← Chapters

အပိုင်း (၄၃၁-၄၄၀)

Vol. 5 Ch. 431-440

အပိုင်း (၄၃၁-၄၄၀)

Vol. 5 Ch. 431-440

အပိုင်း (၄၃၁)

“ ခုန်ကြရအောင်”

…

သံတောင်ကုန်း ဒေသ ဂိတ်တံခါးက အခုတော့။ သွေးရောင်လွှမ်းတဲ့ တိုက်ပွဲမြေ ဖြစ်နေခဲ့ပြီ။ သွေးတွေက လေထဲမှာပျံ့ နေတယ်။ မြေပြင်မှာလည်း သွေးစက်တွေ ကျဆင်းနေတယ်။ သံတောင်ကုန်း ဒေသရဲ့ နံရံနက်တွေတောင် ရဲရဲနီနေခဲ့ပြီ။ မဟူရာသံချပ်ကာတွေနဲ့ မရေမတွက်နိုင်တဲ့ နတ်ဆိုး စစ်သည်တော်တွေ ။ နံရံ အောက်ခြေမှာ စုဝေးနေကြတယ်။ တစ်ယောက်ချင်းစီက ကြီးမားတဲ့ ဒိုင်းကာကြီးတွေကို ကိုင်ထားပြီး။ မြားမိုးတွေကို ခုခံနေခဲ့တယ်။ နာကျင်မှုကြောင့် အော်ဟစ်သံတွေက လေထုကို တုန်ခါစေတယ်။ မကြာခဏဆိုသလို ။ နာနာကျင်ကျင် အော်ဟစ်သံတွေက နံရံပေါ် ကနေထွက်ပေါ်လာတတ်တယ်။ တောင်ပိုင်းဒေသ စစ်သည်တော်တွေက နတ်ဆိုးတွေကို ပစ်ခတ်နေသလို။ သူတို့လည်း ထိခိုက်ဒဏ်ရာရကြတယ်။ မြားမိုးတွေက နံရံပေါ်ကနေ ဆင်းသက်လာသလို။ အောက်ဘက်ကလည်း နောက်ထပ် မြားမိုးတွေ ပြန်တက်လာတယ်။ အပေါ် အောက် မြားတွေ ထိတွေ့ကြတဲ့ အချိန်မှာ ။ သံသတ္တုတွေ ထိခတ်တဲ့ အသံ ထွက်လာခဲ့တယ်။ စစ်ပွဲ ဆိုတာ ရက်စက်ကြမ်းတမ်းတယ်။

သေခြင်း တရားက မျှော်လင့်ထားတဲ့ အရာတစ်ခုပဲ။ မျက်တောင် တစ်ခတ် အတွင်းမှာ အသက် တစ်ချောင်း ပျောက်ကွယ်သွားဖို့ ဆိုတာ မျက်တောင် တစ်ခတ် အချိန် အတွင်းမှာပဲ။ နတ်ဆိုးတွေက သံတောင်ကုန်း ဒေသကို သားရဲကောင်တွေလို ဝါးမျိုးနေတယ်။ သူတို့ တစ်ကိုယ်လုံးကို အဆုံးမဲ့တဲ့ သတ်ဖြတ်မှု အငွေ့အသက်တွေက ဖုံးအုပ်ထားတယ်။ ဒေသ နယ်မြေ တစ်ခုလုံးရဲ့ နံရံတွေကို သူတို့ တွန်းတိုက်နေကြတယ်။ မဟူရာရောင် ပင်လယ်ပြင်ကြီးထဲမှာ အဖြူရောင် နေရာလေး တစ်ခု ရှိနေခဲ့တယ်။ ပြာပုံထဲမှာ ကြာပန်းဖြူလေး တစ်ခု ရှိနေသလို။ မိုးသည်းထဲမှာ ရပ်တန့်နေတဲ့ ကျောက်တုံး တစ်ခုလို။ ယွင်ချင်းဝူက အားလုံးရဲ့ အလယ်မှာ ရပ်နေခဲ့တယ်။ ဒေသကြီးရဲ့ ဝင်ပေါက်မှာ သူရပ်နေတာ။ သန့်စင်တဲ့ အပြာရောင် အလင်းတန်းက သူမ ခေါင်းပေါ်မှာ ကာဆီးထားတယ်။ ဘယ် နတ်ဆိုးကမှ သူမနဲ့ တစ်မီတာ ဝန်းကျင် ကို မကပ်ဝံ့ကြဘူး။ သူမက အမိန့် လည်း မပေးသလို ။ လှုပ်ရှားမှုလည်း မလုပ်ခဲ့ဘူး။

ဒါပေမယ့် စစ်သူကြီး မုက ယွင်ချင်းကို တစ်ချက်လေးတောင် မခွာခဲ့ဘူး။ ယွင်ချင်းဝူ လုပ်နေတာကို သူသိတယ်။ သူမ ဂိတ်တံခါးမှာ ရှိနေသရွှေု့ ။ နတ်ဆိုးတွေရဲ့ စိတ်ဓာတ် အင်အားက နိမ့်ကျမှာ မဟုတ်ဘူး။ မရေမတွက် နိုင်တဲ့ နတ်ဆိုးတွေက ဒီ နယ်မြေကို အရှိန်ပြင်းပြင်း တိုက်ခိုက်နေကြတယ်။ဒီ နယ်မြေကို လမ်းဖောက်ဖို့ အတွက် သူတို့ရဲ့ အသက်တွေ ကိုတောင် ချခင်း ပြစ်နေကြတယ်။

“စစ်သူကြီး။ နတ်ဆိုးတွေ တိုက်ခိုက်နေတာ နှစ်နာရီ ကျော်ပြီ။ ကျွန်တော်တို့လည်း အတော့်ကို အထိနာနေပြီ။ တခြား ဂိတ်တံခါးတွေကို စစ်ကူပေးဖို့ အတွက်ကော ” အသံတစ်သံ ထွက်လာခဲ့တယ်။

“ မဖြစ်ဘူး။ ဂိတတံခါးကို ဆက်ပြီး တောင့်ခံထားမှ ဖြစ်မယ်။ ” စစ်သူကြီး မုက တစ်ချက်လေးတောင် မတွေဝေပဲ ပြောတယ်။

“အမိန့်တော် အတိုင်းပါ စစ်သူကြီး၊” အသံပျောက်ကွယ်သွားတယ်။ စစ်သူကြီး မုက သတင်းပို့သူကို တစ်ခက်လေးတောင် လှည့်မကြည့်ဘူး။ လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ သူ့လက်သီးတွေတောင် အဖြူရောင် ပြောင်းနေခဲ့ပြီ။ သူ့ရဲ့ လက်သည်းတွေက အသားထဲတောင် စိုက်လုနည်းပါးပဲ။ အချိန်အကြာကြီး တောင့်ခံ မထားနိုင်တော့ဘူး ဆိုတာ သူသိတယ်။ ဒါပေမယ့် သူ ဘာလုပ်နိုင်မှာလဲ။ ရွေးချယ်စရာလည်း မရှိဘူး။ စစ်ကူတောင်းတာကလည်း။ တခြားသော ဂိတ်တံခါးတွေ ကျရှုံးဖို့အတွက် ဖြစ်သွားလိမ့်မယ်။ ခုခံမှုကို နှောင့်နှေးအောင် လုပ်နေသလိုသာ ဖြစ်သွားလိမ့်မယ်။ နတ်ဆိုးတွေက သူတို့ကို အလွတ်ပေးမှာလား။ မဖြစ်နိုင်ဘူး။ ဒီ အရှေ့ပိုင်း ဂိတ်တံခါးကြီး မြန်မြန်တောင် ကျရှုံးလိမ့်အုန်းမယ်။

နတ်ဆိုးတွေရဲ့ တိုက်ခိုက်မှုက အတော့်ကို ပြင်းထန်တယ်။ ဒါပေမယ့် သူတို့ တိုက်ခိုက်နေတာ ပုံစံ တစ်မျိုးတည်းနဲ့။ တခြား စစ်သည်တော်တွေ ကတော့ မလှုပ်ရှားဘူး။ နောက်တစ်နည်း နဲ့ ပြောရရင်။ စစ်တပ်အုပ်စု တစ်ခုက စောင့်ဆိုင်းနေတယ်။ စစ်သူကြီးမု သေချာတယ်။ အကယ်၍ သူသာ တခြား ဂိတ်တံခါးတွေ စီက စစ်ကူ တောင်းလိုက်မယ် ဆိုရင်။ စောင့်ဆိုင်းနေတဲ့ တပ်ဖွဲ့တွေလည်း ချက်ခြင်း ဝင်တိုက်မှာပဲ။ ဒါဆိုရင် မြို့လည်း ကျသွားလိမ့်မယ်။ ကျောက်တုံးတွေနဲ့ အခက်အခဲကြားမှာ သူတို့ ပိတ်မိနေ တာပဲ။

သူ့ရဲ့ လုပ်ငန်းစဉ်က နတ်ဆိုး စစ်တပ်ကို နှောင်နှေးအောင် လုပ်ဖို့ပဲ။ ဒါကြောင့် စွန့်စားတဲ့ လုပ်ရပ် တစ်ခုကိုမှ သူ ဆုံးဖြတ်ချက်ချလို့ မဖြစ်ဘူး။ သူထိန်းထားနိုင်သလောက် ဆက်ပြီးတော့ ထိန်းထားဖို့ လိုပ်အပ်တယ်။ ဒီလိုနည်းနဲ့ပဲ။ စစ်သူကြီးမုက ယွင်ချင်းဝူ ရဲ့ လက်ထဲကို ကျရောက်သွားတော့တယ်။ ဂိတ်တစ်ခုတည်းကို တိုက်ခိုက်တာက ။ သူမ အတွက်လည်း ဆုံးရှုံးမှု ကို နည်းစေတယ်။ စစ်တပ် အင်အားကို တတ်နိုင်သလောက် ချွေတာရာလည်း ရောက်တယ်။

စစ်သူကြီးမုလည်း ဒီ အကြောင်းရင်းကို သိတယ်။ ဒါပေမယ့် ပြောင်းလဲ ဖို့ သူ မတတ်နိုင်ဘူး။ သူတို့ကို ဒီ အတိုင်းကြီး လမ်းဖွင့်ပေးလို့လည်း မဖြစ်ဘူးလေ။ တခြားဂိတ်တံခါးတွေ ကလည်း စစ်ကူတောင်းလို့ မဖြစ်နိုင်ဘူး။ သူ အတော့်ကို လမ်းပျောက်နေခဲ့ပြီ။ အခုချိန်မှာ သူလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက။ ယွင်ချင်းဝူရဲ့ လက်ထဲမှာ ကျေကျေနပ်နပ် ကစားခံဖို့ပဲ။ အချိန်ကြာကြာ တောင့်ခံနိုင်ဖို့ ရည်ရွယ် လှုပ်ရှားရင်း နဲ့ပေါ့။

“ စစ်သူကြီးမု။ ကျွန်တော် တို့ စစ်သည်တော် ၃၂၀၀ ကျော် ဆုံးရှုံးလိုက်ရ ပါပြီ။ နောက်ပြီးတော့…” သိပ်မကြာခင်ပဲ စစ်သူကြီး မုရဲ့ ဘေးကနေ အသံ ထွက်လာခဲ့တယ်။

“ ငါ နားလည်ပြီ။ ဆက်ပြီး ခုခံနေဖို့ အမိန့်ပေးလိုက်။ ” စစ်သူကြီး မုက အံကြိတ်ရင်း ခေါင်းငြိမ့် လိုက်တယ်။

“ အမိန့်တော် အတိုင်းပါ စစ်သူကြီး။” ပြင်းထန်တဲ့ တိုက်ပွဲ ကြောင့် အသံ ပျောက်သွားခဲ့တယ်။ အချိန် နှစ်နာရီ အတွင်းမှာပဲ။ စစ်သည်တော် နှစ်သောင်း ရဲ့ သုံးဆယ် ရာခိုင်နှုန်း ကျဆုံး သွားခဲ့ပြီ။ ဒီ အရေအတွက် ထဲမှာ ဒဏ်ရာရသူ အရေ အတွက် မပါဝင်ဘူး။ မဖြစ်နိုင်ဘူး။ အကယ်၍ ဒီ အတိုင်းသာ ဆက်သွားရင်။ သူ့ရဲ့ စစ်သည်တော်တွေ ဒဏ်ရာရပြီး မောပန်း တာပဲ ပိုဆိုး လာလိမ့်မယ်။ နတ်ဆိုးတွေ တိုက်ခိုက်နေတဲ့ ပုံစံမျိုးနဲ့ ဆိုရင်။ မြို့ မကျဆုံးခင် အချိန် ထိ သူတို့ ရပ်တန့်မှာ မဟုတ်ဘူး။ အခုချိန်မှာ သူ ဘာလုပ်ရမလဲ။ စစ်သူကြီးမုရဲ့ တာဝန်က သံတောင်ကုန်း ဒေသကို စောင့်ကြပ်ဖို့ပဲ။ အဲ့ဒီ့နောက်နတ်ဆိုး စစ်တပ်ကြီးကို နှစ်ရက်တာ အချိန် ဆွဲထားနိုင်ဖို့ မျှော်လင့်ထားခဲ့တယ်။ ဒါပေမယ့် အခုတော့ အချိန် ခြောက်နာရီတောင် ခံတော့မယ် မထင်ဘူး။ စစ်သူကြီးမုလည်း ဒီလို ဖြစ်နေတာကို မမြင်ချင်ပါဘူး။ ဒါပေမယ့် သူ့မှာရွေးစရာမရှိခဲ့ဘူး။ စစ်သည်တော် ရှစ်သောင်း ရဲ့ အသက် က ပေးဆပ်ဖို့ တန်ပါတယ်။ တောင်ပိုင်းဒေသ ကြီးတစ်ခုလုံး ရှင်သန်ဖို့ အတွက် တစ်ခုတည်း သော အခွင့်အရေး နဲ့ လဲလှယ်ရမယ်ဆိုရင် တန်ပါတယ်။

“ တောင်ပိုင်း ဒေသရဲ့ ရဲရင့်တဲ့ စစ်သည်တော်တော်တို့။ ငါ။ မုရွှီတိုင်။ နောက်ထပ် ပြောစရာမရှိတော့ဘူး။ ငါပြောချင်တာ အကုန်လုံးက။ ငါတို့ရဲ့ နိုင်ငံ ရှိနေသေး သရွေ့ ငါတို့ ဆက်လက် ရှင်သန် မယ်။ ငါတို့ နိုင်ငံ ကျဆုံး ရင် ငါတို့ သေမယ်။ ဒီ တိုက်ပွဲက တောင်ပိုင်းဒေသ ရဲ့ အသက်ရှင်သန်မှု နဲ့ သက်ဆိုင်နေတယ်။ မင်းတို့ ဘာပြောချင်လဲ။” စစ်သူကြီးမု သူ့ နောက်ကျေက ဓားကို ဆွဲလိုက်တယ်။ တစ်ချိန်တည်းမှာပဲ။ နံရံပေါ်ကို သူ တက်လာခဲ့တယ်။ နတ်ဆိုး တစ်ယောက်ကို ကန်ချလိုက်တယ်။ သူက အမြာက်ဆံ တစ်ခုလိုပဲ မြန်ဆန် လွန်းတယ်။ နတ်ဆိုးက တုံ့ပြန် ချိန်တောင် မရလိုက်ဘူး။ အော်ဟစ်ရင်း နဲ့ မြေပြင်ပေါ်ကို ကျသွားခဲ့တယ်။

“သေစမ်း။”

“ ဒီနယ်မြေကို ငါတို့ အသက်နဲ့ လဲပြီး ကာကွယ်မယ်။”

“ သေသည့်တိုင်အောင် အမိမြေကို ကာကွယ်မယ်။”

တောင်ပိုင်းဒေသ စစ်သည်တော်တွေ စိတ်အား ပြန်လည် တက်ကြွလာကြတယ်။

“ စစ်သူကြီး … ။ စစ် …. စစ်ကူ ရောက်လာပြီ။” တောင်ပိုင်း ဒေသ စစ်သည်တော် တစ်ဦး ပြေးလာခဲ့တယ်။

“ တော်တော့် ။ ငါ့ကို မနှောက်ယှက်နဲ့တော့။ ဒီနေ့ နတ်ဆိုးတွေကို ငါ ကိုယ်တိုင် တိုက်ခိုက်မယ။်” စစ်သူကြီးမု သူ့ရဲ့ ဝံပုလွေ သွား လက်နက်ကို ဝေ့ယမ်းရင်း ပြောတယ်။

“ စစ်သူကြီး…။ ကျွန်တော်တို့ မှာ စစ်ကူရှိပြီ။”

“ တော်တော့်….. မင်း ဘာပြောတယ်။ စစ်ကူဟုတ်လား။ သူတို့တွေ ဘယ်က ရောက်လာတာလဲ။”

“ အိမ်ရှေ့စံ နဲ့ မင်းသမီး ရောက်လာတာပါ။ နယ်မြေမှူးတွေလည်း ပါတယ်။ စီကျွမ်း။ မိုးကြိုးခြင်္သေံ နဲ့။ ကြီးမြတ်သော ရှမင်းဆက် က လူတွေ လည်း ပါတယ်။”

“ ဘာပြောတယ်။ မင်းသမီးလည်း ဒီကို ရောက်နေတယ်။ ကြီးမြတ်သော ရှမင်းဆက်ကော ဟုတ်လား။ သူတို့တွေ သဘောတူစာချုပ် လုပ်လိုက်ကြတာလား။” စစ်သူကြီးမု ငြိမ်သက်သွားတယ်။

“ မကြာခင် သူတို့ ရောက်လာတော့မှာပါ။”

“ ဒီကိုလား။ မဖြစ်ဘူး။ သူတို့တွေကို မီးထဲ ဝင်တိုးစေလို့ မဖြစ်ဘူး။” စစ်သူကြီး မု ပြောနေတဲ့ အချိန်။ သူ့ ရင်ဘတ်က နာကျင်မှုကို ခံစားလိုက်ရတယ်။ မြားတစ်ချောင်း သူ့ရင်ဘတ် ထဲကို စိုက်ဝင် နေခဲ့ပြီ။

“ စစ်သူကြီး။ စစ်သူကြီး။”

“ စစ်သူကြီး ထိသွားပြီ။

“စစ်သူကြီးကို ကာကွယ်ကြ။”

တောင်ပိုင်းဒေသ စစ်သည်တော်တွေ က ။ သူတို့ရဲ့ ဒဏ်ရာရသွားတဲ့ စစ်သူကြီးကို ခပ်မြန်မြန် ပဲ ဝန်းရံလာကြတယ်။

“ ငါ့ကို အာရုံ မစိုက် နဲ့။ မြို့ကို ကာကွယ်ကြ။ မြို့ကို ကာကွယ်ကြ။” စစ်သူကြီးမု မြားကို ထက်ပိုင်းချိုးရင်း ပြောတယ်။ သူ့ရဲ့ စစ်သည်တော်တွေကို ကန်ထုတ်ပြစ်နေတယ်။

“ မြို့ကို ဆက်ပြီး ခုခံထားဖို့ ငါ အမိန့်ပေးတယ်။” အဝေးကနေ အသံ တစ်သံ ထွက်လာခဲ့တယ်။ သားရေဝတ်ရုံ နဲ့ အမျိုးသမီး လူအုပ်ရှေ့မှာ ပေါ်လာခဲ့တယ်။

“မင်းသမီး။”

“ မင်းသမီးပဲ။ ”

“ မင်းသမီး နဲ့ အိမ်ရှေ့စံ ဒီကို ရောက်နေပြီ။”

“ အရှင်တို့ကို ဂါရ၀ ပြုပါတယ်”

တောင်ပိုင်းဒေသ စစ်သည်တော် နဲ့ ခေါင်းဆောင်တွေ စိတ်လှုပ်ရှားကုန်ကြတယ်။ ဒီ တော်ဝင် မျိုးနွယ် နှစ်ယောက် ရဲ့ ရောက်ရှိလာမှုက သူတို့ကို စိတ်အား တက်ကြွစေတယ်။ နောက်ဆုံးတော့ မှောင်မည်းနေတဲ့ လှိုဏ်ခေါင်းထဲမှာ အလင်းရောင်ေ တွ့ပြီ။ ဒါပေမယ့် စစ်သူကြီးမုကတော့ နာကျင် နေ တုန်းပဲ။ အခုချိန်မှာ ကြုံတွေ့ နေရတဲ့ အခြေအနေကို သူသိတယ်။ ရှန်းယွီ မင်းသမီး နဲ့ အိမ်ရှေ့စံကို အတူတူ တွပြီးတွေ့ရတာ ကောင်းတဲ့ အခုချိန်မှာ ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး။

“ စစ်သူကြီးမုကို ကူသဖို့ ကူညီလိုက်ကြ။” ရှန်းယွီမင်းသမီးက အားလုံးကို လျစ်လျူရှုထားတယ်။ စစ်သူကြီးမုဆီကို သာ လျှောက်လာခဲ့တယ်။

“ မင်းသမီး။ ကျွန်တော် တိုက်ခိုက် နိုင်ပါသေးတယ်။”

“ အပိုတွေ ပြောမနေနဲ့။ သွားတော့။ ”

“ အမိန့်တော် အတိုင်းပါ။ အရှင်မင်းသမီး ကျေးဇူးကြီးမားလှပါတယ်။ ”

…

နံရံ ကြီးရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ ။ မဟူရာလို တောက်တောက်ပပ မျက်လုံးတစ်စုံကို ယွင်ချင်းဝူ ကြည့်နေခဲ့တယ်။ ဒီ မျက်လုံးတွေထဲက ဒေါသကိုသူမြင်တယ်။ ဒါပေမယ့် သူမ အပေါ်ကို သက်ရောက်မှု မရှိခဲ့ဘူး။ သူမရဲ့ လုပ်ရပ် အတွက် နည်းနည်းလေးတောင် အပြစ်ရှိသလို မခံစားရဘူး။ ရှန်းယွီ မင်းသမီးလည်း ယွင်ချင်းဝူကို ကြည့်နေခဲ့တယ်။ ဒါပေမယ့် သူမရဲ့ မျက်လုံးတွေက ယွင်ချင်းဝူရဲ့ ခေါင်းပေါ်မှာရှိတဲ့။ အပြာရောင် အလင်းတန်းကို စူးစိုက်ကြည့်နေတာ။

“ ပြန်လည် မွေးဖွားမှု ကောင်းကင်တာအိုလား” ရှန်းယျွီ မင်းသမီး မျက်မှောင်ကြုတ်သွားတယ်။ စစ်သူကြီးမု ကို ဘာတွေ ဖြစ်နေတာလဲလို့ သူ မေးလိုက်ချင်တယ်။ ဒါပေမယ့် တည်ငြိမ်နေတဲ့ ယွင်ချင်းဝူကို မြင်လိုက်တော့ ။ ဘယ်လို ရန်သူမျိုးကို စစ်သူကြီးမု ရင်ဆိုင်နေရလဲ ဆိုတာ နားလည်သွားခဲ့ပြီ။

“ အိမ်ရှေ့စံ။ မင်းသမီး။ ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ။” လူကြီးတစ်ယောက်က သူတို့ ဘေးနားကို လျှောက်လာရင်း မေးလိုက်တယ်။

“ သုခမိန်တစ်ဝက် ဟုတ်လား။” ရှန်လင်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ သူ့မျက်လုံးတွေက အေးစက်စက် အငွေ့အသက်တွေနဲက တလက်လက် တောက်ပနေခဲ့တယ်။ “ ဒီကောင် ဘာတွေ လုပ်နိုင်လဲ ငါ မြင်ချင်တယ်။”

“ ဒါမျိုး မလုပ်ဖို့ ငါ အကြံပေးချင်တယ်။” ရှန်လင်းက စိန်ခေါ်ဖို့ ပြင်နေတဲ့ အချိန်။ အဖြူရောင် ပုံရိပ်တစ်ခုက သူ့ဘေးနားမှာ ပေါ်လာခဲ့တယ်။ နန်ကုန်းဟောင် ရဲ့ ကျောင်းတော်သား ဝတ်ရုံဖြူက လေထဲမှာ တလွင့်လွင့် တောက်ပနေခဲ့တယ်။ သူ့နောက် ကျောက ဓားကတော့ တလက်လက် တောက်ပနေခဲ့တယ်။

“မင်းပြောတာက…” ရှန်လင်းလည်း နန်ကုန်းဟောင်ကို ပြောချင်တယ်။ ဒါပေမယ့် သူ့ စကားတွေကို သူ ပြန်မျိုချထားခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့….။ ယုံကြည်ချက် ပြည့်၀ တဲ့ လှိုင်းတစ်ခုကို သူခံစားနေရတာ ကြောင့်ပဲ။ ပြိုင်ဘက်ကင်းတဲ့ ယုံကြည်ချက် တစ်ခု။ ဒီလို အခြေအနေမျိုးမှာ အိမ်ရှေ့စံ ဖြစ်တဲ့ သူတောင် ဒီလောက် ယုံကြည်ချက် မရှိဘူး။ ဒါပေမယ့် နန်ကုန်းဟောင်ကတော့ မတူညီ ။ ဒီအချိန်မှာပဲ ခရမ်းရွှေရောင် ဝတ်ထားတဲ့ ရှင်းယွမ်ကောင်း လျှောက်လာခဲ့တယ်။ ရှင်းချင်းစွေ့လည်း သူ့ ဘေးမှာ ရှိနေခဲ့တယ်။

“ ပြန်လည်မွေးဖွားမှု ကောင်းကင် တာအိုလား။” ရှင်းယွမ်ကောင်းရဲ့ အကြည့်က အေးခဲ သွားခဲ့တယ်။

“ အရှင်စစ်သူကြီး။ ဘယ်လိုထင်လဲ။” နန်ကုန်းဟောင်က တလေးတစား နဲ့မေးတယ်။

“ ဟ ဟား…. ငါတို့ တော့ အကြံတူနေပြီ ထင်တယ်။” ရှင်းယွမ်ကောင်း ပြုံးလိုက်တယ်။ နန်ကုန်းဟောင် ရဲ့ မျက်လုံးက အကြည့်ကို သူ မြင်တယ်။ သူလည်း ယုံကြည်ချက် အပြည့်နဲ့ပဲ။ နတ်ဆိုးတွေ က သူ့မျက်စိထဲမှာ အားနည်းနေသလို။ သုခမိန် တစ်ဝက်ဆိုတာ ဒီလူတွေ ထဲမှာတောင် မရှိသလိုပဲ။ ဒီ အငွေ့အသက်က သူတို့ကို လွှမ်းခြုံသွားတယ်။ ဒါကို ရှန်လင်း နဲ့ ရှန်းယွီမင်းသမီးလည်း နားမလည်နိုင်ဘူး။

နန်ကုန်းဟောင်နဲ့ ရှင်းယွမ်ကောင်း ဘာတွေများ ယုံကြည်ချက် ဒီလောက်ထိ ရှိနေကြတာလဲ။

သူတို့တို့တင် မက ဘူး တောင်ပိုင်း ဒေသ စစ်သည်တော်တွေ လည်း အံ့အားသင့်နေတယ်။

“ ဒီလို ဖြစ်ရင်။ ငါ ကျွန်တော် လှုပ်ရှားတော့မယ်။” နန်ကုန်းဟောင်က ရှင်းယွမ်ကောင်းကို ဦးညွှတ်လိုက်တယ်။ အဲ့ဒီေ့နောက် နံရံပေါ်ကနေ သူ ခုန်ချသွားတယ်။

…

ရှန်လင်းကို ထိတ်လန့်စေတဲ့ အရာ တစ်ခုခု ကို ရှိမယ်ဆိုရင်။ နန်ကုန်းဟောင်ရဲ့ လှုပ်ရှားမှုလို့ ဖြေရ လိမ့်မယ်။ ရှင်းယွမ်ကောင်း နဲ့ နန်ကုန်းဟောင်တို့ နံရံပေါ်ကို တက်လာချိန်တုန်းက ဖြစ်နိုင်ချေတွေကို သူ တွေးခဲ့တယ်။ ခုခံဖို့ အတွက် နည်းဗျူဟာ တစ်ခုခု ရှိမယ်ပေါ့။ ရှန်လင်း သူ့ကိုယ်သူ စိတ်ထဲ ပြောမိခဲ့တယ်။ ရှင်းယွမ်ကောင်း တောင်းဆို သမျှကို အကုန် လိုက်လျောပေးမယ်လို့။ ဒါပေမယ့် ရှင်းယွမ်ကောင်း နဲ့ နန်ကုန်းဟောင်က သူတို့ အချင်းချင်းပဲ စကားပြောကြတယ်။ အဲ့ဒီ့နောက် စကား ဆုံးဆုံးချင်း။ နန်ကုန်းဟောင်က တိုက်ပွဲထဲကို ခုန်ချသွားတယ်။ နန်ကုန်းဟောင် ရဲ့ အတွေး နဲ့ အပြုအမူကို ရှန်လင်း နားမလည်နိုင်။ တိုက်ပွဲကြီးမှာ နံရံကနေ ခုန်ချသွားတယ်။ ဘာတွေ ဖြစ်နေတာလဲ။ အောက်ဘက်က ပင်လယ်လို မည်းနက်နေတဲ့ နတ်ဆိုး စစ်သည်တော် တစ်သိန်း ကို သူ မမြင်ဘူးလား။

အပိုင်း(၄၃၁)ပြီး၏။

အပိုင်း (၄၃၂)

“ သုခမိန် တစ်ဝက်”

ရှန်လင်းက နန်ကုန်းဟောင်ကို မေးလိုက်ချင်တယ်။ မင်း ဘာတွေ လုပ်နေတာလဲ လို့။ ဒါပေမယ့် သူ့မှာ မေးဖို့ အခွင့်အရေး မရခဲ့ဘူး။ နန်ကုန်းဟောင်က ခုန်လွှားသွားပြီ။ စကားလေး တစ်ခွန်းတောင် မပြောခဲ့ဘူး။ နန်ကုန်းဟောင် တင် မက ။ သူ့ဘေးမှာ ရှိနေတဲ့ တခြားသော လူတွေလည်း ခုန်လွှားသွားခဲ့တယ်။ သူတို့လည်း တစ်ခွန်းမှ မပြောကြဘူး။

“ရှင်းယွမ်ကောင်းလား။” ရှန်လင်း အံ့အားသင့်သွားတယ်။ ရှင်းယွမ်ကောင်းလည်း ဒီလို လုပ်မယ်လို့ သူ မထင်ထားမိဘူး။ အဲ့ဒီ့နောက် ရှန်လင်း မလှုပ်ရှားနိုင် ဖြစ်သွားခဲ့တယ်။ နန်ကုန်းဟောင်နဲ့ ရှင်းယွမ်ကောင်း တို့ တိုက်ပွဲ မြေပြင် ထဲ ခုန်ချ သွားပြီးနောက်။ ရှင်ချင်းစွေ့ နဲ့ နဂါး တပ်ဖွဲ့ကလည်း လိုက်သွားခဲ့တယ်။ သူတို့ရဲ့ မျက်လုံး တွေက စိတ်ဆုံးဖြတ်ချက်တွေ နဲ့ ပြည့်နေခဲ့တယ်။ ရှန်လင်း သူမျက်လုံး သူ မယုံနိုင်ဘူး။

“ အရှင့်သား။ တံခါးကို ဖွင့်ပေးပါ။တောင်ဖြို တပ်ဖွဲ့ က တိုက်ခိုက်ဖို့ ပြင်ဆင်ထားပြီးပြီ”

“ကျွန်တော်တို့ကို ခွင့်ပြုပေးပါ။”

“ဂိတ်တံခါးကို ဖွင့်ပေးပါ။”

သူတို့ရဲ့ အသံတွေက ရှန်လင်းရဲ့ နားထဲမှာ ပဲ့တင့်သံတွေ ထွက်ပေါ်လာတယ်။ ရှန်းယွီ မင်းသမီး နဲ့ တောင်ပိုင်းဒေသ စစ်သည်တော်တွေ သူတို့ နားကိုတောင် မယုံနိုင်ကြဘူး။ ရှန်းလင်း လည်း ကျောက်ရုပ်တစ်ရုပ်လို ကျက်သေသေနေခဲ့တယ်။ အကယ်၍ အရင်အချိန်မှာ သာ။ ဂိတ်တံခါး ဖွင့်ပေးဖို့ သူ့ကို တောင်းဆို လာခဲ့ရင်။ နေရာမှာတင် ကွပ်မျက် ပြစ်မှာပဲ။ ဒါပေမယ့် အခုတော့ သူ မလုပ်နိုင်ဘူး။ ဓားကို မကိုင်နိုင်ရုံတင် မကဘူး။ သူတို့ စကားကို နားထောင်ပြီးတော့ ဂိတ်တံခါးကို ဖွင့်ပေးရမယ့် အခြေအနေ ဖြစ်နေခဲ့တယ်။ ပြောရမယ်ဆိုရင်။ ဒါက တောင်းဆိုနေတာ မဟုတ်ဘူး။ အမိန့်ပေးနေတာ။ ကြီးမြတ်သော ရှ မင်းဆက်က အမိန့်တော်။ သူတို့ ငြင်းဆန်နိုင်ဖို့ မစွမ်းနိုင်တဲ့ အမိန့်တော် ။

ရှန်လင်း က ရှန်းယွီ မင်းသမီးကို ကြည့်နေခဲ့တယ်။ ရှန်းယွီ ကတော့ သူ့ရဲ့ စစ်သည်တော် တွေကို ကြည့်နေခဲ့တယ်။ အခုချိန်မှာ သူတို့ရဲ့ အမူအယာက အတော်လေးကို ကွာခြားနေခဲ့ပြီ။ ဒီ့မတိုင်ခင် အချိန် တုန်းက။ တောင်ပိုင်းဒေသ စစ်သည်တော် တွေ ရဲ့ အမူအယာက စိတ်ထိခိုက် နာကျင်နေတဲ့ ပုံစံတွေ။ ဒါပေမယ့် အခုတော့။ သူတို့ကိုယ်သ ူတို့ ရှက်ရွံ့ နေကြတယ်။ သူတို့ရဲ့ အရှက်ရတဲ့ ခံစားချက် က သူတို့ကို တက်ကြွစေတယ်။ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ သူတို့ ဘာမဆို လုပ်ကြမှာပဲ။ သူတို့ရဲ့ ဇာတိမြေမှာ ကြီးမြတ်သော ရှမင်းဆက် ရဲ့ စစ်သည်တော်တွေက ရဲရဲဝံ့ဝံ့ တိုက်ခိုက် နေကြတယ်။ သူတို့တွေ က ဒီတိုင်း လက်ပိုက်ပြီး ကြည့်နေလို့ ဖြစ်ပါ့မလား။ ဒါဆိုရင် အရမ်း ရူးမိုက်လွန်းရာ ကျ လိမ့်မယ်။ ဒါပေမယ့် ဒီလို ရူးရူးမိုက်မိုက် လုပ် ဆောင်မှုလေးက။ တောင်ပိုင်း ဒေသ စစ်သည်တော်တွေကို စိတ်သစ် လူသစ် ဖြစ်သွားစေနိုင်တယ်။

“ ကြီးမြတ်သော ရှ မင်းဆက်က လူတွေ တောင် တိုက်ခိုက်ရဲရင်။ ငါတို့က ဘာလို့ ရှက်ရွံ့နေရမှာလဲ။”

“သေစမ်း။”

“ အရှင်မင်းသား။ ကျွန်တော် စီကျွမ်း ။ ဘဝမှာ ဒီလို အရှက်ရတာမျိုး မဖြစ်ခဲ့ဖူးဘူး။ ကျွန်တော် ထပ် မစောင့်နိုင်တော့ဘူး။” စီကျွမ်း စကားသံ ထွက်လာတယ်။ တိုက်ပွဲမြေပြင်ထဲကို ထဲကိုသူခုန်ချ သွားတယ်။

“ ဟ ဟား…. ငါ့ကို စောင့်အုန်း။ ဒီနေ့တော့ နတ်ဆိုးတွေကို အပြုတ်တိုက် ပြစ်မယ်။” မိုးကြိုးခြင်္သေ့ကြီး နောက်ကနေ ခုန်ချသွားတယ်။ ရယ်မောရင်း နဲ့ခုန်ချသွားတာ။ အဓိက နယ်မြေမှူး နှစ်ယောက်က တိုက်ပွဲထဲကို ဝင်သွားကြပြီ။ ရှင်းယွမ်ကောင်း နဲ့ နန်ကုန်းဟောင် တို့ရဲ့ ဦးဆောင်မှု နောက်ကို လိုက်သွားကြပြီ။ တစ်ချက်လေးတောင် မတွေဝေတော့ဘူး။ အိမ်ရှေ့စံ မင်းသား ရဲ့ ခွင့်ပြုချက် ကိုတောင် သူတို့ မစောင့်ဆိုင်းကြ။ သူတို့ ဒီလို လုပ်တာ ရှန်လင်းကို မလေးစားလို့ မဟုတ်ဘူး။ ရှန်လင်း လုံးဝကို သဘောတူမယ်ဆိုတာ သူတို့ သိလို့ လုပ်တာ။ အကယ်၍ ရှန် လင်းသာ သူတို့ ရဲ့ စိတ်ဆုံးဖြတ်ချက်ကို နားမလည်ရင်။ အိမ်ရှေ့စံ နေရာ အတွက် သင့်တော်မှာ မဟုတ်တော့ဘူး ။ ရှန်လင်း ရဲ့ မျက်လုံးတွေကတော့ ပြူးကျယ်နေခဲ့တယ်။ သူ့ မျက်လုံး အိမ် တစ်ခုလုံးကို ရေခဲတွေနဲ့ ဖုံးလွှမ်းသွားတော့တယ်။ တော်နေဒိုး မုန်တိုင်းတစ်ခုလို။

“ ဂိတ်တံခါးကို ဖွင့်လိုက်။”

“အမိန့်တော် အတိုင်းပါ။”

…

သံတောင်ကုန်းဒေသ တိုက်ပွဲက သွေးချောင်းစီး တိုက်ပွဲ တစ်ခု ဖြစ်ခဲ့တယ်။ ရှန်းယွီ မင်းသမီး မျှော်လင့်ထားတာထက်ကို အတော်လေး ဆိုးဝါးလွန်းတယ်။ သူမ ခန့်မှန်းထားပြီးသား ဖြစ်ပေမယ့်။ ဘာကြောင့် ဒီလောက်ထိ မျက်လုံးပြူးနေမိတာလဲ။ စိတ်ဓာတ်စစ်ဆင်ရေး။ စိတ်ဓာတ်ခွန်အားက တိုက်ပွဲမှာ အရေးအကြီးဆုံးပဲ။ စစ်ဖြစ်ရင် စိတ်ဓာတ် ခိုင်မာတဲ့ စစ်တပ်က အနိုင်ရတာပဲ။

ယွင်ချင်းဝူ ဒါကိုကောင်းကောင်းနားလည်တယ်။ သူမက သူ့ခန္ဒာကိုယ်ကို ပြစ်မှတ် အဖြစ်သုံးပြီးတော့ ။ သူမ နောက်ကွယ်က အင်အားကို အသုံးချတယ်။ ဒီလိုလုပ်တာ ရည်ရွယ်ချက်တစ်ခုတည်း အတွက်ပဲ။ နတ်ဆိုး စစ်တပ်ကြီးရဲ့ စိတ်ဓာတ်ခွန်အားကို တက်ကြွစေဖို့ ။ ဘဝမှာ တိုက်ခိုက်ဖူးသမျှ တိုက်ပွဲတွေထဲ။ အကြမ်းတမ်းဆုံး တိုက်ပွဲကို တိုက်ခိုက်ဖို့ လုပ်ဆောင်စေလိုက်တာ။ သူမရဲ့ စစ်တပ်ကို သိစေချင်တယ်။ သူမက သူတို့နဲ့ အတူတူ တိုက်ခိုက်နေတယ်လို့ သိစေချင်တယ်။ ဒါက ရှန်းယွီ မင်းသမီး မြင်ဖူးသမျှထဲ အကောင်းဆုံး စိတ်ဓာတ် စစ်ဆင်ရေးပဲ။ ဒီ ဗျူဟာကြောင့်ပဲ စစ်သူကြီးမု အစပိုင်းမှာ ရှုံးနိမ့်ခဲ့တယ်။ အစကနေ အဆုံးထိ။ ဖိနှိပ်ခံထားရတယ်။ မြို့ကို ခုခံတဲ့ နေရာမှာ အတော့်ကို ဆုံးရှုံးမှု များခဲ့ကြတယ်။ ဒါပေမယ့် အကောင်းဆုံး စစ်ဗျူဟာတွေကိုတောင်ပြန်လည် တိုက်ခိုက် နိုင်တဲ့ နည်းလမ်းရှိတယ်။ ပြောနိုင်တာက။ ဒီ ခုခံမှုကို တွေးဖို့ က လုပ်ဆောင်ဖို့ ထက်တောင် ပို ခက်သေး တယ်။ ရဲစွမ်းသတ္တိ။ ဒါက ယွင်ချင်းဝူရဲ့ နည်းဗျူဟာကို တိုက်ခိုက်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ သူမကို အရေအတွက် အရလည်း အနိုင်မယူနိုင်ဘူး။ စွမ်းရည်အရလည်း မတိုက်ခိုက် နိုင်ဘူး။ ဒါဆိုရင် သူ့ကို ဘယ်လိုများ အနိုင်ယူနိုင်မှာလဲ။ ရဲစွမ်းသတ္တိနဲ့ပဲ အနိုင်ပိုင်းလို့ရမယ်။ ယွင်ချင်းဝူက သူမရဲ့ ရဲစွမ်း သတ္တိကို သုံးပြီးတော့ သူမရဲ့ စစ်တပ်ကြီးကို စိတ်အား မြှင့်တင်ပေးတယ်။ အကယ်၍ တောင်ပိုင်းသားတွေသာ နတ်ဆိုးတွေကို ဆက်ပြီးတိုက်ခိုက်ချင်ရင် သူတို့ထက် ပို သတ္တိရှိရမှာ အမှန်ပဲ။ ပိုပြီး သတ္တိရှိတဲ့ သူက အနိုင်ရမယ်။ သူတို့ အနိုင်ရဖို့ လိုတယ်။

“သေစမ်း။”

သံတောင်ကုန်း ဒေသ ရဲ့ ဂိတ်တံခါး ပွင့်သွားခဲ့တယ်။ တောင်ဖြိုတပ်ဖွဲ့ က ဦးဆောင်ပြီး ထိုးထွက်တယ်။ နတ်ဆိုး စစ်တပ်ကြီးကို ရှေ့ပြေး လှံတစ်ခုလို ထိုးဖောက်တယ်။ မရေမတွက်နိုင်တဲ့ တောင်ပိုင်းဒေသ စစ်သည်တော်တွေသူတို့ရဲ့ လှံတွေကို မြှောက်ရင်း နောက်ကနေ တဟုန်ထိုး လိုက်ပါလာတယ်။ သူတို့ရဲ့ လံှတွေကို နတ်ဆိုး စစ်တပ်ကြီးဆီ ပြစ်လွှတ်လိုက်တယ်။ ဒီ လံှတွေက မြားတွေနဲ့ ရောထွေးပြီး။ ကြောက်မက်ဖွယ် သတ္တုမိုး အဖြစ် အသွင်ပြောင်းသွားတယ်။

“ သတ်ကြ။ေ တာင်ပိုင်းဒေသ ကို ကာကွယ်မယ်။” ရှန်းယွီ မင်းသမီးက တိုက်ပွဲမြေပြင်ထဲကို ခုန်ဝင်သွားတယ်။ ကျားသစ်နက်ကြီး အမဲလိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ သူမရဲ့ အရေပြားက အနီရောင် တိမ်သဏ္ဍာန်တွေ အပြည့်နဲ့ မည်းနက် နေခဲ့ပြီ။ ဓားမြောင်နှစ်ချောင်းကို လက်မှာ ကိုင်ရင်း ။ နတ်ဆိုး စစ်တပ်စီကို ပြေးဝင်တယ်။

“ဝူးးး ဝူးးး ဝူးး”

သူမရဲ့ လက်တွေက ကြိတ်စက်တစ်ခုလို လည်ပတ်နေတယ်။ နတ်ဆိုးတွေကို အပိုင်းပိုင်းဖြတ်ပြစ်ရင်း။ ထွက်ပေါ်လာတဲ့ သွေးတွေက သူမရဲ့ ဆံပင်တွေကို စိုစွတ်စေတယ်။ ယွင်ချင်းဝူရဲ့ အမူအယာ နောက်ဆုံးတော့ ပြောင်းလဲသွားပြီ။ ရှင်းယွမ်ကောင်းနဲ့ နန်ကုန်းဟောင် တို့ တိုက်ပွဲ စစ်မြေပြင်ထဲ ခုန်ဝင်လာတာ မြင်တော့။ တိုက်ပွဲအလှည့်အပြောင်း ဖြစ်တော့မှာကို သူမ သိလိုက်တယ်။ ဒါပေမယ့် ဒီလောက် အလှည့်အပြောင်းက ဒီလောက်ကြီးမား မြန်ဆန်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ သူမ နောက်မှာ အင်အား အပြည့်ရှိတယ်။ မျိုးနွယ်စု ဆယ်ခုရဲ့ ခေါင်းဆောင်တွေနဲ့။ စစ်သည် တစ်သိန်းရှိနေတယ်။ နိုင်ငံတစ်နိုင်ငံကို ဖျက်စီးလို့ရတဲ့ အင်အားကြီး ။ ဒါပေမယ့် တောင်ပိုင်းဒေသ က အားနည်းတဲ့ နိုင်ငံ မဟုတ်ဘူး။ နယ်မြေမှူးတွေအကုန်လုံးက ပြန်လည်မွေးဖွားမှု အဆင့်တွေ။ နောက်ပြီးတော့ ရှင်းယွမ်ကောင်းနဲ့ နန်ကုန်းဟောင်ကိုလည်း လျော့တွက်လို့ မရဘူး။ ရှန်လင်း နဲ့ ရှင်းယွမ်ကောင်း က နတ်ဆိုး မျိုးနွယ်ခေါင်းဆောင် ဆယ်ယောက်ထက် အင်အားကြီးတယ်။ နန်ကုန်းဟောင် ကတော့ ။ ဒီ ခေါင်းဆောင် ဆယ်ယောက်ထဲက ဘယ်သူ့ကို မဆို အလွယ်တကူ အနိုင်တိုက်နိုင်တယ်။

ဒါ့အပြင် နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြို တပ်ဖွဲကလည်း ရှိနေသေးတယ်။ ယွင်ချင်းဝူ သူမ အသာစီး ရနိုင်တယ်ဆိုတာ သိတယ်။ ဒါပေမယ့် အတော့်ကို ခက်ခဲမယ့် အနိုင်ရမှုမျိုး။ ဒါပေမယ့် သူမ အခုချိန်မှာ တပ်ပြန်ဆုပ်လို့ ရနိုင်အုန်းမှာလား။ လုံးဝကို မရနိုင်တော့ဘူး။ ဒီ ကိစ္စ အတွက် အချိန်အကြာကြီး စီစဉ်ထားခဲ့ရတာ။ အနိုင်ရဖို့ မျက်စိရှေ့ရောက်နေခါမှ ။ သူမ အရှုံးမပေးနိုင်တော့ဘူး။ တိုက်ခိုက်ရမယ်။ သေတဲ့ အထိ တိုက်ခိုက်ရမယ်။ ဒါက ယွင်ချင်းဝူရဲ့ ဆုံးဖြတ်ချက်ပဲ။

“ ခေါင်းဆောင်တို့ ။ စိန်ခေါ်တဲ့ သူတွေကို ရင်ဆိုင်မယ်။” သူမရဲ့ လက်တွေကို ဝေ့ယမ်း လှုပ်ရှားလိုက်တယ်။ ဒါက တိုက်ပွဲ အတွင်းမှာ သူမ ပထမဆုံး စကားပြောတာပဲ။

“ နားလည်ပါပြီ။” ဝတ်ရုံနက် နတ်ဆိုးတွေ ရဲ့ တညီတညွှတ်တည်း ပြန်ဖြေသံ ထွက်လာခဲ့တယ်။ သူတို့ရဲ့ စိတ်အင်အားက နောက်မှာ ရှိတဲ့ စစ်သည်တော် အယောက်တစ်သိန်းကို ချက်ခြင်း တက်ကြွစေတယ်။ ဒါက အတော့်ကို ရှုပ်ထွေးတဲ့ တိုက်ပွဲပဲ။ ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူတွေ ဒါဇင်ချီပြီး ပါဝင်နေတယ်။ စွမ်းအားတွေ အလင်းဓားတွေနဲ့ ပြည့်နေတဲ့ စစ်ပွဲကြီး တစ်ခုပဲ။ ဒီတိုက်ပွဲထဲကို ဘယ်လိုသာမာန် စစ်သည်တော် ကမှ မဝင်နိုင်ဘူး။

ယွင်ချင်းဝူကတော့ သွေးချောင်းစီး စစ်မြေပြင်ကို အာရုံစိုက်နေတယ်။ သူမရဲ့ဘေးပတ်လည်မှာ ပျံဝဲနေတဲ့ အလင်းဓားတွေကို ကြည့်တယ်။ ဒါပေမယ့် သူမ မလှုပ်ရှားဘူး။ အလင်းဓားတွေ အပြာရောင် အလင်းတန်း ကို ထိတွေ့ ပျောက်ကွယ်သွားတာကို ခွင့်ပြုထားတယ်။ ပြန်လည်မွေးဖွားမှု ကောင်းကင်တာအို။ ဒီထဲမှာ သူမ ရပ်နေသရွေ့။ တခြားသော ဒေသတစ်ခုမှာ ရှိနေသလို။ သူမဘေးမှာ ဖြစ်ပျက်နေသမျှ အရာအားလုံးက သူမကို သက်ရောက်မှု မရှိနိုင်။ ဆယ့်ငါးမိနစ် ကုန်သွားပြီ။ တစ်နာရီ။ နှစ်နာရီ။ မရေမတွက်နိုင်တဲ့ ကိုယ်ခန္ဒာတွေ မြေပြင်ပေါ်မှာ လဲကျကုန်တယ်။ ရှုံးနိမ့်မှုက အဘက်ဘက်မှာပဲ။ သူတို့ရဲ့ သွေးတွေက မြေပြင်ပေါ်ကို စွန်းထင်းကုန်တယ်။ သွေးအိုင်လေးတွေ အဖြစ်ကို ပြောင်းလဲသွားတယ်။ စစ်သည်တော်တွေ ခြေကုန် လက်ပန်းကျနေပြီ။ ဒါပေမယ့် စစ်ပွဲကတော့ ရပ်တန့်မယ့်ပုံမပေါ်ဘူး။

တိုက်ပွဲက ဆက်ပြီးအရှိန်ကောင်းနေသရွေ့။ သူတို့လည်း အနားယူဖို့ အချိန်မရှိဘူး။ နောက်ဆုံး သွားတစ်ချောင်း လက်သည်းခွံ တစ်ခု ကျန်တဲ့ အထိ ဆက် တိုက်ခိုက်နေရအုန်းမှာပဲ။ ရှန်လင်းကို နယ်မြေမှူးတွေက ကာကွယ် ထားတယ်။ သူ့တစ်ကိုယ်လုံးတွေ ဒဏ်ရာတွေ အပြည့်။ မျက်နှာကလည်း ဖြူဖျော့နေပြီ။ ဒါပေမယ့် တိုက်ပွဲ မြေပြင်က

“ သတင်းပို့ပါတယ်။ အရှင့်သား။ မကောင်း တာ မကောင်းတာ ဖြစ်ပြီ။ နောက်…. အနောက်ဘက် ဂိတ် ကျသွားပြီ။ ” အသံတစ်သံထွက်လာခဲ့တယ်။

“ ဘာဖြစ်တယ်။ အနောက်ဂိတ် ကျသွားပြီ။ ဘယ်လို ဖြစ်နိုင်မှာလဲ။ စစ်သူကြီးတိုင် မရှိတော့လို့လား။” ရှန်လင်း မျက်နှာ ပိုပြီးဖြူဖျော့သွားတယ်။

သုခမိန်တောင်တန်း ဒေသကနေ သူလာတုန်းက။ အနောက်ဂိတ်ကနေ ဝင်လာခဲ့တာ။ ဒါကြောင့် စစ်သူကြီးတိုင် ရှိနေတာကို သူသိတယ်။ သုခမိန်တောင်တန်း ဒေသ က နတ်ဆိုး စစ်သည်တော် ငါးသောင်းက ဒီဂိတ်ကို ချောင်းမြောင်းနေခဲ့တယ်။ ဒါကြောင့် တခြားဂိတ်တွေကို စစ်ကူပေးဖို့တောင် သူ မတောင်းဆိုခဲ့ဘူး။ သူ့မှာ စစ်သည်တော် ငါးထောင်သာ ကျန်ရှိပေမယ့်။ စစ်သည်တော် နှစ်သောင်း ပြည့်အောင် ထပ်ဖြည့်ပြီး။ အနောက်ဂိတ်တံခါးကိုခုခံခိုင်းထားခဲ့တာ။ ရှန်လင်း တကယ့်ကို နားမလည်နိုင်ဘူး။ ပိုပြီး အရေးကြီးတာက။ စစ်သူကြီးတိုင်ကို သူ အထူးအမိန့်ပေးခဲ့တာပဲ။ တခြားဂိတ်တွေ အတွက် တိုက်ခိုက်စရာ မလိုဘူး။ အနောက်ဂိတ်ကို အားကုန်သုံးပြီး တောင့်ခံထားရမယ်။

“ လွန်ခဲ့တဲ့ ဆယ့်ငါးမိနစ်တုန်းက။ အနောက်ဂိတ်ကို နတ်ဆိုး အုပ်စုငယ်တစ်ခု ရောက်လာခဲ့တယ်။ စစ်သူကြီးတိုင်က အရှင့် အမိန့်အတိုင်း ခုခံနေခဲ့တာ။ ဒါကြောင့်…. ဂိတ်တံခါးကို ဖွင့်ပေးဖို့ အမိန့်ပေးခဲ့တယ်။ အဆုံး … အဆုံးမှာတော့….. အုပ်စုငယ်လေး တစ်ခု မဟုတ်ခဲ့ဘူး။ စစ်တပ်ကြီး တစ်ခုလုံး ဖြစ်နေခဲ့တယ်။ ထောင်ချောက်ထဲကို သူ ဝင်သွားခဲ့တယ်” တောင် ပိုင်းဒေသ စစ်သည်တော် အမောတကော ပြေးလာခဲ့တယ်။

“ ဘာ ။ အုပ်စုလေး ဟုတ်လား။ စစ်သည်ငါးသောင်း လာနေပြီလို့ ငါပြောခဲ့သားပဲ။ တိုင်ထင်း ဘယ်မှာလဲ။” ရှန်လင်း ဒေါသထွက်လာတယ်။

“ တိုက်ခိုက်ခံရပြီးတဲ့နောက်။ သူလည်း ပျောက်သွားပါတယ်။ ”

“ပျောက်သွားတယ် ဟုတ်လား။ မြေလှန်ပြီးတော့ ရှာရမယ်။ …. အခုတော့ နှစ်ဖက်လုံးက စစ်သည်တော်တွေကို အနောက်ဘက်က နတ်ဆိုးတွေကို ခုခံဖို့ လွှတ်လိုက်။” ရှန်လင်း အခုချိန်မှာ အပြစ်တင်ဖို့ မကောင်းမှန်းသိတယ်။ ဒါပေမယ့် ဒီအချက်ကိုလည်း သူလက်မခံနိုင်ဘူး။ ဒီ အရှေ့ဂိတ်ကို ခုခံဖို့ အတွက် သူတို့ လည်း အများကြီး စတေးထားရတာ။ ဒါတောင် အနောက်ဂိတ်က ကျသွားခဲ့ပြီ၊။ နှစ်ဖက် ညှပ်ပြီး တိုက်ခိုက်ခံရရင်။ တက်ကြွနေတဲ့ စိတ်ဓာတ် အင်အား ဆုံးရှုံးမှာပဲ။ နှစ်ဖက်လုံးကနေ တိုက်ခိုက်ခံရရင်။ နည်းဗျူဟာကပဲ သူတို့ကို ကယ်တင်နိုင်လိမ့်မယ်။

“ အချိန်တွေ ။ ကုန်တာ နှေးလိုက်တာ။ တောင်ပိုင်းဒေသ တကယ်ပဲ အဆုံးသတ်တော့မှာလား။” ဝင်နေတဲ့ နေလုံးကြီးကို ရှန်လင်းကြည့်နေခဲ့တယ်။ သူ့နှလုံးသား တဖြည်းဖြည်းအေးစက်လာတယ်။

…

ယွင်ချင်းဝူ က ရှန်လင်း အနားမှာ ရှိနေတာ။ သူတို့ပြောနေတဲ့ အားလုံးကို သူကြားတယ် ။

“ကြည့်ရတာ အဆုံးသတ်က နီးလာပြီ။ ဒါတောင် သူ က ဘာလို့ ဒီ ရောက်မလာသေးတာလဲ။” ယွင်ချင်းးဝူ ခပ်တိုးတိုးပြောနေတယ်။ ယွင်ချင်းဝူ နောက်မှာ ဝတ်ရုံနက်တစ်ယောက်ရှိတယ်။ ဒီ နေရာက တစ်ချိန်တုန်းကတော့ နတ်ဆိုး မျိုးနွယ်ခေါင်းဆောင် ဆယ်ယောက် နဲ့ စစ်သည် တစ်သိန်းရှိခဲ့တယ်။ ဒါပေမယ့် အခုတော့ သူတို့ အားလုံး တိုက်ခိုက်နေပြီ။ အခုတော့ အရိပ်တစ်ခုလို ရပ်တန့်နေတဲ့ လူတစ်ယောက်ပဲ ရှိနေတော့တယ်။ ပြင်းထန်တဲ့ တိုက်ပွဲ က နှစ်နာရီတိုင်တိုင် ကြာမြင့်ခဲ့ပြီ။ အော်ဟစ်သံတွေက ကောင်းကင်မှာ ပြည့်နေခဲ့တယ်။ ဒါပေမယ့် ဘယ်အလင်းဓားမှာ သူ့ စီကို ပျံမလာခဲ့ဘူး။ လူတိုင်းက သူ့ကိုရှောင်ကွင်းထားကြတယ်။ ၇ှင်းယွမ်ကောင်းတောင် ခပ်ဝေးဝေးမှာပဲ နေတာ။

ဒီ ဝတ်ရုံနက်ရဲ့ စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ ဆိုတာ လူတိုင်းသိတယ်။ ဒါပေါ့။ သူ အခုချိန်မှာ ဘာလို့ ရှိနေတာလဲ ဘယ်သူမှ မသိကြ။ ယွင်ချင်းဝူကို ကာကွယ်ဖို့လား။ မဟုတ်ဘူး။ ရည်ရွယ်ချက်က တစ်ခုပဲ ရှိတယ်။ ခြိမ်းခြောက်မှုအင်အားကို ပြသဖို့လည်း မဟုတ်ခဲ့။ နတ်ဆိုးစစ်သည်တစ်သိန်းက ဘယ်နိုင်ငံကို မဆို ခြိမ်းခြောက်ဖို့ လုံလောက်တယ်။

“ နေဝင်တော့မယ်။ …..”

အပိုင်း(၄၃၂)ပြီး၏။

အပိုင်း ( ၄၃၃)

“ အခက်အခဲတွေကို တားဆီးပေးဖို့ ဖန်ကျန်းရှီ လာပြီ။”

အရေးအကြောင်းတွေနဲ့ ပြည့်နေတဲ့ မျက်နှာတစ်ခု .။ ဝတ်ရုံနက် ခေါင်းစွပ်အောက်ကနေ ပေါ်လာခဲ့တယ်။ သူက ခေါင်းမော့ရင်း ကောင်းကင်ကို ကြည့်နေခဲ့တယ်။ ကောင်းကင်က အနီရောင် ပြောင်းနေပြီ။ အတော့်လေးကို တောက်ပနေခဲ့တယ်။ နေဝင်ချိန် ရောက်ပြီ။ ပြောရမယ်ဆိုရင် နေ့တစ်နေ့ရဲ့ အလှဆုံး အချိန်ပဲ။ နေဝင်ဆည်းဆာချိန်က လူ တစ်ယောက်ရဲ့ ဘ၀ နောက်ဆုံး အချိန်ကိုလည်း ကိုယ်စား ပြုတယ်။ အမှောင်ထု လိုက်ကာကြီး မကျလာခင် အချိန်လေးတစ်ခု။ ချန့်ယန်။ ဒီ ထူးဆန်းတဲ့ လူရဲ့ နာမည်မှာ မကောင်းတဲ့ ဂယက် အနက်တွေလည်း ရှိတယ်။ သေဆုံးမှု။ ထိခိုက်နာကျင်မှု။ မပြီးပြတ်တဲ့ ဆန္ဒ။ ရက်စက်ကြမ်းတမ်းမှု။ ဆိုးယုတ်ခြင်း။ အဓိပ္မာယ်တွေ အားလုံးကတော့ စိတ်မသက်မသာ ဖြစ်ချင်စရာတွေပဲ။ ချန့် ဆိုတာ သူ့ရဲ့ မျိုးရိုးနာမည် မဟုတ်ဘူး။ သူ့နာမည်က ချန့်ယန် ။ မွေးတည်းက သူ့ကို ပေးထားတဲ့ နာမည်ပဲ။ ချန့်ယန်က သူ့ရဲ့ မျိုးရိုး နာမည်ကို ပြောခဲတယ်။ ဒါကြောင့် သိတဲ့သူလည်း နည်းတယ်။ ဒါပေါ့။ သူ့နာမည်က ဘာကြောင့် ချန့်ယန်း ဖြစ်နေတာလဲ။ စိတ်ဝင်တစားမေးတဲ့လူမရှိခဲ့ဘူး ။ အဖြေက သိသာလွန်းတယ်လေ။

နေမင်းကြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတယ်။ အဲ့ဒီ့နောက် ကောင်းကင်ကြီးက တဖြည်းဖြည်းချင်း မှောင်မည်းလာတယ်။ အနီရောင် အလင်းတန်းက ချန့်ယန်ရဲ့ မျက်နှာပေါ်ကို ကျရောက်နေတယ်။ သူ့မျက်နှာက နေရောင်ခြည်ကြောင့် တောက်ပနေတယ်။ သူ့မျက်လုံးတွေကတော့ မတောက်ပဘူး။ သူ့နာမည်အတိုင်း (မျှော်လင့်ချက်နဲ့ အလင်းရောင်ကင်းမဲ့မှု)ကို ကိုယ်စားပြုနေခဲ့တယ်။ ချန့်ယန် မွေးဖွားလာတည်းက အလင်းရောင်ကို မမြင်ဖူးခဲ့ဘူး။

တခြားသော နတ်ဆိုးတွေလို စွမ်းရည် မရှိတာကြောင့် ပြစ်ပယ်တာခံခဲ့ရတယ်။ စွန့်ပယ်ခံတခြားသော နတ်ဆိုးတွေနဲ့ ချန့်ယန်း မတူညီဘူး။ မတရားတဲ့လောကကြီးကို ချန့်ယန်း အပြစ်မတင်ခဲ့ဘူး။ လက်စားချေဖို့ လုပ်ရအောင်လည်း သူမှ မမြင်နိုင်ပဲ။ အားလုံးကို သူလက်ခံခဲ့တယ်။ စွန့်ပယ်ခံရပြီးနောက်ပိုင်း ကိုယ့်အားကိုယ်ကိုးဖို့ သင်ယူခဲ့ ရတယ်။ လှောင်ရယ်မှုတွေကို လျစ်လျူရှုနိုင်ဖို့ ကျင့်သားရခဲ့တယ်။ ရိုးရှင်းတဲ့ ဘဝတစ်ခုကို သူတည်ဆောက်ခဲ့တယ်။

တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားတယ်။ တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်တယ်။ လူတိုင်းက ချန့်ယန်း ရဲ့ မျိုးရိုးနာမည်ကိုတောင် မေ့လျော့ကုန်ကြပြီ။ ချန့်ယန်းရဲ့ နာမည်ကို သိတဲ့ သူတွေလည်း သေဆုံး ကုန်ကြပြီ။ သူတို့တွေက ချန့်ယန်းလက်ထဲမှာ သေဆုံးတာ မဟုတ်ဘူး။ သဘာ၀ တရား အရ သေဆုံးတာ။ ချန့်ယန်း ရဲ့ အသက်ကို ဘယ်သူမှ မသိကြဘူး။ ဒါပေမယ့် သေချာတာ တစ်ခု ကတော့ နတ်ဆိုးတွေရဲ့ သမိုင်းတစ်ခုစာလောက်ကို သူ က အိုမင်းနေခဲ့ပြီ။ သစ်ပင်အိုကြီး တစ်ပင်လိုပဲ။ နတ်ဆိုးတွေမှာ တောက်ပလွန်းတဲ့ နေ့ရက်တွေ ရှိခဲ့တဲ့ အချိန်တည်းက သူရှင်သန်ခဲ့တာ။ ဆိုးဝါးတဲ့ လောကဓံကို ကြံ့ကြံ့ခံခဲ့ရတယ်။

ဒီအချိန် တစ်လျှောက်လုံးမှာ။ စစ်တပ်ထဲလည်း မဝင်ခဲ့သလို။ နတ်ဆိုး မျိုးနွယ် တိုးတက်ရေး အတွက် လည်း မလုပ်ခဲ့ဘူး။ နေထွက်လာတာကို ကြည့်ဖို့ စောစောထတယ်။ မအိပ်ခင်မှာ ကြယ်တွေကို ကြည့်တယ်။ ဒီဘဝက အတော်လေး ပျင်းစရာ ကောင်းတယ်လို့ ထင်ကောင်း ထင်နိုင်တယ်။ ဒါပေမယ့် ချန့်ယန်း အတွက်တော့ ဒီ လုပ်ရိုးလုပ်စဉ်ကို ပြောင်းလဲ ဖို့ စိတ်ကူးမရှိခဲ့ဘူး။ ပြောရမယ်ဆိုရင်။ ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဘဝတစ်ခုလို့ သူ ယုံကြည်ထားတယ်။

ဒါတွေ အားလုံးက တစ်နေ့မှာ ပြောင်းလဲသွားခဲ့တယ်။ အဲ့ဒီ့နေ့က အသက်ငါးနှစ်အရွယ် ကလေးမလေး တစ်ယောက် သူ့ရှေ့မှာ ပေါ်လာခဲ့တယ်။ ဒီမိန်းကလေးက သူ့ကို ပြောခဲ့တယ်။ သူမက နတ်ဆိုးအရှင်သခင်ရဲ့ သမီး။ ဒါပေမယ့် ဒီနယ်မြေကို စေလွှတ်ခံရတယ်။ သူမရဲ့ ဘ၀ အကြောင်းကို ကြားတော့ ချန့်ယန်ပြုံးမိသေးတယ်။ ကလေးမလေးက တခြား ကိစ္စတော့ မမေးဘူး။ သူမ မထွက်ခွာခင်။ စာအုပ်အထပ်လိုက်ကြီးကို သူ့ဆီပေးခဲ့တယ်။ စာအုပ်က ၁၀၀ ကျော်။ တစ်ခုချင်းစီမှာ နတ်ဆိုး မျိုးနွယ်တွေရဲ့ စွမ်းအားမြင့် တိုက်ခိုက်နည်းတွေ ပါဝင်တယ်။ ဒီကလေးမလေး သူ့ကို ပြောခဲ့တာ မှတ်မိ နေတုန်းပဲ။

“ ဦးဦး။ ဒါတွေ အကုန်လုံးက ဦးဦးဖတ်ဖို့။”

ဖတ်ရမယ်ဟုတ်လား။ မြင်တောင် မမြင်ရပဲ ဘာကို ဖတ်ရမှာလဲ။ ချန့်ယန်း သူမကို ပြန် မဖြေခဲ့ သလို။ ဒီမျက်မမြင်ကြီးကို ဘာလို့ စာအုပ်တွေ ပေးထားလဲ ။ မမေးဖြစ်ခဲ့။ စာအုပ်တွေ ကို ထောင့်ကပ်ထားခဲ့တယ်။ တစ်နှစ်ကြာပြီးနောက်။ ကလေးမလေးရဲ့ နာမည်ကို တစ်ကြိမ် ပြန် ကြားရပြန်တယ်။ အဲ့ဒီ့နှစ်မှာ။ နတ်ဆိုး စစ်သည်တော် တစ်ထောင်ကျော်က သူမ နောက်ကို လိုက်ပါ ခဲ့တယ်။ သူမက ရွာကြီးတစ်ရွာကို တည်ဆောက်ခဲ့ပြီး ။ စနစ်ကျတဲ့ လူမှုအဖွဲ့အစည်းကို တည်ထောင်ခဲ့တယ်။ ဒါကိုကြားတော့ ချန့်ယန်း ပြုံးမိတယ်။

သူ့အခန်းကို ပြန်ပြီးတော့ အခန်းထောင့်က စာအုပ်တွကို ကိုင်လိုက်တယ်။ ကလေးမလေး မပြန်ခင် ပြောခဲ့တာကို သူ ပြန်ကြားယောင်နေတယ်။

“ဦးဦး။ ဒါတွေအကုန်လုံးက ဦးဦး ဖတ်ဖို့။”

ဖတ်ရမယ်။ မျက်မမြင်တစ်ယောက်က ဘာကို ဘယ်လို ဖတ်ရမှာလဲ။ ချန့်ယန်း သူ့ဘာသူ လှောင်ရယ် ခဲ့တယ်။ နောင်တလည်း မရခဲ့ဘူး။ သူက ဒီလောကကြီးနဲ့ အသားကျနေပြီ။ တခြားသူတွေ မမြင်နိုင် တာကို သူ မြင်နိုင်တယ်။ လောကကြီးက ဘယ်လောက် ရက်စက်လဲ ။ ဘာက နွေးထွေးလဲ ဆိုတာ သူ သိတယ်။

“ ကလေးမလေး။ မင်းက ငယ်ရွယ်ပြီး တုံးအတာပဲ ” ချန့်ယန်း ဘာကြောင့်များ စာအုပ်ကို ဖွင့်ကြည့် မိနေလဲ ဆိုတာ ။ ကိုယ်တိုင်တောင် နားမလည်ခဲ့ဘူး။ သူတကယ့်ကို ဖတ်ချင်နေတာကြောင့်။ ဒါမှမဟုတ်။ တုံးအတဲ့ မိန်းကလေးကို အတည်ပြုချင်တာကြောင့် ။ ဒါပေမယ့် လက်ထဲက စာအုပ်ကို ဖွင့်လိုက်တဲ့ အချိန်မှာ။ သူ့အပြုံးလည်း ပျောက်ကွယ်သွားတယ်။ ထိလိုက်ရုံနဲ့။ စာအုပ်တွေ ရဲ့ ကွာခြားချက်ကို သိနိုင်တယ်။ ထိတွေ့ရုံ နဲ့ ဖတ်လို့ရတဲ့ စာအုပ်တွေ။ စာလုံးတစ်လုံးချင်းစီ။ ရုပ်ပုံတစ်ခုချင်းစီက ထင်ရှားလွန်းတယ်။

ချန့်ယန်း စာအုပ်တွေကို ဆက်ပြီးတော့ ထိတွေ့ နေတယ်။ အထဲမှာ ရေးထားသမျှကို သူ အကုန်လုံး နားလည်တယ်။ အဲ့ဒီ့နောက် ဒုတိယ တစ်အုပ်။ တတိယတစ်အုပ်….။ စာအုပ် တစ်အုပ်ချင်းစီ အကုန်လုံးကို ဖတ်ပြီးတဲ့ နောက်မှပဲ သူရပ်လိုက်တော့တယ်။ အဲ့ဒီ့နောက် ။ ဘယ်နတ်ဆိုး ကမှ မတွေးခဲ့ဖူးတာကို သူလုပ်လိုက်တယ်။ သူ့အိမ်လေးထဲကနေ လမ်းလျှောက်ထွက်လာတယ်။ ကလေးမလေးရဲ့ အိမ်ကို သွားခဲ့တယ်။ ဒီ နေရာမှာ စစ်သည်တော် တစ်ထောင် ရှိခဲ့တယ်။

“ မင်း ငါ့တပည့်ဖြစ်ချင်လား။” ချန့်ယန်းရဲ့ အသံက ကလေးမလေးရဲ့ အိမ်တော် ဝန်းထဲကို ပျံ့သွားခဲ့တယ်။ ချောမွေ့ပြီး နူးညံ့တယ်။ ရေစီးလို နားဝင်ချိုတဲ့ အသံမျိုး။ ဒီစကားက ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ နတ်ဆိုးတွေ ကို လှောင်ရယ်သံ ထွက်လာစေတယ်။ နတ်ဆိုးတွေ အားလုံး သူတို့ ကြားလိုက်ရတာကို မယုံနိုင်ဘူး။ ဒီ ပိန်ပိန်ပါးပါး။ အရည်အချင်း မရှိတဲ့ နတ်ဆိုးက ။ ကလေးမရဲ့ ဆရာ ဖြစ်ချင် တယ်တဲ့လား။

“ ချန့်ယန်း။ မင်း ရှေ့မှာ ဘယ်သူ ရှိနေတာလဲ သိလား။”

“ချန့်ယန်း မင်း ရူးနေတာလား။ ”

“…”

မရေမတွက်နိုင်တဲ့ အသံတွေ သူ့နားမှာ ပဲ့တင့်ထပ်နေတယ်။ ဒါပေမယ့် ချန့်ယန်းကတော့ မိန်းကလေး ရှေ့မှာ ဆက်ရပ်နေခဲ့တယ်။ သူမ ဒူးထောက်ပြီး ဦးညွှတ်မယ့် အချိန် အထိ ဆက်ပြီး စောင့်ကြည့် နေခဲ့တယ်။

“ဆရာ။”

သူမရဲ့ အသံချိုချိုလေးကို ချန့်ယန်း မှတ်မိနေတုန်းပဲ။ သူကြားဖူးသမျှထဲ အချိုမြိန်ဆုံး အသံ။ လေးနှစ်ကြာပြီးနောက်။ သွေးအရိပ်မြို့တော်ကို သူမ ပြန်လာခဲ့တယ်။ မိန်းကလေးရဲ့ နောက်မှာ နတ်ဆိုး တစ်ဦးပါလာခဲ့တယ်။ မျက်စိမမြင်တဲ့ နတ်ဆိုး ။ နာမည်က ချန့်ယန်။ နတ်ဆိုးတွေနဲ့ လူသားတွေရဲ့ စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားအောင် လုပ်ဆောင်နိုင်တဲ့ နာမည်တစ်ခု။ သူ့မှာ မျိုးရိုးအမည် မရှိဘူးး။ ချန့်ယန် ဆိုတဲ့ နာမည်ပဲ ရှိတယ်။

“ နေဝင်နေပြီလား။” ချန့်ယန် ခေါင်းမော့ရင်း အနီရောင်ကောင်းကင်ကြီးကို ကြည့်တယ်။ မျက်စိမမြင်တဲ့ ချန့်ယန်း တစ်ယောက် ဘာကြောင့် နေဝင်ဆည်းဆာကို မော့ကြည့်လဲ လူတိုင်းနားမလည်ခဲ့ဘူး။ ဒါပေမယ့် ပြန်လည်မွေးဖွားမှု ကောင်းကင်တာအိုကို အသုံးပြုနိုင်တဲ့သူလည်း နည်းပါးတယ်။ အကယ်၍ အဲ့ဒီလူကသာ ဖန်ကျန်းရှီၤ ဖြစ်ခဲ့မယ်ဆိုရင်…… ကိစ္စတွေ ပြောင်းလဲသွားနိုင်မလား။

…

စစ်မြေပြင် အပေါ်မှာ ဝေ့၀ဲနေတဲ့ အရိပ်တစ်ခုရှိတယ်။ သေးငယ်တဲ့ အရိပ် ဖြစ်တဲ့ အတွက်။ အရှိန်ပြင်းထန်တဲ့ တိုက်ပွဲကနေ လွတ်ကင်းနေတယ်။ လူရိပ်က တိမ်တွေထဲကို ပျံထွက်သွားတယ်။ ဒီ လှုပ်ရှားမှု လူအတော်များများ ရဲ့ အာရုံကို ဖမ်းစားလိုက်တယ်။ တကယ်တမ်းတော့ ဒီအမျိုးသမီးက အပြာရောင် အကျီလက်ရှည်နဲ့ လူငယ်ဖြစ်နေခဲ့တယ်။ ဘယ်လို ပျံသန်းရမလဲ ဖန်ကျန်းရှီ သိလို့လား။ သူလည်း ပျံတတ်ချင်ပါတယ်။ ဒါပေမယ့် သူ့ စွမ်းရည်မှာ အကန့်အသတ်ရှိတယ်။ ဒါကြောင့် သူလုပ်နိုင်တာက ကောင်းကင်ရောင်ပြန်အဆင့်ပျံနိုင်တဲ့ သားရဲကောင် တစ်ကောင်ကို ဖမ်းပြီး စီးလာရုံပဲ။

ဖန်ကျန်းရှီကတော့ စိတ်ရှုပ်နေတယ်။ မျက်မမြင်နတ်ဆိုးကြီး နေဝင်ဆည်းဆာကို ကြည့်နေတဲ့ အကြောင်း သူတွေးနေတာ။ မြင်လည်းမမြင်ရဘဲနဲ့။ ဒါပေါ့။ ဒီ့ထက်ပိုပြီး အရေးကြီးတဲ့ ဖြေစရာ မေးခွန်းတွေရှိနေတယ်။ (ယွင်ချင်းဝူ ရူးနေတာလား။) ဒီအချိန်တစ်လျှောက်လုံးမှာ။ ယွင်ချင်းဝူရဲ့ ဉာဏ်ပညာကို သူ လေးစားချီးမွမ်းနေခဲ့တာ။ ရပ်တည်တဲ့ ဘက်ချင်း မတူတာကလွဲပြီးတော့။ အေးခဲ မျောက်မင်းဒေသ နဲ့ အခုလက်ရှိအခြေအနေကို ထိန်းချုပ်နေပုံအရ။ သူမ ရဲ့ ဉာဏ်စွမ်းကို သိနိုင်တယ်။ ဖန်ကျန်းရှီ အမြဲတမ်း တွေးထားခဲ့တာ။ ယွင်ချင်းဝူက သူ့လောက် မထက်မြက်ဘူးလို့။ အခုတော့ သူ အတော်လေး စိတ်ပျက်သွားတယ်။ လူအများစုက သူတို့ရဲ့ အမှားတွေကနေ သင်ယူကြတယ်။ ယွင်ချင်းဝူလည်း အမှားနှစ်ခု မလုပ်သင့်ဘူးလေ။

အထက်မြက်ဆုံး လူတွေဆိုတာ။ သူတို့ရဲ့ ကျရှုံးမှုတွေကနေ သင်ယူတာလို့ ဖန်ကျန်းရှီ မှတ်ယူ ထားတယ်။ အကယ်၍ လူတစ်ယောက်သာ တူညီတဲ့ အမှားကို ထပ်ခါ ထပ်ခါ လုပ်နေမယ်ဆိုရင်။ ဒီလူက မိုက်မဲတာ ဖြစ်သွားပြီ။ ယွင်ချင်းဝူကို နောက်တစ်ကြိမ် ဖမ်းနိုင်ခဲ့ရင် ဘာတွေ ဖြစ်လာမလဲ လို့ ဖန်ကျန်းရှီ တွေးနေခဲ့တယ်။ ဥပမာ အားဖြင့်။ နတ်ဆိုးတွေ အောင်ပွဲခံနေတဲ့ အချိန်မှာ ။ လူအုပ်ထဲ ထိုးဆင်းပြီး ယွင်ချင်းဝူကို သုတ်မယ်။ ( မင်းတို့သူ့ကို အသက်ရှင်လျက် မြင်ချင်သေးရင်။ သွေးအရိပ် မြို့တော်ကို လိမ်လိမ်မာမာ ပြန်ကြ”လို့ အော်မယ်။) ဒါက အင်အားပြတာ သက်သက်ပဲ။

တောင်ကြားထဲက တိုက်ပွဲကို ဖန်ကျန်းရှီ တွေးမိနေတယ်။ တိုက်ပွဲထဲမှာ သူ သတိလစ်သွားတာ စိတ်မကောင်း စရာပဲ။ ပြောနိုင်တာက။ ဒီ တိုက်ပွဲမှာ သတင်းအချက်အလက် မစုံလင်လို့ ရှုံးရတာ။ ပြောရမယ်ဆိုရင်။ သူ့ကို ဓားနဲ့ ထိုးတာလည်း ယွင်ချင်းဝူပဲ။ တောင်ကုန်းပေါ်ကနေ ကန်ချတာလည်း ယွင်ချင်းဝူပဲ။ နာကျင်စရာကောင်းလိုက်တဲ့ အတွေ့အကြုံ။ ဒီကိစ္စကြောင့် သနားညှာတာမှု ပြတာ က ခက်ခဲမှန်း ဖန်ကျန်းရှီ နားလည်သွားတယ်။ အကယ်၍ ယွင်ချင်းဝူသာ ဒါမျိုး ခနခန လုပ်နေရင်။ ဖန်ကျန်းရှီ သူ့ကို အလွတ်ပေးတော့မှာ မဟုတ်ဘူး။ သင်ခန်းစာကောင်းကောင်းပေးမိတော့မယ်။ ဒါပေမယ့် တစ်ချို့သော ကိစ္စတွေက ဖြစ်မလာနိုင်ဘူးလေ။ ဥပမာ အားဖြင့်။ ယွင်ချင်းဝူလို ထက်မြက်တဲ့ သူက နောက်တစ်ကြိမ် အမှားလုပ်မှာ မဟုတ်ဘူး။ သူမကို ဒုတိယ အကြိမ် အငိုက်ဖမ်းဖို့ ခက်ခဲလိမ့်မယ်။ ဖန်ကျန်းရှီ ဒီလို တွေးခဲ့တယ်။ အခုတော့ ဒီ အတွေးက ပြောင်းလဲသွားပြီ။

ယွင်ချင်းဝူ အနားမှာ တစ်ယောက်မှ မရှိတာကို သူမြင်နိုင်တယ်။ သက်တော်စောင့်လေး တစ်ယောက်တောင် မရှိဘူး။ တစ်ယောက်တော့ရှိပေမယ့် ။ မျက်စိမမြင်တဲ့လူအိုကြီး ။ ဖန်ကျန်းရှီက သူ့ပြိုင်ဘက်တွေကို လျော့မတွက်ခဲ့ဘူး။ ဒါပေမယ့် အခုတစ်ကြိမ်ကတော့ ကွာခြားတယ်။ ယွင်ချင်းဝူကို ဖမ်းနိုင်မယ်လို့ သူ့ စိတ်ထဲ ယုံကြည်နေတယ်။ အခုချိန်ထိ ယွင်ချင်းဝူက သူမ ခေါင်းပေါ်မှာ လူတစ်ယောက် ရှိနေတာကို သတိမထားမိသေးဘူးလေ။ အခုချိန်က အကောင်းဆုံး အခွင့်အရေးလို့ သူထင်တယ်။ အချိန်ကိုက်ကို ရောက်လာမိတာပဲ။ တိုက်ပွဲကတော့ တခြားသူတွေ တိုက်ပါစေ။ သူကတော့ လူတွေကို ကယ်တင်ဖို့ တစ်ချက်တည်းနဲ့ အချီကြီးလုပ်မှာ။

ဒါတွေ အကုန်လုံးက ။ အတွေးသက်သက်ပဲ။ တိုက်ပွဲရလဒ်ကို ဆုံးဖြတ်ပေးမယ့်အချက်တွေက အများကြီးရှိတယ်။ အချိန်ကလည်း ဒီ အချက်တွေထဲ ပါတယ်။ ဒုတိယ တစ်ချက်ကတော့ တည်နေရာ။ သူက မြေအမြင့်မှာ ရှိနေတဲ့ အတွက် အခွင့်သာတယ်။ နောက်ပြီးတော့ ဘေးကလူတွေ။ ယွင်ချင်းဝူရဲ့ သက်တော်စောင့်ကလည်း အိုမင်းနေပြီ။ သဘာဝလွန် အဆင့် ကျင့်ကြံသူတစ်ယောက် အနေနဲ့ ။ ဒီလို နတ်ဆိုးအိုကြီးကို ကြောက်စရာမလိုဘူး။ အကယ်၍ ဒီ တိုက်ခိုက်ရမယ့် အခွင့်အရေးကိုသာ လက်လွတ်ခံလိုက်ရရင်။ လက်ဗလာနဲ့ ပြန်ရတော့မှာပဲ။

ဖန်ကျန်းရှီ ယုံကြည်ချက် အပြည့်နဲ့ ခုန်ချလိုက်တယ်။ ပြုံးပြုံးပျော်ပျော်ကြီး။ အရာအားလုံးက သူ့လက်ခုပ်ထဲမှာ ရှိနေသလို ယုံကြည်နေတယ် ။ နောက်ပြီးတော့ ရှင်းယွမ်ကောင်း။ နန်ကုန်းဟောင် ။ ရှင်ချင်း စွေ့ နဲ့ ရှန်လင်းတို့က ။ အသက်နဲ့ ရင်းပြီး တိုက်ခိုက်နေတာ။ သူက သူတို့ကို ကယ်တင်နိုင်မယ့်တစ်ဦးတည်းသော လူပဲ။ ဖန်ကျန်းရှီ ကမ္ဘာကြီးကို ကယ်တင်နိုင်ဖို့ အခွင့်အရေး ရမယ်လို့ မထင်ထားခဲ့ဘူး။ အခုတော့ လုံးဝကို ရယူရမယ်။

“မလှုပ်နဲ့။ လက်နက်ချ။” အသံနဲ့ အတူ ကောင်းကင်ကနေ လူရိပ်တစ်ခု ဆင်းသက်လာတယ်။ သူ့ လက်တွေက ယွင်ချင်းဝူရဲ့ ခေါင်းပေါ်မှာ ရှိနေတဲ့ အပြာရောင် အလင်းတန်းကို ဖြတ်သန်း ခါနီး….။

အပိုင်း(၄၃၃)ပြီး၏။

အပိုင်း (၄၃၄)

“ ကောင်းကင်တာအို အစွမ်း။”

မြေ အမြင့်ပေါ်မှာ ရှိနေတဲ့ အတွက် ။ ဖန်ကျန်းရှီ ရဲ့ တိုက်ခိုက်မှုက အတော့်ကို မြန်ဆန်တယ်။ သူ့အသံထွက်လာလာချင်း မှာပဲ။ လူက ယွင်ချင်းဝူရဲ့ ခေါင်းပေါ်ရောက်နေခဲ့ပြီ။ သူက မြားတစ်စင်းလိုပဲ။ မြေပြင်ပေါ်ကို ကျရောက်လာတယ်။

“ ပလွတ်။”

ဖုန်မှုန့်လုံးတွေ ကောင်းကင်ကို ထိုးတက်သွားခဲ့တယ်။

…

ဒီ အချိန်မှာတော့။ တိုက်ပွဲ မြေပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတယ်။ ကျစ်ကျစ်တောက်ပူနေတဲ့ မီးကို ရေ ဂါလံလိုက် လောင်းချခံ လိုက်ရသလိုပဲ။ မီးတွေ ချက်ခြင်း ငြိမ်း သွားခဲ့တယ်။ လူတိုင်းက ပြုတ်ကျလာတဲ့ လူကို ကြည့်နေတယ်။ လှံတွေ နဲ့ ဓားတွေတောင် လေထဲမှာ ရပ်တန့်ကုန်တယ်။ သူ့ကြည့်ရတာ အတော်လေး ရှက်နေပုံပဲ။ သူ့ရဲ့ အပြာရောင် အကျီ လက်ရှည် က ဖုန်တွေ ပေနေခဲ့တယ်။

“ဖန်ကျန်းရှီလား။” ရှန်းယွီ မင်းသမီး သူ့ မျက်လုံးသူ မယုံနိုင်ဘူး။ ဖန်ကျန်းရှီက ဒီမှာ မပေါ်လာလောက်ဘူးလို့ ထင်ထားခဲ့တာ။ ပေါ်လာမယ် ဆိုရင်တောင် ဒီလို ပုံစံတော့ မဖြစ်သင့်ဘူးလေ။ ဖန်ကျန်းရှီ ဆိုတာ အခက်အခဲတွေကို ရင်မဆိုင်ချင်တဲ့ သူမှန်း ရှန်းယွီ သိတယ်။ ဒါပေမယ့် အခုတော့ အခက်ခဲဆုံး စိန်ခေါ်မှုကိုလုပ်လိုက်ပြီ။ ချန့်ယန်ကို သူ စိန်ခေါ်လိုက်ပြီ။ ပြန်လည်မွေးဖွားမှု ကောင်းကင်တာအိုကို အသုံးပြုတဲ့ ချန့်ယန်း ကို။ တကယ်ပဲ ချန့်ယန်းကို စိန်ခေါ်လိုက်တယ်။ ဒီ ကောင် သတ္တိတွေ ဘယ်ကရလာတာလဲ။ ရှန်းယွီ သူ့ မျက်လုံးသူ မယုံနိုင်ဘူး။

မယုံနိုင်တာ ရှန်းယွီ တစ်ယောက်တည်း မဟုတ်ခဲ့ဘူး။ ရှန်လင်း နဲ့ တခြား နယ်မြေမှူးတွေ အကုန်လုံးလည်း မယုံကြည်နိုင် ဖြစ်နေတယ်။ ဒါပေါ့။ ဖန်ကျန်းရှီက ချန့်ယန်းကို တိုက်ရိုက် တိုက်ခိုက်တာ မဟုတ်ပေမယ့် ။ ချန့်ယန်း ရှေ့မှာ ယွင် ချင်းဝူကို တိုက်ခိုက်တာ။ ဒါက သက်ရောက်မှု အတူတူပဲ ။

တောင်ပိုင်းဒေသ စစ်သည်တော်တွေ အတော့်ကို စိတ်ရှုပ်ထွေးနေကြတယ်။ ဖန်ကျန်းရှီ ရဲ့ သတ္တိ ကို သူတို့ လေးစားကြတယ်။ ဖြစ်လာမယ့် ရလဒ် အတွက် ကြောက်လန့်နေကြတယ်။ တစ်ချို့ကတော့ သူ့ပြိုင်ဘက်ကို အထင်သေးမှု အတွက် လှောင်ရယ်နေကြတယ်။ ရှင်းယွမ်ကောင်း နဲ့ ရှင်ချင်းစွေ့ကတော့ ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီ ရဲ့ အော်သံကျယ်ကြီးကို သူတို့ မကြားတာ က မဖြစ်နိုင်ဘူးလေ။ သူတို့ရဲ့ မယုံကြည်နိုင်မှုကတော့ နည်းနည်း ကွာခြားတယ်။ ။ ဖန်ကျန်းရှီက ခန့်မှန်းလို့မ ရတဲ့ သူဆိုတာသူနားလည်တယ်။ ဒါကြောင့် သူပေါ်လာတဲ့ အချိန်တိုင်း အံ့ဖွယ်ရာတွေ ဖြစ်လေ့ရှိတယ်။ ဒါပေမယ့် သူ တကယ်ပဲ ချန့်ယန်းကို တိုက်ခိုက်မှာလား။ ရှင်းယွမ်ကောင်းနဲ့ ရှင်းချင်းစွေ့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတယ်။ သူတို့ ရဲ့ မျက်လုံးတွေမှာ စိုးရိမ်မှုတွေ ပြည့်နေခဲ့တယ်။ နန်ကုန်းဟောင်က တော့ စိတ်ရှုပ်ထွေးနေတာ မဟုတ်ဘူး။ ဒါပေမယ့် သူက ထိတ်လန့်နေခဲ့တယ်။ ဖန်ကျန်းရှီ သိပ်ပြီး မစဉ်းစားပဲ လုပ်လိုက်တဲ့ ကိစ္စ တစ်ခုကြောင့် သူထိတ်လန့်သွားခဲ့ရတာ။

…

သူ့ရဲ့ အပြုအမူက လူတွေကို အာရုံစိုက်စေမယ်ဆိုတာ ဖန်ကျန်းရှီ သိတယ်။ သူ့လုပ်ဆောင်ချက်ကြောင့် တိုက်ပွဲ ရပ်သွားမယ်ဆိုတာလည်း သိတယ်။ ဒါပေမယ့် ဒီလို ရုပ်ပျက် အောင် ကျရှုံးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူ့ဘယ်နေရာမှာများ မှားသွားတာလဲ။ ဖန်ကျန်းရှီ မတွေးတတ်တော့ဘူး။ ဒါပေမယ့် သူ ခပ်မြန်မြန်ပဲ ပြန်ထပါတယ်။ ပါးစပ်ထဲက ဖုန်တွေ သဲတွေကို ထွေးထုတ်တယ်။

“ ငါလွဲသွားတာလား ။ ” ဒါမျိုး ဖြစ်လာမယ်လို့ ဖန်ကျန်းရှီ ထင်မထားခဲ့ဘူး။ နောက်ဆုံးတော့လည်း ယွင် ချင်းဝူ ရဲ့ စွမ်းရည်တွေကို သူ ကောင်းကောင်းသိတယ်လေ။

ပိုပြီး အရေးကြီးတာက သူ့ ပြစ်မှတ်ကို တည့်တည့် ချိန်ထားခဲ့တာလေ။ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို သူ ပြန်စဉ်းစားတယ်။ ယွင်ချင်းဝူ ရဲ့ ခေါင်း ပေါ်ကို သူ့လက်ရောက်နေမှန်း သိတယ်။ အပြာရောင် အလင်းတန်းကိုတောင် သူဖြတ်သွားခဲ့ပြီးပြီ။ ဒီ အချိန်မှာ တိုက်ခိုက်မှု အတွက် သူအင်အား အပြည့် ထည့်ထားခဲ့တယ်။

ဒီ အပြာရောင် အလင်းတန်းက ခုခံမယ်လို့ သူ ထင်ထားခဲ့တာ။ ဒါပေမယ့် ထိတွေ့လိုက်တော့ ဘာ တုံ့ပြန်မှုမှ မရှိဘူး။ အလွယ်တကူ ဖြတ်သန်းသွားခဲ့တယ်။ ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်သလဲ။ နောက်ဆုံးတော့လည်း ယွင်ချင်းဝူက လက်မ အနည်းငယ်ပဲ ဝေးကွာတော့တာ။

သူမ ကို လက်လှမ်းမီဖို့ နည်းနည်းပဲ လိုတော့တယ်။ တွေဝေနေဖို့ ဘာ အကြောင်းရင်းမှ မရှိဘူး။

ယွင်ချင်းဝူကို သင်ခန်းစာကောင်းကောင်း ပေးဖို့ ဖန်ကျန်းရှီ ဆုံးဖြတ်လိုက်တယ်။ ဒီအချိန်မှာ စကားပြောဖို့ အခွင့်အရေးတောင် မရစေရဘူး။ သူမကို ကန်ထုတ်ပြစ်မယ်။ ဒါက ဖန်ကျန်းရှီ ရဲ့ အစီအစဉ်ပဲ။

ဒီ ကိစ္စ ဖြစ်မြောက်သွားရင် နတ်ဆိုး စစ်တပ် က သူ့ကို လာတိုက်ခိုက်မှာပဲ။ ဆိုရင် ဖိအားပေးပြီးတော့ တပ်ပြန်ဆုတ်ခိုင်းမယ်။ ဒီ ဆုံးဖြတ်ချက်ကတော့ လွယ်ကူတာပဲ။ ဒါပေမယ့် တကယ်တမ်း တိုက်ခိုက်လိုက်တော့ ။ မြေပြင်နဲ့ မိတ်ဆက်သွားရတာ သူ ဖြစ်နေခဲ့တယ်။ ဘာကြောင့်လဲ။ ဖန်ကျန်းရှီ နောက်ပြန်လှည့်ကြည့်တယ်။ ယွင်ချင်းဝူက သူ့ရဲ့ တိုက်ခိုက်မှုကို လှည့်ကွက်သုံးပြီးတော့ တားဆီးလိုက်တာလား။ ဖြစ်နိုင်ပါတယ်။ သူမက နတ်ဆိုး အရှင်သခင်ငယ်ပဲလေ။ ဒါဆိုရင်။ သူမက ဘာလို့ မထွက်ပြေးတာလဲ။ ဖန်ကျန်းရှီ ယွင်ချင်းဝူကို ကြည့်နေတယ်။ ယွင်ချင်းဝူကလည်း သူ့ကို တလက်လက်တောက်နေတဲ့ မျက်လုံးတွေ နဲ့ ကြည့်နေတယ်။

“ ငါ့ကို အခွင့်အရေးထပ်ပေးနေတာလား။” ဖန်ကျန်းရှီ မျက်လုံး ပြူးနေတယ်။ ယွင်ချင်းဝူ ရဲ့ စွမ်းရည်ကို ဖန်ကျန်းရှီ သိတယ်။ အခုလို အခြေအနေ မျိုးမှာ သူမ ထွက်ပြေးသင့်ပြီလေ။ ဒါပေမယ့် ယွင်ချင်းဝူကတော့ အေးဆေးပဲ။ ဘာတွေ ဖြစ်နေတာလဲ။

ပိုပြီး ထူးဆန်းတာက ။ ယွင်ချင်းဝူ နောက်မှာ ရှိတဲ့ မျက်စိမမြင်တဲ့ နတ်ဆိုးအိုကြီးလည်း ထွက်မပြေးတာပဲ။ စစ်မြေပြင်က နတ်ဆိုးတွေလည်း တစ်ယောက်မှ မလှုပ်ရှားဘူး။

သူတို့တွေက ကျောက်ရုပ်တွေလို ရပ်တန့်နေကြတာ။ တစ်ယောက်တောင် မှ ယွင်ချင်းဝူ အနားကို ခုန်တက်လာပြီး မကာကွယ်ကြဘူး။ သူတို့တွေ ဘာများ တွေးနေကြတာလဲ။ ဘာလို့ စိတ်မပူကြတာလဲ။

“ နင်ငါ့ကို နောက်တစ်ကြိမ် ပြန်ပေးဆွဲ မလို့ ကြိုးစားနေတာလား။” ယွင်ချင်းဝူ ရဲ့ အသံက ဖန်ကျန်းရှီ ရဲ့ အတွေးတွေကို နှောက်ယှက်လိုက်တယ်။ သူမရဲ့ အသံက တည်ငြိမ်နေတယ်။ ရေကန်ပေါ်မှာ လေပြည်ညှှု်းလေး တိုက်ခတ်နေသလိုပဲ။ ဖန်ကျန်းရှီ ရဲ့ နှုတ်ခမ်း တွေ တွန့်ကွေးသွားတယ်။

ဖန်ကျန်းရှီလည်း ( ဟုတ်တယ်) လို့ ပြန်ဖြေချင်ပါတယ်။ ဒါပေမယ့် အခုလို အခြေအနေ မျိုးမှာ တိုက်ရိုက် ပြန်ဖြေဖို့ ခက်ခဲမှန်း သူသိတယ်။ ထုံးစံအတိုင်းဆိုရင်။ သူမကို ဒီလို ပြန်ပေးဆွဲတာမျိုးကို သူ့ စိတ်ထဲရှက်မိမှာ မဟုတ်ဘူး။ ဒါပေမယ့် ယွင်ချင်းဝူက အခုချိန်မှာ သူ့တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးတော့ ။ ဆက်ပြီး မတ်တပ်ရပ်နေတော့လည်း ……။ ဖန်ကျန်းရှီ စိတ်ထဲ နည်းနည်းတော့ ရှက်မိတာပေါ့။

“ ချင်းဝူ ။ သူက ဖန်ကျန်းရှီလား။”

ယွင်ချင်းဝူကို ပြန်ဖြေဖို့ တွေးနေတဲ့ အချိန်မှာ။ အိုမင်း နေတဲ့ အသံ တစ်သံ သူ့ နောက်ကနေ ထွက်လာခဲ့တယ်။ လူအိုကြီးရဲ့ အသံက အားနည်းနေတယ်။

ဒါပေမယ့် ပုံမှန် မဟုတ်တဲ့ စကားတစ်ခွန်းကို ဖန်ကျန်းရှီ သတိထားလိုက် မိတယ်။ ချင်းဝူတဲ့လား။ အရှင်သခင်ငယ်လို့ ခေါ် သင့်တာ မဟုတ်ဘူးလား။

“မှန်ပါတယ် ဆရာသခင်။” ယွင်ချင်းဝူ တစ်ချက်လေးတောင် မတွေဝေပဲ ပြန်ဖြေတယ်။

“ ဆရာသခင်။” ဖန်ကျန်းရှီ ရဲ့ နှလုံးသား အဆက်မပြတ်ခုန်လာခဲ့တယ်။

ယွင်ချင်းဝူ ရဲ့ တည်ငြိမ်နေတဲ့ မျက်လုံးတွေ။ သူမ နောက်က အိုမင်းနေတဲ့ မျက်နှာရှင်။ ဘေးပတ်လည်က လှောင်ရယ်နေကြတဲ့ နတ်ဆိုး စစ်သည်တော်တွေ ရဲ့ အမူအယာ။ တောင်ပိုင်းဒေသ စစ်သည်တော်တွေ ရဲ့ ကြောင်တောင်တောင် အကြည့်တွေ။

အဲ့ဒီ့နောက် တောင်ဖြို တပ်ဖွဲ့ နဲ့ နဂါးတပ်ဖွဲ့ တို့ရဲ့ ထိတ်လန့်တဲ့ အမူအယာ ။ အတွေး တစ်ခု ဖန်ကျန်းရှီ ရဲ့ စိတ်ထဲမှာပေါ်လာခဲ့တယ်။

“ လူအိုကြီးတွေ။ အားနည်းတဲ့ သူတွေ။ အမျိုးသမီး နဲ့ ကလေးတွေကို ဘယ်တော့်မှ မထိလေနဲ့”

ဒီလို ဖိအားမျိုးကို အိုမင်းရွတ်တနေတဲ့ တခြား အဖိုးကြီး တစ်ယောက်ဆီကလည်း ရဖူးတယ်။ အဲ့ဒီ့လူက အရှင်လီချင်း။ နောက်ပြီး အခုတော့။ သူ့မျက်စိရှေ့က လူကလည်း တူ်ညီတဲ့ ဖိအားကို ပေးနေခဲ့တယ်။

အခုတော့ ယွင်ချင်းဝူ ဘာကြောင့် မပြေးလဲ သူ နားလည်သွားခဲ့ပြီ။ နတ်ဆိုးတွေ ဘာကြောင့် လာမကယ်ကြလဲ ဆိုတာရောပေါ့။

ရှင်းယွမ်ကောင်း။ ရှင်းချင်းစွေ့ နဲ့။ ရှန်းယွီ မင်းသမီး။ ရှန်းလင်း အိမ်ရှေ့စံ တို့ ။ သူ့ကို သနားတဲ့ အကြည့်တွေ နဲ့ ဘာကြောင့် ကြည့်နေကြမှန်း နားလည်သွားပြီ။ ။ ပိုပြီး အရေးကြီးတာက။ စစ်ပွဲအလယ်မှာ ရပ်နေတဲ့ ယွင်ချင်းဝူ တစ်ယောက် ဘာကြောင့်များ သူများ တိုက်ခိုက်မှု မခံရတာလဲ။ နားလည်သွားပြီ။ ဖန်ကျန်းရှီ ခေါင်းမော့ကြည့်တယ်။

အခုချိန်မှာ သူစီးလာတဲ့ အတောင်ပျံပါတဲ့ သားရဲကောင်ကြီးကို သတိရနေမိတယ်။ ဒါပေမယ့် အဲ့ဒီ့ သားရဲကောင်က အခုတော့ သွားခဲ့ပြီလေ။ အခုချိန်မှာ ပြေးပေါက်ရှာရမယ် ။

ဒါပေမယ့် အခုတော့ ဘယ်လို လုပ်ရမလဲ။ ပြေးပေါက်မရှိတော့ဘူး။

“ ဟိုင်း ဦးလေး ။ နေကောင်းရဲ့လား။ နှောက်ယှက်မိတဲ့ အတွက် တောင်းပန်ပါတယ်။ ကျွန်တော် နေရာမှားပြီးရောက်လာတာပါ။ ကျွန်တော့်ကို ကျွန်တော် မိတ်ဆက်ပါရစေ။ ကျွန်တော်က လူကြီးသူမတွေကို လေးစားချစ်ခင်တဲ့။ ဖန်ကျန်းရှီ ပါ။ တခြား ကိစ္စ မရှိတော့ရင်။ ကျွန်တော် သွားတော့ မယ် …”

ဖန်ကျန်းရှီ စကားကိုတောင် ဆုံးအောင် မပြောနိုင်ဘူး။ သူရောက်နေတဲ့ နေရာကနေ လှုပ်ရှားလို့ မရနိုင်တာကို သတိထားမိသွားတယ်။ အတော့်ကို ထူးဆန်းတဲ့ ခံစားချက်ပဲ။ သူ့ ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ အရာ အားလုံး ပြောင်းလဲ နေသလိုပဲ။ သူ့ပတ်ဝန်းကျင် တစ်ခုလုံးကို ကြီးမားတဲ့ အင်အားကြီးတစ်ခုက ချုပ်ကိုင်ထားခဲ့တယ်။ ဒီ စွမ်းအားတွေက သူ့ အလိုအလျောက် လှုပ်ရှားနေကြတယ်။ အလွန်အမင်း ထိန်းချုပ်ခံထားရတဲ့ နယ်မြေ တစ်ခုမှာ ရောက်နေရသလိုပဲ။

အပိုင်း(၄၃၄)ပြီး၏။

အပိုင်း ( ၄၃၅)

“ ငါက မင်းကို စောင့်နေတာ။ ”

အခုတော့ ထောင်ချောက်ထဲ ဝင်မိပြီလား။ ဖန်ကျန်းရှီ ရဲ့ စိတ်ထဲမှာ လုပ်ချင်တာ နှစ်ခုပဲ ရှိတော့တယ် ။ တစ်ခုကတော့ အော်ဟစ်ပြီး အကူအညီ တောင်းဖို့။ နောက်တစ်ခုက မြွေလိုတွားသွားပြီး လွတ်အောင်ပြေးဖို့။ ဖန်ကျန်းရှီ ဆုံးဖြတ်ချက် မချ နိုင်ဘူး။ ဒါကြောင့် သေဖို့ကို စောင့်ဆိုင်းနေရတယ်။ အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။ အကယ်၍ ပထမ နည်းလမ်းကသာ ကောင်းမွန်နေရင်။ ရှင်းယွမ်ကောင်း နဲ့ တခြားသူတွေ ။ သူ့ကို လာကယ်လောက်ရောပေါ့။ ဒုတိယ တစ်ခုကျတော့ ဖန်ကျန်းရှီ မလုပ်နိုင်ဘူး။ သိက္ခာကျတယ်လေ။ ဖန်ကျန်းရှီ နှောက်ယှက်ခံလိုက်ရတယ်။ ချန့်ယန်းကတော့ ပြန်မဖြေ ခဲ့ဘူး။ သူ့နေရာမှာပဲ ရုပ်တု တစ်ခုလို ရပ်နေခဲ့တယ်။

“ သွေးအရိပ်မြို့တော်က စစ်သည်တော်တွေကို သုံးပြီးတော့ ။ တောင်ပိုင်းဒေသကို တိုက်ခိုက်မယ့် ငါ့အစီအစဉ်ကို ကြိုမြင်တာ နင် မလား။” ယွင်ချင်းဝူ လှမ်းမေးတယ်။

“ဟုတ်တယ်။” ဖန်ကျန်းရှီ ဝန်ခံလိုက်တယ်။

ယွင်ချင်းဝူက သတင်းအချက်အလက် ကောင်းမှန်း သူသိတယ်။ သူမ မေးတည်းက။ ဒီသတင်းကို သူ မ အတည်ပြုပြီးသားဆိုတာ သေချာတယ်။ နောက်ပြီးတော့ အခု ကိစ္စကလည်း သူ့ အတွက် ဂုဏ်ယူစရာတစ်ခုလေ။

“ တောင်ပိုင်းဒေသ နဲ့ ကြီးမြတ်သော ရှ မဟာမိတ်ပြုသွားတာလဲ။ နင် ပွဲစားလုပ်ပေးလိုက်လို့ပေါ့။ ” ယွင်ချင်းဝူ ဖိမေးနေတယ်။ ဖန်ကျန်းရှီ တိုက်ရိုက် ပြန်မဖြေဘူး။ ခေါင်းပဲ ငြိမ့်ပြတယ်။ စကား အသွားအလာ ဘယ်ကိုရောက်မယ်မှန်း သူမသိဘူး။ ဒါကြောင့် ယွင်ချင်းဝူ ဆက်ပြောတာကို စောင့်နေခဲ့တယ်။ ယွင်ချင်းဝူကတော့ တခြားထွေထွေထူးထူး အဖြေကို စောင့် မနေခဲ့ဘူး။ ဖန်ကျန်းရှီ ခေါင်းငြိမ့်တာကို မြင်မြင်ချင်း ။ သူမ ရဲ့ ပတ်ဝန်းကျင်ကို လှည့်ပတ်ပြီး အကဲခတ်တယ်။

သူမ ခပ်တိုးတိုး ပြောနေခဲ့တယ်။ “ ကြည့်ရတာ။နင့်မှာ တိုက်ပွဲ အတက် အကျကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ရှိပုံပဲ။ ကိစ္စ အများစုကို နင် ခန့်မှန်း နိုင်တာ ထက်တောင် ပိုကောင်းသေးတယ်။ ”

“ ခန့်မှန်းတယ်ဆိုတာ ဘာကို ပြောတာလဲ။ ငါက နည်းစနစ်ကျကျ တွေးခေါ် စဉ်းစားပြီး။ ကောက်နုတ်ချက် ထုတ်တာ။ ဒါက လက်တွေ့ကျကျမှန်ကန်တာပဲ။” ယွင်ချင်း ဝူ ရဲ့ မျက်နှာကို လှမ်းပြီးတော့ တံတွေးနဲ့ ထွေးပြစ်ချင်နေတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ သူ့ စိတ်သူ ထိန်းချုပ်ထားခဲ့တယ်။

“နည်းစနစ်ကျကျ တွေးခေါ် စဉ်းစားပြီး။ ကောက်နုတ်ချက် ထုတ်တာ။ ဟုတ်လား။ ငါ ထင်တာ။ နင်က နင့်ကိုနင် ထက်မြက်တယ်။ အမျှော်အမြင်ကြီးတယ် ဆိုပြီး ဂုဏ်ယူနေတယ်လို့လေ။” ဖန်ကျန်းရှီ ရဲ့ အပြောကြောင့် ယွင်ချင်းဝူ ဒေါသ မထွက်ခဲ့ဘူး။

“ မင်း ငါ့ကို ဒီလို ထင်လဲ မငြင်းတော့ပါဘူး။” ဖန်ကျန်းရှီ ခနတာ တွေးတောပြီးနောက် ပြန်ဖြေတယ်။

“ ဟ ဟ … သေခါ နီးနေတာတောင် နင်က အရှက်မရှိသေးဘူးပဲ။” ယွင်ချင်းဝူ ရယ်မောရင်း ပြောတယ်။ အရာအားလုံးက သူမ လက်ထဲမှာ ရှိနေတာမျိုးကို သဘောကျတယ်။ ဒါပေမယ့်။ ယွင်ချင်းဝူ ဘာလို့ဒီလောက် ပျော်နေလဲ ဆိုတာ ဖန်ကျန်းရှီ ကတော့ နားမလည်ခဲ့ဘူး။ ပြောနိုင်တာက။ အကယ်၍ ယွင်ချင်းဝူ စိတ်ချမ်းသာနေရင်။ သူလည်း အသက်ရှင်နိုင်ဖို့ နည်းလမ်း ရှိလောက်တယ်။ ဖန်ကျန်းရှီ လည်ချောင်း ရှင်းဖို့ ချောင်းဟန့်တယ်။ ယွင်ချင်းဝူကို တောင်းပန်ဖို့ သူ ဆုံးဖြတ်လိုက်ပြီ၊ ဒါပေမယ့် စကား မစရသေးခင် အချိန်မှာပဲ ယွင်ချင်းဝူရဲ့ စကားသံက သူ့ကို နှောက်ယှက်လိုက်တယ်။

“ သုခမိန် တောင်တန်း မြို့တော်မှာ ငါ့ စစ်သည် ငါးသောင်း ရှိနေရက်နဲ့။ ဘာလို့ သံတောင်ကုန်း နယ်မြေကို လာတိုက်တယ် ထင်လဲ။ နင် ခန့်မှန်း ဖူးလား။” ယွင်ချင်းဝူ ပုံမှန် အတိုင်း ပြောနေတယ်။ သူငယ်ချင်း တစ်ယောက် နဲ့ စကားစမြည်းပြောနေသလိုပဲ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ သူမရဲ့ မျက်ဝန်းတွေထဲက ယုံကြည်ချက်ကို မြင်တွေ့နေရတယ်။ ယွင်ချင်းဝူ အတော်လေးကို ယုံကြည်ချက် ရှိနေတာ။ အရာအားလုံးကို သူမ ထိန်းချုပ်ထားတဲ့ ပုံမျိုးနဲ့။

သူမ ဘာကို ရည်ရွယ်နေလဲ ။ ဖန်ကျန်းရှီ နားမလည်နိုင်သေးဘူး။ မေးခွန်းကတော့ ရိုးရှင်းတယ်။ ဖန်ကျန်းရှီလည်း ဒါကို ညီလာခံ ခန်းမထဲ မရောက်ခင် တုန်းက တစ်ခါ ရှင်းပြဖူးသေးတယ်။ အခုချိန်မှာမှ ယွင်ချင်းဝူ ဒါကို ဘာလို့ မေးနေရတာလဲ။ ဘာရည်ရွယ်ချက် နဲ့လည်း။

“ ညီလာခံ ခန်းမထဲမှာ ။ နင် ဘာတွေပြောခဲ့လည်း ငါသိတယ်။ နင်တွေးတာက။ သံတောင်ကုန်းနယ်မြေကို အလောတကြီးနဲ့ ငါ တိုက်ခိုက်ဖို့ စီစဉ်လိမ့်မယ်။ ဒီလို ဆိုရင်။ ငါလည်း ဆုံးရှုံးမှုနည်းမယ်။ ပြီးတော့မှ စစ်သည်တော် ငါးသောင်းကို အတွင်းထဲကနေ တိုက်ခိုက်စေမယ်။ နှစ်ဖက် ညှပ်တိုက်မယ်။ ငါပြောတာ မှန်တယ်မလား။” ယွင်ချင်းဝူ ဖိအားပေးပြီး ပြောပြန်တယ်။

ဖန်ကျန်းရှီ ရဲ့ နှုတ်ခမ်းတွေ လှုပ်ရှားနေခဲ့တယ်။ ဒါပေမယ့် သူ စကားမပြောဘူး။ တိတ်တဆိတ်သာ နေနေခဲ့တယ်။ နောက်ဆုံးတော့လည်း ယွင်ချင်းဝူက သူ့စိတ်ကို ခန့်မှန်း နိုင်တယ်လေ။

“တကယ်တော့ သံတောင်ကုန်း ဒေသက ငါ့ လက်ထဲ ရောက်နေတာ ကြာပြီ။ စစ်သူကြီးတိုင်ကလည်း ငါတို့ ဘက်တော်သား ဖြစ်နေခဲ့တာ ကြာလှပြီပေါ့။ စစ်သူကြီးတိုင် မရှိရင်တောင် ။ ဒီမြို့ကို ငါ့လက်ထဲရောက်ဖို့ နည်းလမ်းတွေ ရှိပါသေးတယ်။ နောက်ထပ် စစ်သည် ငါးသောင်းကို ငါ လိုအုန်းတယ် ထင်နေသေးတာလား။” ယွင်ချင်းဝူ မေးတယ်။

ဖန်ကျန်းရှီ ရဲ့ အမူအယာ ကတော့ ပြောင်းလဲသွားခဲ့ပြီ။ ဒီ အချိန် တစ်လျှောက်လုံး ဖန်ကျန်းရှီ နားလည်ထားခဲ့တယ်။ ယွင်ချင်းဝူက အရမ်းကို ထက်မြက်မှန်း။ ဒါကြောင့် တစ်ခါမှ လျှော့မတွက် ခဲ့ ဘူး။ နောက်တစ်နည်း နဲ့ ပြောရရင်။ သူမရဲ့ အမြင်ကနေ ကြည့်ဖို့ ဖန်ကျန်းရှီ ကြိုးစားနေတဲ့ အချိန်မှာ။ ယွင်ချင်းဝူကတော့ သူ့ စိတ်အကြံတွေကို ထွင်းဖောက် မြင်ပြီးပြီ။ ရိုးရိုးရှင်းရှင်းပြောရရင်။ ဖန်ကျန်းရှီ ရဲ့ ခန့်မှန်းမှုက တစ်ကြိမ်တိုင်းမှာ မှန်ဖို့ နီးကပ်လာပေမယ့်။ ယွင်ချင်းဝူ ရဲ့ နောက်ဆုံး အစီအစဉ်ကိုတော့ သူ ထွင်းဖောက် မမြင်ခဲ့ဘူး။ ယွင်ချင်းဝူရဲ့ စကားတွေကြောင့် မျက်လုံးပြူးနေရတာ ဖန်ကျန်းရှီ တစ်ယောက်တည်း မဟုတ်ဘူး။ ရှင်းယွမ်ကောင်း။ ရှင်းချင်းစွေ့ နဲ့ နန်ကုန်းဟောင်တောင် အံ့သြနေခဲ့တယ်။ ဒါပေါ့။ ရှန်လင်း။ ရှန်းယွီမင်းသမီး နဲ့ နယ်မြေမှူးတွေ ကတော့ အအံ့သြဆုံးဖြစ်ခဲ့ ကြတယ်။

“ စစ်သူကြီးတိုင်က နတ်ဆိုးတွေဘက် ရောက်သွားပြီတဲ့လား။”

“ စစ်သူကြီးတိုင် မရှိရင်တောင်။ တခြား နည်းလမ်းတွေ ရှိသေးတယ်”

ရှန်လင်း တခြား နယ်မြေမှူးတွေကို ကြည့်နေခဲ့တယ်။ အနောက်ဂိတ် ဘာလို့ ကျ သွား ရလည်း သူ နားလည်သွားရပြီ။ ယွင်ချင်းဝူ ပြောတဲ့ တခြား နည်းလမ်းဆိုတာကိုလည်း သူ သဘောပေါက်သွားတယ်။ ဒါကြောင့် သူ့ရဲ့ ကျောရိုးထဲ ကနေ စိမ့်ချမ်းသွားခဲ့တယ်။ အခုတော့ တောင်ပိုင်းဒေသ အိမ်ရှေ့စံ ရှန်းယွီ ။ ကောင်းကောင်းသင်ကြားခံလိုက်ရပြီ၊

“ မင်းက နဂါး တပ်ဖွဲ့ နဲ့ တောင်ဖြိုတပ်ဖွဲ့ကို စောင့်နေတာလား။” ရှန်လင်း နဲ့ တခြားသူတွေ ဘာကို တွေးနေလဲ ဖန်ကျန်းရှီ မသိဘူး။ ယွင်ချင်းဝူရဲ့ အစီအစဉ်ကို ဆွဲထုတ်ဖို့ ကြိုးစားနေခဲ့တယ်။

“ တောင်ဖြို တပ်ဖွဲ့ နဲ့ နဂါးတပ်ဖွဲ့ ဟုတ်လား။ နင်ပြောတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် သူတို့တွေက အပိုင်းအစလေးပဲ ရှိပါသေးတယ်။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။

“ အစိတ်အပိုင်းလေးပဲ ရှိသေးတယ်လား။”

“ အင်း။ နင်ထင်တာက ငါတို့ကို ဒီမှာ အချိန် ဆွဲထားနိုင်ရင်။ တောင်ပိုင်းဒေသ စစ်သည်တော် သုံးသိန်းက ကြီးမြတ်သော ရှ မင်းဆက် နဲ့ ပူးပေါင်းဖို့ အချိန်ရမယ် ထင်နေတာလား။ ဒါဆိုရင် နင်လည်း အနိုင်ယူမယ် ပေါ့။” ယွင်ချင်းဝူ မေးတယ်။

“ ဒီလို မဟုတ်ဘူးလား။” ဖန်ကျန်းရှီ မေးတယ်။

“ ငါ့ အသက် ဆယ်နှစ်တည်းက ဒီ စစ်ပွဲ ကို စီစဉ်လာတာ။ နင့်ရဲ့ ခန့်မှန်းချက်တွေ လောက်နဲ့ အနိုင်ရနိုင်မယ်ထင်လား။” ယွင်ချင်းဝူ မေးတယ်။

“ မင်း မကြိုးစားကြည့်ပဲနဲ့ မသိနိုင်ပါဘူး။” သူ့ အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ ဖန်ကျန်းရှီ အတော့်ကို ယုံကြည်ချက်ရှိတယ်။ တခြားသူတွေ ရဲ့ အမြင်က သူ့ အစီအစဉ်ကို များသော အားဖြင့် သက်ရောက်မှု မရှိဘူး။

“ ဟ ဟား …. နင်က အတော့်ကို ထက်မြက်တယ် ဆိုတာ သေချာပါတယ်။ အကယ်၍ ငါတို့သာ အခြေခံ အတူတူ ရှိခဲ့ရင်။ ဘာတွေ ဖြစ်လာမလဲ သိချင်လိုက်တာ။” ယွင်ချင်းဝူ ရယ်မောတယ်။

“ အခြေခံ တူရင် ဟုတ်လားး။” ဖန်ကျန်းရှီ လှမ်းကြည့်တယ်။ သူ့ရဲ့ စိတ်ထဲမှာ မရေရာတဲ့ အတွေးတွေ ရိုက်ခတ်လာတယ်။ သူ့ကို စာအုပ်တစ်အုပ်လို ဖတ်တာ ခံနေရသလိုပဲ။

“ ငါ နဲ့ နင် ရဲ့ အကြီးဆုံး ကွာခြားချက်က။ ငါ့မှာ သတင်း အချက်အလက်တွေ အပြည့်ရှိတယ်။ နင့်မှာ မရှိဘူး။” ယွင်ချင်းဝူ ရဲ့ အသံက နောက်ဆုံးတော့ ပြောင်းလဲ သွားခဲ့ပြီ။

(သတင်း အချက်လက် ) ဆိုတဲ့ စကားကို ကြားတဲ့ အချိန်မှာ ။ ဖန်ကျန်းရှီ ရဲ့ အမူအယာလည်း ချက်ခြင်း ပြောင်းလဲသွားခဲ့တယ်။ ယွင်ချင်းဝူ ပြောတာ မှန်တယ်။ အကယ်၍ မင်းသာ မင်းကိုယ်တိုင်နဲ့ မင်းရဲ့ ရန်သူတွေ အကြောင်း ကောင်းကောင်းသိရင်။ ဘယ် တိုက်ပွဲမဆို အောင်မြင်နိုင်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီက အမြဲတမ်း အမှောင်ထဲမှာ ရှိနေခဲ့တာ။ တခြားသူတွေ ပါဝင်နေတဲ့ အစီအစဉ်ကို တစ်ခုလေးတောင် သူမသိခဲ့ဘူး။ ဒီအချိန် တစ်လျှောက်လုံးမှာ သူခန့်မှန်းနေခဲ့တာ။ အကယ်၍ အစီအစဉ် တစ်ခုလုံးကိုသာ သူ ခန့်မှန်းနိုင်ရင်။ အရမ်း ကို ရိုးရှင်းလွန်းသွားမယ်လေ။

“ သုခမိန်တောင်တန်း ဒေသက စစ်သည်တော်တွေကို ငါ ပြန်သိမ်းလိုက်တာ။ ရှန်းယွီ မင်းသမီး က နင့်ရဲ့ အကြံ အတိုင်း။ စစ်သည်တော် ရှစ်သောင်းကို သံတောင်ကုန်းဒေသဆီ ပို့မှာကိုငါသိလို့ပဲ။ ဒါကြောင့်။ ကြီးမြတ်သော ရှ နဲ့ တောင်ပိုင်းဒေသ တို့ မဟာမိတ် ဖွဲ့ ဖို့က အချိန်ပဲ လိုမယ် ။” ယွင်ချင်းဝူ နောက် ထပ် အချိန် ဆွဲ မနေတော့ဘူး။ ဖန်ကျန်းရှီကို ပြစ်တင် ကြိမ်းမောင်းတော့တယ်။

“ နင့် ရဲ့ အုပ်စု ဖွဲ့မယ့် အစီအစဉ်ကို ငါသိတည်းက။ သုခမိန် တောင်းတန် မြို့တော် ကိုလည်း ။ ရွေးချယ်စရာ မရှိပဲ တိုက်ခိုက် ခိုင်းလိုက်ရတယ်။

“ သုခမိန်တောင်တန်း မြို့တော်က ။ တောင်ပိုင်းဒေသ မျိုးဆက်တွေ အတွက် တည်ရှိနေခဲ့တာ ကြာပြီ။ အဲ့ဒီ့နေရာမှာ လျှို့ဝှက်ဥမင်တွေ။ တောင်ချောက်တွေ ဘယ်လောက်တောင် များလဲ ငါမသိဘူး။ နောက်ပြီးတော့။ မြို့က တောင်ကုန်းပေါ်မှာ ရှိနေတာ။ ဝန်းရံပြီးတော့ ရိက္ခာ ဖြတ်လိုက်ရင် လွယ်လွယ်လေးပဲ။”

“ ဒါပေမယ့် သံတောင်ကုန်းကတော့ မတူဘူး။ နန်လင်းဒေသ ကလည်း ငါ့လက်ထဲရောက်နေတာကြာပြီ။ အကယ်၍ သံတောင်ကုန်းကိုသာ သိမ်းလိုက်ရင်။ ငါ တည့်တည့် ဖြတ်သွားလို့ ရပြီ။”

“ ဒီနေရာကနေ။ သုခမိန်တောင်တန်းမြို့တော်ကို သိမ်းရင်လည်း လွယ်လွယ်လေးပဲ။ ဒါမှမဟုတ်။ သွေးအရိပ် မြို့တော်ကို ပြန်ရင်လည်း ရတယ်။ နောက်ပြီးတော့ သံတောင်ကုန်းကို သိမ်းလိုက်ရင်။ တောင်ပိုင်းဒေသ လက်နက် ထုတ်လုပ်မှုကလည်း ငါ့လက်ထဲမှာပဲ။”

“ မဟာမိတ်ဖွဲ့တာက ငါ့ကို ခြိမ်းခြောက်နိုင်အုန်းမယ် ထင်လား။”

စစ်မြေပြင်က တခြားစစ်သည်တော်တွေ လှည့်မကြည့်ခင်။ ယွင်ချင်းဝူက ဖန်ကျန်းရှီကို ဆက်တိုက်ပြောနေခဲ့တယ်။.

ရှင်းယွမ်ကောင်းနဲ့ ရှင်းချင်းစွေ့တွေရဲ့ အမူအယာတွေလည်း ချက်ခြင်း ပြောင်းလဲ သွားတယ်။ သူတို့တင် မကဘူး။ တောင်ပိုင်း ဒေသ က လူ အားလုံးလည်း တုန်လှုပ်နေကြတယ်။ ဒါကိုကြားတော့ နန်ကုန်းဟောင်ရဲ့ မျက်လုံးတွေ တဖျပ်ဖျပ် လက်လာခဲ့တယ်။ ယွင်ချင်းဝူ အမှန်ကို ပြောနေတယ် ဆိုတာ သူတို့ သိတယ်။ နတ်ဆိုး စစ်သည်တော် တစ်သိန်းကျော်က သံတောင်ကုန်းဒေသကို ထိန်းချုပ်လိုက်ပြီ။ ဒီတော့ ။ တောင်ပိုင်းဒေသရဲ့ နှလုံးသားကို ထိုးနှက်လိုက်တာနဲ့ အတူတူပဲ။ လူသား စစ်သည်တော် လေးသိန်း အင်အားပေါင်းလိုက်ရင်တောင်။ ဒီ မြို့ကို ပြန်ယူနိုင်ဖို့ ခက်ခဲ လိမ့်မယ်။ ပိုပြီး အရေးကြီးတာ။ ဆောင်းရာသီ ရောက်တော့မယ်။ ကြီးမြတ်သော ရှ မင်းဆက် စစ်သည်တော်တွေ က ဆောင်းရာသီ အတွက် မပြင်ဆင်ထားဘူး။ နောက်ပြီးတော့ တောင်ပိုင်းဒေသ ဆောင်းဥတုက ပြင်းထန်တယ်။ နှင်းတွေက နေရာ အနှံ့ ။ သားရဲကောင်တွေက လည်းနယ်မြေ အနှံ့မှာ ရောက်နေတယ်။ ဆောင်းဥတုက ကြမ်းတမ်း လွန်းတာကြောင့် သားရဲကောင်တွေလည်း ဆာလောင် မွတ်သိပ်ကြတယ်။ အကယ်၍ သူတို့သာ ဆောင်းခိုဖို့ အတွက် မပြင်ဆင်ထားရင်။ အသက်ဆက်ရှင်သန်နိုင်မှာ မဟုတ်ဘူး။ ပြန်လည် ဆုတ်ခွာဖို့က တစ်ခုတည်းသော ဆုံးဖြတ်ချက်ပဲ။

ဒါပေမယ့် အကယ်၍ သူတို့သာ ဆုတ်ခွာလိုက်ရင်။ နန်လင်းနဲ့ သံတောင်ကုန်းဒေသက တောင်ပိုင်းဒေသ လက်ထဲမှာ ဆက်ရှိနေတော့မှာ မဟုတ်ဘူး။ ပိုပြီး အရေးကြီးတာ သုခမိန်တောင်တန်း မြို့တော်လည်း ကပ်ဆိုက်လိမ့်မယ်။

ရှန်လင်း။ ရှန်းယွီ နဲ့ ရှင်းယွမ်ကောင်းတောင်မှ ကျောရိုးထဲက စိမ့်ချမ်းလာတယ်။ သူတို့ တွေ အားလုံး အပြာရောင် အလင်းတန်းထဲမှာ ရပ်နေတဲ့ မိန်းကလေးကို ကြည့်နေတယ်။ ယွင်ချင်းဝူကတော့ ဖန်ကျန်းရှီ ကို တိတ်တဆိတ်ကြည့်နေတယ်။ ဖန်ကျန်းရှီလည်း ကြက်သီးထနေခဲ့တယ်။ နောက်ပြီးတော့ ချွေးသီးချွေးပေါက်တွေ သူ့နဖူးပေါ်ကနေ စီးကျလာတယ်။ ယွင်ချင်းဝူရဲ့ စကားလုံးတွေက သူ့ကို အတော်လေး အထိနာစေတယ် ။

အစတုန်းကတော့။ သူက ကောင်းကင်ပေါ်က ဆင်းလာတဲ့ သူရဲကောင်း ဖြစ်ချင်တာ။ ဒါပေမယ့် အခုတော့ ထောင်ချောက်ထဲကို တည့်တည့် ဆင်းလာမိ သလိုပဲ။ သူရဲကောင်းကနေ ။ သုံ့ပန်းဖြစ်ရတော့မယ်။ ဘယ်လိုနည်းဗျူဟာမျိုးပါလိမ့်။ အရာ အားလုံးက ပြောင်းလဲတာ မြန်ဆန်လွန်းလိုက်တာ။ ဒီ အိုမင်း ရွတ်တနေတဲ့ လူကြီးက တကယ်ပဲ ဆရာသခင်တဲ့လား။

ဒါက ဘာတွေ ဖြစ်နေတာလဲ။ ဖန်ကျန်းရှီ ငိုယိုပြီး ဆုတောင်းလိုက်ချင်တယ်။ မြန်မြန် အဆုံးသတ် ပါတော့လို့။ ဒါပေမယ့် အသုံးမဝင်ဘူးလေ။ အခုတော့ သံတောင်ကုန်း ဒေသက နတ်ဆိုးတွေလက်ထဲကိုရောက်ဖို့ အကြောင်းဖန် လာပြီ ။ တိုက်ပွဲလည်း အဆုံးသတ်ပြီ။

“ ငါ မပြောရသေးတာ တခြား အကြောင်းတစ်ခု ကျန်သေးတယ်။” တိတ်ဆိတ်နေတဲ့ လေထုကို ယွင်ချင်းဝူ ရဲ့အ သံက ဖြိုခွင်းသွားတယ်။

“ ဘာလဲ။” ဖန်ကျန်းရှီ လည်း နောက်ထပ် မမေးချင်တော့ဘူး။ ဒါပေမယ့် လည်း သူ့ မှာ ရွေးချယ်စရာ မရှိဘူး။ သူလည်း နေရာကနေ မလှုပ်နိုင်ဘူးလေ။

“ငါ နင့်ကို စောင့်နေတာ။” ယွင်ချင်းဝူ လေးလေးနက်နက်ပြောတယ်။

ဒါကိုကြားတော့ ဖန်ကျန်းရှီ မျက်လုံးပြူး သွားပြန်တယ်။ ငါ့ကို စောင့်နေတယ်။ လက်စားချေဖို့ စောင့်နေတာလား။

တကယ့်ကို အချိန်ကိုက် စောင့်နေတာပဲ။ ဖန်ကျန်းရှီ စိတ် ဖိစီးလာတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ယွင်ချင်းဝူ လှုပ်ရှားတာကို မြင်ရပြီ။ ယွင်ချင်းဝူ သူမရဲ့ မျက်နှာကာကို ချွတ်လိုက်တယ်။ ဘာတွေ ဖြစ်ကုန်တာလဲ။

ရင်းနှီးနေတဲ့ မျက်နှာ လှလှကို ကြည့်ရင်း ။ဖန်ကျန်းရှီ တုန်လှုပ်နေတယ်။

“ ဒီ အချိန်မှာ ငါ လုပ်သင့်တယ်လေ။ မဟုတ်ဘူးလား။“” ယွင်ချင်းဝူက ဖန်ကျန်းရှီကို လှောင်ပြုံးပြုံးပြနေတယ်။ နေဝင်ဆည်းဆာချိန် အလင်းရောင် အောက်မှာ ပွင့်လန်းနေတဲ့ ကြာဖြူပန်းလေး တစ်ပွင့်လိုပဲ။ လေပြည်ညှင်းက သူမ ရဲ့ ဝတ်ရုံကို လူးလွှင့်စေတယ်။ အတော့်ကို လှပတဲ့ မြင်ကွင်းပဲ။ ယွင်ချင်းဝူ ဒီလောက်ပျော်ရွှင်နေတာကို ဖန်ကျန်းရှီ ပထမ ဆုံး မြင်ဖူးတာ။

ဒီ့မတိုင်ခင် အချိန် တုန်းကတော့။ ယွင်ချင်းဝူကို သူမရဲ့ အလှကြောင့် ချစ်ခင်ခဲ့တယ်။ သူမရဲ့ အရည်အချင်းတွေကြောင့် လေးစားခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာတော့။ ဘာမှကို မလုပ်နိုင်ဘူး။ ယွင်ချင်းဝူ ဘာကြောင့် ပျော်ရွင်နေလဲ သူသိတယ်။ သူ့ကို ဖမ်းမိလို့ ဒီလောက်ပျော်နေတာလေ

“ အိုး ဟုတ်သားပဲ။ နင့်ကို ဘာလို့ အခုထိ မသတ်သေးတာလဲ မှန်းကြည့်ပါအုန်း။” ဒီနေ့ ကြည့်ရတာ ယွင်ချင်းဝူက အတော်လေး ကွာခြားနေတယ်။ သူမရဲ့ အေးစက်စက် အသွင်သဏ္ဍာန်ပျောက် ကွယ်သွားပြီ။ တောက်ပတဲ့ အပြုံးက လွှမ်းမိုးထားတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ အရိုးထဲထိ အေးခဲ နေသလိုပဲ။

အပိုင်း(၄၃၅)ပြီး၏။

အပိုင်း(၄၃၆)

“ မင်း ငါ့ကို ကယ်မှာလား။ မကယ်ဘူးလား။”

သမိုင်းတစ်လျှောက်လုံးမှာ ဘယ် သူရဲကောင်းကမှ သေမှာ မကြောက်ခဲ့ဘူး။ သူတို့ တွေကို ချစ်ကြောက် ရိုသေသူတွေလည်း အများအပြားရှိတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ သူရဲကောင်း မဖြစ်ချင်ဘူး။ ဒီလူတွေကို လေးစားပါတယ်။ ဒါပေမယ့် အသက်ဆက်ရှင်ဖို့က ပို အရေးကြီးတယ်လေ။ သူသေဖို့ လိုတယ် ဆိုရင်တောင်။ အခမ်းအနား ကောင်းကောင်းလေး နဲ့ သေချင်တယ်။ ကိစ္စကြီးတစ်ခု ခု လုပ်ပြီးတော့ ခမ်းခမ်းနားနား သေချင်ပါတယ်။ အခုတော့ သေဖို့ အချိန် မရှိတော့ဘူး။ ဟန်ဆောင်ပန်ဆောင် သတ္တိလေးတွေ ထုတ်ပြမှ ဖြစ်မယ်။ ယွင်ချင်းဝူကို ဆူပူပြီးတော့။ မြန်မြန် သတ်ဖို့ ပြောရမှာလား။ ဒါမှမဟုတ် ။ လည်ပင်းကို ဆန့်ထုတ်ပြီးတော့ ယွင်ချင်းဝူကို ဖြတ်ဖို့ ပြောရမလာ း။ ဒါမျိုးတွေ ဖန်ကျန်းရှီ လုံး၀ လုပ်မှာ မဟုတ်ဘူး။ ယွင်ချင်းဝူ ရဲ့ စကားကို ကြားပြီးတဲ့နောက်။ သူ ပထမဆုံး တွေးမိတာက။ ဘယ်လို ပြန်ဖြေရမလဲ ဆိုတာကိုပဲ။

“ ဘာဖြစ်လို့ သူ့ကို အခုထိ မသတ်သေးတာလဲ။” ဒီလို မေးခွန်း ကို ပြန်ဖြေဖို့ နည်းလမ်းတွေ အများကြီးရှိတယ်။ တစ်ချို့ကတော့ သူမ သတ်ချင်စိတ် မရှိသေးလို့ ဆိုပြီး ဖြေလိမ့်မယ်။ တချို့ကတော့ သူ အသုံးဝင်နေသေးတာကြောင့် မသတ်ပဲ ထားထားတာလို့ ထင်ကြလိမ့်မယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ ဒီလို မတွေးဘူး။ အကယ်၍ ယွင်ချင်းဝူသာ သူ့ကို သတ်ချင်စိတ် မရှိရင်။ နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်မှာ ပိုင်ရှင်းကို လွှတ်ပြီး သတ်ခိုင်းမှာ မဟုတ်ခဲ့ဘူး။ နောက်ပြီးတော့ ဓားနဲ့ထိုး ပြီး တောင်ကုန်းပေါ်က ကန်ချမှာလည်း မဟုတ်ဘူး။ ဒါကြောင့် ယွင်ချင်းဝူကသူ့ကို သေစေချင် နေတယ်ဆိုတာ သေချာတယ်။ ဒီလို အကြောင်းရင်းတွေကြောင့်။ ဖန်ကျန်းရှီကို သူမ မသတ်သေးတာ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်။ အချိန်မကျသေးလို့။ အရသာ ကောင်းကောင်း စားချင်ရင်။ သစ်သီးကို မှည့်တဲ့ အချိန် အထိ စောင့်ရမယ်။ မှည့်မှည့်ချင်း အချိန်မှာပဲ။ ချက်ခြင်း ခူးစားရမယ်။

ဖန်ကျန်းရှီ သူ့ကိုယ်သူကို သစ်သီးနဲ့တော့ မနှိုင်းယှဉ် ချင်ပါဘူး။ ဒါပေမယ့် အခုတော့ သူကိုယ်တိုင်က သစ်သီးလို ဖြစ်နေပြီလေ။ ယွင်ချင်းဝူ စားမယ့် သစ်သီး။ အကယ်၍ ယွင်ချင်းဝူ သာ သူ့ကို သေစေချင်ရင်။ သူလည်း ဘာမှ မလုပ်နိုင်မှာ မဟုတ်ဘူး။ အကယ်၍ စွမ်းအားကြီးလွန်းရင် ကွာခြားချက်ကလည်း များတယ်။ ဖန်ကျန်းရှီ သူ့ကိုယ်သူတွေးခဲ့တာ အရမ်းကို အင်အားကြီးတဲ့ လူ တစ်ယောက်လို့။ ဒီ အသက်အရွယ်နဲ့ သဘာဝလွန် အဆင့် စွမ်းအားရှင် ဖြစ်နေတာ။ ပြိုင်ဘက်ကင်းပြီလို့။

သူ့ရဲ့ ဒီလို တောက်ပနေတဲ့ ဘဝက။ စတောင် မစရသေးဘူး အဆုံးသတ်သွားမယ်လို့ မထင်ထားခဲ့မိဘူး။ အခုတော့ သူဘာလုပ်ရမလဲ။ အခုချိန်မှာ တောင်းပန်တာတွေ အသနားခံတာတွေလည်း မလုပ်ချင်ဘူး။ ဒါတွေ လုပ်ဖို့ တစ်ခါက တွေးဖူးတယ်။ ဒါပေမယ့် ယွင်ချင်းဝူရဲ့ စိတ်သဘောကို နားလည်ပြီးတည်းက။ ဒီလိုလုပ်တာတွေက သူ့ကို အရှက်ရစေမယ်မှန်း နားလည်တယ်။ ကြမ်းကြမ်း တမ်းတမ်း ပြုမူလို့လည်း မရဘူး။ အသက်ရှင်ဖို့ အတွက် ဂုဏ်သိက္ခာကို အစော်ကားခံလို့လည်း မရဘူး။ ဒါကြောင့် ။ မေးခွန်းတွေကို ပြန်ဖြေဖို့ ဖန်ကျန်းရှီမှာ အဖြေမရှိ။ ယွင်ချင်းဝူ လည်း ဖန်ကျန်းရှီကို အချိန် တိုတိုနဲ့ ဒုက္ခ မခံရစေပဲ အသေမခံနိုင်ဘူး။ သူမရဲ့ အမူအယာကနေ သူမ ဘယ်လောက်တောင် ပျော်နေလဲ ဆိုတာ နားလည်သွားရတယ်။

“ ငါက ပဲ သူမကို လမ်းလွှဲ ရောက်စေလိုက်တာလား။” ဖန်ကျန်းရှီ အရင် အချိန်တွေကို ပြန်တွေးတော မိနေတယ်။ သူမနဲ့ ပထမဆုံး တွေ့ခဲ့တဲ့ အချိန် ကနေ အခုချိန်ထိ။ အရင်တုန်းက ယွင်ချင်းဝူဆိုတာ အေးစက်တယ်။ ဒါပေမယ့် အခုတော့ မိန်းမငယ်လေး တစ်ယောက်လို ပျော်ရွှင်နေလိုက်တာ။ ဘာတွေ များ ဖြစ်ကုန်တာလဲ။

နတ်ဆိုး အရှင်သခင်ငယ်ဆိုတာ ။ အရမ်းကို ကြီးကျယ်ခမ်းနားပြီး မြင့်မြတ်တဲ့ ပုံစံ ပေါက်နေရမှာ မဟုတ်လား။ ဘာလို့များ ငါ့ကိုပဲ အာရုံစိုက်နေတာလဲ။ ငါက အာရုံစိုက်ခံရဖို့ တန်လို့လား။ ဖန်ကျန်းရှီ သူ့ကိုယ်သူ စိတ်အေးအေးထားချင်ပါတယ်။ ဒါပေမယ့် မလုပ်နိုင်ဘူး။ သူ အသက်ရှူကြပ်လာသလို ခံစားနေရတယ်။

“ ငါက မင်း အတွက် တန်ဖိုးရှိနေသေးတယ်လို့ထင်နေတာလား။” ဖန်ကျန်းရှီ ခန့်မှန်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

“ နင်ပြောတာ ဟုတ်တယ်။” ယွင်ချင်းဝူ ခေါင်းငြိမ့်လိုက်တယ်။

ဖန်ကျန်းရှီ သူ့ ပုခုံးပေါ်ကို ဝန်ထုပ်ဝန်ပိုး အကြီးကြီး ရောက်လာသလို ခံစားလိုက်ရတယ်။ ဒါက သူ့ အတွက် အကောင်းဆုံး သတင်းပဲ။ ဒါဆိုရင် သူ ဆက်ပြီး ညှိနှိုင်းလို့ ရနိုင်သေးတယ်လေ။

“ အမ်။ မင်းက ငါ့ကို ဘာလုပ်ချင်စေချင်တာလဲ။ ငါ့ အကောင်းဆုံး လုပ်မယ်။” ဖန်ကျန်းရှီ ထပ်ပေါင်းပြောတယ်။

“ ဘာမှ လုပ်စရာ မလိုဘူး။ ဒီနေရာမှာပဲ စောင့်နေလိုက်။” ယွင်ချင်းဝူ ခေါင်းခါတယ်။

“ဒီနေရာမှာ စောင့်နေရမယ် ဟုတ်လား။” ဖန်ကျန်းရှီ ရဲ့ နှလုံးသားလေး တင်းကြပ်သွားတယ်။ သူ့ကို ဘာမှ မလုပ်ခိုင်းစေချင်ပဲနဲ့ ။ သူက ဘာလို့များ အသုံးဝင်မှာလဲ။ သေဖို့ ထိုင်စောင့်နေရမှာလား။

“ မှန်တယ်။ ဒီနေရာမှာပဲ သေဖို့ ထိုင်စောင့်နေလိုက်တော့။” ဖန်ကျန်းရှီ ရဲ့ စိတ်ကို ဖတ်နေတဲ့ အတိုင်း။ ယွင်ချင်းဝူ တောက်တောက်ပပ ပြုံးရင်း ပြန်ဖြေတယ်။

“

“မိုးမေကြီးကိုလင်းလိုက်တော့ * ” ဖန်ကျန်းရှီ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘူး။ စော်ကားခံရတာထက် သေလိုက်တာ ပိုကောင်းတယ်။ အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသေးရင်။ အစွမ်းကုန် စွမ်းအားသုံးပြီးတော့ အသက်ရှင်ဖို့ လုပ်မှာပဲ။ ဒါပေမယ့် ယွင်ချင်းဝူကတော့ ။ ရှင်းရှင်းလင်းလင်း ပြောလိုက်ပြီ၊ (သူ့ကို အသက်ရှင်လျက် မထားဘူးလို့။) ဒါကြောင့် သူ့စိတ်ထဲမှာ ရှိတဲ့ အတိုင်း ဆဲဆိုတော့တယ်။

“ … မကြာခင် ရောက်လာမှာပါ။” ယွင်ချင်းဝူ ခေါင်းမော့ရင်း ။ သူ့ကိုယ်သူ တီးတိုးပြောနေခဲ့တယ်။

“ရောက်လာတော့မယ်။ ဘယ်သူလဲ။” ဖန်ကျန်းရှီ သူ့ စကားလုံးတွေကို ချက်ခြင်းမျိုချလိုက်တယ်။ ကောင်းကင်မှာ ပျံဝဲနေတဲ့။ အနက်ရောင် ပုံရိပ်အကြီးကြီးကို တွေ့လိုက်တာကြောင့်ပဲ။

“ အာဝူးးး” မာဆတ်ဆတ် အသံက လေထဲမှာ ပေါ်လာခဲ့တယ်။ တိမ်တွေကို ဖြတ်ကျော်ရင်း ပေါ်လာတဲ့ သားရဲကောင်ကြီးက။ နေမင်းကိုတောင် ဖုံးကွယ်သွားခဲ့တယ်။ သူ့ရဲ့ ကြီးမားတဲ့ အတောင်ပံကြီးတွေ တစ်ခါ ခတ်လိုက်တိုင်း။ အေးစက်စက် လေထုတွေကို ဖန်တီးပေးတယ်။ မီးတောက်လို တောက်ပနေတဲ့ မျက်ဝန်းတွေ ရှိတယ်။ နှင်းတွေကို ဆွတ်ဆွတ်ဖြူနေတဲ့ အမွှေးတွေက သူ့ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားတယ်။ တကယ်တော့ ပုံမှန် အမွှေးတွေ မဟုတ်ခဲ့ဘူး။ ငှက်မွှေးပုံစံ အကြေးခွံတွေ ဖြစ်နေခဲ့တယ်။ ဒီ သားရဲကောင်က လင်းယုန်နဲ့ သဏ္ဍာန်တူ။ ဒါပေမယ့် လင်းယုန်နဲ့ မတူတာက ။ သူ့မှာ အမြီးအရှည်ကြီးရှိတယ်။ ဒဏ္ဍာရီလာ ဖီးနစ်ငှက်လိုပဲ။ သူ့အမြီးက တလက်လက် တောက်ပနေတယ်။ နှင်းလင်းယုန်ကြီး။ ဖီးနစ်မျိုးနွယ်သွေးပါတဲ့ ရှားပါး သတ္တဝါ။

ဒီသတ္တဝါကြီးရဲ့ ကျောပေါ်မှာ လူနှစ်ယောက်ပါလာတယ်။ ဘယ်ဘက်က တစ်ယောက်ကတော့ ။ အနီရောင်တောက်ပနေတဲ့ သံချပ်ကာနဲ့။ အောက်ဘက်က စစ်မြေပြင်ကို ကြည့်နေခဲ့တယ်။ မောက်မာတဲ့ အငွေ့အသက်တွေက သူမ တစ်ကိုယ်လုံးကို လွှမ်းခြုံထားခဲ့တယ်။ သူမကတော့ ပင်းယန်။ ကြီးမြတ်သော ရှမင်းဆက် ရဲ့ အဖိုးတန်မင်းသမီးလေး။ သူမ နောက်က လူကတော့ ချီကူယန်။ ပင်းယန် နဲ့ အနီးကပ်နေပြီးတော့ ။ ပင်းယန်လေးစား လိုက်နာတဲ့ တစ်ဦးတည်းသောသူ။ သူမရဲ့ ပိုးသားလို နက်မှောင်တောက်ပနေတဲ့ ဆံပင်တွေနဲ့။ ပန်းနုရောင် အကျီလေးတွေက လေထုထဲမှာ တောက်ပနေတယ်။ ချီကူယန်က ဒီလောကမှာ အလှပဆုံးသူတွေ ထဲက တစ်ယောက်ဆိုတာ လွယ်လွယ်ကူကူ ပဲ ပြောလို့ရပါတယ်။ ဒါပေမယ့် သူမက အရမ်းကို ထူးချွန်လွန်းလို့။ လူအများစုက သူမ နဲ့ မလိုက်ဖက်နိုင်ဘူး။ အထူးသဖြင့် သူမရဲ့ မျက်ဝန်းလေးတွေ က အရမ်းကို ပြိုင်ဘက်ကင်းလွန်းတယ်။ တောက်ပပြီး ကြည်လင်နေတယ်။ ကြယ်တာရာ အစုအဝေးကြီးတစ်ခုလိုပဲ။ ဖန်ကျန်းရှီ တွေးထင်ခဲ့တာ။ ယွင်ချင်းဝူက အခွင့်အရေးကောင်းကို စောင့်နေတာလို့။ ဒါပေမယ့် ချီကူယန် နဲ့ ပင်းယန်ကို စောင့်နေတာ လို့ မထင်မှတ်ထားမိဘူး။

“ ချီကူယန်က ကောင်းကင်တာအို ခန်းမမှာ ရှိနေရမှာ မဟုတ်ဘူးလား။ နောက်ပြီးတော့ ပင်းယန် …. သူလည်း မြို့တော်မှာ ရှိနေရမှာ မဟုတ်ဘူးလား။” ဖန်ကျန်းရှီ သူ့မျက်လုံးသူ မယုံနိုင်ဘူး။ တောင်ပိုင်းဒေသကို ချီကူယန် နဲ့ ပင်းယန် ရောက်လာတဲ့ အချိန်တုန်းက။ ဖန်ကျန်းရှီ သတိလစ် မေ့မျော နေတဲ့ အခြေအေနမှာ ရှိနေတာ။ နောက်ပြီးတော့လည်း ရှန်းယွီ မင်းသမီး ရဲ့ စစ်စခန်းကို သူက ဆွဲသွင်းခံလိုက်ရတာ။ တောင်ပိုင်းဒေသ စစ်စခန်းမှာ ရှိနေတော့ ။ ချီကူယန် နဲ့ ပင်းယန် အကြောင်းကို ဘယ်သူကမှ မပြောကြဘူးလေ။ ပြောရမယ်ဆိုရင်။ ဒီနေရာမှာ တိုက်ပွဲ ဖြစ်မှာကိုလည်း ဘယ်သူကမှ မသိကြပဲ။ ဒါပေမယ့် ယွင်ချင်းဝူကတော့ အားလုံးကိုသိတယ်။ ချီကူယန် သံတောင်ကုန်းဒေသကို ရောက်လာမယ်ဆိုတာ လည်း သိတယ်။

“ ရောက်လာပြီလား။” ယွင်ချင်းဝူ ရဲ့ အပြုံးက ပျောက်ကွယ်သွားတယ်။ သူမရဲ့ အမူအယာက အေးစက်စက် အခြေအကေို ပြန်ရောက်သွားခဲ့တယ်။ ချီကူယန်ကို ကြည့်ရင်း လှမ်းအော်ပြီး နှုတ်ဆက်နေခဲ့တယ်။

“ အင်း ရောက်ပြီ။ ” ချီကူယန်ရဲ့ အေးဆေးတည်ငြိမ်တဲ့ အသ့ အပေါ်ကနေ ထွက်ပေါ်လာခဲ့တယ်။

ဖန်ကျန်းရှီ ကတော့ အတော့်ကို စိတ်ရှုပ်နေတာ။ ကောင်းကင်ပေါ်မှာ တစ်ခုခု ပေါ်လာတာ မြင်တော့။ သူ စိတ်လှုပ်ရှားသွားတယ်။ ဒီလို အကြပ်အတည်းဖြစ်နေတဲ့ အခြေအနေမှာ သူ့ကို တစ်ယောက်ယောက် လာကယ်မယ်လို့ မျှော်လင့်ထားတာ ။ ဒါပေမယ့် အဲ့ဒီ့လူကို ချီကူယန်တော့ မဖြစ်စေချင်ဘူး။ သူမ ဘယ်လိုတွေးလဲ ဆိုတာကြောင့် မဟုတ်ဘူး။ အန္တရာယ်တွင်းထဲ ခုန်ဆင်းရမယ်ဆိုတာကို နားလည်လို့။ တကယ်တော့ သူ့ကို လာကယ်မယ့် သူကို ဖန်ကျန်းရှီ အရမ်း မျှော်လင့်နေခဲ့တာ။ ဒီလူကို သစ္စာဖောက်ဖို့တောင် ဖန်ကျန်းရှီ တွေးထားပြီးပြီ။ ဒါပေမယ့် လာကယ်တဲ့ သူက ချီကူယန် ဖြစ်သွားခဲ့ရင်။ သစ္စာဖောက်ပါ ဆိုရင်တောင် မဖောက်ဝံ့တော့ဘူး။ ချီကူယန်က သူ့ကို ဘယ်လိုတွေးလဲ မသိပေမယ့်။ သူကတော့ ချီကူယန်ကို မသေစေချင်ဘူးလေ။ ဒါကြောင့်ပဲ အရမ်းကို စိတ်ရှုပ်ထွေးနေရတာ။ စိတ်ဖိစီးနေရတယ်။

ဖန်ကျန်းရှီ စိတ်ထဲမှာ။ ချီကူယန်ကို သစ္စာဖောက်ဖို့နဲ့ သူမ ဘက်ကနေ တိုက်ခိုက်ဖို့ လွန်ဆွဲ နေခဲ့တယ်။ ချီကူယန်ကတော့ လမ်းမှာပဲရပ်နေခဲ့တယ်။ ပင်းယန် နဲ့ အတူ တိုက်ပွဲကို ငုံ့ကြည့်နေခဲ့တယ်။ ဒါ့အပြင် ပိုပြီး အရေးကြီးတာ ချီကူယန်က ယွင်ချင်းဝူကို စကား လှမ်း ပြောနေတာပဲ။ သူတို့ ပြောနေတဲ့ ပုံစံကလည်း ငယ် သူငယ်ချင်းတွေ ပုံစံမျိုး။ ဒါက ဘယ်လို အခြေအနေ ကြီးလဲ။ ချီကူယန်က ပထမဆုံး ဆင်းလာဖို့ အမိန့်ပေးပြီးတော့။ ဖန်ကျန်းရှီကိုကို ကယ်ရမှာ မဟုတ်ဘူးလား။ အခုကော ကယ်မှာလား ။ မကယ်ဘူးလား။

အပိုင်း(၄၃၆)ပြီး၏။

အပိုင်း (၄၃၇)

“ ငှက်ကြီး လိမ့်သွားပြီ။ ”

ဖန်ကျန်းရှီ အဆုတ်တွေ ကွဲတဲ့ အထိ အော်ဟစ်လိုက်ချင်တယ်။ ဒါပေမယ့် သူ မအော်ခင် သူ့စကားလုံးတွေကို ပြန်မျိုချလိုက်တယ်။ ချီကူယန်ကတော့ သူမ လုပ်နေတာကို သိလောက်ပါတယ်လို့ သူ့ ဦးနှောက်က ပြောနေခဲ့တယ်။ သူ့စိတ်ထဲမှာတော့။ ချီကူယန်က ကောင်းကင်ရောင်ပြန် အဆင့်မှာပဲ ရှိနေသေးတယ်။ ကောင်းကင်ရောင်ပြန် အဆင့် ဆိုတာ အားနည်းတယ်။ အခုချိန်မှာ ချီကူယန်ကို အနိုင်တိုက်နိုင်မလားလို့ မသေချာပေမယ့်။ မရှုံးမှာကိုတော့ သိတယ်။ ရှုံးခဲ့ရင်တောင် ဆိုးဆိုးဝါးဝါး ကြီးတော့ ဖြစ်မှာ မဟုတ်ဘူး။

“ မင်းက ငါတို့ မျိုးဆက်မှာ ထိပ်တန်း ပါရမီရှင် ဖြစ်ပေမယ့်။ ငါ့ အစေခံပဲ ဖြစ်ဖို့ တန်တယ်။” ဖန်ကျန်းရှီ သူ့စိတ်ထဲမှာ အော်ဟစ်နေတယ်။ အကယ်၍ သူသာ ဒီ အခြေအနေကနေ ထွက်နိုင်ရင်။ ချီကူယန်လည်း ကူညီစရာလိုမှာ မဟုတ်ဘူး။ အခုတော့ ချီကူယန် ဒီကို ရောက်နေတာ ပွဲကြည့်ပရိသတ်လို ဖြစ်နေတယ်။ ဒါပေါ့။ သူနဲ့ တခြား အငအားစုတွေ ရဲ့ ကွာခြားချက်က။ ဒီ အခြေအနေကို အပေါ်စီးကနေ ကြည့်နိုင်တာပဲ။ ဖန်ကျန်းရှီ သူ့ ဘဝမှာ ဒီလောက် အရှက်ရတာမျိုး မကြုံရဖူးဘူး။ အခုတော့ သူက ဓားစာခံ ဖြစ်နေတယ်။ ဘယ်သူမှ ဂရုမစိုက်တဲ့ မြေဇာပင်လေး။ ပုံမှန် အတိုင်း ဆိုရင် ။ ဓားစာခံက ကယ်တင်ခံရမှာ ။ ဒါက အဓိက အချက်ပဲ။ သူတွေးနေတဲ့ အချိန်မှာပဲ။ နှင်းလင်းယုန်ကြီးက လှုပ်ရှားတော့တယ်။ သူ့ရဲ့ အတောင်ပံကြီးတွေက နေမင်းကို ဖုံးအုပ်သွားတယ်။ တော်နေဒိုး မုန်တိုင်း တစ်ခုလို ဖန်ကျန်းရှီဆီကို ပျံသန်းလာခဲ့တယ်။

“ ငလူးပဲ ….. သူက ငါ့ကို သတ်ချင်နေတာလား။” ဖန်ကျန်းရှီ ဘေးကို ခုန်ရှောင်လိုက်ချင်တယ်။ ဒါပေမယ့် သူ့နေရာကနေ လှုပ်လို့မှ မရပဲ။ ယွင်ချင်းဝူကတော့ သူ့ဒီကို လွင့်လာနေတဲ့ လှိုင်းလုံးကြီး တွေ ကို ကြည့်နေခဲ့တယ်။ သူ့ကို ဦးတည် တိုက်ခိုက်တယ် ဆိုတာ သူ ကောင်းကောင်းသိတယ်။ သူမလည်း ခုန် မရှောင်ခဲ့ဘူး။ နေရာမှာပဲ ရပ်နေခဲ့တယ်။ လေအရှိန်ကြောင့် သူမ နေရာရွေ့သွားပေမယ့် ။ လူကတော့ အရင်အတိုင်း တည်ငြိမ်နေခဲ့တယ်။ ချီကူယန် နဲ့ ပင်းယန်ကို စကားမပြောပဲ စိုက်ကြည့်နေခဲ့တယ်။ သူတို့တွေကို နှုတ်ဆက်ပြီးပြီပဲ။ လုံလောက်ပါပြီ။

“ဘုန်း။”

တော်နေဒိုးလေမုန်တိုင်းကြောင့် ကျောက်တုံးတွေ ဖုန်မှုန့်တွေ ကောင်းကင်ကို ပျံတက်သွားတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီက ယွင်ချင်းဝူကို နီးကပ်လွန်းနေတယ်။ သူလည်း အသက်ပျောက်သွားနိုင်တယ်။ နောက်ပြီးတော့ သူက ထောင်ချောက်ထဲမှာ မိနေတာ။ သူ့ရဲ့ အသက်ကလေးကိုတော့ ဖက်နဲ့ထုပ်ပြီး ကာကွယ်ရမယ်လေ။ တော်နေးဒိုးက သူ့ခန္ဒာကိုယ်ပတ်လည်မှာ လှည့်ပတ်နေတယ်။

ပုံမှန်အတိုင်းဆိုရင် ။ဖန်ကျန်းရှီက မျက်လုံးမှိတ်ထားပြီး ဆုတောင်းနေမိမှာ။ ဒါပေမယ့် အခုတော့ သူ မလုပ်ဘူး။ ဘာကြောင့်လဲ ဆိုတော့။ ထူးဆန်းတာကို သူမြင်နေရလို့ပဲ။ ယွင်ချင်းဝူ ဘယ်လောက်တောင် အင်အားရှိမှန်း သူသိတယ်။ သူမက ဉာဏ်သာကောင်းသာ။ လူက အရမ်း အရမ်းကို အားနည်းတယ်။ ဒါပေမယ့် ယွင်ချင်းဝူက တော်နေးဒိုးရဲ့ အလယ်မှာ ရပ်နေတာတောင်။ အရမ်းအေးဆေးနေတယ်။ သူမ ရဲ့ အကျီတွေကသာ လေထဲမှာ တဖျပ်ဖျပ် လွင့်နေတယ်။ သူမကတော့ တော်နေးဒိုး သက်ရောက်တာ မခံရသလိုပဲ။ ထူးဆန်းတာက ။ အကယ်၍ ယွင်ချင်းဝူသာ ပိုင်းခြားခံ နယ်မြေမှာ ရှိနေမယ် ဆိုရင်။ လေမုန်တိုင်း က သူမ ရဲ့ အကျီတွေကို ဘာလို့ သက်ရောက်မှာလဲ။ ဖန်ကျန်းရှီ မတွေးတတ်ဘူး။ အခုတော့ နှင်းလင်းယုန်ကြီးက သူမ ရှေ့ကို ရောက်နေပြီ။ အတော်လေးကို မြန်ဆန်တယ်။

“ချီကူယန်က…… တကယ်ပဲ ဒီကိုရောက်နေတာ ငါ့ကို ကယ်ဖို့လား။” သူနဲ့ လက်မ အနည်းငယ်ပဲ ဝေးကွာတော့တဲ့ နှင်းလင်းယုန်ကြီးကို ဖန်ကျန်းရှီ ကြည့်နေတယ်။ နှင်းလင်းယုန်ကြီးရဲ့ မျက်လုံးထဲက အကြောက်တရားတွေကို မြင်တွေ့နေရတယ်။ ဒီလိုအင်အားကြီးတဲ့ သားရဲကောင်မှာ ပြိုင်ဘက်ကင်းတဲံ ဆဌမအာရုံလည်း ရှိတယ်။ ဒါကြောင့် ဝတ်ရုံနက်အောက်က နတ်ဆိုးရဲ့ စွမ်းအားကို ကြောက်ရွံ့နေမှန်း သိသာလွန်းတယ်။ ဒါတောင် အရဲစွန့်ပြီး ဆင်းလာရတဲ့ အကြောင်းရင်းကတော့ ရှင်းပါတယ်။ ချီကူယန်က ဆင်းလာစေချင်တာကြောင့်။ တစ်ချက်လေးတောင် မတွေဝေပဲ ဆင်းချလာတာ။ သားရဲကောင်ရဲ့ သစ္စာပဲ။ ဖန်ကျန်းရှီကတော့ နှင်းလင်းယုန်ပေါ်က ပန်းနုရောင်ဝတ်ရုံ နဲ့ မိန်းမလှကို ကြည့်နေခဲ့တယ်။ သူ့ရဲ့ တလက်လက်တောက်ပနေတဲ့ မျက်ဝန်းတွေကို စိုက်ကြည့်နေတယ်။

“ ချီကူယန်။” ဆန့်တန်းထားတဲ့ လက်မောင်းတွေနဲ့ ကို ဖန်ကျန်းရှီ ကြည့်နေခဲ့တယ်။ ဒီ အသားအရေက ဘယ်လောက်တောင် ချောမွေ့ နူးညံ့မှန်း သူသိတယ်။ ဒီ အချိန်မှာ။ ဖန်ကျန်းရှီ စိတ်ထဲ ခံစားမိတာ။ ချီကူယန်က တကယ့်ကို မြင့်မြတ်တဲ့သူပဲ။ နည်းနည်းမာနကြီးပေမယ့် လှတာတော့ တစ်ကယ် လှတယ်။ ရုပ်ရည်တင်လှတာ မဟုတ်ဘူး။ သူမရဲ့ အသားအရေက လည်း ချောမွေ့ကောင်းမွန်တယ်။ နောက်ပြီးတော့ မယုံနိုင်စရာ ကောင်းလောက်အောင် ဆွဲဆောင်မှု ရှိတယ်။ တကယ့်ကို ပြိုင်ဘက်ကင်း အလှပဲ။ သူမကိုသာ လက်ထပ်လိုက်ရရင်။ ထွီ။

သမိုင်းမတင်ခင် ခေတ်တည်းက။ ဓားစာခံတွေဆိုတာ ကယ်တင်ရှင်ကို ချစ်မိကြတာ ပဲ။ အခုတော့ ချီကူယန်က ကယ်တင်ရှင်ဖြစ်နေတဲ့ အချိန်မှာ။ ကယ်ခံရတဲ့ ဘယ်သူမဆို ဆွဲ ဆောင်ခံရမှာပဲ။ အခု ချီကူယန် လက်လှမ်းလိုက်တဲ့ အချိန်မှာ သူ့ နှလုံးသားလေး တဖျပ်ဖျပ်ဖြစ်တဲ့ အထိ ခုန်နေခဲ့တယ်။ ဒါပေမယ့် ရုပ်ရှင်တွေထဲက ဓားစာခံတွေကို လက်ကို ဆန့်တန်းပြီးတော့ လိုက်သွားလို့ မဖြစ်နိုင်ဘူးလေ။ ဒါဆိုရင် ဖန်ကျန်းရှီလို့ မဖြစ်နိုင်တော့ဘူးလေ။ ချီကူယန်ကို လက်ထပ်ရမှာလား။ အခုချိန်မှာ ခေါင်းတောင် မော့မကြည့်ချင်တော့ဘူး။ မဖြစ်ဘူး။ ဒီလို မာနကြီးပြီး ခြိမ်းခြောက်တတ်တဲ့ ချီကူယန်ကို ဘယ်လိုမှ ဇနီး အဖြစ် လက်ခံလို့ မဖြစ်ဘူး။ အစေခံ ဖြစ်အောင်ပဲ လုပ်ရမယ်။

“အရှက်မရှိလိုက်တဲ့ ကောင်စုတ်။ နင်ဘာကို ကြည့်နေတာလဲ။” ပင်းယန်ရဲ့ အသံက ဖန်ကျန်းရှီ ရဲ့ အတွေးကို နှောက်ယှက်လိုက်တယ်။ ပွစိပွစိပြောရင်း နဲ့ အတော့်ကို စိတ်ဆိုးနေတဲ့ပုံပဲ။

“ ခုန်ရမှာလား။ မိုးမေလင်းလိုက်။” ဖန်ကျန်းရှီ ခပ်ရိုင်းရိုင်းပြန်အော်တယ်။ သူလည်း ခုန်ချင်ပါတယ်။ ဒါပေမယ့် လုပ်မှ မလုပ်နိုင်ပဲ။ အကယ်၍ သူသာ ခုန်နိုင်ရင်။ အစောကြီးတည်းက ပြေးနေပြီ။

“ ဟန့်” ဒီအချိန်မှာပဲ။ တုန်ယင်နေတဲ့ အသံ ထွက်လာခဲ့တယ်။ ခြိမ်းခြောက်နိုင်တဲ့ စွမ်းအားပြည့်ဝတဲ့ အသံ ထွက်လာခဲ့တယ်။ နှင်းလင်းယုန်ကြီးတောင် လန့်ပြီး တုန်သွားခဲ့တယ်။ အော်ဟစ်ပြီး အတောင်ပံခတ်ရင်း ကောင်းကင်ကို ပျံတက်သွားခဲ့တယ်။ ဒါပေမယ့် အရမ်းကို နောက်ကျသွားြင်္ပီ။

“အာဝူးးး” ထိတ်လန့်တကြားအော်သံနဲ့ အတူတူ။ နှင်းလင်းယုန်ကြီး မြေပြင်ပေါ်ကို ပြန်ကျလာတယ်။ နှင်းလင်းယန်ကြီးရဲ့ ခေါင်းက တစ်ဖက်ကို စောင်းနေခဲ့တယ်။ တစ်ယောက်ယောက်ရိုက်တာ ခံလိုက်ရတဲ့ အတိုင်းပဲ။ အဲ့ဒီ့နောက် အတောင်ပံတောင် မခတ်နိုင်တော့ဘူး။ ကြီးမားတဲ့ ကိုယ်ခန္ဒာကြီးက အမြောက်ဆံတစ်ခုလိုပြုတ်ကျလာခဲ့တယ်။ ကျောက်တုံးတွေ နဲ့ ဖုန်မှုန့်တွေ ကောင်းကင်ကို လွင့်ပျံ့ကုန်တယ်။ အကုန်လုံးက မျက်စိ တစ်မှိတ် အတွင်း ဖြစ်ပျက်ကုန်တာ။

နှင်းလင်းယုန်ကြီး မြေပြင်ပေါ်ကို ပြုတ်ကျလာတော့။ လေလှိုင်းလုံးတွေလည်း ဖြစ်ပေါ်လာခဲ့တယ်။ လှိုင်းအရှိန်ကြောင့် ဝတ်ရုံနက်လန်သွားခဲ့တယ်။ အိုမင်းနေတဲ့ မျက်နှာ ထွက်ပေါ်လာတော့တယ်။ ငွေရောင် ဆံပင်ရှည်တွေက လေထဲ လွင့်နေတယ်။ အရေးအကြောင်းတွေနဲ့ မျက်နှာကဝါထိန်နေတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းမွန်တာကြောင့် မှိန်ဖျော့ဖျော့တောက်ပနေတုန်းပဲ။ သူ့မျက်နှာမှာ သူမတူအောင် ထူးခြားတာက မျက်လုံးတွေ။ ဗလာဟင်းလင်း နဲ့ အသက်မဲ့နေတယ်။ ဒါ့အပြင် ပိန်းပိတ်အောင် မှောင်မည်းနေတာ။ တွင်းနက်ကြီး နှစ်ခုလိုပဲ။ လမ်းမှာ ရှိနေတဲ့ အရာအားလုံးကို ဝါးမျိုနိုင်တဲ့ အတိုင်းပဲ။ သူ့မှာ ထူးဆန်းတာရှိတယ်။ ဒါကတော့ နတ်ဆိုး မျက်လုံး မရှိတာပဲ။ သူ့နဖူးပေါ်မှာ ချိုင့်ကြီးတစ်ခုပဲ ရှိတယ်။ ဒီချိုင့်ကို မြင်ရတာ အတော်လေးကို စိတ်မသက်မသာ ဖြစ်စေနိုင်တယ်။ သူကတော့ ချန့်ယန်။ လူတိုင်းရဲ့ စိတ်နှလုံးကို ကြောက်ရွံ့စေနိုင်တဲ့ သူ။ ဒီလောကမှာ စွမ်းအားအမြင့်ဆုံး သက်ရှိတွေ ထဲက တစ်ယောက်ပဲ။

မျိုးရိုးမရှိ။ စကားနည်းပြီး တိတ်ဆိတ်ငြိမ်သက်တဲ့။ ဒီမျက်ကန်း နတ်ဆိုးကြီးက ဘယ်လောက်ထိ စွမ်းလဲ။ ပြန်လည်မွေးဖွားမှု ကောင်းကင်တာအိုကို အသုံးချပြီးတော့ ။ သုခမိန်တစ်ဝက်ဖြစ်လာနိုင်ခဲ့လည်းဆိုတာ ဘယ်သူမှ နားမလည်ခဲ့ဘူး။ ချန့်ယန်း က ကိုယ်ထင်ပြခဲတယ်။ ဒါပေမယ့် သူပေါ်ထွက်လာတဲ့ အချိန်တိုင်း ။ သူက အစွမ်းအထက်ဆုံး ပြန်လည်မွေးဖွားမှု အဆင့် နတ်ဆိုးဆိုတာ လူတိုင်းကို သက်သေပြခဲ့တယ်။

ဖန်ကျန်းရှီ ကတော့ ခေါင်းတွေ ချာလပတ်လည်နေခဲ့တယ်။ နှင်းလင်းယုန်ကြီးကိုတစ်လှည့် လူအိုကြီးကို တစ်လှည့် ကြည့်နေခဲ့တယ်။ သူမြင်နေရတာကို မယုံနိုင်။ နှင်းလင်းယုန်က ဘာသတ္တဝါလဲ ဆိုတာ သူ တကယ်မသိဘူး။ ဒါပေမယ့် အရှိန်နှုန်း နဲ့ သက်လုံတွေက အတော့်ကို ပြိုင်ဘက်ကင်းမှန်း တော့ သိတယ်။ ဒီလို သားရဲကောင် မျိုးနဲ့ တိုက်ခိုက်ရရင် ။ အသက်ရှင်နိုင်မယ်လို့တောင် ယုံကြည်ချက် မရှိဘူး။ ဒါပေမယ့် မျက်စိမမြင်တဲ့ လူအိုကြီးကတော့ တစ်ချက်တည်း နဲ့ အပြတ်ရှင်းလိုက်တယ်။ ဒါကြီးက ဘယ်လို မိစ္ဆာမျိုးလဲ။

…

လေတိုက်တာတွေ ရပ်သွားခဲ့ပြီ။ ပန်းနုရောင်ဝတ် မိန်းမပျိုလေးကတော့ မြေပြင်ပေါ်ကို ဆင်းလာခဲ့တယ်။ ဆင်းလာရင်း နှင်းလင်းယုန်ကြီးကို ပွတ်သပ်ပေးနေခဲ့တယ်။ သူမရဲ့ မျက်လုံးတွေက တလက်လက် တောက်ပနေခဲ့တယ်။ သူမ ဘေးမှာတော့ မီးတောက်လို ရဲရဲနီနေတဲ့ သံချပ်ကာနဲ့ မိန်မငယ်လေး ရှိနေခဲ့တယ်။ ဒီမိန်းကလေးရဲ့ မျက်ဝန်းတွေက ရေလို ကြည်လင်နေခဲ့တယ်။ ဒါပေမယ့် သူမ ရဲ့ မျက်ဝန်းတွေ ကတော့ ထိတ်လန့်မှုတွေ ပြည့်နေခဲ့တယ်။ ကြည့်ရတာ ထိတ်လန့်နေတဲ့ ယုန်သူငယ်လေး လိုပဲ။

“ ယန်လေး။ အဲ့ဒီ့ မျက်ကန်းကြီးက ဘယ်သူလဲ။” ပင်းယန် က သိသိသာသာကို လန့်နေတာ။ ဒါပေမယ့် သူမရဲ့ ရဲရဲတောက်ချီလင်လှံကိုတော့ မသုံးခဲ့ဘူး။ နှင်းလင်းယုန်ကြီး ဘာဖြစ်သွားလဲ ဆိုတာ ။ သူမ ကောင်းကောင်းမြင်တယ်လေ။

“ချန့်ယန်” ချီကူယန် အေးအေးဆေးဆေး ပြန်ဖြေတယ်။ တုန်ယင်နေတဲ့ နှင်းလင်းယုန်ကြီးကို ဆက်ပြီး ပွတ်သပ်ပေးနေခဲ့တယ်။

“ချန့်ယန် ။ သုခမိန်တစ်ဝက်လား။” ပင်းယန်ရဲ့ အမူအယာက ကြောက်လန့်မှုကို ချက်ခြင်းပြောင်းသွားတယ်။

“အင်း။ ဟုတ်တယ်။”

“ယန်လေး။ ဒါဆို ငါတို့ ပြေးသင့်ပြီ မဟုတ်ဘူးလား။ ခမည်းတော် တစ်ခါတုန်းက ပြောဖူးတယ်။ တစ်ချို့လူတွေ နဲ့ တွေ့ရင်။ ပြေးရမယ်လို့။ အဲ့ဒီ့လူတွေထဲ ချန့်ယန်လည်း ပါတယ်။”

“ကောင်းပြီလေ။ ဒါဆိုရင်။ ဦးလေးရှင်းဆီ ပင်းယန် အရင်သွားလိုက်။”

“ယန်လေးကကော။”

“ ဟိုကောင့်ကိုကယ်ရအုန်းမယ်။” နေရာမှာ မလှုပ်ပဲ ရပ်နေတဲ့ ဖန်ကျန်းရှီ ကိုကြည့်ရင်း ပြန်ဖြေတယ်။ သူမရဲ့ မျက်လုံးတွေက ဆုံးဖြတ်ချက်ကြောင့် တလက်လက် တောက်ပနေတယ်။ လေတွေတိုက်နေတာကြောင့်။ သူမရဲ့ ပန်းနုရောင်ဝတ်ရုံလည်း တဖျပ်ဖျပ်လွင့်နေခဲ့တယ်။

အပိုင်း(၄၃၇)ပြီ၏။

*(မိုးမေလင်းလိုက် ဆိုတာ ပေါက်တယ်ဟုတ်)

အပိုင်း(၄၃၈)

“ ကောင်းကင်ကသာ ငါ့ကို တားဆီးနေရင်။ ကောင်းကင်ကို ဖြိုပြစ်မယ်။”

နေဝင်သွားတာကြောင့် ကောင်းကင်ကမှောင်မည်းနေတယ်။ မိုးကုတ်စက်ဝိုင်းက မှိန်ဖျော့ဖျော့ တောက်ပနေတယ်။ ညရဲ့ပထမဆုံး ကြယ်တာရာတွေကိုလည်း မြင်နိုင်နေပြီ။ ဒီညအတွက် ပထမဆုံး အလင်းရောင်ပဲ။ ဖန်ကျန်းရှီက ချီကူယန်ကို ကြည့်နေတယ်။ သူမ ပြောလိုက်တာကို သူကြားတယ်လေ။

“ငါ ဒီကောင့်ကို ကယ်ရအုန်းမယ။်”

ရိုးရှင်းတဲ့ စာကာလေးတစ်ခွန်းပဲ။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ အမူအယာက အေးခဲသွားတယ်။ သူမ ဆိုလိုချင်တာကို သူ ကောင်းကောင်းသိတယ်။ ချန့်ယန်။ နတ်ဆိုးသုခမိန်တစ်ဝက်။ ဒီလူ ဘယ်လောက်တောင်အင်အားကြီးလဲ ဖန်ကျန်းရှီ မသိဘူး။ ဒါပေမယ့် သုခမိန်တစ်ဝက်ဆိုတာ ဒီလောကမှာ အားမနည်းမှန်း သိတယ်။ ချန့်ယန်း ဘယ်လောက်တောင် အင်အားကြီးမှန်း ချီကူယန်သိမှာ အသေအချာပဲ။ ဒါတောင် ဆက်ပြီး ကယ်ဖို့ လုပ်နေသေးတယ်။ အခုပဲ ကောင်းကင်ကနေ ဇောက်ထိုးကျလာတာကို။ ဘာဖြစ်လို့ ဆက်လုပ်ချင်နေတာလဲ။ ဖန်ကျန်းရှီ နားမလည်နိုင်ဘူး။

ချီကူယန်ရဲ့ မျက်လုံးတွေထဲမှာ အကြောင်းရင်းကို ရှာဖို့ ကြိုးစားမိတယ်။ ဒါပေမယ့် သူမ မျက်လုံးတွေက ကြယ်တာရာတွေနဲ့ပဲ ပြည့်နေခဲ့တယ်။ ကောင်းကင်က ကြယ်တာရာတွေ ထက်တောင် ပိုပြီးတော့ တောက်ပနေသေးတယ်။ ဒါက သွေးလေချောက်ခြားပြီးတော့ အမြင်မှားနေတာလား။

ဖန်ကျန်းရှီ က မျက်တောင် တဖျပ်ဖျက်ခတ်နေခဲ့တယ်။ နောက်ဆုံးတော့ သူမ မျက်ဝန်းထဲက ကြယ်တာရာတွေ ပျောက်သွားပြီ။ ပင်းယန်ကတော့ ချီကူယန်ကို ကြည့်နေခဲ့တယ်။ သူမ မျက်ဝန်းထဲမှာတော့ စိုးရိမ်မှု အပြည့်။

“ ဒီကောင့်ကို ကယ်မယ်ဆိုရင်။ သုခမိန်တစ်ဝက်ကို တိုက်ခိုက်ရမှာလေ။ အဲ့ဒီ့လူကြီးက မသေနိုင်တဲ့ လူ မလား။ ပင်းယန်ကြားဖူးတာ။ ဒီ လူကြီးက သုခမိန်တစ်ဝက်ဖြစ်တာ ဆယ်နှစ်ကျော်နေပြီတဲ့။ ယန်လေး ဘယ်လိုလုပ် အနိုင်တိုက်နိုင်မှာလဲ။” ပင်းယန် စိတ်ရှုပ်ထွေးနေတယ်။

“ အင်း။ ကူယန်သိပါတယ်။” ချီကူယန် ခေါင်းငြိမ့်တယ်။ လက်မြှောက်ရင်း နဲ့ ပင်းယန်ရဲ့ ခေါင်းကို ပွတ်သပ်လိုက်တယ်။

“ဒါဆိုရင်….”

“ဟိုကောင့်ကို ကယ်ရအုန်းမယ်လေ။ သူ့ကို မကယ်စေချင်လို့လား။” ချီကူယန်ခေါင်းခါရင်း ပြုံးနေခဲ့တယ်။ တစ်လောကလုံးမှာ ပန်းတွေ ပွင့်ပြီး အလှတရားတွေ လွှမ်းခြုံသွားသလိုပဲ။ ချီကူယန် ( နတ်ဆိုးကျောင်းတော်ရဲ့ ဂုဏ်ရည်။ ဧကရာဇ်တောင် လေးစားရတဲ့သူ။ ကောင်းကင်တာအိုရဲ့ ဟောကိန်းရှင်) အလှတရားနဲ့ စွမ်းရည် ယှဉ်တွဲနေတဲ့ လူတစ်ယောက်။ ရှည်ရှည်ဝေးဝေး ထပ်ပြောစရာ မလိုအောင်။ ဒီဆယ်စုနှစ်အတွင်းမှာ သူမကို ယှဉ်နိုင်တဲ့သူ မရှိခဲ့ဘူး။ ဒီမိန်းမပျိုလေး က အခုတော့ ချန့်ယန်းကို စိန်ခေါ်နေခဲ့ပြီ။ ချန့်ယန်ရဲ့ လက်ထဲ ရောက်နေတဲ့ သူကို သူမက ကယ်တင်မယ်တဲ့။

ပင်းယန်ကတော့ ချီကူယန်နဲ့ ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်.။ တစ်ခဏတွေဝေနေပြီးနောက်။ သူမ ခေါင်းငြိမ့်လိုက်တယ်။

“ ငါ့တို့သူ့ကို ကယ်ရမယ်။”

…

ချီကူယန် က ပုံမှန်အတိုင်း ပြုံးနေခဲ့တယ်။ ငွားငွားစွင့်စွင့် ပွင့်လန်းနေတဲ့ ပန်းလေး တစ်ပွင့်လိုပဲ။ သူမရဲ့ အလှတရားက စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံထားခဲ့တယ်။ သိပ်မကြာခင်မှာပဲ။ သူမ လှုပ်ရှားတော့တယ်။ ကောင်းကင်ကို ကြယ်တစ်စင်းလို ထိုးတက်သွားခဲ့တယ်။ အဲ့ဒီ့နောက် မရေမတွက်နိုင်တဲ့ ငွေရောင် အလင်းတန်းတွေက မြေပြင်ပေါ်ကို ကျလာခဲ့တယ်။ မိုးရေစက်တွေလိုပဲ။ ဒါကတော့ အလင်းဓားတွေ ဖြစ်နေခဲ့တယ်။ ညကောင်းကင်က ငွေရောင်အလင်းတန်းတွေနဲ့ ပြည့်နေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ယွင်ချင်းဝူ နဲ့ ချန့်ယန်ကို ဖုံးအုပ်သွားခဲ့တယ်။ ဒါပေမယ့် ချန့်ယန်းကတော့ မလှုပ်ရှားခဲ့ဘူး။

ခေါင်းမော့ရင်းနဲ့။ သူ့ဆီကို ဆင်းသက်လာတဲ့ ငွေရောင်အလင်းတန်းတွေကို(ကြည့်) နေခဲ့တယ်။ သူ့ မျက်လုံးတွေကတော့ အဆုံးမရှိတဲ့ ရေတွင်းကြီးလိုပဲ။ ငွေရောင် အလင်းတန်းက မြေပြင်ကို တည့်တည့်ကျလာခဲ့တယ်။ ချန့်ယန်းရဲ့ ခြေထောက်အောက်မှာ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာတယ်။

“ရွှမ်ယွမ်ကောင်းကင်တာအိုက တကယ့်ကို သူမတူအောင်ထူးခြားတာပဲ။” ချန့်ယန်းရဲ့ အသံ ထွက်ပေါ်လာတယ်။ တုန်ယင်ပြီးတော့ အိုစာတဲ့ အသံ ပေါက်နေတယ်။ ဒါပေမယ့် အံ့သြတဲ့ အရိပ်အယောင်တွေ ပေါ်ထွက်နေခဲ့တယ်။

“နင့်ကို သူ လာကယ်မယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် ဒီလောက်မြန်မြန်လာမယ်လို့ မထင်ထားခဲ့ဘူး။” ယွင်ချင်းဝူက ကောင်းကင်က ကြယ်တွေကို ကြည့်ရင်း ပြောနေခဲ့တယ်။ တစ်ယောက်တည်း ပြောနေသလိုပဲ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ နားလည်သွားခဲ့ပြီ။ ဘာလို့ ယွင်ချင်းဝူက သူ့ကို အသက်ရှင်လျက် ဆက်ထားနေလဲ ဆိုတာ။

“ ငါ သိပြီ။ ငါက အသုံးချခံသက်သက်ပဲကို။” ငွေရောင်အလင်းတန်းတွေကို ကြည့်ရင်း။ ဖန်ကျန်းရှီရဲ့ နှလုံးသား တဖြည်းဖြည်း နစ်မြုပ်သွားတော့တယ်။ ဒီ အလင်းတန်းတွေက သူ့ကို ဖောက်ထွင်းသွားပါစေလို့ ဆုတောင်းနေခဲ့တယ်။ ဒါပေမယ့် သူ့ကို ရှောင်ကွင်းသွားမယ်ဆိုတာ နားလည်ပါတယ်။ ငွေရောင်အလင်းတန်းတွေက မျက်လုံးပါတဲ့ အတိုင်း လှုပ်ရှားနေခဲ့တယ်။ သူရှိနေတာကြောင့်။ ဓားသိန်းသန်းချီပညာရပ်ရဲ့ စွမ်းအားကို ချီကူယန် အပြည့်အ၀ အသုံးမချနိုင်ဘူး။

“ ငါက အသုံးချခံ ဖြစ်ရုံတင်မကဘူး။ တာဝန်လည်း မကင်းဖြစ်နေသေးတယ်။” ဖန်ကျန်းရှီ သူ့ကိုယ်သူ ပိုစွမ်းအား ရှိနိုင်စေဖို့ ဆုတောင်းနေမိတယ်။ ဒီ အချိန်အတော်တွင်းမှာ။ သူ လုပ်ချင်တဲ့ တစ်ခုတည်းသော အရာက။ တည်ငြိမ်အေးဆေးပြီး ပျော်ရွှင်တဲ့ဘဝကိုရချင်တာ ပဲ ရှိတော့တယ်။ တိုက်ခိုက်ကြမှာလား။ ဒါက သူကြောက်နေတဲ့ ကိစ္စ တစ်ခုပဲ။ ဖြစ်နိုင်သလောက်တော့ သူ့ရဲ့ ပြိုင်ဘက်ကို လှည့်စားချင်တယ်။ ဒါပေမယ့် အခုလို စစ်မှန်တဲ့ စွမ်းအားရှင် နဲ့ တွေ့တော့။ သူ့ရဲ့ လှည့်ကွက်တွေ အားလုံးက အသုံး မဝင် ဖြစ်သွားပြီ။ သူ့မှာ ရှိတဲ့ ဂုဏ်သိက္ခာတွေ အားလုံးက ဒီ အချိန် အတွင်းမှာ။ အသုံးမဝင် ဖြစ်သွားခဲ့တယ်။ သူ့ရဲ့ လက်နက်ပုန်းတွေကို အခုချိန်မှာ သုံးရမှာလား။ ထောင်ချောက်တွေ လည်း အသုံးမဝင်ဘူး။ သူ့ရဲ့ ပြိုင်ဘက်က ယွင်ချင်းဝူ ဖြစ်နေတယ် ဆိုရင် ဘယ်အရာကမှ အသုံးဝင်မှာ မဟုတ်ဘူး။ သူ့မှာ တခြားရွေးချယ်စရာ ရှိသေးလို့လား။ သူ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ချီကူယန်တဲ့လား။ ဖန်ကျန်းရှီ က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ ဒါပေမယ့် သူ လှုပ်တောင် မလှုပ်နိုင်ခဲ့ဘူးလေ။ တစ်ကိုယ်လုံး ရေခဲရိုက်ခံထားရသလိုပဲ။ သေတော့မယ့် အချိန် ကို ထိုင်စောင့်နေရတဲ့ လူတစ်ယောက်လို ထုံထိုင်းနေခဲ့တယ်။ ဒါက သူ့ရဲ့ တစ်ခုတည်းသော အမြင်ပဲ။ မဟုတ်ဘူး။ သူ အသက်ရှင်ချင်တယ်။ မိသားစု တစ်ခု စတင်ချင်တယ်။

“ ကျိုးစမ်း။” ဖန်ကျန်းရှီ သွေးတွေ တစ်ကိုယ်လုံး ပြောင်းပြန်စီးသွားတဲ့ အထိ ။ အော်ဟစ်ပြစ်လိုက်တယ်။ ဒီ အတားအဆီးကို ချိုးဖျက်ပြစ်ဖို့ အားကုန်စိုက်နေခဲ့တယ်။ ဒီလို မသေချင်ဘူး။ သေရမှာကို သူကြောက်လို့ မဟုတ်ဘူး။ ဒါပေမယ့် ဒီလိုပုံစံ သေရမှာကို မလုချင်တာ။

“ ပျက်စမ်း။ ငါပြောနေတယ်။” အခုချိန်မှာ ဖန်ကျန်းရှီ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက စကားပြောတာပဲ။ သူရုန်းကန်နေတာကို ယွင်ချင်းဝူကြားချင်တာကြောင့်လည်း ဒီလို လုပ်နေရတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဖန်ကျန်းရှီ လက်သီးတောင် မဆုပ်နိုင်ဘူး။ ခြေထောက်ကို လှုပ်ရှားနိုင်ဖို့ ပိုလို့တောင် မဖြစ်နိုင်သေးတယ်။ သူ ဘယ်လောက်ပဲ အားထုတ် အားထုတ် အသုံးမဝင်ဘူး။ ဖန်ကျန်းရှီက သူ့ အင်အားတွေ အားလုံးကို သုံးနေပင်မယ့်။ သူ့ ကိုယ်ကတော့ တစ်လက်မလေးတောင် မရွေ့ခဲ့ဘူး။

ဒီ အဖြစ်က ( အနောက်အရပ်သို့ ခရီးသွားခြင်း စာအုပ်)ကို သတိရစေတယ်။ အဲ့ဒီ့အချိနတုန်းက ။ စွန်းဝူခုန်းကိုလည်း ဒီလို ဖမ်းဆီး ချုပ်နှောင်ထားခဲ့တယ်လေ။ ကွာခြားချက်ကတော့ စွန်းဝူခုန်းကို တောင်နဲ့ ဖိပြီး ချုပ်ထားတာ။ ဒါပေမယ့် အခု ဖန်ကျန်းရှီကို ချုပ်နှောင်ထားတာက မမြင်နိုင်တဲ့ စွမ်းအား ပဲ။ ဒါက ဘယ်လိုတာအိုမျိုးလည်း ။

“ဘုန်း။”

ဖန်ကျန်းရှီ ရဲ့ ကိုယ်ကနေ အင်အားလှိုင်းတစ်ခု ပေါက်ကွဲထွက်လာခဲ့တယ်။ နန်ကုန်းဟောင် နဲ့ တစ်နှာရီကျော် တိုက်ခိုက် တဲ့ အချိန် တုန်းက သုံးခဲ့တဲ့ အင်အား နဲ့ အတူတူပဲ။ ဒီတစ်ကြိမ်မှာတော့။ အတားအဆီးတွေကို သူချိုးဖျက်ဖို့သုံးတော့မယ်။ ကြီးမားတဲ့ ပေါက်ကွဲသံကြီးက စစ်မြေပြင်ကို နေရာအနှံ့ တုန်လှုပ်သွားစေတယ်။ ဒီ စွမ်းအားက ယွင်ချင်းဝူရဲ့ အကျီကိုကော။ ချန့်ယန်ရဲ့ ဝတ်ရုံနက်ကိုပါ နောက်လွင့်သွားစေတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ နေရာမှာ အမြစ်တွယ်နေ တုန်းပဲ။ ဒါပေမယ့် သူ့ လုပ်ရပ်က ပတ်ဝန်းကျင်က လူတွေကို အာရုံစိုက်စေတယ်။ အထူးသဖြင့် ရန်သူ အနေအထားမှာ ရောက်နေတဲ့ နတ်ဆိုးတွေကိုပေါ့။

“ ဒီကောင်က ထွက်ပြေးဖို့ ကြိုးစားနေတာလား။”

“ ဟ ဟား….. ကောင်းကင်ကို ဆန့်ကျင်နေတဲ့ လူသား တစ်ယောက်လိုပဲ။”

“ ဒီကောင် ဘာတွေများတွေးနေတာလဲ။ သူ့မှာ ရွေးစရာမှ မရှိပဲ။ အေးအေးဆေးဆေး သေဖို့ စောင့်နေတာ မဟုတ်ဘူး။ အချိန်ကို အလကား သက်သက် ဖြုန်းနေတာပဲ။”

“ ငါ့ အထင်တော့။ ဒါကို သူ လက်မခံနိုင်သေးတဲ့ ပုံပဲ။ ဒါပေမယ့် ဘာ အသုံးဝင်မှာလဲ။ သူ့ အစွမ်း နဲ့ ဆိုရင်။ မိုးနဲ့ မြေလို ကွာခြားနေတာ။ ဆက်ပြီးတော့ အားကုန်ခံပါစေ။”

နတ်ဆိုေးတွက ဖန်ကျန်းရှီ ကြိုးစားနေတာကို ကြည့်ရင်း လှောင်ရယ်နေခဲ့တယ်။ ဖန်ကျန်းရှီ ဘယ်လို အခြေအနေမှာ ရှိနေလဲ ဆိုတာ သူတို့ သိတယ်လေ။ ဖြစ်ကောင်းဖြစ်နိုင်တာ။ ဖန်ကျန်းရှီ ရဲ့ လုပ်ရပ်ကို ရယ်ချင်နေတာ ကြောင့်လည်း ပါပါ လိမ့်မယ်။

နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြိုတပ်ဖွဲ့ က တော့ ဖန်ကျန်းရှီကို ကူကယ်ရာမဲ့တဲ့ အကြည့် နဲ့ ကြည့် နေခဲ့တယ်။ ရှင်ချင်းစွေ့ကတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ ဖန်ကျန်းရှီကို သူလည်း ကယ်တင် ချင်တယ်။ ဒါပေမယ့် အခြေအနေ မပေးဘူးလေ။ ရှင်းယွမ်ကောင်းလည်း အကူအညီမဲ့သလို ခံစားနေရတယ်။ ခြုံကြည့်ရင် ဖြစ်လာတဲ့ ကိစ္စ အတွက် သူ့ကိုယ်သူ အပြစ်တင်နေခဲ့တယ်။ နန်ကုန်းဟောင်ကတော့။ ငွေရောင် အလင်းဓား မိုးကို ကြည့်ရင်း သူ့ကိုယ်သူ ခပ်တိုးတိုး စကားပြောနေခဲ့တယ်။

“ တတိယအကို။ ဖန်ကျန်းရှီက တောင်ပိုင်းဒေသကို ကယ်ဖို့ ဒီကို ရောက်နေတာ။ ညီမလေး သူ့ကို ကယ်ချင်တယ်။” ရှန်းယွီ မင်းသမီး ရဲ့ မျက်ဝန်းတွေ စိတ်အား ငယ်မှု တွေ နဲ့ ပြည့်နေခဲ့တယ်။

“ ကယ်မယ် တဲ့လား။ မင်း မှာ ဘယ်လို အစီအစဉ်ရှိလို့လဲ။ မရူးမိုက်စမ်းပါ နဲ့။ သူက ချန့်ယန်းလက်ထဲ ရောက်နေပြီ။ သေလူ နဲ့ မခြားတော့ဘူး။ ရှင်းယွမ်ကောင်းတောင် ဘေးမှာ ရပ်ကြည့်နေရတာပဲ။ မင်း ကိုယ့်သေတွင်း ကိုယ် မတူးသင့်ဘူးလေ။” ရှန်လင်း ပြန်အော်တယ်။

“ဒါပေမယ့် ချီကူယန် ။ သူ သူ တောင်….. နောက်ပြီးတော့…. ညီမတို့ မကြိုးစားကြည့်ပဲ မသိနိုင်ဘူးလေ။ ”

“ ပါးစပ်ပိတ်ထားစမ်း ညီမလေး။ မင်းကိုယ်မင်း ဘယ်သူ ဆိုတာ မမေ့နဲ့၊”

“အကို။”

“နောက်ထပ် ထပ်မပြောနဲ့တော့။ စစ်သူကြီးချုပ် အနေနဲ့ မင်းကို အမိန့်ပေးမယ်။ သံတောင်ကုန်း နယ်မြေထဲမှာ ခုခံစစ်ကို ဦးဆောင်လိုက်။ နတ်ဆိုးတွေ နောက်က ဝင်တိုက်တာကို တား။”

“ အကို….”

“ ငါ့ကို အကိုလို့ မခေါ်နဲ့။ အခုငါက စစ်ခေါင်းဆောင်ပဲ။ မင်း တိုက်ရိုက် အမိန့်ကို ဖီဆန် မလို့လား။”

“ ညီမ မလုပ်ဝံ့ပါဘူး။” ရှန်းယွီ မင်းသမီး အံကြိတ်ရင်း ပြန်ဖြေတယ်။ ဒါပေမယ့် သူမက အမိန့်ကို လိုက်နာရမယ့် စစ်သည်တော် တစ်ယောက်လေ။ ဒီ အမိန့်က သူ့ အကိုတော် ဆီက လာတာ ဖြစ်ရင်တောင် ….. လိုက်နာရမှာပဲ။

“ သွားတော့။ ငါ့ကို အပြစ်မတင် နဲ့။ ငါ တို့ ဘယ်သူတွေလည်း ဆိုတာ မမေ့ပါနဲ့။ ငါတို့ရဲ့ စစ်သည်တော် သောင်းချီ အသက် ကို စွန့်လွှတ်ပြီးတော့။ အပြင်လူ တစ်ယောက်ကို ကယ်မလို့လား။” ရှန်းယွီကို ရှန်လင်း လှမ်းမေးတယ်။ နယ်မြေ အခြေအနေက ပြင်းထန်နေပြီ။ အကယ်၍ သူမသာ မသွားရင်….။ နတ်ဆိုးတွေကို အသက်စွန့်ပြီး တိုက်ခိုက်နေတဲ့ တောင်ပိုင်း ဒေသ စစ်သည်တော်တွေကို ဘယ်လိုများ မျက်နှာ ပြ ရမှာလဲ။ သူမက မင်းသမီး တပါး ဖြစ်နေတယ်လေ။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်။ ဘယ်လိုမှ ခုခံလို့ မဖြစ်နိုင်တော့တဲ့ အခြေအနေ ဆိုရင်တောင်။ အရှုံးမပေးနိုင်ဘူး။ သံတောင်ကုန်းနယ်မြေက တောင်ပိုင်းဒေသ အတွက် နောက်ဆုံး မျှော်လင့်ချက်ပဲ။ မဖြစ်နိုင်ရင်တောင် ဖြစ်အောင် လုပ်ရမယ်။

“ ကျိုးစမ်း။ ပျက်စမ်း။ ပေါက်စမ်း။” ဖန်ကျန်းရှီ အရူးလို အော်ဟစ်နေတယ်။ အော်ဟစ်သံ တစ်ချက်ချင်းစီ တိုင်းမှာ။ အင်အားလှိုင်းတွေ လွင့်ထွက်လာခဲ့တယ်။ ပေါက်ကွဲသံတွေက စစ်မြေပြင်ကို တုန်ခါစေတယ်။ ယွင်ချင်းဝူကတော့ ငွေရောင် အလင်းတန်း မိုး ထဲကနေ ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ သူ့ရဲ့ လုပ်ရပ်ကြောင့် လန့်နေခဲ့တယ်။

“ တကယ်တော့ ။ နင် အသက်ရှင်ချင်တယ် ဆိုရင်။ နင့်ကို အသက်ရှင်ခိုင်းလု့ိ ဖြစ်ပါတယ်။” ဖန်ကျန်းရှီ ရဲ့ မျက်ဝန်းထဲက အရူးစိတ်ကို ယွင်ချင်းဝူ အသိအမှတ် ပြုလိုက်ပြီ။

“ ငါ့ကို အသက်ရှင် ခိုင်းမယ်တဲ့လား။”

“ဟုတ်တယ်။ ”

“ တစ်ခုတော့ရှိတယ်။ နင့်ရဲ့ စိတ်အာရုံနယ်မြေကို ဖျက်စီး ပြစ်ရမယ်။ ဒါဆိုရင် နင်လည်း နော်ကထပ် ကျင့်ကြံစရာ မလိုတော့ဘူး။ နောက်ပြီးတော့ သွေးအရိပ် မြို့တော်မှာပဲ နင် ဆက်နေရမယ်။ နင်က ပုံမှန် ဘဝမျိုး လိုချင်တာ မဟုတ်ဘူးလား။ နေထိုင်စားသောက်ဖို့ကို ငါ ထောက်ပံ့ပေးမယ်။ …. နင် မိန်းမလိုချင်တယ်ဆိုရင်။ လက်ထပ်ဖို့ အမျိုး သမီး တစ်ယောက် ပေးမယ်။”

“ ငါသဘောတူမယ် လို့ မင်းထင်နေတာလား။”

“မထင်ပါဘူး။ ဒါပေမယ့် နင့်မှာ ရွေးချယ်စရာမှ မရှိပဲ။ ရုန်းကန်နေတာက အသုံးမဝင်ဘူး။ ဒါက ကောင်းကင်တာအို။ နားလည်တဲ့ သူပဲ ချိုးဖျက်နိုင်တယ်။ ရွှမ်းယွမ် ကိုယ်ခန္ဒာနဲ့ လူတောင် မလုပ်နိုင်ဘူး။ ”

ယွင်ချင်းဝူရဲ့ အသံက အေးဆေးတည်ငြိမ်နေတယ်။

“ ကောင်းကင်တာအိုလား။” ဖန်ကျန်းရှီရဲ့ အမူအယာက အေးခဲသွားခဲ့တယ်။ ကောင်းကင်တာအိုက အဓိကတာအိုကြီး ခြောက်ခုထဲမှာ အမြင့်ဆုံး။ ထိပ်တန်း တာအို။

“ဟုတ်တယ်။ ကောင်းကင်တာအို။ နတ်ဆိုးတွေထဲမှာတောင်။ ငါ့ ဆရာတစ်တယာက်တည်းပဲ နားလည်တယ်။ အကယ်၍ နင်သာ ဒီကို မလာခဲ့ရင်။ တစ်နေ့တော့ နင် နားလည်ကောင်း နားလည် မှာပါ။ ဒါပေမယ့် အခုတော့။ မဖြစ်နိုင်တော့ဘူး။ ” ယွင်ချင်းဝူ ထပ်ပေါင်း ပြောတယ်။

ဖန်ကျန်းရှီကတော့ ယွင်ချင်းဝူ ဆက်ပြောနေတာတွေကို ကြားတဲ့ ပုံမပေါ်ဘူး။

“ ကောင်းကင်တာအို…. နားလည်တဲ့ သူတွေ ပဲ လွတ်မြောက်အောင် လုပ်နိုင်မယ်။ ငါ နားလည်ပြီ။ ဒါဆိုရင် ကောင်းကင်ကို ဖြိုပြစ်မယ်။”

အပိုင်း(၄၃၈)ပြီး၏။

အပိုင်း(၄၃၉)

“ငါသေတော့မှာလား။”

ဖန်ကျန်းရှီ ရဲ့ အသံက မကျယ်ဘူး။ သူ့ကိုယ်သူ ပြောနေသလိုပဲ။ ဒါပေမယ့် ယွင်ချင်းဝူကတော့ ကောင်းကောင်းကြားတယ်။

“ ကောင်းကင်ကို ဖြိုပြစ်မယ်။”

ဖြိုပြစ်မယ်တဲ့လား။ ဖန်ကျန်းရှီ က လုံးဝကို အေးအေးဆေးဆေး ပြောနေတာ။ တစ်ချို့ကတော့ သူ့ လေသံကိုသတိထားမိမှာ မဟုတ်ဘူး။ ဒါပေမယ့် ။ သူလုပ်ဖို့ ကြိုးစားနေတဲ့ ကိစ္စကတော့ သဘာဝလွန် ဖြစ်လွန်းနေတယ်။ ယွင်ချင်းဝူက ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ တအံ့တသြပေါ့။ သူမက အံ့သြထိတ်လန့်မှုတွေကို ဖိနှိပ် ဖုံးကွယ်ဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် အသုံးမဝင်ခဲ့ပါဘူး။

(“ဒီကောင်က ကောင်းကင်ကို ဖြိုမယ်တဲ့။ ဖြစ်ကော ဖြစ်နိုင်လို့လား။ မဖြစ်နိုင်တာပဲ။”) ယွင်ချင်းဝူ သူမ ဘာသာ တွေးနေခဲ့တယ်။ ချီကူယန်က ယွင်ချင်းဝူ နဲ့ ချန့်ယန်းကို အပေါ်ကနေ တိုက်ခိုက်နေတာ။ ဖန်ကျန်းရှီ ရဲ့စကားကိုလည်း သူမကြားတယ်။ ဒါပေမယ့် သူမ ပြန်မဖြေခဲ့ဘူး။ သူမ ဆက်ပြီးတော့ ဖိနှိပ် တိုက်ခိုက်နေခဲ့တယ် ။ ဒီလိုပဲ ချန့်ယန်းလည်း ပြန်မဖြေခဲံ။ ဖန်ကျန်းရှီကို တစ်ချက်လေးတောင် မကြည့်ခဲ့ဘူး။ ခပ်ယဲ့ယဲ့လေး ပြုံးနေခဲ့တယ်။ ဒါက အပြစ်တင်တဲ့ အပြုံးတော့ မဟုတ်ခဲ့ဘူး။ လူငယ်လေး တစ်ယောက်ကို အားပေးတဲ့ အပြုံးတစ်ခု ဖြစ်ခဲ့တယ်။ ဖန်ကျန်းရှီက ကြီးမားတဲ့ ကိစ္စတစ်ခုကို လုပ်ဖို့ ပြင်နေတဲ့ သုံးနှစ်သားလေး တစ်ယောက်လိုပဲ။ ဝါရင့် ဆရာကြီးက လူငယ်လေးကို အားပေးနေတဲ့ အတိုင်းပဲ။ ချန့်ယန်းက ဖန်ကျန်းရှီကို အားပေးနေတယ်။ ဖန်ကျန်းရှီ က ပါရမီရှိမှန်း သူသိတယ်။ ဒါပေမယ့် ဘယ်လိုပါရမီကမှ ။ သူ အခု လက်ရှိရောက်နေတဲ့ အဆင့်ကို ကျိုးပျက်အောင် လုပ်ဖို့ တတ်နိုင် မှာ မဟုတ်ဘူး။ ကောင်းကင်ဟုတ်စ။ ဖန်ကျန်းရှီက ကိုယ်ပိုင် ကောင်းကင်တောင် မရှိသေးဘူး။

ချန့်ယန် ရဲ့ အပြုံးက (အားပေးတာ ဆိုပေမယ့်) ။ တခြား နတ်ဆိုးတွေ ကတော့ သူနဲ့ စိတ်သဘောထား မတူဘူးလေ။ ပြောရမယ်ဆိုရင်။ ယွင်ချင်းဝူ နဲ့ ချန့်ယန်း ရဲ့ နောက်က လူတွေ သူတို့ နားကိုတောင် မယုံနိုင်ကြဘူး။

“ ကောင်းကင်ကို ဖြိုမယ် ဟုတ်လား။ ဟ ဟား….. ငါ နားကြားမှားတာလား။”

“ မဟုတ်ဘူး။ မင်း မမှားဘူး။”

“ လူတစ်ယောက် က ဘယ်လောက်ပဲ ။ မောက်မာပေမယ့်။ ကိုယ့် အတိုင်းအတာတော့ ရှိသင့်တယ်လေ။ ဒီကောင် ဘာလို့ ဒီလောက်တောင် မောက်မာရတာလဲ။”

“ ဒီကောင်က ကောင်ကင်ကို ဖြိုမယ်တဲ့လား။”

နတ်ဆိုးတွေက ဖန်ကျန်းရှီကို လှောင်ရယ်နေကြတယ်။ နောက်ဆုံးတော့လည်း လှောင်ရယ် စော်ကားမှုတွေဆိုတာ။ စစ်ပွဲ တစ်ခုရဲ့ အပိုင်းအစပဲလေ။ နောက်ပြီးတော့ ဖန်ကျန်းရှီ ရဲ့ စကားလုံး တွေ့ ယုံနိုင်ချင်စရာ မှ မရှိပဲ။ နတ်ဆိုးတွေ အူတက်မတတ် လှောင်ရယ်တော့တယ်။ ရယ်သံတွေက စစ်မြေပြင် တစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။

နဂါးတပ်ဖွဲ့ ။ တောင်ဖြိုတပ်ဖွဲ့ နဲ့ တောင်ပိုင်းဒေသ စစ်သည်တော်တွေ ။ ရယ်မောသံတွေကို ကြားနေရတယ်။ ဖန်ကျန်းရှီက လူသား တစ်ယောက်လေ။ ဒါကြောင့် သူ့ရဲ့ စကားလုံးတွေက လူသားတွေရဲ့ လုပ်ရပ်ကို ကိုယ်စားပြုတယ်။ မဟာမိတ်တပ်ပေါင်းစုက တပ်ဖွဲ့ဝင်တွေ ပြန်ဖြေဖို့ စကားလုံးကို စဉ်းစားနေကြတယ်။ ဒါပေမယ့် ဘာပြောရမလဲ မသိကြဘူး။ ကောင်းကင်တာအိုကို မင်း ချိုးဖျက်နိုင်မယ် လို့ အော်ဟစ်ပြီး အားပေးချင်ပါတယ်။ ဒါပေမယ့် ဖြစ်မှ မဖြစ်နိုင်ပဲ။ သူတို့ ဒီလိုလုပ်လိုက်ရင်။ အရှက်စရာပဲ ပိုတိုးလာလိမ့်မယ်။

သူတို့ခေါင်းတွေကို ငုံ့ထားရင်း လျစ်လျူရှုထားဖို့ ကြိုးစားနေကြတယ်။ အခုချိန်မှာ သူတို့တွေ အင်အား ပေါင်းစည်းဖို့က တစ်ခုတည်းသော လုပ်နိုင်တာပဲ။ ဒီ အချိန်မှာ။ သူတို့ ရွေးချယ်စရာ မရှိတာကြောင့်။ ဖန်ကျန်းရှီကိုသာ ငေးကြည့်နေခဲ့တယ်။ နောက်ဆုံးတော့လည်း။ ဖန်ကျန်းရှီ ရဲ့ အရှက်မရှိမှုကြောင့် သူတို့ လှောင်ရယ်ခံရတာလေ။ နတ်ဆိုးတွေရဲ့ လှောင်ရယ်မှုတွေ ။ မဟာမိတ်တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှု။ အရာ အားလုံးက ဖန်ကျန်းရှီ ရဲ့ ဘေးပတ်လည်မှာ ဖြစ်ပျက်နေတာ။ ယွင်ချင်းဝူ ပြောတာကိုကြားပြီးတဲ့ နောက်။ သူ စပြီး စဉ်းစားတော့တယ်။ စိတ်အာရုံစူးစိုက်မှု။ ဒါက ပါရမီတစ်ခုပဲ။ ဖန်ကျန်းရှီက အာရုံ စူးစိုက်မှု အတော်ကောင်းတယ်။ အထူးသဖြင့် ကိစ္စ တစ်ခုခုကို သူ အောင်မြင်ချင်တဲ့ ဆန္ဒရှိတဲ့ အချိန်မှာပေါ့။ ကောင်းကင်တာအို။ ဒီ တာအို အကြောင်းကို ဖန်ကျန်းရှီ တတ်နိုင်သလောက တွေးဖို့ ကြိုးစားတယ်။ သူတိုက်ခိုက်တဲ့ အချိန်ကနေ စပြီးတော့ ။ ဖြစ်လာခဲ့တဲ့ အရာ အားလုံးကို ပြန်တွေးတောကြည့်တယ်။ သူ့ခန္ဒာကိုယ်က ညပ်နေတာ။ ရေခဲသေတ္တာထဲမှာ ထည့်ပြီး အခဲခံ ထားရတဲ့ အတိုင်းပဲ။ ဘာတွေ ဖြစ်ကုန်တာလဲ။ သူ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ လေဟာနယ်ပဲ ပြောင်း လဲ သွားတာလား။ ဒါမှ မဟုတ်။ သူ့ ဘေးနားတစ်ဝိုက်ပဲ ပြောင်းလဲ နေတာလား။ နောက်ပြီးတော့ ယွင်ချင်းဝူ ရဲ့ ခေါင်းပေါ်မှာ ရှိနေတဲ့ အပြာရောင် အလင်းတန်းက ချီကူယန်ရဲ့ တိုက်ခိုက်မှု ကိုကော။ သူ့ရဲ့ ရုန်းကန်မှုကိုပါ မခုခံနေခဲ့တယ်။

သူ့ရဲ့ တိုက်ခိုက်မှုက အပြာရောင် အလင်းတန်းကို ဖြတ်သွားတယ် ဆိုတာ အသိသာကြီးပဲ။ ဒါပေမယ့် ဘာလို့များ ဖုန်ထရုံ လောက်နဲ့ အဆုံးသတ်သွားတာလဲ။ နောက်ပြီးတော့ ယွင်ချင်းဝူသာ တခြား စိတ်အာရုံနယ်မြေ တစ်ခုမှာ ရောက်နေတယ် ဆိုရင်။ သူမရဲ့ ဝတ်ရုံက လေထဲမှာ ဘာလို့ ရွေ့လျားနေတာလဲ။ ဖန်ကျန်းရှီ ဒီ မေးခွန်းတွေကို ဆက်တိုက် စဉ်းစားနေတယ်။ ကောင်းကင်တာအို။ ဒါက ပြန်လည် မွေးဖွားမှု ကောင်းကင်တာအိုရဲ့ အစွမ်းပဲလား။ အဓိက ကျတာ ဒါ မဟုတ်သေးဘူး။ ဒီ တာအို ဘယ်လောက်တောင် အင်အားကြီးလဲ ဆိုတာက ပို အရေးကြီးတယ်။

ဖန်ကျန်းရှီ နားလည်ချင်တယ်။ ဒါပေမယ့် လွယ်မှာ မဟုတ်တာကို ပိုပြီးတော့တောင် သိသေးတယ်။ ပြိုင်ဘက်ကင်းတဲ့သူ ဖြစ်ချင်တာ မဟုတ်ဘူး။ ဘယ်ကနေ စရမယ် ဆိုတာတောင် သိမှ မသိပဲ။ ဒါကို ဘယ်လိုများ ကျိုးပျက်အောင် လုပ်ရမှာလဲ။

“ အား….” ဖန်ကျန်းရှီ ။ သူ့ အရိုးတွေ တကျွတ်ကျွတ် မြည်တဲ့ အထိ။ အော်ဟစ်ရုန်းကန်နေခဲ့တယ်။ သဘာဝလွန်အဆင့် ဖြစ်တာက သူ့ ခန္ဒာကိုယ်ကို ပြောင်းလဲ မှုတွေ လုပ်နိုင်စေတယ်။ သဘာဝလွန် အဆင့် ကို သူရောက်ပြီးတဲ့နောက်။ ဖန်ကျန်းရှီက သူ့ တစ်ကိုယ်လုံးကို အပြည့်အ၀ ထိန်းချုပ်နိုင်စေတယ်။ အရင်တုန်းကတော့ သူ့ရဲ့ ကြွက်သားတွေပဲ ထိန်းချုပ်နိုင်တာ။ အခုတော့ အရိုးတွေကိုပါ ထိန်းချုပ်နိုင်နေပြီ။

“ပျက်စမ်း။ သေစမ်း။ ပျက်စီးစမ်း။” ဖန်ကျန်းရှီ အော်ဟစ်နေခဲ့တယ်။ သူ့ရဲ့ ကိုယ်ကနေ အလင်းတန်းတွေ ထွက်လာခဲ့တယ် ။ တစ်ချိန်တည်းမှာပဲ။ ကမ္ဘာကြီးကို လှုပ်ခါသွားစေနိုင်တဲ့ ပေါက်ကွဲ မှုတွေ ဖြစ်ပေါ်လာတယ်။ အကယ်၍ သူ့ကိုယ်ကသာ နစ်ဝင်နေတယ်ဆိုရင်။ ခန္ဒာကိုယ်ကို ပြောင်းလဲ ရုံနဲ့ လွတ်မြောက်နိုင်တယ်.။ ဒါက ဖန်ကျန်းရှှီ ရဲ့ အတွေးပဲ။ ဒါပေမယ့် လက်တွေ့ ဖြစ်ရပ်ကြောင့် သူ ရပ်တန့်နေခဲ့ရတယ်။ သူ ဘယ်လောက်ပဲ ကြိုးစားကြိုးစား။ သူ့ရဲ့ အရိုး နဲ့ ကြွက်သားတွေကို ဘယ်လိုပဲ ပြောင်းလဲ ပြောင်းလဲ။ သူ့ရဲ့ ကိုယ်က ဆက်ပြီး နစ်မြုပ်နေတုန်းပဲ။ လက်ညှိုးလေး တစ်ချောင်း ကိုတောင် မလှုပ်နိုင်ဘူး။

“ အသုံးမဝင် တဲ့ ပုံပဲ။” ဖန်ကျန်းရှီ ရဲ့ ဘေးပတ်လည်က လှိုင်းတွေကို ကြည့်ရင်း။ ရှှု်ချင်းစွေ့ စိတ်ပျက် လက်ပျက် နဲ့ ပြောတယ်။

“ မဖြစ်နိုင်ဘူး။ ကောင်းကင်တာအိုက … အရမ်း ခက်လွန်းတယ်။” ရှင်းယွမ်ကောင်း ခေါင်းခါရင်း နဲ့ ပြောနေခဲ့တယ်။ နန်ကုန်းဟောင်ကတော့။ ကောင်းကင်က ငွေရောင် အလင်းတန်း မိုးကို ဆက်ပြီး အာရုံစိုက်နေခဲ့တယ်။ သူ့ကြည့်ရတာ တစ်ခုခုကို တွေးတောနေသလိုပဲ။ သူ့ အမူအယာက ဒီ အချိန် တစ်လျှောက်လုံးမှာ ဆက်တိုက် ပြောင်းလဲ နေခဲ့တယ်။ နတ်ဆိုး စစ်သည်တော် တွေ ကတော့ ။ ရယ်တာကို မရပ်နိုင်တော့ဘူး။

“ ရုန်း လိုက်ပါအုန်း။ ဆက်ပြီး ရုန်းစမ်းပါအုန်း။”

“ လူသားတွေက တကယ့်ကို အမှတ်သည်းခြေမရှိဘူးပဲ။ မဖြစ်နိုင်မှန်း သိတာတောင်။ ဆက်ပြီးတော့ ရုန်းကန်နေသေးတယ်။ ကောင်းကင်ကို ဖြိုမယ်တဲ့လား။ ဘယ်လိုကြိုးစားမလဲသိချင်လိုက်တာ။”

“ ဖြိုပြစမ်းပါအုန်း။ ကြည့်ကြသေးတာပေါ့။ ဟ ဟား ဟား။”

လှောင်ရယ်သံတွေက စစ်မြေပြင်ကို ရိုက်ခတ်နေတယ်။ မဟာမိတ်စစ်သည်တော်တွေ ရဲ့ နှလုံးသား ကြေကွဲလာခဲ့တယ်။ ယွင်ချင်းဝူရဲ့ ထိတ်လန့်တဲ့ အမူအယာက အခုချိန်မှာ ပျောက်ကွယ်သွားပြီ။ ခေါင်းကိုသာ တွင်တွင်ခါယမ်းနေခဲ့တယ်။ သူမကြည့်ရတာ တစ်ခုခု ပြောချင်နေသလိုပဲ။ ဒါပေမယ့် မပြောဖို့ ထိန်းထားခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို သူမ ဆက်မကြည့်တော့ဘူး။ ငွေရောင် အလင်းတန်း တွေကိုပဲ ကြည့်နေခဲ့တယ်။ ဒီအချိန်မှာပဲ။ အလင်းတန်းထဲကနေ အသံတစ်သံ ထွက်ပေါ်လာတယ်။ ထက်မြက်စူးရှတဲ့ အသံ တစ်ခုပဲ။

“လောကခြောက်ခု သဘောတရား အရ။ ကိန်းသေ သဘော တရားဆိုတာ သဘာဝတစ်ခုပဲ ရှိတယ်။ ပြည်သူတွေက ကောင်းကင်ကိုကြည့်တယ်။ ဒါပေမယ့် ဘာကြောင့် နေဝင်တယ်။ နေထွက်တယ် ။ ရာသီဥတို လေးခု ဘာလို့ ပြောင်းလဲ နေတယ် ဆိုတာ။ ဘယ်သူမှ နားမလည်ကြဘူး။ သူတို့ နားမလည်ကြပေမယ့်။ လောကသဘောတရားကတော့ မပြောင်းလဲခဲ့ဘူး။ ဒါက ကောင်းကင်တာအိုပဲ။”

“ကောင်းကင်တာအိုလား။” အသံကိုကြားတော့ ။ ငွေရောင် အလင်းတန်းတွေကို ဖန်ကျန်းရှီ ကြည့်နေခဲ့တယ်။

“ ကောင်းကင်တာအိုက တခြား ဘယ်တာအိုနဲ့မှ မတူဘူး။ ပြောရမယ်ဆိုရင်။ လုံးဝကို ကွဲပြားနေတာ။” အသံက နောက်တစ်ကြိမ် ထွက်လာခဲ့တယ်။ ဒါက ချီကူယန်ပဲ။ ဖန်ကျန်းရှီ သိတယ်။ ယွင်ချင်းဝူနဲ့ ချန့်ယန်းလည်း သိတယ်။ ဒါပေမယ့် သူမကို ရပ်တန့်မယ့် စိတ်ကူး မရှိခဲ့ကြဘူး။ ဘာကြောင့်လဲ ဆိုတော့။ ချီကူယန်က။ (တာအိုနိယာမ) အခြေခံကို ရွတ်ဆိုနေတာ။ အကယ်၍ လူတွေသာ ဒီ စာကြောင်းတွေကနေ ကောင်းကင်တာအိုကို နားလည်နိုင်ရင် ။ ဒီလောက တစ်ခုလုံးမှာ ကောင်းကင်တာအိုကို သုံးနိုင်မယ့် သူတွေ ပြည့်နေတော့မှာပဲ။ ရိုးရိုးရှင်းရှင်း ပြောရရင်။ ချီကူယန် ကိုယ်တိုင်တောင် ဒီ အဆင့်ကို မရောက်သေးဘူး။ ဖန်ကျန်းရှီကို သူမက ဘယ်လိုများ သင်ကြားပေးနိုင်မှာလဲ။

“ထိပ်တန်း ပါရမီရှင်က နောက်ဆုံးတော့လည်း ထင်သလောက် မထက်မြက်ဘူးပဲ။”

“ ကြည့်ရတာ … ချီကူယန်ကို ငါတို့ အထင်ကြီးမိသွားတဲ့ ပုံပဲ။ သူမမှာ ရွှမ်ယမ် ကောင်းကင်တာအို ခန္ဒာရှိနေတာက လွဲပြီးတော့ ။ အရမ်းကို မိုက်မဲလွန်းတာပဲ။”

“ ဟဟား…. အတိအကျပဲ။ ဖန်ကျန်းရှီ က ဒီ စကားလုံးလေးတွေ လောက်နဲ့ ကောင်းကင်တာအို ကို နားလည်မယ်လို့ သူမ တကယ်ပဲ ထင်နေတာလား။ သူမရဲ့ တုံးအမှုက ရယ်စရာ ကောင်းလိုက်တာ။”

နတ်ဆိုး စစ်သည်တော် တွေက ရယ်မောနေကြတယ်။ ဖန်ကျန်းရှီ ရဲ့ စကားလုံးတွေကို ချီကူယန် က တကယ်ပဲ ယုံနေတာလား။

“အရှက်မရှိတဲ့ ကောင်စုတ်။ နင်က အရမ်း အင်အားကြီးတယ် မဟုတ်ဘူးလား။ ဘာလို့ ဒီလို အချိန်မှာ ကျရှုံးနေတာလဲ။ နင် ဒါကို ဖျက်စီးဖို့ လိုတယ်လေ။ ကောင်းကင်တာအိုက နင့်ရဲ့ စွမ်းအားကို ကို ဖြည်းဖြည်းချင်း စုပ်ယူမယ်။ နင့်ရဲ့ အားနည်းချက်ကို ပိုပြီး ဆိုးဝါးလာစေမယ်။ တခြား တာအိုတွေက။ နင့်မှာ ရှိတဲ့ စွမ်းအားတွေကို ပိုပြီး အင်အားကြီးလာအောင် လုပ်ပေးနေလိမ့်မယ်။ ”

ရယ်မောသံတွေ ရဲ့ အလယ်မှာ။ မာဆတ်ဆတ် အသံ တစ်ခု ထပ်ပြီး ထွက်လာခဲ့တယ်။ ဒီအချိန်မှာပဲ အနီရောင် အလင်းတန်းက ကောင်းကင်ကို ထိုးတက်သွားခဲ့တယ်။ ဒါက ပင်းယန်ရဲ့ စိတ်ခံစားချက်ကို ဖော်ပြနေခဲ့တယ်။ စိတ်ရှုပ်ထွေါ်နေတယ်။ စိုးရိမ်ပူပန်နေတယ်။ (တာအိုနိယာမကို) ပင်းယန် နားမလည်ပေမယ့် ။ ဖန်ကျန်းရှီလည်း အခုချိန်မှာ နားမလည်ဘူး။ သူပြောနေတာကိုတောင် သူမကိုယ် သူမ နားမလည်နိုင်။

“ ကောင်ကင်တာအိုကို လူတိုင်း အလွယ်တကူ နားမလည်နိုင်ဘူး။ ”

“ ကောင်ကင်တာအို နဲ့ ဆိုရင်။ လူတစ်ယောက်က တိုက်ပွဲ တိုင်းကို အောင်မြင်နိုင်တယ်။”

“ ကောင်းကင်တာအိုက။ နွေဦးမှာ စိုက်ပျိုးပြီး။ ဆောင်းဦးမှာ ရိတ်သိမ်းတယ်။ ဆောင်းရာသီမှာ သိုလှောင်တယ်။ ဒါက သဘာ၀ နိယာမပဲ။”

“ ကောင်ကင်တာအိုက လမ်းဆုံးမှာ စောင့်ဆိုင်းနေတယ်။”

“ ….”

အသံက ငွေရောင် အလင်းတန်းတွေကို ဖြတ်သန်း ထွက်ပေါ်လာနေတယ်။ နတ်ဆိုးတွေရဲ့ လှောင်ရယ်မှုကို ဆက်ပြီး လျစ်လျူရှုထားခဲ့တယ်။ ဖန်ကျန်းရှီ ရဲ့ မျက်လုံးကတော့ ဆက်လက် တောက်ပ တောက်ပနေခဲ့တယ်။ အသံ တစ်ခေါက် ထွက်လာတိုင်း သူ့မျက်လုံး တွေ အရောင် ပိုတောက်လာတယ်။

…

တကယ်တော့ အသံတွေကို ကြားတဲ့ အချိန်တုန်းက ။ သူ့စိတ်ထဲ ရှင်းမပြနိုင်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာခဲ့တယ်။ သူ့စိတ်က အရမ်းကို အေးချမ်းနေတယ်။ အသံတွေနဲ့ လိုက်လျောညီထွေ ဖြစ်နေတဲ့ အတိုင်းပဲ။ သူ့ရဲ့ စိုးရိမ်ပူပန်ပြီး မငြိမ်းချမ်းနိုင်ဖြစ်နေတဲ့ စိတ်နှလုံးကို။ ဒီအသံတွေက အေးချမ်းသွားအောင်လုပ်ပေးနေခဲ့တယ်။

“ကောင်းကင်တာအိုလား။”

“ စည်းမျဥ်းတွေ။”

“သဘာဝ…”

“ အရာအားလုံး ဖြစ်တည်မှုတွေ”

“ …”

အသံတွေက သူ့နားထဲကို ဖြတ်သန်း ထွက်ပေါ်နေတယ်။ စကားလုံးတွေ က ဖန်ကျန်းရှီ စိတ်ကို ဖြည်းဖြည်းချင်း ဝင်ရောက်နေတယ်။ အေးချမ်းတဲ့ လောကတစ်ခုကို သူရောက်သွားသလိုပဲ။

“ ကောင်းကင်တာအို”

“ ကောင်းကင်တာအို။”

ဒီစကားလုံးကို ဖန်ကျန်းရှီ စိတ်ထဲမှာ ဆက်တိုက် ရွတ်ဆိုနေခဲ့တယ်။ ယွင်ချင်းဝူကို တိုက်ခိုက်တဲ့ အချိန်နဲ့ အုခ ဖြစ်နေတဲံ အခြေအနေကို သူ ပြန်တွေးမိတယ်။ သူ့ နှလုံးသားလေး ကွဲထွက်တော့မယ့် အတိုင်းပဲ။ နောက်ဆုံးတော့ သူ တစ်ခုခု တွေးမိပြီ။

ကောင်းကင်တာအို က သဘာ၀ တာအို တစ်ခုပဲ။ လူတိုင်း လိုက်နာဖို့ လိုတဲ့နိယာမ တစ်ခုပေါ့။ သူ့ရဲ့ အရင်လောကမှာ ဆိုရင်။ ဒါကို စွမ်းအင်ပြောင်းလဲမှု နိယာမလို့ ခေါ်တယ်။ ဖန်ကျန်းရှီ နောက်ဆုံးတော့ နားလည်သွားပြီ၊ ဒါပေမယ့် နားလည်ရုံနဲ့ ။ သူ လုပ်နိုင်မယ်လို့ မဆိုလိုဘူး။ ဥပမာ အားဖြင့်။ လူတိုင်းက စီးပွားရေး ရဲ့ အဓိက အရေးပါပုံကို သိတယ်။ ဒါပေမယ့် စီးပွားရေး တိုင်းက အသုံးဝင်တာလား။ ဘယ်ဟုတ်မလဲ။ မတူညီတဲ့ စီးပွားရေး လုပ်ငန်းတွေမှာ။ ကွဲပြားတဲ့ အကျိုးကျေးဇူးတွေ ရှိတယ်။ လူတွေရဲ့ သဘာ၀ အပေါ်မှာ မူတည်ပြီးတော့ ။ စီးပွားရေးကလည်း ပြောင်းလဲတယ်။

ကောင်းကင်တာအိုဆိုတာ။ သဘာဝနိယာမကို လူတစ်ယောက်ရဲ့ ကိုယ်ခန္ဒာက နားလည်ချင်းပဲ၊။ အဲ့ဒီ့နောက်။ ဒီ နိယာမကို အထပ်ထပ် ခွဲခြားလိုက်ရင်။ သဘာ၀ ရဲ့ ပြောင်းလဲ မှုတွေကို လည်း ထိန်းချုပ်နိုင် လိမ့်မယ်။ ဒါက ရိုးရှင်းတဲ့ နိယာမ တစ်ခုပဲ။ ဒါပေမယ့် လက်တွေ့ လုပ်ဆောင်မှုကတော့ ခက်ခဲတယ်။ ဥပမာ အားဖြင့်။ အကယ်၍ မင်းတို့သာ လေကို ထိန်းချုပ်နိုင်ရင်။ လေရဲ့ သက်ရောက်မှုကိုလည်း ခံရမှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းက လေထက် မြန်နိုင်တာကော ဖြစ်နိုင်လား။

ကောင်းကင်တာအို … ဒါက လေကို ထိန်းချုပ်ရတာထက်တောင် ပို ခက်သေးတယ်။ လူတစ်ယောက်က။ လေအဖြစ် အသွင်ယူပြီးတော့။ လေ နဲ့ ပေါင်းစပ်လိုက်ရင်။ လေနဲ့ ထပ်တူ ညီတဲ့ စွမ်းအားမျိုး ရနိုင်တယ်။ ခပ်ရှင်းရှင်း ပြောရရင်။ မင်းကလေ ဖြစ်ဖို့ လိုတယ်။ ကောင်းကင်တာအိုကို လူတစ်ယောက် က နားလည် သွားခဲ့ရင်။ သူ့ ပတ်ဝန်းကျင်ကို လည်း ပြောင်းလဲ နိုင်မယ်။

“ ငါ တကယ်ပဲ သေတော့မှာလား။” အခုအခြေအနေက မဖြစ်သင့်ဘူးလို့ ဖန်ကျန်းရှီ ထင်တယ်။ ဒီလောက်ထိ ခက်ခဲ စရာ အခြေအနေ ဖြစ်ဖို့ လိုလို့လား။

အပိုင်း(၄၃၉)ပြီး၏။

အပိုင်း(၄၄၀)

“ ငါက ကောင်းကင်ပဲ။”

လူတိုင်းက ကောင်းကင်ဘုံကို တက်လှမ်းချင်ကြတယ်။ တစ်နေ့တော့ ငါတို့မှာ အတောင်ပံတွေ ပေါက်ပြီးတော့ ။ ကောင်းကင်ကို ပျံတက်နိုင်ဖို့ ။ တိမ်လွှာထက်က လေနုအေးကို ရှူရှိုက် နိုင်ဖို့ လူတိုင်း အိမ်မက် မက်ခဲ့ကြတယ်။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင်။ အကယ်၍ ငါတို့မှာ အတောင်ပျံတွေရှိနေမှတော့။ ငှက်လူသားတွေ ဖြစ်ကုန်မှာပေါ့။ နားလည်တာနဲ့။ လက်တွေ့ အသုံးချနိုင်တာက လုံးဝကို မတူညီတဲ့ နိယာမပဲ။ အခုချိန်မှာ ဖန်ကျန်းရှီ ရင်ဆိုင်နေရတဲ့ ပြဿနာက ဒါပဲ။ ကောင်းကင်တာအိုရဲ့ အဓိပ္မာယ်ကို သူ နားလည်တယ်။ ဒါပေမယ့် သူ အသုံးမချနိုင်ဘူး။

အရိုးရှင်းဆုံး ဥပမာပေးရရင်။ စကားပုံတွေ စကားလိမ်တွေကို နားလည်ပေမယ့်။ စကားပြောတဲ့ အချိန် ဘယ်နေရာ သွားသုံးရမယ်မှန်း မသိတာမျိုး။ ဒီလို ကိစ္စမျိုးက အဖန်တလဲလဲ အချိန်ယူပြီး ပြီးတော့ လေ့ကျင့်ဖို့ လိုအပ်တယ်။ အပေါ်ယံ ကျော နားလည်ရုံ နဲ့ မလုံလောက်ဘူး။ ကိုယ်တိုင် ကျင့်ကြံ ပြီးတော့ နားလည်ရမယ်။ ဒီလိုမှပဲ ကောင်းကင်တာအိုကို အောင် မြင်နိုင်မယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ နားလည်မှုက လုံး၀ အသုံးမဝင်တာတော့ မဟုတ်ခဲ့။ အဆုံးသတ်ကိုတော့ သူ တွေးနိုင်ခဲ့တယ်။ အခုချိန်မှာတော့ ကျင့်ကြံခြင်းလမ်းတစ်လျှောက်က အတားအဆီးတွေကို သူ နားလည်သွားပြီ။ ကောင်းကင်တာအိုကို အောင်မြင်အောင် ကျင့်ကြံနိုင်ဖို့ရာ။ လမ်းဖြောင့်ဖြောင့်သွားဖို့လိုတယ်။ ဒါပေမယ့် ဒီလို လုပ်ဖို့က။ …. အချိန်လိုတယ်။ အချိန်တွေ အများကြီးလိုတယ်။

အဆုံးအထိရောက်အောင် ဘယ်လို သွားရမယ်ဆိုတာကို သိပေမယ့်။ သူရောက်နေတဲ့ နေရာကနေ ရှေ့ဆက် တက်ဖို့ ခက်ခဲနေတယ်။ မြေ၊ရေ၊ လေ၊မီး၊ ကျောက်တုံး…. ဒီ နိယာမတွေကို သူ နားလည်တယ်။ သူ့ခန္ဒာကိုယ်က ဒီ နိယာမတွေ နဲ့ လိုက်လျောညီထွေရှိနေတာ။ ကောင်းကင်တာအို ကို ထိန်းချုပ်နိုင်ဖို့က ဒီ ပုံစံခွက်ထဲကနေ ခွဲထွက်ဖို့ လိုအပ်တယ်။ အရင်တုန်းက ဖန်ကျန်းရှီ သုံးခဲ့တာ အရာ အားလုံး ဖြစ်တည်မှု တာအို။ ကောင်းကင်တာအိုကျ တော့ သဘာဝတရားသီးသန့်ကိုပဲ အသုံးချတယ်။ အရင်တုန်းက လေတွေကို စုစည်းပြီးတော့ အရှိန်ကိုမြှင့်လို့ရတယ်။ မီးကိုသုံးပြီးတော့ ပိုမြန်အောင် လုပ်တယ်။ ဒီလိုမျိုး သူ အသုံးချရတယ်။ သို့သော်ငြား ။ ကောင်းကင်တာအိုကို တတ်ကျွမ်းတဲ့ သူတွေ ကျတော့။ အရာအားလုံး ဖြစ်တည်မှု တာအိုကို အပေါ်ယံ သုံးတာ မဟုတ်တော့ဘူး။ သူတို့ က အပြည့်အ၀ ထိန်းချုပ်လိုက်တာ။

ဥပမာပြောရရင်။ စိန်ဆိုတာ ကာဗွန်(ကျောက်မီးသွေး) ကနေ ဖြစ်မှန်း လူတိုင်း သိတယ်။ ဒါပေမယ့် မင်းကို ကာဗွန်(ကျောက်မီးသွေးတုံး) တစ်တုံးပေးပြီးတော့။ စိန်အဖြစ်ပြောင်းခိုင်းရင်။ မင်း မလုပ်နိုင်ဘူး။ အကယ်၍ မင်းသာ လုပ်နိုင်ရင်။ ကမ္ဘာကြီးတစ်လုံး ။ စိန်ရောင်တွေ တဖိတ်ဖိတ် တောက်နေမှာ။ ဒါပေမယ့် ကောင်းကင်တာအိုကို တတ်မြောက်နားလည်တဲ့ သူတွေကတော့ လုပ်နိုင်တယ်။ သဘာဝနိယာမကို ပြောင်းလဲ နိုင်တယ်။ ပုံမှန် အတိုင်းဆိုရင်။ မီးက ကျောက်တုံးတွေနဲ့ သတ္တုတွေကို မလောင်ကျွမ်းစေနိုင်ဘူး။ သူကတော့ လောင်ကျွမ်းအောင် လုပ်နိုင်တယ်။ ဒါက သဘာ၀ နိယာမကို ပြောင်းလဲမှုပဲ။

ဖန်ကျန်းရှီ နောက်ဆုံးတော့ နားလည်သွားပြီ။ ဘာ ကြောင့် ယွင်ချင်းဝူကို သူတိုက်ခိုက်တဲ့ အချိန် လွဲ သွားရလဲ ဆိုတာ။ အပြာရောင် အလင်းတန်းကို ဖြတ်တဲ့ အချိန်မှာ။ နိယာမတွေ အများကြီး ပြောင်းလဲ သွားခဲ့တယ်။ လေဟာနယ်လည်း ပြောင်းသွားတယ်။ ချန့်ယန်း ဒါကို ဘယ်လိုလုပ်လဲ ဖန်ကျန်းရှီ မသိဘူး။ ဒါပေမယ့် ကောင်းကင်တာအို သူသာ နားလည်ခဲ့ရင်။ အခုချိန် မှာ တိုက်ခိုက်မှုက ကိတ်မုန့် လှီးနေရသလောက်ပဲ ခက်တော့မှာ။

“ ကောင်းကင်တာအိုကို နားလည်တဲ့ သူပဲ ဖျက်စီးနိုင်တယ်။” ဒါကို တွေးမိတော့။ ဖန်ကျန်းရှီ ခါးသက်သက် ပြုံးလိုက်တယ်။ ခက်ခဲတယ်ဟုတ်လား။ ခက်ခဲတာ မဟုတ်ဘူး။ ဒါက မဖြစ်နိုင်တာပဲ။ ယွင်ချင်းဝူ ဘာကြောင့် သူ မလုပ်နိုင်ဘူး ပြောလဲ နားလည်သွားပြီ။ ဒီ လို သူ ပိတ်မိနေတဲ့ အချိန်မှာ ဘယ်သူ မှ လာမကယ်ကြတာပဲ။

အခုကိစ္စက ပါရမီ ရှိတာနဲ့ မဆိုင်တော့ဘူး။ သူ ဘယ်လောက်ပဲ အရည်အချင်း ရှိပါစေ။ ဆယ်စုနှစ် ချီတဲ့ အတွေ့အကြုံတွေကို ဒီအချိန်တိုလေး အတွင်းမှာ ကျွမ်းကျင် တတ်မြောက်နိုင်မှာ မဟုတ်ဘူး။ မဖြစ်နိုင်လိုက်တာ။ ဖန်ကျန်းရှီ မျှော်လင့်ချက် ကင်းမဲ့နေပြီ။ ယွင်ချင်းဝူရဲ့ အသံတွေက သူ့ စိတ်ထဲမှာ ဆက်တိုက် ပေါ်လာခဲ့တယ်။ သူမက သူ့ကို ကမ်းလှမ်းခဲ့တယ်။ သွေးအရိပ်မြို့တော်မှာ သာမာန် ဘ၀ နဲ့ နေဖို့ပေါ့။ ဒီလိုဆိုရင်။ သူက စစ်အကျဥ်းသားဖြစ်သွားတော့မှာ။ အိုး ဟုတ်သား။ ယွင်ချင်းဝူက သူ့ အတွက် ဇနီးတစ်ယောက် ရှာပေးမယ်လို့ ပြောတယ်လေ။ သူမကသူနဲ့ လက်ထပ် မှာလား။ မဖြစ်နိုင်တာပဲ။ ဒီ အတွေးကို ဖန်ကျန်းရှီ စဉ်းစားရင်း ရယ်ချင်လာတယ်။ သူ့လို စစ်သုံ့ပန်းကို နတ်ဆိုး အရှင်သခင်ငယ် ယွင်ချင်းဝူ နဲ့ ဘယ်သူက တွဲဖက် မြင်နိုင်မှာလဲ။ အကယ်၍ သူ့ရဲ့ စိတ်အာရုံ နယ်မြေသာ ပိတ်ဆို့ခံလိုက်ရရင်။ သူ့ရဲ့ စွမ်းအားတွေကလည်း အကုန်လုံး ပျောက်သွားမှာ။ သူ့ကို အမြင်ကတ်နေတဲ့ ဘယ် နတ်ဆိုး စစ်သည် မဆို လွယ်လွယ်လေး သတ်နိုင်မှာပဲ။ ဖန်ကျန်းရှီ ကျောရိုးထဲကနေ စိမ့်ချမ်းလာတယ်။ သူမရဲ့ ကမ်းလှမ်းချက်ကို သာ လက်ခံလိုက်ရင်။ ဘယ်လို အသက် ဆက်ရှင်ရမလဲ။ ဖန်ကျန်းရှီ စဉ်းစားနေခဲ့တယ်။ နောက်ဆုံးတော့လည်း။ သွေးအရိပ်မြို့တော်ထဲကို သူ ခြေချလိုက်ရင်။ ပြန်လမ်းမဲ့သွားလိမ့်မယ်။

ယွင်ချင်းဝူကို အပြစ်ပြုလို့ မဖြစ်ဘူး။ နောက်ပြီးတော့ ရန်သူတွေ ထပ်များလာအောင် လုပ်လို့လည်း မရဘူး။ မဟုတ်ရင်။ အရိပ်ထဲမှာ စောင့်နေတဲ့ ဓားတွေက သူ့ကို တစ်ခါတည်း လက်စသတ်ပြစ် လိမ့်မယ်။ တွေးကြည့်စမ်းပါအုန်း။ နောက်ဆုံးမှာ သူ့ကို သဘောမကျတဲ့ နတ်ဆိုး တစ်ယောက်နဲ့ လက်ထပ် ပြီးတော့။ နတ်ဆိုးတွေရဲ့ အစေခံ အဖြစ် တစ်ဘဝလုံး ကုန်ဆုံးရတော့မှာ။ ဖန်ကျန်းရှီ တွေး ရင်းနဲ့ မျက်ရည်တွေ ဝဲလာတော့တယ်။

“ ဒါက ရှင်သန်ဖို့ ပေးဆပ်ရမယ့် တန်ဖိုးလား။” ဖန်ကျန်းရှီ နားလည်သွားတယ်။ တစ်ချို့ အချိန်တွေမှာ ။ ကြီးမားတဲ့ ပေးဆပ်မှုတွေ လုပ်ဖို့ အချိန် လိုတယ်။ ဒါပေမယ့် အခုကိစ္စကတော့ တော်တော်လေး အဖြစ်ဆိုးနေတယ်။ သွေးအရိပ်မြို့တော်ကို သေတောင် မသွားဘူး။

ဖန်ကျန်းရှှီ စိတ်ထဲမှာ အော်ဟစ်နေတယ်။ သူက အသက်ရှင်ချင်တယ်။ ဒါပေမယ့် ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ညီလာခံမှာတောင် တစ်ခါမှ မတ်တပ် မရပ်သေးပဲ။ ဒီ ကမ်းလှမ်းချက်ကို လက်ခံ ရမှာ ။ မွန်းကြပ်လိုက်တာ။ သွေးအရိပ် မြို့တော် မှာ ကျန်ရှိတဲ့ ဘ၀ သက်တမ်း တစ်လျှောက်လုံး ကုန် ဆုံး ရမယ်။ ကျင့်ကြံလို့လည်း မရဘူး။ မောက်မာလို့လည်း မရဘူး ။ ပညာပြလို့ လည်း မရဘူး။ ဒါက နှိပ်စက်တာပဲ။

“ ပျက် စမ်း။ ပျက်စမ်း။” ဖန်ကျန်းရှီ အော်ဟစ်နေတယ်။ ဒါက သူ့ရဲ့ နောက်ဆုံး ကြိုးစားမှုပဲ။ သေလည်း မသေချင်ဘူး။ သွေးအရိပ်မြို့တော်ကိုလည်း မသွားချင်ဘူး။ အခု ချိန်မှာ ဘာလုပ်ရမလဲ။ ကြိုးစားရမယ်။ လွတ်အောင် လုပ်ရမယ်။ ဘယ်လိုလွတ်အောင် လုပ်ရမလဲ။ ကောင်းကင်တာအို( သဘာ၀ နိယာမ) နဲ့ ပိတ်ဆို့ ခံ ထားရတာ။

“ ဘွန်း။”

ကျောက်တုံးကြီးတစ်တုံ ပြစ်ချခံလိုက်ရသလို အင်အားလှိုင်းတွေ ဖြစ်ပေါ်လာတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ တစ်လက်မတောင် မရွေ့ ခဲ့ဘူး။

“ဘာတွေ ဖြစ်နေတာလဲ။” ဖန်ကျန်းရှှီ လက်မခံနိုင်ဘူး။ သဘာဝလွန် အဆင့်ကို သူ ဖြတ်ကျော် တိုးတက် လာတာ သိပ်မကြာသေးဘူး။ ပျော်တောင် မပျော်လိုက်ရသေးတဲ့ အချိန်မှာ အခုလိုတွေ ဖြစ်လာတယ်။ အကယ်၍ ဒီလို တွေ ဖြစ်လာမယ်မှန်းသာ သိခဲ့ရင်။ လာကို မလာခဲ့ဘူး။ အခုက လာပြီးတော့ အသေခံမိသလိုပဲ။

“ ဟဟား…. ဒီကောင် အလဟ သက်သက် အင်အား ဖြုန်းတီးနေတာပဲ။”

“ ဒီကောင် လက်လျှော့တော့မယ်လို့ ထင်ထားတာ။ ကောင်းကင်တာအိုကို ချိုးဖောက်ချင်တယ် တဲ့လား။ အိမ်မက်မက်နေတာပဲ။”

နတ်ဆိုးတွေက ဖန်ကျန်းရှီ ရဲ့ ရုန်းကန်နေမှုကို လှောင်ရယ်နေကြတယ်။ ဒီရလဒ်ကို သူတို့ ခန့်မှန်း ပြီးသား ဖြစ်ပေမယ့်။ အေးခဲ မျောက်မင်း ဒေသက ကိစ္စ ဖြစ်ပြီးတဲ့နောက် ။ ဖန်ကျန်းရှီ ဒီလို ရုန်းကန် နေရတာကို မြင်ရတာ အရသာရှိလွန်းနေတယ်။ ဉာဏ်ကြီးရှင် ဟုတ်စ။ မင်းဘယ်လောက်ပဲ ပါရမီရှိနေပါစေ ။ ဒါကိုတော့ မင်း မချိုးဖျက်နိုင်ပါဘူး။ ဖန်ကျန်းရှီကတော့ သူ့ ဘေးနားက အသံတွေကို နားထောင်ရင်း အံကြိတ်နေခဲ့တယ်။ သူ့ နှုတ်ခမ်းက လှုပ်ရှားနိုင်တဲ့ တစ်ခုတည်းသော အရာပဲ ။

“ ကောင်းကင်တာတာအိုက အရာအားလုံးကို အလင်းပေးတယ်။” ဒီအချိန်မှာပဲ ။ ချိုသာတဲ့ အသံ တစ်သံ ထွက်လာခဲ့တယ်။ အေးဆေးတည်ငြိမ်ပြီးတော့ စည်းချက်ကျတယ်။ သမုဒ္ဒရာကြီး ရဲ့ အသံလိုပဲ။ ဖန်ကျန်းရှီ ရဲ့ အမူအယာကတော့ အေးခဲ သွားတယ်။ ကောင်းကင်ပေါ်မှာ ငွေရောင် အလင်းတန်းတွေက ဆက်ပြီး တောက်ပနေတုန်းပဲ။

“ချီကူယန်….” ငွေရောင် အလင်းတန်းကို ကြည့်ရင်း ဖန်ကျန်းရှီ စိတ်ရှုပ်ထွေး လာမိတယ်။ ချီကူယန်က ဘာလို့ သူ့ကို ကယ်ဖို့ ကြိုးစားနေလဲ နားမလည်ဘူး။ ကောင်းကင်တာအိုက ဖျက်စီးလို့ မရနိုင်တာ သူမ မသိဘူးလား။ ဘာကို သက်သေပြဖို့ ကြိုးစားနေတာလဲ။ သူ ဘယ်လောက်ကြိုးစားလဲ ဆိုတာ သက်သေ ပြနေတာလား။ ဒါမှ မဟုတ် တခြား အဓိပ္မာယ် များ ရှိနေတာလား။ အခုချိန်မှာ ဖန်ကျန်းရှှီ ဆိုတဲ့ သူက မခုခံနိုင်တဲ့ သေလူတစ်ယောက်ဖြစ်နေပြီ။ ချန့်ယန်းက အင်အားကြီးလွန်းတယ်။ သူ့ရဲ့ အိမ်မက်ဆိုးတွေမှာတောင်။ ဒီလောက် အင်အားကြီးတဲ့ လူနဲ့ မကြုံဖူးဘူး။

“ ကောင်းကင်တာအိုက ဆိုးယုတ်မှုကို အပြစ်ပေးတယ်။ ကောင်းမွန်မှုကို ဆုချတယ်။ ”

“ ကောင်းကင်တာအိုက အကောင်း အဆိုး အကြောင်းအကျိုးကို နားလည်ပြီး။ နတ်တစ်ပါးလို ပြုမူတာပဲ။”

“ နွေဦးမှာ ပန်းတွေ ပွင့်ဖူးတယ်။ ဆောင်းဥတုမှာ။ သီးပင်စားပင်တွေကို ရိတ်သိမ်းတယ်။ ဒါက သဘာ၀ တရားပဲ။”

အသံက မရပ်တန့်ခဲ့ဘူး။ သူ့စိတ်ထဲမှာ ဆက်တိုက် စီးဆင်းနေခဲ့တယ်။ ဖန်ကျန်းရှီ ရပ်တန့်ဖို့ အော်ပြောလိုက်ချင်တယ။် ဒါပေမယ့် သူ့ နှုတ်ခမ်းက အသံ မထွက် လာခဲ့ဘူး။

“ ဒီ စာကြောင်းတွေ ရွတ်ပြနေတာ ရပ်လိုက်ပါတော့။ သူ နားမလည်ဘူး။ ငါ သူ့ကို ကယ်ရမယ်။” ဒီ အချိန်မှာပဲ။ စိတ်ဆုံးဖြတ်ထားတဲ့ မာဆတ်ဆတ် အသံ ထွက်ပေါ်လာတယ်။ အနီရောင် ပုံရိပ်က ဖန်ကျန်းရှီ့ ရှေ့ကို ပေါ်လာခဲ့တယ်။ ဖန်ကျန်းရှီ သူ့ရှေ့က လူကို မြင်တော့ အံံ့သြ သွားတယ်။ သူ့ အိမ်မက် ထဲမှာတောင် တစ်ခါမှ မထင်ထားမိခဲ့ဘူး။ ပင်းယန်က သူ့ကို ကယ်ဖို့ ရောက်လာမယ်လို့။ အလိုလိုက်ခံရလွန်းတဲ့ မင်းသမီးလေးက။ ဘာလို့များ ထောင်ချောက်ထဲ ဝင်လာတာလဲ။

ပင်းယန်ရဲ့ တဇွတ်ထိုးလုပ်တတ်တဲ့ စိတ်သဘောတွေ။ ဖျက်လိုဖျက်ဆီး အကျင့်တွေကို ဖန်ကျန်းရှီ တွေးနေမိတယ်။ သူမရဲ့ ကျိုးကြောင်းဆင်ခြင်ဉာဏ် မရှိတဲ့ ပုံကိုကော။ ဘယ် တစ်ခုကမှ ကောင်းတာ မရှိဘူး။ ဒါပေမယ့် သုခမိန်လောကထဲမှာ။ ပင်းယန်က သူ့ အတွက် ရိုက်ချက် တစ်ချက် အစား ဝင်ခံ ခဲ့ဖူးတယ်။ အဲ့ဒီ့အချိန်တုန်းက သူမရဲ့ ကျင့်ကြံ ဆင့်က ကြယ်တာရာ စုဝေးမှု အဆင့်ပဲ ရှိသေးတာ။ အခုလည်း ကျင့်ကြံဆင့် မတက်သေးဘူး။ ဒါပေမယ့် အန္တရာယ်တွင်းထဲကို ခုန်ဝင်လာသေးတယ်။

အနီရောင် အလင်းတန်းက ခပ်မြန်မြန်ပဲ ရောက်လာခဲ့တယ်။ ဒါပေမယ့် ချက်ခြင်း ပြန်ဆုတ်ခွာသွားခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်းမှာ။ ပင်းယန်က သူမရဲ့ မူလနေရာကို ပြန်ရောက်သွားတယ်။ သွေးတွေက သူမရဲ့ နှုတ်ခမ်းထောင့်ကနေ စီးကျလာတယ်။ မီးလျှံပန်းနီ သံချပ်ကာ။ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အကောင်းဆုံး ခုခံမှု ရတနာ။ ဒါပေမယ့် ဒီရတနာ က ချန့်ယန်း ရဲ့ တိုက်ခိုက်မှုကို မခုခံနိုင်ဘူး။ ချန့်ယန်းကတော့ ပုံမှန် အတိုင်းပဲ လုပ်နေတာ။ လက်ချောင်းလေး တစ်ချောင်းကိုတောင် မလှုပ်ရှားခဲ့ဘူး။ သူလုပ်တာက ။ ပင်းယန်ကို တစ်ချက် ကြည့်လိုက်ရုံပဲ။ ဒါတောင် သူမ ပျံထွက်သွားခဲ့တယ်။ အင်အားကြီးလိုက်တာ။ ဖန်ကျန်းရှီ က ပင်းယန်ကို ကြည့်နေတယ်။ ပင်းယန်လည်း ဖန်ကျန်းရှီကို စိုက်ကြည့်နေခဲ့တယ်။ သူမရဲ့ မျက်ဝန်းထဲက ဆူပူနေတဲ့ အရိပ်အယောင်တွေကို မြင်နေရတယ်။

“ငလူးပဲ” ဖန်ကျန်းရှီ မထိန်းချုပ်နိုင်တော့ဘူး။ ပင်းယန်ကို အမြဲတမ်း ဆူပူတဲ့ သူက သူပဲလေ။ ဘယ်အချိန်တုန်းက သူ့ကို ဒီလို မျက်လုံးမျိုး နဲ့ ကြည့်ဖို့ ခွင့်ပြုချက် ရသွားတာလဲ။ ပုံမှန် အတိုင်းဆိုရင်။ ချန့်ယန်း ရဲ့ စွမ်းအားတွေက ။ ဖန်ကျန်းရှီကို စိတ်ပျက် အားလျော့စေမှာပဲ။ မျှော်လင့်ချက်တွေ အကုန်လုံး ပျောက်တဲ့ အထိတောင် ဖြစ်နိုင်စေတယ်။ ဒါပေမယ့် အခုတော့ ကွာခြား သွားပြီ။

ပင်းယန်ကို ကြည့်ရင်း။ ဖန်ကျန်းရှီ သူ့ကိုယ်သူ သတိပေးနေမိတယ်။ ကန်လင်းတောင်မှာ မီးတောက် မြေခွေးပြာကို သတ်ခဲ့တဲ့ အချိန်တုန်းက။ တာအိုကို လက်ခံပြီးတာက လွဲပြီးတော့ တခြား မရှိသေးဘူး။ ရာထူးနေတရာတောင် မရှိသေးတဲ့ အချိန်မှာ ညီလာခံ ခန်းမထဲ။ အပါက်ကြီး တစ်ပေါက် ဖြစ်အောင် ချန်ထားခဲ့တယ်။ သဘာဝလွန် အဆင့်ကို ဖြတ်ကျော်ပြီး မတိုးတက်သေးခင် အချိန်မှာ။ သုခမိန်လောကထဲက ယဉ်ရှန်ကို သူ စိန်ခေါ်ခဲ့တယ်။ အခုတော့ သူ ပိတ်မိနေပြီ။ ဒီလိုပဲ လက်လျှော့တော့ မှာလား။

ပြန်လည် မွေးဖွားမှု ကောင်းကင်တာအို။ အဲ့ဒီ့နော့ ဘာဖြစ်လဲ။ အရာအားလုံးက လိုက်နာရမယ့် နိယာမ တွေ ရှိတယ်။ ဘယ်လောက်ပဲ အင်အားကြီးကြီး ။ မဖျက်စီးနိုင်တာ မရှိဘူး။ တွေးတောကြည့်ဖို့ လိုတယ်။ ဖန်ကျန်းရှီ ကောင်းကင်ကို နောက်တကြိမ် ကြည့်ပြန်တယ်။ ငွေရောင် အလင်းမိုးတွေက မြေပြင်ပေါ်ကို ရွာကျနေတယ်။ ချန့်ယန်း နဲ့ ယွင်ချင်းဝူ ကို တစ်ချက်လေးတောင် မထိပေမယ့်။ ချီကူယန်ကတော့ ရပ်မယ့် စိတ်ကူး ရှိတဲ့ ပုံ မပေါ်ဘူး။

“ နေစမ်းပါအုန်း။ မင်းက မျှော်လင့်ချက် မရှိတာတောင် ဆက် လုပ်နေ သေးတယ်လား။” ချီကူယန်က ဘာကြောင့် ထိပ်တန်း ကျောင်းတော်သား ဖြစ်နေလဲ ဆိုတာ။ ဖန်ကျန်းရှီ နောက် ဆုံးတော့ နားလည်သွားပြီ။ ပါရမီဆိုတာ အစိတ်အပိုင်းလေး တစ်ခုပဲ။ ဒါပေမယ့် ချီကူယန်ရဲ့ စိတ်ဆုံးဖြတ် ချက်က အရမ်းကို ပြတ်သားတယ်။ တခြားသူတွေ လက်လျှော့ရင်တောင် သူမ က ဘယ်တော့မှ အရှုံး မပေးဘူး။ ဒါက ချီကူယန်ပဲ။ သူမက ပါရမီ ရှိရုံတင် မကဘူး။ ခိုင်မာတဲ့ စိတ်ဓာတ်လည်း ရှိတယ်။

“ ငါလည်း ရှုံးလို့ မဖြစ်ဘူး။” ဖန်ကျန်းရှီ ရဲ့ မျက်လုံးတွေက တလက်လက် တောက်ပလာတယ်။ ကောင်းကင်တာအိုကို ဘယ်လို ဖျက်စီးရမလဲ သူတွေးနေတယ်။ မဖြစ်နိုင်ဘူးလို့ ထင်ရအောင် ခက်ခဲပေမယ့်။ ဖျက်စီးဖို့ နည်းလမ်းတစ်ခုတော့ ရှိမှာပဲ။ မဖြစ်နိုင်ဘူးဆိုတာ မရှိ။ ဘောင်ထဲကနေ ခွာပြီး စဉ်းစားမှ ဖြစ်မယ်။ ဖြစ်နိုင်ချေတွေ အားလုံး ကို တစ်ခု မကျန် စဉ်းစားရမယ်။ နေစမ်းပါအုန်း။ တစ်ခုကို မေ့သွားတာ။ ရပြီ။ အစီအစဉ်ကို စဉ်းစားရင်း ဖန်ကျန်းရှီ ရဲ့ မျက်လုံး တွေ တောက်ပလာတယ်။ သူ့ဘေးမှာ အမြဲရှိနေပေမယ့်။ လျစ်လျူရှုထားမိတာ။

“ ကောင်းကင်ကို ဖြိုရမယ်။ ကောင်းကင်ကို သွားရမယ်။ တစ်ခုမှ မဟုတ်ဘူး။ ငါက ကောင်းကင် ဖြစ်ရမှာ။”

အပိုင်း(၄၄၀)ပြီး၏။

All Chapters