဆက်မပြောတော့ဘူး။ လက်ဖြန့်ပြီး တောင်းတယ်။ စစ်သူကြီးတောင် မျက်နှာလွှဲထားတယ်။ စစ်သူကြီးမု ကတော့ မတတ်သာစွာပဲ။ သူ့နောက်ကျောက မြှားကျည်တောက်ကို ကြိုးဖြုတ်တယ်။ ဖန်ကျန်းရှီ့ လက်ထဲ အပ်လိုက်တယ်။

“လေးကိုင်းကကော ဘယ်မှာလဲ။” ဖန်ကျန်းရှီ လက်ဖြန့်ထားဆဲ။

“ ကောင်စုတ်လေး။ မင်းက ဘယ်လို သူလျှိုလည်း။ ကင်းထောက် ဆိုရင်တောင် အနည်းဆုံး လက်နက်တော့ ပါသင့်တယ်။ အခုတော့ မင်းက လက်ဗလာနဲ့ လာတာလား။” စစ်သူကြီးတိုင် လှမ်းပြောတယ်။ သူလျှိုု ဖြစ်ခဲ့သား နဲ့ ပါးနပ်သင့်တာပေါ့။ ထွက်လာတဲ့ အချိန် လေးနဲ့ မြှားတောင် ယူမလာဘူး။ ဘယ်လို ကောင်မျိုးပါလိမ့်။

“တကယ်တမ်းတော့ ပထမဆုံး သူလျှိုလုပ်တာလေ။ အတွေ့အကြုံ မရှိဘူး…. ဟူးးးး။ အတွေ့အကြုံသာ ရှိရင်။ ဒီ လို ဖမ်းတာတောင် ခံရမှာ မဟုတ်ဘူးလေ။ ” ဖန်ကျန်းရှီ နောင်တအပြည့်နဲ့ ပြောတယ်။

“နောက်ဆုံးတော့ မှန်သောစကား ဆိုပြီပေါ့။” စစ်သူကြီးတိုင် ခေါင်းငြိမ့်ရင်း ပြောတယ်။ ကြိမ်သားလေးကို ဖန်ကျန်းရှီ ဆီ ကမ်းပေးတယ်။

ဖန်ကျန်းရှီ လေးကိုင်းကို မြှောက်ကြည့်တယ်။ လေးတော့ လေးသား။ ကြိမ်သားနဲ့ လုပ်ထားပေမယ့် မာတယ်။ ခိုင်တယ်။ မဆိုးဘူး။ လေးကြိုးကို သူဆွဲကြည့်တယ်။

“ လေးကြိုးမဆွဲနိုင်ဘူး။ တခြား တစ်ခု ပြောင်းပေး။” ဖန်ကျန်းရှီ ပြန်ပေးတယ်။ စစ်သူကြီးတိုင်ကို လှမ်းပေးတယ်။

“ ဟားဟားဟား …. မင်းကွာ လေးကြိုးကိုတောင် မဆွဲ နိုင်ပဲနဲ့။ ရှန်းယွီမင်းသမီးကို စိန်ခေါ် ချင်သေးတယ်။ စိတ်ဝင်စားစရာပဲ။” စစ်သူကြီးတိုင် ရယ်ရလွန်းလို့။ မြင်းပေါ်ကနေ ပြုတ်ကျမတတ်ပဲ။ စစ်သူကြီးမု ကတော့ ခေါင်းခါ ယမ်း နေတယ်။ ဖန်ကျန်းရှီကို ကြည့်ရင်း သူ လေချွန်လိုက်တယ်။ သိပ်မကြာဘူး။ ကြိမ်ထည် သံချပ်ကာ ဝတ်ထားတဲ့ စစ်သည် တစ်ဦး ရောက်လာတယ်။ သူ့လက်ထဲမှာတော့ ခပ်ပေါ့ပေါ့ လေးကိုင်းတစ်ခု။

ဖန်ကျန်းရှီ လေးကိုင်းကို ဆွဲကြည့်တယ်။ အလွန်အမင်း အားထုတ်နေရတဲ့ ပုံစံ သူ့မျက်နှာမှာ အထင်းသား။ အသက်ရှူအောင့်ပြီးတော့ လေးကိုင်းကို ဆွဲနေတယ်။

စစ်သူကြီး တိုင် နဲ့ စစ်သူကြီး မုက တော့ တစ်ယောက်ကို တစ်ယောက် ကြည့်နေတယ်။ စိတ်ပျက်လက်ပျက်နဲ့ ပေါ့။ သက်ပြင်းတွေ ေွတွချ ရင်း ခေါင်းခါယမ်းတယ်။ ဒီကလေး ဒီလောက် အားနည်းလိမ့်မယ်လို့ မထင်ထားဘူး ။ သူတို့ အချိန်တွေ အလဟသတ်ဖြစ်ကုန်တာ နှမြောစရာပဲ။ စစ်သူကြီး နှစ်ယောက် တိတ်တဆိတ်နေတော့တယ်။

နောက်ဆုံးတော့ ရှန်းယွီ မင်းသမီး လုံခြုံဖို့က ဦးစားပေးပဲ။ အကယ်၍ ဖြစ်နိုင်ချေက အကြိမ်တသန်းမှာ တစ်ပုံပဲ ရှိနိုင် ရင်တောင်။ သတိလက်လွတ် ြဖ်စ်လို့ မရဘူး။

ဖန်ကျန်းရှီလည်း သူ့ နောက်က စစ်သူကြီး နှစ်ယောက်ကို အာရုံ မစိုက်တော့ဘူး။ လေးကိုင်းကို ဆွဲတယ်။ မြှားကို တင်တယ်။ ပစ်တယ်။ “ဝူးးး” မြှားက ပြစ်မှတ်ကို ထိသွားတယ်။ “ဟန့်” စစ်သူကြီးတိုင် အာမေဋိတ် သံ တောင် ထွက်သွားတယ်။ ဒီ အားနည်း တဲ့ ကလေးလေးက မြှားရေးတော့ ကောင်းသား။ ကံကောင်းတာလား။

သူတွေးနေတဲ့ အချိန် ။ ဖန်ကျန်းရှီက နောက် မြှားတစ်ချောင်း ပြစ်လိုက်တယ်။ တပ်။ ပြစ်မှတ် အလယ် တ ည့်တည့်ကို နောက် တစ်ကြိမ် ထိတယ်။ မြှား နှစ်စင်းတောင် ထိတယ်။ စစ်သူကြီး တိုင် နဲ့ စစ်သူကြီး မု အမူအယာ ပြောင်းကုန်ပြီ။ မြင်းပေါ်ကနေ မြှားပြစ်တာ လွယ်မှ မလွယ်ပဲ။ အရှိန်ပြင်းပြင်းနဲ့ ပြေးနေတဲ့ မြင်းပေါ်က ပြစ်ရင် ပိုတောင် ဆိုးသေး။ ပြစ်မှတ် အလယ် တည့်တည့်ကို ထိဖို့ က ပိုတောင် မလွယ်။

“ ဒီကလေး က ….” စစ်သူကြီးတိုင် တုန်လှုပ်သွားတယ်။ သူ ပြောဖို့ ပြင်တဲ့ အချိန်။ ဖန်ကျန်းရှီ တတိယ မြှားကို ပြစ်နေပြီ။ လှလှပပလေး ဝေ့၀ဲ စိုက် ဝင် သွားတယ်။ ပြစ်မှတ် တည့်တည့်ကို စိုက်သွား ပြန်ပြီ။ အလယ်တည့်တည့်တော့ မဟုတ်ဘူး။ အလယ် ထည့်တည့်ထက် လက်မ အနည်းငယ် လွဲတယ်။

“သေစမ်း…. လွဲသွားပြီ။” ဖန်ကျန်းရှီ ညည်းညူတယ်။ စစ်သူကြီး တိုင်နဲ့ စစ်သူကြီး မု ။ သက်ပြင်းချမိတယ်။ ဒီ ကလေး ရဲ့ မြှားစွမ်း ကတော့ ကောင်းတယ်။ ဒါပေမယ့် ရှန်းယွီ မင်းသမီးနဲ့ ယှဉ်ရင်တော့ ။ အကွာကြီး ကွာနေ တုန်းပဲ။ ဒါပေါ့ စစ်သူကြီး နှစ်ယောက် စိတ်အေးသွားပြန်တယ်။

ဖန်ကျန်းရှီၤ ရှေ့ဆက်သွားတယ်။ လမ်းတစ်လျှောက်လုံးမှာ မြှားပစ်သွားတယ်။ ပြစ်မှတ် အလယ် တည့်တည့်ကို ထိချက်တွေ များတယ်။

ဒါပေမယ့် တစ်ခါတလေ သွေဖယ်တာမျိုး ရှိတယ်။

ဖန်ကျန်းရှီ ပြစ်မှတ် ၇ ကို ပြစ်ခဲ့ပြီးပြီ။ သုံးခုက အလယ် တည့်တည့်ကို မထိဘူး။

ရှစ်ခုမြောက် - မြှားသုံးချေ ာင်းလုံး သတ်မှတ်ထားတဲ့ အမှတ်ကို ထိတယ်။

ကိုးခုမြောက် - နောက်တစ်ကြိမ် မြှားသုံးချောင်းလုံး အမှတ်တည့်တည့်ကို ထိတယ်။

ဖန်ကျန်းရှီ တော့ အတော်လေး ပျော် နေတယ်။ သူ့နောက် က စစ်သူကြီး တိုင် နဲ့ စစ်သူကြီး မု တို့ ရဲ့ အမူအယာ တွေကတော့ မတုန်မလှုပ်။ ကောင်ငယ်လေး။ မင်း မြှားသုံးချောင်း လွဲသွားပြီ။ မင်းတော့ သေပြီပဲ။

သိပ်မကြာခင် ဆယ်ခုမြောက် ပြစ်မှတ် သူ့ ရှေ့မှာ ပေါ်လာတယ်။ ဆယ်ခုမြော်က ပြစ်မှတ် ရဲ့ ရှေ့မှာ။ ရှန်းယွီ မင်းသမီး။ သူမ တစ်ကိုယ်လုံး သွေးနီရောင် တိမ်သဏ္ဍာန် နဲ့ ပြည့်နေတယ်။ ရဲရဲ တောက် သားရဲကောင်ပေါ်မှာ ထိုင်ရင်း ခပ်ထေ့ထေ့ ပြုံးပြတယ်။

“ ဘယ်လိုလဲ။” ဖန်ကျန်းရှီနဲ့ နောက်က စစ်သူကြီး နှစ်ယောက်ကို လှမ်းမေးတယ်။

“မင်းသမီး။ ဒီကလေ း ပြစ်မှတ် ကိုးခုလုံးကို ထိပါတယ်။ စုစုပေါင်း ၂၄ချက် အလယ်တည့်တည့်ကို ထိ ပါတယ်။ သုံးခုကတော့ အလယ်မထိ ပါဘူး။” စစ်သူကြီး တိုင် တလေး တစား ပြန်ဖြေတယ်။

“ အိုး။ ကောင်စုတ်လေးက အသုံးမကျတာ မဟုတ်ဘူးပဲ။” ရှန်းယွီ မင်းသမီး အံ့သြနေတယ်။

ဖန်ကျန်းရှီ က စကားမပြော။ ဘာကြောင့်လဲ ဆိုတော့။ ရှန်းယွီ နဲ့ မလှမ်း မကမ်းမှာ ငွေဂျို ဝံပုလွေတွေ ထောင်ချီၤ ရှိနေလို့ပဲ။

ငွေဂျိုဝံပုလွေ တစ်ကောင် ဆီက ကြိမ်ပင်သံချပ်ကာကို ဝတ်ထားတယ်။

ဒီနေရာက ဘာလို့ နောက်ဆုံး နေရာ ဖြစ်လာလဲ သူ သိပြီလေ။ ငွေဂျို ဝံပုလွေ ပင်မစခန်း နဲ့ အနီးဆုံး နေရာ ။ ဒါကြောင့် ဒီကို ခေါ်တာ။ ဝံပုလွေ င်္စီး စစ်သည်တော် အနည်းဆုံး အယောက် ငါးထောင် ရှိနေတယ်။ ရှန်းယွီ မင်းသမီး ကိုယ်တိုင် နဲ့ သူ့ နောက်က စစ်သူကြီး နှစ်ယောက်ကိုပါ ထည့်တွေးရင်။ ……. မင်းသမီးကို ဖမ်းပြီး ဓားစားခံ လုပ်ဖို့က မဖြစ်နိုင်တာပဲ။

“ စကားမပြောဘူး။ နင်က တိတ်တိတ်ဆိတ်ဆိတ်နေရင် အသက်ရှင်နိုင်မယ် ထင်နေတာလား။ နင်ရှုံးရင် နင်သေမယ်။” ရှန်းယွီမင်းသမီး လှမ်းပြောတယ်။

ချက်ခြင်းပဲ လေးကိုင်းကို ဆွဲထုတ်တယ်။

သူမလက်ထဲမှာ မီးတောက်လို ရဲရဲနီနေတဲ့လေးကိုင်း။ သစ်နီသား နဲ့ ထွင်းထုထားပုံပဲ။ ဒါပေမယ့် ခပ်ဝေးဝေးက ဖန်ကျန်းရှီတောင် လေး ကိုင်းက ထွက်တဲ့ အပူကို ခံစာ းလိုက်ရတယ်။

“ မီး ကြိမ် သားလား။” ပင်းယန် အိမ်တော်မှာ သူ အစလေး နည်းနည်း တွေ့ဖူးတယ.်။ ပင်းယန်ကတော့ ရတနာလိုပဲ သဘောထားတာ။ သူ့ရဲ့ ရဲရဲတောက် ချီလင်လှံနဲ့ အတူတူထားတာ သူ မြင်တယ် ။

ဒီမှာလည်း ရှိနေမယ်လို့ ဘယ်သူ ထင်မှာလဲ။ ရှန်းယွီမင်းသမီးက လေးကိုင်းတောင် လုပ်ထားသေး။

“ ဝူးးး။။။” မြှားသံ ပေါ်လာတယ်။ အားပြင်းတဲ့ မြှားတစ်စင်း ကောင်းကင်ကို တက်သွားတယ်။ မြှားမြှီးတံက မီးတောက်လို နီရဲနေတယ်။ နောက်ဆုံးတော့ ဆယ်ခုမြောက် ပြစ်မှတ်က အလယ်တည့်တည့်ကို ထိ သွားတယ်။

“ ကောင်းလိုက်တဲ့ မြှားရေး။”

“ ဒီပြိုုင်ပွဲကို အနိုင်ရတဲ့ အတွက် ဂုဏ်ယူ ပါတယ် မင်းသမီး။”

စစ်သူကြီး တိုင်နဲ့ စစ်သူကြီးမု ချက်ခြင်း ချီးမွမ်းတယ်။

ဖန်ကျန်းရှီကတော့ ငေးကြည့်နေဆဲ။ ရှန်းယွီ မင်းသမီး လေး ကိုင်းကို ဆွဲလိုက်တဲ့ အချိန်။ သူမ ကိုယ်ပေါ်က တိမ်သဏ္ဍာန် ချက်ခြင်း ရွေ့သွားတယ်။ ပုံမှန် မဟုတ် တဲ့ အလင်းရောင်နဲ့ ရဲရဲ တောက်လာတယ်။

မီးတောက် လို သွေးလို ။ မီးတောက် နဲ့ သွေး ရောထားသလို တောက်ပလာတယ်။ ရှန်းယွီမင်းသမီးရဲ့ ကိုယ်ထဲကို ပြင်းထန်တဲ့ အင်အားတွေ စီးဝင် နေတယ်။

အပိုင်း(၃၃၃) ပြီး၏။

အပိုင်း (၃၃၄)

“ လောကတွင် ယှဉ်ပြိုင်နိုင်သူ မရှိ”

ထူးဆန်းတဲ့ မြင်ကွင်းပဲ။ ဒါပေမယ့် ရှန်းယွီမင်းသမီး ရဲ့ ဂျုံပင်လို အသားအရည်။ သူ့ ကိုယ်ပေးက သားမွေးခြုံထည် အရောင် ။ ခေါင်းပေါ်က ငါးရောင်စပ် ငှက်မွှေး အကုန် ပေါင်းစပ် လိုက်ရင်။ ပြိုင်ဘက် ကင်းတဲ့ အလှ တစ်ခုပဲ။

ဒါပေမယ့် ဖန်ကျန်းရှီ ကတော့ အလှ တရား အကြောင်း မတွေး မိဘူး။ သူတွေးနေတာ …. ဒီ ကောင်မလေး ဘယ်လောက် အင်အားကြီးလဲ။

ဘယ်လို အကွာအဝေး မျိုးက သူမ ကို တစ်ချက် တည်းနဲ့ အသေသတ်နိုင် စေ မလဲ။ ဒါမှမဟုတ်။ အနီးကပ် တိုက်ပွဲမှာကော သူမ ကို အနိုင် တိုက် နိုင် ပါ့မလား။

အတော့်ကို စည်းစားရ ကြပ်တဲ့ မေးခွန်းပဲ။ ဒါပေမယ့် ဖန်ကျန်းရှီ တကယ့်ကို မတွေးတတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ တောင်ပိုင်း ဒေသက လူ တွေ ဘယ်လို လေ့ကျင့်ထားမှန်း သူမှ မသိတာ။ နောက်ပြီးတော့ ဘယ်လောက်တောင် အင်အားကြီးကြလဲ။

ဒါပေမယ့် ။ ဒီမေးခွန်းက ဖန်ကျန်းရှီ နောက် ထပ် လုပ်မယ့် ကိစ္စကို အဖြေပေးနိုင်မယ်။ အောင်မြင်မလား။ မအောင်မြင် နိုင်ဘူးလား။ နောက်ပြီးတော့ သူ ဆက်ပြီး အသက် ရှင်နိုင်မလား။

“ တစ်ယောက်ယောက် လာစမ်း။ ကွပ်မြက်မယ်။” ရှန်းယွီ မင်းသမီး လှမ်းပြောတယ်။ ဖန်ကျန်းရှီဘက်ကို လှည့်ပြီး ပြုံးပြတယ်။

“ အမိန့် အတိုင်းပါ။” ငွေဂျို ဝံပုလွေ စီး စစ်သည် ၅၀၀ အမိန့်ကို ချက်ခြင်း နာခံတယ်။

တခြား တစ်ဖက်မှာတော့ စစ်သူကြီး တိုင် နဲ့ စစ်သူကြီး ဖန်ကျန်းရှီ ရဲ့ နောက်ဘက် ကနေ ရွေ့လာတယ်။ ဖန်ကျန်းရှီ ကို ဘေးနှစ်ဖက် ကနေ ပိတ်ညှပ်တယ်။ ဖန်ကျန်းရှီ ရဲ့ ပုခုံးကို ဘေး နှစ်ဖက် ကနေ ညှပ်ဖမ်းဖို့ လုပ်တယ်။

ဖန်ကျန်းရှီ မခုခံဘူး။ ခုခံလည်း အသုံးမဝင်မှန်း သူ သိတယ်။

“ မသေခင် ။ ဆန္ဒ တစ်ခု ရှိတယ်။ ” ဖန်ကျန်းရှီ ရဲ့ လက် နှစ်ဖက် လုံးကို စစ်သူကြီးတွေက ချုပ်ထားတယ်။ ဒါပေမယ့် သူ့ ပါးစပ် ကတော့ ပိတ်ခံ မထား ရဘူးလေ။ ဒါကြောင့် သူ ချက်ခြင်း ထ အော်တယ်။

“ ပြောစမ်း ပါ အုန်း။ ဘာ လုပ်ချင်လို့လဲ။” ရှန်းယွီ မင်းသမီး ကြားတော့ ခေါင်းငြိမ့်တယ်။ သေတော့မယ့် သူရဲ့ ဆန္ဒကိုတော့ ဖြည့်ဆည်း ပေးဖို့တော့ လိုတယ်လေ။

“ ကျွန်တော် မသေခင် ကျွန်တော့် မိဘတွေကို တွေ့ချင်တယ်။” ဖန်ကျန်းရှီ တလေးတစား နဲ့ ပြောတယ်။

“နင့်မိဘတွေကို တွေ့ချင်တယ်။ နင့် မိဘ တွေက ဘယ်မှာလဲ။” ရှန်းယွီ မင်းသမီး စိတ်ရှုပ်သွားတယ်။

“ ကြီးမြတ်သော ရှ မင်းဆက် မြောက် ပိုင်း ဒေသမှာ။”

“ ဟန့်။ အဓိပ္မာယ် မရှိလိုက်တာ။ ငါက နင့်ကို ကြီးမြတ်သော ရှ မင်းဆက် စီ ပြန်ပို့ ပေး ရမှာလား။ အိမ်မက် မက် မနေနဲ့။ ဒီကောင့်ကို ဆွဲချ လိုက်စမ်း။” ရှန်းယွီ မင်းသမီး ချက်ခြင်း ထ အော်တယ်။ ဖန်ကျန်းရှီကို လျစ်လျူရှုလိုက်ပြီ။

ဒီကောင်က သူ့ကို ငတုံးများ မှတ်နေတာလား။

“ ဒါဆိုရင် နောက်ထပ် ဆန္ဒ တစ်ခု။” ဖန်ကျန်းရှီ ဒီလို အငြင်းခံ ရမယ်ဆိုတာ သိပြီးသား။ အေးအေးဆေးဆေး ဆက်ပြောတယ်။

“ပြော ”

“ ကျွန်တော်က လူပျိုပဲ ရှိသေးတယ်။ မသေခင် ကောင်မလေး တစ်ယောက်လောက် ရှာ ချင်တယ်။”

“ တော်စမ်း။ အရှက်မရှိလိုက်တာ။ ငါ့ တောင်ပိုင်း ဒေသမှာ နင့်လို ကောင်စုတ် အတွက် အနစ်နာခံ ဖို့ မိန်းကလေး မရှိဘူး။ ဒီကောင့ိကု သတ်လိုက်ကြ။” ရှန်းယွီ မင်းသမီး လန့်သွားတယ်။ အဲ့ဒီ့နောက် တော်တော်လေး ကို ဒေါသထွက်သွားတယ်။

“ ခနနေပါအုန်း။ ကျွန်တော့် ဆန္ဒ နှစ်ခုလုံးကို မဖြည့်ပေး နိုင်မှတော့။ တတိယ တစ်ခုကို တောင်းပြစေ။”

“ ဘာ အဓိပ္မာယ် မရှိတဲ့ စကား ပြောအုန်း မလို့လဲ။ ”

“ တတိယ ဆန္ဒက ရှင်းပါတယ်။ ကျွန်တော် ရှုံးသွားရတဲ့ သူ ဘယ်လောက် အင်အားကြီးလဲ သိချင်တယ်။ ” ဖန်ကျန်းရှီ တလေးတစ်ား နဲ့ ပြောတယ်။

“ ဘယ်လောက်တောင် အင်အားကြီးလဲ ဟုတ်လား…. ဟ ားဟားဟား….. ကောင်းပြီလေ။ နင့် ဆန္ဒကို ဖြည့်ဆည်း ပေးမယ်။ အသေဖြောင့်စေရပါမယ်။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ အဆင့် နဲ့ ဆိုရင်။ ငါ့ရဲ့ ကျင့်ကြံဆင့်က ကောင်းက်င ရောင်ပြန် အထွဋ်အထိပ် အဆင့်ရောက်ပြီ။ ဒါပေမယ့် နင်တို့ ရှမင်းဆက် က သဘာဝလွန် အခြေတည် အဆင့် နဲ့ တိုက်ခိုက် ရရင်။ ငါ အေးဆေးနိုင်တယ်။” ရှန်းယွီ မင်းသမီး ဂုဏ်ယူ ဝံ့ကြားမှု အပြည့်နဲ့ ပြောတယ်။

“ ကောင်းကင်ရောင် ပြန် အထွဋ် အထိပ် အဆင့် ။ သဘာဝလွန် အဆင့် နဲ့ ည ီတဲ့ စွမ်းအားရှင်။…” ဖန်ကျန်းရှီ မျက်မှောင်ကြုတ်ရင်း လှမ်း ကြည့်တယ်။ ဒီလူ့ကိုဒီနေရာမှာ ဖမ်းဖို့ မလွယ် နိုင်ဘူး။

ကြည့်ရတာ ငါ့ အစီအစဉ်ကို ပြောင်းဖို့ လိုလာပြီ။

“ ဘယ်လိုလဲ။ ကျေကျေနပ်နပ်သေလို့ ရပြီလား။” ရှန်းယွီ ရယ်မောရင်း ပြောတယ်။

“ ခနလောက်တောင့်ခံ နိုင် အုန်းမယ် ထင်တယ်။” ဖန်ကျန်းရှီ စဉ်းစားပြီး ပြောတယ်။

“ တောင့်ခံ အုန်းမယ်။ နင်က တောင့်ခံ ဖို့ စဉ်းစားနေတယ်လား။” ရှန်းယွီ ပြန်မေးတယ်။

“ ပထမဆုံး။ မင်းကို အနိုင်တိုက်မယ်။ ကိုယ့် ဘဝကို ကယ်တင်မယ်။” ဖန်ကျန်းရှီ ဆုံးဖြတ်ြင်္ပီးတော့ ပြောတယ်။

“ ငါ့ကို အနိုင်တိုက်မယ်ဟုတ်လား… ဟား ဟား… နင်က ရှုံးနေပြီပဲ။ ဘယ်လို နိုင်နိုင် အုန်းမှာလဲ။” ရှန်းယွီ ရယ်မောရင်း ပြောတယ်။

“ ပြိုင်ပွဲက မပြီးသေးဘူး။ ဘာမဆို ဖြစ်နိုင်တယ်။ ” ဖန်ကျန်းရှီ ရဲ့ အမူအယာက ယုံကြည်ချက် အပြည့်။

“ ကောင်းပြီလေ။ ကျေကျေနပ်နပ် ရှုံးအောင် လုပ်ပေးမယ်။” ရှန်းယွီ မင်းသမီး နောက်ထပ် မပြောတော့ဘူး။ မီးတောက်ကြိမ် လေးကိုင်းကို သူ ပြန်ကိုင်တယ်။ လခြမ်းကွေး ပုံစံ ဖြစ်အောင် လေးကိုင်းကို ဆွဲ လိုက်တယ်။

“နေပါအုန်း။” ရှန်းယွီ မင်းသမီး စပြစ်ဖို့ ပြင်တယ်။ ဖန်ကျန်းရှီက လှမ်းအော်တယ်။

“ ဘာဖြစ်ပြန်တာတုန်း။” ရှန်းယွီ ရဲ့ လက်တွေ တုန်နေတယ်။ မြှားတောင် လေးကိုင်း ကထွက်တော့မယ်။ ကံကောင်းစွာ နဲ့ အချိန် မှီ ထိန်းနိုင်တာ။ မဟုတ်ရင်။ တကယ့်ကို ဂုဏ် သိက္ခာ ပျက်ရတော့မယ်။

“ စည်းမျဉ်းတွေကို အတည်ပြုချင်တယ်။ နောက် ဆုံး အနိုင်ရတဲ့ သူက ပြစ်မှတ်မှာ မြှား အများဆုံး ရှိတဲ့ သူ။ အတိကျဆုံး ပြစ်မှတ်ကို ထိ တဲ့ သူ မလား။” ဖန်ကျန်းရှီ မေးတယ်။

“ ပုံမှန် အတိုင်းဆိုရင်ပေါ့။” ရှန်းယွီမင်းသမီး ပြန်ဖြေတယ်။

“ ဒါဆိုရင် ပြိုင်ပွဲကို အရင် ပြီးတဲ့ သူမှာ ဘာ အထူး အခွင့်အရေး ရှိမလဲ။”

“ မြှား တစ်ချောင်း ထပ် ပိုပေးမယ်။”

“ ဒါပဲလား…. မြှားတစ်ချောင်း တည်းပဲ ထည့်တွက်မှာလား။ ”

“ ဟုတ်တယ်။”

“ မြှားတစ်ချောင်းတည်းကိုပဲ အပို ပေးမှာ ဟုတ်တယ်နော။်”

“ ငါ့ စကားကို ပြန် မရုပ်သိမ်း ဘူး။ “ ရှန်းယွီ မင်းသမီး စိတ်မရှည်နိုင်တော့။ ဒီ ကောင်စုတ်က စိတ်ရှုပ်စရာ ကောင်းလိုက်တာ။ သူ့ ရှေ့မှာ စစ်သည်တွေ အများကြီး ရှိတာကြောင့် သာမဟုတ်ရင်။ ဒီ ကောင့်ကို သတ်လိုက်ပြီ။

“ ဒါဆိုရင် နောက်ထပ် မေးခွန်း တစ်ခု မေးမယ်။”

“ မေးလို့ မပြီးနိုင် သေးဘူးလား။”

“နောက် ဆုံး …. နောက်ဆုံးလေး။”

“ ကောင်းပြီလေ။ မေး။”

“ ကျွန်တော် နိုင်ရင် ဘာရမှာလဲ သိချင်တယ်။”

“ နင် နိုင်စရာ အကြောင်းကို မရှိတော့ဘူး နောက်ပြီးတော့။ နင်က ရှုံးပြီးသား ဖြစ်နေပြီ။” ရှန်းယွီ မင်းသမီး စိတ်ပျက်လက်ပျက် ပြန်ဖြေတယ်။

“အကယ်၍ နိုင်ခဲ့ရင်။”

“ကောင်းပြီလေ။ အကယ်၍ တနည်းနည်း နဲ့ နိုင်ခဲ့ရင်။ တောင်ပိုင်း ဒေသမှာ နင့်ကို ဆရာခန့်မယ်။ ” ရှန်းယွီ မင်းသမီး စဉ်းစား ပြီးတော့ ပြန်ဖြေတယ်။

တကယ်တမ်းတော့ တာအို နိယာမကို ဒီ ကောင်စုတ်ပြောတည်းက။ သူ့ အရည်အချင်းတွေ သိသာ နေပြီ။ ဒီ အတွေးက သူမ စိတ်ထဲဝင်လာခဲ့တယ်။ ဒါပေမယ့် ဒီ ကောင်စုတ်က ကြီးမြတ်သော ရှ မင်းဆက် ရဲ့ သူလျှို ဖြစ်နေတယ်။

အတွေးက အတွေး။ လက်တွေ့က လက်တွေ့။ မတူဘူး။

“ မင်းသမီးရဲ့ ကိုယ်ပိုင် သက်တော်စောင့် လုပ်လို့ ရလား။ ” ဖန်ကျန်းရှီ မကျေမနပ် နဲ့ မေးတယ်။

“ ကိုယ်ပိုင် သက်တော်စောင့်လား။” ရှန်းယွီ မင်းသမီး ထပ် မေးတယ်။

“ ဟုတ်တယ်။ မင်းသမီး နောက်မှာ နေ့ တိုင်း လိုက်မယ်။ နောက်ပြီးတော့ မင်းသမီး ရဲ့ အမိန့်ကို ကိုယ်တိုင် ဆောင် ရွက် တာမျိုးလေ။ မင်းသမီးရဲ့ အာဏာကို ကိုယ်ပိုင် အသုံး ချလို့ ရတာ။ ” ဖန်ကျန်းရှီ စိတ်ရှည် လက်ရှည် ရှင်းပြတယ်။

“ ဟ ဟား … ကောင်းပြီလေ။ နင့် ဆန္ဒကို ဖြည့်ပေမးယ်။” ရှန်းယွီ ရယ်မောရင်း ပြောတယ်။ အတော်ကြာပြီးမှ။ ဒီ ကောင် သူ့ကိုယ်သူ နှိမ့်ချ ပြောဆိုတာကို ကြားဖူးတာပဲ။

ပိုပြီး အရေးကြီးတာက သူမရဲ့ အာဏာကို အသုံးချ ခွင့် တောင်းနေတယ်။ သူ့ မျက်နှာပေါ်မှာ တစ်ချက်လေး တောင် ရှက်ကြောက် တဲ့ ပုံစံ မပြဘူး။

တကယ်ပဲ အရည် အချင်း ပြည့်တယ်။

“ မင်းသမီး ။ သဘော မတူလိုက် ပါနဲ့။ ဒီ ကောင် က ကြီးမြတ်သော ရှ မင်းဆက် က သူလျှိုပဲ။ အကယ်၍ သူသာ မင်းသမီး ရဲ့ ကိုယ်ပိုင် သက်တော် စောင့် ဖြစ်လာခဲ့ရင် ။ မင်းသမီး ရဲ့ လုံခြုံရေး ထိ ခိုက်ပါ လိမ့်မယ်။ ” စသူကြီး တိုင် ချက်ခြင်း ရှေ့ထွက်လာတယ်။ ဒါမျိုး မဖြစ် အောင် တားမှ ရမယ်။

“ ဘာလဲ ငါ ရှုံးမယ် ထင်နေတာလား။ ” ရှန်းယွီ မင်းသမီး ရဲ့ အမူအယာ ချက်ခြင်း မည်းမှောင်သွားတယ်။

ကျွန်တော်မျိုး မလုပ်ဝံ့ပါဘူး။” စစ်သူကြီး တိုင် နဖူးကနေ ချွေးစီးတွေ ကျလာတယ်။ ရှန်းယွီ မင်းသမီးက စစ်တပ်ကို အုပ်ချုပ်နေတာ။ သူမရဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူကမှ သံသယ မရှိရဲဘူး။

“ ဒါဆို နင်က ဘာတွေကို စိုးရိပ်နေတာလဲ။” ရှန်းယွီမင်းသမီး အေးစက်စက် နဲ့ မေးတယ်။

“ဟုတ်သားပဲ။ စစ်သူကြီးတိုင်။ ဘာတွေ စိုးရိမ်နေတာလဲ။” ဖန်ကျန်းရှီ ပြုံးပြုံးကြီး ကြည့်ရင်း မေးတယ်။

“ မင်း … ကလေး စုတ်။ အရှင်မင်းသမီး။ ဒီ ကောင်စုတ်လေးကို သတ်ပြစ်ဖို့ တောင်းပန် ပါတယ်။” စစ်သူကြီး တိုင် ဒေါသ ထွက်လာပြီ။

“ ကောင်းပြီလေ ။ သဘော တူတယ်။” ရှန်းယွီ မင်းသမီး ခေါင်းငြိမ့်တယ်။

“အရှင်မင်းသမီးကို ကျေးဇူးတင်ပါတယ်။ ” စစ်သူကြီး တိုင် နဖူးပေါ်က ချွေးကို သုတ်တယ်။ တလေး တစား နဲ့ ဦးညွှတ်တယ်။

တခြားတစ်ဖက်မှာတော့ စစ်သူကြီးမု။ ဖန်ကျန်းရှီ ရဲ့ ပုခုံကို ကိုင်ထား ရာက လွှတ်လိုက်တယ်။ ဖန်ကျန်းရှီ ရဲ့ နောက်ကို ပြန်သွားတယ်။ သူ့ အမူအယာ က တည်ကြည် လေးနက်နေတယ်။

“ ဟဟား …. နင် က ငါ့ကို မြှောက်ပင့် ပြောဆို ပြီး အခွင့်ကောင်း ယူချင်နေတာလား။ ငါ နင့်အကွက်ထဲ ဝင်မယ် ထင်နေတာလား။ ” ရှန်းယွီ ရယ်မောရင်း ပြောတယ်။ နောက် တစ်စက္ကန့်လေးတောင် အချိန် မဖြုန်းတော့ဘူး။

နောက်ထပ် (တန်) ဆိုတဲ့ အသံ တစ်ခု မီးတောက် ကြိမ် လေးကိုင်း ကနေ ထွက်လာတယ်။ မီးတောက်လို အနီရောင် အလင်းတန်း ထွက်ပေါ်လာတယ်။ ပြစ်မှတ် အလယ် တည့်တည့်ကို ထိ သွားတယ်။

“ မင်းသမီး ရဲ့ မြှားရေးက အံ့မခန်းပဲ။”

“ မင်းသမီး က တကယ့်ကို ထူးချွန်လွန်းလှတယ်။”

“မင်းသမီးရဲ့ မြှားရေးကို လောကမှာ ယှဉ်နိုင်သူ မရှိ။ ”

ဘေးပတ်ဝန်းကျင်က ငွေဂျို ဝံပုလွေ စစ်သည် ငါးရာ တစ်ညီတညွတ်တည်း ဟစ်ကြွေးကြတယ်။ သူတို့ ရဲ့ စိတ်ထဲ စိတ်ထဲမှာ။ ရှန်းယွီ မင်းသမီးက စစ်နတ်အရှင်။ သူမက သန်မာပြီး အင်အားကြီး ရုံတင် မကဘူး။ အရမ်းလည်း လှတယ်။

လွှမ်းမိုးမှု အာဏာကြီးလွန်းတယ်။ ဒါပေမယ့် သူ့ လူတွေကို စိတ်ရင်း နဲ့ ဂရုစိုက်တဲ့ လူ။

နောက်ပြီးတော့ ရှန်းယွီ မင်းသမီးက ဒီနေ့ အထိ သူ့ မိသားစု အရှိန် အဝါကို မသုံးခဲ့ဘူး။ ကိုယ်ပိုင ် ကြိုးစားမှုနဲ့ပဲ ဒီ နေရာကို ရောက်လာတာ။ တိုက်တိုင်းအောင် စစ်ပွဲ နတ်သမီး။ ရှေ့တန်းမှာ ကိုယ်တိုင် ဦးစီး ပြီး တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲတွေ မနည်းဘူး။ ကြောက်စရာ ကောင်းလောက်အောင် တိုက်ပွဲ အောင်မြင်မှုတွေ များတယ်။ ဒီလို မင်းသမီး မျိုးကိုတော့ တစ်ဘဝလုံး လေးစား နေမှာ အမှန်ပဲ။

သူမကို ချီးမွမ်း နေတဲ့ အသံတွေကို ကျင့်သားရနေပြီ။ နည်းနည်းလေးတောင် မတွေေ၀ တော့ဘူး။ သူမရဲ့ မီးတောက် လေးကိုင်းကို ဆွဲလိုက်တယ်။ နောက်ဆုံးသော မြှားကလည်း ပြစ်မှတ် အလယ်တည့်တည့်ကို ထိသွားခဲ့ပြီ။

“ မင်းသမီး နိုင်ပြီ။”

“ပြိုင်ပွဲ အနိုင်ရတဲ့ အတွက် ဂုဏ်ယူပါတယ် အရှင်မင်းသမီး။ ”

စစ်သူကြီးတိုင်။ စစ်သူကြီးမု။ ငွေဂျိုဝံပုလွေ စစ်သည် အယောက် ၅၀၀ တခဲနက် ချီးမွမ်းကျတယ်။

“အင်း။ ဘယ်လိုလဲ။ နင်ရှုံးတာ ဝန်ခံ ပြီလား။” ရှန်းယွီ မင်းသမီး ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို မျက်စိကျိန်းလောက်တဲ့ အလှတရားနဲ့ ပြုံးပြတယ်။ အကယ်၍ တခြား အချိန်မှာ ဆိုရင်။ ဘယ်လို ပြိုင်ပွဲ မဆို။ နိုင်ပြီး တဲ့ အချိန် သူ့ ပြိုင်ဘက်ကို အာရုံမစိုက်တော့ဘူး။ ဒါပေမယ့် ဒီနေ့သူမ နိုင်တာ။ အရမ်းကို လှုပ်ရှားတက်ကြွနေတယ်။ အ၇မ်း ကို ပျော်နေမိတယ်။ ဒီ ခံစားချက်က ပျားသလက်ကို စာေးနရသလိုပဲ။

“ အပြင်ပိုင်းမှာတော့ ဟုတ်သလိုလိုပဲ။ ဒါပေမယ့် မဟုတ်သေးဘူး။ ” ဖန်ကျန်းရှီ ခေါင်းခါတယ်။

“ကောင်စုတ်လေး။ မင်း ရှုံးပြီ။” စစ်သူကြီး တိုင် လှမ်းအော်တယ်။

“နားကန်းနေလား။” ဖန်ကျန်းရှီ ပြန်ပြောတယ်။

“မင်းဘာပြောတယ်။”

“ တခြားသူ ပြောတာကို နားမလည်မှတော့ နားကန်းနေတာနဲ့ ဘာကွာလို့လဲ။”

“မင်း … ငါမင်းကို သတ်မယ်။”

“ပြိုင်ပွဲက မပြီးသေးဘူး။ ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ။ ဘာလဲ စစ်တပ် အမိန့်ကို သွေဖယ် ချင်နေတာလား။ ဒီလူက ပုန်ကန်ချင်နေပြီ” ဖန်ကျန်းရှီ စိတ်မရှည်တော့ဘူး။ စစ်သူကြီးတိုင်ကို လက်ခလယ် လှမ်း ထောင် ပြတယ်။

“ သောက် ခလေး …. မင်း ငါ့ကို မစွပ်စွဲနဲ့။ အရှင် မင်းသမီး။ ကျွန်တော်မျိုး ကတိသစ္စာ ကြီးမားပါတယ်။ ကျွန်တော်မျိုး ပုန်ကန်လိုစိတ် မရှိပါဘူး။ ” စစ်သူကြီးတိုင်စွေ့စွေ့ ခုန်နေပြီ။ သူတော်တော်လေး ဒေါသ ထွက်နေတယ်။ အံကြိတ်ရင်း ခိုက်ခိုက်တုန်နေတယ်။ ဒါပေမယ့် သူ့ကိုယ်သူ ထိန်းချုပ်နိုင်သေးတယ်။

“ထပါ။ ငါ မင်းသမီးက ကန်းမနေဘူး။” ရှန်းယွီ ခပ်တိုးတိုး ပြန်ပြောတယ်။

ဖန်ကျန်းရှီ ကတော့ ပြုံးပြုံးကြီး။ ဘယ်လိုပဲ ဖြစ်ဖြစ်။ သူက ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အဆင့်လေး အမတ်မင်း။ ဓားသံတမန် အမတ်ပဲ။ ပင်းယန်မင်းသမီးကော ဘာဖြစ်လဲ။ ဝန်ကြီးယွီယိဖျင်ကော ဘာဖြစ်လဲ။ ဒီလူတွေတောင် ငါ့ကို အနိုင်မကျင့်ဝံ့ဘူး။ နည်းနည်းလေးတောင် မကျော ရဲဘူး။ ဒီတောင်ပိုင်းဒေသရဲ့ စစ်သူကြီး တစ်ယောက် အနိုင်ကျင့်တာ ကို ခံရမှာလား။

သူများ ခေါင်မိုးအောက်ကို ရောက်ရင် ခေါင်းငုံ့ရမှာ အမှန်ပဲ။ ဒါပေမယ့် ခေါင်မိုးက ရှန်းယွီ မင်းသမီးရဲ့ ခေါင်မိုးလေ။ စစ်သူကြီး တိုင်ရဲ့ ခေါင်မိုးမှ မဟုတ်တာ။ အဲ့ဒီ့တော့ စစ်သူကြီးတိုင်ကို နည်းနည်း ပိုဖိလည်း ဘာမှ မဖြစ်။

“ နင် ဘာစောင့်နေတာလဲ။” ရှန်းယွီ မင်းသမီး လှမ်းမေးတယ် ။

“ကောင်းပြီလေ။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

အဲ့ဒီံနောက် သူ့ လက်ထဲက လေးကိုင်းကို လခြမ်းပုံစံ ဖြစ်အောင် ဆွဲလိုက်တယ်။ ဒီ ပုံစံ က ကျွမ်းကျင် အဆင့် ပညာရှင် ပုံစံ ပဲ။ နောက်ဆုံးတော့လည်း ကန်လင်းတောင်မှာ နှစ်ပေါင်းများစွာ အမြဲ လိုက်လာတာ အလကား မဖြစ်ဘူး။

ဖန်ကျန်းရှီ ရဲ့ ကိုယ်ဟန်ကိုမြင်တော့ ရှန်းယွီ မင်းသမီး အံ့သြသွားတယ်။

မြှားရေးကို တစ်ဖက်ကမ်းခတ် တော်တဲ့ သူတွေပဲ။ ကိုယ်နေဟန်ထား အရေးကြီးတာကို နားလည်တယ်။

သူမ ကိုယ်တိုင်တောင် ။ ဒီ လို ကိုယ်ဟန်နဲ့ မြှားပြစ်နိုင်ဖို့ သုံးနှစ်တိတိ လေ့ကျင့်ရတယ်။ အဲ့ဒီ့နောက်မှ မြှားပစ်ချက်ကို တစ်ချက်တည်းနဲ့ ထိအောင် ပြစ်နိုင်တာ။ ဒီကောင်စုတ်လေးကို မြင်ရတာ ။ သူမရဲ့ အရိပ်ကို ပြန်မြင်နေရသလိုပဲ။

ဒါမှမဟုတ်။ ဒီကောင်စုတ်လေးက သူမ လိုပဲ တစ်ဖက်ကမ်းခတ် ကျွမ်းကျင် အဆင့်ကို ရောက်နေတာလား။

ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။

သူမ တွေးနေတဲ့ အချိန် ။ ဖန်ကျန်းရှီ ရဲ့ လက် နောက်ဆုံးတော့ လှုပ်ရှားလာပြီ ။ လေကို ခွင်း တဲ့ အသံ ထွက်လာတယ်။ ဒီ အချိန်က သိပ် ပြီးတော့ မဆိုးဘူး။ ရိုးရှင်းတယ်။ အထင်ကြီးစရာ မကောင်း။ မြှားက လှလှ ပပ ပျံဝဲ သွားတယ်။ ပြစ်မှတ်ပေါ်ကို တ ည့်တည့် ထိတယ်။ ၇ှန်းယွီ မင်းသမီး ကတော့ ပြုံးနေတယ်။ ဖန်ကျန်းရှီကို အထင်ကြီးမိတာ မှားသွာတယ်။ ဒီ လို ပြကွက်မျိုးက အလှ သက်သက်ပဲ။ တိကျမှု မရှိတဲ့ အကွက်တွေ ။

စွမ်းအားကို ပြောရမယ် ဆိုရင်။ ဘာ အစွမ်းမှ မရှိ။ လူ မပြောနဲ့။ သားရဲကောင်ကို တစ်ချက်တည်းနဲ့ သတ်ဖို့ မြဖ်စနိုင်။

“ သက်သက် အချိန် ဖြုန်း ….” ရှန်းယွီ သူ့ စကားကိုတောင် ဆုံးအောင် မပြောနိုင်ဘူး။ သူ့ အပြုံး အေးခဲ သွားတယ်။ မြေကြီးပေါ်မှာ ကြက်သေသေနေတယ်။

သူမ လက်ထဲက မီးတောက် ကြိမ် ေ လးကိုင်း ပြုတ်ကျ သွားပြီ။ ရှန်းယွီ မင်းသမီး လိုပဲ။ ငွေဂျို ဝံပုလွေ တပ်သား ၅၀၀ နဲ့ စစ်သူကြီး နှစ်ဦး လည်း မျက် လုံးပြူးနေတယ်။ လူတိုင်း မယုံကြည် နိုင်ကြဘူး။

“ဒါက ဘယ်လို ဖြစ်နိုင် မှာလဲ။”

“ အခြေအနေ တွေက ဘာလို့ ဒီလို ဖြစ်သွားတ ာလဲ။ ”

တစ်ယောက်ပြီး တစ်ယောက် အသံ ထွက်လာတယ်။ အထူးသဖြင့် စစ်သူကြီးတိုင်။ လုံးဝကို မျက်လုံးပြူးနေတယ်။ ဖြစ်နိုင်ချေ အများကြီးကို သူ တွေးကြည့်ကြည့်တယ်။ ဒီကောင်စုတ်လေး ကံကောင်းမယ်။ အရမ်းအရမ်း ကံကောင်းမယ် ဆိုရင် ပြစ်မှတ် အလယ် တည့်တည့်ကို ထိမယ ်။ ဒါမှ မဟုတ်။ မြား သုံးချောင်းလုံး ပြစ်မှတ် အလယ် တည့်တည့်ကို ထိမယ်။ ဒါပေမယ့် သူ လုံး၀ မတွေး ထားမိတာ။

ဖန်ကျန်းရှီ ရဲ့ မြှားက ရှန်းယွီ မင်းသမီး ရဲ့ မြှားကို ထိသွားတယ်။

“ ခရက်။” မာဆတ်ဆတ် နဲ့ အသံ ထွက်လာတယ်။ အဖြူရောင် ငှက်မွှေးပါတဲ့ မြှား နှစ်ခြမ်းကွဲသွားတယ်။ အဲ့ဒီ့နောက် နှင်းပွင့်လေး လို ကြွေဆင်းလာတယ်။ ဒီ အချိန်မှာ လူအုပ်ကြီး တစ်ခုလုံး တိတ်ဆိတ်နေခဲ့တယ်။

လေအေးအေးက ဖြတ်တိုက်နေတယ်။ သူတို့ ရဲ့ ဆံပင်တွေ ပွယောင်းကုန်ပြီ ဒါပေမယ့် ဘယ်သူမှ ဂရု မစိုက် အားဘူး။ သူတို့ ရဲ့ နှလုံးသားတွေ အံ့သြ ရလွန်းလို့ အေးခဲ ကုန်ပြီ။

မြှားကလည်း သာမာန် မြှားပဲ။ လေးကိုင်းကလည်း သာမန်လေးကိုင်း။ အစွမ်းက သာမာန် အစွမ်း။ ဒါပေမယ့် ရလ်းက သာမန် မဟုတ်ဘူး။

“ တိုက်ဆိုင်တာ။ ဒါက တိုက်ဆိုင်တာပဲ။” စစ်သူကြီး တိုင် ရေရွတ်နေတယ်။ ဖန်ကျန်းရှီ ရဲ့ အရင် လုပ်ရပ်တွေကို သူ ပြန်တွေးမိတယ်။ ရှန်းယွီ မင်းသမီး ရဲ့ မြှားကို ဒီလို တိတိကျကျ ကြီး ပြစ်ချ နိုင်တယ်။ ပြစ်မှတ် အလယ်တည့်တည့်ကို ပြစ်တာထက်။ ဒီလို သူများ မြှားကို မှန်အောင် ပြစ်တာ။ တိကျဖို့ အများကြီး လိုတယ်။ အဆ တစ်ရာ။ အဆ တစ်ထောင် ပိုပြီး ခက်ခဲတယ်။

အပိုင်း (၃၃၄) ပြီး၏။

အပိုင်း (၃၃၅)

“ ကျွန်တော့် နာမည် ဖန်ကျန်းရှီ။”

“ဝူးးး“ နောက်ထပ် လေတိုးသံ ထွက်လာတယ်။

လူတိုင်းရဲ့ မျက်စိ ရှေ့မှာပဲ မြှားတစ်စင်း အရှိန်ပြင်းပြင်း နဲ့ ပျံထွက်သွားတယ်။ မြှားက ပြစ်ချက်ကို တိုက်ရိုက်ထိတယ်။ နောက်ထပ် ငှက်မွှေးဖြူ မြှားတစ်ချောင်း နှစ်ခြမ်း ကွဲသွားတယ်။

“ ခရက်။ ” ဝိဉာဉ်တွေကို လှုပ်ခတ်စေတဲ့ အသံ ထွက်ပေါ်လာတယ်။ ဒီ မြှားက ဖန်ကျန်းရှီ ပစ်လိုက်တာ။ နှစ်ခြမ်းကွဲ သွားတဲ့ မြှားတစ်ချောင်း မြေပြင်ပေါ် ပြုတ်ကျသွားပြီ။ ဒါကတော့ ရှန်းယွီမင်းသမီးရဲ့ မြှားဖြူလေး ။

အဖြစ်အပျက်တွေက မြန်ဆန်လွန်းတယ်။ လူတိုင်း အံ့သြဖို့တောင် အချိန် မရှိလိုက်ဘူး။ စစ်သူကြီး တိုင် ရဲ့ မျက်လုံးတွေ ပြူးရလွန်းလို့ ပြုတ်တောင် ကျ တော့မယ်။

အသက်ရှူအောင့်ထားလို့ မျက်လုံး သွေးကြောတွေတောင် ရဲရဲ နီနေပြီ။

“ သူ နောက်တစ်ကြိမ် ထပ်ထိ ပြန်ပြီ။” ပထမ ထိချက်က တိုက်ဆိုက်မှု ဆို၇င်။ ဒီတစ်ခေါက်က ဘာလဲ။

တိုက်ဆိုင်တာပဲလား။ သိပ် တွေးစရာ မလိုတဲ့ မေးခွန်း တစ်ခု ရှိတယ်။ ဒါပေမယ့် အဖြေက ရိုးရှင်းလွန်းတယ်။ ရှင်းလွန်းလို့ သူ ကိုယ်တိုင်တောင် မယုံကြည်နိုင်ဘူး။

“မဖြစ်နိုင်ဘူး။ ဒီ ကောင်စုတ်လေးမှာ ဒီလို အရည် အချင်း မရှိ နိုင်ဘူး။ သူက သူလျှို တစ်ယောက် ပဲ။”

စစ်သူကြီး တိုင် နဲ့ စစ်သူကြီး မု နှစ်ယောက် လုံးတင် လက်မခံ နိုင်တာ မဟုတ်ဘူး။ ငွေဂျိုဝံပုလွေ စီး စစ်သည် ၅၀၀ လည်း မျက်လုံး ပြူးနေတယ်။ လွန်ခဲ့တဲ့ ၁၅ မိနစ်တုန်းက ဒီကောင်လေးကို သူတို့ လှောင်ရယ်ခဲ့တယ်။ အခုတော့ ဖန်ကျန်းရှီကို သူတို့ ကြည့်တဲ့ အချိန် ကွာခြားနေခဲ့ပြီ။ သူတို့ တွေ ထိတ်လန့်မှု တွေ ပြည့်နေတယ်။

“ ကောင်းလိုက်တဲ့ မြှားရေး။” သူတို့ စိတ်ထဲမှာ ဒီ အတွေးတစ်ခု ဝင်လာတယ်။

တောင်ပိုင်းဒေသက အရည်အချင်း စစ်ကို လေးစားတယ်။ လူတွေ ရဲ့ တိုက်ခိုက်စွမ်းရည် နဲ့ ဆုံးဖြတ်တယ်။

ဒီ အရည် အချင်းတွေ အားလုံး ထဲမှာ။ မြှားရေးက အမြင့်ဆုံးပဲ။ တောင်ပိုင်းဒေသ မြေမျက်နှာ သွင်ပြင်က ရှုပ်ထွေးတယ်။ အသက်ရှင်တဲ့ အခြေအနေ ။ ပတ်ဝန်းကျင်က ကြမ်းတမ်းတယ်။ တိုက်ခိုက်ရေးနဲ့ နယ်မြေလုတဲ့ နေရာမှာ မြှားရေးက အရေးကြီးတယ်။ တိုက်ခိုက်မှု တွေက ပြောင်ပြောင်တင်းတင်း တိုက်လို့ မရဘူး။ အများစုက သစ်ပင်တွေ ဝေးကွာတဲ့ နေရာေ တွ ကနေ တိုက်ခိုက်တာ။ ဒါကြောင့်။ တောင်ပိုင်း ဒေသမှာ ရှင်သန်ဖို့ မြှားရေးက အရေးပါတယ်။ အင်အားကြီးတဲ့သူ မှန်ရင် အသက်ရှင်နိုင်စွမ်း ရှိရမယ်။

“ သူ … တကယ်ပဲ လုပ်နိုင်တယ်။” ရှန်းယွီ မင်းသမီး တောင့်ခဲ နေပြီ။

သူမက တောင်ပိုင်းဒေသ ရဲ့ အုပ်ချုပ်သူ တစ်ယောက်။ လူငယ်မျိုးဆက်မှာ ထိပ်တန်း တိုက်ခိုက်ရေး စစ်သည်။ သူမရဲ့ မြှားရေးက တောင်ပိုင်းဒေသမှာ ထိပ်တန်းပဲ။ လုံး၀ နံပါတ်တစ်။

ဖန်ကျန်းရှီ ရဲ့ ပြစ်ချက်က မထူးဆန်းဘူး။ ပုံမှန် အတိုင်းပဲ။ အရိုးရှင်းဆုံးနဲ့ သာမာန် မြှားပြစ်ချက် တစ်ချက်က သူမ ရဲ့ မြှားကို ဖျက်စီး နိုင်တယ်။ အကယ်၍ သူမကို ပြစ်ခိုင်းမယ် ဆိုရင်လည်း။ သူမ အေးဆေး ပြစ်နိုင်တယ်။ ဒါပေမယ့် ဒီတစ်ခေါက် ပြိုင်ဘက်ကို အထင် သေးမိသွားတယ်။ ဒီကောင်စုတ်လေး မြှားပစ်ချက် သုံးခုကို လွဲသွားတယ် ဆိုတော့ ရလဒ်ကို သိပ်ဂရု မစိုက်မိဘူး။

“အရှက်မရှိလိုက်တာ။” ရှန်းယွီမင်းသမီး ဒီ တစ်ခွန်းပဲ ပြောနိုင်တယ်။ သူမရဲ့ ဒေါသ စိတ်မကျေနပ်ချက်တွေကို ထုတ်ဖော်ဖို့ တခြား စကားလုံး ရှာမရဘူး။ မြှားနှစ်ချောင်းက သူမ ရဲ့ မြှားတွေကို ဖယ်ထုတ်သွားပြီ။ ဒါကြောင့် လက်ရှိအရ သူမမှာ မြှားပေါင်း နှစ်ဆယ့် ရှစ်ချောင်း ရှိတယ်။ အရင်ပန်းဝင်တဲ့ ဆုလဒ် အရ မြှားတစ်ချောင်း အပို တွက်ရင် နှစ်ဆယ့်ကိုးချောင်း တိတိ။ ကောင်စုတ်က မြှား နှစ်ဆယ့်ကိုးချောင်း ပြစ်ထားပြီးပြီ။ လက်၇ှိ ရလဒ်က သရေ။

ပိုပြီး အရေးကြီးတာ။ ဖန်ကျန်းရှီ လက်ထဲမှာ နောက်မြှားတစ်ချောင်း ရှိနေတယ်။ အကယ်၍ ဖန်ကျန်းရှီသာ ဒီမြှားကို ထပ်ပြစ်ရင်။ သူမ မြှားလည်း ပြုတ်ကျသွားရင်။ ဖန်ကျန်းရှီက အမှတ်သုံးဆယ်။ သူမက နှစ်ဆယ့် ရှစ်မှတ်။

မြှားသုံးဆယ်မှာ နှစ်ဆယ့် ခုနစ်ချောင်းက အလယ်တည့်တည့်။ သုံးချောင်းက အပြင်။ သူမကတော့ ပြစ်မှတ် အလယ်တည့်တည့် မြှား နှစ်ဆယ့်ခုနှစ်ချောင်း။ ဘယ်လိုပဲ ဖြစ်ဖြစ်။ ဖန်ကျန်းရှီကို နိုင်ဖို့ မဖြစ်နိုင်တော့ဘူး။ ကောက်ကျစ် တယ်။ ရှန်းယွီမင်းသမီး စဉ်းစားနေမှာကို ဖန်ကျန်းရှီ သိတယ်။ ဒါပေမယ့် ရှန်းယွီ မင်းသမီးကို သွားတွေ ပေါ်အောင် ပြုံး ပြ လိုက်တယ်။

ရှန်းယွီ မင်းသမီး ရဲ့ အမြင်မှာတော့။ လုံးဝကို ပြက်ရယ်ပြု ခံရတာပဲ။ ဖန်ကျန်းရှီလည်း နောက်ထပ် အာရုံ မများတော့ဘူး။ လက်ထဲက လေးကိုင်းကို ဆွဲတယ်။ နောက်တစ်ကြိမ်ပြစ်ဖို့ ပြင်တယ်။ လူတိုင်းက ဖန်ကျန်းရှီ ရဲ့ လက်ကို အာရုံစိုက် နေကြတယ်။ ရှန်းယွီမင်းသမီးလည်း မျက်တောင် မခတ် ကြည့်နေတယ်။ ဒီ အချိန်မှာ အသက်ရှူ သံ တွေတောင် ရပ်နေတယ်။ ဘာကြောင့်လဲ ဆိုတော့။ ဒီကောင်စုတ်လေးသာ နောက်ထပ် မြှားတစ်ချောင်းကို ပစ်ချ ရင်။ ရှန်းယွီမင်းသမီးရှုံးသွားပြီ။

“ဝူးးး။” လူတိုင်းရဲ့ မျက်စိရှေ့မှာတင်ပဲ။ တတိယ မြှား ထွက်သွားတယ်။ “တပ်။” လုံး၀ တိတ်ဆိတ်သွားပြန်တယ်။ လူတိုင်းက ပြစ်မှတ်ကို ကြည့်နေတယ်။ အမှားမရှိ။ တတိယ မြှားက ပြစ်မှတ် အလယ် တည့်တည့်မှာ စိုက်နေတယ်။ ဒါပေမယ့် ကံကောင်း ထောက်မစွာပဲ။ ငှက်မွှေးဖြူ မြှားကို မထိဘူး။ သူ့ဘာသူပဲ ဝံ့ဝံ့ကြွားကြွားရှိနေတယ်။ ဒီ အချိန်မှာ ဖန်ကျန်းရှီ အဖြစ်က။ မိုးသည်းထဲ လူးလွန့်နေတဲ့ ပင်လယ်ပြင်က လှေငယ်လိုပဲ။ ပင်လယ်ကြီးကို အရှုံးပေးထားရတယ်။

တိတ်ဆိတ်နေတယ်။ ဘယ်သူမှ မပြောဘူး။ ဖန်ကျန်းရှီက ရှန်းယွီ မင်းသမီး ရဲ့ မြှားကို မထိပေမယ့်။ ရှန်းယွီမင်းသမီး ပြောထားသလို။ အနိုင်အရှုံးကို မြှား အရေ အတွက် နဲ့ ဆုံးဖြတ်ရင်။ ဖန်ကျန်းရှီ နိုင်ပြီ။ ဒါပေမယ့် ရှန်းယွီမင်းသမီး က အရှုံးကို လက်ခံမှာလား။

“ သေစမ်း။ ငါလွဲသွားပြီ။” ဖန်ကျန်းရှီ ထအော်တယ်။ သူ့ လက်ထဲက လေးကိုင်းကို ပြစ်ချတယ်။ အလွန်အမင်း နောင်တရတဲ့ ပုံစံ လုပ်ပြတယ်။ လေးကိုင်းက နှစ်ပိုင်းပြတ်သွားပြီ။ ရှန်းယွီ မင်းသမီးကို ခါးသက်သက် အကြည့် နဲ့ လှမ်းကြည့်တယ်။ “ ဒါကို ကော ထည့်တွက်ရမလား။” ပြစ်မှတ်ပေါ်က မြှားကို လက်ညှိုးထိုးပြရင်း မေးတယ်။

“ ထည့်တွက်ရမယ်။” စစ်သည်တွေ နားမလည်နိုင်တော့ ။ စစ်သူကြိးတိုင် နဲ့ စစ်သူကြီး မုလည်း ဒွိဟ ဖြစ်နေတယ်။ ဖန်ကျန်းရှီ ဘာလို့ မေးနေသေးလဲ။ ဒီ ကောင်စုတ်လေး က ငတုံးလား။

“ နင်က ငါ့ကို အကျော ပေးစေချင်နေတာလား။” ရှန်းယွီ မင်းသမီး အံ့သြနေတယ်။

“ဟုတ်တယ်။ ကျွန်တော့် မြှားသုံးဆယ် ထိထားတယ်။ ဒါပေမယ့် အလယ်တည့်တည့်က မြှား ၂၇ ချောင်း။ သုံးခုက အပြင် ဘက်မှာ။ မင်းသမီးက မြှား ၂၈ ချောင်း အလယ်တည့်တည့် ထိ ထားတယ်။ ဒါကြောင့် သနားညှာတာ သော အားဖြင့် ပြစ်မှတ် အလယ်မရောက်တဲ့ မြှားနှစ်ချောင်းကို ပြစ်မှတ် အလယ်တည့်တည့် ထိတဲ့ တစ်ချောင်းလို့ သတ်မှတ်ပေးပါလား။” ဖန်ကျန်းရှီ အေးအေးဆေးဆေး ၇ှင်းပြတယ်။

မြှားနှစ်ချောင်းကို တစ်ချောင်းလုပ်မယ်။ ရှန်းယွီမင်းသမီး မျက်လုံး ပွင့်သွားတယ်။ သူမ ချက်ခြင်း သဘော တူမိတော့ မလို့ပဲ။ ဒါပေမယ့် မသင့်တော်တာ စဉ်းစားမိတယ်။ ဒါကြောင့် ချောင်းတစ်ချက် ဟန့်တယ်။

“ ပစ်မှတ် အပြင်ဘက် ရောက်နေတဲ့ မြှားသုံးချောင်းကိုပဲ တစ်ချောင်း အဖြစ် သတ်မှတ်ပေးနိုင်မယ်။ ”

“ဟူး …. ကျွန်တော်က ငယ်ငယ်ရွယ်ရွယ်လေး။ ထူးလည်းထူးချွန်တယ်။ မြှားရေးလည်း ဒီလောက် ကောင်းတာ။ ဒီ အချိန်မှာဆို တိုက်ပွဲတွေ တိုက်ရင်း အောင်ပွဲခံ နေရမယ့် အချိန်ပဲ။ ဒီလို တိုင်းတစ်ပါးမှာ သေရမယ်လို့ မထင်ထားခဲ့မိဘူး။ ချစ်ရတဲ့ အဖေနဲ့ အမေကိုတောင် ပြန်မတွေ့ နိုင်ပဲ သေရတော့မယ်။ ….. သနား စရာ ကောင်းလိုက်တဲ့ ငါ့ဘဝလေး ….”

“ကောင်းပြီ။ ကောင်းပြီ။ ဒှီလောက် သနားစရာ ကောင်းနေမှတော့။ နင့်ကို ဒီ တစ်ကြိမ် အနိုင်ပေးလိုက်မယ်။ ဒီ တစ်ခေါက်တော့ ယာယီ အသက်ချမ်းသာ ပေးမယ်။”

“ ကျေးဇူးကြီးမားလှပါတယ်။ အရှင်မင်းသမီး။” ဖန်ကျန်းရှီ ချက်ခြင်း သူ့ အမူအယာ ကို ပြောင်းလိုက်တယ်။ ဒါပေမယ့် ဒူးမထောက်။

ရှန်းယွီမင်းသမီးက ကောင်းကင်ကို မော့ကြည့်နေတယ်။ တောင်ထိပ်မှာ ရပ်နေတဲ့ သူ တစ်ယောက်လို။ မြေပြင်ပေါ်မှာ ရှိတဲ့သူ တွေက သူမ နဲ့ ယှဉ်ပြိုင်ဖို့ မထိုက်တန်ဘူး။

“မင်းသမးီးရဲ့ မြှားရေးကို လောကမှာ ယှဉ်နၤိုင်သူ မရှိ။”

“ယှဉ်နိုင်သူ မရှိ။”

“ မင်းသမီး အစွမ်းသည် အံ့မခန်း။ မ”

“ ကြင်နာ သနားတတ်တဲ့ အရှင်မင်းသမီးကို သေသည်အထိ သစ္စာရှိပါမယ်။”

ငွေဂျိုဝံပုလွေ စစ်သည်ငါးရာ ချက်ခြင်း အော်ဟစ်ကြတော့တယ်။ စစ်သူကြီးတိုင်ရဲ့ အမူအယာကတော့ ည လို မှောင်မည်း နေပြီ။ မင်းသမီးက တကယ်ပဲ ဒီ ကောင်စုတ်လေးကို မသတ်ဘူး။ စစ်သူကြီးတိုင် စကားပြောမလို့ ပြင်တယ်။ သူ့နောက်က စစ်သူကြီးမု ချက်ခြင်း လှမ်းဆွဲတယ်။ ခေါင်းခါ ပြတယ်။

“ဒီကောင်စုတ်လေးက ထက်မြက်လွန်းတယ်။ ငါတို့ ထင်ထားတာထက် အများကြီးသာ နေမှာ စိုးရိပ် ရတယ်။” စစ်သူကြီးမု ခပ်တိုးတိုး ပြောတယ် ။

“ အဖိုးကြီး။ ဘာတွေများ စိတ်ပူနေတာလဲ။ ဒီ ကောင်စုတ်လေးက ဘာမှ မဟုတ်ဘူး။ အရှက်မရှိရုံသက်သက်ပဲ။ သူ့ ရဲ့ မြှားရေးကလည်း သိပ်မဆိုးရုံလောက်ပဲ။” စစ်သူကြီးတိုင် ခေါင်းခါရင်းပြောတယ်။

“မဟုတ်ဘူး။ သူ့ မြှားရေးက ထူးခြားလွန်းတယ်။ အနည်းဆုံးတော့ မြင်ရတာထက် အများကြီးသာမယ်။ ဒါပေမယ့် ဆက်ပြီး အသက်ရှင်ဖို့ တမင်ရှုံးအောင် လုပ်လိုက်တာ။ နောက်ပြီးတော့…. အကွက်ကျကျ အရှုံးခံ သွားတာ။” စစ်သူကြီးမု ခေါင်းခါတယ်။

“ တမင်အရှုံးခံတာ။ အကွက်ကျကျ ရှုံးတာ။ အဖိုးကြီး။ ဒီ ကောင်စုတ်လေးက တမင်တကာ လုပ်နေတာလား။” စစ်သူကြီးတိုင် ထိတ်လန့်သွားတယ်။

“ငါလည်း မသိဘူး။ ဒါပေမယ့် သူ့ အသက်ကိုတော့ ကယ်နိုင်လိုက်တာပဲလေ။ မဟုတ်ဘူးလား။” စစ်သူကြီးမု ပြန်ဖြေတယ်။

စစ်သူကြီးတိုင် နောက်ထပ် မပြောတော့ဘူး။ ဖန်ကျန်းရှီကိုသာ ကြည့်နေတယ်။ ဖန်ကျန်းရှီ ရဲ့ မျက်နှာကို ကောင်းကောင်း ရိုက်ပြစ်ချက်နေတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သူ့ကို ထောင်ပြ နေတဲ့ လက်ခလယ် တစ်ချောင်းကိုသာ ရင်ဆိုင်လိုက်ရတယ်။

“ ကောင်စုတ်လေး ….. ငါမင်းကို အသေအချာ သတ်ပြစ်မယ်။”

…

သုခမိန်တောင်တန်းမြို့တော်။ တောင်ပိုင်းဒေသ တောင်ထိပ်မှာ ဆောက်ထားတဲ့ ရှေးဟောင်း မြို့တော်ကြီး။ ဒဏ္ဍာရီမှာ ဆိုကြတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ချီ တုန်းက ဒီတောင်တန်းကြီး မတည်ရှိခဲ့ဘူး။ သုခမိန်တောင်တန်း မြို့တော်က သာမာန် မြို့တော်လေး တစ်ခု။ သစ်တောကြီးရဲ့ အလယ်မှာ ရှိတယ်။

ဒါပေမယ့် ကြီးမားတဲ့ အဖြစ် အပျက်ကြီး တစ်ခု ဖြစ်လာခဲ့တယ်။ ဒီရှေးဟောင်း မြို့တော်ကြီး ရဲ့ ကံကြမ္မာကို ပြောင်းလဲ ပြစ်ခဲ့တဲ့ ကိစ္စကြီးတစ်ခု။

အဲ့ဒီ့ည။ မီးတောက်မီးလျှံတွေ မြေကြီးကနေ ထိုးထွက်လာတယ်။ သုခမိန် တောင်တန်း မြို့တော်ကြီးကို ဝါးမျိုသွားတယ်။ မီးတောက်တွေ တောင်ပိုင်းဒေသ တစ်ခုလုံးမှာ အလျှံညီးညီးလောင်ကျွမ်းနေခဲ့တယ်။ ဒါက ကပ်ဆုးိပဲ။ ကောင်းကင်နဲ့ မြေကြီးကို တပတ်လည်စေတဲ့ ကပ်ဆိုး တစ်ခု။ အသက်ပေါင်း ထောင်ချီ တဲ့ မြို့တော် တစ်ခုလုံး။ ကမ္ဘာ လောက ကနေ ပျောက်ကွယ်တော့မယ်။

ဒါပေမယ့် အဆိုးရွားဆုံး အချိန်မှာ။ အင်အားကြီးမားလွန်းတဲ့ လူတစ်ယောက် မြို့တော်ကို ဆင်းလာခဲ့တယ်။ သူ့ အင်အားနဲ့ နေရာ အနှံ့က မြေကြီးတွေကို ရွေ့တယ်။ တောင်ကြီး တစ်လုံး ကို ဖန်တီး ပေးလိုက်တယ်။ အဆုံးမှာတော့ ထောင်ချီ တဲ့ အသက်တွေကို ကယ်တင်ခဲ့တယ်။ သူ့ ကိုယ်ခန္ဒာကို တောင် ကြီးအောက်မှာ မြှပ်နှံလိုက်တယ်။

ဒီ အင်အားကြီးလွန်းတဲ့ လူကို ဂုဏ်ပြုတဲ့ အနေနဲ့ နာမည်ပေးခဲ့တယ်။ သုခမိန်တောင်တန်း။ တောင်ထိပ်မှာ တည်ရှိတဲ့ ရှေးဟောင်း မြို့တော်ကို။ သုခမိန်တောင်တန်း မြို့တော်လို့ ပြောင်းလဲ ခေါ်တွင်ခဲ့တယ်။ တောင်ပိုင်းဒေသ က မင်းတွေ အောင်ပွဲခံရာ ကြောက်မက်ဖွယ် နယ်မြေ ဖြစ်လာတယ်။

သုခမိန်တောင်တန်း မြို့တော် တစ်ခုလုံးက ကျောက်တုံးတွေ နဲ့ တည်ဆောက်ထားတယ်။ မင်းဆက်တွေ အဆက်ဆက် ဖြတ်သန်းလာတယ်။ တောင်ပိုင်း ဒေသကြီးမှာလည်း သစ်တောစိမ်းတွေ ပေါက်လာခဲ့တယ်။ ရှေးဟောင်း မြို့တော်စိမ်း ကြီး ဖြစ်လာတယ်။

ရှေးဟောင်း မြို့တော် အရှေ့ဘက်မှာ နန်းတော်လို နေရာ တစ်ခု ရှိတယ်။ ကျောက်စိမ်းဖြူတွေ သီးသန်းနဲ့ ဆောက်ထားတဲ့ နေရာကြီး။ တေ ာင်ပိုင်းဒေသ အုပ်ချုပ်သူ မင်းတွေ စိုးစံ ရာ နေရာ တစ်ခု ။ နန်းတော် အခန်းတ စ်ခု လုံးကို သားမွှေးတွေနဲက ခင်းကျင်းထားတယ်။

အသက်၃၀ ဝန်းကျင် လူငယ်လေးက သားရေ ထိုင်ခုံပေါ်မှာ။ သူ့ အသားအရေ က ညိုမှောင်တယ။် အဖိုးတန် ငွေရောင် သားရေကို ဝတ်ထားတယ်။ သူ့ ခြေထောက်မှာတော့ ရွှေချည်ထိုး ဖိနပ်တွေ။ ဆံပင်ပေါ်မှာ ငါးရောင်ခြယ် ငှက်မွှေး နှစ်ထပ် ရှိနေတယ်။ ငှက်မွှေး နှစ်ခု အလယ်မှာတော့ ပြာလဲ့ နေတဲ့ ကျောက်မျက် ရတနာ တစ်ခု။

“အရှင်။ ” လူကြီး တစ်ယော်က အခန်းထဲ ဝင်လာတယ်။ တလေးတစ်ားဒူးထောက်တယ်။

“ဘာကိစ္စလည်း” မြင့်မြတ် ဂုဏ်ခံ လူငယ် တစ်ချက်ကြည့်တယ်။ သူ့ ရဲ့ ကျားမျက်လုံးတွေ ပြာလဲ့လဲ့ တောက်ပနေတယ်။

“ရှန်းယွီ မင်းသမီး သတင်းပို့လာပါတယ်။ ကိစ္စအားလုံး စီစဉ်ပြီးပါပြီ။ စစ်သူကြီး နှစ်ဦးလည်း အဆင့်သင့်ပါပဲ။ ဒါကြောင့် ကျွန်တော်မျိုးကို အရှင့်ဆီ စေလွှတ်လိုက်တာပါ။ ဘယ် အချိန် တိုက်ခိုက်မှာပါလဲ။”

“ အလျင်လိုလိုက်တာ။ လှောင်အိမ်ထဲ ရောက်နေတဲ့ သားရဲ ကောင်က လွတ်နိုင်မှာလား။ စစ်သည် တစ်သောင်း က မလုံလောက်ဘူး။ ဒီလမ်းမှာ ကြီးမြတ်သော ရှမင်းဆက်က လူတွေ အများကြီး ထပ်ရှိနေအုန်းမယ်။ ငါတို့ လောလို့ မဖြစ်ဘူး။

“ အရှင့်အစီအစဉ်က တစ်ချက်တည်းနဲ့ အပြတ်ရှင်းဖ ို့လား။ ဒါပေမယ့် ဒီ ကိစ္စက ။ ကျွန်တော်တို့ အတွက် အတော်လေး ဖိအား များတယ်။ နောက်ပြီးတော့။ လူ များလေလေ။ တိုက်ပွဲက မလွယ်ကူလေပါပဲ။”

“မစိုးရိပမ်ပါနဲ့။ ကိုယ်တော် အကုန်လုံး စီစဉ်ပြီးပြီ။ ကြီးမြတ်သော ရှ…. ဟ ား ဟား…. မင်းတို့တွေ အာဏာ သိမ်းထားတာ ကြာလွန်းနေပြီ။ ပြောင်းလဲ ရတော့မယ့် အချိန်ပဲ။” လူငယ် အေးစက်စက် ပြုံးလိုက်တယ်။

“ အရှင်… ရှန်းယွီ မင်းသမီး ရဲ့ ဘက်က …”

“မင်းဘာပြောချင်တာလဲ။”

“ကျွန်တော်က စိုးရိမ် မိရုံပါ ။ ရှန်းယွီ မင်းသမီးက တောင်ပိုင်း ဒေသမှာ အင်အား အကြီးဆုံး စစ်သည်တော်ပဲ။ သူ မ လက်ထဲမှာ ငွေဂျို ဝံပုလေ သုံးထောင်လည်း ရှိနေတယ်။ သူမ ….”

“ သူ မလုပ်ဘူး။”

“ကျွန်တော် မျိုး နားလည်ပါပြီ။ ထွက်ခွာခွင့်ပြုပါ။”

….

တောင်ပိုင်းဒေသစစ်တပ်သုံး တဲကြီးထဲမှာ။ ဖန်ကျန်းရှီ သားရေ ဝတ်စုံကို ချွတ်လိုက်ပြီ။ ကြိမ်ထည် ဝတ်ရုံကို ပြောင်းဝတ်ထားတယ်။ သူ့ ခေါင်းပေါ်မှာလဲ လျှော်ပင် ဦးထုပ်ကြီးတောင် ဆောင်ထားသေးတယ်။ သူ့ရဲ့ ဖြူဖွေး နေတဲ့ အသားအရေ ကြောင့်သာ မဟုတ်ရင်။ တောင်ပိုင်းဒေသ ခေါင်းဆောင် တစ်ယောက်လို့ အထင်မှားချင်စရာပဲ။ ဒီ လို ထင်ရမှာ သူ့ရဲ့ ဝတ်ရုံကြောင့် မဟုတ်ဘူး။ သူ့ ပုခုံးပေါ်မှာ သားရေပြားလေး တစ်ခု ရှိနေတာကြောင့်ပဲ။ ဒီ စစ်တပ်မှာ သူနေဖို့ ဆုံးဖြတ်လိုက်ပြီ။ ကောင်းကောင်း အစွမ်းပြရမယ်။ ဖန်ကျန်းရှီ ဒါကို အဆုံးစွန်ထိ တွေးထားတယ်။

တောင်ပိုင်းဒေသ စစ်သမိုင်း တစ်လျှောက်လုံးမှာ။ မင်းသမီးရဲ့စစ်တပ်က ခေါင်းဆောင်ကို အပြစ်ပြုဝံ့တဲ့သူ မရှိဘူး။ ရှန်းယွီ မင်းသမီးက ရွှေရောင် သားရေပြားပေါ် ထိုင်နေတယ်။ သူမရဲ့ မျက်လုံး နက်နက်တွေ ဖန်ကျန်းရှီ ကို ကြည့်နေတယ်။ “နင်က နင့်ကိုယ်နင် စစ်သည်တော်ကြီးလိုလို အယောင်ဆောင်နေတာပဲ။ ပြောစမ်းပါအုန်း။ နင်က ဘယ်သူလဲ။ နင့်နာမည် ဘယ်လိုခေါ်လဲ။ ငါ့ စစ် တပ်ကို ဘာလို့ ဝင်လာတာလဲ။ ဘာရည်ရွယ်ချက်နဲ့လဲ။ စိတ်မပူနဲ့။ ငါ့ တဲထဲကို ခွင့်ပြုမိန့်မရဘဲ ဝင်လာရဲတဲ့သူ မရှိဘူး။”

“ နာမည်လား။ ကျွန်တော့်နာမည် ဖန်ကျန်းရှီ။” ဖန်ကျန်းရှီ ချက်ခြင်း ပြန်ဖြေတယ်။

အပိုင်း( ၃၃၅)ပြီး၏။

အပိုင်း (၃၃၆)

“ အကြီးအကျယ် ပြောင်းလဲမှု”

“ ဖန်ကျန်းရှီ။ နင်က ဖန်ကျန်းရှီလား။”

ရွှေရောင် သားရေပြားပေါ်မှာ ထိုင်နေတဲ့ ရှန်းယွီ ချက်ခြင်း ခုန်ထတယ်။ ဂျုံပင် အရောင် သူမရဲ့ မျက်နှာ ဖွေးသန့်သန့် လေးမှာ ထိတ်လန့်မှု တွေ ပြည့်နှက်သွားတယ်။

“ ဟုတ်တယ်။ ငယ်ငယ် တည်းက ကျွန်တော့် ကို ဒီလိုပဲ ခေါ်တာ။ ” ဖန်ကျန်းရှီ အေးအေး ဆေးဆေး ပြောတယ်။ ယောက်ျား တစ်ယောက်က ကိုယ့် နာမည်ကို ဖုံးကွယ်ထားစရာလား။ နားလည်တယ်ဟုတ်။

“ ဟဟား…. ဖန်ကျန်းရှီ တဲ့ ….. ဟားဟားဟား…… နင့်ကိုယ်နင် ဖန်ကျန်းရှီ တဲ့လား။” ရှန်းယွီ မင်းသမီးအော် ရယ်နေတယ်။ ရယ် လွန်းလို့ တကိုယ်လုံး တုန်ယင်နေပြီ။ “ ဒါဆို နင်က ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ဓားသံတမန် ဖန်ကျန်းရှီ ပေါ့။”

“ အမှန်ပဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ သူ့ ဂုဏ်သတင်းက ဒီ လောက်တောင် ပျံ့ နေ ပြီလား။ တောင်ပိုင်း ဒေါသရဲ့ မင်းသမီး ကတောင် သူ့ကို သိတယ်။

“ တော်ဝင် အတွေးအခေါ် စာမေးပွဲ မှာ နင်က ထိပ်တန်း ကျောင်းတော်သားပေ့ါ။ နန်ကုန်းမု နဲ့ ပူးတွဲ ပထမ ရတဲ့ သူလေ ဟုတ်တယ် မလား။” ရှန်းယွီ မင်းသမီး ရယ်မောရင်း ထပ်မေးတယ်။

“ ဟုတ်တယ်။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့် ပြန်တယ်။

“ ဟားဟားဟား …… နင်က တကယ့်ကို အဆုံးစွန် အရှက် မရှိတာပဲ ။” ရှန်းယွီ မင်းသမီး ရယ်လွန်းလို့ ။ မျက်နှာ အကြောတွေတောင် နာလာတယ်။ သူမ ထိုင်နေတဲ့ ရွှေေရောင် သားမွှေးကို အားရ ပါးရ ကန်ရင်း လှိမ့်နေအောင် ရယ်တယ်။

“ချီးမွမ်း တာ ကျေးဇူး တင်ပါတယ် အရှင် မင်းသမီး။” ဖန်ကျန်းရှီ မျက်နှာ နည်းနည်း နီနေပြီ။

“ ကောင်းပြီ။ ဟာသတွေ တော်တော့။ နင့် နာမည် အရင်းကို ပြောစမ်း။” ရှန်းယွီ မင်းသမီး ချက်ခြင်း ရပ်သွားတယ်။ သူမ အမူအယာ ချက်ခြင်း အေးစက် သွားတယ်။

“ ကျွန်တော်က တကယ် ဖန်ကျန်းရှီ အစစ်ပါ။”

“ နင်က ငါ့ကို ငတုံးများ များ မှတ်နေတာလား။ ”

“ မင်းသမီးက ထက်မြက်ပြီး အမြင်ကျယ်သူပါ။ လောကမှာ ယှဉ်နိုင်သူ မရှိပါဘူး။” ဖန်ကျန်းရှီ ချက်ခြင်း မြှောက်ပင့်တော့တယ်။ သူ့ရှေ့က လူ ကို တကယ်ပဲ ကြောက်ရတယ်။ သူ့ နယ်မြေကို ရောက်နေမှတော့။ အာမခံ ဝံ့ဘူး။

“ နင်သိမှတော့။ နင့် နာမည် ကို အမှန် အတိုင်းပြောစမ်း။” ရှန်းယွီ မင်းသမီး ဒေါသ ထွက်လာတယ်။

“ ဖန်ကျန်းရှီ၊”

“ နင့်ခေါင်းကို ငါ အခု ဖြတ်မ်ယ် ဆိုတာ ယုံကြည်လား။” ရှန်းယွီ မင်းသမီး ထ အော်တယ်။

“ယုံပါတယ်။ ”

“ ငါ နင့်ကို နောက်ဆုံး တစ်ခေါက် ထပ်မေးမယ် နင့် နာမည် ဘယ်လိုခေါ်လဲ။”

“ဖန်ကျန်းရှီ။”

“ လာကြစမ်း။ ဒီ လူလိမ်ကို ဆွဲ ခေါ် သွား။ ခေါင်းဖြတ်လိုက်။” ရှန်းယွီ မင်းသမီး နောက်ထပ် ဂရု မစိုက်တော့ဘူး။ တဲ အပြင်ကို လှမ်းအော်တယ်။

“ အမိန့်တော် အတိုင်းပါ။” မျက်တောင်တစ်ခတ်စာ အတွင်း။ တဲ လိုက်ကာ အပြည့်ပွင့်သွားတယ်။ စစ်သည်လေးဦး ချက်ခြင်းဝင်လာတယ်။

“ခနလေး…..” ဖန်ကျန်းရှီ ထအော်တယ်။

“ ဘာဖြစ်ပြန်တာလဲ။”

“ ကျွန်တော့် နာမည် ပြောင်းလိုက်ပြီ၊ အခုပဲ ပြောင်းလိုက်ပြီ။ ဖန်ကျန်းကျန်း …. ဖန်ကျန်းကျန်း။” ဖန်ကျန်းရှီ သွားဖြီး ပြရင်း ပြောတယ်။

“ နာမည်က လည်း အဆန်းကြီး။ နင် ငါ့ကို လာနောက်နေတာလား။”

“ မင်းသမီး။ မင်းသမီးက ဘာဖြစ်စေချင်တာလဲ။ ကျွန်တော့် နာမည်က ဖန်ကျန်းရှီလေ။ နာမည် အရင်း ပြောပြန်တော့လည်း ခေါင်းဖြတ်မယ် ဆို။ အခုတော့ ကျွန်တော့် နာမည် ဖန်ကျန်းကျန်း လို့ ပြောင်းပြီးပြီလေ။ ဒါလည်း လာနောက်နေတယ်တဲ့လား။” ဖန်ကျန်းရှီ ငိုချင်နေပြီ။

“ ငါက နင့် နာမည် အရင်းကို မေးနေတာ။” ရှန်းယွီ မင်းသမီး လေးလေးနက်နက် ပြောတယ်။

“ဖန်ကျန်းရှီ။”

“နင့်နာမည်က တကယ်ပဲ ဖန်ကျန်းရှီလား။”

“ မဟုတ်ဘူး။ ခုနကပဲ နာမည်ပြောင်းလိုက်ပြီ၊”

“ အတွေးအခေါ် စာမေးပွဲမှာ နန်ကုန်းမု နဲ့ ပူးတွဲ ပထမ ရတဲ့ တစ်ယောက်လား။” ရှန်းယွီ မင်းသမီး ရဲ့ အေးစက်စက် အပြုံးကို ဖန်ကျန်းရှီ မြင်လိုက်တယ်။ သူ့ ကျောရိုး တစ်လျှောက်လုံး စိမ့်ချမ်း လာတယ်။

“ ဟုတ်တယ် ဖြေရမလား။ မဟုတ်ဘူး ဖြေရမလား။”

“ အမှန် အတိုင်းသာ ပြော။”

“ မဟုတ်ဘူး။”

“ ကောင်းပြီလေ။ နောက်ဆုံးတော့ ရိုးသား သေးတာပဲ။ ငါသိရသလောက်။ ဖန်ကျန်းရှီက တိုက်ခိုက်ရေးစာမေးပွဲ တောင် လာ မဖြေဘူး။ နောက်ပြီးတော့။ သူ တကယ် လာရင်တောင်။ နယ်မြေ လေးခုမှာပဲ လှည့်ပတ်နေမှာ။ ဘာလို့ ငါ့ စစ်တပ် စခန်းချတဲ့ နယ်မြေကို ဝင်လာမှာလဲ။ ” ရှန်းယွီ မင်းသမီး ခေါင်းမော့ရင်း ဝံ့ဝံ့ကြွားကြွားပြောတယ်။ ပြေးဝင်လာတဲ့ စစ်သည် လေးယောက်ကို လက်ခါ ပြတယ်။

စစ်သည် တော်တွေ ပြန်ဆုတ်သွားတယ်။

“ မင်းသမီးက ထက်မြက်ပြီး အမြင်ကျယ်လှတယ်။ လောကမှာ ယှဉ်နိုင်သူ မရှိဘူး။ အရှင်မင်းသမီးကို ကျွန်တော် တကယ်ပဲ မလိမ် ညာနိုင်ပါဘူး။ ” ဖန်ကျန်းရှီ ချက်ခြင်း ချီးမွမ်းတော့တယ်။ ဒါပေမယ့် သူ့ စိတ်ထဲမှာ တိတ်တိတ်လေး ကျိန်ဆဲ နေမိတယ်။ အကန်းကြီး။ လုံး၀ ကန်းနေပြီ။

“ကောင်းပြီလေ။ နင့် ရဲ့ မြှားစွမ်းကလည်း မဆိုးဘူး ။ အရှိန်အဝါ သိပ်မရှိ ပေမယ့်။ တိကျတယ်။ ငါ့ ကိုယ်ပိုင် သက်တော်စောင့် လုပ်ဖို့ နင့် ဆန္ဒကို ဖြည့်ဆည်းပေးမယ်။ နောက်ပြီးတော့။ မြှားရေးမှာ လေ့ကျင့်ပေးတဲ့ သူ အဖြစ် သတ်မှတ်မယ်။ ပျံဝဲ ငှက်တောင် ဆယ့်သုံးခု တပ်ဖွဲ့ကို လေ့ကျင့်ပေးရမယ်။

“ ကျေးဇူးကြီးမားလှပါတယ် အရှင်မင်းသမီး ။ ပျံဝဲ ငှက်တောင်ဆယ့်သုံးခု တပ်ဖွဲ့မှာ စစ်သည် ဘယ်နှစ်ယောက် ရှိလဲ သိပါရစေ။ ” ဖန်ကျန်းရှီ ချက်ခြင်းမေးတယ်။

“ သုံးထောင်”

“အရှင်မင်းသမီးက ထက်မြက်ပြီး အမြင်ကျယ်လှတယ်။ ဒီလို အရေးကြီးတဲ့ တာဝန် ကို ကျွန်တော့်ဆီ ပေးအပ်တယ်။ အရှင်မင်းသမီးကို မျက်နှာ မပျက် စေရပါဘူး။ ဒါဆို မေးခွင့် ပြုပါ။ ကျွန်တော် အခု ပျံဝဲ ငှက်တောင်ဆယ့် သုံးခု တပ်ဖွဲ့မှာ ခေါင်းဆောင် ဖြစ်ပြီလား။ ”

“ အိမ်မက် မက်နေလိုက်။ ငါ့ စစ်တပ်မှာ အကြီးအကဲ ဖြစ်ဖို့ ဒီလောက်လွယ်မယ် ထင်လား ။ နင်က မြှားရေး သင်ပေး ရုံပဲ။ တခြား ကိစ္စ တွေ နင့် အလုပ် မဟုတ်ဘူး။ ” ရှန်းယွီ မင်းသမီး လှမ်းပြောတယ်။

“သေစမ်။” ဖန်ကျန်းရှီ လက်ခလယ် ထောင်ပြတယ်။

“ နင် ဘာပြောတယ်။”

“ ကျွန်တော် ပြောတာ။ အရှင်မင်းသမီးက လူ တွေကို နေရာမှန် အသုံးချ တတ်တယ်။ တကယ့်ကို ခေါင်းဆောင် သွေး စစ်စစ်ပဲ။”

“ နင်က စကားကောင်းတော့ ပြောတတ်သား။ သွားစမ်း။ စားဖို့ သစ်သီးသွား ယူလာ ခဲ့။ လတ်လတ် ဆတ်ဆတ် စားချင်တယ်။ မကောင်းတဲ့ အသီး တစ်လုံးပါရင် နင့်သွားတစ်ချောင်းကို ချိုးပြစ်မယ်။” ရှန်းယွီ မင်းသမီး ခေါင်းငြိမ့်တယ်။

“ တစ်ပန်းကန် က မနည်းလွန်းဘူးလား။”

“ဘာလဲ။ နင့်လို သက်တော်စောင့် လေးက ငါ့သစ်သီး တွေကို စားချင်နေတာလား၊” ရှန်းယွီ မင်းသမီး စိတ်ပျက်လက်ပျက် နဲ့ ပြောတယ်။

“ ကျွန်တော်က မင်းသမီး အတွက် တွေးနေတာပါ။ စကားပုံ တွေ ပြောသလိုပဲ။ ကောင်းတဲ့ ပစ္စည်းတွေက အစုံ လိုက် လာတယ်။ မင်းသမီး ။ တွေးကြည့် လိုက်ပါ။ ဒီလို နေရာ မျိုးမှာ တစ်ယောက်တည်း စားရ သောက်ရတာထက်။ လူတစ်ယောက်က မင်းသမီး အနားမှာ ပုံပြင် တွေ ပြောပေးမယ် ဆိုရင် ပိုပြီး စိတ်ဝင် စားဖို့ မကောင်းဘူးလား။ ” ဖန်ကျန်းရှီ အမူအယာ လက်ဟန် ခြေဟန်နဲ့ ရှင်းပြတယ်။ ”

“ အိုး။ နင်က ပုံပြင်လည်း ပြောတတ်တယ်လား။” ရှန်းယွီမင်းသမီး အံ့သြသွားတယ်။

“ဒါပေါ့။ ကျွန်တော်က ပုံပြင်တွေ အများကြီး ပြောတတ်တယ် ။ ဥပမာ - အနောက် အရပ်သို့ ခရီးသွားခြင်း ။ ပင်လယ်ဖြတ်တဲ့ နတ်မင်း ကိုးပါး။ စွန်းဝူခုန်းနဲ့ အရိုးဖြူမိစ္ဆာ …. အများကြီး အများကြီး ပြောတတ်တယ်။” ဖန်ကျန်းရှီ ဂုဏ်ယူဝံ့ကြွားရင်း ပြောတယ်။

“ကောင်းပြီ။ ခွင့်ပြုတယ်။” ရှန်းယွီ မင်းသမီး ချက်ခြင်း စကား ဖြတ်တယ်။

“ ကျေးဇူးကြီးလှပါတယ်။ အရှင်မင်းသမီး။”

…

စကားပုံတွေ ပြောသလိုပဲ။ ငါ့လက်ထဲမှာ အာဏာ၇ှိရင်။ လောကကြီးက ငါ့အပိုင်ပဲ။

စစ်တပ်ထဲ ဝင်ရောဖို့ ဆုံးဖြတ်ပြီးပြီ။ ရှန်းယွီမင်းသမီးရဲ့ သက်တော်စောင့်လေး ကောင်းကောင်းလုပ်ရမယ်။ တစ်ရက်တာ ဘုန်းကြီးဝတ်ရခြင်းက တစ်ရက်တာ အုန်းမောင်းခေါက်ရခြင်းပဲ။ အုန်းမောင်းမခေါက်တဲ့ ဘုန်းတော်ကြီးက ဘုန်းတော်ကြီးကောင်း မဟုတ်။ (တရုတ်ဘုန်းကြီးတွေခေါက်တဲ့ လုံးလုံးလေး။)

မင်းသမီး ရဲ့ တဲထဲကနေ ခေါင်းမော့ရင်ကော့ပြီး ထွက်လာတယ်။ သူ့ မျက်နှာမှာတော့ အလွန်အမင်းပီတိ ဖြစ်နေ ဟန်ပဲ။ အခုတော့ ရှန်းယွီ မင်းသမီး ရဲ့ အမိန့်နဲ့ သစ်သီးတွေ သွားယူပေးရတော့မယ်။ ငါ့ကို ဆန့်ကျင် ဝံ့တဲ့သူ ဒီ စစ်တပ်မှာ ရှိသေးလား။

“ဟန့်။ သောက်ကလေး။ မင်း မသေသေးဘူးလား။” အေးစက်စက် အသံထွက်လာတယ်။ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ စစ်သူကြီးတိုင်ကို သူ တွေ့လိုက်တယ်။ ရဲဒင်းကြီးကို လက်မှာ ကိုင်ရင်း။ နောက်လိုက်နောက်ပါ စစ်သည်တွေအများကြီးနဲ့ ရပ်နေတယ်။ သူ့ စိတ်ထဲမှာ။ ရှန်းယွီမင်းသမီး ဒီကောင်စုတ်လေးကို မသတ်တာ ။ အသစ်အဆန်း ပျော်ရွှင်စရာလေး လိုချင်လို့ ဖြစ်မယ်။ သူ ဒီလို ထင်တယ်။ မင်းသမီးသာ ငြီးငွေ့သွားရင် ။ ဒီကောင်စုတ်လေး သုံးစက္ကန့်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။

ဒါဆိုရင်….. သတ်ဖို့ အချိန် ကျမယ်။

“ အဖိုးကြီး တိုင် လို့ ခေါ်တဲ့ လူကြီး။ ခင်ဗျားကို ပြောမယ်။ မင်းသမီးက ဆာနေပြီတဲ့။ သစ်သီး နှစ်ပန်းကန် မြန်မြန်သွားယူ ပေးစမ်း။” ဖန်ကျန်းရှီ မြက်တစ်ပင်ကို ပါးစောင်မှာ ငုံထားတယ်။ စစ်သူကြီးတိုင်ကို လှမ်းအော်တယ်။ “ ငါက ကြီးမြတ်တဲ့ ကျား စစ်သူကြီး။”

“ မင်းသမီးက အမိန့်ပေးလိုက်တယ်။ ဘာလဲ ဆန့်ကျင် ချင်တာလား။” ဖန်ကျန်းရှီ ဂရုမစိုက်ဘူး။ ခေါင်းကို တစ်ဖက် လွှဲရင်း ပြောတယ်။

“မင်း … သောက်ကလေး။” စစ်သူကြီးတိုင်ရဲ့ မျက်လုံးတွေ ဝိုင်းစက်သွားတယ်။

“ကြည့်ရတာ အမိန့်မနာခံ ချင်ပုံပဲ။ ရတယ်လေ။ မင်းသမီးကို သွားပြောလမယ်။” ဖန်ကျန်းရှီ ချက်ခြင်း ပြန်လှည့်တယ်။

“ ခနနေအုန်း…. မင်း …. သစ်သီး နှစ်ပန်းကန် ယူလာခဲ့ မင်းသမီး တဲကို သွားပို့ပေးလိုက်။”

“အမိန့်တော် အတိုင်းပါ။” စစ်သည် ချက်ခြင်း ပြေးထွက်သွားတယ်။

“ ကြည့်ရတာ သိပ်မဟုတ်သေးဘူး။ မင်းသမီးက ကြီးမြတ်တဲ့ ကျားစစ်သူကြီုး တိုင် ကိုယ်တိုင် သစ်သီးလာပို့ ခိုင်းတာ။ ကျွန်တော်လည်း မသိဘူးး ။ စစ်သူကြီး အခုလို လုပ်နေတာ စစ်တပ် အမိန့်။ မင်းသမီး အမိန့်ကို ဆန့်ကျင်ရာ ရောက်နေမလား။” ဖန်ကျန်းရှီ ပြောတယ်။

“ သောက်ကလေး ။ အတင့်ရဲလိုက်တာ။” စစ်သူကြီး တိုင် သိသိသာသာ ဒေါသထွက်လာတယ်။ ဒါပေမယ့် သူ့မှာ ရွေးစရာ မရှိ။

“မျက်လုံးကို ရှင်ရှင်ထား။ ကျယ်ကျယ်ဖွင့်ထား။ သစ်သီးကို ကောင်းကောင်းရွေးခဲ့။ ပုတ်နေတာ တစ်လုံးရှိရင်။ မင်း သွားကို ချိုးပြစ်မယ်။” ဖန်ကျန်းရှီ လှမ်းအော်ပြီး အမိန့်ပေးတယ်။

“ ငလူးပဲ။ ဒီ သောက်ကလေး ကို ဒီနေ့ ငါမသတ်နိုင်ရင်။ ငါ့ မျိုးရိုးက တိုင် မဟုတ်တော့ဘူး။ ဘယ်သူမှ ငါ့ကို မတားနဲ့။” စစ်သူကြီးတိုင် သည်းခံ နိုင်စွမ်း ကုန်ဆုံးသွားခဲ့ပြီ။ သူ့ မျက်နှာ မည်းမည်း နီရဲ လာတယ်။ သစ်ကိုင်းခြောက်ကြီး မီးရှို့ခံ လိုက်ရသလိုပဲ။ ချက်ခြင်း ဒေါသမီးတွေ တောက်လောင်လာတယ်။

ဒီအချိန်မှာ။ တောင်ပိုင်းဒေသ ရဲ့ ရဲစွမ်းသတ္တိတွေ ပေါ်လာတယ်။

ကျားစစ်သူကြီး တစ်ယောက် က။ သူ့ လက်အောက်ခံ စစ်သည်တွေ ရှေ့မှာ အရှက်တကွဲ ဖြစ်လို့ ရမှာလား။

စစ်သူကြီးတိုင် သူ့ ရဲ့ ရဲဒင်း ကြီးကို လွှဲယမ်းတယ်။ ပုခုံ း ကြွက်သားတွေ ချက်ခြင်း ဖောင်းကြွလာပြီ။ မူလ အရွယ် အစားထက် နှစ်ဆ နီးပါး ကြီးလာတယ်။ သူ့ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးတွေ သံမဏိ အပ်လို ထောင်လာတယ်။

“ တိမ်သဏ္ဍာန် မရှိဘူးပဲ။” ဖန်ကျန်းရှီ စိတ်ပျက်သွားတယ်။ စစ်သူကြီးတိုင်ကို သူ ကြည့်နေတယ်။ သူမျှော်လင့် နေတဲ့ တိမ်သဏ္ဍာန်ကို စစ်သူကြီး ရဲ့ ကိုယ်ပေါ်မှာ တွေ့ရမယ် ထင်ထားခဲ့တာ။ အခုတော့ မတွေ့ရဘူး။ ဘာဖြစ်တာလဲ။ ခန နေပါအုန်း။ ကြည့်ရတာ ပြေးဖို့ အချိန် ရောက်ပြီ။

“ မင်းသမီး။ ကျွန်တော့်ကို ကယ်ပါအုန်း။” ဖန်ကျန်းရှီ နှစ်ခါမတွေးပဲ အော်တော့တယ်။

“ဘာဖြစ်တာလဲ။” ဖန်ကျန်းရှီ အသံ ထွက်လာသလို။ တဲ လိုက်ကာလည်း ပွင့်လာတယ်။ ရှန်းယွီ မင်းသမီး ရှေ့ထွက်လာတယ်။ ပတ်ပတ်လည်က စစ်သည်တော်တွေကို လှမ်းကြည့်တယ်။

“အရှင်မင်းသမီး။” စစ်သည် အားလုံး မြေကြီးပေါ်မှာ ချက်ခြင်း ဒူးထောက် လိုက်တယ်။ စစ်သူကြီး တိုင်ရဲ့ မှုတ်ဆိတ်မွှေးတွေလည်း ချက်ခြင်း ပြန်နူးညံ့သွားတယ်။ ခေါင်းပေါ်မြှောက်ထားတဲ့ ရဲဒင်းကြီးကို နောက်ဆုံးမှာတော့ အောက်ချ လိုက်ပြီ ။

“စစ်သူကြီး တိုင် ဘာလုပ်နေတာလဲ။” ရှန်းယွီ မင်းသမီး လှမ်းမေးတယ်။

“ မင်းသမီး အနားယူနေတာ နှောက်ယှက်မိပါပြီ။ ကျွန်တော် မျိုး သေသင့်ပါတယ်။ ဒါ… ဒါပေမယ့် …… ဒီ ကလေးက လွန်လွန်းတယ်။ ကျွန်တော်။ အဖိုးကြီးတိုင်။ မင်းသမီး လက်အောက်မှာ အမှုထမ်းခဲ့တာ နှစ်တွေ ကြာခဲ့ပါပြီ။ ဒီလို အနိုင်ကျင့် စော်ကားခံရ တာမျိုး ကျွန်တော်မျိုး မကြုံဖူးပါဘူး။ ” စစ်သူကြီးတိုင် အသားတွေ တဆတ်ဆတ် တုန်နေတယ်။ သူ့ စကားဆုံးအောင် ပြောပြီးပြီ။ မျက်ရည်တွေတောင်ဝဲ နေတယ်။

“ အနိုင်ကျင့်တယ်။ ဘယ်သူက အနိုင်ကျင့်တာလဲ။” ရှန်းယွီ မင်းသမီး ဘေးမှာ ရပ်နေတဲ့ ဖန်ကျန်းရှီကို လှမ်းပြောတယ်။ စစ်သူကြီးတိုင်ကို လှမ်းကြည့်တယ်။

“ ဒီ ကလေး က တကယ့်ကိုပဲ။” စစ်သူကြီးတိုင် ဖန်ကျန်းရှီကို လက်ညှိုးထိုး ပြတယ်။

ဖန်ကျန်းရှီ က စစ်သူကြီးတိုင်ကို လုံး၀ မလေးစားတဲ့ ပုံ အထင်းသား ပေါ်နေတယ်။ သူက မင်းသမီး ရဲ့ ကိုယ်ပိုင် သက်တော်စောင့်လေ။ ရှေးရှေးတုန်းက ဆိုရင်။ သက်တော်စောင့်က မင်းသမီး ရဲ့ အယုံကြည် ရ ဆုံး နောက်လိုက်ပဲ။ မင်းသမီးက သူ့ကို အာဏာကုန် လွှဲထားတာ။ အဲ့တော့ ဒီစစ်သူကြီးက ဘာလုပ်လို့ ရမှာလဲ။

“ ငါ သိပြီ။ တောင်ပိုင်း ဒေသ စည်းမျဉ်းအရ ဆိုရင်။ လူတွေ ရှေ့မှာ အနိုင်ကျင့် ခံ ရရင်။ ဘာလုပ်သင့်လဲ။” ရှန်းယွီ မင်းသမီး ခေါင်းငြိမ့်တယ်။

“ သတ်ရမယ်။” စစ်သူကြီး တိုင် အလွန်အမင်းကို ကျေနပ် အားရ နေတယ်။

“ဟုတ်တယ်။ ဒါပေမယ့် သူက ငါ့ရဲ့ ကိုယ်ပိုင်သက်တော်စောင့် ။ သတ်ဖို့ မလိုဘူး။ တစ်ချက် ကောင်းကော င်း ရိုက်ဖို့ပဲ လိုတယ်။ အိပ်ယာထဲက သုံးရက်လောက် မထ နိုင်အောင် ရိုက်ပြစ်လည်း ရတယ်။ ဒါပေမယ့် အသက်တော့ မသေစေနဲ့။ ရှင်းပြီလား။” ရှန်းယွီ မင်းသမီး ပြုံးပြရင်း ပြောတယ်။

“ ရှင်းပါပြီ။” စစ်သူကြီး တိုင် ပျော်ရွှင်သွားတယ်။ တောင်ဆိတ်လေးကို ခုန်အုပ်ကိုက်ဖြတ်ဖို့ ပြင်နေတဲ့ ခြင်္သေ့ကြီး တစ်ကောင်လိုပဲ။

ဖန်ကျန်းရှီက တော့ တုန်ယင်နေပြီ။ ဟန့်။ ကြည့်ရတာ မလွယ်ကျောပဲ။ သက်တော်စောင့်ဆိုတာ မင်းသမီး အယုံကြည်ရဆုံးသူ မဟုတ်ဘူးလား။ သူ့ အမိန့်အာဏာ နဲ့လည်း တိုက်ရိုက်ကျတယ်လေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ။ အခု ကိစ္စကတော့ နည်းလမ်းမကျဘူး။ ဇာတ်ညွှန်းကြီးတစ်ခုလုံး အကြီးအကျယ် ပြောင်းလဲသွားတာလား။ ဖန်ကျန်းရှီ သူ ပြေးသင့်ပြီလို့ ထင်တယ် ။ ဒါပေမယ့် ဒီ တပ်နယ်မြေက ကြီးလွန်းတယ်။ ဘယ်နေရာကို ပြေးရမှာလဲ။ လွယ်လွယ်ကူကူ ပြေးလို့ ရမယ့် နေရ မတွေ့ဘူး။ ငါတော့ သွားပြီ။

ကိစ္စကို ရိုးရိုးလေး တွေးလိုက်မိတာ မှားသွားတယ်။ ငါက ကြီးမြတ်သော ရှမင်းဆက်က ။ ငါ့မင်းသမးီးက တောင်ပိုင်းဒေသ က။ တောင်ပိုင်းဒေသ စစ်သူကြီးနဲ့။ ရှမင်းဆက်က သက်တော်စေ ာင့် ဆိုရင် ။ ဘယ်သူ့ကို အရေးပေးမလဲ သိသာ နေတာပဲ။ ယှဉ်လို့တောင်မရဘူးလေ။

“ မင်းသမီး….. ကျွန်တော်က ပုံပြင်တွေတောင် မပြောရ သေးဘူးလေ။ ကျွန်တော်သာ အရိုက်ခံရလို့ မထ နိုင်ရင်။ ဘယ်လို လုပ်ရမလဲ။” ဖန်ကျန်းရှီ အသနားခံတယ်။

“ ကိစ္စမ၇ှိဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ။ နင်မှ မသေပဲ။ နောက်တော့မှ အေးအေး ပုံပြင်ပြောပြပေါ့။” ရှန်းယွီ ပြုံးပြရင်း ပြောတယ်။ ဖန်ကျန်းရှီကို ရယ်မောနေတယ်။

“ နောက်မှ အေးဆေးပြော။ သေမှ မသေပဲ။” ဒီမင်းသမီးက အကြင်နာ တရားမှရိလိုက်တာ။ အနည်းဆုံးတော့ သနားကြင်နာမှုလေးပြသင့်တယ်လေ။

“ ကောင်စုတ်လေး။ လက်နက်ရွေးစမ်း။ လက်နက်မရှိတဲ့ သူ နဲ့ ငါ မတိုက်ဘူး။ မင်း အခုပဲ ငါ့ သွား တစ်ချောင်းကို ခြိမ်းခြောက်ထားတာ။ ဒီနေ့တော့ မင်းပါးစပ်ထဲက သွားတွေအကုန် ကျွတ်စေရမယ်။” စစ်သူကြိးတိုင် မျက်နှာ ရဲရဲ နီနေပြီ။ ဒါက ပျော်လို့ ဖြစ်တဲ့ ပုံစံပဲ။ အနက်ရောင်ရဲဒင်းကြီး အရောင်တောက်လာတယ်။

“ဝူးးး….. ဝူးးး။။။ ဝူးးးး” သူ့ ရဲဒင်းကြိးကို ဝေ့ယမ်းတယ်။ စစ်သူကြီး တိုင်ရဲ့ ရှေ့မှာ မြေကြီးတွေ ကွဲအက်ကုန်တယ်။ တောင်ပိုင်းဒေသရဲ့ ကျားစစ်သူကြီးက အားနည်းသူ မဟုတ်ဘူး။ “ စစ်သူကြီးတိုင် ရဲ့ အစွမ်းကို သိခွင့်ရှိပါရစေ။” မြေကြီးတွေ အက်ကုန်တာကို ကြည့်ရင်း ဖန်ကျန်းရှီ လှမ်းမေးတယ်။ ဒီလောက်တော့ သူလည်း လုပ်နိုင်တယ်။ ဒါပေမယ့် စစ်သူကြီးတိုင်လိုတော့ မလွယ်ကူ ဘူးး။

“သိပ်မမြင့်ပါဘူး။ မင်းတို့ ရှမင်းဆက်နဲ့ တွက်ရင်။ ငါက သဘာဝလွန် အလယ်အဆင့်မှာပဲ ရှိသေးတယ်။

စစ်သူကြီးတိုင် အေးစက်စက် ပြုံုးပြတယ်။ “သဘာဝလွန် အဆင့်။” ဖန်ကျန်းရှီ နဖူးမှာ ချွေးသီးချွေးပေါက်တွေ ပေါ်လာတယ်။ ငလူးပဲ။ ဒါက မမြင့်ဘူးတဲ့လား။

အသက် ၄၀ ၅၀ လူကြိးက အသက်၂၀ တောင် မပြည့်သေးတဲ့ ကလေးကို အနိုင်ကျင့်နေတာပဲ။ လုပ်ရဲလိုက်တာ။ ဖန်ကျန်းရှီ နောက်တစ်လှမ်း ဆုတ်သွားတယ်။ သူ့နဖူးမှာတော့ ချွေးစို့ နေပြီ။ လေအေးအေးက တိုက်နေတယ်။ သူ ခေါင်းကို ဖြည်းဖြည်း ချင်း မော့တယ်။ ကောင်းကင်မှာ လွင့်မျောနေတဲ့ တိမ်တွေကို ကြည့်တယ်။ ဘေးပတ်လည်က စစ်သည်တွေကို ကြည့်တယ်။ ပတ်ဝန်းကျင်က ကျောချမ်းစရာပဲ။ သူ့ နားကို စစ်သူ ကြီးတိုင် တဖြည်းဖြည်း နီးလာပြီ။

“ ဒါက ကိုယ်ကိုတိုင် မွှေးမိတဲ့ မ ီးပဲ။”

အပိုင်း(၃၃၆)ပြီး၏။

အပိုင်း(၃၃၇)

“ ဖိနှိပ်ခြင်း”

“ တိုက်ခိုက် ”

“တိုက်ခိုက်။”

ဒါကို မြင်တော့ ပတ်ဝန်းကျင်က စစ်သည်တွေ အော်ဟစ်ကြတယ်။ တစ်ယောက်ချင်းစီက စစ်သူကြီးတိုင်ကို အားပေးတယ်။ ဖန်ကျန်းရှီကိုတော့ တပိုင်းသေ နေတဲ့ လူလို ကြည့်တယ်။

“ကောင်စုတ်လေး။ လက်နက်ရွေးစမ်။” စစ်သူကြီးတိုင် ရဲ့ အပြုံး အေးစက်သည်ထက် အေးစက်လာတယ်။ ဖန်ကျန်းရှီကို ကြည့်ရင်းနဲ့ ပေါ့။ သူ့ဒေါသတွေကို တနေ့တာလုံး ထိန်းချုပ်ထားခဲ့တယ်။ အခုတော့ ပေါက်ကွဲထွက်ဖို့ အချိန် ရောက်ပြီ။

သူ ဘယ်လိုများ စိတ်မလှုပ်ရှားပဲ နေမလဲ။

မဟူရာ ရဲဒင်းကြီးကို ကိုင်ထားတဲ့ သူ့ လက်တွေတောင် တုန်ယင်နေတယ်။

“ခနလေး….” သူ့ နားကို တဖြည်းဖြည်းကပ်လာတဲ့ စစ်သူကြီး တိုင်ကို ဖန်ကျန်းရှီ လှမ်းအော်တယ်။

“ဘာလဲ အသနား ခံ ချင်လို့လား။” စစ်သူကြီးတိုင် အေးစက်စက် ပြောပြတယ်။

“ ငါ့လို ကြီးမြတ် တဲ့ လူတစ်ယောက် က ဘယ်လိုများ အသနားခံ ရမှာလဲ။ ” ဖန်ကျန်းရှီ စိတ်ပျက် မင တွေ ပြည့်နက်လာတယ်။ အဲ့ဒီ့နောက် ရှန်းယွီ မင်းသမီးကို လှမ်းကြည့်တယ်။ “ ဒါပေမယ့် ဒီ ပြိုင်ပွဲက မတရားဘူးလို့ ထင်မိတယ်။”

“ အိုး…. ဘာလို့များ မတရားရတာလဲ။” ရှန်းယွီ မင်းသမီး ပြုးပြတယ်။ ”

“ နှစ်ဆယ် ချီ လေ့ကျင့် ထားတဲ့ အသက် လေး ငါးဆယ် လူကြီးက။ ၁ နှစ် ၂ နှစ် လောက်ပဲ လေ့ကျင့်ရသေးတဲ့ အပြစ် မရှိတဲ့ ၁၅ နှစ်သား လေးကို တိုက်ခိုက် နေတာ။ ဒါကို တရား မျှတတယ်လို့ သတ်မှတ် ရမှာလား။” ဖန်ကျန်းရှီ အထင်သေးတဲ့ ပုံစံ နဲ့ ပြောတယ်။

“ လုံးဝကို မတရားတာပဲ။ ဒါဆို ဘယ်လိုများ တရားမျှတ အောင် လုပ်ပေးရမလဲ။” ရှန်းယွီ မင်းသမီး ပြုံးပြရင်း ပြောတယ်။

“ အကယ်၍ နှစ်ယောက် လုံးက ကျင့်ကြံ အဆင့် တွေ မသုံးဘဲ။ နည်းလမ်းနဲ့ပဲ သန့်သန့်ရှင်းရှင်း တိုက် ခိုက်ရင်။ တရား မျှတ ပါ လိမ့်မယ်။” ဖန်ကျန်းရှီ ချက်ခြင်း အကြံ ပြုတယ်။

“ ကျင့်ကြံ ဆင့်တွေ မပါရဘူး။ နည်းလမ်း နဲ့ပဲ တိုက်ခိုက်ရမယ်။ ဟန့်…. စစ်သူကြီးတိုင်။ ဘယ်လိုထင်လဲ။” ရန်းယွီ မင်းသမီး နောက်တခါ ခေါင်းငြိမ့်တယ်။ စစ်သူကြီးတိုင်ကို လှမ်းကြည့်တယ်။

“ ကျွန်တော့်မှာ ငြင်းပယ် စရာ အကြောင်း မရှိပါဘူး။ ကျွန်တော့် ကျင့်ကြံ ဆင့် နဲ့ ဒီ ကလေးကို ဖိနှိပ် တိုက်ခိုက်ရင်။ အနိုင်ကျင့်ရာ ရောက်မယ်။ တောင်ပိုင်းဒေသ စစ်သည်တော် တစ်ယောက် ရဲ့ ကြီးမြတ်တဲ့ ဂုဏ်သတင်းလည်း ထိ ခိုက် ရမယ်။ ဒီနေ့တော့ ကျွန်တော်မျိုး သူ ပြောတဲ့ အတိုင်း လုပ်မယ်။ ကျွန်တော့် ကျင့်ကြံ ဆင့်ကို မသုံးဘူး။ တရား မျှမျှတတ အနိုင်ယူမယ်။” စစ်သူကြီးတိုင် ယုံကြည်ချက် အပြည့်နဲ့ ပြန်ဖြေတယ်။

“ကောင်းပြီ။ ငါ ကြေညာမယ်။ ဒီ တိုက်ပွဲမှာ။ နှစ်ယောက်စလုံး ကျင့်ကြံ ဆင့်တွေကို မသုံးရဘူး။ အကယ်၍ တစ်ယောက်ယောက်သာ ဒီ စည်းမျဉ်းကို ချိုးဖောက် ခဲ့ရင်။ စစ်တပ် ဥ့ပဒေ အတိုင်း အပြစ်ပေးချင်း ခံ ရမယ်။” ရှန်းယွီ မင်းသမီး နှုတ်ခမ်းတွေ မျဉ်းကွေး ဖြစ်တဲ့ အထိ ပြုံးရင်း ပြောတယ်။

“ ကျေးဇှူး ကြီးမားလှ ပါတယ် အရှင်မင်းသမီး။” ဖန်ကျန်းရှီ ချက်ခြင်း ရှန်းယွီ မင်းသမီးကို ကျေးဇူးတင်တယ်။ တောင်ပိုင်း ဒေသ က အင်အားလွတ် တိုက်ခိုက်နည်း တွေမှာ ကောင်းမကောင်း သူမသိ။ ဒါပေမယ့် အခု ချိန် သူ စဉ်းစား နိုင်တာ ဒါ အကုန်ပဲ။

“ ကောင်စုတ်လေး။ အဓိပ္မာယ် မရှိတာတွေ မပြောနဲ့။ စလိုက် ရအောင်။” စစ်သူကြီး တိုင် ချက်ခြင်း ရဲဒင်းကြီး ကို မြှောက် လိုက်တယ်။ ရဲဒင်းကြီးက သူ့ ပုခုံး နောက် ကိုတောင် ရောက် နေပြီ။

“ ခန နေပါအုန်း။”

“ ဘာဖြစ် ပြန်တာတုန်း။”

“ လက် နက် မရွေးရ သေးဘူး။”

“ ဟဟား…. လက်နက် ရွေးစမ်း။” စစ်သူကြီး တိုင် အော်ရယ် ရင်း ပြောတယ်။ ဖန်ကျန်းရှီက သူ့ကို လက်သီး နဲ့ ထိုးမယ်လို့ ထင်ထားတာ။ ဒါပေမယ့် ဖန်ကျန်းရှီက လက်နက် ရွေးမယ်လို့ မထင် ထားဘူး။ ဒီ ကလေး က ကိုယ့်သေတွင်း ကိုယ်တူး နေတာပဲ။

ဒီကိစ္စက သူ့ ရဲဒင်း ကြီးတောင် သုံးဖို့ မလိုဘူး။

ပတ်ဝန်းကျင်ကစစ်သည်တွေ ကြားတော့။ သူတို့ ေ လှာင်ရယ်ကြတယ်။

“ ဒီ မောက်မာ နေတဲ့ ကောင် က တကယ့်ကို အကြောက် လန့် မရှိတာပဲ။”

“ သေချင် နေပြီလား။”

“ လက်နက် တွေက အမြင်မလှဘူး ။ သောက်ကလေး။”

စစ်သည်တွေ တစ်ယောက်တစ်ပေါက် လှောင်ရယ် ကြတယ်။ မင်းသမီးက ဖန်ကျန်းရှီအတွက် လမ်းဖောက် ပေးပြီးပြီလေ။ ကံမကောင်းစွာနဲ့ပဲ။ ဖန်ကျန်းရှီက သူ့ ဘာသူ နောက်ပြန် ဆုတ်သွားတာ။

ကိုယ့်သေတွင်း ကိုယ်တူးနေတာ။

ရှန်းယွီ မင်းသမီးလည်း တွေးမိတယ်။ ဖန်ကျန်းရှီ က တော့်တော့်ကို အတယ်။ သူလှမ်းကြည့်တော့။ ဖန်ကျန်းရှီက သူမ ကို အရောင်တလက်လက် တောက်တဲ့ မျက်လုံး ပြူးကြီးတွေ နဲ့ ကြည့်နေတယ်။ လက်တွေကိုလည်း မီးတောက် မတတ် ပွတ်နေတယ်။

“ ဒါဆိုရင် …. အရှင်မင်းသမီး။ ကျွန်တော့်ကို မင်းသမီး ရဲ့ လေး ကိုင်းလေး ခန ငှားပေးပါလား။ ”

“ နင် က ငါ့ရဲ့ မီးတောက် ကြိမ် လေးကိုင်းကို ငှားချင်တာလား။ ” ရှန်းယွီ မင်းသမီး လန့်သွားတယ်။ ဒါပေမယ့် ချက်ခြင်း ပြန် လှောင်ရယ်တယ်။ “ နင် ငါ့ လေးကိုင်း ကိုတောင် ဆွဲ နိုင်လို့လား။”

“ ဆွဲနိုင်မယ်လို့ ထင်တာပဲ။” ဖန်ကျန်းရှီ ယုံကြည်ချက် အပြည့် နဲ့ ပြောတယ်။

ပတ်ဝန်းကျင်က စစ်သည်တွေ ဖန်ကျန်းရှီ ရဲ့ စကာ်းကို ကြားတယ်။ သူတို့ရယ်မောကြတယ်။ ဖန်ကျန်းရှီ နဲ့ ရှန်းယွီ မင်းသမီး တို့ တိုက်ပွဲကို သူတို့ သိတယ်။ ဒီ ကောင်စုတ်လေးက သာမာန် လေးကိုတောင် မဆွဲ နိုင်တာ။ သာမာန် စစ်သည် ရဲ့ လေးကိုင်း ကို ပဲ ဆွဲနိုင်တာ။

အခုတော့ စစ်သူကြီး တိုင် ကို နိုင်ဖို့ ကြံ နေပြန်ပြီ။ မီးတောက် ကြိမ် လေးကိုင်း နဲ့ဆို နိုင်မယ် များ ထင်နေတာလား။

“ ဟားဟားဟား….” ရှန်းယွီ မင်းသမီး လည်း အော်ရယ် နေပြီ။ လက်ကို ဝေ့ယမ်းတယ်။ မီးတောက် ကြိမ်က အပူမီးတွေ ထွက်လာတယ်။ သူမ လက်ထဲမှာ အရောင် တောက်လာတယ်။ “ ယူလိုက်။”

“ ချီးမြှင့်မှု အတွက် ကျေးဇူးတင်ပါတယ်။ အရှင် မင်းသမီး။” ဖန်ကျန်းရှှီ လက်ခံ လိုက်တယ်။

“ ဆုချီးမြှင့်တယ်။ နင် ဘာတွေ တွေးနေတာလဲ။ ငါက နင့်ကို ခန ငှားပေးတာ။ ကိစ္စပြတ်ရင် ပြန်ပေး။” ရှန်းယွီ မင်းသမီး လန့် သွားတယ်။ သူ ချက်ခြင်း ပြန်အော်တယ်။

“ အိုး ကောင်းပြီလေ။ ကျေးဇူးတင်စရာ မလိုတော့ဘူး။” ဖန်ကျန်းရှီ စိတ်ပျက်သွားတယ်။

“ စစ်သူကြီးတိုင်က ကျွန်တော့်ကို မျက်နှာသာ မပေးဘူး။ ဒီနေ့တော့ ဒီသောက်ကလေးကို ငါးရက်လောက် အိပ်ယာ မထ နိုင်အောင် စစ်သူကြီးတိုင် ရိုက်ပြစ်ချင် လည်း ရတယ်။ စစ်သည်တော်တွေ ကို သက်ညှာပေးမယ်။ ” ဖန်ကျန်းရှီ ရဲ့ စကားကြောင့် ရှန်းယွီ တော်တော်လေး ဒေါသ ထွက်နေတယ်။

“ အမိန့်တော် အတိုင်းပါ။” စစ်သူကြီးတိုင် ပျော်လွန်း မက ပျော်နေခဲ့ပြီ။

“ ကွင်းပြင် ကျယ်ကို သွားမယ်။ ဒီ တိုက်ပွဲ ကို ငါ ကောင်းကောင်း ကြည့်ချင်တယ်။ ”

“ အမိန့် တော် အတိုင်းပါ။”

…

ကွင်းပြင်ကျယ်မှာ တိုက်ခိုက်တာက စစ်တပ် သဘော တရားပဲ။ တောင်ပိုင်းဒေသမှာ အများအားဖြင့် ဒီလို တိုက်ခိုက်ကြတယ်။ စစ်တပ်တွင်းမှာ တစ်ယောက်ယောက်က ရာထူး တိုးချင်ရင်။ ဒီ ကွင်းပြင်ကျယ်မှာ လူတွေကို စိန်ခေါ်ရတယ်။ ၏

အခုတော့ ဖန်ကျန်းရှီ ရဲ့ အဆင့်အတန်းး စစ်သူကြီးတိုင်နဲ့ ကွင်းပြင်ကျယ်မှာ တိုက်ဖို့ မတန်ဘူး။ ဒါပေမယ့် ရှန်းယွီ မင်းသမီး က အမိန့်ပေးနေပြီ။

အခုတော့ သူက အရည် အချင်း သတ်မှတ်ဆင့်ထဲ ဝင်သွားပြီ။

“တိုက်ခိုက်။” “တိုက်ခိုက်။”

ကွင်းပြင်ကျယ် စင်မြင့် ပတ်လည်မှာ စစ်သည်တွေ အော်ဟစ်နေတယ်။ ခပ်ဝေးဝေး စစ်သည်တွေ လည်ပင်းကို ဆန့်ထုတ်ရင်း လှမ်းကြည့်နေတယ်။

“ စတော့။”

အမိန့်ပေးသံ ထွက်လာတယ်။ စစ်သူကြီ်းတိုင်သူ့ရဲဒင်းကြိးကို မြှောက်ကိုင်တယ်။ လက်မောင်းက သွေးကြောတွေ ထောင်ထ လာတယ်။ ဒီ အချိန်မှာ သံမဏိ အသွေးအသား ခွန်အားတွေ ပေါ်လာတယ်။ “ သေစမ်း။” စစ်သူကြီးတိုင် တရှိန်ထိုး ပြေးဝင်တယ်။ နွားရိုင်းကြီးတစ်ကောင်လို အင်အား အပြည့်။ သူ့အရှိန်က လျှပ်စီးလက်သလို မြန်ဆန်တယ်။ စစ်တပ် နည်းဗျူဟာ တွေက အပြင် ပန်းမှာ ရူးမိုက်ရာ ကျတယ်။ ဒါပေမယ့် အထဲမှာတော့ အတွေ့အကြုံက အရေးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီ လက်ထဲမှာ မီးတောက်ကြိမ်လေး အခု ရှိနေတယ်လေ။ စစ်သူကြိးတိုင် က ဖန်ကျန်းရှီ လေး ကြိုးဆွဲနိုင်မယ်လို့ မယုံဘူး။ အနီးကပ်တိုက်ပွဲမှာ ဒီလို အချိန်မျိုးက အရေးအကြီးဆုံးပဲ။ စစ်သူကြီးတိုင် တရှိန်ထိုး ပြေးဝင်လာမှာ ဖန်ကျန်းရှီ ခန့်မှန်းပြီးပြီ၊ လွဲစရာ အကြောင်း မရှိဘူး။

ဒါပေမယ့် စစ်သူကြီးတိုင် ရဲ့ အရှိန်နှုန်းက မြန်လွန်းနေတယ်။် ဒီလို အခြေအနေမျိုးမှာ။ ကျင့်ကြံဆင့် မပါတာတောင်။ သူ့ အရှိန် နှုန်းက လေလို မြန်နေတယ်။ ရှန်းယွီ မင်းသမီး ရဲ့ သားရေ ထိုင်ခုံ တို်က်ပွဲ ကွင်းပြင်နား ရောက်လာတယ်။ ရွှေရောင် သားရေပေါ်မှာ ရှန်းယွီ လဲလှောင်ေးနတယ်။ သူမရဲ့ ကိုယ်ခန္ဒာကောက်ကြောင်းတွေ ထင်ရားလှတယ်။ သွယ်လျ ဝင်းဝါ တဲ့ ခြေထောက်တွေက အရိုင်းဆန်တဲ့ အလှတစ်ပါး။ သူမရှေ့မှာတော့ သစ်သီး ပန်းကန်တစ်လုံး ရှိနေတယ်။ သစ်သီးစား၇င်း သူမ ပြုံးနေတယ်။ မျက်ဝန်း နက်နက်တွေက ကြိမ်ထည် ဝတ်ရုံဝတ်ထားတဲ့ ဖန်ကျန်းရှီကို စူးစိုက် ကြည့်တယ်။

“ ကောင်စုတ်လေး။ မင်း ဘာလို့ မပြေးတာလဲ။ လှုပ်ရှားဖို့တောင်ကြောက်နေပြီလား။” ရှန်းယွီမင်းသမီး ခပ်တိုးတိုး ရယ်တယ်။ ကျင့်ကြံဆင့် မသုံးတာက ။ လူတစ်ယောက် ရဲ့ တိုက်ခိုက်နိုင်စွမ်းကို မညီမျှ စေဘူး။ အထူးသဖြင့် တောင်ပိုင်းဒေသ အတွေ့အကြုံရင့် စစ်သူကြီး။ ကြွက်သား အပြိုင်းပြိုင်းနဲ့ လေလို လျင်တဲ့ သူ အတွက်ဆိုရင်ပေါ့။ သာမာန် စစ်သည်တွေထက် အင်အား အများကြီး သာလွန်တယ်။ နောက်ပြီးတော့ စစ်သူကြီးတိုင် ဆိုတာ။ သားရဲကောင်ကြီးတွေကို ။ လက်ဗလာနဲ့ ဖမ်းဆီး သတ်ဖြတ်နိုင်သူပဲ။ သံမဏိလို မာကျော ကြံ့ခိုင်တဲ့ စစ်သည်တော်ကြီး

ဒီမြင်ကွင်းကို စောင့်ကြည့်နေတဲ့ စစ်သည်တော်တွေ တွေးမိတယ်။ ဒီအချိန်မှာ ကောင်စုတ်လေး ထွက်ပြေးသင့်ပြီ။ ဘာကြောင့်လဲ ဆိုတော့ အဆက်မပြတ်ရွေ့လျားနေမှပဲ မြှားရေးကို သုံးနိုင်မယ်။ ဒါဆို သူ ဘယ်ဘက် ပြေးမလား ညာလက် ပြေးမလား။ သူတို့ ခန့်မှန်းေ်နတယ်။ စိတ်မကောင်းစွာပဲ။ ဖန်ကျန်းရှီက တစ်လက်မ တောင် မရွေ့။ နောက်ပြီးတော့ သူ့ အမူအယာ။ အေးဆေးဆေးပဲ။ မ

“ဒီ သောက်ကလေး သေချင်နေပြီလား။” စစ်သည်တွေ မယုံနိုင်။ ဘယ်သူမှ သူတွေးနေတာကို မသိဘူး။

“သေစမ်း။” စစ်သူကြီးတိုင်ကတော့ သူ့ ပြိုင်ဘက် ဘာတွေးနေလဲ အာရုံမစိုက်။ အားကုန်သုံးရင်း ရဲဒင်းကြီး ကို ဝေ့ယမ်းတယ်။ မခုန်နိုင်ဘူးလား။ ဒါက သူ့ ကိစ္စမှမဟုတ်ပဲ။ သေခါနီး အချိမှာတောင် ဖန်ကျန်းရှီက အေးအေးဆေးဆေး။ ခြေထောက်ကို ရွေ့မယ့် ပုံမပေါ်။

လူတိုင်း မြေကြီးပေါ် ဒူးထောက်သွားရမယ့် လှုပ်ရှားမှု တစ်ခုကို သူ လုပ်တယ်။

“အရှက်မရှိလိုက်တာ။”

စစ်သည်တော်တိုင်း ဒီလို တွေးမိတယ် ။ အဖြစ်ကတော့ ဒီလို။ ဖန်ကျန်းရှီလုပ်ခဲ့တာ တစ်ခုတည်း။ မီးတောက် ကြိမ် လေးကိုင်းကို ခေါင်းပေါ် မြှောက်လိုက်တယ်။ ရဲဒင်းကြီးကို မီးတောက်ကြိမ်နဲ့ ကာဆီးတယ်။ မီးတောက်ကြိမ်က ရှန်းယွီမင်းသမီး ရဲ့ ရတနာ ။ လူတိုင်း သိတယ်။ ဘယ်သူက ခုတ်ချ ရဲမှာလဲ။ ရှန်းယွီမင်းသမီးရဲ့ အမူအယာ ရုတ်တရက် ပြောင်းသွားတယ်။ “ လုပ်ဝံ့လိုက်တာ။”

ဖန်ကျန်းရှီက လုပ်ဝံ့တယ်။ ဒါပေမယ့် စစ်သူကြိးတိုင်က မလုပ်ဝံ့။ သူ့ ရဲဒင်းကြီး လမ်းတစ်ဝက်မှာ ရပ်သွားတယ်။ မီးတောက်ကြိမ်နဲ့ တစ်လက်မ တိတိ အလိုမှာ။ စစ်သူကြီးတိုင် အသက် ပြင်းပြင်း ရှူနေတယ်။ သူ့ မျက်နှာမည်းမည်း ဒီ အချိန်မှာ နီရဲနေပြီ။

“မင်း သောက်ကလေး….” စစ်သူကြီးတိုင် မကျိန်ဆဲနိုင်ခင်။ ဖန်ကျန်းရှီ ရွေ့လျားပြီ။ သူ့ တစ်ကိုယ်လုံး နောက်ကို တဟုန်ထိုး ဆုတ်သွားတယ်။ ချက်ခြင်း ဆက်လှုပ်ရှားတယ်။ လျှပ်စီးလက်သလို ရွေ့လားတယ်။ လက်နှစ်ဖက်ကို ဆန့်တန်းတယ်။ လင်းယုန်တစ်ကောင်လို လှုပ်ရှားရင်း စစ်သူကြီးတိုင်ဆီ တိုးဝင်တယ်။ “ဟန့်။” စစ်သူကြီး တိုင် ဒီလို တိုက်ခိုက်နည်းမျိုး တစ်ခါမှ မမြင်ဖူးဘူး။ အကယ်၍ ဖန်ကျန်းရှီသာ အနီးကပ်တိုက်ခိုက်ချင်ရင်။ ခုနက အခြေအနေ က အကောင်းဆုံး အခွင့်အရေးပဲ။ ဒါပေမယ့် အကယ်၍ ဖန်ကျန်းရှီက သူတို့ ကြား အကွာအဝေးကို ချဲ့ချင်ရင် ….. သူလုပ်ပြီး နေပြီပဲ။ နောက်တစ်ခေါက် ဘာထပ် လုပ်ပြန်တာလဲ။

စစ်သူကြီးတိုင် ရဲ့ စိတ်ထဲမှာ အမေးသင်္ကေတတွေ ချာလပတ် နေတယ်။ ဖန်ကျန်းရှီ လှုပ်ရှားနေတာ မြန်လွန်းလို့ ခေါင်းတောင် မူးလာခဲ့ပြီ။ ဖန်ကျန်းရှီက စစ်သူကြီးတိုင်နားကို နီးကပ်လာတယ်။ စစ်သူကြီးတိုင်မှာ ရင်ဆိုင်ဖို့ နည်းလမ်းရှိပါတယ်။ သူ့ ရဲဒင်းကြီးကို မသုံးတော့ဘူး။ လက်သီးနဲ့ ထိုးဖို့ ပြင်တယ်။ ဖန်ကျန်းရှီ မီးတောက်ကြိမ်ကို သုံးပြီး ကာနေတည်းက သူဆုံးဖြတ်လိုက်တာ။ ဒါမေပယ့် ဒီ အချိန်မှာ ဖန်ကျန်းှရှီရဲ့ လှုပ်ရှားမှုက ပြောင်းသွားပြန်ပြီ ။ ငှက်အကြီးအကြီးတစ်ကောင် ပျံသန်းနေသလိုပဲ။ မြေကြီးပေါ်မှာ နီးနီးကပ်ကပ် ပျံဝဲ နေသလို။ ဒီ အဆက်မပြတ် လှုပ်ရှားပုံတွေက စစ်နတ်ကျောင်းတော် ရဲ့ တိုက်ခိုက်နည်းပဲ။

စစ်သူကြီးတိုင်ရဲ့ အမူအယာ နောက်ဆုံးတော့ ပြောင်းလဲ သွားပြီ။ သူ့ လက်သီးကို ပြန်သိမ်းဖို့ မဖြစ်နိုင်တော့ဘူး။ ဖန်ကျန်းရှီကလည်း သူ့ ရှေ့ရောက်နေပြီ။ လက်ဝါး တစ်ချက်။ ရိုးရှင်းတဲ့ လက်ဝါး တစ်ချက်။ ဒါပေမယ့် သူ့ မျက်နှာ တည့်တည့်ကို လာနေတာ။ သူ့ မှာ ရွေးစရာ မရှိ။ ကာဆီးရတော့မယ်။

“ ကောင်းပြီ ကေ လး။” စစ်သူကြီး တိုင် သူ့ ရဲဒင်းကြီး ကို မြှောက်တယ်။ မျက်နှာနား ကာထားတယ်။

ဖန်ကျန်းရှီ ပြုံးနေတယ်။ ကျေကျေနပ်နပ် ကြီး ပြုံးနေတယ်။ စစ်နတ်ကျောင်းတော် ရဲ့ ခုခံ နည်းက တကယ် ကောင်းတာပဲ။ ဘယ်လို နေရာမှာ ဖြစ်ဖြစ် အသုံးဝင်လိုက်တာ ။ အချိန်နဲ့ တပြေးညီ လိုက်လျော ညီထွေ ဖြစ်မှုကြီး။

“ဝူးးး။” ဖန်ကျန်းရှီ ရဲ့ လက်ဟန် ပြောင်းသွားတယ်။ သူ့ ခြေထောက်က ရှေ့ထွက်လာတယ်။ နောက်ထပ် လက်ဝါး တစ်ဖက် ကတော့ လမ်းတစ်ဝက်မှာ။ ဒီ လက်ဝါးက တကယ့် တိုက်ခိုက်မယ့် လက်ပဲ။

“ ခွမ်းးး။” လက်ဝါး ဒဏ်ကြောင့် စစ်သူကြီးတိုင် နောက် ကို ဆုတ်သွားတယ်။ အခြေအနေ တွေ ပြောင်းသွားတာ မြန်လွန်းတယ်။ မြန်လွန်းလို့။ ပတ်ဝန်းကျင်က စစ်သည်တော်တွေတောင် လိုက်မမှီဘူး။ ဒါပေမယ့် စစ်သူကြီးတိုင်က နောက် ဆုတ်သွားခဲ့ ရပြီ။ ဒါက လက်တွေ့ အဖြစ်ပဲ။

“ဘာလို့ ဒီလို ဖြစ်ရတာလဲ”

“စစ်သူကြီးတိုင်က တစ်ချက်တည်းနဲ့ ရှုံးသွားတာလား။”

“ သူ ဘယ်လိုများ လုပ် လိုက်တာလဲ။”

စစ်သည်ရဲ့ မျက်နှာ မယုံကြည် နိုင်မှု တွေ ပြည့်နှက် နေတယ်။ ရှန်းယွီ မင်းသမီးလည်း တောင့်ခဲ နေတယ်။ ဘာကြောင့်လဲ ဆိုောတ့။ ဖန်ကျန်းရှီ တစ်ချက် တည်းနဲ့ နိုင်မယ်လို့ သူ မထင် ဘူး။ စစ်သူကြိး တိုင် ရဲ့ မျက်နှာ ကတော့ အနီ ရောင် ကနေ ခရမ်းရောင် ဖြစ် နေပြီ။ ဖန်ကျန်းရှီ ရဲ့ ရိုက်ချက် တစ်ချက်တည်း နဲ့ သူ ရှုံး သွားရပြီ။ သူက ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ကျားစစ်သူကြီး မဟုတ် ဘူးလား။ ကြီးမြတ်သော ရှ မင်းဆက်က ဘာမဟုတ်တဲ့ ကောင်ကိုများ ရှုံးရတယ်လို့။ ဒါမျိုးကို ဘယ်လို ခံစား နိုင်မှာလဲ။

“သေစမ်း။” စစ်သူကြီးတိုင် ဒေါသ တကြီးနဲ့ အော်ဟစ်လိုက်တယ်။ သူ့ စိတ်အခြေအနေ ပြောင်းလဲ သွားခဲ့ပြီ။ တန်ပြန် ထိုးစစ်ဆင်ဖို့ သူ ပြင်ဆင်တယ်။

ဖန်ကျန်း၇ှီက သူ့ နားကို နောက်တစ်ခေါက် ရောက်လာတာ မြင်တယ်။ ဒါမှ မဟုတ်။ တိုက်ခိုက်တဲ့ အချိန် တည်းက ရှေ့တက် လာတာလား။ သူတို့ ကြားက အကွာ အဝေး အရမ်းကို နီးနေပြီ။ အကယ်၍ တစ်ယောက်ယောက်သာ ဖန်ကျန်းရှီ ရဲ့ လှုပ်ရှားပုံကို ပြောရမယ် ဆိုရင်။ ….. အရိပ်လို လှုပ်ရှားနေတာ ။ စစ်သူကြီးတိုင် သူ့ လက်သီးကို ပြန်ရုပ်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ လှုပ်ရှားမှု က သူနဲ့ တထပ်တည်းပဲ။ သူ့ ဆီကို တည့်တည့် လာနေတဲ့ လက်သီး လမ်းကြောင်း ပြောင်းသွားတယ်။ သူ့ ရဲ့ ခွ ကို တည့်တည့် ထိုးတယ်။

“ ငလူး……..” စစ်သူကြီးတိုင် အော်သံ အကျယ်ကြိး ထွက်လာတယ်။

ဖန်ကျန်းရှီ ရဲ့ တိုက်ကွက် ပြောင်းနိုင်စွမ်းက ဒီ လောက်တောင် မြင့်နေပြီ။ သူ မထင်ထားခဲ့မိဘူး။ ဒီလို အကူအညီ မဲ့တဲ့ အခြေအနေ မျိုးမှာ ။ သူ့ ခန္ဒာ ကိုယ် တစ်ခုလုံး ကို ကွေးညွှတ် လိုက်တယ်။ ခြေထောက် နှစ်ဖက်ကို တင်းတင်း စုတယ်။ သူ့အသက် သွေးကြော ကို ကာကွယ်မှ ဖြစ်မယ်။ သူ့ မျက်နှာမှာတော့ ခံစားချက်တွေ အထင်းသား ပေါ်နေတယ်။ သိသိသာသာပဲ။ ဖန်ကျန်းရှီ ရဲ့ တိုက်ကွက်ကြောင့် သူ့ ဘ၀ ပျက်တော့ မလို့။ ဒါ ပေမယ့် ဒီ တိုက်ကွက်က အယောင်ပြ ဖြစ်နေတယ်။ တကယ်တမ်း လက်သီးပုန်းက မျက်နှာကို တည့်တည့် ထိတာ။

လူတစ်ယောက် ရဲ့ ကြွက်သားတွေက သံမဏိလို မာကျောနိုင်တယ်။ ဒါပေမယ့် မျက်နှာ ကတော့။ ဘယ်လိုမှ မမာ နိုင်ဘူး။ စစ်သူကြီးတိုင် ရဲ့ ပါးပေါ် မျက်ရည်တွေ စီးကျ လာတယ်။ လတ်လတ်ဆတ်ဆတ် သွေးနီနီတွေ နှာခေါင်း ကနေ စီးကျလာတယ်။ သူ့ စိတ်ထဲမှာ နာကျင်တဲ့ ခံစားချက် တွေ ဝမ်းနည်းမှု တွေ ပြည့်နှက်လာတယ်။ ဘေးပတ်လည်က စစ်သည်တော်တွေ မျက်လုံးပြူးကြီးနဲ့ ကြည့်နေတယ်။ နှစ်ကွက်။ စစ်သူကြီး တိုင်က ဒီ သောက်ကလေး ရဲ့ တိုက်ကွက် နှစ်ကွက် အောက်မှာ ရှုံးသွားတာလား။

နေက်ပြီးတော့ မျက်နှာ တည့်တည့် ကိုတောင် အထိုးခံလိုက်ရသေးတယ်။ မတွေးဝံ့ စရာပဲ။ ရှန်းယွီ မင်းသမီး ရဲ့ မျက်ဝန်း နက်နက်တွေ အခု ချိန်မှာ ပြူးကျယ်နေခဲ့ပြီ။ ဖန်ကျန်းရှီ ရဲ့ တိုက်ခိုက်ရေး နည်းလမ်းက ထူးဆန်းနေတာကို သူ သိတယ်။ ဒါပေမယ့် ဒီ ထူးဆန်းမှုက သူမ ရင်းနှီးနေတယ်။ အရာအားလုံး ဖြစ်တည်မှု သဘာ၀ ကို တပတ်လည်ထားပုံပဲ။ သူမ မှတ်ဉာဏ်ထဲက တိုက်ခိုက်နည်းတွေ ပြန်တွေးကြည့်တယ်။ ဒါပေမယ့် …. ရုတ်တရက်တော့ မစဉ်းစားနိုင်ဘူး။

“ ဒီကောင်စုတ်လေးက …. ဘယ်သူလဲ။” ပထမဆုံး အနေနဲ့။ ရှန်းယွီ မင်းသမီး သံသယ ဝင်လာတယ်။ ဘာကြောင့်လဲ ဆိုတော့။ ဒီလူက စစ်သူကြီးတိုင်ကို တိုက်ကွက် လှုပ်ရှားမှု နှစ်ကွက် တည်းနဲ့ နိုင်သွာတးာ။ ဘယ်လိုမှ သာမာန် သူလျှိုငယ်လေး တစ်ယောက် မဖြစ်နိုင်ဘူး။

အပိုင်း (၃၃၇) ပြီး၏။

အပိုင်း(၃၃၈)

“ အစီအစဉ်ကြီး”

ရှန်းယွီ မင်းသမီး ဘာတွေ တွေးနေလဲ ဖန်ကျန်းရှီ မသိ။ ဒါမှ မဟုတ်။ သူ သိခဲ့ရင်တောင်။ နည်းနည်းလေးမှ ကြောက်မှာ မဟုတ်ဘူး။ တကယ်တမ်းမှာတော့။ သူ နေဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန် တည်းက ။ အစီအစဉ်ဆွဲပြီးသွားခဲ့ပြီ။ အစီအစဉ် အကြီးကြီး တစ်ခုပေါ့။ ဒါပေမယ့် သူ့ အစီအစဉ်မှာ လိုအပ်ချက်တွေ ရှိတယ်။

တောင်ပိုင်းဒေသမှာ ဂုဏ်သတင်းကျော်ကြားရမယ်။ အစပိုင်းတော့ ခြေနှစ်လှမ်းကို အောင်မြင်ဖို့ အစီအစဉ်ချ ထားတာ။ ပထမ အစီအစဉ်က ရှန်းယွီ မင်းသမီး ပေါ် မူတည်မယ်။ သူလုပ်နေကျ အတိုင်း။ ရှန်းယွီမင်းသမီးကို ပုံပြင်တွေ ပြောပြမယ်။ ရှန်းယွီမင်းသမီး ရဲ့ ယုံကြည်မှုကို ရ အောင် လုပ်မယ်။

ဒုတိယခြေလှမ်းက စစ်တပ်ကြီး တစ်ခုလုံးမှာ ကျော်ကြား လာဖို့။ လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ ရဖို့ပဲ။ ဒီ ကိစ္စ နှစ်ခုကို အောင်မြင် အောင်လုပ်ဖို့ ။ အချိန်လိုအပ်တယ်။ လုံလောက်တဲ့ အချိန်။ တကယ်တမ်းတော့ သူလျှော့တွက်မိလိုက်တာ။ ဒီကိစ္စတွေ လုပ်ဖို့က ခက်ခဲလွန်းတယ်။

ဘာကြောင့်လဲ ဆိုတော့…… အခုချိန် စစ်သူကြီးတိုင်ကို သူ စိန်ခေါ် နိုင်လိုက်ပြီ။ နောက်ပြီးတော့ ရှန်းယွီ မင်းသမီး ကလည်း ကွင်းပြင်ကျယ် စင်မြင့်မှာ တိုက်ခိုက်ဖို့ အခွင့်အရေး ပေးလိုက်ပြီ။ ဖန်ကျန်းရှီ အတော်လေး ကျေနပ် နေမိတယ်။

ပိုပြီး အရေးကြီးတာက တိုက်ခိုက်ရေး နည်းလမ်းပဲ။ ဖန်ကျန်းရှီ အတွက် ကောင်းကင်ကို တစ်ချက်တည်းနဲ့ လှမ်း မီ နိုင်ဖို့ ဖြတ်လမ်း တစ်ခုပဲ။

“ စစ်သူကြီးတိုင်….. အနိုင်ကျင့်မိတာ တောင်းပန်ပါတယ်။” ဖန်ကျန်းရှှီ ရဲ့ အပြုံးက တောက်ပနေတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီနေ့ပြီးရင် ဘာဖြစ်လာမလဲ သူသိတယ်။ ဖန်ကျန်းရှှီ ရဲ့ တောက်ပတဲ့ အပြုံးနဲ့ ယှဉ်ရင် ။ စစ်သူကြီးတိုင်က ကြမ်းတမ်းနေတယ်။ အရမ်း အရမ်းကို ကြမ်းတမ်းနေတယ်။

တောင်ပိုင်းဒေသက ကြီးမြတ်သော စစ်သူကြီးတိုင် ။ အင်အားကြီးမားလွန်းတဲ့ သဘာဝလွန် အဆင့် စစ်သူကြီး။ အခုတော့ ပုစွန်ဆိတ်လေး တစ်ကောင် ရဲ့ ရိုက်နှက်တာကို ခံနေရတယ်။

အရေးအကြီးဆုံးကတော့ ….. သူ့ပြိုင်ဘက်က ရပ်ဖို့ အစီအစဥၤ မရှိဘူး။ ဖန်ကျန်းရှီက ဘယ်ရပ်မလဲ။ စစ်နတ်ကျောင်းတော် ရဲ့ တိုက်ခိုက်ရေး နည်းလမ်းက ရှုပ်ထွေးလွန်းတယ်။ ဒါပေမယ့် နည်းလမ်းက လွယ်ကူ ပါတယ်။ - အင်တိုက်အားတိုက် ရှေ့ကို ဆက်သွား။ အကယ်၍ ပြိုင်ဘက် ကသာ နောက်ဆုတ်သွား၇င်။ ငါ အသာစီးရမယ်။ အကယ်၍ ပြိုင်ဘက် လဲကျသွားရင် ။ ငါ သူ့ကို တက်နင်းမယ်။

အချိန်တို အတွင်း။ သူ့ ပြိုင်ဘက် အသက်ရှင်နေ သရွေ့ ။ သူလည်း ရပ်တန့်မှာ မဟုတ်ဘူး။ အကယ်၍ ပြိုင်ဘက် ရဲ့ သွားတွေ ကျွတ်ထွက်သွားရင် ။ ပြန်၇ှာလို့ မရတာ သေချာအောင် လုပ်ပေးလိုက်မယ်။ အသေအကြေ နှစ်ချက် တိုက်ပြီး တဲ့နောက် တတိယ တိုက်ချက် ထွက်လာတယ်။

ဒါပေမယ့် ဒီ တစ်ကြိမ်မှာ။ စစ်သူကြီးတိုင် ပိုပြီး ပါးနပ်လာတယ်။ တောင်ပိုင်းဒေသရဲ့ ကြီးမြတ်တဲ့ ကျားစစ်သူကြိးက ဒီလောက်နဲ့ ထိခိုက် နိုင်မလား။ တောင်ပိုင်းဒေသ ရဲ့ အစွမ်းက အနှစ်မရှိတဲ့ အခွံသာသာ အယောင်ပြ မဟုတ်ဘူး။ စစချင်းတည်းက အသေအကျေ တိုက်ခိုက်ဖို့ အသင့် ရှိတယ်။

ကျားစစ်သူကြီး တိုင် ရဲ့ စိတ်နှလုံးထဲက ဒေါသတွေ လုံး၀ လောင်မြိုက်နေခဲ့ပြီ။ သူ ထိုးစစ်ဆင်ရင်း ပြန် တိုက်တော့တယ်။ ကံမကောင်း စွာနဲ့ပဲ။ …. တစ်ကွက် ရွေ့တာ မှားသွားရင်။ အမှားတွေက ဆက်တိုက် လာမယ်။ စစ်နတ်ကျောင်းတော် ရဲ့ တိုက်ပွဲ ဝိဉာဉ် အလကား မဟုတ်ဘူး။ ရင်ဆိုင်ချင်တိုင်း ရင်ဆိုင်လို့ ရမယ်ထင်လား။ တိုက်ပွဲ ကွင်းပြင်မှာ ဖန်ကျန်းရှီက စစ်သူကြီးတိုင်းကို လက်သီးတွေ နဲ့ ထိုးတယ်။ လက်ဝါးနဲ့ ရိုက်တယ်။ နည်းလမ်းတွေက ရှုပ်ထွေးတယ်။ ဖြစ်သလို လက်သီးပုန်းတွေ လက်ဝါးပျံ တွေပဲ။ ဒါတင်မကဘူး။ အတော် အမြင်လှတဲ့ တိုက်ခိုက်ရေး နည်းလမ်း တွေလည်း လှမ်းမြင်ရတယ်။

တခြားတစ်ဖက်က စစ်သူကြီးတိုင်။ တစ်လှမ်းချင်းစီ နောက်ဆုတ်သွားတယ်။ တိုက်ခိုက်ရေး ကွင်းပြင် စင်မြင့်ရဲ့ အစွန်ကို တောင် ရောက်နေပြီ။ အောက်ဘက်က စစ်သည်တွေကတော့ မျက်လုံး ပြူးနေ တယ်။ တိုက်ပွဲ မစခင် ဖြစ် နိုင်ချေ တွေ အများကြီး သူတို့ တွေးခဲ့တယ်။ ဥပမာ အားဖြင့် ဖန်ကျန်းရှီ သွားနည်းနည်း ကျွတ်ထွက်မယ်။ ဒူးထောက် တောင်းပန်မယ်။ ဖန်ကျန်းရှီ ဘယ်လို နည်းလမ်းကို သုံးမလဲ သူတို့ စောင့်နေတယ်။

ဒါပေမယ့် တကယ့် အဖြစ်အပျက် ကတော့။ အရာအားလုံး ဆန့်ကျင်ဘက်ပဲ။

မဖြစ်နိုင်ဘူး။ ဒီလို ရလဒ် မဖြစ်နိုင်ဘူး။

ဘာလို့။ သာမာန် စစ်သည်တစ်ယောက်က ။ တောင်ပိုင်းဒေသရဲ့ ကြီးမြတ်သော ကျားစစ်သူကြီးကို အလဲထိုးနိုင်တာလဲ။ ဖြစ်သင့်တာက သူ့မှာ ရင်ဆိုင်ဖို့ ခွန်အားတောင် ရှိသင့်တာ မဟုတ်ဘူး။ သူ လုပ်နိုင်တာ အားလုံးက…. ခုခံတာပဲ ဖြစ်ရမှာ။ စစ်သူကြီးတိုင် ရဲ့ မျက်လုံးတွေ ရဲရဲနီနေတယ်။ သူ နောက်ထပ် မောက်မဆုတ် နိုင်တော့ဘူး။ သူ့ဘဝကို စွန့်စားဖို့ ဆုံးဖြတ်လိုက်ပြီ။

မဟူရာ ရဲဒင်းကြီးကို ဝေ့ယမ်း နေတယ်။ ရဲဒင်းကြီးက သူ့ ရှေ့မှာ စက်ဝိုင်း ပုံစံ လည်ပတ်နေတယ်။ ဒါက သူ့ ပြိုင်ဘက် ရှေ့မတိုးလာ အောင် တားထားတယ်။ ဒါက သူ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာပဲ။ ဒီလို လုပ်တာ တောင်မှ လက်သီးတစ်ချက်က သူ့ မျက်နှာပေါ် ရောက်လာသေးတယ်။ နာကျငမှုက ပြင်းထန်တယ။် သူ့ မျက်လုံး တည့်တည့်ကို ထိတာ။ မည်းမှောင်နေတဲ့ ပန်ဒါ မျက်ဝန်းတွေ သူ့ မျက်နှာမှာ ပေါ်လာတော့တယ်။

“ သူ နောက်ဆုံးတော့ နောက် ဆုတ်သွားပြီ။” စစ်သူကြီးတိုင် လက်သီးတစ်ချက် ထိုးဖို့ ပြင်တယ်။ သူ့စိတ်ထဲ ပျော်ရွှင်နေတယ်။ ဘာကြောင့်လဲ ဆိုတော့။ ဒီတစ်ခေါက် နောက်ထပ် ဆုတ်ရရင်။ သူ တကယ့်ကို ရှုံးလိမ့်မယ်။ ဒါမျိုး ဖြစ်လာမယ်လို့ သူ မတွေးထားမိဘူး။

“ စိတ်ကျေနပ် အေးဆေး နေရဲ့လား။” လက်နှစ်ဖက်ကို နောက်ပြစ်ရင်း ဖန်ကျန်းရှီ ပြုံးပြနေတယ်။ စစ်သူကြီး တိုင်ကို လှမ်းမေးတယ်။ ထုံးစံ အတိုင်း အရင် တိုက်ခိုက်ချက်မှာ သူ နောက်ဆုတ်ဖို့ လုံး၀ မလိုဘူး။ ဒါပေမယ့် သူ နောက်ဆုတ်ယ်။

အကြောင်းရင်းက ရှင်းပါတယ်။ သူ အခွင့်အရေး ရပြီးပြီလေး။ သူ့ အာဏာနဲ့ ဂုဏ်သတင်းကို အစေ့ချ နိုင်ခဲ့ပြီ။ အဲ့ဒီ့နောက် ဒီ အခွင့်အရေးကို အပြည့်အ၀ သုံးမယ်။ စစ်သူကြီးတိုင်ကို တရား မျှမျှတတ အနိုင်တိုက်မယ်။ နောက်ပြီးတော့ စစ်သူကြီးတိုင် အပြတ်အသတ် ရှုံးအောင်ကို လုပ်မှာ။ အကယ်၍ သူသာ စစ်သူကြီးတိုင်ကို ခုနကလို အကွက်မျိုးနဲ့ အနိုင်တိုက်လိုက်ရင်။ ဖန်ကျန်းရှီက ကံကောင်းသွားရုံ သက်သက်ပဲလို့ ။ တောင်ပိုင်းဒေါသ စစ်သည်တော်တွေ ထင်သွားလိမ့်မယ်။

သူ့ရဲ့ အခွင့်အရေးလည်း ဆုံးရှုံးသွားလိမ့်မယ်။ ဒါက ဖန်ကျန်းရှီရဲ့ အတွေးပဲ။ ဒါပေမယ့် စစ်သူကြီးတိုင်ကတော့ ဒီလို မတွေးဘူး။ သူ့စိတ်ထဲမှာ။ ဖန်ကျန်းရှီကို နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့ပြီ။ နောက်ပြီးတော့ ကွင်းပြင် စင်မြင့် အောက်က စစ်သည်တော်တွေလည်း စိတ်အားတက်ကြွလာတယ်။ ဖန်ကျန်းရှီကို နောက်ပြန်ဆုတ်အောင် လုပ်နိုင်ပြီ။ ဒါဆို စစ်သူကြိးတိုင်က သူ့ အစွမ်းတွေကို ထုတ်ပြတော့မယ်။ စစ်သည်တွေ မျှော်လင့်ချက် အပြည့်နဲ့ စောင့်နေတယ်။ စစ်သူကြိးတိုင် ရဲ့ တောက်ပတဲ့ တိုက်ခိုက်ချက်တွေ ကို မြင်ရတော့မယ်။

ရှန်းယွီမင်းသမီး တစ်ယောက်ပဲ မျက်မှောင်ကြုတ်နေတယ် ။ ဘာကြောင့်လဲ ဆိုတော့။ ဖန်ကျန်းရှီရဲ့ အမူအယာက အရမ်းကို အေးဆေးလွန်းနေတယ်။ စစ်သူကြီးတိုင် သူ့ကို ဖိ အားပေးနိုင်တာကို နောင်တရတဲ့ ပုံ မပေါ်ဘူး။ ဒါက ပုံမှန်မှ မဟုတ်ပဲ။ လုံး၀ ပုံမှန် မဟုတ်ဘူး။ “ ကျေနပ် အားရတယ်။” ရှန်းယွီမင်းသမီး ခပ်တိုးတိုး လေး ပြောတယ်။ ဖန်ကျန်းရှီကို လှမ်းကြည့်နေတယ်။ သူ မ ပိုပြီး စပ်စုချင်လာတယ်။ စစ်သူကြီးတိုင်လည်း ဒီ စကားလုံးတွေကို ပြောမိတယ်။ ဒါပေမယ့် ဒီ စကားလုံးတွေက အကျယ်ကြီး ထွက်လာတာ။ “ ဝမ်းသာတယ်။ ကောင်စုတ်လေး… ဒီနေ့တော့ မင်း ငါ့ကို ဘယ်လောက်များ စိတ်ကျေနပ်မှု ပေးနိုင်မလဲ။”

စစ်သူကြးီတိုင် ထုံးစံ အတိုင်း။ ဖန်ကျန်းရှီ ရဲ့ အစွမ်းကို မယုံကြည်ဘူး။ သူ့ထက်သာလွန်နေတယ် ဆိုတာ ပိုတောင် မယုံသေး။ ဒါပေမယ့် သူ့ စကားတောင် မဆုံးခင် ။ နောက်တစ်မျိုးက စလာပြီ။ ကျေနပ်အားရစရာ လာပြီ။ သူတင်မက ။ တခြား စစ်သည်တော်တွေ။ ရွှေရောင်သားရေပေါ် လှဲနေတဲ့ ရှန်းယွီ မင်းသမီးတောင် လှုပ်ရှားလာတယ်။ “ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။” စစ်သည်တွှေ အားလုံး မျက်လုံး ကျွတ်ထွက်တော့မယ်။ ဖန်ကျန်းရှီက အံ့ဖွယ်ကို ပြုလိုက်ပြီ။ မီးတောက်ကြိမ်ကို သူ ဆွဲတယ်။ လပြည့် တစ်ခု ပုံစံ ဖြစ်သွား အောင်ကို လေးတင် ထားတယ်။ မီးတောက် ကြိမ်လေး ရဲရဲတောက်အောင် ပူပြင်းလာတယ်။

တစ်ချိန်တည်းမှာပဲ။ စင်မြင့်အောက် က စစ်သည်တော်တွေ မျက်လုံးထဲမှာ မီးတောက်တွေ ပေါ်လာတယ်။ ဒါက မီးတောက် ကြိမ်လေး ရဲ့ အလင်းရောင်ပဲ။ ဒီ ကောင်စုတ်လေး တကယ်ပဲ လေးတင် နိုင်တယ်။ ဒီ အချိန်မှာ။ ရှန်းယွီ မင်းသမီး ထိုင်ခုံ ကနေ ထလာတယ်။ မီးတောက်ကြိမ်လေးကိုင်းကို ဆွဲဖို့ ဘယ်လောက် ခက်ခဲမှန်း သူသိတယ်။ လပြည့်ဝန်းလို ကွေးညွှတ်အောင် ဆွဲ ဖို့ အတွက် လိုအပ်တဲ့ ကျင့်ကြံ ဆင့်ကိုလည်း သူသိတယ်။ ကြယ်တာရာ စုဝေး မှု အဆင့်။ အနည်းဆုံးတော့ ကြယ်တာရာ စုဝေးမှု အထွတ်အထိပ် အဆင့်ကို ရှိရမယ်။ ဖန်ကျန်းရှီက အသက် ဘယ်လောက်ကြီးသေးလို့လဲ။

၁၅ ၁၆ ပဲ ရှိအုန်းမှာ။ ဒါတောင် ကြယ်တာရာ စုဝေးမှု အထွဋ်အထိပ် အဆင့်ကို ရောက်နေပြီလား။ ဒီလို အရည်အချင်းမျိုးက ကြီးမြတ်သော ရှ မင်းဆက်မှာ ဆိုရင်လည်း ရာထူးမြင့်မှာပဲ။ တောင်ပိုင်းဒေသမှာလဲ ဒီလို ထူးချွန်သူ ကို အရေးပေးတယ်။ ဒီကောင်က သာမာန် စစ်သည်မဟုတ်ဘူး။ မဟုတ် နိုင်ဘူး။ ဒီ အချိန်မှာ ရှန်းယွီ မင်းသမီး ကိုယ်တိုင် ဒွိဟ ဖြစ်လာတယ်။ အဲ့ဒီ့နောက် မေးခွန်း တစ်ခုကို သူတွေးမိတယ်။ ဖန်ကျန်းရှီ နဲ့ စစ်သူကြီး တိုင် က စင်မြင့် အစွန် ကို ရောက်နေပြီ။ ဒါက အနီးကပ်ဆုံး အခြေအနေပဲ။ အခုတော့ ဖန်ကျန်းရှီက လေးကိုင်းကို အပြည့် ဆွဲပြ နေတယ်။ ဒါဆို အရင် လှုပ်ရှားမှုက ရည်ရွယ်ချက် နဲ့ လုပ်တာလား။ ရှန်းယွီမင်းသမီး တွေးမိသွားတယ်။ သူမ ချက်ခြင်း ဆိုသလို လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်တယ်။ သူမ လက်ထဲက သစ်သီး အရည်တွေ ထွက်လာတယ်။ လက်ချောင်းတွေကို ဖြတ်ပြီး စီးကျလာတယ်။

စစ်သူကြီးတိုင် ရဲ့ မျက်လုံးတွေက ထိတ်လန့်မှု ကြောင့် ပြူးကျယ်နေပြီ။ ကြီးမြတ်သော ရှ မင်းဆက် က သာမာန် သူလျှိုလေး။ တကယ်ပဲ မီးတောက်ကြိမ်လေးကို ဆွဲ နိုင်တယ်လား။ ဒါဆို။ ရှန်းယွီမင်းသမီး နဲ့ ပြိုင်ပွဲမှာ။ သာမာန် လေးကိုင်းကိုတောင် မဆွဲ နိုင်တာ။ ဟန်ဆောင်တာလား။ ဒီ ကောင်စုတ်လေး ငါ့ ရှေ့မှာတောင် ဟန်ဆောင်ရဲတယ်။ ဒီ အချိန် သူ့ ဒေါသကိုတောင် ဘယ်လို ဖော်ပြ ရမလဲ မသိတော့ဘူး။ မြှားတစ်စင်းက လျှပ်စီး လက်သလို သူ့ ဆီကို တန်းတန်းမတ်မတ် ဝင်လာတယ်။ လေတိုးသံ ခပ်ကျယ်ကျယ်နဲ့။ အနီဖျော့ဖျော့ အလင်းတန်းက မြှား အမြီးမှာ တောက်နေတယ်။

နောက်တစ်ကြိမ် ဆိုရင်တောင် ဒီလိုမြှားကို သူ ရှောင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီ တစ်ကြိမ်ကတော့ ကွာခြားတယ်။ သူ့ ကျင့်ကြံဆင့်ကို သုံးပြိးတော့ ခုခံလို့ မရဘူး။ သူ့မှာ သူ့ ရဲ့ ကြွက်သား တွေပဲ ရှိတယ်။ ဒီလို အနီးကပ် ပြစ်တဲ့ မြှားကို။ လူတစ်ယောက် ရဲ့ အသားက ခုခံ နိုင်မှာလား။

အရူးတွေပဲ ဒီလို ကိုယ့်အသား နဲ့ ကိုယ် ကာမှာ။

စစ်သူကြီးုတိုင် ချက်ခြင်း ခုန်ရှောင်တယ်။ မဟူရာ ရဲဒင်းကြီးကို ကိုင်ရင်း မြေကြီးပေးမှာ လှိမ့်တယ်။

“ဝူးးးး” မြှား တွေ ရဲ့ တဝီဝီ အသံက သူ့ ခေါင်းပေါ်ကို ဖြတ်သွားတယ်။

ချက်ခြင်း သူ့ မျက်နှာက မုတ်ဆိတ်မွှေးတွေ ထောင်ထ လာတယ်။

“တပ် တပ်။” စစ်သူကြီးတိုင် ချက်ခြင်း ခုန်ရှောင်တယ်။ သူ့ မေးစေ့ နားကနေ မီးတောက်တွေ ဖြတ်ဖြတ်သွားတယ်။ ဖန်ကျန်းရှီ မီးတောက် ကြိမ်ကို ဆွဲလိုက် တည်းက သူ လန့်နေပြီ။ မဟုတ်ရင် ။ ဒီလို အကြပ်အတည်း ဖြစ်တဲ့ အခြေအနေကို သူ ရောက်မှာ မဟုတ်ဘူး။ သူတွေးတဲ့ အတိုင်း ဒုတိယ မြှား တစ်ချောင်း သူ့ စီကို ဝင်လာတယ်။

သူ့ ခေါင်းကို ငုံ့ရှောင် ရမယ့် အစား။ တောင်တစ်လုံးကို ခုန်ကျော်တဲ့ ကျားကြီး တစ်ကောင်လိုပဲ။ ဖန်ကျန်းရှီဆီကို တန်းတန်းမတ်မတ် ခုန်ဝင်လာတယ်။ ဒါက သူ့ ဗျူဟာပဲ။ မဟုတ်ရင်…. ငါက သေဖိုက စောင့်နေတယ် လို့ ထင်လား။

မီးတောက်ကြိမ်ကို မသုံးနိုင်ဖို့ အကွာအဝေးကို နီးနီးကပ်ကပ် သွားဖို့ လိုတယ်။ ဒါပေမယ့် သူ့ အတွေးကို ပြောင်းလဲ မှုက ချက်ခြင်း အစားထိုးသွားတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ မြေကြီးပေါ် လက်ထောက် လိုက်တဲ့ အချိန် ။ တစ်ခုခု ထိုးဖောက်ဝင်လာတာကို ခံစားမိတယ်။ သူ့ငုံ့ကြည့်တယ်။ သူ့မျက်လုံးတွေ မျက်ရည် ဝိုင်းသွားတယ်။ တိုက်ပွဲ စင်မြင် မှာ ဘယ်လိုများ သံချောင်းတွေ ….. ရောက်နေတာလဲ။

ဟုတ်တယ်။ သံချောင်းစစ်စစ်တွေ။ ဒါမျိုးက ဒီ တိုက်ခိုက်ရေး ကွင်းြပ်ငမှာ ဘယ်လိုများ ပေါ်လာတာလဲ။ သူတွေးနေရင်း။ ဖန်ကျန်းရှီကို လှမ်းကြည့်မိတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီက သံတွေကို နေရာ အနှံ့ ပြစ်ချနေတာ မြင်ရကော။ လက်တစ်ဆုပ် လက်တစ်ဆုပ်။ နေရာအနှံ့ကို ပြစ်ချနေတာ။

“သောက်ကလေး ….. မင်း …..” သူ မွေးလာတည်းက စစ်သူကြီးတိုင် ဒီလောက်ထိ စိတ်မဆိုးဖူးဘူး။ သူ့ရဲ့ ကျင့်ကြံဆင့်ကို သုံးပြီးတော့ ကာကွယ်လို့ ကလည်း မရ။ သူလည်း အသွေး အသားနဲ့ လူ တစ်ယောက်ပဲလေ။ သံချောင်းတွေ သူ့ အသားထဲ ဖောက်မဝင် အောင်တော့ တားမရ ဘူး။ စိတ်ထိန်းထားရင်တောင် မှ ပေါ့။ ဒါပေမယ့် လူတစ်ယောက် ရဲ့ ကိုယ်ခန္ဒာ အသိစိတ် တစ်ခုလုံးက သံတွေကို ပဲ အာရုံစိုက်နေ နိုင်မလား။ ဥပမာ အားဖြင့်။ မျက်လုံးတွေ ။ နားရွက်တွေ နဲ့ မျက်နှာ။ နောက်ပြီးတော့ အသက်သွေးကြောတွေ။ ဒီ နေရာတွေက ဘယ်လိုများ သံလို မာကျော နိုင်မှာလဲ။

အရင်တစ်ခေါက် မှာ ။ မြှားကို ရှောင်ဖို့ မြေကြီးကို လှိမ့်လိုက်တယ်။ သူ့ လက်တွေက ေ လ့ကျင့် ထားလို့ မာကျော နေတယ်။ ဒါပေမယ့် ကြိုတင် ပြင်ဆင်မှု မရှိတော့ အထိနာသွားတယ်။ သူ့လက်ဖဝါးတွေ သံချွန်တွေကြောင့် ရဲရဲ နီနေပြီ။

“ဟူးးးး၊” ဖန်ကျန်းရှီက စစ်သူကြီးတိုင် အော်နေတာကို ဂရုမစိုက်။ စစ်သူကြီးတိုင် ရဲ့ မေးခွန်းကို မြှားတစ်ချောင်း နဲ့ ပြန်ဖြေတယ်။ လှိမ့်မလား။ လှိမ့်လေ။ ဘယ်လို လှိမ့်မလဲ မြင်ပြဇေ။

“ မင်း ထ မခုန် မချင်း မြှားစာ မိမယ်။” သံတွေ ပြစ်ချနေတာ။ ရှန်းယွီမင်းသမီး ကောင်းကောင်းမြင်တယ်။ “ အရှက်မရှိလိုက်တာ။” ဒါပေမယ့် နောက်ထပ် ပြဿနာကို သူ တွေ့သွားတယ်။ စင်တစ်ခုလုံးက သံတွေ နဲ့ ပြည့်နေပြီ။ စစ်သူကြိးတိုင်က တောင်ပိုင်းဒေသ စစ်သည် ဖြစ်လို့ သူ့ ကိုယ်ခန္ဒာက သန်မာ တာတော့ အမှန်ပဲ။ ဒါဆို ဒီ စင်တစ်ခုလုံးက သံတွေနဲ့ ပြည့်နေတာတောင် ။ ဖန်ကျန်းရှီက ဘာလို့ မထိခိုက်တာလဲ။ သူ ဘယ်လိုများ လုပ်နိုင်တာလဲ။

ရှန်းယွီမင်းသမီး နားမလည်နိုင်။ စစ်သူကြီးတိုင်ကို သူ့ အနားမကပ် အောင် လုပ်ဖို့တော့ ဟုတ်ဟန်မတူဘူး။ တိုက်ခိုက်ရေး ကွင်းပြင်က သိပ်မှ မကျယ်ပဲ။ အကယ်၍ ဖန်ကျန်းရှီသူ မြှားကို အဆက် မပြတ် ပြစ်ချင်ရင် ။ တနေရာတည်း ရပ်နေလို့ မရဘူး။ ဖန်ကျန်းရှီ ရွေ့လျားနေတယ်။ ဒါပေါ့ သူက ကွင်းပြင် အစွန်မှာ ရပ်နေတာ မဟုတ်ဘူး။ ကွင်းပြင် စင်မြင့်ကြိးအောက်က စစ်သည်တော်တွေ မျက်ကလူးဆန်ပြာ ဖြစ်ကုန်ပြိ။ ဖန်ကျန်းရှီက လေးတင် ပြီး တည်းက ထောင်ချောက် မျိုးစုံ ဆင်နေတာ။ ကွင်းပြင်ထဲကို လက်နက်ပုန်းတွေ သံ တွေ။ ပစ္စည်းမျိုးစုံ ပြစ်ချ နေတယ။်

စစ်သူကြီးတိုင် ကတော့ သတိကြီးကြီးနဲ့ ခုန်ရှောင်နေတယ်။ သူ့ အမူအယာ ကတော့ အလွန်အမင်း အာရုံ စိုကနေဟန်ပဲ။ သူ့ ခေါင်းကို ငုံ့ထားတယ်။ ခြေမချ ချင် အရင်ကြည့်တယ်။ ဒါပေမယ့် အကုန်လုံးကိုတော့ သူ မရှောင်နိုင်ဘူး။ သံတွေကြောင့် ဒုက္ခ မရောက် ပေမယ့်။ ဓားသွားပေါ်မှာ ကခုန် နေသလိုပဲ။ သံတွေကို မနင်းမိအောင် ကြိုးစားနေ ရတယ်။

မြင့်မြင့်ခုန်တယ်။ သံတွေ သိပ်မရှိတဲ့ နေရာစီကို သွားတယ်။ စစ်သူကြီးတိုင် နဲ့ ယှဉ်ရင်။ ဖန်ကျန်းရှီ ကတော့ အများကြီ်း သက်တောင့် သက်သာ ဖြစ်နေတယ်။ လေအဟုန်ကို စီးနင်း ရင်း ပျံသန်းနေတယ်။ မျက်လုံးတွေက တော့ စစ်သူကြိးတိုင်ကိုပဲ တစိုက် မတ်မတ် ကြည့်တယ်။ သူ့ ခြေထောက် အောက်ကို တစ်ချက်တောင် ငုံ့မကြည့်ဘူး။ ဘယ် နေရာမှာ သံ ရှိလည်း သူ သိတယ်။

စစ်သူကြီး တိုင်ကတော့ ခုန်ဆွ ခုန်ဆွ လုပ်နေတယ်။ ဖန်ကျန်းရှီက အေးအေးဆေးဆေး လေထဲ လွှင့်နေတယ်။ မီးတောက် ကြိမ်လေး ကို ဆွဲရင်း။ နောက် မြှားတစ်ချောင်း ပြစ်တယ်။ ရှန်းယွီမင်းသမီး မျက်မှောင်ကြုတ်နေတယ်။ မြေကြီးပေါ်မှာ၇ှိတဲ့ သံတွေက အတူတူပဲ။ စစ်သူကြီးတိုင်က သတိ ထားနေရတယ်။ ဖန်ကျန်းရှီ ကတော့ သံ တစ်ချောင်းကိုတောင် မနင်းမိဘူး။

ဒါက ဘယ်လို ဖြစ်တာလဲ။ ရှန်းယွီမင်းသမီး ရဲ့ မျက်ဝန်း နက်နက်တွေ။ အပေါ် စီးကနေ ခြုံငုံကြည့်တယ်။ ဒီ သံတွေနဲ့ ထောင်ချောက်တွေ။ ဆယ့်ငါးမိနစ် တိတိ ကြာပြီးတဲ့ နောက်။ သူ့ အမူအယာ ပြောင်းလဲသွားတယ်။ စစချင်း အံ့အားသင့်မှု ကနေ ခေါင်းထဲမှာ အချက်ပေးသံ တွေ မြည်လာတယ်။

“ဒီ ကလေးက တကယ့်ကိုပဲ….. သိတယ်။”

အပိုင်း (၃၃၈) ပြီး၏။

အပိုင်း (၃၃၉)

“ ပေါက်ကွဲနေသော သွေးကြောများ။”

တောင်ပိုင်းဒေသက တိုက်ခိုက်ရေး အင်အား မြင့်မားတယ်။ တောင်တန်း။ သစ်တောတွေ။ ကြောက်စရာ သားရဲကောင်တွေ အားလုံး အစီအစဉ်တကျ ရှိတယ်။ တောင်ပိုင်းဒေသ စစ်သည်တော်တွေ ရဲ့ ရဲစွမ်းသတ္တိကလည်း အံ့မခန်း ။ ပြောနိုင်တာက ။ အကယ်၍ လူတစ်ယောက်သာ တောင်ပိုင်း ဒေသမှာ မွေးဖွားလာခဲ့ရင်။ သူ့ဘဝက ရဲရင့် တဲ့ စစ်သည်တော် တစ်ယောက် ဖြစ်ဖို့ ကြမ္မာဖန်လာတာပဲ။

တောင်ပိုင်းဒေသ ရဲ့ ပထဝီဝင်က။ စစ်သည်တော်တွေ လေ့ကျင့်ရေး အတွက် အထူးကောင်းမွန်တယ် ။ ဒါပေမယ့် ဒီ ပထဝီဝင် ။ လေ့ကျင့်မှုတွေ ကြောင့်ပဲ ။ တောင်ပိုင်းဒေသက ကြီးမြတ်သော ရှမင်းဆက်လိုမျိုး ယဉ်ကျေးမှု မြင့်မားတဲ့ နယ်မြေ ဖြစ်မလာနိုင်ခဲ့ဘူး။

တကယ်တမ်းမှာ။ တောင်ပိုင်းဒေသ အုပ်ချူပ်သူ ဘုရင်မင်းမြတ် အားလုံး ရည်ရွယ်ခဲ့တယ်။ နယ်မြေတွေ အားလုံးကို စုစည်းနိုင်စေဖို့။ ဒါပေမယ့် လက်တွေ့က ခက်ခဲလွန်းတယ်။ မတူညီတဲ့ ယဉ်ကျေးမှု ဓလေ့တွေ။ ပြိုင်ဘက်ကင်းတဲ့ မြေမျက်နှာ သွင်ပြင်တွေ ကြောင့်။ ဒီ ရည်မှန်းချက်ကို အောင်မြင်ဖို့က မဖြစ်နိုင်ခဲ့။ အခြေခံ ဖြစ်တဲ့ ကုန်သွယ်ရေး။ ကူးလူးသွားလာ ရေးကတောင် အဆင်မပြေ။

တောင်ပိုင်းဒေသ အောင်မြင်အောင် မလုပ်နိုင်ဘူး။ လမ်းတွေ ဖောက်ဖို့။ တောင်တန်းတွေကို ဖြတ်သန်းဖို့ ။ ခက်ခဲလွန်းတယ်။ တောင်တစ်ကြောလုံးမှာ သားရဲကောင်တွေ ပြည့်နှက်နေတာက ပို ခက်ခဲ စေတယ်။ ဘာကြောင့်လဲ ဆိုတော့ ။ တောင်ပိုင်းဒေသ ဘုရင်မင်းမြတ် တောင်မှ မနှောက်ယှက် ဝံ့တဲ့ သားရဲကောင်ကြီးတွေ ရှိနေတာ ကြောင့်ပဲ။ ဒါကြောင့် ယဉ်ကျေးမှုက မပြန့်ပွားနိုင်ဘူး။ ဒါက အကြီးမားဆုံး အားနည်းချက်။ အကြံ ကောင်းပေးနိုင်တဲ့သူ မရှိတာ ကြောင့်လဲ ပါတယ်။

ကြီးမြတ်သော ရှ မင်းဆက်က သူလျှို တစ်ယောက်ကို ရှန်းယွီမင်းသမီး စိတ်မဝင်စားခဲ့ဘူး။ သာမာန်ထက် ကျော်လွန်တဲ့စွမ်းအား တွေ ပိုင်ဆိုင်ထားတဲ့ ဒီ ကောင်လေးကို ဒုတိယ တစ်ခေါက်တောင် မကြည့်ခဲ့။ ဒါပေမယ့် စစ်တပ် နည်းဗျူဟာတွေ။ ပရိယာယ် ဆင်နည်းတွေကို သိတဲ့ လူတစ်ယောက်ကို မြင်တော့။ တတိယ အကြည့်။ စတုတ္ထ အကြည့်။ ပဉ္စမ အကြည့်။ …… ဒါက ခြောက်သွေ့နေတဲ့ လယ်မြေ ပေါ်ကို နွေဦးမိုးစက် ကျဆင်း လာသလိုပဲ။

စိတ်လှုပ်ရှားတယ်။ မဖော်ပြနိုင်အောင် စိတ်လှုပ်ရှားတယ်။

“ ဗျူဟာကွက်လား။ အဲ့တာ တကယ်ပဲ ဗျူဟာကွက်လား။” ဖန်ကျန်းရှီ ဘယ်လိုများ လုပ်လိုက်လဲ ရှန်းယွီမင်းသမီး မသိ။ ဒါပေမယ့် သူမ သေချာတယ်။ တိုက်ခိုက်ရေး ကွင်းပြင်စင်မြင့် ပေါ်မှာ သံ တွေ ပြစ်နေတာ။ ဗျူဟာနည်းကျကျ ပြစ်ချ နေတာ။

…….

ရှန်းယွီ မင်းသမီး ရဲ့ လက်ရှိအတွေးကို ဖန်ကျန်းရှီ မသိ။ သူ အခု တွေးနေတာ ရှင်းတယ်။ အနိုင်တိုက်မယ်။ ဒါမှ မဟုတ်။ ဒီ ပြိုင်ပွဲကနေ အကျိုးများအောင် လုပ်မယ်။ သံ တွေလား …… ။ ဘယ်လိုများ စိတ်ကြိုက် ကြုံသလို ပြစ်လို့ ရမှာလဲ။ ဒီ သက်မဲ့ ပစ္စည်းတွေက သူ့ သခင်ကို သိတာမှ မဟုတ်ပဲ။ ဒါကြောင့် သူ့ကို မထိခိုက်အောင်။ အကွက်ချ ပြီး ပြစ်ဖို့ က ခက်ခဲ တာမှ မဟုတ်ပဲ။

ရလဒ်ကတော့ ထင်ရှားတယ်။ အနည်းဆုံးတော့။ အောက်ဘက်က စစ်သည်တော်တွေ ကြောက်လန့် နေတာကို သူ ကောင်းကောင်း မြင်နေရတယ်။ တကယ်တော့ စစ်သည်တော်တွေ က တော့်တော့်ကို လန့် နေတာ။ ဖန်ကျန်းရှီ တွေးထားတာ ထက်ကို ပိုတယ်။ သူတို့မှ ဒီလို ရလဒ်ကို မတွေးထားပဲ။

ကြီးမြတ်သော ရှမင်းဆက် ရဲ့ ကျားစစ်သူကြီးက ……..။ ကောင်းကောင်းကြီး အထိနာနေတယ်။ ဒီလိုဖြစ်ရတာလည်း ကြီးမြတ်သော ရှမင်းဆက်က သူလျှိုလေး တစ်ယောက်ကြောင့်။ ပြိုင်ပွဲစတည်းက ဖန်ကျန်းရှီရဲ့ လက်ဝါး ရိုက်ချက် တွေ ။ လက်သီးပျံ တွေကို အကြိမ်ကြိမ် ခံနေရတာ။ ဖန်ကျန်းရှီ ရဲ့ ဆံပင်တစ်ချောင်းကိုတောင် စစ်သူကြိးတိုင် မထိ ရ သေးဘူး။ အခုတော့ စစ်သူကြီးတိုင် မျက်နှာတစ်ခုလုံး ဖူးယောင် ယောင်ကိုင်း နေပြီ။ ပိုပြီးတော့ တောင် ရယ်ချင် စရာ ကောင်းနေသေးတယ်။

ဖန်ကျန်းရှီ ရဲ့ မြှားတွေက ဘယ်ညာ နှစ်ဖက် အဆက်မပြတ် လာနေတယ်။ စစ်သူကြီးတိုင်က တော့ သံ တွေ ကြားမှာ လူးလှိမ့် နေဆဲ။ သူ့ မုတ်ဆိတ်မွှေးတွေ တောင် မလွတ်ဘူး။ သံ တွေက မုတ်ဆိတ်မွှေးတွေထဲ စိုက်နေတယ်။ ဘယ် နေရာမှ ကျား စစ်သူကြီး နဲ့ မတူတော့ဘူး။

သူ နဲ့ ယှဉ်ရင်။ ဖန်ကျန်းရှီ ရဲ့ ပုံစံ က လွတ်လပ် အေးဆေး လွန်းတယ်။ မီးတောက်ကြိမ်လေးကိုင်းကို လပြည့်ဝန်း ပုံစံ ဖြစ်အောင် ကွေးရင်း ။ မြှား တစ်ချက်ပြီး တစ်ချက် ပြစ်နေတယ်။ သူ က လုံးဝကို မရပ်တန့် နိုင်တဲ့ သူပဲ။

“စစ်သူကြီးတိုင် သတိထား။” စစ်သည်တစ်ယောက် လှမ်းအော် သတိပေးတယ်။ တိုက်ပွဲ စင်မြင့်မှာ စစ်သူကြီးတိုင် နောက်ဆုံးတော့ မြှားတစ်ချောင်း ထိပြီ။ မြှား အချောင်း နှစ်ဆယ် သုံးဆယ်က သူ့ ဆီကို အဆက် မပြတ် ပျံလာနေတာ။ ခုန်ရှောင်နေရတာ ပင်ပန်းလှပြီ။ ဒီလို အခြေအနေမျိုးမှာ အမှားလုပ်မိတာတော့ ဖြစ်သင့်တယ်။ မြှားတစ်ချောင်း ။ စစ်သူကြီးတိုင် ရဲ့ လက်မောင်းကို ထိတယ်။ သွေးတွေ ပန်းထွက်လာတယ်။ လေထဲ ဝေ့၀ဲရင်း စင်မြင့်ပေါ်ကို ကျတယ်။

“အားးးးး” စစ်သူကြီးတိုင် နာကျင်မှု ကြောင့် အော်ဟစ်တယ်။ သူ့ အရိုးအသားတွေက သံမဏိလို မာကောင်းမာမယ်။ ဒါပေမယ့် အခုချိန်မှာ သူ့ ကျင့်ကြံဆင့်ကိုလည်း မသုံးရဘူး။ အကွာအဝေးကလည်း နီးကပ်လွန်းတယ်။ ပြစ်တဲ့ လေးကိုင်းကလည်း မီးတောက် ကြိမ်လေး ။ သူဘယ်လိုမှ မတားဆီးနိုင်ဘူး။

“သူ ရှုံးတော့ မှာလား။”

“ စစ်သူကြီးတိုင် ရှုံးတော့မှာလား။”

တောင်ပိုင်းဒေသ ရဲ့ ကြီးမြတ်သော ကျားစစ်သူကြီးက ။ ရှမင်းဆက် ရဲ့ သူလျှိုငယ်လေးကို ရှုံးရတော့မှာလား။ စစ်သည်တော်တွေ မယုံနိုင်။ စစ်သူကြီးတိုင် ရဲ့ မျက်နှာက ခရမ်းရောင် ပြောင်းနေပြီ။ မြှားကို အလော တကြီး သူ ဆွဲ မထုတ်ဘူး။ မြှားတစ်စင်း က သူ့ကို အနည်းငယ် မျက်မှောင်ကြုတ်သွား စေရုံပဲ။ ဒါပေမယ့် သူ့ နှလုံးသားထဲက စိတ်ဒဏ်ရာ ကတော့ နက်ရှိုင်းသွားပြီ။ နှုတ်ခမ်းကို တင်းတင်းစေ့ထားတယ်။ အောက်ဘက်မှာ ရပ်နေတဲ့ စစ်သည်တော် တွေကို သူလှမ်းကြည့်တယ်။ သူတို့ မျက်နှာတွေမှာ…. စိတ်ပျက်အားလျော့ မှုတွေကို မြင်ရတယ်။ အင်အားကြီးတဲ့ မျှော်လင့်ချက် ကင်းမဲ့သွားမှု။

“မဟုတ်ဘူး။ ငါ ။ ကြီးမြတ်သော ကျား စစ်သူကြီး။ မရှုံးနိုင်ဘူး။ ငါ မရှုံးဘူး။” စစ်သူကြီးတိုင် ဒေါသ တစ်ကြီးနဲ့ ဟိန်းဟောက်တယ်။ ကျားရဲ မျက်ဝန်းတွေ ထဲမှာ လျှပ်စီးတန်းတွေ ဖြတ်ပြေးနေတယ်။ အေးစက်တောက်ပတဲ့ ဓားသွား လို မျက်ဝန်းတွေ ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။

လက်ထဲက မဟူရာရဲဒင်းကြီးကို တင်းတင်း ကျပ်ကျပ် ဆုပ်ကိုင်ထားတယ်။ သူ့လက်တွေတောင် ဖြူဖျော့ နေပြီ။ ဒီ အချိန်မှာပဲ။ နောက်ထပ် လေတိုးသံ ကို ကြားလိုက်ရတယ်။ မြှားတစ်စင်း သူ့ မျက်နှာတည့်တည့်ကို ဝင်လာတယ်။ အနီဖျော့ဖျော့ လင်းနေတဲ့ အမြှောက်ဆံ တစ်ခုလိလုပဲ။ ဒီ အချိန်မှာ စစ်သူကြီးတိုင် အ၇င်တစ်ခေါက်လို မရှောင်တိမ်းတော့ဘူး။ ခေါင်းကို ညာဘက် ယိမ်းလိုက်တယ်။ မြှားက သူ့ ပါးပေါ်ကနေ ဖြတ်သွားတယ်။ မုတ်ဆိတ်မွှေးတွေကို ပွတ်တိုက်တယ်။

ဒါတွေကို စစ်သူကြီးတိုင် စိတ်ထဲ ထားဟန် မရှိ။ အဲ့ဒီ့အစား အရှိန်ပြင်းပြင်း ရှေ့ဆက်လာတယ်။ သူ့ ခြေထောက်တွေက သံ တွေကို အားပြင်းပြင်းနဲ့ နင်းပြစ်တယ်။

“ သူ့ အသက်နဲ့ လောင်းကြေးထပ်လိုက်ပြီပဲ။” စစ်သူကြီးတိုင်ကို တစ်ချက်ကြည့်ရင်း ဖန်ကျန်းရှီ ပြောတယ်။ သူ့ ပြိုင်ဘက် အခြေအနေကို သူ သိတယ်။ ဒါကို သူ တွေးပြီးသားပဲ။ ဆိုရိုးရှိတဲ့ အတိုင်း။ ထိတ်လန့်နေတဲ့ ခွေးက နံရံ ကို ခုန်ကျော နိုင်တယ်။ အခုက တောင်ပိုင်းဒေသ ရဲ့ ကျားစစ်သူကြီးပဲလေ။ စစ်သည်ထောင်ချီ လေးစားမှုကို ရ ထားတဲ့ သူ။ လွယ်လွယ်နဲ့ လက်လျှော့်တတ်ရင်။ ကျားစစ်သူကြီး တောင် ဖြစ်လာမှာ မဟုတ်ဘူး။ တောင်ပိုင်းဒေသ ရဲ့ စစ်သည် ထောင်ချီကိုလည်း ဦးဆောင်နိုင်မှာ မဟုတ်။ ပြိုင်ဘက်ကတော့ သေဖိုက စောင့်နေရမယ်။

ဘယ်သူ လုပ်ရမှာလဲ။ ထုံးစံ အတိုင်း မီးကို ရေနဲ့ ငြှိမ်းသလိုပဲ။ အနီးကပ် တိုက်ပွဲတွေကို ဖန်ကျန်းရှီ မကြောက်။ ကျင့်ကြံဆင့် ကို မသုံးနိုင်တဲ့ သူ ဆို ပိုတောင် မကြောက်သေး။ အထူးသဖြင့် လက်မောင်းမှာ မြှားမှန် ထားတဲ့ လူကို လုံး၀ မကြောက်။ ဒါပေမယ့် တိုက်ပွဲကို မြန်မြန် အဆုံးသတ်ဖို့ လိုမှန်း သူသိနေတယ်။ အကယ်၍ အချိန် ကြာကြာဆွဲ ထားရင်။ အရှက်ရနေတဲ့ကျား စစ်သူကြီး အတွက် ပျော်စရာ အဖြစ် ရှိလာမှာ မဟုတ်ဘူး။ နောက်ဆုံး တိုက်ပွဲ အဆုံးသတ်က ….. ကြီးမြတ်ရမယ်။

ဖန်ကျန်းရှီ ဘယ်လို လုပ်ရမလဲ စဉ်းစား နေတယ်။ စစ်သူကြီးတိုင်က သူ့ ရှေ့မှာ ရောက်နေပြီ။ ဖန်ကျန်းရှီ နည်းနည်း အံ့သြ သွားတယ်။ ကြည့်ရတာ အဓိပ္မာယ် မရှိလိုက်တာ။ ဘာကိစ္စနဲ့ ဒီလောက် မြန်နေတာလဲ။ တစ်ခုခု လွဲနေတာကို သူ သတိထားမိတယ်။ ဘာောကာင့်လဲ ဆိုတော့ စစ်သူကြီးတိုင် ရဲ့ မျက်လုံး တွေက သတ်ဖြတ်လိုစိတ်တွေ ပြည့်နေတယ်။ နှလုံးသားထဲက လာတဲ့ လူသတ်ငွေ့တွေ။ အရေးအကြီးဆုံးက။ စစ်သူကြီး တိုင်ရဲ့ မျက်လုံးတွေ ပြောင်းလဲ နေတာပဲ။ ဒီ မျက်လုံးတွေက လူမျက်လုံးမှ မဟုတ်တာ။

အစိမ်းရောင် တောက်နေတယ်။ အစိမ်းရောင ် လှိုင်းလုံးတွေ စစ်သူကြီး တိုင် ရဲ့ မျက်လုံး ထဲမှာ ဖြတ်ပြေး နေတယ်။ အေးစက်တယ်။ အရမ်းကို အေးစက်တယ်။ ဖန်ကျးန်ရှီ ကျောထဲတောင် စိမ့်ချမ်းလာတယ်။

“ အိုး။ မဖြစ်ဘူး။” ဖန်ကျန်းရှီ နောက်ဆုတ်ချင်တယ်။ ဒါပေမယ့် စစ်သူကြီးတိုင် က သူ့ ရဲဒင်းကြီးကို ခေါင်းပေါ် မြှောက်ထား ပြီးနေပြီ။ သူ့ လက်မောင်းကြီးတွေကလည်း တစ်ခဏချင်း နှစ်ဆလောက် ကြီးသွားသလိုပဲ။ ပေါက်ကွဲ အင်အားတွေ နဲ့ အရှိန်အဝါ တွေ အရင်လို မဟုတ်တော့ဘူး။ နောက်ထပ် လူ တစ်ယောက် ပြောင်းလဲ သွားသလိုပဲ။ စစ်သူကြီးတိုင် ရဲ့ လက်မောင်းနဲ့ မျက်နှာက အမွှေးတွေ အပ်တွေလို ထောင်ထ နေတယ်။ ဒေါသထွက်နေတဲ့ မျောက်ကြီး တစ်ကောင်ကို မြင်နေတရသလိုပဲ။

“ဝူးးးး” မဟူရာ ရဲဒင်းနက်ကြီး ကျလာတယ်။ မယုံနိုင်လောက်တဲ့ အရှိန်။ အစိမ်းရင့်ရင့် အလင်းတန်းတွေ တောက်ပ နေတယ်။

“စစ်သူကြီးတိုင်။”

ဒီမြင်ကွင်းကို စစ်သည်တွေ ကောင်းကောင်းမြင်တယ်။ သူတို့ ခေါင်းထဲ အချက်ပေးသံ တွေ မြည်ကုန်တယ်။ ပုံမှန် အတိုင်း စစ်သူကြီးတိုင် ရဲ့ ကိုယ်ခန္ဒာ ပြောင်းလဲ တဲ့ အကြောင်းကို သူတို့ သိတယ်။ ဒါက ကျင့်ကြံဆင့် ဖော်ပြမှု တစ်ခုပဲ ။ အခုတော့ စစ်သူကြီးက သူ့ ကျားရဲ သွေးတွေကို လှုပ်ရှားလိုက်ပြီ။ ။ စစ်သူကြီးတိုင်က အခု ချိန် သဘာဝလွန် ကျင့်ကြံဆင့် အလယ်တန်းကို ရောက်နေမှန်း သေချာသွားပြီ။

ဒါပေ့ါ…… မေးစရာတောင် မလိုဘူး။ ဖန်ကျန်းရှီ သေရတော့မယ်လေ။ ဒါပေမယ့် ဒီမြင်ကွင်းကြောင့် စစ်သည်တော်တွေ စိတ်လှုပ်ရှား ပျော်ရွှင်တာမျိုး မရှိဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ ကတောင်ပိုင်း ဒေသ စစ်သည်တော်တွေ။ ဂုဏ်ရှိတဲ့ စစ်သည်တော်တွေ ။ သူတို့ သေလို့ ရတယ်။ ဒါပေမယ့် ဂုဏ်ရှိရှိ သေရမယ်။

ဒါက မျှတတဲ့ ပြိုင်ပွဲ။ နှစ်ဘက်လုံးက သူတို့ ရဲ့ ကျင့်ကြံဆင့် တွေကို ဖိနှိပ်ထားရမယ်။ ပြီးတော့မှ ကွင်းပြင် ထဲဝင်မယ်။ ယှဉ်ပြိုင်မယ်။ အဆုံးသတ်မှာ ဘယ်သူနိုင်လည်း အရေးမကြီးဘူး။ ပြိုင်ပွဲ က တရားမျှတဖို့ပဲ လိုတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက် ကသာ စည်းမျဥ်းကို ချိုးဖောက်လိုက်ရင်။ ဒီ ပြိုင်ပွဲက တရားမျှတ တော့မှာ မဟုတ်ဘူး။ ဒီလူက ပြိုင်ပွဲကို နိုင်သွားရင်တောင်။ ပြစ်တင်ရှုတ်ချ ရခံရမယ်။ တောင်ပိုင်းဒေသမှာ နှိမ့်ချ ခံရမယ်။ စစ်သူကြီးတိုင် ဒီလို လုပ်လိမ့်မယ်လို့ စစ်သည်တော်တွေ မထင်ထားမိဘူး ။ ဒါပေမယ့် စစ်သူကြီးတိုင်က လုပ်ခဲ့တယ်။

“ရပ်စမ်း။” ရှန်းယွီမင်းသမီး တစ်ခုခု လွဲနေတာ သိတယ်။ ထိုင်နေရာက ခုန်ထပြီး အော်တယ်။ ချက်ခြင်း သူမ လေးကိုင်း ကို ကောက်ဖို့ ပြင်တယ်။ ဘေးပတ်လည်ကို လိုက်ရှာတယ်။ တစ်ခုခု ပျောက်နေတယ်။ ဘာကြောင့်လဲ ဆိုတော့ သူမ လေးကိုင်း က ဖန်ကျန်းရှီ လက်ထဲမှာ။ စစ်သူကြီးတိုင် စစ်တပ်အမိန့်ကို ချိုးဖောက်မိမှန်း သူ့ကိုယ်သူ သိတယ်။ နောက်ပြီးတော့ ဒီ အပြစ်ဒဏ်က ကြီးမားမယ်။ စစ်သည်တွေ ရှုတ်ချ တာကိုလည်း ခံရမယ်။ ဒါပေမယ့် အရှုံးကိုတော့ သူ ပို ပြီး လက်မခံ နိုင်ဘူး။

တောင်ပိုင်း ဒေသ စစ်သည်တော် လက်ထဲမှာ သူ အ၇ှုံးပေးနိုင်တယ်။ ဒါပေမယ့် ကြီးမြတ်သော ရှမင်းဆက်က သူလျှို လက်ထဲမှာတော့ အရှုံးမခံ နိုင်ဘူး။ နောက်ပြီးတော့ အတော့်ကို ဆိုးဆိုးဝါးဝါး လူပြိန်း ရှုံး ရှုံးတာမျိုး။ စစ်တပ် အမိန့်ကို ချိုးဖောက်ပြီး ။ လူတွေ ပြစ်တင်ရှုတ်ချတာ ။ ဒါက နောက်ဆက်တွဲ ပြဿနာပဲ။ အကယ်၍ အရင်ကသာ ဖြစ်ခဲ့ရင်။ ဒီလို ကိစ္စမျိုးကို သူ လုပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် အခုတော့ အခြေအနေက ကွာခြားနေပြီ။ ဘာကြောင့်လဲ ဆိုတော့ နှစ်နိုင်ငံက စစ်ဖြစ်တော့မယ်။ ဒီမှာ အဆင်မြင့် စစ်တပ် အရာရှိတွေလည်း သိပ်မရှိဘူး။ ရှန်းယွီမင်းသမီးက သူ့ကို မ သတ်ဘူးလို့ အသေအချာ တွက်ထားတယ်။ သူမ သူ့ကို မသတ်ရင်။ သူ့ အပြစ်ကို ချေဖျက်ပြီး အကျိုးထူး ဆောင်နိုင်ဖို့ အခွင့်အရေး ၇ှိမယ်။

သူ ကိုယ်တိုင်က ပုစွန်ဆိတ်လေး တစ်ကောင် ဖြစ်နေ ရင်တောင် ကိစ္စ မရှိဘူး။ စစ်မြေပြင်မှာ။ သူ အနိုင်တိုက်မယ။် ရန်သူ့ စစ်သူကြီးကို သတ်ပြီး အကျိုးထူး ဆောင်မယ်။ သူ့ ရဲ့ ရာထူးနဲ့ အရှိန်အဝါလည်း ပြန်ရလာမှာလဲ။ အချိန် ကျလာရင်။ ဘယ်သူကများ ပြောလိမ့်အုန်းမှာလဲ။ ဒီလူက ကြီးမြတ်သော ရှမင်းဆက်ရဲ့ သူလျှိုလေး တစ်ယောက်ကို စည်းဖောက်ပြီး သတ်တယ်လို့။ တောင်ပိုင်းဒေသမှာ အကျိုးထူး ဆောင်ပေးတဲ့ အတွက်ပဲ ချီးမွမ်းကျ တော့မှာ။ “သေ စမ်းးးး…….” စစ်သူကြီးတိုင် ဒေါသ အပြည့်နဲ့ အော်တယ။် သူ့ ဒေါသ တွေ အကုန်လုံးကို လွှတ်ထုတ်လိုက်တယ်။ သူ့ မျက်စိရှေ့က အရှက်မရှိတဲ့ ဒီ ကောင်စုတ်လေးကို နှစ်ခြမ်းခွဲ ပြစ်ချင်နေတယ်။

ကိုယ့်ကိုကိုယ် ယုံကြည်ချက် အပြည့်ရှိနေတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ သဘာဝလွန် အလယ်တန်း အဆင့်ကို အပြည့် မသုံးရင်တောင် ။ ဒီ ကောင်စုတ်ကို သတ်နိုင်မယ် မှန်း သူသိတယ်။ ….. သူ့ ရဲဒင်းကြီး ခုတ်ချ လိုက်တဲ့ အချိန်။ အလင်းတန်း တစ်ခု သူ့မျက်စိ ရှေ့မှာ ပေါ်လာတယ်။ အစိမ်းရောင် အလင်းတန်းတွေ လေထဲမှာ လွင့်နေတယ်။ စူးရှရှ အလင်းတန်းတွေ။ အလင်းဓား နဲ့တူတယ်။

စစ်သူကြီးတိုင် ချက်ခြင်း မျက်လုံး ပြူးသွားတယ်။ ဘာကြောင့်လဲ ဆိုတော့။ ကျောက်စိမ်း ရောင် အလင်းဓားက မီးတောက်ကြိမ် လေးကိုင်း ရဲ့ လေးကြိုးပေါ်မှာ ပေါ်လာတာ ကြောင့်ပဲ။ မီးတောက် ကြိမ်လေးကိုင်းကို လပြည့်ဝန်း ပုံစံ ဖြစ်အောင် ဆွဲနေတယ်။ အစိမ်းရောင် အလင်းဓား ကလည်း ဆက်ပြီး ရှည်ထွက်လာတယ်။ အလင်းဆ သိပ်သည်းလွန်းတဲ့ မြှားစိမ်းတစ်ချောင်း လိုပဲ။

မြှားကျည်တောက် ထဲက မြှားကို ဆွဲဖို့ ဖန်ကျန်းရှီမှာ အချိန်မရှိလိုက်ဘူး။ ဒါပေမယ့် သူ့ အင်အား အပြင်းဆုံး မြှားက သာမာန် မြှားမဟုတ်ဘူး။ ဓားသိန်းသန်းချီ အနုပညာရဲ့ မြှားပဲ။ “ ဘုန်းးးးးး” ပဲ့တင်သံတွေ အဆက်မပြတ် ထွက်လာတယ်။ ကွင်းပြင် ဧရိယာ တစ်လျှောက်လုံး ရေလှိုင်းလို လှိုင်းတွေ ပေါ်လာတယ်။ ဟာရီကိန်း မုန်တိုင်း အရှိန်လို ကြောက်မက်ဖွယ် အင်အား တွေ ပျံ့လွင့်နေတယ်။ အဲ့ဒီ့နောက် ဟာရီကိန်းက ကျယ်ပြန့်လာတယ်။ တိုက်ပွဲ ကွင်းပြင်က အလှံတွေ လွင့်ကုန်တယ်။ ကွင်းပြင် စင်မြင့်အောက်က စစ်သည်တော်တွေ ကြောက်လန့် တကြား အော်ဟစ်ကြတယ်။ ဘာကြောင့်လဲ ဆိုတော့။ သူတို့က နီးကပ် လွန်းနေတယ်။ ပြောနိုင်တာက ဒီလို အပျက်အစီး ကြီးမားတဲ့ အဖြစ်မျိုးကို သူတို့ မမျှော်လင့်ထားမိဘူး။

လေဓား တွေရဲ့ ရိုက်ခတ်မှုက ပြင်းထန်တယ်။ သူတု့ိရဲ့ ကြိမ်ထည် သံချပ်ကာတွေ ပျက်စီးတယ်။ အသားတွေ ပြတ်ရှ ကုန်တယ်။ သူတို့ ကိုယ်ခန္ဒာတွေ ဟာရီကိန်း မုန်တိုင်း အလယ်မှာ ရောက်နေသလိုပဲ။

ရှန်းယွီမင်းသမီး ရဲ့ မျက်လုံး နက်နက်တွေ ဝိုင်းစက် ပြူးကျယ်နေပြီ။ စစ်သူကြီးတိုင် ရဲ့ တိုက်ခိုက်ချက်ကို မြင်တုန်းက သူမ တားဆီးဖို့ ပြင်ခဲ့တယ်။ အခုတော့ သူမ ကိုယ်တိုင် တုန်ယင်နေပြီ။ တဆတ်ဆတ် တုန်ယင်နေပြီ။ ဟာရီကိန်း စွမ်း အင်နဲ့ အတူ။ ကြီးမားတဲ့ အစိမ်းရောင် ကွန်ယက်ကြီး ကွင်းပြင်မှာ ပေါ်လာတယ်။ အလင်းဓားတွေ ပေါင်းစပ် ထားတဲ့ ကွန်ယက်ကြီး။ မဟူရာရဲဒင်းကြီး ကွန်ယက်ထဲမှာ ပိတ်မိနေတယ်။ ရဲဒင်းကြီးကို ကိုင်ထားရင်း စစ်သူူကြီး တိုင် လည်း မျက်လုံးတွေ ဝိုင်းနေတယ်။ သူ့ ပါးစပ်ကနေ ဒေါသ တကြီး ဟိန်းဟောက်သံ တွေ ထွက်နေတယ်။ မျက်နှာက မုတ်ဆိတ်မွှေးတွေလည်း အပ်တွေလို ထောင်နေဆဲ။ သူ့ အမူအယာက လုံး၀ မယုံကြည်နိုင်ပုံကို ဖော်ပြ နေတယ်။

“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။” စစ်သူကြီးတိုင် ဟိန်းဟောက်တယ်။ ကြီးမြတ်သော ရှမင်းဆက်က သူလျှိုလေးက။ သူ့ အင်အား ၆၀ % သုံးထားတဲ့ တိုက်ခိုက်ချက်ကို ခုခံ နိုင်တယ်။ နောက်ပြီးတော့ သူ့ မျက်စိ ရှေ့မှာပဲ ထူးထူးဆန်း ဆန်း တိုက်ခိုက် နည်းနဲ့ ခုခံ နေတာ။ ဖန်ကျန်းရှီ က မြှားကို အလောတကြီးနဲ့ ပြစ်လွှတ်ရတာ။ အပြည့်အ၀ မဖြစ်ပေါ် လိုက်ဘူး။ ကံကောင်းစွာနဲ့ပဲ။ အကွာအဝေးက နီးကပ်လွန်းနေတယ်။ ဒါကြောင့်ပဲ အင်အားက ကြီးမားနေတာ ။ ဓားသိန်းသန်းချီ အနုပညာ။ ခုခံအားမှာ ထိပ်တန်း ရောက်တယ်။ မီးတောက် ကြိမ် လေးရဲ့ အစွမ်း နဲ့ ဆိုရင် ။ ဖျက်စီး နိုင်စွမ်းက အံ့မခန်းပဲ။

စစ်သူကြီးတိုင်က သူ့ တိုက်ခိုက် ချက်မှာ အင်အား ပြည့်မသုံးနိုင်ဘူး။ ဒီ အင်အား နဲ့ ဆိုရင် တိုက်ခိုက်ရေး ကွင်းပြင် ထဲမှာ။ သူလျှိုလေးကို နှစ်ခြမ်း ခွဲ နိုင်မယ်လို့ သူ သေချာတယ်။ သူ့ အင်အား ၆၀% ။ ကြယ်တာရာ စု ဝေးမှု အထွဋ် အထိပ် အဆင့် မပြောနဲ့။ ကောင်းကင် ရောင်ပြန် အထွဋ် အထိပ် အဆင့်တောင် နှစ်ခြမ်းကွဲမှာ သေချာတယ်။ ဖန်ကျန်းရှီက အသက် ဘယ်လောက် ရှိမှာလဲ။ ရှိလှမှ ၁၅ ၁၆ ပေါ့။ ကောင်းကင်ရောင်ပြန် အဆင့် ရောက်ပြီလား။ ကောင်းကင်ရောင်ပြန် အဆင့် ရောက်ရင်တောင် ။ သေရမှာက သေရမှာလဲ။

ဒီကောင်က သဘာဝလွန် အဆင့် ရောက်နေတာ မဖြစ်နိုင်ဘူးလား။ စစ်သူကြီးတိုင် မစဉ်းစားလိုက်မိဘူး။ ဖန်ကျန်းရှီက သဘာဝလွန် အဆင့် ရောက်နေနိုင်တဲ့ ဖြစ်နိုင်ချေကို။ သူ့ တိုက်ခိုက်မှုကို လုံလောက်ပြီလို့ ထင်ထားတယ်။ ဒါပေါ့ ။ မမျှော်လင့် ထားတဲ့ အလစ်ချောင်း တိုက်ခိုက်မှုလေ။ အများဆုံး သုံးနိုင်မှ အင်အား ၆၀% ပဲ။ ၁၀၀ % ပြည့်ဖို့က အချိန် လိုတယ်။ သူ့မှာ အချိန် မရှိဘူး။ စည်းမျဉ်းဖောက်ပြီး ကျင့်ကြံဆင့် ကို သုံးတော့်မယ့် အကြောင်း အမူအယာ ပြဖို့ မဖြစ်နိုင် ခဲ့။ သူ တဟုန်ထိုး တိုးဝင်တယ်။

“တားဆီး ခံရတယ်။ ” ထိတ်လန့်တာထက်။ စစ်သူကြီးတိုင် သူ့ စိတ် တစ်ခုလုံး ဗလာဟင်းလင်း ဖြစ်သွားသလို ခံစားရတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလို ဖြစ်လာမှာ သူ တွေးတောင် မတွေးမိဘူး။ ဘယ်တုန်း ကမှ မတွေးမိတာ က….. ဒါပြီးရင် ဘာဆက် လုပ်ရမလဲ။

အပိုင်း (၃၃၉) ပြီး၏။

အပိုင်း (၃၄၀)

“ ဘုရင်တစ်ပါး ဆင်းသက်လာခြင်း။”

ဒါက စစ်သူကြီးတိုင် မှာ တိုက်ခိုက်ရေး အတွေ့အကြုံ မပြည့်ဝလို့ မဟုတ်ဘူး။ ပြင်းပြင်းထန်ထန် စိတ်လှုပ်ရှား သွားပြီးတဲ့ နောက်။ ဘာမှ မတွေးတော နိုင်တော့တာ ဖြစ်တယ်။ ရက်ရက်စက်စက် ပြောရရင်။ သူ့ စိတ် တစ်ခုလုံး အကျဉ်းအကျပ်ထဲ ရောက်နေပြီ။

ဒါပေမယ့် ဖန်ကျန်းရှီ ကတော့ စိတ်မကျဉ်းကျပ်ဘူး။ ဒီလို အခွင့်အရေး ကောင်းကို ဘယ်လိုများ လက်လွတ်ခံ မလဲ။ သူ့ တုံ့ပြန်ချက်က မြန်တယ်။ ပထမ မြှားတစ်ချောင်း ထွက်သွားပြီးတည်းက။ ဒုတိယ မြှားကို ပြစ်ဖို့ တွေးထားပြီးပြီ။ တကယ်တမ်းမှာ။ စစ်သူကြီးတိုင် နေရာ ကနေ မလှုပ်နိုင်သေးတဲ့ အချိန်။ ဖန်ကျန်းရှီက စစ်သူကြီးတိုင် စည်းကမ်းဖောက်ပြီး ကျင့်ကြံဆင့် ထုတ်သုံးမယ်မှန်း တွက်ဆထားပြီးပြီ။

သူ့မှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်။ တစ်ခုက ကွင်းပြင် ကနေ ပြေးမယ်။ အော်ဟစ်ပြီး အကူအညီ တောင်းမယ်။ ရှန်းယွီ မင်းသမီးကို ပြေးဖက်ပြီး အကာအကွယ် ယူမယ်။ ဒုတိယ တစ်ခု ကတော့ တိုက်ခိုက် ရမယ်။ ဖန်ကျန်းရှီက ဒုတိယ လမ်းကို ရွေးလိုက်တယ်။ ပထမ တစ်ခုက အောင် နိုင်ဖို့ ဖြစ်နိုင် ချေ မြင့်တယ်။ အလားတူပဲ မမြင် နိုင်တဲ့ အပြောင်း အလဲ တွေ နဲ့ ပြည့်နေတယ်။ နောက်ဆုံးတော့ ဒါက တောင်ပိုင်းဒေသ စစ်စခန်းပဲ။ ရှန်းယွီ မင်းသမီးကကော ဘယ်လို ဆုံးဖြတ်မလဲ။ အောက်ဘက်က စစ်သည်တော်တွေ ကော ဘယ်လို တွေးမလဲ။ သူ မသိခဲ့ဘူး။

အကယ်၍ သူသာ အလောတကြီး ရှောင်ပြေးရင်။ အောက်ဘက်က စစ်သည်တော်တွေ ဝိုင်းဖမ်း ကြလိမ့်မယ်။ စစ်သူကြီးတိုင် သတိ ပြန်ဝင်လာရင်။ အသေအကျေ တိုက်ခိုက်မှာ အမှန်ပဲ။ သူ့ အသက်တောင် ပါ သွားနိုင်သေးတယ်။ ဖန်ကျန်းရှီ သူ မထိန်းချုပ်နိုင်တဲ့ ကိစ္စ တွေကို မလုပ်ချင်ဘူး။ ဒါကြောင့် သူ့ လေးကိုင်းကို နောက်တစ်ကြိမ် ထပ်ဆွဲလိုက်တယ်။ မီးတောက်ကြိမ် လေးကိုင်း လပြည့်ဝန်း ပုံစံ ဖြစ်သွားတယ်။ အစိမ်းရောင် အလင်းတန်း ချက်ခြင်း ပေါ်လာတယ်။ လေးကိုင်းကနေ ပြေးထွက်တယ်။ လေထုကို ဖြတ်သန်းတယ်။ စစ်သူကြီး တိုင် ရဲ့ ရင်ဘတ် တည့်တည့်ကို ဝင်သွားတော့တယ်။

စစ်သူကြီးတိုင် သတိ မဝင်သေး။ ဒုတိယ မြှား သူ့ဆီ့ကို ရောက်လာတယ်။ သူ့ ကျားရဲ မျက်လုံးတွေ ရုတ်တရက် ပွင့်လာတယ်။ သူ့ တိုက်ခိုက်မှုကို တားတယ်။ ပြီးတော့ နောက်ထပ် မြှား တစ်ချောင်းကို ပြစ်တယ်။ မပြေးဘဲနဲ့ ဆက် တိုက် တိုက်ခိုက်နေတယ်။ သူ ဒါမျိုး မတွေးခဲ့ မိဘူး။ အပြောင်းအလဲက မြန်လွန်းနေတယ်။ သူ့ စိတ်အလျဉ်က လိုက်မမှီတော့ဘူး။ ဖန်ကျန်းရှီကို သူ့ ရဲဒင်းကြီး နဲ့ အသေသတ်ဖို့ ပြင်တယ်။ ဖန်ကျန်းရှီက မြှား တစ်ချေင်း နဲ့ တားတယ်။ ဒုတိယ မြှားကို ထပ်ပြစ်တယ်။ ဒီ ဖြစ်စဉ်တစ်ခုလုံးက မျက်တောင် တစ်ခတ် အတွင်း မှာပဲ ဖြစ်သွားတာ။

ဒုတိယ မြှား သူ့ နားကပ်လာတာကို ကြည့်နေတယ်။ စစ်သူကြီးတိုင် ရဲ့ စိတ် တစ်ခုလုံး ဗလာ ဟင်းလင်း ။ ဒါပေမယ့် သူ့ လက်မောင်းကို ချက်ခြင်း မြှောက်တယ်။ ကြီးမားတဲ့ မဟူရာ ဓားကြီး တစ်လက် သူ့ ရင်ဘတ် ရှေ့ကို ကာလိုက် တယ်။ သဘာဝလွန် အလယ် အဆင့် စွမ်းအား ရှင်။ ထိတ်လန့်သွားပေမယ့်။ သူ့ မသိစိတ် စွမ်းဆောင်ရည်က ကျန်နေသေးတယ်။ သူ့ မဟူရာ ရဲဒင်းကြီးကို အလင်းဓား ကွန်ယက်က ချုပ်နှောင်ထားဆဲ။

“ဘွန်းးးး” အသံကျယ်ကြီး ထွက်လာတယ်။ စစ်သူကြီးတိုင် ခြေနှစ်လှမ်း နောက်ပြန်ဆုတ်တယ်။ အလင်းတန်း တွေ အ၇ပ်မျက်နှာ ပေါင်းစုံ က ထွက်လာတယ်။ “ ကောင်စုတ်လေး။ သေပေရော့။ ” စစ်သူကြီးတိုင် သူ့ လက်မောင်းတစ်ခုလုံး ထုံကျင်သွားတယ်။ သူ့ ရင်ဘတ် ဒဏ်ရာက ပွင့်ထွက်တယ်။ ဖန်ကျန်းရှီ ရဲ့ အပြု အမူ တွေ က သူ့ကို စိတ်ရှုပ်ထွေးစေတယ်။ အကယ်၍ ဖန်ကျန်းရှီသာ လှည့်ပြီး ပြေးရင်။ သူ ဖမ်းနိုင်မလား မဖမ်း နိုင်ဘူးလား မသေချာ။

ဒါပေမယ့် ဖန်ကျန်းရှီက မပြေးဘူး။ ဆက်ပြီး တိုက်ခိုက်တယ်။ ဒါက သူ့ အတွက် အကောင်းဆုံး အခွင့်အရေးပဲ။ ဒီ မှောင်မိုက်နေတဲ့ လမ်းကို အဆုံးထိ ဆက်လျှောက်ဖို့ လိုအပ်နေပြီ။ ဖန်ကျန်းရှီသာ ထွက်ပြေးလိုက်ရင်။ သူ့ ကံကြမ္မာတစ်ခုလုံး စုတ်ပြတ် သတ်သွားလိမ့်မယ်။ ဒုတိယ အလင်းဓားကို သူ တားနိုင်လိုက်တယ်။ စစ်သူကြီး တိုင် ရဲ့ နှုတ်ခမ်းပေါ်မှာ အေးစက်စက် အပြုံးတစ်ခု ဖြစ်ပေါ်လာတယ်။ ဒါပေမယ့် သူ့ အပြုံးက ကြာကြာမခံ။ စုတ်ဖြဲ ခံနေရတဲ့ ခံစားချက် ။ ဝမ်းဗိုက်တစ်ဝိုက်မှာ ခံစားလိုက်ရတယ်။ စစ်သူကြီး တိုင် ရဲ့ အမူအယာ လုံး၀ ပြောင်းသွားပြီ။

ဘာကြောင့်လဲ ဆိုတော့။ သူ့ ဝမ်းဗိုက်နားမှာ အလင်းဓား သုံးလေးချောင်း ရှိနေလို့ပဲ။ နောက်ပြီးတော့။ ဒီ အလင်းဓား း တွေက ကွဲထွက်နေတယ်။ တစ်ခဏချင်း မှာပဲ သူ့ အသားတွေကို ဓား ထက်ထက်တွေက မွှန်းပစ်တယ်။ ဘာလို့ ဒီ လောက် အလင်းဓားတွေ များနေတာလဲ၊ စစ်သူကြီးတိုင် န ားမလည် နိုင်။ မဖြစ်နိုင် ပါဘူးနော်။ သူ့ အလင်းဓားတွေက မီးတောက်ကြိမ် လေးကိုင်း နဲ့ ဖန်တီးထားတာ လို့ တော့ မပြောလိုက်ပါနဲ့။

စစ်သူကြီး တိုင် အကြောင်းရင်းကို သိလိုက်တယ်။ ဖန်ကျန်းရှီ သူ့ တိုက်ခိုက်မှုကို တားမြစ်လိုက်နိုင်တာ။ ရှန်းယွီမင်းသမီး ရဲ့ မီးတောက် ကြိမ်လေး ရှိနေလို့ပဲ။ မသိစိတ်က သူ့ကို သတိ ပေးနေတယ်။ မီးတောက်ကြိမ် လေး နဲ့ အလင်းဓားတွေကို ဘယ်လိုများ ဖန်တီးလိုက်တာလဲ။ ဒါပေမယ့် တကယ်တမ်းမှာ။ ဖန်ကျန်းရှီ ရဲ့ အလင်းဓား တွေက မီးတောက်ကြိမ်လေး နဲ့ မဆိုင်ဘူး။

ဖန်ကျန်းရှီက တိုက်ခိုက်ဖို့ ဆုံးဖြတ်ပြီးပြီ။ သူ့မှာ နောက်ဆုတ်ဖို့ အကြောင်း ရင်း မရှိ။ သူ့ ပြိုင်ဘက်ရဲ့ ကျင့်ကြံဆင့်က သူ့ကို လွှမ်းမိုး နိုင်တယ်။ အလျှော့ပေးပြီး တိုက်ခိုက်တာက ကိုယ့်သေတွင်း ကိုယ် တူးတာပဲ။ ဒုတိယ အလင်းဓားက အယောင်ပြ ပဲ။

ဒါက စစ်နတ်ကျောင်းတော်။ တိုက်ခိုက်ရေး နည်းလမ်း ရဲ့ အနှစ်သာရတွေ။ စစ်သူကြီးတိုင်က ဒီ အနှစ်သာရကို နားမလည်မှန်း ဖန်ကျန်းရှီ သိတယ်။ အယောင်ပြ တိုက်ခိုက်တာ က တကယ့် တိုက်ကွက် အစစ်။ တိုက်ကွက် အစစ် လို့ ထင်ရတာက အယောင် ပြ သက်သက်ပဲ။ နောက်ဆုံး အလင်းဓား သုံး ချောင်း လေးချောင်း မြောက်က တကယ့် သတ်ဖြတ် ဖို့ အကွက်ကောင်းပဲ။

“ဘုန်းးး” “ဘုန်းးးးး” ပေါက်ကွဲ သံ တွေ တစ်ချိန်တည်းမှာ ထွက်လာတယ်။ တိုက်ခိုက်ရေး ကွင်းပြင် တစ်ခုလုံး အသံတွေ ဆူညံ နေတယ်။ ကွင်းပြင် ဘေးက အလံတွေ အစိတ်စိတ် အမွှာမွှာ ကနေ အမှုန့် ဖြစ်ကုန်ပြီ။ ကြီးမားတဲ့ ပုံရိပ် ကြီးတစ်ခု ကောင်းကင် ကနေ ဆင်းသက်လာတယ်။ အဲ့ဒီံနောက် မြေပြင်ပေါ်ကို တစ်ဟုန်ထိုး ဆင်းလာတယ်။ ဒီ ရုတ်တရက် အပြောင်းအလဲက ကြောက်မက်ဖွယ် ပဲ။ ကွင်းြပ်င အောက်က စစ်သည် တော်တွေ ထိတ်လန့် တကြား အော်ဟစ်ကြတယ်။ သူတို့ မျက်လုံးတွေက ပေါက်ထွက် မတတ် ပြူးကျယ် နေပြီ။

ဒဏ်ရာ ရ ထားတဲ့ စစ်သည်တော် တစ်ချို့ ရှိတယ်။ သူတို့ တောင် နာကျင် မှုကို တစ်ခဏ မေ့ကုန် ကြတယ်။ “ဘာတွေ ဖြစ်ကုန်တာလဲ။” ဒါက လူတိုင်း တွေးနေမိတာပဲ။ ဒါပေမယ့် ဒီ အတွေးက သိပ်မကြာလိုက်ဘူး။ မြေပြင်ပေါ်မှာ လဲ နေတဲ့ ပုံရိပ်ကို သူတို့ မြင်လိုက်တာ ကြောင့်ပဲ။

“စစ်သူကြီးတိုင် ”

“ စစ်သူကြီးတိုင် လဲကျ နေတယ်။”

“ ဘယ် ဘယ်လို …. ဖြစ်နိုင်တာလဲ။ ” စစ်သည်တော် တွေ ဘယ်လို ယုံကြည် ရမှာလဲ။ အကယ်၍ စစ်သူကြီး တိုင်သာ သူ့ ကျင့်ကြံ ဆင့်ကို မသုံးပဲ အနိုင် တိုက်ခံ လိုက် ရရင် ။ သူတို့ အံ့သြကြမှာ။ လိုလိုလားလား လက်ခံ နိုင်တယ်။

နောက်ဆုံးတော့ ဖန်ကျန်းရှီက စစ်သူကြီးတိုင်ကို နည်းလမ်း နဲ့ ရှုံးတယ်လို့။ ဒါပေမယ့် …. အခုတော့ စစ်သူကြီးတိုင်က ကျင့်ကြံဆင့်ကို မဖိနှိပ်ထားဘူး။ သူ့မှာ သဘာဝလွန် အလယ်တန်း အဆင့် ရှိတယ်။ ဒါတောင် ကြီးမြတ်သော ရှ မင်းဆက် ရဲ့ သူလျှိုလေး လက်ထဲ ရှုံးရတယ်။ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘယ်လိုများ ဖြစ်နိုင်မှာလဲ။ ရှန်းယွီမင်းသမီး ကိုယ်တိုင်တောင် မယုံနိုင်။ သူမက စစ်တပ် အုပ်ချုပ်သူ တစ်ယောက်။ အခြေအနေ အရပ်ရပ်ကို လက်ခံ နိုင်တယ်။ ဒါပေမယ့် အခု မျက်စိ ရှေ့က အဖြစ်ကိုတော့။ လက်ခံ ဖို့ ခက်ခဲ လှတယ်။ အမှန်တရားကတော့ အမှန်တရားပဲ။

ကွင်းပြင်စင်မြင့်မှာ။ စစ်သူကြီးတိုင် ရဲ့ ဝမ်းဗိုက် တစ်လျှောက် သွေးတွေ ရွဲနစ် နေတယ်။ ဒဏ်ရာ က ပြင်းထန်း လွန်းတယ်။ သူမ မယုံကြည် နိုင် ရင်တောင် ။ တိုက်ပွဲ စည်းမျဉ်းကိုတော့ လေးစား ရမယ်။ စစ်သူကြီး တိုင်က တကယ် ရှုူံးသွားပြီ။

“ဒီ ကောင်က ဘယ်သူလဲ။ ဘယ်သူလဲ။ သူ က ဘယ်လိုများ …. နေ စမ်းပါအုန်း။ သူ ခုနက သုံးလိုက်တဲ့ တိုက်ကွက်က ဘာကြီးလဲ။” ရှန်းယွီမင်းသမီး ပြန်တွေးကြည့်တယ်။ စင်မြင့် ပေါ်က အစိမ်းရောင် ကွန်ယက်ကြီး။ ဒီကွန်ယက်ကြီးက စစ်သူကြီးတိုင် ရဲ့ အသေသတ် တိုက်ကွက်ကို တားမြစတ်တာ။ နောက်ထပ် အလင်းဓား နှစ်ချောင်းက စစ်သူကြီးတိုင် ရဲ့ ကိုယ်ကို တိုက်ခိုက်တယ်။

အလင်းဓားတွေ…… အလင်းဓား တစ်ချောင်းက …… ဓားသန်းချီ အဖြစ် ကွဲထွက်တယ်။ ကွန်ယက်ကြီး ဖြစ်လာတယ်။

“ဒါ …. ဒါက ….. ဓားသိန်းသန်းချီ ပညာ များလား။ မြောက်ပိုင်း နတ်ဆိုးကျောင်းတော် ။ ကြီးမြတ်သော ရှ မင်းဆက် ကျောင်းတော်ကြီး ဆယ့်သုံးခုထဲက နတ်ဆိုး ကျောင်းတော် ရဲ့ လျှို့ဝှက် ပညာ။ ဓားသိန်းသန်းချီ အနုပညာ။” တစ်ချိန်တည်းမှာပဲ နာမည် တစ်ခုကို သူ မ တွေးမိတယ်။ ချီကူယန်။ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ကောင်းကင် အမိန့်တော် ဂုဏ်ရည်ရှင်။ နှစ်ထပ်ကွမ်း နဂါး ချန်ပီယံ င်္ချီကူယန်။ ကြီးမြတ်သော ရှ မင်းဆက် ဧကရာဇ်တောင် သူ့ကို လေးစားရတယ်။

“ဒီကောင်က နတ်ဆိုး ကျောင်းတော်ကလား။”

ဒါပေမယ့် နတ်ဆိုးကျောင်းတော်က မြောက်ပိုင်းဒေသမှာ ှရိတာ။ အခုက တောင်ပိုင်းဒေသ ။ နတ်ဆိုးကျောင်းတော်က လူ ဘယ်လိုများ ပေါ်လာမှာလဲ။ နောက်ထပ် အတွေးတစ်ခု ထပ်ပေါ်လာပြန်တယ်။ အဖြစ်အပျက် တစ်ခုကိုထပ်တွေးမိတယ်။ မဖြစ်နိုင်ဘူး။ ဒီကောင်စုတ်က နတ်ဆိုး ကျောင်းတော်က မဟုတ်ဘူး။ ရှန်းယွီမင်းသမီး ရဲ့ မျက်လုံး နက်နက် တွေထဲ အလင်းတန်းေ်တွ ဖြတ်ပြေးနေတယ်။ စစချင်း ဖန်ကျန်းရှီ သုံးတဲ့ တိုက်ကွက်တွေကို သူမ ပြန်စဉ်းစားတယ်။ စစချင်းမှာ။ ဖန်ကျန်းရှီက တိုက်ခိုက်ရေး နည်းလမ်း တွေကို သုံးတယ်။ ဒီ နည်းလမ်းတွေကို တော်တော်လေး ကို ရင်းနှီးတယ်။ တနေရာရာမှာ မြင်ဖူးကြားဖူးတာဖြစ်ရမယ်။ ဒါပေမယ့် သူမ မမှတ်မိ သေးဘူး။ နတ်ဆိုး ကျောင်းတော်။ ဒီနာမည် ရဲ့ နောက်မှာ နောက်ထပ် နာမည် တစ်ခု သူ့ အတွေးထဲ ပေါ်လာတယ်။

စစ်နတ်ကျောင်းတော်။ ကျောင်းတော် ၁၃ ခုရဲ့ ဦးသျှောင်။

…

တိုက်ပွဲ ကွင်းပြင်မှာတော့ စစ်သူကြီးတိုင် အတောင်ကျိုးနေတဲ့ လင်းယုန်ကြီးလိုပဲ။ သူ့ ဝမ်းဗိုက်ဒဏ်ရာက နာကျင်တယ်။ နဖူးမှာတော့ ချွေ်းတွေ အပြည့်။ ဒဏ်ရာရတာလား။ တောင်ပိုင်းဒေသ စစ်သည်တော် အတွက် ထမင်း စား ရေသောက် သလိုပဲ ။ သာမာန် အပရိက လေး။ ဒါပေမယ့် အခုလို အခြေအနေမှာ ဒဏ်ရရ တာတော့။ သူ့ စိတ်ထဲက အသိဉာဏ်ကို ပျောက်သွားစေတယ်။

“အားးးးး” စစ်သူကြီးတိုင် ကုန်းရုန်းထတယ်။ တစ်ချိန်တည်းမှာပဲ။ အနက်ရောင် အမွှေးအမျှင်တွေ ။ သူ့ တစ်ကိုယ်လုံးမှာ ပြည့်သွားတယ်။ သူ့မျက်လုံးတွေကတော့ စိမ်းတောက်နေပြီ။ အေးစက် စိမ်း မြ နေတယ။် လက်မောင်းကြီးတွေက သာမာန် ထက်ကို နှစ်ဆ ကြီးလာတယ်။ သတ္တုတစ်ခုခု နဲ့ ပြုလုပ်ထားသလို အရောင် တောက်နေတယ်။ သဘာဝလွန် အဆင့် စွမ်းအား တွေ ပေါက်ကွဲ ထွက်ကုန်ပြီ။

တောင်ပိုင်းဒေသ ရဲ့ ကျင့်ကြံနည်းက ကြီးမြတ်သော ရှ မင်းဆက် နဲ့ မတူဘူး။ အဆင့်တွေရဲ့ စွမ်းအား ထိန်းချုပ်မှု တွေကတော့ အတူတူပဲ။ လျှပ်တပြက် အချိန် အတွင်း သွေး စီးကျနေတာတွေ ရပ်သွားတယ်။ မျက်စိရှေ့မှာတင်။ အလင်းဓား ကြောင့် ဆုတ်ပြဲကုန်တဲ့ အသားတွေ ပြန်ကောင်းသွားတယ်။ စစ်သူကြီးတိုင် ရဲ့ မုတ် ဆိတ်မွှေးတွေက ချွန်ထက် ထောင် ထ နေပြီ။ သူ့ စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတယ်။ သတ်မယ်။ ဖန်ကျန်းရှီကို သတ်မယ်။ နောက်ဆက်တွဲ ဖြစ်ရပ်တွေကို မစဉ်းစားတော့ဘူး။ ဖန်ကျန်းရှီကို သတ်ကို သတ်ရမယ်။

“စစ်သူကြီးတိုင် တော်တော့။ ငါ အမိန့်ပေးတယ်။ ချက်ခြင်းရပ်။” ရှန်းယွီမင်းသမီး လှမ်းအော်တယ်။

စစ်သူကြီးတိုင် တစ်ချက် တုန်သွားတယ်။ ရှန်းယွီမင်းသမီး ရဲ့ ဒေါသကို သူခံစားလို့ ရတယ်။ ဒါပေမယ့် သူ ဘယ်လိုများ ရပ်လို့ ဖြစ်မှာလဲ။ မဖြစ်နိုင်ဘူး။ အခုချိန်မှာ သူ ရပ်တန့်လိုက်ရင်။ မင်းသမီး ရဲ့ ဒေါသကို ဖြေဖို့ ပိုခက်မယ်။ အကျိုးဆက် ကတော့ အတူတူပဲ။ သူ လောင်းကြေးထပ်ရမယ်။ ဒီ မှောင်မိုက်တဲ့ လမ်းကို အဆုံးသတ် တဲ့ ထိ လျှောက်ရမယ်။ ဖန်ကျန်းရှီကို သတ်မယ်။ နောက်ပြီးတော့ ရာထူးချ ခံမယ်။ သူ့ အမှား အတွက် စွမ်းဆောင်မှုကြီး ပြန်လုပ်မယ်။

“သေစမ်းးးး” စစ်သူကြီးတိုင် ရဲ့ မျက်လုံးတွေ ခပ်ဖျော့ဖျော့ တောက်ပလာတယ်။ သူ့ အ၇ှိန် နှုန်းက အမြင့်ဆုံး ရောက်နေပြီ။ ဖန်ကျန်းရှီ ဆီကို အရိပ်တစ်ခု လို ပြေးထွက်သွားတယ်။

“စစ်သူကြီးိတိုင်ကို မြန်မြန်တားကြ။ အစွမ်းကုန် တားကြ။” ရှန်းယွီမင်းသမီး တစ်ချက်လွှတ် အမိန့်ပေးတယ်။ အကယ်၍ ဖန်ကျန်းရှီက ကြီးမြတ်သော ရှ မင်းဆက်က သာမာန် သူလျှိုလေး ဖြစ်ခဲ့၇င်။ ဒီလိုအမိန့်မျိုး ပေးမိ စရာ အကြောင်း မ၇ှိဘူး။ ဒါပေမယ့် ဖန်ကျန်းရှီက။ ကျောင်းတော် ဆယ့်သုံးခုက။ စစ်နတ်ကျောင်းတော်ကော နတ်ဆိုး ကျောင်းတော် ကော နဲ့ ပတ်သက်နေတယ်။ သာမာန် စစ်သည်လေး ဘယ်လိုမှ မဖြစ်နိုင်ဘူး။

အခုချိန်ထိ ဖန်ကျန်းရှီ ရဲ့ နောက်ကြောင်းကို မခန့်မှန်းနိုင်သေးဘူး။ သေချာတာက ။ ဖန်ကျန်းရှီ ဒီလို သေသွားလို့ မဖြစ်ဘူး။ အနည်းဆုံးတော့ သူမ စစ်တပ်ကို လာတဲ့ အကြောင်းရင်း သိအောင် လုပ်ရမယ်။

“ ဝူးးးး”

“ဝူးးးးး”

ရှန်းယွီ မင်းသမီး ရဲ့ အမိန့် နဲ့ အချိန်ကိုက်။ တိုက်ပွဲစင်မြင့်ပေါ်က အနက်ရောင် ပုံရိပ်ကို မြှားတွေ ချိန် ထားတယ်။ “ အစွမ်းကုန်တာ်းကြ” ဒီ စက်ား ရဲ့ နောက်ကွယ် အဓိပ္မာယ်က နက်ရှိုင်းတယ်။

တောင်ပိုင်းဒေသ က စစ်သည်တော် တွေ အနေနဲ့ သူတို့ အမိန့် နာခံ ရမယ်။ ဘာပဲ ဖြစ်ဖြစ်။ ဒါပေမယ့် စစ်သူကြိးတိုင် ရဲ့ အရှိန် နှုန်းက မြန်လွန်းနေတယ်။ သာမာန် စစ်သည်တော်တွေ မရပ်တန့် နိုင်ဘူး။ မျက်တောင် တစ်ခတ် အတွင်းမှာပဲ။ သူက ဖန်ကျန်းရှီ ရှေ့ကို ရောက်သွားပြီ။

“ဝေစမ်း။” စစ်သူကြီးတိုင် သူ့ အရှိန်နဲ့ အင်အားကို ယုံကြည်ချက် အပြည့်ရှိတယ်။ သူ့ တိုက်ခိုက် ချက်ကို ဖန်ကျန်းရှီ ခုန် မရှောင်နိုင်ဘူးလို့ ယုံကြည်တယ်။ သူ့လက်ထဲက မဟူရာ ရဲဒင်းကြီးကနေ အလင်းတန်းတွေ ထွက်လာတယ်။ ကောင်းကင်နဲ့ မြေကြီးကိုတောင် နှစ်ခြမ်း ခွဲပြစ်တော့ မယ့် အတိုင်းပဲ။ သူ့ ရဲဒင်းကြီးကို ခုတ်ချ လိုက်တယ်။ သူ့ မျက်လုံးတွေ ဝိုင်းစက် ပြူးကျယ်သွားပြန်တယ်။

ခရမ်းရောင် အလင်းတန်း တစ်ခု စစ်သူကြိးတိုင် ရဲ့ မျက်လုံး ရှေ့မှာ ပေါ်လာတယ်။ ဒါက ဓား တစ်ချောင်း။ ထိပ်စွန်းမှာ ခရမ်းရောင် ထိပ်ဖျားလေး ရှိတယ်။ ဓားက သာမာန်ဓား။ ဒါပေမယ့် ဓားထိပ်က ခရမ်းရောင် အလင်းတန်း လေးက တော့ တောက်ပလွန်းေ်နတယ်။ သတ်ဖြတ်လိုစိတ် အပြည့် လွှမ်းခြုံတယ်။ နှလုံးသားထဲက ကြောက်ရွံ့မှုကို မွေးဖွာစေတယ်။

စစ်သူကြိးတိုင် ခံယူထားတာ။ သူ့ အရှိန်က အမြန်ဆုံး။ ဒါပေမယ့် ဒီ ဓား အရှိန်က ပိုမြန်တယ်။ အနည်းဆုံးတော့ စစ်သူကြီးတိုင် ရဲဒင်းကြီးကို ခုတ်ချ တဲ့ အချိန်။ ဒီဓားက ဖန်ကျန်းရှီ ရှေ့မှာ လာ တားနိုင်တယ်။ ထုံးစံ အတိုင်း ဖန်ကျန်းရှီက ဓား ကို လက်နဲ့ မကိုင်ထားဘူး။ ခြေရာမဲ့ ဓားကို သုံးရမယ့် ကိစ္စ ရှိလာမယ်လို့ သူမ မထင်ထားပဲ။ ဒါပေမယ့် နှလုံးကာ မှန်ထဲမှာ ရှိနေတဲ့ ခြေရာမဲ့ ဓားက။ သူ့ဘာာသူ ထွက်လာတယ်။

စစ်သူကြီးတိုင် ရဲ့ ခုတ်ချက်ကို ခံတယ်။ ဖန်ကျန်းရှီ သူ့ကို အမိန့်တောင် မပေးရ သေးဘူး။ “တွမ်……” ဓား ကိုယ်ထည်က လှုပ်ယမ်းနေတယ်။ နဂါး အော်သံ ခပ်တိုးတိုး ထွက်လာတယ်။ ဒါက ရှေးဟောင်း အသံ တစ်ခုပဲ။ အင်အားပြင်းတဲ့ ကြမ်းတမ်းမှုက နောက်က ကပ်ပါလာတယ်။ ငရဲကနေ တက်လာတဲ့ နတ်ဆိုး တစ်ကောင်လိုပဲ။ ရေခဲလို စိမ့်အေးတယ်။ ထက်ရှတယ်။

ဓားကိုယ်ထည် ကနေ အရှိန်အဝါ နှစ်မျိုး လွှတ်ထုတ်နေတယ်။

ဒီ အရှိန်အဝါကြောင့် စစ်သူကြီးတိုင် ရဲ့ ကိုယ်ခန္ဒာ တုန်ယင် လာတယ်။ ဒါက ဘုရင်မင်းမြတ်တရား ရှေ့ကို ရောက်နေ ရသလိုပဲ။ ကြီးမြတ် တဲ့ အရှိန်အဝါ။ လူတွေ ရဲ့ နှလုံးသားကို တုန်ယင်စေတယ်။ တိုက်ပွဲ ကွင်း ပြင် တစ်ခုလုံးကို အရှိန်အဝါ က ဖုံးလွှမ်းထားတယ်။

စင်အောက်က စစ်သည်တော်တွေလည်း ဓားပေါ်လာတာကို မြင်တယ်။ သူတို့ ခံစားချက်ကတော့ စစ်သူကြီးတိုင် နဲ့ မတူဘူး။ သူတို့ က ဓားနဲ့ ဝေးကွာနေတယ်။ ဒါပေမယ့် ပျံ့လွင့်နေတဲ့ အရှိန် အဝါ ကြောင့် သူတို့ သေးသိမ် သွားတယ်။ ဒီ အရှိန်အဝါက ငရဲကနေ တက်လာသလိုပဲ။ ကျောရိုးထဲကို စိမ့်ချမ်းသွားစေတယ်။ သူတို့တွေ မလှုပ်မယှက် ရပ်နေတယ်။ နဖူးမှာ ချွေးတွေ အပြည့် ။ စက္ကန့် အနည်းငယ် အတွင်း သူတို့ ကိုယ်က ကြိမ်ထဲ သံချပ်ကာတွေ ပျက်စီး ကုန်တယ်။ ချွေးသီး ချွေးပေါက်တွေ မြေပြင်ပေါ်ကို ကျကုန်တယ်။ တောင်ပိုင်း ဒေသ က စစ်သည်တော်တွေ သေ၇မှာကို အကြောက်လန့် မရှိဘူး။ ဒါပေမယ့် ရှင်ဘုရင် တစ်ပါး ရဲ့ အရှိန်အဝါ ကို တော့ ခံ နိုင်ရည် မရှိကြ။

“ ဓားတစ်ချောင်း။” ရှန်းယွီမင်းသမီးလည်း တောင့်ခဲ နေတယ်။ ဒီ ပြင်းထန်တဲ့ အရှိန်အဝါကို သူမ မတွန်းလှန် နိုင်ဘူး။ သူမ ကိုယ်က ရဲရဲ နီ တိမ်သဏ္ဍာန် ချက်ခြင်း ပေါ်လာတယ်။

အပိုင်း (၃၄၀) ပြီး၏။

All Chapters