← Chapters

အပိုင်း (၃၇၁-၃၈၀)

Vol. 4 Ch. 371-380

အပိုင်း (၃၇၁-၃၈၀)

Vol. 4 Ch. 371-380

အပိုင်း (၃၇၁)

“ နဂါး ဗျူဟာ။”

နန်ကုန်းဟောင် ရဲ့ စကားက ဖန်ကျန်းရှီကို ဦးတည်တယ်။ ဒါပေမယ့် စကားသံ ထွက်လာချိန်မှာ။ ဝူဖုန်း။ ချန်းဖေးယွီ နဲ့ တခြား ကျောင်းတော်သား တွေက ။ ဖန်ကျန်းရှီ ထက် ပိုပြီး လန့်သွားကြတယ်။

“နန်ကုန်းဟောင် က တစ်ယောက်တည်း ထွက်လာတာလား”

“ သူဘာလုပ်ဖို့တွေးနေတာလဲ။”

ကျောင်းတော်သားတွေ မယုံနိုင်ကြဘူး။ တစ်ယောက်ကို တစ်ယောက်ကြည့်တယ်။ နန်ကုန်းဟောင်က တအေးခဲမျောက်မင်းဒေသ ကနေ တစ်ယောက်တည်း ထွက်လာတော့ သူတို့ တွေးလိုက်မိတယ်။ ဒါက ပုံမှန် မဟုတ်ဘူးလို့။ နန်ကုန်းဟောင် ရူးနေတာလား။

ဘယ်ရူးမလဲ။ ဒါဆိုရင် သူက ဘာလုပ်ဖို့ ကြံစည်နေတာလဲ။ လူ တစ်သိန်း လုံးကို တစ်ယောက်တည်း အနိုင်ယူ မလို့လား။ ။ ဖန်ကျန်းရှီ နောက်မှာ လူ လေးသောင်းရှိတယ်။ ရန်ရွှယ့် လူက ခြောက်ထောင်။ သူတို့ အင်အား ပေါင်းရင်တောင် ငါးသောင်းနီးပါးရှိတယ်။ နန်ကုန်းဟောင်က သူတို့ အားလုံးကို တစ်ယောက်တည်းနဲ့ အနိုင်တိုက်မလို့လား။ ဘာတွေ ဖြစ်နေလဲ ဘယ်သူမှ နားမလည်နိုင်ဘူး။ ဖန်ကျန်းရှီ ကတော့လား ။ သူလုံး၀ ကို တွေးမနေဘူး။

“ တကယ်တော့ ငါတို့ ရင်းနှီးနေပြီးသားပါ။” ဖန်ကျန်းရှီ က ပြုံးပြတယ်။ သူ့နောက်က ခေါင်းဆောင် တစ်ယောက်ကို လှည့်ကြည့်တယ်။ ( မင်း သူနဲ့ ရင်းနှီးလား။)

“ အာ” ခေါင်းဆောင် လန့်သွားတယ်။ ဖန်ကျန်းရှီနဲ့ နန်ကုန်းဟောင်ကို ကြည့်ရင်။ သူ ဘာပြန်ဖြေရမှန်း မသိ ဖြစ်နေခဲ့တယ်။ ဒါပေမယ့် အံကြိတ်လိုက်တယ်။ သူ ဘယ်သူ့ ဘက်မှာ နေနေမှန်း သူ မှတ်မိတယ်လေ။

“ မသိဘူး။”

“ ဆိုရိုး စကားရှိတယ်။ တကယ်တမ်း ရင်းနှီးတာ စစ်မှန်ရင် ။ နှဏ်ယောက်တွဲ ယှဉ်ပြိုင် မှုကို လှုပ်ဖူးရတယ်။ အခုတော့ ငါတို့က မရင်းနှီးတော့လည်း ။ ခင်မင်မှုလေး နည်းနည်းပါးပါး တိုးအောင် လုပ်ကြရတာပေါ့။ မြားလေး နည်းနည်းလောက် ငှားပြစ်ကြရအောင်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ပြောတယ်။

“ မြားနည်းနည်းလောက် ငှား ပစ်မယ်တဲ့လား။” ခေါင်းဆောင် မျက်လုံးပြူးနေတယ်။

 ဒါက ဘယ်လို အကြောင်း ရင်း ကြီးလဲ။ ဖန်ကျန်းရှီ ရဲ့ အတွေးတွေကို သူ လိုက်မမှီတော့ ဘူး။ အမိန့်ရတာနဲ့ ချက်ခြင်း လုပ်ဆောင်တယ်။ စိတ်နဲ့ လူနဲ့ ကတော့ မကပ်သေးဘူး။ ဘာဖြစ်တာလဲ။ သူတို့ တိုက်ခိုက်ကြတော့မှာလား။

သူတို့တွေ ပြင်တောင် မပြင်ဆင် ရသေးဘူး။ ပိုပြီး အရေးကြီးတာက နန်ကုန်းဟောင် တစ်ယောက်တည်း အေးခဲမျောက်မင်း ဒေသ ကနေ ထွက်လာတာလေ။ သူ့မှာ ဘာ အထောက်အပံ့တွေ ရှိနေမလဲ ဖန်ကျန်းရှီ မစဉ်းစား မိဘူးလား။

သူတကယ့်ကို နားမလည်ဘူး။ ဒါပေမယ့် အမိန့်ကိုတော့ နာခံတယ်။

“ မြားသည်တော်တွေ ။ အသင့်ပြင်ကြ။ ”

“ ပြစ်”

သူ့ အသံထွက်လာတာနဲ့။ မြားအစင်းတစ်ရာ ကောာင်းကင်ပေါ်ကို ထိုးတက်တယ်။ နန်ကုန်းဟောင် ဆီကို တန်းတန်းမတ်မတ် ပျံသန်းသွားတယ်။ ဒီမြင်ကွင်းက က ပတ်ဝန်းကျင် ကျောင်းတော်သားတွေ နဲ့ စစ်သူကြီးတွေကို မျက်လုံးပြူးစေတယ်။ ဘယ်သူက ဒီလို လုပ်ရပ်မျိုးကို လုပ်ဝံ့တာလဲ။ ဒါက လုံးဝကို အနိုင်ကျင့်နေတာ။ နန်ကုန်းဟောင်က ဖန်ကျန်းရှီကို နှုတ်ဆက်တာလေ။ ဒါတောင် ဖန်ကျန်းရှီက တစ်ခွန်းတည်းနဲ့ တိုက်ခိုက်ပြီတဲ့လား။ ဒီလို နည်းနဲ့ ဘယ်သူကများ တိုက်ခိုက်လို့လဲ။ နောက်ပြီးတော့ သူ့ ပြိုင်ဘက်က က နန်ကုန်းဟောင်လေ။ ဖန်ကျန်းရှီ မကြောက်ဘူးလား။

…

ဖန်ကျန်းရှီက ကြောက်လန့်နေလား??

ဘယ် ဟုတ်မလဲ။ သူ့လေးက လူတွေ ရဲ့ အတွေးကိုတောင် ဂရုမစိုက်ဘူး။ သူ့ ရဲ့ အပြုအမူတွေကို ဘေးလူတွေ နားမလည်နိုင်ဘူး။ တကယ်တော့ သူ ဒီလို လုပ်ရတာ အကြောင်း ရင်းနှစ်ခုရှိတယ်။ ပထမတစ်ခုက။ နန်ကုန်းဟောင် တယောက်တည်း လာတယ်ဆိုတာကို သူ မယုံကြည်ဘူး။ ဖန်ကျန်းရှီ မှာ စစ်သည်သောင်းချီပြီးရှိတယ်။ ဒါကို နန်ကုန်းဟောင် နားမလည်ဘူးဆိုရင်။ သူနားလည်အောင် မြားလေးနည်းနည်း တော့ ပြစ်ပေးရမှာပေါ့။ ဒါကတော့ ပထမ အကြောင်းရင်းပဲ ရှိသေးတယ်။ ဒုတိယ အကြောင်းရင်းကတော့ နန်ကုန်းဟောင်ကို နုးိကြားစေဖို့ပဲ။

နန်ကုန်းဟောင်မှာ ဘာ ယုံကြည်ချက်တွေများ ရှိနေလည်း ဖန်ကျန်းရှီ မခန့်မှန်း ချင်ဘူး။ သူ့ စိတ်ကို နန်ကုန်းဟောင် နားလည်ဖို့ပဲ အစီအစဉ် လုပ်လိုက်တယ်။

“ ဒင် ဒင် ဒင်”

မြားတွေက ကောင်းကင်ပေါ်ကို ဖြတ်သန်းသွားတယ်။ မြေကြီးထဲကို နက်နက်နဲနဲ စိုက်ဝင်တယ် ။ နန်ကုန်းဟောင် ကတော့ တစ်ချက်လေးတောင် မလှုပ်ရှားဘူး။ ငြိမ်ငြိမ်လေး ရပ်နေတယ် ။ ဖန်ကျန်းရှီကို ကြည့်နေတယ်။ သူ့ ကိုယ်ခန္ဒာကို မြူနှင်းဖြူ တစ်ချို့ ဖုံးအုပ်ထားတယ်။ မြားတွေက မြူနှင်းဖြူနဲ့တွေ့တဲ့ အချိန်။ မမြင်ရတဲ့ အင်အား တစ်ချို့က တွန်းလွှတ်လိုက်သလို ဘေးကို ရွေ့သွားတယ်။ ပြောရရင်။ မြူနှင်းတွေက မြားးကို ကာဆီးထားတယ်။

“ နန်ကုန်းမိသားစုရဲ့ နဂါး ဗျူဟာ တိုက်ခိုက်နည်းက ရေခဲပေါ်မှာ အခြေခံထားတာ။” ဖန်ကျန်းရှီ သူ့ဘာသူ ပြန်မေးမိတယ်။

နန်ကုန်းမု နဲ့ တွေ့တဲ့ အချိန် တုန်းက။ တစ်စုံတစ်ယောက် ပြောဖူးတယ်။ နန်ကုန်းမိသားစု ရဲ့ ရတနာ နှစ်ပါးက နဂါးဗျူဟာ နဲ့ ကျောက်စိမ်းနီလာ လျှို့ဝှက် ပညာရပ်တဲ့ ။ နန်ကုန်းမုက ကျောက်စိမ်း နီလာ ပညာကို ရွေးချယ်ခဲ့တယ်။ ကျောက်စိမ်းက သစ်သားကို ကိုယ်စားပြုတယ်။ နီလာကတော့ ရေခဲ။ နဂါး ဗျူဟာ ဆိုတာကို ဖန်ကျန်းရှီ နားမလည်ဘူး။ သူ ကြားရုံပဲ ကြားဖူးတာ။ မြင်လည်း မမြင်ဖူးဘူး။ ခန့်မှန်းရုံသာ တတ်နိုင်တယ်။ ဒါပေမယ့် သူ့ ခန့်မှန်း ချ်က်ကို အတည်ပြုဖို့ ရာ နည်းမရှိဘူး။ နောက်ဆုံးတော့လည်း နဂါး ဗျူဟာ နန်ကုန်းမျိုးနွယ် ရဲ့ လျှို့ဝှက် ပညာ ရပ်ပဲ။ ဒီလောက်တော့ ဘယ် ရိုးရှင်းနိုင်မလဲ။

“ နဂါးဗျူဟာက အပြည့်အ၀ ရေခဲ မဟုတ်ဘူး။ ” ရန်ရွှယ် ခပ်တိုးတိုး လှမ်းပြောတယ်။

“ အပြည့်အ၀ ရေခဲ မဟုတ်တော့။ တခြား ဘာရှိသေးလို့လဲ။” ရန်ရွှယ် ဆက်ရှင်းပြမှာ ဖန်ကျန်းှရီ စောင်ေ့နတယ်။ ဒါပေမယ့် ရန်ရွှယ်က ဆက်မပြောတော့ဘူး။

“ ဒီမှာ အတွေးအခေါ် နှစ်ခု ၇ှိတယ်။ တစ်ခုက နဂါး ဗျူဟာဆိုတာ ဘာမှ မဟုတ်ဘူး။ နောက်တစ်ခုကတော့ နဂါးဗျူဟာ ဆိုတာ အရာအားလုံးပဲ။” ရန်ရွှယ်က ပြန်ဖြေတယ်။

“ ဘာမှ မဟုတ်ဘူး။ အရာအားလုံး။” ဖန်ကျန်းရှီ နားမလည်သေးဘူး။

“ရိုးရိုးရှင်းရှင်းပြောရရင်။ နဂါးဗျူဟာ တိုက်ခိုက်နည်းက အထူးပြု အရာဝတ္ထု မရှိဘူး။ ဝတ္ထုအားလုံးကို ပေါင်းစည်းထားတာ။ ကျောက်စိမ်း နီလာ အနုပညာ နဲ့ လုံး၀ ကွာခြားတယ်။ ကျောက်စိမ်း နီလာ အနုပညာက အရာ ဝတ်္ထု နှစ်ခု တည်းကိုပဲ အထူးပြုထားတာ။ ဒီ ပစ္စည်းတွေရဲ့ တွန်းကန်မှုကို သူက အားယူတယ်။ ဒါပေမယ့် နဂါးဗျူဟာကတော့ ဘာမှ မရှိဘူး။ ဘယ်လိုအရာပဲ ဖြစ်ဖြစ်။ လိုက်လျော ညီထွေအောင် လုပ်နိုင်တယ်။ ” ရန်ရွှယ် ရှင်းပြတယ်။

“ ဗလာကြီး လာ။။ ငါ နားလည်ပြီ။” ဖန်ကျန်းရှီ နောက်ဆုံးတော့ ရန်ရွယ် ပြောချင်တာကို သဘော ပေါက်သွားပြီ။ နောက်ပြီးတော့ နန်ကုန်းမိသားစု ရဲ့ လူတွေ က ကျောက်စိမ်း နီလာ အနုပညာ အစား ။ နဂါး တိုက်ခိုက်ရေး ဗျူဟာကိုပဲ ဘာလို့ သင်ကြလဲ သူသိပြီ။ ရန်ရွယ် ပြောတာသာ မှန်ခဲ့ရင်။ ဒီ ပညာရပ်က ရိုးရှင်းတယ်။

အကယ်၍ လောကကြီး ထဲက အရာ အားလုံးသာ စကားလုံး တစ်လုံး ဖြစ်ခဲ့မယ် ဆိုရင်။ နဂါးဗျူဟာက ဒိ စကားလုံကို ချရေးဖို့ ကင်းဗတ် ပိတ်စကြီး ဖြစ်လိမ့်မယ်။ ကင်းဗတ်စ ပေါ်မှာ စာရေးဖို့ က ခက်ခဲလား။ ဘယ်လိုလုပ် ခက်မှာလဲ။ ကျောက်စိမ်း နီလာ အနုပညာ နဲ့ ယှဉ်ရင် အရမ်းကို လွယ်လွန်းနေတယ်။ လွယ်ကူ လွန်းလို့ပဲ နားမလည်နိုင်ကြတာ။

ရိုးရိုးရှင်းရှင်းတွေးရရင်။ ဒီ ပညာရပ် နှစ်ခုရဲ့ ကွာခြား ချက်က။ စစချင်း ဝင်တဲ့ အတား အဆီးပဲ။ နဂါး ဗျူဟာက ဝင်ရောက်ဖို့ လွယ်ကူတယ်။ ဒါပေမယ့် ထဲထဲဝင်ဝင် နားလည်ဖို့ ကတော့ အတော်လေးကို ကြိုးစားရမယ်။ တခြား တစ်ဖက်မှာတော့ ။ ကျောက်စိမ်း နီလာ အနုပညာက ဝင်ပေါက်မှာ အောင်မြင် တာနဲ့ ရပြီ။ သူ့လမ်းက လွယ်ကူသွားပြီ။

ပုံမှန် အတိုင်းဆို ။ ဒီ ပညာရပ် နှစ်မျိုးက စွမ်းရည်ညီတယ်။ ဒါပေမယ့် နန်ကုန်းဟောင်လို ထူးချွန်တဲ့ သူ အတွက်တော့။ ကွာခြားမှုက ထင်ရှားနေပြီ။

ကျောက်စိမ်း နီလာ ပညာရပ်က အင်အားကြီးလွန်းတယ်။ ဒါပေမယ့် သူ့ အခြေခံ အရာ ဝတ္ထုတွေက သူ့ကို ကန့်သတ်ထားတယ်။ နဂါး ဗျူဟာက သင်ကြားဖို့ လွယ်ကူတယ်။ ဒါပေမယ့် ဆရာ တစ်ဆူ်ဖြစ်အောင် လုပ်ဖို့ ခက်မယ်။ ဒါက အဖြူရောင် ကင်းဗတ်စ ကြီးလိုပဲ။ အဆုံးမဲ့တယ်။ အကယ်၍ အခြေသာ ခိုင် ခဲ့မယ် ဆိုရင်။ ပညာရှင်က ကြိုက်သလို ရေးဆွဲ နိုင်ပြီ။

ဖန်ကျန်းရှီ ဒါကိုတွေးလိုက်တော့။ နန်ကုန်းဟောင် ဘာလို့ ဒီလောက်ထိ အစွမ်းထက်နေမှန်း သူ နားလည်သွားပြီ။ နန်ကုန်းဟောင် ပေါ် လာတော့ ကျောင်းတော်သား တွေ ဘာလို့ လန့်လဲ သူ နားလည်သွားပြီ။

နန်ကုန်းဟောင် တစ်ယောက် တည်း ဖြစ်နေရင်တောင်။

ရန်ရွှယ်ပြောတာကို ဝူဖုန်းလည်း ကြားတယ်။ သူက ဖန်ကျန်းရှီ ထက်တောင် ပိုလန့်သွားသေး။ ဝူဖုန်းက နဂါး ဗျူဟာ ဘယ်လောက် အစွမ်းထက်မှန်း သူကောင်းကောင်း သိတယ်။ ဒါ့အပြင် နန်ကုန်းဟောင်က သဘာ၀ နှလုံးသား တာအိုကို လည်း ရထားသေးတယ်။ နဂါး ဗျူဟာ ကို ပုံမှန်ထက် ကြောက်စရာ ကောင်းအောင် လုပ်နိုင်တဲ့ အခြေအနေ တစ်ရပ်လည်း ရှိသေးတယ်။ ဒါကတော့ သဘာ၀ နှလုံးသား တာအိုပဲ။

နဂါးဗျူဟာက လောကမှာ ရှိတဲ့ အရာတွေကို စုစည်းနိုင်တယ်။ သဘာဝနှလုံးသားက သူ့ ပတ်ဝန်းကျင်က အရာတွေကို ပျော်ဝင်စေတယ်။ လူသတ်မလား။ သနားညှာတာမလား။ ကောင်းတာပဲ လုပ်လုပ် ။ ဆိုးတာပဲ လုပ်လုပ် ။ အကုန် ဖြစ်တယ်။ နန်ကုန်းဟောင် ရဲ့ အနာဂတ်ကတော့ အဆုံးအစ မဲ့နေပြီ။ ဘယ်တာအိုကို မဆို သူ သင်ယူနိုင်တယ်။ နောက်ပြီးတော့ အရာအားလုံးကိုလည်း ပေါင်းစည်း နိုင်သေးတယ်။ ဝူဖုန်း ဒါတွေ အကုန်လုံးကို သိထားပြီးသား။ ဒါကြောင့် သူ့မှာ စစ်သည် နှစ်သောင်း ရှိတာတောင်။ အေးခဲ မျောက်မင်း ဒေသ ကို မသိမ်းနိုင်ဘူး။ ဝူဖုန်းက ဒါတွေအားလုံးကို သိထားပြီးသား။ တခြားသူတွေကတော့ မသိဘူး။

ချန်းဖေးယွီက အကောင်းဆုံး ဥပမာပဲ။ နန်ကုန်းဟောင် ဘယ်လောက်တောင် အင်အားကြီးမှန်း ချန်းဖေးယွီ သိတယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာ။ နန်ကုန်းဟောင်က ကောင်းကင် ရောင်ပြန် အဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ။ ကောင်းကင်ရောင်ပြန် အဆင့် ကျင့်ကြံသူက သဘာဝလွန် အဆင့်ကို အနိုင်တိုက်နိုင်လား ?? တိုက်နိုင်တာပေါ့။ ဒါပေမယ့် မလွယ်ကူ ဘူးလေ။ နန်ကုန်းဟောင် က သဘာဝလွန် အဆင့်ကို အလွယ် တကူ ဖိနှိပ်ဖို့ ဆိုတာ လွယ်ကူမယ် ထင်သလား။

“ အခုက အခွင့်အရေး ကောင်းပဲ။” ချန်းဖေးယွီလည်း နန်ကုန်းဟောင်ကို နိုင်မယ်လို့ သူ့ကိုယ်သူ မထင်ပါဘူး။ ဒါပေမယ့် ကြိုးစားကြည့်ချင်သေးတယ်။ အထူးသဖြင့် စစ်သည်တော် ငါးသောင်း ကို မျက်မြင် ရှိနေတဲ့ အချိန်မှာပေါ့။ အကယ်၍ နန်ကုန်းဟောင်ကိုသာ သူတိုက်ခိုက်လိုက်ရင်။ သူ့နာမည်က ကျော်ကြားတော့မှာပဲ။ သူ့ကို လေးစားတဲ့ သူလည်း များလာလိမ့်မယ်။ ချန်းဖေးယွီက ဒီ လို အခွင့်အရေးကြီးကို ဘယ်လက်လွှတ် ခံမလဲ။ ဒါကြောင့် သူ ရှုံးရမယ် ဆိုရင်တောင် ဂရု မစိုက်ဘူး။

သူအခု သဘာဝလွန် အဆင့် ရောက်နေပြီ။ ဒါကို နောက်က အကန်းတွေ မမြင် နိုင်သေးတာကို တကယ် မယုံနိုင်။

“ ဖန်ကျန်းရှီ” ချန်းဖေးယွီ လှမ်းအော်တယ်။

“ သခင်လေးချန်း … ပြောစရာရှိလို့လား။” မြားတွေ ပြစ်နေတာကို ဖန်ကျန်းရှီ ခဏနားထားတယ်။ ချန်းဖေးယွီကို လှည့်ကြည့်တယ်။

“ နန်ကုန်းဟောင် က ငါတို့ ရဲ့ စစ်တပ်ရှေ့မှာ တစ်ယောက်တည်း ပေါ်လာတယ်။ ဒါက စိန်ခေါ်တာပဲ။ ငါ့ကို သူနဲ့ တိုက်ခိုက်ခွင့်ပေးပါ။” ချန်းဖေးယွီ ယုံကြည် ချက် အပြည့်နဲ့ ပြောတယ်။ သူ့ ပုံစံက အရမ်းကို ဆုံးဖြတ်ထားပြီးပုံပဲ။ ဒါပေမယ့် တခြား လူတွေကတော့ခေါင်း ခါနေကြတယ်။

“ချန်းဖေးယွီ ဘာလုပ်မလို့လဲ။”

“ နန်ကုန်းဟောင်ကို စိန်ခေါ်မလို့လား။ ဒီကောင် သေချင်နေပြီလား။”

“ နန်ကုန်းဟောင် နဲ့ ယှဉ်လို့ရမယ်များ ထင်နေတာလား။ ”

“ တီးတိုးသံတွေ သူ့ အနားမှာ ပေါ်လာတယ်။ ”

ဝူဖုန်းလည်း ဒါကို ကြားတော့ မျက်လုံးပြူးနေတယ် ။ ချန်းဖေးယွီကလည်း အင်အားကြီးပါတယ်။ ဒါပေမယ့် နန်ကုန်းဟောင် နဲ့တော့ ယှဉ်မရဘူးလေ။

နန်ကုန်းဟောင် ကို စိန်ခေါ်ရင်။ ကိုယ့်သေတွင်း ကိုယ်တူးနေတာ နဲ့ အတူတူပဲ။ လူတိုင်း ဒီလိုပဲ တွေးနေကြတယ်။ (ဖန်ကျန်းရှီ တစ်ယောက်ပဲ ဒီလို မတွေးတာ။) ။ ချန်းဖေးယွီ ရဲ့ အတွေးကို သူနားလည်တယ်။ ချန်းဖေးယွီ သဘာဝလွန် အဆင့်ကို ရောက်သွားမှန်း လည်း သူသ ိတယ်။ သူ့ရဲ့ ဓားသိန်းသန်းချီ ပညာကို ခုခံနိုင်တည်းက သူသိသွားတာ။

“ဒီကောင်က ဟိတ်ဟန် ထုတ်ချင်ေ်နတယ်ပေါ့။” ဖန်ကျန်းရှီ သူ့ဘာသူ တွေးနေတယ်။ ကောင်းပြီလေ။ သူက သဘာဝလွန် အဆင့်ပဲ။ သူ့ အစွမ်းတွေကို ထုတ်မပြခိုင်းရင် ရက်စက်ရာ ရောက်ပါတယ်။ ချန်းဖေးယွီ လုပ်ချင်တာ လုပ်ခိုင်းဖို့ သူ ဆုံးဖြတ်တယ်။

“ ကောင်းပြီလေ။ သခင်လေး ချန်းက တိုက်ခိုက်ချင်နေတော့လည်း။ ကျွန်တော်က ခွင့်ပြု ပေးရမှာပေါ့။ ဂရုစိုက်ပါ။” ဖန်ကျန်းရှီ ဟန်ဆောင်ပန်ဆောင် ပြောတယ်။ ချန်းဖေးယွီက နန်ကုန်းဟောင်ကို စိန်ခေါ်တဲ့ ပထမဆုံး လူပဲ။ ရန်ရွှယ် နှုတ်ခမ်း တွန့်လိုက်တယ်။ သူ တစ်ခုခု ပြောတော့မယ့် ပုံပဲ။ ဒါပေမယ့် ဖန်ကျန်းရှီက အရင်ပြောလိုက်တော့။ သူ ပါးစပ် ပြန်ပိတ်တယ်။

ဖန်ကျန်းရှီ အတည်ပြုတာကို ကြားပြီးနောက် ချန်းဖေးယွီ ပြုံးတယ်။ အခုက သူ့ အစွမ်းပြ၇မယ့် အချိန်ပဲ။ ဝူဖုန်းကို အနိုင်တိုက်တာ ထက်တေင် ပိုပြီး အကျိုးရှိအုန်းမယ်။

“နန်ကုန်းဟောင်။ ငါ ချန်းဖေးယွီ။ ဘယ်လောက်အင်အားကြီးလဲ မင်းကို ပြမယ်။” ချန်းဖေးယွီ ရဲ့ မျက်လုံးတွေ တောက်ပလာတယ်။ သူ့လက်ထဲက ဓားကို ခပ်တင်းတင်း ဆုပ်ကိုင်တယ်။ နန်ကုန်းဟောင်ကို စိန်ခေါ်ဖို့ အခွင့်အရေး။ နန်ကုန်းဟောင်ရဲ့ အစွမ်းနဲ့ ရင်ဆိုင်ရမယ့် ရှားပါး အခွင့်အရေး။ ဘယ်သူ စိတ် မလှုပ်ရှားပဲ နေမလဲ။ နန်ကုန်းဟောင်က သူ့ နေရာမှာပဲ ရပ်နေတယ်။ ချန်းဖေးယွီ စိန်ခေါ်လိုက်တာတောင်။ သူက တည်ငြိမ်နေဆဲ။

“ကောင်းပြီလေ။ သခင်လေး ချန်း။ လာခဲ့ပါ။” နန်ကုန်းဟောင်က တည်ငြိမ်အေးဆေး နေတယ်။ ဖန်ကျန်းရှီ မြားနဲ့ ပြစ်တာကိုလည်း စိတ်မဆိုးဘူး။ ချန်းဖေးယွီ စိန်ခေါ်တာကိုလည်း မလှုပ်ရှားဘူး။ ဒီ အခြေအနေ တစ်ရပ်လုံးကို သူ ခန့်မှန်း ထားပြီးတဲ့ ပုံပဲ။

အပိုင်း (၃၇၁) ပြီး၏။

အပိုင်း ( ၃၇၂)

“ မမြင်ရတဲ့ ဓားသွားတွေ ။”

သူက တည်ငြိမ်နေတယ်။ ပတ်ဝန်းကျင်နဲ့ တသား တည်း ဖြစ်နေသလို။ လူတစ်ယောက်က တခြား တစ်ယောက်ရဲ့ အမူအယာကို ကြည့်ပြီး အများကြီး ပြောနိုင်တယ်။ ခန့်မှန်းနိုင်တယ်။ ဒါပေမယ့် နန်ကုန်းဟောင် ရဲ့ အမူအယာကိုတော့ ဘယ်သူမှ မဖတ်တတ်ကြဘူး။ အေးခဲမျောက်မင်း ဒေသ ကနေ သူစထွက်လာတည်းက။ တည်ငြိမ်နေတယ်။ လုံးဝကို တည်ငြိမ်နေတယ်။ စစ်သည် ငါးသောင်း နီးပါး ရှိတဲ့ တပ်ဖွဲ့ကြးီနဲ့ ရင်ဆိုင်နေရတာတောင်။ မတုန်လှုပ်ဘူး။ ကျောင်းတော်သားတွေ ကတော့ ဒါကို ဟန်ဆောင် နေတယ်လို့ မှတ်မယူတယ်။ နန်ကုန်းဟောင်က စစ်နတ်ဘုရားလိုပဲ။ မပျက်စီး နိုင်ဘူး။

ဒါပေါ့။ နန်ကုန်းဟောင်လည်း တစ်ကြိမ် ရှုံးနိမ့်ဖူးတယ်။ တစ်သက်မှာတစ်ခါတည်း။ ချီကူယန့် လက်ထဲမှာ ရှုံးနိမ့်ခဲ့တာ ။ ဒါပေမယ့် ဒါကို အရှုံးလို့ မသတ်မှတ် နိုင်ဘူးလေ။ ချီကူယန် ဆိုတာ နှစ်ထပ်ကွမ်း နဂါး ချန်ပီယံ။ ကောင်းကင် ဂုဏ်ရည်။ ပညတ်တော် အရ ကေ ာင်းကင်ဘုံ ရွေးချယ် ထားတဲ့သူ။ ဒါကြောင့် နန်ကုန်းဟောင် အနိုင်ယူခံလိုက်ရတာတောင်။ သူ မရှုံးခဲ့ပါဘူး။

“ လူမြင်ကွင်းကနေ လေးနှစ်တောင် ပျောက်ကွယ်နေခဲ့တာ။ အခုတော့ နန်ကုန်းဟောင် ဘယ်လောက်တောင် အင်အားကြီးနေပြီလဲ။”

“ လွန်ခဲ့တဲ့ လေးနှစ်က လောက် အင်အားကြီးပါတော့မလား။ ”

“ သူ့ မှာ ဘယ်လို အံ့သြစရာ စွမ်းရည်တွေ ၇ှိနိုင်အုန်းမှာလဲ။ လေးနှစ်လုံးလုံး ပုန်းကွယ် နေပြီးတော့။ ဘယ်လောက်များ တိုးတက် လာနိုင်မှာလဲ။”

မေးခွန်းတွေက ကျောင်းတော်သား တွေ ရဲ့ စိတ်ထဲ ဝင်လာတယ်။

အခုချိန်မှာ နန်ကုန်းဟောင် ဘယ်လောက်ထိ အစွမ်းထက်နေပြီလဲ။

ချန်ဖေးယွီလည်း ဒီမေးခွန်းတွေကို စဉ်းစားနေတယ်။ တစ်ခုတည်းသော ကွာခြားချက် ကတော့။ သူက လက်တွေ့ အဖြေရှာတော့မှာ။ူ

ဖန်ကျန်းရှီလည်း သိချင်နေတာပေါ့။ ဒါပေမယ့် သူ မတိုက်ခိုက်ဘူး။ ချန်းဖေးယွီက အရင် တိုက်ခိုက်မယ် လို့ သူ့ဆီက အမိန့်တောင်းသွားတာ။

တောင်ပူစာ ဘုရင် ။ ဒါက ဂန္တဝင် နည်းဗျူဟာ တစ်မျိုးပဲ။ ဒီလို နည်းမျိုးကို ဖန်ကျန်းရှီ သုံးခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ခံစားချက် မကောင်းတာတော့ အမှန်ပဲ။

“နန်ကုန်းဟောင် ။ ငါ့သိုင်းကွက်ကို သတိထား။” ချန်းဖေးယွီ နောက်ထပ် မစောင့် တော့ဘူး။ အခုလို အချိန် ကို သူစောင့်နေတာ ကြာလှပြီ။ သူ့ ဓားကို ဆွဲထုတ်တယ်။ အဲ့ဒီ့နောက် တိုက်ခိုက်တော့တယ်။ သူ့ အင်အား နဲ့ ပညာ အကုန်လုံးကို ဒီ ဓားချက် မှာ သုံးတယ်။ နေသူ ရိန် ကျောင်းတော် ရဲ့ လျှို့ဝှက် ပညာရပ် ( သစ်တော်သီး မုန်တိုင်း ဓားပညာ) ကို အသုံးချတယ်။ ဒီ တိုက်ကွက်က အရှိန်နဲ့ တိကျမှု အပေါ် အခြေခံတယ်။ သူ့ ဓားကို မြှောက်လိုက်တဲ့ အချိန် တည်းက။ သူ့ ကိုယ်လည်း မိုး နဲ့ တသားတည်း ဖြစ်သွားတယ်။ နန်ကုန်းဟောင် ရဲ့ ရှေ့မှာ ချက်ခြင်း ပေါ်လာတယ်။ သူ လှုပ်ရှားလိုက် တဲ့ အရှိန်က တကယ့်ကို မယုံနိုင်စရာပဲ။ သူ့ ဓားကို မြှောက်လိုက်တဲ့ တစ်စက္ကန့် အတွင်းမှာပဲ လူလည်း လွင့်စင်သွားတာ။ ဒါပေမယ့် သူ့ စွမ်းအားကတော့ အ၇ှိန် နှုန်းနဲ့ မသက်ဆိုင်ဘူး။ သူက သူ့ ဓားနဲ့ မုန်တိုင်းကို ယုံကြည်တယ်။ နှင်းဖြူရောင် ပန်းတွေ မိုးထဲမှာ ဖူးပွင့်လာတယ။် ပွင့်ဖတ်တွေက လေထဲမှာ လွင့်မျောတယ်။

“ တိုက်ကွက်ကောင်းပဲ။

“ ဒီ ကောင် ဘာလို့ ဒီလောက်ထိ အစွမ်းထက်သွားတာလဲ။ ချန်းဖေးယွီ ရဲ့ သစ်တော်သီး မုန်တိုင်း ဓားပညာ က အခုချိန်မှာ အရမ်းတွေ အစွမ်းထက်နေပြီ”

ကျောင်းတော်သား တွေ အားလုံး ထိတ်လန့်တကြား ပြောဆို ကြတယ်။ ဒီ အချိန် မတိုင်ခင် တုန်းက။ သူတို့ ကိုယ်ပိုင် အသက်ရှင်ရေး အတွက် ကြိုးစား တိုက်ခိုက် နေ၇တာ။ အခုချိန်မှာတော့ အေးအေးဆေးဆေး ထိုင်ပြီး။ သူများ တိုက်ခိုက်တာကို ကြည့်နေရတယ်။ ဒါကြောင့် ချန်းဖေးယွီ ရဲ့ တိုက်ကွက် ဘယ်လောက် အစွမ်းထက်လည်း သူတို့ မြင်ကြတယ်။

ချန်းဖေးယွီ သူ့နားထဲမှာ ဂုဏ်ပြုသံတွေ ကြားနေတယ်။ သူ့ ဂုဏ်သိက္ခာ အခုတော့ မြင့်တက်ပြီလို့ တွေးမိတယ်။ ဒါပေမယ့် မလုံလောက်သေးဘူး။ နောက်ထပ် နည်းနည်းလောက် င်္ချီးမွမ်း ခံချင်သေးတယ်။ ( ချန်းဖေးယွီက နန်ကုန်းဟောင် ကို အချီ ၁၀၀ တောင် တိုက်ခိုက်နိုင်တယ်။ ) (ချန်းဖေးယွီက နန်ကုန်းဟောင် နဲ့ လက်ရည် တူတယ်တဲ့လား) ( ချန်းဖေးယွီက သဘာဝလွန် အဆင့်ရောက်နေပြီ)

“ လာစမ်းပါ။ ပြောလိုက်ကြစမ်းပါ။ ငါ ကြားချင်နေပြီ။” ချန်းဖေးယွီက ဂုဏ်ပုဒ်တွေကို မက်မောတယ်။ သူ့ ဓားကိုလည်း လှုပ်၇ှားနေတယ်။ ပွင့်ဖတ်တွေက တဖြည်းဖြည်း နဲ့ ချွန်ထက်လာတယ်။ ဒုံးကျည်တွေလိုမျိုး။ နန်ကုန်းဟောင် ရဲ့ ခေါင်းပေါ်ကို ကြွေကျနေတယ်။ နောက်ဆုံး အချိန်မှာမှ သူတို့ ပွင့် ကြတယ်။

“ ဝူးးး” ဓားလည်း ကျလာတယ်။ ဒါပေမယ့် ပွင့်ဖတ်တွေကတော့ မပွင့်လာဘူး။ မိုးက သည်းထန်တယ်။ ဒါပေမယ့် ရိုက်ချက် ကတော့ တည်ငြိမ်တယ်။ မိုးတိတ်သွားသလို။ အချိန်တွေ ခဏတာ ရပ်တန့်သွားသလို ခံစားချက်မျိုးပဲ။ ဒါပေမယ့် ဒီ ခံစားချက်က သိပ်မကြာခဲ့ဘူး။

သူတို့ ရှေ့က အဖြစ်ကို လူတိုင်း မြင်တယ်။ ဖြစ်သွားတာက အရမ်းကို မြန်တယ်။ လူနှစ်ယောက်လုံး နေရာက မရွေ့လောက် သေးဘူးလို့ သူတို့ ထင်ထားခဲ့တာ။ ချန်းဖေးယွီ ရဲ့ ဓား ချက်က မပျက်ယွင်းဘူး။ ဒါပေမယ့် သူ့ ဓားက နန်ကုန်းဟောင်ဆီကို လည်း မရောက်ခဲ့ဘူး။ သူ့ ဓား ခုတ်ချ လိုက်တဲ့ အချိန်။ နန်ကုန်းဟောင်က သူ့ နောက်မှာ ရောက်နေပြီ။ နန်ကုန်းဟောင်က သူ့ တိုက်ကွက်တွေကို ကြိုမြင်နေတဲ့ အတိုင်းပဲ။

“ မြန်လိုက်တာ။”

“ ချန်းဖေးယွီ ထက်တောင် မြန်သေးတယ်။” ကျောင်းတော်သား တွေ အားလုံး နန်ကုန်းဟောင်ကို ကြည့်နေတယ်။ သူတို့ လန့်နေကြတာ ကို မထိန်းချုပ်နိုင်ဘူး။ ဖန်ကျန်းရှီက နန်ကုန်းမုကို ကတိပေးဖူးတယ်။ နန်ကုန်းဟောင်ကို အနိုင်ယူမယ်လို့။ ဒီ ကတိက တည်မှ ဖြစ်မယ်။ ဒါပေမယ့် နန်ကုန်းဟောင်ကို သူ အနိုင်ယူ နိုင်တာနဲ့။ နန်ကုန်းဟောင်က အားနည်းနေတာ မဟုတ်ဘူး။

ဖန်ကျန်းရှီက ယုံကြည်ချက်ရှိတယ်။ ဒါပေမယ့် မမောက်မာဘူး။ နန်ကုန်းဟောင် အရမ်း အင်အားကြီးမှန်း သူ ကောင်းကောင်း သိတယ်။ ဒါပေမယ့် အခုချိန်မှာပဲ။ နန်ကုန်းမု လက်လျှော့သွားရတဲ့ အကြောင်းရင်းကို သူ နားလည်တယ်။ နန်ကုန်းဟောင် နဲ့ ရင်ဆိုင် ဖို့က လွယ်မှ မလွယ်ပဲ။ နန်ကုန်းဟောင် နဲ့ ချီကူယန် နှစ်ယောက်က အတော်လေး တူတယ်။

ချီကူယန် ရဲ့ အရှိန်နှုန်းကို ကန်လင်းတောင်မှာ သူ ပထမဆုံးေ တွ့ဖူးတာ။ အဲ့ဒီ့အချိန် တုန်းက ချီကူယန်ကို နောက်မှာ ချန်ရစ်ထားဖို့ သူတွေး ဖူးတယ်။ ဒါပေမယ့် ချီကူယန်က သူ မကျွမ်း တဲ့ နေရာ မှာတောင် အရှိန် ပြင်းပြင်း နဲ့ ပြေးနေတဲ့ သူ့နောက် လိုက်လာနိုင်သေးတယ်။ ဒီ အချိန်မှာပဲ လူ မလှုပ်ပဲနဲ့ ရွေ့တဲ့ နည်းလမ်းကို သူ မျက်မြင် တွေ့ဖူးခဲ့တာ။

ဖန်ကျန်းရှီ အံ့သြနေတယ်။ အကယ်၍ ချီကူယန်သာ ဒီ တစ်ခုခုအပေါ် နင်းသွားခဲ့ရင်။ အတော်လေး အဓိပ္မာယ် မရှိ ဖြစ်မှာပဲ။ ဒါပေမယ့် ချန်းဖေးယွ ီရဲ့ တိုက်ကွက်ကို။ နန်ကုန်းဟောင် ခုန်ရှောင်တာ မြင်ပြီးနောက်။ ချီကူယန်လည်း သူ့ခြေထောက် အောက်မှာ ဘာမှ မရှိ ဘူး ဆိုတာ သူသိလိုက်တယ်။ ဒါက ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ။ ဖန်ကျန်း၇ှီ နားမလည်နိုင်ဘူး။ ဒါပေမယ့် နန်ကုန်းဟောင် ရဲ့ အရှိန် နှုန်းက ချီကူယန် ထက် တော့ မေ လျာ့ဘူး။ နောက်တစ်နည်း ပြောရရင်။ သူက နန်ကုန်းဟောင်ထက် နှေးတယ်။

အရှိန်နှုန်းက ဒီလောကမှာ အရေးကြီးတယ်။ သူက နန်ကုန်းဟောင်ထက်နှေးနေပြီပဲ။ ဘယ်လိုလုပ် သူ့ ထက် မြန်တဲ့ သူကို အနိုင်တိုက်နိုင်မှာလဲ။ ဒါတွေကို တွေးရင်း ဖန်ကျန်းရှီ အချိန် မဖြုန်းတော့ဘူး။ နန်ကုန်းဟောင်က သူ့ ဓားကို ဆွဲထုတ်ပြီ။ ကျောင်းတော်သား တွေ နဲ့ ခေါင်းဆောင် တွေလည်း သူတို့ နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားကြတယ်။ နန်ကုန်းဟောင် ကို တစ်ချက်လေးတောင် အကြည့် မလွဲကြဘူး။ နန်ကုန်းဟောင် သူ့ ဓားကို ဆွဲထုတ်လိုက်တဲ့ အချိန် ။ ဖန်ကျန်းရှီၤ့ စိတ်ထဲ ထူးဆန်းနေတယ်။ ဒီ ခံစားချက်က နှလုံးသားထဲက လာတာ။ ရှင်းပြလို့ မရတဲ့ အကြောင်းရင်း တစ်ချို့ ကြောင့်။ နန်ကုန်းဟောင် သူ့ဓားကို ဆွဲလိုက်တဲ့ အချိန်။ ချန်းဖေးယွီ တော့သွားပြီလို့ တွေးလိုက်မိတယ်။

ချန်းဖေးယွီက သဘာဝလွန် အဆင့် ဖြစ်တယ် ဆိုတာတောင် မေ့သွားတယ်။ သူ့ အရင် လောက က လူတွေ အကြောင်းကို ဖန်ကျန်းရှီ ပြန်တွေးနေမိတယ်။ သူတို့ တွေက အနိုင်သာ ကျင့်တတ်တာ တကယ်တော့ ဘာမှ မဟုတ်ဘူး။ အခုလောကမှာတော့ လူတွေက မလိုအပ်ပဲ နဲ့ ဓားကို မကိုင်တတ်ဘူး။ ဒါပေမယ့် နန်ကုန်းဟောင် သူ့ဓားကို ဆွဲ လိုက်တဲ့ အချိန်။ အလွန်အမင်း တောက်ပတဲ့ ဓား တစ်လက် ပေါ်လာတယ်။

ဓားလက်ကိုင်က နှင်းလို စွတ်စွတ်ဖြူတယ်။ ဓား အသွားကတော့ ကြည်လင် တောက်ပနေတယ် ထွင်းဖောက် မြင်နေရတဲ့ အတိုင်းပဲ။ သေချာသာ မကြည့်ရင် ဓားရှိတယ်တောင် ထင် ရမှာ မဟုတ်ဘူး။

“ ဒါက နန်ကုန်းဟောင် ရဲ့ ဓားလား။” ဖန်ကျန်းရှီ ဒီလောက ရောက်မှ ဓားတွေ အများကြီးကို မြင်ဖူးပြီးပြီ။ ရှင်ချင်းစွေ့ရဲ့ဓား။ နန်ကုန်းမု ရဲ့ ဓား။ နောက်ပြီးတော့ သူ့ မှာ ရှိတဲ့ ခြေရာမဲ့ဓား။ ဒါပေမယ့် နန်ကုန်းဟောင် ရဲ့ ဓား မျိုးကိုတော့ သူ တစ်ခါမှ မမြင်ဖူးဘူး။ မမြင်ရတဲ့ ဓားသွားလိုပဲ။ ဒါက ကိုယ်ပျောက် ဓား များလား။ ကြည့်ရတာရေခဲ တုံးကြီး လိုပဲ။ နန်ကုန်းဟောင် ဓားကို ထုတ်လိုက်တော့။ ဖန်ကျန်းရှီ ချန်းဖေးယွီကို ကြည့်တယ်။ ဒီ ဓားချက်က ဘာမှ မထူးခြားဘူး။ ဒါပေါ့။ အကယ်၍ တခြား တစ်ယောက် အတွက်သာ ဆိုရင်။ ဒါက အတော်လေးကို ထူးခြားနေမှာပဲ။ အရမ်းကို မြန်လွန်းတယ်။ ပုံမှန်ထက် အများကြီး ကို မြန်ဆန်လွန်းတယ်။ နန်ကနု်းဟောင်ပဲ တမင်မြန်မြန် လွှဲ ရိုက် လိုက်တာလား ။ ကျောင်းတော်သားတွေ ဒီလို တွေးတော နေကြတယ်။ နန်ကုန်းဟောင်က သူတို့ ခေတ်ရဲ့ အထွဋ် အထိပ် တစ်ယောက်ပဲ။ အနည်းဆုံး တော့ သူ့ရဲ့ တိုက်ကွက် တွေ ထည်ဝါ နေသင့်တယ်လေ။

ချန်းဖေးယွီရဲ့ တိုက်ကွက် လိုမျိုး မီး မပွင့်ရင်တောင်။ အနည်းဆုံးတော့ လေ လေး မိုးကြိုးလေး ပါသင့်ပါတယ်။ ဒီလို တိတ်တဆိတ်ကြီး ဖြစ်နေတာကြတော့ နည်းနည်း မထူးဆန်းဘူးလား။ ဒါပေမယ့်လည်း နန်ကုန်းဟောင် ရဲ့ တိုက်ကွက်က တကယ့်ကို အသံ မထွက်ပါဘူး။ လုံးဝကို တိတ်ဆိတ်နေတယ်။ ပြီးတော့ လှုပ်ရှားမှု တွေက ချောမွေ့တယ်။ သူ့ပုံစံက လုံးဝကို လှုပ်၇ှားနေတာ နဲ့ မတူဘူး။ ဒါပေမယ့် ချန်းဖေးယွီ ရဲ့ နောက်မှာ သူပေါ်လာတယ်။ ချန်းဖေးယွီက ကျောက်ဆောင်ကြီးလိုပဲ။

နန်ကုန်းဟောင် ပျောက်သွားတာကို ချန်းဖေးယွီ တွေ့တော့။ သူ ပျာယာခတ်မသွားဘူး။ ဒီလို ဖြစ်လာလိမ့်မယ်လို့ သူထင်ထားပြီးသား။ နန်ကုန်းဟောင်က သူ့ တိုက်ခိုက်မှုကို ခုန်ရှောင်တာ ထူးဆန်းလို့လား။ ဘယ်ထူးဆန်းမလဲ။ သူမှ မထူးဆန်းတာ ဘာများ လန့်စရာ ရှိလို့လဲ။ နန်ကုနု်းဟောင် ပျောက်သွားမယ်ဆိုတာ သူ ခန့်မှန်းထားတယ်။ ထုံးစံ အတိုင်း ပြိုင်ဘက်က မြင်ကွင်းကနေ ပျောက်သွား၇င်။ နောက်မှာ ပေါ်လာမှာပဲ။ ဒါပေမယ့် သူ့နောက်မှာ အသံ တစ်သံမှ မကြားရဘူး။ ဒါ့အပြင်။ သူ့ တိုက်ပွဲအတွေ့အကြုံ အရ။ သူ့ ရန်သူက နောက်ဘက်မှာ မရှိရင်။ အပေါ် သို့ မဟုတ်။ အောက်မှာ ရှိနေမှာပဲ။ ဒါပေါ့။ ဒါတွေ အကုန်လုံးက ခန့်မှန်းမှုတွေ ပဲ။ သေချာမှု မရှိမှတော့။ ကံတရားကို ဘာလို့ ယုံရမှာလဲ။

ဖြစ်နိုင်ချေ အရှိဆုံး နဲ့ အကောင်းဆုံး နည်းလမ်းကို သုံးဖို့ ဆုံးဖြတ်တယ်။ နေရာ အကုန်လုံးကနေ ခုခံ ဖို့ ပြင်ဆင်တယ်။ သူ့ ဘေးပတ်လည်မှာ ကြီးမားတဲ့ရေ နံရံကြီးက ကာဆီးထားတယ။် ဒါက ဓားမုန်တိုင်းရဲ့ ရေပင်လယ်ပဲ။ တိုက်ခိုက်မှု ထဲက ခုခံမှု။ ရေပူဖောင်းကြီးက တိုက်ခိုက်မှုတွေကို ခုခံ ပေးတယ်။ လူတစ်ယောက် ကသာ သူ့ကို တိုက်ခိုက်ရင်။ ရေစက် သန်းပေါင်း များစွာက ပြန်လည် တိုက်ခိုက်လိမ့်မယ်။ အခုချိန်က အကောင်းဆုံး နည်းလမ်းပဲ။ ချန်းဖေးယွီက သူ့ ရဲ့ထိုးထွင်းဉာဏ်ကို ဂုဏ်ယူ်နေတယ်။ နန်ကုန်းဟောင်ကို တစ်ချီတည်းနဲ့ အနိုင်ယူဖို့ မတွေးထားဘူး။ နန်ကုန်းဟောင် အထိနာအောင် လုပ်ဖို့ပဲ တွေးထားတယ်။

တိတ်ဆိတ်ငြိမ်သက်မှုက အရေးကြီးတယ်။ အကယ်၍ သူသာ နန်ကုန်းဟောင် နဲ့ အချီ အများကြီး တိုက်မယ် ဆိုရင်ပေါ့။ ဒါပေမယ့် သူ့ ယုံကြည်မှုက သိပ်ကြာကြာ မခံဘူး။ သူ့ ရဲ့ လေပူဖောင်း ပုံပေါ် လာတာနဲ့။ ထူးဆန်းတဲ့ ခံစားချက်လည်း ပေါ်လာတယ်။ သူ့ ဒိုင်းကျိုးပျက် သွားပြီ။ လေပူဖောင်း ထိုးဖောက်ခံလိုက်ရပြီ။

ဒါမျိုးက တစ်ခါ မှတောင် မဖြစ်သင့်တာပဲ။ အကယ်၍ သူ့ရဲ့ ပူဖောင်းတွေသာ တကယ်ပဲ ထိုးဖောက် ခံရရင်။ တစ်ခုခုကို ခံစားမိနိုင်မှာပဲ။ သူ့ရဲ့ ဓားမုန်တိုင်းက အသက်ဝင်နေပြီပဲ။ မိုး မရှိပဲနဲ့။ ဘာ ဆက်လုပ်လို့ ရနိုင်အုန်းမှာလဲ။ ပူဖောင်းတွေ။ ချန်းဖေးယွီ အတော့်ကို သိချင်နေတယ်။ သူ့နောက်ကို ချက်ခြင်း လှည့်တယ်။ သူ့နောက်မှာ ဘာရှိလဲလို့ ကြည့်တယ်။ ဓားတစ်ချောင်းကို သူ မြင်တယ်။ ဓားက သူ့ လည်ပင်းမှာ။ ဒီ အဖြစ်ကြောင့် ။ တည်ငြိမ်နေတဲ့ ချန်းဖေးယွီ ချက်ခြင်း အမူအယာ ပျက်သွားတယ်။

ဘာတွေ ဖြစ်ကုန်တာလဲ။ ဘာလို့ ဓားတစ်ချောင်းက သူ့ လည်ပင်းနားကို ရောက်နေတာလဲ။ ဘယ်ကနေ ရောက်လာတာလဲ။

ဓားလက်ကိုင်ကို ချန်းဖေးယွီ မြင်တယ်။ အဲ့ဒီ့နောက ် ကိုင်ထားတဲ့လက်။ နော်ကဆုံးတော့ လက် ပိုင်ရှင် နန်ကုန်းဟောင်။ နန်ကုန်းဟောင် ရဲ့ အမူအယာကတော့ အေးဆေးနေဆဲ။

“ နန်ကုန်းဟောင်လာ်း။” ချန်းဖေးယွီ သူ ရှုံးမှာကို သိတယ်။ ဒါပေမယ့် ဒီလောက် မြန်မြန် ရှုံးမယ်လို့ မထင်ထားဘူး။ ဒီလို ထူးဆန်းတဲ့ ပုံစံ နဲ့ ရှုံးမယ်လို့လည်း မထင်ထားဘူး။ ဘာတွေ ဖြစ်ကုန်တာလဲ။ ပန်းမိုးရွာတာလည်း အလုပ် ဖြစ်ပါတယ်။ ပန်းမိုးကနေ လေပူဖောင်းတွေ ဖြစ် ကုန်လို့လား။

ချန်းဖေးယွီ နားမလည်နိုင်ဘူး။ ဒီ လို ရှုံးနိမ့်တာ မျိုးကိုလည်း သူ လက်မခံနိုင်။ အခုချိန်ထိ သူဘယ် လိုရှုံးသွားလည်းတောင် မသိလိုက်ဘူး။

“ မင်းက ဒီလောက ရဲ့ အရာအားလုံးကို ထိန်းနိုင်နိုင်တယ်။ ဒါပေမယ့် ငါလည်း ထိန်းချုပ်နိုင် တာပဲ။ မင်း …. ရှုံးသွားပြီ။” နန်ကုန်းဟောင် ရဲ့ နှုတ်ခမ်းတွေ လုပ်လာတယ် ။ သူ့ ဓားကို သူ ပြန်သိမ်းတယ်။

“ ရှုံးသွားပြီတဲ့လား။” ချန်းဖေးယွီ ။ နန်ကုန်းဟောင်ကို ကြည့်နေတယ်။ ပထမဆုံး အနေနဲ့ သူ ရှုံးသွားပြီ။ သူက ငါ့လိုပဲ အရာအားလုံးကို ထိန်းချုပ်နိုင်တယ်တဲ့လား။ ချန်းဖေးယွီ စိတ်ရှုပ်ထွေးနေတယ်။ နန်ကုန်းဟောင် ရဲ့ ပြောစကားကို သူ စဉ်းစားနေတယ်။

တခြားသော ကျောင်းတော်သားတွေလည်း တူညီစွာပဲ။ စိတ်ရှုပ်ထွေ်းနေတယ်။ နန်ကုန်းဟောင် ပြောလိုက်တာကို စဉ်းစားနေရုံတင် မကဘူး။ ချန်းဖေးယွီ ရဲ့ တိုက်ခိုက် မှုကို ဘယ်လို ထိုးဖောက် လိုက်လဲ ဆိုတာပါ တွေးနေတယ်။

ဒါက သာမာန် ဓားချက် မဟုတ်ဘူး။ နောက် တစ်နည်း ပြောရရင် ပြိုင်ဘက်ကင်း ဓားချက်ပဲ။ ဒါပေမယ့် ချန်းဖေးယွီ စောစော မမြင် လိုက်တဲ့ ဓားချက် ဖြစ်နေခဲ့တယ်။

အပိုင်း ( ၃၇၂) ပြီး၏။

အပိုင်း (၃၇၃)

“ အပြစ် သုံးခု”

စစ်သည်တော် ငါးထောင်ရဲ့ ရှေ့မှာ။ နန်ကုန်းဟောင်ကို ရင်ဆိုင်ဖို့ ချန်းဖေးယွီ အရမ်း စိတ်လှုပ်ရှားနေတာ။ တစ်ချီ တည်းနဲ့ ရှုံးသွားတာက သိပ်တော့ နည်းလမ်းမကျဘူး။ ပိုပြီး အရေးကြီး တာက သူ ဘာကြောင့် ရှုံးသွားတာကို မသိတာပဲ။ ပြောရမယ်ဆိုရင်။ ဒီကိစ္စကို သူ မတွက်ချက် ထားမိဘူး။ ဒါပေမယ့် ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ။ သူ က ရှုံးသွားပြီပဲ လေ။ ကျောင်းတော်သား တွေရဲ့ အတွေးထဲက မေးခွန်းလည်း အဖြေရသွားပြီ။ တစ်ခွန်းပဲ ပြောမယ်။ ( ကြောက်စရာကြီး)

နန်ကုန်းဟောင်က ထက်မြက်တယ်။ အမှီအခိုကင်းတယ်။ သူက ပြိုင်ဘက်ကင်း ဆိုတဲ့ ခံစားချက်ကို ရစေတယ်။ နန်ကုန်းဟောင်က တစ်ချက်ပဲ တိုက်ခိုက်လိုက်တာ။ ဒါပေမယ့် ဒီ တိုက်ကွက်က ကြောက်ရွံ့မှုတွေ ထိတ်လန့်တဲ့ ခံစားချက်တွေကို အပြည့်အ၀ ဖြစ်စေတယ်။ ကျောင်းတော်သား တွေ တစ်ယောက်ကို တစ်ယောက် ကြည့်နေတယ်။ သူတို့ မြင်လိုက်ရတာ အတွက် ။ ပြောစရာစကားလုံး ရှာမရတော့ဘူး။ နန်ကုန်းဟောင် တိုက်ခိုက်တဲ့ အချိန်။ အရာအားလုံးက ပုံမှန်ပဲ။ အရှိန်နှုန်းကလွဲပြီးတော့။

ဒါပေမယ့်….။ ချန်းဖေးယွီ ရဲ့ ပတ်ဝန်းကျင်မှာ ဝန်းရံထားတဲ့ အပြာရောင် ရေပူဖောင်းနံရံကို။ နန်ကုန်းဟောင် ရဲ့ ဓား ဖောက်သွားတဲ့ အချိန်။ ကျောင်းတော်သားတွေ အားလုံး မယုံကြည်နိုင် ဖြစ်သွားကြတယ်။ တစ်ချိန်တည်းမှာပဲ။ စီးဆင်းနေတဲ့ အချိန်တွေ ရပ်တန့်သွားတယ်။ နန်ကုန်းဟောင် ရဲ့ ဓားက ဒိုင်းကို ဖြတ်သွားတဲ့ အချိန်။ ပျောက်ကွယ်သွားတယ်။ ပိုပြီး အသေးစိတ်ပြောရရင်။ (ရွှေ့ပြောင်းသွားတာ ။ “တယ်လီပို့”)

ပြောနိုင်တာက။ ကျောင်းတော်သား တွေ အားလုံး နန်ကုန်းဟောင် ဘယ်လောက် အင်အားကြီးမှန်း သူတို့ သိတယ်။ ဒါပေမယ့် ရွေ့ပြောင်းတာတော့ သူတို့ မလုပ်နိုင်ဘူး။ နောက်ဆုံးတော့လည်း။ နောက်ဆုံးတော့လည်း နေရာ အကွာအဝေးတွေကို ဖြတ်သန်း သွားနိုင်တာက။ အသန်မာဆုံး ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံ သူ တွေ အတွက်ပဲ ဖြစ်နိုင်တာ။ နန်ကုန်းဟောင် ရွှေ့ပြောင်းနိုင်တာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ဒါပေမယ့် နန်ကုန်းဟောင် ရဲ့ ဓားက ချန်းဖေးယွီရဲ့ ဒိုင်းကို ဖြတ်သန်းသွားတယ်။ နန်ကုန်းဟောင် ကတော့ လေထုထဲမှာ ပျောက်ကွယ်သွားသလိုပဲ။ ဒါက မဖြစ်နိုင်တာပဲ။ ဖြစ်နိုင်ချေတစ်ခုပဲ ရှိတယ်။ ဒိုင်းနဲ့ တသားတည်း ဖြစ်သွားတာ။ ဒိုင်းနဲ့ ဓား တွေ့တဲ့ အချိန်။ ဓားက ပျော်ဝင်သွားတယ်။ ဒီအချိန်မှာ နန်ကုန်းဟောင် နဲ့ ဒိုင်းက တသားတည်း ဖြစ်သွားတယ်။

ပေါင်းစပ်ခြင်းက ပြီးပြည့်စုံတယ်။ ဒါက ချန်းဖေးယွီ ရဲ့ မိုးသက်မုန်တိုင်းကို အရူးလုပ်ဖို့ အကောင်းဆုံး နလည်းလမ်းပဲ။ ဒိုင်းကာက သူ့ကိုယ်သူ တော့ ပြန်ပြီး မတိုက်ခိုက်ဘူးလေ။

“ မင်းက အားလုံးကို ထိန်းချုပ်နိုင်တယ်။ ငါလည်း လုပ်နိုင်တယ်။”

နန်ကုန်းဟောင် ပြောလိုက်တာကို ကျောင်းတော်သား တွေ တွေးနေတယ်။ သူတို့ အားလုံး နားလည် ကြပါတယ်။ ချန်းဖေးယွီ ကိုယ်တိုင်တောင် ဘာဖြစ်မှန်း သိသွားတယ်။ ဒါပေမယ့် သူ မယုံနိုင်ဘူး။ ယုံကြည်ဖို့ကို ငြင်းဆန်တယ်။ သူက တာအို နဲ့ ပေါင်းစည်းတာလား။ ဘယ်လောက်တောင် အံ့သြစရာ ကောင်းလိုက်သလဲ။

တစ်စုံတစ်ယောက်က ထူးခြားတဲ့ မြင်ကွင်းကို တွေးတော တဲ့ အခါ။ အဆုံးမဲ့ ကျယ်ပြောတဲ့ တောင်တန်းကြီးတွေ။ အရှိန်အဟုန် ပြင်းပြင်း နဲ့ စီးဆင်းနေတဲ့ မြစ် တွေ အကြောင်းကို တွေးကြတယ်။ ဒါပေမယ့် ဒါတွေအားလုံးထက် သူတို့ မျက်စိရှေ့က မြင်ကွင်းက ။ မျက်လုံးပြူးစေတာထက် ကျော်လွန်နေတယ်။ သူတို့ စိတ်ထဲ က( လွန်ခဲ့တဲ့ လေးနှစ်လုံးလုံး နန်ကုန်းဟောင် ဘာတွေ လုပ်နေလဲ) ဒီမေးခွန်း အဖြေရှိသွားပြီ။ အဖြေက သူတို့ရဲ့ မျက်စိရှေ့မှာပဲ။

“ မင်းေ သချာ မြင်လိုက်လား။” ရန်ရွှယ် နောက်ဆုံးတော့ စကားပြောလာပြီ။ နန်ကုန်းဟောင် ရဲ့ အားသာမှု နဲ့။ အားနည်းချက်တွေကို သူ မချီးမွမ်းဘူး။ ဖန်ကျန်းရှီကို လည်း နောက်တစ်ကွက်က ဘာဖြစ်မလဲ လို့ မမေးဘူး။ ပုံမှန် မေးခွန်းလေးပဲ သူ မေးတယ်။ ဒီလို ဖြစ်တောင်မှ။ ရန်ရွှယ် ဆိုလိုချင်တာကို ဖန်ကျန်းရှီ နားလည်တယ်။

“ ငါ့နောက်မှာ စစ်သည်တွေ အများကြီး ရှိတယ်။ အချိန်တွေလည်း ပေါနေတာပဲ။ အကယ်၍ ငါသာ အနီးကပ် သွားကြည့် ချင်ရင်။ လုပ်စရာ နည်းလမ်းတွေ အများကြီးပဲ။” ဖန်ကျန်းရှီ ခေါင်းခါတယ်။ ရန်ရွှယ် တွေးနေတာကို သူသိတယ်။ ဒါပေမယ့် သူ မလုပ်ချင်ဘူး။

“ ငါခန့်မှန်းတာ သာ မှန်မယ် ဆိုရင်။ မင်း နောက်က စစ်သည်တော်တွေကို မင်း သုံးလို့ မရဘူး။ အနည်းဆုံးတော့ သူတို့ ကို သုံးပြီး နန်ကုန်းဟောင်ကို အနိုင်တိုက်လို့ မရဘူးလေ။” ရန်ရွှယ် ခေါင်းခါရင်း ပြောတယ်။

“ ဘာလို့လဲ။” ဖန်ကျန်းရှီ နားမလည်ဘူး။

“ ဘာလို့လဲ ဆိုတော့။ နန်ကုန်းဟောင်က အေးခဲ မျောက်မင်း ဒေသ ကနေ တစ်ယောက် တည်း ထွက်လာတာလေ။ ” ရန်ရွှယ် ရှင်းပြတယ်။

ဒါက သေချာ ရှင်းပြတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ နားလည်ပါတယ်။ ဒီလို အရည်အချင်းမြင့် ကျောင်းတော်သားက ။ သူအောင်မြင်မယ်ဆိုတဲ့ ယုံကြည်ချက် မရှိရင် တစ်ယောက်တည်း ထွက်လာမှာလား။ ဘယ်ဟုတ်မလဲ။

နန်ကုန်းဟောင်က မြို့တော်ကို လာဖို့ ခရီးဝေးကို ဖြတ်လာရတာ။ သူ့ရဲ့ ပါဝင်ယှဉ်ပြိုင်မှုက အဆင့်ကောင်းကောင်း ရဖို့ တစ်ခုတည်းမဟုတ်ဘူး။ သူ လာရတဲ့ အကြောင်းရင်းက။ နန်ကုန်းမိသားစု ရဲ့ သိက္ခာကို ပြန်ဆယ်ဖို့ပဲ။ ဒါကြောင့် သူ့စိတ်ထဲမှာ။ ဒီလို စစ်တပ်ကြီးနဲ့ ရင်ဆိုင်ဖို့ ကို ဆုံးဖြတ်ထားပြီးသား။ ဒါက တစ်ခုတည်းကို ဆိုလိုတယ်။ နန်ကုန်းဟောင် က သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိတယ်။ သူနိုင်မှာကို သူသိတယ်။ ပြောနိုင်တာက စစ်သည် ငါးသောင်းကို သူတစ်ယောက်တည်း ရင်ဆိုင်နိုင်တယ်။

တစ်ယောက်နဲ့ ငါးသောင်း။

မဖြစ်နိုင်တာပဲ။ ဒဏ္ဍာရီလာ ပုံပြင်တွေမှာ သူရဲကောင်းတွေက လက်သီးတစ်ချက် တည်းနဲ့ လူ ထောင်ချီကို သတ်နိုင်တယ်။ ဒါက ဒဏ္ဍာရီ သက်သက်ပဲ။ နောက်ဆုံးမှာတော့။ လူ ငါးသောင်းကို သတ်ဖို့က အချိန်အများကြီး လိုမှာပဲ။ နောက်ပြီးတော့ ဒီလူတွေက ဘယ်လို ပြေးရမယ်။ ခုန်ရမယ် ။ တိုက်ခိုက်ရမယ် ဆိုတာတွေကို သိတယ်။

ဖန်ကျန်းရှီလည်း ရန်ရွှယ် ပြောတာကို သိတယ်။ ဒါပေမယ့် နန်ကုန်းဟောင် သူ့ စစ်တပ်ကို ဘာလို့ ချန်ထားခဲ့မှန်း မသိဘူး။ စစ်တပ် အမိန့်လား ။ ဧကရာဇ် အမိန့်လား။ ဖန်ကျန်းရှီ ရုတ်တရက် နားလည်သွားတယ်။ တိုက်ခိုက်ရေးစာမေးပွဲ ဆိုတာ အခွံကြီးမှန်း သူသိနေတာ ကြာပြီလေ။ နောက်ကွယ်မှာ ကိစ္စအကြီးကြီး တစ်ခု ၇ှိတယ။် စစ်တပ် အတွက် သူတို့ က အကာွှကွယ် သက်သက်ပဲ။ စစ်သည်တော်တွေကို ဘယ်လို အသုံးချမလဲ တော့ သူမသိဘူး။

ဒါပေမယ့် နန်ကုန်းဟောင် က အမှောင်ထဲမှာ ရှိနေမလား ဆိုတာကိုလည်း သူမသိ။ ကြည့်ရတာ သူပြန်စတဲ့ နေရာကို ရောက်သွားသလိုပဲ။ ပိုပြီး အသေးစိတ် ပြောရရင်။ ဖြစ်ပျက်နေတာတွေ အကုန်လုံးက အစီအစဉ်ရဲ့ အပိုင်းအစတွေပဲ။ ဒါတွေက ဖန်ကျန်းရှီ ခန့်မှန်းနေတာ။ ရန်ရွယ်လည်း အတူတူပဲ။ ဒါပေမယ့် သူတို့ နှစ်ယောက် စကားမပြောကြဘူး။

“စစ်သူကြီးလီ။ လူတစ်ထောင်ကို ခေါ်။ နန်ကုန်းဟောင်ကို ဝန်းရံထား။” ဖန်ကျန်းရှီက သူ့ စစ်တပ်ကြီး တစ်ခုလုံးကို ရှေ့တက်လာဖို့ အမိန့် မပေးဘူး။ ဒါက မကောင်းဘူးလေ။

“အမိန့်တော် အတိုင်းပါ။” စစ်သူကြီး လီ ပြန်ဖြေတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ တခြား အမိန့် တစ်ခုတောင် မရလိုက်တဲ့ အတိုင်းပဲ။ နာခံ ကျိုးနွံတယ်။ ဒီလို နာခံ ကျိုးနွံမှုမျိုးက သူ့ ခေါင်းဆောင်တွေ အတွက် ထူးဆန်းနေတယ်။ ဖန်ကျန်းရှီကိုတောင် သူနဲ့ ရန်ရွှယ် အမှားလုပ်မိပြီလားလို့ ဇဝေဇဝါ ဖြစ်စေတယ်။

စစ်သည် တစ်ထောင် ခပ်မြန်မြန်ပဲ ဝန်းရံ လိုက်တယ်။ ဒိုင်းကာစစ်သည် ၃၀၀။ လှံကိုင် စစ်သည် ၃၀၀။ ဓားကိုင် စစ်သည် ၃၀၀။ မြားသည်တော် ၁၀၀။ အသင့်တော်ဆုံး စီစဉ်မှုပဲ။ ဒိုင်းကာစစ်သည်တော်တွေက ရှေ့ဆုံးမှာ ။ လှံကိုင် စစ်သည်တော်တွေက အလယ်မှာ။ မြားသည်တော်တွေကတော့ နောက်ဆုံးမှာ။ ဓား ကိုင် စစ်သည်တော်တွေ ကတော့ ကာကွယ်ရေး လုပ်နေတယ်။ သူတို့တွေ နန်ကုန်းဟောင်ကို ဝန်းရံကြတယ်။

လူတစ်ထောင်တညီတညာတည်း ရှေ့ဆက်လာတယ်။ နန်ကုန်းဟောင် အနား နီးလာလေလေ။ သေဖို့ အငွေ့အသက်တွေ များလာလေလေပဲ။ ကျောင်းတော်သားတွေ ကတော့ အနည်းငယ် စိတ်ရှုပ်ထွေးနေတယ်။ အကောင်းဆုံး ကတော့ စစ်သူကြီးတွေ တိုက်ခိုက်တာလေ။ ဒါက တိုက်ခိုက်ရေးစာမေးပွဲ။ စစ်သူကြီးတွေ အတွက် တိုက်ပွဲ။

ပြောနိုင်တာက ။ ဖန်ကျန်းရှီ ထက် နန်ကုန်းဟောင် ပိုပြီးတော့ အင်အားကြီးတယ်။ ဖန်ကျန်းရှီသာ သူ့ ရဲ့ စစ်တပ် အင်အားကို မသုံးရင် အံ့သြစရာ ဖြစ်တော့မှာပဲ။ သူတို့ ဆိုရင်လည်း ဒီလိုပဲ လုပ်ဖြစ်မှာ။

ချန်းဖေးယွီက သူ့ နေရာမှာ ရပ်နေတယ်။ ဖန်ကျန်းရှီ ရဲ့ စစ်တပ်ကိုပဲ ပြန်ရမလား။ အေးခဲမျောက်မင်း ဒေသ မှာပဲ ဓားစာခံ အဖြစ်ခံမလား ။ သူမတွေးတတ် တော့ဘူး။

နန်ကုန်းဟောင်က နေရာမှာတင် ရပ်နေတယ်။ ဒါပေမယ့် ချန်းဖေးယွီလိုတော့ မတည်မြဲဘူး။ တစ်ချိန်လုံးမှာ သူ့ ကိုယ်က ကြွက်သားလေး တစ်ခုတောင် မလှုပ်ရှားဘူး။

စစ်သည် တစ်ထောင်ပါတဲ့ စစ်တပ်ကြီးက ခပ်မြန်မြန် ရွေ့လျားနေတယ်။ သိပ်မကြာခင်။ သူတို့ က နန်ကုန်းဟောင် ရဲ့ ဘေးကို ရောက်လာတယ်။ သူ့ကို ဝန်းရံလိုက်တယ်။ ဖန်ကျန်းရှီက ရန်ရွယ်ကို လှည့်ကြည့်တယ်။ ရန်ရွယ်ကတော့ အေးခဲ မျောက်မင်း ဒေသ ဂိတ်တံခါးကို သာ ကြည့်နေတယ်။ တစ်ယောက်ယောက် လာမှာကို မျှော်နေပုံပဲ။

“ အေးခဲမျောက်မင်း ဒေသထဲမှာ တခြားသူတွေ ရှိသေးလား။” ဖန်ကျန်းရှီ မေးတယ်။

“ ငါ မသေချာဘူး။” ရန်ရွှယ် ခေါင်းခါတယ်။

“ အင်း၊ ။ ဒါဆိုလည်း ငါတို့ စောင့်ကြည့်ရအောင်။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

ဖန်ကျန်းရှီ ရဲ့ စကားတွေက တိကျလွန်းတယ်။ ဒါမှ မဟုတ် ရန်ရွယ် ရဲ့ အကြည့် ကပဲ မှော်ဆန်နေတာလား။ ဘာပဲ ဖြြစ်ဖစ်။ ပုံရိပ်တစ်ခုက အေးခဲ မျောက်မင်း ဒေသ ဂိတ်တံခါးမှာ ပေါ်လာတယ်။

အစိမ်းရောင် မြင်းပျံကို စီးနင်းထားတဲ့ လူငယ်လေး တစ်ယောက်ပဲ။ ကြီးမြတ်သော ရှ မင်းဆက် ရဲ့ စစ်သည်တော်တွေ နဲ့ ဝတ်စားပုံချင်း မတူဘူး။ သူ့ရင်ဘတ် နေရာက သံချပ်ကာမှာလည်း ပုံရိပ်တွေ ရှိတယ်။ အလယ်မှာတော့ ငွေရောင် စကားလုံးကို ထိုးထားတယ်။

“ အမိန့်ပါတယ်။”

ဒါကတော့ ဒီ စစ်သည်က သတင်းပို့သူ တစ်ယောက်လို့ ဆိုလို တာပဲ။ သတင်းပို့သူတ စ်ယောက် ဒီနေရာ ပေါ်လာတာ။ အရေးကြီးကိစ္စ တစ်ခုရှိလို့ပဲ။

“ အိမ်ရှေ့စံ ရဲ့ အမိန့်တော်”

ပဲ့တင်သံ ထွက်လာတယ်။ တစ်ချိန်တည်းမှာပဲ။ ငွေရောင်နဂါး တစ်ကောင်ပါရှိတဲ့ အနက်ရောင် တံဆိပ်ပြားကို သူထုတ်တယ်။ နန်ကုန်းဟောင်ကို ဝိုင်းရံနေတဲ့ စစ်သည်တော်တွေ ရပ်တန့်သွားတယ်။

သူတို့တွေ အားလုံ းတစ်ယောက်ကို တစ်ယောက် ကြည့်နေတယ်။ စစ်သည် တစ်ထောင်ကို ဦးဆောင်တဲ့ စစ်သူကြီး လီလည်း။ ဖန်ကျန်းရှီကို စပ်စုချင်တဲ့ အကြည့်တဲ့ ကြည့်နေတယ်။ အဲ့ဒီ့နောက် သူ ဒူးတစ်ဖက်ကို ထောက်လိုက်တယ်။ ဖန်ကျန်းရှီ။ ရန်ရွှယ် နဲ့ စစ်သည်တော် ငါးသောင်းလည်း ဒူးထောက်တယ်။ ငွေရောင် နဂါးက ဘာကို ကိုယ်စားပြုမှန်း သူတို့ သိတယ်။ ဒါက စစ်တပ် အမိန့်တစ်ခုပဲ။။ နာခံရမယ်။ ကျော်ငးတော်သား တွေ တစ်ယောက်ကို တစ်ယောက် ကြည့်နေတယ်။ အမိန့်ကို လိုက်နာရမလား။ မလိုက်နာရဘူးလားတော့ မသေချာဘူး။ ဒါပေမယ့် ငွေနဂါး တံဆိပ်တော်ကို တော့ နာခံရမယ်။

ငွေနဂါးက အိမ်ရှေ့စံ မင်းသားကို ကိုယ်စားပြုတယ်။ နောက်ပြီးတော့ အိမ်ရှေ့စံ မင်းသား က ဒီစာမေးပွဲရဲ့ အဓိက စာစစ်သူပဲ။ နောက်တစ်နည်းနဲ့ ပြောရရင်။ ဧကရာဇ် မရှိတဲ့ အချိန်မှာ။ အိမ်ရှေ့စံက အမိန့်အာဏာ အမြင့်ဆုံးပဲ။ မေးခွန်းထုတ်လို့ မရဘူး။ ကျောင်းတော်သား တွေ ဒူးတစ်ဖက် ထောက်လိုက် ကြတယ်။

ဖန်ကျန်းရှီ အတွက်တော့။ သူ က အမိန့်တော် တွေကို သိပ်မသိဘူး။ ဒါပေမယ့် သူ့ဘေးက တုံ့ပြန်မှုတွေကို ကြည့်ပြီး။ ခန့်မှန်းနိုင်တယ်။ (စိတ်ပျက်စရာပဲ) နန်ကုန်းဟောင် မှာ ဧကရာဇ် ဆီက လျှို့ဝှက် အမိန့်တော် ရှိမယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် အမိန့်ပေးတဲ့ သူက အိမ်ရှေ့စံ ဖြစ်နေတယ်။

အိမ်ရှေ့စံက စာမေးပွဲ အဓိက ကြီးကြပ်သူ ဖြစ်တယ်။ အသေးစိတ်တွေကို သူ ဝင်စွက်ဖက် နေ ဖို့ မဖြစ်နိုင်ဘူး။ စည်းမျဉ်း စည်းကမ်းတွေ အတိုင်း သူ လုပ်ဖို့ လိုတယ်။ သူ့ အမိန့်တွေ သုံးပြီး ဖန်ကျန်းရှီကို တားမြစ်လို့ မရဘူး။ မဟုတ်ရင်။ တောင်ပိုင်းဒေသ ရဲ့ စစ်ပွဲကိုပါ ထိခိုက် လိမ့်မယ်။ ဒီလို အခြေအနေကြီးတွေ ဖြစ်လာ၇င်။ တိုက်ခိုက်ရေး စာမေးပွဲလည်း ရပ်တန့်သွားလိမ့်မယ်။ စစ်ပွဲ ပြီးသွားတဲ့ အချိန် ပုံမှန်အခြေအနေ ကနေ ပြန်စတင် လိမ့်မယ်။ ဒါက တိုက်ခိုက်ရေး စာမေးပွဲ အတွင်းမှာ မျှတ်မှုကို ထိန်းသိန်းတာပဲ။ သူတို့တွေ စစ်ပွဲကို စကြ တော့မှာလား။

ဖန်ကျန်းရှီ တွေးနေတဲ့ အချိန်မှာပဲ။ သတင်းပို့သူရဲ့ မြင်း ။ ရှေ့ကို ရောက်လာတယ်။ စစ်တပ်ကြီးကို သူကြည့်တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို စိုက်ကြည့်တယ်။

“ အိမ်ရှေ့စံ မင်းသား အမိန့်တော်။ ဖန်ကျန်းရှီ က စာမေးပွဲ အောင် စာရင်း ကြေညာ ချိန်မှာ ပျက်ကွက်ခဲ့တယ်။ ပထမ ပြစ်မှု။ ဒုတိယ ပြစ်မှုက။ တောင်ပိုင်းဒေသကို ဝင်ရောက်ချိန်မှာ အိမ်ရှေ့စံကို သတင်း မပို့ဘူး။ တတိယ ပြစ်မှု ကတော့။ ရလဒ်ကို အချိန် နဲ့ တပြေးညီ မတင်ပြတာပဲ။ အိမ်ရှေ့စံ အမိန့်ထုတ်လိုက်တယ်။ ဖန်ကျန်းရှီ ကို ယာယီ စာဖြေသူ အဖြစ်က ရပ်နားမယ်။ သူ့ အပြစ် ကို စစ်ဆေးပြီးနောက် ပြန်လည် ခန့်အပ်မယ်။” သတင်းပို့သူ ရဲ့ အသံက ကျယ်တယ်။ ကျောင်းတော်သားတွေ အားလုံး။ ခေါင်းဆောင်တွေ နဲ့။ ငွေဂျို ဝံပုလွေ ငါးရာလည်း ကောင်းကောင်း ကြားတယ်။ ဒါကြောင့် သူတို့ မျက်လုံးပြူး ကုန်တယ်။

“ ယာယီ ရပ်နားမယ်။”

“ ငါ နားကြား လွဲတာလား။ ဖန်ကျန်းရှီ ထုတ်ပယ်ခံရတယ်တဲ့။”

“ ငါတို့ တွေ ရှုံးနိမ့်တာကော ဖယ်ရှားခံရပြီလား။” ကျောင်းတော်သား တွေ မျက်လုံးပြူးကုန်တယ်။ ပထမဆုံး အတွေးကတော့ ( ဖန်ကျန်းရှီသာ ထုတ်ပယ် ခံလိုက်ရရင်)

သူတို့တွေ မူလနေရာကို ပြန်ရောက်နိုင် မလား။ ဝူဖုန်း နဲ့ ချန်းဖေးယွီ တို့ကော ။ ပြန်ပြီး မထုတ်ပယ်ခံရတော့ဘူးလား။ နောက်ပြီးတော့ သူတို့လည်း ဖန်ကျန်းရှီ ရဲ့ စစ်တပ်ကြီးကို ပြန်ခွဲယူရတော့မှာပေါ့။ ဒါက သတင်းကောင်းကြီးပဲ။ ဒါပေါ့။ သူတို့ အားလုံး ပျော်ရွှင်နေတေယ်။ ဖန်ကျန်းရှီကို သနားတဲ့ အကြည့်နဲ့ ကြည့်နေတယ်။ ဖန်ကျန်းရှီ ဘယ်လို တုံ့ပြန်မလဲ စောင့်ဆိုင်းတယ်။

အပိုင်း (၃၇၃) ပြီး၏။

အပိုင်း (၃၇၄)

“ ပုန်းကွယ်နေသောလူ”

ဖန်ကျန်းရှီ လည်း အမိန့်ကို ကောင်းကောင်းကြားတယ်။ ကျယ်ကျယ်လောင်လောင် ပြတ်ပြတ်သားသား။ ဒါပေမယ့် သူ လန့်သွားတဲ့ ပုံလည်း မပေါ်ဘူး။ စိတ်ဖိစီးနေပုံလည်း မရှိဘူး။ ပြိုင်ပွဲဝင် တစ်ယောက် ရဲ့ အခွင့်အရေးက အရေးကြီးလို့လား။ လူအများစု အတွက်တော့ အတော့်ကို အရေးကြီးတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ အတွက်တော့။ ဒီ အခွင့်အရေး မရှိလည်း သူ ဘာမှ မဖြစ်ဘူး။ တောင်ပိုင်းဒေသကို သူ လာရတဲ့ အကြောင်းရင်းက ရန်ရွှယ်ကို ကယ်ထုတ်ဖို့ တစ်ခုပဲ။ အခုချိန်မှာ။ ရန်ရွှယ်လည်း သူ့ အနားရောက်နေပြီ။ သူ ထုတ်ပယ်ခံလိုက်ရတာနဲ့။ နန်ကုန်းဟောင်ကို စစ်တပ် အာဏာသုံးပြီး ဆွဲချလို့ မရတော့ဘူး။ ပြောနိုင်တာက ။ စစ်တပ် အင်အား မရှိလည်း သူ့အပေါ် မှာ နည်းနည်းပဲ သက်ရောက်မှာ။ အများကြီးတော့ မသက်ရောက်ဘူး။ သူ့စိတ်ထဲမှာ ရှိနေတဲ့ မေးခွန်း ကတော့။ အိမ်ရှေ့စံ က ဘာကြောင့်များ ဒီလောက် အကြီးအကျယ် စွန့်စား ရတာလဲ။ အိမ်ရှေ့စံက လူစုလူဝေးကြီးကို ပြန်ထိန်းချုပ်ဖို့ လုပ်နေတာလား။

ဖန်ကျန်းရှီ အိမ်ရှေ့စံ ရဲ့ လုပ်ရပ်ကြောင့် စိတ်ပျက်သွားတယ်။ အောင်စာရင်း ကြေညာတဲ့ အချိန်မှာ သူ မရှိတာက ပြစ်မှုကြီး တစ်ခုလား။ သူ့ကို ထုတ်ပယ်ဖို့ အတွက် လုံလောက်တဲ့ ပြစ်မှု မဟုတ်ဘူး။ အကယ်၍ ဒီလို ဖြစ်ခဲ့ရင်။ မိုးကြိုး ခြင်္သေ့ဒေသကို သိမ်းဖို့ လုပ်နိုင်မှာမဟုတ်ခဲ့ဘူး။ စစ်သည် လေးသောင်းကလည်း သူ့ အမိန့်ကို နာခံဖို့ မလိုတော့ဘူး။ တခြား စွဲချက် တွေ ကတော့ ရှုပ်ထွေးပြီး မခိုင်လုံတာပဲ။ အလကား သက်သက် ပြစ်မှုမျာ်းအောင် လုပ်လိုက်တာ။

ဖန်ကျန်းရှီ တောင်ပိုင်းဒေသကို ပထမဆုံး အကြိမ် ဝင်လာတုန်းက ။ ဒီ ငလူး အိမ်ရှေ့စံ ဘယ်နေရာမှာ တပ်စခန်း ချထားလည်းတောင် မသိဘူး။ နောက်ပြီးတော့ ရှန်းယွီ မင်းသမီးက သူ့ကို ဖမ်းသွားတာ။ အိမ်ရှေ့စံ ကို ဘယ်လို သွားပြီး သတင်းပို့ရမှာလဲ။ အစတုန်း ကတော့ ဖန်ကျန်းရှီ ထင်ခဲ့တာ။ တောင်ပိုင်းဒေသ ကို စစ်ကြေညာ တော့မယ်လို့။ ဒါပေမယ့် အခုက သူ့ကို ထုတ်ပယ်တဲ့ အမိန့် ဖြစ်နေခဲ့တယ်။ အိမ်ရှေ့စံမှာ ဒီလို အမိန့် ပေးနိုင်ခွင့်ရှိမယ် လို့ သူ မထင်ဘူး။ ၇ှိခဲ့ရင်တောင်။ ဘာလို့များ အေးခဲ မျောက်မင်း ဒေသကို အထူး သတင်းပို့သူ ပို့လွှတ် ရတာလဲ။ ဒါက အိမ်ရှေ့စံ မင်းသား လုပ်ချင်တဲ့ တစ်ခုတည်း သော အရာ ဆို၇င်တော့။ မိုးကြိုးခြင်္သေံ့ ဒေသကိုပဲ အမိန့် တိုက်ရိုက် ပို့တာ အကောင်းဆုံးလေ။ တိုက်ခိုက်ရေးစာမေးပွဲက အမြင်လို မရိုးရှင်းတာ ဖန်ကျန်းရှီ သိပြီးသား။ အနိုင်တွေ အရှုံးတွေက ဘာမှ အရေးမကြီးဘူး။ အနည်းဆုံးတော့ ဒီလို ကိစ္စကြီးမှာ ဘာမှ အရေးမကြီးဘူး။ ဒါကြောင့်။ အခုချိန်မှာ အိမ်ရှေ့စံ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

ဖန်ကျန်းရှီ နဲ့ အိမ်ရှေ့စံ တို့ တွေ့ဖူးတာ သိပ်မရှိဘူး။ ပထမဆုံးေ တွ့ဖူးတာက ပင်းယန် အိမ်တော်မှာ။ ဒုတိယ တစ်ကြိမ်က ညီလာခံ ခန်းမမှာ။ ဒါကြောင့် အိမ်ရှေ့စံ ကို သူ နားမလည်ဘူး။ ဘာပဲ ဖြစ်ဖြစ်။ အိမ်ရှေ့စံက အမိန့်ပေးလိုက်ပြီ။ စစ်သည်တော် လေးသောင်းလည်း ဖန်ကျန်းရှှီ အမိန့်ကို နာခံ နေမှာ မဟုတ်ဘူး။ ငြင်းဆို ကန့်ကွက်စရာ အကြောင်းရင်းလည်း မရှိတော့ဘူး။ ဖန်ကျန်းရှီက ရန်ရွှယ့်ကို လှမ်းကြည့်တယ်။ ရန်ရွှယ်လည်း ဖန်ကျန်းရှီကို ကြည့်နေတယ်။ ရန်ရွှယ့် မျက်လုံးတွေထဲမှာ အနည်ထိုင်နေတဲ့ အငွေ့အသက်တွေကို မြင်ရမယ်။ သိသိသာသာကို မြင်သာထင်သာ ရှိနေတာ။ ရန်ရွှယ်ရဲ့ ဒီလို အမူအယာကို ဖန်ကျန်းရှီ မြင်ခဲတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ရန်ရွယ် တစ်ခုခုလုပ်တော့မှာ သေချာနေပြီ။ ဖန်ကျန်းရှီ စကားပြောတော့မယ့် အချိန်။ ရန်ရွှယ့် အသံ အရင်ထွက်လာတယ်။

“ အိမ်ရှေ့စံ မင်းသားက ပါဝင်ယှဉ်ပြိုင်သူ ကျောင်းတော်သားကို ထုတ်ပယ်နိုင်တဲ့ အခွင့်အာဏာ မရှိဘူး။ နောက်ပြီးတော့ ဒီလို အမိန့်မျိုးလည်း အိမ်ရှေ့စံ ပေးမှာ မဟုတ်ဘူး။ မင်းကဘယ်သူလဲ။ ” ရန်ရွှယ့်ရဲ့ စကားသံက အေးစက်နေတယ်။ အနီရောင်အလင်းတန်းက သူ့ မျက်လုံးတွေမှာ တောက်ပ လာတယ်။ အဇူရာ တာအို။ ကြီးမြတ်သော တာအိုကြီး ခြောက်ခုခထဲက တစ်ခု။ ခပ်လှမ်းလှမ်းက လူတွေတောင် ငရဲက တက်လာတဲ့ အအေးဓာတ်ကို ခံစားရနိုင်တယ်။ သတင်းပို့သူ တောင့်တင်းသွားတယ်။ နောက်ကို တစ်လှမ်း ပြန်ဆုတ်တယ်။ ရန်ရွှယ် ဘယ်လောက် အင်အားကြီးမှန်း သူသိတယ်။ လူသတ်ငွေ့တွေကို သူ ခံစားမိနေတယ်။

သတင်းပို့သူတစ်ယောက် အနေနဲ့။ သာမာန် စစ်သည်တော်တွေထက် တိုက်ခိုက်ရည် မြင့်မားတာတော့ အမှန်ပဲ။ ဒါပေမယ့် ရန်ရွှယ်နဲ့တော့ မယှဉ်နိုင်ဘူး။ ရန်ရွှယ်က ကောင်းကင်ရောင်ပြန် အဆင့်။ နောက်ပြိးတော့ အဇူရာတာအိုနဲ့ ဝန်းရံထားတာ။

သတင်းပို့သူချွေးပြန်လာတယ်။ အအေးဓာတ်က သူ့ဆီ ဦးတည်လာတော့။ လက်တွေတောင် တုန်နေတယ်။

ရန်ရွှယ် ရဲ့ အပြုအမူ ကို ကျောင်းတော်သားတွေလည်း သတိထားမိတယ်။ ရန်ရွှယ် နဲ့ ဖန်ကျန်းရှီ အရမ်းရင်းနှီးတာကိုလည်း လူတိုင်း သိတယ်။ ဒါပေမယ့်။ ရန်ရွှယ်က ဖန်ကျန်းရှီ အတွက်နဲ့ အိမ်ရှေ့စံကို ဆန့်ကျင်မှာလား။ မဟုတ် နိုင်ပါဘူး။ ကြည့်ရတာတော့ ရန်ရွှယ်က သူတို့ အတွေးတွေ မှားကြောင်း ပြောပြနေသလိုပဲ။ ရန်ရွှယ့် ပုံစံက စနောက် နေတာနဲ့လည်း မတူဘူး။ နောက်ပြီးတော့ ရန်ရွှယ်က နောက်ပြောင်ကျီစယ် တာမျိုး မလုပ် တတ်တဲ့ သူ မှန်း ကျော င်းတော်သားတွေ သိတယ်။

“ ကျွန် … ကျွန်တော် က အိမ်ရှေ့စံ မင်းသား ရဲ့ သတင်းပို့သူ ပါ။ ရန်ရွှယ်။ ဒီ အမိန့်က အိမ်ရှေ့စံ မင်းသား တိုက်ရိုက်ပေးလိုက်တာပါ။ ဒီ အမိန့်ပြား နဲ့ သက်သေ ပြနိုင်တယ်။ မင်း တကယ်ပဲ အိမ်ရှေ့စံ မင်းသားကို ဆန့်ကျင် မလို့လား။” သတင်းပို့သူက အင်အား မကြီးပေမယ့်။ မောက်မာတယ်။

နောက်ဆုံးတော့လည်း ငွေနဂါး တံဆိပ်ပြားက သူ့ လက်ထဲမှာ ရှိနေတယ်လေ။ သူက အိမ်ရှေ့စံ မင်းသားကို ကိုယ်စားပြုတယ်။ ဖန်ကျန်းရှီ ခုခံ မှာကို သူ ခန့်မှန်းထားပြီးသား။ ဒါပေမယ့် ပထမဆုံး ခုခံ တဲ့ သူက ရန်ရွှယ် ဖြစ်နေခဲ့တယ် ။ ဒါကြောင့်။ အိမ်ရှေ့စံမင်းသားကို ခုခံ ဖို့ အထိ ရန်ရွှယ် အတင့်ရဲမယ်လို့ သူမထင်ဘူး။ သတင်းပို့သူက ခပ်ကျယ်ကျယ် အော်ပြောနေတယ်။ ဒါပေမယ့် သူ့ အသံက ကြောက်ရွံ့မှုတွေ ပြည့်နေတယ်။ ရန်ရွှယ်က ဒါကိုကြားတော့ ။ သူ့ အမူအယာ အေးစက်သွားတယ်။ သူ့ တစ်ကိုယ်လုံး အနီရောင် အလင်းတန်းတွေ တောက်ပလာတယ်။

“ ရန်ရွှယ်က အိမ်ရှေ့စံကို ဆန့်ကျင်တော့မှာလား။”

“မဖြစ်နိုင်တာပဲ။ ရန်ရွှယ် က ဒီလောက်တောင် အလားအလာ ကောင်းနေတာ။ သူ့ အနာဂတ်ကို သူကိုယ်တိုင် ဖျက်စီး မလို့လား။”

“ရန်ရွှယ် အလျင်မလိုနဲ့။ အိမ်ရှေ့စံက ဖန်ကျန်းရှီကို ယာယီပဲ ထုတ်ပယ်တာ။ အကယ်၍ သူကိုယ်တိုင် သွားပြီး အိမ်ရှေ့စံကို ရှင်းပြရင်။ သူ့ မှာ အခွင့်အရေး ရှိမှာပါ။”

ကျောင်းတော်သားတွေ ရန်ရွှယ်ကို နားချနေကြတယ်။ သူတို့ အတွက်တော့ ဖန်ကျန်းရှီ ထုတ်ခံရတာ အခွင့်အရေး ကောင်းတစ်ခုပဲ။ ဒီ လို အချိန်မှာ ရန်ရွှယ့် ရဲ့ အရေးပေးမှုကို သာ ရ လိုက်ရင်။ နောင်တစ်ချိန်မှာ အသုံးဝင်လာနိုင်တယ်။

ရန်ရွှယ်ဘာတွေ တွေးနေလဲ ဖန်ကျန်းရှီ အတိအကျသိတယ်။ ဒါပေမယ့် သူတို့ နှစ်ယောက်ရဲ့ အတွေးအခေါ် ရှုထောင့် တွေကတော့ ကွာခြားတယ်။ ဒါပေါ့။ ရန်ရွှယ် လုပ်တဲ့ အတိုင်း ။ ဖန်ကျန်းရှီလည်း အတူတူပဲ ။ ရန်ရွှယ် စကားပြောတော့မယ့် အချိန်မှာ။ စစ်သည်တော်တွေထဲကနေ စစ်သည် တစ်ယောက် ရှေ့ထွက်လာတယ်။ သာမာန် စစ်သည်တော် ဝတ်ရုံကိုပဲ သူဝတ်ထားတာ။ ဖန်ကျန်းရှီ ကတော့ စိတ်ရှုပ်ထွေးနေတယ်။

ဒီလူက တစ်ယောက်တည်း။ ကျောင်းတော်သားတွေလည်း မတွေးတတ်တော့ဘူး။ သာမာန် စစ်သည်လေး တစ်ယောက် က အခုလို အချိန်မှာ တစ်ယောက်တည်း ထွက်လာတာ။ မေးခွန်း ထုတ်စရာပဲ။ စစ်သည်လေး ကတော့ သတင်းပို့သူဆီကို တန်းတန်းမတ်မတ် သွားတယ်။

“ရပ်စမ်း” သတင်းပို့သူ လှမ်းအော်တယ်။ သူ့စိတ်ထဲ မသက်မသာ ဖြစ်နေတယ်။ ကျောင်းတော်သားတွေ နဲ့ တခြား စစ်သည်တော်တွေလည်း အံ့သြနေဆဲ။ သူတို့ အားလုံးတွေးနေကြတယ်။ သတင်းပို့သူက ငွေနဂါး တံဆိပ်ပြားကို ကိုင်ထားဆဲ။ အကယ်၍ ဒီ စစ်သည်တော် ကသာ …..

“ ဖမ်းကြစမ်း” သတင်းပို့သူ ငွေနဂါး အမိန့်ပြားကို ယမ်းရင်း အော်တယ်။ နန်ကုန်းဟောင်ကို ဝန်းရံထားတဲ့ စစ်သည်တော် တစ်ထောင်ကို အမိန့် ပေးတယ်။

ဒီ အချိန်မှာပဲ ။ စစ်သည်တော်က သူ့ရဲ့ ခမောက်ကို ချွတ်တယ်။ သံချပ်ကာ ကိုပါ ချွတ်လိုက်တယ်။ အနက်ရောင် အပေါ်ထပ်ဝတ်ရုံ ပေါ်လာတယ်။ ဒါပေမယ့် ဒါက ပုံမှန် ဝတ်ရုံ မဟုတ်ဘူး။ ရွှေတိုင်လုံး သဏ္ဍာန်တွေ ရင်ဘတ်မှာ ထိုးချုပ်ထားတယ်။ နောက်ပြီးတော့ တိုင်လုံး ပေါ်မှာ စာလုံး တစ်လုံး တည်း ရေးထားတယ်။ (စစ်)

…

“စစ်နတ်ကျောင်းတော်လား။”

“ရှင်ချင်းစွေ့”

“ သူက ဒီမှာ ဘာလုပ်နေတာလဲ။”

ကျောင်းတော်သားတွေလည်း ဒီစစ်သည်တော်ကို ချက်ခြင်း မှတ်မိကြတယ်။ ဒါပေမယ့် သူတို့ စိတ်ထဲ မေးခွန်းတေ်ွ တန်းစီပြီး ပေါ်လာတယ်။ ရှင်ချင်းစွေ့က ဘာလို့ လူအုပ်ထဲ ပုန်းနေတာလဲ။ ဘာတွေ ဖြစ်ကုန်တာလြ။

ကျောင်းတော်သား တွေ ဖန်ကျန်းရှီကို ကြည့်တယ်။ ဖန်ကျန်းရှီက ရှင်ချင်းစွေ့ကို ကြည့်နေတယ်။ တိုက်ခိုက်ရေး စာမေးပွဲမှာ ရှင်ချင်းစွေ့ ဝင်မဖြေတာ သူ မှတ်မိတယ်လေ။ ဒါဆိုရင် ဘာကြောင့်များ သူက တောင်ပိုင်းဒေသကို ရောက်နေတာလဲ။ ပိုပြီးအရေးကြီးက သူ့ စစ်တပ်ထဲမှာ ဝင်နေတာ ဘာကြောင့်လဲ။ ပိုပြီး အရေးကြီးတာက ဘာလို့ ရုပ်ဖျက်ပြီး နေ နေတာလဲ။ ရုပ်ဖျက်တယ်ဆိုတာက ဖန်ကျန်းရှီ တစ်ယောက်ပဲ လုပ်သင့်တယ်လို့ သူ့ ဘာသူ တွေးနေတာ ။

ရှင်ချင်းစွေ့ရဲ့ ဝတ်ရုံကို မြင်တော့ စစ်တပ်ကြီး ရပ်တန့်သွားတယ်။ ဒါက ကြီးမြတ်သော ရှ မင်းဆက် ရဲ့ မဏ္ဍိုင်ပဲ။ စစ်နတ်ကျောင်းတော် ရဲ့ တံဆိပ်တော်။ ကျောင်းတော် ဆယ့်သုံးခု ရဲ့ ခေါင်းဆောင်။ စစ်သည်တော် တွေ အတွက်တော့။ စစ်နတ်ကျောင်းတော်က ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အင်အားကို ကိုယ်စား ပြုတယ်။ ပိုပြီး အရေးကြီးတာက ၇ှင်ချင်းစွေ့ လက်ထဲမှာ ရှိနေတဲ့ တံဆိပ်ပြားပဲ။

လုံးဝကို ရွှေသားစစ်စစ်နဲ့ လုပ်ထားတာ။ အိမ်ရှေ့စံ မင်းသား က ငွေနဂါး တံဆိပ်ကို သုံးတယ်။ ရှင်ချင်းစွေ့ လက်ထဲက တံဆိပ်ပြားမှာတော့ ရွှေနဂါး တစ်ကောင်ရှိနေတယ်။ ဒါ့အပြင် စကားလုံး တစ်လုံးလည်း ရေးထွင်းထားသေးတယ်။

“ ဧကရာဇ်”

ဖန်ကျန်းရှီ ဒီ တံဆိပ်ပြားကို အ၇င်က မြင်ဖူးတယ်။ သူ့မှာလည်း ဒီလို တံဆိပ်တစ်ခု ရှိတယ်လေ။ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်း ဝန်ကြီး ဌာနကို သွားခိုင်းတုန်းက ဧကရာဇ် ပေးထားတာ။ ဒါပေမယ့် သူ့မှာ ရှိတဲ့ တံဆိပ်ပြားကို ဖန်ကျန်းရှီ လုံး၀ မသုံးဘူး။

ရှင်ချင်းစွေ့က သူ့တံဆိပ်ပြားကို လေထဲမှာ မြှောက်ထားတယ်။ အမိန့်ပြားကို မြှောက်ထားတဲ့ အချိန် စစ်သည်တော်တွေ ချက်ခြင်း ရပ်သွားတယ်။

“ ဒီ အမိန့်ပြားက ဒီလို သုံးလို့ရသေးတာလား။” ဖန်ကျန်းရှီ အံ့ြသ်နေတယ်။ ဒါပေမယ့် သူ့ အံ့သြမှုက သိပ်မကြာဘူး။ ရှင်ချင်းစွေ့ကို ကျေးဇူးတင်ပါတယ်။ အခုတော့ ဒီတံဆိပ်ပြားကို ဘယ်လို သုံးရမလဲ သူသိပြီလေ။ ဒါပေမယ့် သိတော့ကော။ ဘာဖြစ်လဲ။ ဧကရာဇ် ရဲ့ အမိန့်ပြား အတုလုပ်မှုနဲ့ အဖမ်းခံရမှာလား။ သိပ်တော့ မဟုတ်သေးဘူး။

“ မင်းကို မေးစရာ တစ်ခုရှိတယ်။ အိမ်ရှေ့စံက အမိန့်ပေးတဲ့ အချိန်။ သူ ချရေးထားတာလား။” ရှင်ချင်းစွေ့က အရမ်းကို တည်ငြိမ်နေတယ်။ သတင်းပို့သူ ဆီကို သူ ဖြည်းဖြည်းချင်း လျှောက်လာတယ်။ သူ့ လက်ထဲက ရွှေရောင် အမိန့်ပြား နေရောင်ကြောင့် တောက်ပတယ်။ သတင်းပို့သူ နဲ့ သုံးလှမ်း အကွာမှာ သူ ရပ်တယ်။ သတင်းပို့သူက ရှင်ချင်းစွေ့ လက်ထဲက အမိန့်ပြားကို မြင်တယ်။ သူ့ အကျီက တံဆိပ်ကိုလည်း တွေ့တယ်။ သူ့ နဖူးကနေ ချွေးတွေ စီးကျလာတယ်။ ခုနကပဲ ၇ှင်ချင်းစွေ့ကို ဖမ်းဖို့ သူ အမိန့်ပေးလိုက်တာမလား။

“ သ … သခင်လေး ရှင်း။ အိမ်ရှေ့စံက နှုတ်မိန့်ပဲ ပေးတာပါ။ သူ ချ မရေးခဲ့ပါဘူး။” သတင်းပို့သူ ရဲ့ အသံတွေ တုန်ယင်နေတယ်။

“ငါ နားလည်ပြီ။ အိမ်ရှေ့စံ ရဲ့ အမိန့် အတုလုပ်မှု နဲ့ ဒီလူကို ဖမ်းစမ်း” ရှင်ချင်းစွေ့ ခေါင်းငြိမ့်တယ်။

“ အိမ်ရှေ့စံ ရဲ့ အမိန့်ကို အတုလုပ်တယ်တဲ့လား။”

“ ဘယ်လို ဖြစ်နိုင်မှာလဲ။”

“ ၇ှင်ချင်းစွေ့ ရူးနေပြီလား။ သူဘာလုပ်မလို့လဲ။”

ရှင်ချင်းစွေ့ရဲ့ ပြောစကားကြောင့် ကျောင်းတော်သားတွေ မျက်လုံးပြူးနေတယ်။ ဘယ် သတင်းပို့သူက အမိန့် အတုလုပ်ရဲမှာလဲ။ မဖြစ်နိုင်တာပဲ။ ဒါပေါ့။ သူတို့ ဒီ အမိန့်ကို အစစ်အမှန် ဖြစ်စေချင်ကြတာ။ ဒါဆို၇င်။ သူတို့ စခဲ့တဲ့ နေရာကို ပြန်သွားလို့ရမယ်လေ။ သူတို့ ဝမ်းသာတာ စောသွားတယ်။ အခုတော့ ဒုတိယ အခွင့်အရေး မရတော့ဘူး။

“သခင်လေး ရှင်း ။ ဘာတွေ ပြောနေတာလဲ။ ဒါက အိမ်ရှေ့စံ မင်းသား ရဲ့ အမိန့်လေ။ ကျွန်တော် မလိမ်ရဲပါဘူး။ အိမ်ရှေ့စံ ရဲ့ စကားတွေကို ပဲ တစ်လုံး မကျန် ပြန်ပြော ပြတာပါ။ အပိုစကားလုံး တစ်လုံးတောင် ထပ် မပြောထားပါဘူး။”

“ သောက်ပိုတွေ တော်တော့။ ဖမ်းကြ။” ရှင်ချင်းစွေ့က စကားကို ဖြတ်ပြောလိုက်တယ်။ ဖမ်းဖို့ အမိန့်ချတယ်။

“ အမိန့် အတိုင်းပါ။” စစ်သည်တော် တစ်ထောင်လုံး တစ်ညီ တညွှတ်တည်း ပြန်ဖြေတယ်။ လေးယောက်ဆီ အတန်းလိုက် ထွက်လာပြီး သတင်းပို့သူကို ဆွဲချသွားတယ်။ ဒါက အတော်လေး ပြဇာတ် ဆန်တာပဲ။ ရှင်ချင်းစွေ့ ပေါ်လာတယ်။ အဲ့ဒံီနောက် ရှင်ချင်းစွေ့ကို ဖမ်းဖို့ အမိန့်ချတယ်။ အမိန့်ပေးတဲ့ သတင်းပေးသူ အဖမ်းခံလိုက်ရတယ်။ ဖြစ်သွားတာတွေ က မြန်လွန်းတယ်။ ဒါပေါ့။ …. အခု အဖြစ်အပျက်ကြီး တစ်ခုလုံးက ကိစ္စ တစ်ခုကို သက်သေပြသွားတယ်။ အင်အားပိုကြီးတဲ့ အမိန့်ပြားကို ပိုင်တဲ့ သူက အင်အားနည်းတဲ့ သူကို ဖိနှိပ်နိုင်တယ်။

ရှင်ချင်းစွေ့က တိုက်ရိုက် လုပ်သွားတာ။ တစ်ချက်လေးတောင် မတွေဝေဘူး။ ဒါပေမယ့် ဒီ ဆုံးဖြတ်ချက်က ကျောင်းတော်သားတွေကို အံ့အားသင့်စေတယ် ။ ရှင်ချင်းစွေ့က စစ်နတ်ကျောင်းတော် ရဲ့ ဆက်ခံသူ ဖြစ်ပေမယ့်။ အိမ်ရှေ့စံ မင်းသားကို အကြောင်းရင်း မရှိပဲ ဆန့်ကျင့်မှာ မဟုတ်ဘူး။ အခုတော့ ရှင်ချင်းစွေ့က ပြောင်ပြောင်တင်းတင်းကြီးကို ဆန့်ကျင်နေပြီ။ သူ့ မှာ ဘာအကြောင်းရင်း ရှိလို့လဲ။

နောက်ပြီးတော့ ရှင်ချင်းစွေ့က ဖန်ကျန်းရှီ ရဲ့ တပ်ထဲမှာ ဘာလို့ ပုန်းကွယ်နေတာလဲ။ ဘာလို့ ရုပ်ဖျက်ပြီး အယောင်ဆောင်နေတာလဲ။ သူတို့ နားမလည်နိုင်ဘူး။ ကျောင်းတော်သား တွေ တစ်ယောက်ကို တစ်ယောက် ကြည့်နေတယ်။

ဒါပေါ့ ။ နန်ကုန်းဟောင် ကတော့ စိတ်မရှုပ်ထွေး နေဘူး။ ရှင်ချင်းစွေ့ ပေါ် လာတဲ့ အချိန် တည်းက သူ ငြိမ်သက်နေတာ။ တစ်ခွန်းမှ ဝင်မပြောဘူး။ သတင်းပို့သူ ခေါ်သွားခံရတဲ့ အထိ စောင့်ကြည့်နေတယ်။

အပိုင်း (၃၇၄) ပြီး၏။

အပိုင်း (၃၇၅)

“ ကြောင်ကလေး အိတ်ထဲက လွတ်သွားပြီ.”

ဆိုရိုးစကား တစ်ခု ရှိတယ်။ အကယ်၍ ကိစ္စတစ်ခုမှာ မပတ်သက်ချင်ရင်။ ဝင် မပါနဲ့။

နန်ကုန်းဟောင်က ဒီ အတိုင်းလုပ်နေတာ။ သူက စောင့်ကြည့်လေ့လာသူ တစ်ယောက်လိုပဲ။ တစ်ခွန်းမှ ဝင်မပြောဘူး။ ပြောရရင်။ နန်ကုန်းဟောင်လည်း ဒီကိစ္စနဲ့ တနည်းနည်းတော့ ပတ်သက်တယ်လေ။ ဒါပေမယ့် နန်ကုန်းဟောင်အပြင် တိတ်ဆိတ်နေတဲ့ နောက်လူ တစ်ယောက်လည်း ရှိနေသေးတယ်။

ဒါကတော့ ဖန်ကျန်း၇ှီ။ သူက တည်ငြိမ်အေးဆေးတယ်။ ဒီ အဖြစ်အပျက်တစ်ခုလုံးကို သက်တောင့်သက်သာ နဲ့ ကြည့်နေတယ်။ ဒါကြောင့် ကျော်ငေးတာ်သား တွေ အံ့သြရတယ်။

ဘာကြောင့်များ ဒီလို ဖြစ်ရတာလဲ။ အကယ်၍ ဖန်ကျန်းရှီ သာ စာဖြေသူ အဖြစ်က ရပ်ဆိုင်းခံလိုက်ရရင်။ သူက ကြောက်လန့် နေရမှာ မဟုတ်ဘူးလား။ အကယ်၍ သူ သာ မရပ်ဆိုင်း ခံရရင်လည်း။ နန်ကုန်းဟောင်ပဲ အကျိုး မရှိဖြစ်မှာလေ။ ဒီ အဓိက ပါဝင် ပတ်သက်သူကြီး နှစ်ယောက် က ဘာကြောင့်များ ပွဲကြည့် ပရိသတ်တွေလို လုပ်နေကြတာလဲ။

“ သူတို့ တွေ ဘာလို့ ဒီလောက်တောင် အေးဆေးနေတာလဲ။” ကျောင်းတော်သား တွေ နားမလည် နိုင်ဘူး။

တကယ်တမ်းမှာလည်း။ ဖန်ကျန်းရှီ က စကား တစ်ခွန်းတောင် မပြောသေးဘူး။ ဘာကြောင့်လဲ ဆိုတော့ စာမေးပွဲမျာ သူ ဝင်ဖြေ မဖြေက သူ့ အတွက် သိပ် အရေးမပါဘူးလေ။ ဒါပေမယ့် တခြား ကျောင်းတော်သား တွေ ကတော့ ဘယ်သိမလဲ။ နန်ကုန်းဟောင် အတွက်တော့။ ဖြစ်နေတဲ့ အရာအားလုံကို နားလည်နေလို့ သူက တည်ငြိမ် နေတာ။

ကြီးမြတ်သော ရှမင်းဆက် ရဲ့ အစီအစဉ်တွေကို နန်ကုန်းဟောင် သိတယ်။ အေးခဲမျောက်မင်း ဒေသ မှာ ဘာတွေ လုပ်ကြမလဲ သူသိတယ်။ အိမ်ရှေ့စံက ဖန်ကျန်းရှီကို ဒီ အခွင့်အရေး ယူဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။ သူတို့ ရဲ့ အစီအစဉ်ကြီး မအောင်မြင်သေးခင်။ ဖန်ကျန်းရှီ အခွင့်အရေးရသွား မှာကို အိမ်ရှေ့စံ အဖြစ်ခံမှာ မဟုတ်ဘူး။

ဒါဆိုရင် သူ က ဘာကို စိုးရိမ်ဖို့ လိုအုန်းမှာလဲ။ အိမ်ရှေ့စံက ဒီ အမိန့်ကို နှုတ်မိန့် အဖြစ်ပဲ ပေးမှာ။ ဒါက သံသယ ရှိစရာမလိုဘူး။ ဘယ်လို သတင်းပေးသူကမှ ဒီလို အမိန့်မျိုးကို အတု မလုပ်ရဲဘူး။ ဒါပေမယ့် ရှင်ချင်းစွေ့က မေးလိုက်တယ်။ အိမ်ရှေ့စံက အမိန့်စာ ထုတ်ပေးလား။ မထုတ်ပေးဘူး။ (ဒါက ပြဿနာ အရင်း အမြစ်ပဲ။)

အိမ်ရှေ့စံက ဧကရာဇ်ကို ကိုယ်စားပြုတယ်။ သူ့ အလုပ်က စည်း မျဉ်းတွေ အတိုင်း ဆက်လုပ်ဖို့ပဲ။ အပြစ်မဲ့သူတွေ ရဲ့ အသက်ကို မဆုံးရှုံးစေရဘူး ။ ( အိမ်ရှေ့စံမှာ စာဖြေသူ တစ်ယောက်ကို ထုတ်ပယ်နိုင်ဖို့ အခွင့်အာဏာရှိလား။) ဘယ်ရှိမလဲ။ စာမေးပွဲကြီး ရဲ့ အဓိက စာစစ်သူက ဧကရာဇ် ကိုယ်တိုင်ပဲ။ အိမ်ရှေ့စံက သတင်းတွေကို အစီရင်ခံရမှာ။ ဧကရာဇ် ပဲ ဖန်ကျန်းရှီ၏ ထုတ်ပယ်ခံရခြင်း။ ထုတ်ပယ်မခံရခြင်းကို ပြောရေးဆိုခွင့်ရှိတာ။

အိမ်ရှေ့စံ ။ နန်ကုန်းဟောင်။ ရှင်ချင်းစွေ့ နဲ့ တခြားကျောင်းတော်သားတွေ အားလုံးလည်း ဒါကို သိပါါတယ်။ ဒါပေမယ့် ကျော်ငးတော်သားတွေက ဖန်ကျန်းရှီ ထုတ်ပယ်ခံရဖို့ အရမ်းကို မျှော်လင့်နေကြတာ။ ဒါကြောင့် သတင်းပို့သူကို သူတို့ မေးခွန်း မထုတ်ကြဘူး ။ ဒါကို အမှန်တရားလို့ပဲ ယုံကြည်ချင်ကြတယ်။

နန်ကုန်းဟောင်လည်း တခြား ကျောင်းတော်သားတွေရဲ့ အတွေးကို သိတယ်။ သူတို့ ဘယ်လို တုံ့ပြန်မှာကိုလည်း ခန့်မှန်းထားပြီးသား။ အိမ်ရှေ့စံရဲ့ လှုပ်ရှားမှုကိုလည်း သူ ခန့်မှန်းထားပြီးသား။ နယ်ရုပ်လေးကို ဘုရင်အတွက် စတေးတော့မယ်။

ဖန်ကျန်းရှီက ဒီနေရာမှာ စတေးခံရမယ့် အရုပ်လေးပဲ။ ဒါပေမယ့် အိမ်ရှေ့စံက သူ့ အတွက် လွတ်လမ်း တစ်ကွက် မချန်ပဲနဲ့တော့ လုပ်မှာ မဟုတ်ဘူး။ သူက အမိန့်ကို နှုတ်မိန့်ပဲ ပေးတာ။ ဒါက သူ့ရဲ့ လွတ်လမ်းပဲ။ အကယ်၍ ကိစ္စတွေသာ ကြီးမားလာရင်။ အိမ်ရှေ့စံက ဒီ အမိန့်ကို သူ မပေးခဲ့ဘူးလို့ ငြင်းဆိုလို့ ရတယ်။ ပြဿနာကို ခေါင်းခံရမယ့်သူကတော့ သတင်းပို့သူပဲပေါ့။ တောင်ပိုင်းဒေသရဲ့ သူလျှို အဖြစ် စွပ်စွခြံရမယ်။ ရှင်ချင်းစွေကရဲ့ လုပ်ရပ် ကတော့ ။ သတင်းပို့သူကို အချိန် မဆွဲပဲ ခပ်မြန်မြန် ရိုက်ချလိုက်တာပဲ။ ဒါက အိမ်ရှေ့စံ စိတ်ထဲမှာ ခံစားသွားရစေမှာလား။ (အငြိုးအတေးထားစေမလား)

အိမ်ရှေ့စံ အငြိုးအတေး ထားခဲ့ရင်တောင်။ ရှင်ချင်းစွေ့က ဂရုစိုက်မှာလား။ သူက စစ်နတ်ကျောင်းတော် ရဲ့ ဆက်ခံသူ။ အိမ်ရှေ့စံ က။ ကျော်ငးတော် ဆယ့်သုံးခုရဲ့ ခေါင်းဆောင်ကို ဒီ အတွက်ကြောင့် တိုက်ခိုက်မှာလား။ သူ လုပ်မယ်ဆိုရင်တော့။ အိမ်ရှေ့စံ ရာထူးကနေ ပြုတ်မှာ မလွဲမသွေပဲ။ နန်ကုန်းဟောင်က ဒီကိစ္စတွေ အားလုံးကို ခန့်မှန်းထားပြီးပြီ။ သတင်းပို့သူ ကို ဖမ်းပြီးတဲ့ အချိန် ရှင်ချင်းစွေ့ဘာလုပ်မလဲ ဆိုတာကိုပါ သူ တွေးထားတယ်။

…

တောင်ပိုင်းဒေသမှာ ရှင်ချင်းစွေ့ ပေါ်လာမယ်လို့ ဖန်ကျန်း၇ှီ မခန့်မှန်းထားခဲ့ဘူး။ သူတွေးထားခဲ့တာက ၇ှင်းယွမ်ကောင်း ပေါ်လာမယ်လို့။ ဒါပေမယ့် ရှင်ချင်းစွေ့ ကြီး ရောက်ချလာတယ်။ မမျှော်လင့်ထားမိတာပဲ။ ပြောနိုင်တာက။ ဒီလိုပေါ်လာတဲ့ နောက်ကွယ် အကြောင်းရင်းကတော့ အတူတူပဲ။ သူနားလည်ထားတဲ့ အတိုင်းပဲ။ အေးခဲမျောက်မင်း ဒေသ ရဲ့ ဝင်ပေါက်။

ရှင်ချင်းစွေ့က သတင်းပို့သူကို ဖမ်းပြီးနောက်။ နန်ကုန်းဟောင်ကို တစ်ချက်ကြည့်တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ ဆီကို လျှောက်လာတယ်။ ဖန်ကျန်းရှီကတော့ ချက်ခြင်း စကားမပြော ဘူး။ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အစီအစဉ်တွေကို သူ အသေးစိတ် မသိဘူးလေ။ ဒါပေါ့။ သိလည်း မသိချင်ပါဘူး။ ဒီလို ကိစ္စတွေမှာ ဝင် မပါချင်ဘူး။ သူကရန်ရွှယ်ကို လာရှာရုံ သက်သက်ပဲ။

ငွေဂျိုဝံပုလွေ ငါးရာကို ခေါ်လာတာက မိုးကြိုး အလင်းတန်း ဒေသကို သိမ်းဖို့။ နောက်ပြီးတော့ မိုးကြိုးခြင်္သေ့ဒေသမှာ ချန်းဖေးယွီ နဲ့ ဝူဖုန်းကို အမိဖမ်းတယ်။ သူ့ အင်အားကို တည်ဆောက်တယ်။ ရန်ရွှယ့် အကြောင်းကို သူကောင်းကောင်းသိတယ်။ အကယ်၍ သူသာ တိုက်ခိုက်ရေး စာမေးပွဲမှာ ပုံမှန် အတိုင်းပဲ ပါဝင်မယ်ဆိုရင်။ ရန်ရွှယ်က သူနဲ့ လာပူးပေါင်းမှာ မဟုတ်ဘူး။ ရန်ရွှယ်က သူ့ကို ပြိုင်ဘက် အဖြစ် ဆက်ဆံမှာ။ ဒါပေမယ့် အကယ်၍ ဖန်ကျန်းရှီသာ နန်ကုန်းဟောင်ကို တိုက်ခိုက်မယ်ဆိုရင်တော့။ ကိစ္စတွေက ကွာခြားသွားလိမ့်မယ်။ ရန်ရွှယ်က လုံးဝကို သူနဲ့ လာတွေ့မှာပဲ။ ဖန်ကျန်းရှီက ဒီ အခြေအနေထိ ရောက်အောင် ချောချောမွေ့မွေ့ အစီအစဉ် ချလာခဲ့တာ။ နန်ကုန်းဟောင်ကို အေးခဲ မျောက်မင်း ဒေသမှာ အနိုင်တိုက်ဖို့ ကတော့။ နောက်ထပ် အစီအစဉ် သစ်တစ်ခုရှိတယ်။ တကယ်တော့ နန်ကုန်းမုကို သူပေးခဲ့တဲ့ ကတိကြောင့်ပဲ။

သူ့ရဲ့ စစ်သည်လေးသောင်းက ဂိတ်တံခါးမှာ ရောက်နေပြီ။ တိုက်ခိုက်ချင်ယောင် ဆောင်မှ ဖြစ်မယ်။ ပိုပြီးတော့ အရေးကြီးတာက ။ အကယ်၍ ဖန်ကျန်းရှီသာ ရန်ရွှယ့်ကို မြင်တာနဲ့ ချက်ခြင်း နောက်ပြန်ဆုတ်သွားရင် ။ ရန်ရွှယ် ဘယ်လို တွေးလိမ့်မလဲ။ နန်ကုန်းဟောင်ကို အနိုင်တိုက်ဖို့ က ဖန်ကျန်း၇ှီ လုပ်ကို လုပ်ရမယ့် ကိစ္စ တစ်ခုပဲ။ ဒါပေမယ့် ကိစ္စတွေက ကြားထဲမှာ ဒီလောက်ထိ ရှုပ်သွားမယ်လို့ မထင်ခဲ့ဘူး။ ဒါတွေ အကုန်လုံး ဖြစ်သွားပြီးနောက်။ အစကို ပြန်ရောက်သွားသလိုပဲ။ ဒါပေမယ့် အခု တကယ့် အရေးကြီး ကိစ္စက ဒါလား။

ရှင်ချင်းစွေ့ က ဒီ လမ်းတစ်လျှောက်လုံး သိုသိုသိပ်သိပ် လိုက်လာတာ။ သူ့ ကိုယ်သူ ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်တာက။ တခြားကိစ္စတွေထက် ။ အမိန့်အတုကို တားဆီးချင်လို့ပဲ။

“ဖန်ကျန်းရှီ။ အကယ်၍ မင်းကို ပြန်ပြီး ဆုတ်ခွာခိုင်းရင်။ မင်းလုပ်မှာလား။” ဖန်ကျန်းရှီနဲ့ ငါးလှမ်း အကွာမှာ ရှင်ချင်းစွေ့ရပ်တယ်။

“ ဆုတ်ခွာရမယ်တဲ့လား။”

“ရှင်ချင်းစွေ့က ဖန်ကျန်း၇ှီကို ဆုတ်ခွာဖို့ ပြောနေတယ်။”

“ဘာတွေ ဖြစ်ကုန်တာလဲ။ စစ်နတ်ကျော်ငးတော်က ညီလာခံ စာမေးပွဲနဲ့ မပတ်သက်ရဘူးမလား။ ”

ရှင်ချင်းစွေ့က ဘာလို့ ဒီလို မေးခွန်းမျိုးကို မေးတာလဲ ။ကျောင်းတော်သား တွေ နားမလည်နိုင်ဘူး။ သူတို့ အားလုံးက တောင်ပိုင်းဒေသ မှာ စစ်နတ်ကျောင်းတော် ပေါ်လာတဲ့ အကြောင်းရင်းကို တွေးတော နေတယ်။ ဒါပေမယ့် ဖန်ကျန်းရှီၤ ဆုတ်ခွာဖို့ အကြောင်းရင်း ကို မေးတာတော့ သူတို့ နားမလည်ဘူး။

“ မခွာဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။ ရိုးရိုးသားသာ ဖြေတယ်။ ရှင်ချင်းစွေ့က ဒီလိုမေးတာ အကြောင်းရင်း ရှိရမယ်။ ဒါပေမယ့် သူ က နောက်ပြန် မလှည့်ချင်ဘူးလေ။

“ အင်း… ဒိလို ဖြစ်မယ် ထင်ပြီးသားပဲ။ အကယ် ၍ ဧကရာဇ် အမိန့်ပြား ကို သုံးပြီးတော့ ။ မင်း ဆုတ်ခွာနိုင်မလားလို့ မေးရင်ကော။” ရှင်ချင်းစွေ့ ခေါင်းငြိမ့်တယ်။ ဖန်ကျန်းရှီရဲ့ အဖြေကို သူ မအံ့သြဘူး။

“ ဧကရာဇ် ရဲ့ အမိန့်ပြားလား။”

“ စစ်နတ်ကျောင်းတော်က ညီလာခံ စာမေးပွဲမှာ ပါဝင် ပတ်သက်ခွင့် ရှိလို့လား။ ”

“ ဘာတွေ ဖြစ်ကုန်တာလဲ။”

ရှင်ချင်းစွေ့ရဲ့ စကားကြောင့် ကျော်ငးတော်သား တွေ မျက်လုံးပြူးကုန်တယ်။ ရှင်ချင်းစွေ့ က ဧကရာဇ် ရဲ့ အမိန့်ပြားကို သုံးပြီး တိုက်ခိုက်ရေး စာမေးပွဲမှာ ပါဝင် ပတ်သတ်နေတာ။ ဧကရာဇ်က သူ့ကို စွဲချက် တင်မှာ မကြောက်ဘူးလား။ ဒါမှမဟုတ်။ အခု ဖြစ်နေတာတွေ က ဧကရာဇ် ရဲ့ အမိန့်လား။ ဒါဆိုရင်။ ဧကရာဇ်က ဘာကြောင့်များ ဒီလို အကြံဉာဏ်ရှိရတာလဲ။

ဖန်ကျန်းရှီက ရှင်ချင်းစွေ့ရဲ့ မေးခွန်းကို ချက်ခြင်း ပြန်မဖြေဘူး။ တိုက်ခိုက်ရေး စာမေးပွဲက အယောင်ပြကြီးလေ။ ကြီးမြတ်သော ရှ မင်းဆက်က တော င်ပိုင်းဒေသကို တပ်ဖွဲ့တွေ စေလွှတ်ဖို့ အယောင်ပြ ပွဲလုပ်တာကြီး။ ဒါပေမယ့် သူတို့ ဒီ အစီအစဉ်ကို ဘယ်လို အဆုံးသတ်ဖို့ ပြင်ဆင်ထားမှန်း မသိဘူး။ ဒါပေမယ့် ရှင်ချင်းစွေ့က သူ့ကို နောက်ဆုတ်ဖို့ မေးလာတော့ ။ ချက်ခြင်း နားလည်လာတယ်။ ကြီးမြတ်သော ရှ မင်းဆက် က စစ်သည် တစ်သိန်းကို တောင်ပိုင်းဒေသ ဆီ ပို့ထားတယ်။ စစ်သည် ခြောက်သောင်းက ကျောင်းတော်သား တွေ ရဲ့ လက်ထဲမှာ။ လေးသောင်းကတော့ အိမ်ရှေ့စံ ဆီမှာ။ သူတို့ အစီအစဉ်ကို စလိုက် တာ နဲ့။ စစ်သည်တစ်သိန်းက သက်ဆိုင်ရာ နေရာ အသီးသီးမှာ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ အကောင်းဆုံး နည်းလမ်းက တော့။ တစ်ချက်တည်းနဲ့ အပြတ်ရိုက်ချဖို့ပဲ။ တောင်ပိုင်းဒေသ ရဲ့ နှလုံးသား အချက်အခြာကို တိုက်ခိုက်မယ်။

နှလုံးသား အချက်အခြာ နေရာက ဘယ်မှာလဲ။ သုခမိန်တောင်တန်း မြို့တော်။

အေးခဲမျောက်မင်း ဒေသက သုခမိန်တောင်တန်း မြို့တော်နဲ့ အနီးဆုံးပဲ။ နန်ကုန်းဟောင်က ဒီနေရာမှာ စာမေးပွဲ အစတည်းက နေရာချထားတာ။ ပတ်ဝန်းကျင် အနေအထားကို ကင်းထောက်နေခဲ့တယ်။ ဒါက တစ်ခုတည်းကို ပဲ ဆိုလိုတယ်။ အေးခဲမျောက်မင်း ဒေသက ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ရှေ့တန်း စစ်မျက်နှာပဲ။ အကယ်၍ ဖန်ကျန်း၇ှီ သာ မှန်ကန်ရင်။ သူတို့ က တိုက်ခိုက်ရေး စာမေးပွဲကို ပုံမှန် အတိုင်းပဲ ဆက်လုပ်နေချင်တာ။ ဝူဖုန်း သို့ မဟုတ် ချန်းဖေးယွီ တစ်ယောက်ယောက် ကို အမိန့်ပေးလိုက်မယ်။ ဒါဆိုရင် စစ်သည် ခြောက်သောင်းက အေးခဲ မျောက်မင်း ဒေသကို ဆင်းလာမယ်။အင်း ….. စစ်တပ်ကြီးကို နန်ကုန်းဟောင်ဆီ လာပေးမယ်။ အဲ့ဒံီအချိန်မှာ နန်ကုန်းဟောင်က ဝူဖုန်း။ ဒါမှမဟုတ် ချန်းဖေးယွီကို  အနိုင်တိုက်လိုက်မယ်။ စစ်သည် ခြောက်သောင်းက သူ့ အပိုင် ဖြစ်ပြီး။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ ရုတ်တ၇က် ပေါ်ထွက်လာမှုက ကိစ္စတွေကို ရှုပ်ထွေးစေတယ်။

ဝူဖုန်းနဲ့ ချန်းဖေးယွီကို သူက အနိုင်ယူလိုက်တယ်။ အဲ့ဒီ့နောက် နန်ကုန်းဟောင်ဆီကို သူ့ စစ်တပ်ကြီးနဲ့ ဆင်းချလာတယ်။ အရာအားလုံးကတော့ အစီအစဉ် အတိုင်းပဲ ဖြစ်နေတာ။ ဒါပေမယ့် အခုချိန်မှာ။ ဖန်ကျန်းရှီ နဲ့ စစ်သည် လေးသောင်းပဲ ပါလာတယ်။ စစ်သည် ခြောက်သောင်းကတော့ အဝေးမှာ။ ဒါ့အပြင် ကျောင်းတော်သား တစ်ချို့လည်း ဒီမှာ ရှိနေသေးတယ်။ သူတို့ရဲ့ အစီအစဉ်ကို အကောင်အထည် ဖော်ဖို့ အချိန် မကျသေးဘူး။

ဖန်ကျန်း၇ှီ နောက်ဆုံးတော့ နားလည်သွားပြီ။ ဘာလို့ အိမ်ရှေ့စံက သူ့ ကို ယာယီ ထုတ်ပယ်ချင်တာလဲလို့။ ရှင်ချင်းစွေ့က အေးခဲမျောက်မင်း ဒေသကို မတိုက်ခိုက်ဖို့ လာ တားမြစ်တာကိုလည်း နားလည်ပြီ။

“ ငါ နားလည်ပြီ။” ဖန်ကျန်းရှီ က ရှင်ချင်းစွေ့ လက်ထဲက တံဆိပ်ပြားကို ကြည့်တယ်။ ရှင်ချင်းစွေ့ ဘာလို့ တောင်းဆို နေတေလဲ သူ နားလည်ပြီ။

“ မင်း နောက်ပြန်ဆုတ်ဖို့ သဘောတူနိုင်မလား။” ရှင်ချင်းစွေ့ထပ်မေးတယ်။

“ အင်း။ ငါ ဆုတ်ခွာဖို့ သဘောတူပါတယ်။ ဒါပေမယ့် …” ဖန်ကျန်းရှီ ခေါင်းငြိမ့်၇င်း နန်ကုန်းဟောင်ကို ကြည့်တယ်။

“ဒါပေမယ့် ဘာဖြစ်လဲ။”

“ ငါ့ စစ်တပ်ကတော့ နောက်ဆုတ် နိုင်ပေမယ့် ။ ငါကတော့ နောက်ပြန်မလှည့်ဘူး။”

“ မင်း ကတော့ ပြန်မလှည့်ဘူး။ ဖန်ကျန်းရှီ။ မင်း… မင်း တွေးနေတာ။” ရှင်ချင်းစွေ့ရဲ့ အမူအယာ ပြောင်းလဲသွားတယ်။ သူ မျက်လုံးပြူးသွားတာကြောင့်။ တည်ငြိမ်အေးဆေးနေတဲ့ အမူအယာလည်း တစ်ခဏ ပျောက်ကွယ်သွားတယ်။

“ ငါက ဒီကို ရောက်နေပြီပဲ။ ဘာလို့ မတိုက်ခိုက်ရမှာလဲ။” ဖန်ကျန်း၇ှီ ပြုံးလိုက်တယ်။ တစ်ခုခုက သိသာထင်ရှားနေသလိုပဲ။

ရှင်ချင်းစွေ့က သူ့ကို အေးခဲမျောက်မင်း ဒေသ ကို မတိုက်ခိုက်စေချင်ဘူး။ အစီအစဥၤကို အောင်မြင်အောင် လုပ်ချင်တာ။ ဒါပေမယ့် ။ အမှန်တရားကတော့။ ဖန်ကျန်း၇ှီရဲ့ ရည်ရွယ်ချက်က အေးခဲမျောက်မင်းဒေသကို တိုက်ခိုက်ဖို့ ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး။ သူ့ရည်ရွယ်ချက် က နန်ကုန်းဟောင်ပဲ။ ဒီလိုဖြစ်ရင်။ ဘာကြောင့်များ နန်ကုန်းဟောင်ကို တိုက်ရိုက် စိန်ခေါ်တာမျိုး မလုပ်ရတာလဲ။ ဖန်ကျန်းရှီ ဒီကိစ္စကြီးကို တိုက်ရိုက်ပဲ စဉ်းစား ရမယ်။ ဒါပေမယ့် ကျောင်းတော်သားတွေကတော့ သူတို့ ကြားလိုက်ရတာကို မယုံကြည်နိုင်။

ဘာကြောင့်လဲ ဆိုတော့…..။ နန်ကုန်းဟောင်ရဲ့ အင်အားကို သူတို့ မျက်မြင် တွေ့ဖူးကြတယ်။ သူက ချန်းဖေးယွီကို တစ်ချီတည်းနဲ့ အနိုင်တိုက်လိုက်တယ်။

ဖန်ကျန်း၇ှီကိုကော ဘယ်လိုလဲ။

ချန်းဖေးယွီက ဖန်ကျန်းရှီရဲ့ ဓားသိန်းသန်းင်္ချီပညာရပ်ကို တားမြစ်လိုက်တာ သူတို့ မှတ်မိနေကြဆဲ။ နောက်ပြီးတော့ ဖန်ကျန်းရှီက သူတို့ကို အံ့သြအောင်လုပ်ခဲ့သေးတယ်။ ဖန်ကျန်းရှီရဲ့ မြားတွေက နတ်ဆိုးကို ပြစ်တာ။ ချန်းဖေးယွီကို မဟုတ်ဘူး။ ဖန်ကျန်းရှီရဲ့ ပြစ်ချက်က ပွဲသိမ်း တိုက်ကွက် မဟုတ်ဘူး။ ပြောရမယ် ဆိုရင်။ ဖန်ကျန်းရှီက ချန်းဖေးယွီကို တစ်ချီၤတည်းနဲ့ အနိုင် မတိုက်ခိုက်ဘူး။ အံ့သြစရာ အရာ တစ်ခု ရှိနေတာကလွဲပြီး ။

ဒါပေမယ့် နန်ကုန်းဟောင်ကတော့ တရားမျှတတဲ့ တိုက်ပွဲ မှာ အနိုင်ရခဲ့တယ်။ သူတို့ နှစ်ဦးကြားက ကွာခြားချက်က ရှင်းလင်းနေပြီပဲ။ အကယ်၍ ဖန်ကျန်းရှီသာ သူ့ ရဲ့ စစ်သည် လေးသောင်းကို သုံးနိုင်ရင်။ သူ့ မှာ အခွင့်အရေး တစ်ခု ရှိကောင်းရှီမယ်။ ဒါပေမယ့် သူက စစ်တပ်ကို မသုံးဘူး။ တစ်ယောက်တည်းနဲ့ နန်ကုန်းဟောင်ကို စိန်ခေါ်လိုက်တာပဲ။

ကျောင်းတော်သားတွေ မယုံကြည်နိုင်ဘူး။ မယုံကြည်တဲ့ အပြင်။ စိတ်ပျက်မှုတွေ လှောင်ရယ်မှုတွေလည်း ရောနှော်နေခဲ့တယ်။

“ဒီကောင်က ရူးနေတာလား။”

“ ဘာလို့များ နန်ကုန်းဟောင်ကို တစ်ယောက်တည်း တိုက်ခိုက်ဖို့ တွေးနေတာလဲ ။ မင်းမှာ စစ်သည်လေးသောင်းတောင် ရှိနေတာပဲ။”

“ သူ မသုံးချင်လို့ မဟုတ်ဘူး။ သူ မသုံးနိုင်လို့”

“ ကောင်းပြီလေ။ သူ မသုံးနိုင်ရင်လည်း။ ရှင်ချင်းစွေ့က သူ့ကို တားမှာပါ။ ဒါပေမယ့် တားနိုင် မတားနိုင်တော့ မသေချာဘူး။ ဖန်ကျန်းရှီက သူ့ တပ်ဖွဲ့ကို ဆုတ်ခွာ ခိုင်းလိုက်ရင် ဘာဖြစ်လာမလဲ။ သူ့ရဲ့ နယ်မြေတွေန ဲ့စစ်တပ် အင်အား အရ။ ပထမနေရာကို ရမှာပဲ။ နန်ကုန်းဟောင်က သူ့ကို တိုက်ခိုက်ဖို့ ဖိအားပေးလိုက်ရင်။ နှစ်ယောက်တွဲ တိုက်ပွဲထက်တော့ ပိုကောင်းမှာပဲ မလား။”

“ အမှန်ပဲ။”

ကျောင်းတော်သားတွေ တစ်ယောက် တစ်ပေါက်ဆွေးနွေးနေကြတယ်။ သူတို့တွေက ဖန်ကျန်းရှီကို ရူးသွားပြီလို့ တွေးနေကြတာ။ ဒါပေမယ့် ဖန်ကျန်းရှီက သူတို့ ထက် ဉာဏ် ပိုကောင်းနေတယ်။ ဖန်ကျန်းရှီက တခြားဒေသတွေမှာလည်း တပ်ပုန်းတွေ ရှိတာကို သိထားတယ်။ မိုးကြိုးခြင်္သေ့ဒေသကို ပြန်ဆုတ်ခွာရမှာလား။

ငတုံးပဲ ဒီလို လုပ်မှာ။

ဖန်ကျန်းရှီ ရဲ့ အတွေးက ရိုးရှင်းပါတယ်။ သူက ဒီကိုရောက်နေပြီပဲ။ ကြိုးစားကြည့်ရမှာပေါ့။ အကယ်၍ သူသာ နိုင်ရင်။ နိုင်တာပေါ့။ ရှုံးတော့လည်း လွတ်မြောက်ပြီ။ ဒီလို ပျင်းရိငြီးငွေ့စရာ ကောင်းတဲ့နေရာမှာ ဘာလို့ အချိန်ဖြုန်းနေရအုန်းမှာလဲ။

အပိုင်း(၃၇၅) ပြီး၏။

အပိုင်း (၃၇၆)

“ နန်ကုန်းဟောင် နဲ့ ဖန်ကျန်းရှီ ကြားက တရားမျှတတဲ့ တိုက်ပွဲ”

ကျောင်းတော်သား တွေ တွေးနေတယ် ။ ဖန်ကျန်း၇ှီတော့ ကိုယ်သေတွင်းကိုယ်တူးနေပြီ။ ဒါပေမယ့် ဖန်ကျန်းရှီက ဒီလိုပဲ ဆက်လုပ်နေတာ။ ရှင်ချင်းစွေ့ကတော့ တိတ်ဆိတ်နေတယ်။ ဖန်ကျန်း၇ှီ နဲ့ နန်ကုန်းဟောင် အဆင့် မတူဘူးလို့ သူလည်း တွေးနေတာ။ အနည်းဆုံးတော့ သူတို့ ပုံစံက အဆင့်တူ တဲ့ ပုံမ၇ှိဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ အပြု အမူ ကြောင့် သူ မလန့်သွားခဲ့ဘူး။ ဒါကဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီကို သူသိလို့ပဲ။ ရှင်း မိသားစု ရဲ့ ( တိုက်ခိုက်ခြင်းသည် အကောင်းဆုံး ခုခံမှု ဖြစ်သည်) ဒီ ဆောင်ပုဒ်ကို ဖန်ကျန်း၇ှီ နားလည်တယ်လေ။ ဘယ်တော့မှ နောက်မဆုတ်ဘူး။ နောက်ပြီးတော့ ဖန်ကျန်း၇ှီက အံ့ဖွယ်ရာတွေကို ဆက်တိုက် ဖန်တီး နေတတ်တယ်။

သုခမိန်ေ လာကထဲမှာ။ ဘယ်သူကမှ ဖန်ကျန်း၇ှီ အနိုင်ရမယ်လို့ မထင်ထားဘူး။ နတ်ဆိုး ယဉ်ရှန်က သဘာဝလွန် အဆင့်။ ဖန်ကျန်းရှီက သူ့ကို အနိုင်ရမယ်လို့ ဘယ်သူ ထင်ခဲ့လဲ။ ရှင်ချင်းစွေ့ ခဏ တိတ်ဆိတ်နေတယ်။ ပြီးတော့ ခေါင်းငြိမ့်တယ်။

သူ ဖန်ကျန်း၇ှီကို မရပ်တန့်ခဲ့ဘူး။ နောက်ဆုံးတော့လည်း ဒီ တိုက်ပွဲ ဖြစ်ပျက်နေတာကို မကာကွယ်နိုင်ဘူးလေ။ ရန်ရွှယ်က ဖန်ကျန်းရှီကို ကြည့်တယ်။

“ အကယ်၍ မင်း တိုက်ခိုက်ချင်တယ်ဆိုရင်။ ငါ့ကို အရင်တိုက်ခိုက်ခွင့်ပေး။” ရန်ရွှယ်က သူ့ ရဲ့ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကို ဖွင့်ပြီးခတ်နေတယ်။

“ မဟုတ်ဘူး။ ဒီ တစ်ခေါက် ငါအရင်သွားမယ်။” ဖန်ကျန်းရှီ ခေါင်းခါတယ်။

“ အရင်တစ်ခေါက် တုန်းက ငါ မင်းကို ရှုံးခဲ့တယ်လေ။ ဒါကြောင့် …. ငါ အရင်သွားသင့်တယ် ” ရန်ရွှယ် ခေါင်းခါတယ်။ သူ့ ပုံစံက စိတ်ဆုံးဖြတ်ထားပုံပဲ။

ဒါပေမယ့် ဖန်ကျန်းရှီကတော့။ ဒီလို မဖြစ်စေချင်ပါဘူး။

အရှုံးလား။

ရန်ရွှယ်ကတော့ တောင့်တင်းနေတယ်။ အကယ်၍ တခြား တစ်ယောက် ပြောတာ သာ ဆိုရင်။ ရန်ရွှယ် စိတ်ဆိုးမိမှာပဲ။ ဒါပေမယ့် ဖန်ကျန်းရှီ ပြောတာကြောင့် သူ စိတ်မဆိုးခဲ့ဘူး။ ပြောရရင်။ အရင်တစ်ခေါက် တိုက်ပွဲမှာ ရှုံးမယ်ဆိုတဲ့ ဖြစ်နိုင်ချေကို သူ မတွေး ခဲ့မိဘူး။ ဒါပေမယ့် ဒီ တစ်ကြိမ်မှာတော့ သူတွေးခဲ့တယ်။ နောက်ဆုံးတော့လည်း သူ့ ပြိုင်ဘက်က နန်ကုန်းဟောင် ဖြစ်နေတယ်လေ။ ကြီးမြတ်သော ရှ မင်းဆက်ကြီးရဲ့ ထိပ်တန်းကျောင်းတော်သား။ နုးိထနဂါး အဆင့် နှစ်။ နောက်ပြီးတော့ ချန်းဖေးယွီကို သူ တစ်ချီတည်း နဲ့ အနိုင်ယူ လိုက်တာ။

“အကယ်၍ ငါရှုံးသွားရင် …. အတွေးအခေါ်စာမေးပွဲ ရလဒ် နဲ့ ပေါင်းပြီး။ တတိယနေရာကို ငါရလိမ့်မယ်။” ရန်ရွှယ်က တစ်ခဏ တိတ်ဆိတ်နေပြီးတော့ ပြောတယ်။

“ လုံလောက်ပြီလား။” ဖန်ကျန်းရှီ နောက်တစ်ကြိမ်မေးတယ်။

ရန်ရွှယ့်ရဲ့ မျက်လုံးတွေက တောက်ပနေတယ်။ ဖန်ကျန်းရှီ ဘာကိုဆိုလို ချင်လည်း သူမတွေးတတ်ဘူး။ ဒါပေမယ့် သူ တစ်ခုခုတော့ နားလည်သွားတယ်။ တတိယနေရာ။ လုံလောက်ပြီလား။”

ရန်ရွှယ် မြို့တော်ကို မထွက်ခွာခင်။ သူ့ အဖိုးက သူ့ကို တစ်ခွန်းတည်း ပြောခဲ့တယ်။ “ တတိယရအောင် လုပ်ပြီး အိမ်ပြန်လာခဲ့”

တတိယနေရာ။ အမြင့်ဆုံး အဆင့်တော့ မဟုတ်ဘူး။ ဒါပေမယ့် အတော့်ကို လေးစားစရာ ကောင်းတဲ့ နေရာပဲ။ ညီလာခံစာမေးပွဲမှာ နန်ကုန်းဟောင် ဝင် ဖြေတာကို တွေ့ပြီးနောက်။ ဖန်ကျန်းရှီကို တစ်ခေါက် ရှုံးနိမ့်ပြီးနောက် ။ အတွေးအခေါ် စာမေးပွဲမှာလည်း နန်ကုန်းဟောင် နဲ့ ဖန်ကျန်းရှီက ပူးတွဲ ပထမ ရခဲ့တယ်။

ရန်ရွှယ့်ကို ဘယ်သူကများ ဒီလို မေးခွန်း မေးဝံ့မှာလဲ။ တတိယ နေရာက လုံလောက်ပြီလား လို့။

ရန်ရွှယ်က သူ့ ကိုယ်သူ သိပ်ပြီး ဖော်ပြတတ်တဲ့ လူမျိုး မဟုတ်ဘူး။ ဒါပေမယ့် အကယ်၍ တစ်စုံ တစ်ယောက်ကသာ သူ့ကို မေးလာခဲ့ရင်။ သူဖြေမှာက ( မလုံလောက်ဘူး)

“ဒါကြောင့် နန်ကုန်းဟောင်ကို ငါ အရင်ဆုံး တိုက်ခိုက်သင့်တာပဲ။ အဲ့ဒီ့နောက်။ ငါတို့ မျှတတဲ့ တိုက်ပွဲလေး တစ်ခု ပြန်တိုက်ခိုက်ကြတာပေါ့။ အဲ့ဒီ့နောက်။ ဖြစ်ပျက်တာတွေ အကုန်လုံးကို မေ့ထားလိုက်တော့။ မင်းက နန်ကုန်းဟောင်ထက်တော့ အဆင့်မြင့်မှာ အမှန်ပဲ။” ဖန်ကျန်းရှီက ရန်ရွှယ် ပြန်ဖြေတာကို မစောင့်တော့ဘူး။ ဖြေစရာ အဖြေ မရှိတော့ဘူး။

“ နန်ကုန်းဟောင် ထက် အဆင့် မြင့်မယ်။”

ကျောင်းတော်သားတွေ အားလုံးက ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ကို ကြည့်နေတယ်။ သူတို့ ဘာမှ မပြောနိုင်တော့ဘူး။ တစ်ချိန်တည်းမှာပဲ မယုံမကြည်နိုင် ဖြစ်နေတယ်။ ဖန်ကျန်းရှီက ရူးနေပြီ။ ဒီကောင် ခေါင်းက ဝက်အူတွေ ချောင်ကုန်တာလား။

ဖန်ကျန်း၇ှီ ပြောတာ မှန်တယ်။ အကယ်၍ ဖန်ကျန်းရှီသာ နန်ကုန်းဟောင်ကို အနိုင်တိုက်ပြီ်းတော့ ထုတ်ပယ်နိုင်လိုက်ရင်။ ရန်ရွှယ်က နန်ကုန်းဟောင် ထက် အဆင့်မြင့် မြင့်ရသွားမှာပဲ။ အတွေးအခေါ် စာမေးပွဲ ရလဒ်ကလွဲပြီးတော့ပေါ့။

ဒါပေမယ့် ။ သူပြောတာက ဖြစ်ကော ဖြစ်နိုင်လို့လား။ ဖန်ကျန်းရှီက နန်ကုန်းဟောင်ကို အနိုင်တိုက်နိုင်မှာလား။ ဖန်ကျန်း၇ှီ နဲ့ ရန်ရွှယ် နှစ်ယောက် ပေါင်းလိုက်ရင်တောင် ။ အနိုင်ရနိုင်ချေက သုညပဲ။

နေစမ်းပါအုန်း။

ဖန်ကျန်းရှီ က ရန်ရွှယ် နဲ့ ဘာလို့ အဖွဲ့ မဖွဲ့တာလဲ။

ကျောင်းတော်သားတွေ တွေးတောနေတယ်။ နောက်ထပ် ကျောင်းတော်သားတွေ ရှိသေးရင်လည်း သူတို့ ဒါကို တွေးမိမှာပဲ။ ဒါပေမယ့် ဒါက ဖန်ကျန်းရှီလေ။ ဖန်ကျန်းရှီက အရှက်မရှိတဲ့ နေရာမှာ ကျော်ကြားတယ်။

နှစ်ယောက် တစ်ယောက်။

တော်ဝင်စာမေးပွဲ အစ မှာ။ စုတုန်းလင်ကို သူ အရင်ဆုံး ထုတ်ပယ် ခဲ့တယ်။ လေးယောက် တစ်ယောက် တိုက်ခိုက်ပြီးပေါ့။

တခြား ကျော်ငးတော်သားတွေ ရဲ့ အတွေးကို ဖန်ကျန်း၇ှီ ခန့်မှန်းနိုင်ပါတယ်။ ရန်ရွှယ် နှုတ်ခမ်းတွေ လှုပ်လာတယ်။ အကယ်၍ သူတို့ နှစ်ယောက် ပေါင်းပြီးတော့ သာ နန်ကုန်းဟောင်ကို တိုက်ခိုက်ရင်။ သူတို့ နှစ်ယောက်လုံး အဆင့် မြင့်သွားမှာ အမှန်ပဲ။

နန်ကုန်းဟောင်ကို တိုက်ခိုက်ဖို့ ပူးပေါင်းရမှာလား။ ဒီအကြံဉာဏ်ကို ရန်ရွှယ် သဘော မကျဘူး။ ဒါပေမယ့် ကန့်ကွက်လိုစိတ်လည်း မရှိခဲ့ဘူး။

“ငါက နန်ကုန်းဟောင် နဲ့ တရားမျှတတဲ့ တိုက်ပွဲလေး တစ်ခုလောက် ပြိုင်ချင်နေတာ။” ရန်ရွှယ် နှုတ်ခမ်း လှုပ်နေတာ တွေ့တော့ ဖန်ကျန်း၇ှီ ဖြတ်ပြောတယ်။

“ တရားမျှတ တဲ့ တိုက်ပွဲလား။”

ကျော်ငးတော်သားတွေ သူတို့ ကြားလိုက်ရတာကြောင့် မျက်လုံး ပြူးသွားတယ်။ သူတို့ နားကြားမလွဲပါဘူး။ ဖန်ကျန်းရှီ ရဲ့ ပါးစပ်က ထွက်လာတာကြောင့် ထူးဆန်းနေတာ။ ဖန်ကျန်းရှီက နောက်ထပ် မရှင်းပြတော့ဘူး။ နန်ကုန်းဟောင် ဆီကို သူ ဆက်လျှောက်သွားတယ်။ နန်ကုန်းဟောင်က မြင်းမစီးလာဘူး။ ဒါကြောင့် သူလည်း လမ်းလျှောက်ပြီးပဲ လာတာ။ ဒါက မျှတမှုပဲ။

အကြောင်းရင်း ကတော့ ရိုးရှင်းတယ်။ ဖန်ကျန်းရှီက နန်ကုန်းမုကို ကတိပေးထားတာ။ နန်ကုန်းဟောင်ကို အနိုင် တိုက်မယ်။ တရားမျှမျှတတ လုပ်ဖို့ လိုတယ်။ နန်ကုန်းဟောင် ရဲ့ အမူအယာက တည်ငြိမ်နေဆဲ။

အေးခဲမျောက်မင်းဒေသ ဂိတ်တံခါးကနေ ထွက်လာတဲ့ အချိန်။ ချန်းဖေးယွီ နဲ့ တိုက်ခိုက်တဲ့ အချိန်။ သတင်းပို့သူကို ဖမ်းလိုက်တဲ့ အချိန်။ အကုန်လုံး ပြီးဆုံးသွားပြီ။ နန်ကုန်းဟောင်ကတော့ အမူအယာ မပြောင်းလဲဘူး။ ယဉ်ကျေးပျူငှာတဲ့ အမူအယာ။ တောက်ပနေတဲ့ မျက်လုံးတွေ။ ဒါပေမယ့် ဖန်ကျန်းရှီက တရားမျှတတဲ့ တိုက်ပွဲ လုပ်မယ် ပြောလိုက်တော့။ သူ့ အမူအယာ နည်းနည်း ပြောင်းသွားတယ်။ သူလန့်သွားတယ်။ ဒါ့အပြင် အထင်သေးဟန်လည်း ပေါ်လာတယ်။

င်္ချီကူယန်နဲ့ နန်ကုန်းဟောင်က အတော်လေး တူတယ်။ သူတို့ နှစ်ယောက်လုံးက အရမ်း ထက်မြက်တယ်။ ဒါပေမယ့် ဘယ်တုန်းကမှ မမောက်မာဘူး။ ဒါပေမယ့် သူတို့ကိုယ် သူတို့ ယုံကြည်ချက် အပြည့်ရှိတယ်။ ပုံမှန် လူတွေ ထက် အများကြီး အများကြီး ပိုပြီးတော့ ယုံကြည်ချက် ပြည့်ဝတယ်။ ဒါပေမယ့် မမျှော်လင့်ထားတဲ့ အရာ တစ်ခုခု ဖြစ်လာရင်။ သူတို့ ရဲ့ အေးဆေး တည်ငြိမ်မှုက အနည်းငယ်တော့ ပျက်စီးမှာပဲ။

ဖန်ကျန်းရှီ ရဲ့ လှုပ်ရှားမှုကို နန်ကုန်းဟောင် မခန့်မှန်း ထားတာ အသေအချာပဲ။ နန်ကုန်းဟောင် ထင်ထားခဲ့တာ။ ဖန်ကျန်းရှီက ရန်ရွှယ် နဲ့ ပူးပေါင်းမယ်လို့။ အနည်းဆုံးတော့ ရန်ရွှယ်ကို အရင်တိုက်ခိုက်ဖို့ လွှတ်လိမ့်မယ်။ ဒါပေမယ့် ဖန်ကျန်းရှီက အရင်ထွက်လာရုံတင် မကဘူး။ တရားမျှတတဲ့ တိုက်ပွဲ ကိုလည်း လုပ်ချင်နေသေးတယ်။

“ တရားမျှတတဲ့ တ ိုက်ပွဲလား။” နန်ကုန်းဟောင် သူ့ ဘာသူ ပြောနေတယ်။ သူ့ မျက်လုံးတွေက ပိုပိုပြီးတော့ တောက်ပလာတယ်။ သူ့ မျက်လုံးထဲမှာ နေမင်း တစ်စင်း ထွန်းလင်း နေသလိုမျိုး။ တစ်ချိန်တည်းမှာပဲ နန်ကုန်းဟောင် ရှေ့ကို လျှောက်လာတယ်။ ဖန်ကျန်းရှီ ဆီကို လာတယ်။ သူက မမြန်ဆန်ဘူး။ ဒါပေမယ့် တည်ငြိမ်တယ်။

တခြားတစ်ဖက်က ။ ဖန်ကျန်းရှှီကလည်း အေးအေးဆေးဆေးလာနေတယ်။ လေချွန်ရင်းနဲ့ လမ်းလျှောက်နေတာ။ အဲ့ဒီ့နောက် သူတို့ နှစ်ယောက် ရပ်တန့်လိုက်တယ်။ သူတို့ နှစ်ယောက်ကြားက အကွာအဝေး ခြေဆယ်လှမ်းတိတိ အကွာမှာ။

“ဖန်ကျန်းရှီ။ ဒီ ညီလာခံ စာမေးပွဲကို ငါလာခဲ့တာ မင်းကို အနိုင်ယူဖို့ပဲ။ ဒါပေမယ့် ငါ တိုက်ပွဲ မဖြစ်ချင်ဘူး။ အခုတော့ ငါ စိတ်ကူးပြောင်းလိုက်ပြီ။ ” နန်ကုန်းဟောင် သူ့ လက်ထဲက ဓားကို ဖြည်းဖြည်းချင်း ထုတ်တယ်။ သူ့ အမူအယာ တွေက ချန်းဖေးယွီကို ရင်ဆိုင်တုန်းကနဲ့ တခြား ဆီပဲ။

“ အိုကေ။ ကောင်းပြီလေ။ ဒီတော့ ဘာဖြစ်လဲ။ မင်း စိတ်ကူးပြောင်းသွားရင်တောင် ။ အကျယ်ကြီး ထုတ်ပြောဖို့ လိုလို့လား။” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက် နဲ့ လှမ်းအော်တယ်။ (ဘာကြောင့်လဲ ) ဆိုတဲ့ မေးခွန်းကို ဘယ်တော့မှ သူ မေးမှာ မဟုတ်ဘူး။

“ တကယ်တော့ မလိုဘူး။” နန်ကုန်းဟောင်က ဖန်ကျန်း၇ှီရဲ့ တုံ့ပြန်မှုကြောင့် စိတ်မဆိုးခဲ့ဘူး။ တည်တည်ငြိမ်ငြိမ်ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် နန်ကုန်းဟောင် သူ့ ဓားကို ဆွဲလိုက်တယ်။ ဓားလက်ကိုင်က သူ့ ညာလက်ထဲမှာ။ ဘယ်လက် ကတော့ ကျောက်သားလို ကြည်လင်နေတဲ့ ဓားအသွားကို ကိုင်ထားတယ်။ လူအားလုံး ကောင်းကောင်းမြင်နိုင်အောင် ပြထားတယ်။

“ တရားမျှတတဲ့ တိုက်ပွဲ ဖြစ်မှတော့ ။ ငါ့ကိုယ်ငါ အရင် မိတ်ဆက်ပါရစေ။ ငါက နန်ကုန်းမိသားစုရဲ့ သားကြီး။ လွန်ခဲ့တဲ့ လကပဲ သဘာဝလွန် အဆင့်ကို တိုးတက်သွားတယ်။ အခုချိန်မှာ သဘာဝလွန် အထွဋ်အထိပ် အဆင့်ကို ငါရောက်နေလောက်ပြီ။ ငါ့ဓား နာမည်က (တည်ငြိမ်) ဒီ လို နာမည်ကို ရတာက။ သူ့ ရဲ့ စွမ်းရည် ဖြစ်တဲ့ ဘာမဆို လုပ်နိုင်စွမ်း ကြောင့်ပဲ။ ငါ့ရဲ့ တာအို နားလည်မှုက သဘာဝတရား နဲ့ လူတွေရဲ့ နှလုံးသား အတိုင်း ဆောင်ရွက်မှု။ ငါ့ရဲ့ ကျင့်ကြံနည်း ကလည်း အတူတူပဲ။ ငါ့ရဲ့ သဘာဝနဲ့ တာအို နှလုံးသားက ငြိမ်းအေးမှုကို မနှောက်ယှက်တာ။” နန်ကုန်းဟောင်က ဖန်ကျန်းရှီကို ဖြည်းဖြည်းချင်း ဦးညွှတ်တယ်။

ဒီလို မိတ်ဆက်မှုကို ကြားပြီးတဲ့နောက် ။ ဖန်ကျန်းရှီ ရဲ့ အမူအယာ တောင့်တင်းသွားတယ်။ တစ်ခုခုလွဲနေသလိုပဲ။ (တည်ငြိမ်) တဲ့လား။ မလုပ်နိုင်တာ ဘာမှ မရှိလို့ ဒီ နာမည် ရတယ်တဲ့။ ဒါက ဘာကို ဆိုလိုမှန်း သူူသိတယ်။ ဒါပေါ့။ နန်ကုန်းဟောင် အဓိက ပြောသွားတာ ဒါမှ မဟုတ်ပဲ။ သဘာဝလွန် အထွဋ်အထိပ် အဆင့်ကို ရောက်သွားတာတဲ့ အကြောင်း တမင် ပြောသွားတာ။

နေစမ်းပါအုန်း။ သဘာဝလွန် အဆင့်။ နောက်ပြိးတော့ သဘာဝလွန် အထွဋ်အထိပ် အဆင့်။ ဘာတွေ ဖြစ်ကုန်တာလဲ။ သူက ကောင်းကင်ရောင်ပြန် အထွဋ်အထိပ် အဆင့် မဟုတ်ဘူးလား။ ဒါတွေအကုန်လုံး က လိမ်ထားတာလား။ လူတွေက ဘာကြောင့် ဒီလို လိမ်ရက်တာလဲ။ ဖန်ကျန်းရှီ ကြားကြားချင်း မျက်လုံးပြူးသွားတယ်။

ကျောင်းတော်သားတွေကတော့ ထုံးစံ အတိုင်းပဲ။ ပြောရရင်။ ဖန်ကျန်းရှီ ထက်တောင် ပို လန့်သေးတယ်။

“နန်ကုန်းဟောင်က အဆင့်တက်သွားပြီတဲ့လား။”

“ သဘာဝလွန် အထွဋ်အထိပ် အဆင့်ကို တစ်လ တ ည်းနဲ့ ရောက်သွားတယ်တဲ့”

“ ဘာ … ဘာတွေ ဖြစ်ကုန်ပြီလဲ။ နန်ကုန်းမိသားစုရဲ့ တစ်ယောက်ယောက် ဆီကနေ ဘာလို့ ဘာမှ မကြားရတာလဲ။ ဘယ်လိုများ တစ်လ အတွင်း ဒီလောက်ထိ လုပ်နိုင်ရတာလဲ။ ”

ကျောင်းတော်သားတွေ တစ်ယောက်တစ်ပေါက် ပြောကုန်တယ်။ နန်ကုန်းဟောင်က ချန်းဖေးယွီကို တစ်င်္ချီတည်းနဲ့ အနိုင်တိုက် နိုင်တာ သူတို့ နားလည်သွားပြီ။ ချန်းဖေးယွီလည်း မျက်လုံးပြူးနေတယ်။ သူ ရှုံးသွားပေမယ့် ။ဘာလို့ ရှုံးရမှန်း မသိခဲ့ဘူးလေ။

သူ ရှုံးပြီ ဆိုတာကို လက်မခံနိုင်ခဲ့ဘူး။ ဘာလို့ သူက ရှုံးရမှာလဲ။ သဘာဝလွန် အဆင့် ကျင့်ကြံသူ တစ်ယောက် အနေနဲ့။ နန်ကုန်းဟောင်ကို ရှုံးရတယ်လို့။ နန်ကုန်းဟောင်ကို ကောင်းကင်ရောင်ပြန် အဆင့်လို့ ထင်ထားခဲတာ။ ဒါပေမယ့် အခုတော့။ သူ နားလည်သွားပြီ။

သဘာလွန် အဆင့် ……။

သူက သဘာဝလွန် ကနဦး အဆင့်ပဲ ရှိသေးတယ်။ ဒါပေမယ့် သဘာဝလွန် အထွဋ်အထိပ်အဆင့်မှာ ရှိနေတဲ့ နန်ကုန်းဟောင်ကို စိန်ခေါ်လိုက်မိတာ။ ချန်းဖေးယွီ တွင်းလေး တစ်တွင်း တူးပြီးတော့ပဲ ဝင်ပုန်းေ်နလိုက်ချင်တယ်။ ဝူဖုန်း ရဲ့ အမူအယာကတော့ နည်းနည်း တည်ငြိမ်လာတယ်။ ဒီတစ်လျှောက်လုံးမှာ။ နန်ကုန်းဟောင်က အပြစ်ပြုသင့်တဲ့ လူ မဟုတ်မှန်း သူသိတယ်လေ။ ဒါပေမယ့် အခုတော့ နန်ကုန်းဟောင်က မော့်ကြည့်လို့တောင် မရတဲ့ သူမှန်း နားလည်သွားပြီ။ လွန်ခဲ့တဲ့ တစ်လ တုန်းကပဲ ကျင့်ကြံဆင့် တက်သွားတယ်။ အခုတော့ အထွဋ်အထိပ် အဆင့်ကို ရောက်နေပြီတဲ့လား။ ဒီကောင် လူ ကော ဟုတ်ရဲ့လား။ နေစမ်းပါအုန်း။ အကယ်၍ နန်ကုန်းဟောင်သာ ဒီလို သဘာဝလွန် အထွဋ်အထိပ် အဆင့်ကို ရောက်သွားရင်။ နိုးထ နဂါး အဆင့်မှာ ပထမ ဖြစ်တော့မှာ မလား။ ဒီ မေးခွန်းက ဝူဖုန်း အတွေးထဲ ပေါ်လာတယ်။ ဒါကအတော်လေး အရေးကြီးတယ်လေ။

ရန်ရွှယ်က ဖန်ကျန်းရှီကို အမြဲ ယုံကြည်ခဲ့တယ်။ မျှတတဲ့ တိုက်ပွဲ ကို တိုက်ခိုက်မယ် ပြောတုန်းက သူ ယုံကြည်တယ်။ နန်ကုန်းဟောင် နဲ့ ဆယ်လှမ်းအကွာကို ရောက်တဲ့ အချိန်ထိ သူ ယုံကြည်နေေသေးတယ်။ ဒါပေမယ့် အခုတော့။ သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။ နန်ကုန်းဟောင်က ကျင့်ကြံဆင့်တက်သွားပြီ။ ဒါက ကြီးမြတ်သော ရှ မင်းဆက်ကို လှုပ်ရှားစေနိုင်တဲ့ သတင်းပဲ။ ဒါပေမယ့် နန်ကုန်းဟောင်က ဒီ လျှို့ဝှက်ချက်ကြီးကို ထိန်းသိမ်းထားတယ်။ အခုလို အချိန်မှာမှ သူ ဖော်ထုတ်ခဲ့တယ်။ ဒီလို လုပ်ရပ်က ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်။ နန်ကုန်းဟောင်က ဖန်ကျန်းရှီကို သူနဲ့ ထိုက်တန်တဲ့ ပြိုင်ဘက် လို့ သဘော ထားပြီး လေးစားလို့ပဲ။ ဒီသတင်းကတော့ တောမီးလို မျိုး ပျံ့သွားတော့မှာပဲ။ တရားမျှတမှု ။ ဒါပေါ့။ နန်ကုန်းဟောင်လည်း နောက်ဆုတ်မှာ မဟုတ်ဘူး။ သူက သဘာဝလွန် အထွဋ် အထိပ် အဆင့် ရောက်နေပြီ။ အကယ်၍ သူသာ မသက်ညှာ ပေးရင်။ သူနဲ့ တိုက်ခိုက်သူ ရဲ့ ဘ၀ အခြေအနေ ဘယ်လောက်တောင် ဆိုးဝါး သွားမလဲ တွေးကြည့်လို့ ရတယ်။

“ ဒီ တိုက်ပွဲကို ငါရပ်မှ ဖြစ်မယ်။” ရန်ရွှယ် တွေးတယ်။ ဖန်ကျန်းရှီ ဘယ်လို တိုက်ခိုက်ဖို့ စီစဉ်ထားလဲ သူမသိဘူး။ ဒါပေမယ့် သူသိတာက ဒီ တိုက်ပွဲ မဖြစ်အောင် တားရမယ်။ မင်း ထက် ကျင့်ကြံဆင့် တစ်ဆင့် မြင့်တဲ့ သူ နဲ့ တိုက်ခိုက်ဖို့က ဖြစ်နိုင်လို့လား။ သမိုင်း တစ်လျှောက်လုံးမှာ။ ကောင်းကင်ရောင်ပြန် အထွဋ် အထိပ် အဆင့်က သဘာဝလွန် အထွဋ် အထိပ်အဆင့်ကို အောင်မြင်ခဲ့တာ မရှိဖူးဘူး။ ချီကူယန်တောင် မလုပ်နိုင်ခဲ့ဘူး။ ရန်ရွှယ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ဖန်ကျန်းရှီဆီကို တန်းတန်းမတ်မတ် လျှောက်လာတယ်။ သူ့ ရဲ့ သွေးတွေ ဆူပွက် လောင်မြိုက်နေပြီ။

ဒါပေမယ့် ဒီ အချိန်လေးမှာပဲ။ တစ်စုံတစ်ယောက်က သူ့ကို လက်ဝေ့ယမ်း ပြနေတယ်။

“ ငါပြောခဲ့ပြီးသား။ ဒါက တရားမျှတတဲ့ တိုက်ပွဲလေ။ တရားမျှတမှ ဖြစ်မယ်။” ဖန်ကျန်းရှီ ရဲ့ အသံက လေထုထဲမှာ ပဲ့တင် ထပ်လာတယ်။ သူ စိတ်ဆုံးဖြတ်ထားတာ အသိသာကြီးပဲ။ ဒီလို စိတ်ဓာတ်ခွန်အား ပြည့်ဝနေတာမျိုး ဖန်ကျန်း၇ှီ ဆီမှာ တစ်ခါမှ မမြင်ဖူးဘူး။

အပိုင်း (၃၇၆) ပြီး၏။

အပိုင်း ( ၃၇၇)

“ ခင်မင်ရင်းနှီးမှုက အထိအခိုက် မခံဘူး”

ရန်ရွှယ့် ရဲ့ လက်တွေ ဖြည်းဖြည်းချင်း လှုပ်ရှားနေတယ်။ လမ်းလျှောက်လာပြီးတဲ့နောက်။ မြေကြီးပေါ်မှာ မလှုပ်မယှက် ရပ်နေခဲ့တယ်။ သူက ဖန်ကျန်း၇ှီကို တိတ်တဆိတ် ကြည့်နေတယ်။ ဖန်ကျန်းရှီ ဘာလိုချင်လဲ သူသိတယ်။ ဖန်ကျန်းရှီၤ စိတ်ဆုံးဖြတ်ပြီးမှ တော့ ။ တခြားဘာ ဆက်ပြောနေရအုန်းမှာလဲ။

ကျောင်းတော်သားတွေ အားလုံး တောင့်တင်းနေတယ်။ ဖန်ကျန်းရှီကို စိတ်ပျက် လှောင်ရယ်ချင် တဲ့ အကြည့်တွေနဲ့ ကြည့်တယ်။ ဒီ တစ်လျှောက်လုံးမှာ။ ဖန်ကျန်းရှီ အောင်မြင်လာခဲ့တာ ။ မျက်နှာပြောင် တိုက်ပြီး အရှက် မရှိတာကြောင့်ပဲ။ ဒါပေမယ့် အခုတော့။ ဒီ ပုံရိပ်ကနေ ရုန်းထွက်လိုက်ပြီ။ ဖန်ကျန်းရှီမှာ ဘာတွေ ရှိလဲ။ စွမ်းရည်လား။ ကောင်းကင်ရောင်ပြန် အထွဋ်အထိပ် အဆင့် ရဲ့ စွမ်းရည်တွေလား။ ဘယ်လို ဟာသ မျိုးလဲ။

နန်ကုန်းဟောင်က သဘာဝလွန် အထွဋ်အထိပ် အဆင့်ကို ရောက်နေပြီ။ တရားမျှတတဲ့ တိုက်ပွဲမှာ ဆိုရင်။ ဖန်ကျန်းရှီက ဝူဖုန်းကိုတောင် အနိုင်ရဖို့ ခက်ခဲမှာ။ နန်ကုန်းဟောင်ကိုတော့ လုံး၀ မနိုင်နိုင်ဘူး။

“ တရားမျှတတဲ့ တိုက်ပွဲ လို့ သူ ပြောလိုက်တယ်လား။ ဒါ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ မလား။”

“ ဖန်ကျန်းရှီ ဘယ် နှစ်င်္ချီ ခံမလဲ လောင်းကြရအောင်။”

“ ဘယ်နှစ်ချီ ခံမလဲ ဟုတ်လား ။ မင်း လာနောက်နေတာလား။ အကယ်၍ ဖန်ကျန်းရှီသာ တစ်ချီ ခံ နိုင်ရင်တောင်။ နှစ်ဝက်လောက် အိပ်ယာ ထဲ လဲနေရမှာပဲ။”

“ သခင်လေး ဝမ် ပြောတာ မှန်တယ်။ နောက်ဆုံးတော့လည်း ချန်းဖေးယွီ တောင် တစ်ချီ မခံဘူး။ ဟား ဟား ဟား ”

“ လာလာလာ။ ငါ ဒိုင်ကိုင်မယ်။ တစ်ချီ ခံမယ်လို့ ထင် တဲ့လူ တွေ ဒီဘက် ကို လာကြ။ နှစ်ချီ ကနေ ငါးချီၤထိ ခံမယ် ထင်ရင်။ ဒီ နေရာမှာ ထားလိုက်။ ” ကျောင်းတော်သား တစ်ယောက်က သူ့ ဝတ်ရုံကြီးကို ချွတ်လိုက်တယ်။ ဝတ်ရုံဖြူ ကြီးပေါ်မှာ ( အလောင်းအစား) ဆိုတဲ့ စာလုံး ကြီးကို ထင်းနေအောင် ရေးလိုက်တယ်။ ဒီလူက တကယ့်ကို လောင်းကစား သမား ဆိုတာ အသေအချာပဲ။

“ငါ တစ်ချီ လို့ လောင်းမယ်။”

“ ငါလည်း တစ်ချီ လို့ လောင်းမယ်။ ”

“ …”

“ မင်းတို့က သခင်လေး ဖန်ကို အရမ်း အထင် သေးတာပဲ။ သူက ခုနကပဲ ငါတို့ကို ကယ်ခဲ့တာ။ နှစ်ချီခံမယ်လို့ ငါ ပထမဆုံး လောင်းမယ်။” ကျောင်းတော်သားတွေ စိတ်လှုပ်ရှားနေတယ်။ ဝူဖုန်းက ချက်ခြင်း ရှေ့ထွက်လာပြီး ငွေသား တစ်ထောင် လောင်းတယ်။

“ သခင်လေး ဝူက သဘောထား ကြီး တာပဲ။”

“ ဒါက ဘာမှ မဟုတ်သေးဘူး။ သူ့ ရဲ့ မြားပြစ်ချက်တွေကို ကြည့်ပြီၤးတော့ တွေးလိုက်ရုံပဲ။” ဝူဖုန်းက လက်ခါ ပြတယ်။

ဖန်ကျန်းရှီက ဘာတွေ ဖြစ်နေလဲ ဆိုတာကို လျစ် လျူရှုထားတယ်။ ဒါပေမယ့် သူကနားကတော့ ကြားနေ၇ တုန်းပဲလေ။ သူ့နား နားမှာ ယင်ကောင်တွေ အုပ်စုလိုက် လာပြီးတော့ အော်နေသလိုပဲ။

“ မင်းတို့ အရူးကောင်တွေ ။ ဟာသလုပ်နေတာလား။ ငါက ဘာလို့ တစ်ချီပဲ ခံရမှာလဲ။” ဖန်ကျန်းရှီ နောက်ကို လှည့်တယ်။ လက်ခလယ် ထောင်ပြရင်း လှမ်းအော်တယ်။

ဒီ အချိန်မှာတော့ ရန်ရွှယ်က အေးစက်စက် လျှောက်လာတယ်။ လူအုပ်ကြီးကို ဖြတ်သန်းတယ်။ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင် ကို တစ်ဖျပ်ဖျပ် ခတ်နေတယ်။ ကျောင်းတော်သားတွေ ချက်ခြင်း တိတ်ဆိတ်သွားတယ်။ သူတို့ က ဖန်ကျန်းရှီ ကို မကြောက်ဘူး။ ဒါပေမယ့် ရန်ရွှယ် ရောက်လာတော့ သူတို့ အရိုးထဲကနေ စိမ့်ချမ်းလာတယ်။ ဒါက ရန်မိသားစု ရဲ့ နောက်ခံ နဲ့။ ရန်ရွှယ် ရဲ့ အဇူရာ တာအို ကြောင့်ပဲ။ မြေကြီး ပေါ်မှာ ချထားတဲ့ အဝတ်စကို ကြည့်တယ် ။ အဝတ်စပေါ်မှာ ငွေ တွေ ပုံနေပြီ။

“ ငါးချီ နဲ့ အထက် ကို ဘယ်မှာ လောင်းရမလဲ။”

“ ဘာ ဖြစ်တယ်။” ဒိုင်ကိုင်နေတဲ့ ကျောင်းတော်သား လန့်သွားတယ်။ မ

“ ငါမေးတာ။ ငါးချီ နဲ့ အထက်ကို ဘယ်မှာ ထားရမလဲ။ ” ရန်ရွှယ် ထပ်ပြောတယ်။

“ ဘာလဲ။ ငါးချီ နဲ့ အထက် ဟုတ်စ။ အမ်။ အလယ်မှာ ထားလိုက်။ (အလောင်းအစား ) ဆိုတဲ့ စာလုံးကြီး ရဲ့ အပေါ်မှာ ထားလိုက်။” ဒိုင်က ပြန်ဖြေတယ်။

“ ကောင်းပြီလေ။ ငွေသား ငါးသောင်း လောင်းမယ်။” ရန်ရွှယ်က ထပ်ပြောမနေတော့ဘူး။ ငွေသား တွေကို အဝတ်စ ပေါ်မှာ တင်လိုက်တယ်။

“ ငွေသား ငါးသောင်း တဲ့လား။”

ရန်ရွှယ့်ကြောင့် ကျောင်းတော်သားတွေ လန့်သွားတယ်။ သူတို့ ထင်တာ ရန်ရွှယ် က အပျော်ဝင်လောင်းတယ် လို့။ ဒါပေမယ့် လုံး၀ နိုင်နိုင်ချေ မရှိတဲ့ေ နရာကို လောင်းလိုက် တာပဲ။

ငွေသားတွေ။ သူ့ မှာ ဒီလောက်တောင် ပေါနေတာလား။ ကျောင်းတော်သားတွေ ပထမဆုံး တွေးမိတာ ဒါပဲ။ ဒါပေမယ့် သူတို့ ရဲ့ အတွေးကို မြန်မြန် ခေါင်းထဲက ထုတ်လိုက်တယ်။ ရန်မိသားစုက ကျိကျိတက် ချမ်းသာ နေတာပဲ။

…

လူ အများစု ထင်ကြတာ။ ရန်ရွှယ်က ဒီလို နည်းနဲ့ ဖန်ကျန်းရှီကို တွန်းအား ပေးလိုက်တယ်လို့။ ဒီလောင်းကြေးက ဘာမှ အဓိပ္မာယ် မရှိမှန်း သူတို့ သေချာလိုက်ပြီ။ ဒါပေမယ့် နောက်ထပ် ပြဿနာ တစ်ခု ရှိသေးတယ်။ ရန်ရွှယ်က ဖန်ကျန်းရှီ ငါးချီထက် ပိုခံမယ်လို့ပဲ လောင်းတာ။ အနိုင်ရမယ်လို့ လော င်းတာ မဟုတ်ဘူး။ ကျောင်းတော်သားတွေ ဒီ အချက်ကို မတွေးမိကြဘူး။ သူတို့ စိတ်ထဲမှာတော့ ။ ဖန်ကျန်းရှီက နန်ကုန်းဟောင်ကို အနိုင်ရမှာ မဟုတ်ဘူးလို့ပဲ တွေးနေတာ။ ဒီလို ဖြစ်တော့လည်း။ ရန်ရွှယ် ရဲ့ အလောင်းအစားက ထောက်ပြ သွားပြီးပြီလေ။

ဒါပေမယ့် ဖန်ကျန်းရှီ ကတော့ အမူအယာ ပြောင်းသွားတယ်။ ယုံကြည်မှုက ဘယ်မလဲ။ ခင်မင်ရင်းနှီးမှုကကော။ ငါးချီ နဲ့ အထက် ဟုတ်လား။ ဒါက ဘာသဘောလဲ။ ဖန်ကျန်း၇ှီ သူ့ ခံစားချက်ကို စကားလုံးတွေ နဲ့တောင် ဖော်ပြလို့ မရဘူး။ အကယ်၍ သူသာ စကားနဲ့ ပြောလို့ရမယ် ဆိုရင်။ ပြောနိုင်တာက။ ( ခင်မင်ရင်းနှီး မှု ဆိုတာ အထိခိုက် မခံ တဲ့ အရာပဲ။)

ဖန်ကျန်းရှှီ သူ့ လက်ကို ရင်ဘတ်ပေါ်မှာ တင်လိုက်တယ်။ သူ အတော်လေးကို ဝမ်းနည်းနေတာ။ ဒီ နှလုံးသားနေရာမှာ နှလုံးကာမှန် ရှိတယ်။ အထဲမှာတော့ ဓား တစ်ချောင်း။ ဒီ ဓားကို အန္တရာယ် မရှိမချင်း မထုတ်ဘူး။ ဒီ ဓားရဲ့ နာမည်က ခြေရာမဲ့။ အခုချိန်မှာ ဖန်ကျန်းရှီ သူ့ မှာ ရှိသမျှ အရာအားလုံးကို ထုတ်သုံးဖို့ လိုအပ်နေတယ်။ အကယ်၍သူ သာ ဒီ တိုက်ပွဲမှာ ဆက်ပြိးတော့ ရပ်တည် ချင်တယ် ဆိုရင်ပေါ့.။ သူ နာမည် ကို အော်လိုက်တယ်။ အဲ့ဒီ့နောက် တုန်ခါ သံ တစ်ခု ထွက်လာတယ်။ သိပ်မကြာခင်မှာ ဖန်ကျန်းရှီ့ လက်ထဲ ဓား တစ်ချောင်း ရောက်နေတော့တယ်။ ကြည့်ရတာတော့ ပုံမှန် ဓား တစ်ချောင်းလိုပဲ။ ဘာမှ ထူးထူး ခြားခြား မရှိဘူး။ ဓား လက်ကိုင်မှာလည်း ပန်းကနုတ်တွေ မရှိ။ အထူး ပြုလုပ်ထားတာတွေလည်း မရှိဘူး။ ဓားလက်ကိုင်က အနက်ရောင် တောက်ပနေတယ်။ ဓား အသွားကတော့ တလက်လက်။ ဒီဓားက အရမ်းကို ရှေးကျတယ်။ ဓားထိပ်မှာတော့ ခရမ်းရောင် အမှတ်ကလေး ရှိနေတယ်။ ထူးထူးဆန်းဆန်း ပုံစံ လေးနဲ့။

“ ငါက မြောက်ပိုင်းဒေသ ဖန်မိသားစုရဲ့ တဦးတည်းသော သားပဲ။ ငါ ကောင်းကင်ရောင်ပြန် အဆင့်ကို ဘယ်လို တက်သွားလဲ တောင် မသိလိုက်ဘူး။ ငါ ဘယ်လောက် အင်အားကြီးမှန်း လဲ မသိဘူး။ ငါ့ ဓား နာမည်က ( ခြေရာမဲ့) ဒီလို နာမည် ရတာ သူ့ ရဲ့ ပြီးပြည့်စုံမှု ကြောင့်ပဲ။ ငါ့ ရဲ့ တာအို နားလည်မှုက … အ …. ။ ဘယ်တာအို မဆို ငါ့ တာအိုပဲ။” ဖန်ကျန်းရှီ ဦးညွှတ်လိုက်တယ်။ သူ့လက်ထဲက ဓားကို တစ်ချက်ယမ်းတယ်။

“ တိတ်စမ်း။”

“ အရူးကောင်”

“ အရှက်မရှိလိုက်တာ။”

ကျောင်းတော်သားတွေ အားလုံးက ဖန်ကျန်းရှီကို ရယ်မောတယ်။ သူတို့ က သူ့ နာမည်ကို အော်နေကြတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ပြောလိုက်တဲ့ စကားကို နန်ကုန်းဟောင် မလှောင်ရယ်ဘူး။ အဲ့ဒီ့အစား သူ နောက်တစ်ခေါက် ပြန်ပြောတယ်။ ဒါပေါ့။ စာသား နည်းနည်းတော့ ပြောင်းသွားတယ်။

“ တာအို တိုင်းက ငါ့ရဲ့ တာအို ဟုတ်လား။ အင်း။ မင်း နဲ့တော့ ကိုက်ပါတယ် ။ ဒါပေမယ့် မင်းရဲ့ စိတ်အာရုံ နယ်မြေထဲမှာ တာအိုတွေ အားလုံးကို စုစည်းဖို့ကတော့ ခက်ခဲတယ် ။ ငါ သိသလောက် အရ။ တာအို ၁၀၀ ထက် ပိုပြီး စုစည်းနိုင်တဲ့သူက လူ ဆယ်ယောက်ထက် မပိုဘူး။ သူတို့ကတော့ သူတို့ ရဲ့ ကျင့်ကြံ ဆင့်မှာ အတော်ဆုံးတွေပေါ့။ ဒါပေမယ့် တစ်ယောက်မှ သုခမိန် ဖြစ်မလာကြဘူး။ သခင်လေး ဖန်က ဒီလို မှောင်မိုက်နေတဲ့ အဆုံးသတ်ကို လုပ် ချင်တာ သေချာလို့လား။” နန်ကုန်းဟောင် တလေး တစားနဲ့ မေးတယ်။

ဖန်ကျန်းရှီ မျက်လုံး ပြူးသွားတယ်။ ဒီ အချိန် တစ်လျှောက်လုံးမှာ။ သူ့ စိတ်အာရုံ နယ်မြေထဲ တာအိုတွေ ရာချီ ရှိနေလို့ သူက အရမ်း ဂုဏ်ယူနေခဲ့တာ။ သူက တာအိုတွေ အများကြီးကို သိလို့လဲ ။ အရင်စာမေးပွဲတွေမှာ အမြဲ ထိပ်တန်း ဖြစ်နေတာ။ ဒါပေမယ့် အခုတော့ နန်ကုန်းဟောင်က မှောင်မိုက်တဲ့ အဆုံးသတ်လို့ ပြောနေပြီ။ ဖန်ကျန်းရှီ ရဲ့ နှလုံးသားလေး တုန်လှုပ်သွားတယ်။ ကြယ်တာရာ စုဆောင်းမှု အဆင့် နဲ့ ကောင်းကင်ရောင်ပြန် အဆင့် ကြားက ရက်တွေကို သူ ပြန်တွေးမိတယ်။ တော်ဝင်စာမေးပွဲမှာ။ ကန်လင်းတောင် တိုက်ပွဲမှာ။ နောက်ပြီးတော့ အခု ညီလာခံ စာမေးပွဲမှာ။ ပြောရ၇င်။ ဒီလောက် တာအိုတွေ အများကြီး သိနေမှတော့ သူ့ရဲ့ အင်အားကလည်း ကြီးသင့်တယ်လေ။ တိုးတက်မှုမှာလည်း အထွဋ် အထိပ်ကို ရောက်သင့်တာပေါ့။ ဒါပေမယ့် အခုချိန် ထိ တိုးတက်ဖို့ကို နီးစပ်မှုလေးတောင် မမြင် ရသေးဘူး။

နန်ကုန်းဟောင်က နန်ကုန်းမိသားစုရဲ့ အမွေခံ။ သူ့ရဲ့ ကျင့်ကြံ ခြင်း အပေါ် အမြင်က သာမာန် လူတွေနဲ့ မတူဘူး။ သူ့ရဲ့ ကျင့်ကြံ နည်းကလည်း အတော်လေးကို ရှာဖွေရခက်ခဲတယ်။ ဒါကြောင့်။ နေစမ်း ပါအုန်း။ ဖန်ကျန်းရှီ ဒါကိုတွေးမိတော့။ ချီၤကူယန်နဲ့ မြောက်ရွာမှာ အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို သတိရသွားတယ်။ ရန်ရွှယ် အပြင့်။ ချီၤကူယန် က သူ့ ရဲ့ စိတ်အာရုံနယ်မြေ ထဲမှာ တာအိုတွေ ရာချီပြီး ရှိတာကို သိတဲ့ တစ်ဦးတည်းသော သူပဲ။

အဲ့ဒီ့အချိန်တုန်းက ချီကူယန် မေးခဲ့တယ်။

“ နင် ငါ့ကို အနိုင်တိုက်ချင်သလား။”

ဖန်ကျန်းရှီ အသေအချာ မပြောနိုင်ဘူး။ ဘာလို့ ချီကူယန် က ဒီလို မေးခွန်းမျိုးကို မေးတာလဲ။ ဒါပေမယ့် သူမ ဘာပြောချင်နေလဲ ဆိုတာ တော့ သိတယ်။ တာအိုက ကြီးထွားနိုင်တယ်။ ဒါတွေကို ကြီးလာအောင် စိုက်ပျိုးလို့ရတယ်။ အခုချိန်မှာ ပြောရမယ့် ကိစ္စက ဒါပဲ။ ဖန်ကျန်းရှီ ဒီ တာအိုတွေကို ကြီးအောင် လုပ်နေတာ လ နဲ့ ချီပြီ။ တာအို တွေကို တစ်ခုချင်းစီ ပိုပို နားလည် လာအောင် သူလုပ်နေတာ။ ဒါပေမယ့် နန်ကုန်းဟောင်က သူ့ နည်းလမ်းကို ထောက်ပြ လိုက်ပြန်ပြီ။ နန်ကုန်းဟောင် တမင် တကာ ပြောသလား တော့ ဖန်ကျန်းရှီ မတွေး တတ် ဘူး။ ဒါပေမယ့် သူ သိတာ တစ်ခုရှိတယ်။

( ပြိုင်ဘက်ပြောတဲ့ စကားကို ယုံကြည်ပြီး မိမိကိုယ် ကို သံသယ ဝင်နေလျှင်။ မစခင် တည်းက ရှုံးသူ ဖြစ်မည်)

ဖန်ကျန်းရှီ ရဲ့ နဖူးပေါ်မှာ ချွေးတွေ စီးကျလာတယ်။ နန်ကုန်းဟောင် နဲ့ အတွေးအခေါ် စာမေးပွဲမှာ သူ တစ်ခါ ပြိုင်ဖူးတယ်။ ရလဒ်ကတော့ သရေပဲ။ ဒါပေမယ့် ဒီ အချိန်မှာတော့။ နန်ကုန်းဟောင် ရဲ့ စကား တစ်ခွန်းလေး နဲ့။ သူ့ မှာ အကျိုးမရှိ ဖြစ်ရပြီ။ နန်ကုန်းဟောင်က သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်။ ဖန်ကျန်းရှီ ကလည်း သူ့မှာ အားနည်းချက် ရှိမှန်း သိပါတယ်။ သူက ကျောင်းမှာ သင်ကြားတာမျိုး မလုပ်ခဲ့ရဘူး။ ဒါကြောင့် သူ့ရဲ့ ကျင့်ကြံ နည်းတွေကလည်း ကိုယ်ပိုင်ကျင့်ကြံ နည်းတွေပဲ။ ဒီ အားနည်းချက်ကို လူတိုင်း သိကြတယ်။

နန်ကုန်းဟောင်ကတော့ ဘယ်လို တိုက်ခိုက်ရမလဲ ပါသိတယ်။ ဖန်ကျန်းရှီ သူ့ကိုယ်သူ တစ်ပန်းသာအောင် ပြန်လုပ်ရမှာ ကို နားလည်တယ်။ တာအို နဲ့ သူ့ ရဲ့ အားနည်းချက်ကို ရှောင်ကွင်းပြီး စကားစဖို့ ပြင်တယ်။ ဒါကြောင့် မတူညီတဲ့ နည်းလမ်းကို သူ ရွေးချယ်လိုက်တယ်။

“ ငါကြားတာတော့ နန်ကုန်းမိသားစုက သတင်းစုံတယ် ဆိုပဲ။ မင်းလည်း အစွမ်း ထုတ်ပြကြည့်ပါလား။” ဖန်ကျန်းရှှီ ပြုံးပြရင်း ပြောတယ်။

နန်ကုန်းမိသားစု ဗဟုသုတကြွယ်တာ သူသိသားပဲ။ သုခမိန်လောကထဲမှာ မြင်ဖူးပြီးသား။

နန်ကုန်းမုက ယဉ်ရှန်ကို မြင်တော့။ တိုက်ခိုက်ပုံကို ကြည့်ပြီး ဘယ်သူမှန်း ချက်ခြင်း သိတယ်။ ဒီတစ်ချက်တည်းနဲ့ တင်။ နန်ကုန်းမိသားစုရဲ့ သတင်းပလင်း ကြွယ်ဝမှုက သိသာနေပြီ။

“ မင်း ဘာကို ဆိုလိုတာလဲ။” နန်ကုန်းဟောင်က ပြန်ပြုံးပြတယ်။ အေးဆေးတည်ငြိမ်တဲ့ အပြုံးမှာ ဒေါသ အရိပ်အယောင် မရှိဘူး။

“ မင်းပြောတာ တာအို ၁၀၀ ထက် ပိုပြီး စုဆောင်နိုင်တဲ့ ကျင့်ကြံသူ ဆယ်ယောက် ထက် ပို မရှိဘူးလို့ ပြောတယ်မလား။ မင်း သက်သေ ပြနိုင်လား။” ဖန်ကျန်းရှီ မေးတယ်။

“ ြပ်နိုင်တယ်။”

နန်ကုန်းဟောင် တစ်ချက်လေးတောင် မတွေဝေဘူး။ “ ကြီးမြတ်သော ရှ မင်းဆက် တည်ထောင်ပြီး ဆယ့် သုံးနှစ် အကြာ ။ ယွမ်ယဲ့မြစ်မှာ။ အသက် ၄၃ နှစ် ရှိတဲ့ လူ တစ်ဦး က တာအို ၁၀၃ ခုကို စုဆောင်နိုင်ခဲ့တယ်။ သဘာဝလွန် အဆင့် ကျင့်ကြံသူ တွေထဲမှာ အတော်ဆုံး အဖြစ် ကျော်ကြားတယ်။ သူ အသက် ၈၇နှစ်မှာ သေဆုံးခဲ့တယ်။ ဒါပေမယ့် ပြန်လည် မွေးဖွားမှု အဆင့်ကို မတိုးတက်ခဲ့ဘူး။ ကြီးမြတ်သော ရှ မင်းဆက် တည်ထောင်ပြီး ၅၇ နှစ် အကြာ ….ဧ နန်ကုန်းဟောင်က နာမည်တွေ နဲ့ အောင်မြင်မှုတွေကို ဆက်တိုက် ရွတ်ပြခဲ့တယ်။ သူတို့ ထဲမှာ အင်အား အကြီးဆုံးကတော့ ပြန်လည် မွေးဖွားမှု အဆင့်ပဲ။ အနိမ့်ဆုံးသူက ကောင်းကင်ရောင်ပြန် အဆင့်။ဒါပေမယ့် တစ်ယောက် ကမှ သုခမိန် အဆင့်ကို မရောက်ခဲ့ဘူး။

“ ကြီးမြတ်သော ရှ မင်းဆက် တည်ထောင်ပြီး ၂၅ နှစ် အကြာမှာ။ ….. ဒီ လူက ဆယ်ယောက်မြောက်ပဲ။ အသက် ၉၃ နှစ်နဲ့ ပြန်လည် မွေးဖွားမှု အဆင့်မှာ သေဆုံးခဲ့တယ်။ အဆင့် မတက်နိုင်ခဲ့ဘူး။ ”

နန်ကုန်းဟောင်က ဆယ်ယောက်မြောက်ကို ပြောပြီးနောက် ရပ်နားတယ်။ အဲ့ဒီံနောက် ဖန်ကျန်းရှီကို ကြည့်တယ်။ “သခင်လေး ဖန်က ကျွန်တော်ပြောတာကို သဘောတူရဲ့လား။ ”

သမိုင်းဝင် လူ ဆယ်ဦးရဲ့ မွေးတဲ့ နှစ် သေတဲ့ နှစ်။ သူတို့ ရဲ့ ကျင့်ကြံဆင့်တွေကို တစ်ခု မကျန် ရွတ်ပြသွားတယ်။ နာမည်တွေကိုတောင် သူ တစ်ချက် မမေ့ဘူး။ ဒါက သူ့ရဲ့ ဉာဏ် ပညာကို သက်သေပြတာပဲ။ နန်ကုန်းဟောင်က ဖန်ကျန်းရှီကို လှမ်းကြည့်နေတယ်။ တခြားသော ကျောင်းတော်သားတွေကတော့ သူ့ ရဲ့ အသိပညာကို လန့်နေကြတယ်။ သမိုင်းဝင် အချက် အလက်တွေကို သူ တစ်ခု မကျန် လေ့လာ ထားတာပဲ။

ဒါပေမယ့် ဒီလူတွေကို ဘယ်သူက မှတ်မိလို့လဲ။ ကျောင်းတော်သားတွေလည်း ဒီ လူတွေ အကြောင်း တာအို ခန်းမမှာ သင်ဖူးတာပဲ။ ဒါပေမယ့် တစ်ယောက်မှ မမှတ်မိဘူး။ ဖန်ကျန်းရှီလို လူမျိုးကကော မှတ်မိမှာလား။ ပြောရရင်။ သူက ဖတ်တောင် ဖတ်ဖူးလို့လား။ နန်ကုန်းဟောင် ပြောတာ မှန်သလား မှားသလားတောင် သူသိလို့လား။

“ မင်း ပြောတာ အကုန်မှန်တယ်။ … ဒါပေမယ့် … မင်း လူတစ်ယောက် ကျန်ခဲ့တယ်။ ” ဖန်ကျန်းရှီက တခြား သူတွေကို ဂရု မစိုက်ဘူး။ နန်ကုန်းဟောင် စကားဆုံးတဲ့ အထိ စိတ်ရှည် လက်ရှည် စောင့်နေတယ်။

အပိုင်း ( ၃၇၇) ပြီး၏။

အပိုင်း (၃၇၈)

“ တာအိုတွေ နဲ့ ပြည့်နေတဲ့ သစ်ပင်ကြီး”

“ လူ တစ်ယောက် လျှော့နေတယ် တဲ့လား။”

ကျောင်းတော်သားတွေ အားလုံး ဖန်ကျန်းရှီ ကြောင့် မျက်လုံးပြူးသွားတယ်။ သူတို့ သိတဲ့ အတိုင်းဆိုရင်။ ဖန်ကျန်းရှှီက ကျောင်းမတက် ဖူးဘူးလေ။ သူက ကျောင်းတောင် မတက် ဖူးတာ။ သမိုင်းကိုကော သိမှာလား။

“ နန်ကုန်းမိသားစု ရဲ့ သတင်းအချက်အလက် က ဘယ်တုန်းကများ မှားဖူးလို့လဲ။ ”

“ ဖန်ကျန်းရှှီ ပြောတာ။ နန်ကုန်းဟောင်က လူ တစ်ယောက် ကျန်ခဲ့တယ် ဆိုပဲ။ ဘယ်လို ဖြစ်နိုင်မှာလဲ။”

“ အတိအကျပဲ။ ဘယ်သူတွေလဲ ဆို တာ ငါမမှတ်မိပေမယ့်။ ဆယ်ယောက်ရှိမှန်း တော့ ငါလည်း သိတယ်လေ။ သမိုင်းထဲမှာ တာအို ၁၀၀ ထက် ပိုပြီး စုဆောင်းနိုင်တဲ့သူ ဆယ်ယောက်လုံးကို နန်ကုန်းဟောင် ပြောသွားပြီးပြီလေ။ ဘယ်မှာ တစ်ယောက် ကျန်လို့လဲ။”

“ ငါထင်တာတော့ ဒီ တောသားကောင် ။ အရှက်မရှိတဲ့ ဗျူဟာကို သုံးနေပြန်ပြီ။ ”

ကျောင်းတော်သား တွေ စိတ်ပျက်လက်ပျက် ခေါင်းခါယမ်းနေတယ်။ နောက်ဆုံးတော့လည်း။ သမိုင်း ပုံပြင်တွေကို ပါးစပ် ပြော နဲ့ အစားထိုး ဖို့က ခက်ခဲတယ်။ ဖန်ကျန်းရှီ လုပ်စရာ လိုတာက ။ တရားဝင် မှတ်တမ်း တင်မထားတဲ့ ဇာတ်ကြောင်း တစ်ခုခုကို ပြောလိုက်ဖို့ပဲ။ အဲ့ဒီ့နောက်။ သူတို့ထဲက ဘယ်သူကမှ မှားတယ် မှန်တယ် မပြောနိုင် တော့ဘူးလေ။ နောက်ဆုံးတော့လည်း ဒဏ္ဍာရီတွေ ဆိုတာ သက်သေမှ မပြနိုင်ပဲ။ ဒါတွေက စိတ်ကူးယဉ်တာလား။ အမှန်တကယ်လား။ ဘယ်သူသိမှာလဲ။ ဒါပေမယ့် ကျောင်းတော်သား တစ်ယောက် က ဒီ အဖြစ်ကို ဘယ်လိုများ သိမှာလဲ။ ကျောင်းတော်သားတွေ အားလုံးက ဒီ နည်းဗျူဟာကို စဉ်းစားထားကြတယ်။ ဒါကြောင့် နန်ကုန်းဟောင်လည်း တွေးမိမှာပဲ။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ မေးခွန်းကြောင့် သူ စိတ်မဆိုးဘူး။

“သခင်လေးဖန်ပြောတာ။ ကျွန်တော် တစ်ယောက် ကျန်ခဲ့တယ်နော်။ ဘယ်သူလဲ ဆိုတာ သက်သေ ပြနိုင်လား။“ နန်ကုန်းဟောင် ရဲ့ အသံက မကျယ်ဘူး။ ဒါပေမယ့် တည်ငြိမ်နေတယ်။

“ သက်သေပြနိုင်တာပေါ့။” ဖန်ကျန်း၇ှီ တစ်ချက်လေးတောင် မတွေဝေပဲ ခေါင်းငြိမ့်တယ်။

“ ကောင်းပြီလေ။ သခင်လေးဖန်က ကျွန်တော်ပြောတာ တစ်ယောက်လိုနေမှန်း သက်သေ ပြနိုင်မှာတော့။ ကျွန်တော်လည်း ကျွန်တော့်ရဲ့ မောက်မာမှု အတွက် တောင်းပန်ရတော့မှာပေါ့။ ဒါပေမယ့် အကယ်၍ သက်သေ မပြနိုင်ရင်။ ကျွန်တော့်ကို တောင်းပန်ပါ။” နန်ကုန်းဟောင် ချက်ခြင်း ပြန်ဖြေတယ်။ သူ့မျက်လုံးတွေက တလက်လက် တောက်ပနေတယ်။ သူ့ အမူအယာကတော့ အေးဆေးတယ် ။ ဒါပေမယ့် အေးဆေးမှု ထဲမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ အပြည့်အ၀ ပါဝင်နေတယ်။

ကျောင်းတော်သားတွေ ကတော့ ပြုံးနေကြတယ်။ ဖန်ကျန်း၇ှီမှာ သက်သေသက္ကာယ ရှိမယ်လို့ မယုံကြည် ကြဘူး။ နောက်ဆုံးတော့လည်း သူတို့ သင်ဖူးတာက လူဆယ်ယောက်ပဲလေ။

ဖန်ကျန်းရှီလည်း ပြုံးနေတယ်။ သမိုင်းစာအုပ်တွေထဲမှာတော့ ဆယ်ယောက်ပဲ ရေးထားမှာပေါ့။ ဒါပေမယ့် ရိုးရိုးရှင်းရှင်းတွေးရရင်။ လက်ရှိအချိန် နဲ့။ အနာဂတ်ကို ထည့်မတွက် ထားဘူး။

“ တာအို ၁၀၀ ထက် ပိုပြီး စုဆောင်းနိုင်တဲ့ လူက ဆယ်ယောက်ပဲ ရှိတာလား။” ဒါကို ပထမဆုံး ကြားတော့ ဖန်ကျန်းရှှီ အံ့သြသွားတယ်။ နန်ကုန်းဟောင် ပြောတာကြောင့်သာ မဟုတ်ရင်။ သူ ယုံမှာ မဟုတ်ဘူး။ နောက်ဆုံးတော့လည်း သူ့ စိတ်အာရုံ နယ်မြေထဲမှာ တာအို ရာချီပြီးတော့ ရှိနေတယ်လေ။ ဖန်ကျန်းရှှီ အမြဲ ထင်ခဲ့တာ လူတစ်ယောက်ထဲ စိတ်အာရုံ နယ်မြေထဲ တာအို တစ်ရာ လောက်ရှိတာ ပုံမှန်ပဲ လို့။ ဒါပေါ့။ ဖန်ကျန်းရှီ က သူ့ရဲ့ အတွေ့အကြုံတွေ ပုံမှန်ထက် လွန်နေမှန်း မသိဘူး။ သူ့ အရင်က ဘယ်သူမှ ဒါမျိုး မလုပ်ခဲ့ဖူးဘူး။ အနာဂတ် မျိုးဆက်သစ် အတွက်တော့ ဒီ အချက်က သမိုင်းတွင် သွားလိမ့်မယ်။ အရာအားလုံး ဖြစ်တည်မှု တာအိုကို အသက် ခြောက်နှစ်မှာ အောင်မြင် ခဲ့တယ်။ တာအိုကို လက်ခံ နိုင်ခဲ့တယ်။ ဒါက ကြီးမြတ်သော ရှ မင်းဆက်မှာ အတော်လေး ကို ရှားပါးတာပဲ။ အသက် ၇ နှစ် မတိုင်ခင် တာအိုကို လက်ခံခဲ့တာ သုံးယောက်ထက် မပိုဘူး။

ဒီ သင်ကြားမှု အရည်အချင်းတွေက မရေမတွက်နိုင်တဲ့ အလားအလာ ကောင်းတွေကို ဖန်တီးတယ်။ ဒါတွေကို လူတစ်ယောက်က ဘာ အသိပညာမှ မရှိပဲ လုပ်နိုင်မယ် ထင်သလား။ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရတာ ထက်တောင် ပို ခက်အုန်းမယ်။ ဒါပေမယ့် ဖန်ကျန်းရှီက ဒီလို အံ့ဖွယ်ရာ မျိုးပဲ။ တာအိုကို အသက် ခြောက်နှစ်မှာ လက်ခံ ခဲ့တယ်။ ဒါပေမယ့် ဘာ တစ်ခုမှ နားမလည်ဘူး။ ဘာဆို ဘာတစ်ခုလေးမှကို နားမလည်ဘူး။ သူက ငတုံးတော့ မဟုတ်ဘူးလေ။ သူ့ မှာ ပြိုင်ဘက်ကင်း တဲ့ ကိုယ်ပိုင်နည်းလမ်းတွေရှိတယ်။ မူလတန်း တုန်းက သင်ခဲ့တဲ့ သချာၤတွေကို အကျယ်ဖြန့်လိုက်တယ်။ တစ် အပေါင်း တစ် ဆို နှစ်။ နှစ် အပေါင်း တစ် က သုံး။ သူ့ရဲ့ အသိပညာ ဗဟုသုတ တွေကို ဒီ ကျင့်ကြံနည်းတွေမှာ သုံးတယ။်

သူ အသက် ခြောက်နှစ်။ တာအိုကို လက်ခံပြီးနောက်။ သူ အရာ တစ်ခုတည်းကို လုပ်ခဲ့တယ်။ တာအိုတွေ တစ်ခုပြီး တစ်ခု စုဆောင်း တာပဲ။ တစ်ခုချင်းစီကို ပြိုင်ဘက် ကင်းအောင် လုပ်တယ်။ နောက်ဆုံးတော့လည်း သူ့ ရဲ့ မူကြို ဆရာက ကောင်းကောင်း သင်ကြားခဲ့တယ်လေ။ နှစ်ခုက တစ်ခုထက် ပိုကောင်းတယ်။ နောက်ပြီးတော့ ဒုတိယ တာအိုကို စုဆောင်းပြီးနောက်မှာ ကွာခြားမှုက မြင်သာလာတယ်။ သူ့ စွမ်းရည်တွေက နှစ်ဆ တက်လာတယ်။ အချိန်တွေ ကုန်ဆုံးဖြတ်သန်းတယ်။ တာအိုတွေ အများကြီးကို သူ စုဆောင်းတယ်။

ဖန်ကျန်းရှီ စုဆောင်းတာကို ဘယ်တုန်းကမှ မရပ်တန့်ခဲ့ဘူး။ နှစ် လ ရက်တွေ ကုန်ဆုံး သွားတယ်။ နှစ် အနည်းငယ် ကြာပြီးနောက်။ သူ့ စိတ်အာရုံနယ်မြေထဲမှာ သစ်သီးတွေနဲ့ ပြည့်နေတဲ့ သစ်ပင်ကြီး ရှိလာတယ်။ သစ်သီးတွေကတော့ အရောင်စုံပဲ။ သူတွေးမိတာက ဒီလောကမှာ သူက ထိပ်တန်း ဖြစ်ပြီလို့။ ဒါပေမယ့် မြောက်ရွာကနေ ထွက်လာ တဲ့နောက် ။ သူက ရေတွင်းထဲက ဖား သူငယ် ထဲ ဆိုတာ နားလည်သွားတယ်။

ပြောနိုင်တာက။ ကြီးမြတ်သော ရှ မင်းဆက် သမိုင်းမှာ သူ့လိုလူ ဒုတိယ တစ်ယောက်များ ရှိသေးလား။ ဖန်ကျန်းရှီ မသိဘူး။ သူသိတာတော့ သူ့ စိတ်အာရုံနယ်မြေထဲမှာ တာအိုတွေ အများကြီး ရှိနေတယ်။ တာအို တစ်ရာထက်တောင် ပိုနေသေးတယ်။ ဒါကြောင့် နန်ကုန်းဟောင် ပြောတာကို ကြားတော့ သူ ရယ်တယ်။

ဖန်ကျန်းရှီ ပြုံးရယ်နေတာကို နန်ကုန်းဟောင် မြင်တယ်။ ဒီ တောက်ပနေတဲ့ အပြုံးနောက် က ကိုယ့်ကိုယ်ကို ယုံကြည်မှု တွေကို သူ ခံစားမိတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ဘာလို့ ဒီလောက်တောင် ယုံကြည်ချက်ရှိနေတာလဲ။ သူနားမလည် နိုင်ဘူး။ ဒါက ။ ဖန်ကျန်းရှီ သူ့ ကိုယ်သူ လက်ညှိုး မထိုး ပြခင် အထိပေါ့။ အဲ့ဒီ့နောက်။ ဖန်ကျန်းရှီ က ဘယ်သူမှ မမျှော်လင့်ထားတာကို ပြောခဲ့တယ်။

“ မင်း ငါ့ကို ဖယ်ထားခဲ့တယ်လေ။” ဖန်ကျန်းရှီ ပုံမှန် အတိုင်း ဆက်ပြောတယ်။ သူ့ကြည့်ရတာ ဟန်ဆောင်နေတဲ့ ပုံစံ နဲ့ မတူဘူး။ ပုံမှန် အချက်က တစ်ခု ကို ပြောနေတဲ့ ပုံစံ အတိုင်းပဲ။

“မင် း ငါ့ကို ဖယ်ထားခဲ့တယ်။ ”

“ ဖယ်ထားခဲ့တယ်။”

“ ငါ့ကိုတဲ့လား။”

ဖန်ကျန်းရှီ ရဲ့ စကားတွေက မကျယ်ဘူး။ ဒါပေမယ့် ရိုးရှင်းတယ်။ ဒါပေမယ့် အနီးပတ်ဝန်းကျင်က လူတစ်ယောက်မှ မယုံကြည်ဘူး။ သူတို့တွေ တအံ့တသြ ပြောနေတယ်။

“ ဖန်ကျန်းရှီ အခုပဲ ဘာပြောလိုက်တာလဲ။”

“ ငါ့အထင်တော့။ နန်ကုန်းဟောင်က သူ့ကို ဖယ်ထားခဲ့တယ်လို့ ပြောတာပဲ။”

“ သူ့ကို ဖယ်ထားတယ် ဟုတ်လား။ ဘာ အဓိပ္မာယ်လဲ။”

“ သူ့ နာမည်ကို တည့် မပြောဘူး လို့ ပြောတာ ပေါ့ဟ။”

“ ငတုံး။ ငါမေးတာက။ ဒီ ကောင်ဒ ီလို ပြောတာ ဘာ အဓိပ္မာယ်လဲ။”

“ မဖြစ်နိုင်ဘူး။ ဒါက ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ။” ဖန်ကျန်းရှီ က ကျောင်းတော်ကို တစ်ခါမှ မတက်ခဲ့ဘူး။ ဒါပေမယ့် သူ ပြောခဲ့တာ။ သူ တကယ်ပဲ။ တာအို ၁၀၀ ထက် ပို စုဆောင်းထားတာလား။ ကျောင်းတော်သားတွေ အတော့်လေးကို ထိတ်လန့်နေကြတယ်။ နန်ကုန်းဟောင် ပြောတာ မှန်တယ်။ တာအို ၁၀၀ ထက် ပိုပြီး စုဆောင်းထားတဲ့ လူတွေ တစ်ယောက် ကမှ သုခမိန် မဖြစ်ခဲ့ဘူး။ လူ ဘယ်နှစ်ယောက် ကများ သုခမိန် ဖြစ်ခဲ့ကြလို့လဲ။

သုခမိန် တစ်ယောက်ဖြစ်ဖို့ဆိုတာ။ အိမ်မက် တစ်ခုလိုပဲ။ ဒါပေမယ့် အများစု မဖြစ်နိုင်ခဲ့ တဲ့ အိမ်မက် တစ်ခုပေါ့။ ဆန့်ကျင်ဘက် ပြောရရင်။ တာအို ၁၀၀ ထက် ပိုပြီး စုဆောင်းနိုင်ခဲ့တဲ့ လူတွေက သူရဲကောင်းတွေ အဖြစ် ကျော်ကြားတယ်။ ဒါက တကယ့် အိမ်မက် စစ်ပဲ။ ကျောင်းတော်သားတွေ ပြားပြားဝပ်မတတ် ဖြစ်နေပြီ။

နန်ကုန်းဟောင်တောင် ဒီ သတင်းကြောင့် မလန့်ပဲ မနေဘူး။ နောက်ဆုံးတော့လည်း။ ဒါက သာမာန်လူတွေ ရောက်နိုင်တဲ့ လမ်း မဟုတ်ဘူးလေ။ တာအို ၁၀၀ ကျော်ကို နားလည် ဖို့က ပြိုင်ဘက်ကင်း အရည်အချင်းလည်း လိုအပ်တယ်။ တာအို တစ်ခုတည်းကို ဆရာမြောက် တတ်ကျွမ်းတာထက် ပိုပြီး ခက်ခဲတယ်။ ပိုပြီး အရေးကြီးတာက အတော့်ကို စိတ်ဆုံးဖြတ်ချက် ပိုင်နိုင်ဖို့ လိုတာပဲ။

ဒီလူက သူ့ အရည်အချင်းန ဲဆို၇င် ကောင်းကင်ရောင်ပြန် အဆင့်ကို တစ်နှစ်တည်းမှာ တက်လှမ်းနိုင်တယ်။ ဒါပေမယ့် တာအိုတွေ အများကြီးကို နားလည်ဖို့ အတွက်။ သူ့ ကျင့်ကြံဆင့်ကို ကြယ်တာရာ စုဝေးမှု အဆင့်မှာပဲ။ စိတ်ရှည်လက်ရှည် ဖိနှိပ်ထားရမှာ။ လွန်ခဲ့တဲ့ လေးနှစ်တုန်းက ကောင်းကင်တာအို ခန်းမကို ဝင်ဖို့ နန်ကုန်းဟောင် ငြင်းပယ်ခဲ့တယ်။ သူက အခြေခံ မခိုင်သေးဘူး ဆိုပြီးတော့။ နန်ကုန်းမိသားစုမှာ လေးနှစ်တိုင်တိုင် ပုန်းကွယ်နေခဲ့တယ်။ အဲ့ဒီ့အချိန် တုန်းက သူ့ ဆုံးဖြတ်ချက်ကို မှန်လှပြီလို့ မှတ်နေတာ။ ဒါပေမယ့် သူ လက်လျှော့ခဲ့တယ်။ နောက်ဆုံးတော့လည်း ဒါက အရမ်းကို ခက်ခဲလွန်းတယ်။ အရမ်းကို အ ားစိုက် ထုတ်ရလွန်းတယ်။ ပိုပြီး အရေးကြီးတာက ရလဒ်ကို ဘယ်သူမှ ဂရု မစိုက်တာပဲ။

အောင်မြင်မှုဆီ သွားတဲ့ လမ်းတွေ အများကြီး ရှိတယ်။ ကျင့်ကြံနည်းတွေ အားလုံးက ကြီးမားတဲ့ အားအင်ကို ထုတ်လွှတ်ပေးနိုင်တာပဲ။ လမ်းတွေကို ရွေးချယ်ဖို့ က အတော်လေးကို ခက်ခဲ လွန်းတယ်။ နန်ကုန်းဟောင် က နှလုံးသား နဲ့ ကျင့်ကြံဖို့ ရွေးချယ်တယ်။ ဒီနည်း နဲ့ ကိစ္စကြီး တွေကို အောင်မြင်အောင်လုပ်တယ်။ ဒီလိုကြောင့်။ သူ့ရဲ့ လေးနှစ်တာ စတေးခဲ့မှုနဲ့။ သဘာဝလွန် အထွဋ်အထိပ် အဆင့်ကို တစ်လ အတွင်း ရောက်ရှိခဲ့တယ်။ သူ့ရဲ့ ဖြစ်စဉ်တွေက ကြောက် စရာကောင်းတယ်။ နန်ကုန်းဟောင်က အကောင်းဆုံး နည်းလမ်းကို သူ ရွေးချယ်ပြီးပြီလို့ တွေးထားတာ။

ဒါပေမယ့် ဖန်ကျန်းရှီက သူ မရွေးဝံ့တဲ့ လမ်းကို ရွေးချယ်ခဲ့တယ်။ သူ့နှလုံးသားထဲမှာ ထူးဆန်းတဲ့ ခံစားချက် ကြီးက လွှမ်းမိုးနေတယ်။ မပြောပြတတ်ဘူး။ (မနာလို ဖြစ်တာလား) မဖြစ်ရဘူး။ အကောင်းဆုံးလမ်းကို သူရွေးချယ်ခဲ့ပြီးပြီပဲ။ သိချင်တာလား။ ဒါလည်း မဟုတ်ပြန်ဘူး။ ဒီ လမ်းက မှောင်မိုက်တဲ့ သေခြင်း အဆုံးသတ်လေ။ သမိုင်းတွေက သက်သေ ပြထားပြီးတာပဲ။ နန်ကုန်းဟောင် သူ့ ခံစားချက်ကို မဖော်ပြနိုင်ဘူး။ အနည်းငယ် သက်တောင့်သက်သာ မရှိလို့ပဲ မှတ်ယူလိုက်တယ်။ သူ့ရဲ့ တည်ငြိမ်နှလုံးသား တာအို မှာ ပထမဆုံး ဒီလို ခံစားချက် ဖြစ်လာတာပဲ။

“မင်းက တာအို ၁၀၀ ထက် ပို စုဆောင်းထားတာလား။” နန်ကုန်းဟောင်က ဖန်ကျန်း၇ှီကို သံသယ မရှိဘူး။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီ အမှန်ပြောနေတာကို သူ မြင်နိုင်တယ်လေ။ ဘာပဲ ဖြစ်ဖြစ် သူ မေးကြည့်ရမယ်။ ဖန်ကျန်းရှီ ဒီလမ်း ကို ဘယ်လောက် အထိ ရောက်နေပြီလဲ သူသိချင်တယ်။

“ တာအို ၁၀၀ လား။ နည်းလွန်းတယ်။ ” ဖန်ကျန်းရှီ ခေါင်းခါပြီး လှမ်းအော်တယ်။ သူတွေးတာ နန်ကုန်းဟောင်က သူ့ကို အထင် သေးနေတယ်လို့။ ၁၀၀ လား။ ငလူးပဲ။ နန်ကုန်းဟောင် မျက်လုံးပြူးသွားတယ်။ တခြားသူတွေရဲ့ စကားလုံးက သူ့ အပေါ် သက်ရောက်တာ အရမ်းရှားတယ်။ ကျောင်းတော်သားတွေ လန့်သွားတယ်။ ၁၀၀ က နည်းလွန်းတယ် တဲ့လား။ ဒီကောင့်မှာ တာအို ၁၁၀ ရှိနေတာလား။ ဒါမှမဟုတ် ၁၂၀ ရှိနေတာလား။ ဖြစ်နိုင်မယ့် ပုံလည်း မပေါ်ဘူး။

သမိုင်းတစ်လျှောက်လုံးမှာ။ လူတစ်ယောက် အများဆုံး စုဆောင်း နိုင်ခဲ့တဲ့ တာအိုက ၁၈၃ခုပဲ။ နောက်ပြီးတော့ သူ့ အသက် ၉၀ ရောက်မှပဲ ဒီလောက်ထိ စုဆောင်းနိုင်တာ။ ဖန်ကျန်းရှှီက အခု အသက် ဘယ်လောက်လဲ။ ၁၅ နှစ်ပဲ ရှိသေးတယ်။ ရန်ရွှယ် ဖန်ကျန်းရှီကို လှည့်ကြည့်တယ်။ ဖန်ကျန်းရှီ ရဲ့ စိတ်အာရုံ နယ်မြေထဲမှာ တာအိုတွေ အများကြီး ရှိတဲ့ အကြောင်း ပြောတာ ကြားဖူးတယ်။ ဒါပေမယ့် တာအိုဘယ်လောက် များများကို ဖန်ကျန်းရှှီ နားလည် ထားလဲ အတိအကျ မသိဘူး။

“ သခင်လေး ဖန်က တာအို ၁၂၀ ထက် ပိုပြီးတော့များ စုဆောင်းထားလို့လား။” နန်ကုန်းဟောင် ချက်ခြင်း သတိပြန်ဝင်လာတယ်။

၁၂၀ တာအို ဆိုတာ အရမ်းအရမ်းကို များလွန်းနေတယ်။ ဒါပေမယ့် နန်ကုန်းဟောင်ကတော့ ဒါကို ပြောတဲ့ အချိန် တည်ငြိမ်နေဆဲ။ ဒါက သူ့ ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပဲ။

“ အရမ်း နည်းလွန်းတယ်။” ဖန်ကျန်းရှီက ခေါင်းခါလိုက်ပြန်တယ်။ ၁၀၀ က သူ့အတွက် အရမ်းနည်းလွန်းတယ်လို့ ပြောပြီးပြီပဲ။ ငတုံးတွေပဲ အရေအတွက် နည်းနည်း ကို ပေါင်းထည့်မှာ။ အနည်းဆုံးတော့ သူ့ရဲ့ ခန့်မှန်း ချက်ကို နှစ်ဆ လုပ်လိုက်သင့်တယ်လေ။

“ နည်းလွန်းသေးတယ်လား။”

“ ၁၂၀ ထက်ကို ကျော်နေတာလား။”

“ ဘယ် … ဘယ် လို လုပ် ဖြစ်နိုင်မှာလဲ။ ဒီကောင် နောက်နေတာလား။ ငါ မယုံဘူး။” ကျောင်းတော်သားတွေ အားလုံး ဖန်ကျန်းရှီ ရဲ့ အဖြေကို ကောင်းကောင်း ကြားတယ်။ ဒါပေမယ့် ဖန်ကျန်းရှီလို ဆယ်ကျော်သက်လေး က တာအို ၁၂၀ ကို စုဆောင်းနိုင်တယ် လို့ မယုံကြည်ဘူး။ ဒါပေါ့။ သမိုင်း တစ်လျှောက်လုံးမှာ အများဆုံး စုဆောင်း ခဲ့တဲ့ တာအိုက ၁၈၃ ခု ဆိုတာတောင် ဖန်ကျန်းရှီ မအံ့သြဘူး။ ဒီ လို မအံ့သြတာကြောင့်။ ဖန်ကျန်းရှှီက အရည်အချင်း ပိုရှိတယ်လို့ မဆိုလိုဘူး။

ပြောနိုင်တဲ့ တစ်ခုတည်းသော အရာကတော့ ။ ဖန်ကျန်းရှီက သူများတွေထက် ခေါင်းတစ်လုံးသာ တယ်။ အရွယ်ရောက်ပြီးတဲ့ ကျောင်းတော်သား တစ်ယောက် နဲ့ ကလေး တစ်ယောက် ကြားမှာ သင်ယူနိုင်စွမ်းတွေ ကွာခြားတယ်။ ကလေးတစ်ယောက်က မတူညီတဲ့ ပတ်ဝန်းကျင်တွေမှာ လှည့်လည် သွားလာနေရရင်။ ဘာသာစကား အများကြီးကို သင်ယူနိုင်တယ်။ နောက်ပြီးတော့ ကိစ္စအားလုံးကိုလည်း လိုက်လျော ညီထွေအောင် လုပ်နိုင်တယ်။ ဒါပေမယ့် အသက်သုံးဆယ် အရွယ် လူတစ်ယောက်ကို နေရာ အနှံ့ လျှောက်သွားခိုင်းလိုက်ရင်။ ဘာသာစကား တစ်ခုတောင် ကျွမ်းကျင်မှာ မဟုတ်ဘူး။ အသက်ခြောက်နှစ် အရွယ် ထဲက။ ဖန်ကျန်းရှီက တာအို အမျိုးမျိုးကို နားလည်ဖို့ သင်ယူနေတာ။ ဒီလိုကြောင့် သူ့ရဲ့ ဘ၀ စတင်မှုက သမိုင်းဝင် လူတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်။

အပိုင်း (၃၇၈) ပြီး၏။

အပိုင်း (၃၇၉)

“ အင်အား အကြီးဆုံး။”

သင်ယူ လေ့လာ တယ်ဆိုတာ ငယ်ရွယ် စဉ် တည်းက စတင်ရမယ်။ ဖန်ကျန်းရှီမှာ အရင်လောက မှတ်ဉာဏ်တွေ ပါလာတယ်။ ဒါပေမယ့် သူ မွေးလာတော့ ကလေးငယ်လေး ရဲ့ ခန္ဒာကိုယ်မှာ မွေးဖွားလာတယ်။ ဒါကြောင့် တာအို နိယာမကို လွယ်လွယ်ကူကူ သင်ယူနိုင်တာ။ လောကတစ်ခုမှာ အရွယ်ရောက်သူ အဖြစ် မွေးလာရင်။ စာအုပ်တစ်အုပ်ရဲ့ စာမျက်နှာတွေကို နှစ်ခေါက် သုံးခေါက် ဖတ်ရုံနဲ့ အလွတ်ရမှာ မဟုတ်ဘူး။ ဒါပေမယ့် ကလေး တစ်ယောက်ရဲ့ မှတ်ဉာဏ်ကတော့ တတ်စွမ်းနိုင်တယ်။ ဘာကြောင့် ကျောင်းတော်သားတွေ မျက်လုံး ပြူးနေလဲ သူ မသိဘူး။ နန်ကုန်းဟောင် ရဲ့ အမူအယာ ကိုလည်း သူ နားမလည်ဘူး။

“ ၁၂၀ က နည်းလွန်းတယ်လား။” နန်ကုန်းဟောင်က တုန်လှုပ်ခဲတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက တာအို ၁၂၀ ကျော်ကို စုဆောင်းထားမယ် လို့။ အိမ်မက်တောင် မမက်ဖူးဘူး။ နန်ကုန်းဟောင်က ဉာဏ်ကြီးရှင် တစ်ယောက်ပဲ။ သူ့ ပတ်ဝန်းကျင်ကို အမြဲ အထင်သေးခဲ့တယ်။ အဆင့် ၂ အမတ်မင်းက အဆင့် ၇ အမတ်မင်းကို အာရုံမစိုက် သလိုမျိုးပဲ။

ဒီ ရက်သတ္တပတ်တွေမှာ နန်ကုန်းဟောင်က ဖန်ကျန်းရှီၤ အကြောင်းကို လေ့လာခဲ့တယ်။ ဖန်ကျန်းရှီ ရဲ့ သတင်း အချက်အလက်တွေကို စုဆောင်း ဖတ်ရှုတယ်။ ဥပမာ အားဖြင့်။ နန်ကုန်းမိသားစုက အထောက်တော်တွေကို တောင် နဲ့ မြောက်ရွာဆီ ပို့လွှတ်လိုက်တယ်။ ဖန်ကျန်းရှီ အကြောင်းကို စုံစမ်းတယ်။ ဒီ တိုက်ပွဲ အတွက် နန်ကုန်းဟောင်က အတော့်ကို စေ့စေ့စပ်စပ် ပြင်ဆင် ထားတာ ။ ဖန်ကျန်းရှီ ရဲ့ အတွေ့အကြုံတွေကို ဖတ်ရှုပြီးနောက်။ သူ့ လှုပ်ရှားမှုတွေကို ကြိုတင် ခန့်မှန်းထားခဲ့တယ်။ နောက်ပြီးတော့ နန်ကုန်းဟောင် ရဲ့ ကျင့်ကြံ ဆင့်ကလည်း အားသာတယ်။ သူ အနိုင်ရမယ်ဆိုတာ အစတည်းက ကြိုတင်ခန့်မှန်းထားပြီးသား ပဲ။

အချက်အလက်တွေ အရ။ အရာအားလုံးက နန်ကုန်းဟောင် ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတာ။ ၈ မိုင် ခန်းမဆောင်မှာ ဖန်ကျန်းရှီ ရုတ်တရက် ပျောက်ဆုံး သွားတယ်။ အဲ့ဒီ့နောက် တောင်ပိုင်း ဒေသမှာ ရုတ်တရက် ပေါ်လာတယ်။ နန်ကုန်းဟောင်က အရာအားလုံး အတွက် ပြင်ဆင် ထားခဲ့ပြီးပြီ။ လေးနှစ်တိုင် ပျောက်ကွယ်ေ်နပြီးနောက်။ နန်ကုန်းဟောင် ရဲ့ ပြန်လည် ထွက်ပေါ်မှုက လူအများရဲ့ အာရုံစိုက်မှုကို ရစေတယ်။ နောက်ပြီးတော့ နန်ကုန်းမိသားစု ရဲ့ အသိပညာ ကွန်ယက် ကိုလည်း အသုံးချခဲ့တယ်။ နတ်ဆိုး ခေါင်းဆောင် ဆီက ရလာတဲ့ ပေရွက်လိပ်ကိုလည်း နားလည်အောင် သူ လေ့လာခဲ့တယ်။ အဲ့ဒီနောက် အတွေးအခေါ် စာမေးပွဲမှာ ပူးတွဲ ပထမ ရခဲ့တယ်။ အရာအားလုံးက အစီ အစဉ် အတိုင်း ဆက် သွားခဲ့တယ်။ ဒါပေမယ့် ဘယ်သူ တစ်ဦးတစ်ယောက် ကမှ ဖန်ကျန်းရှီမှာ တာအို ၁၀၀ ကျော် စုဆောင်းထားတယ် လို့ မပြောခဲ့ဖူးဘူး။

“ ဒီ ကောင်က ဒါကို အမြဲလျှို့ဝှက်ထားခဲ့တာ များ ဖြစ်နိုင်မလား၊” နန်ကုန်းဟောင် ရဲ့ စိတ်ထဲမှာ ဒါက တစ်ခုတည်းသော အဖြေပဲ။ ဒါပေမယ့် ကြည့်ရတာ နည်းနည်းလေးတော့ ဝေးကွာနေသလိုပဲ။ ဖန်ကျန်းရှီက ပုန်းကွယ်နေရတာ သဘောကျတဲ့ သူ လည်း မဟုတ်ဘူး။ ဒီကောင်က မျက်နှာပြောင် တိုက်တတ်တယ်။ လူတွေ အာရုံ စိုက်တာကိုလည်း နှစ်သက်တယ်။ ဒီ လောက် အချိန်အကြာကြီး လျှို့ဝှက်ချက် တစ်ခုကို ထိန်းထားနိုင်မှာ မဟုတ်ဘူး။ အခုချိန်မှာ ဘာတွေ ဖြစ်နေလဲ နန်ကုန်းဟောင် မတွေးတက်ဘူး။

ဒါပေါ့။ ဖန်ကျန်းရှီက သူ နဲ့ အတူ ပူးတွဲ ပထမ ရထားတာတာလေ။ နန်ကုန်းဟောင် ရဲ့ စိတ်ထဲမှာ တစ်ခါမှ မထင်မိခဲ့ဘူး။ ဖန်ကျန်းရှီက ဘယ်လို များ မောက်မာတာတွေ ရှုပ်ထွေးတာတွေကို နားမလည်ရတာလဲ။

ဖန်ကျန်းရှီက တကယ့်ကို ရှုပ်ရှုပ်ထွေးထွေးတွေ အကြောင်း နားမလည်ဘူး။ ချီကူယန် နဲ့ အတူနေခဲ့တဲ့ အချိန်တုန်းက။ သူ့ စိတ်အာရုံ နယ်မြေထဲမှာ တာအို အခု သုံးရာနီးပါး ရှိတယ် လို့ ပြောပြခဲ့တယ်။ ဒါပေမယ့် ချီၤကူယန်က ဒီ အချက်ကို သဘာဝလွန် ဖြစ်နေတယ်လို့ တစ်ခါမှ မပြောဖူးဘူး။ ( အစေခံ လုပ်မယ် မလုပ်ဘူး ဆိုတဲ့ သဘောတူညီချက်တောင် ဖန်ကျန်းရှီ နဲ့ လုပ်သွားသေးတယ်။ )

သစ်ငုတ်တိုကြီးလို ငေးငိုင်နေတဲ့ နန်ကုန်းဟောင်ကို ဖန်ကျန်းရှီ ကြည့်နေတယ်။ ဖန်ကျန်းရှီ စိတ်မှရည်နိုင် ဖြစ်လာပြီ။ သူ့မှာ တာအို ၁၀၀ ကျော် ရှိနေတာ နန်ကုန်းဟော်ကို ပြောပြီးပြီပဲ။ တစ်ချိန်တည်းမှာပဲ သူလည်း အသာစီး ရသွားပြီလေ။ ဒါပေမယ့် နန်ကုန်းဟောင် နဲ့ အမေး အဖြေ ဂိမ်းကို ကစားနေရတယ်။ ဒီလို ဖြစ်မယ်လို့ မထင်ထားဘူး။ နန်ကုန်းဟောင် ပြန်မဖြေတာ တွေ့တော့ ။ ဖန်ကျန်းရှီ က လက်သုံးချောင်းေ ထာင်ပြတယ်။ နန်ကုန်းဟောင် ရဲ့ မျက်စိရှေ့မှာ ဝေ့ယမ်း ပြတယ်။

“ တစ်ရာ့ သုံးဆယ် လား။” လက်သုံးချောင်းကို မြင်တော့ နန်ကနု်းဟောင် ရဲ့ အမူအယာ ပြောင်းသွားတယ်။ သူ့ ရဲ့ အေးဆေးတည်ငြိမ်နေတဲ့ မျက်လုံးတွေ တလက်လက် တောက်ပလာတယ်။ ဖန်ကျန်းရှီက တရားမျှတတဲ့ တိုက်ပွဲ ကို တိုက်ခိုက်မယ် ပြောတော့။ နန်ကုန်းဟောင် စိတ်ထဲ ပထမဆုံး အနေနဲ့ လေးစားမိတယ်။ ဒါပေမယ့် အခုချိန်မှာတော့။ ဖန်ကျန်းရှီကို အလေးအနက် ထားမိတာ ပထမဆုံးပဲ။

“ သူက တာအို ၁၃၀ ကို စုဆောင်းထားတာလား။”

ပတ်ဝန်းကျင်က ကျောင်းတော်သားတွေ နားလည်သွားတော့ သူတို့ အမှန် တကယ့်ကို လန့်သွားတယ်။ ဒီ အရေအတွက်ကို ဘယ်သူမှ မခန့်မှန်းထားဘူး။ ဒါပေမယ့် ကျောင်းတော်သားတွေ သူတို့ လန့်တာကိုတောင် မဖော်ပြရသေးခင်။ ဒေါသတကြီးနဲ့ အော်သံ က လေထုထဲကို ပျံ့လာတယ်။

“နန်ကုန်းဟောင် ။ မင်း ဒီလောက်ထိ အ ရသလား။ လက်သုံးချောင်းက တစ်ရာ့ သုံးဆယ် ဖြစ်မလား။ သုံးရာ ကွ။ သုံးရာ။ သုံးရာ ဆိုတာ ဘာလဲ ကော မင်း သိလား။”

ဖန်ကျန်းရှီ က သူ့ ပြိုင်ဘက်ရဲ့ ဉာဏ်ရည်ကို မေးခွန်းထုတ်တာ ရှားပါးပါတယ်။ ဒါပေမယ့် အခု တစ်ခေါက်တော့ ။ အင်ပါယာ တစ်ခုလုံးမှာ အတော်ဆုံး ဆိုတဲ့ နန်ကုန်းဟောင်ကို လှမ်းအော် နေရပြီ။ ပြောရမယ်ဆိုရင် သူ လုံး၀ စိတ်မရှည်တော့ဘူး။ သူ အရိပ်အမြွက်ပြတာ ဒီလောက်တောင် မသိသာ ဘူးလား။ ၁၀၀ က နည်းလွန်းတယ် ပြောတော့။ နန်ကုန်းဟောင်က တစ်ရာ့ နှစ်ဆယ် လို့ ပြောတယ်။ ရတယ်။ ဒါက ပြဿနာ မရှိဘူး။ အနီးစပ်ဆုံး ဖြစ်အောင် ပြောပြဖို့ သူ ဆုံး ဖြတ်လိုက်တယ်။ လက်ဟန်ခြေဟန် ပြရင်တော့ နားလည်မယ် ထင် ခဲ့တာ။

ဒါပေမယ့် အခု ထိ။ နန်ကုန်းဟောင်က ခန့်မှန်းတာ တစ်ရာ့ သုံးဆယ် ကနေ မတက်သေးဘူး။ ဒါက သူ့ကို စော်ကားနေတာပဲ။ တခြားသူတွေ သူ့ကို ဘယ်လို ထင်ကြမလဲ မတွေးတော့ဘူး။ အင်ပါယာကြီး ရဲ့ နံပါတ်တစ် ကျောင်းတော်သား ကို အော်ငေါက်မိတော့တယ်။ သူ ဒီလောက်ထိ ကို ဒေါသ ထွက်သွားတာ။ ဖန်ကျန်းရှီ ရဲ့ အသံက လေထုထဲမှာ ဓား တစ်စင်းလို ထိုးဖောက်သွားတယ်။ ကျောင်းတော်သားတွေ အားလုံး သူ့ အသံကို ကျယ်ကျယ်လောင် လောင် ပြတ်ပြတ်သားသား ကြားလိုက်တယ်။ ဒါပေမယ့် သူ တို့ မတုံ့ပြန်နိုင်ဘူး။ အကြောင်းရင်း ကတော့ နှစ်ခု ရှိတယ်။ ပထမ တစ်ခုက ။ နန်ကုန်းဟောင်ကို အခုပဲ ဖန်ကျန်းရှီက အပြစ်ပြုလိုက်တာ။ ဒါက ထင်ရှားတယ်။

အခု အဖြစ်က။ မထင်မရှား လက်သမားဆရာ တစ်ယောက်က။ ကျော်ကြားတဲ့ လက်သမား ဆရာဆီ ပြေးဝင် လာပြီး။ ဝင်ရိုး တပ်နည်း အကြောင်း ပြောနေသလိုပဲ။ ဒါမှမဟုတ်။ မထင်မရှား စစ်သားလေးက ထိပ်တန်း စစ်သူကြီး ရှေ့မှာ ။ သူက စစ်သူကြီးကို ဓားရေး သင်ကြားပေးနိုင်တယ်လို့ ပြောနေသလိုပဲ။ နန်ကုန်းဟောင် ရဲ့ အသိပညာကို ဘယ်သူက မေးခွန်း ထုတ်ရဲသလဲ။ ဧကရာဇ် ကိုယ်တိုင်တောင် တစ်ခါမှ မလုပ်ဝံ့ဘူး။ ပြောရရင် ဘယ်သူကမှ ဒီလို အတွေးမျိုး မရှိဘူး။

ဒုတိယ အချက်ကတော့။ ဖန်ကျန်းရှီ ပြောလိုက်တာ ၃၀၀ တဲ့။ ၃၀၀ ဆိုတာ ဘာကို ပြောချင်တာလဲ။ ငွေသားတွေ အကြောင်း ပြောနေတာလား။ ရွှေသား အကြောင်း ပြောနေတာလား။ တာအို အကြောင်းပြောနေတာတော့ မဟုတ်ဘူး မလား။ ၃၀၀ တဲ့။ ဟာသ လာလုပ်နေတာလား။ သမိုင်းထဲမှာ အများဆုံးက ၁၈၃ လေ။ နောက်ပြီးတော့ အဲ့ဒီ့လူကလည်း အသက် ၉၀တောင် ရှိနေပြီ။ ဖန်ကျန်းရှီက အသက် ဘယ်လောက်လဲ။ ၁၅ နှစ်လား ၁၆ နှစ်လား။ ဘယ်သူ ယုံမှာလဲ။ ပြိုင်ပွဲဝင်တွေ ယုံကြည်ဖို့ ငြင်းဆန်တယ်။

နန်ကုန်းဟောင်လည်း မယုံနိုင်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီက ရှင်းရှင်းလင်းလင်း ပြောပြီးပြီလေ။ နားမလည် ဖို့ က မဖြစ်နိုင်ဘူး။

“ မင်းက …. တာအို ၃၀၀ ကို စုဆောင်းထားတာလား။” နန်ကုန်းဟောင် ရဲ့ စိတ်ထဲ အထပ်ထပ် အခါခါ မေးနေခဲ့တယ်။ သူ့ နှလုံးသားတွေ စိတ်က တည်ငြိမ်အေးဆေးမှုကြောင့် ကျော်ကြားတယ်။ ဒါပေမယ့် အခု အချိန်မှာတော့။ ဒီ တည်ငြိမ်အေးဆေးမှုကို အင်အားကြီး တစ်ခုက ရိုက်ခတ်သွားခဲ့ပြီ။ မရပ်တန့်နိုင်တဲ့ ထိခိုက်မှုပဲ။

နန်ကုန်းဟောင်ထက်။ ဝူဖုန်း။ ချန်းဖေးယွီ။ နောက်ဆုံး ရှင်ချင်းစွေ့တောင် မှ ကျက်သေသေ နေတယ်။ ဖန်ကျန်းရှီ မှာ တာအိုတွေ အများကြီး ရှိထားကြောင်း သိတဲ့ ရန်ရွှယ်တောင် ။ သူ့ နားသူ မယုံနိုင်ဘူး။ ဖန်ကျန်းရှီ အရင်တုန်းက သူ့ကို ပြောဖူးတယ်။ ဒါပေမယ့် သူ လည်း များများစားစား မတွေးမိခဲ့ဘူး။ နောက်ဆုံးတော့လည်း။ ဒီလောကမှာ တာအို အမျိုး ငါးဆယ် လောက် စုဆောင်းထားတဲ့ လူ တွေ အများကြီး ရှိနေသေးတာပဲ။ ဒါပေါ့။ ဖန်ကျန်း၇ှီက တာအို ၁၀၀ ကျော် စုဆောင်းထားတယ် ပြောတော့ ။ သူ နည်းနည်းလေး လန့်သွားတယ်။ တကယ့်ကို နည်းနည်းလေး ပဲ လန့်သွားတာ။ ဖန်ကျန်းရှီကို ဉာဏ်ကြီး ရှင် တစ်ယောက်လို့ သူ အမြဲ သတ်မှတ်ထားခဲ့တာလေ။ ဒါကြောင့် ဖန်ကျန်းရှီ ရဲ့ အောင်မြင်မှုတွေကို သူ မအံ့သြခဲ့ဘူး။

ဒါပေမယ့် သူ့ အောင်မြင်မှုက သမိုင်းနဲ့ ယှဉ်လာတော့။ ရန်ရွှယ် မအံ့သြပဲ မနေနိုင်တော့ဘူး။ နန်ကုန်းဟောင်က တိတ်ဆိတ်နေခဲ့တယ်။ တခြား ကျောင်းတော်သားတွေလည်း တိတ်ဆိတ်နေတယ်။ ဖန်ကျန်းရှီက နန်ကုန်းဟောင်ကို ဆူပူပြီးတဲ့နောက် ။ သူ အသက်ပြင်းပြင်း ရှူလိုက်တယ်။ အဲ့ဒီ့နောက် သူ့ ပြိုင်ဘက်ကို သူ စော်ကားမော်ကား လုပ်မိပြီဆိုတာ သူ သဘောပေါက်သွားတယ်။ နန်ကုန်းဟောင်က သူ့ကို အော်ငေါက်ခဲ့ တာ မျိုး မရှိဘူး။

ဖန်ကျန်းရှီလည်း ကောင်းကောင်း ပြုမူ ခဲ့တာမျိုး တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ သူ့ စိတ်ထဲမှာ အမြဲ တမ်း စကားပြောနေတာပဲ။ အကယ်၍ သူသာ တစ်စုံတစ်ယောက်ကို ဆူပူချင်ရင်။ နှစ်ကြိမ်တွေးမှာ မဟုတ်ဘူး။ ဒါပေမယ့် တစ်ဖက် သားကို လေသံ မာမာတောင် မပြောတဲ့ လူကို အော်မိတာတော့ သိပ်မကောင်းဘူး။

ဒါကြောင့် နန်ကုန်းဟောင် တိတ်ဆိတ်နေတာကို တွေ့တော့။ သူ နည်းနည်း ဖြေလျှော့ဖိုက ဆုံးဖြတ်လိုက်တယ်။ တောင်းပန်မှာလား။ ဒီလောက်ထိ ယဉ်ကျေးနေဖို့လည်း မလိုအပ်ပါဘူး။ ဖန်ကျန်းရှီ သူ့ ရဲ့ ပြိုင်ဘက်ကင်း နည်းလမ်း နဲ့ အခြေအနေကို ထိန်းဖို့ ဆုံးဖြတ်တယ်။ နန်ကုန်းဟောင်ကို လေးစားသော အားဖြင့် အမှန်တရားကို ပြောဖို့ ဆုံးဖြတ်တယ်။

“ကောင်းပြီလေ။ ရိုးရိုးသားသား ပြောရရင်။ ၃၀၀ ဆိုတာ ပျမ်းမျှ တွက်ထားတာ။ အရေအတွက် အတိ အကျကို မင်းသိချင်ရင်။ ငါ့ စိတ်အာရုံ နယ်မြေထဲမှာ တာအို ၃၈၈ ခု ရှိတယ်။ ” ဖန်ကျန်းရှီက သူစုဆောင်းထားတဲ့ တာအို အရေ အတွက်ကို ပြောပြလိုက်တယ်။ ဒီ အချိန်မှာ သူ စိတ်သက်သာရ သွားပြီ။ ရိုးရိုးသားသား။ အပြည့်အဝကို ရိုးရိုးသားသား ပြောတာပဲ။

နောက်ဆုံးတော့လည်း။ ကျင့်ကြံခြင်းက လူတစ်ယောက်ရဲ့ နည်းလမ်းပဲလေ။ လူတိုင်းက ဒါတွေကို သူ့ ပြိုင်ဘက်ဆီ ပြောပြ နေစရာမှ မလိုပဲ။ လူတစ်ချို့ပဲ ဒီလို လုပ်မှာ။ ဖန်ကျန်းရှီက သူ့ အကြောင်းကိုတော့ ပြောလိုက်ပြီးပြီ။ သူ့ စိတ်အာရုံ နယ်မြေထဲက တာအို အရေအတွက်ကို ပြောလိုက်တာ။ ကျင့်ကြံနည်း ဘယ်နှစ်ခုလောက် သူသိမှန်း နန်ကုန်းဟောင်ကို ပြောလိုက်တာ နဲ့ အတူတူပဲ။ ဖန်ကျန်းရှီ သူ့ သတင်း အချက် အလက်တွေကို အလွယ်တကူ ပြောလိုက်တာ။ နန်ကုန်းဟောင်က ဒါတွေကို သုံးပြီး အကျိုးရှိအောင် မလုပ် ဘူးလို့ ထင်လို့ပဲ။ နောက်ဆုံးတော့လည်း သူ့ ကျင့်ကြံနည်း လမ်းတွေကို တာအို နဲ့ တွက်ကြည့်လို့တော့ မရဘူးလေ။ ဖန်ကျန်း၇ှီ ဒါကို ယုံကြည်မှု ရှိတယ်။

ဒါပေမယ့် ဖန်ကျန်းရှီက အမှန်တရားကို ပြောပြပြီးတဲ့နောက်။ ရလဒ်က သူ့ ပြိုင်ဘက် ထိတ်လန့်သွားတာပဲ။ ဒါက သူ့ကို စိတ်ရှုပ်စေတယ်။

“ နန်ကုန်းဟောင် ဘာဖြစ်နေတာလဲ။” ဖန်ကျန်းရှီက နန်ကုန်းဟောင်ကို ကြည့်နေတယ်။ ဘာတွေ ဖြစ်နေလဲ သူ မသိဘူး။ နန်ကုန်းဟောင်က သူ့ရှေ့မှာ သစ်ငုတ်တိုကြီးလို ရပ်နေတာ။ အိုး။ ထိပ်တန်း ကျော်ငေးတာ်သား ကနေ သစ်ငုတ်တို ဘ၀ ရောက်သွားပဘား။ ဒါမှမဟုတ်။ ငါ့ရဲ့ ရိုးသားမှုကြောင့်များ အရမ်းတွေ နှလုံးသား ထိခိုက် ခံစားသွားရတာလား။ ဖန်ကျန်းရှီ မတွေးတတ်ပါဘူး။ နောက်ကို လှည့်ကြည့်တော့ ။ နန်ကုန်းဟောင် ထက် ပိုဆိုးနေတဲ့ တုံ့ပြန်ချက်တွေကို မြင်လိုက်ရတယ်။

“ ကလင် ကလင် ကလန်။” သံသတ္တု အသံတွေ ထွက်လာတယ်။ ဒါက လက်နက်တွေ မြေပေါ်ကို ပြုတ်ကျတဲ့ အသံပဲ။ သူတို့တွေက ပါးစပ်ကြီး တွေဟနေကြတယ်။ မျက်လုံးတွေလည်း ကျွတ် ထွက် မတတ် ပြူးနေကြတယ်။ သူမြင်နေရတာကို ဘယ်လို ပြောရမယ်မှန်း ဖန်ကျန်းရှီ မသိဘူး။ သူ ပြောနိုင်တာက။ ဒီ လူတွေ အ ားလုံး အံ့အားသင့်လွန်းလို့ နှုတ်ဆိတ် နေကြပုံပဲ။

“ ၃၈၈ တဲ့လား။”

“ သူ ပြောလိုက်တာ ၃၈၈ တဲ့လား။” ကျောင်းတော်သားတွေ သူ့ နားသူ တောင် မယုံနိုင်ဘူး။ ဖန်ကျန်းရှှီ နန်ကုန်းဟောင်ကို လှမ်းအော် တည်းက သူတို့ ထူးဆန်းနေတာ။ ဖန်ကျန်းရှီ ရဲ့ နောက်ဆုံး စကားကို ကြားတော့ သူတို့ လုံးဝကို စိတ်ဖောက်သွားတယ်။ ၃၈၈ တာအိုတဲ့။ ဘယ်လောက်တောင် ဖိနှိပ် ချုပ်ချယ် ထားခဲ့သလဲ။ ဒါမျိုးက တစ်ခါမှ မမြင်ဖူးတာပဲ။ အနာဂတ်မှာတောင် နောက်တစ်ကြိမ် မြင်နိုင်ဖို့ မသေချာဘူး။

သမိုင်းတစ်လျှောက်မှာ တာအို ၁၈၃ ခု စုဆောင်းနိုင်သူ တစ်ယောက်ပဲ ရှိခဲ့ဖူးတယ်။ သူက ပြန်လည်မွေးဖွားမှု အဆင့်မှာ ထိပ်တန်း ရောက်ခဲ့တယ်။ ဒီ အဆင့်ရဲ့ အင်အား အကြီးဆုံးသော သူ လည်း ဖြစ်တယ်။ သုခမိန် မဖြစ်ခဲ့ပေမယ့် သူ့ အဆင့်မှာတော့ သူ့ကို ယှဉ်နိုင်သူ မရှိခဲ့ဘူး။ အကယ်၍ ဒီလူသာ သုခမိန် ဖြစ်သွားခဲ့ရင် ဘယ်လောက်တောင် အင်အားကြီးလိုက် လေမလဲ။ အတွေးနဲ့တောင် ကြောက်စရာကောင်းတယ်။

ဘယ်သူမှ မတွေးဝံ့ခဲ့ဘူး။ ဒါပေမယ့် ဒီလို အတွေးက တည်ရှိလာတယ်။ တာအို အခု ၁၀၀ ကျော် စုဆောင်းထားတဲ့ သုခမိန်က ဘယ်လောက်တောင် အင်အား ကြီးလိုက်မလဲ။ ဒါပေမယ့် ၃၀၀ ။ ၃၈၈ မှာ။ ဒီလူ ရဲ့ အလားအလာက ဘာဖြစ်နိုင်မလဲ။ ကောင်းကင်ရောင်ပြန် အဆင့် ရဲ့ ထိပ်တန်း ကျင့်ကြံသူ။ ဒီ အချိန်မှာ ကျောင်းတော်သားတွေ သတိ ပြန်ဝင်လာတယ်။ ဖန်ကျန်းရှီ တော်ဝင်စာမေးပွဲမှာ လုပ်ခဲ့တာကို ပြန်တွေးမိကြတယ်။ အဲ့ဒီ့အချိန်တုန်းက ဖန်ကျန်းရှီ အဆင့် တက်သွားတာ တစ်လပဲ ရှိသေးတယ်။

လူတိုင်းထင်ခဲ့ကြတာ။ ဖန်ကျန်းရှီက ကောင်းကင်ရောင်ပြန် ကနဦးအဆင့်ပေါ့။ စုတုန်းလင်။ နန်ကုန်းမု နဲ့ ရှင်ချင်းစွေ့ တို့ကို ယှဉ်ပြိုင်နိုင်တဲ့ အင်အား ရှိနေမယ်လို့ မထင်ခဲ့ဘူး။ ဒါပေမယ့် အမှန်တရားက ဘာလဲ။ ဖန်ကျန်းရှီက ပထမ အချီမှာတင်။ စုတုန်းလင်ကို အနိုင်ယူခဲ့တယ်။ အဲ့ဒီ့နောက် နောက်ဆုံး ပြိုင်ပွဲမှာ ကျောက်စိမ်းနီလာ အနုပညာ ဆရာ တစ်ဆူ ဖြစ်တဲ့ နန်ကုန်းမုကို အနိုင်ယူခဲ့တယ်။ အဇူရာ တာအို မှာ ကျွမ်းကျင်တဲ့ ရန်ရွှယ်ကိုလည်း ဆွဲချနိုင်ခဲ့တယ်။ ဒါတွေကြောင့် ကျောင်းတော်သားတွေ မယုံမရဲ ဖြစ်နေကြတာပဲ။

ဒီလို အရှက်မရှိတဲ့ ကောင်မှာ ဘာကြောင့်များ ဒီလို စွမ်း၇ည်တွေ ရှိနေလဲ ။ သူတို့ နားမလည်ခဲ့ကြဘူး။ နောက်ဆုံးတော့လည်း ဘာ အထူး ကျင့်ကြံနည်း ကိုမှ သူ သင်ကြားထာတာ မရှိဘူးလေ။ ဒါပေမယ့် အခုတော့ သူတို့ နားလည်သွားရပြီ။

ဖန်ကျန်းရှီ ရဲ့ စိတ်အာရုံ နယ်မြေထဲမှာ ၃၈၈ တာအိုတောင် ရှိနေတယ်။ နောက်တစ်နည်း ပြောရရင်။ ကောင်းကင်ရောင်ပြန် အဆင့် ကျင့်ကြံသူတွေထဲမှာ ဖန်ကျန်းရှီက အင်အား အကြီးဆုံးပဲ။

အပိုင်း (၃၇၉) ပြီး၏။

အပိုင်း (၃၈၀)

“ တစ်ချီတောင် မခံဘူးတဲ့လား။”

ရှေးခေတ်က နေ့ရက်တွေမှာ။ လူတွေက အမြဲတမ်း ယှဉ်ပြိုင်ချင်ကြတယ်။ ဘယ်သူက ပိုတော်လဲ သိချင်တာကြောင့်။ ဒါပေမယ့် တစ်ချို့သူတွေ ကတော့ ကျင့်ကြံဆင့် မြင့် ကြတယ်။ တစ်ချို့သူတွေ ကတော့ ပိုကောင်းတဲ့ ကျင့်ကြံနည်းတွေ ရှိတယ်။ ဒါဆိုရင်။ သူတို့ ဘယ်လို ဆုံး ဖြတ်ကြလဲ။ အလွယ်ကူဆုံး နည်းလမ်း ကတော့ တရားမျှတတဲ့ တိုက်ပွဲ တစ်ခု တိုက်ခိုက် ဖို့ပဲ။ ဒါပေမယ့် ကျောင်းတော်သားတွေက ဖန်ကျန်းရှီ ရဲ့ စိတ်အာရုံ နယ်မြေထဲမှာ တာအို ၃၈၈ ခု ရှိတာ သိလိုက်ရတော့။ သူ့ ရဲ့ အစွမ်းကို ဘယ်သူမှ သံသယ မဝင်ကြတော့ဘူး။ နောက်ဆုံးတော့လည်း ။ သမိုင်းက သက်သေပြခဲ့တယ်။ တာအို ၁၀၀ ထက် ပိုပြီး စုဆောင်း နိုင်တဲ့ လူတွေက သမိုင်းမှာ အထွဋ် အထိပ်ရောက်တဲ့ သူရဲကောင်းတွေပဲ။

…

နန်ကုန်းဟောင်က ကလေး ဘဝထဲက တောက်ပတဲ့ ကြယ်တစ်ပွင့် ဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ လုံးလုံး ချီၤးမွမ်းမှုတွေ နဲ့ပဲ နေလာခဲ့တာ။ တစ်နှစ်ထက် တစ်နှစ် ချီးမွမ်းသံတွေ ပိုပြီး ကျယ်လောင်လာတယ်။ ရင့်ကျက် တည်ငြိမ်တယ်။ အရည်အချင်းရှိတယ်။ မျိုးဆက်သစ်တွေ ရဲ့ အနာဂတ် ။ အမျိုးမျိုးသော ချီၤးမွမ်းမှုတွေက သူ့ကို မြှောက်တက်စေတယ်။ သူ့ နေရာမှာ ရှိတဲ့ ဘယ်သူမဆို မောက်မာ ထောင်လွှားမှာ အမှန်ပဲ။ ဒါပေမယ့် နန်ကုန်းဟောင်ကတော့ မမောက်မာဘူး။ သူ အမြင့်ကို ရောက်လေလေ အကျနာလေ ဖြစ်မှာ ကို နားလည်တယ်။ ဒါကြောင့် သူ့ကိုယ်သူ တိုးတက်ဖို့ ကြိုးစားတာကို ဘယ်တုန်းကမှ မရပ်တန့် ခဲ့ဘူး။

ညီလာခံ စာမေးပွဲ အတွက်။ အသာစီး ရနိုင်ဖို့။ သူ့ ပြိုင်ဘက် ရဲ့ အကျင့်စရိုက်နဲ့ နည်းလမ်းတွေကို သူ အမြဲ ဖတ်ရှုတယ်။ သူ ထင်ခဲ့တာ။ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားလိုက်ရင်။ ဖန်ကျန်းရှီ ရဲ့ အားနည်းချက်ကို ရှာတွေ့တာနဲ့ ။ အနိုင်ပိုင်းနိုင်ပြီပဲ။ ဒါပေမယ့် အခုတော့။ ဖန်ကျန်းရှီက ကောင်းကောင်း ရင်ဆိုင်ခဲ့တယ်။ သူ့ အစီအစဉ်ကို ပျက်စီးစေတယ်။ သူ့ကို ဆောက်တည်ရာ မရ ဖြစ်စေတယ်။

နန်ကုန်းဟောင် ဖြည်းဖြည်းချင်း သတိ ဝင်လာတယ်။ ခေါင်းမော့ရင်း ကောင်းကင်ပြာကြီးကို ကြည့်တယ်။ အရိုးခိုက်အောင် အေးစက်နေတဲ့ လေအေးအေးတွေကို ခံစားမိလာတယ်။ နောက်ပြီးတော့ သူ့ဘေးက မျက်လုံးပြူးနေတဲ့ ကျောင်းတော်သားတွေကို ကြည့်တယ်။ သူသိလိုက်ပြီ။ အခုချိန်မှာ ။ ဖန်ကျန်းရှီက သူနဲ့ အဆင့် အတူတူပဲ။ ဒါပေမယ့် အကယ်၍ လူတစ်ယောက် ကသာ မတူညီတဲ့ ရှုထောင့်ကနေ ကြည့်မယ် ဆိုရင်။ သူ့ ရဲ့ အသိပညာ သာလွန်မှုတွေ။ မြေမျက်နှာသွင်ပြင် ဆိုင်ရာ သာလွန်မှုတွေ။ … သူ့ရဲ့ သာလွန်မှုတွေ အားလုံး က ဖန်ကျန်းရှီ နဲ့တွေ့တော့ အလကား ဖြစ်သွားရပြီ။ နန်ကုန်းဟောင် ဒီ ကိစ္စကို ဆက်ပြီး မစဉ်းစား တော့ဘူး။ ဖန်ကျန်းရှီကို ဆက်ပြီး မတွန်းလှန်ဖို့ ဆုံးဖြတ်လိုက်ပြီ။

“ ဒီ တိုက်ပွဲမှာ။ ငါ့ရဲ့ ကျင့်ကြံ ဆင့်ကို ကောင်းကင်ရောင်ပြန် အဆင့် ထိ ဖိနှိပ်ထားမယ်။” နန်ကုန်းဟောင် အတော်လေး တည်ငြိမ်သွားခဲ့ပြီ။ ကျောင်းတော်သားတွေ အားလုံး သူတို့ ကြား လိုက်ရတာကြောင့် လန့်သွားတယ်။

“ နန်ကုန်းဟောင်က သူ့ရဲ့ ကျင့်ကြံဆင့်ကို ဖိနှိပ်ထားမယ်တဲ့။ ဘာတွေ ဖြစ်ကုန်ပြီလဲ။”

“ သူက ဘာကြောင့်များ ဒီလို လုပ်ရတာလဲ။”

“ ထိပ်တန်းကျောင်းတော်သားဆိုတာ သံသယဖြစ်စရာ အကြောင်း မရှိတော့ဘူး။”

နန်ကုန်းဟောင် ဘာတွေ တွေးနေလဲ ကျောင်းတော်သား တစ်ချို့ နားမလည်ဘူး။ ဒါပေမယ့် တစ်ချို့ ဉာဏ်ထက်တဲ့ ကျောင်းတော်သားတွေ ကတော့ ခပ်မြန်မြန် နားလည်တယ်။ ဒီ အတွေးအခေါ်က နားလည်ဖို့တော့ မခက်ခဲ ပါဘူး။ ဒါပေမယ့် နန်ကုန်းဟောင် နေရာမှာ လူတစ်ချို့ ပဲ ဒီလို ဆုံးဖြတ်ချက် ချနိုင်မှာ။ လေးစားစရာပဲ။ နောက်တစ်မျိုး ပြောရရင်က ။ ဒီလို ဆုံးဖြတ်ချက်မျိုး မချ၇င် ။ သူက နန်ကုန်းဟောင် မဟုတ်တော့ဘူး။

…

နန်ကုန်းဟောင် ရဲ့ လက်တွေက တည်ငြိမ်တယ်။ သူ့ မျက်လုံးတွေက နေမင်းကြီးလို တောက်ပတယ်။ သူ့ မျက်လုံးအိမ်ထဲကနေ ရောင်ခြည်တွေ ဖြာထွက်နေသလိုပဲ။ စိတ်ရှုပ်ထွေး နေတဲ့ အမူအယာ လည်း ပျောက်ကွယ်သွားတယ်။ သူ့ ဒီလို ဆုံးဖြတ်ချက်က အန္တရာယ်များမှန်း သိတယ်။ ဒါပေမယ့် ဒီလို ဆုံးဖြတ်ချက်ကပဲ။ သူ အလောတကြီး ဖြစ်နေတာကို မသိနိုင်မှာ။ လူတစ်ယောက် နဲ့ မတိုက်ခိုက်ခင် ဒီလို စိတ်လှုပ်ရှားခဲ့တာ ။ နောက်ဆုံး ဘယ် အချိန်ကမှန်း သူ မမှတ်မိတော့ဘူး။ အခုတော့ သူ့စိတ်တွေ အလောသုံးဆယ် လှုပ်ရှားနေတယ်။

ဖန်ကျန်းရှီမှာ တာအို ၃၈၈ ခုရှိတာကို ကြားပြီးနောက်။ သူ့မှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ တစ်ခုကတော့ သူ့ ရဲ့ ကျင့်ကြံဆင့်ကို သုံးပြီးတော့ ဖန်ကျန်းရှီကို ဖိနှိပ်ဖို့။ ဒါပေမယ့် သူ သာ ဒီလို လုပ်ခဲ့၇င်။ သူ့ စိတ် နှလုံးသားထဲမှာ ရှုံးနိမ့်မှုကို ခံစားရလိမ့်မယ်။ နန်ကုန်းဟောင် ရဲ့ ဂုဏ် သိက္ခာက ဒီလို အဖြစ်မျိုးကို အဖြစ်မခံနိုင်ဘူး။

ဖန်ကျန်းရှီက နန်ကုန်းဟောင် ပြင်ဆင်ထားသမျှကို အသုံးမဝ်ငအောင် လုပ်လိုက်ပြီးပြီ။ သန်မာတဲ့ သူကတော့ ဆက်ပြီး သန်မာနေအုန်းမှာပဲ ယုံကြည်ချက်သာ ပြည့်ဝနေမယ် ဆိုရင်ပေါ့။ ဒီလူတွေပဲ အစွမ်းကုန် တွန်းအားပေးပြီး စွန့်စား ရဲမှာ။ ဒီလို လူတွေပဲ ။ ထိပ်ဆုံးမှာ ကျန်ရစ်ခဲ့ပြီး စစ်မှန်တဲ့ အင်အားကြီးတွေ ဖြစ်လာနိုင်မှာ။

နန်ကုန်းဟောင်က လွယ်ကူတဲ့ လမ်းကို ရွေးချယ်နိုင်တယ်။ ဖန်ကျန်းရှီကို ဖိနှိပ်နိုင်တယ်။ ဒါပေမယ့် ဒီလိုသာ လုပ်လိုက်ရင်။ သူက စိန်ခေါ်မှုကို ရင် မဆိုင်ရဲတဲ့သူ ဖြစ်သွားပြီ။ ဒီ တိုက်ပွဲက သူ့ ဘဝကို ပျက်စီး သွားစေနိုင်တယ်။ နန်ကုန်းဟောင် သူ့ ရွေးချယ်မှုကို အပြည့်အ၀ ယုံကြည်တယ်။ သူ့ ရွေးချယ်မှု အတွက် ပေးသင့်ရမယ့် တန်ဖိုးကိုလည်း လိုလိုလားလား လက်ခံ ထားတယ်။ အရှုံးကို သူ ရင်ဆိုင်ဝံ့တယ်။ သူ ကြောက်တာက အရှုံးကို ရင်မဆိုင်ဝံ့မှာပဲ။

နန်ကုန်းဟောင် ရဲ့အေးဆေး တည်ငြိမ်မှုက။ ယုံကြည်ချက် နဲ့ စိတ်လှုပ်ရှားမှု အဖြစ်ကိုေ ပြာင်းလဲ သွားတယ်။ ထိုက်တန်တဲ့ ပြိုင်ဘက် နဲ့ တွေ့ကြုံတဲ့ အချိန်မှာ ခံစားရတဲ့ စိတ်ခံစားချက်ပဲ။ စိတ်အာရုံ နယ်မြေထဲမှာ တာအို ၃၈၈ ခု ရှိနေတဲ့ လူတစ်ယောက်က ဘယ်လောက် ထိ အင်အားကြီးနိုင်မလဲ။ ဖန်ကျန်းရှီကို နန်ကုန်းဟောင် စိုက်ကြည့်နေယ်။ အရေ အတွက်များတဲ့ သူကပဲ အနိုင်ယူနိုင်မလား။ ဒါမှမဟုတ် စိတ်ဆုံးဖြတ်ထားတဲ့ နှလုံးသားကပဲ အနိုင်ရ နိုင်မလား။ သူ ရှာဖွေ ကြည့်ချင်တယ်။

…

ဖန်ကျန်းရှီ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။ သူ့မှာ ဒီလို ရွှေရောင် အခွင့်အရေးကြီး ရှိလာမယ်လို့။ တကယ်တမ်း နန်ကုန်းဟောင်က သဘာဝလွန် အဆင့်ကို ရောက်ရှိသွားပြီလို့ သတင်းကြားလိုက်တော့ ။ သူနောက်ပြန် လှည့်ချင်တယ်။ နောက်ပြီးတော့ နန်ကုန်းဟောင်ကို အချိန်ဇယားပြင်ဖို့ ပြောချင်တယ်။ ဒါပေါ့။ အခုချိန်မှာတော့ သူ ဘယ်လုပ်မလဲ။ သူ့ရဲ့ အကြောင်းရင်းကို ရှင်းပြစရာ မလိုဘူး။ အဆုံးသတ်မှာတော့။ နန်ကုန်းဟောင် ရဲ့ အားသာချက်တွေကို သူ အကုန် ချေဖျက်လိုက်ပြီးပြီလေ။ အဲ့ဒီ့နောက် နောက်ထပ် သတင်းကောင်းလေး တစ်ခုကို သူ ကြားလိုက်တယ်။ နန်ကုန်းဟောင်က သူ့ရဲ့ ကျင့်ကြံဆင့်ကို ဖိနှိပ် လိုက်မယ်တဲ့။

နေစမ်းပါအုန်း။ ဒါဆို။ နန်ကုန်းဟောင်သာ ရှုံးသွားခဲ့ရင်။ ဒါက တရားဝင်ဖြစ်မှာလား။

ကျောင်းတော်သားတွေ နဲ့ ခေါင်းဆောင်တွေ ထင်ကြတာ။ နန်ကုန်းဟောင် ဒီလို အဆင့်နှိမ့်လိုက်တာ။ သူ့ မှာ ယုံကြည်ချက်တွေ သိပ်ကို မြင့်မားနေလို့ပဲ။

“ ကျင့်ကြံဆင့်ခြင်း တူနေရင် ဘယ်သူ နိုင်မှာလဲ။”

“ နန်ကုန်းဟောင် ပေါ့။ ပြောရရင်။ နန်ကုန်းဟောင်က ကောင်းကင်ရောင်ပြန် အဆင့်တည်းက ကောင်းကင်တာအို ခန်းမကို ဖိတ်ခေါ်ထားခံရတာ။ နောက်ပြီးတော့ နန်ကုန်းဟောင် ရဲ့ စိတ်နှလုံးက အရမ်းကို သန်မာတယ်။ ”

“ ဒီလို ဖြစ်ရင်တောင်။ ဖန်ကျန်း၇ှီက တာအို ၃၀၀ ကို စုထား။ မှားလို့။ လေးရာ နီးပါးကို စုထားတာ။ နည်းလမ်း တကျ ပြောရမယ်ဆိုရင်။ ကောင်းကင်ရောင်ပြန် အဆင့်မှာ သူ့ကို ဘယ်သူမှ မယှဉ်ပြိုင်နိုင်ဘူး။”

“အတိအကျပဲ။ ဒီ တိုက်ပွဲက …. ခန့်မှန်းဖို့ ခက်ခဲတယ်။”

ကျောင်းတော်သားတွေ ဖြစ်နိုင်ချေကို ခန့်မှန်းဖို့ စတင်တယ်။ ဖန်ကျန်းရှီ အကြောင်း ကြားပြီးတဲ့နောက် ။ သူတို့ရဲ့ အတွေး အခေါ်တွေလည်း ပြောင်းလဲ သွားတော့တယ်။ ဒီ တိုက်ပွဲက သူတို့ မျှော်လင့်ထားထက် ပိုပြီးတော့ လက်ရည်ညီနေပြီ။ ဒါပေမယ့် သူတို့ ခန့်မှန်း ပြောဆို နေတဲ့ အချိန်။ ဖန်ကျန်းရှီ ရဲ့ အသံ ထွက်လာတယ်။

“ တိုက်ပွဲကို အစွမ်းကုန် မတိုက်ခိုက်ရင်။ ဒီ တိုက်ပွဲက အဓိပ္မာယ် မ၇ှိဘူး။ တရားမျှတတဲ့ တိုက်ပွဲလို့ ငါပြောပြီးပြီ။ ပြောချင်တဲ့ သဘောက ။ မင်း တတ်နိုင်သလောက် ကြိုးစားတိုက်ခိုက်။ ကြောက်မွှေးပါရင် ဇာဂနာ နဲ့ နုတ်ပြစ်လိုက်။ ငါ့ဓားကို သုံးပြီး တိုက်ခိုက်ရတဲ့ အထိ ထိုက်တန်သလားလို့ ငါ့ကို ပြစမ်းပါ။” ဖန်ကျန်းရှီ ပြောရင်း နဲ့ ဓားကို ဝေ့ယမ်း ပြတယ်။ လူအုပ်ကြီး တစ်ခုလုံး တိတ်ဆိတ်နေတယ်။

ကျောင်းတော်သားတွေ ဒီ စကားကို ကြားတော့ ကြောက်ကုန်တယ်။ ဖန်ကျန်းရှီမှာ အကြောက် အလန့် မရှိတာကို သူတို့ ပို အံ့သြတယ်။ ဒါက နန်ကုန်းဟောင် ရဲ့ သတ္တိထက် ပိုပြီး တန်ဖိုးရှိတယ်။ ဖန်ကျန်းရှီ ရဲ့ လက်ထဲက ခြေရာမဲ့ ဓားပေါ်မှာ နေရောင်ခြည် တောက်ပနေတယ်။ ခရမ်းရောင် အလင်းတန်းက အရင်ကထက် ပိုပြီး တောက်ပလာတယ်။

…

နန်ကုန်းဟောင် ရဲ့ စိတ်လှုပ်ရှားနေတဲ့ အမူအယာ တော င့်တင်း သွားတယ်။ တိုက်ပွဲ အစက ဒီလောက်ထိ ခံစားချက် မကောင်းဘူးလို့ မထင်ထား မိဘူး။ တိုက်ပွဲမစခင်မှာ ဒီလို ခံစားချက်မျိုးကို မရဖူးဘူး။ အခုချိန်မှာ ဖိအားတွေ အ၇မ်း များနေပြီ။ ဒီ ဖိအားက သူ့ ပြိုင်ဘက်ရဲ့ စွမ်းရည်ကနေ လာတာ မဟုတ်ဘူး။ နှလုံးသားကနေ လာတာ။ နန်ကုန်းဟောင်က သူ့ နှလုံးသား နဲ့ ထိန်းချုပ်မှု ကို ယုံကြည်ချက်ရှိတယ်။ ဒါပေမယ့် အခုချိန်မှာတော့။ ဖန်ကျန်းရှီက သူ့ကို လွှမ်းမိုးနေပြီ။

ဒီလိုသာ ဆက်သွား၇င် ဘာဖြစ်မလဲ သူ မသိတော့ဘူး။ သူသိတာက ။ အခုချိန်မှာ သူ့ ဓားကို ထုတ်သုံးရတော့မယ်။

“တရားမျှတဲ့ တိုက်ပွဲ ဟုတ်လား။ ကောင်းပြီလေ။ မင်း တစ်ချီတောင် ခံနိုင်ရည် ရှိပါ့မလား။” နန်ကုန်းဟောင်ရဲ့ မျက်လုံးတွေက ရွှေရောင် နေမင်းလို တောက်ပလာတယ်။ ပြင်းထန်တဲ့ ဖိအားတွေ အောက်မှာ။ လူ အနည်းငယ်က ဓားကိုင်ဖို့ ရွေးချယ်ခဲ့တယ်။ ဒါပေမယ့် နန်ကုန်းဟောင်ကတော့ တစ်ချက်လေးတောင် မတွေဝေဘူး။ ဒီလို ကိစ္စမျိုး အတွက် သူက ကောင်းကောင်း လေ့ကျင့်ထားပြီးသား။ သူနဲ့ အရည်အချင်း တူတဲ့ လူတစ်ယောက်ကို မကြောက်ဘူး။ နဂါးဗျူဟာက ဘယ် အရာနဲ့ မဆို လိုက်လျော ညီထွေ ဖြစ်နိုင်တယ်။ နန်ကုန်းဟောင် ရဲ့ ကျင့်ကြံ နည်းနဲ့ ဆိုရင်။ အရာအားလုံးကို သူ တွဲဖက်နိုင်တယ်။ ကြင်နာမှု။ ဆိုးဝါးတဲ့ စိတ်။ ရူးမိုက်မှု။ အားလုံးကို အကော င်းဆုံးဖြစ်အောင် အကျယ် ဖြန့်နိုင်တယ်။ ဒီလို အရည် အချင်း တွေ ရှိနေမှတော့။ ဘာကို တွန့်ဆုတ်နေရတော့မှာလဲ။

နန်ကုန်းဟောင် သူ့ဓားကို ချက်ခြင်း ထုတ်တယ်။ အားသာချက်တွေ မ၇ှိတော့တာက လွဲရင်။ သူ မတွေေ၀ နေခဲ့ဘူး။ သူ့ဓားက ကြည့်ရတာ သာမာန် ဖြစ်ပေမယ့်။ နာမည် တစ်လုံးနဲ့ နေတာ။ မစွမ်းဆောင် နိုင်တဲ့ အရာ ဘာမှ မရှိဘူး။ ဓားက လေကို ခွင်းပြီး ပျံထွက်သွားတယ်။ ချန်းဖေးယွီကို တိုက်ခိုက်တုန်းက အကွက်နဲ့ အတူတူပဲ။ ဒီရိုးရှင်းတဲ့ တိုက်ကွက်က ဘယ်လောက်ထိ အင်အားပြင်းထန်လဲ ဆိုတာ လူတိုင်း သိတယ်။

…

ဓားကွက်ကို မြင်တော့ ဖန်ကျန်းရှီ နည်းနည်း လန့်သွားတယ်။ သူတွေးခဲ့တာ။ နန်ကုန်းဟောင်က တစ်ခုခု ပြောမယ်လို့။ ဥပမာ အားဖြင့် ဖန်ကျန်းရှီကို စကားနဲ့ ထိုးစစ်ဆင်ဖို့ ပြောမယ်ပေါ့။ ဒါပေမယ့် နန်ကုန်းဟောင်က အပို အလုပ်တွေ ဘာမှ မဟုတ်ဘူး။ ချက်ခြင်း ဓားထုတ်ပြီး တိုက်ခိုက်တာပဲ။ ညှာတာမှုလေး တောင်မရှိဘူး။

“ အလစ်ဝင်တိုက်တာလား။” နန်ကုန်းဟောင်ကို ဖန်ကျန်း၇ှီ အပြစ်တင်ချင်တယ်။ ဒါပေမယ့် မသင့်တော်မှန်း ပြန်တွေးမိလိုက်တယ်။ နောက်ဆုံးတော့လည်း နန်ကုန်းဟောင်က အရှေ့ဘက် ကနေ တိုက်ခိုက်တာပဲလေ။ နောက်ပြီးတော့ တရားမျှတကို သူက အရင်တောင်းဆိုခဲ့တာ။ တခြား တနည်းနဲ့ ပြောရရင်။ တိုက်ပွဲစတည်းက ဖန်ကျန်းရှီ ပြောခဲ့တာ။ နန်ကုန်းဟောင် တိုက်ခိုက်လာမှာကို နားလည်ပေးလို့ရတယ်။ အတော်လေး ထူးဆန်းနေတာ သိပေမယ့်။ သူ ချက်ခြင်း တုံ့ပြန်လိုက်တယ်။ ဘယ်လက်ကနေ သံတွေကို အဆုပ်လိုက် ပြစ်ချတယ်။

နဂါးဗျူဟာ တိုက်ခိုက်နည်းက အရာအားလုံးနဲ့ လိုက်လျော ညီထွေ လုပ်နိုင်တယ် ဟုတ်လား။ ကောင်းပြီလေ။ သံတွေနဲ့ လိုက်ဖက်အောင် လုပ်ကြည့်ပါလား။ ဒီသံတွေကို အများကြီးတော့ သူ မမျှော်လင့်ထားပါဘူး။ ဒါက အလေ့အကျင့် ဖြစ်နေတာလေး သက်သက်ပဲ။ ဒါကြောင့် သံတွေကို ပြစ်ချပြီးနောက်။ ညာလက်နဲ့ ခြေရာမဲ့ဓားကို ခုတ်ချလိုက်တယ်။

မြစ်ဝါ မြစ်က ရေတွေက ကောင်းကင်ဘုံကနေ အခြေပြုပြီး စတင်တယ်။ ပင်လယ်ထဲကို စီးဝင်တယ်။ ဘယ်တော့မှ မရပ်တန့်တန့်ဘူး။ ဒါက သူ့ အရင်လောကရဲ့ ကဗျာ တစ်ပုဒ်ပဲ။ ဒီ ကဗျာက အတော်ကောင်းတယ်။ ဓား ခုတ်ချလိုက်တဲ့ အချိန်။ အလင်းတန်းတွေ တောက်ပလာတယ်။ အလင်းတန်းတွေက ရေတံခွန်ကြီး တစ်ခုလို တောက်ပလာတယ်။ နန်ကုန်းဟောင်ရဲ့ ဓားကို သွားရိုက်တယ်။ တစ်ချိန်တည်းမှာပဲ ကြည်လင်နေတဲ့ ဓားကို ငွေရောင်အလင်းတန်းတွေ ဖြတ်သန်းတယ်။ ဒါပေမယ့် အသံကျယ်ကြီး ထွက်မလာဘူး။

တိတ်ဆိတ်ငြိမ်သက်နေတယ်။ စောင့်ကြည့်သူတွေ တခါ မှ မမြင်ဖူးတဲံ တိတ်ဆိတ်မှု မျိုးနဲ့ တိတ်ဆိတ်နေတယ်။ ဒါက ဖန်ကျန်းရှီ အကြိမ်အများကြီး သုံးခဲ့တဲ့ တိုက်ကွက်ပဲ။ တောင် ရေတံခွန် ရေတံခွန်။ ခြေရာမဲ့ဓား ကို အသုံးပြုတဲ့ အချိန်။ သဘာဝလွန် အဆင့် ကျင့်ကြံသူတွေတောင် တောင့်မခံ နိုင်ဘူး။ ဒါပေမယ့် ဒီ တစ်ကြိမ်မှာ။ သူ့ ဓားချက်က နန်ကုန်းဟောင် ရဲ့ ဓား နဲ့ ထိတွေ့တော့။ သူ့ နှလုံးသားထဲ ခံစားချက် တစ်ခု ပေါ်လာတယ်။ ဒီ ခံစားချက်ကို စာကြောင်းလေး တစ်ခု နဲ့ပဲ ဖော်ပြလို့ ရတယ်။ ပြောနိုင်တာက။ ငါတို့က ရေသောက်မြစ် တစ်ခုတည်းက လာတာလေ။ ဘာကြောင့်များ တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်နေရမှာလဲ။

“ မိုးနတ်မင်းရေ။” ဒီ ခံစားချက်က နန်ကုန်းဟောင် ရဲ့ နဂါး ဗျူဟာကြောင့် ဖြစ်လာတာ။ ဒါကြီးကို သူ တိုက်ခိုက်ချင်တယ်။ ဒါပေမယ့် ဂယောက်ဂယက် ခံစားချက်ကြီး သူ့ နှလုံးသားထဲမှာ လွှမ်းမိုးနေတယ်။ သူ့ ဓားကွက်မှာ ဘာ တိုက်ပွဲ ဝိဉာဉ်မှ မပါဝင်ဘူး။ တိုက်ပွဲဝိဉာဉ် မပါရင် ဘယ်လိုများ ဓားပညာ လို့ ခေါ်နိုင်မှာလဲ။

နန်ကုန်းဟောင်ရဲ့ ဓား က။ ချန်းဖေးယွီ ရဲ့ လည်ပင်းမှာ ထောက်ထားတဲ့ အချိန်။ ချန်းဖေးယွီ ဘာကြောင့် မလှုပ်ရှားနိုင် ဖြစ်သွားလည်း သူ နောက်ဆုံးတော့ နားလည်သွားပြီ။ ချန်းဖေးယွီ မတိုက်ခိုက်ချင်လို့ မဟုတ်ဘူး။ ချန်းဖေးယွီ ရဲ့ ဓားပညာက သူ့ကို ဆန့်ကျင်နေလို့ပဲ။

“ လောကထဲမှာ ရှိတဲ့ အရာ အားလုံးကို မင်း ထိန်းချုပ်နိုင်တယ်။ ဒါပေမယ့် ငါလည်း လုပ်နိုင်တာပဲ။” နန်ကုန်းဟောင်ရဲ့ စကားတွေ သူ့ နားထဲ ပြန်ကြားယောင်လာတယ်။ ဓားပညာက တာအိုနဲ့ ဖန်တီးထားတာ။ တာအိုက ဒီလောကမှာ အရာအာလးုံးပဲ။ နန်ကုန်းဟောင် ရဲ့ ကျင့်ကြံ နည်းက ဖန်ကျန်းရှီ အတွက်တောင် အရမ်း ထူးခြားနေတယ်။ ဒါကြောင့်လည်း နန်ကုန်းဟောင်က အရာဝတ္ထုတွေကို ထိန်းချုပ်နိုင်စွမ်း မြင့်မားတာ။ ဒါကို စိတ်ထဲ ထည့်ထားရင်။ တာအိုကို သူက တခြားသူတွေထက် ပို ထိန်းချုပ်နိုင်ပြီ။ နောက်ပြီးတော့ ဓားပညာကိုလည်း ထိန်းချုပ်နိုင်ပြီ။

အပိုင်း (၃၈၀) ပြီး၏။

All Chapters