အပိုင်း (၃၄၁-၃၅၀)
Vol. 4 Ch. 341-350
အပိုင်း (၃၄၁)
“ခရမ်းရောင် လခြမ်းကွေး ။”
Chapter 341: Purple Crescent
ည ကောင်းကင်မှာ မီးပန်းတွေ ပြစ်ဖောက်လွှတ်သလိုပဲ။
ရှန်းယွီ မင်းသမီး ရဲ့ သွယ်လျလျ ခြေထောက် နှစ်ဖက်က နေ တဖြည်းဖြည်း တက်လာတယ်။ တိမ်လွှာ သဏ္ဍာန် မျဉ်းကြောင်း တွေ သူမ ဝမ်းဗိုက်ကို ရောက်သွားပြီ။ ရပ်တန့် မယ့် ပုံမပေါ်သေး။ တဖြည်းဖြည်း ရင်ညွှန့် အထိ တက်လာတယ်။
တိုက်ပွဲ ကွင်းပြင်မှာတော့။ စစ်သူကြီးတိုင် သူ ခံစားနေရတာကို နားမလည် နိုင်။ ဒါက ဓားတစ်ချောင်းပဲ။ သူ့ ရှေ့မှာ ရှိနေတာ ဓား တစ်ချောင်းပဲ။ လေထဲမှာ လွင့်နေတဲ့ ဓား။ သူက ဓား တစ်ချောင်းကြောင့်လန့် နေရတယ်တဲ့လား။
စစ်သူကြီးတိုင် မရယ်မောနိုင်။ သူ့ တစ်ကိုယ်လုံး တုန်ယင်နေတယ်။ နှလုံးသား တောင်မှ ထူးဆန်းတဲ့ ခံစားချက်တွေ လျှံတက်လာတယ်။ သူ့လက်ထဲက မဟူရာရဲဒင်းကြီး ဆက်ပြီး လှုပ်ရှားနေဆဲ။ ဒီ အချိန်မှာ ခရမ်းရောင် အလင်းတန်း ရုတ်တရက် ကျယ်ပြန့်လာတယ်။ လခြမ်းကွေး ပုံစံ ခရမ်းရောင် အလင်းတန်း အသွင်ပြောင်းတယ်။
“ ဘုန်းးးး” ကွင်းပြင်တစ်ခုလုံး ပေါက်ကွဲသွားတယ်။ ခရမ်းရောင် အလင်းတန်းကြောင့် အလယ် တည့်တည့် ကနေ နှစ်ခြမ်း ကွဲထွက်တယ်။ အက်ကွဲကြောင်းတွေ က မရပ်တန့်ဘူး။ မီတာ ၁၀၀ ပတ်ပတ်လည်ထိ အက်ကွဲ ရာတွေ ပြည့်ကုန်တယ။်
ဒီ အချိန်မှာ ။ စစ်သူကြီးတိုင် ရဲ့ ကိုယ်လည်း လွင့်ထွက်တယ်။ ကောင်းကင်ကို မြှောက်တက်တယ်။ ကြီ သူ့ ရဲဒင်းကြီးလည်း ဝင်ရိုး ထိပ်ကနေ နှစ်ခြမ်းကွဲသွားတယ်။
“ ဖွီးးးး ” သွေးတွေ ပျံ့ကျဲ ကုန်တယ်။ တိုက်ပွဲ ကွင်းပြင် သွေးမိုး ရွာကျတယ်။ တစ်ချိန်တည်းမှာပဲ။ ခြေရာမဲ့ သွေးတွေ ရွဲစို ကုန်တယ်။
ခရမ်းရောင် အလင်းတန်း ပိုတောက်ပတယ်။ ဆန်းကြယ်လှတဲ့ အေးစက်စက် အရှိန်အဝါတွေ အပြင်ကို လျှံထွက်တယ်။
တိတ်ဆိတ် ငြိမ်သက်မှု က ကြီးစိုးတယ်။
တိုက်ပွဲ ကွင်းပြင် တစ်ခုလုံး လုံး၀ တိတ်ဆိတ်သွားတယ်။ အသက်ရှူသံ ကိုတောင် မကြားရဘူး။ ဆောင်းရာသီ လေ အေးအေး တိုက်ခတ်သံ။ အလံတွေ တစ်ဖျတ်ဖျတ် လွင့်နေတဲ့ အသံ။ ဒါတွေကိုပဲ ကြားရတယ်။ စစ်သည်တွေ အားလုံး လုပ် နေတဲ့ အလုပ်တွေကို ရပ်တန့် ထားတယ်။ လေးကြိုးကို ဆွဲထားတဲ့ စစ်သည်တော်တွေလည်း မလှုပ်မရပ်။ မြှား ကိုင် လက်စ စစ်သည်တော်တွေလည်း ရပ်တန့်နေဆဲ။ ဘယ်သူမှ။ ဘယ်သူ တစ်ဦးတစ်ယောက်မှ မလှုပ်ရှား။ ဘယ်လို လှုပ်ရှားရမလဲ သူတို့ မေ့နေပြီ။
သူတို့ ရဲ့ လှုပ်ရှားမှုတွေ ရပ်တန့် နေပုံက မတူညီဘူး။ သူတို့ မျက်နှာ အမူအယာကတော့ တစ်ထပ်တည်း ။ ကြောက်ရွံ့ တယ်။ ထိတ်လန့်တယ်။
သူတို့ ကိုယ်ခန္ဒာတွေ ချွေးတွေ ရွဲနစ် နေတယ်။ ဒါပေမယ့် ဘယ်စစ်သည်တော်က မှ လက်တစ်ယမ်း ပြီး ချွေးမသုတ် ရဲ။ အကြောင်းရင်းကတော့။ ဒီ အရှိန်အဝါ။ သေမင်းနဲ့ စစ်ခင်းနေရသလို။ ငရဲက တက်လာတဲ့ ….. ဖျက်စီးခြင်း အရှိန်အဝါ တစ်ခု ။ သူတို့ ရှေ့မှာ ရောက်နေ တာကြောင့်ပဲ။ ရဲရင့်လှတဲ့ တောင်ပိုင်း ဒေသ စစ်သည်တော်တွေ တောင် နှလုံးသားထဲမှာ ကြောက်ရွံ့မှုတွေ ကြီးစိုးကုန်တယ်။
ရှန်းယွီ မင်းသမီး ကိုယ်က တိမ်သဏ္ဍာန်။ ဒေါသတကြီး အရှိန်ပြင်းပြင်းနဲ့ တောက်လောာင် နေတဲ့ မီးတောက်လိုပဲ။ အရောင်အဝါတွေ တောက်ပနေတယ် ။ ဒါပေမယ့် သူမလည်း စကား မပြောနိုင်။ နောက်ထပ် အမိန့်ပေး ဖို့ တောင် သူမ မေ့လျော့နေတယ်။ ဒါမှ မဟုတ် ။ နောက်ထပ် အမိန့် ပေးစရာပဲ မလိုတော့တာလား။ ဖန်ကျန်းရှီက အနိုင်ရပြီး နေပြီ။ စစ်သည်ကြီးတိုင်က မြေပေါ်မှာ လဲနေတယ်။ သူ့ ဘေးမှာတော့ နှစ်ခြမ်းကွဲနေတဲ့ ရဲဒင်းကြီး ။ လက်မောင်းတစ်ခုလိုပဲ။ သွေးတွေနဲ့ ပြည့်နေတဲ့ လက်မောင်းတစ်ဖက်။
သဘာဝလွန် အလယ် အဆင့်က အပြင်ပိုင်း ဒဏ်ရာတွေကို ကုသနိုင်တယ်။ ကျိုးသွားတဲ့ နံရိုးတွေကိုတော့ မကုသ နိုင်ဘူး။ ဒါကြောင့် သူ ရှုံးသွားပြီ။ အပြတ်အသတ်ကို ရှုံးသွားတာ။
ဒီ အချိန်မှာ။ ခြေရာမဲ့ ဓားကတော့ ပျော်ပျော်ရွင်ရွင် အသံ ထွက်ပြ နေတယ်။ ခရမ်းရောင် အလင်းတန်းလည်း ပြန်လည် မှိန်ဖျော့သွားတယ်။ ဓားပေါ်က သာမာန် ရှေးဟောင်း အမှတ် တစ်ခုလိုပဲ။
ဖန်ကျန်းရှီ သူ့ လက်နဲ့ ဓား လက်ကိုင်ကို ပွတ်ပေးနေတယ်။
ဓားက အခု ထုတ်လိုက်တဲ့ အရှိန်အဝါတွေကို သူတောင် လန့်တယ်။ သူသိထားတာ ဓားမှာ အသိဉာဏ် ရှိတာလေး တစ်ခုပဲ။ ဒါပေမယ့် ခြေရာမဲ့ ဓားမှာ ဒီလောက် ထူးခြားတဲ့ လျှို့ဝှက် အစွမ်းတွေ ရှိနေတယ်။ ဒါပေမယ့် သူ ပြန် စဉ်းစားတယ်။ သေချာ ပြန်စဉ်းစားတယ်။ ဒါက သာမာန်ပဲလေ။ ညီလာခံ ခန်းမထဲမှာ။ ခြေရာမဲ့ ဓားက မြေကြီးထဲ မြှုပ်ဝင်နေတယ်။ သဘာဝလွန် အဆင့် စွမ်းအားရှင် ရာထူးမြင့် အမတ်မင်းတွေ ဆွဲထုတ်ဖို့ကြိုးစားတာပဲ။ သူတို့မှ ဆွဲမထုတ် နိုင်ခဲ့ပဲ။ ခြေရာမဲ့ ဓား အစွမ်းက သဘာဝလွန် အဆင့် စွမ်းအားထက် သိသိသာသာ ကျော်လွန်တယ်။ ဒီ အစွမ်းက လူတွေ ထိန်းချုပ်နိုင်တာမျိုး မဟုတ်ဘူး။ အနည်းဆုံးတော့ အခု လက်၇ှိ ဖန်ကျန်းရှီ မထိန်းချုပ်နိုင်ဘူး။
မြောက်ရွာမှာ သူ ကြုံခဲ့တယ်။ ခြေရာမဲ့ဓားရဲ့ စွမ်းအားက ထူးဆန်းလွန်းတယ်။ ထူးဆန်းလွန်းလို့ တစ်ခါတစ်လေ ထိတောင် မထိရဲဘူး။ သူဓားကို ပြန်သိမ်းတယ်။ ခရမ်းရောင် အလင်တန်းက ပျောက်ကွယ်သွားတယ်။ မြေကြီးပေါ်မှာ လဲနေတဲ့ စစ်သူကြီးတိုင်ကို သူလှမ်းကြည့်တယ်။ စစ်သူကြီးတိုင်က ကြောက်နေတယ်။ မယုံကြည်နိုင်မှုတွေ ထိတ်လန့် မှုတွေ ပြည့်နှက်နေတယ်။ ဖန်ကျန်းရှီ သက်ပြင်းချ ရင်း ပြောတယ်။ “ ဒါကို တမင်တကာ လုပ်တာ မဟုတ်ပါဘူး။ ပြောရင် ယုံမှာလား စစ်သူကြီးတိုင်”
စစ်သူကြီးတိုင် စကားမပြောတော့ဘူး။ အံတင်းတင်း ကြိတ်ထားတယ်။
“ကောင်းပြီလေ။ ကြည့်ရတာ မယုံတဲ့ပုံပဲ၊” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။ အဲ့ဒီ့နောက် သူ့ နေရာမှာသူ ၇ပ်နေတဲ့ စစ်သည်တွေကို လှမ်းကြည့်တယ်။ ကျောက်ရုပ် ကျောက်ဖျက် လုပ်နေကြတာလား။ ကောင်းပြီလေ။ ဒီ လောကက လူတွေမှာ ဘယ်လိုဝါသနာမျိုး ရှိနေလဲ သိမှ မသိနိုင်ပဲ။
ဖန်ကျန်းရှီ လည်း စစ်သည်တွေကို သိပ်အာရုံမစိုက်ဘူး။ သူ့ အကြည့်ကို ရှန်းယွီမင်းသမီး ကိုယ်ပေါ်က တိမ်သဏ္ဍာန်က ဖမ်းစားနေပြီ။ “တိမ်သဏ္ဍာန်လား။” စစချင်းတုန်းက တိမ်သဏ္ဍာန်ကို အပြင်ပိုင်း ရလဒ်တစ်ခုလိုက ထင်ထားခဲ့တာ။ တောင်ပိုင်းဒေသ လေ့ကျင့်ရေး ရလဒ်တစ်ခုပေါ့။ ဒါပေမယ့် စစ်သူကြီးတိုင် နဲ့ တိုက်ခိုက် လိုက်တော့ သူ သိသွားတယ်။ ထပ် မှားပြန်ပြီ။ သူခန့်မှန်းတာ မမှားရင်။ တောင်ပိုင်းဒေသ လူတွေရဲ့ သွေးက အရာအားလုံး ဖြစ် တည်မှု ကြောင့် ဖြစ်လာတာ။ ဥပမာ အားဖြင့် စစ်သူကြီးတိုင် ရဲ့ သွေးက မျက်လုံးစိမ်း သံမဏိလက် ဝံ သွေး။
ဒီ အခြေအနေ အရတော့။ တိမ်သဏ္ဍာန်က ရှန်းယွီ မင်းသမီး ရဲ့ ကိုယ်မှာပဲ ရှိတာ။ ဒီ လောက က ဘာကြီးလဲ။ ဖန်ကျန်းရှီလည်း ရှန်းယွီ မင်းသမီး ကိုယ်ပေါ်က တိမ်သဏ္ဍာန်ကိုပဲ စူးစူးစိုက်စိုက် ကြည့်နေတယ်။ သွယ်လျလျ ခြေတံ ကနေ ဝမ်းဗိုက် လျပ်လျပ်လေး။ အဲ့ဒီံနောက် သူမ ရင်ဘတ်။ အပေါ်ကို ထပ် တက် လိုက်တော့ ….. ရှန်းယွီ ရဲ့ ဒေသ ထွက်နေတဲ့ မျက်လုံးတစ်စုံကို တွေ့လိုက်တယ်။
ရှန်းယွီ မင်းသမီး က သူ့မျက်စိရှေ့က မြင်ကွင်းကြောင့် ကျက်သေသေ နေတယ်။ ဒါပေမယ့် ဒီ အဖြစ်က သူမကို ခေါင်းအစ ခြေအဆုံး စူးစိုက် ကြည့်နေတဲ့ မျက်လုံးကို သတိမထားမိနိုင်တဲ့ အထိ မဖြစ်စေဘူး။ သူမ စကား ပြောဖို့ ပြင်တယ်။ ဒီ အချိန်မှာပဲ။ ဖန်ကျန်းရှီက သူမကို တလေးတစားနဲ့ ဦးညွှတ်တယ်။
“ မင်းသမီး ။ ကျွန်တော် နိုင်ပြီလား။” ဖန်ကျန်းရှီ နှုတ်ခမ်းမှာ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ဖြစ်လာတယ်။ သူ့ အမူအယာက လုံးဝကို အပြစ်ကင်းစင်တယ်။ အခု ချိန်မှာ ဘာမှ မဖြစ်ခဲ့သလိုပဲ။ ရှန်းယွီ မင်းသမီး နှာခေါင်း တစ်ချက် ရှုတ်လိုက်တယ်။ ကွင်းပြင်အောက်က စစ်သည်တွေ ဒီ အချိန် သတိ ပြန်ဝင်လာတယ်။ “ နိုင်မယ်။” “ ကြီးမြတ်သော ရှ မင်းဆက်က သူလျှိုလေး တစ်ယောက်က တကယ် နိုင်သွားတယ် တဲ့လား။”
“ အခုချိန် ဘာတွေ ဖြစ်ကုန်တာလဲ၊”
ခရမ်းရောင် အလင်းတန်းကို သူတို့ ပြန်တွေးမိတယ်။ မျက်လုံးတွေထဲ ထိတ်လန့်တဲ့ အကြည့်တွေ ပြည့်နှက်သွားတယ်။ ကြီးမြတ်သော ရှ မင်းဆက်က သူလျှိုလေးမှာ တကယ်ပဲ ဒီလောက် အစွမ်းကြိးတွေ ရှိနေတာလား။ သူတို့ ဘယ်လိုများ မလန့်ပဲ နေမလဲ။ ရှန်းယွီ မင်းသမီး စကားသံ တွေကို ကြားနေတယ်။ သူမ တိတ်ဆိတ်နေမိတယ်။ ဖန်ကျန်းရှီက တကယ်ပဲ နိုင်သွားပြီ။ ဒါက ငြင်းလို့ မရတဲ့ အချက်ပဲ။ ဒါပေမယ့် ဒီ အချက်ကို သူ ကြေညာလို့ မဖြစ်ဘူး။ အနည်းဆုံးတော့ ဒီ လို အချိန်မှာ ကြေညာလို့ မဖြစ်ဘူး။
“စစ်သူကြီးတိုင် ကို အနားပေးလိုက်ကြ။” ရှန်းယွီမင်းသမီး တစ်ချက်ကြည့်ရင်း အမိန့်ပေးတယ်။
“ အမိန့်တော် အတိုင်းပါ။” စစ်သည်တော် တစ်ချို့ ချက်ခြင်း ပြေးထွက်လာတယ်။ အမိန့်တော် ကြားကြားချင်း စစ်သူကြီး တိုင်ကို ချက်ခြင်း သယ်ပိုးကြတယ်။
“ငါ နည်းနည်း ပင်ပန်းနေတယ်။ တဲကို ပြန်ပြီး အနားယူမယ်။” ရှန်းယွီ မင်းသမီး ဖန်ကျန်းရှီကို ကြည့်တယ်။ တစ်ချက်လှည့်ရင်း တဲ ထဲကို ပြန်တယ်။
“ အရှင်မင်းသမီး။ အနိုင်ရတဲ့ အတွက် ဆုလဒ် လေးများ မရှိဘူးလား။ ကျာ်းစစ်သူကြီး ဘွဲ့ ဖြစ်ဖြစ် တခြား တစ်ခုခု ဖြစ်ဖြစ် ပေးသင့်တယ်လေ။ ဟေး…….. မင်းသမီး ။ မသွားနဲ့အုန်းလေ။ မပေး နိုင်ရင်လည်း အနည်းဆုံးတော့ တိုက်ပွဲ ဦးစီးမှူးလောက် ဖြစ်ဖြစ် ချီးမြှင့်သင့်တယ်လေ။” ဖန်ကျန်းရှီ ချက်ခြင်း ထအော်တယ်။
“အိမ်မက် မက်နေလိုက်။” ရှန်းယွီမင်းသမီး နောက်တစ်ချ်က မလှည့်ပဲ ပြန်ဖြေတယ်။
“ ကပ်စေးနည်း လိုက်တာ။ နောက်ဆုံးတော့ လူတွေကို ထိုက်ထိုက် တန်တန် ချီးမြှင့် တတ်တဲ့သူ တွေ့ပြီ မှတ်တာ။ ဒီလို မျက်လုံး ကန်းနေမယ်လို့ မထင်မှတ်ထားဘူး။” ဖန်ကျန်းရှီ စိတ်ပျက် လက်ပျက် နဲ့ ပြုံးတယ်။
“နင် ဘာပြောတယ်။” ရှန်းယွီမင်းသမီး သူ့ ခေါင်းကို ချာခနဲ လှည့်ကြည့်တယ်။ ဒေါသတွေ သူမ မျက်လုံး နက်နက်ထဲမှာ ဒေါသတွေ သိသာ ထင်ရှားနေတယ်။
“ ကျွန်တော် ပြောတာက…. အရှင်မင်းသမီး အရမ်း ထူးချွန်တယ်။ ထူးချွန်ထက်မြက်မှုကို ကောင်းကောင်း မြင်တတ်တယ်…. မြင်းထိန်း ပေါင်လဲ့ လိုပဲ။” ကျူးကော့လျန် ရဲ့ စစ်တပ်ထဲ က အကြောင်းရင်း တစ်ခုကို ဖန်ကျန်းရှီ ပြောပြတယ်။ ဒါပေမယ့် သူ ပြန် သတိထားမိတာ။ ဒီလူက ဒီလောကမှာ ရှိမှ မရှိပဲ။ ဒါကြောင့် သူ့စကားလုံးကို ချက်ခြင်း ပြန်ပြောင်းလိုက်ရတယ်။
မြင်းထိန်း ပေါင်လဲ့ ???? ရှန်းယွီ မင်းသမီ မျက်မှောင်ကြုတ်သွားတယ်။ ပေါင်လဲ့ က ဘယ်သူလဲဟ။ သူမ မသိဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ ပါးစပ်က ထွက်သမျှ အကောင်းမဟုတ်ဘူး။ ဒါတော့ သူ ကောင်းကောင်းသိတယ်။
“ ငါ့ တဲထဲ ငါ ပြန်တော့မယ်။”
“အရှင်မင်းသမီး။ အနည်းဆုံးတော့ သစ်သီးတစ်ပန်ကန်လောက် ချီးမြှင့်ခဲ့ပါ။”
“….”
….
ဖန်ကျန်းရှီက သူ့ ကိုယ်ပိုင် တဲ တစ်လုံးတော့ ရလိုက်တယ်။ သိပ်တော့ မဆိုးပါဘူးလေ။ တခြား သေးသေးမွှားမွှား စစ်သည်တွေ နဲ့ အတူ မနေရတာ ကောင်းပါသေးတယ်။ အထူးသဖြင့် ။ ရှန်းယွီ မင်းသမီး က သူ့ အတွက် သစ်သီးခြင်းတောင်းကြီးတွေ ပို့ပေးလိုက်ချိန်မှာတော့….. ။ သူ့ စိတ်ထဲက အစိုင်အခဲ တွေ အရည်ပျော်သွားတယ်။ အမတ်မင်း တစ်ယောက် ဖြစ်လာဖို့က အနှေးနဲ့ အမြန် ဖြစ်လာမှာပဲ။ စားစရာ တွေ …. ဒါက အခု ချိန်မှာ အရေးအကြီးဆုံးပဲ။ ဖန်ကျန်းရှီက သူ့ ခြေထောက်ကို အေးအေးဆေး ခါယမ်း ရင်း သစ်သီးစားနေတယ်။ ရှန်းယွီ မင်းသမီး ရဲ့ တဲက ဖယောင်းတိုင် မီးတွေ နဲ့ တောက်ပနေတယ်။ ကြိမ်ထည် အကျီ ဝတ်ထားတဲ့ စစ်သူကြီး အယောက် နှစ်ဆယ်လည်း ရှိနေတယ်။ ဘယ်သူမှ စကာ်းမပြော ကြဘူး။ ရှန်းယွီ မင်းသမီး စကား ပြောတာကို ငြိမ်သက်ရင်း စောင့်နေတယ်။
“ သူတို့ အားလုံး ဒီနေ့ ဖြစ်သွားတာကို မြင်လိုက်ကြတယ်။ ထင်မြင်ချက် ရှိရင် ပြောပြပေးပါ။” ရှန်းယွီ မင်းသမီး ရွှေ သားရေ ပြားပေါ်က နေ ထလာ ခဲ့တယ်။ သူမ ရဲ့ မျက်လုံး နက်နက်တွေ အေးစက်စက် အကြည့်တွေနဲ့ တောက်ပ နေတယ်။
“ ကျွန်တော် ပြောသင့်လား မပြောသင့်လားတော့ မသိဘူး။” ရှန်းယွီမင်းသမီး ပြောတာ ကြားတော့ စစ်သူကြီး တစ်ဦး ထလာတယ်။
“ ပြောပါ။”
“ ကြီးမြတ်သော ရှ မင်းဆက် တစ်ခုလုံးမှာ ။ စစ်သူကြီးတိုင်ကို အနိုင်တိုက်တဲ့ သူ။ လူငယ် မျိုးဆက် ထဲ နှစ်ယောက်ပဲ ရှိတယ်။ ” စစ်သူကြီး ရပ်တန့်သွားတယ်။
“ဘယ်သူလဲ။”
“နှစ်ထပ်ကွမ်း နဂါးချန်ပီယံ ချီကူယန်။ နဲ့။ ကြီးမြတ်သော ရှ မင်းဆက် က နံပါတ်တစ် ကျောင်းတော်သား နန်ကုန်းဟောင်။”
“ဒါပေမယ့် ချီကူယန်က မိန်းကလေး။ နန်ကုန်းဟောင် …. ကတော့ အသက် အရွယ် မကိုက်ဘူး။” ရှန်းယွီ မင်းသမီး ဒါကို ကြားတော့ ခေါင်းခါတယ်။
“ ဟုတ်တာပေါ့။ ကြီးမြတ်သော ရှမင်းဆက်က ဖြစ်နိုင်တဲ့ သူ နောက်တစ်ယောက် တော့ တွေး မိသေးတယ။် ဖန်ကျန်းရှီ လို့ ခေါ်တဲ့ တစ်ယောက်။ ဒါပေမယ့် ကျွန်တော် သိရသလောက် ။ ဖန်ကျန်းရှီက တိုက်ခိုက်ရေး စာမေးပွဲ မှာ ဝင်မဖြေဘူး။ ဒါကြောင့် တောင်ပိုင်းဒေသကို ရောက်လာ စရာ အကြောင်းလည်း မရှိဘူး။ ဖြစ်နိုင်ချေ ရှိရင်တောင်။ ဖန်ကျန်းရှီ ရဲ့ အရည် အချင်းက စစ်သူကြီးတိုင်ကို အနိုင်တိုက် နိုင်ဖို့ မဖြစ်နိုင်ဘူး။ ဒီတော့ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်။”
“ ဘာ ဖြစ်နိုင်ချေလဲ။”
“နတ်ဆိုး မျိုးနွယ်။”
“ နတ်ဆိုး မျိုးနွယ်။ မဖြစ်နိုင်ဘူး။ ဒီကောင်က ဘယ်လိမှ နတ်ဆိုး မျိုးနွယ် မဖြစ်နိုင်ဘူး။”
“ ဘာလို့ အရှင်မင်းသမီး က သေချာ နေတာလဲ။ အရှင်သခင် နဲ့ နတ်ဆိုး မျိုးနွယ်က အဆက် အသွယ် လုပ်နေတာ။ တစ်ခုခု တော့ ရှိ ရမယ်။ မင်းသမီးမှာ ငွေဂျို ဝံပုလွေ အကောင် သုံးထောင် ရှိတယ်။ အရှင်သခင်သာ မယုံကြည် ရင်…..”
“ နောက်ထပ် မပြောနဲ့တော့။ ဒီကောင်စုတ်က နတ်ဆိုး မျိုးနွယ် က မဟုတ်ဘူးလို့ ငါ ပြောရင်။ မဟုတ်လို့ပဲ။” ရှန်းယွီမင်းသမီး ရဲ့ အသံက ဒီ အချိန်မှာ အတော်လေး ကျယ်တယ်။ ”
“ အမိန့်တော် အတိုင်းပါ။ ကျွန်တော် မျိုး အမှားကို သိပါပြီ။ ဒါပေမယ့် ဒီ ကောင်စုတ်လေးက ဘယ်သူပဲ ဖြစ်ဖြစ်။ ကိစ္စ တစ်ခုခု စီစဉ်နိုင်တာ ဖြစ်နိုင်ပါမယ်။”
“ သူ့ လက်ထဲက ဓားကို ပြောချင်တာလား။” ရှန်းယွီ မင်းသမီး ရဲ့ အမူအယာ ရေခဲ လို အေးစက်သွားတယ်။
“ မှန်ပါတယ်။ ဒီ ဓား ရဲ့ အရှိန်အဝါ တွေကို အရှင်မင်းသမီးလည်း မျက်မြင်တွေ့ပြီး ဖြစ်မှာပါ။ အကယ်၍ ကျွန်တော် တို့ ရဲ့ တောင်ပိုင်းဒေသမှာ ဒီ ဓားသာ ရောက်လာခဲ့ရင်။ ကျားကို အတောင်ပံ တပ်ပေးလိုက်သလို ဖြစ်မှာပဲ။ ဒီ စစ်ပွဲ အတွက်လည်း ကျွန်တော်မျိုးတို့ဘက်မှာ တစ်ပန်းသာမယ်။” စစ်သူကြီး ချက်ခြင်း ပြန်ဖြေတယ်။
“ အမှန်ပဲ။ မင်းသမီး။ ဒီ ကလေးက ကျွန်တော်မျိုးတို့ စစ်တလင်းထဲ ရောက်နေတာ ။ အရှင်မင်းသမီး သာ အမိန့်တော် ချ လိုက်ရင်။ ကျွန်တော်တို့ ချွေးတစ်စက်တောင် မထွက်ပဲ နဲ့ ဘယ်လိုများ သတ်နိုင်မှာပါ။” စစ်သူကြီး တစ်ယောက်က ရှေ့ထွက်လာတယ်။
“တောင်ပိုင်းဒေသ ရဲ့ အနာဂတ် အတွက်။ အရှင်မင်းသမီး။ အမိန့်ချ တော် မူပါ။”
“ အရှင်မင်းသမီး ။အမိန့်ချတော် မူပါ။”
“ အရှင် မင်းသမီး ။ အမိန့်ချတော် မူပါ။”
တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာတယ်။ မြေပေါ်မှာ ဒူးထောက်ရင်း တောင်းဆိုကြတယ်။ သိပ်မကြာခင်။ စစ်သူကြီး အကုန်လုံး နီးပါး ရှေ့ရောက်လာပြီ။
………
အပိုင်း (၃၄၁) ပြီး၏။
အပိုင်း ( ၃၄၂)
“ ပလ္လင်ပေါ် တက်မယ်။ ဧကရာဇ် လုပ်မယ်။”
…
တောင်ပိုင်း ဒေသ။ သာမာန် တောင်ထိပ် တစ်ခုမှာ။ လျှို့ဝှက် ဂူပေါက် တစ်ခု ၇ှိနေတယ်။ ဝတ်ရုံနက် လူ လေးဦး ဂူကို စောင့်ကြပ်နေတယ်။ ဒီ အချိန်မှာ။ ဝတ်ရုံနက် လူ တစ်ဦး အရှိန် အဟုန် နဲ့ တောင်ခြေ ကို ရောက်လာတယ်။ အေးအေးဆေးဆေး ခုန်လွှား ရင်း အပေါ် တက်လာတယ်။ သိပ်မကြာခင် ဂူပေါက်ကို ရောက်တယ်။
“ မျိုးနွယ် စု လက်ထောက် ခေါင်းဆောင် ရှိလား။” ဝတ်ရုံနက် လူရိပ် ဂူပေါက်ကို ရောက်လာတယ်။ အမောတကော နဲ့ မေးတယ်။
“ ဘာကိစ္စ ရှိလို့လဲ။”
“ အရေးကြီး စစ်သတင်း။” လူရိပ်က ပြောတယ်။ သူ့ မျက်နှာပေါ်က မျက်နှာဖုံးကို ဖြုတ်ပြစ်တယ်။ ခပ်ဖျော့ဖျော့ လင်းနေတဲ့ နတ်ဆိုး မျက်လုံးက သူ့ နဖူးပေါ်မှာ။
“ ဝင်ပါ။” ဝတ်ရုံနက် လူ လေးဦး ခေါင်း ငြိမ့်တယ်။ အဝင်ပေါက်ကနေ လမ်းဖယ် ပေးတယ်။ ရောက်လာတဲ့ ဝတ်ရုံနက် လူရိပ်လည်း ဂူထဲကို ဝင်သွားတယ် ။ ဂူထဲမှာ။ အနီရင်ေ့ရာင် ကျောက် အလင်းတန်း ခပ်ဖျော့ဖျော့ တောက်ပ နေတယ်။ မှိန်ဖျော့ဖျော့ အလင်းတန်း အောက်မှာ ကြယ်တွေလို တောက်ပနေတဲ့ မျက်နှာ တစ်ခု ရှိတယ်။ သူ့ နဖူးပေါ်မှာတော့။ သွေးရောင် နတ်ဆိုးမျက်လုံး တစ်လုံး။ ပိုင်ရှင်း။ နတ်ဆိုးမျိုးနွယ် ဆယ်ခု ထဲက ကြယ်တာရာ နတ်ဆိုး မျိုးနွယ် ခေါင်းဆောင် ။
“ မျိုးနွယ် ခေါင်းဆောင်ကို နှုတ်ခွန်းဆက်ပါတယ်။” ဝတ်ရုံနက် လူရိပ် က ပိုင်ရှင်း အနား ခြေလှမ်း နှစ်ဆယ် အကွာမှာ ရပ်တယ်။ ဒူးထောက်တယ်။ “ပြော။” ပိုင်ရှင်း တစ်ခွန်းတည်း ပြန်ဖြေတယ်။ သူ့ အကြည့်က အနီရင့်ရောင် ကျောက် ကို စူးစိုက်နေဆဲ။ ကျောက်ထဲမှာ ပုံရိပ်တစ်ခု ၇ှိတယ်။ ပုံရိပ်ထဲမှာတော့။ လူတွေ လှုပ်ရှားနေတယ်။
“ ရှန်းယွီမင်းသမီး ရဲ့ တဲ ထဲမှာ။ ကျားစစ်သူကြီးက ကျွန်တော် နဲ့ ဆက်သွယ်ဖို့ လူ တစ်ယောက်ကို လွှတ်လိုက် ပါတယ်။” ဝတ်ရုံနက် လူရိပ် စာတစ်စောင်ကို လက် နှစ်ဖက် နဲ့ ကမ်းပေးတယ်။ သူပြောတယ်။
“ကျား စစ်သူကြီးလား။ ငါ သိတယ်။ ဒီကိစ္စ မင်းကို အပ်လိုက်ပြီ ။” ပိုင်ရှင်း ခေါင်းငြိမ့်တယ်။ မြေကြီးပေါ်က စာကို တစ်ချက်လေးတောင် မကြည့်ဘူး။
“ အမိန့်တော် အတိုင်းပါ။ နောက်ထပ် ကိစ္စ တစ်ခုလည်း ရှိသေးပါတယ်။ ပြောသင့် မပြောသင့်တော့ ကျွန်တော်လည်း မသိပါဘူး။” ဝတ်ရုံနက် လူရိပ် အမိန့်ကို လက်ခံတယ်။ စာကို သူ့ အိတ်ထဲ ပြန်ထည့်တယ်။ တွေဝေနေရင်း သူ ဆက်ပြောတယ်။
“ပြော။”
“ ဖန်ကျန်းရှီလို့ ယူဆ ရတဲ့ သူ တစ်ယောက် ။ ရှန်းယွီမင်းသမီး ရဲ့ စစ်စခန်းမှာ အခု ရှိနေပါတယ်။ ” ဝတ်ရုံနက် လူ က ပြောတယ်။
“ ဖန်ကျန်းရှီ။ လို့ ယူဆတယ်။” ပိုင်ရှင်း အမူအယာ ပြောင်းသွားတယ်။ ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်တယ်။ သူ့ မျက်လုံးထဲမှာ ကြယ်တာရာ အစုအဝေးကြီး တစ်ခု တောက်ပနေတယ်။ ညကောင်းကင်က ကြယ် အစုအဝေး ကြီး တစ်ခုလို။
“ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က လူကိုယ်တိုင် မမြင်ဖူးတဲ့ အတွက် ။ အသေအချာ မပြောနိုင်ပါဘူး။ ဒါပေမယ့် ဒီ လူက သူ့ကိုယ်သူ ဖန်ကျန်းရှီလို့ အခိုင်အမာ ပြောပါတယ်။ ဒါ့အပြင် ရှန်းယွီမင်းသမီး ရဲ့ ကျားစစ်သူကြီးကိုတောင် တိုက်ပွဲ ကွင်းပြင်မှာ အနိုင်တိုက် နိုင်သေးတယ်။ ဒါကြောင့် ကျား စစ်သူကြီးက ကျွန်တော် တို့ ဘက်ကို ဆက်သွယ်လာတာပါ။” ဝတ်ရုံနက် လူရိပ်လည်း ပိုင်ရှင်း မျက်လုံးထဲက တောက်ပမှုကို ကောင်းကောင်း မြင်တယ်။ သူ ခပ်မြန်မြန် ဆက်ပြောတယ်။
“ မင်းပြောတ။ ဖန်ကျန်းရှီက ။ သဘာဝလွန် အလယ်တန်း အဆင့်ကို ရောက်နေတဲ့ ကျား စစ်သူကြီးကို အနိုင်တိုက်တယ် တဲ့လား။”
“ မှန်ပါတယ်။”
“ ဒီ သတင်း အချက်အလက်က ခိုင်မာရဲ့လား။” ပိုင်ရှင်း ရဲ့ အမူအယာ တစ်ခဏချင်း သိသိသာသာကို ပြောင်းသွားတယ်။ အံ့သြနေဟန် သူ့ မျက်နှာမှာ တစ်စွန်းတစ်စ ပေါ်တယ်။
“ ကျွန်တော် သေချာပါတယ်။ ရှန်းယွီ မင်းသမီး ရဲ့ စစ်စခန်းက စစ်သည် ရာချီ ဒီ ကိစ္စကို ကိုယ်တိုင် မြင်ခဲ့ကြတာပါ။ လုံးဝကို သေချာပါတယ်။” လူရိပ် ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။
“ စိတ်ဝင်စား စရာပဲ။ လ နည်းနည်း လောက် မတွေ့လိုက်ရတာ….။ ဒီ ကလေးက ဒီ အဆင့်တောင် ရောက်လာပြီပဲ။” အေးစက်စက် အပြုံး နဲ့ ပိုင်ရှင်း ပြုံးတယ်။ ဝတ်ရုံနက် လူရိပ်ကို လက်ယမ်း ပြတယ်။ “ သွားတော့။”
“အမိန့်တော် အတိုင်းပါ။”
ဝတ်ရုံနက် လူရိပ် ထွက်သွားတာကို ပိုင်ရှင်းစောင့်ကြည့်တယ်။ အဲ့ဒီ့နောက် အနီရင့်ရောင် ကျောက်မျက်ကို ပြန်စူးစိုက် ကြည့်တယ်။
“တစ်ယောက်က နန်ကုန်းဟောင်။ တစ်ယောက်က ဖန်ကျန်းရှီ…… ကိစ္စတွေက ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ။”
….
ညက ရေခဲ ရေလို အေးစက်နေတယ်။ ကြီးမြတ်သော ရှ မင်းဆက် နဲ့ယှဉ်ရင် တောင်ပိုင်းဒေသက အတော်လေးပို အေးတယ်။ ညဘက်မှာ ရေငွေ့တွေက မြူခိုးတွေ ဖြစ်လာတယ်။ တောင်ပိုင်းဒေသ တစ်ခုလုံး မြူထည် ခြုံလွှာ တစ်ခု လွှမ်း ထားသလိုပါပဲ။ ယန်ယ ဒေသ ။ ကြီးမြတ်သော ရှ မင်းဆက် နဲ့ အနီးဆုံး နယ်မြေကြီး။ တောင်ပိုင်းဒေသ နဲ့ ကြီးမြတ်သော ရှ မင်းဆက်တို့ စစ်ရေးဖလှယ် တဲ့ ဒေသကြီး။ နယ်မြေက ကျယ်ပြန့်တယ်။ ဒေသခွဲပေါင်း ၁၈ ခု တိတိ ရှိတယ်။ မးီပုံ ကြီး တစ်ဝိုက်မှာ လူငယ် အယောက် နှစ်ဆယ် ထိုင်နေတယ်။ သံချပ်ကာ သို့ မဟုတ် ။ ပိုးထည် ဝတ်ရုံတွေကို ဝတ်ထားကြတယ်။ ခေါင်းဆောင်ကတော့ အစိမ်းရောင် သံချပ်ကာနဲ့ ။သူ့ လက်ထဲမှာ ကျောက်စိမ်း ပုလွေ တစ်ချောင်းကို ကိုင်ထားတယ်။ ဒါကတော့ ဝူဖုန်း။
“သခင်လေး ဝူ ။ ဂုဏ်ယူပါတယ်။ ” လူငယ်ကျောင်းတော် သား တစ်ယောက် ထရပ်တယ်။ အသားပြား တစ်ခုကို ဝါးရင်း ကျယ်ကျယ် လောင်လောင် ပြောတယ်။
“ ဂုဏ်ပြု ဖို့က စောလွန်းသေးတယ်။” ဝူဖုန်းခေါင်းခါရင်း ငြင်းတယ်။
“ဟ ဟား ဟား…. သခင်လေး ဝူက နှိမ့်ချ လွန်းနေပါပြီ။ ကျွန်တော်တို့ လက်ထဲ ယန်ယ နဲ့ စီကျွမ်း ဒေသ အဓိက ဒေသကြီး နှစ်ခုလုံး ရောက်နေပြီပဲ။ လူ အင်အား ကလည်း နှစ်သောင်း ရှိနေပြီ။ ပြိုင်ပွဲဝင် တွေ ရဲ့ သုံးဆယ် ရာခိုင်နှုန်းကို ပိုင် ဆိုင် နေ ပြီ။ တိုက်ခိုက်ရေး စာမေးပွဲ အဆင့် တစ်က သခင်လေး ဝူ အတွက်ပဲ။ အလကား အလကား ပြောတာ မဟုတ်ဘူး။ အမှန် တကယ် ဖြစ်လာတော့မှာ။ ”
“ဟုတ်တယ်။ သခင်လေး ဝူ။ သိပ်လည်း မနှိမ့်ချ နေပါတယ်။”
“ သခင်လေး ဝူ လက်ထဲမှာ ကျွန်တော်တို့ ရှုံးရတယ် ဆိုပေမယ့်လည်း ။ သခင်လေး ဝူက တိုက်ခိုက်ရေးစာ မေးပွဲ အဆင့် တစ် ဖြစ်မှာပဲလေ။ ကျွန်တော် တို့ ရှုံးရတာ တန်ပါတယ်။”
“ဟုတ်တယ်။ သခင်လေး ဝူ အဆင့် တစ် နေရာကို ရောက်သရွေ့။ ကျွန်တော်တို့ အဆင့်တွေလည်း နိမ့်မှာ မဟုတ်ဘူး။”
ကျောင်းတော်သားတွေ တစ်ယောက်ပြီး တစ်ယောက် ထ လာတယ်။ သစ်သားခွက် တွေကို မြှောက်ရင်း မြှောက်ပင့် ချီးမွမ်း ကြတယ်။ ဝူဖုန်း ပြုံးပြပြန်တယ်။ ည ကောင်းကင်ကို သူ မော့ကြည့် တယ်။ ကျောက်စိမ်းပုလွေကို တင်းတင်း ဆုပ်ထားတယ်။ “ နှမြော စရာပဲ။ ငါက အတွေးအခေါ် စ ာမေးပွဲမှာ ရှုံး နိမ့်ခဲ့ပြီးပြီ။”
“ အတွေးအခေါ် စာမေးပွဲက ကံကြမ္မာ မျက်နှာသာ မပေးတာပဲ။ ဒါပေမယ့် အတွေးအခေါ် စာမေးပွဲ ထိပ်တန်း သုံးယောက်ကလည်း အခုချိန်မှာ အခွှုင့်သာ နေတာ မဟုတ်ဘူး။ ” ကျောင်းတော်သား တစ်ယောက် ထ ပြောတယ်။
“ အမှန်ပဲ။ နန်ကုန်းဟောင်က အေးခဲ မျောက်မင်း ဒေသမှာ ပုန်းနေတုန်း။ စာမေးပွဲ စတည်းက။ သူ့ စစ်သည် နှစ်ထောင် ဒီ တိုင်း ရှိနေ တုန်းပဲ။ ရန်ရွယ့် မှာ စစ်သည် ခြောက်ထောင် ရှိပေမယ့်။ ဒေသ တစ်ခုကိုတောင် မသိမ်းနိုင်သေးဘူး။ သခင်လေး ဝူ အတွက် အနှောက်အယှက် ကင်းတယ်။ ဖန်ကျန်းရှီ ကတော့ ….”
“ ဟ ဟား ဟား … .ဘာများဆက် ပြော အုန်းမလို့လဲ။ ပြော စမ်း ပါအုန်း။”
“ ဟုတ်သား ။ ဖန်ကျန်းရှီက ဒီမှာ မှ မရှိတာ။ ဘယ်လိုများ အဆင့် ဝင် နိုင် အုန်းမှာလဲ။ ဟားဟားဟား……” တခြား ကျောင်းတော် သား တွေ တစ်ယောက်ကို တစ်ယောက် ပြောဆို ရယ်မောတယ် ။ သူတို့ ရဲ့ ခွက်တွေကို ပင့်မြှောက်ရင်း အောင်ပွဲ ခံ ကြတယ်။ သူတို့ မျက်နှာတွေက နီရဲနေပြီ။ လှောင်ရယ်ရ လွန်းလို့ မောပန်းနေတယ်။
“ တိုက်ခိုက်ရေး စာမေးပွဲက မပြီးသေးဘူး။ ငါတို့တရက်လေး တောင် သတိ လွတ်လို့ မဖြစ်နိုင်ဘူး။ မနက် ဖန်က စပြီး။ ငါတို့ မိုးကြိုး ခြင်္သေ့ ဒေသကို ထိုးနှက် တိုက်ခိုက်မယ်။” ဝူဖုန်း ကြားတော့ သူ့လူတွေကို လှမ်းပြောတယ်။
“ ဟုတ်တယ်။ မိုးကြိုးခြင်္သေ့ ဒေသကို တစ်ချက် တည်းနဲ့ အနိုင်တိုက်ရမယ်။”
…
ဒုတိယနေ့ မနက်။ ခိုက်ခိုက်တုန်အောင် စိမ့်ချမ်း တဲ့ လေအေးအေးတွေ တိုက်ခတ်နေတယ်။ တောင်ပိုင်းဒေသတွင်းက စစ်စခန်းကြီးမှာ။ စစ်သည်တော်တွေ အတန်းလိုက် ရှိနေတယ်။ အေးစက်စက် မနက်ခင်းမှာ အဆင်သင့် ပြင်ထားကြတယ်။ သူတို့ ရဲ့ မှင်ရည်လို နက်မှောင်တဲ့ အသား အရေက အနွေးဓာတ်ကို ထုတ်ပေးတယ်။ သာမာန် စစ်တပ်သုံး တဲ တစ်ခုမှာ။ ဖန်ကျန်းှရီ အကျောအချင် ဆန့်တယ်။ အိပ်ယာကနေ ထတ်ယ။ သူ့ တဲကို တစ်ပတ်လှည့်ကြည့်တယ်။ တောင်ပိုင်း ဒေသ စစ်တပ် လောကကို စူးစမ်းဖို့ သူဆုံးဖြတ်တယ်။ တစ်ချိန်တည်းမှာပဲ ဟာနေတဲ့ ဗိုက်ကို ဖြည့်တင်းဖို့ ပြင်တယ်။ တဲ အဝင်ဝကို ရောက်တော့။ လှံ နှစ်ချောင်းက သူ့ ရှေ့မှာ ကာဆီးထားတယ်။
“ အပြင်ထွက်ခွင့် မရှိ။”
“ အစားတောင် စားလို့ မရဘူးလား။” သူ့ လမ်းမှာ ပိတ်နေတဲ့ စစ်သည်တွေကို ဖန်ကျန်းရှီ ကြညတ့်ယ ။ တောင်ပိုင်း ဒေသ စစ်တပ် နဲ့ သူ အဆင်ပြေနေတာ မဟုတ်ဘူးလား။
“ရပ်စမ်း။ မင်းသမီးက အမိန့်တော် ပါးတယ်။ ဖန်ကျန်းရှီ မေးစရာ ရှိတယ်။ လာခဲ့။” ဒီ အချိန်မှာ ပဲ။ သူ့ ပုခုံးပေါ်မှာ သားရေ အပိုင်းလေး တစ်ခု ၇ှိနေတဲ့ အကြီးအကဲ ရောက်လာတယ်။ သူ့ နောက်မှာတော့ ကြိမ်ထည်ဝတ် စစ်သည်တော် တစ်ရာ ။
“ အမိန့်တော် အတိုင်းပါ။” စစ်သည် နှစ်ဦး လှံတွေကို ပြန်သိမ်းတယ်။ ဖန်ကျန်းရှှီ မျက်မှောင်ကြုတ်တယ်။ အခု ဘာဖြစ်နေလဲ သူ မသိဘူး။ ဒါပေမယ့် အတွေ့အကြုံ ရ ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမယ့် ….. အကယ်၍ မင်းသာ သူတို့ တစ်ခုခု လုပ်နေတာကို မကာကွယ် နိုင်ရင်။ ငြိမ်ငြိမ်လေး ထိုင်နေ။ ရောက်လာတဲ့ ကိစ္စတွေကို လက်ခံလိုက်။ သူ့ မှာ အခုချိန် ဘာအကြံမှ မရျှိဘူး။ လူတစ်ယောက်က တိုက်တိုက် ဆိုင်ဆိုင်။ ရှန်းယွီမင်းသမီး ခေါ်တယ်လို့ လာပြော နေတယ်။ ကံတရားအရပေါ့။
…
စစ်တပ်တဲထဲမှာ ။ ရွှေသားရေ ပေါ် ရှန်းယွီ မင်းသမီး လဲလျောင်းနေတယ်။ သူမ ကိုယ်ပေါ်က သားမွှေးတွေ ခရမ်းရောင် ပြောင်းသွားပြီ။ တခြားနေရာ တွေကတော့ ခရမ်းရောင် ဗြောင် သားရေပြား။ ခပ်ဖျော့ဖျော့ အလင်းရောင် တောက်ပနေတယ်။ သူမ ရဲ့ ဂျုံပင်လို အသားအရေ နဲ့ ပေါင်းစပ်လိုက်ရင်။ မြင့်မြတ်မှု အရိုင်းဆန်မှုတွေ အချိုးညီ နေတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အလှတရားကတော့ ထိပ်တန်းပါပဲ။
ဖန်ကျန်းရှီ ဝင်ဝင် လာချင်း ဖြစ်နေတာကို တွေ့တယ်။ ဒါပေမယ့် သူ စကားမပြောဘူး။ သံချပ်ကာကြီၤးတွေကို ဝတ်ထားတဲ့ စစ်သူကြီး အယောက် ၂၀ တဲထဲမှာ ရှိနေတယ်။ သူတို့ အမူအယာ တွေက တည်ကြည်နေတယ်။ ခုံရုံးတင် အမှုစစ် မလို့လား။ အခြေအနေ မကောင်း တာ ဖန်ကျန်းရှီ သိတယ်။ ဒါကြောင့် လိမ်လိမ်မာမာလေး နဲ့ ပါးစပ်ပိတ်ထားတယ်။
“မင်းသမီးကို တွေ့တာတောင် ဘာလို့ ဒူးမထောက်တာလဲ။” စစ်သူကြီးတစ်ယောက် ဒေါသတကြီးနဲ့ ပြောတယ်။
“ အ…. ဒီလို ယဉ်ကျေးမှု စည်းမျဉ်းတွေ ဓလေ့ထုံးတမ်း တွေက ။ ဖြစ်နိုင်သလောက် ကိုယ့်နိုင်ငံ အတွက်ပဲ ကိုယ် လုပ်သင့်တာ။ ခင်ဗျားတို့ တွေ ဘာများ စောဒကတက်နေတာလဲ။” ဖန်ကျန်းရှီ နှုတ်ခမ်းကို တွန့်ကွေးတယ်။ တခြား သူကို စိတ်ပျက်လက်ပျက် ကြည့်ရင်း ပြောတယ်။
“ အတင့်ရဲလိုက်တာ။ မင်းက မင်းနိုင်ငံကို တောင် သစ္စာ ဖောက်ပြီး နေပြီပဲ။ အခုတော့ မင်းက တောင်ပိုင်းဒေသ လူ ဖြစ်နေပြီ။ တောင်ပိုင်းဒေသ စည်းမျဉ်းတွေကို မင်း လိုက် နာရမယ်။ မင်း လုပ်ချင် သလို လုပ်လို့ ရမလား။”
“ ကောင်းပြီ။ ဖန်ကျန်းရှီ။ ငါ နင့်ကို မေးစရာ ရှိတယ်။ ” ရှန်းဝွီ မင်းသမီး ထရပ်တယ်။ စကားပြောနေတဲ့ စစ်သူကြီးကို တစ်ချက်စိုက်ကြည့်တယ်။ ပြီးတော့ ဖန်ကျန်းရှီ ။
“ အရှင်မင်းသမီး မေးပါ။” ဖန်ကျန်းရှီ ချက်ခြင်း ပြန်ပြေးတယ်။
“ ငါ့ နားထဲမှာ အသံ နှစ်ခု ပဲ့တင် ထပ်နေတယ်။ နင့် ထင်မြင်ချက်ကို ငါ သိချင်တယ်။ ပထမ အသံက တောင်ပိုင်းဒေသ နယ်မြေမှာ သယံဇာတတွေ ပေါကြွယ်ဝတယ်။ တောင်တန်းတွေ သစ်တော်တွေ။ သားရဲကောင်တွေလည်း ထူထပ်တယ်။ ဒါ့အပြင် ကြီးမြတ်သော ရှမင်းဆက်ကို နှစ်စဉ် မြင်းကောင်ရေ တစ်သောင်း လှူဒါန်းသေးတယ်။ အရေးအကြီး ဆုံးက ငါတို့ နယ်မြေ ပထဝီဝင်ကြောင့်။ ကြီးမြတ်သော ရှ မင်းဆက် အတွက် သဘာ၀ ဒိုင်းကာ လုပ်ပေးနေရသေးတယ်။ နတ်ဆိုးမျိုးနွယ် တိုက်ခိုက်တာကိုလည်း ခံရတယ်။ ဒါက မတရားဘူး။” ရှန်းယွီမင်းသမီး ပြောတယ်။ ဖန်ကျန်းရှီကို စူးစိုက်ကြည့်နေတယ်။
“ ဟုတ်တယ်။
“ လုံးဝကို မတရားဘူး။” ဖန်ကျန်းရှီ စဉ်းတောင် မစဉ်းစားပဲ ခေါင်းငြိမ့်တယ်။
“ ဒုတိယ အသံက ပြောတယ်။ တောင်ပိုင်းဒေသ က ကြီးမြတ်သော ရှ မင်းဆက်ကို မြင်းတွေ လှူတယ်။ ရှမင်းဆက်က လည်း ကောက်ပဲသီးနှံ နဲ့ ရိက္ခာတွေ ပြန်ပေးတာပဲ။ ငါတို့ တောင်ပိုင်းဒေသက သဘာဝဒိုင်းကာ လုပ်ပေးသင့်တာ ထုံးစံပဲလေ။ ဒါပေမယ့် ကြီးမြတ်သော ရှ မင်းဆက်က ငါတို့ဆီ တာအိုနိယာမ သင်ကြားဖို့ လူတွေ လွှတ်ပေးတယ်။ တောင်ပိုင်းဒေသ ရဲ့ အခြေခံ အုတ်မြစ်ကို စမ်းသပ်ပြီး ယိုင်နဲ့တောင် လုပ်သွားတယ်။ လုံး၀ မတရားဘူး။” ဖန်ကျးန်းရှီ ခေါင်းငြိမ့်တာ မြင်တော့ ရှန်းယွီမင်းသမီး ဆက်ပြောတယ်။
“ ဟုတ်တယ်။ လုံး၀ မတရားဘူး။”
“…” ရှန်းယွီမင်းသမီး ပါးစပ် နည်းနည်း ဟ သွားတယ်။ ဖန်ကျန်းရှီကို ကြည့်နေတယ်။ သူမ ဘာဆက်ပြောရမလဲ မသိတော့ဘူး။ ဘေးက စစ်သူကြီးတွေလည်း ကြားတယ်။ သူတို့တော့ ခေါင်းခါ နေပြီ။ ဒီ ကောင်က ကိုယ့် အတွေး နဲ့ ကိုယ် ထင်မြင်ချက်တောင် မရေးနိုင် ဘူးလား။ တခြား ပြောစရာ တစ်ခုလေးတောင် မရှိဘူးပေါ့။
“ အရှင်မင်းသမီး ။ ဆက်ပြောပါ။” ဖန်ကျန်းရှီ စောင့်ဆိုင်းရတာ စိတ်မရှည်တော့။ ရှန်းယွီမင်းသမီးက စကားမှ ဆက်မပြောတော့ပဲ။
“ဘာဆက်ပြောရမှာလဲ။ ငါ မေးချင်တာ မေးပြီးပြီ။” မ
“ အိုး ။ မင်းသမီး မေးချင်တာ မေးပြီးပြီ၊ နောက်ထပ် ပြောစရာ မ၇ှိတော့ရင် ကျွန်တော် အရင်သွားတော့မယ်။ ” ဖန်ကျန်းရှီက ပြောပြီးပြီးချင်း တဲ အဝင်ဝကို ထွက်တယ်။
“ရပ်စမ်း။” စစ်သူကြီးတစ်ယောက် လှမ်းအော်တယ်။
“ ဘာကိစ္စ လဲ။” ဖန်ကျန်းရှီ ပြန်လှည့်မေးတယ်။
“ မင်းဘာလို့ မင်းသမီး မေးတာကို မဖြေတာလဲ။”
“ ဖြေပြီၤးပြီလေ။ မကြားလိုက်ဘူးလား။ စစ်သူကြီးက အိမ်မက် မက်နေတယ် ထင်လို့လား။”
“မင်း …. ဒါကို အဖြေလို့ ခေါ်တယ်လား”
“ ဒါဆိုလည်း ဘယ်လို ဖြေရမလဲ။ သင်ပေးလေ။”
“ မင်း သမီးမေးတာက မင်းကို မေးတာ။”
“ဟုတ်တယ်လေ။ မင်းသမီးက ကျွန်တော့်ကို မေးတာ။ ကျွန်တော်လည်း ဖြေပြီးပြီ ။ ကိစ္စ မရှိတော့ ရင် ကျွန်တော် သွားနှင့်ပြီ၊” ဖန်ကျန်းရှီ ပြန်လှည့်သွားတယ်။
“ ….” စစ်သူကြီး အယောက် နှစ်ဆယ်လုံး ပြောစရာ စကား မရှိတော့။
“ ဖန်ကျန်းရှီ ။ ငါက နင့်ကို နှစ်ခု ထဲက တစ်ခု ရွေးခိုင်းတာ။” ဒီ အချိန်မှာ ရှန်းယွီမင်းသမီး ထ ပြောတယ်။
“ အရှင်မင်းသမီး ကျွန်တော်က နိုင်ငံရေး နဲ့ ပတ်သက်တာ ဘာမှ မသိပါဘူး။ သူတို့ တွေကို မေးပါ။ သူတို့ အကုန်လုံးက စစ်သူကြီးတွေပဲ။ ဘာလို့ ကျွန်တော့်လို သေးသေးမွှားမွှား စစ်သား လေးကို မေးရတာလဲ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
“ဖန်ကျန်းရှီ ငါ နင့်ကို အတည် မေးနေတာ။”
“ ကျွန်တော်မျိုးလည်း တည်ကြည်လေးနက် တဲ့ စိတ်နဲ့ ဖြေကြားနေတာပါ။”
“ တစ်ယောက်ယောက် လာစမ်း။ ဒီ ကောင့်ကို ဆွဲထုတ်ပြီး သတ်လိုက်။”
“ ခနလေးးး။ နည်းနည်းတော့ စဉ်းစားဖို့ လိုမယ်။ ကျွန်တော် ထင်တယ်။ အဖြေကို အခု ဖြေရင် အမှား အယွင်း ဖြစ်နိုင်တယ်။ အကယ်ချဲ့ပြီး မေးရင် ပို အဆင်ပြေမှာပါ။” ဖန်ကျန်းရှီ သွားဖြီးပြီး ပြုံးပြတယ်။
“ ဟုတ်လား။ ဒါပေမယ့် ငါ့မေးခွန်းမှာ ပြဿနာ ရှိတယ်တော့ မထင်ဘူး။”
“ ပြဿနာက ရှိနေပါတယ်။”
“ ပြဿနာရှိနေတာက … နင်”
“ ….” ဖန်ကျန်းရှီ လန့်သွားတယ်။ သူ့ မျက်လုံးတွေက မတ်တပ်ရပ်နေတဲ့ ရှန်းယွီမင်းသမီးကို စိုက်ကြည့်နေတယ။်။ ရှန်းယွီမင်းသမီးရဲ့ မျက်လုံးတွေကနေ အရှေ့ တစ်ရက် နဲ့ မတူတဲ့ အငွေ့အသက်တွေကို သူလှမ်းမြင်တယ်။ ဒီနေ့တော့ တခြား လူ တစ်ယောက်လိုပဲ။ ကြီးမြတ်တဲ့ ခေါင်းဆောင်ကြီးလို။ ဒီ ကောင်မစုတ်လေး ငါ့ကို ထောင်ချောက် ဆင်ထားပြီ။ ကံကောင်းပေလို့။ ငါလေးက အကြံအဖန် တော့ လုပ်တတ်တယ်လေ။
“ အရှင်မင်းသမီး။ ကျွန်တော်မျိုးက မေးခွန်းကို မဖြေချင်လို့ မဟုတ်ပါဘူး။ ကျွန်တော်မျိုးဘယ်လိုပဲ ဖြေဖြေ။ ရလဒ်က သေမှာပေဲလေ။” ဖန်ကျန်းရှီ ခါးသက်သက်ပြုံးပြတယ်။
“ဘာကြောင့်လဲ။။” ရှန်းယွီမင်းသမီး ခပ်ယဲ့ယဲ့ဲပြုံးပြတယ်။ မမျှော်ခင့်ထားတဲ့ အဖြေပဲ။
“မင်းသမီး ပြောတာ။ အသံ နှစ်သံကို ကြားနေ ရတယ်။ အကယ်၍ ကျွန်တော်သာ အသံ နှစ်ခု ထဲက တစ်ခု ဖြစ်ခဲ့ရင်။ နောက်အသံက ကျွန်တော့်ကို သေအောင်လုပ်မှာပဲ။ နောက်ဆုံးတော့လည်း ။ ကျွန်တော်က သာမာန် စစ်သည်လေး တစ်ယောက်။ အင်အား မရှိ။ ခုခံနိုင်စွမ်းမရှိ။ ဒီ စစ်စခန်းကြီးထဲမှာ အနိုင်ကျင့် လှောင်ပြောင်ခံ နေရတာ။ ဘယ်လိုများ ပြန်ဖြေဝံ့မှာလဲ။” ဖန်ကျန်းရှီ ဝမ်းနည်းလာတယ်။ စကားပြောရင်း ဝမ်းနည်းသထက် ဝမ်းနည်းလာတယ်။ မျက်ရည်တွေတောင် ကျတော့မယ့် ပုံပဲ။
“ သန်ားစရာ ကောင်းအောင် လုပ်ပြ မနေနဲ့။ နင် ပြန်ဖြေ အောင် ငါ ဘာလုပ်ပေးရမလဲ။ ပြောစမ်း။” ဖန်ကျန်းရှီ လှည့်ကွက်ထဲ ရှန်းယွီ ဘယ်ရောက်မလဲ။ လက်ကိုချက်ခြင်း ယမ်းပြရင်းပြောတယ်။
“ကျွန်တော့်ကို ကျားစစ်သူကြီး နေရာပေး။ စစ်သည်တော် တစ်သောင်း ပါပေးလိုက်။ ဒါဆိုရင် အဖြေဖြေဖို့ စဉ်းစားပေးမယ်။”
“ ဘာတွေ ဖြစ်လာမယ်လို့ နင်ထင်လဲ။” ရှန်းယွီမင်းသမီး စိတ်ပျက်လက်ပျက် ကြည့်ရင်း ပြောတယ်။
“ ငါးထောင် လောက်ဆို ရပါပြီ။”
“ အိမ်မက် မက်နေလိုက်။”
“ အနည်း ဆုံး ငါးထောင် ဆို ရပါပြီ။”
“ ငါးရာ။ ဒီ့ထက် ပို မပေးနိုင်ဘူး။”
“ အရှင်မင်းသမီးကို ကျေးဇူးတင်ပါတယ်။” ဖန်ကျန်းရှီ အံကြိတ်ရင်း ပြောတယ်။ ဘယ်လိုတောင်လဲ ။ ခြင်သေးသေးတောင်မှ အစာ ရှိသေးတယ်။ စစ်သည် ငါးရာ ရလည်း ဘာမှ မရှိတာ ထက်တော့ ကောင်းပါတယ်။”
“ ပြောတော့။”
“ မင်းသမီးကို ပုံပြင်တစ်ပုဒ်ပြောပြမယ်။”
“ပုံပြင်ဟုတ်လား။”
“ဟုတ်တယ်။ ဟိုး ရှေးရှေးတုန်းက ။ ငတ်ပြတ် နေတဲ့ လူ နှစ်ယောက်ရှိတယ်။ အဖိုးအိုကြီး တစ်ယောက်က သူတို့ကို ကြင်နားသနားမိတယ်။ ဒါကြောင့် သူတို့တွေကို ပစ္စည်း တစ်ခုစီ ပေးတယ်။ တစ်ယောက်ကိုတော့ ငါးမြှားတံ ။ နောက်တစ်ယောက်ကိုတော့ လတ်လတ် ဆတ်ဆတ် ငါး ခြင်းကြီး တစ်ခု ပေးတယ်။ အဆုံးသတ်မှာတော့။ ငါးတွေကို ရွေးလိုက်တဲ့ သူက ဘာမှ မရှိတဲ့ ခြင်းအလွတ်နားမှာ သေသွားတယ်။ နောက်တစ်ယောက်ကတော့ ငါးမြှားတံကို သုံးပြီးနေ့တိုင်း ငါးဖမ်းတယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင်နေသွားတယ်။ ပြီးပါပြီ၊” ဖန်ကျန်းရှီ စကားပြောတာ ရပ်လိုက်တယ်။
“ ဘယ်လို ပုံပြင်ကြီးလဲဟ။” စစ်သူကြီးတစ်ယောက် စိတ်ရှုပ်သွားတယ်။
“ လူတစ်ယောက်ကို ဒီနေ့ စားဖို့ ငါးတစ်ကောင် ပေးတာထက်။ ငါးဖမ်းနည်း သင်ပေးပြီး တစ်ဘ၀ စာ ဖူလုံစေ လိုက်ပါ။” ဖန်ကျန်းရှီ ၇ှှုင်းပြတယ်။
“ လူတစ်ယောက်ကို ဒီနေ့ စားဖို့ ငါးတစ်ကောင် ပေးတာထက်။ ငါးဖမ်းနည်း သင်ပေးပြီး တစ်ဘ၀ စာ ဖူလုံစေ လိုက်ပါ။” စစ်သူကြီး ခပ်တိုးတိုး နဲ့ အကြိမ်ကြိမ် ရေ ရွတ်နေတယ်။ အချိန် ခဏတာ ဘယ်သူမှ စကား မပြောကြဘူး။ ရှန်းယွီမင်းသမီး မျက်မှောင်ကြုတ်တယ်။ သူမရဲ့ မျက်လုံး နက်နက်တွေ တဖျတ်ဖျတ်တောက်နေတယ်။ ဆယ့်ငါးမိနစ် တိတိ ကြာသွားပြီ။ နောက်ဆုံးတော့ သူမ သက်ပြင်းချတယ်။
“ဒီတော့။ ဒါက နင့်အဖြေပေါ့။”
“ ဟုတ်ပါတယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
ရှန်းဝွီမင်းသမီး နောက်တစ်ကြိမ် တိတ်ဆိတ်သွားတယ်။ စစ်သူကြီး အယောက် ၂၀ကို စူးစိုက်ကြည့်တယ်။ နောက်ထပ် ၁၅ မိနစ် တိတိ ကြာသွားပြန်ပြီ။ နောက်ဆုံးတော့ သူမ စကားဆက်ြပောတယ်။ “ ဖန်ကျန်းရှီ။ နင့် ကို ခိုင်းစရာ ကိစ္စ၇ှိတယ်။”
“ ငြင်းလို့ရမလား။”
“ မရဘူး။”
“အမိန့်တော် အတိုင်းပါ။ အရှင် မင်းသမီး ဆောင်ရွက်ခိုင်းတဲ့ ကိစ္စက ကျွန်တော့်ဘ၀ အဓိပ္မာယ်ပါပဲ။ အသက် နဲ့ ရင်းးပြီး ထမ်းဆောင်ပါမယ်။ အရှင်မင်းသမီး ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါမယ။် အသေဆိုးနဲ့ သေရရင်တောင် ။ ကိစ္စ မ၇ှိပါဘူး။”
“ ပေါက်တတ် ကရ ပြောနေတာတွေ ရပ်တန်းကရပ်။ သုခမိန်တောင်တန်း မြို့တော်ကို စာသွားပို့စမ်း။”
“ စာသွားပို့ရမယ်။ သုခမိန်တောင်တန်းမြို့တော်ကိုလား။” ရှန်းယွီမင်းသမီးကို တစ်ချက်ကြည့်တယ်။ ကျက်သေသေ နေတဲ့ စစ်သူကြီးတွေကို ထပ်ပြီး လှည့်ကြည့်တယ်။
စာ တစ်စောင်ပို့ရမယ် တဲ့လား။ ဒီလောက်လူတွေ အများကြီးခေါ်ထားပြီးတော့။ အရေးကြီးတာဝန်လေးတော့ ပေးသင့် တယ်မလား။ နောက်ပြီးတော့…. အရေးကြီးတာက။ ဒီ စစ်သူကြီးတွေ သိထားတာကြာလှ နေတဲ့ ပုံပဲ။ ရှန်းယွီမင်းသမီး ပြောသံ ကြားတာတောင် ။ တစ်ခွန်းမှ ဝင် မပြော ကြဘူး။ အမူအယာ လေးတောင် တစ်ချက် မပြောင်းဘူး။
“ ပြဿနာ ရှုှိလို့လား။” ဖန်ကျန်းရှီ တိတ်ဆိတ် နေတယ်။ ဒါကြောင့် ရှန်းယွီမင်သမီး မေးတယ်။
“ ကိစ္စ မ၇ှိပါဘူး…. ဒါပေမယ်…. သုခမိန် တောင်တန်း မြို့တော် ကလမ်းတွေ။ ကျွန်တော် မသိ ဘူးလေ။ နောက်ပြီးတော့ အပြင်မှာ သားရဲကောင်တွေ ဘယ်လောက်တောင် ရှိနေလဲမှ မသိတာ။ ကျွန်တော်မျိုးက အရေးကြီးတဲ့ စာ ကို ပို့ နိုင်ဖို့ အင်အား မရှိမှာ စိုးရိမ်မိတယ်။ အချိန် ကျလာရင်…..” ဖန်ကျန်းရှီ ကြည့်ရတာ အခက်အခဲ တွေ့ နေပုံပဲ။
“ ဒါကြောင့် နင့်ကို စစ်သည် ငါးရာ အခုပဲ ပေးတာလေ။” ရှန်းယွီမင်းသမီးက ဖန်ကျန်းရှီ ပြောမှာကို မှန်းဆ ထားပုံပဲ။
“ စစ်သည်ငါးရာလား။ အပြင်က သားရဲတွေ ပြောလိမ့်မယ်။ သွားကြားတောင် မညပ်ဘူးလို့။” ဖန်ကျန်းရှီ ခေါင်းခါ ရင်း ပြောတယ်။
“ သာမာန် စစ်သည်တွေ ဆိုရင်တော့ ဘယ်လုံလောက်မလဲ။ ဒါပေမယ့် ငါ့ ရဲ့ ငွေဂျို ဝံပုလွေ စစ်သည်တော်တွေ ကတော့။ ငါးရာဆို လုံလောက်တယ်။ ” ရှန်းယွီမင်းသမီး ယုံကြည်ချက် အပြည့်နဲ့ ပြောတယ။်
“ငွေဂျို ဝံပုလွေ စစ်သည် ငါးရာ။” ဖန်ကျန်းရှီ တကယ့်ကို လန့်သွာတးယ်။ ဒါကို သူ မြင်ဖူးတယ်လေ။ သူတို့တွေ ရှိ နေလို့ ၇ှန်းယွီမင်းသမီးကို ဖမ်း မရတာ။ ဒါပေမယ့်….. ဒီ ဝံပုလွေတွေက ရှန်းယွီမင်းသမီးရဲ့ အမာခံ အင်အား မဟုတ်ဘူးလား။ သူ့ကို အကောင်ငါးရာ တောင် အခု ပေးလိုက်တယ်။ ဒါက အရင်လောကမှာဆို ဒေါ်လာငါး သန်း ထီဆုကြီး ပေါက်သလိုပဲ။ နောက်ပြီးတော့ စစ်သူကြီၤးတွေ။ ဒါကြားတာတောင် ဘာလို့ ဒီလောက် တည်ငြိမ် နေတာလဲ။ မဖြစ်နိုင်လိုက်တာ။
သူက အပြင်လူလေ။ ဘာလို့ ရှန်းယွီမင်းသမီး သူ့ အင်အားတွေ ပေးကမ်း ပြစ်နေတာကို တစ်ယောက်မှ မတား ကြတာလဲ။ ကိစ္စ ကောင်းတော့ မဟုတ်နိုင်ဘူး ။ ငါ သေချာ ပြန် စဉ်းစားသင့်တယ်။ အခုအဖြစ်က ဘာနဲ့ တူသလဲ ဆိုတော့။ လူတစ်ယောက်က အမောတကောပြေး လာပြီး သူ့ကို ကောင်းကင် သားတော်လို့ လာပြောတယ်။ ပလ္လင်ပေါ် တက်ပြီး ထီးနန်းဆက်ခံရမယ်။
ဘာတွေလဲ။ ငါက ဘယ်လိုလုပ် လုပ်ဝံ့တော့မှာလဲ။
အပိုင်း (၃၄၂) ပြီး၏ ။
အပိုင်း (၃၄၃)
“ ပြည်သူ တိုင်းသည် စစ်သည်တော်တစ်ယောက် ဖြစ်ရမည်။”
ဖန်ကျန်းရှီက ရဲရင့်တယ်။ ဒါပေမယ့် ကိုယ့်သေတွင်း ကိုယ်တူး တဲ့ မျက်ကန်းတော့ မဟုတ်ဘူး။ ဒါကြောင့် အခု ကိစ္စမှာ ပြဿနာရှိနေတာ သူ ခံစားရတယ်။ ဒါပေမယ့်….. ဘာ ပြဿနာလဲ။ ၇ှန်းယွီ မင်းသမီး ကို ဖန်ကျန်းရှီ ကြည့်တယ။် သူ့ အမူအယာ မှာ တစ်ခုခု တွေ့ ရမလားလို့။ မျက်နှာသွင်ပြင်က လွဲပြီၤး ထူးခြားနေတာ သူ မတွေ့ဘူး။ ရှန်းယွီ မင်းသမီး ရဲ့ အမူအယာက တည်ငြိမ်အေးဆေးတယ်။ သာမာန် ကိစ္စတစ်ခုကို ပြောနေ သလိုပဲ။ ဒီ လို ဖြစ်နေတာ ကြောင့် ဖန်ကျန်းရှီ စိတ်ထဲ ထူးဆန်းနေတာ။ နောက်ကွယ်မှာ လျှို့ဝှက် ထားတဲ့ အကြောင်း ရင်း တစ်ခု ရှိရမယ်။
“ ဘာဖြစ် နေတာလဲ။ နင့်ကို ငွေဂျို ဝံပုလွေ စစ်သည် ငါးရာ ပေးတာ မကျေ နပ်ဘူးလား။” ဖန်ကျန်းရှီ တိတ်ဆိတ်နေတာ အတော်ကြာပြီ။ ရှန်းယွီ မင်းသမီး စိတ်မရှည်တော့ဘူး။ သူမ လှမ်းမေးတယ်။
“ ငွေဂျိုစစ်သည် ငါးရာ နဲ့ ဆိုရင်။ မင်း သွားရမယ့် ခရီးက လုံခြုံမှာပဲ။ ”
“ အရှင်မင်းသမီးကို မြန်မြန် ကျေးဇူးတင်စမ်း။” တဲထဲက စစ်သူကြီးတွေ ဖန်ကျန်းရှီကို ချက်ခြင်း ဖိနှိပ်ကြတယ်။
“ အရှင်မင်းသမီးကို ကျေးဇူးတင်ပါတယ်….. ကျွန်တော်မျိုး မေးခွန်းတစ်ခုလောက် မေးလို့ ရမလား။” ဖန်ကျန်း၇ှီ တွေေ၀ မနေတော့ဘူး။ ပထမဆုံး ကျေးဇူး အရင်တင်တယ်။ ပြီးတော့ ချက်ခြင်း မေးတယ်။
“ မေး။”
“ စာပို့ပြးီရင်။ ကျွန်တော် လုပ်စရာ ထပ်ရှိသေးလား။”
“ တခြား လုပ်စရာလား။” ဖန်ကျန်းရှီ စကားကို ကြားတော့။ ရှန်းယွီမင်းသမီး စဉ်းစား နေပုံပဲ။ “ နောက်ထပ် လုပ်စမရာ မရှိတော့ဘူး။ သုခမိန် တောင်တန်း မြို့တော်မှာပဲ နေ တော့။”
“ ကျွန်တော်မျိုး နားလည် ပါပြီ၊” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ် ။
“ အခု ချက်ခြင်း ထွက်ဖို့ ပြင်တော့။ ငွေဂျို ဝံပုလွေ စစ်သည် ငါးရာက အဆင်သင့် ဖြစ်နေပြီ။” ရှန်းယွီ မင်းးသမီး ခေါင်းငြိမ့်တယ်။ နောက်ဆုံး အမိန့်ကို ထပ် ပေးတယ်။
“ အရှင် မင်းသမီး။”
“ ဘာ ဖြစ်ပြန်ပြီလဲ။”
“ အရှင် မင်းသမီး ပြန် ဖြေ နိုင်မလားတော့ မသိ။ ကျွန်တော် နားမလည် တာ တစ်ခု ၇ှိတယ်။ အဲ့တာကို မေးချင်လို့ပါ။” ဖန်ကျန်းရှီ ရဲ့ အမူအယာ တည်ကြည် သွားတယ်။
“ မေးကြည့် လေ။”
“ အ၇ှင် မင်းသမီး။ ဒီနေရာမှာ တပ်စခန်း ချထားတာ။ ကြီးမြတ်သော ရှ မင်းဆက် တိုက်ခိုက်ရေး စာမေးပွဲ ပြင်ဆင်တာကို တိုက်ခိုက် ဖို့လား။ အခွင့်အရေးကို စောင့်နေတာလား။”
“ အတင့် ရဲလိုက်တာ။ မင်းလို ဘာမဟုတ်တဲ့ ကောင်က ဒီလို မေးခွန်းမျိုး မေးစရာလား။ ” စစ်သူကြီးတစ်ယောက် ချက်ခြင်း ထပြီး ဟိန်းဟောက်တယ်။ ရှန်းယွီမင်းသမီး တောင် ပြန်မဖြေရသေးဘူး။
“ မင်းသမီး။ ဒါကို ဖြေလို့ မဖြစ်နိုင် ဘူးလား။”
“ ဘာ အထောက် အထားရှိလို့ ငါ့ကို အခု ဒီလို မေးတာလဲ။ ” ဖန်ကျန်းရှီ မေးခွန်းကို မင်းသမီး ချက်ခြင်း ပြန်မဖြေဘူး။ တခြား မေးခွန်း တစ်ခု ပြန်မေးတယ်။
“ ကျွန်တော့် ကိုယ်ပိုင် အထောက် အထားနဲ့ပါ။”
“ကောင်းပြီ။ ဒီ မေးခွန်းကို ငါ ပြန်ဖြေ နိုင်တယ်။ ငါ့ အဖြေက …….. မဟုတ်ဘူး။”
“ မဟုတ်ဘူး?” ဖန်ကျန်းရှီ ရဲ့ အမူအယာ ပြောင်းလဲ သွားတယ်။ အမှန်တရားကို ပြော နေမှန်း။ ရှန်းယွ ီမင်းသမီး ရဲ့ မျက်လုံး တွေက သိသာတယ်။ ဒါပေမယ့် ဒီ အမှန်တရားကို သူ လက်မခံ နိုင်ဘူး။ အကယ်၍ ရှန်းယွီ မင်းသမီးက တိုက်ခိုက်ဖို့ စောင့်နေတာ မဟုတ်ရင်။ ဘာလို့ များ ဒီနေရာမှာ စစ်စခန်း ချ ထားမှာလဲ။
“ ကောင်းပြီလေ။ နင်လည်း မေးပြီးပြီ။ ငါ လည်း ဖြေပြီးပြီ။ အခုသွားတော့။” စစ်သူကြီးတွေ ဒီ အချိန်မှာ လှုပ်ရှား လာပြန်တယ်။
“ အမိန့်တော် အတိုင်းပါ။” ဖန်ကျန်းရှီ နောက်ထပ် ထပ် မမေးတော့ဘူး။ သူမသိ သင့်တာက အမှောင်ထဲမှာ ရှိနေတုန်းပဲ။ ဒါကြောင့် ထပ် မေးစရာ မလိုတော့ဘူး။ ရှန်းယွီ မင်းသမီး ကလည်း နောက်ထပ် စကားပြောချင် ပုံ မပေါ်။ နူးညံ့တဲ့ သားရေပြား တစ်ပြားကို သူမ ရှေ့ချတယ်။ စုတ်တံ တစ်ချေ ာင်း ထုတ်တယ်။ စာစရေးတယ်။ ဒါက ဖန်ကျန်းရှီကို သံသယ ပွားစေတယ်။
“ ဒီ စာကို …. လူမြင်ကွင်းမှာ ရေးတယ်တဲ့လား။”
အရင်တုန်းကတော့ ဖန်ကျန်းရှီ ထင်ခဲ့တယ်။ အစတည်းက ပြင်ဆင်ထားတဲ့ စာကို ပို့ရမယ်။ အခု သူမြင် တော့ အရင် အတွေးတွေကို ဖျောက်ပြစ်ရတယ်။ သိပ်မကြာခင်ပဲ။ ရှန်းယွီမင်းသမီး ရေးပြီး သွားတယ်။ ဒီ အချိန်မှာတော့ စကား မပြောတော့ဘူး။ ကြည့်ရတာ စာလုံး နည်းနည်းပဲ ရှိတဲ့ ပုံပဲ။ ရှန်းယွ ီ မင်းသမီး စာကို ခပ်မြန်မြန် အဆုံးသတ်တာ စစ်သူကြီးတွေ မြင်တယ်။ ဖန ်ကျန်းရှီကို အေးစက်စက် လှမ်းပြုံးပြ ကြတယ်။
ဖန်ကျန်းရှီ နောက်ထပ် မပြောတော့ဘူး။ မင်းသမီး ရေးပြီးတော့ သူ ရှေ့ကို တိုးတယ်။ လက်နှစ်ဖက် နဲ့ စာကို ယူတယ်။ တစ်ချက် ခပ်မြန်မြန် ကြည့်လိုက်တယ်။ စာ လွှာပေါ်မှာ ရေးထားတာက “ အရှင်မင်းမြတ် အတွက်။” အဆုံးသတ်မှာတော့ ရှန်းယွီ မင်းသမီး ရဲ့ နာမည်ကို ရေးထားတယ်။ ဒီ စာရဲ့ လိပ်စာ တွေက အရင်တည်းက ပြင်ထားတာပဲ။ သိသာတယ်။
စာကို အိတ်ထဲ ထည့်တယ်။ အဲ့ဒီ့နောက် လှည့်ထွက်လာတယ်။ တဲ အဝင်ပေါက်မှာ စစ်သည် တစ်ယောက် ရှိနေတယ်။ ကြိမ်ထည် သံချပ်ကာ နဲ့ ပုခုံးပေါ်မှာတော့ သားရေပြား တစ်ခု ရှိတယ်။ ဖန်ကျန်းရှီ ထွက်လာတာ မြင်တော့ သူ ချက်ခြင်း ပြေးလာတယ်။
“ ကိုယ်ရံတော် ဖန်။ ငါက ငွေဂျို ဝံပုလွေ တပ်ဖွဲ့ ရဲ့ ဦးစီးမှူး။ တန်ရှီရှန်းလို့ ခေါ်တယ်။ အဓိက တာဝန်က ကိုယ်ရံတော် ဖန်ကို ကာကွယ်ပေးဖို့ပဲ။ သုခမိန်တောင်တန်း မြို့တော်ကို စာပို့တဲ့ အချိန် လုံခြုံအောင် လုပ်ပေးဖို့။”
“ အလုပ်ရှုပ်စေ မိပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
တန်ရှီရှန်းက တခြား တောင်ပိုင်း ဒေသ စစ်သည်တော်တွေ နဲ့ မတူဘူး။ လက်မောင်းတွေက ကြွက်သား အပြိုင်းပြိုင်း နဲ့ ဖြစ်မနေ။ ဒါပေမယ့် ကိုယ်ခန္ဒာ ဖွဲ့စည်း ပုံကတော့ အတော့်ကို အချိုးကျတယ်။ သူ့ အစွမ်းက သာမာန် မဟုတ် နိုင်တာ အသေအချာပဲ။ နောက်ပြီးတော့။ ပေါက်ကွဲ အာ်းပြင်းထန်တဲ့ အင်အား ရှိတဲ့ သူ ဖြစ်ရမယ်။ ဒီလို လူမျိုးက ငွေဂျို ဝံပုလွေ စစ်သည်တော်တွေကို အမိန့်ပေးနိုင်တာ မထူးဆန်းဘူး။ တန်ရှီရှန်း ရဲ့ ကြိမ်ထည် သံချပ်ကာက တခြား စစ်သည်တော်တွေနဲ့ ထူးမခြားနားပဲ။ နည်းနည်းလောက် ပိုကြည့်ကောင်းနေတာပဲ ရှိတယ်။ သူ့ ရင်ဘတ်မှာတော့ ရုပ်ပုံ တစ်ခုရှိတယ်။ ငွေ မှင်ရောင် ရုပ်ပုံ။ ကြည့်ရတာ ဝံပုလွေ ခေါင်း တစ်ခုလိုပဲ။
…
တန်ရှီရှန်း ရဲ့ လမ်းညွှန်မှုနဲ့။ စစ်စခန်း အဝင်ပေါက်ကို ဖန်ကျန်းရှီ ရောက်လာတယ်။ ဝင်ပေါက် ဘေးမှာ။ ငွေဂျို ဝံပုလွေ စစ်သည် တစ်ရာ ရပ်စောင့်နေတယ်။ တန်ရှီရှန်းလာတာကို သူတို့ လှမ်းမြင်တယ်။ ငွေဂျို ဝံပုလွေ ကို စီးနင်းထားတဲ့ စစ်သည် တစ်ရာ အူသံ ပြုတယ်။ အရိုအသေ ပြုချင်း တစ်မျိုးလား။ ခေါင်းဆောင်ကို ကြိုဆိုတာလား တော့ မသဲကွဲဘူး။ ဖန်ကျန်းရှီလည်း နားမလည်နိုင်။ ဒါပေမယ့် ဝံပုလွေမွှေးတွေ ဒီ အူသံ ကြောင့် ခပ်ဖွဖွ ထောင်မတ်ကုန်တယ် ။ ဒါကို ဖန်ကျန်းရှီ ခပ်ဝါးဝါး မြင်လိုက်တယ်။ သူတို့ ရဲ့ ပျင်းရိပျင်းတွဲ အနေအထားကနေ လှုပ်ရှား တက်ကြွ ကုန်တယ်။ အမဲလိုက်ခါ နီး စိတ်ဓာတ် တက်ကြွ လာတဲ့ အတိုင်းပဲ။
“ ရှီရှန်း။ ဒါက ဘယ်လို အရိုအသေ ပြုတာမျိုးလည်း။“ ဖန်ကျန်းရှီ သိချင်နေတယ်။
“ ကိုယ်ရံတော် ဖန်က တောင်ပိုင်းဒေသ သား မဟုတ်တော့။ ကျွန်တော်တို့ တွေကို နားလည်မှာ မဟုတ်ဘူး။ တောင်ပိုင်း ဒေသ သားတွေက သားရဲကောင် တွေကို အသံ နဲ့ ဆက်သွယ်တာ။ ဒါက ဝံပုလွေ ဘာသာစကား ။ ” တန်ရှီရှန်း ရှင်းပြတယ်။
ဝံပုလွေ ဘာသာစကားလား။ ဖန်ကျန်းရှီ နားလည်သွြးတယ်။ အဲ့ဒီ့နောက် အဆုံးမဲ့ လောကထဲမှာ တွေ့ခဲ့တဲ့ ရှန်ကျာ့ကို ပြန် တွေးမိတယ်။ ရှန်ကျာ့ မီးမြေခွေးပြာတွေကို အမိန့်ပေးတဲ့ အချိန်။ ထူးထူးဆန်းဆန်း အသံ တစ်သံ လုပ်တယ်။ ဒါမှ မဟုတ် ပုလွေစိမ်း တစ်လက်ကို သုံးတယ်။
“ ဒါဆို ပုလွေလို အရာ တွေ သုံးပြီးတော့ ကော။ သားရဲ ကောင် တွေနဲ့ ဆက်သွယ်နိုင်လားု။” ဖန်ကျန်းရှီ ထပ် မေးတယ်။
“ ပလွေ တွေလား။” ဖန်ကျန်းရှီ ရဲ့ မေးခွန်းကို ကြားတော့ ။ တန်ရှီ၇ှန်း အမူအယာ ပြောင်း သွားတယ်။ အဲ့ဒီ့နောက် သူ ခပ်တိုးတိုး ဖြေတယ်။ “ ပလွေတွေက လုပ်နိုင်တယ်။ ဒါပေမယ့် ဒီလို သုံးတာက ထိန်းချုပ်ထားတာ။ …. ဆက်သွယ်တာ မဟုတ်ဘူး။ တောင်ပိုင်း ဒေသက ထိန်းချုပ်တာကို အားမပေးဘူး။ လူ သားနဲ့ သားရဲ ကောင်တွေက ညီတူညီမျှ အခွင့်အရေး ရတယ်။ ဒါကြောင့်။ အထူးအခြေ အနေမျိုးမှာပဲ ။ ဒီ လို နည်းလမ်းကို သုံတာ။”
“ ငါ နားလည်ပြီ။” ဖန်ကျန်းရှီ ခေါင်း ထပ်ငြိမ့်တယ်။
“ ကိုယ်ရံတော်ဖန်။ နောက်ထပ် မေးစရာ မရှိတော့ရင်။ သွ ားကြရအောင်။” တဖြည်းဖြည်း ထွက်လာတဲ့ နေမင်းကို ကြည့်ရင်း တန်ရှီရှန်း ပြောတယ်။
“ကောင်းပြီ”
…
တန်ရှီရှန်းက ခရီးကို ဦးေ ဆာင်တယ်။ ဖန်ကျန်းရှီတော့ မြေပုံ သုံးဖို့ မလိုတော့ဘူး။ေ နာက်ပြီးတော့ တောင်ပိုင်းဒေသ ဓလေ့ တစ်ချို့ကိုလည်း သင် လိုက်ရသေးတယ်။ ဥပမာ အားဖြင့်။ တောင်ပိုင်း ဒေသမှာ ကျောက်တုံး တွေနဲ့ အဆောက်အအုံ ဆောက်တာကို တားမြစ်ထားတယ်။ ကျောက်တုံးတွေက အသက်ရှင်ဖို့ ဖြ ည့်စည်း ပေးနေတဲ့ ကမ္ဘာမြေ လို့ ယုံကြည်တယ်။ ကျောက်တုံးတွေ သာ မ၇ှိရင် သူတို့ ဒီမှာ အသက် မရှင် နိုင်ဘူး။ သစ်ပင်တွေက ……. သူတို့ ရဲ့ မိခင်တွေလို့ ယုံမှတ်ကြတယ်။ သစ်ပင်တွေက နေ အကျီတွေ ချုပ်ဝတ်တယ်။ လက်နက်တွေ လုပ်တယ်။ ဒါကြောင့် သစ်ပင်တွေဆီမှာ နေ့တိုင်း ဆုတောင်းကြတယ်။ ကာကွယ်မှု နဲ့ နွေးထွေးကြင်နာမှုကို ပြန်လည် ဖော်ပြဖို့ အတွက်ပေါ့။
နယ်မြေ တစ်ခုချင်းစီမှာ ကိုးကွယ် ယုံကြည်မှု တွေ ကွဲပြားတယ်။ ဒီ အပေါ် မူတည်ပြီး စွမ်းအားတွေလည်း ကွာခြားသွားတယ်။ နောက်ပြီးတော့ အဓိက ဒေသ ကြီးတွေမှာ အင်အားကြီၤးသားရဲ ကောင်တွေကို အကာအကွယ် အဖြစ်သုံးတယ်။ သားရဲကောင်ကြီးတွေက နယ်မြေလုံခြုံရေး အတွက် အရေးကြီးတယ်။ နယ်မြေ ဒေသ တစ်ခု ချင်းစီက သားရဲကောင်တပ်ဖွဲ့ကြီးတွေက မတူဘူး။ ဒါကြောင့် တပ်ဖွဲ့နာမည် တွေလည်း ကွာခြားတယ်။ ဖန်ကျန်းရှီ တွေးမိတယ်။ ဒီဓလေ့ ထုံးစံတွေက တကယ့်ကို ရှေးကျ တယ်လို့။ ဒါပေမယ့် တောင်ပိုင်းဒေသ လူတွေရဲ့ ဘဝက ရိုးရှင်း သန့်စင်တယ်။
နေမင်းကြီးက တဖြည်းဖြည်း မြင့်တက်လာပြီ ။ ဖန်ကျန်းရှီ တို့လည်း စစ်တပ် နယ်မြေ ကနေ ခွာလာ နိုင်ခဲ့ပြီ။ တောင်ပိုင်းဒေသ တောင်တန်း တော်အုပ်ကြီးတွေကို ရောက်လာတယ်။ တောင်တွေကို တက်တယ်။ သစ်တော်တွေကို ဖြတ်တယ်။ သူတို့ အရှိန် နှုန်းက မြန်နေဆဲပဲ။
“ ဒီည စခန်းချ ဖို့လိုလား။” တဖြည်းဖြည်း ဝင်နေတဲ့ နေမင်းကြီးနဲ့ ပတ်ဝန်းကျင် သစ်တော်တွေကို ဖန်ကျန်းရှီ ကြည့်နေတယ်။ ပြီးတော့ မေးလိုက်တယ်။
“ ကိုယ်ရံတော် ဖန် ဘာလို့ မေးတာလဲ။” တန်ရှီရှန်း ရဲ့ ကိုယ် က အနည်းငယ် တုန်ယင်သွားတယ်။ ဒါပေမယ့် သူ ပြန်တော့ မေးသေးတယ်။
“ ငါကတွေးနေရုံပဲ။ မင်း အလုပ်ကိစ္စကို တဲစခန်းက ထွက်လာပြီး တာနဲ့ စမှာလား။ ဒါမှ မဟုတ်။ သုခမိန်တောင်တန်း မြို့တော်နားကို ရောက်မှ စမှာလားး။” တန်ရှီရှန်းရဲ့ မေးခွန်းကို ဖန်ကျန်းရှီ ပြန်မဖြေဘူး။ အဲ့ဒီ့နောက် သူ့ဘာသူ ပြောနေတယ်။
တန်ရှီရှန်း အမူအယာ တစ်ခဏချင်းပြောင်းသွားတယ်။ ဒါပေမယ့် ခပ်မြန်မြန် ပြန်ထိန်းတယ်။ လက်ကို ဖြည်းဖြည်းချင်း ဆန့်ပြီး သူစီးလာတဲ့ ငွေဝံပုလွေကို ပွတ်ပေးနေတယ။် သူက တစ်ခုခုကို တွေးနေပုံပဲ။
“ ဒီနေ့ည တော့ အခွင့်အရေး မရှိလောက်ဘူး။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ပတ်ဝန်းကျင် အသံတွေကို သူ နားထောင်နေတယ်။ ဗိုက်ကတော့ ဆာလွန်းလို့ တဂွီဂွီ မြည်နေပြီ။ “ ရှေ့ ဘက်ကို တစ်မိုင် ဆက်သွားရင် မြစ်တစ်စင်း ရှိတယ်။ မြစ်ကိုအရင်ဖြတ်မယ်။ ပြီးမှ စခန်းချ နားနေ ရအောင်။”
“ မြစ်ကမ်ေးဘးမှာ ဘာလို့ စခန်းမချတာလဲ။” တန်ရှီ၇ှန်းက ပြန်မေးတယ်။ ဖန်ကျန်းရှီစခန်း ချမယ့် အကြောင်း ပြောပုံကို သူ စဉ်းစား နေတယ်။ သူ့ အမူအယာက တမျိုးတဖုံးထူးဆန်းနေတယ်။
“ မြစ်ကမ်းဘေးမှာ စခန်းချတာကတော့ ပိုပြီး အခွင့်သာ မှာပေ့ါ။ ဒါပေမယ့် ရေက အရာအားလုံး ဖြစ်တည်မှု အရင်းအမြစ် တစ်ခုပဲ။ အထူးသဖြင့် ည ရောက်ရင်။ သားရဲကောင်တွေက မြစ်ကမ်းဘေးမှာ အမဲလိုက် ကြတယ်။”
“ ကိုယ်ရံတော် ဖန် ဒါတွေကို မသိလောက်ဘူးလို့ ကျွန်တော် ထင်ထားတာ။ ကြီးမြတ်သော ရှ မင်းဆက်မှာ မွေးတာ ဆိုတော့ အရိုင်းဆန်တဲ့ အသက်ရှင် နေနိုင်မှုကို ဘယ်နားလည် မလဲပေါ့်။ ဒါပေမယ့် ကိုယ်ရံတော်ဖန်က သားရဲ တွေ အကြောင်းပါ သိနေတာပဲ။ မထင်ထားမိဘူး။” တန်ရှီရှန်း ခေါင်းငြိမ့်တယ်။ ဖန်ကျန်းရှီကို ကြည့်တဲ့ အကြည့် သိသိသာသာ ပြောင်းလဲ သွားတယ်။
“ တကယ်တော့ ကြီးမြတ်သော ရှ မင်းဆက်မှာလည်း သားရဲ ကောင်တွေ ရှိတယ်လေ။ ငါက တောင်တန်းတွေမှာ မွေးတာ။ နားလည်တာပေါ့။” ဖန်ကျန်းရှီ ရယ်မောရင်း ပြောတယ်။ အဲ့ဒီ့နောက် သူ့ မြင်းကို ရှေ့ဆက် နှှု်တော့တယ်။
ထွက်သွားတဲ့ ဖန်ကျန်းရှီ ကို တန်ရှီရှန်း လှမ်းကြည့်နေတယ်။ နှုတ်ခမ်းကို တင်းတင်း စေ့ထားတယ်။ သူ့ မျက်လုံးထဲမှာတော့ နောင်တ အရိပ်ယောင် တစ်ချိုု့ ရှိနေတယ်။ “ ဒီနေ့ညက အခွင့်အရေး မရှ ိလို့ မဟုတ်ဘူး။ ဟူးးးးး”
…
တောင်ပိုင်းဒေသ က စစ်သည်တော်တွေ အတွက်။ စခန်းချတဲ ဆောက်တာ အိမ်ထမင်း အိမ်ဟင်းချက်ရ သလို လွတယ်။ ငွေဂျို ဝံပုလွေ စစ်သည်ငါး ရာ စခန်းကို ခပ်မြန်မြန်ပဲ ဆောက်တယ်။ ပတ်ပတ်လည်မှာ အတားအဆီးတွေ ချတယ်။ အရှေ့၊ အနောက် ၊ တောင်၊ မြောက် လေးမျက်နှာမှာ မီးပုံ တစ်ပုံ ဆီ ဖိုထားတယ်။ စစ်သည်တော် တစ်ရာက ကင်းစောင့်တယ်။ နောက် စစ်သည်တော် လေးရာက အနားယူတယ်။ အရာအားလုံးက အစီအစဉ် တကျပဲ။
ဖန်ကျန်းရှီက စခန်း အလယ်တည့်တည့် တဲမှာ ရှိနေတယ်။ သူ့ အပြင်မှာတော့ စစ်သည်တော် ရှစ်ယောက် စောင့်ကြပ်တယ်။ အရမ်းတင်းကြပ်တဲ့ အစောင့်ချထားသလိုပဲ။ တဲထဲမှာတော့ ဖန်ကျန်းရှီ က အေးဆေး လဲလျောင်းနေတယ်။ သူ့ ဆန္ဒက တစ်ရက်လောက် ပျော်ပျော် နေ နိုင်ရင်။ အသေဆိုးနဲ့ သေမှာကို ကြောက် မနေ ဘူး။ သူအတည်ပြုခဲ့တာ။ တစ်ခုတော့ သေချာသွားတယ်။ ဒီ ငွေဂျိုဝံပုလွေ စစ်သည် ငါးရာမှာ အထူး တာဝန်ရှိတယ်။ ဒါက သူ့ကို သတ်ဖို့ ဖြစ်လောက်တယ်။ ဒါမှ မဟုတ် ။ တစ်ခြား တစ်ခုပေါ့။ ဖန်ကျန်းရှီ ဒီကိစ္စကို ၈၀%ပဲ သေချာ နိုင်တယ်။ ဒါပေမယ့် သူ ခန့်မှန်းနိုင်တယ။် ကောင်းတဲ့ ကိစ္စတော့ မဖြစ်နိုင်ဘူး။ သူ့ ကိုယ်သူ တစ်ပတ်လှည့်လိုက်တယ်။ ပိုပြီး သက်တောင့် သက်သာ ဖြစ်အောင် လဲတယ်။ တစ်ချိန်တည်းမှာပဲ။ သူ့ အိတ်ထဲ စာကို ဖွင့်ကြည့်တယ်။
“ အရှင်မင်းမြတ် အတွက်။” စာအိတ်ပေါ်က စာလုံးတွေကို ကြည့်တယ်။ ခပ်ယဲ့ယဲ့ပြုံးတယ်။ ဘဝမှာ ဘုရင်ဖြစ်လာမယ် လို့ တစ်ခါမှ မတွေးဖူးဘူး။ ချက်ခြင်း စာကို ဖွင့်ဖောက်တယ်။ စာအိတ်ပေါ်က စည်း တံဆိပ်ကိုအလယ် တည့်တည့် ကနေ ဖြုတ်တယ်။ ကြည့်ရအောင်။ ရှန်းယွီမင်းသမီးက ငါ့အတွက် ဘာတွေ များ ပြောထားလဲ။ စာကို ဖတ်ကြည့်တယ်။ ဖန်ကျန်းရှီ့ မျက်လုံးတွေ တဖြည်းဖြည်း မှေးလာတယ်။ ပထမ စာကြောင်းနဲ့ တင် ငါ့ကို ဆူဆဲ နေတာ။ ဒီစာမျိုး လက်ခံ နိုင်စရာ မရှိဘူး။
“ အသုံး မကျတဲ့ ငအ ကောင်။ ငါ့ စာကို ခိုးဖတ်ရဲတယ်။ ဒါက ပြစ်မှုပဲ။ လည်ပင်းကို စင်အောင် ဆေးထား။ နင့် ခေါင်းကို ငါ လာဖြတ်မယ်။”
“ …” ဖန်ကျန်းရှီ နှုတ်ခမ်းကို တွန့်လိုက်တယ်။ အဲ့ဒီ့နောက် ဆက်ဖတ်တယ်။ သူအစက တွေးထားတာ။ အရေးကြိးတဲ့ စစ်တပ် ကိစ္စ တစ်ခုခု ဖြစ်မယ်ပေါ့။ ဒါပေမယ့် ရလဒ်ကတော့ စိတ်ပျက်ဖွယ် အထိ။ ဒီ စာကြောင်း တစ်ကြောင်းပဲ စာမှာ ပါတယ်။ ကျန်တာက ဗလာကြီး။ စာ အဆုံးမှာ ခပ်သေးသေး စာကြောင်း လေး တစ်ကြောင်းရှိတယ်။
“ ပြည်သူတိုင်းသည် စစ်သည် တော် တစ်ယောက် ဖြစ်ရမည်။”
“ ဘာကြီးလဲဟ” ဒီ စာလုံး နဲ့ အဆုံးသတ်ထားတာလား။ ဒီစာက သူ့ အတွက် မှန်း ဖန်ကျန်းရှီ သိလိုက်တယ်။ အရမ်းကို ရိုးရှင်းပါတယ်။ ဖန်ကျန်းရှီက ရှန်းယွီမင်းသမီး မေးတုန်းက ပြန်ဖြေခဲ့တယ်။ “ ကျွန်တော့်ကိုယ်ပိုင် အထောက် အထားနဲ့။” ရှန်းယွီမင်းသမီး သူ့ကို ဘယ်လို မြင်နေမလဲ။ သူလျှို တစ်ယောက်ပေါ့ …..။
စဉ်းစားစမ်း။ ကြီးမြတ်တဲံ မင်းသမီး တစ်ပါးက တခြားနိုင်ငံက သူလျှိုကို အရေးကြီး စစ်တပ် ကိစ္စ ပေးခိုင်း စရာလား။ ဒါက ပေါက်စီပူပူလေးကို သူများဆီ ပြစ်ကျွေးသလိုပဲ၊ ချောမောခံ့ညားတဲ့ ယောကျာ်းပျိုူလေးကို ပြစ်ကျွေးသလိုပေါ့။ ဖန်ကျန်းရှီက ငတုံး မဟုတ်ဘူး။ ရှန်းယွီ မင်းသမီးလည်း ငတုံးမဟုတ်တာ သူသိတယ်။ ဒါပေမယ့် သူမ က ဘယ်လိုများ ဖန်ကျန်းရှီက သူ့နိုင်ငံကို သစ္စာ ဖောက်လာတယ်လို့ ထင်ရတာလဲ။ ကိုယ့်အောင်မြင်မှု အတွက် လာခိုလှုံတဲ့ သူလို့ ထင်နေတာ။ ဒါကြောင့် ဘုရင့်ဆီ ပို့မယ့် စာကို ပေးမှာ မဟုတ်တာ အသေအချာပဲ။ နောက်ပြီးတော့ စာကို လူမြင်ကွင်းမှာ ရေးတယ်။ ကိုယ်တိုင် သွားိပို့ ခိုင်းတယ်။ ဒါက စာထဲက အကြောင်းအရာ သူ့ကို သိစေချင်လို့ပဲ။
“ ပြည်သူတိုင်းက စစ်သည်တစ်ယောက် …. ဒါဆိုရင် သစ်ပင်တွေ ခြုံပုတ်တွေ အကုန်လုံးကတော့ ရန်သူ့ တပ်သားတွေလား။” သစ်ပင်တွေ မြက်တွေ နဲ့ လုပ်ထားတဲ့ တဲ အမိုးကို ဖန်ကျန်းရှီ ကြည့်နေတယ်။ စာထဲက စာကြောင်းနဲ့ လက်ရှိ အဖြစ်ကို ဆက်စပ်ကြည့်နေတယ်။
အပိုင်း (၃၄၃) ပြီး၏။
အပိုင်း (၃၄၄)
“ ငါက ဖန်ကျန်းရှီ။ အတွေးအခေါ် စာမေးပွဲ နံပါတ်တစ်။”
ကြီးမြတ်သော ရှ မင်းဆက် က စစ်သည် တစ်သိန်း နယ်မြေကြီး လေးခုမှာ ပြည့်နေတယ်။ သူတို့ ရဲ့ ရည်ရွယ်ချက်က အနာဂတ် တိုက်ပွဲအတွက် အခြေခံ ကောင်းတစ်ခု တည်ဆောက်ဖို့။ ဒါမှ မဟုတ် ။ ခုခံစစ်အတွက် ပြင်ဆင်ဖို့ ဖြစ်တယ်။ တခြား တစ်ဘက်မှာတော့။ တောင်ပိုင်း ဒေသ က စစ်မျက်နှာကို ဖြန့်ပြီး နေပြီ။ ရှန်းယွီ မင်းသမီးက ဖြေခဲ့တယ်။ သူ့ အလုပ်က တိုက်ခိုက်ဖို့ မဟုတ်ဘူးတဲ့။ ဒါဆို ခုခံ ဖို့ ပြင်ဆင်ထားတာလား။ ရှန်းယွီ မင်းသမီး ပြောဖူးတဲ့ သူ့ နားထဲက အသံ နှစ်ခုကို ပြန်စဉ်းစား ကြည့်တယ်။ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်။ နယ်မြေ လေးခု ရဲ့ အစပ်မှာ အစောင့်တွေ ။ အကာအကွယ် စည်းတွေ ချ ထားတယ်။ ဒါမှ မမျှော်လင့်ထားတဲ့ ဖြစ်လာနိုင်ချေ တွေကို ကာကွယ် နိုင်မှာ ။ ဒါပေမယ့် ဒါက အပေါ်ယံ အတွေးလေ။ နည်းနည်း ရိုးရှင်းလွန်းနေတယ်။ တစ်ယောက်က တိုက်ခိုက်မယ်။ တစ်ယောက်က ခုခံမယ်။ ဒါ အကုန်ပဲလား။ ဖန်ကျန်းရှီ ခေါင်းခါတယ်။ ဒီ အစီအစဉ်က သူ ထင်ထားတာ ထက် ပို ရှုပ်ထွေးမှန်း သူသိနေတယ်။ တိုက်ခိုက် ရေး စာမေးပွဲ အစ ကနေ အခု ချိန်ထိ။ အရာအားလုံးက အေးချမ်း လွန်း နေတယ်။ ဒီလို တိတ်ဆိတ်အေး ချမ်းနေတာ။ မမျှော်လင့်ထားတဲ့ တစ်စုံ တစ်ရာ ဖြစ်လာဖို့ အစပဲ။
ရှန်းယွီ မင်းသမီး ရဲ့ တပ်စခန်းကို သူ ဝင်ခဲ့တယ်။ သူ သတ်ခံရမှာ အသေချာပဲလေ။ ဒီအဖြစ် ကနေ တောင်ပိုင်း ဒေသ ရဲ့ စိတ်အကြံက သိသာ နေပြီပဲ။ သူတို့တွေက စစ်ဖြစ်ချင်နေတာနဲ့ တူတယ်။ အကယ်၍ နှစ်နိုင်ငံ ကြားမှာ တကယ်ပဲ စစ်ဖြစ်လာရင်။ အချိန်က အရေးကြီးလိမ့်မယ် ။ ဒါပေမယ့် ဘာလို့ များ သူတို့ ဒီနေရာမှာ ဒီလို စောင့်နေ ကြတာလဲ။ ဘာကို စောင့်နေကြတာလဲ။
ဖန်ကျန်းရှီ အကြည့်က သားရေပြားပေါ်ကို ရောက်သွားပြန်တယ်။ “ပြည်သူ တိုင်းသည် စစ်သည်တော်တစ်ဦး” ဒီ စာလုံးတွေ အထက်မှာ။ နေရာလွတ်ကြီး တစ်ခု ရှိနေတယ်။ စာတွေကို ဖျောက်ထားတာ များလား။ ဖန်ကျန်းရှီ ခေါင်းခါ မိပြန်တယ်။ ဒီ လောကမှာ (ဓာတု ဗေဒ နည်းလမ်း) တွေကို ကျွမ်းကျင်တဲ့ သူ တော့ မရှိ နိုင်ပါဘူး။ ဒါပေမယ့် ဘာလို့ များ ဒီလောက် နေရာလွတ်ကြီးကို ချန်ထားတာလဲ။ နောက်ပြီးတော့ ( ပြည်သူတိုင်းသည် စစ်သည်တော် ) ကိုလည်း သေးသေးလေး ရေးထားသေးတယ်။ နေစမ်းပါအုန်း။ စာလုံးတွေ ဝှက်ထားတယ်။
ဖန်ကျန်းရှီ ရဲ့ အမူအယာ ရုတ်တရက် ပြောင်းသွားတယ်။ နေရာလွတ်ကြီးက ဖုံးကွယ်ထားတာ။ ကြောက်စရာ ကောင်းတဲ့ ကိစ္စကြီး တစ်ခုကို သူ တွေးမိတယ်။ သူ့ စိတ်ထဲမှာ ကိစ္စသုံးခုက ပြေးလွှားနေတယ်။ “အိုး မဖြစ် ဘူး။” ဖန်ကျန်းရှီ ရဲ့ လက်တွေ တုန်ယင်သွားတယ်။ သားရေ နဲ့ လုပ်ထားတဲ့ စာအိတ် သူ့ လက်ကနေ လွတ်ကျ သွားတယ်။ ခပ်မာမာ အရာ တစ်ုခကို တိုက်မိတဲ့ အသံ ထွက်လာတယ်။ ဟမ် ?? ဖန်ကျန်းရှီ ခေါင်းငုံ့ပြီး ကြည့်တယ်။ အဲ့ဒီ့နောက် သားရေပြား နောက်မှာ အပြဲ လေး တစ်ခုကို သူ တွေ့လိုက်တယ် ။ ချက်ခြင်း ကောက်ပြီး ဖြဲ ပြစ်တယ်။ သိပ်မကြာခင် အစိမ်းရောင် အရာ တစ်ခု ပေါ်လာတယ်။ ဖန ်ကျန်းရှီ့ မျက်လုံးတွေ အရောင် တောက်သွြးတယ်။
“ တစ်ယောက်ယောက် လာခဲ့စမ်း။”
“ ကိုယ်ရံတော် ဖန်။ အမိန့်ရှိပါ။” စစ်သည် တစ်ယောက် ဖန်ကျန်းရှီ ရဲ့ တဲထဲကို ဝင်လာတယ်။
“ တန်၇ှီရှန်းကို ခေါ်ခဲ့။ သူ နဲ့ ဆွေးနွေးစရာ ရှိတယ်။” ဖန်ကျန်းရှီ သားရေ စာအိတ်ကို ခပ်မြန်မြန် သိမ်းတယ်။ စာ ကို သူ့ အိတ်ထဲ ပြန်ထည့်တယ်။ စစ်သည်ကို ခေါ်ရင်း ပြောတယ်။
“ ကောင်းပါပြီ။ ” စစ်သည် ခေါင်းငြိမ့်တယ်။ ပြန်ထွက်သွားတယ်။
တစ်ခဏ ကြာပြီးနောက်။ မည်းမှောင်နေတဲ့ အသားအရေ နဲ့ တန်ရှီရှန်း ဝင်လာတယ်။ သူ့ လက်ထဲမှာ လက်နက် မပါဘူး။
“ ကိုယ်ရံတော် ဖန်။ ကျွန်တော့်ကို ည နက်ကြီးမှ ဘာလို့ ခေါ်တာလဲ။” တဲထဲက ခပ်ဖျော့ဖျော့ မီးတိုင်ကို တစ်ချက်ကြည့်တယ်။ ဖန်ကျန်းရှီ ရှေ့က အသားကင် ပန်ကန်း နဲ့ ဝိုင်ပုလင်းကို သူ ပြန်ကြည့်တယ်။ စိတထဲ ရှုပ်နေတယ်။
“ သောက်” ဖန်ကျန်းရှီ ပြောတယ်။
“ သောက်ရမယ်။ ဒါက ….. ကိုယ်ရံတော် ဖန်တော့ သိမှာ မဟုတ်ဘူး။ ဒါပေမယ့် ငွေဂျို ဝံပုလွေ တပ်ဖွဲ့ တာဝန်ထမ်း ဆောင် နေ ချိန် အတောတွင်း အရက် သောက်ခွင့် မရှိဘူး။” တန်ရှီ ရှန်း မျက်မှောင်ကြုတ်တယ်။ သူ ငြင်းတယ်။
“ အတင်းအကြပ် ဖိအား ပေးရင်ကော။” ဖန်ကျန်းရှီ သူ့ ရှေ့က ဝိုင် ပုလင်းကို ညွှန်ပြတယ်။ တန်ရှီရှန်းရဲ့ အပြုအမူကို သူ မျှော်လင့် ထားပြီးတဲ့ပုံပဲ။
“ အဟွတ် ဟွတ်။ ကျွန်တော် မလိုက်နာ နိုင်ပါဘူး။ ကျွန်တော်တို့ ရဲ့ တာဝန်က ကိုယ်ရံတော် ဖန် ကို ကာကွယ် ဖို့ပါပဲ ။ ကျွန်တော် တို့က ကိုယ်ရံတော်ဖန် ရဲ့ လုံခြုံ မှုကိုပဲ တာဝန် ရှိတာ ပါ။ တခြား ကိစ္စ တွေကိုတော့ ကျွန်တော်တို့ကို ဖိအား ပေးလို့ မရပါဘူး။ ” တန်ရှီ ရှန်း ပြုံးပြ ပြီး ခေါင်းခါတယ်။
“ ဒါပေမယ့် မင်းသမီးက ငါ့ကို ငွေဂျို ဝံပုလွေ စစ်သည် ငါးရာ ပေးလိုက်တာ။ ဒါတောင်။ မင်းက င့ါ အမိန့်ကို မနာခံ ဘူးလား။” ဖန်ကျန်းရှီ ဖြည်းဖြည်း ချင်း ဆက်ပြောတယ်။
“ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မလိုက်နာ နိုင်ပါဘူး။” တန်ရှီရှန်း ခေါင်းခါတယ်။
“ ငါ နားလည်ပြီ။ ဒါဆို မင်း ငါ့ အမိန့်ကို မနာခံ နိုင်တဲ့ အကြောင်းရင်း ရှိတာလား။”
“ ငွေဂျို ဝံပုလွေ စစ်သည် သုံးထောင်က သူတို့ ရဲ့ ဘ၀ တစ်သက်တာမှာ ရှန်းယွီမင်းသမီး အမိန့်ကိုပဲ နာခံ ပါတယ်။ တခြားသူ တွေ ရဲ့ အမိန့်ကိုတော့ အားလုံး လျစ်လျူရှုပါတယ်။” နောက်ဆုံး စကားမှာ တန်ရှီ၇ှန်း ရဲ့ အသံက လေးနက် နေတယ်။
“ တောင်ပိုင်းဒေသ ဘုရင် အမိန့်ကိုကော။” ဖန်ကျန်းရှီ နောက်တစ်ခေါက် ပြန်မေးတယ်။
“ ကျွန်တော်တို့ နားမထောင်ဘူး။” တန်ရှီရှန်း ချက်ခြင်း ပြန်ဖြေတယ်။
“ မိုက်လိုက်တာ။ …. ဒါ ဆို ဒီ အရာလေး ရဲ့ အမိန့်ကို နား ထောင် ခိုင်းရင်ကော။” ဖန်ကျန်းရှီ ပြုံးပြရင်း ပြောတယ်။ အဲ့ဒီ့နောက် အစိမ်းရောင် အရာလေးကို စားပွဲပေါ် တင်လိုက်တယ်။ ကြည်လင်နေတဲ့ ဆိုင်ယန် ကျောက်တုံး တစ်တုံးပဲ။ ပြုလုပ်ထားတဲ့ ပစ္စည်းကတော့ ထူးခြားတယ်။ ကြည့်ရတာ ကျောက်စိမ်းနဲ့ တူတယ်။ ဒါပေမယ့် ကျောက်စိမ်း က အစိမ်းရောင်။ ဒါက ကြည်လင်နေတဲ့ ဆိုင်ယန် တုံး။ နောက်ပြီးတော့ ထွင်းဖောက် မြင်နေရတယ်။ အရေးအကြီးဆုံး က ကျောက်တုံး အလယ်မှာ စာလုံး တစ်လုံး ထွင်းထားတာပဲ။ “ ယွီ”
ကျောက်တုံးကို တန်ရှီရှန်း စူးစူးစိုက်စိုက် ကြည့်နေတယ်။ သူ့ အမူအယာ ချက်ခြင်း ပြောင်းသွားတယ်။ အံကြိတ်ရင်း လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်ထားတယ်။ လက်သီးက အက်ကွဲသံ တွေတောင် ထွက်လာပြီ။ ထပ်ပြီး မတွေေ၀ ခြေထောက် တစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်တယ်။ သူ့ ကြည့်ရတာ ဆုံးဖြတ်ချက် တစ်ခုခုကို ချ လိုက်ပြီးတဲ့ ပုံပဲ။ ဒါပေမယ့် တစ်ခဏ ကြာတော့ သူ ပြန်တည်ငြိမ်သွားတယ်။ ဒါပေမယ့် သူ့ မျက်လုံးက အမူအယာ ကတော့ ထိတ်လန့် နေတာ သိသာလွန်းတယ်။
တစ်ချက်လေးတောင် တွေဝေမတွေ တော့ဘူး။ စားပွဲ ကို တည့်တည့် လျှောက်သွားတယ်။ ဝိုင်ပုလင်း တစ်ပုလင်း လုံးကို မော့ချတယ်။ တစ်ပုလင်းလုံး သူ့ ဗိုက်ထဲ ရောက်သွားခဲ့ပြီ။ ဒါတောင် တန်ရှီရှန်း ရဲ့ မျက်နှာက နည်းနည်းလေးတောင် အနီရောင် ပြောင်းမသွားဘူး။
ရှန်းယွီ မင်းသမီး ရဲ့ တပ်စခန်းမှာ ဖန်ကျန်းရှီ အကြာကြီး မနေခဲ့ဘူး ။ ဒါကြောင့် တောင်ပိုင်း သားတွေ အယ်လ်ကိုဟော ခံ နိုင်စွမ်း ( အရက်သောက်နိုင်စွမ်း) မြင့်တာကို သူတို့ မသိဘူး။ ဝိုင်တစ်ပုလင်းက ဒီလိုပဲ ကုန်သွားတာလား။ ငါ့ အတွက် နည်းနည်းတောင် ချန်မထားဘူး။ ကောင်းပြီလေ။ အခုချိန်က ဝိုင်တစ်ပုလင်းကို ကပ်စေးနည်း နေ ရမယ့် အချိန်လည်း မဟုတ်ပါဘူး။
“ မင်းရဲ့ တာဝန်ကို ပြော။” ဖန်ကျန်းရှီ သူ့စိတ်ထဲက မေးခွန်းကို မေးတယ်။
“ ကိုယ်ရံတော် ဖန်ကို သုခမိန် တောင်တန်း မြို့တော်ဆီ အန္တရာယ် မဖြစ်အောင် ပို့ပေးရမယ်။ အရှင်မင်းမြတ် နဲ့ တွေ့ပြီး ကိစ္စ ဆောင်ရွက်ခိုင်းရမယ်။ ” တစ်ချက်လေးတောင် မတွေဝေပဲ တန်ရှီရှန်း ပြန်ဖြေတယ်။
“ လူတစ်ယောက်ကို ပို့ပေးထားထက် တခြား ကိစ္စ ၇ှိနေအုန်းမယ် လို့ ငါထင်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ နောက်ပြီးတော့ စာတစ်စောင်။” တန်ရှီရှန်းရဲ့ အမူအယာ ပြောင်းသွားပြန်တယ်။ အဲ့ဒ့ီနောက် သူ့ အိတ်ထဲက စာ တစ်စောင်ကို ထုတ်ပြတယ်။ “အရှင်မင်းမြတ် အတွက်” ဒီစာလုံး တွေကိုပဲ ရေးထိုးထားတယ်။ ဖန်ကျန်းရှီ ဒါကို မြင်တော့ သူ နားလည် သွားတယ်။ သူ့ စာက အတု။ တန်ရှီရှန်း ရဲ့ စာက အစစ်။
“ဖွင့်လိုက်။” တန်ရှီရှန်း ဆီက စာကို ယူထားဖို့ ဖန်ကျန်းရှီ စိတ်ကူး မရှိဘူး။
“ဒါက …” တန်၇ှီရှန်းတွေေ၀ နေတယ်။
“ ဖွင့်လို့ ငါ ပြောနေတယ်။”
“ အမိန့် အတိုင်းပါ။” တန်ရှီရှန်း အံကြိတ်ရင်း သားရေပြားကို ဖြဲတယ်။ အထူးပြုလုပ်ထားတဲ့ သားရေ ပြားကို ဖန်ကျန်းရှီ လက်ထဲ ထည့်ပေးတယ်။ ဖန်ကျန်းရှီက ပုံမှန် အတိုင်းဖွင့်ဖတ်တယ်။ ဖတ်ရင်း နဲ့ ပြုံးနေတယ်။
“ငါ နားလည်ပြီ။” ဖန်ကျန်းရှီ စာကို ဖတ်ပြီးတော့ နားလည်သွားတယ်။ ဘာလို့ ရှန်းယွီ မင်းသမီး ရဲ့ စစ်စခန်း တဲက စစ်သူကြီး နှစ်ဆယ် ဒီ လောက်တောင် တည်ငြိမ် နေခဲ့တာလဲ ။ လူတစ်ယောက်ကို သုခမိန် တောင်တန်း မြို့တော်ဆီ ပို့တာ။ ဓားတစ်ချောင်းပါ အဆစ် ပါရမယ်။
“ ကိုယ်ရံတော် ဖန်။ အခုတော့ ကိုယ့် တာဝန်ကို သိရပြီ ဆိုတော့။ သုခမိန် တောင်တန်း မြို့တော်ဆီသွားဖို့ အာရုံ စိုက်သင့်ပါပြီ။ မင်းသမီးရဲ့ အမိန့်ပြားက ကိုယ်ရံတော် ဖန့် လက်ထဲမှာ ရှိပေမယ့်။ ကျွန်တော်တို့ကို မင်းသမီး ကိုယ်တိုင်က အမိန့်ပေးထားတာ။ ဒါကြောင့် တောင်ပိုင်းဒေသ ဘုရင် လက်ထဲကို အပ်ပေးရမှာပဲ။ ဒါကြောင့် ကိုယ်ရံတော် မှာ အမိန့်ပြား ရှိရင်တောင် အသုံး မဝင်ဘူး။” ဖန်ကျန်းရှီ စာ ဖတ်ပြီးတဲ့ အထိ တန်ရှီရှန်း စောင့်နေတယ်။ ပြီးတော့ ပြောတယ်။
“ ငါ သိပြီ။ ဒါပေမယ့် မင်းသမီး က ဘယ် အချိန် ရောက်ရ မလဲ တော့ မပြောလိုက်ဘူး မလား။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း မေးတယ်။
“ ဒါက ….. မသတ်မှတ်ပေးလိုက်ဘူး။” တန်ရှီရှန်း စဉ်းစားြ ပီး ပြန်ဖြေတယ်။
“ဒါဆို သုခမိန်တောင်တန်း မြို့တော်ဆီ မရောက်ခင်။ မင်းတို့ ငါ့အမိန့်ကို နာခံ ကြရမယ်။ မှန်တယ်မလား။” ဖန်ကျန်းရှီ ပြောတယ်။ သူ့ မျက်နှာက ပြုံးရွှင်နေတယ်။
“ မှန်ပါတယ်။”
“ အခု ချိန် ပြန်လှည့်ဖို့ အမိန့် ပေးရင်ကော။”
“ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို ကြီးမြတ်သော ရှ မင်းဆီ ခေါ် သွားရင်တောင်။ မင်းသမီးရဲ့ အမိန့်ကို ပြီးမြောက်အောင် လုပ်ရမှာပဲ။ ကျွန်တော်တို့အကုန် လုံးကို တစ်ယောက် မကျန် သတ်ပြစ်မှပဲ ဒီ အမိန့်ပျောက်ပျက်မယ်။” တန်ရှီရှန်း ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။ တောင်ပိုင်းသား ဆီက ဒီ စကားမျိုး ဖန်ကျန်းရှီ ကြားဖူးတာ ဒုတိယ အကြိမ်ပဲ။ ပထမ တစ်ခေါက် သူ အဖမ်းခံ ရတုန်းက တစ်ခါ။ အခုတော့ တန်ရှီရှန်း။ တောင်ပိုင်းဒေသ တကယ့်ကို စစ်သည်တော်တို့ ရဲ့ နယ်မြေပဲ ။ ဖန်ကျန်းရှီ သက်ပြင်းထ လိုက်တယ်။ ဒါပေမယ့် အချိန် မှာ အရေးအကြီးဆုံးက သက်ပြင်း ချဖို့ထက် ။ ကိုယ့် အသက်ကို ကာကွယ်ဖို့ပဲ။
“ ငါ အမိန့်ပေးမယ်။ မနက်ဖြန် မနက်စောစော။ တပ် တစ်ခုလုံး ပြန်လှည့်မယ်။ ”
“အမိန့် အတိုင်းပါ။” တန်ရှီရှန်း အံကြိတ်တယ်။ စားပွဲ ပေါ်က ဆိုင်ယန် ကျောက်တုံးကို သူကြည့်တယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ဒါပေမယ့် စကား တစ်ခွန်းမှ မပြောဘူး။
“နောက်ထပ် ဝိုင် ပုလင်း ယူလာခဲ့ အုန်း။ ပြီးတော့။ ထိုင်။ ငါနဲ့ အသားလေး ဘာလေး စား။”
“အမိန့် အတိုင်းပါ။” တန်ရှီ ရှန်း အံကြိတ်ရင်း ဖြေတယ်။ ဒါပေမယ့် သူ ချက်ခြင်း ထွက်မသွားဘူး။ ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။ သူ့ ပါးစပ်က ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေတယ်။ ပြောချင် ပေမယ့် ပြောမထွက်တဲ့ ပုံစံမျိုး။
“ မင်း မေးစရာ ရှိသေးလို့လား။” တန်ရှီရှန်းရဲ့ အမူအယာကို မြင်တော့ ဖန်ကျန်းးရှီ မေးတယ်။ သူ့ နှုတ်ခမ်းကတော့ ပြုံးနေတယ်။
“ ဟုတ်တယ်။ ကျွန်တော် နားမလည် နိုင်ဘူး။” တန်ရှီရှန်းပြောတယ်။ သူ့ ကိုယ်က နေ အားပြင်းတဲ့ အရှိန် အဝါ တွေ ထွက်လာတယ်။ သူ့ ကိုယ်က နေ အင်အားကြီးတဲ့ သတ္တဝါ တစ်ကောင် ထွက်ပေါ် လာသလိုပဲ။
“ ငါ့ဆီမှာ မင်းသမီး ရဲ့ အမိန့်ပြား ဘာလို့ ရောက်နေလဲ နားမလည် နိုင်တာ မလား။” ဖန်ကျန်းရှီ အေးဆေး တည်ငြိမ် တဲ့ အမူအယာ နြ့ ဖြေတယ်။ တန်ရှီရှန်း ရဲ့ အရှိန်အဝါက သူ့ကို မသက်ရောက်ဘူး။
“ဟုတ်တယ်။”
“ မင်းသမီး ကိုယ်တိုင် ငါ့ကို ပေးလိုက်တယ်လို့ ပြောရင်ကော”
“ မဖြစ်နိုင်ဘူး။” တန်ရှီရှန်းသေချာနေတယ်။
“မဖြစ်နိုင်တာ မရှိဘူး။ မနေ့ညက အဖြစ်ကို မင်းသိမှာပါ။ တစ်ညလုံး တပ်သားတွေ စောင့်ကြပ်နေတာ အပြင်ကို ခြေ တစ်လှမ်းတောင် မထွက်ခဲ့ဘူး။ ဒီ အမိန့်ပြားကို ခိုးရင်တောင်။ အခွင့်အရေး မရှိဘူး။ နောက်ပြီးတော့ လွန်ခဲ့တဲ့ ဆယ့်ငါး မိနစ် အထိ။ မင်းသမီး ရဲ့ အမိန့်ပြားက ဘယ်လိ ပုံစံ မှန်း ငါ မသိဘူး။ ”
“ မင်းသမီးက ဘာလို့ အမိန့်ပြား ပေးလိုက်တာလဲ။” တန်ရှီရှန်း ရဲ့ အရှိန်အဝါ တွေ ပြန်ဆုတ်ခွာ သွားတယ်။ သူ့ စိတ်ထဲမှာ ချီတုံချီချ ဖြစ်နေပုံပဲ။
“ ဒါတော့။ ငါလည်း မသိဘူး။ ဒါပေမယ့် ငါ အသေအချာ ပြောနိုင်တာ။ ငါ ခိုးလာလား မဟုတ်ဘူး။”
“ မင်းက တကယ်ပဲ ဘယ်သူလဲ။ စစ်သူကြီးတိုင်ကို အနိုင်တိုက်တယ်။ နောက်ပြီးတော့ အင်အားကြီးလွန်းတဲ့ ဓား တစ်ချောင်းလည်း ရှိနေသေးတယ်။ ကြီးမြတ်သော ရှ မင်းဆက်က သာမာန် စစ်သူလျှို တော့ မဖြစ်နိုင်ဘူး။ ” တန်ရှီရှန်း သူ့ စိတ်ထဲက သံသယကို နောက်ဆုံးမှာ ထုတ်ဖော် ပြတော့တယ်။
“ ဒါပေမယ့် ငါက စစ်သူလျှို ဟုတ် မှ မဟုတ်ပဲ။ တကယ်တော့ ကြီးမြတ်သော ရှ မင်းဆက် စစ်တပ်ကိုတောင် မဝင်ဖူးဘူး။” ဖန်ကျန်းရှီ ပွင့်ပွင့်လင်းလင်း ပြောတယ် ။
“ ဒါဆို မင်းက ???`” ဖန်ကျန်း ရှီ ကို ကြည့် ရင်း မေးတယ်။
“ ဖ န်ကျန်းရှီ ။”
“ ဘယ် ဖန်ကျန်းရှီလဲ။”
“ ကြီးမြတ်သော ရှ မင်းဆက် ။ အဆင့်လေး ဓား သံတမန် အမတ်မင်း။ တော်ဝင်စာမေးပွဲ နှစ်ထပ်ကွမ်း ချန်ပီယံ။ ညီလာခံ အတွေးအခေါ် စာမေးပွဲ အဆင့် တစ်။ ဖန်ကျန်းရှီ။”
“ မင်း …… မင်းက တကယ်ပဲ။ ကြီးမြတ်သော ရှ မင်းဆက် နံပါတ်တစ် ကျောင်းတော်သား နန်ကုန်းဟောင် နဲ့ ပူးတွဲ ပထမ ရတဲ့ ဖန်ကျန်းရှီ လား။” တန်၇ှီရှန်းရဲ့ အမူအယာ နောက်ဆုံးမှာ ပြောင်းလဲ သွားတယ်။
“ နောက်ထပ် မေးစရာ ရှိသေးလား။” ဖန်ကျန်းရှီ ပြုံးပြရင်း မေးတယ်။ ကိုယ့်ကိုယ်ကို အမွှမ်းတင် တာမျိုး သိပ် လုပ်လေ့ မရှိဘူး။ ဒါပေမယ့် ဒီ ဂုဏ်သတင်းတွေက သူ့ အပိုင်ပဲလေ။ ဒါတွေကို တစ်ကြိမ်လောက် ယုံကြည်ချက် ရှိရှိ ပြောမိတာ ဘာများ မှားလို့လဲ။
“ မရှိတော့ပါဘူး။ ကျွန်တော် နားလည်သွားပြီ။” တန်ရှီရှန်း ခေါင်းခါတယ်။
“ဘာကို နားလည်တာလဲ၊”
“ ကိုယ်ရံတော် ဖန်က အမိန့်ပြားကို မခိုးခဲ့ဘူး။ နောက်ပြီးတော့ မင်းသမီးက ဆိုင်ယန် အမိန့်ပြား ဘာလို့ ပေးလိုက်လဲ နားလည်ပြီ။” စားပွဲ ပေါ်က ဆိုင်ယန် ကျောက်တုံးကို တစ်ချက်ကြည့်တယ်။ ယုံကြည်ချက် အပြည့်နဲ့ တန်ရှီရှန်း ပြောတယ်။
“ မင်း တက်ယပဲ နားလည် ပြီလား။”
“ဟုတ်တယ်။”
“ ကောင်းပြီလေ။ ဒါဆို ဝိုင် ပုလင်း သွားယူတော့။” ဖန်ကျန်းရှီ ပြောတယ်။
“ အမိန့်တော် အတိုင်းပါ။” တန်ရှီရှန်း တောင်ပိုင်း ဒေသ ထုံးစံ အတိုင်း တလေးတစ်ား ဦးညွှတ်တယ်။ အဲ့ဒီ့နောက် နောက်ပြန်ဆုတ်တယ်။ တဲထဲကနေ နောက်ပြန်ကြီး ထွက်သွာတယ်။ ဖန်ကျန်းရှီက စိုက်ကြည့်နေတယ်။ သူ မျက်တောင် တစ်ဖျတ်ဖျတ်ခတ်နေတယ်။ ( အမိန့်တော် အတိုင်း) အပြောင်းအလဲကလည်း မြန် လိုက်တာ။ မင်း သာ နားလည် ပေမယ့် ငါကတော့ အခု ထိ နားမလည် သေးဘူး။ ရှန်းယွီ မင်းသမီးက တောင်ပိုင်းဒေသ ရဲ့ စစ်တပ် လျှို့ဝှက် ချက်ကြီး ငါ့ကို ပြောလိုက်တယ်။ နောက်ပြီးတော့ ဆိုင်ယန် အမိန့်ပြားလည် ပေးတယ်။ ဒါက ငွေဂျို စစ်သည် ငါးရာကို တိုက်ရိုက်အုပ်ချုပ်ခိုင်းနေတာပဲ မလား။
ဒါပေမယ့် …. သူ့ အကြောင်းရင်းက ဘာလဲ။ ဘာလုပ်စေချင်တာလဲ။ ဖန်ကျန်းရှီ နားမလည် နိုင်သေးဘူး။ ဒါပေမယ့် တန်၇ှီရှန်းက ဝိုင် နှစ်ပုလင်း နဲ့ ပြန်ဝင်လာတယ်။ ဒီနေ့ညတော့ နားလည် နိုင်တော့ မှာ မဟုတ်ဘူး။ သူသိလိုက်တယ်။
…
ည အချိန်က ရေပြင်ကျယ်လို တိတ်ဆိတ်နေတယ်။ ကြယ်တာရာတွေက ကောင်းကင်မှာ ငွေမျှင်တန်းတွေလို ပဲ။ မြေပြင်က သစ်တော မြူနှင်း နဲ့ ပေါင်းစပ် လိုက်ရင် အလင်းရောင် ခပ်ဖျော့ဖျော့ တောက်ပတယ်။
စစ်စခန်းကြီး တဲကြီးထဲမှာ။ သစ်သားပုံးကြီး တစ်ပုံး ရှိနေတယ်။ ရွှေသစ်ရွက် တွေ အပြည့်။ သစ်သားပုံးကြီး ထဲမှာ ရှန်းယွီ မင်းသမီး လဲ လျောင်းနေတယ်။ သူမ ရဲ့ ဂျုံပင်လို အသား အရေက ချောမွေ့နေတယ်။ ရေနွေးနွေးက သူမကို အနွေးဓာတ်ပေးနေတယ်။ သေးသွယ်တဲ့ ခြေထောက်တစ်ဖက်က ရေထဲမှာ လှုပ်ယမ်း နေတယ်။ သူမရဲ့ ဆံနွယ် လှလှ တွေမှာ ရေစက်တွေ ကပ်ငြိမ်နေတေယ်။ ရှန်းယွီ မင်းသမီး ရဲ့ မျက်ဝန်း နက်တွေ ပိတ်ထားတယ်။ သူမရဲ့ နှုတ်ခမ်းလေးတွေ ပွင့်ဟလာတယ်။ ရေနွေးငွေ့ တွေကို ရှူရှိုက်တယ်။ သူမ ကိုယ် ခန္ဒာမှာ။ အနီရောင် တိမ်သဏ္ဍာန် ဖြည်းဖြည်းချင်း လှည့်ပတ်နေတယ်။ ရေ အပူချိန်ကို ထိန်းညှိပေးနေတယ်။
“ဖန်ကျန်းရှီ?”
ရှန်းယွီ မင်းသမီးရဲ့ မျက်ဝန်း နက်တွေ ပွင့်လာတယ်။ အပြုံးသေးသေးလေး တစ်ခုက သူ မ နှုတ်ခမ်းမှာ။ ချက်ခြင်း လက်မောင်းကို လှုပ်ရှားတယ်။ ရေစက် တစ်ချို့က မျက်နှာကိုစင်တယ်။
“ နင်က တကယ်ပဲ ဖန်ကျန်းရှီ ဖြစ်ခဲ့ရင်။ ငွေဂျိုစစ်သည်ငါးရာက လုံလောက်မယ် ထင်ပါတယ်။ ဟုတ်တယ်ဟုတ်။ ကြီးမြတ်သော ရှ မင်းဆက်…… ငါ့ ရဲ့ ငွေဂျိုစစ်သည်တော်တွေကို တွေ့ပြီးရင်။ မင်းတို့ အစီအစဉ်က ဘယ်လို ဖြစ်လာမလဲ သိချင်လိုက်တာ။”
ရှန်းယွီ မင်းသမီးရဲ့ မျက်လုံးတွေ ပြန်မှိတ်သွားတယ်။ သစ်သား ပုံးကြီးထဲက နေ ထတယ်။ ရေစက်လေးတွေက သူမ တစ်ကိုယ်လုံးမှာ ခိုကပ်နေတယ်။ ဖယောင်းတိုင် အလင်းခပ်ဖျော့ဖျော့ အောက်မှာ။ ကျက်သရေ၇ှိတဲ့ လူရိပ်က မြေကြီးပေါ်ကို ကျရောက်နေတယ်။
အပိုင်း(၃၄၄) ပြီး၏။
အပိုင်း (၃၄၅)
“ နိုင်ငံကို သစ္စာ ဖောက်တာလား။”
မိုးကြိုး အလင်းတန်း ဒေသ ။ ဒါက အထင်ကြီးစရာ ကောင်းတဲ့ ဒေသတော့ မဟုတ်ဘူး။ မိုးကြိုး ခြင်္သေ့ ဒေသကြီး ရဲ့ လက်အောက်ခံ ဒေသငယ်လေး တစ်ခုပဲ။ အတော့်ကို ရှေးကျတဲ့ လူတွေ နေထိုင်တယ်။ သစ်သားနဲ့ ဆောက်ထားတဲ့ တဲ အစုအဝေးကြီးက မိုးကြိုးအလင်းတန်း ဒေသမှာ ခေတ်အမှီဆုံးဖြစ်တယ်။ ဒေသငယ် နယ်မြေ တစ်ခုလုံး မှာ အစိမ်းရောင် ကျောက်တုံးကျောက် စိုင်တွေ အပြည့် ။ တစ်ခုပေါ် တစ်ခု ထပ်ပြီး တည်နေကြတယ်။ တောင်ပိုင်း ဒေသ က ကြောက်မက်ဖွယ်သားရဲ ကောင်တွေ များပြားလွန်းတယ်။ ဒီလို နေရာ မျိုးမှာ နေတဲ့လူ အတွက် ခုခံရေးက မရှိမဖြစ် လိုအပ်တယ်။ အရင်ကတော့ မိုးကြိုးအလင်း ဒေသမှာ ခုခံ ကာကွယ်ရေး တင်းကြပ်တယ်။ နေ့တိုင်း။ ကျန်းမာ သန်စွမ်းတဲ့ သံချပ်ကာဝတ် လူငယ်အယောက် နှစ်ဆယ် ကျောက်ဆောင် တွေ နောက်မှာ စောင့်ကြပ်တယ်။ ဒါပေမယ့် ဒီ နေ့ အချိန်မှာတော့။ မိုးကြိုးအလင်း ဒေသမှာ အစောင့်ကြပ် မရှိဘူး။
ဘာကြောင့်လဲ ဆိုတော့။ တခြားသူတွေက သူတို့ တာဝန်ကို ခွဲယူသွားပြီ။ ဒါကတော့ ကြီးမြတ်သော ရှမင်းဆက် က စစ်သည်တော်တွေ ပဲ။ စစ်သည် နှစ်ထောင်က မိုးကြိုးအလင်းဒေသ ကို စောင့်ကြပ်နေတယ်။ ဒေသကို စောင့်ကြပ်ပေး နေတယ်။ တခြား တစ်ဖက်မှာတော့။ မိုးကြိုးအလင်းတန်း ဒေသ သားတွေ ငြိမ်းချမ်းပျော်ရွှင် တဲ့ ဘဝကို ဖြတ်သန်းနေ ကြတယ်။
ဒါပေါ့ ။ ဒေသ ခံတွေက တာဝန်ကျေပွန်ပါတယ်။ တောင်ပေါ်ဒေသ သားရဲ ကောင် တစ်ချို့ကို ကင်ပေးတယ်။ ဒေသထွက် ယမကာ လေးတွေ ယူလာပေးတယ်။ သူတို့ ဒေသ ကို ကာကွယ်ပေးတဲ့ ဧည့်သည်တွေကို ကောင်းကောင်း ဧည့်ခံကြတယ်။
ချန်းဟောင် အသက် ၃၃ နှစ်။ ဒီ ကျောင်းတော်သားက သိပ်ပြီး ထူးချွန်သူ မဟုတ်ဘူး။ ညီလာခံ အတွေးအခေါ် စာမေးပွဲမှာ အဆင့် နှစ်ဆယ့်သုံး ကို ရထားတယ်။ သိပ်လည်း မမြင့်သလို သိပ်လည်း မနိမ့်တဲ့ နေရာ တစ်ခုပေ့ါ။ သူ့ အစွမ်းကတော့ သာမာန်ပါပဲ။ ဒါပေမယ့် သူ့ အစွမ်းနဲ့ ပတ်သက်ပြီး စိတ်ပူလေ့ မရှိဘူး။ သူ့ ဉာဏ်စွမ်းကို သူ ယုံတယ်လေ။ အရေးအကြီးဆုံးက ဘယ်လို လိုက်လျော ညီထွေ ဖြစ်အောင် နေရမလဲ သူသိတယ်။ လေယူရာယိမ်း တဲ့ ဝါးပင်တွေလို ပဲ လိုက်လျော ညီထွေဖြစ်အောင် နေ တတ်တယ်။
တိုက်ခိုက်ရေး စာမေးပွဲ အစတည်းက ကျောင်းတော်သားတွေ အတော်များများ နဲ့ ပူးပေါင်းခဲ့တယ်။ သူ့ ပါးနပ်မှုက မြင်သာ ထင်သာရှိတယ်။ တိုက်ခိုက်ရေး စာမေးပွဲမှာ ကျော်ကြား နေတဲ့ လူ သုံးဦး ရှိတယ်။ ပထမဆုံး တစ်ယောက် က နန်ကုန်းဟောင် ။ ဒုတိယတစ်ယောက်က ဝူဖုန်း။ တတိယတစ်ယောက်က ရန်ရွှယ်။ လူတိုင်း သိထားတာ တစ်ခု၇ှိတယ်။ နန်ကုန်းဟောင် က သူတို့ သုံးယောက်ထဲမှာ ထိပ်တန်း အရောက်ဆုံးပဲ။ ဒါပေမယ့် နန်ကုန်းဟောင်က လူတိုင်း ရဲ့ ထင်မြင်ချက်ကို အမြဲ ပယ်ရှားခဲ့တယ်။ တောင်ပိုင်းဒေသကို ဝင်တည်းက အေးခဲ မျောက်မင်း ဒေသကို အသော့နှင်တယ်။ သံမှိုစွဲသလို အဲ့ဒီ့ဒေသမှာပဲ နေနေတယ်။ တစ်လက်မ လေးတောင် မရွေ့ဘူး။ ဒါကြောင့် လူ အများစုက နန်ကုန်းဟောင်ကို လက်လျှော့်လိုက်တယ်။ ဒုတိယတစ်ယောက် ဖြစ်တဲ့ ဝူုဖုန်းနဲ့ ပူးပေါင်းကြတယ်။
ချန်းရှောင်က ဆုံးဖြတ်ချက်မချ ရသေးဘူး။ ဝူဖုန်း အနားမှာ လူတွေ များလွန်းနေပြီ။ ဒါကြောင့် နေရာကောင်း ကျန်တော့မှာ မဟုတ်ဘူး။ သူ့ အရည်အချင်း နဲ့ ဆိုရင် ကောင်းကောင်း နေရ ဖို့တောင် မဖြစ်နိုင်ဘူး။ ဝူုဖုန်းကို သူ လက်လျှော့်ထားတယ်။ ရန်ရွယ်ကျတော့။ သူက အေးစက် လွန်းတယ်။ ဒါကြောင့် မရွေးဘူး။ အကျော်ကြားဆုံး လူ သုံးယောက် နဲ့ မပူးပေါင်း တာကတော့ ရူး မိုက်တာပဲ။ ဒါပေမယ့် ချန်းရှောင်ကတော့ ဒီလို မတွေးဘူး။ ဘာကြောင့်လဲ ဆိုတော့ ရှေးယခင် တည်းက အင်အားကြီးတဲ့ လူတွေပဲ အသက်ရှင်နိုင်တာ သူသိတယ်။ ဒီလို လူ ဖြစ်လာဖို့ စိတ်ရှည် သည်းခံ ရတယ်။ အောင်မြင်မှုရအောင် ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချရတယ်။ သူလုပ်ဖို့ လိုတာ တိုက်ပွဲက နေ ဝေးဝေးရှောင်နေဖို့ပဲ။ တခြားသူတွေ ရှာ မတွေ့နိုင်တဲ့ နေရာမှာ ပုန်းရေ ရမယ်။ တိုက်ခိုက်ရေးစာမေးပွဲ အဆုံးသတ် ခါ နီးမှ ခုန်ထွက်လာရမယ်။ စောစောထွက်သွားတဲ့ လူတွေထက်။ ဒီလို လုပ်တဲ့ သူကတော့ အဆင့်မြင့်နေမှာပဲ။ ဒါဆို လုံလောက်ပြီ။ အကောင်းဆုံး အစီအစဉ်ပဲ။ ချန်းဟောင် ရဲ့ ရှင်သန်ရေး ဥပဒေ နဲ့။ မိတ်ဆွေ တွေကို သစ္စာဖောက်ပြီး ရှောင်ပြေး တတ်တာက သူ့ အတွက် နေရာကောင်း ရှာဖွေရေးမှာ အထောက်အကူ ဖြစ်တယ်။
မိုးကြိုးအလင်းတန်း ဒေသက သေးငယ်လွန်းတယ်။ အဓိကဒေသကြီး လေးခု အစွန်း မှာ ရှိနေတယ်။ ရှုခင်းကလည်း လှတယ်။ သားရဲကောင်တွေလည်းေ ပါတယ်။ မနက်စောစောမှာ။ တောက်ပတဲ့ နေရောင်ခြည်က မြက်ခင်းစိမ်းပေါ် ဖြာကျနေတယ်။ သစ်တော မြူနှင်းတွေ တဖြည်းဖြည်း အရည်ပျော်ပြီး အငွေ့ပျံတယ်။ မဟူရာရောင် သံချပ်ကာ နဲ့ ချန်းဟောင် စစ်တပ်တဲထဲက ထွက်လာတယ်။ မနက်ခင်း ရှုခင်းကို ကြည့်နေတယ်။
“ဒီနေ့ က ရာသီဥတု သာယာတာပဲ။ မနက်ခင်းပိုင်း အမဲလိုက်ဖို့ ကောင်းမယ်။” ချန်းဟောင် က ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ ကောင်းကောင်းသိတဲ့ လူ တစ်ယောက်ပဲ။ မြင့်မြတ်ဂုဏ်ခံ မိသားစုက လာတဲ့ သူ။ သာမာန်စစ် ရိက္ခာ အခြောက်အခြမ်း တွေ စားရုံ နဲ့ မတင်းတိမ် နိုင်ဘူး။ မိုးကြိုး အလင်းတန်း ဒေသက သာမာန် သားကောင်ငယ်လေး တွေ ကတော့။ နေ့တိုင်း သတ်ပြီး ကင်စား နေလို့ မဖြစ်နိုင်ဘူးလေ။ နောက်ဆုံးတော့ တခြား သူတွေ လာမပေးရင် သူက ကိုယ်တိုင် ဖမ်းစားလို့ မှ မရပဲ။ စစ်တပ် ဥ့ပဒေအရ ဒေသခံတွေ ခွင့်မပြုပဲ။ သားကောင်ဖမ်းရင် အပြစ်သင့်ရမယ်။ ဒါပေမယ့် ဒါက သူ့ကို ပြဿနာ မဖြစ်စေဘူး။ သူ့မှာ ယုံကြည်ချက် ရှိတယ်။ သူ့မှာ စစ်သည်တော် အပြည့်။ မြှားတွေကော။ အစွမ်းတွေပါ ရှိတယ်။ အမဲလိုက်ရမယ်။ အစာအိမ်ကို အရသာ ရှိတာလေးတွေ ဖြည့်ရ အုန်းမယ်။ အမဲလိုက်ရင်း နဲ့ လှုပ်ရှားပျော်ရွှင်စရာ လေးတွေ လည်း ရှာရအုန်းမှာပေါ့။
“ လာခဲ့။” ချန်းဟောင် အော်လိုက်တယ်။
“စစ်သူကြီးချန်း။ ဘာများ အလိုရှိပါသလဲ။” သံချပ်ကာဝတ် သက်လတ်ပိုင်း လူတစ်ဦး ရောက်လာတယ်။ ထုံးစံ အတိုင်း စစ်သည်တော် အယောက်တစ်ရာထက် မနည်း ချက်ခြင်း နောက်က ကပ်ပါလာတယ်။ ဒီလူ တွေ အားလုံးက အမဲ လိုက်တဲ့ နေရာမှာ ကျွမ်းကျင်သူတွေပဲ။ ချန်းဟောင်နောက်ကို သူတို့ လိုက်လာတာ ကြာပြီ ။ သူ့ ရဲ့ အမဲလိုက် နည်းလမ်းတွေကို နားလည်နေပြီ။ ဒါပေါ့။ ချန်းဟောင် က မိုးကြိုး အလင်း ဒေသမှာ စခန်းချ ထားတာ။ ပြင်ဆင်မှုတွေလည်း လုပ်ထားတယ်။ ဥပမာ အားဖြင့်။ သားရဲကောင်တွေ ပေါ်လာ နိုင်တဲ့ နေရာမှာ ထောင်ချောက်တွေ ထားထား တာမျိုး။ တိရစ္ဆာန်တွေ လှုပ်ရှားတဲ့ နေရာမျိုးမှာလဲ ထောင်ချောက်တွေ ဆင်ထားတယ်။ ဒီလို နည်းနဲ့ စစ်သည်တော်လည်း မဆုံးရှုံးဘူး။ လက်နက်တွေကိုလည်း ချွေတာ နိုင်တယ်။ တစ်ခါ အမဲ လိုက်ရင် အဝအပြဲ စားသောက်လို့ရတယ်။
ချန်းဟောင် က သူတို့ကို အုပ်စုဖွဲ့ အမဲ လိုက်ဖို့ ခေါ်တော့။ စစ်သည်တော်တွေ တက်ကြွ ကုန်တယ်။ ဒီညတော့ သူတို့ မီးပုံပွဲ လုပ်လို့ ရတော့မယ်လေ။ မီးပုံပွဲ လုပ်တဲ့ နေ့တိုင်း ။ မိုးကြိုးအလင်းတန်း ဒေသက မိန်းမပျို လေး တွေ လာတယ်။ မီးပုံပွဲမှာ လာကတယ်။ သူတို့ ရဲ့ မလုံ့တလုံ ဝတ်စုံလေးတွေ နဲ့ အကတွေက။ စစ်သည်တော်တွေ ရဲ့ နှလုံးသားကို လောင်ကျွမ်းစေတယ်။ စားစရာ အပြည့် ရှိတဲ့ အပြင်။ မျက်စိပသာဒ ဖြစ်စရာတွေလည်း ရှိသေးတယ်။ ဘယ်လိုတောင် ကျေနပ်စရာ ကောင်းတဲ့ ဘဝလည်း။ ပုံမှန် စားသောက် နေရရင်။ စစ်ပွဲစတဲ့ အချိန်ဆို အင်အားပြည့်၀ နေ လောက်ပြီ။
“သွားကြစို့။” အော်ပြီး အမိန့်ပေးလိုက်တယ်။ ကြီးမြတ်သော ရှမင်းဆက် ကနေ ယူလာခဲ့တဲ့ အကောင်းဆုံး မြင်းကို သူ စီးတယ်။ မဟူရာရောင် မည်းနက်နေတဲ့ လေးကိုင်းကို သူ ကိုင်ဆွဲတယ်။ ခါးမှာ ဓားမြှောင် နှစ်ချောင်း ကို ဆွဲထားတယ်။ သူ့ ရဲ့ ပုံပန်းသွင်ပြင် က ကျက်သရေ ၇ှိလွန်းလှတယ်။ မိုးကြိုးအလင်းတန်း ဒေသက အမျိုးသမီး ငယ်လေး တွေ ဒါကို မြင်တယ်။ နှုတ်ခမ်းကို လက်နဲ့ အုပ်ရင်း ရယ်မောတယ်။ ချန်းရှောင်ကို အဓိပ္မာယ်ပါပါ အကြည့် တွေ နဲ့ ကြည့်ကြတယ်။ ဒီ တောင်ပိုင်းဒေသမှာ လေ့ကျင့်ရေးက။ ကြီးမြတ်သော ရှမင်းဆက်ထက် ပြင်းထန်တယ်။ စစ်သည်တော်တွေ ရှက်သွေးဖြာနေတဲ့ တောင်ပိုင်းဒေသ မိန်းမလှ လေးတွေကို ကြည့်တယ် ။ သူတို့ စိတ်တွေ ပိုလှုပ်ရှားတက်ကြွလာတယ်။ ခေါင်းမော့ရင်ကော့ရင်း မာန်ပြင်ထားကြတယ်။ ချန်းဟောင် ရဲ့ မြင်း နောက်က သူတို့ စစ်မြင်းတွေကို အသော့နှင်ကြတယ်။
“ သတ်”
…
နာရီဝက်ကြာပြီးတဲ့နောက်။ ချန်းဟောင် ကောင်းကင်ကြီးကို မော့ကြည့်နေတယ်။ သူ့မျက်လုံးထောင့်တွေ ကနေ မျက်ရည်စက်တွေ စီးကျ်နေတယ်။ သူ့ကိုယ် ပေါ်က အနက်ရောင် သံချပ်ကာလည်း အစိတ်စိတ် အမြွှာမြွှာ ကွဲအက် ကုန်ပြီ။ လေးကိုင်းကြီးလည်း နှစ်ပိုင်းကျိုးနေတယ်။ သူ့ ခါးပေါ်က ဓားမြှောင် နှစ်ချောင်းလည်း ကျိုးသွားခဲ့ပြီ။
“ဘာကြောင့်လဲ။” ချန်းဟောင် လက်မခံ နိုင်ဘူး။ သစ်ပင်အောက်မှာ သူထောင်ထားခဲ့တဲ့ ထောင်ချောက်က ။ ဘယ်လိုများ လမ်း အလယ်ကို ရောက်လာတာလဲ။ ရုန်းတောင် မရုန်းကန် နိုင်ပဲ။ ထောင်ချောက်ထဲ တည့်တည့် ကျသွား၇တယ်။ ဒါပေါ့။ ဒါက အရေး အကြီးဆုံး ကိစ္စ မဟုတ်ဘူး။ အရေးကြီးတာက ဒီ မိစ္ဆာကောင်တွေ။ ဒီမိစ္ဆာကောင်တွေ ဘယ်က ရောက်လာတာလဲ။ မျက်ရည်အပြည့်နဲ့ ချန်းဟောင် မော့ကြည့်တယ်။ ကြောက်စရာကောင်း တဲ့ သားရဲကောင်ကြီး ။ ပါးစပ်ကလည်း သွားရည်တမြားမြားနဲ့။ နှစ်မီတာ လောက် မြင့်တယ်။ အစိမ်းရောင် နဲ့ အနက်ရောင် အမွှေးတွေ ပြည့်နေတယ် ။ နှဖူးမှာလဲ အလင်းတန်းတွေ ရောင်ပြန်နေတဲ့ ဂျိုတစ်ချောင်း ရှိသေးတယ်။
“ အာဝူးးးး” ငွေဂျို ဝံပုလွေ ခပ်တိုးတိုး အော်ဟစ်တယ်။ ချန်းဟောင် ရဲ့ စွမ်းအားက ကောင်းကင်ရောင်ပြန် အထွဋ်အထိပ် အဆင့်ကို ရောက်နေပြီ။ သူ့လိုလူက ငွေဂျိုဝံပုလွေ ရာချီလောက်ကို မှုစရာ မဟုတ်ဘူး။ သူ ပိုကြောက်ရတာက လှံနက်တွေ ကိုင်ထားတဲ့ အသားအရေမည်းနက်နက် နဲ့ စစ်သည်တော်တွေပဲ။
“ မင်းကို မိပြီ။” ငွေဂျိုဝံပုလွေ စစ်သည်တော် တစ်ဦး က ချန်းဟောင်ကို ကြည့်ရင်း ပြောတယ်။ မြေပေါ်မှာ လဲ ကျနေတဲ့ သနားစရာ ချန်းဟောင် အထက်မှာ ဝံ့ဝံ့ကြွားကြွားရှိနေတယ်။ သူ့ မျက်နှာပေါ်မှာတော့ စိတ်ပျက်တဲ့ အေးစက်စက် အပြုံးတစ်ခု ရှိနေတယ်။
“ ငါ လက်မခံ နိုင်ဘူး။ ဒီနယ်မြေက အဓိက နယ်မြေ လေးခု ထဲမှာပဲ ရှိတာ။ ငါ က ကြီးမြတ်သော ရှ မင်းဆက် ရဲ့ ပြိုင်ပွဲဝင်ပဲ။ နောက်ပြီးတော့ နယ်စည်းကိုလည်း မကျော် မိပါဘူး။ မင်းတို့ တောင်ပိုင်းဒေသ စစ်သည်တော်တွေ ငါ့ကို တိုက်ခိုက်လို့ မရဘူး။ ဒါက နှစ်နိုင်ငံ ငြိမ်းချမ်းရေးကို ထိခိုက်စေ လိမ့်မယ်။” ချန်းဟောင် ချက်ခြင်း အကျိုးသင့် အကြောင်းသင့် ငြင်းတော့တယ်။ ဒါပေါ့ သူက ဘယ်လို လက်ခံ နိုင်မှာလဲ။ သူ့ရှေ့က စစ်သည်တော်တွေက။ တောင်ပိုင်းဒေသ ထူးချွန်စစ်သည်တော်တွေမှန်း သိသာနေတာပဲ။ တောင်ပိုင်း ဒေသ က စစ်သည်တော်တွေ လက်အောက်မှာ ရှုံးနိမ့်တာက သူ့ အစီအစဉ်ထဲ မပါဘူး။
“ မင်းက တိုက်ခိုက်ရေးစာမေးပွဲ ပြိုင်ပွဲ ဝင်လား။” ငွေဂျိုဝံပုလွေ စစ်သည် တစ်ဦးက ချန်းဟောင် ရဲ့ စကားကို ကြားတယ်။ သူ မျက်တောင် တစ်ဖျတ်ဖျတ် ခတ်နေတယ်။
“ ဟုတ်တယ်။ ငါက စာဖြေသူပဲ။ ငါတို့ နှစ်နိုင်ငံကြား …..”
“ ခေါင်းဆောင် ရေ့ ….. ဒီမှာ စာဖြေသူတဲ့။ တစ်ကောင် တွေ့ထားတယ်။” ငွေဂျို စစ်သည် တော် ချန်းဟောင် စကားပြော တာကို စောင့် မနေတော့ဘူး။ ချက်ခြင်း လှည့်အော်တယ်။ ခပ်မြန်မြန်ပဲ။ ပိုပြီး အရွယ်အစား ကြီးမားတဲ့ ဝံပုလွေ ကြီး တစ်ကောင် ။ ချန်းဟောင် ရှေ့မှာ ပေါ်လာတယ်။ တောင့်တင်း သန်မာတဲ့ ကြွက်သားတွေ နဲ့ အသားအရေ မည်းနက် တဲ့ လူ တစ်ဦး က ဝံပုလွေ ပေါ်မှာ။
“ မင်း နာမည် ဘယ်လို ခေါ်လဲ။ ” တန်ရှီရှန်းမေးတယ်။
“ငါက ချန်းဟောင်။ တိုက်ခိုက်ရေး စာမေးပွဲ ရဲ့ စာဖြေသူ။ မင်းတို့ အမှားလုပ်မိတာ ဖြစ်မယ်။ လူမှားပြီး တိုက်ခိုက်တာ။ ဟုတ်တယ မလား။ မြန်မြန် ငါ့ကို လွှတ်ပေး။” ချန်းဟောင် ချက်ခြင်း ရှင်းပြတယ်။
“ ချန်းဟောင်လား။” တန်ရှီရှန်းခေါင်းငြိမ့်တယ်။ သူ့ အိတ်ထဲက နေ သားရေ စာအုပ်လေးကို ထုတ်တယ်။ ဖတ်ကြည့်တယ်။ အဲ့ဒီ့နောက် ခေါင်းငြိမ့်တယ်။ “ အတွေးအခေါ် စာမေးပွဲ အဆင့် နှစ်ဆယ့် သုံး။ ကောင်းကင် ရောင်ပြန်အထွဋ် အထိပ် အဆင့်။ ”
“ ဟုတ်တယ်။ ဟုတ်တယ်။ အဲ့တာ ငါပဲ။” ချန်းဟောင် ချက်ခြင်း ခေါင်းငြိမ့်တယ်။ ကြက်ကလေး တစ်ကောင်း အစာ ကောက်နေတဲ့ အတိုင်းပဲ။
“ ကောင်းပြီလေ။ ဂုဏ်ယူပါတယ်။ မင်း တိုက်ပွဲ ကနေ ထွက်ရပြီ။။” ချန်းဟောင် ရဲ့ ပြောစကား ကြောင့်။ တန်ရှီရှန်း ခေါင်းထပ်ငြိမ့်တယ်။ လေးလေးနက်နက် ပြောတယ်။
“ထွက်ရပြီတဲ့လား။” ချန်းဟောင် လုံး၀ မျက်လုံးပြူးသွားတယ်။ တစ်ခဏ ကြာပြီး နောက် သတိ ပြန်ဝင်လာတယ်။ “ ငါ့ကို ထုတ်ပယ်ဖို့ မင်းမှာ ဘာ အခွင့်အရေး ရှိလို့လဲ။ မင်းက ကြီးမြတ်သော ရှ မင်းဆက် က စာဖြေသူ မှ မဟုတ်တာ။ ဒါက စည်းကမ်း နဲ့ မကိုက်ညီ ဘူး။ ” ချန်းဟောင် ဒေါသ ထွက်သွားတယ်။ ဒီလူ တွေ လုပ်ဝံ့လို့လား။ လုပ်ဝံ့ရင်တောင်။ တောင်ပိုင်းဒေသ လူရိုင်းတွေကို ရှင်းပြဖို့ သူ စိတ်မရှိဘူး။
“ ဟိုင်း ။ သခင်လေး ချန်။ ဘယ်လိုလဲ။။ ”
ချန်းဟောင် သူ့ အမြင်ကို ပြောဖို့ ပြင်တယ်။ ထောင်ချောက် အထက် ကနေ နောက်ထပ် အသံ တစ်ခု ထွက်လာတယ်။ ကျားသစ်ကွက် ဝတ်ရုံ နဲ့ ပုံရိပ် သူ့ မျက်လုံး ရှေ့မှာ ပေါ်လာတယ်။ ကျားသစ်ကွက် ဝတ်ရုံထက် ။ ဝတ်ရုံဝတ်ထားတဲ့ လူက သူ့ကို ပြုံးပြနေတယ်။ ချန်းဟောင် ချက်ခြင်း မျက်လုံးပြူးသွားတယ်။ သူ့ တစ်ကိုယ်လုံး မြေကြီး ပေါ်မှာ အမြစ်တွယ်သွားတယ်။ မလှုပ်နိုင်တော့ဘူး။ ပါးစပ်ပွင့်သွားတယ်။ ပွင့်သွားတဲ့ ပါးစပ်က ကျယ်လွန်းလို့ ပေါက်စီ ပူပူ တစ်လုံးတောင် ပြစ်သွင်းလို့ ရ လောက်တယ်။ သူ့ မျက်နှာ ကလည်း သေလူ တစ်ယောက် လို ဖြူဖျော့သွားတယ်။ ထုံးစံ အတိုင်း သူ့ မျက်စိရှေ့က လူကို သူ မှတ်မိတယ်။ (ဒါမှမဟုတ်) ညီလာခံ စာမေးပွဲ ကို ဝင်ဖြေသူတိုင်း မမေ့ နိုင်တဲ့ မျက်နှာလို့ ပြောရင် ပိုမှန်မယ်။
ဒါပေမယ့် သူ မယုံနိုင်ဘူး။ ဒီ မျက်နှာကို ဒီ နေရာမှာ တွေ့ရမယ်လို့ မယုံခဲ့ဘူး။ နေ့ခင်းကြောင်တောင် သရဲခြောက်ခံ ရသလိုပဲ။ လန့်လွန်းလို့ စကားတောင် အကြာကြီး မပြောနိုင်ဘူး။ ချန်းဟောင် ရဲ့ လည်ချောင်း မီးတောက်တွေ တောက်လောင်နေပြီ။ နောက်ကို ဖြည်းဖြည်းချင်း ဆုတ်တယ်။ အာခေါင်ခြစ်ရင်း ငယ်သံ ပါအောင် အော်တယ်။ (သရဲ ….. သရဲ…..) နေရောင်စူးစူးကို မြင်တော့မှ အအော်ရပ်တယ်။
“ စကားပုံတွေ ပြောတဲ့ အတိုင်း။ ရပ်ဝေးမြေခြားမှာ မိတ်ဆွေ ဟောင်းကို ပြန်တွေ့ရင်။ ကောင်းကောင်းပြုစုကျွေးမွေး ရမယ်။ သခင်လေးချန်။ မှန်တယ်မလား။ ” အော်ဟစ်နေတဲ့ တန်ရှီရှန်း ကို ကြည့်ရင်း ဖန်ကျန်းရှီ ပြောတယ်။ တန်ရှီ ရှန်း နားလည်သွားတယ်။ ဝိုင်ပုလင်း တစ်ပုလင်း သူ့ရှေ့ကို ကျ လာတယ်။ လူငယ်က ဝိုင်ပုလင်း နောက်ပုလင်းကို သောက်နေတယ်။
“ သောက်ပါအုန်း။ သခင်လေးချန်။ ထွက်သွားရတဲ့ အတွက် ဂုဏ်ယူပါတယ်။”
“….” ချန်းဟောင် ဝိုင်ပုလင်းကို ကြည့်ရင်း ပြောစရာ စကား မရှိတော့။ ဒီ ပုလင်းက သူ့မျက်နှာကို မှန်ဖို့ နည်းနည်းပဲ လိုတယ်။
“သခင်လေး ချန်း။ ဒီလို မျက်နှာကြီး လုပ်မနေ ပါနဲ့လား။ ဘာလို့ ဒီလောက်တောင် ဆူပုတ်နေတာလဲ။ ကျွန်တော့် မျက်နှာကို ကြည့်စမ်းပါ။ ဒီလိုမျိုးလေး ပြုံးသင့်တယ်။ ရ့ပ်ဝေး မြေခြားက သူငယ်ချင်း ဟောင်း နဲ့ ပြန်တွေ့ ရတာ။ နည်းနည်းလောက် ဂုဏ်ပြုစမ်းပါအုန်း။”
“ မင်း …. ငါ မင်းကို သတ်မယ်။” ချန်းဟောင် ချက်ခြင်း ဒေသ ထွက်သွားတယ်။ သူ့ မျက်နှာက အနီကနေ အဖြူရောင်ကို ပြောင်းသွားတယ်။ သူ့ လေးကိုင်းတစ်ဝက် ကျန်တာကို ဆွဲတယ်။ ထောင်ချောက်ထဲက နေ ပြန်ထွက်ဖို့ ပြင်တယ်။ သူ့ ဘဝအတွက် တိုက်ခိုက်ရမယ်။
“ ဟမ့်။ သခင်လေး ချန်းက ခုထိ ယုံကြည်သေးတဲ့ ပုံ မပေါ်ဘူး။ သူ့ကို ယုံအောင် လုပ်ပြီး တဲ့ အချိန်မှ ငါ့ကို ခေါ်လိုက်။” ချန်းဟောင် ရဲ့ ရုတ်တရက် တိုက်ခိုက်မှု ကြောင့် လူငယ် လန့်သွားတယ်။ သူ နောက်ကို ခုန်ဆုတ်တယ်။ အဲ့ဒီ့နောက် ရင်ဘတ်ကို ပုတ်ရင်း တန်ရှီရှန်းကို လှမ်းပြောတယ်။
“အမိန့် အတိုင်းပါ။” တန်ရှီရှန်း ခေါင်းငြိမ့်တယ်။ ငွေဂျိုဝံပုလွေ စစ်သည်တော် တစ်ချို့ ကို သူ လှည့်ကြည့်တယ်။ ချက်ခြင်း စစ်သည်တော် ငါးကောင် ခြောက်ကောင် ထောင်ချောက်ထဲကို ခုန်ဆင်းလာတယ်။
“ အားးးး။ ဒီမှာ နေရာကျပ် နေပြီ။ တစ်ခါတည်း အကုန် ခုန်ချ မလာနဲ့လေ ။ အားးးး……. ငါ့ လက်…… ။ လက်နက် ချပါတယ်။ အရှုံးပေးပါတယ်။ အရှုံးပေးပါတယ်။”
…
မိုးကြိုး အလင်းတန်း ဒေသ ရဲ့ ညတာ ကတော့ သက်ဝင်လှုပ်ရှားနေတယ်။ မီးပုံပွဲကြီး အကြီးအကျယ် ကျင်းပနေတယ်။ သားရဲကောင် ငါးကောင် ခြောက်ကောင်ကို မီးပုံပေါ်မှာ ကင်ထားတယ်။ သစ်ရွက်သီ အဝတ်ပိုင်းငယ် တွေ နဲ့ အမျိုးသမီး တစ်ချို့ မီးပုံဘေးမှာ ကခုန်နေတယ် ။ ပျော်ပျော်ရွှင်ရွှင် ရယ်မောသံ တွေက ပျံ့လွင့်နေတယ်။ တခြား အချိန်မှာတော့ ရယ်မော နေတဲ့ သူက ချန်းဟောင် ဖြစ်မှာ အမှန်ပဲ။ ဒီနေ့မှာတော့ သူ့မျက်နှာက ခါးသက်သက် ဖြစ်နေတယ်။ သူ့ မျက်နှာ အစိမ်းရောင်တောင် ပြောင်းနေပြီ။ ဒါက လက်သီး တစ်ချက်စာ ကြောင့် စိမ်းနေတာ ဖြစ်နေတယ်။ (ညိုမည်းမယ့် အစား စိမ်းနေပါသော။) ချန်းဟောင် ရဲ့ လက်မောင်း ဒဏ်ရာက အတော်လေး ပြင်းထန်တယ်။ ဒါပေမယ့် သူ့ နှလုံးသားကတော့ ဒဏ်ရာတွေ မျာ်းနေပြီ။
ဘာကြောင့်လဲ ဆိုတော့ …… ။ မိုးကြိုး အလင်းတန်း ဒေသမှာ တွဲလောင်းဆွဲ ခံ နေရတဲ့ အချိန်။ ကျန်တဲ့ စစ်သည် တစ်ထောင့် ကိုးရာ က တွေဝေမိန်းမောနေတယ်။ သူ့ ကို တလေးတစား နဲ့ ဆက်ဆံ တဲ့ အမိန့်ပေး စစ်သည်တော် တောင်မှ။ မလေးစားတော့ဘူး။ အခုတော့ သူတို့ အားလုံး ရဲ့ ခံစားချက်တွေ ပြောင်းလဲ ကုန်ပြီ။ တစ်ချက်လေးတောင် မတွေေ၀ ကြဘူး။ တခြားကျောင်းတော်သားတွေကို သူ သစ္စာ ဖောက်ခဲ့သလိုမျိုးပဲ။ အခုတော့ သူ သစ္စာအဖောက်ခံ လိုက်ရပြီ။ စစ်သည်တော်တွေက သူတို့ ခေါင်းဆောင် အသစ်ကို ကြိုဆို နေကြတယ်။ အခုချိန်ထိ ချန်းဟောင် နားမလည် နိုင်သေးဘူး။ ဘာလို့ များ ဒီလူက ပေါ်လာရတာလဲ။
“ ဒီကောင်က တိုက်ခိုက်ရေး စာမေးပွဲကို မဖြေဘူး မလား။ ဘာလို့ ဒီမှာ ပေါ်လာတာလဲ။ နောက်ပြီးတော့။ ဒီကောင့်ကို ယုံကြည်ရိုသေ သစ္စာရှိနေတဲ့ ငွေဂျိုစစ်သည်တော်တွေ သူ့ နောက်မှာ ဘာလို့ ရှိနေတာလဲ။ ဒီကောင ် နိုင်ငံ တော်ကို သစ္စာ ဖောက် လိုကတာ များလား။” သိပ် မဝေးတဲ့ နေရာမှာ ရှိနေတဲ့ လူငယ်ကို သူကြည့်တယ်။ ကျားသစ်ကွက်နဲ့ ဒီလူက အေးအေးဆေးဆေး လဲလျောင်းနေတယ်။
ဒီကောင်စုတ်ရဲ့ နာမည်ကို တွေးမိတယ်။ သူ့ စိတ်ထဲ ဒေါသ အကြီးအကျယ်ထွက်လာတယ်။
ဖန်ကျန်းရှီ ……. ။
အပိုင်း (၃၄၅) ပြီး၏။
အပိုင်း (၃၄၆) အပိုဒ် (၁)
“ အစီအစဉ်ကြီး”
ဘာလို့ များ မိုးကြိုး အလင်း ဒေသမှာ ဖန်ကျန်းရှီ ပေါ်လာမှန်း ချန်းဟောင် မသိဘူး။ ဘာလို့ သူ့ ထောင်ချောက်တွေ နေရာ ရွေ့သွားမှန်း ပိုတောင် မသိသေးတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက ချန်းဟောင် ရဲ့ အဓိပ္မာယ် မရှိတဲ့ မေးခွန်းတွေ ကို ဘယ်ဖြေ မလဲ။ ရက်ပေါင်းများစွာ သေးသေးငယ်ငယ် ဘာမဟုတ်တဲ့ စစ်သည်လေး အဖြစ် နေခဲ့ရတာ။ အခုတော့ ခက်ခက်ခဲခဲ စစ်သူကြီး ဖြစ်လာရပြီ။ အခုချိန်မှာ သူ အလုပ်ချင်ဆုံး အလုပ်က ။ ထုံးစံ အတိုင်း စားဖို့ သောက်ဖို့ နဲ့ ကောင်းကောင်းနေဖို့ပေါ့။
“ ကိုယ်ရံတော်ဖန်။ ဘယ် နယ်မြေက ဘယ် စာဖြေသူကို နောက်ထပ် သွားတိုက်ခိုက်ရမှာလဲ။ ” တန်ရှီရှန်း လက်ထဲမှာ ဝိုင် ပုလင်းကို ကိုင်ထားတယ်။ မီးပုံဘေးမှာ ကနေတဲ့ မိန်းမပျိုတွေကို တစ်ချက်ကြည့်တယ်။ ဖန်ကျန်းရှီ ဘေးကို ရွေ့လာတယ်။
“ တခြား ကျောင်းတော်သားတွေကို ဘာလို့များ တိုက်ခိုက် ရအုန်းမှာလဲ။” ဖန်ကျန်းရှီက ခေါင်းကို နည်းနည်းချင်း မော့လိုက်တယ်။ အသားကင်ကို ပါးစပ်ထဲ ထည့်ဝါးတယ်။ သူ့ ပါးစပ်ကနေ ဆီတွေ စီးကျလာတယ်။
“ ကိုယ်ရံတော် ဖန်က ဒီ နယ်မြေ လေးခုဆီ ကျွန်တော်တို့ကို ခေါ်လာတာ။ တိုက်ခိုက်ရေးစာမေးပွဲ နိုင်ဖို့ မဟုတ်ဘူးလား။ ” တန်ရှီရှန်း ပြန်ဖြေတယ်။ သူ ခန့်မှန်းထားပြီးတဲ့ ပုံပဲ။
“ တိုက်ခိုက်ရေး စာမေးပွဲမှာ နိုင်တာက။ နယ်မြေတွေ ရဲ့ ကျောင်းတော်သား စာဖြေသူတွေကို တိုက်ခိုက်တာ နဲ့ ဆိုင်လို့လား။” ဖန်ကျန်းရှီ မေးခွန်း ပြန်မေးတယ်။
“ မဆိုင်ဘူးလား။” တန်ရှီရှန်းစိတ်ရှုပ်သွားတယ်။
“ ဆိုင်သည် ဖြစ်စေ မဆိုင်သည် ဖြစ်စေ။ ကိစ်္စ မရှိပါဘူး။ ငါတော့ မဆိုင်ဘူးလို့ပဲ ထင်တယ်။ ” ဖန်ကျန်းရှီ ပြုံးပြရင်း ပြန်ဖြေတယ်။
“ဒါဆို …. ဒီနေ့ ကိုယ်ရံတော်ဖန် သူ့ကို တိုက်ခိုက်တာက ….” သိပ်မဝေးတဲ့ နေရာက ချန်းဟောင်ကို တန်ရှီရှန်း လက်ညှိုးထိုးပြတယ်။
“ အိုး။ ဒါက လမ်းကြုံလို့ပါ။ ငါထင်တယ်။ ဒီကောင်က ကံ သိပ်မကောင်းဘူး။” ဖန်ကျန်းရှီ ခေါင်းခါရင်းပြောတယ်။
“ လမ်းကြုံလို့။”
“ ဟုတ်တယ်။” ဖန်ကျန်းရှီ ယုံကြည်ချက် အပြည့် နဲ့ ပြောတယ်။ သိပ်မဝေးတဲ့ နေရာမှာ ချန်းဟောင်ရှိနေတယ်။ ဒဏ်ရာ တွေ နာကျင်မှုကြောင့် ညည်းညူနေတယ်။ ဖန်ကျန်းရှီ ပြောတာကို သူကြားတယ်။ သူ့ အမူအယာ ချက်ခြင်း ပြောင်းသွားတယ်။ ဘာဖြစ်တာလဲ။ ဒီနေရာကို ရောက်လာဖို့ ကြိုးစားခဲ့တဲ့ အဖြစ်တွေကို ပြန်သတိရတယ်။ ချန်းဟောင် စငိုတော့တယ်။ တောင်ပိုင်းဒေသ အစကနေ ။ မိုးကြိုး အလင်းတန်း ဒေသထိ လာဖို့ လွယ်ခဲ့တယ် ထင်လား။ ဒါတောင် မင်းက လမ်းကြုံလို့ ဖြတ်သွားရုံနဲ့။ ငါ့ကို ထုတ်ပယ်ပြစ်တယ်။ တခြားဒေသ တွေကို မင်းသွားရဲ လို့လား။ ချန်းဟောင် အတော့်ကို ပေါက်ကွဲနေတယ်။ ဒါပေမယ့် ဘာတစ်ခုမှ မပြောဘူး။
“ဒါဆို နောက်ထပ် ဘယ်နေရာကို သွားကြမလဲ။” ဖန်ကျန်းရှီ စကား ကို ချန်းဟောင် ကြားမှန်းတန်ရှီရှန်းသိတယ်။ ဒါပေမယ့် သူ့ သိချင်စိတ်ကိုလည်း မထိန်းနိုင်သေးဘူး။
“ငါ မစဉ်းစား ရသေးဘူး။” ဖန်ကျန်းရှီ ပုံမှန် အတိုင်း ပြန်ဖြေတယ်။
“…” တန်ရှီရှန်း နောက်တကြိမ် ပြောစရာ စကား မရှိတော့ပြန်။ သူအစက တွေးထားခဲ့တယ် ။ ဖန်ကျန်းရှီက သူတို့ကို အဓိက နယ်မြေကြီး လေးခု စီ ခေါ်သွားမယ်။ ကမ္ဘာမြေ တုန်ဟီးသွားစေမယ့် ကိစ္စကြီးတွေကို လုပ်မယ်။ အခုတော့ ဖန်ကျန်းရှီ ကိုယ်တိုင်က ပြောနေပြီ။ သူ ဒါကို တွေးတောင် မတွေးရ သေးဘူးတဲ့။ ဒီလို နည်းနဲ့….။ ဒီ လူက ကြီးမြတ်သော ရှ မင်းဆက် အတွေးအခေါ် စာမေးပွဲမှာ အဆင့် တစ် ရ သေးတယ် တဲ့လား။
“ ကောင်းပြီ။ ငါ အရင်သွားမယ်။ လူတစ်ယောက် ကို ရှာရမယ်။” ဖန်ကျန်းရှီ တစ်ခဏ တွေးတောလိုက်တယ်။ နောက်ဆုံးတော့ သူ လုပ်ဖို့ လိုတာ တွေကို တွေးပြီးပြီ။
“ ဘယ်သူ့ကိုလဲ။” တန်ရှီရှန်းမေးတယ်။
“ သူငယ်ချင်း ရန်ရွှယ်။”
“ ရန်ရွှယ်။ ညီလာခံ စာမေးပွဲ အဆင့်သုံး ။ ဒီ ရန်ရွှယ်လား။” တန်ရှီရှန်း မေးတယ်။ သူ့ လက်ထဲက သားရေမှတ်စုစာအုပ် လေးကို တစ်ဖျတ်ဖျတ်လှန်နေတယ်။
“ ဟုတ်တယ်။”
“ ကျွန်တော် နားလည်ပြီ။ ကိုယ်ရံတော် ဖန်က က ရန်ရွှယ် နဲ့ အင်အား ပူးပေါင်းမယ်။ ပြီးမှ တိုက်ခိုက်မယ်။ ဟုတ်တယ်မလား။”
“ မဟုတ်ဘူး။ မင်း နားလည် နိုင်မှာ မဟုတ်ဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။ သူ ခဏတာ တွေးတော လိုက်တယ်။ နောက် တစ်ကြိမ် ထပ်မေးတယ်။ “ တောင် ပိုင်းဒေသ နယ်မြေတွေ ရဲ့ အုပ်ချုပ်သူ တွေကို ဒီမှာ ဘယလို ခေါ်တယ်။”
“ နယ်မြေမှူးလို့ ခေါ်ပါတယ်။”
“နယ်မြေမှူး။” ဖန်ကျန်းရှီ ခေါင်းငြိမ်တ့ယ်။ သူ့ အရင်လောက အခေါ်အဝေါ် နဲ့ အတော်လေး တူတာပဲ။
“ ဘာလို့များ ကိုယ်ရံတော် ဖန်က ဒါမျိုး မေးတာလဲ။”
“ မင်း အာရုံ စိုက်ဖို့ မလိုပါဘူး။ ဒီ မီးပုံပွဲ ပြီး ရင်။ မိုးကြိုး အလင်းတန်း နယ်မြေမှူးကို ငါ့ တဲဆီ ခေါ်လာခဲ့။ သူ့ အတွက် ငါ့မှာ ကိစ္စရှိတယ်။” ဖန်ကျန်းရှီ ပြောတယ်။ ပြောပြီးပြီးချင်း ဝိုင်ပုလွင်းကို မော့ချတယ်။ အဲ့ဒီ့နောက် ကိုယ်ခန္ဒာ အနေ အထားကို ပြောင်းတယ်။ အကတွေကို ပြန်ကြည့်တယ်။
“ ကောင်းပြီလေ။” တန်ရှီရှန်း ခေါင်းငြိမ့်တယ်။ ဒါပေမယ့် သူလည်း စိတ်ရှုပ်နေပုံပဲ။”
ဘာကြောင့်လဲ ဆိုတော့။ ကြီးမြတ်သော ရှ မင်းဆက် နဲ့ တောင်ပိုင်းဒေသ ကြားက သဘောတူညီချက်ကို သူသိတယ်။ တိုက်ခိုက်ရေး စာမေးပွဲ ရဲ့ ပြိုင်ပွဲဝင်တွေက နယ်မြေမှူးနဲ့ ဘာများ ဆွေးနွေးစရာ ရှိမှာလဲ။ ဖန်ကျန်းရှီက မိုးကြိုး အလင်းတန်း ဒေသမှာ အချိန် အကြာကြီး နေ မလို့လား။
…
ညနက်နက်။ စစ်တပ်တဲထဲမှာ။ မှိန်ဖျော့ဖျော့ အလင်းတန်း နှစ်ခု တောက်ပနေတယ်။ လေ အဝေ့မှာ ယိမ်းယိုင်နေတယ်။ လူနှစ်ဦး ရဲ့ အရိပ်က တဲ မြေပြင်ပေါ်မှာ ထင်ဟပ်နေတယ်။ ကျားသစ်ကွက် ဝတ်ရုံနဲက ဖန်ကျန်းရှီ။ ခုံပေါ်မှာ ထိုင်နေတယ်။ မိုးကြိုး အလ င်း တန်း ဒေသ နယ်မြေမှူးကို သူ ကြည့် တယ်။ သူ့ပုခုံးပေါ်မှာ သားရေစလေး တစ်ခု ရှိတယ်။ ကြိမ်ထည် ဝတ်ရုံနဲ့ ပေါင်းစပ်ပြီးချုပ်ထားတယ်။ သူ့ ခေါင်းပေါ်မှာလည်း ငှက်မွှေးတွေ ထောင်ထွက်နေတဲ့ ဦးထုပ်ကြီး တစ်ခု ရှိနေတယ်။ မည်းနက်နက် အသားအရေက ဖယောင်တိုင်မီးယောင်ကြောင့် တောက်ပနေတယ်။ (မည်းနက်တောက်ပြောင်သော အသားအရေ)
“ သခင်လေး ဖန်ဘာအကူအညီများ လိုအပ်ပါသလဲ။ ကျွန်တော့်ကို ဒီလို ညကြီးမိုးချုပ်ခေါ်တာ။” နယ်မြေမှူးက နားမလည် နိုင်ဟန်ပဲ။ သူ့ ပုံစံကတော့ အတော့်ကို ရင်းနှီးဖော်ရွေ နေတယ်။
“ ဟုတ်လည်း ဟုတ်တယ်။ မဟုတ်လည်း မဟုတ်ဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။ ပြီါ်တော့ ခေါင်းပြန်ငြိမ့်တယ်။ နယ်မြေမှူးက ဖန်ကျန်းရှီ ရဲ့ အဖြေကို ကြားတော့ မတွေးတတ်တော့။
“ ေ ကာင်းပြီလေ။ အခု ချိန်က စပြီးတော့။ မင်း ငါ့ အမိန့်ကို နာခံ ရမယ်။” ဖန်ကျန်းရှီ နယ်မြေမှူးရဲ့ အကြည့်ကို လျစ်လျူရှုထားတယ်။ ကွဲပြားတဲ့ အသံ နဲ့ပြောတယ်။
“ မင်း ရဲ့ အမိန့်ကို နာခံရမယ်။ တစ်ခုခု အထင်လွဲနေတာပဲ ဖြစ်ရမယ်။” နယ်မြေမှူးက ဖန်ကျန်းရှီကို ဒွိဟဖြစ်တဲ့ အကြည့်နဲ့ ကြည့်တယ်။ ဒီ စကား နောက်ကွယ်က အကြောင်းရင်းကို သူနားမလည် နိုင်ဘူး။
“ ငါ့ ပုံစံက အထင်လွဲနေတာ နဲ့ တူလား။” ဖန်ကျန်းရှီ ပြန်ပြောတယ်။
“ ဟ ..ဟားးး ။ တော်သင့်ပြီ၊ ငါက နယ်မြေ လေး တစ်ခုရဲ့ နယ်မြေမှူး တစ်ယောက်ပါပဲ။ တောင်ပိုင်း ဒေသ ဘုရင် အမိန့်ကိုပဲ နာခံတယ်။ နောက်ပြီးတော့ မိုးကြိုးခြသေ်ၤ့ နယ်မြေ ခေါင်းဆော်င အမိန်ကိုပဲ နာခံတယ်။ ကြီးမြတ်သော ရှမင်းဆက်က တိုက်ခိုက်ရေး စာမေးပွဲ ဖြေဆိုသူ တစ်ယောက် အနေနဲ့။ မင်းမှာ ငါ့ကို အမိန့်ပေးနိုင်တဲ့ အာဏာ မရှိဘူး။ ” နယ်မြေမှူး ဒါကိုကြားတော့ ။ အေးစက်စက် ပြုံးလိုက်တယ်။
“ ဟန်ဆောင်နေတာ ရပ်လိုက်တော့။ ငါက ရှန်းယွီမင်းသမီး ရဲ့ ကိုယ်ပိုင် သက်တော် စောင့်ပဲ။ ငါဒီကို ရောက်နေတာ ရှန်းယွီမင်းသမီး ကို ပို့ပေးဖို့ပဲ။ ငါ့ အမိန့်ကို လိုက်နာရမယ်။”
“ ရှန်းယွီမင်းသမီး ရဲ့ အမိန့်ကို ပို့ပေးရမယ်။ သခင်လေး ဖန်။ မင်း နောက်တာ လွန်လွန်းနေပြီ။”
“ မင်း က စစ်တပ် အမိန့်ကို ဆန့်ကျင် ချင်နေတာလား။”
“သခင်လေး ဖန်။ ဘာတွေ ပြောနေတာလဲ။ တကယ့်ကို နားမလည် ဘူး။”
“ အစီအစဉ်က ပြောင်းသွားပြီ။ မင်းသမီးက ငါ့ကို ငွေဂျိုဝံပုလွေ စစ်သည် ငါးရာနဲ့ ကြီးမြတ်သော ရှ မင်းဆက် တိုက်ခိုက်ရေးစာမေးပွဲ ဖြေဖို့ လွှတ်လိုက်တယ်။ မင်းတို့က ငါ့ကို ဘေးကနေ ပံ့ပိုးပေးရမယ်။ နားလည်ပြီလား။ မေးစရာ ရှိသေးလား။”
“ အကယ်၍ မင်းသမီးသာ အထောက်အပံ့လိုချင်ရင်။ သူကိုယ်တိုင်ပြောမှာပေါ့။ ဘာလို့ စစ်တပ် အမိန့်နဲ့ ခြောက်လှန့်နေမှာလဲ။ ငါက စစ်သည် မဟုတ်ဘူး။” နယ်မြေမှူးရဲ့ အသံ က ကျယ်လောင်လာတယ်။
“ အတင့်ရဲ လိုက်တာ။ နယ်မြေကြီး လေးခုထဲမှာ။ စစ်သည် မဟုတ်တာ ဘယ်သူရှိလဲ။ ငါ့ တာဝန်ကို ငါ ပြောပြီးပြီ။ စစ်တပ် အမိန့်ကို ထပ်ပြီး နှောင့်နှေးအောင် လုပ်ဝံ့ရင် ။ အပြစ်ဒဏ်က ဘာဖြစ်မလဲ သိလား။ ”
“ သခင်လေး ဖန်။ ကျွန်တော့်ကို မခြောက်ပါနဲ့။ မင်း က ကြီးမြတ်သော ရှ မင်းဆက် ရဲ့ စာဖြေသူပဲ။ ဒီ လို ကိစ္စ တွေကို မင်း ပြောလို့ မရဘူး။” နယ်မြေမှူးရဲ့ ကိုယ်က တုန်ယင်နေတယ်။ အတော့်ကို ကြောက်ရွံ့ထိတ်လန့် နေတဲ့ ပုံပဲ ။ ဖန်ကျန်းရှီက နယ်မြေမှူးကို ြ့ပုံးပြုံးကြီး ကြည့်နေတယ်။ ဒီလူက သရုပ်ဆောင် ကောင်းလိုက်တာ။ ငါ သူ့ကို ဒီလောက် ခြောက်လှန့်ပြီးတာတောင် မတုန်လှုပ်သေးဘူး။ ကြည့်ရတာ ငါ့ ပုံစံ အစစ်အမှန်ကို ပြ ချိန် တန်ပြီ။
ဓားငယ်လေး တစ်ချောင်း သူ့ လက်ထဲက နေ ထွက်လာတယ်။ ခါတိုင်းဆို ဒါကို အသားလှီးဖို့ပဲ သူ သုံးတာ။ ချက်ခြင်း။ နယ်မြေမှူါ်ဆီကို ဖန်ကျန်းရှီ ုခုန်ဝင်တယ်။
“ စစ်တပ် အမိန့်ကို မနာခံသူ မှန်သမျှ သေရမယ်။”
“ နေစမ်းပါအုန်း။ ကြီးမြတ်သော ရှ မင်းဆက် ရဲ့ စာဖြေသူ။ မင်း လုပ်ရပ် ကို တာဝန် ယူဖို့ မျှော်လင့်တယ်။ မင်း အခု လုပ်နေတဲ့ လုပ်ရပ်က နှစ်နိုင်ငံ ငြိမ်းချမ်းရေးကို ထိ ခိုက်စေတယ်။ မင်း အခု ရပ်တာ ကောင်းမယ်လို့ အကြံ ပေး ပါရစေ။” ဓားကနေ အရိုးခိုက်ခိုက် တုန်အောင် ချမ်းတဲ့ အအေးဓာတ်ကို သူခံစား မိတယ်။
“ ဟုတ်လား။ ငါ မ၇ပ်ရင်ကော။”
“ မင်း ငါ့ကို သတ်နိုင်တယ်။ ဒါပေမယ့် ငါ့ နယ်မြေ ကလူတွေ။ ဒီကိစ္စကို ဘုရင်ဆီ သတင်းပို့မှာ အမှန်ပဲ။ အချိန်ရောက် လာရင်။ နှစ်နိုင်ငံကြား ချစ်ကြည်မှုက မင်းကြောင့် ပျက်စီးတော့မှာ။ မင်း ဒါကို ဘယ်လို ဖြေရှင်းမလဲ ကြည့်ရသေးတာပေါ့။”
“ အိုး….. ဒါက တကယ့် ပြဿနာပဲ။”
“ သခင်လေး ဖန်။ မင်း အခု ရပ်လိုက်ရင်။ ဒီကိစ္စ မဖြစ် ခဲ့ဘူးလို့ ထားလိုက် တော့မယ်။ ”
“ ငါလည်း ဒါမျိုး မဖြစ် စေချင်ပါဘူး။ ဒါပေမယ့် ငါ့လက်ထဲက ဒီ ဆိုင်ယန် အမိန့်ပြားလေးကတော့။ ဘာမှ မဖြစ်ခဲ့ဘူးလို့ ဟန်မဆောင်တတ်ဘူး။” ဖန်ကျန်းရှီ ဆိုင်ယန် အမိန့်ပြားကို ထုတ်ပြရင်းေ ပြာတယ်။ ဒါက ရှန်းယွီမင်းသမီး ရဲ့ အမိန့်ပြားလေ။
“ ဒါ ….. ဒါက ။။။ မဖြစ်နိုင်ပါဘူး။” နယ်မြေမှူးရဲ့ အမူအယာ ပြောင်းလဲ သွားတယ်။
“ ကျွန်တော်မျိုး စစ်သူကြီး။ ကိုယ်ရံတော်ကို နှုတ်ခွန်းဆက်ပါတယ်။ အမိန့်တော် အတိုင်း ကျွန်တော်မျိုး ဆောင်ရွက်ပါမယ်။” နယ်မြေမှူးရဲ့ အမူအယာ ချက်ခြင်း တည်ကြည်လေး နက်သွားတယ် ။ သူ့ကိုယ်က အင်အားပြင်းထန်တဲ့ စစ်သူကြီး တစ်ယောက် ရဲ့ အငွေ့အသက်တွေ ပေါ်ထွက်လာတယ်။ ဖန်ကျန်းရှီ ဒါကို မြင်ေ့တာ့။ သူ့ လက်ထဲက ဓားမြှောင်ကို ချက်ခြင်း ချ လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဆိုင်ယန် ကျောက်တုံးကို အိပ်ထဲ ပြန်ထည့်တယ်။ ငလူးပဲ။ သရုပ်ဆောင်ပြီးတော့ လှုပ်ရှားချင်တာကို။ ကျရှုံးသါားတယ်။
ကြည့်ရတာ ။ သရုပ်ဆောင်တဲ့ အချိန် ပိုကောင်းအောင် လုပ်ဖို့ လိုသေးပုံပဲ။ ဖန်ကျန်းရှီ စိတ်ပျက်သွားတယ်။ ဒါပေမယ့် ချက်ခြင်း ။ ဒါပေမယ့် သူ ချက်ခြင်း ပြန်ထိန်းတယ်။ ပြည်သူတိုင်းသည် စစ်သည်တစ်ယောက်။ ဒါက တကယ့်ကို အဓိပ္မာယ်ရှိတယ်။ ရှန်းယွီမင်းသမီး ရဲ့ စာကို ဖတ်ဖတ်ချင်း တုန်းက ဖန်ကျန်းရှီ ရဲရဲဝံ့ဝံ့ ခန့်မှန်း လိုက်တယ် ။ ဒါပေမယ့် အတည်မပြုရဲသေးဘူး။ အခုတော့ သူ စမ်းသပ်ပြီးသွားပြီ။ သူခန့်မှန်း ထားတဲံ အတိုင်း တစ်ပုံစံ တည်းပဲ။ ဒါဆို အခုအဖြစ်က တိုက်ခိုက်ရေး စာမေးပွဲ ကြီး တစ်ခုလုံး ပြဿနာကြားထဲ နစ်နေပြီလို့ ဆိုလိုတာပဲ။
သူခန့်မှန်းတာ မမှားရင် ။ ဒီ နယ်မြေလေးခုလုံးက နယ်မြေမှူးတွေ အကုန်လုံး စစ်သူကြီးတွေ နဲ့ အစားထိုး ခံလိုက်ရပြီ။ သာမာန် ပြည်သူတွေ နေရာမှာလည်း စစ်သည်တော်တွေ ရောက်နေပြီ။
အပိုင်း (၃၄၆) အပိုဒ် (၁) ပြီး၏။
အပိုင်း (၃၄၆) အပိုဒ် (၂)
“ အစီအစဉ်ကြီး”
အဓိက ဒေသကြီး လေးခု။ လူ အရေအတွက်က တစ်သိန်း နှစ်သိန်းတော့ ရှိမှာပဲ။ ဒီလူ တွေ အားလုံး ကိုတော့ စစ်သည်တွေ နဲ့ အစားထိုးပြစ်လို့ မဖြစ် နိုင်ဘူး။ စစ်သည် တစ်သိန်း နှစ်သိန်းက လည်း ဖွက်ထားလို့ ရတာ မဟုတ်။
ကြီးမြတ်သော ရှ မင်းဆက် မှာလည်း အစီအစဉ်ရှိလိမ့်မယ်။ တိုက်ခိုက်ရေး စာမေးပွဲကို အသုံး ချမယ်။ ဒေသကြီး လေးခုကို တစ်ချက်တည်းနဲ့ သိမ်းပိုက်မယ်။ အဲ့ဒီ့နောက် ဒေသကြီး လေးခုကို အခြေစိုက် ပြီး စစ်စခန်းတွေ ဖွင့်မယ်။ တောင်ပိုင်းဒေသကို သိမ်းမယ်။
သူတို့ ထိုးစစ်ဆင်ရင်။ ပြန်တိုက်ခိုက် နိုင်တယ်။ ဆုတ်ခွာရင်တော့ ခုခံစစ်ကို ပြင်ဆင် ရမယ်။
ဒါပေမယ့် တောင်ပိုင်း ဒေသမှာလည်း သူ့ အစီအစဉ်နဲ့ သူ ၇ှိပြီသား။ အဓိက ဒေသကြီးတွေမှာ လူတွေ အစားထိုးလိုက်ပြီ။ စစ်သည်တော်တွေကို ပြည်သူ အယောင်ဆောင်ပြီး ပို့လွှတ်ထားတယ်။
တိုက်ခိုက်ဖို့ သူတို့ ပြင်ဆင်ထားပြီးပြီ။ ဒါက တောင်ပိုင်းဒေသ ရဲ့ တကယ့် အစီအစဉ်ပဲ။
ရှန်းယွီ မင်းသမီးက နယ်မြေကြီး လေးခု အပြင်မှာ။ တပ်စခန်းကြီး ချထားတယ်။ ဖြစ်နိုင်ချေ နှစ်ခု ရှိတယ်။ ပထမ တစ်ခုက ကြီးမြတ်သော ရှ မင်းဆက် ရဲ့ စိတ်အာရုံကို ဆွဲဆောင်ဖို့။ ဒီ နယ်မြေ အပြင်ဘက်မှာ လှုပ်လှုပ်ရှားရှား တွေ ဖြစ်အောင် လုပ်ထားတယ်။ ဒုတိယ တစ်ခု ကတော့ မမျှော်လင့်ထားတဲ့ ခုခံ မှုကို ထုတ်ပြဖို့ပဲ။
ဒါက ဟာကွက်မရှိတဲ့ အစီအစဉ်ကြီးပဲ။
ဒါပေမယ့် သူ မသိဘူး။ ဘယ်သူက ဒီလို အစီအစဉ် ချထားတာလဲ ။
တောင်ပိုင်းဒေသ ဘုရင်လား။ ဒါမှမဟုတ်။ တန်ရှီရှန်း ပြောတဲ့ မြင့်မြတ်သူလား။ ဒါမှ မဟုတ်။
နတ်ဆိုး အရှင်သခင်။ ယွင်ချင်းဝူလား။
ဖန်ကျန်းရှီ ဘယ်လိုလုပ် သိမလဲ။ မိုးကြိုးအလင်းတန်း ဒေသ နယ်မြေမှူး ကတော့ သူ့ ရုပ်သွင် အမှန်ကို ပြ လာပြီ။ အစီအစဉ်က ပေါ်လာရုံပဲ ရှိသေးတာ။
ဒီ အစီအစဉ်ကို ချည်တုပ်ချင်ရင်။ နောက် ကိစ္စတွေလည်း လုပ်ရမယ်။
တောင်ပိုင်းဒေသ ဘုရင် ရဲ့ အမိန့်မပါဘဲ။ ဒါမှမဟုတ် အဲ့ဒီ့ မြင့်မြတ်တဲ့ အရှင် ရဲ့ ခွင့်ပြုချက် မ၇ှိပဲ ။ ဒီ တပ်တွေ လှုပ်ရှားမှာ မဟုတ်ဘူး။
အခုတော့ သူ့ရှေ့က “နယ်မြေမှူး” ကို အယုံသွင်း နိုင်ပြီ။ နောက်ထပ် “နယ်မြေမှူးတွေ” ကိုပါ စုလိုက် နိုင်ရင်။ ကိစ္စတွေက အနှေးနဲ့ အမြန်တော့ ပေါ်လာမှာပဲ။
နောက်ထပ် ဟန်ဆောင်စရာ မလိုတော့ မှန်း ဖန်ကျန်းရှီ သိတယ်။
နှစ်နိုင်ငံ လုံးက ပြည်သူတွေကို ယုံစားလို့ မရဘူး။ တောင်ပိုင်းဒေသ စစ်သည် တော်တွေ ကြားကို သူ ဝင်ပြီး စွန့်စားရင်။ သေရမှာ ပဲ။ ဖြစ်နိုင်တာက …. ဒီ အကြောင်းရင်း ကြောင့်ပဲ။ ရှန်းယွီ မင်းသမီးက သူ့ကို လျှို့ဝှက်ချက်ကြီး ပြောပြလိုက်တာ။
သူ့ မျက်စိရှေ့ က မီးတောက်ကို ကြည့်ရင်း မျက်မှောင်ကြုတ်တယ်။ မီးတောက်ထဲမှာ မျက်နှာ တစ်ခုကို သူမြင်နေရတယ်။ နူးညံ့တဲ့ မျက်နှာ။ ဒါပေမယ့် ဒီ မျက်နှာက သူ့ကို လှောင်ရယ်နေပုံပဲ။
“ ဖန်ကျန်းရှီ။ မင်းကို ငါ့ အစီအစဉ် ပြောပြီးပြီ။ ” မင်း ငါ့ကို ဘာလုပ် မလဲ။
ဒီ အချိန်မှာတော့ ဖန်ကျန်းရှီ တကယ့်ကို ဘာမှ မလုပ်နိင်ပါဘူး။ မင်းသမီး ရှန်းယွဲ့ သော်လည်းကောင်း။ ဒီ တောင်ပိုင်းဒေသ စစ်သည်တော်တွေ ကိုသော်လည်းကောင်း။
အစီအစဉ်ကို သူ အတည်ပြုပြီးပြီ။ သူ့မှာ စိတ်ကူးရှိတယ်။ ဒေသ လေးခုကို ခွာမယ်။ တန်ရှီ၇ှန်း ကို ဖမ်းခေါ်မယ်။ တောင်ပိုင်း ဒေသ နဲ့ ခပ်ဝေးဝေးကို ပို့ခိုင်းမယ်။
ဒါပေမယ့်။…… ဒီလို ဖြစ်လာရင် ။ ရန်ရွှယ့်ကို ဘယ်လို လုပ်မလဲ။
လက်စားချေဖို့ စောင့်နေတဲ့ စစ်သား သိန်းချီ က တောင်ပိုင်းဒေသမှာ ရှိနေတယ်။ ဒီလို နေရာမှာ ရန်ရွှယ့်ကို ချန်ထားခဲ့ ဖို့ မဖြစ်နိုင်ဘူး။ မသွား ခင်။ ရန်ရွှယ့် ကိုပါ ခေါ်သွားရမ်ယ။
ဖန်ကျန်းရှီ အံကြိတ်တယ်။ အစီအစဉ်ရဲ့ ပထမဆုံး ခြေလှမ်းကို စဖို့ ပြင်လိုက်ပြီ။ အဲ့ဒီ့နောက် သူ့ ရှေ့က နယ်မြေမှူးကို ပြန်ကြည့်တယ်။
“လက်ရှိ စစ်မြေပြင် အခြေ အနေ အကြောင်း ငါ့ကို ပြော။”
“တိုက်ခိုက်ရေး စာမေးပွဲ အကြောင်းကို မေးတာလား။” နယ်မြေမှူး ပြန်မေးတယ်။
“ ဟုတ်တယ်။”
“ ငါက မိုးကြိုး အလင်းတန်း ဒေသကိုပဲ စောင့်ကြပ်နေတာ။ ဒါကြောင့် တိုက်ခိုက်ရေး စာမေးပွဲ အကြောင်း သိပ် မသိဘူး။ ငါ့်ဒေသ အတွင်း ဖြစ်နေတာကိုပဲ သိတယ်။ ” နယ်မြေမှူးခေါင်းငြိမ့်ပြီး ပြောတယ်။
“ ကောင်းပြီလေ။ မင်းသိသမျှ အကုန် ပြောပြတော့။” ဖန်ကျန်းရှီ ခန့်မှန်းမိပါတယ်။ ဒီ နယ်မြေမှူး ဒီလောက်ထိ သတင်း အဆက်အသွယ် မကောင်း နိုင်မှန်း။
ဒါပေမယ့် ဘာမှ မသိတာ ထက်တော့ ကောင်းပါသေးတယ်။ ပိုပြီး အရေးကြီးတာက။ နယ်မြေမှူးကို တိုက်ခိုက်ရေး စာမေးပွဲ အကြောင်းမေးတာ။ ဟာကွက် ၇ှိလို့ မဖြစ်ဘူး။
“ အမိန့်တော် အတိုင်းပါ။” နယ်မြေမှူးချက်ခြင်း ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် မိုးကြိုး အလင်းတန်း ဒေသ အတွင်းတာ ဖြစ်နေတဲ့ အခြေအနေ တွေ အကုန်လုံးကို ပြောပြတယ်။
ဖန်ကျန်းရှီ သေချာ နားထောင်တယ်။ သူ့ စိတ်ထဲမှာတော့ သူ့ စစ်တပ်ကို လှုပ်ရှားမှု လမ်းကြောင်းကို စီစဉ် နေတယ်။ ပိုပြီး နားထောင်တာ များလေ။ အခု အခြေအနေက သူတွေးထားတာ ထက် ပိုရှု့ပ်တာကို နားလည်လေပဲ။
ဓားသွားပေါ်မှာ ကနေ ရသလို။ မီးနဲ့ ကစားနေရ သလိုပဲ။
သေချင်လိုက်တာ။။။ ကြည့်ရတာ အတော် အန္တရာယ် များတာပဲ။
ဖန်ကျန်းရှီ မျက်မှောင်ကြုတ်မိပြန်တယ်။ အဲ့ဒီ့နောက် သူ့ ရှေ့က နယ်မြေမှူးကို တစ်ချက်ပြန်ကြည့်တယ်။ ဖယောင်း တိုင်မီး အောက်မှာ မှိန်ဖျော့ဖျော့ တောက်နေတဲ့။ သပိတ်ရောင် အသားအရေကို ကြည့်တယ်။
နောက်ဆုံးတော့ အကြံ ရပြီလေ။
အပိုင်း (၃၄၆) ပြီး၏ ။.
အပိုင်း ( ၃၄၇)
“ ရတနာကို ရှာဖွေမယ်။ ပြန်လည် တိုက်ခိုက်မယ်။”
…
တနေ့မှာ ….. ။ အတော့်ကို အရေးကြီးတဲ့ တိုက်ခိုက်ရေး ပြိုင်ပွဲ တစ်ခု ကို မင်း ယှဉ်ပြိုင်ရမယ်။ မင်း ရဲ့ ဘေး ပတ်လည်က ပြိုင်ဘက် တွေက မင်းထက် စွမ်းအား နည်းကောင်း နည်းမယ်။ များကောင်း များနိုင်တယ်။ ရုတ်တရက် မင်း ကျင့်ကြံဆင့် တိုးသွားတာကို သတိထားမိလိုက်မယ်။ မင်း ရဲ့ စိတ်ထဲမှာ အတွေး ပေါင်းစုံ စီးမျော နေတယ်။ မင်း ရဲ့ အင်အားက ပြိုင်ဘက် ထက်ကို သိသိသာသာကြီး သာလွန်နေပြီ။ မင်း အရမ်းပျော်မိမှာလား။
ချန်းဖေးယွီ တွေးရင်း တွေးရင်း ပျော်ရွှင်နေတယ်။ အတွေးလွန်နေတာက နေ ရုန်းမထွက် နိုင်သေးဘူး။ အတွေးအခေါ် စာမေးပွဲမှာ သူ့ အခြေအ နေက မဆိုးဘူး။
နိုးထား နဂါး အဆင့် မှာ ၁၂။ ညီလာခံ အတွေးအခေါ် စာမေးပွဲမှာ အဆင့်ငါး ။ ဝူဖုန်း နောက်မှာ သူ ရှိတယ်။ ဒါက မမျှော်လင့်ထားမိတဲ့ အကြောင်းရင်းပဲ။ ဒါပေမယ့် အခုချိန်မှာတော့ အသုံးမဝင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဘယ်သူကမှ သူ့ အဆင့်ကို ဂရု မစိုက်တာ ကြောင့်ပဲ။ သူ့ အထက်မှာ နန်ကုန်းဟောင် ရှိတယ်။ ဖန်ကျးန်ရှီ ရှိတယ်။ ရန်ရွှယ် နဲ့ ဝူဖုန်းလည်း ရှိသေးတယ်။ ဒီ လူတွေ အားလုံး မှာ ချန်ပီယံ ဖြစ်ဖို့ ထင်ကြေးတွေ ရှိတယ်။ ချန်ပီယံ ရဲ့ အောက်မှာ ဘာရှိလို့လဲ။ အာရုံမစိုက်ခံ ၇တဲ့ အဆင့်တွေ ရှိတယ်လေ။ သူ ဘယ်လောက်ပဲ ထူးချွန် ထူးချွန်။ တခြားသူတွေ ရဲ့ စိတ်အာရုံကို မဆွဲဆောင် နိုငဘူး။
ချန်းဖေးယွီ ရဲ့ နောက်ခံ အထောက်အပံ့ က နိမ့်နိမ့်ကျကျ မဟုတ်။ ကျောင်းတော်ဆယ့်သုံးခု ထဲက တစ်ခု ရဲ့ ဆက်ခံသူ။ သူ့ အစ်မကြီး က တော်ဝင်မိဖုရား ဟွားဖေး ပဲ။ ပင်းယန် မင်းသမီး ကတောင် သူ့ကို ဦးလေးလို့ ခေါ်ရတယ်။ ချန်းဖေးယွီ က သူ့ ဘ၀ တစ်လျှောက် လုံး ထူးချွန်ထက်မြက် ခဲ့တယ်။ သိသာထင်ရှားတဲ့ အဖြစ် အပျက် တွေ အများကြီး ရှိတယ်။ ဥပမာ အားဖြင့်။ သူ့ အသက် ၇ နှစ်တည်းက ကဗျာတွေ စပ် ဆို ခဲ့တယ်။ လက်ရေးလှ စာလုံး တွေကိုလည်း အသက် ၉ နှစ်မှာ ကျွမ်းကျင် ခဲ့တယ်။ ဒါတွေကလည်း အသုံး မဝင်ပြန်ဘူး။
ဘာကြောင့်လဲ ဆိုတော့။ သူ့ ရဲ့ အစ်မကြီး။ တော်ဝင်မိဖုရား ဟွားဖေးက ။ အသက် ခြောက် နှစ်မှာ ကဗျာတွေကို စပ်ဆို ခဲ့တယ်။ အသက် ၈ နှစ် အရွယ်မှာ နိုင်ငံ့ ထိပ်တန်း လက်ရေးလှ ပညာရှင်ဖြစ်ခဲ့တယ် ။ ချန်းဖေးယွီ အသက် ၇ နှစ်မှာ သူ ရေးထားတဲ့ ကဗျာလေး သူ့ အဖေကို သွားပြခဲ့တယ်။ ချီးမွမ်းတာလေး ခံချင်ခဲ့တယ်။ ဒါပေမယ့် သူ့ အဖေက တစ်ချက်တည်းပဲ ကြည့်တယ်။ ပြီးတော့ သက်ပြင်းချတယ်။
“ သွားတော့။”
အဲ့ဒီ့နောက်။ ချန်းဖေးယွီ ရဲ့ ဘ၀ တစ်လျှောက်လုံး အရိပ်ဆိုးက လိုက်ခဲ့တယ်။ ကျိန်စာလိုပဲ။ နိုးထနဂါး အဆင့် ၁၂က အထင်ကြီးစရာ ကောင်းတယ်။ ဒါပေမယ့် လူ တွေက ထိပ်တန်း ဆယ်ယောက်ကိုပဲ အာရုံ စိုက်ကြတာ။ နံပါတ် ၁၁ အကြောင်းကို သူ တို့ ပြောကောင်း ပြောနိုင်မယ်။ ဒါပေမယ့် နံပါတ် ၁၂ အကြောင်းကိုတော့ ဘယ်သူကများ အာရုံ စိုက်လို့လဲ။ မဆိုးပါဘူး။ အတော်အသင့်ပါပဲ။ ဒါက ချန်းဖေးယွီ ဘ၀ တစ်လျှောက်လုံးမှာ ကြားခဲ့ရတဲ့ စကားတွေ ဖြစ်တယ်။
သိပ်မကြာခင်တုန်းက အရှေ့ပိုင်း ကွင်းပြင် မြင်း ပြိုင်ပွဲမှာ ဒီလို အဖြစ် ထပ်ဖြစ်တယ်။ ချန်းဖေးယွီ ရဲ့ မြင်းစီးစွမ်း ရည်က အတာ့်ကို ကောင်းလွန်းတယ်။ ဒါပေမယ့် ပြိုင်ပွဲ အစ တည်းက သူ့ကို ဘယ်သူမှ အာရုံ မစိုက်ဘူး။ သူ့ ရှေ့မှာ နိုးထ နဂါး အဆင့် ၆ နဲ့ ၇ ရှန်းထျန်းရင် နဲ့ တန်ကျုံးမင် ရှိနေတယ်။ နောက်ပြီးတော့ မင်းသားကိုး လင်းယွမ် နဲ့ မင်းသမီး ပင်းယန် ။ သူ့လို ထိပ်တန်း သုံးယောက် မဝင် နိုင်တဲ့ သူကို ဘယ်သူကမှ အာရုံမစိုက် ကြဘူး။ ဝမ်းနည်းစရာပဲ။ ပိုပြီး ဝမ်းနည်းစရာ ကောင်းတာက။ ရွံ့ မြင်းကျားကို စီးထားတဲ့ ဖန်ကျန်းရှီတောင် သူ့ထက် အာရုံ စိုက်ခံရတယ်။ ကံမကောင်းတဲ့ ဘ၀ ကံပဲ။
ညီလာခံ စာမေးပွဲ အဆင့် ငါး ကို ရော ဘယ်သူ ကများ အာရုံ စိုက်ကြလို့လဲ။ မြင်းပြိုင်ပွဲက အဆင့် လေးကိုကော ဘယ်သူ အာရုံစိုက်လဲ။ သူတို့ တောင်ပိုင်း ဒေသ ကို ဝင်လာတည်း က ။ နန်ကုန်းဟောင် နဲ့ ဝူဖုန်းကို ပဲ လူတိုင်းက အာရုံ စိုက်နေကြတယ်။ မင်းသားကိုး လင်းယွမ်စီကို မေးမြန်း စုံစမ်း တာတောင်။ သတင်းက နည်းနည်းပဲ ရတယ်။ ဝူဖုန်း ဘာတွေ လုပ်နေလဲ။ နန်ကုန်းဟောင် ဘာတွေ လုပ်နေလဲ။ ရန်ရွှယ် ဘာတွေ လုပ်နေလဲ။ ဒါပေမယ့် မိုးကြိုး ခြင်္သေ့ ဒေသက ချန်းဖေးယွီ အကြောင်းတော့ တစ်ခွန်းမှတောင် မပါဘူး။ ဘာလို့ သူ့ကို အရေး မစိုက်ကြတာလဲ။ နယ်မြေဒေသ ကြီး တစ်ခုလုံး ကိုတောင် သူ သိမ်းယူထားခဲ့ပြီလေ။ ဘာလို့ များ သူတို့ က သတင်း မပို့တာလဲ။ ချန်းဖေးယွီ ခံစား နေရတယ် ။
ကျောင်းတော် ဆယ့်သုံးခု က နေ ဆင်းသက်လာတယ်။ ဒါက ကော မမြင့်မြတ်ဘူးလား။ နိုးထနဂါး အဆင့် ၁၂ ။ ဒါကကော အထင်ကြီးစရာ မကောင်းဘူးလား။ ချန်းဖေးယွီ ရဲ့ဘ၀ ကြီးက တွင်း နက်ကြီး တစ်ခု ထဲမှာ နစ်မြှုပ်နေသလိုပဲ။ တွင်းနက်ထဲမှာပဲ တည်ရှိနေတယ်။ တောက်ပဖို့ အချိန် မရ နိုင်ဘူး။ ဇာတ်လိုက် မဖြစ်ရုံတင် မကဘူး။ ဇာတ်ရံ တောင် မဖြစ်ရ ရှာဘူး။ သူ့ကို ရည်ညွှန်းဖော်ပြချင်ရင်တောင်။ မထင်မရှား နာမည် တစ်ခုပဲ ဖြစ်လာမှာ။ လူတွေ မေးလာခဲ့ရင် …… ??? ချန်းဖေးယွီကို မေးမယ့် သူ ကော ရှိမှာလား။ ။ ကောင်းပြီလေ။ ချန်းဖေးယွီ ရဲ့ ဘ၀ တစ်ခုလုံး မှာ စကားလုံးကြီး တစ်ခု က လွှမ်းမိုးထားတယ် ။ “စိတ်ဆင်းရဲ” ။ ဘာပဲ ဖြစ်ဖြစ်။ အဆင် ပြေပါတယ်။
ချန်ဖေးယွီက ကောင်းကင်ရောင်ပြန် အထွဋ် အထိပ် အဆင့်ကနေ။ သဘာဝလွန် အဆင့်ကို တိုးတက်သွားပြီ။ သူ့ ကံကြမ္မာလမ်းကို တိုက်ခိုက်ရတော့မယ်။ ဒါက ချန်ဖေးယွီ ကို တက်ကြွ စေတယ်။ စိတ်နဲ့ ကိုယ် မကပ်တော့ဘူး။ အတွေးလွန်ပြီး ပျော်နေတယ်။ သူ့ ရဲ့ သဘာဝလွန် ကနဦး အဆင့် နဲ့ ဆိုရင် နိုးထ နဂါး အဆင့် တစ်ဆယ်ထဲ ဝင်နိုင်မှာ သေချာတယ်။ ချီကူယန်နဲ့ နန်ကုန်းဟောင်ကို စိန်ခေါ်ဖို့တော့ သူ မတွေးရဲဘူး။ ဒါပေမယ့် ဝူဖုန်းကို အနိုင်တိုက်မယ်။ ဖန်ကျန်းရှီကို ဖိနှိပ် ပြစ်မယ်။ မောက်မာနေတဲ့ ရန်ရွယ်ကို အပြတ်ဖြတ်မယ်။ ဒါတွေကတော့ ဖြစ်နိုင်တယ်။
စစ်တပ်ကြိးကို ဦးဆောင်နေရတာ လွယ်ကူ မနေဘူး။ မကျေနပ်ချက်တွေကို ဖိနှိပ်ထားရတယ်။ ပုခုံးပေါ်မှာ ဝန်ထုပ်ဝန်ပိုး ကြီး ပိနေတယ်။ တိုက်ခိုက်ရေး စာမေးပွဲမှာ ထိပ်တန်း ရောက်အောင် လည်း လုပ်ရအုန်းမယ်။ ဒါကတော့ လက်ရှိ ချန်းဖေးယွီ တွေးနေမိတာပဲ။
မိုးကြိုးခြင်္သေ့ ဒေသကို သူ သိမ်းပြီးပြီ။ သူ့လက်ထဲမှာ စစ်သည် တစ်သောင်းး နှစ်ထောင် ရှိနေပြီ။ ဝူဖုန်း ရဲ့ လူ နှစ်သောင်းပါတဲ့ စစ်တပ်ကြီးက သူ နဲ့ သိပ်မဝေးဘူး။ ဒါပေမယ့် သူ မကြောက်။ ဝူဖုန်းလှုပ်ရှားရဲရင်။ သူလည်း တိုက်ခိုက်ရဲတယ်။ ဒီလိုနဲ့။ ဝူဖုန်း ရောက်လာရင်။ သူ့ ရဲ့ စစ်တပ် အင်အား ကလည်း အများကြီး တိုးတက်သွားလိမ့်မယ်။ ယန်ယ နဲ့ စီကျွမ်း ဒေသ တွေကို တစ်ချက်တည်း နဲ့ မျိုချမယ်။ မိုးကြိုး ခြင်္သေ့ဒေသကို အခြေစိုက်မယ်။ ချန်းဖေးယွီ ရယ်မောတယ်။
ဟန်ဆောင်တယ်။ မင်းဘယ်လောက်တောင် ဟန်ဆောင် နိုင်အုန်းမလဲ။ သူ့သာ သဘာဝလွန် အဆင့်ကို ရောက်သွားပြီ ဆိုတာ ဝူဖုန်း သိရင်။ ဘယ်လောက်တောင် အံ့သြ စိတ်ပျက်သွားမလဲ မြင်ချင်လိုက်တာ။
“ မဖြစ်နိုင်ဘူး။ အကို ဖေးယွီ ။ ဘယ်လိုများ သဘာဝလွန် အဆင့်ကို ရောက်သွားတာလဲ။ မ… မယုံနိုင်စရာပဲ။ ”
“ ဟ ဟား ဟား။ လူတစ်ယောက် ရဲ့ ဘဝက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပြောင်းလဲ တတ်တယ်။ ဥပမာ ဆိုရင် ငါ့လိုပေါ့။ အခုတော့ ငါ့ အချိန် ရောက်လာပြီ။”
ချန်းဖေးယွီ ဒီ အချိန် ရောက်လာမှာကို တွေးတောတယ်။ တွေးလျက်နဲ့ ပျော်သည် ပျော်သည်။ ဒီလောက က လူတွေကို အမှတ်ရစေချင်တယ်။ နန်ကုန်းဟောင်။ ဖန်ကျန်းရှီ။ ဝူဖုန်း နဲ့ ရန်ရွှယ် တင် မကဘူး။ ဒီလောကမှာ သူ ချန်ဖေးယွီလည်း ရှိသေးတယ်။ လာစမ်းပါ။ လာလိုက်စမ်းပါ။ နောက်ပြန်ဆုတ်အောင် ငါ လုပ်ပြစ်မယ်။
ကျောင်းတော် ဆယ့်သုံးခု။ ဘာလို့ ကျောင်းတော် ဆယ့်သုံး ခုလို့ ခေါ်တာလဲ။ ဘာကြောင့်မှာ ဒီ ကျောင်းတော်တွေက ပူးပေါင်း နေတာလဲ။ အကြောင်းရင်း ကတော့။ ကြီးမြတ်သော ရှ မင်းဆက် တည်ထောင်ချိန်တည်းက အခြေခံ အုတ်မြစ် တွေ ဖြစ် နေ လို့ပဲ။ ကျောင်းတော်ဆယ့်သုံးခုက စစ်မြေပြင်မှာ ဖြစ်ပေါ်တယ်။ နီးကပ်တဲ့ နယ်မြေတွေ ရင်းရင်းနှီးနှီး စုစည်းတယ်။ ယုံကြည်ချက် တစ်ခုတည်းကို ဦးတည်ထားတယ်။ ကြီးမြတ်သော ရှ မင်းဆက် တည်ထောင်တည်း က ပြောခဲ့တဲ့ စကား တစ်ခွန်းရှိတယ်။
“ကျောင်းတော် ဆယ့်သုံးခု။ တစ်စုတစ်စည်း တည်း ကျန်ရစ်နေသရွေ့ ။ ကြီးမြတ်သော ရှ မင်းဆက် ဘယ်တော့မှ မပျောက်ကွယ်ဘူး။”
အကယ်၍ ကြီးမြတ်သော ရှ မင်းဆက်သာ သစ်ပင်ကြီး တစ်ပင်ဖြစ်ခဲ့ရင်။ ကျောင်းတော်ဆယ့်သုံးခုက ရေသောက်မြစ်တွေပဲ။ အပင်ကြီး အသက်ရှင်ဖို့ မြေကြီးထဲကို တိုးဝင်ရင်း ရေဓာတ်ကို ဖြည့်ဆည်းပေးတယ်။ ကျောင်းတော် ဆယ့်သုံးခု ရဲ့ တိုက်ရိုက် ဆက်ခံသူ တစ်ယောက် လေ ချန်းဖေးယွီက။ စစ်တပ် နည်းဗျူဟာ တွေကို သူ မသိပဲ ရှိမလား။ ဟာသပဲ။
စစ်တပ်ကို ဦးစီးရတာ။ နေရာချရတာ လွယ်ကူ လွန်းတယ်။ ဒါတွေက စစ်မှုရေးရာ စာအုပ်တွေ အများကြီး ဖတ်ထားတဲ့ ရလဒ်ပဲ။ နောက်ပြီးတော့ တိုက်ပွဲ စစ်မြေပြင် မှာ ကိုယ်တိုင် ရခဲ့တဲ့ အတွေ့အကြုံတွေလည်း ပါတာပေါ့။ ကြံ့ကြံ့ခံမယ်။ အင်အားကြီး တပ်ဖွဲ့ နှစ်ခု ယှဉ်ပြိုင်ရင် ကြံ့ခိုင်မှုက အရေးပါတယ်။ တခြားသူ ရဲ့ ကြံခိုင်မှုကို ဖိ နှိပ် နိုင်မှ အနိုင်ရမယ် ။
ဝူဖုန်း ရဲ့ တပ်ဖွဲ့ ကြီးနဲက လမ်း မှာ ဆုံခဲ့ရင်။ ချန်းဖေးယွီ ရှောင်သွားမှာ မဟုတ်ဘူး။ ဝူဖုန်း ကို ဘယ်လို အသာစီ းတိုက် ရမလဲ ပဲ တွေးထားမှာ။
“ စစ်သည် နှစ်သောင်းကို နှစ်ဖွဲ့ခွဲတယ်။ ဒါက ကိုယ်ေ့သေတွင်း ကိုယ်တူးတာပဲ။” ချန်းဖေးယွီ ခေါင်းမော့တယ်။ အေးစက်စက် ပြုံးတယ်။ ဝူဖုန်း ရဲ့ အစီအစဉ်ကို သူ ခန့်မှန်းပြီးသွားပြီ။
အဓိက ဒေသ ကြီး နှစ်ခုမှာ စစ်သည် နှစ်ထောင်စီ ထားမယ်။ ပြီးရင် ခြောက်ထောင်စီ ခွဲပြီး တိုက်မယ်။ ဝူဖုန်းက ယန်ယ ဒေသမှာ နေ နေတာ။ သစ်တောတွေ ကလည်း ထူထပ်တယ်။ စစ်တပ် အင်အားကို တွက်ကြည့်ရင်။ ယန်ယ ဒေသ မှာ အနည်းဆုံး စစ်သည် တစ်သောင်းတော့ ရှိမှာပဲ။ စီကျွမ်းဒေသ မှာက အများဆုံး ခြောက်ထောင်ရှိမယ်။ ငါ့ကို ပူးပေါင်း စေချင်တာ လွယ်မယ် ထင်လား။
“ စစ်သူကြီး အမိန့်ကို နာခံ။”
“ အမိန့် အတိုင်းပါ။ ”
“စစ်သူကြီးလီ အမိန့်ကို နာခံ။”
“ မင်းက စစ်သည် နှစ်ထောင် ကို ကိုယ်တိုင် ဦးဆောင်။ မိုးကြိုး ငှက် ဒေသပတ်လည်မှာ စခန်းချ။ ပြီးရင်။ ကောင်းကင်မိုးကြိုး ဒေသမှာ ခုခံဖို့ ပြင်ဆင်။ ချန် ၇ှင်းဒေသ ။ ဒီနေရာ။ ဒီနေရာ နဲ့ ဒီ နေရာေ တွမှာ။ တဲတွေကို နေရာတိုင်း ချ ထား။ ဆယ်မိုင်အတွင်း။ ခုခံဖို့ပဲ။ မတိုက်ခိုက် နဲ့။ ဝူဖုန်း ရဲ့ အင်အားကို ငါးရက် အတွင်းလျော့်သွားအောင် ငါ လုပ်ချင်တယ်။” ချန်ဖေးယွီ စကားပြော လို့ ပြီးပြီ။ အမိန့်ပေး တံဆိပ်ပြားကို စစ်သည် တစ်ယောက် လက်ထဲ ထည့်လိုက်တယ်။ တကယ့် တိုက်ပွဲမှာ။ ပြိုင်ပွဲဝင် ကျောင်းတော်သား တွေကို သုံးလို့ မဖြစ်ဘူး။ ဒီလူတွေက အဆင့်ကောင်းဖို့ပဲ လုပ်မှာ။ ချန်းဖေးယွီ နားလည်တယ်။ ကျောင်းတော် ကြီး ဆယ့်သုံးခု ကနေ ဆင်းသက်လာပြီးတော့ မှ။ စစ်တိုက်တတ် တဲ့ သူ နဲ့ စစ် မတိုက်တတ် တဲ့ သူကို ခွဲခြား မသိရင်။ သိက္ခာကျလေ ရော့မယ်။
“ အမိန့်အတိုင်းပါ။” စစ်သည် အမိန့်ပြားကို ယူတယ်။ အပြင်ကိုချက်ခြင်း ပြေးထွက်သွားတယ်။
“ တခြား စစ်သည်တွေ ငါ့ နောက်ကို လိုက်ခဲ့။ စစ်သည် တစ်သောင်း ကို အမိန့်ပေးမယ်။ စီကျွမ်းဒေသ က စစ်သည် ခြောက်ထော င်ကို ဝန်းရံမယ်။ သတ်မယ်။” ချန်းဖေးယွီ အမိန့်တွေကို ဆက်တိုက်ပေးတယ်။
“ သခင်လေး ချန်း က ကိုယ်တိုင် ဦးဆောင် မလို့လား။ ဒါက ….”
“ ငါ့ကို စစ်သူကြီးလို့ခေါ်။”
“ အမိန့် အတိုင်းပါ။ စစ်သူကြီး ချန်း။ ကျွန်တော်တို့ အ ားလုံး တိုက်ခိုက်ဖို့ ထွက်သွားရင်။ မုးိကြိုး ခြင်္သေ့ ဒေသကြီး တစ်ခုလုံးက လွတ်သွားမှာ။ စစ်သူကြီး လီက ကာကွယ်တာ အဆင်မပြေရင်ကော။ ဒီ တစ်ခေါက် စီကျွမ်း ဒေသကို သိမ်းနိုင်တော့မှာ မဟုတ်ဘူး။ ဒီ အချိန် ဝူဖုန်း ကသာ ရောက်လာရင်။ ကျွန်တော် တို့ ရဲ့ မိုးကြိုးခြင်္သေ့ ဒေသ တစ်ခုလုံး သူများ လက်ထဲ ပါသွားမှာ။ ကျွန်တော်တို့ နှစ်ဖက် ညှပ်တိုက် ခံရတော့မှာ။ ” စစ်သူကြီး တစ်ဦး ပြောတယ်။
“ အမှန်ပဲ။ စစ်သူကြီး ကျန်း ဒီ နေ့ လှုပ်ရှားတာ ရဲတင်းလွန်းနေတယ်။ ကျွန်တော်တိုဲ့ ရဲ့ မြေမျက်နှာသွင်ပြင် ပထဝီဝင်က ဒီလောက်တောင် ကောင်းတာ။ ခုခံ စစ် နဲ့ တင် လုံလောက်ပါတယ်။” နောက်ထပ် စစ်သူကြီး တစ်ဦးက အကြံ ပေးတယ်။
“ ခုခံတယ်လား။ ဟ ဟား…… ဝူဖုန်း လာတိုက်မယ်လို့ ကြားရင် ငါက စိုးရိမ်မှာလား။ ပျော်မှာလား။ ခန့်မှန်းကြည့်ကြလေ။” ချန်းဖေးယွီ ပြုံးပြရင်း ပြောတယ်။ သူ့ ဒေါသကို မဖော်ပြဘူး။ ပြုံးသာပြုံးနေတယ်။
“ ဒီ ဝူဖုန်းက နယ်မြေ နှစ်ခုကို သိမ်းထားပြီးပြီ ။ သူ့ လက်ထဲမှာ စစ်သည် နှစ်သောင်းရှိတယ်။ ကျွန်တော် ထင်တယ်။ ပိုပြီးတော့ စိုးရိမ်စရာ ကောင်းတယ်လို့။”
“ မှားတယ်။ ငါ ပျော်တယ်။”ချန်းဖေးယွီ ခေါင်းခါတယ်။
“ ပျော်တယ်။ ဘာလို့များ ပျော်ရတာလဲ။” စစ်သူကြီးတွေ စိတ်ရှုပ်ကုန်တယ်။
“မိုးနတ်မင်းက ငါ့ကို အခွင့်အရေး ပေးတာ ပျော်တယ်။ နောက်ပြီးတော့ အကောင်းဆုံး အချိန်မှာ ရတဲ့ အခွင့်အရေး။ အစတုန်းက ဝူဖုန်းကို ဘယ်လို ခုခံ ရမလဲ ငါတွေးခဲ့တယ်။ အခုတော့ ကွာခြား သွားပြီ။”
“ ကျွန်တော် နားမလည် နိုင်သေးဘူး။”
“ ဒါပေါ့။ မင်းဘယ် နားလည်မလဲ။ ခုခံရေးက အခုချိန်မှာ အကောင်းဆုံး နည်းဗျူဟာပဲ။ မင်းတို့ အားလုံး တိုက်ပွဲ အတွေ့အကြုံ များတယ်။ မြေမျက်နှာ အနေအထားကြောင့် ငါ့ တို့ ခံစစ် ကနေ တိုက်ရင် ၈၀% ရှုံးစရာ အကြောင်း မရှိဘူး။ ဒါပေမယ့် မရှုံးရုံပဲ။ တိုက်ခို်က်ရေး စာမေးပွဲမှာ ပထမ ရဖို့ မခုခံ ရုံ နဲ့ ဖြစ် နိုင်မလား။ ဘယ် ဖြစ်နိုင်မလဲ။ မေးပါရစေ။ ဘာလို့များ ငါတို့ ခုခံစစ်ကိုပဲ လုပ်သင့်လည်း။” ချန်းဖေးယွီ ပြောနေတဲ့ အချိန် သူ့ ကိုယ်ကနေ ပြင်းထန်တဲ့ အရှိန်အဝါ တွေ ထွက်လာတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုက နှလုံးသား ထဲက နေ လာတယ်။
“ နာ်းလည်ပါပြီ။”
“ ကျွန်တော်တို့ အစ က ထင်တာ။ စစ်သူကြီး ချန်းက တိုက်ခိုက်ရေး စာမေးပွဲမှာ မရှုံးပဲ ရှိုနေချင်တာလို့။ ဒါပေမယ့် စစ်သူကြီး ချန်းမှာ ဒီလို ရည်ရွယ်ချက်မျိုး ရှိနေမယ် မထင်ခဲ့ဘူး။”
“စစ်သူကြီး ကျန်းက တကယ်ပဲ ကျောင်းတော် ဆယ့်သုံးခုက ဆင်းသက်လာသူ ပီသပါတယ်။ ကျွန်တော်တို့ စစ်သူကြီး ကျန်းရဲ့ ဦးဆောင်မှုကို လိုက်နာပါမယ်။”
“တိုက်ခိုက်ရေး စာမေးပွဲမှာ ပထမ ရအောင် ယူမယ်။”
ချန်းဖေးယွီ ရဲ့ အရှိန်အဝါကြောင့် စစ်သူကြီးတွေ လန့်သွားကြတယ်။ တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်ရင်း ချီးမွမ်းစကား ဆိုကြတယ်။
…
မိုးကြိုး ခြင်္သေ့ ဒေသမှာ နယ်မြေမှူး ရှင်းပြတဲ့ ကိစ္စတွေ ဖန်ကျန်းရှီ နားထောင် နေတယ်။ မေးခွန်းတစ်ခု သူ့ စိတ်ထဲ ပေါ်လာတယ်။ ချန်းဖေးယွီ ဆိုတာ ဘယ်သူလဲ။ ဘာလို့ ဒီနာမည် တစ်ခါမှ မကြားဖူးတာလဲ။ ဟင်းးးး။။ ဒါက မေးခွန်းတစ်ခုပဲ။ ဖန်ကျန်းရှီ ကြာကြာ အာရုံ မစိုက်တော့ဘူး။ မြန်မြန် လှုပ်ရှိားတယ်။ ဘာကြောင့်လဲ ဆိုတော့။ မည်းမှောင် နေတဲ့ နယ်မြေမှူးကို ကြည့်ရင်း အကြံ ထွက်လာလို့ပဲ။ ဒီ အကြံဉာဏ် က အတော်လေး အထင်ကြီး စရာ။ အတုကို အစစ် လုပ်မယ်။
တောင်ပိုင်း ဒေသ က စစ်သည်တော်တွေကို ဒေသကြီး လေးခုမှာ ဖွက်ထားတယ်။ သူလည်း သူ့ စစ်သည်တော်တွေကို အဲ့လို ဖွက်လို့ ရတာပဲ။ အသားမည်းအောင် ဆေးဆိုးပြီး ဆီသုတ်လိုက်ရင် ရပြီမလား။
စစ်သည် နှစ်ထောင် နဲ့။ ငွေဂျို စစ်သည် ငါးရာကို ခေါ်သွားပြီ။ နေရာတကာမှာ ရန်ရွယ့်ကို ရှာဖို့ က ။ ဉာဏ်ကောင်းတဲ့ သူတွေ လုပ်တဲ့ အလုပ် မဟုတ်ဘူးလေ။ ခေါင်းမပါတဲ့ ယင်ကောင်ဖြစ်သွားမှာပေါ့။ ဖန်ကျန်းရှီ လည်း ဒါမျိုး ဘယ်လုပ် မလဲ။ အထူးသဖြင့် ။ သားရဲ ကောင်တွေ ပြည့်နေတဲ့ တောင်ပိုင်းဒေသ လို နေရာမျိုးမှာပေါ့။ ဒါကြောင့် သူ သတင်းဖြန့် ဖို့ ဆုးဖြတ် လိုက်တယ်။ ရန်ရွှယ် သူ့ ဘာသူ လာပူးပေါင်း တာကို စောင့်မယ်။ အဓိကဒေသကြီး တွေမှာ သတင်း ပြန့်ဖို့ ပို လွယ်တယ်။
“ ပြည်သူ တိုင်းသည် စစ်သည် တစ်ယောက်” တောင်ပိုင်းဒေသ ရဲ့ နည်းဗျူဟာကို သိလိုက်ရပြီ။ ဒီ နည်းကိုပဲ သူ သုံးဖို့ ပြင်တယ်။ အခု သူ့လက်ထဲမှာ ဆိုငယန် အမိန့်ပြား ရှိနေပြီပဲ။ မိုးကြိုးခြင်္သေ့ နယ်မြေကြီးကို ဝင်နိုင်ရင်။ နယ်မြေမှူးနဲ့ တွေ့နိုင်ရင်။ ရန်ရွှယ့် ကို ခြေရာ ကောက်လို့ ရမှာပဲ။ ဒါက လုံး၀ ဖြတ်လမ်း နည်းပဲ။ မိုးကြိုး ခြင်္သေ့ဒေသကို တိုက်ခိုက် မှာလား။ တွေးတောင် မတွေးဖူးဘူး။
နောက်ဆုံးတော့။ ချန်းဖေးယွီမှာ စစ်သည် တစ်သောင်း နှစ်ထောင် ရှိနေတယ်။ သူ့ လက်ထဲက ငွေဂျိုစစ်သည် ငါးရာ နဲ့ တိုက်ရင်။ အကျအဆုံး များတဲ့ တိုက်ပွဲ ဖြစ်မှာ။ နှစ်ဖက် စလုံး အထိ နာ စေတာက ရူးမိုက်တဲ့ သူတွေ လုပ်တာပဲ။
ဒါက ဖန်ကျန်းရှီ ရဲ့ ကနဦး အတွေး။ နောက်ဆ့ုံးတော့ မိုးကြိုး ခြင်္သေ့ ဒေသကို သူ ရောက်လာခဲ့တယ်။ အခြေအနေက တော့ ပြောင်းသွားပြီ။ ဒေသ တစ်ခုလုံးမှာ စစ်သည် တစ်ယောက်တောင် မရှိဘူး။
“ဟမ့်။ ဒေသ အလွတ်ကြီးကို ငါ သိမ်းမိတာလား။”
အပိုင်း (၃၄၇) ပြီး၏။
အပိုင်း (၃၄၈)
“ ထူးခြား ပြောင်မြောက်လွန်းသော အစီအစဉ်”
ဖန်ကျန်းရှီ အေးဆေး လမ်းလျှောက်တယ်။ လမ်းလျှောက်ရင်း ငွေစလေး ဘာလေးများ တွေ့မလား ရှာတယ်။ ဒါပေမယ့် ဒေသကြီး တစ်ခုလုံးက ဗလာဟင်းလင်း ဖြစ်နေတယ်။ ဒါက လွန်နေပြီမလား။ ဖန်ကျန်းရှီ သူ့ လောကကြီး တစ်ခုလုံး ????? တွေ ပြည့်နေတယ်။ မိုးကြိုး အလင်းတန်း နယ်မြေမှူးက သတင်းအမှားပေးလိုက်တာလား။ မဖြစ်နိုင်ပါဘူး။ ဒီ နယ်မြေမှူးက သူ့ နောက်ခံကို တောင် ပြောပြပြီးပဲ။ နောက်ပြီးတော့ ဆိုင်ယန် အမိန့်ပြားကို မြင်ထားပြီးပြီ။ သတင်းအမှားကို ပေးတာမျိုး မဖြစ် နိုင်ဘူး။ ဒီ ဖြစ်နိုင်ချေ သိပ်မများမှန်း သူသိတယ်။ ဒါပေမယ့် မိုးကြိုး အလင်းတန်း နယ်မြေက သူ့ ရှေ့မှာ အလွတ်ကြီး။ နောက်ပြီးတော့ ဂိတ်တံခါးမှာတောင် တစ်ယောက်မှ မရှိဘူး။ ဒဏ္ဍာရီလာ နည်းဗျူဟာမြောက် မြို့လွတ်ကြီး များလား။ အဓိပ္မာယ် မရှိလိုက်တာ။ နယ်မြေကို တိုက်ခိုက်မယ်လို့တောင် သူ မစီစဉ် ရ သေးဘူး။ ဘာလို့ မြို့လွတ် နည်းဗျူဟာကို ထုတ်သုံးပြရတာလဲ။ ဖန်ကျန်းရှှီ အတော့်ကို ပဟေဠိဖြစ်နေတယ်။ သူ့ အတွက် အကျိုး ရှိမယ့် အရာကို ရွေးချယ် တာ နောင်တရစရာ အကြောင်း မရှိဘူး။ တောင်ပိုင်း ဒေသ နယ်မြေ ခြောက်ခုထဲမှာ မိုးကြိုး ခြင်္သေ့ နယ်မြေက အကြီးဆုံးပဲ။ မိုးကြိုး အလင်းတန်း နယ်မြေလို ဒေသ သေးသေး ေ လး နဲ့ ဘယ်လို ယှဉ်လို့ ရမလဲ။
တောင်ပိုင်း ဒေသ ရဲ့ ပထဝီဝင် က အတော့်ကို ပြိုင်ဘက်ကင်းတယ်။ သစ်တော် နက်တွေ။ သစ်ပင်ကြီးတွေ။ သားရဲကောင်ကြီးတွေ အကုန်ပေါင်းလိုက်ရင် အန္တရာယ်ကြီးလိမ့်မယ်။ လူတွေ ရဲ့ လုံခြုံမှု ကလည်း ပြောမရဘူး။ လုံခြုံတဲ့ ခံစားချက် မရှိတဲ့ နယ်မြေကြီးက ဘယ်လိုလဲ။ ပြစ်မှုတွေ ကြောက်မက်ဖွယ် အဖြစ် တွေ ပြည့်နေမယ် ထင်လား ။ ဘယ်ဟုတ်မလဲ။ တောင်ပိုင်း ဒေသမှာ လုံခြုံတဲ့ နေရာတွေ ရှိနေတယ်။ ဒါက နယ်မြေကြီး ၆ ခု နဲ့ သုခမိန် တောင်တန်း မြို့တော်ပဲ။ တောင်ပိုင်း ဒေသ မျိုးဆက်မှာ အင်အားတည်ဆောက်တဲ့ နေရာ တွေ ရှိတယ်။ တောင်ပိုင်းသား တွေ က သူတို့ မျှော်လင့်ချက်ကို တစ်ဆုံးထားကြတယ်။ တောင်ပိုင်ေးဒသ ရဲ့ ဒီ နေရာကြီး ၇ ခုမှာ နေ ထိုင် လာတဲ့ လူတွေက။ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် ဆင်းသက်လာတယ်။ မိုးကြိုး အလင်းတန်း ဒေသ က သာမာန် လူရွာတွေ ဖွဲ့စည်းပုံနဲ့ မတူဘူး။
နောက်ပြီးတော့ မိုးကြိုး ခြင်္သေံ့ ဒေသ ကလည်း ။ စစ်ပွဲကြီး တစ်ခု နဲ့ တူနေပြီ။ အောက်ခြေ ထောက်တိုင် သုံးခု ပါတဲ့ မျှော်စင်ကြီးလို လှုပ်ယမ်း နေတယ်။ ငါးမီတာ မြင့်တဲ့ ကျောက်တုံး စိမ်းတွေက နယ်မြေ တစ်ခုလုံးမှာ ပြည့်နေတယ်။ နွယ်ပင် ပေါင်းစုံက ကျောက်တုံးစိမ်း တွေပေါ်ကို ကပ်တွယ် နေတယ်။ ဒီ ဒေသကြီး တစ်ခုလုံး ရဲ့ အောက်ခြေက ကျောက်တုံး တွေပဲ။ မြှားတွေ ပြစ်ဖို့ အပေါက် တစ်ချို့ တောင် ရှိသေးတယ်။ ဒီ အပေါက်တွေကို ရှင်းပြစရာ သိပ်မလိုဘူး။ မြှားပြစ်ဖို့ အတွက်ပဲ။ အဓိက အလွှာသုံးလွှာရှိတယ်။
ဖန်ကျန်းရှီက မိုးကြိုး ခြင်္သေ့ ဒေသကို ပထမဆုံး ရောက်ဖူးတာ။ သူ့ စိတ်ထဲမှာ အတွေးတစ်ခု ရှိတယ်။ ဒါပေမယ့် ဒါက သူ မြင်ဖူးတဲ့ တခြား တောင်ပေါ်ရွာတေ ွ လိုပဲ။ ကြီးမားတဲ့ ရေပုံးကြီး တစ်လုံးနဲ့ တူနေတယ်။ သူ့ လက်ထဲမှာ ငွေဂျိုဝံပုလွေ အကောင်ငါးရာ ရှိနေပြီ။ ဦးဆောင် နေရပြီ။ မြို့တော်ကို တိုက်ခိုက်မယ်။ နယ်မြေ တစ်ခု လုံးကို သိမ်းပြစ်မယ်။ ပျော်ပျော်ကြီးပေါ့။ ဖန်ကျန်းရှီ စိတ်ထဲ ရှက်လာခဲ့တယ်။ ငွေဂျိုဝံပုလွေ တွေက သစ်တောကြီးတွေထဲမှာ ပုန်းနေမယ်။ ပြီးရင်ခြုံခို တိုက်မယ်။ ဒါက ပြဿနာ မဟုတ်ဘူး။ နယ်မြေ ေ လး တစ်ခုကို သိမ်းဖို့တောင် လွတယ်။
ဒါပေမယ့် သူ့ ဝံပုလွေ တွေကို ဒီ ရေပုံးကြီးထဲ ဆင်းခိုင်းဖို့ ကတော့……။ အရှုံးက တွက်မရ အောင် ကြီးတော့မှာပဲ။ တောင်ပိုင်းဒေသ ။ မိုးကြိုး ခြင်္သေ့ဒေသကို ကြည့်ရင်း သူ တွေးမိတယ်။ သုခမိန်တောင်တန်း ဒေသ ကကော ဘယ်လို ဖြစ်မလဲ။ မိုးကြိုး ခြင်္သေ့ ဒေသက သာ ဒီလို တည်ဆောက် ထားရင်။ သုခမိန် တောင်တန်း ဒေသ က ဘယ်လို ပုံ ဖြစ်မလဲ။ တခြား ကိစ္စတွေကတော့ ရိုး၇ှှုင်းပါတယ်။
ပထမဆုံး တန်ရှီ၇ှန်း ကို သူ နဲ့ ခေါ်သွားမယ်။ မိုးကြိုး ခြင်္သေ့ဒေသကို ဝင်မယ်။ နယ်မြေမှူး ကို ရှာမယ်။ ဆိုင်ယန် တံဆိပ် ပြား ပြပြီး သတင်း နှိုက်မယ်။
“ သူ့ စစ်တပ်ကို စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ဝူဖုန်းကို ပိတ်ဆို့မယ် တဲ့လား။” နယ်မြေမှူးဆီကနေ သိရတယ်။ ဖန်ကျန်းရှီ ပြုံးလိုက်တယ်။ မဆိုးဘူး။ သုံးနေကျ တိုက်ပွဲ နည်းလမ်းပဲ။ အကယ်၍ သူသာ စစ်တပ်ကို ဦးစီးရရင်။ ဒီလို နည်းလမ်းကို ၅၀% လောက်သုံးမိမှာပဲ။ ဆိုရိုးစကားရှိတယ်။ ချမ်းသာသုခ နဲ့ ဂုဏ်ရည်ကို ရှာဖွေဖို့ အန္တရာယ် နဲ့ စွန့်စားမှုတွေ လိုအပ်တယ်။ လူတစ်ယောက် က ဘယ်လိုများ တိုက်ခိုက်ရေး စာမေးပွဲကို မစွန့်စားပဲ နိုင်နိုင်မှာလဲ။ စစ်သူကြီး ကောင်း တစ်ယောက်မှာ မာကျော ကြံ့ခိုင်တဲ့ နှလုံးသား ရှိရမယ်။
အကယ်၍ လူတစ်ယောက် တခြားသူကို တိုက်ခိုက်ဖို့ အတွက် စီစဉ်မယ်။ အရမ်းကြီး တက်တက် ကြွကြွ စီစဉ် နေမယ်။ ဒါဆိုရင် အောင်မြင် နိုင်ချေက နည်းတယ်။ စစ်သူကြီးကောင်းတစ်ယောက်က ရန်သူကို မတိုက်ခိုက်ပဲနဲ့ အနိုင် ယူ နိုင်တယ်။ ချန်းဖေးယွီက သိပ်တော့ မထက်မြက် ပေမယ့်။ စိတ်ဓာတ်ကြံ့ခိုင်မှု အင်အားကိုတော့ သုံးတတ်တဲ့ ပုံပဲ ။ မင်းက ငါ့ကို တိုက်ခိုက်ဝံ့တယ်လား။ ကိစ္စ မရှိဘူး။ ငါ က မင်းကို အရင်တိုက်မှာပေါ့ ။ ဒါက စိတ်ဓာတ်ပဲ။
ချန်းဖေးယွီက ရန်သူ နဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့ လှုံ့ဆော် ထားတယ်။ သူ့စစ်တပ်က အခုချိန်မှာ စိတ်အား အတက်ကြွဆုံး အချိန်ပဲ။ ဘာကြောင့်လဲ ဆိုတော့။ သူတို့ မကြောက် ကြဘူး။ သူ့ တို့ စိတ်တွေ တောက်လောင် နေတယ်။ ဒါပေမယ့် တိုက်ပွဲ စစ်မြေပြင်မှာ နောက်ထပ် ဆိုရိုးလည်း ရှီသေးတယ်။ ဒါကတော့။ ကိစ္စတွေက မျက်တောင်တစ်ခတ် အတွင်းပြောင်းသွားနိုင်တယ် ။ လွန်ခဲ့တဲ့ ၁၅ မိနစ်က တောင်ထိပ်မှာ ရှိနေခဲ့တဲ့ သူတွေ။ အခု ချိန်မှာတော့ တော်ငအောက် ရောက်နေတာမျိုး။ အခုချိန်မှာ အမိန့်ပေးနေ ပင်မယ့်။ ခနကြာတော့ အကျဉ်းသား အဖြစ် အဖမ်းခံရတာမျိုး။ ချန်းဖေးယွီ က အကြီးမားဆုံး ပြဿနာကြီးကို လျစ်လျူရှုထားတယ်။ ဒါကတော့ ဒေသကြီးကို အလွတ်ထားခဲ့တာပဲ။
ဒါက သူ့ ဉာဏ်စွမ်းရဲ့ အမှားပဲ။ ဒါပေါ့။ ချန်းဖေးယွီမှာ ဉာဏ်မရှိတာတော့ ဘယ် ဟုတ်မလဲ။ အမှောင်ထဲက ဖန်ကျန်းရှီထွက်လာမှာကို သူမှ မသိတာ။ စစ်သည် တစ်သောင်း နှစ်ထောင် ရဲ့ အင်အား နဲ့ ဆိုရင်။ မိုးကြိုး ခြင်္သေ့ ဒေသ တစ်ဝိုက်က စာဖြေသူတွေကို ကောင်းကောင်း ထိန်းချုပ်လို့ ရတယ်။ မိုးကြိုး အလင်းတန်း ဒေသက ချန်းဟောင် လား။ ဒီကောင် သူ့ကို တိုက်ခိုက်ဝံ့ဖို့ ရာခိုင်နှုန်းက သုညပဲ။ ချန်းဖေးယွီက ကိုယ့်ကိုယ်ကို ယုံကြည်မှု တွေ အပြည့်ရှိနေတယ်။
ဖန်ကျန်းရှီလည်း ယုံကြည်ချက် အပြည့်ရှိနေတယ် ။ ဒါကြောင့် သူ့ စစ်တပ်ကို မိုးကြိုး ခြင်္သေ့ ဒေသစီ တစ်ချက်လေး တောင် မတွေဝေပဲ ထွက်လာတာ။ ကောင်းကင်က ပေးတဲ့ အခွင့်အရေးကို
…
ဝူဖုန်းနဲ့ ချန်းဖေးယွီ ကြား တိုက်ပွဲက မမျှော်လင့် ထားရလောက် အောင် ရှုပ်ထွေးတယ်။ ချန်းဖေးယွီက တိုက်ပွဲ အစတည်းက သူ့ စစ်သည်တွေကို စိဓာတ် ခွန်အား အပြည့်ပေးထားတယ် စစ်သည် နှစ်ထောင်ကို သုံးပြီး ။ ဝူဖုန်း ရဲ့ စစ်အင်အားကြီးကို နှောင့်နေး အောင် လုပ်ထားတယ်။ အချိန်ကတော့ လေးရက်။ ချန်းဖေးယွီ အချိန် ဆွဲ နေတာ ဝူဖုန်း သိတော့။ ရူးမတတ် ဖြစ်လာတယ်။ စစ်သည် တစ်သောင်း လည်းပဲ ရူးမတတ် ဖြစ်လာတယ်။ ဝူဖုန်းကတော့ အဆိုးဆုံးပဲ။ အကြေးာင်းရင်း မရှိပဲ တိုက်ခိုက်တာမျိုးလေ။
စစ်သည် တစ်သောင်းကိုလေး ခု ခွဲတယ်။ စစ်သည် နှစ်ထောင့် ငါးရာစီ လေးဖွဲ့။ အဲ့ဒီံနောက် စစ်မြင်းတွေကို နေ့ည မပြတ် နှင်တယ်။ စစ်သူကြီးတွေ အတော့်ကို စိတ်ဆင်းရဲ ကုန်တယ်။ သနားစရာကောင်းတဲ့ သူတို့ကို အုပ်ချုပ်သူက ရူးနေတဲ့ ဝူဖုန်း ဖြစ်နေတယ်။ ဒါက ထင်ရာစိုင်းနေတာပဲ။ စစ်သည် နှစ်ထောင်က အရူးကို နှောင့်နှေးအောင် လုပ်ဖို့ ကြိုးစားတယ်။ သူ့ ရဲ့ စစ် အပ်အား နဲ့ ဝူဖုန်း စစ်တပ်ကိုဘယ်လိုမှ မ နိုင်နိုင်ဘူး။ ချန်းဖေးယွီ ရဲ့ ကိစ္စကို ပြီးမြောက် စေဖို့။ သနားစရာ ကောင်းတဲ့ စစ်သူကြီး တွေ ခမျာ အသေ အကျေ တိုက်ခိုက် နေရတယ်။ ဒါတောင် မှ တစ်ရက် ပဲ ပိုပြီး အချိန် ဆွဲ ပေးနိုင်မယ်။
စစ်သည် နှစ်ထောင်က ဖမ်းခံ လိုက်ရတယ်။ ငါးရက်တာ အချိန် မဆွဲ ပေး နိုင်ခဲံဘူး။ လူတစ်ယောက် အတွက် တစ်ချက် အချိန်က စားလိုက် အိပ်လိုက် ရေ ချိုးလိုက် နဲ့ ကုန်သွားမှာပဲ။ ဒါပေမယ့် စစ်မြေပြင်မှာတော့ အချိန်သည် အသက်ပဲ။ ချန်းဖေးယွီက ဝူဖုန်းရဲ့ စစ်တပ်ခွဲ ထင်ထားတာထက် မြန်မြန် သိမ်းနိုင်ခဲ့တယ်။ စစ်သည် ခြောက်ထောင်က သူ့လက်ထဲ ပျက်စီးရပြီ။
ပျော်ပျော်ရွှင်ရွှင်သီချင်းညည်းဖို့ ပြင်တယ်။ ရုတ်တရက် သူ့ ကျောထဲက စိမ့်ချမ်းလာတယ်။ သွေးရောင်လွှမ်းနေတဲ့ အကြည့် စစ်သည်တော်တွေ စီ က ပြစ်လွှတ်လာတယ်။
“ ဝူဖုန်းလား။” ချန်ဖေးယွီ ကျောက်စိမ်းပုလွေ တစ်ချောင်း လက်မှာ ကိုင်ရင်း စစ်တပ်ကို ဦးဆောင် လာတဲ့ ဝူဖုန်းကို ကြည့်တယ်။ သူ လန့်လွန်းလို့မြင်း ပေါ်ကတောင် ပြုတ်ကျတော့မယ်။ သူထင်ခဲ့တာ ထက် မြန်နေတယ်။ အစီ အစဉ် အတိုင်း တော့ မဖြစ်တော့ဘူး။ ဒါပေမယ့် သူ ခြုံခိုတိုက်တာ အောင်မြင် ပြီးပြီ။ ထိပ်တိုက် တိုက်ဖို့ပဲ လိုတော့တယ်။ ဒါပေမယ့် စစ်သည် ခြောက် ထောင်ရဲ့ စွမ်းရည်ကကော ဘယ်လိုလဲ။ စစ်သည် တစ်သောင်းက ခြောက်ထောင်ကို အောင်မြင် နိုင်တယ်။ တစ်ချက်တည်းနဲ့။ ဒါက လွယ်တာ မဟုတ်ဘူး။
သူ့ အရှိန်က မြန်နေပြီ။ ချန်းဖေးယွီ တွေးတယ်။ ဒီ အချိန် တည်ငြိမ်ရမယ်။ စစ်တပ် အကြီးအကဲက။ လုပ်စရာ ရှိတာကို ကောင်းကောင်း လုပ်ဖို့ပဲ။ သူ့ အလုပ်ကို သူ အမြဲ ကောင်းကောင်း လုပ်တယ်။ ၂ မိနစ် အတွင်း အကောင်းဆုံး သူ ရွေးရမယ်။ ရထားကို ကျွေးမယ်။ ဘုရင်ကို စားမယ်။ စစ်သည်တစ်ထောင်နဲ့ နောက်က နေ ညှပ်တိုက်မယ်။ အဓိက စစ်ကြောင်းကို ညတွင်းချင်း ပြန်ဆုတ်မယ်။ တွက်ချက် ပြီးရင်။ ချန်းဖေးယွီ ရဲ့ စစ်တပ် က အောင်နိုင်ချေ များတယ်။
ဝူဖုန်းရဲ့ စစ်တပ် ကို စစ်သည် နှစ်ထောင် ရှုံးလိုက်တာ တန်ပါတယ်။ အခြေအနေ တွေ ပြောင်းလဲဖို့ပဲ လိုက်တယ်။ မိုးကြိုး ခြင်္သေ နယ်မြေ ဂိတ်တံခါး ဝမှာ ခေါင်းမော့ရင်း ရပ်တယ်။ သူပြုံးနေတယ်။ ဒီ စစ်တပ်မှာ သူ့ စစ်အင်အားက တိုးလာပြီ။ တိုက်ခိုက်ရေးး စာမေးပွဲက တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်ဖို့ မဟုတ်ဘူး။ ဒါက လူတိုင်း သိတယ်။ သူ့ လက်ထဲမှာ စစ်သည်ခြောက်ထောင် အင်အား ပေါင်းလာပြီ။ အခုတော့။ စစ်သည် တစ်သောင်း လေးထောင် နဲ့ ခုနှစ်ရာ ရှိတယ်။ ဝူဖုန်း ရဲ့ စစ်အင်အားကတော့ သုံးထောင် လျော့်သွားပြီ။
စစ်တပ်ကြီးက လူ နှစ်သောင်း ကနေ တစ်သောင်းခုနှစ်ထောင် ပါတဲ့ စစ်တပ် အဖြစ် ပြောင်းသွားတယ။် နောက်ပြီးတော့ အဓိက ဒေ သကြီး နှစ်ခုမှာလည်း လူ လေး ထောင်ကို ချန်ထားခဲ့သေးတယ်။ စစ်သည် ငါးထောင်က စစ်သည်လေး ထောင်ကို ဖိနှိပ် တိုက်ခိုက်နေတယ်။ ချန်းဖေးယွီက ဝူဖုန်းကို ဘယ်မှာ ကြောက်စရာ လိုလို့လဲ။ သာမာန်လူ တစ်ယောက် ကတော့ ဒီ အချိန်မှာ အော်မိမှာပဲ။ “ လာလေ လာစမ်း။ မင်းလာရဲရင်။ မင်းဘောင်းဘီ တွေ သေးစို တဲ့ထိ ကြောက်သွားစေ၇မယ်။ ”
ဒါပေမယ့် ….. ချန်ဖေးယွီက ဒါမျိုး အော်မနေ ပါဘူး။ ကျောင်းတော် ဆယ့် သုံးခုက တိုက် ရိုက် ဆင်းသက် သူ ။ ဒီလောက် အချိန် အကြာကြီး နှုတ်ပိတ်နေခဲ့ပြီးပြီ။ သူ့ ရဲ့ ပြောင်မြောက် လှတဲ့ အစီအစဉ်က တစ်ပိုင်းတည်း နဲ့ ပြီး သွားမယ် ထင်လား။ ချန်ေးဖးယွီ ရဲ့ အစီအစဉ်က တစ်ချက်တည်းနဲ့ ထိုးသုတ်ဖို့ပဲ။ ဘုရင်ကို ကယ်မယ့် အဖြစ်ကို သူ လျစ်လျူ ရှုထားတယ်။ ဒါပေမယ့် ဒီ အစီအစဉ် နောက်ကွယ်မှာ နောက်ထပ် အကြောင်းရင်း ရှိနေတယ်။ ထုံးစံ အတိုင်း စစ်သည် တစ်ထောင်က ရှုံးမှာပဲ။ ချန်းဖေးယွီက ဒီလမ်းကို မတွေးထားဘူး။ သူ့ အစီအစဉ်က နောက်ဆုတ်ဖို့ မဟုတ်ဘူး။ သိမ်းငှက်ကို သွေးဆောင်ဖို့ပဲ။ ဝူဖုန်း မြို့ကို တိုက်ခိုက်အောင် မြှားခေါ်တာ။ အစီအစဉ်တွေ ပြင်ဆင်မှု တွေ သူ လုပ်ထားပြီးပြီ။ သူ့ စစ်အင်အားကို သူ ပြန်တွက်ကြည့်တယ်။ စစ်သည် တစ်ထောင့် ငါးရာကို ခေါ်လာမယ်။ မိုးကြိုး ခြင်္သေ့ ဒေသမှာ ကင်းပုန်းဝပ်ပြီး စောင့်နေမယ်။ နောက်ဆုံးလည်း သူလည်း စိတ်မအေး နိုင်ပါဘူး။ ခုခံ ဖို့လည်း ပြင်ဆင်ထားတယ်။ စစ်သည် သုံးထောင်က မြို့ကို စောင့် တယ်။ ကျန်တဲ့ တစ်သောင်း နှစ်ထောင်က အနားယူ စုစည်း နေတယ်။
နောက်ဆုံးတော့ စစ်သည် ခြောက်ထောင်ကို တစ်ခါတည်း စုစည်း ထားလိုက်ပြီ။ ချန်းဖေးယွီ ကိစ္စတွေ အကုန်လုံးကို စီစဉ်ပေးပြီးပြီ။ နေလည်းဝင်သွားပြီ။ ကောင်းကင်က မှောင်မည်းနေတယ်။ စစ်သည်တော်တွေ ကတော့ အောင်မြင်မှုမှာ ယစ်မူးနေတယ်။ အိပ်ငိုက်နေကြတယ်။
ချန်းဖေးယွီ သက်တောင့် သက်သာ ၇ှိတဲ့ ကျောက်တုံး အိမ်လေးကို ပြန်လာတယ်။ မိုးကြိုးခြင်္သေ့ နယ်မြေမှူးက သူ့ အတွက် အထူးလုပ်ပေးထားတာ။ အိပ်ယာက သက်တောင့်သက်သာ ရှိတယ်။ ကြီးမြတ်သော ရှ မင်းဆက်က ပန်းချီကားတွေလည်း ရှီတယ်။ ချန်းဖေးယွီ သူ့ ကိုယ်ပေါ်က သံချပ်ကာကို ချွတ်လိုကတယ်။
“ဝူဖုန်း ဆိုတော့ ကော ဘာဖြစ်လဲ။ နိုးထ နဂါး အဆင့် သုံးဖြစ်တော့ကော ။ မင်း ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပြီးပြီ။” ဒီ အချိန် ချန်းဖေးယွီ တစ်ကိုယ်တည်း ပြောနေတယ်။ နှစ်ပေါင်း များစွာ တိတ်ဆိတ်နေခဲ့ရတာ။ အခုလို ခံစားချက်မျိုး မရ ဖူးဘူး။ ပျော်ရွှင်ယစ်မူးနေတယ်။ ဒီခံစားချက်ကြောင့် လွယ်လွယ် အိပ်မပျော် နိုင်ဘူး။ ဝိုင်ပုလင်းကို ထုတ်တယ်။ ခွက်အပြည့် ငှဲ့တယ်။ ဝူဖုန်း မိုးကြိုး ခြင်္သေ့ ဒေသကို ရောက်လာတဲ့ ပုံစံကို သူ ပြန်တွေးနေတယ်။ သူ့ ရဲ့ အစောင့် တပ်သားတွေ။ အားပြည့်နေတဲ့ တိုက်ခိုက်ရည်၀ စစ်သည်တွေ နဲ့ တွေ့၇င်။ ဝူဖုန်း ဘယ်လိုတောင် ထပ်ပြောင်းသွား အုန်းမလဲ။
ဒါပေမယ့် ချန်းဖေးယွီရဲ့ အစီအစဉ်က မ ရိုးရှင်းဘူး။ တစ်ချိန်လုံး။ သူ့ ရဲ့ သဘာဝလွန် အတွင်းအား အဆင့်ကို သိမ်းထားခဲ့တာ။ အချိန်ကိုက် စွမ်းအား ပြမှာက သူ့ အစီအစဉ်ပဲ။ အစက ဝူဖုန်းကို တစ်ယောက်ချင်း စိမ်ခေါ် မလို့။ ဒါမှ ဝူဖုန်း ခုခံချိန် မရမှာ။ အခုတော့ အစီအစဉ်ပြောင်းလိုက်ပြီ။ နုးိးထ နဂါး အဆင့် သုံးက အဆင့် ၁၂ ကို တိုက်ခိုက်တယ်။ ဒါပေမယ့် ရှုံးနိမ့်ပြီး စစ်အင်အားကို ပေးလိုက် ရတယ်။ ဘယ်လောက်တောင် ကောင်းလိုက် တဲ့ လှည့်ကွက်လည်း။ ဒါမျိုး ဝူဖုန်း မစဉ်းစား နိုင်မှာ ချန်းဖေးယွီ သေချာ နေတယ်။
ကိစ္စတွေက ရှင်းသွားပြီ။ စစ်သည်ထောင်ချီ ရှေ့မှာ ဝူဖုန်းကို နင်းချေ ပြစ်မယ်။ တစ်ချက်တည်း နဲ့ ထူးခြားပြောင်မြောက်လွန်းတဲ့ အစီအစဉ်။ သဘာဝလွန် စွမ်းအား အဆင့်က တောင်ပိုင်း ဒေသ တစ်ခုလုံးကို လွှမ်းစေမယ်။ လူတွေ စိတ်ဝင်တစား ရှိတဲ့ လူတစ်ယောက် ဖြစ်လာရမယ်။ သူတွေးနေတယ်။ တွေးရင်း နဲ့ ချန်းဖေးယွီ ပြုံးတယ်။ စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ။ ဒီလို နည ်းနဲ့ပဲ သူ့ နာမည်က လောကတစ်ခွင်ကို ကျော်ကြားတော့မယ်။ ဝူဖုန်းကို ရွံ့ လူး သွားတဲ့ အထိ အနိုင် တိုက်ပြစ်တယ်။ ဘယ်လောက်တောင် ပျင်းစရာ ကောင်းလိုက်သလဲ။ ဝူဖုန်းကို စိန်ခေါ်တယ်။ ဒါကလည်း ပျင်းစရာပဲ။ မထင်မှတ်ထားလောက်တဲ့ အင်အား အစွမ်းတွေ နဲ့ နင်းချေပြစ်မှာ။ ဒါကမှ တိုက်ပွဲ စစ်စစ်ပဲ။ ပြီးပြည့်စုံလွန်းတဲ့ တိုက်ပွဲ။
“ ပြည့်စုံလွန်းလိုက်တာ။ မကြာခင်ပဲ ငါ အောင်မြင် တော့မယ်။” ချန်းဖေးယွီ သူ့ ကိုယ်သူ ချုပ်တည်းလိုက်တယ်။ ဒီ အချိန်မှာ ခဏတာတွေ အစွမ်းတွေကို ဖွက်ထားရမယ်။ အခြေအနေအခွင့်ကောင်း အခါ ကောင်း ရမှ အစွမ်းတွေကို ထုတ်ပြရမယ်။ ဒီလို နည်းနဲ့ သူ့ အောင်မြင် မှုကို ဟိန်းထွက်သွားစေမယ်။ ဒါကြောင့်။ သူ တစ်ယောက် တည်း သောက်တယ်။ တစ်ယောက်တည်း ပျော်ရွှင်တယ်။ တစ်ယောက်တည်း စောင့်ဆိုင်းတယ်။
“ တစ်ယောက်တည်း ဝိုင် သောက်ရင်း ပျော်မြူးနေတာတော့ သိပ်မကောင်းဘူး။ ” ချန်းဖေးယွီ သူ့ ခွက်ကို မြှောက်ဖို့ ပြင်တဲ့ အချိန်မှာ ။ လူတစ်ယောက်ပေါ်လာတယ်။ ကျောက်တုံးအိမ် တံခါးဝမှာ ရပ်နေတယ်။ ကျားသစ်ကွက် ဝတ်ရုံ နဲ့ ခေါင်းမှာလည်း သားမွှေး ဦးထုပ်ဆောင်ထားတယ်။ သူ့ကို ပြုံးပြနေတယ်။ တောင်ပိုင်းဒေသ လူချမ်းသာ တွေ ဝတ်တဲ့ ပုံစံ မျိုးပဲ။ ဒါပေမယ့် သူ့ မျက်နှာက ဖြူဝင်းနေတယ်။ တောင်ပိုင်းဒေသ က လူတစ်ယောက် နဲ့ မတူဘူး။ ချန်းဖေးယွီ ငြိမ်သက်နေတယ်။ သိသိသာသာ မျက်မှောင်ကြုတ်သွားတယ်။ သူ့လက်ထဲက ခွက်တောင်လွတ်ကျတော့ မလိုပဲ။ ဒီ အချိန်မှာ သူက သူ့နာမည် ထိပ်ဆုံးရောက်တာကို စောင်ေ့နတာ။ ကျော်ကြားလာတော့မှာကို စောင့်နေတာ။
ဒါပေမယ့် ဖန်ကျန်းရှီက ရုတ်တရက် ပေါ်လာတယ်။
ဘယ်လိုတောင် ဆိုးလိုက်တဲ့ အဖြစ်လဲ။
အပိုင်း (၃၄၈) ပြီး၏ ။
အပိုင်း (၃၄၉)
“ ပြဿနာကြီး။”
ရှစ်မိုင်လမ်း ခန်းမဆောင် မီးလောင် တုန်းက ဒီ ကောင် ပျောက်သွားတာ မလား ????
ဒီနေရာမှာ ဖန်ကျန်းရှီ ဘာလို့ များ ပေါ်လာလဲ။ ချန်းဖေးယွီ တွေးမရဘူး။ နောက်ပြီးတော့ ဖန်ကျန်း၇ှီက သူ့ ကျောက်တုံး အိမ် တံခါးဝမှာ ရောက်နေပြီ။ တိုက်ခိုက်ရေး စာမေးပွဲတောင် ဝင်မဖြေတဲ့ သူက။ ဘာလို့ များ တောင်ပိုင်းဒေသကို ရောက်လာတာလဲ။ ထူးဆန်းလွန်း လိုက်တာ။ ပိုပြီးတော့ ထူးဆန်း တာက ။ သူ့ အိမ်ကို အတင့်ရဲပြီး ကျုးကျော်လာတယ်။ အပြင်ဘက်က အစောင့်တွေ မျက်လုံး ကန်းကုန်တာလား။
“ ဘာ ….. ဘာ လို့ မင်း က ဒီမှာ ရောက်နေတလာလဲ၊” ချန်းဖေးယွီ နည်းနည်းလေး တောင် မလန့်တာ။ ဒါမျိုး မဖြစ်နိုင်ဘူး။ ဒါပေမယ့် လန့်ပြီးတော့ မလှုပ်မရှား နိုင် ဖြစ်နေ တာမျိုး။ မရှိခဲ့ဘူး။ ဆိုရိုးစကား တွေ ရှိတဲ့ အတိုင်း ။ အတုတ်ဆုံး ပင်စည်မှာ ထူးခြား စွမ်းအင်တွေရှိပါတယ်။ ဒါက အခု ချိန်မှာ ချန်းဖေးယွီ ရဲ့ ဟန်ပန်ပဲ။ ဖန်ကျန်းရှီ မပြော နဲ့။ နန်ကုန်းဟောင် လာတော့ ကော ဘာဖြစ်လဲ။ တိုက်ခိုက်ရေး စာမေးပွဲ က ကျော်ငးတော်သား တွေ အားလုံး အထက်မှာ ငါရှိတယ်။ ဘာကြောက်စရာ ရှိအုန်းမှာလဲ။
“ ပြောပြီးပြီနော်။ တစ်ယောက်တည်း ဝိုင်သောက်ရင်း ပျော်မြူးနေတာ သိပ်မကောင်းဘူး။ ” ချန်ဖေးယွီ အခု သဘာဝလွန် အဆင့်မှာ ရှိနေတာ ဖန်ကျန်းရှှီ မသိဘူး။ နိုးထ နဂါး အဆင့် ၁၂။ သူ့ကို ဘယ်သူ ကြောက်မှာလဲ။ ဒါကြောင့် ပြောရင်း ဆိုရင်း နဲ့။ ချန်းဖေးယွီ ရှေ့ မှာ ဝင်ထိုင်တယ်။
“ ဟဟား သခင်လေး ဖန် ပြောတာ မှန်တယ်။ ငါ့ဆီကို လာတဲ့ သူတိုင်း ငါ့ ဧည့်သည်တွေပဲ။ သခင်လေး ဖန်က ငါ့ နယ်မြေထဲကို ရောက်နေပြီ။ လာ အတူတူ သောက်မယ်။” ချန်းဖေးယွီ ပြောတယ်။ ဝိုင်ပုလင်းကို ငှဲ့ပေးတယ်။ သူ့ ရဲ့ ဧည့် ဝတ်ကျေပွန်မှုကို ပြတယ်။
“ကျေးဇူးပဲ။” ဖန်ကျန်းရှီ ခွက်ကို ကိုင်တယ်။ တစ်ချက်တည်း နဲ့ မော့လိုက်တယ်။ တစ်စက်လေး တောင် မျက်နှာ ပျက်မသွားဘူး။ ချန်းဖေးယွီ မျက်မှောင်ကြုတ်တယ်။ ဖန်ကျန်းရှီ ရဲ့ ဟန်ပန်ကြောင့် သူ့ စိတ်ထဲ အဆင်မပြေဘူး။ နောက်ဆုံးတော့်လည်း ဒါက သူ့ ရဲ့ နယ်မြေလေ။ ဘာလို့ ဒီလောက်တောင် ပိုင်စိုး ပိုင်နင်း ဖြစ်နေတာလဲ။
“ သခင်လေး ဖန်က။ ဒီကိုလာတာ ကျွန်တော့်ကို လာရှာတာလား။” ချန်းဖေးယွီ ချက်ခြင်း မတိုက်ခိုက် သေးဘူး။ ဖန်ကျန်းရှီ ဘာလို့ များ ဒီမှာ ပေါ်လာလည်း သူ သိချင်တယ်လေ။
“ အရေးကြီး ကိစ္စ မဟုတ်ပါဘူး။ သခင်လေး ချန်း ရဲ့ နယ်မြေကို ငှားပြီး။ နည်းနည်းလောက် ကစားချင်လို့ပါ။” ဖန်ကျန်းရှီ ဒဲ့တိုး ပြောတယ်။ သူ တကယ်ပဲ ချန်းဖေးယွီ ဆီက နယ်မြေ ငှားဖို့လာတာလေ။
“ ဟဟ ား။ ငါ့ နယ်မြေကို ငှားမယ် တဲ့လား။ အကယ်၍ ငါ မှတ်မိတာသာ မမှားရင်။ သခင်လေး ဖန်က စစ်တပ် မရှိသေးဘူးမလား ။ ငါ့ နယ်မြေကို ပေးလိုက်ရင်တောင် စောင့်ကြပ်နိုင်မှာ မလို့လား။” ချန်းဖေးယွီ အေးစက်စက် ပြုံးတယ်။
“ လုပ်နိုင်မှာ” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ ဟဟား။ ကြည့်ရတာ သခင်လေး ဖန်က ဒီနေ့ အတွက် ပြင်ဆင် ထားပြီးတဲ့ ပုံပဲ။ ဘယ်လိုများ စောင့်ကြပ်မလဲ သိချင်လိုက်တာ။” ချန်းဖေးယွီ ရယ်မောပြန်တယ်။
“ စစ်တပ်ကို သုံးမယ်လေ။” ဖန်ကျန်း၇ှီ အေးအေးဆေးဆေး ပြောတယ်။
“ မင်းမှာ စစ်သည်တွေ ရှိတယ်လား။” ချန်းဖေးယွီ လန့်သွားတယ်။ စစ်တပ် ရှိတာနဲ့။ စစ်တပ် မရှိတာ တကယ့်ကို ကွာခြားတယ်။
“ ရှိတယ်။”
“ ဘယ်လောက်လဲ။”
“နှစ်ထောင်။”
“နှစ်ထောင် တဲ့လား။ ” ချန်းဖေးယွီ နောက်တစ်ကြိမ်ရယ်ပြန်တယ် ။ “ ဖန်ကျန်းရှီ။ ရိုင်းပြ မိရင် ခွင့်လွှတ်ပါ။ ဒါပေမယ့် မိုးကြိုး ခြင်္သေ့လို နယ်မြြေင်္ကီးကို စစ်သည် နှစ်ထောင် တည်းနဲ့ စောင့်ကြပ်လို့ မဖြစ် နိုင်ဘူး။ မှန်တယ်မလား။”
“ ဒါပေါ့။ ဘယ်လုံလောက်မလဲ။ ဒါကြောင့် စစ်သည်တစ်ချို့ ငှားဖို့ ပြင်ထားတယ်။” ချန်းဖေးယွီ စကားကို ကြားတော့ ဖန်ကျန်းရှီ ငြိမ်နေတယ်။ အဲ့ဒီ့နောက် မျှော်လင့်တကြီးနဲ့ ပြောတယ်။
“ နယ်မြေကို ငှားမယ်။ စစ်သည်တော် တွေကို ငှားမယ်။ အတွေးအခေါ် စာမေးပွဲ အဆင့် တစ် ဖန်ကျန်းရှီက ဒီ လောက်တောင် နုံ အမယ်လို့ မထင်ထားမိဘူး။ ” ချန်းဖေးယွီ ရယ်မောတယ်။
နုံအတယ် ဆိုတာ လူ့သဘာ၀ တစ်ခုပါပဲ။ ကျွန်တော်ဆို အမြဲတမ်း ရိုးသား ကြိုးစား ပြီး ကြင်နာ တတ်တယ်။ လောကမှာ လူကောင်းတွေ များလာတော့ လူဆိုးလည်း နည်းသွားတာပေါ့။” ဖန်ကျန်းရှီက ချန်းဖေးယွီ ရဲ့ စကားလုံး တွေကို သိပ်ဂရု မစိုက်ပါဘူး။ သူ့ ဘာသူ စကား ဆက်ပြောတယ်။
“ ဟားဟားဟား။” ချန်းဖေးယွီ ရယ်မောရင်း နဲ့ ဝိုင်ထပ်သောက်တယ်။ နောက်ဆုံးတော့ သူ့ အကြည့်တွေ အေးစက်လာပြီ။ “ဖန်ကျန်းရှီ။ မင်း ဒီနေ့ ဒီကနေ ထွက်သွားလို့ ၇မယ် ထင်လား။ ”
“ရမယ် ထင်တာပဲ။” ဖန်ကျန်းရှီ ရဲ့ အမူအယာက တည်ငြိမ်နေဆဲ။
“ ဒါဆို ဘာလို့ မကြိုးစား ကြည့်တာလဲ။ ”
“ကောင်းပြီလေ။”
“ ဟား ဟားဟ ား…. လာစမ်းပါ။ ညီလာခံ စာမေးပွဲ ရဲ့ အဆင့် တစ် ကျော်ငးတော်သား ကြီးကို ဖမ်းရအောင်။” ဖန်ကျန်းရှီ ရဲ့ ယုံကြည်မှု အပြည့် မျက်နှာကို သူကြည့်နေတယ်။ မထိန်းနိုင် မသိမ်းနိုင်အောင် အူတွေ နာတဲ့ အထိ အော်ရယ်တယ်။ သူ့ အသံက ကျယ်တယ်။ အနည်းဆုံးတော့။ ကျောက်တုံးအိမ် ပတ်လည်မှာ ရှိတဲ့ စစ်သည် ငါးရာ သူ့ အသံကို ကြားမယ်လို့ ချန်းဖေးယွီ ယုံတယ်။ ကျောက်တုံး တံခါး နည်းနည်း လှုပ်ခတ်သွားတယ်။ လေအေးအေး တွေ အိမ်ထဲ ဝင်လာတယ်။ အေးစက်စက် ည လေ အေး အဝှေ့မှာ ဖယောင်းမီးတွေ ကခုန် လှုပ်ယမ်းတယ်။ ဒါပေမယ့် ချန်းဖေးယွီ ရဲ့ စစ်သည်တွေ ပေါ် မလာ ခဲ့ဘူး။ ညလေအေး ရဲ့ တဝူးဝူး အသံ က လွဲပြီး လောက တစ်ခုလုံး တိတ်ဆိတ် နေတယ်။
ဖန်ကျန်းရှီက ချန်းဖေးယွီ ရဲ့ အော်သံကို ဂရု မစိုက်ဘူး။ တစ်ခါ မှ မကြားသလိုပဲ။ ဝိုင်တစ်ခွက် ခပ်မြန်မြန် ဖြည့်ရင်း သောက် နေတယ်။ စားပွဲ ပေါ်က မုန့်မျိုးစုံကို ပါးစပ်ထဲ ပြစ်ထည့်တယ်။ ဝါးတယ် ဝါးတယ်။ သူ တွေးမိတယ်။ အရသာ တော်တော် ကောင်းတာပဲ။ ချန်းဖေးယွီက ဖန်ကျန်းရှီ ရဲ့ အေးဆေးဆေး အမူအယာကို ကြည့်နေတယ်။ နောက်ဆုံးမှာ သူ နားလည်သွားပြီ။ ဖန်ကျန်းရှီကို နောက်တစ်ခါ ထပ်ကြည့်တယ်။ ဒီတစ်ခါ မှာ တော့ သူ့ အမူအယာ က ကွာခြားနေတယ်။ တကယ်တော့ လန့်သွားတာ။ စစချင်း က လန့်ပုံမျိုး နဲ့ မတူဘူး။ ဒီ တစ်ကြိမ်တော့ ဖန်ကျန်းရှီ ကိုယ်တိုင် ဆီကနေ လာတဲ့ အရှိန်အဝါကြောင့် လန့်တာ။ စိတ်ထဲက နေ ထိတ်လန့် လေးစားတာမျိုး။
“ မဆိုးဘူးပဲ။” ချန်းဖေးယွီ ခေါင်းငြိမ့်တယ်။ “ မင်းမှာ စွမ်းရည်တွေ ရှိမှန်း ငါ လက်ခံပါတယ်။ ငါ ဝူဖုန်းကို တိုက်နေတဲ့ အချိန်။ ငါ့ရဲ့ မိုးကြိုးခြင်္သေ့ ဒေသကို မင်းက သိမ်းလိုက်ပြီ။ နောက်ပြီးတော့ စိတ်ရြှ်သသည်း ခံတယ်။ ငါ ကျောက်တုံးအိမ်ကို မဝင်လာခင်တည်းက မင်းက စောင့်နေပြီးသားပဲ။”
“ ဒါပေါ့။ မင်း မှန်တယ်။ ဒီ အတိုင်းပဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ချန်းဖေးယွီ ပြောတာတွေ အကုန် မှန်တယ်လေ။
“ အရင်က ချန်းဖေးယွီ သာ ဆိုရင်။ မင်း သူ့ကို နိုင်မှာ အမှန်ပဲ။ ဒါပေမယ့် အခုချိန် ချန်းဖေးယွီက ကွာခြား သွားပြီ။ စစ်သည် နှစ်ထောင်က ငါ့ကို တားနိုင်မယ် ထင်လား။” ချန်းဖေးယွီ မျက်လုံးတွေ တောက်ပလာတယ်။
“ စစ်သည် နှစ်ထောင်က မတား နိုင်ဘူးလား။” ဖန်ကျန်းရှီ ပြန်မေးတယ်။”
“ ဟဟား းးး ။ မင်း ကြိုးစား ကြည့်လေ။” ချန်းဖေးယွီ နောက်ဆုံးမှာ ရယ်တော့တယ်။ သူ့ ရယ်သံက အရိုင်း ဆန်တယ်။ ရူးသွပ်နေတဲ့ လူတစ်ယောက်လို့ပဲ။ တကယ်ပဲ။ သူက အရူး ဖြစ်နေတာ။ သူသာ ကောင်းကင် ရောင်ပြန် အထွဋ် အထိပ် အဆင့်မှာ ရှိနေရင်။ ဖန်ကျန်းရှီနဲ့ စစ်သည် နှစ်ထောင် လက်ထဲက လွတ်မှာ မဟုတ်ဘူး။ အခုတော့ သူက သဘာဝလွန် အဆင့်မှာ ရောက်နေပြီ။ ကိစ္စတွေက မတူတော့ဘူး။ သူ့ နည်းလမ်း နဲ့ တိုက်ခိုက တော့မယ်။ စစ်သည် တစ်သောင်းက အပြင်က နေ ပြန်ဝန်းရံမယ်။ ဖန်ကျန်းရှီ နဲ့ သူ့ စစ်သည် နှစ်ထောင်။ ပျံပြေးရင်တောင် မလွတ်စေရဘူး။ ဒါက သူ့ ယုံကြည်ချက်ပဲ။ နှလုံးသားထဲက နေ လာတဲ့ ယုံကြည်ချက်။ အရင်တုန်းက ဝူဖုန်း ကျရှုံးတာကို သူ မြင်ချင်တယ်။ အခုတော့ ဖန်ကျန်းရှီက သူ့ သေတွင်း သူ တူးပြီး အိမ်တံခါး လာခေါက်နေပြီ။
ငါ့ စွမ်းရည်တွေကို စောစောစီးစီးထုတ်ပြရတော့မှာလား။ စိတ်လှုပ်ရှားစရာပဲ။ ချန်းဖေးယွီ ရူးမတတ် ရယ်နေတယ်။ ပြာမှိုင်းမှိုင်း အလင်းတန်းတွေသူ့ ကိုယ်မှာ တောက်ပလာတယ်။ လှိုင်းတွေ ဖြာထွက်လာတယ်။ ကျောက်စိမ်းရောင် သစ်ရွက်တွေလည်းး ထွက်ပေါ်လာတယ်။ ကျောက်တုံး အိမ် တစ်ခုလုံးကို လွှမ်းခြုံသွားတယ်။ ဖန်ကျန်းရှီကို သူကြည့်တယ်။ ထိတ်လန့်ေ နတဲ့ ဖန်ကျန်းရှီ ရဲ့ မျက်နှာကို သူမြင်ချင်တယ်။ ဒါပေမယ့် စိတ်ပျက်စရာပဲ။ ဖန်ကျန်းရှီက အေးအေးဆေးဆေး ထိုင်နေတုန်း။ မုန့်စား မပျက်။ ဝိုင်သောက်မပျက်။
“ ဟေးးး။ မင်း မျက်လုံး ကန်းနေလား။” ချန်းဖေးယွီ သူ့ ကိုယ်သူ မထိန်းနိုင်တော့ဘူး။ သူ့ အစွမ်းတွေကို ထုတ်ပြ နေပြီလေ။ ဒါတောင် ဖန်ကျန်းရှီ က အမူအယာ တစ်ချက်ေ လး မပြဘူးလား။
“ဘာဖြစ်တာတုန်း။” ဖန်ကျန်းရှီက ရိုးရိုးသားသား မေးတယ်။
“ ငါ အဆင့်တက်သွားတာကို မင်း မမြင်ဘူးလို့ မပြောနဲ့ ။ ငါအခု သဘာဝလွန် အဆင့် ရောက်နေပြီ။” ချန်းဖေးယွီ သတိပေးတယ်။
“ အော်။ အဆင့်တက်တာလား။ အထင်ကြီးစရာပဲ။ ဒါနဲ့ ငါက ဘာလုပ်ရမှာလဲ။” ချန်းဖေးယွီ ရဲ့ စကားကို ဖန်ကျန်းရှီ နောက်ဆုံးတော့ အာရုံစိုက်ပြီ။ သူ့ ကြည့်ရတာ စိတ်ဝင်စားလာပုံပဲ။
“ပြေးရမှာပေါ့။” ချန်းဖေးယွီ ပြောတယ်။
“ အိုး။ ဒီလိုလား။ ကောင်းပြီလေ။ ငါ ပြေးတော့မယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ထိုင်ရာက ထတယ်။ ကျောက်တုံး အိမ် ကနေ အေးအေး ဆေးဆေး လမ်းလျှောက်ထွက်သွားတယ်။
ဖန်ကျန်းရှီ ရူးကြောင်ကြောင် နဲ့ ချစ်စဖွယ်ကောင်း အောင် လုပ်သွားတယ်။ ချန်းဖေးယွီ နားမလည် နိုင်ဘူး။ သူ့ စွမ်းအား တွေကို ပြန်တွေးတယ်။ တစခုခု တော့ လွဲနေပြီ။ ဒါက ကြောက်လွန်းလို့ နုံအ သွားတာများလာ။ သူ တွေးတယ်။ ပြီၤးတော့ ခုန်ထတယ်။ ဓားကို ထုတ်တယ်။ ဖန်ကျန်းရှီကို ချက်ခြင်း လှမ်းခုတ်တယ်။
“ ဟားဟား ဟား …. မင်း ကပြေးချင်တာလား။ မိုးကြိုး ခြင်္သေ့ ဒေသက ငါ့ အပိုင်ပဲ။ ငါ ….” ချန်းဖေးယွီ သူ့ စကားကို ပြီးအောင် မပြောလိုက် ရဘူး။ ထိတ်လန့်သွားတဲ့ အမူအယာ တွေ သူ့ မျက်လုံးထဲ ပေါ်လာတယ်။ သူ့ အပြုံး ချက်ခြင်း တောင့်ခဲသွားတယ်။ ဘာကြောင့်လဲ ဆိုတော့။ ကျောက်တုံး အိမ် အပြင်ဘက်မှာ။ အသားအရေ မည်းမှောင် နေတဲ့ စစ်သည်တော်တွေ။ ဒါပေါ့။ အဓိက အကြောင်းရင်းက သူတို့ စီးထားတဲ့ သားရဲကောင်တွေပဲ။ အနည်းဆုံး နှစ်မီတာကျော် မြင့်တယ်။ ဝံပုလွေ နဲ့ တူတယ်။ အေ မွှးတွေက အစိမ်း နဲ့ အနက် ရောထားတယ်။ နဖူးမှာက ငွေဂျိုကြီး တစ်ချောင်း။ သာမာန် ဝံပုလွေ ထက် အနည်းဆုံး သုံးဆ တော့ ကြီးတယ်။ ငွေဂျိုဝံပုလွေ။
ချန်းဖေးယွီက ကျောင်းတော် ဆယ့်သုံးခု ရဲ့ ဆက်ခံသူ တစ်ယောက်။ ကြီးမြတ်သော ရှ မင်းဆက် မှာ အရေးပါတဲ့သူ။ တောင်ပိုင်းဒေသ ရဲ့ အဓိက အင်အားတွေကို သူမသိပဲ နေမလား။ ငွေဂျို ဝံပုလွေ တပ်ဖွဲ့။ ငွေဂျို ဝံပုလွေ တစ်ကောင်ချင်းစီ တိုင်းက ကောင်းကင်ရောင်ပြန် ကျင့်ကြံ ဆင့် နဲ့ ညီတယ်။ စီးနင်းတဲ့ စစ်သည်တွေ ရဲ့ အင်အား နဲ့ ပေါင်းစပ် လိုက်ရင် အင်အားက ကြောက်စရာပဲ။
ဒီသားရဲကောင်တွေ လူသားကို ဖိနှိပ်နိုင်တာ အင်အားကြောင့်မဟုတ်။ ထက်မြက်မှုကြောင့်ပဲ။ သားရဲကောင်တွေ ဉာဏ်စွမ်းမြင့်မားရင်တောင် လူတွေ ကို မယှဉ်နိုင်ဘူး။ ဒါပေမယ့်။ စစ်သည်တွေက ထိန်းချုပ်ရင်တော့ ကွာခြားသွားပြီ။
“ တစ် နှစ် …. ဘယ်လောက်တောင်လဲ။” ချန်းဖေးယွီ ပါးစပ်ဟသွားတယ်။ ငွေဂျိုဝံပုလွေ စစ်သည်တွေက မဆုံးနိုင်အောင် များပြားလွန်းတယ်။
“ ရေတွက် မနေနဲ့တော့။ ငါးရာ အတိအကျပဲ။” ဖန်ကျန်းရှီ ပြောတယ်။ နွေးထွေးကြင်နာတဲ့ အပြုံးနဲ့ ပြုံးပြနေတယ်။ နွေဦးလေပြေလိုပဲ။ ချန်းဖေးယွီ ရဲ့ အမူအယာကတော့ ပြောင်းသွားတယ်။ ငါးရာ။ ငွေဂျိုု ဝံပုလွေ တပ်သား ငါးရာတဲ့ ။ ဘယ်လို ြဖ်စနိုင်မှာလဲ။ ဖန်ကျန်းရှီ ဘယ်လိုများ တောင်ပိုင်းဒေသ ထိပ်တန်း စစ်တပ်ကြီး ရှိနေတာလဲ။
“ဖန်ကျန်းရှီ ။။ မင်း နိုင်ငံကို သစ္စာဖောက်တယ်။”
“ မင်းကို ထက်မြက်တယ်လို့ ငါ ထင်ထားတာ။ အခုတော့ ချန်းဟောင် နဲ့ ထူးမခြားနား ပါပဲလား။ ငါ့ နိုင်ငံကို သစ္စာဖောက်တယ်။ ဟုတ်စ။?? လူတွေကို မတရားစွပ်စွဲတာပဲ။ ငါ ပြောမိလို့လား။ “ ဖန်ကျန်းရှီ အေးအေးဆေးဆေး ပြန်ဖြေတယ်။
“ ဒါဆို … ဒါဆို။ ဒီငွေဂျို ဝံပုလွေ စစ်သည်တော်တွေ ကကော။” ချန်းဖေးယွီ မယုံနိုင်သေးဘူး။ ဒီစစ်သည်တော်တွေက ဖန်ကျန်းရှီ့ အမိန့်ကို နာခံ နေတယ်။
“ငှားလာတာ။”
“ဘာဖြစ်တယ်။ ငှားလာတာ။”
“ဟုတ်တယ်။ မင်း ဆီကတောင် စစ်သည် ငှားဖို့ ပြောသေးတာပဲ။ ဒါပေမယ့် မင်းက ကပ်စေး နည်းလွန်းတယ်။ မငှားချင်ဘူး။ ဒါပေမယ့် တောင်ပိုင်းဒေသ လူတွေ ဆို သဘော အရမ်းကောင်းတာ။ စစ်သည်လေး ငှားချင်တယ် ပြောလိုက်တာနဲ့။ ချက်ခြင်းပေးတော့တာပဲ။”
“ မင်း ဘယ်သူ့ကို ရိုက်စား လာလုပ်နေတာလဲ။”
“မင်းကိုလေ။”
“ မင်း…. ဖန်ကျန်းရှီ။ ဘာပဲ ဖြစ်ဖြစ်။ မင်းကကြီးမြတ်သော ရှ မင်းဆက် အတွေးအခေါ် စာမေးပွဲ အဆင့် တစ် ဖြစ်နေ တုန်းပဲ။ ငါ …. ချန်းဖေးယွီက ။ ဂုဏ် သိက္ခာ မြင့်မားပြီး ဖြောင့်မတ်မှတ်ကန်မှုကို လေးစားတယ်။ ဒီနေ့ မင်းကို ငါ စိန်ခေါ်မယ်။ ငါရှုံးရင် ငါ့ စစ်သည် တစ်သောင်းလုံး မင်းကို ပေးမယ်။ မင်း ရှုံးရင်။ ငွေဂျို ဝံပုလွေ ငါးရာ က ငါ့ အပိုင်ပဲ။ ဘယ်လိုလဲ။” ချန်းဖေးယွီ ဆက် မငြင်းတော့ဘူး။ သူ့ အစီအစဉ်ကို အကောင်အထည် ဖော်ဖို့ ြပ်ငတယ်။
“ကောင်းပြီလေ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ချန်းဖေးယွီ ပျော်သွားတယ်။ ဒါပေမယ့် သူ့ အမူအယာ ချက်ခြင်း မည်းမှောင်သွား ပြန်တယ်။ ဖန်ကျန်းရှီ က ခေါင်းငြိမ့် ပေမယ့် ဆက်ပြောနေဆဲ။
“ ငါတို့ နှစ်ယောက်တည်း တိုက်တာ ပျင်းစရာ ကောင်းမှာပေါ့။ ငါတို့ အားလုံးနဲ့ တိုက်ရင်ကော ဘယ်လိုလဲ။”
“ မင်း … .ဖန်ကျန်းရှီ။ အရှက် မရှိလိုက်တာ။” ချန်းဖေးယွီ ပေါက်ကွဲတော့တယ်။ သူ့ မျက်စိရှေ့က ဖန်ကျန်းရှီ။ ( ဂုဏ်သိက္ခာ မြင့်မားပြီး ဖြောင့်မတ်မှန်ကန် တဲ့သူ ) လုံး၀ လုံး၀ မဟုတ်ဘူး။
“ချီးမွမ်းတာ ကျေးဇူးတင်ပါတယ်။ …. တန်ရှီရှန်း။” ဖန်ကျန်းရှီ ကျေကျေနပ်နပ် ခေါင်းငြိမ့်တယ်။ သူနဲ့ ရပ်နေတဲ့ တန်ရှီ၇ှန်းကို လှမ်းအော်တယ်။
“ ရှိ။”
“ သူ့ကို အသက်ရှင်လျက် လိုချင်တယ်။”
“နားလည်ပါပြီ။” ကြွက်သား အဖုအထစ် တွေ နဲ့ လက်မောင်းကြီးကို တစ်ချက် မြှောက်လိုက်တယ်။ ငွေဂျို ဝံပုလွေ တွေ ရဲ့ သွေးဆာတဲ့ အော်ဟစ် သံ တွေ တစ်ချိန်တည်းမှာထွက်လာတော့တယ်။
“အာဝူးးး”
“အာဝူးးးး”
“….”
“ အားးးး။ မကိုက်နဲ့ ။။ အားး…… သွားစမ်း ။ သွားစမ်း ။ ငါ မကျေနပ်ဘူး။ သဘာဝလွန် အဆင့် ရောက်နေပြီ ဖြစ်ရဲ့သား နဲ့။ တိုက်ခိုက်ရေးစာမေးပွဲမှာ ငါ အဆင့်တစ် တောင် ရတော့မှာ။ ငါ့ သမိုင်း ငါရေးတော့မှာ။ ” ချန်းဖေးယွီ အသံက ဝံပုလွေ တွေရဲ့ အသံ နဲ့ ရောကုန်တယ်။ ရုန်းကန်တယ်။ သူက သဘာဝလွန်အဆင့်။ သူ့အစွမ်းက ကြောက်စရာပဲ။ အသာ်းတွေကို ဆွဲဖြဲခံတယ်။ ဒါပေမယ့် ချက်ခြင်း ပြန်ကောင်းတယ်။ မုန်တိုင်းတွေလို တရိပ်ရိပ် တက်လာ နေတဲ့ ဝံပုလွေ တွေကို ကြံ့ကြံံ့ခံ ရင်ဆိုင်တယ်။ ဒါပေမယ့် ရလဒ်ကတော့ အချိန် ကြာကြာ ပိုပြီး ခံစား ရတာပဲ။ သူ့ လက်မောင်းတွေမှာ သွေးချင်းချင်းနီနေပြီ။ ကိစ္စမရှိဘူး။ ကုလို့ရတယ်။ သူ့ ခြေထောက် အသားတွေ ပဲ့ပါသွားတယ်။ ပြဿနာ မရှိဘူး။ အသားပြန်ပြည့်တယ်။
“ အားးး။ ငါ ရှုံးလို့ မရဘူး……။ ငါ ရှုံးလိုက် မဖြစ်ဘူး။” ချန်းဖေးယွီ အသံက မောက်မာ ဂုဏ်မြင့်ေ်နတယ်။ ဒါပေမယ့် မောဟိုက်သံတွေ ပါတယ်။ နာနာကျင်ကျင် အော်ဟစ်သံ တွေ မိုးကြိုး ခြင်္သေ့နယ်မြေမှာ ပဲ့တင် ထပ်နေတယ်။ အစောင့်စစ်သည်တွေ ရဲ့ နှလုံးသားကို အေးစက် သွားစေတယ်။
“ ဒီအသံတွေက စစ်သူကြီး ချန်း ဆီက လာတာပဲ။ တစ်ခုခု ဖြစ်နေပြီလား။”
“ မဖြစ်ဘူး။ ဝူဖုန်း လာ တိုက်တာ ဖြစ်မယ်။ ခြုံခို တိုက်ခံရတာ ဖြစ်မယ်။ ငါတို့ ဒီကို ထွက်လာတုန်း။ စစ်သူကြီး ကျန်းကို အလစ်ချောင်းတ ိုက်တာ။”
“ မြန်မြန်။ စစ်သည်တွေ စု။ စစ်သူကြီး ကျန်း အိမ်ကို သွားမယ်။”
အပိုင်း (၃၄၉) ပြီး၏။
အပိုင်း (၃၅၀)
“ စိတ်မကောင်းပါဘူး။ မင်း ရင်ဆိုင်နေရတာ ငါ ဖြစ်နေတယ်။”
ငယ်သံပါအောင် အော်သံကို ကြားတော့။ ခေါင်းဆောင် တွေ အာရုံပြန်စုစည်း နေတယ်။ ချက်ခြင်းပဲ။ နေရာ အသီးသီး က စစ်သည်ခေါင်းဆောင်တွေ ကျောက်တုံး အိမ်ကို ရောက်လာတယ်။ ဒါပေမယ့်။ ကျောက်တုံး အိမ် အနားကိုတောင် ကပ်ခွင့် မရဘူး။ ရပ်တန့် နေကြ၇တယ်။ အကြောင်းရင်းကတော့ တောင်ပိုင်းဒေသ က လူတွေ အုပ်စုလိုက်ကြီး ပိတ်ရပ်နေတာ ကြောင့်ပဲ။ လူတိုင်းက မည်းမှောင်နေတဲ့ အသားအရေ ရှိတယ်။ ကြိမ်ထည် ဝတ်ရုံတွေ ဝတ်ထားတယ်။
“ဘေး ဖယ်စမ်း။” ခေါင်းဆောင် တစ်ယောက် အော်လိုက်တယ်။
“ ဘာလို့လဲ။ မင်းတို့ ကောင်တွေ ဘာလုပ်ချင်လို့လဲ။” အသက် ငါးဆယ် အရွယ် ကြိမ်ထည်ဝတ်လူကြီး က မေးတယ်။ သူ့ ခေါင်းပေါ်မှာ သားရေဦးထုတ် တစ်လုံးကို ဆောင်းထားတယ်။
“ နယ်မြေမှူး။ ငါတို့ ခေါင်းဆောင်က ခြုံခို တိုက်ခံရတယ်။ သူတို့ကို ဖယ်ပေးဖို့ ပြောနိုင်မလား။” ခေါင်းဆောင်က သူ့ရှေ့က လူကို ချက်ခြင်း သိတယ်။ သူ့ အသံက ချက်ခြင်း ပြောင်းသွားတယ်။
“ စစ်သူကြီး ချန်းက ခြုံခို တိုက်ခိုက်ရတယ်။ ဒါဆို မင်းတို့တွေ ချက်ခြင်း သွား။ အရှေ့ဘက်ကို ဝန်းရံထားလိုက်။” နယ်မြေမှူးးက စိုးရိမ်တကြီး နဲ့ ပြောတယ်။
“ ဝန်းးရံ ရမယ်။” ခေါင်းဆောင်ရဲ့ စိတ်ရှုပ်သွားပုံပဲ။
“ဟုတ်တယ်။ တကယ့်ကို တောင်းပန်ပါတယ်။ အခု ချိန်မှာ ငါတို့က မိုးခေါ်ပွဲ အခမ်းအနားကြီးကို လပ်နေတာ။ ငါတို့ ဒေသ ရဲ့ ရာသီဥတု ဒီ နှစ်ကောင်းမွန်အောင် လုပ်နေကြတာ။ မင်းတို့ မနှောက်ယှက် ဖို့ မျှော်လင့်ပါတယ်။ မင်းးတို့ သိတဲ့ အတိုင်း ငါတို့ တော်ငပိုင်း ဒေသ ရဲ့ မိုးခေါ်ပွဲကြီးက …..” နယ်မြေမှူးစိတ်ရှည်လက်ရှည် ရှင်းပြတယ်။
“တော်တော့်။ အခုချိန် ငါတို့ စစ်သူကြီးကို ကယ်ရမှာ။ ငါတို့ အတွက် လမ်းဖယ်ပေးပါ။ မြန်မြန်ဖြတ်သွားပြီးရင်။ မိုးခေါ်ပွဲ ဆက်လုပ်လို့ ရပါတယ်။
“ မဖြစ်နိုင်ဘူး။ ငါတို့ ရဲ့ မိုးခေါ်ပွဲက စပြီးနေပြီ။ မင်းတို့ စစ်သူကြီး ခြုံခို တိုက်ခိုက် ခံရလား မခံရလား။ ငါတို့ ဘယ်လို သိမှာလဲ။ ဒီ မိုးခေါ်ပွဲကြီးက စပြီးနေပြီ ရပ်လို့ မရတော့ဘူး
အမိုးအောက်ကို မင်းတို့ ဖြတ်လို့ မရဘူး။ မဟုတ်ရင် ငါတို့ ကောင်းကင် အပြစ်ပေးတာကို ခံ ရမယ်။ အချိန် ကျ လာရင်။ ငါတို့ တောင်ပိုင်းဒေသ။…..” နယ်မြေမှူးဆက်ပြီးပြောတယ်။
“ကောင်းပြီ။ ကောင်းပြီ။ နောက်ထပ် ပြောစရာ မလိုတော့ဘူး။ ညီနောင်တို့ လမ်းလွှဲက သွားမယ်။” ဦးဆောင် စစ်သူကြီး နဲ့ တခြားသူတွေ နောက်ထပ် နားမထောင်တော့ဘူး။ ဒါမျိုးက သူတို့ စွက်ဖက်လို့ ရတဲ့ ကိစ္စတွေ မဟုတ်ဘူး။ တော်ငပိုင်း ဒေသက ကြီးမြတ်သော ရှ မင်းဆက် ရဲ့လက်အောက်ခ ံ ဖြစ်ပေမယ့် ။ သူတို့ ဘုရင်ကိုပဲ သစ္စာ စောင့်သိတယ်။ ဧကရာဇ်ကို မနာခံဘူး။ နောက်ပြီးတော့ အခွန်အမြဲ ဆက်သ တဲ့ နိုင်ငံ ။ သာမာန် ဒေသ တစ်ခု မဟုတ်ဘူး။ တောင်ပိုင်းဒေသ ရဲ့ သဘာ၀ သယံဇာတက ပေါများတယ်။ နယ်မြေ အခြေအနေ ကလည်း ခုခံအား ကောင်းတယ်။ ကြီးမြတ်သော ရှ မင်းဆက် ရဲ့ အကောင်းဆုံး မဟာမိတ်ပဲ။ အရေးကြီးဆုံးကတော့ အချိန်။ ဒီ အချိန်မှာ နယ်မြေမှူး နဲ့ ငြင်းခုံနေဖို့ သူတို့မှာ အချိန် မရှိတော့ဘူး။
“ မြန်မြန်။ ကျောက်တုံး အိမ် ကို အရှေ့ ဘက် လမ်းလွှဲကနေ သွားမယ်။”
“ အမိန့် အတိုင်းပါ။”
စစ်သည်တော် တွေ အားလုံး လှုပ်ရှားကြတယ်။ ဒါပေမယ့် သူတို့ မသိတာက။…….. ကျောက်တုံး အိမ် အရှေ့ဘက် လမ်းလွှဲမှာလည်း ။ နောက်ထပ် ( အလွန့်အလွန် အရေးကြီးတဲ့ ) ပွဲတော်ကြီး ကျင်းပနေတယ် ဆိုတာပဲ။
…
ဖန်ကျန်းရှီက ချန်းဖေးယွီကို ကြည့်နေတယ်။ ကျောက်တုံး အိမ် အပြင်ဘက်မှာ အဆက် မပြတ် ခုန်ရှောင်လှုပ်ရှားနေတာ ကြည့်လို့ ကောင်းတယ်။
“မဆိုးဘူး လှုပ်ရှားတာ ကောင်းသား။”
“ဘယ်ဘက်ကို သတိထား….အိုး ….. မဖြစ်ဘူးလေ။ ဘယ်ဘက်ကို သတိထားလို့ ပြောသားပဲ။”
“ မင်းနောက်မှာ ဝံပုလွေ နှစ်ကောင် ချောင်းနေတယ် ။ သတိထား။ ဟူး……။ မင်း ဘာတွေများ လုပ်နေတာလဲ။ မင်း ၇န်သူ ပြောတာကို ယုံတယ်တဲ့လား။ အ လိုက်တာ။ နုံချာလိုက်တာ။” ဖန်ကျန်းရှီ ဘေးက နေ တစ်ခွန်းပြီး တစ်ခွန်းပြောနေတယ်။ ဒါပေမယ့် သူ အလျင် မလိုဘူး။ ချန်းဖေးယွီ စိတ်ထဲမှာတော့။ ဖန်ကျန်းရှီ ရဲ့ လှုပ်ရှားမှု တွေက အလစ်တိုက် သလိုပဲ။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ စိတ်ထဲမှာ။ အမြင်က လုံး၀ ကွာခြားနေတယ်။ သူများ နယ်မြေ ထဲကို ဝင်တိုက်မှ အလစ်တိုက်တာလေ။
မိုးကြိုးခြင်္သေ့ ဒေသက ချန်းဖေးယွီ အပိုင် ဟုတ်လို့လား။ ဘယ်ဟုတ်မလဲ။ နယ်မြေမှူးကို ထိန်းချုပ်နေတဲ့ သူက ဖန် ကျန်းရှီလေ။ ဒါကြောင့် ခြင်္သေ့ဒေသက ဖန်ကျန်းရှီ ရဲ့ နယ်မြေပဲ။ ဒါဆို ရင်။ မေးခွန်းမေးတယ်။ ကိုယ့်နယ်မြေထဲမှာ တခြားသူကို တိုက်ခိုက်တာ။ အလစ်ဝင်တိုက်တယ်လို့ ခေါ်နိုင်လား။ မခေါ်နိုင်ဘူးလေ။ ဒါက လိပ်ကို ကရားထဲ အမိ ဖမ်းတာပဲ။ ချန်းဖေးယွီက ဒီအချိန်မှာ တင်းမာ နေတယ်။ အံကို တင်းတင်းကြိတ်ထားတယ်။ တတ်နိုင်သလောက် ခုခံ နေတယ်။ သူ့ တစ်ကိုယ်လုံး နာကျင်နေပြီ။ ဒါတောင်မှ သူ့ စစ်သည်တော်တွေ ရောက်လာမယ်လို့ ယုံကြည်နေဆဲပဲ။ နောက်ဆုံးတော့ ။ တိုက်ပွဲ စတည်းကနေ။ နာရီဝက် ကုန်သွားခဲ့ပြီ။ စစ်သည်တော် တွေ အရိပ်တောင် မမြင်ရသေးဘူး။ သူတို့ တွေ အိပ်ပျော်နေတာလား။ ။ ချန်ေးဖးယွီ ဒါကို လက်မခံ နိုင်ဘူး။ သူက သဘာဝလွန် အဆင့် ရောက်နေပြီ။ တောင်ထိပ်မှာ ရောက်နေတာ သူတစ်ယောက်တည်း ။ ဒါပေမယ့် လက်တွေ့မှာတော့။
သူ့ စွမ်းရည်တွေကို စစ်သည်တွေ ရှေ့မှာတောင် ထုတ်မပြရသေးဘူး။ ငွေဂျိုဝ့ပုလွေ တွေ လက်အောက်မှာ အဖမ်း ခံ လိုက်၇ပြီ၊ နောက်ပြီးတော့ တောင်ပိုင်း ဒေသ စစ်သည်တွေ။
“တစ်ယောက်ချင်း။ တစ်ယောက်ချင်း တိုက်မယ်။ ငါက သဘာဝလွန်အဆင့်ပဲ။” ချန်းဖေးယွီ အော်ဟစ်တယ်။
“တုံး အ နုံချာ လိုက်တာ။” ဖန်ကျန်းရှီ ခေါင်းခါတယ်။ တန်ရှီ၇ှန်းကို တစ်ချက် ကြည့်တယ်။ ချက်ခြင်း။ ငွေဂျို ဝံပုလွေတွေ ထူးထူးဆန်းဆန်း အော်ကြတော့တယ်။
“ အားးးး” ငယ်သံ ပါအောင် အော်ဟစ်သံ ထွက်လာပြီ။ ချန်းဖေးယွီ လက် ကနေ သွေးတွေ မထိန်းနိုင် မသိမ်း နိုင်အောင် ထွက်လာတယ်။ နောက် ဝံပုလွေ တစ်ကောင်က သူ့ ခြေထောက်ကို ကိုက်ထားတယ်။ တစ်ချိန်တည်းမှာပဲ။ အနက်ရောင် သံကြိုးတွေ ကောင်းကင်ကနေ ကျလာတယ်။ သူ့ တစ်ကိုယ်လုံး ချည်နှောင် ခံလိုက်ရပြီ။ ချန်းဖေးယွီ ရဲ့ အခု အခြေ အနေကို ဖော်ပြ ဖို့ရာ ခက်ခဲလေပြီ။
သူ့ ကိုယ်ခန္ဒာ တစ်ခုလုံးကို သံကြိုး အနက်တွေ ချည်နှောင်ထားတယ် ။ သေချာသာ မကြည့်ရင် ဒါက သက်ရှိ လူသားတစ်ယောက်လို့ တောင် မထင်ရဘူး။
“သူ့ကို ဆွဲချလိုက်။” ဖန်ကျန်းရှီ လက်ဝေ့ယမ်းရင်းပြောတယ်။
“ ဖန်ကျန်းရှီ ။ မင်း ငါ့ကို ဒီလို လုပ်လို့ မရဘူး။ ငါက သဘာဝလွန် အဆင့်မှာ ရှိနေပြီ။ ငါက တိုက်ခိုက်ရေး စာမေးပွဲမှာ အဆင့်တစ်ပဲ၊” ချန်းဖေးယွီ တတ် နိုင်သလောက် ရုန်းကန်နေတယ်။ ဒါပေမယ့် သူ ကောင်းကောင်းသိတယ်။ သူ့ အစွမ်းကုန် အားသုံးပြီး ရုန်းကန်ရင်တောင်။ နောက်ဆုံး ရင်ဆိုင် ရမှာ မြေကြီးပဲ။ အသုံး မဝင်ဘူး။ ဖန်ကျန်းရှီက ငွေဂျို ဝံပုလွေ စစ်သည် ငါးရာကို တိုက်ခိုက်ဖို့ အမိန့်ပေးချိန်တည်းက။ အရာအားလုံးပြီးဆုံးသွားခဲ့ပြီမှန်း သူ သိတယ်။ သူ့ အိမ်မက်တွေ နောက်တစ်ကြိမ် ပြိုကွဲသွားပြန်ပြီ။ ဒါ ကို သူ လုံး၀ လက် မခံ နိုင်ဘူး။ ငယ်ငယ် တည်းက အကောင်းဆုံး ဆိုတာ သူ မဟုတ်ခဲ့ဘူး။ အချိန် တိုင်းမှာ ။သူ့ကို အာရုံ စိုက်မယ့် သူ မရှိခဲ့ဘူး။ နှစ်အကြာကြီး နိမ့်ကျ ခဲ့ပြီး တဲ့နောက်။ ဒီ တစ်ကြိမ်မှာ အရာအားလုံး ပြောင်းလဲ သွားပြီလို့ သူ ထင်ခဲ့တယ်။ သူက အဆင့် တက်သွားပြီ လေ။ သဘာဝလွန် အဆင့်ကို တက်သွားပြီ။ ဒီ အချိန်က သူ တောက်ပ ရတော့မယ့် အချိန်ပဲ။ ဒါပေမယ့် ….
သူ့ မျက်နှာ တည့်တည့်ကို တစ်ချက် ပိတ်ထိုး ခံ လိုက်ရတယ်။ အရာ အားလုံးကို သူ အစီအစဉ် ဆွဲပြီးပြီ။ စော်ကား ခံ ရတာတွေကို ဖျောက်ဖျက်ပြစ်မယ်။ ထောင်ချီ တဲ့ စစ်သည် တော်တွေ ရှေ့မှာ ဂုဏ်သိက္ခာ အပြည့် နဲ့ ရပ်တည်မယ်။ နိုင်ငံ တစ်ဝှမ်း နာမည်ကျော် ကြားအောင် လုပ်မယ် ဆိုတဲ့ သူ့ အိမ်မက် တွေ။ တစ်စစီ ပျက်သုန်းသွားပြီ။ တောင်ထိပ်ကနေ တောင်ခြေကိုပြုတ်ကျသလိုပဲ။ နာကျင်တယ်။ တကယ့်ကို နာကျင်ရတယ်။
“ ဖန်ကျန်းရှီ။ ဆွေးနွေးရအောင။် ဆွေးနွေးရအောင်။ ငါ့ကို မထုတ်ပယ် သေးသရွေ့။ မင်း လိုချင်တာ အကုန် ငါ ပေးနိုင်ပါတယ်။ ” ချန်းဖေးယွီ နောက်ဆုံး မျှော်လင့်ချက် လေးကို ဆုပ်ကိုင် ထားတယ်။
“ တကယ်လား။” ချန်းဖေးယွီကို စိတ်ဝင်တစား နဲ့ ကြည့်တယ်။
“ဟုတ်တယ်။ မင်း မိုးကြိုး ခြင်္သေ့ဒေသကို နောက်မှ ပြန်ပေးလည်း ရတယ်။ စစ်သည်တွေကို နောက်မှ ပြန်ပေးလည်း ရတယ်။ ” ဖန်ကျန်းရှီ စိတ်ဝင်စားတာကို ချန်းဖေးယွီ မြင်တယ် ။ သူ ချက်ခြင်း ပြောတယ်။
“ ငတုံးကောင်။ ဒီ ငတုံးကောင်ကို ခေါ်သွားစမ်း။”
“ မဟုတ်ဘူး။ မိုးကြိုး ခြင်္သေ့ ဒေသ တစ်ခုလုံး မင်းကို ပေးမယ်။ ငါ မလိုချင် တော့ဘူး။ စစ်တပ်လေး သာ ငါ့ကို ပြန် ပေး ပေး…..” ချန်ဖေးယွီ သူ့ တောင်းဆို ချက်ကို ချက်ခြင်း လျော့ချလိုက်တယ်။
“ ခေါ်သွားကြစမ်း။”
“ ငါ့ စစ်တပ်လည်း မလိုချင် တော့ဘူး။ ဘာဆို ဘာတစ်ခုမှ မလိုချင် တော့ပါဘူး။ ကိုယ့်ဘာကိုယ်ပဲ နေချင်ပါတယ်။ နောက်တစ်ကြိမ် မှ ပြန်လာ ပါတော့မယ်။ မင်းကို ပိုက်ဆံလည်း ပေးပါမယ်။ မင်းက ငွေတွေကို ကြိုက်တယ် မလား။ မင်းဘယ်လောက် လိုချင် လိုချင် ငါ အကုန်ပေးမယ်။ ငါက ကျောင်းတော် ဆယ့်သုံးခု ရဲ့ ဆက်ခံသူ တစ်ယောက်ပဲ။ နောက်ပြီးတော့ ပင်းယန် မင်းသမီး ရဲ့ ဦးလေး ။ ငါ့မှာ ပိုက်ဆံ အများကြီး ရှိတယ်။ အများကြီး အများကြီး ကို ရှိတယ်။ ” ချန်းဖေးယွီ ရဲ့ အသံကတော့ ဒီ အချိန်မှာ အတော့်ကို တုန်ယင်နေခဲ့တယ်။
“ မင်း သမီး ရဲ့ ဦးလေး။ ဟုတ်လား။” ဒါကို ကြားတော့ ဖန်ကျန်းရှီ ရဲ့ အမူအယာ ပြောင်းသွားတယ်။
“ဟုတ်တယ်။ ငါ့ အစ်မကြီးက တော်ဝင် မိဖုရား ဟွားဖေးပဲ။ ဧကရာဇ်မင်း အရေး အပေးဆုံး မိဖုရား တစ်ပါးပဲ။ ငါ့ကို ဒီ တိုက်ခိုက်ရေးစာမေးပွဲ ကနေ ထုတ်လိုက်ရင်။ ကြီးမြတ်သော ရှ မင်းဆက်ကို ဘယ်တော့မှ ပြန်လို့ မရအောင် လုပ်ပြစ်မယ်။” ဖန်ကျန်းရှီ ရဲ့ ပုံစံကို ကြည့်ရင်း ချန်းဖေးယွီ တွေးလိုက်မိတယ်။
“ မင်းက ငါ့ကို ချိန်းခြောက်ရဲတယ်ပေါ့။ ဆွဲချစမ်း။ ဒီကောင့်ကို ဆွဲချစမ်း။ သွားတွေ အကုန် ပြုတ်ထွက်သွားအောင် ရိုက်ပြစ်လိုက်။”
“အားးး။။။။။ မလုပ်ပါနဲ့။ မခြိမ်းခြောက်၀ ံ့တော့ပါဘူး ဖန ်ကျန်းရှီ မဟာမိတ် ဖွဲ့ ကြရအောင်။ ငါ့ အစွမ်း နဲ့ ဆိုရင် မင်း အတွက် အသုံးဝင်မှာပါ။ တကယ်ပါ။ ငါ့ကို ယုံပါ။” ဖန်ကျန်းရှီလို လူမျိုး ချန်းဖေးယွီ တစ်ခါမှ မမြင်ဖူးဘူး။ မင်းသမီးရဲ့ ဦးလေးမှန်း သိတာတောင် ရိုက်ဝံ့တယ်။ အကြောက်အလန့် မရှိလိုက်တာ။
“ဘယ်လို ကူညီ နိုင်မှာလဲ။” ဖန်ကျန်းရှီ စိတ်ဝင်တစား မေးတယ်။
“ဝူဖုန်းကို တိုက်ခိုက်ဖို့ စိန်ခေါ်မယ်။ စစ်သည်တွေ အားလုံးရှေ့မှာ သူ့ စစ်တပ် ကို ပေးဖိုက လောင်းမယ်။ ဒီလို ဆို မင်းလည်း စစ်သည်တွေကို ရ နိုင်ပြွီ။ ဘယ်လိုလဲ။”
“ ဝူဖုန်း စစ်တပ်ကို ရ အောင် ယူပြီးရင် ။ ငါ့ကို ပြန် တိုက်မယ်ပေါ့။”
“မဟုတ်ဘးူး။။ ငါမင်းကို မတိုက် ဘူး။ ဝူဖုန်း ရဲ့ စစ်တပ်ကို ရပြီးရင်။ ယန်ယ နဲ့ စီကျွမ်းဒေသ ထိ ဆုတ်ခွာသွားပါမယ်။ မင်း ရဲ့ ရန်သူ မဖြစ်စေ ရပါဘူး။” ချန်းဖေးယွီ ယုံကြည်ချက် အပြည့် နဲ့ ပြောတယ်။
“ နာ်းလည်ပြီ။”
“ မင်း ။။။။ မင်း သဘောတူတယ်လား။”
“ မဟုတ်ပါဘူး။ မင်း ရဲ့ အစီအစဉ်က မဆိုးဘူးပဲ။ ငါ လက်ခံတယ်။” ဖန်ကျန်းရှီ ပြုံးပြရင်း ပြောတယ်။
“ … ချန်းဖေးယွီ မျက်လုံးတွေ ဝိုင်းစက်သွးာတယ်။ သူ့ ပါးစပ်က တဆတ်ဆတ်တုန်နေတယ်။ အသံ တော့ ထွက်မလာဘူး။
“ သူ့ကို ခေါ်သွား။ ပိတ်ထား လိုက်။ တ စ်ခုတော့ မှတ်ထား။ တစ်ရက်သုံးနပ်တော့ မှန်မှန်ကျွေး။ ကိုယ့် ဆီ လာတဲ့ ဧည့်သည်ကို ဧည့်ဝတ် ကျေပွန်ရမယ်။” ဖန်ကျန်းရှီ ကြီးမြတ်တဲ့ အမူအယာ နဲ့ ပြောတယ်။
“ဖန်ကျန်းရှီ…… ငါ ။ ချန်းဖေးယွီ။…… ကျိန်ဆိုတယ်။ မင်း နဲ့ ငါ ။ နှစ်ယောက်တည်းက တစ်ယောက်ပဲ အသက် ရှင် ရမယ်။”
“ မင်းသမီးရဲ့ ဦးလေ်းလည်း ပြောသေး။ တုံးအ ချက်က လက်လန်တယ်။” ဖန်ကျးန်ရှီ ပြောတယ်။ နီရဲနေတဲ့ မျက်နှာနဲ့ ချန်းဖေးယွီ ဒေါသတကြီး အော်ဟစ် ရုန်းကန်နေတယ်။
အခုတော့ မိုးကြိုး ခြင်္သေ့ဒေသက ဖန်ကျန်းရှီ လက်ထဲမှာ။ ထပ်ပြောရရင်။ ချန်းဖေးယွီ လက်ထဲက စစ်သည် တစ်သောင်းလည်း။ နည်းနည်းလောက် တွက်ချက် လိုက်ရင်။ သူ့ စစ်သည်တွေ ဖြစ်လာမှာပဲ။ နောက်ထပ် ဘာဆက် လုပ်ရမလဲ။ တောင်ပိုင်း ဒေသမှာပဲ နေရ မလား။ ဒါမှ မဟုတ်။ ယန် မြို့တော်ပဲ ပြန်ပြီပုန်းနေရမလား။ ဖန်ကျန်းရှီ တစ်ခါမှ မတွေးဖူး တာတွေ တွေးနေရတယ်။ စကားပုံပြောသလိုပဲ ။ အခက်ခဲဆုံး အချိန်က အခွင့်အရေး အများဆုံးပဲ။
ဒါပေမယ့် အခု လောလောဆယ် ပြဿနာက ဝူဖုန်း ရဲ့ တပ်။ ဝူဖုန်း ရဲ့ စစ်သည်တွေကို ဘယ်လို တိုက်ရမလဲ။
ချန်းဖေးယွီ အကြံကတော့ မဆိုးဘူး။ ဝူဖုန်းကို တစ်ယောက်ချင်း စိန်ခေါ်ပြီး။ ရလဒ်ရွေးတာ။ ဒါက ကြီးမြတ်သော ရှ မင်းဆက်မှာ သုံးတာမျိုးပဲ။ အခု လို အခြေအနေမှာတော့။ အောင်မြင်မှု ရာခိုင်နှုန်းနည်းတယ်။ ရှေးဟောင်း လောကမှာ စစ်တပ် နှစ်ခု တိုက် ခိုက်ရင်။ စစ်သူကြီး နှစ်ယောက်က တစ်ယောက်ချင်း အရင် ချ ရတယ်။ အောင် နိုင်တဲ့ သူက စစ်သည် တော်တွေရဲ့ စိတ်ဓာတ် အင်အားကို မြင့်စေတယ်။ ဒီလို နဲ့ သူတို့ နိုင်ရော။ ဒါက တွေးကြည့်ရင် ဉာဏ်မရှိတာပဲ။
ဒီလိုနည်းလမ်းမျိုး ဖန်ကျန်းရှီ မကြိုက်ဘူး။ ဒီကိစ္စမှာ ဘာ စစ်နည်းဗျူဟာမှ မပါဘူး။ ဝူဖုန်းက သူ့ စစ်တပ်ကြီးနဲ့ ပြန်တိုက်ရင်ကော။ သူ ဘာလုပ်ရမလဲ။
…
ည အချိန်က တိတ်ဆိတ် နေတယ်။ ဒါပေမယ့် အေးချမ်းတဲ့ ညတော့ မဟုတ်ခဲ့ဘူး။ ဒီၤ ည ရဲ့ ညတာ က ရှည်လျားလွန်းတယ်။ ရှည်ကြာလွန်းလို့။
လူ အတော် များများ အိပ် မပျော် နိုင်ကြဘူး။ သူတို့ ရဲ့ နှလုံးသား တွေ တုန်ယင် လှိုက်မော နေတယ်။ ညနက်နက်မှာ။ လူငယ်လေး တစ်ဦးက အကြေးခွံပါတဲ့ မြင်းကို စီးနင်းလာတယ်။ မြင်းရဲ့ ကိုယ်တစ်ပိုင်းက အနက်ရောင်။ မြင်းခွာ တစ်ယောက် မှာတော့ အစိမ်းရောင် လှိုင်းလေးတွေ ထ နေတယ်။ ဒါက ဒဏ္ဍာရီလာ မြင်းပျံ တစ်ကောင်ပဲ။ နှင်းပေါ်မှာ ခြေရာမထင် တဲ့ မြင်းခွာ။
နောက်ပြီးတော့ အစိမ်းရောင် လှိုင်းလေးတွေ ထ နေတာက သိသာတယ်။ မြင်းနာမည်က ကျောက်စိမ်းလှိုင်း မြင်းပျံ။ လူငယ်ရဲ့ ကိုယ်ပေါ်မှာ တန်ဖိုးကြီး ကျောက်စိမ်း သံချပ်ကာ ရှိနေတယ်။ သူ့ လက်ထဲမှာတော့ ကျောက်စိမ်း ပုလွေ တစ်ချောင်း။ မျက်လုံးတွေက မှိန်ဖျော့ဖျော့ တောက်နေတယ်။ နှုတ်ခမ်းမှာတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့ အပြုံးတစ်ခု နဲ့။
သူ့ စစ်တပ်ကို ခွဲ ထုတ်တဲ့ နည်းဗျုဟာ မအောင်မြင် ခဲ့ဘူး။ ဝူဖုန်း တကယ်တော့ ဒေါသထွက်နေခဲ့တာ။ ချန်းဖေးယွီ မှာ ဒီလိုမျိုး ပြောင်မြောက်တဲ့ စစ်နည်းဗျူဟာ ရှိနေမယ်လို့ မထင် ခဲ့ဘူး။ ဒီကောင် မခုခံပဲ တိုက်ခိုက်တယ်။ ဒီအကြောင်း ကို ဝူဖုန်း ထည့် မတွက်မိ ခဲ့ဘူး။ ကံကောင်းစွာနဲ့ပဲ။ ဒီ အကွက်ထဲ သူ မဝင်သွားခဲ့။ တစ်ခုခု လွြနေတာ သိတော့ သူ့ တိုက်ပွဲ ဗျူဟာကို ချက်ခြင်း ပြောင်းလိုက်တယ်။ ချန်းဖေးယွီ ရဲ့ စစ်တပ် နောက်ကို ရောက်အောင် လုပ်တယ်။ နောက်ဆုံးတော့ အခွင့်အရေးကို ဖန်တီး နိုင်ခဲ့တယ်။
ဒါက အကွက် ကောင်းလို့ ပြောရမှာ အမှန်ပဲ။ တစ်ကွက် မှားတာ နဲ့ ဆက်တိုက် မှားမယ်။ ပုံမှန် အခြေအနေ။ ပုံမှန် ဆုံးဖြတ် ချက်နဲ့။ သူ့ စစ်တပ်ကို ပြန်စုစည်းပြီး ဆုတ်ခွာ နိုင်မှာ မဟုတ်ဘူး။ အခုကတော့ အရမ်းကို အသုံးဝင်တဲ့ နည်းဗျူဟာပဲ။ ဒါပေမယ့် ဝူဖုန်းက ဒီ အလို အစီအစဉ်ကို အတည် ပြုမှာလား။ ဘယ် ဟုတ်မလဲ။ ကျရှုံးနေတဲ့ လမ်းကနေ အနိုင်ရတဲ့ လမ်းကို ပြောင်းမယ်။ ဒါက မှ ဝူဖုန်း သုံးနေကျ နည်းလမ်းပဲ။ နောက်ပြီးတော့ သူ့ ပြိုင်ဘက်က နိုးထ နဂါး အဆင့် ၁၂ ချန်းဖေးယွီ။ ဒီ ချန်းဖေးယွီ ကိုမှ နိုင်အောင် မတိုက်နိုင်ရင်။ ဝူဖုန်း တကယ်ပဲ မျက်နှာ ပျက်ရ လိမ့်မယ်။
ချန်းဖေးယွီက စစ်သည် ၂ ထောင်သုံးပြီး သူ့ကို လမ်းတစ်လျှောက်လုံး နှောက်ယှက်ထားတယ်။ သူ့ အကြံကို ဝူဖုန်း ခန့်မှန်း နိုင်တယ်။ ဒါက မိုးကြိုးခြင်္သေ့ဒေသကို သူ တိုက်ခိုက်မှာ တားဖို့ပဲ။
အဓိက ဒေသကြီး လေးခုရဲ့ မြေမျက်နှာ သွင်ပြင် ခုခံမှု အင်အားကို ဝူဖုန်း သိတယ်။ ဘယ်လောက် တောင်ကြောက်စရာ ကောင်းလိုက်သလဲ။ ခုခံမှုကို တိုက်ခိုက်ရေး အဖြစ် ပေါင်းလဲတယ်။ သူသာ တစ်ဟုန်ထိုး တိုက်ရင် ချက်ခြင်း ရှုံးမှာမှန်း ဝူဖုန်းသိတယ်။
“ အစီအစဉ်က သိပ်မဆိုးပါဘူး။….. စိတ်မကောင်းစရာပဲ။ မင်း ရင်ဆိုင်နေရတာက ငါ ဖြစ်နေတယ်။” သူနဲ့ သိပ်မကွာတဲ့ နေရာက စစ်သည်တွေကို ကြည့်ရင်း ဝူဖုန်း ပြုံးတယ်။ အမိန့်တစ်ခုပေးတယ်။ တစ်သောင်းကျော် တဲ့ စစ်သည် တော်တွေ မိုးကြိုး ခြင်္သေ့ ဒေသကို အရှိန်အဟုန်နဲ့ စစ်ချီ တော့တယ်။ ညကောင်းကင် တိမ်မည်းတွေ လိုပဲ။
“ဘုန်းးးး”“““ အသံကျယ်ကြီးက ကောင်းကင်ကို လှုပ်ခတ်သွားစေတယ်။
အပိုင်း (၃၅၀)ပြီး၏။