← Chapters

အပိုင်း (၃၉၁-၄၀၀)

Vol. 4 Ch. 391-400

အပိုင်း (၃၉၁-၄၀၀)

Vol. 4 Ch. 391-400

အပိုင်း (၃၉၁)

“ ကိုယ်လုံးတီး ကပြဖျော်ဖြေမှု”

“ပြန်လာတဲ့ နဂါး တဲ့လား။” လူကြီး သူ့ ဘာသူ ရေရွတ်နေတယ်။ အခုဖြစ်သွားတဲ့ တိုက်ခိုက်မှု အရှိန်အဝါက ပြင်းထန်လွန်းတယ်။ ဒါမျိုးကို သူ တစ်ခါမှ မခံစားဖူးဘူး။ ဒါပေမယ့် ဘာလို့များ။ ဒီလို ကြောက်စရာကောင်းလောက်အောင် အင်အားကြီးလွန်းတဲ့ တိုက်ကွက်ကိူ ( ပြန်လာတဲ့ နဂါး) လို့ နာမည် ပေးထားရတာလဲ။ ပြန်လာတယ်တဲ့။ ဘာလို့ ပြန်လာတာလဲ။ မသွားနိုင်တာလား။ ဒါမှမဟုတ်။ မပြီးပြတ်သေးတဲ့ ကိစ္စတွေ ရှိလို့ ပြန်လာတာလား။ လူကြီး နားမလည်နိုင်ဘူး။ ဒါကြောင့် သိပ်မတွေးတော့ဘူး။

လူကြီး ရဲ့ နောက်မှာ ဝူကျီ ရပ်နေတာ။ သူလည်း နားမလည်နိုင်ဘူး။ တခြားသော ကျောင်းတော်သားတွေ။ နတ်ဆိုးစစ်သည်တော်တွေနဲ့။ နဂါးတပ်ဖွဲ့။ အမြင်အားဖြင့် နားမလည်ဘူး။ သူတို့ အချိန် ကြာကြာ ဆက်မတွေးကြဘူး။ သူတို့ရဲ့ စိတ်အာရုံကို။ မြေပြင်မှာရှိတဲ့ အက်ကွဲ ကြောင်းကြီးက ဖမ်းစားသွားတယ်။ အက်ကွဲကြောင်း ကြီးက လူကြီး ရဲ့ ခြေထောက် အောက်မှာ ရှိနေတာ။ ဒါကြောင့် ။ လူကြီး ဖန်တီးလိုက်တာ မဖြစ်နိုင်ဘူး။ ဖန်ကျန်းရှီ လက်ချက် ဆိုတာ အသေအချာပဲ။ တစ်ချက်တည်း နဲ့။ ငါးကိုက် ကျော် ရှည်လျားတဲ့ အက်ကြောင်း ကြီး ဖြစ်ပေါ်လာတယ်။ ဘယ်လိုတောင် အံ့သြစရာ ကောင်း လိုက်တာလဲ။ နောက်ပြီးတော့ ဖန်ကျန်းရှီ ရဲ့ ပြိုင်ဘက်က ပြန်လည်မွေးဖွားမှု အဆင့် နတ်ဆိုး။

“ ပြန်လာတဲ့ နဂါး။”

နတ်ဆိုး စစ်သည်တော်တွေ ဒွိဟ ဖြစ်နေကြတယ်။ ဒီလို တိုက်ကွက် နာမည်မျိုး တစ်ခါမှ မကြားဖူးဘူး။ ဒီ တိုက်ကွက်က ကောင်းကင်ရောင်ပြန် အဆင့် လူသား တစ်ယောက်ကို တောင်။ ပြန်လည် မွေးဖွားမှု အဆင့် နတ်ဆိုးကို အနိုင်ယူနိုင်တဲ့ အထိ အင်အားကြီးလာစေတယ်။ ဒါက တိုက်ကွက်ကြောင့်လား။ ဒါမှမဟုတ်။ လူကြောင့်လား။ အဖြေကို သူတို့ မတွေးနိုင်ဘူး။ အကယ်၍ တိုက်ကွက်ကြောင့် ဆိုရင်။ ဘယ်လိုတိုက်ကွက်ကများ ဒီလောက်ထိ အင်အားကြီး နိုင်တာလဲ။ ဒါမှ မဟုတ် လူကြောင့် သာ ဖြစ်ခဲ့ရင်။ ဘယ်လို လူကများ ဒှီလို လောကမှာ တည်ရှိနိုင်တာလဲ။ ဒီလို လူကို ပါရမီရှင်လို့ သတ်မှတ် ရမှာလား။ မဟုတ်ဘူး…..။ ဒါက ကောင်းကင်ကနေ ကန်ထုတ်ခံထားရတဲ့ နတ်ဆိုး တစ်ကောင်ပဲ။

နန်ကုန်းဟောင်တောင်ရပ်နေတယ်။ ခေါင်းမော့ရင်း ကောင်းကင်ကို ကြည့်နေတယ်။ မိုးရေစက်တွေ က သူ့ မျက်နှာကို လာစင်တယ်။ သူက တိုက်ကွက် နာမည်ကို စဉ်းစားနေတာ မဟုတ်ဘူး။ သူ မြင်နေရတာကို ပြန်တွေးကြည့်နေတာ။ ပိုင်ရှင်းရဲ့ လက်ချောင်းက ငွေရောင် အလင်းတန်းလည်း ပျောက်ကွယ်သွားတယ်။ တောင်ကုန်းပေါ်မှာ ရပ်နေတဲ့ ယွင်ချင်းဝူကို လှမ်းကြည့်တယ်။ ယွင်ချင်းဝူ သဘောကျနေတာကို သူမရဲ့ အပြုံးကနေ မြင်နေရတယ်။ ဘာလို့များ ပျော်နေရတာလဲ။

ပိုင်ရှင်း နားမလည်နိုင်ဘူး။ ဒါပေမယ့် သူသိတာတာတော့။ ဒီလိုလူကို အသက်ရှင်လျက် ထားလိုက်ရင်။ နတ်ဆိုးတွေ နောင်လာမယ့် ဆယ်စုနှစ်မှာတောင် အသက်ဆက်ရှင်နိုင်အုန်းမှာလား။ ဒါက ပြန်လည် မွေးဖွားမှု အဆင့် နတ်ဆိုးကို အနိုင်ယူနိုင်တဲ့ ဆယ်ကျော်သက်လေး။ တစ်ခါတည်း ဖြစ်ရင်တောင်။ ဒီလူသားကို အသက်ဆက်ရှင်ခိုင်းဖို့ မသင့်တော် တော့ဘူး။ နောက်ပြီးတော့ သူ့ စိတ်အာရုံ နယ်မြေထဲမှာ တာအို ၃၈၈ ခုလည်း ရှိနေသေးတယ်။

“ ဘာပဲ ပေးဆပ်ရသည် ဖြစ်စေ” ယွင်ချင်းဝူရဲ့ အမိန့်ကို သူ မစောင့်တော့ဘူး။ ယွင်ချင်းဝူရဲ့ ဆုံးဖြတ်ချက် ကို သံသယ ဖြစ်လို့ မဟုတ်ဘူး။ အရာအားလုံး ထက်။ နတ်ဆိုး တွေ ရဲ့ အနာဂတ်က ပို အရေးကြီးတယ်။ လူကြီး ရဲ့ အမူယာက တောင့်တင်း သွားတယ်။ ပိုင်ရှင်း တွေးနေတာကို သူတို့ သိတယ်။ ပြောရမယ် ဆိုရင်။ သူလည်း ဒါကိုပဲ တွေးနေတာ။ ဒါပေမယ့်

“ အားးး” နာနာကျင်ကျင် အော်ဟစ်သံက လေထုထဲမှာ ပဲ့တင့် ထွက်လာတယ်။ အဲ့ဒီ့နောက် မြေပြင် တစ်ခုလုံး လှုပ်ခါသွားတယ်။ အရမ်းကို ပြင်းထန်လွန်းတဲ့ အင်အား လှိုင်းတွေပဲ။ နှစ်ပေါင်း များစွာ ဖိနှိပ် ထားပြီးတော့ ။ ပေါက်ကွဲမယ့်အချိန်ကို စောင့်ဆိုင်းနေသလိုပဲ။ နာနာကျင်ကျင် အော်ဟစ်သံနဲ့ တုန်ခါမှု ကြောင့် လူတိုင်း သတိ ဝင်လာကြတယ်။ သူတို့ မျက်စိရှေ့က မြင်ကွင်းကြောင့် ထိတ်လန့်ကုန်တယ်။

“ သူ …. သူ ဘာဖြစ်တော့မှာလဲ။”

“ နတ်ဆိုး…. သူက ပြန်လည် မွေးဖွားမှု အဆင့် နတ်ဆိုး….”

ကျောင်းတော်သားတွေ သူတို့ မျက်လုံးကို မယုံနိုင်ကြဘူး။ ဘာတွေ ဖြစ်နေတာလဲ သူတို့ သိတယ် ။ ဒါပေမယ့် သူလုပ်နေတဲ့ အလုပ်ကို မယုံကြည်နိုင်တာ။

“ ရှီးခုန် …. နင ်… နင် ဘယ်လိုတောင် လုပ်ဝံ့တာလဲ။ ” တောင်ကုန်းပေါ်ကနေ ယွင်ချင်းဝူ လှမ်းအော်တယ်။ လူသားတွေ နဲ့ နတ်ဆိုးတွေကို သူမ စကားပြောခဲတယ်။ ဒါပေမယ့် ဒီ တစ်ကြိမ်တော့ လ ှမ်းအော်တာ။ နောက်ပြီးတော့ ဒေါသတကြီး နဲ့။ လူကြီး ရဲ့ လုပ်ရပ်ကို မြင်တော့။ ပိုင်ရှင်း နဲ့ ဝူကျီ အပြင် တခြားသော နတ်ဆိုး စစ်သည်တော်တွေ ရဲ့ မျက်နှာမှာ။ လေးစား ထိတ်လန့် တဲ့ အမူအယာ တွေ ပြည့်သွားတယ်။

လူကြီး သူ့ နှုတ်ခမ်းသူ ကိုက်ထားတယ်။ သူ့ မျက်နှာကတော့ နာကျင်မှုကို ထိန်းချုပ်ထားပုံပဲ။ ဒါပေမယ့် ဒီ နာကျင်မှု အပြင်။ စိတ်သက်သာ ရမှု တစ်ချို့လည်း ရောနှောနေတယ်။ ဒါက တော့ ရှီးခုန်။ နတ်ဆိုး မျိုးနွယ် ဆယ်ခုရဲ့ ပထမဆုံးသော လက်ထောက် ခေါင်းဆောင်။ ပြန်လည် မွေးဖွားမှု ကနဦးအဆင့်။ စည်းမျဥ်း တစ်ခုတည်း နဲ့ ပဲ သူ အသက်ရှင်တယ်။ အောင်မြင်မှု စည်းမျဉ်း။ ကျရှုံးရင် သေမယ်။ အခုချိန်မှာ သူ တကယ်ကို ရှုံးနိမ့်သွားပြီလား။ သူမသေချာဘူး။ ဒါပေမယ့် သူသိတာ။ သူ့ဓားက ကောင်းကင်ရောင်ပြန် အဆင့် လူသား တစ်ယောက်ကြောင့် ပျက်စီး သွားရပြီ။ သူ့ ရဲ့ ဂုဏ် သိက္ခာကို ကာကွယ်ဖို့ အတွက်။ ဒီ လူသားကို တစ်ခါတည်း အသေသတ်ရမယ်။ ပိုင်ရှင်း ပြောသလိုပဲ။ ( ဘာတွေ ပေးဆပ်ရသည် ဖြစ်စေ)

ပြန်လည် မွေးဖွား မှု အဆင့်ကို ကိုယ်စားြ ပုတဲ့ ။ အနီရောင် ခပ်ဖျော့ဖျော့ နတ်ဆိုး မျက်လုံး။ အနက်ရောင်ကို ပြောင်းသွားတယ်။ တွင်းနက်ကြီး တစ်ခု လိုပဲ။ သူ့ရဲ့ နတ်ဆိုး မျက်လုံး ပျောက်ကွယ် သွားပြီ။ ဒီ အချိန်မှာပဲ။ ခရမ်းရောင် အလင်းတန်း တစ်ခုကို အနီရောင်တောက်နေတဲ့ ကောင်းကင်ဆီ။ ရှီးခုန် ပစ်လွှတ်လိုက်တယ်။

…

“ မကောင်းဘူး။” နန်ကုန်းဟောင် ချက်ခြင်း တုံ့ပြန်တယ်။ သူ့ရဲ့ နှလုံးသား ကျင့်ကြံမှုကြောင့်။ ဒီလောကမှာ သူ့ကို တုန်လှုပ်စေနိုင်တာ အရာနည်းနည်းပဲ ရှိတယ်။ ဒါပေမယ့် ရှီးခုန်ရဲ့ နတ်ဆိုး မျက်လုံး အနက်ရောင် ပြောင်းသွားတာကို တွေ့တော့။ ဘာဆက် ဖြစ်မလဲ သူ ခန့်မှန်းလိုက်ပြီ။

“ နန်ကုန်းဟောင်။ မင်း ဝင် မစွက်ဖက်နဲ့” ဒီ တိုက်ပွဲက စစ်ခုန်ရဲ့ ဂုဏ်သိက္ခာပဲ။ ပိုင်ရှင်း ရဲ့ လက်ချောင်းက ငွေရောင် အလင်းတန်း ချက်ခြင်း ထွက်လာတယ်။ နန်ကုန်းဟောင်ဆီကို ပြစ်ဝင်သွားတယ်။ ဝူကျီ ရဲ့ ဓားလည်း တစ်ချိန် တည်းမှာပဲ လှုပ်ရှားတယ်။ သူကတော့ ဖန်ကျန်းရှီကို မတိုက်ခိုက်ဘူး။ နဂါးတပ်ဖွဲ့ကို ဦးတည်တယ်။ ရှီးခုန်က သူ့ ရဲ့ နတ်ဆိုး မျက်လုံး ကို ဖျက်စီး ပြစ်ဖို့ ဆုံးဖြတ် လိုက်တည်းက။ ဖန်ကျန်းရှီ ဆိုတာ။ သေလူ ဖြစ်သွားပြီ။ ဒါကြောင့် ဖန်ကျန်းရှီ ကို အာရုံ မစိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ။

အခုချိန်မှာ သူ လုပ်ဖို့ လိုအပ်တဲ့ တစ်ခုတည်းသော အရာက ။ ဒီ တိုက်ပွဲကို နှောက်ယှက်မယ့် သူတွေကို တားမြစ်ဖို့ပဲ။ ရှင်ချင်းစွေ့ ။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ရှီးခုန် ဘာလုပ်လိုက်လဲ သူသိတယ်။ ဒါပေမယ့် သူက ဖန်ကျန်းရှီ နဲ့ ဝေးလွန်းနေတယ်။ သူ မြန်မြန် သွားရင်တောင် ။ တားမြစ်လို့ ရမှာ မဟုတ်တော့ဘူး။ နဂါးတပ်ဖွဲ့ ကတော့ တည်တည်ငြိမ်ငြိမ် ရပ်ကြည့် နေခဲ့တယ်။ သူတို့ တွေက အင်ပါယာ ရဲ့ ထိပ်တန်း စစ်သည်တော်တွေပဲ။ သူတို့ အားလုံးက နည်းမျိုးစုံ နဲ့ ချီးမြှောက်တာကို ခံထားရတာ။ ဒါပေမယ့် ဖန်ကျန်း၇ှီ ရဲ့ စွန့်စားခန်းတွေကို ကြားတော့။ သူတို့ ရဲ့ ဂုဏ်ရည်တွေ။ အောင်မြင်မှုတွေ ဆိုတာ ။ ဒီ လူသား နဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူးဆိုတာ သူတို့ အားလုံး နားလည်သွားကြတယ်။

မိုးကြိုးခြင်္သေ့ နယ်မြေကို လူ နည်းနည်းလေး နဲ့ သိမ်းလိုက်တယ်။ အဲ့ဒီ့နောက် စစ်သည်တော် ငါးသောင်းကို သုံးပြီး ဒီ မြို့တော်ကို တိုက်ခိုက်တယ်။

တိုက်ခိုက်ရေး စာမေးပွဲမှာ နယ်မြေတွေ အများကြီးကို သိမ်းနိုင်ခဲ့တယ်။ အဲ့ဒီ့နောက် နန်ကုန်းဟောင်နဲ့ မတိုးသာ မဆုတ်သာ အခြေအနေကို ချိုးဖျက် ခဲ့တယ်။ စစ်သည်ငါးသောင်း ရဲ့ မျက်စိရှေ့မှာတင်ပဲ။ သူ့ ထက် တစ်ဆင့် တိတိ မြင့်တဲ့ နန်ကုန်းဟောင် နဲ့။ အချီ အများကြီး တိုက်ခိုက် ထားတာ။ ပိုပြီး အရေးကြီး တာက ။ (ပြန်လာတဲ့ နဂါး) တိုက်ကွက် နဲ့ ။ ပြန်လည် မွေးဖွားမှု အဆင့် နတ်ဆိုး ရဲ့ ဓားကို အမှုန့်ချေ ပြစ်လိုက်တယ်။ ဒါက အောင်မြင်မှု တစ်ခုတင် မကဘူး။ အံ့ဖွယ်ရာ တစ်ခုလည်း ဖြစ်တယ်။ ဒီလူသားက ကြီးမြတ်သော ရှ မင်းဆက် ရဲ့ သမိုင်းမှာ မှတ်တမ်းတင်ခံရမယ့် အံ့ဖွယ်ရာ တစ်ခုပဲ။ ဒီလို လူမျိုးကို ဘယ်လိုလုပ် ပေးသေလို့ ရမှာလဲ။

“ ငါတို့ ဖန်ကျန်းရှီကို ကယ်ရမယ်။ ဘာတွေပဲ ပေးဆပ်ရ ပေးဆပ်ရ။” နဂါး တပ်ဖွ့ဲဝင် တစ်ဦး အော်ဟစ်တယ်။ နဂါးတပ်ဖွဲ့ အနေနဲ့။ သူတို့ က ဧကရာဇ် ရဲ့ အမိန့် တစ်ခုတည်း ကိုသာ နာခံတယ်။ ချွင်းချက် အနေနဲ့။ ဒီဒေသမှာတော့ ဧကရာဇ် ရဲ့ အမိန့် အရ။ နန်ကုန်းဟောင့် အမိန့် တစ်ခုတည်းကို နာခံတယ်။ သမိုင်း တစ်လျှောက်လုံးမှာ။ တိုက်ရိုက် အမိန့် မပါ ပဲနဲ့ ။ ဘာတစ်ခုမှ မလုပ်ခဲ့ကြဘူး။ ဒါပေမယ့် ဒီ နေ့ ဒီ အချိန်မှာ ။ နန်ကုန်းဟောင် ဘာမှ မပြော ပဲ နဲ့။ သူတို့ ဆုံးဖြတ်လိုက်ကြပြီ။ တစ်ချက်လေးတောင် မတွေဝေဘူး။

နဂါး တပ်ဖွဲ့ က။ ကျောင်းတော် ဆယ့်သုံးခုရဲ့ တပည့်သားတွေ နဲ့ ဖွဲ့စည်းထားတာ။ သူတို့ အားလုံးက မြင့်မြတ် ဂုဏ်ခံ မျိုးနွယ်တွေ။ နောက်ပြီးတော့ အတော်လေး အင်အားကြီး ကြတယ်။ ဒါပေမယ့် သူတို့ ရဲ့ အသက် တွေကို ဖန်ကျန်းရှီလို ရွာသားလေး အတွက် လိုလိုလားလား စတေးချင်ကြတယ်။

…

ဖန်ကျန်းရှီ က သူ့ကိုယ်သူ အိမ်မက်ထဲ ရောက်တယ် ထင်နေတာ။ ဒါပေမယ် သူ့ ရဲ့ အိမ်မက် က အမှန် တကယ်ကြီး ဖြစ်လာသလို ခံစား နေရတယ်။ သူ့ ဘေားနားက သူတွေ ရဲ့ အမူအယာကို မြင်နေရ ရုံတင် မကဘူး။ သူတို့ ရဲ့ အသံကိုပါ ကြားနေရတယ်။ ပိုပြီး အရေးကြီးတာက။ ပြန်လည် မွေားဖွားမှု အဆင့် နတ်ဆိုး တစ်ယောက် က ။ (ခါမီခါ့ဆဲ ကတ် = နောက်ဆုံးကတ်) ကို ထုတ်သုံးဖို့ အတွက် ဆုံးဖြတ်လိုက်တယ်။ ဒါကို သုခမိန် လောကထဲ မှာ အရင်က မြင်ဖူးတယ်။ ယဉ်ရှန်က အဆုံးစွန် ထိ သိက္ခာကျသွားတဲ့ အတွက်။ သူ့ ရဲ့ စိတ်ခံစားကို မထိန်းချုပ်နိုင်ပဲ။ ပျက်စီး မယ့် လမ်းကို ရွေးလိုက်တာ။

ဒါပေမယ့် ရှီးခုန်ကတော့ ဘာဖြစ်လို့လဲ။ သူ့ကို ကြမ်းကြမ်းတမ်းတမ်း စကားတွေလည်း မပြောမိ ပါဘူး။ သူလုပ်လိုက်တာက။ ဓားကို အမှုန့်ချေပြစ်လိုက်တာလေး တစ်ခုပဲ။ နေစမ်းပါအုန်း။ ပြန်လည် မွေးဖွားမှု အဆင့် နတ်ဆိုး တစ်ယောက်ရဲ့ ဓားက သူ့ တိုက်ခိုက်မှုကြောင့် ပျက်စီး သွားတယ်။ ကောင်းပြီလေ။ ဒါက အိမ်မက် တစ်ခုပဲ။ သူ ထိန်းချုပ်လို့ ရတဲ့ အိမ်မက် တစ်ခုပဲ။ သူ့ အိမ်မက်ထဲမှာဆို၇င်။ သုခမိန်ကိုတောင် အနိုင်တိုက်နို်င် လောက်တယ်။ အကယ်၍ သူသာ လုပ်ချင်ရင်။ ဓားတင် မကဘူး။ သူ့ လမ်းက လူတိုင်း ရဲ့ ကိုယ်ကို ဖျက်စီး ပြစ်နိုင် တယ်။

ဖန်ကျန်းရှီ စိတ်အေးသွားတယ်။ နောက်ဆုံးတော့လည်း ။ သူက သူ့ အိမ်မက်ထဲမှာ ဆိုရင် အင်အား အကြီးဆုံးလူပဲ။ သူ့ ခေါင်းကို မော့လိုက်တော့။ တောင်ထိပ်ပေါ်မှာ ရပ်နေတဲ့ ယွင်ချင်းဝူကို တွေ့လိုက်တယ်။ ယွင်ချင်းဝူက နတ်ဆိုး အရှင်သခင်ငယ် ဆိုတာကိုလည်း သူသိတယ်။ ဒါကြောင့် နတ်ဆိုးတွေ ဘေးမှာ ရပ်နေတာကို သူ မအံ့သြဘူး။ ဒါပေမယ့် ယွင်ချင်းဝူ ရဲ့ မျက်နှာကို အရင်က သူ မြင်ဖူးတယ်လေ။ ဘာလို့များ အိမ်မက် ထဲမှာတောင် မျက်နှာကာ တပ်ထားတာလဲ။ အိမ်မက် ထဲမှာ တောင် နည်းနည်းလောက် အမြင်ကျယ်စေလို့ မဖြစ်ဘူးလား။

သူ အိမ်မက် မက်နေတာ ဖြစ်ရင်။ ဘာပဲ ဖြစ်ဖြစ် တွေးလိုက်လို့ ရတာပဲ။ သူက အရမ်းကို အပြစ်ကင်းစင် လွန်းနေတယ်လေ။ အကယ်၍ သူ့ စိတ်သာ နည်းနည်းလောက် ပိုညစ်ပတ်နေရင်။ ယွင်ချင်းဝူက စစ်သည်တော် တွေ အားလုံးရှေ့မှာ ဝတ်လစ်စလစ် နဲ့ ဖြစ်နေလောက်ပြီ။

“ ဟေး။ ယွင်ချင်းဝူ ။ ကိုယ်လုံးတီး အကလေး ကပြ ပါအုန်း။” ဖန်ကျန်းရှီ လှမ်းအော်တယ်။ နောက်ဆုံးတော့လည်း ဒါက သူ့ အိမ်မက်ပဲလေ။ မပြောရဲတာ ဘာရှိမှာလဲ။ သူ့ မျက်လုံးထဲမှာ ခရမ်းရောင် တောက်နေတဲ့ ယွင်ချင်းဝူကို လက်ညှိုးလှမ်း ထိုးပြတယ်။ သူ့ လက်ချောင်းကို ခါယမ်းရင်း ပြုံးပြလိုက်တယ်။ မိုးစက်တွေ ကတော့ ပိုပြီး သိပ်သည်းလာ ခဲ့တယ်။ စစ်သည်တော်တွေ ရဲ့ သံချပ်ကာ ပေါ်က အညစ်အကြေးတွေ ပြန်လည် သန့်ရှင်းသွားပြီ။ အခုချိန်မှာ ပြန်လည် တောက်ပ လာတော့တယ်။ တောင်ပိုင်းဒေသ စစ်သည်တော် တွေ ရဲ့ ကြိမ်ထည် ဝတ်ရုံတွေ ကတော့ ။ ရေကို ပိုပြီး စုပ်ယူသွားတဲ့ အတွက်။ လေးလံသွားခဲ့တယ်။ ဒါပေမယ့် သူတို့ ကတော့ ။ မိုးရေကို အာရုံ မစိုက်ဘူး။ စာကြောင်းလေး တစ်ကြောင်းက သူတို့ ရဲ့ စိတ်ထဲမှာ ပဲ့တင့် ထပ်လာခဲ့တယ်။

“ ယွင်ချင်းဝူ။ ငါ့ အတွက် ကိုယ်လုံး တီး ကပြစမ်း”

“ ကိုယ်လုံး တီး တဲ့လား။ ”

“ သူက ယွင်ချင်းဝူကို ကိုယ်လုံးတီး က ခိုင်းနေတာလား။”

စစ်သည်တော် တွေ အားလုံး သူ တို့ နားကို မယုံနိုင် ဖြစ်နေတယ်။ ဖန်ကျန်းရှီ ရဲ့ ပါးစပ် ကနေ ပထမဆုံး ထွက်လာခဲ့တဲ့ စကားလုံးက ( သေစမ်း) လို့ ဖြစ်မယ်ဆိုတာ သူတို့ မထင်ထားမိဘူး။ အဲ့ဒီ့နောက်။ ဒုတိယ ထွက်လာတဲ့ စကားက ( ကိုယ်လုံးတီး အက ကပြတဲ့လား။) နတ်ဆိုး စစ်သည်တော် တွေ မျက်လုံးပြူးကုန်တယ်။ ဖန်ကျန်းရှီ က သမာရိုးကျ လူသား တစ်ယောက်မဟုတ်မှန်း သူတို့ ကြားဖူးတယ်။ ဒါပေမယ့် ဘယ်လိုလူမျိုးပဲ ဖြစ်နေပါစေ။ ဒီလို စကားမျိုးတော့ မပြောသင့်ဘူးလေ။

နတ်ဆိုးတွေ အတွက်တော့။ ယွင်ချင်းဝူက သူတို့ ရဲ့ သခင်ပဲ။ စကားပြောဖို့ ရာတောင် ခက်ခဲတဲ့သူ။ ထိတွေ့ ဖို့ရာက ပိုပြီးတော့တောင် မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီက လူသား ဆယ်ကျော်သက် တစ်ယောက်ပဲ။ သူတို့ရဲ့ သခင်က။ ကြီးမြတ်သော ရှ မင်းဆက် နဲ့။ တောင်ပိုင်းဒေသ စစ်သည်တော်တွေ ရှေ့မှာ။ လှောင်ရယ်ခံနေရတယ်။ ဘယ်လိုလူကများ ဒီလို လုပ်ဝံ့တာလဲ။

“ သတ် … သတ် ကြစမ်း။”

နတ်ဆိုး စစ်သည်တော်တွေ တညီတညွှတ်တည်း အော်လိုက်ကြတယ်။ ဖန်ကျန်းရှီ ဘယ်လော်ကတောင် မူမမှန်လဲ သူတို့ မသိာကဘူး။ သူတို့ လုပ်ချင်တာက ဖန်ကျန်းရှီကို တစ်စစီ ဆွဲဖြဲ ပြစ်ချင်တာပဲ။ နဂါး တပ်ဖွဲ့ ကတော့ သူတို့ရဲ့ လမ်းတွေကို ရပ်ထားတယ်။ သူတို့ ဖန်ကျန်းရှီကို ကြည့်နေကြတယ်။ လွန်ခဲ့တဲ့ ခဏတာ တုန်းကပဲ။ သူတို့ရဲ့ အသက်တွေကို ဒီလူသား အတွက် စတေးပြစ်ဖို့ ဝန်မလေးခဲ့တာ။ ဒါပေမယ့် အခုတော့ ။ သူတို့ရဲ့ ဆုံးဖြတ်ချက်က လေလွင့်သွားပြီ။ သူ့ရဲ့ ပြိုင်ဘက်က နတ်ဆိုး ဖြစ်နေရင်တောင်။ ဒီလို အရှက်မရှိတဲ့ လူအတွက် ဘာလုပ် ပေးရအုန်းမှာလဲ။

ယွင်ချင်းဝူလည်း မျက်လုံး ပြူးနေတယ်။ သူမရဲ့ အမူအယာက ပြောင်းလဲေ နတယ်။ ဒါပေမယ့် သူ မ ပြန်မဖြေဘူး။ ဘာကြောင့်လဲဆိုတော့ ။ ဘာပြောရမလဲ တောင် သူမ တကယ် မသိဘူး။

“ ဖန်ကျန်း၇ှီ သွားသေလိုက်။” ရှီခုန်းရဲ့ မျက်နှာက ။ ပိုပြီး မည်းမှောင်လာတယ်။ မြန်မြန် မလှုပ်ရှား နိုင်တဲ့ သူ့ကိုယ်သူလည်း မုန်းမိတယ်။ သူ့ကိုယ်သူ စတေးဖို့ပဲ စဉ်းစား နေမိတဲ့ အတွက် မုန်းမိတဲ့။ ဖန်ကျန်းရှီက သူ့ ဓားကို ဖျက်စီးလိုက်လို့။ သတ်ချင်စိတ် တစ်ခုတည်းပဲ လွှမ်းမိုးနေတဲ့ သူ့ကိုယ်သူ မုန်းမိတယ်။ အကယ်၍ ဒီ ဆုံးဖြတ်ချက်ကို။ ဖန်ကျန်းရှီကို မြင်လိုက်တဲ့ အချိန်တည်း က ချခဲ့ရင်။ ဒါမျိုးတွေ တစ်ခုမှ ဖြစ်လာမှာ မဟုတ်ခဲ့ဘူး။ ဖန်ကျန်းရှီ။ နတ်ဆိုး အရှင်သခင်ငယ်ကို စော်ကား မော်ကားလုပ်ဝံ့တဲ့ လူသား။

ဒီလို လူမျိုး အတွက် ကံကြမ္မာ တစ်ခုပဲ ရှိတယ်။ သေခြင်းပဲ။ သူပေးဆပ်ရမယ့် တန်ဖိုးကို နောက်ထားပြီး။ ရှီးခုန် ဆုံးဖြတ်လိုက်တယ်။ ဖန်ကျန်းရှီ သေကို သေရမယ်။ သူတစ်ယောက်ပဲ ဒါကိုတွေးတဲ့ နတ်ဆိုး မဟုတ်ဘူး။ ဒါကြောင့်။ ဖန်ကျန်းရှီ ဘယ်လို များ အသက်ဆက်ရှင် နိုင်မှာလဲ။ တစ်ချက်တည်း နဲ့ အသေသတ်ရမယ်။ ခရမ်းရောင် အလင်းတန်းတောက်ပလာတယ်။ ဒေါသတွေ နဲ့ ပြည့်နှက်နေတယ်။ အင်အားအပြည့်နဲ့။ သူ့ အတွေးထဲမှာ ဒီလူ ကို သတ်ဖို့ အတွေးတစ်ခုပဲ ရှိတယ်။

အပိုင်း (၃၉၁) ပြီး၏။

အပိုင်း (၃၉၂)

“ အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့မှု”

…

လူတစ်ယောက်ကို ဒူးထောက်ကျသွားစေနိုင်လောက်အောင်။ ပြင်းထန်လွန်းတဲ့ အငွေ့အသက်တွေ။ ရှီးခုန်ဆီက ထွက်လာတယ်။ ဖန်ကျန်းရှီလည်း ဒါကို ခံစားမိတယ်။ နောက်ဆုံးသော ကတ်ကို ထုတ်လိုက်ပြီ ဆိုတည်းက။ ရှီးခုန်ရဲ့ တိုက်ခိုက်မှု ဘယ်လောက်တောင် အင်အား ကြီးမယ်ဆိုတာ ဖန်ကျန်းရှီ နားလည် တယ်။ အခုချိန်က အိမ်မက် မက်နေတာသာ မဟုတ်ရင်။ သူ ချက်ခြင်း ထွက်ပြေးမှာပဲ။ သူ့ နှလုံးသားထဲမှာ အဆုံးမဲ့ လူသတ်ငွေ့တွေ ပြည့်နေတယ် ဆိုအုန်းတော့။ ဒီတိုက်ခိုက်မှုကို ပြန်ခုခံတာက ဦးနှောဏ် မရှိတဲ့ သူမှပဲ လုပ်မှာ။ ဒါပေမယ့် အခုက အိမ်မက် တစ်ခုပဲ။ သူ့ အိမ်မက်ထဲက လူတစ်ယောက် ကြောင့် လန့်နေလို့ ဖြစ်မလား။ ဒီ တိုက်ခိုက်မှုကို ဖန်ကျန်းရှီ အထင်သေးတယ်။ ပြေးဖို့လည်း မစဉ်းစားဘူး။ အဲ့ဒီ့အစား တိုက်ရိုက် ဝင်တိုက်တယ်။ လူသတ်ငွေ့တွေ ကို သူ့ ဓား ထိပ်ဖျားမှာ စုစည်း လိုက်တယ်။

“ ဘုန်း”

လက်ဝါး နဲ့ ဓား ။ လေထဲမှာ တိုက်ခိုက်မိကြတယ်။ သိပ်သည်းလွန်းတဲ့ အလင်းစိုင်တွေက အရင်တစ်ခေါက် တိုက်ခိုက်မှုနဲ့ တူညီတယ်။ ဒါပေမယ့် ရလဒ်ကတော့ အရမ်းကို ကွာခြားလွန်းနေတယ်။ ပြင်းထန်လွန်းတဲ့ ခြိမ်းခြေက်မှု အင်အားလှိုင်းက။ နောက်ထပ် အလင်းတန်းကို ချေဖျက်တယ်။ အောက်မှာ ရှိတဲ့ လူကို ဖိနှိပ်တယ်။

“ဖန်ကျန်းရှီ”

“ ဘာတွေ ဖြစ်ကုန်တာလဲ။ ဒီ တစ်ခေါက်တိုက်ခိုက်မှုက အရင်တစ်ခါ နဲ့ ဘာလို့ တခြားစီ ဖြစ်နေတာလဲ။”

“ သူ့ရဲ့ အင်အားတွေ အကုန်လုံးကို သုံးလိုက်လို့ များလား။”

ဖြူဖျော့နေတဲ့ ဖန်ကျန်းရှီကို နဂါး တပ်ဖွဲ့ စစ်သည်တော်တွေ အာ းလုံး ငေးကြည့်နေတယ်။ သူတို့ အားလုံး ဖန်ကျန်းရှီ အတွက် အသက်စွန့် တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားကြတာ။ ဒါပေမယ့် ဖန်ကျန်းရှီက သူတို့ မရောက်လာခင် အထိ အသက်ရှင်ဖို့ လိုတယ်လေ။

ဝူကျီက သူတို့ ရှေ့မှာ ပိတ်ရပ်နေတာ။ ဖန်ကျန်းရှီကို ကယ်တင်ဖို့ အတွက်။ ပြန်လည် မွေးဖွားမှု အဆင့် နတ်ဆိုး ( ဝူကျီ) ကို ဖြတ်သွားဖို့ လိုတယ်။ ဖန်ကျန်းရှီက အရင် တစ်ခေါက် တိုက်ခိုက်မှုမှာ ၇ှီးခုန်ကို အသာစီး ရထားခဲ့တယ်။ ပုံမှန် အတိုင်းဆိုရင်။ အကယ်၍ ရှီးခုန်သာ သူ့ မှာ ရှိသမျှ အရာ အားလုံး နဲ့ တိုက်ခိုက်ခဲ့တာ ဆိုရင်တောင်။ ဖန်ကျန်းရှီ ချက်ခြင်း ကျရှုံးမှာ မဟုတ်ဘူး။ အနည်းဆုံးတော့ ငါးမိနှစ် လောက် ခံမှာပဲ။ ဒါက နဂါး တပ်ဖွဲ့ ရဲ့ အတွေး။ အခုတော့ သူတို့ရဲ့ အတွေးတွေ အက်ကွဲ ကုန်တာကို တွေ့လိုက်ရတယ်။ စစ်မြေပြင် က နတ်ဆိုး စစ်သည်တော်တွေ။ ကျောင်းတော်သားတွေ နဲ့။ တိုက်ပွဲ စစ်မြေပြင်က စစ်သည်တော် တွေ အားလုံး။ ရှီးခုန် ကိုယ်တိုင် တောင် အံ့အားသင့်နေတယ်။ ဒီ တိုက်ခိုက်မှု နှစ်ခုရဲ့ ကွာခြားချက်က ကြီးမားလွန်းတယ်။ ယုံကြည်ဖို့ရာတောင် ခက်ခဲလွန်းတာ။

“ ဘာတွေ ဖြစ်ကုန်တာလဲ။ သူက ဘာကြောင့်များ ဒီလောက်ထိ အားနည်းနေတာလဲ။” ရှီးခုန် မျက်လုံးပြူးသွားတယ်။ အကယ်၍ ဒါသာ ဖန်ကျန်းရှီ ရဲ့ အင်အား အစစ်အမှန် ဖြစ်ခဲ့ရင်။ ဘာလို့များ သူ့ အသက်ကို စတေးဖို့ လိုနေအုန်းမှာလဲ။

“ ဘာတွေ ဖြစ်ကုန်တာလဲ။ ဘာလို့ များ သူက ဒီလောက်ထိ အင်အားကြီးနေတာလဲ။” ဖန်ကျန်းရှီလည်း မျက်လုံးပြူးနေတယ်။ ရှီးခုန် ရဲ့ တိုက်ခိုက်မှုက ဘာကြောင့်များ ဒီလောက်ထိ အင်အားကြီးနေတာလဲ။ ငါ့ အိမ်မက်လေ။ ဘာလို့ များ ငါ့အိမ်မက်ထဲက လူ တစ်ယောက်က ငါ့ထက် အင်အား ပိုကြီးနေတာလဲ။ ဖန်ကျန်းရှီ နားမလည်နိုင်ဘူး။ ဒါပေမယ့် လည်း လက်ခံလိုက်ရတယ်။ သူ့ဆီကို တိုးဝင်လာတဲ့ ခရမ်းရောင် အလင်းတန်းက သူ့ထက် အများကြီး အင်အားကြီးနေတယ်ဆိုတာပဲ။

“ ငလူးပဲ။” ဖန်ကျန်းရှီ နောက်ခုန်ဆုတ်ရင်း အော်တယ်။

…

ရှီးခုန်ရဲ့ စွမ်းအားကြောင့် ဒီလို ဖြစ်တာလား။ ဒါမှမဟုတ်။ ယွင်ချင်းဝူ ကတာကို မြင်ချင်စိတ် များနေလို့ပဲ ဒီလို ဖြစ်တာလား။ ထားလိုက်ပါတော့။ သူ့ မျက်လုံးရှေ့က လောကကြီး နောက်တစ်ကြိမ် ပြောင်းလဲ သွားပြန်တယ်။ စကားလုံးတွေနဲ့ ဖော်ပြလို့တောင် မဖြစ်နိုင်ဘူး။ ဒါပေမယ့် ။ ဒီနေရာကို အရင်က သူ မြင်ဖူးတယ်။ ဒါက ကောင်းကင် တာအို သုခမိန် ကျောက်ဖျာပဲ။

အစိမ်းရောင်တောက်နေတဲ့ မြက်ခင်းတွေ။ သစ်တော်ကြီးတွေ။ နောက်ပြီးတော့ ရေကန် အကြီးကြီး။ ရေတွေက ကြည်လင်းလွန်းလို့ ကန်ရေပြင် အောက်ခြေ ကိုတောင် မြင်နေရပြီ။ ဒါပေမယ့် ငါးတစ်ကောင် မှတော့မ ရှိဘူး။ ကွင်းပြင်ကျယ်ကြီး။ သစ်တောတွေ နဲ့ ရေကန် အကြီးကြီး။ ဒါက ကောင်းကင်တာအို သုခမိန် ကျောက်ဖျာပဲ။

ဒီ ခံစားချက် မှန် လား ဆိုတာ ဖန်ကျန်းရှီ ကောင်းကောင်းမသိဘူး။ အဆုံးမဲ့ လောကထဲမှာ ဒီ နေရာကို ပထမဆုံး ခြေချတဲ့ အချိန် တုန်းကလည်း ။ ဒီ ထူးဆန်းတဲ့ ခံစား ချက်ကြီး ရခဲ့တယ်။ ဒီ တစ်ကြိမ် ။ သူ့ အိမ်မက်ထဲမှာတောင်။ ဒီ ထူးဆန်းတဲ့ ခံစားချက်ကြီး ထပ်ရပြန်တယ်။

“ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ။ ဘာလို့များ ငါက ဒီရောက်လာတာလဲ။ မဖြစ်နိုင်တာပဲ။ အဆုံးမဲ့ လောကထဲမှာ ဖျက်စီး ခံလိုက်ရပြီ မဟုတ်ဘူးလား။” ဖန်ကျန်းရှီ စိတ်ရှုပ်ထွေးနေတယ်။ အစတည်း ကနေ။ ဘာတွေ ဖြစ်နေလဲ ဆိုတာ သူ နားမလည်နိုင်ဘူး။ ဒါကြောင့် သူကြိုးစားကြည့်ဖို့ ဆုံးဖြတ် လိုက်တယ်။ နောက်ဆုံး တစ်ကြိမ်တုန်းက ။ ကောင်းကင်တာအို ကျောက်ဖျာကနေ လွတ်မြောက်ဖို့ ရေကန်ထဲမှာ ရေချိုးခဲ့တယ်။ ဒါကို သူ မှတ်မိတယ်။ သူ မသေချာပေမယ့်။ လုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

သူ အဝတ်တွေကို ခွာချတယ်။ ငွေရောင် တောက်ပနေတဲ့ နှလုံးကာ မှန် ထွက်ပေါ်လာတယ်။ အကယ်၍ နန်ကုန်းဟောင်သာ ဒါကို မြင်ရင် ။ သူ့ ခန့်မှန်း ချက်ကို အတည်ပြုပြီးသား ဖြစ်သွားမှာပဲ။ ဒီရေ နှလုံးကာမှန်။ နတ်ဆိုး ကျောင်းတော်ရဲ့ ရတနာ ခုနှစ်ပါး ထဲက တစ်ခု။

“ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာ ထဲမှာ နောက်တစ်ကြိမ် ်ရေချိုး ဖြစ်မယ်လို့ ထင်တောင် မထင်ထားဘူး။” ဖန်ကျန်းရှီ ပြုံးရင်း ပြောတယ်။ ဒါပေမယ့် ဒီ တစ်ကြိမ်မှာပဲ သူ့ အပြုံးက အေးခဲ သွားတယ်။ ဘာကြောင့်လဲ ဆိုတော့။ မိန်းမ တစ်ယောက်ကို သူ မြင်လိုက်ရလို့ပဲ။ ဒီ အမျိုးသမီးက ရေကန်ပေါ်မှာ ကနေတာ။ အဖြူရောင် ဝတ်ရုံကို ဝတ်ထားတယ်။ နောက်ပြီးတော့ ဒီ အမျိုးသမီးရဲ့ ပုံစံက ရင်းနှီး နေသလိုပဲ။

“ သူမလား။” ဖန်ကျန်းရှီ မျက်လုံ းပြူးသွားတယ်။

ကောင်းကင်တာအို သုခမိန် ကျောက်ဖျာကို အိမ်မက်ထဲမှာတွေ့ရလို့ သူ မလန့်ဘူး။ နောက်ဆုံးတော့လည်း ဒါက အိမ်မက်ပဲလေ။ ဒါပေမယ့် ဒီ အမျိုးသမီးက …. ဘာလို့များ သူ့ အိမ်မက်ထဲမှာ ပေါ်လာ ရတာလဲ။ ဒါက နတ်ဆိုး ကျောင်းတော်ရဲ့ ကောင်းကင် ရတနာ ခန်းမထဲမှာ မြင်ခဲ့တဲ့ အမျိုးသမီးပဲ မဟုတ်ဘူးလား။ ဒီ အမျိုးသမီးကို ရေကန်ကြီး နားမှာ မြင်ဖူးတာကိုလည်း မှတ်မိတယ်။ သူ့ နာမည်တောင် မသိဘူး။ ဒါပေမယ့် ရင်းနှီးတာကတော့ သေချာတယ်။ ဒါပေမယ့် သူက ကောင်းကင်ရတနာ ခန်းမထဲက ရေကန်မှာ နေတာ မဟုတ်ဘူးလား။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာကို ဘာလာလုပ်တာလဲ။ သူ နားမလည်နိုင်ဘူး။ အတော်လေးကို စိတ်ရှုပ်ထွေးနေတယ်။

ပုလဲ…။ ပုလဲ တစ်လုံးကို ရေကန် အောက်ခြေမှာ တွေ့လိုက်ရတယ်။ သူ့နှလုံးကာ မှန် ထဲမှာလဲ ဒါမျိုးတ စ်လုံး ရှိတယ်။ ဒီ ပုလဲ နဲ့ တစ်ခုခု များ ဆိုင်လေ မလား။ ဖန်ကျန်းရှှီ ချက်ခြင်း နှလ့ုးကာ မှန်ထဲကို ကြည့်တယ်။ သူ့ နှလုံးကာ မှန်ထဲမှာ ပစ္စည်း အစုံရှိတယ်။ လက်နက်ပုန်းတွေ။ အဝတ်အစားတွေ။ အစားအစာတွေ ။ အစရှိသဖြင့်။ ဒါပေမယ့် ။ ပုလဲ ကိုတော့ သူ ရှာမတွေ့ဘူး။ အမှုန့်ဖြစ်သွားသလိုပဲ။ နေစမ်းပါအုန်း။ တစ်ခုခုလည်း ပျောက်နေသလိုပဲ။

ဖန်ကျန်းရှီ ရဲ့ စိတ်အာရုံ ပြောင်းသွားတယ်။ သူ့ နှလုံးကာ မှန်ထဲမှာ နောက်ထပ် တစ်ခု ပျောက်နေခဲ့တယ်။ အဲ့တာက မဟူရာ ကျောက်တုံး နက်ကြီးပဲ။ စစချင်း တွေ့တုန်းက အဲ့ဒီ့ကျောက်တုံး ကြီးက တောက်ပနေတာ။

“ ပုလဲ နဲ့ ကျောက်တုံး နှစ်ခုစလုံး ပျောက်နေတယ်။ ဘာတွေ ဖြစ်ကုန်တာလဲ။” ဘယ်ရောက်ကုန်လဲ ဖန်ကျန်းရှီ မတွေးတတ်တော့ဘူး။ အဲ့ဒီ့နောက် ရေကန်ပေါ်မှာ ကနေတဲ့ အမျိုးသမီးကို ပြန်ကြည့်တယ်။

“ ကြည့်ရတာ ရင်းနှီးလိုက်တာ။ ဘယ်သူလဲ။” ဖန်ကျန်းရှီ သူ့ ကိုယ်သူ ပြန်မေးမိတယ်။ ရေကန်ထဲမှာ ရေချိုးဖို့ သူ လက်လျှော့လိုက်တယ်။ အမျိုးသမီး ရှေ့မှာ ရေချိုး ဖို့ အထိတော့ သူ စိတ်မရဲဘူး။

…

အေးခဲ မျောက်မင်းဒေသ ဝင်ပေါက်မှာ။ မိုးက ဆက်လက်ရွာသွန်းနေတယ်။ တစ်မိနစ် တိုင်းမှာ ပိုပြီး သည်းထန်လာတယ်။ ဒါပေမယ့်။ လူတိုင်းကတော့ သူတို့ရဲ့ လမ်းတွေကို ရပ်တန့်ထားတယ်။ သူတို့ အားလုံးက ခရမ်းရောင် အလင်းတန်းတွေ စီးဆင်းနေတဲ့ ဖန်ကျန်းရှီကို ကြည့်နေတာ။ ပြောရမယ် ဆို၇င်။ ရှီးခုန်ရဲ့တိုက်ခိုက်မှုကြောင့်။ ဖန်ကျန်းရှီ ပြီးဆုံသွားပြီလို့ ထင်လိုက်မိတာ။ စွမ်းအား ကွာခြားချက်က မြင်သာ နေပြီပဲ။ နောက်ထပ် ဘာများ ဆက်ဖြစ်နိုင်အုန်းမှာလဲ။ (အံ့ဖွယ်ရာ တစ်ခု ဖြစ်လာခဲ့မယ်လို့ ဘယ်သူမှ မထင်ထားခဲ့မိဘူး။ ) ဒါပေမယ့် ခရမ်းရောင် အလင်းတန်းက ဖန်ကျန်းရှီကို တစ်စစီ ဖြစ်သွားစေမယ်လို့ သူတို့ ထင်ထားခဲ့တာ။

ရလဒ်ကတော့ လုံးဝကို ကွာခြားနေခဲ့တယ်။ အ၇မ်းကို ထူးဆန်းတဲ့ မြင်ကွင်းပဲ။ ခရမ်းရောင် အလင်းတန်းက ဖန်ကျန်းရှီ ရဲ့ ကိုယ်ထဲကို ဝင်သွားသလို။ အတိအကျ ပြောရရင်။ ဖန်ကျန်းရှီက ဒါတွေ အားလုံးကို စုပ်ယူ ပြစ်လိုက်တာ။ ဒါက ဘယ်လိုများ ဖြစ်နိုင်တာလဲ။ အခု ဖြစ်သွားတာကို ဘယ်သူမှ နားမလည်နိုင်ကြဘူး။ ဖန်ကျန်းရှီ သေတော့မယ်လို့ သူတို့ တွေးလိုက်တဲ့ အချိန် ။ သူက တိုက်ခိုက်လာတဲ့ ခရမ်းရောင် အလင်းတန်းကို စုပ်ယူ ပြစ်လိုက်တယ်။ ဒါက ဘယ်လိုများ ဖြစ်နိုင်တာလဲ။ ဘာလဲ ဟ… ။ ငလူးပဲ။

နန်ကုန်းဟောင် ၊ ရှင်ချင်းစွေ့ ။ ယွင်ချင်းဝူ အပါအဝင်။ ပိုင်ရှင်းကိုယ်တိုင် တောင် သူတို့ မြင်လိုက်ရတာကို ။ နားမလည်နိုင်ဘူး။ ဒါမျိုးကလည်း တစ်ခါမှ မဖြစ်ဖူးဘူးလေ။ ခရမ်းရောင် အလင်းတန်းက ရှီးခုန်ရဲ့ တစ်သက်တာ စုဆောင်းထားသမျှ အင်အား အကုန်လုံးကို ကိုယ်စား ပြုတယ်။ လူသား ကိုယ်ခန္ဒာက ဘယ်လိုများ ဒါကို စုပ်ယူနိုင်တာလဲ။ ဒါပေမယ့် ဖြစ်ပြီးတာက တော့ မျက်မြင် ကိုယ်တွေ့ အမှန်တရားကြီး ။ ဖန်ကျန်းရှီက ခရမ်းရောင် အလင်းတန်း တွေ ရဲ့ အလယ်မှာ ရပ်နေတယ်။ သူ့ ကိုယ်ခန္ဒာထဲကို အဆက်မပြတ် စုပ်ယူနေတယ်။ အဲ့ဒီ့နောက် ခရမ်းရောင် အလင်းတန်း ပျောက်ကွယ်သွားတယ်။

တိတ်ဆိတ်သွားတယ်။

အပ်ကျသံတောင် မကြားရတဲ့ အထိ တိတ်ဆိတ်သွားတယ်။

မိုးရေစက်တွေ မြေပြင်ပေါ် ကျနေတဲ့ အသံ ကလွဲပြီး။ တခြားအသံ မရှိတော့ဘူး။ မရေမတွက်နိုင်တဲ့ မျက်လုံးတွေ ။ ဖန်ကျန်းရှီနဲ့ သူ့ လက်ထဲက ဓားကို စိုက်ကြည့်နေတယ်။ ခြေရာမဲ့ဓား။ ခရမ်းရောင်ကလွဲပြီးရင် တခြား ဘာတစ်ခုမှ မတွေ့ရတဲ့ ဓားတ စ်ချောင်း။

“မင်းဘာလို့ မတိုက်ခိုက်တာလဲ။” ဝူကျီ ရဲ့ အသံက တိတ်ဆိတ်မှုကို ချိုးဖျက်သွားတယ်။ ဖန်ကျန်းရှီ အခုချိန်မှာ ဘာလုပ်လိုက်လဲ သူမသိဘူး။ ဒါပေမယ့် ရှီးခုန်က အရမ်းနောက်မကျခင် တိုက်ခိုက်သင့်တာ မဟုတ်လား။

“ဖန်ကျန်းရှီ သေ၇မယ်။ မင်း သေမှ ဖြစ်မယ်။” ရှီးခုန်ရဲ့ မျက်လုံးမှာ ဒေါသတွေ ကြောက်လန့်မှုတွေ ပြည့်နေတယ်။ ဖန်ကျန်းရှီက သူ့ရဲ့ တိုက်ခိုက်မှုကို ဘယ်လို ခုခံလိုက်လဲ။ သူမယုံကြည်နိုင်ဘူး။ ဒါပေမယ့် သူ့မှာ တခြားသော ရွေးချယ်စရာလည်း မရှိဘူး။ တွေးဖို့ အချိန်လည်း မရှိတော့ဘူး။ သူ့ ဘဝရဲ့ အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးနေပြီ။

“ သေစမ်း” ရှီးခုန် သူ့လက်ကို မြှောက်လိုက်တယ်။ အော်ဟစ်ရင်း ခ၇မ်းရောင် အလင်းတန်း အဖြစ်ကို ပြောင်းသွားတယ်။ ဖန်ကျန်းရှီ ဆိကို ပြေးဝင်တယ်။ အကယ်၍ ဖန်ကျန်းရှီသာ သူ့ရဲ့ အစွမ်းကို ပိတ်ဆို့ဖို့ ဒီလို ထူးထူးဆန်းဆန်း နည်းလမ်းကို သုံးမယ် ဆိုရင်။ အနီးကပ်တိုက်ခိုက်မှပဲ ရမယ်။ ရှီးခုန်ရဲ့ နောက် မှာ ရှှီတဲ့ ဧရိယာ တစ်ခုလုံး ဆုတ်ပြဲကုန်တယ်။ သူ့ ရဲ့ ကိုယ်လည်း ဖြည်းဖြည်းချင်း ဆုတ်ပြဲလာတယ်။

“ ဘန်းးး” ကြီးမားတဲ့ ပဲ့တင်သံကြီး ထွက်ပေါ်လာတယ်။ ခန္ဒာကိုယ် နှစ်ခု လုံး မျက်စိတစ်မှိတ် အတွင်း တိုက်မိပြီး ကွဲကွာ သွားကြတယ်။ ဝူကျီ ရဲ့ မျက်လုံးထဲမှာ ကြောက်ရွံ့ ထိတ်လန့်မှုတွေ ပြည့်နေတယ်။ ဒီ တိုက်ခိုက်မှု နဲ့ နီးနီးကပ်ကပ် ရှိနေတဲ့ အတွက်။ ရှီးခုန်က ပြန်ကန်ထွက်သွားတဲ့ လူတစ်ယောက် ဆိုတာ သူ ကောင်းကောင်း သိတယ်။

“ ဘာတွေ ဖြစ်ကုန်တာလဲ။ ကောင်းကင်ရောင်ပြန် အဆင့် ဖန်ကျန်းရှီက ။ ရှီးခုန်ကို ဘယ်လို တိုက်ခိုက် နိုင်မှာလဲ။ ရှီးခုန်က သူ့ရဲ့ နတ်ဆိုး မျက်လုံး ကိုတောင် ဖျက်စီး ပြစ်လိုက်ပြီ။” ဝူကျီ သူ့ မျက်လုံးသူ မယုံနိုင် ဖြစ်နေပြီ။ ပြောရမယ် ဆိုရင် ။ သူတို့ ပြောနေတာကိုတောင် မယုံနိုင်ဘူး။

“ အသုံးမဝင်လိုက်တဲ့ အားနည်းသူ” အေးစက် မောက်မာလှတဲ့ အသံ ။ ဒီ အချိန်မှာ ထွက်ပေါ်လာတယ်။ အလွန့်ကို ထူးခြားတဲ့ အင်အားကြီးသူက အားနည်းသူကို လှောင်ရယ်သံ လိုပဲ။ လွန်ခဲ့တဲ့ အချိန်တုန်းက ရှီးခုန် လည်း ဒီလိုပဲ လုပ်ခဲ့တာ။ တောင်ကုန်းပေါ်ကနေ သူ ဆင်းလာတဲ့ အချိန် တုန်းက။ ဒီ လိုပဲ အမှိုက်တွေ နဲ့ ကြုံတွေ့ ခဲ့ရတယ်။ နောက်ပြီးတော့ ထပ်တူကျတဲ့ ဒီ စကားလုံး တွေကိုပဲ သုံးခဲ့တာ။ ( အသုံးမဝင်တဲ့ အားနည်းသူ) ဒါပေမယ့် အခုတော့။ ဒီ စကားတွေက သူ ပြောတာ မဟုတ်ဘူး။ ဖန်ကျန်းရှီက သူ့ကို ပြောနေတာ။

မိုးတွေ သည်းသည်း မည်းမည်း ရွာသွန်းနေတဲ့ ဒီ အချိန်မှာ။ ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ ပွင့်နေခဲ့တယ်။ ကြောက်စရာ ကောင်းလောက်အောင် ခရမ်းရောင် တောက်ပနေတဲ့ မျက်လုံးတွေ ။ ပိုပြီး အရေးကြီး တာက သူ့ ဓား တစ်ချောင်း နစ်ဝင်နေတာပဲ။ သူ့ မျက်လုံးအိမ် ထဲမှာ ဓားတစ်ချောင်း ။ တောက်ပနေတယ်။

“ ချွင်” ကျယ်ပြန့်လှတဲ့ လူသတ်ငွေ့တွေ။ ဖန်ကျန်းရှီ ရဲ့ ကိုယ်ကနေ ဆူနာမီ မုန်တိုင်းလို ထွက်ပေါ်လာတယ်။ ရှီးခုန်ကို ဝင်လိုက်တယ်။

“ ခဘွန်း”

ကောင်းကင်က ခရမ်းရောင်မိုးကြိုး အလင်းတန်း ကြီးတွေ ထွက်ပေါ်လာတယ်။ တိမ်တွေထဲမှာ နဂါးတွေ အများကြီး အော်ဟစ်နေသလိုပဲ။ ကောင်းကင်ကြီး တစ်ခုလုံး မှောင်မည်းလာတယ်။

“ မျက်လုံးထဲက ဓား။”

ဖန်ကျန်းရှီ ရဲ့ မျက်လုံးထဲက ဓားကို မြင်တော့။ လူတိုင်း ထိတ်လန့်ကုန်ကြတယ်။ သူတို့ ခံစားနေရတဲ့ ကြောက်ရွံ့မှုက ဖော်ပြလို့ မရနိုင်ဘူး။ လူတစ်ယောက် က ဓားပညာ ရဲ့ အမြင့်ဆုံး အဆင့်ကို ရောက်သွားရင် ။ ဖြစ်နိုင်ချေ နှစ်ခုပဲ ရှိတယ်။ တစ်ခုက သူ့ လက်ထဲမှာ ဓား မရှိဘူး။ ဒါပေမယ့် နှလုံးသား ထဲမှာ ဓားရှိတယ်။ နောက်တစ်ခုက ဓားကို လက်ထဲမှာ ကိုင်ထားတယ်။ ဒါပေမယ့် လူကိုယ်တိုင် ကလည်း ဓားတစ်ချောင်း ဖြစ်နေတယ်။ ဒါကို ( ဓား မျှဝေခြင်း) လို့ ခေါ်တယ်။ သူကိုယ်တိုင်က ဓားဖြစ်နေပြီ။

ရှီးခုန်ရဲ့ ကိုယ်ခန္ဒာ တောင့်တင်းသွားတယ်။ ပြန်လည် မွေးဖွားမှု အဆင့် နတ်ဆိုး တစ်ယောက် အနေနဲ့။ ဒါက ဘာမှန်းသူသိတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက ဘယ်လိုများ ဒီလို အဆင့်ကို ရောက်သွားလဲ ဆိုတာ နားမလည်နိုင်ဘူး။ ပြောနိုင်တာက ။ ဖန်ကျန်းရှီ ဒီလို အဆင့်ကို ရောက်သွားခဲ့ရင်တောင်။ ခါးသီးတဲ့ အဆုံးသတ် အတွက် သူ ဆက်ပြီး တိုက်ခိုက်ရမှာပဲ။ သူက သေဖို့ စောင့်နေတဲ့ နတ်ဆိုး တစ်ကောင် ဖြစ်နေပြီ။ ငလူးပဲ။ ဖန်ကျန်းရှီက ဓားမျှဝေမှု အဆင့်မှာတောင် ရှိနေမယ် ဆိုရင်တောင်။ သူ ဂရုမစိုက်ဘူး။ ဖန်ကျန်းရှီ သေကို သေမှ ဖြစ်မယ်။

“ ဖန်ကျန်းရှီ သွားသေလိုက်တော့။” ရှီးခုန်။ ခရမ်းရောင် အလင်းတန်း အဖြစ်ကို ပြောင်းလဲသွားတယ်။ ဖန်ကျန်းရှီ ဆီကို အားအပြည့်နဲ့ တိုးဝင်တယ်။ ဒီ အလင်းတန်းက အရင်တစ်ခေါက် ထက် အများကြီး ပိုတောက်ပတယ်။

“ သေစမ်း။” ဖန်ကျန်းရှီ က ရှီးခုန် မလှုပ်ရှားခင် အရင် လှုပ်ရှားတယ်။ သူ့ မျက်လုံးထဲက အလင်းရောင် အလွန်အမင်း တောက်ပလာတယ်။ ထူးဆန်းတဲ့ ခရမ်းရောင် အလင်းတန်း က လေထုကို ဖြတ်သန်းတယ်။ ကောင်းကင်ဆီကို ရောက်ရှိတယ်။ မိုးကြိုးတွေ တိမ်တွေ နဲ့ ပေါင်းစပ်တယ်။ ကြီးမားလွန်းတဲ့ သစ်ပင်ကြီး အဖြစ်ကို ပြောင်းလဲ ရောက်ရှိတယ်။ ကောင်းကင်တစ်ခုလုံးကို သစ်ပင်ကြီး က ဖုံးလွှမ်းသွားတယ်။

“ အင်အားကြီးလိုက်တာ။ ဘာလို့များ သူက ဒီလောက်ထိ အင်အားကြီးနေတာလဲ။”

“ အဲ့ … အဲ့တာ က ဖန်ကျန်းရှီ ဟုတ်ကော ဟုတ်သေးရဲ့လား။ သူ့ကို ဘယ်သူလဲ ဆိုတာတောင် ငါ မမှတ်မိနိုင်တော့ဘူး။ ”

“ ဖန်ကျန်းရှီ… မဖြစ်နိုင်ဘူး။ ဖန်ကျန်းရှီ က ဒီလောက်ထိ အင်အားကြီးတာမျိုး ဘယ်လို ဖြစ်နိုင်မှာလဲ။”

မိုးကြိုးတွေ တိမ်တွေနဲ့ ဖြစ်ပေါ်လာတဲ့ ခရမ်းရောင် သစ်ပင်ကြီးကို။ ကျော င်းတော်သားတွေ ငေးကြည့်နေတယ်။ မသိစိတ်ကြောင့် ဖြည်းဖြည်းချင်း နောက်ဆုတ်မိကြတယ်။ သူတို့ မျက်လုံးတွေမှာ အလွန်အမင်း ကြောက်လန့် ထိတ်လန့်မှုတွေ ဖြစ်ပေါ်လာတယ်။

အပိုင်း (၃၉၂) ပြီး၏။

အပိုင်း ( ၃၉၃)

“ တိုက်ပွဲ စတင်ပြီ။”

အရင်တုန်းက။ လူတိုင်းတွေးခဲ့ကြတာ။ ဖန်ကျန်းရှီ ဆိုတာ သူုတို့ တွေ့ကြုံဆုံဖူးသမျှထဲ အရှက်မရှိဆုံးသော ဖြစ်တည်မှု တစ်ခုလို့။ ဒါပေမယ့် အခုချိန်မှာ ဖန်ကျန်းရှီ ဆီကနေ ခံစားလို့ ရတဲ့ တစ်ခုတည်းသော အရာက အေးစက်မှုပဲ။ သူတို့ တားဆီးနိုင်တာထက်ကို အများကြီး ကျော်လွန်နေတယ်။ ဒီ အေးစက်မှုက လူတိုင်းရဲ့ အသွေးအသားတွေကို ခြိမ်းခြောက်နေတဲ့ လူသတ်ငွေ့ ကနေ ဖြစ်တည်လာတာ။

“ ကချာ့”

ခရမ်းရောင် အလင်းတန်းတွေ။ မိုးကြိုးနွယ်ကြီးတွေ ပေါင်းစပ်ပြီး သစ်ပင်သဏ္ဍာန်ကြီးတစ်ခု ဖြစ်ပေါ်လာတယ်။ ဒီ သစ်ပင်ကြီးက မြေပြင်ကို ရုတ်တရက် ပြုတ်ကျလာတယ်။ ဒါက ပြန်လာတဲ့ နဂါး တိုက်ကွက်ပဲ။ အနှိုင်းမဲ့ အင်အားကြီးတယ်။ ဒါပေမယ့် ပထမဆုံး တစ်ခုနဲ့တော့ နည်းနည်း ကွာခြားတယ်။ ဒီ တစ်ကြိမ်မှာ။ ထွက်ပေါ်လာတဲ့ အင်အားက။ အေးစက်လွန်းတဲ့ လူသတ်ငွေ့တွေကို ပိုပြီး များပြား လာစေတယ်။

“ဘုန်း။”

ခရမ်းရောင် အလင်းတန်း နှစ်ခု ယှက်နွယ် လိမ်ကျစ်သွားတယ်။ အဲ့ဒီ့နောက် ပြန်ပြီး ကွဲထွက်တယ်။ ရုတ်တရက် လေထဲမှာ သွေးမိုးတွေ ပြည့်သွားတယ်။ နီနီရဲရဲသွေးပန်းတွေ ပွင့်သွားသလိုပဲ။ မြေကြီးပေါ် ကျသွားတဲ့ သွေးတွေ။ မိုးရေကြောင့် ဆေးကြောခြင်းခံလိုက်ရတယ်။ မြေပြင်ပေါ်မှာ သွေးစီးကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာတယ်။ သွေးအိုင်ထဲမှာ လဲလျောင်းနေတဲ့ လူတစ်ယောက် ရှိတယ်။ သူ့ မျက်လုံးတွေ ပြူးကျယ်နေတယ်။ မျက်နှာက ဖြူဖျော့နေတယ်။ သူ့ရဲ့ ဆံပင်တွေ ဖွေးဖွေးဖြူနေခဲ့ပြီ။ သူ့မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ပြည့်နှက်နေတယ်။ အချိန်တိုလေး အတွင်းမှာပဲ ။ သူ့ အသက်က အဆပေါင်းများစွာ ကြီးရင့်သွားခဲ့တယ်။

“ မင်း …. က ဖန်ကျန်း၇ှီ မဟုတ်ဘူး။” ရှီးခုန်ရဲ့ ပါးစပ် ကနေ သွေးတွေ ဆက်တိုက် စီးကျလာခဲ့တယ်။ ဖြစ်သွားတဲ့ ကိစ္စ တွေကို သူ မယုံကြည်နိုင်ဘူး။ ဒါပေမယ့် သူ လုံး၀ ဆက်ပြီး မတိုက်ခိုက်နိုင်တော့ဘူးလေ။ သူ့ လက်မောင်း နှစ်ဖက်လုံး သွင်သငွင် ကျိုးသွားခဲ့ပြီ။ သူက ကျောင်းတော်သားတွေကို အသုံးမဝင်တဲ့ အားနည်းသူတွေလို့။ အထင်သေး လှောင်ရယ်ဖူးတဲ့ ။ ပြန်လည်မွေးဖွားမှု အဆင့် နတ်ဆိုးတစ်ယောက်။ ဒါတောင်။ သူ့ ထက် အဆများစွာ အင်အားကြီးတဲ့ လူရှေ့မှာ ရောက်တော့။ အသုံးမဝင်တော့ဘူး။

ရှီးခုန် သူ့ မျက်လုံးတွေကို မှိတ်ထားတယ်။ နောက်ထပ် တောင့် မခံနိုင်တော့ဘူး။ အကယ်၍ သူ့ နတ်ဆိုး မျက်လုံးကိုသာ ဖျက်စီး မပြစ်ရင်။ သူ့ရဲ့ ဒဏ်ရာတွေက။ နောက်ထပ် လ အနည်းငယ် အတွင်းမှာ ပြန် ကောင်းလာမှာပဲ။ ဒါပေမယ့် သူ့ နတ်ဆိုး မျက်လုံးက ပျက်စီး သွားခဲ့ပြီ။ ဒါကြောင့် ။ ဆယ့်ငါးမိနစ် အတွင်းမှာ ဖန်ကျန်းရှီကို အသေမသတ်နိုင်ရင် ။ သူ သေမှာပဲ။ သေခြင်းက သူ့ကို ဝါးမျိုသွားတဲ့ အထိ စောင့်ဆိုင်း မနေတော့ဘူး။ ဒါပေမယ့် သူ့ရဲ့ နောက်ဆုံး ထွက်သက်အထိ ။ ယုံကြည်ချက်တစ်ခုကို ကိုင်ဆွဲထားတယ်။ သူရင်ဆိုင်နေရတဲ့ သူက ဖန်ကျန်း၇ှီ မဟုတ်ဘူး။ မောက်မာပြီး ခြိမ်းခြောက်နိုင်လွန်းတဲ့ စွမ်းအားတွေကို။ ဖန်ကျန်းရှီလို ကောင်းကင်ရောင်ပြန် အဆင့် လူသား တစ်ယောက်က ဘယ်လိုများ ထုတ်နိုင်မှာလဲ။

…

မိုးကတော့ ဆက်ပြီး ရွာသွန်းနေဆဲပဲ။ စစ်မြေပြင်မှာ မိုးကြိုးတွေ အဆက်မပြတ် ပြစ်ချနေတယ်။ ခရမ်းရောင် မိုးကြိုးတွေနဲ့ ဖန်တီးထားတဲ့ သစ်ပင်ကြီးလည်း ပျောက်ကွယ်သွားပြီ။ သစ်ပင်ကြီးနေရာမှာ ရပ်နေတဲ့ လူငယ် တစ်ယောက်ပဲ ကျန်တော့တယ်။ သူ့ လက်ထဲမှာ ခရမ်းရောင် တောက်ပနေတဲ့ ဓားတစ်ချောင်းရှိနေတယ်။ လူသတ်ငွေ့တွေ သူ့ ကိုယ်ကနေ တစိမ့်စိမ့် ထွက်ပေါ်နေတယ်။ သူ့ရဲ့ အငွေ့အသက် က သည်းထန်လွန်းတဲ့ မိုးရေကိုတောင် ဒူးထောက်သွားစေနိုင်လောက်တယ်။

“ဖန်ကျန်းရှီ”

“ သူ … သုူ တကယ်ပဲ ပြန်လည်မွေးဖွားမှု အဆင့် နတ်ဆိုးကို အနိုင်တိုက်လိုက်တာလား။”

ထိတ်လန့် ။ ကြောက်ရွံ့မှုတွေ။ ကျောင်းတော်သားတွေ ရဲ့ အကြည့်တွေက အေးခဲ သွားတယ်။ မိုးရေထဲက လူရိပ်ရဲ့ မျက်လုံးအိမ်ထဲမှာ တောက်ပနေတဲ့ ဓားသွားတွေရှိနေတယ်။ ပိုင်ရှင်း ။ ဝူကျီ နဲ့။ တခြားသော နတ်ဆိုး စစ်သည်တော်တွေ နေရာမှာပဲ တန့်နေကြတယ်။ သူတို့ မြင်နေရတာကို မယုံနိုင်ဘူး။

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။”

“ ဒီကောင်က လူသားလား။ ဘယ်လိုများ ဒီလို လူရှိနေတာလဲ။”

“ …”

မိုးရေထဲမှာ ယွင်ချင်းဝူ ရပ်နေတယ်။ သူမရဲ့ မျက်ဝန်းတွေ ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။ သူမကြည့်ရတာ စိတ်သက်သာရာ ရပြီး ပျော်ရွှင် နေသလိုပဲ။ ဒါပေမယ့်။ ကြောက်ရွံ့ ထိတ်လန့်မှု အငွေ့ အသက်တွေ ကိုလည်း မြင်သာနေတယ်။ ဖန်ကျန်းရှီကို သတ်ချင်လိုစိတ်ကလည်း ထင်ရှားတယ်။

“ ဒါ တကယ်ပဲ သူလား။” ယွင်ချင်းဝူ ခပ်တိုးတိုးပြောတယ်။ ဘယ်သူမှ သူမရဲ့ မေးခွန်းကို မဖြေဘူး။ ဒါပေါ့။ ယွင်ချင်းဝူလည်း အဖြေကို မမျှော်လင့်ထားပါဘူး။ ဖန်ကျန်းရှီ က ယွင်ချင်းဝူကို ကြည့်နေတယ်။ ဒီ အချိန်မှာ သူ့ ခန္ဒာကိုယ် ကလည်း လှုပ်ရှားတယ်။ ခရမ်းရောင် အလင်းတန်း တွေက သူ့ ဓား တစ်ဝိုက်မှာ လှည့်ပတ်နေတယ်။ ခရမ်းရောင် နဂါးကြီးက သူ့ ဓားမှာ လည်နေသလိုပဲ။

“ သေစမ်း။” အေးစက်နေတဲ့ လူသတ်ငွေ့နဲ့ အသံ တစ်သံ ထွက်လာတယ်။

“မင်း အိမ်မက်မက်နေလိုက်။” ဝူကျီလည်း လှုပ်ရှားလာပြီ။ ဖန်ကျန်းရှီ ဘာတွေ လုပ်ချင်နေလဲ သူမသိဘူး။ ဒါပေမယ့် ဖန်ကျန်းရှီကို သူ တားမှ ဖြစ်မယ်။ ထုံးစံ အတိုင်း။ နဂါးတပ်ဖွဲ့ကတော့ ဘာဆို ဘာမှ မလုပ်ဘူး။ ဖန်ကျန်းရှီက ရှီးခုန်ကို ဘယ်လို အနိုင်ယူလိုက်တာလဲ။ သူတု့ိ မတွေးတတ် သလို ဂရုလည်း မစိုက်။ နောက်ဆုံးတော့လည်း ။ ဒီ ကိစ္စက သူတို့ အတွက် ကောင်းတာပဲလေ။ အခုချိန်မှာ သူတို့ စိတ်အေးလို့ ရနိုင်ပြီ။

“ တိုက်ကွက်ပြင်။”

ကျော်ကြားတဲ့ နဂါးတပ်ဖွဲ့ကြီးက။ သူတို့ တစ်ဦးချင်းစီ အားသာချက်တွေ ရှိတယ်။ အခုတော့ သူတို့က ဖန်ကျန်းရှီကို အာရုံ စိုက်စရာ မလိုတော့ဘူး။ ဒါကြောင့် စစ်တပ်ကို အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ရှင်ချင်းစွေ့ရဲ့ အမူအယာ ပိုပြီး တည်ငြိမ်လာခဲ့တယ်။ ဖန်ကျန်းရှီ နဲ့ နဂါးတပ်ဖွဲ့ တို့ လှုပ်ရှားချိန်တည်းက ။ တောင်ပိုင်း ဒေသ ရဲ့ စစ်သည်တော် တစ်သိန်းလည်း လှုပ်ရှားပြီ။

“ ဘုန်းဘုန်း ဘုန်း။”

စည်းချက် ကျကျ အသံတွေ မိုင်ချီ အကွာအဝေးကနေ ကြားနေရတယ်။ ရေစက်တွေကို ကန်ရင်း နဲ့။ ကြီးမြတ်သော ရှ မင်းဆက်ဆီကို အပြေးသွားကြတယ်။ ဖြစ်လုဆဲဆဲ တိုက်ပွဲကြီး တစ်ခုလည်း ရှိတယ်။ ကြီးမြတ်သော ရှမင်းဆက် က အင်အား နှစ်ခု ကွဲနေတယ်။

“ သေ။”

“သေ”

“ သေ သေသေ ”

ကြီးမြတ်သော ရှမင်းဆက်က စစ်သည်တော်တွေ။ တစ်ညီတညွှတ်တည်း အော်ဟစ်နေကြတယ်။ စစ်တပ်ကြီးကို ချေမှုန်းပြစ်ဖို့ ပြင်ဆင်နေကြတယ်။

“ နားထောင်စမ်း။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ စစ်သူကြီး။” ဒီ အချိန်မှာပဲ။ သံချပ်ကာ အထူကြီးနဲ့ လူကြီး တစ်ယောက် လျှောက်လာခဲ့တယ်။ သူ့ ကျောပေါ်မှာ ကြီးမားတဲ့ အနက်ရောင် သားရေကြိးကို ဝတ်ထားခဲ့တယ်။

ရှင်ချင်းစွေ့က သူ့ လက်ကို မြှောက်လိုက်တယ်။ တောင်ပိုင်းဒေသ စစ်သူကြီးက ဒါကိုတွေ့တော့။ သူ့ လက်ထဲက ဓားကြီးကို ချလိုက်တယ်။ ကြီးမြတ်သော ရှမင်းဆက် ရဲ့ စစ်သည်တော်တွေကို ငေးကြည့်တယ်။

“ တည်မြဲ တောင်ဂိတ်ကို ငါတို့ သိမ်းလိုက်ပြီ။ စစ်သည်တော် ငါးသောင်းကို ဓားစာခံ အဖြစ် ဖမ်းထားတယ်။ မင်းတို့ စစ်ကူတွေ ရတော့မှာ မဟုတ်ဘူး။ အိမ်ရှေ့စံ မင်းသားကိုလည်း ငါတို့ ရဲ့ စစ်သည်တော် တစ်သိန်းက လက်ရှိမှာ ဝန်းရံထားတယ်။ ဒီ တိုက်ပွဲကို မင်းတို့ ရှုံးသွားပြီ။ လက်နက်ချပြီး အညံ့ခံလိုက်။ မင်းတို့ကို အသေမသတ်ဘူး။ ဒါပေမယ့် အကယ်၍ မင်းတို့သာ ခုခံရင်။ ငါတို့ရဲ့ စစ်သည်တော် တစ်သိန်းသုံးသောင်းက မင်းတို့ကို သက်ညှာမှာ မဟုတ်ဘူး။”

တောင်ပိုင်းဒေသ စစ်သူကြီး။ သူ့ဓားကို ရှင်ချင်းစွေ့ဆီတည့်တည့် ညွှန်ပြလိုက်တယ်။ သူ့ မျက်လုံးထဲမှာတော့ ဒေါသတွေ ပြည့်နှက်နေခဲ့တယ်။ ဒီ အချိန်မှာပဲ။ ဂင်တိုတို လူတစ်ယောက် ထွက်လာခဲ့တယ်။ သူ့လက်ထဲမှာ အလံတစ်ခု ကိုင်ထားခဲ့တယ်။ သစ်သား အလံ ပေါ်မှာ စကားလုံး သုံးလုံးရှိတယ်။ (တည်မြဲ တောင်ဂိတ်) ဒါက တည်မြဲ တောင်ဂိတ်ရဲ့ အလံပဲ။ သူတို့ လက်ထဲကို အလံရောက်လာတာ။ ဂိတ်ကျသွားပြီလို့ ဆိုလိုမှုပဲ။

“တောင်ဂိတ် ကျသွားပြီလား။”

“ဘယ်လို ဖြစ်နိုင်မှာလဲ။ တောင်ဂိတ်ကျသွားရင်။ ငါတို့ ဘာဆက် လုပ်ရတော့မလဲ။ အိမ်ပြန်လို့လည်း မရဘူး။”

“ အိမ်ရှေ့စံလည်း ဝန်းရံ ခံနေရပြီ။ ငါတို့ စစ်တပ်တစ်ခုပဲ ကျန်တော့တာမလား။”

စစ်သည်တော်တွေ ဂယောင်ချောက်ခြား ဖြစ်လာကြတယ်။ တိုက်ပွဲ အလှည့် အပြောင်းက ပြောင်းလဲသွားပြီလေ။ ဒီ့ မတိုက်ခင် တုန်းက။ သူတို့ တွေ သေတဲ့ အထိ တိုက်ခိုက်ဖို့ ဆန္ဒရှိကြတယ်။ ကြီးမြတ်သော ရှမင်းဆက်က အင်အားပိုကြီးမှန်း သူတို့ သိတယ်လေ။ ဒါကြောင့် စစ်ကူရောက်လာခဲ့အချိန်။ သူတို့ ရှုံးမှာ မဟုတ်တော့ဘူး။ သူတို့ ရဲ့ အရေအတွက် မမျှရင်တောင် ။ သူတို့ ကြောက်စရာ မရှိဘူး။ နောက်ဆုံးတော့လည်း အိမ်ရှေ့စံ ရဲ့ လက်အောက်မှာ စစ်သည် လေးသောင်းရှိတယ်။ တည်မြဲ တောင်ဂိတ်မှာ စစ်သည် ငါးသောင်း ရှိတယ်။ ဒါပေမယ့် အခုတော့ တည်မြဲ တောင်ဂိတ်က ကျသွားပြီ။ စစ်ကူက ဘယ်လိုများ ရောက်လာနိုင်တော့မှာလဲ။ အိမ်ရှေ့စံ မင်းသား ကလည်း ဝန်းရံခံနေရပြီ။ သူတို့ကို ကယ်မယ့်သူ မရှိတော့ဘူး။ တစ်ယောက်တည်း။ ရန်သူ့ နယ်မြေထဲမှာ သူတို့ ပဲ ရှိနေတော့တယ်။ ဒီလို အခြေအနေ မျိုးမှာ။ သူတို့က သေဖို့ စောင့်နေတဲ့ သားကောင် ငယ်လေးတွေ လိုပဲ။ စစ်သည်ငါးသောင်းလုံး ရှင်ချင်းစွေ့နဲ့ စစ်သူကြီးတွေကို ကြည့်နေတယ်။ သွေးစွန်းနေတဲ့ တောင်ပိုင်းဂိတ် ရဲ့ အလံကို တွေ့တော့။ စစ်သူကြီးတွေ ဖြူဖျော့ကုန်တယ်။ ရှင်ချင်းစွေ့ရဲ့ အမူအယာလည်း ပြောင်းသွားခဲ့ပြီ။ တောင်ဂိတ် ကျသွားမယ်လို့ မထင်ထားမိဘူး။ တောင်ပိုင်းဒေသ ဒီလောက်ထိ အင်အားကြီးမယ်လို့ လုံးဝကို ထင်မထားခဲ့တာပဲ။

“ နောက်ဆုတ်စရာလည်း မရှိတော့ဘူးလား။” ရှင်ချင်းစွေ့ သူ့ ဘာသူ ပြန်မေးတယ်။ သူ့ရဲ့ မဟူရာ ဓားကို ကျစ်ကျစ်ပါအောင် ကိုင်ထားမိတယ်။ ဒါပေမယ့် သူကတော့ စစ်သည်တော်တွေနဲ့ ကွာခြားတယ်လေ။ ဘယ်တော့်မှ နောက်မဟုတ်။ ဘယ်တော့မှ အရှုံးမပေးဘူး။ စစ်နတ်ကျောင်းတော် ရဲ့ လူတစ်ယောက် က ဘယ်တော့မှ နောက်မဆုတ်ဘူး။ အကယ်၍ နောက်ဆုတ်စရာ လမ်းရှိတော့ရင်။ သူတို့ ရှေ့ကို ပိုသွားရမယ်။ သွေးနဲ့ ဒီ ဂူကို ဖြတ်ရမယ်။

“ ကြီးမြတ်သော ရှမင်းဆက်က စစ်သည်တော်တွေ။ နားထောင်ကြ။ ဖန်ကျန်းရှီလို ကောင်းကင်ရောင်ပြန် အဆင့် ကျင့်ကြံသူက။ ပြန်လည်မွေးဖွားမှု အဆင့် နတ်ဆိုးကိုတောင် အနိုင်တိုက်နိုင်တယ်။ ငါတို့ လူသားတွေ ရဲ့ အလား အလာက သိသာနေပြီ။ မင်း တို့မှာ အခုချိန် ရွေးချယ်စရာ နှစ်ခုရှိတယ်။”

“ပထမ တစ်ခုက မင်းတို့ရဲ့ လက်နက်တွေကို ချပြီး ဒူးထောက်လိုက်။ သိက္ခာတွေကို နောက်ထား။ စစ်သုံ့ပန်း အဖြစ် နေ။ သနားညှာတာမှာကို တောင်းဆိုလိုက်။”

“ ဒုတိယ ရွေးချယ်မှုကတော့ ။ မင်းတို့ လက်ထဲက လက်နက်တွေကို မြဲမြဲကိုင်။ ငါနဲ့ အတူ တိုက်ခိုက်မယ်။ အေးခဲ မျောက်မင်း ဒေသကို သိမ်းမယ်။ သုခမိန် တောင်တန်း မြို့တော်ဆီ ဝင်မယ်။ သူတို့ရဲ့ ဘုရင်ကို ငါတို့ ဖမ်းမယ်။”

“ ပြန်ဖြေကြ။”

ရှင်ချင်းစွေ့ သူ့လက်ထဲက ဓားကို မြှောက်ရင်း အော်ဟစ်တယ်။ စစ်သူကြီးကို သူကြည့်နေတယ်။ သူ့မျက်လုံးထဲမှာ တိုက်ပွဲ ဝိဉာဉ်တွေ တလက်လက် တောက်ပနေတယ်။

“ သေမယ်။”

“ ဘုရင်ကို ဖမ်းမယ်။”

“ ဘုရင်ကို ဖမ်းမယ်။”

“ အကယ်၍ ဖန်ကျန်းရှီသာ ပြန်လည်မွေးဖွားမှု အဆင့် နတ်ဆိုး တစ်ယောက်ကို အနိုင်တိုက်နိုင်ရင်။ သုခမိန်တောင်တန်း မြို့တော်ကိုလည်း ငါတို့ သိမ်းနိုင်၇မယ်။” စစ်သည်တော်တွေ စိတ်အား တက်ကြွလာတယ်။ သူတို့တွေ တညီတည်ွှတ်တည်း ပြန်အော်ကြတယ်။

“ ဘုရင်ကို ဖမ်း။”

“ ဘုရင်ကို ဖမ်းမယ်။”

“ သုခမိန်တောင်တန်း ဒေသကို သိမ်းမယ်။ ”

“….”

တောင်ပိုင်းဒေသရဲ့ စစ်သူကြီး ။ ပြန်ဖြေသံတွေကို ကြားတော့ ပြုံးလိုက်တယ်။ “ ဘယ်လိုတောင် တုံးလိုက်တဲ့ ကောင်တွေလဲ။ ဒီနေ့။ မင်းတို့ကို တောင်ပိုင်းဒေသ ရဲ့ စွမ်းအားကို ပြသပေးမယ်။ သေစမ်း။”

“သေစမ်း။”

“ သေစမ်း။”

“ သေသေသေ။”

တောင်ပိုင်းဒေသ စစ်သည်တော်တွေ တည်ီတညွှတ်တည်းအော်ဟစ်ကြတယ်။ သူတို့ ရဲ့ အသံတွေ က မြေကမ္ဘာကိုယ်တောင် လှုပ် ခတ်သွားစေနိုင်တယ်။ ဒါက သူတို့ရဲ့ အိမ်ပဲလေ။

…

ယွင်ချင်းဝူက တိုက်ခိုက်တော့မယ့် စစ်ပွဲကို ကြည့်နေတယ်။ သူ့ မျက်လုံးတွေ တလက်လက် တောက်ပလာတယ်။ ဒါပေမယ့် သူမရဲ့ စိတ်အာရုံက လူစုလူဝေးထက် တခြားသော လူတွေ ကို ပို အာရုံစိုက်နေတယ်။

ဒီလူက ဒီ စစ်ပွဲ ရဲ့ ကံကြမ္မာက ဆုံးဖြတ်ပေးမှာ။ တစ်ချက်တည်းနဲ့။ ထူးဆန်းတဲ့ ခရမ်းရောင် အလင်းတန်း ထွက်ပေါ်လာတယ်။ ဒါက ဗန်နွမ် မြွေ တစ်ကောင်လိုပဲ။ အေးစက်တဲ့ လူသတ်ငွေ့က လေထုထဲမှာ ထွက်ပေါ်လာတယ်။ ဝူကျီသာ ဖန်ကျန်းရှီနဲ့ တိုက်ပွဲ မတိုက်နေဘူးဆိုရင်။ တခြားသော နတ်ဆိုး စစ်သည်တော်တွေ အများကြီး သေကြရမှာ အမှန်ပဲ။ ဖန်ကျန်းရှီ အပြင်။ ပိုင်ရှင်း နဲ့ တိုက်ခိုက်နေတဲ့ နန်ကုန်းဟောင်လည်း ပြန်လည် အသက်ဝင်လာခဲ့တယ်။ ဒါပေမယ့် နန်ကနု်းဟောင်က။ သဘာဝလွန် အထွဋ်အထိပ် အဆင့်မှာ ရှိနေတာက လွဲပြီးတော့။ တခြားသော ရှုံးနိမ့်နိုင်တာ မရှိဘူး။

နဂါးတပ်ဖွဲ့ကလည်း နတ်ဆိုး စစ်သည်တော်တွေနဲ့ တိုက်ခိုက်နေတာ။ သူတို့ တွေက အသာစီး ရနေတယ်။ ဒါပေမယ့် တစ်ချက်လေးတောင် အလျှော့မပေးဘူး။ ဘာကြောင့်လဲ ဆိုတော့ ။ အရေအတွက် အားသာတာက ယာယီပဲ ဆိုတာ သူတို့ သိတယ်။ နတ်ဆိုးတွေ နဲ့။ တောင်ပိုင်းဒေသ စစ်သည်တော်တွေက အရေအတွက် များလွန်းတယ်။ စစ်သည် တစ်သိန်းကျော်။ ဒီဒေသမှာ ကြီးပျင်းလာတဲ့ ခပ်ကြမ်းကြမ်း စစ်သည်တော်တွေ။ တစ်ယောက်ချင်း စီက အင်အားကြီးတယ်။ စွမ်းအားကြီးတယ်။ တစ်ယောက်ချင်းစီ ယှဉ်ရင် စစ်သည်တိုင်းက ကြီးမြတ်သော ရှမင်းဆက်က စစ်သည်တွေ ထက် သာတာ အမှန်ပဲ၊ ဒါပေမယ့် ကြီးမြတ်သော ရှမင်းဆက်မှာ။ စစ်ဗျူဟာ အားသားချက်ရှိတယ်။ ဒါပေမယ့်လည်း အရေအတွက် အားနည်း ချက်က အတော့်ကို များနေခဲ့တယ်။

“ သေ စမ်း။”

“ေ သ ”

“သေ ”

“သေ“

အော်သံတွေက လေထဲမှာ ပျံ့နေတယ်။ မိုးကတော့ ရွာနေဆဲပဲ။

“ တက်ကြ။” တောင်ပိုင်းဒေသ စစ်သည်တော်တွေ အော်ဟစ်ကြတယ်။ သူတို့ စီးနင်းလာတဲ့ သားရဲကောင်ကြီးတွေက ရှေ့ကို ဒုန်းစိုင်းနှင်လာတယ်။ ရှင်ချင်းစွေ့ ဆီကို တန်းတန်း မတ်မတ် ဝင်တယ်။ တောင်ပိုင်းဒေသမှာ စစ်သည် ခေါင်းဆောင် တစ်ယောက် အနေနဲ့။

သူက ဥပမာ ကောင်း တစ်ခု ပေးရမယ်။ ဒါမှပဲ။ သူ့ လူတွေက သူ့ကို လေးစားမှာ။

“ တက်ကြ။” သတ်။”

“သေ”

တောင်ပိုင်းဒေသ စစ်သူကြီး ရှေ့တိုးလာတယ်။ ကျန်ရှိနေတဲ့ စစ်တပ် ကတော့ ။ အစာတွေ့တဲ့ ဝံပုလွေ တွေလိုပဲ။ ကြီးမြတ်သော ရှမင်းဆက်က စစ်သည်တော်တွေကို သူတို့ ကြည့်နေတယ်။ သူတို့ရဲ့ မည်းမှောင်တဲ့ အသားအရည်က မိုးရေထဲမှာ တောက်ပနေတယ်။ တစ်ချက်လေးမှ မတွေဝေပဲ ရှေ့ကို ပြေးဝင်လာကြတယ်။

အပိုင်း( ၃၉၃) ပြီး၏။

အပိုင်း (၃၉၄)

“ တကယ့် ဝှက်ဖဲ အစစ်”

“ ခဘွန်း။” မိုးခြိမ်းသံလို ကျယ်လောင်လှတဲ့ ပေါက်ကွဲသံ ထွက်ပေါ်လာတယ်။ လေထုကို ဖြတ်ပြီး မြားမိုးတွေ ရွာကျတယ်။ တောင်ပိုင်းဒေသ စစ်သည်တော်တွေ။ မြားမိုးကိုကြည့်ဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် မိုးက အရမ်းသည်းထန်လွန်းလို့ ကောင်းကောင်းမမြင်ရဘူး။ အဲ့ဒီ့နောက်။ နာနာကျင်ကျင် အော်ဟစ်သံတွေထွက်ပေါ်လာတယ်။ စစ်သည်တော်တွေ ကတော့ တိုက်ခိုက်တာကို မရပ်ကြဘူး။ စစ်သည်တော်တွေ ဖြစ်တဲ့ အတွက် နောင်တဆိုတာ သူတို့မှာ မရှိဘူး။

“ ဘုန်း။” တောင်ပိုင်းဒေသ စစ်သည်တော်တွေ နောက်ဆုံးမှာတော့ ။ ကြီးမြတ်သော ရှ မင်းဆက် က စစ်သည်တော်တွေကို ထိုးဖောက်နိုင်သွားပြီ။ သွေးချောင်းစီးမှုက စတင်တော့တယ်။ အေးခဲမျောက်မင်း ဒေသ ဂိတ်တံခါးကနေ ထွက်ပေါ်လာတဲ့ အသံ တွေကို ကြားနေရတယ်။ လေထုကို ဖြတ်သန်းပြီးတော့ ။ တောင်ပိုင်းဒေသ စစ်သည်တော် တွေ ဆီကို ရောက်ရှိလာတယ်။ တောင်ပိုင်းသားတွေ နောက်က တိုက်ခိုက်လာမှုကိုလည်း ခုခံနေကြရတယ်။

“ သေ”

“ သေ”

ကြီးမြတ်သော ရှ မင်းဆက်က စစ်သည်တော်တွေ အားလုံး။ စစ်ဗျူဟာ ပုံဖော်ဖို့ ကြိုးစားနေတယ် ။ မြားသည်တော်တွေ ကတော့ အဆက် မပြတ် ပြစ်ခတ်နေခဲ့တယ်။ ခန္ဒာကိုယ်တွေ မြေပြင်ပေါ်ကို လဲကျတယ်။ သွေးတွေ နဲ့ မိုးရေတို့ ပေါင်းစပ်ပြီး သွေးရေအိုင်ကြီးတွေ ဖြစ်ပေါ်လာတယ်။

ရှင်ချင်းစွေ့ က ရှေ့ဆုံး လိုင်းမှာ။ စစ်သည် ဒါဇင်ကို ခုခံထားတယ်။ သူ့ နောက်ကျောက ဓားကို အဆက် မပြတ် လွှဲခုတ်နေခဲ့တယ်။

“ ရန်သူ တွေကို အပြတ် ချေမှုန်းကျ။” တောင်ပိုင်းစစ်သည် တစ်ယောက်ရဲ့ ရင်ဘတ် ဓားကို ဆွဲထုတ်ရင်း ။ ရှင်ချင်းစွေ့ အော်ဟစ်တယ်။

“ အမိန့် အတိုင်းပါ။” ကိုယ်ရံတော် တစ်ယောက်။ သူ့ လက်ထဲက အလံကို မြှောက်လိုက်တယ်။ အဲ့ဒီ့နောက် အမိန့်ချတယ်။ ဒီ အချိန်မှာပဲ။ သားရဲကောင် အော်ဟစ်သံ တစ်ခု ပဲ့တင် ထပ်လာတယ်။ ဒါက တောင်ပိုင်းဒေသ စစ်သူကြီး အော်ဟစ်တာ။ သူ့ မျက်လုံးတွေက အစိမ်းရောင် တောက်ပနေတယ်။ ရန်ရွယ့်ကို အစိမ်းလိုက်ဝါးစားချင်တဲ့ ပုံစံ မျိုးနဲ့ ကြည့်နေတယ်။ သူ့ နောက်ကျောက သားရေဝတ်ရုံကြီး တ ဖျပ်ဖျပ် ခါနေတယ်။ နောက်ကျောက ဆူးတောင်ကြီး တစ်ခုလိုပဲ။ သူ့ လက်ထဲက ဓားကိုမြင့်မြင့် မြှောက်ထားတယ်။ သူ့ လမ်းမှာ ပိတ်နေတဲ့ စစ်သည်တော်တွေကို သတ်ဖြတ်သွားတယ်။ တစ်ချက်တည်းနဲ့။ ရှင်ချင်းစွေ့ ရှေ့ကို ။ သူ့ရဲ့ သားရဲကောင် ရောက်ရှိလာတယ်။

“ သွားသေလိုက်။” ကြောက်စရာ အငွေ့အသက်တွေ သူ့ ကိုယ်က ထွက်ပေါ်လာတယ်။ ဒီ စစ်သူကြီးက တကယ့်ကို အင်အားကြီးလွန်းတယ်။ သူက သဘာဝလွန် အလယ် အဆင့် တောင် ရောက်နေလောက်ပြီ။

ရှင်ချင်းစွေ့ ကကော ဘယ်လောက်များ အင်အားကြီးနိုင်လဲ။

ကောင်းကင်ရောင်ပြန် အဆင့်လေ….။ ဒီ စစ်သူကြီး နဲ့ ရင်ဆိုင် ရရင်။ သူလုပ်ရမယ့် အလုပ်က ပြေးဖို့ပဲ။ ဒါပေမယ့် ရှင်ချင်းစွေ့ စစ်သူကြီး သူ့ ဆီ ရောက်လာတာ မြင်တော့။ သူ ပြုံးတယ်။ စိတ်သက်သာရာ ရသွားတဲ့ ပုံပဲ။ သူ နောက်မဆုတ်ဘူး။ အတိအကျ ပြောရရင်။ တစ်ချက်လေးတောင် မလှုပ်ရှားဘူး။ တောင်ပိုင်းဒေသ စစ်သူကြီး ရဲ့ ဓားက သူ့ ခေါင်းပေါ်ကို ဝဲကျလာတယ်။ ရှင်ချင်းစွေ့ ကတော့ မျက်တောင်တ စ်ချက်တောင် မခတ်ဘူး။

“ ဘုန်း။”

မိုးကြိုးသံ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက်။ အလင်းတန်းကြီးတစ်ခု။ ရှင်ချင်းစွေ့ နောက်ကနေ ထွက်ပေါ်လာတယ်။ ထက်ရှလွန်းတဲ့ ဓား တစ်ချောင်းလိုပဲ။ ဒီ အချိန်မှာ။ ခေါင်းတစ်လုံး လေထဲကို ပျံထွက်သွားတယ်။ ဒါကတော့ တောင်ပိုင်းဒေသ စစ်သူကြီး ရဲ့ ခေါင်း ။ သူ့ မျက်လုံးတွေက မယုံကြည်နိုင်မှု ကြောင့် ပြူးထွက်နေတယ်။ သူ ဘယ်လို အသတ်ခံရမှန်းတောင် မသိလိုက်ဘူး။ အဲ့ဒီ့နောက်။ ရှင်ချင်းစွေ့ေ နာက်ကနေ လူတစ်ယောက် ခုန်ထွက်လာတယ်။ မြေပြင်ပေါ်ကို ခြေနှစ်ဖက်နဲ့ မထိခင် ။ တောင်ပိုင်းဒေသ စစ်သူကြီးရဲ့ ပြတ်သွားတဲ့ ခေါင်းကို အဖိဖမ်းလိုက်တယ်။ မိုးတွေက သည်းသည်းမည်းမည်း ရွာသွန်းနေဆဲ။ မြေပြင်က တော့ သွေးတွေကြောင့် စေးကပ်နေတယ်။ မြက်တွေက အဆက်မပြတ် နင်းချေ ခံနေရတယ်။ ခြေထောက် တစ်ဖက် ။ သူတို့ အပေါ်က လွတ်သွားတာနဲ့။ နောက် ခြေထောက် တစ်ဖက်က သူတို့ကို နင်းပြန်ပါလေရော။

“တောင်ပိုင်းဒေသ စစ်သူကြီး သေပြီ။ ငါ့ နောက်ကို လိုက်ခဲ့ကြ။ အေးခဲ မျောက်မင်း ဒေသ ကို သိမ်းမယ်။” မာဆတ်ဆတ် အသံ တစ်ခု ထွက်ပေါ်လာတယ်။ ကျဆုံးသွားတဲ့ စစ်သူကြီး ရဲ့ ခေါင်းကို မြှောက်ကိုင်ထားတယ်။

တစ်ချိန်တည်းမှာပဲ။ အရှိန်ကောင်းနေတဲ့ တိုက်ပွဲကြီး ရပ်တန့်သွားတယ်။ စစ်သူကြီး ရဲ့ ခေါင်းပြတ်ကို မြှောက်ထားတဲ့ လူက။ သာမာန် စစ်သည် ဝတ်ရုံကိုပဲ ဝတ်ထားတာ။ ဒါပေမယ့် ။ စစ်သူကြီး ရဲ့ ခေါင်းကို မြှောက်လိုက်တော့။ သူ့ရဲ့ သံချပ်ကာလည်း လှစ်ဟ သွားတယ်။ အ ထဲက ခရမ်းရွှေရောင် ဝတ်ရုံကို မြင်လိုက်ရတယ်။ သူ့ရဲ့ စိတ်ဆုံးဖြတ်ထားတဲ့ အမူအယာမှာ အေးဆေးတည်ငြိမ်မှုတွေ နှစ်မြုပ်နေတယ်။ အရာအားလုံးက သူ့ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေသလိုပဲ။

“ အဲ့တာ ရှင်းဟို့ပဲ။”

“ မိုးနတ်မင်းရေ။ ရှင်းဟို့က တောင်ပိုင်းဒေသ မှာ ရောက်နေတယ်တဲ့။”

“ ငါတို့မှာ မျှော်လင့်ချက်ရှိပြီ။”

ကြီးမြတ်သော ရှမင်းဆက်က စစ်သည်တော်တွေ ဒီလူ့ကို မြင်တော့ စိတ်အား တက်ကြွ ကုန်တယ်။ ဒီ့ မတိုင်ခင် တုန်းက။ သေသေကျေကျေ တိုက်ခိုက်ဖို့ပဲ ဆုံးဖြတ် ထားကြတယ်။ အခုတော့ သူတို့မှာ မျှော်လင့်ချက်ရှိပြီ။ စစ်နတ်ကျောင်းတော် ရဲ့ ရှင်းဟို့။ ရှင်းယွမ်ကောင်း။ ကြီးမြတ်သော ရှ မင်းဆက် ရဲ့ မဏ္ဍိုင်ကြီးတွေ။ ကျောင်းတော် ဆယ့်သုံးခုရဲ့ ခေါင်းဆောင်။ သူ့ရဲ့ တိုက်ပွဲ အောင်မြင် မှုတွေက ဒဏ္ဍာရီလိုပဲ။ သွမ့်အရှင် ကိုယ်တိုင်တောင် သူ ကိုယ်တိုင်က ရှင်းယွမ်ကောင်းထက် ပိုပြီး လွှမ်းမိုးနိုင်တယ် လို့ မပြောဝံ့ဘူး။

“ တောင်ဖြို တပ်ဖွဲ့။”

“ ရှိပါတယ်။”

“ လမ်းရှင်းကြ။”

“ အမိန့် အတိုင်းပါ။”

အသံတွေက ညီညာလှတယ်။ အဲ့ဒီ့နောက်။ သူတို့ရဲ့ ပုံမှန် သံချပ်ကာတွေကို ဖယ်ရှားလိုက်ကြတယ်။ တောက်ပနေတဲ့ သံချပ်ကာ တွေက အောက်မှာ ပေါ်လာခဲ့တယ်။ သူတို့တွေက ရှင်းယွမ်ကောင်းရဲ့ နောက်ကို အပြေးဝင်လာကြတယ်။ အကယ်၍ တောင်ပိုင်း ဒေသ စစ်သည်တော် တွေသာ။ သိုးအုပ်ကြားက ဝံပုလွေ ဖြစ်ခဲ့ရင်။ တောင်ဖြို တပ်ဖွဲ့ ကတော့။ သိုးရေခြုံနေတဲ့ ကျားတွေပဲ။ မျက်လုံးပြူးနေတဲ့ တောင်ပိုင်း ဒေသ စစ်သည်တော်တွေကို ဖြတ်သန်း ထွက်ပေါ်လာကြတယ်။ မြန်လွန်းတယ်။ ဖြစ်သွားတာတွေက အရမ်း မြန်လွန်းတယ်။ တောင်ပိုင်းစစ်သည်တော်တွေ တုံ့ပြန် ချိန်တောင် မရလိုက်ဘူး။ သူတို့ တွေက တစ်လျှောက်လုံး အသာစီး ရလာခဲ့တာ။ ဒါပေမယ့် သူတို့ရဲ့ စစ်သူကြီးက သေသွားမယ်လို့ မထင်ထား မိဘူး။ အဲ့ဒီ့နောက်။ တောင်ဖြိုတပ်ဖွဲ့ကို ဦးဆောင် လာတဲ့ ရှင်းဟို့ ထွက်ပေါ်လာတယ်။ အရှိန်ပြင်းတယ်။ သူတို့ အားလုံး သိထားကြတာ။ ဒါက စစ်နတ်ကျောင်းတော်ရဲ့ ထိပ်တန်း စစ်သည်တော်ကြီးတွေပဲ။

ဘာတွေ ဖြစ်ကုန်တာလဲ။ တောင်ပိုင်းသားတွေတင် မကဘူး။ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ စစ်သည်တော်တွေ တောင်။ သူတို့ မျက်လုံးကို မယုံကြည်နိုင်ဘူး။

“ ရှင်းဟို့က ဒီမှာ ရောက်နေတာလား။”

“ တောင်ဖြိုတပ်ဖွဲ့ က ဒီမှာ ရှိနေတယ်လား။”

“ ဘယ်လိုများ။ ရှင်းဟို့က လူအုပ်ထဲမှာ ပုန်းနေတာလဲ။ ဘယ်ုတန်းကများ သူတို့ ပုန်းနေခဲ့တာလဲ။”

ကျောင်းတော်သားတွေ ရဲ့ စိတ်ထဲမှာ မေးခွန်းတွေ ပျံတက်လာတယ်။ အခုချိန်မှာ ။ ဘာတွေများ ဖြစ်ကုန်တာလဲ။ ဒါပေမယ့် အကုန်လုံးက ဧကရာဇ် ရဲ့ အစီအစဉ်ထဲမှာ ရှိနေမှန်း သူတို့ သဘောပေါက် သွားတယ်။

ရှင်းဟို့ စစ်တပ်ထဲမှာ ပုန်းနေတာ ကတော့။ တိုက်ဆိုင်မှု ဖြစ်ကောင်း ဖြစ်မှာပါ။ ဒါပေမယ့် တောင်ဖြို တပ်ဖွဲ့ကြီး တစ်ခုလုံး ပုန်းနေတာကတော့ ။ သူတို့ အတွက် ဖြေရှင်းချက်တစ်ခုပဲ ရှိတော့တယ်။ ဒါက စီစဉ်ထားတာပဲ။ တောင်ပိုင်းဒေသ နဲ့ နတ်ဆိုးတွေ တကယ် ထွက်ပေါ်လာဖို့။ အဲ့ဒီ့နောက် ။ သူတို့တွေ ကို ထိတ်လန့် အံ့သြအောင် လုပ်ပြီးမှ အနိုင်ယူမယ်။ တိုက်ပွဲ အလှည့်အပြောင်းက ပြောင်းလဲသွားပြန်ပြီ။

တောင်ပိုင်းဒေသ စစ်သူကြီးက သတိလက်လွတ် ဖြစ်လွန်းတယ်။ သူ့ အသက်ကို ရှင်းယွမ်ကောင်း လက်ထဲ ပေးလိုက်ရပြီ။ အဲ့ဒီ့နောက်။ တောင်ဖြို တပ်ဖွဲ့ က ။ တောင်ပိုင်းဒေသ စစ်သည်တော်တွေကို အမှုန့်ချေ ပြစ်တော့တယ်။ သူတို့ရဲ့ တိုက်ခိုက်မှုက အတော့်ကို ကြမ်းတမ်းလွန်းတယ်။ သူတို့ရဲ့ အားသာချက်က ခုခံနေရာ အကုန်လုံးကို အညံ့ခံအောင် ဖိအားပေးတိုက်ခိုက်တာပဲ။ အေးခဲ မျောက်မင်း ဒေသ ရဲ့ ဝင်ပေါက် ပွင့်သွားပြီ။ ဒါက တောင်ဖြို တပ်ဖွဲ့ အတွက် အကောင်းဆုံး နယ်မြေပဲ။ တောင်ပိုင်းဒေသ စစ်သည်တော်တွေအသေ အေကျေသတ်ဖြတ်မှုကြောင့် အတော့်ကို ကြိုးစားနေကြရတယ်။ စစ်သူကြီးရဲ့ ဦးဆောင်မှု မပါပဲနဲ့။ တောင်ဖြို တပ်ဖွဲ့ကို ရင်ဆိုင်ရတာ။ နည်းနည်းတော့ ခက်ခဲတယ်။ နည်းနည်းလေးပေါ့။ နောက်ဆုံးတော့လည်း ဒါက သူတို့ နယ်မြေပဲလေ။ သူတို့က စစ်သည်တော်တွေ။ အညံ့ခံမှာထက် သေလိုက်တာက ပိုကောင်းတယ်။ လက်နက်တွေ သူလို့ လက်ထဲ ရှိနေသရွေ့။ အဆုံးသတ် မကောင်းတော့တဲ့ အထိ ဆက် တိုက်ခိုက်ရအုန်းမှာပဲ။

“ နောက်မဆုတ် ကြနဲ့။ သူတို့ကို ရပ်ကြ။ စစ်သူကြီး ခီ အတွက် လက်တုံ့ပြန်မယ်။”

“ တက်ကြ၊”

“ အလယ်က လူတွေ။ ငါနဲ့ အတူ ခုခံကြ။”

ခေါင်းဆောင်တွေ အားလုံး အမိန့်ချနေတယ်။ သူတို့ရဲ့ စစ်တပ်ကို စုစည်းကြတယ်။ လှုပ်ရှားနေတဲ့ တိုက်ပွဲ ထဲမှာ အုပ်စုတွေ ဖြစ်ပေါ်လာတယ်။ တစ်ချိုု့ကတော့ ခုခံထားကြတယ်။ ဒီ အချိန်မှာပဲ။ အေးခဲ မျောက်မင်း ဒေသ ဂိတ်တံခါးမှာ ။ သတ်ဖြတ်တဲ့ အသံတွေ ထွက်ပေါ်လာတယ်။ ကိုယ်ခန္ဒာတွေ မြို့နံရံ ပေါ်က ကျဆင်းလာတယ်။ ကျောင်းတော်သားတွေ မျက်လုံး ပြူးကုန်ပြန်တယ်။ အေးခဲ မျောက်မင်းဒေသထဲမှာ တပ်ပုန်းတွေ ချထားတာလား။ နန်ကုန်းဟောင်ကို လှမ်းကြည့်ကြတယ်။ နန်ကုန်းဟောင်က မြို့နံရံကို ကြည့်နေတာ။ သူ့ အမူအယာ ကတော့ တည်ငြိမ်နေတယ်။ ကျောင်းတော်သားတွေ ဘာတွေ ဖြစ်နေလဲ နားလည်လာကြတယ်။

အစတည်းက ။ နန်ကုန်းဟောင်ရဲ့ စစ်သည်တော် တစ်ထောင်ကိုပဲ မြင်ရတယ်။ ဖုန်းရှုရဲ့ ဝင်ပေါက်မှာ စောင့်ကြပ်နေတဲ့ တစ်ထောင်ပဲ။ နောက်တစ်ထောင်ကိုတော့ ဘယ်သူမှ မမြင်ကြဘူး။ အသေးစိတ်ကို သူတို့ မေ့နေကြတာ။ ဒါပေမယ့် သတ်ဖြတ်တဲ့ အသံတွေ ကြားတော့။ သူတို့နားလည်သွားတယ်။ အကယ်၍ ဧကရာဇ်က တောင်ဖြို တပ်ဖွဲ့ ကိုတောင် ။ သာမာန် တပ်တွေ ထဲမှာ ဝှက်ပြီး အယောင် ဆောင်ခိုင်းထားရင်။ နန်ကုန်းဟောင်ကိုလည်း သာမာန် စစ်သည် နှစ်ထောင်ထဲ ပေးထားတာမျိုး။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သာမာန် စစ်သည် တစ်ထောင် က ကွင်းပြင်ကျယ်မှာ စောင့်ကြပ်တယ်။ အမှန်တကယ် ထိပ်တန်း စစ်သည်တော်တွေ ကတော့။ အေးခဲ မျောက်မင်း ဒေသထဲမှာ ကျန်ရစ်ခဲ့တယ်။ တခြားတနည်း နဲ့ ပြောရရင်။ နန်ကုန်းဟောင်က စစ်နတ်ကျောင်းတော် နဲ့ ပူးပေါင်း အလုပ်လုပ်နေတာ။ အေးခဲ မျောက်မင်း ဒေသကို သိမ်းယူဖို့ အတွက်။ ဒါတွေ အားလုံးက အစီအစဉ် အတိုင်းပဲ။ ဒါ တွေ အားလုံးက အစီအစဉ် အတိုင်းပဲ။

ဝှက်ပဲ။ ဧကရာဇ် ရဲ့ ဝှက်ဖဲ။

“ သတ်ကြ။ အေးခဲ မျောက်မင်းဒေသ ကို ငါတို့ သွားရမယ်။”

“ တက်ကြ။”

“ ဒါက ငါတို့ အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။”

စစ်သူကြီးတွေ အားလုံး အော်ဟစ်နေကြတယ်။ အေးခဲ မျောက်မင်း ဒေသ ထဲကို ရောက်တာက တစ်ခုတည်းသော အသက်ရှင်နိုင်မယ့် နည်းလမ်းဆိုတာ သူတို့ သိတယ်။ ကြီးမြတ်သော ရှ မင်းဆက် ရဲ့ စစ်သည်တော်တွေ စိတ်အား ပြန်လည် တက်ကြွ ကုန်တယ်။ စစ်သည် ငါးသောင်း ရဲ့ နည်းဗျူဟာက တောင်ပိုင်းဒေသ စစ်သည်တော်တွေကို အသာစီး ရသွားတယ်။ နောက်ကျောဘက်မှာတော့။ ဖုန်းရှု မှာ တပ်ပုန်း ချနေတဲ့ စစ်သည်တော် တွေ ။ ဆက်ပြီး တိုက်ခိုက်တယ်။

အေးခဲ မျောက်မင်း ဒေသ ရဲ့ ဂိတ်တံခါးက ပိတ်သွားပြီ။ တောင်ပိုင်းဒေသ စစ်တပ်က ။ တောင်ဖြို တပ်ဖွဲ့ ချေမှုန်းခြင်းကို ခံနေရတယ်။ စစ်သူကြီးက သေသွားပြီ။ ခေါင်းဆောင်တွေလည်း ဘာလုပ်ရမယ် မှန်း မသိတော့ဘူး။ အဆုံးမှာတော့။ သူတို့ တပ်တွေ ကျိုးပျက်သွားတယ်။

…

“ ဒါဆိုရင်။ ဒါက ကြီးမြတ်သော ရှ မင်းဆက်ရဲ့ တကယ့် ဝှက်ဖဲပေါ့။” တောင်ကုန်းပေါ်ကနေ ရှင်းယွမ်ကောင်းကို ကြည့်နေတဲ့ ။ နတ်ဆိုး ခေါင်ေးဆာင်ငယ် တစ်ဦး ပြောတယ်။ သူ့ မျက်လုံးတွေက တိုက်ပွဲ ဝိဉာဉ်တွေနဲ့ တောက်လာတယ်။ ဒါပေမယ့် ဒီ အငွေ့အသက်က တစ်ခဏလေးသာ ကြာမြင့်တယ်။

“ အင်း။ ကြီးမြတ်သော ရှ မင်းဆက်က ။ တောင်ပိုင်းဒေသကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တည်းက။ တကယ့် စစ်သူကြီးကို သူတို့ လိုအပ်လာလိမ့်မယ်။ ဒီ စစ်သူကြီးက နန်ကုန်းဟောင်တော့ မဖြစ်နိုင်ဘူး။ ရှင်းယွမ်ကောင်း ပဲ ဖြစ်လိမ့်မယ်။” နောက်က လူငယ်ရဲ့ အမေးစကားကို ယွင်ချင်းဝူ ဖြေတယ်။

“ သခင်။ သူတို့ အမိန့် ချတည်းက ။ သခင်ခန့်မှန်းပြီး သား ဖြစ်နေ ပြီပဲ။ ဘာလို့များ အခွင့်အရေး ယူပြီး မဖျက်စီး ပြစ်တာလဲ။ ”

“ ငါတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။” ယွင်ချင်းဝူ ပြန်မေးတယ်။

“ ဒါ …. တောင်ပိုင်းဒေသကိုပါ။” နတ်ဆိုးငယ် တောင့်တင်းသွားတယ်။ ယွင်ချင်းဝူ ဘာကို ပြောချင်နေလဲ သူ တွေးမရဘူး။

“ အကယ်၍ ကြီးမြတ်သော ရှမင်းဆက် အကြောင်းသာ သိသွားရင်။ တောင်ပိုင်းဒေသက ငါတို့ စကားကို နားထောင်မယ် ထင်လား။ အေးခဲ မျောက်မင်း ဒေသက ဗျူဟာမြောက် စီစဉ်ထားတဲ့ေ နရာပဲ။ ဒီလူတွေကို အနှေးနဲ့ အမြန် ငါတို့ သတ်နိုင်မှာ အသေအချာပဲ။ ဒါပေမယ့် ငါတို့ တောင်ပိုင်း ဒေသ ကို သိမ်းဖို့က။ ဒီ တိုက်ပွဲ နဲ့ အဆုံးအဖြတ် မဖြစ်ဘူး။ ”

“ သခင်ငယ်။ ဆိုလိုချင်တာက။” နတ်ဆိုးငယ်လေး နားမလည်နိုင်ဘူး။

“အကယ်၍ငါ့ ခန့်မှန်း ချက်သာ မှန်မယ်ဆိုရင်။ တောင်ပိုင်း ဒေသ က ကြီးမြတ်သော ရှ မင်းဆက်ကို ထိန်းသိမ်းဖို့။ ငါတို့ကို အသုံးချနေတာပဲ။ အခုတိုက်ပွဲက။ သူကိုယ်တိုင် အတွက် အင်ပါယာ ကြီး တစ်ခု တည်ထောင်နိုင်စေမှာ။”

“ အရှင်သခင်ငယ်က တောင်ပိုင်းဒေသ အုပ်ချုပ်သူရဲ့ အကြံကို သိနေပြီပဲ။ ကျွန်တော် နားလည်ပါပြီ။”

“သွားကြစို့။”

“ ဟုတ်ပြီ။” ဒါကိုကြားတော့ နတ်ဆိုးငယ် ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒ့ီနောက်။ ခ၇မ်းရောင် အလင်တန်း တွေနဲ့ ဖုံးလွှမ်းထားတဲ့ လူရိပ်ကို လှမ်းကြည့်တယ်။

“ သခင်ငယ်။ ဝူကျီကို ကျွန်တော် သွားကူညီ ရမလား။”

“ မလိုအပ်ဘူး။ ပိုင်ရှင်း တာဝန်ယူ ယူလိမ့်မယ်။” ယွင်ချင်းဝူက ဖန်ကျန်းရှီကို လှမ်းကြည့်နေတယ်။ ခေါင်းခါရင်း နဲ့ သူမ ပြောတယ်။

“ အမိန့် အတိုင်းပါ သခင်။”

…

ပိုင်ရှင်းက ရှင်းယွမ်ကောင်းကို မြင်တဲ့ အချိန် ထဲက။ တိုက်ပွဲ ရလဒ်ကို သိပြီးပြီ။ ဒါကြောင့် ရှင်းယွမ်ကောင်းကို သူ မတိုက်ခိုက်ဘူး။ နတ်ဆိုး စစ်သည်တော်တွေကိုလည်း တောင်ဖြို တပ်ဖွဲ့ ကို ချေမှုန်းဖို့ မရပ်တန့်စေခဲ့ဘူး။ သူ့ မှာ ပိုပြီး အရေးကြီးတဲ့ ကိစ္စရှိမှန်း သိတယ်။ သူ့ အလုပ်က ဝူကျီ နဲ့ တိုက်ခိုက်နေတဲ့ ခရမ်းရောင် ပုံရိပ်ပဲ။

“ တိုက်ပွဲကို ငါတို့ ရှုံးလို့ရတယ်။ ဒါပေမယ့် ။ မင်း … သေကို သေရမယ်။” ပိုင်ရှင်းရဲ့ မျက်လုံးတွေ တလက်လက် တောက်ပလာတယ်။ သူ့ မျက်လုံးတွေထဲမှာ ကြယ်တာရာတွေ လင်းလက်နေသလိုပဲ။

အပိုင်း( ၃၉၄) ပြီး၏။

အပိုင်း (၃၉၅)

“ ပေါက်ကွဲနေတဲ့ လူငယ်”

ဒါက ပြန်လည် မွေးဖွားမှု အဆင့် နတ်ဆိုးကို အသေသတ်နိုင်တဲ့ လူငယ်လေး။ တာအို ၃၈၈ ခုလည်း ပိုင်ဆိုင်ထားတယ်။ ဒီလို လူမျိုးကို ပိုင်ရှင်း ဘယ်လိုများ အသက်ပေးရှင်နိုင်မှာလဲ။

“ဘန်း”

လက်ဝါး ရိုက်ချက် တစ်ချက် ။ ပိုင်ရှင်းရဲ့ ရင်ဘတ်ပေါ်ကို ကျရောက်လာတယ်။ တောက်ပတဲ့ အလင်းတန်းတွေထွက်ပေါ်လာခဲ့တယ်။ အဲ့ဒီ့နောက်။ ပိုင်ရှင်းရဲ့ ကိုယ်ခန္ဒာ (ကြိုးပြတ်စွန် တစ်ခုလို) လွင့်ထွက်သွားတယ်။ သွေးတွေ ပိုင်ရှင်းရဲ့ နှုတ်ခမ်းက စီးကျလာတယ်။

…

နန်ကုန်းဟောင် နည်းနည်းတောင် မျက်လုံး ပြူးသွားတယ်။ ပိုင်ရှင်းက သူ့ တိုက်ခိုက်မှုကို ရှောင်နိုင်မယ်လို့ ထင်ထားတာ။ ဒါပေမယ့် လက်ဝါးချက်က တည့်တည့် ကြီး မှန်သွားတယ်။ တစ်ခုခုတော့ လွဲနေပြီ။ ကံတရားကို နန်ကုန်းဟောင် ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး။ သူ့ရဲ့ ပြိုင်ဘက်က နှစ်ယောက်ချင်း တိုက်ပွဲမှာ ဒီလို ကြီးမားတဲ့ အမှားအယွင်းကို လုပ်လိမ့်မယ် လို့ မထင်ထားမိဘူး။ ပိုင်ရှင်းက စံပြ ဥပမာပဲ။ ( မကောင်းဘူး။) နန်ကုန်းဟောင်က ပိုင်ရှင်းကို ကြည့်နေတယ်။ ပိုင်ရှင်းကတော့ သူ့ကို မကြည့်။ ဝူကျီ နဲ့ တိုက်ခိုက်နေတဲ့ လူရိပ်ကို ကြည့်နေတယ်။ ပိုင်ရှင်း က နာကျင်မှုကို ခံစားရတဲ့ ပုံ မပေါ်ဘူး။ ပြောရမယ်ဆိုရင်။ သူ ပြုံးနေခဲ့တယ်။ သူ့ မျက်လုံးတွေက ည ကောင်းကင်ယံက ကြယ်တာရာအစုအဝေး လို တောက်ပနေတယ်။

အမှားတစ်ခု။ ပထမဆုံး အမှားလုပ်မိတဲ့ လူကို။ ဒုတိယလူက အခွင့်ကောင်းယူသွားမှာပဲ။ ပိုင်ရှင်းရဲ့ အမှားက သိသာထင်ရှားလွန်းတယ်။ အခုချိန်မှာ သူက နန်ကုန်းဟောင် ရဲ့ တိုက်ခိုက်မှုကို အသုံးချပြီး တိုက်ပွဲက ရှောင်ထွက်ဖို့ ပြင်နေတယ်။ ဖန်ကျန်းရှီရဲ့ နှစ်ယောက်တွဲ တိုက်ပွဲကို အလစ်ဝင်တိုက်ဖို့ ပြင်နေတယ်။ ပိုင်ရှင်းရဲ့အကြည့် က ဖန်ကျန်းရှီဆီရောက်နေတော့။ နန်ကုန်းဟောင် ချက်ခြင်း ခန့်မှန်း မိတယ်။ ဒါပေမယ့် ဒီ တိုက်ခိုက်မှုကို ရပ်တန့် ဖို့ အခြေအနေက ခက်ခဲတယ်။ ပိုင်ရှင်းက မြန်တယ်။ သူ့ အရှိန်က နန်ကုန်းဟောင်ထက် မလျော့ဘူး။ ဒီ တိုက်ပွဲထဲမှာ။ ပိုင်ရှင်းကို ရပ်နိုင်တာ လူနှစ်ယောက်ပဲ ရှိတယ်။ တစ်ယောက်က နန်ကုန်းဟောင်။ နောက်တစ်ယောက်က ရှင်းယွမ်ကောင်း။

အကယ်၍ နန်ကုနု်းဟောင် သာ သူ့ တိုက်ခိုက်မှုကို မရပ်တန့် နိုင်ရင်။ ရှင်းယွမ်ကောင်းလည်း လုပ်နိုင်မှာ မဟုတ်ဘူး။ ရှင်းယွမ်ကောင်းက တော်တော့်ဝေးဝေး နေရာမှာရှိနေတာ။ စစ်သည်တော် တွေကို အမိန့် ချဖို့ အာရုံ စိုက်နေရတယ်။ ပိုင်ရှင်းက ဒါကို အခွင့်ကောင်း ယူသွားတာ။ ဒါကြောင့်ပဲ။ နန်ကုန်းဟောင် ရဲ့ တိုက်ခိုက်မှုကို တမင်တကာ ခံယူဖို့ မတွေေ၀ နေခဲ့ဘူး။ ရှင်းယွမ်ကောင်း အာရုံစိုက်မှု မခံရခင်။ ဖန်ကျန်းရှိကို အရင်သတ်ရမယ်။ ဒါပေမယ့် ။ ကောင်းကင်ဘုံကတော့ ဟားတိုက် နေခဲ့တာပေါ့။

ပိုင်ရှင်းက။ သူ့ တိုက်ခိုက်မှုကို အနှောက်အယှက် ဖြစ်နိုင်စေမယ့် လူတွေ အားလုံးကို တွေးတော တွက်ချက် ခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ အတွေးကိုတော့ သူ မစဉ်းစားမိဘူး။ ပြောရမယ် ဆိုရင်။ ဘယ်သူကမှ ဖန်ကျန်းရှီ ဘာလုပ်မလဲ မသိနိုင်ခဲ့ဘူး။ သူတို့ တွေးမိရင်တောင်။ ဖန်ကျန်း၇ှီ လုပ်ဝံ့မယ်လို့ မထင်ထားကြဘူး။ ပိုင်ရှင်းလည်း တွေးခဲ့တယ်။ နန်ကုန်းဟောင်ကို လှည့်စားပြီးရင်။ ဖန်ကျန်းရှီကို အသေသတ်မယ်လို့။ ဒါပေမယ့် ဖန်ကျန်း၇ှီက ဝူကျီကို လှည့်ပတ်ပြီး။ တောင်ကုန်းပေါ်ကို ပြေးတက်သွားခဲ့တယ်။

သည်းသည်းမည်းမည်း ရွာကျနေတဲ့ မိုးတွေက။ မြေပြင်ပေါ်ကို အရှိန်ပြင်းပြင်း နဲ့ ရိုက်ခတ်နေတယ်။ ခရမ်းရောင် အလင်းတန်း တွေနဲ့ ဖုံးလွှမ်းထားတဲ့ ပုံရိပ် တစ်ခုက ။ မိုးရေထဲကို ဓား တစ်ချောင်းလို ဖြတ်သန်း သွားတယ်။ လမ်းတစ်လျှောက်လုံးက စစ်သည်တော်တွေ ။ ရိုးတွင်း ခြင်ဆီ အထိ အေးခဲ သွားစေနိုင်တဲ့ လူသတ်ငွေ့ ရိုက်ခတ်မှုကို ခံစားကြရတယ်။ ကြီးမြတ်သော ရှ မင်းဆက်က စစ်သည်တော်တွေ သူတို့ မျက်လုံးကို မယုံကြည်နိုင်ဘူး။ ဖန်ကျန်းရှီက ယွင်ချင်းဝူ ဆီကိုတ ည့်တည့် ပြေးသွားတာ။ ဒါက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ မဟုတ်ဘူးလား။

ယွင်ချင်းဝူကို နတ်ဆိုး ခေါင်းဆောင် တစ်ယောက်က စောင့်ရှောက်နေတယ်။ နောက်ပြီးတော့ သူမက ။ နတ်ဆိုး အရှင်သခင်ငယ်လေ။ သူမမှာ အကာအကွယ် ရတနာတွေလည်း ရှိမှာပဲ။ အကယ်၍ ရန်သူ့ စစ်သည်တော်တွေ ရှေ့မှာ စစ်သူကြီးကို သတ်လိုက်နိုင်ရင်။ ဒါက သမိုင်းတွင်သွားမှာပဲ။ ဒါပေမယ့် ရှင်းယွမ်ကောင်း လုပ်ခဲ့ချိန်တုန်းက။ ကြောက်စရာ ကောင်းလောက်အောင် အံ့သြမှုတွေကို ခံစားလိုက်ကြရတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ကတော့ ။ သူမ ဆီကို တန်းတန်း မတ်မတ် ကြီး ပြေးသွားတာပဲ။ ဒါက ရူးရာ မကျလွန်းဘူးလား။

စစ်သည်တော်တွေ မယုံကြည်နိုင်ဘူး။ ဒါပေမယ့် ။ သူတို့ ဆီကို အရှိန်ပြင်းပြင်း ဝင်လာတဲ့ ပုံရိပ်ကို မြင်တော့။ ချက်ခြင်း လမ်းဖွင့်ပေးလိုက်ကြတယ်။ နောက်ဆုံးတော့လည်း။ သူတို့က တစ်ဖက်တည်းပဲလေ။ ပိုပြီး အရေးကြီးတဲ့ အကြောင်းရင်းကတော့။ ဖန်ကျန်းရှီ ရဲ့ ကိုယ်ကနေ ထွက်ပေါ် နေတဲ့ ။ သေခြင်း အငွေ့အသက်တွေက ကြောက်စရာ ကောင်းလွန်းလို့ပဲ။ ပြင်းထန် လွန်းလို့။ ကျောရိုးထဲက စိမ့်တက်ပြီး ကြက်သီး ထ တုန်ယင် လာမိတယ်။ မိုးရေထဲမှာ လှိုင်းလုံးကြီး တွေ ဖြစ်ပေါ်လာတယ်။

ပိုင်ရှင်း ။ သူ့နေရာမှာ တုန်ယင်နေတယ်။ ဖန်ကျန်းရှီက ဝူကျီ့ကို လှည့်ပတ်သွားမယ်လို့ မထင်ထားမိဘူး။ မ နောက်ပြီးတော့ ယွင်ချင်းဝူ ဆီကို ပြေးတက်သွားတာ။ ဒါက သေကြောင်း ကြံ စည်တာပဲ။ ငတုံးတွေ တောင် ဒီလို လုပ်မှာ မဟုတ်ဘူး။ အကယ်၍ သူသာ တောင်ကုန်းပေါ်မှာ ရှိနေပြီး။ ယွင်ချင်းဝူက ကွင်းပြင်ထဲမှာ ဆိုရင်တော့ ကိစ္စ တစ်မျိုးပေါ့။ အခုတော့ ဖန်ကျန်းရှီက ။ စစ်တပ်ကို ဖြတ်တယ်။ သူမရဲ့ သက်တော်စောင့်ကိုလည်း သတ်ပြီးမှ သူမဆီ ရောက်မှာ။ ရှင်းယွမ်ကောင်းတောင် ဒါကို လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီက ကြိုးစားနေပြီ။ ဒီ ချောတောငေါ့နေတဲ့ ဆယ်ကျော်သက် ကောင်စုတ်လေးက ။ အတင့်ရဲလွန်းပြီး။ ငတုံးဆန်တဲ့ လုပ်ရပ်နဲ့ ဒဏ္ဍာရီလာ သူရဲကောင်း ဖြစ်ဖို့ ကြိုးစားနေတာပဲ။

…

ယွင်ချင်းဝူ နောက်ပြန်လှည့်ကြည့်တယ်။ သူမဆီ လာနေတဲ့ သေခြင်း အငွေ့အသက်တွေရဲ့ ခြိမ်းခြောက်မှုကို ခံစားရတယ်။ မိုးရေတွေကြောင့်။ သူမရဲ့ ဆံပင်တွေ က ပုခုံးပေါ်မှာ ကပ်နေတယ်။

“ သွားသေလိုက်။ အရှင်သခင်ငယ်။ ဒီၤနေရာက ခွာပါတော့။” နတ်ဆိုး ခေါင်းဆောင်ငယ်လည်း ခရမ်းရောင် လူရိပ်ကို သတိထားမိတယ်။ စိတ်ပျက်လက်ပျက်နဲ့ သူ ပြုံးပြတယ်။

“ ရပါတယ်။” ယွင်ချင်းဝူ ခေါင်းခါတယ်။ သူမရဲ့ ခံစားချက်တွေ မရှင်းမလင်း ဖြစ်နေတယ်။ ဒါတွေက ဘယ်က လာလဲ သူမ နားမလည်နိုင်ဘူး။ ပြောရမယ် ဆိုရင်။ ဖန်ကျန်းရှီ နဲ့ စတွေ့တဲ့ အချိန်ကနေ အခုထိ။ ဘာတစ်ခုမှ ခံစားချက် မရှိသေးဘူး။ ဒါပေမယ့် ဖန်ကျန်းရှီက သူမရဲ့ မျက်နှာကာကို ဖယ်ခဲ့တဲ့ ပထမဆုံး လူသားဖြစ်တာကိုတော့ မေ့မရဘူး။ တစ်ကြိမ်တည်းတောင် မဟုတ်။ နှစ်ကြိမ်တောင်။ သူမသာ နတ်ဆိုး အရှင်သခင်ငယ် မဟုတ်ခဲ့ရင်။ သူက သူမရဲ့ လူယုံတော် ဖြစ်နေလောက်ပြီ။

ယွင်ချင်းဝူ သူမကိုယ် သူမ အကြိမ်ပေါင်း များစွာ မေးခဲ့တဲ့ မေးခွန်းတစ်ခုရှိတယ်။ နောက်မေးခွန်း တစ်ခု ကတော့။ အကယ်၍ ဖန်ကျန်းရှီသာ။ နတ်ဆိုးတွေရဲ့ အနာဂတ်ကို ခြိမ်းခြောက် လာနိုင်တဲ့ သူ မဟုတ်ခဲ့ရင်။ သူ့ကို သူမ တကယ်ပဲ သတ်မိမှာလား။ လူသား မျိုးနွယ် ပါရမီရှင်တွေ အများအပြားကို နတ်ဆိုးတွေ သတ်ခဲ့တာ နှစ်ရာချီ နေပြီ။ ဒါပေမယ့် စစ်မှန်တဲ့ ဒဏ္ဍာရီလာ ပါရမီရှင် နဲ့ တွေ့ရတဲ့ အချိန်မှာတော့ ။ သူ့ အသက်ကို နှုတ်ယူဖို့ တွေဝေနေခဲ့တယ်။ ဒါက တကယ့်ကို ဒွိဟ ဖြစ်စရာပဲ။

အခြေအနေ တွေ ပိုဆိုးလာပြီးနောက်။ ယွင်ချင်းဝူက ဖန်ကျန်းရှီကို သတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီ အချိန်မှာပဲ သူမ နားလည်သွားတာ။ ဖန်ကျန်းရှီက လည်း သူမကို သတ်ဖို့ အကောင်းဆုံး ကြိုးစားနေတယ်ဆိုတာပဲ။

“ နင်…. ငါ့ကို ဒီလောက်တောင် သတ်ချင်နေတာလား။” ယွင်ချင်းဝူ သူမကိုယ် သူမ တီးတိုးမေးမိတယ်။ ခရမ်းရောင် ပုံရိပ်ကို ကြည့်ရင်းနဲ့။ ဒါက မေးသင့်တဲ့ မေးခွန်းတော့ မဟုတ်ခဲ့ဘူး။ေ နာက်ဆုံးတော့လည်း။ သူမက အခြေအနေ တစ်ခုလုံးကို ထိန်းချုပ်တဲ့ သူလေ။ ဒီ မေးခွန်းက မိုက်မဲရာရောက်တယ်။ ဒါတောင် မေးမိတာပဲလေ။ ဒါပေမယ့် ။ သူမရဲ့ မေးခွန်းကို သူ့ဘာသူ ချက်ခြင်း ပြန်ဖြေတယ်။ “ ဒါပေါ့။ ငါက နင့်ကို သတ်ချင်မှတော့။ နင်လည်း ငါ့ကို ပြန်သတ်ချင်တာ အဆန်း ဘယ်ဟုတ် မလဲ။

မြင်ကွင်းတစ်ခု သူမရဲ့ အတွေးထဲမှာ ပေါ်လာခဲ့တယ်။ အဲ့ဒီ့အချိန် တုန်းက သူမ နဲ့ ဖန်ကျန်းရှီ နှစ်ယောက် တည်း ရှိနေခဲ့တာ။ သူမက သူ့ အတွက် တေးသွားတစ်ခု တီးခတ်ပေးနေခဲ့တယ်။ ပြန်တွေးကြည့်မယ်ဆိုရင်။ ဖန်ကျန်းရှီ လှေပေါ်က မဆင်းနိုင် တော့အောင် လုပ်ဖို့ နည်းလမ်းတွေ အများကြီးပဲ။ နောက်ပြီးတော့ ဖန်ကျန်းရှီမှာလည်း သူ့ကို သတ်ဖို့ အခွင့်အရေး တွေ အများကြီး ရှိခဲ့တယ်။ ဒါပေမယ့် သူတို့ တစ်ယောက်မှ သတ်ဖြတ်ဖို့ အတွေး မရှိခဲ့ကြဘူး။ ဒီ အတိုင်း တွေ့ဆုံ နေတဲ့ သူငယ်ချင်း နှစ်ယောက်ပဲ။ ယွင်ချင်းဝူရဲ့ ဘဝမှာ ပထမဆုံး အကြိမ်အနေနဲ့။ လူသား တစ်ယောက်ကို အသုံးချဖို့ စိတ်ကူးမရှိခဲ့တာပဲ။ အဲ့ဒီ့အချိန်တုန်းက။ ယုံကြည်မှု မြစ်မြို့တော် စာမေးပွဲကို ဖန်ကျန်းရှီ အောင်မြင်တဲ့ အတွက် ဂုဏ်ပြုပေးချင်ရုံ သက်သက်ပဲ။

လ အနည်းငယ် ဖြတ်သန်း ကုန်ဆုံးပြီးနောက်။ ကံကြမ္မာကို အဆုံးအဖြတ် ပေးမယ့် နေ့ တစ်နေ့မှာ။ သူတို့နောက်တစ်ကြိမ် ပြန်ဆုံကြတယ်။ စကားမပြောဖြစ်ကြတော့ဘူး။ အခုချိန်မှာ သူတို့က ရန်သူ တွေ ဖြစ်နေကြပြီ။ ဖန်ကျန်းရှီကို သတ်ဖို့ ယွင်ချင်းဝူ အစွမ်းကုန် ကြိုးစားခဲ့တယ်။ ဖန်ကျန်းရှီကလည်း သူမဆီ ရောက်ဖို့ လမ်းက စစ်သည်တော် တွေ အကုန်လုံးကိုသ တ်ခဲ့တယ်။ လူသားတွေနဲ့ နတ်ဆိုးတွေ။ ဒါက သူတို့ရဲ့ ကံကြမ္မာပဲ။

…

“သူ့ကို ရပ်ကြ။”

“ အရှင်သခင်ငယ်ကို ကာကွယ်ကြ။”

“ နဂါးတပ်ဖွဲ့။ ဖန်ကျန်းရှီ အတွက် လမ်းရှင်းပေးကြ။”

နတ်ဆိုး စစ်သည်တော် တွေနဲ့ နဂါးတပ်ဖွဲ့ တို့ ရုန်းရင်းဆန်ခတ် ဖြစ်နေကြတယ်။ နတ်ဆိုးတွေက ဖန်ကျန်းရှီကို ရပ်ဖို့ အစွမ်းကုန် ကြိုးစားနေတယ်။ နဂါးတပ်ဖွဲ့ ကတော့ နတ်ဆိုး စစ်သည်တော်တွေကို ဝေး သထက် ဝေးအောင် ပထုတ်နေတယ။်

ဝူကျီကတော့ ဖြူဖျော့နေပြီ။ ဖန်ကျန်းရှီ နဲ့ စတိုက်ခိုက်တည်းက။ ဖန်ကျန်းရှီ ရဲ့ လူသတ်ငွေ့တွေ ဖိနှိပ်မှုကို သူ အလူးအလဲ ခံခဲ့ရတာ။ ငရဲပြည်ကို ပြစ်ချ ခံလိုက်ရသလိုပဲ။ အသက်ရှူကြပ် မွန်းကျပ်လာလွန်းလို့။ သူ့ရဲ့ ခြေလက်တွေတောင် ပျော့ခွေ ကျလာတယ်။ ဒါကြောင့် တိုက်ပွဲမှာ သူ အရေးနိမ့်ခဲ့တယ်။

“ လူသတ်ငွေ့တွေက။ ပြင်းထန်လိုက်တာ။ ဘာလို့ များလဲ။” အသက်တောင် နှစ်ဆယ် မပြည့်သေးတဲ့ ဒီ လူသားလေးမှာ။ ဒီလို ကြောက်စရာ လူသတ်ငွေ့တွေ ဘယ်လို ရှိနိုင် တာလဲ။ စစ်မြေပြင် အတွေ့အကြုံကြောင့် ထက်မြက်လာတာလား။ ဖန်ကျန်းရှီမှာ ဒီလို အခွင့်အရေး မရှိပါဘူး။ ကလေးဘဝတည်းက အမုန်းတရား ဒေါသတွေ တည်ဆောက်ခဲ့လို့လား။ (ဒီလို ပုံစံလည်း မဟုတ်ပါဘူး။) နောက်ပြီးတော့ဖန်ကျန်းရှီ အကြောင်း သတင်းအချက်အလက် တွေ အရ။ ရွာသေးသေးမှာ။ အပူအပင် အကြောင့်အကျ မဲ့တဲ့ ဘဝနဲ့ နေနေရတာပဲ။ လောကကြီးကို မုန်းတီးနေရမယ့် အကြောင်းရင်းလည်း ရှိပုံမပေါ်ပါဘူး။ ဝူကျီ နားမလည်နိုင်ဘူး။ ဒါပေမယ့် သူသိတာက။ ဖန်ကျန်းရှီ ရဲ့ အငွေ့အသက်ကြောင့် မွန်းကြပ်နေရင်တောင်။ သူ ရှုံးနိမ့်မှာ မဟုတ်ဘူး။ အခုတော့ သူရှုံးသွားခဲ့ပြီ။ နောက်ပြီးတော့ ဖန်ကျန်းရှီက သူ့ကို လှည့်ပတ်သွားပြီ။ ယွင်ချင်းဝူဆီကို ပြေးသွားတယ်။

“ သူ့ကို ဖမ်း။” ပိုင်ရှင်းရဲ့ အသံက ဝူကျီ့ နားထဲကို ဝင်လာတယ်။ ဒါက သူ့ရင်ဘတ်က ဖိအားကို လျော့သွားစေတယ်။ ဝူကျီ ပြန်မဖြေတော့ဘူး။ ဖန်ကျန်းရှီဆီကို သာ ပြေးသွားခဲ့တယ်။ ဒီ လူသတ်ငွေ့တွေကို သူ တကယ်ပဲ ထပ်ပြီး ရင် မဆိုင်ချင်တော့ဘူး။ ဒါပေမယ့် ခရမ်းရောင် အလင်းတန်း က ယွင်ချင်းဝူ ဆီကို ဦးတည်နေတော့။ သူမတွေဝေပဲ ချက်ခြင်း ပြေးတော့တယ်။ ဒီ တိုက်ခိုက်မှုကို အစားဝင်ခံ ဖို့တောင် သူ ဆန္ဒရှိတယ်။

… 

အပိုင်း (၃၉၅) အပိုဒ်(၁) ပြီး၏။

နက်ဖြန် မနက်မှ နောက်တစ်ဝက်လာမယ်နော်။

အပိုင်း (၃၉၅) အပိုဒ် (၂)

မိုးရေက ပိုပြီး သိပ်သည်းလာတယ်။ အမြင်အာရုံကိုတောင် မှုန်ဝါး လာစေပြီ ။ ကိုယ့်နောက်က လူကိုယ် မြင်နိုင်ဖို့တောင် ခက်ခဲ နေခဲ့တယ်။ ဒါပေမယ့် မိုးရေထဲမှာတောင် ်ကောင်းကောင်း မြင်နေရတာ လူရိပ် တစ်ခုရှိတယ်။ ဒါကတော့ ခရမ်းရောင် အလင်းတန်းပဲ။ မိုးကြိုးတွေ ဆက်လက် ပြစ်ခတ်နေတယ်။ ခရမ်းရောင် မိုးကြိုးတန်းကြီးတွေ လေထုထဲမှာ ဆက်လက် ဖြစ်ပေါ်လာတယ်။ သတ်ဖြတ်မှု အငွေ့အသက်တွေ လေထဲမှာ လွင့်နေဆဲ။ သူက အရမ်းကို မြန်လွန်းတယ်။ နောက်ထပ် မိုးကြိုးတွေ လေထဲမှာ ပြစ်နေသလိုပဲ။

“ ရပ်ကြ။”

“ သူ့ကို မြန်မြန် ရပ်ကြ။”

တိမ်တွေကြားက လူကို ကြည့်ရင်း အော်သံတွေ ထွက်လာခဲ့တယ်။ အနက်ရောင် ကိုယ်ခန္ခာတွေ သူတို့ကိုယ် သူတို့ ခရမ်းရောင် လူရိပ်ရှေ့ ပြစ်ဝင်လာကြတယ်။

“သေ” ခရမ်းရောင် အလင်းတန်း ထဲက အသံ ထွက်လာတယ်။ အဲ့ဒီ့နောက်။ ခ၇မ်းရောင် အလင်းတန်း က ခုန်လွှားတယ်။ အလင်းတိုင်ကြီး တစ်ခု ကောင်းကင်ကို ထိုးတက်သွားတယ်။ အဲ့ဒီ့နောက်။ ပြန်ဆင်းလာပြီး။ မြေပြင်ပေါ်ကို ထိုးကျလာတယ်။ ကောင်းကင်ကနေ ကြောင်လိမ် လှေကား တစ်ခုလို ဆင်းသက်လာခဲ့တယ်။ အနက်ရောင် ပုံရိပ်တွေ ကြားမှာ ပေါက်ကွဲလေတယ်။ (ပြန်လာတဲ့ နဂါး) လူသတ်ငွေ့တွေ ရဲ့ အရှိန် အဝါက တနေရာတည်းမှာ စုဝေး လာခဲ့တယ်။

“ ဘုန်း။”

ကြီးမားတဲ့ အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်လာတယ်။ တိမ်တွေတောင် သွေးစွန်းသွားကုန် သလိုပဲ။ ဖန်ကျန်းရှီ ရဲ့ လမ်းက ချက်ခြင်း ရှင်းသွားပြီ။

“ ဒီ ကောင် ။ ဘယ်လိုများ ဒီလို စွမ်းအင်တွေကို အကြာကြီး ထိန်းပြီး တိုက်ခိုက်နိုင်တာလဲ။ သူ့ မှာ ဘယ်လောက်ထိ အင်အားတွေ ရှိနေတာလဲ။” ကျောင်းတော်သား တစ်ယောက် ထိတ်လန့် တကြားေ မးလိုက်တယ်။ ကျောင်းတော်သားတွေကို အားလုံး ဒါကို ကြားတော့ သတိ ပြန်ဝင်လာတယ်။

“ အမှန်ပဲ။ ဘာလို့များ။ သူ့ စွမ်းအင်တွေ နည်းနည်းလေးတောင် မကုန်သေးတဲ့ ပုံစံ ပေါက်နေရတာလဲ။”

“ ဘယ်လို လုပ် ဖြစ်နိုင်တာလဲ။ သူက ကောင်းကင်ရောင်ပြန် အဆင့်ပဲ ရှိသေးတာလေ။ ပြန်လည် မွေးဖွားမှု အဆင့် နတ်ဆိုးကို အနိုင်ယူနိုင်တည်းက လွန်လွန်းနေပြီ။ ဒါတောင် ဒီလောက်ကြာတဲ့ အထိ ခံနိုင်ရည် ရှိသေးတယ်လား။”

မေးခွန်းတွေ သူတို့ စိတ်ထဲ များပြားလာတယ်။ ဖန်ကျန်းရှီ တစ်ခဏတာ သတိလစ်မေ့မျော နေခဲ့ တဲ့ အကြောင်းကိုတောင်။ သူတို့ မေ့ကုန်ကြပြီ။ ဒါပေမယ့် သူတို့ ကောင်းကောင်း မှတ်မိတဲ့ အကြောင်းက။ မိုးကြိုး လျှပ်စီးတွေပဲ။ ဖန်ကျန်းရှီ က အချိန်အကြာကြီး တိုက်ခိုက်နေခဲ့တာ။ ပထမဆုံး နန်ကုန်းဟောင်။ အဲ့ဒီ့နောက် ပိုင်ရှင်းနဲ့ ရန်ရွှယ် တိုက်ခိုက်တာကို ခံလိုက်ရတယ်။ ပြီးတော့ ရှီးခုန်ကို သတ်တယ်။ ဝူကျီ နဲ့ တပွဲတလမ်း နွှဲလိုက်သေးတယ်။ သူ့ရဲ့ ပြိုင်ဘက်တွေ အားလုံးက ယုံကြည်နိုင်တာထက် ကို ပိုပြီး သန်စွမ်းလွန်း နေတယ်။ ဒါပေမယ့် ဆက်တိုက် တိုက်ခိုက်ပြီးနောက်မှာတောင်။ ဖန်ကျန်း၇ှီ က နည်းနည်းလေးမှ အားနည်း မသွားခဲ့ဘူး။ ပြောရမယ်ဆိုရင်။ သူ့ရဲ့ တိုက်ခိုက်မှု တွေက တစ်စထက် တစ်စ ပိုပြီး အင်အားကြီး လာတယ်။ ပို ထက်မြက်လာတယ်။ သူက လူသား တစ်ယောက်တောင် ဟုတ်သေးရဲ့လား။

သူက သာမာန် နဲ့ မတူညီ ဘူးဆိုတာ သိသာလွန်းပါတယ်။ ဒါပေမယ့် အခု ကတော့ နည်းနည်းလေး လွန်လွန်းနေပြီ။ ကျောင်းတော်သားတွေ ရပ်ကြည့်နေတယ်။ နတ်ဆိုး စစ်သည်တော် တွေကတော့ ။ ဖန်ကျန်းရှီ ရဲ့ ( ပြန်လည် နိုးထလာသော နဂါး ) စွမ်းအားကို အပြည့်အ၀ ခံစားနေရတယ်။ နတ်ဆိုး စစ်သည်တော် တစ်ယောက်ဆိုရင် ။ နှစ်ခြမ်းပြတ်သွားတယ်။ သူက သဘာဝလွန် အဆင့်မှာ ရှိနေတာတောင်။ မခုခံနိုင်ဘူး။ နောက်ထပ် သုံးယောက် ကတော့ အပြင်းအထန် ဒဏ်ရာ ရ ကုန်တယ်။ သူတို့ ထဲက တစ်ယောက် ကတော့။ ခြေထောက် တစ်ချောင်း ပြတ်သွားတယ်။ နောက် နှစ်ယောက်ကတော့ အတွင်း ဒဏ်ရာရသွားတယ်။ ဒီ ဒဏ်ရာတွေ အားလုံးက။ ပြန်လည်ကုသ ဖို့ အချိန် အတော်ယူရလိမ့်မယ်။ တစ်ချက်တည်းနဲ့။ တစ်ယောက်သေ။ သုံးယောက် ဒဏ်ရာရ။ ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်သလဲ။

ဒီ နတ်ဆိုး စစ်သည်တော်တွေ အားလုံးက သဘာဝလွန် အဆင့်မှာ ရှိနေတာ။ လူသား လောကမှာ ဆိုရင်။ သူတို့ အားလုံးက စစ်သည် သောင်းချီကို ဦးဆောင်တဲ့ စစ်သူကြီးတွေပဲ။ ကြောက်ရွံ့ ထိတ်လန့်မှုတွေ။ နတ်ဆိုး စစ်သည်တော် တွေ အားလုံး အံကြိတ်ရင်း။ အသေခံ တိုက်ခိုက် ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမယ့် ခရမ်းရောင် အလင်းတန်းကတော့ အမြောက်ဆံ တစ်ခုလို ကောင်းကင်ဆီ ထိုးတက် သွားခဲ့ပြီ။ ယွင်ချင်းဝူ ဆီကို တည့်တည့် ပျံတက်သွားတယ်။

“ ဒါက ဘယ်လို ဖြစ်နိုင်တာလဲ။”

“ ဒါ …. သူ ပဲ……။ မဖြစ်နိုင်တာပဲ။”

နတ်ဆိုး စစ်သည်တော်တွေ နားမလည် နိုင်ကြဘူး။ ဖန်ကျန်းရှီ က ဘယ်လိုများ။ သူ့ကိုယ်သူ မြားတစ်ချောင်း အဖြစ် ပြောင်းလဲ ပြီး။ေ တာင်ကုန်းပေါ်ကို ပျံတက်သွားနိုင်တာလဲ။ အက်ကွဲကြောင်းထဲက လေးကိုင်း တစ်ခုကို မမြင်ခင် အထိ။ သူတို့ နားမလည်ကြဘူး။ ကျောက်စိမ်းရောင် လေးကိုင်းတစ်ခုက။ အက်ကွဲကြောင်းရဲ့ နံရံနှစ်ဖက်ကို အားပြုရင်း ရှိနေခဲ့တယ်။ အနက်ရောင် လေးကြိုးကတော့ ။ ပျံတက်သွားတဲ့ မြားအရှိန်ကြောင့် ဆက်လက် တုန်ခါနေဆဲပဲ။

အပိုင်း (၃၉၅) ပြီး၏။

အပိုင်း (၃၉၆)

“ ဒီၤကောင် ဘာလို့များ ဒီလောက်တောင် အင်အားကြီးနေရတာလဲ။”

“ သူ့ ခန္ခာကိုယ်က မြား ဖြစ်သွားတာလး။”

နတ်ဆိုး စစ်သည်တော်တွေ မျက်လုံးပြူကုန်တယ်။ ပိုင်ရှင်းနဲ့ ဝူကျီတောင် လန့်သွားတယ်။ သူတို့တွေ တွေးခဲ့ကြတယ်။ လူတစ်ယောက်က တောင်ထိပ်ပေါ်ကို တက်ဖို့ လမ်းမှာ။ လူတွေ အားလုံးကို သတ်ဖို့ မဖြစ်နိုင်ဘူးလို့။ သူတို့ အားလုံးထဲက စွမ်းအား အကြီးဆုံး ရှင်းယွမ်ကောင်းတောင်။ ဒီလို ကိစ္စမျိုး လုပ်ဖို့ တွေးမိမှာ မဟုတ်ဘူး။ ဒါပေမယ့် ။ ဖန်ကျန်းရှီကတော့ လုပ်ခဲ့ပြီ။ မယုံကြည်နိုင်စရာ အကောင်းဆုံး သော ပုံစံနဲ့။ လူတိုင်းက သူ့ကို ကြည့်နေတဲ့ အချိန်မှာ။ ခရမ်းရောင် အလင်းတန်း အဖြစ် ပြောင်းလဲပြီးတော့။ ယွင်ချင်းဝူ ဆီကို ပျံတက်သွားတယ်။ ဒါက ခက်ခဲတဲ့ နည်းလမ်းတော့ မဟုတ်ဘူး။ ပိုင်ရှင်းနဲ့ ဝူကျီလည်း လုပ်နိုင်တယ်။ လေးကိုင်း ကောင်းကောင်း သာ ရှိရင်။ နတ်ဆိုး စစ်သည်တော်တွေ အားလုံးလည်း လုပ်နိုင်ကြတယ်။ ဒါပေမယ့် ဒီလို လုပ်ဖို့ သူတို့ မတွေးမိကြဘူး။

အကယ်၍ ဒီလို အစီအစဉ်ကို အစတည်းက တွေးထားတာ မျိုး မဟုတ်ခဲ့ရင်။ ချက်ခြင်း လုပ်နိုင်ကြမှာ မဟုတ်ဘူး။ ဒါပေမယ့် ။ ဒီလို အရှိန်ပြင်းထန်လွန်းနေတဲ့ တိုက်ပွဲမှာ ။ သူတို့ ထဲက တစ်ယောက်မှ ဒါကို တွေးနိုင်ကြမှာ မဟုတ်ဘူး။ ဒီလောကထဲက ဘယ်သူကများ။ ပြန်လာတဲ့ နဂါး တိုက်ကွက်ကြောင့် ဖြစ်လာတဲ့ အက်ကွဲကြောင်းကို လေးကိုင်းထားဖို့ တွေးမိမှာလဲ။

ကြောက်လန့်တယ်။ အကူအညီမဲ့သလို ခံစား ရတယ်။ ပိုင်ရှင်းနဲ့ ဝူကျီတို့ ရဲ့ အခု အချိန် ခံစားချက်တွေပဲ။ တောင်ထိပ်ပေါ်ကို ပြေးတက်ပြီးတော့ ယွင်ချင်းဝူကို ကယ်ချင်ကြတယ်။ ဒါပေမယ့် သူတို့ မလုပ်နိုင်ကြဘူး။ ဖန်ကျန်းရှီ ရဲ့ နေခွင်းလေးက အက်ကွဲကြောင်း ထဲမှာ ရှိနေတုန်းပဲ။ ဒါပေမယ့် လူတစ်ယောက်က ဒီလို နည်းလမ်းကို သုံးပြီးရင်။ ဒုတိယ တစ်ယောက် ထပ်ပြီး လုပ်ဆောင်ဖို့ အတော့်ကို ခက်ခဲလိမ့်မယ်။ လေးကိုင်းကို ရခဲ့ရင်တောင်။ အခုချိန်မှာ သုံးလို့ရအုန်းမှာလား။ ဖန်ကျန်းရှီက ပိုင်ရှင်းလောက် မမြန်ဘူး။ ဒါပေမယ့် နေခွင်းလေးကို သုံးလိုက်တော့။ ပိုင်ရှင်းတောင် သူ့ကို တားမရတော့ဘူး။

…

ခရမ်းရောင် အလင်းတန်းတစ်ခုက။ မိုးသည်းထဲမှာ ကောင်းကင်ဆီ တက်သွားတယ်။ ယွင်ချင်းဝူ ဆီမှာ ဓားတစ်ချောင်းလို စိုက်ကျလာတယ်။ ယွင်ချင်းဝူ နောက်မှာ ရပ်နေတဲ့ နတ်ဆိုးခေါင်းဆောင်င်ယ တောင့်တင်းသွားတယ်။ အဲ့ဒီ့နောက်။ မောက်မာတဲ့ သူ့ အကြည့် ပျောက်ကွယ်သွားတယ်။ ထိတ်လန့်မှှုက အစားထိုးသွားခဲ့တယ်။ အကယ်၍ ဖန်ကျန်းရှီသာ တောင်အောက်ကနေ တက်လာခဲ့ရင်။ သူ့မှာ ဖန်ကျန်းရှီကို အနိုင်တိုက်ဖို့ နည်းလမ်းပေါင်း ရာချီ ရှိတယ်။ ဖန်ကျန်း၇ှီကို သူသတ်ကောင်း သတ်နိုင်တယ်။ နောက်ဆုံးတော့လည်း သူက မြေမျက်နှာပြင် အမြင့်မှာ ရှိနေတာပဲလေ။

ဒါပေမယ့် သူ ရုတ်တရက် သဘောပေါက်သွားတာက။ ဖန်ကျန်းရှီ က သူ့ ခေါင်းပေါ်မှာ ရောက်နေတာပဲ။ ဒီလို ပြိုင်ဘက် တစ်ယောက်ကို ဘယ်လိုများ အလွယ်တကူ အနိုင်ယူ နိုင်မှာလဲ။

“ရွှင်း။” သူ့ ဓားကို ဆွဲထုတ်လိုက်တယ်။ ခက်ရင်းခွလို အသွားတွေ ပါတဲ့ ဓား တစ်ချောင်းပဲ။ နောက်ပြီးတော့ ပုံမှန် ဓားတွေထက် ချွန်ထက်တယ်။ ဒါက သူ့ ရဲ့ လက်နက်ပဲ။ ( တစ္ဆေဓားလို့ ခေါ်တွင်တယ်။) အကယ်၍ ရဲရဲတောက် ချီလင်လှံကသာ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ရတနာ ဆယ်ပါးထဲက တစ်ခုလို့ ဆိုရရင်။ တစ္ဆေဓားကတော့ နတ်ဆိုး မျိုးနွယ် ရတနာ ငါးပါးထဲက တစ်ခု ဖြစ်တယ်။ သူ့လို ငယ်ရွယ်တဲ့ နတ်ဆိုးလေး တစ်ယောက်က ဒီလို ရတနာ မျိုးကို ပိုင်ဆိုင်ထားတာ။ သူက တော်ဝင် မျိုးနွယ်ဆိုတာ သိသာစေတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ တိုက်ခိုက်မှုကို ခုခံရမှာတော့။ င်္ဒီဓားက သိပ်ပြီး မသက်ရောက် လှပါဘူး။ သူက ယွင်ချင်းဝူရဲ့ ရှေ့ကို ပိတ်ရပ်ထားတယ်။ ယွင်ချင်းဝူ ကတော့ ခေါင်းမော့ရင်း တိတ်တဆိတ် ကြည့်နေတယ်။ သတ်ဖြတ်မှု အငွေ့အသက်တွေက သူမကို ဖိနှိပ်လာတယ်။

“ ဒါဆိုရင် သူ လုပ်နိုင်ပြီပေါ့။” ယွင်ချင်းဝူ တီးတိုးပြောနေတယ်။ ဒါတွေ ဖြစ်လာမှာကို သူမ သိနေခဲ့တဲ့ အတိုင်းပဲ။

“ ကချာ့။” ခရမ်းရောင် မိုးကြိုးက တိမ်မည်းတွေထဲ ပြစ်ခတ်တယ်။ ကြီးမားတဲ့ သစ်ပင်ကြီး တစ်ခု ခရမ်းရောင် မိုးကြိုးတွေ ကြားမှာ ဖြစ်ပေါ်လာတယ်။ ခရမ်းရောင် ပုံရိပ်က တိမ်တွေကြားမှာ နဂါးတစ်ကောင်လို လှည့်ပတ်နေခဲ့တယ်။ အင်အားပြင်းထန်တဲ့ အငွေ့အသက်တွေ ထုတ်လွှတ်နေခဲ့တယ်။

“သေစမ်း။” အေးစက်တဲ့ အသံက တိမ်တွေကြားမှာ ပဲ့တင့်ထပ်လာတယ်။ အဲ့ဒီ့နောက် ။ ခရမ်းရောင် အလင်းတန်းက တိမ်တွေကြားကနေ ပွင့်ထွက်လာခဲ့တယ်။ အလင်းရောင်ထဲမှာ တောက်ပနေတဲ့ လူတစ်ယောက်။ မြေပြင်ပေါ်ကို ဓားတစ်ချောင်းလို ကျလာခဲ့တယ်။ အေးစက်တဲ့ မျက်လုံးတွေက အဖြူရောင် ဝတ်ရုံနဲ့ လူရိပ်ဆီမှာ။ ပြင်းထန်လွန်းတဲ့ လူသတ်ငွေ့တွေက ဆက်တိုက် ဆင်းသက်နေတယ်။ လမ်းမှာ ရှိတဲ့ အရာ အားလုံးကို ဖျက်စီးသွားမယ့် အငွေ့အသက်လိုပဲ။ တောက်ပတဲ့ အလင်းဓား နဲ့ ပေါင်းစပ်လိုက်ချိန်မှာတော့။ အရဲရင့်ဆုံး နှလုံးသားတွေကိုတောင် ကွဲကြေသွားစေ နိုင်တဲ့ တိုက်ခိုက်မှု တစ်ခု လိုပဲ။

“ ဒီကောင် ဘာလို့များ ဒီလောက်တောင် အင်အားကြီးနေရတာလဲ။” နတ်ဆိုးငယ်ရဲ့ အသံ ထွက်ပေါ်လာတယ်။ ဓားလက်ကိုင်မှာ ရှိတဲ့ အကြေးခွံ သဏ္ဍာန် ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ် ။ သူ့ ဘဝတစ်သက်တာမှာ။ အခုလို ခံစားချက်မျိုး တစ်ခါမှ မခံစားဖူးဘူး။ အရိုးကွဲမတတ် ချမ်းစိမ့် လောက်အောင်။ အင်အားကြီးတဲ့ လူသတ်ငွေ့တွေ။ ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းမှန်း သူ နားလည်သွားပြီ။ နောက်ဆုံးမှာတော့။ ရှီးခုန် ဘာလို့များ ကျရှုံးသွားခဲ့လဲ သူ နားလည်သွားပြီ။ ရှီးခုန်က သူ့ရဲ့ ကျင့်ကြံဆင့်ကြောင့် ရှုံးနိမ့်တာ မဟုတ်ဘူး။ အားနည်းတဲ့ အငွေ့အသက်ကြောင့် သူ ရှုံးရတာ။ ချွေးသီး ချွေးပေါက်တွေ သူ့ နဖူးပေါ်က စီးကျလာတယ်။ ဒီ အချိန်လေး အတွင်းမှာပဲ။ သူ့ တစ်ကိုယ်လုံး ချွေးတွေ ရွဲနစ်နေပြီ။

ဒါပေမယ့် သူ့လက်ထဲမှာ တစ္ဆေဓားကို ကိုင်ထားတုန်းပဲ။ သူ့ ပုံစံက သက်တောင့် သက်သာ ဖြစ် မနေ ခဲ့ဘူး။ ဖြူဖျော့နေတာက လွဲပြီးတော့လည်း သူ့လက်တွေ တုန်ယင်မနေခဲ့။ ဒီ အချိန်မှာ ။ သူ့ နဖူးက အစိမ်းရောင် နတ်ဆိုး မျက်လုံး တောက်ပလာတယ်။ နတ်ဆိုးငယ် ကတော့ ကောင်းကင်က ဓားကို ဆက်ကြည့်နေခဲ့တယ်။ ဓားကို လှည့်ပတ်နေတဲ့ နဂါး သဏ္ဍာန် အလင်းတန်းကို သူ အာရုံစိုက်နေတယ်။

“ ဘုန်း။” ပဲ့တင့်သံ ထွက်ပေါ်လတယ်။ လေတောင်ကြား တစ်ခုလုံး လှုပ်ခါနေပြီ။ အောက်ခြေမြေပြင်တောင် ဆက်ပြီး တုန်ခါနေခဲ့တယ်။ မိုးသည်း မုန်တိုင်းက အမြင်အာရုံကို ဆက်ပြီး မှုန်ဝါးနေစေတယ်။ ဒါပေမယ့် ကြည့်နေသူတွေရဲ့ ကြောက်ရွံ့မှုကိုတော့ မသက်သာ စေဘူး။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ စစ်သည်တော်တွေ သူတို့ရဲ့ လှံတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ တောင်ပိုင်းဒေသ စစ်သည်တော်တွေ ကတော့ သူတို့ရဲ့ ဓားတွေကို ကျစ်ကျစ်ပါအောင် ကိုင်ထားခဲ့တယ်။ နတ်ဆိုး စစ်သည်တော်တွေ တောင် သူတို့ လမ်းကို ရပ်ပြီး ကြည့်နေကြတယ်။ ကျောင်းတော်သားတွေ။ နဂါးတပ်ဖွဲ့ ။ ငါးရာသော ငွေဂျို ဝံပုလွေတွေ။ ရှင်ချင်းစွေ့ ။ နန်ကုန်းဟောင်။ ဝူကျီ နဲ့။ ရှင်းယွမ်ကောင်းတောင် မှ သူတို့ လုပ်နေတာကို ရပ်ပြီး။ တေ ာင်ထိပ်ကို ကြည့်နေခဲ့တယ်။

“ ကချာ့။” ကြီးမားတဲ့ အက်ကွဲကြောင်းကြီး တောင်ကုန်းပေါ်မှာ ပေါ်လာခဲ့တယ်။ ကြီးမားတဲ့ ကျောက်တုံးကြီးက တောင်ကုန်းပေါ်ကနေ ကျလာတယ်။ ကျယ်လောင်တဲ့ အက်ကွဲသံ နဲ့ အတူ။ မြေပြင်ထဲကို ကျသွားခဲ့တယ်။ သည်းထန်တဲ့ မိုးတွေ နေရာမှာ ကျောက်တုံးတွေက အစားထိုးသွားတယ်။ ဒီ အချိန်မှာ ကျောက်တုံးကြီးတွေ ကျလာတဲ့နေရာရဲ့ နောက်မှာ။ လူသုံးယောက် ရပ်နေခဲ့တယ်။ ယွင်ချင်းဝူရဲ့ အဖြူရောင် ဝတ်ရုံက လေထဲမှာ လွင့်နေတယ။် သူမရဲ့ သေးသွယ် ဖြူဖွေးတဲ့ နှင်းလို ခြေထောက်လေးတွေ ပေါ်ထွက်နေတယ်။ သူမ ရပ်နေတဲ့ နေရာမှာ ။ ကြီးမားတဲ့ အက်ကွဲကြောင်းကြီး တစ်ခု ပေါ်လာခဲ့တယ်။ သူမရဲ့ ရှေ့မှာတော့ ဒူးထောက်နေတဲ့ လူတစ်ယောက်။ သူ့ရဲ့ ကုတ်အကျီက လုံးဝကို ဆုတ်ပြဲ နေခဲ့ပြီ။ ချောမောခံ့ညားတဲ့ မျက်နှာ ကို မြင်နေရတယ်။ သူ့ရဲ့ ခရမ်းရောင် နတ်ဆိုး မျက်လုံးကတော့ တောက်ပနေတယ်။ သူ့ရှေ့က ရပ်နေတဲ့ လူငယ်ကို စိုက်ကြည့်နေတယ် ။ သူ့နှုတ်ခမ်းထောင့် ကနေ သွေးတွေ စီးကျနေတယ်။ သူ့ရဲ့ အကျီလက် တွေက သွေးတွေနဲ့ စွန်းထင်းနေတယ်။ ပုခုံးကနေ လက်အထိ သွေးတွေ စွန်းနေခဲ့တယ်။ မိုးကတော့ ဆက်လက် ရွာနေဆဲ။

သွေးတွေက မိုးရေနဲ့ ဆေးကြောပြီးသား ဖြစ်သွားတယ်။ နက်လွန်းတဲ့ ဒဏ်ရာက အရိုးကိုတောင် မြင်နေရပြီ။ ဒဏ်ရာထက် သတ္တုလို တောက်ပမှု တစ်ခု ရှိနေတယ်။

“ အ အားးးးး” နတ်ဆိုးငယ် ပြင်းပြင်းထန်ထန် အသက်ရှူနေရတယ်။ တိုက်ပွဲကြောင့် အတော်လေး မောပန်းနေပုံပဲ။ ဒီတိုက်ခိုက်မှုက သူ့ကို ခြေကုန် လက်ပန်း ကျစေတယ်။ နတ်ဆိုးတွေက သူတို့ကို သူတို့ အထူး မျိုးနွယ်စုလို့ အမြဲ ထင်မြင်ထားခဲ့တာ။ တစ်ချီတည်းနဲ့ ဒူးထောက်ရတာကတော့ တကယ့်ကို ရှက်ဖွယ် လိလိပဲ။

“ဒီကောင် ဘာလို့များ ဒီလောက်တောင် အင်အား ကြီးနေတာလဲ။ မဖြစ်နိုင်တာပဲ။ ဘာလို့ ဒီလောက်တောင် အင်အားကြီးနေတာလဲ။” နတ်ဆိုး ငယ်ရဲ့ အသက်ရှူသံ လေးလံ ထိုင်းမှိုင်းနေခဲ့တယ်။ ဖန်ကျန်းရှီက တော့ တောင်ကုန်းပေါ်မှာ တိတ်တဆိတ် ရပ်နေဆဲ။ သူ့ခြေထောက်နားမှာ ဒူးထောက်နေတဲ့ နတ်ဆိုးငယ်ကို လျစ်လျူရှုထားခဲ့တယ်။ သူ့ ဓားကို ယွင်ချင်းဝူ ဆီမှာ ချိန်ထားခဲ့တယ်။ ခြေရာမဲ့ ဓားက ခရမ်းရောင် တောက်ပနေဆဲ။ သွေးစက်တွေက ဓားကနေ မြေကြီးပေါ်ကို တစ်စက်စက် စီးကျနေတယ်။

“ ဟွန်”

ဓားက အော်မြည်သံ ပြုတယ်။ နဂါးတစ်ကောင်လိုပဲ။ အတော်လေး စိတ်လှုပ်ရှားနေတာ သိသာလှတယ်။ ခြိမ်းခြောက်နေတဲ့ လူသတ်ငွေ့တွေက လှိုင်းတွေလို ပျံ့နှံ့လာခဲ့တယ်။

“ နင်က ငါ့ကို သတ်မလို့လား။” ယွင်ချင်းဝူ ပြောတယ်။ တည်ငြိမ်လှတဲ့ မျက်ဝန်းတွေက။ ဖန်ကျန်းရှီ ရဲ့ လက်ထဲမှာ ရှိတဲ့ ခရမ်းရောင် ဓားကို ကြည့်နေခဲ့တယ်။ သူမရဲ့ အသံကတည်ငြိမ်လွန်းလှတယ်။ သူငယ်ချင်းတ စ်ယောက်ကို စကားပြောနေသလိုပဲ။ ဒါပေါ့။ ယွင်ချင်းဝူရဲ့ လည်ပင်းနားမှာ ဓားတစ်ချောင်းရှိနေတယ်။ ခြေသုံးလှမ်းတောင် မကွာဘူး။ ဖန်ကျန်းရှီကတော့ ယွင်ချင်းဝူရဲ့ မေးခွန်ကို ပြန်မဖြေခဲ့ဘူး။ တိတ်တဆိတ်နဲ့ ကြည့်နေခဲ့တယ်။ သူ့ရဲ့ မျက်လုံးထဲက တောက်ပနေတဲ့ ဓားတစ်ချောင်း။ စက္ကန့်အမျှ ပို တောက်ပလာတယ်။

…

အောက်ခြေမှာ ရှိနေတဲ့ ကွင်းပြင်မှာ။ တစ်သိန်းထက်ပိုတဲ့ လူတွေ။ တောင်ကုန်းပေါ်က လူ သုံးယောက်ကို ကြည့်နေခဲ့တယ်။ အတိအကျ ပြောရရင်။ ဖန်ကျန်းရှီ ရဲ့ မျက်လုံးထဲက ဓားကို ကြည့်နေကြတာ။ သူ့ရဲ့ နောက်လှုပ်ရှားမှုက ယွင်ချင်းဝူရဲ့ ကံကြမ္မာကို ဆုံးဖြတ်မှာပဲ။ သေမလား။ ဒါမှမဟုတ်။ ရှင်သန်မလား။ ဖန်ကျန်းရှီက ဒီ အခြေအနေ ကို ထိန်းချုပ်လိမ့်မယ်။ ယွင်ချင်းဝူက လွဲပြီး။ ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုကို တ ားမြစ်နိုင်မယ့်သူ မရှိတော့ဘူး။ ပိုင်ရှင်းနဲ့ ဝူကျီက အတော်ဝေးဝေးမှာ ရှိနေတာ။ သူတို့တွေက ရပ်တာ အပြင် တခြား ဘာထပ်လုပ် နိုင်အုန်းမှာလဲ။ ဖန်ကျန်းရှီ ရဲ့ ဓားက ယွင်ချင်းဝူ ကို အ၇မ်း နီးကပ်နေခဲ့တယ်။ သူသတ်ချင်ရင် ။ အချိန် မရွေး သတ်နိုင်တယ်။

“ သတ်….”

“ ဘာလို့ သူ တွေဝေနေတာလဲ။”

“ မင်းသာ သူ့နေရာ ရောက်နေရင်။ ယွင်ချင်းဝူကို သတ်နိုင်မှာလား။”

ကျောင်းတော်သားတွေလည်း ထပ်တူညီစွာပဲ ဒွိဟဖြစ်နေခဲ့တယ်။ နောက်ထပ် အချိန် အခိုက်အတန့် အနည်းငယ်က တိုက်ပွဲ တစ်ခုလုံးကို ပြောင်းလဲ သွားနိုင်တဲ့ အကြောင်း သူတို့ သိတယ်။ အကယ်၍ တောင်ပိုင်း ဒေသက နတ်ဆိုးတွေရဲ့ ထောက်ခံမှုကို ဆုံးရှုံးသွားရင်။ ကြီးမြတ်သော ရှမင်းဆက်ကို သူတို့ ဆက်ပြီး တိုက်ခိုက်နိုင်အုန်းမှာလား။ ပိုပြီး အရေးကြီးတာက။ ဘယ်လိုပဲ ဖြစ်ဖြစ်။ ဒီကိစ္စက ဖန်ကျန်းရှီကို ကျော်ကြားပြီး လွှမ်းမိုးမှု ကြီးမားလာစေလိမ့်မယ်။

ဒါက ယွင်ချင်းဝူလေ။ မယုံနိုင်လောက်အောင် အရည်အချင်းရှိတဲ့ ယွင်ချင်းဝူ။ နတ်ဆိုးတွေရဲ့ အရှင်သခင်ငယ်လည်း ဟုတ်သေးတယ်။ သူက လူသားတွေရဲ့ ကံကြမ္မာတွေကို ဂရုမစိုက်ဘူး။ ရှင်ချင်းစွေ့က ဖန်ကျန်းရှိကို ကြည့်နေတယ်။ သူ့ ပါးစပ်လည်း ပွင့်နေခဲ့တယ်။ အဲ့ဒီ့နောက်။ သူ့ မေးရိုးကြီး အောက်ကျ မသွားခင် ခပ်မြန်မြန် ပြန်ပိတ်လိုက်တယ်။ ကြည့်ရတာ သူ့မှာ ပြောစရာစကားရှိ သေလိုပဲ။ ရှင်းယွမ်ကောင်းရဲ့ အမူအယာလည်း အတူတူပဲ။ ဒါပေမယ့် သူကတော့ အေးအေးဆေးဆေး ရပ်ကြည့်နေခဲ့တယ်။ တိုက်ပွဲကို အမိန့်ပေးတဲ့ စစ်သူကြီး ဖြစ်တဲ့ အတွက်။ ဒီ အချိန်မှာ သူ စကားမပြော ဘူး။ သူဘာတွေ တွေးနေလဲ ဘယ်သူမှ မသိ။ နန်ကုန်းဟောင်က သူ့ ဓားကို ပြန်သိမ်းလိုက်ပြီ။ အေးစက်တဲ့ ရေခဲငွေ့တွေ သူ့ ခန္ဒာကိုယ်ကနေ ထွက်ပေါ်လာခဲ့တယ်။ ပိုင်ရှင်းနောက်ကိုလည်း သူမလိုက်ဘူး။ ဝူကျီကိုလည်း ရပ်ဖို့ မကြိုးစားခဲ့ဘူး။ မလိုအပ်ဘူးလေ။

…

အချိန်တွေ ကုန်ဆုံးလာခဲ့ပြီ။ ဖန်ကျန်းရှီက ယွင်ချင်းဝူရဲ့ လည်ပင်းမှာ ဓားထောက်ထား ဆဲ။ တခြားတစ်ဖက်က ယွင်ချင်းဝူကတော့ တစ်ခုခုကို စောင့်ဆိုင်းနေခဲ့တယ်။ အချိန် အတော် ကြာပြီးနောက်။ ယွင်ချင်းဝူရဲ့ အသံ ထွက်လာခဲ့တယ်။

“ နင် စိတ်ဆုံးဖြတ်ပြီးပြီပဲ။ ဘာလို့များ လိုက်မလုပ်သေးတာလဲ။ ဒီနေရာကို ရောက်ဖို့ အများကြီးအားထုတ်ပြီးပြီပဲ။ ငါ့ကို အကြောင်းရင်း မရှိပဲနဲ့ လွှတ်ပေးမယ်လို့ မထင်ထားမိဘူး။” ယွင်ချင်းဝူက ရှေ့ကို တိုးလာခဲ့တယ်။ ဒီ အချိန်မှာ သူမရဲ့ အသံက စိတ်သက်သာရာ ရနေပုံပဲ။ သူမရဲ့ နှလုံးသားထဲက အစိုင်အခဲကြီး လျော့ကျသွားသလို။ မိုးရေတွေကတော့ သူမရဲ့ မျက်နှာကာပေါ် ဆက် ပြီး ကျဆင်းနေတယ်။ တစ်ဆထက်တစ်ဆ ပိုပြီး ထွင်းဖောက်မြင်လာရတယ်။ သူမရဲ့ မျက်နှာကို ဖန်ကျန်းရှီ ရှင်းရှင်းလင်းလင်း ပိုမြင်လာရတယ်။ နှင်းတွေကြားက ကြာပန်းလေး တစ်ပွင့်လိုပဲ။ အေးချမ်းတယ်။ အမြင့်ဆုံးနေရာမှာ ရပ်နေတဲ့ သူလို။ တခြားသူ အားလုံးကို ငုံ့ကြည့်နေတယ်။

“ သတ်…. ငါ့ကို နာကျင် အောင် လုပ်တဲ့ သူတွေကို သတ်…။ အားလုံးကို သတ်။ အကုန်လုံးသတ်။ သတ်… သတ်….” ဖန်ကျန်းရှီ သူ့ ကိုယ်သူ တီးတုးိပြောနေတယ်။ ဒါပေမယ့် သူ့ အသံက ကြောက်စရာကောင်းလောက်အောင် အေးစက်လွန်းနေတယ်။

“ ခဘွန်း၊” ခရမ်းရောင် အလင်းတန်းကြီး ကောင်းကင်ပေါ်ကို တက်သွားခဲ့တယ်။ လေဟုန်ကိုခွင်း လို့။ တစ်ချိန်တည်းမှာပဲ။ ဖန်ကျန်းရှီ့ လက်ထဲက ခြေရာမဲ့ဓား လင်းလက်သွားတယ်။ ခရမ်းရောင် အလင်းတန်းက သွေးအိုင်ထဲမှာ ဆက်ပြီး တောက်ပနေတယ်။

“ သေ။”

“သေ။”

ဖန်ကျန်း၇ှီ ဆက်ပြီး အော်ဟစ်နေဆဲ။ လူသတ်ငွေ့တွေက ခေါင်းအစ ခြေအဆုံး လှည့်ပတ်နေတယ်။ ရေဝဲ တစ်ခုလို ကောင်းကင်ဆီ ထိုးတက်သွားတယ်။ ကောင်းကင်ပေါ်မှာ လက်စွပ်တစ်ကွင်းလို အဝိုင်းပတ် လည်နေခဲ့တယ်။ ရွာသွန်းနေတဲ့ မိုးကို ခေတ္တ ရပ်စဲသွားစေတယ်။ တောက်ပတဲ့ ဓား အလင်းက ဖန်ကျန်းရှီ ရဲ့ မျက်လုံးထဲမှာ ဆက်ပြီး တောက်ပနေဆဲ။ တောက်ပနေတဲ့ ခရမ်းရောင်နဲ့ အတူ။ အတော်လေး ထူးဆန်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေခဲ့တယ်။

အပိုင်း(၃၉၆) ပြီး၏။

အပိုင်း(၃၉၇)

“အခွင့်အရေးကောင်း။”

လေကတောင်ကုန်းပေါ်က လူတွေကို ဆက်လက် တိုက်ခတ်နေတယ်။ ဖန်ကျန်း၇ှီ ကတော့ မုန်တိုင်း မျက်လုံးမှာ ရှိနေခဲ့တာ။ ဒီ ပေါက်ကွဲမှုတွေရဲ့ မူလ အရင်းအမြစ်မှာပေါ့။ အေးစက်တဲ့ လေထုက မိုးရေထဲမှာ ဆက်လက်လည်ပတ်နေတယ်။ ယွင်ချင်းဝူရဲ့ အဝတ်တွေ အပေါ်ကိုလန်တက်အေ်ာင် ပြုလုပ်နေတယ်။ ဘယ်သူကမှ အနားမကပ်ချင်ကြဘူး။ ဒါပေမယ့် ယွင်ချင်းဝူကတော့ ရှေ့ကို ဆက်တက် လာခဲ့တယ်။ သူမက လှိုင်းထန်နေတဲ့ ပင်လယ်ပြင်က မုန်တိုင်းလိုပဲ။ တစ်စီးတည်း နဲ့ လူးခါနေတယ်။ ဒါပေမယ့် ရေလှိုင်းလုံးတွေကို တွန်းကန်နေခဲ့တယ်။ လေဘယ်လောက်ထန်ထန်။ ရေလှိုင်း ဘယ်လောက် ကြီးကြီး။ လှေကတော့ နစ်မြုပ်သွားမယ့် အရိပ်အယောင် မ၇ှိဘူး။

“ ဖန်ကျန်းရှီ။ မင်း ယွင်ချင်းဝူကို သတ်ချင်ရင်။ ငါဆိုတဲ့ စစ်ပိုနန် ကို ဖြတ်ကျော်ရမယ်။” ဒီ အချိန်မှာပဲ နောက် အသံ တစ်သံ ထွက်လာတယ်။ အသံကတော့ မကျယ်ဘူး။ ဒါပေမယ့် လူတိုင်း ကောင်းကောင်းကြားနိုင်တယ်။ အဲ့ဒီ့နောက်။ လူရိပ်တစ်ခု တုန်တုန်ယင်ယင်နဲ့ ထရပ်တယ်။ ယွင်ချင်းဝူ နဲ့ ဖန်ကျန်းရှီ ကြားကို ဝင်လာခဲ့တယ်။ တောင်ထိပ်ပေါ်မှာ လူ သုံးယောက်တည်း ရှိနေခဲ့တာ။ ဒါကြောင့် ဖန်ကျန်းရှီ နဲ့ ယွင်ချင်းဝူ ကြားကို ဝင်နိုင်တာက။ ဒူးထောက်နေတဲ့ နတ်ဆိုး ခေါင်းဆောင်ငယ်ပဲ။ ဒါပေမယ့် ဒီ တစ်ကြိမ်မှာတော့။ ယွင်ချင်းဝူရဲ့ ဂုဏ်ပုဒ်ကို မပြောတော့ဘူး။ နာမည်ကို အော်ခေါ်တယ်။

တခြားသော နတ်ဆိုး စစ်သည်တော်တွေလည်း မအံ့သြကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့

သူ့နာမည်က စစ်ပိုနန် ဖြစ်နေလို့ပဲ။

“ စစ်ပိုနန်။ အဲ့ဒီ့ နတ်ဆိုးလေးက စစ် မိသားစုက လား၊”

“ အဲ့ဒီ့ စစ်လား။”

“ အကယ်၍ ဒါသာ သူ့ နာမည် ဖြစ်ခဲ့ရင်။ အဲ့ဒီ့မိသားစုကပဲ ဖြစ်မှာပေါ့။ နတ်ဆိုးလောကမှာ စစ် မျိုးနွယ် ဘယ်သူ ထပ်ရှိသေးလို့လဲ။ မိသားစု တစ်ခုပဲ ဒီ မျိုးနွယ်ရှိတာ။”

စစ်ပိုနန် ရဲ့ အသံကို ကျောင်းတော်သားတွေ အားလုံးကြားတယ်။ သူတို့တွေ ကြောက်လန့်တာကား လှမ်းကြည့်နေတယ်။ နတ်ဆိုးတွေရဲ့ လောက က လူသားတွေနဲ့ ကွာခြားတယ်။ လူသားတွေကို ဧကရာဇ် တစ်ပါးတည်းက အုပ်ချုပ်တယ်။ နောက်ပြီးတော့ ပလ္လင်ကို သူ့ သားဆီ လက်ဆင့်ကမ်းပေးတယ်။ နတ်ဆိုးတွေ အတွက်တော့။ သူတို့ရဲ့ အင်ပါယာကို အဓိက မိသားစုကြီး သုံးခုက ထောက်ပံ့ပေးထားတယ်။ သူတို့ရဲ့ မျိုးပွားမှုက နည်းပါးတယ်။ ဒါကြောင့် လက်ရှိ နတ်ဆိုး အရှင်သခင်မှာ ဆက်ခံမယ့် သား ရှိမ၇ှိ တထစ်ချ မပြောနိုင်ဘူး။

သူတို့ မျိုးပွားခဲ့ရင်တောင်။ ကလေးအများကြီးရမှာ မဟုတ်ဘူး။ တစ်ယောက် ဒါမှမဟုတ် အများဆုံး နှစ်ယောက် ။ နောက်ပြီးတော့ လက်၇ှိ နတ်ဆိုး အ၇ှင်သခင်ရဲ့ ကလေးတွေက ။ နောက်လာမယ့် နတ်ဆိုး အရှင်သခင် ဖြစ်လာမယ်လို့ ဘယ်သူမှ မပြောနိုင်ကြဘူး။ ဒါကြောင့်။ သူတို့ရဲ့ စိတ်ထဲမှာ။ နတ်ဆိုးမျိုးနွယ်ရဲ့ အုပ်ချုပ်မှု စည်းမျဥ်းတွေက မိသားစု သုံးခု အပေါ်မှာ မူတည်နေမှာပဲ။

အကယ်၍ မိသားစု တစ်ခုရဲ့ သား တွေကသာ ။ တာဝန်ထမ်းဆောင်ဖို့ ငြင်းဆန် ခဲ့မယ် ဆိုရင်။ နောက်ထပ် မိသားစု နှစ်ခုကနေ အရှင်သခင်ကို ရွေးချယ်လိမ့်မယ်။ ဒီရွေးချယ်မှုက။ သူတို့ရဲ့ ကျင့်ကြံဆင့်။ အ၇ှိန်အဝါ တွေနဲ့။ လွှမ်းမိုး နိုင်မှုတွေ ပါဝင်နေတယ်။ ဒါကြောင့်။ နတ်ဆိုး အရှင်သခင် တစ်ယောက် သေဆုံးသွားပြီးနောက်မှာ။ နောက်ထပ် နတ်ဆိုး အရှင်သခင်က သူ့ မျိုးရိုး နာမည် ကို မဆက်ခံတော့ဘူး။ အုပ်ချုပ်သူ မိသားစု သုံးခုကတော့ ယွင်မိသားစု ၊ စစ်မိသားစု နဲ့။ ယွီမိသားစုတို့ပဲ ဖြစ်တယ်။ စစ်….။ ဒါက နတ်ဆိုး အရှင် သခင် စစ်ခုန် နဲ့ မိသားစု အတူတူပဲ။

အရှင်သခင် စစ်ခုန် အုပ်ချုပ်ခဲ့စဉ် အချိန် တုန်းက။ သမိုင်းတစ်လျှောက်မှာ နတ်ဆိုးတွေ အင်အား အကြီးဆုံးကာလ ဖြစ်ခဲ့ကြတယ်။ နတ်ဆိုး စစ်တပ်က ယန်ကျင်းဂိတ်အထိကို ရောက်ရှိခဲ့တယ်။ လူသားမျိုးနွယ်ကိုတောင် သိမ်းပိုက် ပြစ်တော့မယ့် အထိပဲ။ ယန်ကျင်းဂိတ်တံခါး တိုက်ပွဲမှာ ။ သွေး ချောင်းစီးခဲ့တယ်။ အဆုံးသတ်မှာတော့။ နတ်ဆိုး အရှင်သခင် စစ်ခုန်က သွေးအရိပ်မြို့တော်မှာ အသတ်ခံလိုက်ရတယ်။ သုခမိန် စစ်နတ် မုန့်ထျန်း သတ်တာကို ခံလိုက်ရတာ။ နောက်ပြီးတော့ အခု ချိန်မှာ။ ဖန်ကျန်းရှီ ရဲ့ လက်ထဲက ဓားက ခရမ်းရောင် ဆက်ပြီး တောက်ပနေတယ်။ ဓားထိပ်က စစ်ပိုနန် ရဲ့ လည်ပင်းကို ပြောင်းလဲ ရောက်ရှိနေတယ်။ စစ်ပိုနန် ရဲ့ သွေးတွေက ဓားပေါ်ကို စွန်းထင်းသွားခဲ့တယ်။

“ ခဘွန်း။”

ခရမ်းရောင် အလင်းတန်းတွေ ကောင်းကင်ပေါ်ကို တက်သွားခဲ့တယ်။ စစ်ပိုနန်ရဲ့ မျက်နှာ တည့်တည့်ကို ဆင်းလာခဲ့တယ်။ သူ့ မျက်နှာက ဖြူဖျော့ပြီး အားနည်းနေပြီ။ ဒါပေမယ့် သူကတော့ စိတ်ဆုံးဖြတ် ထားပုံပဲ။

“ဖန်ကျန်းရှီ။ နတ်ဆိုးနဲ့ လူသားတွေ ဒီ အချိန် တစ်လျှောက်လုံး မသင့်မြတ်ခဲ့ကြဘူး။ မင်း ငါ့ကို သတ်လိုက်လဲ ငါ မျက်တောင် တစ်ချက် ခတ်မှာ မဟုတ်ဘူး။ ငါတို့တွေက အထူးမျိုးနွယ်တွေလိုပဲ။ ” စစ်ပိုနန်ရဲ့ ဓားက တုန်ယင်နေတယ်။ သူ့မှာ ရှိသမျှ အင်အား အကုန်လုံး သုံးပြီးတော့ ထရပ်နေရသလိုပဲ။ နောက်ဆုံးတော့ သူ ရပ်နိုင်ခဲ့ပြီ။

“ စစ်ပိုနန်။”

“ စစ်။”

“ သေ။”

ဖန်ကျန်းရှီ သူ့ကိုယ်သူ တီးတိုးပြောနေခဲ့တယ်။ သူ့ ဓားကို လေထဲမှာ တန့်ထားခဲ့တယ်။ သူ့ မျက်လုံးထဲက အလင်းဓား ဆက်လက် လည်ပတ်နေတယ်။ ပုံရိပ်တစ်ခုသာ ဖြစ်ပေမယ့် ။ ခရမ်းရောင် အလင်းတန်းက ဆက်လက် လည်ပတ်နေတယ်။ သူ့ဓားကို လှည့်ပတ်နေတဲ့ အဝိုင်းက တဖြည်းဖြည်း ပေါက်ကွဲနေတယ်။

“ရွှင်။”

“ရွှင်။”

“…”

လှိုင်းထန်နေတဲ့ လူသတ်ငွေ့တွေ့ ပိုပြီး ပေါက်ကွဲ မှု ပြင်းထန်လာတယ်။ တစ်ချိန်တည်းမှာပဲ။ ထက်မြက်တဲ့ အလင်းဓား တစ်ချောင်းကို။ ကိုယ်ခန္ခာ တစ်ခုက စုပ်ယူသွားခဲ့တယ်။

“ခဘွန်း။”

ကျယ်လောင်တဲ့ မိုးကြိုးသံ က ကောင်းကင်ကိုတောင် တုန်ခါစေတယ်။ ဖန်ကျန်းရှီ ရဲ့ လက်ထဲက ခြေရာမဲ့ ဓား တုန်ခါလာတယ်။ မာဆတ်ဆတ် အက်ကွဲသံ ထွက်ပေါ်လာပြန်တယ်။ သူ့ကြည့်ရတာ ရုန်းကန်နေရပုံပဲ။

“ဖန်ကျန်းရှီ ကြည့်ရတာ တစ်ခုခု မှားနေတဲ့ ပုံပဲ။ ဘာလို့များ သူမတိုက်ခိုက်သေးတာလဲ။ စစ်ပိုနန်ကို သူလွယ်လွယ် အနိုင်ယူ နိုင်တာပဲ မဟုတ်လား။ ”

“ စစ်မိသားစုက စစ်ပိုနန် အတွက် လက်စားချေမှာကို ကြောက်လို့လား။ မဟုတ်ဘူးလို့ ထင်တာပဲ။ အကယ်၍ သူသာ ကြောက်မယ်ဆိုရင်။ ယွင်မိသားစုကို ပို ကြောက်သင့်တာမဟုတ်ဘူးလား။

“ ယွင်ချင်းဝူကို အလွတ်ပေးချင်လို့လား။ ကြည့်ရတာလည်း မတူပါဘူး။ အကယ်၍ သူသာ ယွင်ချင်းဝူကို အလွတ်ပေးချင်ရင်။ ဘာလို့များ။ တောင်ကုန်းပေါ်ကို ပြေးတက်ပြီး တားမြစ်ရတာလဲ။ ဘယ်သူက သူ့ကို အဲ့ဒီ့အပေါ် တက်ဖို့ တွန်းအား ပေးလို့လဲ။ ”

“ မဟုတ်ဘူး။ ဖန်ကျန်းရှီကြည့်ရတာ မူမမှန်ဘူး။ ”

“ သူ့ အသိစိတ်ကို ပြန်ရသေးလို့လား။”

“ မဟုတ်လောက်သေးဘူး။ ကြည့်စမ်း။ သူ့ရဲ့ အ၇ှိန်အဝါက အတော့်ကို ကြီးမားနေတယ်။ ကြည့်ရတာ။ သူ မထိန်းချုပ်နိုင်တဲ့ ပုံပဲ။ ”

“ စွမ်းအင်တွေကို အသုံးလွန်ပြီးတော့ ။ မထိန်းချုပ်နိုင်တော့ဘူးလား။”

ကျောင်းတော်သားတွေ အားလုံး။ ခရမ်းရောင် တောက်ပနေတဲ့ တောင်ကုန်းပေါ်ကို ကြည့်နေတယ်။ ဖန်ကျန်းရှီရဲ့ ကိုယ်ကနေ တောက်ပတဲ့ လူသတ်ငွေ့တွေ ထွက်ပေါ်နေတုန်းပဲ။ ရှင်ချင်းစွေ့၊ ရှင်းယွမ်ကောင်း၊ ပိုင်ရှင်း နဲ့။ ဝူကျီတို့ အားလုံး သူတို့ မြင်နေရတာကို အံ့အားသင့်နေတယ်။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ လူတွေ အားလုံး စိတ်ရှုပ်ထွေ်းနေကြတယ်။ နတ်ဆိုးတွေက ဒီအဖြစ်ကို တအံ့တသြ လှည့်ကြည့်နေတယ်။

သူတို့တွေ အသက်ရှူဖို့တောင် မေ့နေကြပြီ။ နတ်ဆိုးတွေကို အုပ်ချုပ်နေတဲ့ မိသားစု သုံးခုမှာ။ ယွင်ချင်းဝူက အင်အားအကြီးဆုံး ကလေး မဟုတ်ဘူး။ ဒါပေမယ့် အလေးစားခံရဆံ ုး သူ ဖြစ်တယ် ။ သူမ အနားကို ကပ်နိုင်တဲ့သူ မရှိခဲ့ဘူး။ အကယ်၍ လက်ရှိ နတ်ဆိုး ဘုရင်ကသာ အင်အား အကြီးဆုံး ဖြစ်ခဲ့ရင်။ ယွင်ချင်းဝူက သြဇာတိက္ကမနဲ့ အပြည့်စုံဆုံး ။ အထက်မြက်ဆုံးသော သူ ဖြစ်လာမှာ အမှန်ပဲ။ နောက်ပြီးတော့။ ဘယ်သူကမှ အဆင့်ယှဉ်ရဲမှာ မဟုတ်ဘူး။ တကယ်တမ်းတော့။ ယွင်ချင်းဝူက အင်အားကြီးတဲ့ မိသားစု မှာ မွေးဖွားခဲ့ပေမယ့်။ တခြားသူတွေ က သူမကို အမြင့်ကြီး မမှန်းကြဘူး။ ပထမဆုံး အကြာင်းရင်း ကတော့ သူမက မိန်းကလေး ဖြစ်နေတာကြောင့်ပဲ။ ဒုတိယ အကြောင်းရင်းကတော့ သူမရဲ့ ကျင့်ကြံဆင့် က ပုံမှန် ဖြစ်နေတာကြောင့်။ အတော်လေးကို ပုံမှန် ဖြစ်လွန်းတယ်။ သူမရဲ့ ကျင့်ကြံဆင့်က အောက်ကိုလည်း မရောက်ဘူး။ ဒါပေမယ့် နတ်ဆိုးတွေ ထဲမှာ။ အထူးသဖြင့် မိသားစုကြီး သုံးခုထဲမှာ။ ယွင်ချင်းဝူက နေရာအမြင့်ကြီး ရောက်မနေခဲ့ဘူး။ သူမရဲ့ အဖေက လက်ရှိ နတ်ဆိုး ဘုရင် ဖြစ်နေပေမယ့်လည်း ။ ကျင့်ကြံမှုမှာ ပါရမီမပါတဲ့ သူမကို ထီးနန်း ရအောင် လုပ်နိုင်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ဘူး။ သူမရဲ့ ဖခင်လည်း အတွေးတူခဲ့တယ်။

နတ်ဆိုးတွေက လူသားတွေနဲ့ ကွာခြားတယ်။ သူတို့တွေက မျိုးရိုးတွေ သွေးသားတွေကို အာရုံမစိုက်ဘူး။ ယွင်ချင်းဝူရဲ့ ဖခင်က ။ ယွင်မျိုးနွယ် တပည့်သားတွေကိုပဲ ပိုပြီး အလေးထားတယ်။ ယွင်မိသားစုကို အင်အားတောင့်တင်းစေလိုတယ်။ ဒီမိသားစုမှာ မွေးဖွားလာတဲ့ အတွက်။ ယွင်ချင်းဝူက မင်းသမီး တစ်ပါး အဖြစ်နေနိုင်တယ်။ အဲ့ဒီ့နောက်။ တစ်ရက်မှာ။ စိတ်ပျက်အားငယ်နေ ခဲ့တဲ့ ဖခင်ကို သူမ မြင်တွေ့ခဲ့တယ်။ နတ်ဆိုး အရှင်သခင် တစ်ယောက် အနေနဲ့။ ယွင်ချင်းဝူက သူမ အဖေကို အလွန်အမင်း လေးစားချစ်ခင်တယ်။ နတ်ဆိုးတွေကို အုပ်ချုပ်သူတဲ့။ အင်အား အကြီးဆုံး နတ်ဆိုးက။ ပျော်ရွှင်နေသင့်တာ မဟုတ်ဘူးလား။ ဒါပေမယ့် ဘာကြောင့်များလဲ။ ဘာကြောင့်များ သူမ ဖခင်က ဒီလောက်တောင် စိတ်ဖိစီးနေတာလဲ။ ယွင်ချင်းဝူ နားမလည်ဘူး။ ဒါပေမယ့် နောက် တနေ့မှာ သူမ သတင်းကြားခဲ့ရတယ်။ ယွီမိသားစုရဲ့ ကလေးငယ် တစ်ယောက်က အသက် ဆယ့်နှစ်နှစ်မှာ ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်ရှိခဲ့တယ်။ အဲ့ဒီ့နေ့တည်းက သူမ ရဲ့ ဖခင်ကို သိပ် မတွေ့ရတော့တာပဲ။ ယွီမိသားစုရဲ့ ကလေးက သူမနေရာကို ရောက်လာခဲ့တယ်။ အဲ့ဒီ့နောက် သူမကို သွေးအရိပ်မြို့တော်ကနေ အဝေးဆီ ပို့လွှတ်ခဲ့တယ်။ အဲ့ဒီ့အချိန် တုန်းက သူမက ငါးနှစ်ပဲ ရှိသေးတာ။

ငါးနှစ်ကြာပြီးနောက်။ ယွင်ချင်းဝူက သွေးအရိပ် မြို့တော်ကို ပြန်လာခဲ့တယ်။ မိသားစု သုံးခုရဲ့ တပည့်တွေ ထဲမှာ။ အဲ့ဒီ့ ဆယ့်နှစ်နှစ် အရွယ် ကောင်းကင်ရောင်ပြန် အဆင့် ကလေး အပါအဝင် ။ တခြားသောသူတွေ အားလုံးက သူမကို တလေးတစား နဲ့ ကြိုဆိုကြတယ်။ အဲ့ဒီ့အချိန် နောက်ပိုင်းတည်းက ။ သူမရဲ့ နာမည်ကို မခေါ်ကြတော့ဘူး။ နတ်ဆိုးတိုင်းက သူမကို (အရှင်သခင်ငယ်) လို့ပဲ ခေါ်ကြတယ်။ အဲ့ဒီ့အချိန် တုန်းက ယွင်ချင်းဝူ အသက်က ဆယ်နှစ်။ နောက်ထပ် ငါးနှစ်တာ မျက်စိ တစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့တယ်။ လူတိုင်းသိကြတယ်။ နတ်ဆိုးတွေဆီမှာ ထူးဆန်းတဲ့ အရှင်သခင်ငယ် တစ်ယောက်ရှိတယ်လို့။ ဒါပေမယ့် ယွင်ချင်းဝူဆိုတာ သူတို့ မသိထားကြဘူး။ ယွင်ချင်းဝူက လူ့လောကထဲကို ဝင်ရောက်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ပါရမီရှင် အနုပညာရှင်တစ်ယောက် အဖြစ် ကျော်ကြားလာတယ်။ လုလင်ပျိုတိုင်းက သူမကို မြတ်နိုးလေးစားကြတယ်။ ဒါပေမယ့် သူမရဲ့ ရုပ်သွင်က ဘယ်လိုရှိလဲ ဆိုတာ တစ်ယောက်မှ မသိကြဘူး။ ဒါပေမယ့် သူမရဲ့ အရည်အချင်းက ကြီးမြတ်သော ရှမင်းဆက်ရဲ့ ပါရမီရှင်တွေကို ဖမ်းစားသွားတယ်။

ကြီးမြတ်သော ရှမင်းဆက် ရဲ့ မြို့တော်တွေနဲ့ နယ်မြေတွေကို သူမ ဖြတ်သန်းခဲ့တယ်။ သူမရဲ့ ပါရမီတွေကို ထုတ်ဖော်ပြသခဲ့တယ်။ သူမက ရွံ့နွံထဲက ကြာပန်းဖြူလိုပဲ။ ဘယ်ရွံ့ကမှ သူမကို မစွန်းထင်းစေနိုင်ဘူး။

…

စစ်ပိုနန်က အသက် နှစ်ဆယ် မတိုင်ခင်။ သဘာဝလွန် အထွဋ်အထိပ် အဆင့်ကို ရောက်ရှိခဲ့တယ်။ သူက အမှန်တကယ် ဆိုရင် မိသားစုကြီး သုံးခုရဲ့ ထိပ်တန်း တပည့်သား တစ်ဦးပဲ။ ထီးနန်းကို ရဖို့ အတွက် အဆိုပြုခံထားရသူတွေ ထဲက တစ်ယောက်လည်း ဟုတ်တယ်။ ဒါပေမယ့် ယွင်ချင်းဝူ ဘက်မှာ ရပ်တည်ဖို့ တစ်ချက်လေးတောင် မတွေဝေပဲ ဆုံးဖြတ်ခဲ့တယ်။ ဒါက….။ ယွင်ချင်းဝူရဲ့ အင်အားကို သိသာစေနေတာပဲ။ သူမက မျိုးနွယ်စု ဆယ်ခုရဲ့ စွမ်းအားကို ဖယ်ရှားနိုင်တယ်။ မိသားစုကြီး သုံးခုရဲ့ ဘယ် တပည့်သား မဆို ။ သူမအတွက် လိုလိုလားလား အသက်စွန့်ချင်ကြတယ်။

“ချင်းဝူ။ ဒါက မင်းရဲ့ အခွင့်အရေးပဲ။” ဖန်ကျန်းရှီမှာ ဘာတွေ ဖြစ်နေလဲ စစ်ပိုနန် မသိဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ မတည်ငြိမ်တာကိုတော့ သူသိတယ်။ လူတိုင်း မြင်သာနေတာပဲ။ ဒါကြောင့်။ စစ်ပိုနန် ချက်ခြင်း လှုပ်ရှားတယ်။ ဖန်ကျန်းရှီ နဲ့ နီးနီးကပ်ကပ်နေရာမှာ ၇ှိနေတာကြောင့် ။ သူ့ ခြေထောက်တွေ ပျော့ခွေနေတယ်။ ဒါပေမယ့် လက်ကတော့ ရွေ့လျားနိုင်ဆဲပဲ။

တစ္ဆေဓားကို ဖန်ကျန်းရှီ ရဲ့ နှလုံးသားထဲ စိုက်ချဖို့ သူ မတွေေ၀ နေခဲ့ဘူး။ ဒါပေမယ့် သူ့လက်မောင်းက မရွေ့လျားနိုင်ဘူးလေ။ သူ့လက်က ဓားကို ကိုင်ဖို့ အတွက် အင်အား အကုန်လုံးကို သုံးထားခဲ့တာ။ ဒါပေမယ့် ကိစ္စ မရှိပါဘူး။ သူက မလှုပ်နိုင်ပေမယ့်။ ယွင်ချင်းဝူ ကတော့ လှုပ်ရှားနိုင်တယ်။ ဒီ အကွာအဝေး မှာ။ သူ့ကို လူသား ဒိုင်းကာ အဖြစ် သုံးလိုက်ရင်။ယွင်ချင်းဝူကလုံး၀ လွဲချော်မှာ မဟုတ်ဘူး။ မိုးက သည်းသည်းမည်းမည်း ရွာသွန်းနေတယ်။ ခက်ရင်းခွလို ဓားထိပ်ဖျားက တောက်ပနေတယ်။

ယွင်ချင်းဝူက ဖန်ကျန်းရှီ နဲက အတော့်ကို နီးနီးကပ်ကပ် ရှိနေတာ။ စစ်ပိုနန် ကြောင့်သာ မဟုတ်ရင်။ ဖန်ကျန်းရှီ ရဲ့ အသက်ရှူသံကိုတောင် ကြားနိုင်နေပြီ။ လူအများစုတွေ း ထားတာက ။ ယွင်ချင်းဝူမှာ အကာအကွယ် ရတနာတွေ ရှိမယ်။ ဒါမှမဟုတ် သူမကို အမှောင်ထဲက နေ ကာကွယ်နေတဲ့ အထူး နတ်ဆိုးစစ်သည်တော်တွေ ရှိမယ်ပေါ့။

ဒါပေမယ့် အမှန်တရားကတော့ ။ သူမမှာ ဘာမှ မရှိဘူး။ ကြီးမြတ်သော ရှ မင်းဆက်ကို ဝင်လာတည်းက ။ အစေခံ လေးဆယ့်ကိုးယောက် ကိုပဲ ယူလာခဲ့တယ်။ သူတို့ အားလုံးက ကောင်းက်ငရောင်ပြန် အဆင့် တွေ။ ဒါပေမယ့် ဓားပညာ တစ်မျိုးကိုပဲ သူတို့ သိတယ်။ ယွင်ချင်းဝူ ဖန်တီးထားတဲ့ ဓားပညာပဲ။ ဒီ ပညာက ။ သဘာဝလွန် အဆင့် နန်ကုန်းဟောင် ရဲ့ တိုက်ခိုက်မှုကို တားမြစ်ဖို့ ပြင်ဆင်ထားတာ။ ဒါကြောင့် ကြီးမြတ်သော ရှ မင်းဆက်ကို ဘာရတနာမှ ယူမလာခဲ့ဘူး။ ဘာလို့များ ယူလာရမှာလဲ။

ဒါကြောင့် ။ ဖန်ကျန်းရှီ တောင်ကုန်းပေါ်ကို ပြေးတက်လာပြီး။ သူမလည်ပင်းကို ဓားနဲ့ ချိန်ထားတဲ့ အထိ။ သူမ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက။ စောင့်ဆိုင်းဖို့ပဲ။ နတ်ဆိုး အရှင်သခင်ငယ်မှာ အကာအကွယ် ရတနာလေး တစ်ခုတောင် မရှိဘူးဆိုတာ ဘယ်သူ ယုံမှာလဲ။ ယွင်ချင်းဝူလည်း ဒီလိုပဲတွေးတယ်။ နောက်ပြီးတော့ ။ မရှိမဖြစ်လိုအပ်တဲ့ ပြင်ဆင်မှုတွေကို သူ ပြုလုပ်ထားပြီးပြီ။ ယွင်ချင်းဝူရဲ့ အတွေးကို ဘယ်သူမှ မသိဘူး။ သူမက လွဲပြီးတော့ပေါ့။ ဒီ အချိန်မှာ ။ သူမက အရမ်းကို အေးချမ်းနေတယ်။

“ဘာလို့ နင် ရပ်လိုက်တာလဲ။” ဖန်ကျန်းရှီကို လှမ်းမေးတယ်။ ဒါပေမယ့် အဖြေမရှိတဲ့ မေးခွန်းပဲ။ သူမရဲ့ လက်မောင်းက မြင့်တက်လာခဲ့ပြီ။

အပိုင်း(၃၉၇) ပြီး၏“။

အပိုင်း (၃၉၈)

“ သဘာဝလွန် အဆင့်သို့ ရောက်ရှိခြင်း။”

“ ခရက်ရှ်” ဖန်ကျန်းရှီ ရဲ့ ရင်ဘတ်တည့်တည့်ကို ဓား ရောက်လာခဲ့တယ်။ အတော့်ကို သေးတဲ့ ဓားတစ်လက်ပဲ။ ဒါပေမယ့် အရမ်းကို ချွန်မြ သန့်ရှင်းနေတယ်။ တစ္ဆေဓား။ စစ်ပိုနန်က ဓားသွားကို မြှောက်ဖို့တောင် အင်အား မရှိဘူး။ ဒါကြောင့် ဒီဓားချက်က ယွင်ချင်းဝူ ထိုးလိုက်တာ။ သွေးတွေက ဒဏ်ရာကနေ စီးကျလာခဲ့တယ်။ ဓားကို ဖြတ်သန်းပြီးတော့။ မိုးနဲ့ အတူ မြေပြင်ကို စီးကျလာတယ်။ မြေပြင်ကို ရဲရဲနီစေတယ်။

စစ်ပိုနန်က မျက်လုံးပြူးသွားတယ်။ ဒါကို မြင်တော့ သူ အံ့သြသွားခဲ့တယ်။ ယွင်ချင်းဝူ တိုက်ခိုက် မယ် ဆိုတာ သူသိထားတယ်။ ဒါပေမယ့် ယွင်ချင်းဝူက ဒီလောက်တောင် စိတ်ဆုံးဖြတ်ထားမယ်လို့ မထင်ထားမိဘူး။ ဒါကတော့ သူ့ စိတ်အတွေးသက်သက်ပဲ။ နတ်ဆိုးအရှင်သခင်ငယ် အနေနဲ့ ယွင်ချင်းဝူက ။ လူသား ပါရမီရှင်တွေကို တစ်ခါမှ မညှာတာ ခဲ့ဘူး။ ဒါပေမယ့် ယွင်ချင်းဝူ ပြောခဲ့တာကို စစ်ပိုနန် တွေးမိတယ်။ “ ဘာလို့ နင်ရပ်စရာ လိုမှာလဲ။” သူ ရှင်းရှင်းလင်းလင်း ကြားလိုက်တယ်။ ယွင်ချင်းဝူ ဘာလို့များ ဒီလို မေးခွန်းမေးလဲ သူ မတွေးတတ်ဘူး။ ကိစ္စမရှိဘူး။ ယွင်ချင်းဝူ အခု တိုက်ခိုက်ပြီပဲ။

တိတ်ဆိတ်သွားတယ်။ မိုးအသံကလွဲပြီးတော့။ နေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့တယ်။ ဘယ်သူမှ စကားမပြောကြဘူး။ အသက်ရှူသံတောင် တိုးညှင်းနေခဲ့တယ်။

“ဖန်ကျန်းရှီ … ကျရှုံးသွားပြီလား။”

“ ယွင်ချင်းဝူက တကယ်ပဲ ဖန်ကျန်းရှီကို ဓား နဲ့ ထိုးနိုင်ခဲ့တာပဲ။”

“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”

ကျောင်းတော်သားတွေ အားလုံး နဲ့။ စစ်သည်တော်တွေ ။ ဒီမေးခွန်းရဲ့ အဖြေကို မရှာနိုင်ဘူး။ ဘယ်သူကမှ သူတို့ မျက်လုံးတွေကို မယုံကြည်နိုင်ဘူး။ ပိုင်ရှင်းက သူ့ လက်သီးကို ဖြေလျော့လိုက်တယ်။ အခုကိစ္စတွေ ဖြစ်လာတာကို သူ မယုံကြည်နိုင်ဘူး။ ဒါပေမယ့် ယွင်ချင်းဝူက ဖန်ကျန်းရှီကို သတ်ဖို့ ဆုံးဖြတ်လိုက်တာ ။ သူ ဝမ်းသာ မိတယ်။ ဒါကြောင့်။ ဖန်ကျန်းရှှီ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။

“ ရွှပ်။” အသံက မိုးရေထဲမှာ ထွင်းဖောက်လာတယ်။ တစ္ဆေဓား ဖန်ကျန်းရှီ ရဲ့ ကိုယ်ထဲမှာ ရွေ့နေတဲ့ အသံ မဟုတ်ဘူး။ ခြေရာမဲ့ ဓား မြေပြင်ပေါ်ကို ပြုတ်ကျလာတဲ့ အသံပဲ။ ထောပတ်တစ်ခုကို ဓာ းနဲ့ လှီးသလို။ မြေကြီးထဲဝင်လာခဲ့တယ်။ ထူးဆန်းတဲ့ ခရမ်းရောင် အလင်းတန်းက ကောင်းကင်ကို။ တိုင်လုံး တစ်ခုလို ထိုးတက်သွားခဲ့တယ်။

ယွင်ချင်းဝူက တစ္ဆေ ဓားရဲ့ အသွားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့တယ်။ ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။ ဒီ မျက်လုံးတွေက လူသတ်ငွေ့နဲ့ ပြည့်နေခဲ့တာ။ အဲ့ဒီ့နောက်။ လည်ပတ်နေတဲ့ ဓားက သူ့ မျက်လုံးထဲမှာ တဖြည်းဖြည်း အရောင်မှိန်လာတယ်။ အတိအကျပြောရရင်။ တိမ်တွေလို ပျောက်ကွယ်သွားတာ။ ဖန်ကျန်းရှီ ရဲ့ မျက်လုံးထဲကနေ ရှင်းလင်းသွားပြီ။ ခရမ်းရောင်လည်း ပျောက်ကွယ်သွားခဲ့ပြီ။

…

ရေကန်ကြီးက ကြည်လင်တဲ့ ရေတွေနဲ့ ပြည့်နေတယ်။ ဖန်ကျန်းရှီက ဝတ်ရုံဖြူ အမျိုးသမီး နဲ့ ရေကန်ကို မြင်တော့။ စိတ်ရှုပ်ထွေးသွားတယ်။ ဘာလို့ သုခမိန်လောကထဲကို ရောက်လာရပြန်တာလဲ။ အခုကော။ ဘယ်ရောက်နေပြန်တာလဲ။ အိမ်မက် မက်နေတုန်းပဲလား။ သူ့စိတ်ထဲမှာ မေးခွန်းတွေ အများကြီး ပေါ်လာခဲ့တယ်။ ဒါပေမယ့် တစ်ခုမှ အဖြေမရှိဘူး။ ရွေ့လျားနေတဲ့ တစ်ဦးတည်းသော သူက အမျိုးသမီး တစ်ယောက်ပဲ။

“ဘာလို့များ။ သူ့ အနားကို ကပ်ပြီး မဖမ်းနိုင်ရတာလဲ။” ဖန်ကျန်းရှှီ လောဘတကြီးနဲ့ ပြုံးမိတယ်။ ဒါပေမယ့် အချိန်သိပ်မကြာလိုက်ပါဘူး။ ဒီအတွေးကို နောက်ထပ် မတွေးတော့ဘူး။ ဒါပေမယ့် ရေထဲကို သူ ခုန်ချလိုက်တာနဲ့ ။ ဝတ်ရုံဖြူ အမျိုးသမီးကို မတွေ့တော့ဘူး။ နောက်တစ်ကြိမ် အရူးလုပ်ခံ လိုက်ရပြန်ပြီ။ နောက်တစ်ခါတော့ အရူးလုပ် မခံတော့ဘူး။ ဒါကြောင့်။ အကယ်၍ သူ့နားကို ဆက် မကပ်နိုင်တော့ရင်။ ဒီ အမျိုးသမီးရဲ့ တကယ့် အစစ်အမှန်ကို ဘယ်လိုများ ရှာဖွေရမှာလဲ။ ဒီနေရာက နေ ဘယ်လိုများ လွှတ်မြောက်နိုင်မှာလဲ။ နတ်ဆိုးကျောင်းတော် ။ ကောင်းကင်ရတနာခန်းမမှာ မြင်ခဲ့ရတဲ့ မြင်ကွင်းကို ပြန်တွေးနေခဲ့တယ်။

နောက်ဆုံးတစ်ကြိမ် ဝတ်ရုံဖြူ အမျိုးသမီးကို မြင်တဲ့ အချိန် အချိန်တုန်းက။ ကောင်းကင်ရောင်ပြန် အဆင့် ရဲ့ အဆီအနှစ်ကို သူနားလည်ခဲ့တယ်။ ဒါပေမယ့် ဒီ တစ်ကြိမ်မှာ။ သူ ဘာမှ မခံစားရဘူး။ နေစမ်းပါအုန်း။ တစ်ခုခုတော့ ခံစားရပါတယ်။ ဖန်ကျန်းရှီ သူ့ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်တယ်။ ဒီမှာ သစ်ပင်တွေ။ မြက်ပင် တွေနဲ့။ ရေကန် တစ်ကန်ရှိတယ်။

ဒါက လေမရှိတဲ့ လောက တစ်ခုပဲ။ ရေကန်ထဲမှာ လှိုင်းကြက်ခွပ်တစ်ခုလေးတောင် မရှိဘူး။ ရေမျက်နှာပြင်က တည်ငြိမ်လွန်းနေတယ်။ မှန်တစ်ချပ်လိုပဲ။ အရမ်းကို သန့်ရှင်းနေတယ်။ သန့်ရှင်းလွန်းတာလား။

“ တည်ငြိမ်နေတာလား။” ဖန်ကျန်းရှီ ရဲ့ မျက်လုံးတွေ တောက်ပနေတယ်။ ဒီ အချိန်မှာ သူ ခံစားနေရတဲ့ ခံစားချက် အကြောင်း သူ သိသွားတယ်။ တည်ငြိမ်မှု။ ဝတ်ရုံဖြူ အမျိုးသမီးက ဆက်တိုက်ရွေ့လျားနေတယ်။ ရေမျက်နှာပြင်ပေါ်မှာ ရွေ့လျား ကခုန်နေတယ်။ ဒီလောက က ။ တည်ငြိမ်မှုကို နားလည်ဖို့ ဖန်တီးထားတာ သပ်သပ်ပဲ။ ရေမျက်နှာပြင်က တည်ငြိမ်နေတယ်။ ပတ်ဝန်းကျင် သစ်တောကလည်း တည်ငြိမ်နေတယ်။ မြက်ပင်တွေလည်း ငြိမ်နေသလို။ သူကိုယ်တိုင်တောင် တည်ငြိမ်နေခဲ့တယ်။ မြင်မြင်သမျှ အရာ အားလုံးက တည်ငြိမ်မှုကို ဖော်ပြနေတယ်။

ဒီအတွေးအခေါ်တွေကို နားလည်ဖို့။ ဖန်ကျန်းရှီ တစ်ခါမှ မကြိုးစားခဲ့ဘူး။ ဒါပေမယ့် ကောင်းကင်တာအို သုခမိန် ကျောက်ဖျာကို ပြန်တွေးမိတော့။ ဘယ်လိုလုပ် လွှတ်လာခဲ့လည်း သူနားမလည်ခဲ့ဘူး။ ဒါပေမယ့် အခုတော့ သူ နားလည်သွားပြီ။ သူ ရွေ့လျားခဲ့တယ်လေ။ တည်ငြိမ်မှုကို နှောက်ယှက်ခဲ့တယ်။ အဲ့ဒီ့အချိန် တုန်းက သူတွေးမိတာ။ ရေကန်ထဲမှာ ရေချိုးပြီးတော့ သန့်ရှင်းမှုကို နှောက်ယှက်မိလို့ ဒီလို ဖြစ်တယ်လို့။ တကယ်တမ်းတော့။ တည်ငြိမ်မှုကို သူ နှောက်ယှက်လိုက်မိတာပဲ။

တည်ငြိမ်တဲ့ လောကကြီးကို ဖျက်စီးလိုက်တာက။ လောက သဘောတရားကို ဖျက်စီးလိုက်တာပဲ။ သဘောတရား စည်းမျဉ်းတွေ မရှိတော့်ရင်။ လောကကြီး ပျက်စီးသွားမှာပဲ။ အတိအကျ ပြောရရင်။ ဒီလောက က ဖန်ကျန်းရှီကို ငြင်းပယ်တယ်။ သူ့ကို ကန်ထုတ်လိုက်တယ်။ ဖန်ကျန်းရှီက တည်ငြိမ်မှုကို ချိုးဖျက်လိုက်လို့။ သူလည်း ကန်ထုတ်ခံလိုက်ရတာပဲ။

“ကောင်းကင်တာအို သုခမိန် ကျောက်ဖျာ။ …… ငါက ကောင်းကင်တာအို သုခမိန် ကျောက်ဖျာကနေ ကန်ထုတ်ခံလိုက်ရတာလား။ ဒါဆိုရင်။ ဘာလို့ ငါက ပြန်လာနိုင်တာလဲ။” ချီကူယန် နဲ့ ပင်းယန် တို့ က သူ့ကို ပြောခဲ့တာ တစ်ခု ရှိသေးတယ်။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာက အရမ်းကို စွမ်းအားကြီးတဲ့ တာအိုနဲ့ ဖွဲ့စည်းထားတာ။ ဒီ တာအိုကို နားလည်သွားရင် သုခမိန် ဖြစ်လာလိမ့်မယ်။ ဒီနေရာကနေ ဘယ်လို ကန်ထုတ်ခံလိုက်ရလဲ ဆိုတာ သူ နားလည်သွားပြီ။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာထဲမှာ (တည်ငြိမ်မှု) နဲ့ ပတ်သက်ပြီးတော့ လုပ်စရာ တစ်ခုခု ရှိလိမ့်မယ်။ တည်ငြိမ်မှုလား။ ဒါက နှလုံးသားနဲ့ လုပ်ရမှာလား။ ဒါမှမဟုတ်။ ရေလို တည်ငြိမ်ရမှာလား။ အကယ်၍ ဒီလိုသာ ဖြစ်ခဲ့ရင်။ သူ့ရှေ့ က ရေ နဲ့ ရေကန်က ရှင်းပြစရာ အကြောင်း ရင်း ဖြစ်နိုင်တယ်။ ဒါပေမယ့် သစ်ပင်တွေနဲ့ မြက်ပင်တွေကတော့။ ဘယ်လို ရှင်းပြရမှာလဲ။

ဒီလောက် လွယ်နေရင်လည်း။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာက။ ဒီလောက်ထိ မရိုးရှင်းနိုင်ဘူး။ ဒါပေမယ့် တည်ငြိမ်မှုက ဘာကို ကိုယ်စား ပြုလဲ။ တည်ငြိမ်မှု ။ အကယ်၍ ရေလို တည်ငြိမ်မှုသာ မဟုတ်ခဲ့ရင်။ တခြား ဘာ တည်ငြိမ်မှု ရှိနိုင် အုန်းမှာလဲ။ သန့်ရှင်းမှုလား။

ဖန်ကျန်းရှီ အရင် အတွေးကို ပြန်စဉ်းစားတယ်။ ဒါကို တွေးလိုက်တော့ ။ သူ့ မျက်လုံးတွေ တောက်ပလာခဲ့တယ်။ တည်ငြိမ်မှု ။ အရင် အချိန်တွေ တုန်းကတည်ငြိမ်မှု နဲ့ အေးချမ်းမှု ဆိုတာ ကိစ္စ တစ်ခုတည်းကို ဆိုလိုတာပဲ။ သန့်ရှင်းတယ် ဆိုတဲ့ စကားလုံးကို အစိမ်းရောင် နဲ့ ဆုံးဖြတ်ချက် ဆိုတဲ့ စကားလုံးတွေနဲ့ ပြုလုပ်ထားတယ်။ အစိမ်းရောင်က ကနဦး ဘ၀ ဖြစ်တည်မှု အဆင့်ကို ကိုယ်စားပြုတယ်။ ဆုံးဖြတ်ချက်ကတော့ လူတစ်ယောက် အတွက် အရမ်းကို အရေးကြီးလွန်းတယ်။ တိတ်ဆိတ်မှုကတော့။ ကနဦးပိုင်း သန့်ရှင်းမှုနဲ့။ လုပ်ရပ်ကို ကိုယ်စားပြုတယ်။ ( လျှို့ဝှက်နည်းလမ်း ခြောက်သွယ်ထဲမှာ။) တစ်ခါ ဖော်ပြထားတယ်။ နောက်ပြီးတော့ တေးဂီတ စာအုပ်ထဲမှာကော။ ဒီ စာပိုဒ်တွေ ထဲက အေးချမ်းမှု ဆိုတာ ။ ဖန်ကျန်းရှီ ရဲ့ စိတ်ထဲမှာ အကြိမ်ကြိမ် ပေါ်လာခဲ့တယ်။ ဖန်ကျန်းရှီ သူတို့ တစ်ခု ချင်းစီကို စဉ်းစားတယ်။ သေသေချာချာ အာရုံစူးစိုက်ပြီး ဆင်ခြင်တယ်။

တစ်စထက် တစ်စ ပိုပြီး တည်ငြိမ်လာတဲ့ သူ့ကိုယ်သူ သတိထားမိသွားတယ်။ ရေကန်နဲ့ သူ့ ပတ်ဝန်းကျင်က သစ်ပင်တွေကို စဉ်းစား ဆင်ခြင်တယ်။ သူ့ရဲ့ အမြင်အာရုံကလည်း တဖြည်းဖြည်း ပိုပြီး ရှင်းလင်းလာခဲ့တယ်။ အချိန်တစ်ချို့ကြာပြီးနောက်။ ဝတ်ရုံဖြူ အမျိုးသမီးကို ပြန်ကြည့်တယ်။ သူမရဲ့ နှုတ်ခမ်းတွေကို ကောင်းကောင်း မြင်လိုက်ရတယ်။ အဲ့ဒီ့ သေးငယ် နီမြန်းတဲ့နှုတ်ခမ်းလေးတွေ။ အတော်လေး ရင်းၤနှီးနေတယ်။ တစ်နေရာရာမှာ မြင်ဖူးခဲ့တဲ့ အတိုင်းပဲ။

ဖန်ကျန်းရှီ အနီးကပ်ကြည့်လိုက်ချင်တယ်။ ဒါပေမယ့် အမျိုးသမီးရဲ့ ရုပ်သွင်က မှုန်ဝါးနေတာကို သူ နားလည်သွားတယ်။ ဘယ်လိုပဲ ကြိုးစား ကြိုးစား။ သူမ ဘယ်လို ပုံစံရှိလည်း မမြင်နိုင်ဘူး။ ဘာကြောင့်များ ဒီလို ဖြစ်ရတာလဲ။ သူက သိပ် မဝေးတဲ့ နေရာမှာ ရှိနေတာပဲ။ ဘာကြောင့်များ ရှင်းရှင်းလင်းလင်း မမြင်ရသေးတာလဲ။ ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ။ ဖန်ကျန်းရှီ ဒီမေးခွန်းတွေကို ဆက်တိုက်မေးနေခဲ့တယ်။ ဒါပေမယ့် မေးခွန်းတစ်ခုတည်းနဲ့ ထပ်ခါထပ်ခါ ပိတ်မိ မနေချင်ဘူး။ ဒါပေမယ့် သူ အောင်မြင်ပါတယ်။ ဝတ်ရုံဖြူ ကို မြင်တော့ သူ ဆက်ပြီး တွေးတော ပြန်တယ်။

“ တနေရာရာ မှာ မြင်ဖူးတာ သေချာပါတယ်။ ” ဖန်ကျန်းရှီ က မှုန်ဝါးနေတဲ့ မျက်နှာကို ကြည့်တယ်။ ဒီ တစ်ကြိမ်မှာ။ သူမရဲ့ နှုတ်ခမ်းတွေပါ မှုန်ဝါးကုန်တယ်။ ဒီ အမျိုးသမီး ရဲ့ ရုပ်သွင်ကို မြင်ရဖို့ အတွက်။ တည်ငြိမ်မှု ရှိမှ ဖြစ်မယ်။ ဖန်ကျန်းရှီ ဒီမိန်းကလေးကို တွေ့တာ နှစ်ခါ ရှိပြီ။ အကယ်၍ ဒီ တစ်ခေါက်သာ သေချာ မတွေ့ရရင်။ သူ ယောကျာ်း မဟုတ်တော့ဘူး။

စိတ်ထဲမှာ ဆုံးဖြတ်ချက် ချပြီးနောက်။ သင့်တော်တဲ့ အရပ်မျက်နှာကို ခြေလှမ်းစဖို့ ပြင်လိုက်တယ်။ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်ထားခဲ့တယ်။ မြေပြင်ပေါ်မှာ ဒူးထောက်ရင်းနဲ့ တည်ငြိမ်ဖို့ ကြိုးစားနေခဲ့တယ်။ အမျိုးသမီးကတော့ ရေကန်ထဲမှာ ဆက်လက် ကခုန်နေဆဲ။ နေစမ်းပါအုန်း။ သူ့ရဲ့ အမြင်အာရုံက အရင်ကနဲ့ မတူတော့ဘူးလို့ ထင်ထားခဲ့တာ။ သူ့ရဲ့ ဆဲလ်တွေပါ ထူးဆန်းတဲ့ အဆင့်ကို ရောက်နေ တာပဲလား။ သူတို့တွေ တည်ငြိမ် သန့်ရှင်းနေတယ်။ ဆဲလ်တွေ။ သဘာဝလွန် အဆင့်ကို ရောက်နေပြီလား။ ပြောနိုင်တာက သဘာဝလွန် အဆင့်ဆိုတာ။ လူတစ်ယောက်ရဲ့ မျက်တောင် တစ်ခတ် အချိန် အတွင်းမှာတင် ဖြစ်ပေါ်လာတာ။ ဒီ အဆင့်က ဆဲလ်တွေရဲ့ တာရှည်ခံနိုင်စွမ်းကို ပြုလုပ်ပေးတာပဲ။ မဟုတ်ဘူး။ တာရှည်ခံနိုင်စွမ်းတော့ မဟုတ်ဘူး။ တည်ငြိမ်မှုနဲ့ သန့်ရှင်းမှုပဲ။

ဆဲလ်တွေက တည်ငြိမ် သထက် တည်ငြိမ်လာတယ်။ သန့်ရှင်းသထက် သန့်ရှင်းလာတယ်။ ဒါက လူတစ်ယောက်ရဲ့ ဖျားနာမှုတွေ ဒဏ်ရာတွေကို ပျောက်ကွယ်သွားစေပြီး။ ပုံမှန်အဆင့်ကို ပြန်လည် ရောက်ရှိစေတယ်။ ဖန်ကျန်းရှီ ရဲ့ နှလုံးက အခုန်မြန်နေတယ်။ အဲ့ဒီ့နောက်။ တည်ငြိမ်သွားတယ်။ ပြီးတော့ မတည်ငြိမ်ခင် တစ်ခေါက် ခုန်ပြန်ရော။ စက်ဝိုင်းထဲမှာ လှည့်ပတ်နေတယ်လို့ ခံစားနေရတယ်။

တာအိုကို လက်ခံပြီးတဲ့ အချိန်တည်းက သူ့ကိုယ်ခန္ဒာ ပြောင်းလဲမှုတွေ ရှိလာခဲ့တယ်။ ဒီ အချိန်မှာ။ သူ့ ကိုယ်က ဆဲလ်တွေ အကုန်လုံးကို ထိန်းချုပ်နိုင်ပြီလို့ ခံစား နေရတာ။ သွေးစက်တိုင်း။ သူ့ ကိုယ် က ကြွက်သားတွေတိုင်းကို ထိန်းချုပ်နိုင်ပြီလို့ ခံစားနေရတယ်။ နောက်ပြီးတော့ အခုချိန်မှာ….။ သူ့ ကိုယ်ကို လိုသလို ပြောင်းလဲ နိုင်ပြီပဲ။ သိပ်လည်း အဆိုးကြီးတော့ မဟုတ်သေးပါဘူး။ နေစမ်းပါအုန်း။ အင်အားကြီးတဲ့ တာအို တစ်ခုကို သူ တကယ်ပဲ နားလည်သဘောပေါက်သွားတာလား။ ဒါမှမဟုတ်။ အထွဋ်အထိပ်ကို ရောက်သွားတာလား။ ဒါမှမဟုတ် ။ သဘာဝလွန် အဆင့်ကို ရောက်သွားတာလား။

သူ့ကိုယ်သူ ပိုင်းဖြတ်ပြီးတော့ ။ စမ်းသပ်ကြည့်ရမှာလား။ ဒါမှမဟုတ်။ သူ့ အင်အားတွေ အဆ မတန် တိုးပွားလာကို စမ်းသပ်ရမှာလား။ ဒါမှမဟုတ်ရင်။ သုခမိန် ဖြစ်သွားပြီလား။

“ ဟဟ ဟား…. ငါ က အခုချိန်မှာ တကယ်ပဲ သုခမိန် ဖြစ်ပြီလား။” ဖန်ကျန်းရှီ လှောင်ရယ်တယ်။ ဒီလောကကြီးရဲ့ အေးချမ်း တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တယ်။ အဲ့ဒီ့နောက် ကနေတဲ့ ဝတ်ရုံဖြူ အမျိုးသမီး ရပ်သွားတယ်။ ဖန်ကျန်းရှီ ရယ်နေတာကို သူ ကြားလိုက်သလိုပဲ။ အဲ့ဒီ့နောက် သူမ လှည့်ကြည့်တယ်။

…

“ယွင်ချင်းဝူလား။” ဖန်ကျန်းရှီ ရဲ့ အကြည့်က အေးခဲသွားတယ်။ မျက်နှာကာ အောက်က မျက်နှာ သူ့ မျက်လုံးရှေ့မှာ ပေါ်လာခဲ့တယ်။ စိုရွဲနေတာလား။ ဒါက ဘယ်ရောက်နေတာလဲ။ အိမ်မက်ပဲလား။ အရမ်းကို ရင်းနှီးနေသလိုပဲ။ သူ့ အောက်မှာ တောင်ကြား တစ်ခု ရှိနေခဲ့တယ်။ ဒီနေရာကို ရောက်ဖူးသလိုပဲ။ ဒါပေမယ့် ခရမ်းရောင်တွေ အကုန်လုံး ပျောက်သွားပြီ။ နေစမ်းပါအုန်း။ အဖြူရောင် အမျိုးသမီးက ယွင်ချင်းဝူလား။ ဖန်ကျန်းရှီ သိလိုစိတ် နဲ့ လက်ဆန့်ထုတ်လိုက်တယ်။ ယွင်ချင်းဝူ ရဲ့ မျက်နှာကို ဆွဲဖယ်လိုက်တယ်။

တစ်ချိန်တည်းမှာပဲ။ ကျက်သရေ ၇ှိတဲ့ မျက်နှာက သူ့ကို စိုက်ကြည့်နေတယ်။ သေးသွယ်တဲ့ မျက်ခုံးလေးတွေ။ အသားအရည်ကတော့ နှင်းလို ဆွတ်ဆွတ်ဖြူနေတယ်။ သူမရဲ့ နီမြန်းတဲ့ နှုတ်ခမ်းလေးတွေက ပွင့်နေတယ်။ ဖြူဖွေးတောက်ပတဲ့ သွားတွေကိုတောင် မြင်နေရပြီ။ ယွင်ချင်းဝူက။ မိုးရေထဲမှာ ပွင့်ဖူးနေတဲ့ ကြာပန်းဖြူလိုပဲ။ သူမရဲ့ မျက်နှာကာက က။ စစ်သည်တော် သိန်းချီ ရဲ့ ရှေ့မှာ ။ ဖန်ကျန်းရှီ ဖယ်တာကို ခံလိုက်ရပြီ။ ဒါက အပြစ်ပဲ။ သေမျိုးတွေကြားမှာ။ နတ်မျိုးနတ်နွယ် ကြာပန်း ပွင့်လာသလိုပဲ။ ယွင်ချင်းဝူ က လန့်သွားတယ်။

လူတိုင်းက ထပ်တူညီစွာပဲ ထိတ်လန့်နေခဲ့တယ်။ ဖန်ကျန်းရှီ ဓား နဲ့ အထိုးခံရပြီးနောက်မှာ။ သူ့ရဲ့ ပထမဆုံး တုံ့ပြန်မှုက ။ ယွင်ချင်းဝူရဲ့ မျက်နှာကာကို ဖယ်လိုက်တာ ဖြစ်မယ်လို့ မထင်ထားခဲ့မိဘူး။ ယွင်ချင်းဝူတင် မမျှော်လင့်ခဲ့တာ မဟုတ်ဘူး။ တောင်ကြားထဲက လူတစ်ယောက် မှလည်း မထင်မှတ်ထားမိဘူး။ စစ်သည်တော်တွေ အားလုံး မယုံကြည်နိုင်စွာနဲ့ ကြည့်နေခဲ့တယ်။

နတ်ဆိုးတွေ အားလုံး ။ ပိုင်ရှင်းနဲ့ ဝူကျီ အပါအဝင်။ သူတို့ မြင်လိုက်ရတာကြောင့် ဒေါသထွက်နေခဲ့တယ်။

“ ဒီ ငတုံးကောင်က ယွင်ချင်းဝူကို အပြစ်ပြုဝံ့တယ်လား။”

“ အတင့်ရဲလိုက်တာ။ ”

“…”

ဖန်ကျန်းရှီက အားလုံးကို လျစ်လျူရှုထားခဲ့တယ်။ သူ အံ့သြနေတာက။ ဝတ်ရုံဖြူ အမျိုးသမီး က ယွင်ချင်းဝူ ဖြစ်နေတာကို သူ နားမလည်နိုင်ဘူး။ သူတို့ တွေးနေတဲ့ အချိန်မှာပဲ။ သူ့နှလုံးသား အက်ကွဲလာတာကို ခံစားရတယ်။ အဲ့ဒီ့နောက် သူ့ရင်ဘတ်ထဲက နာကျင်မှုကို ခံစားလိုက်ရတယ်။ ဓား နဲ့ ထိုးခံလိုက်ရသလိုပဲ။ မဖြစ်နိုင်တာကြီး။ အိမ်မက်ထဲမှာတောင် ဘာလို့များ နာကျင်မှုကို ခံစားနေရတာလဲ။ နာကျင်မှုကလည်း အရမ်းကို ရှင်းလင်းလွန်းလိုက်တာ။ ဖန်ကျန်းရှီ နားမလည်နိုင်ဘူး။ သူ့ရင်ဘတ်ကို ချက်ခြင်းကြည့်တယ်။ အဲ့ဒီ့နောက် ရင်ဘတ်ထဲ နစ်ဝင်နေတဲ့ ဓားကို မြင်လိုက်ရတယ်။

“ အိုး…။ ဘာလို့များ ငါ့ရင်ဘတ်ထဲ ဓား တစ်ချောင်း ဝင်နေရတာလဲ။”

အပိုင်း(၃၉၈) ပြီး၏။

အပိုင်း (၃၉၉)

“ ရယ်ရွှင်ဖွယ် ကောင်းသော။”

第三百九十九章作孽啊 Travesty

တွေးကြည့်စမ်းပါ။ မင်း အိမ်မက်ကနေ နိုးထလာပြီးနောက်။ အလှလေး တစ်ယောက်က မင်းရှေ့မှာ။ ဒီအချိန်မှာ။ မင်း လုပ်စရာ နှစ်ခုရှိတယ်။ မျက်လုံးတွေကို ပွတ်ကြည့်ပြီးတော့ မိန်းမလှလေး ပျောက်ကွယ် သွားမလား သေချာကြည့်။ ဒါမှမဟုတ်ရင်။ ပြန်အိပ်လိုက်တော့။ မိန်းမလှလေးကို မေ့ထားလိုက်။ သူ့ဘာသူ ပျောက်ကွယ်သွားလိမ့်မယ်။ နောက်ဆုံး ရလဒ်ကတော့ အတူတူပဲ။ ဒါပေမယ့် မိမိရဲ့ ပင်ကိုယ် သိစိတ်က ။ ပိုကောင်းတဲ့ ရွေးချယ်မှုကို ဖန်တီးပေးလိမ့်မယ်။ ဒါကြောင့် ။ သူ့ မျက်လုံးတွေကို ပွတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

“ ဘာလို့ ဓားက ဒီမှာ ရှိနေသေးတာလဲ။” ဖန်ကျန်းရှီ နားလည်သွားတယ်။ ဓားက သူ့ရင်ဘတ် ထဲမှာ စိုက်ဝင်နေတုန်းပဲ။ ဒါက အတော်လေးကို နာတယ်။ ဖော်ပြလို့တောင် မရတဲ့ နာကျင်မှုပဲ။ ဓားနဲ့ ထိုးခံရမှတော့ မနာကျင်ပဲ နေမလား။ အိမ်မက်လား။ ဒါမှမဟုတ်။ တကယ့် အစစ်အမှန်လား။

မျက်လုံးပွင့်တည်းက ။ ဖန်ကျန်းရှီ ဒီမေးခွန်းကို မေးတာ နှစ်ခေါက်ရှိပြီ။ သူ အစတုန်းက ခိုင်ခိုင်မာမာ ယုံကြည်ထားတာ။ အိမ်မက် မက်နေတုန်းပဲလို့။ အရူးမှပဲ ရင်ဘတ်ထဲကို ဓား တစ်ချောင်း ဝင်နေတာ ယုံကြည်နိုင်လိမ့်မယ်။

“ ဒါက အစစ်အမှန် မဟုတ်နိုင်ဘူး။” ဖန်ကျန်းရှီ သူ့ မျက်လုံးကို မယုံကြည်နိုင်။

“ဒါက အစစ်အမှန် မဟုတ်နိုင်ဘူး။” ဖန်ကျန်းရှီ သူ့ မျက်လုံးသူ မယုံနိုင်။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာက တကယ်ပဲ ပေါ်လာတာလား။ မဖြစ်နိုင်ဘူး။ နောက်ပြီးတော့ သူက ရန်ရွှယ့် တိုက်ခိုက် တာကို ခံလိုက်ရတာလေ။ အောက်ခြေက မြေပြင်မှာ ရပ်နေသင့်တာ မဟုတ်ဘူးလား။ ဘာလို့ တောင်ကုန်းပေါ်ကို ရောက်လာတာလဲ။ နောက်ပြီးတော့ ဘာလို့ ဓားနဲ့ ထိုးခံရတာလဲ။ အိပ်ရင်းနဲ့ လမ်းလျှောက်မိတာလား။ မဖြစ်နိုင်လိုက်တာ။ ဒါမျိုးတွေ အလေ့အကျင့် မရှိပါဘူး။ အောက်ခြေမှာ စစ်သည် သိန်း ချီ ရှိနေတာတောင် ။ ငါဘယ်လိုလုပ် အပေါ်ရောက်လာတာလဲ။

ယွင်ချင်းဝူ ကကော ဘယ်သူလဲ။ ( နတ်ဆိုး အရှင်သခင်ငယ်လေ) ဒါတောင် သူက ယွင်ချင်းဝူ အနားကပ်ဖို့ ရွေးလိုက်မိသေးတာလား။ သူက ဒီလောက် မအဘူးလေ။ သူ့သွေးကြောတွေထဲက နာကျင်မှုကို ခံစားနေရတယ်။ အရမ်းကို နာကျင်လွန်းပြီး နက်ရှိုင်းလွန်းတယ်။ ဒါကြောင့်။ သူမြင်နေသမျှ အရာအားလုံးက အမှန်တရားဆိုတာ လက်ခံလိုက်တယ်။

“ ဖယ်စမ်း။ လမ်းလာပိတ်မနေနဲ့။” ဖန်ကျန်းရှီ အံကြိတ်ရင်း ပြောတယ်။ စစ်ပိုနန်ကို ကန်ထုတ်လိုက်တယ်။ စစ်ပိုနန် သူ မြင်ရတဲ့ မြင်ကွင်းကြောင့် မျက်လုံးပြူးနေတယ်။ ဖန်ကျန်း၇ှီက လူသတ်ငွေ့တွေထဲမှာ ရုန်းကန်နေရဆဲလို့ ထင်နေခဲ့တာ။ အဲ့ဒီ့အေးစက်မှု တွေက သူ့ကို သေမင်း တစ်ယောက်လို ထင်မြင်စေတယ်။ ဒီ တောင်ကုန်းပေါ်ကို တက်လာတာ။ ယွင်ချင်းဝူရဲ့ မျက်နှာကာကို ဖယ်ဖို့ သက်သက်လား။ ကြည့်ရတာ သိပ်မဟုတ်သေး သလိုပဲ။ ဘာတွေ ဖြစ်နေတာလဲ။ ဖန်ကျန်းရှီ ရဲ့ ကိုယ်ကနေ အခု ထွက်လာတဲ့ အငွေ့အသက်က ဘာလဲ။ ခြိမ်းမြောက်နေတဲ့ လူသတ်ငွေ့တွေ ဘယ်ကို ပျောက်သွားပြီလဲ။ မေးခွန်းတွေ သူ့ စိတ်ထဲ ပေါ်လာပေမယ့် အဖြေမရှိဘူး။ ဖန်ကျန်းရှီက သူ့ကို ကန်ထုတ်လိုက်တဲ့ အချိန်။ သူ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာ ကတော့ ။ ( စိုက်ကြည့်နေတာပဲ) သူ့ မှာ တခြား ရွေးချယ်စရာ မရှိဘူး။ သူ့ အင်အားတွေ အကုန်လုံး ပျက်စီး သွားပြီ။ စစ်ပိုနန် ဘဝမှာ ဒီလို အကြောက်တရား မျိုးကို မခံစားဖူးခဲ့ဘူး။ ယွင်ချင်းဝူကို ဆက်ပြီး ကာကွယ်ရမယ်လို့ သူ အမြဲတွေးနေတာ။ ဒါပေမယ့် ဖန်ကျန်းရှီ ကန်ချတာ ခံလိုက်ရတော့။ သူ့ကိုယ်က တောင်အောက်ကို အထိန်းအကွပ်မရှိ ကျဆင်းသွားခဲ့တယ်။

“ အိုက်ယား။” အော်ဟစ်ရင်းနဲ့ အောက်ကျသွားတယ်။

သူက သဘာဝလွန် အဆင့် နတ်ဆိုး ဖြစ်ပေမယ့်။ မအော်လို့လည်း မရဘူးလေ။ သူ့ရဲ့ စွမ်းအားတွေ အကုန်လုံး ကုန်ဆုံးနေပြီ။ အောက်က စစ်သည်တော်တွေ ဖမ်းတာကို ခံရလိမ့်မယ်။ သူ့ဘဝကို ဒီလို မျိုးနဲ့ အဆုံးမသတ်ချင်ဘူး။ သူ့ သခင်ကို ကယ်တင်ရင်းနဲ့ အသက်သေတာမျိုးပဲ အဖြစ်ခံနိုင်မယ်။

အရာအားလုံးက ပြောင်းလဲ တာ လျင်မြန်လွန်းလှတယ်။ ဖန်ကျန်းရှီ ဒေါသထွက်တယ်။ ယွင်ချင်းဝူ တိုက်ခိုက်တယ်။ သူမရဲ့ မျက်နှာကာ ဖယ်ရှားတာ ခံလိုက်ရတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက ဘာလို့ များ စစ်ပိုနန်ကို ကန်ချလိုက်တာလဲ။ အရာအားလုံးက မြန်လွန်းတယ်။ ဒါကြောင့် ဘယ်သူမှ နားမလည်နိုင်ကြဘူး။

ဓားထိုးမှု။ နဲ့ မျက်နှာကာ။ ဘာဆိုင်လို့လဲ။ ဖန်ကျန်းရှီကို ဓားနဲ့ထိုးလိုက်တာ ယွင်ချင်းဝူလေ။ ဘာလို့ သူ့ဒေါသက စစ်ပိုနန် ဆီ ရောက်သွားတာလဲ။ စစ်ပိုနန်က သိသိသာသာကို အပြစ်မရှိတဲ့ လူပဲ။ အကယ်၍ ဒီ ကိစ္စတွေသာ တစ်ခုချင်းစီ ဖြစ်ရင်။ မျက်စိလည်တာမျိုး မရှိလောက်ဘူး။ ဒါပေမယ့် အကုန်လုံး ရောသမ မွှေသွားတော့ ။ စပ်ဆက်လို့တောင် မရတော့ဘူး။

အဲ့ဒီ့နောက် မဖြစ်နိုင်တာတွေ ဖြစ်လာခဲ့တယ်။ စစ်ပိုနန်ကို ကန်ချပြီးနောက်။ ဖန်ကျန်းရှီ က လက်ဆန့်ထုတ်လိုက်တယ်။ အဲ့ဒီ့နောက်။ ယွင်ချင်းဝူရဲ့ ခေါင်းကို လက်နှစ်ဖက် နဲ့ ကိုင်ပြီး ဆွဲမော့ လိုက်တယ်။

“ အင်း…. ။ မျက်ခုံးတွေ ။ မျက်လုံးတွေ။ ဒီ နှုတ်ခမ်းသေးသေးလေးတွေ။ အိုး။ ငါ နောက်ဆုံးမြင်တဲ့ တစ်ခေါက် က အတိုင်း ဘာမှ မပြောင်းလဲ သေးပါလား။” ဖန်ကျန်းရှီ က ယွင်ချင်းဝူရဲ့ မျက်နှာကို သေချာကြည့်ရင်း ပြောနေတယ်။ ပန်းချီကား တစ်ချပ်ကို အကဲဖြတ်နေသလိုပဲ။

“ ဘုန်း။” ခရမ်းရောင် အလင်းတန်းက ည အမှောင်ကောင်ကင်မှာ တောက်ပလာတယ်။ ယွင်ချင်းဝူ ရဲ့ မျက်နှာက ။ မိုးကြိုးအလင်းတန်း တွေ ကြားမှာ တောက်ပနေတယ်။ ထိတ်လန့်မှု။ ဒါက ဖော်ပြနိုင်တဲ့ တစ်ခုတည်းသော စကားလုံးပဲ။ အောက်ဘက်က ကြည့်နေတဲ့ စစ်သည်တော်တွေ။ သူတို့ ခံစားချက်ကို ဖော်ပြဖို့ရာ စကားမရှိကြဘူး။ ယုံကြည်နိုင်စရာ ကောင်းတာထက် ပိုလွန်းနေတယ်။ ဒီ အချိန်မှာ။ ပိုင်ရှင်းရဲ့ မျက်လုံးက အကြီးကျယ် ပြူးနေခဲ့တယ်။ ဝူကျီရဲ့ မေးရိုးကတော့ အောက်ကို ပွင့်ကျနေပြီ။ လက်နှစ်ဖက်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ နတ်ဆိုး စစ်သည်တော်တွေ လည်း ကြောင်အ နေကြတယ်။

အရမ်း အရမ်းကို ကြောင်အ လွန်းလို့။ စစ်ပိုနန် ရဲ့ အော်သံကိုတောင် မေ့ကုန်ကြပြီ။ ဒါက ဘယ်လို နာကျင်မှုမျိုးလဲ။ ဒီခံစားချက်က။ ကိုယ့်အတွက် အကြီးမားဆုံးသော ရ၇ှိမယ့် ဆုလဒ် ပစ္စည်းကို။ လူတစ်ယောက်က ကစားနေသလိုပဲ။ ဖန်ကျန်းရှီလည်း ဒီလိုပဲ။ ယွင်ချင်းဝူရဲ့ မျက်နှာကို စိတ်ကြိုက်ထိတွေ့နေတာ။ ယွင်ချင်းဝူ ဆိုတာ စစ်သည်တော်တွေ မြင်ဖို့တောင် မဖြစ်နိုင်တဲ့သူ။

အနုပညာ ခန်းမမှာတောင်။ ဘယ်ပါရမီရှင်မှ။ မိန်းမလှလေးတွေကို ဒီလို မလုပ်ဘူး။ ဒါက တကယ့်ကို အပြစ်ကြီး တစ်ခုပဲ။ သူတို့တွေ ပျော်မွေ့လို့ရတယ်။ ဒါပေမယ့် ဘယ်တော့မှ အပြစ် မပြုကြဘူး။ ဒါပေမယ့် အခုချိန်မှာ။ ဖန်ကျန်းရှီ ရဲ့ အပြုအမူက စည်းကမ်းဖောက်လွန်းနေပြီ။ အကယ်၍ သူတို့ လုပ်နိုင်ရင်။ ဖန်ကျန်းရှီကို ဝက်တဲထဲ ပြစ်ထားမယ်။ ဒါမှမဟုတ်။ မြစ်ထဲကို ပြစ်ချမှာပဲ။

ဖြစ်နိုင်တာက ဖန်ကျန်းရှီမှာ။ ဘယ်သူမှ မသိတဲ့ အခက်အခဲ တစ်ချို့ ရှိနေတာကော။ မဖြစ်နိုင်ဘူး။ ၇ှိနေရင်တောင်။ သူ ဒါမျိုး မလုပ်သင့်ဘူး။ နည်းလမ်းတကျ လုပ်ရမှာက။ ဖန်ကျန်းရှီ သူ့ ဓားကို လွှဲခုတ်ပြီးတော့ ယွင်ချင်းဝူကို သတ်ဖို့ပဲ။ ဘာလို့များ သူမကို ဒီလို ထိတွေ့နေတာလဲ။

“ ဒီလူ နဲ့ အတူရှိနေရတာ စိတ်ပျက်စရာပဲ။ ”

“ အရှက်မရှိလိုက်တာ။ ဒီလူက လုံးဝကို အရှက်မရှိတာပဲ။”

“ ရယ်စရာ ကောင်းလိုက်တာ။”

ကျောင်းတော်သားတိုင်းက ယွင်ချင်းဝူကို စိုက်ကြည့်နေကြတယ်။ ရတနာလေးလို တန်ဖိုးထားရတဲ့ ယွင်ချင်းဝူကို ဖန်ကျန်းရှီ ထိတွေ့တာ ကြည့်နေရတာကို က နာကျင်ဖွယ် တစ်ခုပဲ။

“ အမ်….” ခရမ်းရွှေရောင် ဝတ်ရုံ ဝတ်ဆင်ထားတဲ့ ရှင်းယွမ်ကောင်းက။ တောင်ကုန်းပေါ်ကို စိတ်ပျက်လက်ပျက် စိုက်ကြည့်နေတယ်။ ယွင်ချင်းဝူက အရမ်းကို ထက်မြက်လွန်းတယ်။ ဒါက နတ်ဆိုး မျိုးနွယ်တွေ အားလုံး သိတဲ့ အကြောင်းရင်းပဲ။ ဒါပေမယ့် ။ ဖန်ကျန်း၇ှီ ဘာတွေးနေလဲ သူမ မသိသေးဘူး။ သူမရဲ့ မေးစေ့ကို ဖန်ကျန်းရှီ ပင့်တင်ထားတယ်။ သူ့ရဲ့ အသက်ရှူသံက အပူကိုတောင် ခံစားနေရတဲ့ အထိ။ နီးကပ်နေပြီ။ သူမအခုထိ နားမလည်သေးဘူး။ အရှက်မရှိတာလား။ ဖန်ကျန်းရှီ လုံးဝအရှက်မရှိတာကို သူမ သိတယ်။ ဒါပေမယ့် အနည်းဆုံးတော့ ကန့်သတ်ချက်လေး ရှိဖို့ လိုသေးတယ်လေ။ သူမက သူ့ကို အခုပဲ ဓားနဲ့ ထိုးထားတာ။ အနည်းဆုံးတော့ ပြန်ပြီး လက်စားချေသင့်တယ် မဟုတ်ဘူးလား။ ဘာလို့များ ငါနဲ့ ကစားဖို့ ပြင်နေတာလဲ။

ပိုပြီး အရေးကြီးတာက။ သူ့ဆီကို အင်အားအပြည့်နဲ့ တက်လာတဲ့သူ ဘယ်ရောက်သွားပြီလဲ။ လူတစ်ယောက်က ဘယ်လိုကြောင့်များ ဒီလောက်ထိ အပြောင်းအလဲ မြန်နိုင်တာလဲ။ အိုး ဟုတ်ပြီ။ သတ်ဖြတ်မှု အငွေ့အသက် တွေ ဘယ် ရောက်သွားတာလဲ။ သူမ တွေးနေတဲ့ အချိန်မှာပဲ။ သူမကို တစ်ခါမှမထိ တွေ့ဖူးတဲ့ လူတစ်ယောက် ထိတွေ့တာကို ခံစားလိုက်ရတယ်။ ရင်ဖို လှိုက်ဟာနေတယ်။

“ အင်း…. ချောမွေ့ နူးညံ့လိုက်တာ။ အထိအတွေ့က နွေးထွေးနေတယ်။ သူမရဲ့ ကိုယ်ခန္ဒာ အပူချိန်ကိုတောင် ခံစားနေရတယ်။ မဖြစ်နိုင်ဘူး။ ဒါက ဘယ်လိုများ အမှန်တကယ် ဖြစ်နိုင်တာလဲ။” ဖန်ကျန်းရှီ တစ်ဖက်ပြီးတော့ နောက်တစ်ဖက် ပြောင်းတယ်။ သူ့မျက်နှာကတော့ ကျေနပ်မှုတွေ ပြည့်နေခဲ့တယ်။ ခံစားချက်က စစ်မှန်လွန်းလို့။ သူ့ နှလုံးသားလေး တဖျပ်ဖျပ် ခုန်နေခဲ့တယ်။ မ

ယွင်ချင်းဝူရဲ့ ခန္ဒာကိုယ်ကို တစ်ခါမှ မထိတွေ့ဖူးဘူး။ အကယ်၍ ဒါက အိမ်မက် ဖြစ်ခဲ့ရင်။ ဒီလောက်ထိ ရှင်းရှင်းလင်းလင်းကြီး မခံစား နေရလောက်ဘူးလေ။ နေစမ်းပါအုန်း။

“ ဒါ … ဒါက တကယ်ပဲလား။” ဖန်ကျန်းရှှီ ရဲ့ အပြုံးက အေးခဲသွားတယ်။ ယွင်ချင်းဝူရဲ့ ရင်သားတွေကို ပွတ်သပ်နေတဲ့ လက် လည်း ရပ်တန့်သွားတယ်။

“ခဘွန်း။”

မည်းမှောင်နေတဲ့ ကောင်းကင်ကြီး တစ်ခုလုံး မိုးကြိုးပြစ်သံတွေ ပြည့်လာတယ်။ ယွင်ချင်းဝူရဲ့ ရင်သားတွေကို ဖန်ကျန်းရှီ ပွတ်သပ်နေတာ လူတိုင်း မြင်ကြတယ်။

“ ကလန် ကလန် ကလန်” မယုံကြည်နိုင်မှုကြောင့်။ ကြည့်နေကြသူ တွေရဲ့ လက်နက်တွေတောင် လက်ထဲက ပြုတ်ကျကုန်ပြီ။

“ သေ သေ သေ။”

“ သူ့ကို သတ်ကျ။”

“ အလောင်းချ စရာ မကျန်တော့တဲ့ အထိ အမှုန့်ချေပြစ်မယ်။”

“ ဒီကောင့် လက်တွေကို ဖြတ်ပြီး နုတ်နုတ်စင်းပြစ်မယ်။ ငါတို့ရဲ့ နတ်သမီးလေးကို ဘယ်လိုများ စော်ကားရဲတာလဲ။”

တောင်ကြားထဲက အော်သံ တွေထွက်လာတယ်။ ဖန်ကျန်းရှီ ရဲ့ အပြုအမူက အစမှာ သူတို့ကို အံ့သြစေခဲ့တယ်။ ဒါပေမယ့် အခု လုပ်ရပ်ကတော့ သူတို့ကို ပြန်ပြီး အသက်ဝင်လာစေခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့။ ဒေါသ က သူတို့ကို နိုးထစေလို့ပဲ။ သူတို့ရဲ့ ကိုယ်ခန္ဒာတွေကိုတောင် မထိန်းချုပ်နိုင်တော့ဘူး။ ဖန်ကျန်းရှီလည်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်။ သူ့ ကိုယ်က တောင့်တင်းနေတယ်။ ယွင်ချင်းဝူကို တအံ့တသြနဲ့ ကြည့်နေခဲ့တယ်။

ယွင်ချင်းဝူ ရှက်သွေးဖြာနေတာကို သူတိုက မြင်တွေ့ခဲ့ရတယ်။ နောက်ဆုံးတော့လည်း။ သူမက ကာယကံရှင်ဖြစ်နေတယ်လေ။ ယွင်ချင်းဝူ နေရာ မှာ တခြား မိန်းကလေးတွေဆိုရင်လည်း။ အတူတူပဲ ခံစားရမှာ။ ဖန်ကျန်းရှီ သူ့ကိုယ်သူ ရှင်းပြ ချင်နေတယ်။ နောက်ဆုံးတော့လည်း ဒါက အတော့်ကို ရှက်စရာ ကောင်းတဲ့ မြင်ကွင်းပဲလေ။ ဒါကြောင့်။ သူ တကယ်ပဲ ဒီလို လူ မဟုတ်ဘူးဆိုတာ ရှင်းပြဖို့ ခက်ခဲ လိမ့်မယ်။ သူက အိမ်မက် မက်နေတုန်းလို့ ထင်တာကြောင့်ပဲ။ ဒီလို လုပ်ခဲ့တာ။

သူ့ရဲ့ လုပ်ရပ်က ဒီလောက မှာသာ ဆတ်ဆတ်ထိ မခံနိုင်လောက်အောင်။ အတင့်ရဲတဲ့ အပြုအမူ ဖြစ်ပေမယ့်လည်း ။ အရင်လောကမှာဆို ဒီ အပြုအမူက အံ့သြစရာ ရှိမှာ မဟုတ်ဘူး။ နောက်ဆုံးတော့လည်း ထိရုံပဲ ထိတာ ။ တခြား ဘာမှ မလုပ်ဘူးလေ။ ဒါပေမယ့် ယွင်ချင်းဝူက သူ့ကို ယုံ အုန်းမှာလား။ ဖန်ကျန်းရှီ ရှင်းပြဖို့ အခွင့်အရေး မရှိခဲ့ဘူး။ ယွင်ချင်းဝူရဲ့ အမူအယာ ကလည်း ၇ှက်ရွံ့မှု ကနေ ဒေါသ အဖြစ်ကို ပြောင်းလဲ သွားပြီ။ အဲ့ဒီ့နောက် မျက်တောင် တစ်ခတ် အချိန် အတွင်းမှာ။ သူ့ မျက်လုံးထဲ အဖြူရောင် အလင်းတန်း တစ်ခုဖြတ်ပြေးသွားခဲ့တယ်။ ပါးလွှာပြီးတော့ ဓား တစ်ချောင်းလိုပဲ။ ဒီ အလင်းတန်းက သူ့ရင်ဘတ်မှာ ခုနက စိုက်ဝင်နေတဲ့ ဓား ရဲ့ အလင်းရောင်ပဲ။

“ ဓားကို ဆွဲနုတ်လိုက်တာလား။ အား….” ဒဏ်ရာက သွေးတွေ စီးကျလာတာကို ခံစားလိုက်ရတယ်။ နာကျင်မှုကြောင့် သူ အော်လိုက်တယ်။ ဒီအချိန်မှာ အရာအားလုံးက အစစ်အမှန် ဆိုတာ သူ အသေအချာကို သိလိုက်ရပြီ။ သူက ဓားနဲ့ ထိုးခံထားရတာ။ မေးခွန်းကတော့ …. ။ ဒီ ဓားကို သူ ကန်ထုတ်လိုက်တဲ့ နတ်ဆိုး ထိုးတာလား။ ဒါမှမဟုတ်။ ယွင်ချင်းဝူ ထိုးတာလား။ ဒီ မေးခွန်းက နောက်ထပ် မလိုအပ်တော့ဘူး။ နောက်ဆုံးတော့လည်း။ ယွင်ချင်းဝူက ဓားကို ဖယ်လိုက်ပြီလေ။

မိန်းကလေးတွေ အားလုံးက သတ်ရဖြတ်ရတာကို ဝါသနာ ပါတယ်လား။ ဓားနဲ့ ထိုးပြီးတော့ ဘာလို့ ပြန်နှုတ်တာလဲ။ ပါးပါးလှီးပြီးတော့မှ။ ပြန်ကုပေးဖို့ ပြင်ဆင်ထားတာလား။ သူ့ရဲ့ သွေးလွှတ်ကြောတွေ ဖျက်ဆီး ခံထားရပြီ။

“ သေစမ်း။ ငါ့သွေးကြောတွေ ပေါက်ကုန်ပြီ။” ဖန်ကျန်းရှီ သူ့ သွေးတွေ ကို မြင်တော့ လန့်သွားတယ်။ လက်တစ်ဖက်က ရင်ဘတ်ကို ဖိထားတယ်။ ဘာ ။ ဘာတွေ ဖြစ်ကုန်တာလဲ။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာထဲမှာ တာအိုကို နားလည် ခါစပဲ ရှိသေးတာလေ။ သဘာဝလွန် အဆင့်ရဲ့ အနှစ်သာရတွေကို နားလည်ပြီလေ။ သုခမိန် ဖြစ်ရတော့မှာ မဟုတ်ဘူးလား။

ဘာကြောင့်…. ဘာကြော်င့်များ။ နောက်ပြန် ဆုတ်သွားတာလဲ။ နောက်ပြီးတော့ ။ အခု သူ သေရ တော့မှာလား။

“ မဖြစ်ဘူး။ ငါ့ကို ကယ်ကြပါအုန်း။ အခုပဲ ဓားထိုး ခံလိုက်ရတာ။ ဓား လည်း ဆွဲနုတ်ခံလိုက်ရတော့ သွေးထွက်လွန်ပြီ။ ငါ့ကို သွေးသွင်းပေးကြပါအုန်း။ အေ ပလပ်စ် သွေးအမျိုးအစား ။”

အပိုင်း(၃၉၉) ပြီး၏။

အပိုင်း (၄၀၀)

“ သဘာဝလွန်။”

ဖန်ကျန်းရှီ အကျယ်ကြီး အော်လိုက်ချင်တယ်။ သာမာန်ယောကျာ်းလေးတွေ အိမ်မက် မက်တတ် တာမျိုးကို သူ လုပ်လိုက်တာလေ။ ဒါပေမယ့် ရလဒ် ကတော့ ဇောက်ထိုးကြီး တဲ့လား။ အမှန်တကယ်လား။ အိမ်မက်လား။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာထဲမှာ ခုနကပဲ ရှိနေခဲ့တာကို။ အခုတော့ အရှက်ကွဲရပြီ။ အပြောင်းအလဲကလည်း မြန်လွန်းလိုက်တာ။ သူ့နေရာမှာ ရောက်နေတဲ့ တခြား ဘယ်သူ မဆို။ ခွဲခားနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဖန်ကျန်းရှီ ရဲ့ အပြုအမူက နားလည်နိုင်စရာပါပဲ။ လေထဲမှာ တိုက်အိမ်မဆောက် ဖူးတဲ့ လူ ဘယ်သူ ရှိလို့လဲ။

ပုံမှန်လူသား ယောက်ျားလေးတိုင်း အပြင်လောကမှာဆို ။ သူ့ကိုယ်သူ ထိန်းချုပ်နိုင်တာပဲ။ ဒါပေမယ့် အိမ်မက်ထဲမှာ ဆိုရင် ဘာများ ထိန်းချုပ်နေစရာ လိုအုန်းမှာလဲ။ ဖန်ကျန်းရှီ က သာမာန် ယောကျာ်း တစ်ယောက်ပဲလေ။ ဒါကြောင့် လုပ်ချင်တာတွေကို လုပ်မှာပဲ။ သူလုပ်ခဲ့တဲ့ တစ်ခုတည်းသော အမှန်ားက လက်တွေ့ နဲ့ အိမ်မက်ကို မှားမိတာပဲ။ အပြောင်းအလဲက မြန်လွန်းအားကြီးတယ်လေ။

ဒီ အချိန်မှာ ဖန်ကျန်းရှီ တွေးလိုက်တာ။ ယွင်ချင်းဝူက သူ့ အိမ်မက်ထဲ ပေါ်လာတယ်လို့ ဒါပေမယ့် အမှန်တကယ် ကြီး ဖြစ်နေခဲ့တယ်။ အခု အခြေအနေကို ဥပမာ နဲ့ ရှင်းပြဖို့က လွယ်ကူလွန်းတယ်။ တွေးကြည့်လိုက်စမ်းပါ။ မိန်းမလှလေး တစ်ယောက်က မင်း အိမ်မက်ထဲမှာ ပေါ်လာတယ်။ သူမကို ထိတွေ့တော့မယ့် အချိန်မှာပဲ။ မင်း အိမ်မက်ကနေ နိုးလာခဲ့တယ်။ ပထမဆုံး မင်း မြင်လိုက်ရတာက မင်း ရဲ့ အခန်းဖော် ယောကျာ်းးကြီး ဖြစ်နေကော။ ဒါဆို၇င် မင်းက ဂေးနေတာလား။ အကယ်၍ ဂေးနေရင်တောင်။ မင်း ကိုယ်မင်းပဲ သိမှာလေ။ ဒါပေမယ့် အနည်းဆုံးတော့ အိမ်မက်ထဲက အမျိုးသမီးကို မင်းကြံစည်ဖူးခဲ့သေးတာပဲ။ ကောင်းပြီလေ။ ဒါက ပြဿနာ မဟုတ်သေးဘူး။

ပိုပြီး အရေးကြီးတာက ။ ဖန်ကျန်းရှီ ရဲ့ ရင်ဘတ် ကနေ သွေးထွက်နေတုန်း။ လောကကြီးက ဒီလောက်တောင် အေးစက်သွားတာလား .။ နောက်ပြီးတော့ လူ တစ်သိန်းကျော်က သူ့ကို စိုက်ကြည့်နေတယ်။ ဘယ်သူမှလည်း လာမကယ်ကြဘူး။

လူသားတွေက နတ်ဆိုးတွေကို တိုက်ခိုက်ဖို့ အတူတူ လက်တွဲနေကြတာ မဟုတ်ဘူး လား။ အသင်းအဖွဲ့တွေလို မျိုး အလုပ် လုပ်နေကြတာလေ။ ဒါတောင် ဘာလို့ အကုန်လုံးက ဒီလောက်ထိ လန့်နေကြတာလဲ။ ဒါမျိုး တစ်ခါမှ မမြင်ဖူးကြဘူးလား။ ငလူးပဲ။ နောက်ဆုံးတော့ ဖန်ကျန်းရှီ နားလည်သွားပြီ။ လောက မှာ။ မှီခိုလို့ ရတာ သူကိုယ်တိုင်ပဲ ရှိတယ်။ အောက်ကလူတွေ တစ်ယောက်မှ သုံးစား မရဘူး။

သူ့မှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ တောင်ကုန်းပေါ်မှာ ယွင်ချင်းဝူကို ပြင်းပြင်းထန်ထန် တီုက်ခိုက်။ ပြီးရင် ရအောင်သတ်။ လူသားတွေက ဒီ အချိန်မှာ မတုံ့ပြန်နိုင်ကြသေးဘူး။ ဒါပေမယ့် နတ်ဆိုးတွေကတော့ လှုပ်ရှားကြပြီ။ နတ်ဆိုး စစ်သည်တော်တွေ ။ ပိုင်ရှင်းနဲ့ ဝူကျီတို့ အားလုံး တောင်ကုန်းပေါ်ကို ပြေးတက်လာကြတယ်။ သူတို့တွေ ဘာများ လိုချင်တာလဲ။ ခန့်မှန်း စရာတောင် မလိုအပ်ဘူး။

ဒုတိယ ရွေးစရာက။ ထွက်ပြေးပြီး။ သူ့ ဒဏ်ရာကို အရင်ကုရမယ်။ အဲ့ဒီ့နောက် လူနည်းနည်း လောက် ဖမ်းပြီး သွေးတူတူ စမ်းသပ်မယ်။ သွေးထွက်လွန်ထားတာ အတွက် သွေးပြန်သွင်းမယ်။ ဒီနေရာမှာ လူတွေ အများကြီး ရှိနေလည်း ဘာဖြစ်လဲ။ ရည်မှန်းချက်ကြီးတဲ့ လူငယ် တစ်ယောက် အနေနဲ့။ ဒုတိယ တစ်ခုကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဖန်ကျန်း၇ှီ သေမှာ ကြောက်လို့တော့ မဟုတ်ဘူး။ တကယ့် အကြောင်းရင်းက အမျိုးသမီးတွေကို သူ လေးစားလို့ပဲ။ နာက်ဆုံးတော့လည်း။ စစ်သည် တစ်သိန်းခွဲ ကျော် ရှေ့မှာ။ ဒီ အမျိုးသမီးကို မဖွယ်မရာ လုပ်လိုက်မိတာလေ။ သူ့ ဓားကို သုံးပြီးတော့ ဒီ အမျိုးသမီးကို သတ်တာက အတော့်ကို လွန်လွန်းရာ ရောက်သွားလိမ့်မယ်။ ဒါမျိုးတော့ အဖြစ် မခံနိုင်ဘူး။ ဒီ အမျိုးသမီးက နတ်ဆိုး အရှင်သခင်ငယ် ဖြစ်နေရင်တောင်။ သူနဲ့ ဘာဆိုင်လို့လဲ။

ဖန်ကျန်းရှီက သူ့ ဘဝကို အေးအေးဆေးဆေးပဲ ဖြတ်သန်းချင်တာ။ နတ်ဆိုးတွေ နဲ့ လူသားကြားက တိုက်ပွဲမှာလည်း ဝင် မပါချင်ဘူး။ အင်ပါယာတွေ ကြားထဲက တိုက်ပွဲကိုလည်း မတိုက်ခိုက်ချင်ဘူး။ တောင်ပိုင်း ဒေသကို သူ လာတဲ့ တစ်ခုတည်း သော အကြောင်းရင်းက ။ ရန်ရွယ့်ကို ကယ်တင်ဖို့ပဲ။ အကယ်၍ ညီလာခံ စာမေးပွဲမှာ အဆင့် ကောင်းကောင်း ရရင်တော့။ အပိုဆု ရတယ်ပဲ သဘောထားရမှာပေါ့။ ဆုမချင်တဲ့ သူ ဘယ်သူ ရှိလို့လဲ။ ပြောနိုင်တာက။ အဲ့ဒီ့ဆုလဒ်ကို ရဖို့ အတွက် အသက်ကိုတော့ မရင်းနိုင်ပါဘူး။

ဖန်ကျန်းရှီ လုပ်ချင်တာက ကောင်းကောင်း အသက်ရှင်ဖို့ အတွက်ပဲ။ နတ်ဆိုး အရှင်သခင်ငယ်ကို ဒီလောက် လူ အများကြီးရှေ့မှာ သတ်လိုက်ရင်။ သွေးအရိပ် မြို့တော်က နတ်ဆိုးတွေ ဘယ်လို တုံ့ပြန့်ကြမလဲ ဆိုတာ။ မိုးနတ်မင်းပဲ သိလိမ့်မယ်။

ကာကွယ်ပေးဖို့ အတွက် တောင်းပန်ရမှာလား။ ဒီ လို အခြေအနေမျိုးကို အရင်လောကမှာ အများကြီး သူတွေ့ ဖူးတယ်။ သူသာ ယွင်ချင်းဝူကို သတ်လိုက်ရင် ဧကရာဇ်က ချီၤးမြှောက်လိမ့်မယ်။ အကြီးအကျယ်ကို ချီးမြှင့်ပြီးတော့ ရာထူးတိုးတာတွေ။ ငွေသားချီးမြှင့်တာတွေ ရှိလာလိမ့်မယ်။ အဲ့ဒီ့နောက်။ ဧကရာဇ် အတွက် အတားအဆီးတွေ ဖယ်ရှားပေးတဲ့သူ ဖြစ်လာလိမ့်မယ်။ အကာအကွယ်လား။ ဘယ်လို အကာအကွယ် မျိုးလဲ။

ဖန်ကျန်းရှီက သူ့ ဘဝတစ်ခုလုံးကို မြို့တော်မှာပဲ ပုန်းအောင်းရင်း နဲ့ အချိန် ကုန်ဆုံး ရလိမ့်မယ်။ မြောက်ရွာ အတွက် ကော ဘယ်လိုလုပ်ရမလဲ။ သူ့ မိသားစုက အဲ့ဒီ့မှာ ရှိနေတုန်းလေ။ သူ့မိဘတွေနဲ့ ရွာသူ ရွာသား ရာချီ အတွက်လည်း စဉ်းစားရ အုန်းမှာ။

နောက်ဆုံးတော့လည်း ။ အကယ်၍ သူသာ နတ်ဆိုး အရှင် အရှင်သခင်ငယ်ကို သတ်လိုက်ခဲ့ရင်။ သူတို့ နဲ့ တဘဝလုံး တိုက်ခိုက်နေရလိမ့်မယ်။ တစ်ခဏတာ အောင်မြင်မှုလေး အတွက် နဲ့ တစ်ဘဝလုံး ကြောက်ကြောက်လန့်လန့် ရှင်သန်နေရမှာကို ။ ဖန်ကျန်းရှီ အဖြစ်မခံနိုင်ဘူး။ ဒီ အောင်မြင်မှု ကို တခြား တစ်ယောက် အတွက် ချန်ထားဖို့ ရာ ဆုံးဖြတ်လိုက်တယ်။ အနည်းဆုံးတော့။ သူ့ရဲ့ လက်ရှိ စွမ်းရည် နဲ့။ ဒီ ပတူကောင် တွေရဲ့ အသိုက်မှာ ကပ်တာမျိုး မဖြစ်ချင်ပေါင်။ အခုချိန်မှာ သေချာအောင် လုပ်ဖို့ အလိုအပ်ဆုံးက။ အန္တရာယ် ကင်းကင်း နဲ့ ဆုတ်ခွာဖို့ပဲ။

နောက်လှည့်ပြီး ပြေးရင်ကော။ နတ်ဆိုးစစ်သည်တော်တွေ ဒါဇင်ချီပြီး ရှိနေတာ။ ပိုင်ရှင်းလည်း ရှိနေသေးတယ်။ ဘယ်နားကို ပြေးရမှာလည်း ။ နည်းနည်း လွယ်ကူမယ့် အရာကို ဖန်ကျန်းရှီ တွေးနေခဲ့တယ်။ ဖန်ကျန်းရှီ ဓားစာခံ တစ်ယောက်ကို ရှာဖို့ လိုတယ်။ အတိအကျ ပြောရရင်။ အာဏာအကြီးဆုံး နတ်ဆိုးကို ဓားစားခံ အဖြစ် ဖမ်းရမယ်။

“ သူတို့တွေ အားလုံးကို နေရာက မရွေ့ဖို့ ပြောလိုက်စမ်း။ မင်း ရပ်နေတဲ့ နရာမှာပဲ မင်း ကို ငါသတ်မယ်။” ဖန်ကျန်းရှီ အင်အားအပြည့်နဲ့ အော်ဟစ်တယ်။

“ ငါ့ကို သတ်မယ်လား။” ယွင်ချင်းဝူ ပြုံးလိုက်တယ်။ သူမရဲ့ ဒေါသက လှောင်ရယ်မှု အဖြစ်ကို ပြောင်းလဲ သွားခဲ့တယ်။ အဲ့ဒီ့နောက်။ သူမ လက်ထဲက တစ္ဆေဓားကို မြှောက်လိုက်တယ်။ မိုးရေတွေက အဖြူရောင် အလင်းတန်းပေါ်ကို ဆက်တိုက် စီးကျနေတယ်။ ရေခဲလို အေးစက်တဲ့ အငွေ့အသက်က ထွက်ပေါ်လာခဲ့တယ်။ အလင်းရောင် ရုတ်တရက် ရှေ့တိုးလာတယ်။ ပြစ်မှတ်ကတော့ ဖန်ကျန်းရှိ ရဲ့ လည်ပင်းကိုပဲ။ ဖန်ကျန်းရှီရဲ့ အမူအယာ အေးခဲသွားတယ်။ သူထင်ထားခဲ့တာ။ ယွင်ချင်းဝူနဲ့ သူ ဒီလောက်ရင်းနှီးနေမှတော့။ သူတို့ နှစ်ယောက်ကြားမှာ အထူးအခြေအနေ တစ်ခုတော့ ရှိမယ်လို့။

နောက်ဆုံးတော့လည်း ယွင်ချင်းဝူက နတ်ဆိုး အရှင်သခင်ငယ် ပဲ။ စကားများများ စားစား မပြောဘူး။ ငါ့ကို နောက်တစ်ခါ သတ်တာလား။ မဟုတ်ဘူးလေ။ ဒါက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ။

ယွင်ချင်းဝူ ဆိုလုချင်တာကို ဖန်ကျန်းရှီ နားလည်တယ်။ သူမက သေရမှာကို မကြောက်ဘူး။ ဒါပေမယ့် သူမမှာ အားနည်းချက် ရှိတယ်။ ဥပမာအားဖြင့်။

“ မင်း ငါ့ကို နောက်တစ်ကြိမ် တိုက်ခိုက်ရဲရင်။ မင်းရဲ့ အကျီတွေကို ဆွဲဖြဲပြစ်မယ်။” ဖန်ကျန်းရှီ ဘေးကို ခုန်ရှောင်လိုက်တယ်။ ယွင်ချင်းဝူရဲ့ တိုက်ခိုက်မှုကို သူ ရှောင်လိုက်တယ်။ သူ့ရဲ့ လက်တဖက်ကို ယွင်ချင်းဝူ ရဲ့ လည်ချောင်းမှာ ထားထားတယ်။ နောက်လက် တစ်ဖက်ကိုတော့ သူမရဲ့ ရင်ဘတ်မှာ ချိန်ထားခဲ့တယ်။

“ နင် မလုပ်ဝံ့ပါဘူး။” ယွင်ချင်းဝူ ။ သူမ လက်ထဲက တစ္ဆေဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ ဒါပေမယ့် သူမ ထပ် မလှုပ်ရှား ဝံ့တော့ဘူး။ အကယ်၍ ဒါကို တခြားသူ ပြောတာ ဆိုရင် သူမ ယုံမှာ မဟုတ်ဘူး။ ဒီလို လုပ်ရပ်မျိုးက အတင့်ရဲလွန်းတယ်။ ဒါပေမယ့် အခုက ဖန်ကျန်းရှီ ဖြစ်နေတယ်။ လွန်ခဲ့တဲ့ အချိန် ခဏတာ တုန်းက။ သူမရဲ့ ရင်သားတွေကို စစ်သည်တော် တစ်သိန်း ကျော်ရှေ့မှာ ပွတ်သပ် ကိုင်တွယ်ခဲ့တာ။ အခုချိန်မှာတော့ သူမ လှုပ်တောင် မလှုပ်ဝံ့ဘူး။

“ လုပ်ရဲရုံတင် မကဘူး။ နောက်တစ်လှမ်းလည်း ထပ်လှမ်းဝံ့သေးတယ်။” ဖန်ကျန်းရှီ လည်း လုပ်ဖို့တော့ စိတ်ကူး မ၇ှိပါဘူး။ ဒါပေမယ့် ဟန်ဆောင်ပန်ဆောင် လုပ်ပြဖို့တော့ လိုတယ်လေ။ သူ့လက်တွေက ယွင်ချင်းဝူရဲ့ ဂါဝန် ဆီ ရောက်သွားတယ်။

“ ခဘွန်း။”

မိုးခြိမ်းသံ ထွက်လာသလို။ မိုးကြိုးကြောင့် ကောင်းကင် တစ်ခုလုံး လင်းထိန်သွားခဲ့တယ်။ ပိုင်ရှင်း၊ ဝူကျီ နဲ့ တခြားသော နတ်ဆိုးတွေလည်း ဒါကို မြင်လိုက်တယ်။ သူတို့ မျက်လုံးထဲမှာ မီးတောက်တွေ တောက်လောင်လာတယ်။

“ပိုင်ရှင်း။ မင်း နောက်ထပ် တစ်လှမ်း ရှေ့တိုးလာရဲရင်။ ယွင်ချင်းဝူကို ငါ သတ်မှာ။”

နတ်ဆိုေးတွ လှုပ်ရှားတော့မယ့် အချိန်မှာပဲ။ ရေခဲလို အေးစက်တဲ့ အသံ ထွက်လာခဲ့တယ်။ ပိုင်ရှင်းမျက်လုံးတွေ ကတော့ မီးဝင်းဝင်း တောက်နေဆဲ။ ဒါပေမယ့် သူ ရပ်တန့်သွားခဲ့တယ်။

… 

ယွင်ချင်းဝူ ရဲ့ အကျီတွေ လေ အလွင့်မှာ တဖျပ်ဖျပ် ခါနေခဲ့တယ်။ သူမ ရဲ့ မျက်နှာကတော့ ဖြူဖျော့နေခဲ့တယ်။ ဒါပေမယ့် သူမက ပြုံးနေဆဲပဲ။ နောက်မဆုတ်ဖိုက စိတ်ဆုံးဖြတ်ထားတဲ့ ပုံစံပဲ။

“ဖန်ကျန်းရှီ။ ငါ့ကို မဖွယ်မရာလုပ်ဖို့ ကြိုးစားနေတာ မေ့လိုက်သင့်ပြီ။ ” ယွင်ချင်းဝူရဲ့ အသံက အေးစက်နေတယ်။

“ မင်းက ကိုယ့်ကိုကိုယ် သေကြောင်းကြံနေတာလား ။ သေချာတာပေါ့။ မင်းသေချင်နေရင်တောင်။ ငါလုပ်မယ့် အရာကို တားနိုင်မှာ မဟုတ်ဘူး။ ကိုယ်လုံးတီး ဖြစ်သွားတဲ့ အထိ အဝတ်အစားတွေကို ဆွဲဖြဲပြစ်မယ်။ ပြီးရင် ။ ဒီ စစ်သည်တွေ အကုန်လုံးရဲ့ ရှေ့မှာ။ ငါက … ဟီးဟီး။ မင်းက နတ်ဆိုးတွေ ရဲ့ အရှင်သခင်ငယ် မဟုတ်ဘူးလား။ ဒီသတင်းက တလောက လုံးကို ပျံ့သွားမှာကို ကြောက်ဘူးလား။ ” ဖန်ကျန်းရှီ အမျိုးသမီး တစ်ယောက် ရဲ့ ဒီလို အကြည့် ကို မြင်ရခဲတယ်။

ရိုးရိုးသားသား ပြောရရင်။ ယွင်ချင်းဝူရဲ့ အမူအယာကို မြင်တော့ ။ သူ့ အိမ်မက် အကြောင်း နဲ့။ တခြား ကိစ္စ အားလုံးကို ရှင်းပြလိုက်ချင်တယ်။ သူမကို တကယ် ထိဖို့ မရည်ရွယ် ခဲ့ဘူး ဆိုတာကိုပေါ့။ ဒါပေမယ့် … ဘယ်သူက သူ့ကို ယုံမှာလဲ။ နောက်ပြီးတော့ ။ ယွင်ချင်းဝူရဲ့ စိတ်ဆုံးဖြတ်ချက်ကို သူခံစားလို့ရတယ်။ ဒါကြောင့် ယွင်ချင်းဝူကို သူသတိပေးလိုက်တယ်။ သေခြင်းတရားက တောင် သူ့ကို မဟန့်တားနိုင်ဘူးလို့။ ဖန်ကျန်းရှီ လောင်းကြေးထပ်နေတယ်။ ယွင်ချင်းဝူ ကိုယ့်ကိုယ်ကို သတ်မသေဘူးလို့။

အကယ်၍ ယွင်ချင်းဝူသာ သေသွားခဲ့ရင်။ နတ်ဆိုးတွေ ဝိုင်းပြီး အမဲဖျက်တာကို သူခံရမှာ အမှန်ပဲ။ ဒါပေမယ့် အကယ်၍ ယွင်ချင်းဝူကိုသာ ချက်ခြင်း ပြန်လွှတ်လိုက်ရင်။ တစ်ခတည်း သေသွားမှာပဲ။ လောင်းကြေးထပ်ကြည့်တာက နောက်ဆုံးနဲ့ တစ်ခုတည်းသော အမြင်ပဲ။ ဒီ နည်းလမ်းကို ပင်းယန် နဲ့ လည်း တစ်ခါ သုံးဖူးတယ်။ ပြန်တွေးကြည့်ရင်။ ပင်းယန်က သူ့ကို အရှုံးပေးခဲ့ရတယ်။ ဒါပေမယ့် ယွင်ချင်းဝူ ကတော့ လုံးဝကို မတူညီတဲ့ လူတစ်ယောက်ပဲ။ သူ့ရှေ့က ဒီ အမျိုးသမီးက သေရမှာကို မကြောက်ဘူး။

“ နင်…. ဖန်ကျန်းရှီ…။ နင်…. အကယ်၍ ငါ ဒီနေ့ နင့်ကို အလွတ်ပေးခဲ့ရင်တောင်။ နင် အသက်ရှင်နိုင်မယ်ထင်လား။ ” ယွင်ချင်းဝူ သူ့ နှုတ်ခမ်းသူ ကိုက်ထားတယ်။ နှုတ်ခမ်းထောင့်က သွေးတွေတောင် စီးကျနေပြီ။ သူမ တွေဝေနေတယ်။ နောက်ဆုံးတော့လည်း သူမက ယွင်မိသားစု ဝင် တစ်ဦးလေ ။ နတ်ဆိုးတွေကို လက်ရှိ အုပ်ချုပ်နေတဲ့ မိသားစုကလူ။ သူမ သေလို့ ရတယ်။ ဒါပေမယ့် သူမတို့ မိသားစု နာမည်ကို အစွန်း အထင် ခံလို့ မရဘူး။

“ ငါ့ကို တိုက်ခိုက်ဖို့ ပိုင်ရှင်းဆီ လွှတ်လိုက်တည်းက ။ ငါ့ကို ဆက်ပြီး အသက်ရှင်စေချင်သေးလို့လား။ ” ဖန်ကျန်းရှီ မေးခွန်းထုတ်လိုက်တယ်။

“ ငါ….” ယွင်ချင်းဝူ တိတ်ဆိတ်သွားတယ်။ အကယ်၍ အရာအားလုံးသာ မူလ အခြေအနေကို ပြန်ရောက်သွားခဲ့၇င်။ ပိုင်ရှင်းကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တဲ့ အချိန်တည်း ကနေစရမှာပဲ။ နောက်ပြီးတော့ ဘာကြောင့် ပိုင်ရှင်း ကျရှုံးမှန်း သူမ သိတယ်။ ဘာကြောင့်လည်း ဆိုတော့ သူမလည်း ရှုံးခဲ့ပြီလေ။ သူ့ရဲ့ နှလုံးသားကို တည့်တည့် ချိန်ပြီး ဓား နဲ့ ထိုးတဲ့ အချိန် လွဲချော်ခဲ့တယ်။ နည်းလမ်းတကျ ပြောရရင်။ ဒီ အကွာအဝေးမှာ သူမ လွဲစရာ အကြောင်း မရှိဘူး။ ဒါပေမယ့် အခုတော့ လွဲခဲ့ပြီ။

ယွင်ချင်းဝူ သူမ ကိုယ်တိုင် ဘာတွေတွေးနေမိလဲ မသိတော့ဘူး။ သူမ လက်တုန်နေတာကြောင့်လား။ ဒါမှမဟုတ်။ ဖန်ကျန်းရှီမှာ နှလုံးကာမှန် ရှိတာကို သိနေလို့ပဲလား။ ဘာပဲ ဖြစ်ဖြစ်။ နှလုံးသားကိုတော့ လွဲသွားခဲ့တယ်။

“ အပေးအယူ တစ်ခု လုပ်ကြရင်တော့။ မင်းရဲ့ နတ်ဆိုးတွေ ငါ့ကို ဖမ်းဖို့ မလွှတ်ရင်။ မင်းကို သွားခိုင်းမယ်။ ဘယ်လိုလဲ။ နောက်ပြီးတော့ ။ နတ်ဆိုး အရှင်သခင်ငယ် ဆိုတော့။ မင်းမှာ ဒဏ်ရာကုသ ဆေးလုံးတွေ ရှိမှာပဲ။ ငါ့ကို နည်းနည်းလောက်ပေး။ နောက်ဆုံးတော့လည်း။ ငါတို့တွေကအချိန်တွေကို အတူတူ ကုန်ဆုံးဖူးတာပဲလေ။ ” ဖန်ကျန်းရှီ သူ လိုချင်ကို ပြောတယ်။ အချိန်နဲ့ ဒီရေက လူကို မစောင့်ဘူးလေ။

“ ဒဏ်ရာကုသ ဆေးလုံး။ အတူတူ ကုန်ဆုံးဖူးတယ်။” ယွင်ချင်းဝူတွေးထားခဲ့တာ။ ဖန်ကျန်းရှီ အကြောင်းကို သူမ ကောင်းကောင်း သိတယ်လို့ ။ ဒါပေမယ့် သူနဲ့ နောက်တစ်ကြိမ် ကြုံရပြန်တော့။ ဒီကောင့် အတွေးတွေကို အမှီလိုက်ဖို့ မဖြစ်နိုင်ဘူးဆိုတာ နားလည်သွားခဲ့တယ်။ ခုနကပဲ သူမကို ခြိမ်းခြောက်နေတာလေ။ အခုတော့ အပေးအယူ လုပ်ပြန်ပြီတဲ့လား။

ပိုပြီးအရေးကြီးတာက သူ့ရန်သူကို ကုသဆေး လာတောင်းနေတယ်တဲ့။ ဆေးလုံးတွေလား။ ဘယ်မှာ ရှိမှာလဲ။

“ ဟုတ်သား။ ကြည့်စမ်းပါအုန်း။ ငါ့ဒဏ်ရာကနေ သွေးတွေ တစိမ့်စိမ့် ထွက်နေလိုက်တာ။ အခုချက်ခြင်း သွေးတိတ်အောင် လုပ်မှ ဖြစ်မယ်။ မဟုတ်ရင်။ အိုး ….” ဖန်ကျန်းရှီ သူ့ ရင်ဘတ်က လက်ဖယ်လိုက်တယ်။ အဲ့ဒံီ့နောက် သူ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။ သူ့ဒဏ်ရာကနေ သွေးထပ်မထွက်တော့ဘူး။ ဒါ့အပြင်။ ဓားကြောင့် ဟသွားတဲ့ အပေါက်လည်း ပြန်စေ့နေတယ်။

အပိုင်း(၄၀၀) ပြီး၏။

All Chapters