← Chapters

အပိုင်း (၃၆၁-၃၇၀)

Vol. 4 Ch. 361-370

အပိုင်း (၃၆၁-၃၇၀)

Vol. 4 Ch. 361-370

အပိုင်း (၃၆၁)

“ တိုက်ပွဲ”

လေတောင်ကြားထွက်ပေါက်မှာ …

စစ်သည် လေးသောင်းကျော်က အမိန့်ကို စောင့်ဆိုင်းနေတယ် ။ လေတောင်ကြားထဲမှာ ရပ်တန့်ရင်း ဦးဆောင်သူ အမိန့်သံကို နားစွင့် နေတယ်။ အရှေ့ဆုံးမှာတော့ သက်တောင့်သက်သာ မျက်နှာပေးနဲ့ ဖန်ကျန်းရှီ ..။

“ ကိုယ်ရံတော် ဖန် .။ ဒီ ဗျူဟာကို သူ တို့ အနိုင်တိုက်နိုင်မယ် ထင်လား။” တန်ရှီရှန်းက ရှေ့တန်းမှာ အသေအကျေ ခုခံ နေတဲ့ ကျောင်းတော်သား တွေကို ကြည့်နေတယ်။ နောက်ဆုံးတော့ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘူး။ သူမေးလိုက်တယ်။

တန်ရှီ၇ှန်း ရဲ့ အမေးစကားကို တခြား စစ်သူကြီးတွေကြားတယ်။ သူတို့ ဖန်ကျန်းရှီကို လှမ်းကြည့်တယ်။

ဖန်ကျးန်ရှီက သူတို့ကို ခုနကပဲ ပြောထားတာ။ ဝူဖုန်း ချန်းဖေးယွီ နဲ့ တခြား ကျောင်းတော်သားတွေကို အပြည့်အ၀ ယုံကြည်ရမယ်လို့။ ဒါပေမယ့် သူတို့ ရှေ့က အခု အခြေအနေ ကတော့ …။ ယုံကြည်မှုနဲ့ ဖြေရှင်းနိုင်တာ မဟုတ်ဘူး။

ကျောင်းတော်သား ဆယ်ယောက်ကျော်က သေမင်းတံခါးကို ဝင်သွားပြီ။ ထောင်ချီတဲ့ စစ်သည်တော်တွေကို အနိုင်တိုက် ဖို့က တော်တော့်ကို ခက်ခဲတယ်။

“ မနိုင်နိုင် တာလည်း ဖြစ်နိုင်ပါတယ်လေ။” ဖန်ကျန်းရှီ ခေါင်းခါရင်း ပြန်ဖြေတယ်။ ဝူဖုန်း ၊ ချန်းဖေးယွီ နဲ့ တခြား ကျောင်းတော်သားတွေကို စစ်သည်တော် တွေက ပတ်ချာလည် ဝိုင်းထားပြီ။

“ မနိုင်နိုင် လောက်ဘူးလား။? ဒါ … ဒါဆို ကျွန်တော်တို့ ဒီလိုပဲ ဆက် စောင့်နေရမှာလား။” တန်ရှီရှန်း နားမလည်တော့ဘူး။

ကျောင်းတော်သားတွေ အနိုင် မတိုက်နိုင်တာကို ဖန်ကျန်းရှီ သိနေပြီပဲ။ ဘာကြောင့်များ နှောင့်နှေးနေရ သေးတာလဲ။

“ ဘယ်စောင့်မလဲ။” ဖန်ကျန်းရှီက ခေါင်းခါတယ်။

“ ဒါဆို ကျွန်တော်တို့ ….” တန်ရှီရှန်း ဒွိဟ ဖြစ်နေပြီ။

“ စောင့်ပါအုန်း။”

“ စောင့်ရမယ် ။ ဘာကို စောင့်ရမှာလဲ။”

“ ငါတို့ ရဲ့ ရှေ့က ဗျူဟာကို အနိုင်တိုက်ဖို့ အခက်ခဲဆုံး က ဘာဖြစ်မယ်ထင်လဲ။ ” ဖန်ကျန်းရှီ မေးတယ်။ ရှေ့က စစ်သည် ထောင်ချီကို ညွှန်ပြတယ်။

“ ဒါ ….. ကျွန်တော် မသိဘူး။” တန်ရှီရှန်း ရိုးရိုးသားသား ဖြေတယ်။ သူတို့က တောင်ပိုင်းသား တွေ လေ။ စစ်ဗျူဟာတွေ နဲ့ မယဉ်ပါးဘူး။

ငယ်ရွယ်တဲ့ အချိန်တည်းက သူတို့ အဓိက လေ့ကျင့်တာ တစ်ခုပဲ ။ တောတောင်တွေ ထဲမှာ အသက်ရှင်ေ အာင် ဘယ်လို နေရမယ်။ အလစ်ဝင်တိုက်တဲ့ နည်းလမ်း တွေ ကို ကောင်းကောင်းကျွမ်းတယ်။ ဒါပေမယ့် ဗျူဟာမြောက် စစ်ရေးစစ်ရာမှာတော့ သနားစရာကောင်းလောက်အောင် အသိပညာ နည်းပါးတယ်။

“ အကြီးဆုံး အခက်အခဲက လေတောင်ကြားမှာ ထွက်ပေါက်တစ်ပေါက်တည်း ချန်ထားခဲ့တာပဲ။ နန်ကုန်းဟောင်က ရည်ရွယ်ချက် ရှိရှိနဲ့ လုပ် ထားတာ။ ဒီကိစ္စမှာ စစ်ဗျူဟာကို ဖျက်ချင်ရင် ငါတို့ အတွက် နောက်ထပ် လမ်းတစ်ခု ဖောက်ရမယ်။” ဒီ အချိန်မှာ စစ်သူကြီးတစ်ယောက်က သူ့ အမြင်ကို ပြောပြတယ်။

“ စစ်သူကြီး လီ ပြောတာ မှန်တယ်။ နန်ကုန်းဟောင်ရဲ့ ဗျူဟာက လေတောင်ကြား ထွက်ပေါက်မှာ လူတစ်ယောက် ချထားရင်တောင် လူ တစ်ထောင် ဖြတ်လို့ မရနိုင်အောင်လုပ်ထားတာ” ဒီ အချိန်မှာ နောက်ထပ် စစ်သူကြီး တစ်ယောက်က သူ့ အတွေးကို ပြောပြတယ်။

“ ဟုတ်တယ်။ စစ်သူကြီး တို့က ပြဿနာ တစ်ဖက်တည်းကိုပဲ စဉ်းစားကြတယ်။ ဒီမှာ နောက်ထပ် တစ်ဖက်ရှိနေသေးတယ်။” ဖန်ကျန်းရှီက ခေါင်းငြိမ့်ရင်း ပြောတယ်။

“နောက် တစ်ဖက် ရှိသေးတယ်။ ??”

ဖန်ကျန်းရှီ ရဲ့ စကားကြောင့် စစ်သူကြီးတွေ စိတ်ရှု့ပ်ထွေးသွားတယ်။ သူတို့ တွေက နှစ်နဲ့ ချီတဲ့ စစ်ပွဲ အတွေ့အကြုံတွေ ရှိတယ်။ ဒါကြောင့် စစ်ဗျူဟာ နဲ့ ပတ်သက်ရင် သူတို့ အကုန် ထိုးထွင်းသိမြင်ပြီ ။ ဒီလို မှတ်ယူထားကြတယ်။

ဒါပေမယ့် ဖန်ကျန်းရှီကတော့ သူတို့ကို ထောက်ပြနေပြီ။ သူတို့ စိတ်ထဲ အနည်းနဲ့ အများတော့ မကျေမနပ် ဖြစ်မိတယ်။

သို့ပေမယ့် အခုချိန်မှာ ဖန်ကျန်းရှီက စစ်တပ်ရဲ့ အုပ်ချုပ်သူလေ။ သူတို့ မကျေနပ်ရင်တောင် ကျောင်းတော်သား တွေလို ဖော်ပြလို့ မရဘူး။

တခြား သော စစ်သူကြီးတွေလည်း စိတ်ရှုပ်ထွေးနေတယ်။ စစ်ပွဲတစ်ခုကိုမှ မဆင်နွှဲဖူးတဲ့ ဖန်ကျန်းရှီ ရဲ့ အမြင်ကို ကြားချင်တယ်။

“ နန်ကုန်းဟောင် ဘာ နည်းလမ်းကို သုံးထားတာလည်း စစ်သူကြီး တို့ သိလား။” ဖန်ကျန်းရှီက စစ်သူကြီးတွေ ရဲ့ အတွေးကို ကောင်းကောင်းနားလည်တယ်။

တကယ်တမ်းတော့လည်း တခြားသူတွေ ဒီလို တွေးမှာ ပုံမှန်ပဲလေ။

စစ်ပွဲတစ်ခုကိုတောင် မတိုက်ဖူးတဲ့ ကျောင်းတော်သားလေး တစ်ယောက်ရဲ့ စကားကို စစ်သူကြီးတွေက နားထောင်ရမှာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဖန်ကျန်းရှီသိတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီအတွေးအခေါ်ကို သူ ပြောင်းလဲ ရမယ်။

အခုတော့ သူ့မှာ စစ်အင်အားကြီး ရှိနေပြီ။ ဒီ အင်အားကြီးက သူ့ကို အချိန်မရွေး ပြန်ထိခိုက်နိုင်တယ်။

တိုက်ခိုက်ရေး အဆုံးသတ်သွားတာ နဲ့။ မမြင်နိုင်တဲ့ အခြေအနေ တွေ ဆက်တိုက် ပေါ်လာတော့ တယ်။

ဒီ အင်အားကြီးက သူတို့ရဲ့ ကိုယ်ပိုင် အပြုအမူ နဲ့ ဆက်စပ် နေတယ်။ ဖန်ကျန်းရှီ ရဲ့ နေရာကို တစ်ယောက်ယောက်က ဖြတ် လုသွားနိုင်သေးတယ်။ ဒါကြောင့် အခုချိန်မှာ စစ်အင်အားကြီး ဆိုတာ ချိန်ကိုက်ဗုံး နဲ့ မကွာခြားဘူး။

“ အကယ် ၍ ကျွန်တော် ထင်တာ မမှားရင် ဒါက ရှစ်ထောင့်သဏ္ဍာန် ပဲ”

“ ရှေ့ပိုင်းက ရှစ်ထောင့်သဏ္ဍာန်။ နောက်ပိုင်းက ငှက်ကြီး ဗျူဟာ။ ” စစ်သူကြီး နှစ်ဦးက ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။

“ အမှန်ပဲ။ ရှစ်ထောင့်သဏ္ဍာန် နဲ့ ငှက်ကြီးဗျုဟာ” ဖန်ကျန်းရှီက ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက်သူ ချက်ခြင်း မေးတယ်။ “ ဒါဆို ဒီရှေ့က စစ်ဗျူဟာတွေ ပြောင်းလဲ ပုံကို စစ်သူကြီးတို့ မြင်နိုင်လား။”

“ဒါက….” စစ်သူကြီး တစ်ယောက် ပြောစရာစကား မရှိ ဖြစ်သွားတယ်။

“ စစ်သူကြီး ဖန်ကော နားလည် လား။” နောက်ထပ် စစ်သူကြီး တစ်ယောက်က ချက်ခြင်း မေးတယ်။

“ မမြင်ပါဘူး။” ဖန်ကျန်းရှီ ရိုးရိုးသားသား ပြန်ဖြေတယ်။

“ ဟ ဟားးး…”

စစ်သူကြီး နှစ်ဦး ခပ်တိုးတိုးရယ် ကြတယ်။ သူတို့တွေ ပျော်နေကြပုံပဲ။ ဖန်ကျန်းရှီ မေးတာကို ကြားကြားချင်း သူတို့ လန့်သွားခဲ့တာ။ စစ်ဗျူဟာ ကို တစ်ချက် ကြည့်ရုံနဲ့ ထိုးထွင်း သိမြင် နေတာလားလို့။

ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ အဖြေ ကိုကြားတော့ ။ သူတို့ စိတ်ထဲ လှောင်ရယ်ကြတယ်။ သူလည်း တခြား ကျောင်းတော်သားတွေလို စာတွေ့ပဲ သိတာ။ စစ်ရေး အတွေ့အကြုံ များတဲ့ စစ်သူကြီးတွေထက်တော့ အမြင်ရှိနိုင်အုန်းမလား။

“ ကျွန်တော် နားမလည်ဘူး။ စစ်သူကြီးတို့ထဲမှာတော့ နားလည်နိုင်တဲ့သူရှိလား။” စစ်သူကြီးတွေရဲ့ အမူအယာကို ဖန်ကျန်းရှီ ဂရုမစိုက်ဘူး။ နောက်က လူတွေကိုပဲ သူဆက်မေးတယ်။

“ဒ ါ …. ”

“ ကျွန်တော် တို့လည်း မသိဘူး။”

“ ငါတို့က လေတောင်ကြားထဲမှာ။ စစ်ဗျူဟာက လေတောင်ကြား အပြင်ဘက်မှာ၇ှိနေတာ။ ဒီ ထဲကနေ အပြင်ကို ဘယ်လိုများ မြင်နိုင်မှာလဲ။”

စစ်သူကြီးတွေ တစ်ယောက်ပြီး တစ်ယောက် ခေါင်းခါကြတယ်။ ဒီ အချိန်က သူတို့ရဲ့ စွမ်းရည်တွေကို ဖော်ပြဖို့ အကောင်းဆုံး ပဲ။ ဒါပေမယ့် ရှေ့က အပြောင်းအလဲ တွေကို သူတို့ နားမလည်ကြဘူးလေ။

“ ဒါပေါ့။ ကျွန်တော်တို့မှာ နောက်ထပ် အခက်အခဲကြီး တစ်ခု ၇ှိနေတာလည်း ဒါပဲ။ မြင်ကွင်း အနေ အထား။” နောက်ဆုံး စကာ်းကို ကြားတော့ ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ သူ ပြုံးပြရင်း ပြောတယ်။

“ မြင်ကွင်း အနေ အထားလား။” စစ်သူကြီးတွေ နားမလည်နိုင်။ (မြင်ကွင်း အနေအထား ) ဆိုတာ ဘယ်စစ် နည်းဗျူဟာမှာ မှ မကြားဖူးခဲ့ဘူး။

တွေေ၀ ငေးငိုင် နေတဲ့ စစ်သူကြီးတွေကို ဖန်ကျန်းရှီ ကြည့်တယ်။ ဒီလူတွေ ဘာစဉ်းစား နေလဲ သူသိတယ်လေ။ တကယ်တမ်းတော့ ( မြင်ကွင်းအနေအထား) ဆိုတာ စစ်ဗျုဟာ စာအုပ်တွေမှာ ရှိတာမဟုတ်ဘူး။ သူ့ရဲ့ အရင်လောကမှာပဲ ရှိတာ။ လိုတဲ့ စကားလုံးလေးကိုပဲ ဆွဲထုတ်ပြီး သုံးလိုက်တာ။

“အခု ကျွန်တော်တို့က လေတောင်ကြားထဲမှာ ပိတ်မိနေတာ။ မြင်ကွင်းကလည်း ကျဉ်းတယ်။ နည်းဗျူဟာ တစ်ခုလုံးကို မမြင်နိုင်ဘူး။ အများဆုံး သိနိုင်မှ အပေါ်ယံ ဗျူဟာကိုပဲ မြင် နိုင်မှာ။ ဒါကြောင့်ပဲ စစ်ဗျူဟာ တစ်ခုလုံးရဲ့ ပြောင်းလဲပုံကို မြင်နိုင်ဖို့ ခက်ခဲ တယ်။” ဖန်ကျန်းရှီ ရှင်းပြတယ်။

“ စစ်သူကြီး ဖန် ပြောတာ မှန်တယ်။ ”

“ သွေးထွက်အောင်မှန်တာ။ ”

“ ငါတို့ မြင်ကွင်း အနေ အထား ကောင်းကောင်း လိုတယ်။”

(မြင်ကွင်းအနေအထား) ဆိုတဲ့ စကားလုံးကို စစ်သူကြီးတွေ အစပိုင်း နားမလည်ကြဘူး။ ဖန်ကျန်းရှီ ရှင်းပြပြီးတဲ့ နောက် သူတို့ နားလည်သွားကြတယ်။ နန်ကုန်းဟောင် စီထားတဲ့ ဗျူဟာက ရှစ်ထောင့်သဏ္ဍာန်ကနေ ဆင်းသက်လာတယ်။ ဒါ့အပြင် အသေးစိတ်တဲ့ အပြောင်းအလဲ လေးတွေလည်း ရှိတယ်။ စစ်ဗျူဟာ အပြောင်းအလဲတွေ ထည့်ထားတာက နန်ကုန်းဟောင်ရဲ့ အရည်အချင်း နဲ့ဆို ဖြစ်နိုင်တယ်။ ဒါမျိုးကို စစ်သူကြီးတွေ လည်း အများကြီးလုပ်ခဲ့တယ်။ နန်ကုန်းဟောင်လည်း လုပ်နိုင်မှာပဲ။ ကွာခြားချက်ကတော့ အပြောင်းအလဲရဲ့ သက်ရောက်မှုပဲ။

“ ဒါဆို … ကျွန်တော်တို့ အခု ဘယ်လိုလုပ်ကြမလဲ။” ဖန်ကျန်းရှီကို လှောင်ရယ်ခဲ့တဲ့ စစ်သူကြီး နှစ်ဦး ရှက်ရွံ့ နေကြတယ်။ ဖန်ကျန်းရှီ ထောက်ပြတဲံ အကြောင်းရင်းက ရိုးရှင်းတယ်။ တကယ်တမ်းတော့ စစ်ပွဲတွေ ရာချီ တိုက်လာတဲ့ သူတို့လို စစ်သူကြီးတွေ ဒီ အချက်ကို လျစ်လျူရှုထားကြတယ်။ ဖန်ကျန်းရှီလို တိုက်ပွဲ အတွေ့အကြုံ မရှိတဲ့ ကျောင်းတော်သား က ထိုးထွင်းသိမြင်နိုင်စွမ်း ပိုမြင့် နေခဲ့တယ်။ ဒါပေမယ့် ဒီတစ်ချက်တည်း နဲ့ သူတို့ နားလည်သွားတယ်။ ဖန်ကျန်းရှီ ရဲ့ အသိပညာက သူတို့ ထက် တစ်ဆင့်သာနေပြီ။ စစ်မြေပြင်က ပြောင်းလဲ မှု တွေနဲ့ ပြည့်နေတယ်။ တစ်ခဏ တုန်းက သူတို့ တွေ အသာစီး ရ နေနိုင်တယ်။ နောက်တစ်ခဏမှာတော့ စစ်သုံ့ပန်း ဘ၀ ရောက်သွားနိုင်တယ်။ ဒါကြောင့် အခြေအနေ အများကြီးမှာ။ ပြောင်းလဲမှု တစ်ခုတည်း နဲ့ အသေးစိတ် အချက် အလက်တွေကို အာရုံစိုက် နိုင်တာ စစ်ဗိုလ်ချုပ်ကောင်းတစ်ယောက် ပီသလို့ပဲ။

“ စောင့် ပါအုန်း။” ဖန်ကျန်းရှီ ရဲ့ အဖြေက အရင်တစ်ခေါက် နဲ့ မကွာခြားဘူး။ ဒါပေမယ့် စစ်သူကြီးတွေကတော့ နောက်ထပ် စောဒက မတက်ရဲတော့။ ဖန်ကျန်းရှီရဲ့ ဦးဆောင်မှုကို သူတို့ တဖြည်းဖြည်း နဲ့ ယုံကြည်လာကြပြီ။ စစ်သူကြီးတွေ နဲ့ တန်ရှီရှန်း ထပ် မမေးတော့ဘူး။ ဖန်ကျန်းရှီလည်း ထပ် မရှင်းပြတော့ဘူး။ ရှေ့မှာ တိုက်ခိုက် နေတဲ့ ဝူဖုန်း နဲ့ ချန်းဖေးယွီတို့ကိုပဲ ကြည့်နေတယ်။

“ အမိန့် ချမယ်။ စစ်တပ် တစ်ခုလုံး ရှိနေတဲ့ နေရာမှာပဲ ရပ်နားမယ်။ အစားအသောက်တွေ ချက်ကြမယ်။ ” တစ်ခဏတာ လေ့လာပြီးတဲ့နောက် ။ ဖန်ကျန်းရှီ ဗိုက် နည်းနည်းဆာလာတယ်။

“ အစားအသောက်တွေ ချက်မယ် ??? စစ်သူကြီးဖန် အခုချိန်က စစ်တပ်နှစ်ခု တိုက်ပွဲဖြစ်နေတာလေ။ ရိက္ခာခြောက်လေးတွေပဲ မစားသင့်ဘူးလား။” စစ်သူကြိးတစ်ယောက်က ပြောတယ်။ ဖန်ကျန်းရှီကို ယုံကြည်ပေမယ့် လည်း ။ သူ့ အမိန့် ကတော့ နည်းနည်း ပြင်းထန်လွန်းတယ်။

“ မလိုဘူး။ အချိန်စောသေးတယ်။ ရိက္ခာခြောက် နဲ့ဆို အာဟာရ ဖြစ်မှာ မဟုတ်ဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။

“ အာဟာရ မရှိဘူး ???” စစ်သူကြီး တွေရဲ့ အမူအယာ ပြောင်းလဲသွားတယ်။ စစ်တပ်နှစ်တပ်ကြား တိုက်ပွဲအကြီးအကျယ် ဖြစ်တော့မှာ။ ဒါတောင် အာဟာရမဖြစ်တာ က အကြောင်းပြသင့်တဲ့ အချက်လား။

ကောင်းပြီလေ…..။ မင်းက အာဏာရှင်ပဲ။ လုပ်ပေါ့။ စစ်သူကြီတွေ သံသယနဲ့ ပြည့်နေတယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ အမိန့်ကို မြန်မြန် ပို့ပေးလိုက်တယ်။ ဒါကြောင့်ပဲ စစ်သည်လေးသောင်း အံ့သြပျော်ရွှင်ကုန်တယ်။

စစ်သည်ငယ် အများစုက စစ်ရေး အမြင် မရှိဘူး။ သူတို့ အများစုက စစ်တပ်ထဲ ဝင်ကြတာ စားစရာ မပြတ် လပ် စေဖို့ အတွက်ပဲ။ အခုတော့ သူတို့ ကောင်းကောင်း စားရတော့မယ်လေ။ ဆာလောင်နေစရာ မလို တော့ ဘူး။ ဒါကြောင့် သူတို့ ပျော်ရွှင် အော်ဟစ် ကြတယ်။ နောက်ပြီးတော့ အရေးအကြီးဆုံးက မဝရေစာ ရိက္ခာ အခြောက်အခြမ်း စားရတာ မဟုတ်ဘူး။ သေသေချာချာ ချက်ပြုတ်ပြီး စားရမှာ။

အရမ်းကို ကောင်းတဲ့ သတင်းပဲ။ စစ်သည် တစ်ဦးချင်းစီက မြေကြီးတူးပြီး မီးဖို ဖိုကြတယ်။ စစ်သည် တစ်ချို့က လက်ထဲမှာ ပန်းကန်လုံး တွေနဲ့ တူတွေကို ကိုင်ရင်း တီးခတ် နေကြပြီ။

“တန်ရှီရှန်း … အရင်ရက်တွေ က အမဲလိုက်ထားတဲ့ သားကောင် တွေကို ထုတ်လိုက်။ ကင်စားကြမယ်။” ဖန်ကျန်းရှီက သူ့ ပါးစပ်ကို လက်နဲ့ သုတ်ရင်း ပြောတယ်။ တန်ရှီရှန်းက သူ့ ဘေးမှာ ရပ်နေတာ။

“ ကောင်းပါပြီ။” တန်ရှီရှန်း က တစ်ချက်လေးတောင် မတွေဝေဘူး။ မီးပုံကြီးကို ဖိုတော့ တယ်။

သိပ်မကြာခင်မှာ … အသားကင် အနံ့ မွှေးမွှေးလေး ပျံ့လွှင့် လာတယ်။

ဒီမြင်ကွင်းက ။လေတောင်ကြား အပြင်ဘက်မှာ တိုက်ခိုက်နေသူ တွေကို အကြီးအကျယ် သက်ရောက်တယ်။

အသေအကျေ တိုက်ခိုက်နေတဲ့ ဝူဖုန်း ။ လေထဲက ပျံ့လာတဲ့ အသားကင် အနံ့ တွေ ဆွဲဆောင်တာ ခံလိုက် ရတယ်။ သူ အတော်လေး စိတ်ရှုပ်လာပြီ။ ဘယ်လိုကြောင့်များ အသားကင် အနံ့တွေ ထွက်နေတာလဲ။ ရှစ်ထောင့် သဏ္ဍာန် နည်းဗျုဟာ မှာ မီးနဲ့ တိုက်တဲ့ ဗျုဟာ ပါ ထည့်ထားတာလား။

အသားကင် အနံ့ ထွက်လာတဲ့ ဘက်ကို သူ ချက်ခြင်း လှည့်ကြည့်တယ်။ လေတောင်ကြားထဲ မှာ တောကောင် အကြီးကြီး တွေကို မီးဖိုနဲ့ ကင်နေတာ သူ တွေ့လိုက်တယ်။ အဆီတဝင်းဝင်း နဲ့ အသားကင် တုံးကြီးတွေက အဆီတွေ တစက်စက် ကျနေတယ်။ အဆီတွေက မီးနဲ့ ထိတော့ တဖျစ်ဖျစ် အသံတွေ ထွက်လာတယ်။

“ အသား …. အသား ကင်နေတယ်။ ဒီ ဖန်ကျန်းရှီ ….။ အ ခု လို အချိန်မှာတောင် အသားကင် နေ နိုင်သေးတယ်။” ဖြစ်နိုင်ချေတွေ အများကြီးကို ဝူဖုန်း စဉ်းစား ကြည့်ပြီးပြီ။ ဥပမာ အားဖြင့်။ ဖန်ကျန်းရှီက လေးကမေ ကြည့်နေမယ်။ စစ်ကူလွှတ် မပေးဘူး။ သူတို့ လုံး၀ ရှုံးမှပဲ စစ်ကူလွှတ်မယ်။ ( ဒါမှမဟုတ်) သူတို့ တွေ ခြေကုန်လက်ပန်း ကျပြီး အသတ်ခံရတော့မယ့် အချိန် ထိ စောင့်နေမယ် ။

ဒါပေမယ့် သူတစ်ခါမှ မထင်ထားခဲ့မိဘူး။ ဖန်ကျန်းရှီက ပွဲကြည့် ပရိသတ် လုပ်နေမယ်လို့။ ဒါ့အပြင် မီးပုံဖိုပြီးတော့ အသားတောင် ကင်နေသေးတယ်။ သေသေကျေကျေ တိုက်ခိုက်နေရတဲ့ သူတို့ကိုတောင် အားမနာဘူး။ ဒီ့ထက် အတင့်ရဲတာ ရှိအုန်းမလား။ ဝူဖုန်း ရင်ထဲ သွေးတွေ ဆူပွက်လာတယ်။ တစ်ချိန်တည်း မှာပဲ သူ့ပါးစပ်ထဲမှာ ချိုမြမြ အရသာကို ခံစားလိုက်ရတယ်။ ဖန်ကျန်းရှီကြောင့် ဒေါသထွက်ရ လွန်းလို့ သွေးတောင် အန်မိတော့မယ်။ ဒီလို သွေးအန် မတတ် ဖြစ်နေတာ ဝူဖုန်း တစ်ယောက်တည်းတော့ မဟုတ်ဘူး ။ ချန်းဖေးယွီလည်း အတူတူပဲ။

“ အရှက် မရှိလိုက်တာ။ လုံးဝကို အရှက်မရှိ တာပဲ၊” ချန်းဖေးယွီက သဘာဝလွန် အဆင့်မှာ ရောက်နေပြီ။ ဒါကြောင့် စစ်ပွဲမှာ အသက်ရှင် နိုင်ဖို့ အလားအလာ ပိုများတယ်။ ဒါပေမယ့် ချက်ခြင်း လွတ်မြောက်နိုင်တာတော့ မဟုတ်ဘူး။ အချိန် တို အတွင်း အနိုင်ရတာမျိုးလည်း မရှိဘူး။

တကယ်တမ်းတော့ အခုချိန် သူ့စိတ်ထဲမှာ လုပ်ချင်နေတာ တစ်ခုပဲ ရှိတယ်။ လေတောင်ကြားထဲကို ပြေးဝင်မယ်။ ဖန်ကျန်းရှီ ရဲ့ နားရွက်ကို ဆွဲပြီး အကျယ်ကြီး အော်ပြစ်မယ်။ “ မင်း သွားပြီး တိုက်။ ငါ အသားကင် စားမယ်။”

ကံမကောင်းစွာနဲ့ပဲ ။ ဖန်ကျန်းရှီက အသားကင်စားနေရတယ်။ သူတို့ကတော့ သူတို့ အသက် အတွက် ရုန်းကန် တိုက်ခိုက်နေရတော့တယ်။

ဒါပေမယ့်။ ဖန်ကျန်းရှီ နဲ့ တခြားသူတွေ မီးပုံဖိုပြီး အသားကင် နေတာ ချန်းဖေးယွီ ဒေါသ ထွက်တာမဟုတ်ဘူး။ ဖန်ကျန်းရှီက အသားကင် စားနေရင်နဲ့တောင် ပါးစပ်က တစ်ခုခုကို အထပ်ထပ် ရွတ် နေတယ်။ ဒီ ကောင်….. လေချွန်နေတာ တော့ မဟုတ်ဘူးမလား။

…

ဖန်ကျန်းရှီ မီးပုံဖို ပြီး အသားကင်နေတဲ့ သတင်းက။ အေးခဲမျောက်မင်း ဒေသတွင်းက ကျောက်တုံးအိမ်ကို ခပ်မြန်မြန်ပဲ ရောက်သွားတယ်။ ကျောက်တုံး အိမ်ထဲက လူကြီး တစ်ချို့ ပါးစပ်ဟတဲ့ထိ အံ့သြသွားမိကြတယ်။

“ မင်း ပြောတာ ဖန်ကျန်းရှီက လေတောင်ကြားထဲမှာ အသားကင်ဖို့ သူတို့ကို အမိန့်ပေးတယ် တဲ့လား။” လူကြီးတွေ မယုံကြည်နိုင် ဖြစ်နေခဲ့တယ်။ ဒါကြောင့် သေချာအောင် ဒုတိယ တစ်ကြိမ် ပြန်မေးခဲ့တယ်။

“ အမှန်ပါပဲ။” တာဝန်ရှိ စစ်သည်တော်က ချက်ခြင်း ပြန်ဖြေတယ်။

“ဒီကောင် တကယ်ပဲ လုပ်ဝံ့တယ်။ စစ်တပ် နှစ်တပ် က ဒီလောက်တောင် တိုက်ပွဲ ဖြစ်နေတာ တောင် စစ်မြေပြင်မှာ ချက်ပြုတ်စားဝံ့ သေးတယ်။ ဒါက စစ်တပ်ပြစ်မှုကြီး မဟုတ်ဘူးလား။ ငါတို့ စစ်သည်တွေ အလစ်ဝင်တိုက်မှာ ကိုကော ဒီကောင် မကြောက်ဘူးလား။” စစ်သည် ရဲ့ အတည်ပြုစကားကို ကြားပြီး နောက်။ လူကြီး နှလုံးသားထဲ သွေးတွေ ဆူပွက်လာတယ်။

“ ဒီကောင် ဒါတွေကို မကြောက် မှာ ငါ စိုးရိမ်တယ်။” နန်ကုန်းဟောင် ရဲ့ ဘယ်ဘက်မှာ ရပ်နေတဲ့ လူကြီး နောက်ဆုံးတော့ စကား ပြောပြီ။

“ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။”

“ လေတောင်ကြားဝင်ပေါက်က ပိတ်ဆို့ခံလိုက်ရပြီ။ သူတို့လည်း မထွက်နိုင်ဘူး။ ငါတို့လည်း မဝင်နိုင်ဘူး။ ဒါ့အပြင်။ အခုချိန်မှာ လေတောင်ကြားထဲက လေတွေ ရပ်တန့်နေတယ်။ ဒါကြောင့် လေတောင်ကြားထဲမှာ ဆက်နေလည်း သူတို့ အတွက် အန္တရာယ် မရှိဘူး။”

“ ဒါဆို သူတို့ အသားကင် ပူပူလေး အားပါးတရ စားနေတာကို ငါတို့ ထိုင်ကြည့် နေရမှလြာ်း။”

“ အကယ်၍ ငါတို့သာ လေတောင်ကြား အပြင်ဘက်က ဗျူဟာကိုဖျက်ပြီး။ အလစ်ဝင်တိုက်လိုက်ရင်။ သူတို့ ရဲ့ ထောင်ချောက်ထဲ ရောက်သွားလိမ့်မယ်။”

“ နန်ကုန်းသခင်လေး။ သခင်လေး ကော ဘယ်လို ထင်လဲ။ ” လူကြီးက ဒါတွေကို သိပေမယ့်လည်း ။ ဒီ အတိုင်း ထိုင်ကြည့်နေဖို့တော့ စိတ်မပါ ဘူး။

“ ဝိုင် မရှိပဲနဲ့ စားရတာ။ စားလို့သောက်လို့ မကောင်းဘူး။ တစ်ယောက်ယောက်ကို ဝိုင်အိုး တစ်ရာ ပို့ခိုင်းလိုက်။ လေတောင်ကြားထဲ ရောက်နေတဲ့ စစ်သည် လေးသောင်းကို တာဝန်ကျေတဲ့ အတွက် ဆုချီးမြှင့်ရမယ်။” နန်ကုန်းဟောင်က ရှေးဟောင်း စာအုပ်ကို ဆက်ဖတ်နေတယ်။ ခေါင်းတစ်ချက်လေးတောင် မမော့ပဲ ပြန်ဖြေတယ်။

“ သူတို့ ဆီကို ဝိုင်ပို့ရမှာလား။” သက်လတ်ပိုင်းလူကြီး ဘယ်လို ပြန်ဖြေရမလဲတောင် မသိတော့ ။

“ အစီအစဉ်ကောင်းပါပဲ။ နန်ကုန်းသခင်လေး။ ဒီ အစီအစဉ်က တကယ့်ကို အကွက်ကျတယ်။” နန်ကုန်းဟောင်ရဲ့ ဘယ်ဘက်မှာ ရပ်နေတဲ့ လူကြီး။ မျက်လုံးအရောင်တွေ တဖျတ်ဖျတ် တောက်ပ လာတော့တယ်။

အပိုင်း (၃၆၁) ပြီး၏ ။

အပိုင်း (၃၆၂)

“ အရှက်မရှိတဲ့ အစီအစဉ်”

“ ဝိုင် ပို့တာက အစီအစဉ်ကောင်းလား ?”

“ စစ်တပ် နှစ်ခု တိုက်ပွဲ ဖြစ်ရင်။ အရေးအကြီးဆုံးက စိတ်ခံစားချက်ကို တိုက်ခိုက်တာပဲ။ ငါတို့ရဲ့ စစ်တပ်က ကြိုးကြိုးစားစား တိုက်ခိုက် နေတဲ့ အချိန်။ ဖန်ကျန်းရှီ ရဲ့ စစ်တပ်က မီးဖိုပြီး ဟင်းချက် နေတယ်။ ဒါက စိတ်ဓာတ် စစ်ဆင်ရေးပဲ။ အစီအစဉ် ကောင်းလို့ မထင်ဘူးလား။”

“ ဒါက သာမာန် စိတ်ဓာတ် စစ်ဆင်ရေး မဟုတ်ဘူး။ အကယ်၍ ဖန်ကျန်းရှီသာ ဒီ ဝိုင်တွေကို ငြင်းပယ် လိုက်ရင် …။ စစ်သည်တော်တွေ ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးလည်း ပျက်ပြားသွားလိမ့်မယ်။ ဒါကို အစီအစဉ် ကောင်းလို့ နင် မထင်ဘူးလား။”

“ ဝိုင် ပုလင်းပေါင်း တစ်ရာက ဒီလို သက်ရောက်မှု ရှိနိုင်တာပဲကိုး ။ သခင်လေး နန်ကုန်းရဲ့ အစီအစဉ်က အံ့သြစရာပါပဲ။” အစပိုင်းမှာသံသယ ဝင်နေခဲ့တဲ့ လူကြီး။ နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ။

…

လေတောင်ကြားထဲမှာ …။

ဖန်ကျန်းရှီက အသားကင်ကို အရသာ ခံပြီး ဝါးနေတယ်။ တိုက်ပွဲကို အေးအေးဆေးဆေး ကြည့်နေတယ်။ စစ်သည် ဆယ်ယောက်ကျော် ခပ်ဝေးဝေး ကနေ ရောက်လာတာကို သူ မြင်တယ်။ စစ်သည်တစ်ဦးချင်းစီ ရဲ့ ကျောပေါ်မှာ ပလိုင်းတွေ ရှိတယ်။ ပလိုင်း တစ်ခုချင်းစီမှာ ဝိုင်ပုလင်း ခြောက်ခုစီ ပါတယ်။

“ ဟမ်။ ငါတို့ဆီကို ဝိုင် အရက်လာပို့တာလား။” ဖန်ကျန်းရှီ သတိဝင်လာတယ်။ အံ့လည်း အံ့သြသွားတယ်။

“နန်ကုန်းဟောင်က ငါတို့ကို ဝိုင် အရက် တိုက် မလို့လား။ ဘယ်လို ဖြစ်နိုင်မှာလဲ။” စစ်သူကြီး တစ်ယောက်က မယုံမကြည်နိုင်ဖြစ်နေခဲ့တယ်။ သူ့ရှေ့က မြင်ကွင်း ကလည်း ထူးဆန်းနေတယ်လေ။ တခြား စစ်သူကြီးတွေလည်း ကျက်သေသေ နေ ကြတယ်။ နန်ကုန်းဟောင် ရဲ့ စိတ်အခြေအနေ ကို သူ ခန့်မှန်းဖို့ ကြိုးစား နေတယ်။

“ ငါ နားလည်ပြီ။ နန်ကုန်းဟောင်က ငါတို့ စစ်ပွဲ အလယ် မှာ ချက်ပြုတ်နေမှန်းသိတယ်။ ဒါကြောင့် သူက ….”

“ သူတို့ရဲ့ စိတ်နှလုံးကို အနိုင်ရအောင် လုပ်မလို့လား။”

“ ဟုတ်တယ်။ နန်ကုန်းဟောင်က သွယ်ဝိုက်ပြီး လှုပ်ရှားနေတာ။”

အလွန် လျင်မြန်စွာပဲ။ စစ်သူကြီး အချို့က နန်ကုန်းဟောင် ရဲ့ စိတ်ကူးကို ခန့်မှန်းနိုင်ကြတယ်။ ချက်ခြင်း ဆိုသလို သူတို့ ဒေါသထွက်ကြပြီ။

“ စစ်သူကြီးဖန်။ ဒီလူတွေကို ရပ်ဖို့ ကျွန်တော်တို့ လူလွှတ် လိုက်ရမလား။” စစ်သူကြီး တစ်ယောက်က ရှေ့ထွက်ရင်း ပြောတယ်။ ဒီ အချိန်မှာတော့ အကောင်းဆုံး ရွေးချယ်မှုက ငြင်းပယ်တာပဲ။ နောက်ဆုံး တော့လည်း စစ်သည်တော် လေးသောင်းကို သာ အရက် သောက်ခိုင်း လိုက်ရင်။ ဒီ စစ်ပွဲမှာ ဇောက်ထိုး ဖြစ်မှာပဲ။ နောက်ပြီးတော့ … ဒီ ဝိုင်တွေမှာ ဆေးခတ် ထား မထားက ကောင်းကင်ဘုံပဲ သိလိမ့်မယ်။

“ငါတို့က ဘာကြောင့်များ တားရတာလဲ။” ဖန်ကျန်းရှီ က ပြုံးနေခဲ့တယ်။

“ စစ်သူကြီး ဖန်က နန်ကုန်းဟောင် ပို့လိုက်တဲ့ ဒီ ဝိုင်အိုး တစ်ရာ ကို စစ်သည်တော်တွေဆီ ေ၀ ပေးမလို့လား။” စစ်သူကြီး တစ်ယောက် က မေးတယ်။

“ လက်ဆောင်ပေးတဲ့ သူက လာပေး နေပြီကို…. ငြင်းပယ်တာက မယဉ်ကျေးရာရောက်မှာပေါ့။ ဒီမှာ စစ်သည် ဒါဇင် နည်းနည်းပဲ ရှိနေရင်တောင်။ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ စစ်သည် တော် တွေပဲ။ စစ်သည်တော်တွေ ဆီက ဝိုင်ကို သွားယူလိုက်။ အေးခဲ မျောက်မင်း ဒေသ ကို ငါ သိမ်းပြီးရင် ဒီ ဝိုင်တွေ နဲ့ စစ်သည်လေးသောင်းလုံးကို စားသောက်ပွဲကြီး လုပ်ပေးမယ်။ ” ဖန်ကျန်းရှီက ပြန်ဖြေတယ်။

“ စစ်သည်တော်တွေကို ဖမ်းရမှာလား။” စစ်သူကြီးတွေ မယုံမကြည်နိုင်ဖြစ်သွားတယ်။ ဖန်ကျန်းရှီ ရဲ့ စကားက အံ့အားသင့်စရာပဲ။ မင့် ပြိုင်ဘက်က မင်း အတွက် ဝိုင်တွေကို လက်ဆောင် အဖြစ် ပို့ပေးလိုက်တယ်။ ဒါတောင် မင်းက လက်ဆောင်တွေကို ယူရုံတင် မကဘူး။ လူတွေကိုပါ သိမ်းမယ် တဲ့ လား။

မင်းက ဘာလို့ ဒီလောက်တောင် အရှက်မရှိ ရတာလဲ။

“ စစ်သူကြီး ဖန်။ စစ်တပ် နှစ်တပ်ကြားက စစ်ပွဲမှာ… သံတမန်တွေကို ကျွန်တော်တို့ သတ်လို့ မရဘူးလေ။” စစ်သူကြီး တစ်ယောက်က ခပ်တိုးတိုး ပြောတယ်။

“ ငါ သူတို့ကို မသတ်ပါဘူး။ သူတို့ကို ကြင်ကြင်နာနာ လက်ခံပြီးတော့ ထိန်းသိမ်း ထား မလို့ပါ။ ဒါမှ သူတို့လည်း ဝိုင်အိုးတွေကို ငါတို့ဆီ ဝေတဲ့ အချိန် အဆင်ပြေမှာလေ။ ငါ မှန်တယ်မလား။” ဖန်ကျန်းရှီက ထုံးစံ အတိုင်း လက်ဝှေ့ယမ်း ပြတယ်။

“ ဒါ … ကော င်းပြီလေ။” စစ်သူကြီး ကူကယ်ရာမဲ့နေတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်။ ဖန်ကျန်းရှီက စစ်သည်လေးသောင်းရဲ့ ဦးဆောင်သူလေ။ စစ်သည်တော်တွေ အနေနဲ့ သူတို့ ခေါင်းဆောင်ရဲ့ အမိန့်ကို နာခံ ရမှာပဲ။ စစ်သည် ဆယ်ယောက်ကျော်က လေတောင်ကြားထဲကို ပြုံးပြုံးရွှင်ရွှင် ဝင်လာကြတယ်။ တစ်ယောက်က နန်ကုန်းဟောင်ရဲ့ ဧည့်သည်တော်တွေကို ကြိုဆိုမှု အကြောင်း ထအော်တယ်။

ဒါပေမယ့် နှုတ်ခွန်းဆက်စကား ပြောပြီးတဲ့ နောက်။ သူတို့ မျက်နှာပေါ်က အပြုံး ပျောက်ကွယ်သွားတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ အဖမ်းခံလိုက်ရပြီ။ သံတမန်တွေ ကနေ အခုတော့ စစ်သုံ့ပန်းတွေ ဖြစ်သွား ပြီ။ ဒီ အပြောင်းအလဲက တကယ့်ကို မြန်လွန်းတယ်။ မြန်လွန်းလို့ ဘယ်လို တုံ့ပြန်ရမယ် မှန်း တောင် မသိတော့ဘူး။ နောက်ပြီးတော့ ဖန်ကျန်းရှီက ချက်ခြင်း လှုပ်ရှားတော့တယ်။

ဖန်ကျန်းရှီက ချက်ခြင်း အော်ဟစ် ကြေညာတယ်။ နန်ကုန်းဟောင် နဲ့ သူ အလောင်း အစား တစ်ခု လုပ်ထား ခဲ့တယ်။ ဒီ အလောင်းအစားက သူ လေတောင်ကြားကို အနိုင် တိုက်နိုင်မလား။ မတိုက်နိုင်ဘူးလား ဆိုတာပဲ။ အခုတော့ နန်ကုန်းဟောင် က ရှုံးသွားပြီ။ သူ့ အရှုံးကို လက်ဆောင်တွေ ပေးပို့ရင်း ဝန်ခံလိုက်တယ်။ အခုချိန်မှာ သူ လုပ်ပေး နိုင်တဲ့ လက်ဆောင် အဖြစ် ဝိုင် အိုးတစ်ရာကို ပို့ပေးလိုက်တာ။ ဒါပေမယ့် အစတုန်းက လောင်းကြေးအဖြစ် ဝိုင်အိုး တစ်ထောင် ပေးမယ် ပြောထားတာ။ အခုတော့ နန်ကုန်းဟောင်က ကတိ စကားကို မတည်ဘူး။

ဖန်ကျန်းရဲ့ စကားတွေက ယုံကြည်ချက်တွေနဲ့ ပြည့်နေတယ်။ တကယ့်ကို စစ်မှန်တဲ့ အနိုင်ရသူကြီး တစ်ယောက်လို။ ဒါကြောင့်ပဲ စစ်သည်လေးသောင်းထဲက တဝက်လာက် သူ့ စကားကို ယုံကြည်ကြတယ်။ ဒီလောကမှာ လူတစ်ယောက်ရဲ့ ဘဝက သူ့ ရဲ့ အပြု အမူ ပေါ်မှာ မူတည်နေတယ်။ ဖန်ကျန်းရှီက သူ့ရဲ့ ဉာဏ်ပညာကို ဒီ စကားလုံးမှာ အသုံးချလိုက်တယ်။

နောက်ဆုံးတော့။ လူအုပ်ကြီးရဲ့ ချီးမွမ်းသံ တွေ ကြားမှာ။ ဖန်ကျန်းရှီက သူ့ မျက်ရည်တွေကို သုတ်လိုက်တယ်။ နန်ကုန်းဟောင် ရဲ့ ကြိုဆိုမှုကို ပြောတဲ့ စစ်သည်တော်ကို ဆွဲထုတ်တယ်။ သူ့ကို အရေးကြီးတဲ့ ကိစ္စ တစ်ခု ပြောပြီး လေတောင်ကြားကနေ ထွက် ခိုင်း လိုက်တယ်။

စစ်သူကြီးတွေတော့ မျက်လုံး ပြူး ကုန်ပြီ။ “ လူတစ်ယောက်က အရှက်မရှိလို့ ရတယ်။ ဒါပေမယ့် ဘာကြောင့်များ ဒီလောက်ထိ အရှက်မရှိ နိုင်ရတာလဲ။”

…

ဝိုင်သွားပို့တဲ့ စစ်သည်တော်တေ်ွ အဖမ်း ခံလိုက်ရတဲ့ သတင်း။ အေးခဲ မျောက်မင်းဒေသ ကို ချက်ခြင်း ရောက်သွားတယ်။ အရေးကြီး ကိစ္စကို သယ်ဆောင်သွားတဲ့ စစ်သည်တော်လည်း ပြန်လည် ရောက်၇ှိသွားပြီ။ ဖန်ကျန်းရှီ ပေးလိုက်တဲ့ သတင်း ကို နန်ကုန်းဟောင်ဆီ သူ ပြန်ပြောပြတယ်။

“ ဖန်ကျန်းရှီက သခင်လေး နန်ကုန်းကို အလောင်းအစား အတိုင်း လုပ်ပေးပါတဲ့။ နောက်ထပ် ဝိုင်အိုး ကိုးရာကို ထပ်ပို့ပေးပါလို့ မှာလိုက်ပါတယ်။”

ဒီသတင်းကို လူကြီး လေးဦးကြားတဲ့ အချိန် ဆွံ့အသွားခဲ့တယ်။ သိပ်မကြာခင်တုန်းကပဲ နန်ကုန်းဟောင်ရဲ့ အစီအစဉ်ကို သူတို့ ချီးမွမ်း နေခဲ့တာ။ ဒါပေမယ့် မျက်တောင် တစ်ခတ်အတွင်း ……။ ဝိုင်တွေကိုလည်း တခြားသူက သိမ်းသွားပြီ။ ပိုပြီးတော့ အရေးကြီး တာ က သူတို့ကိုတောင် အနိုင်ပိုင်းလိုက်သေးတယ်။ အလောင်းအစား အတွက် အရှုံးကို လက်ခံ တဲ့လား။

“ ဒီ ဖန်ကျန်းရှီ ရဲ့ မျက်နှာပြောင်း တိုက်ပုံက တော့ လွန်လွန်းတယ်။ သူတို့ကို လက်ဆောင် လာပို့တဲ့ သူတွေကို ဖမ်းတဲ့ သူမျိုး တစ်ခါမှ မမြင်ဖူးဘူး။ နောက်ပြီးတော့ မဟုတ် မတရား သတင်း ကိုတောင် တစ်ချက်လေးမှ မတွေဝေပဲ ဖြန့်လိုက်သေးတယ်။ နည ်းနည်းလေးတောင် အပြစ် ရှိတယ်လို့ မခံစားရဘူးလား။”

“ ငါပြောနိုင်တာ ကတော့ ဒီ ကောင် လုပ်နေတဲ့ နည်းလမ်းတွေက မခန့်မှန်း နိုင်စရာပဲ။”

“ ငါတို့ရဲ့ ပြီးပြည့်စုံ နေတဲ့ စိတ်ဓာတ် စစ်ဆင်ရေး အစီအစဉ်ကြီးက ဒီလို တောင် ဖျက်ဆီးခံလိုက်ရပြီတဲ့လား။ မထင်ထားခဲ့ဘူး ဖန်ကျန်းရှီက ဒီလို နည်းလမ်းကို သုံးလိမ့် မယ် လို့။”

လူကြီး လေး ယောက် ခေါင်းခါ ကြတယ်။ နန်ကုန်းဟောင်ရဲ့ စိတ်ဓာတ် စစ်ဆင်ရေးက တကယ့်ကို အစီအစဉ်ကောင်းပဲ။ ဒါပေမယ့် ဖန်ကျန်းရှီ လို လူမျိုး နဲ့ ရင်ဆိုင်ရတော့ အလကား ဖြစ်သွားရ လေပြီ။ လူတိုင်းက စားပွဲမှာ ထိုင်နေတဲ့ နန်ကုန်းဟောင်ကို တည်ီတညွှတ်တည်း လှမ်းကြည့်ကြတယ်။

နန်ကုန်းဟောင်ကတော့ တိတ်ဆိတ်နေစမြဲ။ သူ့ လက်ထဲက ရှေးဟောင်းစာအုပ်ကြီးကို မလှန်နေတော့ ဘူး။ သူ့ မျက်လုံးတွေကတော့ တစ်စုံတစ်ခုကို နက်နက်နဲနဲ တွေးတော နေပုံပဲ။ နေမင်းကြီးလို တောက်ပနေတယ်။ သူက တကယ့်ကို အတွေးနွံ နစ်နေတာ။

ဘာကြောင့်လည်း ဆိုတော့။ ဒီသတင်းကို ကြားကြားချင်း သူ လန့်သွားခဲ့တယ်။ သူ့စိတ်ကိုပြင်ဆင် ထားပြီးသား ဖြစ်နေပေမယ့် ပေါ့။

“ ဒီကောင်က တကယ့်ကို အရှက်မဲ့တယ်။ ဒါပေမယ့် ဒီလို နည်းပညာတွေကို သူ ဘယ်လို သင်ကြားလာလဲ သိချင်လိုက်တာ။ ” နန်ကုန်းဟောင်က နောက်ဆုံးမှာတော့ သူ့ လက်ထဲက စာအုပ်ကို ချ လိုက်ပြီ။ ဖြည်းဖြည်းချင်း မတ်တပ်ထရပ်တယ်။

…

နန်ကုန်းဟောင် နောက်ထပ် ဝိုင် နဲ့ လူတွေကို မပို့ပေး တော့မှန်း ဖန်ကျန်းရှီ သိပါတယ်။ ဒါက ကျားခံတွင်းထဲကို ဝင်နေတာနဲ့ အတူတူပဲလေ။ ဒါ့အပြင် အလောင်းအစား ရှုံးတဲ့ အကြောင်း အတိအလင်း ဝန်ခံရာလည်း ရောက်သွားမယ်။ ဒါကြောင့်… စိတ်ဓာတ်စစ်ဆင်ရေးက အဆုံးသတ် ကောင်းပြီ။

စစ်သူကြီးတွေက ဒါကို မယုံကြပေမယ့်။ စိတ်ဓာတ်စစ်ဆင်ေ်ရးကိုတော့ သူတို့လည်း နားလည်ကြတယ်။ ဖန်ကျန်းရှီက အခုချိန်မှာ နှာတစ်ဖျားသာနေတယ်။ ဒါပေါ့။ ဖန်ကျန်းှရီက လုံးဝကို အရှက် မရှိဘူး။

ဒါပေမယ့် စိတ်ဓာတ်ရေးရာမှာ သာနေရုံနဲ့။ ရလဒ်ကောင်းထွက်လာနိုင် မယ် လို့ မပြောနိုင်ဘူး။ မင်းရဲ့ စစ်သားတွေ ဘယ်လောက်ပဲ စိတ်အင်အား ခိုင်မာ နေပါစေ။ မင်းက ထွက်လို့ မရသေးဘူး။ ဘာများ အသုံးဝင်မှာလဲ။

လေတောင်ကြားကနေ မခွာနိုင်ရင် အရာအားလုံးက အချည်းနှီးသာပဲ။ စစ်သူကြီးတွေ နားလည်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီက စောင့်ဖို့ အမိန့်ပေးထားတယ်။ ဒါကြောင့် သူတို့ အား လုံး စောင့်နေရုံပဲ တတ်နိုင်တယ်။ ဒါကြောင့် သူတို့ ထဲက တစ်ယောက်မှ ဘယ်လောက်ထိ စောင့်ရမယ်မှန်း မသိဘူး။

ဖန်ကျန်းရှီကတော့ ဒီ အချိန်လေး အတွင်းမှာ အများကြီး လုပ်ပြီး သွားခဲ့ပြီ။ ဥပမာ အသားကင် စားပြီးသွားပြီ။ ရေသန့် နှစ်ဗူး သောက်ပြီးပြီ။ နောက်ပြီးတော့ နန်ကုန်းဟောင်နဲ့ သူ့ ရဲ့ အလောင်းအစားအကြောင်းလည်း ကြေညာပြီးပြီ။ ဒါပေမယ့် သူ့ အကြည့်က ဝူဖုန်း၊ ချန်းဖေးယွီ နဲ့ တခြားသော စစ်မြေပြင်က လူတွေကို မခွာခဲ့ဘူး။ ဝိုင်သယ်လာတဲ့ လူတွေကို ကြည့်နေ တာတောင် ။ ဝူဖုန်းနဲ့ တခြားသူတွေကိုလည်း သတိလက်လွှတ် မဖြစ်စေရဘူး။ နောက်ပြီးတော့ အခုချိန်မှာ…။ သူ စားလို့သောက်လို့လည်း ပြီးပြီ။ လှုပ်၇ှားဖို့ အချိန်တန် လေပြီ။

“ တန်ရှီရှန်း” ဒီ အချိန်မှာ ဖန်ကျန်းရှီ စကားပြောပြီ။

“၇ှိ” မီးပုံနားက တန်ရှီရှန်း ထရပ်တယ်။

“ စစ်သူကြီးလီ၊ စစ်သူကြီး ချန် ၊ စစ်သူကြီး ဝမ်၊ …”

“ ရှိ”

“ရှိ”

“ ….”

ဖန်ကျန်းရှီရဲ့ စကားကို ကြားတော့ စစ်သူကြီး တွေ ချက်ခြင်း ထလာတယ်။ ဖန်ကျန်းရှီ ဘာ လုပ်ချင်နေမှန်း သူတို့ မသိဘူး ။ ဒါပေမယ့် အရိပ်အယောင်လေး တော့ သိရတယ်။ အချိန်ကျပြီ။

“ လှံ။ လေး နဲ့မြားတွေကို ပြင်လိုက်ကြ” ဖန်ကျန်းရှီက တခြားသူတွေကို မရှင်းပြတော့ဘူး။ တိုက်ရိုက် အမိန့်ချလိုက်တယ်။

“ အမိန့်တော် အတိုင်းပါ။”

တန်၇ှီရှန်း နဲ့ တခြားစစ်သူကြီးတွေ ဒီတစ်ခေါက်လည်း နားမလည်ကြပြန်ဘူး။ ဖန်ကျန်းရှီ ဘာ လုပ်ချင် နေပြန်ပြီလဲ။ လှံတွေ လေးနဲ့ မြားတွေ ပြင်ခိုင်းတာ ကြားပြန်တော့ သူတို့ ရဲ့ ရင်ထဲ တစ်မျိုး ဖြစ်သွားတယ်။

“ ငွေဂျို ဝံပုလေ ွ တွေ။ ငါ့လက်ထဲက အလံကိုကြည့်။ အလံ ညွှန်ပြတဲ့ေ နရာကို လှံတွေ ပြစ်။ တစ်ကြိမ်မှာ လှံ ဆယ်ချောင်းစီ ပြစ်။” ဖန်ကျန်းရှီက ပြောတယ်။ သူ့ လက်ထဲမှာတော့ လှံ အသေးလေး တစ်လက်။

“ နားလည်ပါပြီ။”

“ လေးသမားတွေက မြှားကို လှံ နဲ့ တညီတည်းပြစ် ။ လမ်းကြောင်း သွေဖယ်လို့ မရဘူး။ လုပ်နိုင် ကြရဲ့လား။”

“ လုပ်နိုင်ပါတယ်။”

“ ကောင်းပြီ… ။ စကြရအောင်။” အမိန့်ချပြီးနောက်။ ဖန်ကျန်းရှီ ရဲ့ မျက်လုံးထဲမှာ ခပ်ဖျော့ဖျော့ အလင်းတန်းတွေ တောက်ပ လာတယ်။ နောက်ဆုံးတော့လည်း ဒါက သူကိုယ်တိုင် အမိန့်ပေးရတဲ့ ပထမဆုံး စစ်ပွဲပဲ။

ဒီ အမိန့်တွေက ကလေးဆန်ကောင်း ဆန်နိုင်တယ်။ နောက်ပြီးတော့ စစ်တပ်ကြီးရဲ့ အဓိက အမိန့်ပေးသူ ဆီက လာတတ်တဲ့ အမိန့်မျိုးလည်း မဟုတ်ဘူး။ ငါညွှန်ပြ တဲ့ နေရာကို ပြစ် ။ ဒါပေမယ့် ….. ဘယ်လို စစ်သည်မဆို သူ့ အမိန့်ကို နားလည် နိုင်တယ်။ ဖန်ကျန်းရှီက စစ်သည်တော်တွေ စကားလုံး လှလှ သုံးတာကို အာရုံ စိုက်မနေတော့ဘူး။ သူ ဂရုစိုက်တာက သူ့ အမိန့်ကို တန်ရှီရှန်း နဲ့ တခြား သူတွေ နားလည် မလည်ပဲ။

“ ဝူးးး”

စစ်သည်လေးသောင်း ထဲက လေးသည်တော်တွေ ရှေ့ကို ထွက်လာကြတယ်။ တခြား တစ်ဖက်မှာတော့ ငွေဂျို ဝံပုလေ ငါးရာ က ဆယ်ယောက်စီ အတန်းလိုက် စီတယ်။ ဖန်ကျန်းရှီ နဲ့ စစ်သူကြီး တွေ နောက်မှာ ရပ်တယ်။ လက်ထဲက လှံနက်ကြီးတွေကို မြှောက်ကိုင်ထားတယ်။ သူတို့ မျက်လုံး ထဲမှာတော့ အေးစက်စက် အလင်းတန်းတွေ တောက်ပ နေတယေ်။

ဖန်ကျန်းရှီ ဘက်က ပြောင်းလဲ မှုကို ဝူဖုန်း နဲ့ ချန်းဖေးယွီသ တိ ပြုမိသွားတယ်။

သူတို့ အားလုံး စိတ်ရှုပ်ထွေးလာတယ်။ ဖန်ကျန်းရှီ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ လှံတွေ ကော လေးမြားတွေကော။ ဒီကောင် ဘာတွေ တွေးနေတာလဲ။ သူတို့နဲ့ စစ်သည်တော် တစ်ထောင် ကို အသေသတ်မလို့လား။ တကယ်ပဲ ဒီလို လုပ်မလို့လား။

“ဖန်ကျန်းရှီ …. ငါသေရင် မင်းကို အလွှတ်မပေးဘူး။”

မြောက်ရွာမှာ ဖန်ကျန်းရှီ လူသတ် ခဲ့တဲ့ အကြောင်း။ ချန်းဖေးယွီနဲ့ ဝူဖုန်းလည်း ကောင်းကောင်း သိတယ်။ ဒါပေမယ့် ဒီလို နေရာမှာ ဖန်ကျန်းရှီ ထပ်လုပ်ဝံ့မယ်လို့တော့ မထင်ဘူး။ တိုက်ခိုက်ရေးစာမေးပွဲက စစ်တပ် အတွက် လေ့ကျင့် မှုတစ်ခုပဲ။

ကြီးမြတ်သော ရှ မင်းဆက်မှာ စည်းမျဉ်း တစ်ခု အမြဲ တမ်းရှိတယ်။ သွေးကို မမြင်ဖူးတဲ့ စစ်သည် တော်က စစ်သည်တော်ကောင်းတစ်ယောက် မဟုတ်ဘူး။ ဒါကြောင့် သေခြင်း နဲ့ ဒဏ်ရာတွေက တိုက်ခိုက်ရေး စာမေးပွဲမှာ အရေးကြီးတယ်။

ဒါပေမယ့် သေချင်း နဲ့ ဒဏ်ရာတွေက တစ်ခုတည်းသာ ဖြစ်တာ။ မြှားမိုးရွာချပြီး အစုလိုက် အပုံလိုက် လူသတ်တာကတော့ လွန်လွန်းအားကြီးတယ်။ ဖန်ကျန်းရှီ ကတော့ ဝူဖုန်း နဲ့ ချန်းဖေးယွီ ရဲ့ အတွေးကို ဂရု မစိုက်ပါဘူး။ တကယ်တမ်းတော့ သူ့ စိတ်ထဲ ရှိကို မရှိတာ။ သူ့လက်ထဲက အလံ နောက်ဆုံးတော့ ရွေ့လျား ခဲ့ပြီ။

“ ဒီမှာ။ အရှေ့တောင် ဘက်က နေ ကိုးဆယ့် ငါးလှမ်း အကွာက နေရာ။” ဖန်ကျန်းရှီ ခန့်မှန်းရင်း နဲ့ အတိအကျ ပြောတယ်။ ရှေးဟောင်း ဆိုရိုးစကား တစ်ခု ရှိတယ်။ ခြေလှမ်း တစ်ရာက ဘယ်အရာကို မဆို ဖြတ်ကျော် နိုင်တယ်။ ဒါကြောင့် ခြေလှမ်း တစ်ရာ အတွင်းမှာ မြှားတွေက ပြစ်မှတ်ကို လုံး၀ မလွဲဘူး။

သူ့ အရင်လောကမှာ လွီပုလို့ ခေါ်တဲ့ စစ်သူကြီး တစ်ယောက်ရှိတယ်။ တစ်ရာ့ငါးလှမ်း အကွာမှာ ရှိတဲ့ ပြစ်မှတ်သေးသေးလေးကိုတောင် ထိအောင်ပြစ်နိုင်တယ်။ လေးစားစရာပဲ။

ဒီလောကမှာ အင်အား သတ်မှတ် ချက်တွေက။ သူ့ အရင်လောက နဲ့ တခြား စီပဲ။ ခြေလှမ်းတစ်ရာ မပြော နဲ့ ခြေလှမ်း တစ်ရာ့ငါးဆယ်တောင် အေးဆေး ထိနိုင်တယ်။ ဖန်ကျန်းရှီ သိပ်တော့ မသေချာဘူး။ ဒါပေမယ့် စိတ်ချ ရအောင် ကိုးဆယ့်ငါးလှမ်းကို သူရွေး လိုက်တယ်။

“ ဝူး .. ဝူးး။။ ဝူူးးး”

ဖန်ကျန်းရှီ ရဲ့ အမိန့် ပေးသံ ထွက်လာတာ နဲ့။ အနက်ရောင် လှံတံရှည်ကြီး တွေက သူ့ကို ကျော်ဖြတ်သွားတယ်။ လှပတဲ့ စက်ဝန်းကြီး တစ်ခု ဖြစ်ပေါ်လာတယ်။ နောက်ဆုံးတော့

“ ဒင် ဒင် ဒင်”

လှံတစ်ခု ချင်းစီ က မြေကြီးထဲကို စိုက်ဝင်တယ်။ ငါးမီတာကျယ်တဲ့ စက်ဝိုင်းကြီး တစ်ခု ဖြစ်ပေါ် လာခဲ့ပြီ။

ဖန်ကျန်းရှီက ငွေဂျိုဝံပုလွေ တပ်ဖွဲ့ရဲ့ လှံ အစွမ်းကို မြင်ဖူးခဲ့ပြီးပြီ။ အဲ့ဒီ့အချိန် တုန်းက ငွေဂျိုဝံပုလွေ တွေရဲ့ အလယ်မှာ သူပိတ်မိနေတာ ။ အခုတော့ နောက်တစ်ကြိမ်မှာ သူ ထပ်တွေ့ရပြန်ပြီ။ ခံစားချက်က လုံးဝကို ကွာခြားတယ်။ အနက်ရောင်လှံတွေက မြေပြင်ပေါ်မှာ စိုက်ဝင်နေပြီ။

တစ်ချိန် တည်းမှာပဲ အဖြူရောင်ငှက်မွေး မြှားတွေ ကောင်းကင်မှာ ပြည့်သွားတယ်။ မိုးစက်တွေလို တဖွဲဖွဲ ကျဆင်းလာတယ်။ မြှားအစင်း တစ်ရာ နီးပါးက နှင်းစက်တွေလို ကျရောက်တယ်။

“ ဝူးးး . ဝူးးး … ဝူးးး”

ဒီ လှုပ်၇ှားမှုက စစ်သည်တော် တစ်ထောင်ကို အကြီးအကျယ် ကြောက်ရွံ့ စေတယ်။

ဖန်ကျန်းရှီ က သူ့စစ်တပ်ကို ဦးဆောင် လာတာ မြင်တယ်။ သူတို့ သိပ်ပြီး အာရုံ မစိုက်ကြပါဘူး ။ ဖန်ကျန်းရှီက သူ့ နေရာမှာ မလှုပ်ရှားပဲ ရပ်နေတာ။ ဘေးမှာ အသားကင်ကို ဆက်ကင်နေတယ်။ ဒါက သူတို့ ရဲ့ စောင့်ထိန်းမှုကို လျော့ကျ စေတယ်။

ဒါပေမယ့် ရုတ်တရက် ပြောင်းလဲမှုက သူတို့ကို လှုပ်၇ှားစေတယ်။ နောက်ဆုံးတော့လည်း ဒါက စစ်သည် လေးသောင်းကျော်တောင် ပါနေတဲ့ စစ်တပ်ကြီး တစ်ခုပဲဆို။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းတဲ့ အင်အားကြီး တစ်ခုပဲ။

ရုတ်တရက် အဖြူရောင် ငှက်တောင် တပ်ထားတဲ့ မြှားမိုးတွေ ရွာကျလာတယ်။ အနက်ရောင် လှံတွေ ကိုင်ထားတဲ့ စစ်သည်တော် တစ်ချို့ နောက်ကို ခုန်ဆုတ်သွားတယ်။ အနက်ရောင် စက်ဝိုင်းကြီးက ပုံမှန်ထက် နှစ်ဆ ကျယ်ပြန့်သွားခဲ့တယ်။

တစ်ချိန်တည်းမှာပဲ စက်ဝိုင်းကြီး အနားမှာ ရပ်နေတဲ့ စစ်သည်တော်တွေ ကိုယ်ပေါ်ကို ဖိအားတွေ သက်ရောက်လာပြီ။ ဒီ ဖိအားက အနက်ရောင် လှံတံ နဲ့ အဖြူရောင် မြှားတွေ ဆီက လာတာ မဟုတ်ဘူး။ အဲ့ဒီ့အစား ပတ်ဝန်းကျင်က စစ်သည်တော်တွေ ဆီက လာတာ ။

အပိုင်း (၃၆၂) ပြီး၏။

အပိုင်း (၃၆၃) အပိုဒ် (၁)

“မင်း ရူးနေပြီလား။”

ထိတ်လန့်မှု တွေက စစ်သည်တော် တွေရဲ့ မျက်နှာမှာ ပေါ်လာတယ်။ သူတို့ ပတ်လည်မှာ ဖိအားတွေ အရမ်းများနေပြီ။ တကယ်တမ်းတော့ ဒီ အတွေးအခေါ် က ရိုးရှင်းတယ်။ ဘာကြောင့် လဲ ဆိုတော့ ကောင်းကင်ကနေ သံချောင်းကြီးတွေ က ရုတ်တရက် ကျလာတာ။ စစ်နည်းဗျူဟာက သေသေသပ်သပ် နီးနီးကပ်ကပ်ချထားတာ ။ သံချောင်းတွေကို လွှတ်အောင် ခုန်ရှောင် လိုက်ရင် ဗျူဟာ ပျက်ပြားသွားလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ လှံတံတွေရဲ့ ပတ်ဝန်းကျင်မှာ နေရာလွတ်ကြီးတစ်ခု ဖြစ်ပေါ်လာတယ်။ ဒီ နေရာလွတ်ကြီးက အားတွေကို အပြင်ထွက်စေတယ်။

စစ်မှန်ပြီး ပြီးပြည့်စုံတဲ့ စစ်ဗျူဟာ ဆိုတာ သေချာလေ့ကျင့်ထားတဲ့ စစ်သည်တော်တွေ လိုအပ်တယ်။ အချိန်နဲ့ တပြေးညီ အမိန့်ချနိုင်မယ့် ခေါင်းဆောင်ကောင်း တစ်ယောက်လည်း လိုအပ်တယ်။ ဒါပေါ့။ နန်ကုန်းဟောင် စီစဉ်ထားတဲ့ နည်းဗျူဟာက ပြိုင်ဘက်ကင်းတယ်။ ဒါကြောင့် ဒီလို ကိစ္စ ဖြစ်လာ တော့။ စစ်သူကြီး တစ်ယောက်က ချက်ခြင်း သူ့ အလံကို ဝေ့ယမ်းပြီး အမိန့်ထုတ်တယ်။ ဖရိုဖရဲ ဖြစ်နေတဲ့ စစ်တပ်တွေ ချက်ခြင်း နေရာ ပြောင်းလဲ တယ်။

ဒါပေမယ့်။ ဒီလို အပြောင်းအလဲက သိပ် ပြီး အသုံး မဝင်ခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ အနက်ရောင် လှံ ဆယ်ချောင်းက နောက်ထပ် ကျရောက်လာတာကြောင့်ပဲ။ အင်အားပြင်းထန်တဲ့ သံချောင်းကြီးတွေက ဗျူဟာကို ဖျက်စီး ပြန်တယ်။ ဒီ အချိန်မှာပဲ ငှက်မွှေးတပ် မြားတံတွေ ထပ် ပြီး ကျဆင်းတယ်။ နောက်ထပ် စက်ဝိုင်းကြီး တစ်ခု ထပ်ပေါ်လာပြီ။ အရင်တစ်ခေါက်က စက်ဝိုင်းကြီးထက် နှစ်ဆ ပိုကြီးမှားတယ်။ ကြည့်ရတာ ဆူးတွေနဲ့ ပြည့်နေတဲ့ ချုံပုတ်ကြီးတစ်ခုလိုပဲ။

နောက်ထပ် စစ်သူကြီးတစ်ယောက် ရှေ့ထွက်လာပြီ။ သူ့ အလံကို ဝေ့ယမ်းတယ် ။ နောက်ထပ် အမိန့်ကို ပေးဖို့ ပြင်တယ်။ ဒါပေမယ့် သူ့ လက်ထဲက အလံတောင် ယမ်းလို့ မဆုံးလိုက်ဘူး။ နောက်ထပ် လှံကြီးတွေ ကောင်းကင်ကနေ ထပ်ကျ လာပြန်တယ်။ နောက်ပြီးတော့ဒါက အဆုံးသတ် မဟုတ်ဘူး။ လေးခါ။ ငါးခါ။ ခြောက်ခါ….. ။

တစ်ခေါက်ပြိးတစ်ခေါက်။ နယ်မြေကြီးတစ်ခုလုံးက လှံတွေ မြားတွေနဲ့ ပြည့်သွားတယ်။ အစီအစဉ် တကျနဲ့ အသေးစိတ်နေတဲ့ စစ်ဗျုဟာကြီးမှာ အပေါက်တွေ ပြည့်နေပြီ။ စစ်သူကြီး လည်း ချွေးဒီးဒီ ကျနေပြီ။ လက်ထဲက အလံကို အံကြိတ်ရင်း ဝေ့ယမ်းပြီး အမိန့်ပေးနေဆဲ။

ဖန်ကျန်းရှီရဲ့ လှုပ်ရှားမှုကြောင့် သူတို့ ခေါင်းကိုက်ရတယ်။ ဒါပေမယ့် နန်ကုန်းဟောင် စီစဉ် ထားတဲ့ စစ်ဗျုဟာကို သူတို့ ယုံကြည် နေဆဲပဲ။ ရှစ်ထေ ာင့် သဏ္ဍာန်က ဘာမဟုတ်တဲ့ သံချောင်းကြီး တွေကို ရှုံးနိမ့်မှာလား။ မဖြစ်နိုင်တာပဲ။ ဒါကြောင့် ပစ်ခတ်ဖို့ အမိန့်ပေးနေတဲ့ ဖန်ကျန်းရှီကို လှောင်ရယ်တဲ့ အကြည့်နဲ့ ကြည့်တယ်။ အကယ်၍ လေးမြှားလေး နည်းနည်း လောက်နဲ့ ဒီ ဗျူဟာ ပျက်သွားရင်။ ဒါက သိပ်ကို မတန်မရာ ဖြစ်မနေ ဘူးလား ။

ဒါပေမယ့် သူတို့ လှောင်ရယ်မှုက ကြာကြာ မခံပါဘူး။ တစ်ခုလွဲနေတာကို ချက်ခြင်း သတိ ထားမိလိုက်တယ်။ ရှစ်ထောင့် သဏ္ဍာန်မှာ တံခါး ရှစ်ချပ် ပါတယ်။ တံခါး ရှစ်ချပ်က အမြဲ ပြောင်း လဲတယ်။ ဒါက အဓိက အင်အားပဲ။ ဒါပေမယ့် တံခါးရှစ်ချပ်ရဲ့ ပြောင်းလဲမှုက ထူးခြားနေပြီ။ သူတို့ ဘယ်လို လမ်းကြောင်း ပြောင်းပါစေ။ သံချောင်းကြီးတွေကို မရှောင် နိုင်ဘူး။ ဒါက သွားတဲ့ လမ်းတလျှောက်လုံးမှာ ထောင်ချောက်တွေ ပြည့်နေတာ နဲ့ အတူတူပဲ။ ဒါပေမယ့် ရှစ်ထောင့် သဏ္ဍာန်က သူ့ လမ်းကြောင်းကို ပြောင်းလဲဖို့ လုပ်နိုင်လား။ လုပ်နိုင်တာပေါ့။ ဒါပေမယ့် စစ်သူကြီးတွေကတော့ မလုပ်နိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ နန်ကုန်းဟောင်က သူတို့ကို သင်မပေးခဲ့ဘူးလေ။ ဒါကြောင့် သူတို့လည်း မပြောင်းတတ်ဘူး။

ဒီလိုနဲ့ပဲ ရှစ်ထောင့်သဏ္ဍာန်က ဆက်ပြီး မပြောင်းတော့။ ရှုံးနိမ့်ဖို့ရာ နီးကပ်လာတော့တယ်။ ဒါက အရင် နဲ့ မတူတော့ဘူး ရှစ်ထောင့် သဏ္ဍာန်က ကျောင်းတော်သား တွေကို မဖိနှပ်နိုင်တော့။ ရှင်းရှင်း ပြောရရင်။ ရှစ်ထောင့် သဏ္ဍာန်သာ အဆက်မပြတ် လှုပ်ရှား ပြောင်း လဲ နေရင် ဝူဖုန်းကို တိုက်ခိုက်ဖို့ တစ်ချီမှာ စစ်သည် ငါးဆယ်ဆီရှိမယ်။ တစ်ချီ တိုက်ပြီးရင် သူတို့ နောက်လှည့်ပြီး ခဏ အနားယူမယ်။ အဲ့ဒီ့နောက် ချန်းဖေးယွီကို သွားတိုက်ခိုက်မယ်။ တိုက်ခိုက်ပြီးရင် နောက်ထပ် အနားယူကြမယ်။ ဒါပေမယ့် အခုတော့…။ စစ်သည်တော် ငါးဆယ်က ဝူဖုန်း နဲ့ အဆက်မပြတ် တိုက်ခိုက်နေရတယ်။ လူပြောင်းဖို့ သူတို့မှာ အခွင့်အရေးမရှိဘူး။

စစ်သည်တော် ငါးဆယ်က ဝူဖုန်းကို တောင့်ခံ နိုင်လား??? ဒါပေါ့။ တောင့်ခံ နိုင်ပါတယ်။ အချိန်အကြာကြီးတော့ ဘယ်ရမလဲ။

“ ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။”

အလံကိုင် စစ်သူကြီးတွေက တစ်ယောက်ကို တစ်ယောက်ကြည့်နေတယ်။ သံသယမျက်ဝန်း တွေ က မယုံကြည်နိုင်မှု အပြည့်နဲ့။ ဘာကြောင့်လဲ ဆိုတော့ ဒီလို ရလဒ် ရလာဖို့ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်။ ဒါကတော့ ဖန်ကျန်းရှီက နန်ကုန်းဟောင် ရဲ့ ရှစ်ထောင့်သဏ္ဍာန်ကို ထွင်းဖောက် မြင်သွားပြီ။ နောက်ပြီးတော့ စွမ်းရည် အပြည့် နဲ့ (သံချောင်းကြီး) တွေကို အစီအစဉ် တကျ ပြစ်ချတယ်။ ဖန်ကျန်းရှီ နောက်က စစ်သူကြီး တွေ အလွန် အမင်းကို အံ့အားသင့် နေတယ်။

ဖန်ကျန်းရှီက သူတို့ကို လေးနဲ့မြားတွေ ပြစ်ဖို့ ပြောခဲ့တယ်။ ခိုင်းတဲ့ အတိုင်း လုပ်ခဲ့ကြပေမယ့်။ သူတို့ စိတ်ထဲမှာတော့ မယုံကြည် ။ ဒါပေမယ့် မျက်စိရှေ့က ရှစ်ထောင့်သဏ္ဍာန် နည်းဗျူဟာ ကြီးက လုံးဝကို ပျက်ပြားသွားပြီ။ ဆက်ပြီး မရွေ့လျားတော့ဘူး။ သူတို့ တကယ့်ကို လန့်နေတယ်။

“ သူ ပြစ်ခိုင်းတဲ့ နေရာတွေက တစ်ခုခုတော့ ထူးဆန်းနေတယ်။”

“ ဒါက စစ်ဗျုဟာ ရဲ့ အချက်အချာတွေပဲ။ ဖန်ကျန်းရှီ ငါတို့ကို ပြစ်ခိုင်းတာက ပြောင်းလဲတဲ့ နေရာတွေ ချည်းပဲ။”

“ မှန်တယ်။ စီးဆင်းမှုကို ရပ်တန့်ဖို့ လှံတွေ မြားတွေ နဲ့ အပေါက်ဖောက် လိုက်တာ။ ဒါကြောင့်ပဲသူတို့ ဆက်လှုပ်ရှားဖို့ အချိန် မရှိနိုင်တော့တာ။”

“ သူတို့ လှုပ်ရှားနိုင်ရင်တောင် ပြဿနာ မဟုတ်ဘူး။ ငါတို့ ပြစ်တာ ထက် မြန်အောင် သူတို့ မရွေ့ နိုင်သေးပါဘူး။ ”

“ သူ ဘယ်လိုများ လုပ်နိုင်တာလဲ။”

စစ်သူကြီး တွေ တယောက်တပေါက် ပြောနေကြတယ်။ ဖန်ကျန်းရှီကို ကြည့်ရင်း သူတို့လည်း လန့် နေပြီ။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီက ပြစ်ချင်တဲ့ နေရာ ပြစ်နေတာ မဟုတ်ဘူး။ မဟုတ်ဘူး။ သူ့မှာ အစီအစဉ်ရှိတယ်။ ရည်ရွယ်ချက် နဲ့ ပြစ်နေတာ။ သူ ပြစ်တဲ့ နေရာတိုင်းက စစ်ဗျုဟာ ရဲ့ အပြောင်းအလဲ နေရာတွေပဲ။

“ပြစ်”

ဖန်ကျန်းရှီက သူ့နောက်မှာ ပြောနေတဲ့ စစ်သူကြီး တွေရဲ့ စကားကို အာရုံတောင် မစိုက်ဘူး။ အဲ့ဒီ့အစား ရှေ့ကိုပဲ အမိန့်ဆက်ပေးနေတယ်။ နောက်မှာရှိနေတဲ့ ငှက်ကြီး သဏ္ဍာန်ကို ဖြည်းဖြည်းချင်း ကြည့်တယ်။ ခုခံမှုကို ပထမ အဆင့်မှာတင် ဖျက်စီးလိုက်ပြီ။ ဒုတိယ အဆင့်ကတော့ တိုက်ခိုက်မှုကို ဖျက်စီးဖို့ပဲ။ တိုက်ခိုက်ဖို့ အင်အား မရှိတော့ရင် ထိခိုက်မှုလည်း မရှိနိုင်တော့ဘူး။ ဒါကြောင့် ပြဿနာလည်း မဖြစ်နိုင်တော့။ ဖန်ကျန်းရှီက အမိန့်တွေ ဆက်တိုက်ပေးနေတယ်။ လှံ နက်တွေ ငှက်မွှေးတပ် မြားတွေ အဆက်မပြတ် ပြစ်နေတယ်။

အသက်သွေးကြောနေရာတွေမှာ သံတိုင် အနက်တွေ အပြည့်စိုက်နေပြီ။ ဒီ အကျိုးရလဒ် တွေကို အထိရောက်ဆုံး ခံစား ရသူတွေ ကတော့။ ဝူဖုန်း ချန်းဖေးယွီ နဲ့ တခြား ကျော်ငးတော်သား တွေ့ပဲ ။ အစတုန်းက ဒီ စစ်သည်တော် အုပ်စုကို အေးအေးဆေးဆေး နိုင်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် နန်ကုန်းဟောင် ရဲ့ စစ်ဗျူဟာ အောက်မှာ ကျရှုံးခဲ့ရတယ်။ လက်ခုပ်ထဲက ရေလို သွန်လိုသွန် မှောက်လိုမှောက် ဖြစ်ခဲ့ရတယ်။ နောက်ပြီးတော့ သူတို့ အနိုင်ကျင့် ခံ ပြီး အရှက် ရ နေရတာက ဖန်ကျန်းရှီ ရဲ့ ရှေ့မှာ။ တော်တော်လေးကို စိတ်ပျက် အားလျော့ စရာပဲ။ ဒီ ခံစားချက်က သူတို့ စိတ်ထဲမှာ ထပ်ခါ ထပ်ခါ ပေါ်နေတယ်။ ဒါပေမယ့်လည်း ဘာတစ်ခုမှ သူတို့ မလုပ်နိုင်ဘူး။

ပတ်ဝန်းကျင်က စစ်သည်တော် တွေက အနားမရ ရအောင် သူတို့ တိုက်ခိုက်နေတယ်။ မင်း ရဲ့ ဓားက မင်းရှေ့က လူ နှဏ်ယောက်ကို ဖြတ်တောက် နိုင်လိုက်ပြီလို့ ထင်ရင်။ မင်းရှေ့မှာ တကယ်တမ်း ဘယ်သူမှ ရှိမနေဘူး။ ဒါမှ မဟုတ်။ ဆယ်ယောက်ကျော်တဲ့ လူတွေက ရုတ်တရက် ပေါ်လာမယ်။ ဒီ နည်းဗျုဟာက တကယ့်ကို ထူးခြားလွန်းတယ်။ ဒါကိုသူတို့လည်း ်ကောင်းကောင်း သိပါတယ်။ ဒါပေမယ့် ဒီ ဗျုဟာ ထဲမှာ ရောက်နေတာ့ ဘယ်လိုမှ အနိုင် မတိုက်နိုင်ဘူး။ သေခြင်း နဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ဘယ်လိုများ ရှင်သန်ဖို့ အားထုတ် နိုင်မှာလဲ။ ဒါပေမယ့် ဒီ အချိန်မှာပဲ ခံစားချက်က ပြောင်းလဲ သါားတယ်။

ဒါက ပျော်ရွှင် ကောင်းမွန်တဲ့ ဘ၀ တစ်ခုကနေ လာတဲ့ နှစ်သက်ဖွယ် လွတ်လပ်မှု တစ်ခုလိုပဲ။ သူတို့ ဘေးက စစ်သည်တော်တွေ မပြောင်းလဲ တော့ဘူး။ တွေေ၀ တဲ့ အကြည့်တွေနဲ့ သူတို့ကို ကြည့်နေတယ်။ သူတို့ရဲ့ တက်ကြွမှုတွေ စီးဆင်းမှုတွေလည်း ရပ်တန့်သွားခဲ့ပြီ။ အဲ့ဒီ့အစား တွေေ၀ ငေးငိုင်မှုတွေသာ ရှိနေတော့တယ်။

တက်ကြွနေတဲ့ ယုန်တကောင်ကို ဖမ်း ဖို့က တော့ အတော်ခက်တယ်။ ဒါပေမယ့် ကြောက်ရွံ့နေတဲ့ သိုးငယ်လေးတွေကို ရင်ဆိုင် ဖို့ ကတော့ လွယ်လွန်းသွားပြီ။ ဒါကြောင့် သူတို့ စတင်တယ်။ လက်တွေကို တစ်ချက် ယမ်းလိုက်ရင် ဓားသွားတွေ မြေပြင်ပေါ်ကို ကျတယ် ။

“ အားးး

“ အားး အားးး အ”

“ အား ”

“ ခရက်”

သွေးသံရဲရဲ ။ ငယ်သံပါအောင် အော်တဲ့ အသံတွေ။ လက်နက်ချင်း ထိခတ်သံတွေ ပေးလာတယ်။ နောက်ပြီးတော့ အချိန်တွေ ကုန်လာလေလေ။ အသံ တွေက ပိုပြီး စိပ်လာလေပဲ။ အဆုံးသတ်မှာတော့ ကွင်းပြင်ကျယ်ကြီး တစ်ခု ပေါ်လာတယ်။ ဒီ ကွင်းပြင်ကျယ်ကြီးကို ကျောင်းတော်သား တွေ ဝန်းရံ ထားတယ်။ အစတုန်းကတော့ ဒီ နေရာတွေက စစ်သည်တော် တွေ ပြည့်နှက် နေတာ။ အခုတော့ တစ်ယောက်ချင်းစီ ရှင်းလင်း ကုန်ပြီ။ ကောင်းကင်ရောင်ပြန် အထွဋ် အထိပ် အဆင့်ကို ရောက်နေတဲ့ ကျောင်းတော်သားတွေ နဲ့ ရင်ဆိုင်ဖို့က တကယ့်ကို ခက်ခဲတယ်လေ။ စစ်သည်တော်တွေ ဆုတ်ခွာကုန်ပြီ။ ကျောင်းတော်သားတွေ ကတော့ မရပ်တန့်။

သူတို့ ရင်ထဲ ဒေါသမီးတွေ လောင်မြိုက်နေတယ်။ ခွင့်လွှတ်ပေးဖို့ သူတို့ စိတ်ကူးထဲမှာ မရှိတော့ဘူး။ အခုလို သူတို့ လှုပ်ရှားဖို့ အခွင့်အရေးရတာ ဖန်ကျန်းရှီ ကြောင့် မှန်း သူတို့ သိတယ်။ ဒါပေမယ့် ဘာဖြစ်လဲ။

အပိုင်း (၃၆၃) အပိုဒ်(၁) ပြီး၏။

အပိုင်း (၃၆၃) အပိုဒ် (၂)

“ မင်းရူးနေပြီလား။”

Translator: Sparrow Translations  Editor: Sparrow Translation

တခြားသူတွေ ဖိနှိပ် တိုက်ခိုက်တာကို အချိန် အကြာကြီး ခံရပြီးတဲ့နောက်။ နောက်ဆုံးမှာ သူတို့ ပြန်လည် ရပ်တည် နိုင်ခဲ့ကြတယ်။ သူတို့ ခံခဲ့ရတာ အတွက် လက်စားချေဖို့ ကတော့ မဖြစ် မနေ လုပ်မှာပဲ။ မောက်မာမှုက ဒီ ကျောင်းတော်သား တွေ ရဲ့ အခြေခံ သဘာ၀ တစ်ခု ပဲ။ သူတို့ တွေ က အမြဲတမ်း ထိပ်ဆုံးမှာပဲ နေနေကြတာ။ နောက်ပြီးတော့ ထိပ်ဆုံးမှာ နေရတာကို ကျင့်သား ရနေပြီ။

စစ်သည်တွေကို သေလောက်တဲ့ အထိတော့ မရိုက်နှက်ကြပါဘူး။ ဒါပေမယ့် ဟိုနား သည်နားက အရိုးတွေတော့ ကျိုးကုန်တယ်။ ကံမကောင်းတဲ့ တစ်ချို့ တစ်လေ ဆိုရင် ဒဏ်ရာပြင်းပြင်းထန်ထန် ရပြီး မြေပြင်ပေါ်ကို လဲကျ ကုန်တယ်။

ချန်းဖေးယွီက ဒီလူ တွေ အားလုံးထဲမှာ အချိန်အကြာဆုံး တောင့်ခံ နိုင်တဲ့သူပဲ။ သဘာဝလွန် အဆင့် ကို သူ ခက်ခက်ခဲခဲ ရောက်ခဲ့တယ်။ အစတုန်းက သူတွေးခဲ့တာ ပျော်ရွှင်မှုတွေ ဂုဏ်ရည် တွေ ပြည့်နှက်နေမယ်လို့။ ဒါပေမယ့် ဖန်ကျန်းရှီ နဲ့ တွေ့ခဲ့ရတယ်။ အခုတော့ သူ့ဘဝက ကန်ထုတ် ခံရရုံတင် မကဘူး။ နန်ကုန်းဟောင်ရဲ့ ရှစ်ထောင့် သဏ္ဍာန် စစ်ဗျုဟာထဲမှာ ပိတ်မိနေတယ်။

ဒီလို အရှက်ရဖွယ် မျိုးကို သွေးနဲ့ပဲ ဆေးကြောနိုင်မယ်။ ခုနှစ်လက်မ ၇ှည်တဲ့ ဓားကြီးက မရေမတွက်နိုင်တဲ့ ခန္ဒာကိုယ်တွေကို ဖြတ်သန်းတယ်။ အပြာဖျော့ဖျော့ အလင်း တန်း ထဲမှာ သွေးတွေ စွန်းထင်း နေတဲ့ ကျောက်စိမ်းရောင် အလင်းတန်း ရှိနေတယ်။ ဒီ အချိန်မှာပဲ မြှား လေ တိုးသံတွေ ချက်ခြင်း ပေါ်ထွက်လာတယ်။

မြားလေတိုးသံ တွေ ထွက်မလာခင် ။ တခြားသော မြားသံတွေ အများကြီးကို ကြားခဲ့ရတယ်။ သူ့ စိတ်အာရုံက ဒီ အသံတွေ ဖမ်းစားတာကို ခံလိုက်ရတယ်။ လေတိုးသံတွေက ကျယ်သထက် ကျယ်လာတယ်။ သူ့ ခေါင်းကို မော့ကြည့်လိုက်တော့။ ချန်းဖေးယွီ မျက်လုံးတွေ တောက်ပလာတယ်။

ဘာောကာင့်လဲ ဆိုတော့ အဲ့ဒီ့ အစိမ်း ရောင် တောက်ပနေတဲ့ မြားက သူ့ ဆီ ဦးတည် နေတာ။ လျှပ်စီး လို အရှိန် နဲ့ သူ့ ရင်ဘတ်ဆီကို ဦးတည်လာနေတယ်။

“ ဓားသိန်းသန်းချီ ပုံရိပ်လွှာ …” နတ်ဆိုး ကျောင်းတော်ရဲ့ ပညာရပ်ကို သူကောင်းကောင်း သိတာပေါ့ ။ ဒီမြားကို ဘယ်သူ ပြစ်မှန်း ပိုပြီးတော့တောင် သေချာသိသေးတယ်။

မြင်းပြိုင်ပွဲမှာ တုန်းက ။ ဖန်ကျန်းရှီက ဒီ လေး အတတ် ကိုသုံးပြီး နိုးထ နဂါ း နံပါတ် ၇ နဲ့ ၈ ကို အနိုင်ယူသွားတာ။ ရှန်းထျန်းရင် နဲ့ တန်ကျုံးမင် တို့ နှစ်ယောက် စလုံး ဒဏ်ရာ အပြင်းအထန် ရပြီး ရှုံးနိမ့်သွာတးယ်။ ဘာလို့ ဖန်ကျန်းရှီက သူ့ကို ပြစ်မှန်း သူ မသိဘူး။ ဒါပေမယ့် ဒီ ပြစ်ချက်ကို ခုခံ ဖို့ တော့လိုတယ်။ ဒါမှ သူ (ချန်ဖေးယွီ) က ရှန်းထျန်းရင် နဲ့ တန်ကျုံးမင် တို့ထက် အင်အား သာလွန်တယ် ဆိုတာ ပြသနိုင်မှာ။ သူ့ ဓား လှုပ်၇ှားတယ်။ မိုးတွေ ရွာကျလာတယ်။ ချန်းဖေးယွီ ရဲ့ ဓား နှလုံးသား ကြောင့် နှင်းဖြူရောင် ပန်းပွင့်တွေ ပွင့်ဖူးတယ်။ အဲ့ဒီ့နောက် အငအားကြီးမားတဲ့ မုန်တိုင်း ကြီး တစ်ခုပေါ်လာပြီ။ ကျောက်စိမ်းရောင် အလင်းတန်းတွေ နဲ့ တိုက်ခိုက်နေတော့တယ်။

“ဖွင့် မယ်။” ချန်းဖေးယွီ ရေရွတ်တယ်။ ဓားကို တစ်ချက်ယမ်း တယ်။ ဓား ထိပ်ဖျားက အင်အားကြီးမားတဲ့ မုန်တိုင်း တဖြစ်လဲ။ နှင်းဖြူရောင် ပန်းပွင့်တွေ အရှိန်ပြင်းပြင်းနဲ့ ပြေးထွက်တယ်။ ဓားက ကျောက်စိမ်းရောင် အလင်းမြှားတွေကို သွားရိုက်ခတ်တယ်။

“ ဘုန်းး” ပဲ့တင့်သံ အကျယ်ကြီး ထွက်လာတယ်။ ကျောက်စိမ်းရောင် အလင်းတန်းတွေ အပြင်ဘက်ကို ဖြာထွက်တယ်။ တစ်ချိန်တည်းမှာပဲ ဒီ အလင်းတန်းတွေက ကွဲထွက်ပြန်တယ်။ မိုးသက်မုန်တိုင်းကျသလို ပြင်းထန်တဲ့ နှင်းပန်းပွင့် တွေက အလင်းမြားတွေကို ဒေါသတကြီး နဲ့ လိုက်လံတိုက်ခိုက်တယ်။

သစ်တော်ပွင့် မိုးသက်မုန်တိုင်း ဓားပညာ။

ကျောင်းတော် ဆယ့်သုံးခု ထဲက နေသူရိန် ကျောင်းတော်ရဲ့ လျှိုု့ဝှက် ဓားပညာ တစ်ခုပဲ။ ခုခံမှုကော တိုက်ခိုက်မှုမှာပါ စွမ်းအား ပြင်းထန်တယ်။ ပတ်ဝန်းကျင်က ကျောင်းတော်သားတွေလည်း ဒီ တိုက်ပွဲကို ကောင်းကောင်းမြင်တယ်။ သူတို့တွေ အေးခဲ တောင့်တင်းပြီး မလှုပ်နိုင်ဖြစ်နေကြတယ်။ မြို့တော် အရှေ့ပိုင်း အမဲလိုက်ကွင်းပြင် မှာ မြင်းပြိုင်ပွဲ ဝင်တဲ့ ကျောင်းတော်သားတိုင်း သိကြတယ်။ ဒီ ကျောက်စိမ်းရောင် အလင်းမြားတွေကို ဘယ်သူ ပြစ်လဲ ဆိုတာ။ ဖန်ကျန်းရှီရဲ့ ဒီ အလင်းမြားတွေ ဘယ်လောက်တောင် အင်အားကြီးမှန်း သူတို့ ပိုပြီးတောင် သိသေး။

ကြီးမြတ်သော ရှ မင်းဆက်ရဲ့။ နိုးထ နဂါး အဆင့် ၇ ဖြစ်တဲ့ ရှန်းထျန်းရင်။ ခရမ်းရောင်ပုံဆောင်ခဲ နယ်မြေပညာရှင် တောင် ဒီ မြားတွေကို မခုခံ နိုင်ဘူး။ ဒါပေမယ့် ခုနတုန်းက ချန်းဖေးယွီ က ….. ခုခံ လိုက်တာလား။

နောက်ပြီးတော့ တိုက်ရိုက်ခုခံလိုက်တာလား .။

“ ဒါတော့ မဖြစ်နိုင် လောက်ပါဘူး …. ”

“ ချန်းဖေးယွီက ကျင့်ကြံဆင့် တက်သွားတာလား။”

“ မဖြစ်နိုင်တာပဲ။”

“ အဆင့်သာ မတက်ရင် ဘာလို့ ဒီမြားတွေကို ဒီလို အစွမ်း နဲ့ ခုခံ နိုင်မှာလဲ။”

“ ဖန်ကျန်းရှီက ချန်းဖေးယွီကို ရှောင်ပြီးတော့ မြားပစ်လိုက်လို့များလား။”

ကျောင်းတော်သားတွေ ခန့်မှန်းနေကြတယ်။ သူတို့ တစ်ခုခုကို နားလည်သွားကြတယ်။ ဖန်ကျန်းရှှီ သနားညှာတာလိုက်တာ။ ဘာကြောင့်လဲ ဆိုတော့ အဆင့်တက်သွားတယ် ဆိုတဲ့ အဖြေ က ဖြစ်နိုင်ဖို့ နည်းတယ်လေ။

နောက်ပြှီးတော့။ အခုချိန်မှာ ဖန်ကျန်းရှီ နဲ့ ချန်းဖေးယွီက တစ်ချိန်တည်း လှုပ်ရှားတာလေ။ ဖန်ကျန်းရှီ သက်ညှာပေးလိုက်တာ မဟုတ်ရင်ဘာရှိနိုင် အုန်းမှာလဲ။

ကျောင်းတော်သားတွေ ကတော့ သူတို့ အတွေး နဲ့ သူတို့ နားလည် နေကြတယ်။ မနီးမဝေးမှာ ရပ်နေတဲ့ ဖန်ကျန်းရှီကို သူတို့ စိုက်ကြည့်နေတယ်။ ဖန်ကျန်းရှီ ရဲ့ စိတ်သဘောကို သူတို့ နားလည်ကြတယ်။

“ မင်းရဲ့ လက်နက်ကို ချလိုက်။ အညံ့ခံစမ်း။” ကျောင်းတော်သား တစ်ယောက်က စပြီး အော်တယ်။

“ မင်း အညံ့မခံရင်။ ငါတို့ကို အဆိုး မဆိုနဲ့။” နောက်ထပ် ကျောင်းတော်သား တစ်ယောက်က ထပ်ပြီးအော်တယ်။ ဒီ အသံ တွေက ချန်းဖေးယွီ နားထဲမှာ မချိုသာ လှပါဘူး။ လူတိုင်းက သူ ပြသ လိုက်တဲ့ ဓားပညာကို အော်ဟစ် ချီၤးမွမ်း နေရမှာ မဟုတ်ဘူးလား။ အခုက ဘယ်လို ဖြစ်တာလဲ၊

ငါ ဖန်ကျန်းရှီ ရဲ့ ဓားသိန်းသန်းင်္ချီ ပညာကို တားဆီးလိုက်ပြီလေ။

နေစမ်းပါအုန်း။ ဒီ ကောင်တွေ က ဟိုလို ထင်နေတာတော့ မဟုတ်ဘူးမလား။ ( ဖန်ကျန်းရှီက ငါ့ကို သက်ညှာပေးလိုက်တယ်လို့လေ။) ဒါမှမဟုတ် ဓားသိန်းသန်းချီ ပညာရပ်ကို ခုခံ ပြတာက ။ သဘာဝလွန် အဆင့် ရောက်ကြောင်း ပြဖို့ မလုံလောက်တာလား။ ချန်းဖေးယွီ အခုချိန်မှာ တကယ်ပဲ ထအော်ချင်နေပြီ။ မင်းတို့ မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ပြီး သေချာကြည့်စမ်း။ ငါ ချန်ဖေးယွီ သဘာဝလွန် အဆင့် ရောက်နေပြီ။ ဖန်ကျန်းရှီ က ငါက ပို သန်မာတယ်။

ဒါပေမယ့် စကားလုံးတွေက သူ့နှုတ်ခမ်းဝရောက်တော့။ တခြားစာကြောင်းကို ပြောင်းသွားတယ်။

“ဖန်ကျန်းရှီ ။ နောက် မြားတစ်ချောင်း မင်း ပြစ်ရဲရင် ပြစ်လိုက်စမ်း။” ချန်းဖေးယွီက သူ့ကို တခြားသူတွေ ချီးမွမ်းတာ မျိုး လိုချင်တယ်လေ။ ဒါကြောင့် ဖန်ကျန်းရှီ ဒေါသတကြီး နဲ့ သူ့ဆီ ပြစ်လွှတ်မယ့် နောက်မြား တစ်စင်းကို သူ စောင့်ဆိုင်းနေတယ်။

သို့သော် ….

Yet…

မနီးမဝေး နေရာမှာရပ်နေတဲ့ ဖန်ကျန်းရှီက။ သူ့ကို လက်ခလယ် ထောင်ပြနေတယ်။ စိတ်ပျက်လက်ပျက် နဲ့ နှာခေါင်း ရှုတ်ပြရင်း လှမ်းအော်တယ်။

“မင်း ရူးနေပြီလား။”

အပိုင်း (၃၆၃) ပြီး၏။

အပိုင်း (၃၆၄)

“ ထိတ်လန့်ဖွယ် အခြေအနေ ပြောင်းလဲမှု။”

“ ငါ ရူးနေတယ် ဟုတ်လား။ မင်း ဘယ်သူ့ကို ရူးတယ်ပြောနေတာလဲ။ ငါ့ကို မြားနဲ့ အရင်ပြစ်တာ မင်းလေ။ ဒါတောင် ငါ့ကို ရူးနေတယ်လို့ ပြောဝံ့သေးတယ်လား။” ချန်းဖေးယွီ ချက်ခြင်း မျက်လုံး ပြူးသွားတယ်။ သူ တကယ်ကို နားမလည်နိုင်ဘူး။ ဒီလို အကျိုးအကြောင်း မသင့်တဲ့ ကိစ္စတွေ လောကကြီးမှာ ထပ်ရှိနေသေးတာလား။ မင်း ပဲ ငါ့ကို အလင်းမြားတွေ တစ်ပြုံကြီး ပြစ်လိုက်တာလေ။ ငါ ထပ်ပြစ်ဖို့ ပြောတော့ ( မင်းက ငါ့ကို ရူးတယ်တဲ့လား)

နောက်ပြီးတော့ …. ဒီ ဘေးက ကျောင်းတော်သား တွေ နဲ့ စစ်သည် တော်တွေ ငါ့ကို ဘယ်လို အကြည့်နဲ့ ကြည့်နေတာလဲ။ မဟုတ်သေးဘူးလေ။ ရလဒ်က ဘယ်လိုကြီးလဲ။ ငါထင်ထားတာနဲ့ တခြားစီပဲ။

ချန်းဖေးယွီ က အလောင်းကောင်တွေ ရဲ့ အပေါ်မှာ ရပ်နေတာ။ သူ့ရဲ့အင်အားတွေကိုလည်း အဆုံးထိ ပြသခဲ့ပြီးပြီ။ ဒါတောင် လူတစ်ယောက်မှ သူ့ကို မယုံကြည်ဘူး။ ကူကယ်ရာမဲ့ပြီး လမ်းပျောက်နေပြီ။ တကယ်တမ်းတော့ ချန်းဖေးယွီလည်း ဒီ ပြဿနာထဲမှာ ပါဝင်နေတာ။ အကယ်၍ သူသာ ဒီ ပြဿနာကို သုံးဖက်မြင် ပုံစံ နဲ့ ကြည့်ရင် တတိယလူနေရာကနေ ကြည့်ရင် အလွယ်တကူ နားလည် နိုင်မှာပဲ။

ဘာကြောင့်လဲ ဆိုတော့။ ပြိုင်ပွဲကနေ ထွက်ခွာသွားရပြီ ဖြစ်တဲ့ ကျောင်းတော်သား တစ်ယောက်ရဲ့ သဘာဝလွန် အစွမ်း နဲ့ ယှဉ် ရင်။ စစ်ဗျူဟာတစ်ခုကို ပညာသား ပါပါ ဖြိုခွင်း လိုက်ပုံက ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ် မဟုတ်လား။ နောက်ဆုံးတော့လည်း။ ဖန်ကျန်းရှီက တိုက်ပွဲ အခြေအနေကို ပြောင်းပြန် လှန်ပြစ်နိုင်ခဲ့ပြန်ပြီလေ။

သူ ပြစ်ခတ်လိုက်တဲ့ ဧရိယာတွေက စစ်ဗျူဟာ ပြောင်းလဲမှု အချက်အချာနေရာတွေပဲ ။ စစ်သူကြီး တွေရဲ့ အတွေးထဲမှာ မေးခွန်းတစ်ခု စိုးမိုးထားတယ်။ ဖန်ကျန်းရှီ ပဲ ပြောခဲ့တာလေ။ ( မြင်ကွင်း ကွယ်နေတဲ့ အတွက် ) ဘယ်သူကမှ စစ်ဗျူဟာ တစ်ခုလုံးကို ထွင်းဖောက် မမြင် နိုင်တာလို့။ ဒါတော့ မဖြစ်နိုင်ဘူးမလား။ ရုတ်တရက် ဆိုသလို ။ အလွန်အမင်း ကြောက်ရွံ့ တဲ့ အကြည့်တွေ သူတို့ မျက်လုံးထဲမှာ ပေါ်လာတယ်။

ဖန်ကျန်းရှီက သူ့ရဲ့ မြင်ကွင်း အကန့်အသတ်ရှိမှန်း သိတယ်။ ဒါပေမယ့် လေတောင်ကြား ထွက်ပေါက် ကို ရောက်တဲ့ အချိန် တည်းက။ ဒီတိုက်ပွဲကို အကြည့် တစ်ချက် မခွာ ဖူးဘူး။ ဒါကြောင့် ဒီ အချိန်တွေ အတွင်း မှာ ဖန်ကျန်းရှီက စစ်ဗျူဟာရဲ့ အပြောင်းအလဲ တွေနဲ့ စီးဆင်းမှုတွေကို စောင့်ကြည့်နေတာပဲ။

အကယ်၍ ဒီလို သာ ဖြစ်ခဲ့ရင် ဖြစ်နိုင်ချေက တစ်ခုပဲရှီတော့တယ်။

ဖန်ကျန်းရှီက ဗျူဟာကြီးတစ်ခုလုံး ရဲ့ ပြောင်းလဲမှုကို ကြည့်ရုံနဲ့တင် သိတာပဲ။ နောက်ပြီးတော့ သူ့ရဲ့ မြင်နိုင်စွမ်းကလည်း တကယ့်ကို မြင့်မားလွန်းတယ်။ မိုးနတ်မင်းရေ ။ ဘယ်လိုတောင် အံ့သြစရာ ကောင်းတာလား။

စစ်သူကြီးတွေက ဖန်ကျန်းရှီကို ငေးစိုက်ကြည့်နေကြတယ်။ သူတို့ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကြတယ်။ ဖန်ကျန်းရှီ ဆိုတာ ကြီးမြတ်သော ရှမင်းဆက်စပြီး ဖြစ်တည်တည်းက တစ်ခါမှ မတွေ့ဖူးတဲ့ အံ့ဖွယ်ရာ တစ်ပါးပဲ။

တာအို ခန်းမမှာ တစ်ခါမှ မသင်ကြားဖူးတဲ့ တောင်ပေါ်ရွာလေးက ရွာသား တစ်ယောက် ။ ဒါတောင် သူက တာအို နိယာမ စာမေးပွဲ တွေ အကုန်လုံး နီးပါးကို ခုန်ပျံကျော်လွှားပြီး အောင်မြင်တယ်။ ဒေသတွင်းတာအို စာမေးပွဲ ကနေ နန်မြို့တော် တာအို စာမေးပွဲ အထိ နှစ်ထပ်ကွမ်း ချန်ပီယံတွေ ဆက်တိုက် ဖြစ်လာခဲ့တယ်။ တော်ဝင်စာမေးပွဲမှာလည်း အတူတူပဲ။ ။ နောက်ပြီး ပို အရေးကြီးတာက ညီလာခံ စာမေးပွဲမှာ တုန်းကလည်း သူ ထိပ်သီး ဖြစ်ခဲ့တယ်။ နန်ကုန်းဟောင် နဲ့ ပူးတွဲပထမ ရတာ။ ဘယ်သူ တစ်ဦးတစ်ယောက်မှ စိတ်ကူးမယဉ်နိုင်ခဲ့ တဲ့ အရာ တစ်ခု။ ဒါတောင် သူ လုပ်နိုင်ခဲ့တယ်။

သိပ်မကြာခင် တုန်းကပဲ။ တောင်ပိုင်းဒေသရဲ့ သဘာ၀ အတားအဆီး ဖြစ်တဲ့ လေတောင်ကြားကို သူအောင်မြင်ခဲ့တယ်။ စစ်သည် တစ်ယောက် တောင်မှ မဆုံးရှုံးခဲ့ဘူး။ ငွေဂျိုဝံပုလွေ စစ်သည်တော် အယောက် ၂၀ ကိုပဲ သုံးခဲ့တယ်။ အဲ့ဒီ့နောက် ဒီလို အခြေအနေ မှာ။ နန်ကုန်းဟောင် နဲ့ သူသေကိုယ်သေ တိုက်ခိုက် တာက လွဲပြီးတော့။ မဖြစ်နိုင်တာ မရှိတော့ဘူး။

“ရှေ့ကို ချီတက်ကြ။ စစ်သူကြီး ဖန် အတွက် တိုက်ခိုက်ကြမယ်။”

“ အညံ့ခံတဲ့ သူတွေ အသက်ချမ်းသာမယ်။”

“မင်းလို့ လက်နက်တွေကို အခုချက်ခြင်း ချလိုက်။ ငါတို့တွေက ကြီးမြတ်သော ရှ မင်းဆက်က လူတွေချင်း အတူတူပဲ။ ခုခံနေလို့ ကောင်းကျိုး မရှိဘူး။ ”

ဒီ အချိန်မှာပဲ။ စစ်သူကြီးတွေဟာ သွေးသစ်လောင်းခံ လိုက်ရသလို တက်ကြွလာတော့တယ်။ တခြားတစ်ဖက်မှာ နေရင်း လက်နက်ချဖို့ အော်ဟစ်နေကြတယ်။ အခုချိန်မှာ ကျိုးပျက်သွားပြီ ဖြစ်တဲ့ စစ်ဗျူဟာထဲကို ဝံပုလွေ ရိုင်းတွေလို တိုးဝင်သွားကြတယ်။

…

အေးခဲ မျောက်မင်း ဒေသထဲမှာတော့.။ စစ်သည်တစ်ယောက်က ပင်မ နယ်မြေကြီးကို ဖြတ်ပြေးတယ်။ ကျောက်တုံးအိမ်ကို ခပ်မြန်မြန်ပဲ ရောက်သွားတယ်။ သူ့ မျက်နှာမှာတော့ ချွေးသီးချွေးပေါက်တွေ ပြည့်နေခဲ့တယ်။

“သခင်လေး သခင်လေး ။ သတင်း ဆိုး။ စစ်ဗျူဟာ ပျက်စီး သွားပြီ။” ကျောက်တုံး အိမ်ထဲဝင်ဝင် ချင်း။ စစ်သည်တော်က ချက်ခြင်း ဒူးထောက်တယ်။ အလွန် အမင်း အရေးကြီးတဲ့ သတင်းကို သူ ချက်ခြင်း သတင်းပို့တယ်။

“ ဘာပြောတယ်။ ရှုံးသွားပြီလား။ ဘယ်လို ဖြစ်နိုင်မှာလဲ။” လူကြီးရဲ့ အမူအယာ ချက်ခြင်း ပြောင်းသွားတယ်။

“ ဟုတ်ပါတယ်။ တကယ် ကျိုးပျက်သွားတာပါ။ ဖန်ကျန်းရှှီက သူ့ စစ်သည်တော်တွေကို လှံ နဲ့ မြားတွေ ပြစ်ခိုင်းပြီး။ ကျွန်တော်တို့ ရဲ့ စစ်ဗျုဟာကို ဖျက်စီးလိုက်တာပါ။ အခုတော့ ဗျူဟာ တွင်းက စစ်သည်တော်တွေ အကုန်လုံး အဖမ်းခံလိုက်ရပါပြီ၊”

“ လှံတွေ မြားတွေ ဟုတ်လား။ ဒီ ကောင် ဖန်ကျန်းရှီ သတ်ဖြတ်တာမျိုး လုပ်ဝံ့တယ်ပေါ့။”

“ မဟုတ်ပါဘူး။ ဖန်ကျန်းရှီက လှံတွေ မြားတွေကို သုံးတာ။ ဖျက်စီးဖို့။ ဟုတ်ပါတယ်။ သူက အပေါက်တွေ ဖောက်ပြစ်တာ။ နောက်ပြီးတော့ ဒီ အပေါက် တွေက စစ်ဗျူဟာတွင်း ပြောင်းလဲမှု မလုပ်နိုင် တော့အောင် တားမြစ်လိုက်ပါတယ်။ ဒါကြောင့်…. ဒါကြောင့်”

“ ငါ နားလည်ပြီ။ ငါ့နောက်လိုက်ခဲ့ကြ။ ဧည့်သည်တွေ နဲ့ သွားတွေ့ရအောင်။ ” ဒီ အချိန်မှာပဲ နန်ကုန်းဟောင် ရဲ့ အသံ ထွက်လာတယ်။ ဒါပြီးတဲ့နောက် ။ အဖြူရောင် ပုံရိပ်က စစ်သည်တော်ရဲ့ မျက်စိရှေ့ကနေ ဖြတ်သွားတယ်။ စကားတောင် မဆုံးသေးဘူး လူက ကျောက်တုံး အိမ် အပြင်ဘက်ကို ရောက်သွားပြီ။

…

နန်ကုန်းဟောင် ရဲ့ စစ်ဗျူဟာကြီးကို အောင်မြင်ခဲ့တဲ့ ဖန်ကျန်းရှီ ရဲ့ အောင်မြင်မှုကြီးက ။ အေးခဲမျောက်ငမ်းဒေသကိုပဲ ရောက်တာ မဟုတ်ဘူး။ ကြီးမြတ်သောရှမင်းဆက် ရဲ့ ရန်မြို့တော် အထိပါ ရောက်သွားတာ။

ရန်မြို့တော်ကြီးရဲ့ ဂိတ်တံခါးကို လျှပ်စီးလို အလျင် နဲ့ မြင်းပျံတစ်ကောင် ဖြတ်သွားတယ်။ နောက်ထပ် မြင်း တစ်ကောင်ကို ပြောင်းလဲ စီးနင်းပြီးတဲ့နောက်။ ဒီ သတင်းက တော်ဝင် နန်းတော်ရဲ့ ညီလာခံ ခန်းမကို ရောက်ရှိတယ်။

အခုချိန်က မနက်ခင်းညီလာခံ အချိန် မဟုတ်ဘူး။ ဒါပေမယ့် ညီလာခံ ခန်းမထဲမှာ အမတ်မင်းတွေ ရှိနေတယ်။ တည်ကြည်လေးနက် တဲ့ အမူအယာ တွေနဲ့ ညီညီညာညာ ရပ်နေကြတယ်။

“ စစ်ကူတွေကို မြန်နိုင်သလောက် မြန်အောင် ပို့ပေး ပါ အရှင်မင်းမြတ်။ ကျွန်တော်တို့ နှောင့်နှေးသွားရင် ပြဿနာတွေ ဖြစ်လာပြီး အခြေအနေ ပြောင်းသွားနိုင်ပါတယ်။ ” ဝန်ကြီးတစ်ပါးက ဒူးထောက်ရင်း ဦးတိုက်ကာ တောင်းဆိုတယ်။

“ အရှင်မင်းမြတ်။ ကျေးဇူးပြုပြီး စစ်ကူတွေကို ပို့လွှတ်ပေးပါ။ တည်မြဲတောင် ဂိတ်က ကျွန်တော်တို့ နဲ့ တောင်ပိုင်းဒေသကို အဓိက ပိုင်းခြားထားတဲ့ နေရာပါ။ ကျွန်တော်တို့ ဒီ ဂိတ်ကို ဆုံးရှုံးစေလို့ မဖြစ်ပါဘူး။” နောက်ထပ် စစ်မက်ရေးရာ အမတ်မင်း တစ်ပါးက ဒူးထောက် ပြီး တောင်းဆိုပြန်တယ်။

“ သတင်း ပို့ပါတယ် …………..”

“တည်ငြိမ် တောင်ဂိတ်က အထူး အရေးကြီး သတင်း …..”

ဒီ အချိန်မှာပဲ အသံ နှစ်သံက ရှေ့ဆင့် နောက်ဆင့် ပေါ်လာတယ်။ ညီခာခံ ခန်းမထဲက အမတ်မင်း တွေ အကုန်လုံး ငြိမ်သက်သွားတယ်။ သိပ်မကြာခင် အချိန်မှာ သံချပ်ကာ ဝတ်စုံ နဲ့ စစ်သည်တော် တစ်ယောက် ပြေးဝင်လာတယ်။ သူ့ လက်ထဲမှာတော့ စာ တစ်စောင်ကို မြှောက်ကိုင်လာတယ်။

“ ကျယ်ကျယ် ဖတ်။” ရွှေနဂါး ဝတ်ရုံ နဲ့ ဧကရာဇ် လင်းမုပိုင် က တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့တာ။ အခုတော့ သူ အသံ ထွက်လာခဲ့ပြီ။

“ အမိန့်တော် အတိုင်းပါ။” စစ်သည်တော်က ခေါင်းငြိမ့်တယ်။ လက်ထဲက စာကို ဖွင့်ဖောက်တယ်။ တစ်ချက်ကြည့်ပြီး ခပ်ကျယ်ကျယ် အော်ဖတ်တယ်။

“ တည်ငြိမ် တောင်ဂိတ် စစ်သူကြီး ယွီထျန်းဖုန်း က မနေ့ညမှာ အရက်အမူးလွန်ခဲ့တယ်။ တောင်ဂိတ်ကိုရောက်လာတဲ့ စစ်သားတွေကို သတိမပြုမိဘူး။ ဒါကြောင့် ခွင့်လွှတ်နိုင်စရာ မရှိတဲ့ သူ့ အပြစ် အတွက်။ ကိုယ့်ဘာကိုယ်သတ်သေ သွားခဲ့တယ်။ တောင်ဂိတ်မှာ စစ်သည် ငါးထောင် ရှိသော်ငြား။ ဦးဆောင်သူ ကင်းမဲ့နေတဲ့ အတွက် ရန်သူကို ရှုံးနိမ့်ခဲ့တယ်။ တောင်ပိုင်းဂိတ် ရန်သူ့ လက်ကို ကျရောက်သွားခဲ့ပြီ။”

“ ရှုံးနိမ့်သွားပြီ ဟုတ်လား”

“ ဘာပြောတယ်။ အချိန် ဘယ်လောက်ရှိပြီ မလို့လဲ။ တစ်ရက်လေးတောင် မကြာသေးဘူး။ တောင်ပိုင်းဂိတ်က ကျ သွားပြီတဲ့လား။”

“တောင်ဂိတ်မှာ စစ်သည် ငါးထောင်ရှိတယ်။ ရိက္ခာတွေ အရင်း အမြစ်တွေလည်း ပြည့်နှက်နေတာ။ သဘာ၀ ဘေးဒဏ်ကြောင့် ဆုံးရှုံးရတာသာ မဟုတ်ရင်။ အနည်းဆုံး လဝက်တော့ တောင့်ခံ နိုင်မှာပဲ။ ဘာလို့ ဒီလောက်မြန်မြန် ကျသွားရတာလဲ။”

“ အမှန်ပဲ။ အခုချိန်မှာ ဒေသကြီး လေးခုကို ငါတို့ ရှ မင်းဆက်က ထိန်းချုပ်ထားတာ။ တောင်ဂိတ်ကို ဘယ်လမ်း ကနေ တောင်ပိုင်းသားတွေ တိုက်ခိုက်လိုက်တာလား။ နောက်ပြီးတော့ ကျရှုံးမှုကလည်း စစ်သည်တစ်ယောက်တောင် မခုခံ ထားတဲ့ အတိုင်း ပဲ။”

ညီလာခံ ခန်းမထဲက အမတ်မင်းတွေ ကြားတဲ့ အချိန် သူတို့ တကယ့်ကို တုန်လှုပ်သွားတယ်။ ဘာကြောင့်လဲ ဆိုတော့ တစ်ရက်တောင် မကုန် သေးဘူးလေ။ တောင်ပိုင်းဂိတ်ရဲ့ စစ်တပ် သတင်း က ရန်မြို့တော်ကို ဖြတ်လာတာ။ အရမ်းကို ရုတ်တရက် ဆန်လွန်းတယ်။ ဘယ်သူကမှ မယုံကြည်နိုင်ဘူး။

အမတ်မင်းတွေ ရဲ့ နှလုံးသားထဲမှာ ။ တောင်ပိုင်းဒေသ လူတွေ ပုန်ကန်မှာက တကယ့်ကို ဖြစ်နိုင်တယ်။ ဒါပေမယ့် တောင်ဂိတ်ကို ချက်ခြင်း ဝင်တိုက်မှာတော့ မဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့တာ။ အဲ့ဒီ့နောက်… တောင်ပိုင်း ဒေသကို ချက်ခြင်းဝင်တိုက်ဖို့ ဘယ်နားက စစ်တပ် ပေါ်လာတာလဲ။ တောင်ပိုင်း ဂိတ်က စစ်သည်တော်တွေ မနေ့ညက သောက်စားခဲ့ရင်တောင် ။ ကိုယ့်ကိုယ်ကို သတ်သေတာမျိုးတော့ မလုပ်သင့်ဘူးလေ။ ဒီ အမှားကို ပြန်လည် ပြုပြင်နိုင်တယ်ဆိုတာ သူ မသိဘူးလား။ ဒီ စာလွှာက ကိစ္စတွေ အများကြီးကို ထောက်ပြနေခဲ့တယ်။

ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ဒါကို နားမလည်နိုင်ဘူး။ ဒါပေမယ့် လူတိုင်း သေချာသွားတာ တစ်ခုတော့ ရှိတယ်။ တောင်ပိုင်းဂိတ်ကို ဆုံးရှုံးလိုက်ရပြီ။ ဒါကြောင့် ကြီးမြတ်သော ရှ မင်းဆက် နဲ့ တောင် ပိုင်းဒေသ ရဲ့ လမ်းက ပွင့်သွားခဲ့ပြီ။ အခုချိန်မှာ ဘာတွေ ဖြစ်လာမလဲ မသိနိုင်ဘူး။

တိုက်ခိုက်ရေးစာမေးပွဲက ဒီ အချိန်မှာ အလေးအနက် အရေးကြီး နေပြီ။ ကျောင်းတော်သား သုံးဆယ်နီးပါး တောင်ပိုင်းဒေသ ထဲမှာ ရှိနေတာ။ စစ်သည်တော် တစ်သိန်းလည်း တောင်ပိုင်းဒေသ ဒေသလေးခုမှာ ဖြန့်ကျက်ထားတယ်။ အရှေ့ပိုင်း နန်းဆောင် မင်းသား လင်းထျန်းရုံလည်း တောင်ပိုင်း ဒေသမှာ ရှိနေတယ်။

တောင်ပိုင်း ဂိတ်က စစ်သည်တစ်သိန်း နဲ့ ကြီးမြတ်သော ရှ မင်းဆက် ရဲ့ အသက်သွေးကြောပဲ ။ အခုချိန်မှာ အသက်သွေးကြောက ဖြတ် ခံ လိုက်ရပြီ။ ကျောင်းတော်သား သုံးဆယ် ။ စစ်သည် တစ်သိန်း နဲ့ အိမ်ရှေ့စံ မင်းသား ဘယ်လို အသက်ရှင်ရတော့မှာလဲ။

“ အရှင်မင်းမြတ်။ ဒီ အချိန်မှာ အရှေ့ပိုင်း လျန် ဒေသ စစ် သည် သုံးထောင်က တောင်ပိုင်း ဂိတ်နဲ့ အနီးဆုံးပဲ။ ကျေးဇူးပြုပြီး အမိန့်ချတော် မူပါ။ ကျွန်တော်တို့ ဆက်ပြီးနှောင့်နေး နေရင်။ အိမ်ရှေ့ မင်းသား နဲ့ စစ်သည် တော် တစ်သိန်း ရဲ့ အသက်တွေ အန္တရာယ် ရှိနိုင်ပါတယ်။ “

“ အမှန်ပါပဲ။ အရှင်မင်းမြတ်။”

“ ( စစ်သူကြီး ဝမ် ရဲ့ စကားတွေက မသင့်တော်ဘူးလို့ ကျွန်တော် ထင်တယ်။တောင်ပိုင်း ဂိတ်က စစ်ပြေငြိမ်းရေး နယ်မြေပဲ။ အကယ်၍ တောင်ပိုင်းဒေသ က ဒါကို အခွင့်ကောင်း ယူခဲ့ရင် ငါတို့ရဲ့ ရန် မြို့တော်လည်း အန္တရာယ်ရှိနေမှာပဲ။အရှေ့ပိုင်း ဒေသ ကနေ စစ်တပ်တွေ လွှတ်ရင် တောင် နောက်ကျ လွန်းသွားပြီ။ မြောက်ပိုင်း လွင်ပြင်က စစ်တပ်တွေကို အရှေ့ပိုင်း မြို့ တော် နဲ့ ရန် မြို့တော်တွေကို ကာကွယ်ဖို့ လွှတ်ပေး စေချာင်ပါတယ်။ အဲ့ဒီ့နောက်မှ အရှေ့ နဲ့ မြောက် အင်အား ပေါင်းစည်းပြီး တေ ာင်ပိုင်းဒေသ ရန်သူ တွေကို တိုက်ထုတ် ရမယ်။ ”

“လွီ စစ်သူကြီး ရဲ့ စကားက အဓိပ္မာယ်ရှိတယ်။ ရန်မြို့တော်ရဲ့ လုံခြုံမှုကို အရင်ဆုံး သေချာအောင် လုပ်ရမယ်။”

“ မှန်တယ်။ မှန်တယ်။ ၇န်မြို့တော်ကို အရင်ဆုံး ကာကွယ်ပြီးမှ အင်အား ပေါင်းစည်းတာက ။ ပိုကောင်းတဲ့ အစီအစဉ်ပဲ။”

“ သူရဲဘောကြောင်လိုက်တဲ့ လူကြောက်တွေ။ တောင်ပိုင်းဒေသ လူရိုင်းတွေက ဘယ်လို လုပ် ရန်မြို့တော်ကို တိုက်ခိုက်ဝံ့မှာလဲ။ နောက်ပြီးတော့ ငါတို့ ရန်မြို့တော်ကို စောင့်ကြပ်နေတဲ့ တော်ဝင် အစောင့်တပ်ကလည်း မီတာ တစ်သောင်းလောက်ပဲ ဝေးကွာတာ။ ဘယ်လိုများ အန္တရာယ် ရှိနိုင်မှာလဲ။ အခုချိန်မှာ တောင်ပိုင်းဂိတ်ကို ဖြေရှင်းနိုင်ဖို့ ပို အရေးကြီးတယ်။ မဟုတ်ရင်။ ငါတို့ အချိန် ဆွဲနေရင်။ လူတွေရဲ့ စိတ်ဓာတ်နဲ့ သစ္စာတရားလည်း ပျက်ပြား ကုန်လိမ့်မယ်။”

သိမ်ကြာခင်ပဲ အမတ်မင်းတွေ တစ်ယောက်တစ်ပေါက် အော်ဟစ်ကြတော့တယ် ။ တစ်ချို့ က တောင်ပိုင်းဒေသကို စစ်ကူပို့ချင်တယ်။ တစ်ချို့ကတော့ ရန်မြို့တော်မှာ စုဝေး ခုခံ စေချင်တယ်။ ဆွေးနွေးမှုတွေကို ကြားပြီးနောက်။ ဧကရာဇ် လင်းမုပိုင် စိတ်ရှုပ်လာတယ်။ စိတ်မရှည် လက်မရှည် နဲ့ လက်ဝေ့ယမ်းပြတယ်။ ညီလာခံ ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားတယ်။ နဂါးပလ္လင် ပေါ်မှာ ထိုင်နေတဲ့ ဧကရာဇ် လင်းမုပိုင်ကို သူတို့ ကြည့်တယ်။ မျက်လုံးကျယ်ကျယ် ဖွင့်ရင်း သူ့ ဆုံးဖြတ်ချက်ကို စောင့်နေတယ်။

“ အဓိက ဆုံးဖြတ်ဖို့ က စစ်ကူ ပို့ဖို့ မလား။”

“ ဟုတ်ပါတယ်။” စစ်သူကြီးတွေ ချက်ခြင်း ပြန်ဖြေတယ်။

“ နောက်ထပ် ထင်မြင်ချက်ရှိသေးလား။” လင်းမုပိုင်ခေါင်းငြိမ့်ပြီး ထပ်မေးတယ်။

“ ကျွန်တော့်မှာ ထင်မြင်ချက်ရှိပါတယ်။”ဧကရာဇ် ရဲ့ မေးခွငန်းကို ကြားတော့ ဥပဒေ အမတ်မင်း တစ်ယောက် ထရလာတယ်။

“ပြော။”

“ ကျွန်တော့် အမြင်အရ။ ကြီးမြတ်သော ရှ မင်းဆက် နဲ့ တောင်ပိုင်းဒေသ တို့ ရဲ့ ဆက်ဆံရေးက ခိုင်မြဲတယ်။ ရင်းနှီးကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပဲ။ ဒီလိုရုတ်တရက် တိုက်ခိုက်လာတာ နောက်ကွယ်မှာ အေ ကြာင်းရင်းတစ်ခု သေချာပေါက်ရှိရမယ။် ကျွန်တော်တို့ ရဲ့ ရှ မင်းဆက် ကြီးက အမြဲ တမ်း အကျိုးအကြောင်းသင့် လုပ်တတ်ပါတယ်။ ဒါကြောင့် တောင်ပိုင်း ဒေသကို လူလွှတ်ပြီးတော့။ ကျွန်တော်တို့ ကြီးမြတ်သော ရှမင်းဆက်က လူတွေ စည်းဖောက် မိသလား။ ဒါမှမဟုတ် အခြားမျိုးနွယ်စုတိုက်ရဲ့ အဖျက် အနှောင့် ပြဿနာများ ရှိခဲ့သလား ဆိုတာ အရင်ဆုံး စုံစမ်းသင့်ပါတယ်။ အကယ်၍ ကျွန်တော်တို့ ဘက်က စပြီး အမှားလုပ်ခဲ့မိတာ ရှိရင် သူတို့ကို အရင်ဆုံး အပြစ်ပေး ရပါမယ်။ အခြားမျိုးနွယ်စုရဲ့ သွေးထိုးမှု ဖြစ်ခဲ့ရင်တော့ ။ ကျွန်တော်တို့ ရဲ့ ရာစုနှစ်များစွာ တည်မြဲလာတဲ့ ဆက်ဆံရေးကို မပျက်စီးရအောင် စီစဉ်ဆောင်ရွက် ရပါမယ်။ ဒါပေါ့။ အကယ်၍ တောင်ပိုင်းဒေသ ကသာ ပုန်ကန်ဆန့်ကျင်တာ ဖြစ်ခဲ့ရင်။ အရှင်မင်းကြီး စစ်အင်အား အလုံးအရင်း လွှတ်ဖို့ အချိန် မလင့်နိုင်ပါဘူး။ ဒါမှသာ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ စစ်တပ်ရေး ရာ ဆုံးဖြတ်ချက်မှာ အကျိုးအကြောင်းသင့်မှာပါ။”

သူ့စကားကို ဆုံးအောင် ပြောပြီးတဲ့နောက် ဥပဒေ အမတ်မင်း ဒူးထောက်လိုက်တယ်။

“ ကျွန်တော်မျိုး သဘောတူပါတယ်။ ”

“ကျွန်တော်မျိုးလည်း သဘောတူ်ပါတယ်။ ”

သိပ်မကြာခင်ပဲ နောက်ထပ် အမတ်မင်း နှစ်ယောက်က ဥပလေဒ အမတ်မင်းကို ထောက်ခံကြတယ်။ တခြား စစ်တပ်ရေးရာ အမတ်မင်းတွေကတော့ မချင့်မရဲ ဖြစ်နေကြတယ်။ ဒါပေမယ့် မြို့တော်ရေးရာ အမတ်မင်းတွေမှာလည်း ပြောရေးဆိုခွင့်ရှိတယ်လေ။ နောက်ပြီးတော့ ဧကရာဇ် လင်းမုပိုင် ကိုယ်တိုင် တခြား အမြင်ကို မေးထားတာ။ ဒါကြောင့် စစ်တပ် ရေးရာ အမတ်မင်းတွေ ဒေါသထွက်သော်ငြား ကိုယ့်ကိုယ်ကို ထိန်းသိမ်း ထားတယ်။

ဒါပေမယ့် …။ ဒီ အကြံပေးချက်ကို ဧကရာဇ် လင်းမုပိုင် လက်ခံမယ်လို့ ဘယ်သူမှ မထင်ဘူး။ ကြီးမြတ်သော ရှ မင်းဆက်က အကျိုးအကြောင်းသင့်ဆောင်ရွက်တတ်ပေမယ့် လည်း အင်အားကြီး နိုင်ငံ တစ်ခုပဲ။ နှစ်ပေါင်းများစွာ ကြွယ်ဝလာတဲ့ နိုင်ငံကြီး။ အခုချိန်မှာ သယံဇာတတွေလည်း ပြည့်နှက်နေတယ်။ စစ်တပ် အင်အားကလည်း တောင့်တင်းတယ်။ စစ် ဖြစ် ရင်တောင် သူတို့ ကြောက်စရာ မလိုဘူး။

အကယ်၍ သူတို့သာ ဒီလို အစွန်အဖျား ဘာမဟုတ်တဲ့ တောင်ပိုင်းဒေသ လေးကို ရမ်းကားခွင့် ပြုလိုက်ရင်။ ကြီးမြတ်သော ရှမင်းဆက် အဖြစ် ဆက်ရပ်တည်နိုင်အုန်းမှာလား။

“ ဥပဒေ အမတ်မင်းပြောတာ အကျိုးအကြောင်း စီလျော်တယ်။ ကောင်းပြီ။ ဥပဒေရေးရာ အမတ်မင်းကို ကိုယ်တော်မြတ် စေလွှတ်မယ် တောင်ပိုင်းဒေသကို ဝင်ရောက်ပြီး အခြေအနေ ကို စုံစမ်းလိုက်။” ဒီအချိန်မှာ ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်လိုက်ပြီ။ အမိန့်ချတယ်။

ညီလာခံ ခန်းမထဲမှာ နဂါးပလ္လင်ပေါ် ထိုင်နေတဲ့ ဧကရာဇ် လင်းမုပိုင်ကို။ စစ်တပ်ရေးရာ အမတ်မင်း တွေ မယုံမကြည်တဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်။ ဘာကြောင့်များ ဒီ ဥပဒေ အမတ်ငယ် လေး ရဲ့ စကားကို နားထောင် လိုက်တာလဲ။ သူတို့ တကယ်ပဲ နားမလည်ဘူး။

ဧကရာဇ်က တောင်ပိုင်းဒေသကို အရင်လို သစ္စာ၇ှိနေဆဲလို့ ထင်နေတာတော့ မဟုတ်ဘူးမလား။ တောင်ပိုင်း ဒေသက သူတို့ နယ်မြေ တွေကို ဖြတ်သန်း ပြီးတော့ တောင်ပိုင်းဂိတ်ကို သိမ်းပြီးပြီလေ။ အရင်ကလို နှစ်စဉ် ပဏ္ဍာတော် ဆက်တာတွေ လုပ်အုန်းမယ် မှတ်နေတာလား။

“ အမိန့်တော် အတိုင်းပါ။ အရှင်မင်းမြတ်ရဲ့ ဂုဏ်ကျေးဇူးတော်ကို ဦးထိပ်ပန်ဆင်ပြီး ဒီ ကိစ္စကို ထဲထဲဝင်ဝင် သွားရောက် စုံစမ်းပါမယ်။” ဥပဒေ အမတ်မင်းက တခြားသော အမတ်မင်း တွေရဲ့ အမူအယာကို နည်းနည်းလေးတောင် ဂရု မစိုက်ဘူး။ ဧကရာဇ် ရဲ့ အမိန့်ကို ကြားတော့ သူ ပြုံးနေခဲ့တယ်။

ဧကရာဇ် ရဲ့ စိတ်နှလုံးကို နားလည်ပြီး မပြောပဲနဲ့ သိတယ်။ ဒါက အမတ်မင်း တစ်ယောက်ရဲ့ ဘဝပဲ။ အကယ်၍ ဧကရာဇ် တိုက်ခိုက်ချင်နေတာလား မတိုက်ခိုက်ချင်တာလားကိုတောင် မသိရင် ရုံးတော် ခြောက်ခုထားတာ ဘာ အသုံးကျမှာလဲ။ အိမ်မှာပဲနေပြီး ကောက်စိုက်နေလိုက်တော့။ ငတုံးကောင် တစ်သိုက်ရဲ့။

ဥပဒေ အမတ်မင်းက စစ်မက်ရေးရာ အမတ်မင်းတွေကို တစ်ချက်ကြည့်တယ်။ နောက်ဆုံးတော့ အနီရောင်ဝတ်ရုံဝတ်ထားတဲ့ အမတ်မင်း တစ်ယောက်ဆီ အကြည့်ရောက်သွားတယ်။ ယွီယိဖျင်။ ဒီ သတင်းကို လျှောက်တင်တည်းက ယွီယိဖျင် တစ်ခွန်းတောင် ဝင်မပြောသေးဘူး။ ဒါကြောင့် သူလည်း စိတ်ရှုပ်ရတယ်။ စိတ်ရှုပ်တာကတော့ စိတ်ရှုပ်တာပဲ။ အခုတော့ အောင်မြင်မှုက သူ့ အိတ်ထဲရောက်နေပြီ။

ဥပဒေအမတ်မင်း ဆက်မတွေးတော့ဘူး။ တရိုတသေ ဦးညွှတ်တယ်။ ညီလာခံ ခန်းမထဲက ထွက်သွားတယ်။ တေ ာင်ပိုင်းဒေသကို သွားဖို့ ပြင်ဆင်ပြီ ။

ယွီယိဖျင် ကတော့ ဦးညွှတ်လိုက်တဲ့ ဥပဒေ အမတ်မင်းကို ကြည့်နေတယ်။ သူ့မျက်လုံးထဲမှာ အရောင်တေ်ွ တဖျတ်ဖျတ်လက်နေတယ်။ သူ့နှုတ်ခမ်းကတော့ ခပ်ဖျော့ဖျော့လေး ကွေးပြီး ပြုံးနေတယ်။ သနားနေတဲ့ ပုံစံပဲ။ ဒါမှမဟုတ် မနာလို မုန်းတီးမှုရဲ့ အရိပ်ယောင် တစ်ခုပေလေား။

ဧကရာဇ် ရဲ့ နှလုံးသား နဲ့ စိတ်အစဉ်ကို နားလည်တာ။ နဂါးပလ္လင် ပေါ်က အမူအယာမဲ့ ဧကရာဇ်ကို တစ်ချက်ကြည့်တယ်။ သူ့ အေးစက်စက် ပြုံးလိုက်တယ်။ ဒီ ညီလာခံ ခန်းမ တစ်ခုလုံးမှာ။ သူ့ ထက် လွှမ်းမိုးနိုင်စွမ်း ကြီးမားတဲ့သူ ထပ်ရှိအုန်းမလား။

အပိုင်း (၃၆၄) ပြီး၏။

အပိုင်း (၃၆၅)

“ တကယ့် အကြောင်းအရင်း။ ”

ဥပဒေ အမတ်မင်းက ထွက်ခွာသွားတယ်။

အပေါ်ယံ အရတော့ အကုန်လုံး အခြေကျသွားသလိုပဲ။ ဧကရာဇ်က သူ့အမြင်ကို ပြောပြလိုက်ပြီ။ အကယ်၍ စစ်တပ်ရေ်းရာ အမတ်မင်း တစ်ချို့ သဘော မတူ ရင်တောင်။ ဒီ ရာချီတဲ့ အမတ်မင်းတွေနဲ့ ဖက်ပြိုင်ပြီး မဆန့်ကျင်ရဲဘူး။ သူတို့ အသက်ကို မစွန့်စားရဲကြဘူး။

ဒါပေမယ့် အခုချိန်မှာ အရေးအကြီးဆုံး အကြောင်းရင်း ရှိနေတယ်။ ဒါက သူတို့ ရဲ့ အသက်တွေကို ဧကရာဇ် ဆန္ဒနဲ့ ဆန့်ကျင်ပြီး စွန့်စားဖို့ မဟုတ်ဘူး။ တောင်ပိုင်းဂိတ် ရဲ့ ကြီးမြတ်သော ရှ မင်းဆက် အပေါ်ဘယ်လို သက်ရောက်မှု ရှိလဲ ဆိုတာပဲ။

ဝန်ကြီးယွီယိဖျင်က ကိစ္စတွေကို များသောအားဖြင့် အဆုံးသတ် ပေးလေ့ ရှိတယ်။ ဒီနေ့တော့ သူ တိတ်ဆိတ်နေခဲ့တယ်။ ဒါကြောင့် အမတ်မင်းတွေ စိတ်မသက်မသာ ဖြစ်ရတယ်။ ဒါပေမယ့် စိတ်မသက်မသာ ဖြစ်ရုံလေးပဲ။ နောက်ဆုံးတော့လည်း ဧကရာဇ်က အမိန့်ချပြီးသွားပြီလေ။ အမတ်မင်းတွေ ကောက်ချက်ချနေခဲ့တယ်။ ဝန်ကြီး ယွီယိဖျင်ကတော့ ညီလာခံ ခန်းမထဲမှာ အေးအေးဆေးဆေး လမ်းလျှောက်နေတယ်။ ဒါပေမယ့် သူ လမ်းလျှောက်တာ ငါးလှမ်းတောင် မပြည့်လိုက် ဘူး။ နန်းတော် အစေခံ ဝတ်ရုံတစ်ခု က သူ့ကို တားမြစ်လိုက်တယ်။

“ ဝန်ကြီးယွီ ။ ဧကရာဇ်က တော်ဝင်စာကြည့်ဆောင်ထဲမှာ တွေ့ဖို့ ပြောလိုက် ပါတယ်။”

“ ကောင်းပါပြီ။ ကျေးဇူးပါပဲ အထိန်းတော်ပန်။” ဝန်ကြီးယွီယိဖျင် ခေါင်းငြိမ့်တယ်။ အဲ့ဒ့ီနောက် သူ့အိတ်ထဲကနေ ငွေသား လက်တစ်ဆုပ်ကို ထုတ်ပေးလိုက်တယ်။

အထိန်းတော်ကြီး သူ့ အကျီ လက်ထဲ ထည့်တယ်။ ပြုံးပြုံးရွှင်ရွှင် နဲ့ ထွက်ခွာသွားတော့တယ်။ တော်ဝင်စ ာကြည့်ခန်းထဲမှာ။ နဂါးပလွင်ပေါ် ဧကရာဇ် လင်း မုပိုင် ထိုင်နေတယ်။ သူ့လက်ထဲက သတင်းပို့ချက်ကို သူဖတ်နေတယ်။ ဒါပေမယ့် သိပ်ပြီးတော့ စိတ်ဝင်စားဟန် မရှိဘူး။

“အရှင်မင်းမြတ်။ ဝန်ကြီး ယွီယိဖျင် ရောက်လာပါပြီ။” ဒီအချိန်မှာပဲ အထိန်းတော် ပန်ရဲ့ အသံ ထွက်လာတယ်။

“ဝင်စေ။”

တံခါးပွင့်လာတယ်။ ဝတ်ရုံနီနဲ့ ယွီယိဖျင် နန်းတော်ထဲကို ဝင်လာတယ်။ တလေးတစား နဲ့ ဦးညွှတ်တယ်။ အဲ့ဒီ့နောက် ဒူးထောက်ဖို့ ပြင်တယ။်

“ ဒီ ဓလေ့ထုံးစံတွေ လုပ်ဖို့ မလိုအပ်ပါဘူး။ ယွီဖျင်။ ဒီ တစ်ခေါက် အိမ်ရှေ့စံ တောင်ပိုင်းဒေသကို သွားတာ။ တောင်ပိုင်းဒေသက ကိစ္စရပ်တွေကို ဖုံးကွယ်မှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်။ မင်းအမြင်အရ။ ငါတို့ ရဲ့ အခုအချိန်က ထိရှလွယ်နေတယ် လို့ ထင်လား။” ဧကရာဇ် လင်းမုပိုင်က လက်ကိုဝေ့ယမ်းရင်း ပြောတယ်။

ဒါကိုကြားတော့ ယွီယိဖျင်ရဲ့ အမူအယာ နည်းနည်း ပြောင်းသွားတယ်။ တော်ဝင် အမတ်မင်းတွေနဲ့ အိမ်ရှေ့စံရဲ့ ဆက်ဆံရေးက ရင်းနှီးလွန်းတယ်။ ဒီကိစ္စက တော်ဝင်မိသားစု အတွင်းမှာ အဖုအထစ် ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ဧကရာဇ်က အခုကိစ္စကို ထောက်ပြနေပြီ။ ဒီ အချိန်မှာပဲ။ အကယ်၍ သူသာ ဝန်ခံလိုက်ရင်။ အိမ်ရှေ့စံ နဲ့ သူ့ရဲ့ ဆက်ဆံရေးကို တိုက်ရိုက် ဝန်ခံရာရောက်သွားလိမ့်မယ်။ ဒါပေမယ့် အကယ်၍ သူ ဝန်မခံခဲ့ရင် ။ ဧကရာဇ် က သူ့ရဲ့ လေ့လာစူးစမ်းနိုင်စွမ်းကို သတိမပြုမိပဲ ဖြစ်လိမ့်မယ်။ ဧကရာဇ် ကို လိမ်ညာဖို့ ကလည်း မလုပ် မနေ အခြေအနေ မှ ဖြစ်ရမယ်။ ဒါပေမယ့် ဒီလို လုပ်လိုက်ရင် ဧကရာဇ် ရဲ့ ယုံကြည်မှုကို ဆုံးရှုံးရလိမ့်မယ်။

“ အရှင်မင်းကြီး ရဲ့ ဆုံးဖြတ်ချက်က အဘက်ဘက်တွေးတောထားပြီးသားဆိုတာ ပြောစရာလိုမယ် မထင်ပါဘူး။ ဒါကြောင့် လက်ဆောင်ပဏ္ဍာရဲ့ တန်ဖိုးက ကိစ္စ မရှိလှပါ ဘူး။ အရှင်မင်းကြီးရဲ့ မြင့်မားတဲ့ ဆုံးဖြတ်ချက် နဲ့ ရှေ့ရေးကို မျှော်မြင် တတ်မှုက ကျွန်တော် မျိုး နဲ့ နှိုင်းယှဉ် လိုက်ရင် အများကြီး သာလွန်ပါတယ်။ ဒါကြောင့် ကျွန်တော်မျိုး ရဲ့ အမြင်ကို မပြောဝံ့ ပါဘူး။” ဝန်ကြီးယွီယိဖျင်က လေးလေးနက်နက် နဲ့ ပြောတယ်။

“ ဟဟား… တောင်ပိုင်းဂိတ်ကို ဆုံးရှုံးလိုက်ပြီးဆိုတဲ့ သတင်းပို့ချက် ကြားတုန်းက ကိုယ်တော် တကယ်ပဲ စိုးရိမ် မိခဲ့တယ်။” ယွီယီဖျင်ရဲ့ အဖြေကို ကြားပြီးတဲ့နောက်။ လင်းမုပိုင်ရဲ့ မျက်နှာ တောင့်တင်းမှု အနည်းငယ် ပြေလျော့သွားတယ်။

“ အရှင်မင်းကြီးက တောင်ပိုင်းဂိတ်မှာ ပိတ်မိနေတဲ့ စစ်သည် ငါးသောင်းကို စိုးရိမ်နေတာလား။” ယွီယိဖျင်က လင်းမုပိုင်ရဲ့ မျက်နှာကို အခြေအနေကို မြင်တော့ သူ ဆက်ပြောတယ်။ ဂရုတစိုက်နဲ့ သေချာခန့်မှန်းတယ်။

“ဟုတ်တယ်။ ကိုယ်တော် ဒါကို စိုးရိမ်နေတာ။” ဧကရာဇ်လင်းမုပိုင်က နောက်ဆုံးမှာတော့ ခေါင်းငြိမ့်လိုက်ပြီ။

“ အရှင်မင်းကြီး ဒါကို သိပ်ပြီး စိတ်ပူစရာ မလိုတော့ပါဘူး။”

“ အိုး။ မင်းဘာကိုဆိုလိုတာလဲ၊”

“ အရှင်မင်းကြီး ပြောပြခဲ့တဲ့အတိုင်းပဲ။ တောင်ပိုင်း ဒေသအတွက် အရှင်မင်းကြီး လက်ဆောင်တွေ။ ဒါက တောင်ပိုင်းဒေသ အတွက် ဖြစ်နေမှတော့လည်း။ ဘာထပ်ပြီး စိုးရိမ် စရာ လိုအပ်တော့မလဲ။”

“ဟဟားဟား….. ဟုတ်တယ်။ မင်း မှန်ပါတယ်။ တောင်ပိုင်းဒေသ ရဲ့ ယဉ်ကျေးမှုက ရိုးရှင်းပြီး ဖြူစင်တယ်။ သူတို့ တွေက ဒီလို အစုလိုက် အပြုံလိုက် သတ်ဖြတ်တာမျိုးတွေ လုပ်လေ့မရှိဘူး။ ငါလည်း စိုးရိမ်စရာ မလိုတော့ပါဘူး။ ဒါပေမယ့် …. ” ဧကရာဇ် လင်းမုပိုင်က ဒီ အချိန်မှာ သူ့ ခန္ဒကိုယ် အနည်းငယ် တောင့်တင်းသွားပြန်တယ်။ သူ့မျက်နှာမှာ စိုးရိပ်တဲ့ အရိပ်အယောင် ထပ်ပေါ် လာခဲ့တယ်။

“ အရှင်မင်းကြီးက အိမ်ရှေ့စံ မင်းသားကို စိုးရိမ်နေတာလား။”

“ ဟုတ်တယ်။ အိမ်ရှေ့စံက ငယ်ရွယ်ပြီး စစ်ရေး အတွေ့အကြုံလည်း မရှိသေးဘူး။ သွမ့်အရှင်လို စစ်တပ်နဲ့ ကျွမ်းဝင်နေတောလည်း မဟုတ်ဘူး။ ထပ်ပေါင်းပြောရရင် ။ ဒီတစ်ကြိမ် က ပထမဆုံး ရန်မြို့တော်ကနေ ထွက်ခွာဖူးတာပဲ။ ကိစ္စတွေကို ဆောင်ရွက်တဲ့ အချိန် အမှားလုပ်မိမှာကို ကိုယ်တော် စိုးရိမ်တယ်။ ” ဒီ စကားအရောက်။ ဧကရာဇ် လင်းမုပိုင် သက်ပြင်း ချလိုက်တယ်။

တကယ်တမ်းတော့။ အိမ်ရှေ့စံ တောင်ပိုင်းဒေသကို သွားရတာ လေ့ကျင့်ရေး အတွက်က တစ်ပိုင်း။ နောက်ကွယ်က အကြောင်းရင်း ကတော့ တောင်ပိုင်းဒေသကို ဖြေရှင်းဖို့ပဲ။ ပြောရရင် အိမ်ရှေ့စံက ငါးစာ ပဲ။

အကယ်၍ သွမ့်အရှင်ကိုသာ သုံး ခဲ့ရင် ရလဒ်လည်း ကောင်းနိုင်မှာ မဟုတ်ဘူး။ ပထမဆုံး။ သွမ့်အရှင် က စစ်တပ်ကို အုပ်ချုပ်လာတာ နှစ်တွေ ကြာနေပြီ။ ဒါကြောင့် တောင်ပိုင်းဒေသ သားတွေလည်း ပိုပြီး သတိပြုမိမှာပဲ။ ဒုတိယက ။ သွမ့်အရှင်ရဲ့ ဂုဏ်ပုဒ်က မြင့်တယ် ဆိုပေမယ့် အိမ်ရှေ့စံ ကိုတော့ ယှဉ်မရဘူး။

“အရှင်မင်းမြတ်ကို လျှောက်တင်ပါတယ်။ အိမ်ရှေ့စံက ငယ်ရွယ်ပေမယ့်။ အရှင်မင်းကြီးရဲ့ ဘေးမှာ ကြီးပင်းလာခဲ့တာပါ။ သူ့ပတ်ဝန်းကျင်ကနေ အများကြီးလည်း သင်ယူခဲ့ရတယ်။ အိမ်ရှေ့စံက ထက်မြက်ပြီး အမျှော်အမြင်လည်း မြင့်မားတယ်။ သူ့ အပိုင်းနဲ့ ပတ်သက် လာရင် မကိုင်တွယ်နိုင်တာမျိုး ရှိမှာ မဟုတ်ပါဘူး။ ကျွန်တော်မျိုးယုံကြည် ပါတယ်။ ” ဝန်ကြီး ယွီယိဖျင် က ယုံကြည်ချက် အပြည့်နဲ့ ပြန်ဖြေတယ်။

“ဒီလိုပဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။” ဧကရာဇ် လင်းမုပိုင်က ခေါင်းငြိမ့်တယ်။ နောက်ထပ် မပြောတော့ဘူး။ ပြတင်းပေါက် အပြင်ကိုသာ လှမ်းကြည့်နေတယ်။ သူ့စိတ်ထဲမှာနောက်ထပ် စိုးရိမ်မှု တစ်ခုရှိနေသေးတယ်။ ဖန်ကျန်းရှီကတောင်ပိုင်း ဒေသ မှာ ရုတ်တရက် ပေါ်လာတယ်။ နောက်ပြီးတော့ တစ ်ချက်တည်းနဲ့ မိုးကြိုးခြင်္သေ့ ဒေသကို သိမ်းထားတဲ့ ချန်းဖေးယွီကို အနိုင်ယူတယ် ။ ချန်းဖေးယွီကို ငါးစာ လုပ်ပြီးတော့ ဝူဖုန်းကို ထုတ်ပယ်ပြစ်တယ်။ သူ့ရဲ့ အောင်မြင်မှုတွေက မယုံကြည်နိုင်လောက်အောင် ပဲ။ ဒီလန့်စရာကောင်းတဲ့ ရလဒ်ကြောင့်ပဲ သူ စိုးရိမ်နေရတာ။

“ ဒီကောင်စုတ်လေး။ အေးခဲမျောက်မင်း ဒေသကိုပါ တကယ်သိမ်းတော့မှာ မဖြစ်နိုင်ဘူးမလား။ မဖြစ်နိုင်တာပဲ။ အေးခဲမျောက်မင်းဒေသကို သိမ်းနိုင်မှာမဟုတ်ဘူး။ ”

…

သုခမိန်တောင်တန်း မြို့တော်။ ကျောက်ဖြူ သား နန်းတော်မှာ ။ တောင်ပိုင်းဒေသ ဘုရင် နေနိုင်တယ်။ အသက်သုံးဆယ် အရွယ် လူတစ်ဦး ကြီးမားတဲ့ သားရေ ထိုင်ခုံပေါ်မှာ ထိုင်နေတယ်။ လူငယ် က အဖိုးတန် ငွေရောင် သားမွှေး ဝတ်ရုံကို ဝတ်ထားတယ်။ ရွှေရောင် ဖိနပ်တွေကို စီးနင်းထားတယ်။ သူ့ ဆံပင် ပေါ်မှာတော့ ငါးရောင်ခြယ် ငှက်မွှေးနှစ်ချောင်းရှိနေခဲ့တယ်။ ငှက်မွှေးနှစ်ခုရဲ့ အလယ်မှာတော့ အပြာရောင် ကျောက်တစ်လုံး ရှီနေခဲ့တယ်။

ရှန်လင်း။

တောင်ပိုင်းဒေသဘုရင် ရဲ့ တတိယမြောက် သား။ တောင်ပိုင်းဒေသရဲ့ လက်ရှိ သူတော်စင်။ ရှန်လင်းကသူ့ အောက်ဘက်မှာ ရှိတဲ့ နေရာကို ဝေ့၀ဲကြည့်တယ။် သူ့အနားမှာ လူ ခြောက်ဦးရှိတယ်။ သူတို့တွေက ကြိမ်ထည် ဝတ်ရုံတွေကို ဝတ်ဆင်ထားပြီး ပုံ အမျိုးကို ဆေးခြယ်ထားတယ်။ တစ်ချို့သော ပုံတွေကတော့ ခြင်္သေ့ကြီးပုံ။ တစ်ချို့ကတော့ မီးတောက်ထဲမှာ ပျံသန်းနေတဲ့ ကျီးကန်းပုံ။

ဒီလူခြောက်ဦးကတော့ တောင်ပိုင်းဒေသ နယ်မြေကြီး ခြောက်ခုရဲ့ အစစ်အမှန် ခေါင်းဆောင်တွေ ဖြစ်တယ်။ သူတို့ နာမည်တွေ က နယ်မြေကြီး တွေရဲ့ အမည် နာမ အတိုင်းပဲ။

“ ယန်ယ။ တောင်ပိုင်းဂိတ်ကို သိမ်းဖို့ စစ်သည် ဘယ်လောက် သုံးလိုက်လဲ။ ” ရှန်လင်း က နောက်ဆုံးမှာတော့ ခပ်ပိန်ပိန် လူကို မေ်းလာတယ်။

“ အရှင်မင်းသားရဲ့ အမိန့်တော် အတိုင်း။ စစ်သည် ရှစ်သောင်းကို ယန်ယ ဒေသတွင်းမှ ာ ပုန်းအောင် နေစေပါတယ်။ စစ်သည်သုံးထောင်နဲ့ သိမ်းယူခဲ့ပါတယ်။ အချိန် လေးနာရီခွဲကြာမြင့်ပါတယ်။” ယန်ယက တလေးတစားနဲ့ ရှင်းပြတယ်။

“သုံးထောင်လား။ ဟမ်… တောင်ပိုင်းဂိတ်ရဲ့ အစောင့်အကြပ်က ဒီ့ထက် တင်းကြပ်ပါတယ်။ ငါတို့ရဲ့ အသေခံ စစ်သည် သုံးထောင်က ရှမင်းဆက်ရဲ့ စစ်သည် ငါးသောင်ကို ဖမ်းယူနိုင်တယ် ဆိုရင် တန်ပါတယ်လေ။ ဒီ စစ်သည်ငါးသောင်းကို သေချာ ထိန်းသိမ်းထားလား။” ၇ှန်လင်း က ခေါင်းငြိမ့်တယ်။ ယန်ယကိုပြန် ထိုင်ခိုင်းတယ်။

“ အရှင်မင်းသားရဲ့ အမိန့်တော် အတိုင်း။ စစ်သည်ငါးသောင်းကို အုပ်စု နှစ်ခု ခွဲပါတယ်။ တစ်စုကို ယန်ယ နယ်မြေထဲမှာ ထိန်းသိမ်းထားပြီး တစ်စုကိုတော့ စီကျွမ်းနယ်မြေထဲမှာ ထည့်ထားပါတယ်။ ” ယန်ယက ထပ်ရှင်းပြ ပြန်တယ်။

“ကောင်းပြီ။ စီကျွမ်း။ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အိမ်ရှေ့စံ မင်းသား အခြေအနေ ကကော ဘယ်လိုလဲ။ ” ရှန်လင်းက ခေါင်းငြိမ့်ပြန်တယ်။ တောင့တင်းသန်မာတဲ့ လူကြီးကို သူ မေးတယ်။

ဒီလူ့ကိုယ်က စိမ်းပြာနေတယ်။ တစ်ကိုယ်လုံး ဆေးမင်ကြောင်တွေနဲ့ ပြည့်နေတယ်။ ဘာပုံလည်း ပြောလို့မရနိုင်ဘူး။ ဒါပေမယ့် သူ့ ဦးခေါင်းပြောင်ပြောင်ကတော့ ထင်ရှားလှတယ်။

“ သူတော်စင် စိတ်မပူပါနဲ့။ ကြီးမြတ်သော ရှ မင်းဆက် အိမ်ရှေ့စံက ကျွန်တော်တို့ လက်ခုပ်ထဲမှာ ပဲ။ သူ အခုချိန်မှာ စစ်သည် ခြောက်သောင်းနဲ့ တောင်ကြားထဲ ပိတ်မိနေပါတယ်။ ဘာမှ အသုံးမဝင်ပါဘူး။” စီကျွမ်းက ပြန်ဖြေတယ်။

“ကောင်းပြီ။ အခုတော့။ နန်ကုန်းစောင်လို့ ခေါ်တဲ့ တစ်ယောက် နဲ့ ဖန်ကျန်းရှီလို့ ခေါ်တဲ့ တစ်ယောက်ပဲ အေးခဲ မျောက်မင်းနယ်မြေမှာ ကျန်တော့တယ်။” ရှန်လင်း ပြုံးနေခဲ့တယ်။

“သူတော်စင် ။ နန်ကုန်းဟောင်နဲ့ ဖန်ကျန်းရှီက အရေးစိုက်စရာ မလိုအပ်ပါဘူး။ ကျွန်တော့်ရဲ့ မိုးကြိုး အလင်းတန်းဒေသ တွင်းက စစ်သည် ရှစ်သောင်း။ အေးခဲမျောက်မင်း နယ်မြေထဲကို ရွေ့ပြောင်းပြီးပါပြီ။ အတွင်းအပြင် ပူးပေါင်း ဆောင်ရွက်လိုက်ရင်။ ဒီ ဘာမဟုတ်တဲ့ ကလေး နှစ်ယောက်ကို ချေမွနိုင်မှာ အမှန်ပဲ။” ခရမ်းရောင် ခြင်္သေ့ပုံ ထိုးထားတဲ့ လူကြီးတစ်ယောက် က ထပြောတယ်။

“မိုးကြိုးအိုကြီး စကားအပြောအဆို သတိထားစမ်း။” နောက်အသံ တစ်သံ ဒီ အချိန်မှာ ထွက်ပေါ်လာတယ်။ ဒီအကြီးအကဲရဲ့ အသားအရောင်က ဖြူဖွေးတယ်။ သူ့ လက်မောင်းတွေက သာမာန်ထက် ရှည်လျားတယ်။ အသက်ကတော့ ငါးဆယ်ဝန်းကျင်ရှိပြီ။

“ ဘာ ကိစ္စလည်း။ ငါ ဘာမှားလို့လဲ။” မိုးကြိုးခြင်္သေ့ကြီး ဒီစကားကြားတော့ သူ့ အမူအယာ ပြောင်းလဲသွားတယ်။

“ နန်ကုန်းဟောင်က ကျုပ်ရဲ့ အေးခဲမျောက်မင်း ဒေသမှာ နေတာ နှစ်လကျော်နေပြီ။ နန်ကုန်းဟောင်ရဲ့ အခြေအနေကို ကျုပ် ခန့်မှန်းနိုင်တယ်။ လွယ်လွယ်ကူကူ အနိုင်ယူလို့ မရမှာပဲ စိုးရိမ်မိတယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီကို လျော့တွက်လို့လည်း မရပြန်ဘူး။

ဒီကောင်လေးနဲ့ နန်ကုန်းဟောင်က ညီလာခံ အတွေးအခေါ်စာမေးပွဲမှာ ပူးတွဲပထမ ရထားတာ နောက်ပြီးတော့ ပိုပြီး အရေးကြီးတာက … ဒီ ကောင်စုတ်လေး။ ဘာမကောင်းဆိုးဝါး နည်းလမ်းကိုများ သုံးလိုက်လည်း မသိ ကျုပ်ရဲ့ လေတောင်ကြားက လေတွေ ရပ်သွားပြီ။ ကြောက်စရာပဲ။ ” လူကြီးက စကားကို ဆုံးအောင် ပြောပြီးနောက် ကျိန်ဆဲတော့တယ်။ သူ့အမူအယာ သူ့အသက်အရွယ်နဲ့ မလိုက်ဖက်။

“နန်ကုန်းဟောင်ပဲ ဖြစ်ဖြစ်။ ဖန်ကျန်းရှီပဲ ဖြစ်ဖြစ်။ ငါတို့ ရဲ့ စစ်သည်တော် တစ်သိန်းခြောက် သောင်း ကို သူတို့ရဲ့ စစ်သည်တော် ငါးသောင်းနဲ့ အောင်မြင်နိုင်မှလြား။” ရှန်းလင်းက ဒါကို ကြားတော့ ခေါင်းမော့လာတယ်။

“ သူတော်စင်ပြောတာ မှန်တယ်။ အခုတောင်ပိုင်းဂိတ်က ကျသွားပြီ။ အတွင်းပိုင်းဒေသ တွေက ကျွန်တော်တို့ လက်ထဲမှာပဲ။ ကြီးမြတ်သောရှမင်းဆက်ရဲ့ လည်ပင်းကို ဖိထားရမယ်။ ဒီ စစ်သည် တစ်သိန်းကို အနိုင်တိုက်ဖို့ အချိန်ပဲ လိုအပ်တယ်။ အကယ်၍ ကျွန်တော်တို့ အေးခဲမျောက်မင်း ဒေသမှာ တစ်ခုခု ဖြစ်ခဲ့ရင်တောင် ကျွန်တော်တို့မှာ ရှန်းယွီ မင်းသမီးလည်း ရှိနေသေးတယ်လေ။ သူတို့ နှစ်ယောက် ပူးပေါင်းလိုက်ရင်တောင် ပြေးလွတ်လို့မှာ မဟုတ်တော့ဘူး။” ယန်ယက ယုံကြည်ချက်အပြုည့်နဲ့ ထပြောတယ်။

“စစ်သည်တစ်သိန်းကို ဖမ်းမိတာနဲ့။ ကြီးမြတ်သော ရှမင်းဆက် ဧကရာဇ် မျက်နှာ ဘယ်လို ဖြစ်သွားမလဲ သိချင်လိုက်တာ။” ၇ှန်လင်း နောက်ဆုံးမှာတော့ ရယ်မောတော့တယ်။

…

တောင်ပိုင်းဒေသ ။ အေးခဲမျောက်မင်း နယ်မြေ အတွင်း။ လေတောင်ကြားရဲ့ အပြင်ဘက်မှာ။ စစ်သူကြီးတွေ စိတ်အားတက်ကြွစွာ တိုက်ခိုက်နေတယ်။ ဖန်ကျန်းရှီကတော့ ကျောက်စိမ်းမြှား တွေကို နေခွင်းလေးကနေ ထပ်ပြီး ပြစ်ပြန်တယ်။ လေးကိုင်းကို လုံး၀ ကွေးညွှတ်သွားပြီး လှပတဲ့ ပုံရိပ်တစ်ခု ဖြစ်တဲ့ အထိ အားအပြည့်ထည့်ထားတာ။ တန်ရှီရှန်းက ဒီလို မြားပညာအကြောင်းကို ကြားဖူးတယ်။ ကျားစစ်သူကြီး နဲ့ ရင်ဆိုင်တုန်းက ဖန်ကျန်းရှီ ဒီ ပညာကို တစ်ခါသုံးဖူးတယ်။ သဘာဝလွန် နောက်ဆုံး အဆင့်ကို ရောက်နေတဲ့ စစ်သူကြီးတိုင်တောင် ရှန်းယွီ မင်းသမီးရှေ့မှာ သေမလို ဖြစ်သွားခဲ့တယ်။

ဒါပေမယ့် အဲ့ဒီ့ အချိန်မှာ။ တန်ရှီရှန်းကော။ ရှန်းယွီ မင်းသမီး ရဲ့ တပ်စခန်းက စစ်သူကြီးတွေပါ ထင်ခဲ့တာ ၇ှိတယ်။ ရှန်းယွီမင်းသမီးရဲ့ မီးတောက် ကြိမ်လေးကိုင်း ကြောင့် ဒီကောင် ဒီလောက်ထိအစွမ်းထက်တာလို့။ ဒါပေမယ့် သူ့ ရှေ့က မြင်ကွင်းမှာ လည်းပဲ။ မြှားတွေ က ကောင်းကင်ကိုထိုးတက်နေတယ်။ တန်ရှီရှန်း အံ့သြမှင်သက်နေမိတယ်။ ဒီ သူ့ရှေ့ကဖန်ကျန်းရှီက အတွေးအခေါ် စာမေးပွဲ ထိပ်သီး ဖြစ်ရုံတင် မကဘူး။ ကြောက်စရာ ကောင်းလွန်းတဲ့ ဓားတစ်လက်လည်း ရှိတယ်။ နောက်ပြီးတော့ ရှန်းယွီ မင်းသမီး ရဲ့ မီးတောက် ကြိမ်လေးကိုင်းထက် မလျော့တဲ့။ ကျောက်စိမ်း လေးကိုင်းလည်း ၇ှိနေတယ်။ ဒီကောင့်မှာ ရတနာ ပစ္စည်းတွေ ဘာလို့များ ဒီလောက်တောင် များနေတာလဲ။

ဒီကောင်က ဖန်ကျန်းရှီ ဟုတ်ကော ဟုတ်ရဲ့လား။ ငါကြားတာတော့ ဖန်ကျန်းရှီက ကျောထောက် နောက်ခံမရှိတဲ့ သာမာန်ရွာသားလေးဆို။ ဘာကြောင့်များ ဒီလိုတွေ ဖြစ်နေရတာလဲ။ တန်ရှီရှန်းနည်းနည်းတော့ သံသယ ဝင်လာတယ်။

ဒါပေမယ့် သူ့ကို ပိုပြီး သံသယဖြစ်စေတာက ။ ဘာကြောင့် ဖန်ကျန်းရှီက သူ့ လေးကိုင်းကို ထပ်ခါထပ်ခါ ဆွဲပြီး ပြစ်နေတာလဲ။ ကျောင်းတော်သားတွေကိုသတ်ဖို့များ ကြံစည်နေတာလား။ သူတို့ကို အသေသတ်ပြီး အခွင့်ကောင်းယူ မလို့လား ။ တန်ရှီရှန်းလည်း မခန့်မှန်းနိုင်ဘူး။ ဒါမှမဟုတ် သူသိရင်တောင် မခန့်မှန်း ဝံ့ဘူး ဆိုပါတော့။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီ ရဲ့ ဘေးမှာ နေတာကြာလေလေ ။ သူ့ရဲ့ စိတ်ကို မခန့်မှန်းနိုင်လေပဲ။ သူ့ပုံစံက သာမာန် လူတွေ နဲ့ ကွာခြားလွန်းနေတယ်။

တန်ရှီရှန်း ခန့်မှန်း နိုင် မနိုင် အရေးမကြီးဘူး။ ဖန်ကျန်းရှီ ရဲ့ မြားက လေးကိုင်းကနေ ချက်ခြင်း ထွက်သွားတယ်။ ကောင်းကင်မှာ အစိမ်းရောင် အမြောက်ဆံကြီး တစ်ခု ဖြစ်ပေါ်လာတော့တယ်။ အဲ့ဒီ့နောက် … ကောင်းကင်မှာ လှပတဲ့ စက်ဝန်းတစ်ခု ဖြစ်ပေါ်လာတယ်။ ကျောက်စိမ်းရောင် သံချပ်ကာ ဝတ်ထားတဲ့ လူငယ်တစ်ယောက်ဆီ ပြေ်းဝင်သွားတယ်။ ဒီလူငယ်လေးရဲ့ လက်ထဲမှာ ကျောက်စိမ်းပုလွေ တစ်ချောင်းကို ကိုင်ထားတယ်။ ဒီလူကတော့ ဝူဖုန်းကလွဲပြီး တခြားသူ ရှိအုန်းမလား။

သူက လူအုပ်ထဲမှာ ရပ်နေတာ။ တခြားစစ်သည်တော်တွေ လက်နက် ချမှာကို သူစောင့်နေတာလေ။ ဝူဖုန်းက ဖန်ကျန်းရှီ သူ့ကို တိုက်ခိုက်မယ်လို့ မထင်ထားမိဘူး။ နောက်ပြီးတော့ သတိတေလးတောင် မပေးပဲနဲ့ တိုက်ခိုက်တာ။ ဝူဖုန်း ဒေသထွက်သွားတယ်။

ချန်းဖေးယွီ ကို တိုက်ခိုက်တုန်းက ။ ဖန်ကျန်းရှီရဲ့ ပြစ်ချက်မှာ သူ့ အင်အားတွေကို အများကြီး ပြထားတယ်။ စစ်ပွဲကြီးတစ်ခုလုံးကိုဦးဆောင်နေတဲ့ သူ့ အစွမ်းပြရင်း။ အတိုင်းအဆမဲ့ လူသတ်နေတေဲ့ ချန်းဖေးယွီကို ရပ်တန့်လိုက်တာ။ အဲ့ဒီ့နောက် တိုက်ပွဲတွေ ရပ်သွားတော့ သူ့ကို တိုက်ခိုက်ပြန်ကော။

“ ဖန်ကျန်းရှီ မင်းဘာလုပ်မလို့လဲ။” ဝူဖုန်းက ဒေါသတစ်ကြီး နဲ့ အော်တယ်။ သူက ချန်းဖေးယွီလိုမျိုး ဖန်ကျန်းရှီ ရဲ့ အလင်းမြားကို မကာကွယ်နိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ့စိတ်ထဲမှာ ဒီလို ခုခံတာက အလကားသက်သက် အင်အား ဖြုန်းတီးတယ်လို့ ထင်နေတာကြောင့်ပဲ။ ဝူဖုန်းလိုမျိုး ဉာဏ်ရှိတဲ့ လူက တစ်ဖက်ချင်းစီကို ခုန်ရှောင်တယ်။ ဖန်ကျန်းရှီ ရဲ့ မြားတွေကို ဘယ်ညာ ခုန်ရှောင်နေတယ်။

“ဘုန်း။”

ကျယ်လောင်တဲ့ အသံကြီး နဲ့ အတူ ဝူဖုန်း ရဂပ်နေတဲ့ နေရာက ချက်ခြင်း ပေါက်ကွဲသွားတယ်။ ဖုန်မှုန့်တွေ ချက်ခြင်း လေထဲကို လွင့်ပျံ့တယ်။ တစ်ချိန်တည်းမှာပဲ ။ သွေးသံရဲရဲ အော်ဟစ် သံတွေ က ပေါက်ကွဲသံ နဲ့ အတူ ပေါ်ထွက်လာတယ်။

“ အားးး”

လတ်ဆတ်တဲ့ သွေးတွေက ဓားကျိုးတစ်ချောင်းနဲ့ အတူ ကောင်းကင်ကို ထိုးတက်သွားတယ်။ အဲ့ဒီ့နောက် မြေပြင်ပေါ်ကို ပြန်ကျလာတယ်။ တစ်ခဏကြာပြီးနောက် ။ ဖုန်မှုန့်တွေ ငြိမ်သက်သွားတယ်။ အလောင်းကောင်တစ်ကောင်ရဲ့ အဝတ်အစားတွေလည်း စုတ်ဖြဲခံထားရတယ်။ သူ့ရင်ဘတ်မှာတော့ သွေးတွေ စီးကျနေတယ်။

အပိုင်း (၃၆၅) ပြီး ၏။

အပိုင်း (၃၆၆)

“ ဘယ်လို လက်စားချေမှု မျိုးလည်း ။”

ဒီမြင်ကွင်းကြောင့် လူတိုင်းရဲ့ လှုပ်ရှားမှုတွေ ချက်ခြင်း ရပ်တန့်သွားတယ်။ သတ်တာလား။??

ဒါမျိုးက ဒီလောက က လူတွေ အတွက် အထူးအဆန်းတော့ မဟုတ်ဘူး။ ဒါပေမယ့် ညီလာခံ စာမေးပွဲ ကျောင်းတော်သား တစ်ယောက်ကို လူအများရှေ့မှာ သတ်တာ ကတော့ ….။ ဘယ်လို အကြောင်းပြချက်ကမှ မကယ်တင်နိုင်ဘူး။ နောက်ပြီးတော့ မတူညီတဲ့ ဒီ ကိစ္စ နှစ်ခုလည်း တပြိုင်တည်း ဖြစ်နေတယ်။

စိတ်ခံစားချက် ရှုထောင့် ကပဲ ဖြစ်ဖြစ်။ ဥပဒေ နည်းလမ်း ကပဲ ဖြစ်ဖြစ်။ တရားမျှတမှုရှိတဲ့ ရှုထောင့်ကပဲ ဖြစ်ဖြစ် ။ ဒီလိုကိစ္စက လုံး၀ မဖြစ်သင့်တာပဲ။ ဒါပေမယ့် အဆုံးသတ်မှာတော့။ ထူးဆန်းတဲ့ အကျိုးကျေးဇူးတွေလည်း ရနိုင်သေးတယ်။

ဥပမာအားဖြင့်။ ဆက်ပြီးခုခံ နေကြသေးတဲ့ စစ်သည်တော်တွေလည်း ဒီမြင်ကွင်းကို မြင်လိုက်ကြတယ်လေ။ ဒါကြောင့် နောက်ကို တစ်လှမ်းဆီ ချက်ခြင်းဆုတ်သွားကြတယ်။ အဲ့ဒီ့နောက် ကလင်ကလန် အသံတွေ ဆက်တိုက်ထွက်ပေါ်တယ်။ စစ်သည်တစ်ထောင်နီးပါးရဲ့ လက်ထဲက လက်နက်တွေ တစ်ခုပြီး တစ်ခု ပြုတ်ကျကုန်တယ်။ လက်နက်ချ အရှုံးပေးလိုက်တာက နောက်ဆုံး အဆုံးသတ်ရလဒ်ပဲ။

ဒါပေမယ့် စစ်သည်တော်သာ လက်နက်ချသွားတယ်။ ကျောင်းတော်သားတွေ ကတော့ ဒေါသ မီးတွေ မီးပုံကြီး တစ်ခုထဲကို ဆီပူပူတွေ လောင်းချလိုက်သလိုပဲ။

“ ဖန်ကျန်းရှီ။ အပြစ်မဲ့လူတွေကို မင်းဘယ်လိုတောင် သတ်ဝံ့တာလဲ။” ကျောင်းတော်သား တစ်ယောက်က ဖန်ကျန်းရှီကို ဒေါသတကြီးနဲ့ လှမ်းအော်တယ်။ ဒါပေမယ့် ဒီစကားပြောပြီးနောက် သူ ခေါင်းကို ပြန်ငုံ့သွားတယ်။ ဘာကြောင့်လဲ ဆိုတော့…။ ရန်မြို့တော်ကြီးမှာ အချိန် အတော်ကြာ နေပြီးတဲ့နောက်။ ဖန်ကျန်းရှီ မလုပ်ဝံ့တာ ဘာမှ မရှိမှန်း သူ ကောင်းကောင်း သိခဲ့ပြီးပြီလေ။

ဒီထဲကမှ အနီးစပ်ဆုံး ဖြစ်ခဲ့တဲ့ အကြောင်းရင်း က။ တော်ဝင်ညီလာခံ စာမေးပွဲ အောင်စာရင်း ကြေညာချိန်မှာ ဖန်ကျန်းရှီ ပျောက်သွားခဲ့တာပဲ။

“ ဖန်ကျန်းရှီကို ဆွဲချ။ သခင်လေးလီ အတွက် လက်စားချေရမယ်။”

“ အပြစ်မဲ့သူကို သတ်တာက ခွင့်မလွှတ်စရာပဲ။

“ ဒီလို အရှက်မရှိတဲ့ ကောင်မျိုးနဲ့ အတူနေဖို့ မဖြစ်နိုင်ဘူး။ ကြီးမြတ်သော ရှ မင်းဆက်က စစ်သည်တော်တွေ နားထောင်ကြ။ ဖန်ကျန်းရှီက မဆင်မခြင် လူသတ်တယ်။ သူ့ပြစ်မှုက ခွင့်မလွှတ် နိုင်စရာပဲ။ တိုက်ခိုက်ရေးစာမေးပွဲရဲ့ စည်းမျဉ်းတွေကို မေ့ထားလိုက်တော့။ သခင်လေးတို့ ကျွန်တော်နဲ့ ပူးပေါင်းဖို့ တောင်းဆိုပါတယ်။ ဒီနေ့ ဒီ ကောင့်ရဲ့ ပြစ်မှုတွေကို ဖော်ထုတ်ပြီး အရှင် အိမ်ရှေ့စံမင်းသားစီ ပို့ရမယ်။”

ကျောက်တုံးလေး တစ်တုံးက ဆူနာမီကို ဖြစ်စေတယ်။ အလွန်လျင်မြန်စွာနဲ့ ။ ကျောင်းတော်သား တစ်ချို့ရဲ့ အသံတွေ နောက်က ပေါ်လာတော့တယ်။ ကျောင်းတော်သား လေးယောက်က သူတို့ဓားတွေကို မြှောက်ထားတယ်။ ဖန်ကျန်းရှီ ဆီကို တဟုန်ထိုး ပြေးဝင်လာကြတယ်။ သူတို့ ပြေးဝင်လာတဲ့ အချိန်။ ဖန်ကျန်းရှီရဲ့ ပြစ်မှုတွေကို အကျယ်ကြီး အော်လာကြတယ်။ တစ်ခုချင်းစီကို အော်တဲ့ အချိန်တိုင်း ။ သူတို့ အသံတွေက တရားမျှတမှု တွေ နဲ့ ပြည့်နေတယ်။ ဒီမြင်ကွင်းကို တခြားကျောင်းတော်သားတွေလည်း မြင်တယ်။ သူတို့ လန့်သွားကြတယ်။ နောက်ဆုံးတော့လည်း သူတို့က စည်းမျဉ်းအရဆို၇င် ထုတ်ပယ်ခံပြီး သား လူတွေလေ။ နောက်ပြီးတော့ ကြီးမြတ်သောရှမင်းဆက်ရဲ့ ဥပဒေ အရ။ ဖန်ကျန်းရှီ ပြစ်မှု ကျူးလွန်ခဲ့တယ်ဆိုရင်တောင်။ ဥပဒေ ကောင်စီကပဲ သူ့ကို အပြစ်ပေးရမယ်။

ဖန်ကျန်းရှီကို ဒီလို ချက်ခြင်း ဖမ်းတာက အနည်းနဲ့ အများတော့ ဆင်ခြင်ဉာဏ်မရှိရာရောက်တယ်။ ဒါပေမယ့် သူတို့ တိုက်ခိုက် နေတဲ့ အချိန် ဖန်ကျန်းရှီ လုပ် တာကို ပြန်တွေးမိတယ်။ အသက်နဲ့ ရင်းပြီး တိုက်ခိုက် နေရတဲ့ အချိန်မှာ ဖန်ကျန်းရှီ ကတော့ အေးအေးဆေးဆေး ချက်ပြုတ်စားသောက်နေခဲ့တယ်လေ။

ဖန်ကျန်းရှီက နောက်ဆုံးမှာ စစ်ဗျူဟာကို တားနိုင်ခဲ့တယ်။ ဒါပေမယ့် သူတို့လည်း တစ်နာရီ နီးပါး ပိတ်မိနေခဲ့သေးတာလေ။ ဒေါသမထွက်ပဲတော့ ဘယ်နေမလဲ။ ဖန်ကျန်းရှီကို တိုက်ရိုက်ဆွဲချပြီးတော့ ဝူဖုန်းလက်ထဲ စစ်အာဏာ ပြန်အပ်တာမျိုး ဘာလို့ မလုပ်ရမှာလဲ။

အရှင်မင်းမြတ်ကသာ မေးလာခဲ့ရင်။ ဖန်ကျန်းရှီက ရာဇဝတ်သား ဖြစ်ပြီ။ နောက်ပြီးတော့ တိုက်ခိုက်ရေးစာမေးပွဲရဲ့ ရလဒ်ကလည်း ထည့်တွက်ဖြစ်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် သူတို့လည်း သူတို့ရဲ့ ရလဒ်ကို ဖန်ကျန်းရှီ စီမှာ မှီခိုနေစရာ မလိုတော့ဘူး။ အဆုံးသတ်လိုက်ရင်။ တိုက်ခိုက်ရေး စာမေးပွဲ ရလဒ်ကလည်း တွေးထားတာထက် ပိုပြီးတော့ ကောင်းလာမယ်။

ဒါကိုတွေးလိုက်ပြီးတဲ့နောက်။ ကျောင်းတော်သားတွေ တစ်ယောက်ကို တစ်ယောက် မျက်စပစ် ကြတော့တယ်။ သူတို့ရဲ့ ခံစားချက်တွေကို ဖော်ပြတယ်။ တစ်ချိန်တည်းမှာပဲ နောက်ထပ် ကျောင်းတော်သား သုံး လေးဦး နောက်ကနေ လိုက်လာကြတယ်။ ဆိုးရိုးစကား တစ်ခုရှိတယ်လေ။ ဘေးကရပ်ကြည့်သူတစ်ယောက်က ပွဲတော်ကြီးတွေကို မကြောက်ဘူး ။

ကျောင်းတော်သား ရှစ်ဦး ပူးပေါင်းသွားတာကို မြင်တော့ ။ သူတို့လည်း နောက်ကနေ ဖြည်းဖြည်းချင်း ကပ်လိုက်သွားကြတယ်။ ဖန်ကျန်းရှီကတော့ လေတောင်ကြားဝင်ပေါက်မှာ။ နေခွင်းလေးကို ကိုင်ရင်း ရပ်နေတယ်။

“ ကိုယ်ရံတော်ဖန်။ ဒီလူတွေက ပုန်ကန်ချင်နေတဲ့ပုံပဲ။” ဝူဖုန်းကို ဖန်ကျန်းရှီ ဘာလို့ တိုက ်ခိုက်မှန်း တန်ရှီရှန်း လုံးဝကို နားမလည်နိုင်ဘူး။ ဒါပေမယ့် အကြောင်းရင်းကို သူ ဂရုမစိုက် ပါ ဘူး။ သူက ဆိုင်ယန်ကျောက် တံဆိပ်ပြား ရဲ့ အမိန့်ကိုပဲ နာခံတာလေ။ ဖန်ကျန်းရှီ့ လက်ထဲမှာ တံဆိပ်ပြားရှိတယ်။ ဒါကြောင့် ဖန်ကျန်းရှီရဲ့ လုံခြုံမှုကို သူဂရုစိုက်ရမယ်။

“ အမှန်ပဲ။ ဒီကောင်တွေ ပုန်ကန်ချင်နေတာ။” ဖန်ကျန်း၇ှီ ဖြေတယ်။ သူ့ ဆီ ပြေးလာနေတဲ့ ကျောင်းတော်သားတွေကို ကြည့်တယ်။ အဲ့ဒီ့နောက် သူ့ရှေ့မှာ ပိတ်ရပ်ရင်း ကာကွယ်ထားတဲ့ တန်ရှီရှန်းကို သူ တစ်ချက်ကြည့်တယ်။ ပြုံးလိုက်တယ်။ တခြား စစ်သူကြီးတွေ ကတော့ ကျက်သေသေ နေတယ်။ ကျောင်းတော်သားတွေ အော်ဟစ်လာတာကို သူတို့ မြင်တယ်။ ဒီ စကားလုံးတွေ နောက်ကွယ်က အဓိပ္မာယ်ကို သူတို့ သိတယ်။ ဒါပေမယ့် ။ ဘယ်လိုများ သူတို့ ဒီလို လုပ်နိုင်ရတာလဲ။

သူတို့တွေ တွေဝေနေတယ်။ သံသယဖြစ်နေတယ်။ အချိန်တိုလေး အတွင်းမှာ သူတို့ ကြုံလိုက်ရတာ မနည်းဘူး။ တကယ်တမ်းတော့ တွေဝေပြီး သံသယ ဖြစ်နေတဲ့ လူတွေ အပြင် နောက်ထပ် လူ နှစ်ယောက်လည်း ထပ်ရှိသေးတယ်။ ဝူဖုန်းနဲ့ ချန်းဖေးယွီ။

ပုံမှန် အခြေအနေ မျိုးမှာ ဝူဖုန်း နဲ့ ချန်းဖေးယွီ လည်း ဒီလို ကိစ္စကို စဉ်းစားမိတယ်။ ဒါပေမယ့် ကိစ္စတွေ အကုန်လုံး က ဖန်ကျန်းရှီ ဆီကို ရုတ်တရက် ဦးတည်သွားဖို့ အကြောင်းရာကို သူတို့ မသိဘူး။ ချန်းဖေးယွီက တော်ဝင်သွေးသား။ ကျောင်းတော် ဆယ့်သုံးခုထဲက ဆက်ခံသူ တစ်ယောက်။ သူ့မှာ ဂုဏ်သိက္ခာရှိတယ်။ ဖန်ကျန်းရှီက သူ့ကို မြားနဲ့ ပြစ်တော့ စစချင်း သူ စိတ်ဆိုးခဲ့တယ်။ ဒါပေမယ့် ပြန်လည်စဉ်းစားပြီးတဲ့နောက် ( သူကမှ တကယ့် အမှားလုပ်မိတာပဲ) ။ ဒါကြောင့် …. ဖန်ကျန်းရှီ သူ့ကို ပြစ်တာ ဘာမှ မမှားဘူး။

ဒါပေမယ့် ဝူဖုန်း အတွေးကတော့ ချန်းဖေးယွီ နဲ့ ကွာခြားတယ်။ ဖန်ကျန်းရှီ သူ့ကို ပြစ်တဲ့ အချိန်ုတုန်းက သူ့နောက်မှာ တခြားသူ မ၇ှိဘူး။ ဒါပေမယ့် မြားက ရုတ်တရက် ပေါ်လာတဲ့ ကျောင်းတော်သားကို ထိ သွားတယ်တဲ့လား။ ဒါက ဘာသဘောလဲ။

တကယ်တမ်းတော့ ဒီကျောင်းတော်သားတွေ။ ဖန်ကျန်းရှီကို ဆွဲချနိုင်ဖို့ ဝူဖုန်း မျှော်လင့်နေတာ။ ဒါပေမယ့် သူကတော့ ဒီတိုက်ခိုက်မှုမှာ မပါဝင်ဘူးလေ။

အဲ့ဒီ့အစား။ သူ နဲ့ မနီးမဝေးမှာ ရပ်နေတဲ့ အလောင်းကောင်ကိုသာ စူးစိုက်ကြည့်တယ်။ ဝူဖုန်းက အလေ ာင်းကောင်နဲ့ သိပ်မဝေးဘူး။ ဒါကြောင့် သူ ကောင်းကောင်းမြင် နေရတယ်။ ဒီလူ့ရဲ့ ရင်ဘတ် က ဓားထက်ထက် နဲ့ အမွှန်းခံထားရသလိုပဲ။ ဒါပေမယ့် သူ မသေသေးဘူး။ ဒီလူ့ရဲ့ ရင်ဘတ် ဖြည်းဖြည်းချင်း လှုပ်ရှားနေတာကို သူ သတိထားမိတယ်။ တစ်ချိန်တည်းမှာပဲ လဲကျနေတဲ့ ကျောင်းတော်သား အနီးကို သူ ရောက်သွားတယ်။

“ သခင်လေး လီ။ ငါ့ အသံကို ကြားလား။” ဝူဖုန်း ဒူးထောက် ထိုင်ချတယ် ။ ကျောင်းတော်သား ရဲ့ နှာဖျားကို လက်နဲ့ ကပ်ကြည့်တယ။် နောက်လက်တစ်ဖက် နဲ့ ကျောင်းတော်သားကို လှုပ်နှိုးနေတယ်။

“ သခင်လေး သခင်လေးဝူ…. ကယ် ကယ်ပါ။” ကျောင်းတော်သား ရဲ့ ကိုယ်က တုန်ယင် နေတယ်။ သူ့ အသံက အလွန်တိုးညှင်း နေပြီ။ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်တယ်။ ဒီလို လုပ်တာတောင် သူ အတော်လေး ကြိုးစားနေရတာ။ ဒါတောင် မျက်လုံးမှေးမှေးလေးပဲ ဖွင့်နိုင်တယ်။

“ ဒါပေါ့။ ငါ့မှာ မင်း အတွက် ဆေးဝါးတွေ ရှိတယ်။ မင်း မသေဘူး။” ဝူဖုန်း တခြား ကိစ္စတွေကို အာရုံမစိုက်တော့ဘူး။ သူ့ အိတ်ထဲ လက်နှိုက်တယ်။ ကျောက်စိမ်း ပုလင်း လေးကို ထုတ်ယူ လိုက်တယ်။ အစိမ်းရောင် ဆေး နှစ်လုံးကို သူ ထုတ်တယ်။ တစ်လုံးကို ကျောင်းတော်သား ရဲ့ ပါးစပ်ထဲကို ထည့်တယ်။ နောက်တစ်လုံးကိုတော့ အမှုန့်ဖြစ်အောင် ချေလိုက်တယ်။ ကျောင်းတော်သားရဲ့ ရင်ဘတ်က ဒဏ်ရာထဲကို အမှုန့်သိပ်ပေးတယ်။ ဝူဖုန်း က ကျောင်းတော်သားကို ဆက်ပြီး ကုသတယ်။ တခြားသော ကျောင်းတော်သားတွေ ကတော့ ဖန်ကျန်းရှီ ရှေ့ကို တိုးဝင်နေတယ်။ လူလေးယောက် က စကားလေး တစ်ခွန်းတောင် မပြောကြဘူး။ ဖန်ကျန်းရှီဆီ ရောက်ဖို့ သာ သည်းသည်းမည်းမည်း တိုက်ခိုက်နေတယ်။

ဓားလေးချောင်းက မတူညီတဲ့ အလင်းတန်းတွေ တောက်ပတယ်။ ဖန်ကျန်းရှီဆီကို မတူညီတဲ့ အရပ်လေးခု ကနေ ဓားနဲ့ ခုတ်ချတယ်။ အရှိန်နှုန်းက လျင်မြန်လွန်းတယ်။ ဓားပညာကလည်း အင်အားကြီးမားလွန်းတယ်။

ဒါကိုမြင်တော့ တန်ရှီရှန်း နောက်ထပ် တွေေ၀ မနေတော့ဘူး။

သူအော်ဟစ်ပြီး ခုန်ဝင်တယ်။ တခြားသော ငွေဂျိုဝံပုလွေ တပ်ဖွဲ့ တွေလည်း လှုပ်ရှားလာပြီ။ သူတို့လည်း တစ်ချက်လေးတောင် မတွေဝေပဲ ခုန်ဝင်တယ်။

စစ်သူကြီးတွေ ဒါကို သေချာမြင်နေတယ်။ ဒီရုတ်တရက် အပြောင်းအလဲကြောင့် သူတို့ ထိတ်လန့်ကုန်တယ်။ ဒါက သာမာန် တိုက်ပွဲလေးလို့ပဲ ထင်ထားတာ။ ဒါပေမယ့် ဒီ စစ်ပွဲရဲ့ အပြောင်းအလဲ က ဒီလောက်မြန်မယ် မထင်ထားဘူး။ နောက်ပြီးတော့ ဖန်ကျန်းရှီ ကို ကူညီဖို့လည်း သူတို့ မတွေးကြ။ သူတို့အားလုံးက ကျောင်းတော်သားတွေလေ။ အကယ်၍ သူတို့ သတ်ချင်ရင်တောင် ။ အနည်းဆုံးတော့ ပြစ်မှုကို ကြေညာသင့်တယ်မလား။ စစ်သူကြီး တွေ မျက်လုံး ပြူးနေတယ်။

ဒါပေမယ့် ဖန်ကျန်းရှီကတော့ တည်တည်ငြိမ်ငြိမ်ပဲ။ သူက ဒါတွေဖြစ်လာမှာကို ခန့်မှန်းပြီးတဲ့ ပုံပဲ။ တခြားသူတွေ တိုက်ရိုက် တိုက်ခိုက်လာတာတောင် သူ မကြောက်လန့်ဘူး။ အဲ့ဒီ့အစား နေခွင်းလေးကို နောက်တစ်ကြိမ် ဆွဲပြန်တယ်။ ဒီ မြားကတော့ ချန်းဖေးယွီ နဲ့ ဝူဖုန်းကို ပြစ်တဲ့ပုံနဲ့ မတူဘူး။ ပထမ မြား နှစ်စင်းတုန်းက စက်ဝိုင်းခြမ်း ပုံစံ ဖြစ်ပြီးမှ ထိတာ။ အခုတော့ မြားက တည့်တည့်သွားတယ်။ အကွာအဝေးကလည်း နီးတယ်လေ။

ကျောက်စိမ်းရောင် အလင်းတန်းက မျက်စိရှေ့က ကျောင်းတော်သားဆီ ချက်ခြင်း ရောက်သွားတယ်။ လေကိုခွင်းပြီး ပြစ်မှတ်ကို ထိတယ်။

“ဘုန်း ” မိုးကြိုးပြစ်သလို အသံ တစ်သံ နောက်ထပ် ထွက်လာပြန်တယ်။

စွမ်းအင်လှိုင်းတွေ က နေရာ အနှံ့ကို လှိုင်းခတ်သွားတယ်။ ဖန်ကျန်းရှီနောက်မှာ ရပ်နေတဲ့ စစ်သူကြီးတွေ နောက်တစ်လှမ်းဆုတ်သွားတယ်။

“ သူတို့တွေ တကယ် တိုက်ခိုက်နေတာလား။”

“ ဖန်ကျန်းရှီက ဘာလုပ်ဖို့ ကြံနေတာလား။ ဒီ ကျောင်းတော်သားတွေကို တကယ် သတ်မလို့လား။”

“ တစ်ယောက်တည်းကို သတ်ဖို့တောင် အတော်လေး ခက်နေတာ။ ဘယ်လိုများ သူတို့ အကုန်လုံးကို သတ်မှာလဲ။”

“ စစ်သူကြီးဖန်။ ဓားသံတမန် ဖန်။ မြန်မြန်လေး ရပ်ပါ။ တခြား ကိစ္စ ၇ှိနေသေးရင်။ ငါတို့ ဆွေးနွေးလို့ ရပါတယ်။ ငါတို့ အားလုံးက တစ်အုပ်စုတည်းပဲ။”

စစ်သူကြီးတွေ ဒီလို လူသတ်တာမျိုး မမြင် ဝံ့ဘူး။ ဒါက တကယ့်ကို အဓိပ္မာယ် မဲ့နေတာပဲ။ အခုတော့ ရန်သူ့တပ် နဲ့ ဆန့်ကျင်ဘက် တပ်တို့ တိုက်ပွဲဖြစ်နေတာကို။ အတွင်းပိုင်း တိုက်ပွဲ ပေါ်လာတာ တကယ့်ကို အပြစ်ကြီးပဲ။ ထုံးစံ အတိုင်း စစ်သူကြီးတွေကတော့ ငြိမ်းချမ်းဖို့ ကို ရွေးချယ်တယ်။ နောက်ဆုံးတော့လည်း သူတို့ မျက်လုံးထဲမှာ။ ဖန်ကျန်းရှီက ဘယ်လိုပဲ ဖြစ်ဖြစ် အသာစီး ရနေတာလေ။ နေခွင်းလေး ရှိရုံတင် မကဘူး။ ငွေဂျို ဝံပုလွေ စစ်သည် ငါးရာလည်း ရှိနေ သေးတယ်။ ကျောင်းတော်သား တွေက ဘယ်လိုများ ထိခိုက်အောင် လုပ်နိုင်မှာလဲ။

ဒါကြောင့် …. သူတို့ ချက်ခြင်း မလှုပ်ရှားကြဘူး။ ဒါက သူတို့ အတွေးသက်သက်ပဲ။ ရလဒ်က အမြင် အတိုင်းပဲ ပြောင်းလဲ နေတယ်။ ဘာကြောင့်လဲ ဆိုတော့ ဓားသိန်းသန်းချီ အနုပညာက ကျောင်းတော်သား တစ်ယောက်ဓား နဲ့ ထိတွေ့သွားတယ်။ ပုံမှန် အတိုင်းဆို ကျောင်းတော်သား ဒဏ်ရာရမှာပဲ။ ပြင်းပြင်းထန်ထန် ကို။ ဒါပေမယ့် သူက ချက်ခြင်း နောက် မဆုတ်သွားဘူး။ သူ့ ဓားကို ဆက်မြှောက်ထားတယ်။ ဖန်ကျန်းရှီ ကို တည့်တည့် ခုတ်ချတယ်။ တခြား ကျောင်းတော်သား တွေလည်း ဆုံးဖြတ်ထားပြီးတဲ့ ပုံပဲ။

တန်ရှီရှန်း နဲ့ ငွေ ဂျိုဝံပုလွေ အုပ်စုတောင် နားလည်လာတယ်။ သူတို့ ရှေ့က ကျောင်းတော်သား တွေက ဖန်ကျန်းရှီကို မသတ်ရမချင်း နောက်ဆုတ်မယ့် ပုံ မပေါ်ဘူး။ ဒါက ဘယ်လို လက်စားချေမှုမျိုးလည်း။

ဖန်ကျန်း၇ှီက ဝူဖုန်းကိုပဲ မြား နဲ့ ပြစ်တာလေ။ ဒီလူတွေ ရူးကုန်ပြီလား။

စစ်သူကြီးတွေ ဒီလို တိုက်ခိုက်မှုမျိုး ဖြစ်လာမယ်လို့ တွေးပြီးသား။ ဒါပေမယ့် သူတို့ အသက် နဲ့ ရင်းပြီး တိုက်မယ်လို့တော့ မထင်ထားဘူး။ ကျောင်းတော်သား တစ်ယောက်ကို ဖန်ကျန်းရှီ သတ်တာက ပြစ်မှုပဲ ။ ဒါပေမယ့် ကျောင်းတော်သားတွေ ဖန်ကျန်းရှီကို သတ်မယ်လုပ်နေတာလဲ ပြစ်မှုပဲလေ။ ဒါက အတွေးအခေါ် အတူတူပဲ။ ဒါပေမယ့် အခု အခြေအနေ ကတော့ ဘာ အတွေးအခေါ် မှာ ရှိနေပုံ မပေါ်ဘူး။

“ မြန်မြန်။ ရပ်လိုက်တော့။”

“ မင်းတို့ အားလုံးက စာဖြေသူတွေပဲ။ တစ်စုံတစ်ယောက် ပြစ်မှု ကျူးလွန်ရင်တောင်…… ဒါက ဥပဒေ ကောင်စီပဲ စီရင်ရမှာ။ မင်းတို့ အသက်တွေ နဲ့ ရင်းပြီး တိုက်ခိုက်စရာ မလိုဘူး။”

စစ်သူကြီး တစ်ချို့ က မုန်ယိုနေတဲ့ ကျောင်းတော်သားတွေကို သတိပေးတယ်။ သူတို့ တိုက်ခိုက်တာကို ရပ်ဖို့ ကြိုးစားတယ်။ ဒါပေမယ့်လည်း အကျိုးမရှိပါဘူး။ ကျောင်းတော်သား လေးယောက်က တစ်ချက်လေးတောင် မရပ်တန့်ဘူး။ အဲ့ဒီ့အစား သူတို့ အရှိန်မြှင့်လိုက်ကြတယ်။

ဒီ အချိန်မှာပဲ နောက်ထပ် ကျောင်းတော်သား နှစ်ယောက် ထပ် ထွက်လာတယ်။ ဒါပေမယ့် သူတို့ ရဲ့ နှုတ်ထွက်စကားတွေကတော့ ပထမ ကျောင်းတော်သား လေးယောက် နဲ့ ကွာခြားနေတယ်။ ( သူတို့ တကယ်ပဲ တိုက်ပွဲကို တားဖို့ စီစဉ်နေတာလား။)

“ သခင်လေး တိုင်။ သခင်လေး ဝမ်။ သူ့ကို မသတ် နဲ့။ ဖန်ကျန်းရှီ လက်နက် ချတာ သေချာအောင် လုပ်။”

“ ဟုတ်တယ်။ ဖန်ကျန်းရှီ။ မင်းက ပြစ်မှုကြီးကို လုပ်ထားတာ။ မင်း အပြစ်ကို ပိုပြီးတော့ ကြီးအောင် မလုပ် နဲ့တော့ ။ မင်းတို့တွေ ဆက်ပြီး မတိုက်ခိုက် နဲ့။ ဆွေးနွေးပြီးမှ ပြဿနာကို ဖြေရှင်းရအောင် ” နောက်ထပ် ကျောင်းတော်သား နှစ်ယောက် က အကျယ်ကြီး လှမ်းအော်တယ်။

ဖန်ကျန်းရှီ ကတော့ ဒီ နှစ်ယောက်ရဲ့ အကြံ ဉာဏ် လျစ်လျူရှုထားတယ်။ ဒီ လူ နှစ်ယောက်ကို တစ်ချက်လေးတောင် မကြည့်ဘူး။ အဲ့ဒီ့အစား ။ နေခွင်းလေးကိုသာ လခြမ်းကွေးပုံစံ ဖြစ်တဲ့ အထိ ဆွဲလိုက် တယ်။

“ ငါ တန်ရှီရှန်း ဒီ မှာ ရှိနေသရွေ့။ ဘယ်သူမှ ဖြတ်ကျော်မှု အိမ်မက် မမက် နဲ့။”

“သတ်။”

တန်ရှီရှန်း နဲ့ ဦးဆောင်မှု နဲ့။ ငွေဂျို ဝံပုလွေ အုပ်စုကြီး က တစ်ကောင်ချင်းစီ ပိတ်ရပ်တယ်။ ဖန်ကျန်းရှီ ရှေ့မှာ ကာကွယ်ထားတယ်။ တစ်ချိန်တည်းမှာပဲ ဝံပုလွေ အတန်း သုံးတန်း ဖြစ်သွားတယ်။ ဒါပေမယ့် လေတောင်ကြား ရဲ့ နေရာကတော့ အကန့်အသတ်ရှိတယ်။ ငွေဂျိုဝံပုလွေ တွေရဲ့ ကြီးမားတဲ့ ကိုယ်ထည်ကြောင့် ။ လူဆယ်ယောက် ဆန့်တဲ့ တောင်ကြား လမ်းက လူခြောက်ယောက်သာ ဆန့်တော့တယ်။ ငွေဂျို ဝံပုလွေ ခြောက် ကောင်က ကျောင်းတော်သား လေးယောက်ကို တစ်ခဏချင်း အနိုင်တိုက်မှာပဲ။ သို့ပေမယ့် တကယ့် အဖြစ်ကတော့။ ကျောင်းတော်သားတွေရဲ့ တိုက်ခိုက်မှုကြောင့် ဝံပုလွေ ခြောက်ကောင် နောက်ကို တစ်လှမ်းချင်း ဆုတ်လာရတယ်။

နောက်မှာ ရပ်နေတဲ့ ငွေဂျိုဝံပုလွေ တွေကတော့ ။ ရှေ့ဘက် က နေရာ လွှတ်ကို မဖြည့်ခင် စောင့်နေရတယ်။ ဒါက ချန်းဖေးယွီ နဲ့ ဝူဖုန်း တို့ကို မိုးကြိုးခြင်္သေ့ ဒေသမှာ တိုက်ခိုက်ခဲ့တာ နဲ့ မတူဘူး။ အခုကတော့ လမ်းဘေး တိုက်ပွဲပဲ။ ဒါပေမယ့် ငွေဂျို ဝံပုလွေ ရဲ့ အရေ အတွက် ကို ဒီ လို တောင်ကြားထဲမှာ အပြည့်အ၀ အသုံးချလို့ မဖြစ်ဘူး။ တတိတိနဲ့ အချိန်တွေက ကုန်ဆုံးနေတယ်။ ကြည့်နေရတာ စစ်အေး တိုက်ပွဲ တစ်ခုလိုပဲ။

ဒီအကြောင်းရင်းကို ဖြစ်စေတာက။ ဖန်ကျန်းရှီ့ အမှားပဲ။ ချန်းဖေးယွီ နဲ့ ဝူဖုန်းကို ချိန်ပြီး မြားလျှောက်ပြစ်လို့ ဖြစ်လာရတဲ့ ရလဒ်တွေ။ တကယ်တော့်ရယ်စရာကြီး။ မြားအပြစ်ခံရတဲ့ ဝူဖုန်း နဲ့ ချန်းဖေးယွီက လက်စားချေဖို့ မစဉ်းစားဘူး။ ဒါပေမယ့် တခြား ဘာမဆိုင် ညာမဆိုင် ကျောင်းတော်သား တွေက ဖန်ကျန်းရှီ ကို အသေသတ်ဖို့ လုပ်နေတယ်။

ဒါက တရားနည်းလမ်း မကျတာပဲ။ ဒါပေမယ့် ဒါက တကယ့် အစစ်အမှန်ကြီး ဖြစ်နေတာ။

“ တကယ်ပါပဲ။” ဖန်ကျန်းရှီက ရူးနေတဲ့ ကျောင်းတော်သား လေးယောက်ကို ကြည့်နေတယ်။ ကောက်ကောက်ကျစ်ကျစ် ပြုံးပြတယ်။ သူ့ လက်ထဲက လေးကိုင်းကို နောက်တစ်ကြိမ် ဆွဲပြန်တယ် ။

“ ဝူးးး”

ကျောက်စိမ်းရောင်မြားက ကောင်းကင်ကို ချက်ခြင်း ထိုးတက်သွားတယ်။ နောက်ထပ် လှပတဲ့ လခြမ်းကွေး တစ်ခု ဖြစ်ပေါ်လာတယ်။ မြားတွေရဲ့ ဦးတည်ရာကတော့ ကျောင်းတော်သား လေးယောက် မဟုတ်ပြန်ဘူး။ ဝူဖုန်းဆီကိုပဲ ဦးတည်ပြန်တယ်။

အပိုင်း (၃၆၆) ပြီး၏။

အပိုင်း (၃၆၇)

“ ပြန်လည် မွေးဖွားလာသော လုပ်ကြံ သတ်ဖြတ်သူများ။”

ဒီလောကမှာ အကြီးအကျယ် စိတ်ဆိုးတာကြောင့် အမုန်းပွားတာတွေ လက်စားချေတာ တွေ ရှိတယ်။ ဒါတွေက ဖန်ကျန်းရှီ ရဲ့ လတ်တလော လုပ်ဆောင် ချက်တွေနဲ့ သက်ဆိုင်နေတယ်။ မင်းက တရားမျှတမှုတွေ ပြည့်နေလို့လား။ မင်းတို့က ဝူဖုန်း နဲ့ ချန်းဖေးယွီ တို့ အတွက် တိုက် ခိုက်ပေးမလို့လား။ ကောင်းပြီလေ။ ဒါဆို ရင် ဝူဖုန်းကို နောက်ထပ် မြားတစ်ချောင်း ထပ်ပြစ်မယ်။ မင်း ဘယ်အချိန်ထိ ဆက်ပြီး အယောင်ဆောင်နေနိုင်အုန်းမှာလဲ။

ဒါက စစ်သူကြီး နဲ့ ကျောင်းတော်သားတွေ ပထမဆုံး တွေးမိတဲ့ အရာပဲ။ ကျောင်းတော်သား ကို ကုသပေးနေတဲ့ ဝူဖုန်းလည်း ဒီလိုပဲ တွေးမိတာ။

“ ဒီကိစ္စ အဆုံးသတ် အုန်းမှာလား။ မင်း နေ ာက်တစ်ကြိမ် ငါ့ကို ပြစ်ပြန်ပြီ။” ဒီတစ်ကြိမ်တော့ ဝူဖုန်း တကယ့်ကို စိတ်ဆိုးပြီ။ မင်းငါ့ကို ခန တိုင်း မြားနဲ့ ပြစ်နေတာ ။ ငါ နည်းနည်းလေးတောင် နားလို့ မရဘူးလား။ မင်းက ငါ့ကို တစ်ကြိမ်ပြီး တစ်ကြိမ်ပြီး တစ်ကြိမ် သတ်ဖို့ ကြံစည်နေတာ။ ငါ လုံး၀ သည်းမခံနိုင်တော့ဘူး။

ဝူဖုန်း ချက်ခြင်း မတ်တပ်ရပ်တယ်။ တစ်ပတ်လှည့်တယ်။ သူ့ဆီကို ထိုးဆင်းလာတဲ့ အစိမ်းရောင် မြားတွေကို ကြည့်တယ်။ သူ့ လက်ထဲက ကျောက်စိမ်းပုလွေကို နှုတ်ခမ်းနားတေ့တယ်။ ဒီအလင်းမြားတွေကို တားဖို့ ပြင်တယ်။ ဒါပေမယ့် ဒီ အချိန်မှာပဲ။ သူ့ နှလုံးသားထဲကနေ စိမ့်တက်လာတယ်။ ဒါက သူ့နောက်ကျော ဘက်ကနေ လာတာ။ ဒီခံစားချက်ကြောင့် သူ အတော်လေး စိတ်မသက်မသာ ဖြစ်ရတယ်။

ကျောက်စိမ်းရောင် အလင်းမြားတွေရဲ့ အရှိန်က အရမ်းကို မြန်လွန်းတယ်။ မျက်တောင် တစ်မှိတ် အချိန် အတွင်းမှာပဲ။ ဝူဖုန်းရဲ့ ခေါင်းပေါ်ကို ရောက်လာတယ်။ အလင်းမြားတွေက နေရာ တစ်ခုလုံးကို တစ်စစီ ဖြစ်သွားအောင် လုပ်နိုင်တယ်။ ဒီ အရာတွေမှာ ဘယ်လိုစွမ်းအား တွေ ရှိမှန်း ပိုလို့တောင် သိသေးတယ်။ ဒီ ပြစ်ချက်ကို သူ ရှောင်နိုင်တာပေါ့။ ဒါပေမယ့် သူ့ စွမ်းအား တွေကို အဆုံးစွန်ထိ ဖြန့်ကျက်ဖို့ လိုအပ်တယ်။ အနည်းဆုံးတော့ တခြား ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ အတွေးတွေသူ့ စိတ်ထဲ ဝင်မလာဖို့ လိုတယ်။ အခုလို အခြေအနေမျိုးမှာတော့ အေးချမ်း တိတ်ဆိတ်မှုက မဖြစ်နိုင်ဘူး။ ဒါကြောင့် ဝူဖုန်းလည်း တားမြစ်မယ်ဆိုတဲ့ အတွေးကို လက်လျှော့လိုက်တယ်။ အဲ့ဒီ့အစား သူ့ရဲ့ ဘယ်ဘက်ကို ခုန်ရှောင် လိုက်တယ်။ ဒီ အပြုအမူက အနည်းနဲ့ အများတော့ တစ်ကိုယ်ကောင်းဆန်တယ်။ ဒါပေမယ့်လည်း ဝူဖုန်းက သူ့ကိုယ်သူ အမှန်တရားရဲ့ ဘက်တော်သား တစ်ယောက်လို့မခံယူထားဘူး။ သခင်လေး လီကို မကယ်နိုင်တော့ကော ဘာလုပ်ရမှာလဲ။ ဒါဆို သူက သေရမှာလား။ ဝူဖုန်း များများစားစား ဂရု မစိုက်ပါဘူး။

“ဘုန်းး” ပဲ့တင့်သံက နောက်တစ်ခါ ထွက်လာတယ်။ ဝူဖုန်းက ထုံးစံ အတိုင်း တစ်ဖက်ကို လှိမ့်ပြန်ကော။ ဒါကြောင့် မြားတွေကို ခံစားရသူက သခင်လေး လီပဲ။ ဒီ မြင်ကွင်းကို ကျောင်းတော်သားတွေ အားလုံး မြင်တယ်။

“ ကောင်းပြီလေ။ ဒီတစ်ကြိမ်တော့ တကယ်သေပြီ။”

လူတိုင်း ပထမဆုံး ဒါကို တွေးမိတယ်။ ဒုတိယ အတွေးကတော့ ဖန်ကျန်းရှီ ရဲ့ ပြစ်မှုကြီးက တကယ့် တရားဝင် ဖြစ်သွားပြီ ။ အကယ်၍ ဒီလူသာ မသေရင်။ တခြားသော အခွင့်အရေးတွေလည်း အများကြီး ရှိနိုင်သေးတယ်။ ဒါပေမယ့် ဒီကျော်ငးတော်သား သေသွား တာ နဲ့။ ဖန်ကျန်းရှီ လွတ်မြောက်ဖို့ အခွင့်အရေးလည်း ပျောက်ပြီ။ ဒါပေမယ့် အခြေအနေ အလှည့်အပြောင်းက မြန်ဆန်လွန်းတယ်။ ဒီ ကိစ္စကြီး စဖြစ်တည်းက လူတိုင်း ကြောင်တောင်တောင် ဖြစ်နေခဲ့ရတာ။

အခုချိန်မှာတော့။ ဝူဖုန်း၊ ချန်းဖေးယွီ နဲ့ တခြားသော စစ်သူကြီး တွေ ဘယ်လို တွေးပါစေ ကိစ္စမရှိဘူး။ ဘာကြောင့်လဲ ဆိုတော့ အလင်းမြား က လူတစ်ယောက်ဆီမှာ ရပ်တန့်သွားလို့ပဲ။ လက်မောင်း တစ်ဖက် ပြုတ်ထွက်လာတယ်။ လတ်လတ်ဆတ်ဆတ်သွေးတွေနဲ့ ပြည့်နေတဲ့ လက်မောင်း။ ဒီလက်က ဒဏ်ရာအပြည့်နဲ့ သခင်လေး လီရဲ့ လက်လေ။ ဒါပေမယ့် အရေးကြီးတာက ဒါ မဟုတ်ဘူး။ အရေးကြီးတာက ဒီလက်ထဲမှာ ဓားမြောင်တစ်ချောင်း ရှိနေတာ ကြောင့်ပဲ။ ဓားမြောင်ပေါ်မှာ အပြာဖျော့်ရောင် အလင်းတန်း တောက်ပနေတယ်။ အပြာရောင် အလင်းတန်းက အရာအားလုံး ဖြစ်တည်မှု တာအို အများကြီးကို ကိုယ်စားပြုတယ်။ ဥပမာ အားဖြင့်။ ပင်လယ် ကောင်းကင်။ ပန်းပွင့် အစရှိသည်ဖြင့်။ ဒါပေမယ့် နောက်ထပ် အဓိပ္မာယ် တစ်မျိုးလည်း ရှိနေသေးတယ်။ ဒါကတော့ အဆိပ်။ ယူ့အက် သစ်ပင်က အဆ ိပ်။

ဒဏ်ရာရနေတဲ့ သခင်လေး လီက ဘာလို့ ဓားကိုင်ထားတာလဲ။ ဒီ အချိန်မှာ ဘယ်သူမှ နားမလည်နိုင်ဘူး။ ဝူဖုန်းရဲ့ အစတုန်းက ဒေါသ ထွက်နေတဲ့ အမူအယာ ပျောက်ဆုံးသွားပြီ။ အဲ့ဒီ့အစား သူ့မျက်နှာ ဖြူဖျော့နေတယ်။ ဒီ အချိန်မှာတော့ သူ့ ခြေထောက်တွေ ပျော့ခွေနေပြီ။ ဘာကြောင့်လဲ ဆိုတော့ အခု သူ ကြုံလိုက်ရတဲ့ အခြေအနေကို နားမလည် နိုင်လို့ပဲ။

ရိုးတွင်းခြင်ဆီ ထဲကနေ စိမ့်ချမ်းလာတဲ့ အအေးဓာတ်။ တစ်ချိန်တည်းမှာပဲ ဝူဖုန်း နဲ့ တခြား စစ်သူကြီးတွေ ကောင်းကင်မှာ လွင့်နေတဲ့ လက်မောင်းကို ကြည့်နေယ်။ ဒါပေမယ့် လူတိုင်းရဲ့ အတွေးကတော့ မတူညီ လှဘူး။ ဥပမာ အာ းဖြင့် ဖန်ကျန်း၇ှီကို မတိုက်ခိုက်ဖို့ တားမြစ်နေတဲ့ ကျော်ငးတော်သားနှစ်ယောက်။ ဖန်ကျန်းရှီကို တိုက်ခိုက်နေတဲ့ ကျောင်းတော်သား နှစ်ယောက် နဲ့ ပူးပေါင်းသွားပြီ။ ဒီ လူ ခြောက်ယောက်ကတော့ ပျံသန်းနေတဲ့ လက်မောင်းကို သတိမထားမိကြဘူး။ အဲ့ဒီ့အစား သူတို့ လုပ်စရာ ရှိတာကိုသာ ဆက်လုပ်နေကြတယ်။

“ဖန်ကျန်းရှီ ။ မင်းရဲ့ လက်ကို မြှောက်။ လက်နက်ချ လိုက်တော့။” ကျောင်းတော်သား တစ်ယောက် က ငွေဂျိုဝံပုလွေ ခုခံစစ်ကို ကျော်ဖြတ်လာနိုင်တယ်။

တောက်ပနေတဲ့ ဓား အလင်းတန်းက အရင်နဲ့ မတူဘူး။ တစ်ချိန်တည်းမှာပဲ ဓား အလင်းတန်းက သုံးပေနီးနီး ကျယ်ပြန့်သွားတယ်။ ပြေရမှာကတော့ ။ အရင်တစ်ချိန် တိုက်ခိုက်နေတုန်းက သူတို့ရဲ့ ဓားစွမ်းရည်က ပုံမှန်ပဲ။ ဒါပေမယ့် အခုချိန်မှာ သူတို့ ကိုယ်ခန္ဒာက ထွက်လာတဲ့ အရှိန်အဝါ ပြောင်းလဲ သွားခဲ့တယ်။ မြန်ဆန် ပြင်းထန်တယ်။ အရမ်း အရမ်းကို မြန်ဆန် ပြင်းထန်တယ်။

“ သတိထား။” တန်ရှီရှန်း ရဲ့ အမူအယာလည်း ချက်ခြင်း ပြောင်းသွားတယ်။ အစိမ်းရောင် အလင်းတန်း တွေ သူ့ရဲ့ မည်းမှောင်မှောင် အသားအရေက ထွန်းလင်းလာတယ်။ ဒီ အလင်းတန်းက ကိုယ်ခန္ဒာ အတွင်းကနေ ထွက်ပေါ်လာတာ။ အလင်းရောင်ထွက်လာတဲ့ အချိန်။ တန်ရှီရှန်း ရဲ့ အသားအရေက ခြောက်သွေ့သွားတယ်။ ကိုယ်ခန္ဒာက အစိုဓာတ်တွေ အငွေ့ပြန်သွားတဲ့ အတိုင်းပဲ။ ဒီမြင်ကွင်းက တကယ်ထူးဆန်းတယ်။ ဒါပေမယ့် ရလဒ်ကတော့ သိပ်မဆိုးဘူး။

“ဒုန်။” ထုံထိုင်းထိုင်း အသံ တစ်သံ ထွက်လာတယ်။ ထက်မြက်စူးရှတဲ့ ဓား အလင်းတန်းက တန်ရှီရှန်းရဲ့ လက်သီး တစ်ချက်တည်းနဲ့ နောက်ဆုတ်သွားတယ်။ ဒါမှမဟုတ်။ ဓားအလင်းတန်းကို တန်ရှီရှန်း လက်သီး တစ်ချက် တည်းနဲ့ ဖြတ်တောက်လိုက်တယ်။

ဖန်ကျန်းရှီ ဒါကိုမြင်တော့ လန့်သွားတယ်။ တောင်ပိုင်းဒေသ ရဲ့ လေ့ကျင့်ရေး နည်းလမ်းတွေကို သူနားမလည်ဘူး။ ဒါပေမယ့် လေထု အပြောင်းအလဲကိုတော့ သူ ခံစားမိတယ်။ တန်ရှီရှန်း ( ငွေဂျိုဝံပုလွေ ငါးရာရဲ့ အဖွဲ့ခေါင်းဆောင်)

စွမ်းအားချည်း သက်သက် ဆိုရင်။ တန်ရှီရှန်း က သိပ် မသန်မာဘူး။ ဒါကြောင့် ဖန်ကျန်းရှီ ထင်ခဲ့တာ။ တန်ရှီရှန်းက အများဆုံးရှိမှ ကောင်းကင်ရောင်ပြန် ထိပ်သီး အဆင့်လို့။ ဒါပေမယ့် တန်ရှီရှန်း ရဲ့ လက်သီးချက်ကြောင့် သူ့ အမြင်ချက်ခြင်း ပြောင်းသွားတယ်။

ရှန်းယွီ မင်းသမီး ရဲ့ စစ်စခန်းမှာ။ ဖန်ကျန်း၇ှီက စစ်သူကြီးတိုင် နဲ့ တိုက်ခိုက်ဖူးတယ်။ ဒါကြောင့် သဘာဝလွန် အလယ်အဆင့် စွမ်းအားကို သူကောင်းကောင်းသိတယ်။ တန်ရှီရှန်း ရဲ့ အင်အားက စစ်သူကြီး တိုင်လောက် မပြင်းထန်ဘူး။ ဒါပေမယ့် တည်ငြိမ်မှုမှာတော့ နည်နည်းလေးတောင် မကွာခြားဘူး။

“ တန်ရှီရှန်းက တကယ်ပဲ သဘာဝလွန် အဆင့်မှာ ရောက်နေပြီလား။” ဖန်ကျန်းရှီက ချက်ခြင်း အတည်ပြု လိုက်တယ်။ ဒီ အချိန်မှာပဲ သူ့ စိတ်ထဲ နောက် အတွေးတစ်ခု ဝင်လာခဲ့တယ်။ အကယ်၍ တန်ရှီရှန်းကသာ တကယ်ပဲ သဘာဝလွန် အဆင့်ကို ရောက်နေ၇င်။ အရင် တိုက်ပွဲတွေ မှာတုန်းက ဘာကြောင့်များ ထုတ်ဖော် မပြတာလဲ။

ဖန်ကျန်းရှီ ရဲ့ ဘေးမှာ တန်ရှီရှန်း ပေါ်လာတဲ့ အချိန်က စပြီး။ သူပြသတဲ့ စွမ်းရည်တွေက ပုံမှန်ပဲ ။ ချန်းဖေးယွီ နဲ့ ဝူဖုန်း တို့ကို တိုက်ခိုက်တဲ့ အချိန်မှာတောင် တန်ရှီရှန်း ရဲ့ လှုပ်ရှားမှုက နည်းနည်းလေးတောင် အထင်ကြီးစရာ မကောင်းဘူး။ ဖန်ကျန်းရှိလည်း ဒါကို တိတိကျကျ အဖြေမရှာနိုင်။ ဒါပေမယ့် ရှန်းယွီ မင်းသမီးက တန်ရှီရှန်းကို သူ့ ဘေး လွှတ်ထားတာ အလကားတော့ မဟုတ်နိုင်ဘူး။ ရှန်းယွီ ဘာတွေ ကြံစည်နေတာလဲ။

ဆိုင်ယန် ကျောက် အမိန့်ပြားပေးတာလကလည်း အကြောင်းရင်း ရှိမယ်။ နောက်ပြီးတော့ တန်ရှီ၇ှန်း နဲ့ ငွေဂျိုဝံပုလွေ စစ်သည် ငါးရာ ပို့ထားတာကော။ တန်ရှီရှန်း ရဲ့ စွမ်းအား အစစ်အမှန်ကို ဖုံးကွယ်ထားတာကောက ။ အကယ်၍ ရှန်းယွီမင်းသမီးကသာ ဖန်ကျန်းရှီ ရဲ့ လုံခြုံရေး အတွက် ပို့ထားတာလို့ ပြောခဲ့ရင်။ ဖန်ကျန်းရှီ သူ့ကို သေအောင် ရိုက်သတ်ရင်တောင် ယုံမှာ မဟုတ်ဘူး။ ဒီကောင်မစုတ်လေးမှာ စိတ်ကောင်း နှလုံးးကောင်း မရှိမှန်း သူသိတယ်။

ဖန်ကျန်းရှီက ဒီ ကိစ္စကို ဆက်မတွေးတော့ဘူး။

အခုကတွေးတောဖို့ အချိန်ကောင်း မဟုတ်ဘူးလေ။ တန်ရှီရှန်း က ဓား အလင်းတန်းကို ကာကွယ် လိုက်တယ်။ ကျော်ငးတော်သား သုံးယောက်ရဲ့ အမူအယာလည်း ပြောင်းလဲ သွားတယ်။ သူတို့ မျက်လုံးထဲမှာ လန့်တဲ့ အရိပ်ယောင်တွေ ပေါ်လာတယ်။ နည်းနည်းလေး လ န့်သွားတဲ့ ပုံရိပ်လေးပဲ။ အဲ့ဒီ့နောက် တစ်ယောက်ကိုတစ်ယောက် မျက်စပြတယ် ။ နောက်ထပ် တွေေ၀ မနေတော့ဘူး။ သူတို့ အကုန်လုံး တစ်ချိန်တည်းမှာ တိုးဝင်လာတယ်။ ငွေဂျိုဝံပုလွေ တွေရဲ့ အလယ်ရောက်အောင်ကို တဟုန်ထိုး ဝင်လာတာ်။ ဒီ အချိန်မှာ တန်ရှီရှန်းထက်။ တခြားသော ငွေဂျိုဝံပုလွေ စစ်သည်တော် တွေ ရဲ့ မျက်နှာက သေမတတ် ဖြူဖျော့နေတယ်။

သူတို့ ရဲ့ အခြေခံ စွမ်းအားက ငွေဂျိုဝံပုလွေ ဆီက လာတာ။ တစ်ယောက်ချင်းစီရဲ့ အစွမ်းက ကောင်းကင်ရောင်ပြန် အဆင့် ကို မရောက်သေးဘူး။ ပုံမှန် အတိုင်းဆို ရင်။ ဆယ်ယောက်မှာ ခုနှစ်ယောက်ပဲ ကြယ်တာရာစုဝေးမှု အဆင့်ကို ရောက်သေးတာ။ ဒါပေမယ့် ဒီလို ဖြစ်နေရင်တောင်။ တောင်ပိုင်းဒေသရဲ့ ထိပ်တန်း စစ်သည်တော်တွေပဲလေ။ သူတို့ တစ်ဦးချင်းစီက ကောင်းကင်ရောင်ပြန် ်ထိပ်သီး အဆင့် နဲ့ ယှဉ်နိုင်စွမ်း ရှိကြတယ်။ ဒါပေမယ့် ကောင်းကင်ရောင်ပြန် ထိပ်သီး အဆင့်ထက် ကျော်လွန် နေတဲ့ လူ လေးယောက်ကိုတော့ သူတို့ မယှဉ်နိုင်ကြဘူး။

ရန်သူတော်တွေကို သူတို့ မဝန်းရံနိုင်ဘူး။ ဒါကြောင့် အင်အား အပြည့် နဲ့ မတိုက်ခိုက်နိုင်ကြဘူး။ နောက်မှာ ရပ်နေတဲ့ စစ်သည်တော်တွေလည်း ရပ်ကြည့်ရုံသာ တတ်နိုင်တယ်။ ဥပမာ အားဖြင့်။ မင်း ရဲ့ ဘယ်ဘက်ကိုသတိထား။ ခေါင်းငုံ့လိုက်။ မင်း ခြေထောက် ပြတ်တော့မယ်။ စသည်ဖြင့် အော်ဟစ်ရင်း ဒဏ်ရာ မရအောင် ကူညီပေးနေတယ်။ ဒါပေမယ့် ပြဿနာ အရင်း အမြစ် ရှိနေသေးတယ်။ ကျောင်းတော်သား လေးယောက် ကလည်း ဒီ အခြေအနေကို စဉ်းစား ထားပြီးတဲ့ ပုံပဲ။ တပ်ဖွဲ့ကို အခွင့်အရေး မပေးဘူး။ နောက်ကို ပြင်းပြင်းထန်ထန် တွန်းလွှတ်ပြီးတဲ့နောက် ကျောင်းတော်သားတွေ ရဲ့ ဓားတွေက ထူးထူးဆန်းဆန်း ဆုံသွားခဲ့တယ်။

“ ဓားပညာ။”

စစ်သည်ကြီးတွေ ဒါကိုမြင်တော့ သူတို့ စိတ်ထဲ သံသယ ဝင်လာတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလေးယောက်က တော်ဝင်စာမေးပွဲရဲ့ ကျော်ငးတော်သား တွေလေ။ သူတို့ အမြင်မှာေ တာ့ ဒီကောင်လေးတွေက ဘာမှ မဟုတ်ဘူး။ ဒါတောင် အတူတူပူးပေါင်းပြီး ပေါင်းစည်း ဓားပညာကို ဖော်ထုတ်နေတယ်။ သူတို့ တက်ယ့ကို နားမလည်နိုင်ဘူး။

ဓားလေးချောင်း ဆုံ တာနဲ့ ကျော်ငးတော်သား လေးရောက်ရဲ့ အမူအယာလည်း ပြောင်းသွားတယ်။ နာကျင် နေတဲ့ အမူအယာပဲ။ ဖန်ကျန်းရှီလည်း ဒီအမူအယာကို မြင်ဖူးတယ်။ ဒါက ရန်ရွှယ်သုံးတဲ့ အဇူရာ တာအိုနဲ့ အတူတူပဲ။ နာကျင်မှု ပုံစံချင်းက မတူညီဘူး။ ရန်ရွှယ်ကတော့ တောင့်ခံနိုင်တယ်။ ဒီကျောင်းတော်သား လေးယောက် ကတော့ အတော်လေး ခံစားနေရပုံပဲ။ အလင်းတန်းက ဓားလေးချောင်း အလယ်မှာ ပွင့်ထွက်လာတယ်။ ကြယ် တစ်ခု ရဲ့ အလင်းတန်း လိုပဲ။ နူးညံ့တယ်။ အရိုးထဲက စိမ့်ချမ်းလာစေတယ်။

“ ကြည့်ရတာ….” ဖန်ကျန်းရှီ ချက်ခြင်း မှတ်မိတယ်။ ဒါက အဆုံးမဲ့ လောကထဲမှာ ဖြစ်ခဲ့တာနဲ့ အတူတူပဲ။ အဲ့ဒီ့မှာလည်း တောင်ပိုင်းသား တစ်ယောက်နဲ့ သူ တွေ့ခဲ့ဖူးတယ်။ သူ့ နာမည်က ရှန်ကျာ့ နောက်ပြီးတော့ ရှန်ကျာ့ဘေးမှာ ရပ်နေတာနောက်တစ်ယောက် ရှိသေးတယ်။ နောက် နတ်ဆိုးတစ်ကောင် (ပိုင်ရှင်း ) ။ ဒီ အချိန်မှာ ဖန်ကျန်းရှီ အနီရောင် နတ်ဆိုးမျက်လုံးကို ပထမဆုံး မြင်ဖူးတာပဲ။ ပိုင်ရှင်းဆိုတဲ့ နတ်ဆိုးရဲ့ အင်အားကို ပထမဆုံး ခံစားမိတာလည်း ဟုတ်တယ်။ ကြယ်တာရာ နတ်ဆိုး မျိုးနွယ် ခေါင်းဆောင် ပိုင်ရှင်း။

ဖန်ကျန်း၇ှီ ဘာကြောင့် သူ အခုလိုခံစား နေရလဲ မသိဘူး။ ဒါပေမယ့် ဓား လေးခု ပေါင်းစည်း ပြီး ထွက်လာတဲ့ အလင်းတန်းကို သူ ရင်းနှီးနေတာ။ ပိုင်ရှင်းစီက ထုတ်လွှတ်တဲ့ အလင်းတန်း နဲ့ အတူတူပဲ။ ကောင်းပြီလေ။ ငါဒီတစ်ခါတော့် ကိုယ့်ကိုယ်ကို အထင်ကြီးသွားပြီ။

ဖန်ကျန်းရှီက ဒီလူတွေ ရဲ့ မျက်နှာ အစစ်အမှန်ကို သိသွားပြီ။ သူ့ရှေ့က လူလေးယောက် ရဲ့ မျိုးရိုးကိုပါ သူသိသွားတာ။ ဝူဖနု်း နောက်က သခင်လေး လီ ရဲ့ မျိုးရိုးကိုလည်း သူသိပြီ။

ဒီကျောင်းတော်သား လေးယောက်ထဲမှာ။ တစ်ယောက်က ချန်းဖေးယွီရဲ့ နောက်မှာ တကယ်ပဲ ရှိနေခဲ့တယ်။ ဒါပေမယ့် ချန်းဖေးယွီက ရူးနေပုံပဲ ဖန်ကျန်းရှီ ရဲ့ ဓားသိန်းသန်းချီ ပညာရပ်ကို ဆီးကြို တိုက်ခိုက်ခဲ့တယ်။ ကျော်ငေးတာ်သားကို သူ့ရဲ့ ပုံရိပ်မှန် ဆက်ပြီး ဖုံးကွယ်နေစေ တယ်။ ဒါကြောင့် ချန်းဖေးယွီက အော်ဟစ်ပြီး သူ့ကို နောက်မြား တစ်ချောင်းပြစ်ဖို့ ပြောတဲ့ အချိန်။ ဖန်ကျန်းရှီ ပြောစရာစကား မရှိ ဖြစ်ခဲ့ရတယ်။

ချန်းဖေးယွီ ရဲ့ ဉာဏ်ရည်နဲ့ ဆိုရင်။ သူ့ ခံစားချက်ကို ဖော်ထုတ်ဖို့ နောက်ထပ် စကားလုံးတွေ ရှိနေအုန်းမယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ။ ချန်းဖေးယွီက အထင်ကြီးလောက်စရာ သူ့ စွမ်းအားကို အလင်းမြားတွေ တားမြစ်ရင်း ပြခဲ့တယ်။

အနည်းဆုံးတော့ သူ့ဓားကို ပြင်ထားပြီးသား ဖြစ်တဲ့ ကျော်ငးတော်သား။ ဓားကို ပြန်သိမ်းချိန် ရလိုက်တယ်။ အလွန်အမင်း ထိတ်လန့်သွားချင်ယောင် ဆောင်နေခဲ့တယ်။ ဖန်ကျန်းရှီက ဒါကိုမြင် လိုက်တယ်။ ဒါပေမယ့် သူ မပြောဘူး။ အဲ့ဒီံအစား မင်း ဆက်ပြီး ဖုံးကွယ်နေချင်တယ်လား။ ငါမင်းကို လက်ဆောင်လေး တစ်ခုပေးမယ်။

ဒါက ဝူဖုန်းဆီကို သူ မြားပြစ်လိုက်တဲ့ အကြောင်းရင်းပဲ။ ရလဒ်ကတော့ သိသိသာသာကြီး။ အတော်လေးအထင်ကြီးစရာ ကောင်းတယ်။ ဝူဖုန်းကို တိုက်ခိုက်ဖို့ ပြင်နေတဲ့ (သခင်လေးလီ) ကို ဖော်ထုတ်လိုက်ရုံတင် မကဘူး။ သူ့ အပေါင်းအပါ လေးဦးကိုလည်း ဆွဲထုတ် နိုင်လိုက်တယ်။ အခုချိန်ထိတော့ ဖန်ကျန်းရှီက သူ့ ရဲ့ ပြီးပြည့်စုံတဲ့ အစီအစဉ် အတိုင်း ဆက်ပြီးတော့ လုပ်ဆောင်နေဆဲ။ ဒါပေမယ့် သူ တစ်ခါမှ မတွေးမိတာကို တွေးမိပြန်တယ် ။

သူ့ဘေးမှာ ငွေဂျို ဝံပုလွေ အကောင် ငါးရာ နဲ့ စစ်သည်တော် လေးသောင်း ရှိနေတယ်။ ဒါတောင် တစ်ဖက်လူက သူ့ အနားကို ရောက်လာသေးတယ်။ သူ့ကို အသေသတ်ဖို့ ပြင်နေတယ်။ ဒါက ပိုင်ရှင်း လုပ်တဲ့ ပုံစံ မျိုးပဲ။ တကယ်က ဒီ အခြေအနေမှာ သူက အသာစီးရနေသင့်တာလေ။ ဒါကတော့ ဖန်ကျန်းရှီ အစတည်းက တွေးနေခဲ့တာ။ ဒါပေမယ့် တကယ်တမ်းမှာတော့။ သူ တွက်ချက်တာ နည်းနည်း လေး လွဲသွားခဲ့တယ်။ ကျောင်းတော်သား လေးယောက်ရဲ့ ကျင့်ကြံ ဆင့်က ကောင်းကင်ရောင်ပြန် ထိပ်သီး အဆင့်မှာ ရှိနေတာ မဟုတ်ဘူး။ သဘာဝလွန် အဆင့်မှာ ရှီနေတာ။

နောက်ပြီးတော့ ဒီကျောင်းတော်သား လေးယောက် က ပူးပေါင်းပြီး ဓားပညာ တစ်ခုကို ဖော်ထုတ်နေတယ်။ ဒါ့ကြောင့် ပိုင်ရှင်းရဲ့ (ပြန်လည် မွေးဖွားမှု အဆင့်) ဓားပညာ နီးနီး အစွမ်းထက်တယ်။

“ ငလူးပဲ။ ယွင်ချင်းဝူ။ မင်း ငါ့ကို လာနောက်နေတာလား။ မင်းလှေပေါ်မှာ ငါ တစ်ကြိမ်ပဲ နေဖူးတာတောင်။ သဘာဝလွန် အဆင့် လူလေးယောက်ကို ငါ့ သတ်ဖို့ လွှတ်လိုက်တယ်လား။”

အပိုင်း (၃၆၇) ပြီး၏။

အပိုင်း ( ၃၆၈)

“ ဓားထဲက ဓား ”

သူ ဝူယွဲ့အာ နဲ့ တွေ့ပြီးနောက်။ ယွင်ချင်းဝူ ရဲ့ နောက်ကွယ်က သရုပ်မှန်ကို သိခဲ့ရတယ်။ နတ်ဆိုး အရှင်သခင်ငယ်။ စစချင်း ကြားရချိန် တုန်းက ဖန်ကျန်းရှီ လန့်သွားခဲ့တယ်။ ဒါပေမယ့် ဝူယွဲ့အာက သူ့ကို လိမ်စရာ အကြောင်း မရှိဘူးလေ။ ဒါကြောင့် သူ့ စိတ်ထဲမှာ ကောင်းကောင်း သိတယ်။ တောင်ပိုင်းဒေသ မှာ ဖြစ်လာတဲ့ ဒီ အဖြစ်အပျက်တွေက တစ်နည်းမဟုတ် မနည်း ယွင်ချင်းဝူ နဲ့ ပတ်သက်နေရမယ်။ အထူးသဖြင့် နတ်ဆိုး မျိုးနွယ် နဲ့ ပတ်သက်တဲ့ အချိန်မှာပေါ့။ သူ့ရှေ့က ကျောင်းတော်သား လေးယောက် ကလည်း နတ်ဆိုးမျိုးနွယ်က ဖြစ်မြှ အမှန်ပဲ။

သူတို့ မျက်နှာပေါ်က အရေပြားကို ဖယ်စရာတောင် မလို အပ်ဘူး။ နန်ကုန်းဟောင်ရဲ့ စစ်ဗျူဟာ ကို သူ အောင်မြင်ပြီးတဲ့ အချိန်တည်းက။ သူသတိထားမိလိုက်တယ်။ ကျော်ငးတော်သား တစ်ယောက်က ချန်းဖေးယွီကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်တယ်။ ချန်းဖေးယွီ က ဘယ်သူ မလို့လဲ ?? တော်ဝင်မိဘုရား ဟွားဖိန်း ရဲ့ မောင်ငယ်။ ဧကရာဇ် ရဲ့ ယောက်ဖ။ ကျောင်းတော်ဆယ့်သုံးခု ထဲက နေသူရိန် ကျောင်းတော် ရဲ့ တိုက်ရိုက် ဆက်ခံသူ။

ဖန်ကျန်းရှီ ဒါတွေ အကုန်လုံးကို သိတယ်။ ဒါကြောင့် ဒီ ကျောင်းတော်သားလည်း သိမှာ အမှန်ပဲ။ ဒါတောင်မှ ချန်းဖေးယွီလို လူမျိုးကို အလစ်ဝင်တိုက်ရဲသေးတယ်။ ဒါမျိုးလည်း အရင်ကတော့ ရှိခဲ့ဖူးပါတယ်။ ဥပမာ အားဖြင့်။ မိုးကြိုး ခြင်္သေ့ ဒေသကို သိမ်းယူဖို့ ဖန်ကျန်းရှီက ချန်းဖေးယွီကို အလစ်ဝင် တိုက်တာမျိုး။ အခုချိန်မှာ ချန်းဖေးယွီက ပြိုင်ပွဲ ကနေ ထွက်ခွာသွားရပြီလေ။ ဒီ လို အချိန်မျိုးမှာမှ နောက်တစ်ကြိမ် အလစ်ဝင်တိုက်တာ။ တခြား အကြောင်းရင်း တစ်ခုခု ရှိနေမှာပဲ။

ဒါကတော့။ တစ်ဖက်လူက နတ်ဆိုး မျိုးနွယ် ပဲ ဖြစ်နေတာကြောင့်ပဲ။ ဖန်ကျန်းရှီ ဒီ အချက်ကို အတည်ပြုနိုင်ပြီ။ ဒါပေမယ့် နတ်ဆိုးရဲ့ အင်အား အစစ်အမှန်ကိုတော့ သူ မခန့်မှန်း နိုင်ခဲ့ဘူး။ အစတုန်းက သူထင်ခဲ့တာ။ ကိစ္စ အားလုံးက သူ့ ထိန ်းချုပ်မှု အောက်မှာပဲလို့။ ဒါပေမယ့် တကယ့် အဖြစ်ကတော့။ ဒီ အချိန် အတောတွင်းမှာ သူ့ကို တစ်ယောက်ယောက်က ထိန်းချုပ်ထားခဲ့ ပုံပဲ။ ဒီ ခံစားချက်က မကောင်းဘူး။ ဒီလိုပဲ။ အခုချိန်မှာ သူ ကူကယ်ရာမဲ့ နေတယ်။ သဘာဝလွန် အဆင့် နတ်ဆိုး လေးယောက်ရဲ့ ဓားလေးချောင်း ပေါင်းစည်း သွားချိန် မှာ။ ပြန်လည် မွေးဖွားမှု အဆင့် နီးနီး အစွမ်း ထက်သွားတယ်။ ဖန်ကျန်းရှီ လုပ်ဖို့ လိုတာ ရှင်းရှင်း လေးပဲ။ စကားလုံး တစ်လုံး တည်းပဲ ရှိတယ်။ (ပြေး)

ဒါပေမယ့်လည်း သူ့ နောက်မှာ လူ လေးသောင်းတောင် ရှိနေတယ်။ ပြေးဖို့က လွယ်ကူ မနေဘူး။ ဒီ အတွေးတွေကလည်း သိပ်ပြီး အကျိုးမရှိလှပါဘူး။ လေပြင်း တစ်ချက်ဝှေ့တယ်။ ဖန်ကျန်းရှီ မြင်းပေါ်ကနေ ပြုတ်ကျလာတယ်။

လူတစ်ယောက်က သူ့ ပုံရိပ်ကို ထိန်းသိမ်းရမယ်။ ဒါပေမယ့် သူ့ ပုံရိပ်က သူ့ကို ဖုံးလွှမ်း စေဖို့ မဖြစ် နိုင်ဘူး။ အထူး အခြေအနေ မျိုးမှာ။ မြင်းပေါ်ကနေ ပြုတ်ကျရတာ ဆိုးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကျောင်းတော်သား တွေ အဖြစ် ဟန်ဆောင်ထားတဲ့ နတ်ဆိုးလေးယောက်လည်း လန့်သွားတယ်။ ဖန်ကျန်းရှီက ရုတ်တရက်ကြီး မြင်းပေါ်ကနေ ပြုတ်ကျလာတာကိုး။ အပြင်လောကမှာ ဆို ဖန်ကျန်းရှီ ရဲ့ ဂုဏ် သတင်းက နန်ကုန်းဟောင် နဲ့ အတူတူပဲ။ ညီလာခံ စာမေးပွဲမှာ ပူးတွဲ ပထမ ရကြတာကို ။ ဒီလို ဉာဏ်ကြီးရှင် ထူးချွန်သူ တစ်ယောက်က က ။ တိုက်ခိုက် ခံရတဲ့ အချိန် မှာ။ ပြန်တိုက်ခိုက်ဖို့တောင် မစဉ်းစားဘူး။ ချက်ခြင်း ထွက်ပြေးတယ်။ နောက်ပြီးတော့ သူလုပ်သွားတာ ကလည်း အရမ်းအရမ်းကို ချောမွေ့လွန်းတယ်။ နတ်ဆိုး လေးယောက် လန့်မသွားဘူးလို့ ပြောရင်။ ဒါက မဖြစ်နိုင် တာပဲ။

ဒါပေမယ့် ဖန်ကျန်းရှီ့ အပေါ်ထားတဲ့ ပိုင်ရှင်း ရဲ့ အမြင်ကို သူတို့ ချက်ခြင်း တွေးမိတယ်။ ဒီလူက အံ့သြစရာ တွေနဲ့ ပြည့်နေတယ။် ကောင်းပြီလေ။ …. တကယ့်ကို အံ့သြစရာ အပြည့် နဲ့ လူပဲ။

အေးခဲမျောက်မင်း ဒေသ ရဲ့ လေတောင်ကြားကို ဖျက်စီး ပြီးတဲ့နောက်။ နန်ကုန်းဟောင် ရဲ့ စစ်ဗျုဟာကိုလည်း ဖျက်စီးခဲ့တယ်။ နောက်ပြီးတော့ သူတို့ ဟန် ဆောင် ထားတာကိုလည်း ထွင်းဖောက်မြင် ခဲ့ သေးတယ်။ တစ်ချက်ချင်းစီက ဖန်ကျန်းရှီ ရဲ့ ဉာဏ်စွမ်းကို ထင်ရှားစေတာပဲ။ ဒါပေမယ့် အလွန် အမင်း ဉာဏ်ရည် မြင့်မား တဲ့ ဒီလူက။ အန္တရာယ် တွေ့တဲ့ အချိန်ရောက်တော့။ မြင်းဗိုက်အောက်မှာ ပုန်း နေတယ်တဲ့လား။ သူ့ရဲ့ ပုံရိပ်ကိုတောင် တစ်ချက်လေး ဂရု မစိုက်တော့ပဲနဲ့ နည်းနည်းလေးတောင် မတွေဝေဘူး။

ဒါက လုံး၀ လုံးဝကို (အံ့သြစရာကြီးပဲ) ။ “ သတ် ” နတ်ဆိုးလေးဦး သူတို့ လုပ်ငန်းကို ပြန်ဆက်လုပ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီနဲ့ ပတ်သက်ပြီး ထပ်လုပ်စရာ မရှိတော့ဘူး။ သူတို့ ရဲ့ နောက်ထပ် လုပ်ငန်းက စာမေးပွဲ ဖြေတဲ့ ကျောင်းတော်သားတွေကို များနိုင်သလောက် များအောင် သတ်ဖို့ပဲ။ ကြီးမြတ်သော ရှ မင်းဆက် နဲ့ တောင်ပိုင်းဒေသ ကြားမှာ တိုက်ပွဲကြီး ဖြစ်အောင် လုပ်ရမယ်။

ဒီစာမေးပွဲကို လာဖြေတဲ့ ကျောင်းတော်သား တိုင်းက ဂုဏ်ရည် မြင့်မားတဲ့ သူတွေ ချည်းပဲလေ။ တော်ဝင်မိသားစုရဲ့ အဖွဲ့ဝင်တွေ။ ကျောင်းတော်ဆယ့်သုံးခု က ဆက်ခံသူတွေ။ ဒီ လူတွေ အားလုံးက မိခင်နိုင်ငံ ကနေ ခွဲခွာလာရတာ။ တိုင်းတစ်ပါးပြည်မှာသာ သေသွားခဲ့ရရင်။ တောင်ပိုင်းဒေသ နဲ့ ကြီးမြတ်သော ရှ မင်းဆက် တို့ရဲ့ ဆက်ဆံရေးလည်း ပျက်စီးပြီ။

ဒါပေမယ့် သူတို့ မှာ နောက်ထပ် လုပ်ငန်းဆောင်တာကြီး တစ်ခုလည်း ၇ှိသေးတယ်။ ဖန်ကျန်းရှီ ဒါမှ မဟုတ် နန်ကုန်းဟောင် တစ်ယောက်ယောက်ကို ရအောင် သတ်ခဲ့။ သူတို့ နှစ်ယောက်ထဲက တစ်ယောက်ကို သတ်နိုင်ရင် တခြား ကျော်ငေးတာ်သား တွေ အကုန်လုံးကို လက်လွှတ်ရလည်း အဆင်ပြေတယ်။ ဘာလို့ ဒီလို အမိန့်မျိုးပေးမှန်း နတ်ဆိုး လေးယောက် နားမလည်ဘူး။ ဒါပေမယ့် ဒီ အမိန့်ကို ပိုင်ရှင်း ကိုယ်တိုင် ပေးထားတာ။ ဒါကြောင့် သူတို့ လုပ်ကို လုပ်မှ ဖြစ်မယ်။ အစတုန်းကတော့ သူတို့ ရဲ့ အစီအစဉ်က ဖန်ကျန်းရှီကို သတ်ဖို့ပဲ။ ဒါပေမယ့် ဖန်ကျန်းရှီကို ငွေဂျိုဝံပုလွေ စစ်သည်တော် ငါးရာက ဝန်းရံထားတာ။ ဖန်ကျန်းရှီကို တိုက်ခိုက် ဖို့က ခက်ခဲလွန်းတယ်။ ဒါကြောင့် လေတောင်ကြား ပွင့်သွားတော့ သူတို့လည်း အစီအစဉ် ပြောင်းလိုက်တယ်။

ဝူဖုန်း နဲ့ ချန်းဖေးယွီ နောက်ကို သူတို့ လိုက်တယ်။ ဝူဖုန်း နဲ့ ချန်းဖေးယွီ တို့ နန်ကုန်းဟောင်ကို သွားတိုက်ခိုက် မှာကို စောင့်တယ်။ တစ်ချိန်တည်းမှာပဲ ဝူဖုန်းကော ချန်းဖေးယွီကိုပါ သတ်ဖို့ ပြင်တယ်။ ဒီအချိန်မှာပဲ နန်ကုန်းဟောင် ရဲ့ စစ်ဗျူဟာထဲ ပိတ်မိတယ်။ သူတို့တွေ ပြဿနာ တက်ပြီလို့ ထင်မိတဲ့ အချိန်။ ကံကောင်းခြင်းက သူတို့ဆီ ရောက်လာတယ်။ ဖန်ကျန်းရှီက စစ်ဗျူဟာကို ဖျက်စီးလိုက်တယ်။ နောက်ပြီးတော့ အခြေအနေကို လှုပ်ရှားအောင်လည်း လုပ်လိုက်သေး။ ဒီ အခြေအနေက မိုးနတ်မင်းပေးတဲ့ အခြေအနေပဲ။ နောက်ပြီးတော့ သူတို့လည်း ထပ် မစောင့်နိုင် တော့ဘူး။

ဖန်ကျန်းရှီက လေတောင်ကြားကို ဖြတ်လာတယ်။ အကယ်၍ အချိန်ကျလာရင်။ ဖန်ကျန်းရှီ နဲ့ နန်ကုန်းဟောင်က တိုက်ခိုက်ကြလိမ့်မယ်။ ငွေဂျိုဝံပုလွေ ငါးရာကလည်း သူ့ ဘေးမှာ ဝန်းရံထားလိမ့်မယ်။ ဒီလို ဖြစ်လာရင် သူတို့မှာ အခွင့်အရေး ထပ်ရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့် အသွင်ယူ ထားတဲ့ နတ်ဆိုးတွေ ခပ်မြန်မြန်လှုပ်ရှားတော့တယ်။ နောက်ပိုင်း ဖြစ်လာတာ တွေကတော့ မြင်တဲ့ အတိုင်းပဲ။။ ဖန်ကျန်းရှီက သူတို့ ရဲ့ ဇစ်မြစ်ကို သိတယ်။ ဒါတောင် သူ အတိ အလင်း မကြေညာဘူး။ ဒါကြောင့် သူတို့လည်း သတ်ဖြတ်ဖို့ အရေး။ တစ်စုံတစ်ယောက်ကို နာမည် တပ်လိုက်တော့တယ်။

ဒီ အကြောင်းရင်းက သိပ်ပြီး နည ်းလမ်း တော့မကျ ပေမယ့် နောက်ဆုံးမှာ အောင်မြင်ခဲ့ပြီ။ စစ်သူကြီးတွေလည်း ချက်ခြင်း မထွက်လာကြဘူး။ ဒါဆို လုံလောက်ပြီ။ လေတောင်ကြားထဲမှာ သူတို့ကို တားမြစ်နိုင်မယ့်သူ မရှိတော့ဘူး။ နောက်ပြီးတော့ အခုချိန်မှာ။ ငွေဂျိုဝံပုလွေ အုပ်စုကို ဖြတ်နိုင်တာနဲ့။ ဖန်ကျန်းရှီ့ ရှေ့ကို ရောက်ပြီ။ သူတို့တွေ ယုံကြည်မှု အပြည့်ရှိနေတယ်။ ဖန်ကျန်းရှီက မြင်းဗိုက်အောက်မှာ ပုန်းနေရင်တောင်။ ဒီ ဓားချက်ကို သူ ရှောင်နိုင်မှာ မဟုတ်ဘူး။ မြင်းတစ်ကောင် နဲ့ လူတစ်ယောက်ကို အတူတူ ပိုင်းဖြတ်ပြစ်ဖို့ ကလည်း မခက်ခဲ ဘူးလေ။ သူတို့ရဲ့ စွမ်းရည် နဲ့ ဆို၇င်။ လုပ်ကြံ သတ်ဖြတ်ပြီး နောက်မှာ အေးအေးဆေးဆေး လွတ်မြောက်နိုင်တယ်။

“သေ စမ်း၊”

နတ်ဆိုးလေးယောက် တပြိုင်တည်း အော်ဟစ်တယ်။ ငွေရောင် အလင်းတန်းက သူတို့ ဓား ထိပ်ဖျားကနေ ထွက်လာတယ်။ ဖန်ကျန်းရှီ ဆီကို တည့်တည့် ။ ဓားအရှိန်က အေးစက်စက်လေထုကို ဖန်တီးပေးတယ်။

“ မြန်မြန်။ ကိုယ်ရံတော် ဖန်ကို ကာကွယ်ကြ။” တန်ရှီရှန်းက ဒီ အလင်းတန်းကို မြင်တော့ သူ့ အမူအယာ ပြောင်းလဲ သွားတယ်။ သူ့ တာဝန်က ဖန်ကျန်းရှီကို ကာကွယ်ရမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် လည်း ဖန်ကျန်းရှှီကို အခုချိန်မှာ သေခိုင်းလို့ မရသေးဘူးလေ။

ငွေဂျိုဝံပုလွေ တပ်ဖွဲ့ တစ်ချို့ မျက်လုံးတွေ ပြူးကျယ်နေတယ်။ သူတို့ မျက်စိရှေ့က ဓား အလင်းတန်းက တကယ့်ကို ပါးလွှာတယ်။ ဒါပေမယ့် အတွင်းပိုင်း စွမ်းအားကိုလည်း သူတို့ကောင်းကောင်း ခံစားနိုင်တယ်။ တောင်ပိုင်းဒေသ ရဲ့ စစ်သည်တော်တွေက လူသား တွေ ။ သူတို့မှာ လည်း ကြောက်လန့်တဲ့ အချိန် ရှိတယ်။ ဒါပေမယ့် ဒီ အကြောက် တရားကို ယုံကြည်ချက် တစ်ခု အဖြစ် ပြောင်းလဲ နိုင်ကြတယ်။ တောင်ပေါ်က ကျောက်စိုင်ကျောက်သား တွေလို ခိုင်မာ အောင် လုပ်နိုင်တယ်။ ဒီ ယုံကြည်ချက် ကပဲ အထူးအမိန့်တော်တွေကို အောင်မြင် စေနိုင်တာ။ သူတို့ အသက်ကို စွန့်လွှတ်ဖို့ အဆင်သင့်ဖြစ်နေပြီ။

တန်ရှီရှန်း စကား အဆုံးသတ်တဲ့ အချိန် ။ ငွေဂျို ဝံပုလွေ စစ်သည်တော် တစ်ချိုု့ ဖန်ကျန်းရှီ ခေါင်းပေါ်ကနေ ဖြတ်ကျော် ကုန်တယ်။ သူတို့ ကိုယ် ခန္ဒာကို ဒိုင်း အဖြစ် အသုံးပြုရင်း ငွေရောင် အလင်းတန်းကို ကာကွယ်ကြတယ်။ သူ့ နောက်မှာ ငွေဂျို ဝံပုလွေ တွေ ရှိနေတဲ့ အတွက် ဖန်ကျန်းရှှီ လှည့်ပြီး ထွက်မပြေးနိုင်ဘူး။ ဒါပေမယ့် အခုငွေဂျို ဝံပုလွေ တွေ ခုန်ထွက်သွားတော့။ နေရာလွတ်သွားပြီ ။ ဒီနေရာလွတ်က သူ နောက်ထပ် ခြေလှမ်း နည်းနည်း ထပ်ပြေးလို့ ရစေတယ်။ ငွေရောင် အလင်းတန်းကို သူ ရှောင်နိုင်မလား မရှောင်နိုင်လား မသေချာဘူး။ သူလည်း သေချာ မသိဘူး။ ဒါပေမယ့် သူ့ မျက်စိရှေ့မှာ အလင်းတန်း ပေါ်လာတည်းက သူ တစ်ချက်လေးတောင် မတွေဝေဘူး။ ဖန်ကျန်းရှီ ယုံကြည်တယ်။ အရှက်မရှိတာက ထူးမြတ်ကောင်းမွန်တဲ့ အကျင့်တစ်ခု လို့။

ဒါပေမယ့် ။ ဒိလို အရှက်မရှိတာက သူများနောက်မှာ ပြေးပုန်းနေမယ်လို့ မဆို လိုဘူး။ ဝံပုလွေ တပ်ဖွဲ့ တွေ သူတို့ ကိုယ်ခန္ဒာကို ရင်းပြီး ငွေရောင် အလင်းတန်းကို ကာကွယ်ပေးနေတယ်။

ဒီလူတွေက သူတို့ အလုပ်ကို လုပ်သွားခဲ့ပြီ။ အခုချိန်မှာ သူ အဆုံးသတ်ပေးရတော့မယ်။ ဖန်ကျန်းရှီ သူ့ ရင်ဘတ်ကို ဖိလိုက်တယ်။ ဒီမှာ နှလုံးကာမှန် ရှိတယ်။ နှလုံးကာမှန်ထဲမှာ ဓား တစ်လက် ။ ဓားနာမည်က ခြေရာမယ့်။ ခြေရာမဲ့ ဓားက ဒီ ဓား အလင်းတန်းကို ခုခံနိုင်မှာလား သူ မသေချာဘူး။ ဒါပေမယ့် ဒီ ဓားက သူ တွေးလို့ ရတဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ။ ဒီ ဓားက စစ်သူကြ ီးတိုင် အသေသတ်တာကိုတောင် ခုခံ ကာကွယ် ဖူးတယ်။

“ တုန်။” ဒီ အချိန်မှာပဲ ထုံထိုင်းထိုင်း အသံ တစ်ခု ထွက်ပေါ်လာတယ်။ သိပ် မကျယ်ဘူး။ ဒါပေမယ့် ကြောက်မက်ဖွယ် ဝဲဂယက် အင်အားကို ဖန်တီးတယ်။ ငွေရောင် အလင်းတန်း တွေက ဘေး ဘက် ကနေ ဝင်ရောက်လာတာ။ သူတို့ အင်အားကြီး တစ်ခုနဲ့ ရင်ဆိုင်လိုက်ရတယ်။ ဒါပေမယ့် ပျောက်ကွယ်မသွားဘူး။ အရှိန် နည်းနည်း လျော့ကျသွားတယ်။

တစ်ချိန်တည်းမှာပဲ။ တန်ရှီရှန်း ရဲ့ လက်သီး ပေါ်လာတယ်။ အစိမ်းရောင် အလင်းတန်း တွေ သူ့အသားအရေက ထွန်းလင်းလာတယ်။ သူ့ လက်သီးက ငွေရောင် အလင်းတန်း တွေ နဲ့ ထိတွေ့တယ်။ ငွေရောင် အလင်းတန်းတွေ နောက်တစ်ကြိမ် အရှိန် လျော့်သွားပြန်တယ်။ ဒီ အင်အားကြီးက အပြောင်းအလဲ အနည်းငယ်ကို ဖြစ်စေတယ်။ တန်ရှီရှန်း သိတယ်။ သူ့ နောက်က ငွေဂျိုဝံပုလွေ တပ်ဖွဲ့ က ဖန်ကျန်းရှီကို ကာကွယ်ပေးရမှာ။ ဒါပေမယ့် ကိစ္စ တစ်ခုကို သိရုံနဲ့ပဲ ဖြစ်နိုင်တာ မဟုတ်ဘူး။ ဒါကြောင့် သူ့ရဲ့ အင်အား အပြည့်အ၀ ကို လက်သီးမှာ အသုံး ချလိုက်တယ်။ အပြည့်အ၀ မဖျက်စီး နိုင်ပေမယ့် ။ လူ့ အသက်နည်းနည်းကိုတော့ ကာကွယ်နိုင်ပါတယ်။

“ ဝူးးး” ငွေရောင် အလင်းတန်း နောက်ဆုံးမှာတော့ ကျရောက်ပြီ။ အော်သံ နှစ်သံ တစ်ပြိုင်နက်တည်း ထွက်လာတယ်။ တစ်ခုက ဖန်ကျန်းရှီ စီး နင်းလာတဲ့ မြင်း အော်သံ။ နောက်တစ်ခုက သူ့ခေါင်းပေါ်မှာ ရှိနေတဲ့ သားရဲကောင် အော်သံ။ ဒါပေမယ့် ဒီ အချိန်မှာ မြင်း ခြေထောက် တစ် ချောင်းပဲ နှစ်ပိုင်း ပြတ်သွားတာ။ ငွေဂျိုဝံပုလွေ ကတော့ ရှေ့ခြေထောက် တစ်ချောင်း ဒဏ်ရာရသွားတယ်။ ဒီ မြင်းနဲ့ ဝံပုလွေတို့ ရဲ့ ခြေထောက်တွေက အခုချိန်မှာ လေထဲကို လွင့်စင်ထွက်သွားပြီ။ လတ်ဆတ်ပူနွေးတဲ့ သွေးတွေ။ ဖောင်တိန် က မှင်တွေလို ပန်းထွက်လာတယ်။ ဒါက အဆုံးသတ် မဟုတ်ဘူး။

ငွေရောင် အလင်းတန်းက ရပ်မယ့် အလားအလာ မရှိဘူး။ ဆက်လက်ပျံသန်းနေတယ်။ အစတုန်းက ဖန်ကျန်းရှီ ရဲ့ နောက်မှာ ရပ်နေတဲ့ ငွေဂျို ဝံပုလွေ အုပ်စုတွေ ။ အခုချိန်မှာ သွေးသံရဲရဲ နဲ့ အော်ဟစ်နေကြပြီ။ ဒီအော်သံတွေက မြင်းနဲ့ ဝံပုလွေ ခြေထောက် ပြတ်သွားပြီးနောက် ထွက်ပေါ်လာတာ။ ဓားချက် တစ်ချက် တည်း။

တန်ရှီရှန်းရဲ့ အင်အားအပြည့် လက်သီးချက် နဲ့ တွေ့ပြီးတာတောင်။ ငွေဂျိုဝံပုလွေ ငါး ကောင် ခြောက်ကောင်ကို ဒဏ်ရာရစေနိုင်သေးတယ်။ ဒါကြောင့် ဒီ ဓားအလင်းတန်းရဲ့ အင်အားကို လူတိုင်း ခန့်မှန်းနိုင်တယ်။

ဖန်ကျန်းရှီ ရဲ့ လက်က သူ့ ရင်ဘတ် ပေါ်မှာ ရှိနေတုန်းပဲ။ ဓားအလင်းတန်း ရဲ့ အစွမ်းကို မြင်ပြီးနောက်။ ခြေရာမဲ့ ဓားကို သူ ချက်ခြင်း မထုတ်ဘူး။ ခြေရာမဲ့ ဓားက ဒီ ဓားချက်ကို ရှောင် နိုင်မယ်လို့ တစ်ရာရာခိုင်နှုန်း သူ မယုံကြည်ဘူးလေ။

“ သူတို့ကို ရပ်ကြ။”

“ဒါ လူတွေ မဟုတ်ဘူး။ နတ်ဆိုးတွေ။”

“ ကျော်ငးတော်သားတွေကို ကာကွယ်ကြ။ နတ်ဆိုးတွေကို အောင်မြင်စေလို့ မဖြစ်ဘူး။”

ဖန်ကျန်းရှီ အော်တော့မယ့် အချိန်မှာပဲ။ တခြား အော်သံကျယ်ကြီးက သူ့ နားထဲ ဝင်လာတယ်။ သူနည်းနည်းတော့ ကြောင်သွားတယ်။ ဘာလဲဟ ?? ဘယ်သူက ဒီလောက်မြန်တာလဲ။ သူတွေးမိတဲ့ အချိန်ပဲ။ မနီးမဝေးမှာ ရပ်နေတဲ့ လူတစ်ယောက်ကို မြင်လိုက်ရတယ်။

ကျောက်စိမ်းရောင် သံချပ်ကာကို ဝတ်ထားတဲ့သူ။ သူ့ နှုတ်ခမ်းနားမှာ ကျောက်စိမ်း ပုလွေကို တေ့ထားတယ်။ နောက်လက်တစ်ဖက် ကတော့ လူအရေခွံ မျက်နှာဖုံး တစ်ခုကို ကိုင်ထားတယ်။ သူ့ ခြေထောက် အောက်မှာ။( သခင်လေးလီ) က နောက်ဆုံးထွက်သက်ကို ရှူရှိုက်နေပြီ။ သရုပ်မှန်နဲ့ပေါ့။ တောက်ပနေတဲ့ နတ်ဆိုးမျက်လုံးက သူ့ နဖူးမှာ ထင်ရှားနေတယ်။ တလက်လက် တောက်ပနေတယ်။

ဒီအချိန်မှာပဲ။ တေးသံတစ်ခု ပေါ်လာတယ်။ အတော့်ကို ပြင်းထန်လွန်းတဲ့ အင်အား လှိုင်းတွေ ပါဝင်နေတဲ့ တေးသံ။ ဖန်ကျန်းရှီ မှတ်မိတာသာ မမှားရင်။ ဒါက ဝူဖုန်းရဲ့ ကျောက်စိမ်း ပုလွေသံပဲ။

ကြည့်ရတာ ဂီတ တာအိုက တော်တော်လေး စွမ်းတဲ့ပုံပဲ။ ဝူဖုန်းကို ဖန်ကျန်းရှီ ဖမ်းတဲ့ အချိန်တုန်းက သူ့ခမျာ အစွမ်းတောင် ထုတ်ချိန် မရလိုက်ဘူး။ ကျောက်စိမ်း ပုလွေ ကို မြင်ခွင့်တောင် မပေးခဲ့ဘူး။ ဒါကြောင့် ဝူဖုန်း ရဲ့ ဂီတ တာအို စွမ်းမှန်း သိပေမယ့်။ ဘယ်လောက်ထိ စွမ်းလဲ သူ မမြင်ဖူးဘူး။ အခုချိန်က ပထမဆုံး မြင်လိုက်ရတာပဲ။

ကြည့်ရတာ ဘာမှလည်းမဟုတ်ပါဘူး။ အားသာချက်နည်းနည်း ပါးပါးရှိနေ ရုံလေးပဲ။ အရှိန်က အရမ်း မြန်တယ်။ ဓားသွားတွေ ထက် တောင် မြန်သေးတယ်။ မြန်တာထက် ထူးဆန်း နေတာ ကြည့်တယ်။ တကယ်ပဲ ဒီလောက် အဝေးကြီး ရောက်နေတဲ့ ဓား အလင်းတန်း သေးသေး လေးကို ထိအောင် လုပ်နိုင်တယ်။ တိကျ မြန်ဆန်မှုက ။ တခြားသော တာအို တွေ မယှဉ်နိုင်ဘူး။

ဝူဖူုန်း ။ နိုးထ နဂါး အဆင့်သုံး။ သုခမိန် လေးယောက်ထဲက တစ်ယောက်ရဲ့ တပြည့်။ သူ့ စွမ်းအားက သာမာန် မဟုတ်ဘူး။ ငါကော ဂီတ တာအိုကို ခုခံနိုင်မလား သိချင်လိုက်တာ။ ဖန်ကျန်းရှီ ဒီ အချိန်မှာ တွေးမိတယ်။ 50% လောက်တော့ ဖြစ်နိုင်ချေ ရှိပါရဲ့ လို့။ သူ့ အတွေးတွေကို မြန်မြန် သိမ်းလိုက်တယ်။ အကယ်၍ သူသာ ဝူဖုန်း နဲ့ တကယ် တိုက်ရရင်။ ဝူဖုန်း လက်ထဲက ပုလွေကို အရင်ဆုံး ခုးိရမယ်။ ဒါမှမဟုတ် ပုလွေ မှုတ်ချိန်တောင် မရစေရဘူး။ ဒီလို နည်းနဲ့ဆို အောင်မြင်နိုင်ဖို့ ရာခိုင်နှုန်းက ရှစ်ဆယ် ရာခိုင်နှုန်းထိ ရောက်သွားလိမ့်မယ်။ (ပြီးပြည့်စုံတဲ့ အစီအစဉ်ပဲ)

ဒါပေါ့။ အသံလာတဲ့ နေရာကို သူ ထပ်တွေးစရာ မလိုတော့ဘူး။ သခင်လေး လီရဲ့ မျက်နှာဖုံးကို ခွာလိုက်ပြီးတည်းက ။ အမှန်တရားလည်း ပေါ်လာပြီ။ နောက်ပြီးတော့ လူလေးယောက်ရဲ့ အသေခံ တိုက်ကွက်ကလည်း ။ သူတို့ရဲ့ အကြံ အစည်ကို သိသာစေနေပြီ။

“ မြန်မြန်။ ဒီကောင် တွေကို ဖမ်းးကြ။” ဖန်ကျန်းရှီတောင် အမိန့်ပေးစရာ မလိုလိုက်ဘူး။ စစ်သူကြီးတွေ ချက်ခြင်း လှုပ်ရှားကြတယ်။ နောက်ပြီးတော့ တစ်ချိန်တည်းမှာပဲ။ နောက်က စစ်သည်တော်တွေ လေးနဲ့မြားကို အသင့် ပြစ်လိုက်တယ်။

နတ်ဆိုးလေးဦး ဒီမြင်ကွင်းကို မြင်တော့။ သူတို့ စိတ်ထဲ ခံစားသွားရတယ်။ နောက်ဆုံးတော့ သူတို့ ရဲ့ ဝှက်ဖဲကို ထုတ်သုံးရတော့မယ်။

“မင်းတို့ လေးယောက်က နတ်ဆိုး တွေပဲ။ ငါတို့ ရှမင်းဆက်ရဲ့ ပြည်သူတွေကို ထိခိုက် အောင် လုပ်ဖို့ စဉ်းတောင် မစဉ်းစားနဲ့။ ဒီနေ့ ငါ့အသက် နဲ့ ရင်းပြီး မင်းတို့ကို တိုက်ခိုက်မယ်။” ဒီ အချိန်မှာပဲ နတ်ဆိုးလေးဦး နောက် က လိုက်လာတဲ့ ကျောင်းတော်သား နှစ်ယောက် ထအော်တယ်။ ချက်ခြင်း ဖန်ကျန်းရှီ ရှေ့ကို ခုန်ဝင်ပြီး ကာကွယ်ဖို့ ပြင်တယ်။

အပိုင်း (၃၆၈) ပြီး ၏ ။

အပိုင်း (၃၆၉)

“ အစွမ်းကုန်”

ဒီ ရုတ်တရက် အပြောင်းအလဲ ကြောင့် စစ်သူကြီးတွေ လန့်သွားတယ်။ ဒီ နတ်ဆိုး လေးယောက် ရဲ့ စွမ်းအားက ကြောက်စရာ ကောင်းလွန်းတယ်။ ဒီ ကိစ္စမှာ စစ်သူကြီးတွေ ဘာလုပ်ရမယ် မှန်း မသိတော့ဘူး။ ဒီလို ကိစ္စကို ကိုင်တွယ် တဲ့ နေရာမှာ အမှားတစ်ခုတောင် လုပ်လို့ မရဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ နဲ့ ဒီ ကျောင်းတော်သား တွေ မရင်းနှီးမှန်း သူတို့ သိတယ်လေ။ ဒီလို အရေးကြီး အခြေအနေ မျိုးမှာ ။ သူတို့က ဘာကြောင့်များ အသက်နဲ့ ရင်းပြီး ဖန်ကျန်းရှီကို ကာကွယ်မှာလဲ။ ဒါပေမယ့် အခုချိန်မှာတော့ ကျောင်းတော်သား နှစ်ယောက်က ဖန်ကျန်းရှီကို ပိတ်ရပ်နေတယ်။ နည်းနည်းလေးတောင် မတွေေ၀ ကြဘူး။

သူတို့တွေ လန့်ပြီး ကြောင်နေ ကြတာလဲ မဖြစ်နိုင်ဘူး။ ဒါပေါ့။ အခုချိန် ကခန့်မှန်းနေတာ သက်သက်ပဲ။ ဒီကျောင်းတော်သား တွေက ဖန်ကျန်းရှီ ကို သုံးပြီး ဂုဏ် သိက္ခာ ရှိအောင် လုပ်မလို့လား။ ဖြစ်နိုင်ချေ ကတော့ အတော်နည်းတယ်။ ဒါကြောင့် စစ်သူကြီးတွေ တိတ်တိတ်လေး ရပ်ကြည့်နေတယ်။ ဒါပေမယ့် ဒီလို တွေဝေမှုက နောက်ပြဿနာ တစ်ခုကို ဦးတည် သွားစေခဲ့တယ်။ နတ်ဆိုးလေးဦးရှေ့မှာ ပိတ်ရပ်နေတဲ့ ကျောင်းတော်သား နှစ်ယောက်။ ဖန်ကျန်းရှီ ရှေ့ကို ရောက်လာပြီ။ သူတို့ လက်ထဲမှာ ဓား တစ်ချောင်းစီ ကိုင်ထားတယ်။

အစတုန်းက ပြဿနာ မရှိသေးဘူး။ နောက်တော့။ သူတို့ လက်ထဲက ဓားတွေ နတ်ဆိုး လေးယောက်ကို မထိုးခဲ့ဘူး။ အဲ့ဒီ့အစား ဖန်ကျန်းရှီ ကို ထိုး ခဲ့တယ်။ သူတို့ ပဲ ခုနက ပြောတာလေ။ ကျောင်းတော်သား တွေကို ကာကွယ်မယ်။ ကြီးမြတ်သော ရှမင်းဆက် ရဲ့ ပြည်သူတွေကို အထိခိုက် မခံဘူးလို့ ။ ဒါပေမယ့် အခုတော့ သူတို့ က ဖန်ကျန်းရှီကို သတ်တော့မယ်။ အပြော နဲ့ အလုပ်က တခြားစီ ပါလား။

“ ဖူးးး” လတ်လတ်ဆတ်ဆတ် သွေးတွေ ပန်းထွက်လာတယ်။ အေးစက်စက် အလင်းတန်းက ကျောင်းတော်သား နှစ်ယောက် ရှေ့မှာ ပေါ်လာတယ်။ သူတို့ ပြုံးနေခဲ့တယ်။ ပျော်ပျော်ရွှင်ရွှင် ပြုံးနေခဲ့တယ်။ ဒါပေမယ့် အပြုံးကတော့ သိပ်ကြာရှည် မခံဘူး။ အလွန် လျင်မြန်စွာပဲ။ ကျောင်းတော်သား နှစ်ယောက် ခေါင်းငုံ့သွားတယ်။ သူတို့ မျက်လုံးထဲမှာတော့ မယုံကြည်မှုတွေ ပြည့်ှက်နေတယ်။ ဘာကြောင့်လဲ ဆိုတော့ တောက်ပနီစွေးတဲ့ သွေးတွေ က သူတို့ ရင်ဘတ်ကနေ စီးထွက်လာတာ။ လန့်သွားတယ်။

ကျောင်းတော်သား နှစ်ယောက်လုံး လန့်သွားတယ်။ နတ်ဆိုးလေးယောက်က ပိုလို့တောင် လန့်သွားသေး ။ ဖန်ကျန်းရှီ နောက်က စစ်သူကြီးတွေ မျက်လုံး ပြူးနေတယ်။ သူတို့ တွေ မြေပြင်မှာ အမြစ်တွယ်သလို ရပ်နေကြတယ်။ အဖြစ် အပျက်က အရမ်းကို မြန်လွန်းလှတယ်လေ။

“ မင်း … မင်း ဘယ် အချိန်တည်းက … သိ သိ ” ကျောင်းတော်သား နှစ်ယောက် ခပ်တိုးတိုး ပြောတယ်။ သူတို့ ဖန်ကျန်းရှီကို စိုက်ကြည့်တယ်။ တကယ်ပဲ နားမလည်ဘူး။

ဘာလို့များ ဖန်ကျန်းရှီ က သူတို့ အစီအစဉ်ကို တစ်ကြိမ်ပြီး တစ်ကြိမ်။ ထွင်းဖောက် မြင်နေတာလဲ။

“ ဟို လေးယောက် နောက်ကို မင်းတို့ လိုက်လာတဲ့ အချိန်တည်းက။ ငါ သိလိုက်ပြီလေ။” ဖန်ကျန်းရှီ ပြုံးပြရင်း ပြောတယ်။

ငြိမ်းချမ်းအောင် လုပ်မယ် တဲ့လား။ ဘယ်သူက ဒီ အချိန်မှာ ငြိမ်းချမ်းရေး အကြောင်း တွေးမှာလဲ။ ညီလာခံ စာမေးပွဲက ဘယ်ကျောင်းတော်သား ကိုမှ ဖန်ကျန်းရှီ မယုံဘူး။ ဘယ်သူက ဒီလောက် ကလေး ဆန်မှာလဲ။ အမှန်တရားက တစ်ခုပဲ ဖြစ်နိုင်မယ်။ သူ့လောကရဲ့ ရှေး အတိတ်မှာ တုန်းက ကျော်ကြားတဲ့ ဆိုရိုးစကားတစ်ခုရှိဖူးတယ်။ ( ကစားပွဲကို စောင့်ကြည့်သူ တွေက ကစားသူထက် အခြေအနေကို ပိုကောင်းကောင်းသိတယ်။)

အရင်တုန်းက အချိန်တိုင်းမှာ ပြဿနာ အခြေအနေကို ချိန်ဆတယ်။ ဒါက သူပြဿနာကို ဖြေရှင်းနည်းပဲ။ ဒါပေမယ့် ကျောင်းတော်သား နှစ်ယောက်က အမှန်တရား ဘက်တော်သား ကြီး ပုံစံ တွေနဲ့ ရှေ့ကို ထွက်လာတော့။ ပညာဉာဏ်ဆိုတဲ့ စကားလုံးကို သူ နားလည်သွာတယ်။ အခုလို အခြေအနေ မျိုးမှာ။ တကယ့် ကစားပွဲကြီးတွေမှာ စစ်မှန်တဲ့ ကစားသူပဲ အခု အခြေအနေ ကို နားလည်နိုင်မှာ။ သူ့ရှေ့က ကျောင်းတော်သား နှစ်ယောက်က ရူးနေတာ မလို့ သူတို့ကို သူတို့ စတေးမှာလား။ မဖြစ်နိုင်တာပဲ။

“ ဓားထဲမှာ ဝှက်ထားတဲ့ နောက်ဓား တစ်ချောင်း ရှိတယ်။” ကျောင်းတော်သား နှစ်ယောက် ရုတ်တရက်ကြီး ထွက်လာတော့ ။ ဒီ အခြေအနေကို သူ အတည်ပြုလိုက်တယ်။ အလစ်ဝင်တိုက်မှု ကလွဲပြီး တခြား ဘာ အဓိပ္မာယ် ထပ်ရှိနိုင် အုန်းမှာလဲ။

ဒါက လူတစ်ဦးတစ်ယောက် ခုခံ တိုက်ခိုက်လို့ ရတာလည်း မဟုတ်ဘူးလေ။ ဖန်ကျန်းရှီက အလစ်ဝင်တိုက် မှု မှာ ပညာရှင်အဆင့် ရောက်နေပြီ။ ဒါကြောင့် သူလည်း ခုခံဖို့ မဖြစ်နိုင်တာကို သူသိတယ်။ အရင်တစ်ကြိမ်တုန်းက ။ အဆုံးမဲ့လောကထဲမှာ ပိုင်ရှင်း ကို သူ တစ်ခါ မြင်ဖူးတယ်။ အဲ့ဒီ့ အချိန်တည်းက သူသိခဲ့တာ။ ပိုင်ရှင်းက အရူးမှ မဟုတ်ပဲ။ ဒါပေါ့။ နောက်ထပ် အရူးမဟုတ်တဲ့ သူ ရှိသေးတယ်။ ယွင်ချင်းဝူ ။

ဒါကြောင့် အချိန်ကုန် လူပင်ပန်းခံပြီး အလစ်တိုက်ဖို့ စီစဉ်တာက။ ဘယ်လိုလုပ် အဆင့် တစ်ဆင့် တည်း ရှိနိုင်မှာလဲ။ နောက်ထပ် ဇာတ်ကြောင်း တစ်ခုလည်း ရှိမှာပဲ။ အလစ်တိုက် တဲ့ အထဲက အလစ်တိုက်ခိုက်မှု။ ဓားထဲက ဓား။ တကယ့်ကို အသေသတ်မယ့် တိုက်ကွက်ပဲ။

ဖန်ကျန်း၇ှီက ဒါတွေ အကုန်ကို ကောင်းကောင်းသိတယ်။ ဒါကြောင့် သူ့လို အလစ်ချောင်း တိုက်ခိုက်မှု ကျွမ်းကျင် ပညာရှင်ကြီး ရှေ့မှာ။ အူလယ်ကြောင်လယ် ဖြစ်နေတဲ့ လူတွေကို သနားတဲ့ အကြည့်နဲ့ ကြည့်နေခဲ့တယ်။ မင်းတို့က ငါ့ရှေ့မှာ ပညာ ပြချင်တာလား။ ကောင်းပြီလေ မင်းတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်။

ကျောင်းတော်သား နှစ်ဦး ရှေ့ကို ခုန်ထွက်လာတည်းက။ ဖန်ကျန်းရှီ ရဲ့ ဓားလည်း ထုတ်ပြီး သွားပြီ။ ပညာရှိတို့ရဲ့ ဆိုးရိုး စကားကြီး တစ်ခုလည်း ရှိသေးတယ်။ (ရန်သူကို ဘယ်တော့မှ ကျောမခိုင်းလေနဲ့) ဘာကြောင့်လဲ ဆိုတော့။ ဒီလို လှုပ်ရှားမှုက အရမ်းကို မိုက်မဲတယ်လေ။

“ ငါတို့ ထွက်လာတည်းက မင်း သိပြီးသားပေါ့။ ဘာ ဘာကြောင့်လဲ။ အကြောင်းရင်းကို ငါတို့ သိချင်တယ်။” လုံးဝကို မယုံကြည် နိုင်တဲ့ အသံ နဲ့ သူတို့ ပြောတယ်။

“ သတိထား။”

ဖန်ကျန်းရှီက ကျောင်းတော်သား နှစ်ယောက် ရဲ့ မေးခွန်းကို ဖြေဖို့ ပြင်တယ်။ အလောတကြီး အသံ တစ်သံ သူ့နားထဲ ဝင်လာတယ်။ ဒါက တန်ရှီရှန်း ရဲ့ အသံပဲ။ ဒါပေမယ့် ( သတိထား ) ဆိုတာ ဘာ အဓိပ္မာယ်လဲ။ ဖန်ကျန်းရှီ ချက်ခြင်း နားမလည် ဘူး။ သူ ချက်ခြင်း တစ်လှမ်း ခုန်ဆုတ်လိုက်တယ်။ ဒီ လို ခုန်ဆုတ်တော့ ဓားနှစ်လက်ကို သူမြင်လိုက်တယ်။

ဓားနှစ်စင်းက သူ့ လည်ပင်းကို ဖောက်တော့မှာ။ ကျောင်းတော်သား နှဏ်ယောက် နဲ့ ဖန်ကျန်းရှီ ကြားက အကွာအဝေးက နီးနီးလေး။ ဒါကြောင့် မျက်ကွယ်နေရာကို အသုံးချပြီး သူတို့ လှုပ်ရှားဖို့ ပြင်တယ်။

ဖန်ကျန်းရှီ ချွေးစေးတွေ ထွက်တာ မျိုး ဖြစ်ခဲတယ်။ ဒါပေမယ့် ဒီ အချိန်မှာ။ ဓား နှစ်စင်း ကို မြင်တော့ သူ ချွေးစေးတွေ ထွက်လာတယ် ။ ဒီ နတ်ဆိုး တွေ ရဲ့ ဇစ်မြစ်ကို သူ သိတယ်။ ဒါပေမယ့် သူတို့ ရဲ့ စိတ်ဆုံးဖြတ်ချက်ကိုတော့ ထွင်းဖောက် မမြင် နိုင်ဘူး။ ဒါက ဖန်ကျန်းရှီ ရဲ့ အကဲဖြတ်မှု နဲ့တော့ ဘာမှ မဆိုင်ပါဘူး။ အတွေးတစ်ခုသက်သက်ပဲ။ ဖန်ကျန်းရှီ က သေရမှာတွေ နာကျင်ရမှာတွေကို ပုံမှန်ထက် ပိုကြောက်တယ်။ ဒါကြောင့် ပြဿနာကို ရင်ဆိုင်တဲ့ အချိန်။ မနာမကျင်ရမယ့် နည်းလမ်းတွေကို အရင်ဆုံး စဉ်းစားတယ်။

တခြားတစ်ဖက်မှာတော့ သူ့ ရှေ့က ကျောင်းတော်သား နှစ်ဦး။ သူ့ကို အခွင့်ကောင်းယူသွားပြီ။ အစတည်းက တဖက်လူ ရဲ့ အစီအစဉ်က အရမ်းကို ချောမွေ့ ကောင်းမွန်နေတယ်။ နောက်ဆုံး တိုက်ခိုက်မှုထိကို အသေးစိတ်စီစဉ်ထားပြီးပြီ။ ထပ်ပြောရရင်။ တစ်ဖက်လူက ဖန်ကျန်းရှီကို သိစေချင်တယ်။ အရာအားလုံးက သူ့ရဲ့ ထိန်းချုပ်မှု အောက်မှာ (သူ့လက်ထဲမှာ) ရှိတယ်။ လူတစ်ယောက် သတိ လွတ်သွားမယ့် အချိန်ကို သူစောင့်ဆိုင်းတယ်။

လူတစ်ယောက်ကို အသေသတ်ချင်ရင်။ အနီးကပ်ဆုံး အချိန်က အကောင်းဆုံးပဲ။

အခုအခြေအနေက အတော်လေးကို အန္တရာယ် များတာ ။ ဖန်ကျန်းရှီသေမင်း နဲ့ တွေ့ဖို့ နည်းနည်းလေးပဲ လိုတော့တယ်။ တန်ရှီရှန်း သာ ဖန်ကျန်းရှီ အနားမှာ ကပ်မနေ ခဲ့ရင်။ သူသာ သတိမပေးလိုက်ရင်။ ဖန်ကျန်းရှီ ချွေးပြန်တာထက် ပိုဆိုးတဲ့ အခြေအနေ ကို ရောက်သွားနိုင်တယ်။

ကျွမ်းကျင်ပညာရှင်ကြီး ရှေ့မှာ ပညာလာပြနေတဲ့ တစ်ဖက်လူ အကြောင်း တွေးမိတော့ သူ တကယ့်ကို ပျော်ရတယ်။ နတ်ဆိုးမျိုးနွယ် ယွင်ချင်းဝူ။ နတ်ဆိုးမျိုးနွယ်ဆိုတာဘာလဲ။ ယွင်ချင်းဝူက ဘာလဲ။ ဖန်ကျန်းရှီ အခုတော့ သိသွားပြီ။ အဆုံးမဲ့ လောကမှာ သူ လွတ်လာတာ တော်တော့်ကြီးကို ကံကောင်းမှန်း အခုမှပဲ နားလည်သဘောပေါက် သွားတော့တယ်။

“ ဖန်ကျန်းရှီ။ မျိုးနွယ်စု ခေါင်းဆောင် ပိုင်က မင်း အတွက် စကား တစ်ခွန်း ပါးလိုက်တယ်။ ပုရွက်ဆိတ်တွေက ကောင်းကင်ပေါ်မှာ ပျံဝဲနေတဲ့ သားရဲကောင်ကြီးတွေကို ဘယ်လို ယှဉ်နိုင်မှာလဲ။ မင်းက ထက်မြက်တဲ့ လူပဲ။ ဒီ စကားလုံး ရဲ့ အဓိပ္မာယ်ကို မင်းနားလည် မှာပါ။” ကျောင်းတော်သား နှစ်ယောက်ရဲ့ တိုက်ခိုက်မှုက လွဲချော်သွားခဲ့တယ်။ စိတ်ပျက်မှု တစ်ချို့ သူတို့ မျက်လုံးထဲ ဖြတ်ပြေးသွားတယ်။ ဒါပေမယ့် သူတို့ အမူအယာ တွေ နည်းနည်းလေးတောင် မပျက်ယွင်းသွားဘူး။ တည်ငြိမ်နေတယ်။ စစ်သည်သောင်းချီ ရဲ့ ကြားထဲမှာ ဘယ်တုန်းကမှ မရပ်နေတဲ့ အတိုင်းပဲ။ သူတို့ ရဲ့ လုပ်ကြံမှု ကျရှုံးခဲ့တယ်။ ကျောင်းတော်သား နှစ်ယောက် ဆက်ပြီးတော့ မတိုက်ခိုက်တော့ဘူး။ သူတို့ လုံးဝကို လွဲချော်သွားပြီမှန်း သိလိုက်တယ်။

“ထွက်ခွာမယ်။” ကျောင်းတော်သား နှစ်ယောက် နောက်ပြန်လှည့်တယ်။ တစ်ချိန်တည်းမှာပဲ သူတို့ ရင်ဘတ်က ဒဏ်ရာတွေ တဖြည်းဖြည်းချင်း ပျောက်ကင်းသွားပြီ။ သွေးထွက်တာ ကတော့ မရပ်ဘူး။ ဒါကို သူတို့ လုံး၀ ဂရုမစိုက်ကြဘူး။ နှစ်ခါတောင် ပြန်မကြည့်ဘူး။

“အမိန့်အတိုင်းပါ။” ကျော်ငးတော်သား နှစ်ယောက် ရဲ့ အမိန့်ကို ကြားတော့ ။ နတ်ဆိုးလေးဦး နောက်ကို ပြန်ဆုတ်တယ်။ လေတောင်ကြားရဲ့ နံရံ နှစ်ဖက်ကို ဦးတည်ပြီး ပြေးတယ်။ ကျောင်းတော်သား နှစ်ယောက်လည်း မတွေဝေဘူး။ ချက်ခြင်း ခုန်ပျံတယ်။ ငွေဂျို ဝံပုလွေ တစ်ကောင်ကို တက်နင်း ရင်း အရှိန်ယူတယ်။ တောင်နံရံ နှစ်ဖက်စီကို ချက်ခြင်း ရောက်သွားတယ်။ သူတို့ ခပ်မြန်မြန်ပဲ ရောက်လာတယ်။ ပြီးတော့ ခပ်မြန်မြန်ပဲ ထွက်ခွာသွားတယ်။ နောက်ပြီးတော့ ဒီ အစီအစဉ်ကို တစ်ချက်လေးတောင် မတွေဝေပဲ။ ပြိုင်ဘက် ကင်းကင်း နဲ့ လုပ်ထားတာ။

“ ပြေးချင်တာလား။ ရပ်စမ်း”

“ မြန်မြန်။ မြားတွေကို ပြစ်”

“ သူတို့ မလွတ်စေနဲ့။”

စစ်သူကြီး တွေ သတိဝင် လာတယ်။ ဒါပေါ့။ အခုချိန်မှပဲ သူတို့ နားလည်ကြတယ်။ သူတို့က ငတုံးတွေပဲ။ နတ်ဆိုးမျိုးနွယ်။ ကျောင်းတော်သား အေ ယာက်နှစ်ဆယ်ထဲမှာ ။ နတ်ဆိုး ခုနှစ်ယောက် ပုန်းကွယ်နေတယ်။ ခြောက်ယောက်က ဖန်ကျန်းရှီကို လုပ်ကြံတယ်။ တစ်ယောက် က ဖန်ကျန်းရှီ ရဲ့ ဓားသိန်းသန်းချီ ပညာကြောင့် သေသွားတယ်။

ဒီလို အဖြစ်မျိုးက နားရှိလို့သာ ကြားရတယ်။ နောက်ပြီးတော့ ပို အရေးကြီးတာက ။ ဒီ နတ်ဆိုးတွေက အယောင်ဆောင်ပြီး စာမေးပွဲ ဝင်ဖြေနေကြတယ်။ ဘယ်သူမှ မသိကြဘူး။ အမိန့်ပေးလိုက်တာနဲ့။ မြားတွေ ချက်ခြင်း ပျံထွက်လာတယ်။ တစ်ချိန်တည်းမှာပဲ။ ပြင်းထန်တဲ့ ဂီတသံစဉ် ထွက်ပေါ်လာတယ်။ မြားတွေနဲ့ အတူ နတ်ဆိုးတွေကို လိုက်တယ်။

ဖန်ကျန်းရှီ ကတော့ ဒီ နတ်ဆိုးတွေ နောက်ကို မလိုက်ဘူး။ သူမလိုက်ချင်လို့ မဟုတ်ဘူး။ ဒီ နတ်ဆိုး ခြောက်ယောက်လုံးက သဘာဝလွန် အဆင့်မှာ ရှိနေမှန်း သူသိလို့ပဲ။ အကယ်၍ သူ ခန့်မှန်းတာသာ မမှားရင်။ မြေပြင်ပေါ်မှာ လဲကျနေတဲ့ သခင်လေး လီ ကလည်း သဘာလွန် အဆင့် ရောက်နေမှာပဲ။ ဒါပေမယ့် ဖန်ကျန်း၇ှီ သူ့ကိုယ်သူ အထင်လွဲအောင် မြားချက်ကို နှစ်ခါတိတိ ခံယူလိုက်တယ်။ ကိုယ်တွင်း အင်္ဂါတွေ စုတ်ပြတ်သွားပြီလို့ ထင်ရအောင် အချိန် အတော်ကြာ လှဲလျောင်းနေခဲ့တယ်။ ဖန်ကျန်းရှီက ဒီ သဘာဝလွန် အဆင့် နတ်ဆိုး ခြောက်ယောက်ကို ဘယ်လိုများ ခုခံ နိုင်မှာလဲ။ လိုက်ဖက်ဖို့လား။

ရလဒ်က တိတိကျကျ ကို ခန့်မှန်းလို့ ရမှာပဲ။ သတ်ဖို့ လာတဲ့ နတ်ဆိုး ခြောက်ယောက် က ဖန်ကျန်းရှီ ရဲ့ ခေါင်းကို ဖြုတ်ပြီး ပြန် သတင်းပို့ဖို့ အခွင့်အရေးရသွားမှာပေါ့်။ ဒီ နတ်ဆိုး တွေ ရဲ့ အသေခံ တိုက်ခိုက်မှုကို ဖန်ကျန်းရှီ နားမလည် ဘူး။ သူ့လို လူလေး တစ်ယောက် အတွက်နဲ့ ။ သဘာဝလွန် အဆင့် ကို ခုနစ်ယောက်ကြီးများတောင် လွတ်လိုက်တယ်။ ဒါပေမယ့် သူတို့ မအောင်မြင်ခဲ့ဘူးလေ။

မြားတွေ ပျံထွက်သွားတဲ့ အချိန်မှာပဲ ။ အနက်ရောင်လှံတွေလည်း ကျ်လာတယ်။ ဒါပေမယ့် ဒီ ပြစ်ချက် တွေက သိပ်ပြီးတော့ မထိရောက်လှဘူး။ နတ်ဆိုး ခြောက်ယောက်ရဲ့ လှုပ်ရှားမှုက မြန်ဆန်လွန်းတယ်။ လေတောင်ကြား တစ်ခုလုံးက မြူနှင်းဖြူတွေ နဲ့ ပြည့်နေတာ။ ဒါပေမယ့် သူတို့ ကတော့ ပုံမှန် မြေပြင်မှာ ပြေးသလို သွားလာနေတယ်။

အပြာရောင် အလင်းတန်း ဖျော့ဖျော့ က သူတို့ ခြေထောက်အောက်မှာ တောက်ပနေတယ်။ သူတို့ အရှိန်နှုန်းက ဓားသွားတွေလိုပဲ မြန်ဆန်လှတယ်။ အချိန်တိုလေး အတွင်းမှာ ။ နံရံ နှစ်ဖက် ရဲ့ ထိပ်ကို သူတို့ ရောက်သွားကြပြီ။

“ သူတို့ တကယ်ပဲ လွတ်တော့မယ် ထင်ပါရဲ့။” စွမ်းအားက အရေးကြီးတယ်လို့ ဖန်ကျန်းရှီ မတွေးဖူးဘူး။ ဉာဏ်ရည်က ပိုပြီး အစွမ်းထက်တယ်လို့ သူ အမြဲ တွေးခဲ့တာ။ သူ့ဘေးမှာ ငွေဂျို ဝံပုလွေ ငါးရာလည်း ရှိနေပြီ။ စစ်သည်တော် လေးသောင်းလည်း ရှိတယ်။ တောင်ပိုင်းဒေသကိုတောင် အေးအေးဆေးဆေး တိုက်ခိုက်နိုင်လောက်တယ်။

ဒါပေမယ့် တကယ်တမ်း ဖြစ်သွားတာက ။ နတ်ဆိုးတွေ ထွက်ပြေးတာကို ဒီ အတိုင်းကြည့်နေရတာပဲ။

ဒီလို ကြည့်နေရတာ ကို စိတ်ထဲမှာ အဆင်ပြေတယ် ဆိုရင်တော့။ မဖြစ်နိုင်တာပဲ။ ဘာလို့ စိတ်ထဲ မပျော်မရွှင်ဖြစ်လာမှန်း ဖန်ကျန်းရှီ မသိဘူး။ ဒါမှမဟုတ်။ သူ့ လက်ထဲမှာ ဓား ကိုင် ထားတာကြောင့် ပဲ ဒီလိုဖြစ်လာတာလား။ ဒီ အချိန်မှာပဲ။ သိသာထင်ရှားတဲ့ ခ၇မ်းရောင် အလင်းတန်းက ဖန်ကျန်းရှီ ရဲ့ မျက်လုံးထဲမှာ တောက်ပ လာတယ်။ တစ်ချိန်တည်းမှာပဲ။ ဖန်ကျန်းရှီ က သူ့လက်ထဲက ဓားကို မြှောက်လိုက်တယ်။ ဒီ ဓားရဲ့ နာမည်က ခြေရာမဲ့။

ဒါပေမယ့် ဓားထိပ်မှာ။ လုံး၀ သာမာန် မဟုတ်တဲ့ ခရ မ်းရောင် သွေးစလေး ရှိနေတယ်။ ထူးဆန်းပြီး အေးစက်စက် တောက်ပနေတယ်။ ပင်လယ်ပြင်လို ကျယ်ပြောတဲ့ လူသတ်ငွေ့တွေ ဓား ထိပ်ဖျားက စိမ့်ထွက်နေတယ်။

“ တောင် …. ရေတံခွန်။ ရေတံခွန်”

ဖန်ကျန်းရှီ ခပ်တိုးတိုး အော်လိုက်တယ်။ သူ့ ဓားက ဖြည်းဖြည်းချင်း ပြန်ကျသွားတယ်။ ကောင်းကင်မှာတော့ ။ တောက်ပတဲ့ ငွေလမင်း ပေါ်ထွက်လာပြီ။ ဒါပေမယ့် ငွေအလင်းတန်း ထဲမှာ ခရမ်းရောင်ဖျော့ဖျော့ လည်း လင်းလက်နေတယ်။ ငွေလမင်း ကနေ စီးကျ လာတဲ့ ရေတံခွန်။ အဲ့ဒီ့နောက်။ ကြောက်မက်ဖွယ် အရှိန် နဲ့ အတူ။ အလင်းတန်း ခြောက်ခု ဖြစ်သွား တယ်။ အလင်းတန်း တစ်ခုချင်းစီက ပါးလွှာတယ်။ ကျောချမ်းအောင် အေးစက် နေတယ်။ တောင်နံရံက နတ်ဆိုး ခြောက်ယောက် စီကို တန်းတန်း မတ်မတ် ပြေးဝင်သွားတယ်။

နတ်ဆိုးခြောက်ယောက် ရဲ့ မျက်လုံး တွေ အရောင် လက်သွားတယ်။ သူတို့ အကြည့်က ကောင်းကင်ကနေ စီးကျလာတဲ့ ရေတံခွန်ဆီမှာ။ သူတို့ရဲ့ အမူအယာ တွေ နည်းနည်း ပြောင်းလဲ သွားတယ်။ ဒီ အမူအယာက ရှုပ်ထွေးတယ်။ တစ်စုံတစ်ရာကနေ လွတ်မြောက်သွားသလို မျိုးပဲ။ ပိုင်ရှင်း ဆီကနေ သူတို့ အမိန့်ရခဲ့တဲ့ အချိန်က။ နန်ကုန်းဟောင် ဒါမှ မဟုတ် ဖန်ကျန်းရှီ ရဲ့ အသက်ကို အစွမ်းကုန် ကြိုးစားပြီး ယူခဲ့တဲ့ ။ ဒီ အချိန် တုန်းက သူတို့ကိုယ် သူတို့ မေးခွန်း တစ်ခု ပြန်မေးမိတယ်။ ဘာကြောင့် များ အစွမ်းကုန် လုပ်ရမှာလဲ။

ဒါပေမယ့် အခုတော့ သူတို့ နားလည်သွားပြီ။ ဒီ အလင်းတန်း ခြောက်ခု သူတို့ ဆီကို ရောက်လာတော့ ပိုပြီးတော့တောင် နားလည်သွားသေး တယ်။ တကယ့်ကို ။ အစွမ်းကုန် လုပ်ဆောင်ရမှာပဲ။

အပိုင်း (၃၆၉) ပြီး ၏ ။

အပိုင်း (၃၇၀)

“ နောက်ဆုံးတော့ ငါ တို့ ဆုံ ပြီ”

နတ်ဆိုး မျိုးနွယ်စုဝင်တွေက။ အင်အားကြီးမားတဲ့ သူတွေကို မကြောက်ဘူး။ ဘာကြောင့်လဲ ဆိုတော့။ သူတို့ မွေးဖွားတဲ့ အချိန်တည်းက။ ကောင်းကင် နဲ့ မြေပြင်ကို သူတို့ဆီ ဆက်သွယ်ပေးနိုင်တဲ့ ကြောက်စရာ မျက်လုံး တစ်လုံး ပါလာတယ်။ နတ်ဆိုး မျက်လုံး နဲ့ ဆိုရင်။ သူတို့ ရဲ့ စွမ်းအားက ပြင်းထန်တယ်။ အသိပညာတွေကို လေ့လာသင်ယူနိုင်စွမ်း ကလည်း မြင့်မားတယ်။ သူတို့ အတွက်တော့ နတ်ဆိုး မျက်လုံးက ဂုဏ်သိက္ခာ တစ်မျိုးပဲ။ ဒါတင် မက ဘူး။ မြင့်မားတဲ့ အသိပညာကို ဖော်ကျူးမှု တစ်ခုလည်း ဟုတ်တယ်။

နတ်ဆိုး မျိုးနွယ်က ကောင်းချီးပေးခံရတာ တွေ အရမ်းများတယ်။ ဒါပေမယ့် သူတို့ရဲ့ မျိုးပွားနိုင်စွမ်းကတော့ အရမ်းကို အားနည်းလွန်းတယ်။ လူသား ဆယ်ယောက်မှာဆိုရင် ကိုးယောက်က ကလေးမွေးဖွားနိုင်တယ်။ ဒါပေမယ့် နတ်ဆိုး မျိုးနွယ်ကတော့ မတူဘူး။ နတ်ဆိုး ဆယ်ယောက်မှာ တစ်ယောက် ပဲ ကလေး မွေးနိုင်တယ်။ ဒါကြောင့် လူသား မျိုးနွယ်တွေ လို အရေ အတွက် အများကြီး သူတို့ မရှိဘူး။

ဒါပေမယ့် ဒီ တစ်ချက်လေးက လွဲပြီးတော့ ။ သူတို့ရဲ့ စွမ်းရည်တွေ အကုန်လုံးက လူသား မျိုးနွယ်ထက် သာလွန်တယ်။ ဒီလောကထဲမှာ သူတို့ က အတော့်ကို အရေးကြီးတယ်။ နတ်ဆိုးမျိုးနွယ် ရဲ့ ဂုဏ်ရည်က သူတို့ရဲ့ သဘာ၀ အရည်အချင်းပေါ်မှာ မူတည်တယ်။ ဒါပေမယ့် သူတို့ထက် သဘာ၀ အရည်အချင်း ပိုပြီး သာလွန်သူက သူတို့ ရှေ့မှာ ရပ်နေတယ်။ တိကျတဲ့ ရှုထောင့်က ပြောရရင်။ အခုအဖြစ်က လောက သဘာဝကို ချိုးဖောက်နေတယ်။ သဘာဝလွန် အဆင့်မှာ ရောက်နေတဲ့ လူသားတစ်ယောက်ကို တောင် သူတို့ မမှုဘူး။ ဒါပေမယ့် ကောင်းကင်ရောင်ပြန် အဆင့်မှာပဲ ရှိသေးတဲ့ လူသား လေး တစ်ယောက် က။ သဘာဝလွန် အဆင့် စွမ်းအားတွေ ထက်ကို ကျော်လွန် နေတယ်။ ဒါက လုံးဝကို စည်းမျဥ်းနဲ့ မကိုက်ညီတာပဲ။

ဆယ့် ငါးနှစ်။ ဆယ့်ခြောက်နှစ်လောက်ပဲ ရှိသေးတဲ့ ကောင်ငယ်လေးက ။ နှစ်ရာချီပြီး ဘယ်သူမှ မဖြတ်သန်းနိုင်တဲ့ လေတောင်ကြားကို။ အနိုင်ယူခဲ့တယ်။ စစ်ဗျူဟာတွေကိုလည်း ကေ ာင်းကောင်း ထွင်းဖောက် မြင်နိုင်သေးတယ်။ သူတို့ ဘယ်လို မလန့်ပဲ နေမှာလဲ။ ကောင်းကင်ကနေ အလင်းတန်း ခြောက်ခု ဆင်းသက်လာတဲ့ အချိန်။ နတ်ဆိုးခြောက်ဦး သူတို့ လက်ထဲက ဓားတွေကို မြှောက်လိုက်တယ်။ သူတို့ အကြည့်တွေက တည်ငြိမ်နေတယ်။ ဒီ အကြည့်တွေက အလေးအနက်ထားမှုကို ဖော်ပြတယ်။

“ဘုန်း … ဘုန်းးး …. ဘုန်းးး”

ပေါက်ကွဲသံ ခြောက်ခု တောင်နံရံ အထက် မှာ ပေါ်လာတယ်။ အောက်ဘက်က လေတောင်ကြားလည်း အနည်းငယ် လှုပ်ခါသွားတယ်။ လူတိုင်း က ငွေရောင် အလင်းတန်း ခြောက်ခုကို ငေးကြည့်နေတယ်။ စစ်သူကြီးတွေ။ စစ်သည်တော် လေးသောင်း။ ကျန်ရှိနေတဲ့ ကျောင်းတော်သားတွေ။ ဝူဖုန်း။ ချန်းဖေးယွီ နဲ့ တန်ရှီရှန်း နောက်က ငွေဂျို ဝံပုလွေ စစ်သည် ငါးရာ။ ဘယ်သူ တစ်ဦးတစ်ယောက် ကမှ အလင်းတန်း ခြောက်ခုကို မကြည့်ပဲ မနေနိုင်ဘူး။ ဒီ အချိန်မှာ သူတို့ စိတ်ထဲ အတွေးတစ်ခုပဲ ရှိတယ်။ စွမ်းအား။ ဒါပေမယ့် ဒီ စွမ်းအား က ဘယ်လိုကြောင့်များ ဒီလောက်ထိ ပြင်းထန်နိုင်တာလြ။

ဖန်ကျန်းရှီ ရဲ့ စွမ်းအားက ကောင်းကင်ရောင်ပြန် အဆင့်ပဲ ရှိသေးတာ။ ဒါက ငြင်းမရတဲ့ အချက်ပဲ။ ဒါပေမယ့် ကောင်းကင်ရောင်ပြန် အဆင့်က ဘယ်လိုများ။ သဘာဝလွန် အဆင့် နတ်ဆိုး ခြောက်ယောက်ကို ပြင်းပြင်းထန်ထန် ဖိနှိပ်နိုင်တာလဲ။ အချိန်အနည်းငယ်ပဲ ဖိနှိပ်နိုင်တာ ဆိုရင်တေင်။ အထင်ကြီးစရာပဲ။ မြူနှင်းတွေက အဆက် မပြတ်ကျဆင်းနေတယ်။ နတ်ဆိုး ခြောက်ယောက်လည်း မြူတွေကြား ကနေ နောက်ဆုံးတော့ ပေါ်လာခဲ့ပြီ။ သူတို့ ကိုယ်ပေးက အဝတ်အစား တွေ ပြဲစုတ်နေတယ်။ တစ်ကိုယ်လုံးမှာ ဒဏ်ရာ ဒဏ်ချက်တွေက အထင်းသားပဲ။ သူတို့ မျက်လုံးတွေလည်း ပြူးကျယ်နေတယ်။ ဒါက သူတို့ အကုန်လုံး တစ်ချိန်တည်းမှာ ဒဏ်ရာရ လာတဲ့ သဘောပဲ။ ခြောက်ခုခွဲသွားတဲ့ ငွေရောင်အလင်းတန်းရဲ့ သက်ရောက်မှုတွေ။

“ ဖန်ကျန်းရှီ။ ငါ ဒါကို မှတ်ထားတယ်။ နောက်တစ်ကြိမ် ငါတို့ တွေ့တဲ့ အချိန် မင်း အသက် ရှင်နိုင်အုန်းမလား။” နတ်ဆိုး တစ်ယောက် စကားပြောရင်း လက်ကို မြှောက်လိုက်တယ်။ သူ့ မျက်နှာပေါ်က မျက်နှာဖုံး ကို ဖယ်ရှားလိုက်ပြီ။ နဖူးက နတ်ဆိုး မျက်လုံးက တလက်လက် တောက်ပနေတယ်။ ဒါက စိန်ခေါ်မှု တစ်ခုပဲ။ ဒါပေမယ့် ဖန်ကျန်းရှီ ကတော့ စကား တစ်လုံးတောင် ပြန်မဖြေဘူး။ ဘာကြောင့်လဲ ဆိုတော့ အလင်းတန်း တစ်ခုကို သူတွေ့လိုက်ရတာ ကြောင့်ပဲ။ သူ အရင်ဆုံး ပြစ်လိုက်တဲ့ ရိုက်ချက် နဲ့ ယှဉ်ရင်။ ဒီ အလင်းတန်းက အနီရောင် ဖြစ်နေတယ်။ သွေးနီရောင်။ ထွင်းဖောက်မြင်ရအောင် ကြည်လင်တယ်။ ဒါပေမယ့် တောက်ပတယ်။ ကောင်းကင်ကနေ ဆင်းသက်လာတာ။ ပုစဉ်းရင်ကွဲ ကောင်ရဲ့ အတောင်ပံနဲ့ ဆင်တူတယ်။

ဖန်ကျန်းရှီ ရဲ့ အရင် ဓားချက် က သေခြင်း အငွေ့အသက်တွေ ပါနေတယ်လို့ ပြောရင်။ အခု အလင်းတန်း ကတော့ ငရဲကနေ ထွက်လာသလိုပဲ။ တန်ရှီရှန်း နဲ့ ငွေဂျို ဝံပုလွေ တွေ ဒီ အလင်းတန်ကို မြင်တော့ လန့်သွားတယ်။ ဘာကြောင့်လဲ ဆိုတော့။ ဒီ အလင်းတန်းက ဖန်ကျန်းရှီ ဆီကနေ ထွက်ပေါ်လာတာ မဟုတ်လို့ပဲ။ အဲ့ဒီ့အစား နတ်ဆိုး ခြောက်ယောက် ဆီကို ဦးတည်သွားနေတယ်။ ဒါ ဘယ်သူ့ ဆီက လာတာလဲ။ ဒါကတော့ တန်ရှီရှန်း နဲ့ တခြားသူတွေ ရဲ့ အတွေး။

ဝူဖုန်း။ ချန်းဖေးယွီ နဲ့ တခြားသော ကျောင်းတော်သား တွေကတော့ တွေးစရာတောင် မလိုဘူး။ အလင်းတန်းကို မြင်တာနဲ့ ဘယ်သူ ရောက်လာလဲ သူတို့ သိပြီးသား။

နတ်ဆိုးခြောက်ဦးလည်း သူတို့ ဆီ ဦးတည်လာနေတဲ့ အနီရောင် အလင်တန်းကို ။ သတိထားမိပြီ။ ဖန်ကျန်းရှီ ရဲ့ တိုက်ခိုက်မှု ကြောင့် ဒဏ်ရာ ရပြီးတဲ့နောက်။ သူတို့ ထင်ခဲ့တာ ဒါ အဆုံးသတ်သွားပြီလို့။ တကယ်တမ်းတော့ ကိစ္စက အခုမှ စတာ။

“ ပီ….”

ဒါက ပဲ့တင်သံ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ အနီရောင် အလင်းတန်းက နတ်ဆိုးတွေ ရဲ့ ကိုယ်ခန္ဒာကို ထိတွေ့တဲ့ အချိန်။ မပေါက်ကွဲတာကြောင့်ပဲ။ အဲ့ဒီ့အစား ငြင်ငြင်သာသာ်လေး ဖြတ်သန်း သွားတယ်။ ဓားကျိုးတစ်ချုု့ိ ပံျသန်းသွားတယ်။ တစ်ချိန်တည်းမှာပဲ လက်မောင်း နှစ်ဖက် ပြုတ်ထွက်သွားတယ်။

ပိုပြီး အရေးကြီးတာက တောင်နံရံမှာ အက်ကွဲကြောင်းတွေ ပေါ်လာတာပဲ။ ဒီ အက်ကွဲကြောင်းတွေက နတ်ဆိုးတွေ ရပ်နေတဲ့ နေရာ တည့်တည့်မှာ ပေါ်လာတာ။ ဒါကြောင့်။ နံရံပေါ်မှာ ရပ်နေတဲ့ နတ်ဆိုးတွေ ပြုတ်ကျကုန်တယ်။ လေးမြား ကိုင် စစ်သည်တော် တွေနဲ့။ ငွေဂျိုဝံပုလွေ တွေ ကြားကို ပြုတ်ကျ ကုန်တယ်။

တစ်ချိန်တည်းမှာပဲ။ တောင်နံရံပေါ်လာ လူရိပ်တစ်ခု ပေါ်လာတယ်။ မှိန်ဖျော့ဖျော့ ဝတ်ရုံကို ဝတ်ထားတယ်။ လက်ထဲမှာတော့ တောင်နဲ့ မြစ် ပုံရိပ်ပါတဲ့ ယပ်တောင်လေးကို တဖျပ်ဖျပ် ခတ်နေတယ်။ အခုက ဆောင်းရာသီ ရောက်တော့မယ်။ ဒါကြောင့် အခုလို မြင်ရတာက မသင့်လျော်ဘူး။ ဖန်ကျန်းရှီ စိတ်ထဲ မေးခွန်းတစ်ခု ရောက်လာတယ်။ ဒါကြောင့် သူမေးတယ်။

“ ရန်ရွှယ် ။ မင်း အေးနေလား။”

တကယ်တမ်းတော့။ ရန်ရွယ်ရဲ့ အမူအယာအရ သိသာနေတာပဲ။ ဒီမေးခွန်းက ဖြေစရာမှ မလိုတာ။ သူ့ အမူအယာ အေးစက်နေတယ်။ ဒါအပြင် မောက်မာနေတဲ့ ပုံစံကိုလည်း ထင်ထင်ရှားရှား မြင်ရတယ်။ ရန်ရွှယ်တွေးနေတာကို ဖန်ကျန်းရှီ သိတယ်လေ။ သူလုပ်ခဲ့တာက သူတို့ တွေ့တွေ့ချင်းပဲ။ ဂုဏ်ရှိတဲ့ လှုပ်၇ှားမှု ကြီး ဖြစ်သွားတဲ့ပုံနဲ့။ နတ်ဆိုး နည်းနည်းလေးကို မလွတ်စေအောင် လုပ်လိုက်ရုံပဲလေ။ ဘာများ ဂုဏ်မောက်နေစရာလိုလို့လဲ။ သူသာ အရင်ဆုံး မတိုက်ခိုက်ထားရင်။ ရန်ရွယ်လည်း ဒီလို ချောချောမွေ့မွေ့ နှမ်းလာဖြူးနိုင်မှာလား။

ဒါတွေကို ဖန်ကျန်းရှီ မပြောတော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ့စိတ်ထဲမှာ ပြောချင်တဲ့ စကားက သပ်သပ်ရှိနေတာေြ ကာင့်ပဲ။ ( မင်း အေးခဲမျောက်မင်းဒေသ ကို လာပြီး ငါနဲ့ လာပူးပေါင်းမယ် ဆိုတာ သိနေတယ်လေ။)

“ တိုက်ခိုက်ကြ၊”

“ လူတိုင်း တိုက်ခိုက်ကြ။ နတ်ဆိုး မျိုးနွယ်တွေကို အလွတ်ပေးလို့ မဖြစ်ဘူး။”

“ဒီကောင်တွေကို မပြေးစေနဲ့။”

ရန်ရွှယ်ကို ရုတ်တရက်မြင်လိုက်ရတော့။ စစ်သူကြီးတွေ မလန့်တာက မဖြစ်နိုင်တာပဲ။ ဒါပေမယ့် ဒဏ်ရာရ်နေတဲ့ နတ်ဆိုး တွေကို အရင်ဆုံး တိုက်ခိုက်ဖို့ လိုတယ်။ ဒါက သူတို့ လုပ်ဖို့ လိုနေတာပဲ။ ဘေးနားက အော်ဟစ် သံတွေ ကတော့။ ကျောင်းတော်သား တွေ အတွက်ပဲ ပျော်စရာ ဖြစ်မှာ။ စစ်တပ် နောက်ခံရှိတဲ့ သူတွေ အတွက်တော့ သိပ်ပြီး အဆင် မပြေလှဘူး။

“ရန်ရွှယ်.” တောင်နံရံမှာ ရပ်နေတဲ့ လူရိပ်ကို ဝူဖုန်း မော့ကြည့်တယ်။. သူ့ လက်ထဲက ပုလွေကို အောက်ချလိုက်တယ်။ ခါးသက်သက် မနာလို မုန်းတီးမှုတွေ သူ့ မျက်နှာမှာ ကောင်းကောင်း မြင်နေရတယ်။ အတွေးအခေါ် စာမေးပွဲ မှာတုန်းက။ ရန်ရွှယ်က အဆင့်သုံး နေရာကို ရခဲ့တယ်။ သူ့ ခေါင်းပေါ်ကနေ တစ်ကွက်ကျော်သွားတာ။ ဒီ ခံစားချက်ကြောင့် အတော်လေးကို ခါးသက်ရတယ်။ ဒါကြောင့် တိုက်ခိုက်ရေး စာမေးပွဲ အတွင်း။ ရန ် ရွှယ်ရဲ့ လှုပ်ရှားမှုတွေကို သူ အာရုံစိုက်ခဲ့တယ်။ စစ်သည်ခြောက်ထောင်ပါ ရှိတဲ့ တပ်က အမြဲတမ်း ရွေ့လျားနေတယ်.။ ဘယ်တုန်းကမှ မတည်ငြိမ် ခဲ့ဘူး။ ဝူဖုန်း ဒါကို သိတယ်။ ဒါကြောင့် တိုက်ခိုက်ရေးစာမေးပွဲမှာ ရန်ရွှယ့်ကို အနိုင်တိုက်မယ် လို့ သူ တေးထားခဲ့တယ်။ အဲ့ဒီ့အချိန် တုန်းက။ စစ်တပ် နှစ်တပ် နဲ့ နယ်မြေ နှစ်ခုကို သူ ပိုင်ဆိုင်ထားတာ ကြောင့်ပဲ။ ဒါပေမယ့် မျက်တောင် တစ်ခတ် အတွင်းမှာပဲ။

သူတို့ ပြန်တွေ့ခဲ့တယ်။ သူကတော့ ထုတ်ပယ်ခံလိုက်ရတဲ့ ကျောင်းတော်သား ဖြစ်နေပြီ။ နောက်ပြီးတော့ နတ်ဆိုးမျိုးနွယ် လုပ်ကြံလို့ အသက်ပျောက်ခါနီးလေး။ အခုချိန်မှာ ရန်ရွယ့်ကို ကြည့်ပါအုန်း။ တောင်နံရံပေါ်မှာ ယပ်တောင်လေး တဖျပ်ဖျပ်ခတ်နေတယ်။ ထွက်ပြေးလွတ်မြောက်ခါနီး နတ်ဆိုးခြောက်ယောက်ကို ပြန်ပြုတ်ကျအောင် လုပ်ထားတာ။ ဒီလို ကြောက်စရာ အအေးဓာတ်နဲ့ တွေ့တော့ ဝူဖုန်း ပျော်နိုင် အုန်းမလား။

ဝူဖုန်းရဲ့ မကျေနပ်ချက်တွေ နဲ့ ယှဉ်ရင် ။ ချန်းဖေးယွီက တော်သေးတယ်။ ဒီ ကိစ္စ မတိုင်ခင်တုန်းက။ ဖန်ကျန်းရှီ ဘာလို့ သူ့ကို ပြစ်ခတ်မှန်း နားမလည်ဘူး။ သခင်လေးလီ ရဲ့ မျက်နှာဖုံးကို ဝူဖုန်း ခွာလိုက်ပြီး နောက်မှပဲ။ သူ အပြည့်အ၀ နားလည်သွားတော့တယ်။ ဒါပေမယ့် သူက .. ဝူဖုန်းမှ မဟုတ်ပဲ။ ဂီတ တာအိုကိုလည်း နားမလည်ဘူး။ ဒါကြောင့် သူ့ကိုယ်သူ အသုံးဝင်အောင် မလုပ်နိုင်ခဲ့ဘူး။ အခုချိန်မှာတော့ အခြေအနေတွေက ကွာခြားပြန်ပြီ။ နတ်ဆိုး ခြောက်ဦးကို ရန်ရွှယ်က ပြစ်ချထားတယ်။ အခုချိန်မှာ လက်စားမချေရင်။ သူက ချန်းဖေးယွီ မဟုတ်တော့ဘူး။ ချန်းဖေးယွီ ပြေးထွက်တယ်။ အခုချိန်က ကျော်ကြားဖို့ အတွက် တကယ့် အကောင်းဆုံး အချိန်ပဲ။ သူ့စွမ်းအားကို ပြသဖို့ ကြံစည်တယ်။ နတ်ဆိုးခြောက်ယောက်လုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်မယ်။ သူ ချန်းဖေးယွီက သဘာဝလွန် အဆင့် ရောက်နေပြီ ဆိုတာ သိသာအောင် လုပ်ရမယ်။

ဖန်ကျန်းရှီကတော့ ချန်းဖေးယွီကို တားဖို့ အစီအစဉ် မရှိဘူး။ အဲ့ဒီ့အစား သူ့ လက်ထဲက ဓားကို မှန်ထဲ ပြန်သိမ်းလိုက်တယ်။ တောင်နံရံပေါ်က ရန်ရွယ်ကို လက်ဝေ့ယမ်း ပြတယ်။

နတ်ဆိုး ခြောက်ဦးရဲ့ ကံတရားကတော့ ထပ်ပြောဖို့ မလိုတော့ဘူး။ သူတို့ တွေက သဘာဝလွန် အဆင့်ရောက်နေတာတော့ အမှန်ပဲ။ ဒါပေမယ့် ကျောင်းတော်သား တွေ ရဲ့ အင်အား ပေါင်းစည်းမှု။ စစ်သည်လေးသောင်း ကျော် ရဲ့ အင်အားတွေ ကြားကနေ မလွတ်မြောက်နိုင်ဘူး။ ဒါ့အပြင် တန်ရှီရှန်း နဲ့ ငွေဂျို ဝံပုလွေ တွေလည်း ဒီ တိုက်ပွဲမှာ ပါဝင်ကြတယ်။ ဘာကြောင့်လဲ ဆိုတော့။ တောင်ပိုင်းဒေသ စစ်သည်တော်တွေက သူတို့ လူမျိုး အတွက် လက်စားချေ ဖို့ လိုတယ်လေ။

သဘာဝလွန် အဆင့် ချန်းဖေးယွီ။ သဘာဝလွန် အဆင့်။ ကျောင်းတော်သား အုပ်စုကြီး။ ငွေဂျိုဝံပုလွေ ငါးရာ။ စစ်သည်တော် လေးသောင်းကျော်။ တိုက်ပွဲရဲ့ ရလဒ်က အစတည်းက ခန့်မှန်းပြီးသားဖြစ်နေပြီပဲ။ သိပ်တောင် အချိန် မကြာလိုက်ဘူး။ နတ်ဆိုး ခြောက်ယောက် အညံ့ခံတော့တယ်။ ဖန်ကျန်းရှီကို တစ်ချက်စိုက်ကြည့်ပြီးနောက် ။ သူတို့ အချင်းချင်း မျက်စ ပြစ် လိုက်ကြတယ်။ ဂုဏ်သိက္ခာအတွက် သေဖို့က နောက်ဆုံး ပဲ။ သတ်သေမယ်။

ချန်းဖေးယွီ ရယ်မောနေတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ ရဲ့ လုပ်ရပ်က အတော်လေး အထင်ကြီး စရာကောင်းတယ်လို့ ထင်မိတာ ကြောင့်ပဲ။ ဒါပေမယ့် ဘေးပတ်ဝန်းကျင်က ကျော်ငးတော်သား တွေ အော်ဟစ် ဂုဏ်ပြုသံကို သူ မကြားရ ပြန်ဘူး။

“ ဘာဖြစ်ပြန်တာလဲ။” ချန်းဖေးယွီ စိတ်ရှုပ်လာတယ်။ သူ မေးလိုက်ချင်တယ်။ မင်းတို့ ကောင်တွေ ကန်းနေတာလား။ ငါ့ အစွမ်းတွေက အရင်နဲ့ လုံး၀ မတူတော့ဘူးလေ။ ဒါပေမယ့် တကယ်ပါပဲ။ ချန်းဖေးယွီကို ဂုဏ်ပြု ချီးမွမ်းစကား ပြောမယ့်သူ မရှိခဲ့ဘူး။ ဒါမှ မဟုတ်။ ဘယ်သူမှ သူ့ကို အာရုံမစိုက်ဘူးလို့ ပြောရမယ်။

နောက်ကွယ်အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။ နတ်ဆိုးခြောက်ယောက် နဲ့ အားလုံးက အစွမ်းကုန် တိုက်ခိုက်နေ်ရတာ။ သူများ ဘာနည်းလမ်း သုံးပြီး တိုက်ခိုက်လဲ ဘယ်သူက သတိထားနိုင်မှာလဲ။ လူတိုင်းတွေးနေတာ တစ်ခုပဲ ရှိတယ်။ ငါ ဘယ် အကွက်ကို သုံးပြီး တိုက်ရမလဲ။

…

လေအေးအေးက စပြီး တိုက်ခတ်လာတယ်။ နတ်ဆိုးခြောက်ယောက်ရဲ့ အလောင်းတွေကို ဖယ်ရှားပြီးနောက် စစ်သည်လေးသောင်း ဖြည်းဖြည်းချင်း ထွက်လာတယ်။ လေတောင်ကြားက နေ ထွက်ပြီး။ ကွင်းပြင်ကျယ်ကြီးဆီကို သွားကြတယ်။

အေးခဲမျောက်မင်းနယ်မြေ က ။ တောင်ပိုင်းဒေသ ရဲ့ အဓိက နယ်မြေကြီး တစ်ခုပဲ။ ဖြူဖွေးနေတဲ့ ကျောက်တုံးတွေ နယ်မြေ တစ်ခုလုံးမှာ ပြည့်နေတယ်။ လေတောင်ကြားရဲ့ နံရံက ကျောက်တုံး တွေလိုပဲ။ အေးစက်မှုက လူတွေရဲ့ နှလုံးကို မသက်မသာ ဖြစ်စေတယ်။ မ

ကြီးမားတဲ့ အနက်ရောင် တိမ်တိုက်ကြီးက အေးခဲမျောက်မင်း နယ်မြေကို ဖြည်းဖြည်းချင်း ဖြတ်သန်းလာတယ်။ ဒီ တိမ်မည်းတွေရဲ့ ရှေ့မှာတော့ လူနှစ်ယောက် ရှိနေတယ်။ သူတို့ က ပုခုံချင်း ယှဉ်ပြီး လျှောက်လာတာ။ တစ်ယောက်က ကျားသစ်ကွက် ဝတ်ရုံကို ဝတ်ထားတယ်။ နောက်တစ်ယောက် ကတော့ မှိန်ဖျော့ဖျော့ ဝတ်ရုံကို ဝတ်ထားတယ်။

ဖန်ကျန်းရှီ က ရန်ရွှယ်ကို သူ ဘာလို့ လာလဲ မမေးဘူး။ ဘာကြောင့်လဲ ဆိုတော့။ အေးခဲ မျောက်မင်း ဒေသကို သူတိုက်ခိုက်မယ့် သတင်းပျံ့သွား တာနဲ့။ ရန်ရွှယ်လာမှာကို သူသိတယ်။ ဒီလို အချိန်ကိုက်မှာ ရန်ရွှယ် ရောက်လာမယ်လို့ မထင် မိတာလေး တစ်ခုပဲ။ အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားတယ်။ တိမ်မည်းကြီးတွေ တဖြည်းဖြည်း ရပ်တန့်သွားပြီ။ ထုံထိုင်းထိုင်း အသံ တစ်ခု အေးခဲမျောက်မင်း ဒေသ ဂိတ်တံခါးကနေ ပေါ်လာတယ်။ ဂိတ်တံခါးကြီး တဖြည်းဖြည်းချင်းစီ ပွင့်နေတယ်။ ဒါပေမယ့် ဂိတ်တံခါးကြီး လုံးဝကို ပွင့်သွားပြီးနောက်။ စစ်သည် တစ်ယောက်မှ ထွက်မလာဘူး။ ဒါမှ မဟုတ်။ စစ်သည်တစ်ယောက်မှ ရှိမနေခဲ့ဘူး။

ဒါက ပုံမှန် မဟုတ်တာ အသေအချာပဲ။ ဘာကြောင့်လဲ ဆိုတော့ ။ အင်အားကြီး စစ်တပ် နဲ့ ရင်ဆိုင်တဲ့ အချိန်မှာ ။ နည်းလမ်း နှစ်ခုရှိတယ်။ တစ်ခုကတော့ ခံစစ်။ နောက်တစ်ခုကတော့ တိုက်စစ်။

ခုခံ စစ်က ဂိတ်တံခါးကြီး ပွင့်လာတဲ့ အချိန် ဘာလို့ မရှိရတာလဲ။ ဒါက ရန်သူ့ စစ်တပ်ကို သူတို့ တိုက်ရိုက် မရင်ဆိုင် ဘူးလို့ ဆိုလိုတာပဲ။ နောက်ပြီးတော့ အခု အခြေအနေ မျိုးမှာ ဘာကြောင့်များ စစ်သည် တစ်ယောက်မှ မရှိနေတာလဲ။ (မြို့ပျက်ကြီး) နည်းလမ်းကိုများ သုံးမလို့လား။

လူမရှိတဲ့ ဂိတ်တံခါးကြီးကို ဝူဖုန်း ကြည့်နေတယ်။ မနီးမဝေးမှာ ရပ်နေတဲ့ ဖန်ကျန်းရှီကို လှမ်းကြည့်တယ်။ သူ့ မှတ်ဉာဏ်ထဲမှာ ကောင်းကောင်းထင်ရှားနေသေးတယ်။ နန်ကုန်းဟောင် သာ မြို့ပျက်ကြီး ဗျူဟာ သုံးလိုက်ရင်။ ဖန်ကျန်းရှီ ဘယ်လို လုပ်လေ မလဲ။ ဒါကတော့ ဝူဖုန်း စိတ်ထဲက အတွေးပဲ။ ဘာကြောင့်လဲ ဆိုတော့။ သူ့တုန်းကလည်း ဖန်ကျန်းရှီ က အကွက်ဆင်ခဲ့တယ်။ ဒါကြောင့် သူ အကွက်ပြန်ဆင်ခံရရင် ဘယ်လို ဖြစ်မလဲ သိချင်နေတာ။

ဖန်ကျန်းရှီကတော့ ဂိတ်တံခါးမှာ လူမရှိတာကို တွေ့တဲ့ အချိန် သိပ်ပြီးတော့ မပြောင်းလဲသွားခဲ့ဘူး။

အဲ့ဒီ့အစား သေချာ စူးစိုက်ကြည့်နေခဲ့တယ်။ တံခါးက လုံး၀ ပွင့်သွားပြီ။ လူတစ်ယောက် ဖြည်းဖြည်းချင်း ထွက်လာတယ်။ သိပ်ပြီးတော့ မအေးစက်တဲ့ အမူအယာ နဲ့ ဝတ်ရုံဖြူ လူငယ် တစ်ယောက်။ သိပ်ပြီး သဘာဝမကျလှဘူး။ လူငယ်ရဲ့ တစ်ကိုယ်လုံးက အရောင်အဝါတွေ တောက်ပနေတယ်။

ဝါးလုံးခေါင်းထဲ လသာနေသလိုမျိုး။ ဒါက နန်ကုန်းဟောင်။

ကျောင်းတော်သားတွေ နန်ကုန်းဟောင်ကို မြင်တော့ တောင့်တင်း သွြးတယ်။ ဒီနေ့ နန်ကုန်းဟောင် ပေါ်လာတဲ့ ပုံစံကြီးက ထူးဆန်းတယ်။ နန်ကုန်းဟောင် ရဲ့ မျက်နှာက ထူးဆန်း နေတာ မဟုတ် ဘူး။ မြင်းမစီးပဲ မတ်တပ်ရပ်နေတာကြီးက ဆန်းနေတာ။

တစ်လှမ်းချင်းစီ။ သူ လျှောက်လာတယ်။ သူ့ အမူအယာက အေးဆေးနေဆဲ။ အေးလိုက်တာမှ ကျောက်စိမ်း ရေကန်ကြီး အတိုင်းပဲ။ ဒါပေမယ့် ကျောင်းတော်သားတွေကတော့ မအေးဆေး နိုင်ပါဘူး။

ဘာကြောင့်လဲ ဆိုတော့။ နန်ကုန်းဟောင် နေရာမှာ သူတို့သာ ဆိုရင် ဘယ်လိုမှ ကို မတည်ငြိမ် နိုင်ဘူး။ စစ်သည်တော်ငါးသောင်း နီးပါးနဲ့ မျက်နှာချင်းဆိုင်နေရရင်။ ဘယ်လိုများ စိတ်မလှုပ်ရှားပဲ နေမှာလဲ။ နန်ကုန်းဟောင် ရဲက နောက်မှာ လူတစ်ယောက်မှ ပါမလာဘူး။ တစ်ယောက်ဆို တစ်ယောက်မှ။

ဒါပေမယ့် သူ့ ကျောဘက်မှာ ဓား တစ်ချောင်း တော့ ပါလာတယ်။ အလျားလိုက် ချည်ထားတာ။

ဓားလက်ကိုင်က ဖြူဖွေးနေတယ်။ ဓားလက်ကိုင်က ဖြူဖွေးနေတာ နှင်းလိုပဲ။ ဓား အသွားကလည်း ဖြူဖွေးနေတယ်။ ဓားလက်ကိုင် (ဓားနှောင့်) နဲ့ ယှဉ်ရင် ဓားအသွားက ကြည်လင် ဖြူဖွေးနေတယ်။ ရေခဲလိုပဲ။ ထွင်းဖောက်မြင်ရပြီး မျက်စိကျိန်းလောက်တယ်။

“ငါတို့ နောက်ဆုံးတော့ ဆုံရပြီ။” နန်ကုန်းဟောင်က ပြောတယ်။ စစ်တပ်ကြီးရှေ့မှာ ဖန်ကျန်းရှီ နဲ့ ရန်ရွယ်က ပုခုံးချင်းယှဉ်လျက် ရပ်နေခဲ့တာ။ သူတို့ နှစ်ယောက်ကို အေးအေးဆေးဆေး သူ နှုတ်ဆက်တယ်။

အပိုင်း ( ၃၇၀) ပြီး၏။

All Chapters