← Chapters

အပိုင်း (၃၈၁-၃၉၀)

Vol. 4 Ch. 381-390

အပိုင်း (၃၈၁-၃၉၀)

Vol. 4 Ch. 381-390

အပိုင်း (၃၈၁)

“ နောက်ဆုံး ကျန်ရစ်သူ။”

ဖန်ကျန်းရှီ ဒီလို ခံစားချက် မျိုးကို ခံစားဖူးတယ်။ နတ်ဆိုး ကျောင်းတော်မှာ လုယွီရှန် နဲ့ တိုက်ခိုက်ရတဲ့ အချိန်ကလိုပဲ။ အဲ့ဒီ့အချိန်တုန်းက လုယွီရှန်က ထူးထူးဆန်းဆန်း ကောင်းကင်ရောင်ပြန် အဆင့်ကို တိုးတက်သွားတာ။ ကောင်းကင်ရတနာ ခန်းမထဲမှာ ဖန်ကျန်းရှီကို သူက အမဲ လိုက်ခဲ့တယ်။ ဖန်ကျန်းရှီက ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်ပြီးတဲ့နောက်။ သူတို့ နှစ်ယောက် တိုက်ပွဲ အကြီးအကျယ် ဖြစ်ကြတယ်။

ဖန်ကျန်းရှီမှာ အံ့သြစရာ အရာတွေ အများကြီး ရှိနေပေမယ့်။ အရာအားလုံးဖြစ်တည်မှုတာအို ကို သူက ကောင်းကောင်း ထိန်းချုပ်နိုင်တယ်။ ဒါကြောင့် လုယွီ ရှန်းရဲ့ ရေခဲ နယ်မြေကို အနိုင်ရခဲ့တာ။ အချိန်က တစ်ပတ်ပြန်လည်လာပြီ။ ဒါပေမယ့် အတွေးအခေါ်ကတော့ အတူတူပဲ။

ဒါပေါ့။ အခုလို ကိစ္စမျိုးကို လုပ်ဖို့ ဆိုရင် ။ အခြေအနေ နှစ်ခု လိုအပ်တယ်။ ပထမ တစ်ခုက။ လူနှစ်ယောက်ရဲ့ စိတ်အာရုံနယ်မြေထဲမှာ ရှိတဲ့ တာအိုတွေ တူညီရမယ်။ ဒုတိယ တစ်ခုက အနိုင်ရချင်သူက ပြိုင်ဘက်ထက် တာအိုကို ပိုပြီး ထိန်းချုပ်နိုင်ရမယ်။

နန်ကုန်းဟောင်က သဘာဝလွန် အထွဋ်အထိပ် အဆင့်မှာ ရှိနေတာ။ ဒါကြောင့် အရာအားလုံး ဖြစ်တည်မှု တာအိုကို ဖန်ကျန်း၇ှီ ထက် ပိုပြီး ထိန်းချုပ်နိုင်မှာပဲ။ ဒါ့အပြင်။ နဂါးဗျူဟာ က သဘာဝနဲ့ ကောင်းကောင်း ပေါင်းစည်းနိုင်တယ်။ သူ့ ရဲ့ ဓားပညာ ကလည်း ဘယ်တာအို နဲ့ မဆို ပေါင်းစပ်နိုင်တယ်။ နန်ကုန်းဟောင် အတွက် လွယ်ကူနေတဲ့ အချိန်မှာ။ ဖန်ကျန်းရှီ ကတော့ ရုန်းကန်နေရတယ်။

ဖန်ကျန်းရှီ အတွက်တော့။ ဒီလို ခံစားချက်က ။ သူ့ရဲ့ ဓားကို ထိုးချလိုက်တဲ့ အချိန်မှာ။ ဓားက သူ့ဓား မဟုတ်တော့တာကို သိလိုက်ရသလိုပဲ။ အဲ့ဒီ့အစား။ သူ့ ပြိုင်ဘက်က သူ့ဓားကို ခိုးပြီး ပြန်ထိုးတဲ့ အတိုင်းပဲ။ ငါ့ဓားက ဘယ်လိုလုပ် သူ့ ဓား ဖြစ်သွားရတာလဲ။ ဒီလို ဆိုရင် ငါက ဘယ်လိုများ တိုက်ခိုက်ရတော့မှာလဲ။

နန်ကုန်းဟောင် အင်အားကြီးမှန်း ဖန်ကျန်းရှီ သိတယ်။ ဒါပေမယ့် နန်ကုန်းဟောင် က သောက်ကျိုးနဲ ထင်မှတ်မထားရလောက်တောင် အစွမ်းထက်နေတယ်။ တခြားသူတွေ ရဲ့ တာအိုကို ခိုးယူတာလား။ ဒီ အတွေးက ဖန်ကျန်းရှီ ရဲ့ စိတ်ထဲကို ဝင်ရောက်လာတယ်။ နဂါး ဗျူဟာ ရဲ့ အားနည်းချက်ကို သူ ကြိုးစားတွေးကြည့်တယ်။ ဒါပေမယ့် စိတ်အဖိစီးရဆုံး အရာက အားနည်းချက်ကို ရှာဖို့ မဟုတ်ဘူး။ နန်ကုန်းဟောင် ရဲ့ တိုက်ခိုက်မှုကို ခုန်ရှောင်ဖို့ပဲ။ ဟန်ပြနေတဲ့ အားတွေ မရှိဘူး။ အရှိန်အဝါတွေ မပါဘူး။ မိုးကြိုးတွေ အဆက် မပြတ် ပစ်နေသလိုပဲ။

နန်ကုန်းဟောင်က သူ့ကို တည့်တည့် ဓားနဲ့ ထိုးတယ်။ သူ့ဓားက ကောင်းကင်က ကျလာတဲ့ ရေတံခွန်နဲ့ ပေါင်းစပ်သွားတယ်။ ဖန်ကျန်း၇ှီ ရဲ့ လည်ပင်းကို တည့်တည့် တိုးဝင်လာတယ်။ ဖန်ကျန်းရှီ ရွေးစရာ မရှိတော့ဘူး။ သူ့ရဲ့ ထိပ်တန်း နည်းလမ်းကို လက်လျှော့်တယ်။ နောက်ပြန် ဆုတ်တယ်။

“ကလန်” မာဆတ်ဆတ် အသံ တစ်သံ ထွက်လာတယ်။ ဓားတွေ ထိတွေ့ပြီး ပြန်ထွက်ခွာတဲ့ အချိန်မှာ။ အသံများများ စားစား မထွက်ဘူး။ ဒါကြောင့် ရှင်းလင်းပြတ်သားတဲ့ မာဆတ်ဆတ် အသံကို ကောင်းကောင်း ကြားနိုင်တယ်။ နန်ကုန်းဟောင် ရဲ့ ဓားက မူလ နေရာကို ပြန်ရောက်လာတယ်။ ဓားထိပ်ဖျားကတော့ ဖန်ကျန်းရှီကို ဆက်ပြီး ချိန်ထား တုန်းပဲ။ အလင်းရောင်ထဲမှာ ရွှေရောင်တောက်ပနေတယ်။

“ဂုဏ်ပြုပါတယ်။ မင်းက ငါ့တိုက်ခိုက်မှုကို တားမြစ်နိုင်သွားပြီ။” နန်ကုန်းဟောင် ရဲ့ အသံက အေးဆေးတည်ငြိမ်နေတယ်။ အေးခဲမျောက်မင်း ဒေသ ကနေ စထွက်လာစဉ်က အတိုင်းပဲ။ ဖန်ကျန်းရှီ ရဲ့ စိတ်အာရုံ နယ်မြေထဲမှာ တာအို ၃၈၈ ခု ရှိတာကို သိတော့ သူ လန့်သွားတယ်။ ဒီ တိုက်ခိုက်မှုကတော့ သူ့ရဲ့ ယုံကြည်မှုကို ပြန်ရစေတယ်။ ဒါက သူ့ နည်းလမ်းရဲ့ အလှတရားပဲ။

“ဖန်ကျန်းရှီက နန်ကုန်းဟောင် ရဲ့ တိုက်ခိုက်မှုကို ။ ကာကွယ်နိုင်တယ်တဲ့လား။”

“ ဒီ တိုက်ပွဲက ငါ မျှော်လင့်ထားတာထက် ပို စိတ်ဝင်စားစရာ ကောင်းတာပဲ။”

“ ဒီ ကျင့်ကြံဆင့်မှာ။ ဖန်ကျန်းရှီက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ။ အကယ်၍ နန်ကုန်းဟောင် ကသူ့ ကျင့်ကြံဆင့်ကို တကယ် ဖိနှိပ်ထားခဲ့ရင်။ ဖန်ကျန်းရှီ အနိုင်ရဖို့ အခွင့်အရေး များတယ်။”

“ အင်း။ ကောင်းကင်ရောင်ပြန် အထွဋ် အထိပ် အဆင့် ကျင့်ကြံသူက ။ သဘာဝလွန် အထွဋ်အထိပ် အဆင့် ကျင့်ကြံသူရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်တာ။ အထင်ကြီးစရာပဲ။”

ဖန်ကျန်းရှီကို မတူညီတဲ့ အမြင်နဲ့ ကျောင်းတော်သားတွေမြင်လာကြပြီ။ တစ်ချိန်တုန်းက ဘာမဟုတ်တဲ့ ရွာသားလေးလို့ သူတို့ တွေးခဲ့ကြတယ်။ အခုတော့ တောက်ပတဲ့ ကြယ် တစ်ပွင့်လို့ မြင်နေကြပြီ။

ပြောရမယ်ဆိုရင်။ နန်ကုန်းဟောင်က အများကြီး အင်အားပိုကြီးတယ်။ ကျင့်ကြံဆင့် တစ်ဆင့် တိတိသာတယ်။ ဖန်ကျန်းရှီ ဘယ်လောက် ကြိုးစားသည် ဖြစ်စေ။ နန်ကုန်းဟောင်ကို အနိုင်တိုက်ဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ တိုက်ကွက်တစ်ခုကို တားမြစ်နိုင်ရုံနဲ့။ အနိုင်ရပြီလို့ မဆိုသာဘူးလေ။

ကျောင်းတော်သားတွေ အကုန်လုံး ဒီလို တွေးနေကြတယ်။ ဒါပေမယ့် ချန်းဖေးယွီကတော့ အတော်လေးကို စိတ်ဖိစီးနေရှာတယ်။ သဘာဝလွန် အဆင့် ရောက်နေတာက လွဲရင်။ နန်ကုးန်ဟောင် ရဲ့ တိုက်ခိုက်မှုကိုတောင် မခုခံနိုင်ဘူး။ ဒီလောက်ထိ ခက်ခဲမယ်လို့ သူလည်း ထင်မှ မထင်ခဲ့တာ။

တခြားသူတွေ သတိ မထားမိတာကို ရန်ရွှယ် သတိထားမိသွားတယ်။ ဖန်ကျန်းရှီ ရဲ့ ဓား ကိုင်ထား တဲ့ လက်ကို သူကြည့်နေတာ။ နောက်ပြီးတော့ အခုချိန်မှာ ဒီလက်က တုန်ယင်နေတယ်။

…

နန်ကုန်းဟောင် ရဲ့ ရိုက်ချက်ကို ခုခံ နိုင်ဖို့ ။ ဖန်ကျန်းရှီ နည်းလမ်း အများကြီး တွေးခဲ့တယ်။ နန်ကုန်းဟောင် လိုက်ပြီး မပေါင်းစည်းနိုင်ဖို့ တာအိုတွေ အများကြီး သုံးဖို့ စိတ်ကူးတယ်။ ဒါပေမယ့် ကြိုးစားကြည့်ဖို့တောင် အခွင့်အရေး မရခဲ့ဘူး။ မဟုတ်ဘူး။

ဒါကြောင့် အခြေခံ အကျဆုံး နည်းလမ်းကိုပဲ သုံးလိုက်တယ်။ တာအို တစ်ခုကိုမှ မသုံးဘူး။ သူ့ရဲ့ ကိုယ်ပိုင်စွမ်းအင်ကိုပဲ အသုံးချတယ်။ နန်ကုန်းဟောင်ရဲ့ ဓားရိုက်ချက်ကို ခုခံတယ်။ ဒါပေမယ့် ရန်ရွှယ် ခန့်မှန်း သလိုပဲ။ ဓားထဲမှာ တာအို မပါပဲနဲ့။ နန်ကုန်းဟောင်ရဲ့ နဂါးဗျူဟာကို ဖန်ကျန်းရှီက ဘယ်လို ခုခံမှာလဲ။ ဓားတွေ ထိတွေ့တဲ့ အချိန်။ အင်အားလှိုင်းကြီး တစ်ခုက ဖန်ကျန်းရှီ ကို လာရိုက်ခတ်တယ်။ ဖန်ကျန်းရှီ ရဲ့ ဓားကသာ ခြေရာမဲ့ ဓား မဟုတ်ရင်။ ဒီတိုက်ခိုက်မှုကို ခုခံနိုင်မှာ မဟုတ်ဘူး။

“ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ သူရဲကောင်း။ သုခမိန် စစ်နတ် မုန့်ထျန်း။ သူ့ဓားက နတ်ဆိုး သွေးအရိပ်မြို့တော်ကို နှစ်ခြမ်း ခွဲပြစ်ခဲ့တယ်။ ဒီ အမှတ်အသားက ဒီနေ့ အထိ ကျန်ရစ်နေတုန်းပဲ။ သူ့ဓားပေါ်မှာ ။ နတ်ဆိုးအရှင်သခင် စစ်ခုန် ရဲ့ သွေးတွေ စွန်းထင်း ခဲ့တယ်။ မင်းလက်ထဲက ဓားက တကယ့်ကို ဓားကောင်းပဲ။” ဖန်ကျန်းရှီ ရဲ့ ဓားကို ကြည့်ရင်း။ နန်ကုန်းဟောင် ရဲ့ မျက်လုံးတွေ တောက်ပလာတယ်။ သူ့ ရဲ့ ဝတ်ရုံဖြူက လေထဲမှာ တဖျပ်ဖျပ် လှုပ်ခါနေတယ်။

နန်ကုန်းဟောင် ဘာကိုပြောချင်လဲ ဖန်ကျန်းရှီ သိပါတယ်။ ဓားကွက်ကို သူ ခုခံနိုင်လိုက်တာ ခြေရာမဲ့ဓားကြောင့်ပဲလေ။ နန်ကုန်းဟောင် ရဲ့ နောက်လာမယ့် တိုက်ခိုက် ချက်က ပိုပြီး မလွယ်ကူ နိုင်မှာကို သိတယ်။ ကျင့်ကြံဆင့်ကွာခြား ချက်က ဒီလောက်တောင် ကြီးမားတာလား။

နဂါးဗျူဟာ။ ဘယ်လိုလုပ်ပြီး နဂါးဗျူဟာ ရဲ့ အားနည်းချက်ကို ရှာရတော့မှာလဲ။ တခြားသူရဲ့ တာအိုကို ခိုးယူနိုင်တဲ့ နည်းလမ်းက။ ချိုးဖျက်ဖို့ မဖြစ်နိုင်ဘူး။ သူက မင်းမှာ ရှိသမျှ အရာအားလုံးကို ခိုးယူနိုင်တယ်။ ဒီလိုလူက ဘယ်လိုများ ရှုံးနိမ့်နိုင်မှာလဲ။။ ဒါပေမယ့် နန်ကုန်းဟောင် အရင်က တော့ ရှုံးဖူးတယ်။ လူတစ်ယောက်ကို သူ ရှုံးနိမ့်ဖူးတယ်။ ဒီလူက ချီကူယန်။

ဖန်ကျန်းရှီ ဒီ အကြောင်းကို သိထားပါတယ်။ ဒါပေမယ့် သူ မသိတာက။ ချီကူယန် ဘယ်လိုများ နန်ကုန်းဟောင်ရဲ့ ဓားပညာကို အနိုင်တိုက်ခဲ့လဲ ဆိုတာပဲ။

ဓားသိန်းသန်းချီ ပညာကို သုံးခဲ့တာလား။ ချီကူယန် ရဲ့ ပညာမှာ။ ဒီ တစ်ခုတည်းကိုပဲ ဖန်ကျန်းရှီ မြင်ဖူးတာလေ။ အခုချိန်မှာတော့ ။ ဒါက သူ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်လိုပဲ။ ဒါပေမယ့် ဒီဓားပညာက နဂါးဗျူဟာကို တကယ်ပဲ အနိုင်တိုက်နိုင်မှာလား။ ဖြစ်နိုင်မယ်လို့ သိပ်တော့ မထင်ဘူး။

အကယ်၍ မလုပ်နိုင်ခဲ့၇င်။ ချီကူယန်က ဘယ်လိုများ နန်ကုန်းဟောင်ကို အနိုင်ယူနိုင်ခဲ့တာလဲ။ ချီကူယန်နဲ့ မြောက်ရွာမှာ စကားပြောခဲ့တဲ့ အချိန်တွေကို ပြန်စဉ်းစားတယ်။ ချီကူယန်က သူ့ကို အလင်းပြခဲ့တယ်။ သူ့ရဲ့ အားနည်းချက်တွေနဲ့။ ဘယ်လို ဆက်ပြီး လုပ်ဆောင်ရမလဲ ဆိုတာတွေကို ။ ချီကူယန်က ညီလာခံစာမေးပွဲမှာ သူ့ကို ဝင်ဖြေစေချင်တယ်။ ဒီအချက်အရ။ ဒီတိုက်ပွဲ ဖြစ်လာမှာကို ချီကူယန် ကြိုသိနေတယ်။

အကယ်၍ ဒီလိုသာ ဖြစ်ခဲ့ရင်။ နဂါး ဗျူဟာအကြောင်းကို ဘာလို့ မပြောပြခဲ့တာလဲ။ နန်ကုန်းဟောင်ကို သူ မနိုင်နိုင်ဘူး ထင်နေလို့လား။ ဒါမှမဟုတ်။ သူမပြောခဲ့တာကို သူ ပဲ သတိမပြုမိတာလား။ ချီကူယန် နဲ့ တွေ့ခဲ့တဲ့ အချိန်တွေကို အသေးစိတ် ပြန်စဉ်းစားတယ်။ ဒါပေမယ့် ဘာ အရိပ် အမြွက်မှ စဥ်းစား မရဘူး။ ကောင်းပြီလေ။ နန်ကုန်းဟောင်ကို သူ အနိုင် မတိုက်နိုင်ဘူးလို့ ချီၤကူယန် ထင်ခဲ့တာပဲ ဖြစ်ရမယ်။

ဒါကိုတွေးတော့ ဖန်ကျန်းရှီ ဒေါသထွက်လာတယ်။ သူ့ရဲ့ တုန်ယင်နေတဲ့လက်က။ ဓားလက်ကိုင်ကို ခပ်တင်းတင်း ဆုပ်ကိုင်တယ်။ သူသတိမပြုမိလိုက်တာက။ ဓားလက်ကိုင်ကို တင်းတင်းကိုင်လိုက်တဲ့ အချိန်မှာ။ ဓားထိပ်က ခရမ်းရောင် အမှတ်အသားလေး ပြောင်းလဲသွားတယ်။ စတင်ပြီး စီးဆင်းတယ်။

ဖန်ကျန်းးရှီ နောက်ထပ် မစဉ်းစားတော့ဘူး။ သူ့ရဲ့ တာအို အသိပေါ်မူတည်ရင်။ နဂါးဗျူဟာကို အနိုင်တိုက်ဖို့ နည်းလမ်း တစ်ခုတောင် စဉ်းစားမရဘူး။ ဒီလို ဖြစ်လာတော့လည်း။ သူ့မှာ ရိုးရိုးရှင်းရှင်း အမြင်တစ်ခုပဲ ရှိတော့တယ်။ လုပ်သာ လုပ်လိုက်တော့။ စိတ်လွတ်ကိုယ်လွတ်။

ဖန်ကျန်းရှီ လှုပ်ရှားတယ်။ နန်ကုန်းဟောင် နောက်တစ်ခေါက် တိုက်ခိုက်မှာကို မစောင့်ဆိုင်းတော့ဘူး။ ဒီ တစ်ခေါက်မှာ လက်ဦးမှု ယူဖို့ ပြင်တယ်။ နန်ကုန်းဟောင်ကို ပထမဆုံး လှုပ်ရှားတဲ့သူ အဖြစ်မခံနိုင်ဘူး။ သူ အနိုင်ရသည်ဖြစ်စေ။ မရသည်ဖြစ်စေ။ ကိစ္စ မရှိဘူး။ ဒါပေမယ့် သူ လုံး၀ လက်မလျှော့်ဘူး။ ဖန်ကျန်းရှီက နန်ကုန်းဟောင် ဆီကို တန်းတန်း မတ်မတ် သွားဖို့ ပြင်တယ်။ ကျောင်းတော်သားတွေက ဖန်ကျန်းရှီ ရဲ့ လှုပ်ရှားမှုကို မြင်တော့ လန့်ကုန်တယ်။ ဘာလို့ ဒီကောင်က ခုခံဖို့ မလုပ်တာလဲ။

လက်လျှော့်သွားတာလား။

နန်ကုန်းဟောင်ရဲ့ အကြည့်တွေလည်း ရွေ့လာတယ်။ ဖန်ကျန်းရှီက သူ့ရဲ့ အရင် တိုက်ကွက်ကို ခုခံဖို့ ခက်မှန်း သူသိတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက အခုချိန်မှာ ပြန် တိုက်ခိုက်ဖို့ ပြင်ဆင်နေပြီ။

“ မဆိုးဘူးပဲ။” နန်ကုန်းဟောင် သူ့ ဓားကို ယမ်းလိုက်တယ်။ ိ

ဖန်ကျန်းရှီက အရှုံးပေးဝံ့တယ် ဆိုတာကို သူသိတယ်။ ဒါ့အပြင်က သူက ဆက်ပြီး ကြိုးစားနေုတုန်းပဲ ။ နောက်တစ်နည်း ပြောရရင်။ ဒါက ဖန်ကျန်းရှီ ရဲ့ နောက်ဆုံး ရပ်တည်မှုပဲ။ သူက လုံး၀ အရှုံးမပေးဘူး။

နန်ကုန်းဟောင်ကတော့ တွေးထားတယ်။ ဖန်ကျန်းရှီ ရဲ့ သူ့ရဲ့ တိုက်ပွဲက အချိန်တို လိမ့်မယ်လို့။ သုံးချီ။ ဒါက သူ့ကိုယ်သူ အတွက် သတ်မှတ်ထားတဲ့ အချီပဲ။ အစတုန်းက ဖန်ကျန်းရှီ ရဲ့ စိတ်အာရုံနယ်မြေထဲမှာ တာအို ၃၈၈ ခုရှိတယ် ဆိုတာကြားတော့။ သူ့ရဲ့ သတ်မှတ်ချက်ကို မြှင့်လိုက်သေးတယ်။ သူ့ရဲ့ စွမ်းရည်ကို ဖိနှိပ်ပြီး ဖန်ကျန်းရှီ ဘယ်လောက် အင်အားကြီးလည်း သိချင်တာ။

ဒါပေမယ့် ဖန်ကျန်းရှီက သူ့ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်တယ်။ ဖန်ကျန်းရှီ ရဲ့ ဆုံးဖြတ်ချက်ကိုလည်း သူ လေးစားရမယ်လေ။ ဒီ တိုက်ပွဲကို မြန်မြန် အဆုံးသတ်ဖို့ ပြင်တယ်။ သူ့စိတ်ထဲက မေးခွန်းတွေ။ တာအို အရေအတွက်များတာက လူတစ်ယောက်ကို ပိုပြီး အင်အားကြီးစေနိုင်လား။ ဒါမှမဟုတ်။ နှလုံသား ရဲ့ ဆုံးဖြတ်မှုက ပို အင်အားကြီးလား။ နန်ကုန်းဟောင် သူ့ရဲ့ ရွေးချယ်မှုကို ဘယ်တုန်းကမှ သံသယ မဝင်ခဲ့ဘူး။ ပြိုင်ပွဲက သူ့ အတွက် ကိစ္စ သိပ်မရှိဘူး။

နန်ကုန်းဟောင် သိနေတယ်။ နောက်ထပ် အခွင့်အရေး တစ်ခု ရောက်လာမယ်လို့။ ဖန်ကျန်းရှီ ကံကောင်းထောက်မလို့။ သဘာဝလွန် အဆင့်ကို ရောက်လာ ခဲ့ရင်။ သူနဲ့ နောက်တစ်ခေါက် တိုက်ခိုက်ရအုန်းမှာပဲ။ ဒါပေါ့။ ဖြစ်နိုင်တာက။ ဖန်ကျန်းရှီ သဘာဝလွန် အဆင့် ရောက်တဲ့ အချိန်ဆို။ သူက ပြန်လည် မွေးဖွားမှု အဆင့် ရောက်နေလောက်ပြီ။ ၃၈၈ တာအို။ ဒါက နှစ်ဖက် ချွန်ဓားလိုပဲ။

ဖန်ကျန်းရှီက သူ့ရဲ့ လက်ရှိအဆင့်မှာ အတော်ဆုံးဖြစ်တယ်။ ဒါပေမယ့် အဆင့်တက်ဖို့ကတော့ သူ့ အတွက် ပိုခက်ခဲတယ်။ အကြော င်းရင်းကတော့ ရှင်းပါတယ်။ လူတစ်ယောက်မှာ တာအိုတွေ အများကြီးရှိရင်။ တာအို တစ်ခုချင်းစီ မှာ ဆရာတစ်ဆူ ဖြစ်အောင် တတ်မြောက်ဖို့ ရာ ခက်ခဲတယ်။ တာအို တစ်ခုတည်းကို ဆရာ်မြောက် တတ်ကျွမ်းသူက အောင်မြင်နိုင်ချေ ပိုများတယ်။

နန်ကုန်းဟောင် ဒီ တိုက်ပွဲကို မြန်နိုင်သလောက် မြန်အောင် လုပ်နေတယ်။ သူ့ မှာ ကိုယ်ပိုင် လုပ်ငန်းဆောင်တာလည်း ရှိနေသေးတယ်။ ကြီးမြတ်သော ရှ မင်းဆက် နဲ့ တောင်ပိုင်းဒေသ ကြားက စစ်ပွဲကြီး ။

တိတ်တဆိတ် နဲ့ သူ ဆက်လှုပ်ရှားတယ်။ ဒီ အချိန်မှာတော့ နန်ကုန်းဟောင် ရဲ့ ဓားက လေးခုခွဲသွားတယ်။ ဓားလေးချောင်း။ လူ လေးယောက်။ နန်ကုန်းဟောင်လည်း လေးယောက် ဖြစ်သွားတယ်။ သူတို့ တစ်ယောက်ချင်းစီရဲ့ ဝတ်ရုံဖြူတွေက လေထဲမှာ လွင့်နေတယ်။ ဖန်ကျန်းရှီကို အရပ်လေးမျက်နှာကနေ ဝန်းရံထားတယ်။

…

နန်ကုန်းဟောင် လေးကိုယ် ခွဲသွားလို့ ဖန်ကျန်းရှီ မလန့်ပါဘူး။ ဒီလို ကိစ္စမျိုး လုပ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးကို သူသိထားပြီးသားပဲ။ ဒါတွေက ပုံရိပ်ယောင်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ရောင်ပြန်တွေ ။ တစ်ချို့နည်းလမ်းတွေက ပုံရိပ် သုံးခု အထိ လွင့်စေခဲ့တယ်။ ဒါပေါ့။ ဖန်ကျန်းရှီ က ဒါမျိုးလုပ်ဖို့ အင်အားအလုံအလောက် မရှိဘူး။ ကောင်းပြီလေ။ ဒီလို တိုက်ကွက် နှစ်ခု ရဲ့ ကွာခြားချက်က ဒီလောက် ထိ များလိမ့်မယ် လို့ မထင်ထားခဲ့ဘူး။

ပထမ တစ်ခေါက်တုန်းက သူ့ရဲ့ တိုက်ခိုက်မှုက ပုံမှန် နဲ့ တိတ်ဆိတ်တယ်။ မြန်တာလေး တစ်ခုပဲ ရှိတာ။ ဒါပေမယ့် ဒုတိယ တိုက်ခိုက်မှုကတော့ အရပ်လေးမျက်နှာကနေ ရောက်လာတယ်။ ဖန်ကျန်းရှီ ဒါကို ဘယ်လိုများ ခုခံရမှာလဲ။ မဖြစ်နိုင်ဘူး။ ဒါကို ချိုုးဖျက်ဖို့ သူတွေး လိုက်တယ်။ ဒါပေမယ့် သူ ကြောက်နေတာက ။ ဒီ တိုက်ကွက်ကို မချိုးဖောက်နိုင်ခင်မှာပဲ။ နန်ကုန်းဟောင်ကို ရှုံးနိမ့်သွားရမှာ။ နန်ကုန်းဟောင်ရဲ့ ပုံရိပ်ယောင် တစ်ခုကိုပဲ တိုက်ခိုက်မိရင်။ သူကတော့ သေမှာ။ နန်ကုန်းဟောင်ကတော့ ရှင်သန်မှာ။

နန်ကုန်းဟောင်ရဲ့ တိုက်ခိုက်မှုကို ခုခံဖို့ အရာအားလုံး ဖြစ်တည်မှု တာအကိုလည်း သုံးမရဘူး။ နန်ကုန်းဟောင်က သူ့ကို ဘယ် တာအိုမှ သုံးမရအောင် ပိတ်ထားတဲ့ အပြင်။ အရပ်လေးမျက်နှာ ကို လည်း ပိတ်ဆို့ထားသေးတယ်။ သူ့ ပြိုင်ဘက် လေးယောက်ကို ဘယ်လိုများ တိုက်ခိုက်ရမှာလဲ။

ဖန်ကျန်းရှီစိတ်ထဲမှာ လမ်းဆုံးကို ရောက်သွားသလိုပဲ။ အရာအားလုံး ဖြစ်မှု တာအိုကို မသုံးနိုင်ရင်။ သူက သားရဲကောင်လို အင်အားရှိတဲ့ သာမာန် တောသားလေး တစ်ယောက်ပဲ။ သူက အကူအညီမဲ့နေတယ်။ ဒါပေမယ့် ဒီလို မျိုးကြီး နဲ့ ရှုံးနိမ့်ရမှာလား။

ဖန်ကျန်းရှီ သူရှုံးနိုင်တဲ့ ဖြစ်နိုင်ချေကို။ မသေချာဘူး။ ဒါပေမယ့် သူ့ရဲ့ တိုက်ပွဲတွေ အားလုံး မှာ။ ဒုတိယ အချီ ဆို ဘယ်တော့မှ မရှုံးဘူး။ ပထမတစ်ချီ တည်းနဲ့ ရှုံးရရင်။ တကယ့်ကို ရှက်စရာ ဖြစ်တော့မှာပဲ။ ဒါမျိုးကို ဖန်ကျန်းရှီ လုံး၀ လက်မခံနိုင်ဘူး။ နောက်ဆုံးတော့လည်း ။ အကယ်၍ ဒီ သတင်းကသ ာ ပင်းယန် ဒါမှဟုတ်။ ချီကူယန် တို့ ဆီ ရောက်သွားရင်။ အနာဂတ်မှာ ဘယ်လိုများ မျက်နှာပြရတော့မှာလဲ။ မဖြစ်ဘူး။ ရှုံးမယ်ဆိုရင်တောင်။ နောက်ထပ် နှစ်ချီ သုံးချီ လောက်တော့ တိုက်ခိုက် မှပဲ။ ဒါမှမဟုတ်။ နန်ကုန်းဟောင် ကို ဖိအားပေးပြီး အရင် တိုက်ရမယ်။

ဖန်ကျန်းရှီ ရဲ့ အတွေးတွေ ပျံ့လွင့်နေတယ်။ ဒီ လို ပျံ့လွှင့်မှုကပဲ။ သူ့ စိတ်ကို အလင်းပွင့်သွားစေတာ။ ဒီ အချိန်မှာ မှောင်မည်းနေတဲ့ လှိုဏ်ခေါင်းထဲ အလင်းရောင် တွေ့လိုက် ရသလိုပဲ။ နတ်မျိုးနတ်နွယ် အလင်းကျောက်တုံးက သူ့ ရှေ့မှာ တောက်ပနေသလို။ မျက်လုံးကို မနည်း ဖွင့်ထားရတယ်။

အပိုင်း (၃၈၁) ပြီး၏။

အပိုင်း (၃၈၂)

“ ဘာမဟုတ်တဲ့ အရာ တစ်ခု။”

ငါက မင်းရဲ့ တိုက်ကွက်ကို မတားဆီးနိုင်ီးနိုင်ဘူးဆိုရင်။ ငါ့တိုက်ကွက်ကို မင်း ခုခံ ပေရော့။ တိုက်စစ်က အကောင်းဆုံး ခုခံမှုပဲ။ ဒါက စစ်နတ်ကျောင်းတော်ရဲ့ စိတ်ဓာတ် တစ်ခုပဲ။ ဖန်ကျန်းရှီ ဒါကို ကောင်းကောင်းနားလည်တယ်။ ဒါပေမယ့် ဒီနားလည်မှုက နန်ကုန်းဟောင်ကို အနိုင်တိုက်ဖို့တော့ မလုံလောက်ဘူး။ ဒီ နည်းလမ်းရဲ့ သက်ရောက်မှုကို အမြင့်ဆုံး ရောက်ရှိစေဖို့က ။ သူတိုက်ခိုက်နိုင်ဖို့ လိုအပ်တယ်။ အကယ်၍ သူ့ နည်းလမ်းကိုတောင် မသုံးနိုင်ရင်။ သူက ဘယ်လိုများ တိုက်ခိုက်လို့ ဖြစ်နိုင်မှာလဲ။ ဖန်ကျန်းရှီ ဒါကို ကောင်းကောင်း နာ်းလည်တယ်။ ဒါကြောင့် ဒီ အကြံဉာဏ်ကို နည်းနည်း ပြင်ဆင်ဖို့ ဆုံးဖြတ် လိုက်တယ်။

အားနည်းသူ တစ်ယောက် အနိုင်ရဖို့ အတွက် ။ နည်းလမ်း တစ်ခုပဲ ရှိတယ်။ သူ့ရဲ့ တိုက်ခိုက်ရေး နည်းလမ်းကို ရှုပ်ထွေးပြီး မခန့်မှန်း နိုင်အောင် လုပ်ဖို့ပဲ။ အင်အား မတူညီတဲ့ လူနှစ်ယောက်ရဲ့ တိုက်ပွဲမှာ။ အားနည်းသူက အကောင်းဆုံး နည်းလမ်းတွေ သုံးပြီးတော့ တိုက်ခိုက်ရမယ်။ အားသာသူကတော့ ရိုးရှင်းတဲ့ နည်းလမ်း ကိုပဲ အသုံးပြုရမယ်။ ဒါပေမယ့် ရလဒ်ကတော့ အမြဲတမ်း အတူတူပဲ။

လူအုပ်ကြီးကတော့ ရိုးရှင်းတဲ့ နည်းလမ်း နဲ့ အင်အားကြီးတဲ့ သူကိုပဲ ချီးမွမ်းကြလိမ့်မယ်။ တစ်ချို့သော ဒီလို ကျွမ်းကျင်သူတွေ ကတော့ ( ဂုရု)ကြီးတွေ အဖြစ် အဆုံးသတ်ကြတယ်။ အဲ့ဒီ့နောက် ကျွမ်းကျင်သူတွေက ကြိုးစားခဲ့တဲ့ သူတွေကို ပြေရာပြေကြောင်း နှစ်သိမ့် ကြမယ်။ အဲ့ဒီ့နောက် သေစေနိုင်လောက်တဲ့ တိုက်ခိုက်မှုကို သူ ရင်ဆိုင်ရမယ်။

“ မင်းရဲ့ နည်းလမ်းက ဘယ်လောက်ပဲ ကောင်းမွန် ကောင်းမွန် ။ မင်းရဲ့ အားနည်းချက်ကို ငါရှာနိုင်တယ်။ အကယ်၍ ကျွမ်းကျင်သူ ဖြစ်ချင်ရင်။ ဒီ နည်းလမ်းတွေကို ကောင်းကောင်း ပြန်လေ့ကျင့်လိုက်အုန်း။” ဒါက အကောင်းဆုံး စိတ်ဓာတ် တိုက်ခိုက်မှုပဲ။

သူတို့က ဘာမဟုတ်တာတွေကို ဖန်တီးလိမ့်မယ်။ ဒါပေါ့။ ဖန်ကျန်းရှီက ဒီလို အဆင့် မျိုးကို ဘယ်လိုလုပ် အဖြစ်ခံမလဲ။ မြောက်ရွာကနေ သူ ထွက်ခွာလာပြီးတဲ့ အချိန် တည်းက ။ တိုက်ပွဲတွေမှာ ဟိုးဟိုးကျော်သွားလောက်တဲ့ ကံကောင်းတာမျိုး တစ်ခါမှ မရှိခဲ့ဘူး။ ဒါမျိုးက လုံး၀ မသက်ရောက်ဖို့ ဖြစ်နိုင်တာ မဟုတ်ဘူး။

စဉ်းစားလိုက်စမ်းပါ။ အကယ်၍ နည်းလမ်းတွေကိုသာ လူတိုင်း အလွယ်တကူ နားလည် နိုင်ရင်။ တိုက်ပွဲတွေကို ထမင်းစားရေသောက်ကိစ္စလို လုပ်နေကြတော့မှာပေါ့။ ဒီနည်းလမ်းတွေက သာမာန်ထက် ကျော်လွန်နေတယ်။ နန်ကုန်းဟောင်က သူ ကြိုးစားသမျှ အရာအားလုံးကို အနိုင်ယူနိုင်တယ်။ နန်ကုန်းဟောင်က သူ့ရဲ့ နည်းလမ်း တွေ အားလုံးကို ဖျက်စီးနိုင်တယ်။

တခြားတစ်နည်းနဲ့ ပြောရရင်။ သူက ကြိုးစားနေတဲ့ လူသစ်ကလေး။ နန်ကုန်းဟောင်ကတော့ ကျွမ်းကျင်သူကြီး။ သူ့ရဲ့ နည်းစနစ်တွေက ဘယ်လောက်ပဲ အကောင်းမွန်ဆုံး ဖြစ်နေပါစေ။ သူ့ ပြိုင်ဘက် ရဲ့ သာမာန် တိုက်ကွက်လေးကိုတောင် အနိုင် မတိုက်နိုင်ဘူး။ နဂါးဗျူဟာက သူများရဲ့ နည်းလမ်းတွေကို ခိုးယူတယ်။ ဘယ်လိုတောင် ဗိုလ်ကျလွှမ်းမိုးလိုက်သလဲ။ အပြင်ပန်းမှာတော့။ မရှုံးနိမ့်နိုင်တဲ့ နည်းလမ်းကြီးပေါ့။ ဒါပေမယ့် သေချာ အနီးကပ်ကြည့်ရင်။ အသေအချာကို လိုက်နာရမယ့် စည်းမျဉ်းတွေရှိမှန်း တွေ့ရလိမ့်မယ်။ ဒီနည်းပညာကို ချိုးဖျက်ဖို့ အတွက် ကောင်းကောင်းကြည့်ရဖို့ အရေးကြီးတယ်။

ဖန်ကျန်းရှီ ရဲ့ တောင်ရေတံခွန် ဓား ပညာကို ထိုးဖောက်ဝင်လာတဲ့ အချိန်တုန်းက ။ နန်ကုန်းဟောင်ရဲ့ ဓားက ရေနဲ့ တသားတည်း ဖြစ်သွားတယ်။ ဒီလိုကြောင့် ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုက အလကား ဖြစ်သွားတာပဲ။ ဒါပေမယ့် အကယ်၍ ဒီနေရာမှာ ရေတံခွန်သာ မဟုတ်ခဲ့ရင်။ ဒီ အတွေးကတော့ အတော့်ကို အတင့်ရဲတာပဲ။ ရေတံခွန်မရှိခဲ့ရင်။ တာအိုလည်း မရှိတော့ဘူး။ တာအို မရှိရင်။ ဓားလည်း စွမ်းအား မရနိုင်ဘူး။ ဒါပေမယ့် … အကယ်၍ လူတစ်ယောက်ကသာ ကျောက်တုံးတွေကို တစ်ကယ် ထိုးဖောက်နိုင်ခဲ့ရင်။ လုံး၀ မဖြစ်နိုင်တာလဲ ရှိတော့မှာ မဟုတ်ဘူး။

ဖန်ကျန်းရှီ ရဲ့ ရေတံခွန်က တာအို ပုံစံတစ်မျိုးပဲ။ ဓားရဲ့ တိုက်ခိုက်မှု စွမ်းရည်ကို ဆန့်ကျင်ဖို့ အတွက် သုံးတယ်။ တာအိုက ကောင်းကင်ကနေ လာတယ်။ သူ့ရဲ့ ပြစ်မှတ်ကို အရှိန် ပြင်းပြင်း နဲ့ ဖိနှိပ်တယ်။ ဒီ နည်းပညာထဲမှာ နှစ်မြုပ်နေတဲ့ စွမ်းအားက တသမတ်တည်း မဟုတ်ဘူး။ ဒါပေမယ့် တာအိုထက် ။ ဒီနည်းလမ်းက တခြား ကိစ္စ တစ်ခုကိုလည်း ဆွဲထုတ်ပြသွားသေးတယ်။ ဒါက သူ့ ရဲ့ စိတ်အာရုံနယ်မြေထဲက မြူနှင်းဖြူတွေပဲ။

တာအိုက ပုံစံရှိတယ်။ မြူနှင်းဖြူတွေကတော့ ချီ စွမ်းအင်ပဲ။ လူနှစ်ယောက်မှာ ။ တူညီတဲ့ ချီစွမ်းအင်ပမာဏရှိတဲ့ အချိန်မှာ။ နည်းလမ်းကပဲ ကွာခြားမှုကို ဖန်တီးလိမ့်မယ်။ ဒါကြောင့်။ ရေတံခွန် ထပ်လုပ်ဖို့ မတွေးတော့ဘူး။ သူ့ရဲ့ နည်းလမ်းးတွေကို သူ လက်လျှော့်လိုက်ပြီ။ နာနာကျင်ကျင် ဝန်ခံရမယ် ဆိုရင်။ တာအို စွမ်းအားကို လုံး၀ မသုံးတော့ဘူး။ သူ့ရဲ့ ကိုယ်ပိုင် စွမ်းအား အရင်းအမြစ်ကို ပဲ သုံးတော့မယ်။

ပုံမှန် အတိုင်းဆိုရင်။ ဒီ နည်းလမ်းက အောင်မြင်နိုင်ချေ သိပ်မရှိဘူး။ ဒါက ရေဆာနေတဲ့ ဒုက္ခသည် အယောက် ၁၀၀၀ လောက်ကို။ ရေ အိတ်လေး တစ်အိတ် နဲ့ ရေငတ်ဖြေခိုင်းသလိုပဲ။ နောက်ဆုံးတော့လည်း ဒုက္ခသည်တွေ အားလုံးက ရေဆာနေတာပဲလေ။ သူတို့ အတွက်တော့ ရေဧက အများကြီး လိုအပ်တယ်။ ရေကို အချိုးချပြီး ဝေဖို့ လိုအပ်နေတုန်းပဲလား။ မင်းမျှော်လင့်တာက သူတို့တွေ ရေ အဆိပ်သင့်ပြီးသေတာမျိုး မဖြစ်စေဖို့ ပဲ။

ဖန်ကျန်းရှီရဲ့ စိတ်အာရုံနယ်မြေထဲမှာ မြူနှင်းဖြူတွေ တန်ချိန် လိုက် ကြီးရှိတယ်။ ဒီ မြူတွေက သူ့ စိတ်အာရုံ နယ်မြေကြီး တစ်ခုလုံးရဲ့ ကောင်းကင်မှာ ပြည့်နေရုံတင် မကဘူး။ အဆုံးမဲ့ သမုဒ္ဒရာကြီးမှာပါ ပြည့်နေတာ။ ဒီလောကမှာတော့။ မြူနှင်းဖြူတွေက မူလတာအိုလို့ လူသိများတယ်။ တာအိုကို အသုံးမပြုပဲနဲ့ တိုက်ကွက်တစ်ကွက် စီတိုင်းမှာ ။ တူညီတဲ့ အင်အားရှိဖို့ ဖြစ်နိုင်တယ်။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုကတော့ အတော်လေးကို ပြင်းထန် လိမ့်မယ်။ နောက်တစ်နည်းပြောရရင်။ ဖန်ကျန်းရှီ က သူ့ရဲ့ အရာအားလုံးကို ဒီ တိုက်ကွက် တစ်ကွက်စီ တိုင်းမှာ အကုန်အသုံးချဖို့ လိုအပ်တယ်။ တာအိုကို လက်လျှော့်လိုက်ပြီးတဲ့နောက်။ ဖန်ကျန်းရှီ က သူ့ စိတ်အာရုံ နယ်မြေထဲက မြူနှင်းတွေကို ကောင်းကောင်းစုစည်း နေတယ်။

…

တာအို ၁၀၀ထက် ပိုပြီး စုဆောင်းထားတဲ့ သူတွေက သူတို့ရဲ့ ကျင့်ကြံဆင့်မှာ အတော်ဆုံးပဲ။ ဒါက သမိုင်းတစ်လျှောက်လုံးမှာ ထင်ရှားခဲ့တယ်။ ဒါပေမယ့် လူတစ်ချို့ပဲ ဘာကြောင့် ဒီလို ဖြစ်လဲ သိကြတယ်။ ဖန်ကျန်းရှီလည်း အစတုန်းကတော့ နားမလည်ခဲ့ဘူး။ ဒါပေမယ့် အခုတော့ င်္ချီကူယန် ရဲ့ စကားလုံးတွေက သူ့ ခေါင်းထဲမှာ ထပ်ခါထပ်ခါ လှည့်ပတ်နေတယ်။

“ နင် လုပ်ဖို့ လိုတာက စိတ်ကို အေးအေးထား။ နင့်ရဲ့ တာအိုတွေကို ကောင်းကောင်း ပြုစု ပျိုးထောင်။ ”

အဲ့ဒီ့အချိန် တုန်းက ။ ချီကူယန် ဘာကိုဆိုလိုလဲ သူနားမလည်ဘူး။ ဒါပေမယ့် အခုတော့ သူမ ဘာကို ပြောချင်နေခဲ့တာလည်း နားလည်သွားပြီ။ သူ့ရဲ့ အားသာချက်က တာအိုနဲ့ ပြည့်နေတဲ့ သစ်ပင်မဟုတ်ဘူး။ ဒီ တာအိုတွေက သူတို့ရဲ့ နောက်ဆုံးပုံစံ အထိ ဖြစ်တည်သေးတာ မဟုတ်ဘူး။ သူတို့တွေ ကောင်းကောင်း မဖွံ့ဖြိုး ခင်တုန်းက။ အသွားတုန်းနေတဲ့ ဓားတွေလိုပဲ။ ဒါပေမယ့် ….. သဘာဝပစ္စည်းအများအပြားကို သူ သိုလှောင်ပြီးတဲ့နောက်။ အသီးတွေရဲ့ ကြီးထွားမှုက ကြောက်စရာကောင်းလာတယ်။ အခုချိန်မှာ သူဒါတွေကို ရေတွက်နေတယ်။ အနည်းဆုံးတော့ ဒါက သူ့ရဲ့ အနာဂတ်အတွက် ရှားရှားပါးပါး မျှော်လင့်ချက် တစ်ခုလေ။ သူ့ရဲ့ တာအိုတွေ အားလုံးသာ အစွမ်းကုန် ဖွံ့ဖြိုးသွားရင် ။ ဖြစ်လာနိုင်မယ့် သူ့ ရဲ့ အစွမ်းတွေကို ခန့်မှန်း နိုင်တယ်။

အ၇ပ်လေးမျက်နှာကနေ သူ့ကို တိုက်ခိုက်လာတဲ့ နန်ကုန်းဟောင်ကို ကြည့်တယ်။ ဒီ တစ်ကြိမ်မှာတော့ သူ မလန့်တော့ဘူး။ ဒီ ပိုက်ကွက်ကို ထိုးဖောက်ဖို့ အတွက် သူ့ ကိုယ်သူ စတေးဖို့ ပြင်ဆင် မထားဘူးလေ။ သူလိုချင်တာက ပိုက်ကွက်ကိုယ်တိုင် သူ့ဘာသူ ထိုးဖောက်ဖို့ပဲ။

“ ဘွန်း။”

ဖန်ကျန်းရှီ နဲ့ နန်ကုန်းဟောင်ကို တိုက်မိကြတယ်။ နောက်ပြီးတော့ ရလဒ်ကတော့ ကမ္ဘာမြေကြီးကို တုန်ဟီး သွားစေတဲ့ လှိုင်းလုံးတွေ ဖြစ်ပေးလာတယ်။ ဒီ လွှင့်စင်မှုက ကျောင်းတော်သား တွေ ပထမ တစ်ခေါက် မြင်ခဲ့ရတဲ့ တိုက်ခိုက်မှုန ဲ့ မတူညီဘူး။ ဒီ တိုက်ခိုက်မှုက ။ ပဲ့တင့်သံတွေ ကျယ်လောင်တယ်။ အင်အားကြီးတယ်။

အရင် တစ်ခေါက်က တိုက်ခိုက်မှု လို အေးဆေးမနေဘူး။ ဒီ တစ်ကြိမ်မှာတော့။ ကျောက်တုံးကြီးနှစ်ခု အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်သလိုပဲ။ လှိုင်းတွေကြောင့် လူအုပ်ကြီးတောင် တုန်ယင်သွားတယ်။ ကျောင်းတော်သားတွေ ချက်ခြင်း နောက်ကို လွင့်ကုန်တယ်။ သူတို့ မြင်နေရတာကို မယုံနိုင်ဘူး။ ရိုးရိုး သားသားပြောရရင်။ ဒီလို အဖြစ်မျိုး ဖြစ်လာမယ်လို့ ထင်တောင် မထင်ထားဘူး။ နန်ကုန်းဟောင် လေးယောက်က တစ်ယောက် အဖြစ် ပြန်မပေါင်း ခင် တစ်ခုခုနဲ့ တိုက်မိသွားတယ်။ အဲ့ဒီ့နောက်မှာမှ လှိုင်းတွေက လွင့်ထွက်လာတာ။

“ သူတို့ နှစ်ယောက် တိုက်မိသွားတာလား။”

“ နိုင်တဲ့သူကော ရှိလား။”

ကျော်ငးတော်သားတွေ နောက်ဆုံးတော့ ဝန်ခံလိုက်ရပြီ။ ဖန်ကျန်းရှီက အတေ ာ်လေး အရည်အချင်းရှိတယ်။ ဒါပေမယ့် နန်ကုန်းဟောင် ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်တာက ကံကောင်းလို့ပဲ။ သူတို့ ထဲက တစ်ယောက် မှ ဖန်ကျန်းရှီ ဒုတိယ အချီကို တောင့်ခံနိုင်မယ် မထင်ထားဘူး။

ရန်ရွှယ်က တိုက်ခိုက်မှု ရဲ့ အလယ်ကို ကြည့်နေတယ်။ လက်သီးကို အဖြူရောင် ပြောင်းသွားတဲ့ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတယ်။ ချန်းဖေးယွီ နဲ့ ဝူဖုန်း က သူ့ထက်တောင် ပို ပြီး လန့်နေသေးတယ်။

ချန်းဖေးယွီ လန့်တာကတော့ အရမ်းကြီးကို သိသာနေတယ်။ သူက နန်ကုန်းဟောင် နဲ့ ရင်ဆိုင်ဖူးတယ်လေ။ ဓားပညာတွေ အကုန်လုံးက အသုံးမှ မဝင်ပဲ။ ဒါဆို ဘာလို့ ဒီလောက် လန့်စရာကောင်းတဲ့ လှိုင်းတွေ ထနေတာလဲ။

တန်ရှီရှန်း လည်းကြည့်နေတယ်။ မုန်တိုင်း မျက်လုံးနေရာကို ကြည့်ရင်း။ ထပ်တူညီမျှ စိတ်ရှုပ်ထွေးနေခဲ့တယ်။ သူ့ရဲ့ စိုးရိမ်ပူပန်မှုကတော့ ရန်ရွယ်နဲ့ မတူညီဘူး။

အဲ့ဒီ့နောက်။ ဖုန်တွေ ရပ်သွားတယ်။ လူရိပ်နှစ်ခု ပေါ်လာတယ်။ တစ်ခုကတော့ အဖြူရောင် ကျောင်းတော်သား ဝတ်ရုံကို ဝတ်ထားတာ။ နောက်တစ်ယောက် ကတော့ ကျားသစ်ကွက် ကိုယ်ကျပ် ဝတ်စုံကို ဝတ်ထားတယ်။ သူတို့ အဝတ်အစားတွေမှာ ဖုန်တွေ အပြည့် ။

ဖန်ကျန်းရှီ က ခပ်ဖျော့ဖျော့ ပြုံးနေတယ်။ သူ့ လက်ထဲက ခြေရာမဲ့ ဓားကတော့ ခရမ်းရောင် တောက်ပတယ်။ အဲ့ဒီ့နောက်။ အရင်ကလိုပဲ။ နန်ကုန်းဟောင် ရဲ့ တိုက်ခိုက်မှုကို သူ စောင့် မနေဘူး။ ရှေ့ကို တစ်ဟုန်ထိုး ပြေးဝင်တယ်။

“ သူက ပြေးဝင်သွားပါလား။”

“ နန်ကုန်းဟောင် ရဲ့ တိုက်ခိုက်မှု ကို ခုခံနိုင်ရုံတင် မကဘူး။ ဒီကောင့်မှာ ရှေ့ဆက်တိုက်ဖို့ အင်အားတွေတောင် ရှိနေသေးတယ်တဲ့လား။”

“ ဘယ်လို ဖြစ်နိုင်မှာလဲ။”

ကျောင်းတော်သားတွေ အားလုံး ထင်ထားခဲ့တာ။ ဖန်ကျန်းရှီက အရှုံးပေးလိုက်ပြီလို့။ ဒါပေမယ့် အခုတော့ သူတို့ တွေ ကြောက်လန့် နေကြတယ်။ ဒီလို ရလဒ်မျိုးကို သူတို့ တစ်ခါမှ မခန့်မှန်း ထားခဲ့ဖူးဘူး။

နန်ကုန်းဟောင် ကိုယ်တိုင်တောင် လန့်နေတယ်။ ဖန်ကျန်းရှီ က သူ့ တိုက်ခိုက်မှုကို ခုခံနိုင်လို့ လန့်တာ မဟုတ်ဘူး။ သူလန့်တာက…. ဖန်ကျန်းရှီ ဘယ်လိုများ ဆက်ပြီးတိုက်ခိုက်နိုင်သေးလဲ ဆိုတာကိုပဲ။

ဖန်ကျန်းရှီ သူ့ တိုက်ခိုက်မှုတွေကို။ ဘယ်လို ခုခံနိုင်လဲ ဆိုတာ သူ ကောင်းကောင်း သိတယ်။

ဓားပညာလည်း မသုံးဘူး။ တာအိုလည်း မသုံးဘူး။ သူ့ရဲ့ စိတ်အာရုံ နယ်မြေထဲက အင်အား သက်သက်နဲ့ပဲ တိုက်ခိုက်နေတာ။ လူတစ်ယောက်ရဲ့ စိတ်အာရုံ နယ်မြေထဲက သီးသန့်အင်အား က ဘယ်လောက်ထိ အင်အားကြီးနိုင်မလဲ။ ဘယ်သူမှ မသိဘူး။ ဒါပေမယ့် ဖန်ကျန်းရှီက နန်ကုန်းဟောင် ရဲ့ ဓားချက်ကို ဒုတိယ အကြိမ် တားဆီးနိုင်ပြီးနောက်။ သဘာဝအတိုင်း ဖြစ်နေကျ အရာ တစ်ခု ဆက်ပြီး ဖြစ်ပေါ်လာတယ်။ နန်ကုန်းဟောင်ကို ဓား နဲ့ လှမ်းခုတ်တဲ့ အချိန် ။ ဖန်ကျန်းရှီ ရဲ့ ဓား ထိပ်က ခရမ်းရောင် တောက်ပလာတယ်။ ဓားပေါ်မှာ စွန်းထင်းနေတဲ့ သွေး အရောင်အတိုင်း တောက်ပလာတာ။

ဒီတိုက်ကွက် ရဲ့ နောက်ကွယ်က စွမ်းအားက အရမ်း ပြင်းထန်လွန်းတယ်။ စကြဝဋ္ဌာ ကြီးကိုတောင် ခွဲခြမ်း ပြစ်နိုင်လောက်တဲ့ စွမ်းအား ရှိတယ်။ ဒီ ဓား ခုတ်ချက်ကြောင့် ။ အနက်ရောင် အက်ကွဲကြောင်းကြီး တစ်ခု ကျန်ရစ်ခဲ့တယ်။ အရင်တုန်းကတော့ ။ ဒီလို ပြင်းထန်မှု မျိုးကို နေခွင်းလေးနဲ့မှပဲ ဖန်တီးနိုင်တာ။ ဒါပေမယ့် အခု အချိန်မှာတော့။ ဖန်ကျန်းရှီ လုပ်နိုင်ခဲ့ပြီ။

“ ငါ နာ်းလည်ပြီ။” နန်ကုန်းဟောင် ရဲ့ မျက်လုံးတွေ ရွှေရောင် တောက်ပလာတယ်။ ဖန်ကျန်းရှီကသူ့ရဲ့ အင်အား အကုန်လုံးကို ချေဖျက်နိုင်တာကို တွေ့တော့။ ဘာတွေ ဖြစ်နေလဲ နောက်ဆုံးမှာ သူ နားလည်သွားတယ်။ ဖန်ကျန်းရှီ ရဲ့ ဓားမှာ တာအိုလည်း မရှိဘူး။ နည်းပညာလည်း မရှိဘူး။ ဖန်ကျန်းရှီ ရဲ့ စွမ်းအား သက်သက်ပဲ။ ရလဒ်ကတော့ ။ သူ့ရဲ့ နဂါးဗျူဟာ မထိန်းချုပ်နိုင်တော့တာပဲ။ ဖန်ကျန်းရှီ ရဲ့ ကိုယ်တွင်းက စွမ်းအားကို သူ မထိန်းချုပ်နိုင်ဘူး။

နန်ကုန်းဟောင်က တိုက်ပွဲကို စောစော အဆုံးသတ်ချင်တယ်။ ဒါပေမယ့် အခုဖြစ်နေပုံအရ။ ဘယ်အချိန်မဆို အဆုံးသတ်သွားနိုင်တယ်။ ဖန်ကျန်းရှီမှာ ရှိတဲ့ စွမ်းအား အရင်းအမြစ်တွေ မကုန်မချင်း တော့ တိုက်ပွဲက အဆုံးသတ်မှာ မဟုတ်ဘူး။

“ ဘုန်း။” တတိယ တစ်ချီ တိုက်ခိုက်ကြပြန်တယ်။ ခရမ်းရောင် အလင်းတန်း နဲ့ နန်ကုန်းဟောင်ရဲ့ တည်ငြိမ်ဓား ထိတွေ့တယ်။ ကြောက်စရာ လှိုင်းလုံးကြီးတွေ လွင့်စင်လာပြန်တယ်။ အဲ့ဒီ့နောက်။ စတုတ္ထ အကြိမ်။ ပဉ္စမ အကြိမ်။ ဆဋ္ဌမအကြိမ်။ …. ။ တိုက်ခိုက်မှုတိုင်းက ကြောက်မက်ဖွယ် အင်အားလှိုင်းတွေကို ဖန်တီးတယ်။ ကောင်းကင်ထိ မြင့်မားတဲ့ ဖုန်မှုန့်လုံးကြီးတွေ ပေါ် ထွက်လာပြန်တယ်။ တိုက်ပွဲမြင်ကွင်းတောင် မျက်စိရှေ့ကနေ ပျောက်ဆုံး သွားခဲ့တယ်။

“ ဒါက တကယ်ပဲ ဖန်ကျန်းရှီလား။”

“ သူက ဘယ်လိုတောင် အင်အားကြီးရတာလဲ။ နန်ကုန်းဟောင် ရဲ့ တိုက်ခိုက်မှုကို ဘာလို့ ဒီလောက် အများကြီး တားဆီး နိုင်ရတာလဲ။

“ နန်ကုန်းဟောင် က ကော သူ့ရဲ့ ကျင့်ကြံဆင့်ကို ဖိနှိပ်ထားသေးလို့လား။”

“ ေ-ာက်ပိုတွေ။ နန်ကုန်းဟောင် အဆင့် ပြောင်းထားလား။ မပြောင်းထားလား တွေးနေစရာလို သေးလို့လား ။ မင်း ရှေ့က တိုက်ပွဲ ကိုပဲ ကြည့်လေ။ ကောင်းကင်ရောင်ပြန် အဆင့် နှစ်ယောက် ရဲ့ တိုက်ပွဲ နဲ့ တူနေလို့လား။”

ကျောင်းတော်သားတွေ တိုက်ပွဲကို ကြည့်ရင်း။ ပါးစပ် တွေ ပွင့်ကုန်ကြတယ်။ မျက်လုံးတွေလည်း ပြူးနေတယ်။ မယုံနိုင်ကြဘူး။ သူတို့ မြင်နေတာကို လုံး၀ မယုံနိုင်ဘူး။ ဒါက ပြိုင်ပွဲ တစ်ခု နဲ့တောင် မတူတော့ဘူး။ အသေအကျေကို တိုက်ခိုက်နေကြတာပဲ။ ဒါပေမယ့် ဘာလို့ ဒီလောက်ထိ အချိန် ကြာနေတာလဲ။

ရန်ရွှယ် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတယ်။ စိတ်ဖိစီးမှုတွေက သူ့ မျက်နှာပေါ်မှာ အထင်းသားပေါ်နေတယ်။ ဒါ့အပြင်။ ကြောက်ရွံ့မှု အရိပ်အယောင်တွေလည်း တွေ့နေ ရတယ်။ သူ့ရဲ့ တိုးတက်မှု နှုန်းကို အရမ်းမြန်တယ်လို့ သူထင်နေခဲ့တာ။ ဒါပေမယ့် ဖန်ကျန်းရှီ က ပိုမြန်နေတယ်။ သူ မထင်ထားမိဘူး။ စာမေးပွဲ ပြီးတာ နှစ်လပဲ ရှိသေးတယ်။ ဖန်ကျန်းရှီ က အခုတော့ နန်ကနု်းဟောင်ကို တောင် ယှဉ်နိုင်နေပြီတဲ့လား။ ဒီလောက်ထိတောင် အင်အားကြီးလာတယ်ပေါ့။ ဒါက သူ့ကို လန့်စေတယ်။ မ

လူတိုင်းရဲ့ အကြည့်က တိုက်ခိုက်နေတဲ့ လူနှစ်ယောက်ဆီမှာပဲ ရောက်နေတယ်။ မြင်ကွင်းက မှိန်လိုက် ပျောက်လိုက်နဲ့။ တိုက်ခိုက်သံ အကျယ်ကြီးတွေကိုပဲ ကြားရတယ်။ လူတိုင်းကတော့ တိုက်ပွဲကို ကြည့်ရင်း အဆက်မပြတ်စကားပြောနေတယ်။ မ

“ ဘယ်လိုတောင် အင်အားကြီးရတာလဲ။”

“ သူတို့ တိုက်နေတာ အနည်းဆုံးတော့ ခုနှစ်ချီလောက် ရှိနေပြီ။”

“ ဒီတိုက်ပွဲ မှာ ဘယ်နှစ်ချီလောက် ထပ်ကြာ အုန်းမလဲ သိချင်လိုက်တာ။ ”

“ ဖန်ကျန်းရှီ က ဘာကြောင့်များ။ နန်ကုန်းဟောင် ရဲ့ တိုက်ခိုက်မှုကို ဒီလောက်ထိ ခုခံနိုင်တာလဲ။ ဒီကောင်က ဒဏ္ဍာရီလာ ကြောက်စရာ သတ္တဝါကြီးလား။” ကျောင်းတော်သားတွေ တိတ်တဆိတ် နဲ့ ကြည့်နေတယ်။ တိုက်ပွဲရဲ့ အချီတွေကို ရေတွက်တယ်။ ဘယ်သူ နိုင်မလဲ ဆိုတာကတော့။…. ။ ခန့်မှန်းဖို့တောင် မလိုတော့ဘူး။

အပိုင်း (၃၈၂) ပြီး၏။

အပိုင်း (၃၈၃)

“မင်းကို သုခမိန် ဖြစ်စေမယ်။”

ပြောရမယ်ဆိုရင်။ ဒီ တိုက်ပွဲမှာ မြေကြီး လက်ခတ် မလွဲတဲ့ နိဂုံးချုပ်ရှိနေတာပဲ။ ကောင်းကင်ရောင်ပြန် အထွဋ်အထိပ် အဆင့်က ။ သဘာဝလွန် အထွဋ်အထိပ် အဆင့်ကို တိုက်ခိုက်နေတာ။ သံသယရှိစရာ လိုအုန်းမလား။ ဒါက ကျောင်းတော်သားတွေ ရဲ့ အတွေး။ နန်ကုန်းဟောင်လည်း ဒီလိုပဲ တွေးထားခဲ့တာ။ သူက မောက်မာတာမျိုးတော့ မရှိပါဘူး။ ပြောရမယ်ဆိုရင်။ ဖန်ကျန်းရှီ နဲ့ တိုက်ခိုက်မယ့် တိုက်ပွဲအတွက် သူ အသေအချာ ပြင်ဆင်ထားခဲ့တာ။ ဖန်ကျန်းရှီကို အနိုင်တိုက်မယ်လို့။ နန်ကုန်းဟောင် လို သဘာဝလွန် အထွဋ်အထိပ် အဆင့်က ယုံကြည်ချက် မရှိပဲ နေမလား။

ဖန်ကျန်းရှီ နဲ့ တိုက်ခိုက်ရမယ် ဆိုတာ နန်ကုန်းဟောင် ခန့်မှန်း ထားပြီးသား။ ဖန်ကျန်းရှီက လုံး၀ အရှုံးမပေးနိုင်တာကို လည်း သူ သိတယ်။ ဖန်ကျန်းရှီ အတော်လေး ရုန်းကန်ရမယ်လို့ ထင်ထားခဲ့တာ။ ဒါပေမယ့် ဖန်ကျန်း၇ှီ ဒီလောက် အကြာကြီး တောင့်ခံနိုင်မယ်လို့ မထင်ထားဘူး။

“ ဘာတွေ ဖြစ်ကုန်တာလဲ။ ဒီကောင့် စွမ်းအားတွေ အခုချိန်ထိ မကုန်သေးဘူးလား။” ရှစ်ကြိမ် မြောက် တိုက်ခိုက်မှု အပြီးမှာ။ နန်ကုန်းဟောင် လန့်လာတယ်။ ဖန်ကျန်းရှီ ဘာလုပ်နေလဲ သူသိတယ်။ ဖန်ကျန်းရှီ ရဲ့ အပြုအမူ တိုက်ကွက် တွေရဲ့ အကျိုးဆက်ကို သူ သိတယ်။ အသက်နဲ့ ရင်းပြီး တိုက်ခိုက်နေတာ။ သူ ကြာကြာ ခံနိုင်မှာလား။ ဒါပေါ့။ ဘယ်လို လုပ် ဖြစ်နိုင်မလဲ။ အကယ်၍ သူသာ ကြာကြာခံနိုင်ရင်။ နောက်ဆုံး အခြေအနေကို ရောက်လာ စရာ အကြောင်း မရှိတော့ဘူး။ ဒါက မာရသွန်ပြေးပွဲရဲ့ အဆုံးမှာ ဒုန်းစိုင်းနှင်ပြီး ပြေးသလိုမျိုးပဲ။ လူတစ်ယောက် က မာရသွန် ပြေးပွဲ တစ်ခုလုံးကို ဒုန်းစိုင်း ပြေးလို့ ရလို့လား။ ဒါပေမယ့် ဖန်ကျန်းရှီ ကတော့ ဒီ အတိုင်း လုပ်နေတာ။

ရိုက်ချက် တစ်ခု ချင်းစီ တိုင်းက အားတွေ အောင်စလိုက် ထည့်ထားသလိုပဲ။ တစ်ချက်ချင်းစီ တိုင်းမှာ အားတွေ ပြည့်ဝနေတယ်။ ဒီ လို အားကို ဆက်ထိန်းထားနိုင်ဖို့ အတွက် ။ ဘယ်လောက် စွမ်းအင်တွေ လိုအပ်လဲ ဆိုတာ တွေးကြည့်လို့ ရတယ်။ ဒါက ဘယ်လောက်တောင် ပင်ပန်းလဲ ဆိုတာ နန်ကုန်းဟောင် အတိအကျ သိတယ်။ ဒါကြောင့် သူ လည်း အလျင်မလိုဘူး။ ဖန်ကျန်းရှီ ကြာကြာ မခံနိုင်ဘူးဆိုတာ သူသိတယ်။ သူတွေး ထားခဲ့တာ။ ဖန်ကျန်းရှီက သိက္ခာ မကျချင်လို့ အစွမ်းကုန် တိုက်ခိုက်နေတယ်လို့။

နန်ကုန်းဟောင် နားလည်ပါတယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီက တရားမျှတ တဲ့ တိုက်ပွဲကို တိုက်ခိုက်ဖို့ အဆိုပြုထားတာ။ နောက်ပြီးတော့ သူ့ရဲ့ ကျင့်ကြံမှုကိုလည်း ကောင်းကင်ရောင်ပြန် အဆင့်ကို မလျော့ချဖို့ တောင်းဆိုသေးတယ်။ ဒီ အကြောင်းရင်းတွေကြောင့် ဖန်ကျန်းရှီ ကို သူ အလေးအနက် ထားခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီက အံ့သြစရာကောင်းလောက်အောင် အချိန် အကြာကြီး တောင့်ခံထားနိုင်ခဲ့တယ်။ နောက်ပြီးတော့။ ဖန်ကျန်းရှီက သူ့ ထက် အင်အားတွေ အများကြီး ရှိနေသေးပုံပဲ။ သေစေနိုင်လောက်တဲ့ တိုက်ကွက် တွေ နဲ့ အဆက် မပြတ် တိုက်ခိုက်နေတယ်။ သူ့ ဘ၀ အတွက် တိုက်ခိုက်နေတာနဲ့ မတူဘူး။ ဒေါသတွေကို ဖြေဖျောက်ဖို့ တိုက်ခိုက်နေတာနဲ့ တူတယ်။

“ ဘာတွေ ဖြစ်ကုန်တာလဲ။” နန်ကုန်းဟောင်တောင် နားမလည်နိုင်တော့ဘူး။ သူလည်း ကောင်းကင်ရောင်ပြန် အဆင့်မှာ ရောက်ခဲ့ဖူးတယ်လေ။ ဒီ အဆင့်မှာ စွမ်းအား အရင်းအမြစ် ဘယ်လောက်ထိ ရှိမှန်း သူသိတယ်။ ဖန်ကျန်းရှီ က သာမာန်လူတွေ ထက် ပိုသာနေတယ် ဆိုရင်တောင်။ ဒါက နည်းနည်း လွန်နေပြီလေ။ ( နန်ကုန်းဟောင် ဒီလိုတွေးနေခဲ့တယ်။)

ဖန်ကျန်းရှီ ဘာကြောင့်များ ဒေါသ ထွက်နေလဲ သူ မသိဘူး။ ဖန်ကျန်းရှီက အမြဲတမ်း သူ့ စွမ်းအား အရင်းအမြစ်တွေကို ချွေတာ သုံးစွဲနေခဲ့တာ။ နောက်ဆုံးတော့လည်း။ အလဟသတ် မဖြစ်အောင် အသားကုန် အသုံးချနေတော့တယ်။

ဒါပေမယ့် ဒီ တစ်ကြိမ်မှာတော့ ။ ဖန်ကျန်းရှီ နားလည်သွားတာ ရှိတယ်။ သူ့ ရဲ့ စွမ်းအင် အရင်းအမြစ်တွေကို ပြန်လည် ဖြည့်တင်း နိုင်တယ်။ သူ့မှာ အဆုံးမဲ့ သမုဒ္ဒရာကြီး ရှိတယ်။ မူလစွမ်းအင်တွေ နဲ့ ပြည့်နေတဲ့ သမုဒ္ဒရာကြီး။ ဓားချက် တစ်ချက်ချင်းစီ တိုင်းမှာ သူ့ရဲ့ ကောင်းကင်ထဲက မြူနှင်းဖြူတွေ အားလုံးကို ပြစ်ထုတ်ပြစ်တယ်။ အတော့်ကို ကောင်းတဲ့ ခံစားချက်ပဲ။ ဒါကို စကား တစ်ခွန်း နဲ့ပဲ ဖော်ပြလို့ ရတယ်။ ( ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းလိုက်တာ)

သူ့စိတ်အာရုံ နယ်မြေထဲက အဆုံးမဲ့ သမုဒ္ဒရာကြီးက။ ကောင်းကင်ကို တစ်ခါဖြည့်တိုင်း တစ်ခါ အော်မြည်သံကြီး ထွက်လာတယ်။ တစ်ခါဖြည့်ပြီးတိုင်းမှာ။ ကောင်းကင်ကြီးက ဗလာဟင်းလင်း ဖြစ်သွားတယ်။ အဲ့ဒီ့နောက် နောက်တစ်ကြိမ် ပြန်ပြည့်တယ်။ ဒီ သမုဒ္ဒရာကြီး ဘယ်အချိန်မှာ လုံး၀ အားနည်း သွားမလဲ သူ တွေးလို့ မရဘူး။ ဒါပေမယ့် အနည်းဆုံးတော့ တစ်နာရီလောက် ခံမှန်း သူကောင်းကောင်း သိတယ်။ နန်ကုန်းဟောင်ကို နိုင်အောင် မတိုက်နိုင်ရင်တောင်။ အနည်းဆုံး တစ်နာရီ ကြာအောင် တိုက်ခိုက်နိုင်ရင်။ လေးစားစရာ ကောင်းတာပဲလေ။

ဖန်ကျန်းရှီ သိတယ်။ ဒီလို ပြိုင်ပွဲမှာ သူ့ကိုယ်သူ လှောင်ရယ်စရာ ဖြစ်အောင် မလုပ်နိုင်ဘူး။ သူ ကောက်ကောက်ကျစ်ကျစ် ပြုံးလိုက်တယ်။ ထက်မြက်စူးရှတဲ့ အကြည့်တစ်ချက်က ဖုန်တွေ နဲ့ တိုက်ပွဲ ကြားမှာ ထွက်ပေါ်လာတယ်။ ဖန်ကျန်းရှီ မသိတာက ။ သမုဒ္ဒရာထဲက နေ မြူနှင်းတွေကို ဖန်တီးလိုက်တဲ့ အချိန်။ သူ့စိတ်အာရုံ နယ်မြေထဲက သစ်ပင်ကြီးလည်း ဆက်ပြီး ပြောင်းလဲ နေတယ်။ အရွက်အသစ်တွေ စတင်ပြီး ထိုးထွက်လာတယ်။ သစ်ကိုင်းက အသီးတွေလည်း တဖြည်းဖြည်း နဲ့ ပုံပေါ်လာတယ်။ အသီးတွေက အစတုန်းကတော့ ချောမွေ့နေခဲ့တာ။ ဒါပေမယ့် အခုတော့။ မျက်နှာပြင်ပေါ်မှာ ပုံရိပ်သဏ္ဍာန်တွေ ပေါ်ပေါက်လာတယ်။ တောင်တန်းတွေ၊ မြစ်တွေ ၊ သစ်တောတွေ ၊ မြက်ပင်တွေ၊ သစ်ပင်တွေ၊ နှင်းပွင့်တွေ။ ပုံသဏ္ဍာန် အမျိုးမျိုး ပေါ်ပေါက်လာတယ်။ အများဆုံး ပြောင်းလဲတာကတော့ ခရမ်းရောင် သစ်သီးတွေပဲ။ ဒီသစ်သီးတွေ အပေါ်မှာ ပုံသဏ္ဍာန် ပေါ်ပေါက် နေခဲ့တာ ကြာပြီ။ ဒါပေမယ့် အခုတော့။ မြူနှင်းဖြူတွေ အငွေ့ပျံ သွားတဲ့ အတွက်။ သစ်သီးတွေလည်း တောက်ပလာတော့တယ်။

…

ဖန်ကျန်းရှီ က သူ့ဘဝရဲ့ အကောင်းဆုံး အချိန်တွေကို ဖြတ်သန်းနေတယ်။ နန်ကုန်းဟောင်ကတော့ လန့်လာတယ်။ ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုတွေက ပိုပိုပြီးတော့ အင်အားကြီးလာတယ်။ ပြောင်းလဲ မှုက အရမ်းကို သေးငယ်ပေမယ့်။ သတိမပြုမိစရာ အကြောင်းတော့ မရှိဘူး။ သူကောင်းကောင်း ခံစားလို့ရတယ်။

“ အကယ်၍ ငါသာ ငါ့ရဲ့ ကျင့်ကြံဆင့်ကို ကောင်းကင်ရောင်ပြန် အဆင့်မှာ ဖိနှိပ်ထားလိုက်ရင်။ ငါ နိုင်ကော နိုင်ပါ့မလား။ ” နန်ကုန်းဟောင် က တိုက်ခိုက်ရင်းနဲ့ အံ့သြလာတယ်။ ဒီ အချိန်အတောတွင်းမှာ။ နန်ကုန်းဟောင်က သူရွေးချယ်ခဲ့တဲ့ လမ်းကို ဘယ်တုန်းကမှ သံသယမဝင်ခဲ့ဘူး။ နောက်ဆုံးတော့လည်း ဒီလမ်းကို အတော်လေး စဉ်းစား ဆုံးဖြတ် လေ့လာပြီးမှ ရွေးချယ်ခဲ့တာပဲ။ ဒါက ကျင့်ကြံခြင်း လောကမှာ တိုက်ရိုက် အကျဆုံး လမ်းပဲ။

အစတုန်းက။ ကျောက်စိမ်း နီလာ အနုပညာ ကို သင်ကြားဖို့ လက်လျှော့ခဲ့တယ်။ သူဒါကို ရွေးချယ်ခဲ့တာ ခက်ခဲလို့ မဟုတ်ဘူး။ ကျောက်စိမ်း နီလာ အနုပညာက ခက်ခဲလို့ မဟုတ်ဘူး။ အစကောင်းတဲ့ နည်းလမ်းကိုပဲ သူရွေးချယ်ခဲ့တာ။ နဂါးဗျူဟာက အစပိုကောင်းတယ်လေ။ အစပိုင်းမှာ နဂါးဗျူဟာကို သူကျင့်ကြံတယ်။ အဲ့ဒီ့နောက် ကျောက်စိမ်းနီလာ အနုပညာကို ဆက်ပြီး လေ့ကျင့်ခဲ့တယ်။ ဒီ အစီအစဉ် အကြောင်း ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။ နန်ကုန်းမု ကိုတောင် မပြောဘူး။

နန်ကုန်းမုက ဘာကြောင့် ကျောက်စိမ်း နီလာ အနုပညာကို ရွေးချယ်လဲ။ သူ အတိအကျ သိတယ်။ နန်ကုန်းမုကို ဖြောင်းဖျဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် မရပါဘူး။ ဒါကြောင့်ပဲ။ သူ့ရဲ့ ညီလေးကို ကျင့်ကြံဖို့ ပံ့ပိုးပေးခဲ့ရတာ။ နန်ကုန်းမု စာမေးပွဲ ဖြေနေသရွေ့။ ပါဝင်ဖြေဆိုတာမျိုး သူ မလုပ်ဘူး။ နန်ကုန်းမု နဲ့လည်း ဘယ်တော့မှ မတိုက်ခိုက်ဘူး။

ကိစ္စတွေ အများကြီးမှာ။ နန်ကနု်းဟောင်က သူ့ နှလုံးသားကို ကတိပေးခဲ့တယ်။ နန်ကုန်းမုကို ကျောက်စိမ်း နီလာ အနုပညာ မှာ ဆရာ တစ်ဆူ ဖြစ်အောင် လုပ်ပေးမယ်။ နဂါးဗျူဟာရဲ့ အနှစ်သာရတွေ အားလုံးကို ကျွမ်းကျင် ပိုင်နိုင်သွားတဲ့ အချိန်မှာပေါ့။ သူ့ ညီလေးကို သုခမိန် တစ်ယောက် ဖြစ်စေရမယ်။ ဒါက နန်ကုန်းဟောင်ပဲ။

ကောင်းကျိုးတွေ။ ဂုဏ်သိက္ခာ ကျော်ကြားမှုတွေကို သူ အာရုံ မစိုက်ဘူး။ သူလုပ်ချင်တာက အကောင်းဆုံးသော ကျင့်ကြံမှု နည်းလမ်းကို ရှာဖွေဖို့ပဲ။ ဒါပေမယ့် အခုတော့။ ပထမဆုံး အကြိမ် အနေနဲ့။ သူ ရွေးချယ်ခဲ့တဲ့ နည်းလမ်းကို သံသယ ဖြစ်လာတယ်။ ဒီ သံသယ က ဖန်ကျန်းရှီကြောင့် အစပျိုးတာပဲ။ နန်ကနု်းဟောင် ရဲ့ အံ့သြမှုက နည်းတယ်လို့ ဆိုနိုင်တယ်။

ကျောင်းတော်သား တွေ အားလုံး ဒီ အချိန်မှာ မလှုပ်နိုင်တော့ဘူး။ ဒီ တိုက်ပွဲ ဘယ်လောက် အထိ ကြာမလဲ လို့ ခန့်မှန်း နေခဲ့တယ်။

ငါးချီလား။ ခြောက်ချီလား။ ရှစ်ချီလား။ ငါးမိနစ်လား။ ဆယ့်ငါးမိနစ်။ ကောင်းပြီလေ။

ဆယ့်ငါးမိနစ်ကျော်သွားပြီ။ တိုက်ပွဲ ကတော့ ဆက်ပြီး အရှိန်ကောင်းနေ တုန်းပဲ။ ဖန်ကျန်းရှီက နန်ကုန်းဟောင်ကို ဆက်တိုက် တိုက်ခိုက်နေတယ်။ ဘာတွေ ဖြစ်ကုန်တာလဲ။ သူတို့ မတွေးတတ် တော့ဘူး။ သစ်ငုတ်တိုကြီးတွေလိုပဲ ဆက်ပြီး ရပ်ကြည့်နေကြတယ်။ သူတို့ မြင်နေရတာကို မယုံမကြည်နိုင်။

…

ကျောင်းတော်သားတွေ အားလုံး နဲ့ စာဖြေသူတွေ က တိုက်ပွဲ ထဲမှာ နစ်မြောနေတယ်။ တောင်ကုန်းထိပ်မှာ လူ တစ်အုပ် ရှိနေတာကို သူတို့ သတိ မထားမိကြဘူး။ အဲ့ဒီ့နေရာက နတ်ဆိုးတွေကို ရန်ရွှယ် သတ်လိုက်တဲ့ နေရာပဲ။ ဒီ အုပ်စုကို ဦးဆောင်နေတာကတော့ အမျိုးသမီး တစ်ယောက်။ ဝတ်ရုံဖြူကို ဝတ်ထားတယ်။ သူမရဲ့ မျက်နှာကို မျက်နှာကာ နဲ့ ဖုံးကွယ်ထားတယ်။ ဒါပေမယ့် သူမ ကိုယ်ရဲ့ အငွေ့အသက်ကိုတော့ ဖုံးကွယ်ထားလို့ မရဘူး။

အေးစက်နေတဲ့ အငွေ့အသက် ။ အမိန့်အာဏာရှင် စွမ်းအား။ နှင်းတောင်ပေါ်မှာ သူမ ရပ်နေတဲ့ အချိန်။ ငေးကြည့်နေသူ ရဲ့ ကျောရိုးထဲကနေ အေးစက် မှုက စိမ့်တက်လာတယ်။ လေထုက အမျိုးသမီး ရဲ့ မျက်နှာကာ အဖျားကို လွင့်စေတယ်။ ဒါကြောင့် သူမရဲ့ တော်ဝင်ဆန်တဲ့ ရုပ်သွင် နဲ့။ နီမြန်းတဲ့ နှုတ်ခမ်း တစ်စုံကို ခပ်ရေးရေး မြင်ရတယ်။ လူတစ်ယောက် သာ ကြည့်နေမယ် ဆိုရင်။ သူမ မြင်နေရာကို အံ့သြနေတယ်ဆိုတာ အသေအချာ ပြောလို့ရတယ်။ သူမက ဝတ်ရုံနက် ဝတ်ထားတဲ့ လူတစ်စုကို ဦးဆောင်လာတာ။ ဒါပေမယ့် ဒီ လူတွေ ထိတ်လန့် နေတာကလည်း မြင်သာတယ်။ သူမရဲ့ ဘယ်ဘက်မှာတော့။ အနက်ရောင် ဝတ်ရုံရှည်ကြီး ဝတ်ထားတဲ့ လူတစ်ယောက် ရှိတယ်။ ဒီလူက ပိန်ပါးတယ်။ သူ့ မျက်လုံးတွေက ကြယ်ရောင်လို တောက်ပတယ်။ မျက်ခုံးတွေကတော့ ဓားသွားလိုပဲ။ ပိုပြီး အရေးကြီးတာက သူ့ နဖူး အလယ်က နတ်ဆိုး မျက်လုံးပဲ။ ရဲရဲနီနေခဲ့တယ်။ သူကတော့ ပိုင်ရှင်း။ သူ့နောက်က မိန်းမချော ကတော့ နတ်ဆိုး အရှင်သခင် ယွင်ချင်းဝူ။

“ ၃၈၈ တာအို ရှိတယ်တဲ့။ တကယ်ပဲ ၃၈၈ တာအိုတောင် ရှိနေတာလား။ ဖန်ကျန်းရှီ ဒီလောက်ထိ အင်အားကြီးမယ်လို့ မထင်ထားခဲ့ဘူး။”

“ ကောင်းကင်ရောင်ပြန် အဆင့် တစ်ယောက်က။ သဘာဝလွန် အထွဋ်အထိပ် အဆင့် နန်ကုန်းဟောင်ကို ဆယ့်ငါးမိနစ် ထက် ပိုပြီး တောင့်ခံနိုင်တယ်တဲ့လား။ ဒီလိုလူ နောက်ထပ် မရှိနိုင်လောက်တော့ဘူး။”

“ သခင်။ ဒီကောင်ကို အရှင်ထားလို့ မဖြစ်တော့ဘူး။”

ဝတ်ရုံနက်တွေ အကုန်လုံး ထိတ်လန့်နေကြတယ်။ သူတို့ ပါးစပ်တွေ ကြောက်လန့်တကြား ပွင့်ဟနေတယ် ။ သူတို့ မြင်နေရတာကို ဘယ်လိုလုပ် မအံ့သြပဲ နေမလဲ။

ယွင်ချင်းဝူရဲ့ မျက်လုံးတွေ အရောင် တလက်လက် တောက်ပနေတယ်။ သူမက တိတ်တဆိတ်ကြည့်နေတုန်းပဲ။ ဘယ်သူက မှ သူမ ရဲ့ အတွေးကို မခန့်မှန်း နိုင်ဘူး။ နောက်ပြီးတော့ သူမရဲ့ အမိန့်ကိုလည်း ဘယ်သူမှ မဖီဆန်ရဲဘူး။ ဘာကြောင့်လဲ ဆိုတော့။ သူမက နတ်ဆိုး အရှင်သခင်ရဲ့ အချစ်ခင်ဆုံး သမီးတော်။ နတ်ဆိုေးတွ ရဲ့ အရှင်သခင်ငယ်။

“သခင်။ နန်ကုန်းဟောင် ရဲ့ အသက်ကို နုတ်ရမလား။ ဖန်ကျန်းရှီ ရဲ့ အသက်ကို နုတ်ရမလား။” ပိုင်ရှင်းမေးတယ်။

ယွင်ချင်းဝူ ဆ ုံးဖြတ်ချက် ချတာကို သူစောင့်နေတယ်။

ဒါပေါ့။ အကယ်၍ ကိစ္စတွေသာ အစီအစဉ် အတိုင်း ဆက်ဖြစ်လာရင်။ သူ လည်း စောင့်ဖို့ မလိုတော့ဘူး။ ဒါပေမယ့် သူတို့ အောက်က တိုက်ပွဲကို မြင်တော့ အစီအစဉ်က ပြောင်းသွားခဲ့တယ်။

“မင်း အပေါ် မူတည်တယ်။” ယွင်ချင်းဝူ နောက်ဆုံးတော့ စကားပြောလာပြီ။ သူမရဲ့ အသံက တည်ငြိမ်နေတယ်။ ဒါပေမယ့် အချိန် တစ်ခဏ ကြာတဲ့ အထိ တွေဝေနေခဲ့တယ်။ သူမ တွေေ၀ နေတာကို ချက်ခြင်း ဖုံးကွယ်နိုင်လိုက်တယ်။ သူတစ်ပါ်းကို အကြောင်းပြချက် ပေးစရာ မလိုအပ်ဘူး။ သူက နတ်ဆိုးတွေ ရဲ့ အရှင်သခင်ပဲ။

“ ကျေးဇူးတော် ကြီးမြတ်လှပါတယ် ။ အရှင်သခင်” ပိုင်ရှင်း ခေါင်းငြိမ့်တယ်။ အမိန့်ကို လက်ခံ ပြီး ဖြစ်ကြောင်း သူ မပြောဘူး။ ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ကို ရွေးချယ်ခဲ့တယ်။ ဒီ အခြေအနေ အတွက် တော့ သိပ်ပြီး အဆင် ပြေတယ် မထင်ရဘူး။ ဒါပေမယ့် ။ ပိုင်ရှင်းက ဒီလို ဖြေလာတော့လည်း။ ယွင်ချင်းဝူကော။ တခြားသူတွေပါ မသင့်တော် တဲ့ အကြောင်း မတွေးမိကြဘူး။

အဲဒီ့နောက်။ တောက်ပတဲ့ အလင်းတန်းက ကောင်းကင်မှာ တောက်ပလာတယ်။ ကြယ်တာရာလိုပဲ တောက်ပတယ်။ အရမ်းကြီးလင်းလက် နေတာ တော့ မဟုတ်ဘူး။ ဒါပေမယ့် အေးစက်တဲ့ လူသတ်ငွေ့တွေ ပြည့်နှက်နေတယ်။

ပိုင်ရှင်းက ဒီ နေရာကို ရောက်လာခဲ့တာ။ သူ့ရဲ့ ဦးဆောင်မှုကြောင့် မဟုတ်ဘူး။ သူ့ရဲ့ စွမ်းရည် သက်သက် နဲ့ ရောက်လာခဲ့တာပဲ။ အေးဆေးတည်ငြိမ်ပြီးတော့ သစ္စာရှိတယ်။ ဒါ့အပြင်။ ဘယ်သူ တစ်ဦး တစ်ယောက် ကမှ သူ့ လက်ကနေ မလွတ်ဖူးဘူး။ ဒါပေါ့။ အဆုံးမဲ့ လောက ကအဖြစ် အပျက်ကတော့ ချွင်းချက် တစ်ခုပေါ့။ သူ့ရဲ့ ပြိုင်ဘက် က နတ်ဆိုး ကျေင်းတော် ရဲ့ ရှင်းယွမ်ကောင်း ဖြစ်နေတယ်လေ။ ကြီးမြတ်သော ရှ မင်းဆက် အပြင်ဘက် ထိတောင် ဂုဏ်သတင်း ကျော်ကြားတဲ့ လူတစ်ယောက်။ ဒါပေမယ့် တိုက်ပွဲ နဲ့ စစ်မြေပြင်ကြားမှာ ပဲ အသက်ရှင်တယ်။ ပိုင်ရှင်းကို ဒီ အတွက်တော့ အပြစ်တင်လို့ မရဘူး။ ဒါပေမယ့် ဒီ တစ်ကြိမ်မှာတော့ ကွာခြားသွားပြီ။

သူ့ ပြိုင်ဘက်က ရှင်းယွမ်ကောင်း မဟုတ်တော့ဘူး။ နန်ကုန်းဟောင် နဲ့ ဖန်ကျန်းရှီ ဖြစ်နေပြီ။ နောက်ပြီးတော့ သူတို့ နှစ်ယောက်ကလည်း အပြင်းအထန် တိုက်ခိုက်နေတာ။ တစ်ယောက်က ကောင်းကင်ရောင်ပြန် အထွဋ်အထိပ် အဆင့်။ နောက်တစ်ယောက် က သဘာဝလွန် အထွဋ်အထိပ် အဆင့်။ သူတို့ အသက်အရွယ်မှာတော့ ထိပ်တန်း ကျောင်းတော်သားတွေပဲ။ အမြင့်မားဆုံး မျှော်လင့်ချက် ကို ပိုင်ဆိုင်ထားတဲ့ သူတွေ။ ဒါပေမယ့် ပြန်လည်မွေးဖွားမှု အဆင့် ပိုင်ရှင်းကို ကော သူတို့ ခုခံနိုင်မှာလား။ အကယ်၍ သူတို့ လုပ်နိုင်ရင်။ ပိုင်ရှင်း နာမည် ပြောင်းရ လိမ့်မယ်။ ငွေရောင် အလင်းတန်းက ပိုင်ရှင်း လက်က နေ ထွက်လာတယ်။ ကောင်းကင်ကို ထိုးတက်သွားတယ်။ ဒီ အချိန်မှာ ပိုင်ရှင်းက တောင်ကုန်းထိပ် ကနေ ပျောက်ကွယ်သွားပြီ။ တောင်ကုန်းပေါ်မှာ သူ မရှိခဲ့ဖူးသလိုပဲ။ ပိုပြီး အသေးစိတ်ပြောရရင်။ အလင်းတန်း တစ်ခု ပေါ်လာပြီး ပျောက်ကွယ်သွားသလိုပဲ။

…

ကျောင်းတော်သားတွေ နဲ့ စစ်သည်တော် တွေ အားလုံး ။ နန်ကုန်းဟောင် နဲ့ ဖန်ကျန်းရှီ ရဲ့ တိုက်ပွဲ ကိုပဲ စိတ်ဝင်စားနေကြတယ်။ ရန်ရွှယ်က တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကို ကျစ်ကျစ် ပါအောင် ဆုပ်ထားတယ်။ သူ့ လက်တွေ တောင် အဖြူရောင်ပြောင်းနေပြီ။ ဖန်ကျန်းရှီ ရဲ့ စွမ်းရည်တွေကြောင့် သူ အံ့အား သင့်နေမိတယ်။ သူ့ စိတ်ခံစားချက်တွေ တောင် ရှုပ်ထွေး ကုန်ပြီ။ ကောင်းကင်က ဆင်းလာတဲ့ အလင်းတန်းကိုတောင် သူ မမြင်ခဲ့ဘူး။

ရန်ရွှယ် တင် သတိမပြုမိတာ မဟုတ်ဘူး။ ဝူဖုန်း။ ချန်းဖေးယွီ နဲ့ တန်ရှီရှန်းတောင် သတိမပြုမိခဲ့ဘူး။ ငွေရောင် အလင်းတန်းက ပျောက်သွားတာလည်း မြန်တယ်။ ပေါ်လာတာလည်း မြန်ဆန်တယ်။ ပျောက်သွားတဲ့ အချိန်မှာ။ အမှန်တကယ် ပျောက်သွားတာ မဟုတ်ဘူး။ သူ့ အနီးနားက အလင်းတန်းကို မှိန်ဖျော့ပြစ်လိုက်တာ။ နေရောင်ထဲမှာ ဆိုရင် ကောင်းကောင်း မမြင်နိုင်ဘူး။ နေရောင်ခြည် ထဲမှာ နွေးထွေးတဲ့ အလင်းတန်း အပြင်။ အေးစက်တဲ့ အလင်းတန်း လည်းရှိနေခဲ့တယ်။ နေရောင်ခြည်က ကမ္ဘာမြေပြင်ပေါ် ကို ကျရောက်လာတယ်။ အေးစက်တဲ့ အလင်းတန်း ကတော့ နန်ကုန်းဟောင် နဲ့ ဖန်ကျန်းရှီ ရဲ့ ကြားထဲကို ကျလာတယ်။

အပိုင်း (၃၈၃) ပြီး၏။

အပိုင်း (၃၈၄)

“ ဒါက အဇူရာ”

…

နိုင်နိုင်ချေ သိပ်မရှိတဲ့ တိုက်ပွဲတွေကြောင့် ဖန်ကျန်းရှီ ဒေါသထွက်တာမျိုး ဖြစ်ခဲတယ်။ ဒါပေမယ့် သူ ခံစားနေရတဲ့ အလျင်လိုမှုက အတော်လေး ကြောက်စရာပဲ။ ပိုပြီး အရေးကြီးတာ ကတော့ ။ သူ့ ပြိုင်ဘက် က နန်ကုန်းဟောင် ဖြစ်နေတာပဲ။ လူအများစုက ဒီ ခံစားချက်ကို နားလည် နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ရိုးရိုးရှင်းရှင်း တွေးရရင်။ အမျိုးအမည် မသိတဲ့ အားနည်းချက်တစ်ခုကို အနိုင်တိုက်နိုင်လိုက်လို့။ ကျေနပ်မှု ဖြစ်နေတာမျိုး ရှိတယ်။ နည်းနည်းလေး ကျေနပ်တာတော့ ဖြစ်နိုင်တယ်။

ဒါပေမယ့်။ အကယ်၍ လူတစ်ယောက် ကသာ ။ ကျော်ကြားပြီး စွမ်းအားကြီးတဲ့ လူကို အနိုင်တိုက်နိုင်လိုက်ရင်။ ဇာတ်ကြောင်းကလည်း ပြောင်းလဲ သွားလိမ့်မယ်။ နန်ကုန်းဟောင် က လွန်ခဲ့တဲ့ လေးနှစ်တည်းက နာမည်ကျော်ကြားနေခဲ့တာ။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ ထိပ်တန်းကျောင်းတော်သား အဖြစ် သတ်မှတ်ခံ၇တယ်။ ဒါ့အပြင်။ သူ့ရဲ့ ကျင့်ကြံဆင့် ကလည်း ဖန်ကျန်းရှီ ထက် တစ်ဆင့်တိတိ မြင့်နေသေးတယ်။ ဒါတောင် စစ်သည်လေးသောင်း ရဲ့ မျက်စိရှေ့မှာ။ ဖန်ကျန်းရှီကို အလွယ်တကူ အနိုင်မတိုက်နိုင်ဘူး။ ဖန်ကျန်းရှီ က နန်ကုန်းဟောင် ကို နောက်ထပ် နည်းနည်း ထပ်တိုက်ခိုက်ချင်သေးတယ်။ ဒါပေမယ့် ။ သူ့ ဘဝရဲ့ အောင်မြင်မှုကို ကြည်နူးနေတဲ့ အချိန်မှာ။ သူ့ခေါင်းပေါ်ကနေ အအေးလှိုင်းတွေ ဖြတ်လာတော့တယ်။

“ အလစ်ဝင်တိုက်တာလား။” ဖန်ကျန်းရှီ စိတ်ရှုပ်ထွေးသွားတယ်။ ဒါက အလင်းပြန်တာလား။ သူ့လိုမျိုး အလစ်ဝင်တိုက်မှုမှာ ကျွမ်းကျင် အဆင့် ပညာရှင်တောင် ။ ဘာကိုမှ သတိမထားမိဘူး။ အသေးစိတ်ပြောရရင်။ သူမြင်လိုက်တာက အလင်းတန်း တစ်ခုပဲ။ အတော်လေး တောက်ပပြီးတော့ စူးရှတယ်။ စူးရှတဲ့ ခံစားချက်က ရင်ဘတ်ကို ထိုးဖောက်လာတယ်။ အပ်တွေ နဲ့ ထိုးနေသလို။ ဓား နဲ့ အထိုးခံရသလိုမျိုးပဲ။ တကယ်တမ်းမှာတော့။ ဖန်ကျန်းရှီ ဘာတွေ ဖြစ်သွားလဲတောင် မသိလိုက်ဘူး။ သူခေါင်းမော့လိုက်တဲ့ အချိန်မှာပဲ။ အလင်းတန်းက သူ့ ရင်ဘတ်ကို ဖောက်သွားပြီ။

ပိုင်ရှင်းက သူ့ရဲ့ သားကောင်ကို ။ တိုက်ခိုက်မယ့် အချိန် မှာ။ ဘယ်တော့မှ အသိမပေးဘူး။ သူ့ သားကောင်က ရေခဲလို အေးစက်မှုကို ခံစားလိုက်ရရင်။ ကိစ္စချောပြီပဲ။ ဓားက လမ်းကြောင်းမှာ ရောက်နေပြီ။ အေးစက်မှုကတော့။ ဓားကနေ ထုတ်လွှတ်တဲ့ အရှိန်အဝါ တစ်ခုပဲ။ တိုက်ခိုက်မှု တစ်ခု လာပြီဆိုတာ ဖန်ကျန်းရှီ သိလိုက်တယ်။ ဒါပေမယ့် ဓားကို လုံး၀ မရှောင်နိုင်ဘူး။ မြန်လွန်းလို့ လှုပ်ရှားချိန်တောင် မရလိုက်ဘူး။

…

သတ်ဖြတ်လိုစိတ် ပြည့်နေတဲ့ အေးစက်မှုက မြင့်တက်လာတယ်။ အရပ်မျက်နှာ အားလုံးကို ပျံ့ သွားတယ်။ ဖုန်မှုန့်တွေ အားလုံး တောင် အေးခဲသွားသလိုပဲ။ တစ်ချိန်တည်းမှာ ။ ဖုန်မှုန့်တွေ ပျောက်ကွယ်သွားတယ်။ ဒါပေမယ့် အနီးကပ် ကြည့်မယ်ဆိုရင်တော့။ ဖုန်မှုန့်တွေ ကို အဖြူရောင် မြူနှင်းတွေက ကာဆီး လိုက်တာကို တွေ့ရလိမ့်မယ်။ တကယ်တော့ မြူနှင်းတွေ မဟုတ်ဘူး။ အဲ့တာက ရေခဲ အလွှာတွေ။

ယွင်ချင်းဝူက တောင်ကုန်းပေါ်ကနေ တိတ်တဆိတ်ကြည့်နေတယ်။ အေးခဲသွားတဲ့ ဖုန်မှုန့်တွေကို မြင်တော့။ သူမရဲ့ နှုတ်ခမ်းပါးတွေ ပွင့်ဟ သွားတယ်။ လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်ထားပြီး။ တစ်ခုခုကို ပြောချင်နေတဲ့ ပုံပဲ။ ဒါပေမယ့် သူမ နဲ့ အနီးဆုံး မှာ ရှိတဲ့ သူကတော့။ ဘာစကား တစ်ခွန်းမှ တောင် မကြားဘူး။ ဒါပေါ့။ ယွင်ချင်းဝူ ရဲ့ အသံက တိုးလွန်းလို့ လဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပိုပြီး ဖြစ်နိုင်တာက။ သူတို့ မျက်စိရှေ့မှာ ဖုံးကွယ်နေတဲ့ ရေခဲ အငွေ့အသက်တွေ ဖမ်းစားတာ ခံလိုက်ရတာကြောင့်ပဲ။

ဖုန်မှုန့်တွေ ကနေ။ အေးခဲ သွားတဲ့ ရေခဲတွေ မြေပြင်ပေါ် ကျသွားတဲ့ အထိ။ …. အချိန် တစ်စက္ကန့်တောင် မကုန်သေးဘူး။ ဒါပေမယ့် ယွင်ချင်းဝူ အတွက်တော့ ။ ဒီ အဖြစ်က စောင့်ဆိုင်းရတာ ကြာရှည်လွန်းတယ်။ စိတ်ပျက်စရာပဲ။

တကယ်တမ်းတော့။ ပိုင်ရှင်း ပျောက်ကွယ်သွားတဲ့ အချိန်တည်း ကနေ စောင့်နေရတာ။ ဓားက ပစ်မှတ်ကို ရောက်သွားတဲ့ အထိ စောင့်နေဆဲပဲ။ နောက်ပြီးတော့ အခုချိန်မှာ။ ဓားက ပြစ်မှတ်ကို တွေ့သွားပြီ။ နန်ကုန်းဟောင် နဲ့ ဖန်ကျန်းရှီ တို့ရဲ့ ကြား ။ အတိအကျ ပြောရရင်။ ဓားက ဖန်ကျန်းရှီ ရဲ့ ရင်ဘတ် ကို ထိ သွားတယ်။ သူမ ခန့်မှန်းထားခဲ့တဲ့ အတိုင်းပဲ။ ဒါက အကုန်လုံး ပြီးသွားပြီလို့ ဆိုလိုတာလား။

ရေခဲတွေက မိုးရေစက်တွေလိုပဲ ။ မြေပြင်ပေါ်ကို ကျလာတယ်။ ဆူညံသံ တစ်ချို့လည်း ထွက်လာခဲ့တယ်။ ဒါပေမယ့် မသိမသာ လေးပဲ။ ကျောင်းတော်သားတွေ ရဲ့ အသက်ရှူသံက ပို ကျယ်လောင်လာတယ်။ အလင်းတန်းက ကောင်းကင်ကနေ ကျလာတာကို သူတို့ မမြင်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ ဓားနဲ့ အထိုးခံလိုက်ရတာကိုတော့ ကောင်းကောင်းမြင်ရတယ်။ အလင်းတန်းက ဘယ်ကနေ ရောက်လာတာလဲ။ ဘာလို့ တိုက်ခိုက်သွားလဲ ။ သူတို့ မသိကြဘူး။ ဒါပေမယ့် သူတို့သိတာကတော့ အခုချိန်မှာ ရန်သူ့ နယ်မြေထဲကို ရောက်နေတယ် ဆိုတာပဲ။ အလင်းတန်းက ကောင်းတဲ့ သင်္ကေတ မဟုတ်ဘူး။

“ဖန်ကျန်းရှီ။”

အသံတစ်သံ လူအုပ်ထဲကနေ ထွက်လာတယ်။ အသံကအေးစက်နေတယ်။ ဒါပေမယ့် စိုးရိမ် ပူပန်နေတဲ့ လေသံ ဆိုတာ သေချာ လွန်းတယ်။ ရန်ရွှယ် က အလင်းတန်းကို မြင်တဲ့ အချိန်မှာ။ တခြားသူတွေလို မျက်လုံး ပြူးမသွားခဲ့ဘူး။ သူတွေးခဲ့တဲ့ တစ်ခုတည်းသော အရာက။ ဖန်ကျန်းရှီ ဘယ်လိုနေလဲ ဆိုတာပဲ။

…

ရန်ရွှယ် ဘာတွေးနေလဲ ဖန်ကျန်းရှီ မသိနိုင်တော့ဘူး။ သိနိုင်ခဲ့၇င်တောင်။ ပြန်မဖြေနိုင်ဘူး။ သူ အခြေအနေ မကောင်းဘူးလေ။ နောက်ပြီးတော့ သူ ဒေါသထွက်နေတယ်။ အကယ်၍ နာကျင်ရမယ့် ကိစ္စကို ရှောင်နိုင်မယ် ဆိုရင်။ သူက ရှောင်မှာပဲ။ အကယ်၍ တိုက်ခိုက်ရမှာကို ရှောင်နိုင်မယ် ဆိုရင်လည်း သူရှောင်မှာပဲ။ ဒါကြောင့်။ တိုကခိုက်ရမှာတွေ။ နာကျင်ရမှာတွေ နဲ့ ပတ်သက်ရင်။ (ငါအဆင်ပြေတယ်လို့) လုံး၀ ဖြေနိုင်မှာ မဟုတ်ဘူး။ အဖြေကတော့ ရှင်းပါတယ်။

ပိုင်ရှင်းကို ဖန်ကျန်းရှီ မြင်ဖူးတယ်လေ။ ဒါကြောင့်။ သူ့ရှေ့မှာ အနီရောင် နတ်ဆို းမျက်လုံး ပေါ်လာတာ ကို မြင်တော့။ သူ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက။

“ ပိုင်ရှင်။ မ အိမ် လုံး”

ဒီလို ဆိုးဆိုးဝါးဝါး ဆဲတာမျိုး ဖန်ကျန်းရှီ လုပ်ခဲပါတယ်။ ပုံမှန် အတိုင်းဆိုရင်။ သဘာဝကျတဲ့ အသုံးအနှုန်းမျိုးကိုပဲ သုံးတယ်။ ဒါပေမယ့် ဒီ အချိန်မှာတော့။ သူ့ ဒေါသတွေကို ဒီ စကားလုံးနဲ့ ပဲ ဖော်ပြနိုင်တယ်။ အဲ့ဒီ့နောက်။ ပါးစပ် အပြည့်သွေးတွေ အန်ကျလာတယ်။ အနီရောင် သွေးစီးကြောင်းက လေထဲမှာ ပေါ်လာတယ်။ မြေပြင်ပေါ်က အဖြူရောင် နှင်းတွေ ဆီကို ကျသွားတယ်။ နှင်းပေါ်မှာ အနီရောင် ပန်းတွေ ပွင့်နေသလိုမျိုးပဲ။

ပြောရမယ်ဆိုရင်။ ပိုင်ရှင်းလည်း ဖန်ကျန်းရှီလိုပဲ ခံစားရပါတယ်။ သူလည်း အော်ဟစ် ကျိန်ဆဲ ချင်တယ်။ ဒါပေမယ့် ပိုင်ရှင်းက နတ်ဆို းဖြစ်နေတယ်လေ။ လူသားတွေ အတွက်တော့။ နတ်ဆိုး ဆိုတာ မကောင်းတဲ့ မျိုးနွယ်တွေပဲ။ ဒါပေမယ့် နတ်ဆိုးတွေ ကတော့။ သူတို့ကိုယ် သူတို့ သစ္စာရှိတဲ့ မျိုးနွယ် တွေ အဖြစ် ခံယူထားတယ်။ သူတို့တွေက လောကကြီး အတွက် တရားမျှတ မှုကို ယူဆောင်လာပေးတယ်။ ဒါကြောင့်။ နတ်ဆိုးတွေက တစ်ယောက်ကို တစ်ယောက် အော်ဟစ် ဆူပူတာမျိုး လုပ်ခဲတယ်။ ပုံမှန် အတိုင်းဆို။ ဆူဆဲမယ့် အစား။ သတ်ပလိုက်တာပဲ။ ဒါပေမယ့် အခုတော့။ ပိုင်ရှင်း တကယ့်ကို အော်ဆဲ ချင်နေပြီ။

ဖန်ကျန်းရှီ က သူ့ အမေကို တိုင်တည် ပြီး ဆဲလို့ မဟုတ်ဘူး။ ချက်ကောင်းကို ထိသွားတာတောင် ။ ဖန်ကျန်းရှီ အခုထိ မသေသေးလို့ပဲ။ ဒါပေါ့။ ပိုင်ရှင်းရဲ့ တိုက်ခိုက်မှုက ချက်ကောင်းကို ထိသွားပြီ။ သူ ထင်ထားတာထက် ပိုပြီး ခက်ခဲနေပေမယ့်လည်း။ သူ့ ဓားက ဖန်ကျန်းရှီ ရဲ့ ရင်ဘတ်ကို တည့်တည့် ထိတာပဲ။ ဒါတောင် ။ ဖန်ကျန်းရှီ ရဲ့ လက်ထဲမှာ ရှိတဲ့ ဓားက သူ့ ဓားကို လာ တားဆီးသေးတယ်။ အဲ့ဒံီနောက်။ ကြည်လင်နေတဲ့ ဓား တစ်ချောင်း သူ့ ဘေးမှာ ပေါ်လာတယ်။ ဒီ အချိန်မှာ သူ့ ဓားက သူ့ရဲ့ ကိုယ်ပိုင်ဓား မဟုတ်တော့ သလိုပဲ။ ဒါပေမယ့် ဒီ ကိစ္စလေးက ပိုင်ရှင်းရဲ့ တိုက်ခိုက်မှုကို မရပ်တန့်နိုင်ပါဘူး။ သူ့ ရဲ့ ပစ်မှတ် ကိုတော့ ရတောင် တိုက်ခိုက်သေးတယ်။

ဖန်ကျန်းရှီ ရဲ့ ဓား နဲ့ နန်ကုန်းဟောင်ရဲ့ ဓားကို သူ ခတ်ထုတ်လိုက်တယ်။ ဒါပေမယ့် သူ့ ဓားကတော့ ဦးတည်ရာလမ်းကြောင်းကနေ သွေဖယ်မသွားဘူး။ ဒါပေမယ့် ဓားက ဖန်ကျန်းရှီ ရဲ့ ရင်ဘတ်ကို ထိတဲ့ အချိန်။ မာကျောတဲ့ အရာ တစ်ခုကို သူခံစားလိုက်ရတယ်။ ဒါက လူ အသား နဲ့ မတူဘူး။ သံသတ္တုလိုပဲ။ သူ့ဓားကိုတောင် တားမြစ်နိုင်တဲ့ အထိ မာကျောတဲ့ သတ္တု။ ဒါပေမယ့် ဖန်ကျန်းရှီက ကျားသစ်ကွက် ကိုယ်ကျပ် အကျီကိုပဲ ဝတ်ထားတာလေ။ ဘယ်ကနေ သတ္တုရောက်လာတာလဲ။ ဖန်ကျန်းရှီ သာ အောက်ဘက်မှာ သံချပ်ကာ တစ်ထပ် ဝတ်ထားရင်။ သံချပ်ကာက သူ့ အသက်ကို ကယ်လိုက်ပြီ။

ဒါပေါ့။ ဘယ်လို အကြောင်းရင်းပဲ ရှိရှိ။ ဖန်ကျန်းရှီ ကို အသေသတ်ရမယ့် ပိုင်ရှင်း ရဲ့ လုပ်ငန်း တာဝန် ကျရှုံးသွားပြီ။ ဒါက မငြင်းနိုင်တဲ့ အမှန်တရားပဲ။ နန်ကုန်းဟောင်လည်း ပိုင်ရှင်းကို ကြည့်နေတယ်။ ဒါပေမယ့် ရုပ်ရည်သွင်ပြင်ကို ကြည့်တာ မဟုတ်ဘူး။ ပိုင်ရှင်း လက်ထဲက ဓားကို ကြည့်နေတာ။ အဲ့ဒီ့နောက် ပိုင်ရှင်း ရဲ့ အနီရောင် နတ်ဆိုး မျက်လုံးကို ကြည့်တယ်။ သူ့ဓားကို ချက်ခြင်း လှုပ်ရှားတယ်။ တစ်ချက်မှ တောင် တွေေ၀ မနေဘူး။

ဖန်ကျန်းရှီ နဲ့ တိုက်ခိုက်တဲ့ အချိန် တုန်းက။ သူ့ ရဲ့ တိုက်ခိုက်မှုတွေ က တိတ်ဆိတ်တယ်။ ဒါပေမယ့် အခု တစ်ကြိမ်မှာတော့ သူ့ ဓားက လေကို ခွင်းသွားတဲ့ အချိန်မှာ။ အသံကျယ်ကြီး တွေ ထွက်လာတယ်။ နဂါးအော်သံလိုပဲ။ လေတိုးသံကြီးက တိုက်ခိုက်မှုတွေကို အချိန်ကြာသွားစေတယ်။ ဒီလေစီးကြောင်းကြောင့် မြေပြင်ပေါ်က ရေခဲတွေ လှုပ်ရှားလာတယ်။ နန်ကုန်းဟောင် ရဲ့ ဓားဆီကို စီးဝင် လာပြီး အတူတူ ပူးပေါင်းသွားတယ်။ အဲ့ဒံီနောက် အေးစက်လွန်းတဲ့ အငွေ့အသက်တွေ ဖြစ်ပေါ်လာတယ်။

“ ရွှီ”

…

နန်ကုန်းဟောင် အင်အားကြီးမှန်း ။ ပိုင်ရှင်းသိခဲ့တာကြာပြီ။ ဒါပေမယ့် အခုတိုက်ကွက်ကြောင့် သူလန့် သွားရတယ်။ သူ့ရဲ့ စွမ်းအားနဲ့တောင် အတော်လေး ခံစားလို့ရတယ်။ သူ့ မှာ ရှိသမျှ အရာ အားလုံးနဲ့ ခုခံဖို့ လိုအပ်တယ်။

“ဘုန်း…..”

ပိုင်ရှင်းရဲ့ ကိုယ်ခန္ဒာက ဆယ်လှမ်းအကွာကို လွင့်ထွက်သွားတယ်။ သူ့ကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်တယ်။ နန်ကုန်းဟောင်ကို တစ်ချက်ကြည့်တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို ကြည့်တယ်။ သူ့ဓားကို မြန်လှပြီလို့ ထင်ထားခဲ့တာ။ အခုချိန်မှပဲ။ ပြန်လည်မွေးဖွားမှု အဆင့် အောက်မှာ ရှိနေတဲ့ လူတစ်ယောက် က။ သူ့လို ပဲ မြန်ဆန်နေခဲ့တယ်။ ဒီလူကတော့ နန်ကုန်းဟောင်။

နန်ကုန်းဟောင်သာ သူ့ရဲ့ ဘေးဘက် ကနေ တိုက်ခိုက်လာတာကြောင့် သာ မဟုတ်ရင်။ ပိုင်ရှင်း ယုံကြည်မှုတွေ ပြည့်နေမှာပဲ။ ဖန်ကျန်းရှီ ဘယ်လို သံချပ်ကာကိုပဲ ဝတ်ထား ဝတ်ထား။ သူ ထိုးဖောက်နိုင်တယ်။ ဒါပေါ့။ အကုန်လုံးက အတိတ်မှာ ကျန်ခဲ့ပြီ။ ပိုင်ရှင်း တွေးထားခဲ့တာ။ သူ့ရဲ့ တိုက်ကွက်က ကျရှုံးမှု မရှိဘူးလို့။ ဒါပေမယ့် ဖန်ကျန်းရှီက သူ့ ရဲ့ ဓားချက်ကို ဖန်ကျန်းရှီက တားဆီးလိုက်ပြီ။ နန်ကုန်းဟောင် ကလည်း သူ့ကို လာတိုက်ခိုက်တယ်။ အဆုံးသတ်မှာတော့။ သူ ဝန်ခံဖို့ လိုလာခဲ့ပြီ။ ဒါက သူ့ရဲ့ မာနကိုတော့ အတော်လေး ထိခိုက်စေတယ်။ နောက်ပြီးတော့ ယွင်ချင်းဝူ နုဲ့။ နတ်ဆိုးမျိုးနွယ်က ထိပ်တန်း စစ်သည်တွေ အားလုံး အပေါ်စီးကနေ ကြည့်နေတယ်။ ဒါက စော်ကားခံရတာနဲ့ အတူတူပဲ။ သူ့ရဲ့ ကျရှုံးမှုလည်း ဖြစ်နေတယ်။ နန်ကုန်းဟောင် နဲ့ ဖန်ကျန်းရှီကို သတ်ကို သတ်ရမယ်။

…

နန်ကုန်းဟောင် ရဲ့ ဓားက ပိုင်ရှင်းကို ချိန်ထားတယ်။ ဒါပေမယ့် မျက်လုံးကတော့ ဖန်ကျန်းရှီကို ကြည့်နေတာ။ ပိုင်ရှင်းပေါ်လာတဲ့ အချိန်တည်းက။ နန်ကုန်းဟောင် သိလိုက်ပြီ။ တိုက်ခိုက်ရေး စာမေးပွဲတော့ တခန်းရပ်သွားခဲ့ပြီ၊ အကယ်၍ သူ့ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင်။ တောင်ပိုင်းဒေသ နဲ့ စစ်ပွဲစပြီ။

“မြန်မြန်သွား။” နန်ကုန်းဟောင် ရဲ့ အသံက မကျယ်ဘူး။ ဒါပေမယ့် ဆုံးဖြတ်ထားပုံပဲ။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ ကိုယ်ကျယ် အကျီရင်ဘတ်။ ပြဲနေတဲ့ နေရာမှာ။ ငွေရောင် သတ္တု အလင်းတန်း တောက်ပနေတာကို မြင်လိုက်ရတယ်။ ပိုင်ရှင်းရဲ့ တိုက်ခိုက်မှု ဘယ်လောက်တောင် အင်အားကြီးမှန်း သူသိတယ်။ ပိုင်ရှင်း ရဲ့ ဓားနဲ့ တိုက်သွားတာတောင်။ ဖန်ကျန်းရှီက နည်းနည်းပဲ အားနည်း သွားတယ်။ အတိအကျပြောရရင်တော့။ နည်းနည်းလေး လှုပ်ရုံပဲ လှုပ်သွားတာ။ ဒီလိုဆိုရင်။ ပိုင်ရှင်း ရဲ့ တိုက်ခိုက်မှုကို ခုခံလိုက်တဲ့ အရာက ။ မှန်လို ပစ္စည်း တစ်ခုပဲ။

“ သူမက….. တကယ်ပဲ…. ဒီ အရာကို သူ့ဆီပေးလိုက်တယ်….”

…

ဖန်ကျန်းရှီလည်း သွားချင်တာပေါ့။ ဒါပေမယ့် သူ မသွားနိုင်မှန်း သိတယ်။ သူက ပိုင်ရှင်းရဲ့ ပြစ်မှတ်ဖြစ်နေတယ်။ ပိုင်ရှင်းကို အော်ဆဲပြီးနောက်။ သူ အတော်လေး စိတ်သက်သာရာရသွားတယ်။ ဒါပေမယ့် ပြန်တွေးလိုက်တော့။ သူ့ရဲ့ ဒေါသတွေကို ကျိန်ဆဲ စကားလေး တစ်ခွန်းတည်း နဲ့ မဖြေဖျောက်နိုင်ဘူး။

ခြေရာမဲ့ ဓားရဲ့ ကိုယ်ပိုင်သိစိတ် နဲ့ ခုခံမှုကြောင့်သာ မဟုတ်ရင်။ နန်ကုန်းဟောင်ကသာ ပိုင်ရှင်း ရဲ့ ဓားကို မတိုက်ခိုက် လိုက်ရင်။ ချီကူယန် ရဲ့ နှလုံးကာမှန်ကြောင့်သာ မဟုတ်ရင်။ ပိုပြီးတော့ အရေးကြီးတာက။ သူ့ နှလုံးသားကို ပိုင်ရှင်း တည့်တည့် မထိုးမိတာကြောင့် သာ မဟုတ်ရင်။ သူ သေနေလောက်ပြီ။ အနည်းဆုံးတော့ သူ လက်တုံ့ပြန်ရမယ်။

နိုင်မယ့် အလားအလာ မရှိရင်။ ဖန်ကျန်းရှီက တိုက်ပွဲ ကို မတိုက်ဘူး။ ပိုင်ရှင်းက ပြန်လည် မွေးဖွားမှု အဆင့် နတ်ဆိုးမှန်းသူသိတယ်။ ဓားနဲ့ ထိုးခံရပြီးတဲ့နောက်။ ပါးစပ်အပြည့်သွေးတွေ အန်ပြီးတဲ့နောက်။ သူ့ နှလုံးသားထဲမှာ ဒေါသတွေ ပေါက်ကွ ဲလာတယ်။ ပိုပြီး အတိအကျ ပြောရရင်။ ဒီ ဒေါသတွေက ခြေရာမဲ့ဓားကနေ လာတာ။ သူသတိမပြုမိတာ တစ်ခုလည်း ရှိသေးတယ်။ သူ အန်ထုတ်လိုက်တဲ့ သွေးတွေ အားလုံးကို သူ့ဓားက စုပ်ယူသွားပြီ။ ခရမ်းရောင် အမှတ်လေးက စုပ်ယူသွားတယ်။ ဒီ အမှတ်လေးက တဖြည်းဖြည်းချင်း ကျယ်ပြန့်လာတယ်။

ဖန်ကျန်းရှီ မသက်သာ ဖြစ်လာခဲ့တယ်။ ဒါပေမယ့် သူ့မျက်လုံးတွေက ခရမ်းရောင် တောက်လာ တယ်။ ထူးဆန်းတဲ့ အလင်းရောင် က သူ့မျက်လုံးကို လွှမ်းမိုးသွားတယ်။ ဒီ အချိန်မှာပဲ။ အနီရောင် အလင်းတန်းက သူ့ မျက်စိရှေ့မှာ ပေါ်လာတယ်။ သွေးလို ရဲရဲနီနေတဲ့ အရောင်။ ဒီ အလင်းတန်ကလည်း အေးစက်တယ်။ ဒါပေမယ့် ငွေရောင် အလင်းတန်း ကနေ ခံစားရတဲ့ အအေးဓာတ်နဲ့ ကွာခြားတယ်။ ဒီ အအေးဓာတ်က ငရဲကနေ တက်လာတာ။ နောက်ပြီးတော့ သွေးအရောင်က ထင်ရှား။ ဖန်ကျန်းရှီ နောက်ကို ချက်ခြင်း လှည့်ကြည့်တယ်။ အနီရောင် အလင်းတန်းတွေထဲမှာ လူတစ်ယောက်ကို တွေ့ရတယ်။ အဲ့ဒံီနောက် သွေးနီရောင် ရဲရဲတောက်နေတဲ့ မျက်လုံးတစ်စုံ။

“ရန်ရွှယ်လား။” အဇူရာတာအိုကို ရန်ရွှယ်သုံးတာ သူ မြင်ဖူးတယ်။ ဒါပေမယ့် ဒီလို ပုံစံြ ဖစ်သွား တာတော့ မတွေ့ဖူးဘူး။ ရန်ရွှယ် ရဲ့ ပုံစံ ကွာခြားနေလို့ မဟုတ်ဘူး။ ဒါပေမယ့် သူ့ရဲ့ အငွေ့အသက်က လုံး၀ ပြောင်းလဲနေတယ်။ ဒီ အငွေ့အသက်က သူ့ ကိုယ်တွင်းကနေ ဖြစ်င်္ပေါ်လာတာ။ ရန်ရွယ်က အဇူရာ တာအိုကို သုံးနေတာနဲ့ မတူဘးူ။ အဇူရာ တာအိုက ရန်ရွယ့်ကို ထိန်းချုပ်ထားသလိုပဲ။ နောက်တနည်း ပြောရရင်။ ရန်ရွှယ် ကိုယ်တိုင်က အဇူရာ တာအို ဖြစ်သွားသလိုပဲ။

“သေစမ်း။” ရန်ရွှယ့် မျက်လုံးတွေက ရဲရဲနီနေပြီ။ သူ့လက်ထဲက တောင်နဲ့ မြစ် မိုးမြေ ယပ်တောင် ကိုလည်း အနီရောင် အရာဝတ္ထုတွေ ဖုံးအုပ်သွားတယ်။ ကြည့်ရတာ လှပတယ်။ ထွင်းဖောက်မြင်ရတယ်။ ဒါပေမယ့် သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက် နေသလိုပဲ။

အပိုင်း (၃၈၄) ပြီး၏။

အပိုင်း ( ၃၈၅)

“ ငါ ဖန်ကျန်း၇ှီကို သတ်လိုက်ပြီလား။”

ရန်ရွှယ် အဇူရာတာအို သုံးတာကို ဖန်ကျန်းရှီ မြင်ဖူးတယ်။ ခပ်ဖျော့ဖျော့ အနီရောင် အလင်းတန်း နဲ့ ထက်မြက်တဲ့ သတ်ဖြတ်လို စိတ်တွေကို သူ မှတ်မိနေတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ရန်ရွှယ်က သိသိသာသာကို ကွာခြားနေတယ်။ နန်ကုန်းဟောင်လည်း ရန်ရွှယ် ရဲ့ အဇူရာတာအိုကို အရင်က မြင်ဖူးတယ်။ ဝူဖုန်း။ ချန်းဖေးယွီ နဲ့ တခြားကျောင်းတော်သားတွေ။ အတွေးအခေါ် စာမေးပွဲ ရလဒ် ကြေညာချိန်တုန်းက မျက်မြင် ကြုံဖူးကြတယ်။ အဲ့ဒီ့အချိန် တုန်းက ရန်ရွှယ့် ကြောင့် အမတ်မင်းတွေ အကုန် လန့်သွားခဲ့ကြတာ။ ဒါပေမယ့် သူ့ကို ဧကရာဇ် က ထိန်းချုပ်နိုင်ခဲ့တယ်။ ဒီနေ့မှာတော့။ ရန်ရွှယ့်ကို ဘယ်သူက ထိန်းပေးနိုင်မှာလဲ။

ကျောင်းတော်သားတွေ အားလုံးက ရန်ရွှယ့်ကိုတားချင်ကြတယ်။ ဒါပေမယ့် ရန်ရွှယ်က မြန်လွန်းနေတယ်။ နောက်ပြီးတော့ ။ ရန်ရွှယ့် ကိုယ်က ထွက်လာတဲ့ အငွေ့အသက် အရှိန်အဝါက။ သူ့တို့ရဲ့ စိတ်နှလုံးတွေကို ရိုက်ခတ်လာတယ်။ အကြောက်တရားက သူတို့ နှလုံးသားတွေကို နာကျင်စေတယ်။ ဒါပေါ့။ ပိုင်ရှင်း ကတော့ မကြောက်လန့်ပါဘူး။ ပြောနိုင်တာက။ ပိုင်ရှင်း မကြောက်လန့်ဘူးပဲ။ ရန်ရွှယ့်ကိုယ်မှာ အနီရောင် အလင်းတန်းတွေ ပြည့်နေတာကို သူမြင်တယ်။

ကန်လင်းတောင် တိုက်ပွဲ ပြီးတည်းက။ တောင်ပိုင်း ဒေသမှာပဲ ပိုင်ရှင်း အချိန်ကုန်တာ များတယ်။ ဒီ ကိစ္စမှာပဲ အာရုံစူးစိုက်ထားခဲ့တာ။ ဒါကြောင့် ကြီးမြတ်သော ရှ မင်းဆက် ကနေ ရတဲ့ သတင်းတွေ အကြောင်းကို သူ လျစ်လျူရှုထားခဲ့တာ။ ညီလာခံ အကြိုစာမေးပွဲမှာ အဇူရာတာအိုကို ရန်ရွှယ် ပြသခဲ့တယ်။

“ အဇူရာ တာအိုလား။” ပိုင်ရှင်းက ပြန်လည် မွေးဖွားမှု အဆင့်မှာ ရှိနေတာ။ ထုံးစံ အတိုင်း။ အဇူရာတာအို အကြောင်းကို သူ ကောင်းကောင်းသိတယ်။ ဒါပေမယ့် ပိုင်ရှင်းက အဇူရာ တာအိုကို မကြောက်ဘူး။ သို့သော်။ အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ ကောင်လေး က အဇူရာတာအိုကို ကောင်းကောင်း အသုံးချ နေနိုင်ပြီ။ ၁၆ နှစ်တဲ့။ ဒီ အသက် အရွယ်မှာတောင် ပြန်လည် မွေးဖွားမှု အဆင့် ကို ခြေတစ်လှမ်း ရောက်နေပြီ။ ဒီလို ပါရမီရှင် မျိုးကတော့ နှစ်ရာချီ မှ တစ်ခါ ပေါ်နိုင်တာ။

“ ဒါပေမယ့် သူ့ကို ကြည့်ရတာ နည်းနည်းတော့ မတည်မငြိမ် ဖြစ်နေသလိုပဲ။” ရန်ရွှယ့် ပတ်ဝန်းကျင် နဲ့ ရန်ရွှယ့် ဘေးက အလင်းတန်း တွေကို သူကြည့်တယ်။ နှုတ်ခမ်းကတော့ တွန့်ကွေးပြီး ပြုံးနေခဲ့တယ်။ တာအို အဇူရာ က ပါရမီ ရှိမှ ဖြစ်မယ်။ ဒါပေမယ့် ပါရမီ ပြည့်ဝတဲ့ တာအို ထဲမှာ ပြိုင်ဘက်ကင်းတဲ့ အရာတစ်ခုပဲ။ အဇူရာ တာအိုက ဒေါသ နဲ့ အမုန်းတရားတွေက နေ ဆင်းသက်လာတာ။ ရန်ရွှယ် အဇူရာ တာအိုကို ကျင့်ကြံတာ ဘယ်လောက်ကြာပြီလဲ သူမသိဘူး။ ဒါပေမယ့် ရန်ရွှယ် ရဲ့ ဒေါသတွေက ဖန်ကျန်းရှီ ကို အရင်းခံတယ်။

နတ်ဆိုးမျိုးနွယ်စု ဆယ်ခုရဲ့ ခေါင်းဆောင် ဖြစ်တဲ့ အတွက်။ ပိုင်ရှင်းက ကောင်းကောင်း ခန့်မှန်း နိုင်တယ်။ ရန်ရွှယ့် ရဲ့ အမူအယာကို သူမြင်နေတယ်လေ။ ဒါကြောင့် ရန်ရွှယ့်ကို ပိုပြီး ဒေါသ ထွက်လာအောင် လုပ်ဖို့ သူ ဆုံးဖြတ်လိုက်တယ်။ ဒါမျိုး ဖြစ်လာအောင် လုပ်ဖို့ မခက်ခဲဘူး။ သဘာဝလွန် အဆင့်မှာ ဆယ်စုနှစ် တစ်ခု ကျော် ဖြတ်သန်း လာပြီးတဲ့နောက်။ သူ့ စွမ်းအားတွေက ရန်ရွှယ် ထက်တော့ သာလွန်နေတာပဲ။ ငွေရောင် အလင်းတန်းက ကောင်းကင်ကို ထိုးတက်သွားတယ်။

ရှင်းယွမ်ကော င်းနဲ့ ပိုင်ရှင်းတို့ ရဲ့ တိုက်ပွဲကို ဖန်ကျန်းရှီ မြင်ဖူးတယ်။ ဒီ အချိန်တုန်းက က ခရမ်းရောင် အလင်းတန်းက ငွေရောင် အလင်းတန်း နဲ့ တိုက်ခိုက်နေတာ။ ဒါက လူတွေ လား အလင်းတန်းတွေလား ဆိုတာ သူ မသဲကွဲဘူး။ ဒါပေမယ့် ခရမ်းရောင် အလင်းတန်းက အားသာနေတာကို သူ မြင်ခဲ့တယ်။ ဒါတွေကို သူ ကောင်းကောင်း မှတ်မိနေတယ်။ အဲ့အချိန် တုန်းကတော့ ဘယ်လောက်ထိ ကြောက်ဖို့ ကောင်းလဲ ဆိုတာ သူ နားမလည် ခဲ့ဘူး။ ဒါပေမယ့် ပိုင်ရှင်း နောက်တစ်ကြိမ် ပျောက်ကွယ်သွားတဲ့ အချိန်မှာတော့။ ဖန်ကျန်းရှီ ကိုယ်တိုင် ခံစားလိုက်ရတယ်။ ပြိုင်ဘက် တစ်ယောက် က အလင်းတန်းလို ပျောက်ကွယ်သွားတာ ထက် ပိုကြောက်စရာ ကောင်းတာ ဘယ်လို အခြေအနေ ရှိအုန်းမလဲ။

“သတိထား။” ဖန်ကျန်းရှီ သူ့ ဘေးက ထွက်လာတဲ့ အသံကို ကြားလိုက်ရတယ်။ နန်ကုန်းဟောင် ရဲ့ အသံမှန်း သူသိတယ်။ ဒါပေမယ့် သူ့ကို ပြောတာလား။ ရန်ရွှယ့်ကို ပြောတာလား ဆိုတာ သူမသိဘူး။ ဒါပေမယ့် တစ်ခဏ အတွင်းမှာ သူ နားလည်သွားတယ်။ ရန်ရွယ့်ရဲ့ တောင်နဲ့ မြစ် မိုးမြေယပ်တောင် က သူ့ရှေ့မှာ ရောက်လာတယ်။ တစ်ချိန်တည်းမှာပဲ။ အနီရောင် အလင်းတန်းတွေက ရုတ်တရက်ကြီး ကြီးထွားလာတယ်။ သွေးနံ့ တွေ လေထုထဲမှာ ပျံ့နှံ့လာတယ်။

ရန်ရွှယ်ရဲ့ တောင် နဲ့ မြစ် မိုးမြေ ယပ်တောင် ဘာကြောင့် သူ့ဆီ ရောက်လာလဲ ရန်ရွှယ် မသိဘူး။ ဒါပေမယ့် အခုချိန်မှာ သူ မခုန်ရှောင်နိုင်ဘူးလေ။ နောက်ဆုံးတော့လည်း။ သူက ပိုင်ရှင်းကိုပဲ အာရုံစိုက်နေခဲ့တာလေ။ ရန်ရွှယ့်ရဲ့ တိုက်ခိုက်မှုကို ခုခံ ရတော့မယ် လို့ မထင်ထားမိခဲ့ဘူး။

“ ဘုန်း”

သူ့ရဲ့ ဦးနှောက်ထဲကနေ နာကျင်မှုကို ခံစားရတယ။် အတော်လေးကို အေးစက်တယ်။ နာကျင်တယ်။ ငရဲ ကို ပြစ်ချခံလိုက်ရသလိုပဲ။ ပိုင်ရှင်းကြောင့် သူက ဒဏ်ရာ အပြင်း အထန်ရ ထားတာ။ ဒါပေမယ့် ပြန်တောင် မကောင်းသေးခင်မှာပဲ။ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံလိုက်ရတယ်။ သူ လွင့်ထွက်သွားတယ်။ သွေးစီးကြောင်းကြီး သူ့ ပါးစပ်ကနေ အန်ထွက်လာတယ်။ အားအင်တွေ ကုန်ခမ်းသွားတာကြောင့်။ သူ့ ခြေထောက်တွေလည်း ပျော့်ခွေသွားတယ်။ အလင်းတန်း လေးကတော့ တဖြည်းဖြည်း ကျယ်သထက် ကျယ်ပြန့်လာတယ်။

…

တိတ်ဆိတ်သွားတယ်။ လုံးဝကို တိတ်ဆိတ်သွားတယ် ။ ပြိုလဲသွားတဲ့ ဖန်ကျန်းရှီကို မြင်တော့ စစ်သည်တော်တွေ အကုန်လုံး ထိတ်လန့်နေတယ်။ ပိုင်ရှင်း ပေါ်လာတယ်။ ရန်ရွှယ် တိုက်ခိုက်တယ်။ ဖန်ကျန်းရှီ လွင့်ထွက်သွားတယ။် အားလုံးက ဖြစ်သွားတာ မြန်လွန်းလှတယ်။

ပိုင်ရှင်းရဲ့ စွမ်းရည်တွေ နဲ့ မျိုးနွယ်အကြောင်းက သိသာတယ်။ သူ့နဖူးက အနီရောင် နတ်ဆိုး မျက်လုံးက အားလုံးကို ပြောပြနေတယ်။ စစ်သည်တော်တွေ အားလုံးက ပိုင်ရှင်းပေါ်လာတာကြောင့် လန့်ကုန်တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီက ပိုင်ရှင်း ရဲ့ တိုက်ခိုက်မှုကို ခုခံလိုက်တယ်။ ဒါက ပိုပြီးတော့တောင် ကြောက်စရာ ကောင်းသေး။ နောက်ဆုံးတော့လည်း ဒါက သဘာဝလွန် အဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ တိုက်ခိုက်မှုလေ။ သူတို့ အားလုံး နည်းနည်းတော့ ပျော်ရွှင်သွားကြတယ်။ အနည်းဆုံးတော့လည်း ဖန်ကျန်းရှိ အသက်ရှင် နေသေးတယ်လေ။ ဒါက သူတို့ မျှော်လင့်ထားနိုင်တဲ့ အကောင်းဆုံး ရလဒ်ပဲ။ ဒါပေမယ့် အပြောင်းအလဲ က မြန်ဆန်လွန်းလှတယ်။ လုံးဝကို မမျှော်လင့်ထားမိတဲ့ နည်းလမ်း နဲ့ပဲ။ ရန်ရွှယ့်ရဲ့ လက်ချက်ကြောင့် ဖန်ကျန်းရှီ ဒဏ်ရာရ မယ်လို့ ဘယ်သူ ထင်မိမှာလဲ။

ဝူဖုန်း ။ ချန်းဖေးယွီ နဲ့ တခြား ဘယ်ကျောင်းတော်သားမှ ဒီလို အဆုံးသတ်မျိုးကို မထင်ထားဘူး။ ရန်ရွှယ် နဲ့ နန်ကုန်းဟောင် လည်း အချိန်မှီ မတုံ့ပြန်နိုင်ဘူး။ နန်ကုန်းဟောင်လည်း ပိုင်ရှင်း တိုက်ခိုက်တာကို မြင်လိုက်တယ်။ ဒါပေမယ့် သူ မရပ်တန့်နိုင်ဘူး။ အကြောင်းရင်းကတော့ ရိုးရှင်းတယ်။ ပိုင်ရှင်း နဲ့ သူကိုယ်တိုင် နဲ့ ။ ဒဏ်ရာရနေတဲ့ ဖန်ကျန်းရှီ တို့ သုံးယောက် ရင်ဆိုင်နေရတာ က အဇူရာ တာအို ဖုံးလွှမ်းနေတဲ့ ရန်ရွှယ်ပဲ။ ရွေးချယ်မှုကတော့ ရိုးရှင်းပါတယ်။ ဒဏ်ရာရနေတဲ့ ဖန်ကျန်းရှီကို ပိုင်ရှင်း တိုက်ခိုက်မှာ သူ တားဆီး ခဲ့တယ်။ ဒါပေမယ့် ပိုင်ရှင်းက ရန်ရွှယ်ကို အသုံးချလိုက်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါကြောင့်။ ရန်ရွှယ့်ရဲ့ တိုက်ချက် ကျရောက်လာတဲ့ အချိန်မှာ သူ မတားမြစ်နိုင်တာပဲ။

“ ဖန်ကျန်းရှီ ” နန်ကုန်းဟောင် ရဲ့ အမူအယာက ချက်ခြင်း ပြောင်းသွားတယ်။ ရွှေရောင် အလင်းတန်းတွေက သူနဲ့ ဖန်ကျန်းရှီ ကို ဝန်းရံကာဆီး ထားကြတယ်။ ရန်ရွှယ့် ရဲ့ အမူအယာကတော့ ပိုပြီး နာကျင်လာပုံပဲ။ ချွေးသီး ချွေးပေါက်တွေက သူ့ နဖူးကနေ စီးကျနေတယ်။

“ ငါ … ငါ ဖန်ကျန်းရှီကို သတ်လိုက်ပြီလား။” လဲကျသွားတဲ့ ဖန်ကျန်းရှီကို တစ်ချက်ကြည့်ပြီးတဲ့ နောက်။ ရန်ရွှယ့် မျက်လုံးတွေ ပိတ်သွားတယ်။ သူ့ရဲ့ တိုက်ခိုက်မှု ဘယ်လောက်တောင် အင်အားကြီးမှန်း သူသိတယ်။ အကယ်၍ သူသာ ချက်ကောင်းကို ထိလိုက်ရင်….။ (ဖန်ကျန်းရှီ နေရာမှာ သူ သာ ဖြစ်ခဲ့၇င် ) သူကိုယ်တိုင်တောင် တစ်နှစ်ခွဲ လောက် ဒဏ်ရာရပြီး အိပ်ယာထဲ လဲနေရမှာ။ နောက်ပြီးတော့ ဖန်ကျန်းရှီ က ပိုင်ရှင်း ရဲ့ တိုက်ခိုက်မှု ကြောင့် ဒဏ်ရာ အပြင်းအထန် ရထားတာ။ နာကျင်မှု နဲ့ ဒေါသတွေ တစ်ချိန်တည်းမှာပဲ အကုန်သုံးလိုက်မိပြီ။ ပြောရမယ်ဆိုရင် ။ ဖန်ကျန်းရှီကို ပိုင်ရှင်း တိုက်ခိုက်လိုက်တာ မြင်ပြီးတည်းက။ သူ အတော်လေး ဒေါသထွက်နေပြီးသား။ သူတို့ တွေ က အခုဘယ် နေရာမှာ ရောက်နေတာလဲ။ တောင်ပိုင်းဒေသလေ။ အန္တရာယ်က နေရာတိုင်းမှာ ရှိနေတာ။

အခုလို အခြေအနေ မျိုးမှာ။ နန်ကုန်းဟောင် နဲ့ ဖန်ကျန်းရှီ တို့ရဲ့ တိုက်ပွဲကို သူ အကျယ်ချဲ့လိုက်မိတယ်။ အလစ်ဝင်တိုက်မှုကို သူ လုံး၀ လျစ်လျူရှုထားခဲ့မိလိုက်တာပဲ။ နတ်ဆိုးတွေ စိတ်ကြိုက်ဖြစ်အောင် လုပ်မိလိုက်တာပဲ။ ကျောင်းတော်သားတွေ ထဲမှာတောင် နတ်ဆိုးတွေ ဝင်ပုန်းနေသေးတာ။ ဒီအချက်ကို သူ မေ့သွားခဲ့တယ်။ သူက ဒေါသ ထွက်နေခဲ့တာ။ နောက်ပြီးတော့ အခုချိန်မှာတော့။ သူ ဒေါသ ထွက်နေတာနဲကပဲ။ ဖန်ကျန်းရှီကို ဒဏ်ရာရစေမိလိုက်ပြီ။ သွေး…..။ မြေကြီးပေါ်က အနီရောင်သွေးတွေ။ နောက်ပြီးတော့ ရန်ရွှယ့် မျက်လုံးတွေ။ သူ့ မျက်လုံးတွေက လုံးဝကို ရဲရဲနီနေတယ်။ အဖြူရောင် မျက်သားကိုလည်း တွေ့ရမှာ မဟုတ်သလို။ မျက်လုံးအိမ်ကိုလည်း တွေ့ရမှာ မဟုတ်ဘူး။

“ မဆိုးဘူး။ ဘယ်လိုတောင် လှပတဲ့ ရိုက်ချက်လား။” ပိုင်ရှင်းက ဖန်ကျန်းရှီကို လက်ညှိုးထိုး ပြတယ်။ ပြီးတော့ ပြုံးနေတယ်။

…

“ ဒါက နတ်ဆိုးပဲ။ ပြန်လည်မွေးဖွားမှု အဆင့် နတ်ဆိုး။ တိုက်ခိုက်ကြ ။ သူ့ကို မပြေးစေနဲ့။”

“ သတ်ကြ၊”

“ သူ့ကို ဝန်းရံထားလိုက်ကြ။”

စစ်သူကြီးတွေ အားလုံး အလောတကြီး နဲ့ ပြင်ဆင်ကြတော့တယ်။ နတ်ဆိုးတွေ နဲ့ တွေ့တဲ့ အချိန် မှာ။ သူတို့ မှာ လုပ်ငန်းစဉ်တစ်ခုပဲ ရှိတယ်။ နတ်ဆိုးတွေကို မြင်တာနဲ့ သတ်။ ငလူးပဲ။ ဒီ အချိန်မှာ သူ့ကို ဘယ်သူက သတ်ဝံ့မှာလဲ။ မေ့ထားလိုက်တော့။ နတ်ဆိုး ကို အရင်ဆုံး ဝန်းရံ ရမယ်။ ရှင်ချင်းစွေ့ က လဲကျသွားတဲ့ ဖန်ကျန်းရှီကို ကြည့်နေတယ်။ အဲ့ဒီ့နောက် ပိုင်ရှင်းကို ကောက်ကျစ်တဲ့ အပြုံးနဲ့ ပြုံးပြနေတယ်။

“ဒါက နတ်ဆိုး မျိုးနွယ် ဆယ်ခုရဲ့ ခေါင်းဆောင် ပိုင်ရှင်းပဲ။” ရှင်ချင်းစွေ့ က တခြားသော စစ်သူကြီးတွေနဲ့ မတူညီဘူး။ သူက အစီအစဉ် ကို သိတယ်လေ။ နောက်ပြီးတော့ ပိုင်ရှင်း ပေါ်လာတဲ့အကြောင်းရင်းကိုလည်း သိတယ်။ ဒါက တိုက်ဆိုင်မှု မဟုတ်ဘူး။ အေးခဲမျောက်မင်း ဒေသမှာ နတ်ဆိုးတွေ တပ်ပုန်းချထားတာ များလား။ အေးခဲ မျောက်မင်း ဒေသ ဘက်ကို သူ လှည့်ကြည့်တယ်။ အဲ့ဒီ့နောက် သူ့ အကြည့်တွေ အေးခဲသွားတယ်။ စစ်သည်တော် အုပ်စုတွေ အေးခဲမျောက်မင်းဒေသ ရဲ့ နံရံပေါ်မှာ မတ်တပ်ရပ်နေတာကို သူတွေ့တယ်။ စစ်သည်တော်တွေ တင် ရှိနေတာ မဟုတ်ဘူး။ တောင်းပိုင်းဒေသ က လူတွေလည်း ရှိနေတယ်။

“ တောင်ပိုင်းဒေသ လား….. ကောင်းသားပဲ။ ငါတို့ကို ဝန်းရံဖို့ ဒီမှာ တပ်ပုန်းတွေ အများကြီး ချထားတာလား။” ရှင်ချင်းစွေ့ က လက်သီးကို ကျစ်ကျစ်ပါအောင် ဆု်ပထားတယ်။

တောင်ပိုင်းဒေသ ရဲ့ စစ်တပ်ကို မြင်မြင်ချင်း သူသိတယ်။ ဘာကြောင့်ရှိနေလဲ ဆိုတာကို လည်း ခန့်မှန်းမိတယ်။ အဲ့ဒီ့နောက်။ သူ့ နောက်ကနေ ဆူညံ သံတွေကို ကြားလိုက်ရတယ်။

“မကောင်းဘူး ။ ဖုန်းရှု ရဲ့ စစ်တပ်တွေလည်း ဝန်းရံထားပြီ”

“တောင်ပိုင်း ဒေသ က စစ်သည်တော်တွေလည်း ဘေး နှစ်ဖက် စလုံးမှာ။ ငါတို့တွေ ဝန်းရံထားခံရပြီလား။”

“ တိတ်စမ်း”

စစ်သည်တော်တွေ တိတ်ဆိတ်သွားတယ်။ စစ်သူကြီးတွေကတော့ ရှင်ချင်းစွေ့ ရှိတဲ့ နေရာကို ကြည့်နေတယ်။ ရှင်ချင်းစွေ့က စစ်နတ်ကျောင်းတော်ရဲ့ ဂုဏ်ထူးဆောင်ပဲ။ နောက်ပြီးတော့ သူ့ လက်ထဲမှာလည်း ဧကရာဇ် ရဲ့ အမိန့်ပြားရှိနေတယ်။ ငရဲကို သွားရမယ် ဆိုရင်တောင် သူ့ နောက်ကို လိုက်ရမှာပဲ။

“ မင်းတို့ အသင့်နေရာယူကြ။” ရှင်ချင်းစွေ့ ချက်ခြင်း အမိန့်ပေးတယ်။ သူ တစ်ချက် တွေေ၀ သွားရင် စစ်သည်တော် ရာချီ အသက် အန္တရာယ်ကျရောက်မယ် ဆိုတာကို သိတယ်။

“ အမိန့်တော် အတိုင်းပါ။” တစ်ညီတစ်ညွှတ်တည်း ဖြေသံတွေ ထွက်လာတယ်။

…

ယွင်ချင်းဝူက ဒါ တွေ အားလုံးကို တောင်ကုန်းပေါ် ကနေ ကြည့်နေတယ်။ ဒါပေမယ့် သူမရဲ့ အကြည့်ကတော့ ဖန်ကျန်းရှီ ဆီကနေ မခွာခဲ့ဘူး။ သူမရဲ့ နှုတ်ခမ်းတွေ ပွင့်ဟ လာလိုက် ပိတ်သွားလိုက် ဖြစ်နေတယ်။ ဒါပေမယ့်အသံ တစ်သံ တောင် ထွက်မလာဘူး။ သူမရဲ့ မျက်နှာကာ အောက်က မျက်နှာကို ထိတွေ့ရင်း တိတ်တဆိတ် ကြည့်နေတယ်။ သူမရဲ့ အမူအယာ တွေ အမျိုးမျိုး ပြောင်းလဲ နေတယ်။ လူတစ်ယောက်က နာကျင်တဲ့ အချိန်။ ပျော်ရွှင်တဲ့ အချိန်။ ခံစားချက်တွေ ပြင်းထန် လာတဲ့ အချိန်။ လူတစ်ယောက်ရဲ့ ပြောင်းလဲ မှုကလည်း မြန်ဆန်လာတယ်။ အဲ့ဒီ့နောက် သူမ ရဲ့ အစိမ်းရင့်ရောင် ကုချင်းကို ထုတ်လိုက်တယ်။

ယွင်ချင်းဝူ သူမရဲ့ ကုချင်းကို ထုတ်လိုက်တာ မြင်တော့။ အနက်ရောင်ဝတ်ထားတဲ့ လူတွေ အားလုံး လန့်ကုန်တယ်။ ဒါပေမယ့် ချက်ခြင်း သူတို့ တုံ့ပြန်တယ်။ သူမ ရဲ့ လက်ညှိုး တစ်ချောင်း လှုပ်သွားတာ နဲ့။ အနက်ရောင် လူတစ်ဦးက အမိန့်ပေးလိုက်တယ်။ တောင်ကုန်းပေါ်က ကျောက်တုံးတွေ ချက်ခြင်း စုစည်း ပုံပေါ်သွားတယ်။ စားပွဲနဲ့ ခုံ တစ်လုံး ပေါ်လာတယ်။

ယွင်ချင်းဝူ ထိုင်လိုက်တယ်။ သူမ စကားမပြောဘူး။ အဲ့ဒံီနောက် ကုချင်းကို စားပွဲပေါ်မှာ သူ တင်လိုက်တယ်။ အပြာရောင် ကောင်းကင်ကြီးကို သူ မော့ကြည့်တယ်။ ယွင်ချင်းဝူ တွေးနေတာကို ဘယ်သူမှ မသိကြဘူး။ အဲ့ဒီ့နောက် ယွင်ချင်းဝူ ရဲ့ အသံက ရှင်းလင်းလာတယ်။ စကားလုံး တစ်လုံး လိုပဲ။ ယွင်ချင်းဝူ ကိုယ်တိုင် သူမကိုယ် သူမ ပြန်မေးနေသလိုပဲ။

“ ဘာ နားထောင် မလဲ။”

“ ဟ ဟား…..”

“ သခင်လေး ဖန်က ကြီးမြတ်တဲ့ သူပဲ။ ဒါပေမယ့် ( ကွမ်းလင်း တေးသွား ) ရဲ့ ဒီ အပိုဒ်မှာ အပိုင်းတွေ အများကြီး ရှိနေတယ်။ သခင်လေး ဖန် ဘယ် အပိုင်းကိုများ နားထောင်ချင်လဲ။” အဲ့ဒီ့နောက် ယွင်ချင်းဝူ နှုတ်ခမ်းပြန်စေ့သွားတယ်။ ကုချင်းရဲ့ အသံက တောင်ကြော တစ်လျှောက်မှာ ပျံ့လွှင့်လာတယ်။ ဒီ အသံက ထူးဆန်းလွန်းတဲ့ မှတ်ဉာဏ်တွေကို ပြန် သတိရလာစေတယ်။

…

“ ဘာလို့များ သီချင်းသံ ထွက်လာတာလဲ။”

“ ကွမ်းလင်း တေးသွား နဲ့ တူသလိုပဲ။ ဘယ်သူက ဒီ တေးသွားကို တီးခတ်နေတာလဲ။”

“ ကြည့်စမ်းပါအုန်း။ တစ်ယောက်ယောက် တောင်ကုန်းပေါ်မှာ ရောက်နေတယ်။ မိုးနတ် မင်း… မိုးနတ်မင်း ရေ….။ ငါ့ မျက်လုံးတွေက အမြင် လှည့်စားနေတာလား။ ဒါ …. ဒါက ယွင်ချင်းဝူလား။”

ကျောင်းတော်သားတွေ အားလုံး ။ တောင်ကုန်းပေါ်က ဝတ်ရုံဖြူ အမျိုးသမီးကို ကြည့်နေတယ်။ သူတို့ နားမလည် နိုင်တာက….။ ယွင်ချင်းဝူ ဘာလို့များ ဒီကို ရော်ကနေတာလဲ။

အပိုင်း (၃၈၅) ပြီး၏။

အပိုင်း (၃၈၆)

“ အသုံးမဝင်တဲ့ အားနည်းမှု ”

ရှေးဦးခေတ် ကာလတည်းက။ လူငယ်လူရွယ်တွေ အချစ်ကို ရှာဖွေ ခဲ့ကြတယ်။ အိပ်ယာထဲက ကိစ္စကို သူတို့ ရှာဖွေကြတာ မဟုတ်ဘူး။ အချစ်စစ်ကို ရှာကြတာ။ အဆင့်အတန်း အနိမ့်အမြင့် တွေက အချစ်စစ် ကို ရှာဖွေတာ ။ မျှော်လင့်ချက်မဲ့ကုန်တဲ့ အချစ်ဇာတ်လမ်းတွေလည်း ရှိတယ်။ အတူတကွ အိုမင်းတဲ့အချိန်ထိ။ သက်ဆုံးတိုင် အတူနေထိုင်သွားဖို့ ။ စိတ်တိုင်းကျတဲ့ ကြင်ဖော်ကို ရှာကြတယ်။ တစ်ချိုု့ အိမ်မက်တွေက ခါးသီးတယ်။ တစ်ချို့ကတော့ အဆုံးသတ် မကောင်းလှဘူး။ တစ်ချို့တွေ ကတော့ တစ်ကိုယ်တည်း ဘဝနဲ့ အဆုံးသတ်သွားကြတယ်။ တစ်ချို့ကတော့ ပျော်ရွှင်စရာ ဇာတ်သိမ်းကို ပိုင်ဆိုင်ကြတာပေါ့။ အများစုက ဇာတ်သိမ်း မကောင်းလှပေမယ့်။ အတော်များများကတော့ ဒီ ပျော်ရွှင်ဖွယ် ဇာတ်သိမ်းကို အိမ်မက် မက်နေကြဆဲပဲ။ ပိုးဖလံတွေ မီးထဲ တိုးဝင်သလို ။ ကျောင်းတော်သားတွေ ကလည်း နစ်မျောနေကြဆဲပဲ။ တကယ်တော့ ။ ဘာကြောင့်လဲ ဆိုတာ နားလည်ဖို့ မခက်ခဲပါဘူး။

ဒီလောကမှာ။ ပညာသင်ကြားခြင်းက အောင်မြင်ဖို့ရာ လမ်းတစ်ခုပဲ။ ကျောင်းတော်သားတွေက ဆယ်စုနှစ်တွေကြာအောင် စာသင်ခန်းထဲမှာ အချိန်ကုန်ဆုံးကြတယ်။ သူတို့ ပတ်ဝန်းကျင်က အပြင်လောက ရဲ့ ပြောင်းလဲမှုတွေကို စောင့်ကြည့်ကြတယ်။ သူတို့အားလုံးက အောင်မြင်ရဖို့ အလုပ်လုပ်နေကြတယ။ သူတို့ ရဲ့ ထက်မြက်မှု နဲ့ လောကတစ်ခွင်ကို ထိုးဖောက်အောင်မြင် လိုကြတယ်။ ဒီ မျက်နှာကာလေးကို ကိုယ်တိုင် လှစ်ဟခွင့်ရဖို့ မျှော် လင့်ခဲ့ကြတယ်။ ဒီလောကမှာ ဘယ်မိန်းကလေးတွေကများ။ ရုပ်ရည်ရူပကာကော။ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားမှုပါ ရှိကြသလဲ။ ပြီးပြည့်စုံတဲ့ မိန်းကလေးမှပဲ ဖြစ်နိုင်တာ။

ယောကျာ်းလေးတွေက။ အနုပညာ နဲ့ လက်ရေးလှ အတတ်ကို ကျွမ်းကျင်ဖို့လိုအပ်တယ်။ အမျိုးသမီးတွေ ကတော့ ရုပ်ရည်လှဖို့နဲ့။ အရည်အချင်း ရှိဖို့ လိုတယ်။ ဒါတွေမရှိရင်။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုများ ဆက်သွယ်လို့ ဖြစ်နိုင်မှာလဲ။ ဒါကြောင့် အမျိုးသမီးတွေက သူတို့ ရဲ့ ဂီတ အနုပညာ စွမ်းရည်ကို တိုးတက်အောင် လုပ်ဆောင်ကြပြီ။ အမျိုးသားတွေ ကတော့ ပညာအရာမှာ ထူးချွန်းအောင် ကြိုးစားကြတယ်။ ( လှပတဲ့ ဇာတ်သိမ်း တစ်ခုနဲ့ အဆုံးသတ်နိုင်အောင် ကြိုးစားကြတယ်။ ) ဒီလောက က ကျောင်းတော်သားတိုင်း ။ ပညာကို ကောင်းကောင်း သင်ကြားကြတယ်။ အနုပညာတွေကို နားလည်တတ်ကျွမ်းအောင်လဲ လေ့လာကြတယ်။ အနုပညာအကြောင်း နားလည်တတ်ကျွမ်းမှုမရှိ ရင် ။ အချစ်အကြောင်း မပြောဝံ့ကြဘူး။

ယွင်ချင်းဝူက ကြီးမြတ်သောရှမင်းဆက် မှာ။ ကျောင်းတော်သားတိုင်း ရဲ့ အိမ်မက် နတ်သမီးပဲ။ ယွင်ချင်းဝူက။ ပန်းချီ။ အက၊ ကဗျာစပ်။ စောင်းတီး။ အနပညာ တွေကို ပိုင်နိုင်တတ်ကျွမ်းတယ်။ ကျောင်းတော်သားတွေ လုပ်နိုင်တာကို သူမလည်း လုပ်နိုင်တယ်။ ဒီလိုအမျိုးသမီး တွေကို ကျောင်းတော်သားတွေ ဘယ်လိုများ စိတ်မဝင်စားပဲ နေမလဲ။

“ ယွင်ချင်းဝူက ဘာလို့ တောင်ပိုင်းဒေသမှာ ရှိနေတာလဲ။”

ကျောင်းတော်သားတွေ ရဲ့ ပထမဆုံးတွေးမိလိုက်တာ က။ ( သူမ ပြန်ပေးဆွဲ ခံလိုက်ရတာလား။) ဒါပေါ့။ ဒီအတွေးက သိပ်ပြီးတော့ မကြာလိုက်ပါဘူး။

ယွင်ချင်းဝူ နောက်မှာ နတ်ဆိုးတွေ ရပ်နေတာကို မြင်လိုက်တယ်။ ဒါပေမယ့် သူတို့ ပုံစံက အတော်လေး လေးစားသမှု ရှိတဲ့ ပုံပဲ။

“ ယွင်ချင်းဝူက နတ်ဆိုးလား။”

ဒီ အတွေး သူတို့ စိတ်ထဲမှာ ပေါ်လာတယ်။ သူတို့ လက်သီးတွေကို ဆုပ်ထားမိတယ်။ သူမက နတ်ဆိုး ဖြစ်နေ ရင်တောင်။ သူတို့ ဆက်ပြီး လေးစား မြတ်နိုးနေဆဲပါ။ ဒါက တစ်ဖက်သတ် အချစ်ဇာတ်လမ်း တစ်ခုလိုပဲ။ အနည်းဆုံးတော့ ။ ကျောင်းတော်သားတွေ ရဲ့ စိတ်ထဲက ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။

တောင်ကုန်းပေါ်က ယွင်ချင်းဝူကို တွေ့တော့။ နန်ကုန်းဟောင်ရဲ့ အမူအယာလည်း ပြောင်းလဲ သွားတယ်။ တခြားကျောင်းတော်သား တွေနဲ့တော့ မတူညီဘူး။

“ သူ မသေသေးဘူးလား။” နန်ကုန်းဟောင် သူ့ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ကြယ်တာရာ ဓားသဏ္ဍန်ကို ဖြိုခွင်းတဲ့ အချိန်တုန်းက သူ့ အကျီ ပေါ်မှာ သွေးတွေ စွန်း ကုန်တာကို မှတ်မိနေဆဲပဲ။ ဒါပေမယ့် သူ့စိတ်ထဲမှာ သံသယရှိနေခဲ့တာ ။ လှေပေါ်မှာ သူသတ်ခဲ့တာ။ တကယ်ပဲ ယွင်ချင်းဝူလား။

“ နတ်ဆိုး အရှင်သခင် ငယ်။ ယွင်ချင်းဝူ။” ရှင်ချင်းစွေ့ အကြည့်တွေ အေးစက်သွားတယ်။ သူ့ ဓားကို ဓားအိမ်ကနေ ထုတ်လိုက်ပြီ။ ယွင်ချင်းဝူကို ချိန်ထားတယ်။ သူ့ ရဲ့ တိုက်ပွဲ ဝိဉာဉ်က တစ်ခဏချင်း ထိပ်ဆုံးကိုရောက်သွားတယ်။

“ ဘာ ဖြစ်တယ်။ ယွင်ချင်းဝူက နတ်ဆိုးတွေရဲ့ အရှင်သခင်ငယ် တဲ့လား။”

“ သခင်လေး ရှင်း။ မင်း သေချာလို့လား။”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

ကျောင်းတော်သားတွေ မယုံကြည်နိုင်ကြဘူး။ ရှင်ချင်းဝူက ကြီးမြတ်သော ရှ မင်းဆက်မှာ လမ်းဘေးဈေးသည်ကို အော်ခေါ်လိုက်သလိုမျိုး။ ကျောင်းတော်သားတွေ မယုံကြည်ချင်ကြဘူး။ ဒါက အမှန် ဖြစ်ခဲ့ရင်တောင်။ ဒါပေမယ့် သူတို့ ယုံတာ မယုံတာက နောက်မှပဲ။ အမှန်တရားက အမှန်တရား။

တေးဂီသံက လေထုထဲမှာ ဆက်ပြီး ပျံ့လွင့်နေတယ်။ ယွင်ချင်းဝူရဲ့ နောက်မှာ ရပ်နေသူ နှစ်ဦး။ သူတို့ရဲ့ ခေါင်းဆောင်းတွေကို ချွတ်လိုက်ပြီ။ အနီရောင် နတ်ဆိုး မျက်လုံးက ထင်ရှားနေတယ်။ အနီရောင် အလင်းက ပိုင်ရှင်းနဲ့ ကွာခြား နေပင်မယ့်လည်း ။ သူတို့ ရဲ့ ကျင့်ကြံဆင့်ကတော့ ထင်ရှားတယ်။ ပြန်လည်မွေးဖွားမှု အဆင့်။ နှစ်ယောက်စလုံး။ သူတို့ နှစ်ယောက်ရဲ့ နောက်မှာ နောက်တစ်ယောက် ရှိနေသေးတယ်။ သူ့ရဲ့ နတ်ဆိုး မျက်လုံးကတော့ အစိမ်းရောင်။ ဒါပေမယ့် လူတိုင်းရဲ့ ရိုးတွင်းခြင်ဆီကို တုန်ခိုက်သွားစေတယ်။ ( သဘာဝလွန် အထွဋ်အထိပ် အဆင့်) နတ်ဆိုး မျိုးနွယ်ဆယ်ခုရဲ့ ခေါင်းဆောင် သုံးယောက်။

“ ဒီမှာ ပြန်လည် မွေးဖွားမှု အဆင့် နတ်ဆိုး နှစ်ယောက်။ သဘာဝလွန် အထွဋ် အထိပ် အဆင့် တစ်ယောက်။ သဘာဝလွန် အဆင့် နတ်ဆိုး ငါးဆယ် လည်း နောက်မှာ ပါသေးတယ်။ နောက်ပြီးတော့ ဘေးဘက်မှာလဲ တောင်ပိုင်းဒေသ ဝန်းရံထားသေးတယ်။ ဒီ တိုက်ပွဲကို ငါတို့ တိုက်ရတော့မှာလား။ ”

“ သေရတော့မယ်။”

“ မဖြစ်ဘူး။ ငါ ဒီကို စာမေးပွဲ ဖြေဖို့ လာတာ။ လာသေတာ မဟုတ်ဘူး။”

“ ပါးစပ် ပိတ်ထားစမ်း။ သေတာာက အကြောင်း မဟုတ်ဘူး။ ငါ့ အသက်ကို ဒီတိုက်ပွဲမှာ စတေးရဲတယ်။ ယွင်ချင်းဝူ။ ငါ့ ရဲ့ တစ်ခုတည်းသော ဆန္ဒက မင်းလက်ထဲမှာ သေဖို့ပဲ။” ကျောင်းတော်သား တစ်ယောက်က သတ္တိကြောင်ပြီး အော်နေတယ်။ နောက်တစ်ယောက်ကတော့ တောင်ကုန်းပေါ်က မိန်းမလှ လေးကို မျက်ရည်အပြည့်နဲ့ ကြည့်ရင်း ကြွေးကြော်တယ်။ ကျောင်းတော်သားရဲ့ စကား ဆုံးသွားတဲ့ အချိန်မှာပဲ။ ယွင်ချင်းဝူ နောက်ကနေ ခရမ်းရောင် အလင်းတန်း ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် အောက်ကို ကျဆင်းတယ်။

“ -ျီးပဲ”

ကျောင်းတော်သားရဲ့ ပါးစပ်ကနေ သွေးတွေစ ီးကျလာတယ်။ သူ့ရင်ဘတ်သူ ငုံ့ကြည့်ရင်း မယုံကြည်နိုင်။ သူ့ ရင်ဘတ်မှာ ဓား တစ်ချောင်း စိုက်ဝင်နေတယ်။ သွေးတွေက ဓားပေါ်ကို စီးကျလာတယ်။ အဲ့ဒီ့နောက် မြေကြီးထဲကို နစ်ဝင်သွားတယ်။

“ မင်း….” သူ့ ရှေ့က လူကြီးကို ကျောင်းတောသ်ား ကြည့်နေတယ်။ လူကြီးရဲ့ နဖူးပေါ်က အနီရောင် နတ်ဆိုး မျက်လုံး။

“ အသုံးမကျလိုက်တဲ့ အားနည်းမှု” သူ့ဓားကို နုတ်လိုက်တယ်။ သွေးတွေ ဒလဟော စီးကျလာတယ်။ ကျောင်းတော်သားကို တစ်ချက်လေးတောင် သူ မကြည့်ဘူး။ ပြောရမယ် ဆိုရင်။ ကျောင်းတော်သားတွေကို သတ်ရတဲ့ အကြောင်း ပြချက် သူပေးစရာမလိုဘူးလေ။ ဒါတောင် ကျောင်းတော်သားကို အားနည်းမှု လို့တောင် ခေါ်လိုက်သေးတယ်။ ဒီကျောင်းတော်သားက ဒီ စာမေးပွဲ အတွက် ဆယ်စုနှစ်တွေ ကြာအောင် ကြိုးစားလာခဲ့တာ။ အခုချိန်မှာ သူ့ ဘဝရဲ့ ထိပ်ဆုံးကို ရောက်နေတာ။ ဒါတောင် ။ သူမသေခင် နောက်ဆုံးမှာ ကြားလိုက်ရတာက။ ( အသုံးမဝင်တဲ့ အားနည်းသူ တဲ့လား) သိက္ခာကို စော်ကားခံရတာ။ အရှုံးသမား။ ဟိုမရောက် ဒီမရောက်လူ။

ဒီ အချိန်မှာ ကျောင်းတော်သားတွေ နားလည်သွားကြတယ်။ ကြီးမြတ်သော ရှ မင်းဆက်မှာ။ သူတို့က ထိပ်တန်းကျောင်းတော်သားတွေ ဖြစ်ကောင်း ဖြစ်မယ်။ တခြားသူတွေ အားကျတဲ့ ဘဝမှာ နေရကောင်း နေရနိုင်မယ်။ သူတို့ ရဲ့ ဘ၀ အချိန်တွေကို ကဗျာစာပေတွေ နဲ့ ဖြတ်သန်းလို့ရတယ်။ ဒါပေမယ့် ကြီးမြတ်သော ရှ မင်းဆက် အပြင်ဘက်ကို ခြေချလိုက်တာနဲ့၊ အကာအကွယ်စည်းကို ကျော်လိုက်တာနဲ့။ သူတို့ က ဘာမှ မဟုတ်တော့ဘူး။

ဖန်ကျန်းရှီက ဥပမာကောင်းတစ်ခုပဲ။ သူက ရွာသားလေး။ သူ့မှာ ဘယ်လောက်ပဲ အရည်အချင်း ရှိရှိ။ သူတို့ အလေးအနက် မထားခဲ့ကြဘူး။ ရွာသားလေးတစ်ယောက်က သူတို့ နဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ။ လူတိုင်းကို သူတို့ နဲ့ မတူမတန်သလို မာနကြီးခဲ့ကြတယ်။ ဒါပေမယ့် အခုတော့ ။ ကြီးမြတ်သော ရှ မင်းဆက် နဲ့ တောင်ပိုင်းဒေသ ရဲ့ တိုက်ပွဲမှာ။ နတ်ဆိုးတွေက လည်း သူတို့ကို ဝန်းရံထားတယ်။ မကောင်းက်ငရောင်ပြန် အထွဋ်အထိပ် အဆင့် ကျောင်းတော်သား တစ်ယောက်။ ပြန်လည်မွေးဖွားမှု အဆင့် နတ်ဆိုးရဲ့ လက်ထဲမှာ ။ အားနည်းသူ တစ်ယောက် အဖြစ် လွယ်လွယ်လေး အသတ်ခံလိုက်ရတယ်။

သွေးတွေ စိုရွဲနေတဲ့ ကျောင်းတော်သားကို ချန်းဖေးယွီ ကြည့်နေတယ်။ သူက ကျောင်းတော်သား နဲ့ နှစ်လှမ်းတောင် မကွာဘူး။ လူကြီး သူ့ ဓားကို လှုပ်ရှား တော့။ သွေးရဲ့ ပူနွေးမှု ကိုတောင် ခံစားရတယ်။ သွေးစက်တစ်ချို့ သူ့ မျက်နှာကို စင်လာတယ်။ ကျောင်းတော်သား မျက်နှာက အကြည့်ကို သူ မြင်လိုက်တယ်။ ပထမဆုံး အနေနဲ့ ။ သေခြင်းတရားကို သူခံစားရတာပဲ။ ကျောင်းတော် ဆယ်သုံးခုထဲက တစ်ခုရဲ့ ဆက်ခံသူ အနေနဲ့ ။ သွေးတွေကို သူ မကြောက်လန့်ဘူး။ ဒါပေမယ့် သွေးထွက်လွန်ပြီး သေသွားတာကို လည်း သူ မမြင်ဖူးဘူး။ ကျောင်းတော် ဆယ့်သုံးခုမှာ သေလောက်တဲ့ အထိ ဒဏ်ရာရတာမျိုးလည်း မရှိခဲ့ဘူးလေ။

သဘာဝလွန်အဆင့်ကို သူရောက်ခဲ့တယ်။ အဲ့ဒီ့အချိန်တုန်းက သူ့စိတ်ထဲမှာ အစွမ်းပြဖို့ အတွေးပဲ ရှိတယ်။ သူများတွေ ချီးမွမ်းတာကို ခံချင်တယ်။ ဒါပေမယ့် အခုတော့။ ပြန်လည်မွေးဖွားမှု အဆင့် နတ်ဆိုးက သူနဲ့ ခြေလှမ်းနည်းနည်းပဲ ကွာတယ်။ နတ်ဆိုးရဲ့ ဓားက သွေးတွေတောင် သူ့ကို စွမ်းထင်ကုန်ပြီ။ ဒါတောင် သူက ဘာလုပ်နေလဲ။ ဒီ အချိန် တစ်လျှောက် လုံးမှာ အစွမ်းပြနေခဲ့တာ။ အခုတော့။ အခွင့်အရေး ကောင်းရလာပြီလေ။ သူ့စိတ်ထဲမှာ အတွေးတစ်ုခပဲ ရှိတယ် ။ စောင့်ရမယ။် ဒီဓား သူ့ဆီကနေ ဝေးအောင် စောင့်ရမယ်။ ဒါမှမဟုတ် ။ နတ်ဆိုး ထွက်သွားအောင် စောင့်၇မယ်။

လူကြီး ရဲ့ အမူအယာကို ချန်းဖေးယွီ မကြည့်ဘူး။ ကြောက်စရာကောင်းတဲ့ နတ်ဆိုး မျက်လုံးကိုလည်း မကြည့်ဘူး။ လဲကျနေတဲ့ ကျော်ငးတော်သားကိုသာ ကြည့်နေတယ်။ လူကြီးကတော့ သူ့ဓားကို သိမ်းလိုက်ပြီ။ တိတ်ဆိတ်နေတဲ့ ကျော ်ငေးတာ်သားတွေကို စိတ်ပျက်တဲ့ အမူအယာ နဲ့ ကြည့်နေတယ်။ သူ့ဓားကို နောက်တစ်ကြိမ် မဆွဲထုတ်ဘူး။ ကျက်သေသေနေတဲ့ ကျော်ငးတော်သားတွေကို သူ ဖြတ်လာတယ်။ ပိုင်ရှင်းနဲ့ နန်ကုန်းဟောင် ရှိတဲ့နေရာကို ရောက်လာတယ်။

“ သူက တစ်ယောက်တည်းပဲ။ ငါတို့ စည်း လုံး နေသရွေ့၊” ကျောင်းတော်သား တစ်ယောက် စကား စပြောတယ် ။ ဒါပေမယ့် သူ့ စကားတောင် မဆုံးလိုက်ဘူး။ သူ့ လည်ပင်းကို ဓား တစ်ချောင်းက ထိုးဖောက်သွားပြီ။ သူ့ လည် ပင်းက ဓားကို အံ့သြချိန်တောင် မရလိုက်ဘူး။ သူ့ မျက်လုံးတွေ ပြူးထွက်လာတယ်။ နတ်ဆိုး ကို သူမကြည့်ဘူး။ သူ့ဘေးက သူနဲ့ အတူ သောက်စားပျော်ပါးခဲ့တဲ့ ကျောင်ေးတာ်သားတွေကို ကြည့်တယ်။ အခုချိန်မှာ။ တခြားသော ကျောင်းတော်သာ်းတွေလည်း သူ့ကို ကြည့်နေတယ်။ ဒါပေမယ့် သူ တို့ တစ်ယောက်မှ မလှုပ်ရှားကြဘူး။ မ

“ -ျီးပဲ”

သွေးတွေက သူ့ လည်ပင်းကနေ စီးထွက်လာတယ်။ လူကြီးက သူ့ ဓားကို ပြန်သိမ်းလိုက်ပြန်ပြီ။ လဲကျသွားတဲ့ ကျော်င်းတော်သားကိုလည်း မကြည့်ဘူး။ အားနည်းသူ လို့လည်း မခေါ်ဘူး။ သွေးတွေကတော့ သူ့လက်မှာ စီးကျနေတယ်။ အဲ့ဒီ့နောက် တစ်ချက်လေးတောင် အမူအယာ မပြောင်းဘူး။ ပိုင်ရှင်း အနားမှာ သွားရပ်တယ်။ တိတ်ဆိတ်နေတယ်။

တေးဂီတသံကတော့ လေထဲမှာ ပျံ့လွင့်နေတယ်။ ကျော်ငေးတာ်သားနှစ်ယောက်တော့ သေသွားပြီ။ ဂီတသံကတော့ တစ်ချက်လေးတောင် မရပ်ဘူး။ အရင်ကလိုပဲ နားဝင်ချိုနေဆဲ။ ကျောင်းတော်သား တွေ ဂီတသံကို မခံစားနိုင်တော့ဘူး။ သွေးအနံ့ကို သူ ခံစားရတယ်။ အနီရောင်တောက်တောက်သွေးတွေက စီးကျနေတယ်။

“သခင်လေး ရှင်း။ ငါတို့ ဘာလုပ်ရမလဲ။”

“ဟုတ်တယ်။ ဧကရာဇ်က မင်းကို အမိန့်ပြားပေးထားတာပဲ။ သူတစ်ခုခု ပြောရမှာပေါ့။ တောင်ဖြို တပ်ဖွဲ့ ဒီမှာ ရှိနေလား။ ရှိရင် အခု….”

“သခင်လေး၇ှင်း။ ဒီ စစ်သည်တွေ အကုန်လုံးကိုတော့ ကျွန်တော်တို့ တောင့်မခံ နိုင်ဘူး။ နောက်ပြီးတော့ နတ်ဆိုးတွေလညိး ရှိသေးတယ်။”

စစ်သူကြီးတွေ သူတို့ ရဲ့ အမြင်ကို ပြောကြတယ်။ ကြီးမြတ်သော ရှ မင်းဆက် အတွက် အခက်ခဲ အခြေအနေမှာ ရောက်နေပြီ။ တောင်ပိုင်း ဒေသ ကကော။ နတ်ဆိုး စစ်သည်တော်တွေပါ သူတို့ကို ဝန်းရံထားပြီ။ သူတို့ အနိုင်ရဖို့ မဖြစ်နိုင်ဘူး။ ဧကရာဇ် အမိန့်ပြားရှိတဲ့ ၇ှှုင်ချင်းစွေ့က တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ တခြားကျော်ငးတော်သားတွေလည်း ၇ှင်ချင်းစွေ့ကို ကြည့်နေတယ်။ အခုချိန်မှာ သူက နောက်ဆုံးသော မျှော်လင့်ချက်ပဲ။

ရှင်ချင်းစွေ့က ကျောင်းတော်သားတွေ နဲ့ နီးတဲ့နေရာမှာ ရပ်နေတာ မဟုတ်ဘူး။ ဖန်ကျန်းရှီ နဲ့ နီးတဲ့ေ နရာမှာ ရပ်နေတာ။ စစ်သူကြီးတွေရဲ့ စကားကို ကြားတော့ သူ ချက်ခြင်း မတုံ့ပြန်ဘူး။ ပိုင်ရှင်း နဲ့ အေးခဲ မျောက်မင်း ဒေသကို ကြည့်နေတယ်။ သူ တွေဝေနေတယ်။ ရှင်ချင်းစွေ့ ဘာောကာင့် တွေဝေနေလဲ သူတို့ မသိဘူး။ အခုချိန်မှာ လိုအပ်နေတဲ့ အရာက တောင်ပိုင်းဒေသ နဲ့ နတ်ဆိုးတွေကို ရင်ဆိုင်ဖို့ပဲ။ ဒါပေမယ့် ရှင်ချင်းစွေ့က တွေဝေနေတယ်။ ဒီ အချိန်မှာပဲ ။ ဂီတသံတွေ ရပ်သွားတယ်၊ ကျော်ငးတောသ်ားတွေ ရဲ့ စိတ်နှလုံးလေးလံ လာတယ်။ ဒီ အချိန်မှာ သူတို့ အတွက် အသေအရှင် တိုက်ပွဲ ထဲ ရောက်နေပြီ။ ကြောက်မက်ဖွယ် ။ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အိမ်မက်နတ်သမီးက အခုချိန်မှာ သူတို့ရဲ့ ကံကြမ္မာကို ထိန်းချုပ်နေပြီ။

ယွင်ချင်းဝူက ကျောက်တုံး ခုံကနေ ထရပ်တယ်။ အောက်ဘက်က ကျောင်းတော်သားတွေကို ကြည့်တယ်။

အပိုင်း (၃၈၆) ပြီး၏။

အပိုင်း (၃၈၇)

“ သွေးနီနီ”

အ၇င်တုန်းက။ ယွင်ချင်းဝူဆိုတာ ရှေးဦးကာလ နတ်မိမယ်လိုပဲ။ ညစ်ညမ်းတဲ့ အရာတွေ နဲ့ လားလားမျှ မဆိုင်တဲ့သူ။ ဒါပေမယ့် အခုတော့ ယွင်ချင်းဝူမှာ နောက်ထပ် အဆင့် အတန်းတစ်ခု ထပ်ပေါင်းသွားပြီ။ သူက အင်အားကြီးတယ်။ ဒါပေမယ့် ယွင်ချင်းဝူက သူတို့ ရဲ့ ကံကြမ္မာကို တစ်ချက်လေးတောင် စိတ်မဝင်စားဘူး။ သူတို့ကို နှစ်ခါတောင်မကြည့်။ လဲကျနေတဲ့ ဖန်ကျန်းရှီကို ကြည့်တယ်။ ဖန်ကျန်းရှီ ရဲ့ လက်ထဲက ခြေရာမဲ့ ဓားကို လက်ညှိုးထိုးပြတယ်။ စကားတစ်ခွန်းတောင် မပြောဘူး။ ဒါပေမယ့် သူမ လိုချင်တာကို ပိုင်ရှင်းချက်ခြင်းသိတယ်။

“ ဖန်ကျန်းရှှီ နဲ့ ဓားကို ယူခဲ့” ဖန်ကျန်းရှီကို ပိုင်၇ှင်း စိုက်ကြည့်နေတယ်။ သူ့ရဲ့ အေးခဲနေတဲ့ အငွေ့အသက်ကတော့ အမြဲ ပြင်းထန်နေတယ်။

“ကောင်းပါပြီ။” သူ့နောက်က လူကြီး ခေါင်းငြိမ့်တယ်။ သူ့ဓားကတော့ ဓားအိမ်ကနေ မထုတ်သေးဘူး။ ဖန်ကျန်းရှီဆီကို လမ်းလျှောက်သွားတယ်။ နန်ကုန်းဟောင် နဲ့ ရန်ရွှယ်ကို တစ်ချက်လေးတောင် မကြည့်ဘူး။

ဒီ အချိန်မှာပဲ။ အနီရောင် အလင်းတန်းက သူ့ရှေ့မှာ ပေါ်လာတယ်။ အလင်းတန်း နဲ့ အတူ ။ ငရဲကတက်လာတဲ့ အေးစက်မှုတွေပါ လာတယ်။ ဒါက ရန်ရွှယ် ။ ဒါပေမယ့် ရန်ရွှယ် မဟုတ်တော့ဘူး။ ရန်ရွှယ့် ရဲ့ မျက်လုံးတွေက လုံး၀ နီရဲနေတယ်။ သူ့ရဲ့ တော င်နဲ့ မြစ် မိုးမြေ ယပ်တောင် ကို အနီရောင် အစိုင်အခဲ တွေက ဖုံးလွှမ်းသွားပြီ။ ပိုပြီး အရေးကြီးတာက သူ့ရဲ့ ခါးမှာ အနီရောင် အလင်းတန်းတွေ ဝန်းရံထားတယ်။ ဒီ အလင်းတန်းက ဆက်ပြီး လည်ပတ်နေတယ်။ အတော်လေးတော့ အံ့သြစရာကောင်းတယ်။ လူကြီးကတော့ ရန်ရွှယ်ကို တစ်ချက်လေးတောင်မကြည့်ဘူး။ ဖန်ကျန်းရှီ ဆီကို အေးအေးဆေးဆေး လျှောက်လာနေခဲ့တယ်။ အဲ့ဒီ့နောက် သူ့ ဓားကို မြှောက်လိုက်တယ်။

“ ဘုန်း”

ရန်ရွှယ် ရဲ့ ခါးက အနီရောင် အတန်းတန်းတွေ ကွဲထွက်လာတယ်။ အနီရောင်အလင်းတန်း ကြီးသာ ပါးစပ်တစ်ခုဆိုရင်။ သူ့ရဲ့ သွားတွေက တစ်ခုခုကို ဝါးနေသလိုပဲ။ အံ့သြထိတ်လန့်မှု ချက်ခြင်းဖြစ်ပေါ် လာတယ်။ အဲ့ဒီ့နောက် လူရိပ်လည်း နောက်ကို ခြေလှမ်း အတော်များများ ဆုတ်ခွာသွားရတယ်။ သူ့ရဲ့ ထိတ်လန့် သွားတဲ့ အမူအယာကို လူ အားလုံး မြင်ကြတယ်။ ကျောင်းတော်သားတွေလည်း မျက်လုံးပြူးကုန်တယ်။ နောက်ဆုတ်သွားရတဲ့ လူက လူကြီး ဖြစ်နေမယ်လို့ မထင်ထားဘူး။

“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”

“ ကောင်းကင်ရောင်ပြန် အထွဋ်အထိပ် အဆင့်က ဘယ်လိုများ ။ ပြန်လည် မွေးဖွားမှု အဆင့်ကို တိုက်ခိုက်နိုင်မှာလဲ။”

“ ရန်ရွှယ်က ပြန်လည်မွေးဖွားမှု အဆင့်ကို ခြေတစ်လှမ်း ရောက်နေရင်တောင် ။ ဒီလို တိုက်ခိုက်နိုင်တာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

ကျောင်းတော်သားတွေ မယုံနိုင်ဘူး။ ရန်ရွှယ့်မျာ ဒီလို အစွမ်းရှိနေမယ်လို့။ ရန်ရွှယ်က ဖန်ကျန်းရှီ ရှေ့မှာ ပိတ်ရပ်ထားတယ်။ သူ့ မျက်လုံးတွေ ကတော့ ရဲရဲနီနေတယ်။ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကလည်း အနီရောင် ကျောက်သားတွေ လုံး၀ ပြည့်သွားပြီ။ လူကြီးက ရန်ရွှယ့်ကို ချက်ခြင်း မကြည့်ဘူး။ အဲ့ဒီ့အစား သူ့ဓားကို ငုံ့ကြည့်နေတယ်။ သူ့ဓား ကို အနီရောင် စက်ဝိုင်းက ပိတ်ဆို့ ထားတယ်။ အဲ့ဒီ့နောက် သူ့ လက်ဝါးပေါ်ကို ပျံတက်လာတယ်။

“ ပွင့်” သတ်လတ်ပိုင်းလူကြီး ရဲ့ လက် အက်ကွဲကုန်တယ်။ အနီရောင် အလင်းတန်းက တော့ ပျောက်သွားပြီ။ ဒါပေမယ့် သူ့ ဓားပေါ်မှာ အမှတ်တစ်ခု ကျန်ရစ်ခဲ့တယ်။

“ အဇူရာ တာအိုက သေစေနိုင်တဲ့ တာအို ထဲမှာ ထိပ်တန်း ဖြစ်နေတာ မဆန်းတော့ ပါဘူး ဒါပေမယ့် ။ ဒီအဆင့်မှာ မင်း ဘယ်လောက်ထိ ကြာကြာနေနိုင်မှာလဲ။” လူကြီးရဲ့ အမူအယာက ခက်ထန်သွားတယ်။ ပြန်လည်မွေးဖွားမှု အဆင့် နတ်ဆိုး တစ်ယောက် အတွက်။ တစ်စုံတစ်ရာကို အလေးအနက်ထားတာက ။ နည်းနည်းတော့ ပုံမှန် မဟုတ်ဘူး။ နောက်ပြီးတော့ သူ့ ပြိုင်ဘက်က။ အသက် ၁၆ နှစ်အရွယ် ကောင်းကင်ရောင်ပြန် အထွဋ်အထိပ် အဆင့် ဖြစ်နေ်တယ်။ ရန်ရွှယ်က လူကြီးကို လျစ်လျူရှုထားတယ်။ လူကြီးရဲ့ မေးခွန်းကိုလည်း ပြန်မဖြေဘူး။ လူကြီးတွေးခဲ့တာ။ တခြားကျောင်းတော်သားတွေက သူရဲ့ အချိန် နဲ့ကော။ စကားလုံးနဲ့ပါ မထိုက်တန်ဘူး။ ဒါပေမယ့် ရန်ရွှယ့်ထက်တော့ ဘယ်သူ ပို အေးစက်နိုင် အုန်းမလဲ။ ပြန်လည်မွေးဖွားမှု အဆင့် နတ်ဆိုး ရှေ့မှာတောင် သူ့ မျက်နှာထားက အေးစက်နေတယ်။ သူ့ ပြိုင်ဘက်က သူ့ကို လုံး၀ လျစ်လျူရှုထားမယ်လို့ မတွေး ခဲ့မိဘူး။ ဒါက ဘယ်လို အဖြစ် မျိုးလည်း။ ပြန်လည်မွေးဖွားမှု အဆင့် နတ်ဆိုး ကို လူသား တစ်ယောက်က လေးစားသင့်တယ် မဟုတ်ဘူးလား။

“ ဘေးဖယ် နေလိုက်။ ဒါဆို နောက်ထပ် တစ်နှာရီလောက် ဆက်ပြီး အသက်ရှင်လိမ့်မယ်။” လူကြီး ရဲ့ အသံက အေးစက်နေတယ်။ ရန်ရွှယ်ကတော့ ဆက်ပြီး လျစ်လျူရှုထားဆဲပဲ။ စစ်သူကြီး တစ်ယောက်က လူရွှင်တော်ကို လျစ်လျူရှုထားသလိုမျိုး။

“ သွားသေလိုက်တော့။” လူကြီးက ကောင်းကင်ရောင်ပြန် အဆင့် လူသား တစ်ယောက်ကြောင့် ဒေါသထွက်တာမျိုး ဖြစ်ခဲတယ်။ ဒါပေမယ့် ဒီ တစ်ကြိမ်မှာတော့။ သူ အတော့်ကို ဒေါသထွက်နေပြီ။ သူလှုပ်ရှားတယ်။ သူ့ လက်ထဲက ဓား ခရမ်းရောင် အလင်းတန်းတွေ နဲ့ ဖုံးအုပ်သွားတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ မူလနေရာကနေ ပျောက်ကွယ်တယ်။ ခရမ်းရောင် အလင်းတန်း နဲ့ ပေါင်းစည်းပြီး။ ရန်ရွှယ့်ဆီကို ကြောက်စရာ ကောင်းတဲ့ အရှိန်နှုန်းနဲ့ တိုးဝင်သွားတယ်။

နန်ကုန်းဟောင်က သူ့ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ဒါပေမယ့် ငွေရောင် အလင်းတန်းက သူ့ ဓားရှေ့မှာ ပေါ်လာတယ်။

“ မင်းကိုယ်မင်း ကာကွယ်ဖို့ ကြိုးစားသင့်တာ မဟုတ်ဘူးလား။” ပိုင်ရှင်းက နန်ကုန်းဟောင်ကို ကြည့်နေတယ်။ သူ့ လက်ချောင်းက ငွေရောင် အလင်းတန်း ကို ညွှန်ပြနေတယ်။ သူ့ မျက်လုံးတွေက ရွှေရောင် တောက်ပနေတယ်။ သူ့ဓားကို အောက်နိမ့်ထားတယ်။ ပိုင်ရှင်းကို တည်တည်ငြိမ်ငြိမ်ချိန် ထားတယ်။

“ မင်း ငါ့ကို မသတ်နိုင်ဘူး။” နန်ကုန်းဟောင်က ပိုင်ရှင်းလက်ထဲက ငွေရောင် အလင်းတန်းကို ကြည့်နေတယ်။ ပုံမှန် အတိုင်းဆိုရင်။ သဘာဝလွန် အထွဋ်အထိပ် အဆင့် လူသား တစ်ယောက်က။ ပြန်လည်မွေးဖွားမှု အဆင့် နတ်ဆိုးကို ဒီလို မပြောဝံ့ဘူး။ ဒါပေမယ့် ပိုင်ရှင်းကတော့ မရယ်ပါဘူး။ ပိုင်ရှင်း တင် မရယ်တာ မဟုတ်ဘူး။ လူကြီး နဲ့ ယွင်ချင်းဝူရဲ့ နောက်က နတ်ဆိုးတွေလည်း မရယ်ဘူး။ သူတို့ ဒီ အကြောင်းကို ကောင်းကောင်းသိတယ်လေ။

အကယ်၍ ပိုင်ရှင်းသာ နန်ကုန်းဟောင်ကို သတ်နိုင်ရင်။ ဘာလို့များ နန်ကုန်းဟောင်က အခုထိ အသက်ရှင်နေအုန်းမှာလဲ။ နောက်ပြီးတော့။ ပိုင်ရှင်းက အလစ်ဝင်တိုက်တာမျိုး ဘာလို့ မလုပ်တာလဲ။ ပြန်လည်မွေးဖွားမှု အဆင့် နတ်ဆိုးက သဘာဝလွန် အထွဋ်အထိပ် အဆင့်ကို သတ်ဖို့ အတွက်။ ကြိုးကြိုးစားစား လုပ်နေရမှာလား။ မဖြစ်နိုင်ဘူးလေ။ ပိုင်ရှင်းကလည်း ဘာမှ မပြောဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီလူသားက။ နန်ကုန်းဟောင် ဖြစ်နေတယ်လေ။

“မင်းပြောတာမှန်တယ်။ ဒါပေမယ့် ငါ့မှာ အကူအညီသာ ရှိရင်။ မင်းကို သတ်နိုင်ပါတယ်။” ပိုင်ရှင်း ခေါင်းငြိမ့်တယ်။ သူ့နောက်က နတ်ဆိုးတွေကို လှမ်းကြည့်တယ်။ နန်ကုန်းဟေ ာင်က ပိုင်ရှင်းကို ပြန်မဖြေဘူး။ လူကြီးရဲ့ ဓားက ရန်ရွှယ်ရဲ့ တောင်နဲ့ မြစ် မိုးမြေယပ်တောင် ကို တိုက်သွားပြီ။ တိုက်ခိုက်မှု အရှိန်နှုန်းက မြင့်မားလွန်းတယ်။ ဒီတိုက်ကွက်ရဲ့ ပေါက်ကွဲမှုက ပြင်းထန်တယ်။

“ ဒင် ဒေါင်” ဒီ အချိန်မှာပဲ ။ ပုလွေသံတစ်ချက်ပေါ်လာတယ်။ ထွက်ပေါ်လာတဲ့ အသံက ခရမ်းရောင် အလင်းတန်း နဲ့ တိုက်သွားတယ်။ အဲ့ဒီ့နောက် (-ျီးပဲ) ဆိုတဲ့ အော်သံထွက်လာတယ်။ သူ့နှုတ်ခမ်းက ကျောက်စိမ်းပုလွေ ကိုတောင် မလှုပ်ရှားရသေးဘူး။ ဝူဖုန်း သွေးအန်တော့တယ်။

“ ယုံကြည်မှု လွန်ကဲနေတာပဲ။” ခရမ်းရောင် အလင်းတန်းကနေ လူကြီး အဖြစ်ကို ပြောင်းသွားပြီ။ ဒူးထောက်လျက်လဲကျနေတဲ့ ဝူဖုန်းကို သူကြည့်တယ်။ အဲ့ဒီ့နောက် ရန်ရွှယ့် ဘက်ကို ပြန်လှည့်တယ်။

“ -ျီးပဲ”

ရန်ရွယ့်ရဲ့ မျက်နှာလဲ ရဲရဲနီနေပြီ။ သူလည်း သွေးအန်တော့တယ်။ သူထိခိုက်တာ ဝူဖုန်းထက်နည်းနည်းလေး နောက်ကျတယ်။ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်က အနီရောင် တောက်သထက် တောက်ပလာတယ်။

“ မင်း ဘယ်လောက်ကြာကြာ တောင့်ခံ နိုင်အုန်းမလဲ။” လူကြီးက နောက်တစ်ခါမေးပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ သူ ပိုပြီး ယုံကြည်ချက်ရှိနေပြီ။

“ သူနိုးလာတဲ့ အထိ တော့ ခံနိုင်ရည် ရှိပါသေးတယ်။” ရန်ရွှယ်ပြန်ဖြေတယ်။ သူ့ မျက်လုံးတွေထဲက အနီရောင် အလင်းတန်း လည်ပတ်နေပြီ။ ကြည့်ရတာ သွေးတွေ သူ့မျက်လုံးထဲမှာ ပြည့်နေသလိုပဲ။

“နိုးလာတဲ့ အချိန်ဟုတ်လား။” လူကြီး မျက်လုံးပြူးသွားတယ်။ အဲ့ဒီ့နောက် လဲကျနေတဲ့ ဖန်ကျန်းရှီ ကို ကြည့်ရင်း သူ့ အမူအယာ ပြောင်းသွားတယ်။ ဖန်ကျန်း၇ှီ အသက်ရှင်နေမှန်း (ရန်ရွှယ် ဘယ်လို သိတာလဲ) ။ သူမသိဘူး။

ဒါပေမယ့် သူသေချာသိတာ တစ်ခုရှိတယ်။ ဖန်ကျန်းရှီရဲ့ ဓားက ခရမ်းရောင် တောက်ပနေတယ်။ တောက်ပလွန်းလို့။ သွေးရောင်တောင် လွှမ်းနေသေးတယ်။ အခုချိန်မှာ။ ခရမ်းရောင် အမှတ်လေးက ဓားကိုဖြတ်သန်း တောက်ပနေတယ်။ ဓား လက်ကိုင်ကနေ အသွားထိ တရိပ်ရိပ်တက်လာခဲ့တယ်။ အကြောင်းရင်း တစ်ချို့ကြောင့်။ ခရမ်းရောင် အလင်းတန်ကို မြင်တဲ့ အချိန်။ သူ့နှလုံးသားတွေ နာကျင်လာတယ်။ နာကျင်မှုက နည်းပါးပေမယ့် ။သူ့ကို မျက်လုံးပြူးသွားစေတယ်။ ဖန်ကျန်းရှီက ကောင်းကင်ရောင်ပြန် အထွဋ်အထိပ်အဆင့်မှာ ပဲ ရှိမှန်း သေချာပါတယ်။ တာအို ၃၈၈ ခုကို စုဆောင်းထားရင်တောင်။ ပါရမီရှင် ဖြစ်နေရင်တောင်။ ကောင်းကင်ရောင်ပြန် အဆင့်ပဲလေ။ ဒါက ငြင်းလို့ မရဘူး။ ဒါဆိုရင်။ ဘာကြောင့်များ ။ သူ့လို ပြန်လည်မွေးဖွားမှု အဆင့် နတ်ဆိုးက ကောင်းကင်ရောင်ပြန် အဆင့် လူသားကို ကြောက်ရမှာလဲ။ ဓား ကြောင့်လား။ ဒါမှမဟုတ် ခရမ်းရောင် အလင်းတန်းကြောင့် လား။ လူကြီး မသိဘူး။ ဖန်ကျန်း၇ှီကို ဓားဆက်ကိုင်ထားဖို့ မဖြစ်မှန်းတော့သိတယ်။ ဓားက သူ့ကို မတည်မငြိမ် ဖြစ်စေတယ်။ ရန်ရွှယ့်ကို သူလှည့်ကြည့်တယ်။

ဒီ တစ်ကြိမ်မှာတော့ သူ ဘာမှ မပြောဘူး။ ရန်ရွှယ့်ကို တစ်ချက်တည်းနဲ့ အသေသတ်ဖို့ ပြင်တယ်။ ဒါက။ ဖန်ကျန်းရှီဆီက ဓားကို ရဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ရန်ရွှယ့်ကို သတ်မှပဲ။ သူ့ စိတ်ပိုပြီး လုံခြုံလိမ်မယ်။

“သေစမ်း” လူကြီး အေးစက်စက် အော်ဟစ်တယ်။ အဲ့ဒီ့နောက် ခရမ်းရောင် အလင်းတန်းက နောက်တစ်ကြိမ် တောက်ပလာပြန်တယ် ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ခရမ်းရောင် အလင်းတန်းတွေ အများကြီး ပြန့်သွားတယ်။ ကောင်းကင်တစ်ခုလုံးကို အရောင်ပြောင်းသွားစေတယ်။

“ရန်ရွှယ် …..” ဝူဖုန်းရဲ့ အော်သံ အကျယ်ကြီး ထွက်လာတယ်။ သူ့ပုလွေကို နှုတ်ခမ်းနားမှာ တေ့လိုက်တယ်။ ဒါက ကိုယ့်သေတွင်း ကိုယ်တူးမိမှန်း သူသိပေမယ့်….. အသုံးမဝင်မှန်း သိပေမယ့် ….. သွေးစွန်းနေတဲ့ နှုတ်ခမ်း တစ်စုံ နဲ့ ပုလွေမှုတ်ဖို့ မတွေဝေခဲ့ဘူး။ သွေးစွန်းနေတဲ့ လက်တွေက ပုလွေ ပေါ်မှာ ကခုန်တယ်။ သံစဉ်ညီတဲ့ တေးသွားတစ်ပုဒ် ထွက်ပေါ်လာတယ်။ ရန်ရွှယ့်ဆီကို ပြစ်လွှတ်လိုက်တဲ့ ခရမ်းရောင် အလင်းတန်း ကို ရှင်ချင်းစွေ့ကြည့်နေတယ်။ ဒီ အလင်းတန်းမှာ ဘယ်လို အစွမ်းတွေ ရှိလဲ သူ သိတယ်။ ဒါပေမယ့် ရပ်တန့်ခြင်းငှာ မစွမ်းသာ။ သူ့မှာ တခြားတာဝန်တွေ ရှိနေတယ်။ အကယ်၍ သူသာ စစ်သည် ငါးသောင်းကို အမိန့်ပေးရတဲ့ သူ မဟုတ်ခဲ့ရင်….. ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အစီအစဉ်ကြီးကို ပုခုံးပေါ်မှာ ထမ်းဆောင်နေခဲ့တာ မဟုတ်ရင်…… ဝူဖုန်း လုပ်သလို တစ်ထပ်တည်း လုပ်မိမှာပဲ။ဒါပေမယ့် အခုတော့ .. သူ မလုပ်နိုင်ဘူး။ စစ်တပ်ကြီးကို ချက်ခြင်း အမိန့်ချဖို့ လိုပြီ။ တောင်ပိုင်းဒေသ က တပ်တွေ အေးခဲမျောက်မင်း ဒေသကနေ ချီတက်လာနေပြီ။

“ စစ်သည်တွေ နေရာယူ။ အရပ်လေးမျက်နှာကို ဖြန့်ကျက်မယ်။ ကျောက် စစ်သူကြီး။ ဘယ်တောင်ပံမှာ နေရာယူ။ ဝမ် စစ်သူကြီး ညာတောင်ပံကို နေရာယူ။ လီ စစ်သူကြီး။ လူငါးထောင်ကို ဦးဆောင် ။ နောက်ဘက်ကို ကာကွယ်ထား။ ကျန်တဲ့သူတွေ က ငါ့နောက်လိုက်ခဲ့။ ” ဧကရာဇ် အမိန့်ပြားကို ဝေ့ယမ်းပြရင်း ရှင်ချင်းစွေ့ အမိန့်ပေးတယ်။

“ အမိန့်အတိုင်းပါ။”

စစ်သူကြီးတွေ ချက်ခြင်း လှုပ်ရှားတယ်။ သူတို့ ကိုယ်ကနေ သွေးဆာနေတဲ့ အငွေ့အသက် ထွက်ပေါ်လာတယ်။ တစ်ယောက်တည်းဆိုရင် ။ သူတို့ က နတ်ဆိုး တွေရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ကျောင်းတော်သားတွေ သူတို့ ရှေ့မှာ ရပ်နေရင်တောင် ။ မယှဉ်နိုင်ဘူး။ဒါပေမယ့် သူတို့ရဲ့ ဗျူဟာ အကွက်ထဲ ရောက်လာရင်တော့။ သူတို့က မထိုးဖောက်နိုင်တဲ့ နံရံကြီးတွေလိုပဲ။

…

သူ့ဆီကို ဦးတည်လာတဲ့ ခရမ်းရောင် အလင်းတန်းတွေကို ရန်ရွှယ် ကြည့်တယ်။ နာကျင်မှုကို ခုခံနေရတဲ့ အတွက် သူ့ နှုတ်ခမ်းတွေ တုန်ယင်နေတယ်။ ဒါပေမယ့် သူ့ခြေထောက်တွေကတော့ မြဲမြံနေတုန်းပဲ။ မြေကြီးထဲကို နက်နက်နဲနဲ စိုက်ဝင်နေသလို မလှုပ်ရှားပဲ ရှိနေတယ်။ ခရမ်းရောင် အလင်းတန်း နီးလာတာနဲ့။ ရန်ရွှယ့် ရဲ့ ခါ်းက အလင်းတန်း။ တဖြည်းဖြည်းမြင့်တက်လာတယ် ။ ရင်ဘတ်ကို နီးလာပြီ။ ကျင့်ကြံသူ တိုင်း သိကြတယ်။ ရင်ဘတ်က လူတစ်ယောက်ရဲက သေစေနိုင်တဲ့ အစိတ်အပိုင်းပ။ဲ။ နှလုံးသားက ဒီမှာ ရှိတယ်။

နှလုံးက လူသား ကိုယ်ခန္ဒာမှာ အရေးကြီးတယ်။ နောက်ပြီးတော့ စိတ်အာရုံနယ်မြေ တည်ရှိတဲ့ နေရာဆိုလည်း မမှားဘူး။ တစ်ခါထိုးဖောက် ခံလိုက်ရရင်။ သေရင်သေ။ မသေရင်တောင် စိတ်အာရုံနယ်မြေ ပျက်စီး မှာပဲ။ စိတ်အာရုံနယ်မြေ ပျက်စီးသွားရင်။ ကျင့်ကြံခြင်းလည်း ပျက်မယ်။ ထာဝရ ပျက်ဆီးသွားမှာ။ ခရမ်းရောင် အလင်းတန်း က သူ့ရှေ့မှာ ရောက်နေပြီ။ ရန်ရွှယ့် လက်တွေ လှုပ်ရှားလာတယ်။ ခရမ်းရောင် အလင်းတန်း က သူ့ရှေ့ကို ရောက်နေပြီ။ တောင်နဲ့ မြစ် မိုးမြေယပ်တောင် ကနေ အနီရောင် အလင်းတန်းတွေ အများကြီး ပျံ့လာတယ်။ ကော င်းကင်တစ်ခခုလုံး နီရဲသွားတယ်။ သွေးစီးကြောင်းတွေ အများကြီး ဖြစ်ပေါ်နေသလိုပဲ။

“ကောင်းကင် မြေကြီး ပြောင်းပြန် လန်။ တောင်နဲ့ မြစ်ကို ဖယ်ရှား၊” အေးစက်စက်အသံနဲ့ ရန်ရွှယ် ရေရွတ်တယ်။ ဒီ စကားလုံးတွေကို ငယ်ငယ်တည်းက မှတ်သားလာရတာ။ ပထမ စာကြောင်း အထိပဲ သူ သုံးလေ့ရှိတယ်။ ဒုတိယ တစ်ကြောင်းကိုတော့ သူ့ ဘဝမှာ ဘယ်တုန်းကမှ မရွတ်ဆိုဘူး။ ဒီ မှတ်ဉာဏ်တွေကို သူမပိုင်ဆိုင်ဘူးလေ။ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကပဲ ပိုင်ဆိုင်တာ။

“ ရွှီ” နေရာတစ်ခုလုံး အက်ကွဲသွားတယ်။ အနီရောင် အလင်းတန်းက ကောင်းကင်ကနေ စီးကျလာတယ်။ တောင်တန်းဒေသ ပန်းချီကား တစ်ချပ် ပေါ်လာတယ်။ ဒါပေမယ့် ကျောက်တုံးတွေ။ သဲတွေ နဲ့ ရေတွေတောင် အရောင်တစ်ခုတည်းပဲ ရှိတယ်။ ဒီ အရောင်က အနီရောင်။ စွေးစွေးနီနေတဲ့ အရောင်ကြီးက အလွန်အမင်း အေးမြမှုနဲ့။ ပြင်းထန်လွန်းတဲ့ အပူဓာတ်တို့ ပေါင်းစည်းထားတယ်။ ဒါက လွဲရင်။ တောင်တန်း ။ ရေနဲ့ ကျောက်တုံးတွေ လှုပ်ရှားနေတာကို ကောင်းကောင်း သိနိုင်တယ်။ ရေစီးကျနေတဲ့ အသံကိုတောင် ကြားနေရတယ်။

“ -ျီးပဲ” သွေးစွန်းနေတဲ့ တောင်တန်းရဲ့ အလင်းရောင် က ကောင်းကင် တစ်ခုလုံးကို နီမြန်းသွားစေတယ်။

အပိုင်း( ၃၈၇) ပြီး၏။

အပိုင်း (၃၈၈)

“ ဝှက်ဖဲ”

ခရမ်းရောင် အလင်းတန်းက သွေးစွန်းနေတဲ့ တောင်တန်း ဒေသကို ရိုက်ခတ်သွားတယ်။ ခရမ်းရောင် အလင်းတန်းက ဓား တစ်ချောင်း။ အနီရောင်တောင်ပိုင်းဒေသပုံရိပ်လွှာကို ဖျက်စီးသွားတယ်။ ဓားက ပိုပြီး အင်အားကြီးတာ သိသာလွန်းတယ်။ ဒါပေမယ့် ဒီ အချိန်မှာပဲ။ မီးဘောလုံး တစ်ခု အလယ်မှာ ပေါ်လာခဲ့တယ်။ နေမင်းကြီးလို တောက်ပတယ်။ မီးတွေက လာရာလမ်း တစ်လျှောက် မှာ တောက်လောင်နေတယ်။ ဒီ အချိန်မှာ ။ အနီရောင်လွှမ်းတဲ့ တောင်ပိုင်းဒေသ တစ်ခုလုံး လောင်ကျွမ်းသွားတယ်။ ခရမ်းရောင် အလင်းတန်းကတော့ မီးတွေကို ဆက်ပြီး ဖိနှိပ်ထားဆဲပဲ။ ကြည့်ရတာ ခရမ်းရောင် အလင်းတန်းက လက်သာနေတဲ့ ပုံပဲ။ ဒါပေမယ့် အလှည့်အပြောင်း ကတော့ ဖြည်းဖြည်းချင်း စတင်တယ်။ ခရမ်းရောင် အလင်းတန်း ဖြည်းဖြည်းချင်း ဝါးမျို ခံနေရပြီ။

အရှိန်က မလျင်မြန်ဘူး။ ဒါပေမယ့် မီးတွေကတော့ တောက်ပသထက် တောက်ပလာတယ်။ ဝါးမျိုးတဲ့ နှုန်းကလည်း ပိုပြီး မြန်လာခဲ့တယ်။ နောက်ဆုံးတော့ တောင်ပိုင်းဒေသကြီး တစ်ခုလုံး ပျောက်ကွယ်သွားပြီ။ မီးတွေကတော့ ခရမ်းရောင်အလင်းတန်း ကို ဝါးမျိုးနေဆဲပဲ။ ပုလွေသံက လေထုထဲမှာ ပေါ်လာပြန်တယ်။ တကယ်တမ်းပြောရရင်။ မီးဘောလုံးကြီး ပေါ်လာတည်းက ပုလွေသံလည်း ရပ်တန့်မှု မရှိခဲ့တာပဲ။ တေးသွားက နာကျင်စရာကောင်းတယ်။ အေးစက်နေတယ်။ လောင်ကျွမ်းပြာကျသွားတဲ့ အရာတွေ အတွက် ဝမ်းပန်းတနည်း အော်ဟစ်နေသလို။ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ရဲ့ မှတ်ဉာဏ်နဲ့ တူညီတယ်။ စိတ်ဖိစီးစရာ အတွေးတွေနဲ့ ပြည့်နှက်နေတယ်။ အဲ့ဒီ့နောက်။ ခရမ်းရောင် အလင်းတန်း ပျောက်ကွယ်သွားတယ်။ တေးသွားလည်း ရပ်တန့်သါားတယ်။ နောက်ဆုံးကျန်ခဲ့တာက တောက်လောင်နေတဲ့ မီးဘောလုံး တစ်ခုပဲ၊

လေပြေညင်းက တိုက်ပွဲမြေပြင်ကို ဖြတ်သန်း တိုက်ခိုက်နေတယ်။ နောက်ပြီးတော့ မီးတွေလည်း ငြိမ်းသွားတယ်။ ကြည့်ရတာ ဘာမှ မဖြစ်ခဲ့သလိုမျိုးပဲ။ လေထုကတော့ ဖြည်းဖြည်းချင်း အေးစက်လာတယ်။ ဒါပေမယ့် လူတိုင်းက သူတို့ မြင်လိုက်ရတာကြောင့် အံ့သြနေခဲ့တယ်။ အထူးသဖြင့် ဝူဖုန်းပဲ။ သူ့နှုတ်ခမ်းကနေ သွေးတွေ တစိမ့်စိမ့် စီးကျနေတယ်။ သူ ဒါကို ဖိနှိပ်ထားတယ်။ အရင်တစ်ခေါက်ကလို မျိုး အန်မထုတ်မိအောင်သူလုပ်နေတယ်။ ဘာကြောင့်လဲ ဆိုတော့။ သူ့ တေးသွားကို သက်ရောက်မှုရှိမှာမျိုး မဖြစ်စေချင်လို့ပဲ။

ဝူဖုန်းရဲ့ မျက်လုံးတွေက ဝမ်းနည်းမှု နဲ့ ပြည့်နေတယ်။ တောင်နဲ့မြစ် မိုးမြေ ယပ်တောင် ရဲ့ သက်ရောက်မှုကြောင့်တော့ ဒီလို မဖြစ်နိုင်ဘူး။ ဒါမှမဟုတ်။ ရန်ရွှယ့် ရဲ့ အခု ပုံစံကြောင့် ဝမ်းနည်းတာ လည်း မဖြစ်နိုင်ဘူး။ ရန်ရွှယ့်လက်ထဲက ယပ်တောင်ကို ကြည့်ရင်း သူ့ မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်နှက်လာတယ်။ ဒါပေါ့။ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင် မှာ တောင်ပုံကော။ မြစ်ချောင်းတွေပါ မရှိတော့ဘူး။ ယပ်တောင်ကတော့ အဖြူရောင်ပဲ။ ဒါပေမယ့် သွေးတွေ စွန်းထင်းနေတယ်။ တောက်ပနေတဲ့ အနီရောင် ကျောက်သားတွေ က လုံးဝကို ပျောက်ကွယ်သွားခဲ့ပြီ။ ဒါပေမယ့် ရန်ရွှယ့် မျက်လုံးတွေက အရင်လို နီရဲနေတုန်းပဲ။ အနီရောင် အလင်းတန်း က သူ့ ရင်ဘတ်မှာ တောက်ပ နေတယ်။ စည်းချက်ကျကျလှုပ်ရှားနေတာ။ ရန်ရွှယ့်ရဲ့ နှလုံးခုန်သံလိုပဲ။

“ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်က ဒီလောက်ထိ အင်အားကြီးမယ်လို့ ထင်မထားမိဘူး။ ယန်မိသားစုရဲ့ ရတနာ ငါးခုထဲက တစ်ခု ဆိုတာ အံ့သြစရာ မရှိဘူးပဲ။ ဒါပေမယ့် ရန်ရွယ့်ကို ကြည့်ရတာ ထူးဆန်း နေသလားလို့။ ဖြစ်နိုင်တာက …”

“ မဖြစ်ဘူး။ အဇူရာ တာအိုက ရန်ရွှယ်ကို ထိန်းချုပ်နေပြီ။ ငါဖတ်ဖူးတာတော့။ လူတစ်ယောက် ရဲ့ အခြေခံ က မခိုင်မြဲရင် ။ စွမ်းအင်တိုးတက်မှုက ကိုယ့်ကိုယ်ကို ပြန် လောင်ကျွမ်း စေလိမ့်မယ်။”

“ ပြန်လောင်ကျွမ်းမယ် ဟုတ်လား။ ရန်ရွှယ်က ဆိုးညစ် အဇူရာ အဆင့်မှာ ရောက်နေပြီလား။”

“ ဒီလို ဖြစ်ရင်။ စည်းပေါက်သွားတော့မှာပဲ။ ဆိုးညစ်အဇူရာ အဖြစ် ပြောင်းသွားတာ နဲ့။ သူ့ မှာ ရှိတဲ့ စိတ်ကောင်းတွေလည်း အကုန် ပျောက်ကွယ်မှာပဲ။ အသိစိတ်တောင် ပျောက်သွားမှာ။ သူ့ကို ကယ်တင် ဖို့က သူ့ရဲ့ ကျင့်ကြံမငကို ဖျက်စီးမှပဲ ဖြစ်နိုင်မယ်။ ”

ရန်ရွှယ့် ရင်ဘတ်က အနီရောင် အလင်းတန်း ကိုမြင်တော့။ ကျောင်းတော်သားတွေ ကြောက်လန့်တကြားအော်ဟစ် ကြတော့တယ်။

“ ဆိုးညစ် အဇူရာလား။” လူကြီး ကြည့်ရတာ အခြေအနေ ကောင်းပုံ မရဘူး။ အရင်တစ်ခေါက် တိုက်ခိုက်မှု ကနေ သူ ဒဏ်ရာ နည်းနည်း ရသွားခဲ့တယ်။ ဒါပေမယ့် ရန်ရွှယ့် ပုံစံကို မြင်တော့ သူ ပြုံးတယ်။ ဆိုးညစ် အဇူရာ အဆင့်ကို ရောက်သွားတဲ့ လူတိုင်းက သေလူဖြစ်သွားပြီ။

လူသားတွေကတော့ ဒီ လို ပါရမီရှင် ကို ဆုံးရှုံးရလို့ ညီးညူကြတော့မှာပဲ။ ဒါပေမယ့် ဆိုးညစ် အဇူရာ ထိန်းချုပ်တာကို ခံလိုက်ရတဲ့ လူတိုင်းကတော့။ ရပ်တန့်ဖို့ လိုအပ်တယ်။ ဒါပေါ့။ လူကြီး ဆက်ပြီး မတိုက်ခိုက်တော့တဲ့ အကြောင်းရင်း ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့။ ရန်ရွှယ့် ရဲ့ အဇူရာတာအို ကြောင့်ပဲ။ ရိုးရိုးရှင်းရှင်း ပြောရရင်။ ရန်ရွှယ် က သူ တိုက်ခိုက် နိုင်တဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး။ ဓားသွား ပေါ်မှာ ရောက်နေတဲ့ အသက်လို အချိန်တို အတွင်းမှာ အင်အားအကြီးဆုံး အခြေအနေ ရောက်နေတဲ့ လူကို ဘာလို့ သွားတိုက်ခိုက်နေ အုန်းမှာလဲ။ ရန်ရွှယ် ရောက်နေတဲ့ အဆင့်ကို မြင်ပြီးတဲ့နောက်။ ရန်ရွှယ့်ကို ရှောင်ပြီး ဖန်ကျန်းရှီ ဆီကို သွားတယ်။ သူ့ ရှေ့မှာ ပိတ်ရပ်နေတဲ့ အနီရဲရဲ မျက်လုံးတွေကို လျစ်လျူရှုထားတယ်။ သူ နီးကပ်လာတယ်။ ဖန်ကျန်းရှီ ဆီကို ရောက်တော့ မယ့် အချိန်။ အနီရောင် အလင်းတန်းတစ်ခု သူ့ ဘေးကို ပြစ်ကျလာတယ်။ ငရဲ ကနေ ထွက်ပေါ်လာတဲ့ အေးစက်တဲ့ လူသတ်ငွေ့တွေ။

“ ဝူးး” လူကြီး ချက်ခြင်း ခုန်ရှောင်လိုက်တယ်။ တော်တော်ဝေးဝေးနေရာကို ရောက်သွားတယ်။ ရန်ရွှယ့်ကို ထိတ်လန့်တကြား သူကြည့်နေတယ်။ ဆိုးညစ် အဇူရာလား။ လူတစ်ယောက်က ဆိုးညစ် အဇူရာ လွှမ်းမိုး မှုကို ခံလိုက်ရရင်။ ရန်ရွှယ်လည်း အသိစိတ် အကုန်ပျောက်သွားမှာပဲ။ ဒါကြောင့် သူ့ဘေးနားက လူတွေကို အကြောင်းရင်း မရှိပဲ တိုက်ခိုက်တာက ဖြစ်နိုင်တယ်။ ဒါပေမယ့် ရန်ရွှယ်က အသိစိတ်လွတ်ပြီး တိုက်ခိုက်နေတာ မဟုတ်ဘူး။ ရန်ရွှယ်က ဖန်ကျန်းရှီကို ကာကွယ်နေတုန်းပဲ။ အခုချိန်ထိ ကာကွယ်နေဆဲပဲ။ ဒါက သူ့ ဦးနှောက်နဲ့ ဆုံးဖြတ်တာ မဟုတ်ဘူး။ နှလုံးသားထဲကနေ ကာကွယ်လိုစိတ်ကြောင့် ကာကွယ်နေတာ။ နောက်ပြီးတော့ ဒီလို ကာကွယ်မှုက လူကြီးကို အရိုးအထိ စိမ့်ချမ်းလာစေတယ်။ အခုချိန်မှာ ဖန်ကျန်းရှီကို အလွယ်တကူ ထိခိုက်လို့ ဖြစ်နိုင်မှာ မဟုတ်ဘူး။

“ အနှောက်အယှက် ဖြစ်လိုက်တာ။ သနားစရာပဲ။ မင်းက ပျက်ကို ပျက်စီး ရမှာ။ ” လူကြီးရဲ့ မျက်လုံးတွေ ခရမ်းရောင် တောက်ပလာတယ်။ သူ့ဓားကို ချက်ခြင်း လွှဲခုတ်လိုက်တယ်။ ဒီ အချိန်မှာပဲ နောက်ထပ် ခရမ်းရောင် အလင်းတန်းက ဖန်ကျန်းရှီဆီကို တိုးဝင်လာတယ်။

“ဝူးးး” အနီရောင် အလင်းတန်း နှစ်ခု ပြေးထွက်သွားတယ်။ တစ်ခုက ဓားတစ်ချောင်းကို တားဆီးတယ်။ နောက်တစ်ခုကတော့ ဖန်ကျန်းရှီ ဆီ ဝင်လာတဲ့ ခရမ်းရောင် အလင်းတန်းကို တိုက်ခိုက်တယ်။

“ ဘုန်း”

“ဘုန်း”

ပေါက်ကွဲမှု နှစ်ခု ပေါ်လာတယ်။

…

တောင်ကုန်းပေါ်ကနေ ။ လူကြီး နဲ့ ရန်ရွှယ် တိုက်ခိုက်နေတာကို ။ ယွင်ချင်းဝူ ကြည့်နေတယ်။ သူမရဲ့ အမူအယာ နည်းနည်းလေး ပြောင်းသွားတယ်။ အဲ့ဒီ့နောက် သူမရဲ့ လက်တွေ ကို ဝေ့ယမ်းလိုက်တယ်။ သူ့နောက်မှာ ရှိတဲ့ နတ်ဆိုး စစ်သည်တော်တွေကို ညွှန်ကြားတယ်။ သူမရဲ့ အကြည့်တွေက တော့ ရေခဲလို အေးစက်နေဆဲ။ ယွင်ချင်းဝူ ရဲ့ အမိန့်ကို မြင်တော့ ။ စစ်သည်တော်တွေ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်တယ်။ သူတို့ တစ်ယောက်ချင်းစီ ရဲ့ မျက်လုံးထဲက ဆုံးဖြတ်ထားတဲ့ အရိပ် အယောင်တွေက မြင်သာလွန်းလှတယ်။

“သေစမ်း” စစ်သည်တော်တွေ အားလုံး တည်ီတညွှတ်တည်း အော်ဟစ်ကြတယ်။ သိပ်မကြာခင် အချိန်မှာပဲ တောင်ကုန်းပေါ်မှာ လူ သုံးယောက်သာ ကျန်ရှိတော့တယ်။ တစ်ယောက်ကတော့ ပြန်လည်မွေးဖွားမှု အဆင့် နတ်ဆိုး။ နောက်တစ်ယောက် ကတော့ သဘာဝလွန် အထွဋ် အထိပ် အဆင့် နတ်ဆိုး။ နတ်ဆိုး စစ်သည်တော် တွေ သူ့ဆီကို ပြေးဝင်လာတော့။ နန်ကုန်းဟောင် သူ့လက်ထဲက ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ ကျွတ်ဆပ်တဲ့ အသံတွေ သူ့လက်ကနေ ထွက်လာတာကို တောင် ကြားနေရပြီ။ သူ့ကြည့်ရတာ ဆုံးဖြတ်ချက် ချထားပြီး ဖြစ်တဲ့ပုံပဲ။ နတ်ဆိုး စစ်သည်တော်တွေ လူအုပ်ကြားကို ဖြတ်ဝင်လာတယ်။ သူတို့ အသွင်က ။ သိုးအုပ်ကြားက ဝံပုလွေ လိုပဲ။ လူအုပ်ထဲကို သူတို့ ဝင်လာတာနဲ့။ ကျောင်းတော်သားတွေကို ချက်ခြင်း သတ်ဖြတ်တော့တယ်။

“မြားသည်တော်တွေ ။ အသင့်ပြင်”

“ ပြစ်တော့။”

“ လှံကိုင် စစ်သည် နဲ့။ ဒိုင်းကိုင် စစ်သည်တော်တွေ ။ ငါ့နောက် လိုက်ခဲ့၊”

“ သူတို့တွေကို တိုက်ထုတ်။ ကျောင်းတော်သားတွေကို ကာကွယ်ကြ။”

အမိန့်က စစ်မြေပြင်ကို ပျံ့သွားတယ်။ မြားမိုးတွေ ရွာကျလာတာ။ နေရောင်ခြည်ကိုတောင် ဖုံးကွယ် သွားခဲ့တယ်။ ဒိုင်းတွေနဲ့ လှံတွေ ချက်ခြင်း နေရာယူလိုက်ကြတယ်။ ကျောင်းတော်သားတွေကို စောင့်ကြပ်ထားတယ်။ ဒါပေမယ့် နတ်ဆိုးတွေရဲ့ တိုက်ခိုက်မှုကိုတော့ သူတို့ မရပ်တန့်နိုင်ဘူး။ နောက်ဆုံးတော့လည်း သူတို့ တွေ အားလုံးက သဘာဝလွန် အဆင့် နတ်ဆိုးတွေလေ။ သဘာဝလွန် အဆင့် နတ်ဆိုးတွေက ။ ကောင်းကင်ရောင်ပြန် အထွဋ်အထိပ် အဆင့်ကိုတောင် လွယ်လွယ်လေး အသေသတ်နိုင်တာ။ သာမာန် စစ်သည်တွေကို တော့ ပိုပြီးတော့တောင် မဆိုသာဘူး။

“ဇွမ်းးး”

ဒီ အချိန်မှာပဲ။ ရွှေရောင် အလင်းတန်းတွေ ကောင်းကင်က ထွက်ပေါ်လာတယ်။ ဒီ အလင်းတန်းက ကြည်လင်နေတဲ့ ဓားကနေ ထွက်လာတာ။ ဒီဓားနာမည်က တည်ငြိမ်။ ပိုင်ရှင်က နန်ကုန်းဟောင်။ နန်ကုန်းဟောင်က နတ်ဆိုး စစ်သည်တော်တွေ ပြေးဝင်လာတာကို ကြည့်နေတာ။ သူရွေးချယ်မှု လုပ်တယ်။ အခုချိန်မှာ ဘာလုပ်ရမလဲ သူသိတယ်လေ။ ရွှေရောင် အလင်းတန်းကို မြင်တော့။ ရှင်ချင်းစွေ့ရဲ့ အမူအယာက ချက်ခြင်း ပြောင်းသွားတယ်။ ဒါပေမယ့် သူ ချက်ခြင်း သတိပြန်ဝင်လာတယ်။ နှုတ်ခမ်းတွေကို ကိုက်ထားရင်း နန်ကုန်းဟောင်ကို ကြည့်နေတယ်။ သူ့မှာ ပြောစရာ တစ်ခုခု ရှိနေတဲ့ ပုံပဲ။

ဒီ အချိန်မှာပဲ။ အေးခဲမျောက်မင်း ဒေသရဲ့ နံရံအောက်မှာ အက်ကွဲ ကြောင်းတွေ ပေါ်လာတယ်။ အက်ကွဲကြောင်းတွေ တစ်ဖြည်းဖြည်း ကြီးမားလာပြီး။ တံခါးတွေ အဖြစ်ကို ပြောင်းလဲ သွားတယ်။ တောင်ပိုင်း ဒေသ စစ်သည်တော်တွေ အံ့သြသွားကြတယ်။ နတ်ဆိုး စစ်သည်တော်တွေလည်း သူတို့ မြင်တာ တွေကြောင့် လန့်နေတယ်။ တံခါးတွေ ပွင့်သွားတော့။ လူရိပ်တွေ အများကြီး ထွက်ပေါ်လာတယ်။ ပုရွက်ဆိတ်တွေ အသိုက်ထဲကနေ ထွက်လာသလိုပဲ။

“ ဝူးးး ဝူးးး ဝူးးးး”

သူတို့ တွေ ထွက်လာတာ မြန်ဆန်တယ်။ ဒါပေမယ့် အစီအစဉ်တကျထွက်လာတယ်။ အရမ်းကို လျင်မြန်လွန်းတယ်။ သူတို့ က နန်ကုန်းဟောင် ဆီကို ပြေးဝင်သွားတယ်။

“ နောက်ထပ် တပ်ပုန်းတွေလား။”

“ မဟုတ်ဘူး။ ဒါက ကြီးမြတ်သော ရှ မင်းဆက်ပဲ”

“ မိုးနတ်မင်းရေ။ တကယ်ပဲ သုတို့ တွေ။”

ကျောင်းတော်သားတွေ အားလုံး ခုခံမှုကို မြင်တော့။ မျက်လုံးပြူးကုန်တယ်။ ဒီလူတွေကို ဒီမှာ မြင်ရမယ်လို့ မထင်ထားဘူး။

“ အိုး ။ ငါသဘောပေါက်ပြီ။ … သူတို့တွေက အေးခဲ မျောက်မင်း ဒေသထဲကို ဘယ်တုန်းကမှ မဝင်ခဲ့ဘူး။ နန်ကုန်းဟောင်… နင် အရည်အချင်း ရှိတယ်ဆိုတာ အံ့သြစရာ မလိုတော့ဘူး၊” ယွင်ချင်းဝူ တစ်လေးတစား နဲ့ ပြောတယ်။ စစ်မြေပြင်ထဲကို ပြေးဝင်လာတဲ့ လူတွေ ကြောင့်။ ယွင်ချင်းဝူ လန့်မသွားဘူး။ ဒါပေမယ့် နန်ကုန်းဟောင်ရဲ့ အရည်အချင်းကိုတော့ သူလေးစားတယ်။ လူရိပ်တွေက နန်ကုန်းဟောင် ရဲ့ ရှေ့မှာ ရပ်သွားတယ်။ သူတို့ အားလုံးက။ တောက်ပ ပြောင်လက်လွန်းတဲ့ သံချပ်ကာကို ဝတ်ဆင်ထားတယ်။ သူတို့ရဲ့ သံချပ်ကာတွေကို အထူး သတ္တုနဲ့ ပြုလုပ်ထားတယ်။ နောက်ပြီးတော့ ဝတ်စုံတွေမှာ ရွှေရောင် လိုင်းတွေ ရှိနေသေးတယ်။ အရိပ်နဂါးတွေ လိုပဲ။

“သခင်လေး နန်ကုန်း” သူတို့ တွေ တညီတညွှတ်တည်း ပြောကြတယ်။ သူတို့ တွေက ပုံမှန် စစ်သည်တော်တွေ ထက် ပိုပြီး ယုံကြည်ချက် ပြည့်ဝနေတယ်။ သူတို့တွေက ကြီးမြတ်သော ရှ မင်းဆက် ရဲ့ ထူးချွန်စစ်သည်တော် တွေပဲ။ နောက်ပြီးတော့ သူတို့ကို သူတို့ ဂုဏ်ယူကြတယ်။ သူတို့ ဂုဏ်ယူ သင့်တဲ့ အကြောင်းရင်းလည်း ရှိတယ်လေ။ နောက်ဆုံးတော့လည်း သူတို့ က နဂါးစစ်သည်တော်တွေပဲ။ ဧကရာဇ် ရဲ့ အထူးစစ်သည်တော်တွေ ။ သူတို့ရဲ့ ရင်ဘတ်ပေါ်က ရွှေရောင် နဂါးက သက်သေပဲ။ ဒါက ဂုဏ် အဆင့် အတန်း သင်္ကေတ တစ်ခု။ သူတို့က မင်းသားတွေကို လည်း ဦးညွှတ်စရာ မလိုသလို။ နန်းတော်ထဲကို လည်း အတားအဆီး မရှိ ဝင်ထွက်နိုင်တယ်။ ဒါက နဂါး စစ်သည်တော် အုပ်စုရဲ့ အခွင့်ထူးပဲ။

ဒီနေ့တော့ ။ နဂါး စစ်သည်တော်တွေ ဒီမှာ ပေါ်လာခဲ့ပြီ။ တောင်ပိုင်းဒေသ ရဲ့ အေးခဲမျောက်မင်း နယ်မြေ မှာ။ နောက်ပြီးတော့ ။ သူတို့က နန်ကုန်းဟောင်ကို အရမ်း လေးစားနေပုံပဲ။ လူကြီး လေးဦး။ နဂါးတပ်ဖွဲ့ကနေ ခွဲထွက်လာတယ်။ နောက်ပြီးတော့ နန်ကုန်းဟောင် ရဲ့ ဘေးမှာ ရပ်နေခဲ့တယ်။

“ သခင်လေး နန်ကုန်း ။ အမိန့် တော် အတိုင်း ဆောင်ရွက်ပြီးပါပြီ။” လူကြီး စကားစပြောတယ်။ ဒါပေမယ့် နန်ကုန်းဟောင် ရဲ့ အမိန့် အကြောင်း သူ မေးခွန်း မထုတ်ဘူး။

“ ငါသိပြီ။” နန်ကုန်းဟောင် ခေါင်းငြိမ့်တယ်။ ဒါပေမယ့် ရှင်းမပြဘူး။

“ကောင်းပါပြီ။ နားလည်ပါပြီ၊” လူကြီးက ခေါင်းငြိမ့်တယ်။ ရှင်းြပ်ချက်ကို သူ မလိုအပ်ဘူး။ နန်ကုန်းဟောင် တွေးနေတာကို သူသိပြီးသား။

“ ပိုင်ရှင်းကို ငါ့လက်အပ်ခဲ့။ တခြားသူတွေကို ဂရုစိုက်လိုက်။ ဖန်ကျန်းရှီကိုတော့…. ရန်ရွယ် နဲ့ ထားခဲ့လိုက်။” နန်ကုန်းဟောင် ခပ်မြန်မြန်ပဲ ဆုံးဖြတ်တယ်။ ဒါပေမယ့် ရန်ရွှယ့်ကို ကြည့်ပြီး ဆုံးဖြတ်ချိန် မှာတော့ သူ နည်းနည်း တွေဝေနေခဲ့တယ်။ ဒါပေမယ့် သူ့ စိတ်သူ ဆုံးဖြတ်လိုက်တယ်။ သူလုပ်ချင်တဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ဘူး။ ဒါပေမယ့် ရွေးစရာ မရှိဘူး။ အခုချိန်မှာ။ တခြားသူ တွေ ရဲ့ အကြံဉာဏ်ကို နန်ကုန်းဟောင် နားမထောင်နိုင်ဘူး။ တခြားတနည်းနဲ့ ပြောရရင်။ နတ်ဆိုးတွေက ဖန်ကျန်းရှီ အနားကို ကပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် နဂါး တပ်ဖွဲ့လည်း ကပ်နိုင်မှာ မဟုတ်ဘူး။ သူ့ကို တစ်ယောက်တည်း ထားလိုက်တာပဲ ကောင်းပါတယ်လေ။

“ ဆိုးည်စ အဇူရာ။ ရန်ရွှယ်… မင်းကို ဆိုးညစ် အဇူရာ ဝါးမျို သွားစေလို့ မဖြစ်ဘူး။” နန်ကုန်းဟောင် လှမ်းကြည့်ရင်း ပြောတယ်။ အဲ့ဒီ့နောက်။ ရပ်နေတဲ့ ပိုင်ရှင်းကို ညွှန်ပြတယ်။ ပိုင်ရှင်းကတော့ ရယ်မော နေတုန်းပဲ။ ကြည့်ရတာ။ နဂါး တပ်ဖွဲ့ ပေါ်လာတာကို မအံ့သြတဲ့ပုံပဲ။ ပြောရရင်။ သူက အတော်လေးကို စိတ်လှုပ်ရှားနေခဲ့တယ်။ အနိုင်ရမှုကို လက်လှမ်းနိုင်လိုက် သလိုပဲ။

“ မင်းရဲ့ ဝှက်ဖဲကို ထုတ်သုံးပြီးပြီ ဆိုတော့။ ဘာကျန်သေးလဲ။” ပိုင်ရှင်း လက်ညှိုး တစ်ထောင်ထောင် နဲ့ ပြောနေတယ်။

“ ခန့်မှန်းကြည့်လေ။” နန်ကုန်းဟောင်က ပိုင်ရှင်း ရဲ့ အမေးကို ချက်ခြင်း ပြန်မဖြေဘူး။ ကောင်းကင်ပြာကြီး ကိုသာ ကြည့်နေတယ်။ သူ့ကိုယ်သူ စကားပြောနေသလိုပဲ။

အပိုင်း(၃၈၈) ပြီး၏။

အပိုင်း (၃၈၉)

“ နဂါးကြီး နိုးထလာပြီ။”

အေးခဲ မျောက်မင်းဒေသကနေ ထွက်လာတည်းက။ နန်ကုန်းဟောင်ရဲ့ အမူအယာ အေးဆေး တည်ငြိမ် နေခဲ့တယ်။ ယွင်ချင်းဝူ နဲ့ ပိုင်ရှင်း ပေါ်လာတာတောင်။ သူ တည်ငြိမ် နေတုန်းပဲ။ ဒါပေမယ့် နဂါး တပ်ဖွဲ့ ပေါ်လာချိန်မှာတော့။ သူ့ပုံစံက တည်ကြည်လေးနက်သွားခဲ့တယ်။ နန်ကုန်းဟောင် ဘာတွေ တွေးနေလဲ ဘယ်သူသိနိုင်မှာလဲ။ ဖြစ်နိုင်တာက။ ပိုင်ရှင်းပြောတာ မှန်ခဲ့တယ်။ ဝှက်ဖဲ ထုတ်သုံးပြီးသွားရင် ဘာတွေ ရှိနိုင်မလဲ။ နန်ကုန်းဟောင် ပြောတာလည်း မှန်နိုင်တာပဲ။ ( ဘာထပ်ရှိအုန်းမလဲ ခန့်မှန်းကြည့်လေ)

“ အေးခဲ မျောက်မင်း ဒေသ မှာ ဖြစ်ပွားမယ့် တိုက်ပွဲက။ တောင်ပိုင်းဒေသ နဲ့ ကြီးမြတ်သော ရှ မင်းဆက် ရဲ့ အနာဂတ်ကို ဖန်တီး ပေးလိမ့်မယ်။” ပိုင်ရှင်း ဖိအားပေးလာတယ်။

“ ကြိုးစားပြီး လုပ်ကြည့်လိုက်လေ။” နန်ကုန်းဟောင်က ။ ပိုင်ရှင်းရဲ့ မျက်လုံးတွေကို စိုက်ကြည့်နေတယ်။ သူ့ မျက်လုံးတွေက ရွှေရောင် တောက်ပနေတယ်။ သူ့ဓားက ပိုင်ရှင်းကို တိုက်ခိုက်တော့တယ်။

“ ငါသာ မင်း ဖြစ်မယ်ဆိုရင်။ ဒီ လူတွေရဲ့ ကံကြမ္မာကို ဂရုမစိုက်တော့ဘူး။” ပိုင်ရှင်း ပြုံးပြရင်း ပြောတယ်။ သူကိုယ်တိုင်ကလည်း ငွေရောင် အလင်းတန်း အဖြစ် ပြောင်းလဲ သွားတယ။်

…

ဒါက အတော်လေးကို ပြင်းထန်လွန်းတဲ့ တိုက်ပွဲပဲ။ ကြီးမြတ်သောရှ မင်းဆက်ရဲ့ စစ်သည်တော် ငါးသောင်းက။ တောင်ပိုင်းဒေသ စစ်သည် တစ်သိန်းကျော် နဲ့။ နတ်ဆိုး စစ်သည်တော်တွေကို တိုက်ခိုက်နေရတယ်။ ဒါပေမယ့် နဂါး တပ်ဖွဲ့ ပေါ်လာတော့။ တောင်ပိုင်း ဒေသ စစ်သည်တော် တွေ ချက်ခြင်း ပြန် ဆုတ်ခွာသွားရတော့တယ်။ ကြည့်ရတာ အခြေအနေ အလှည့်အပြောင်း ဖြစ်သွားပုံပဲ။ ဒီ အလှည့်အပြောင်းက ခဏပဲ ဆိုတာ လူတိုင်းသိပါတယ်။ နောက်ဆုံးတော့လည်း သူတို့ ရောက်နေတာက တောင်ပိုင်းဒေသလေ။ ကြီးမြတ်သော ရှ မင်းဆက်မှ မဟုတ်ပဲ။

အကယ်၍ သူတို့သာ တိုက်ပွဲရဲ့ ကနဦးပိုင်းကို အနိုင်မယူနိုင်ရင်။ သူတို့ အသာစီး ပြန်မရခင် အချိန်ထိ ။ ကိစ္စရှိတယ်။ တောင်ပိုင်း ဒေသက အေးခဲ မျောက်မင်း နယ်မြေမှာ တပ်ပုန်းတွေ အများကြီး ချထားခဲ့တယ်။ ထုံးစံ အတိုင်း ။ အပြင်ဘက်မှာ တပ်ပုန်းတွေ ပိုချထားမှာ အမှန်ပဲ။ စစ်တပ်ကြီးသာ ပိတ်ဆို့ခံလိုက်ရရင်။ သေတာကမှ ပိုကောင်းအုန်းမယ်။ ရှင်ချင်းစွေ့ နဲ့ ဝူဖုန်း တို့ နှစ်ယောက်လုံး ဒါကို ကောင်းကောင်းသိတယ်။ ဒါပေမယ့် ဝူဖုန်းကတော့ ရန်ရွယ့် ကို ပိုအာရုံစိုက်တယ်။ ရန်ရွှယ်က အမြဲတမ်း အေးစက်နေတာ ဆိုပေမယ့်။ သူနဲ့က ငယ်ငယ်တည်းက သိခဲ့ကြတာ။ ရန်ရွှယ့်ကို အတွေးအခေါ် စာမေးပွဲမှာ ရှုံးနိမ့်ခဲ့တာက ။ သူ့ကို သိသိသာသာ အထိနာစေတယ်။ ဒါပေမယ့် ရန်ရွှယ့်ကို တော့ သူ မမုန်းဘူး။ နောက်ဆုံးတော့လည်း သူက ရန်ရွှယ် နဲ့ အတူတူ ကြီးပြင်းလာခဲ့တာပဲလေ။ ရန်ရွယ်က သူ့ရဲ့ ညီအစ်ကို တစ်ယောက်လိုပဲ။ ညီငယ်လေးက အကိုကြီးကို ကျော်တက်သွားတာ ထူးဆန်းတယ် ဆိုပေမယ့်လည်း ။

ရန်ရွယ့်ကို ဆိုးညစ် အဇူရာ ဝါးမျို သွားတာကိုလည်း မကြည့်နိုင်ဘူးလေ။ ရန်ရွယ့်ကို နတ်ဆိုးသတ်သွားမှာ ကိုလည်း မမြင်ချင်ဘူး။ ကျောက်စိမ်းပုလွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ သူ့ စိတ်ထဲမှာတော့ ဆုံးဖြတ်ချက် ချလိုက်ပြီ။ ဝူဖုန်းအပြင်။ ယွင်ချင်းဝူလည်း ရန်ရွှယ့်ကို အာရုံစိုက်နေခဲ့တယ်။

“ သူ အကူအညီ လိုနေပြီ ထင်တယ်။” ယွင်ချင်းဝူ တစ်ကိုယ်တည်း တီးတိုးပြောနေခဲ့တယ်။ ဒါပေမယ့် သူမ နောက်က စစ်သည်တော် နှစ်ယောက် အတွက်တော့ ဒါက အမိန့်ပဲ။

“ ကျွန်တော်သွားပြီး ကူညီ ရမလား။” အစိမ်းရောင် မျက်လုံး နဲ့ နတ်ဆိုးက မေးတယ်။

“ ဝူကျီ သွားလိမ့်မယ်။” ယွင်ချင်းဝူ ခေါင်းခါလိုက်တယ်။

“ ကျွန်တော်လား။ အရှင်သခင်ငယ် ရဲ့ လုံခြုံမှုကိုကော။” အနီရောင် မျက်လုံး နဲ့ နတ်ဆိုးက။ ယွင်ချင်းဝူ ပြောတာ ကြားတော့ တွေဝေသွားတယ်။

“ ငါ အဆင်ပြေတယ်။ ” ယွင်ချင်းဝူ ပြန်ဖြေတယ်။

“ ကျွန်တော် နားလည်ပါပြီ။ မကြာခင် ပြန်လာခဲ့မယ်။” ဒုတိယ စကားတောင် မဆုံးသေးဘူး။ ဝူကျိ သူ့ နေရာကနေ ပျောက်ကွယ် သွားပြီ။ အောက်ဘက်က တိုက်ပွဲကတော့ ပြင်းထန်နေတယ်။ တောင်ကုန်းပေါ်ကနေ ပြေးဆင်းလာတဲ့ အလင်းတန်းက သိပ်ပြီး အာရုံစိုက် မခံရဘူး။ ဒါပေမယ့်။ အလင်းတန်းက ရန်ရွယ့် ဆီကို ပြေးဝင်လာတဲ့ အချိန်မှာတော့။ ပြင်းထန်တဲ့ လူသတ်ငွေ့တွေကို ဝူဖုန်း ချက်ခြင်း ခံစားလိုက်ရတယ်။

“ အိမ်မက် မက်နေလိုက်။” ဝူဖုန်း အော်ဟစ်ရင်း။ အလင်းတန်းကို ကြယ်တံခွန် တစ်ခုလို ဝင်တိုက်တယ်။ ဝူဖုန်းက ဂီတ တာအို ပညာရှင်။ အနီးကပ် တိုက်ပွဲမှာ သူ အရေးမသာ နိုင်ဘူး။ တိုက်ပွဲကို အမြဲတမ်းအသာစီး ရအောင် အဝေးကပဲ တိုက်ခိုက်တယ်။ ဒါပေမယ့် ဒီ တစ်ကြိမ်မှာတော့။ ရှေ့ကို ပြေးထွက်သွားဖို့ သူ မတွေေ၀ နေခဲ့ဘူး။ သူ့လုပ်ရပ်နဲ့ အတူ။ သူ့လက်ထဲက ကျောက်စိမ်းပုလွေ လည်း လင်းလက်လာတယ်။ ရေပြင်တစ်ခုက ကာဆီးလိုက်သလိုပဲ။ အလင်းရောင်က ဝူဖုန်း ရဲ့ လက်မောင်းမှာ တောက်ပလာတယ်။ ထူးဆန်းတဲ့ ပုံရိပ်သဏ္ဍာန် တစ်ခု ဖြစ်ပေါ်လာတယ်။ အစိမ်းရောင် တိမ်သဏ္ဍာန်က ဝူဖုန်းရဲ့ လက်မောင်း တစ်ခုလုံး ကို လွှမ်းမိုးသွားတယ်။ တဖြည်းဖြည်းချင်းချင်း ရင်ဘတ် အထိ ရောက်သွားတယ်။

“အိုးး” ခပ်တိုးတိုး အံ့သြသံ တစ်ခု ထွက်ပေါ်လာတယ်။ အဲဒီ့နောက်။ အလင်းတန်းနဲ့ လူသား ထိခိုက်သွားတယ်။ ကြိုးပြတ်တဲ့ စွန် တစ်ခုလို ဝူဖုန်း လွင့်ထွက်သွားတယ်။ ပါးစပ် အပြည့် သွေးတွေ အန်ကျတဲ့ အပြင်။ သူ့ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့တယ်။ သူတို့ တိုက်မိတဲ့ နေရာမှာ အနီရောင် နတ်ဆိုး မျက်လုံး နဲ့ လူကြီး တစ်ယောက် ရပ်နေတယ်။ သူကတော့ ဝူကျီ။ ဝူကျီရဲ့ အကျီတွေက နေရာနည်းနည်း ဆုတ်ပြဲ နေတယ်။ သူ့ လက်မောင်းက အနည်းငယ် တုန်ယင်နေခဲ့တယ်။

“ နောက်ထပ် မကြိုးစားနဲကတော့ အသုံး မဝင်ဘူး။” ထရပ်ဖို့ ကြိုးစားနေတဲ့ ဝူဖုန်း ကို ဝူကျီ လှမ်းပြောတယ်။

“ ငါ မတိုက်ခိုက်ရင်။ တကယ့်ပဲ အသုံးမဝင် တဲ့သူ ဖြစ်သွားလိမ့်မယ်။ ” ဝူဖုန်း သူ့ နှုတ်ခမ်းသူ ကိုက်ထားတယ်။ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီး ကျနေတယ်။ ကိုယ်တွင်းက သွေးလား။ နှုတ်ခမ်းက သွေးလား ။ ခွဲခြား မရနိုင်ဘူး။

“ မင်းရဲ့ အရည်အချင်း နဲ့ ဆိုရင်။ နောင် ဆယ်စုနှစ် အတွင်းမှာ ငါ့ကို အနိုင်ယူနိုင်မှာပဲ။” ဝူဖုန်း လက်က တိမ်သဏ္ဍာန်ကို ကြည့်ရင်း ဝူကျီ ပြောတယ်။

“ ငါသိတယ်။ ” ဝူဖုန်း ယတိပြတ်ပြောတယ်။

“ အင်း။ မင်းကို ငါ အခွင့်အရေး ပေးလို့ရတယ်။ ငါမင်းကို မမြင်ချင်ယောင် ဆောင်ပေးမယ်။”

“ ဒါပေမယ့် ငါကတော့ မင်းကို မြင်သွားပြီ။”

“ ကောင်းပြီလေ။ ဒီလို ဖြစ်မှာတော့။ သေပေရော့” ဝူကျီ ခေါင်းငြိမ့်ရင်း ဓားနဲ့ ခုတ်တယ်။ အလင်းတန်းလေး တစ်ခု ဓားထိပ်ကနေ ထွက်လာတယ်။ ကြည့်ရတာ ပုံမှန် အလင်းတန်း လိုပဲ။ ဒါပေမယ့် အလင်းတန်းကို မြင်တော့ ဝူဖုန ်း မျက်နှာ ဖြူရော်သွားတယ်။ နှုတ်ခမ်းကို ကိုက်ထားရင်း။ ချက်ကောင်းကို ထိမယ့် အချိန် သူစောင့်နေတယ်။

“ ဘုန်းးး” သွေးတွေ ဖွားခနဲ ပန်းထွက်လာပြီ။ ဝူဖုန်း ခေါင်းငိုက်စိုက်ကျ သွားတယ်။ သူ့ ရင်ဘတ်မှာ ဒဏ်ရာတစ်ခု။ ဒဏ်ရာက နက်လွန်းလို့ အရိုးတွေတောင် မြင်နေရပြီ။ သူ့မျက်လုံးတွေ မှိတ်နေတယ်။ မျက်နှာကတော့ ဖြူဖျော့ သွေးဆုတ်နေပြီ။ ဒါပေမယ့် သူ့ ကျောက်စိမ်းပုလွေ ကတော့ ၇န်ရွှယ့်ကို ညွှန်ပြ နေတုန်းပဲ။

“ဝူဖုန်း။”

“သခင်လေးဝူ။”

ကျောင်းတော်သားတွေ အော်ခေါ်နေတယ်။ သူတို့ မျက်လုံးတွေမှာ သနားကြင်နာရိပ်တွေ ထင်ဟပ်တယ်။ သူတို့ ရဲ့ အဆုံးသတ် မကြာခင် ရောက်လာတော့မှာကို သိနေတယ်။

…

ရန်ရွှယ့် ပုံစံကတော့ အသက်မဲ့နေ တုန်းပဲ။ ဖန်ကျန်းရှီကို တိတ်တဆိတ် စောင့်ကြပ်နေတယ်။ အနီရောင် အလင်းတန်းက သူ့ မျက်လုံးထဲမှာ လည်ပတ်နေတယ်။ သူ ဘာကိုမြင်နေရလဲ။ မခန့်မှန်းနိုင်ကြဘူး။ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကို ကျစ်ကျစ်ပါအောင် သူ ဆုပ်ကိုင်ထားတယ်။ သွေးစက်တွေက မြင်ရတာ နာကျင်စရာ ကောင်းတယ်။

“ ဝူ … ဝူ … ဝူ ဖုန်း” အသံ တိုးတိုးလေး တစ်ခု ရန်ရွှယ့် ဆီက ထွက်လာတာကို ကြားလိုက်ရတယ်။ ဒီ စကား သံ ထွက်လာတာနဲ့ ။ သူ့ မျက်လုံးက အနီရောင် အလင်းတန်းတွေ ပျောက်ကွယ်သွားတယ်။ အခုချိန်မှာတော့ သူ့ မျက်လုံးက ထွင်းဖောက် မြင်နေရပြီ။ ဖုန်မှုန့်တွေ အပြည့်အသိပ် သူ့ မျက်လုံးထဲ ရောက်နေသလိုပဲ။ မျက်လုံးက နီရဲနေပင်မယ့်။ တဖြည်းဖြည်းချင်းစီ ပိုပြီး ကြည်လင်လာတယ်။

“ ဝူဖုန်း” ရုတ်တရက် ဆိုသလို။ ရန်ရွှယ်က ဝူဖုန်းနာမည်ကို အော်ဟစ်လိုက်တယ်။ အနီရောင် အလင်းတန်းတွေ ပေါက်ကွဲထွက်လာတယ်။ အလင်းတန်းက အစပိုင်းမှာ မှိန်ဖျော့နေတယ်။ အခုချိန်မှာတော့ ။ တဖြည်းဖြည်းချင်းစီ ပိုပြီး တောက်ပလာတော့တယ်။

“ ဘာတွေ ဖြစ်ကုန်တာလဲ။” ရန်ရွှယ့် ရင်ဘတ်က အနီရောင် အလင်းတန်းကို ကြည့်ရင်း။ ဝူကျီ စိတ်ရှုပ်ထွေးနေတယ်။ ရန်ရွှယ်က ဆိုးညစ် အဇူရာ ဝါးမျိုးတာကို ခံလိုက်ရသင့်နေပြီလေ။ ဒါပေါ့။ ရန်ရွှယ်က ဆိုးညစ် အဇူရာ ဝါးမျိုတာ ခံနေရတုန်းပဲ။ ရင်ဘတ်နားမှာ ပိုပြီး လင်းလက်လာတဲ့ အနီရောင် အလင်းတန်းက ။ သူ့ကို ပိုပြီး ဝါးမျိုလာတယ်။ ဒါဆိုရင်။ ဘာလို့ များ ရန်ရွယ်က စကား ပြောနိုင်တာလဲ။ ဝူကျီ နားမလည်နိုင်ဘူး။ လူကြီးက ရန်ရွယ် နဲ့ တိုက်ပွဲ တိုက်ပြီးတဲ့နောက်။ သူ နားမလည်နိုင် ဖြစ်နေတယ်။ ဆိုးညစ်အဇူရာကနေ လူတစ်ယောက်က ဘယ်လိုများ လွတ်မြောက်နိုင်ရ တာလဲ။ နတ်ဆိုး မျိုးနွယ်စု ခေါင်းဆောင် နှစ်ယောက် အတော်လေး စိတ်ရှုပ်ထွေးနေတယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်ရှုပ်ထွေးမှုက အံ့သြမှု အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။ ရန်ရွှယ့် ရဲ့ ပုခုံးပေါ်ကို လက်တင်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ ဒီ လက်မောင်းက ခရမ်းရောင် အလင်းတန်း တွေနဲ့ ရစ်ပတ်နေတယ်။

ခရမ်းရောင် အလင်းတန်းက ။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဓားကနေ မူလအရင်းအမြစ် အဖြစ် ထွက်ပေါ်လာ တာ။ ဓား တစ်ချောင်းလုံး လက်ကိုင်ကနေ အသွားအထိ။ ထူးထူးဆန်းဆန်း ခရမ်းရောင် အလင်းတန်း တောက်ပနေတယ်။

“ ဖန်…. ဖန်ကျန်းရှီ လား။” လူတစ်ယောက်ကြောင့် လန့်တာမျိုး ဝူကျီ ဖြစ်ခဲတယ်။ နောက်ဆုံးတော့လည်း။ သူက ပြန်လည်မွေးဖွားမှု အဆင့် နတ်ဆိုး တစ်ယောက်လေ။ ဒါပေမယ့် အခုတော့။ ရှင်းပြလို့ မရတဲ့ အကြောင်းရင်း တစ်ချို့ကြောင့်။ သူ အတော်လေးကို မသက်မသာ ဖြစ်နေတယ်။ ဝူကျီနောက်က လူကြီး လည်း ထပ်တူညီစွာပဲ မျက်လုံးပြူးနေတယ်။ ဖန်ကျန်းရှီကို ကြည့်ရင်း သူ နောက်ဆုတ်သွားတယ်။ ဒါပေမယ့် ခြေလှမ်း သေးသေးလေး တစ်ခုပဲ။ သူ ဘာတွေ တွေးနေလဲ ဆိုတာ ဖော်ပြဖို့ အတွက် လုံလောက်တယ်။

“ ဖန်ကျန်းရှီ မသေဘူး။”

“ ဒါက … ဖန်ကျန်းရှီ ဖြစ်နေတုန်းပဲလား။”

“ ဘာတွေ ဖြစ်နေတာလဲ။ ဘာ …. ဘာလို့။ ငါ့စိတ်ထဲ အရမ်းကြောက်နေရတာလဲ။”

ကျောင်းတော်သားတွေ အားလုံးလည်း ရန်ရွှယ့် နောက်က ပုံရိပ်ကို သတိထားမိကြတယ်။ သူ့ပုံစံကို ရင်းနှီးတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဝေးကွာနေသလိုပဲ။ ယွင်ချင်းဝူရဲ့ အမူအယာ ချက်ခြင်း ပြောင်းသွားတယ်။ ရန်ရွယ့် နောက် လူကို ယွင်ချင်းဝူ ချက်ခြင်း သိတယ်။ ဒီ တစ်လျှောက်လုံးမှာ။ ဖန်ကျန်းရှီ ဆိုတာ စကားလုံးတွေနဲ့ မဖောြ်ပနိုင်တဲ့ သူလို့ သတ်မှတ်ထားခဲ့တာ။ သူ့ရဲ့ အငွေ့အသက်က သူမကို အမြဲ ခြိမ်းခြောက်နေခဲ့တယ်။ ဒါပေမယ့် အခုတော့။ ဒီ အရှိန်အဝါက ကုန်သွားပြီ။

ဖန်ကျန်းရှီက ခရမ်းရောင် အလင်းတန်းတွေ ဝိုင်းပတ်ထားတဲ့ ။ နတ်ဝိဉာဉ် တစ်ခုလိုပဲ။ ခြေရာမဲ့ ဓားက အခုချိန်မှာ ခရမ်းရောင် အစိုင်အခဲ ဓားတစ်လက် ဖြစ်နေခဲ့ပြီ။ ဖန်ကျန်းရှီ ရဲ့ လက်မောင်းတောင် ခရမ်းရောင် အလင်းတန်း တွေ နဲ့ လွှမ်းခြုံထားပြီ။ သူ့ရဲ့ သွေးကြောတွေ ထဲမှာတောင်ခရမ်းရောင်တွေ လှည့်ပတ်နေတယ်။ ဖန်ကျန်းရှီ ရဲ့ မျက်လုံးတွေလည်း ခရ်မးရောင် ဖြစ်နေပြီ။ ရန်ရွယ့် မျက်လုံးတွေက အနီရောင် ဖြစ်တာ အဇူရာ တာအိုကြောင့်။ ဒါက နားလည်လို့ ရတယ်။ နောက်ဆုံးတော့လည်း ဒါက ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူတွေပဲ လုပ်လို့ရတာလေ။ ဒါပေမယ့် ဖန်ကျန်းရှီကကော။ ပြန်လည်မွေးဖွားမှု အဆင့်ပဲလား။

ဘယ်ဟုတ်မလဲ။ သူ့ရဲ့ အားသာချက်က စိတ်အာရုံနယ်မြေထဲမှာ တာအို ၃၈၈ ခု ၇ှိတာလေးပဲ။ ဒါပေမယ့် အခုချိန်မှာတော့။ တာအို တစ်ခုတည်းပဲ သူတို့ ကိုယ်ထဲမှာ လှည့်ပတ်နေတယ်။ သတ်ဖြတ်မှု တာအို။ သူ့ရဲ့ သတ်ဖြတ်လိုငွေ့တွေ ကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ အဇူရာ တာအို ရဲ့ အေးစက်မှုက အကောင်းနဲ့ အဆိုး ပေါင်းစည်းမှု ကနေ ဖြစ်ပေါ်လာတာ။ ဖန်ကျန်းရှီ ရဲ့ အေးစက်တဲ့ အငွေ့အသက် ကတော့။ သူ့ရဲ့ အရိုးထဲ ကနေ ထွက်ပေါ်လာတာ။ ဒါက လူသတ်ငွေ့တွေပဲ။ မဖုံးမဖိ နိုင်အောင် ပြင်းထန်လွန်းတယ်။

“ သူ နိုးလာပြီလား။” ယွင်ချင်းဝူ မျက်လုံးပြူးနေတယ်။ ဒီလို အံ့သြတာမျိုး ဖြစ်ခဲပါတယ်။ အစိမ်းရောင် နတ်ဆိုး မျက်လုံး နဲ့ မျိုးနွယ်စု ခေါင်းဆောင်လည်း။ တုန်လှုပ်နေတယ်။ သူ့ ဓားကိုတောင် ထုတ်ထားလိုက်ပြီ။

…

ရန်ရွှယ့် ကိုယ်က တုန်ယင်နေတယ်။ သူ့ တုံ့ပြန်မှုက သေးငယ်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ လက်ကနေ ထွက်တဲ့။ ခရမ်းရောင် အလင်းတန်းတွေ ရန်ရွှယ့်။ ကိုယ်ကို လွှမ်းခြုံလာတော့တယ်။ ဆိုးညစ် အဇူရာ ဝါးမျိုတာကို ခံလိုက်ရတဲ့ လူတစ်ယောက် တစ်ယောက်အတွက်။ ဒါ မျိုးက သိပ်ပြီး ဖြစ်နိုင်ချေ မရှိဘူး။ ဆိုးညစ် အဇူရာ ဝါးမျိုခံရတဲ့ လူတစ်ယောက်က သူ့ ကိုယ်ကို အခြား စွမ်းအင်ထိတာမျိုး လက်ခံမှာလား။ ဒါပေမယ့် ရန်ရွယ်ကတော့ မတုံ့ပြန်ဘူး။ နေရာမှာပဲ တိတ်တိတ်လေး ရပ်နေတယ်။ သူ့ ကိုယ်ကတော့ ဆက်ပြီး တုန်ယင်နေတယ်။ အဲ့ဒီ့နောက် မျက်လုံးတွေ ပိတ်သွားတယ်။ ဖြည်းဖြည်းချင်း ငြိမ်သက်သွားတယ်။

လူတိုင်း မျှော်လင့်ထားတဲ့ အတိုင်းပဲ။ ရန်ရွယ်က မြောနေတဲ့ အဆင့်ကို ရောက်သွားပြီ။ သူတို့ တစ်ယောက် ကမှ မထင်ထားခဲ့ဘူး။ ဖန်ကျန်းရှီက ရန်ရွယ့်ကို ဒီလို အခြေအနေ ရောက်အောင် လုပ်ပေးတဲ့ သူ ဖြစ်မယ်လို့။ ဖန်ကျန်းရှီက စိတ်ရှုပ်နေတဲ့ အကြည့်တွေကို ရှင်းပြဖို့ ရာ စိတ်ကူး မရှိပါဘူး။ ရန်ရွယ့် ကို ဖြည်းဖြည်းချင်း ပုတ်ပေးနေတယ်။ အဲ့ဒီ့နောက် သွေးအိုင်ထဲမှာ လဲကျနေတဲ့ ဝူဖုန်းကို ကြည့်လိုက်တယ်။

ဝူကျီ နဲ့ ။ ဝူကျီ ဘေးက လူကြီးကို လှည့်ကြည့်တယ်။ ခရမ်းရောင် အလင်းတန်းက သူ့ ခြေထောက် အောက်ကနေ ဖြည်းဖြည်းချင်း မြင့်တက်လာတယ်။ သူ့ ကိုယ်ခန္ဒာကို နဂါး တစ်ကောင်လို လှည့်ပတ်နေတော့တယ်။ နန်ကုန်းဟောင် နဲ့ ပိုင်ရှင်း တို့လည်း ဒါကို မျက်မြင် တွေ့တယ်။

ပိုင်ရှင်း မျက်လုံး ပြူးသွားတယ်။ သူ့ မျက်နှာပေါ်က ခပ်ထေ့ထေ့ အပြုံး ပျောက်ကွယ်သွားတယ်။ ဖန်ကျန်းရှီ ကို ကြည့်ရင်း အရမ်း အရမ်းကို မသက်မသာ ဖြစ်လာတယ်။ နန်ကုန်းဟောင်လည်း ထပ်တူညီစွာပဲ အံ့အားသင့်နေတယ်။ ဖန်ကျန်းရှီမှာ တာအို တွေ အများကြီး ရှိတယ် ဆိုတာ ကြားတဲ့ အချိန် ။ အံ့သြမှု နဲ့ မတူညီဘူး။ အခုတစ်ကြိမ်မှာတော့ ။ သူ အတော်လေးကို စိတ်ရှုပ်ထွေးနေခဲ့တယ်။ ဒါက တာအို ၃၈၈ ခုရဲ့ အစွမ်းလား။ မဟုတ်ဘူး။ ဒါက တာအို တစ်ခုတည်း ရဲ့ အစွမ်း။ သတ်ဖြတ်မှု တာအို ။

ဘာလို့ များ ဒီလို တာအို ရှိနေတာလဲ။ ဒီ ပြင်းထန်တဲ့ တိုက်ပွဲက တစ်ခဏ ရပ်တန့် သွားတယ်။ ခဏချင်းမှာပဲ။ ခရမ်းရောင် အလင်းတန်းက ကောင်းကင်ကို ထိုးတက်သွားတယ်။ ဒါက ခရမ်းရောင် နဂါး တစ်ကောင်ပဲ။

“သေစမ်း။” အရိုးထဲကို စိမ့်ချမ်းသွားစေတဲ့ အော်ဟစ်သံ။ နဂါးကနေ ထွက်ပေါ်လာတယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီ။ သူရပ်နေတဲ့ နေရာကနေပျောက်ကွယ်သွားပြီ။

အပိုင်း (၃၈၉) ပြီး၏။

အပိုင်း (၃၉၀)

“ ပြန်လာတဲ့ နဂါး”

…

ဖန်ကျန်းရှီ နိုးနေတာလား။ အိပ်ပျော်နေတုန်းပဲလား။ သူ့ကိုယ်သူ မသိဘူး။ သူ မှတ်မိတာကတော့ ။ ရန်ရွှယ် တိုက်ခိုက်တာ ခံရပြီးတဲ့နောက်။ ထူးဆန်းတဲ့ အိပ်မက်ထဲကို ရောက်သွားတာပဲ။

ဒီ အိမ်မက်ထဲ မှာ သူ့ ရဲ့ စိတ်အာရုံနယ်မြေထဲကို ရောက်နေတယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်အာရုံ နယ်မြေက အရင်အချိန် နဲ့ မတူညီဘူး။ အတော်လေးကို ကွာခြားနေတယ်။ ဒီ တစ်ခေါက်မှာ။ သစ်ပင်ကြီးရဲ့ သစ်သီးတွေပေါ်မှာ ထူးခြားတဲ့ ပုံရိပ်တွေ ဖြစ်ပေါ် နေတယ်။ အဖြူရောင် မြူနှင်းပင်လယ်ကလည်း တလက်လက် တောက်ပနေတယ်။

ဒါပေါ့။ သူ့ အာရုံကို ဖမ်းစားလိုက်တဲ့ သစ်သီးတွေ ကတော့ ခရမ်းရောင် အသီးတွေပဲ။ တောက်ပတဲ့။ ကြည်လင်တောက်ပနေတဲ့ ခရမ်းရောင် အလင်းတန်းက သစ်သီးကနေ တောက်ပနေတယ်။ တောက်ပ သထက် တောက်ပလာပြီးနောက်။ စိတ်အာရုံနယ်မြေ တစ်ခုလုံး ကိုတောင် ခရမ်းရောင် ပြောင်းသွားစေလိုက်တယ်။ သစ်ပင်ကြီးတောင် ခရမ်းရောင် ပြောင်းနေပြီ။ ခရမ်းရောင်က ပို ပိုပြီး သိပ်သည်းလာတယ်။ ဖန်ကျန်းရှီ လည်း နှလုံးသားထဲက ဒေါသတွေ ထွက်ပေါ်လာတာကို ခံစားနေရတယ်။ သူ့ကိုယ်သူ ထိန်းချုပ်မှု ပျောက်ဆုံးသွားပြီလို့ တောင် ထင်နေတာ။ နောက်ပြီးတော့ သူ စိတ်လွတ်သွားတော့တယ်။

အဆုံးသတ်မှာတော့။ သူ့ မျက်လုံးကို ပြန်ဖွင့်လိုက်တဲ့ အချိန်။ ရှေးဟောင်း မြို့တော်ကြီးကို မြင်လိုက်ရတယ်။ ဒီ မြို့ကြီးကို အနီရောင် ကျောက်တုံးတွေ နဲ့ လုပ်ထားတာ။ ခပ်ဝေးဝေး ကနေ ကြည့်ရင်။ ကြီးမားတဲ့ သားရဲကောင်ကြီး သွေးအိုင်ထဲမှာ ရေချိုး ဆင်းနေသလိုပဲ။ နီရဲနေတဲ့ မြို့ကြီး ရဲ့ အထက်မှာ ။ ထင်ထင်ရှားရှားရေးထားတဲ့ စာလုံး နှစ်လုံး ရှိနေခဲ့တယ်။ ( သွေးအရိပ် မြို့တော်)

သွေးအရိပ် မြို့တော်ဆိုတာ ဘာမှန်း ဖန်ကျန်းရှီ သိတယ်။ ဒါပေမယ့် ဒီလို နေရာကြီးကို ဘာလို့ အိမ်မက် မက်ရလဲ သူ နားမလည်ဘူး။ ပြောရရင် သူ တစ်ခါမှ မရောက်ဖူးဘူးလေ။ တစ်ခါမှ မရောက်ဖူးတဲ့ နေရာကို ဘယ်လိုများ အိမ်မက်မက်ရတာလဲ။ ကောင်းပြီလေ။ ဒါက အရေးအကြီးဆုံး အချက် မဟုတ် သေးဘူး။ အရေးအကြီးဆုံးက။ ဓားတစ်ချောင်းကို မြင်နေရတာပဲ။ ဒီ ဓားက ကောင်းကင်ကို ထိုးတက်နေတယ်။ ဒေါသထွက်နေတဲ့ နဂါး ကြီးတစ်ကောင်လိုပဲ။ အော်ဟစ်တယ်။ မြေပြင်တွေတောင် တုန်ခါကုန်တယ်။ လွတ်လပ်မှုကို သူ ခံစားနေပုံပဲ။ အဲ့ဒီ့နောက်။ မြေပြင်ကို အင်အား အပြည့်နဲ့ ဝင်ဆောင့်တယ်။ သူ့ အင်အားကို ြပ်တယ်။ ဒါကို ( ပြန်လာတဲ့ နဂါး) လို့ လူသိများတယ်။

…

ခရမ်းရောင် နဂါးကြီးက ကောင်းကင်မှာ စက်ဝိုင်းပုံစံ လည်ပတ်နေတယ်။ နောက်ဆုံးတော့ ခရမ်းရောင် အလင်းတန်း အဖြစ်ကို ပြောင်းလဲ သွားတယ်။ အဲဒီ့နောက်။ ဝူကျီ နောက်က သတ်လတ်ပိုင်း လူကြီး ဆီကို တည့်တည့် ဆင်းချလာတယ်။

“ သေစမ်း”

ခရမ်းရောင် နဂါးကြီး ရဲ့ အော်သံက ။ လူတိုင်းကို အရိုးထဲထိ စိမ့်ချမ်းသွားစေတယ်။ လူကြီးက ခရမ်းရောင် အလင်းတန်းကို ငေးကြည့်နေတယ်။ ဒါက ဖန်ကျန်းရှီ ဆီက လာမှန်း သိတယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီက ကောင်းကင်ရောင်ပြန် အထွဋ်အထိပ် အဆင့်ပဲ ရှိနေမှန်းလဲ သိတယ်။ ဒီလို ဘာမဟုတ်တဲ့ ကောင်လေး တိုက်ခိုက် တာကတော့ ။ ဂရုစိုက်စရာတောင် မလိုဘူး။ ဒါပေမယ့် ခရမ်းရောင် အလင်းတန်း က သူ့ဆီကို တည့်တည့် ဆင်းလာတဲ့ အချိန် မှာတော့။ ပြင်းထန်လွန်းတဲ့ ကြောက်ရွံ့မှုကို ခံစားလိုက်ရတယ်။ ဘာကြောင့်လဲ ဆိုတာ သူ နားမလည်နိုင်ဘူး။ ဒီ အလင်းတန်းက သူ လာရာ လမ်းတစ်လျှောက်မှာ ရှိတဲ့ အရာတိုင်းကို ဖျက်ဆီးဖို့ အင်အား အလုံအလောက်ရှိနေတာကြောင့် များလား။ ဒါမှ မဟုတ်။ ဒီ အလင်းတန်းက ထွက်ပေါ်နေတဲ့ အရှိန်အဝါ ကြောင့်လား။

အငွေ့အသက် ကတော့ အထီးကျန်တယ်။ ထိပ်ဆုံးမှာ ရောက်နေတဲ့ လူတစ်ယောက် ရဲ့ အထီးကျန်မှု လို အငွေ့အသက်တွေ။ တစ်ချက်လေး ထိတွေ့မိရုံနဲ့ ။ ကြယ်တာရာတွေကို ကြွေကျသွားတဲ့ အစွမ်းတွေ ပါဝင်နေသလိုပဲ။ လူကြီးက ဓားကို ကျစ်ကျစ်ပါအောင် ကိုင်ထားမိတယ်။ ဒီ တိုက်ခိုက်မှုက ဘယ်လောက်တောင် အင်အားကြီးလဲ သူမသိဘူး။ ဒါပေမယ့် သူ ခံစားနေရတဲ့ ခံစားချက် ကတော့ အရမ်းကို အင်အားပြင်းထန်လွန်းတယ်။ အင်အားပြင်းထန်လွန်းလို့။ နေရာကနေ ထွက်ပြေး ချင်မိတဲ့ အထိပဲ။ ဒါပေမယ့် ။ သူ ပြေးလို့ မရဘူး။ ခုန်ရှောင်လို့လည်း မရဘူး။ မဖြစ်နိုင်ဘူး။ သူက ပိုပြီး သန်မာတဲ့ မျိုးနွယ်ပဲ။ ဂုဏ်သိက္ခာတွေ မာနတွေ သူ့ မှာ အကုန်ရှိတယ်။ ဒါ့အပြင်။ ယွင်ချင်းဝူက သူ့ နောက်မှာ တိုက်ခိုက်တာကို ကြည့်နေတယ်။

သူ့ဓားက ရန်ရွယ် နဲ့ တိုက်မိပြီးတော့။ အမှတ်အသား ဖြစ်နေခဲ့ပြီ။ ဒီ အချက်ကို သူ သိပ်ဂရုမစိုက်ဘူး။ သူက ပြန်လည် မွေးဖွားမှု အဆင့်လေ။ ဓား ထိခိုက်သွားရင်တောင် ။ သူက အင်အားကြီးနေဆဲပဲ။ သူ့ ဓားကို ပြန်မြှောက်လိုက်တယ်။ ဓားက ခရမ်းရောင် တောက်ပလာတယ်။ မိုးကြိုး အလင်းတန်းတစ်ခုလို သူ ပြေးထွက်သွားတယ်။ သူ့ ဆီကို လာနေတဲ့ ခရမ်းရောင် အလင်းတန်း ဆီကို တည့်တည့် ဝင်တိုက်တယ်။

“ ဘုန်း။”

ခရမ်းရောင် အလင်းတန်း နှစ်ခု ထိတွေ့တဲ့ နေရာမှာ။ ကျောက်တုံးတွေ ပေါက်ကွဲကုန်တယ်။ အလင်းတန်း နှစ်ခုက တစ်ခုကို တစ်ခု ဆုတ်ဖြဲနေတယ်။ ခရမ်းရောင် နဂါးကြီး ရဲ့ အော်သံက ပဲ့တင့် ထပ်လာခဲ့တယ်။ အဲ့ဒီ့နောက်။ တိတ်ဆိတ်သွားတယ်။ လုံးဝကို တိတ်ဆိတ်သွားတာ။ ကြားနိုင်တဲ့ တစ်ခုတည်းသော အသံကတော့ အော်ဟစ်နေတဲ့ နဂါးကြီးရဲ့ အေးစက်စက် အသံပဲ။ ဒါ့ အပြင်။ နောက်ထပ် တခြား ဘာအသံ မှ ကို မကြားရတော့တာ။

တိုက်ပွဲ က လူတိုင်းရဲ့ စိတ်အာရုံကို ဖမ်းစားသွားပြီ။ ကြီးမြတ်သော ရှ မင်းဆက်က စစ်သည်တော် ငါးသောင်းတောင် တိုက်ခိုက်တာကို ရပ်ထားပြီ။ ခရမ်းရောင် အလင်းတန်း နှစ်ခု တိုက်ခိုက်တာကို ကြည့်နေကြတယ်။ တောင်ပိုင်းဒေသ စစ်သည်တော်တွေ အားလုံးလည်း ကြောက်လန့်တကြား ကြည့်နေကြတယ်။ ကျောင်းတော်သားတွေဆို အသက်တောင် မရှူနိုင်တော့ဘူး။ နတ်ဆိုး စစ်သည်တော် တွေ လည်း အသက်ရှူတောင် ရပ်နေပြီ ထင်ရတယ်။ ခရမ်းရောင် အလင်းတန်း နှစ်ခုရဲ့ အင်အား ပြင်းထန် မှုကို သူတို့ ကောင်းကောင်း ခံစားနေရတယ်။ နဂါး တပ်ဖွဲ့ကတော့ လက်ထဲမှာ ဓားတွေ ဆက်ကိုင်ထားတုန်းပဲ။ အပြင်းအထန် လေ့ကျင့်ခံထားရတဲ့ သူတို့ က ။ သတိမလွတ်ရဘူး။ ဒါပေမယ့် သူတို့ တွေတောင် ဒီ အလင်းတန်း နှစ်ခုရဲ့ အရှိန် အဝါကို မခုခံနိုင်ဘူး။ နန်ကုန်းဟောင်။ ပိုင်ရှင်း ။ ဝူကျီ။ ယွင်ချင်းဝူ။ ရှင်ချင်းစွေ့။ …. စစ်မြေပြင်က ဘယ်သူမဆို ဒီ ခရမ်းရောင် အလင်းတန်း နှစ်ခုကို ကြည့် နေကြတယ်။ သူတို့ အားလုံးရဲ့ စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတယ်။ ကောင်းကင်ရောင်ပြန် အထွဋ် အထိပ် အဆင့် ကျင့်ကြံသူ တစ်ယောက် က ။ ဘယ်လိုများ ပြန်လည်မွေးဖွားမှု အဆင့်ကို တိုက်ခိုက် နိုင်တာလဲ။ နောက်ပြီးတော့ လက်ရည်ညီနေတာကလည်း ထူးဆန်းတယ်။

“ ခ ဘုန်း။”

အော်သံက တဖြည်းဖြည်း တိုးတိတ်လာတယ်။ ဒါပေမယ့် ချက်ခြင်း ဆိုသလို မိုးကြိုးသံတွေ ။ မိုးစက်တွေနဲ့ အစားထိုးသွားတယ်။ မိုးသီး မိုးပေါက်တွေက ပဲစေ့ကြီးတွေ အရွယ်လောက် ရှိတယ်။ ဒါ့အပြင် ဆောင်းရာသီလို ပဲ အေးစက်တယ်။ မိုးစက်တွေ မြေပြင်ပေါ်ကို ကျလာတော့။ ရွံ့ စက်တွေ ဖြစ်ပေါ်လာတယ်။ မြေကြီးပေါ်က သွေးတွေ အကုန်လုံး ပြောင်စင်သွားပြီ။ စစ်မြေပြင်ထဲမှာ စမ်းချောင်းလေးတွေ ဖြစ်ပေါ်လာတယ်။ တိုက်ပွဲက ခဏတာ ရပ်တန့်နေတယ်။ ကြီးမြတ်သော ရှ မင်းဆက် စစ်သည်တော်တွေကော။ တောင်ပိုင်းဒေသ စစ်သည်တော်တွေပါ ။ နေရာမှာ လုံး၀ မလှုပ်ပဲ ရပ်နေကြတယ်။ မိုးပေါက်တွေက သူတို့ ရဲ့ သံချပ်ကာတွေကို ဖြတ်သန်းစီးဆင်းတယ်။ ဒါက တော်တော်လေးတော့ အေးစက်တယ်။ ဒါပေမယ့် သူတို့ ကတော့ အာရုံစိုက်ဟန် မရှိ။

ကျောင်းတော်သားတွေ အားလုံး မိုးသည်းထဲမှာ ရပ်နေကြတယ်။ ပုံမှန် အတိုင်းဆိုရင်တော့။ သူတို့ ရဲ့ အကျင့်အရ။ စားသောက်ဆိုင် ကောင်းကောင်း တစ်ခုမှာ သွားပြီး မိုးခိုမယ်။ ဒါမှ မဟုတ် အရက်ဆိုင် တစ်ခုခုကို သွားပြီးတော့ သောက်စားမယ်။ အနည်းဆုံးတော့ သူတို့ ရဲ့ အစွမ်းတွေက မိုးတိတ်စေဖို့ မစွမ်းသာဘူးလေ။ ဒါပေမယ့် အခုတော့။ ဘာတစ်ခုမှ ဖြစ်မလာခဲ့ဘူး။ လူပေါ်ကြော့ ကျောင်းတော်သားတွေ မိုးရေထဲမှာ အမြစ်တွယ်နေတယ်။ မိုးပေါက်တွေက သူတို့ကိုယ်ခန္ဒာ တွေကို အေးစက်လာစေတယ်။

“ဘာကြောင့်များ ဒီလို ဖြစ်နိုင်ရတာလဲ။”

“ ဘယ်လိုတောင် ဖြစ်နိုင်ရတာလဲ။”

“ ငါ အိမ်မက်မက်နေတာလား။”

တီးတိုးသံတွေ ထွက်ပေါ်လာတယ်။ ကျောင်းတော်သားတွေ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ပြောနေကြတာ။ နဂါးအော်သံ ပျောက်ကွယ်သွားတော့။ မိုးရေရဲ့ တည်ငြိမ်မှု နဲ့ အစားထိုးသွားတယ်။ အဲ့ဒီ့နောက်။ စစ်တပ်တွေ စပြီး လှုပ်ရှားတော့တယ်။ ကြီးမြတ်သော ရှမင်းဆက်က စစ်သည်တော် သူတို့ လက်နက်တွေကို မြှောက်ကိုင်လိုက်တယ်။ သူတို့ တွေ အရမ်းကို စိတ်လှုပ်ရှား တက်ကြွနေ ကြပြီ။

တောင်ပိုင်းဒေသ စစ်သည်တော် တစ်သိန်းကတော့ တောင့်တင်း အေးခဲ နေဆဲပဲ။ သူတို့ မြင်နေရတာရဲ့ ထူးဆန်းမှု ကို ထိတ်လန့်တာ မရပ်တန့်ကြသေးဘူး။ ရှင်ချင်းစွေ့ရဲ့ အမူအယာ ကတော့ ရှုပ်ထွေးနေတယ်။ ဒါပေမယ့် အံ့အားသင့်မှုတွေလည်း ပါဝင်နေသေးတယ်။ မှောင်မိုက်နေတဲ့ လှိုဏ်ခေါင်း ထဲမှာ အလင်းတန်းကို မြင်လိုက်ရသူ လိုပဲ။ နန်ကုန်းဟောင်ကတော့ သူ့ လက်ထဲက ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ဒါပေမယ့် ဒီ တုံ့ပြန်မှုက သူ့ ပြိုင်ဘက်ကြောင့် ဖြစ်လာတာ မဟုတ်ဘူး။ သူ့ နှလုံးသားထဲကနေ လာတဲ့ တုံ့ပြန်မှု။

“ ဖန်ကျန်းရှီ……” တိုက်ပွဲမှာ တစ်ယောက်ယောက် ရဲ့ နာမည်ကို အော်ခေါ်တာမျိုး ပိုင်ရှင်းလုပ်ခဲတယ်။ ဒါပေမယ့် ဒီ တစ်ကြိမ်မှာတော့။ စိတ်ရှိလက်ရှိ အော်နေတယ်။ သူ့ အသံက အေးစက် တုန်ယင်နေတယ်။

…

ဖန်ကျန်းရှီ ကတော့ သူ့ကိုယ်သူ အိမ်မက် မက်လို့ ကောင်းနေတုန်းပဲ ထင်ထားတာ။ သူ့ရဲ့ စိတ်အာရုံ နယ်မြေထဲ မှာပဲ အိပ်နေတုန်း လို့ ထင်ထားတာ။ ခရမ်းရောင် စွန်းနေတဲ့ အိမ်မက်ကြီးပေါ့။ နောက်ပြီးတော့။ သွေးအရိပ် မြို့တော်ကို ရောက်သွားတာကြောင့်။ သူ အိမ်မက်မက်နေတုန်း ဆိုတာ အတည်ပြုလိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့။ ကြီးမားလာတဲ့ လူသတ်ငွေ့ က လွဲပြီးတော့ ထူးထူးခြားခြား ခံစားရတာမျိုး မရှိဘူး။ ဒါပေမယ့် အခုတော့ အိမ်မက်က အမှန်တကယ် ဖြစ်လာနေသ လိုပဲ။ တိုက်ပွဲ မြေပြင်ထဲကို သူ ပြန်ရောက်လာသလိုပဲ။ သူ့ရှေ့မှာ ရပ်နေတဲ့ ရန်ရွယ် ကို တွေ့လိုက်တယ်။ ရန်ရွှယ်က အနီရောင် တောက်ပနေတယ်။ ရန်ရွှယ့်အပြင်။ သူ့ကို စိုက်ကြည့်နေတဲ့ လူကြီး နှစ်ယောက်ကိုလည်း တွေ့လိုက်ရတယ်။ သူတို့ ထဲက တစ်ယောက်ရဲ့ လက်ထဲမှာ ။ သွေးစွန်းနေတဲ့ ဓား တစ်ချောင်း ကို ကိုင်ထားတယ်။ ဒါပေါ့်။ အရာအားလုံးကို ခရမ်းရောင် မှန်သားက နေ ဖြတ် မြင်နေရတယ်။ လတ်လတ်ဆတ်ဆတ် စွန်းနေတဲ့ သွေးမှန်း စိတ်က သိနေတာတောင် ။ မျက်လုံး က မြင်နေရတာကတော့ ခရမ်းရောင် အရည်တွေပဲ။ လူကြီး နှစ်ယောက်ရဲ့ မျက်နှာတွေကလည်း ခရမ်းရောင် ဖြစ်နေတယ်။ ဖန်ကျန်းရှီ ဘာတွေ ဖြစ်နေတာလဲ လို့ မေးလိုက်ချင်တယ်။ သူတို့ တွေ တိုက်ခိုက်နေကြတာလား။

ဒါပေမယ့် အနီရောင် ရဲရဲ တောက်နေတဲ့ ရန်ရွယ် ။ သွေးအန်တာကို မြင်လိုက်ရတော့။ သူ မေးခွန်း မမေးဖြစ်တော့ဘူး။ ဒေါသ သူ့ကို ဝါးမျိုသွားတယ်။ လူသတ်ချင်စိတ်တွေ ပြင်းထန်လာတယ်။

ရန်ရွယ်က ဒဏ်ရာရနေတာလား။ ဖန်ကျန်းရှိထင်ခဲ့တာကတော့ သူ အိပ်မက်မက်နေတယ်လို့။ ဒါပေမယ့် ရန်ရွယ်က အိမ်မက်ထဲမှာတောင် ဒီလို အခြေအနေ ရောက်အောင် အရိုက်ခံထားရတယ်။ ရန်ရွယ့် ပုခုံးပေါ်ကို သူ လက်တင်လိုက်တယ်။ သူ စကား မပြောဘူး။ သူ့ရဲ့ လူသတ်ငွေ့တွေကို ရန်ရွယ့် နှလုံးထဲ ကူးပြောင်းပေးနေတယ်။ သူဆိုလိုချင်တာကို ရန်ရွယ် နားလည်မယ် ထင်ပါတယ်။ ဒါပေါ့။ အမှန်တရားက ပေါ်လာပါတယ်။ ရန်ရွယ် မျက်လုံးပိတ်သွားတယ်။ သူ ထိုင်ချလိုက်တယ်။ လူကြီး နှစ်ယောက်ကို ဖန်ကျန်းရှီ တစ်ချက် လှည့်ကြည့်တယ်။ အတိအကျ ပြောရရင်။ သွေးစွန်းနေတဲ့ ဓားကိုင်ထားတဲ့ လူကြီးကို သူကြည့်တာ။

“ သေ” ဖန်ကျန်းရှီ သိပ်မစဉ်းစားတော့ဘူး။ နောက်ဆုံးတော့လည်း ။ ဒါက အိပ်မက် တစ်ခုပဲလေ။ အဲ့ဒီ့နောက် သူ ခုန်ထပြီး လှုပ်ရှားတော့တယ်။ သူ ဘာနည်းလမ်းကို သုံးချင်လဲတောင် မသိတော့ဘူး။ သူ့ စိတ်ထဲ မှာရှိတဲ့ နည်းလမ်း။ သူ တစ်ခါ မျက်မြင် တွေ့ခဲ့ ဖူးတဲ့ မြင်ကွင်းထဲက နည်းလမ်းကို သုံးမယ်။ သွေးအရိပ် မြို့တော်ကို နှစ်ခြမ်းဖြစ်အောင် ခွဲပေးခဲ့တဲ့ နည်းလမ်း။ နှစ်ခြမ်းခွဲထားတဲ့ အမှတ်အသားက ဒီနေ့ အထိ ရှိနေတုန်းပဲ။ ခရမ်းရောင် နဂါးကြီးက ကောင်းကင်ကို ထိုးတက်သွားတယ်။ ခရမ်းရောင် အလင်းတန်း ကြီး ပေါ်လာတယ်။ ဖန်ကျန်းရှီ တွေးနေတာ ။ ဒါက အိမ်မက် တစ်ခုပဲလို့။ ဒီလို နည်းလမ်းကို သူ အသုံးချနိုင်မယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး။ ဒီ တိုက်ကွက်ရဲ့ အစွမ်းက ဖော်ပြခြင်းငှာ မစွမ်းသာ လောက်အောင်ပဲ။ တစ်ချိန်ထဲမှာပဲ မိုးသက် မုန်တိုင်း ဖြစ်ပေါ်လာတယ်။ မိုးရွာကျတယ်။ မြေပြင်ကို အေးစက်သွားစေတယ်။ ဒါပေမယ့် ခရမ်းရောင် အလင်းတန်း ကတော့ ပျောက်ကွယ်မယ့် ပုံ မပေါ်ဘူး။ အသေအချာ ပြောရရင် ။ ပိုပြီးတော့တောင် သိပ်သည်းလာသေးတယ်။

လောကကြီး တစ်ခုလုံး ခရမ်းရောင် ဖြစ်နေပြီ။ မိုးတွေတောင် ခရမ်းရောင် ဖြစ်နေတာ။ ဒါက အိမ်မက် လား။ ခရမ်းရောင် တောက်နေတဲ့ အိပ်မက်လား။

…

“ကလန်၊” လူကြီး ရဲ့ ဓား မြေပြင်ပေါ်ကို ကျသွားတယ်။ ဓားက ဓား မဟုတ်တော့ဘူး။ သူ့မှာ အသွားတွေ မရှိတော့ဘူးလေ။ ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူ တစ်ယောက် အနေနဲ့။ သူ့ရဲ့ ဓား မဖျက်စီး ခံလိုက်ရ ရင်တောင်။ ဓားအက်ကွဲသွားတာနဲ့။ ဓားပညာ တာအိုကို ဆက်ပြီး အသုံးပြုလို့ မရတော့ဘူး။ အခုချိန်မှာတော့ သူ့ ဓားက အက်ကွဲ ရုံ မကလို့ အမှုန့်တောင် ဖြစ်သွားခဲ့ပြီ။ ဖြစ်နိုင်တဲ့ ရှင်းပြချက် မ၇ှိတော့ဘူး။ သူ့ရဲ့ ပြန်လည် မွေးဖွားမှု အဆင့် တာအိုက သူ့ဓားကို ကာကွယ်ဖို့တောင် မစွမ်းဆောင် နိုင်ခဲ့ဘူး။ လူကြီး အကြည့်တွေက သူ့ရဲ့ ဘဝကို ဆုံးရှုံးသွားတဲ့ အဖြစ်ကို ဖော်ပြနေတယ်။ အခုချိန်မှာ ဘာတွေ ဖြစ်သွားခဲ့မှန်း သူမသိဘူး။ ဒါပေမယ့် ပြောင်းလဲ ဖို့ ရာ မဖြစ်နိုင်တာကိုတော့ သူသိတယ်။

“ အ၇ှင်သခင်ငယ်။” တောင်ထိပ်ပေါ်မှာ ရပ်နေတဲ့ ယွင်ချင်းဝူကို သူ လှည့်ကြည့်တယ်။ ယွင်ချင်းဝူရဲ့ ဝတ်ရုံဖြူတွေ မိုးရွဲစိုကုန်တယ်။ မုးိရေတွေကြောင့် သူမ ရဲ့ ဝတ်ရုံ လေးလံလာတယ်။ ဒါကြောင့် လေနဲ့ လွင့်နေခဲ့တဲ့ အကျီစလည်း ဆက်ပြီး မလွင့်နိုင်တော့ဘူး။ သူမရဲ့ မျက်နှာကာ တောင် မိုးရေစို လို့ ကပ် ကုန်ပြီ။ မျက်နှာကို မမြင်ရပေမယ့်။ သွင်ပြင် ကိုတော့ မြင်နေရတယ်။ လူကြီးက ယွင်ချင်းဝူကို တစ်ခုခု ပြောချင်နေဟန်ပဲ။ ဒါပေမယ့် ယွင်ချင်းဝူက သူ့ကို ကြည့်မနေဘူး။ အဲ့ဒီ့အစား သူ့ရှေ့က လူငယ်ကိုသာ ကြည့်နေခဲ့တယ်။ သူ ဖြစ်နေတာကို ရုတ်တရက် နားလည်သွားတယ်။ ယွင်ချင်းဝူ တွေးနေတာကို သူ ပြောနိုင်တယ်။ ဒီခံစားချက်က မျက်နှာကာရဲ့ အောက်ကနေ လာတာ။ ယွင်ချင်းဝူ ပြုံးနေတာကို သူ တွေ့တယ်။ ဟုတ်တယ်။ ပြုံးနေတာ။

ဘာတွေများ ဒီလောက်တောင် သဘောကျနေတာလဲ။ သူမသိဘူး။ ဒါပေမယ့် သူမရဲ့ ပျော်ရွှင်မှုက ။ သူ့ရှေ့က လူငယ်ကနေ ဖြစ်လာတယ်ဆိုတာတော့ နားလည်တယ်။ ဒီလူငယ် မသေလို့ ဝမ်းသာနေတာလား။ ဒါမှမဟုတ်။ လူငယ်က အရမ်းကို အင်အားကြီးနေလို့များလား။ ယွင်ချင်းဝူကို လူကြီး ထပ်မကြည့်တော့ဘူး။ ဖန်ကျန်းရှီကို ပြန်ကြည့်တယ်။ သူ တစ်ခုခုလုပ်ဖို့ လိုနေပြီဆိုတာ သူ သိလိုက်တယ်။

“ မင်း သုံးလိုက်တဲ့ တိုက်ကွက် နာမည် ငါ့ကို ပြောပြနိုင်မလား။” လုံးဝကို ခရမ်းရောင်ေ တာက်ပ နေတဲ့ ဖန်ကျန်းရှီ ရဲ့ မျက်လုံးတွေကို စိုက်ကြည့်ရင်း သူမေးတယ်။

“ နာမည်လား။” သူ့ အိမ်မက်ထဲက လူ ။ ဘာလို့များ ထူးထူးဆန်းဆန်း ဒီ မေးခွန်းကို မေးတာလဲ။ ဖန်ကျန်းရှီ နားမလည်နိုင်ဘူး။ သူတို့ က အိမ်မက်ထဲက လူတွေပဲမလား။ ဒီကိစ္စတွေကို သိနေသင့်တာပေါ့။ ဒါပေမယ့် မေးခွန်းသံကို ကြားတော့။ သူ့စိတ်ထဲမှာ တိုက်ကွက် က ပြန်ထွက် လာတယ် ။ ဒီ တိုက်ကွက်ရဲ့ နာမည်ကို သူသိသလိုပဲ။ မှတ်ဉာဏ် တစ်ခုလို့ပဲ ပြောရမလား။ ဒီ မှတ်ဉာဏ် က သူ့ရဲ့ တည်ရှိမှု အကြောင်း ဖန်ကျန်းရှီကို သိစေချင်နေတယ်။ အကြောင်းရင်း တွေကို ဘေးဖယ်ထားလိုက်။ ရိုးရိုးရှင်းရှင်း နဲ့ တိုက်ရိုက်ပဲ ဖြေလိုက်တယ်။

“ ဒီ တိုက်ကွက် နာမည်က….. ပြန်လာတဲ့ နဂါး။”

အပိုင်း (၃၉၀) ပြီး၏။

(သုခမိန် စစ်နတ် မုန့်ထျန်း ဆိုတာ ငဖန် ကောင်များ ဖြစ်နေမလားပဲ။ ) တွေးမိတွေးရာ ပြောကြည့်တာပါ။

All Chapters