← Chapters

အပိုင်း (၄၁၁-၄၂၀)

Vol. 5 Ch. 411-420

အပိုင်း (၄၁၁-၄၂၀)

Vol. 5 Ch. 411-420

အပိုင်း (၄၁၁)

“ ငါတို့တွေ တွေဝေနေလို့ မဖြစ်ဘူး။ ”

…

ရှန်းယွီ မင်းသမီး ရဲ့ တဲက သူမ ရဲ့ အကြံပေး တဲနဲ့ ဝေးကွာတယ်။ နောက်ဆုံးတော့လည်း သူမရဲ့ တဲက ဆက်လက် လှုပ်ရှားနေတုန်းပဲ။ ဒါက စစ်တပ် တစ်ခုအတွက် လေ့ကျင့်ရေးပဲ ။ စစ်သူကြီးတွေ ရဲ့ လုံခြုံမှုကို သေချာစေတယ်။ သုခမိန် တောင်တန်း ဒေါသရဲ့ အဖြစ်ကို ကြားတော့။ ရှန်းယွီ မင်းသမီး နည်းနည်း စိုးရိမ်သွားတယ်။ ဒါပေမယ့် သူမရဲ့ လမ်းကြောင်းကို ရပ်တန့်လိုက်တယ်။ သူမ လက်ထဲက သစ်သားချောင်းကို ကြည့်လိုက်တယ်။

“ သဘာဝလွန် အဆင့်…. သစ်သားချောင်း ။” ရှန်းယွီမင်းသမီး သူ့ဘာသူ ပြောနေခဲ့တယ်။ အဲ့ဒီ့နောက် သူမရဲ့ မျက်လုံးတွေက တစ်လက်လက် တောက်ပရင်း တဲထဲကို ဝင်လာတော့တယ်။ တဲထဲမှာ။ ဖန်ကျန်း၇ှီက မျက်လုံး မှိတ်ထားတယ်။ အိပ်ယာထဲမှာ မလှုပ်မယှက် လှဲလျောင်းနေတယ်။ အသတ်ခံဖို့ စောင့်နေတဲ့ သစ်တုံးလူသား တစ်ယောက်လိုပဲ။

“အထဲကို တစ်ယောက် ဝင်လာခဲ့။” ရှန်းယွီ မင်းသမီး ပြုံးလိုက်တယ်။

“ အမိန့်တော် အတိုင်းပါ။ ဘာများ လုပ်ဆာင်ပေးရမလဲ။” စစ်သည်တော် တစ်ယောက် ဝင်လာခဲ့တယ်။

“ ဒီကောင်စုတ်ကို တွေ့ဆုံမှု ဆီ ခေါ်ခဲ့။”

“ အာ။ အမိန့်တော် အတိုင်းပါ အရှင်မင်းသမီး။”

…

အကြံပေးသူရဲ့ တဲက စစ်သူကြီး နှစ်တန်း နဲ့ ပြည့်နေခဲ့တယ်။ တဲကို စောင့်ကြပ်နေတဲ့ စစ်သည်တော်တွေ ကတော့ ရာချီပြီး ရှိနေခဲ့တယ်။ အမိန့်က သုခမိန်တောင်တန်း မြို့တော်ကနေ လာတာ။ အသေးစိတ် မပါရှိပေမယ့် ။ သူတို့ကို စောင့်ဆိုင်းနေတဲ့ အမိန့်ရှိတာတော့ သိသာတယ်။

“ အရှင်မင်းသမီး။”

“အရှင် မင်းသမီး။”

“ …”

ရှန်းယွီမင်းသမီးက တဲနားကို ရောက်လာတယ်။ တဲအပြင်ဘက်မှာတော့ တအံ့တသြစကားသံ တွေ ဆက်တိုက် ထွက်လာခဲ့တယ်။ ရှန်းယွီ မင်းသမီး ရဲ့နောက်မှာ စစ်သည်တော် လေးဦးရှိတယ်။ သူတို့ လေးဦးက သတိလစ်နေတဲ့ ဖန်ကျန်းရှီကို သယ်လာကြတယ်။

“ဒါ ကြီးမြတ်သော ရှ မင်းဆက်က ဖန်ကျန်းရှီ မလား။”

“ ဒီကောင် ဒီမှာ ဘာလုပ်နေတာလဲ။”

ဘာတွေ ဖြစ်နေလဲ ဆိုတာ စစ်သည်တော်တွေ နားမလည်နိုင်ကြဘူး။ ရှန်းယွီမင်းသမီးက တဲထဲကို မဝင်ခင် အထိပေါ့။ စစ်သည်တော် လေးယောက်က နီးနီးကပ်ကပ် လိုက်သွားခဲ့တယ်။ ဒါက စစ်သည်တော် တွေ အားလုံးကို မျက်လုံးပြူးစေတယ်။

ဖန်ကျန်းရှီက ဒီ စစ်စခန်းမှာ ကျော်ကြားတယ။် နောက်ဆုံးတော့လည်း သူနဲ့ စစ်သူကြီး တိုင်ရဲ့ တိုက်ပွဲက အတော့်ကို ပြင်းထန်တယ်။ သတင်းတွေက ပျံ့နှံ့လာပြီးနောက်။ ဖန်ကျန်းရှီလည်း အတော်လေး ကျော်ကြားလာခဲ့တယ်။ ဒါက သူတို့ကို စိတ်ရှုပ်ထွေးစေတဲ့ အကြောင်းရင်းတစ်ခုပဲ။ ဖန်ကျန်းရှှီ ဆိုတာ ဘယ်သူမလို့လဲ။ ကြီးမြတ်သောရှမင်းဆက် ရဲ့ အဆင့်လေး အမတ်မင်း။

သူတို့ ဘယ်နေရာမှာ ရောက်နေတာ လဲ။ ရှန်းယွီမင်းသမီး ရဲ့ ဆွေးနွေးအကြံပြုတဲ့ တဲမှာ။ အရင်တုန်းကတော့ ဒီလို ကိစ္စက သိပ်ပြီး မထူးဆန်းဘူး။ ဒါပေမယ့် အခုချိန်က စစ်ဖြစ်နေတယ်လေ။ မ ပိုပြီးအရေးကြီးတာက သုခမိန် တောင်တန်း ဒေသရဲ့ သတင်းကို သတင်းကိုဆွေးနွေးနေတာ။ အပြင်လူ တစ်ယောက်က ဘယ်လိုများ ရှိနေလို့ ဖြစ်မှာလဲ။

တဲထဲက စစ်သူကြီးတွေလည်း ဖန်ကျန်းရှီကို မြင်တော့ လန့်သွားကြတယ်။ စစ်သည်တော် လေးယောက်က ထမ်းစင်ကို မ လာခဲ့တယ်။ ဖန်ကျန်းရှီကို မြေပြင်ပေါ် ချသွားခဲ့တယ်။

“ မင်းသမီး .. ဒါက ဘာလဲ။” စစ်သူကြီးတစ်ယောက် မေးတယ်။

“ သူ မနိုးသေးဘူး။ ” ရှန်းယွီ မင်းသမီးက သူ့ခုံပေါ်မထိုင်ခင်။ ခပ်သွက်သွက် ဖြေလိုက်တယ်။ စစ်သူကြီးတွေ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။ ဘာဖြစ်မှန်း သူတို့လည်း မသိဘူး။ မင်းသမီး ပြောတာကိုတော့ သူတို့ နားလည် တာပေါ့။ ဒါပေမယ့် သူတို့ စိတ်ထဲက မေးခွန်းကို အဖြေရှာဖို့ ဖိနှိပ်ထားကြရတယ်။ ဒါ့အပြင် သူတို့ စိုးရိမ်တာလည်း၇ှိတယ်။ သူတို့ရဲ့ နည်းလမ်းတွေကို ဖန်ကျန်းရှီ ကြားသွားမှာ မလိုလားဘူး။ သူက မေ့မြောနေပင်မယ့်လည်း ကောင်းကောင်း ကြားနိုင်သေးတယ်လေ။

“ နတ်ဆိုးတွေက ကတိစကားကို ဖောက်ဖျက်လိုက်ပြီ။ မြို့တော်ကို စစ်သည် ငါးထောင်နဲ့ ဝန်းရံထားခတယ်။ ငါတု့ိရဲ့ စစ်သည်တော် နှစ်သောင်းက ပိတ်မိနေပြီ။ ဒီမှာ စစ်သည်တော် ငါးသောင်း ရှိပေမယ့် ။ တိုက်ပွဲကတော့ ခက်ခဲမှာ အမှန်ပဲ။ မင်းသမီး ။ ဘယ်လို လုပ်ကြမလဲ။”

စစ်သူကြီး တစ်ဦးက အခု လက်ရှီ အခြေအနေကို တင်ပြတယ်။ နောက်ဆုံးတော့လည်း သူတို့က လုံးဝကို နှောင့်နှေးနေလို့ မရဘူးလေ။

“ ကျွန်တော်တို့ရဲ့ စစ်သည်တော်တွေက ။ အေးခဲ မျောက်မင်း ဒေသကို ဖြတ်သန်းပြီး စစ်ကူပေးဖို့ လာနေပြီ။ ဒါပေမယ့် အေးခဲ မျောက်မင်း ဒေသ ကြီးမြတ်သော ရှမင်းဆက် ရဲ့ စစ်သည်တော်တွေ သိမ်းထားတာ။ မြို့တော်ကို တိုက်ရိုက်လာဖို့ ခက်ခဲလိမ့်မယ် လို့ ထင်တယ်။ အိမ်ရှေ့စံ မင်းသားတော့ ဖိအားတွေ များနေတော့မှာပဲ။ ”

“ အမှန်ပဲ။ အခု ကျွန်တော်တို့ရဲ့ အခြေအနေက ကြီးမြတ်သော ရှမင်းဆက် ကော နတ်ဆိုးတွေရဲ့ ။ အလစ်တိုက်ခိုက်မှုကိုပါ ရှောင်ရှားရမှာ။ ”

“ အဆမတန် အရင်းအနိှီး ပေးပြီးတော့မှ အောင်ပွဲရမှာပဲ။ အကယ်၍ ကျွန်တော်တို့သာ မြို့တော်ကို သွားနိုင်ရင်။ အနည်းဆုံး တစ်လလောက်တော့ တောင့်ခံနိုင်မှာပဲ။”

““ ဟုတ်တယ်။ ကျွန်တော်တို့သာ အချိန်ဆွဲထားနိုင်ရင်။ အေးခဲမျောက်မင်း ဒေသ က တပ်ကူတွေရောက်တဲ့ အချိန်ဆို။ မြို့တော်ကို ပြန်သိမ်းနိုင်မှာပဲ။”

စစ်သူကြီးတွေ အားလုံးက သူတို့ရဲ့ အမြင်ကို ပြောပြကြတယ်။ အချိန်က အခု အရေးအကြီးဆုံးပဲ။ ဒါပေမယ့် ရှန်းယွီမင်းသမီး ရဲ့ အမိန့်ကို သူတို့ စောင့်ဖို့ လိုသေးတယ်။ ရှန်းယွိမင်းသမီးကတော့ တိတ်ဆိတ်နေတုန်းပဲ။

“ မင်းသမီး။ မတွေဝေနေသင့်တော့ပါဘူး။ ကျွန်တော်တို့ရဲ့ အစောင့်တပ်သား တွေက အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး။ အကယ်၍ ကျွန်တော်တို့သာ အခုချိန် တပ်ကူ မပေးရင်။ အိမ်ရှေ့စံ နဲ့ ဘုရင်က …. နတ်ဆိုး လက်ထဲကို ကျရောက်သွားတော့မှာ ။ ပြီးရင်။”

“ အရှင်မင်းသမီး အမိန့်ပေးလိုက်ပါတော့ ။”

“ သုခမိန်တောင်တန်း မြို့တော် အတွက် ကျွန်တော်တို့ အသက်ကို စွန့်ဝံ့ပါတယ်။ ”

စစ်သူကြီးတွေ အတော့်ကို စိတ်ပူနေကြတယ်။

“မင်းသမီး။”

“မင်းသမီး။ အခုက အရေးပေါ် ကိစ္စပါ။”

“ မင်းသမီး။”

အသံတွေက တဲထဲမှာ ပဲ့တင့်ထပ်နေတယ်။ သူမရဲ့ မျက်လုံးက တစ်လက်လက် တောက်ပနေတယ်။ အခုကိစ္စက အရေးကြီးနေတာ ။ဒါကြောင့်ပဲ သူမ ဆက်ပြီး တည်ငြိမ်ဖို့ လိုတယ်။ အပြောင်းအလဲတွေက အတော်လေးကို များပြားလွန်းတယ်။ နတ်ဆိုး ငါးသောင်းက သုခမိန်တောင်တန်း မြို့တော်ကို ညအချိန်မှာဝန်းရံ ထားတယ်။ စတင် တိုက်ခိုက်ချိန်တည်းက တောင့်ခံနေခဲ့တာ ရှစ်နာရီတောင် ရှိပြီ။ ရှစ်နာရီ….။ စစ်သည်တော် နှစ်သောင်းက ဘယ်လောက်များ တောင့်ခံနိုင်မှာလဲ ။

သတင်းပို့ချက်တွေအရ။ နတ်ဆိုးတွေက မြို့တစ်ဝက်ကို သိမ်းထာ းတယ်။ နောက်တစ်ဝက်တော့ အိမ်ရှေ့စံ မင်းသား ထိန်းချုုပ်ထားဆဲ။ ဘာတွေ ဖြစ်နေပြီလဲ။ ဒါက အခုချိန်မှာ အရေးအကြီးဆုံး အချက်ပဲ။ ၇ှန်းယွီမင်းသမီး မှာ နောက်ထပ် မတင်မကျ ဖြစ်နေတဲ့ ခံစားချက်လည်း ရှီသေးတယ်။ အကယ်၍ နတ်ဆိုး စစ်သည်တော် ငါးသောင်းကသာ ဒီနေရာမှာ ပုန်းကွယ်နေရင်။ သူတို့ရဲ့ ပထမဆုံး ပြစ်မှတ်က သူမရဲ့ စစ်သည်တော် ရှစ်သောင်းဖြစ်သင့်တာ။ သုခမိန်တောင်တန်း ဒေသ မဟုတ်သင့်ဘူး။

အကြောင်းရင်းက မရိုးရှင်းဘူး။ သူမရဲ့ စစ်သည်တော် ရှစ်သောင်းက ကြီးမြတ်သော ရှမင်းဆက် မမြင်အောင်ပဲ ဖုန်းကွယ် ထားတာ။ နတ်ဆိုးတွေ အတွက်တော့ ရှာရ လွယ်ကူတယ်။ နောက်ပြီးတော့ သုခမိန်တောင်တန်း မြို့တော်က မြေမျက်နှာသွင်ပြင်အရ ခံတပ် တစ်ခုလိုပဲ။ တိုက်ခိုက်ဖို့မလွယ်ကူဘူး။ ဒါပေမယ့် အရေးအကြီးဆုံး ကိစ္စက။ အကယ်၍ သုခမိန်တောင်တန်းဒေသသာ တိုက်ပွဲ ပြင်းထန် ပြီ ဆိုရင။် သူတို့လည်း မြင်တွေ့ရမှာပဲ။ ဒါပေမယ့် အခုတော့ ကိစ္စတွေက လွဲချော်နေပြီ၊

နတ်ဆိုးတွေက စစ်ပွဲမတိုင်ခင် သူတို့ရဲ့ စိတ်အာရုံကို ဖော်ပြခဲ့တယ်။ ရှန်းယွီမင်းသမီးကတော့ မျက်မှောင်ကြုတ်နေတယ်။ ဒီမျက်လုံးတွေကို ရင်ဆိုင်ရမှာထက် တခြား ကိစ္စတွေလည်း ရှိနေလောက် အုန်းမယ်။ ဒါပေမယ့် အစီအစဉ်က ဘာဖြစ်မလဲ။ သူမ မပြောနိုင်ဘူး။ ဒါပေမယ့် သူမ သေချာတစ်ခုတော့ ရှိတယ်။ နတ်ဆိုးအရှင်သခင်ငယ် (ထက်မြက်တော်မူလှသော ယွင်ချင်းဝူ) က ဒီလို အမှားမျိုးကို ဘယ်တော့မှ မလုပ်ဘူး။ ဘာတွေ ဖြစ်နေတာလဲ။

“အရှင်မင်းသမီး အကယ်၍ အခုချိန်မှာသာ အမိန့်မချရင် ကျွန်တော်တို့ အရမ်း နောက်ကျသွားလိမ့်မယ်။ ”

“ အရှင်မင်းသမီး ကျွန်တော်တို့က မြို့တစ်ဝက်ကို ဆုံးရှုံးနေပြီ။ အကယ်၍ ဘုရင်မင်းမြတ်နဲ့ အိမ်ရှေ့စံသာ အဖမ်းခံလိုက်ရရင်။ ကျွန်တော်တို့ တပန်းရှုံးသွားတာမျိုး ဖြစ်နိုင်တယ်။ ”

စစ်သူကြီးတွေ အားလုံး မင်းသမီးကို တောင်းပန်နေကြတယ်။ အကယ်၍ သူတို့ အကုန်လုံးသာ အဆင်သင့်ပြင်ပြီးသားဆိုရင်။ တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေမှာပဲ။ ရှန်းယွီမင်းသမီး မျက်မှောင်ကြုတ်နေခဲ့တယ်။ အနီရောင်အငွေ့အသက်က သူမ ကိုယ် ပတ်လည်မှာ စက်ဝိုင်းပုံစံလည်ပတ်နေတယ်။ တိမ်သဏ္ဍန်ကတော့ သူမရဲ့ ရင်ဘတ်မှာ စုဝေးလာတယ်။ ဒါက သူမ စိတ်အခြေအနေမကောင်းတာကို ဖော်ပြတာပဲ။ သုမိန် တောင်တန်း မြို့တော်က ဝန်းရံခံထားရပြီ။ သူမ ဘယ်လိုများ မစိုးရိမ်ပဲ နေမှာလဲ။

သူမရဲ့ ခမည်းတော်လည်း အဲ့ဒီ့မှာ ရှိနေတယ်။ နောက်ပြီးတော့ သူမရဲ့ တတိယအကိုလည်း အဲ့ဒီ့မှာ ရှိနေတယ်။ ပိုပြီးအရေးကြီးတာက သူတို့ရဲ့ ဘုရင် နဲ့ ဆက်ခံသူ ဖြစ်နေတာကြောင့်ပဲ။ ဒါပေမယ့် ဘာတွေ ဖြစ်နေ်မှန်း အသေအချာ မသိသရွေ့။ အလောတကြီး စီမံဆောင်ရွက်တာမျိုး မလုပ်နိုင်ဘူး။ ဒါပေမယ့် သူမမှာ တောင်ပိုင်းဒေသ ရဲ့ ထူးချွန် စစ်သည်တော် ရှစ်သောင်းတောင် ရှိနေတယ်။ အမိန့် စကားလေး တစ်ခွန်း က သူတို့ကို တိုက်ပွဲ ထဲ ကျရောက်စေမှာပဲ။ ဒါပေမယ့် အကယ်၍ သူတို့သာ ကျဆုံးသွားခဲ့ရင် ။ သူမဘာဆက်လုပ်ရမလဲ။

“ မြို့တော်ကို တိုက်ရိုက် တိုက်ခိုက်တာထက် တခြား အမြင် ၇ှိကြသေးလား။ ” ရှန်းယွီမင်းသမီး ပြောတယ်။

“ အရှင်မင်းသမီး ။ မြို့တော်က ဝန်းရံခံထားရပြီ။ နောက်ပြီးတော့ အိမ်ရှေ့စံ ကလည်း ဖိအားပေးခံနေ ရတယ်။ နောက်ထပ် ဘာလို့တွေဝေနေရအုန်းမှာလဲ။” စစ်သူကြီးတစ်ယောက် ပြောတယ်။

“ ဟုတ်တယ်။ ကျွန်တော်တို့ နောက်ထပ် တွေေ၀ နေလို့ မဖြစ်ဘူး။”

“ အရှင်မင်းသမီး ကျွန်တော်တို့ကိုအမိန့်သာ ပေးလိုက်ပါ။”

“ စစ်သူကြီးတွေ အားလုံး အော်ဟစ်တော့တယ်။ ရှန်းယွီမင်းသမီးကို နတ်ဆိုးတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ရာ တောင်းဆို ကြတယ်။

အပိုင်း (၄၁၁)ပြီး၏။

အပိုင်း (၄၁၂)

“ ဒီကောင့်ုကို လက်မထပ်ရဘူး”

Translator: Sparrow Translations  Editor: Spa rrow Translations

ရှန်းယွီ မင်းသမီး သူ့ နှုတ်ခမ်းသူ ကိုက်ထားခဲ့တယ်။ တစ်ခုခု လွဲနေတာကို သူမ သိတယ်။ ဒါပေမယ့် သူမမှာ တခြားရွေးချယ်စရာ မ၇ှိခဲ့ဘူး။ သုခမိန်တောင်တန်း မြို့တော်က ဝန်းရံခံထားရပြီ။ အမိန့် တော်က လည်း ရောက်လာပြီ။ နောက်ထပ် တွေဝေနေလို့ မဖြစ်တော့ဘူး။ အခုပဲ အမိန့်ချရတော့မယ်။

“ အမိန့်ချမယ်။ စစ်တပ် တစ်ခုလုံး ….” မျက်လုံးတွေ မှိတ်ထားတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း။ ရှန်းယွီမင်းသမီး စကားပြောတာကို ရပ်လိုက်တယ်။ အမိန့်ကို စောင့်ဆိုင်းနေတဲ့ စစ်သူကြီးတွေ အားလုံး မျက်လုံးပြူးနေပြီ။

“ ဖန်ကျန်းရှီ ။ နင် နိုးနေပြီလား။”

“ ဘုန်းးး” စစ်သူကြီးတစ်ယောက် ဖင်ထိုင်လျက် လဲကျသွားတယ်။ ရှန်းယွီမင်းသမီးက အခုချိန်မှာ ဒါမျိုး ပြောလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ ဒါက ဘာ ဖြစ်တာလဲ။ နေစမ်းပါအုန်း။ ဖန်ကျန်းရှီက နိုးနေပြီလား။ ဒါဆိုရင် သူတို့ဆွေးနွေးနေသမျှ အကုန်လုံးကို ကြားသွားပြီပေါ့။ သေရမယ်။ စစ်သူကြီးတွေ သူ့ကို ချက်ခြင်းသတ်ဖို့ တွေးလိုက်ကြတယ်။ ဒါပေမယ့် သူတို့ရဲ့ အတွေးကိုရှန်းယွီ မင်းသမီး ရဲ့ စကားတစ်ခွန်းက ဖိနှိပ်လိုက်တယ်။

“ ဖန်ကျန်းရှီ။ ဟန်ဆောင်နေတာရပ်လိုက်တော့။ နင် နားထောင်နေတာ ငါသိတယ်။ နင့်မှာ တွေးထားတာ ရှိရင်။ ပြော။ နင့်ကို လွှတ်ဖို့ တွေးပေးမယ်။ နင် ဘာပြောချင်လဲ။

“ လွှတ်ပေးမယ်တဲ့။”

“မင်းသမီး။ ကျွန်တော်တို့တွေ ဒီကောင့်ကို လွှတ်ပေးလို့ မဖြစ်ဘူး။”

“ မင်းသမီး။ ဒီကော င်က ရှမင်းဆက် ကလူ။ အကယ်၍ ဒီကောင့်ကိုသာ လွှတ်ပေးလိုက်ရင်။ သုခမိန်တောင်တန်း မြို့တော် ဝန်းရံခံထားရတာကို ကြီးမြတ်သော ရှမင်းဆက်က သိသွားလိမ့်မယ်။ ဒါကို အခွင့်ကောင်းယူပြီး စစ်ကူပြန်တောင်းနိုင်တယ်။ ဒီ စစ်ကြီးက….”

စစ်သူကြီးတွေ အားလုံး သူတို့ရဲ့ အမြင်တွေကို ပြောကြတော့တယ်။ ရှန်းယွီမင်းသမီး က စကားမပြောတော့ဘူး။ ကြမ်းပြင်ပေါ်ကို သာ စူးစိုက် ကြည့်နေခဲ့တယ်။ သူမရဲ့ အမူအယာက အေးစက်တယ်။ စစ်သူကြီးတွေ အားလုံး ဒါကို မြင်တော့ ငြိမ်သက်သွားကြတယ်။ အခန်းက တိတ်ဆိတ်လွန်းလို့ အပ်ကျသံကိုတောင် ကြားနိုင်တယ်။ ဖန်ကျန်းရှီ မလှုပ်ရှားဘူး။ ရှန်းယွီ မင်းသမီး ပြောလိုက်တာကို သူမကြားလိုက်တဲ့ အတိုင်းပဲ။ အကယ်၍ အသက်မျှင်းမျှင်းလေး ရှူနေတာ ကြောင့် သာ မဟုတ်ရင်။ သူက အလောင်းကောင်နဲ့ မခြားဘူး။

“ ကြည့်ရတာ သူ မနိုးသေးတဲ့ ပုံပဲ။ ”

“ မင်းသမီး။ တစ်ခုခုတော့ မှားနေပြီ ထင်တယ်။ ”

စစ်သူကြီးတွေ သံသယ ဖြစ်နေကြတယ်။ ဒါပေမယ့် မင်းသမီးကို သူတို့ မေးခွန်း မထုတ်ရဲဘူး။

“ ဖန်ကျန်းရှှီ နင့်ရဲ့ ေ-ာက် မျက်လုံးတွေကို အခု ဖွင့်စမ်း။ ဆက်ပြီး သေချင်ယောင် ဆောင်နေသေးရင်။ ငါနင့်ကို အခု ချက်ခြင်း သတ်မယ်။ ” ရှန်းယွီ ဒေါသတကြီးနဲ့ ပြောတယ်။

တိတ်ဆိတ်နေတယ်။ လုံးဝကို တိတ်ဆိတ်နေတုန်းပဲ။ ဖန်ကျန်းရှှီက မလှုပ်ရှားဘူး။ စစ်သူကြီးတွေ အားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။ ဖန်ကျန်းရှီ သတိမေ့နေတုန်းဆိုတာ အသေအချာကြီးပဲကို။ ဘာကြောင့်များ မင်းသမီးက သူ့ကို နိုးနေပြီလို့ အခိုင်အမာပြောနေရတာလဲ။

“ ကောင်းပြီလေ။ သေလိုက်တော့ ” ရှန်းယွိ မင်းသမီး ထိုင်ခုန်ကနေ ခုန်ထလိုကတယ်။ ဖန်ကျန်းရှီ ရဲ့ ရှေ့ကို ရောက်သွားတယ်။ အဲ့ဒီ့နောက် သူမရဲ့ ပေါင်ပေါ်မှာ ချိတ်ထားတဲ့ ဓားမြောင်ကို ဆွဲထုတ်လိုက်တယ်။ အဲ့ဒီ့နောက် ။ ဖန်ကျန်းရှီ ရဲ့ လည်ပင်းကို ချိန်ထားလိုက်တယ်။

“ မင်းရဲ့ မျက်လုံးတွေကို ဖွင့်လိုက်။ မဟုတ်ရင် ငါ မင်းကို သတ်မယ်။”

တိတ်ဆိတ်နေတယ်။ ဖန်ကျန်းရှီက မလှုပ်ရှားဘူး။

“ အရှင်မင်းသမီး။ ကျွန်တော်တို့ရဲ့ မြို့တော်က ဝန်းရံခံထားရပြီ။ နောက်ပြီးတော့ အမိန့်တော်လည်း ရောက်လာခဲ့ပြီ။ ဘာကြောင့်များ အပြင်လူ တစ်ယောက်ရဲ့ အကြံကို လိုအပ်နေအုန်းမှာလဲ။” စစ်သူကြီး တစ်ယောက် ဆက်မထိန်းထားတော့ တာကြောင့် မေးလိုက်တယ်။

“ အရှင်မင်းသမီး။ သူက လုံးဝကို သတိလစ် မေ့ေ့မြာနေတာပဲ။ အကယ်၍ သူ နိုးလာရင်တောင်။ သူ့ရဲ့ အမြင်က ကျွန်တော်တို့ထက် ပိုကောင်းမှာလား။” နောက်ထပ် စစ်သူကြီး တစ်ယောက် ပြောတယ်။

“ အကယ်၍ ငါရဲ့ ငွေဂျို ဝံပုလွေ ငါးရာကိုသာ မပေးလိုက်ရင်။ မိုးကြိုးခြင်္သေ့ ဒေသကို နင် သိမ်းနိုင်မှာလား။ နောက်ပြီးတော့ ကြီးမြတ်သော ရှမင်းဆက်ရဲ့ စစ်သည်တော် ငါးသောင်းလည်း နင့်လက်ထဲ ရောက်လာမှာလား။ ” ရှန်းယွီ မင်းသမီးက စစ်သူကြီး နှစ်ယောက်ကို ကြည့်တယ်။ သူမရဲ့ ဓားမြှောင်ကို ပြန်မြှောက်လိုက်တယ်။ ဖန်ကျန်းရှီရဲ့ ရင်ဘတ်နဲ့ တစ်ပေအကွာထိ မြင့်သွားခဲ့တယ်။ ဒါက သိပ်ပြီး ကျေနပ်စရာ ကောင်းတဲ့ အကွာအဝေးတော့ မဟုတ်ဘူး။ ဒါပေမယ့် ဘယ်စစ်သူကြီးကမှ ဒါကို သတိမထားမိခဲ့ဘူး။ ရှန်းယွီ မင်းသမီး ရဲ့ စကားလုံးတွေ ကြောင့် သူတို့ တွေးတောမိနေကြတယ်။ ဖန်ကျန်းရှီရဲ့ အောင်မြင်မှုတွေ အကြောင်းကို သူတို့ ကြားဖူးတယ်။ ဒါပေမယ့် ကြားဖူးရုံနဲ့ လက်ခံနိုင်မယ်လို့ မထင်ထားမိဘူး။

“ သူက စာမေးပွဲ ရဲ့ ဖြေဆိုသူ တစ်ယောက်ပဲလေ။ နောက်ပြီးတော့ ကျွန်တော်တို့ရဲ့ စစ်သည်တော် တွေ အစွမ်းနဲ့ မင်းသမီး ရဲ့ အမိန့်ပြားကို သုံးသွားတာ။ ဒါကြောင့် ဘာလို့များ….” စစ်သူကြီး တစ်ယောက်က သေးသေးလေး ဝင်ထောက်ပြတယ်။

“ ဖြေဆိုသူ တစ်ယောက် ဟုတ်လား။ ကောင်းပြီလေ။ လေတောင်ကြား အကြောင်းကရော ဘယ်လိုလဲ။ နှစ်ရာချီ ဘယ်သူမှ မထိုးဖောက် နိုင်တဲ့ နေရာကြီး။ မင်းဆိုရင်ကော ထိုးဖောက်နိုင်မှာလား။” ရှန်းယွီ မင်းသမီး ဖိနှိပ်ပြီး ပြောတယ်။

တိတ်ဆိတ်သွားတယ်။ ဒီ အချိန်မှာတော့ ပြန်ဖြေသံမကြားရဘူး။ ဒါက ငြင်းမရတဲ့ အကြောင်းရင်းတစ်ခုပဲ ။ လေတောင်ကြားက တောင်ပိုင်းဒေသ အတွက် သဘာ၀ အတားအဆီး တစ်ခုပဲ။ ဒါပေမယ့် ဖန်ကျန်းရှီ ကဖြတ်ကျော်နိုင်ခဲ့တယ်။ ဒါက ဘယ်သူမှ ြင်းလို့ မရတဲ့ အမှန်တရားပဲ။

“ ဖန်ကျန်းရှီ ။ တောင်ပိုင်းဒေသ ရဲ့ မြို့တော်က ဝန်းရံခံထားရပြီ။ ထပ်ပြီး အချိန်ကုန်ခံလို့ မရတော့ဘူး။ ငါ့အတွက် ထွက်လမ်းသာ ရှာပေးလိုက်ရင်။ နင့်ကို … စစ်သူကြီး ဖြစ်အောင် လုပ်ပေးမယ်။ ဘယ်လိုလဲ။ ” ရှန်းယွီ မင်းသမီး အံကြိတ်ရင်း ပြောလိုက်တယ်။

“ စစ်သူကြီးလား။”

“ မင်းသမီး … ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ သူက အရမ်း ငယ်လွန်းသေးတယ်။ ”

စစ်သူကြီးတွေ မယုံ မကြည်နိုင်ဖြစ်နေတယ်။ ဒီအဆင့်က အရမ်းကို မြင့်လွန်းတယ်။ ကြီးမြတ်သော ရှမင်းဆက် မှာဆို အဆင့်နှစ် အမတ်မင်းနဲ့တောင် ညီမျှတယ်။”

တိတ်ဆိနေတုန်းပဲ။ ဖန်ကျန်းရှီက မလှုပ်ရှားဘူး။

“ကောင်းပြီလေ။ ကောင်းပြီ ကောင်းပြီ။ ဖန်ကျန်း၇ှီ။ ဒါက မလုံလောက်သေးဘူးလား။ တောင်ပိုင်းဒေသ ကာကွယ်ရေးဦးစီးမှူးချုပ် ဆိုရင်ကော ဘယ်လိုလဲ။ နင် ငါတို့ကို သစ္စာ ရှိနေသရွေ့ ဒီ ရာထူးက နင့်အတွက်ပဲ။ ” ရှန်းယွီ မင်းသမီး ဆက်ပြောနေတယ်။ ဒေါသထွက်လွန်းလို့ သူမရဲ့ ခြေထောက်တွေတောင် တုန်ယင်နေပြီ။

စစ်သူကြီးတွေလည်းဒါကို ကြားတော့ ဒူးတုန်နေတယ်။ စစ်မက်ရေးရာ အကြီးအကဲတဲ့လား။ ဒါသာ တကယ် ဖြစ်လာခဲ့ရင်။ လောကကြီးကို ထိတ်လန့်စေမှာ အမှန်ပဲ။ အသက်ဆယ့်ခြောက်နှစ် အရွယ် ကာကွယ်ရေးဦးစီးမှူးချုပ် ။ ဖန်ကျန်းရှီကတော့ ပြိုင်ဘက်ကင်းတော့မှာပဲ။ ဒါပေမယ့် ဒီ ကမ်းလှမ်းချက်တွေက အလုပ်ဖြစ်ဟန် မရှိ။ တဲထဲမှာ ရှန်းယွီ မင်းသမီးရဲ့ ဒေါသတကြီး အော်သံ နဲ့ အသက်ရှူသံ တစ်ချို့ကလွဲပြီးတော့ မကြားရဘူး။

“ အမိန့်ပေးမယ်။ သုခမိန်တောင်တန်း မြို့တော်ကို ကယ်တင်မယ်။ ဒိကောင့်ကိုတော့ အပြင်ဆွဲထုတ်ပြီး ဝံပုလွေ စာ ကျွေးလိုက်။ ” ရှန်းယွီမင်းသမီး နောက်ထပ် မစောင့်တော့ဘူး။

“အမိန့်တော် အတိုင်းပါ အရှင်မင်းသမီး။” စစ်သူကြီးတွေ တညီတညွှတ်တည်း ပြောကြတယ်။

ဒီအချိန်မှာပဲ။ ရှန်းယွီ မင်းသမီး ခြေထောက်နားကနေ ။ လေးတွဲ့တွဲ့အသံ တစ်ခုကို ကြားလိုက်ရတယ်။ ဒါက ပြင်းထန်နေတဲ့ အခြေအနေ အတွက် အချိန်ကိုက်ထွက်ပေါ်လာတာပဲ။

“နေစမ်းပါအုန်း။ ငါ မထချင်လို့ မဟုတ်ဘူး။ ဒါပေမယ့် မင်းရဲ့ ကမ်းလှမ်းချက်တွေက စိတ်ဝင်စား စရာမှ မကောင်းပဲ။ ဘယ်လို ငါက ထရမှာလဲ။ ”

တိတ်ဆိတ်သွားပြန်တယ်။ လူတိုင်း မျက်လုံးပြူးနေကြတယ်။ သူတို့ မျက်လုံး အကြည့်က ဖန်ကျန်းရှီ ရောက်နေတယ်။

“ စိတ်ဝင်းစရာမကောင်းတဲ့ ကမ်းလှမ်းချက်တွေ ဟုတ်လား။

“စိတ်ဝင်စားစရာ မကောင်း ဘူးလို့ ဒီ ကောင် ပြောလိုက်တာလား။”

စစ်သူကြီးတွေ ဒေါသထွက်ကုန်တယ်။

“ ကာကွယ်ရေး ဦးစီးချုပ် နေရာက။ စိတ်ဝင်စားစရာ မကောင်းရင်။ ဒီကောင်က ဧကရာဇ် ဖြစ်ချင်နေတာလား။” ဖန်ကျန်းရှီက သူတို့ ရဲ့ အိမ်မက် ထဲမှာတောင် မရောက်နိုင်တဲ့ နေရာကို ငြင်းပယ်လိုက်တာ။

“နေစမ်းပါအုန်း။ ဒီကောင် လိုချင်တာ….” စစ်သူကြီးတစ်ယောက် ရုတ်တရက် အတွေးပေါက်သွားတယ်။ ရှန်းယွီ မင်းသမီး ကို ကြည့်ရင်း လှမ်းအော်တယ်။ “ မဖြစ်ဘူး။ ဒါမျိုး ဖြစ်လို့ မရဘူး။ အရှင်မင်းသမီး။ “ ဒီကောင့်ုကို လက်မထပ်ရဘူး”

“ ဒီကောင့်ကို လက်ထပ် ???” ရှန်းယွီ မင်းသမီး အထိတ်တလန့်နဲ့ ဖန်ကျန်းရှီကို ကြည့်တယ်။ ဒီ ကောင်စုတ်က အရှက်မရှိတာ ကမ်းကုန်တဲ့တောင်။ ဘာလို့ သူက လက်ထပ် ရမှာလဲ။ တာအို နိယာမကို ဒီကောငက အရမ်းကျေညက်တယ်။ အကယ်၍ ဒီကောင်သာ တောင်ပိုင်းဒေသမှာ သစ္စာရှိရှိ ဆက်နေရင် ။ သူတို့ကိုလည်း တာအိုနိယာမ ပိုနားလည်အောင် လုပ်ပေးနိုင်လိမ့်မယ်။ နောက်ပြီးတော့ စစ်မှုရေးရာ လည်း ကျွမ်းကျင်တယ်။ အသက် ၁၆ နှစ်အတွက် သဘာဝလွန် အဆင့် ကျင့်ကြံသူတစ်ယောက်။

အကယ်၍ တောင်ပိုင်းဒေသ ကာကွယ်ရေးဦးစီးမှူးချုပ်သာ ဖြစ်လာခဲ့ရင် ။ ငါတို့ကို သစ္စာ၇ှိမှ ရမယ်။ မဟုတ်ရင်။ အနာဂတ်မှာ ပြဿနာ အကြီးကြီး တက်လိမ့်မယ်။ ဖြစ်နိုင်တာက …..

“ အာ….. တော်စမ်းပါ။ ငါ့ရဲ့ မိန်းမက နူးညံ့သိမ်မွေ့ပြီးတော့ အ၇မ်းချစ်စရာကောင်းတဲ့ သူပဲ ဖြစ်ရမှာပေါ့။ ငါတို့ရဲ့ ကလေးတွေကိုလည်း ပြုစုပျိုးထောင်၇မယ်။ အိမ်မှုကိစ္စတွေလည်း လုပ်ရမှာလေ။ ဒီလို မိန်းမကြမ်း မင်းသမီး မျိုးတော့ မလိုချင်ပေါင်….” ဖန်ကျန်းရှီ စကားတောင် မဆုံးလိုက်ဘူး။

သူ့လည်ပင်းပေါ်ကနေ ဓားတစ်ချောင်း ဖြတ်သွားခဲ့ပြီ။ ထက်ရှတဲ့ ဓားက သူ့ပါးစပ်ကို ပိတ်သွားစေတယ်။ စစ်သူကြီးတွေ မျက်လုံးပြူးပြီးကြည့်နေခဲ့တယ်။ သူတို့စိတ်ထဲမှာ အတွေးတစ်ခုပဲ ၇ှီတယ်။

ဖန်ကျန်းရှီတော့ အသေဆိုးနဲ့ သေတော့မယ်။ ဒါပေမယ့် ဆယ့်ငါးမိနစ် ကြာသွားတာတောင်။ ဖန်ကျန်းရှီက အသက်၇ှင်နေတုန်းပဲ။ ဒါပေမယ့် သူ့လည်ပင်းမှာ ဒဏ်ရာရှိနေဆဲ။ အရှိန်ပြင်းပြင်းနဲ့ ပျောက်ကွယ်နေတဲ့ ဒဏ်ရာ။

“သဘာဝလွန်အဆင့်။”

“ဒီကောင်စုတ်လေးက တကယ်ပဲ သဘာဝလွန် အဆင့်ေ ရာက်နေတာ”

“ အသက် ၁၆ နှစ်အရွယ် သဘာဝလွန် အဆင့်ကျင့်ကြံသူ။ ဒါက အမှန်ပဲ။“

တန်ရှီရှန်း ပြောတာကို သူတို့ကြားဖူးတယ်။ ဒါပေမယ့် မဖြစ်နိုင်တဲ့ ပုံပြင်တစ်ပုဒ်လို့ ထင်ထားခဲ့တာ။ ကိုယ်တိုင်မျက်လုံးနဲ့ မြင်ရတာ ကတော့ အတော်လေးကွာခြားတယ်။ ရှန်းယွီ မင်းသမီးက သူ့ ဓားမြောင်ကို ပြန်ဖယ်လိုက်တယ်။ နှုတ်ခမ်းကို ဖိကိုက်ထားတာကြောင့်။ နှှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာတယ်။

အကယ်၍ သူမသာ ယွင်ချင်းဝူရဲ့ အစီအစဉ်ကို ထွင်းဖောက်မြင်နိုင်ရင်။ ဒီလို အခြေအနေ ထိ ဖိအားပေးစရာ မလိုဘူး။

အကယ်၍ သူမရဲ့ နိုင်ငံကြောင့်သာ မဟုတ်ရင်။ ဖန်ကျန်းရှီကို နောက်ထပ် မျက်တောင်ခတ်ခွင့်တောင် ပေးတော့မှာ မဟုတ်ဘူး။ နေစမ်းပါအုန်း။ ဒီကောင်က ဘာလို့ ဒီလောက်တောင် မျက်တောင် ခတ်နေတာလဲ ။ ဖန်ကျန်းရှီ ကြည့်နေတဲ့ နေရာကို သူမ လိုက်ကြည့် မိတော့။ တစ်ချိန်တည်းမှာပဲ ဖြူဖျော့သွားတယ်။ အဲ့ဒီ့နောက် သူမ မျက်နှာ ရဲရဲနီသွားခဲ့တယ်။

အပိုင်း(၄၁၂) ပြီး၏။

အပိုင်း(၄၁၃)

“ နတ်ဆိုးတို့ရဲ့ အစီအစဉ်။” .

…

ဖန်ကျန်းရှီက တကယ်တော့ အပြစ်တင်ချင်တာ မဟုတ်ဘူး။ ဒါပေမယ့် ရှန်းယွီမင်းသမီး ဘာတွေ တွေးနေမှန်းမှ မသိတာ။ ပြောနိုင်တာက ။ ကိုယ့်လည်ပင်းကို ဓားနဲ့ ထောက်ထားတဲ့သူရှိရင် ။ ဘယ်သူက မျက်လုံးဖွင့်မှာလဲ။ မတရားလုပ်နေတဲ့ လူကိုဘယ်သူက ကြည့်ရဲမှာလဲ။ ဒါက ပုံမှန် တုံ့ပြန်မှုပဲလေ။ ဒါပေမယ့် ရှန်းယွီမ င်းသမီးက သူ့ရင်ဘတ်ကို ခြေထောက်နဲ့ဖိထားတာ။ ရှုထောင့် အနေအထားကတော့ ကွက်တိပဲ။

ဒီအချိန် တစ်လျှောက်လုံးမှာ။ ဖန်ကျန်းရှီ တွေးနေမိတာက။ တောင်ပိုင်းဒေသ အမျိုးသမီးတွေ သူတို့ အကျီအောက်မှာ ဘာများ ဝတ်သလဲလို့။ အခုတော့ သူ့ရဲ့ မေးခွန်းက ဖြေပြီးသား ဖြစ်သွားပြီ။ ဒါပေမယ့် လည်း သူ ကျယ်ကျယ် မပြောရဲဘူး။ ဒီအခန်းထဲက စစ်သူကြီးတွေက သူ့ခေါင်းကို ဖြတ်ပြစ်ဖို့ အကြောင်းပြချက်ကို ရှာနေခဲ့တာ။

ရှန်းယွီမင်းသမီးက လှပပြီး ဆွဲဆောင်မှုရှိတယ်။(ဟော့တယ်။) ဒါပေမယ့် ကြမ်းတမ်းလွန်းတယ်။ ဖန်ကျန်းရှီ ဒီ တစ်သက် မမေ့နိုင်တော့တဲ့ အကြောင်းတစ်ခုကတော့။ ကိုယ့်အပေါ်မှာ အမျိုးသမီး တစ်ယောက်ရှိနေတာ အတော်လေးကို ကန့်သတ်မှု များလွန်းတယ်။ ဒါကြောင့် သူလည်း ထပ်မပြောတော့ဘူး။ ရှန်းယွီ မင်းသမီးကိုကော။ တခြားသော စစ်သူကြီးတွေကိုပါ အထင်လွဲသွားတာမျိုး မဖြစ်စေချင်ဘူး။ ဖန်ကျန်းရှီ သူမကို သတိပေးလိုက်ချင်တယ်။

“ မင်း အောက်မှာ ဘာမှ မဝတ်ထားဘူး။”

ဒါပေမယ့် သူ့ဘည်ပင်းပေါ်က ဓားက ချွန်ထက်လွန်းတယ်။ အသက်တောင်မရှူနိုင်ဘူး။ စကားပြောဖို့ဆိုတာဝေး။ ဘယ်လို လှုပ်ရှားမှု မျိုး မဆို သူ့ကို သေစေနိုင်တယ်။ နောက်ပြီးတော့။ သူ့ရဲ့ ပတ်ပတ်လည်ကို စစ်သူကြီးတွေ အများကြီးက ဝန်းရံထားခဲ့တာ။ အကယ်၍ သူသာ တဲတစ်ခုလုံးကို သူမြင်လိက်တဲ့ အရာအကြောင်း ပြောလိုက်မယ် ဆိုရင်….. ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲ။ ဒါကြောင့် ဖန်ကျန်းရှီ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက မျက်တောင် ခတ်တာပဲ။ ရှန်းယွီမင်းသမီးကို ကြည့်ရင်း မျက်တောင် ဆက်တိုက် ခတ်နေခဲ့တယ်။ သူမ ငုံ့ကြည့်လာအောင် အရိပ်အမြွက်ပြနေခဲ့တယ်။ ဒါက သိသာပါတယ်။

“ မင်း အောက်မှာ ဘာမှ ဝတ်မထားဘူး။ နေရာပြောင်းလိုက်။ ဒါက မကောင်းဘူး။”

ဒါက ဖန်ကျန်းရှီ တွေးနေတာပဲ။ ဒါပေမယ့် ရှန်းယွီအတွက်တော့ ဖန်ကျန်းရှီရဲ့ အပြုအမူက တစ်ခုကိုပဲ ဆိုလိုတယ်။ ဖန်ကျန်းရှီက အူလည်လည် ဖြစ်နေတာ။ တောင်ပိုင်းဒေသမှာ ကြီးပြင်းလာသူတစ်ယောက် အနေနဲ့။ ရှန်းယွီမင်းသမီးက ကြီးမြတ်သောရှမင်းဆက်က လူတွေထက် ပိုပြီး လွတ်လပ်တဲ့ အတွေးအခေါ်ရှိတယ်။ သူမသဘောကျတဲ့ လူကို ဝန်ခံဖို့လည်း ရှက်ကြောက်နေမှာမဟုတ်ဘူး။ လက်မထပ်ခင် အတူတူနေတာကိုလည်း စိတ်ထဲမထားဘူး။ ဒါပေမယ့် သူ့နိုင်ငံက မဟုတ်တဲ့ လူတစ်ယောက်က သူမရဲ့ ကိုယ်ပိုင်နေရာကို ကြည့်နေတာကတော့ သည်းမခံနိုင်လောက်စရာပဲ။ နောက်ပြီးတော့ ဒီလူက သူမကို ကြမ်းတမ်းတယ်။ မိန်းမမဆန်ဘူးလို့ ပြောထားတာ။

ပြီးတော့ အခုပဲ စိုက်ကြည့်နေတယ်။ အရှက်မရှိလိုက်တာ။ ဖန်ကျန်းရှီရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပြီးတော့ အရက်နဲ့ မြည်းပလိုက်ချင်တယ်။ ဒါပေမယ့်လည်း အခုချိန်မှာ ဒီဆန္ဒကတော့ မပြည့်မြောက်နိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ အတော်လေးကို ခက်ခဲပြီး ထွက်ပေါက်မရှိတဲ့ အခြေအနေမှာ ရောက်နေတာကြောင့်ပဲ။ တခြားအရာအားလုံးက ဒုတိယနေရာမှာပဲ။

“ဖန်ကျန်းရှီ။ အကယ်၍ နင်သာ ကျေနပ်လောက်တဲ့ အကြံဉာဏ် မပေးနိုင်ရင်။ တဲကနေ ထွက်သွားဖို့ မေ့ထားလိုက်တော့။” ရှန်းယွီ မင်းသမီး အံကြိတ်ရင်း နဲ့ ဓားကို ပြန်သိမ်းတယ်။

ဖန်ကျန်းရှီရဲ့ ရင်ဘတ်က ဖိအား ပျောက်ကွယ်သွားပြီ။ သူ သက်ပြင်းချလိုက်တယ်။ ဒါက သူ လုပ်နိုင်တဲ့ အကောင်းဆုံး အလုပ်ပဲ။ အခုချိန်မှာ ဖက်ထုပ်လိုမျိုး လိပ်ထားတာကို ခံနေရတာလေ။ လေတောင်ကြားရဲ့ တောင်ကုန်းပေါ်မှာ သတိလစ်သွားပြီးနောက်။ ဘယ်လိုများ ရှန်းယွီမင်းသမီး ဆွေးနွေးတဲ့ တဲကို ရောက်လာရတာလဲ။

ဖန်ကျန်းရှီ စဉ်းစားမရပေမယ့် ။ ခေါင်းသုံးပြီးတော့ တွေးတောလိုက်တယ်။ တန်ရှီရှန်း ခေါ်လာတာပဲ ဖြစ်ရမယ်။ တန်ရှီရှန်းနဲ့ သူ့စစ်သည်တော်တွေကို ဖန်ကျန်းရှီ လက်ထဲ အပ်လိုက်တာလဲ ။ မျက်ခြေမပြတ်စောင့်ကြည့်ဖို့ပဲ။ ဒါကိုသူသိထားပြီးသား။ ရှန်းယွီမင်းသမီးက သူ့ကို ငွေဂျိုဝံပုလွေ ငါးရာ ပေးပြီး စာမေးပွဲ ဝင်ဖြေခိုင်းတယ်။ ဒါကြောင့် စာမေးပွဲက အယောင်ပြသက်သက်ဆိုတာ သူသိမှန်း သေချာနေတာပဲ။ ဒီလိုနည်းနဲ့ သူမ လိုအပ်တဲ့ အတွင်းသတင်းတွေ အကုန်လုံးကိုလည်း ရနိုင်တယ် ။ ဒုတိယ အကြောင်းရင်းကတော့ ဖန်ကျန်းရှီက သူတို့ကို ဂရုမစိုက်လို့ပဲ။

အခုချိန်မှာ ဖန်ကျန်းရှီ ဖြေရှင်းဖို့ ပိုကြီးတဲ့ ပြဿနာရှိနေပြီ။ ဒီနေရာကနေ အသက်ရှင်လျက်ထွက်သွားရမယ်။ တဲထဲမှာ စစ်သူကြီးတွေ အားလုံးက ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ရှန်းယွီ မင်းသမီးကတော့ သူ့ ရည်ရွယ်ချက်ကို ရှင်းအောင်ပြောပြီးပြီ။ဒါကြောင့် ဒီ ကောင်စုတ်လေး ဘာလုပ်မလဲ သိချင်တယ်။ သူတို့ရဲ့ လက်ရုံးရည်ပြည့်ဝနေတဲ့ ဦးဏှောက်တွေထက် ဒီ ကလေးက ဘာများ ပိုကောင်းနိုင်အုန်းမှာလဲ။ သူတို့ အားလုံး ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။

ဖန်ကျန်းရှီကတော့ ဖိအားတွေ တက်လာကို ခံစားရတယ်။ သူ့လည်ပင်းတောင် ကိုက်ခဲလာတယ်။ ဒါကတော့ ဒဏ်ရာ ပြန်လည်ကုသနေတဲ့ လက္ခဏာတစ်ခုပဲ။

“ ငါ့ကို ချည်ထားတဲ့ ကြိုးတွေကနေ အရင်ဆုံး လွှတ်ပေးပါအုန်း။”

“ ကြိုးတဲ့လား။ ဒါကက နှစ်တစ်ထောင် သားရဲထောင်ပဲ။ ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူတွေ တေ ာင် မဖြတ်နိုင်ဘူး။ ”

ဒီချိတ်ပိတ်မှုကို ယူလာခဲ့ စစ်သူကြီးတော့ ဒေါသထွက်နေပြီ။ သူ့ရဲ့ ရတနာ ကို ကြိုးအဖြစ် အဆင့်နှိမ့်ခံလိုက်ရတယ်။ ဒါပေမယ်လည်း အခုချိန်မှာ သူဘာမှ လုပ်မရဘူးလေ။ နောက်ဆုံးတော့လည်း ပတ်ပတ်လည်မှာ စစ်သည်တော် ဒါဇင်ချီက မင်းသမီးကို ကာကွယ်ဖို့ ရှိနေတာ။ ဒါကြောင့် ချုပ်နှောင်ထားစရာလည်း လိုမှာ မဟုတ်ဘူး။ ဖန်ကျန်းရှီကို လွတ်ပြီ။

“ ပြန်လည်မွေးဖွားမှု အဆင့်ကျင့်ကြံသူကိုတောင် ဖမ်းထားလို့ ရတယ်။ ဘယ်လောက်တောင် အင်အားကြီးသလိုက်လဲ။” ဖန်ကျန်းရှီ သူ့လက်ထဲက အရာကို ကြည့်ရင်း ပြောတယ်။ ပြီးတော့ သိမ်းလိုက်တယ်။

“ဟေ့။ အဲ့တာက ငါ့ ဥစ္စာ။” ဖန်ကျန်းရှီရဲ့ လုပ်ရပ်ကြောင့် စစ်သူကြီး အမူအယာ ပြောင်းသွားတယ်။

“ ဘာ … ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒါက ခုနကတုန်းကပဲ ငါ့ကို ချုပ်ထားတာ။” ဖန်ကျန်းရှီ အပြစ်ကင်းစင်တဲ့ ပုံစံလေးနဲ့ ရှင်းပြတယ်။

“ မင်း …. ဒါက မင်းသမီးကို ငါ ဆက်သထားတဲ့ လက်ဆောင်ပဲ။ ”

“တော်သင့်ပြီ။” ရှန်းယွီမင်းသမီးက စစ်သူကြီးကို ဖြတ်ပြောတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို လှည့်ကြည့်တယ်။

“ဖန်ကျန်းရှီ။ သားရဲထောင်က ပျက်သွားပြီ။ နင့်ရဲ့ အမြင်ကိုပြောစမ်း။”

“ အပေးအယူလုပ်ဖို့ လိုအပ်တာတွေ ဆွေးနွေးရအုန်းမှာပေါ့။” ဖန်ကျန်းရှီက သူ တစ်ခုမှ မလုပ်ခင်။ သူ့ရဲ့ အခြေအနေ အတွက် အရင်ပြင်ဆင်ရအုန်းမယ်လေ။ ဒါပေါ့။ သူ့အတွက်သူ အချိန်ဆွဲရမယ်လေ။ တကယ်တော့ အကုန်လုံးကို သူကြားထားပြီးပြီ။ ရှင်းရှင်းလင်းလင်းကို ကြားထားပြီးတာ။

“ သုခမိန်တောင်တန်း မြို့တော်က နတ်ဆိုး ငါးသောင်း ဝန်းရံတာကို ခံထားရပြီ။ တောင်ပိုင်းဒေသ ရဲ့ အိမ်ရှေ့စံက မင်းသမီးကို လာကယ်ဖို့ အမိန့်ချလိုက်တယ်။ ”

ဒီနေရာမှာ ဘာပြောဖို့ လိုအုန်းမှာလဲ။ သူမသွားဖို့ လိုတယ်။ အကယ်၍ ဖန်ကျန်းရှီသာ သူမနေရာမှာ ဆိုရင်။ တစ်ချက်လေးတောင် မတွေဝေပဲ အမိန့်ပေးမိမှာပဲ။ “ညီနောင်တို့။ ငါတို့ နိုင်ငံကို ကယ်တင်ရမယ့် အချိန်ပဲ။ တက်ကြ။ နတ်ဆိုးတွေကို တိုက်ခိုက်မယ်။” ဒါပေမယ့် သူ မပြောနိုင်ဘူး။ ပထမတစ်ချက်က။ သူနဲ့ သူမ နေရာမတူဘူး။ ဒုတိယ တစ်ချက်ကတော့ ဒီအမြင်ကို တခြားစစ်သူကြီးတွေ အကုန်လုံးလည်း ပြောပြီးပြီ။ သူက ဘယ်လိုများ ဒါကို ပြောနိုင် အုန်းမှာလဲ။

ရှန်းယွီမင်းသမီးက ကျေနပ်စရာ အဖြေကို လိုချင်တာ။ ဒါကြောင့် တခြားသူတွေ ရဲ့ အဖြေတွေက သူမကို မကျေနပ်စေတာ သေချာလွန်းတယ်။ ဒါဆိုလည်း ကောင်းပြီလေ။ အမိန့်က မြို့တော် အတွက် စစ်ကူလာပေးဖို့ပဲ။ မင်းက ဘာကြောင့်များတွေဝေနေသေးတာလဲ။ ဖန်ကျန်းရှီ သတိလစ်ချင်ယောင် ဆောင်နေတာ ဒါမျိုးတွေ ထမအော်ချင်လို့ပဲ။ သူ့မှာတခြား အကြံဉာဏ်လည်း မရှိဘူး။ မရှိတာကိုလည်း ပြောလို့ မရဘူး။ အကြပ်အတည်း ဖြစ်လိုက်တာ။

ဒီလိုအခြေအနေတွေကို ဖန်ကျန်းရှီ မကြိုက်ဘူး။ အရမ်းအရမ်းကြီးတွေးဖို့ လိုတယ်။ သူ့ အမြင်ကတော့ ရိုးရှင်းတယ်။ အမိန့်အတိုင်းသာ လုပ်။ ဒါပေမယ့် မင်းသမီးက မလုပ်ချင်ဘူး။ ဒါကြောင့် နောက်တစ်ခုကို ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။ မတိုက်ခိုက်ဘူးလား။ ဒါဆိုပြေးတော့။ အကယ်၍ နတ်ဆိုးတွေသာ သုခမိန်တောင်တန်း မြို့တော်ကို တိုက်ခိုက်မယ်ဆိုရင်။ မင်းတို့လည်း သွေးအရိပ် မြို့တော်ကို သွားတိုက်လှည့်။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အလှည့်အပြောင်းလဲ။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အစီအစဉ်လဲ။ အတွေးတစ်ခုက ဖန်ကျန်းရှီရဲ့ စိတ်ထဲ ရောက်လာခဲ့တယ်။ အတော်လေးကို ထူးဆန်းတဲ့ အတွေးပဲ။ ဒါပေမယ့် သူ့နဖူးမှာ ချွေးစေးတွေ ပြန်လာခဲ့တယ်။

“ ဖန်ကျန်းရှီ အခုက အရေးကြီး ကိစ္စ ဖြစ်နေပြီ။ ငါနဲ့ ဆက်ပြီး ဆွေးနွေးချင်သေးတယ်လား။ ကောင်းပြီ။ ပြော…။ နင်ဘာလိုချင်လဲ။”

ဖန်ကျန်းရှီပြောတာကြားတော့ ရှန်းယွီ ဒေါသ ထွက်သွေားတယ်။ ဒါပေမယ့် သူမမှာ ရွေးချယ်စရာမရှိဘူး။ ဖန်ကျန်းရှီက ဆက်ပြီး တိတ်ဆိတ်နေတယ်လေ။ ဒါပေါ့။ မင်းသမီး တစ်ယောက် အနေနဲ့။ ဖန်ကျန်းရှီ စိတ်ကျေနပ်စေဖို့ နည်းလမ်းတွေ အများကြီးရှိတယ်။ တောင်းဆိုချက်တွေက အဆင်ပြေနေသေး သရွေ့ လိုက်လျောနိုင်တယ်။ အကယ်၍ အကျိုးအကြောင်းမဆီလျော်ရင်တောင် သူမ လိုက်လျောနိုင်တယ်။ ပြီးတော့မှ လက်စားပြန်ချေလို့ရတယ်လေ။ အရှက်မရှိတဲ့ ကောင်နဲ့ ဆွေးနွေးရတဲ့ အချိန်မှာ ။ ဆွေးနွေးသူက ပိုပြီး အရှက်မရှိဖို့ လိုတယ်။ ဒါပေါ့။ ဖန်ကျန်းရှီက နတ်ဆိုးတွေရဲ့ အစီအစဉ်ကို ထွင်းဖောက်ပြီး မြင်နိုင်တယ်။ နောက်ပြီးတော့ ဒီအခြေအနေ အတွက်လည်း အစီအစဉ်ချပေးနိုင်မှာပဲ။ ရှန်းယွီ စိတ်ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ဖန်ကျန်းရှိကတော့ သူမ ပြောနေတာကို မကြားတဲ့ အတိုင်းပဲ။ နေရာကနေ ထရပ်တယ်။ နဖူးက ချွေးတွေကို သုတ်တယ်။

“ အိုး မဖြစ်ဘူး။ မဖြစ်ဘူး။ မဖြစ်ဘူး။ ငါတို့ တော့ ပြဿနာ အကြီးအကျယ် တက်ပြီ။ တောင်ပိုင်းဒေသတော့ သေပြီပဲ။ မဟုတ်ဘူး။ တောင်ပိုင်းဒေသ တစ်ခုတည်းတင် မကဘူး။ ဒါက နတ်ဆိုးတွေနဲ့ ကြီးမြတ်သော ရှမင်းဆက် ကြားက တိုက်ပွဲပဲ။ ” ဖန်ကျန်းရှီ ထအော်တယ်။ ရှန်းယွီမင်းသမီး ပြောတာကို သူ တစ်ခါမှ မကြားခဲ့ဖူးသလိုပဲ။

အပိုင်း( ၄၁၃)ပြီး၏။

အပိုင်း (၄၁၄)

“ ထိပ်တန်း အစီအစဉ်”

“ဘာပြောတယ်။ ဘာတွေ ဖြစ်နေတာလဲ။”

“ဟုတ်တယ်။ ငါတို့အစပိုင်းမှာ ရှုံးနိမ့်ရင်တောင် ။ အတူတူ တိုက်ခိုက်မယ်ဆိုရင် ။ နတ်ဆိုးတွေက တောင်ပိုင်းဒေသကို သိမ်းနိုင်မှာ မဟုတ်ဘူး။”

“နတ်ဆိုး ငါးသောင်းကို ငါက ဘာလို့ ကြောက်ရမှာလဲ။”

ဖန်ကျန်းရှီေ ပြာတာကြားတော့ စစ်သူကြီးတွေ မျက်မှောင်ကြုတ်သွားတယ်။ အရှုံးဆိုတာ သူတို့ရဲ့ အဘိဓာန်မှာ မရှိဘူး။ ဖန်ကျန်းရှီကတော့ အကြပ်အတည်း ထဲရောက်နေပြီ။ ရှန်းယွီမင်းသမီးက တော့ အတော်လေးကို စိတ်ပျက်လက်ပျက် ဖြစ်သွားတယ်။ သူမက ထိပ်တန်း အစီအစဉ်ကို မျှော်လင့်ထား တာ လေ။ သူမ အော်ဟစ်ဆူပူတော့မယ့်အချိန်မှာပဲ။ ဖန်ကျန်းရှီ စကားစလာတယ်။

“ မင်း သုခမိန်တောင်တန်း ဒေသကို သွားလို့မရဘူး။ မင်းသမီး။ မင်း သွားလို့ မရဘူး။” ရှန်းယွီ မင်းသမီး ရဲ့ လက်မောင်းကို ဆွဲယမ်းရင်း နဲ့ ဖန်ကျန်းရှီ ပြောတယ်။

“ဒီကောင် ဘာတွေ ပြောနေတာလဲ။”

“ ကျွန်တော်တို့က သုခမိန်တောင်တန်း မြို့တော်ကို မသွားရင်။ ဘုရင်မင်းမြတ်နဲ့ အိမ်ရှေ့စံကို ဘယလို လုပ်မလဲ။”

စစ်သူကြီးတွေ အားလုံး ဖန်ကျန်းရှီကို ဒေါသ အပြည့်နဲ့ ကြည့်နေခဲ့တယ်။ နောက်ဆုံးတော့လည်း သူတို့ရဲ့ ဘုရင်မင်းမြတ်က အခက်အခဲထဲ ကျရောက်နေတာ။ သုခမိန်တောင်တန်း မြို့တော်ကို မသွားရင်။ သူတို့က ဘယ်ကို သွားရမှာလဲ။ စစ်သူကြီးတွေ စိတ်ဆိုးနေပင်မယ့်။ ရှန်းယွီမင်းသမီး စကားမပြောဘူး။ ။ ဖန်ကျန်းရှီ က သူမကို ဆွဲယမ်းနေတာကြောင့်။ မူးဝေပြီး အော့အန်ချင်သလို ဖြစ်လာတယ်။ နောက်ထပ် အကြောင်းရင်းတစ်ခုကတော့။ ဖန်ကျန်းရှီ ပြောတာကို သူမ နားမလည် ပေမယ့် ။ သူ့အမြင်ကသူမ တို့နဲ့ မတူညီဘူး။ ဒါကြောင့် နားထောင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီက သူမကို ဆွဲယမ်းပြီးတဲ့နောက်။ မျက်မှောင်ကြုတ်သွားတယ်။ သူ့ဘာသူ တီးတိုးပြောနေခဲ့တယ်။

“ မဟုတ်ဘူး…. မဟုတ်သေးဘူး။ ဒါက … ဖြစ်သင့်တာ. … ။ မဟုတ်ဘူး။ အယ် ဟုတ်ပြီ။ ဒါတော့ လုံး၀ မှန်မှာပဲ။ နေစမ်းပါအုန်း တစ်ခုခုတော့ လွဲနေတယ်။”

ဖန်ကျန်းရှီ သူ့မှာရှိတဲ့ သတင်းတွေကို ပြန်ပြီး စူးစမ်းနေခဲ့တယ်။ ဘေးနားက ရှန်းယွီမင်းသမီးကတော့ ဘေးမှာရပ်နေရင်း စိတ်အတော်ရှုပ်နေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို တွန်းထုတ်တာတော့ မလုပ်ဘူး။ သူတွေးနေတာကို မနှောက်ယှက်ချင်ဘူးလေ။ နတ်ဆိုးတွေရဲ့ အစီအစဉ်ကို သူ တွေးတောဖို့ အချိန်လိုမှာပဲလေ။ ဉာဏ်ကြီးရှင်တစ်ယောက် တောင် ချက်ခြင်း အဖြေမထုတ်နိုင်ဘူး ။ နောက်ပြီးတော့ ဒီအစီအစဉ်ကို လုပ်ထားတဲ့ သူက ယွင်ချင်းဝူ ဖြစ်နေတယ်။ နတ်ဆိုးဘုရင်နဲ့ တောင် ယှဉ်နိုင်တဲ့ ဂုဏ်ရည်ရှိတဲ့သူ။

စစ်သူကြီးတွေက ပထမတော့ လှုပ်လှုပ်ရှားရှားဖြစ်နေကြတယ်။ ဒါပေမယ့် ရှန်းယွီမင်းသမီး တိတ်ဆိတ်နေတာတွေ့တော့။ ဖန်ကျန်းရှီကို သူတို့ မထိနိုင်ကြဘူး။ သူတို့လည်း စောင့်ဆိုင်းနေကြတယ်။

ဒါပေမယ့် သူတို့က အစီအစဉ်ကို စောင့်နေတာ မဟုတ်ဘူး။ ဖြေရှင်းချက်ကို စောင့်နေတာ။ ရှန်းယွီမင်းသမီးရဲ့ လက်မောင်းကို သူကိုင်ထားမိတာ ဖန်ကျန်းရှီ သူ့ကိုယ်သူ မသိသေးဘူး။ ယွင်ချင်းဝူရဲ့ ရည်ရွယ်ချက်ကို သူခန့်မှန်းနိုင်တယ်။ သူမဘယ်လို လုပ်သလဲ ဆိုတာကိုကောပေါ့။ ဒါပေမယ့် နည်းလမ်းအတိအကျနဲ့ အချိန်ကိုတော့ မတွက်ထုတ်နိုင်သေးဘူး ။ ဒါကြောင့် ဆက်ပြီးတွေးတောဖို့ အချိန်လိုတယ်။

အတော်ကြီးတွေးတောရလွန်းတာကြောင့် သူ့ရဲ့ လက်ချောင်းတွေက ဆက်တိုက် လှုပ်ရှားနေခဲ့တယ်။ အစတည်းကနေ အခုထိ။ ချွေးတွေကော ဆီတွေပါ သူ့လက်ထဲကနေ ထွက်လာနေတယ်။ အကြောင်းရင်းကို နီးကပ်လာလေ ။ သူ့စိတ်က ပိုပြီး လှုပ်ရှားလာလေပဲ။ စစ် ဘယ်လို ဖြစ်လာလဲ ဖန်ကျန်းရှီ မသိဘူး။ အကယ်၍ အေးခဲမျောက်မင်းဒေသ တိုက်ပွဲကြောင့်သာ မဟုတ်ရင်။ တည်မြဲတောင်ဂိတ်ကျသွားတာကို သူသိမှာ မဟုတ်ဘူး။ သူ့ရဲ့ သတင်းအချက်တွေက အကန့်အသက်ရှိတယ်။

ဒီအရာတွေ အားလုံးက ယွင်ချင်းဝူရဲ့ အစီအစဉ်ကို သူခန့်မှန်းတဲ့ အချိန်မှာ ခက်ခဲစေတယ်။ သတင်းအချက်အလက် မစုံလင်တာကြောင့်ပဲ ။ နတ်ဆိုးတွေ သုခမိန်တောင်တန်း ဒေသကို ဘာကြောင့် တက်သိမ်းလဲဆိုတာ မသိတာ။ အဲ့ဒီ့နောက် သွေးအရိပ်မြို့တော် အကြောင်းကို ပြန်တွေးမိတယ်။ အဲ့ဒီ့အခြေအနေကနေ လူတစ်ယောက်က သူ့ကို ဖယ်ရှားပေးခဲ့တယ်။ ပြောနိုင်တာကတော့။ ဒိအတွေးကိုသာ ထုတ်ပြောလိုက်ရင် ဒီနေရာမှာ အထောင်းခံရပြီး သေမှာပဲ။

ဒါကဖြစ်နိုင်လို့လား။ တောင်ပိုင်းဒေသက သွေးအရိပ်မြို့တော်ကို သိမ်းနိုင်ဖို့ဆိုတာ။ ဘယ်လိုတောင် အရတာလဲ။ ကြီးမြတ်သော ရှမင်းဆက်တောင်မှ သွေးအရိပ် မြို့တော်ကို မတိုက်ခိုက်ရဲဘူး။ အဲ့ဒီ့ မြို့က သုခမိန်တောင်တန်း ဒေသလို သေးသေးလေး မဟုတ်ဘူးလေ။ နတ်ဆိုး မျိုးနွယ်စု ဆယ်ခုရဲ့ စစ်တပ်ကြီးက အဲ့ဒီ့မှာ အခြေချထားတာ။ အရေအတွက် အတိအကျ ကိုတော့ ဖန်ကျန်းရှီ မသိဘူး။ ဒါပေမယ့် အနည်းဆုံးတော့ နှစ်သိန်းရှိမှာ သေချာတယ်။ ဒါက သင့်တော်တဲ့ အရေအတွက်ပဲ။ ဒါပေမယ့် တွေးကြည့်ရင်တောင်။ လန့်စရာကြီး။ ချွေးစေးတွေ ပျံလာခဲ့တယ်။ သုခမိန်တောင်တန်း မြို့တော်ကို ဝန်းရံထားဖို့တောင် ယွင်ချင်းဝူက စစ်သည်တော် ငါးသောင်းပဲ သုံးထားတယ်။

အကယ်၍ စစ်သည်တော် တစ်သိန်း ။ နှစ်သိန်းကိုသာ သုံးလိုက်ရင်။ တောင်ပိုင်းဒေသ က ရန်သူ နှစ်ဖက်လုံးကို တစ်ချိန်တည်းမှာ ရင်ဆိုင်ရလိမ့်မယ်။ စစ်ပွဲလည်း အဆုံးသတ် သွားလိမ့်မယ်။ ရန်သူ နှစ်ဖက်လုံးကို တစ်ချိန်တည်းမှာ ရင်ဆိုင်ရလိမ့်မယ်။ ကြီးမြတ်သော ရှမင်းဆက်က တည်မြဲတောင်ဂိတ်ကို အတားအဆီးတစ်ခု အဖြစ်ထားထားတာ။ တောင်ပိုင်းဒေသနဲ့ မဟာမိတ်ဖွဲ့ထားတာ ကလည်း နတ်ဆိုးတွေ ဝင်တိုက်ခိုက်မှာကို ကာကွယ်ဖို့ပဲ။ သွေးအရိပ် မြို့တော် တည်နေရာကတော့ ထင်ရှားတယ်။

တောင်ပိုင်းဒေသက နတ်ဆိုးတွေနဲ့ ကြီးမြတ်သော ရှမင်းဆက်ကြားမှာ ရှိနေတယ်။ နတ်ဆိုးတွေက တောင်ပိုင်းဒေသ နဲ့ ဘာလို့များ ပူးပေါင်းလိုက်လဲ သူ တကယ့်ကို သိချင်တယ်။ သူနောက်ဆုံး အဖြေထုတ်လိုက်တာက။ တောင်ပိုင်းဒေသက သူတို့ရဲ့ လွတ်လပ်မှုအတွက် နတ်ဆိုးတွေနဲ့ ပူးပေါင်းတာလို့ ။ နတ်ဆိုးတွေကတော့ ဒီအခွင့်အရေးကို သုံးပြီးတော့ တောင်ပိုင်းဒေသထဲကို တစိမ့်စိမ့်ထိုးဖောက် ဝင်ရောက်လာတယ်။ ဒါမှမဟုတ်တောင်ပိုင်းဒေသကို ထိန်းချုပ်မယ်။ ကြည့်ရတာတော့ အတော်လေး ထင်ရှားနေပြီ။ ဒါပေမယ့် နောက်ဆက်တွဲကတော့ ကြောက်စရာ ကောင်းတယ်။ နတ်ဆိုးတွေက တောင်ပိုင်းဒေသကို သိမ်းရုံလောက်နဲ့ ကျေနပ်နိုင်မယ် ထင်လား။

ဘယ်သူကများ ဒီလောက် အောင်မြင်မှုတွေအတွက် ဒီလောက်ထိ အားထုတ်နေမှာလဲ။ ဒီလောက်က လုံလောက်လို့လား။ မဟုတ်ဘူး။ တစ်ခုခုတော့ လွဲနေပြီ။ တောင်ပိုင်းဒေသ နဲ့ နတ်ဆိုးတွေက ပူးပေါင်းဖို့ အတွက် သဘောတူညီချက်ထားထားခြ့တာ။ နတ်ဆိုးတွေက သုခမိန်တောင်တန်း မြို့တော်ထဲမှာ စစ်သည်တော် ငါးသောင်းကို ဖွက်ထားတယ်။ တခြား တနည်းနဲ့ပြောရရင်။ တောင်ပိုင်းဒေသကို နတ်ဆိုးတွေ သိမ်းလိုက်ဖို့က လွယ်လွယ်လေးပဲ။ ဘာလို့များ ကြီးမြတ်သော ရှမင်းဆက် က စစ်သည်တော်တွေ တောင်ပိုင်းဒေသကို ဝင်လာတဲ့ အထိ စောင့်ဆိုင်းနေရအုန်းမှာလဲ။ စာမေးပွဲကြီး ပြီးခါနီးအထိ ဘာလို့များ စောင့်ဆိုင်းနေရအုန်းမှာလဲ။ ကြည့်ရတာ သိပ်မဟန်ဘူး။ ကိစ္စတွေက နက်နဲတယ်။ နောက်ပြီးတော့ ဖွက်ထားတဲ့ ဓားသွားက အန္တရာယ် အများဆုံးပဲ။ ဒါကြောင့် တောင်ပိုင်းဒေသကို သူတို့ အလွယ်တကူ ထိန်းချုုပ်နိုင်ရဲ့ သားနဲ့။ ဘာကြောင့်များ ဖုံးကွယ် စောင့်ဆိုင်းနေတာလဲ။

ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က တောင်ပိုင်းဒေသ မဟုတ်ဘူး။ အဲ့ဒီ့အစား။ သူတို့က တောင်ပိုင်း ဒေသကို နောက်လိုက်နောက်ပါ (သူတို့ရဲ့ ဓားအဖြစ်) အသုံးချချင်တာ။ ဒီလိုပဲ ဖြစ်ရမယ်။ တွက်ချက်ပြီးတဲ့နောက်။ ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ တောက်ပလာခဲ့တယ်။ တကယ့်ကို ကြောက်စရာကောင်းတဲ့ (ပြောင်မြောက်လွန်းလှတဲ့ အစီအစဉ်ကြီးပဲ။) ယွင်ချင်းဝူက ဒီလို ထိပ်တန်း အစီအစဉ်မျိုးကြီးကို စီစဉ်သူ ဆိုတာ တွေးကြည့်စရာတောင် မလိုတော့ဘူး။

“ အရှင်မင်းသမီး။ ကျေးဇူးပြု၍ အမိန့်ချပေးပါ။ စစ်သည်တော် ရှစ်သောင်းကို ….. နတ်ဆိုးတွေနဲ့ အနီးဆုံးနေရာ ဆီ သွားရောက်ဖို့။ ” ဖန်ကျန်းရှီ တွေးနေတာကို ရပ်လိုက်တယ်။ သူသတိထားမိလိုက်တာက နယ်မြေတွေ နာမည်ကို မေ့သွားခဲ့ပြီ။

“ နန်လင်း။ နေစမ်းပါအုန်း။ နင်က ဘာပြောတာလဲ။ ငါ့ရဲ့ စစ်သည်တော် ရှစ်သောင်းကို ဘာကိစ္စ နန်လင်း ပို့ရမှာလဲ။ နင် ရူးနေပြီလား။” ရှန်းယွီ ထင်ခဲ့တာအံ့ဖွယ် အစီအစဉ်ကို ကြားရမယ်လို့ ။ ဒါပေမယ့် အဓိပ္မာယ် မရှိတာကိုပဲ ကြားလိုက်ရတယ်။ သူမ ဒါကို လက်မခံနိုင်ဘူး။ သူမ နေရာမှာ ရောက်နေတဲ့ ဘယ်သူမဆို ဒီလိုပဲတွေးမိမှာပဲ။ စစ်သူကြီးတွေလည်း ဒေါသထွက်နေခဲ့တယ်။ သုခမိန်တောင်တန်း က ဝန်းရံခံနေရတာ ။ နန်လင်းကို သူတို့က ဘာသွားလုပ်ရမှာလဲ။ မဟုတ်ဘူး။ ဒါက စစ်ပွဲမဟုတ်တော့ဘူး။ ပေါက်ကွဲမှု ဖြစ်နေပြီ။

“ ဒီကောင်က နတ်ဆိုးတွေ ဘက်က သူလျှိုလား။”

“ စစ်သည်တော် ရှစ်သောင်းကို နန်လင်း ပို့လိုက်မယ်ဆိုရင်။ ငါတို့က သွေးအရိပ်မြို့တော်ကို သွားတိုက်ရမှာလား။ ငါတို့ရဲ့ မြို့တော်ကို ကယ်တင်ဖို့ သူတို့မြို့ကို တက်သိမ်းရမှာလား။”

“ ဟာသပဲ။ သွေးအရိပ်မြို့တော်ကို လူ ရှစ်သောင်းနဲ့ ဘယ်လိုများ တိုက်ခိုက်လို့ရမှာလဲ။”

စစ်သူကြီးတွေ သူတို့ အမြင် အတိုင်း ပြောကြတော့တယ်။”

“ နင်က ငါ့အချိန်တွေကို လာဖြုန်းနေတာပဲ။ ငါ့ကို လွှတ်စမ်း။” ဖန်ကျန်းရှီကို ခါထုတ်ရင်း ရှန်းယွီ ပြောတယ်။

“ မင်း ငါ့ကို မယုံရင်။ တောင်ပိုင်းဒေသ ကျရှုံးရလိမ့်မယ်။ ” ဖန်ကျန်းရှီက တည်ငြိမ်နေခဲ့တယ်။

“ မင်းက ငါတို့ကို ခြိမ်းခြောက်နေတာလား။ မင်း က သဘာဝလွန် အဆင့် ရောက်နေရင်တောင်။ ဒီတဲထဲကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး။” စစ်သူကြီးတစ်ယောက် ဓားကို ဆွဲထုတ်ရင်း ပြောတယ်။

“သေစမ်း။”

“ ငါတို့ နိုင်ငံကို တိုက်ခိုက်ဝံ့တဲ့ ကောင်တွေ အကုန်သေရမယ်။” စစ်သူကြီးတွေ အားလုံး တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်ကြတယ်။ ခြိမ်းခြောက်တဲ့ အငွေ့အသက်တွေက ဖန်ကျန်းရှီကို လွှမ်းခြုံထားတယ်။

“ရပ်စမ်း။” ရှန်းယွီမင်းသမီးက သူတို့ကို တားထားတယ်။ ဖန်ကျန်းရှီကို သူမ ကြည့်နေတယ်။ “ ဖန်ကျန်းရှီ ။ နင်က ပါရမီရှင်မှန်း ငါသိတယ်။ ေ-ာက်အဓိပ္မာယ် မရှိတာတွေ ပေါက်ပေါက်ဖောက်နေတာ ရပ်တော့။ ငါတို့က အခုချိန်မှာ ကိစ္စကြီးကို ရင်ဆိုင်နေရတာ။ အရေးတကြီး အကြံဉာဏ်လိုတယ်။ ဒါတောင် နင်က ငါတို့ နိုင်ငံကို ခြိမ်းခြောက်ရဲသေးတယ်။ ဖြေရှင်းချက် မပေးနိုင်ရင်။ အသက်ရှင်ဖို့ မစဉ်းစားနဲ့တော့။” ရှန်းယွီ မင်းသမီးရဲ့ ကိုယ်ကနေ အနီရောင် အလင်းတန်းတွေ ထွက်ပေါ်လာတယ်။

“ ရှင်းပြချက်ဟုတ်လား။” ဖန်ကျန်းရှီက ရှန်းယွီနဲ့ တခြားစစ်သူကြီးတွေကို တစ်ချက်ကြည့်တယ်။ ရှန်းယွီမင်းသမီး ရဲ့ ထိုင်ခုံဆီ လျှောက်သွားရင်း။ သစ်သီး တစ်လုံးကို ကောက်ကိုင်တယ်။

“ နတ်ဆိုးငါးသောင်းက မင်းတို့ နယ်မြေထဲကို ဘယ်လို ခိုးဝင်လာလဲ ဆိုတာတောင် မသိရပဲနဲ့။ ဘာကို ဘယ်လိုရှင်းပြရမှာလဲ။” ဖန်ကျန်းရှီက သစ်သီးကို ဝါးနေခဲ့တယ်။

“ ဒါက ငါတို့နဲ့ သူတို့ သဘောတူညီချက် လုပ်ထားလို့လေ။ မဟုတ်ရင်။ သုခမိန်တောင်တန်းမြို့တော်ကို အနားတောင် ကပ်လို့ရမယ် ထင်လား။”

“ အတိအကျပဲ။ ကြီးမြတ်သောရှမင်းဆက်ကို ငါတို့ တိုက်ခိုက်ချင်တာကြောင့်သာ မဟုတ်ရင်။ ဒီကောင်တွေ ဘယ်လိုလုပ် အခွင့်ရေး ရမှာလဲ။ ”

“ သူက ….”

စစ်သူကြီးတွေ စပြီး ဖြေကြတယ်။ ဒါပေမယ့် အရေးကြီးကိစ္စတွေကို မပြောပြမိခင် ရပ်တန့်လိုက်တယ်။

“ ဘာဖြစ်တာလဲ။ ဆက်ပြောကြလေ။” ဖန်ကျန်းရှီ ပြောတယ်။

“ ဖန်ကျန်းရှီ ဒါက စစ်တပ် လျှို့ဝှက်ချက်ပဲ။ ” စစ်သူကြီးတစ်ယောက် စိတ်ဆိုးမာန်ဆိုး နဲ့ ပြောတယ်။

“အော် ဒီလိုလား။ ငါ့ရဲ့ ခန့်မှန်းချက်ကတော့။ မင်းတို့ရဲ့ အင်အားတွေအားလုံးကို နယ်မြေ လေးခုမှာ ပို့ထားမယ် မလား။ သုခမိန်တောင်တန်းဒေသမှာ ဘာ အကာအကွယ်မှ မရှိတော့ဘူး။ ဟုတ်တယ် မလား။” ဖန်ကျန်းရှီ ပြုံးပြရင်း ပြောတယ်။

“ မင်း …. ဒါကို မင်း ဘယ်လိုသိလဲ။” စစ်သူကြီးတွေရဲ့ အမူအယာက ချက်ခြင်းပြောင်းသွားတယ်။ ဒါက အကြီးဆုံး လျှို့ဝှက်ချက်ကြီး တစ်ခုပဲ။

“ ခန့်မှန်းရတာ ဘာများ ခက်လို့လဲ။ မင်းတို့မှာ ကြီးမားသောရှမင်းဆက်နဲ့ ။နတ်ဆိုးတွေကို တစ်ပြိုင်တည်း ရင်ဆိုင်ဖို့ရာ အင်အားမရှိဘူး။ စစ်သည် အင်အားကလည်း အကန့်အသက်ရှိတယ်။ ဆုံးရှုံးမှုနည်းပြီးတော့ အနိုင်ရဖို့ အတွက်။ အကောင်းဆုံး နည်းလမ်းက နယ်မြေကြီး လေးခုမှာ လက်နက်ပုန်းတွေ ချထားဖို့ပဲ။ နန်လင်းနဲ့ သံမဏိတောင်ကုန်းဒေသတွေ လုံးဝကို အစောင့်အကြပ်မဲ့နေမှာပဲ ။ ” ဖန်ကျန်းရှီ ထပ်ပေါင်းပြောတယ်။

“ မဟုတ်တရုတ်တွေ။ ဘယ်လိုများ အစောင့်အကြပ်မရှိပဲ နေမှာလဲ။ ငါတို့ ရဲ့ စစ်တပ်တွေ အပါအဝင် ။ ငါတို့ရဲ့ နိုင်ငံသားတွေ အားလုံးက စစ်သည်တော်တွေပဲ။ သူတို့ နယ်မြေကို သူတို့ ခုခံလိမ့်မယ်။ ” စစ်သူကြီး တစ်ယောက်က ပြောတယ်။

“မင်း မှန်တယ်။ နိုင်ငံသားတွေ အားလုံးက စစ်သည်တော်တွေ။ ဒါကြောင့် သူတို့ တိုက်ခိုက်ကြမှာ သေချာတယ်။ ဒါပေမယ့် သူတို့ ခုခံနိုင်မယ် ဆိုတာ မင်း သေချာလို့လား။ အကယ်၍ အဓီက နတ်ဆိုး စစ်တပ်ကြီးသာ ရောက်လာခဲ့ရင် ။ ဘာတွေဖြစ်လာလိမ့်မယ်ထင်လဲ။” ဖန်ကျန်းရှီက သူ့လက်ထဲက သစ်သီးကို ချေမွပြစ်လိုက်တယ်။ ပိုပြီးသိသာစေဖို့ပေါ့။

“ ဒါက ….”

“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ နတ်ဆိုးတွေက ဘာလို့ များ ဒီလို လုပ်မှာလဲ။”

ဒါကိုကြားတော့ စစ်သည်တော်တွေ တည်ငြိမ်မှု ပျောက်ဆုံးကုန်တယ်။

“ဟုတ်ရဲ့လား။ နတ်ဆိုးတွေက ဒါမျိုးကို လုံး၀ လုပ်လိမ့်မယ် မဟုတ်ဘူးလား။ ဒါဆိုရင်။ နတ်ဆိုးတွေက မင်းတို့ရဲ့ သုခမိန်တောင်တန်းမြို့တော်ကို ဝန်းရံတိုက်ခိုက်လိမ့်မယ် လို့ကော။ မင်းတိုကတွေ ထင်ထားခဲ့သေးလား။” ဖန်ကျန်းရှီ ရဲ့ မာဆတ်ဆတ် အသံက ထွက်ပေါ်လာတယ်။ စစ်သူကြီးတွေ အားလုံးကို နှောက်ယှက်လိုက်တယ်။

စစ်သူကြီးတွေ အားလုံးက ဖန်ကျန်းရှီကို စိုက်ကြည့်နေခဲ့တယ်။ သူတို့ အားလုံး ဖန်ကျန်းရှီကို ငြင်းဆန် ပြောချင်ကြတယ်။ ဒါပေမယ့် သူတို့ မလုပ်နိုင်ကြဘူး။ ဘာကြောင့်လဲ ဆိုတော့။ အကယ်၍ နတ်ဆိုးတွေသာ တကယ်ပဲ ဒီလိုလုပ်ခဲ့ရင်။ တောင်ပိုင်း ဒေသ တစ်ခုလုံး ဖျက်စီးခံလိုက်ရမှာ။

အပိုင်း(၄၁၄)ပြီး၏။

အပိုင်း (၄၁၅)

“ စိတ်လှုပ်ရှားဖွယ်ရာ သတ်မှတ်ချက်တွေ။ ”

ရှန်းယွီ မင်းသမီးရဲ့ အမူအယာက အချိန်တိုလေး အတွင်းမှာ မျိုးစုံ ပြောင်းလဲသွားခဲ့တယ်။ ဖန်ကျန်းရှီက နတ်ဆိုး စစ်သည်တော် ငါးသောင်းအကြောင်းမေးတော့။ သူမ ဒေါသထွက်သွားတယ်။ ဒါပေမယ့် သွေးအရိပ် မြို့တော် အကြောင်း ပြောတော့။ သူမတောင် ပြောစရာ စကားမရှိ ဖြစ်သွားခဲ့တယ်။ တောင်ပိုင်းဒေသ ရဲ့ စစ်သည်တော်တွေကို အုပ်ချုပ်သူ အနေနဲ့ ဒါက ဘာကို ဆိုလိုချင်မှန်း သူမသိတယ်။ ဒါက ဓား တစ်ချောင်းပဲ။

ဓားတစ်ချောင်း။ တောင်ပိုင်းဒေသ မှာ ရှိနေတယ်။ တိုက်ခိုက်ဖို့ အခွင့်အရေးကောင်းကို စောင့်နေတာ။ အချိန်အကြာကြီး။ တောင်ပိုင်းဒေသ က သူ့ရဲ့ စစ်သည်တော်တွေကိုနန်လင်း ဒေသမှာ အထူးစောင့်ကြပ်စေတယ်။ ဒါပေမယ့် အိမ်ရှေ့စံက နတ်ဆိုးတွေနဲ့ မဟာမိတ်ပြုပြီးနောက်မှာ။ နိုင်ငံသားတွေက ဒီ ခြိမ်းခြောက်မှုကြိးကို မေ့လျော့်သွားခဲ့ကြတယ်။

အစပိုင်းမှာတော့ တောင်ပိုင်းဒေသက သူတို့ရဲ့ အစောင့်အကြပ်တွေကို အထူးတိုးမြှင့်ခဲ့တယ်။ ဒါပေမယ့် အချိန်တွေ ကုန်လာတာနဲ့ အမျှ ။ သူတို့ရဲ့ ဆက်ဆံရေးကလည်း ပိုပြီးရင်းနှီးလာခဲ့တယ်။ နတ်ဆိုးတွေက တောင်ပိုင်းဒေသ အတွက် ရည်ရွယ်ချက် ကြီးကြီးမားမားကို ပေးခဲ့တယ်။ တောင်ပိုင်းဒေသ စစ်သည်တော်တွေ နဲ့တောင် ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်သေးတယ်။ နောက်ပြီးတော့ လက်နက်တွေ တည်ဆောက်ဖို့ သတ္တုရိုင်းတွေကိုလည်း ပေးခဲ့တယ်။ အခုချိန်မှာ ။ တောင်ပိုင်းဒေသ စစ်သည်တော်တွေ က လက်နက်ကောင်းတွေ ပိုင်ဆိုင်နေပြီ။ ဒါကြောင့်ပဲ သူတို့ရဲ့ အစောင့်အကြပ်က လျော့ကျသွားခဲ့တာ။ သူတို့ လည်ပင်းပေါ်မှာ ထောက်ထားတဲ့ ဓားကို သူတို့ မေ့လျော့သွားခဲ့တယ်။

“ဖန်ကျန်းရှီ။ မင်းပြောတာ နတ်ဆိုးတွေက သွေး အရိပ်မြို့တော်ကနေ တိုက်ခိုက်မယ်လို့ပြောတာလား။ မင့်မှာ သက်သေရှိလား။ သူတို့က ငါတို့ ပြန်တိုက်မှာကို မကြောက်ဘူးလား။” စစ်သူကြီး တစ်ယောက် အတော်လေး စဉ်းစားပြီးနောက် ပြောတယ်။ ဒီလိုတိုက်ခိုက်မှုမျိုးရဲ့ ရလဒ်ကို သူသိတယ်လေ။ ဒါပေမယ့် ဒါမျိုး ဖြစ်လာလိမ့်မယ်ဆိုတာ သူတို့ ယုံကြည် လက်ခံနိုင်မှု မရှိဘူး။

“ ပြန် တိုက်ခိုက်မယ် ဟုတ်လား… ကိုယ့် တပ်တွေပဲ အရင်ဆုံး စု ကြည့်လိုက်ပါအုန်း။ ” ဖန်ကျန်းရှီ လှောင်ရယ်တယ်။

“ မင်းဘာပြောတယ်။ ”

“ အကယ်၍ ငါ မှန်ခဲ့မယ်ဆိုရင်။ နတ်ဆိုးတွေက သွေးအရိပ်မြို့တော်ကနေ ထွက်ခွာသွားလောက်ပြီ။ တခြားတစ်နည်းနဲ့ ပြောရရင်။ မင်းတို့ရဲ့ တပ်တွေက အေးခဲ မျောက်မင်းဒေသကို ဖြတ်သန်းပြီးမှ။ သုခမိန်တောင်တန်း မြို့တောကို ရောက်မှာ။ အေးခဲ မျောက်မင်းဒေသ ကလည်း ကြီးမြတ်သော ရှမင်းဆက် လက်ထဲ ရောက်နေတယ်။ မြို့တော်ကို မင်းတို့ အချိန်မှီ ရောက်မှာ မဟုတ်ဘူး။” ဖန်ကျန်းရှီ ဆက်ပြောတယ်။

“ မင်း….” စစ်သူကြီးရဲ့ အမူအယာ ပြောင်းသွားခဲ့တယ်။ သူက ဒေါသထွက်နေပမယ့်လည်း ။ ခွန်းတုံ့ပြန်စရာစကားမရှိဘူးလေ။ စစ်သူကြီးတွေ အားလုံးလည်း တိတ်ဆိတ်သွားခဲ့တယ်။ တစ်ယောက်ကို တစ်ယောက် စိုးရိမ် တစ်ကြီးနဲ့ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီပြောတာ မှန်တယ်။ အခုချိန်မှာ စစ်တပ်ကို ပြန်စုစည်း ချင်ရင်တောင် ။ အချိန်မရှိတော့ဘူး။ ဒါကြောင့်ပဲ ယွင်ချင်းဝူက သုခမိန်တောင်တန်း မြို့တော်ကို ဒီအချိန်မှာ တိုက်ခိုက်တာပဲ။ သူမရဲ့ အစီစဉ်က အရမ်းကို ပြီးပြည့်စုံလွန်းတယ်။

ဘာတွေဖြစ်နေလဲ သူတို့ သိသွားပေမယ့်။ အချိန်နှောင်းသွားခဲ့ပြီ။ ရပ်တန့်လို့မရနိုင်တော့ဘူး။ ဒါက ကြောက်စရာ အကောင်းဆုံး အပိုင်းပဲ။

“ဖန်ကျန်းရှီ။ အကယ်၍ နတ်ဆိုးတွေက သူတို့ လာရာလမ်းမှာ ရောက်နေပြီ ဆိုရင်။ ငါ့ရဲ့ စစ်သည်တော်တွေလည်း ဘာမှ များများစားစား လုပ်နိုင်မှာ မဟုတ်ဘူး ။ နင့်မှာ တခြား ဘာအကြံဉာဏ်ရှိသေးလဲ။” ရှန်းယွီမင်းသမီး အံကြိတ်ရင်းပြောတယ်။

“ဒါပေါ့။ ငါ့မှာ တခြား အကြံဉာဏ်တွေ ရှိတယ်လေ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ ဒါဆိုလည်း ပြောတော့။” ရှန်းယွီ မင်းသမီးက ဒေါသတကြီးနဲ့ ပြောတယ်။ ဖန်ကျန်းရှီက ဆွေးနွေးပွဲရဲ့ ထိပ်ဆုံးမှာ ထိုင်နေတာ။ ပြီးတော့ ခြေထောက်ကိုလည်း စားပွဲပေါ်တင်ထားခဲ့တယ်။ “မင်း ငါ့ကို မသတ်ဘူးလား။”

“ နင်…. ဖန်ကျန်းရှီ။ အခုချိန်မှာ ဘာတွေ ဖြစ်နေလဲ နင် မမြင်ဘူးလား။ အခုချိန်က အရေးကြီးနေပြီ။ အစီအစဉ်တွေ အတိုင်း ဖြစ်မလာတော့ဘူး။ အခုကိစ္စက တောင်ပိုင်းဒေသ တစ်ခုတည်းနဲ့ ဆိုင်တာ မဟုတ်ဘူး။ အကယ်၍ ငါတို့သာ ကျသွားရင်။ ကြီးမြတ်သော ရှမင်းဆက်လည်း ကျမှာပဲ။” ဖန်ကျန်းရှီက သူမရဲ့ ထိုင်ခုံမှာ ထိုင်နေတာကြောင့်။ ရှန်းယွိ တော်တော် ဒေါသထွက်နေတာ။ ဒါပေမယ့် သူမရဲ့ ဒေါသတွေကို ပြန်သိမ်းထားလိုက်ရတယ်။

စစ်သူကြီးတွေ လည်း ရွှေရောင်သားရေပြားေပေါ်မှာ ထိုင်နေတဲ့ ဖန်ကျန်းှရီကို သူတို့တွေ့နေတယ်။ ဒါပေမယ့် အခုချိန်မှာ အပြစ်ပြုမိလို့ မဖြစ်ဘူး။ ဖန်ကျန်းရှီကတော့ ရှန်းယွီ မင်းသမီး နဲ့ စစ်သူကြီးတွေကို အပေါ်စီးကနေ ကြည့်နေတယ်။ သူကအတော်လေးကို ဘဝင်လေဟပ်နေတာ။ ဒီတဲထဲကို ဝင်လာတဲ့ အချိန်တိုင်း ရှန်းယွီ တစ်ယောက်တည်းက ဒီခုံပေါ်မှာ ထိုင်နေတာကိုသူ တွေ့တွေ့နေတာ။ အတော်လေးကို ဘဝင်ကိုင်နေတဲ့ ပုံပဲ။ ရည်ရွယ်ချက်မြင့်မားတဲ့ ယောကျား တစ်ယောက် အနေနဲ့။ ကြီးမြတ်သော ရှမင်းဆက် ဧကရာဇ် မင်းကိုတောင် ဒူးမထောက်တဲ့ သူက တောင်ပိုင်းဒေသ မင်းသမီး တစ်ယောက် ဖိနှိပ်တာကို ခံရအုန်းမှာလား။ အခုချိန်က လက်စားပြန်ချေရမယ့် အချိန်ပဲ။ ဒီလိုအချိန်လေး ရောက်လာဖို့ အိမ်မက် မက်ခဲ့ရတာ။ အစတုန်းကတော့ ဒါမျိုးလုပ်ဖို့ သူမကြိုးစားခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ အချိန် မတန်သေးဘူးလေ။ အခုတော့ ဒီ အခွင့်အရေးက သူ့ အတွက်ပဲ။ ဒါမျိုးကို အရမယူတာ ရူးနေတဲ့သူပဲ ဖြစ်မှာပေါ့။

“ အော် ။ အဲ့သလိုလား။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ ဧကရာဇ် က သူ့အင်ပါယာ အတွက် တွေးပူနေမှာပေါ့။ ငါက သာမာန် အဆင့်လေး အမတ်မင်း တစ်ယောက်ပဲ။ အခု ကိစ္စက ငါ နဲ့ နည်းနည်းလေးပဲ သက်ဆိုင်တာ။ မင်းအတွက်တော့…. မင်းသမီး ….. ဆိုတဲ့ နေရာမှာ ဆက်ပြိး ရှိနေတော့မှာ မဟုတ် ဘူး။ ” ဖန်ကျန်းရှီ ထပ်ပေါင်းပြောတယ်။

“ နင် …. ဖန်ကျန်းရှီ…. ငါ နင့်ကို သတ်မယ်။”

“ မင်းက ငါ့ကို သတ်မလို့လား။ လာစမ်းပါ။ ငါ မလှုပ်ရှားဘူး။ ကတိပေးတယ်။ ဒါပေမယ့် အရင်ဆုံး တစ်ယောက်ယောက် ကို ခေါ်ပြီး ငါ့ လည်ပင်းက သွေးတွေကို အရင်ဆေးခိုင်းလိုက်။” ဖန်ကျန်းရှီပြန်ဖြေတယ်။

“ အား.. အား… နင်တော့ ငါ့လက်ထဲမှာ သေတော့မှာပဲ။ ဖန်ကျန်းရှီ နင်ဘာလိုချင်တာလဲ။” ရှန်းယွီ မင်းသမီး အတော်လေး ဒေါသထွက်နေတယ်။ ဒေါသထွက်လွန်းလို့ ရူးမတတ်ပဲ။

“ ငါတို့ အပေးအယူတောင် မလုပ်ရသေးဘူးလေ။” ဖန်ကျန်းရှီ အေးအေးဆေးဆေး ပြန်ဖြေတယ်။

“ အပေးအယူ ဟုတ်လား။” ရှန်းယွီမင်းသမီး ဘာတွေ ဖြစ်နေလဲ နောက်ဆုံးတော့ နားလည်သွားပြီ။ တောင်ပိုင်းဒေသ သေသေရှင်ရှင် ဖန်ကျန်းရှီကတော့ ဂရုမစိုက်ဘူးပဲ။ အရှက်မရှိလိုက်တာ။ ဒီလို အခြေအနေမျိုးမှာ ဘယ်လိုများ အခွင့်ကောင်းယူရဲတာလဲ။

ရှန်းယွီမင်းသမီး စိတ်ထဲမှာ ကျိန်ဆဲနေခဲ့တယ်။ တခြားသော စစ်သူကြီးတွေလည်း ဒေါသထွက်နေတယ်။ ဒါပေမယ့် ရွေးချယ်စရာ မရှိတာကြောင့်။ ဖန်ကျန်းရှီ ပြောတာကို နားထောင်ဖို့ ဆုံးဖြတ်လိုက်ရတယ်။

“ နင် ဘာလိုချင်လဲ။” ရှန်းယွီ မင်းသမီး ဒေါသကို ထိန်းချုပ်ထားတယ်။

“ရွှေတွေ” ဖန်ကျန်းရှီ ချက်ခြင်း ပြန်ဖြေတယ်။

“ ရွှေတွေ ဟုတ်လား။” ရှန်းယွီ လှောင်ရယ်တယ်။ “နင်ဘာများ တွေးနေလဲ လို့ ငါ အံ့သြနေတာ။ နင်က လောဘကြီးတဲ့ စီးပွားရေးသမား သက်သက်ပဲ။ စိတ်မပူနဲ့။ ငါတို့မှာ တွင်းထွက် သယံဇာတတွေ များတယ်။ ရွှေတွေအတွက် စိုးရိမ်စရာမလိုဘူး။

နင် ဘယ်လောက်လိုချင်လဲ။ ရွှေသား တစ်ရာလား။ တစ်ထောင်လား။ ဟဟား။ တစ်ထောင်ပေးရမလား။ တစ်သောင်းလောက် တောင်းချင်တာလား။ ငါနင့်ကို ရွှေသား နှစ်သောင်းတောင် ပေးလိုက်အုန်းမယ်။”

“ဟဟား…. ဒီလိုလား။ ဒါဆိုရင် ငါက ရွှေတွင်းလိုချင်တယ်လို့ ပြောရင်ကော။” ဖန်ကျန်းရှီ ရယ်မောတယ်။ ရှန်းယွီမင်းသမီးလို ချမ်းသာတဲ့ လူမျိုးတွေကို သူ တကယ် သဘောကျတယ်။ ဖန်ကျန်းရှီ ရဲ့ ပြစ်မှတ်ကို ပိုပြီး ကြီးမားလာအောင် သူမပဲ လုပ်တာ။ အဆုံးသတ်ပြောရရင်။ သူမက ငတုံးပဲ။

“ရွှေတွင်း ဟုတ်လား ။ မဖြစ်နိုင်ဘူး။ ရွှေတွင်းတွေကို တော်ဝင်မိသားစုကပဲ အမြဲထိန်းချုပ်ထားတာ။ နယ်မြေကြီး ခြောက်ခုရဲ့ ခေါင်းဆောင်တွေတောင် ရွှေတွင်းကို ဖြတ်သန်းခွင့် မရှိဘူး။ နင့်ကို ဘယ်လိုလုပ် ရွှေတွင်း တစ်တွင်းပေးလို့ရမှာလဲ။” ရှန်းယွီ မင်းသမီး ဖြူဖျော့သွားတယ်။

တောင်ပိုင်းဒေသက သယံဇာတ ကြွယ်ဝတယ်။ ဒီလိုပဲ ရွှေတွင်း အချို့ကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒီလိုဖြစ်ပေမယ့်။ ရွှေတူးခွင့်ကို တော်ဝင်မိသားစုကမဟုတ်တဲ့ တစ်ခြားသူ ဆီ တစ်ခါမှ မပေးဖူးဘူး။ ရှန်းယွီ မင်းသမီး ရဲ့ စိတ်ဆုံးဖြတ်ထားတဲ့ အကြည့်ကိုတွေ့တော့ ဖန်ကျန်းရှီ ပြုံးမိတယ်။ ဒီလောကမှာေ ရွှတွင်းဆိုတာ ဘယ်လောက်ထိ အရေးပါမှန်း ဖန်ကျန်းရှီ သိတယ်။ ဒါက ငွေထုတ်စက်လိုပဲ။ ဘယ်နိုင်ငံ ကမှ သူတို့ရဲ့ ရတနာတွေကို အပြင်လူဆီ ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ လိုချင်တယ်။

ပြောရမယ်ဆိုရင်။ ယွင်ချင်းဝူရဲ့ အစီအစဉ်ကို သူ ထွင်းဖောက်မြင်ပြီးတဲ့နောက်မှာ။ ဒီအရာတွေက လောရုံနဲ့ ဖြေရှင်းလို့ မရမှန်း သူ သဘောပေါက်သွားတယ်။ သူက မထိတ်လန့်တဲ့ အပြင်။ တည်ငြိမ်လွန်းလှတယ်။ ယွင်ချင်းဝူရဲ့ အစီအစဉ်ကို ရှုပ်အောင် လှည့်ပြစ်ဖို့။

အရာအားလုံးကို လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဖို့ လိုတယ်။ အောင်မြင်အောင် လုပ်ဖို့ရာ သံသယတွေ အကုန်လုံးကို ရှင်းထုတ်နိုင်ရမယ်။ အမှားသေးသေးလေး တစ်ခုကတောင် ရှုံးနိမ့်မှုကို ဖြစ်စေလိမ့်မယ်။

ရှန်းယွီ မင်းသမီးကို စိတ်အေးစေဖို့ လိုအပ်တယ်။ နောက်ပြီးတော့ ပိုပြီး အရေးကြီးတဲ့ အကြောင်းရင်း တစ်ခုလည်းရှိတယ်။

ရှန်းယွီ မင်းသမီးက သူ့ကို လုံး၀ ဥဿုံ ယုံကြည်နေပြီ။ အရာအားလုံးကို သူ့ အစီအစဉ် အတွက် စတေးပြစ်ဖို့ အသင့်ပဲ။ ဒါကြောင့် ရွှေတွင်းတွေကို သူ လိုချင်တာ။ ( ချမ်းသာတဲ့ လူတစ်ယောက်က အံ့ဖွယ် ဆေး ဆယ်လုံးကို ဝယ်ခဲ့တယ်။ သုံးလုံးကို စားလိုက်ပေမယ့် အာနိသင် မပြဘူး။ နောက်ထပ် သုံးလုံးကို ထပ်စားပေမယ့် အာနိသင် မပြသေးဘူး။

ဒါကြောင့် ကျန်တဲ့ လေးလုံးကို သူလွှင့်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် သူ့ရဲ့ ကံတရား တစ်ခုလုံးကို ဖြုန်းတီး ပြစ်လိုက်သလို ဖြစ်သွားရင်ကော။ အကယ်၍ သူသာဆိုရင် ဆေး ဆယ်လုံးလုံးကို စားမိမှာပဲ။ အစအနလေးတောင် ချန်မထားဘူး။

“ ငါပြောလို့ မပြီးသေးဘူး။ ရွှေတွင်း ဆယ်တွင်း ငါလိုချင်တယ်။ အကြီးဆုံးတွေကို လိုချင်တာ။” ရှန်းယွီ ပြောတာကို မကြားလိုက်တဲ့ အတိုင်း သူ ဆက်ပြောတယ်။

“ ရွှေတွင်း ဆယ်တွင်းဟုတ်လား။”

“ ဒီကောင် ရူးနေတာလား။ တစ်ခုလေးတောင် မပေးနိုင်ဘူးပြောထားတာ။ အခုတော့ ဒီကောင်က ဆယ်တွင်းလာတောင်းနေတယ်။ ပြီးတော့ အကြီးဆုံးတွေ တဲ့လား။ ငါတို့ တောင်ပိုင်း ဒေသမှာ ရွှေတွင်း ငါးဆယ်ပဲ ရှိတာ ဒီကောင် မသိဘူးလား။”

“ နေ့ခင်းကြောင်တောင် အိမ်မက်မက်ေ်နတာလား။”

စစ်သူကြီးတွေ ဒေါသကို မဖိနှိပ်ထားနိုင်တော့ဘူး။ ဖန်ကျန်းရှီကို လက်ညှိုးငေါက်ငေါက်ထိုးရင်း ကျိန်ဆဲကြတော့တယ်။

“ ဖန်ကျန်းရှီ အိမ်မက် မက်နေတာ ရပ်တော့။ နင့်ကို ရွှေတွင်းတစ်တွင်းတောင် ငါ မပေးနိုင်ဘူး။ ” ရှန်းယွီ မင်းသမီး ဒေါသ တကြီးနဲ့ အော်တယ် ။

အပိုင်း(၄၁၅) ပြီး၏။

အပိုင်း (၄၁၆)

“ ဘာမှ မဟုတ်ဘူး။”

“ ငါသိပြီ။ ဒါဆိုလည်း မင်းရဲ့ ရွှေတွင်းတွေကို ပြန်ယူထားလိုက်တော့။ ငါတော့ တစ်မှေးမှေးလိုက်အုန်းမယ်။” ဖန်ကျန်းရှီ လက်ဝှေ့ယမ်း ပြရင်း ပြောတယ်။ အဲ့ဒီ့နောက် လှဲချရင်း အိပ်ဖို့ပြင်တယ်။

“ ဖန်ကျန်းရှီ ” ရှန်းယွီ မင်းသမီး ဒေါသ တကြီးနဲ့ပြောတယ်။

“ တခြားကိစ္စများ ရှိသေးလို့လား ။ မင်းသမီး”

“ ကောင်းပြီ။ နင့်တောင်းဆိုချက်တွေကို ငါ သဘောတူတယ်။ နင့်ရဲ့ အစီအစဉ်ကို အခု ပြောလို့ရပြီလား။” ရှန်းယွီမင်းသမီး ရဲ့ မျက်လုံးတွေ တလက်လက် တောက်ပနေခဲ့တယ်။

“အရှင်မင်းသမီး ဒီလို လုပ်လို့ရမဘူးလေ။”

“တောင်ပိုင်းဒေသရဲ့ ရတနာတွေကို ဒီလို သူခိုးဆီ ပေးလိုက်လို့ မဖြစ်ဘူး။”

“ အရှင်မင်းသမီး။”

ရှန်းယွီမင်းသမီး ပြောတာကြားတော့။ စစ်သူကြီးတွေ တောင်းပန်ကြတော့တယ်။

“ တိတ်စမ်း။” ရှန်းယွီ မင်းသမီး အော်ဟစ်တယ်။ ဖန်ကျန်းရှီကို လှည့်ကြည့်တယ်။

“ ဖန်ကျန်းရှီ နင့်ကို ရွှေတွင်း ဆယ်တွင်းပေးမယ်လို့ ငါကတိပေးတယ်။ အခုတော့ နင် ပျော်ပြီမလား။ နင့် အစီအစဉ်ကို ပြောစမ်း။”

“တိတ်စမ်း။” ရှန်းယွီ မင်းသမီး အော်ဟစ်တယ်။ ဖန်ကျန်းရှီကို စိမ်းစိမ်းစိုက်ကြည့်တယ်။

“ဖန်ကျန်းရှီ။ နင့်ကို အကြီးဆုံး ရွှေတွင်း ဆယ်ခု ပေးမယ်လို့ ငါကတိပေးတယ် နင် အခု ပျော်ပြီလား။ နင့် အစီအစဉ်ကို ပြောလိုက်တော့ု။”

“ကောင်းပြီလေ။ ဒါဆို စာချုပ်စာတမ်းမှာ လက်မှတ်ထိုးရအောင်။” ဒါကိုကြားတော့ ဖန်ကျန်းရှီ ရဲ့ မျက်လုံးတွေ တစ်လက်လက် တောက်ပလာတယ်။

“ ရွှေတွင်းတွေ အတွက် သဘောတူညီမှု စာချုပ် ယူလာခိုင်းလိုက်။” စစ်သူကြီးတစ်ယောက်ကို လှည့်ပြောတယ်။

“တခြားကိစ္စရှိသေးလား။”

“ မရှိတော့ဘူး။ ”

“ဒါဆိုရင်။ နင့် အစီအစဉ်အကြောင်း ငါတို့ကို ပြောပြတော့။”

“ ဖန်ကျန်းရှီ နင့် ကံတရားကို ကျီစားဖို့ မကြိုးစားနဲ့တော့။ နင်တောင်းဆိုတာတွေ ငါ သဘောတူလိုက်ပြီပဲ။ ငါက ငါ့စကားတွေကို မတည်ဘူးလို့ ထင်နေတာလား။” ရှန်းယွီ ဒေါသတကြီးနဲ့ ပြောတယ်။

“ မင်းတို့ရဲ့ နတ်ဘုရားတွေကို တိုင်တည်ပြီး ကျိန်ဆိုရဲလား။” ဆူပူနေတဲ့ မင်းသမီးကို ကြည့်ရင်း ဖန်ကျန်းရှီ ခေါင်းခါတယ်။ ဒီလိုလုပ်ရုံနဲ့ ငါယုံမယ်များ ထင်နေတာလား။ ငါက အရူးမှ မဟုတ်ပဲ။

“ နင်… နင်…. ဖန်ကျန်းရှီ။ တခြားကိစ္စ အကုန် တောင်းလို့ရတယ်။ ငါ အကုန်ပေးမယ်။”

“အရှင်မင်းသမီး။ မင်းပြောခဲ့တာကို မင်းမေ့သွားပြီလား။ ငါက လောဘကြီးတဲ့ စီးပွားရေးသမားဆို။ ရွှေတွင်းကလွဲပြီး တခြား ဘာမှ မလိုချင်ဘူး။ ” ဖန်ကျန်းရှီ ပြန်ဖြေတယ်။ ရွှေတွင်းကို သူတကယ်ရမယ်လို့ မထင်မှတ်ထားဘူး။ နောက်ဆုံးတော့လည်း ရှန်းယွီ်မင်းသမီးက တောင်ပိုင်းဒေသကို အုပ်ချုပ်သူ မဟုတ်ဘူးလေ။ အိမ်ရှေ့စံနဲ့ ဘုရင်လည်း ရှိနေသေးတယ်။ ရှန်းယွီက သဘောတူလိုက်ရင်တောင်။ သူတို့ လက်မခံရင် ဘာမှ လုပ်မရဘူး။ ဒါပေမယ့် ရှန်းယွီ မင်းသမီး ရဲ့ စိတ်ဆုံးဖြတ်ချက်ကို လိုအပ်တယ်။ ဒါက အောင်မြင်မှုရဲ့ အခွင့်အရေးကို အမိဖမ်းတဲ့ နည်းပဲ။ ဒါပေါ့။ အကယ်၍ ဒီ ရွှေတွင်း ဆယ်တွင်းလုံးသာ သူ့အပိုင် ဖြစ်လာရင်။ လုံးဝကို မထင်မှတ်ပဲရတဲ့ အကျိုးထူးကြီးပဲ။ ရွှေတွင်းတစ်တွင်းပဲ ရရင်တောင်။ ဘ၀ အဆက်ဆက် ချမ်းချမ်းသာသာနေလို့ရပြီ။

ယောက်ျား တစ်ယောက်က ရည်မှန်းချက်ရှိဖို့လိုတယ်။ ရည်မှန်းချက်မရှိရင်။ ဘာမှ ဆက်လုပ်ဖို့လည်း မလိုတော့ဘူး။ အကယ်၍ ရည်မှန်း ချက်တွေက မဖြစ်နိုင်လောက်အောင် မြင့်မားနေတယ် ဆိုရင်တောင် ….

“ ဖန်ကျန်းရှီ ။ ငါနင့်ကို အခုသတ်လိုက်မှာ မကြောက်ဘူးလား။” ရှန်းယွီ မင်းသမီးရဲ့ ကိုယ်ကနေ အနီရောင် တိမ်သဏ္ဍာန် ထွက်ပေါ်လာတယ်။ သူမရဲ့ စိတ်ခံစားချက်တွေကို အတော်လေး မထိန်းချုပ်နိုင်တာ သိသာလှတယ်။

“ ကြောက်တာပေါ့ ။ ဒါပေမယ့် မင်းကော မကြောက်ဘူးလား။ ” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ဘာပြောတယ်။” ရှန်းယွီ မင်းသမီး အော်ဟစ်တယ်။ အနီရောင် အလင်းတန်းက သူမကို ရစ်ပတ်နေတယ်။ ဖန်ကျန်းရှီ လန့်သွားခဲ့တယ်။ စစ်သူကြီးတွေ အားလုံး နောက်ဆုတ်သွားခဲ့တယ်။ ကြောက်ရွံမှုတွေ သူတို့မျက်နှာမှာ အထင်းသား ပေါ်လာခဲ့တယ်။ စစ်သူကြိးတွေရဲ့ တင်းမာမှုတွေက ဓားနဲ့ ဖြတ်ချ ခံလိုက်ရသလို တိခနဲ ပြတ်သွားခဲ့တယ်။ အနီရောင် အလင်းတန်းက ရှန်းယွီ မင်းသမီး ရဲ့ ကိုယ်ကို လှည့်ပတ်နေတယ်။

“ ကောင်းပြီလေ။ နင်ရဲ့ တောင်းဆိုချက်တွေကို သဘောတူတယ်။”

ဆယ့်ငါးမိနစ် တိတိကြာပြီးတဲ့နောက်။ ရှန်းယွီမင်းသမီး ရဲ့ စကားသံထွက်လာတယ်။ ဒါပေမယ့် ဒီ တစ်ကြိမ်မှာတော့ သူမရဲ့ အသံက အေးဆေး နေခဲ့တယ်။ ဒါက ဒုတိယ အကြိမ် သဘောတူညီမှု လုပ်တာပဲ။ သူမ စိတ်ဆုံးဖြတ်ပြီးပြီဆိုတာ ဖန်ကျန်းရှီသိတယ်။ ရှန်းယွီလည်း နောက်ထပ် မတွေဝေနေတော့ဘူး။ သဘောတူညီချက်မှာ လက်မှတ် ထိုးလိုက်တော့တယ်။ အဲ့ဒီ့နောက်။ အစီမ်းရောင် တံဆိပ်တုံးကို ထုတ်လိုက်တယ်။ သဘောတူညီချက်မှာတံဆိပ်နှိပ်တယ်။ နောက်ဆုံးတော့ သူမရဲ့ လက်က သွေးနဲ့ လက်ဗွေနှိပ်လိုက်တယ်။ အကုန်လုံး ပြီးတဲ့နောက်မှာ။ ဖန်ကျန်းရှီ ဆီကို ပြန်ပေးလိုက်တယ်။

ဖန်ကျန်းရှီက စာချုပ်ကို သေချာဖတ်ကြည့်နေတယ်။ ရွှေတွင်းတွေ ရဲ့ နာမည်နဲ့ နေရာတွေကို ရှင်းရှင်းလင်းလင်း ရေးထားသားပဲ။ နောက်ပြီးတော့ ငှားရမ်းခွင့်မရှိတဲ့ လုံး၀ မြေပိုင်။ ဖန်ကျန်းရှီ မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်နေတယ်။ အဲ့ဒီ့နောက် ရှန်းယွီ မင်းသမီးကို ဝေ့ယမ်းပြတယ်။ ရှန်းယွီကတော့ မျက်မှောင်ကြုတ်နေခဲ့တယ်။ ရှန်းယွီရဲ့ ကိုယ်ကနေ ထွက်ပေါ်လာတဲ့ အငွေ့အသက်တွေ ရှင်းပြလို့ မဖြစ်နိုင်စရာပဲ။ မီးပြင်းဖိုနားရောက်နေတာကို သူ သတိထားမိလိုက်တယ်။ သူ့နှလုံးသား တဖျပ်ဖျပ် ခုန်နေခဲ့တယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ သူ့ကိုယ်သူ ထိန်းချုပ်လိုက်တယ် ။ သူ့ရဲ့ အကြောက်တရားတွေကို ဖော်ပြလို့ မဖြစ်ဘူး။ နတ်ဆိုးတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ ကြိုတင် စီစဉ်ထားဖို့ လိုတယ်။ စစ်သူကြီးတွေ လည်း ဒီ အစီအစဉ်ကို ကြားလို့မဖြစ်ဘူး။

“ တကယ်တော့။ နန်လင်းကို စစ်သည် ရှစ်သောင်း ပို့ခိုင်းတာက ငါ စနေတာ။ ” ဖန်ကျန်းရှီ ခပ်တိုးတိုး ပြောတယ်။

“ နင်….” ရှန်ယွီမင်းသမီး တုန်ယင်သွားတယ်။ ဖန်ကျန်းရှီ သူမ နား နားကို ခပ်တိုးတိုး လာပြောတာကြောင့် စိတ်ဆိုးမိတာလား။ အကြောင်းရင်းကြောင်း စိတ်ဆိုးမိတာလား။ မသေချာဘူး။

“ အခုချိန်မှာ နတ်ဆိုးတွေက သွေးအရိပ် မြို့တော်ကနေ ထွက်လာပြီး။ နန်လင်းကိုတောင် သိမ်းပြီးနေလောက်ပြီ။ ဒါကြောင့် အခုချိန်မှာ အကောင်းဆုံး အကြံဉာဏ်က ။ ထိပ်တန်း စစ်သည်တော်တွေကို နန်လင်းနဲ့ သံတောင်ကုန်းဒေသမှာ တပ်ပုန်းချ ထားစေဖို့ပဲ။ ဒါဆိုရင် အချိန် ဆွဲထားနိုင် လိမ့်မယ်။ ကျန်တဲ့ စစ်သည်တော်တွေကိုတော့ သံတောင်ကုန်း နယ်မြေကို စစ်ကူပို့ဖို့ လွှတ်လိုက် ”

“ ထိပ်တန်း စစ်သည်တော်တွေ။”

ဟုတ်တယ်။ အမြန်ဆုံး စစ်သည်တော်တွေ။ မင်းရဲ့ ငွေဂျို ဝံပုလွေ စစ်သည်တော် သုံးထောင် ထက် ကောင်းတာ ဘယ်မှာ ရှိအုန်းမလဲ။” ဖန်ကျန်းရှီ ထပ်ပေါင်းပြောတယ်။

“ နင်ပြောတာက ။ ငါ့ရဲ့ ငွေဂျို ဝံပုလွေ စစ်သည်တော် ၃ထောင်နဲ့။ လက်ရွေးစင် စစ်သည်တော် ရှစ်သောင်းကို လွှတ်စေချင်တာလား။ ဒါဆိုရင် သုခမိန်တောင်တန်း မြို့တော် အတွက်ကော။” ရှန်းယွီ မင်းသမီး ခပ်တိုးတိုးပြောတယ်။

“ငါသွားမယ်။” ဖန်ကျန်းရှီ တစ်ချက်လေးတောင် မတွေဝေပဲ ပြောတယ်။

“ နင်က သုခမိန် တောင်တန်းမြို့တော်ကို သွားမလို့လား။” ရှန်းယွီ မင်းသမီး မေးတယ်။

“ဒါပေါ့။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ သူက သူရဲကောင်း ဖြစ်ဖို့ ကြိုးစားနေတာမဟုတ်ဘူး။ သူ့အစီအစဉ်ကို အောင်မြင်အောင် လုပ်ဖို့ ပြင်နေတာ။ ကြီၤးမြတ်သောရှ မင်းဆက် စစ်တပ်က အေးခဲ မျောက်မင်းဒေသမှာ အချိန်အကြာကြီးနေမှာ မဟုတ်ဘူး။ သူတို့လည်း ထွက်လာမှာပဲ။ မြန်နိုင်သလောက် မြန်မြန်ပေါ့။ ဒါကြောင့် သုခမိန်တောင်တန်း မြို့တော်ကိုလည်း ရောက်လာမှာပဲ။ နောက်ပြီးရင်။ သုခမိန်တောင်တန်းမြို့တော်ဆီ နတ်ဆိုးတွေ ရောက်မလာခင် အထိ တောင့်ခံနိုင်မှာပဲ။ ဒါဆိုရင် သူ့ရဲ့ ကိုယ်ပိုင် လုံခြုံမှုအတွက်ကော သူရဲကောင်း ဖြစ်ဖို့ အတွက်ပါ အဆင်ပြေမယ်။ ဖန်ကျန်းရှီက သူ့ အစီအစဉ်ကြီး အတွက် အတော်လေးကို ဂုဏ်ယူနေခဲ့တယ်။

“နင်တစ်ယောက်တည်း သွားမယ့် အစီအစဉ်ကို ငါ သဘောမကျဘူး။” ရှန်းယွီ မင်းသမီးက ချက်ခြင်း ခေါင်းခါတယ်။ အဲ့ဒီ့နောက် သူမပြောလိုက်တဲ့ စကားက တခြားသဘောသက်ရောက်သွားမှန်းသိတော့ ချက်ခြင်း ပြန်ပြင်ပြောတယ်။ “ သုခမိန်တောင်တန်း မြို့တော်။ တောင်ပိုင်းဒေသ ဘုရင်နဲ့။ ငါ့ရဲ့ တတိယ အကိုရဲ့ ကံကြမ္မာတွေ နင့်လက်ထဲ အပ်ထားရမှာကို ငါ သဘောမကျဘူး။”

“အိုး…” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် ရှန်းယွီ မင်းသမီးကို ပြန်ကြည့်တယ်။

… 

ညက အေးစိမ့်နေတယ်။ တနေ့လုံး တိုက်ခိုက်ထားကြတာကြောင့်။ သုခမိန် တောင်တန်း မြို့တော်က သွေးနံ့တွေ လွှမ်းနေခဲ့တယ်။ တော်ဝင်နန်းတော် အပြင်ဘကမှာ သွေးချောင်းစီးနေခဲ့တယ်။ အလောင်းတွေလည်း အတိုင်းသား ပျံ့ကျဲနေတယ်။ ငိုကြွေးသံတွေက ညအချိန်မှာ ထွက်ပေါ်နေတယ်။ လူကြီးသူမတွေ။ ကလေးသူငယ်လေ။ ဇနီးသည်တွေရဲ့ ငိုကြွေးသံတွေ။ စစ်သည်တော်တွေရဲ့ အော်ဟစ်သံကိုတော့ မကြားရဘူး။ မြို့တော်တစ်ခုလုံး ခြောက်ကပ်နေခဲ့တယ်။

သံချပ်ကာ အထူကြီးတွေနဲ့ စစ်သည်တော်တွေ။ တော်ဝင်နန်းတော်နံရံထက်မှာ စောင့်ကြပ်နေခဲ့တယ်။ တစ်ယောက်ချင်းစီက လှံ ရှည်တွေကို လက်ထဲကိုင်ထားကြတယ်။ သူတို့တွေက တော်ဝင် အစောင့်တွေပဲ။ တော်ဝင်မိသားစုရဲ့ သစ္စာခံ ထိပ်တန်း စစ်သည်တော်တွေ။ အေးစိမ့်နေတဲ့ လေထု နဲ့ သွေးနံ့တွေကြားမှာတောင်။ သူတို့တွေ အားလုံးက သတိမပျက် စောင့်ကြပ်နေတယ်။ သူတို့ရဲ့ တစ်ခုတည်းသော လုပ်ငန်းစဉ်က။ နန်းတော်ကို ကြီးကြပ်ဖို့ပဲ။ တောင်ပိုင်းဒေသ တစ်ခုလုံးမှာ အရေးအကြီးလုံး ဒီနေရာကို စောင့်ကြပ်ရမယ်။ လရောင်အောက်မှာ လူရိပ် နှစ်ခု ပေါ်လာခဲ့တယ်။ အမှောင်ထဲကို ခပ်မြန်မြန်ပဲ ဝင်ရောက်ပျောက်ကွယ်သွားတယ်။ ဘယ်တုန်းကမှ မရှိခဲ့ဖူးသလို။

“ မြို့ထဲကို ဝင်။”

“ မဟုတ်ဘူး။ ငါတို့ မဝင်ဘူး။” အမှောင်ထဲမှာ သူတို့ တီးတိုးပြောကြတယ်။ ပထမစကားက အမျိုးသမီး အသံ။ သူမကြည့်ရတာ လောကြီးနေပုံပဲ။ ဒုတိယ အသံကတော့ အမျိုးသားအသံ။ သူလည်း အလျင်လိုနေခဲ့တယ်။ ထပ်ပြီးတွေးစရာ မလိုတော့ဘူး။ ဒါက ရှန်းယွီ မင်းသမီး နဲ့ ဖန်ကျန်းရှီပဲ။

ရှန်းယွီကတော့ သူ့ အကိုနဲ့ ခမည်းတော် အကြောင်းကို တွေးနေတယ်။ မြို့ထဲကိုဝင်ပြီး စစ်ဆေးကြည့်ချင်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ မလုပ်ချင်ဘူး။ သူ့ကို မနည်းရောက်အောင်လာရတာလေ။ သေစမ်း။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ စစ်တပ်ကြီးက ဘယ်ရောက်နေလဲ။ ဒီ့အတွက်သူ အချိန်ဆွဲထားခဲ့တာ။ မြို့နံရံတွေကို ဖြတ်သန်းဖို့ မှောင်တဲ့ အချိန်ထိ စောင်ေ့နခဲ့ရတာ။ ဒါတောင်။ ကြီးမြတ်သော ရှ မင်းဆက်က စစ်သည်တော် တစ်ယာက်ကိုမှ မတွေ့ခဲ့ရဘူး။

ခြေရာလေးတောင် မတွေ့ရဘူး။ ဖန်ကျန်းရှီ ရဲ့ အစီအစဉ်က ရိုးရှင်းတယ်။ ရှန်းယွီ မင်းသမီး ရဲ့ အမိန့်ကိုသုံးပြီး။ စစ်သည်တော်တွေကို အေးခဲ မျောက်မင်း ဒေသဆီ သွားခိုင်းတယ်။ အဲ့ဒီ့နောက် ကြီးမြတ်သော ရှမင်းဆက်နဲ့ အင်အားပေါင်းစည်းပြီး နတ်ဆိုးတွေကို တိုက်ထုတ်ရမယ်။ ဒါပေမယ့် အခုတော့လှုပ်ရှားမှုလေး တစ်ခုတောင် မတွေ့ရဘူး။ အစီအစဉ်က တစ်ခုခုတော့ လွဲနေပြီ။

အပိုင်း(၄၁၆)ပြီး၏။

အပိုင်း (၄၁ရ)

“ သတိမထားမိသော တိုက်ခိုက်မှု။”

Chapter 417: Reckless Charging

ဘယ်နားမှားနေလဲ ဖန်ကျန်းရှီ မတွေးတတ်တော့ဘူး။ စစ်တပ် အကြီးအကဲက ရှင်းယွမ်ကောင်းလေ။ အေးခဲ မျောက်မင်း ဒေသမှာ မနေဖို့ အမြင်ကျယ်တဲ့လူ။ နောက်ပြီးတော့။ ရှင်းယွမ်ကောင်းက သုခမိန်တောင်တန်း မြို့တော်ရဲ့ ကိစ္စတွေကိုလည်း ကြိုမြင်မှာပဲ။ ဒီလို ရွှေရောင် အခွင့်အရေးကြီးကို သူက လက်လွတ်ခံမှာ မဟုတ်ဘူး။ သူ လွတ်သွားတဲ့ နေရာ တစ်ခုခုများ ရှိနေသေးလား။ ဖန်ကျန်းရှီ နားမလည်နိုင်ဘူး။ ဒါပေမယ့် ပထမဆုံး ချက်ခြင်းဖြေရှင်းရမယ့် ပြဿနာရှိလာပြီ။ မြို့နံရံ အပြင်ဘက်မှာပဲ နေနေလို့ မရဘူး။ အကယ်၍ ကြီးမြတ်သော ရှမင်းဆက်သာ အေးခဲ မျောက်မင်းဒေသမှာ စခန်းချ ထားတုန်း ဖြစ်မယ် ဆိုရင်။ တောင်ပိုင်းဒေသ စစ်တပ် လာတိုက်မှာကို သူတို့ ကာကွယ် ထားမှာပဲ။ သုခမိန်တောင်တန်း မြို့တော်က နတ်ဆိုး ငါးသောင်း ဝန်းရံတာကို ခံထားရတယ်။ ဒါပေမယ့် ချက်ခြင်းတော့ အန္တရာယ် ရှိမှာ မဟုတ်ဘူး။ သို့ပေမယ့် ရှန်းယွီ ရဲ့ စစ်သည် ရှစ်သောင်းကလည်း အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်တာ အသေ အချာပဲ။

ယွင်ချင်းဝူရဲ့ အစီအစဉ်ကို သူ မှန်မှန် ကန်ကန်ခန့်မှန်းနိုင်ခဲ့တယ် ဆိုတာ ။ ဖန်ကျန်းရှီ သေချာတယ်။ သူ့ရဲ့ တန်ပြန်တိုက်ခိုက်မှုက ။ ကြီးမြတ်သော ရှမင်းဆက် ရဲ့ စစ်တပ်သာ အေးခဲ မျောက်မင်း ဒေသမှာပဲ ကျန်နေခဲ့ရင် အသုံးဝင်မှာ မဟုတ်တော့ဘူး။ ရက်အနည်းကြာပြီးနောက်။ နတ်ဆိုး စစ်တပ်ကြီး နှစ်ခု ပေါင်းစည်းသွားရင်။ တားမြစ်လို့ မရနိုင်တော့တဲ့ အင်အား ဖြစ်လာလိမ့်မယ်။ ဒါဆိုရင် အနိုင်ရနိုင်ချေနည်းတဲ့ ပြင်းထန်တဲ့ တိုက်ပွဲ ဖြစ်လာလိမ့်မယ်။ အကယ်၍ မြောက်ပိုင်း ဒေသ လူရိုင်းတွေသာ ဒီ အခွင့်အရေးကို ယူပြီၤး တိုက်ခိုက်လိုက်ရင်။ ကြီးမြတ်သော ရှ မင်းဆက်က တကယ့်ကို အန္တရာယ်ထဲ ရောက်နေပြီပဲ။ အခုချိန်မှာ သူ ဘာလုပ်ရမလဲ။

ဖန်ကျန်းရှီက နိုင်ငံရေးကိစ္စတွေကို စိတ်မဝင်စားပေမယ့် ။ သူ့နိုင်ငံ ကျရှုံးသွားမှာကိုလည်း မဖြစ်စေချင်ဘူး။ သူ့ မိသားစုကိုလည်း ဂရုစိုက်ရအုန်းမယ်။ အကယ်၍ ကြီးမြတ်သော ရှမင်းဆက်သာ ထိခိုက်ရင်။ မြောက်ရွာကိုလည်း သက်ရောက်မှု ရှိလာမှာပဲ။ စစ်မက်မီး လောင်ကျွမ်းတာမျိုး သူ မမြင်ချင်ဘူး။ ဘယ်နိုင်ငံ သားမှ ဒါမျိုး ဖြစ်စေချင်မှာ မဟုတ်ဘူး။ ဒါကြောင့် သူ အစီအစဉ် နဲ့ လှုပ်ရှားဖို့ လိုတယ်။ ဒါပေမယ့် အခုချိန်မှာ လျောင်ကျွမ်းနေတဲ့ မီးတွေနဲ့ ။ ကင်းလှည့်နေတဲ့ နတ်ဆိုးတွေကို ကူကယ်ရာ မဲ့တဲ့ အကြည့်နဲ့ ကြည့်နေခဲ့တယ်။

ဒီမှာ စစ်သည်တော် ငါးသောင်းကျော်ရှိတယ်။ အကယ်၍ သူ့ အရင်ဘဝက စစ်ဗျူဟာတွေကို သုံးမယ် ဆိုရင်တောင်။ အရေအတွက် အရ အောင်မြင်နိုင်ချေ အရမ်းကို နည်းနေခဲ့တယ်။ ရန်သူတွေပဲ အနိုင်ရသွားလိမ့်မယ်။ လျိုပန်း တိုက်ခဲ့တဲ့ ရှင်းယွီ တိုက်ပွဲ။ ယွမ်ရှောင်ကို ချောင်ချောင် အနိုင်ရခဲ့တဲ့ တိုက်ပွဲ။ နောက်ပြီးတော့ ကျူးကောလျန်ရဲ့ ကျော်ကြားတဲ့ မြို့ပျက်ကြီး ဗျူဟာ ။ ဒါပေအယ့် အခုချိန်မှာ ဒါတွေ တစ်ခုမှ သုံးမရဘူး။ ရိက္ခာတွေကို မီးရှို့ရင်ကော။ အစီအစဉ်ကောင်းပဲ။ ဒါပေမယ့် ရိက္ခာတွေက ဘယ်နေရာမှာ ရှိတာလဲ။

မြို့ပျက်ကြီး ဗျူဟာက အစီအစဉ်ကောင်းတစ်ခု ဟုတ်တယ်။ ဒီနေရာမှာ သုံးလို့မရတာလေး တစ်ခုပဲ။ ဒီနေရာမှာ သုံးလိုက်ရင် စိစိညက်ညက် ကျေသွားလိမ့်မယ်။ ယွင်ချင်းဝူကို တစ်ပတ်ရိုက်ရင်ကော။ ဖန်ကျန်းရှီ ရဲ့ မျက်လုံးတွေ တလက်လက် တောက်ပလာတယ်။ အဲ့ဒီ့နောက် ချက်ခြင်း ပြန်မှောင်မည်းသွားတယ်။ အစကနေ ပြောရရင်။ ယွင်ချင်းဝူ ဘယ်နားရောက်နေမှန်းတောင် သူမသိဘူး။ နောက်ပြီးတော့ လေတောင်ကြား က အဖြစ်အပျက် ပြီးတဲ့နောက်။ နတ်ဆိုးတွေက သူတို့ရဲ့ တိုက်ခိုက်မှုကို မြန်မြန်လုပ်မှာ အမှန်ပဲ။ ခေါင်းကိုက်လိုက်တာ။… ဖန်ကျန်းရှီမှာ ဒါတွေကို ဖြေရှင်းဖို့ နည်းလမ်း အလုံအလောက်ရှိတယ်။ ကိစ္စတွေ ဒီ့ထက် မဆိုးလာတော့ဘူးလို့ တွေးမိပေမယ့်။ ရှန်းယွီ မင်းသမီး တစ်ယောက်လုံး သူနဲ့ ပါလာတာကို တွေးမိပြန်တယ်။ ဖန်ကျန်းရှီက သူမရဲ့ အကြံပြုချက်ကို ငြင်းပယ်လိုက်တဲ့နောက်။ ရှန်းယွီ တစ်ယောက်တည်း သွားဖို့ ဆုံးဖြတ်လိုက်တယ် ။ နောက်ထပ် ရှင်းမပြတော့ဘူး။ နံရံပေါ်ကို ခုန်တက်တယ်။

“ ငလူးပဲ။” ရှန်းယွီကို မြေပြင်ပေါ် ပြန်ဆွဲချပြီးတော့ ။ မြေပြင်ပေါ် မှောက်လျက် ဖိထားပြီး တက်ထိုင်ထား လိုက်ချင်တယ်။ ဒါပေမယ့် ရှန်းယွီ မင်းသမီးက ကိစ္စတွေကို အမြဲ ထိန်းချုပ်နေတဲ့သူ။ သူမက ခေါင်းဆောင်ပဲ။ ဒါကြောင့် ဖန်ကျန်းရှီရဲ့ အတည်ပြုချက်ကိုတောင် သူ စောင့်မနေခဲ့ဘူး။ သူမရဲ့ အစီအစဉ်ကို ပြောပြတာကတောင်။ ဖန်ကျန်းရှီကို လေးစားမှု ပြတာပဲ။

ဖန်ကျန်းရှီတွေးနေတယ်။ ( မင်းသမီးကို တစ်ယောက်တည်း လွှတ်လိုက်ရမလား။ ဒါမှမဟုတ်။ မြို့ထဲကို လိုက်ဝင်ပြီးတော့ အထဲ ရောက်မှ အစီအစဉ်ကို ပြန်စဉ်းစားရမလား။)

အခုချိန်မှာ ဖန်ကျန်းရှီ ရင်ဆိုင်နေရတဲ့ အခက်အခဲပဲ။ အခုချိန်မှာ ဆုံးဖြတ်ချက်ချဖို့က ခက်ခဲတာ မဟုတ်ဘူး။ ခိုင်မာတဲ့ အခြေခံ မရှိတဲ့ အတွက်။ မီးစင်ကြည့်ကဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေါ့။ ရှန်းယွီ မင်းသမီးက သူ့ကို တစ်ယောက်တည်း နောက်မျာ ချန်ထားခဲ့မှာ ကြောက်တာပေါ့။ နောက်ဆုံးတော့လည်း ဒါက သူ့ရဲ့ နယ်မြေပဲလေ။ သူဒီနေရာထိ ရောက်လာနိုင်တာလဲ။ ရှန်းယွီ မင်းသမီး ကြောင့်ပဲ။ သူက အင်အားကြီးကောင်းကြီးလိမ့်မယ်။ ဒါပေမယ့် အသက်ဆက်ရှင်ချင်ရင်။ ရှန်းယွီ မင်းသမီးနဲ့ နေဖို့တော့ လိုတယ်။

“ ငါ့ကို စောင့်အုန်း။” ဖန်ကျန်းရှီက ရှန်းယွီ နောက်ကို လိုက်ပြီး။ မြို့ထဲကို ဝင်လာခဲ့တယ်။ ဘုရင် နဲ့ အိမ်ရှေ့စံ လုံခြုံမှု ရှိမရှိ သိချင်တာလေး တစ်ခုပဲ။ အဲ့ဒီ့နောက် အကုန်လုံးကို အဆက်ဖြတ်ခဲ့မယ်။ မြို့တော်က အရမ်းကို အန္တရာယ်များနေပြီ။ နေစမ်းပါအုန်း။ တစ်ခုခုတော့ မှားနေပြီ။ အကယ်၍ သူနဲ့ ရှန်းယွီ မင်းသမီးတောင် ဝင်လာနိုင်ရင်။ တော်ဝင်မိသားစုက ဘာလို့များ မထွက်လာနိုင်ရမှာလဲ။ ဘယ်သူကများ သူတို့ကို တားဆီးဝံ့မှာလဲ။ မဖြစ်ဘူး။ ဒါက ထောင်ချောက်တစ်ခုပဲ။

ဖန်ကျန်းရှီရဲ့ အမူအယာက ချက်ခြင်း ပြောင်းလဲသွားတယ်။ နန်းတော်ကြီးက နတ်ဆိုးတွေ ထိန်းချုပ်တာကို ခံထားရပြီ။ အပြင်မှာ ရှိတဲ့ အရာတွေက အယောင်ပြသက်သက်ပဲ။ ထောင်ချောက်ထဲကို သူ ဝင်သွားရမှာလဲ။ ဖန်ကျန်းရှီ ကြာကြာတောင် မတွေးလိုက်ရဘူး။ နန်းတော်ထဲကို ခြေချချ ခြင်းမှာပဲ။ သူမြင်လိုက်ရတဲ့ အရာကြောင့် လန့်သွားတယ်။ ကြိမ်ထည် သံချပ်ကာနဲ့ အုပ်စုကြီး တစ်စုက သူနဲ့ ရှန်းယွီ မင်းသမီးကို စိုက်ကြည့်နေခဲ့တယ်။ သူတို့တွေက ဒီနေရာကို ကင်းလှည့်နေတာ အသိအသာကြီးပဲ။ မျက်လုံးပေါင်း ဒါဇင်ချီက သူတို့ နှစ်ယောက်ကို မယုံမကြည်နိုင်စွာ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ အမူအယာက မည်းမှောင်သွားခဲ့တယ်။

သူ့ကိုယ်သူ အလစ်ဝင်တိုက်မှုမှာ ဆရာတစ်ဆူလို့ ဖန်ကျန်းရှီ ခံယူထားခဲ့တာ။ ဒါပေမယ့် ဒီနေ့မှာတော့။ ရှန်းယွီ မင်းသမီးက သူ့ရဲ့ ဂုဏ်သတင်း ကို ဖျက်စီးလိုက်ပြီ။ မခုန်ချခင် နည်းနည်းလေးတောင် မစစ်ဆေးဘူး။ အနည်းဆုံးတော့ ခြေသံတွေကို နားထောင်သင့်တယ်။ အင်အားကြီးတဲ့ တစ်ယောက်ယောက်နဲ့ တွေ့သွားရင် ဘယ်လိုလုပ်မလဲ။ ကောင်းကင်ရောင်ပြန် အထွဋ်အထိပ် အဆင့်ပဲ ရှိသေးတာကို ။ တုံးအလိုက်တာ။

ဖန်ကျန်းရှီ ပြောနိုင်တာကတော့ အလစ်ဝင်တိုက်မှု ဆိုတာ အမှားတစ်ခုပဲ။ စစ်သည်တော်တွေရဲ့ အမူအယာက ဒါကို မြင်သာစေနေခဲ့တယ်။ အခုချိန်မှာ သူ ဘာလုပ်ရမလဲ။ တိုက်ခိုက်ရမလား ပြေးရမလား ။ ဒီ စစ်သည်တော်တွေက တကယ့် စစ်သည်တော်ဖြစ်နေတာလား။ ဒါမဟုတ် နတ်ဆိုးတွေလား ။ သူမသေချာဘူး။ သူတို့ရဲ့ သံချပ်ကာတွေကြောင့်။ ဖန်ကျန်းရှီက သူတို့ရဲ့ နဖူးကို မမြင်နိုင်ဘူးလေ။ ဒါကြောင့် နတ်ဆိုး မျက်လုံး နဖူးမှာ ရှိရင်တောင် သူမမြင်နိုင်ဘူး။

“ နင် ဘာကို ကြည့်နေတာလဲ။ ဆက်ပြီး ကင်းလှည့်နေစမ်း။” ကျယ်လောင်တဲ့ မောက်မောက်မာမာ အသံ ထွက်ပေါ်လာတယ်။ အနီရောင် အလင်းတန်းက ရှန်းယွီ မင်းသမီး ရဲ့ ကိုယ်မှာ တောက်ပလာတော့တယ်။ ဒါက တိမ်သဏ္ဍာန်ပဲ။ ဒီ သဏ္ဍာန်ကြောင့် ရှန်းယွီမင်းသမီးရဲ့ သရုပ်မှန် ပေါ်လာခဲ့တယ်။ ရှန်းယွီ ဘာလို့ ဒီလို လုပ်နေလဲ သူသိတယ်။ ဒါပေမယ့် သူ စိုးရိမ်တာက။ ဒီ အစောင့်တွေက နတ်ဆိုးတွေ ဖြစ်နေမှာကိုပဲ။ သူ တွေးနေတဲ့ အချိန်မှာပဲ။ အံ့ဖွယ်ရာ တစ်ခုဖြစ်လာခဲ့တယ်။

အစောင့်တွေကရှန်းယွီ ရဲ့ တိမ်သဏ္ဍာန်ကို မြင်လိုက်တယ်။ သူတို့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီးနောက်။ ရှန်းယွီ မင်းသမီး နဲ့ ဖန်ကျန်းရှီကို လျစ်လျူရှုလိုက်တယ်။ သူတို့ ဆက်ပြီး ကင်းလှည့်တော့တယ်။ ဖန်ကျန်းရှီကတော့ မခွဲခြားနိုင်သေးဘူး။ နတ်ဆိုးတွေလား တကယ့် အစောင့်တွေလား။ နှစ်ခုလုံး ဖြစ်နိုင်တာပဲ။ အကယ်၍ သူတို့သာ အစောင့်စစ်စစ်တွေ ဆိုရင်။ ရှန်းယွီ မင်းသမီးကို မှတ်မိတာနဲ့ ဖြတ်သန်းခွင့်ပေးမှာပဲ။ အကယ်၍ နတ်ဆိုး တွေ ဖြစ်ခဲ့ရင်တော့။ ဟန်မပျက် ဆက်နေနေမှာ။ ဖန်ကျန်းရှီ မပြောနိုင်ဘူး။ သူ စိတ်ပူလာတယ်။ ဒါပေမယ့် ရှန်းယွီ ကတော့ စိတ်မပူဘူး။ ဆက်လက်ပြီး အလင်းတွေ လွှတ်နေတုန်းပဲ။

အဲ့ဒီ့နောက် ထူးဆန်းတဲ့ကိစ္စ တစ်ခုကို သူမ လုပ်တော့တယ်။ အခု ချက်ခြင်း ဖြစ်နေတာကို နားလည်သွားတဲ့ ပုံစံနဲ့ ။ ဖန်ကျန်းရှီကို ချက်ခြင်း ဆွဲပြေးတော့တယ်။ လမ်းမကြီးကနေ ပြေးတာ။ ဖန်ကျန်းရှီ ကတော့ မပျော်မရွှင် ဖြစ်နေခဲ့တယ်။ ရှန်းယွီ မင်းသမီးကို လက်လွှတ်ဖို့ ပြောချင်တယ်။ အလင်းတွေလွှတ်နေတာကို ရပ်လိုက်ပြီးတော့ ။ ပုန်းကွယ်သွားဖို့ ပြောချင်တယ်။ နောက်ဆုံးတော့လည်း။ သူမက ကောင်းကင်ရောင်ပြန် အထွဋ်အထိပ် အဆင့်မှာပဲ ရှိသေးတယ်လေ။ ဒါပေါ့။ အခုချိန်မှာတော့ သူ တစ်ခွန်းမှ မပြောဘူး။ လမ်းတစ်လျှောက်လုံးမှာ။ စောင့်ကြပ်နေတဲ့ အစောင့်တပ် ဒါဇင်ချီကို ဖြတ်သန်းခဲ့တယ်။ ဘာ အခက်အခဲ မှ မရှိခဲ့ဘူး။

ဒါပေမယ့် လမ်း တစ်လျှောက်လုံးမှာ ။ အတော်လေးကို စပ်စုခံရတယ်။ ဖန်ကျန်းရှီက အာရုံစိုက်ခံရတာ ကြိုက်ပေမယ့်။ အခုကိစ္စကတော့ အတော်လေးကို များလွန်းတယ်။ နန်းတော်က တောင်ပိုင်းဒေသ ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေသေးလား။ ဖန်ကျန်းရှီလမ်းတစ်လျှောက်လုံး လေ့လာနေခဲ့တယ်။ အကယ်၍ သူ့မှာသာ ဒုတိယ အခွင့်အရေးရှိရင်။ ရှန်းယွီကို မျက်ခြေဖြတ်ပြီး ။ ပုန်းဖို့ တနေရာရှာမယ်။ သတင်းအချက်အလက်တွေကို စုဆောင်းမယ်။ အခုလိုမျိုး နန်းတော်ထဲကို ဒုန်းစိုင်းဝင်လာတာက… သူ့အသက် အတွက် အာမခံချက် မရှိဖြစ်စေတယ်။

အပိုင်း(၄၁၇)ပြီး၏။

အပိုင်း(၄၁၈)

“အရိုင်းဆန်သော လှုပ်ရှားမှု။”

“ ရပ်” ဆယ့်ငါးမိနစ်တိတိ လမ်းလျှောက်ပြီးတဲ့နောက်။ ဖန်ကျန်းရှီ ဆက် မလုပ်နိုင်တော့ဘူး။

“ ဘာဖြစ်လို့လဲ။ ရှင်ဘုရင်နဲ့ ငါ့ တတိယ အကိုကို တွေ့ချင်နေပြီ။ ဘာလို့ ရပ်ရမှာလဲ။” ရှန်းယွီက မျက်မှောင်ကြုတ်သွားတယ်။ သံသယ ဝင်တဲ့ အကြည့်နဲ့ကြည့်တယ်။

“ ငါတို့ အဝတ်အစားလဲသင့်တယ်လို့ ထင်တယ်။ ” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ လဲရမယ်။ ဘာလို့လဲ။”

“ အရှင်မင်းသမီး ။ တွေးကြည့်ပါအုန်း။ ဒီလို လုပ်လိုက်ရင်။ နောက်ထပ် ပြဿနာတွေကို အများကြီးရင်ဆိုင်ရတော့မှာ မဟုတ်ဘူး။ ဒါပေမယ့် အစောင့် အကြပ်တွေကို တွေ့တဲ့ အချိန်တော့ ရပ်တန့်ရမှာပဲ။ ဒါက ငါတို့ကို နှောင့်နှေးစေလိမ့်မယ်။ ပြီးတော့ မင်းသမီးရဲ့ သရုပ်မှန်ကိုလည်း လူတွေ များများ သိလိမ့်မယ် ။ အဝတ်အစားလဲ လိုက်ရင် ငါတို့ကို ဖုံးကွယ်ပြီးသား ဖြစ်သွားလိမ့်မယ်။

“ အင်း။ အဓိပ္မာယ်ရှိသားပဲ။” မင်းသမီး စကားဖြတ်ပြောတယ်။ အဲ့ဒီ့နောက် ပတ်ဝန်းကျင်ကို ကြည့်တယ်။ မှောင်ရိပ်ကျတဲ့နေရာ တစ်ခုစီ ပြေးသွားတော့တယ်။ ဖန်ကျန်းရှီ စိတ်ရှုပ်သွားတယ်။ အဲ့ဒီ့မှာ ဘယ်သူမှ မရှိဘူး။ ရှန်းယွီ ဘာလို့ သွားတာလဲ။ သူ့ကို မျက်ခြေဖြတ်သွားတာလား။ သူတွေးနေတဲ့ အချိန်မှာပဲ ရှန်းယွီ ရဲ့ အသံကို ကြားလိုက်ရတယ်။

“နင် နဲ့ နင်။ အဝတ်အစားတွေကို ချွတ်လိုက်တယ်။ ”

“အမိန့်အတိုင်းပါ အရှင်မင်းသမီး။ ”

သိပ်မကြာခင် ရှန်းယွီ မင်းသမီး မှောင်ရိပ်ထဲက ပြန်ထွက်လာတယ်။ သူမ လက်ထဲမှာ ကြိမ်ထည် သံချပ်ကာတွေ ပါလာခဲ့တယ်။

“ အဝတ်တွေရပြီ။ ” မျက်နှာကို မော့ချီပြီး ပြောနေတဲ့ သူမ ပုံစံက အတော်လေးကို ဂုဏ်ယူ ဝံ့ကြွားနေပုံပဲ။ တော်ဝင်နန်းတော်။ အတိအလင်း စောင့်ကြည့်နေတဲ့ လူတွေ အပြင်။ မှောင်ရိပ်ထဲမှာလည်း လူတွေထပ်ရှိသေးတယ်။ အန္တရာယ်ကတော့ နေရာတိုင်းမှာ အပြည့်။ နေစမ်းပါအုန်း…. ဒီ နေရာက တပ်ပုန်းတွေ မပြောင်းလဲဘူးပဲ။ ဒါဆိုရင်။ တော်ဝင်မြို့တော်က ။ တောင်ပိုင်းဒေသရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတုန်းပဲလား။ ဖန်ကျန်းရှီ မျက်တောင်ပုတ်ခတ်လုပ်နေခဲ့တယ်။ ဒီနေရာက နတ်ဆိုးတွေရဲ့ ထိန်းချုပ်မှု အောက်မှာ မရှိသေးတာ ဝမ်းသာ စရာပဲ။

ဒါပေမယ့် ထိန်းချုပ်ထားနိုင်သေးတာ ဆိုရင်။ ဘုရင်နဲ့ အိမ်ရှေ့စံ ကဘာလိုက ဒီ အခွင့်အရေးကို အရယူပြီး ထွက်မပြေးတာလဲ။ သူတို့တွေတောင် လွယ်လွယ်နဲ့ ဝင်လာနိုင်တာ။ တော်ဝင်မျိုးနွယ်တွေ ဆိုရင် ပိုပြီး လွတ်ဖို့ လွယ်မှာပဲ။ တစ်ခုခု လွဲနေပြီ။ တစ်ခုခုလွဲနေတာ သေချာတယ်။ ဖန်ကျန်းရှီ ဒါကို ကောင်းကောင်းသိတယ်။ ဒါပေမယ့် ဘယ်နေရာမှာ ပြဿနာ ဖြစ်နေလဲ ဆိုတာ စဥ်းစားလို့ မရဘူး။ သက်ပြင်းရှည်ကြီး ချနေခဲ့တယ်။ နောက်ပြီးတော့ ဒီ သံချပ်ကာကြောင့် အတော်လေး သက်တောင့်သက်သာ မဖြစ်ခဲ့ဘူး။

အရာအားလုံးက ရိုးရှင်းလွန်းနေတယ်။ ရှန်းယွီ မင်းသမီးရဲ့ ဦးဆောင်မှုနဲ့။ ရှုပ်ထွေးလွန်းတဲ့ နန်းတော်ထဲကို အေးဆေး ဝင်လာနိုင်တယ်။

အဲ့ဒီ့နောက် ကြီးမားတဲ့တံခါးကြီး အနားကို ရောက်လာတော့တယ်။ ရွှေတွေ ကျောက်မျက်ရတနာတွေနဲ့ စီခြယ်ထားတဲ့ တံခါးကြီး တစ်ခုပဲ။ လက်ရာမြောက်ဖန်တီးမှု အနုပညာ တစ်ခုနဲ့တောင် တူညီသေးတယ်။ အထဲက ဗုံသံတွေတောင်ကြားနေရတယ်။ သံချပ်ကာ အထူကြီးတွေနဲ့ စစ်သည်တော်ခြောက်ဦး တံခါးကို စောင့်ကြပ်နေတယ်။ သူတို့ တစ်ယောက်ချင်းစီက ထောင်ထောင်မောင်းမောင်းနဲ့ သန်မာတဲ့ လူကြီးတွေ ပဲ။ ဟော့လို ကိုယ်လုံး ကိုယ်ပေါက် နဲ့ အသားရောင် က မည်းနက်နေတဲ့ လူတွေပဲ။

တံခါးပေါ်က ပုံက သားရဲကောင်ကြီး တစ်ကောင်ပဲ ပုံပဲ။ ခြင်္သေံ့ နဲ့တူတယ်။ ဒါပေမယ့် အတောင်ပံတွေ ပါနေတယ်။ နောက်ပြီးတော့ ခေါင်းပေါ်မှာ ဂျိုတွေလည်း ရှိနေသေးတယ်။ ဂျိုပေါ်မှာ ထူးဆန်းတဲ့ သဏ္ဍာန်တွေလည်း ရှိနေတယ်။ တိမ်သဏ္ဍာန်။ အခုချိန်မှာတော့။ တိမ်သဏ္ဍာန်ကို ဖန်ကျန်းရှီ မြင်တာ အကြိမ်ပေါင်း မနည်းတော့ဘူး။ ပထမဆုံး အဆုံးမဲ့ လောကထဲမှာ မြင်ဖူးတယ်။ နောက်တစ်ခါ ဝူဖုန်းရဲ့ ပုလွေ ပေါ်မှာ။ နောက်တော့ ရှန်းယွီ မင်းသမီး ရဲ့ ကိုယ်ပေါ်။ အခုတော့ တံခါးမှာ။ ဒီ တိမ်သဏ္ဍာန်က ဘာကြီးများလဲ။

ရှန်းယွီကို မေးကြည့်ချင်တယ်။ နောက်ဆုံးတော့လည်းသူ့ကိုယ်ပေါ်မှာ ရှိနေတာကို သူသိမှာပဲလေ။ ဒါပေမယ့် ဒီအချန်မှာပဲ ။ ဗုံသံတွေ ရပ်သွားခဲ့တယ်။ အဲ့ဒီ့နောက် စားပွဲနဲ့ ကုလားထိုင်တွေ တိုက်မိတဲ့ အသံကို ကြားရတယ်။ ဒေါသတကြီး အော်ဟစ်သံတွေ အထဲကနေ ထွက်ပေါ်လာတယ်။

“ ပုန်ကန်တာလား။ မင်းတို့ လုပ်နေတာကို ရပ်လိုက်စမ်း။”

ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတယ်။ ပုန်ကန်နေတယ်။ ဒီ တန်ဖိုးကြီး တံခါးကြီးရဲ့ နောက်မှာ ရှိနေတဲ့ လူက ဘုရင် ဒါမှမဟုတ် အိမ်ရှေ့စံ ဖြစ်မယ်ဆိုတာ သူသိတယ်။ ဒါကြောင့် ပုန်ကန်မှု ဆိုတာ လူတစ်ယောက်ကိုပဲ ပြောတာ။ ကြည့်ရတာ ပြဿနာဖြစ်နေပြီ။ ဖန်ကျန်းရှီ ရဲ့ နှလုံးသားလေး တဖျပ်ဖျပ် ခုန်သွားခဲ့တယ်။ အိမ်ရှေ့စံက ဒီအခွင့်အရေးကို သုံးပြီးတော့ ပုန်ကန်မလို့လား။ သမိုင်းမတင်မီခေတ်ကတောင် ဒါမျိုးတွေ ဖြစ်ခဲ့ဖူးတယ်လေ။ ပလ္လင်ရဖို့ အတွက် အပြင်လူတွေနဲ့ မဟာမိတ်ဖွဲ့ကြတယ်။ ဒါပေမယ့် အပြင်က အစောင့်တွေကတော့ မျက်တောင် တစ်ချက်လေးတော်င မခတ်ကြဘူး။ ဘာဆူညံသံကိုမှ မကြားကြတဲ့ အတိုင်းပဲ။ တစ်ခုခုတော့ လွဲနေပြီ။ အထဲမှာ ပုန်ကန်မှု လို့ အော်နေပြီလေ ။ အထဲဝင်ပြီး သူတို့ရဲ့ ဘုရင်ကို ကာကွယ်ရမှာ မဟုတ်ဘူးလား။ ဘာလို့ မလှုပ်ရှားကြတာလဲ။ ဒါက အိမ်ရှေ့စံရဲ့ လူတွေလား။ တစ်ခုတည်းသော ဖြစ်နိုင်ချေကို ဖန်ကျန်းရှီ တွေးမိတယ်။ ကြောက်စရာ ကောင်းလိုက်တာ။ ဒီလူတွေက အိမ်ရှေ့စံ ရဲ့ ဘက်တော်သား တွေ ဖြစ်ခဲ့ရင်။ ဒီ ပုန်ကန်မှုက အောင်မြင်တော့မယ့် ပုံပဲ။

“ခမည်းတော်။”

မာဖီဥပဒေသ * ကတော့ နောက်တကြိမ်ဖြစ်လာပြန်ပြီ။ ရှန်းယွီ မင်းသမီးရဲ့ အသံထွက် လာပြီး တဲ့ နောက်။ ဖန်ကျန်းရှီက က ဘုရင် ရှေ့ကို လျှောဝင် ဖို့ ဒါမှမဟုတ် အိမ်ရှေ့စံ မင်းသားရှေ့ကို ဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အနီရောင် အလင်းတန်းက ရှန်းယွီ မင်းသမီးရဲ့ ကိုယ်မှာ တောက်ပနေခဲ့တယ်။ ရှန်းယွီ မင်းသမီးကို ကြည့်ရင်း အစောင့်တွေ ထိတ်လန့်ကုန်ကျတယ်။

“ မင်းသမီး။”

“ အဲ့တာ မင်းသမီးပဲ။”

“ အရှင်မင်းသမီးကို နှုတ်ခွန်းဆက်ပါတယ။်”

အစောင့်တွေက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။ အဲ့ဒီ့နောက် တစ်ယောက်ကိုတစ်ယောက် တီးတိုးပြောကြတယ်။ ဒါပေမယ့် တစ်ယောက်မှ လေးစားသမှုနဲ့ ဒူးမထောက်ကြဘူး။

“ ဘေးဖယ်စမ်း။” ရှန်းယွီ မင်းသမီး အမိန့်ပေးတယ်။

“အမ်….”

အစောင့်တွေ ကြောင်တောင်တောင် ဖြစ်သွားခဲ့တယ်။

“ ငါပြောတယ်။ ဘေးဖယ်စမ်း။” ရှန်းယွီ ဒေါသ ထွက်လာတယ်။

“ ခွင့်လွှတ်ပါ မင်းသမီး။ အိမ်ရှေ့စံက ဘယ်သူမှ ဝင်မလာရဘူးလို့ အမိန့်ချထားလို့ပါ။” အစောင့်တစ်ယောက် တလေးတစားနဲ့ ပြန်ဖြေတယ်။

“ တတိယ အကို ရှိနေတာလား။ ဒါက ဘုရင့် ညီလာခံလေ။ သူက သူ့နန်းဆောင်မှာ အစီအစဉ်ချနေရမှာ မဟုတ်ဘူးလား။ ဒီမှာ ဘာလာလုပ်နေတာလဲ၊” ရှန်းယွီ စိတ်ရှုပ်ရှုပ်နဲ့ မျက်မှောင်ကြုတ်သွားတယ်။

“ဒါက….. ငါမသိဘူး။” အစောင့်တွေက တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့တယ်။ သူ အံကြိတ်ထားခဲ့တယ်။

“ အမှိုက်တွေ။ ဒီမှာ ဘယ်သူထပ်ရှိသေးလဲ။”

“ ကျွန်တော် မသိဘူး။”

“ မင်းမသိဘူးဟုတ်လား။ ဒါမှမဟုတ် ။ သိရဲ့သားနဲ့ မပြောတာလား။ ဘေးဖယ်စမ်း။ ငါဝင်မယ်။” ရှန်းယွီ ရဲ့ မျက်လုံးတွေ့ ရေခဲရိုက်ထားသလို အေးစက်နေခဲ့တယ်။

“ ကျွန်တော်တို့ကို ခွင့်လွှတ်ပါ။” အစောင့်က အံကြိတ်နေတယ်။

“ လုပ်ဝံ့တယ်လား။ နင်တို့ ထဲက ဘယ်သူများ ငါ့ကို တားဝံ့သလဲ။” ရှန်းယွီမင်းသမီးရဲ့ ကိုယ်ခန္ဒာက အနီရောင်အလင်းတန်းတွေ တောက်ပလာခဲ့တယ်။ ရှန်းယွီ စိတ်ဆိုးတာကို ဖန်ကျန်းရှီ အကြိမ်ကြိမ်မြင်ဖူးတယ်။ သူကိုယ်တိုင်လည်းရင်ဆိုင်ဖူးတယ်လေ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ခံစားချက်က ကွာခြားတယ်။ အရင်တုန်းက။ သူမရဲ့ ဒေါသက ဒေါသ တစ်ခုတည်း သက်သက်ပဲ။ ဒီတစ်ကြိမ်မှာတော့ ခြိမ်းခြောက်မှု အငွေ့အသက်ကြီး ပါ ပါလာခဲ့တယ်။ မင်းသမီး တစ်ပါးရဲ့ ခြိမ်းခြောက်မှု အရှိန်အဝါ။

တောင်ပိုင်းဒေသရဲ့ မင်းသမီး တစ်ပါး အနေနဲ့။ သူမရဲ့ အာဏာကို အပြင်လူတစ်ယောက်က စိန်ခေါ်တာကို လက်ခံလိမ့်မယ်။ ဒါပေမယ့် တံခါးစောင့် တစ်ယောက်က သူမကို မရိုမသေပြုတာကိုတော့ လုံး၀ လက်ခံမှာ မဟုတ်ဘူး။ အနီရောင် အလင်းတန်းက သူမကိုယ်ကို ရစ်ပတ်လာတယ်။ သိပ်သည်းတဲ့ တိမ်သဏ္ဍာန်တွေ သူ့ကိုယ်မှာ နေရာအနှံ့ ပေါ်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အပူလှိုင်းတွေ ထွက်ပေါ်လာတယ်။ လုံးဝကို ပြိုင်ဘက်ကင်းတဲ့ အရှိန်အဝါပဲ။ စည်းချက်ကျကျ လှုပ်ရှားနေတယ်။ နှလုံးခုန်သံလိုပဲ ။ အရိုင်းဆန်လိုက်တာ။ ဒါက ဖန်ကျန်းရှီ ပြောနိုင်တဲ့ တစ်ခုတည်းသော စကားပဲ။ သူမရဲ့ မျက်လုံးတွေက အစောင့်ခြောက်ယောက်ကို စိုက်ကြည့်နေတယ်။ သူမရဲ့ ခြေထောက်တွေ ကွေးညွှတ်သွားခဲ့တယ်။ ခုန်ပြီး တိုက်ခိုက်ဖို့ အသင့်ဖြစ်နေခဲ့တယ်။

အနိရောင်အလင်းတန်းတွေ အများကြီး နဲ့ တိမ်သဏ္ဍာန်တွေ လှည့်ပတ်နေခဲ့တယ်။ သားကောင်ကို လိုက်ဖို့ အသင့်ဖြစ်နေတဲ့ ကျားသစ်တစ်ကောင်လိုပဲ။ အစောင့် ခြောက်ယောက်က ဒါကို မြင်တော့ တုန်ယင်သွားခဲ့တယ်။ ဒီလို စိတ်ခံစားချက် မထိန်းချုပ် နိုင်တာမျိုးကို သူ တို့ ကြုံဖူးတဲ့ပုံပဲ။

“ ဒါက မင်းရဲ့ နောက်ဆုံး အခွင့်အရေးပဲ ။ ဘေးဖယ်နေလိုက်။” ရှန်းယွီ နောက်တစ်ကြိမ် အော်ဟစ်ပြန်တယ်။ ဒီ တစ်ကြိမ်မှာတော့။ ရင်ခေါင်းသံနဲ့ နှလုံးသားထဲကနေ အော်ဟစ်တာ ဖြစ်တယ်။

သူနဲ့ စစ်သူကြီး တိုင် တိုက်ပွဲ မှာတုန်းက ဒါမျိုး ကြုံဖူးတယ်။ ရှန်းယွီလည်း ဒီလို အရိုင်းဆန်ဆန် အော်နေတာ။ ဒါပေမယ့် စစ်သူကြီးတိုင် နဲ့ မတူတာက ။ ရှန်းယွီ ရဲ့ ကိုယ်ခန္ဒာမှာ ထူးထူခြားခြား ပြောင်းလဲ မှု မရှိတာပဲ။ ဒါက တိမ်သဏ္ဍာန်ကြောင့်များလား။

အပိုင်း(၄၁၈)ပြီး၏၊

(* မာဖီဥပဒေသ - ဘယ်လို အခြေအနေမျိုးမှာမဆို။ ဘယ်လိုပဲ ဖြေရှင်း ဖြေရှင်း။ အမှားမကင်းတဲ့ ဖြစ်ရပ်)

အပိုင်း(၄၁၉)

“ ကြောက်လန့်စရာ စွမ်းအား။”

တိမ်သဏ္ဍာန်အကြောင်း သိချင်လွန်းလို့။ ဖန်ကျန်းရှီ တပိုင်းသေမတတ် ဖြစ်နေပြီ။ အခုလို အချိန်မှာ လက်လွှတ်မခံပဲ စူးစမ်းလိုက်ရမှာ။ ရှန်းယွီ မင်းသမီး နဲ့ အင်အားပူးပေါင်းပြီးတော့ အစောင့် ခြောက်ယောက် ကို တိုက်ခိုက် နိုင်တယ်။ ဒါပေမယ့် ဒီလို အပြုအမူက ရှန်းယွီ မင်းသမီး ကို မလေးမစားရာရောက်တယ်။ နောက်ဆုံးတော့လည်း။ ဒီလို အစောင့်နည်းနည်းလေးကို ပညာ မပြနိုင်ရင်။ ဘယ်လိုများ စစ်တပ်ကို ဦးဆောင်သူ ဖြစ်လာလိမ့်မလဲ။ ဒါပေါ့။ သူ မတိုက်ခိုက် ရတဲ့ နောက်ထပ် အကြောင်းရင်းလည်း ရှိသေးတယ်။ တိုက်ပွဲမှာ သူက အလစ်ဝင်တိုက်တာကို ပို အားပေးတယ်။ ဒီလိုတိုက်ခိုက်တာက နိုင်နိုင်ချေ ပိုများတယ်လို့ သူထင်တယ်။ ခဲတစ်လုံး တည်းနဲ့ ငှက်သုံးကောင်ကို တစ်ခါတည်း ပစ်ပြီးသား ဖြစ်သွားမယ်။ (၁- နိုင်နိုင်ချေ ပိုများမယ်။ ၂- ရှန်းယွီ မင်းသမီးကိုလည်း လေးစားမှုပြရာ ရောက်မယ်။ ၃- တိမ်သဏ္ဍာန် အကြောင်းကိုလည်းလေ့လာနိုင်မယ်။)

ရှန်းယွီ မင်းသမီး အော်ဟစ်တော့တယ်။ အဆောင့် ခြောက်ယောက်ကတော့ လှံတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတယ်။ သူတို့ရဲ့ လက်သီးဆုပ်တွေတောင် အဖြူရောင် ပြောင်းလာပြီ။ အပြစ်ပြုဖို့ အဆင်သင့်ဖြစ်နေပြီ။ သူတို့အားလုံးက ကောင်းကင်ရောင်ပြန် အထွဋ်အထိပ် အဆင့် စစ်သည်တော်တွေပဲ။ သူတို့ ထကြ တစ်ယောက်ကတော့ သဘာဝလွန် အဆင့်ရောက်နေပြီ။ ဒါပေမယ့် ရှန်းယွီ မင်းသမီးကို လျော့မတွက် ဝံ့ဘူး။ သူတို့ စကားမပြောကြဘူး။ အခုချိန်မှာ အသုံးမဝင်တော့မှန်း သူတို့ သိကြတယ်။ သူတို့ရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရမယ်။ အိမ်ရှေ့စံက တစ်ယောက်ကိုမှ မဝင်လာဖို့ အမိန့်ပေးထားပြီးသား။

“ ဝူးးး”

အနီရောင် အလင်းတန်း တောက်ပတယ်။ ရှန်းယွီ က ခုန်အုပ်တော့တယ်။ သူမရဲ့ ပေါင်မှာ ချိတ်ထားတဲ့ ဓားမြှောင်တွေကိုလည်း ထုတ်ယူလိုက်ပြီ။ အစောင်တစ်ယောက်ရဲ့ လညပင်းကို ချိန်ရွယ်ထားခဲ့တယ်။ ဒီဓားတွေ ဘယ်လော်ကတောင် ထက်ရှမှန်း ဖန်ကျန်းရှီ သိတယ်။ ဓားရဲ့ သတ္တုကိုကထူးခြား လွန်းနေတာ။ တငွေ့ငွေ့ လောင်ကျွမ်းနေတဲ့ အငွေ့အသက်တွေကို ထုတ်လွှတ်နေတယ်။

“ဒင်း”

လှံနဲ့ ဓားမြောင် တိုက်တဲ့ အသံ ထွက်လာခဲ့တယ်။ အစောင့်က ရှန်းယွီ မင်းသမီး ရဲ့ တိုက်ခိုက်မှုကို ခုခံနေခဲ့တယ်။ သူ့ရဲ့ ကြွက်သားတွေ တင်းတက်လာတယ်။ သူ့ရဲ့ အသားအရေ က သံချပ်ကာကို ထွင်းဖောက်ပြီးတော့တောင် မြင်နေရပြီ။ ဒီ တိုက်ခိုက်မှုကို အတော်လေး ကြိုးကြိုးစားစား ခုခံနေရမှန်း သိသာလှတယ်။ ဒါပေမယ့် သူ တားဆီးနိုင်သေးပါတယ်။ ဒါက ဖန်ကျန်းရှီ ရဲ့အတွေးသက်သက်ပဲ။ သူ့ အတွေက က ခပ်မြန်မြန် အဆုံးသတ်သွားခဲ့တယ်။ ထိခိုက်မှု ပြီးတဲ့နောက်မှာ။ ဓားမြောင်က အရှိန် လျော့ မသွားခဲ့ဘူး။ ရှေ့ကို ဆက်တိုးသွားခဲ့တယ်။

“ ကချာ့။”

ဒီအချိန်မှာပဲ။ လှံနက်ကြီးက နှစ်ပိုင်း ပြတ်သွားခဲ့တယ်။ ( ဒိန်ခဲကို ဓားနဲ့ လှီးချလိုက်သလိုပဲ။ ) သိပ်မကြာခင် သွေးတွေ ပန်းထွက်လာခဲ့တယ်။ ဒါက ရင်ဘတ်ကို ဓားနဲ့ ထိုးလိုက်တာကြောင့် ထွက်လာတာ။ အစတနု်းက ရှန်းယွီ မင်းသမီးက လည်ပင်းကို ချိန်ထားတာ။ ဒါပေမယ့် အစောင်က ကာဆီးလိုက်တာကြောင့် ရင်ဘတ်ကို ရောက်သွားခဲ့တယ်။ သူမရဲ့ ပြစ်မှတ်ကို မလွဲချော်ဘူးဆိုတာ ဖန်ကျန်းရှီ သေချာသွားတယ်။ ဓားက နှလုံးတည့်တည့်ကို ထိသွားပြီးတဲ့နောက်။ ရှန်းယွီ ဓားကို ပြန်နုတ်လိုက်တယ်။ သူမရဲ့ လက်တွေက အတောင်ပံလို စွန့်ကားသွားခဲ့တယ် ။ အဲ့ဒီ့နောက် လန့်စရာ အဖြစ် အပျက် ဖြစ်လာ ခဲ့တယ်။ ရှန်းယွီ မင်းသမီးက နေရာမှာ တပတ်လည်သွားခဲ့တယ်။ စစ်သည် ခြောက်ယောက် အုပ်စု ကြီးတစ်ခုလုံး ကို သေမင်းလေပွေ တစ်ခုလို ဝှေ့ဝဲတိုက်ခတ်သွားတယ်။ ခြောက်ယောက် တစ်ယောက် တိုက်ပွဲ။ ဒါပေမယ့် အလယ်မှာ ရောက်နေတာတောင် ဖိတိုက်နေသေးတယ်။

ဖန်ကျန်းရှီ ထင်ခဲ့တာ ရှန်းယွီ စိတ်လွတ်သွားပြီလို့။ ပိုပြီးအရေးကြီးတာက အစောင့်တွေ အကုန်လုံးက အားနည်းသူ မဟုတ်တာပဲ။ ရှန်းယွီမှာ အထူးလက်နက်တွေ ရှိရင်တောင်။ ဒီလို မလုပ်သင့်ဘူးလေ။ ဒါပေမယ့် ပြောမရပါဘူး။ ဒီတိုင်း ကြည့်နေရတယ်။ အစောင့် ခြောက်ယောက်ကတော့ ကြိုးစားခုခံနေတယ်။ သူတို့ရဲ့ လက်မောင်းတွေက ရှန်းယွီ မင်းသမီးရဲ့ အစွမ်းကြောင့် ပြုတ်ထွက် မတတ် ဖြစ်နေခဲ့ပြီ။ * သူတို့ တိုက်ခိုက်ဖို့ ကြိုးစားတဲ့ အချိန်။ ထူးဆန်း တဲ့ အရာ ဖြစ်ပေါ်လာခဲ့တယ်။ သူတို့ ဘယ်လိုပဲ တိုက်ခိုက်ဖို့ ကြိုးစားပါစေ။ သူတို့ရဲ့ လက်နက်တွေကို ရှန်းယွီ မင်းသမီးရဲ့ ဓားက ဆွဲငင်သွားတယ်။ စည်းချက်ကျကျလှုပ်ရှားနေခဲ့တယ်။ အရမ်းကို ထူးဆန်းတဲ့ စည်းချက်တစ်ခုပဲ ။ ဖန်ကျန်းရှီ တွေးကြည့်ပေမယ့် နားမလည်နိုင်ဘူး။ ဒါပေမယ့် သူမ သေချာတာကတော့ ရှန်းယွီ ရဲ့ ဓားက အကုန်လုံးကို ယှဉ်နိုင်တယ်ဆိုတာပဲ။ ပြောရမယ်ဆိုရင်။ အားလုံးရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်နေသလိုပဲ။

“ ကချာ့ ။ ကချာ့။”

လှံတွေ ထက်ပိုင်းကျိုးသွားခဲ့တယ်။ သွေးတွေ သူတို့ ရင်ဘတ်ကနေ စီးကျလာတယ်။ တိုက်ပွဲက တိုတောင်းတယ်။ လမ်းကတော့ ပွင့်သွားခဲ့ပြီ။ ရှန်းယွီက တစ်ယောက်ချင်းစီကို အနိုင်ပိုင်းသွားတာ။ ဖန်ကျန်းရှီ မျက်လုံးပြူးသွားခဲ့တယ် ။ သူထင်ခဲ့တဲ့ ရှန်းယွီ စိတ်လွတ်သွားပြီဆိုတာ မဟုတ်ခဲ့မှန်း။ သူမက သက်သေပြသွားပြီ။ ဒီ တိုက်ပွဲက ဘယ်လောက်ကြာမလဲ ဆိုတာ သူ အံ့သြနေခဲ့တယ်။ နန်းတော် စောင့်တွေက အားနည်းသူ တွေ မဟုတ်ခဲ့ဘူးလေ။ ဒါပေမယ့် သူထင်ထားတာ ထက်ကို မြန်ဆန်လွန်းနေတယ်။ အရမ်းအရမ်းကို မြန်လွန်းတယ်။ လည်ပတ်တဲ့ နည်းလမ်း။

ဖန်ကျန်းရှီ သူ့ အတွေးကို ခပ်မြန်မြန် လွှင့်ပစ်လိုက်တယ်။ ဒီ လေပွေက ပုံမှန် အခြေအနေ မျိုးနဲ့ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ အထူးတလည် စည်းချက်ကျကျ ဖြစ်ပေါ် နေတာပဲ။

“ အင်အားကြီးလိုက်တာ။” ဖန်ကျန်းရှီ တအံ့တသြ ပြောတယ်။ သူထင်ထားခဲ့တာ။ တန်ရှီရှန်းနဲ့ တခြား စစ်သည်တော်တွေ သူမကို လေးစားတာက ။ တော်ဝင် မျိုးနွယ် ဖြစ်တာကြောင့်လို ထင်ထားတာ။ စွမ်းအားက အယောင်ပြလောက်ပဲလို့။ ဒါပေမယ့် အခုတော့ နားလည်သွားခဲ့ပြီ။ ရှန်းယွီ မင်းသမီးက အစောင့်ခြောက်ယောက်ကို လွယ်လွယ်ကူကူ အနိုင်ယူ သွားခဲ့တယ်။ အကယ်၍ သူတို့ရဲ့ လည်ပင်းတွေ သီသီလေး လွဲသွားတာကြောင့်သာ မဟုတ်ရင်။ ပြောနိုင်တာက ။ မျက်တောင် တစ်ခတ် အတွင်း အနိုင်ယူလိုက်တာလို့။

ဒါက သူမရဲ့ စွမ်းအားလား။ ဖန်ကျန်းရှိတွေးခဲ့တာ။ သူမရဲ့ စွမ်းအားက မီးတောက်လို ရဲရဲနီနေတဲ့ တိမ်သဏ္ဍာန်နဲ့ ဆက်စပ်ေ်နမယ်လို့။ ဒါပေမယ့် အမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရဘူးလေ။ နန်ကုန်းဟောင်က အင်အားကြီးတယ်။ ဘာကြောင့်လဲ ဆိုတော့ တာအိုကို ကောင်းကောင်းနားလည်လို့။ ဒါ့အပြင် သူ့ စိတ်နှလုံးသားကလည်း ကောင်းကောင်းကျင့်ကြံ ထားတာကြောင့်။ ရှန်းယွီကတော့ သူမရဲ့ တိုက်ပွဲ အတွေ့အကြုံတွေကြောင့် ဒီလောက် အင်အားကြီးနေတာ။ သူမရဲ့ ပတ်ပတ်လည်မှာ စစ်သည်တော်တွေနဲ့ ရင်ဆိုင်နေရတာက သူမရဲ့ စွမ်းအားကို ပို တိုးလာစေတယ်။ စည်းချက်ကျကျလှုပ်ရှားမှု။

ဒီအမျိုးသမီးက စည်းချက်ကို သူမရဲ့ ရူးသွပ်စရာကောင်းတဲ့ အရှိန်နှုန်း။ လိုက်လျောညီထွေ ဖြစ်နိုင်စွမ်း။ ပြိုင်ဘက်ကင်းတဲ့ တိုက်ပွဲ အတွေ့အကြုံတွေနဲ့ ထိန်းချုပ်လိုက်တာပဲ။ အင်အားကြီးတယ်။ ကြောက်စရာကောင်းတဲ့ စွမ်းအား ပိုင်ရှင်ပဲ။ သူက သဘာဝလွန် အဆင့်မှာ ရောက်နေပြီမှန်း ဖန်ကျန်းရှီ သိတယ်။ ဒါတောင်။ နှစ်ယောက်တွဲ တိုက်ပွဲ တိုက်တဲ့ အချိန်မှာ ရှန်းယွီကို အနားကပ်ခိုင်းစေလို့ မဖြစ်ဘူး။ သူမက သူ့ရဲ့ လည်ပင်းကို ပြတ်အောင်ဖြတ်ပြစ်နိုင်တယ်။ မျက်လုံးတွေကိုလည်း ဖောက်နိုင်တယ်။ ဒီ အချိန်မှာတော့။ ရှန်းယွီနဲ့ ခပ်ဝေးဝေးမှာပဲ နေချင်တော့တယ်။ ရှန်းယွီက သူ့ကို အခု မတိုက်ခိုက်ဘူး ဆိုပေမယ့်။ နောက်ဆုံးတော့ သူနားလည်သွားခဲ့ပြီ။ စစ်စခန်းက တဲမှာ တုန်းက ရှန်းယွီ ဒေါသထွက်တာနဲ့ စစ်သူကြီးတွေ ဘာလို့များ ဝေးဝေးနေကြလဲဆိုတာ။

“ ဘုန်း။” ခပ်လေးလေး အသံက ဖန်ကျန်းရှီ ရဲ့ အတွေးကို ဖြတ်တောက်ပြစ်လိုက်တယ်။ အဲ့ဒီ့နောက် ကျောဘက်မှာ လေအေးအေးတွေ တိုက်လာတာကို ခံစားမိလိုက်တယ်။ သူ့ အကျီလက်တွေ တဖျပ်ဖျပ်လွင့် လာတော့တယ်။ တံခါးကြီး ပွင့်သွားပြီ။ ရှန်းယွီက တံခါးကို ကန်ဖွင့်လိုက်တာ။ အရာအားလုံးက ချောချောမွေ့မွေ့ စီးဆင်း ဖြစ်ပေါ်နေတယ်။ နည်းနည်းတော့ အံ့သြစရာပဲ။ ဖန်ကျန်းရှီ တိုက်ခိုက်ဖို့ အခွင့်အရေးတောင် မရလိုက်ဘူး။ တံခါးပွင့်သွားတာ မြင်တော့။ လဲကျနေတဲ့ အစောင့်တွေ တားဆီးဖို့ ကြိုးစားကျသေးတယ်။ ဒါပေမယ့် နောက်ကျလွန်းသွားပြီ။ ရှန်းယွီ မင်းသမီးက အထဲကို ရောက်နေပြီလေ။

အစောင့်တွေ ဖြူဖျော့သွားတယ်။ သူတို့သွေးထွက်လွန်နေတာကြောင့် ဒီလို ဖြစ်တာထက်။ ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားကြတာ။ သွေးတွေက ဆက်တိုက်စီးကျနေတယ်။ ဒါပေမယ့် အံကြိတ်ရင်း လှံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ထရပ်ကြတယ်။ ရှန်းယွီ မင်းသမီးကို ရပ်တန့်ဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် သူတို့ မလုပ်နိုင်ကြ။ ခန်းမထဲကို ဝင်တော့မယ့် အချိန်မှာပဲ။ လူရိပ်တစ်ခုက သူတို့ အလယ်ကို ဝင်လာခဲ့တယ်။

“ ငါ တောင်းပန်ပါတယ်။ ဒါပေမယ့် ဖြတ်သွားရလိမ့်မယ်။” အသံကတော့ တိုးညှင်းတယ်။ ဒါပေမယ့် အင်အားလှိုင်းကြီးတစ်ခုက သူတို့ကို ဖြတ်တိုက်သွားခဲ့တယ်။ ဒါက ကျင့်ကြံဆင့် ဖော်ပြမှု တစ်ခုပဲ။ ဓာတ်အားပေးစက်ရုံက ထွက်လာတဲ့ လျှပ်စီးကြောင်းကြီးတစ်ခုနဲ့ ထိမိသွားသလို။ အစောင့်တွေ လွင့်ထွက်ကုန်ကြတယ်။ တံခါးအပြင်ကို ရောက်တော့။ *

“ဘုန်း….” အသံကျယ်ကြီးထွက်လာပြီး တံခါး ပြန်ပိတ်သွားတော့တယ်။ အစောင့်ခြောက်ယောက်ကတော့ ထိတ်လန့်မှုအပြည့်နဲ့ ကြည့်နေခဲ့တယ်။ သူတို့ ရင်ဘတ်က ဒဏ်ရာတွေကိုတောင် မေ့ကုန်ကြပြီ။

အပိုင်း(၄၁၉)ပြီး၏။

(*alucard ရှန်းယွီ ဗားရှင်း)

(* မိုဘိုင်းလဂျန့် ပန်ဒါကောင် သူ့တုတ်နဲ့ ယမ်းရင် လွှင့်ထွက် သလို ပုံစံမျိုးနဲ့ လွင့်ကုန်တာလေ။”

အပိုင်း( ၄၂၀)

“ အဖြေကတော့ အမိန့်ပဲ။ ”

ရှက်စရာကောင်းလိုက်တာ။ အစောင့်ခြောက်ယောက်က ရှန်းယွီ မင်းသမီးဆီမှာ ရှုံးရတာကို မျှော်လင့်ထားပြီးသား။ ဒါပေမယ့် ဘာမဟုတ်တဲ့ နောက်လိုက်လေး လက်ထဲ ရှုံးရတာကိုတော့ မထင် မှတ်ထားမိဘူး။ ဒီလို ခြိမ်းခြောက်စကားပြောသွားတာကိုလည်း လက်မခံနိုင်ဘူး။ ပိုပြီးအရေးကြီးတာ ဒီ ကောင်စုတ်လေးက ဆယ်ကျော်သက် တစ်ယောက် ဖြစနေတာပဲ။ အဲ့တာ ဘယ်သူလဲ။ ရှန်းယွီ မင်းသမီး နဲ့ ဘာလို့များ အတူတူ ဝင်သွားတာလဲ။ ဘယ်မေးခွန်းကိုမှ ဖန်ကျန်းရှီ မဖြေဘူး။ သူတို့ရဲ့ မေးခွန်းတွေကို ဖြေရှင်းချင်စိတ်လည်း မရှိဘူးလေ။ အခန်းထဲကို ဝင်လာရင် ပြင်းထန်တဲ့ တိုက်ပွဲ တစ်ခုကိုေ တွ့ရမယ်လို့ သူ မျှော်လင့်ထားတာ။ ဒါပေမယ့် ဖြစ်ပျက်နေတဲ့ ကိစ္စကြောင့် သူ လန့်သွားခဲ့တယ်။

“ ငါတိတ်တိတ်လေး ပြန်ထွက်သွားလိုက်ရမလား။”

တောင်ပိုင်းဒေသ ညီလာခံ ခန်းမက ကြီးမြတ်သော ရှမင်းဆက်နဲ့ မတူညီဘူး။ နောက်ဆုံးတော့လည်း ကြီးမြတ်သော ရှမင်းဆက်က ဆက်တိုက်တိုးတက်နေတော့။ တန်ဖိုးကြီး ကျောက်မျက်ရတနာတွေနဲ့ အခန်း အပြည့်စီခြယ်ထားတာ။ ဒါ့အပြင် အရမ်းကို အထက်တန်းကျတယ်။ မြင်လိုက်တာနဲ့ တန်ဖိုးကြီးမှန်းသိသာတဲ့ ရတနာတွေ ပြည့်နေတယ်။ တောင်ပိုင်းဒေသကတော့ ရတနာတွေ တိုင်လုံးကြီးတွေထက်။ သားရဲကောင် ပန်းချီကားတွေ ။ နံရံပေါ်မှာ ရှေးဟောင်း စာတွေနဲ့ ပြည့်နေခဲ့တယ်။ ပိုပြီးအရေးကြီးတာက ။ အဲ့ဒီ့ ပုံတွေနောက်မှာ သားရဲကောင် အရိုးစုတွေ ရှိနေတာပဲ။ အရိုးစုတွေနဲ့ တိုင်လုံးကြီးတွေက အရမ်းကို အရိုင်းဆန်တယ်။ တောင်ပိုင်းဒေသရဲ့ အင်အားကြီးမှုကို ပြသနေတယ်။

တစ်ချက်ကြည့်လိုက်ရုံနဲ့။ ဒီ သားရဲကောင်ကြီးတွေ ဘယ်လောက်တောင် အင်အားကြီးမှန်း သိသာလွန်းတယ်။ ဒါကြောင့် ဒီ သားရဲကောင်တွေရဲ့ သေဆုံးမှုက ဒီဒေသရဲ့ အင်အားကြီးကို ကိုယ်စားပြုတယ်။ အဲ့ဒီ့နောက် မြေပြင်ပေါ်မှာ တွေ့ရလိုက်တဲ့ သွေးတွေကြောင့် ဖန်ကျန်းရှီ လန့်သွားခဲ့တယ်။ တစ်ယောက်ယောက်ရဲ့ တွားသွားမှုကြောင့် ဖြစ်ပေါ်လာတဲ့ သွေးစီးကြောင်းကြီးပဲ။ လမ်းကြောင်းရဲ့ အဆုံးကို ကြည့်လိုက်တော့ ။ မှောက်ရက်လဲကျနေတဲ့ လူကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်။

သူက အသက် ငါးဆယ်ဝန်းကျင်လောက်ရှိပြီ။ မြင်ရတာ သိသိသာသာကြီးကို ကြောက်စရာ ကောင်းနေခဲ့တယ်။ သွေးတွေက သူ့ ပါး စပ်ကနေ စီးကျနေတာ။ သူက ဖြူဖျော့နေတယ်။ သွေးစီးကြောင်းကြီးက သူ့ရင်ဘတ် ဒဏ်ရာကနေ စီးကျလာတာ ဖြစ်တယ်။ ပွင့်နေတဲ့ ဒဏ်ရာကနေ သွေးတွေ အဆက်မပြတ် ထွက်နေခဲ့တယ်။ သူ့ရှေ့မှာ သွေးတွေ အိုင်နေခဲ့တယ်။ သပ်သပ်ရပ်ရပ် စီတန်းထားတဲ့ အမျိုးသမီး အကအုပ်စု ကတော့ ။ တူရိယာတွေကို ကိုင်ပြီး ။ ဘေးမှာ ရပ်နေခဲ့တယ်။ ဗုံတီးသမား။ ပုလွေပညာရှင်နဲ့ တခြားသော အကပညာရှင်တွေ။ သူတို့ တူရိယာတွေက ကွာခြားကောင်း ကွာခြားနိုင်တယ်။ ဒါပေမယ့် သူတို့ အမူအယာကတော့ ထပ်တူညီနေခဲ့တယ်။ ထိပ်လန့်မှု။ ဖန်ကျန်းးရှီ ခံစားရတာနဲ့ တစ်ထပ်တည်းပဲ။ ဒါပေမယ့် ဖန်ကျန်းရှီ လန့်သွားတဲံ အကြောင်းရင်းက သူတို့နဲ့ မတူညီဘူး။ ယဉ်ကျေးမှု ဝန်ကြီးကို သူ မှတ်မိသွားလို့ပဲ။ ပိုပြီး အရေးကြီးတာ။ ဝန်ကြီးက သူ့ကို လက်ဆန့်တန်းပြီး တောင်းပန်နေခဲ့တယ်။

“ ကယ်…. ကယ် … ငါ့ကို ကယ်ပါ။”

“ညီမလေးလား။”

ဝန်ကြီးရဲ့ တောင်းပန်နေမှုကို အသံတစ်သံက နှောက်ယှက်လိုက်တယ်။ ပြောရမယ်ဆိုရင်။ ဒီလူက ဝန်ကြီးကို အစတည်းက လျစ်လျူရှုထားခဲ့တာ။ လူတစ်ယောက်က ရှန်းယွီ မင်းသမီး နဲ့ ဖန်ကျန်းရှီ နားကို လျှောက်လာခဲ့တယ်။ သူ့ကြည့်ရတာ အသက် သုံးဆယ်ကျော်လောက်ရှိပြီ။ ငွေရောင် သားရေပြား နဲ့ လုပ်ထားတဲ့ သံချပ်ကာကို ဝတ်ဆင်ထားတယ်။ သူ့ဖိနပ်တွေက ရွှေချည်ထိုး ဖိနပ်တွေ။ ခေါင်းမှာတော့ ငါးရောင်ခြယ်ငှက်မွှေးနှစ်ချောင်းကို ထိုးထားခဲ့တယ်။ ငှက်မွှေးနှစ်ခုကြားမှာ တောက်ပတဲ့ နီလာကျောက်တစ်လုံးရှိတယ်။

“ အကို ။ ဒါ ဘာတွေ ဖြစ်နေတာလဲ။” ရှန်းယွီ သူ့ လက်ထဲက ဓားကို ကျစ်ကျစ်ပါအောင် ကိုင်ထားခဲ့တယ်။

“ ဟ ဟား … မင်းငါ့ကို မေးသင့်တာ မဟုတ်ဘူး။ ခမည်းတော်ကို မေးသင့်တာ။ ရှန်လင်း လှောင်ရယ်ရင်းနဲ့ ပြောတယ်။

“ခမည်းတော်လား။” ပလ္လင်ပေါ်မှာ ထိုင်နေတဲ့ အကြီးအကဲကို ရှန်းယွီ ကြည့်လိုက်တယ်။ နှစ်မီတာကျော်ကျော် အမြင့်မှာ သူရှိနေတာ။ ကြံ့ခိုင်ပုံရတယ်။ ဒါပေမယ့် ဆံပင်တွေကတော့ ဖွေးဖွေးဖြူနေခဲ့ပြီ။ သူက ခရမ်းရောင် သားရေကို ဝတ်ထားခဲ့တယ်။ သူ့ရဲ့ အရေးအကြောင်းတွေ ကြောင့်သာ မဟုတ်ရင်။ သူ့အသက်ကို ခန့်မှန်းနိုင်မှာ မဟုတ်ဘူး။ တောင်ပိုင်းဒေသ ဘုရင်။ တကယ်ပဲ သူလား။ ဖန်ကျန်းရှီက ဘုရင်ကို ကြည့်နေတယ်။ သူ့မျက်ဝန်းထဲက နာကျင်မှုတွေကို မြင်နေရတယ်။ အကြီးအကဲတစ်ယောက်သာ ခံစားနိုင်ရတဲ့ နာကျင်မှု။

“ပုန်ကန်နေတာ။” ဘုရင်က သိပ်ပြီး ရှင်းပြချင်ဟန်မတူဘူး။ သူ့ဒေါသတွေက ရှန်လင်းဆီကို ဦးတည်သွားတယ်။ ဒါပေမယ့် ဝန်ကြီးကိုလည်း ကယ်ချင်တဲ့ ပုံစံမရှိဘူး။

“ ညီမလေး ။ မင်းဒါကို အာရုံစိုက်စရာ မလိုပါဘူး။ မင်းဒီ ကို ရောက်လာပြီဆိုတော့။ အပြင် က နတ်ဆိုးတွေကို တိုက်ခိုက်ပြီးလောက်ရောပေါ့။ ” ရှန်လင်းခေါင်းခါလိုက်တယ်။ သူ့ခမည်းတော်နဲ့ ငြင်းခုန်နေဖို့ အစီအစဉ် မရှိဘူး။ ရှန်းယွီ မင်းသမီးကိုပဲ မျှော်လင့်တကြီးနဲ့ ကြည့်နေခဲ့တယ်။

“ အကို။ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။” ရှန်းယွီ မင်းသမီးက ဘုရင်နဲ့ ရှန်လင်းကို ကြည့်နေခဲ့တယ်။ သူမရဲ့ မျက်လုံးထဲက စိတ်ဆုံးဖြတ်ထားတဲ့ အကြည့်က ထင်သာမြင်သာရှိလွန်းတယ် ။

“ ဘာတွေဖြစ်နေတာလဲ ဟုတ်လား။ ဘာတွေ ဖြစ်ရအုန်းမှာလဲ။ ငါတို့ရဲ့ စစ်သည်တော်တွေ အတော်များများက သူတို့ရဲ့ အသက်ကို စစ်မြေပြင်မှာ စတေးထားရတာ။ အေးခဲမျောက်မင်း ဒေသမှာ ငါတို့ စစ်သည်တော်တွေ ဘယ်လောက်တောင် ကျရှုံးသွားပြီလို့ ထင်လဲ။ ၈ထောင်တဲ့ ။ ရှစ်ထောင်။ မင်းသိရဲ့လား။ ဒီလိုတွေ ဖြစ်နေတဲ့ အချိန် ငါတို့ရဲ့ ခမည်းတော် ဘာလုပ်နေတယ် ထင်လဲ။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေတယ်တဲ့။ ငါတို့ရဲ့ စစ်သည်တော် ရှစ်ထောင်ကို သတ်ထားတဲ့ ကြီးမြတ်သောရှမင်းဆက်နဲ့လေ။ ညီမလေး…. ငါ အခု ဘာလုပ်နေတယ်ထင်လဲ။” ရှန်းလင်းရဲ့ ဒေါသတွေက ရှန်းယွီ ဆီကို ကျသွားခဲ့တယ်။ သူ့ဒေါသကို ဖိနှိပ်ဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် သူ့အသံကတော့ အတော်လေးကို သိသာလှတယ်။

“ ခမည်းတော် ဘာလုပ်နေတာဖြစ်ဖြစ်။ ငါ စိတ်မဝင်စားဘူး။ သူက ငါတို့ရဲ့ အဖေပဲ။ ငါတို့ကို ပြုစုပျိုးထောင်ခဲ့တဲ့ အဖေ။” ရှန်းယွီရဲ့ မျက်လုံးက တလက်လက်တောက်ပလာခဲ့တယ်။ သူမ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။

“ဟုတ်တယ်။ သူက ငါတို့ရဲ့ အဖေ။ နောက်ပြီးတော့ သူ့ပြည်သူတွေရဲ့ ခေါင်းကိုင်ဖခင်လည်း ဟုတ်တယ်။ ငါတို့ရဲ့ စစ်သည်တော်တွေကကော သူ့ရဲ့ ရင်သွေးတွေ မဟုတ်ဘူးလား။ ဘယ်လိုဖခင်မျိုးက သူ့ရဲ့ ကလေး ရှစ်ထောင်ကို သတ်တဲ့ သူတွေနဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ်မှာလား။”

“ အကိုကြီး။ နင်က အခုချိန်မှာ ဧကရာဇ် ဖြစ်ဖို့ အိမ်မက်မက်နေတုန်းလား။ အခုချိန်မှာ ဘာတွေ ဖြစ်နေလဲ နင် မမြင်သေးဘူးလား။” ရှန်းယွီရဲ့ အမူအယာ ပြောင်းလဲသွားခဲ့တယ်။

“ အခြအနေ ဟုတ်လား။ ဟဟား…. ဘာတွေ ဖြစ်နေလဲ ငါ ပြောမယ်။ ဒါတွေ ဖြစ်နေတယ်။” လတ်လတ် ဆတ်ဆတ် တံဆိပ်နီနီနှိပ်ထားတဲ့ စာလွှာတစ်ခုကို ရှန်လင်းထုတ်ပေးတယ်။ ရှန်းယွီကြည့်နေတယ်။ ဖန်ကျန်းရှီလည်းကြည့်နေတယ်။ ဒါပေမယ့် ဘုရင်နဲ့ ဝန်ကြီးကတော့ တစ်ချက်လေးတောင် မကြည့်ဘူး။

“အရှင်မင်းသမီး။ လက်ထဲမှာကိုင်ထားတဲ့ သဘောတူညီချက်က ပရိယာယ် တစ်ခုပါ။ သူတို့က တောင်ပိုင်းဒေသ နဲ့ ကြီးမြတ်သော ရှမင်းဆက်ရဲ့ ချစ်ကြည်ရေးကို ဖျက်စီးချင်နေတာ။ အကယ်၍ ကျွန်တော့်ကို သတ်လိုက်ရင်တောင်။ သူတို့က တောင်ပိုင်းဒေသ မြို့တော်ကို သိမ်းမှာပဲ။ ပြန်လည် ခုခံဖို့ အချိန်တောင်ရလိုက်မှာ မဟုတ်ဘူး။ အခုချိန်မှာ ကျွန်တော် အကြံပေးချင်တာက။ တည်မြဲတောင်ဂိတ်ကို တပ်ဆုတ်ပြီး ကျွန်တော်တို့ရဲ့ စစ်သည်တော်တွေကို လွှတ်ပေးပါ။ ကူညီခွင့်ပြုပါ။ ကျွန်တော်တို့ အင်အား ပေါင်းစည်းနိုင်တယ်။” သားရေပြားပေါ်မှာ ဘာတွေရေးထားမှန်း ဝန်ကြီးသိတယ်။

“ပိတ်ထားစမ်း။” ရှန်လင်းရဲ့ အသံက အေးစက်နေတယ်။ သူ သားရေပြားကို ပြန်ကိုင်တယ်။ “ မင်းဘာသိလို့လား။ နတ်ဆိုးတွေက သူတို့ရဲ့ စကားကို ရုပ်သိမ်းကောင်း ရုပ်သိမ်းနိုင်တယ်။ ဒါပေမယ့် သူတို့ရဲ့ နတ်ဘုရား နာမည်ကိုတော့ အလွဲသုံးစား လုပ်မှာ မဟုတ်ဘူး။ ဒီသဘောတူညီချက်က ။ မင်းကို သတ်လိုက်ရင် အချိန်သုံးရက် ကြာအောင် တောင့်ခံနိုင်စေလိမ့်မယ် ။အေးခဲ မျောက်မင်းဒေသကို ငါတို့ သုံးရက်အတွင်း ဖြတ်ကျော်နိုင်မှာပဲ။ ဒီလိုဆိုရင်။ သူတို့ရဲ့ စစ်သည်တော် ငါးသောင်းလည်း…”

“ ဒါဆိုရင်။ နတ်ဆိုးတွေက မင်းကို ပြောခဲ့မှာပဲ။ ငါ့ကို သတ်လိုက်ရင်။ သုခမိန်တောင်တန်း မြို့တော်ကို ပြန်လွှတ်ပေးမယ်။ မင်းကို နန်းတက်လို့ရအောင် ကူညီပေးမယ်။ ဒါက မင်း အတွက် ပိုမကောင်းဘူးလား။” တောင်ပိုင်းဒေသ ဘုရင်ရဲ့ အသံက အိမ်ရှေ့စံကို နှောက်ယှက်တော့တယ်။

“ ခမည်းတော် ။ အခုချိန်ထိ နားမလည်သေးဘူးလား။ ကျွန်တော့်မှာ ရည်ရွယ်ချက် တစ်ခုပဲ ရှိတယ်။ အချိန်ဆွဲပေးဖို့ ။ သုံးရက်။ သုံးရက်ဆို လုံလောက်ပြီ။ နတ်ဆိုးတွေလား။ သူတို့တွေကို ကျွန်တော်တို့ မလိုအပ်ဘူး။ ခမည်းတော် ။ အင်ပါယာ အရှင်မင်းမြတ်ကြီး မဖြစ်ချင်ဘူးလား။ ကြီးမြတ်သောရှမင်းဆက်ရဲ့ လက်အောက်ခံ အဖြစ်ပဲ ဆက်နေချင်တာလား။ သူတို့က ဘာတွေများ သာနေလို့လဲ။ ကျွန်တော်တို့ရဲ့ စစ်သည်တော် လေးသိန်းက သူတို့ရဲ့ စစ်သည်တော် တစ်သန်းကို အနိုင်ယူနိုင်တယ်။ ဘာလို့မှား သူတို့ကို ရိုကျိုးနေရအုန်းမှာလဲ။ နိုးထပါတော့။”

“ နိုးထဖို့လိုနေတာ နင်ပဲ ။ အကို။” ရှန်းယွီရဲ့ ကိုယ်ပေါ်မှာ အနီရောင် အလင်းတန်းတွေ ထပ်ပေါ် လာပြန်တယ်။

“ ငါလား။ ငါက ကောင်းကောင်း နိုးနေသားပဲ။ ညီမလေး။ ငါက မင့်ကို အလိုအလိုက်ဆုံးပါ။ ငါ့ကို မင်း စွန့်ပစ်လို့ မရဘူး။ ညီမလေး ခေါ်လာတဲ့ စစ်သည်တော် ၈သောင်းနဲ့ ဆိုရင်။ နတ်ဆိုးတွေ လည်း သုံးရက်အတွင်း မြို့ကို သိမ်းနိုင်မှာ မဟုတ်တော့ဘူး။ ” ရှန်းယွီ ပြောနေတာကို ရှန်လင်း မယုံကြည်နိုင်ဘူး။

“ ဟုတ်ပါတယ်။ ငွေဂျိုဝံပုလွေ စစ်သည်တော် သုံးထောင်က နတ်ဆိုး စစ်တပ်ကြီးကို ရင်ဆိုင်ဖို့ အတွက် မခက်ပါဘူး။ ဒါပေမယ့် ညီမလေး စစ်သည်တစ်ယောက်မှ ခေါ်မလာခဲ့ဘူး။” ရှန်းယွီ ခေါင်းခါလိုက်တယ် ။

“ မင်း …. ညီမလေး ဒီကိစ္စက နောက်စရာ မဟုတ်ဘူးလေ။ အကယ်၍ မင်းကသာ စစ်သည်တော် တစ်ယောက်မှ ခေါ်မလာရင် ။ ဒီကို ဘာလာလုပ်တာလဲ။” ရှန်လင်းရဲ့ အမူအယာက ပြောင်းလဲသွားတယ်။ သူ့အသံကို မတုန်အောင် ကြိုးစားထိန်းနေရတယ်။

“ဆွေးနွေးညှိနှိုင်းမလို့”

“ ငြိမ်းချမ်းရေး အတွက် လား။ ဘယ် သူနဲ့လည်း ။ ကြီးမြတ်သော ရှမင်းဆက် နဲ့လား။ ကြီးမြတ်သော ရှမင်းဆက် ကနေ လွတ်လပ်ရေးမရဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်မှာလား။ ငါတို့က ဘာလို့ ဆွေးနွေးရမှာလဲ။ ” ရှန်လင်း နောက်တစ်ကြိမ် ပေါက်ကွဲလာတယ်။

“ အကိုကြီး။ ငါတို့က ကြီးမြတ်သော ရှမင်းဆက် နဲ့ နတ်ဆိုးတွေကို တစ်ပြိုင်တည်း မတိုက်ခိုက် နိုင်ဘူးလေ။”

“ ငါသိတယ်။” ရှန်လင်း ခေါင်းငြိမ့်လိုက်တယ်။ “ ဒါပေမယ့် ဘာဖြစ်လဲ။ ငါ့ကို ငတုံးလို့ ထင်နေတာလား။ ငါတို့မှာ သူတို့ နှစ်ဘက်လုံးကို တိုက်ခိုက်ဖို့ စွမ်းအား မရှိဘူး။ ဒါပေမယ့် ကြီးမြတ်သော ရှမင်းဆက် က ငါတို့ကို မတိုက်ခိုက်သေးဘူး။ တည်မြဲ တောင်ဂိတ်ကို ငါတို့ သိမ်းထားတာပဲ။” ရှန်လင်း စကားပြောတာကို ရပ်လိုက်တယ်။

“ ဂိတ်တံခါးကို သိမ်းလိုက်တာက စမ်းသပ်မှု တစ်ခုပဲ။ ကြီးမြတ်သောရှမင်းဆက် က ငါတို့ကို မတိုက်ခိုက်ဝံ့တော့ဘူးဆိုတာ သိသာနေတာပဲ။ ငါတို့က သူတို့ အတွက် အတားအဆီး ဖြစ်နေတဲ့ အတွက် ငါတို့ကို ဖျက်စီး ပြစ်မှာ မဟုတ်ဘူး။”

“ ငါတို့သာ မရှိရင် ကြီးမြတ်သော ရှမင်းဆက် ဘာဖြစ်သွားမလဲ။”

“ နတ်ဆိုးတွေရဲ့ အဓီက ရည်ရွယ်ချက်က ကြီးမြတ်သောရှမင်းဆက်ပဲ။ ငါတို့ တောင်ပိုင်းဒေသက ကြားထဲ ခံနေတာ ကြောင့်သာ မဟုတ်ရင်။ ကြီးမြတ်သောရှမင်းဆက် က အောင်မြင်နိုင်မှာလား။ မြောက်ပိုင်းဒေသရဲ့ လူရိုင်းတွေကိုကော တိုက်ခိုက်နိုင်မှာလား။ ”

“ ညီမလေး။ တောင်ပိုင်းဒေသ က ဘာလို့များ လွတ်လပ်ရေး မရနိုင်သေးတာလဲ။ ငါတို့ က ဘာလို့များ ကိုယ်ပိုင် အင်ပါယာ မတည်ထောင်နိုင်တာလဲ ။ ပြောစမ်းပါ။ ”

“ ညှိနှိုင်းဆွေးနွေးရမယ် ဟုတ်လား။ ငါတို့က ဘာလို့ လုပ်ရမှာလဲ။”

“ ငါတို့က သူတို့တွေကို နှစ်တိုင်း ပဏ္ဍာဆက်ရတယ်။ ဒါတောင် သားရေတွေ ပေးရတာ မပါသေးဘူး။ သူတို့ကကော ငါတို့ကို ဘာပြန်ပေးလဲ။ စာအုပ်တွေတဲ့။ ဗိသုကာ ။ နိုင်ငံရေးနဲ့ စီးပွားရေး စာအုပ်တွေ။ သူတို့တွေက ပြောသေးတယ်။ လူတစ်ယောက်ကို ငါးပေးတာထက် ။ ငါးဖမးနည်းသင်ပေးတာက ပိုကောင်းတယ်ဆိုပဲ။ ”

“ မင်း မမြင်ဘူးလား။ ကြီးမြတ်သော ရှမင်းဆက် က ငါတို့ကို အရူးတွေလို ဆက်ဆံနေတာ ။ သူတို့က သူတို့ရဲ့ ဝန်ကြီးနဲ့ ငါတို့ ဘုရင်ကို ညှိုနှိုင်းစေတယ်တဲ့ ။ ငါတို့တွေသူ့ကို လေးလေးစားစား နဲ့ ဆက်ဆံရမှာလား။ ငါတို့ရဲ့ စစ်သည်တော်တွေကို သတ်ထားတဲ့နိုင်ငံက လူနဲ့လေ။”

“ဒီနေ့တော့ ။ ဥပဒေဝန်ကြီးကို မျက်လုံးကျယ်ကျယ် ဖွင့်ပြီး ကြည့်ထားလိုက်။ ငါတို့ရဲ့ တောင်ပိုင်းဒေသက ဘယ်လောက်တောင် အင်အားကြီးလဲ ဆိုတာ။ ” လဲကျနေတဲ့ ဝန်ကြီးကို ကြည့်ရင်း ရှန်းလင်း အဆင်သင့် ဖြစ်နေခဲ့တယ်။ သူ့ဓားကို မြှောက်လိုက်တယ်။ ဘုရင်က ရှန်လင်းကို ကြည့်နေတယ်။ တစ်ခုခုကို ပြောချင်နေတဲ့ပုံပဲ။ ဒါပေမယ့် သူ အသံ တစ်သံတောင် ်မထွက်လာဘူး။

ဘုရင်နဲ့ အိမ်ရှေ့စံ ကို မြင်လိုက်ရရင် ဘယ်လောက်တောင် အံ့သြ စရာ ကောင်းမယ် ထင်လဲ ။ သူထင်ထားခဲ့တာ ပုန်ကန်မှုတွေ။ အရှက်ရတာတွေ။ ဒေါသ ဖြစ်တာတွေကို တွေ့ရမယ်လို့ ။ ဒီ မြင်ကွင်းကို ပြောပြဖို့ အတွက်တောင် စကားလုံးတွေ အများကြီးကို သူစဉ်းစားထားခဲ့တယ်။

ဖန်ကျန်းရှီ ထင်ထားခဲ့တာ။ တောင်ပိုင်းဒေသရဲ့ အကျပ်အတည်းက။ သူတို့ရဲ့ မြို့တော်ကို ခြိမ်းခြောက်ခံထားရတာကြောင့်လို့ ထင်ခဲ့တာ။ ဒါကြောင့် ကြီးမြတ်သော ရှမင်း ဆက် နဲ့ ဆွေးနွေးဖို့ ကို လွယ်ကူမယ် ထင်ထားခဲ့တာ။

ဒါပေမယ့် ရှန်လင်း စကားကို ကြားပြီးတဲ့နောက်။ သူ့ရဲ့ အမြင် လည်း ပြောင်းလဲသွားခဲ့တယ်။ အခုလို တောင်ပိုင်းဒေသ အခက်အခဲကြုံနေရတဲ့ အချိန်မှာတောင်။ ကြီးမြတ်သောရှမင်းဆက်က တိုက်ခိုက်ရဲမှာ မဟုတ်ဘူး။

တခြားတနည်းနဲ့ ပြောရမယ်ဆိုရင်။ ကြီးမြတ်သော ရှမင်းဆက်က တိုက်ခိုက်မှာ မဟုတ်ဘူး။ တောင်ပိုင်းဒေသကို သူတို့ တတ်နိုင်သလောက် ကူညီဖို့ ကြိုးစားမှာပဲ။ တောင်ပိုင်းသားတွေ ဘာပဲ လုပ်ခဲ့လုပ်ခဲ့ သူတို့ မေ့ထားရမှာပဲ။ ကြီးမြတ်သော ရှမင်းဆက်က တောင်ပိုင်းဒေသကို ကျရှုံးစေမှာ မဟုတ်ဘူး။ အကယ်၍ သူတို့က အင်ပါယာကြီးဆီက လွတ်လပ်မှုကိုလိုချင်ရင်။ ဘယ်လိုများ ညှိနှိုင်းလို့ ရတော့မှာလဲ။ ညှိနှိုင်းစရာကို မရှိတော့ဘူး။

ကြီးမြတ်သော ရှမင်းဆက်က တောင်ပိုင်းဒေသ ဂိတ်တံခါးကို သိမ်းသွားတာ စောင့်ကြည့်နေခဲ့တယ်။ စစ်သည်တော်တွေကို သုံ့ပန်းလုပ်ထားတာ စောင့်ကြည့်နေတယ်။ အိမ်ရှေ့စံ မင်းသားကို ဝန်းရံတဲ့အထိ သူတို့ လွှတ်ပေးထားခဲ့တယ်။ ဒါက ကြီးမြတ်သော ရှမင်းဆက်ရဲ့ အခြေအနေပဲ။

နတ်ဆိုးတွေက ကြီးမြတ်သော ရှမင်းဆက်ကို ဆက်ပြီး ခြိမ်းခြောက်နေခဲ့တယ်။ တောင်ပိုင်းဒေသကို တိုက်ခိုက်ဖို့ သူတို့ အချိန် ဆွဲထားတယ်။ သူ့ရဲ့ ဓားက တောက်ပလာတယ်။ ဓားကို ဝန်ကြီးရဲ့ ခေါင်းပေါ် မြှောက်ထားခဲ့တယ်။ မျက်တောင်တစ်ခတ် အချိန်တွင်းမှာ ဝန်ကြီးခေါင်းပြုတ်သွားနိုင်တယ်။ ချွေးတွေ ဝန်ကြီး နဖူးပေါ်မှာ စီးကျလာတယ်။ သူ တစ်ခုခု ပြောချင်တယ်။ ဒါပေမယ့် သူ့မှာ ပြောစရာ ဘာမှ မရှိတော့ဘူး။ နောက်ထပ်ပေးကမ်းစရာလည်း မရှိတော့ဘူး။ ရှန်လင်းက သူတို့ ပေးကမ်းသမျှ အကုန်လုံးကို ငြင်းဆန်လိုက်တယ်လေ။

သူ့ကံကြမ္မာကတော့ ဒီနေရာမှာ သေရမယ့် ပုံပဲ။ မျှော်လင့်ချက် မရှိ။ သူ့မျက်လုံးတွေ ထဲက စိတ်ပျက်မှုကို မြင်နေရတယ်။ ဧကရာဇ် ရဲ့ အမိန့်က သူ့ကို အင်အားတွေ ပေးခဲ့တယ်။ အခုတော့ ခုတော့ ဒီအမိန့်စာ လေးလံနေခဲ့ပြီ။

“ ဒုန်။”

ရွှေရောင် အမိန့်စာလွှာက သွေးအိုင်ထဲကို ကျသွားခဲ့တယ် ။ စာလွှာမှာပါတဲ့ စာလုံးတွေကို သူ တို့ ကောင်းကောင်းမြင်နေရတယ်။ ဖန်ကျန်းရှီရဲ့ အခု အရည်အချင်းနဲ့ ဆိုရင် စာလုံး တစ်လုံး ချင်းစီကိုတောင် အနီးကပ် မြင်နေရတဲ့ အတိုင်း ပြတ်သားလှတယ် ။ အကြောင်းအရာကတော့ စစ်သည်တော်တွေက ဝန်ကြီးရဲ့ အမိန့်ကို နာခံရမယ် ဆိုတာပဲ။ ဧကရာဇ် လင်းမုပိုင်ရဲ့ ဆန္ဒက တောင်ပိုင်းဒေသ နဲ့ ငြိမ်းချမ်းရေး ရစေဖို့ပဲ။ အမိန့်စာကို ဖတ်ပြီးတဲ့နောက်မှာတော့။ ဝန်ကြီးဘာလို့ ဒီကိုရောက်နေမှန်း ဖန်ကျန်းရှီ သိသွားတယ်။

စစ်သည်တော်တွေက အေးခဲမျောက်မင်းဒေသမှာ နေခဲ့တာပဲ။ အကယ်၍ ဒီ အမိန့်စာကြောင့်သာ မဟုတ်ရင်။ စစ်သည်တော်တွေ သုခမိန်တောင်တန်း မြို့တော်ကို သိမ်းပြီးနေလောက်ပြီ။ ဒါက မူလ အစီအစဉ်ပဲ။ ဒါပေမယ့် တစ်ခုခုတော့ လွဲနေတယ်။

ဧကရာဇ် က ဒီလောက်တောင် အလို့လား။ သူ့မှာ ဝှက်ဖဲတွေ မရေမတွက်နိုင်အောင် ရှိနေတာပဲ။ သူ့ စစ်တပ်ကြီးရဲ့ အကောင်းဆုံး အခွင့်အရေးကို သူက ဘာလို့ ဖျက်စီး ပြစ်မှာလဲ။ ဘာများ လွဲချော်နေတာလဲ။ ဖန်ကျန်းရှီ မျက်မှောင်ကြုတ်ပြီး သေချာကြည့်တယ်။ ထူးဆန်းတဲ့ ခံစားချက် တစ်ချို့က သူ့ကို ပြောပြနေတယ်။ အဖြေက အမိန့်စာပေါ်မှာ ရှိရမယ်။

အပိုင်း(၄၂၀)ပြီး၏။

All Chapters