← Chapters

အပိုင်း (၃၅၁-၃၆၀)

Vol. 4 Ch. 351-360

အပိုင်း (၃၅၁-၃၆၀)

Vol. 4 Ch. 351-360

အပိုင်း (၃၅၁)

“ မူးမေ့သွားစေ နိုင်တဲ့ အလှတရား။”

…

ဒုတိယ နေ့ မနက်။ ဖြူလွလွ မြူနှင်းတွေက မိုးကြိုး ခြင်္သေ့ နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံထားတယ်။ မြေပြင်ပေါ်က နှင်းဖြူဖြူ တွေနဲ့ ပေါင်းရင်။ ဟေမန္တဆောင်းကို ငွေခြည် ဖြာနေတဲ့ အသွင်။ တပ်ဖွဲ့ကြီး တစ်ခု တိမ်မည်းကြီးလို တလိမ့်လိမ့် တက် လာတယ်။ မိုးကြိုး ခြင်္သေံ့ ဒေသကြီး ရဲ့ မီတာ ငါးရာ အကွာမှာ စောင့်ဆိုင်းနေတယ်။ အရှေ့ ကောင်းကင်က မြင်ကွင်းကို လှမ်းကြည့်နေတယ်။

အဖိုး တန်လွန်းတဲ့ ကျောက်စိမ်း သံချပ် ကာကို ဝူဖုန်း ဝတ်ထားတယ်။ ကျောက်စိမ်း လှိုင်း မြင်းက တိမ်မည်း တပ်ဖွဲ့ကြီး ရဲ့ အနောက် မှာ။ သူ့ မျက်စိရှေ့ နား တဖြည်းဖြည်း နီးလာတဲ့ မိုးကြိုး ခြင်္သေ့ ဒေသကို ကြည့်တယ်။ ခပ်ယဲ့ယဲ့ ပြုံးထားတယ်။

“ သတင်းပို့ပါတယ်။” ဒီ အချိန် မှာပဲ။ ကင်းထောက်တစ်ယောက် ခပ်ဝေးဝေး ကနေ ပြေး လာတယ်။ ဝူဖုန်း ရှေ့ကို ရောက်လာတယ်။ ဒူးတစ်ဖက် ထောက်တယ်။

“ ပြော” ဝူဖုန်း ချက်ခြင်း ပြန်ဖြေတယ်။

“ မိုးကြိုး ခြင်္သေ့ နယ်မြေ ရဲ့ အဓိက ဂိတ်တံခါး လုံး၀ ပွင့်နေပြီ။ စစ်သည်လေး တစ်ယောက် တောင် မရှိတော့ ဘူး။ ” ကင်းထောက်က သူ မြင်တာကို ချက်ခြင်း ပြန်ပြောတယ်။

“ခုခံတပ် မရှိဘူးပေါ့။” ဝူဖုန်း မျက်မှောင် ကြုတ်သွားတယ်။ သူ မရောက်ခင်။ ဖြစ် နိုင် ချေတွေ အားလုံးကို သူ စဉ်းစား ခဲ့တယ်။ ဥပမာ အားဖြင့် ချန်းဖေးယွီက ခံစစ် နဲ့ အနိုင် တိုက်မယ်။ ဒါမှ မဟုတ်။ မိုးကြိုး ခြင်္သေ့ ဂိတ်တံခါးမှာ သူ့ကို စောင့် နေမယ်။ ဒါပေမယ့် ….. အခုတော့ ခုခံမှု လေး တစ်ချက် တောင် မရှိဘူးတဲ့လား။ မြို့ပျက်ကြီး ရဲ့ နည်းဗျူဟာလား။ ဝူဖုန်း က သင်ခန်းစာ တွေကို ကျေညက် တဲ့ သူပဲ။ စစ်တပ်ကို ဦးဆောင် တဲ့ အတွေ့အကြုံ မရှိခဲ့ဘူး။ ဒါပေမယ့် စစ်တပ် နည်းဗျူဟာတွေကို တော့ ကောင်းကောင်း နားလည်တယ်။ မြို့ပျက်ကြီး ဗျူဟာက တစ်ခေတ် တစ်ခါမှာ ကျော်ကြားခဲ့တယ်။ ဘာမှ မရှိတဲ့ မြို့လွတ်ကြီး အဖြစ် အယောင် ်ဆောင်တယ်။ တိုက်ခိုက် ရဲ တဲ့ သူ ရှိရင် အထိနာမယ်။

ဝူဖုန်း မျက်မှောင် ကြုတ်နေတယ်။ သူက အသေးစိတ်တဲ့ လူ မဟုတ်ဘူး။ အ လျင်လို တတ်တဲ့ သူ လည်း မဟုတ်ဘူး။ ချန်းဖေးယွီ ရဲ့ စိတ် အကြံကို သူတွေးတော ကြည့်တယ်။ သူ့ကိုယ်သူ တစ်ခြား တစ်ယောက် နေရာမှာ ဝင်စဉ်းစားတယ်။ ဆယ့် ငါးမိနစ် တိတိသာ ကြာသွားတယ်။ ချန်းဖေးယွီ စဉ်းစားလို့ မရ ။ ဘာလို့ များ သူများ မစဉ်းစား တာကို လုပ်ဝံ့တာလဲ။

မိုးကြိုး ခြင်္သေ့ဒေသ ရဲ့ ခုခံ နိုင်စွမ်းက အံ့ မခန်းပဲ။ ကြောက်စရာ ကောင်းတယ်။ ချန်းဖေးယွီ ရဲ့ စစ်တပ် အင်အား နဲ့ ပေါင်းရင်။ ဒီလို နည်းလမ်း မျိုး သုံးဖို့ မှ မလိုပဲ။ ဒီ တစ်ကြိမ်တော့ ဝူဖုန်း လုံးဝကို မျက်လုံး မျက်လုံး ပြူးနေတယ်။ မိုးကြိုး ခြင်္သေံ ဒေသကို လက်လျှော့်လိုက်တာ သူတို့ကို ခြောက်လှန့်ဖို့ သက်သက်လား ။ ဘယ်လိုပဲ ဖြစ်ဖြစ်။ အခု ကိစ္စ ကတော့ စိတ်တောင် မကူးရဲ ခဲ့ဘူး။ ကလေး တစ်ယောက် တွေးထားတဲ့ အကြံ နဲ့ တောင် တူ နေ သေးတယ်။ ဒါပေမယ့် ချန်းဖေးယွီက ဒီလို လူလား။

ဘယ်ဟုတ် မလဲ။ ဝူဖုန်း သာ ချန်းဖေးယွီ နဲ့ မတိုက်ခိုက် ဖူး ခဲ့ရင်။ ဒါက အရှုံး ပေးတဲ့ လက္ခဏာလို့ တွေးမိမှာပဲ။ ဒါပေမယ့် ချန်းဖေးယွီက အခုတော့ ထွက်သွားခဲ့ပြီ။ မခုခံပဲ သူ တိုက်ခိုက်တယ်။ သူက စစ်ပွဲ ကြောက်တဲ့ သူ မဟုတ်ဘူး။

ရှေးစာအုပ် တွေမှာ ရေးထားတယ်။ မြို့ပျက်ကြီး ဗျူဟာကို ရန်သူက စစ်အင်အား သာလွန် နေတဲ့ အချိန်မှာ သုံးတယ်။ ဒါပေမယ့် အခု ကတော့ ….။ အခြေအနေ က လုံး၀ ကွာခြား နေပြီ။ ချန်းဖေးယွီက တိုက်ခိုက် နိုင်စွမ်း ရှိတယ်။ ဝူဖုန်း သေချာ သိတယ်။ ဒါပေမယ့် ဒီ တော့ ဘာဖြစ်လဲ။

“စစ်သူကြီး။ ကျွန်တော်တို့ တိုက် ခိုက် မှာလား။” စစ်သူကြီး တစ်ယောက်က မေးတယ်။ ဒါပေမယ့် မြို့လွတ်ကြီးက သူ့ ရှေ့မှာလေ။ ချန်ထား ခဲ့ရမှလား။ လုံးဝကို မဖြစ် နိုင် တာပဲ။

“ တိုက်ခိုက်မယ်။” ဝူဖုန်း ဆုံး ဖြတ်ချက် မြန်မြန် ချတယ်။ သူက မိုးကြိုး ခြင်္သေံ့ ဒေသ အဝင်ဝမှာတောင် ရောက်နေပြီ ။ တပ်ပြန်ဆုတ်ဖို့ မဖြစ်နိုင်ဘူး။ ချန်းဖေးယွီ တွေးနေတာကို သူ နားမလည် နိုင်။ နောက်ထပ် ထပ် တွေးဖို့ မလို တော့ဘူး။

“ စစ်တပ် တစ်ခုလုံးကို ပို့မှာလား။” စစ်သူကြီး က နောက်တစ်ကြိမ် ထပ် မေးတယ်။ မိုးကြိုး ခြင်္သေ့ ဒေသမှာ အကုန် သုံးလိုက် ရမှာလား။ ဒီလို ခပ်အအ ဆုံးဖြတ်ချက်မျိုး သူ မလုပ်ဘူး။ အခုချိန် သူ့ မျက်စိ ရှေ့က နယ်မြေကြီး မှာ ခုခံစစ် မရှိ။ ဒါကြောင့် မေးခွန်း ထုတ်စရာ ဖြစ်လာတယ်။

“ မဖြစ်ဘူး။ မိုးကြိုး ခြင်္သေ့ ဒေသက မတ်စောက် လွန်းတယ်။ အဓိက တံခါးကြီး သုံးခု ရှိတယ်။ အမိန့် ပေးမယ်။ စစ်သည် သုံးရာ ကို သုံးခု ခွဲ။ အုပ်စု တစ်ခုစီက ဂိတ်တံခါးကို ဝင်သွားလိုက်။ နယ်မြေ အတွင်းက အချက် အခြား နေရာ တွေကို လေ့လာ” ဝူဖုန်း ခေါင်းခါတယ်။ အသေးစိတ် ပြန်ပြောတယ်။

“ အမိန့် အတိုင်းပါ။” စစ်သူကြီး ချက်ခြင်း နားလည်တယ်။ အခုချိန်မှာ ။ မိုးကြိုး ခြင်္သေ့ ဒေသကြီး ရဲ့ အခြေ အနေကို မသိ နိုင်ဘူး။ ရန်သူ ရည်ရွယ်ချက်ကလည်း မထင် ရှား။ စစ်တပ်ကြီး တစ်ခုလုံးကို နယ်မြေထဲ ပို့ ဖို့က ။ အန္တရာယ် များလွန်းတယ်။ စွန့်စား ရာ ရောက်လွန်းတယ်။ ရေကို စမ်းဖို့ စစ်သည် သုံး ထောင်ကို သုံးတာ ။ အကောင်းဆုံး နည်းလမ်းပဲ။

…

စစ်သည် သုံးရာက ချက်ခြင်း ဂိတ်တံခါးကို ဖြတ်တယ်။ သိပ်မကြာခင် နယ်မြေထဲကို ချောချော မွေ့မွေ့ ဝင်သွားတယ်။ ခုခံ မှု တစ်ခု လေးတောင် မရှိဘူး။ သိပ်မဝေးတဲ့ နေရက ဝူဖုန်း။ ချက်ြခ်ငး မျက် မှောင်ကြုတ်သွားတယ်။ ဒီ ငတုံး ကောင် ချန်းဖေးယွီက မိုးကြိုး ခြင်္သေံ ဒေသ ကြီး တစ်ခုလုံးကို လက်ေ လျှာ့်ပြီး ထားပြစ်ခဲ့ ပြီလား။ ဒါမှ မဟုတ် တခြား အစီအစဥၤ ရှိနေတာ များလား။ နေစမ်း ပါ အုန်း။ ချန်းဖေးယွီ က အရှေ့က အရောင်ပြပြီ။ အနောက်က တိုက်ဖို့ များ လုပ်နေတာ လား။ ဝူဖုန်း အမူအယာ ချက်ခြင်း ပြောင်းသွားတယ်။ ဒီ အချိန် သူ့ မြှ စစ်သည် တစ်သောင်း ကျော် ရှိတယ်။ ဒါပေမယ့် ယန် ယ နဲ့ စီကျွမ်း ဒေသ တွေမှာ စစ်သည် ၂ ထောင် စီ ချထားသေးတယ်။ အကယ်၍…. ချန်းဖေးယွီက မိုးကြိုး ခြင်္သေံ ဒေသကို ထားခဲ့မယ်။ ယန်ယ နဲ့ စီကျွမ်း ဒေသ တွေကို တိုက်ခိုက် နေ ခဲ့ရင်။ နယ်မြေ တစ်ခု ပေးပြီး နှစ်ခုကို ရ မယ်လေ။ အရမ်း တန်တာပေါ့။ ဝူဖုန်း အမှား လုပ်မိပြီ။ သူတွေးနေတာ ဖြစ် နိုင်ချေ အရမ်း များတယ်။ ဒါပေမယ့် သူက အခု တခြား အစီအစဉ်ကို တွေးနေပြီ။

ချန်းဖေးယွီက သူကကို ဒါမျိုး တွေး စေချင်နေတာ ဆိုရင်ကော။ ဒါဆိုရင်။ မိုးကြိုးခြင်္သေ့ ဒေသကို သူလည်း လုံခြုံအောင် ထိန်းသိမ်း နိုင်မယ်။ အကယ်၍ ဒါသာ ဖြစ် လာ၇င်။ မတိုက်ခိုက် ပဲ နဲ့ ။ ပြဿနာလည်း မရှိ နိုင် တော့ဘူး။ ချန်းဖေးယွီက သူ့ကို လျော့တွက် နေတာပဲ။ အရှက်ရ ချင်စရာ ကောင်းလိုက်တာ။

ဒါမျိုးက ဝူဖုန်း လက်မခံ နိုင်တာပဲ။ အထူးသဖြင့် ချန်းဖေးယွီ ရဲ့ လက်ထဲမှာ ကစား ခံ ရတဲ့ အချိန် ပေါ့။ ဒီ အဖြစ်က သေတာထက် တောင် ဆိုးသေးတယ်။ ငါ ဘာလုပ်ရမလဲ။ ငါ့နယ်မြေ နှစ်ခုစီ ပြန်ဆုတ်ရမလား။ ဒါမှ မဟုတ်။ မိုးကြိုး ခြင်္သေ့ နယ်မြေကိုပဲ ဝင် သိမ်း ရမလား။ ဝူဖုန်း အတော့်ကို တွေဝေနေတယ် ။ ဒါပေမယ့် အဆုံးသတ်မှာတော့။ ဆက်ပြီး စောင့်ဆိုင်းဖို့ ဆုံးဖြတ်တယ်။ တစ်နာရီက သိပ်မကြာ ပါဘူး။ ဒါကြောင့် စစ်သည် သုံးရာ သတင်းပြန်ပို့ မှာကို သူ စောင့်တယ်။

မဟူရာ တိမ်တိုက် တပ်ဖွဲ့ကြီးလည်း ။ မီတာ ငါးရာ အကွာမှာ စောင့်နေဆဲ။ စစ်သည် တော် သုံးရာ စီက သတင်း စကားကို စောင့်နေတယ်။

လေအေးအေးက မျက်နှာပေးကို ဖြတ်တိုက် နေတယ်။ အေးစက်တယ်။ ဆောင်းဥတုက တဖြည်းဖြည်းချင်း နီးကပ်လာပြီ။ သူတို့ သိနေတာ တစ်ခု ရှိတယ်။ ဆောင်းဝင်ရင်။ တိုက်ခိုက်ရေး စာမေးပွဲလည်း ပြီးပြီ။ ကြီးမြတ်သော ရှ မင်းဆက်က စစ်သည် တော် တစ်သိန်းကို။ အရိုးခိုက်အောင် စိမ့်ချမ်းတဲ့ ဆောင်းတွင်းမှာ ပစ်ထားမှာ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့။ တောင်ပိုင်း ဒေသ အအေးဒဏ်က ပြင်းထန် လွန်းတယ်။ ကြီးမြတ်သော ရှ မင်းဆက်က စစ်သည်တော်တွေ တောင့်မခံ နိုင်ဘူး။ ဒါတွေထက်။ နှင်းတွေ ထူ လွန်းနေတာက လှုပ်၇ှားဖို့ အတွက် အလေ့အကျင့် မဖြစ်ဘူး။

ဆောင်းတွင်းမှာ အတင်း အကြပ် နေ ခိုင်းရင်။ ပေးဆပ်ရမယ့် တန်ဖိုးကလည်း ကြီးလိမ့်မယ်။ အချိန်က တဖြည်းဖြည်း ကုန်လွန် ခဲ့ပြီ။ ဝူဖုန်း နောက်ထပ် ဖြစ်နိုင်ချေကို တွေးနေတယ်။ စစ်သည်တော် သုံးရာ ဝင်သွြးပြီ။ ပြန် မထွက် လာ နိုင်တော့ တာလား။ ဒီလို ဖြစ်ရင်။ ငါ ဆက်ပြီး တိုက်ခိုက် သင့်လား။ သူ တွေးနေတဲ့ အချိန်….. စစ်သည်တော် အုပ်စု သုံးခု ပြန်လာတယ်။ လူ ကတော့ သုံးရာ တိတိ။

ဒါကို မြင်တော့။ ဝူဖုန်း သက်ပြင်း ချတယ်။ ဝင်လို့ ရပြီ။ ထွက်ခွာလို့ ပြီ။ သူ ထင်ထားတာ ထက် တောင် ရှင်းလင် နေတယ်။

“ စစ်သူကြီးကို သတင်းပို့ ပါတယ်။”

“ ပြော။”

“ ဒီ ပတ်လည်ကို ကျွန်တော်တို့ ကင်းလှည့်ပြီးပါပြီ။ မိုးကြိုး ခြင်္သေ့ ဒေသ ကြီး ရဲ့ ပြည်သူ တွေက လွဲပြီး တစ်ခြား မတွေ့ရပါဘူး။ စစ်သည် တစ်ယောက် လေးတောင် အစောင့် မချ ထားဘူး။ ဒီ နယ်မြေကို စွန့်ခွာသွားပြီ ထင်ပါတယ်။” စစ်သည် သုံးထောင် ကို အုပ်ချုပ်တဲ့ စစ်သူကြီးက ပြောတယ်။ သူမြင်ခဲ့ရတာ အကုန် ဝူဖုန်းကို ပြန် ပြောတယ်။ ဆုံးဖြတ်ချက်ကို စောင့်နေတယ်။

“ မင်းက တကယ်ပဲ မြို့ပျက်ကြီး ဗျူဟာကို သုံးနေတာလား။” သတင်းစကား ကြားတော့ ဝူဖုန်း မျက်လုံး ပြူးသွားတယ်။ မိုးကြိုး ခြင်္သေ့ ဒေသမှာ စစ်သည် တော် မရှိဘူး။ အခုချိန်မှာ သူ့ စစ်တပ် နဲ့ ဝင်ဖို့ အကောင်းဆုံး အချိန်ပဲ။ အထဲမှာ ထောင်ချောက်တွေ ဘယ်လောက်များများ သူ့ကို စောင့်နေမလဲ သိချင်တယ်။ ချန်းဖေးယွီ ဘာ များလုပ်ဖို့ ကြံစည် နေတာလဲ။ ဝူဖုန်း အံကြိတ်တယ်။ အက်ကွဲသံ တွေတောင် ထွက်လာ နေပြီ။ သူသာ ဆုံးဖြတ်ချက် မှားသွားခဲ့ရင်။

“ စစ်သူကြီး ။ ကျွန်တော်တို့ အခု ဘာလုပ်ရမလဲ။” ဝူဖုန်း ဘေးက စစ်သူကြီး မေးတယ်။

“ မင်း မှာ ဘာစိတ်ကူးရှိလဲ။” ဝူဖုန်း က စစ်သူကြီး တွေ ရဲ့ အမြင်ကို မေးခဲတယ်။ ဒါပေမယ့် ဒီ တစ်ကြိမ် မှာတော့ သူမေးရပြီ။ သူမှတကယ် နား မလည် နိုင်ပဲ။

“ ကျွန်တော် တွေးတာတော့။ ဒီ ဒေသထဲကို စစ်တပ်ကြီး ပို့လို့ မဖြစ်ဘူး။ နယ်မြေရဲ့ အရေးကြီး နေရာ တွေ ကို အရင် သေချာ စစ်ရမယ်။ အရာ အ ားလုံး လုံခြုံမှ စစ်တပ်ကို ဝင်ခိုင်းလည်း နောက် မကျ သေးပါဘူး။” စစ်သူကြီး ချက်ခြင်း ပြန်ဖြေတယ် ။

“ ဟမ်း ….” ဝူဖုန်း မျက်လုံး တွေ အရောင် တောက်သွားတယ်။ အကောင်းးဆုံး အကြံပဲ။ မိုးကြိုးခြင်္သေံ ဒေသကြီးရဲ့ အချက်အခြာ နေရာတွေကို စစ်ဆေးပြီးရင်။ ဒီဒေသ သူ့လက်ထဲ ရောက် မရောက် သိ ရမယ်။ ချန်းဖေးယွီ ခြုံခို တိုက် ရင်တောင် စိုးရိမ်စရာ မလိုတော့ဘူး။

စစ်တပ် အင်အားလား။ သူ့ အင်အားက ချန်းဖေးယွီ ထက်တောင် သာသေးတယ်။ တိုက်ခိုက်နိုင်စွမ်းလား။ သူက ချန်းဖေးယွီ ထက် အင်အား သာ နေတာပဲ။ ဒီလို အဖက်ဖက် က ပြည့် စုံ နေမှတော့ ။ ဘာကို ကြောက်ရ အုန်းမှာလဲ။

“ စစ်သူကြီး ဝမ်။”

“ရှိ”

“ မိုးကြိုး ခြင်္သေံ ဒေသထဲကို စစ်သည် သုံးထောင် နဲ့ သွား။ တစ်နာရီ အတွင်း အချက်အခြာ နေရာ တွေကို စစ်ဆေးခဲ့။ ပြီးရင် စစ်သည်တော်တွေ လွှတ်ပြီး သတင်း ပြန်ပို့” ဝူဖုန်းက အမိန့် ပေးတယ်။

“ နားလည်ပါပြီ၊” စစ်သူကြီး ဝမ် ချက်ခြင်း ခေါင်းငြိမ့်တယ်။ စစ်သူကြီးဝမ် နဲ့ စစ်သည် သုံးထောင် နယ်မြေထဲကို ဝင်တယ်။ တခြား တစ်ဖက် မှာတော့။ ဝူဖုန်းက စိတ်ရှည်လက်ရှည် စောင့် ဆိုင်းနေတယ်။ သတိဆိုတာ ပိုတယ် မရှိ။ ညီလာခံ တိုက်ခိုက် ရေး စာမေးပွဲက ကလေး ကစား စရာ မဟုတ် ခဲ့ဘူး။ ကိစ္စ တစ်ခုက အခြေအနေ တစ်ရပ်လုံးကို ပြောင်းပြန် လန်သွား စေ နိုင်တယ်။ အချိန် ရောက်လာရင်။ နောင်တရဖို့ နောက် ကျ လွန်းနေမယ်။

စစ်သည် သုံးထောင်က အဓိက ဂိတ်တံခါးကို ဖြတ်ဝင်တယ်။ ဝူဖုန်း အစ က တွေးခဲ့တာ။ အင်အားကြီးမားသတထက် ကြီးမားလာဖို့။ ချန်းဖေးယွီက ယန်ယ နဲ့ စီကျွမ်း ဒေသ တွေမှာ သူ့ကို စောင့်နေတာ ဖြစ်နိုင်တယ်။ ဖြစ်နိုင်ချေ အတော် များတယ်။ ဒါပေမယ့်….။ ဒီလို သာ ဖြစ်ခဲ့ရင်။ ဝူဖုန်း ခုခံ နိုင်ဖို့ ခက်လိမ့်မယ်။ ပထမဆုံး မိုးကြိုး ခြင်္သေ့ ဒေသကို သိမ်းရမယ်။ အဲ့ဒီ့နောက် ယန်ယ နဲ့ စီကျွမ်း နယ်မြေ တွေကို သိမ်း ယူမယ်။

“ချန်းဖေးယွီ ။ မင်း က တကယ်ပဲ ငါ့ ယန်ယ နဲ့ စီကျွမ်း ဒေသ တွေကို တိုက်ခိုက် ဝံ့တယ် ပေါ့။ မင်း သွား တွေ အကုန် ငါ ချိုးပြစ်မယ်။” ဒါပေါ့။ ဝူဖုန်းက ကြိမ်းဝါးပေမယ့် ချန်းဖေးယွီကို တကယ် တမ်းမှာ ဘာမှ မလုပ်ဝံ့ဘူးလေ။ သူက သုခမိန် တစ်ယောက် ရဲ့ တပည့် ဖြစ်နေ ပင်မယ့်။ ချန်းဖေးယွီ ရဲ့ ဂုဏ်ပုဒ်က လည်း သာမာန် မှ မဟုတ်ပဲ။ ဒါပေမယ့် ဖမ်း မိရင်တော့။ နာနာလေး ရိုက်ပြစ်မယ်။

…

တစ်နာရီက ခပ်မြန်မြန်ပဲ ကုန်သွားတယ်။

မှောင် မည်းနေတဲ့ ကောင်းကင် ကြီး ကတော့ နေသာ နေ ခဲ့ပြီ။ နေရောင် နွေးနွေးက မိုးကြိုး ခြင်္သေ့ ဒေသမှာ တောက်ပနေတယ်။ မြူနှင်းလွှာလည်း ပျောက်ကွယ် သွားခဲ့ပြီ။ သစ်တော ဆီးနှင်းတွေလည်း အရည်ပျော်စ ပြုပြီ။ ရေစက်ရေပေါက် လေး တွေ တဖြည်းဖြည်း ဖြစ်လာတယ်။ ခိုက်ခိုက် တုန် အောင် အေးတဲ့ လေထု ထဲမှာ ရပ်နေရ တာ နှိပ်စက် မှု တစ်မျိုးပဲ။ စစ်သည်တွေ အားလုံး ခြေထောက် တွေ ပျော့ခွေ ကုန်တယ်။ နောက်ဆုံးတော့် စစ်သူကြီး တွေက စီးစရာ မြင်း ရှိသေးတယ်။ ဒါပေမယ့် သူ တို့ ကတော့ မြင်းတောင် မရှိဘူး။ နှစ်နှာရီလုံးလုံး မတ်တပ် ရပ်ဖို့ အပြစ် ပေးခံ ရတာ။ မတ်တပ် ရပ်နေ ကြရတဲ့ သူ တွေပဲ ဒီၤ ရက်စက်တဲ့ အဖြစ်ကြီးကို စာနာ နိုင်မယ်။ ဘယ် စစ်သည် တစ်ယောက် ကမှ သက်တောင့် သက်သာ ရှိ မနေဘူး။ စစ်သူကြီးတွေလည်း နေလို့ မကောင်း။ သူတို့ က မြင်းပေါ်မှာ ထိုင်နေ ရပေမယ့်။ မပင်ပန်းတာတော့ မဟုတ်ဘူးလေ။ စစ်သူကြီး ဝမ် ပို့လိုက်တဲ့ စစ်သည် နောက် ဆုံးမှာတော့ ပြန်ရောက်လာပြီ။

“စစ်သူကြီး ဝမ် ဘယ်မှာလဲ။” ဝူဖုန်း အမိန့် ကို ချက်ခြင်း မပေး သေးဘူး။ ပြန်လာတဲ့ စစ်သူကြီးကို မေးတယ်။

“ မိုးကြိုး ခြင်္သေ့ ဒေသမှာ ထောက်လှမ်းနေ ဆဲပါ။” စစ်သည် ချက်ခြင်း ပြန်ဖြေတယ်။

“ သွား။ ပြန်ပြောလိုက်။ ကိုယ်တိုင် သတင်းလာ ပို့ ဖို့ အမိန့် ပေးတယ် ပြောလိုက်။” ဝူဖုန်း မျက်လုံး တွေ မှေးစင်း ကျဉ်းမြောင်းသွားတယ်။ ကောင်းကင်ကို ကြည့်တယ်။ တစ်ခဏ စဉ်းစားပြီး အမိန့်ပေးတယ်။

“ အမိန့် အတိုင်းပါ။ ” စစ်သည် တော် ချက်ခြင်း အမိန့် နာခံတယ်။ တစ်ပတ်လည်တယ်။ မိုးကြိုုး ခြင်္သေ့ ဒေသ ကို ပြန်ဝင်သွားတယ်။ ဝူဖုန်း ကတော့ နေရာမှာရပ်စောင့်နေတယ်။ အစောင့် စစ်သည် ရဲ့ သတင်း ပို့ ချက်က မလုံလောက်ဘူး။ မိုးကြိုး ခြင်္သေံ့ ဒေသ ကြီး က သူ့လက်ထဲ ရောက်နေတာ သေချာပြီလား ???? အကယ်၍ စစ်သူကြီးဝမ် သာ ကိုယ်တိုင် သတင်း လာပို့ရင်။ သူ တကယ် ယုံဝံ့သွားပြီ။ သိပ်မကြာခင်။ စစ်သူကြီး ဝမ် သူ့ မြင်းကို အပြင်း နှင်လာတယ်။ ဝူဖုန်း ရှေ့ကို ရောက်လာတယ်။

“စစ်သူကြီး ”

“ မိုးကြိုး ခြင်္သေ့ ဒေသကြီးမှာ စစ်သူကြီး တစ်ယောက် တောင် မရှိတာ အမှန်ပဲလား။” ဝူဖုန်း ခေါင်းငြိမ့် ရင်း မေးတယ်။

“ ဒါက …. ဒါကို ကျွန်တော် အတည် မပြု နိုင်ဘူး။ မိုးကြိုး ခြင်္သေံ့ ဒေသမှာ လူတွေ များလွန်းတယ်။ ဒီလို နေရာမျိုး မှာ စစ်တပ် ကြီး တစ်တပ် လုံး ပုန်းခို နေတာ တော့် မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော် အသေအချာ ပြော နိုင်တာ ရှိတယ်။ မိုးကြိုး ခြင်္သေ့ ဒေသကြီး တစ်ခုလုံးက ကျွန်တော်တို့ လက်ထဲ ရောက်နေပြီ။ ဘယ်လိုမှ အမှား မရှိ နိုင်ဘူး။ ” စစ်သူကြီး ဝမ် တစ်ခဏ တွေေ၀ နေတယ်။ အဲ့ဒ့ီ့ နောက် ဂရု တစိုက် ပြန်ဖြေတယ်။

“ ငါ နားလည်ပြီ။ အမိန့်ချမယ်။ စစ်တပ် တစ်ခုလုံး မိုးကြိုး ခြင်္သေ့ ဒေသကို ဝင်မယ်။” ဝူဖုန်း အံကြိတ် တယ်။ စစ်တပ်ကို ဝင်ဖို့ အမိန့် ပေးတယ်။

“ အမိန့် အတိုင်းပါ။” ဝူဖုန်း အမိန့် ပေးတာ နဲ့။ တိမ်မည်း တပ်ဖွဲ့ကြီး ဖြည်းဖြည်းချင်း ရွေ့လာတယ်။ တစ်လှမ်းချင်း စီ မိုးကြိုး ခြင်္သေံ ဒေသကို ဝင်ရောက်တယ်။ မီတာ ၅၀၀ က အချိန် သိပ် မလိုဘူး။ ခပ်မြန်မြန်ပဲ စစ်တပ်ကြီးက ဝင်သွားတယ်။ ဝူဖုန်း ခေါင်းမော့ကြည့်တယ်။ သူ့ စစ်သည်တွေ ကို ပြန်ကြည့်တယ်။ သူ မျက်မှောင်ကြုတ်တာ တစ်ချက် လေး တောင် လျော့ မသွားဘူး ။

မြို့ပျက်ကြီး နည်းဗျူဟာ လား??? ဒီလို အချိန်မှာ ဒီ နည်းဗျူဟာ သုံးသင့်လား။ ဒါက မြို့ပျက် ကြီး ဗျူဟာ လို့ မခေါ်သင့်ဘူး။ ခွေးပြေး ဝက်ပြေး ဗျူဟာလို့ ခေါ်သင့်တာ။ ဝူဖုန်း စိတ်ထဲမှာ အတော့်ကို မကျေမနပ် ဖြစ်နေတယ်။ ဖြစ်နိုင်ချေ တွေက သူ့ စိတ်ထဲ ပြေးလွှား နေတယ်။ စိတ်လွတ်လက်လွတ် မအေးချမ်း နိုင်ဘူး။

သူ ခုခံ ရမယ်။ ဘာလို့ များ ပြေးတဲ့ နည်းကို သူ သုံးရမှာလဲ။ ဘယ်နေရာမှာ လိုလို့လဲ။ သူသာ မတိုက် ခိုက် ဝံ့ရင်။ တိုက်ခိုက်ဖို့ စစ်သည် ဘာလို့များ လို နေ အုန်းမှာလဲ။ ဒီ တစ်ခါ တိုက်ပြီးရင် နောက်တစ်ခေါက် မတိုက်ခိုက် ချင်တော့ တာ အမှန်ပဲ။ နောက်ထပ် စစ်သည်တော် တွေ အဆုံးရှုံး မခံ တော့ဘူး။ စစ်သည် နှစ်ထောင်ကို တိုက်ခိုက် ဖို့ သူ လွှတ်ခဲ့တယ်။ ဒါပေမယ့် ရလဒ်က တော့ မြို့လွတ်ကြီးကို တိုက်ခိုက်မိတာ။

ဒီ အခြေအနေကို ဘယ်လိုပဲ ကြည့်ကြည့်။ တစ်ခုခု လွဲနေတာ သူ မြင်နေရတယ်။ ဒီ အချိန် တော့ ဝူဖုန်း စိတ်တွေ ရှုပ်ထွေး နေတယ်။ ချန်းဖေးယွီကို လှမ်းမေးရင် ကောင်းမလား တောင် တွေးနေတယ်။

“ ချန်းဖေးယွီ။ မင်းက ငတုံး ကောင်လား။”

အပိုင်း (၃၅၁) ပြီး၏။

အပိုင်း (၃၅၂)

“ နှလုံးသား ထဲက အရိပ် မည်းကြီး ။”

သိသိသာသာ ကြီးကို။ ချန်းဖေးယွီက ဒီ အချိန်မှာ ရှုပ်ထွေးအောင် လုပ်ထားတာပဲ။ တစ်ချိန်လုံး သူက သံမဏိ ပေါက်စီ တစ်လုံးလို ချောင် ထိုးထားခံရတာ။ ဝူဖုန်းက ချန်းဖေးယွီ အကြောင်း တွေး၇င်း စိတ်အား တက်လာတယ်။ လက်ကို ခါယမ်း ပြတယ်။ စစ်တပ်ကြီး တစ်ခုလုံး မိုးကြိုး ခြင်္သေ့ ဒေသ ထဲကို ခုန်ဝင်သွားတယ်။ နောက်တော့ မိုးကြိုး ခြင်္သေ့ ဒေသ ရဲ့ အချက်အခြာ နေရာ တွေကို ကိုယ်တိုင် စစ်ဆေးတယ်။ နောက်ဆုံး တော့ မိုးကြိုး ခြင်္သေ့ ဒေသ ကို ချန်းဖေးယွီ ပြစ်သွားပြီဆိုတာ ဝူဖုန်း လက်ခံလိုက်တယ်။ ယန်ယ နဲ့ စီကျွမ်း ဒေသ တွေကို သွား သိမ်း နေ လောက်ပြီ။ ဒါက သူ့စိတ်ကို ေ လာင်မြိုက်စေတယ်။ ပထမဆုံး ခြုံခို တိုက်တယ်။ နောက်တော့ စစ်သည် သုံးထောင်ကို သုံးပြီး ဟန့်တားတယ်။ နယ်မြေ နှစ်ခုကို တိုက်ဖို့ တစ်ခုကို ချန်ထားရစ်တယ်။ လုံးဝကို ရှုံးနိမ့် ပြီပဲ။ အရေး အကြီးဆုံးက သူက အရူးတစ်ယောက်လို ၂ နာရီလုံးလုံး ရပ်စောင့် နေမိတာပဲ။ ချန်းဖေးယွီ နယ်မြေ နှစ်ခုကို သွားတိုက်ဖို့ အချိန် ပေးလိုက် မိတာပဲ။ ဘယ်လိုမှ မပျော် နိုင်တော့ဘူး။

“ ကလန်။” သူ့ ခွက်ကို မြေကြီးပေါ် ပြစ်ချတယ်။ ခွက်က အစိတ်စိတ် အမွှာမွှာ ကွဲသွားတယ်။ ဒီ အချိန်မှာ။ မိုးကြိုး ခြင်္သေံ့ နယ်မြေ မှုး ဝူဖုန်း အနားကို ရောက်လာတယ်။ ဝူဖုန်း ဒီ ဒေသ ထဲ ဝင်လာ တည်းက သူ နောက်က နေ လိုက်လာတာ။

“ စစ်သူကြီး ။ ကျွန်တော့်တို့ ဒေသမှာ ဒီည အနားယူ မလား။”

“အနားယူ မယ်။ ” ဝူဖုန်း က ဒါကို မတွေးမိ သေးဘူး။ ဒါပေမယ့် နယ်မြေမှူး စကားကို ကြားတော့ ။ သူ တစ်ချက် တွေးမိတယ်။ စစ်သည် တစ်သောင်း ကျော်က ယန်ယ ဒေသကနေ အပြေးအလွှား လာခဲ့ရတယ်။ ခရီးရှည် မှာ အသေအလဲ တိုက်ခိုက် ထားရတယ်။ အရုဏ်ဦးချိန် မနက်ခင်းမှာ ရာသီဥတု က အေးစက်နေတယ်။ လေအေးအေး ထဲမှာ ၂ နာရီမက မတ်တပ်ရပ်နေ ခဲ့ရတာ။ ယန်ယ နဲ့ စီကျွမ်း ဒေသ တွေကို ဆက်သွား၇င်။ စစ်သည်တွေ ခံ နိုင်ရည် ရှိတော့မှာ မဟုတ်ဘူး။ နောက်ဆုံးတော့။ စစ်သည်တော်တွေ ကလည်း လူသားပဲ လေ။ သူတို့ အနားယူဖို့ လိုတယ်။

“ ကောင်းပြီ။ မိုးကြိုး တောင်တန်း ဒေသမှာ ဒီည နားမယ်။ နယ်မြေမှူးက နေရာ စီစဉ်ပေးမယ်လို့ မျှော်လင့်ပါမယ်။” ဝူဖုန်း ချက်ခြင်း ခေါင်းငြိမ့်ပြီး ယဉ်ယဉ်ကျေးကျေး ပြောတယ်။ သူ့ စိတ်ထဲက ဒေသ တွေကို ထိန်းချုပ်ထားတယ်။

“ ဒါက ကျွန်တော် တို့ တာဝန်ပဲ။ စစ်သူကြီး ချန်း ကျွန်တော်တို့ ဒေသ မှာ ရှိနေတုန်းက။ သူ့အတွက် စီစဉ် ပေးဖူးတယ်။ ဒါပေမယ့်။ လွန်ခဲ့တဲ့ ရက် နည်းနည်း တည်းက ထွက်သွားပြီး ပြန်မလာဘူး။” နယ်မြေမှူး တစ်ယောက်တည်း ငြီးတွားနေတယ်။

“ ပြန်မလာသေးဘူး။ နယ်မြေမှူး။ မင်းပြောတာ။ ချန်းဖေးယွီက နယ်မြေကနေ ထွက်သွားပြီး တည်းက အခုထိ ပြန်မလာ သေးဘူးတဲ့လား။ ” ဝူဖုန်း နည်းနည်းတော့ အံ့သြသွားတယ်။

“ ဟုတ်ပါတယ်။” နယ်မြေမှူး ယုံကြည်ချက် အပြည့် နဲ့ ပြောတယ်။

“ အခုတော့ နားလည်ပြီ။” ဝူဖုန်း ပြောတယ်။

ချန်းဖေးယွီက နယ်မြေကို ပြန်မလာ သေးဘူးဆိုတော့။ ဝူဖုန်း အကုန်လုံးကို ဆက်စပ် မိသွားပြီ။ အစတည်းက ယန်ယ နဲ့ စီကျွေး နယ်တွေကို တိုက်ဖို့ ကြံထားတာပဲ။ ရန်သူကို ရင်ဆိုင် ဖို့ အတွက် နယ်မြေကို ချန်ရစ်ခဲ့တာ ဟန်ဆောင်တာပဲ။ သူ့စစ်တပ်ကို တမင်တကာ နှစ်ခြမ်းကွဲ အောင် လုပ်တယ်။ အချိန်ဆွဲတယ်။ အဲ့ဒီ့နောက် ယန်ယ နဲ့ စီကျွမ်း ကို သွားသိမ်းမယ်။

သူ အစတည်းက သိသင့်တယ်။ ဒီကောင်တွေက သူတို့ အတွက် အချိန် ဆွဲနေတာ။ ကြည့်ရတာ လိပ်လို ပြေးဖို့ပဲ တတ် နိုင်တဲ့ ကောင်ပဲ။

ဝူဖုန်းက သူ့ စွမ်းရည်တွေကို ယုံကြည်ချက် အပြည့်ရှိတယ်။ တခြားသူတွေ နဲ့ တွေ့တဲ့ အချိန်။ အညံ့ခံ အောင် လုပ် နိုင်တာ သူ့ ယုံကြည်ချက် ကြောင့်ပဲ။ နောက်ဆုံးတော့။ တောင်ပိုင်း ဒေသ ကို သူ ဝင်လာတည်းက ခုခံမှု ကြီးကြီးမားမား နဲ့ မကြုံရ သေးဘူး။

“ကြည့်ရတာ။ ချန်းဖေးယွီကို ငါ အထင်ကြီး မိသွားပုံပဲ။ ဒီကောင်က တိုက်ခိုက်ရေး စာမေးပွဲ နောက်ဆုံးမှာ ကျန် ချင် နေတာပဲ။ သက်သက်မဲ့ အချိန်ဆွဲ နေတာ။” ဝူဖုန်း သူ့ကို သူ အပြစ်တင်တယ်။ တစ်ခါ တ်လေ။ တစ်ယောက်ယောက်က သတိ ကြီးလွန်းနေရင်။ အသေးအဖွဲ့ ကိစ္စလေး တွေကို လွတ်သွားတတ်တယ်။ ဒီ အချက်ကို နားလည်ပြီး နောက်။ ဝူဖုန်း လုံး၀ စိတ်သက်သာရ ရသွားတယ်။ ချန်းဖေးယွီက သူ့ကို တိုက်ခိုက် လိုစိတ် မရှိ ခဲ့ ဘူး။ ချန်းဖေးယွီကို အဆုံး သတ်ဖို့က အချိန်ပဲ လိုအပ်တယ်။

“ကောင်းပြီလေ။ ဒါဆိုရင် နယ်မြေမှူးကိုပဲ ဒုက္ခ ပေးရတော့မယ်။” ဝူဖုန်း ပြန်အသက်ဝင်လာတယ်။ ယုံကြည်ချက် အပြည့် နဲ့ ပြုံး နေတယ်။ နယ်မြေမှူးက ခေါင်းငြိမ့်တယ်။ သူ့ နောက်မှာ ဒေသ ခံ တွေ ချက်ခြင်း ပေါ်လာတယ်။ စစ်သူကြီး တွေကို အနားယူဖို့ ခေါ်ဆောင်သွားတယ်။ ဝူဖုန်းကိုတော့ သူကိုယ်တိုင် လိုက် ပို့တယ်။

“ ဒါက စစ်သူကြီး ကျွန်တော်တို့ ဒေသကို ပထမဆုံး လာတာပဲ။ နယ်မြေမှူး ဖြစ်တဲ့ ကျွန်တော် ကပဲ ဧည့်ဝတ် ကျေပွန် ရ မှာပေါ့။ ကျွန်တော်တို့ ဒေသထွက် ဝိုင်လေး မြည်းစမ်းကြည့်ပါအုန်း။ သဘောကျမှာ သေချာပါတယ်။”

“ နယ်မြေမှူးကကြင်နာတတ်လွန်းတယ်။ ကောင်းပြီလေ။ နယ်မြေမှူူးရဲက အစီအစဉ် အတိုင်း လိုက်နာပါမယ်။ ကျွန်တော့်မှာ ငွေသား တစ်ချို့ ရှိတယ်။ ဒါကို ယူလိုက်ပါ။ ကျွန်တော်တို့ ရဲ့ စစ်သည်တော် တွေ အတွက် အသား တစ်ချို့ လိုချင်ပါတယ်။” ဝူဖုန်း ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် သူ့ အိတ်ထဲက ငွေသား တစ်ချို့ ထုတ်ပေးတယ်။

“ ဒါက….. ကျွန်တော်က အိမ်ရှင်အဖြစ် ဧည့်ဝတ် ကျေရမှာပဲ။ ငွေသား ယူဖို့ မလိုပါဘူး။” နယ်မြေမှူး တွေေ၀ နေတယ်။

“ ကြီးမြတ်သော ရှ မင်းဆက်မှာလည်း တရား ဥပဒေ ရှိပါတယ်။ ဒါကို လက်ခံ ပေးပါ။ ကျွန်တော် တို့ အတွက် စီစဉ် ပေးတာ နဲ့ တောင် ကျေးဇူးတင် ပါပြီ။ ငွေသား လက်မခံ ရင်တော့…”

“ စစ်သူကြီး က ပြော နေမှတော့။ ကျွန်တော်လည်း လက်မခံပဲ မနေဝံ့ တော့ပါဘူး။ ကျွန်တော်တို့ ဒေသ သား တွေကို စစ်သူကြီး ရဲ့ ကြင်နာမှု အကြောင်း ကောင်းကောင်း ပြောပေး ပါမယ်။ ”

“ကြီးမြတ်သော ရှ မင်း ဆက် နဲ့ တောင်ပိုင်းဒေသ က အမြဲတမ်း မိသားစု ဖြစ်နေမှာပါ။ ဘာလို့များ ကျေးဇူးတင်ဖို့ လို နေ အုန်းမှာလဲ။”

…

ယဉ်ယဉ်ကျေးကျေး ပြေ ာဆိုပြီးတဲ့နောက်။ နယ်မြေမှူးက ဝူဖုန်းကို ကျောက်တုံး အိမ် ဆီ ခေါ်သွားတယ်။ တောင်ပိုင်းဒေသ က အရိုင်းအစိုင်း တွေ နဲ့ ပြည့် နေတဲ့ နေရာပဲ။ အရိုးတွေ သားရဲကောင် မျိုးစုံ သားရေပြားတွေ ရှိေ နတာက လွဲပြီး ဘာ ရှိအုန်း မှာလဲ။ ကျောက်တုံး အိမ် အတွင်းဘက်ကို ရောက်တော့ ။ အပြင်အဆင်ကြောင့် ဝူဖုန်း ခေါင်းငြိမ့်တယ်။ တောင်ပိုင်းဒေသမှာ။ နယ်မြေမှူး အိမ်တွေပဲ ဒီလို ဆင်ယင် နိုင်တာ။ ဒီ အရုးိတွေ တိရစ္ဆာန် သားရေ ပြားတွေက ။ နှစ် နဲ့ ချီ ပြီး အမဲ လိုက်လို့ ရလာတဲ့ ပစ္စည်းတွေပဲ။ ဒါတွေကို နယ်မြေမှူး အိမ်မှာ လာထားတာ။ နယ်မြေရဲ့ ဂုဏ်သိက္ခာ တစ်မျိုးလည်း ဟုတ်တယ်။ ကျောက်တုံး အိမ် အပြင် ဘက်မှာ ထိုင်နေတဲ့ လူ အိုကြီး တစ်ချို့လည်း ရှိနေ သေးတယ်။ တစ်ယောက်ချင်းစီ တိုင်းက အသားအရေ မည်းပြောင်တယ်။ ခေါင်းပေါ်မှာ ကြိမ် ဦးထုပ်ကို ဆောင်းထားတယ်။ နယ်မြေမှူး နဲ့ မတူတာက။ သူတို့ ဦးထုပ်မှာ ငှက်မွှေး မပါဘူး။

နယ်မြေမှာ သြဇာကြီး တဲ့ အကြီးအကဲ တွေက အရေးပါတယ်။ ဝူဖုန်းလည်း သိတယ်။ သူတို့ ဒီဒေသမှာ စခန်း ချ ချင်ရင် အကြီးအကဲ တွေ နဲ့ ဆက်ဆံ ရေး ကောင်းရမယ်။

“ကြီးမြတ်သော ရှ မင်းဆက် ကိုယ်စား လေးစားမှုကို ဖော်ပြပါတယ်။ ” ဝူဖုန်း တလေး တစ်စား ဦးညွှတ်ရင်း ပြောတယ်။

“စစ်သူကြီး က ယဉ်ကျေးလွန်းနေပြီ၊ ရေချိုးသန့်စင် မင်္ဂလာ အတွက် ကျွန်တော်တို့ ပြင်ဆင် ပေးထားတယ်။ အထဲကို ဝင်လာခဲ့ပါ။” အကြီးအကဲတွေ တစ်ယောက်ပြီး တစ်ယောက် ထရင်း ပြောတယ်။

“ ရေချိုး သန့်စင် မင်္ဂလာ အခမ်းအနားလား။ အကြီးအကဲ တို့ကို အလုပ်ရှုပ်စေမိပြီ။” ဝူဖုန်း ခေါင်းငြိမ့်တယ်။ ဒီ အခမ်းအနားက တောင်ပိုင်းဒေသ ရဲ့ ဓလေ့ပဲ။ ထုံးစံ အတိုင်းဆိုရင်။ အောင်ပွဲရ စစ်သည်တော် တွေ အတွက် ပြင်ဆင်ပေးတာ။ ဂုဏ်ရှိတဲ့ ပွဲတစ်ခုပဲ။ ပွဲက သိပ်မရှုပ်ဘူး။ ရေချိုး အဝတ်အစားလဲ ရုံပါပဲ။ ဒါပေမယ့် ဒီ ဂုဏ်ရညက် အတော့်ကို ကြီးလွန်းတယ်။ မိုးကြိုး ခြင်္သေ့ ဒေသကို ဝင်လာတာ ဒီလို ကြိုဆို ခံ ရမယ်လို့ မထင်ထားဘူး။ သူ တွေေ၀ နေတယ်။ ငြင်းဆန်လို့ ကလည်း မရဘူး။ ငြင်း လိုက်ရင် တောင်ပိုင်းဒေသကို မလေးစားရာ ရောက်သွားမယ်။

ဝူဖုန်း သဘောတူလိုက်တယ်။ ဒီ အချိန်မှာပဲ။ တောင်ပိုင်းသူ နှစ်ဦးကျောက်တုံး အိမ်ထဲကို ဝင်လာတယ်။ ကြိမ်ထည် ဝတ်ရုံ တွေကို ဝတ်ထားတယ်။ ချောမွေ့လှပပြီး ကျက်သရေရှိကြတယ်။ ဝူဖုန်းကို မြင်တော့။ အမျိုးသမီး နှစ်ဦး ချက်ခြင်း ခေါင်းငုံ့သွားတယ်။

“ စစ်သူကြီး။ ရေသန့်စင် မင်္ဂလာကို လုပ်ဆောင်ဖို့ ကူညီပေးပါမယ်။ အဆင်ပြေနိုင်မလား။” တောင်ပိုင်းသူ တစ်ယောက်က လျှောက်လာရင်း ပြောတယ်။ သူမ မျက်နှာက ရှက်သွေးဖြာ နေခဲ့တယ်။

“ကျေးဇူးပဲ။” ဝူဖုန်း တောင်ပိုင်း ဒေသမှာ နေတာ နည်းနည်းကြာပြီ။ တောင်ပိုင်းဒေသ က ဘယ်လောက် ရဲ တင်းမှန်း သူသိတယ်။ ဒါပေမယ့် ဒီ ရေသန့်စင် မင်္ဂလာ ကတော့ ဘာမှ ထူးထူးခြားခြား မဖြစ် ပါဘူး။ ဒါက ကောင်းမြတ်တဲ့ အခမ်းအနားကြီးလေ။

…

နယ်မြေမှူးက အစားအသောက် နဲ့ ဝိုင်တွေကို ဧည့်ခန်းထဲမှာ ပြင်ထားတယ်။ တောင်ပိုင်းသူ နှစ်ယောက်က ဝူဖုန်းကို အတွင်းခန်းထဲ ခေါ်လာတယ်။ သစ်သားစည်ပိုင်းကြီး တစ်လုံးက အထဲမှာ။ ရေနွေးငွေ့တွေထဲ နှင်းဆီ ပွင့်ဖက်တွေ ပေါလောပေါ်နေတယ်။ အထဲမှာ တောင်ပိုင်းဒေသ ရှားပါး ဆေးဖက်ဝင် အပင်တွေလည်း ထည့်ထားတယ်။ ရေစိမ် ချိုးတဲ့ လူကတော့ အတော့်ကို လန်းဆန်းသွားမှာ အမှန်ပဲ။ အတော့်ကို ကောင်းတဲ့ အတွေ့အကြုံကြီး တစ်ခု။ ဒါကြောင့် သူလည်း ထွေထွေထူးထူး တွေး မနေ တော့ဘူး။ တောင်ပိုင်းသူတွေက သူ့ သံချပ်ကာကို ချွတ်ပေးတယ်။ ဘရိုကိတ်ထည်ကို လည်း ခွှတ်လိုက်တယ်။ နောက်ဆုံးတော့ အတွင်းခံ လေး တစ်စုံသာ ကျန်ရှိတော့တယ်။

တောင်ပိုင်းသူတွေကတော့ ရှက်နေတယ်။ တစ်ယောက်ကတော့ ဝူဖုန်း ရဲ့ ဘောင်းဘီ တွေကို ချွတ်ပေးဖို့ ပြင်တယ်။ နောက်တစ်ယောက် ကတော့ ဝူဖုန်း ရဲ့ ကျောက်စိမ်းပုလွေ လက်ကမ်း တာကို စောင့်နေတယ်။ ဝူဖုန်း ဒါကို မြင်တော့ တွေေ၀ နေတယ်။

“ ငါ့ ကျောက်စိမ်း ပုလွေကို ကိုင်ထားလို့ ရနိုင်လား။” ဝူဖုန်း မေးတယ်။

“ ဒါက …. စစ်သူကြီး ။ လက်နက်ထည့်ဖို့ သီးသန့်ခြင်းကို ပြင်ဆင်ထားပါတယ်။ ဒီ ရေသန့်စင် မင်္ဂလာက လူ ရဲ့ စိတ်နဲ့ ကိုယ်ကို သန့်စင် စေဖို့ပဲ။ တောင်ပိုင်းဒေသ ထုံစံ အရ။ အမဲလိုက်သွားရင်။ သားကောင် ရဲ့ သွေး သူ့ကိုယ်မှာ စွန်းထင်း လာတယ်။ ဒါကို သန့်စင်ဖို့ အခမ်း အနား လုပ်ရတာပါ။ ဒီ ပုလွေက သွေးတွေနဲ့ ထိတွေ့ထားမှာပဲ ဒါကြောင့် တခြား နေရာမှာ ထားသင့်ပါတယ်။” တောင်ပိုင်းသူက ရှင်းပြတယ်။

“ဒီလို ဖြစ်မှ တော့ ။ တေ ာင်ပိုင်းဒေသ စည်းမျဉ်းကို လိုက်နာပါမယ်လေ။ ဒါပေမယ့်။ လက်နက်ခြင်းကို ငါ့ အနားမှား ထားပေးပါလား။” ဝူဖုန်း ပြောတယ်။

“ကောင်းပါပြီ။ လက်နက်တွေကို အနားထားပေးပါမယ်။ ” တောင်ပိုင်းသူ အမျိုးသမီး ခေါင်းငြိမ့်တ ယ်။ ပြီးတော့ ပြန်ထွက်သွားတယ်။ တစ်ခဏကြာတော့ လက်နက်ခြင်း့ နဲ့ ပြန်ရောက်လာတယ်။ တံခါးမှာ ထားခဲ့တယ်။ ဝူဖုန်း စိတ်သက်သာရာရ သွားတယ်။ ကျောက်စိမ်း ပုလွေကို အမျိုးသမီး လက်ထဲ ထည့်တယ်။ သစ်သားပုံးကြီးထဲ ခုန်ဝင်လိုက်တယ်။ ရေတွေက အမျိုးသမီး တွေကိ ု စင်ကုန်တယ်။ ဒါပေမယ့် တောင်ပိုင်းသူ နှဏ်ယောက် ကတော့ ဘာမှ မပြောပါဘူး။ သူမတို့ ရဲ့ မျက်နှာသာ ရဲရဲ နီကုန်တယ်။ တစ်ယောက်ကို တစ်ယောက် ကြည့်တယ်။ အဲ့ဒီ့နောက် သစ်သားစည်ပိုင်းကြီး ဘေးကို လျှောက်သွားတယ်။ သူတို့ ခြင်းတောင်း တွေ ထဲက ဆေးပင်တွေ ထုတ်တယ်။ ဝူဖုန်းကို ပွတ်တိုက် ပေးတယ်။

ဝူဖုန်း ကတော့ ရေ အနွေးဓာတ်ကြောင့် ဇိမ်ကျ နေပြီ။ တစ်ကိုယ်လုံး လန်းဆန်း သွားပြီ။ တောင်ပိုင်းသူ နှစ်ဦးကတော့ ကောင်းကောင်းပြုစု နေတယ်။ အရမ်းကို သက်တောင့် သက်သာ ရှိလွန်းတာ ကြောင့်လည်း ဖြစ်မယ်။ သူ့ စိတ် လေးလံမှု တွေ ပျောက်ဆုံး ကုန်ပြီ။ ဒါပေမယ့် တံခါးက လက်နက်ခြင်းကို တစ်ချက် လှမ်းကြည့်လိုက် သေးတယ်။ ပြီးမှပဲ သူ့ မျက်လုံးေ တွကို ဖြည်းဖြည်းချင်း မှိတ်တယ်။ ရေချိုးသန့်စင်တဲ့ မင်္ဂလာမှာ အလုပ် နှစ်ခု ရှိတယ်။ ပထမ တစ်ခုက ရေချိုးမယ်။ ဒုတိယ တစ်ခုက အဝတ်လဲ ရမယ်။ ဆယ့်ငါးမိနစ် ရေချိုး ပြီးတော့ ။ အမျိုးသမီး ရပ်လိုက်တယ်။

“ စစ်သူကြီး ။ အဝတ်တွေ ယူ လာခဲ့ ပါပြီ။”

“ ကောင်းပြီ။….” ဝူဖုန်း ခေါင်းငြိမ့်တယ။် ရေနွေးထဲမှာ ဆက်ပြီး စိမ်နေတယ်။ အမျိုးသမီးတွေ နှိပ်နယ်ပေးတာကို ဇိမ်ခံတယ်။ အချိန်ကုန်တာ မြန်လွန်းတယ်။

ဆယ့်ငါးမိနစ် ကုန်သွားပြီ။ မိနစ် သုံးဆယ် ကုန်သွားပြီ။ ဒါပေမယ့် ထွက်သွားတဲ့ အမျိုးသမီး ကတော့ ပြန်မလာဘူး။ ဝူဖုန်း သိချင်လာတယ်။ သူ့ မျက်လုံး ကို ဖွင့်တယ်။ အမျိုးသမီးက တံခါးဝမှာ ငြိမ်ငြိမ်လေး ရပ်နေ တုန်းပဲ။ တောင်ပိုင်း ဒေသ အထူးဝတ်စုံကို ဝတ်ထားတယ်။ ဝူဖုန်း ခေါင်း တစ်ချက် ခါတယ်။ သူ့ စိတ်ထဲမှာ ချက်ခြင်း တုန်လှုပ်သွားတယ်။ သူက နိုးနိုးကြားကြား ရှိ နေ တုန်းပါ။ သူ ရေချိုးပြီးပြီလေ။ အခုက အဝတ်လဲ ပေး ရမယ့် အချိန်ပဲ။ တစ်ခုခု လွဲ နေတာကို သူ သတိထားမိတယ်။ ဘာောကာင့်လဲ ဆိုတော့။ တောင်ပိုင်းသူ အမျိုုးသမီး အပြင်။ နောက်တစ်ယောက် ရှိနေ သေးတယ်။

အမျိုးသမီး ရဲ့ ကိုယ်ခန္ဒာ နဲ့ ကွယ်တေယ်။ သူ ကောင်းကောင်း မမြင် ရဘူး။ ဒါပေမယ့်။ ဒီလူက ထိုင်ခုံမှာ ထိုင်နေ ပုံပဲ။ ပြီးတော့ သစ်သီးတွေကို ဝါး နေတယ်။ တစ်ခါတလေ ဝိုင်တေင် ငှဲ့ သောက်နေ သေး။ ဝူဖုန်း စိတ်ထဲ အတော့်ကို အနှောက် အယှက် ဖြစ်လာတယ်။ အဒီ အချိန်မှာ သူက အဝတ်မဲ့ နေတာလေ။ ဒီလို အချိန် အမျိုးသမီး နှဏ်ယောက်က ဝန်ဆောင်မှု ပေနေတာတော့ ယောကျာ်းတိုင်း ရဲ့ အကြိုက်ပဲ။ ဒါပေမယ့် လူတစ်ယောက်က သစ်သီးစားရင်း ဝိုင်သောက်ရင်း ထိုင်ကြည့်နေတာ ကတော့။ ကွာခြား သွားပြီ။

“ မင်းဘယ်သူလဲ။” ဝူဖုန်း ချက်ခြင်း အော်တယ်။

“ကြည့်ရတာ။ သခင်လေး ဝူ ။ ရေချိုးပြီးတဲ့ ပုံပဲ။” လူရိပ်က ဝူဖုန်း စကားကြားတော့ သူ့ လက်ထဲက ဝိုင်ခွက်ကို ချတယ်။ ခုံပေါ်ကနေ ထလာတယ်။ ဝူဖုန်း စိတ်ထဲ သွေးတွေ ဆောင့်တိုးနေသလိုပဲ။ ဒီ အသံက ရင်းနှီးလွန်းနေတယ်။ တစ်နေရာရာမှာ ကြားဖူးတာလား။ မမှတ်မိနိုင်ဘူး။ တောင်ပိုင်း ဒေသ မှာ ….. ဒီ မိုးကြိုး ခြသေံၤ့ ဒေသမှာ သူ သတိတာ တစ်ယောက်ယောက်များ ရှိ နိုင်လို့လား။ ဝူဖုန်း ပြန်တွေးတယ်။ နောက်ဆုံး စဉ်းစားမရတော့ လက်လျှော့်လိုက်တယ်။ ဒီ အချိန်မှာ တောင်ပိုင်းသူ တွေ နှိပ်နယ်နေတာကို ရပ်တန့် လိုက်ပြီ။ တံခါးကို ဖြည်းဖြည်းချင်း လျှောက်သွားတယ်။

နောက်တစ်ယောက်လည်း ထွက်သားတယ်။

“ သူတို့ သွားပြီလား။” ဝူဖုန်း နည်းနည်းတော့ လန့်သွားတယ်။ သူ့ လက်ထဲမှာ ငါဝတ်ရမယ့် အဝတ် မလား။ အခုတော့ ဝတ်စရာမရှိတော့ဘူး။ သူတွေးနေတဲ့ အချိန်။ ဝူဖုန်း မျက်လုံး ပြူးသွားတယ်။ သူ့ မျက်နှာက အမူအယာ လုံးဝကို အေးခဲသွားတယ်။ တောင်ပိုင်းသူ အမျိုးသမီး နှစ်ယောက် ထွက်သွားတော့။ အခန်းထဲက နောက်တစ်ယောက်ကို သူ မြင်ရပြီ။ သူ မှတ်မိတာပေါ့။

ကျားသစ်ကွက် နဲ့ လူငယ်လေး။ ၁၅ နှစ် ၁၆ နှစ်အတွက်။ ပြုံးတောင်ပြုံးပြ နေသေးး။

ဒီလို အပြုံးမျိုးကို မြင်ဖူးတယ်။ နောက်ပြီးတော့ သူ့ မှတ်ဉာဏ်ထဲမှာ အခိုင် အမာ စွဲမြဲ နေတယ်။

အပိုင်း (၃၅၂) ပြီး ၏။

အပိုင်း ( ၃၅၃)

“ ထွက်ခွာခြင်း။”

“ဖန် … ဖန်ကျန်းရှီ ?` ” ဒီ တစ်ကြိမ်မှာတော့ ဝူဖုန်း တကယ့်ကို မျက်လုံး ပြုူးပြီ။

တောင်ပိုင်းသူ တွေ ထွက်သွားတာ မြင်တော့။ ဖြစ်နိုင်ချေ အမျိုးမျိုးကို သူ တွေးမိတယ်။ ဥပမာ -ချန်းဖေးယွီ လှည့်စားတာကို ခံ လိုက်ရြင်္ပီ၊ သူ တော့ ထောင်ချောက်ထဲ ရောက်သွားလောက်ပြီ။ ဒါမှ မဟုတ်။ သူ့ ရှေ့က ဒီလူ။ နတ်ဆိုး မျိုးနွယ်က သံတမန်ပဲ ဖြစ်ရမယ်။ ဒါပေမယ့် ဖန်ကျန်းရှီ အကြောင်းကိုတော့ တွေးတောင် မတွေးမိဘူး။ ဘာလို့ ဒီ ကောင်က မိုးကြိုး ခြင်္သေ့ နယ်မြေမှာ ရောက်နေတာလဲ။ မဟုတ်သေးဘူး။ ဖန်ကျန်းရှီက တိုက်ခိုက်ရေး စာမေးပွဲ ဝင်မဖြေဘူး မလား။ သူ လျှို့လျှို့ဝှက်ဝှက် ယှဉ် ပြိုင်တယ် ဆိုရင်။ ဘာလို့ များ။ ချန်းဖေးယွီ ရဲ့ မိုးကြိုး ခြင်္သေ့ ဒေသမှာ ပေါ်လာ သေးတာလဲ။ ဖန်ကျန်းရှီ နဲ့ ချန်းဖေးယွီ မဟာမိတ် ဖွဲ့ထားတာလား။ မဖြစ်နိုင်ပါဘူးလေ။

နောက်ပြီးတော့။ မဟာမိတ် တကယ် ဖွဲ့ခဲ့ရင်တောင်။ ချန်းဖေးယွီက ယန်ယ နဲ့ စီကျွမ်း ဒေသတွေကို သွားတိုက် နေ လောက်ပြီ။ ဖန်ကျန်းရှီလည်း လိုက်သွားမှာပဲ မလား။ ဝူဖုန်း နားမလည်နိုင်။ သူ နားမလည် နိုင်တာတွေက တစ်ခု မကဘူး။ ဒါပေမယ့် သူ သေသေချာချာ သိတဲ့ တစ်ခု တော့ရှိသေးတယ်။ ဖန်ကျန်းရှီ ဒီနေရာမှာ ပေါ်လာတာ ကောင်းတဲံ ကိစ္စတော့ မဖြစ်နိုင်ဘူး။ သူချက်ခြင်း သစ်သားပုံး ထဲကနေ ခုန်ထတယ်။ လက်နက်ခြင်းထဲက ကျောက်စိမ်း ပုလွေကို ခပ်မြန်မြန် လှမ်းယူတယ်။ ဒါပေမယ့် သူ ချက်ခြင်း မျက်မှောင်ကြုတ်သွားပြန်တယ်။

“ ဟမ် …. ငါ့ ကျောက်စိမ်း ပုလွေ ဘယ်မှာလဲ။”

“ သခင်လေး ဝူ… ဒါကို ရှာနေတာလား။ မစိုးရိပ် ပါနဲ့။ ကျွန်တော်က ဒီ အတိုင်း သိချင်ရုံလေးပါ။ ပြန်မပေးခင်။ နည်းနည်း ပါးပါးလေး လေ့လာ ပါရစေ အုန်း။” ဝူဖုန်း တွေးနေတာကို ဖန်ကျန်း၇ှီ သိတယ်။ ဒါကြောင့် အေးအေးဆေးဆေး သူ ပြောတယ်။

ဝူဖုန်းလည်း သတိထားမိသွားတယ်။ သူ့ ကျောက်စိမ်းပုလွေက ဖန်ကျန်းရှီဆီမှာ။ ဖန်ကျန်းရှှီ ခါးမှာ ဆွဲထားတယ်။

“မင်း …. ငါ့ ကျောက်စိမ်း ပုလွေကို ပြန်ပေးစမ်း။ မဟုတ်ရင်။ မျက်နှာသာ မပေးဘူးလို့ အဆိုး မဆိုနဲ့။” ဝူဖုန်း အသက်ရှူ ကျပ်လာတယ်။ သူ့ လက်နက် ကျောက်စိမ်းပုလွေ မရှိရင်။ သူ့ အင်အား ကလည်း ဇောက်ထိုးပဲ။ ဓားမရှိတဲ့ ဓား သမား တစ်ယောက် အဖြစ် နဲ့ တူတယ်။ နောက်ပြီးတော့ ဓား မရှိတဲ့ ဓား သမားထက်။ ဝူဖုန်း က ပို အခြေအနေ ဆိုးတယ်။

“ ဟဟား။ ။“ ဖန်ကျန်းရှီ ခပ်ဖျော့ဖျော့ ပြုံးပြ တယ်။ အဲ့ဒီၤ့နောက် တံခါးက နေ အပြင်ကို ထွက်သွားတယ်။

“ဖန်ကျန်းရှှီ မပြေးနဲ့။” ဝူဖုန်း အပြင်ကို လိုက်ဖို့ ပြင်တယ်။ တံခါးကနေ သွေးနံ့ တစ်ချို့ကို သူ ရ လိုက်တယ်။ သူ့ စိတ်ထဲ ထင့်သွားတယ်။ စဉ်းစားချိန်တောင် မရ လိုက်ဘူး။ သားရဲကောင် အူသံကို ကြားလိုက်ရတယ်။ ချက်ခြင်းပဲ။ ခေါင်းကြီး တစ်ခေါင်း တံခါးမှာ ပေါ်လာတယ်။ ဝံပုလွေ ခေါင်းကြီး ။ နောက်ပြီးတော့ နဖူးမှာ ငွေရောင်ဂျို ကြီးနဲ့။ ကိုယ်ထည်က ြင်္ကီးမားလွန်းလို့ အပေါက်မှာ တစ်နေတယ်။ ဝင်ပေါက်တစ်ခုလုံးကို ပိတ်ဆို့ထားတယ်။ သားရဲကောင်ကြီး ရဲ့ ကျောပေါ်မှာ။ ကြိမ်ထည် ဝတ်စုံ နဲ့ စစ်သည်တော် တစ်ယောက်ရှိတယ်။ မည်းနက်တောက်ပြောင် နေတဲ့ အသား အရေ။ သန်မာကြံ့ခိုင်တဲ့ ကြွက်သား အပြိုင်းပြိုင်းနဲ့ လူပဲ။

“ ငွေ … ငွေဂျို ဝံပုလွေ၊” ဝူဖုန်း ထ အော်တယ်။ ဒါပေါ့။ ဒီ အကောင်ကို သူ ကောင်းကောင်း သိတာပေါ့။ တောင်ပိုင်း ဒေသ စစ်တပ် ရဲ့ အင်အားအကြီးဆုံး အမာခံ တွေ။ တစ်ကောင်ချင်းစီက လူသား ကောင်းကင်ရောင်ပြန် အဆင့် နဲ့ ညီတယ်။ သူ့ကျောပေါ်က စစ်သည် နဲ့ ပေါင်းရင်။ သက်ဝင်နေတဲ့ အိမ်မက်ဆိုးတစ်ခုပဲ။

“ဖန်ကျန်းရှီ … မင်း နိုင်ငံကို သစ္စာ ဖောက်ဝံ့တယ်။” ဝူဖုန်း အံကြိတ်ရင်း အော်တယ်။ အခုချိန်မှာ ဘာတွေ ဖြစ်နေလည်း သူမသိသေးဘူး။ ထင်ရာကိုပဲ ပြောနိုင်တယ်။ တံခါးအပြင်မှာတော့။ ဝူဖုန်းရဲ့ အာခေါင်ခြစ် အော်သံ ကို ဖန်ကျန်းရှီ နားထောင်နေတယ်။

“ ဘာလို့ လူတိုင်းက ငါ့တွေ့တိုင်း ဒါချည်း ပြော နေတာလဲဟ။ မျက်နှာကို ကြည့်ရုံနဲ့ မသိဘူးလား။ ဒီရုပ်က နိုင်ငံကို သစ္စာဖောက်မယ့် ရုပ်မျိုးလား။”

ငွေဂျို ဝံပုလွေ။ အခန်းထဲကို ဝင်သွားခဲ့ပြီ။ ခပ်မြန်မြန်ပဲ ဒုတိယ တစ်ကောင် ထပ်ဝင်လာတယ်။ နောက်တော့ တတိယ တစ်ကောင်။ စတုတ္ထ တစ်ကောင်….

“ ဘုန်းးး” ကျယ်လောင်တဲ့ ပေါက်ကွဲသံ ထွက်လာတယ်။ အခန်းတစ်ခုလုံး အထဲမှာ အက်ကွဲတယ်။ ကျောက်တုံးတွေ နေရာ အနှံ့ကို ပျံ့ကုန်တယ်။ ခပ်မြန်မြန်ပဲ လူရိပ်တစ်ခု ပြေးထွက်လာတယ်။ သူ့တစ်ကိုယ်လုံးက ကုတ်ရာခြစ်ရာတွေ အပြည့် ။ ဒါပေါ့။ ဒါက အဓိက အချက် ဘယ်ဟုတ်မလဲ။ အဓိက အချက်က သူ့ တစ်ကိုယ်လုံး အဝတ်မဲ့ နေတာပဲ။ အတွင်းခံ လေးတောင် ဝတ်မထားဘူး။

“ ဟီးဟီး …. ကြည့်စမ်း ပါအုန်း။ ဘာမှလည်း ဝတ်မထားဘူး။”

“ ပုံစံလေးကတော့ မဆိုးပါဘူးဟယ်။”

“ နည်းနည်းလေး ဖြူဖွေးလွန်းနေတာ တစ်ခုပဲ။ ငါတို့ တောင်ပိုင်း ဒေသ ဗလတောင့်တောင့် စစ်သည် တော် တွေ နဲ့ မတူဘူး။ အရုပ်လေး နဲ့ တူနေတယ်။”

ကျောက်တုံး အပြင်ဘက်မှာ။ တောင်ပိုင်းသူ အမျိုးသမီးလေးတွေ ရှိနေတယ်။ သူတို့ တွေ တိုးတိုး တိုးတိုး နဲ့ ပြော နေကြတယ်။ သူတို့တွေ အတွက် မျက်စိပသာဒ ဖြစ်စရာ မြင်ကွင်း တစ်ခုလေ။

“ဖန်ကျန်းရှီ…. ငါမင်းကို သတ်မယ်။” ဝူဖုန်း မျက်နှာတစ်ခုလုံး ရဲရဲ နီနေခဲ့ပြီ။ သူတစ်ခါမှမတွေးဖူးဘူး။ ကျောက်တုံး အိမ် အပြင်ဘက်မှာ ဒီလောက် မိန်းကလေး တွေ အများကြီးကို ဖန်ကျန်းရှီ စုထားမယ်လို့။ အခုတော့ လူတွေ အများကြီး သူ့ကို မြင်သွားပြီ။ နောက်ပြီးတော့ အရေးကြီးတာက။ နယ်မြေမှူး နဲ့ ဒေသ အကြီးအကဲတွေ အားလုံးလည်း ရှိနေတယ်။ ကျောက်တုံး အိမ် ပတ်လည်မှာ ထိုင်နေကြတယ်။ သူ့ကို ပြုံးပြနေတယ်။ ဒါက အသေအချာကို စီစဉ်ထားတာပဲ။ ဘယ်လိုလုပ်ပြီး လူ တစ်ယောက်က ဒီလောက်တောင် အရှက် မရှိနိုင်ရတာလဲ။

“ သခင်လေး ဝူ။ မင်းက အရမ်း အင်အားကြီးတယ်လေ။ နိုးထ နဂါး အဆင့် သုံးတောင်။ ကျွန်တော်သာ ပြင်ဆင် မထားရင်။ ဘယ်လိုများ တစ်ချက်တည်း နဲ့ အပြတ်ဖြတ်နိုင်မှာလဲ။” ဖန်ကျန်းရှီ စိတ်ရှည်လက်ရှည် ရှင်းပြတယ်။ သူ့ စိတ်ကူးကို ဝူဖုန်း နားမလည်နိုင်မှာ စိုးရိပ်နေတယ်။ ဝူဖုန်းကတော့ ဒေါသမီးတောက်နေပြီ။

လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ နဲ့ ဆက်ပြီးတော့ မငြင်းခုံနိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့။ သူတို့ ဘေးပတ်လည်မှာ။ တောင်ပိုင်းသူတွေ အများကြီးစောင့်ကြည့်နေတယ်။ ကျောက်တုံး အပြင်ဘက်မှာ ငွေဂျို ဝံပုလွေ စစ်သည်ရာချီ လည်း ရှိနေသေးတယ်။

“ ဘာလို့များလည်း။ ငွေဂျိုဝံပုလွေ တွေ ဘာလို့ ဒီလောက်တောင် များနေတာလဲ။ တောင်ပိုင်းဒေသ တစ်ခုလုံးမှာ တောင် သုံးထောင်ပဲ ရှိတာ ။ အခုတော့ အနည်းဆုံး အကောင် ငါးရာတောင် ရှိနေတယ်။” ဝူဖုန်း နားမလည်နိုင်ဘူး။

ငွေဂျို ဝံပုလွေ တွေက တောင်ပိုင်းဒေသ ရဲ့ အဓိက အင်အားပဲ။ သူတို့ ထဲက ငါးရာက ဖန်ကျန်းရှီ ရဲ့ အမိန့်ကို နားထောင်နေတယ်။ တစ်ကောင် နှစ်ကောင်ပဲ ဆိုရင်။ တိုက်ဆိုင်မှု။ အခုက ငါးရာတောင်။ ဘယ်လိုပဲ ကြည့်ကြည့် ဒီ အခြေအနေ ကတော့ တိုက်ဆိုင်မှု မဟုတ်ဘူး။

“ ငါ သူ့ကို အသက်ရှင်လျက် လိုချင်တယ်။” ဖန်ကျန်းရှီ ထုံးစံ အတိုင်း လက်ဝေ့ယမ်းပြတယ်။

“အမိန့် အတိုင်းပါ။” တန်ရှီရှန်း ။ အမိန့်ကို လက်ခံတယ်။

“ ဖန်ကျန်းရှီ မတရားဘး။ မင်း လုပ်ဝံ့ရင်။ ငါနဲ့ တစ်ယောက်ချင်း တိုက်မယ်။ ငါ မင်းကို မကြောက်ဘူး။” ဝူဖုန်း ဒေသ တကြီး အော်ဟစ်နေတယ်။ ဒီ အချိန်မှာ သူ အကျွမ်းကျင်ဆုံး ပညာကိုတောင် သုံးလို့ မရဘူး။ ယောကျာ်း တစ်ယောက် ရှုံးလို့ ရတယ်။ ဒါပေမယ့် အရှက်တကွဲ အကျိုးနည်း ရှုံးလို့တော့ မဖြစ်ဘူး။ အနည်းဆုံးတော့ သူ့ ကျောက်စိမ်း ပုလွေ နဲ့ တိုက်ခိုက်ချင်သေးတယ်။ သူ့ အစွမ်းတွေကို မြင်သာ အော်င ပြချင်သေးတယ်။

“ စိတ်လျှော့။ စိတ်လျှော့ ။ မင်းမှာ အခွင့်အရေး ရှိပါသေးတယ်။” ဖန်ကျန်းရှီ မြင့်မြတ်သူကြီးတစ်ယောက်လို ပြောတယ်။

“ အခွင့် အရေး ဟုတ်စ ? ငါ …. အားးး” ဝူဖုန်း စကားတောင် ဆုံးအောင် မပြောနိုင်ဘူး။ ဝံပုလွေ တစ်ကောင်က သူ့ကို နောက်ကနေ ဝင်တိုက်တယ်။ လက်သည်းချွန်ချွန်တွေက ကုပ်ဆွဲတယ်။ ဝူဖုန်း ခုန်ရှောင်လိုက်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ နဲ့ ဆက် မငြင်းခုံနိုင်တော့ဘူး။ ဒီ တိုက်ခိုက်မှုကို ရှောင်နိုင်ပြီးတဲ့ နောက်။ သူ့ စိတ်အာရုံကိုဘယ်နေရာ မှာ မှ မထားနိုင်တော့ဘူး။ ငွေဂျို ဝံပုလွေ တွေက တစ်ကောင်ပြီး တစ်ကောင်။ သူ့ဆီ ပြစ်ဝင်နေတယ်။

“ အာဝူး … ။ အာဝူးးး။ အာဝူးးး” အူသံတွေက မိုးကြိုး ခြင်္သေ့ဒေသ တစ်လျှောက် ပေါ်လာတယ်။ ဒီ အချိန်မှာ။ ဒေသ တစ်လျှောက် ဖြတ်သန်းနေတဲ့ စစ်သည်တွေ ပိတ်ဆို့ခံလိုက်၇တယ်။ ကျောက်တုံးမိုးတွေကြောင့် တွားသွားနေရတယ်။ ဝူုဖုန်း နှလုံးသားက တောင့်ခံ နေတယ်။ ဒါပေမယ့် သူ့ မှာ စွမ်းအားမရှိ။ ကျောက်စိမ်း ပုလွေ မရှိတော့။ သူက ကောင်းကင် ရောင်ပြန် အထွဋ် အထိပ် အဆင့် သာမာန် လူနဲ့ သိပ်မကွာဘူး။ တိုက်ခိုက်ရေး နည်းလမ်းတွေက အရမ်းကို ကွာနေတယ်။ ဂီတတာအိုကို သုံးမရ တာ တကယ်ဆိုးတယ်။ တောင်ပိုင်းသူ တွေ ရှေ့မှာ ကိုယ်လုံးတီး နဲ့ လေချွန်နေ်လို့ တော့ မဖြစ်ဘူးလေ။ အဝတ်ဗလာဖြစ်နေတာကို တွေးမိရင်။ ဝူဖုန်း နှလုံးသားထဲ တကယ်နာကျင်တယ်။ သူ့ အရေပြားက ဘယ်လောက်ထူ လို့လဲ။ အခုလို အရှက်ရစရာ အဖြစ်ကို ဘယ်လိုစိတ်နဲ့ လျစ်လျူရှုနိုင်မှာလဲ။

ဖန်ကျန်းရှီက ဝူဖုန်း အဖြစ်ကို ကြည့်နေတယ်။ သူ့ကိုယ်သူ တတ်နိုင်သလောက် ဖုံးဖို့ ကြိုးစားနေတယ်။ ဖန်ကျန်းရှီ ခေါင်းခါယမ်းတယ်။ ဒီကလေးက အတော့်ကို ငယ်သေးတာပဲ။ အကယ်၍ ဒီနေရာမှာ ဖန်ကျန်းရှီ ကိုယ်တိုင် ဖြစ်နေ ခဲ့ရင်တောင်။ စွမ်းရည်ကို အပြည့်အ၀ အသုံးချနိုင်မှာမဟုတ်ဘူး။ ရှက်လွန်းလို့။ အင်း…. ။ ဒီကောင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုက အတော့်ကို အားနည်း နေသေးတာပဲ။ ကျောက်စိမ်း ပုလွေ လည်းမရှိ။ အဝတ်အစားလည်း မရှိ။ ဝူဖုန်းဘယ်လို မှ ကြာကြာ တောင့် မခံ နိုင်ဘူး။ သံကြိုးတွေနဲ့ ချည်ခံ လိုက်ရတယ်။

“ဖန်ကျန်းှရီ …. ငါ လက်မခံဘူး။”

“ ကံမကောင်းစွာနဲ့ပဲ။ ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရပါပြီ၊” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ အားးး” ဝူဖုန်း ဒေသ တစ်ကြီးနဲ့ အော်တယ်။ သူ့ ရင်ဘတ် ကနေ သွေးတွေ တဒိန်းဒိန်း နဲ့ တိုးလာတယ်။ နောက်ဆုံးတော့။ ပါးစပ်ကနေ သွေးအန်တော့တယ်။ အဲ့ဒီ့နောက် မြေကြီးပေါ်ကို ခွေခွေလေး လဲ ကျသွားတယ်။

…

မှောင်မည်းနေတဲ့ မြေတိုက်ထဲမှာ။

ဝူဖုန်း ဒယီးဒယိုင် နဲ့ နိုးထလာတယ်။ အဲ့ဒီ့နောက်။ သူ့ လို ပဲ သံကြိုး နဲ့ အချည် ခံ ထားရတဲ့ သူ ရှိတာကို တွေ့လိုက် မိတယ်။

“ ချန်း… ချန်းဖေးယွီ လား။” ဝူဖုန်း လန့်သွားတယ်။ ဘယလောက်တောင် လန့်သွားလည်း ဆိုရင်။ ဖန်ကျန်းရှီ ပေါ်လာတာကို စစ မြင်ခါစ က အတိုင်းပဲ။ သူထင်ခဲ့တာ။ ယန်ယ နဲ့ စီကျွမ်း ဒေသ တွေကို ချန်းဖေးယွီက သွားတိုက်နေပြီ။

“ဟူးးး” ချန်းဖေးယွီ သက်ပြင်းချတယ်။

“ မင်းဒီမှာ ဘာလုပ်နေတာလဲ။”

“မင်းလိုပဲပေါ့ ကွာ။ ဒါပေမယ့်… ငါရောက်တာ ပိုစောတယ်။ မနေ့ည တည်းက ဒီကို ရောက်နေတာ။” မတရား တာကို ချန်းဖေးယွီ သိတယ်။ အ၇င်က အဖြစ်ဆိုးခဲ့တဲ့ အခြေ အနေ တွေတောင် ဒီ့ထက် မဆိုးနိုင်တော့ဘူး။

“ မနေ့ည တည်းက …. မင်း လည်း …” ဝူဖုန်း အမူအယာ ပြောင်းသွားပြန်တယ်။

“ အစတုန်းက မင်းနဲ့ တစ်ယောက်ချင်းတိုက်ဖို့ ငါ ပြင်ဆင်ထားတာ။ ဒါပေမယ့် လမ်းတစ်ဝက်မှာတင် ဖန်ကျန်းရှီ ပေါ်လာတယ်။” ချန်းဖေယွီ နှလုံးသား သွေးစိမ်းရှင်ရှင်ထွက်သလို နာကျင်ရပြန်တယ်။ ဖန်ကျန်းရှီ ဖမ်းတာ ခံလိုက် ရတဲ့ အဖြစ်ကို တွေးမိတိုင်းမှာ။

“သခင်လေး ဝူ။ သခင်လေး ချန်း။ ဒီ ဆေးဝါးတွေကို စစ်သူကြီး ဖန်ကနေ အထူးသတယ် ပို့ပေးလိုက်တာပါ။ သခင်လေးတို့ နှစ်ယောက် ပြိုင်ပွဲက ထွက်သွားကြောင်း သတင်းပို့ပြီးရင်။ သခင်လေးတို့ကို ပုံမှန်အတုင်း ပြန်ထား မှာပါ။” ဒီ အချိန်မှာပဲ မြေတိုက်တံခါး ပွင့်လာတယ်။ စစ်သူကြီး ဝမ် ဝင်လာရင်း ပြောတယ်။ ဆေးနှစ်ပုလင်း နဲ့ စားသောက်စရာ အပြည့်ကို သူ ယူခာတယ်။

“ မင်း .. မင်း အခု ဘာပြောလိုက်တယ်။ စစ်သူကြီးဖန် ဟုတ်စ။ မင်း က အရင်တည်းက …” ဝူဖုန်း မျက်လုံး တွေ ပြူးကျယ်လာတယ်။ ဒီလူ့ကို သူကောင်းကောင်း မှတ်မိတာပေါ့။ စစ်သူကြီးဝမ်။ သူ အယုံကြည်ရဆုံး။ အရေးပေးဆုံး စစ်သူကြီး။

“သခင်လေး ဝူ။ ဒါကတော့ အပြစ်တင်လို့ မရဘူးလေ။ တိုက်ခိုက်ရေး စာမေးပွဲ စည်းမျဉ်းအတိုင်း။ သခင်လေးကို ထုတ်လိုက်တဲ့ လူနောက် ကျွန်တော်တို့က လိုက်ရမှာပဲ။” စစ်သူကြီး ဝမ် ခေါင်းငြိမ့်တယ်။

“ ဒါပေမယ့် ဖန်ကျန်းရှီက တိုက်ခိုက်ရေး စာမေးပွဲ လာမဖြေဘူး မလား။ ရန် မြို့တော်မှာ တပ်ဖွ့ဲခွဲတဲ့ အချိန်။ ဖန်ကျန်းရှီ ရောက်မလာခဲ့ဘူး။ မင်းတို့ ကောင်တွေ သူ့ နောက် မလိုက်သင့်ဘူး။” တိုက်ခိုက်ရေး စာမေးပွဲ အကြောင်း ဝူဖုန်း ကောင်းကောင်း သိတာပေါ့။ ဒါပေမယ့် သူ ကြိုးစားကြည့်ချင်သေးတယ်။

“မဟုတ်ဘူး။ သခင်လေး ဝူ မှားနေပြီ။ ဖန်ကျန်းရှီက တပ်ဖွဲ့ခွဲတဲ့ အချိန် ရောက်မလာပေမယ့်။ ဧကရာဇ်က သူ့ နာမည်ကို ဖြုတ်မထားဘူး။ ဒါကြောင့် သူလည်း တိုက်ခိုက်ရေး စာမေးပွဲ ဖြေရမယ့် အထဲ ပါတယ်။ ” စစ်သူကြီးဝမ်က ပြောရင်း ဆိုရင်။ အစိမ်းရင့်ရောင် စာရွက်ကို ထုတ်တယ်။

“ သခင်လေး နှစ်ဦး လက်ဗွေ နှိပ်ပေးပါ။ ဒါဆိုရင် လွှတ်ပေးလို့ ရပါပြီ၊ “

“ ဟုတ်တယ်။ ဒီ အချိန်က ငါ့ လက်ဗွေရာကို နှိပ် ဖို့ အချိန်ပဲ…” ဝူဖုန်း ရှေ့က စာရွက်ကို တစ်ချက်ကြည့်တယ်။ သူ့ မျက်လုံး တွေ ငြိမ်းချမ်းနေတယ် သိပ်ပြီး မတွေဝေဘူး။ ချက်ခြင်း နှိပ်ချလိုက်တယ်။ ဒီ အချိန်မှာ အလင်းရောင် တစ်ချက် လက်သွားတယ်။ ဒီတစ်ခါတော့ သူ တကယ်ပဲ ထွက်ရပြီ။

…

နေ့လယ်ခင်း နေရောင်ခြည်က ပြင်းထန်တယ်။ ဒါပေမယ့် သတင်းစကား တစ်ခုနဲ့ ယှဉ်လိုက်ရင်။ ဒီနေရောင်က ဘာမှ မဟုတ်တော့ဘူး။ တောင်ပိုင်းဒေသ တစ်လျှောက်လုံးမှာ တောပန်းလေးတွေ ပွင့်နေတယ် ။ ရုံးတော်သား ဝတ်ရုံ နက် နဲ့ စုချင်း။ စစ်တပ်တဲကြီး တစ်ခုရှေ့မှာ လမ်းလျှောက်နေတယ်။ သူ့ ရှေ့က တဲကြီးမှာ ငွေနဂါး တစ်ကောင် ရုပ်ပုံရှိတယ်။ သူ့ မျက်နှာက တစ္ဆေတစ်ကောင်လို ဖြူဖျော့တယ်။ စစ်တပ်တဲ ရှေ့ရောက်တော့။ သူရပ်နေတယ်။ သူ့ အမူအယာက တွေေ၀ နေပုံပဲ။ ဒီလိုပုံစံ စုချင်း မှာ တွေ့ရတာ ရှားတယ်။ ဒါပေမယ့် အခုချိန်မှာတော့် ထင်ထင်ရှား၇ှားကြီး မြင်နေရ တာ။

“ တဲ အပြင်မှာ ဘယ်သူလဲ။” တဲထဲကနေ အသံ တစ်သံ ထွက်လာတယ်။

“ အရှင့်သား။ …. စုချင်းက တဲ အပြင်မှာစောင့်နေတာပါ။” စစ်သည်တစ်ဦးက အိမ်ရှေ့စံ လင်းထျန်းရုံကို လှမ်းဖြေတယ်။

“ အိုး။ စုချင်းရောက်လာပြီလား။ သတင်းကောင်းတွေ ကြားရတော့မယ့် ပုံပဲ။” လင်းထျန်းရုံ ပြောတယ်။

စုချင်း အမူအယာ ချက်ခြင်းပြောင်းသွားတယ်။ ဒါပေမယ့် သတ္တိရှိရှိ နဲ့ တဲထဲကို ဝင်လာတယ်။ တဲထဲမှာ အိမ်ရှေ့စံ လင်းထျန်းရုံက သလွန်ပေါ် ထိုင်နေတယ်။ လက်ထဲမှာ ရွှေဝါရောင် ပန်းလေး တစ်ပွင့်နဲ့။”

“ အိမ်ရှေ့စံ ။ အရှင့် စုချင်းတလေး တစား ဦးညွှတ်တယ်။

“စုချင်း ပြောစရာ ရှိတယ်မလား။ ပြော။” လင်းထျန်းရုံတစ်ချက်တောင် မကြည့်ဘူး။

“တိုက်ခိုက်ရေး စာမေးပွဲ နောက်ဆုံးရ သတင်း။ ချန်ေးဖးယွီ နဲ့ ဝူဖုန်း ထွက်သွားရပြီ။ ” စုချင်း အသံ သိသိသာသာကို တုန်ယင်နေတယ်။

“ ငါ သိပြီ။ ချန်းဖေးယွီက အရည်အချင်း ရှိတာ မှန်တယ်။ ဒါပေမယ့် တခြားသူတွေ နဲ့ ယှဉ်ရင် သူ က အားနည်း နေတယ်။ ဝူဖုန်း ကတော့ … နေစမ်းပါအုန်း….။ ဝူဖုန်း နဲ့ အတူ ထွက်သွားတာ ဘယ်သူလို့ မင်းပြောတယ်။ အခု ထွက်သွားရတာ ဘယ်သူတွေလည်း ပြန်ပြောစမ်း။” အိမ်ရှေ့စံ လင်းထျန်းရုံ ချက်ခြင်း နိုးကြားလာတယ်။

“ချန်းဖေးယွီ နဲ့ ဝူဖုန်း။” အိမ်ရှေ့စံ လန့်သွားမယ်မှန်း စုချင်း သိတယ်။ ဘာောကာင့်လဲ ဆိုတော့ ။ သူလည်း လန့်သွားခဲ့တာကို… ။ ဒါပေမယ့် သူက တစ်ခုပိုသိထားတယ်။ တကယ့်ကို လန့်စရာ သတင်း အကြီးကြီး ….။

အပိုင်း (၃၅၃) ပြီး၏။

အပိုင်း (၃၅၄)

“ နန်ကုန်းဟောင်ကို တိုက်ခိုက်ရဲလား။”

“ဝူဖုန်း ထွက်သွားရပြီတဲ့လား။ သူ့ကို ဘယ်သူ ထုတ်တာလဲ။ နန်ကုန်းဟောင်လား။ ရန်ရွှယ်လား။” လင်းထျန်းရုံ မယုံကြည် နိုင်သေးဘူး။ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တယ်။

“ တစ်ယောက်မှ မဟုတ်ပါဘူး….. ဝူဖုန်းကို ထုတ်လိုက် တဲ့ လူက …. ဖန်ကျန်း၇ှီ ပါ။” စုချင်း ခေါင်းခါတယ်။ အသက်ပြင်းပြင်းရှူရင်း ပြောတယ်။

“ဖန်ကျန်းရှီလား။” ဒီ တစ်ကြိမ်တော့။ လင်းထျန်းရုံ အိမ်မက် ကနေ လန့် နိုးလာသူ လိုပဲ။ ချက်ခြင်း ခုန်ထတယ်။ သူ့ ရဲ့ ပျင်းရိခြောက်သွေ့ နေတဲ့ အမူအယာ ချက်ခြင်းပျောက်သွားတယ်။ အချိန်အတော်ကြာကြာ ထိတ်လန့်နေတယ်။ သူ့ ရဲ့ မျက်နှာ ဖြူဖြူတောင် ပန်းရောင်ပြောင်းနေတယ်။ မိန်းကလေး တစ်ယောက်လို နူးညံ့ချော မွေ့တဲ့ သူ့ မျက်နှာ နဲ့ အကြည့်တွေ စုချင်းဆှီ ဦးတည် နေတယ်။ သူ မယုံနိုင်ဘူး။

“ သတင်းပို့ချက် အရ။ မနေ့ ည တုန်းက ချန်းဖေးယွီကို ဖန်ကျန်းရှီ ထုတ်ပယ်ခဲ့ပါတယ်။ အဲ့ဒီ့နောက် ဒီနေ့ မနက် မိုးမတည့် ခင် မှာ ဝူဖုန်းကို ထုတ်ပယ်လိုက်ပါတယ်။ အဖြစ်ပျက် နှစ်ခုလုံးက မိုးကြိုး ခြင်္သေ့ ဒေသမှာပဲ ဖြစ်ပျက်တာပါ။” အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ ခံစားချက်ကို သူ ကောင်းကောင်း နားလည်တယ်။ ဒါပေမယ့် အမှန်တရားက အမှန်တရားပဲ ေ လ။ သူ က အမှန်ကိုပဲ ပြောရမယ်။ ဒါပေမယ့် သူ ကိုယ်တိုင်တောင် ဖန်ကျန်းရှီ ဘယ်လိုများ လုပ်လိုက်လဲ နားမလည် နိုင်သေးဘူး။

အဖြစ်အပျက်က ချန်းဖေးယွီ ရဲ့ နယ်မြေထဲမှာ ဖြစ်တာ။ နောက်ပြီး တော့ ချန်းဖေးယွီမှာ စစ်သည် တစ်သောင်းကျော် ရှိနေတယ်။ ချန်းဖေးယွီက အရာ အားလုံး အားနည်းနေတာ မဟုတ်ဘူး။ ချန်းဖေးယွီ နဲ့ ဖန်ကျန်းရှီ တစ်ယောက်ချင်း တိုက်တာ ကကော။ ဖြစ်နိုင်ချေက နည်းလွန်းတယ်။

ဝူဖုန်း ကလည်း နိုးထ နဂါး အဆင့် သုံး။ သူ့ အစွမ်း ကော အဆင့်ပါ ဖန်ကျန်းရှီ အထက်မှာ ရှိနေတာ။ ဝူဖုန်း စစ်တပ်မှာလည်း စစ်သည် နှစ်သောင်း ရှိတယ်။ စစ်သည်သောင်းချီ ဝန်းရံထားတဲ့ စစ်သူကြီးကို ဖမ်းဆီးမယ်။ ဖန်ကျန်းရှီမှာ ဒီလောက် အစွမ်းရှိမယ်မထင် ဘူး။ နောက်ပြီးတော့ ဝူဖုန်းက ဂီတ တာအို ပညာရှင်။ ဖန်ကျန်းရှီ တစ်ယောက်တည်း မပြော နဲ့ ဖန်ကျန်းရှီ ငါးယောက် ရှိနေရ င်တောင်။ ဝူဖုန်းကို အမိဖမ်းဖို့က မလွယ်နိုင။် မိုးကြိုး ခြင်္သေ့ ဒေသ ထဲမှာ ဘာတွေ ဖြစ်သွားလည်း စုချင်း တကယ့်ကို မသိဘူး။ အိမ်ရှေ့စံ လင်းထျန်းရုံလည်း နားမလည်နိုင်ဘူး။ သူတို့ တိတ်ဆိတ်နေတယ်။ တစ်နာရီ တိတိ တိတ်ဆိတ်နေတယ်။

နောက်ဆုံးတော့ လင်းထျန်းရုံ သူ့ ခုံမှာသူ ပြန်ထိုင်တယ်။ နောက်ဆုံးတော့ သူ က အရှေ့ပိုင်း နန်းတော် ရဲ့ အိမ်ရှေ့စံပဲ။ တော်ဝင်တိုက်ခိုက်ရေး စာမေးပွဲ အကြီးအကဲ။

“ အခုလက်ရှိ အခြေအနေက ဘယ်လိုလဲ။” လင်းထျန်းရုံ တတ်နိုင်သလောက်ကြိုးစားပြီး တည်ငြိမ်အောင် လုပ်တယ်။ အခြေအနေ တစ်ခုလုံးကို သူ သိဖို့လိုတယ်။ ကြီးမြတ်သော ရှ မင်းဆက် ရဲ့ တောင်ပိုင်းဒေသ အစီအစဉ် တွေကို သူ ကောင်းကောင်းသိတယ်။ အစတုန်းက အစီအစဉ်တွေ တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်ပျက် နေတယ်။ အခုတော့ ကိစ္စသေးသေး လေး တစ်ခုက ဘောင်ထဲ ကနေ လွတ်သွားခဲ့ပြီ။ အထိန်းအကွပ် မဲ့နေတယ်။ အခုချိန်မှာ သူ့ အတွက် အရေး အကြီး ဆုံး ကိစ္စက ။ ဒီကိစ္စကို လက်ထဲ သိမ်းထားရမလား။ တိတ်တိဆိတ်ပဲ ဖျက်ဆီးလိုက်ရမလား။

“ တိုက်ခိုက်ရေး စာမေးပွဲ စည်းမျဉ်း အရ။ ဖန်ကျန်းရှီက ဝူဖုန်း ကို ထုတ်ပယ်လိုက်တဲ့ အတွက်။ ဝူဖုန်း လက်ထဲက နယ်မြေ တွေ အကုန် ဖန်ကျန်းရှီ လက်ထဲ ရောက်သွားပါပြီ။” စုချင်း တွေတွေဝေေ၀ နဲ့ ပြောတယ်။

“မင်းပြောတာ။ ဒီ အချိန်မှာ။ မိုးကြိုး ခြင်္သေ့။ ယန်ယ နဲ့ စီကျွမ်း ဒေသ တွေ အကုန်လုံး ဖန်ကျန်းရှီ လက်ထဲမှာလား။” လင်းထျန်းရုံ ခေါင်းတွေ မူးဝေလာတယ်။ အဓိက ဒေသကြီး လေးခုမှာ သုံးခုက ဖန်ကျန်းရှီ လက်ထဲ ရောက်သွားပြီ။ ဒီ အဖြစ် အပျက်က သူ ထင်ထားတာထက် ကြီးနေတာပဲ။

“ ဟုတ်ပါတယ်။ တိုက်ခိုက်ရေး စာမေးပွဲ စည်းမျဉ်းအရ။ ”

“ တိုက်ခိုက်ရေး စာမေးပွဲ စည်းမျဉ်းတွေကို ငါဂရု မစိုက်ဘူး .။ အမိန့်ထုတ်လိုက်။ ခရီးစဉ်စမယ်။ မိုးကြိုး ခြင်္သေံ ဒေသကို ငါ အခု သွားမယ်။ ဖန်ကျန်းရှီ စည်းမရှိ ကမ်းမရှိ ထင်ရာ စိုင်ေးနတာကို လက်မခံနိုင်ဘူး။ ”

“ အရှင့်သား။ မသင့်လျော် ပါဘူး။ အကယ်၍ အရှင့် သာ ဒီ အချိန်မှာ မိုးကြိုး ခြင်္သေံ ဒေသကို သွားလိုက်ရင် ။ တိုက်ခိုင်ရေး စာမေးပွဲ စည်းမျဉ်းကိုလည်း ချိုးဖောက်ရာ ရောက်မယ်။ တောင်ပိုင်းဒေသ ဘက် ကလည်း သတိကြီးသွား လိမ့်မယ်။ အကယ်၍ ထင်မှတ်မထားတဲ့ အကြောင်း ရင်းတစ်ချိုု့ကြောင့် တောင်ပိုင်းဒေသ အစီအစဉ် အနှောက် ဖြစ် သွားခဲ့ရင်။ သွမ့် အရှင်ဘက်က လှုပ်ရှားလာမှာ စိုးရိမ်ရ ပါတယ်။ အရှင့်သား။ စစ်တပ်ရဲ့ တကယ့် အာဏာပိုင် က သွမ့် အရှင် ဆိုတာ မေ့ထားလို့ မရပါဘူး။” စုချင်း ချက်ခြင်း တားမြစ်တယ် ။

“ ခမည်းတော် ရှေ့မှာ ငါ ညီတော်က ငါ့ကို မကောင်းပြောဝံ့မှာလား။”

“ အကယ်၍ ကျွန်တော်သာ သွမ့်အရှင် ဖြစ်ခဲ့ရင်တော့။ အခုချိန်မှာ မကောင်းပြောရုံတင် မကဘူး။ ညီလာခံ တိုက်ခိုက်ရေး စာမေးပွဲ အကြီးအကဲ အဖြစ် လုပ်ဆောင် နေတဲ့ အရှင့် အာဏာ တွေကိုပါ အကုန်သိမ်း ခိုင်း လိုက်မှာပါ။ တောင်ပိုင်းဒေသ အစီအစဉ်သာ အောင်မြင် သွားခဲ့ရင်။ ဆုလဒ်ကလည်း ကြီးမားလိမ့်မယ်။ ”

“ ဒီကောင် လုပ်ရဲ မှာလား…”

“ အရှင်။ သေချာ စဉ်းစား ဆုံးဖြတ် ပေးပါ။ ” စုချင်း ချက်ခြင်း ဒူးထောက်ပြ ီး ပြောတယ်။

စုချင်း ဒူးထောက်တာ မြင်တော့ ။ လင်းထျန်းရုံ မျက်လုံး ထဲ အရောင် တစ်ချက် လက်သွားတယ်။ ဒါပေမယ့် အဆုံးသက်မှာတော့ သူလည်း ဆက်ပြီး မတ်တပ် ရပ်မနေတော့ဘူး။ စားပွဲပေါ်က အဝါရောင် ပန်းပွင့်လည်း မြေပြင်ပေါ်ကို ရောက်သွားခဲ့ပြီ။

“ ထပါ။ မင်း အမြင်အရ။ အခု ချိန်မှာ ငါတို့ ဘယ်လို ဆက်လုပ်သင့်လဲ။ ” အချိန် အတော်ကြာ တိတ်ဆိတ် နေပြီး နောက်။ လင်းထျန်းရုံ နောက်ဆ ုံးမှာ လက်ဝေ့ယမ်း ရင်း ပြောတယ်။ စုချင်းကို ထ ခိုင်းတယ်။

“ အခုချိန်မှာ။ နယ်မြေ သုံးခုကို ဖန်ကျန်းရှီ စိတ်ထင်တိုင်း ကျဲ လို့မရ အောင်။ လျှို့ဝှက် အမိန့်တော် ချ ထားလည်း မဆိုးပါဘူး။ ဒါပေမယ့် အေးခဲမျောက်မင်း ဒေသ နီးနီးနားနား ကိုတော့ သွားဝံ့မှာ မဟုတ်ဘူး။ နန်ကုန်းဟောင် နဲ့ ပြဿနာ ဖြစ်အောင် လုပ်ဝံ့မှာလည်း မဟုတ်ဘူး။ ဒီလို ဖြစ်ရင်။ ကိစ္စ တွေကလည်း ထိန်းချုပ်ပြီးသား ဖြစ်သွားမယ်။ ”

“ ဖန်ကျန်းရှီက နန်ကုန်းဟောင်ကို တိုက်ခိုက် ဝံ့မယ် ထင်လား။” အိမ်ရှေ့စံ လင်းထျန်းရုံ လန့်တော့ လန့်သွာတးယ်။ တောင်ပိုင်းဒေသ အစီအစဉ် က အရေးကြီးတယ်။ နန်ကုန်းဟောင် ကတော့ ထိခိုက်မှာ မဟုတ်ဘူး။

“ဝူဖုန်း မလုပ်ဝံခဲ့ဘူး။ ချန်းဖေးယွီလည်း မလုပ်ဝံ့ ဘူး။ ရန်ရွှယ်လည်း မလုပ်ဝံ့ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ ကတော့ လုပ်ဝံ့တယ်။” စုချင်း ယုံကြည်ချက် အပြည့်နဲ့ ပြန်ဖြေတယ်။

“ သူက လုံးဝကို ရှုံးမှာပဲ။ စဉ်းစားစရာတောင် မလိုဘူး။ ဒါပေမယ့် ..... သူက ပြဿနာ ဖြစ်လာမှာကို တော့ စိုးရိပ် ရ ပါတယ်။ အကယ်၍ အေးခဲ မျောက်မင်း ဒေသမှာ တိုက်ပွဲကြီး ဖြစ်လာရင်။ ကြီးမြတ်သော ရှ မင်းဆက် ရဲ့ စစ်သည် အင်အားကိုလည်း ထိခိုက် လာလိမ့်မယ်။ ကိစ္စတွေကတော့ ရှုပ်ထွေးတော့မှာပဲ။”

“ အကယ်၍ ဒီလိုသာ ဖြစ်ခဲ့ရင်။ နန်ကုန်းဟောင်ကို တိုက်ပွဲလက်ရှောင် ဖို့ အမိန့်ပို့ ရင်။ ပိုသင့်လျော်မှာလား။” စုချင်း သတိပေးတယ်။

“အရှင့်သား။ နန်ကုန်းဟောင်က ဧကရာဇ် ရဲ့ စကားကိုပဲ နားထောင်တယ် ဆိုတာ မှတ်မိသေးလား။ နောက်ပြီးတော့ နန်ကုန်းဟောင်မှာ ဖန်ကျန်းရှီ နဲ့ တိုက်ခိုက်ဖို့ လုံလောက်တဲ့ အကြောင်း၇င်း ရှိတယ်။

“ မင်းပြောတာ အဓိပ္မာယ်ရှိတယ်။ ဒီလို လုပ်ရအောင်။ မင်းက မိုးကြိုး ခြင်္သေ့ ဒေသကို သွားလိုက်။ ငါ့အမိန့်ကို ပို့ပေး။”

“ ဒါက …. ကျွန်တော် မသွားနိုင်မှာကို စိုးရိမ်ပါတယ်။ ”

“ ဘာလို့လဲ။”

“ တော်ဝင် အတွေးအခေါ် စာမေးပွဲမှာ ပဋိပက္ခ ဖြစ်ခဲ့တာ။ အရှင့်သား မေ့နေ ပြီလား။ ကျွန်တော် နဲ့ ဖန်ကျန်းရှီ သိပ်ပြီး အဆင်မပြေဘူး။” အတွေးခေါ် စာမေးပွဲ က အဖြစ်ကို သူ ပြန်စဉ်းစားမိတယ်။ စုချင်း မျက်နှာ မည်းမှောင်သွားတယ်။

“ဒါဆို၇င်။ ကိစ္စကို ပြေလည်အောင် ဘယ်လို လုပ်သင့်တယ် ထင်လဲ။” လင်းထျန်းရုံ ခေါင်းငြိမ့်တယ်။

“ ရှင်ချင်းစွေ့။” စုချင်း မျက်လုံးး ထဲမှာ အရောင်တွေ လက်သွားတယ်။ ဒီ နာမည်ကို ပြောထွက်ဖို့ သူ့အတော်လေး စဉ်းစား လိုက်ရတယ်။

“ ရှင်ချင်းစွေ့လား? ဟုတ်တယ်။ သူ့ကို သွားခိုင်းတာ ပိုကောင်းမယ်။ ဒါပေမယ့် ရှင်ချင်းစွေ့မှာ စစ်နတ်ကျောင်းတော် ရဲ့ တောင်ဖြို တပ်ဖွဲ့လည်း ရှိနေတယ်။ မိုးကြိုးး အလင်းတန်း ဒေသကို အခုချိန် ဝင် ခိုင်းလိုက်ရင်။ ပြဿနာတွေ ကျယ်ပြန့်လာနိုင်မလား။” အိမ်ရှေ့စံ လင်းထျန်းရုံက။ စုချင်းပေးတဲ့ အကြံ ဉာဏ်ကြောင့် အံ့သြနေတယ်။ နည်းနည်းတွေေ၀ နေတယ်။

“ အရှင်သား….။ သူ့ကို တစ်ယောက်တည်း သွားဖို့ ပြောလို့ ရပါတယ်။ အကယ်၍ သူသာ မိုးကြိုးခြင်္သေံ့ ဒေသကို လျှို့ဝှက်ပြီး သွား၇င်။ ကိစ္စတွေလည်း ကျယ်ပြန့်လာစရာ အကြောင်း မရှိတော့ဘူး။” စုချင်း ဆက်ပြီးပြောပြတယ်။

“ကောင်းပြီ။ ငါ့ အမိန့်ပြားကို ယူသွားလိုက်။ ရှင်ချင်းစွေ့ကို သွားဖိတ်ခေါ်လိုက်။ ငါကိုယ်တိုင် သူ့ကို အစီအစဉ်တွေ အကြောင်း ရှင်းပြ လိုက်မယ်။” အိမ်ရှေ့စံ လင်းထျန်းရုံ ခဏတာ တွေေ၀ နေတယ်။ ဒါပေမယ့် နောက်ဆုံးမှာ သူ ခေါင်းငြိမ့်တယ်။

“ အမိန့်တော် အတိုင်းပါ။” စုချင်း ခေါင်းငြိမ့်တယ်။ ခေါင်းငြိမ့်ပြီးနောက် ထွက်သွားတယ်။ စစ်တပ်တဲ ကနေ အပြင်ကို ရောက်လာတယ်။ တိမ်ဖြူဖြူတွေ ပြည့်နေတဲ့ ကောင်းကင်ကို မော့ကြည့်တယ်။ သူ့ မျက်လုံးထဲမှာ အေးစက်စက် အလင်းရောင်တွေ တောက်ပ နေတယ်။

“ ကိုယ်တိုင် အမိန့်ပေးမယ် တဲ့လား ??? ကြီးမြတ်သော ရှ မင်းဆက်မှာ။ စစ်နတ်ကျောင်းတော် အရေးပါပုံက တော်ရုံ တန်ရုံ မဟုတ်ဘူးပဲ။ တခြား ဘယ်သူ့မှာ သူ့တို့ကို မယှဉ်နိုင်သေးဘူး။ လက်ရှိ ဧကရာဇ် ဖြစ်ဖြစ်။ အိမ်ရှေ့စံ ။ သွမ့်အရှင် ဘယ်သူ့ဲ ဖြြစ်ဖစ် ။ သူတို့ကို အမြဲ အရေးပေးတယ်။ ကြည့်ရတာ… အခုချိန်မှာ ကိစ္စ တစ်ချို့ လုပ်သင့်ပြီ။”

…

ဝူဖုန်း နဲ့ ချန်းဖေးယွီ ကို ဖန်ကျန်းရှှီ ထုတ်ပယ်လိုက်တဲ့ သတင်း အိမ်ရှေ့စံ ကြားရတဲ့ တစ်ချိန် တည်းမှာပဲ။ ရှန်းယွီ မင်းသမီးရဲ့ တဲထဲကို ကြိမ်ထည်ဝတ် စစ်သည် တစ်ယောက် ဝင်လာတယ်။

“ အရှင်မင်းသမီး ဖန်ကျန်းရှီက မိုးကြိုး ခြင်္သေ့ ဒေသ။ ယန်ယ နဲ့ စီကျွမ်းဒေသ သုံးခုလုံးကို သိမ်းလိုက်ပါပြီ။ နောက်ပြီးတော့ သူ့ရဲ့ လက်ရှိ စစ်အင်အားက သုံးသောင်းနီးပါး အထိ ရောက်ရှိသွားပါပြီ။ ” စစ်သူ ခေါင်းငုံ့ရင်း ပြောတယ်။ သူ့ နဖူးမှာ ချွေးတွေ တစ်စက်စက်စီးကျ နေတယ်။ ဒီလမ်းတစ်လျှောက်လုံး အရှိန်ပြင်းပြင်း နဲ့ ဒုန်းစိုင်းနှင်လာတာ။ ဒါပေါ့။ ဒီ ကိစ္စကြောင့် ဒီလောက်ချွေးထွက်စရာ အကြောင်းဘယ်ရှိမလဲ။ တကယ်တမ်းက သူ ကြောက်နေတာ။ အ၇မ်းအရမ်းကို လန့်နေတာ။ ဒီကိစ္စကြီး ဘယ်လိုများ ဖြစ်သွားတာလဲ။ အချိန်က ၂ ရက်တောင် မပြည့်သေးဘူး။ ဖန်ကျန်းရှီက ဒေသကြီး သုံးခုကို သိမ်းပြီးသွားပြီ။ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ။ ဆာလောင်နေတဲ့ ဝံပုလွေက သိုး၀၀ လေးတွေကို တစ်ချက်တည်းနဲ့ မြိုချ ပြစ်တာ။ နည်းနည်းတော့ လွန်သွားပြီ မလား။

ရှန်းယွီ မင်းသမီးက ရွှေရောင်သားရေ ပြားပေါ်မှာ လဲလျောင်းနေတာ။ ဒီသတင်းကိုကြားတော့။ သူမရှေ့မှာ စစ်သည် ရှိနေတာ ကြောင့်သာ မဟုတ်ရင်။ လိမ့်ကျမှာ အသေအချာပဲ။ အရမ်းကို လန့်နေတာက သိသာလွန်းတယ်။ ရွှေရောင်သားရေပြားပေါ်က သူမ ခန္ဒာကိုယ် တဆတ်ဆတ် တုန်ယင်နေတယ်။ ရင်ဘတ်ကလည်း နိမ့်ချီမြင့်ချီ အရှိန်ပြင်းပြင်း နဲ့ ခုန်နေတယ်။ ဂျုံပင်လို သူမ ရဲ့ အသား အရေတောင် နီရဲလာတယ်။ ဒါက ပျော်ရွှင် ထိတ်လန့်မှုကြောင့် ဖြစ်လာတာပဲ။ ဖန်ကျန်းရှီက ဒါမျိုးကို အောင်မြင်မယ်လို့ ထင်တောင် မထင်ထားဘူး။ နောက်ပြီးတော့။ ဒီလောက် အချိန်တိုလေး အတောတွင်းမှာ။

“ ဒီကောင်က….. ငါ့ကို တော်တော်လေး လန့်အောင် လုပ်တာပဲ။” ရှန်းယွီမင်းသမီး ခပ်တိုးတိုး ပြောတယ်။ သူမ ရဲ့ မျက်ဝန်း နက်နက်တွေ တောက်ပလာတယ်။ “ ဒီ ကောင်ဘယ်လိုများ လုပ်ခဲ့လည်း အသေးစိတ် ပြောပြ။”

“ အမိန့် တော် အတိုင်းပါ။” စစ်သည် ချက်ခြင်း ခေါင်းငြိမ့်တယ်။ ချန်းဟော င်ရဲ့ မိုးကြိုး အလင်းတန်းဒေသကို ဘယ်လို သိမ်းတယ်။ နောက်ပြီးတော့ မိုးကြိုး ခြင်္သေ့ ဒေသမှာ ချန်းဖေးယွီ နဲ့ ဝူဖုန်းကို ဘယ်လို တိုက်ခိုက်တယ်။ အကုန်ပြောပြတယ်။ စစ်သည်တော် ရှင်းပြပြီးနောက်။ ရှန်းယွီ မင်းသမီး ရဲ့ အမူအယာ ပြောင်းသွားပြန်တယ်။

သူမရဲ့ အစတုန်းက ပျော်ရွှင်မှု အံ့သြမှုတွေ လျော့သွားတယ်။ ဝူဖုန်း ရဲ့ အဝတ်တွေနဲ့ ကျောက်စိမ်းပုလွေကို ယူသွားတဲ့ နေရာကိုကြားတော့။ သူ မထိန်းနိုင်တော့ဘူး။ ထပြောတော့တယ်။

“ဒီကောင်က အရှက်မရှိလိုက်တာ လွန်ပါလေရော။”

“ အရှင်မင်းသမီး အခုချိန်မှာ ကျွန်တော်တို့ ဘာလုပ်ရမလဲ။”

“ ပြန်ပြီး အနားယူတော့။ ငါ့မှာ အစီအစဉ်ရှိတယ်။”

“ အမိန့် အတိုင်းပါ။”

…

တောင်ပိုင်းဒေသ ။ မြင့်မား လွန်းတဲ့ တောင်တန်း ကြီးရဲ့ ထိပ်။ ဂူတစ်လုံး ပုံကွယ် နေတဲ့ နေရာမှာ။ အနက်ရောင် လူရိပ်တစ်ခု ရှိနေတယ်။ နေရောင်ထဲမှာ သူ ရပ်နေတယ် ။ သူ့ ပုံစံက အလျင်လိုနေ ဟန်ပဲ။

“ ဒီနေ့ ဘာ အကြောင်း သတင်းပို့စရာ ရှိလို့လဲ။” ဝင်ပေါက်က ဝတ်ရုံနက် ချက်ခြင်း ရောက်လာတယ်။ တောင်ထိပ် ဂူဝမှာ ရပ်ရင်း မေးတယ်။

“ အရေးကြီး ကိစ္စ။”

“ လက်ထောက် ခေါင်းဆောင် အခု အနားယူ နေတယ်။ ညမှ တစ်ခေါက် ပြန်လာခဲ့။”

“ မဖြစ်ဘူး။ အခုချိန်မှာ သတင်းပို့မှ ရမယ်။ အကယ်၍ စစ်တပ် သတင်းသာ နှောင့်နှေးသွား၇င်။ မင်းတာဝန် ယူရမယ်။” အနက်ရောင် လူရိပ်က အေးစက်စက် အမူအယာ နဲ့ ပြောတယ်။

“ မင်း…. နေအုန်း။” ဝတ်ရုံနက် ဆက်မပြောတော့ဘူး။ ဂူထဲ ဝင်တယ်။ ခနာကာတော့ ပြန် ထွက်လာတယ်။ ဒါပေမယ့် သူ့မျက်နှာပေါ်မှာ အနီရောင် လက်ဝါးရာ တစ်ခု ထင်ထင်ရှားရှားပါလာတယ်။

“ဝင်တော့။” ဒီစကား ပြောတဲ့ အချိန် သူ့ အသံက သိသိသာသာ တုန်ယင်နေတယ် ။

“ကျေးဇူး။” အနက်ရောင် လူရိပ် ရဲ့ မျက်လုံးထဲမှာ သနားတဲ့ အရိပ်ယောင် တစ်ချို့ ပေါ်လာတယ်။ နောက်ထပ် နှောင့်နှေးအောင် မလုပ်ဝံ့တော့ဘူး။ ဂူထဲမှာတော့။ ပိုင်ရှင်းက တောက်ပပြီး ထွင်းဖောက်မြင်ရတဲ့ ကျောက်တုံးပေါ်မှာ လဲလျောင်းနေတယ်။ ကျောက်တုံးက နေ အေးစက်စက် အငွေ့အသက်တွေ ပျံ့လွင့်လာတယ်။ ဂူတစ်ခုလုံး ဒါကြောင့် အေးစက်နေတယ်။ ပိုင်ရှင်း ရဲ့ နဖူးပေါ်က သွေးနီရောင် နတ်ဆိုး မျက်လုံး။ ထူးထူးဆန်းဆန်း အေးစက်စက် အငွေ့အသက်တွေ ထွက်နေပြန်တယ်။

“ဘာလဲ။” ပိုင်ရှင်းအသံက သိပ်ပြီး စိတ်ရှည်ဟန် မပေါ်ဘူး။

“ လက်ထောက်ခေါင်းဆောင်။ ဖန်ကျန်းရှီက မိုးကြိုး ခြင်္သေ့ ဒေသကို သိမ်းလိုက်ပါပြီ။ ဝူဖုန်း နဲ့ ချန်းဖေးယွီ နှစ်ယောက်လုံး ကိုလည်း အနိုင် တိုက်ထားပါတယ်။ အခုချိန်မှာ သူက မိုးကြိုးခြင်္သေ့ ဒေသ ။ ယန်ယ နဲ့ စီကျွမ်း ဒေသ တွေကို ထိန်းချုပ်နေပါတယ်။ နောက်ပြီးတော့ သူ့ လက်ထဲမှာ စစ်သည် သုံးသောင်း နီးပါး ရှိနေပြီ။ ” ပိုင်ရှင်း ကိုယ်က ထွက်နေတဲ့ အငွေ့အသက်တွေကို အနက်ရောင် လူရိပ် လန့်နေတယ်။ အဓိက လိုရင်ကိုပဲ ခပ်မြန်မြန် ပြောတယ်။

“ ဘယ်လို ? ဒ ါတွေ ဘယ်လိုများ ဖြစ်သွားတာလဲ။” ပိုင်ရှင်းရဲ့ အေးချန်းနေတဲ့ အမူအယာ နောက်ဆုံးမှာ ပျောက်ကွယ်သွားပြီ။”

“ကျွန်တော် ကြားတာတော့ ဖန်ကျန်းရှီ ကလှည့်စားခဲ့တယ်။ ချန်းဖေးယွီ နဲ့ ဝူဖုန်း မိုးကြိုး ခြင်္သေ့ ဒေသ ထဲ ဝင်လာတဲ့ အချိန်။ အလစ်ချောင်းတိုက်တယ်။” အနက်ရောင် လူရိပ် ။ သူသိသမျှကို ပြောတယ်။

“ တော်သားပဲ ဖန်ကျန်းရှီ။ လွန်ခဲ့တဲ့ ရက်နည်းနည်း တုန်းက ။ ရှန်းယွီမင်းသမီး ရဲ့ စစ်တပ် တဲထဲမှာ ရှိနေတာ။ အခုတော့ ဒေသကြီး သုံးခုကိုတောင် ထိန်းချုပ်ပြီးသွားပြီတဲ့လား။ မထင်မှတ်ထားစရာပဲ၊”

“ လက်ထောင် ခေါင်းဆောင်။ ကျွန်တော်တို့ အခုချိန်မှာ ဘာလုပ်ရမလဲ။ ခပ်စောစော လှုပ်ရှားရမလား။”

“ အလျင်လိုစရာ မရှိဘူး။ ဖန်ကျန်းရှီ လက်ထဲ စစ်သည်များလေ။ သေနိုင်ချေ ပိုများ လေပဲ ။ အခုချိန်မှာ သူ ဘယ်ကိုမှ ပြေးလို့ရဘူး။ ဒါပေမယ့် …. မမျှော်လင့်ထားတာတွေ ဖြစ်မလာ နိုင်အောင်။ လူများများ ထပ်ထည့်ထားလိုက်။”

“ နားလည်ပါပြီ။”

“မင်းသွားလို့ရပြီ၊”

“ အမိန့် တော် အတိုင်းပါ။”

အနက်ရောင် ပုံရိပ် ခပ်မြန်မြန် ထွက်ခွာသွားတယ်။ တခြးတစ်ဖက်မှာတော့။ ပိုင်ရှင်းက ဆက်ပြီး အိပ်ချင်ပုံမရှိတော့ဘူး။ ကျောက်တုံးပေါ်က ထတယ်။ ဂူထဲ ကို လှည့်ပတ်နေတယ်။

“ တွက်ထားတဲ့ အတိုင်းဖြစ်ရင်။ အရှင်သခင်က အခုဆို ရောက်လောက်ပြီ၊”

…

ဝူဖုန်း ထွက်သွားရတဲ့ သတင်းက ပျံ့သွားပြီ။ ဒီသတင်းကြောင့် လူတွေ ဘယ်လို အမူအယာ ဖြစ်ကုန်လဲ သူ မသိဘူး။ တကယ်တမ်းတော့။ ဒေသကြီး သုံးခုကို ထိန်းချုပ်ထားမိပြီးပြီ ဆိုတာတောင် သူ မသိသေးတာ။ စစ်သူကြီး ဝမ် သူ့ကို သတိပေးလိုက်မှပဲ သဘောပေါက်သွားတယ်။ အခုချိန်က ကြွားဝါ ဖို့ အချိန်ကောင်းပဲ။ ဒီလောက် အချိန် တိုလေး အတွင်း ။ နယ်မြေ သုံးခုကြီးတောင် သိမ်းလိုက်ပြီးပြီ။ စစ်သည်ကလည်း သုံးသောင်းတောင် လက်ထဲရောက်ပြီ။ အခုချိန်မှာ သူ့ အင်အား က အပြည့်ပဲ။ ေ တာင်ပိုင်းဒေသတစ်ခုလုံး ကိုတောင် လှုပ်ခတ်အောင် လုပ်လို့ ရ နေပြီ။

“ ဒါက အကျိုးအမြတ် မမျှော်ကိုးတဲ့ ဒဏ္ဍာရီလာ သူရဲကောင်းကြီးရဲ့ ထူးခြား ဖြစ်စဉ်လိုပဲ။ နည်းနည်းလေး လုပ်လိုက်တာ။ ရလဒ်က ကောင်းကောင်းကန်းကန်းကြီးရတယ်။ ” ဖန်ကျန်းရှီ ကောင်းကင်ကို မော့ကြည့်တယ်။ ထိုက်တန်တဲ့ ပြိုင်ဘက် မရှိတဲ့ အောင်မြင်သူကြီး တစ်ယောက်လို ခံစား နေရတယ်။ ဒါကြောင့် သူ့ စိတ်ထဲမှာ မေးခွန်း တစ်ခု ပေါ်လာတယ်။ ဘယ်နေရာကို သွားြုပီး ခြေရာချန် ရမလဲ။

အဓိကနယ်မြေကြီး လေးခုက အန္တရာယ် များမှန်း သူသိတယ်။ တောင်ပိုင်းဒေသ က စစ်သည်တွေကို ထည့်ထားပြီးပြီလေ။ ဒါပေမယ့် စစ်တပ်အင်အားကြီး တစ်ခုကို ပိုင်ဆိုင် ထားတော့။ ခံစားချက်က ကွဲပြားနေတယ်။ ထင်ရှားအောင် ဥပမာ ပြ ရရင်။ အရင်တုန်းက လှိုင်းထန် နေတဲ့ ပင်လယ် ပြင်မှာ လှေငယ်လေး တစ်စီး နဲ့ သွားလာ နေရသလိုပဲ။ အခုတော့ လှေကြီး တစ်စင်း နဲ့ ခရီးထွက်နေတာ ဖြစ်သွားပြီ။ ဒါပေမယ့် သူ စိတ်ထဲတောင် မကူး မိတဲ့ လူတစ်ယောက်ကို မြင်ရင်။ စကားတစ်ခွန်းထက် ပိုပြီးတော့ ပြောစရာ မလိုတော့ဘူး…. သေ။

အပိုင်း (၃၅၄) ပြီး ၏။

အပိုင်း (၃၅၅)

“ မင်း အဆင်သင့်ဖြစ်ရင် စလိုက်တော့။”

ငါကြားတာ ဒီ နန်ကုန်းဟောင်က အေးခဲ မျောက်မင်း ဒေသမှာ ရှိနေတာပဲ။ ငါ့ရဲ့ မိုးကြိုး ခြင်္သေံ ဒသ နဲ့ သိပ် မှ မဝေးပဲ။ ဘာလို့များ ငါက တခါတည်း မသွားမိတာလည်း ….။ ငလူးပဲ။ ဖန်ကျန်းရှီ ဒါကို တွေးမိတော့ ။ အကောင်အထည် ဖော်ဖို့ ပြင်တယ်။ နောက်တစ်ရက်မှာ သူ့ စစ်တပ်ကို နှစ်ပိုင်း ခွဲတယ်။ မိုးကြိုး အလင်းတန်း ဒေသ ပတ်လည်ကို စောင့်ကြပ်တယ်။ လမ်းကြောင်း တစ်ခု ချင်းစီမှာ စစ်သည် တစ်သောင်း နီးပါး ထားထား တယ်။ ဒါက နောက်ပိုင်း ဖြတ်သွား ဖြတ်လာ လုပ်တဲ့ ပြိုင်ပွဲဝင်တွေကတော့ သနားစရာပဲ။ စစ်သည် နှစ်ထောင်တည်းနဲ့ စစ်သည် တစ်သောင်း နီးပါးကို တိုက်ခိုက် ရတယ်။ တကယ့်ကို နာကျင်စရာပဲ။ ဒါက ဘာ အဓ္မိာယ်လည်း ဆိုတော့ ။ ရှက်ရတယ်။ အကူအညီ မဲ့တယ်။ အကြီးအကျယ်ကို ရှု့ုံးတာပဲ။ ကိုယ့်ထက် ငါးဆ များတဲ့ စစ်တ်ပိက တိုက်ခိုက် ဖို့ ကတော့ မဖြစ်နိုင်ဘူး။ သူတို့ လုပ်နိုင်တဲ့ တစ်ခု တည်းသော အရာက လက်လျှော့်ဖို့ပဲ။ တစ်ယောက်ပြီး တစ်ယောက် လက်လျှော့်သွားရတယ်။ ဖန်ကျန်းရှီက သူ့ လမ်းကို ရှင်းလင်းနေတယ်။ အင်အားကြီး မုန်တိုင်းကို ရင်ဆိုင်ဖို့ ဒီလောက် ပြင်ဆင် ထားမှ ရမယ်။

စာအိတ်တွေ တစ်အိတ်ပြီး တစ်အိတ်။ လင်းထျန်းရုံ စီကို ရောက်လာတယ်။ အရင်ရက်တွေတည်းက သူ့မှာ နေနေရတာ မပျော်ရွှင်တော့ဘူး။

“ဖန်ကျန်းရှီက လွေ့ချင်းကို ထုတ်ပယ်လိုက်ပြီ။ သူ့ စစ်အင်အားက သုံးသောင်းလေးထောင် အထိ ကျယ်ပြန့်သွားပြီ။”

“ ဖန်ကျန်းရှီက ချန်တုန်းပင်ကို ထုတ်ပယ် လိုက်ပြီ။ သူ့ စစ်အင်အားက သုံးသောင်း ခြောက်ထောက်ထိ ရောက်သွားပြီ။”

“….”

မပြီးဆုံး နိုင်သော စစ်တပ် သတင်းပို့မှု တွေ ကိုထိုင်ကြည့်နေတယ်။ လင်းထျန်းရုံ ရဲ့ အမူအယာက အတော့်ကို မှောင်မည်း နေပြီ။ အရင်နေ့ တွေက လို ပန်းအလှတွေကို ခံစားဖို့ ပျော်ရွှင် တဲ့ စိတ်ခံစားချက် ပျောက်ဆုံး နေပြီ။ သူ့ အမူအယာက တည်ကြည်လေးနက်နေတယ်။ အချိန်တွေက တရွေ့ရွေ့ နဲ့ ကုန်ဆုံးသွားပြီ။

ငါးရက်ကြာပြီးနောက်။ ဖန်ကျန်းရှီ ရဲ့ လက်အောက်က စစ်သည် အရေအတွက် ကြောက်စရာကောင်းအောင် တိုးပွားလာတယ်။ အခုတော့ သူ့ လက်ထဲမှာ စစ်သည် လေးထောင် တစ်ထောင် ရှိနေပြီ။ သူ့ ရဲ့ အမိန့်က တိုက်ခိုက်ရေး စာမေးပွဲစစ်သည် အင်အား ၇၀% ကို သက်ရောက်မှု ရှိနေပြီ။ တခြား တစ်ဖက်မှာတော့။ ဖန်ကျန်းရှီက စစ်တပ်အာဏာပိုင် အကြီးအကဲ ဖြစ်ရတာကို။ ကျေနပ် နေတယ်။ ကျောက်တုံး အိမ် အကြီးကြီး ထဲမှာ။ စစ်တပ် ဦးစီးမှု တွေက အတန်း ၂ တန်း နဲ့ ရပ်နေတယ်။ သူတို့ ဘေးမှာတော့ စူပုတ်ပုတ်ကျောင်းတော်သား တွေ ရှိနေတယ်။ ဝူဖုန်း နဲ့ ချန်းဖေးယွီလည်း ကျောက်တုံးအိမ်ကြီးထဲမှာ ရပ်နေရတယ်။

ဒီ၇က်ပိုင်း အတွင်း။ ဝူဖုန်းနဲ့ ချန်းဖေးယွီ တို့ စိတ်ဒဏ်ရာတွေ အတော်ရခဲ့တယ်။ ဒါပေမယ့် သူတို့သာ တိုက်ခိုက်ရေး စာမေးပွဲကို ချောချောမွေ့မွေ့ ဖြတ်သန်းချင်ရင်။ ဖန်ကျန်းရှီကို ကူညီရမယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ကို ဖန်ကျန်းရှီက ထုတ်ပယ်ခဲ့လို့ပဲ။ တိုက်ခိုက်ရေး စာမေးပွဲ စည်းမျသ်း အရ။ ပြိုင်ပွဲပေါ် မူတည်ပြီး အဆင့်ခွဲတယ်။ ဥပမာ။ ကျောင်းတော်သား (က) ကို ကျောင်းတော်သား (ခ) က ထုတ်ပယ်လိုက်ရင်။ (က) ရဲ့ အဆင့်က (ခ) နောက်ကို ရောက်သွားမယ်။ (ခ) ကို နောက်တစ်ယောက်က ထုပ်ပယ်ရင်။ (က) ရဲ့ အဆင့်က နောက်ထပ် ထပ် ကျမယ်။ ပြောရရင်။ ဝူဖုန်းက ကျောင်းတော်သား အုပ်စုလိုက်ကြီးကို ထုတ်ပယ်ထားတာ။ ဝူဖုန်းသာ တိုက်ခိုက်ရေါ် စာမေးပွဲ အဆင့်တစ် နေရာမှာ ရှိနေရင်။ ထုတ်ပယ်ခံ ကျောင်းတော်သားတွေရဲ့ အဆင့်လည်း ကောင်းနေမှာပဲ။ ဒါပေမယ့် အခုတော့ ဝူဖုန်းကို ဖန်ကျန်းရှီက ထုတ်ပယ်လိုက်ပြီ။ ဒါကြောင့် ဝူဖုန်း ထုတ်ပယ်လိုက်တဲ့ ကျောင်းတော်သား တွေက လည်း ဖန်ကျန်းရှီ့ လက်အောက်ကို ရောက်လာပြီ။ အကယ်၍ ဖန်ကျန်းရှီကို တခြား တစ်ယောက်က ဆက်ပြီး ထုတ်ပယ်ရင်။ သူတို့ မှာ မျှော်လင့်ချက် မရှိတော့ဘူး။ ဒါကြောင့် ဖန်ကျန်းရှီ ပထမ ရဖို့ သူ တိုက အကောင်းဆုံး လုပ်ရမယ်။ ဒါမှ သူတို့ ရဲ့ အဆင့်တွေ တက်လာမှာ။

ဒါပေမယ့် လူတွေ အားလုံးထဲမှာ အမှောင်မိုက်ဆုံးက ဝူဖုန်းပဲ။ သူက ချန်းဖေးယွီကို တစ်ချက် တည်းနဲ့ အပြတ်ဖြတ်ဖို့ ပြင်ဆင်ထားတာ။ ဒါပေမယ့် ဖန်ကျန်းရှီက သူ့ကို ကန်ထုတ်သွားတယ်။ အကွက်ဆင်ထားတဲ့ ထောင်ချောက်ကြီး တစ်ခုထဲ ကျသွားတာ။

“ အမိန့်ချလိုက်။ ယန်ယ နဲ့ စီကျွမ်း ဒေသ က စစ်တပ်တွေ အကုန်လုံးကို မိုးကြိုးခြင်္သေ့ဒေသမှာ စုခိုင်းလိုက်။” ဖန်ကျန်းရှီက စစ်သူကြီးတွေကို အမိန့်ပေးတယ်။

“ အကုန်လုံးကို မိုးကြိုးခြင်္သေ့ဒေသမှာ စုခိုင်းရမှလြား။” မှောင်မည်းနေတဲ့ ကျောင်းတော်သားတွေ စိတ်ရှုပ်သွားတယ်။ ဒီ အချိန်မှာ သူတို့ အားလုံးက ဖန်ကျန်းရှီ အဆင့်ကောင်းကောင်း ရဖို့ မျှော်လင့်နေတာ။ ဖန်ကျန်းရှီကတော့ လူတွေ အားလုံးကို စုဖို့ အမိန့်ပေးနေပြီ။ ဒါက ဘာဖြစ်နိုင်မလဲ။

“ စစ်သူကြီး။ ကျွန်တော်တို့ စစ်သည်တွေ အကုန်လုံးကို စုလိုက်ရင်။ ယန်ယ နဲ့ စီကျွမ်းဒေသကို လက်လွှတ်ရပါလိမ့်မယ်။” စစ်သူကြီးဝမ် အထိတ်တလန့် နဲ့ ပြောတယ်။ သူက ဝူဖုန်း နဲ့ အတူ ဒီဒေသ တွေကို တိုက်ခိုက် ခဲ့တာ။ ဒီနယ်မြေတွေကို ရဖို့ ဘယ်လောက် ခက်ခဲပြီး အရေးကြီးမှန်းသူသိတယ်။ အခုတော့ ဒီ နယ်မြေ တွေက သူတို့ လက်ထဲ ရောက်နေပြီလေ။ ဒီလိုပဲ လက်လွှတ်လိုက်ရတော့ မှာလား။ ရူးချင်လိုက်တာ။

“ အိုး ငါ သိပြီ။ ဒါဆိုလည်း လက်လွှတ်လိုက်ရအောင်။” ဖန်ကျန်းရှီက အေးအေး ဆေးဆေး ပြောတယ်။

“ ဖန်ကျန်းရှီ မင်းဘာလုပ်ဖို့ ကြံနေတာလည်း။ ဒီ စာမေးပွဲကို မင်း ဝင်မဖြေချင်ရင်။ ငါ့ကိုလည်း မထုတ်သင့်ဘူး။ အခုတော့ မင်းက နယ်မြေ သုံးခု လုံးကို ထိန်းချုုပ်နေရပြီ။ အနည်းဆုံးတော့ တိုက်ခိုက်ရေး စာမေးပွဲမှာ ဒုတိယ နေ ရာ ရမှာပဲ။ ” ဝူဖုန်း သူ့ကိုယ်သူ မထိန်းချုုပ်နိုင်တော့ဘူး။ ဒီဒေသတွေကို သိမ်းဖို့ သူ အားစိုက်ထုတ်ခဲ့ရတာ။ အခုတော့ ဖန်ကျန်းရှီက ပြစ်ချ နေပြီ။ အမှိုက်တွေလို ပြစ်ချ ပြစ်တာ။ ဒီ ခံစားချက်ကို လက်မခံ နိုင်ဘူး ။

“မင်းဘာလုပ်တာလဲ၊။ စာမေးပွဲကနေ မင်းထွက်သွားပြီလေ။ မင်းက ပုန်ကန်ချင်နေတာလား။ အမိန့်ချမယ်။ မြေအောက်တိုက်ထဲကို ထည့်ထားလိုက်။” ဖန်ကျန်းရှီက ဝူဖုန်းကို လှမ်းကြည့်တယ်။ ဝူဖုန်းရဲ့ အမြင်ကို ချက်ခြင်း ပယ်ချတယ်။

“ ကျေးဇူးပြုပြီး မလုပ်ပါနဲ့။”

“ဖန်ကျန်းရှီ ။ ပြန်စဉ်းစား ပေးပါ။”

“ ငါတို့ မင်းကို ကူညီပါမယ်။”

ဒါကိုကြားတော့ ကျောင်းတော်သားတွေ အတော့်ကို စိတ်ရှုပ်သွားတယ်။ အကယ်၍ ဖန်ကျန်းရှီ သာ နယ်မြေတွေကို ဆုံးရှုံးသွားရင်။ ဒီနယ်မြေ တွေကို သူများ သိမ်းသွားရင်။ ခံစားရမှာ သူတို့ပဲ။ ကျောင်းတော်သား တွေ နားမလည်နိုင်ဘူး။ စစ်သူကြီးတွေလည်း နားမလည်နိုင်။ ဖန်ကျန်းရှီ ဘာတွေ စဉ်းစားနေလဲ သူတို့ မသိတော့ဘူး။ တစ်ယောက်ကို တစ်ယောက်ကြည့်နေကြတယ်။

စစ်သူကြီး ဝမ် လိုပဲ သူတို့ တွေးမိတယ်။ ဖန်ကျန်းရှီ ရဲ့ အမိန့်က ရူးကြောင်ကြောင် နိုင်တာပဲ။ ဒါပေမယ့်။ ဖန်ကျန်း၇ှီက တကယ်ပဲ ရူးကြောင်ကြောင်ကောင်လား။ ဒါကတော့ နည်းနည်းများသွားပြီ။ အကယ်၍ ဖန်ကျန်းရှီသာ ရူးကြောင်ကြောင် ကောင်းဆိုရင်။ ချန်းဖေးယွီ နဲ့ ဝူဖုန်းကို ဘယ်လိုများ တစ်ရက်တည်းနဲ့ ကန်ထုတ် နိုင်တာလဲ။ ဖန်ကျန်းရှီကို ရှုံးတဲ့ သူတွေက ပိုပြီး နုံအ တဲ့ ကောင်တွေ ဖြစ်သွားမှာပေါ့။ ဒါပေမယ့် အကယ်၍ ဖန်ကျန်းရှီသာ ခပ်ကြောင်ကြောင် ကောင်း မဟုတ်ရင်။ ဒီ အမိန့်က သူရပြီးသား တိုက်ခိုက်ရေး စာမေးပွဲ အဆင့်ကို စွန့်လွှတ်တော့ မယ့် အကြောင်း ရှေ့ပြေးနိမိတ်ပဲ။ သူတွေးနေတာကို ခန့်မှန်းနိုင် သူ မရှိဘူး။ စစ်သူကြီးတစ်ယောက်ချင်းစီ ခေါင်းတွေ ခါနေတယ်။

ဒါပေ့ါ။ ကျောင်းတော်သား နဲ့ စစ်သူကြီးတွေ ဘာတွေးနေမှန်း ဖန်ကျန်းရှီ သိတယ်။ ဒါပေမယ့် သူတို့ နားလည်ဖို့ မလိုဘူး။ ဘာကြောင့်လဲ ဆိုတော့။ အကယ်၍ သူတို့သာ တောင်ပိုင်းဒေသရဲ့ လက်ရှိ အခြေအနေကို ထင်ထင်ရှားရှား သိမြင် သွားရင်။ သူတို့လည်း ဒီလို ဆုံးဖြတ်ချက်ချ မှာပဲ။ ( ပြည်သူတိုင်းသည် စစ်သည် တစ်ဦး) ဒါကြောင့် နယ်မြေ တိုင်းမှာ တောင်ပိုင်းဒေသ စစ်သည်တွေ ပြည့်နေတယ်။ ဖန်ကျန်းရှီမှာ စစ်သည်တော် လေးသောင်းရှိတာ အမှန်ပဲ။ ဒါပေမယ့် တောင်ပိုင်းဒေသ စစ်သည်တော်တွေ အားလုံးနဲ့ ယှဉ်လိုက်ရင်။ ဆင်နဲ့ ပုရွက်ဆိတ် လို ဖြစ်နေ လိမ့်မယ်။ ။ နယ်မြေတွေကို ထိန်းချုပ်တာလား။ နယ်မြေကြီး သုံးခုကို ထိန်းချုပ်ထားတယ် ဆိုတာ။ ကြားလို့တော့ ကောင်းတယ်။ ဒါပေမယ့် စစ်တပ် အင်အားကွဲတာနဲ့။ တောင်ပိုင်းဒေသက သူ့ရဲ့ အစီအစဉ်ကြီးကို စ လိုက်တာ နဲ့။ ဒီစစ်သည်လေး သောင်း ခုခံဖို့ အချိန်တောင် ရ လိုက်မှာ မဟုတ်ဘူး။ ဒီအချိန်မှာ ဖန်ကျန်းရှီ ရဲ့ အတွေးက ရိုးရှင်းတယ်။

(ပြည်သူတိုင်းသည် စစ်သည်တစ်ယောက်) ဒါဆိုရင် ငါ့စစ်သည်တွေကို တစ်နေရာ တည်းမှာ အကုန်စုထားမယ်။ နယ်မြေကို ထိန်းချုပ်ဖို့လား? ငါ့မှာ အင်အားကြီးတဲ့ စစ်တပ်ရှိနေပြီပဲ။ ဘာကြောက်စရာ ရှိသေးလဲ။ တိုက်ခိုက်ရေး စာမေးပွဲကလည်း ပြီးမှ မပြီးသေးတာ။

စစ်သူကြီးဝမ်ကတော့ ။ဖန်ကျန်းရှီကို တစ်ကြိမ်ထပ်ပြီး ယုံကြည်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဖန်ကျန်းရှီက တိုက်ခိုက်ရေး စာမေးပွဲ ရဲ့ စာဖြေသူ တစ်ယောက်ပဲ။ သူ့မှာ နှောက်ယှက်ဖို့ အာဏာမရှိဘူး။ ဖန်ကျန်းရှီ ရဲ့ အမိန့်ကိုသာ သူ ဆောင်ရွက်ရမယ်။ ဝူဖုန်းလည်း စကား ပြောချင်တယ်။ ဒါပေမယ့် သူက စာမေးပွဲ ကနေ ကန်ထုတ်ခံပြီးပြီလေ။ သူ ဘာပြောနိုင်အုန်းမှာလဲ။

…

ယန်ယ နဲ့ စီကျွမ်းဒေသ တွေက စစ်တပ်ကို ပြန်စုတဲ့ သတင်း ရောက်လာပြီ။ အိမ်ရှေ့စံ လင်းထျန်းရုံ ပြောစရာ စကား မဲ့ေ နတယ်။

“ ဖန်ကျန်းရှီ။ မင်း ဘာတွေ တွေးနေတာလဲ။” ဖန်ကျန်းရှီ ဒီလိုတွေ လုပ်နေတာ သူ တကယ်လန့်မိတယ်။ ဒါက တောင်ပိုင်းဒေသ စစ်ဆင်ရေးကို သက်ရောက်မှု အကြီးကြီး ဖြစ်နိုင်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီက တိုက်ခိုက်ရေး စာမေးပွဲ ပြိုင်ပွဲဝင် တစ်ယောက်လေ။ သူက စာမေးပွဲ အကြီးအမှူး။ စာဖြေသူ တစ်ယောက်ရဲ့ ဆုံးဖြတ်ကို နှောက်ယှက်တာက။ လက်မခံ နိုင်စရာပဲ။ ဒါကြောင့် သူ စောင့်ရမယ်။ ဒါက သူလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာပဲ။

…

ရက်အနည်းငယ် ကြာပြီးနောက်။ ယန်ယ နဲ့ စီကျွမ်း နယ်မြေ တွေက စစ်အင်အား တွေ။ လာပေါင်းစည်း တယ်။ ဒီရက် အနည်းငယ်ကို အသုံးချပြီး။ ဖန်ကျန်းရှီက နောက်ထပ် ကျောင်းတော်သား တစ်ချို့ကို ထုတ်ပယ်တယ်။ သူ့ စစ်အင်အားက လေးသောင်း သုံးထောင်ကို ရောက်သွားပြီ။ ဖန်ကျန်းရှီ တွက်ချက်ထားတယ်။ တိုက်ခိုက်ရေး စာမေးပွဲ မှာ စုစုပေါင်း ပါဝင်နေတာ စစ်သည် ငါးသောင်း ရှစ်ထောင် ရှိတယ်။ နန်ကုန်းဟောင် လက်ထဲက နှစ်ထောင်ကို နုတ်လိုက်ရင်။ ငါးသောင်း ခြောက်ထောင်ရှိမယ်။ အခုတော့ လေးသောင်းးသုံးထောင် လက်ထဲမှာ ။ အပြင်မှာ ကျန်နေသေးတာ။ တစ်သောင်းသုံးထောင်ထက် မပိုဘူး။ ကောင်းပြီ။ စဖို့ အချိန်ကျပြီ။

“ အမိန့်ချလိုက်။ စစ်တပ်တစ်ခုလုံး အေးခဲ မျောက်မင်းဒေသကို ခရီးနှင်မယ်။”

“စစ်သူကြီး ဖန်။ မိုးကြိုး ခြင်္သေ့ဒေသကို စောင့်ရှောက်ဖို့ လူ ချန်ခဲ့ရ အုန်းမလား။” စစ်သူကြီးဝမ်ရဲ့ ကျောထဲမှာ ချွေးအေးအေးတွေ စီးကျလာတယ်။ ဒါတောင် သူ တည်ငြိမ်အောင် ထိန်းထားနိုင်သေးတယ်။ နန်ကုန်းဟောင် ဘယ်လောက်ကြောက်ဖို့ ကောင်းမှန်းသူသိတယ်။ ဒီ တိုက်ပွဲက။ သူတို့ တကယ် နိုင်နိုင်မှာလား။ ဒါကတော့ မေးခွန်း အကြီးကြီးပဲ။ ဒီဒေသမှာ စောင့်ကြပ်ဖို့ လူ တစ်ချို့ ချန်ခဲ့ရင်။ နောက်ပိုင်း ပြန်ဆုတ်ခွာလာတဲ့ အချိန်။ အထောက်အကူတော့ ဖြစ်မှာပဲ။

“ မချန်ခဲ့နဲ့။ တစ်ယောက်လေးတောင် မချန်ခဲ့နဲ့။” ဖန်ကျန်းရှီ တစ်ချက်လေးတောင် မတွေးပဲ ပြန်ဖြေတယ်။

…

“ စစ်တပ်ကြီး တစ်ခုလုံး အေးခဲ မျောက်မင်း ဒေသကို ဆင်းလာတယ်။ ဖန်ကျန်းှရီ ရဲ့ အမိန့် ကိုကြားတော့။ အိမ်ရှေ့စံ လင်းထျန်းရုံ သူ့ခုံပေါ်က နေ နောက်ပြန်လန်ကျသွားတယ်။ နန်ကုန်းဟောင်ကို ဖန်ကျန်းရှီ စိန်ခေါ်မယ်မှန်း သူ တွက်ထားပြီးပြီ။ ဒါပေမယ့် ဒီလောက် မြန်မြန်ပြေးသွားမယ်လို့ မထင်ထားမိဘူး။ နောက်ပြီးတော့ ဖန်ကျန်းရှီက မိုးကြိုး အလင်းတန်း ဒေသကို လက်လွှတ်ခဲ့ပြီ။ စစ်တပ်ကြီး တစ်ခုလုံးလုံးလုံး အေးခဲ မျောက်မင်း ဒေသကို ထွက်ခွာသွားတာ။ ဒါက စာမေးပွဲကော ဟုတ်သေးရဲ့လား??? သေခြင်း နဲ့ ရှင်ခြင်းကြားက စစ်ပွဲ့ဲ။

“ သူ့ ကိုတား။ ငါတို့ တားကို တား၇မယ်။ ရှင်ချင်းစွေ့က မိုးကြိုး ခြင်္သေ့ ဒေသကို မရောက်သေးဘူးမလား။ ငါ အမိန့်ချမယ်။ ဖန်ကျန်းရှီ ကို တိုက်ခိုက်ရေး စာမေးပွဲ ကနေ ထုတ်ပယ်လိုက်။”

“ အိမ်ရှေ့စံ။ အရှင်။ ဖန်ကျန်းရှီ တိုက်ခိုက်ရေး စာမေးပွဲမှာ ပါဝင်ဖို့က ဧကရာဇ် ကိုယ်တိုင် အမိန့်ပေးထားတာပါ။ အရှင်က ဒီလို လုပ်လိုက်ရင်။ ဒီ အပြုအမူက ….” စစ်သူကြီးတစ်ယောက် ချက်ခြင်း ထပြောတယ်။ သူ လန့်သွားတယ်။

“ တောင်ပိုင်းဒေသ အစီအစဉ် နဲ့ယှဉ်ရင်။ ဖန်ကျန်းရှီကိုတိုက်ခိုက် ရေး စာမေးပွဲ က ထုတ်ပယ်လိုက်တာ ပြဿနာရှိအုန်းမလား။ ခမည်းတော်ဆီကို စာပို့ပြီး ရှင်းပြလိုက်မယ်။ အခုချက်ခြင်း အမိန့်ချလိုက်။”

“ အမိန့် အတိုင်းပါ။”

…

ရှန်းယွီ မင်းသမီး ရဲ့ တဲထဲမှာတော့ ။ သတင်းတစ်ချို့ ရောက်လာတယ်။ ရှန်းယွီမင်းသမီး ရဲ့ မျက်လုံးတွေ တစ် လက်လက် တောက်ပလာတယ်။ သူမ ရဲ့ ဂျုံပင် လို အသား အရေမှာ တိမ်သဏ္ဍာန် နီနီရဲရဲ ပေါ်လာတယ်။

“ အေးခဲ မျောက်မင်း ဒေသကို တိုက်မယ် တဲ့လား ??` နင် သေချာလား။ ”

“ ေ…

အဓိက ဒေသ ကြီးက သုခမိန်တောင်တန်းဒေသ နဲ့ နီးကပ်တယ်။ ဒါကြောင့် အစောင့် အကြပ်လည်း ထူထပ်တယ်။ အကယ်၍ မိုးကြိုး အလင်းတန်း ဒေသ မှာ ကိစ္စကြီး ဖြစ်ရင်။ သုခမိန် တောင်တန်း မြို့တော်က အေးခဲ မျောက်မင်း ဒေသကို ချက်ခြင်း သိမ်းမှာပဲ။ ဧရိယာက သိပ်မကျယ်ဝန်းဘူး။ ဒါပေမယ့် ကွင်းပြင်ကျယ်ကြီးမှာ တည်ရှိနေတာ။ သစ်ပင်တွေ တောင်တန်းတွေလည်း မရှိဘူး။ ဒါကြောင့် အေးခဲ မျောက်မင်း နယ်မြေက တောင်ပိုင်းဒေသ ရဲ့ စစ်မြေပြင် ကြီးပဲ။ သူ့ရှေ့မှာ လေတောင်ကြားရှိတယ်။ လေတောင်ကြားက သဘာ၀ အတိုင်း ဖြစ်နေတာ။ တောင်ကြားက နှစ်ပိုင်း ကွဲနေတယ်။ တောင်ကြားဒေသ ရဲ့ ရာသီဥတုက အေးစက်တယ်။ အေးခဲ မျောက်မင်းဒေသ အတွက်တော့ နေရာကောင်းတစ်ခုပဲ။

အေးခဲမျောက်မင်း ဒေသ ။ ကျောက်တုံးကြီးတွေ နဲ့ ဆောက်ထားတဲ့ ကျောက်တုံးအိမ် တစ်ခုမှာ။ အဖြူရောင်ဝတ်ရုံ နဲ့ နန်ကုန်းဟောင် ငြိမ်ငြိမ်လေးထိုင်နေတယ်။ ပြတင်းပေါက်နားမှာထိုင်ရင်း ရှေးဟောင်းစာအုပ်တစ်အုပ်ကို ဖတ်နေတယ်။ ကြီးမြတ်သော ရှ မင်းဆက် စာလုံး တွေနဲ့ တူပေမယ့် လက်ရေးက ရှေးကျ လွန်းတယ်။ ဒါပေမယ့် နန်ကုန်းဟောင်က တော့ အပြည့်အ၀ အာရုံ စူးစိုက်ထားပုံပဲ။

“သခင်လေး။” စစ်သူူကြီးတစ်ယောက် လှမ်းအသံပြုတယ်။

“ ဖန်ကျန်းရှီ အခု ဘယ်ကို ရောက်ပြီလဲ။” နန်ကုန်းဟောင် ခေါင်းတစ်ချက် မော့မကြည့်ဘူး။ သူ့လက်ထဲက စာအုပ်ကိုပဲ ဆက်ဖတ်နေတယ်။

“ နောက် ၂ ရက် အတွင်း ရောက်မှာပါ။” စစ်သူကြီး ပြန်ဖြေတယ်။

“ ကောင်းပြီ။”

“ကျွန်တော်တို့ ပြင်ဆင်ထားရမလား။ ”

“ မလိုဘူး။ ကိုယ့်အလုပ်ကိုယ်ပဲ ဆက်လုပ်ပါ။”

“ နားလည်ပါပြီ၊”

စစ်သူကြီး ခေါင်းငြိမ့်တယ်။ ပြန်ထွက်လာတယ်။ သူ့ မျက်နှာမှာတော့ လေးစားမှု အပြည့်။ ကျောက်တုံး အိမ် အပြင် ဘက်ကို ရောက်တော့ သူ့ မျက်နှာက ဆုံးဖြတ်ထားပြီးပုံပဲ။ မောက်မာတဲ့ အသွင်ကို ပြောင်းသွားတယ်။ တလေးတစား အမူအယာ ကနေ မောက်မာတဲ့ အသွင်ကို ချက်ခြင်းပြောင်းသွားတာ။။ အံ့သြစရာပဲ။

…

…

ညမှောင်မှောင်မှာ အနက်ရောင်လူရိပ် တဖြည်းဖြည်း ရွေ့လျားနေတယ်။ တောင်ထိပ်ကို ချက်ခြင်း ရောက်သွားတယ်။ ကျောက်တုံးပေါ်မှာ ရပ်တယ်။ သူ့အိတ်ထဲက အဝါရောင် မြေပုံကို ထုတ်တယ်။ တစ်ချက်ကြည့်တယ်။ အိတ်ထဲ ပြန်ထည့်တယ်။ အဲ့ဒီ့နောက် သူ့ တစ်ကိုယ်လုံး မြေပြင်ပေါ်ကို လှဲချတယ်။ နားကို မြေကြီးနဲ့ ကပ်တယ်။ တစ်ခဏကြာအောင် နားထောင်တယ်။ အဲ့ဒီ့နောက် ပြန်ထတယ်။ ညဘက်ကို တစ်လက်မ တိတိ ရွေ့တယ်။ တောင်ပေါ်ကို ခုန်တက်သွားတယ်။ ဆက် ဆက်ပြီးတော့ တက်တယ်။

…

ဖန်ကျန်းရှီ ဘယ်တုန်းကမှ စစ်တပ်ကို တိုက်ရိုက် အမိန့် မပေးခဲ့ဘူး။ စစ်သည်တော် လေးသောင်းကို ကိုယ်တိုင်ဦးဆောင်တာ်လည်း မရှိခဲ့ဘူး။ စစ်သူကြီးတွေပဲ ဦးဆောင်နေတာ။ စစ်တပ် လှုပ်ရှားမှု တွေနဲ့ နည်းဗျူဟာ တွေက ထမင်းစားသလိုပဲ။

တောင်ပိုင်းဒေသ ရဲ့ မြေမျက်နှာ သွင်ပြင် နဲ့ သိပ်မရင်းနှီးနေပမယ့်။ ပြဿနာလည်း သိပ်မရှိဘူး။ ဘာကြောင့်လဲ ဆိုတော့ ။ဖန်ကျန်းရှီ နဲ့ တန်ရှီရှန်းက လမ်းပြ နေတာလေ။ ထပ်ပေါင်းပြောရရင်။ ဘေးပတ်ဝန်းကျင်က သားရဲကောင်တွေ အသံကို နားထောင်ရုံနဲ့ အခြေအနေကို သိနိုင်ကြတယ်လေ။ လေးသောင်းရှိတဲ့ စစ်အင်အားအသံကြောင့် သားရဲကောင် အငယ်စားတွေလည်း သူတို့ နားကို မကပ်ရဲဘူး။ ဒါကြောင့် လမ်း တစ်လျှောက်လုံးမှာ အနှောက်အယှက်ကြီးကြီးမားမား မကြုံ၇ဘူး။ ၂ ရက်ကြာပြီးနောက်။ လေးသောင်းကျော်တဲ့ စစ်သည်တွေက ၇န်သူ့ နယ်မြေကို နီးကပ်လာတယ်။ အေးခဲ မျောက်မင်း ဒေသ ရဲ့ ခုခံမှု ဆီကိုရောက်ရှိတယ်။

လေတောင်ကြား ဒေသ ။

အပိုင်း (၃၅၅) ပြီး၏။

အပိုင်း (၃၅၆)

“ လေကို အနိုင်တိုက်မယ်။”

လေတောင်ကြားဒေသမှာ။ အခြေအနေတစ်ခုကို ဖန်ကျန်းရှီ ခပ်ရှင်းရှင်း နားလည်ခဲ့တယ်။ နောက်ပြီးတော့။ ဒီလို နားလည်တာကလည်း တန်ရှီရှန်း ရှင်းပြ တာကြောင့်။ အသေးစိတ်ပြောရရင်။ အချိန်ရဲ့ အရေးပါမှုကို မျက်မြင် မကြုံဖူး သေးဘူး။ အခုချိန်မှာ သူက ပြိုင်ဘက်ကင်းပဲ။ အမြဲတမ်း ဒီလို တွေးထားခဲ့တာ။ လေတောင်ကြားကို မရောက်ခင် ထဲက ခပ်ဝေးဝေးကနေ။ လေတိုးသံတွေကို ကြားနေရတယ်။ လေတောင်ကြား ဒေသက ။ တောင်ကြီးတစ်တောင် ကို ဓားနဲ့ အလယ်တည့်တည့် ကနေ နှစ်ပိုင်းခွဲထားတဲ့ အတိုင်းပဲ။ ကျဉ်းမြောင်းတဲ့ တောင်ကြားလမ်းက လူဆယ်ယောက် အတန်းလိုက် သွားလို့ပဲ ရတယ်။ အရေးအကြီးဆုံးက အဖြူရောင် မြူနှင်းတွေ ပြည့်နေတဲ့ တောင်နံရံ တွေပဲ။ မြူမှုန် တွေက ပင့်ကူအိမ်လို ကပ်တွယ်နေတယ်။ တောင်နံရံကို ကပ်ပြီး အပေါ်ကို တွယ်တက်ဖို့ မဖြစ်နိုင်ဘူး။

“ ကိုယ်ရံတော် ဖန်။ လေတောင်ကြားက အရှေ့မှာပဲ။ ငါတို့တွေ လေတောင်ကြားကို ဖြတ်နိုင်ပြီးရင် ။ အေးခဲ မျောက်မင်း နယ်မြေကို ရောက်ပြီ၊” ဒီ အချိန်မှာ တန်ရှီရှန်းက ဖန်ကျန်းရှီ ဘေးကို လျှောက်လာတယ်။ ခပ်တိုးတိုး ပြောတယ်။

“လေတောင်ကြားကို ဖြတ်ဖို့က လွယ်လား။” ရှေ့က လေတောင်ကြားကို တစ်ချက်ကြည့်တယ်။ နောက်ဘက်က တိမ်မည်း တပ်ဖွဲ့တွေကို သူ ပြန်ကြည့်တယ်။ သူ တစ်ယောက်တည်းသာ ဖြတ်ရမယ် ဆိုရင်။ ထွေထွေထူးထူး ဘာမှ မလိုဘူး။ ရှေ့ကို တဟုန်ထိုး ပြေးရုံပဲ။ ဒါပေမယ့် အခုတော့ စစ်သည်လေးသောင်းက သူ့ နောက်မှာ။ ဝန်ထုပ်ဝန်ပိုးကြီး ပိ နေပြီ။ ဒီ အချိန်မှ စစ်တပ်အကြီးအကဲ တစ်ယောက်ရဲ့ တာဝန်ကို ဖန်ကျန်းရှီ နားလည်တယ်။

“ မလွယ်ဘူး။” တန်ရှီရှန်း တွေးတောင် မတွေးပဲ ခေါင်းခါတယ်။

“ ငါ နားမလည်တဲ့ ကိစ္စ တစ်ခုတော့ ရှိတယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ တန်ရှီရှန်းရဲ့ အဖြေကို သူ တွေးထားပြီးပြီ။ ဒါကြောင့် သူ မအံ့သြဘူး။

“ မေးပါ။ ကိုယ်ရံတော်ဖန်။” တန်ရှီ၇ှန်း ပြန်ဖြေတယ်။

“ လေတောင်ကြားက ရေခဲ အလင်းတန်း ဒေသ ဝင်ပေါက်မှာ၇ှိတာ။ အေးခဲ မျောက်မင်းဒေသကို ဝင်ဖို့ လေတောင်ကြားကို ဖြတ်ရတယ်။ ဒါပေမယ့် အထဲက လူတွေ အပြင်ထွက်ချင်ရင်ကော ဘယ်လိုလုပ်လဲ။” ဖန်ကျန်းရှီ ဒီ မေးခွန်းကို တွေးထားပြီးသား။

“ လေတောင်ကြား ဝင်ပေါက်ကို။ အေးခဲ မျောက်မင်း နယ်မြေက ထိန်းချုပ်ထားတာ။ လေတောင်ကြား ထွက်ပေါက်မှာ ကျောက်တုံးကြီး တစ်ခု ရှိတယ်။ ကျောက်တုံးကို ဘယ်ဘက်ရွေ့ရင် လေတွေ ရပ်သွားတယ်။ ညာဘက် ရွေ့ရင် လေပြန်တိုက်တယ်။ အတိအကျဘယ်လို ဖြစ်နေလဲ တော့ ။ ကျွန်တော်တို့လည်း မသိဘူး။ ဒါပေမယ့် ဒီလို ဖြစ်နေတာ နှစ်ရာချီ နြေင်္ပီ။” တန်ရှီရှန်း ရှင်းပြတယ်။

“ ကျောက်တုံးကြီးကို ရွေ့တယ်လား။” ဖန်ကျန်းရှီ ရဲ့ မျက်လုံး တောက်ပ သွားတယ်။ သူချက်ခြင်း တွေးမိတယ်။ “ အေးခဲ မျောက်မင်း ဒေသရဲ့ နယ်မြေ က အရမ်းကို ကျယ်ပြန့်ပြီးတော့။ ပြန့်ပြူးနေတဲ့ မြေပြန့်ကြီး မလား။”

“ဟုတ်ပါတယ်။ ကိုယ်ရံတော် ဖန် ဘယ်လိုများ သိလဲ။” တန်ရှီရှန်း အံ့သြသွားတယ်။ အေးခဲ မျောက်မင်းဒေသ အကြောင်း အသေးစိတ်ကို သူ မရှင်းပြရသေးဘူး။

“ဟ ဟား… ငါမှန်းတာ မှန်သွားပြီ။” ဖန်ကျန်းရှီ ပြုံုးတယ်။ နောက်ထပ် မရှင်းပြတော့ဘူး။ ဒါတွေကို ရှင်းပြဖို့ ရူပဗေဒ သဘောတရားတွေ အများကြီး လိုတယ်လေ။ တကယ်တော့ လေတောင်ကြားရဲ့ မြေမျက်နှာ သွင်ပြင်က တိုက်ဆိုင်မှု တွေ များနေတာ။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ အရင် လောကမှာ ဒီလို အခြေအနေ တွေ မနည်းဘူး။ သိပ္မံနည်းကျ လေ့လာ တွေ့ရှိချက် တွေ အရ။ လေသည် သဘာ၀ အင်အားတစ်ခု။ အခြေအနေပေါ် မူတည်ပြီ။ လေက အားပြင်းနိုင်တယ်။ အားလျော့နိုင်တယ်။ မြေမျက်နှာသွင်ပြင် အနေ အထားပေါ်လည်း မူတည်တယ်။ ဥပမာ အားဖြင့်။ သဲကန္တာရမှာ လေ တိုက်ရင် သဲမုန်တိုင်း ဖြစ်လာတယ်။ ဒါက မြေမျက်နှာ သွင်ပြင် အရမ်းကို ကျယ်ပြန့်လွန်းနေလို့ပဲ။ နောက်ပြီးတော့ ကျောက်တုံး ကြီး နှစ်ခုက ကွင်းပြင်ကျယ် နယ်မြေကြီးထဲ ပေါ်လာ၇င်။ ကျောက်တုံးကြီး နှစ်တုံး အလယ် ဗဟိုက ။ လေဟာနယ်ဖြစ်သွားမယ်။ ကျောက်တုံးကြီးတွေက လေ စီးကြောင်းကို ပိတ်ဆို့ထားတဲ့ အတွက်။ လေက အင်တိုက် အားတိုက် ဖြတ်ကျော် လာလိမ့်မယ်။

အေးခဲ မျောက်မင်းဒေသ နယ်မြေက ကျယ်ပြန့်တယ်။ ပြန့်ပြူးတယ်။ အလယ်ကနေ တည့်တည့် ကွဲနေတဲ့ တောင်ကြီး နှစ်လုံးလည်း ရှိသေးတယ်။ လေတောင်ကြား က ဒီလို ဖြစ်နေတာ မဆန်းတော့ပါဘူး။ လေတောင်ကြား နောက်က ကျောက်တုံး တွေကို သုံးပြီး လေလမ်းကြောင်း ပြောင်းတာကတော့။ အယူအဆ အတူတူပဲ။ ညာဘက်ကို ရွေ့ရင် လေတေက အပေါ်တက်မယ်။ လေတောင်ကြားထဲ မဝင်တော့ဘူး။ အသိပညာက ကံတရားကို ပြောင်းလဲ တယ်။ ဖန်ကျန်းရှီက အယူအဆကို နာ်းလည်တယ်။ ဒါပေမယ့် တန်ရှီရှန်းကတော့ နားမလည်။ ဖန်ကျန်းရှီ စကားကိုကြားတော့ သူ တွေးမိတယ်။ ဒီလို ကိစ္စတွေက ခန့်မှန်းလို့ရတာလား။

ဖန်ကျန်းရှီ နောက်ထပ် မပြောတော့ဘူး။ လေတောင်ကြားကို ဖြတ်ဖို့ န ည ်း လမ်း သူ စဉ်းစား နေတယ်။ စစ်သူကြီးတွေ နောက်က ကျောင်းတော်သား အုပ်စုကြီးကတော့ လှောင်ပြုံးပြုံးနေတယ်။ သူတို့ စိတ်ထဲမှာ။ ဖန်ကျန်းရှီက အရှက်မရှိတဲ့ နည်းလမ်းတွေကို သုံးပြီး အနိုင်ယူတဲ့ သူပဲ။ သူ့ အင်အား တစ်ခုတည်းကိုပဲ မှီခိုရင်။ အသုံးမဝင်တဲ့ ကောင် ဖြစ်သွားမှာ။ ဒီ အချိန်မှာတော့။ သူတို့ က ဖန်ကျန်းရှီ နဲ့ တလှေတည်း စီးနေရတာ။ ဒါပေမယ့် သူတို့ဆီက အကြံဉာဏ်ကို တောင်းခံဖို့။ ဖန်ကျန်းရှီလိုလာ အုန်းမှာပဲ ။

ဥပမာ အားဖြင့်။ ( ငါ မလုပ်နိုင်တော့ဘူး။ ဒီလို ခက်ခဲ နေတဲ့ အခြေအနေ မှာ မင်းတို့ ကိုပဲ အားကိုးရမှာပဲပေါ့ ကွာ။) ဒီလို စကားတွေ သူတို့ မျှော်လင့် နေတယ်။

ဒါပေမယ့် ဖန်ကျန်းရှီကတော့ ဒါမျိုး တွေးကို မတွေးဘူး။ သူ့ အကြည့်တွေက လေတောင်ကြားမှာပဲ ရစ်ဝဲ နေတယ်။ သူ့စိတ်ထဲမှာ တွက်ချက်နေတယ်။ ဒါက ကျောင်းတော်သား အုပ်စုကြီးကို နေမထိထိုင်မသာ ဖြစ်စေတယ်။

“ များများ မေးတာက များများ တွေးတာထက် ပိုကောင်းတယ်။ ခေါင်းဆောင်တစ်ယောက် အနေနဲ့ မင်း အကြံ ကောင်းကို တောင်းဖို့ လိုတယ်။ မောက်မာပြီး ဂုဏ်သိက္ခာ ထိန်းနေတာ ခေါင်းဆောင် မပီသဘူး။” ကျော်ငးတော်သား တစ်ယောက် လှမ်းအော်တယ်။

“အမှန်ပဲ။ မင်း အရင်က တိုက်ပွဲ မတိုက်ဖူးဘူး မလား။ တွေးတော ချင်ယောင် ဆောင်နေတာ ရပ်လိုက်တော့။”

“ မင်းတကယ်ပဲ။ စစ်နည်းဗျူဟာတွေကို သိချင်ရင်။ သခင်လေး ဝူနဲ့ သခင်လေး ချန်းကို မေးလို့ရတယ်။ သခင်လေး ချန်းက ကျောင်းတော် ဆယ့်သုံးခုက နေ ဆင်းသက်လာတာ။ ငယ်ငယ်တည်းက စစ်မှုရေးရာ နဲ့ အကျွမ်းဝင်တယ်။”

“အမှန်ပဲ။ မင်း ။ လေတောင်ကြားကို ဖြတ်ချင်ရင်။ မျက်လုံးစုံမှိတ်ပြီး ဝင်တိုး လို့ မရဘူး။ အကုန်လုံး အတူတူ ထိုင်ပြီး ဆွေးနွေးရအောင်။

ကျောင်းတော်သားတွေတစ်ယောက် ်တစ်ပေါက် ပြောနေ ကြတယ်။ ဖန်ကျန်းရှီ စိတ်ပြောင်းလို ပြောင်းငြား ကြိုးစား နေတယ်။

ဖန်ကျန်းရှီကတော့ သူ နောက်က အသံတွေကို ကောင်းကောင်းကြားတာပေါ့။ သူပြုံးတယ်။ တစ်ချက်လှည့်ကြည့်တယ်။ ဆာလောင်ပြီး စိတ်မရှည်နိုင်ဖြစ်နေတဲ့ ကျောင်းတော်သား တွေကို ။ ဒါပေါ့။ ဒီလူတွေ ဘာတွေးနေလဲ သူ ကောင်း ကောင်း သိတယ်။ သူတို့ကို အလစ်ချောင်း တိုက်ထားတယ်။ စစ်အင်အားနဲ့ ဖိနှိပ်ပြီး ဖမ်းတယ်။ ဒါကြောင့် သူတို့ ရှုံးတာကို လက်ခံ နိုင်ကြမှာ မဟုတ်ဘူး။

“ ဒီလို ဖြစ်မှ တော့။ အကုန်လုံး စုပြီး ဘယ်လိုဖြတ်မလဲ ဆွေးနွေးရအောင်။” ဒီလောက က လူတွေ မှာ လေတောင်ကြားကို ဖြတ်ဖို့ ဘယ်လို အစီအစဉ်ရှိလဲ။ ဖန်ကျန်းရှီ သိချင်တယ်။

“ ငါ့မှာ အစီအစဉ်ရှိတယ်။” ကျောင်းတော်သား တစ်ယောက် ရှေ့ထွက်လာတယ်။ တိုက်ပွဲ မြေပြင်မှာ တိုက်ဖူးတဲ့ ကျောင်းတော်သားတွေ ရှိတယ်။ သူတို့ ရဲ့ အစွမ်းကို ဒီ တိုက်ခိုက်ရေး စာမေးပွဲမှာ ပြချင်ကြတာ။ ပိုပြီး အရေးကြီး တာက သူတို့ ကောင်းကောင်း လုပ်ပြနိုင်ရင်။ နောင်တစ်ချိန်မှာ စစ်တပ်ထဲ ဝင်လို့ရမယ်။ နေ ရာ ကောင်းကောင်း ရမယ်။ လုပ်ရပ်ကောင်းတစ်ခုက ရာထူးတက် မြန်စေတယ်လေ။

“ ငါ့မှာလည်း အကြံရှိတယ်။ ”

“ငါကောပဲ။” ကျောင်းတော်သား တစ်ယောက် ထွက်လာတာ မြင်တော့ ။ နောက်ထပ် ကျော်င်းတော်သား တွေ အဆက် မပြတ်ထွက်လာတယ်။ ဝူဖုန်း နဲ့ ချန်းဖေးယွီ တို့ကတော့ အေးအေးဆေးဆေးပဲ။ သူတို့ နဲ့ မဆိုင်သလို တည်ငြိမ် နေတယ်။

“ လာပြော။ တစ်ယောက်ပြီးမှ တစ်ယောက်ပြော။ မလောနဲ့” ဖန်ကျန်းရှီ ဒီလို စိတ်ရှည်နေတာ မြင်ရခဲတယ်။ သူတို့ ပေါက်ပေါက်ဖောက်နေတာကိုတောင် ထောက်ခံ နေသေးတယ်။

“ ငါ့ အစီစဉ်က ဒီလို။ လေက အတွင်းကနေ အပြင်ကို တိုက်နေတယ်။ ငါတို့ ခုခံရေး စစ်သားတွေကို ရှေ့မှာ ထားမယ်။ ရှေ့က လေကို ကာမယ်။ လေတိုက်နှုန်းကို လျော့စေမယ်။”

“ မှန်တယ်။ သခင်လေး လီ ပြောတာကို ငါထောက်ခံတယ်။ ”

“သခင်လေး လီရဲ့ အစီစဉ်က မဆိုးဘူး။ ဒါပေမယ့် လေစီးကြောင်းကတော့ အင်အားကြီးလွန်းတယ်။ လူအားနဲ့ တားဖို့ ခက်လိမ့်မယ်။ ဒိုင်းကာတွေ ပါတဲ့ လှည်းတစ်စီးဆောက်ရင်ကော ဘယ်လိုလဲ။ ” နောက်ထပ် ကျောင်းတော်သား တစ်ယောက် ဝင်ပြောတယ်။

“ အစီအစဉ်ကောင်းပဲ။ ”

“ ဒိုင်းကာ ပါတဲ့ လှည်းက ကောင်းသာပဲ။ အပြောင်းအလဲ တွေ အတွက်လည်း အဆင် ပြေမယ်။”

“ဟုတ်တယ်။ မဆိုးဘူး။ အလုပ်ဖြစ်မယ် ထင်သား။”

ကျောင်းတော်သားတွေက သူတို့ အမြင်တွေကို ပြောဖို့ တိုက်ခိုက် နေ ကြတယ်။ လှည်းဆောက်ဖို့ အကြံ ပေးတဲ့ ကျောင်းတော်သား ကတော့ ဂုဏ်ယူနေတယ်။ ဖန်ကျန်းရှီက သူ ပြောတဲ့ အတိုင်း လုပ်တော့မယ်လေ။

ဖန်ကျန်းရှိကတော့ သဘောတူတယ်လည်း မပြော။ မတူတယ်လည်း မပြောဘူး။ အဲ့ဒီ့အစား ဝူဖန်ုး နဲ့ ချန်းဖေးယွီကိုသာ ကြည့်နေတယ်။ သူတို့ အမြင်တွေ ပြောမှာကို စောင့်တယ်။ သူတို့ ကတော့ မျက်နှာကို တစ်ဖက် လွှဲထားတယ်။ ဖန်ကျန်းရှီ တောင်းပန် ခယ မှာကို စောင့်နေတယ်။

ဖန်ကျန်းရှီ နောက်ထပ် ပြုံးပြန်တယ်။ ဝူဖုန်း နဲ့ ချန်းဖေးယွီ ကိုတော့ တစ်ချက်လေးတောင် မကြည့်ဘူး။ အဲ့ဒီ့အစား လေတောင်ကြားဆီကိုပဲ တည့်တည့် သွားတယ်။ ဝူဖုန်းန ဲ့ ချန်းဖေးယွီကတော့ စိတ်ရှုပ်နေပြီ။

“ဒီ ဖန်ကျန်းရှီက တကယ်ပဲ ဒိုင်းကာ နှစ်ခု နဲ့ လှည်း ဆောက် မလို့လား။” ဝူဖုန်းက ချန်ဖေးယွီကို လှမ်းကြည့်တယ်။

“ဖြစ်နိုင်မယ်ထင်တာပဲ။” ချန်းဖေးယွီ ခေါင်းငြိမ့်တယ်။

“ သူသာ တကယ် လုပ်ရင်။ ငါတို့တော့ တိုက်ပွဲ ရှုံးတော့မှာပဲ။” ဝူဖုန်း စိုးရိပ်လာတယ်။ အခုတော့ သူတို့က ဖန်ကျန်းရှီ နဲ့ ကြိုး တစ်ချောင်းတည်းမှာ လေ။

“သူ ရှုံးလို့ မဖြစ်ဘူး။” ချန်းဖေးယွီလည်း နားလည်တယ်။ သူ့ မျက်နှာ အမူယာ ချက်ခြင်း ပြောင်းသွားတယ်။ သူ တကယ့်ကို စိုးရိမ်နေပြီ။ သဘာဝလွန် အဆင့် စွမ်းအားရှင်ဖြစ်ပြီ။ စွမ်းအားတောင် တစ်ချက်လေးမှ မထုတ်လိုက်ရဘူး။ ဖန်ကျန်းရှီ အလစ်တို်က်တာခံလိုက ရတယ်။ အခုတော့ လေတောင်ကြားနဲ့ကြုံရပြီ။ သူ့ သိက္ခာကို ထိန်းရမယ်။ အဆုံးမှာတော့။ ဖန်ကျန်းရှီက သူ့ကို လုံး၀ လျစ်လျူရှုထားတယ်။ သူ့ မျာ အကြံရှိတယ်။ အတော်လေးကို ကောင်းတဲ့ အကြံပဲ။ ဒါပေမယ့် ဘယ်သူကမှ မေးလည်း မမေးဘူး ။ သုံးလည်း မသုံးဘူး။ စိုးရိမ်စရာပဲ။

“ဖန်ကျန်းရှီ။” ချန်းဖေးယွီ နောက်ဆုံးတော့ စကား ပြောပြီ။ သူ့ အသံ ထဲမှာ ဒေါသဖြစ်နေပုံကို မြင်ယောင်လို့ ရတယ်။ ဒါပေမယ့် ဒေါသတင် မကဘူး။ အကူအညီမဲ့နေပုံလည်း ပေါက်တယ်။

“ ရှိတယ်။” ဖန်ကျန်းရှီက ခပ်ဝေးဝေး မရောက်သေးဘူး။ ချန်းဖေးယွီ ရဲ့ အော်သံ ကြားတော့ သူ ခေါင်းပြန်လှည့်တယ်။

“ မင်း အတွက် နည်းဗျူဟာ တစ်ခုတော့ရှိတယ်။ ဒါပေမယ့် အခြေအနေ တစ်ခုတော့ လိုတယ်။” ချန်းဖေးယွီက အံကြိတ်ပြီၤးပြောနေပုံပဲ။

“ အခြေအနေ တစ်ခု ရှိတယ်လား။ ကောင်းပြီ။ ဒါဆို မပြောနဲ့။ မေ့ထားလိုက်တော့။” ဖန်ကျန်းရှီ ပြုံးပြတယ်။ အဲ့ဒ့ီနောက် လေတောင်ကြားကို ဆက်သွားတော့တယ်။

“ မေ့ထားလိုက်တော့ တဲ့လား။” ချန်းဖေးယွီ တွေးတောင် မတွေးမိဘူး။ သူ့ရဲ့ (စိတ်ဆန္ဒကောင်း) နဲ့ ပေးတဲ့ အကြံ ဉာဏ်က (မေ့ထားလိုက်) တစ်ခွန်းတည်းပဲ ပြန်ရတယ်လား။ လူအများရှေ့မှာ မျက်နှာကို တည့်တည့် ဖြတ်ရိုက်ခံရတာ ထက်တောင် အဖြစ်ဆိုးသေးတယ်။ မုန်းတီးလိုက်တာ။ ဒါက လျစ်လျူရှုခံ ရခြင်း ကနေ မွေးဖွားလာတဲ့ ခံစားချက် တစ်မျိုးပဲ။ ချန်းဖေးယွီ အတော့်ကို စိတ်ဆိုးနေပြီ။ ဘေးပတ်ဝန်းကျင် က ကျောင်းတော်သား တွေ ရဲ့ မျက်နှာကို ထူးထူး ဆန်းဆန်း လိုက်ကြည့်နေတယ်။ သူ့ အမူအယာ ကတော့ နီရဲနေတယ်။

“ ဖန်ကျန်းရှီ။ ဒိုင်း လို လှည်းကို ဆောက်တာက စစ်တပ် အ၇ှိန်ကို ပဲ လျော့်သွား စေလိမ့်မယ်။ နောက်ပြီးတော့ လေတောင်ကြားက မင်းစိတ်ကူးထားသလို မဟုတ်ဘူး။ ဘယ်လို ဒိုင်းကာ ပါတဲ့ လှည်းကမှ ပိတ်ဆို့ နိုင်မှာ မဟုတ်ဘူး။” ကျောင်းတော်သားတွေကို ချန်းဖေးယွီ ထပ်မကြည့်တော့ဘူး။ အဲ့ဒီ့အစား ဒိုင်းကာတွေ ပါတဲ့ လှည့်း ရဲ့ အပြစ်တွေကိုပဲ အော်ပြောတော့တယ်။

“ အိုး။” ဖန်ကျန်းရှီ ထူးမခြား ပြန်ဖြေတယ် ။

“ အိုး ။ မင်း ဘာပြောတာလဲ။” ချန်းဖေးယွီ သူ့ကိုယ်သူ ထပ်ပြီး မထိန်းချုပ်နိုင်တော့ဘူး။ ဒိုင်းကာလှည်း အသုံးမဝင်တဲ့ အကြောင်းတောင် သူပြောပြီးပြီလေ။ ဒါတောင် ဖန်ကျန်းရှီက (အိုး) တစ်လုံးပဲ ပြန်ဖြေတာလား။ ဘာ အဓိပ္မာယ်လဲ။ ဒါက ဘာအဓိပ္မာယ်ကြီးလည်း ။

“ ဖန်ကျန်းရှီ။ ငါ တောင်းဆိုချင်တာ ရှင်းရှင်းလေး။ မင်း လေတောင်ကြားကို ဖြတ်ပြီးသွားရင်။ ဒီ အစီအစဉ်က ငါ အကြံ ပြုတဲ့ အကြောင်း ကြေညာပေး။ လေတောင်ကြားကို ဖြတ်ဖို့ နည်းလမ်း ငါ ပြောပြမယ်။” ဝူဖုန်းက ချန်းဖေးယွီ ရဲ့ နာကျင် နေတဲ့ အမူ အယာကို ကြည့်တယ်။ သူ ပြုံးနေတယ်။ ပြီးတော့ ဖန်ကျန်းရှီကို လှမ်းပြောတယ်။

ဖန်ကျန်းရှီ အရှက်မရှိမှန်း သူလည်း ကောင်းကောင်းသိတယ်။ ဝေ့လည်ကြောင်ပတ် လုပ်နေတာတွေ ရပ်သင့်ပြီ။ ဖန်ကျန်း၇ှီ ရဲ့ လည်ပင်းနားမှာ ဓား တစ်ချောင်းချိန် တေ့ထားရမယ်။ ဖန်ကျန်းရှီ ဘယ်လိုပဲ သဘောမတူပါစေ။ ဒီ အခြေအနေကို အကောင်းဆုံးဖြစ်အောင် အသုံးချရမယ်။ တေ ာင်းဆိုတယ် ။ ဒီ တောင်းဆိုချက်က ဖြစ်သင့်တာပဲလေ။ လေတောင်ကြားကို ဖြတ်သန်းပြီးရင်။ သူတို့ ရဲ့ ကြီးကြပ်သူတွေ ဆီကို သတင်းပို့ကြရမှာပဲ။ အချိန်ကျလာရင် ဒီ အစီအစဉ်က ဝူဖုန်း အကြံ ပြုတယ်လို့ သတင်းပြန်ပို့ကြမှာ။ သူမှ အကျိုး မရှိရင် ဘယ်သူက အကျိုး ရှိနိုင် အုန်းမလဲ။

ဝူဖုန်း စကားကို ကြားတော့ ဖန်ကျန်းရှီ ရပ်တယ် ။ မြင်းကို တစ်ချက်လှည့်တယ်။ ဖြည်းဖြည်းချင်းစီးလာတယ်။ ဝူဖုန်း ကတော့ အပျော်ကြီးပျော်နေပြီ။ ဖန်ကျန်းရှီ သူ့ အစီအစဉ်ကို လိုမယ်မှန်း သူသိတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ က အရှက်မရှိလွန်းအားကြီးတယ်။ သူ မေးချင်ရင်တောင်။ အသာစီးရတဲ့ အခြေအနေ ဖြစ်အောင် လုပ်မှာပဲ။ သူ့ စိတ်ထဲမှာတော့။ ဖန်ကျန်းရှီလို အရှက် မရှိတဲ့ ကောင်တွေနဲ့ ပြော၇ဆိုရတာ ခက်ခဲ ကြောင်း ညည်းညူ နေမိတယ်။ ဒါပေမယ့် သူ့ မှာတခြား နည်းလမ်းမရှိဘူး။ ဖန်ကျန်းရှီ လေတောင်ကြားကိုဖြတ်ဖို့ သူ ကူညီ ပေးရမယ။် နောက်ပြီးတော့ ဒီ အစီအစဉ်ကို သူ အကြံ ပေးတဲ့ အကြောင်း ပြောရမယ်။ နောက်ကွယ်မှာတော့ တခြား အရေးကြီး အကြောင်းရင်း တစ်ခုလည်း ရှိသေးတယ်။ ချန်းဖေးယွီလည်း သူ လုပ်တဲ့ နည်းအကြောင်း စဉ်းစားမိမှာ သူသိတယ်။ အခု ချိန်မှာ သူ အသံ မထွက်ရင်။ ချန်းဖေးယွီပဲ နာမည်ကောင်း ၇သွားလိမ့်မယ်။ သူ့ အတွက် အကျိုးလည်း မရှိတော့ဘူး။ ကူကယ်ရာ မဲ့ ဖြစ်တော့မှာ။ ဒါပေမယ့် ဝူဖုန်းက စိတ်ခံစား ချက်ကို ကောင်းကောင်း ထိန်းချုပ်နိုင်တယ်။ ပြဿနာကို တခြား ရှုထောင့် ကနေ ကြည့်ရင်။ ခုခံဖို့ တခြား အကြောင်းရင်း မရှိတော့ဘူး။ ဘာလို့ ပျော်ရွှင်ဖို့ကိုပဲ အာရုံ မစိုက်ရမှာလဲ။ ဖန်ကျန်းရှီက သူ့ အစီအစဉ် အတိုင်း လိုက်လုပ်နေမှာကို ပျော်ပျော်ကြီး ထိုင်ကြည့်မယ်။

ဒါပေါ့။ မိုးကြိုး အလင်းတန်း ဒေသမှာ ခြုံခို တိုက်ခိုက်တာသာ မခံလိုက်ရရင်။ ဝူဖုန်းလည်း စိတ်အခြေ အနေ ကောင်းနေ လောက်တယ်။

“ သေစမ်း ။ ဖန်ကျန်းရှီ သေစမ်း။ ငွေဂျိုဝံပုလွေ တွေ သေစမ်း။” ဝူဖုန်း စိတ်ထဲမှာ ကျိန်ဆဲ နေတယ်။ ဖန်ကျန်းရှီ က သူ့ နေရာသူ ပြန်ရောက်သွားပြီ။ ဝူဖုန်းကို တစ်ချက်တောင် မကြည့်ဘူး။ တန်ရှီရှန်းကို ပဲ ပြုံးပြန်နေတယ။်

“တန်ရှီရှန်း။ အမိန့်နာခံ။” ဖန်ကျန်းရှီ က ဝူဖုန်းကို လုံး၀ လျစ်လျူရှုထားတယ်။ တန်ရှီရှန်းကိုပဲ စကား ပြောတယ်။

“ အမိန့် အတိုင်းပါ။” တန်ရှီ၇ှန်း ချက်ခြင်း ခေါင်းငြိမ့်တယ်။

“ ငွေဂျို ဝံပုလွေ အကောင် နှစ်ဆယ်ကို ယူသွား။ လေတောင်ကြားကို အနိုင်တိုက်ခဲ့။”

အပိုင်း (၃၅၆) ပြီး၏။

အပိုင်း (၃၅၇)

“ အကယ်၍ ငါ့မှာသာ မြေတူ းသမား တစ်ယောက် ရှိခဲ့ရင်. ”

“ လေတောင်ကြားကို အနိုင်တိုက်မယ် ။ ငွေဂျို ဝံပုလွေ စစ်သည် နှစ်ဆယ်ကို သုံးပြီးတော့လား။” တန်ရှီရှန်း က စစ်ရေး အတွေ့အကြုံများတယ်။ ဒီ အချိန် တစ်လျှောက်လုံး မှာ။ သူ့တာဝန်ကို တတ်နိုင်သဘောက် ကျေပွန်အောင် လုပ်ခဲ့တယ်။

ဒါပေမယ့် ဖန်ကျန်းရှီ ရ ဲ့ စကားကို ကြားတော့ ။ သူ အတော်လေး လန့်သွားတယ်။ တောင်ပိုင်းသား တစ်ယောက် အနေနဲ့။ လေတောင်ကြား ဘယ်လောက် အန္တရာယ်များမှန်း သူ သိတယ်။ ဒီနေရာမျိုးက သူ့ အတွက်တောင် ခက်ခဲတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ကတော့ ပုံမှန် အတိုင်းလေး ပြောနေတာပဲ။ ပိုပြီး အရေးကြီးတာက … ။ ငွေဂျိုဝံပုလွေ အကောင် နှစ်ဆယ် ကို သုံးလို့ လည်း ပြောတယ်။ ဒါက ဖြစ်နိုင်လို့လား။ ဘယ်ဖြစ်နိုင်မလဲ။ အနည်းဆုံးတော့။ ဒါက တန်ရှီ၇ှန်း သူ့ဘာသူ တွေးမိတာပဲ။

“ သွားကြစို့။” အမိန့်ပေးပြီးတဲ့ နောက်။ ဖန်ကျန်းရှီက သူ့ မြင်းကို ပြန်လှည့်တယ်။ ပုံမှန် အတိုင်း လေတောင်ကြား ဝင်ပေါက်ကို သွားတယ်။ ခနတာ မျက်လုံး ပြူးသွားပြီး နောက်။ တန်ရှီရှန်း သတိပြန်ဝင်လာတယ်။

“ အဖွဲ့ တစ်။ ငါ့နောက်လိုက်ခဲ့။ လေ တောင်ကြားကို အနိုင်တိုက်မယ်။” ( လေတောင်ကြားကို အနိုင်တိုက်မယ်) လို့ ပြောလိုက်တဲ့ အချိန် သူ့ နှလုံးတစ်ခုလုံး ဗလာကျင်းနေခဲ့တယ်။ ငွေဂျိုဝံပုလွေ တပ်ဖွဲ့က တန်ရှီရှန်း နောက်ကို လိုက်လာတယ်။ သူတို့ စိတ်တွေလည်း အတူတူပဲ။ ဒါပေမယ့် စစ်သည်တွေရဲ့ ထူးချွန်မှုကတော့ အံ့မခန်းပဲ။ တန်ရှီရှန်း အမိန့်သံ မဆုံးခင်။ သူတို့က ရှေ့ရောက်နေပြီ။ အဲ့ဒီ့နောက် တန်ရှီရှန်း နောက်ကို ရွေ့လာတယ်။ လေတောင်ကြားကို ဦးတည်သွားတော့တယ်။

ဒီမြင်ကွင်းကို မြင်တဲ့ အချိန်။ ကျောင်းတော်သားတွေ အားလုံး မလှုပ်နိုင်ကြတော့။ သူတို့ ထဲမှာ အထိခိုက်ဆုံး အမူအယာ ရှင်ကတော့ ဝူဖုန်းပဲ။ ဖန်ကျန်းရှီ သူ့ မြင်းကို လှည့်လာတာ မြင်တော့။ သူ့ စိတ်ထဲ ယုံကြည်မှု တွေ ပြည့်လျှမ်းလာတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက သူ့ကို မျှော်လင့်ချက် မဲ့အောင်လုပ်သွားတယ်။ ဒါမျိုး ဘယ်နှစ်ကြိမ် တောင် ဖြစ်နေမှန်း ဝူဖုန်း မသိတော့ဘူး။ ဖန်ကျန်းရှီ နဲ့ သူ တွေ့ချိန် တည်းက။ အကြောင်းရင်းမရှိ လောက်အောင် စိတ်ပျက်စရာ ကောင်းတာတွေနဲ့ ကြုံနေရတာပဲ။

တော်ဝင်စာမေးပွဲ ရလဒ် ကြေညာတဲ့ အချိန်။ တော်ဝင် ကျောင်းတော် ဝင်ပေါက်မှာ။ ရှစ်မိုင် ခန်းမဆောင်မှာ။ စစ်သည် တစ်သောင်းရှေ့မှာ။ ပြီးတော့ အခုတစ်ကြိမ်။ အကြိမ်ကြိမ် လျစ်လျူရှုခံရတယ်။ အရင်အကြိမ် ဖြစ်ခဲ့တဲ့ ကိစ္စတွေက အနည်းနဲ့ အများတော့ ရှင်းပြလို့ ရသေးတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ။ အကြောင်းရင်းက ဘာလဲ။ ငါက သူ့ အတွက် နည်းလမ်းကောင်း ပေးမလို့လေ။ ဒီ အဖြစ်က ။ ဝူဖုန်းနှလုံးသားကို လှုပ်ခတ်စေတယ်။ မောက်မာတယ်။ ယုံကြည်ချက် ပြင်းထန်တယ်။ ဒါက ပထမဆုံး ဝူဖုန်း တွေးမိတာပဲ။ ဒုတိယ တွေးမိတာတော့။ ဒီကောင့် ဦးနှောက်မှာ တစ်ခုခု ဖြစ်နေတာလား။ ငွေဂျို ဝံပုလွေ အကောင် နှစ်ဆယ်က ဘယ်လိုများ လေ တောင်ကြားကို ဖြတ်နိုင်မှာလဲ။

ဒါပေါ့်။ ချန်းဖေးယွီ နဲ့ တခြား ကျောင်းတော်သား တွေလည်း ဒီလိုပဲ တွေးတယ်။ ဖန်ကျန်းရှီ ပြန်လှည့်လာတာ သူတို့ မြင်တော့။ ဝူဖထုန်း အကြံပေးတာကို လက်ခံ တော့မယ် ထင်ခဲ့တာ။ ဒါပေမယ့်။။ အဆုံးသတ်မှာတော့ ။ သူက အမိန့်တစ်ခုကိုပဲ ပေးသွားတယ်။ ဖန်ကျန်းရှီက ေ လတောင်ကြားကို ဖြည်းဖြည်းချင်း လျှောက်သွားနေတယ်။ ကျောင်းတော်သား တစ်ယောက်ချင်းစီက သူ့ကို ငေးကြည့်နေတယ်။ ဖန်ကျန်းရှီ ရဲ့ မျက်ကန်းတစ္ဆေမကြောက် သတ္တိတွေ ဘယ်ကများ ရလာတာလဲ သူတို့ နားမလည်နိုင်ဘူး။

“ လေတောင်ကြားကို အနိုင်တိုက်မယ် တဲ့လား။”

“ ငွေဂျို ဝံပုလွေ အကောင် နှစ်ဆယ်ကို သုံးတယ်တဲ့။ ဟာသလုပ်နေတာလား ”

“ ဒီကောင် ဘာများ တွေးနေတာလဲ။”

ကျောင်းတော်သားတွေ နားမလည်နိုင်ဘူး။ လေတောင်ကြားရဲ့ သဘာ၀ ကို ဘယ်လိုများ အနိုင်တိုက်မှာလည်း ။ လူက တားဆီးလို့ပဲ ရမယ်။ ( အနိုင်တိုက်မယ်) လို့ ဘာကိစ္စပြောတာလဲ။ ဒီကောင်စုတ်လေးက အတင်း ထိုးဖောက်ဖို့ ကြိုးစားနေတာလား။ အမှန်ပဲ။ ဒီကောင်စုတ်လေးက ငွေဂျို ဝံပုလွေ အကောင်နှစ်ဆယ် သုံးပြီး ဖြတ်နေတာ။ နောက်ပြီးတော့ လေတောင်ကြားကို ထိန်းချုပ်တဲ့ ကျောက်တုံးကြီးတွေကို ရွေ့မယ်ပေါ့။ ဒါပေမယ့် နုံ အ လွန်းရာ မကျ ဘူးလား။

လေတောင်ကြားက အေးခဲ မျောက်မင်း နယ်မြေရဲ့ သဘာ၀ ဒိုင်းကာပဲ။ လေတောင်ကြားကို ဖြတ်မယ်ဆိုရင် အနည်းဆုံးတော့ ခုခံ စစ် အရမ်းကောင်းမှ ရမယ်။ ငွေဂျိုဝံပုလွေ ငါးရာလုံးကို မခေါ်ပဲ ။ ဘာလို့များ အကောင်းနှစ်ဆယ်ပဲ ခေါ်သွားတာလဲ။ ဒါပေမယ့် အဆုံးသတ်ကတော့ ခပ်မြန်မြန်ပဲ ပြောင်းသွားတယ်။

လေတောင်ကြား ဝင်ပေါက်ကို ရောက်တော့။ ဖန်ကျန်းရှီက ဝံပုလွေအုပ်ကို ဦးဆောင်ပြီး မဖြတ်ဘူး။ အဲ့ဒီ့အစား ဝင်ပေါက် နားမှာ ရပ်နေတယ်။ သူ့ကြည့်ရတာ။ တစ်ခုခုကို ကောက်ကိုင် လိုက်တယ်။ တခြား တစ်ဖက်မှာတော့ ငွေဂျို ဝံပုလွေ ခေါင်းဆောင် တွေက ဘေးဖယ်နေတယ်။ တောင်တစ်ဖက် တစ်ချက်စီမှာ သူတို့ ရှိနေတယ်။

“ ဒီကောင်ဘာလုပ်မလို့လဲ။”

“ တောင်နံရံ တွေကို ဖောက်ဖို့ ကြံ နေတာလား။”

ကျောင်းတော်သားတွေ နားမလည်နိုင်ဘူး။ ဝူဖုန်းနဲ့ ချန်းဖေးယွီလည်း နားမလည်နိုင်။ ဒါပေမယ့် ဝံပုလွေ တောင်ဖောက်ဖို့ ပြင်နေတာ တွေ့တော့ သူတို့ ရယ်မောတယ်။

“ ဒီကောင်က ဟာသ လုပ်နေတာပဲ။”

“ တောင်ကို ဖြတ်မလို့လား။”

“ ဒီ့ထက် လက်တွေ့ဆန်လို့ မရတော့ဘူးလား။ ဒီကောင်သာ ဖြတ်ချင်ရင်။ စစ်သည်လေးသောင်းကို ခေါ်သွားသင့်တယ်လေ။ ဒီလူ နှစ်ဆယ်က ဘယ်လောက်များ လုပ်နိုင်မှာ မို့လဲ။”

ဝူဖုန်းနဲ့ ချန်းဖေးယွီ ၇ယ်မောတယ်။ သူတို့ စိတ်ထဲ မုန်းတီးမှုတွေ ပြည့်နှက်လာတယ်။ နောက်ဆုံးတော့ သူတို့ ပြန်တည်ငြိမ်သွားတယ်။ ဖန်ကျန်းရှီက တောင်ကို စမ်းကြည့်ပြီးရင်။ သူတို့ စီ အကြံဉာဏ် လာတောင်းမှာ သေချာ နေတယ်။ အချိန် ကျလာရင် ။ သူတို့ အချိန် ရောက်လာမှာပဲ။

…

တန်ရှီရှန်းက (တောင်ဖြို အစီအစဉ်) ပြင်ဆင်ေ ပးနေ ပင်မယ့် ။ ဖန်ကျန်းရှီ ဘာလုပ်ဖို့ စဉ်း စားနေလည်းမသိ ဘူး။ ဖန်ကျန်းရှီရဲ့ အမိန့် က ရိုးရှင်းတယ်။ ကျောက်တုံးတွေကို တူး ။ ဒါ အကုန်ပဲ။ ဘယ်လောက်ထိ တူးရမလဲ ။ ဘယ်လိုပုံ တူးရမလဲ အသေးစိတ် မပြောဘူး။ တူးဖို့ပဲ ပြောတယ်။ ဒါကြောင့် သူတို့ အမိန့်နာခံတယ်။ တူးမယ်။

“ ကိုယ်ရံတော်ဖန်။ တကယ်တော့ ။ လေတောင်ကြားကို ဖြတ်ဖို့ ကျွန်တော့်မှာ နည်းလမ်းရှိတယ်။” တွေေ၀ နေပြီး နောက်။ တန်ရှီရှန်း စကား စပြောတယ်။ သူ့ စိတ်ထဲမှာ ဖန်ကျန်းရှီက ဒီလို တူးခိုင်းနေတာ။ သူ့ရဲ့ ကိုယ်ပိုင်နည်းလမ်း ကို ဖော်ထုတ်စေဖို့ ဖြစ်မယ်လို့။ တွေးထားတယ်။ သူက တောင်ပိုင်းသားလေ။ လေတောင်ကြားက တောင်ပိုင်းဒေသ ရဲ့ သဘာ၀ အတားအဆီးတစ်ခုပဲ။

နောက်ပြီးတော့ ဖန်ကျန်းရှီမှာ ရှန်းယွီ မင်းသမီးရဲ့ ဆိုင်ယန် ကျောက်တုံး ရှိတယ်ဆိုပေမယ့်။ သူက ကြီးမြတ်သော ရှ မင်းဆက် က နိုင်ငံသားပဲ။ ဒါကြောင့် တန်ရှီရှန်းက ဖန်ကျန်းရှီကို အကြံမပေးဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ နဲ့ အချိန် အတော်ကြာ နေခဲ့ပြီးနောက်။ သူ့ ရဲ့ အမြင်တွေ အတော်ပြောင်သွားခဲ့ပြီ။ အရေးကြီးတာက ။ စစ်သည် သောင်းချီ ရှေ့မှာ ဖန်ကျန်းရှီကသူ့ နည်းလမ်းကို မမေးဘူး။ တကယ်တော့ ။ဖန်ကျန်းရှီက လေတောင်ကြားကို ဖြတ်ချင်ရုံပဲလေ။ တခြားသူတွေကို ဘယ်လိုဖြတ်မလဲ ပြောပြစရာ မလိုဘူး။ ဒါကြောင့် သူ့ ရည်ရွယ်ချက်က ရှင်းတယ်။

“ ငါသိတယ်။” ဖန်ကျန်းရှီ ခေါင်းပြန်လှည့်တယ်။ တန်ရှီရှန်းကို ကြည့်တယ်။ ခေါင်းငြိမ့်တယ်။ တောင်နှစ်ဘက် က ကျောက်တုံး တွေကိုပဲ သူ အာရုံစိုက်နေယ်။

“ တကယ်တော့ ။ လေတောင်ကြား ထဲက လေတိုက်နှုန်းမှာ ကွာခြား ချက်တွေ ရှိတယ်။ သေချာတဲ့ လမ်းကို သွားရင် ။ ဆုံးရှုံးမှု သိပ်မရှိဘူး။ လူ အများစု က ဒီ လမ်းကို မသိကြဘူး။ ဒါပေမယ့် ကျွန်တော်…. ” တန်ရှီရှန်း ဒီ နေရာ ရောက်တော့ တွေေ၀ နေတယ်။

“ ဒီမှာ စစ်သည် လေးသောင်း ကျော်ရှိတယ်။ မင်းသာ လမ်းကြောင်းကို ပြောပြလိုက်ရင်။ တခြားသူတွေလည်း မှတ်မိကုန်မှာပဲ။ မင်း တကယ်ပဲ လမ်းကြောင်းပြဖို့ ပြင်ဆင် ပြီးပြီလား။” ဖန်ကျန်းရှီ လှည့်ပြီး မေးတယ်။

“ဒါက …. ကျွန်တော် မတွေးထားသေးဘူး။” တန်ရှီရှန်း ရဲ့ အမူအယာ ဖြည်းဖြည်းချင်း ပြောင်းသွားတယ်။

“ ငါ က ကြီးမြတ်သော ရှ မင်းဆက်ရဲ့ စစ်သည်တွေကို မခေါ်ပဲ ။ ငွေဂျိုဝံပုလွေ စစ်သည်တွေကို ခေါ်လာတယ်။ ဘာလို့မှန်း မင်းသိလား ” ဖန်ကျန်းရှီက မေးတယ်။

“ ဘာလို့လဲ ဆိုတော့ ။ ငွေဂျို ဝံပုလွေ စစ်သည်တွေ က ပိုပြီး သန်မာလို့လား။” တန်ရှီရှန်း စဉ်းစားပြီး ဖြေတယ်။

“ အခုက ကျောက်တုံးလေး နည်းနည်း ဖယ်တာပဲလေ။ ငွေဂျို ဝံပုလွေ အကောင် နှစ်ဆယ်က လုံလောက်တယ်။ အကယ်၍ ကြီးမြတ်သော ရှ မင်းဆက် စစ်သည် ှတစ်ရာ နှစ်ရာဆိုရင်လည်း။ လုပ်လို့ ဖြစ်ပါတယ်၊”

“ ဒါဆိုရင်…. ကျွန်တော်တို့ တွေကို လေတောင်ကြား အတူတူ ဖြတ်စေချင်လို့လား။ နောက်ပြီးတော့ လေတောင်ကြား ဝင်ပေါက်က ကျောက်တုံးတွေကို ထိန်းမယ်။” တန်ရှီရှန်း နောက်တစ်ခေါက် ခန့်မှန်းတယ်။

“ အကယ်၍ လေတောင်ကြားက ကျောက်တုံးတွေကို ထိန်းချင်ရင် တောင်။ ကျောက်တုံးတွေကို စောင့်နေဖို့ စစ်တပ်ကြီး ရှိနေမှာ မသိစရာလား။ ငွေဂျိုဝံပုလွေ အကောင်နှစ်ဆယ် တည်း နဲ့ သူတို့ကို သွားတိုက်မှာ။ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ မလား ”

“ အမှန်ပဲ။” တန်ရှီရှန်း ခေါင်းငြိမ့်တယ်။ အဲ့ဒံီနောက် ခေါင်းပြန်ခါတယ်။ သူ တကယ် မခန့်မှန်း နိုင်တော့ဘူး။ ဖန်ကျန်းရှီက ဘက်စုံ ထောင့်စုံကနေ စေ့စေ့စပ်စပ် စဉ်းစားထားတယ်။ သူ့ စိတ်သဘောကို တန်ရှီရှန်းတကယ့်ကို မသိတော့ဘူး။

“ မင်းတို့က တောင်ပိုင်းသားတွေ ဖြစ်နေ လို့ပဲ။” ဖန်ကျန်းရှီ ပြန်ဖြေပြီ။”

“ ငါတို့က တောင်ပိုင်းသားတွေ ဖြစ်နေ လို့လား။” တန်ရှီရှန်း တစ်ခုခုကို ခန့်မှန်းမိသွားပုံပဲ။ ဒါပေမယ့် သူ ကောင်းကောင်း နားမလည်သေးဘူး။

“ ဟုတ်တယ်။ ဒီနေ့။ ငါ့မှာ ရွေးစရာမရှိဘူး။ လေတောင်ကြားကို အနိုင်တိုက်ရမယ်။ ဒါပေမယ့် တောင်ပိုင်းဒေသကို လည်း ဆုံးရှုံးမှု မဖြစ်စေချင်ဘူး။ သူတို့ရဲ့ သဘာ၀ ဒိုင်းကာကို မပျက်စီး စေချင်ဘူး။ ဒါကြောင့် လေတောင်ကြားကို အနိုင်တိုက်ဖို့ နည်း လမ်း လူနည်းနည်း ကိုပဲ သိစေချင်တယ်။”

“မင်း … မင်း တက်ယပဲ လေတောင်ကြားကို ဖျက်စီးမလို့လား၊” တန်ရှှီရှန်း ဒီတစ်ခါတော့ တကယ် လန့်သွားတယ်။ သူထင်ထားတာ။ ဖန်ကျန်းရှီ ဟာသတွေ ပြောနေတယ်လို့။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ အမူအယာက ဟာသ လုပ်နေပုံ မရှိဘူး။

“ဟုတ်တယ် “ ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

တန်ရှီရှန်း နားမလည်နိုင်တာကို သူသိတယ်။ ဒါပေမယ့် သူ့ အသိဉာဏ်တွေ အရ။ အရင်လောကမှာ။ လောက နိယာ မ နဲ့ လေအရှိန်ကို ထိန်းချုပ်တဲ့ နည်းလမ်း တွေ ရှိတယ်။ ပုံမှန် အခြေ အနေ မျိုးမှာ လေတွေက ဖိအားမြင့် နေရာကနေ ဖိအားနိမ့် နေရာကို တိုက်ခတ်တယ်။ လေဖိအား ကွာခြားချက် အရ။ လေတိုက်နှှုန်းလည်း ကွာတယ်။ ဖန်ကျန်းရှီ လိုချင်တာက ရိုးရှင်းတယ်။ လေတောင်ကြားထဲက ဖိအားကို ပြောင်းမယ်။ ကြည့်ရတာတော့ လွယ်သလိုလိုပဲ။ ဒါပေမယ့် အောင်မြင်ဖို့က ခက်တယ်။ အထူး အခြေအနေ မရှိရင်။ ဒါမျိုးဖြစ်ဖို့လည်း မလွယ်ဘူး။

ဒါပေမယ့် လေတောင်ကြားကိုက ကျောက်တုံးကြီးတွေနဲ့ ထိန်းချုပ်နိုင်တယ်။ တန်ရှီရှန်း ပြောပြလို့ သူသိပြီးပြီ။ လေတောင်ကြားထဲမှာ ဖိအားဆုံမှတ်ရှိမှာ အမှန်ပဲ။ ဒီဆုံမှတ်ကို ထိန်းချုပ်နိုင်ရင်။ ဖိအားကြီး သုံးပြီး ပြောင်းလဲ လို့ ရမယ်။ သူ လုပ်နိုင်တယ်။ သဘောတရား အရ။ လေတောင်ကြားထဲက လေတွေကို ရပ်ပြစ်မယ်။

ဒါပေါ့။ သဘောတရား အရပဲ အောင်မြင်နိုင်အုန်းမှာ။ လက်တွေ့မှာတော့ အောင်မြင်ဖို့ မလွယ်ဘူး။ တန်ရှီရှန်းလည်း ဖန်ကျန်းရှီ စဉ်းစားနေတာကို နားမလည်နိုင်သေး။ ဒါပေမယ့် သူ့ စစ်ပညာဆုံးဖြတ်ချက် အရ။ ဆက်လုပ်မယ်လို့ ရွေးလိုက်တယ်။

“ လေတောင်ကြားရဲ့ မြေမျက်နှာ သွင်ပြင်ကို ဆွဲနိုင်မလား။” ဖန်ကျန်းရှီ သူ့ဘာသူ လေ့လာဖို့ ပြင်ဆင်ထားပြီးသား။ ဒါပေမယ့် တန်ရှီရှန်းက လေတောင်ကြားကို နားလည်မှတော့။ သူလည်း ဖြတ်လမ်းနည်း လိုက်ရုံပေါ့။

“ဆွဲနိုင်ပါတယ်။” ဖန်ကျန်းရှီ စကားကို ကြားတော့ သူ တွေေ၀ နေတယ်။ အဲ့ဒီ့နောက် ခေါင်းငြိမ့်တယ်။ လေတောင်ကြား ရဲ့ မြေမျက်နှာသွင်ပြင်က လျှို့ဝှက်ချက်ကြီး တစ်ခုပဲ။ လေတောင်ကြားကို ဖြတ်ဖူးတဲ့ သူမှ သိနိုင်တယ်။

“ ကောင်းပြီလေ။ မြေပြင်ပေါ်မှာ ဆွဲပေး။” ဖန်ကျန်းရှီပြောတယ်။

တန်ရှီရှန်း နောက်ထပ် စကား မပြောတော့။ သူ့လက်ထဲက လက်နက်ကို မြှောက်တယ်။ မြေပြင်ပေါ်မှာ ဂရု တစိုက် ဆွဲတယ်။ လေတောင်ကြားရဲ့ မြေမျက်နှာ သွင်ပြင်ပုံစံကို ဖြည်းဖြည်းချင်း ပုံပေးလာတယ်။ ဖန်ကျန်းရှီ သေသေချာချာ စေ့စေ့စပ်စပ်ကြည့်တယ်။ အချိန်တွေက အကုန်မြန်တယ်။ တစ်နာရီ ကုန်သွားပြီ။ မြေကြီးပေါ်က မြေပုံကို ဖန်ကျန်းရှ မကြည့်တော့ဘူး။ သူ့ ဘာသူ နောက်တစ်ပုံ ထပ်ဆွဲတယ်။ ထူးထူးဆန်းဆန်း မြေပုံ တစ်ခု ပေါ်လာတယ်။ တန်ရှီ၇ှန်းက ကြည့်နေတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ဆွဲနေတာကို သူ နားမလည်နိုင်ဘူး။ ဖန်ကျန်းရှီလည်း မရှင်းပြဘူး။ ဒီအရာတွေက ရူပဗေဒ သဘောတရားတွေ ။ မက္ကင်းနစ် တွေနဲ့ စပ်ဆက် ေ်နတာ။ ရှုပ်လွန်းတယ်။ နှစ်နဲ့ ချီပြီး သင်ထားတာ မဟုတ်ရင်။ ပုံမှန်လူတွေ နားလည်ဖို့ ခက်လွန်းတယ်။

ဒါကြောင့် သူ မရှင်းပြဘူး။ သူ သိဖို့ လိုတာက။ ဒီအလုပ်ကို တန်ရှီရှန်း အောင်မြင်အောင် လုပ်မယ် ဆိုတာပဲ။ ဒါဆို လုံလောက်ပြီ ။ ခဏကြာတော့။ ဖန်ကျန်းရှီ ရပ်တယ်။ မြေသား တစ်ချို့ကို သူ ညွှန်ပြတယ်။ ငွေဂျိုဝံပုလွေ တပ်ဖွဲ့ကို အထူး အမိန့်ပေးတယ်။ ဒီနေရာ။ ဒီနေ တွေကို တူး။ ဒီနေရာကို နက်နက်တူး။ အပေါက်တစ်ပေါက် ဖြစ်အောင် လုပ်။

ငွေဂျိုဝံပုလွေ တပ်ဖွဲ့ က ကျောက်တုံး တွေကို ထူးထုတ်တယ်။ ဖန်ကျန်းရှီက လိုက်စုတယ်။ တစ်ဖက်မှာပုံထားတယ်။ ပုံထားရင်း။ ဖိအားခံ နိုင်တဲ့ နံရံတစ်ခုကို သူဆောက်တယ်။ လေတွေက ဖိအားပြောင်းတဲ့ နေရာကို တိုက်ခတ်ရင်။ ဖန်တီးထားတဲ့ လမ်းကြောင်း အတိုင်း ပြန်ထွက်မယ်။ ဒီလိုနည်းနဲ့ လေတောင်ကြားက လေစီးဆင်းမှုကို သူ ရွေ့ပြောင်းနိုင်တယ်။ အရင်တူးထားတဲ့ ကျောက်တုံးတွေကတော့ ခလုတ်အဖြစ် သုံးမယ်။ အရာအားလုံး ဖြစ်တည်မှု တာအိုကို ကျွမ်းကျင်နေမှတော့။ ကျောက်တုံးတွေကို လိုရာပုံ သွင်းဖို့ မခက်တော့ဘူး။ ငွေဂျို ဝံပုလွေ တပ်ဖွဲ့ ကတော့ တူးထုတ်ရင်း အလုပ်များနေတယ်။ ဖန်ကျန်းရှီကတော့ ကျောက်တုံးတွေကို ပုံသွင်းနေတယ်။

…

အချိန်ကုန်တာ မြန်လှတယ်။ တစ်နာရီကြာပြီးနောက်။ တောင်နံရံမှာ အပေါက်တွေ ဒါဇင်ချီပြီး ပေါ်လာတယ်။ လေးသောင်း ကျော်တဲ့ စစ်တပ်တွေ။ စစ်သူကြီးတွေ။ ကျောင်းတော်သားတွေ။ ဖန်ကျန်းရှီနဲ့ ငွေဂျိုဝံပုလွေ တပ်ဖွဲ့ကို မျက်လုံးပြုးကြီးတွေ နဲ့ ကြည့်နေတယ်။ သူတို့ နားမလည်နိုင်ဘူး။ ဖန်ကျန်းရှီ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

“ အပေါက်တွေ ဖောက်နေတာလား။”

“ ဒီကောင် လေတောင်ကြားကို ဖြတ်ပြီး။ ဥမင်လှိုဏ်ခေါင်း တူးဖို့ ပြင်နေတာလား။”

“ ဒီကောင် ဦးနှောဏ် ပျက်သွား ပြီလား။”

“ဘယ်လောက်ကြာကြာ တူးဖို့ ပြင်နေတာလား။”

ကျောင်းတော်သားတွေ ဒီ မြင်ကွင်ကို မြင်တဲ့ အချိန် ။ မနာလိုမုန်းတီးစိတ်တွေ ပေါ်လာတယ်။ ဝူဖုန်း နဲ့ ချန်းဖေးယွီကတော့ ရယ်နေတယ်။ ဖန်ကျန်းရှီ ရဲ့ စိတ်ကူးကို သူတို့ တကယ်လေးစားတယ်။ ဒီကောင်က ဥမင်လှိုဏ်ခေါင်း ဖောက်ဖို့ ကြံနေတာပဲ။ ဒါပေမယ့် နည်းနည်းလေး လက်တွေ့ ဆန်လို့ မရဘူးလား။

ဒါပေမယ့် ဖန်ကျန်းရှီက ကျောင်းတော်သား တွေကို အာရုံမစိုက်ဘူး။ နံရံနှစ်ခုကြားက အပေါက်ကိုပဲ အာရုံစိုက်တယ်။ လေတောင်ကြား လမ်းထဲကို သူဝင်တယ်။ ရေခဲတွေလို အေးစိမ့်နေတဲ့ လေထုကို ကိုယ်တိုင် ခံစားကြည့်နေတယ်။

“ ငါ့မှာ မြေတူး သမား တစ်ယောက်သာ ရှိရင်။ အတော်ကောင်းမှာပဲ။” ဖန်ကျန်းရှီက သူ့ဘာသူ တွေးနေတယ်။ တကယ်တမ်းတော့ ဒီ ငွေဂျိုဝံပုလွေ တပ်ဖွဲ့က တကယ်ပဲ အင်အားကြီးတယ်။ အကယ်၍ သူတို့သာ မရှိရင်။ ဒီလို တွင်းကြီး တူးဖို့ သူတို့ အနည်းဆုံး ရက် သတ္တပတ် ကြာမှာ။ သူ့ အရင်လောကက လူတွေတောင် ဒီလောက် မလုပ်နိုင်ဘူး။

အပိုင်း ( ၃၅၇) ပြီး၏။

အပိုင်း (၃၅၈)

“ နတ်ဘုရားတစ်ပါး ဝင်စားခြင်း။”

အချိန်တွေ ကုန်ဆုံးတယ်။ ဒါဇင်ချီတဲ့ လေဝင်ပေါက် ကြီးတွေ ဆက်စပ်သွားတယ်။ မြွေတွင်းတွေလို အပေါက်တွေ ဖြစ်ပေါ်လာတယ်။ ဖန်ကျန်းရှီကတော့ ဒါ ကြီးရဲ့ နာမည်ကို သိတာပေါ့။ ဒါက လေတာဘိုင်ကြီး တစ်ခုပဲ။

“ကိုယ်ရံတော်ဖန်။ အကုန်လုံး ပြီးပါပြ၊ီ” တန်ရှီရှန်းက ဘေးကနေ ကြီးကြပ်နေတာ။ ပုံထည်ကြီး ပြီးသွားတော့။ ဖန်ကျန်းရှီ ဘေးကို သူ လျှောက်လာတယ်။

“ ကောင်းပြီ။ ကျေးဇူးပဲ။ မင်းကို ဒုက္ခ ဖြစ်စေ မိပြီ။” ဖန်ကျန်းရှီက စိတ်လှုပ်ရှားနေတယ်။ အခုချိန်မှာ အသိပညာ က လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲ တော့မယ်။ စမ်းသပ်ဖို့ အကောင်းဆုံး အချိန်ပဲ။ သူ လုပ်ထားတဲ့ ကျောက်တုံးတွေကို သုံးတော့မယ်။ ခပ်ဖွဖွ တစ်ချက် ခုန်လိုက်တယ်။ ကျောက်သား နံရံ အပေါက်ထဲကို ဒိုင်ဗင်ပြစ်ဝင်တယ်။

ဒီ အပြုအမူကြောင့် တန်ရှီရှန်းလန့်သွားတယ်။ ဒါက ပြေးတမ်း လိုက်တမး ဆော့်နေတာလား။ သိပ်မဝေးတဲ့ နေရာမှာ။ စစ်သည်လေးသောင်း ရှိနေတယ်။ ဖန်ကျန်းရှီ လုပ်နေတာတွေကို သူတို့ ကြည့်နေတာ ကြာပြီ။ အခုတော့ ဖန်ကျန်းရှီက အပေါက်ထဲ ခုန်ဝင်သွားတယ်။ သူတို့ ချက်ခြင်း မျက်လုံးပြူးသွားတယ်။

“ ဒီ ကောင် ဥမင်လှိုဏ်ခေါင်းတူးနေတာလား။”

“ဒီ ကောင်တကယ်ပဲ ဘာလုပ်ဖို့ စဉ်းစားနေတာလဲ။ လေတောင်ကြားခုခံ မှုကို တကယ်ပဲ ဖျက်စီးဖို့ ပြင်နေတာလား။”

“ လေတောင်ကြားထဲကိုတောင် လမ်းလျှောက် မဝင်ဘူး။ ဒါတောင် အနိုင်တိုက်ဖို့ ပြင်နေသေးတယ်။ ဖြစ်ကော ဖြစ်နိုင်လို့လား။”

“ ဟူးးးး၊ ကြီးမြတ်သော ရှမင်းဆက် ကတော့ ဒီကောင့် ကြောင့် နာမည် ပျက်တော့မှာပဲ။”

လေတောင်ကြားက လေတိုက်နှုန်း မပြောင်းလဲတာ ကျောင်းတော်သား တွေ သိတယ်။ ဖန်ကျန်းရှီကတော့ အပေါက်ထဲ ဝင်သွားခဲ့ပြီ။ သူတို့ ခေါင်းတွေ ခါ နေတယ်။ စိတ်ပျက်လက်ပျက် သက်ပြင်းချတယ်။ ဝူဖုန်း နဲ့ ချန်းဖေးယွီ ကတော့ ။ ဒီ အချိန်မှာ စကားမပြောတော့ ပြန်ဘူး။ ဘာကြောင့်လဲ ဆိုတော့။ သူတို့ ရဲ့ ကြီးမြတ်လှတဲ့ အဆင့်အတန်းက ။ ရူေးကြာင်ကြောင် ဖန်ကျန်းရှီ ရဲ့ တုံးအမှုကို ဝေဖန်ဖို့ မသင့်တော်ဘူးလို့ ထင်တဲ့ အတွက်ပဲ။ ဒါပေါ့။ ဒီ အချိန်မှာ ။ အရာ အားလုံး ရုတ်တရက်ပြောင်းလဲ သွားတယ်။ တောင်နံရံ ထွက်ပေါက် ကနေ တဝီဝီ မြည်တဲ့ အသံ ထွက်လာတယ်။ မြည်သံကြီးက ကျယ်သထက် ကျယ်လာတယ်။ တောင်နံရံကြီး တစ်ခုလုံး ပြိုကျ တော့ မလိုပဲ။

“ အိုး မဖြစ်ဘူး။ တူးထားတဲ့ အပေါက်ကြီးကြောင့် တောင်နံရံ ပြိုကျတော့မှာပဲ။”

“မင်း ဘာတွေ စိုးရိမ်နေတာလဲ။ မင်းက နေရာ နဲ့ အဝေးကြီးကို။ ကျောက်တုံးပိပြီး တော့ မသေနိုင်ပါဘူး။”

“ အင်း။ ဟုတ်သားပဲ။”

ကျောင်းတောသား တစ်ချို့ သူ့တို့ဘာသူတို့ ပြောနေတယ်။ အင်အားပြင်း လေစီးကြောင်းကြီး တစ်ခု ရုတ်တရက် တိုက်ခတ်လာတယ်။ လေတောင်ကြားထဲက လေထက်တောင် ပိုပြင်းထန် သေးတယ။် တစ်ချိန်တည်းမှာ။ တောင်နံရံ အပေါက် တစ်ခုကနေ လူတစ်ယောက် ခုန်ထွက်လာတယ်။ သူ့ မျက်နှာ ကတော့ ပြုံးရွှင်နေတာပဲ။

“ ဒီကောင် ပြုံးဝံ့သေးတယ်။”

“ တောင်က ပြိုကျတော့မယ။် ဒါတောင် သူ ထွက်လာနိုငသေးတာ။ ဘာလို့များ မပြုံးနိုင်ရမှာလဲ။”

“ ဟုတ်သားပဲ။ ဟမ့်….။ တစ်ခုခု တော့ လွဲနေပြီ။” ကျောင်းတော်သားတွေ ဆွေးနွေးနေတဲ့ အချိန်မှာပဲ။ တစ်ခုခု လွဲနေတာ သိသွားတယ်။ အမျိုးအမည် မသိတဲ့ ထူးထူးဆန်းဆန်း ခံစားချက်ကြီးပဲ။ သူတို့ စိတ်ထဲမှာ ချာလပတ်ရိုက်နေတာ။ အရမ်းကို ထူးဆန်းတဲ့ ခံစားချက်ကြီးပဲ။

“ မင်းတို့ ကောင်တွေ ထူးဆန်း နေတာကို သတိထားမိလ ား။”

“ နည ်းနည်း။ ဘာလို့များ အသံတစ်သံ ပျောက်သွားတာလဲ။”

“ အသံလား။ လေတောင်ကြားက အသံ….”

“ လေတောင်ကြား အသံက တကယ်ပဲ ပျောက်သွားပြီလား။”

ကျောင်းတော်သား တွေ နောက်ဆုံးတော့ သတိ ဝင်လာပြီ။ သူတို့ ခံစားချက်က တောင်ကြားကြောင့် ဖြစ်တာပဲ။ ဒီ ဧရိယာ မှာ လေတိုးသံ တွေက လုံးဝကို ပျောက်သွားပြီ။ ဘယ်လိုများ ဖြစ်သွားတာလဲ။ လေတောင်ကြားက တကယ်ပဲ ရပ်တန့်သွားတာလား ။ တစ်ယောက်ပြီး တစ်ယောက်။ ကျောင်းတော်သား တွေ လေတောင်ကြားကို လှမ်းကြည့်တယ်။ သူတို့ မျက်လုံးတွေ ဝိုင်းစက်ပြူးကျယ်ကုန်တယ်။ ထိတ်လန့်ကုန်တယ်။ နှလုံးသားတစ်ခုလုံး တုန်လှုပ်နေတယ်။

စစ်သည်လေးသောင်း ကျော်လည်း လေတော င်ကြား ဝင်ပေါက်ကို အာရုံစိုက်နေတယ်။

တဝီဝီမြည်သံက အဲ့ဒီ့ကနေ လာနေတာ။ ဒါပေမယ့် လေတိုးသံက ပျောက်သွားပြီ။ လေတောင်ကြားမှာ အရှိန်ပြင်းပြင်း တိုက်ခတ်နေတဲ့ လေထုလည်း ပျောက်ကွယ်သွားပြီ။ သူတို့ ဆ ံပင်တွေ လေ မလွင့်တော့ဘူး။ ကိုယ်ခန္ဒာတွေလည်း ပိုပြီးတော့ တည့်မတ်လာတယ်။ လေတောင်ကြားက လေ …. တကယ်ပဲ ရပ်သွားပြီ။

“မဖြစ်နိုင်တာပဲ” ချန်းဖေးယွီ ကိစ္စ အများကြီးကို ယုံကြည်နိုင်တယ်။ ဥပမာ အားဖြင့် ။ ဖန်ကျန်းရှီ သူ့ကို ခြုံခို တိုက်ဖို့ အဆင်သင့်ပြင်ထားတာမျိုး။ သူတို့ကို အခွင့်အရေး ပေးတာမျိုး။ သူ့ကို ဖန်ကျန်းရှီဖမ်းမိတာ ဟုတ်တယ်။ ဒါပေမယ့် လေတောင်ကြားက လေတွေ ရပ်သွားတာကို တော့ မယုံနိုင်သေးဘူး။ ဒါက သူသိထားသမျှ အရာတွေကို ပြောင်းပြန် လှန်ပြစ်နေတာပဲ။ ဒါကရှင်းပြလို့ မရဘူး။ နောက်ပြီးတော့ အခု တားလိုက်တာ က (လေ) ။ အရောင်မဲ့ ဒြပ်မဲ့။ ဝူဖုန်း နာမည်မှာလည်း (ဖုန်း = လေ) လို့ ခေါ်တဲ့ စာလုံး ပါတယ်။ အကြောင်းရင်း ကတော့ လေကို ပိတ်ဆို့ တားဆီးလို့ မရ နိုင် လို့ပဲ။ သူထင်ခဲ့တယ် လေ ဆိုတာ လောကမှာ တားမြစ်လို့ မရ နိုင်တဲ့ တစ်ခု တည်းသော အရာ လို့။ ဒီနေ့မှာ တော့ ရှင်းပြလို့ မရ နိုင်တဲ့ အဖြစ် တစ်ခုကို သူ တွေ့ရပြီ။ လေတောင်ကြားက လေ တွေ ရပ်တန့်ကုန်တယ်။ဘယ်လိုများ ဖြစ်နိုင်တာလဲ။

“ ဒီကောင် ဘာလုပ်လိုက်တာလဲ။ သူ ဘာများ လုပ်လိုက်တာလဲ။” ဝူဖုန်း ဒါကို ငြင်းဆိုဖို့ ပြင်တယ်။ ဒါပေမယ့် လေတောင်ကြားမှာ လေ တကယ် မတိုက်တော့တာ။ သူ့ စွမ်းရည် နဲ့ ကောင်းကောင်း ခံစားလို့ ရတယ်။ ဒါက အစစ် အမှန်ပဲ။ လက်ဆုပ်လက်ကိုင် ြပ် လို့ မရ ပေမယ့် ။ ငြင်းလို့ လည်း မရဘူး။ ဖန်ကျန်းရှီက နတ်မိစ္ဆာ တစ်ကောင်လား။ ဘယ်လို နည်းလမ်းမျိုး သုံးလိုက်တာလဲ။

တန်ရှီရှန်းက တောင်ပိုင်း ဒေသမှာ မွေးတဲ့တောင်ပိုင်းသား။ လောကမှာ နတ်ဘုရားတွေ ရှိတာကို သူ ယုံကြည်တယ်။ တောင်ပိုင်းဒေသ ကလည်း နတ်ဘုရားတွေ ကြောင့်ပဲ ဖြစ်လာတာ။ ဒါကြောင့် နတ်ပူဇော် ပွဲတွေလည်း အမြောက်အများ ရှိတယ်။ လေတောင်ကြားက ဖြစ်တည်မှုက သဘာ၀ အတိုင်း ဖြစ်နေတာ။ သိပ္မံနည်းကျ ရှင်းပြရရင်။ လေထုဖိအားကြောင့် ဖြစ်လာတာ။ တောင်ပိုင်းဒေသ ယုံကြည်မှုကတော့ တစ်မျိုး။ နတ်ဘုရားတို့ရဲ့ လက်ဆောင် အံ့ဖွယ်ရာ။ အေးခဲမျောက်မင်း ဒေသကို ကာကွယ်ဖို့ နတ်ဘုရားက ဖန်တီးပေးထားတဲ့ အံ့ဖွယ်။ တောင်ပိုင်းဒေသမှာ နှစ်ရာချီ ထောင်ချီ ပြီး တည်မြဲ နေတာ။ ဘယ်လူသားကမှ ဒီ အံ့ဖွယ်ရာကို မဖျက်စီး နိုင်သေးဘူး။ ဘယ်သူက မှ ဒီလို ကိစ္စမျိုး မလုပ်ခဲ့သေးဘူး။

အခုတော့ ဒီ အံ့ဖွယ်ကို ဖန်ကျန်းရှီက ဖျက်စီး လိုက်ပြီ။ နောက်ပြီးတော့ လုံးဝကို ။ အေး ေ အးဆေးေးဆးနဲ့ မယုံနိုင်စရာ ကောင်းလောက်အောင် လုပ်သွားတာ။ သူကိုယ်တိုင်သာ မကြုံရရင် ယုံမိမှာ မဟုတ်ဘူး။

“ကောင်းပြီ။ အခုတော့။ လေ တောင်ကြားကို အနိုင်တိုက် ပြီးပြီ။ အေးခဲ မျောက်မင်း ဒေသကို စစ်တပ် တစ်ခုလ့ုး ဝင်လို့ ရပြီ။” သူ့ကိုယ်က ဖုန်တွေကို ဖန်ကျန်းရှီ ခါနေတယ်။ လေမပြင်းထန် တော့တဲ့ အတွက် သူက အေးအေးဆေးဆေးပဲ။ ဒီလို အဖြစ်လုပ်ဖို့ က သဘာ၀ အဖြစ် တွေကို နားလည်ဖို့ပဲ လိုတယ်။ ဒါမျိုးလုပ်ဖို့က သိပ် မခက်ဘူး။ သူ့ အသိပညာက အရမ်း ကောင်းနေတာကိုပဲ ကျေးဇူးတင်ရမယ်။ တစ်ချက်တည်း နဲ့ အောင်မြင်သွားပြီ။ ဒါပေမယ့် ကြီးကြီးမားမား ပျော်ရွှင်တဲ့ ခံစားချက်တော့ မရသေးဘူး။

တန်ရှှီရှန်းကတော့ ဒီလို မထင်။ မြေကြီးပေါ်မှာ မတုန်မလှုပ်ရပ်နေတယ်။ သူ့နားထဲ မှာ တဝီဝီသံက ကြီးစိုး နေတယ်။ လေတောင်ကြား ရဲ့ လေအေးအေး က တော့ အသံလေးတောင် မကြားရဘူး။

“ရှီရှန်း။” ကျက်သေသေ နေတဲ့ တန်ရှီ၇ှန်းရှေ့ကို ဖန်ကျန်းရှီ သွားရပ်တယ်။ ဒါတောင် တုံ့ပြန်မှု မရသေးဘူး။

“တန်ရှီရှန်း။” ဒီတစ်ခါတော့ ဖန်ကျန်းရှီ ယဉ်ကျေးမနေတော့ဘူး။ တန်ရှီရှန်း နားရွက်နားကို ကပ်အော် တော့တယ်။

“ အားးး . ။အားးး” တန်ရှီရှန်း အထိတ်တလန့် ပြန်အော်တယ်။ သူတက်ယ့ကို လန့်သွားတာ။ ဖန်ကျန်းရှီရဲ့ မျက်နှာ ကြီး က သူ့ ရှေ့နားမှာ ရောက်နေတယ်။ တန်ရှီရှန်း လန့်လွန်းလို့ သူ့ မျက်နှာ မည်းမည်းက အနီရောင် သန်း သွားတယ်။

“ဖန်ကျန်း … ဒီ … လေတောင်ကြားက … တကယ်ပဲ ။ မင်း ဖျက်စီးလို့ ပျက်သွားပြီလား။” တန်ရှီရှန်း အခု ထိ မယုံနိုင်သေးဘူး။

“ ဟုတ်တယ်။” ဖန်ကျန်းရှီ ခပ်လေးလေး ပြန်ဖြေတယ်။”

“ လေ တောင်ကြား တခြား တစ်ဖက်က ကျောက်တုံး ကြီးများ တိုက်တိုက် ဆိုင်ဆိုင် ရွေ့သွားတာလား။” တန်ရှီရှန်းက စကား ဆုံးအောင် မပြောနိုင်ဘူး။ သူ ပြောမိတာကို သူ ကိုယ်တိုင်မယုံနိုင် သေး။

စစ်တပ် နှစ်တပ်က စစ်ဖြစ်တော့မယ်။

အေးခဲမျောက်မင်း ဒေသ ကဘာကိစ္စ လေကြောင်းကို ရပ်ရမှာလည်း ။ ဖြစ်နိုင်ချေ မရှိဘူး။

ငတုံးတွေပဲ ဒီလိုလုပ်မှာမလား။ ဟုတ်တယ်ဟုတ်။

“မင်း ဘယ်လိုထင်လည်း။” ဖန်ကျန်းရှီ ပြုံးပြရင်း မေးတယ်။

“ ကိုယ်ရံတော် ဖန်…. တစ်ခုခု … မဟုတ်ဘူး…။ ကိုယ်ရံတော် ဖန်။ မင်းက နတ်ဘုရား တစ်ပါးပါး ဝင်စား တာ များလား။” ဖန်ကျန်းရှီ ပြန်မေးတဲ့ မေးခွန်းကြောင့်။ သူ ရုတ်တရက် နိုးထ လာတယ်။ ပထမ ဆုံး အနေနဲ့။ သူ့ မျက်ဝန်းမှာ ထိတ်လန့်ရိပ်တွေ ပေါ်လာတယ်။

“ လုံး၀ မဖြစ်နိုင်စရာ အကြောင်းတော့ မရှိဘူးပဲ။” ဖန်ကျန်းရှီ အေးအေးဆေးဆေး ခေါင်းငြိမ့်တယ်။ သူက တခြား လောက နေ ဒီကို ရောက်လာရတာလေ။ နတ်ဘုရား တစ်ပါး ဘ၀ ကျင်လည်နေရတာလား??? သူ ဘယ်လို သိနိုင်မလဲ။

“ ဒါ … ဒါဆိုရင်…နတ် … နတ်…... ကိုယ်ရံတော် ဖန်။… ဘာများ ဆက်လုပ်ဖို့ စီစဉ်ထားလည်း။” ဖန်ကျန်းရှီ ရဲ့ ဒွိဟ ဖြစ်စေ တဲ့ အဖြေကို ကြားပြီးနောက်။ သူ့မှာ ဘယ်လို ခေါ်ဝေါ် သုံးနှုန်း ရမလဲ မသိတော့။

“ လေတောင်ကြားကို ဝင်မယ်။ ပြီးရင် အေးခဲ မျောက်မင်း ဒေသကို တိုက်ခိုက်မယ်။” ဒီမေးခွန်းက ဖြေစရာတောင် မလိုဘူး။ ဒါပေမယ့် တန်ရှီရှန်း မေးလာတော့ သူ ဖြေတယ်။ စိတ်ရှည် သည်းခံမှုလေး ပြရအုန်းမယ်လေ။

“အေးခဲ မျောက်မင်း ဒေသကို တိုက်မယ်။ ??? အို းဟုတ်ပြီ ဟုတ်ပြီ။ အေးခဲ မျောက်မင်း ဒေသကို တိုက်မယ်။” တန်ရှီရှန်း နောက်ဆုံးတော့ သတိ ကပ်ပြီ။

“ စစ်တပ်ကို နေရာချမယ်။” ဖန်ကျန်းရှီ အချိန် ထပ် မဖြုန်းတော့ဘူး။

“ အမိန့် အတိုင်းပါ။”

…

ဖန်ကျန်းရှီက စစ်သည်လေးသောင်းရှေ့ကို ရောက်လာတယ်။ တန်ရှှီ၇ှီန်း နဲ့ ဝံပုလွေ နှစ်ဆယ်လည်း ပါတယ်။ စစ်သည် လေးသောင်း နဲ့ ကျောင်းတော်သား တွေ တုန်လှုပ်နေတယ်။ သူတု့ိရဲ့ နှလုံးသားတွေ ထဲမှာ မနာလို စိတ်တွေ ပြည့်နေတယ်လို့လည်း ပြောလို့ ရတယ်။ လေတောင်ကြားကို အနိုင်တိုက်မယ်လို့ ဖန်ကျန်းရှီ ပြောခဲ့ တုန်းက သူတို့ မယုံကြည်ဘူး။ အခုတော့ သူတို့ လန့်နေရပြီ။ ပြောပြလို့ တောင် မရ နိုင်တဲ့ ထိတ်လန့်မှုနဲ့။

“ အေးခဲ မျောက်မင်း နယ်မြေကို ဝင်မယ်။” ဖန်ကျန်းရှီက အခြေခံ မကောင်းတဲ့ ကျောင်းတော်သား တွေကို မရှင်းပြတော့ဘူး။ စစ်တပ်ကိုပဲ တိုက်ရိုက်အမိန့်ပေးတယ်။

“အမိန့် အတိုင်းပါ။” စစ်သည်လေးသောင်း တညီတညွှတ်တည်း ပြန်ဖြေတယ်။” ဖန်ကျန်းရှီက စစ်တပ် မှာ မကျော်ကြား ဖူးဘူး။ လူတွေ ရဲ့ ယုံကြည်မှုကိုလည်း မရ ဖူးဘူး။ မြောက်ရွာမှာ စစ်သည် တော်တွေ ကို သူ အများကြီး သတ်ဖူးတယ်။ လင်းထျန်းရုံနဲ့ တခြား အမတ်မင်း တွေရဲ့ အမြင်ကြောင့်လည်း ပိုပြီး အထင်မှားခံရတယ်။ ဖန်ကျန်းရှီ က ယုံကြည်ချင်စရာ မကောင်း ဘူးလို့ ကျော်ကြားရုံ တင် မကဘူး။ သူ့ ဂုဏ်သတင်းကလည်း သိပ်မကောင်းလှ။

ဒါပေမယ့် …. ဒီနေ့တော့။ ဖန်ကျန်းရှီက သာမာန် လူတွေ အိမ်မက် ထဲတောင် မမက်ဖူးတဲ့ သူ့စွမ်းရည်တွေကို ထုတ်ပြခဲ့ပြီ။ နှစ်ထောင်ချီ အတွင်း ဘယ်သူမှ အနိုင်မတိုက် နိုင်ခဲ့တဲ့။ တောင်ပိုင်းဒေသ သဘာ၀ ခုခံစစ်။ လေတောင်ကြား ကို ။ အနိုင်ယူခဲ့ပြီ။ နောက်ပြီးတော့ ဘယ်စစ်သည် တစ်ဦးတစ်ယောက် မှလည်း မဆုံးရှုံးဘူး။ ငွေဂျိုဝံပုလွေ အကောင် ၂၀ တည်းနဲ့ လုပ်သွားတာ။ ဘယ်လောက်တောင် ထိတ်လန့်စရာ ကောင်းလိုက်သလဲ။ ဒီ အဖြစ်က စစ်သည်တွေ ရဲ့ စိတ်ဓာတ်ကို မြှင့်တင် ပေးလိုက်တယ်။ စစ်သည်တစ်ယောက် ရဲ့ တာဝန်က အမိန့်နာခံ ဖို့ပဲ။ စစ်ပွဲတွေကို တိုက်ရမယ်။ ဒါပေမယ့်။ ဘယ်စစ်သည် တွေက များ တိုက်ပွဲ အောင်နိုင်ဖို့ စွမ်းနိုင်တဲ့။ အသိပညာမြင့် စစ်သူကြီးနောက်ကို လိုက်ဖို့ ရွေးချယ်ခွင့် ရှိလို့လဲ။ တကယ်တမ်းတော့။ အေးခဲ မျောက်မင်း ဒေသကို ထွက်လာတည်း က။ ဖန်ကျန်းရှီ နန်ကုန်းဟောင်ကို တိုက်ခိုက်ဖို့ ပြောချိန်က။ နိုင်နိုင်ချေ ရှိမယ်လို့ ဘယ်သူမှ မထင်ခဲ့ဘူး။

လေတောင်ကြားကို ဖြတ်နိုင်ဖို့တောင် မျှော်လင့်ချက် မရှိခဲ့ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီက လုပ်နိုင်ခဲ့ပြီ။ ညီလာခံ အတွေးအခေါ် စာမေးပွဲမှာ ဖန်ကျန်းရှီ လုပ်ခဲ့တဲ့ အံ့ဖွယ်ကို သူတို့ ပြန်တွေးမိတယ်။ တော်ဝင်စာမေးပွဲ။ နဲ့ ဒေသတွင်း စာမေးပွဲတွေ။ ဖန်ကျန်းရှီ လုပ်ခဲ့တဲ့ အောင်မြင်မှုတွေ သူတို့ စိတ်ထဲ ပေါ်လာတယ်။ သူတို့ မျက်စိရှေ့က ဒီလူကို အမြင် ပြောင်းလဲ သွားခဲ့ပြီ။

အံ့ဖွယ်ရာ တွေ ဆောင်ရွက်နိုင်တဲ့ စစ်သူကြီး တစ်ယောက် နောက်မှာ လိုက်ရရင်။ စစ်သည်တော်တွေ ယုံကြည်ချက် ပြည့်၀ နေမှာ အမှန်ပဲ။ ယုံကြည်ချက် မြင့်မားတဲ့ စစ်တပ် တစ်တပ် က။ စွမ်းဆောင်မှု မြင့်မားတယ်။ ဒါပေါ့်။ ဝူဖုန်း နဲ့ ချန်းဖေးယွီ တို့လည်း စစ်သည်တွေ ရဲ့ တက်ကြွမှုကို ခံစားမိတယ်။ ဒီ စိတ်ခံစားချက်က သူတို့ လုပ်ပေး မှ ဖြစ်လာနိုင် တယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် ဖန်ကျန်းရှီ ရှေ့မှာ သူတို့ အရည်အချင်း တွေကို ထုတ်ပြဖို့ အချိန်တောင် မရှိခဲ့ဘူး။ ကောင်းပြီ။ …။ ဒါက တကယ့်ကို ပြင်းထန် လွန်းတယ်။

နိုးထ နဂါး အဆင့်သုံး မှာ ရှိနေတဲ့ လူတစ်ယောက် နဲ့။ သဘာဝလွန် အဆင့် စွမ်းအားရှင်တစ်ယောက်။ သူတို့ အစွမ်း တွေကို ထုတ်ပြခွင့်တောင် မရှိလိုက်ဘူး။ ဖန်ကျန်းရှီ နဲ့ ကြုံလိုက်ရတယ်။

“ လေတောင်ကြား တကယ်ပဲ ကျိုးပျက်သွားပြီလား။ ငါ တကယ်သိချင်တယ်။” ချန်းဖေးယွီ စိတ်မထိန်းနိုင်တော့ဘူး။ သူ့ကို ဖန်ကျန်းရှီက ဖမ်းသွားတယ်။ ဒါပေမယ့် သူရှုံးတယ်ဆိုတာ လက်မခံ သေးဘူး။ လေတောင်ကြားက လေတွေ တကယ်ရပ်သွားတာလား။ သူသိချင်တယ်။

“ သခင်လေးချန်။ ငါ မင်း နဲ့ အတူသွားမယ်။” ချန်းဖေးယွီ လေတောင်ကြားဆီ သွားတာ ဝူဖုန်းမြင်တယ်။ သူ့မြင်းကို လှည့်လာတယ်။ နောက်က လိုက်တယ်။

“ ငါလည်း သိချင်တယ်။”

“ လာကြ ။ အကုန်လုံး သွားကြည့်ရအောင်။” သူတို့ စကားကိုကြားတော့ ကျောင်းတော်သားတွေ လှုပ်ရှားလာတယ်။ လေတောင်ကြားဆီကို မြင်းတွေ နှှု်တယ်။

တန်ရှီရှန်းကတော့ မျက်မှောင်ကြုတ်နေတယ်။ ဒီ ကျောင်းတော်သား တွေ ရဲ့ အပြုအမူက စစ်တပ် စည်းမျဉ်းအရဆို ခွင့် မလွှတ်စရာပဲ။ သူတို့ တွေ အလျင်လို နေရင်။ ရန်သူကို သတိပေးပြီးသား ဖြစ်သွားမယ်။ တစ်ချက်တည်း နဲ့ အစီအစဉ်ကြီးလည်း ပျက်ယွင်းသွားမယ်။

တခြား တစ်ဖက်က ဖန်ကျန်းရှီကတော့ စိတ်ထဲ ထားဟန် မရှိဘူး။ အဲ့ဒီ့အစား ဝူဖုန်း နဲ့ ချန်းဖေးယွီကို လက်ခါ ပြတယ်။ သူကတော့ ခပ်ပြုံးပြုံးပဲ။ “ သခင်လေး ချန်း နဲ့ သခင်လေးဝူ ။ နောက်ပြီးတော့ တခြား ညီနောင်တွေ ။ တတ်နိုင်သလောက် မြန်မြန် ပြန်လှည့်လာပေးပါ။ ဒါကိုတော့ မမေ့ပါနဲ့။”

“ဟမ့်။” အနောက်ဆုံးက ကျောင်းတော်သား လှည့်ပြီး နှာခေါင်းရှုတ်တယ်။ ဖန်ကျန်းရှီ ရဲ့ (စိတ်ကောင်း စေတနာ) က သူတို့ အပေါ်ကို မသက်ရောက်ဘူး။ ဒီ အချိန် မှာ ဖန်ကျန်းရှီက သူ့ လက်ကို မြှောက်တယ်။ လက်တစ်ချက်ယမ်းတယ်။ ဖန်ကျန်းရှီ အချက်ပြတာ မြင်တော့ ။ စစ်သည်လေးသောင်း ရွေ့လျားတော့တယ်။ ဒါပေမယ့် ။ သူတို့ လှုပ်ရှားတာ အရမ်း အရမ်းကို နှေးတယ်။ အကြောင်းရင်းကတော့ ရှင်းတယ်။ သူတို့ ရဲ့ ခေါင်းဆောင်ကြီး ဖန်ကျန်းရှီက ရှေ့မှာရှိနေတာ။ သူက ဖြည်းဖြည်းချင်း သွားနေတယ။် ဒါကြောင့် နောက်လိုက်စစ်သည် တွေက။ မြန်မြန် သွားရဲမှာလား။

တန်ရှီရှန်းက ဖန်ကျန်းရှီကို သံသယ ဖြစ်တဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်။ လေတောင်ကြားက ရှုံးနိမ့်သွားပြီ။ မမျှော်လင့်ထားတဲ့ ကိစ္စတွေ ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ဖန်ကျန်း၇ှီက ။ ဒါတွေကို စိတ်ပူဟန် မပေါ်ဘူး။ အဲ့ဒီ့အစား။ မြင်းကျောပေးမှာ အေးအေး ဆေးဆေး ထိုင်နေတယ်။ သူ့ကြည့်ရတာ ပျော်နေပုံပဲ။ မြင်းကို အေးအေးဆေးဆေး စီးနေတယ်။ ဘယ်သူမှ နားမလည်တဲ့ ကဗျာတွေ တောင် ရွတ်နေသေးတယ်။

“ အိုး ပင်လယ်ကြီး။ ကြီးမြတ်လှတဲ့ ပင်လယ်ကြီး။ ရေစက်ပေါင်းများစွာ များစွာ ပါဝင် နေတယ်။

အိုးးး မြင်းကောင်း။ မြင်းကောင်းမြင်းသန့်။ ခြေထောက်လေးချောင်းတည်း ရှိပေမယ့်။ အရှိန်နှုန်းက အံ့မခန်းပါပဲလား။”

အပိုင်း (၃၅၈) ပြီး၏။

( ၁) ဖုန်း က တရုတ် အဓိပ္မာယ် အရ လေပါ။

အပိုင်း ( ၃၅၉)

“ ဘာလို့ ကိစ္စတွေက တိုက်ဆိုင် လွန်းနေတာလဲ။”

စစ်သည် လေးသောင်း ပါတဲ့ တပ်စု ကြီးက ရှေ့ကို ဖြည်းဖြည်းချင်း တိုးသွားတယ်။ သိပ်မကြာခင်။ လေတောင်ကြား ဝင်ပေါက်ကို သူတို့ရောက်တယ်။ ဖြည်းဖြည်းချင်း ဝင်တယ်။ ကြီးမားတဲ့ မြစ်ကြီးထဲကို မြစ်လက်တက် တစ်စင်းက တိုးဝင် နေသလိုပဲ။ တခြား တစ်ဖက်မှာတော့ ဖန်ကျန်းရှီက ရှေ့ဆုံးမှာ။ ဖြည်းဖြည်းချင်း ရှေ့ဆက် နေတယ်။ တန်ရှီရှန်း က သူ့ကို တကယ်ပဲ သတိပေးချင်တယ်။ ဒါပေမယ့် စကားလုံးတွေ သူ့ ပါးစပ်ဖျားပေါ် ရောက်လာတိုင်း ပြန် မျိုချ မိတယ်။ ဘာကြောင့်လဲ ဆိုတော့။ ဖန်ကျန်းရှီကို ဖြည်းဖြည်းချင်း သူ ယုံကြည်မိလာတာကြောင့်ပဲ။

“ လေတောင်ကြား ဝင်ပေါက် မှာ လူနှစ်ယောက် ချန်ခဲ့လိုက်။ စစ်တပ် အကုန်လုံး ဖြတ်ပြီးရင် ။ တောင်နံရံက အပေါက်တွေကို ဖျက်စီး ပြစ်တော့။ ” လေတောင်ကြားထဲကို ဝင်ပြီးတဲ့ နောက်။ မြူတွေဆိုင်းနေတဲ့ တောင် နံရံ ှနှစ်ဖက်ကို ဖန်ကျန်း၇ှီ ကြည့်တယ်။ အဲ့ဒီ့နောက် သူတို့ လှမ်းပြောတယ်။

“ ဖျက်စီးပြစ်ရမှာလား။” တန်ရှီရှန်း အမှီမလိုက်နိုင်တော့ဘူး။

“ အမှန်ပဲ။ နောင်တစ်ချိန်မှာ လေ တောင်ကြားကို သာမာန် လမ်းတစ်လမ်းပဲ ဖြစ်သွားစေချင်လို့လား။” ဖန်ကျန်းရှီက ပြုံးပြရင်း မေးတယ်။

“ ဒါက …. ကျေးဇူးပါပဲ ကိုယ်ရံတော် ဖန်။” ဖန်ကျန်းရှီရဲ့ စိတ်သဘောကို တန်ရှီရှန်း နားလည်သွားတယ်။

လေတောင်ကြားကို အနိုင်တိုက်တယ်။ ဒါပေမယ့် မဖျက်စီးဘူး။ ဒီ လုပ်ရပ်ကြောင့် တန်ရှိရှန်း ရဲ့ နှလုံးသား ထိခိုက် ခံစား မိတယ်။ နောက်ဆုံးတော့။ လေတောင်ကြားက တောင်ပိုင်းဒေသ ရဲ့ သဘာ၀ အကာအကွယ် ဖြစ်နေတယ်။ အေးခဲ မျောက်မင်း ဒေသ နဲ့ သုခမိန် တောင်တန်း မြို့တော် တို့ အတွက် အကာအကွယ် ။ တန်ရှီရှန်း ကျေးဇူးတင်မိတယ်။ အဲ့ဒီ့နောက် ငွေဂျိုဝံပုလွေ တပ်ဖွဲ့ကို သူ ခေါ်တယ်။ ဒါပေမယ့် ငွေဂျိုဝံပုလွေ စစ်သည် နှစ်ဦးကို ခပ်တိုးတိုး ဘာတွေ ပြောလိုက်လဲ သူတို့ မသိတော့ဘူး။ စစ်သည် လေးသောင်း ပါတဲ့ စစ်တပ်ကြီးက လေတောင်ကြားကို ဝင်သွားပြီ။ ပျံသန်း နေတဲ့ အဖြူရောင် သားရဲကောင် တစ်ကောင် ပေါ်လာတယ်။ ကောင်းကင်ပေါ်မှာ လူးလွန့်နေတယ်။ သူ့ ရဲ့ အရှိန် နှုန်းက မြန်လွန်းတယ်။ တစ်ခဏချင်း ပျောက်ကွယ်သွားတယ်။

…

လေတောင်ကြားထွက် ပေါက်။ ကြီးမားပြီး ထူးဆန်း တဲ့ ကျောက်တုံးကြီး ဘေးမှာ။ တောက်ပတဲ့ သံချပ်ကာဝတ် စစ်သည်တော် တွေ ရှိနေတယ် ။ ဒါပေမယ့် သူတို့ မျက်နှာ အမူအအယာ တွေက ထူးဆန်း နေတယ်။ လူတိုင်း မျက်လုံးပြူးနေတယ်။ သူတို့ မျက်နှာ တွေက မယုံကြည်နိုင်မှု တွေ ပြည့်နေတယ်။

“ လေ … လေ တောင်ကြား။ လေတွေ တကယ်ပဲ ရပ်သွားပြီလား။”

“ ကြည့်… ကြည့်ရတာ… တကယ်ပဲ ရပ်သွားတဲ့ ပုံပဲ။”

“ ဒါ … ဒါ ဘယ်လို ဖြစ်တာလဲ….။ မင်းတို့ တစ်ယောက်ယောက်က ကျောက်တုံးကို ရွေ့လိုက်တာလား။”

“ မဟုတ်ဘူး…. ။ ကျောက်တုံးက မင်းတို့ မျက်စိ ရှေ့မှာပဲ မဟုတ်ဘူးလား။”

“ ဒါဆို ဘယ်လိုများ ။ လေတော်ငကြားက လေ တွေ ရပ်သွားတာလဲ။ မဖြစ်နိုင်ဘူး။”

“ အိုး။ မဖြစ်ဘူး။ ပထမဆုံး ။ လေတွေ ဘယ်လို ရပ်သွားလည်း မမေးတော့ နဲ့။ မြန်မြန်။ အေးခဲ မျောက်မင်း ဒေသကိုသွား။ သခင်လေး နန်ကုန်းကို သတင်းပို့လိုက်။”

“ အမိန့် အတိုင်းပါ။ ”

စစ်သည် နှစ်ယောက် ချက်ခြင်း မြင်းပေါ်ကို ခုန်တက်တယ်။ မြင်းကို ဒုန်း စိုင်းနှင်တယ်။ မနီးမဝေးနေရာက အေးခဲ မျောက်မင်း ဒေသကို ပြေးတယ်။

…

အေးခဲ မျောက်မင်း ဒေသ ထဲမှာတော့။ ကြီးမားတဲ့ ကျောက်တုံးတွေ နဲ့ ဆောက်ထားတဲ့ ကျောက်တုံး အိမ်ကြီး ရှိနေတယ်။ စားပွဲခုံ တစ်လုံးဘေးမှာ သံချပ်ကာဝတ် စစ်သူကြီး လေးဦးရှိနေတယ်။ စားပွဲပေါ်မှာ။ သဲတွေ အဓိက ရှိတယ်။ အဲ့ဒီ့နောက် နေရာပြ အမှတ်အသား တွေ ရှိနေတယ်။ ကြည့်ရတာ အတော်လေးကို အသေးစိတ်တယ်။ ဝတ်ရုံဖြူဝတ် နန်ကုန်းဟောင်က စားပွဲ နောက်မှာ ထိုင်နေတယ်။ သဲ မြေပုံ ပေါ်က တောင်ကြား လမ်း လေးကို သူကြည့်နေတယ်။

“ သတင်းပို့ပါတယ်။” ဒီ အချိန်မှာ ။ အပြင်ဘက် ကနေ အသံ တစ်သံ ထွက်လာတယ်။

“ ဘာကိစ္စ ရှိလို့လဲ။” သက်လတ်ပိုင်း စစ်သူုကြီး တစ်ဦး တံခါး နားကို လျှောက်လာတယ်။ စိုးရိမ် ပူပန် နေတဲ့ စစ်သည်နှစ်ယောက် ရဲ့ မျက်နှာကို သူမြင် တယ်။ သူမျက်မှောင်ကြုတ်သွားတယ်။

“ စစ်သူကြီးကို သတင်းပို့ပါတယ်။ လေတောင်ကြားက လေတွေ ရပ်သွားပြီ။” စစ်သည် နှစ်ယောက်က တညီတညွှတ် တည်း ပြန်ဖြေတယ်။

“ရပ်သွားတယ်။ မင်းတို့ ကောင်တွေ ။ လေတောင်ကြားကို ကေင်းကောင်း မစောင့်ကြပ်ဘူးလား။” သက်လတ်ပိုင်း လူကြီး ဒါမျိုး ဖြစ်မယ်ဆိုတာ ထင်ထားပြီးသား။ ဒါပေမယ့် ဒီလောက်မြန်မြန် ဖြစ်လာမယ်လို့ မထင်ဘူး။

“ မဟုတ်ဘူး။ ကျွန်တော်တို့ ကောင်းကောင်း စောင့်ကြပ် နေတယ်။ ဒါပေမယ့် လေတောင်ကြားက လေ တွေ ရုတ်တရက် ရပ်သွားတယ်။ ဘာကြောင့် ဖြစ်တာမှန်း ကျွန်တော်တို့ မသိဘူး။ ” စစ်သည် နှစ်ယောက် နောက်တစ်ခါ သတင်းပို့တယ်။

“ဘာပြောတယ် ။ လေတောင်ကြားက လေတွေ ရုတ်တရက် ရပ်သွားတယ်။ ဒါတောင် မင်းတို့ ကောင် တွေ က အကြောင်း ရင်း မသိဘူး။” သက်လတ်ပိုင်း လူကြီး အတော့်ကို ပေါက်ကွဲနေတယ်။ လူတစ်ယောက်က အမှား လုပ်လို့ ရတယ်။ ဒါပေမယ့် ဘယ်လို အမှားကို လုပ်မိတာလဲ။ ဘယ်လို လုပ်လိုက် မိလဲ တောင် မသိရင်။ ဒီ အပြစ်က ခွင့်လွှတ်ဖို့ မဖြစ်နိုင် တော့ဘူး။

“ ကျောက် …. ကျောက်တုံး ကြီးတွေ လည်း ရွေ့မသွား ပါဘူး။ နောက်ပြီးတော့။ ရန်သူ့ စစ်သည်တော် တွေကိုလည်း ကျွန်တော်တို့ မတွေ့ဘူး။ ဒါ ဒါပေမယ့် …. လေတောင်ကြားက လေ တွေ ရုတ်တရက်ကြီး ရပ်သွားတယ်။ ခုခံစစ်ကို မြန်မြန် ချ ဖို့…. ကျွန်တော်တို့ သတင်း အရင်ဆုံး လာပို့တာပါ။” ဒေါသထွက်နေတဲ့ လူကြီးကြောင့်။ စစ်သည်တွေ လန့်နေတယ်။

“ မင်းတို့ ဘာပြောတယ်။ ကျောက်တုံး ခလုတ်က မရွေ့ပဲနဲ့ ။ လေတောင်ကြားက လေ တွေ ရပ်သွားတယ် တဲ့လား။” ဒီ အချိန်မှာ။ နန်ကုန်းဟောင် ရဲ့ အသံ ထွက်လာတယ်။ သူ့ အသံက အလွန်အမင်း တည်ငြိမ်တယ်။ ဒါပေမယ့် သူ့ မျက်နှာကတော့ အံံ့သြရိပ် နည်းနည်း ပေါ်နေတယ်။

“ဟုတ်ပါတယ်။ အမှန်ပါပဲ။” စစ်သည်နှစ်ဦး မျှော်လင့်ချက် နည်းနည်း ရှိသွားတယ်။

“ အဓိပ္မာယ် မရှိလိုက်တာ။ လေတောင်ကြားက လေ တွေကို ကျောက်တုံးကြီးတွေက ထိန်းချုပ် ထားတာ။ တောင်ပိုင်းဒေသ နှစ်ထောင်ချီ သမိုင်း တစ်လျှောက်လုံး ဒီ အတိုင်း ဖြစ်နေတာ။ ဘယ်လိုများ ကျောက်တုံး ခလုတ် မသုံးပဲ ။ လေတွေက ရပ်နိုင်တာလဲ။” သတ်လတ်ပိုင်းလူကြီး မယုံကြည်နိုင်ဘူး။

“ စစ်သူကြီး…. ကျွန်တော် တို့ အမှန်တရားကို ပြောနေတာပါ။”

“ အမှန်ပြောတာလား။” သတ်လတ်ပိုင်း လူကြီး စကားပြောဖို့ ပြင်တယ်။ နန်ကုန်းဟောင်က ခေါင်းခါပြ နေတယ်။ ဒါကြောင့် သူ ပါးစပ်ပိတ်လိုက်တယ်။

တကယ်တမ်းတော့ သူ့စိတ်ထဲမှာ သိတယ်။ ဒီ စစ်သည်တော်တွေ အမှန် အတိုင်းပြောနေတာ။ သူတော့ တကယ့်ကို နားမလည်နိုင်ဘူး။ လေတောင်ကြားက သဘာ၀ အတားအဆီး မလား။ ရုတ်တရက် ရပ်သွားတာ။ ဘယ်လို ဖြစ်နိုင်မှာလဲ။”

“ သခင်လေး နန်ကုန်း။ ဒါက ဖန်ကျန်းရှီ နဲ့ ဆက်စပ် နေမယ် ထင်တယ်။ ဒါပေမယ့် ကျွန်တော် တကယ့်ကို နားမလည်နိုင်ဘူး။ သူက ဘယ်လိုများ လေတောင်ကြားကို ဖြတ်လာနိုင်တာလဲ။” နောက်ထပ် သတ်လတ်ပိုင်း အရွယ် လူကြီးတစ်ဦး စကားပြောတယ်။

“ ငါလည်း မသိဘူး။” နန်ကုန်းဟောင် ခေါင်းခါတယ်။ သူ့ မျက်စိ ရှေ့က သဲမြေပုံကို ပြန်ကြည့်တယ်။ အဲ့ဒံီနောက် သူ့ လက်ညှိုးလေးက ဖြည်းဖြည်းချင်း ထောက်တယ်။

“သခင်လေး နန်ကုန်း။ ကျွန်တော် ခန့်မှန်းကြည့်ရင်။ ဖန်ကျန်းရှီက လေတောင်ကြားကို ထွက်နိုင်ရင်တောင်။ သူက ကြီးကြီးမားမား ဆုံးရှုံးမှာပဲ။ ငါတို့ ဘာကြောင့်များ။ ….” ပထမ လူကြီး အခန်း အလယ်ကို ရောက်လာတယ်။

“ ဖန်ကျန်းရှီက ဘာမှ မဆုံးရှုံးရင်ကော။”

“ စစ်သည်ကြီး လု။ မင်းက ဖန်ကျန်းရှီ စစ်သည်တစ်ယောက်တောင် မဆုံးရှုံးဘူးလို့ ထင်နေတာလား။”

“ မဖြစ်နိုင်တာ မရှိပါဘူး။”

“ဟဟား…. ။ မင်း ဟာသ လုပ်နေတာလား။”

“ ငြင်းခုံနေတာ ရပ်ကြတော့။ သခင်လေး နန်ကုန်း ရဲ့ အမြင်ကို နားထောင်ကြစို့။” နန်ကုန်းဟောင်ရဲ့ ဘယ်ဘက် ဘေးက လူကြီး နောက်ဆုံးတော့ ပြောတယ်။ ငြင်းခုန် နေတဲ့ လူကြီး နှစ်ဦး ရပ်သွားတယ်။ နန်ကုန်းဟောင် စကားပြောမှာကို သူတို့ စောင့်တယ်။

“ ရပါတယ်။ လေတောင်ကြား ရှုံးနိမ့် သွားတော့လည်း ။ ငါတို့ မူလ အစီအစဉ်ကိုပဲ ဆက်လုပ်ကြတာပေါ့။ ” န်ကုန်းဟောင်က ပြုံးပြရင်း ပြောတယ်။ ဒါပေမယ့် သူ ပြောတဲ့ အချိန်။ သဲမြေပုံ အောက်က လက်ချောင်းလေးတွေ တုန်ယင်နေခဲ့တယ်။ ဒါကို ဘယ်သူကမှ သတိ မထားလိုက်ဘူး။

…

ရှန်းယွီ မင်းသမီး ရဲ့ တဲ အပြင်ဘက်မှာ။ ပျံသန်း နေတဲ့ အဖြူရောင် သတ္တဝါ ထိုးဆင်း လာတယ်။ သစ်ကိုင်းပေါ်မှာ နားတယ်။ ကြိမ်ထည် ဝတ်ရုံနဲ့ စစ်သည် ငှက်ဖြူကို မြင်တော့ လန့်သွားတယ်။ အဲ့ဒီနောက် ငှက်ကို သူ ခေါ်တယ်။ ရှန်းယွီ မင်းသမီး ရဲ့ တဲထဲကို သူဝင်တယ်။

“ မင်းသမီး ။ သတင်း ပါ ပါတယ်။”

“ ဖွင့်လိုက်တော့။” ရွှေရောင် သားရေပြားပေါ်မှာ အဖြူရောင် သားရေ ဝတ်ရုံ နဲ့ ရှန်းယွီ မင်းသမီး လဲှ နေတယ်။ မျက်လုံးတောင် မဖွင့်ပဲ ပုံမှန် အတိုင်းပြောတယ်။ စစ်သည် စာကို ဖွင့်ဖတ်တယ်။ အဲ့ဒီ့သူ့လက်တွေ တဆတ်ဆတ် တုန်ယင်လာတယ်။ သားရေပြားကို နောက်ထပ် ဆက်ပြီးတော့ ကိုင်မထားနိုင်တော့ သလောက်ပဲ။

“ ဘာသတင်းလဲ။ဘာလို့ ဒီလောက်တောင် တုန်ယင် နေတာလဲ။” ရှန်းယွီ မင်းသမီး စိတ်မရှည်တာ သိသာတယ်။

“ မင်း… မင်းသမီးကို သတင်းပို့ပါတယ်။” ဖန်ကျန်းရှီက အေးခဲ မျောက်မင်းနယ်မြေ အပြင်ဘက်က နေ။ လေတောင်ကြားကို အနိုင်ယူလိုက်ပါပြီ။ စစ်သည် တစ်ယောက်တောင် မဆုံးရှုံးလိုက်ပါဘူး။ နောက်ပြီးတော့…. သူ သုံးလိုက်တဲ့ နည်းလမ်း က …. လေတောင်ကြားက လေ တွေကို ရပ်ပြစ်တာ။”

“လေတောင်ကြားကို စစ်သည် တစ်ယောက်တောင် မဆုံးရှုံးစေပဲ အနိုင်ယူလိုက်တယ်။ မင်း ပြောတာကို ပြန်ပြောစမ်း။” ရှန်းယွီ မင်းသမီး ခပ်တိုးတိုး ပြောတယ်။ သူမ မျက်လုံးတွေ ပြူးကျယ်သွားတယ်။ လဲှနေရာကနေ ထတယ်။

“ဖန်ကျန်းရှီက လေတောင်ကြားကို စစ်သည် တစ်ယောက်တောင် မဆုံးရှုံးစေပဲ အနိုင်ယူလိုက်ပါပြီ။”

“ အဲ့ဒ့ီနောက် က စာကြောင်း။”

“ သူ သုံးလိုက်တဲ့ နည်းလမ်းက ….. လေ တောင်ကြားက လေတွေကို ရပ်တန့်လိုက်တာပဲ။”

“ လေတောင်ကြားက လေတွေကို ရပ်တယ်။ မဖြစ်နိုင် လိုက်တာ။ သူ ဘယ်လိုများ လုပ် နိုင်တာလဲ။” ရှန်းယွီ မင်းသမီး မယုံကြည်နိုင်ဘူး။ ဒါမှမဟုတ်။ မယုံကြည် ဝံ့ဘူး လို့ပဲ ပြောရမှာ။

“ စာထဲမှာ အသေးစိတ် ရှင်းမပြ ထားပါဘူး။ စစ်သူကြီး တန် က အစ ကနေ အဆုံးထိ ပါဝင်ခဲ့တယ်။ ဒါပေမယ့် သူ လည်း နားမလည်နိုင်ဘူး။ နောက်ထပ် စကားလုံး တစ်ချို့လည်း ရှိနေသေးတယ်။ ”

“ ဘာတွေရေးထားလည်း။”

“ ယုတ္တိမတန် နိုင် လောက်အောင် ထူးခြားပြီး ရှင်းပြနိုင်သည် ထက် ကျော်လွန် နေခဲ့၏”

“ ယုတ္တိမတန် နိုင် လောက်အောင် ထူးခြားပြီး ရှင်းပြနိုင်သည် ထက် ကျော်လွန် နေခဲ့၏ ။ ဒ ါပေါ့။ ဒါပေါ့။ အမှန်ပဲ။ သူ့ ဘေးနားမှာ တစ်ချိန် လုံးရှိနေပြီး။ ကိစ္စ အကုန်လုံး လုပ်ပေးတာတောင်….. ။ အခု ထိ နားမလည်နိုင်သေးဘူူး။ ဒါက ဖန်ကျန်းရှီပဲ. ။ ဆိုးဝါးလိုက်တာ။ ဒီ ကောင်စုတ်က ဘာကြောင့်များ ဒီလောက်တောင် အင်အားကြီးနေတာလဲ။” ရှန်းဝွီ မင်းသမီး ကယဉ်ယဉ်ကျေးကျေးပြောဖို့ပြင်တယ်။ ဒါပေမယ့် သူမ ကိုယ် သူမ မထိန်းချုပ်နိုင်ဘူး။ စပြီး ကျိန်ဆဲတော့တယ်။

“….” မင်းသမီး ကျိန်ဆဲ နေတာ ကြားတော့ စစ်သည် မျက်လုံးပြူးသွားတယ်။ ဒီလို စကားလုံးမျိုးသုံးပြီး ကျိန်ဆဲတာ။ ဖန်ကျန်းရှီ တစ်ယောက်ကိုပဲ မြင်ဖူးတယ်။ အခုတော့ မင်းသမီးကပါ ကျိန်ဆဲနေပြီ။ တစ်ခဏကြာတော့ စစ်သည် သတိ ပြန်ဝင်လာတယ်။

“ မင်းသမီး… ဒါဆို ကျွန်တော်တို့။”

“ အမိန့်ချလိုက်။ ဖန်ကျန်းရှီကို နီးနီးကပ်ကပ် စောင့်ကြည့်ခိုင်း။ ဒါက လွဲပြီး အရင် အစီအစဉ် အတိုင်း လုပ်မယ်။ ဒီ ကောင့် ကိုတော့…. မေ့ထားလိုက်…. အမိန့်သာ ပြန်”

“ အမိန့်တော် အတိုင်းပါ။”

…

ဖန်ကျန်းရှီ က လေတောင်ကြား အ လယ်မှာ အေးအေးဆေးဆေး လမ်းလျှောက်နေတယ်။ သတင်းတစ်ပိုင်း တစ်စက ဆက်ပြီးတော့ ပျံ့နှံ့တယ်။ အေးခဲ မျောက်မင်း ဒေသ ကနေ ရှန်းယွီ မင်းသမီး ရဲ့ တဲဆီ။ နောက်ပြီးတော့။ သိပ်မနီးမဝေး နေရာက ဂူပေါက်ထဲကို ။ ဖန်ကျန်းရှီက လေတောင်ကြားကို အနိုင်တိုက်လိုက်ပြီ။ အဓိပ္မာယ် ကတော့ တိုက်ရိုက်ပဲ။ နည်းလမ်းကတော့ အရိုင်း ဆန်တယ်။ စစ်သည်တစ်ယောက်လေးတောင် သူ မဆုံးရှုံးဘူး။ ထူးခြား ဆန်းကြယ် လိုက်တာ။ အံ့ဖွယ်ရာပဲ။

ပိုင်ရှင်းက ဝတ်ရုံနက်ကို ဝတ်ထားတယ်။ သူ လည်း သတင်းကြားတယ်။ သူ့မျက်လုံး အကြည့်တွေ ထူးဆန်းသွားတယ်။ ဒါပေမယ့် စကား မပြောဘူး။ ဘာကြောင့်လဲ ဆိုတော့။ သူ့နောက်မှာ ထိုင်နေတဲ့ သူ နောက်တစ်ယောက် ရှိတာကြောင့်ပဲ။ ဂျုံပင်လို ဝါဖြူဖြူ ဝတ်ရုံကို ဝတ်ထားတယ်။ နက်မှောင်တောက်ပတဲ့ ပိုးသား လို ဆံကေသာ တွေက ခါးတစ်ဝိုက်မှာ ဝဲကျတယ်။ သူမ မျက်လုံးထဲမှာ ရေလှိုင်းလေး တစ်ချို့ ဖြတ်ပြေးနေတယ်။ သူကတော့ ယွင်ချင်းဝူ။ ကြီးမြတ်သော ရှ မင်းဆက်က ကျောင်းတော်သားတွေ ရဲ့ နှလုံးသားကို သိမ်းပိုက်ထားတဲ့ မိန်းမလှလေး။ နောက်ပြီးတော့ လက်ရှိ နတ်ဆိုး အရှင်သခင်။ ဒီ နူးညံ့ချောမောတဲ့ မိန်းမလှလေးမှာ နတ်ဆိုးမျိုးနွယ် အတွက် အစီအစဉ်ကြီး ရှိတယ်။ စိတ်မကောင်း စရာက။ ယွင်ချင်းဝူရဲ့ မျက်နှာပေါ်မှာ ဇာပဝါ အနက် ဖုံးထားတာပဲ။ သူမ ရဲ့ အလှဆုံး အစိတ်အပိုင်းတွေ က ဖုံးကွယ် နေတယ်။

“ လက်ထောက်ခေါင်းဆောင် ပိုင် ရဲ့ အစီအစဉ်တွေ အဆင်သင့်ဖြစ်နေပြီလား ?? ” ယွငချင်းဝူ စာဖတ်ပြီးတဲ့ နောက်။ ပိုင်ရှင်းကို လှမ်းမေးတယ်။

“ အရှင်သခင်ကို ပြန်ဖြေပါတယ် ။ ကျွန်တော့် ရဲ့ ကနဦး အစီအစဉ် တွေက …နည်းနည်း တော့ …” ယွင်ချင်းဝူ ဘာလို့ များ ဒီမေးခွန်း မေးလည်း ပိုင်ရှင်း နားမလည်ဘူး။ ဘာကြောင့် လည်း ဆိုတော့ ။ ဒီ အစီအစဉ်ကို အစောကြီးတည်းက သူ သတင်းပို့ပြီးခဲ့ပြီ။ နောက်ပြီးတော့ ယွင်ချင်းဝူ ကိုယ် တိုင်လည်း အသိအမှတ်ပြုထားပြီးသား။

“ အစီအစဉ်က မဆိုးဘူး။ ဒါပေမယ့် စစ်တပ် အခြေအနေ က ပြောင်းသွားပြီ။ အစီအစဉ်လည်း ပြောင်းသင့်ပြီ။” ယွင်ချင်းဝူက ခေါင်းငြိမ့်တယ်။ သူမ ရဲ့ လေသံက ပုံမှန် နဲ့ ထူးမခြား နားပဲ။

“ ကျွန်တော် နားလည်ပြီ။ အရှင်သခင် ရဲ့ အမိန့်တော် အတိုင်း လုပ်ဆောင်ပါမယ်။” ယွင်ချင်းဝူ ရဲ့ အစီအစဉ်ကို ပိုင်ရှင်း မမေးမြန်းဘူး။ ဒူးတစ်ဖက်ထောက်၇င်း တရိုတသေ ပြောတယ်။

“ ကောင်းပြီလေ။ စရ အောင်။”

“အမိန့် အတိုင်းပါ။”

…

လေတောင်ကြားက လေတွေ ရပ်သွားပြီ။ ဒါပေမယ့်။ လေတောင်ကြားကတော့ နွေးထွေး မနေပါဘူး။ နောက်ဆုံးတော့လည်း ဆောင်းတွင်း ရောက်ခါနီးနေပြီလေ။ နှစ်ရာချီ။ ထောင်ချီပြီး အင်အားပြင်းတဲ့ လေထုလည်း ဖြတ်သန်းထားတာ။ လေတောင်ကြား ရဲ့ တောင်နံရံ နှစ်ဖက်က မြူထူထူတွေ ပြည့်နေဆဲ။ ဒါကြောင့် လေတောင်ကြား မှာ အေးစိမ့်နေတယ်။ ကြီးမြတ်သော ရှ မင်းဆက် စစ်သည်တွေက အအေးဒဏ်ကို မခံနိုင်။ ဆောင်းရာသီဝတ် စစ်ဝတ်စုံ တွေလည်း မရှိဘူး။ လေတောင်ကြားထဲကို ဝင်လာတာ အချိန် ကြာလေ ။ သူတို့ တွေ ခိုက်ခိုက်တုန်လာလေပဲ။

“ စစ်သူကြီး …. စစ်သူကြီး ဖန်။ အခုချိန်။ လေတောင်ကြားက ရှုံးနိမ့်သွားပြီ။ ပုံမှန် အခြေ အနေ မျိုးမှာ။ အေးခဲမျောက်မင်း ဒေသကို တစ်ဟုန်ထိုး ဝင်တိုက်ဖို့ အချိန် ကောင်းပါပဲ။”

တစ်နာရီ ခွဲ တိတိ နောက်က လိုက်လာပြီးနောက်။ စစ်သူကြီးတစ်ယောက် မထိန်းချုပ်နိုင်တော့ဘူး။ စစ်သည် တစ်ယောက် နာခံ ရမယ့် ဝတ္တရားတွေကို သူသိပါတယ်။ ဒါကြောင့် သူလည်း အကြံပေးတဲ့ နည်းကို သုံးတယ်။

“ ပုံမှန် အခြေအနေ မျိုးမှာ သုံးသင့်တဲ့ နည်းလမ်း ဖြစ်တာတော့ အမှန်ပဲ။” စစ်သူကြီးပြောတာကို ကြားတော့ ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ နောက်ပြီးတော့။ အသံတွေ။ ဒီအချိန်မှာ တဖြည်းဖြည်း ကျယ်လာတယ်။ စစ်သူကြီး သူ ပြောမယ့် စကားတွေကို ဆက်မပြောတော့ဘူး။ ဖန်ကျန်းရှီကတော့။ ဒီအသံတွေကိုကြားတော့ ပြုံးလာတယ်။

ဒါပေါ့။ ဒီအသံတွေ ဘယ်ကလာမှန်း သူသိတယ်လေ။ နန်ကုန်းဟောင်။ သူနဲ့ အတူ ညီလာခံ အတွေးအခေါ် စာမေးပွဲမှာ ပထမ ရတဲ့ လူ။ အကယ်၍ ဒီလူကသာ သဘာ၀ အတားအဆီး တစ်ခု တည်းကို မှီခို နေ၇င်တော့။ အံ့သြစရာကြီး ဖြစ်တော့မှာပဲ။ အခုတော့ လေတောင်ကြားက ပျက်ယွင်းသွားပြီ။ တကယ့် အန္တရာယ် အစစ်အမှန် က အခုမှ စတင်တာ။ နန်ကုန်းဟောင် မှာ စစ်သည် ဘယ်လောက်များများ ရှိမလဲ။ သူ့ မှာ စစ်သည် နှစ်ထောင်ပဲ ရှိတယ်။ အရေးအကြီးဆုံး အေးခဲ မျောက်မင်း ဒေသမှာ သူ အခြေချထားတယ်။ ဒါက သူ့ ဂုဏ်သတင်း နဲ့လည်း သက်ဆိုင်တယ်။ ဒါပေမယ့် နောက်ကွယ် မှာ ပိုပြီး အရေးကြီးတဲ့ အကြောင်း ရင်းလည်း ရှိတယ်။ ဒါကတော့ အရည်အချင်း။

နန်ကုန်းဟောင် က ငတုံးမှ မဟုတ်ပဲ။ အကယ်၍ သူသာ စစ်တပ် အင်အားကို ပြချင်ရင်။ ဘာလို့ များ အေးခဲ မျောက်မင်း ဒေသမှာ ပဲ အခြေချ နေမလဲ။

နန်ကုန်းဟောင်ရဲ့ ဂုဏ်သတင်း နဲ့ အရည်အချင်းတွေ အရ။ အကယ်၍ သူသာ လှုပ်ရှားချင်ရင်။ ဖန်ကျန်းရှီ တိုက်ခိုက်ရေး စာမေးပွဲ ဝင်မလာခင် တည်းက လုပ်ေလောက်ပြီ။ အနည်းဆုံး စစ်သည် နှစ်ထောင် ကနေ သုံးထောင် ကြား ပိုင်ဆိုင်နေ လောက်ပြီ။

တိုက်ခိုက်ရေးအနုပညာမှာ ။ ဆိုရိုးစကား တစ်ခု ရှိတယ်။ တောင်လိုမရွေ့လျားပဲ နေမယ်။ ဒါက တည်မြဲခြင်းကို ကိုယ်စား ပြုတယ်။ တိုက်ခိုက်ရေး စစ်ဗျူဟာမှာ လည်း ပြောစမှတ်ပြုတာ ရှိတယ်။ လှုပ်ရှားဖို့ရာ မလိုအပ်။ ဒါမှမဟုတ်။ လှုပ်ရှားဖို့ရာ စိတ်ပျက် နေတယ်။

အပိုင်း (၃၅၉) ပြီး၏။

အပိုင်း (၃၆၀)

“မတိုးသာ မဆုတ်သာ အခြေအနေ ”

နန်ကုန်းဟောင်က မလှုပ်မယှက် အခြေအနေကို သဘောကျ နေတာလား။ ဒါမှမဟုတ် လှုပ်ရှားဖို့ စိတ်ပျက်နေတာလား။ ဖန်ကျန်း၇ှီ မသိဘူး။ ဒါပေမယ့် လေတောင်ကြား ကို ဖြတ်ပြီး အေးခဲ မျောက်မင်း နယ်မြေ ကို သွားဖို့ မလွယ်ကူ မှန်းတော့ သူသိတယ်။ အစ တုန်းက ဖန်ကျန်း၇ှီလည်း အစီအစဉ် ၇ှိတယ်။ လေတောင်ကြားက လေတွေ ကို ရပ်ပြီးရင်။ တစ်ဟုန်ထိုး သွားပြီး အလစ်ဝင်တိုက်မယ်။ ဒါပေမယ့် လေတောင်ကြားက လေတွေ ရပ်သွားတာနဲ့။ နန်ကုန်းဟောင်လည်း သတင်းရမှာပဲ။ အငိုက်ဖမ်းတိုက်တဲ့ အစီအစဉ်က မဆိုးပေမယ့်။ အကောင်းဆုံးလည်း မဟုတ်ပြန်ဘူး။

ဖန်ကျန်းရှီမှာ စစ်သည် အရေအတွက် သာလွန်တယ်။ ဒါကြောင့် ဘယ်လို ရလဒ်ကောင်း ထွက်လာနိုင်မလဲ သူ ဂရုစိုက်ဖို့ မလိုဘူး။ ဒါပေမယ့် ဝူဖုန်း နဲ့ ချန်းဖေးယွီ တို့ အတွေးက ကွာခြားတယ်။ အခုချိန်က တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန်ပဲ။ လေတောင်ကြားကို ဝင်ပြီး တစ်ချက်ကြည့်မယ်တဲ့လား။ မိုးကောင်းကင်ပဲ ဒီ ဆင်ခြေ ဆင်လက်ကို နားလည်နိုင်မယ်။

တော်ဝင်အစိုးရ ရဲ့ အတွင်းပိုင်း နိုင်ငံရေး လှည့်ကွက်တွေကို ဖန်ကျန်းရှီ မရင်းနှီးဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ ကောင်းကောင်းသိတာတော့ ရှိတယ်။ ဒါက ရသင့်ရထိုက်တဲ့ ဂုဏ်သတင်းကို ရအောင် ယူဖို့ပဲ။ စကား နဲ့ဖော်ပြဖို့တော့ ခက်တယ်။ တကယ်တမ်း လုပ်ရင်တော့ သိပ်မခက်ဘူး။ ထိရောက်အောင် ပြောဖို့လည်း စာကြောင်း တစ်ကြောင်းပဲ လိုအပ်တယ်။ လုပ်စရာရှိတဲ့ ကိစ္စ ကို အချိန်ကောင်းမှာလုပ်။ အောင်မြင်မှုရမှာ အသေအချာပဲ။

ဒါပေါ့။ ဒီစကား အတိုင်း မလုပ်ခင် လေ့လာရမယ်။ ဘယ်အချိန် က အချိန်ကောင်းလည်း။ ဘယ်အရာက လုပ်၇မယ့် ကိစ္စလည်း ဒါတွေကို သိရမယ်။ ဝူဖုန်းက အရည်အချင်းရှိတယ်။ ချန်းဖေးယွီလည်း အရည်အချင်းရှိတယ်။ ဖန်ကျန်းရှီ လေတောင်ကြားက လေတွေကို ရပ်တန့်ပေး ပြီးတည်းက။ သူတို့ နှစ်ယောက်လုံး လေတောင်ကြားထဲကို အရှိန်ပြင်းပြင်း နဲ့ ဝင်သွားတယ်။ စစ်တပ် အမိန့်ကိုတောင် မနာခံ တော့ဘူး။ သူတို့ သုံးမယ့် နည်းလမ်း က မြန်နိုင်သလောက် မြန်အောင် သွားဖို့ပဲ။ သူတို့ အောင်မြင်အောင်လုပ်မယ်။ အကောင်းဆုံး လှုပ်ရှားမှုပဲ။

လေကို မြင်နိုင်လား?? လေကို မြင်ဖို့ လိုလို့လား။ ခြေလှမ်းပေါင်း တစ်သန်း နောက်ပြန် လှမ်းရင်တော့။ လေတောင်ကြား ဝင်ပေါက်ကို ပြန်ရောက်သွားမှာပဲ။ ဘာကြောင့်များ အခွင့်အရေး ကို အရမယူနိုင် ရမှာပဲ။ အေးခဲမျောက်မင်း ဒေသကို အရင်ဆုံး ထိုးဖောက်ဝင်မယ်။ လေကို မြင်ရတာက ဆင်ခြေဆင်လက် တစ်ခုပဲ။

ဝူဖုန်း နဲ့ ချန်းဖေးယွီ တို့ ရဲ့ ရည်ရွယ်ချက်က အစောင့်တပ်ဖွဲ့ကို လန့်သွားစေဖို့ပဲ။ နန်ကုန်းဟောင် တုံ့ပြန်ချိန်တောင် မရလိုက်ခင် တိုက်ခိုက်မယ်။ နောက်ပြီးတော့ အခုချိန်မှာ လေတောင်ကြားကို ဖန်ကျန်းရှီ ဖျက်စီးလိုက်ပြီ။ တိုက်ခိုက်ရေး စာမေးပွဲမှာ နောက်ကောက် ကျ မကျန်အောင် လုပ်ရမယ်။

“ ကျာ့။” ဖန်ကျန်းရှီက သူ့ မြင်းပျံကို ကျာပွတ်နဲ့ ရမ်းလိုက်တယ်။ သူ့မြင်းက ချက်ခြင်း ပြေးထွက်သွားတယ်။ စစ်သူကြီးတွေလည်း ဒါကိုမြင်တော့ မျက်လုံးပြူးသွားတယ်။ အချိန်အတော်ကြာကြာ အေးဆေးနေခဲ့ပြီးပြီ။ နောက်ဆုံးတော့ သူ့ အရှိန်ကို တိုးမြင့်လိုက်တယ်။

ဖန်ကျန်းရှီ ရဲ့ ဦးဆောင်မှု နောက်မှာ။ စစ်သည်လေးသောင်းလည်း ချက်ခြင်းအရှိန်မြင့် လိုက်တယ်။ တိုက်ခိုက်မှု အသံတွေ သူ့တို့ နားထဲပိုပြီး ရှင်းလင်းလာတယ်။ တစ်ခဏကြာပြီးတဲ့နောက် ဖန်ကျန်း၇ှီက သူ့လက်ကို မြှောက်တယ်။ စစ်သည်လေးသောင်း ချက်ခြင်း ရပ်သွားတယ်။ လေတောင်ကြားရဲ့ ထွက်ပေါက်က သူတို့ ရှေ့မှာပဲ။ ဒါပေမယ့် အတော်လေးကို ကစဉ့်ကလျား ရှုပ်ထွေ်းနေတယ်။

“ ဒီနေရာမှာ ဒါတွေ လာထားတာပဲ။” ဖန်ကျန်းရှီ ပြုံးပြန်တယ်။ လေတောင်ကြာင်းက သဘာဝအတားအဆီးးပဲ။ နောက်ပြီးတော့ သဘာ၀ ခုခံ စစ်လည်း ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ လေတောင်ကြားက တစ်ခါ ဝင်မှ လူဆယ်ယောက်ပဲ ဆန့်တယ်။ ဒါကြောင့် ဒီနေရာမှာ တိုက်ခိုက်ဖို့ ပြင်ထားတာ အကောင်းးဆုံးပဲ။ သူ့ အရင်လောက မှာ စပါတန် ၃၀၀ လို့ ခေါ်တဲ့ ရုပ်ရှင်ကို ကြည့်ဖူးတယ်။ အကြောက်အလန့်ကင်းတဲ့ စစ်သည် ၃၀၀ က စစ်သည်တစ်သောင်းကို ဝင်ပေါက်မှာ တိုက်ခိုက်တယ်။ လူနည်းနည်းပဲ ဝင်လို့ရတဲ့ ဝင်ပေါက်မှာ ဆီးကြိုပြီး တိုက်ခိုက်တယ်။ အခုတော့ နန်ကုန်းဟောင်လည်း ဒီနည်းလမ်းကို သုံးနေပြီ။ ဒါပေမယ့် သူ့ နည်းလမ်း ကတော့ ကွာခြားတယ်။ ဝင်ပေါက်ကို ကျော်သွားရင် အဆုံးမရှိ ကျယ်ပြန့်တဲ့ နယ်မြေကြီး ရှိတယ်။ တပ်ပုန်းတွေကို ဘယ်နေရာ မှ ချထား ချထား သူ့ အတွက်တော့ ကောင်းကွက်တွေ ချည်းပဲ။

အခုတော့ ဝူဖုန်း။ ချန်းဖေးယွီ နဲ့ တခြား ကျောင်းတော်သား တွေ တဇွတ်ထိုး ဝင်နေကြြပ်ီ။ ကျောင်းတော်သား က ဆယ်ယောက်ကျော်။ အကုန်လုံးက ကောင်းကင်ရောင်ပြန် အထွဋ်အထိပ်အဆင့်တွေ။ ဒါပေမယ့် စစ်သည် တစ်ထောင် နဲ့ သူတို့ ကြုံလိုက်ရတယ်။ သူတို့ တစ်ကိုယ်လုံး ချွေးတွေ ရွဲနစ် နေတယ်။ ကြည့်ရတာ ဝေဒနာ ခံစားနေရတဲ့ ပုံပဲ။

“စစ်သူကြီးဖန်။ သူတို့ကို ကူညီေ ပးရမလား။” စစ်သူကြီး တစ်ယောက်က ဖန်ကျန်းရှီ ဘေးကို လျှောက်လာတယ်။ စိုးရိမ် တကြီးနဲ့ ပြောတယ်။

“ လူတွေ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးမှာ အခြေခံ အကျဆုံး အချက်က ဘာလဲသိလား။” ဖန်ကျန်းရှီက စစ်သူကြီးကို တိုက်ရိုက် ပြန်မဖြေဘူး။ အဲ့ဒီ့အစား ပြုံးပြပြီး ပြန်မေးတယ်။

“ ဒါ … စစ်သူကြီး ဖန် ရှင်းပြပေးပါ။” စစ်သူကြီး ပြန်ဖြေတယ်။

“ ယုံကြည်မှု”

“ ယုံကြည်မှုလား။”

“ အမှန်ပဲ။ ဒီမြေမျက်နှာသွင်ပြင်ကို မင်းကြည့်လိုက်။ အများဆုံးလူ ဆယ်ယောက်ပဲ အတန်းလိုက် သွားလို့ရမယ်။ သခင်လေး ဝူ ။ သခင်လေး ချန် တို့ နဲ့ ယှဉ်လို့ရမယ့် သူရဲကောင်း ဆယ်ယောက် ကို မင်းရှာလို့ရမလား။” ဖန်ကျန်း၇ှီက နံရံနှစ်ခုကို ညွှန်ပြတယ်။ အဲ့ဒံီနောက် စစ်သည်တွေ နဲ့ တိုက်ခိုက်နေတဲ့ ကျောင်းတော်သား တွေကို ညွှန်ပြတယ်။

“ ဒါ က ….. ကျွန်တော့်မှာ မရှိဘူး။” စစ်သူကြီးက ဒါကို ကြားတော့ ခေါင်းခါတယ်။

“ ဒါကြောင့် ငါတို့ လုပ်နိုင်တာ က … သခင်လေး ဝူ နဲ့ သခင်လေး ချန်ကို ယုံကြည်ဖို့ပဲ။ အခုချိန်မှာ စစ်ကူ ပို့လိုက်ရင်။ သူတို့ စွမ်းရည် တွေနဲ့ ဒီ ခြုံခို တိုက်တဲ့ စစ်သည် နည်းနည်းလေးကို မကျော်လွှား နိုင်ရင်တဲ့ အဓိပ္မာယ် ဖြစ်သွားလိမ့်မယ်။ ”

“ စစ်သူကြီး ဖန် ပြောတာ အဓိပ္မာယ်ရှိတယ်။” စစ်သူကြီး က ချက်ခြင်း နားလည်း သွားတယ်။ ဒါပေမယ့် တစ်ခုခုလွဲနေတာကိုတော့ သူ ခံစားလို့ရနေဆဲပဲ။

“ မစိုးရိမ် ပါ နဲ့။ ငါတို့သာ သခင်လေး ဝူ၊ သခင်လေး ချန် ၊ နဲ့ တခြား စာဖြေသူ တွေကို အပြည့်အ၀ ယုံကြည်လိုက် ရင်။ ဒီ ခြုံခိုတိုက်ခိုက်တာက ငါတို့ကို အငွေ့တောင် မဟပ်ပါဘူး။ ငါ့တိုဆီ အငွေ့ဟပ်လာရင် လည်း ခါထုတ်ပြစ်ရုံပေါ့။” ဖန်ကျန်းရှီက ဆက်ရှင်းပြတယ်။

“ အမိန့်တော် အတိုင်းပါ။” စစ်သူကြီး က တလေးတစား နဲ့ နောက်ပြန်ဆုတ်သွားတယ်။ တခြား တစ်ဖက်မှာတော့။ ဖန်ကျန်းရှီက ဝူဖုန်း နဲ့ ချန်းဖေးယွီကို ဆက်ပြီး ယုံကြည်ထားဆဲ။ မြင်းပေါ်မှာ အေးအေးဆေးဆေး ထိုင်နေတယ်။ သူ့ မျက်စိရှေ့က တိုက်ပွဲကိုကြည့်တယ်။ တစ်ခဏ လေ့လာပြီးတဲ့နောက်။ ဖန်ကျန်းှရီ တစ်ခုခုကို နားလည်သွားတယ်။ နန်ကုန်းဟောင်က ဘာကြီးလဲ။ သူ့ ရှေ့မှာ စစ်ဗျူဟာ အသေးလေး တပ်ပုန်းချထားတယ်။ စစ်ဗျူဟာက ဝူဖုန်း နဲ့ ချန်းဖေးယွီ တို့ အတွက် ပြဿနာ မဟုတ်ဘူး။ နန်ကုန်းဟောင် အတွက်တော့ စစ်ဗျူဟာ ဆိုတာ ပိုလို့တောင် လွယ်ကူသေး။ နန်ကုန်းဟောင် ပြင်ဆင်ထားတဲ့ ဗျူဟာက…။ ဖန်ကျန်းရှီ အသေးစိတ်ဆက်ကြည့်တယ်။ သူ ဒါကို အပိုင်း နည်းနည်းပဲ နားလည်တယ်။ ဒီ ဗျူဟာ နာမည်ကို သူမသိဘူး။ သူကောင်းကောင်းသိတာက အပိုင်း နှစ်ပိုင်း ကွဲနေတာ တစ်ခုကိုပဲ။ တစ်ခုက မြစ်ကမ်းပါးပေါ်က ငှက်ကြီး တစ်ကောင်။ နောက်တစ်ခုက ရှစ်ထောင့် သဏ္ဍာန်။

တခြားနည်းနဲ့ ပြောရရင်။ ဒီ ဗျူဟာမှာ နှစ်ပိုင်းပါတယ်။ ဒါမှမဟုတ်။ ကြီးမားတဲ့ စစ်ဗျုဟာကြီး တစ်ခု လို့ ခေါ်ရမလား။ ရှစ်ထောင့် သဏ္ဍာန်က ဦးဆောင်တယ်။ ငှက်သဏ္ဍာန်က နောက်က လိုက်တယ်။ ပုံစံကို နားလည်ဖို့က မခက်ဘူး။ အဓိက က ရှစ်ထောင့် သဏ္ဍာန် ရဲ့ အနှစ်သာရကို သုံးထားတာ ကြောင့်ပဲ။ သူ့ရဲ့ အရင်လောကမှာ ကျူးကော်လျန် လို့ ခေါ်တဲ့ လူတော်ကြီးရှိတယ်။ ရှစ်ထောင့်သဏ္ဍာန်လေး တစ်ခုက စစ်သည် တစ်သိန်းကို ခုခံနိုင်တယ်လို့ သူက ပြောထားသေး။ ဒါက မှန်သည်ဖြစ်စေ ။ မမှန်သည် ဖြစ်စေ။ ဖန်ကျန်းရှီ သိလည်း မသိဘူး။ ဒါပေမယ့် သုံးပြည်ထောင်ခေတ် က အကြီးအကဲ လုရွှမ်း ရဲ့ ဝူတိုင်းပြည် မှတ်တမ်း တွေ အ၇။ သူတို့ စစ်တပ်က ရှစ်ထောင့် သဏ္ဍာန် ဗျူဟာကြောင့် ထောင်ချောက်ထဲမှာ သေမလို ဖြစ်သွားခဲ့တဲ့ ပုံပဲ။ ဒီဗျူဟာ ရဲ့ အင်အားက သိသာလွန်းနေပြီ။

တခြားတစ်ဖက် မှာတော့။ ငှက်သဏ္ဍာန်က ဓားပညာတွေ။ လှံသိုင်းပညာတွေ။ အကုန်လုံး ပေါင်းစပ်နေတယ်။ ဒီ ဗျူဟာကြီး အတွက် စက်ားတစ်ခွန်းပဲ ပြောစရာ ရှိတယ်။ တိုက်စစ်။ ဒါပေါ့ တိုက်စစ် မှ တိုက်စစ် ။ ငှက်တောင်ပံပုံ ၇ ကွက် ကို သုံးထားတယ်။ ပထမဆုံး ခုခံမယ်။ နောက်ပြီးတော့ တိုကိခိုက်မယ်။ စစ်ဗျူဟာ နှစ်ခုက နေ ဖန်ကျန်း ရှီ အနည်းနဲ့ အများ နားလည်လာတယ်။ စစ်တပ်ရေးရာ ကိစ္စ တွေကို နန်ကုန်းဟောင် ဘယ်လို ကိုယ်တွယ်သုံးသပ်လဲ။ ဒါပေါ့။ နန်ကုန်းဟောင် ဒီလို ဗျူဟာ ချထားတာ။ ရိုးရှင်းတဲ့ ကိစ္စတော့ ဘယ်ဖြစ်နိုင်မလဲ။

ရှစ်ထေ ာင့် သဏ္ဍာန်ကို ဖြိုဖျက်ဖို့ က အသက် သွေးကြောကို ဖြတ်တောက်မှ ပဲ ဖြစ်နိုင်မယ်။ အဓိက အချက်က ဒါပဲ။ ဖန်ကျန်းရှီ လည်း ဒါကို နားလည်တယ်။ ဝူဖုန်း နဲ့ ချန်းဖေးယွီ အတွက်တော့ နားလည်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် နားလည်တာက နားလည်တာပဲ။ အခုချိန်မှာ နားလည်ရုံ တစ်ခုတည်းနဲ့ ဖြေရှင်းလို့ မရ နိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ။ နန်ကုန်းဟောင်က အသက်သွေးကြော တစ်ခုကိုပဲ အသေထားထားတာ ကြောင့်ပဲ။ လူတစ်ထောင် ပါဝင် နေတဲ့ စစ်ဗျူဟာကြီး ဘယ်လောက်ကြီးမလဲ တွေးကြည့်လိုက်ပါ။ လေတောင်ကြား ထွက်ပေါက် ကလည်း အများဆုံး ဆယ်ယောက်ပဲ ထွက်နိုင်မယ်။

နန်ကုန်းဟောင် သုံးထားတဲ့ နည်းက ရိုးရှင်းတယ်။ တိုက်ရိုက်ကျတယ်။ ဒါပေမယ့် ဖြေရှင်းရမယ့် လူ အတွက်တော့ ခေါင်းကိုက်စရာ ပြဿနာ ကြီးပဲ။ အသေထားထားတဲ့ အသက်သွေးကြော က ထွက်ပေါက်မှာ ၇ှိနေတာ။ လူတစ်ယောက်က ဖြတ်ချင်ရင် ထွက်ပေါက်ကို အရင်သွားရမယ်။

“ရက်စက်လိုက်တာ။” ဖန်ကျန်းရှီ ဒီ တစ်ခွန်းပဲ ပြောနိုင်တယ်။ (အရှက်မရှိဘူး) ဆိုတာ သူ့ အတွက်ပဲ သုံးသင့်တဲ့ စကားလေ။ နန်ကုန်းဟောင် ကိုတော့ ဒီလို စကားလုံး မသုံးသင့်ဘူး။ ဒီ အချိန်မှာတော့။ ဝူဖုန်း။ ချန်းဖေးယွီ နဲ့ တခြား သော ကျောင်းတော်သား တွေ ပြင်းထန် တဲ့ တိုက်ပွဲ အလယ်မှာ ရောက်နေတယ်။ ဖန်ကျန်းရှီက သူတို့ တိုက်ခိုက်ပွဲ ကြီး ကို မြင်းစီးရင်း အေးအေးဆေးဆေး လှည့်ပတ်ကြည့် နေတာ တွေ့တယ်။

“ဒီ ကောင်ဘာလို့ လာမတိုက်တာလဲ။” ကျောင်းတော်သား တစ်ယောက် မထိန်းနိုင်တော့ဘူး။

“ ဒီကောင်က ငါတို့ သေမှာကို ထိုင်ကြည့်နေတာလား။” နောက်ထပ် ကျောင်းတော်သား တစ်ယောက် လှမ်းအော်တယ်။ ဝူဖုန်း နဲ့ ချန်းဖေးယွီ နှစ်ယောက်လုံး ကတော့ ဆက်တိုက်ခိုက်နေဆဲ။ လက်ထဲက လက်နက် တွေကို ကျစ်ကျစ် ပါအောင် ဆုပ်ထားတယ်။ အံ့သြစရာ ကောင်းအောင် သူတို့ နှစ်ယောက် တိတ်ဆိတ်နေတယ် ။ စကား တစ်ခွန်းလေးတောင် မပြောဘူး။ သူတို့ နှစ်ဦး နဲ့ ကျောင်းတော်သား တွေ ကြား ကွာခြားချက် အကြီးကြီး ရှိတယ်။ သူတို့ က စစ်ဗျူဟာ တွေကို ကျွမ်းကျင်တယ်လေ။

စိတ်ခံစားချက် ပြင်းထန် တဲ့သူ အတွက်တော့။ ဖန်ကျန်းရှီ ရဲ့ အပြုအမူက ကျိန်ဆဲချင်စရာပဲ။ ဒါပေမယ့် သဘောတရား ကျကျ တွေးတောရင်။ ဖန်ကျန်းရှီက သူတို့ ကို ကယ်ဖို့ စစ်သည် မလွှတ်တာ။ နည်းနည်းတော့ စိတ်သက်သာရ စေတယ်။ နောက်ဆုံးတော့ ရှစ်ထောင့် သဏ္ဍာန် အသက်ဝင်လာတာ နဲ့ ။ ကျောင်ေးတာ်သား တွေ တစ်စစီ ကွဲ ထွက် သွားတယ်။ အလျင်လိုလွန်းမိတဲ့ အတွက် ကိုယ့်ဘာကိုယ် အပြစ်တင်မိတယ်။ အခွင့်အရေးကောင်းကို လုယူဖို့။ အပြေးလာတာ။ နန်ကုန်းဟောင် ရဲ့ ထောင်ချောက်ထဲ ကွိခနဲ မိသွားတယ်။

ဒါပေါ့။ ဒီထဲကို ခုန်ဝင်လာပြီးမှ သူတို့ သဘောပေါက်သွားတယ်။ သူတို့ ဒီလောက်ထိ သတိလွတ်သွားတာ။ နန်ကုန်းဟောင်က ပုံရိပ်ယောင် တွေကို ပြင်ဆင်ထားတာ ကြောင့်လည်း ပါတယ်။ ပုံရိပ်ယောင်က ထွက်ပေါက်မှာ ရှိနေတယ်။ စစ်သည် ဒါဇင် လောက်ပဲ ဂိတ်ကို စောင့်ကြပ် နေ သယောင်ယောင်။

လေတောင်ကြား ဝင်ပေါက်မှာ စောင့်ကြပ် မယ့်သူ နည်း နေတာ ။ အခွင့်အရေးကောင်းပဲ မဟုတ်ဘူးလား။ ဝူဖုန်း အတွေးပေါက်တယ်။ ကောင်းကင်ဘုံက ချ ပေးတဲ့ ဒီ အခွင့်အရေးကို လက်လွှတ် မခံ နိုင်ဘူး။ ဒါကြောင့် သူနဲ့ ချန်ေးဖးယွီလည်း ပြေးဝင်လာတယ်။ အရာအားလုံးက နောက်ကျလွန်းသွားပြီ။ ဖန်ကျန်းရှီလည်း သူတို့ ဒီလို ခုန်ဝင် သွားမယ်မှန်း မထင် ထားခဲ့မိဘူး။ ဒါပေါ့။ သူသိခဲ့ရင် ဘာလို့ ပြေးဝင်မှာလဲ။

“ လာ။ သခင်လေး ဝူ။ သခင်လေး ချန် နဲ့ တခြား ကျောင်းတော်သား တွေကို အားပေးကြရအောင်။” ဖန်ကျန်းရှီ အမိန့်ပေးတယ်။

“ အမိန့် အတိုင်းပါ။”

တစ်ခဏချင်း။ စစ်သည်တော် တစ်ချို့ ရောက်ချလာတယ်။ ဗုံအကြီးကြီး တွေကို သယ်လာတယ်။ အားအပြည့် နဲ့ တီးခတ်တယ်။ ဒါ့အပြင် အော်ဟစ်ပြီး အားပေးတယ်။ ဗုံ အစွမ်းက တကယ်ကြီးတယ်။ ဝူဖုန်းနဲ့ ချန်းဖေးယွီ ကတော့ ဒီ အသံတွေကြောင့် ငိုချင်လာတယ်။

အခုလို အခြေ အနေ မျိုးမှာ။ ဖန်ကျန်းရှီက အေးခဲ မျောက်မင်း ဒေသကို သွားတိုက် နေရ ရမှာလေ။ သူတို့က ဒီမှာ ထိန်းပေးထားမယ်။ တခြားသူတွေလည်း ကြာကြာတောင့်ခံ နိုင် မှာတော့ မဟုတ်ဘူး။ နောက်ပြီးတော့ သူတို့က ဒီဗျူဟာကြီး ရဲ့ အလယ် တည့်တည့် မှာ ပိတ်မိ နေတာလေ။

…

အေးခဲ မျောက်မင်း ဒေသ တွင်းမှာ။ ကျောက်တုံးအိမ်ကြီး ဆီကို နောက်ထပ် အရေးကြီး စစ်သတင်း ရောက်လာတယ်။ သက်လတ်ပိုင်းလူကြီး တစ်ယောက် နန်ကုန်းဟောင်ကို သတင်းပို့တယ်။ ဝတ်ရုံဖြူဝတ် နန်ကုန်းဟောင် က စားပွဲနောက်မှာ ထိုင်နေဆဲ။ သူ့လက်ထဲက ရှေးစာအုပ်ကြီးကို ချထားလိုက်ပြီ။ စစ်သတင်းကို ယူတယ်။ ဖြည်းဖြည်းချင်း ဖွင့်ဖတ်တယ်။ အဲ့ဒီ့နောက် ခပ်မြန်မြန် ဖြန့်ချလိုက်တယ်။ ဒါပေမယ့် သူ့ မျက်လုံးတွေက တလက်လက် တောက်ပနေတယ်။ မနက်ခင်း အာရုံဦးရောင်ခြည်လို တောက်ပတယ် ။ အာရုံကို ကပ်ငြိစေနိုင်တယ်။

“ သခင်လေး နန်ကုန်း။ ဒါက လေတောင်ကြား ထွက်ပေါက်မှာ ဖန်ကျန်းရှီ ပိတ်မိတဲ့ သတင်းလား။ ” သက်လတ်ပိုင်း လူကြီး မေးတယ်။

“ မဟုတ်ဘူး။” နန်ကုန်းဟောင် ခေါင်းခါတယ်။

“ မဟုတ်ဘူးတဲ့လား ? မဖြစ်နိုင်တာပဲ။ ပုံရိပ်ယောင် ထောင်ချောက်တွေကို ငါတို့ ချထားတာလေ။ စစ်တပ်ခေါင်းဆောင် တစ်ယောက် အနေနဲ့။ ဖန်ကျန်းရှီက ရှေ့ဆုံးမှာ ဦးဆောင်မှာပဲ။ ဒီကောင် သတ္တိကြောင်ပြီး နောက်က လိုက်လာတာတော့ မဖြစ်နိုင်ဘူးမလား။” လူကြီး စိတ်ရှုပ်ထွေးနေတယ်။

“ဖန်ကျန်းရှီက အရှက်မရှိပေမယ့် သတ္တိမကြောင်ဘူး။ စစ်တပ် နောက်မှာ ပုန်းနေမယ့် လူစားလည်း မဟုတ်။ အကယ်၍ ငါ ခန့်မှန်းတာသာ မမှား၇င်။ သူက စစ်တပ်ကို ဦးဆောင်လာမှာပဲ။ ဒါပေမယ့် ဝူဖုန်း နဲ့ တခြားစိတ်ဖိစီးနေတဲ့ ကျောင်းတော် သားတွေက ဂုဏ်ရှိဖို့ နာမည်ကောင်းရဖို့ တွေးလိမ့်မယ်။ အေးခဲမျောက်မင်းဒေသကို တစ်ဟုန်ထိုး တိုးဝင်လာလိမ့်မယ်။ ” နန်ကုန်းဟောင်က ခေါင်းခါတယ်။ နောက်တစ်ကြိမ် ပြန်ဖြေတယ်။

“ တစ်ဟုန်ထိုး တိုးဝင်လာလိမ့်မယ်။” သက်လတ်ပိုင်း လူကြီးနားမလည် နိုင်ဘူး။

“ ဟုတ်တယ်။ ကင်းပုန်းချထားတာ တွေကိုတောင် မမြင်နိုင်တော့တဲ့ အထိ။ အလျင်လိုနေကြလိမ့်မယ်။ ဖန်ကျန်းရှီက သူတို့ကို အသုံးချသွားတာပဲ။ ”

“ ဒါက နည်းနည်း အရှက်မဲ့လွန်း မနေဘူးလား။ ဘာတွေပဲ ဖြစ်ဖြစ်။ ဝူဖုန်းနဲ့ တခြားကျော်ငးတော်သား တွေက ။ စစ်သည် ထောင်ချီ ရဲ့ အုပ်ချုပ်သူတွေပဲလေ။ သူတို့ ထွက်သွားရပေမယ့်။ ဒီလို ရှေ့ပြေးအဖြစ် အသုံးချ ပြီး တပ်ပုန်းတွေကို ရှင်းတာက ။ လူမဆန်ရာ မကျလွန်းဘူးလား။ ” သက်လတ်ပိုင်း လူကြီး ရဲ့ မျက်လုံးထဲမှာ ဒေါသရိပ်တွေ ပေါ်လာတယ်။

“ စစ်တပ် နှစ်တပ် တိုက်ခိုက် တဲ့ကြားမှာ။ လူသားဆန်ဖို့ မလိုဘူး။ ဖန်ကျန်းရှီက လေတောင်ကြား ရဲ့ မြေမျက်နှာ သွင်ပြင် နဲ့ မရင်းနှီးဘူး။ ဒါကြောင့် ဝူဖုန်း တို့ကို တိုက်ခိုက်ဖို့ သုံးတာက ဖြစ်နိုင်ပါတယ်။ နောက်ပြီးတော့။ ဝူဖုန်း နဲ့ တခြားသူတွေ ရဲ့ ကိုယ်ပိုင်စိတ် ဆန္ဒ မပါရင်။ ဖန်ကျန်းရှိလည်း ဘာမှ လုပ်လို့ မရဘူးလေ။ ” နန်ကုန်းဟောင်က အေးအေးဆေးဆေး ရှင်းပြတယ်။

“ဒါဆိုရင်…. ဝူဖုန်း နဲ့ တခြားသူတွေရဲ့ စွမ်းရည်က။ သခင်လေး နန်ကုန်း ချထားတဲ့ စစ်ဗျူဟာကို ကျော်ဖြတ်နိုင်မှာလား။” သက်လတ်ပိုင်း လူကြီး ခေါင်းငြိမ့်တယ်။ နောက်တော့ သူ ခေါင်းငြိမ့်တယ်။

“ သူတို့ မကျော်နိုင်ဘူး။”

“ သခင်လေး နန်ကုန်း က ဒီရလဒ်ကို တွေးထားပြီးတဲ့ ပုံပဲ။” သက်လတ်ပိုင်းလူကြီး စိတ်သက်သာ ရ သွားတယ်။

“ ဟုတ်တယ်။ ပြီးတော့ မဟုတ်ဘူး။ အခုတော့ ဖန်ကျန်းရှီ ဘယ်လိုလုပ်မလဲပဲ ကြည့်ရတော့မယ်။” နန်ကုန်းဟောင်က ဒီအထိပဲပြောတယ်။ ဆက်မပြောတော့ဘူး။ ခေါင်းပြန်ငံုံ့တယ်။ သူ့လက်ထဲက ရှေးဟောင်းစာအုပ်ကြီးကို ပြန်ဖတ်တယ်။

အပိုင်း (၃၆၀)ပြီး၏။

All Chapters