← Chapters

အပိုင်း (၄၂၁-၄၃၀)

Vol. 5 Ch. 421-430

အပိုင်း (၄၂၁-၄၃၀)

Vol. 5 Ch. 421-430

အပိုင်း(၄၂၁)

“ အခြေအနေ အလှည့်အပြောင်း။”

အမိန့်စာက စာကြောင်းအချို့ကိုပဲ ထင်ရှားအေင် ရေးထားခဲ့တယ်။ ဒါပေမယ့် ပြောချင်တဲ့ စကားကတော့ ထင်ရှားနေတယ်။ ဒါက ဖန်ကျန်းရှီကို စိုးရိမ်သွားစေခဲ့တယ်။ သူယုံကြည်ထားခဲ့တာ။ အဖြေက အမိန့်စာထဲမှာ ရှိနေမယ်လို့ ။. ဒါပေမယ့် စာထဲမှာ အကြောင်းရာ အများများစားစား ပါဝင်မနေခဲ့ဘူး။ ဝှက်စာရှိနေတာလား။ ဖန်ကျန်းရှီ မျက်လ့ုးကို ကျယ်ကျယ် ဖွင့်ထားတယ်။ စာကြောင်း တစ်ကြောင်းချင်းစီကို အလျားလိုက်ကော။ ဒေါင်လိုက်ပါ ဖတ်ကြည့်တယ်။ နောက်ထပ် ဝှက်စာဖော်နည်းတွေ အများကြီးကိုလည်း သုံးကြည့်တယ်။ ဒါပေမယ့် ဘာ ကိုမှ မတွေ့ဘူး။ တကယ်ပဲ ငြိမ်းချမ်းရေး အတွက် စာလွှာဖြစ်နေတာလား။ ဒါက ….. ဘယ်လို ဖြစ်ရတာလဲ။

နေစမ်းပါအုန်း။ ငါတို့ နှစ်နိုင်ငံ ငြိမ်းချမ်းနေရင်။ ငါတို့ ရှင်သန်မယ်။ ငါတို့သွေးကွဲသွားရင် ပျက်စီးရလိမ့်မယ်။

“ငါတို့ နှစ်နိုင်ငံ ငြိမ်းချမ်းနေရင်။ ငါတို့ ရှင်သန်မယ်။ ငါတို့သွေးကွဲသွားရင် ပျက်စီးရလိမ့်မယ်။ ” တစ်ချိန်တည်းမှာပဲ ဖန်ကျန်းရှီ လွဲနေတာကို သိသွားတယ်။ ဒီ စာကြောင်းက ရှာဖို့ မခက်ခဲဘူး။ ဒါပေမယ့် အမိန့်စာထဲက တခြားစာကြောင်းနဲ့ ရောနေတဲ့ အတွက် ချက်ခြင်း မမြင်သာတာ။ လွဲနေတာက များများစားစားတော့ မဟုတ်ဘူး။ စာလုံးတွေ မှာ အပိုတွေ ပါနေတာ။

“ငါတို့ နှစ်နိုင်ငံ ငြိမ်းချမ်းနေရင်။ ငါတို့ ရှင်သန်မယ်။ ငါတို့သွေးကွဲသွားရင် ပျက်စီးရလိမ့်မယ်။ ” တကယ်တမ်းဖြစ်သင့်တာက ( ငါတို့ စည်းလုံးရင် ငါတို့ ရပ်တည်နိုင်မယ်။ ငါတို့ သွေးကွဲရင် ငါတို့ ကျရှုံးမယ်။ ) ဘာလို့ စာလုံးတွေမှာ ဟိုခြစ်သည်ခြစ် အပိုတွေ ပါနေတာလဲ။ သုခမိန်တစ်ယောက် က စကားလုံး အမှားတွေကို သုံးထားမိတာလား။ ဒီ လို အမှားမျိုးလုပ်လိမ့်မယ် လို့တော့ သူလည်း မထင် ပါဘူး။ ဒါက အဓိပ္မာယ်လွဲနေတဲ့ စာလ့ုး တစ်လုံးပဲ။ ငြိမ်းချမ်းရေး မဟုတ်ပဲနဲ့။ ရောနှောနေတယ် ဆိုတဲ့ စကားလ့ုး ဖြစ်နေခဲ့တယ်။ စာလ့ုးတွေ အများကြီးကို ကျပန်းရေးထားသလိုပဲ။ ရေနဲ့ ဂျုံ။ ( ကျော် နဲ့ ကြော်လို ပုံစံမျိုး)

(အင်္ဂလိပ်ဘာသာပြန်သူ၏ မှတ်ချက်-- တရုတ်စာမှာ။ ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးနဲ့ ရောနှောသည် ဆိုတဲ့ စကားလုံးတို့က စာလုံးဖွဲ့စည်းပုံ တူညီပေမယ့်။ အဓိပ္မာယ် သက်ရောက်ပုံချင်းကတော့ အတော့်ကို ကွာခြားပါတယ်။ )

ရောနှောနေတယ်။ အခုတော့ သူ နားလည်သွားပြီ။ ဖန်ကျန်းရှီ ရဲ့ မျက်လုံးတွေ တလက်လက် တောက်ပလာတော့တယ်။ အမိန့်စာကို နားလည်သွားပြီးတဲ့နောက် ။ ဝန်ကြီး ဘာလို့များ ဒီကို ရောက်နေလဲ ဆိုတာ သူသိသွားတယ်။ တကယ့်ကို ဧကရာဇ် မင်း အဖြစ် ထိုက်တန်တဲ့လူပဲ။

ဒါကို ယုံကြည်ဖို့ ဖန်ကျန်းရှီ အတွက် နည်းနည်းခက်ခဲနေခဲ့တယ်။ ကြီးမြတ်သော ရှမင်းဆက်က တောင်ပိုင်းဒေသ အပေါ်မှာ မူတည်နေတဲ့ အခြေ အနေ ဖြစ်နေတယ်။ ဒီ သုခမိန်ကတော့ လှိုဏ်ခေါင်းထဲမှာ မျှော် လင့်ချက် တွေ့လိုက်တဲ့ ပုံပဲ ။ ( ငါတို့ စည်းလုံးရင် ငါတို့ ရပ်တည်နိုင်မယ်။ ငါတို့ သွေးကွဲရင် ငါတို့ ကျရှုံးမယ်။ ) ဧကရာဇ် လင်းမုပိုင်က တောင်ပိုင်းဒေသကို နတ်ဆိုးတွေ တိုက်ခိုက်လာမှာ ကြိုတင်ခန့်မှန်း ပြီးသားပဲ။ ဒါကြောင့် အခုလို အမိန့်ချလိုက်တာ။ တောင်ပိုင်း ဒေသ နဲ့ နတ်ဆိုးတွေ သာ ပူးပေါင်းသွားခဲ့ရင်။ ပဋိပက္ခတွေဖြစ်လာလိမ့်မယ်။ ဒီလိုမှပဲ ကြီးမြတ်သော ရှမင်းဆက်က အခွင့်အရေး ရလာလိမ့်မယ်။ တကယ်တော့ ဒါက အခွင့်အရေးပဲ။ အတော့်ကို နာကျင်စရာ ကောင်းပြီး ခက်ခဲတဲ့ အခွင့်အရေး တစ်ခုပေါ့။ အကယ်၍ သွေးအရိပ်မြို့တော် ကနတ်ဆိုးစစ်တပ်ရဲ့ ခြိမ်းခြောက်မှု ကြောင့်သာ မဟုတ်ရင်။ ဧကရာဇ် အစီအစဉ်အရ အခွင့်အရေးကောင်း ဖြစ်လာမှာပဲ။ ဒါပေမယ့် ။ အကယ်၍ ဖန်ကျန်းရှီ ခန့်မှန်းထားသလိုသာ နတ်ဆိုးစစ်တပ်ကြီးက သုခမိန်တောင်တန်း မြို့တော်ကို အရှိန်အဟုန် နဲ့ တိုက်ခိုက်လာမယ် ဆိုရင်။ အခွင့်အရေးဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ မင်းဘာမင်း ဘယ်လောက်တောင် အတွေ့ အကြုံများနေပါစေ။ ထူးခြားတဲ့ တိုက်ခိုက်ရေး နည်းလမ်းတွေ ဘယ်လောက်များများရှိနေပါစေ။ မင်းရဲ့ ပြိုင်ဘက်က အဆမတန် အင်အားကြီးနေမယ်လိုရင်။ လက်မြှောက်ပြီး ညှာတာပေးဖို့ အော်ပြေးရမှာတော့ အမှန်ပဲ။

“ တတိယ အကို။”

ရှန်းယွီ မင်းသမီး ရဲ့ အသံ နောက်တစ်ကြိမ်ထွက်လာပြန်တယ်။ သူမ အသံက မကျယ်လောင်ဘူး။ ဒါပေမယ့် အရမ်းကို တည်ငြိမ်နေခဲ့တယ်။ ရှန်လင်းက သူ့ လက်ကို ရပ်တန့်ထားတယ်။ ဝန်ကြီးရဲ့ လည်ပင်းပေါ်မှာ ရေခဲလို အလင်းတန်းက တောက်ပနေခဲ့တယ်။ ဓားက ထက်ရှလွန်းလို့ သွေးတောင် နည်းနည်း ထွက်နေခဲ့တယ်။ ဝန်ကြီးက ထိတ်လန့်တကြား အော်ဟစ်တယ်။ သူ့မျက်နှာက ဖြူဖျော့နေပြီ။ ဒါပေမယ့် သူက အေးဆေးတည်ငြိမ်နေတုန်းပဲ။ သူ မတောင်းပန်ခဲ့ဘူး။ ဖြစ်နိုင်တာက ကောင်စီ ခြောက်ခုဝင် ဝန်ကြီးတစ်ယောက်ရဲ့ မာနကြောင့်ပေါ့။ အကယ်၍ သူသေသွားရင်တောင် သနားညှာတာမှု အတွက် တောင်းပန်မှာ မဟုတ်ဘူး။

“ ညီမလေး ငါနောက်တစ်ခေါက် ထပ်ပြောဖို့ လိုသေးလား။” ရှန်လင်းက မလှုပ်ရှားဘူး။ သူ့မျက်လုံးတွေကတော့ ရှန်းယွီ မင်းသမီးကို စိုက်ကြည့်နေခဲ့တယ်

“တတိယ အကို ။ အကယ်၍ သွေးအရိပ် မြို့တော်က နတ်ဆိုးစစ်တပ်ကြိး သုခမိန်တောင်တန်း မြို့တော်ကို ဦးတည် တိုက်ခိုက်တော့မယ်ဆိုရင်။ အကိုတော်ကော ဧကရာဇ် ဖြစ်လာနိုင်မယ် ထင်နေသေးလား။” ရှန်းယွီ အံကြိတ်ရင်း ပြောလိုက်တယ်။ ဒါပေါ့။ သွေးအရိပ် မြို့တော်က နတ်ဆိုး စစ်တပ်ကြီး တကယ် လာမလာ မသိဘူး။ ဒါတွေ အကုန်လ့ုးက ဖန်ကျန်းရှီ ရဲ့ ခန့်မှန်းချက်တွေ့ဲ။

အကယ်၍ နတ်ဆိုး စစ်တပ်ကြီးသာ သုခမိန်တောင်တန်း ဒေသကို ရှန်လင်းကြောင့်ရောက်မလာခဲ့ရင်။ တောင်ပိုင်းဒေသက လွတ်လပ်ရေးရဖို့ ဖြစ်လာနိုင်မှာပဲ။ အကယ်၍ သွေးအရိပ် မြို့တော် စစ်တပ်ကြီးသာ တကယ်ရောက်လာခဲ့ရင်။ တောင်ပိုင်းဒေသရဲ့ လွတ်လပ်ရေးနဲ့ ။ ဧကရာဇ် ဖြစ်လာဖို့ အစီအစဉ်တွေ အကုန်လုံး ပျောက်ကွယ်သွားလိမ့်မယ်။ နောက် မျိုးနွယ်စု တစ်ခု ထိန်းချုပ်တာကို ခံရတဲ့ နိုင်ငံ တစ်နိုင်ငံက တကယ့် နိုင်ငံ အစစ်တစ်ခုရဲ့ ဂုဏ်သိက္ခာကို မပိုင်ဆိုင်နိုင်ဘူး ။ ရုပ်သေးဘုရင်နဲ့ ဘာများ ကွာခြားတော့မှာလဲ။ ရှန်းယွီကတော့ လောင်းကြေးထပ်နေတာပဲ။ သူမ ရှန်လင်း အပေါ် ယုံကြည်ချက်။ ဒါမှမဟုတ် ဖန်ကျန်းရှီ အပေါ် ယုံကြည်ချက်ကို လောင်းကြေးထပ်နေတာ။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီကို ယုံကြည်ဖို့ သူ ဆုံးဖြတ်လိုက်တယ။် သူမ အချိန် အနည်းငယ် လောက်ပဲ တွေ့ဖူးတဲ့ သူကိုလေ။

“ ဘာပြောတယ်။ ညီမလေး။ သွေးအရိပ်မြို့တော် က နတ်ဆိုး စစ်တပ်ကြီး လာနေပြီ ဟုတ်လား။ ဒါ … ဒါ မဟုတ်နိုင်ဘူး။ အကယ်၍ မင်းပြောတဲ့ အတိုင်းသာ ဟုတ်မယ်ဆိုရင်။ ဘာလို့များ သူတို့က ငါနဲ့ ငြိမ်းချမ်းရေး စာချုပ် လက်မှတ်ထိုးမှာလဲ။ ဘာလို့ သုံးရက် အပိုပေးမှာလဲ။ ” ရှန်လင်း ယုံကြည်ဖို့ ခက်ခဲနေခဲ့တယ်။

“ ဒါက …. ” ရှန်ယွီ ရဲ့ အသံ တိုးညှင်းသွားတယ်။ သူမလည်း ဝေခွဲမရ ဖြစ်နေခဲ့တယ်။ အကယ်၍ သွေးအရိပ် မြို့တော် က စစ်တပ် ကြီးသာ တကယ်ရောက်လာခဲ့မယ်ဆိုရင်။ အချိန်က အရေး အကြီးဆုံး ဖြစ်လာမှာပဲ။ သုခမိန်တောင်တန်း မြို့တော်ကို သူတို့ တိုက်ခိုက်ဖို့ အတွက် ပြင်ဆင်ချိန် ပေးမှာ မဟုတ်ဘူး။ ထပ်ပြောရမယ်ဆိုရင်။ သုခမိန်တောင်တန်း မြို့တော်က သူတို့ရဲ့ ထိန်းချုပ်မှု အောက်မှာ ရောက်နေပြီလေ။ နောက်ထပ် များများ စားစား လုပ်စရာမှ မလိုတော့ပဲ။ ဒါတောင် ဘာလို့များ အချိန်ဆွဲတဲ့ စာချုပ်လုပ်ပေးရတာလဲ။

“ ညီမလေး။ နတ်ဆိုး စစ်တပ် တကယ်ထွက်လာပြီဆိုတာ သေချာလို့လား။ မင်းရဲ့ မျက်လ့ုးတွေနဲ့ မြင်ခဲ့လို့လား။” ရှန်လင်းကြည့်ရတာ စိတ်မရှည်တော့ပုံပဲ။

“ ဒါက …” ရှန်းယွီ တွေဝေသွားပြန်တယ်။ ဒါပေါ့။ သူမမြင်ခဲ့ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ ပြောတာ က အဓိပ္မာယ် ရှိတယ်။ ကောင်းပြီလေ။ ဒါက သူမရဲ့ အမြင် သက်သက်ပဲ။ ဒါကို သက်သေပြဖို့ အတွက် ဖြစ်နိုင်တာ မရှိဘူး။ သူမရဲ့ စကားတွေ ပျောက်ဆုံးသွားတယ် ။ ရှန်းယွီ သူ့နောက်မှာ ပုန်းကွယ်နေတဲ့ လူကို ကြည့်တယ်။ သူတို့နန်းတော်ထဲကို ရောက်လာတဲ့ အချိန်တည်း က စကားမပြောပဲ တိတ်ဆိတ်နေခဲ့တာ။

“ အစတုံးကတော့ ကျွန်တော် မသေချာဘူး။ ဒါပေမယ့် အခုကိစ္စ ကြောင့် ခန့်မှန်းချက်က သေချာသွားပြီ။” ဖန်ကျန်းရှီ ထွက်လာတယ်။ ရှန်ယွီမင်းသမီး ကို သူ စိုက်ကြည့်နေတယ်။ အခုလို အချိန်မျိုးမှာ သူ မထွက်လာချင်ပါဘူး။ ဝန်ကြီးကလည်း ကူကယ်ရာမဲ့ ပြီး မြေပြင်ပေါ်မှာ လဲကျနေတယ်။ တကယ်လုံးမှာလည်း ဒဏ်ရာတွေ အပြည့်နဲ့

“ မင်းက ဘယ်သူလဲ။ မင်း ….. နန်းတော်စောင့်လည်း မဟုတ်ဘူး။ မင်းက ကြီးမြတ်သော ရှမင်းဆက်ကပဲ။ မင်းနာမည် ပြောစမ်း။ ငါက မင်းကို သက်သက်သာသာ သေခွင့်ပေးလိုက်မယ်။ ” ဖန်ကျန်းရှီကို ရှန်လင်း လှမ်းအော်တယ်။ ဒီစကားတွေကို ရှန်လင်း သတိလက်လွှတ်ပြောတာမဟုတ်ဘူး။ ရှန်းယွီနောက်ကို လိုက်ပြီးတော့ ဖန်ကျန်းရှီ နန်းတော်ထဲ ဝင်လာတဲ့ အချိန်မှာ။ ဝန်ကြီးက သူ့ကို လက်ဆန့်တန်းပြီးတော့ တောင်းပန်ခဲ့တယ်။ သူ့ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ဖို့ အတွက်။ ရှန်းယွီရဲ့ နောက်မှာ ခေါင်းငုံ့ပြီးပုန်းနေတဲ့ကောင်။

ဒီလိုကြောင့် ရှန်လင်းက ဖန်ကျန်းရှီရဲ့မျက်နှာကို မမြင်နိုင်တော့ဘူုး။ ကောင်းပြီလေ။ ရှန်လင်းလည်း မမြင်ချင်ပါဘူး။ ရှန်းယွီ မင်းသမီးက နန်းတော်စောင့် တစ်ယောက်ကို ကာကွယ်ပေးတာ ဖြစ်သင့်တာပဲ။ ဒါပေမယ့် ရှန်းယွီ နောက်လှည့်လိုက်တဲ့ နောက်မှာတော့ ဒီ လျှို့ဝှက်ချက်လည်း ပေါ်သွားခဲ့တယ်။

“ အရှင်မင်းသား။ ကျွန်တော့်နာမည်ထက် တိုက်ခိုက်လာမယ့် နတ်ဆိုး စစ်တပ်ကို ပို အာရုံ စိုက်သင့်တာ မဟုတ်ဘူးလား။” ဖန်ကျန်းရှီ ရယ်မောရင်း ပြောတယ်။ တကယ်တမ်းတော့။ ဖန်ကျန်းရှီက စကားများနေမယ့် အစား အဝေးကို ပြေးသင့်တာ။ ဒါပေမယ့် သူစိတ်ထင်ထားတဲ့ အတိုင်း လုပ်လို့ မရနိုင်ဘူး။ နောက်ဆုံးတော့လည်း လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ရင်း ထွက်လာခဲ့တယ်။

“ဟဟား…. ။ မင်း က ငါ့ကို လှည့်စားနိုင်မယ်လို့ ထင်နေတာလား။ မင်းက ကြီးမြတ်သော ရှမင်းဆက် ရဲ့ သစ္စာခံပဲ။” ရှန်လင်း ပြောတယ်။မ

“ ဒါက တော့ ယုံချင်သလို ယုံပေါ့။ ကျွန်တော်ကတော့ အမှန်တရားကိုပြောဖို့ပဲ စိတ်ဝင်စားတယ်။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ပြောတယ်။ “ အကယ်၍ ကျွန်တော့် ခန့်မှန်းချက်သာ မှန်မယ်ဆိုရင်။ အရှင်မင်းသားနဲက နတ်ဆိုး မျိုးနွယ်တို့ လက်မှတ်ထိုးခဲ့တာ။ လွန်ခဲ့တဲ့ ၂ နာရီကပဲ ဖြစ်ရမယ်။”

“အဲ့ဒီ့တော့ ဘာဖြစ်လဲ။ ” အိမ်ရှေ့စံရဲ့ အမူအယာ ပြောင်းလဲသွားတယ်။ သူ့ အသံက တည်ငြိမ်နေခဲ့တယ်။ ဒါပေမယ့် သူ့ အပြုံးကတော့ မှိန်ဖျော့မသွားခဲ့ဘူး။

“ တောင်ပိုင်းဒေသက ဝန်းရံခံနေရပြီ။ နတ်ဆိုး မျိုးနွယ်က နန်းတော်ကို ထိန်းချုပ်ဖို့ လက်လွှတ်စရာ အကြောင်းရှိမှာ မဟုတ်ဘူး။ တောင်ပိုင်းဒေသ ကို ပြင်ဆင်ချိန် သုံးရက်ပေးဖို့ မပြောနဲ့။ ….” ဖန်ကျန်းရှီ ရဲ့ စကားတွေက အရှိုက်ကို ထိသွားတယ်။

“ ဘာဖြစ်လဲ။” ရှန်းယွီ ကြည့်ရတာ စိတ်မရှည်တော့တဲ့ပုံပဲ။

“ အိမ်ရှေ့စံ ။ မင်း တကယ်ပဲ မသိဘူးလား။” ဖန်ကျန်းရှီ ရှန်းယွီကို အာရုံစိုက်မနေတော့ဘူး။ အဝေးက ရှန်လင်းကိုသာ ပြောနေခဲ့တယ်။

“ ပြောစမ်း.” ရှန်လင်း အော်ဟစ်တယ်။ သူ့ မျက်ခုံးတွေ တွန့်ကွေးသွားတယ်။ လက်ထဲက ဓားကို ကျစ်ကျစ်ပါအောင် သူ ဆုပ်ထားတယ်။ တုန်ယင်နေတဲ့ အမတ်မင်းကို မြင်တော့ သူ အံကြိတ်ထားတယ်။ သူ့လက်ထဲက ဓားကို မြှောက်လိုက်တယ်။ ဓား သူ့လည်ပင်းပေါ်က ရွေ့သွားတာ မြင်တော့ ဝန်ကြီး သက်ပြင်းချလိုက်တယ်။ ဖန်ကျန်းရှီ ဆိုလိုချင်တဲ့ ပုံစံကို အမတ်မင်း နားလည်တယ်။ ဒါ ငါဆိုလိုချင်တာ မဟုတ်ဘူးလေ။ ဒီ အမတ်မင်းကို သတ် သတ် မသတ်သတ် ငါလ့ုး၀ ဂရုမစိုက်ဘူး။ အမတ်မင်းကို မသတ်ဖို့ အချိန်ဆွဲထားတယ်လို့ပဲ ထင်ခဲ့တာ။ ကေ ာင်းပြီလေ။

ရှန်လင်း သူ့ကို အထင်လွဲနေမှန်း ဖန်ကျန်းရှီ သိတယ်။ အမတ်မင်းကို လွှတ်ပေးဖို့ အတွက် ဖန်ကျန်းရှီက သူ့ကို လာခြိမ်းခြောက်နေတယ်လို့ ။ ကောင်းပြီလေ။ အနည်းဆုံးတော့ ဒါက ဖန်ကျန်းရှီ ရဲ့ ခန့်မှန်းချက်တွေပဲ။ အဓိက အကြောင်းရင်းကတော့ သူတို့ စာချုပ်လက်မှတ်ထိုးခဲ့တာ ၁ နာရီကျော် ကျော် ကြာခဲ့ပြီ ဆိုတာပဲ။

“နတ်ဆိုး မျိုးနွယ် နဲ့။ တောင်ပိုင်းဒေသ မှာ လိုအပ်နေတာ ရှိတယ်။ ဒါက လူသူအင်အားပဲ။ ဒါပေမယ့် နတ်ဆိုးမျိုးနွယ်အတွက် ဒီ လိုအပ်ချက်က ဆိုးတယ်။ နတ်ဆိုးမျိုးနွယ်တွေ သုခမိန်တောင်တန်း ဒေသကို အလွတ်ပေးထားရတာ ဒါက တစ်ခုတည်းသော အကြောင်းအရင်းပဲ။ …. သူတို့အချိန်လည်း ပိုလိုအပ်လိမ့်မယ်။ ”

“ အချိန် ပို လိုအပ်တယ်။ ”

ဒါကို ကြားတော့။ ရှန်းယွီ မင်းသမီး ရဲ့ အမူအယာ ပြောင်းသွားတယ်။ ရှန်လင်းလည်း လန့်သွားခဲ့တယ်။ တောင်ပိုင်းဒေသ ရဲ့ အိမ်ရှေ့စံ တစ်ယောက်မှာ ရှိသင့်တဲ့ တည်ငြိမ်မှုတွေ ချက်ခြင်းပျောက်ကွယ် သွားပြီ။ ထိတ်လန့်ကြောက်ရွံ့တဲ့ အမူအယာက အစားထိုး ဝင်ရောက်လာခဲ့တယ်။

အပိုင်း(၄၂၁)ပြီး၏။

အပိုင်း (၄၂၂)

“နှစ်သက်ဖွယ် အလှည့်အပြောင်း”

ရှန်လင်းလှုပ်ရှားသွားတယ်။ တောင်ပိုင်းဒေသ ဘုရင် နဲ့ တခြား တုန်လှုပ်နေတဲ့ အမျိုးသမီး ကချေသည်တွေက။ မလှုပ်ရှားကြ သေးဘူး။ ရှန်းလင်နဲ့ ရှန်းယွီ မင်းသမီး နှစ်ယောက်လ့ုးက ထက်မြက်ကြတယ်။ ဖန်ကျန်းရှီက သူ့ စကားကို ပြီးဆုံးသည် အထိ မပြောသေးပေမယ့် ဒီ အခြေအနေ ကြီးကို သူတို့ နားလည်လိုက်ကြပြီ။

“ မင်းသမီးနဲ့ ကျွန်တော် ်မရောက်လာခင် အချိန်တည်းက စစ်သည်တော် ရှစ်သောင်းကို သံတောင်ကုန်းဒေသစီ ပို့လွှတ်ထားခဲ့ပြီးပြီ။ ဒါကြောင့် သွေးအရိပ် မြို့တော်က ထွက်လာတဲ့ နတ်ဆိုး စစ်တပ်ကြီး အလစ်ဝင်တိုက်တာကို ကာကွယ်နိုင်မှာပဲ။ အကယ်၍ ကျွန်တော့် အထင်သာ မှန်မယ်ဆိုရင်။ ရှန်းယွီ မင်းသမီး က စစ်သည်ရှစ်သောင်း ပို့လွှတ်လိုက်တဲ့ သတင်း နတ်ဆိုး မျိုးနွယ်ဆီကိုေ ရာက်သွားလောက်ပြီ။ ပြောရမှာကတော့ ….. စစ်တပ်ထဲမှာ သူလျှိုတွေရှိနေပြီ။ ”

ဖန်ကျန်းရှီက ဒီ အချိန်မှာ အဓိက အချက်ကို တည့်တည့် ပြောလိုက်တယ်။ ရှန်လင်း ချက်ခြင်း မျက်မှောင်ကြုတ်သွားတယ်။ တောင်ပိုင်းဒေသ စစ်တပ်ထဲမှာ နတ်ဆိုးမျိုးနွယ် သူလျှိုတစ်ချို့ရှိနေတာ အံ့သြစရာတော့ မဟုတ်ဘူး။ နောက်ဆုံးတော့လည်း စစ်သည် တစ်သိန်းရှိတဲ့ စစ်တပ်ကိုတောင် သူလျှိုထားနိုင်ခဲ့တာ နတ်ဆိုး မျိုးနွယ်တွေပဲလေ။ နောက်ပြီးတော့ ဆက်လက်ပြီး ဝါးမျိုနိုင်ခဲ့တာ သူတို့ရဲ့ အစွမ်းပဲ။ နတ်ဆိုး မျိုးနွယ်က ခြိမ်းခြောက်မှုကြီး တစ်ခု ဖြစ်နေတာ အံ့သြစရာ မရှိတော့ဘူး။ ဒါပေမယ့် တောင်ပိုင်းဒေသ စစ်တပ်ထဲမှာ သူလျှိုတွေ ရောက်နေတာကတော့ ။ရှန်လင်း ရဲ့ အမှားတစ်ခုပဲ။ စစ်ပွဲကို အတော်လေး ထိခိုက်စေတဲ့ အမှားတစ်ခု။ ရှန်းယွီမင်းသမီးကတော့ တင်းမာနေခဲ့တယ်။ တပ်ထဲမှာ သူလျှို တစ်ချို့ရှိတာကို သူမသိပေမယ့်။ ဒီလို နားထောင်ရတာကတော့ သက်တောင့်သက်သာ မရှိလှဘူး။ နောက်ဆုံးတော့လည်း ဒီ စစ်သည် ရှစ်ထောင်ကို အုပ်ချုပ်သူက သူမလေ။

ဖန်ကျန်းရှီက ရှန်လင်းနဲ့ ရှန်းယွီ မင်းသမီးကို ကြည့်နေခဲ့တယ်။ နောက်တော့ တောင်ပိုင်ဘုရင်နဲ့ ဝန်ကြီးကို ကြည့်တယ်။ အဲ့ဒီ့နောက် ခေါင်းခါရင်း နဲ့ သက်ပြင်းချလိုက်တယ်။ သူ့အမူအယာကနေ ပြောချင်တဲ့ စကားကို သိလိုက်ရတယ်။ ဝန်ကြီးရဲ့ မျက်နှာ ရဲရဲနီသွားခဲ့တယ်။ ဒေါသထွက်နေတာ အသိအသာကြီး ။ သူက ကောင်စီ ခြောက်ခုထဲက တစ်ခုကို အုပ်ချုပ်ရသူ ဝန်ကြီးပဲ။

ဒါပေမယ့် အခုချိန်မှာတော့။ နိုင်ငံတကာ ဆက်ဆံရေး အတွေ့အကြုံတစ်ခုလေးတောင် မရှိတဲ့လူက သူ့ရဲ့ နည်းဗျုဟာတွေကို ဖျက်စီး ပြစ်နေတယ်။ ပိုပြီး အရေးကြီးတာ တောင်ပိုင်းဒေသ ဘုရင်နဲ့ အိမ်ရှေ့စံကလည်း သူ့ကို အပြည့်အ၀ အာရုံ စိုက်နေတာပဲ။ သူ ဘယ်လိုများ စိတ်အေးအေးနေနိုင်မှာလဲ။ ဒေါသ မထွက်ပဲ နေနိုင်မှာလဲ။

ဖန်ကျန်းရှီကတော့ ဝန်ကြီးရဲ့ ဒေါသကို လျစ်လျူရှုထားခဲ့တယ်။ အဲ့ဒီ့အစား လက်တွေကို ဝေ့ယမ်းရင်းနဲက ဘေးမှာ ရှိတဲ့ အမျိုးသမီး ကချေသည်တွေကို ဖယ်ခိုင်းလိုက်တယ်။ အစတုန်းက ဝန်ကြီး ထိုင်နေခဲ့တဲ့ ထိုင်ခုံကို သူဝင်ထိုင်တယ်။ အမျိုးသမီးတွေက သူတို့ရဲ့ ဘုရင်ကို လှမ်းကြည့်နေတယ်။ ခွင့်ပြုချက်ရပြီးတဲ့နောက်။ သူတို့က ဖန်ကျန်းရှီ နောက်မှာရှိတဲ့ စားပွဲခုံကို မရွေ့ လာခဲ့တယ်။ အဖိုးတန် ပြီး အရသာရှိတဲ့ သစ်သီးတွေနဲ့ ပြည့်နေတဲ့ ပန်းကန်ပြားတွေကို ယူလာခဲ့တယ်။ ဖန်ကျန်းရှီကတော့ ကျေနပ်နေတဲ့ပုံပဲ။ သစ်သီးကို လက်နဲ့ ယူလိုက်ပြီး တမြုံ့မြုံ့ဝါးနေခြ့တယ်။

“

“နတ်ဆိုး မျိုးနွယ်က တစ်ယောက် ချင်းတိုက်ပွဲမှာ အဓိက တိုက်နိုင်တဲ့ အရည်အချင်းမြင့် နတ်ဆိုးတွေ များတယ်။ ဒါပေမယ့် အရေအတွက်ကတော့ အမြဲတမ်းနည်းတယ်။ သွေးအရိပ်မြို့တော်က ထွက်လာတဲ့ နတ်ဆိုး စစ်တပ်ကြီးကတော့ အရေအတွက်ကော စွမ်းရည်ပါ သာလွန်မှာပဲ။ မြေမျက်နှာသွင်ပြင် အနေ အထားရပဲ သူတို့ ရှုံးနိုင်မှာ။ အကယ်၍ ငါတို့သာ သန်မာတဲ့ စစ်သည် ရှစ်သောင်းကို တပ်ပုန်းချထားလိုက်ရင်။ နတ်ဆိုးမျိုးနွယ်တွေ မြန်မြန်ဆန် ဆန် အနိုင်ယူနိုင်တော့မှာ မဟုတ်ဘူး။ ”

“ဟင်း……” ဒီစကားတွေကို ကြားပြီးတဲ့နောက်။ ရှန်လင်းနဲ့ ရှန်းယွီမင်းသမီး နှစ်ယောက်လုံး ခေါင်းငြိမ့်ကြတယ်။ တောင်ပိုင်းဒေသရဲ့ အားသာချက်က မြေမျက်နှာ သွင်ပြင်ပဲ။ နယ်မြေကြီးခြောက်ခုက ခုခံကာကွယ်ရေး အတွက်။ လွန်ခဲ့တဲ့ နှစ်ရာချီတည်းက သေချာ စီစဉ်တည်ဆောက်ထားခဲ့တာ။ နတ်ဆိုးမျိုးနွယ်တွေက စွမ်းအားနဲ့ အရေအတွက် သာလွန်ရင်တောင် ။ မြေမျက်နှာသွင်ပြင်က ိုတော့ သူတို့ မယှဉ်နိုင်ဘူး။

အကယ်၍ နတ်ဆိုး မျိုးနွယ်သာ အစောင့်အကြပ်များတဲ့ သံတောင်ကုန်းကို သိမ်းမယ် ဆိုရင်။ ကြီးမားတဲ့ ဆုံးရှုံးမှုကို ကြုံတွေ့ရမှာပဲ။

“ ကျွန်တော် ပြောခဲ့တဲ့ အတိုင်း။ နတ်ဆိုး မျိုးနွယ်မှာ အချိန်က အဓိကပဲ။ သူတို့ လမ်းပေါ်မှာပဲ အချိန် ဖြုန်းတော့မှာ မဟုတ်ဘူး။ အရှိန် အဟုန် အပြည့်နဲ့ ဆက်တိုက်ချီတက်လာမှာ။ ဒီလမ်းတစ်လျှောက်မှာ သူတိုက အင်အားကိုလုံး၀ အထိခိုက်ခံမှာ မဟုတ်ဘူး။ ဒါကြောင့် သုခမိန်တောင်တန်း မြို့တော်ကို လောလောဆယ် အလွတ်ပေးထားခဲ့တယ်။ အချိန်သုံးရက်ပေးထားတာက။ အိမ်ရှေ့စံရဲ့ အချိန်ကို နှောင့်နှေးအောင်လုပ်တာပဲ။ ဒါက နတ်ဆိုး တပ်ဖွဲ့ နှစ်ခုလုံးကိုလည်း ဆုံဆည်းစေဖို့ အချိန်ရစေလိမ့်မယ်။ ” ဖန်ကျန်းရှီက အဓိက အချက် မှာ ရပ်တန့်လိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီနေရာက လုံလောက်ပြီဆိုတာ သူသိတာကြောင့်ပဲ။

ပါးစပ်နဲ့ ထုတ်မပြောပေမယ့် နားလည်နိုင်စရာ အကြောင်းအရာတွေ အများကြီးရှိတယ်။ အစအဆုံး အသေးစိတ်ပြောပြနေတာက စိတ်ပျက်စရာ ကောင်းတယ်။ သူက ဘုရင်နဲ့ ရှန်လင်းကို အထင်ကြီးစေချင်တာ။ ရှန်လင်းကတော့ တိုက်ရိုက်မပြောသေးဘူး။ ပြောရမယ်ဆိုရင်။ ဖန်ကျန်းရှီ ပြောတဲ့ အတိုင်း။ နတ်ဆိုးမျိုးနွယ်က အချိန်လိုအပ်တယ်။ ဒါကြောင့် ဖန်ကျန်းရှီရဲ့ စကားကို တစ်ချက်လေးတောင် သူ ဖြတ်မပြောခဲ့ဘူး။ သူ့ရဲ့ ကျိုးကြောင်းဆင်ခြင် ဆုံးဖြတ်နိုင်စွမ်း နဲ့ အစီအစဉ်တွေမှာ ရှန်းလင်းရဲ့ ယုံကြည်ချက်က မြင့်မားတယ်။ သူ့အမြင်အရ။ ကြီးမြတ်သောရှမင်းဆက်က လာတဲ့ ဒီကောင်စုတ်လေးက ဘာအချက်အလက်မှ ရေရေရာရာ မရှိပဲနဲ့ အခိုင်အမာပြောနေတယ်။ အခုချိန်ထိ သူပြောခဲ့တဲ့ အရာအားလုံးက သူ့ အမြင်တွေ သက်သက်ပဲ။ ဒါပေမယ့် ရှန်းလင်းကိုယ်တိုင်လည်း ဒီမရေရာတဲ့ အချက်အလက်တွေကို ထည့်စဉ်းစားနေရတယ်။ ဘာကြောင့်လဲ ဆိုတော့။ ဖြစ်စဉ်ကြီး တစ်ခုလုံးရဲ့ သက်ရောက်မှုက ကြီးမားလွန်းတယ်လေ။ အရှုံးဆိုတာကို သူ လက်မခံနိုင်ဘူး။

ရှန်းယွီ မင်းသမီးကတော့ တိတ်ဆိတ်နေခဲ့တယ်။ အခုချိန်မှာ ခုံတစ်လုံးပေါ် ထိုင်ရင်း။ အမဲကင် က ပေါင်သားတုံးကြီးကို တမြုံ့မြုံ့ဝါးနေတဲ့ ဖန်ကျန်းရှီကို ။ စိုက်ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ ရဲ့ ဒီ အပြုအမူတွေကို သူမ ကျင့်သားရနေပြီ။ ဒါကြောင့် ပလ္လင်ပေါ်မှာ ထိုင်နေတဲ့ သူ့ ခမည်းတော် စီကိုသာ လျှောက်လာခဲ့တယ်။ သူမ နန်းတော်ထဲကို ဝင်တဲ့ အချိန်တည်းက ။ တံခါးနားမှာ သူမ နေနေခဲ့တာ။

တောင်ပိုင်းဘုရင်ကတော့ သူ့သမီးတော်ကို ချစ်ခင်မြတ်နိုးမှု အပြည့်နဲ့ ကြည့်နေခဲ့တယ်။ ဒါပေမယ့် သူ့အကြည့်က ဖန်ကျန်းရှီပေါ်ကို ရောက်သွားတောာ့။ နူးညံ့တဲ့ အကြည့်ကနေ ။ အံ့သြ စပ်စုမှုဆီကို ပြောင်းလဲသွားခဲ့တယ်။ ထုံးစံအတိုင်း ဖန်ကျန်းရှီ အသက်ကို သူ ခန့်မှန်းနိုင်တယ်။ ငယ်ရွယ်လွန်းလိုက်တာ။ နောက်ပြီးတော့ ရှန်းယွီကလည်း သူ့ ဘေးမှာ ရှိနေတယ်။ ဒီလူငယ်လေးက ……

“ မင်းက ဘယ်သူလဲ။ အတိအကျပြောစမ်း။” ရှန်လင်းက အော်ဟစ်တယ်။ တစ်ခဏကြာ တိတ်ဆိတ်သွားပြီးနောက်။ ဖန်ကျန်းရှီ ကို ရှန်လင်းစိုက်ကြည့်နေခဲ့တယ်။ မျက်ခုံး ။ မျက်လုံး။ နှာခေါင်း ။ ပါးစပ်။ အပေါ်အောက်။ အကြိမ်ကြိမ် ပြန်ကြည့်တယ်။ ထပ်ခါ ထပ်ခါ။

“ အိမ်ရှေ့စံက ခန့်မှန်းမိနေတာ ကြာပြီ မဟုတ်ဘူးလား။” ဖန်ကျန်းရှီ ပြုံးပြရင်း နဲ့ ပြောတယ်။ အနည်းဆုံးတော့ အိမ်ရှေ့စံကို လေးစားမှုလေး ပြပါအုန်းမယ်။

“ ဟုတ်တယ်။ ငါ ခန့်မှန်းပြီးပြီ။ ကြီးမြတ်သောရှမင်းဆက်မှာ ချီကူယန် ပြီးတဲ့နောက် ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်တဲ့ အသက်အငယ်ဆုံးသူ။ နှစ်ထပ်ကွမ်း ဆက်တိုက် ချန်ပီယံ။ နောက်ပြီးတော့ ညီလာခံ အတွေးအခေါ် စာမေးပွဲမှာ နန်ကုန်းဟောင် နဲ့ ပူးတွဲပထမ ရတဲ့သူ။ မင်းက ဖန်ကျန်းရှီပဲ။” ရှန်လင်း ခေါင်ငြိမ့်ရင်းပြောတယ်။ သူ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုကြောင့် တက်လက်လက် တောက်ပနေခဲ့တယ်။

“ တတိယ အကို။ အကိုက မြို့ထဲမှာနေတာ ကြာလွန်းသွားပြီ။ ဒီကောင်က အခုဆို သဘာဝလွန် အဆင့် ရောက်နေပြီ။” ရှန်းယွီ မင်းသမီးက ဝင်မပြောချင်ပေမယ့်။ ရှန်လင်းရဲ့ စကားကို နားထောင်ပြီးတဲ့နောက်။ သူမ မအောင့်အည်းနိုင်တော့ဘူး။ ပြောပြီးတဲ့နောက်။ ရှန်းယွီ မင်းသမီးက တောင်ပိုင်းဒေသ ဘုရင်ဘေးနား မှာ လာထိုင်တော့တယ်။

“သဘာဝလွန် အဆင့်တဲ့လား ….။ ညီမလေး ပြောတာ။ ဒီကောင်က အသက်လေး ၁၅ ၁၆ နဲ့ သဘာဝလွန် အဆင့်ကို ရောက်နေပြီတဲ့လား။ ” ရှန်လင်းရဲ့ အမူအယာက ပြောင်းလဲသွားတယ်။ တစ်ခုကတော့ ထိတ်လန့်နေတာ။ နောက်တစ်ခုကတော့ အူထဲ အသည်းထဲက တုန်ခါသွားတာ။

ဘုရင်ရဲ့ အမူအယာကလည်း ပြောင်းလဲသွားခဲ့သေးတယ်။ ဒါပေမယ့် ရှန်လင်းကြောင့် လန့်တာ မဟုတ်ဘူး။ ပိုပြီး အတိအကျပြောရမယ် ဆိုရင်။ ရှန်းယွီ မင်းသမီးကို သူကြည့်နေတာ ကြောင့် အမူအယာ ပြောင်းသွားတာ။ အနီးကပ်နေတဲ့ အတွက် ။

ရှန်းယွီရဲ့ အမူအယာ ပြောင်းလဲမှုကို သူ မြင်နိုင်တယ်။ တောက်ပတဲ့ အငွေ့အသက်တွေက သူမမျက်လုံးထဲမှာ တဖျပ်ဖျပ် လက်နေခဲ့တယ်။ ဖခင်တစ်ယောက်က သူ့ရဲ့ ချစ်သမီးလေးကို ဘယ်လို နားမလည်ပဲ နေနိုင်မှာလဲ ။

ရှန်းယွီက အတော်လေးကို မာနကြီးတဲ့ လူစား။ ဒီမာနနဲ့ မောက်မာမှုက သူမရဲ့ ထူးချွန်ထက်မြက်မှုကြောင့် ဖြစ်လာတာ။ ဒါပေမယ့် ဖန်ကျန်းရှီ ပေါ်ထွက်လာတော့။ ရှန်းယွီ မင်းသမီးရဲ့ မျက်နှာက ပြောင်းလဲတဲ့ အမူအယာကိုတွေ့မြင်လိုက်ရတယ်။ သူ မလန့်ပဲ နေမလား။

“ သဘာဝလွန် အဆင့်လား။” အမျိုးသမီး ကချေသည်တွေ အားလုံး လန့်သွားခဲ့တယ်။ သူတို့ အားလုံးက သေသေချာချာ လေ့ကျင့်ခံထားရသူတွေ။ ဒါပေမယ့် ရှန်းယွီ မင်းသမီး ပြောတာ ကြားတော့ သူတို့ ချက်ခြင်းကြည့် မိကြတယ်။ တူညီတဲ့ မျိုးနွယ်စုက လူတွေ အနေနဲ့။ လူ အမျိုးအစား တစ်ခုတည်းကိုပဲ သူတို့ လေးစားကြတယ် ။

စစ်သည်တော်တွေ အင်အားကြီးမားတဲ့ စစ်သည်တော်တွေ။ ဖန်ကျန်းရှီ ရဲ့ စွမ်းအားက ဒီ အမျိုးသမီးရဲ့ စိတ်ထဲမှာ ရှိတဲ့ စစ်သည်တော်တွေထက်တောင် ကျော်လွန် နေရာယူသွားခဲ့ပြီ။ တောင်ပိုင်းဘုရင်ကတော့ အခန်းထဲကို ဝေ့၀ဲကြည့်နေခဲ့တယ်။ မြေပြင်ပေါ်မှာ လှဲလျောင်းနေတဲ့ ဝန်ကြီးကို သူမြင်တယ်။ ဒါပေမယ့် စိတ်ဝင်စားမှု ပျောက်ဆုံးသွားတာကြောင့် ခပ်မြန်မြန် အကြည့်လွှဲလိုက်တော့တယ်။

“ ငါကြားဖူးတာ။ အရှင်ဖန် က။ ညီလာခံ စာမေးပွဲရလဒ် မထွက်ခင်။ ကြီးမြတ်သော ရှမင်းဆက် ဧကရာဇ် ကိုယ်တိုင် ချီးမြှင့်ထားတဲ့ အဆင့်လေး ဓား သံတမန်လို့ သိရပါတယ်။ ဒီလို လူနဲ့ တွေ့ရတာ တကယ့်ကို ဂုဏ်ယူဏရာပါပဲ။ ဒီတောင်ပိုင်းဒေသကို ကြီးမြတ်သောရှ ဧကရာဇ် ရဲ့ အမိန့်နဲ့ အုပ်ချုပ်နေတာ အချိန်ကြာခဲ့ပြီ။ အရှင်ဖန်လို စစ်မှန်တဲ့ ဉာဏ်ကြီးရှင် ကို ငါ မတွေ့ခဲ့တာ ကြာလှပြီ။ ဒီနေ့တွေ့ဆုံရတာ တကယ့်ကို ဝမ်းသာရပါတယ်။ သံတောင်ကုန်း ဒေသက တိုက်ပွဲအမြင်ပေါ် အရှင်ဖန့်ရဲ့ အမြင်ကို သိခွင့်ရှိမလား။”

တောင်ပိုင်းဘုရင် က စကားပြောပြီးတဲ့နောက်။ ပလ္လင်ပေါ်က ထရပ်တယ်။ ဖန်ကျန်းရှီကို ဖြည်းဖြည်းချင်း ဦးညွှတ်တယ်။ သူက တကယ်ပဲ ဖန်ကျန်းရှီကို အရိုအသေပေးလိုက်တာ။ ဖန်ကျန်းရှီလည်း မြင်ပါတယ်။ ဒီလုပ်ရပ်ကနေ ရှင်ဘုရင်ရဲ့ စိတ်အကြံဉာဏ်ကို သူ သိလိုက်ရတယ်။ ဘုရင်က ကြီးမြတ်သော ရှမင်းဆက် နဲ့ ပုံမှန် ဆက်ဆံရေးထိန်းထားချင်ပုံပဲ။

ဘုရင်ရဲ့ စကားပြီးဆုံးသွားပြီးနောက်။ ရှန်လင်းရဲ့ ကိုယ်ခန္ဒာ အနည်းငယ်တုန်ယင်သွားတယ်။ သူ့ လက် ကလည်း အတော့်ကို ဖြူဖျော့သွားခဲ့တယ်။ နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ထားခဲ့တယ်။ သူ့ စကားတွေကို ထိန်းချုပ်ထားပုံပဲ။ ဘုရင့်ဘေးမှာ ရှိနေတဲ့ ရှန်းယွီမင်းသမီးကတော့။ သူမရဲ့ မျက်လုံးနက်နက်တွေနဲ့ ဖန်ကျန်းရှီကို ဆက်တိုက် စိုက်ကြည့်နေခဲ့တယ်။

ဖန်ကျန်းရှီ သူ့လက်ထဲက အမဲပေါင်သားကင်ကြီးကို ချလိုက်ပြီ။ ပါးစပ်က ဆီတွေကို လက်ကိုင်ပဝါလေးနဲ့ သုတ်လိုက်တယ်။ ဒီ ကိစ္စမှာ သူ့အမြင်ကို ပြောရတော့မယ်လေ။ အခုချိန်မှာ ဆက်ပြီးတော့တိတ်ဆိတ်နေမယ်ဆိုရင် သူလည်း အမှိုက်လို ပြစ်ထုတ်ခံရလိမ့်မယ်။

“အရှင်မင်းမြတ် နဲ့။ အိမ်ရှေ့စံတို့။ စစ်သည်တော် ရှစ်သောင်းပါတဲ့ စစ်တပ်ကို လက်လွှတ်ဖို့ ပြောမယ် ဆိုရင်ကော။ ဘယ်လိုလဲ။” ဖန်ကျန်းရှီ ပြောပြီးတဲ့နောက်။ တောင်ပိုင်း ဘုရင်နဲ့ အိမ်ရှေ့စံကို စိုက်ကြည့်နေခဲ့တယ်။

အပိုင်း(၄၂၂)ပြီး၏။

အပိုင်း (၄၂၃)

“ သေမင်း အငွေ့အသက်”

“ စစ်သည် ရှစ်သောင်းကို စွန့်ပြစ်ရမှာလား။” ရှန်လင်းနဲ့ တောင်ပိုင်း ဘုရင်။ နှစ်ယောက်လုံး မျက်လုံး ပြူးကုန်ကြတယ်။ ဖန်ကျန်းရှီ က ဒီလို တုံ့ပြန်စကား ပြောလာ လိမ့်မယ်လို့ သူတို့ မထင်ထားမိဘူး။ တောင်ပိုင်းဒေသမှာ စစ်သည် ဘယ်လောက်ရှိလဲ။ စစ်သည် လေးသိန်းပဲ အမာခံရှိတာ။ စစ်သည်တော် ရှစ် သောင်းထဲမှာ သုံး ထောင်က ငွေဂျိုဝံပုလွေ စစ်သည်တော်တွေ ။ ဒါကြောင့် သူတို့ကို သာ လက်လွှတ်လိုက်ရရင်။ ဒီ စစ်တပ်ကြီး တစ်ခုလုံး က ကြီးမားတဲ့ အရှုံးနဲ့ ရင်ဆိုင်ရမှာပဲ။ ရှန်လင်းနဲ့ တောင်ပိုင်း ဘုရင် တင် သဘော မတူတာ မဟုတ်ဘူး။ ရှန်းယွီ မင်းသမီးလည်း သဘော မတူဘူး။

“ မဖြစ်နိုင်တာ။” တစ်ချက်လေးတောင် မတွေဝေပဲ ရှန်လင်း ပြောတယ်။

တောင်ပိုင်းဘုရင်ကတော့ ပါးစပ်တင်းတင်းစေ့ထားခဲ့တယ်။ သူ စကားမပြောခင် သူ့ သမီးတော်လေးကို လှမ်းကြည့်တယ်။ သူ့စိတ်သဘောက မျက်လုံးထဲမှာ မြင်သာနေတယ်။ ရှန်းယွီလည်း သူ့ ခမည်းတော် ဆိုလိုချင်တာကို ကောင်းကောင်း သိတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ပြောနေတာကိုလည်း သူမ နားလည်တယ်လေ။ ဒါကြောင့် သူမ တိတ်ဆိတ်နေခဲ့တယ်။ အနည်းဆုံးတော့ အခုချိန်မှာ သူမ ဘာမှ မပြောသင့်ဘူးလေ။ ရှန်လင်းပြောတာကို ဖန်ကျန်းရှီ ကြားလိုက်တယ်။ တောင်ပိုင်းဒေသထွက် အရက်တစ်ခွက်ကို အပြည့်ငှဲ့ပြီး ထုံးစံ အတိုင်း သောက်ချလိုက်တယ်။ သူ သိပ်ပြီးတော့ ဂရုမစိုက်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တန်ရှီရှန်းလည်း သူ့ကို ဒါမျိုးတစ်ခါ ယူလာ ပေးဖူးတယ်လေ။ ဒါပေမယ့် အရက်တွေ သူ့ပါးစပ်ထဲ ဝင်လာတော့ မီးတွေကို ရှူနေရသလို ခံစားလိုက်ရတယ်။ စပ်လိုက်တာ။ မီးတောက် အရက်လိုပဲ။ သူ့မျက်လုံးတွေက ရဲရဲနီသွားတယ်။ ပါးစပ်ထဲက အရက် အရသာကို ဖိနှိပ်ဖို့အတွက် အသားကင် ကို မြန်မြန် ကောက်ဝါး လိုက်ရတယ်။ အဲ့ဒီ့နောက် အသက်ကို ခပ်ပြင်းပြင်းရှူရင်း အရက် အရသာကို ဖြေလျော့နေရတယ်။ ကောင်းပြီလေ။ သရုပ်ဆောင်ရတာ သိပ်တော့ မကောင်းဘူး။ တောင်ပိုင်းဘုရင် နဲ့ အိမ်ရှေ့စံက ဒါကို မြင်တော့ အမူအယာ ပြောင်းလဲသွားတယ်။

“ အရှင် ဖန်က အရက်ဒဏ် အတော် ခံနိုင်တာပဲ။ ဒီ ဝိုင်က တောင်ပိုင်းဒေသ ရဲ့ အထူး ထွက်ကုန်ပဲ။ ငါတောင် နည်းနည်းပဲ သောက်နိုင်တယ်။ အရှင် ဖန်က ဒီလောက်တောင် သောက်နိုင်မယ်လို့ မထင်ထားမိဘူး။” ဘုရင် က အခြေအနေကို တည်ငြိမ်လာအောင် ကူညီပေးနေတယ်။

ဖန်ကျန်းရှီ ပြန်ပြောချင်တယ်။ ( ဘာ အရက်ဒဏ် ခံနိုင်ရည်လည်း။) ဒါပေမယ့် တကယ်တမ်း ပြောဖြစ်သွားတာက။ ( ချီးမွမ်းမှု အတွက်ေ ကျးဇူးတင်ပါတယ်။ ဘုရင်မင်းမြတ်)

သူပြောပြီးတဲ့နောက်။ နောက်ထပ် ထပ်သောက်ဖို့ စိတ်ကူး မရှိတော့ဘူး။ သက်တောင့်သက်သာ ဖြစ်အောင်ပဲ နေရာ ပြောင်း ထိုင်လိုက်တော့တယ်။

“ စစ်သည်တော် ရှစ်သောင်းကို မစွန့်လွှတ်နိုင်ဘူးဆိုတော့။ အိမ်ရှေ့စံမှာ နောက်ထပ် အစီအစဉ် တစ်ခု ရှိသေးတယ်မလား။” ဖန်ကျန်းရှီ မေးတယ်။

“ငါ့မှာ အစီအစဉ်မရှိဘူး။ ဒါပေမယ့် အခု ကိစ္စက ငါ့ ကိစ္စပါ။” ရှန်လင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ် ရင်း ပြောတယ်။ ဒါပေမယ့် သူ့ လေသံက ယုံကြည်ချက်တွေ ပြည့်နေခဲ့တယ်။

“ မှန်ပါတယ်။ ဒါက အိမ်ရှေ့စံ မင်းသား ရဲ့ ကိစ္စပါ။ နတ်ဆိုး မျိုးနွယ်စုက သုခမိန်တောင်တန်း မြို့တော်ကနေ မနေ့ည တည်းက ထွက်သွားခဲ့ပြီ။ သံတောင်ကုန်း ဒေသကို နောက်တစ်နေ့ နေ့လယ်မှာ ရောက်လိမ့်မယ်။ အခုချိန်မှာ တောင်ပိုင်းဒေသ စစ်တပ်ကလည်း အေးခဲ မျောက်မင်း ဒေသကို မဝင်နိုင်ဘူး။ ကျွန်တော်သိချင်မိတယ်။ အိမ်ရှေ့စံမှာ ဘာ အစီအစဉ်များ ရှိလဲလို့။” ဖန်ကျန်းရှီ ခေါင်းငြိမ့်နေတယ်။ သူ့မျက်နှာကတော့ ခပ်ပြုံးပြုံးပဲ။

ရှန်လင်းရဲ့ အမူအယာ ပြောင်းလဲသွားတယ်။ အခုလက်ရှိအခြေအနေကို သူ နားလည်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ပြောသလိုပဲ။ သုခမိန်တောင်တန်း မြို့တော်ကို ကာကွယ်ဖို့က အတော်လေးကို ခက်ခဲတယ်။ ဘယ်လို စစ်သည်တော် ကမှ ခုခံနိုင်မှာ မဟုတ်ဘူး။

“ ခုနက ပြောလိုက်တဲ့ အစီအစဉ်က လွဲပြီးတော့ တခြား အစီအစဉ်မရှိတော့ဘူး။ အခုချိန်မှာ တစ်ခုတည်းသော အစီအစဉ်က စစ်သည် ရှစ်သောင်းနဲ့ သုခမိန်တောင်တန်း မြို့တော်ကို လက်လွှတ်ဖို့ပဲ။ ပြီးတော့် တောင်ပိုင်းဒေသ သစ်တောတွေထဲမှာ စစ်တပ်ကို ပုန်းခို ခိုင်းထားမယ်။ ဒါမှပဲ တောင်ပိုင်းဒေသ အဓိက စစ်တပ်ကြီးက တန်ပြန်တိုက်ခိုက်နိုင်မှာ။” ဖန်ကျန်းရှီ ခေါင်းခါရင်း ပြောတယ်။

“ မင်း … ငါတို့သာ ဒီလို ဖြစ်မယ်ဆိုရင်။ မင်း ရဲ့ အကြံဉာဏ်ကို ငါတို့ ဘာလို့များ လိုမှာလဲ။” ရှန်လင်း ဒါကို ကြားတော့ ။ ဒေါသတွေ အလိပ်လိုက် ထွက်လာခဲ့တယ်။

“ တကယ့်ကိုပဲ။ ဘာလို့များ ငါ့ကို အကုန်လုံးမေးနေတာလဲ။ အခုချိန်မှာ လုပ်ရမယ့် တစ်ခုတည်းသော အစီအစဉ်က စစ်သည်တော် ရှစ်သောင်းကို စွန့်လွှတ်ဖို့ပဲ။ အိုး ဟုတ်သား။ ကျွန်တော် စ နောက် နေတယ်လို့ ခင်ဗျားထင်နေတာလား။ ရိုးရိုးသားသားမေးရရင် ဒီ စစ်သည်တော် ရှစ်သောင်း နဲ့ နတ်ဆိုး စစ်တပ်ကြီးကို တားနိုင်မယ် ထင်နေတာလား။ ဒါမှမဟုတ် ။ နတ်ဆိုး မျိုးနွယ်က ဒီ စစ်သည်တော် ရှစ်သောင်းကို အသက်ချမ်းသာပေးမယ်လို့ တကယ်ပဲ ယုံကြည်နေတာလား။ သံတောင်ကုန်းဒေသ ကို နတ်ဆိုးတွေ သိမ်းပြီးရင်။ သူတို့ကို ပြန်တိုက်ခိုက်မယ့် လူတွေကို အသက်ရှင်လျက် ထားနေ အုန်းမှာလား။”

“ မင်း …” ရှန်လင်း ရဲ့ မျက်နှာ အမူအယာ ပြောင်းလဲ သွားပြန်တယ်။ သူ့မျက်နှာက သေခါနီးလူလို ဖြူဖျော့နေခဲ့ပြီ။ ဖန်ကျန်းရှီ ပြောတာ မှန်တယ်။ နတ်ဆိုးတွေက လူတစ်ယောက်ကိုတောင် အသက်ရှင်ခွင့်ပေး မှာမဟုတ်ဘူး။ တောင်ပိုင်းဒေသ ကချေသည်တွေ ဒါကို ကြာေးတာ့။ သူတို့ အားလုံး ဖြူဖျော့နေခဲ့တယ်။ ဒီ စစ်သည်တော် ရှစ်သောင်းထဲမှာ သူတို့ ရဲ့ မိသားစုတွေလည်း ရှိနေတယ်လေ။

“အရှင် မင်းမြတ်။ ကျွန်မရဲ့ မောင်ငယ်လေးကို ကယ်တင်ပေးပါ။ သူက တောင်ပိုင်းဒေသ အတွက် စစ်သည်တော် အဖြစ် အသက် ၅ နှစ်တည်းက ထမ်းဆောင်နေခဲ့တာ။ အရှင်မင်းမြတ် ကျေးဇူးပြုပြီး ကျွန်မရဲ့ မောင်ငယ်လေးကို မစွန့်ပစ်လိုက်ပါနဲ့။ ”

“ အိမ်ရှေ့စံ။ ကျေးဇူးပြု၍ ကရုဏာထားပါ။ သံတော်ကုန်း ဒေသကို ကယ်တင်ပေးပါ။ ကျွန် … ကျွန်မ ရဲ့ မိသားစုလည်း အဲ့ဒီ့ဒေသမှာ ရှိနေတယ်။ အသက် ရ၀ အရွယ် အမေအိုကြီးနဲ့ မောင်နှမတွေ ရှိနေပါတယ်….”

“ အရှင်မင်းမြတ်။ အိမ်ရှေ့စံ။ မင်းသမီး။ သံတောင်ကုန်း နယ်မြေက စစ်သည်တော် တွေ ကယ်တင်ပေးပါ။”

တောင်ပိုင်းဒေသရဲ့ ကချေသည်တွေ ချက်ခြင်း ဒူးထောက်ပြီး တောင်းပန်ကြတယ်။

တောင်ပိုင်းဒေသရဲ့ ရှင်ဘုရင် အနေနဲ့။ ဒီအခြေအနေကို သူ ဘယ်လိုလုပ် နားမလည်ပဲ နေလိမ့် မလဲ။ စစ်သည်တော် ရှစ်သောင်း။ ဒီလူတွေကို သူ တကယ်ပဲ လက်လျှော့နိုင်မှာလား။ အကယ်၍ သူ လုပ်ခဲ့ရင်။ နန်းစွန့်ရလိမ့်မယ်။ ရှန်းယွီ မင်းသမီး ရဲ့ မျက်နှာကတော့ အကျည်းတန်လောက်အောင် ပျက်ယွင်းနေပြီ။ ဒီ စစ်သည်တော် ရှစ်သောင်းထဲက တစ်ယောက်ချင်းစီကို သူ ကိုယ်တိုင် ရွေးချယ်ထားတာ။ တောင်ပိုင်းဒေသ အတွက် အကျိုးထူးဆောင်ပေးခဲ့တဲ့ စစ်သည်တော်တွေပဲ။ ဘယ်လိုများ သူမက စွန့်လွှတ်နိုင်မှာလဲ။

“ဖန်ကျန်းရှီ ။ မင်း မှာ အစီအစဉ် ရှိလား မရှိဘူးလား။” ရှန်လင်းရဲ့ အသံက အေးစက်သွားတယ်။ သူ့ လက်ထဲက ဓား ဖြည်းဖြည်းချင်း ရွေ့လာတယ်။ ဝန်ကြီးရဲ့ လည်ပင်းပေါ်ကို ရောက်လာပြီ။ သူ့ ကိုယ် ခန္ဒာ နောက်တစ်ကြိမ် အေးခဲ သွားပြန်တယ်။ ထိုင်ခုံပေါ်မှာ အေးအေးဆေးဆေး ထိုင်နေတဲ့ ဖန်ကျန်းရှီကို ရှန်လင်း ကြည့်နေတယ်။ ဒီကောင့်ကို မုန်းလိုက်တာ။ ဖန်ကျန်းရှီက သူ့ကို စိတ်ဓာတ် ပျက်ပြားအောင် လုပ်တယ်။ အားနည်းအောင် လုပ်တယ်။ ဒါပေမယ့် သူက ဘာများ လုပ်နိုင်မှာလဲ။

“ အရှင်ဖန်။ အကယ်၍ မင်းက ငါ့ကို ဂရု မစိုက်ရင်တောင်။ အနည်းဆုံးတော့ တောင်ပိုင်းဒေသ စစ်သည်တော် တွေ ရဲ့ အသက်ကို ချမ်းသာပေးနိုင်မလား။ အကယ်၍ မင်း လုပ်နိုင်ရင်။ သူတို့ ကို ကယ်တင်ပေးပါ။ ” ဝန်ကြီးက အံကြိတ်ရင်း ပြောနေတယ်။ သူ့ မျက်နှာ အမူအယာက အတော့်ကို ဆိုးဝါးနေခဲ့ပြီ။

“ ဝန်ကြီးက တကယ့်ကို အကျီလက်ထဲ ဝှက်ဖဲပေါင်းစုံ ထည့်ထားတဲ့ လူပဲ။ တကယ်ပဲ လေးစားထိုက်ပါတယ်။ ကိုယ့်အသက် အတွက် ကိုယ် မတောင်းပန်ပဲ။ တောင်ပိုင်းဒေသ လူတွေ အတွက်တောင်းပန် ပေးနေတယ်။ ဝန်ကြီးကို တကယ်ပဲ လေးစားမိပါတယ်။ ” ဖန်ကျန်းရှီက ဝန်ကြီးရဲ့ စကားကို ကြားတော့ ပြုံးမိတယ်။ ဝန်ကြီးရဲ့ မျက်နှာကတော့ မည်းမှောင်သွားခဲ့တယ်။ သူ ငြင်းဆိုချင်ပေမယ့် ။ သူ့ စကားတွေကို ပြန် မျိုချထားလိုက်ရတယ်။ ဖန်ကျန်းရှီကို သူ မကြောက်ပါဘူး။ ဒါပေမယ့် သူ့လည်ပင်းပေါ်မှာ ဓား ရောက်နေတဲ့ အတွက် ။ စကားပြောလိုက်တဲ့ အချိန်တိုင်း တုန်ယင်သွားခဲ့တယ်။

ရှင်လင်းကတော့ ဒီ ဝန်ကြီးကို သုံးပြီး ဖန်ကျန်းရှီကို ခြိမ်းခြောက်ဖို့ ကြံစည်နေခဲ့တယ်။ ဝန်ကြီးလည်း ဒီ ပြဿနာကို ကောင်းကောင်းသိတယ်။ ကောင်စီ ခြောက်ခုဝင် ဝန်ကြီး တစ်ယောက် အနေနဲ့ ။ အဆင့်လေး အမတ်မင်းက သူ့ကို ဝှက်ဖဲ အပြည့်နဲ့ လူလို့ ပြောသွားသေးတယ်။ ဒါက သူ့ကို စော်ကား မော်ကားလုပ်တာပဲ။ အခုချိန်မှာတော့ ဝန်ကြီး ဘာမှ မပြောနိုင်သေးဘူး။

“ ဖူး…” ပါးစပ် အပြည့်သွေးတွေ အန်ထွက်လာတယ်။ အဆုံးမှာတော့ ဝန်ကြီးမေ့မျောသွားတော့တယ်။ သူ တောင့်ခံနေရတာ မောပန်းလွန်းလို့ မဟုတ်ဘူး။ သူ့ ဂုဏ် သိက္ခာကို စော်ကားခံရလို့ နှလုံးထိခိုက်သွားတာ။ မျက်လုံးတွေ ပိတ်နေတဲ့ ဝန်ကြီးကို ဖန်ကျန်းရှီ ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက် အံကြိတ်ထားတဲ့ ရှန်လင်း။ အခန်းထဲမှာ ရှိသမျှ လူစုံကို ကြည့်တယ်။ တစ်ခဏ တွေးတောပြီးနောက်။ သူ စကားပြောတော့တယ်။

“ အခု လက်ရှိ အခြေအနေ အရတော့။ ကျွန်တော့်မှာ တကယ့်ကို အစီအစဉ်မရှိသေးဘူး။ ဒီလိုပဲ။ အရှင်မင်းမြတ်။ အိမ်ရှေ့စံ နဲ့ မင်းသမီးတို့မှာလည်း အစီအစဉ် မရှိနိုင်ဘူးလို့ ကျွန်တော်ထင်တယ်။ ဘာကြောင့် လဲဆိုတော့ အခုလို ထိန်းမနိုင် သိမ်းမနိုင်ဖြစ်နေတဲ့ ။ အခြေအနေက အိမ်ရှေ့စံ ကိုယ်တိုင် ဖန်တီးထားတာ။ ” သူပြောပြီးတဲ့နောက် ဖန်ကျန်းရှီ တိတ်ဆိတ်သွားတယ်။ ရှန်လင်းလည်း သူ ပြောချင်တာကို နားလည်မှာပါ။ ရှန်လင်း တိတ်ဆိတ်သွားတယ်။ ဖန်ကျန်းရှီ ပြောချင်တာကို သူသိတယ်။ လွန်ခဲ့တဲ့ နှစ်နာရီ တုန်းက။ သူ့ရဲ့ အထူးအစီအစဉ်ကို တောင်ပိုင်းဘုရင် နဲ့ရှန်းယွီ မင်းသမီးဆီ ထုတ်ပြခဲ့တယ်။ အစီအစဉ်ကို ဖျက်စီးတဲ့ ဘယ်သူ့ကို မဆို သတ်မယ်လို့ ကျိန်ဆိုခဲ့သေးတယ်။ ဒါပေမယ့် နှစ်နာရီ ကြာပြီးနောက် အစီအစဉ်ကို ဖျက်စီး တဲ့ သူက ။ သူကိုယ်တိုင် ဖြစ်လာရတယ်။

ထုံးစံ အတိုင်း ။ အစတုန်းကတော့ ။ ကြီးမြတ်သော ရှမင်းဆက်က သူ့ကို နောက်ထပ် မခြိမ်းခြောက်နိုင်တော့ဘူးလို့ သေချာနေခဲ့တယ်။ အောက်ခြေတည်းက သူ့ကိုယ်သူ ခိုင်ခိုင်မာမာ ယုံကြည်နေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ စကားကို ကြားပြီးတဲ့နောက်။ ဘယ်မှ သွားစရာလမ်း မ၇ှိတဲ့ လမ်းပျောက် သူက သူကိုယ်တိုင် ဖြစ်နေခဲ့တယ်။ နှလုံးသား အပြောင်း အလဲက ဘာကြောင့် ဒီလောက်တောင် အံ့သြစရာ ကောင်းလိုက်သလဲ။ စကားလုံးလေး တစ်ချို့ကြောင့်နဲ့ အစီအစဉ် တစ်ခုလုံး အရည်ပျော်ကျသွားတယ်။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ (တာအို နိယာမ) ထဲမှာ ဖော်ပြထားတဲ့ (ငွေလျှာ ပိုင်ရှင်) ဆိုတာ ဖြစ်နိုင်မလား။ စစ်သည် တစ်ယောက်တောင် မဆုံးရှုံးစေပဲနဲ့။ သိမ်းပိုက်ခံနယ်မြေတွေကို ပြန်လည်ရယူစေနိုင်တဲ့သူ။ ဒါမျိုးကို ရှန်လင်း လုံး၀ မယုံခဲ့ဘူး။ အခုအချိန်ထိ သူ လက်မခံချင်သေးဘူး။ ဒါပေမယ့်လည်း သူ့ အတွက် ခြိမ်းခြောက်မှုတွေက ရောက်လာနေပြီ။ ဒီ အတိုင်းသာ ဆက်သွားလိုက်ရင်။ သူ့ရဲ့ စစ်သည် ရှစ်သောင်းကို ဆုံးရှုံးရလိမ့်မယ်။ ဒါက မငြင်းနိုင်တဲ့ ကိစ္စပဲ။ ဒါကြောင့် သူလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက ဆွေးနွေးညှိနှိုင်းဖို့ပဲ။

တစ်ခုတည်းသော နည်းလမ်းကတော့။ ကြီးမြတ်သော ရှမင်းဆက်ကနေ စစ်ကူတောင်းဖို့ပဲ။ နောက်ဆုံးတော့လည်း အချိန်က သုံးရက်ပဲ ရှိတာလေ။ နေစမ်းပါအုန်း။ မဖြစ်ဘူး။ အကယ်၍ သူတိုကသာ ကြီးမြတ်သော ရှ နဲ့ ငြိမ်းချမ်းရေး စာချုပ် လက်မှတ်ထိုးလိုက်ရင်။ စစ်တပ်ကြီးက သုခမိန်တောင်တန်း မြို့တော်ကို ရောက်ဖို့ ကြာချိန်က တစ်ရက်။ အဲ့ဒီ့နောက် သံတောင်ကုန်းကို ရောက်ဖို့ က တစ်ရက်။ နတ်ဆိုး စစ်သည်တော် ငါးသောင်း မရောက်ခင်။ စစ်သည် သုံးသိန်းပါတဲ့ စစ်တပ်က လည်း သံတောင်ကုန်း ဒေသကို ရောက်နိုင်မျာ မဟုတ်ဘူး။ ဘာများ ဆွေးနွေးစရာ လိုအုန်းမှာလဲ။

“ အချိန် မရှိဘူး။ အချိန် မရှိဘူး။ …. အေးခဲ မျောက်မင်း ဒေသကနေ သံတောင်ကုန်း အထိ။ အနည်းဆုံး ၂ ရက် ၃ရက်လိုတယ်။ … ဖန်ကျန်းရှီၤ ။ မင်းက လှည့်စားတတ်တဲ့ ကောင်ပဲ။ မင်းရဲ့ လှည့်ကွက်ထဲ ငါရောက်တော့မလို့။ ကြီးမြတ်သော ရှမင်းဆက်နဲ့ ငါ ငြိမ်းချမ်းရေး စာချုပ် ချုပ် လိုက်ရင်တောင် ။ သံတောင်ကုန်းက စစ်သည်တော်တွေကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ မင်းက ငါတို့ကို လိမ်လည် လှည့်စား နေတာပဲ။ မင်းက ငါတိုက တောင်ပိုင်းဒေသကို ပြည်တွင်းစစ်ထဲမှာ နစ်မြောနေစေချင်တာလား။ ဒါဆိုရင် ကြီးမြတ်သော ရှမင်းဆက်လည်း ကောင်းကျိုးတွေ ရနိုင်မယ် ။ ဟုတ်တယ် မလား။ ငါ့ ခမ်ညးတော်နဲ့ ညီမတော်က မင်းကို ယုံကြည်နေတာ။” နောက်ဆုံးစကားကို ပြောပြီးတဲ့နောက် ရှန်လင်း ရဲ့ အကြည့်က အေးစက်သွားတယ်။ သူ့ဓားကလည်း လူသတ်ငွေ့တွေ ပြည့်နှက်သွားခဲ့တယ်။

“ ဖြတ်” အေးစက်စက် အလင်းတန်း တောက်ပလာတယ်။ လူတစ်ယောက်ရဲ့ ခေါင်းက လေထဲကို လွင့်ထွက်သွားခဲ့တယ်။ အဲ့ဒီ့နောက် မြေပြင်ပေါ်ကို ကျလာခဲ့တယ်။ သွေးတွေက နေရာ အနှံ့ကို စင်ထွက်ကုန်တယ်။ ဒီဖြစ်ရပ်က မြန်လွန်းလို့ ဘယ်သူမှတောင် သတိမထားလိုက်မိဘူး။ တောင်ပိုင်းဒေသ ကချေသည်တွေ သူတို့ ခြေထောက်နားကို ရောက်လာတဲ့ ခေါင်းကို စိုက်ကြည့်နေခဲ့တယ်။

“အားးးး”

တောင်ပိုင်းဘုရင်လည်း လန့်သွားခဲ့တယ်။ ရှန်လင်းအကြောင်းကို သူ ကောင်းကောင်းသိပေမယ့် ဒီလို တိုက်ခိုက်လာမယ်လို့မထင်ထားမိခဲ့ဘူး။ ရှန်ယွီလည်း မျက်လုံးပြူးနေတယ် ။ ဒီနေရာက နန်းတော်လေ။ တောင်ပိုင်းဒေသ နန်းတော်။ ဒီနန်းတော်ထဲမှာ သွေးမြေကျတာ မဖြစ်သင့်ဘူး။

“တတိယ အကို… နင်။” ရှန်ယွီ နားမလည်နိုင်သေးဘူး။ အခြေအနေတွေက ကောင်းလာပြီလို့ ထင်ထားခဲ့တာ။ အခုတော့။ ဒါပေါ့။ ဝန်ကြီးထက် တော့ ဘယ်သူက ပို လန့်နိုင်အုန်းမှာလဲ။ သူ သတိလစ်သွားပြီးနောက် ဘာမှန်းကို မသိလိုက်ဘူး။ စကားလေး တစ်ခွန်းတောင် မပြောရသေးခင်မှာပဲ အသက်ပျောက်သွားခဲ့ရပြီ။ ကံတရားကြောင့်ပဲလား။ အနည်းဆုံးတော့ ငါ့ခေါင်းကို မဖြတ်ခင် အရင်ဆုံး ပြောသင့်ပါတယ်။ မျက်လုံးတွေ က ခပ်မှေးမှေးပွင့်နေခဲ့တယ်။ ဒါပေမယ့် သူ မြင်ရတာက သွေးအိုင်ကြီး ကိုပဲ။

“ဒါ ငါ့သွေးတွေလား။” (ဒါက ဝန်ကြီး နောက်ဆုံးတွေးမိတာပဲ။)

ဒီလို အဖြစ်မျိုးကို ဖန်ကျန်းရှီ အရင်ဘဝမှာ ကြားခဲ့ဖူးတယ်။ ဒီလို မထင်ထားမိပဲ အသတ်ခံရတာက အမူအယာ အမျိုးမျိုးကို ဖြစ်ပေါ်စေတယ်။

“ တောင်းပန်ပါတယ်။ ဒီအတွက် မပြင်ဆင်ထားမိဘူး။” ဝန်ကြီးရဲ့ မျက်လုံးတွေကို ကြည့်ရင်း ဖန်ကျန်းရှီ သက်ပြင်းချလိုက်တယ်။

“ဖန်ကျန်းရှီ သေစမ်း။” ဖန်ကျန်းရှီကို အခွင့်အရေး နည်းနည်းလေးတောင် မပေးချင်တော့ဘူး။ ဖန်ကျန်းရှီရဲ့ လှည့်ကွက်ထဲ ထပ်ပြီး မကျရောက်စေရဘူး။ လေအေးအေးတွေက အခန်းထဲမှာ ဝေ့၀ဲ တိုက်ခတ်လာတယ်။ ဓားအလင်းရောင် တောက်ပလာပြန်တယ်။ တောင်ပိုင်းဒေသ အိမ်ရှေ့စံ အနေနဲ့ ရှန်လင်းရဲ့ စွမ်းအားက မဆိုးဘူး။ တကယ်တော့ မြင့်တယ်လို့ ပြောနိုင်တယ်။ ဒါက သူ့ရဲ့ ပင်ကိုယ် အရည်အချင်းပဲ။ ကြိုးစားတဲ့ ပင်ကိုယ် အရည်အချင်း ရှိသူ တစ်ယောက် ဘယ်လောက်ထိ တိုးတက်နိုင်မလဲ။ တွေးကြည့်လို့ ရတယ်။ တကယ်တမ်းတော့ ရှန်လင်းက အင်အားကြီးလွန်းနေတဲ့ အတွက်။ သူ့ရဲ့ အကိုကြီးနှစ်ယောက်က သူ့ မျက်စိထဲမှာ သာမန် ဖြစ်နေခဲ့တာ။

ဓားရောက်မလာခင် လေအေးအေးတွေကဖန်ကျန်းရှီကို ရိုက်ခတ်နေပြီ။ ရေခဲအလွှာ တစ်ခုက ဖန်ကျန်းရှီ ရဲ့ ကိုယ်ပေါ်မှာ ရောက်လာခဲ့တယ်။ ပြန်လည်မွေးဖွားမှု နှောင်းပိုင်း အဆင့်။

“ နတ်ဆိုးတွေ မရောက်ခင်။ သံတောင်ကုန်း ဒေသကို ရောက်ဖို့ အစီအစဉ်၇ှိတယ် ဆိုရင်ကော။” ရေခဲလွှာက သူ့ကို မပိတ်ဆို့ခင် သူပြောတယ်။

ပါ့ ပါ ပါး။

ရေခဲ အလွှာတွေ ကွာကျကုန်တယ်။ ဓားကလည်း ရပ်တန့်သွားတယ်။ ဖန်ကျန်းရှီ ရဲ့ လည်ပင်းနဲ့ တစ်လက်မ ကျော်ကျော်ပဲ ဝေးကွာတော့တယ်။ ဓားရဲ့ အလင်းကတော့ သေမင်းအငွေ့အသက်လို တောက်ပနေခဲ့တယ်။

အပိုင်း(၄၂၃)ပြီး၏။

အပိုင်း (၄၂၄)

“ ဧကရာဇ် ရဲ့ အမိန့်ကို အတုပြုလုပ်ခြင်း။”

ထက်ရှတဲ့ အငွေ့အသက်က လေထဲမှာ ကခုန်နေတယ်။ ဒါပေမယ့် ရှန်လင်း ရဲ့ ဓားကတော့ လေထဲမှာ ရပ်တန့်သွားပြီ။ ဖန်ကျန်းရှီ ပြောတာကို သူ မယုံချင်ဘူး။ ဒါပေမယ့် သူ နားထောင်ဖို့ လိုတယ်။ သူက တောင်ပိုင်းဒေသရဲ့ အိမ်ရှေ့စံ လေ။ သူ့ အကို နှစ်ယောက်ကို လုပ်ကြံနိုင်ပေမယ့်။ တောင်ပိုင်းဒေသ စစ်သည်တော်တွေရဲ့ အသက်ကိုတော့ သူ မစွန့်စားနိုင်ဘူး။

“ ပြောစမ်း။ အခုချိန်မှာ မင်း အတွက် အခွင့်အရေး တစ်ခုပဲ ရှိတော့တယ်။ ” ရှန်လင်းရဲ့ အသံက အေးစက်နေတယ်။ ဖန်ကျန်းရှီက ပါရမီရှင် ဆိုတာ မှန်တယ်။ ဒါပေမယ့် ပါရမီ ရှိတာ တစ်ခုတည်း နဲ့ တော့ မရဘူး။ စစ်မှန်တဲ့ စွမ်းအား နဲ့တွေ့ရင်တော့ သေရမှာပဲ။

“ ဓား တွေ ကျွန်တော့်ကို ချိန်ထားတာ မျိုး သဘော မကျဘူး။” ဖန်ကျန်းရှီက နှုတ်ခမ်းတွန့်ပြီး ပြောတယ်။

“ ဟမ်။” ဓားက လှည့်ပတ်သွားတော့တယ်။ ဓားကိုင်ထားတဲ့ ရှန်လင်းရဲ့ လက်တစ်ခုလုံး ဖြူဖျော့သွားခဲ့တယ်။ ဓား ထိပ်လည်း ယမ်းခါသွားတယ်။ ယောကျား တစ်ယောက် အနေနဲ့ ။ သူ့စကားသူ တည်ရမယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီကို သတ်ပြစ်ရမယ်။ ဒါပေမယ့် သူ မလုပ်နိုင်ခဲ့ဘူး။ သူက အိမ်ရှေ့စံ မင်းသား။ ဘိုးဘေးတွေရဲ့ ပုံရိပ်ကို ပျက်စီးစေလို့ မဖြစ်ဘူး။ ဖန်ကျန်းရှီက ကမူရှူးထိုး ဖြစ်နေတဲ့ ရှန်လင်းကို ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက် လက်ညှိုး တစ်ချောင်းနဲ့ ဓားထိပ်ကို တို့လိုက်တယ်။

“ ကလန်။” မာဆတ်ဆတ် အသံ ထွက်ပေါ်လာတယ်။ ဓားက အောက်ကို ကျသွားတော့တယ်။ ဘုရင် နဲ့ ရှန်းယွီ မင်းသမီး တို့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း သက်ပြင်းချနေတယ်။ ဒါပေမယ့် သူတို့ နားမလည်နိုင်ကြတာ တစ်ခု ရှိတယ်။ အခု အခြေအနေက အရမ်းကို ပြင်းထန်လွန်းတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ကတော့ အေးစက်နေလိုက်တာ သခွားသီး တစ်လုံးလိုပဲ။ ဒီလောက်တောင် ကိုယ့် ကိုယ်ကို ယုံကြည်ချက် ရှိနေတာလား။

“ အိမ်ရှေ့စံ။ ဒီ မေးခွန်းကို ဖြေပေးပါ။ အကယ်၍ ဒီနေရာမှာ ငွေဂျို ဝံပုလွေ သုံးထောင် ရှိနေခဲ့ရင်။ သံတောင်ကုန်းဒေသကို နတ်ဆိုးတွေ မရောက်ခင် အရင် ရောက်မယ် ထင်လား။ ” ဖန်ကျန်းရှီ မေးတယ်။

“ ဒါပေါ့။ ” ရှန်လင်း ပြန်ဖြေတယ်။ အဲ့ဒီ့နောက် သူတွေဝေသွားခဲ့တယ်။ ဖန်ကျန်းရှီ ဘာဆက်ပြောတော့မယ် ဆိုတာ သူ သိနေခဲ့ပြီ။ နတ်ဆိုးတွေက အင်အားကြီးတဲ့ မျိုးနွယ်တွေ။ ဒါပေမယ့် တောင်ပိုင်းဒေသ ရဲ့ စစ်သည်တော်တွေ ကိုတော့ သူတို့လည်း မယှဉ်နိုင်ဘူး။ နောက်ပြီးတော့ ငွေဂျို ဝံပုလွေ စစ်သည်တော် သုံးထောင် သာ ရုတ်တရက် တိုက်ခိုက်နိုင်ခဲ့ရင်။ နတ်ဆိုး တွေ မအောင်မြင်ခင် ။ နယ်မြေကို ပြန်ရယူနိုင်တယ်။ ဒါပေမယ့် ငွေဂျိုဝံပုလွေ စစ်သည်တော်တွေက ဒီမှာ ရှိမနေတဲ့ အတွက် ။ အခု ကိစ္စက အဓိပ္မာယ် မရှိ ဖြစ်နေခဲ့တယ်။

“ ငွေဂျိုဝံပုလွေ တပ်ဖွဲ့က တောင်ပိုင်းဒေသ ရဲ့ အအထူး စစ်သည်တော်တွေ ။ ကြီးမြတ်သော ရှ မင်းဆက် မှာ ဆိုရင်။ တောင်ဖြိုတပ်ဖွဲ့ နဲ့ နဂါး တပ်ဖွဲ့တွေ က ထိပ်တန်း ပဲ။ ” ဖန်ကျန်းရှီ ဘေးဘီဝဲယာကို လှည့်ကြည့်ရင်း နဲ့ ဆက်ပြောနေခဲ့တယ်။ ဒီ အချိန်မှာ ရှန်လင်း။ ဘုရင် နဲ့ ရှန်းယွီ မင်းသမီး တို့ရဲ့ အမူအယာ ပြောင်းလဲသွားတယ်။ ဖန်ကျန်းရှီက ရှင်းရှင်း လင်းလင်း မပြောပေမယ့် သူတို့ အတွက်တော့ ရှင်းတယ်။ နဂါး တပ်ဖွဲ့ နဲ့ တောင်ဖြိုတပ်ဖွဲက ဒီမှာ ရောက်နေပြီ။

“ အကယ်၍ အိမ်ရှေ့စံသာ ကြီးမြတ်သော ရှမင်းဆက် နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့မယ် ဆိုရင်။ နဂါး တပ်ဖွဲ့ နဲ့ တောင်ဖြို တပ်ဖွဲ့တို့ကလည်း နတ်ဆိုး တွေကို ဦးတည် တိုက်ခိုက်ပေးလိမ့်မယ်။ တောင်ပိုင်းဒေသ စစ်သည် ရှစ်သောင်းနဲ့ ပူးပေါင်ပြီး နတ်ဆိုးတွေကို တိုက်ခိုက်နိုင်ပေးလိမ့်မယ်။ အချိန်ရှိပါသေးတယ်။ ” ဖန်ကျန်းရှီ က ဆက်တိုက်ပြောနေခဲ့တယ်။ ရှန်လင်းကတော့ တိတ်ဆိတ်နေခဲ့ပြီ။ သူ့ ကြည့်ရတာ အတော်လေး အခက်တွေ့နေတဲ့ ပုံပဲ။ အတော့်ကို လေးလေးနက်နက် စဉ်းစားနေရတယ်။ ရေခဲလှိုင်းတွေက အခန်းထဲကို ပြည့်နှက်နေတယ်။

“ ငါက မင်းကို ဘယ်လို လုပ် ယုံလို့ရမှာလဲ။” ဆယ့်ငါးမိနစ် တိတိ တိတ်ဆိတ်သွားပြီးနောက် ရှန်လင်း ပြန်ပြောတယ်။

“ အိမ်ရှေ့စံမှာ ရွေးချယ်စရာ မရှိဘူး။” ဖန်ကျန်းရှီ ရဲ့ အသံက တည်ငြိမ်နေတယ်။

“ ဒါလေးပါ ထပ်ပေါင်းလိုက်ရင်ကော။” ဖန်ကျန်းရှီ ရယ်မောရင်းနဲ့။ သူ့အိတ်ထဲက ရွှေရောင် တံဆိပ်ပြားကို ထုတ်လိုက်တယ်။ တံဆိပ်ပြားက မကြီးဘူး။ ရွှေသားစစ်စစ် တံဆိပ်ပြား။ နဂါး တစ်ကောင် ပုံစံ ထွင်းထုထားခဲ့တယ်။

“ ဧကရာဇ်”

ဒါက ဧကရာဇ် ရဲ့ အမိန့်ပြားပဲ။ ဒါကို ရှင်ချင်းစွေ့ သုံးတာ ဖန်ကျန်းရှီ မြင်ဖူးတယ်။ ဒါပေါ့။ ဒီအမိန့်ပြားက စစ်တပ်ကို အမိန့်ပေးဖို့ အတွက် ပေးထားတာ မဟုတ်ဘူး။ ယဉ်ကျေးမှု ဝန်ကြီး ဌာနကို ဝင်တဲ့ အချိန် ဧကရာဇ်နဲ့ ထပ်တူ လေးစား ရအောင် ပေးထားတာ။ အတော့်လေး သုံးဝင်တဲ့ အမိန့်ပြားပဲ။ ဒါလေးကို တစ်ခါမှ သုံးရမယ်လို့ မထင်ထားခဲ့မိဘူး။ အခုတော့ တန်ရာ တန်ကြေး ပေးရတော့မယ်။ ဒါ က သုံးရမယ့်နေရာ ဟုတ်ပဲ သုံးခဲ့ရင်။ အာဏာကို အလွဲသုံးစား လုပ်မှု အတွက် အပြစ်ဒဏ်သင့် လိမ့်မယ်။ ဒီ အဖြစ်ကိုသာ ရှာတွေ့ သွားခဲ့ရင်။ သူ့ အတွက် ကံကြမ္မာက တစ်ခုပဲ ရှိတယ်။ သေခြင်း။

“ ဒါက ဧကရာဇ်ရဲ့ အမိန့်ပြားလား။” ရှန်လင်း သူ့မျက်လုံးသူ မယုံနိုင်ဘူး။ သူ့ရဲ့ ရေခဲ အငွေ့အသက်တွေ ချက်ခြင်း ပျောက်ကွယ်သွားတယ်။

“ အမှန်ပဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ဒီလို သက်ရာက် မှု ဖြစ်ဖို့ အတွက်ပဲ သူ ရည်ရွယ်ထားတာ။

“ ကျွန်တော် ဒီကို ရောက်နေတာ။ စာမေးပွဲ ဖြေဖို့သက်သက်ပဲလို့ အရှှုင်တို့က ယုံကြည်နေတာလား။ ကျွန်တော် တောင်ပိုင်း ဒေသကို ရောက်လာတယ် ။ မင်းသမီး ရဲ့ စစ်စခန်းကို ရောက်တယ်။ ဒါတွေ့ ပုံမှန်လို့ ထင်နေတာလား။ ” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

ရှန်လင်းကတော့ တိတ်ဆိတ်နေတုန်းပဲ။ ရှန်းယွီ မင်းသမီး ရဲ့ စစ်စခန်းမှာ သူ့ရဲ့ သူလျှိုတွေ ရှိတယ်။ ဒါကြောင့် ဖန်ကျန်းရှီ ရဲ့ လုပ်ရပ်တိုင်းကို သူအကုန်သိတယ်။ ရှန်ယွီက ငွေဂျိုဝံပုလွေ ငါးရာကို ဖန်ကျန်းရှီ ဆီ ပေးလိုက်တာကိုလည်း သိတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ကိုယ်တိုင် ပြောတာကို ကြားတော့ သူ မျက်မှောင်ကြုတ်သွားတယ်။ ဖန်ကျန်းရှီ ပြောချင်တာကိုသူ အတိအကျ သိတယ်။ ဒါကြောင့် သူ့ရဲ့ ရိုးတွင်း ခြင်စီထဲက ခိုက်ခိုက်တုန်အောင် စိမ့်ချမ်းလာခဲ့တယ်။ အစတုန်းက ဒီ စစ်ပွဲ ကြီးကို သူ ထိန်းချုုပ်ထားတယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် အခုတော့။ ဖန်ကျန်းရှီ ရဲ့ လက်ထဲမှာ ရှိတဲ့ တံဆိပ်ပြားကို မြင်လိုက်တော့ ။ သူက နယ်ရုပ်လေး တစ်ရုပ်မှန်း သိသွားခဲ့ရတယ်။ နတ်ဆိုးတွေ အတွက်တော့။ သူက လိုသုံး။ ကြီးမြတ်သော ရှမင်းဆက် အတွက် တော့။ သူ့ရဲ့ လှုပ်ရှားမှု တိုင်းကို ရှဧကရာဇ်က ခန့်မှန်း ထားပြီးသား။ ချွေးသီး ချွေးပေါက်တွေ နဖူးက စီးကျလာခဲ့တယ်။

“ မဖြစ်နိုင်တာပဲ။ ဧကရာဇ် က ငါ့ကို လှုပ်ရှားမှုတွေကို ခန့်မှန်းနိုင်ရင်။ ဘာလို့များ ငြိမ်းချမ်းရေး ဆွေးနွေးနေအုန်းမှာလဲ။ မင်းကို ဘာလို့များ လွှတ်တော့မှာလဲ။ ပိုပြီး အရေးကြီးတာ။ မင်းသမီးက မင်းကို ပြန်လွှတ်ပြီးတော့ စာမေးပွဲ ပြန်ဖြေခိုင်းမယ် ဆိုတာ ။ ဧကရာဇ်က ဘယ်လို သိနိုင်မှာလဲ။” ရှန်လင်း မယုံကြည်နိုင် ဖြစ်နေခဲ့တယ်။

“ အကယ်၍ မင်းသမီးကသာ ကျွန်တော့်ကို စာမေးပွဲ မဖြေခိုင်းရင်ကော။ ကွာခြားချက် ရှိမှာလား။ စာမေးပွဲကို ဝင်ဖြေ မဖြေကကော။ ကိစ္စရှိလို့လား။ အရှင်မင်းသား။ ပြန်တွေးလိုက်ပါ။ အခုကိစ္စမှာ အရေးအကြီးဆုံးက ဘာဖြစ်မလဲ။ နတ်ဆိုးတွေက တောင်ပိုင်းဒေသ ကို ဘယ်လို ဖြစ်ဖြစ် တိုက်ခိုက်မှာပဲ။ ဒါကြောင့် ကျွန်တော့် ရဲ့ တည်ရှိမှုကလည်း မရှိ မဖြစ် လိုအပ်တယ်။” ဖန်ကျန်းရှီ ပြောရင်း နဲ့ သူ့ အမိန့်ပြားကို ပြန်သိမ်းလိုက်တယ်။

ရှန်လင်း ။ ဘုရင်နဲ့။ ရှန်းယွီ တစ်ယောက်မှ စကား မပြောကြတော့ဘူး။ ဒါပေမယ့် အခုချိန်က ပြီးဆုံးသွားပြီဆိုတာ လူတိုင်း သိကြတယ်။ နောက်ထပ် နည်းလမ်း မရှိတော့လည်း ။ တွေဝေနေဖို့ မလိုအပ်တော့ဘူး။

“ဖန်ကျန်းရှီ။…. ကြီးမြတ်သော ရှ က ဘာလို ချင်တာလဲ။ ပြောစမ်း။” ရှန်လင်း စကားစလာတယ်။ အခုအခြေအနေ အရ။ ဘယ်လိုမှ ရှေ့တိုးနောက်ဆုတ် လုပ်လို့ မရတော့ဘူး။ ဒီလောကမှာ အလကား ရတာ ဘာမှ မရှိဘူး။

“ နဂါး တပ်ဖွဲ့ နဲ့ တောင်ဖြို တပ်ဖွဲ့တွေက သန်မာကြပေမယ့်။ နယ်မြေကိုတော့ သူတို့ မကျွမ်းကျင်ဘူး။ အကယ်၍ သူတို့သာ သံတောင်ကုန်း ဒေသကို တက်ပြီး နတ်ဆိုးတွေကို တိုက်ခိုက်မယ်ဆိုရင် ပူးပေါင်း ဆောင်ရွက်မှု လိုအပ်တယ်။”

“ ဘယ်လို ပူးပေါင်း မှုမျိုးလဲ။”

“မင်းက တောင်ပိုင်းဒေသ ရဲ့ မြေပုံကို လိုချင်တာလား။”

“ဟုတ်တယ်။”

“ မဖြစ်နိုင်ဘူး။ ဒါက ငါတို့ရဲ့ တစ်ခုတည်းသော အားသာချက်ပဲ။ မြေပုံကို ငါတို့တော်ဝင် မိသားစုပဲ ပိုင်ဆိုင်တယ်။ အကယ်၍မင်း လက်ထဲကို ထည့်လိုက်ရင်။ ကြီးမြတ်သော ရှမင်းဆက်ကို ငါတို့မှာ ရှိသမျှ အကုန် ပေးလိုက်တာနဲ့ ဘာကွာလို့လဲ။”

“ အင်း။ အိမ်ရှေ့စံ ပြောတာ က အဓိပ္မာယ်ရှိပါတယ်။ ဒါဆိုလည်း အမိန့်ပဲ ချလိုက်ပါ။”

“ ဘယ်လိုအမိန့်လဲ။ ”

“ အိမ်ရှေ့စံ ရဲ့ လူတွေကို ကျွန်တော်တို့နဲ့ အတူတူ သွားဖို့ အမိန့်ပေးလိုက်ပါ။ မြေပုံမပေးတော့လည်း လမ်းပြတစ်ယောက်တော့ လိုတယ်လေ။ ” ဖန်ကျန်းရှီ ဆက်ပြောတယ်။

“ မလိုဘူး။ ငါ လမ်းပြပေးမယ်။” ရှန်ယွီ မင်းသမီးက ဖန်ကျန်းရှီ အနားကို လျှောက်လာခဲ့တယ်။ သူမက ခွင့်ပြုချက် တောင်းချင်တဲ့ပုံ မတူဘူး။ ရှန်လင်း ကရှန်းယွီ မင်းသမီး နဲ့ ဘုရင်ကို ကြည့်နေခဲ့တယ်။ သူ့နှုတ်ခမ်းကို ဖိကိုက်ထားလွန်းလို့။ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျနေခဲ့ပြီ။

“ နောက်ပြီး ငါလည်း။…. မင်းကို လမ်းပြမယ်။”ရှန်လင်း ဆုံးဖြတ်ချက်ချလိုက်ပြီ။

“ ငါ့သား။”

“ ခမည်းတော်။ မြို့ကို စောင့်ရှောက်ပေးပါ။ ”

“ သား တော် နဲ့ သမီးတော် ဂရုစိုက်ကြပါ။” ဘုရင် ခေါင်းငြိမ့်တယ်။ သုခမိန်တောင်တန်းမြို့တော် ကို ကာကွယ်ဖို့ အတွက် လူ လိုအပ်တယ်။ ဒီမြို့တော်က တောင်ပိုင်း ဒေသ ရဲ့ အချက်အချာပဲ။ ဒီ မြို့တော်သာ ဆက်လက်တည်မြဲ နေရင်။ တောင်ပိုင်းဒေသ စစ်သည်တော်တွေရဲ့ စိတ်ဓာတ်လည်း ဘယ်တော့်မှ မပျက်စီးဘူး။

“ အရှင်မင်းမြတ်သက်တော်ရာကျော်ရှည်ပါစေ။ အိမ်ရှေ့စံ သက်တော်ရှည်ပါစေ။ အရှင်မင်းသမီး သက်တော် ရှည်ပါစေ။” အစေခံတွေ အော်ဟစ်ကြတယ်။

ရှန်းယွီကတော့ အစေခံတွေကို ကြည့်တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ ကို ကြည့်တယ်။ တစ်ခုခု လွဲနေတယ်လို့ သူမ ထင်မိတယ်။ ပုံမှန် အတိုင်းဆိုရင် ဖန်ကျန်းရှီက ဒီ အခွင့်အရေးကို သုံးပြီးတော့။ တောင်ပိုင်းဒေသကို အမြတ်ထုတ်သွားမှာ။ ဒါပေမယ့် အခုတော့ သူက တစ်ခုလေးတောင် မတောင်းဆိုဘူး။ ညှိနှိုင်းမှုက အတော်လေးကို ချောမွေ့လွန်းနေတယ်။ စာလွှာမရှိဘူး။ လက်မှတ် မရှိဘူး။ သက်သေ မရှိဘူး။ ရှန်းယွီ မင်းသမီး က တစ်ခုခု လွဲနေတာကို သိတယ်။ ဒါပေမယ့် ထုတ်မပြောတတ်ဘူး။

…

ဖန်ကျန်းရှီလည်း ဒီအခြေအနေကို အမြတ်ထုတ်ချင်ပါတယ်။ ဒါပေမယ့် အခု အခြေအနေက ပြင်းထန်လွန်းလို့ ။ သူ့မှာ တခြားကိစ္စ လုပ်စရာ အချိန်တောင် မရှိဘူး။ ရှန်းယွီ မင်းသမီး တွေးနေတဲ့ စာချုပ်မှာ လက်မှတ်ထိုးတာ မျိုး သူ လုံး၀ လုပ်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ အကုန်လုံးကို သူမေ့ဖျောက် ပြစ်ချင်လို့ပဲ။ တောင်ပိုင် ဒေသ က အဖြစ်တွေ ကို သူ့ ဘဝမှာ ထပ်ပြီး မပတ်သက်စေချင်တော့ဘူး။ သူက အရမ်း မြင့်မြတ်နေလို့တော့ မဟုတ်ဘူး။ ဒီ ဒေသမှာ ဧကရာဇ် ရဲ့ တံဆိပ်ပြားကို အလွဲသုံးစား လုပ်ခဲ့တယ် ဆိုတာ ဘယ်သူ့ကို မှမသိစေချင်ဘူး။ သူက သေဖို့ အရမ်း ငယ်လွန်းသေးတယ်လေ။ ဧကရာဇ် ကိုယ်တိုင် သူ့ အသက်ကို ချမ်းသာပေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ဒါဆိုရင် သူလည်း စွန့်စားစရာ မလိုတော့ဘူး။ ဒါက ဖြစ်နိုင်ချေလေး တစ်ခုပါပဲ။ အမှားမခံတဲ့ ဒီ ဖြစ်နိုင်ချေကိုတော့ လက်လွှတ်မခံနိုင်ဘူး။ နောက်ပြီးတော့ ဖန်ကျန်းရှီ လည်း ရာထူး မြင့်တဲ့ နိုင်ငံရေး သမားလုပ်ဖို့ စိတ်ကူး မရှိဘူးလေ။ ဒါကြောင့် သူ မစွန့်စား နိုင်ဘူး။

နဂါးတပ်ဖွဲ့နဲ့ တောင်ဖြိုတပ်ဖွဲ့တပ်ဖွဲ့ တွေ ဒီမှာ ရှိနေလား ဆိုတာ သူ မသေချာဘူး။ ဒါက ခန့်မှန်းမှု သက်သက်ပဲ။ နတ်ဆိုးတွေ သံတောင်ကုန်းဒေသကို ရောက်လာရင် တကယ် တိုက်ခိုက်နိုင်ပါ့ မလား။ ကျန်တဲ့ စစ်တပ်တွေ အတွက်ကော အချိန်ဆွဲနိုင်မှာလား။ ဒါတွေ အကုန်လုံးက သူ့ စိတ်ထဲက မေးခွန်းတွေပဲ။ မသေချာ မရေရာမှုတွေ များလွန်းတယ် ဒါကြောင့် သဘောတူညီ ချက်တွေ။ စာချုပ်တွေ အကုန်လုံးက အဓိပ္မာယ်မဲ့တာပဲ။

“ငါတို့သွားရတော့မလား။” ရှန်းယွီ မင်းသမီးက ဖန်ကျန်းရှီကို ကြည့်နေတယ်။ ဒိကောင်ဘာတွေတွေးနေလဲ သူ နားမလည်ဘူး။ ရှန်လင်းလည်း ဖန်ကျန်းရှီကို ကြည့်နေတယ်။ သုခမိန်တောင်တန်း မြို့တော်မှာ အစတုန်းက စစ်သည်နှစ်သောင်းရှိတာ။ ဒါပေမယ့် တိုက်ပွဲ ကြောင့် စစ်သည်တော် ၁၄၀၀၀ ပဲ ရှိတော့တယ်။ ။ ဒီလူတွေကလည်း မြို့တော်ကို ကာကွယ်ရမှာ။ နှတ်ဆိုးတွေက အင်အား နှစ်ဆ ရှိတယ်။ သူတို့ တွေ မြို့တော်ကို ပြန်လာပြီးတော့ တိုက်ခိုက်နိုင်ချေ လည်း များတယ်။ ရှန်လင်း နဲ့ ရှန်ယွီ တို့က ဖန်ကျန်းရှီ ပြောတဲ့ စစ်သည်တော်တွေကို စောင့်ရမယ်။ အတိအကျ ပြောရမယ်ဆိုရင်။ နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြို တပ်ဖွဲ့ကို စောင့်၇မှာ။

“ကောင်းပြီ သွားကြစို့။” ဖန်ကျန်းရှီ ထရပ်ရင်း ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက်။ သူ့ ကိုယ်ပေါ်က ရေတွေကို သုတ်လိုက်တယ်။ အပြင်ဘက်မှာ။ ဒဏ်ရာရနေတဲ့ အစောင့်ခြောက်ဦး ရှိနေတယ်။ ဖန်ကျန်းရှီ ထွက်လာ မြင်တော့ သူတို့ လှံတွေကို အသင့်ပြင်လိုက်တယ်။

“ ရပ်စမ်း။” ရှန်လင်း အော်ဟစ်တယ်။ လံှခြောက်ခု လေထဲမှာ ရပ်သွားခဲ့တယ်။ ဖန်ကျန်းရှီ ဒုတိယ တစ်ကြိမ် မကြည့်တော့ဘူး။ အေးအေးဆေးဆေး လမ်းလျှောက်ထွက်သွားတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ ။ သူ့ရဲ့ ပထမဆုံး အလုပ်က နဂါးတပ်ဖွဲ့ နဲ့တောင်ဖြို တပ်ဖွဲ့ကို ရှာဖို့ပဲ။

“ရှင်းဟို့။ ကျွန်တော် ခင်ဗျားကို ယုံတယ်။ ကျွန်တော်တောင် အမိန့်စာရဲ့ လျှို့ဝှက်ချက်ကို မြင်ရင်။ ခင်ဗျားလည်း မြင်မှာပဲ။ မင်းတို့ အကုန် ဘယ်ရောက်နေလဲ။ မြို့ထဲမှာလား။ ဒါမှမဟုတ်။ တောင်ခြေမှာ တပ်ပုန်းချနေတာလား။ အရိပ်အမြွက် ပေးနိုင်မလား…” ဖန်ကျန်းရှီ ကောင်းကင်ကိုကြည့်ရင်း ပြောနေတယ်။ ည အချိန်က တိတ်ဆိတ်အေးချမ်းနေတယ်။ ကြယ်တာရာတွေက ညကောင်းကင်မှာ တလက်လက် တောက်ပနေတယ်။ လေအေးအေး တွေက သူ့ကိုယ်ကို ဖြတ်သန်းတိုက်ခိုက်နေတယ်။ ဆောင်းဥတုရောက်နေပြီ။

အပိုင်း(၄၂၄)ပြီး၏။

အပိုင်း (၄၂၅)

“ မင်းရဲ့လည်ပင်းနဲ့ အကျီလည်ဟိုက် ဘာဆိုင်လို့လဲ။”

…

ကျောင်းတော် ဆယ့်သုံးခုရဲ့ ခေါင်းဆောင် အနေနဲ့ ။ ရှင်းယွမ်ကောင်းက ဧကရာဇ် ရဲ့ အမိန့်မှာ ပါတဲ့ လျှို့ဝှက်စကားကို မြင်နိုင်ခဲ့တယ်။

“ ငြိမ်းချမ်းရင် ငါတို့ အသက်ရှင်မယ်။ ခွဲထွက်ရင် ငါတို့ ပျက်စီးမယ်။ ”

နောက်ပြီးတော့ ရှင်းယွမ်ကောင်း ဒီ စာကြောင်းအပေါ် နားလည်မှုက ။ ဖန်ကျန်းရှီ ထက် ပိုပြီးတော့ နက်ရှိုင်းနေခဲ့တယ်။ ဒါကို နိုင်ငံရေး ပဟေဋိ တစ်ခုလို့ သူ ယူဆတယ်။ အင်အားကြီးတဲ့ အင်ပါယာကြီးတစ်ခုက သူ့ရဲ့ အိမ်နီးချင်း နိုင်ငံငယ်လေးကို လက်အောက်ခံ အဖြစ် ထားထားတာ။ ဒါက သမိုင်းတစ်လျှောက် အဖြစ်များတဲ့ ကိစ္စတွေပဲ။ တစ်ခါတစ်လေ။ အင်ပါယာ တစ်ခု ဖြစ်တည်ဖို့ စပြီး အခြေတည်တဲ့ အချိန်။ ဖိအားများများနဲ့ တည်ဆောက်ရတဲ့ ကိစ္စတွေလည်း ရှိတယ်။ တခြားသော အချိန်တွေမှာ မတူညီတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကြောင့် ပြဿနာ ဖြစ်ကြတယ်။ အင်ပါယာရဲ့ ငြိမ်းချမ်းရေး အတွက် ။ ပြည်သူတွေ ကိုအနီးစပ်ဆုံး ထပ်တူကျတဲ့ ထုံးတမ်းစဉ်လာတွေ ပြဌာန်း ပေးကြတယ်။

တောင်ပိုင်းဒေသ နဲ့ ကြီးမြတ်သော ရှမင်းဆက် ရဲ့ ဆက်သွယ်ရေးက ။ ကွာခြားတယ်။ ယဉ်ကျေးမှုနဲ့ ယုံကြည်ချက်တွေ။ ကြီးမြတ်သော ရှမင်းဆက်က တောင်ပိုင်းဒေသကို သိမ်းပိုက်နိုင်ရင်တောင် ။ သူတို့ သိမ်းမှာ မဟုတ်ဘူး။ တောင်ပိုင်းဒေသက ကြီးမြတ်သော ရှမင်းဆက် နဲ့ ကွာဝေးလွန်းတယ်။ အကယ်၍ ကြီးမြတ်သော ရှမင်းဆက် သာ သူတို့ရဲ့ နိုင်ငံရေးကို ဝင်ရောက် ဖိအားပေးမယ် ဆိုရင်။ ပုန်ကန်မှုတွေ ဖြစ်လာနိုင်တယ်။ ဒီနေရာမှာ ငြိမ်းချမ်းရေး ဆက်လက် တည်မြဲနေဖို့ ။ အချိုးကျတဲ့ သယံဇာတတွေ ထိန်းသိမ်းထားဖို့ လိုအပ်တယ်။ ဧကရာဇ် နဲ့ ရှင်းယွမ်ကောင်း နှစ်ယောက်လုံး ဒီ အချက်ကို လက်ခံထားတယ်။ နိုင်ငံရေး ဆက်သွယ်မှု အတွက်တော့။ ဘယ် ဧကရာဇ် မဆို ဆုပေး ဒဏ်ပေး စနစ်ကျင့်သုံးမှာပဲ။ အခုချိန်မှာ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို အသေးစိတ် ပြောပြမထားဘူး။

ဒါပေမယ့် သေချာတာ တစ်ခုကတော့။ ကြီးမြတ်သောရှ သည် တောင်ပိုင်းဒေသကို သိမ်းပိုက်မည် မဟုတ်။ ကြီးမြတ်သော ရှမင်းဆက်က ရေတို အတွက် မတွေးဘူး။ ရေရှည် ရှင်သန်ရေး အတွက်ပဲ တွေးတယ်။ လူအများစုကတော့ အင်အား နဲ့ ခြိမ်းခြောက်မှုကို သုံးမှာပဲ။ ဒီ နှစ်တွေထဲမှာ ကြီးမြတ်သော ရှမင်းဆက်လည်း တောင်ပိုင်းဒေသကို ဖိနှိပ်ထားခဲ့တယ်။ တောင်ပိုင်းဒေသ က ကြီးမြတ်သော ရှမင်းဆက်နဲ့ စစ်ပြေငြိမ်းထားခဲ့ပေမယ့်။ သူတို့ အင်ပါယာ ရဲ့ ကိုယ်ပိုင် အစွမ်းကိုတော့ ပြသခဲ့တယ်။ အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။ ရေရှည် ရှင်သန်ရေး အတွက်။ တောင်ပိုင်းဒေသက ပြိုင်ဘက်ကင်းတယ်။ သူတို့ကို ဘယ်လို ဖိနှိပ်ရမှာလဲ။ မောက်မာတဲ့ ဝန်ကြီးတစ်ပါးပို့ပြီးတော့လား။ ဒါမှ မဟုတ် စစ်သည် အင်အားအလုံး အရင်းပို့ပြီး စောင့်ကြပ်ခိုင်းထားမှာလား။ ဖြေရှင်းချက် နှစ်ခုလုံး အသုံးမဝင်ဘူး။ အကောင်းဆုံးနည်းလမ်းကတော့ သတ်ဖြတ်ဖို့ပဲ။ တောင်ပိုင်းဒေသ ခေါင်းငုံ့သွားတဲ့ အထိ အများကြီး အများကြီးကို သတ်ရမယ်။

တောင်ပိုင်းဒေသ မှာ လူ ဘယ်လောက်ရှိလို့လဲ။ သိပ်မများဘူး။ အကယ်၍ သူတို့သာ လူမျိုးတုံး သတ်ဖြတ်လိုက်ရင်။ ဒီ ဒေသကြီးတစ်ခုလုံးက ကျတ်တီးမြေ ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် တောင်ပိုင်းဒေသ နဲ့ အခုချိန်မှာ ဆက်သွယ်မှု လုပ်ဖို့က။ သဒ္ဒါတရားထက်သန်မှု ပြဖို့ပဲ လိုအပ်တယ်။ အကောင်ဆုံးနည်းလမ်းက သူတို့တွေကို ရတနာတွေ။ ရိက္ခာတွေ ။ မိန်းမလှလေးတွေ ပေးကမ်းဖို့ မလိုဘူး။ အကောင်းဆုံးနည်းလမ်းက သူတို့တွေကို သူတို့ အလိုအပ်ဆုံး အရာပေးဖို့ပဲ။ “ ငြိမ်းချမ်းရင် ငါတို့ အသက်ရှင်မယ်။ ခွဲထွက်ရင် ငါတို့ ပျက်စီးမယ်။ ”

ဧကရာဇ် လင်းမုဘာလို့ ဝန်ကြီးကို ပို့လိုက်လဲ ဆိုတာ သူ နားလည်တယ်။ စောင့်ရမယ်။ တောင်ပိုင်းဒေသကို ကူညီဖို့ အသင့်တော်ဆုံး အချိန်ကို စောင့်ရမယ်။ ဖန်ကျန်းရှီ ရဲ့ ပေါ်ထွက်လာမှုက ။ ကြီးမြတ်သော ရှမင်းဆက် နဲ့တောင်ပိုင်းဒေသရဲ့ အခြေအနေကို ပိုပြီးမြန်ဆန်စေတယ်။ အပေါ်ယံကြည့် ရင်တော့။ ကြီးမြတ်သော ရှမင်းဆက် ကအစပိုင်းမှာ ရှုံးနိမ့်နေတယ်။ ဒါက တောင်ပိုင်းဒေသ နဲ့ နတ်ဆိုးတွေရဲ့ အမြင်မှာ ဒီလို ထင်ရအောင် လုပ်ထားတဲ့ အယောင်ပြမှု တစ်ခုပဲ။ တည်မြဲတောင်ဂိတ် ကျဆုံးသွားပြီးနောက်။ စစ်ကူတွေကို သူတို့ လက်မခံတော့ဘူး။ နောက်ပြီးတော့ အိမ်ရှေ့စံကလည်း စာမေးပွဲ မပြီးသေးခင် အချိန် ထိ ။ အေးခဲ မျောက်မင်းဒေသကို ရွေ့လျားမှာ မဟုတ်ဘူး။

အိမ်ရှေ့စံက။ နန်ကုန်းဟောင်နဲ့ ဖန်ကျန်းရှီ တို့ရဲ့ တိုက်ပွဲကို တွေးတောင် မတွေးမိခဲ့ဘူး။ ဒီအဖြစ်က တောင်ပိုင်းဒေသရဲ့ မြို့တော်ဆီ တိုက်ခိုက်မှုကို ကြိုတင် သတိပေးသလို ဖြစ်သွားခဲ့တယ်။ ဒါကြောင့် တောင်ဂိတ်ကျသွားတဲ့ အချိန်မှာ ။ ဖြစ်လာတော့မယ့် စစ်ပွဲကိုလည်း ဧကရာဇ် လင်းမုပိုင် ကြိုမြင်ခဲ့တယ်။ အိမ်ရှေ့စံက ဝန်းရံခံထားရပြီ ။ နောက်ပြီးတော့ေ အးခဲ မျောက်မင်းဒေသမှာ ဘယ်လို အောင်မြင်မှုရရ အသုံးမဝင်တော့ဘူး။ အကောင်းဆုံး အခွင့်အရေး ရရင်။ မြို့တော်ကို သူတို့ သိမ်းရမယ်။ ဒီလိုအခြေအနေ မျိုးမှာ။ တောင်ပိုင်းဒေသကကော။ နတ်ဆိုးတွေကပါ။ ကြီးမြတ်သော ရှမင်းဆက်ကို ခြိမ်းခြောက်မှု တစ်ခုလို့ မြင်မှာမဟုတ်ဘူး။ ဒါကြောင့် သူတို့ရဲ့ အစီအစဉ် နောက်တစ်ဆင့်ကို ရွေ့လျားဖို့ ပြင်ဆင်လိုက်တယ်။ အခုချိန်မှာ အသာစီးရဖို့ ကြိုးစားရမယ်။ ကြီးမြတ်သော ရှမင်းဆက်က အရိပ်ထဲမှာ ပုန်းအောင်း နေရမယ်။ ဒီ အခြေအနေကို အကျိုးရှိရှိ အသုံးချရမယ်။

အစတုန်းကတော့ ဒီအဖြစ် အပျက်က ကြီးမြတ်သော ရှမင်းဆက် နဲ့ တောင်ပိုင်းဒေသ အတွက်ပဲ။ နတ်ဆိုးတွေကတော့ စောင့်ကြည့်သူတွေ ။ ဒါပေမယ့် မျက်တောင် တစ်ခတ် အချိန်အတွင်းမှာ။ ကြီးမြတ်သော ရှ တွေက စောင့်ကြည့်သူတွေ ဖြစ်နေခဲ့ပြီ။ ဘယ်လိုတောင် ဆိုးလိုက်တဲ့ ကိစ္စလည်း။ အမိန့်စာကို ရှင်းယွမ်ကောင်းမြင်မြင်ချင်း။ ဧကရာဇ် ပြောချင်တာကို သူ နားလည်သွားတယ်။ ဒါကြောင့် သူ့ အချိန်တွေကို စီမံခန့်ခွဲနေခဲ့တယ်။ အချိန်ကောင်းကို စောင့်ဆိုင်းပြီးတော့ တောင်ပိုင်းဒေသကိုခုန်အုပ် ဖို့ ပြင်နေခဲ့တယ်။ ဒီနေရာကနေ ထွက်လိုက်ရင် ကိစ္စတွေက ရိုးရှင်းသွားပြီ။

အခြေအနေတွေကို သိရဖို့ အတွက် အေးခဲ မျောက်မင်း ဒေသမှာ သူမနေဘူး။ တိုက်ပွဲလည်း ဖြစ်လို့ မရဘူး။ ဒါကြောင့် သူ့စစ်တပ်ကိုလည်း ချန်ရစ်ခဲ့တယ်။ အထူးစစ်သည်တော်တွေ။ တောင်ဖြိုတပ်ဖွဲ့ နဲ့ နဂါး တပ်ဖွဲ့ကိုသာ ရှင်းယွမ်ကောင်း ခေါ်လာခဲ့တယ်။ သူခန့်မှန်းထားတဲ့ အတိုင်း။ သုခမိန်တောင်တန်း မြို့တော်က တိုက်ပွဲထဲမှာ ရုန်းကန်နေရတယ်။ အတော်လေးကို ပြင်းထန်တဲ့ တိုက်ပွဲ တစ်ခုပဲ။ တောင်ပိုင်းဒေသ က အလူးအလဲ ခံစားခဲ့ရတယ်။ ဒါပေမယ့် ရှင်းယွမ်ကောင်း နားမလည်ခဲ့တာက။ ဒီလောက် အရေးနိမ့်နေတဲ့ တိုက်ပွဲကို သူတို့ ဘယ်လိုများ တောင့်ခံနေတာလဲ။ နောက်ပြီးတော့ ဘာလို့ ရုတ်တရက် မီးလောင်မှု ဖြစ်တာလဲ။ ပိုပြီး အရေးကြီးတာက။ ဒီလောက် အသာစီး ရနေရဲ့ သား နဲ့ နတ်ဆိုး မျိုးနွယ်တွေက ဘာကြောင့်များ ဆုတ်ခွာသွားကြတာလဲ။ ရှင်းယွမ်ကောင်း စဉ်းစားနေခဲ့တယ်။

သူ့မှာ အတိကျဆုံး သတင်းအချက်အလက်တွေ ရှိတယ်။ ဒါကြောင့် တောင်ပိုင်းဒေသ ရဲ့ အထူး စစ်သည်တော် ရှစ်သေ ာင်းက သုခမိန်တောင်တန်း မြို့ အပြင်မှာ တပ်ပုန်းချထားမှန်း သူသိတယ်။ ဒါပေမယ့် အခု လက်ရှိ အခြေအနေကို ဖြေရှင်းဖို့ သူတို့ အင်အား မလုံလောက်ဘူး။ ခက်ခက်ခဲခဲ အနိုင်ရမယ် ဆိုရင်တောင်။ အတော်လေး အထိနာလိမ့်မယ်။ ဒါကြောင့် သူ့ အစီအစဉ်က တပ်ကူတွေ ရောက် လာတာကို စောင့်ဆိုင်းဖို့ပဲ။ ပြင်းထန်တဲ့ တိုက်ပွဲကြောင့် မြို့တော် မကျရှုံးခင်မှာ။ ဘုရင်နဲ့ အိမ်ရှေ့စံ ကယ်တင်မယ်။ ဒါပေမယ့် အ ဆုံးသတ်မှာတော့။ မြို့တော် မကျရှုံးစေရဘူး။ စစ်သည် ရှစ်သောင်းလည်း အင်အား ထွက်မပြဘူး။ နောက်ပြီးတော့ နတ်ဆိုးတွေလည်း ပြန်လည် ဆုတ်ခွာရမယ်။ ရှင်းယွမ်ကောင်း စဉ်းစားနေရတာ အံ့သြစရာ မရှိပါဘူး။ အခုလို အခြေအနေ မျိုးမှာ။ အိမ်ရှေ့စံ နဲ့ ဘုရင်ကို ဝင်ကယ်လို့ မဖြစ်ဘူး။ သူတို့ လုပ်လိုက်ရင်။ ဒါက ပြန်ပေးဆွဲတာ ဖြစ်သွားပြီ။

ရှင်းယွမ်ကောင်းက အလျင်မလိုဘူး။ ပြောရမယ် ဆိုရင် သူက အတော်လေးကို တည်ငြိမ်တယ်။ တောင်ပိုင်းဒေသ နဲ့ နတ်ဆိုးတွေကြားမှာ ဘာတွေ ဖြစ်ခဲ့လည်း သူမသိဘူး။ ဒါပေမယ့် စိတ်ရှည်ဖို့ လိုတာကိုတော့ သူ နားလည်တယ်။ မြို့တော်က မကျိုးပျက်သေးဘူး။ ဘုရင် နဲ့ အိမ်ရှေ့စံကလည်း မြို့တော်ထဲမှာ ။ ဒါကြောင့် သူ စောင့်ရမယ်။ နတ်ဆိုးတွေ အင်အား နှစ်ဆ နဲ့ ပြန်တိုက်ခိုက်မှာကို စောင့်ရမယ်။ နောက်ထပ် အခွင့်အရေးကို စောင့်ဆိုင်းရမယ်။ ဒါပေါ့။ နတ်ဆိုးတွေ ဘယ်ကို သွားလဲ ဆိုတာ သိဖို့ လူလွှတ်ပြီး ရှာဖွေ ခဲ့တယ်။ သိပ်မကြာခင်။ သတင်း အချက်အလက် အသစ်တွေကို ရခဲ့တယ်။

“ရှင်းဟို့။ နတ်ဆိုးတွေ က သံတောင်ကုန်း ဒေသကို ဦးတည်သွားနေပါတယ်။”

“ သံတောင်ကုန်း ဒေသလား။” ရှင်းယွမ်ကောင်း လန့်သွားတယ်။ ဒီအချိန်မှာ ဖြစ်နိုင်ချေတွေကို သူတွေးတောကြည့်တယ်။ နတ်ဆိုးတွေက ဘာလို့ အလျင်လိုနေတာလဲ။ အဲ့ဒီ့မှာ တိုက်ပွဲရှိလို့လား။ မဖြစ်နိုင်တာပဲ။ သံတောင်ကုန်းဒေသမှာ စစ်သည်မှ မရှိတာ။ နေစမ်းပါအုန်း။ အထူး စစ်သည် ရှစ်သောင်းက သုခမိန်တာင်တန်း မြို့တော်ကို မသွားပဲနဲ့ ။ သံတောင်ကုန်းကို သွားတာလား။ ဘာလို့ သွားကြတာလဲ။

“ အို မဖြစ်ဘူး။ ငါသိပြီ။ ”

ရှင်းယွမ်ကောင်းက အတွေ့အကြုံများတဲ့ စစ်သူကြီးတစ်ယောက်ပဲ။ တိုက်ပွဲအသွားအလာကို သူခန့်မှန်းနိုင်တယ်။ သံတောင်ကုန်းဒေသမှာ ဘာတွေ ဖြစ်လာမလဲ သူ နားလည်တယ်။ အခုချိန် သူ့မှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ ပထမဆုံး နည်းလမးက။ ဒီမှာ ဆက်လက် ပုန်းခိုနေဖို့။ ဒုတိယ နည်းလမ်းက သံတောင်ကုန်းဒေသကို စစ်ကူပေးဖို့။ ပထမ အမြင်ကတော့ အသက်တွေ ထပ်ပြီး ဆုံးရှုံးမှာကို ကာကွယ် ပေးနိုင်တယ်။ ဒုတိယ အမြင်ကတော့။ ဧကရာဇ် ရဲ့ ဆန္ဒကို ဆန့်ကျင်နေတယ်။ ရလဒ်ကတော့ အတော့်ကို ကြောက်စရာ ကောင်းလိမ့်မယ်။

“ ချင်းစွေ့။ ငါတို့ ဘယ်လို လုပ်သင့်တယ်ထင်လဲ။“ ရှင်းယွမ်ကောင်း လှည့်မေးတယ်။

“အမ်…. ကျွန်တော်ကတော့ သံတောင်ကုန်း ဒေသကို သွားသင့်တယ်လို့ ထင်တယ်။” ရှင်ချင်းစွေ့ရဲ့ မျက်လုံးတွေက တလက်လက် တောက်ပလာတယ်။

“ သခင်လေး နန်ကုန်း ကော ဘယ်လို မြင်လဲ။” နန်ကုန်းဟောင်ကို လှည့်မေးတယ်။

“ ကျွန်တော်က ကျောင်းတော်သား တစ်ယောက်ပါပဲ။ စစ်ပွဲအတွင်းမှာတော့။ ရှင်းဟို့ရဲ့ အမိန့်ကိုပဲ လိုက်နာမှာပါ။”

“ကောင်းပြီလေ။ ဒါဆိုရင်။ အမိန့်ချလိုက်။ ငါတို့ သံတောင်ကုန်းဒေသကို ဦးတည်မယ်။” ရှင်းယွမ်ကောင်း က ဒုတိယ အမြင်ကို တစ်ချက်လေးတောင် မတွေဝေပဲ ရွေးချယ်လိုက်တယ်။ ဒီကိစ္စမျိုးမှာ မာန်မာနတွေ ။ အသိအမှတ်ပြုခံချင်တာတွေ ဘာမှ မလိုအပ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူက စစ်နတ်ကျောင်းတော်ရဲ့ ရှင်းဟို့ပဲ။

“ အမိန့်တော်အတိုင်းပါ။” စစ်သည်တော်တွေ ပြန်ဖြေတယ်။

…

ဖန်ကျန်းရှီ ခန့်မှန်းခဲ့တယ်။ ရှင်းယွမ်ကောင်းက နဂါး တပ်ဖွဲ့နဲ့ တောင်ဖြိုတပ်ဖွဲ့ ကို ဒီခေါ်လာမယ့်လို့။ ဒါပေမယ့် အခု သူတို့ ထွက်သွားပြီလား။ ရလဒ်ကတော့ အံ့သြစရာမရှိဘူး။ ရှင်းယွမ်ကောင်း သတိထားမိစေဖို့ ဖန်ကျန်းရှီ အမျိုးအမျိုး ကြိုးစားခဲ့တယ်။ ဥပမာ အားဖြင့် မြို့ထဲကို ခပ်ဖြည်းဖြည်း လမ်းပတ်လျှောက်တာမျိုး။ ( သူ့ရဲ့ သင်္ကေတ ဖြစ်တဲ့ အပြာရောင် အကျီ လက်ရှည်ကိုလည်း ဝတ်ထားခဲ့တယ်။) သူ့စိတ်ထဲမှာတော့။ ရှင်းယွမ်ကောင်းက သုခမိန်တောင်တန်း ဒေသကို စောင့်ဆိုင်းဖို့ အတွက်။ သူလျှိုတွေ ပို့ထားလောက်ပြီလို့။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ နည်းလမ်းက အသုံးမဝင်ခဲ့ဘူး။

“ ဒါဆိုရင် သူတို့က တောင်ခြေမှာများလား။” ဖန်ကျန်းရှီ ကတော့ တွေးမိတယ်။ ရှင်းယွမ်ကောင်းကို အထင်ကြီးမိသွားပြီလားလို့။ အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံးပဲ။ ဒါက သမိုင်းထဲက နာမည်ကြီး စကားပဲ။ စစ်နတ်ကျောင်းတော်ရဲ့ အုပ်ချုပ်သူက ။ ဘယ်လိုများ တောင်ခြေမှာ ပုန်းခိုဖို့ ရွေးချယ်မှာလဲ။ သူက ပိုပြီး ရဲရင့်တယ်။ ဒီ ဆုံးဖြတ်ချက်ကို ဖန်ကျန်းရှီ လက်မခံနိုင်ဘူး။ သူ့စိတ်ထဲမှာ ဖြစ်နိုင်ချေတွေက လွန်ဆွဲနေခဲ့တယ်။ ဖြတ်သန်းလာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း ။ ရယ်စရာ အသံတွေကို သူလုပ်သွားခဲ့တယ်။

“ ဟ ဟ ဟား…..”

“ ဟီး ဟီ း ဟီး…..”

“ ဟိုး ဟိုး ဟိုးး”

“ ဂါး ဂါး ဂါး”

“…..”

သူတွေးလို့ရတဲ့ အသံပေါင်းစုံကို လမ်းတစ်လျှောက်လုံး လုပ်သွားခဲ့တယ်။ ဒါပေမယ့် စိတ်မကောင်း စရာပါပဲ။ ရှန်းယွီ မင်းသမီး နဲ့ ရှန်းလင်း မင်းသားရဲ့ မြားလို အကြည့်တွေက လွဲပြီးတော့ ။ တခြားပြန်ရတာ မရှိခဲ့ဘူး။ အရင်လိုပဲ တိတ်ဆိတ်နေခဲ့တယ်။

“အိမ်ရှေ့စံ။ မင်းသမီး။ မင်းတို့ ဘယ်အရောင် ကြိုက်ကြလဲ။” ဖန်ကျန်းရှီ သူ့ မျှော်လင့်ချက်ကို အလွတ် မပေးသေးဘူး။ သူ့ရဲ့ ရည်ရွယ်ချက်ကို ဆက်လက် လုပ်ဆောင်နေခဲ့တယ်။ ရှင်းယွမ်ကောင်းက အသံတစ်ခုခု ကြားရင် လှည့်ကြည့်မယ်ဆိုတာ သေချာတယ်။ ဒါပေမယ့် ဆက်ပြီး တိတ်ဆိတ်နေတုန်းပဲ။ ရှန်လင်း နဲ့ ရှန်းယွီ ကတော့ အတော့်ကို စိတ်ပျက်နေပြီ။

“ ဘာအရောင်လဲ ဟုတ်လား။” ဒီလို မေးခွန်းကိုဖြေဖို့ ရှန်လင်း စိတ်မပါဘူး။ ဒါက ကြီးမြတ်သော ရှမင်းဆက် ရဲ့ စစ်တပ်နဲ့ ဆိုင်လို့လား။ သုခမိန်တောင်တန်း မြို့တော် ရဲ့ တောင်ခြေတောင် ရောက်လာပြီ။ စစ်သည်တော် တစ်ယောက်ကိုမှ မတွေ့သေးဘူး။ ဖန်ကျန်းရှီ ရဲ့ စကားတွေကို သူ မယုံ မကြည်ဖြစ်လာတယ်။ ဧကရာဇ် ကိုယ်တိုင်လွှတ်လိုက်တဲ့ သူက ။ ဘယ်လိုများ စစ်သည်တော်တွေနဲ့ အဆက်အသွယ် မရှိရတာလဲ။ အယောင်ဆောင်နေတာလား။ ဒါမှမဟုတ်။ ဒီကောင့်ရဲ့ နောက်ထပ် လှည့်ကွက် တစ်ခုမှာ မိသွားပြန်တာလား။ ရှန်လင်း သူ့ကိုယ်သူ အံံ့သြနေမိတယ်။ ဒါပေမယ့် ဒီ အတွေးကို ဖျောက်ပြစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီ မှာ ဧကရာဇ် အမိန့်ပြားရှိနေတယ်လေ။

ရှန်လင်းရဲ့ စိတ်ထဲမှာတော့။ ဖန်ကျန်းရှီ ဆိုတဲ့ ကောင်။ ဘယ်လောက်ပဲ အတင့်ရဲပြီး အရှက်မရှိပါစေ။ အမိန့်စာအတုတော့ မလုပ်လောက်ဘူးလို့ ထင်ထားခဲ့တယ်။ ဒါက သေဒဏ်ကျမယ့်အပြစ်ဒဏ်ပဲ။ ဘယ်သူမှ လုပ်ဝံ့မှာ မဟုတ်ဘူး။ နောက်ပြီးတော့ ဖန်ကျန်းရှီက အဆင့်လေး အမတ်မင်း။ သူ့မှာ အဆုံးမရှိတဲ့ အနာရဂတ် အလားအလာတွေ ရှိနေတယ်။ ဒီလိုနည်းနဲ့ စွန့်စားမှာ မဟုတ်ဘူး။ စောင့်ရမယ်။ စောင့်ဖို့ အတွက် ရှန်လင်း ဆုံးဖြတ် လိုက်တယ်။ ဒါပေါ့။ အကယ်၍ သူတို့သာ တောင်ခြေကို ရောက်နေရင်။ အထူးတပ်ဖွဲ နှစ်ခုနဲ့ ဆက်သွယ်မှု မရှိတာ မျိုးတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဖြစ်နိုင်ချေရှိတာက ဒီတစ်လျှောက်လုံးမှာ ဒီကောင် လိမ်ညာနေခဲ့တာ။ ဒီမှာ နဂါး တပ်ဖွဲ့ကော။ တောင်ဖြို တပ်ဖွဲ့ပါ မရှိဘူး။ သံတောင်ကုန်း ဒေသက စစ်သည်တော် ရှစ်သောင်းကတော့ သေလူတွေ ဖြစ်ကုန်ပြီ။ ဒါကြောင့် ဖန်ကျန်းရှီကို ဆက်ပြီး အသက်ရှင်လျက် မထားတော့ဘူး။ ရှန်လင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ဖန်ကျန်းရှီကို ကြည့်နေတယ်။ အဲ့ဒီ့နောက် ဖြည်းဖြည်းချင်း လက်သီး ဆုပ်ဖြေလိုက်တယ် ။

ရှန်းယွီ မင်းသမီးကတော့ နည်းနည်း ကွာခြားတယ်။ ဖန်ကျန်းရှီ ရဲ့ စကားတွေကို သူ သံသယမရျိဘူး။ ဖန်ကျန်းရှီ ကဘာလို့ ဒီလိုမေးခွန်းမေးလဲ သိချင်နေတယ်။ ဘာလုပ်ချင်လို့လဲ။ ဒါမှမဟုတ်။ သူမ အတွက် အကျီ ဝယ်ပေးမလို့လား။ ဒါပေမယ့် သူမလို မင်းသမီး အတွက် ဘာ အဝတ်အစား ဝယ်ဖို့ လိုမှာလဲ။

“ ငါက နှင်းလို ဖြူစွတ်စွတ် အဝတ်အစားတွေကို ငါ ကြိုက်တယ်။ တခြား ဘာ အရောင်မှ ရောတာ မကြိုက်ဘူး။ နောက်ပြီးတော့ အကျီလည်ဟိုက် ဖြစ်ရမယ်။ ဒါမှ ငါ့လည်ပင်း ပိုပြီး ရှည်သွယ်သွယ်လေး ဖြစ်မှာ။” ရှန်ယွီ သူမ လိုချင်တဲ့ အဝတ်အစား ပုံစံကို ပြောနေတယ်။

“ မင်းရူးနေတာလား။ အကျီလည်ဟိုက်နဲ့ ဆိုရင်။ ဘယ်သူက မင်း လည်ပင်းကို ကြည့်မှာလဲ။” ရှန်းယွီ ဘာလို့ အကျီတွေ အကြောင်းကို ပြောနေတာလဲ ဖန်ကျန်းရှီ မသိဘူး။ သူမ အတွက် အကြံ ဉာဏ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

အပိုင်း(၄၂၅)ပြီး၏။

အပိုင်း (၄၂၆)

“ စိတ်လွတ်သွားပြီ။”

“ ဒါဆိုရင် သူတို့က ဘယ်နေရာကို ကြည့်ကျမှာလဲ။” ရှန်းယွီ က သူမရဲ့ လည်ပင်းကို ပွတ်သပ်ရင်းနဲ့ မေးတယ်။

သို့ပေမယ့်။ သူမရဲ့ လက်က လည်ပင်းအောက်ကို ရောက်သွားတဲ့ အချိန်မှာတော့။ သူမရဲ့ အမူအယာက အေးခဲ သွားတယ်။ မျက်နှာတစ်ခုလုံး ရဲရဲနီသွားခဲ့တယ်။

“အရှက်မရှိလိုက်တာ။

…

ဖန်ကျန်းရှီ နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ။ ဘာလို့ မိန်းကလေးတွေနဲ့ စကားပြောတဲ့ အချိန်မှာ အပြည့်အ၀ အမှန် အတိုင်း မပြောသင့်လဲ ဆိုတာ။ မဟုတ်ရင်။ ရလဒ် ဆိုးကျိုးတွေက မတွေးနိုင်လောက်အောင် များလွန်းတယ်။

သူနဲ့ ရှန်းယွီ ဘယ်လောက်တောင် နီးနေသလဲဆိုရင်။ ဘေးချင်းယှဉ်ရက် ရပ်နေကြတာ။ သူတို့ ပုခုံးတွေတောင် တိုက်မိတော့မယ်။ အနီးကပ်တိုက်ပွဲမှာ ရှန်းယွီ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ။ ဖန်ကျန်းရှီ တွေးကြည့်ဖူးတယ်။ ဒါပေမယ့် အခုတော့ ကိုယ်တိုင် ကြုံရတော့မှာလား။ လက်နှစ်ချောင်းက သူ့ ပေါင်ကို အရှိန်ပြင်းပြင်း ဝင်ဆောင့်တယ်။

“ အိုးး.” ဖန်ကျန်းရှီ အော်လိုက်တယ်။ ဘာလို့ သူတိုက်ခိုက် ခံရတာလဲ ဆိုတော့။ သူပြောလိုက်တဲ့ မသင့်မလျော် စကားကြောင့် လို့ ထင်တယ်။ ဒါကြောင့် ပြန်ရှင်းပြဖို့ ပြင်တယ်။ ဥပမာ အားဖြင့် သူမကို ရည် ရွယ်ချက်ရှိရှိလှောင်ရယ်တာ မဟုတ်ဘူး။ အခု ပြင်းထန်နေတဲ့ အခြေအနေ အတွက် ပေါ့ပေါ့ပါးပါး ဟာ သလုပ်တာ သက်သက်လို့။ ဒါပေမယ့် သူ စကားတစ်ခွန်းတောင် မပြောရသေးခင်မှာပဲ။ တိုက်ခိုက်မှုက သူ့ဆီ တန်းတန်း မတ်မတ် ရောက်လာခဲ့တယ်။

“ အလစ်ဝင်တိုက်တာလား။ ” ရှန်းယွီ မင်းသမီး ဒီလို လုပ်မယ်လို့ ဖန်ကျန်းရှီ မထင်ထားခဲ့မိဘူး။ အနီးကပ်တိုက်ပွဲမှာ အလစ်ဝင်တိုက်မှုက အကောင်းဆုံးနည်းဗျူဟာ ဆိုတာ သူသိတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို အလစ်ဝင်တိုက်တာတော့ အသုံးမဝင်ဘူး။ သူ ခေါင်းငုံ့ပြီး ရှောင်လိုက်တယ်။ ဒါကြောင့် သူ့ ခေါင်းပေါ်ကနေ ကျော်သွားတော့တယ်။ ဒါက အယောင်ပြတိုက်ခိုက်မှု ဖြစ်နေမယ်လို့ ဖန်ကျန်းရှီ မထင်ခဲ့မိဘူး။ ခေါင်းပေါ်က လက်နှစ်ချောင်း ကျော်သွားခဲ့ပေမယ့် ။ အောက်က လာတဲ့ တိုက်ခိုက်မှုကို သတိမထားမှုခဲ့ဘူး။ ဒါကြောင့် သူ ငုံ့ ရှောင်လိုက်တဲ့ အချိန်မှာပဲ ပေါင်တစ်ဝိုက်က နာကျင်မှုကို ခံစားလိုက်ရတယ်။ တကယ့်ကို အောင့်ခံဖို့ ခက်ခဲတဲ့ နာကျင်မှုပဲ။ အသန်မာဆုံး ယောကျာ်းကြီးတွေတောင် ငယ်သံ ပါအောင် အော်ရမယ့် နာကျင်မှုမျိုးပဲ။

“ အယောင်ပြတိုက်ခိုက်တယ်ပေါ့။ ဗျူဟာကောင်းပဲ။”

ဖန်ကျန်းရှီအော်ဟစ်ရင်းနဲ့ တွေးလိုက်မိတယ်။ ရှန်းယွီ မင်းသမီးက အနီးကပ်တိုက်ပွဲတွေမှာ အတော်လေး အတွေ့အကြုံများတယ်။ ဖန်ကျန်းရှီ သူ ဘာ်တွေ တွေးနေမိလဲ မသိတော့ဘူး။ နည်းဗျူဟာကို တိုက်ခိုက်ဖို့ သူ ဆုံးဖြတ်လိုက်တယ်။ နည်းဗျူဟာက သိပ်ပြီး ရှုပ်ထွေးတယ်လို့တော့ သူ မထင်ဘူးလေ။ နောက်ဆုံးတော့လည်း ပြန်လက်စားမချေပဲတော့ မနေနိုင်ဘူး။ ဒါကြောင့် သူအော်ဟစ်နေတဲ့ အချိန်မှာ လက်တွေကလည်း လှုပ်ရှားနေခဲ့တယ်။

ညာလက်က ရှန်းယွီ မင်းသမီးရဲ့ မျက်နှာကို မိုးကြိုးပြစ်သလို အရှိန်နှုန်းနဲ့ ထိတွေ့ဖို့ ပြင်နေတယ်။ ဘယ်ဘက် လက်ကတော့ ရှန်းယွီ မင်းသမီး ရဲ့ နည်းလမ်း အတိုင်း အမှန်အကန် တိုက်ခိုက်ခဲ့တယ်။ သူမရဲ့ ပေါင်တွေကို ဦးတည်နေခဲ့တယ်။ ရှန်းယွီ မင်းသမီးက အနီးကပ်တိုက်ပွဲ ကျွမ်းကျင်သူ ဖြစ်တဲ့ အတွက်။ တိုက်ခိုက်မှု အသွားအလာကို သိမှာ အမှန်ပဲ။

ဒါကြောင့် ထပ်တူညီတဲ့ နည်းလမ်းနဲ့ လက်စားချေဖို့ ပြင်ဆင်လိုက်တယ်။ မျက်လုံးတစ်လုံး အတွက် မျက်လုံး တစ်လုံး။ ဒါပေမယ့် ဒီလို နည်းလမ်း ကို သုံးတာ ဖန်ကျန်းရှီ အတွက် ပထမဆုံး အကြိမ် ဖြစ်နေခဲ့တယ်။

သူ့ရဲ့ အတွေ့အကြုံ နည်းပါးမှုကြောင့်။ ရှန်းယွီ က သူ့ရဲ့ ဘယ်ဘက်မှာ ရှိနေတယ် ဆိုတာရယ်။ သူတို့ ကြားက အကွာအဝေး ရယ်ကို မတွက်ဆမိပဲ ဖြစ်စေခဲ့တယ်။ ရှန်းယွီက သူ့ရဲ့ ဘယ်ဘက်မှာ ရှိနေတာ။ ဘယ် တိုက်ခိုက်မှုက ပြစ်မှတ်ကို ထိစေဖို့ အကောင်းဆုံး ဖြစ်မလဲ။ အဖြေကတော့ ခပ်မြန်မြန် ပေါ်လာခဲ့တယ်။ ဖန်ကျန်းရှိ ရဲ့ ဘယ်လက်က ချက်ကောင်းကို အရင်ထိ သွားခဲ့တယ်။ ဒါ့အပြင် (မြားစက်ကွင်းရဲ့ အဓိက ချက်ကောင်းကို ထိသလို ထိတာ။) ရှန်းယွီ မင်းသမီး ရဲ့ ပေါင်သားတွေက ချောမွေ့နေတယ်။ ပိုးသားလိုပဲ။

“ ဘယ်လောက်တောင် ချောမွေ့လိုက်သလဲ။”

ဒီအချိန်မှာ ။ ဖန်ကျန်းရှီ စိတ်က အာရုံစူးစိုက်မှု အားလုံး ပျောက်ဆုံးသွားခဲ့တယ်။ တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်ကိုတောင် မေ့သွားခဲ့တယ်။ ဖြစ်ကောင်း ဖြစ်နိုင်တာက။ ယောကျာ်းတစ်ယောက်ရဲ့ ပင်ကိုယ် တုံ့ပြန့်မှုကြောင့်ပဲ။ ဖန်ကျန်းရှီ ဘာတွေတွေးနေလဲ ရှန်းယွီ မသိဘူး။ သူမရဲ့ ပေါင်သားတွေကို တစ်စုံတစ်ယောက်လာ ထိ သွားတာကိုတော့ သိတယ်။ ဖန်ကျန်းရှီရဲ့ လုပ်ရပ်ကြောင့် သူမ လုံးဝကို မျက်လုံး ပြူးနေခဲ့တယ်။ ( ဒီကောင်စုတ် ဘယ်လိုတောင် ငါ့ကို ထိတွေ့ရဲတာလဲ။)

ဒါက အတော်လေးကိုအထိ မခံနိုင်တဲ့နေရာလေ။ ရှန်းယွီ မင်းသမီး တုန်ယင်သွားခဲ့တယ်။ အကယ်၍ ဖန်ကျန်းရှီ သာ သူမကို အယောင်ပြတိုက်ခိုက်တာ မလုပ်ခဲ့ရင်။ သူမ လည်း သတိလွှတ်သွား စရာ အကြောင်း မရှိဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ က ဆက်ပြီးတော့ မတိုက်ခိုက် ခဲ့ဘူး။ လက်ချောင်းတွေနဲ့ ဆက် ပြီး ထိတွေ့နေခဲ့တယ်။ ဒီ ခံစားချက်က အတော့်ကို ကွာခြားတယ်။ လျှပ်စီးကြောင်းတွေ သူမ ကိုယ်ထဲ စီးဝင်နေသလို။ အာရုံခံစားမှုတွေကို ထုံထိုင်းစေတယ်။ ရလဒ်အနေနဲ့။ သူမရဲ့ မျက်နှာပေါ်ကို ရောက်လာတဲ့ တိုက်ခိုက်မှုကို သတိလွတ်သွားခဲ့တယ်။

ဒီအချိန်မှာတော့။ သူမ စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတော့တယ်။ ဒီကောင် ဘယ်လိုများ လုပ်ဝံ့တာလဲ။ ဘယ်လို လုပ်ဝံ့တာလဲ။ သူမက မင်းသမီးလေ။ ဒါပေမယ့် သူမရဲ့ အတွေးတွေက နှောက်ယှက်ခံလိုက်ရတယ်။ သူမရဲ့ မျက်နှာကို တိုက်ခိုက်ခံလိုက်ရတာ။ မြန်တယ် အရှိန်ပြင်းတယ်။ ပူတယ်။

“ဖြန်း”

မာဆတ်ဆတ် အသံက တိတ်ဆိတ်မှုကို ကျိုးပျက်စေတယ်။ ဒီ နာကျင်မှုကြောင့် ရှန်းယွီ မင်းသမီး မျက်လုံးထဲ ကြယ်တွေ လတွေ မြင်သွားတယ်။ မျက်စိရှေ့ မြင်ကွင်းကတော့ အမှောင်ကျသွားခဲ့တယ်။ ပထမ ဆုံး အကြိမ် အနေနဲ့ ။ ရှန်းယွီ မင်းသမီး သစ်ငုတ်တိုလို ရပ်တန့်သွားတယ်။ ဖန်ကျန်းရှီ လည်း ရပ်တန့်နေတယ်။ သူ့ရဲ့ ဘယ်လက်က ရှန်းယွီ မင်းသမီး ရဲ့ ပေါင်သားတွေကို ကိုင်ထားတဲ့ အချိန်။ ညာလက်ကတော့ ရိုက်ချက်ကြောင့် ပူနွေးထုံကျင်နေခဲ့တယ်။ ဘာတွေ ဖြစ်သွားတာလဲ။ ဘာလို့ မရှောင်လိုက်တာလဲ။ အနီးကပ်တိုက်ပွဲတွေမှာ သူမက ကျွမ်းကျင် အဆင့် မဟုတ်ဘူးလား။ ဘာလို့များ ဒီလောက် ရိုက်ချက်လေးကို မရှောင်နိုင်တာလဲ။ နေစမ်းပါအုန်း။ ( ငါ … ငါ အခုပဲ မင်းသမီး တစ်ယောက်ကို ပါးရိုက်မိလိုက်တာလား) အောင်မြင်တဲ့ တိုက်ခိုက်မှု တစ်ခု ပြီးတဲ့ နောက်မှာ ဖန်ကျန်းရှီ ကြက်သေသေ သွားတာမျိုး ဖြစ်ခဲတယ်။ ပုံမှန် အတိုင်းဆိုရင် ဂုဏ်ဖော် ကြိမ်းမောင်းတာမျိုး လုပ်တတ်တာ။ ဒါပေမယ့် ဒီ တစ်ကြိမ်မှာတော့ သူ သတိလွတ်နေခဲ့တယ်။ ဘာဆက်လုပ်ရမလဲ တွေးကို မတွေးတတ်တော့ဘူး။

တိုက်ခိုက်ရည် ပြည့်ဝနေတဲ့ တောင်ပိုင်းဒေသ အိမ်ရှေ့စံတောင် ဆွံ့အနေခဲ့တယ်။ ( ငါ့ ညီမလေး အရိုက်ခံလိုက်ရတယ်။ ငါ့ မျက်စိရှေ့မှာတင်။ အားပြင်းပြင်းနဲ့) ဘယ်လို တုံ့ပြန်ရမယ်မှန်းတောင် ရှန်လင်း မသိတော့ဘူး။ ဖန်ကျန်းရှီ က ဒီလောက်ထိ အတင့်ရဲလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူတို့ကေ တာင်ပိုင်း ဒေသမှာ ရောက်နေတာလေ။ ဒီ ကောင် ဘယ်လိုများ ငါ့ ညီမကို ထိရဲတာလဲ။ လှောင် လည်း လှောင်ရယ်သေးတယ်။ ရိုက်လည်းရိုက်သေးတယ်။ ဒီကောင် ကိုယ့်ကိုယ်ကို ဘာများ ထင်နေတာလဲ။ ရှန်လင်း ရဲ့ ဒေါသတွေ ပေါက်ကွဲလာတော့တယ်။ ဒီအချိန်မှာ အကူအညီကို စောင့်ဆိုင်းနေတဲ့ စစ်သည်တော် ရှစ်သောင်းကို သူ မေ့သွားခဲ့ပြီ။ သူ့ စိတ်ထဲမှာ ရှိတဲ့ တစ်ခုတည်းသော အတွေးကတော့။ ဒီ အရှက်မရှိ ၊ အတင့်ရဲလွန်းတဲ့ ခွေးသားလေးကို သတ်ဖို့ပဲ။

“ အား…. ဖန်ကျန်းရှီ။ မင်း ကို ငါသတ်မယ်။” ရှန်လင်း ရဲ့ ဓားသွားက တစ်လက်လက် တောက်ပလာခဲ့တယ်။ ညအချိန်မှာ တောက်ပနေတဲ့ ပိုးစုန်းကြူးလိုပဲ။ ဒါပေမယ့် ကြောက်မက် ဖွယ် အေးစက်မှုတွေကို ထုတ်လွှတ်နေခဲ့တယ်။

ကချာ့ ။ ကချာ့။ သစ်ပင်က သစ်ရွက်တွေတောင် အေးခဲသွားတယ်။ ဖန်ကျန်းရှီကို လည်း ရေခဲ အလွှာတစ်ခုက လွှမ်းခြုံသွားတယ်။ သူက သူ့ အမှတ်အသား အပြာရောင် အကျီလက်ရှည်ကိုပဲ ဝတ်ထားခဲ့တာ။ သားရေ ဂျာကင်လည်း မပါဘူး။ ဘာသံချပ်ကာမှလည်း ဝတ်မထားဘူး။ အတော်လေး အေးတယ်။ အဲ့ဒီ့နောက် သူ့ စိတ်ထဲမှာ ဒုတိယအကြိမ် ပေါ်လာတဲ့ အတွေးက ပြေးတော့။ အစတုန်းကတော့ ကြီးမြတ်သော ရှမင်းဆက်နဲ့။ စစ်သည်တော် ရှစ်သောင်းကို ဒီ ကမ္ဘာပျက်ကိန်းကနေ ကယ်ထုတ်ချင်တာ။ ဒါပေမယ့် အခုတော့ ဒီ အတွေးတွေ အကုန်လုံး သူ့ စိတ်ကနေ ထွက်ပြေး သွားပြီ။ အခုချိန် မှာတော့။ သူ့ကိုယ်သူ အရင်ဆုံး ကယ်တင်ဖို့ လိုတယ်။ အခြေအနေတွေ ဒီလို ပြောင်းလဲသွားမယ်လို့ ဖန်ကျန်းရှီ တစ်ခါမှ မထင်ခဲ့ဖူးဘူး။ ဒီ အခြေအနေ တွေ အားလုံးကို သူ အကောင်းဆုံး ကြိုးစား ထိန်းသိမ်းခဲ့တာပဲ။ သူ့ရဲ့ အရည်အချင်းတွေ ထက်မြက်မှုတွေ အားလုံးကို သုံးပြီးတော့ ။ တောင်ပိုင်းဒေသ အိမ်ရှေ့စံကို သူ့ အစီအစဉ် နောက် လိုက်အောင် လုပ်ခဲ့တယ်။ မဟာမိတ် ပြုဖို့တောင် သူ ဆွေးနွေးနိုင်ခဲ့သေးတယ်။ (လက်မှတ် မထိုးတာလေး တစ်ခုပဲ) ။ စိတ်ကူးတွေ အကြံတွေ အားလုံးက ကောင်းတယ်။

ဒီအချိန်မှာတော့။ နဂါး တပ်ဖွဲ့ နဲ့တောင်ဖြို တပ်ဖွဲ့ကို ရှာတွေ့သင့်နေပြီလေ။ အိမ်ရှေ့စံနဲ့ မင်းသမီးကိုတောင် ခေါ်လာခဲ့ပြီးပြီ။ စစ်သည်တွေရဲ့ လေးစားမှုကိုတော့ ရသင့်တယ် မဟုတ်ဘူးလား။ အဲ့ဒီ့နောက် သူ့ အစီအစဉ်ကို ချပြမယ်။ အကုန်လုံးက ပြီးပြည့်စုံတဲ့ အစီအစဉ်ပဲ။ အရာအားလုံက အစီအစဉ် တကျ ရှိနေခဲ့တာ။ ဒါပေမယ့် … အခုချိန်မှာတော့ အရာအားလုံးက မှားယွင်းသွားသလိုပဲ။ အခုချိန်မှာ ရှင်းပြဖို့ ကြိုးစားသင့်လား။ ဖန်ကျန်းရှီ လည်း ရှင်းပြချင်ပါတယ်။ ဒါပေမယ့် ရှန်လင်း နဲ့ ရှန်းယွီ နှစ်ယောက် လုံးက ကြားမယ့် ပုံမပေါ်ဘူး။ သူက မင်းသမီးကို ရိုက်လိုက်တာလေ။ အခုချိန် ရှန်းယွီ မင်းသမီး ရဲ့ စိတ်ထဲမှာ ဘာတွေ ဖြစ်နေမယ်မှန်းဖန်ကျန်း ရှီ မတွေးတတ်ဘူး။

အကယ်၍ သူသာ အရိုက်ခံရတဲ့ သူ ဖြစ်ခဲ့မယ် ဆိုရင်။ ။ ရိုက်တဲ့ သူကို ရှင်းပြချိန် ပေးမှာ မဟုတ်ဘူး။ ဒါက သူ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တယ်လေ။ မင်းသမီး တစ်ပါးကို အပြင်လူက လက်ဖျားနဲ့တောင် ထိလို့ ရပါ့ မလား။ ဒီလို ကိစ္စမျိုးက လက်စား မချေလိုတောင် မရဘူး။ ဖန်ကျန်းရှီ နားလည်တယ်။ ရှန်လင်း ရဲ့ တုံ့ပြန်မှုကလည်း ဒါကို သက်သေပြနေတယ်။ ဒါကြောင့် ဆက်ပြီး တွေဝေနေဖို့ မလိုတော့ဘူး။ ပြေးရဖို့က သူ့ရဲ့ တစ်ခုတည်းသော အမြင်ပဲ။ လွတ်အောင် လုပ်ရမယ်။ မြန်လေ ကောင်းလေပဲ။ ဒီအချိန်မှာတော့။ ဖန်ကျန်းရှီ သူ့ရဲ့ အကြီးမားဆုံး ခွန်အားကို အသုံးပြုဖို့ ပြင်ဆင်လိုက်တယ်။ နောက်ဆုံးတော့လည်း သူက တောင်တွေ ကြားမှာ ကြီးပြင်း လာတာလေ။ နယ်မြေကို သူ မရင်းနှီးရင်တောင်။ သူ့ကိုအရှိန် မလျော့ ကျ စေဘူး။ ဖန်ကျန်းရှီဘယ်လောက်တောင် မြန်လဲ။ ဒါကို ဖော်ပြဖို့က နည်းလမ်း တစ်ခုပဲ ရှိတယ်။ သူက တစ်ချိန်တည်းမှာပဲ မြေကြီးကို တူးထုတ်ရင်းနဲ့ လှိမ့်နေခဲ့တယ်။ လက်တွေ နဲ့ ခြေထောက်တွေကို သုံးပြီးတော့ အဝေးကို ပြေးဖို့ ကြိုးစားနေတယ်။ အခုချိန်မှာ သူ ဘယ်လို ပုံစံ ဖြစ်နေလဲ သူ ဂရု မစိုက်။ နောက်ဆုံးတော့လည်း။ ဓားတစ်ချောင်းက လည်ပင်းကို လာထောက်နေပြီလေ။ ဖန်ကျန်းရှၤီက တည်ငြိမ်ပြီး မြန်ဆန်တယ်။ သူ ပြေးတဲ့ အချိန်မှာ။ ရှန်းယွီ မင်းသမီး ရဲ့တုံ့ပြန်မှုကို တစ်ချက်လှည့်ကြည့်ခဲ့သေးတယ်။ တစ်ချက်လေး ကြည့်ရုံနဲ့တင် ကြောက်လွန်းလို့ တုန်သွားတယ်။ အကယ်၍ အရင်တုန်းက ရှန်းယွီ မင်းသမီးဆိုတာ မီးဘောလုံးကြီး တစ်လုံး ဖြစ်ခဲ့ရင်။ အခုရှန်းယွီ ကတော့ မီးတောက်တွေ အပြည့်နဲ့ သားရဲကောင်ကြီးပဲ။

“အာဝူးး”

ကျယ်လောင်တဲ့ သားရဲကောင် အော်သံ ထွက်ပေါ်လာတယ်။ လုံးဝကို ဒေါသ အပြည့်နဲ့။ သူမရဲ့ ဒေါသက ညကောင်းကင်ကို ဖြတ်သန်းပြီးတော့ သစ်တောနက်ထဲ အထိ ရောက်သွားတယ်။ ဖန်ကျန်းရှီ သူ့ မျက်လုံး သူ မယုံနိုင်ဘူး။ ရှန်းယွီ ရဲ့ အသားအရည်ပေါ်မှာ ရှိတဲ့ အနီရောင် တိမ်သဏ္ဍာန်က ထင်ထင်ရှားရှားကြီးပဲ။ ဒါပေမယ့် အရင်တုန်းက သူမြင်ဖူးတဲ့ အရာနဲ့တော့ ကွာခြားနေတယ်။ သူမရဲ့ အသားအရည်က သိပ်မပြောင်းလဲ ဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အသားအရည်က ပြောင်းလဲသွားပြီ။ အရမ်းကို သိသိသာသာကြီး။ အခုချိန်မှာတော့ သူမရဲ့ အသားအရည်က မှင်လို နက်မှောင်နေတယ်။ နဖူးက အစ ခြေဖျား အဆုံး တစ်ရောင်တည်း ပဲ။ မှင်ကန်ထဲ အနှစ်ခံထားရသလိုပဲ။ ပိုပြီး အရေးကြီးတာက သူမရဲ့ မျက်လုံးတွေ။ မျက်စိသူငယ်အိမ်ထဲမှာ မီးလုံးတွေ ကခုန်နေသလိုပဲ။

“မိစ္ဆာသားရဲကောင်ကြီး” ဖန်ကျန်းရှီ သူ့ စိတ်ထဲမှာ တွေးလိုက်မိတယ်။ တောင်ပိုင်းဒေသ ရဲ့ ကျင့်ကြံနည်းတွေက ကြီးမြတ်သော ရှမင်းဆက် နဲ့ မတူမှန်း သူ သိပါတယ်။ သွေးကြောအပေါ် မူတည်ပြီးတော့ သူတို့ ကျင့်ကြံ ကြတာ။ ဒါပေမယ့် အခုတစ်ကြိမ်မှာတော့ ။ မြင်ရတာတောင် ကြောက်စရာကောင်းတယ်။ သူမ ပုံစံ ပြောင်းလဲ သွားတာလား။ ဘာလို့ ဒီပုံကြီး ဖြစ်သွားတာလဲ။ ငါ့ကိုတောင် မှတ်မိပါအုန်း မလား။ ဖန်ကျန်းရှီ တွေးနေတဲ့ အချိန်မှာပဲ။ ရှန်းယွီ မင်းသမီး ရဲ့ မီးတောက် မျက်ဝန်းတွေက သူ့ကို စိုက်ကြည့်နေမှန်း သိလိုက်ရတယ်။

“ အားး။ ဖန်ကျန်းရှီ ။ နင့် ခေါင်းကို ငါဖြတ်မယ်။” ရှန်းယွီ မင်းသမီး သူမရဲ့ ဓားမြောင်ကို အသင့်ပြင်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ။ မီးကျည်းမီးပန်းတွေ သူ့ဆီကို ရောက်လာခဲ့တယ်။

“ စိတ်မလွတ်သွားသေးဘူးပဲ။” ဖန်ကျန်းရှီ သက်ပြင်းချလိုက်တယ်။ မိစ္ဆာသားရဲကြီးတော့ ဖြစ်မသွားသေးဘူးပဲ။ နေစမ်းပါအုန်း။ မဖြစ်ဘူးဟ။ မင်းသမီး စိတ်လွတ်သွားပြီ။ ဖန်ကျန်းရှီ ကျောရိုးထဲက စိမ့်ချမ်းတက်လာတယ်။ နောက်ကို တစ်ချက်လေးတောင် လှည့်မကြည့်တော့ဘူး။ မဟာမိတ်တွေအကြောင်း မေ့လိုက်တော့။ စစ်သည်တော် ရှစ်သောင်းရဲ့ အသက်တွေလည်း မေ့လိုက်တော့။ နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြိုတပ်ဖွဲ့ကိုလည်း မေ့လိုက်တော့။ ဖန်ကျန်းရှီ ပြေးလွှားရင်းနဲ့ ကျိန်ဆဲနေခဲ့တယ်။ ဘာမှ ဖြစ်မလာတဲ့ အရာတွေ။

အပိုင်း(၄၂၆) ပြီး၏။

အပိုင်း ( ၄၂၇)

“ တိုက်ပွဲ။ စစ်ကူပေးဖို့ အတွက် အကောင်းဆုံး အခွင့်အရေး။”

သူများကို ကယ်မလား။ ကိုယ့် ကိုယ်ကိုကယ်တင်မလား။ ဖန်ကျန်းရှီ မြန်မြန် ရွေးချယ်လိုက်တယ်။ တခြားသူတွေကို တကယ်ပဲ ကယ်ချင်ပါတယ်။ ဒါပေမယ့် သူ့ကိုယ်သူ အရင်ဆ့ုး ကယ်ရမယ်။ ဖန်ကျန်းရှီ စိတ်ထဲ အပြစ်ရှိသလို ခံစားရတယ်။ ရှန်းယွီ မင်းသမီးကို ရိုက်ဖို့ သူ တကယ် မကြံစည်ခဲ့ပါဘူး။ ဒါပေမယ့် ကိစ္စက ဖြစ်ပြီး ပြီ လေ။ ရှင်းပြချင်ပေမယ့်။ အခုချိန်မှာ စကားတောင် ပြောဖို့ အစရှာမရဘူး။ မင်းသမီးတစ်ပါးကို သူရိုက်လိုက်မိတယ်လေ။ ရှန်းယွီ မင်းသမီးက သူ တမင်တကာ မလုပ်မှန်း ယုံရင်တောင် ။ သူ့ရဲ့ အပြစ်ကရှင်းသွားမှာ မဟုတ်ဘူး။ အကယ်၍ မင်းသာ အရက်မူးပြီးတော့ တခြားသူ တစ်ယောက် ရဲ့ မိန်းမနဲ့ အိပ်မိရင်။ မင်းတာဝန် ယူရမှာပဲ။ မတော်တဆ လုပ်မိတာ ပါ ပြောရုံနဲ့ ငါးမြားချိတ်ကနေ လွှတ်မှာ မဟုတ်ဘူး။ ကလေး ရနိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ချေကိုထည့် မတွက် ရင်တောင်။ သူ့ယောကျာ်းက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ ဒါက အခုချိန်မှာ ဖန်ကျန်းရှီ ဖြစ်နေတဲ့ အခြေအနေပဲ။ ရှန်းယွီ မင်းသမီးကို ရှန်လင်း အိမ်ရှေ့စံ ရှေ့မှာ ရိုက်လိုက်မိတယ်။ ဒါကြောင့် ရှန်လင်းက သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။

“ ဖန်ကျန်းရှီ ။ ရပ်လိုက်စမ်း။ နင့်ခေါင်းကို ဖြတ်ပြစ်မယ်။”

“ပြေးဖို့တောင် မစဉ်းစားနဲ့”

အသံတွေက တောထဲမှာ ပဲ့တင် ထပ်နေခဲ့တယ်။ ဖန်ကျန်းရှီ က ငတုံးငအလို ရပ်နေမှာတော့ ဘယ်ဟုတ် မလဲ။ ခြေကုန်သုတ်ပြီး ပြေးနေခဲ့တယ်။ ဒီ ဒေါသမီးတောက်နေတဲ့ တော်ဝင်မျိုးနွယ် နှစ်ပါး လက်က လွတ်ဖို့ အတွက်ပေါ့။ သစ်တောတွေ က ရှုပ်ထွေးလွန်းတဲ့ အတွက် အမြင်အာရုံ ကို ေ၀ဝါးစေတယ်။ ရှန်းယွီ နဲ့ ရှန်လင်းကို ဖန်ကျန်းရှီကို ခြေရာခံ မရဖြစ်လာတယ်။ ဆယ့်ငါးမိနစ်ကျော် ကြာပြီးနောက် မှာတော့။ အစအနတောင်ရှာမရတော့ဘူး။

“ ဖူး…” ဖန်ကျန်းရှီ နောက်ဆုံးတော့ အသက်၀၀ ရှူနိုင်ခဲ့ပြီ။ ကျောက်တုံးကြီးတွေ ပြည့်နေတဲ့ နေရာမှာ သူအနားယူလိုက်တယ်။ ဒီလို ခြေရာဖျောက်ပြီး ပြေးရတာက သူ့ကို ပိုပြီး ပင်ပန်းစေတယ်။ ဒါပေမယ့် အခုတော့ သူ့လက်ထဲမှာ ပိုပြီး ကြီးမားတဲ့ ပြဿနာရှိနေပြီ။ အပေါ်ယံ အရတော့ အခုချိန်မှာ သူ အန္တရာယ် ကင်းသွားပြီပေါ့။ ဒါပေမယ့် ရှန်းယွီ နဲ့ ရှန်လင်း မပါရင် သူက ဘယ်ကို သွားရမှာလဲ။ နဂါး တပ်ဖွဲ့ နဲ့ တောင်ဖြို တပ်ဖွဲ့ကို သွားရှာရမှာလား။ ဖန်ကျန်းရှီ ဒီမျှော်လင့်ချက်တွေ အားလုံးကို ပြစ်ချ လိုက်ချင်တယ်။ ဒီလို ဆယ့်ငါးမိနစ် တိတိ ပြေးလွှားပြီးနောက်။ သုခမိန်တောင်တန်း မြို့တော်က သူ့ နောက်မှာ ကျန်ခဲ့ပြီမှန်း သိလိုက်တယ်။ လမ်းတစ်လျှောက်လုံးမှာ။ ဘယ် စစ်တပ်ကိုမှ မတွေ့ခဲ့ရဘူး။ သူတို့တွေ ဘယ်ရောက်နေကြလဲ။ သုခမိန်တောင်တန်း မြို့တော်ကို မလာတာလား။ မဖြစ်နိုင်တာပဲ။ အမိန့်စာက ရှင်းလင်းနေပြီ။ ကယ်တင်ရှင်လုပ်ဖို့ အခွင့်အရေး ကို သူတို့ စောင့်နေရမှာ မလားု။ ဒီ အခွင့်အရေးက ဘယ်နေရာကနေ ရောက်လာမှာလဲ။

ဒါ နဲ့။ သူတို့တွေ ။ သံတောင်ကုန်း ဒေသကို သွားတာများလား။ ဖန်ကျန်းရှီ ရဲ့ စိတ်ထဲမှာ အတွေးတွေ ဝင်လာခဲ့တယ်။ ပုံမှန် အတိုင်းဆိုရင် ဒီလို ကိစ္စမျိုးကို ဖန်ကျန်းရှီ တွေးမိမှာ မဟုတ်ဘူး။ ဒါပေမယ့် နတ်ဆိုးစစ်သည်တော် ငါးသောင်းက သံတောင်ကုန်းဒေသမှာ ရောက်နေပြီလေ။ သုခမိန်တောင်တန်း မြို့တော်မှာသာ ဒီ စစ်တပ်နှစ်ခုက တပ်ပုန်းချထားခဲ့ရင်။ ဒီ သတင်းကို သူတို့လည်း ကြားကြမှာ အမှန်ပဲ။ ရှင်းယွမ်ကောင်းက သူ့ စစ်တပ်တွေကို ဘယ်နေရာ လွှတ်မလဲ ဆိုတာ ခန့်မှန်းကြည့်စရာ မလိုဘူး။ သူ့လို မဟာစစ်သူကြီးက ဒီ တိုက်ပွဲ ဘယ်လောက်အရေးကြီးလဲ ဆိုတာ မသိပဲ ဘယ်နေပါ မလိမ့်။ ဒါပေမယ့် အရာအားလုံးက ခန့်မှန်း မှုသက်သက်ပဲ။

အကယ်၍ သူသာမှားသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ သူက သံတောင်ကုန်းဒေသကို အပြေး သွားပြီးတော့မှ။ ရှင်းယွမ်ကောင်းက အေးခဲ မျောက်မင်းဒေသမှာပဲ ရှိနေတုန်း ဆိုရင် ဘယ်လိုလုပ်မလဲ။ ဒါက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ မဟုတ်ဘူးလား ။ မဖြစ်နိုင်ဘူး။ အခုချိန်မှာ အလုံခြုံဆုံးက အေးခဲမျောက်မင်း ဒေသကို ပြန်ဖို့ပဲ။ ဖန်ကျန်းရှီေ ခြလှမ်းပြင်ပြီးတော့မှ ။ အတော်ကြာရပ်တန့်နေခဲ့တယ်။ အကယ်၍ သူသာ ပြေးဖို့ ရွေးချယ်လိုက်ရင်။ သံတောင်ကုန်းဒေသ မှာ ဘာတွေ ဆက်ဖြစ်လာမှာလဲ။ ရှန်ယွီ မင်းသမီး လည်း ပိုပြီး အထင်လွဲသွားလိမ့်မယ်။ အခုချိန်အတွက် သူ ပြေးလို့ရတယ်။ ဒါပေမယ့် တစ်သက်လုံး ပြေးလို့ ရမှာလား။ နောက်ပြီးတော့ ရှန်းယွီ မင်းသမီး ရဲ့ ရန်သူ ဖြစ်ရမှာ ကြောက်စရာကောင်းတယ်။

ခေါင်းမော့ရင်း ။ ညကောင်းကင်က ကြယ်တွေကို ဖန်ကျန်းရှီ လှမ်းကြည့်နေတယ်။ သူက သေရမှာကို ကြောက်တဲ့ လူတစ်ယောက်။ ဒါ့အပြင် တာဝန်ယူ တာဝန်ခံစိတ်လည်း ရှိတဲ့သူ။ ဒီကိစ္စက ဒီလိုတွေ ဖြစ်လာမှတော့ ဖြေရှင်းဖို့ လိုလာပြီ။ စွန့်စားရမယ်ဆိုရင်တောင် လုပ်ရမယ်။ ဖန်ကျန်းရှီ သူ့ နှုတ်ခမ်းသူ ကိုက်ထားခဲ့တယ်။ ဒီလိုမျိုး သူ့ အသက်ကို စွန့်စားဖို့စိတ်ဆုံးဖြတ်တာမျိုးက ရှားပါးလွန်းတယ်။ ဒါပေမယ့် အခုချိန်မှာ ရွေးချယ်စရာ မရှိဘူးလေ။ သံတောင်ကုန်းဒေသကို သွားမှ ဖြစ်မယ်။ အကယ်၍ ရှင်းယွမ်ကောင်းသာ တကယ်ပဲ ဒီ လမ်းမှာ ရှိနေရင်။ အထူးတပ်ဖွဲ့တွေနဲ့ လည်း တွေ့နိုင်မယ်။ ဒါက စစ်သည်တော် ရှစ်သောင်းကို ကယ်တင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။

“ ငါ သွားကြည့်ရမယ်။ တစ်ချက်လောက်…. အင်း။ တစ်ချက်လောက် ကြည့်ရုံပါပဲ။” ဖန်ကျန်းရှီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ သံတောင်ကုန်းဒေသကို ဦးတည်ပြီး ပြေးတော့တယ်။ ဒီနယ်မြေရဲ့ အတိအကျ တည်နေရာကို သူမသိဘူး။ ဒါပေမယ့် ဝူယွဲ့အာ ပေးလိုက်တဲ့ မြေပုံအရ။ ဘယ် အရပ်မျက်နှာကို ဦးတည်ပြီး ပြေးရမလဲ ဆိုတာ သူသိတယ်။ သာမန်လူ အတွက်တော့ ။ တောနက်ထဲမှာ အရပ်မျက်နှာရှာဖို့ ခက်ခဲကောင်း ခက်ခဲနိုင်တယ်။ ဖန်ကျန်းရှှီ အတွက်တော့ အခက်အခဲ မရှိဘူး။

…

တစ်မိုင်ကျော်ကျော် ပြေးလွှားခဲ့ပြီးတဲ့နောက်မှာတော့ ရှန်လင်းကော ရှန်းယွီ ပါ ရပ်တန့်လိုက်ကြတယ်။ သစ်တောထဲမှာ အရှိန်ပြင်းပြင်း နဲ့ ပြေးလွှားဖို့က သူတို့ အတွက် မခက်ခဲဘူး။ ပြောရမယ်ဆိုရင် လွယ်တောင် လွယ်နေသေးတယ်။ ဒါပေမယ့် အချိန်အကြာကြီး ပြေးလိုက်ခဲ့ရတဲ့ နောက်။ သူတို့တွေ မောဟိုက် လာကြပြီ။

“ ဒီ ကောင်ပြေးတာ မြန်လွန်းတယ်။ ညီမလေး စိတ်အေးအေးထား။ ဒီကောင် တောင်ပိုင်း ဒေသမှ ာ ရှိနေသရွေ့… မဟုတ်ဘူး။ ကြီးမြတ်သော ရှမင်းဆက်ကို ပြန်သွားရင်တောင်….. ငါ ရအောင် သတ်မယ်။” သူ့ညီမကို ရှန်လင်း နှစ်သိမ့်နေခဲ့တယ်။ ရှန်းယွီက သူ့ အကိုကို ပြန်ကြည့်နေတယ်။ သူမ စိတ်ပြန်လျှော့သွားခဲ့ပြီ။ အသားအရည်က မူလအရောင်ကို ပြန်ပြောင်းသွားခဲ့ပြီ။

“ အကို။ ငါတို့ အခု ဘာလုပ်ကြမလဲ။” သစ်တောနက်ထဲကို ရှန်းယွီ စိုက်ကြည့်ရင်း မေးလိုက်တယ်။ သုခမိန်တောင်တန်း မြို့တော်နဲ့ တစ်မိုင် အကွာကိုတောင် သူတို့ ရောက် နေကြပြီ။ ဘယ်စစ်တပ်ရဲ့ အရိပ်အယောင်ကိုမှမ မြင်ရသေးဘူး။ ဖန်ကျန်းရှီ သူတို့ကို လိမ်သွားပြီ။ အား…..။ ဒီကောင်စုတ် တမင် တကာလုပ်သွားတာ။ ရှန်းလင်းရဲ့ လက်ထဲက လွတ်အောင် အကွက်ဆင်သွားတာ။ အရှက်မဲ့လိုက်တာ။

“ အကို အေးခဲ မျောက်မင်း ဒေသကို သွားလိုက်မယ်။ ညီမလေးက မြို့တော်ကိုပြန်။ ခမည်းတော် နဲ့ မြို့ကို စောင့်ရှောက်ပါ။ မြို့တော် တည်မြဲ နေသရွေ့။ ငါတို့ အဆင်ပြေတယ်။” ရှန်လင်း ဆုံးဖြတ်ချက် ချ လိုက်ပြီ။ ( စိတ်အေးအေးသာထား။ ငါ ဒီမှာ ရှိနေသရွေ့။ ငါတို့ရဲ့ စစ်သည်တော်တွေမှာ မျှော်လင့်ချက်ရှိတယ်။ ငါဒီမှာ သေရရင်တောင်။ စစ်ကူရောက်လာမယ့် အချိန်အထိ သူတို့ကို နှောင့်နှေးအောင် ထိန်းထားနိုင်တယ်။ ငါ တို့မှာ …. မျှော်လင့်ချက်ရှိတယ်။”

“ အကိုတော်က သံတောင်ကုန်း ကို သွားဖို့ ဆ့ုးဖြတ်လိုက်ပြီဆိုတော့။ ငါက သုခမိန်တောင်တန်း မြို့တော်ကို ဘယ်လို ပြန်နိုင်မှာလဲ။” ရှန်းယွီလည်း စိတ်ဆုံးဖြတ်လိုက်ပြီ။

“ ဒါပေမယ့် ညီမလေး။ ငါ့မှာ ဒီ ညီမ တစ်ယောက်တည်းပဲ ရှိတော့ …”

“ တော်တော့။ ငါ့ အကြောင်း နင်သိပါတယ် အကိုတော်။”

“ ကောင်းပြီလေ။ တို့တွေ သံတောင်ကုန်းဒေသကို သွားမယ်။ လုပ်စရာရှိတာတွေကို ခမည်းတော် သိမှာပါ။”

“ အင်း။”

…

သံတောင်ကုန်းနယ်မြေ ဆိုတာ။ သူ့ရဲ့ ဒေသ က သဘာဝခုခံမှုမှာ ကျော်ကြားတာကြောင့် ရတဲ့ နာမည် မဟုတ်ဘူး ။ ဘာ ဗျူဟာ ချစရာမှ မရှိတဲ့နေရာကြီး။ တောင်ကုန်း တောင်တန်း မရှိ။ အကွေ့အကောက် မရှိ။ သဘာ၀ အကာအကွယ်မရှိ။ ခုခံရေးမှာ အဆိုးဆုံး နယ်မြေပဲ။ ဒါပေမယ့် အတော်လေးကို အရေးကြီးတဲ့တည်ရှိမှု တစ်ခု။ သုခမိန်တောင်တန်း မြို့တော်နဲ့ ထိစပ်နေတဲ့ အေးခဲ မျောက်မင်း ဒေသထက်ကို ပိုတန်ဖိုးကြီးသေးတယ်။ သံတောင်ကုန်းဆိုတဲ့ အတိုင်း ။(သံကြောတွေနဲ့သံထုတ်တဲ့ မိုင်းတွင်းတွေနဲ့ ပြည့်နေတယ်။) နောက်တစ်နည်း ပြောရမယ်ဆိုရင်။ ဒါက လက်နက်ထုတ်တဲ့ စက်ရုံကြီးပဲ။ နယ်မြေတစ်ခုလုံး ပန်းပဲသမားတွေနဲ့ ပြည့်နေတယ်။ သတ္တုရောင်တွေ မီးပွားတွေက နယ်မြေ တစ်ခုလုံးမှာ တောက်ပနေတယ်။ နယ်မြေရဲ့ နံရံကြီးကတော့ ခိုင်မာတယ်။ ဒါပေမယ့် သဘာ၀ အကာအကွယ် ဘာ တစ်ခုမှ မရှိဘူး။ သူတို့တွေ ဝန်းရံခံထားရတယ်။ နောက်ပြီးတော့ ရန်သူ အရေအတွက်ကလည်း များလွန်းတယ်။ ဘက်ပေါင်းစုံကနေ တိုက်ခိုက်ဖို့ရာလွယ်ကူ လွန်းတယ်။ နေက ဦးခေါင်းထိပ်တည့်တည့်ကို ရောက်နေပြီ။

“စစ်သူကြီး ကျွန်တော်တို့ အခု ဘယ်လို လုပ်ကြမလဲ။ တန်ရှီရှန်း သတင်းပို့လာတယ်။ နတ်ဆိုး စစ်တပ်က နောက် နှစ်နာရီ အတွင်း ရောက်လာတော့မယ်။ ” သတင်းပို့သူ တစ်ဦးဒူးထောက်ရင်း ပြောတယ်။ မည်းနက်နေတဲ့ အသားအရည် နဲ့ ချွန်ထက်တဲ့ ဝံပုလွေ စွယ် လက်နက်ကို ကိုင်ဆောင်ထားတဲ့ လူ။ ကြီးမားလေးလံတဲ့ သံချပ်ကာကြီးကို သူဝတ်ထားခဲ့တယ်။ ဒါက စစ်သူကြီးမု။ ရှန်းယွီ မင်းသမီးနဲ့ ဖန်ကျန်းရှီ တို့ရဲ့ မြားပြစ်ပြိုင်ပွဲမှာ ရှိနေခဲ့ဖူးတဲ့ သူပဲ။ ဒါပေမယ့် အခုတော့ ။ စစ်သူကြီးတိုင် လည်း မရှိတော့ဘူး။ ဒါကြောင့် စစ်သူကြီးမုက ခေါင်းဆောင် ဖြစ်လာခဲ့တယ်။ ရှန်းယွီ မင်းသမီးလည်း မရှိတာကြောင့် အမိန့်ပေးတာက သူပဲ လုပ်နေရတာ။

“ ငါတို့ရဲ့ စစ်တပ်ကြီးကို လေးခုခွဲလိုက်။ ဂိတ်တံခါးတွေကို စောင့်ကြပ် ။” စစ်သူကြီးမု မျက်မှောင်ကြုတ်နေတယ်။

“ အမိန့်တော် အတိုင်းပါ စစ်သူကြီး။” သတင်းပို့သူေ ခါင်းငြိမ့်တယ် အရှိန်ပြင်းပြင်း ပြေးလွှားရင်း ။ နံရံ အခြေမှာ ရှိနေတဲ့ တခြား စစ်သူကြီး ဆီကို ပြေးသွားတော့တယ်။ မြို့နံရံပေါ်က စစ်သူကြီးတွေ အားလုံး စစ်သူကြီးမုကို သံသယ အပြည့်နဲ့ ကြည့်နေခဲ့တယ်။

“ သစ်သားအိုကြီး။ နတ်ဆိုးတွေက လာနေပြီ။ ငါတို့ရဲ့ အင်အားတွေကို ခွဲထုတ်လိုက်ရင်။ ဂိတ်တံခါး တစ်ခုကိုတောင် ခုခံနိုင်မှာလား။” အသံ တစ်သံထွက်လာခဲ့တယ်။ လတ်လတ်ဆတ်ဆတ်ရာထူးချခံ ထား ရတဲ့ စစ်သူကြီးတိုင်ဆီက အသံထွက်လာတယ်။ သူ့ကြည့်ရတာ ကြံ့ခိုင်ပုံပဲ။ ဒါပေမယ့် လက်တစ်ဖက်တော့ မရှိရှာတော့ဘူး။ သူ့လက် က ဖန်ကျန်းရှီ ကြောင့် ပြတ်သွားတာ။ စစ်သူကြီး မုကို သူက လွဲပြီးတော့ တခြားဘယ်သူမှ (သစ်သားအိုကြီး) လို့မ ခေါ်ရဲဘူး။ စစ်သူကြီးမုကတော့ စိတ်ဆိုးပုံမပေါ်။ သူ သက်ပြင်းချလိုက်တယ်။

“ တိုင် …. ငါတို့တွေ ခင်မင်ခဲ့တာ အချိန်ကြာလှပြီၤ။ အသက်ငါးနှစ်တည်း ကအတူတူ လေ့ကျင့်ခဲ့ တာ။ မင်းသမီးကို အမှုထမ်းတဲ့ အထိ အတူတူပဲ။အခုတော့။ ငါတို့ တွေ ပြဿနာကြုံနေရပြီ။ မင်းအတွက် ကြီးမြတ်တဲ့ ကိစ္စ လုပ်ဖို့ အခွင့်အရေးကောင်းပဲ။ မင်း ငါ့ကို မကူညီချင်ဘူးလား။” စစ်သူကြီးမုက စစ်သူကြီး တိုင်ကို ကြည့်နေခဲ့တယ်။

“ ဘာနဲ့လည်း။ လက်မောင်းတစ်ဖက်နဲ့လား… ဟ ဟား …. မင်းက ငါ့ရဲ့ ကျန်နေတဲ့ လက်မောင်းတစ် ဖက် ကို လိုချင်နေတာလား။ ” စစ်သူကြီးတိုင် တွေဝေသွားတယ်။ သူ့ကြည့်ရတာ ကျေနပ်ပုံမပေါ်ဘူး။ ဒါပေမယ့် ခပ်မြန်မြန်ပဲ ဖုံးဖိလိုက်တယ်။

“ မင်း ငါ့ကို ကူညီချင်လား။”

“ ဟဟား… ငါ ကူညီမယ်ဆိုတာ မင်းသိပါတယ်။ ဒါပေမယ့် ငါက အခုချိန်မှာ အဆင့်နိမ့် စစ်သူကြီးတစ်ယောက်ပဲလေ။ ဘယ်လိုများ ကူညီနိုင်မှာလဲ။”

“ ရှေ့ဂိတ်ကို ငါ ထိန်းနိုင်တယ်။ ဘေးတွေကလည်း နီးတော့ အဆင်ပြေတယ်။ ဒါပေမယ့် အနောက်ဂိတ်ကိုတော့ ငါ နည်းနည်း စိတ်ပူတယ်။ ငါ စိုးရိမ်တာက. ”

“ တော်ပြီ။ ငါ ချက်ခြင်းသွားမယ်။”

“ ကောင်းပြီလေ။ ဒီမှာ အမိန့်။ စစ်သည်တော် နှစ်သောင်းကို ခေါ်သွား။ ဂိတ်တံခါးကို ခုခံ။ ဒီဂိတ်ကို ကျဆုံးစေလို့ မဖြစ်ဘူး။ ဒါပမေယ့် မင်းရဲ့ ရာထူးက အပြောင်းအလဲ မရှိဘူး။ ဒါက မင်းသမီးဆီက အမိန့်ပဲ။ ”အမိန့်ပြား တစ်ခုကို စစ်သူကြီးမု ကမ်းပေးလိုက်တယ်။

“အမိန့်ကို နာခံပါတယ်။” စစ်သူကြီးတိုင် ခေါင်းငြိမ့်လိုက်တယ်။ အမိန့်ပြားကို ယူပြီး ထွက်သွားလိုက်တယ်။ စစ်သူကြီးမုကတော့ ပျောက်ကွယ်သွားတဲ့ အရိပ်ကို ကြည့်နေခဲ့တယ်။ သူ ပြုံးနေခဲ့တယ်။

“ မင်း ငါ့ကို တကယ်ပဲ စိတ်မပျက်စေဘူး။”

…

အချိန်တွေကုန်ဆုံးလာတယ်။ သံတောင်ကုန်း ဒေသ ရဲ့ ဂိတ်တံခါးကို စစ်သည်တော် ဒါဇင်ချီက တွန်းဖွင့်လိုက်တယ်။

“အာဝူး…”

ကျောထဲကို စိမ့်တက်ချမ်းသွားစေမယ့်သားရဲကောင် အော်သံပေါ်ထွက်လာတယ်။ စစ်သည်တော် အုပ်စုတစ်ခု အဝေးကနေ ပြေးလာခဲ့တယ်။ သူတို့ရဲ့အရှိန်နှုန်းက လျှပ်စီး လက်သလိုပဲ။ ငွေဂျို ဝံပုလွေ တွေ။ အကောင်းတကာ့အကောင်းဆ့ုး စစ်သည်တော်တွေ။ ငွေဂျိုဝံပုလွေတွေ အော်ဟစ်ရင်း မြို့ထဲကို ဝင်လာကြတယ်။ သူတို့ရဲ့ ပုံမှန် အမူအကျင့်နဲ့ ကွာခြားနေတယ်။ နောက်ဆုံးတစ်ကောင် ဝင်ပြီးတဲ့နောက်။ မြို့တံခါး ပြန်ပိတ်သွားခဲ့တယ်။ လင်းထိန်နေတဲ့ နေရောင်ကြောင့်။ ကိုယ်ပေါ်က လတ်လတ်ဆတ်ဆတ်သွေးတွေ ထင်ရှားနေခဲ့တယ်။ ဒါက စစ်သည်တော် တွေရဲ့ သွေးလား။ ဒါမှမဟုတ် ။ ဝံပုလွေ တွေရဲ့ သွေးလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။

“ စစ်သူကြီးမု။ တန်ရှီရှန်း ပြန်လာပါပြီ။ ဒါပေမယ့် ….”

“ဒါပေမယ့် ဘာဖြစ်လဲ။”

“ အသက်ရှင်ကျန်ရစ်တဲ့ ငွေဂျိုဝံပုလွေက ၁၂၀၀တောင် မပြည့်ပါဘူး။ ဒီ ၁၂၀၀ ထဲမှာ နှစ်ရာက ဒဏ်ရာ အပြင်းအထန်ရထားတယ်။ ၃၀၀ က ဒဏ်ရာအသေးစားတွေ ရလာကြတယ်။”

“ ဘာ….”

အပိုင်း(၄၂၇)ပြီး၏။

အပိုင်း( ၄၂၈)

“ ယွင်ချင်းဝူက အရာအားလုံးကို ခန့်မှန်းနိုင်တယ်။ ”

စစ်သူကြီးမုက စွမ်းရည်အရဆိုရင်။ သိပ်ပြီး အစွမ်းထက်လှသူတော့ မဟုတ်ဘူး။ ဒါ့အပြင် သူ့ရဲ့ ဂတုံးပြောင်ပြောင်က လူရိုင်းဆန်တဲ့ အငွေ့အသက်တွေကို ပိုပြင်းထန်စေတယ်။ ဒါပေမယ့် ရှန်းယွီ မင်းသမီး အတွက်တော့ အတော့်ကို အားထားရတဲ့ အကြံပေးသူ တစ်ယောက်ပဲ။ သူက အတော့်ကို တုန်လှုပ်ခဲတဲ့ လူတစ်ယောက်။ ဒါပေမယ့် အခုတော့။ ငွေဂျိုဝံပုလွေ စစ်သည်တော် ၁၂၀၀ပဲ ကျန်တော့တဲ့ သတင်းရယ်။ ငါးရာက ဒဏ်ရာရနေတဲ့ အကြောင်းရယ်ကြောင့် တုန်လှုပ်ခြောက်ခြားသွားခဲ့တယ်။ ဒါက တောင်ပိုင်းဒေသ ရဲ့ သမိုင်းတစ်လျှောက်လုံးမှာ မဖြစ်ဖူးခဲ့တဲ့ အကြောင်းအရာ တစ်ခုပဲ။ ငွေဂျိုဝံပုလွေ တွေဆိုတာ။ တစ်ကောင်တည်းဆိုရင် ပြဿနာမရှိဘူး။ ဒါပေမယ့် ငွေဂျိုဝံပုလွေ သုံးထောင် အတူတကွ တိုက်ခိုက်တဲ့ အင်အားကတော့ ကြောက်စရာကောင်းအောင် ပြင်းထန်တယ်။ ရှေးဘိုးဘေးတွေရဲ့ အတွေ့အကြုံက သက်သေပဲ။

စွမ်းအားရှိပြီး အရည်အချင်း ပြည့်ဝတဲ့ သားရဲကောင်တွေ အုပ်စုကြီး။ ကြုံလိုက်ရတဲ့ သူတိုင်း မှတ်သားလောက်တဲ့ သင်ခန်းစာကို တစ်သက်မမေ့နိုင်ဖြစ်စေရမယ်။ အကယ်၍ လူတစ်ယောက်ကသာ ။ ကောင်းကင်ရောင်ပြန် အဆင့် ခရမ်းလျှပ်စီး ခြင်္သေ့ဆယ်ကောင်နဲ့ ကောင်းကင်ရောင်ပြန် အဆင့် ငွေဂျိုဝံပုလွေ ဆယ်ကောင်ကို တိုက်ခိုက်ခိုင်းမယ်ဆိုရင်။ ကွာခြားချက်က သိပ်ပြီးမကြီးမားဘူး။ ဒါပေမယ့် အရေအတွက်က တစ်ရာတစ်ထောင် ဖြစ်လာမယ် ဆိုရင်တော့။ ….. ကွာခြားချက်က သိသာလာမှာပဲ။ ငွေဂျိုဝံပုလွေ တွေက ကြမ်းတမ်းတယ်။ အင်အားကြီးတယ်။ မြန်ဆန်တယ်။ သူတို့ရဲ့ ရန်သူကို တစ်ချက်မိတာ နဲ့။ လုံး၀ မလွှတ်တော့ဘူး။ ပိုပြီးအရေးကြီးတာ ပူးပေါင်း တိုက်ခိုက်နိုင်စွမ်းမှာ သူတို့ကို ဘယ်သူမှ မမှီတာပဲ။ စစ်သည်တော် ထောင်ချီကို သူတို့တွေ ကောင်းကောင်း ကိုင်တွယ်နိုင်တယ်။ အကယ်၍ သူတို့ကို သာ ကောင်းကောင်း လေ့ကျင့် လိုက်ရင်။ သူတို့ရဲ့ တိုက်ပွဲ အလားအလာက အဆုံးမရှိတော့ဘူး။ ဒီ လို စွမ်းရည် မျိုးက တခြား ဘယ် သတ္တဝါ မှာမှ မရှိနိုင်ဘူး။ ဒါကြောင့် တောင်ပိုင်းဒေသ ရဲ့ ဘိုးဘေးတွေက ငွေဂျိုဝံပုလွေ တွေကို ကျွေးမွေး စောက်ရှောက်ပြီးတော့။ တပ်ဖွဲ့ကြီးကို ဖွဲ့စည်းခဲ့တယ်။ ဒါပေမယ့် ဒီနေ့တော့။ တောင်ပိုင်းဒေသ စစ်တပ်ကြီးရဲ့ ဂုဏ်သိက္ခာက တစ်ချက်တည်းနဲ့ ပျောက်ကွယ်သွားခဲ့ပြီ။ တပ်ဖွဲ့ကြီးရဲ့ ထက်ဝက်ကျောက် သေဆုံးသွားခဲ့ပြီ။ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ။

ဒါမျိုး ဖြစ်လာမယ်လို့ စစ်သူကြီးမု တွေးတောင် မတွေးခဲ့ဘူး။ သူတို့က ရန်သူတွေကို ကောင်းကောင်း တိုက်ခိုက်နိုင်ဖို့ လေ့ကျင့်ထားတာ။ စစ်ဗျူဟာလည်း ကျွမ်းကျင်တယ်။ ဒီလို ကြောကစရာကောင်းတဲ့ အရှုံးကို သူတို့ ဘယ်လိုများ ရင်ဆိုင်ရတာလဲ။

“တိုက်ပွဲကြီး တစ်ခု ဖြစ်ခဲ့လို့များလား။ ” စစ်သူကြီးမု မျက်မှောင်ကြုတ်သွားတယ်။ ဒါက စစ်သူကြီုမု စဉ်းစားနိုင်တဲ့ တစ်ခုတည်းသော အရာပဲ။ တန်ရှီရှန်း ရဲ့ အရည်အချင်းကို စစ်သူကြီးမု ကောင်းကောင်းသိတယ်။ ငွေဂျိုဝံပုလွေ တပ်ဖွဲ့ကြီးရဲ့ ခေါင်းဆောင် ဖြစ်တဲ့ အတွက်။ တန်ရှီရှန်းက သူ့ စစ်သည်တွေ ဒုက္ခရောက်အောင် လုပ်မှာမဟုတ်ဘူး။ နောက်တစ်နည်း ပြောရရင်။ တန်ရှီရှန်းက စည်းကမ်းတကျ နေတတ်တဲ့လူ။ အတော့်ကို စိတ်ရှည် သည်းခံတတ်တဲ့ လူတစ်ယောက်။ ဒါကြောင့် ဆုံးရှုံးမှု ဖြစ်နိုင်ချေက သိပ်မရှိဘူး။ ဒါကြောင့် နတ်ဆိုး စစ်တပ်ကြီး ဝန်းရံတာကို ခံလိုက်ရပြီ။ ဖောက်ထွက်လာရတာကြောင့်ပဲ ဖြစ်ရမယ်။ စစ်သူကြီးမု လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ အရှုံးရလဒ်က ထွက်လာခဲ့ပြီ ဘာမှ ဆက်လုပ်လို့ မရတော့ဘူး။ ပြောနိုင်တာက။ အခုချိန်မှာ နောက်ဆုံး စည်းကို ရောက်နေပြီ။ ငွေဂျိုဝံပုလွေတွေ နဲ့ တိုက်ခိုက်လိုက်ရတဲ့ အတွက် နတ်ဆိုးတွေ အရှိန်တော့ သိသိ သာသာလျော့သွားမှာပဲ။

“ စစ်သူကြီး။ နတ်ဆိုးတွေက ….. ဒီမှာ ရောက်နေပြီ။” စစ်သူကြီးမု အနားယူဖို့ ပြင်ဆင်တဲ့ အချိန်မှာပဲ ။ စိုးရိပ်ပူပန်မှု အပြည့်နဲ့ အသံ တစ်သံ ထွက်လာခဲ့တယ်။ ဒါက စစ်သူကြီးမုကို မျက်လုံးပြူးသွားစေတယ်။

“ မြန်လိုက်တာ။” စစ်သူကြီးမု နောက်တစ်လှမ်းဆုတ်သွားခဲ့တယ်။ ဖင်ထိုင်လျက် လဲကျတော့ မတတ်ပဲ။ ဘာလို့များ ဒီလောက်တောင် မြန်ရတာလဲ။ သူတို့တွေက ငွေဂျိုဝံပုလွေ တွေနဲ့ အခုပဲ တိုက်လာတာ မဟုတ်ဘူးလား။ အချိန်နည်းနည်းလောက်တော့ နှောင့်နှေးသင့်တယ်လေ။ ငွေဂျိုဝံပုလွေတွေ မြို့ထဲကို ဝင်လာတာနဲ့ သူတို့တွေလည်း ရောက်လာပြီလား။ တန်ရှီရှန်းတောင် ဒီအကြောင်း သတင်းလာမပို့သေးဘူး။ နတ်ဆိုးတွေက ဒီရောက်နေပြီ။ ဘာတွေ ဖြစ်ကုန်တာလဲ။ စစ်သူကြီးမု စိတ်ရှုပ်သွားတယ်။

…

“ခဘွန်း” မြေကမ္ဘာကို တုန်ဟီးသွားစေတဲ့ အသံတွေထွက်ပေါ်လာတယ်။ အမည်းရောင် လှိုင်းလုံးကြီးတွေ ရေပြင်ညီ အတိုင်း ရွေ့လာခဲ့တယ်။ ကောင်းကောင်း စီစဉ် လေ့ကျင့်ထားတဲ့ စစ်တပ်ကြီး ပဲ။ သူတို့ကို နက်မှောင်တဲ့ သံချပ်ကာတွေက ခေါင်းအစ ခြေအဆုံး ဖုံးလွှမ်းထားခဲ့တယ်။ စစ်တပ်ြင်္ကီးက နှစ်ပိုင်းခွဲသွားခဲ့တယ်။ ဘယ်ဘက် တပ်ဖွဲ့ကတော့ မြားသည်တော်တွေ။ တစ်ယောက်ချင်းစီက မဟူရာ သံမဏိ လေးကိုင်းတွေကို ကိုင်ထားခဲ့တယ်။ လေးကိုင်းတွေက နေရောင်ခြည်ထဲမှာ တောက်ပနေတယ်။ ဘယ်လက်မှာတော့ ပုံစံ မျိုးစုံ နဲ့ လေးကိုင်းတွေ ရှိနေခဲ့တယ်။ ဒိုင်းတစ်ခုချင်းစီက တစ်မီတာ ခွဲကျော် မြင့်တယ်။ သူတို့ရဲ့ ညာလက်ထဲမှာတော့ ဓားရှည်ကြီးတွေကို ကိုင်ထားခဲ့တယ်။

ညာဘက် တပ်ဖွဲ့ကတော့ သားရဲကောင်တွေတပ်ကြီး ဖြစ်တယ်။ သူတို့ရဲ့ သံချပ်ကာကြီးတွေက သူတို့ စီးနင်းထားတဲ့ သားရဲကောင်ကြီးတွေ ထိ လွှမ်းခြုံထားတယ်။ သူတို့တွေ ရဲ့ ကျောပေါ်မှာ လှံရှည်တွေကို လွယ်ထားကြတယ်။ နတ်ဆိုးစစ်တပ်ကြီး။ ဒီနေရာတစ်ခုလုံးမှာ အင်အားအကြီးဆုံးသူတွေ။

စစ်သူကြီးမု ဖြူဖျော့သွားတယ်။ နတ်ဆိုး စစတပ်ကြီး ဘယ်လောက်တောင် အင်အားကြီးမှန်း သူတို့သိတယ်။ ဒါပေမယ့် ဒီလောက်အင်အားကြီးမယ်လို့ တော့ မမျှော်လင့်ထားဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက ။ စစ်သူကြီးမုက နယ်စပ်မြို့တော်မှာ စောင့်ကြပ်ရတဲ့ သာမန်စစ်သူကြီးတစ်ယောက်ပဲ။ နတ်ဆိုးတွေနဲ့ ဆက်တိုက် တိုက်ခိုက်ခဲ့တယ်။ နတ်ဆိုးတွေ က သူ့ကို ဖရိုဖရဲ ဖြစ်အောင် လုပ်ခဲ့တယ် ။ ဒါတောင် သူ အနိုင်ရအောင် တိုက်နိုင်ခဲ့တယ်။ ပြန်ပြောရမယ်ဆိုရင်။ နတ်ဆိုးတွေက အင်အားကြီးတယ်။ နောက်ပြီးတော့ မာနကြီးတဲ့ မျိုးနွယ်တွေ။ သူတို့တွေက အမိန့်ကို မလိုက်နာကြဘူး။ သူတို့ရဲ့ အစွမ်းတွေကို တိုက်ပွဲမှာ အလျင်စလို ထုတ်ပြချင်ကြတယ်။ သူတို့တွေ က အသင်းအဖွဲ့အလိုက် အလုပ်မလုပ်ကြဘူး။ ဒါကြောင့် စစ်သူကြီး မု အနိုင်ရခဲ့တယ်။

ဒါပေမယ့် အခုချိန်မှာ နတ်ဆိုး စစ်တပ်ကြီးကို မြင်တော့။ သူ့ ကျော်ရိုးထဲက စိမ့်ချမ်းလာခဲ့တယ်။ သူတို့ရဲ့ ဖွဲ့စည်းပုံက သပ်ရပ်တယ်။ စီတန်း ညီညာနေတယ်။ ခြေလှမ်းတွေကအစ တည်ငြိမ်လွန်းတယ်။ နောက်ပြီးတော့ ဒါက တောင်ပိုင်းဒေသ ။ သစ်ပင်တွေ ကျောက်တုံးတွေနဲ့ ပြည့်နေတဲ့ နယ်မြေကြီး တစ်ခု။

မတ်စောက်တဲ့ကျောက်တုံးတွေ ကြားမှာ နတ်ဆိုးတွေ လမ်းလျှောက်နေကြတယ်။ မြေပြန့်မှာ လျှောက်နေတဲ့ အတိုင်းပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက ဒီလို မဖြစ်နိုင်ခဲ့ဘူး။ ဒီလိုမျိုး စည်းကမ်းလိုက်နာ တဲ့ နတ်ဆိုး စစ်တပ်ကြီးကို ဘယ်သူကများ ဖန်တီးလိုက်တာလဲ။ ဒါက အကုန်မဟုတ်သေးဘူး။ ပိုပြီး အရေးကြီးတာက ။ ဒီ စစ်တပ်ကြီးရဲ့ ရှေ့မှာ ဝတ်ရုံနက် ရှေ့ပြေးတပ်ဖွဲ့ရှိနေတာပဲ။ လူငါးရာ တပ်ဖွဲ့ကြီး။ ဝတ်ရုံနက်တွေက ခေါင်းအစ ခြေအဆုံး လွှမ်းခြုံထားတယ်။ ဒါပေမယ့် ကြောက်မက်ဖွယ် ကောင်းလွန်းတဲ့ သူတို့ရဲ့ အရှိန်အဝါတွေကိုတော့ မဖုံးကွယ်ထားနိုင်ဘူး။

စစ်သူကြီးမု နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ။ ဘာကြောင့်များ ငွေဂျိုဝံပုလွေ အထိနာခဲ့ရလည်း သူနားလည်သွားပြီ။ ငွေဂျိုဝံပုလွေတွေ ဘယ်လောက်ပဲ အင်အားကြီးသည် ဖြစ်စေ။ ဒီတပ်ဖွဲ့ကိုတော့ တားမြစ်နိုင်မှာ မဟုတ်ဘူး။ သူတို့ ဘယ်လောက်မြန်မြန်။ ဒီ တပ်ဖွဲ့ထက်တော့ မမြန်နိုင်ဘူး။ မှိန်ဖျော့ဖျော့ အနီရောင် အလင်းတန်းက သူတို့ ရဲ့ ကုတ်အကျီအနက်တွေ ကို ကျော်ဖြတ်ပြီး တောက်ပနေတယ်။ ဒီ နတ်ဆိုးတွေ ရဲ့ ကျင့်ကြံဆင့်ကို ပေါ်လွင်စေတယ်။ မျိုးနွယ်စုခေါင်းဆောင်။ လက်ထောက် မျိုးနွယ် ခေါင်းဆောင်။ အထူး စစ်သည်တော်တွေ ။ အားလုံးရောကနေကြပြီ။

“ဘာ ဖြစ်တာလဲ။ ဘာတွေ ဖြစ်နေတာလဲ။” စစ်သူကြီး မု တွေးထားခဲ့တာ။ နတ်ဆိုးတွေ အကြောငးကို သူ ကောင်းကောင်းသိတယ်လို့။ ဒါကြောင့် ဖြစ်ပျက်နေတာတေါကို သူမယုံနိုင်ဘူး။ နတ်ဆိုးတွေက လူတွေနဲ့ ကွာခြားတယ်။ နတ်ဆိုးတွေက အရေအတွက်အားဖြင့် နည်းတယ်။ ဒါကြောင့် သူတို့ရဲ့ ရှင်သန်ရေး အတွက် ကြိုးစားနေထိုင်နေခဲ့ကြတာ။ အင်အားကြီးတဲ့နတ်ဆိုးတွေက အင်အားနည်းတဲ့ နတ်ဆိုး တွေကို ကာကွယ် စောင့်ရှောက်ရမယ့် အစား။ တိုက်ခိုက်ပြီး ဖိနှိပ်ကြတယ်။ ဒီလိုနည်းနဲ့ သူတို့ ကြီးပြင်းလာတယ်။ ခေါင်းဆောင်တွေ က ရှေ့တန်းကို ထွက်ခဲတယ်။ အနည်းဆုံးတော့ သူတို့ အားလုံး ရှေ့တန်းမှာ ရောက်တာမျိုး မရှိခဲ့ဘူး။ ဒီ တစ်ကြိမ်တော့။ ဘယ်နတ်ဆိုး ခေါင်းဆောင် တစ်ဦးတစ်ယောက် ကမှ နောက်တန်းမှာ ကျန်မနေခဲ့ ။ စစ်သူကြီးမု သူရပ်နေတဲ့ နေရာမှာပဲ တုန်ယင်နေခဲ့တယ်။ ဒီတပ်ဖွဲ့ကြီးနဲ့ ထိပ်တိုင်ရင်ဆိုင်လိုက်ရရင်။ ဘယ်လောက်တောင် အထိနာမလဲ တွေးကြည့်လို့ရနိုင်တယ်။ ဒါက မျိုးတုန်းသတ်ဖြတ်မှုနဲ့ သိပ်မကွာခြားဘူး။ ဒီလို အခြေအနေမှာ တန်ရှီရှန်းက လွှတ်အောင် ပြန်လာနိုင်တာ အံ့ဖွယ်ရာတစ်ခုပဲ။ ၁၂၀၀ ဆိုတဲ့ အရေအတွက်က ချီးကျုးစဖွယ် အရေအတွက်ပဲ။

“ ဘာတွေ ဖြစ်ကုန်တာလဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း နတ်ဆိုးတွေ ဘာဖြစ်သွားတာလဲ။” စစ်သူကြီးမု ဒီလို အကြောက်တရားမျိုး တစ်ခါမှ မခံစားမိခဲ့ဘူး။ အစီအစဉ်တကျဖွဲ့ စည်းထားတဲ့ နတ်ဆိုးစစ်တပ်ကြီးနဲ့ သူတို့ရဲ့ အရှိန်အဝါကြောင့်။ စစ်သူကြီးမု တကယ်ကို ကြောက်လန့်နေခဲ့တယ်။

ပြန်ပြောင်းပြောရမယ်ဆိုရင်။ ဒီလို မြင်ကွင်းမျိုးက လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်မှာ ဖြစ်ခဲ့ဖူးတယ်။ အဲ့ဒီ့အချိန်တုန်းက ကြောက်လန့်ခဲ့ရတာတော့ နတ်ဆိုး စစ်သည်တော်ကြီးတွေ နဲ့ ဘိုးဘေးတွေ ဖြစ်ခဲ့တယ်။ ယွင်ချင်းဝူရဲ့ နောက်မှာ ရပ်တန့်နေတဲ့ နတ်ဆိုး စစ်သည်တော် တပ်ဖွဲ့ကြီးကို မြင်တော့။ ရပ်နေတဲ့ နေရာမှာပဲ တုန်ယင်နေခဲ့တယ်။

“ ခဘွန်း။” တုန်ခါသံတွေ ထွက်လာခဲ့တယ်။ မဟူရာသံချပ်ကာနဲ့ နတ်ဆိုး စစ်တပ်ကြိး နောက်ဆုံးတော့ ရပ်တန့်သွားပြီ။ သူတို့ရဲ့ လှံတွေက သံတောင်ကုန်း ဒေသကို ချိန်ထားခဲ့တယ်။

“ဘွန်း။” သူတို့ရဲ့ ဒိုင်းတွေကို ဆောင့်ချလိုက်တယ် ။ မြေသားတွေ တုန်ခါသွားခဲ့တယ်။ မိုးကြိုးပြစ်သံလို အသံကျယ်ကြီး ထွက်လာခဲ့တယ်။ နေရောင်က မြေပြင်ပေါ်မှာ တောကပ်နေတယ်။ သူတို့ရဲ့ နတ်ဆိုး မျက်လုံးတွေက အင်အားကို ဖော်ပြနေခဲ့တယ်။ စစ်သူကြီးမု သူကနောက်ကျောမှာ လွယ်ထားတဲ့ ဓားနှစ်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့တယ်။ ဒါကတုန်ယင်နေတဲ့ သူ့ကိုယ်သူ ရပ်တန့်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။

“နတ်ဆိုးတွေက ဒီ လို တိုက်ခိုက်ဖို့ မြို့လုံးကျွတ်ကို ထွက်လာကြတာပဲ။” စစ်သူကြီး မု ခပ်တိုးတိုး ပြောမိတယ်။ ရှန်းယွီ မင်းသမီးရဲ့ ဆွေးနွေးမှု တဲထဲက အဖြစ်ကို သူ ပြန်တွေးနေမိတယ်။ အကယ်၍ ဖန်ကျန်းရှီ သာ မရှိခဲ့ရင်။ စစ်သည်တော် ရှစ်သောင်းက သုခမိန်တောင်တန်းမြို့တော်မှာ ရှိနေခဲ့မှာ။ အတွေးနဲ့ တင် စစ်သူကြီးမု တုန်ယင်သွားတယ်။ တောင်ပိုင်း ဒေသ ရဲ့ အသက်ရှင်သန်မှု က အပြင်လူတစ်ယောက်ရဲ့ လက်ထဲမှာ ရောက်နေပါလား။ စိတ်ပျက်အားလျော့မှုကို တစ်ချိန်တည်းမှာ ခံစားလိုက်ရတယ်။ စစ်သူကြီးမု အသက်ပြင်းပြင်းရှူထုတ်တယ်။

စစ်ဗျူဟာကြီးရဲ့ ရှေ့တည့်တည့်ကို သူ ကြည့်နေခဲ့တယ်။ ရှေ့ဆုံးမှာ ရှိနေတဲ့ လှည်း ပွင့်လာခဲ့တယ်။ လှည့်းကိုယ်ထည်က အမည်မသိ သတ္တုတစ်မျိုးနဲ့ လုပ်ထားခဲ့တာ။ ရှု့ပ်ထွေးတဲ့ ပုံရိပ်တွေနဲ့လည်း ပြည့်နေခဲ့တယ်။ လှည်းတံခါး ပွင့်လာတယ်။ လူတစ်ယောက် ထွက်လာတယ်။ သူမရဲ့ ဆံပင်ရှည်တွေက ခါးလည်အထိ ဝဲကျနေတယ်။ မျက်နှာကာက မျက်နှာကို ဖုံးကွယ်ထားတယ်။ ဝတ်ရုံဖြူကြောင့် သူမရဲ့ သေးသွယ်တဲ့ ပုံရိပ်လေးက ထင်ရှားနေခဲ့တယ်။ ဝတ်ဆင်ပုံကတော့ ရိုးရှင်းတယ်။ ထူးခြားပြီး တန်ဖိုးရှိတဲ့ ရတနာတွေ တစ်ခုမှ ဝတ်မထားခဲ့ဘူး။ ပင်လယ်နက်ထဲမှာ ပွင့်လန်းနေတဲ့ ပန်းတစ်ပွင့်လိုပဲ။

ဒီအမျိုးသမီးကိုတွေ့တော့ စစ်သူကြီးမု မျက်မှောင်ကြုတ်သွားပြန်တယ် ။ ဒီအမျိုးသမီးကို သူသိတယ်။ ယွင်ချင်းဝူ။ နတ်ဆိုးအရှင်သခင်ငယ်။

“ သူတကယ်ပဲလာတယ်။” ယွင်ချင်းဝူ လာတာကို စစ်သူကြီးမု သိပ်ပြီးတော့ မအံ့သြပါဘူး။ သူမျှော်လင့်ထားပြီးသား။ ဒါပေမယ့် သူသိချင်နေတယ်။ ဒီ မိန်းကလေး ဘယ်လိုများ လုပ်လိုက်တာလဲ။ တောင်ပိုင်းဒေသ ရဲ့ ခုခံမှုကို ဖြတ်ကျော်ဖို့ သူမ ဘယ်လိုများ စီစဉ်လိုက်တာလဲ။ နတ်ဆိုးတွေက သန်မာတယ်။ တောင်ပိုင်းဒေသ မြို့တော်တွေရဲ့ ခုခံစစ်ကလည်း သန်မာတယ်။ သံတောင်ကုန်းဒေသက သဘာ ၀ ခုခံမှု မရှိပေမယ့် ။ လွယ်လွယ်ကူကူ ကျိုးပျက်နိုင်တာတော့မဟုတ်ဘူး။ နောက်ထပ် သူမြင်လိုက်ရတာကြောင့် စစ်သူကြီးမု မျက်လုံး ပြူးသွားတယ်။ လှည်းထဲက ထွက်လာပြီးနောက် ။ ယွင်ချင်းဝူ မရပ်တန့်ခဲ့ဘူး။ အဲ့ဒီ့အစား သံတောင်ကုန်းဒေသ ဂိတ်တံခါးစီကို လျှောက်လာခဲ့တယ်။

“ ဘာလုပ်မလို့လဲ။” ယွင်ချင်းဝူရဲ့ စိတ်ကူးကို စစ်သူကြီးမု နားမလည်နိုင်ဘူး။ ညှိုနှိုင်းလို့လား။ ဒါက လုံး၀ မဖြစ်နိုင်ဘူး။

သူတို့ရဲ့ စစ်တပ်က ဒီမှာ ရောက်နေပြီ။ သုခမိန်တောင်တန်း မြို့တော်ကိုလည်း တိုက်ခိုက်ခဲ့ပြီးပြီ။ တောင်ပိုင်းဒေသတင် သဘောမတူတာ မဟုတ်ဘူး။ နတ်ဆိုးတွေလည်း အလကား သက်သက် အချိန်ဖြုန်းမှာ မဟုတ်ဘူး။ ဒါဆိုရင်။ သူမ ဘာလုပ်နေတာလဲ။ စစ်သူကြီးမုရဲ့ မျက်လုံးတွေ ပိုပြီး ပြူးကျယ်လာခဲ့တယ်။ မျက်လုံးက ကျွတ်တောင် ကျတော့မယ်။ ယွင်ချင်းဝူက မြားပြစ်ကွင်းထဲရောက်လာပြီ။ စစ်သူကြီး မု အမိန့်ပေးလိုက်တယ် ။ ကောင်းကင်မှာ မြားတွေ ပြည့်နှက်သွားခဲ့တယ်။ စစ်သူကြီးမုက ယွင်ချင်းဝူကို ဖြူကောင်အဖြစ် ပြောင်းလဲ ပြစ်ဖို့ ကြံစည်နေတာ။

အပိုင်း(၄၂၈)ပြီး၏။

အပိုင်း(၄၂၉)

“ ပြန်လည်မွေးဖွားမှု ကောင်းကင်တာအို။”

ယွင်ချင်းဝူကို သတ်။ ယွင်ချင်းဝူ ဘာလိုချင်လဲ စစ်သူကြီးမု မသိဘူး။ ဒါပေမယ့် ဂိတ်တံခါးစီ လျှောက်လာတဲ့ သူမကို တွေ့တော့ သူ့စိတ်ထဲမှာ အတွေး တစ်ခုပဲ ဝင်လာခဲ့တယ်။ သတ်ရမယ်။ ယွင်ချင်းဝူသာ သေသွားရင်။ နတ်ဆိုးတွေ ရူးမတတ် ဖြစ်ကြမှာပဲ။ ဒီအချိန်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုလည်း ဖြစ်ပေါ်လာလိမ့်မယ်။ သူသိတာက ယွင်ချင်းဝူကို သတ်လိုက်ရင်။ နတ်ဆိုးတွေ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်မှာ အမှန်ပဲ။

“အသင့်ပြင်။” စစ်သူကြီးမု လက်မောင်းတစ်ဖက်ကို မြှောက်ပြလိုက်တယ်။ စစ်ပွဲကြီးက စနေပြီ။ နတ်ဆိုးတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်တာကို တားမြစ်ဖို့ အတွက် အသုံးမဝင်တော့ဘူး။ တောင်ပိုင်းဒေသ က ရဲရင့်တဲ့ စစ်သူကြီးတစ်ယောက် အနေနဲ့။ သေရမှာကို စစ်သူကြီး မကြောက်ဘူး။ မြို့တော်ကို စောင့်ကြပ်နေတဲ့ စစ်သူကြီးတွေလည်း မကြောက်ကြဘူး။ ဒါကြောင့် သူတို့ လုပ်ရမယ့် အလုပ်က ။ မသေခင်မှာ တတ်နိုင်သလောက် အသက်များများကို သတ်သွားဖို့ပဲ။ သတ်ရမယ် သတ်ရမယ်။ နောက်ထပ် လုံး၀ မသတ်နိုင်တော့တဲ့ အထိ သတ်ဖြတ်ရမယ်။ ရှေ့ကို တက်လာတဲ့ လူတိုင်းသေရမယ်။

“ ဝူးး. . ဝူးးး ဝူးးး” နံရံပေါ်က မြားသည်တော်တွေ လက်ကို အသင့်ပြင်လိုက်တယ်။ နေရောင်အောက်မှာ မြားရဲ့ အလင်းတန်းတွေက တောက်ပနေခဲ့တယ်။ ယွင်ချင်းဝူက တစ်လှမ်းလေးတောင် ရပ်မသွားခဲ့ဘူး။ မြားတွေကို သူမ မမြင်တဲ့အတိုင်း။ ရှေ့ဆက်လျှောက်လာခဲ့တယ်။ မြို့တော်ထဲကို ဆက်လျှောက်လာတယ။် သူမရဲ့ ဝတ်ရုံက လေထဲမှာ ဝေ့၀ဲနေခဲ့တယ်။

“သေစမ်း။” စစ်သူကြီးမု နည်းနည်းလေးတောင် မတွေဝေတော့ဘူး။ ကောင်းကင်တစ်ခုလုံး မြားတွေနဲ့ ပြည့်သွားခဲ့တယ်။ မြားတွေက ယွင်ချင်းဝူဆီကို ကျရောက်လာတယ်။ ဒီအချိန်မှာပဲ။ အပြာရောင် အလင်းတန်းတစ်ခု ယွင်ချင်းဝူရှေ့ကနေ ကာဆီးသွားတယ်။ ဒီအလင်းတန်းက လှည်းအနားမှာ ရပ်နေတဲ့ လူတစ်ယောက်စီက လာတာ။ နဖူးကနေ ခြေဖျားအထိ ဝတ်ရုံနက်ကြီးက ဖုံးအုပ်ထားတယ်။ သူဘယ်သူလည်း ဆိုတာ ခန့်မှန်းလို့မရနိုင်ဘူး။ ဒါကြောင့် ဒီအလင်းတန်းရဲ့ စွမ်းအားကိုလည်း ဘယ်သူမှ လျှော့မတွက်ရဲခဲ့ဘူး။ အစတုန်းကတော့ ဒီ အလင်းတန်းက တစ်ခဏ တာပေါ်လာခဲ့တာ။ အဲ့ဒီ့နောက် ပျောက်ကွယ်သွားတယ်။ နောက်တစ်ကြိမ် ပြန်ပေါ်လာချိန်မှာတော့။ အလင်းတန်းက ယွင်ချင်းဝူရဲ့ ခေါင်းပေါ်မှာ ပေါ်လာခဲ့တယ်။

ရှေးခေတ်ထဲက ။ ကောင်းကင်ရဲ့ အရောင်က အပြာရောင်လို့ လူတွေ ယုံကြည်ခဲ့ကြတယ်။ ခုနက ပေါ်လာပြီး ပျောက်ကွယ်သွားတဲ့ အပြာရောင် အလင်းတန်းက တကယ်ပျောက်ကွယ်သွားခဲ့တာလား။ ဒါမှမဟုတ် ကောင်းကင်ပြာရဲ့အရောင် နဲ့ ရောစပ်လိုက်တာလား။ မသိနိုင်ဘူး။ သေချာတာကတော့ ယွင်ချင်းဝူ ရဲ့ ခေါင်းပေါ်မှာ ပေါ်လာတာ။ ကောင်းကင်ပြာရောင် အလင်းတန်း ဖြစ်နေခဲ့တယ်။ မြားတွေက မြေပြင်ပေါ်ကို ကျလာတယ်။ အပြာရောင် အလင်းတန်းကို ဖြတ်သန်းသွားတယ်။ အဲ့ဒီ့နောက် ယွင်ချင်းဝူ ကို မထိပဲ ရှောင်ကွင်းသွားကြတယ်။

“ ငါတို့ ပြစ်မှတ်ကို ထိရဲ့လား။”

တောင်ပိုင်းဒေသ စစ်သည်တော်တွေ စိတ်အားတက်ကြွကုန်တယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်လှုပ်ရှားမှုက အချိန် တို ပဲခံခဲ့တယ်။ မြားထိပ်မှာ သွေးတွေ စွန်းမနေခဲ့ဘူး။ ယွင်ချင်းဝူလည်း တစ်ခဏပဲ ရပ်တန့်သွားတယ်။ အဲ့ဒီ့နောက် သူ့ခေါင်းပေါ်မှာ ရှိနေတဲ့ အပြာရောင် အလင်းတန်းကို မော့ကြည့် နေခဲ့တယ်။ အဲ့ဒီ့နောက်။ သူမရဲ့ ဘေးမှာ ရှိနေတဲ့ မြားတွေကိုကြည့်နေခဲ့တယ်။ ရှေ့ကို ဆက်ပြီးတော့ သူ လျှောက်လာတယ်။ မြားတစ်ချောင်းပေါ်ကို တက်နင်းတယ် ။ မြားနှစ်ပိုင်း ကျိုးသွားခဲ့တယ်။

“ဘာတွေ ဖြစ်ကုန်တာလဲ။” တောင်ပိုင်းဒေသ စစ်သည်တော်တွေ စိတ်ရှုပ်ထွေးသွားတယ်။ အခုဖြစနေတာတွေကို သူတို့ မယုံနိုင်ဘူး။ ဒါပေမယ့် ဒီ အပြာရောင် အလင်းတန်း လုပ်သွားတာကိုတော့ သိတယ်။ စစ်သူကြီးမု နာကျင်တဲ့ အမူအယာ ကို ပြောင်းလဲသွားတယ်။

“ သေစမ်း။ နောက်တစ်ကြိမ်ပြစ်လိုက်တော့။”

“ ဇုန်း ဇုန်း ဇုန်း။ ”

ကောင်းကင်က မြားတွေနဲ့ ပြည့်သွားပြန်တယ်။ ပထမတစ်ခေါက်တုန်းကလိုပဲ။ မြားမိုးတွေက အပြာရောင် အလင်းတန်းကို ဖြတ်သွားခဲ့တယ်။ မြေပြင်ပေါ်ကို ကျသွားခဲ့တယ်။ ကြည့်ရတာတော့ ပြစ်မှတ်ကို ထိသွားပုံပဲ။ ဒါပေမယ့် ယွင်ချင်းဝူကတော့ မထိခိုက်ပဲ ရှိနေခဲ့တယ်။ အတော်လေးကို ထူးဆန်းတဲ့ မြင်ကွင်းပဲ။

“ ဘာတွေ ဖြစ်ကုန်တာလဲ။”

“ ငါတို့ သေချာ ထိအောင် ပြစ်တာပဲ။ ဘာလို့ မထိတာလဲ။”

“ ဒါက မဖြစ်နိုင်တာပဲ။ ” တောင်ပိုင်းဒေသ စစ်သည်တော်တွေ ဘာဖြစ်နေလဲ နားမလည်နိုင်ကြဘူး။ မြားတွေ ဖြတ်သွားတာကို သူတို့ မျက်စိနဲ့ တပ်အပ် မြင်ကြတယ်။ ဒါပေမယ့် သူမက မထိခိုက်ဘူး။

“ ဒါက …. ” ကြောက်မက်ဖွယ် ကောင်းတဲ့ ဖြစ်နိုင်ချေကို စစ်သူကြီးမု။ တွေးတော လိုက်မိတယ်။

“စစ်သူကြီး …. ဒါက ….”

တခြားစစ်သူကြီးတွေရဲ့ မျက်လုံးတွေ ဒီ အတွေးကြောင့် ပြူးကျယ်ကုန်ကြတယ်။ သူတို့ထဲက တစ်ချို့ကတော့ ဖြူဖျော့ကုန်တယ်။

“ ဒါက။ ” စစ်သူကြီးမု လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ အတွက်ကြောင့် ဖြူဖျော့သွားတယ်။ သူ့မျက်စိရှေ့မှာ ဖြစ်နေတာကို မယုံနိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့။ အခုဖြစ်နေတာကို သူတို့နားလည်တယ်။ သူတို့ရဲ့ အမြင်အရဆို ။ မြားတွေက ယွင်ချင်းဝူရဲ့ ကိုယ်ကို ဖြတ်ထွက်သွားတာ။ အကယ်၍ သူတို့သာ ယွင်ချင်းဝူ အနားက မြေပြင်မှာ ရှိနေမယ်ဆိုရင်။ မြားတွေက အပြာရောင် အလင်းတန်းကိုပဲ ရိုက်ခတ်သွားမှန်း တွေ့ရလိမ့်မယ်။ နောက်တစ်နည်းပြောရရင်။ မြားတွေက အပြိုင် နယ်မြေစီကို ရောက်ရှိသွားတာ။ ဒီလို ဖြစ်စဉ်မျိုးကို ဖန်တီးနိုင်တဲ့ သူ များများစားစား မရှိဘူး။ ဒါကြောင့် သုခမိန် အဆင့်ကို ရောက်ရှိတဲ့ သူလည်း နည်းပါးတယ်။ ပြန်လည်မွေးဖွားမှုက အဓိက တာအိုကြီး ခြောက်ခုနဲ့ ဖွဲ့စည်းထားတယ်။ တစ်ခုချင်းစီက အင်အားကြီးတဲ့ အဓိက တာအိုကြီး ခြောက်ခုနဲ့ ဖွဲ့စည်းထားတာ။ ဒီတာအို ကြီးခြောက်ခုထဲမှာ မရေမတွက်နိုင်တဲ့ တာအို ငယ်တွေ ပါဝင်တယ်။ ဒီ တာအိုငယ်တွေ ပေါင်းစည်းပြီး အဓိက တာအိုကြီး ဖြစ်လာတာ။ မြစ်ချောင်းအင်းအိုင်တွေ ပေါင်းစည်း ပြီးတော့ ပင်လယ်ကြီး ဖြစ်လာသလိုပဲ။ လူအများစုက တာအိုငယ်တွေ အများကြီးကို နားလည်အောင် ကြိုးစားကြတယ်။ အဲ့ဒီ့နောက်မှ အဓိက တာအိုကို ကူးပြောင်းတယ်။ ဒါပေါ့။ ချွင်းချက်တော့ ရှိတယ်။

ဥပမာအားဖြင့် ရန်ရွှယ်။ ရန်ရွှယ် က အဇူရာတာအိုကို နားလည်ထားတယ်။ ပြောနိုင်တာက။ ဒီလို ထိပ်တန်း တာအိုကို အခြေခံ မရှိပဲနဲ့ တော့ မကျင့်ကြံနိုင်ဘူး။ ရန်ရွှယ်က အဇူတာအိုကို နားလည်ပေမယ့် ။ ပြန်လည်မွေးဖွားမှု အဆင့်ကို သူမရောက်သေးဘူး။ ဘာကြောင့်လဲ ဆိုတော့ တခြား တာအို ထောင်ချီကို သူ နားမလည်သေးတာကြောင့်ပဲ။ မင်းက တံခါးကို အကျယ်ကြီး ဖွင့်လိုက်ပြီ။ ဒါပေမယ့် တံခါးရှေ့မှာ ရှိတဲ့ လမ်းက ကျဉ်းမြောင်းတယ်။ ပျက်စီးနေတယ်။ လမ်းလျှောက်လို့တောင်မရဘူး။ ရလဒ် အနေနဲ့။ တံခါးကို အပြည့် ဖွင့်လို့မရလို့ တော့ဘူး။ မင်းသာ တံခါးကို အပြည့်အ၀ ဖွင့်လိုက် ရင်။ အထဲက ထွက်လာမယ့် စွမ်းအင်တွေက။ သူ့ရဲ့ ရှေ့မှာ ရှိနေတဲ့ လမ်း ကျဉ်းကျဥ်းလေးကို ဖျက်ဆီးပြစ်သလို ဖြစ်သွားလိမ့်မယ်။ ဒါက ရန်ရွှယ်ဖြစ်နေတဲ့ အခြေအနေပဲ။ ဒါပေါ့။ ဒီ အခြေအနေကို ဝင်ရောက်နိုင်ဖို့ အတွက် လူအများကြီး အသက်အဆုံးရှုံးခံပြီး ကြိုးစားကြရတယ်။ အနည်းဆုံးတော့ ရန်ရွှယ်က အဇူရာတာအို ရဲ့ တံခါးကို ဖွင့်လိုက်နိုင်ပြီလေ။ ဒါက သူ့ရဲ့ ခိုင်မာတဲ့ အခြေခံကြောင့် ရလာတဲ့ရလဒ်ပဲ ။ အဇူရာတာအိုကို သူ နားလည်သွားတဲ့ အတွက်။ သဘာဝလွန် အဆင့်ကို ခြေတစ်လှမ်းရောက်နေပြီ။ သုခမိန်အဆင့်ကို ဖြတ်ကျော် တိုးတက်ဖို့ကလဲ။ နောက်ထပ် လမ်းတစ်လမ်း ဖြစ်နေတယ်။ မရေမတွက် နိုင်တဲ့ နှစ်တွေမှာ။ လူအများကြီးက သဘာဝလွန် အဆင့် ကို ရောက်ရှိခဲ့တယ်။ ဒါပေမယ့် သုခမိန် အဆင့်ကို ရောက်သွားတဲ့ လူကတော့ နည်းပါးလွန်းတယ်။ အကြောင်းရင်းကတော့။ တာအို ခြောက်ခုထဲက နောက်ဆုံးသော တစ်ခုကြောင့်ပဲ။

“ ကောင်းကင်တာအို။ ပြန်လည် မွေးဖွားမှု ကောင်းကင်တာအို။ တာအိုကြီး ခြောက်ခုထဲမှာ အသန်မာဆုံး။” တောင်ပိုင်းသားတွေ ဘာတွေဖြစ်နေလဲ ။ နောက်ဆုံးတော့ နားလည်သွားပြီ။

“ ကောင်းကင်ပဲ။”

“ ဒါက ကောင်းကင်ပဲ။”

စစ်သည်တော်တွေအားလုံး ဒီအပြာရောင်ကို ကြောက်လန့်တကြား နဲ့ ကြည့်နေခဲ့တယ်။ နတ်ဆိုေးတွထဲမှာ ပြန်လည်မွေးဖွားမှု ကောင်းကင်တာအို ကို သုံးနိုင်တဲ့ သူ ရှိနေတယ်။ သုခမိန် အဆင့်ရောက်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တဲ့သူ ရှိနေတယ်။ သိသိသာသာ အရေအတွက် များလွန်းတဲ့ နတ်ဆိုးတွေနဲ့ တိုက်ခိုက်ရင်တောင် မနိုင်နိုင်တာ။ အခုတော့ ဘယ်လိုများ နိုင်တော့မှလြဲ။ တောင်ပိုင်းဒေသ ကတော့ လုံး၀ ရှုံးပြီ။

တခြားတစ်ဖက်မှာတော့။ နတ်ဆိုး စစ်တပ်ကြီးက လောင်မြိုက်နေတယ်။ ယွင်ချင်းဝူ ဆီကို ရောက်လာ တဲ့ မြားတွေကို လှိုင်းလုံးတွေက ရိုက်ခတ်သွားတယ်။ ဒါကြောင့် ယွင်ချင်းဝူကို မထိခိုက်စေနိုင်ဘူး။ နတ်ဆိုးတွေမှာ ကြောက်စရာမရှိ။

“သေ”

“သေ”

“သေ”

ဒေါသတွေ အမုန်းတရားတွေက ။ နတ်ဆိုးထောင်ချီရဲ့ ပါးစပ်ကနေထွက်လာခဲ့တယ်။ သံတောင်ကုန်းဒေသရဲ့ နံရံတွေတုန်ခါလာတော့တယ်။ နတ်ဆိုးတွေရဲ့ ကိုယ်ခန္ဒာကနေ သိပ်သည်းတဲ့ လူသတ်ငွေ့တွေ ထွက်လာခဲ့တယ်။ သူတို့ရဲ့ အရှင်သခင်ငယ် ခြိမ်းခြောက်ခံနေရတာကို ဘယ်နတ်ဆိုးကမှ မမြင်ရက်နိုင်ဘူး။

“ဘုန်း”

“ ဘုန်း”

“….”

ဘာအမိန့်မှ မပေးပဲနဲ့။ နတ်ဆိုး စစ်တပ်ကြီးက တည်ီတညွှတ်တည်း ဒိုင်းတွေကို အသင့်ပြင်လိုက်ကြတယ်။ ဒါက သူတို့ ဒေါသတွေရဲ့ ဖော်ပြမှု တစ်ခုပဲ။ ယွင်ချင်းဝူက သံတောင်ကုန်း ဒေသ ဂိတ်တံခါးမှာ ရပ်တန့်သွားတယ်။ လေပြေညင်းက သူမရဲ့ ဝတ်ရုံတွေကို ဖြတ်သန်း တိုက်ခတ်နေတယ်။ စစ်သူကြီးမုရဲ့ မျက်နှာကတော့ အရောင်တွေ အကုန်လုံး ပျောက်ဆုံးနေခဲ့ပြီ။ နောက်ဆုံေးတာ့ ယွင်ချင်းဝူ ဘာလိုက လျှောက်လာခဲ့လည်း သူ နားလည်သွားခဲ့ပြီ။ လှည်းထဲက ထွက်လာတဲ့ အချိန်တည်းက အရာအားလုံးက သူမ လက်ထဲမှာ ရှိနေပြီးသားပဲ။

စစ်တပ်ကြီးတစ်ခုလုံးကို လှိုင်းလုံးကြီးတစ်ခုလို အုံကြွလာစေတယ်။ စကားလေး တစ်ခွန်းတောင် မပြောပဲနဲ့။ သူမရဲ့ ခန္ဒာကိုယ်ကို ပြစ်မှတ် အဖြစ် သုံးလိုက်တယ်။ ဘယ်လောက်တောင် ပညာသား ပါလိုက်သလဲ။ ပိုပြီးအရေးကြီးတာက။ ယွင်ချင်းဝူ စိတ်အားလှုံ့ဆော်လိုက်တာ သူမ နောက်က စစ်တပ်ကြီးတင် မကဘူး။ ပြန်လည်မွေးဖွားမှု ကောင်းကင်တာအို။ သုခမိန် တဝက် အဆင့်။ သူမမှာ အားသားချက်တွေ အများကြီးပဲ ။ မြို့တံခါးကို လမ်းလျှောက်လာတာ သူမ သေချာ တွေးတော တွက်ချက်ပြီးမှ လုပ်တာပဲ။

“နတ်ဆိုး အရှင်သခင်ငယ်…. သူမပဲ မလား။” စစ်သူကြီးမု သူရပ်နေတဲ့ နေရာမှာ တုန်ယင်နေခဲ့တယ်။ ရှန်းယွီမင်းသမီး ရဲ့ ဆွေးနွေးညှိနှိုင်းတဲ့ တဲထဲမှာ ။ ဖန်ကျန်းရှီ နဲ့ ယွင်ချင်းဝူ တွေ့တဲ့ အကြောင်းကို ကြားခဲ့ရတယ်။ အဲ့ဒီ့အချိန်တုန်းကတော့ သူ များများစားစား မတွေးမိဘူး။ ဒါပေမယ့် အခုတော့။ ယွင်ချင်းဝူ နဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ သူ့စိတ်ထဲ ခံစားမိတာ တစ်ခုပဲ ရှိတယ်။ ကြောက်ရွံ့မှု။ သန့်စင်တဲ့ ကြောက်ရွံ့မှု။ မတိုက်ခိုက်ခင် အချိန်မှာပဲ။ ရန်သူ့ကို ကြောက်အောင် လုပ်နိုင်တာ ။ တကယ့်ကို အသာစီးရစေတဲ့ ဗျုဟာပဲ။ စစ်သူကြီးမု သူ့ စစ်တပ်ကို ဘယ်လို ဦးဆောင်ရမလဲ တောင် မသိတော့ဘူး။

စစ်တပ် နှစ်ခုကြားက တိုက်ပွဲမှာ။ စိတ်ဓာတ်အင်အားက အရေးကြီးတယ်။ ဒါပေမယ့် အခုတော့ ။ သူ့ လူတွေရဲ့ စိတ်ဓာတ်အင်အားကို ဘယ်လို မြှင့်တင်ပေးရမလဲ မသိတော့ဘူး။ နတ်ဆိုးစစ်သည်တော် တစ်သိန်းကျော်က မြို့တော်ကို ချဉ်းကပ်လာနေပြီ။ သူတို့ရဲ့ ခြေသံတွေကြောင့် မြေပြင်တောင် တုန်ခါနေခဲ့တယ်။

“သေ ”

“သေ”

“ …”

“…”

…

တော်ပိုင်းဒေသ ရဲ့ ကြီးမားတဲ့ တောင်ကြားတစ်ခုမှာ။ သံချပ်ကာ အနက်ဝတ် တပ်ဖွဲ့ကြီးတစ်ခု စောင့်ကြပ်နေတယ်။ အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံက သူ့တဲထဲက အိပ်ယပေးမှာ လှဲလျောင်းနေတယ်။ ပိုးကုတင်ပေါ်မှာ အိပ်နေပင်မယ့် သူ အိပ်မပျော်နိုင်ဘူး။

“ အရှင်မင်းသား။ တောင်ပိုင်းဒေသ က သံတမန် က အရှင့်သား နဲ့ တွေ့ဖို့ တောင်းဆိုနေပါတယ်။”

“ သံတမန် ဟုတ်စ။ ဖြတ်ခွင့်ပြုလိုက်။” လင်းထျန်းရုံ က ဒီသတင်းကြောင့် စိတ်လှုပ်ရှားသွားခဲ့တယ်။ ဒါပေမယ့် သူ့အသံကို တည်ငြိမ်အောင် ထိန်းထားခဲ့တယ်။

“ အမိန့်တော် အတိုင်းပါ အရှင့်သား။” စစ်သည်တော် ပြန်ဖြေတယ်။ သိပ်မကြာခင်။ အချိန်မှာပဲ။ တဲတံခါး ပွင့်သွားတယ်။ အသားညိုညို ပိန်ပိန်ပါးပါး နဲ့ လူကြီး တစ်ဦး တဲထဲကို ဝင်လာခဲ့တယ်။ ဒီလူကို မြင်တော့ လင်းထျန်းရုံ အံ့သြသွားတယ်။ မ တောင်ပိုင်းသားတွေ က များသော အားဖြင့် ကြံ့ခိုင် သန်မာကြတယ်။ ဒါပေမယ့် ဒီလူကတော့ အတော့်ကို ပိန်ပိန်ပါးပါး ဖြစ်လွန်းတယ်။ ပြောနိုင်တာက။ ဒီလူ့ဆီကနေ အန္တရာယ် အငွေ့အသက်တွေ ရနေတာပဲ။ ဒီ ပိန်ပိန်ပါးပါး လူကြီးရဲ့ ကိုယ်တွင်းထဲမှာ ကြောက်မက်ဖွယ် စွမ်းအားတွေ ရှိနေတယ်။

“အိမ်ရှေ့စံကို နှုတ်ခွန်းဆက် ပါတယ်။” သက်လတ်ပိုင်း လူကြီၤး ဖြည်းဖြည်းချင်း လျှောက်လာတယ်။ အိမ်ရှေ့စံ နဲက ခပ်ဝေးဝေးမှာ ရပ်နေခဲ့တယ်။ ဒါကြောင့် လင်းထျန်းရုံ စိတ်သက်သာရာ ရမိတယ်။ ဒါပေမယ့် လူကြီးနားမှာ ရပ်နေတဲ့ စစ်သည်တော်တွေ ကတော့ အံကြိတ်နေကြေတယ်။ ဒီလူ ဘာလို့များ အိမ်ရှေ့စံ ကို ဒူးမထောက် တာလဲ။ သူတို့က စစ်ဖြစ်နေတာ ။ ဒါပေမယ့် အိမ်ရှေ့စံ ရဲ့ တပ်က စစ်သည်တော်တွေ အနေနဲ့။ အိမ်ရှေ့စံ နဲ့ ကြီးမြတ်သော ရှမင်းဆက် ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရမယ်။

“ မင်း ဘာလို့ အိမ်ရှေ့စံကို တွေ့တာတောင် ဒူးမထောက်တာလဲ။ ” စစ်သည်တော် တစ်ယောက် က လူကြီးရဲ့ ညှို့သကျည်းကို ကန်ရင်း ပြောတယ်။ ပိန်ပိန်ပါးပါး လူကြီးက စစ်သည်တော်ကန်တာကို မရှောင်တိမ်းဘူး။ သူ့ခြေထောက်တွေကို တောင် မလှုပ်ရှားဘူး။

“ အိမ်ရှေ့စံ။ မင်း အတွက်။ စာပါတယ်။ ” တန်ဖိုးကြီး သားရေ စာအိတ်ကနေ စာတစ်စောင်ကို ထုတ်လိုက်တယ်။ အဲ့ဒီ့နောက် အိမ်ရှေ့စံ လက်ထဲကို ကမ်းပေးလိုက်တယ်။

“ မင်း နဲ့ မင်းတို့ လူတွေက အမြဲတမ်း ဒီလိုပဲ။ အနည်းဆုံးတော့ မင်းတို့တွေက ဘယ်သူမှန်း ပြောသင့်ပါတယ်။ ” အိမ်ရှေ့စံ မျက်မှောင်ကြုတ်သွားတယ်။

“ ယန်ယ။ ယန်ယ နယ်မြေရဲ့ ခေါင်းဆောင်”

အပိုင်း(၄၂၉) ပြီး၏။

အပိုင်း(၄၃၀)

“ အချက်အလက်တွေကို ပြောင်းလဲခြင်း”

“ယန်ယလား။”

စစ်သူကြီးတွေ ဒီနာမည်ကိုကြားတော့ ။ သူတို့ရဲ့ အမူအယာတွေ ချက်ခြင်း ပြောင်းလဲသွားခဲ့တယ်။ နယ်မြေမှူးတွေက သူတို့ရဲ့ နာမည်တွေကို နယ်မြေနဲ့ အတူတူ မှည့်ထားကြတယ်။ ဒါက တောင်ပိုင်းဒေသ ရဲ့ ဓလေ့ထုံးစံပဲ။ ဒါပေမယ့် ယန်ယကတော့ ။ နာမည် တစ်ခုတင်မကဘူး။ ဒါက စည်းမျဉ်းတစ်ခုလည်း ဖြစ်တယ်။ ယန်ယ ။ စီကျွမ်းနဲ့။ မိုးကြိုးခြင်္သေ့ အားလုံးက ။ ထူးဆန်းတဲ့ အင်အားတွေ ကို ကိုယ်စားပြုတယ် ။

“ ယန်ယ နယ်မြေမှူးကို မမှတ်မိလိုက်ဘူး။ ဒါက ငါ့ အမှားပါ။ ထိုင်ပါအုန်း။” အိမ်ရှေ့စံ လင်းထျန်းရုံ နဖူးကနေ ချွေးတွေ စီးကျလာခဲ့တယ်။ ဒါပေမယ့် မျက်နှာကတော့ ပြုံးနေတုန်းပဲ။ အခုချိန်မှာ သူ့ အသက်က ယန်ယ နယ်မြေမှူးလက်ထဲမှာ။ ဒီလို အကွာအဝေး နဲ့ ဆိုရင်။ ပြေးဖို့တောင် ။ မလွယ်ဘူး။ ဒါပေမယ့် ယန်ယ နယ်မြေမှူးက စာကို ကိုယ်တိုင် လာပို့မယ်လို့ မထင်ထားခဲ့မိဘူး။ သူ ပြီးရင် ဘာလာမှာလဲ။

“ မလိုတော့ဘူး။ ငါက စာ လာပို့ရုံပဲ။ ပြန်စာရတာ နဲ့ ငါလည်း ပြန်မှာ။” ယန်ယ က သားရေ စာလွှာကို နောက်တစ်ကြိမ် ပေးပြန်တယ်။

အိမ်ရှေ့စံ လင်းထျန်းရုံ ပြုံးနေခဲ့တယ်။ သူ စကားမပြောတော့ဘူး။ စစ်သည်တော် နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်တယ်။ စစ်သည်တော် နှဏ်ယောက်လုံး ချက်ခြင်း လှုပ်ရှားတော့တယ်။ ယန်ယ ရဲ့ လက်ထဲက စာလွှာကို ယူလာတယ်။ အိမ်ရှေ့စံကို ဆက်သတယ်။ နောက် စစ်သည်တော် တစ်ယောက်ကတော့ တဲ အပြင်ကို ထွက်သွားခဲ့တယ်။ သိပ်မကြာခင်။ တဲအပြင်မှာ လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့တယ်။ နေရောင်တောက်တောက်ထဲမှာ လူတွေ အများကြီး ရပ်နေကြတယ်။ ယန်ယကတော့ သူရပ်နေတဲ့နေရာမှာပဲ ဆက်ရပ်နေခဲ့တယ်။ ဘာတစ်ခုကိုမှ သူမမြင်ခြ့တဲ့ အတိုင်း။ သူ့ အမူအယာ က အေးဆေးတည်ငြိမ်နေတယ်။ လင်းထျန်းရုံ သက်ပြင်း တစ်ချက် ချလိုက်တယ်။ သူ့လက်ထဲက စာကို ကြည့်နေခဲ့တယ်။ ဒါပေမယ့် သူ ဖတ်လိုက်တဲ့ အချိန်မှာ သူ့မျက်လုံးတွေ တလက်လက် တောက်ပလာတယ်။ အေးစက်တဲ့ အငွေ့အသက်တွေ လျှံထွက်လာသလိုပဲ။

“အမတ်မင်း စုကို ခေါ်စမ်း။ တခြားသူတွေ အပြင်ထွက်။” လင်းထျန်းရုံက ယန်ယကို ကြည့်နေတယ်။

“ အိမ်ရှေ့စံ။ မင်းသား ။ တစ်ယောက်တည်း ဆိုရင် အဆင်ပြေပါ့ မလား။”

“ မင်း ဘာတွေ ပူညံပူညံ လုပ်နေတာလဲ။ အမိန့်ကို မင်း နားမလည်ဘူးလား။”

“ ကျွန်တော်မျိုးရဲ့ အတင့်ရဲမှုကို ခွင့်လွှတ်ပေးပါ ။ အရှင်မင်းသား။ ” စစ်သည်တော် တဲထဲကနေ ထွက်သွားတယ်။ စစ်သည်တော် တဲထဲကနေ ထွက်သွားတဲ့ အချိန်မှာပဲ။ ဝတ်ရုံနက်ဝတ်ထားတဲ့ စုချင်း တဲထဲကို ဝင်လာခဲ့တယ်။

“ အရှင်မင်း သားကို ဂါရ၀ ပြုပါတယ်။ ယန်ယ နယ်မြေမှူးကို ဂါရ၀ ပြုပါတယ်။ ကျွန်တော်က တော်ဝင် ကျောင်းတော် ခေါင်းဆောင် စုချင်းပါ။” စုချင်းက အိမ်ရှေ့စံ လင်းထျန်းရုံ နဲ့ ယန်ယ နယ်မြေမှူးကို ဦးညွှတ်ရင်း ပြောလိုက်တယ်။ ယန်ယ နယ်မြေမှူး နည်းနည်းတော့ မျက်လုံး ပြူးသွားတယ်။ စုချင်းက တောင်ပိုင်းဒေသ ရဲ့ ရိုးရာ ဓလေ့နဲ့ ဂါရ၀ ပြုနေတာ။ ယန်ယဒေသမှာ အဓိက သုံးတဲ့ ဂါရဝပြုနည်း မျို းကို သုံးလိုက်တာ။

“အမတ်မင်း စုက ကြင်နာတတ်တာပဲ။ ငါက နယ်မြေမှူး တစ်ယောက် ဖြစ်ပေမယ့် ။ တောင်ပိုင်းဒေသက ကြီးမြတ်သော ရှမင်းဆက် ရဲ့ လက်အောက်ခံ ပဲ။ ငါ့ကို အဆင့်မြင့် အမတ်မင်း တစ်ယောက်လို နှုတ်ဆက်ဖို့ မလိုပါဘူး။ ” ယန်ယ ပြန်ပြီး ဦးညွှတ်လိုက်တယ်။

“ ယန်ယ နယ်မြေမှူးက အားနာ နေလွန်းပါပြီ။ တောင်ပိုင်းဒေသက လက်အောက်ခံ နယ်မြေ တစ်ခု ဖြစ်ပေမယ့်။ ငါတို့တွေက ညီအကို တွေလိုပါပဲ။ အကောင်းအဆိုးတွေကို အတူတူ ဖြတ်ကျော် ခဲ့ကြတယ်။ ဒါကြောင့် ။ လေးစားသမှု ပြုတာက ဖြစ်သင့်ပါတယ်။”

“ ဟ ဟား ….. အမတ်မင်း စုက အတော့်ကို ယဉ်ကျေးတာပဲ။” ယန်ယ ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက် မတ်မတ် ပြန်ရပ်နေတယ်။ ဒီ ကျေနပ်မှုတွေမှာ သာယာ မနေနိုင်ဘူး။

“ အမတ်မင်းစု။ ဒီ စာကို တစ်ချက်လောက် လာကြည့်ပါအုန်း။” အိမ်ရှေ့စံ လင်းထျန်းရုံက စုချင်းကို တစ်ချက်ကြည့်ရင်း စားပွဲပေါ်က စာကို ညွှန်ပြလိုက်တယ်။

“ အမိန့်တော် အတိုင်းပါ အရှင့်သား။” စုချင်း ခေါင်းငြိမ့်တယ်။ ပြန်မဖြေခင် အထိ စာကို နှစ်ကြိမ် တိုင်တိုင် ဖတ်ခဲ့တယ်။

“ မင်းဘယ်လိုထင်လဲ။” အိမ်ရှေ့စံ လင်းထျန်းရုံ မေးလိုက်တယ်။

“တောင်ပိုင်း ဒေသ နဲ့ ကြီးမြတ်သော ရှမင်းဆက်က ရေနဲ့ ငါးလိုပဲ။ ငါးတွေကလည်း ရေမရှိရင် မရှင်သန်နိုင်ဘူး။ ရေတွေ ကလည်း ငါးမရှိပဲ ဆက်လက် မရပ်တည် နိုင်ဘူး။ ဒါကြောင့်သူတို့ရဲ့ တောင်းဆိုချက်တွေကို ကျွန်တော်တို့ ကြိုးစားပြီး ဖြည့်ဆည်း ပေးသင့်ပါတယ်။” စုချင်း ပြန်ဖြေတယ်။

“ အင်း။” လင်းထျန်းရုံ ခေါင်းငြိမ့်တယ်။ ယန်ယကို ကြည့်တယ်။“ မင်းရဲ့ တောင်းဆိုချက်တွေကို သဘောတူတယ်။”

“ ကျေးဇူးတင်ပါတယ် အရှင့်သား။ ယန် ယ နဲ့ စီကျွမ်းဒေသမှာ ရှိနေတဲ့ ကြီးမြတ်သော ရှမင်းဆက်က စစ်သည်တော် ငါးသောင်း။ နက်ဖြန် နေ့လယ်မှာ ပြန်ရောက်လာပါလိမ့်မယ်။” ယန်ယက ဒီလို ရလဒ် ထွက်လာမယ်ဆိုတာ သိထားပြီးသား။

“ မလိုတော့ပါဘူး။ ခေါင်းဆောင်း စစ်သူကြီးကို အခုပဲ အမိန့်ချလိုက်မယ်။ အေးခဲ မျောက်မင်းဒေသ မှာ မင်းတို့ ဆုံကြမှာပါ။ ”

“ တပ်ကူ အတွက်ကျေးဇူးတင်ပါတယ် အရှင့်သား။” ဒါကိုကြားတော့ ယန်ယဦးညွှတ်လိုက်တယ်။

…

အချိန် ခဏကြာပြီးနောက်။ လက်တစ်ဖက်မှာ အမိန့်စာ ကိုင်ရင်းယန်ယ ထွက်လာခဲ့တယ်။ ဒါပေမယ့် စုချင်းကတော့ ထွက်မလာခဲ့ဘူး။ အိမ်ရှေ့စံ မင်းသားက က စုချင်းကို မထွက်ခွာခိုင်းတာ။

“ မင်း ဘယ်လို ထင်လဲ။” အိမ်ရှေ့စံ လင်းထျန်းရုံ စုချင်းကို မေးတယ်။

“ စာ အရတော့။ တောင်ပိုင်းဒေသ ရဲ့ အိမ်ရှေ့စံက။ စစ်တပ်ခေါင်းဆောင်း ရှန်းယွီ မင်းသမီး နဲ့ အတူတူ ရှိနေတေယ်။ ရှင်းဟို့ တို့ နန်ကုန်းဟောင် တို့နဲ့ တွေ့ဖို့သွားနေကြတယ်။ အေးခဲမျောက်မင်း ဒေသကို သိပ်မကြာခင် ရောက်တော့မယ်။ ဒါကြောင့် စာထဲမှာ ဖော်ပြထားတဲ့ ကိစ္စတွေက မှန်ကန်မှာပဲ။ ဆိုလိုချင်တာက။ ဒီ ဆွေးနွေး ညှိနှိုင်းမှု အောင်မြင်တာ … ဖန်ကျန်းရှီ ရဲ့ ကြိုးစားမှုကြောင့်ပဲ။ ဒါကြောင့် သူ့ကို ဂုဏ်ထူးဆောင်ဘွဲ့ တောင် ပေးသင့်ပါတယ်။” စုချင်း ခေါင်းငြိမ့်ရင်းပြောတယ် ။

“ မင်းပြောတာ မှန်တယ်။ ဒါပေမယ့် တစ်ခုကိုတော့ ငါ နားမလည်ဘူး။ သူတို့တွေက ဖန်ကျန်းရှီ ကြောင့် ငါတို့နဲ့ လာညှိနှိုင်းတယ်။ ဒါပေမယ့် ဘာလို့ ဖန်ကျန်းရှီကို သူတို့ကိုယ်တိုင် ဖမ်းပြီး အပြစ် ပေးချင်နေတာလဲ။ ” အိမ်ရှေ့စံ စိတ်ရှုပ်ထွေးနေတယ်။

“ ရိုးရိုးသားသား ပြောရမယ်ဆိုရင်။ ဒီလို ဖြစ်တာလည်း ကျွန်တော်တို့ အတွက် ဆိုးတာ မဟုတ်ဘူး။ ” စုချင်း သွယ်ဝိုက်ပြီး ပြောလိုက်တယ်။

“ မင်း ဘာကို ဆိုလို ချင်တာလဲ။ ”

“ အရှင်မင်းသား။ အေးခဲမျောက်မင်း ဒေသကို အရှင် လွှတ်လိုက်တဲ့ သတင်းပို့သူကို မေ့နေပြီလား။”

“ အင်း။ ဒီအတွက်တော့ င့ါကိုယ်ငါ ပြင်ဆင် ပြီးသားပါ။”

“ အရှင့်သားက ဒီအတွက် ကိုယ့်ကိုယ်ကို ပြင်ဆင်ထားတာ ဖြစ်သင့်ပါတယ်။ ကျွန်တော်တို့ နေပြည်တော် ပြန်ရောက်တဲ့ အချိန် ။ ဘယ်သူကမှ အရှင့်ကို အပြစ် ပုံချရဲမှာ မဟုတ်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ မတူဘူး။”

“ ဖန်ကျန်းရှီ.. ဟ ဟား…. ။ ငါက ဘာ အာဏာမှ မရှိတဲ့ အဆင့်လေး အမတ်မင်းကို ကြောက်ရမှာလား။ ” လင်းထျန်းရုံ စိတ်ပျက် လက်ပျက်နဲ့ ပြောတယ်။

“အကယ်၍ ဖန်ကျန်းရှီသာ မြို့တော်ကို ပြန်ရောက်လာရင်။ သူက ဘာ အာဏာ မှ မရှိတဲ့ အဆင့်လေး အမတ်မင်းပဲ ဆက်ဖြစ်နေအုန်းမှာလား။ ” စုချင်း ထောက်ပြတယ်။

“ မင်း က ဘာကို ဆိုလိုချင်တာလဲ။”

“ စာထဲမှာ ပြောထားတာ။ ဖန်ကျန်းရှီမှာ ဧကရာဇ် တံဆိပ်တော် ရှိတယ်တဲ့။ အကယ်၍ ကျွန်တော့်ခန့်မှန်း ချက်သာ မှန်မယ်ဆိုရင်။ အမိန့်ပြားက အစစ်ဖြစ်လိမ့်မယ်။ ဒါပေမယ့်။ အခု သူလုပ်ခဲ့သလို သုံးဖို့ ပေးထားတာတော့ မဖြစ်နိုင်ဘူး။ ယဉ်ကျေးမှု (ဥပဒေ) ဝန်ကြီးဌာနကို သွားဖို့ပဲ ဖြစ်လိမ့်မယ်။ အခုတော့ ဝန်ကြီးက သေသွားပြီ။ နောက်ပြီးတော့ ဖန်ကျန်းရှီက ကိစ္စကြီးကို အခုပဲ လုပ်နိုင်ခဲ့တာ။ ”

“ အဆင့်လေး အမတ်မင်း တစ်ယောက်က ဘယ်လိုများ။ အဆင့်ခုန်တက်ပြီးတော့ ဝန်ကြီး ဖြစ်လာနိုင်မှာလဲ။” လင်းထျန်းရုံ သူ ကြားနေရတာကိုတောင် မယုံနိုင်ဘူး။

“ အခုလက်ရှိ အခြေအနေ မှာတော့။ ဝန်ကြီး မဖြစ်နိုင်သေးဘူး။ ဒါပေမယ့် ရာထူးတိုးမှာတော့ အမှန်ပဲ။ နောက်ထပ် တစ်နှစ် အတွင်းမှာ ။ ဧကရာဇ်က အကြောင်းပြချက် ရှာပြီးတော့ သူ့ကို ဝန်ကြီး ရာထူး တိုးပေးလိမ့်မယ်။ ”

“ အဲ့ဒီ့တော့ ဘာဖြစ်လဲ။”

“ ဖန်ကျန်းရှီက ဝန်ကြီးတစ်ယောက် အဖြစ်ပဲ ဆိုရင် ။ ပြဿနာ မ၇ှိဘူး။ ဒါပေမယ့် သွမ့်အရှင်နဲ့ ဆိုရင်တော့။ ဘယ်လိုဖြစ်သွားလိမ့်မလဲ။”

“ ဖန်ကျန်းရှီက အမြဲတမ်း သွမ်အရှင် နဲ့ ပြဿနာ ဖြစ်နေတာ။ ဘာလို့များ ငါ့ ခြောက်ယောက်မြောက် ညီငယ်နဲ့ မဟာမိတ်လုပ်မှာလဲ။”

“ ဒီလောကမှာ မဖြစ်နိုင်တာ ဘာမှ မရှိဘူး အရှင်။ အခြေအနေတွေက ရေလိုပဲ စီးဆင်းပြောင်းလဲနေတာ။ အချိန် ကလည်း အမြဲတမ်း ပြောင်းလဲနေတယ်။ ဖန်ကျန်းရှီက အခုချိန်မှာ အာဏာ မရှိသေး ပင်မယ့် ။နောက်တစ်ချိန် သူ့လက်ထဲ အာဏာရောက်လာတဲ့ အချိန်။ ဘာတွေ ဖြစ်မလဲလို့ ဘယ်သူ ပြောနိုင်မှာလဲ။ နောက်ပြီးတော့ သူက ခန့်မှန်း လို့ မရနိုင်တဲ့ လူတစ်ယောက်။”

“ ဖျတ်။” ကျောက်စိမ်း ခွက်က မြေပြင်ပေါ်ကို ပြုတ်ကျသွားတယ်။ တစ်စစီ ကွဲကြေသွားခဲ့တယ်။

“ ဒါမျိုး ဖြစ်လာမှာကို ငါ လက်မခံနိုင်ဘူး။ ဧကရာဇ် ရဲ့ တံဆိပ်တတွေကို အလွဲသုံးစား လုပ်တဲ့ အမှု နဲ့။ ဒီကောင့်ကို ခေါင်းဖြတ်သတ်လိုက်မယ်။” အိမ်ရှေ့စံ လက်သီးကို ကျစ်ကျစ်ပါအောင် ဆပ်ထားခဲ့တယ်။ သူ့ လက်တွေတောင် အဖြူရောင် ပြောင်းနေပြီ။

“ ဒါမျိုး ဖြစ်မလာနိုင်လောက်ဘူး။” စုချင်း ခေါင်းခါတယ်။

“ ဘာဖြစ်လို့လဲ။ ”

“ဖန်ကျန်းရှီက ပြစ်မှု ကျူးလွန်ခေဲ့ပေမယ့် ။ အင်ပါယာ အတွက် အကျိုးထူးဆောင်ထားခဲ့တာ။ ဒါကြောင့် သူ့ ကိုအပြစ်ပေးလို့ရပေမယ့်။ သေဒဏ်တော့ ကျမှာ မဟုတ်ဘူး။”

“ ဒါဆိုရင် ငါက ဖန်ကျန်းရှီကို အပြစ် ပေးလို့ မရတော့ဘူးလို့ မင်းပြောနေတာလား။ ဖန်ကျန်းရှီကို ပြန်ပေးဆွဲဖို့တောင်ပိုင်းဒေသကို လူလွှတ်လိုက်ရမလား။ ပြီးရင် တောင်ပိုင်းဒေသ ရဲ့ လက်ထဲ ပြန်အပ်လိုက်မယ်။ ”

“ မလိုပါဘူး။ အရှင့်သား လုပ်ဖို့ မလိုပါဘူး။ ညီလာခံ ခန်းမထဲ ဘာတွေ ဖြစ်ခဲ့လည်း ဆိုတာ လူနည်းနည်းပဲ သိတာ။ အမှန်တရား ဟုတ်မဟုတ်တောင် ကျွန်တော်တို့ မသေချာဘူး ။”

“ အမှန်တရား ။ မင်းဘာကို ဆိုလိုချင်တာလဲ။”

“ တောင်ပိုင်း အိမ်ရှေ့စံ ဆီက စာကို ဖတ်ပြီးတဲ့နောက် ။ ကျွန်တော်တို့ အတွေးတွေကို ပြောင်းလဲ လိုက်မယ်ဆိုရင်ကော။ ဝန်ကြီးက ဆွေးနွေးဖို့ ကြိုးစားနေတဲ့ အချိန်မှာ ဖန်ကျန်းရှီ က နှောက်ယှက်ခဲ့တယ်။ ဂုဏ်ရှိန် အာဏာ ကိုရဖို့အတွက် ဝန်ကြီးကို တောင်ပိုင်းဒေသ အိမ်ရှေ့စံ သတ်တာကို ကြည့်နေခဲ့တယ်။ ဒီလိုဆိုရင်ကော ။ ဘယ်လို ဖြစ်သွားမယ် ထင်လဲ။”

“ ဟဟား… စုချင်း။ စုချင်း။ မင်းက သွမ့်အရှင့် ဘက်တော်သား မဖြစ်တာ အတော်ကောင်းတာပဲ။ မဟုတ်ရင်။ မင်းရဲ့ လျှာကို တော့ အစောင့်အကြပ်တွေ ချထားရမှာပဲ။” အိမ်ရှေ့စံ လင်းထျန်းရုံ ရယ် မောလိုက်တယ်။

“ ဟ ဟား….” စုချင်းကတော့ တုန်ယင်သွားခဲ့တယ်။ တစ်ခုခုကို တွေးမိသွားတဲ့ အတိုင်း။ ဒါပေမယ့် သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထိန်းသိမ်းရင်း ပြုံးနေခဲ့တယ်။

“ ကောင်းပြီလေ။ မင်း အကြံပေးတဲ့ အတိုင်း လုပ်ကြတာပေါ့။ ဖန်ကျန်းရှီက တောင်ပိုင်းဒေသ အိမ်ရှေ့စံကို ဘယ်လို တောင် အပြစ်ပြုလိုက်လဲ မသိပါဘူး။ ဒါပေမယ့် ဒီ ပြစ်မှုကို ဖန်ကျန်းရှီ အပေါ် ငါတို့ ပုံချပြီးတောင်ပိုင်းဒေသ လက် အပ်လိုက်ရင်။ ဧကရာဇ် လည်း ဒီရလဒ်ကို သဘောကျမှာပဲ။ ဖန်ကျန်းရှီကို နေရာမှာတင် တန်းမသတ်ပဲ သနားညှာတာလိုက်တာ အတွက်တောင် ချီးမွမ်းအုန်းမယ်။”

…

သံတောင်ကုန်းဒေသ ရဲ့ အပြင်ဘက် တစ်မိုင် အကွာ။ ဝတ်ရုံနက် လူတွေ သစ်တော်ထဲကို ဦးတည်နေကြတယ်။ လျှင်မြန်လွန်းလှတဲ့ အရှိန်ကြောင့် သူတို့ ဘယ်ကို ဦးတည်နေသလဲ ဘယ်သူမှ မသိနိုင်ဘူး။ အုပ်စုကြီးရဲ့ ရှေ့မှာ။ လေးလံတဲ့ သားရေနဲ့ ကြိမ်ထည် ဝတ်ရုံ တွေကို ဝတ်ထားတဲ့ အုပ်စု တစ်ခုရှိနေခဲ့တယ် ။ သူတို့ နောက်မှာတော့ တောက်ပတဲ့ သံချပ်ကာဝတ် စစ်သည်တော်တွေ ရှိနေတယ်။ ရှန်းယွီ မင်းသမီးကတော့ မျက်မှောင်ကြုတ်ထားခဲ့တယ်။ သူမရဲ့ နှုတ်ခမ်းတွေ လှုပ်ရွနေပင်မယ့် ။ ဘာစကား တစ်ခွန်းမှတော့ မကြားရဘူး။

“ ကြီးမြတ်သော ရှမင်းဆက်ကို ငါ ကမ်းလှမ်းလိုက်တဲ့ အချက်တွေ အကြောင်း။ မင်းတို့ စဉ်းစားနေတာလား။” ရှန်လင်းက နောက်မှာ ရှိတဲ့ နယ်မြေမှူးတွေကို မေးတယ်။ အဲ့ဒီ့နောက် မျက်စ တစ်ချက် ပြစ်လိုက်တယ်။ နယ်မြေမှူးတွေ ချက်ခြင်း ဘေးကို ခွဲထွက်သွားတယ်။ ကြီးမားတဲ့ ဒိုင်းကာကြီး တစ်ခုလို အသွင်ပြောင်းသွားတယ်။

“ အဲ့ဒီ့ ကောင်စုတ်က အရှက်မရှိဘူး ဆိုပေမယ့်။ ကြီးမြတ်သော ရှမင်းဆက် ရဲ့ အမတ်မင်း တစ်ယောက် ဖြစ်နေတုန်းပဲ။ နောက်ပြီးတော့ တော်ဝင်စာမေးပွဲနဲ့ အတွေးအခေါ် စာမေးပွဲ တွေမှာ ထိပ်တန်း ကျောင်းတော်သား။”

“ ရွေးချယ်ရမှာက သူတို့ အလုပ် မဟုတ်ဘူး။ စစ်သည် ငါးသောင်း နဲ့ လူတစ်ယောက် အသက်ကို သူတို့ လဲနိုင်မှာလား။ ဒီလို အပေးအယူ မျိုးကို သူတို့ ဘယ်လို ငြင်းနိုင်မှာလဲ။”

“ကောင်းပြီလေ။”

“ စိတ်ချ လက်ချသာ နေပါ။ ဒီ စာလွှာကို သူတို့ မငြင်းနိုင်ပါဘူး။ ကောင်စုတ်က ညီမလေးကို ရိုက်လိုက် ပေမယ့်။ ငါတို့ တောင်ပိုင်း ဒေသ အတွက် အလုပ်လုပ်ပေးမယ် ဆိုရင်တော့။ ညီမလေး ကပဲ ခွင့်လွှတ် ပေးလိုက်ပါ။ မဟုတ်ရင်လည်း။ တစ်ခါတည်း သတ်လိုက်တော့။ ”

“ သတ်လိုက်ရမလား။”

“ဒါပေါ့။ ဖန်ကျန်းရှီက။ အသက်အငယ်ဆုံး သဘာဝလွန် အဆင့် စွမ်းအားးရှင်ပဲ။ ဒီလိုကောင်မျိုးသား ကြီးမြတ်သော ရှမင်းဆက်မှာ ဆက်ရှိနေရင်။ ငါတို့ ကိုယ်ပိုင် အင်ပါယာကို တည်ထောင်နိုင်တော့မှာ မဟုတ်ဘူး။ နောက်ပြီးတော့ ရှင်းယွမ်ကောင်းနဲ့ ငါ စကား ပြောပြီးပြီ။ သူတို့ က ဖန်ကျန်းရှီ နဲ့ အဆက် အသွယ် မရှိဘူး။ ဒီတော့။ အခု ဖြစ်နေတာတွေ အကုန် လုံးက။ ဒီကောင်စုတ်လေး သူ့ ကိုယ်ပိုင် အစွမ်းအစနဲ့ ခန့်မှန်းထားတာ။ ငါတို့ နိုင်ငံမှာ ဒီလို လူမျိုး တစ်ယောက် မှ မရှိဘူး။”

“ အကိုတော်။ နင် ဧကရာဇ် ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို လက်မလျှော့ သေးဘူးလား။ ” ရှန်းယွီ မင်းသမီး အထိတ်တလန့်မေးတယ်။

“ ညီမလေး အခုချိန်မှာ ဒါတွေကို စိတ်ပူ စရာ မလိုသေးဘူး။ ငါတို့ အခုချိန်မှာ ပထမ ဦးစားပေး လုပ်ရမှာက။ ဒီ အကြပ်အတည်းက လွတ်ဖို့ပဲ။ လက်အောက်ခံ ဘ၀ နဲ့ ငါတို့ တစ်သက်လုံး နေလို့ မရဘူး။ အခုပဲ စစ်သည်တော် ငါးသောင်းကို လွှတ်ဖို့ ငါ အမိန့်ပေးလိုက်ပြီ၊ ဒါပေမယ့် ဂိတ်တံခါး ကတော့ ငါတို့ လက်ထဲမှာ ရှိနေတုန်းပဲ။” ရှန်လင်း ရဲ့ မျက်လုံးတွေ က စိတ်ဆုံးဖြတ်ချက်ကြောင့် တလက်လက် တောက်ပနေခဲ့တယ်။

ရှန်းယွီ မင်းသမီးကတော့ တိတ်ဆိတ်သွားတယ်။ သူမ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ သူမကြည့်ရတာ အတော်လေး စိတ်ရှုပ်ထွေးနေပုံပဲ။

အပိုင်း(၄၃၀) ပြီး၏။

All Chapters