← Chapters

အပိုင်း (၄၄၁-၄၅၀)

Vol. 5 Ch. 441-450

အပိုင်း (၄၄၁-၄၅၀)

Vol. 5 Ch. 441-450

အပိုင်း (၄၄၁)

“ ပြန်လည် မွေးဖွားမှု ကောင်းကင်တာအို နဲ့ ငရဲကို သွားရအောင်။”

လှိုဏ်ခေါင်းရဲ့ အဆုံးက အလင်းရောင်။ ဘ၀ တဝက်လောက် အချိန် ကုန်သွားသလိုပဲ။ အနည်းဆုံးတော့။ ဒါက ဖန်ကျန်းရှီ ရဲ့ ခံစားချက်ပဲ။ သူ့ရဲ့ နှလုံးသား တစ်ခုလုံး တုန်ယင်လာခဲ့တယ်။ ကောင်းကင်တာအို။ ကောင်းကင်တာအို။ အချိန်တိုလေး အတွင်းမှာ ဒါကို အပြည့်အ၀ နားလည်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် လည်း အကုန်လုံးကို နားမလည်ဘည်း ကိစ္စ မရှိပါဘူး။ ကောင်းကင်တာအိုက စကြဝဠာထဲမှာ ရှိတဲ့ အရာ အားလုံး ပါဝင်နေတာ။ ဖန်ကျန်းရှီ အခုချိန်မှာ ဘာလုပ်ရမလဲ။ သူ့ရဲ့ အချုပ်အနှောင်ကို ဖြေရမယ်။

ဒါကြောင့် အရာ အားလုံးကို ထိန်းချုပ်နိုင်ဖို့ မလိုအပ်ဘူး။ သူ့ရဲ့ ဘေးပတ်လည်က လေဟာနယ်ကို နားလည်ဖို့ပဲ လိုတယ်။ ချန့်ယန်း ။ သူ့ ပတ်ဝန်းကျင် က လေဟာနယ်ကို ပဲ ထိန်းချုပ်နိုင်ဖို့ လိုတယ်။ ချန့်ယန်းက သူ့ ဘေးက လေဟာနယ်ကို ပြောင်းလဲပြီးတော့ချုပ် နှောင် ထားတာ။ ချန့်ယန်း ဘယ်လို ပြောင်းလဲ နေလဲ။ သူ့ ကိုယ် နဲ့ ဘယ်လို ထိန်းချုပ် ထားတာလဲ။ ဒါတွေကို နားလည်မှပဲ သူ့ကိုယ်သူ လွတ်မြောက်အောင် လုပ်နိုင် လိမ့်မယ်။

“ လေဟာနယ်။ လေဟာနယ်။ လေဟာနယ်တွေကို ပေါင်းစပ်တယ်။ ” ဖန်ကျန်းရှီ သူ့ကိုယ်သူ ထပ်ခါ ထပ်ခါ ပြောနေတယ်။ သူ့ ရဲ့ စိတ် အာရုံ နယ်မြေထဲမှာ တာအိုတွေ ရာနဲ့ ချီပြီး ရှိတယ်။ ကြယ်တာရာတွေ။ နေ။ သဘာ၀ ။ လေ ။ ရေ ။ မြေ ။ မီး။ …. ဒါပေါ့။ လေဟာနယ်တွေ လည်း သူ့မှာ ရှိတယ်။ လေဟာနယ် ဆိုတာ ရှင်းလင်းချက်တွေ အများကြီးရှိတယ်။ အရာဝတ္ထုတွေ တည်ရှိဖို့ကို ခွင့်ပြုပေးတယ်။ ဒီလေဟာနယ်တွေကို သူ မေ့ထားခဲ့တာ။ သူ့ရဲ့ ဘေးပတ်ဝန်းကျင်ကိုပဲ အာရုံ စိုက်နေခဲ့တယ်။ လေ။ လေ နဲ့ လေဟာနယ်က သဘောတရားချင်း မတူဘူး။ လေမှာ။ နိုက်ထရို၈ျင် ၇၈%။ အောက်ဆီဂျင် ၂၁%။ ဝ.၉၄% ကာဗွန်ဒိုင် အောက်ဆိုဒ်။ ဝ.၀၃၂% နိုက်ထရိုဂျင် အောင်ဆိုဒ် တို့ ပါဝင်တယ်။ ဒါက အကုန် မဟုတ်သေးဘူး။ အကယ်၍ လေဟာနယ်ကသာ လေတွေနဲ့ ပြည့်နေ တယ်လို့ တွေးမိနေရင်။ ဖန်ကျန်းရှီ ကျောင်းမှာ သင်ခဲ့ သမျှ အကုန်လုံးက အလကား ဖြစ်သွားမှာပေါ့။ သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ လေဟာနယ် တွေကို ပေါင်းစပ်ဖို့က ။ လေရဲ့ သိပ်သည်းဆ။ လူ တစ်ယောက်ရဲ့ စွမ်းအား။ ဖိအား နဲ့။ တခြားသော ပြောင်းလဲမှု တွေ လိုတယ်။

ဖန်ကျန်းရှီ သူ့ ကိုယ်သူ စွမ်းအားတွေကို နားလည်ဖို့ နဲ့။ သူ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ လေထုကို နားလည် ဖို့ လုပ်တယ်။ အဲ့ဒီ့နောက် တစ်ခု ချင်း စီ နဲ့ လိုက်လျော ညီထွေ ဖြစ်စေဖို့ ကြိုးစားနေတယ်။ ဒါက ခက်ခဲ ရှုပ်ထွေးပေမယ့်။ သူ အခု လုပ်နေတဲ့ အရိုင်းဆန်ဆန် လုပ်ရပ် ထက်တော့ ကောင်းပါသေးတယ်။ ဖန်ကျန်းရှီ နောက်ထပ် တွေေ၀ မနေတော့ဘူး။ မျက်လုံးတွေကို မှိတ်လိုက်တယ်။ အဲ့ဒီ့နောက် သူ့ ခန္ဒာကိုယ် ပတ်လည်မှာ ရှိတဲ့ အရာဝတ္ထုတွေ ပြောင်းလဲ နေမှုကို ခံစားကြည့်နေတယ်။ ဒီလို လုပ်ဖို့ အတွက်။ သူ့ ရဲ့ စိတ်နှလုံး အေးချမ်းဖို့လည်း လိုတယ်။ ချီကူယန် ရဲ့ အသံက သူ့ နားထဲမှာ ဆက်တိုက်ဝင်လာခဲ့တယ်။ သူ့ နှလုံးသား ဖြည်းဖြည်းချင်း ငြိမ်းချမ်းလာတယ်။ ဖန်ကျန်းရှီ သူ့ ခန္ဒာကိုယ်က ဆဲလ်တွေ ခုန်ပေါက်နေတာကို ခံစားမိနေတယ်။ ပတ်ဝန်းကျင် ရဲ့ တုံ့ပြန်မှုတွေကို သူ ခံစား နေ နိုင်တယ်။

ရေကန်ကြီးထဲမှာ ရောက်နေသလိုပဲ။ ဒါပေမယ့်။ ဒီ ရေကန်ကြီးက မတည်ငြိမ်ဘူး။ မရေမတွက် နိုင်တဲ့ ရေဝဲ တွေက သူ့ရဲ့ ခန္ဒာကိုယ်ကို နေရာပေါင်းစုံကနေ ဆွဲငင်နေတယ်။ ဒါပေမယ့်။ ထူးဆန်းတာက။ ဒီရေဝဲတွေ မျှခြေ အခြေမှာ ရှိနေတာပဲ။ ဘယ်ဘက် ရေဝဲက သူ့ကို ဘယ်ဘက်ဆိ ဆွဲယူတဲ့ အချိန်မှာ။ ညာဘက် ရေဝဲက သူ့ကို ပြန်ဆွဲရင်း ထိန်းညှိထားတယ်။ ရေဝဲတွေ အကုန်လုံးက။ တစ်ခုကို တစ်ခု ထိန်းချုပ်ထားတယ်။ ရေဝဲတွေက သူ့ရဲ့ ကိုယ်ကို ဆွဲငင်နေတယ်။ တူညီတဲ့ နေရာကနေ မရွေ့လျားနိုင်အောင် လုပ်ထားခဲ့တယ်။

“ ငါ နားလည်ပြီ… သူက လေဟာနယ်တွေကို ပေါင်းစပ်တာ မဟုတ်ဘူး။ လေဝဲတွေ ကို ဖန်တီး ပြီးတော့ ။ ငါ့ကို ချုပ်နှောင်ထားတာပဲ။ ဒါဆိုရင်။ ဒီ မျှခြေ အခြေအနေကို ငါ ဖျက်ပြစ်မှ ရမယ်။”

ဒါပဲ။ နောက်ဆုံးတော့ အစ ဆွဲထုတ်နိုင်ပြီ။ ပတ်ဝန်းကျင်ကို အဆက်မပြတ် ခံစားနေရင်း နဲ့။ သူ့ ပတ်ဝန်းကျင်က ပြောင်းလဲ နေတဲ့ လေဟာနယ် သဘော တရားကို။ ဖန်ကျန်းရှီ တဖြည်းဖြည်း နားလည်စ ပြုလာတယ်။ ဒါကြောင့်။ လွတ်မြောက်ဖို့ ယုံကြည်ချက်လည်း ပြင်းထန်လာတယ်။

…

ကောင်းကင်က မှောင်မည်းလာသလို။ တိုက်ပွဲလည်း ပြင်းထန်လာတယ်။ ရှင်းယွမ်ကောင်းရဲ့ ဦးဆောင်မှု အောက်မှာ။ နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြို တပ်ဖွဲ့ တို့။ စစ်မြေပြင်ကို ဆက်ပြီး ထိန်းထား နိုင်ခဲ့တယ်။ အလောင်းတွေ တောင်လို ပုံလာခဲ့တယ်။ သွေးနံ့တွေက လေထဲမှာ ပြည့်နေခဲ့တယ်။ ချီကူယန် အတွက်တော့ ။ ငွေရောင် အလင်းတန်းတွေ မြေပြင်ကို စီးဝင်သွားတာ သူမ မြင်နေရတယ်။

“ ရွှမ်ယွမ် ကောင်းကင်တာအိုက အနိုင်ယူဖို့ မလွယ်ကူဘူးပဲ။” ချန့်ယန်းက ကောင်းကင်ကို ကြည့်နေခဲ့တယ်။ သူနဲ့ ယွင်ချင်းဝူ ဆီကို ကျလာတဲ့ ငွေရောင် အလင်းတန်းတွေကို သူ စုပ်ယူနေခဲ့တယ်။ ယွင်ချင်းဝူကတော့ ဖန်ကျန်းရှီကို မကြည့်ဘူး။ ကောင်းကင်ကနေ တိုက်ခိုက်နေတဲ့ မိုးတွေကို ကြည့်နေခဲ့တယ်။ သူမ ကြည့်ရတာ အရမ်းကို တည်ငြိမ်နေခဲ့တယ်။ ဒါပေမယ့် သူမရဲ့ မျက်ဝန်းတွေက မနာလို ဝန်တိုမှုတွေနဲ့ တောက်ပနေတယ်။ ဒီ ငွေမိုးတွေကို ရွာချနေတဲ့သူက သူမ ဖြစ်ဖို့ အိမ်မက် မက်နေသလိုပဲ။ ယွင်ချင်းဝူ ( သူမက ပြည်နှင်ခံထားရတဲ့ နတ်ဆိုး တစ်ယောက်ပဲ။) သူမက ချီကူယန်လို ပါရမီ မရှိဘူး။ သူမရဲ့ အပြု အမူတွေ စွမ်းအားတွေအရ။ ကြယ်တာရာ စုဝေးမှု ကနဦး အဆင့်ပဲ ရှိသေးမှန်း သိသာတယ်။

ရိုးရိုးရှင်းရှင်း ပြောရရင်။ ယွင်ချင်းဝူက ပင်းယန် ကိုတောင် အနိုင် မတိုက်နိုင်ဘူး။ ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်သလဲ။ ချီကူယန် ရဲ့ ပါရမီကို ယွင်ချင်းဝူက မနာလို ဖြစ်နေခဲ့တယ်။ ရွှမ်ယွမ် ကောင်းကင် ခန္ဒာ ။ သူမရဲ့ ပါရမီက မြင့်မားလွန်းတယ်။

အေးခဲ မျောက်မင်းဒေသ တိုက်ပွဲမှာ ယွင်ချင်းဝူ အဆုံးရှုံး များခဲ့ရတဲ့။ အဓိက အကြောင်းရင်းက ချီကူယန်ပဲ။ ရွှမ်ယွမ် ကောင်းကင် တာအိုက ချီကူယန် အင်အားကြီးနေရတဲ့ အကြောင်းရင်းပဲ။ ငွေရောင် အလင်းတန်းတွေက တဖြည်းဖြည်း ပို သိပ်သည်းလာခဲ့တယ်။ ရေတံခွန် တစ်ခုလိုပဲ။ ကောင်းကင်က စီးကျလာတဲ့ ငွေ ရေတံခွန်ကြီး။ နတ်ဆိုးတွေက ကောင်းကင်က တိုက်ခိုက်မှုကို တလေးတစား နဲ့ ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို ပြန်ကြည့်တယ်။ ဖန်ကျန်းရှီက မျက်လုံး တွေကို ပိတ်ထားခဲ့တယ်။ အိပ်ပျော်နေတဲ့ အတိုင်းပဲ။

“ ဒီကောင် လက်လျှော့သွားပြီလား။”

“ ဒီကောင် အားကုန် သွားပြီ ထင်တယ်။ ဟ ဟား ….”

“ ဒီလို ကောင်မျိုး အတွက် ချီကူယန် အားထုတ်နေတာ။ နှမြောစရာကြီးပဲ။ ဒီကောင် အရှက်မရှိဘူးလား။”

နတ်ဆိုးတွေ ဘေးပတ်လည်မှာ ဆွေးနွေးနေခဲ့တယ်။ သူတို့တွေက ဖန်ကျန်းရှီကို ထပ်မကြည့်တော့ဘူး။ သူ့ကို ကြည့်ရတာ အချိန်ဖြုန်းရုံ သက်သက်ပဲ။ သေလူတစ်ယောက်ကို ကြည့်ရတာ ဘာထူးမှာလဲ။ အာရုံစိုက်ဖို့ကို မလိုဘူး။

ညအချိန် ရောက်လာတော့။ အလင်းရောင် ထွက်လာတဲ့ နေရာက နှစ်ခုပဲ ရှိတယ်။ ချီကူယန် ရဲ့ တိုက်ခိုက်မှုက ငွေရေတံခွန် အလင်းရောင် နဲ့။ သံတောင်ကုန်း ဒေသက ပြင်းထန်တဲ့ တိုက်ပွဲ ရဲ့ အလင်းရောင်တွေပဲ။ ဘယ်သူမှ ဖန်ကျန်းရှီကို မကြည့်ကျတော့ဘူး။ သူ့ကို မေ့ထားလိုက်ပြီ။ ဖန်ကျန်းရှီကတော့ သေးသေးလေး လှုပ်ရှားလိုက်တယ်။ သူ့ရဲ့ ညာဘက် လက်မလေး ဖြည်းဖြည်းချင်း မြောက်တက်လာတယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ ရပ်တန့်သွားခဲ့တယ်။ တစ်ခဏ ကြာပြီးတဲ့နောက်။ သူ့ရဲ့ လက်ညှိုးလေး လှုပ်ရှားလာတယ်။ လှုပ်ရှားမှုက သေးငယ်လွန်းလို့။ လူ အနည်းစုပဲ သတိထားမိကြတယ်။ တိုက်ပွဲက ပြင်းထန် လွန်းနေတော့။ အော်ဟစ်သံတွေ့ လေထုထဲမှာ ပြည့်နေခဲ့တယ်။

တိုက်ပွဲဆိုတာ။ သေခြင်းတရားတွေ။ သွေးတွေ။ မီးတောက်တွေ နဲ့ ပြည့်နေခဲ့တယ်။ မရေမတွက်နိုင်တဲ့ လူတွေ တိုက်ပွဲတွေမှာ သေဆုံးခဲ့ကြတာ။ သမိုင်းတစ်လျှောက်လုံး ပြည့်နေခဲ့တယ်။ ဒါပေမယ့် တိုက်ပွဲအောင်နိုင်မှုကတော့ ဂုဏ်ရှိလွန်းလှတယ်။ တိုက်ပွဲ တိုက်မှာ။ သွေးချွေးတွေကြား မရေ မတွက်နိုင်တဲ့ စစ်သည်တော်တွေ အသက်ရှင်သန်ကြတယ်။ ဒီ တိုက်ပွဲ ကြောင့်ပဲ သူတို့တွေ ပို သန်မာလာကြတယ်။

“ သေစမ်း။”

“ တောင်ပိုင်းသားတွေနဲ့ အတူတူ ငါတို့ သေမယ်။”

“ ငါတို့ မိဘတွေ။ ညီနောင်သားချင်းတွေ အကုန်လုံး ဒီမှာ ရှိနေတာ။ နတ်ဆိုးတွေ ကို ဝင်ခိုင်းစေလို့ မဖြစ်ဘူး။ ”

သူတို့ရဲ့ အသံတွေနဲ့ အတူ မြားတွေလည်း ကျလာခဲ့တယ်။ မြေပြင်တစ်ခုလုံး မြားတွေ ဖွေးဖွေး လှုပ်နေခဲ့တယ်။ အနက်ရောင် နံရံကြီးပေါ်မှာ မီးထွန်းလိုက်တဲ့ အချိန် ။ မြေပြင်ပေါ်က နီရဲနေတဲ့သွေးတွေကို မြင်ရတယ်။ သတ်ဖြတ်မှု အသံတွေက စက္ကန့်နဲ့ အမျှ ပို ကျယ်လောင်လာခဲ့တယ်။ သံတောင်ကုန်း ဒေသထဲက ခုခံနေမှုကြီးက ။ အဓိက ဂိတ်တံခါးကြီးဆီ ဦးတည်လာနေစေတာ သိသာလွန်းတယ်။ ရှန်လင်း နှုတ်ခမ်းကို ကိုက်ထားခဲ့တယ်။ သူ့ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာပြီ။ ဒီအသံတွေက ဘာကို ဆိုလိုချင်လဲ သူတို့ သိတယ်။

“ တောင်ပိုင်းဒေသ က တကယ်ပဲ ကျရှုံးတော့မှာလား။ ” ရှန်လင်း ဒါကို လက်မခံနိုင်ဘူး။

“ အရှင်မင်းသား။ ထွက်ခွာသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ နိုင်ငံ ကို ဒီကိစ္စပြီးမှ ပြန် တည်ဆောက်လို့ ရပါတယ်။ နတ်ဆိုးတွေ လိုက်မလာ နိုင်အောင် သစ်တောထဲကို ဆုတ်ခွာဖို့ လိုပါတယ်။ ” ရှန်လင်း ဘေးကနေ အသံတစ်သံ ထွက်လာခဲ့တယ်။

“ ပါးစပ်ပိတ်ထားစမ်း။” ရှန်လင်းရဲ့ မျက်လုံးတွေ သွေးနီရောင် တောက်လာတော့တယ်။ အခုချိန်က ဘယ်လို အခြေအနေ ဖြစ်နေမှန်း သူသိတယ်။ ဒါပေမယ့် သူ နောက်ပြန်ဆုတ်လို့ မရဘူး။ သူက တောင်ပိုင်းဒေသရဲ့ အိမ်ရှေ့စံပဲ။

“အရှင့်သား။”

“ ငါနဲ့ အတူ တိုက်ကြ။ ငါသေဖို့ လိုတယ် ဆိုရင်။ ဒီမှာပဲ သေမယ်။”

“ အမိန့်တော် အတိုင်းပါ။”

သွေးတွေ ကောင်းကင်ကို ပန်းထွက်လာတယ်။ မျက်လုံး တစ်စုံ ဖြည်းဖြည်းချင်း ပွင့်လာခဲ့တယ်။ ဒါကို တိုက်ပွဲထဲက ဘယ်သူမှ သတိမထားမိဘူး။ ဒါပေမယ့်။ မျက်လုံး တစ်စုံကတော့ သူ့ ပတ်ဝန်းကျင်ကို အကဲခတ်နေခဲ့တယ်။ ခေါင်းပေါ်မှာ တောက်ပနေတဲ့ ငွေရောင် အလင်းတန်းကို ကြည့်တယ်။ တိုက်ပွဲ အော်သံတွေ နဲ့။ ကောင်းကင်က တဖျပ်ဖျပ် တောက်ပနေတဲ့ ကြယ်တွေကို ကြည့်နေခဲ့တယ်။

“ ဘွန်း။”

ကြောက်မက်ဖွယ် အင်အားလှိုင်းတွေ ထွက်ပေါ်လာပြန်တယ်။ ပတ်ဝန်းကျင် တစ်ခုလုံးကို တုန်ခါ သွားစေတယ်။ လူအများစုရဲ့ စိတ်အာရုံကို ဒီလှုပ်ရှားမှုက ဖမ်းစား သွားတယ်။

“ ဒီကောင် အခုထိ လက်မလျှော့သေး ဘူးလား။”

“ နောက်ဆုံးထိတောင် ဒီ ကောင်း လက်မလျှော့သေး ဘူး။”

“ ကိစ္စ မရှိပါဘူး။ ဒီကောင့်ကို ဆက်ပြီးတော့ ရုန်းကန် ခိုင်းလိုက် စမ်းပါ။ ကောင်းကင်တာအိုရဲ့ လျှို့ဝှက်ချက်ကို ဒီကောင် ဖျက်စီး နိုင်မယ် ထင်နေတာလား။”

“ ဟ ဟ ား … ဒီကောင် လုပ်နိုင်ခဲ့ရင်။ အနောက်အရပ် က နေထွက် လာလိမ့်မယ်။”

နတ်ဆိုးတွေ အားလုံး စိတ်ပျက် လက်ပျက် ခေါင်းခါ ယမ်းနေကြတယ်။ ဖန်ကျန်းရှီ ရဲ့ အရင် ကြိုးစားမှုတွေက အသုံး မဝင်ခဲ့ဘူးလေ။ ဒါကြောင့် ဒီတစ်ကြိမ်လည်း ထူးခြား လိမ့်မယ်လို့ သူတို့ မထင်ဘူး ။ ရုန်းကန်တာ။ ရုန်းကန်တာက အသုံးမဝင်ဘူး။ သူ့ကံကြမ္မာက ပြောင်းလဲ မှာမှ မဟုတ်ဘဲ။ ဒါက ကောင်းကင် တာအိုလေ။ လွတ်မြောက်ဖို့ ဆိုတာ အိမ်မက် တစ်ခုလိုပဲ။

ဘယ်နတ်ဆိုး ကမှ သူလုပ်နိုင် လိမ့်မယ် လို့ မယုံကြည်ဘူး။ နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြို တပ်ဖွဲ့တောင် ။ ဖန်ကျန်းရှီကို မယုံကြဘူး။ ဒါက မဖြစ်နိုင်တဲ့ ကိစ္စပဲလေ။ တိုက်ခိုက် မှု အင်အားလှိုင်းတွေက လူတွေ ရဲ့ စိတ်အာရုံကို ဖမ်းစားသွားပေမယ့် ။ အချိန် ခဏလေးပဲ ကြာမြင့်ခဲ့တယ်။ ဘယ်သူကမှ ဒုတိယ တစ်ခေါက် မကြည့်ကြဘူး။ အကျိုးမရှိတဲ့ လုပ်ရပ်ပဲလေ။ အင်အားလှိုင်းတွေက ယွင်ချင်းဝူရဲ့ အဝတ်စတွေကို တုန်ခါစေတယ်။ သူမရဲ့ ဝတ်ရုံက နောက်ကို ရွေ့သွားခဲ့တယ်။ ဒါပေမယ့် ယွင်ချင်းဝူ ကတော့ ဖန်ကျန်းရှီကို တစ်ချက်လေးတောင် မကြည့်ဘူး။ ငွေရေတံခွန်ကိုပဲ ကြည့်နေခဲ့တယ်။

ချန့်ယန်းကတော့ အင်အားလှိုင်းတွေကို တစ်ချက်လေးတောင် အာရုံ မစိုက်ဘူး။ ယွင်ချင်းဝူရဲ့ ဆရာအနေနဲ့။ သူက အလေးစားခံရဆုံး နတ်ဆိုးတွေ ထဲက တစ်ယောက်ပဲ။ နတ်ဆိုး အရှင်သခင်တောင်မှ သူ့ကို။ သွေးအရိပ်မြို့တော် ရှေ့တံခါးမှာ ထွက်ကြို ရတယ်။ ဒါပေမယ့် ချန့်ယန်း နားလည်ထားတာ တစ်ခုရှိတယ်။ သူ ဘယ်လောက်ပဲ အင်အားကြီးပါစေ။ ဘယ်လောက်ပဲ လေးစားခံရပါစေ။ သူက နတ်ဆိုး တစ်ယောက် ဖြစ်နေတုန်းပဲ။ ယွင်ချင်းဝူက သူ့ရဲ့ အရှင်သခင်ပဲ။

ချန့်ယန်း က ဖန်ကျန်းရှီကို သေစေချင်တယ်။ ဖန်ကျန်းရှီကို စတွေ့တဲ့ အချိန် တည်းက သေစေချင်နေတာ။ ဒါပေမယ့် ယွင်ချင်းဝူက အမိန့်မပေး သရွေ့။ ဖန်ကျန်းရှီကို သတ်လို့ မရဘူး။ အနည်းဆုံးတော့ အခုချိန်မှာ သတ်လို့ မရသေးဘူး။ ချန့်ယန်းက အမြင်အာရုံ ကင်းမဲ့နေပင်မယ့်။ အသက်ရှင်ရတာ နှစ်တွေ အများကြီး ကြာပြီးနောက်မှာတော့။ လောကကြီးကို မမြင်နိုင်ပေမယ့် ခံစားကြည့်နိုင်တယ်။ သူကပတ်ဝန်းကျင်မှာ ရှိတဲ့ အရာအားလုံးကို သူသိတယ်။ သူတို့ရဲ့ သွင်ပြင်လက္ခဏာတွေ ပြောင်းလဲမှုတွေ အားလုံးကို သူ ခံစားနိုင်တယ်။ ရလဒ် အနေနဲ့ တခြားသော လူတွေ ဖွင့်ချင်နေတဲ့ မရေမတွက်နိုင်တဲ့။ တံခါးတွေကို သူ လိုသလို ဖွင့်နိုင်တယ်။ ပြန်လည် မွေားဖမှု ကောင်းကင်တာအို။

“ မိုးမေလင်းလိုက်။” အော်သံကျယ်ကြီး လေထဲက နေ ထွက်လာခဲ့တယ်။ အတော့်ကို စိတ်လှုပ်ရှား တက်ကြွ နေတဲ့ အသံပဲ။ အချုအနှောင်ကနေ လွတ်မြောက်လာလို့ ပျော်နေတဲ့ အသံပေါ့။ လေပြည်ညှင်းက ဖြတ်သန်းတိုက်ခတ်နေတယ်။ အပြာရောင် အကျီ လက်ရှည်က လေထဲမှာ တဖျပ်ဖျပ် လွင့်နေခဲ့တယ်။ ယွင်ချင်းဝူရဲ့ အကျီ လက်ရှည်လိုပဲ။

အပိုင်း(၄၄၁) ပြီး၏။

အပိုင်း (၄၄၂) “ မမျှော်လင့်ထားတဲ့ ရလဒ်”

ညတာကတော့ အေးချမ်းမှုနဲ့ ဝေးကွာနေတယ်။ တိုက်ပွဲရဲ့ အော်ဟစ်သံတွေနဲ့သာ ပြည့်ှနေခဲ့တယ်။ အခုလက်ရှိ အချိန်မှာ စစ်မြေပြင်တစ်ခုလုံး ရုတ်တရက် ငြိမ်းအေးသွားတယ်။ ရေကန်ကြီး တစ်ခုလုံး ခဲသွားသလိုပဲ။ အမိန့်ပေးသံတွေ မရှိခဲ့ဘူး။ သတ်ဖြတ်တာတွေလည်း မရှိတော့။ အော်ဟစ်သံတွေလည်း ပျောက်ကွယ်သွားတယ်။

အချိန်တွေ အေးခဲ သွားသလို။ လူတိုင်းက ပြင်းထန်တဲ့ အင်အားလှိုင်းတွေကို ကြည့်နေခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီ အင်အားလှိုင်းတွေထွက်ပေါ် လာပြီးနောက်။ အလင်းတန်းတွေလည်း ထွက်လာတာကြောင့်ပဲ။ အတော့်ကို မြန်ဆန်လွန်းတဲ့ အလင်းတန်း တစ်ခုပဲ။ မြန်လွန်းလို့။ ဒီ အလင်းတန်းရဲ့ မူလ ဇစ်မြစ်ကို ဘယ်သူမှ မမြင်လိုက်ဘူး။ ပိုပြီး အရေး ကြီးတာ ဒီ အလင်းတန်းက ချန့်ယန်း ဆီကို ဦးတည်နေတာပဲ။ ချန့်ယန်းရဲ့ ရှေ့တည့်တည့်ကိုတောင်ရောက်နေပြီ။ ၅၀ စင်တီ မီတာလောက်ပဲ ဝေးကွာတော့တယ်။

ထိတ်လန့်တယ်။ အကူအညီမဲ့တယ်။ ကြောက်ရွံ့တယ်။ နဂါးတပ်ဖွဲ့။ တောင်ဖြိုတပ်ဖွဲ့။ တောင်ပိုင်းဒေသ စစ်သည်တော်တွေ နဲ့။ နတ်ဆိုးတွေပါ။ ကြောက်လန့်တဲ့ စိတ်ခံစားချက်တွေနဲ့ ပြည့်နေခဲ့တယ်။ ချန့်ယန်းဆီကို တည့်တည့် ပြေးဝင်သွားတဲ့ အပြာရောင် အလင်တန်းကို ကြည့်ရင်း။ သူတို့ ရဲ့ အာရုံကြောတွေ ထုံထိုင်းသွားသလိုပဲ။

ဒီကောင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ဘာလုပ်မလို့လဲ။ ကိုယ့်သေတွင်း ကိုယ်တူးနေတာလား။ ဒါမှ မဟုတ်။ အသက်ရှင်ရတာ ငြီးငွေ့နေလို့လား။ သူတို့ မတွေးတတ်တော့ဘူး။ ချန့်ယန်းရှေ့ကို ရောက်လာတဲ့ လူက။ သူ့ လက်ကို မြှောက်လိုက်တာ လူတိုင်း မြင်နေရတယ်။

“ ဘွန်း။”

မြေကမ္ဘာကို တုန်လှုပ်စေတဲ့ အသံတွေ ပဲ့တင် ထပ်လာတယ်။ ဗုံးတစ်လုံး ပြစ်ချ ခံလိုက်ရသလိုပဲ။ နားတွေတောင် အူသွားတယ်။ ဖုန်မှုန့်တွေ နေရာ အနှံ့ကို ပျံ့ကျဲသွားတယ်။ ဒါက တိုက်ပွဲရဲ့ ပေါက်ကွဲမှုကြောင့် ဖုန်ထတာလား။ ဒါမှမဟုတ်။ စစ်သားတွေရဲ့ အထိတ်တလန့်ရပ်တန့်မှုကြောင့် ဖုန်ထ တာလား။ မသဲကွဲဘူး။

ချန့်ယန်းနဲ့ အပြာရောင် လူရိပ်လည်း ဖုန့်မှုန်တွေ ဖွေးဖွေးလှုပ်နေခဲ့ပြီ။ ညက တိတ်ဆိတ်အေးချမ်းသွားတယ်။ စစ်မြေပြင်တစ်လျှောက် လေ တဖြူးဖြူးတိုက်နေခဲ့တယ်။ သွေးသံရဲရဲ နဲ့ စစ်သည်တော်တွေကို ထိကပါး ရိကပါး လုပ်နေသလိုပဲ။

“ကလန်”

တစ်စုံတစ်ယောက်ရဲ့ လက်နက်ကမြေပြင်ပေါ်က လှံကျိုး တစ်ချောင်းပေါ်ကို ကျသွားခဲ့တယ်။ မာဆတ်ဆတ် အသံတ စ်ခု ထွက်လာခဲ့တယ်။ ဒီ အသံက မကျယ်ဘူး။ အကယ်၍ တိုက်ပွဲသာ အရင်ကလို ပြင်းထန်နေရင် ။ ဒီ အသံကို သတိထားမိ စရာ အကြောင်းမရှိဘူး။ ဒါပေမယ့် အခုတော့။ ရေကန်ထဲကို ကျောက်တုံး ပြစ်ချလိုက်တဲ့ အတိုင်းပဲ။ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တဲ့ အတိုင်း ။ လူတိုင်းကို တုန်ယင်သွားစေခဲ့တယ်။ လူတိုင်းရဲ့ အမူအယာကတော့ တူညီနေတယ်။ မျက်လုံးတွေ ပြူးနေတယ်။ ပါးစပ်အဟောင်းသား ဖြစ်နေတယ်။ မျက်နှာတွေ ဖြူဖျော့လာတယ်။

“ သူ … သူ လှုပ်ရှား သွားတယ်။” တအံ့တသြ နဲ့ အော်ဟစ်သံက ခပ်ဝေးဝေး ကနေ ထွက်လာခဲ့တယ်။

“ ဒါ … ဒါ ….. ကောင်းကင်တာအိုကနေ လွတ်မြောက်သွားပြီလား။”

“ ဒါက မဖြစ်နိုင်တာပဲ။ ဘယ်လိုတောင်ဖြစ်သွားတာလား။”

“ ကောင်းကင်တာအို။ ဒီကောင် ဘယ်လိုများ လွတ်သွားတာလဲ။ ”

“ မဖြစ်နိုင်လိုက်တာ။ ”

“ ဒါမျိုး မဖြစ်သင့်ဘူး။”

“ဒါမျိုး မဖြစ် နိုင်တာပဲ”

အသံပေါင်းစုံက စစ်မြေပြင်မှာ ထွက်ပေါ်လာတယ်။ စစ်မြေပြင်မှာ ရှိနေတဲ့ လူတွေ နဲ့ နတ်ဆိုးတွေ ။ သူတို့ မျက်မြင် ကြုံတွေ့ နေရတာကို မယုံကြည်နိုင်ဘူး။ ကောင်းကင်တာအိုက ကျိုးပျက်သွားပြီ။ နောက်ပြီးတော့။ သဘာဝလွန ် အခြေတည် အဆင့် ကျင့်ကြံသူတစ်ယောက် ကြောင့် ကျိုးပျက်သွားတာ။ ဒီ့ထက် ပိုပြီးတော့ အံ့သြပြီး မယုံကြည်နိုင်အောင် ဖြစ်ရတာ ဘာ ထပ် ရှိအုန်းမှာလဲ။ နေပဲ အနောက် အရပ်ကနေ ထွက်လာတာလား။ မဟုတ်ဘူး။ နေက အနြေက် အရပ်ကနေ ထွက်လာရင်တောင်။ သူတို့ ဒီလောက် ထိ အံ့သြကြမှာ မဟုတ်ဘူး။

ပြန်လည် မွေးဖွားမှု ကောင်းကင် တာအိုက ။ သုခမိန် အဆင့်ကို မရောက်ခင်နောက်ဆုံး နားလည် သဘောပေါက်ရတဲ့ အဆင့်ပဲ။ ဒီ အဆင့်ကို နားလည် သဘော ပေါက် နိုင်ဖို့ ။ မရေမတွက်နိုင်တဲ့ လူတွေက သူတို့ရဲ့ အရာ အားလုံးကို လိုလိုလားလား စတေး ပြစ်ချင် ခဲ့တယ်။ အခုတော့ ဖန်ကျန်းရှီက အလွယ်တကူ ချိုးဖျက်လိုက်ပြီ။ မဖြစ်နိုင်တာပဲ။ ဒါကို ချိုးဖျက်နိုင်ရင်တောင်။ အသုံးပြုနိုင်သေးမြှတော့ မဟုတ်ဘူး။ ဒါက ဖြစ်နိုင်လို့လား။ ဘယ်လို ဖြစ်နိုင်မှာလဲ။ မရေမတွက်နိုင်တဲ့ မျက်ဝန်းတွေက ဖုန်မှုန့်တွေကို ကြည့်နေခဲ့တယ်။ သူတို့ မြင်နေရတာကို မယုံနိုင်ကြဘူး။ ဒါပေမယ့် ရှင်းရှင်းလင်းလင်း ကြီး ဖြစ်နေတာ။ ဖန်ကျန်းရှီ ရှိနေခဲ့တဲ့ မူလ နေရာက ။ အခုချိန်မှာ။ နေရာလွတ်ကြီး ဖြစ်နေခဲ့ပြီလေ။

“ သူ လွတ်သွားပြီ။ လွတ်သွားပြီ။”

“ ကောင်းကင်တာအိုရဲ့ အချုပ်အနှောင်ကနေ လွတ်သွားပြီ။ ”

ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူတို့ မြင်နေရတဲ့ ။ အကြောင်းရင်းကို လက်မခံနိုင်ကြဘူ။ ပေါ့ပါးသွက်လက်တဲ့ အပြာရောင် ပုံရိပ်လေး။ ဒါက ဖန်ကျန်းရှီပဲ။ ရှင်ချင်းစွေ့ကတော့ သူ မြင်နေရတဲ့ အဖြစ်ကြောင့်။ လက်မှိုင်ချမိ မတတ်ဖြစ်နေတယ်။ ဖန်ကျန်းရှီကို အချုပ်အနှောင်ကနေ သူ ကယ် တင်ချင်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ တကယ် လွတ်သွားတော့။ သူ အံ့သြ ထိတ်လန့်မိတယ်။

“ သူက ငါ့ထက် တောင် ငယ်သေးတယ်။”

ရှင်းယွမ်ကောင်းလည်း အတူတူပဲ အံ့သြနေတယ်။ သူက ကျောင်းတော် ဆယ့်သုံးခုရဲ့ ခေါင်းဆောင်ပဲ။ တိုက်ပွဲထဲမှာ ဆိုရင်။ သူ့ရဲ့ စိတ်တည်ငြိမ်မှုက အတော့်ကို မြင့်မားတယ်။ ဒါပေမယ့် ဒီ တစ်ကြိမ်မှာတော့။ သူ့ မျက်လုံးတွေက မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေတယ်။ “ သူက ချင်းစွေ့ ထက်တောင် အများကြီး ငယ်သေးတယ်။”

အသံပေါင်းစုံက စစ်မြေပြင်မှာ ပဲ့တင့်ထပ် လာခဲ့တယ်။ နန်ကုန်းဟောင် ရဲ့ အကြည့်ကတော့။ ငွေရောင် အလင်းတန်း ကနေ ဖုန်မှုန့်တွေ ဆီကို ရောက် သွားခဲ့တယ်။ ဖြစ်နိုင်တာကတော့။ ငွေရောင် အလင်းတန်း ပျောက်ကွယ်သွားတာကြောင့်။ အကြည့်လွှဲသွားတာ ဖြစ် ပါ လိမ့်မယ်။ ဒါပေမယ့် ပို ပြီး အရေးကြီးတာက ။ သူ့လက်ကို မြှောက်လိုက်ပြီးတော့။ မျက်လုံးတွေကို ပွတ်သပ်ရင်း မယုံမကြည်တဲ့ အကြည့်နဲ့ ကြည့်နေတာပဲ။

“ သူ … တကယ်ပဲ လုပ်နိုင်တယ်။” နန်ကုန်းဟောင်က ထိတ်လန့်ခဲတယ်။ လန့်ရင်တောင်။ သူ ဖော်ပြလေ့ မရှိဘူး။ အခုတော့။ နန်ကုန်းဟောင်တောင် သူ့ရဲ့ ထိတ်လန့်မှုကို မထိန်းချုပ်နိုင်တော့ ဘူး။ ပင်းယန်ရဲ့ မျက် လုံးတွေကတော့ မယုံကြည်နိုင်မှုကြောင့် တောက်ပနေခဲ့သလို။ အလွန်အမင်း စိတ်လှုပ်ရှားနေပုံလည်း ပေါ်တယ်။

“အရှက်မရှိတဲ့ကောင်စုတ်။ နင်က ငါ့ကို စိတ်မပျက်စေဘူးပဲ။ ပြန်လည် မွေးဖွားမှု ကောင်းကင်တာအိုကနေ လွတ်အောင် လုပ်နိုင်တယ်။ နေစမ်းပါအုန်း။ သေစမ်း။ ဒီ ကောင် တကယ်ပဲ လုပ်ချလိုက်ပြီ။”

ပင်းယန်က ချီးမွမ်းခဲတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့။ သူမ အရမ်းကို စိတ်အား တက်ကြွနေတယ်။ ဒါ့အပြင်။ ဖန်ကျန်းရှီကို သူမ လှုံ့ဆော်တာ အောင်မြင်တာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ရှန်လင်းရဲ့ ဓားကတော့ နတ်ဆိုး တစ်ကောင်ရဲ့ ခေါင်းပေါ်မှာ ရပ်တန့်သွားခဲ့တယ်။ လေတိုက်ခတ်မှုကြောင့်။ သူ့ ခေါင်းပေါ်က ငှက်မွှေးတွေ တဖျပ်ဖျပ် လွင့်နေခဲ့တယ်။ သူ့ မျက်နှာ တစ်ခု လုံးက ချွေးတွေ နဲ့ ပြည့်နေပင်မယ့်။ လူကတော့ ကြက်သီးတဖြန်းဖြန်းထရင်း အရိုးထဲက စိမ့်ချမ်းနေခဲ့တယ်။ တခြားနယ်မြေမှူးတွေလည်း တူညီစွာပဲ ။ အရိုးထဲက တုန်ယင်နေခဲ့တယ်။ သူတို့ ကိုင်ဆောင်တဲ့ လက်နက်တွေက မတူညီ ပေမယ့်။ အခုချိန်မှာ တုန်ယင်နေတာတော့ တူညီခဲ့တယ်။

တစ်ချိန်တုန်းက ကောင်းကင်မှာ ရှိခဲ့တဲ့ ငွေရေတံခွန် ကတော့ ပျောက် ကွယ်သွားခဲ့ပြီ။ ရေတံ ခွန်ရဲ့ ဖန်တီးရှင် က ဒီ အချိန်မှာ ေပေါ်လာခဲ့တယ်။ သူမရဲ့ ပန်းနုရောင် ဝတ်ရုံက လေထဲမှာ လွင့်မျောနေတယ်။ ဂုဏ်အရှိန်အဝါက သူမ မျက်နှာကို မော်ကြွားစေတယ်။ ချီကူယန်။ ယှဉ်နိုင်သူမဲ့တဲ့ ပါရမီရှင်။ စိတ်ဆုံးဖြတ်ချက် ပြတ်သားလွန်းတဲ့ ထူးချွန်သူ။

နောက်ထပ် လှပတဲ့ မျက်နှာ တစ်ခု မြေပြင်ပေါ်မှာ ရှိနေခဲ့တယ်။ ဒါပေမယ့် ဒီ မျက်နှာ ကတော့။ အံ့သြထိတ်လန့်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ သူမ ပုံမှန်ရှိနေကျ ပုံစံ ဖြစ်တဲ့ အေးစက်စက် တောင်ထိပ် ပန်းလေး အသွင်ကနေ ကွဲထွက်နေတယ်။ ယွင်ချင်းဝူက တကယ့်ကို လန့်နေတာ။ သူမက အရာ အားလုံးကို ခန့်မှန်း နိုင်ပေမယ့်။ ဖန်ကျန်းရှှီ လွတ်မြောက်မှာကိုတော့ မခန့်မှန်း နိုင်ခဲ့ဘူး။

“ ကောင်းကင်တာအိုကို အသုံးပြုနိုင်တဲ့ သူပဲ။ အတားအဆီးကို ချိုးဖြတ်နိုင်မယ်။”

သိပ်မကြာခင် အချိန်တုန်းကပဲ ။ ဖန်ကျန်းရှီကို သူမ ဒီလို ပြောခဲ့တာ။ ဒါပေမယ့် အခုတော့ ဖန်ကျန်းရှီက သူ့ နေရာကနေ ပျောက်သွားပြီ။ ခြေရာလေး တစ်ခုတောင် မရှိပဲ ပျောက်သွားတာ။ မမြင်ရတဲ့ ကောင်းကင်တာအိုလိုပဲ။

“ဆရာသခင်။” ဘယ်သူမှ မလှုပ်ရှားနိုင်ခင် အချိန်မှာပဲ။ ယွင်ချင်းဝူက သတိဝင်လာခဲ့တယ်။ သူမ နောက်က ဖုန်မှုန့်တွေကိုကြည့်ရင်း လှမ်းအော်တယ်။ သူမရဲ့အသံက စိတ်လှုပ်ရှားထိတ်လန့်မှုတွေ ပြည့်နေခဲ့တယ်။ ယွင်ချင်းဝူ အော်လိုက်တဲ့ အချိန်မှာပဲ။ နတ်ဆိုး စစ်သည်တော်တွေ တုံ့ပြန်တော့တယ်။

ဖန်ကျန်းရှီကတော့ သူ ့ရဲ့ အချုပ် အနှောင် ကနေ လွတ်တာနဲ့ ။ ချန့်ယန်းစီကို တန်းတန်း မတ်မတ် ပြေးသွားတော့တယ်။ ပြောရမယ်ဆိုရင်။ နောက်ဆုံး အချိန်မှာ။ ချန့်ယန်းကို သူ ရိုက်မိဖို့ နည်းနည်းပဲလိုတော့တယ်။ ဖန်ကျန်းရှီ အချုပ်အနှောင်က လွတ်လာတာတောင် အံ့သြစရာ ကောင်းနေပြီ။ အဲ့ဒီ့နောက်။ ချန့်ယန်းကို ချက်ခြင်း တိုက်ခိုက်တာကတော့။ တကယ့်ကို မိုက်မဲပြီး အတင့်ရဲ လွန်းတာပဲ။

ချန့်ယန်းကို တိုက်ခိုက်ဖို့ သတ္တိတွေ ဘယ်ကနေ ရလာတာလဲ။ အချုပ် အနှောင်က လွတ်ပြီးပြီးချင်း။ ကိုယ့်သေတွင်း ကိုယ်တူးနေသလိုပဲ။ ဘယ်နတ်ဆိုး ကမှ သူတို့ မျက်လုံး သူတို့ မယုံနိုင်ဘူး။ မဟာမိတ် တပ်ဖွဲ့တွေကတော့ ပို ပြီး ဆိုးနေတယ်။ တစ်ယောက်ကို တစ်ယောက် အထိတ် တလန့်နဲ့ ကြည့်နေခဲ့တယ်။ သူတို့ စိတ်တွေ ဗလာဟင်းလင်း ဖြစ်နေခဲ့ပြီ။ အခုချိန်အထိ။ ဖန်ကျန်းရှီက ဘယ်လိုများ အချုပ်အနှောင်ကနေ လွတ်သွားလဲ သူတို့ မတွေးတတ်သေးဘူး။ ကောင်းကင်တာအိုကို အသုံးချနိုင် လိုက်တာလား။ မဖြစ်နိုင်တာပဲ။ ဒါဆိုသူ ဘယ်လိုများ လုပ်လိုက်တာလဲ။ ဘယ်သူမှ မတွေးတတ် ဘူး။ အခုတော့။ ဖန်ကျန်းရှီက ကိုယ့်ကိုယ်ကိုသေကြောင်းကြံနေပြီ……။

…

ဖန့်မှုန်တွေက လူ နှစ်ယောက် လုံးမှာ ဖွေးဖွေး လှုပ်နေခဲ့တယ်။ ဒါပေမယ့် သူတို့ ခပ်မြန်မြန်ပဲ ရုပ်လုံး ပေါ်လာကြပါတယ်။ မရေမတွက်နိုင်တဲ့ မျက်လုံးတွေက ဒီ လူနှစ်ယေက်ကို ကြည့်နေကြတယ်။ ပုံမှန် အတိုင်း ဆိုရင်။ သူတို့တွေက ဒီ ရလဒ်ကို မခန့်မှန်းနိုင်ဘူး။ အခု မျက်မြင် ကိုယ်တွေ့ ကြုံရတဲ့ အချိန်မှတော့။ သူတို့တွေ ဒီလို အေးခဲ သွားကြတာ ဖြစ်သင့်ပါတယ်။ အပြာရောင် အကျီ လက်ရှည်လေးက လေထဲမှာ တဖျပ်ဖျပ် လွင့်နေခဲ့တယ်။

ဖန်ကျန်းရှီကတော့ လှောင်ပြုံးပြုံးနေခဲ့တယ်။ သူ့ ရှေ့မှာတော့ ဝတ်ရုံနက် လူတစ်ယောက် ရှိနေခဲ့တယ်။ သူ့ရဲ့ ဆံပင်ဖြူတွေက ပုခုံးပေါ်မှာ ဝဲကျနေခဲ့တယ်။ သူ့ရဲ့ မှောင်မိုက် ပြီး ဗလာဟင်းလင်း ဖြစ်နေတဲ့ မျက်လုံးတွေနဲ့ ဖန်ကျန်းရှီကို ကြည့်ကြည့်နေခဲ့တယ်။ ဒါက ထူးဆန်းတဲ့မြင်ကွင်း တစ်ခုပဲ ။ စစ်မြေပြင်က လူတိုင်းကို မယုံ မကြည်နိုင် ဖြစ်စေတယ်။

“ဘာတွေ ဖြစ်နေတာလဲ။ ”

“ မဖြစ်နိုငတာပဲ။ ဒါမျိုး မဖြစ်နိုင်ဘူး။ ”

“သူ … သူ တကယ်ပဲ။..”

“ “ဒါက ချန့်ယန်း လေ။ သုခမိန် တစ်ဝက်။”

ဒူးတစ်ဖက် ထောက်ထားတဲ့ ချန့်ယန်းကို ။ လူတွေ တအံ့တသြ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ ရဲ့ တိုက်ခိုက်မှုက ချက်ကောင်းငကို ထိ သွားမယ်လို့ မထင် ထားခဲ့မိဘူး။ နည်းလမ်းမျက်လိုက်တာ။

“ ဒီ ကောင်တကယ်ပဲ။ ကောင်းကင်တာအိုကို သုံးနိုင်သွားတာလား။ …. ဒီကောင်တကယ်ပဲ။ သုခမိန် တဝက်ဖြစ်သွားပြီလား။”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ပြန်လည်မွေးဖွားမှု ကောင်းကင် အဆင့်ကို ဒီကောင် ဘယ်လိုလုပ်ရောက် နိုင်မှာလဲ။”

“မဟုတ်ရင်။ သူက ဘယ်လို အချုပ်အနှောင်ကနေ လွတ်လာနိုင်မှာလဲ။ ဘယ်လိုလုပ် ချန့်ယန်းကို ထိအောင် တိုက်ခိုက် နိုင်မှာလဲ။ ချန့်ယန်းက သုခမိန် တဝက်လေ။”

အခု ဖြစ်နေတာတွေကိုသူတို့ နားမလည်နိုင်ဘူး။ သူတို့စိတ်ထဲမှာ အတွေးပေါင်းစုံဝင်လာကြတယ်။ သူတို့ စစ်မြေပြင်မှာ ရောက်နေတယ်ဆိုတာကိုတောင် မေ့ကုန်ကြတယ်။ အားလုံးက ချန့်ယန်းနဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း။ ဘာတွေဖြစ်နေလဲ ဆိုတာ တွေးကြည့်ဖို့ ကြိုးစားနေကြတယ်။ မယုံကြည်နိုင်စရာ ကောင်းလိုက်တာ။ တကယ့်ကို နှစ်တစ်နှစ် အံ့ဖွယ် ဖြစ်ရပ်ပဲ။

“ ဆရာသခင်။” ယွင်ချင်းဝူရဲ့ အသံ ထွက်လာပြန်တယ်။ သူမ မျက်နှာ ကတော့ ဖြူဖျော့နေခဲ့တယ်။ ဖန်ကျန်းရှီ လွတ်သွားပြီ။ ဒါမျိုးကို သူမ ထင်တောင် မထင်ထားခဲ့မိဘူး။

လွန်ခဲ့တဲ့ ဆယ်နှစ် တစ်ခုလုံးမှာ။ သူမကို အံ့အားသင့်စေနိုင်တဲ့ ကိစ္စ ။ အနည်းငယ်ပဲ ရှိခဲ့တယ်။ အေးခဲ မျောက်မင်းဒေသက ဖြစ်ရပ်တွေတောင်။ သူမ ရဲ့ တွက်ချက်မှု ဘောင်ထဲ ကနေ မလွတ်ကင်းခဲ့ဘူး။ ဒါပေမယ့် အခု ဖြစ်ရပ်ကတော့။

မမျှော်လင့်ထားတဲ့ ကိစ္စပဲ။ သိပ်မကြာခင် အချိန်တုန်းက ချန့်ယန်းဆီကို ဖန်ကျန်းရှီ ပြေးဝင်လာခဲ့တယ်။ ဘာလို့ ချန့်ယန်း မရှောင်နိုင်လိုက်မှန်း ယွင်ချင်းဝူ သိတယ်။ တစ်ခုလေးပဲ။ ဒီ ကိစ္စတွေ ဘယ်လိုတောင် ဖြစ်လာခဲ့မှန်း မသိလိုက်တာ။

အပိုင်း(၄၄၂)ပြီး၏။

အပိုင်း(၄၄၃)

“ဒေါသတွေရဲ့ ထွက်ပေါက်”

ဖန်ကျန်းရှီ ရဲ့ ပထမ တိုက်ခိုက်မှုကတော့။ မသိနားမလည်လို့ ဖြစ်ခဲ့တာ။ အခုတော့ချန့်ယန်း ရဲ့ စွမ်း အား တွေကို သိတာတောင်။ ဆက်ပြီးတိုက်ခိုက်နေခဲ့တယ်။ ဒါက ဘာသဘောလဲ။

“ ဒီကောင် အတင့်ရဲလှချည်လား။” အပြာရောင် လူရိပ်ကို ယွင်ချင်းဝူ ကြည့်နေခဲ့တယ်။ ဒီလို အတင့်ရဲ တဲ့ ကိစ္စကို လုပ်ဝံ့တဲ့ အသည်းမျိုး ဘယ်ကနေ ရလာတာလဲ သူမ တကယ့်ကို မေးချင်တယ်။ ဒါပေမယ့် သူမရဲ့ စကားလုံးတွေကို ပြန် မျိုချထားခဲ့တယ်။ သူမမှာ အဖြေရှိပြီးပြီလေ။ ဖန်ကျန်းရှှီက သေရမှာကြောက်တဲ့ ပညာမရှိတဲ့ လူတစ်ယောက် နဲ့ တူပေမယ့်။ အချိန်အများစုမှာတော့။ သူ့မှာ ကြောက်စရာကောင်းတဲ့ သတ္တိတွေရှိတယ်။ ဒီလောကမှာ ဒီကောင် မလုပ်ဝံ့တဲ့ ကိစ္စရှိသေးလား။

ဒူးတစ်ဖက်ထောက်နေတဲ့ ချန့်ယန်းကို ယွင်ချင်းဝူ ကြည့်နေတယ်။ ဖန်ကျန်းရှီ ကံကောင်းသွားတာ မဟုတ်ခဲ့မှန်း ။ ယွင်ချင်းဝူ အသိဆုံးပါ။ အကွာအဝေးက အရမ်းကို နီးလွန်းနေတယ်။ ယွင်ချင်းဝူ နဲ့ ချန့်ယန်း က အစတည်းက သိပ်မကွာဝေးခဲ့ဘူး။ ဖန်ကျန်းရှီက သူတို့ နှစ်ယောက်ကြားကို တည့်တည့် ပြုတ်ကျလာတာ။ တခြားသူတွေထက် ချန့်ယန်း နဲ့ ပိုပြီး နီးကပ်တယ်။ သူက ကောင်းကင်တာအို နဲ့ ချုပ်နှောင်ခြင်း ခံထားရတာကြောင့် ပဲ။ သေလူ အဖြစ် ဝရမ်းထုတ်ခံထားရသလို သတ်မှတ်ခံရတာ။

အစတုန်းကတော့။ ချန့်ယန်းက ဖန်ကျန်းရှီကို တင်းတင်းကြပ်ကြပ်ချုပ်နှောင်ထားခဲ့တာ။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ အစွမ်းကုန် ရုန်းကန်မှုတွေက အသုံးမဝင်တာကို သူ တွေ့လိုက်ရတော့။ သူ့ရဲ့ အချုပ်အနှောင်ကို လျော့ချလိုက်တယ်။ နောက်ဆုံးတော့လည်း။ ချန့်ယန်းမှာ ပို ပြီး အရေးကြီးတဲ့ ကိစ္စရှိတယ်လေ။ ယွင်ချင်းဝူကို ကာကွယ်ဖို့။ ချီကူယန်ရဲ့ တိုက်ခိုက်မှုကနေ ယွင်ချင်းဝူကို ကာကွယ်ပေးရမယ်။ ချန့်ယန်းရဲ့ စုံလုံးကန်းနေတဲ့ မျက်လုံးတွေနဲ့ အရမ်းနီးကပ်လွန်းတဲ့ အကွာအဝေး ကြောင့်။ ဒီတိုက်ခိုက်မှုက ရှောင်လွဲနိုင်စရာ အကြောင်း မရှိဘူး။ သူမသာ ချန့်ယန်း ဖြစ်ခဲ့မယ်ဆိုရင်လည်း ။ ဖန်ကျန်းရှီ ရဲ့ တိုက်ခိုက်မှုကို သူ ခုခံနိုင်မှာ မဟုတ်ဘူး။

မယုံကြည်နိုင်မှုတွေ။ ထိတ်လန့် အံ့သြ ။ ကြောက်ရွံ့မှုတွေ။နဲ့ ။ လူတိုင်းက။ အပြာရောင် လူရိပ်ကို ကြည့်နေခဲ့တယ်။ သူတို့က ယွင်ချင်းဝူ မဟုတ်တာကြောင့်။ သူမ သိသလို ထွင်းဖောက် မမြင်နိုင်ဘူး။ သုခမိန် တစ်ဝက်။ ဖန်ကျန်းရှီက တကယ်ပဲ သုခမိန်တစ်ဝက်ကို ထိခိုက်အောင် လုပ်နိုင်တယ်။ လေအေးအေးက မှောင်မိုက်နေတဲ့ ည အချိန်မှာ တဖြူးဖြူး တိုက်ခတ်နေတယ်။ ကောင်းကင်ယံမှာ ကြယ်အလင်းရောင် ရှိပေမယ့်။ နွေးထွေးမှုကိုတော့ မပေးခဲ့ဘူး။

“ သုခမိန်တစ်ဝက်ဟုတ်လား။” ဖန်ကျန်းရှီက ။ ချန့်ယန်းကို ကြည့်ရင်း။ ယုံကြည်မှု အပြည့်နဲ့ ပြုံးနေခဲ့တယ်။ ချန့်ယန်းက သုခမိန်တစ်ဝက်ဆိုတာ သူ သိတယ်လေ။ အဲ့ဒီ့တော့ ဘာဖြစ်လဲ။

ကြယ်တာရာ စုဝေးမှု အဆင့်မှာပဲ ရှိသေးတဲ့ ပင်းယန်တောင်။ သူမရဲ့ ကံကြမ္မာကို လောင်းကြေး ထပ်ပြီး စွန့်စားရဲရင်။ သဘာဝလွန် အဆင့်ကို ရောက်နေတဲ့ သူက ပိုပြီးတော့တောင် စွန့်စားသင့်တာပေါ့။ နောက်ပြီးတော့ သူ့မှာ ရွေးချယ်စရာလည်းမရှိခဲ့ဘူးလေ။ ပြေးဖို့။ ဒီ အတွေးကို ဖန်ကျန်းရှီ ခနခန တွေး ဖူးတယ်။ ဒါပေမယ့် ဘယ်ကို ပြေးရမှာလဲ။ သူ့ရဲ့ ရှေ့မှာလည်း နတ်ဆိုး တွေ။ နောက်ဘက်က သံတောင်ကုန်း ဂိတ်တံခါးမှာလည်း နတ်ဆိုးတွေ။ ရှေ့ကို ပြေးရင် ဝံပုလွေ တွင်းထဲ ဝင်မိတဲ့ သားကောင် လို ဖြစ်မယ်။ နောက်ကို ပြေးရင်လည်း အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ဆုတ်ဖြဲခံရလိမ့်မယ်။

ခြေလှမ်း အမှားလေး တစ်ခုနဲ့။ သူဘယ်လိုသေသွားရလဲ ဆိုတာတောင် သိလိုက်မှာ မဟုတ်ဘူး။ ဖန်ကျန်းရှီက ငတုံးမှ မဟုတ်ပဲ။ သူ ပြေးရင်တောင် ဝေးဝေး ပြေးနိုင်မှာ မဟုတ်မှန်း သူသိတယ်လေ။ ဒါကြောင့် မပြေးတော့ဘူး။ တိုက်ခိုက်တော့မယ်။ အလစ်ဝင်တိုက်တဲ့နေရာမှာတော့။ ဖန်ကျန်းရှီက ဆရာ တစ်ဆူပဲ။ ချန့်ယန်းလို မျက်မမြင်က ဘယ် အာရုံမှာ အကောင်းဆုံး ဖြစ်မယ် ထင်လဲ။ အကြားအာရုံပဲ ဖြစ်မှာတော့။ အကြားအာရုံနဲ့ပဲ နေရာတွေကို ဆုံးဖြတ်နိုင်မှာ။ ဒါကြောင့်။ တိုက်ခိုက်မှု အောင်မြင် ဖို့ ရာ။ ချန့်ယန်း ရဲ့ အကြား အာရုံကို ရှုပ်ထွေးအောင် လုပ်ဖို့ လိုအပ်တယ်။

ချန့်ယန်း ရဲ့ အချုပ်အနှောင် တွေက လျော့ချထားတော့။ တိုက်ခိုက်ဖို့ အခွင့်အရေး ကလည်း ကောင်းကောင်းရတယ်လေ။ အောင်မြင်မှု။ တစ်ခါတလေးမှာ ဒီလောက်ထိကို ရိုးရှင်းပါတယ်။ ဖန်ကျန်းရှီကတော့ အောင်မြင်မှု အသီးအပွင့်တွေကို ခံစားနေခဲ့တယ်။ သူ့ရဲ့ တိုက်ခိုက်မှုက ချန့်ယန်းကို ချက်ကောင်းထိသွားမယ်ဆိုတာ သိတယ်လေ။ ချန့်ယန်းကို သတ်ဖို့ ကတော့။ သူတွေးတောင် မတွေးမိခဲ့ဘူး။ လူ တစ်ယောက်က ဘယ် အချိန်မှာ နောက်ဆုတ်ရမလဲ ဆိုတာ နဲ့။ ဘယ် အချိန်မှာ အနိုင်ယူ ရမယ်ဆိုတာ ကို သိ ဖို့ လိုတယ်လေ။

ဖန်ကျန်းရှီ က ချန့်ယန်းကို ပြုံးပြပြီးနောက်။ ယွင်ချင်းဝူကို ပြန်ကြည့်တယ်။ ယွင်ချင်းဝူ က သူ့ရဲ့ တကယ့် ပြစ်မှတ် အစစ်ပဲ။ နတ်ဆိုး တွေရဲ့ အေးစက်မြင့်မြတ်လှတဲ့ အရှင်သခင်ငယ်က သူ့ကို မျက်လုံးပြူးကြီးနဲ့ ကြည့်နေခဲ့တယ်။ ဝတ်ရုံဖြူကြောင့် ။ ညအချိန်မှာ ပွင့်ဖူးနေတဲ့ ကြာဖြူပန်း နဲ့တောင် တူညီနေသေးတယ်။

ဖန်ကျန်းရှီက ယွင်ချင်းဝူကို မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေ နဲ့ စိုက်ကြည့်နေတယ်။ သားကောင် အနံ့ကို ရ သွားတဲ့ မုဆိုးလိုပဲ။ စိတ်ဖိစီးမှုတွေ နဲ့ အချုပ်အနှောင်တွေက သူ့ကို သေလုမတတ် ဖြစ် စေ ခဲ့တာ။ အခုတော့။ သူ့မှာ သူ့ အခွင့်အရေးရလာပြီလေ။ ယွင်ချင်းဝူရဲ့ ခေါင်းပေါ်မှာ ကောင်းကင်ပြာ က လွဲပြီးတော့ ကျန်တာ မရှိဘူး။ ချန့်ယန်း တိုက်ခိုက်ခံရပြီးတည်းက။ အပြာရောင် အလင်းတန်းလည်း ပျောက်ကွယ်သွားပြီ။ တခြား ဘယ်သူမှ မလှုပ်ရှားနိုင်ခင်မှာပဲ။ သူက ယွင်ချင်းဝူ ဆီကို အလင်းတန်း တစ်ခုလို ပြေးဝင် သွားခဲ့တယ်။

“ လာစမ်းပါ။ စော်ကားမော်ကား လုပ်ခံရတယ်ဆိုတာ ဘယ်လိုမျိုးလဲ လို့။ မင်း ကောင်းကောင်းသိအောင် လုပ်ပေးလိုက်မယ်။” ပါးစပ်အဟောင်းသား ဖြစ်ရင်း အံ့သြနေတဲ့ ယွင်ချင်းဝူ။ ကိုကြည့်ရင်း ။ ဖန်ကျန်းရှီ အော်ဟစ်လိုက်တယ်။ သူမကိုယ်ခန္ဒာက အနွေးဓာတ်ကိုတောင် သူ ခံစားလို့ ရနေပြီ။ အရမ်း နီးလွန်းနေပြီ။ ယွင်ချင်းဝူကို ထိန်းချုပ်ထားနိုင် သရွေ့။ ဒီစစ်ပွဲကို တစ်ပတ်လည်ပြစ်နိုင်ဖို့ အခွင့်အရေး ရှိတယ်။ တခြားသူတွေကို လှည့်ပြီးတော့လည်း ပြောလို့ ရနိုင်မယ်။

“ ငါ အရင်သွားတော့မယ်လို့။”

ဒါက လုံးဝကို ပြီးပြည့်စုံတဲ့ ရလဒ်ပဲ။ ဖန်ကျန်းရှီ လှောင်ရယ်တယ်။ နောက်ဆုံးတော့ သူ့ ရဲ့ အချုပ်အနှောင်ကနေ လွတ်ခဲ့ပြီ။ စစ်မြေပြင်ထဲကို ဇောက်ထိုး ခုန်ချလာတယ်ဆိုတာ။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်မှန်း ။ လူတိုင်းကို သက်သေပြနိုင်တော့မယ်။ လေတိုးသံ တဝှီးဝှီးက သူ့နားထဲမှာ ထွက်ပေါ်လာတယ်။ သူ့ခန္ဒာကိုယ်က အလင်းတန်း တစ်ခုလိုပဲ။ အရာအားလုံးက သူ့ ထိန်းချုပ်မှု အောက်မှာ ရောက်နေသလို ခံစားရတယ်။

ဒါပေမယ့် သူ့ခန္ဒာကိုယ်ကတော့ ရပ်တန့်သွားခဲ့ပြီ။ ယွင်ချင်းဝူ နဲ့ တစ်လက်မ လောက် အကွာ အနေအထားမှာ သူ ရပ်တန့်သွားတာ။ သူ့လက်ကတောင် ယွင်ချင်းဝူရဲ့ ခါးကို ဖက်ဖို့ အသင့်အနေ အထားမှာ ရောက်နေခဲ့ပြီ။ ပထမဆုံးတွေးခဲ့တာက။ ယွင်ချင်းဝူကို ခါးကနေ ပင့်မြှောက်ပြီးတော့။ လေထဲမှာ ၃၆၀ ဒီဂရီ နှစ်ပတ် သုံးပတ်လောက် လည်ထွက်သွားအောင် လှည့်ပြစ်မယ်။ ပြီးမှ ယွင်ချင်းဝူကို မြေကြီးပေါ် ပြန်ချမယ်လို့။

အခုတော့ ဘာမှ ကို မဘာလိုက်ရဘူး။ နှေက်တစ်ချိန် ချုပ်နှောင် ခံလိုက်ရပြန်တယ်။ ခေါင်းကို လှည့်ကြည့်ချင်တယ်။ ဒါပေမယ့် သူ မလုပ်နိုင်ဘူး။ တနေရာတည်းမှာပဲ တင်းတင်းကြပ်ကြပ်ချုပ်နှောင် ခံထားရတယ်။ သေစမ်း။ သောက်ကျိုးနဲ ကောင်းကင်တာအို။ ချန့်ယန်း ပြန်ကောင်းသွားပြီဆိုတာ ။ဖန်ကျန်းရှီ လှည့်မကြည့်ပဲနဲ့ကို ပြောနိုင်တယ်။ သူ ထောင်ချောက်ထဲ ကျသွားပြန်ပြီ။

“အာဝူးးးး” ဒီ အချိန်မှာပဲ။ အော်ဟစ်သံ နဲ့ အတူ။ ကြီးမားတဲ့ ပုံရိပ်ကြီးတစ်ခု တိုးဝင်လာတယ်။ ကြယ်ရောင် လရောင်တွေကိုတောင် ဖုံးအုပ်သွားခဲ့တဲ့ပုံရိပ်ကြီး။ နှင်းလို ဆွတ်ဆွတ်ဖြူတဲ့ အတောင်ပံတွေကို တစ်ဖျပ်ဖျပ်ခတ်ရင်း။ အင်အားလှိုင်းကြီးတွေက ဖန်ကျန်းရှီ နောက်ကလူဆီကို ဓားသွားတွေလို တိုက်ခိုက်နေခဲ့တယ်။ ရဲရဲတောက်နီနေတဲ့ သံချပ်ကာနဲ့ လူတစ်ယောက်။ သားရဲကောင်ရဲ့ အပေါ်မှာ ရှိနေတယ်။ သူမရဲ့ မျက်လုံးတွေက စိတ်ဆုံးဖြတ်ချက်တောင် တလက်လက် တောက်ပနေခဲ့တယ်။ ရွှေရောင်မျက်လုံးတွေ။ သေခြင်းနတ်ဘုရားတစ်ပါးလို အရှိန်အဝါတွေနဲ့ ပြည့်နေတဲ့ အသွင်မျိုး။ ချန့်ယန်းကို ကြောက်စရာကောင်းတဲ့ အရှိန်နဲ့ ထိုးသွင်းလိုက်တယ်။

“ဘုန်း။”

မီးတောက်မီးလျှံတွေ ကောင်းကင်ပေါ်ကို ထိုးတက် သွားတယ်။ အောက်မှာ ရှိတဲ့ အရာအားလုံးကို ရဲရဲနီစေရုံတင်မကဘူး။ ညကောင်းကင်ကိုပါ နီရဲသွားစေခဲ့တယ်။ ပင်းယန်။ သားရဲကောင်းရဲ့ ကျောပေါ်မှာရှိတဲ့ လူသေးသေးလေး။ သွေးအန်နေတာကို ဖန်ကျန်းရှီ ကြည့်နေခဲ့တယ်။ သူမရဲ့ တစ်ဇွတ်ထိုး ဆန်မှုကို ဖန်ကျန်းရှီ အသိအမှတ်ပြုမိတာ ဒါ ပထမဆုံး အကြိမ်ပဲ။ ဒီ ကောင်မလေး ။ ရူးနေတာပဲ ဖြစ်ရမယ်။ သေမှာကို သူ မကြောက်ဘူးလား။ ဘာတွေတွေးနေတာလဲ။ သူတွေးနေတဲ့ အချိန်မှာပဲ။ မိုးကုတ်စက်ဝိုင်းကနေ ကျရောက်လာတဲ့ ငွေရောင် အလင်းတန်းကို မြင်လိုက်ရတယ်။ မိုးကြိုးတန်းကြီးတွေ မြေပေါ်ကို ပြစ်ကျနေသလိုပဲ။

“ဘွန်းးး”

ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာတယ်။ ဒီတစ်ကြိမ်မှာတော့။ အက်ကွဲကြောင်းကြီးတစ်ခု မြေပြင်ပေါ်မှာ ထွက်ပေါ်လာခဲ့တယ်။ ပင်းယန်ရဲ့ တိုက်ခိုက်မှုနဲ့တော့ အတော်လေးကို အင်အား ကွာခြားတယ်။

“ချီၤကူယန်လား။” ဖန်ကျန်းရှှီကတော့ သူ မြင်နေရတဲ့ အရာကြောင့် ထိတ်လန့်နေခဲ့တယ်။ ပင်းယန် တစ်ယောက်တည်းတင် ရူးရူးမိုက်မိုက် လုပ်ဝံ့တာ မဟုတ်ဘူး။ ချီၤကူယန်လည်း အတူတူပဲ။ သူတို့ နှစ်ယောက်က အမြဲတမ်း တတွဲတွဲ ဖြစ်နေတာ မြင်သာတယ်။ မေးစရာက။ ဘယ်သူက ဘယ်သူ့ကို ဦးဆောင်လွှမ်းမိုးထာတာလဲ။ ဖန်ကျန်းရှီ ဘာမှမသေချာဘူး။ အခုတော့ သူ့မှာ ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးရှိ လာပြီ။ ဒီတစ်ခေါက်တိုက်ခိုက်မှုကတော့ ယွင်ချင်းဝူ မဟုတ်တော့ဘူး။ အပြာရောင်အလင်းတန်း ရှိနေသရွေ့ ။ ယွင်ချင်းဝူကို မထိခိုက်နိုင်ဘူး။ အခုတော့ အပြာရောင် အလင်းတန်းလည်း ပျောက်ကွယ်သွားပြီ။ အ ခု အခွင့်အရေးကို အသုံးမချရင်။ ငတုံးဖြစ်သွားမှာပေါ့။

“ကျိုးပျက်စမ်း။” ဖန်ကျန်းရှီ အော်ဟစ်တယ်။ သူ့ ခန္ဒာကိုယ်ကနေ အလင်းတန်းတွေ ပေါ်လာခဲ့တယ်။ အဲ့ဒီ့နောက် သူ လှုပ်ရှားတော့တယ်။ ယွင်ချင်းဝူကတော့ မျက်လုံး ပြူးနေခဲ့တယ်။ သူမ လွတ်မြောက်အောင်မလုပ်ရသေးခင်အချိန်မှာ။ လက်တစ်ဖက်က သူမ ခါးကို ဆွဲကိုင်လိုက်တယ်။ ဒီ လက်တွေက အတော့်ကို နွေးထွေးလွန်းတယ်။ ဖန်ကျန်းရှီ စိတ်ထဲ ဂုဏ်ဆာချင်သလိုလို ဖြစ်လာတယ်။ ဒါပေမယ့် အခုချိန်မှာ တခြားအတွေး ဝင်လို့မရဘူး။ သူ့စိတ်ကို ဆုံးဖြတ်လိုက်တယ်။ အင်အား အပြည့်နဲ့။ ယွင်ချင်းဝူကို မြှောက်တင်လိုက်တယ်။

“ နင်….” ယွင်ချင်းဝူရဲ့ မျက်လုံးတွေ။ မျက်လုံးအိမ်ထဲကနေ ပေါက်ထွက်တော့မယ့် အတိုင်းပဲ။ ဖန်ကျန်းရှီကို အခုချိန်မှာ မေးလိုက်ချင်တယ်။ နင် ဘယ်လို လွတ်အောင်လုပ်လိုက်တာလဲလို့။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ သူ့မေးခွန်းကို ဖြေမြှ မဟုတ်ဘူး။ သူမရဲ့ ခြေထောက်တွေက မြေကြီးကနေ လွတ်သွားပြီ။ ဒါက အတော့်ကို မကောင်းတဲ့ ခံစာခးျက်ပဲ။ ပုံမှန်အတိုင်းဆို အမြဲ တည်ငြိမ်နေတတ်တဲ့ ယွင်ချင်းဝူ။ အခုလို အင်အားလှိုင်းတစ်ခုနဲ့ ထိန်းချုပ်ခံထားရတာကြောင့်။ အတော်လေး အံ့သြနေခဲ့တယ်။

“ ကောင်း …. ကောင်း ကင်တာအို….။ ဒီ ကောင်တ ကယ်ပဲ နားလည်သွားပြီလား။” ယွင်ချင်းဝူ မျက်လုံးပြူးသွားတယ်။ အချုပ်အနှောင်က ဘယ်လိုဖြစ်နေမှန်း သူမသိတယ်။ ဒါက ဘာကို ကိုယ်စား ပြုနေလဲ ဆိုတာ။ ပိုပြီးတော့တောင် သိသေး။ သူမ အော်ဟစ်လိုက်ချင်တယ်။ ဒါပေမယ့် မြေပြင်ပေါ်ကို ပြန်ကျနေပြီ ဆိုတာ သူမ သိလိုက်တယ်။ ခေါင်း နဲ့ ကျနေတာ။

“ဘန်းးး” ယွင်ချင်းဝူ မျက်လုံးပြူသွားတယ်။ ဘာမှ မပြောနိုင်ခင်။ သူမ ခေါင်းက မြေပြင်နဲ့ ထိတွေ့သွားတယ်။ အမြင်အာရုံ မှောင်အတိကျသွားခဲ့တယ်။ ယွင်ချင်းဝူ သတိ လစ်သွားပြီ။

“ကောင်းကင်တာအို။ ဒီကောင် အခု ကောင်းကင်တာအိုကို သုံးနိုင်သွားပြီ။” ယွင်ချင်းဝူ မျက်လုံးတွေ မှိတ်မသွားခင် အထိ တွေးနေခဲ့တယ်။

…

လောကကြီးတစ်ခု လုံး တိတ်ဆိတ်နေတယ်။ မရေမတွက်နိုင်တဲ့ မျက်လုံးတွေက ။ ဖြူဖျော့ပြီး သတိလစ်နေတဲ့ ယွင်ချင်းဝူကို ကြည့်နေခဲ့တယ်။ သူတို့ထဲက ဘယ်သူမှ အခု အဖြစ်ကို မတွေးတတ်ဘူး။ ဖန်ကျန်းရှီ လွတ်လာတယ်။ ချန့်ယန်းကို တိုက်ခိုက်တယ်။ ပင်းယန်နဲ့် ချီကူယန်လည်း ချန့်ယန်းကို တိုက်ခိုက်တယ်။ ဖန်ကျန်းရှီက ယွင်ချင်းဝူကို တိုက်ခိုက်တယ်.။ ယွင်ချင်းဝူကို မြေပြင်ကနေ ပြစ်မြှောက်လိုက်တယ်။ ပိုပြီး အံ့သြစရာ ကောင်းတာက။ သူမကို မြေပြင်နဲ့ခေါင်း စောင့်အောင် လုပ်လိုက်တာပဲ။

“ အရှင်သခင်ငယ်။”

“ ဒီ ယုတ်မာတဲ့ ကောင်း။ ဘယ်လိုတောင် အတင့်ရဲရတာလဲ။”

“ သတ်ရမယ်။ ဒီကောင့်ကို သတ်ရမယ်။”

နတ်ဆိုး စစ်သည်တော်တွေ ဒေါသ ထွက်နေကြတယ်။ ဖန်ကျန်းရှှီ လွတ်လာပြီ ဆိုတာ သူတို့ ကြည့်ရုံနဲ့ သိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အရှင်သခင်ငယ်ကို ဒီလို လုပ်ချင်သလို လုပ်နေတာတော့။ မမြင်ရက်ဘူး။ ခေါင်းနဲ့ ကျစေတယ်။ ဒီကောင် ဘာတွေ တွေးနေတာလဲ။ သူမကို ဓားစာခံအဖြစ် လုပ်ချင်ရင်တောင်။ အနည်းဆုံးတော့ သတိလစ်အောင် မလုပ်သင့်ဘူးလေ။ ဘယ်သူမှ နားမလည်နိုင်။

“ အမှိုက်သရိုက်ကောင်။” ဒီအချိန်မှာပဲ။ အိုမင်းနေတဲ့ စိတ်ပျက်လက်ပျက် အသံ ထွက်လာခဲ့တယ်။ သူ့ အသံက နာကျင် ဒေါသထွက်နေပုံပဲ။ ချန့်ယန့် နောက်ဆုံးတော့ အကျော ခံလိုက်ရပြီ။ နှစ်ပေါင်း များစွာအတွင်းမှာ။ ချန့်ယန်း ဒီလောက်ထိ ဒေါသ မထွက်ဖူးဘူး။ လေတောင်ကြားက ဖန်ကျန်းရှှီရဲ့ လုပ်ရပ်ကို ကြားတုန်း ကတောင် ဒီလောက်ထိ ဒေါသ မထွက်ဖူးဘူး။ စော်ကားခံရတယ်။ သည်းမခံနိုင်စရာ စော်ကားမှုပဲ၊ ဖန်ကျန်းရှီက သူ့ရဲ့ အချုပ်အနှောင်ကနေ နှစ်ကြိမ်တောင် လွတ်သွားမယ်လို့ မထင် ထားမိဘူး။

ကောင်းကင်တာအို။ သူ့ရဲ့ တစ်ဘ၀ လုံး ဖြတ်သန်းပြီးတော့ နားလည်အောင်ကြိုးစားခဲ့ရတာ။ အခုတော့။ လူသား တစ်ယောက် ချိုးဖျက်တာကို ခံလိုက်ရပြီ။ လူသား ဆယ်ကျော်သက်တစ်ယောက်။ ဒီလို ပါရမီ မျိုးကို ချန့်ယန်း တစ်ခါမှ မမြင်ဖူးဘူး။ ဖန်ကျန်းရှီက နတ်ဆိုး မဖြစ်ရင်တောင်။ သူတစ်ဘဝစာ လေ့လာ ထားသမျှကို ချရေးပြီးတော့။ ဖန်ကျန်းရှီကို ပေးခဲ့ချင်တာ။ နတ်ဆိုးတွေနဲ့ လူသားကြားက ပဋိပက္ခတွေကို သူ လျစ်လျူရှုထားနိုင်တယ်။ ပြောရမယ်ဆိုရင်။ ချန့်ယန်းက မလို အပ်သရွေ့ လူသတ် လေ့မရှိဘူး။ မဟုတ်ရင်။ ပင်းယန် သေနေ လောက်ရောပေါ့။ ဒါပေမယ့် ချန့်ယန်း အထိ မခံနိုင်တာ တစ်ခုရှိတယ်။ ဒါက သူ့တပည့်ယွင်ချင်းဝူပဲ။ သူ့ရဲ့ အဓိက လုပ်ငန်းစဉ်က ယွင်ချင်းဝူကို ကာကွယ်ဖို့ ။ ဒါတောင် ယွင်ချင်းဝူ ထိခိုက်သွားခဲ့ရတာ။ သူ့ရဲ့ ဂုဏ်သိက္ခာကို အစော်ကားခံရတာနဲ့ အတူတူပဲ။

“ ခဘွန်း။”

အလင်းတန်း တစ်ခု ကောင်းကင်ပေါ်ကို ုထိုးတက်သွားတယ်။ ချန့်ယန်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ သူ့ရဲ့ ဝတ်ရုံနက်က လေထဲမှာ လွင့်နေခဲ့တယ်။ ဒါကြောင့် အောက်ဘက်က အပြာရောင် ဝတ်ရုံကို မြင်နေရတယ်။ ကောင်းကင်ပြာရောင် ဝတ်ရုံ။

အပိုင်း(၄၄၃)ပြီး၏။

အပိုင်း (၄၄၄)

“ ငါတို့ အတူတူ ဆင်းကြမယ်။”

ညအချိန်မှာ တိမ်မည်းတွေ ဖုံးနေခဲ့သလို။ လေကလည်း ပြင်းပြင်းထန်ထန် တိုက်နေခဲ့တယ်။ ပြင်းထန်တဲ့ အင်အားလှိုင်းတွေ ချန့်ယန်း ကိုယ်ကနေ ထွက်လာခဲ့တယ်။ အကယ်၍ ဖန်ကျန်းရှီ ရဲ့ အင်အားလှိုင်း က သာ ရေကန်တစ်ခု ဖြစ်ခဲ့မယ် ဆိုရင်။ ချန့်ယန်း ရဲ့ အင်အားလှိုင်းကတော့ သမုဒ္ဒရာကြီး တစ်ခုလို့ ပြောရမှာပဲ။ ဒေါသထွက်နေတဲ့ သမုဒ္ဒရာကြီး။ ကြောက်စရာကောင်းလွန်းလို့။ ချန့်ယန်းနောက်မှာ ရပ်နေတဲ့ နတ်ဆိုး စစ်သည်တော် တွေတောင်။ ကြောက်လန့်ပြီး နောက်တစ်လှမ်း ဆုတ်သွားကြတယ်။ သူတို့ရဲ့ ကိုယ်တွေ တဆတ်ဆတ် တုန်ယင်နေကြပြီ။

“ ဒါက သုခမိန်တစ်ဝက် ရဲ့ ဒေါသလား။”

မဟာမိတ်အင်အားစုတွေလည်း။ ချန့်ယန်းရဲ့ အင်အားလှိုင်းတွေကို ခံစားနိုင်တယ်။ သူတို့တွေရဲ့ အရိုးထဲကတောင် စိမ့်ချမ်းလာခဲ့တယ။် ကောင်းကင်တာအို။ ဘယ်လိုတောင် အင်အားကြီးလိုက်တဲ့ တည်ရှိမှုလဲ။

မဟာမိတ်အင်အားစုတွေ ကြည့်ရင်း နဲ့ ထိတ်လန့်လာကြတယ်။ သူတို့တွေ ချန့်ယန်း ကို ကြည့်ရင်း တုန်ယင်နေကြတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ သတ္တိကတော့ သူတို့တွေကို ပိုပြီး ကြောက်လန့်စေတယ်။ ဖန်ကျန်းရှီ ဘယ်လို များလုပ်ခဲ့တာလဲ။ ဒါပေမယ့် ဖန်ကျန်းရှီက အချုပ်အနှောင် ကနေ လွတ်မြောက်ပြီးတော့။ ယွင်ချင်းဝူကို သတိလစ်အောင်လုပ်လိုက်တာက အဖြစ် မှန်ပဲ။

ဒီလိုလုပ်ဖို့ဆိုရင် ကောင်းကင်တာအိုကို သူ နားလည်မှ ဖြစ်မယ်လေ။ ဖန်ကျန်းရှီက အသက် ၁၆ နှစ်တောင် မပြည့်သေးဘူး။ အရမ်းကို ငယ်လွန်းသေးတယ်။ ဒါတောင် ။ သူ့ရဲ့ ဘိုးဘေးတွေ မလုပ်နိုင်တာကို လုပ်ပြခဲ့တယ်။ ဘယ်လောက်တောင် ပါရမီရှိလိုက်သလဲ။ သူ့ရဲ့ အင်အားတွေသာ ကြီးမားလာရင်။ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မလဲ။ ဖန်ကျန်းရှီ ရဲ့ အင်အားတွေ ဘယ်နေရာမှာ အဆုံးသတ်မယ်မှန်း ဘယ်သူမှ မသိဘူး။ ဒါပေမယ့် ချန့်ယန်းထက်တော့ အားနည်းမှာ မဟုတ်မှန်း သူသိတယ်။

ဒါကြောင့် လူသားတွေကြားမှာ။ နောက်ထပ် သုခမိန် တစ်ဝက်တစ်ယောက် ပေါ်လာတော့မယ်ဆိုတာ။ အနှေးနဲ့ အမြန် သေချာတယ်။ နောက်ပြီးတော့။ သူ့ရဲ့ စိတ်အာရုံနယ်မြေထဲမှာ တာအိုတွေ ရာနဲ့ချီ ပြီးတော့ ရှိနေတဲ့ သုခမိန် တစ်ဝက် တစ်ယောက်။ ထူခြားကြောက်မက်ဖွယ်ကောင်း တဲ့ သုခမိန်တစ်ဝက်။ ပြောရမယ် ဆိုရင်။ ဒါက ခန့်မှန်းမှု တစ်ခုပဲ။ ဖန်ကျန်းရှီ ရဲ့ ပါရမီကို ဖော်ပြဖို့ အတွက် စကားလုံး မရှိဘူး။

ဖန်ကျန်းရှီ ရဲ့ ပါရမီကို သူတို့ နားလည်ပြီးတဲ့နောက်။ ချန့်ယန်းရဲ့ အင်အားတွေကို သူတို့ ပို ထိတ်လန့်လာတယ်။ နန်ကုန်းဟောင် ကတော့ ဖန်ကျန်းရှီ ကြည့်နေခဲ့တယ်။ ပထမဆုံး အနေနဲ့။ ဒီလောက် ပြင်းထန်တဲ့အင်အားကို နန်ကုန်းဟောင် တစ်ခါမှ မကြုံဖူးဘူး။ ဒါမျိုးက သူ တစ်ခါမှ မခံစားဖူးခဲ့တဲ့ အရာပဲ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ သူ့ ဘေးပတ်လည်က လူတွေကို ကြည့်မနေခဲ့ဘူး။ ဒေါသထွက်နေတဲ့ ချန့်ယန်းကိုသာ အပြစ်ကင်းစင်တဲ့ ပုံလေး နဲ့ ကြည့်နေခဲ့တယ်။ သူ့ အကျီက ဖုန်တွေကို ခါချနေခဲ့တယ်။

“ မင်းဘာလိုချင်လို့လဲ။ တိုက်ခိုက်ချင်တာလား။ လာလေ။ ထိအောင် တိုက်ခိုက်လေ။” ဖန်ကျန်းရှီက ချန့်ယန်းကို ကြည့်ရင်း စိတ်ပျက် လက်ပျက် ပြောနေခဲ့တယ်။ မြေကြီးထဲကို စိုက်ဝင်နေတဲ့ မြားတစ်ချောင်းကို ကောက်ယူရင်း။ ယွင်ချင်းဝူရဲ့ လည်ပင်းကို ထောက်ထားခဲ့တယ်။ ဆွေးနွေးရ မယ်။ ယွင်ချင်းဝူကို ဓားစာခံ အနေနဲ့ ထားပြီးတော့။ ဒါက ဖန်ကျန်းရှီ ရဲ့ ရည်ရွယ်ချက်ပဲ။ ဒါပေမယ့်။ ယွင်ချင်းဝူ နိုးနေဖို့ မလိုအပ်ပါဘူး။ နတ်ဆိုး စစ်သည်တော်တွေကို လက်နက် ချဖို့ အမိန့်ပေးစရာလိုမှ မလိုပဲ။ လူတစ်ယောက် က ဉာဏ်ကြီးရှင် ဖြစ်ဖို့ ဆိုရင်။ သူ့အစီအစဉ်တွေကို ကြိုပြီးစဉ်းစားထားဖို့ လိုတယ်။

ပြောရမယ်ဆိုရင်။ ပြန်ပေးဆွဲသူ အများစုက ။ သူတို့ရဲ့ ဓားစာခံတွေ နဲ့ ဆက်သွယ်တဲ့ နေရာမှာ အမှားလုပ်မိတတ်ကြတယ်။ အဆုံးမှာတော့။ သူတို့ရဲ့ ဓားစာခံတွေ လက်ထဲမှာ သေဆုံးကြရတယ်။ ငါ့ကို တစ်ကြိမ် အရူးလုပ်ရင်။ မင်းအတွက် ရှက်စရာ။ နှစ်ကြိမ် အရူးလုပ်ရင်။ ရှက်ရမယ့် သူက ငါ။ ဖန်ကျန်းရှှီကတော့ အမှားတစ်ခုကို နှစ်ကြိမ် မလုပ်ဘူး။ နောက်ပြီးတော့။ ယွင်ချင်းဝူလို အရမ်း ထက်မြက် လွန်းတဲ့ လူက။ သူ့ရဲ့ စစ်သည်တော်တွေကို လက်နက်ချဖို့ ပြောမှာလား။ ယွင်ချင်းဝူ သတိရှိနေသရွေ့။ ကိစ္စတွေက ဘာဆက်ဖြစ်မလဲ မသိနိုင်ဘူး။ ဒါကြောင့် သူမကို ရှင်းထုတ်လိုက်တာ။ အကောင်းဆုံးပဲ။

ယွင်ချင်းဝူကို မသတ်သရွေ့။ သူ့မှာ အသက်အန္တရာယ်မရှိဘူး။ ယွင်ချင်းဝူကို ထိန်းချုပ်ထားသရွေ့။ နတ်ဆိုးတွေက အမိန့်ကို နာခံမှာပဲ။ ဖန်ကျန်းရှီက ချန့်ယန်းရဲ့ အင်အားကို ခုခံရင်း နဲ့။ လှောင်ပြုံးပြုံးနေခဲ့တယ်။ အခုတော့ သူ တကယ်ပဲ လောကကြီးရဲ့ ကယ်တင်ရှင် ဖြစ်တော့မှာလား။ ဖန်ကျန်းရှီ စောင့်ဆိုင်းနေခဲ့တယ်။ ဒါပေမယ့်။ စစ်မြေပြင် တစ်ခုလုံးက တိတ်ဆိတ်နေခဲ့တယ်။ ကြောက်စရာ ကောင်းလောက်အောင် တိတ်ဆိတ်နေတယ်။

လူတစ်ယောက်။ ဖန်ကျန်းရှီရဲ့ နောက်ကို ဆင်းသက်လာတယ်။ သူမရဲ့ ပန်းနုရောင် အကျီက လေထဲမှာ လွင့်နေခဲ့တယ်။ ဒါပေမယ့် တစ်ခုခုတော့ လွဲနေပြီ။ နေစမ်းပါအုန်း ။ သူမက ဘာလို့ တစ်ယောက်တည်းဖြစ်နေတာလဲ။ ဖန်ကျန်းရှီရဲ့ အမူအယာက ပြောင်းလဲ သွားပြီ။ အခုချိန်မှာ ဘာတွေ ဖြစ်နေမှန်း သူ အတိအကျကို သိတယ်။ ဘေးဘက်ကို သူကြည့်လိုက်တယ်။

ဖန်ကျန်းရှီ သူ ခန့်မှန်းထားတဲ့ အတိုင်း ပဲ မြင်လိုက်ရတယ်။ လေထဲမှာ လွင့်နေတဲ့ အနီရောင် လူရိပ်တစ်ခုလည်း ရှိနေတယ်။ အနီရောင် လှံကို လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ ဒါပေမယ့် လှံမှာ သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်း ပြည့်ဝတဲ့ သွင်ပြင်တွေ ပျောက်ဆုံးနေပြီ။

“ ဟန့်” နှာမှုတ်သံ တစ်ခု လေထဲမှာ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် သူ့ညာလက်ကို ခါထုတ်လိုက်တယ်။ ချန့်ယန်းက နှင်းလင်းယုန်ကြီးကို ကောင်းကင်ဆီ တွန်းတင်လိုက်တယ်။ အဲ့ဒီ့နောက် နှင်းလင်းယုန်ကြီး မြေပြင်ပေါ်ကျလာတယ်။ သေသွားပြီ။

“ငလူးပဲ။” ဖန်ကျန်းရှီ ရဲ့ အမူအယာ ပြောင်းလဲ သွားတယ်။ အခု ဖြစ်နေတဲ့ ကိစ္စကို ဖန်ကျန်းရှီ အတိအကျသိတယ်။ ဒါပေမယ့် သူ့ရဲ့ အပြုအမူက နတ်ဆိုးတွေကို မတုန်လှုပ်စေနိုင်ဘူးလို့။ တစ်ခါမှ မတွေးခဲ့ဘူး။ ဒီလူကြီးက ဘာလုပ်ရမလဲ ကောင်းကောင်းသိတယ်လေ။

ယွင်ချင်းဝူကို သတိလစ်အောင်လုပ်လိုက်တာ။ ဖန်ကျန်းရှီမှာ အထူး အကြောင်းအရင်းရှိတယ်။ ချန့်ယန်းကို ဒေါသထွက်စေချင်လို့ပဲ။ ယွင်ချင်းဝူကို ရဖို့ အတွက် ။ ချီကူယန် နဲ့ ပင်းယန်တို့ က သူတို့ကိုယ် သူတို့ စတေးပြီး စွန့်စားခဲ့တယ်။ အဲ့ဒီ့အချိန် တုန်းက။ ချီကူယန် နဲ့ ပင်းယန်ကို ထိန်းချုပ်ဖို့ ချန့်ယန်းမှာ အခွင့်အရေးရှိခဲ့တယ်။ သူတို့ နှစ်ယောက်တည်းမှာ ပင်းယန်က ။ ပိုပြီး ထိခိုက်ဖို့ လွယ်ကူလိမ့်မယ်။ ပင်းယန်က အရမ်းကို အားနည်းတယ်လေ။

ချန့်ယန်း ကို ဒီ ကိစ္စကနေ အာရုံပြောင်းဖို့ အတွက်။ ဒေါသထွက်အောင် လုပ်ဖို့ လိုအပ်တယ်။ ဒါကြောင့် သူ စိန်ခေါ်ဖို့ ပြင်ဆင်လိုက်တယ်။ ချန့်ယန်းကို တိုက်ခိုက်ဖို့ လှမ်းအော်တာ မျိုးလိုပေါ့။ ဖန်ကျန်းရှီ လုပ်ဖူး သမျှထဲ အကောင်းဆုံးအရာ တစ်ခုပဲ။ ဒါပေမယ့် ဒီ ကိစ္စက သိပ်ပြီးတော့ အသုံးဝင်တဲ့ပုံ မပေါ်ဘူး။ ချန့်ယန်းက ဒေါသထွက်နေတယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်တည်ငြိမ်မှုကိုတော့ မပျောက်ဆုံး ခဲ့ဘူး။ ပင်းယန်ဆီကို သူ ချက်ခြင်း သွားခဲ့တယ်။ ဒီလို အခြေအနေ မျိုးမှာ။ လူဘယ်လောက် များများက တည်ငြိမ်အောင်နေနိုင်မှာလဲ။

“ အရှင်မင်းသမီး။”

“အရှင်။”

နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြိုတပ်ဖွဲ့ ကနေ အသံတွေ ဆက် တိုက် ထွက်လာခဲ့တယ်။ ရှင်းယွမ်ကောင်းကတော့ ဖြူဖျော့နေပြီ။ ပင်းယန် မင်းသမီးက အဖမ်းလိုက်ရပြီလား။ ဒါက ကြီးမြတ်သော ရှမင်းဆက် ကိုတောင် ခြိမ်းခြောက်နိုင်တဲ့ ဖြစ်ရပ်ပဲ။

“အားးးး. အားး….။ ငါ မလှုပ်နိုင်တော့ဘူး။ အရှက်မရှိလိုက်တဲ့ ကောင်စုတ်။ ငါ့ကို လာကယ်စမ်း။ ငါ လှုပ်လို့ မရတော့ဘူး။ နင်က။ ကောင်းကင်တာအိုကို နားလည်ထားတယ် မဟုတ်ဘူးလား။ ငါ့ကို ကူညီစမ်းပါ။ ငါ ခုနကပဲ နင့်ကို ကယ်ထားတာလေ။ အနည်းဆုံးတော့ မျက်နှာသာ ပေးသင့်တယ် မထင်ဘူးလား။ ပင်းယန် ရဲ့ အသံ ထွက်လာခဲ့တယ်။ ပင်းယန်ရဲ့ အသက်က အရမ်းကို အရေးကြီးတယ်လေ။ သူမက သူများအတွက် အသက်စွန့်သင့်တဲ့ သူ မဟုတ်ဘူး။

ဖန်ကျန်းရှီက ပင်းယန်ကို ကြည့်ရင်း ခါး သက်သက် ပြုံးနေခဲ့တယ်။ သူလည်း တကယ့်ကို ကယ်ချင်ပါတယ်။ ဒါပေမယ့် ဘယ်လို သွားမလဲ။ ဖန်ကျန်းရှီလည်း အသုံးချနိုင်ဖို့ မျှော်လင့်မိတယ်။ ဒါပေမယ့် အဲ့ဒီ့အဆင့်ထိတော့မရောက်သေးဘူး။ အချုပ်အနှောင်ကို သူ ဖြတ်လာနိုင်ပေမယ့်။ ရေဝဲတွေ နောက်က စည်းမျဉ်းတွေကိုတော့ နားမလည်နိုင်သေးဘူး။ တခြား တစ်နည်းနဲ့ ပြောရရင်။ သူက သူ့ကိုယ်သူ ကာကွယ်နိုင်တယ်။ ဒါပေမယ့် တခြားသူ ကိုတော့ မကာကွယ်နိုင်သေးဘူး။

ဖန်ကျန်းရှီ သာ ပင်းယန်ရဲ့ ကိုယ် ပတ်လည်မှာ ရှိတဲ့ ရေဝဲတွေကို သူ ဖျက်စီး ပြစ်လိုက်ရင်တောင်။ ဘာကောင်းမှာ မလို့လဲ။ ပင်းယန် က ဘယ်လောက် ဝေးဝေး ပြေးနိုင်မှာလဲ။ ဆယ်စုနှစ်ချီပြီး သုခမိန် တစ်ဝက် ဖြစ်နေတဲ့ သူကို သူမရဲ့ ကြယ်တာရာ စုဝေးမှု အဆင့်လေးနဲ့။ ဘယ်လိုများ ခုခံနိုင်မှာလဲ။ ဖန်ကျန်းရှီက ကောင်းကင်တာအိုရဲ့ စာပိုဒ် တစ်ချို့ကို ရွတ်ပြဖို့ ဖန်ကျန်းရှီ ကြိုးစားနေခဲ့တယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ ဘာတွေ ပွစိ ပွစိ ပြောနေတာလဲ။ ငါ့ကို လာကယ်။” ပင်းယန် အော်ဟစ်တယ်။

“အရှင်မင်းသမီး။ မင်းသမီးရဲ့ အရည်အချင်းကို ကျွန်တော်မျိုး ယုံကြည်ပါတယ်။ ကောင်းကင်တာအိုကို မင်းသမီး နားလည်နိုင်မှာ သေချာပါတယ်။”

“သောက်ပိုတွေ။”

“ ကောင်းပြီလေ။ လာကယ်မယ်။”

“ နင် လုပ်ဝံ့လို့လား။”

“အရှင်မင်းသမီး ….. အရှင်က ကျွန်တော်မျိုးကို ဘာလုပ်စေချင်နေတာလဲ။”

“ ထင်ရှားနေတာပဲ မဟုတ် ဘူးလား။ နင် ငါ့ကို လာကယ်လှည့်။ ငါက အခုမှ ငယ်ငယ်လေး ရှိသေးတာ။ ဘ၀ တစ်လျှောက်လုံး ရှေ့ဆက် စရာ ကျန်သေးတယ်။ ဒီလို နေရာမှာ ငါ မသေချင်ဘူး။”

“ဒါဆိုရင် ကြိုးစားပြီးတော့ ကောင်းကင်တာအိုကို နားလည်အောင် လုပ်။ ငါ သင်ပေမယ်။ ပထမဆုံး စိတ်ငြိမ်ငြိမ်ထား။ ရေကန်အကြီးကြီး တစ်ခုထဲမှာ ရောက်နေတယ်လို့ တွေးကြည့်လိုက်။ ရေဝဲတွေ အများကြီး မင်းသမီး ဘေးမှာ ရှိနေတယ်။”

“ ငလူး ရေဝဲတွေလား။ ငါ့ကိုသာ လာကယ်စမ်းပါ။” ပင်းယန် ဖြတ်ပြောတယ်။

“အိုက်ယား။ သင်ကြားဖို့ ခက်ခဲ လိုက်တာ” ဖန်ကျန်းရှီ စိတ်ပျက် လက်ပျက်နဲ့ ခေါင်းခါနေတယ်။ သူ သိသမျှ သူမကို ပြောဖို့ စီစဉ်ထားတာလေ။ ဒါပေမယ့် သူမက လက်မခံဘူး။ ချီကူယန်ကို ပြန်လှည့်ကြည့်တယ်။ အခုချိန်မှာ အစီၤအစဉ်ကို သူမ စဉ်းစားသင့်ပြီလို့ ထင်တယ်လေ။ ဒါပေမယ့် ချီကူယန်မှာလည်း အစီအစဉ် ရှိတဲ့ပုံ မရှိဘူး။ ဖန်ကျန်းရှီကို သူမ စိုက်ကြည့်နေခဲ့တယ်။ သူမရဲ့ မျက်ဝန်းတွေကတော့ ထုံးစံ အတိုင်း ကြယ်တာရာတွေလို တောက်ပနေဆဲ။

“ မင်း ဘာလို့ သွားမကယ်တာလဲ။ ငါ့တုန်းက ပြောခဲ့တာတွေ သူ့ကို ပြန်ပြောလိုက်လေ။ ” ဖန်ကျန်းရှီက ချီကူယန်ကို ကြည့်ရင်း ။ မျှော်လင့်တကြီ်း ပြောနေခဲ့တယ်။

“ မဟုတ်တရုတ်။” ချီကူယန်က ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။ သူ့ရဲ့ အဓိပ္မာယ်မရှိတဲ့ စကားလုံးတွေကို လက်ခံချင်တဲ့ ပုံ မပေါ်ဘူး။

ဖန်ကျန်းရှီကတော့ သက်ပြင်းချနေတယ်။ လောကမှာ လွယ်လွယ်ကူကူ ဖြေရှင်းနိုင်တာ ဘာမှ မရှိပါလား။ အခုတော့ သူ ဘာလုပ်ရတော့မလဲ။ သူ့လက်ထဲမှာ ယွင်ချင်းဝူှရှိတယ်။ သူ့ ပြိုင်ဘက် လက်ထဲမှာ ပင်းယန် ရှိနေတယ်။

“ လုပ်စမ်းပါ။ ငါတို့တွေ သူတို့ နှစ်ယောက်လုံးကို နာကျင်အောင် လုပ်နိုင်တယ်လေ။” အခုချိန်မှာ ရွေးစရာ နှစ်ခု ပဲ ရှိမှန်း သူ သိတယ်။ အလဲအလှယ် လုပ်ဖို့။ ဒါမှမဟုတ် ဟိန်းဟောက်ပြီး လှည့်စားဖို့။ အခုချိန်မှာ အလဲ အလှယ် လုပ်လိုက်ရင်။ ပင်းယန်ကို မကယ်နိုင် ရုံတင် မကဘူး။ သူ့အသက်တောင် ပါ သွားနိုင်တယ်။ အရည်အတွက်က လုံးဝကို မမျှ ဘူးလေ။ ဒါက အခု အခြေအနေပဲ။

“ ကျွန်တော် ခင်ဗျားနဲ့ ဘာ အပေးအယူမှ မလုပ်ဘူး။ မင်းသမီးကို လွှတ်ရင်လွှတ်။ မဟုတ်ရင် ယွင်ချင်းဝူ ကို သတ်ပြစ်မယ်။” ဖန်ကျန်းရှီ သူ့ရဲ့ နေရာကို ရှင်းလင်းအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

“ဒီလိုလား။ ငါက ကန်းနေပေမယ့်။ ငါ ထင်တာသာ မှန်မယ်ဆိုရင်။ ငါ့လက်ထဲမှာ ရောက်နေတာက ဒဏ္ဍာရီလာ ပင်းယန်မင်းသမီးပဲ။ ” ချန့်ယန်း တည်တည်ငြိမ်ငြိမ် ပြန်ဖြေတယ်။

“ ဒဏ္ဍာရီလာ ပင်းယန် မင်းသမီး။” ဒီလောက် ဆိုးသွမ်းဟော့ရမ်းနေတဲ့ ပင်းယန်က ဘယ်လိုလုပ် ဒဏ္ဍာရီလာ ဖြစ်သွားတာလဲ။ ဖန်ကျန်းရှီ နားမလည်နိုင်ဘူး။ ဧကရာဇ် ရဲ့ အချစ်ဆုံး သမီးတော ဖြစ်နေ လို့လား။ ဒါမှမဟုတ်။ မြို့တော်ထဲမှာ ဂုဏ်သတင်း ကျော်ကြားလို့လား။ ပင်းယန် ခေါင်းခါ လိုက်တယ်။ ဒါတွေက ဖြစ်နိုင်ချေ ရှိပေမယ့်။ အပြည့်အဝတော့ မမှန်ကန်ဘူး။ သူ့ပြိုင်ဘက်က ချန့်ယန်း လေ။ သုခမိန် တစ်ဝက်။ အဲ့ဒီ့တော့ ဘာမဟုတ်တဲ့ ပမွှား အချက်တွေကို သုခမိန်က ဂရုစိုက်ပြီး ပြောမှာလား။ ဖန်ကျန်းရှီ နားမလည်နိုင်။ ချီကူယန်ကို သူ လှည့်ကြည့်ပြန်တယ်။ သူမရဲ့ အမူအယာက ပြောင်းလဲ သွားပြန်ပြီ။

“ ဘာတွေ ဖြစ်နေတာလဲ။” ဖန်ကျန်းရှီ စိတ်ရှုပ်ထွေးလာတယ်။ တခြားသူတွေကို သူ လိုက်ကြည့်တယ်။ ရှင်းယွမ်ကောင်း။ ရှင်ချင်းစွေ့။ နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြိုတ ပ်ဖွဲ့ တို့ရဲ့ အမူအယာတွေလည်း ပြောင်းလဲ ကုန်ပြီ ။ ပိုပြီး အရေးကြီးတာက။ ရှန်လင်း နဲ့ နယ်မြေမှူးတွေတောင်။ ( ပင်းယန်မင်းသမီး) ဆိုတဲ့ နာမည်ကို ကြားတော့ ဖြူဖျော့ ကုန်ကြတာပဲ။ သူမက ဒီလောက်ထိ နာမည်ကြီးတာလား။

“ မျက်မမြင်ကြီး။ ငါက ပင်းယန် မင်းသမီး ဆိုတာ သိမှတော့။ လွှတ်သင့်ပြီ မဟုတ်ဘူးလား။ ငါ့ကို ထိခိုက် အောင်လုပ်ရင်။ ရလာမယ့် အကျိုးဆက်တွေကို နင် သိသင့်တယ်။” ပင်းယန်ရဲ့ အသံက ကြောက်ရွံ့မှုကနေ မောက်မာမှုကို ပြောင်းလဲ သွားခဲ့တယ်။

ဒီ ယုံကြည်ချက်တွေ ဘယ်ကနေ ရောက်လာလဲ။ ဖန်ကျန်းရှီ မတွေးတတ်တော့ဘူး။ နာအောင် လုပ်ရမယ် ဟုတ်လား။ သူက အချုပ်အနှောင်ခံထားရပြီး နေပြီလေ။ ချန့်ယန်းက ပင်းယန်ကို လျစ်လျူရှုထားတာ ဖန်ကျန်းရှှီ ခံစားလို့ ရတယ်။ ဒါပေမယ့် ပင်းယန်ရဲ့ စကားကိုကြားတော့ သူ မလှောင်ရယ်ဘူး။ အဲ့ဒီ့အစား။ သူကြားလိုက်ရတာကို အာရုံစိုက်ပြီး ဆုံးဖြတ်နေခဲ့တယ်။

အပိုင်း(၄၄၄)ပြီး၏။

အပိုင်း(၄၄၅)

“ ငါ မင်းကို သေစေချင်တယ်။”

ဒါက ဖန်ကျန်းရှီကို အတော်လေး ဒွိဟ ဖြစ်စေတယ်။ ပင်းယန် ရဲ့ နာမည်က သုခမိန် တစ်ဝက်ကိုတောင် တွေဝေနိုင်စေတယ်တဲ့လား။

“အင်း။ မင်းသမီးပြောတာမှန်ပါတယ်။ အကျိုးဆက်တွေကို ကျွန်တော်သိတယ်။ ဒါပေမယ့်လို့။ ဒီ အကျိုးဆက်က သွေးအရိပ်မြို့တော်ကိုပဲ ထိခိုက်မှာ မဟုတ်ဘူး။ အရှင်မင်းသမီး။ ကြီးမြတ်သော ရှမင်းဆက် ကကော ဒီ ထိခိုက်မှု အကျိုးဆက်ကို လက်ခံဖို့ အသင့်ဖြစ်နေပြီလား။” ချန့်ယန်း အေးအေးဆေးဆေး ပြန်ဖြေတယ်။

“ ဟန့်။ မျက်မမြင်ကြီး။ နင်တွေးနေတာကို ငါသိတယ်။ ဘယ်သူကမှ ဒါကို မပြောဝံ့ဘူး ထင်နေတာလား။ ငါနင့်ကို သတိပေးလိုက်မယ်။ ငါ့ကို အခုချိန်မှာ လွှတ်ရင် လွှတ် ။ မဟုတ်ရင်။ ငါ ရင့်မှည့်( အရွယ်ရောက်) လာတဲ့ အချိန်။ နင့်ကို အလွတ်မပေးဘူး။” ပင်းယန် ဒါကို ကြားတော့ သူမရဲ့ မျက်နှာ အေးခဲသွားတယ်။

“ ရင့်မှည့်လာရင် ဟုတ်လား။ ဒီပြဿနာတွေက တူမှမတူပဲ။ အကယ်၍ မင်းသမီးသာ ရင့်မှည့်နေပြီးပြီ ဆိုရင်။ ကျွန်တော်လည်း ဘာမှ လုပ်ဝံ့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ မင်းသမီးက အသက် ၁၄ နှစ်ပဲ ရှိသေးတယ်။ ရင့်မှည့်ဖို့ ၂ နှစ်တောင် လိုနေသေးတယ်။”

ချန့်ယန်း ခေါင်းခါရင်း ညာလက်ကို လှုပ်ရှားလိုက်တယ်။ ပင်းယန်က သူ့ရှေ့တည့်တည့်ကို ရောက်သွားခဲ့တယ်။

“ ရင့်မှည့်ဖို့။ ၂ နှစ်။ ဟုတ်လား။ ပြီးတော့ ဘာမှ မလုပ်ဝံ့ဘူးတဲ့။”

သူတို့တွေရဲ့ စကားကို ကြားတော့ ဖန်ကျန်းရှီ မျက်လုံး ပြူးနေတယ်။ ဘာတွေ ဖြစ်နေတာလဲ။ ပင်းယန်က ဘာတွေများ ဒီလောက်ကြီးမြတ်နေလို့လဲ။ ကြယ်တာရာ အဆ င့် ကျင့်ကြံသူ တစ်ယောက် က။ အရွယ်ရောက်လာတဲ့ အချိန်မှာ။ သုခမိန်တစ်ဝက်ကိုတောင်ကြောက်လန့်စေနိုင်တယ်လား။ ဟာသ လုပ်နေကြတာလား။

ဖန်ကျန်းရှီ ဒါတွေကို တစ်ခုမှ အတည် မယူချင်ဘူး။ အကယ်၍ ဒါသာ မှန်ခဲ့ရင်။ ပထမဆုံး သေမယ့် လူက သူ ဖြစ်လိမ့်မယ်။ သူမရဲ့ အိမ်တော်ထဲမှာ သူ ပြဿနာရှာထားတာ နည်းမှ မနည်းပဲ။ ချန့်ယန်း မှားနေတာပဲ ဖြစ်ရမယ်။ ဦးနှောက်ပျက်သွားတာလား။ တစ်ခုခုတော့ တစ်ခုခုပဲ။ အကယ်၍ သူသာ ချန့်ယန်း ဖြစ်ခဲ့မယ်ဆိုရင်။ ပင်းယန်ကို ပါးစပ် ပိတ်ထားမိမှာပဲ။ မဟုတ်ရင်။ ပင်းယန်ရဲ့ စကားတွေက ပေါက်ပေါက်ဖောက်သလို ထွက်နေတာ။

“ ငါ့ကို လွှတ်။ ငါ့ကို လွှတ် မျက်ကန်းကြီး။ အား … ငါ့ကိုအခု ချက်ခြင်း လွှတ်။ ဖန်ကျန်းရှီ။ အရှက်မရှိ တဲ့ ကောင်။ ငါ နင့်ကို ကယ်ခဲ့တယ်လေ။ အခု ငါ့ကို လာကယ်တော့။”

ဖန်ကျန်းရှီ မျှော်လင့်ထားတဲ့ အတိုင်း။ ပင်းယန်က အော်ဟစ်နေရုံတင် မကဘူး။ ဖန်ကျန်းရှီကိုပါ အရှက်ခွဲနေသေးတယ်။

“ အဲ့ဒ့ီ ကောင်မလေးကို ပါးစပ်ပိတ်ထား လိုက်စမ်းပါ။” ဖန်ကျန်းရှီ စိတ်ထဲမှာ အော်ဟစ်နေခဲ့တယ်။ ဒါပေမယ့် ချန့်ယန်း ကတော့ ဘာမှ မလုပ်ဘူး။ စိတ်ကောက်နေတဲ့ ပင်းယန်ကို အေးအေးဆေးဆေး ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီကတော့ ဒေါသထွက်လွန်းလို့ နှုတ်ခမ်းတွေတောင် တွန့်လိမ် နေပြီ။ ပင်းယန်ကို သူ လျစ်လျူရှုလိုက်တယ်။ နောက်ထပ် လုပ်စရာ ကိစ္စ ထပ်မရှိတော့ဘူး။ အင်း။ တစ်ခုခု လွဲနေတာကိုတော့ ခံစားရတယ်။ ပင်းယန် ပို အော်လေလေ။ တခြားသူတွေရဲ့ အာရုံ စိုက်မှုက ပိုပြီးတော့ ပြင်းထန်လာလေပဲ။ ဖန်ကျန်းရှီ အတော့်ကို ရှက်လာခဲ့တယ်။ ဒါကြောင့် ခါးသက်သက် ပြုံးနေခဲ့တယ်။

မင်းတို့ ဘာကို ကြည့်နေတာလဲ လို့။ သူ အော်ဟစ်ပြီး မေးလိုက်ချင်တယ်။ မင်းတို့ သတ္တိရှိရင် ပင်းယန်ကို သွားကယ်ကြပါလားလို့။ ပြောလိုက်ချင်တယ်။ ဒါပေမယ့် အခုချိန်မှာ စကား ထုတ်ပြောဖို့ မတတ်သာဘူး။ ဖန်ကျန်းရှီ သူ့ကိုယ်သူ အရှက်မရှိမှန်းလည်း သိပါတယ်။ ဒါပေမယ့် သူ့ကို ခုနကပဲ ကယ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီး တစ်ယောက်ကို လျစ်လျူရှုဖို့ ကတော့ ။ သူ့ကိုယ်သူ ဒီလို အဖြစ်မျိုး ရောက်အောင် ဆွဲ မချနိုင်ဘူး။ အခုချိန်မှာ သူ ဘာလုပ်ရမလဲ။ သူမကို ဆက်ပြီး လျစ်လျူရှုရမှာလား။

“ ဖန်ကျန်းရှီ ။ ငါ့ကို လာကယ် စမ်း။ နင် ကောင်းကင်တာအိုကို နားလည်တယ် မဟုတ်ဘူးလား။ ဒီ မျက်မမြင်ကြီးကို လာတိုက်လေ။ ငါ့အတွက် နှစ်ချက်လောက် လာရိုက်ပေးစမ်း။” ပင်းယန်ရဲ့ အသံ ထွက်လာခဲ့တယ်။

နဂါးတပ်ဖွဲ့ နဲ့။ တောင်ဖြို တပ်ဖွဲ့တွေ။ တောင်ပိုင်းဒေသ စစ်သည်တော်တွေလည်း တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့တယ်။ သူတို့ တကယ်ပဲ သူမကို ကယ်တင်ချင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စမျိုးကို လုပ်လို့ မရဘူးလေ။ အခုတော့ သူတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ဖန်ကျန်းရှီပဲလေ။ ဒါပေမယ့် ဘာလို့ ဖန်ကျန်းရှီက အခုချိန်ထိ မလှုပ်ရှားသေးတာလဲ။ သူတို့ အားလုံးက ဖန်ကျန်းရှီကို စောင့်နေတာလဲ။ ဒီ ဉာဏ်ကြီးရှင် လှုပ်ရှားမှာကို စောင့်နေတာ။

ပုံမှန် အတိုင်းဆိုရင်။ ဖန်ကျန်းရှီ ကို သူတို့ရဲ့ ကံကြမ္မာကို ပုံအပ်ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့် အခုလို အခြေအနေမျိုး မှာတော့။ သူတို့ရဲ့ မျှော်လင့်ချက်တွေ အားလုံးကို ဖန်ကျန်းရှီဆီ ပုံအပ် ထားလိုက်တော့တယ်။

“ အဖေ။ ကျွန်တော်တို့ ဘာလုပ်ရမလဲ။” ရှင်းချင်းစွေ့က ရှင်းယွမ်ကောင်းကို မေးတယ်။ သူ အတော်လေး စိုးရိမ်နေတဲ့ ပုံပဲ။ ပင်းယန် အန္တရာယ် ကင်းမှ ဖြစ်မယ်ဆိုတာ ။ ရှင်းယွမ်ကောင်းက ချန့်ယန်းကို ကြည့်နေခဲ့တယ်။ သူ စကားမပြောဘူး။ အခုချိန်က တိုက်ခိုက်ဖို့ အချိန်ကောင်း မဟုတ်မှန်း သူသိတယ်။ အကယ်၍ သူသာ နောက်ပြန်ဆုတ်လိုက်ရင်။ ဆွေးနွေးညှိနှိုင်းဖို့ အခွင့်အရေး ရ လာနိုင်တယ်။ ဒါပေမယ့် အခုချိန်မှာ တိုက်ခိုက်လိုက်ရင်။ ကိစ္စတွေက ဆိုးဝါး သွားလိမ့်မယ်။ နောက်ဆုံးတော့လည်း ။ နတ်ဆိုးတွေက အခုချိန်မှာ အသာစီး ရထားတယ်လေ။ အကယ်၍ တိုက်ပွဲကိုသာ ဆက်တိုက်ရင် ။ ပိုပြီးတော့ သေဆုံးမှု များလိမ့်မယ်။ အကယ်၍ အချိန်ကို နည်းနည်းလေးသာ ပို ဆွဲထားလိုက်ရင်။ အခြေအနေတော့ ပို ကောင်း လာနိုင်ပါတယ်။

“စောင့်မယ်။” ရှင်းယွမ်ကောင်း ပြောတယ်။

“ ဒါပေမယ့် …” ရှင်ချင်းစွေ့ က တစ်ခုခု ပြောချင်နေတယ်။ ဒါပေမယ့် ရှင်းယွမ်ကောင်းရဲ့ အမူအယာကို မြင်တော့ သူ့ စကားတွေကို ပြန် သိမ်းထားလိုက်တယ်။

…

“ ဖန်ကျန်းရှီ။ အရှက်မရှိတဲ့ ခွေးကောင်။ နင် ငါ့ကို တကယ်ပဲ ထားခဲ့တော့မှာလား။ အကယ်၍ ငါသာ အခု သေသွားရင်။ နင့်ကို တစ်သက်လုံး ခြောက်လှန့်နေမှာ။” ပင်းယန် အတော့်ကို ဒေါသထွက်လာတယ်။

“ ပါးစပ်ပိတ်ထားစမ်း။” ဖန်ကျန်းရှီ နောက်ထပ် တောင့်မခံနိုင်တော့ဘူး။

သူမ ဘာတွေ တွေးနေတာလဲ။ အခုချိန်မှာ အချိန်ဆွဲတာက အကောင်းဆုံးပဲလေ။ ပြောရမယ်ဆိုရင် မင်းသမီး တစ်ယောက် ကျိန်ဆဲတာကို ခံရတာက ဆိုးဝါးတဲ့ အရာလည်းမဟုတ်ပါဘူးလေ။

“ ပါးစပ် မပိတ်တော့ရော ဘာဖြစ်လည်း။ ငါ့ အသက်ကို တောင် ပဓာန မထားပဲ နင့်ကို ကယ်ခဲ့တာလေ။ နင် ကတော့ အခု ဘေးမှာပဲ ရပ်ကြည့်နေတယ်တဲ့လား။ ငါ့ကို မကယ် ဘူး ဟုတ်လား။ ကောင်းပြီလေ။ နင့်ကို ကျိန်ဆဲမယ်။ ကျိန်ဆဲမယ်။”

“ မင်း ပါးစပ် ပိတ်ထား နိုင်မလား။” ဖန်ကျန်းရှီ နောက်ဆုံးတော့ ဖန်ကျန်းရှီ စိတ်လျှော့်လိုက်ပြီ။ ချန့်ယန်းကို သူပြောတယ်။ “ ဓားစာခံ လဲမယ်။ ဒါပေမယ့် တစ်ခုတော့ တောင်းဆိုစရာ ရှိတယ်။”

“ ဘာလဲ။” ချန့်ယန်း ခေါင်းငြိမ့်တယ်။

“ တပ်တွေကို ပြန်ဆုတ်ခိုင်းလိုက်။ ”

“မဖြစ်နိုင်ဘူး။”

“ ဒါဆိုလည်း နည်းနည်း လျှော့ပေးမယ်။ သံတောင်ကုန်း ဒေသကနေ တပ်တွေကို ပြန်ဆုတ် ခိုင်းလိုက်။” ဖန်ကျန်းရှီက အဖြေကို ခန့်မှန်း ပြီးတဲ့ပုံပဲ။

“မဖြစ်နိုင်ဘူး။” ချန့်ယန်း ပြန်ဖြေတယ်။

“ကောင်းပြီ။ ဒါဆိုရင်လည်း ဘာမှ ပြောစရာ မကျန်တော့ဘူး။ နတ်ဆိုးတွေ နဲ့ လူတွေကြား ကကိစ္စ မှာလည်း ကျွန်တော် ဝင်မပါချင်ဘူး။ တခြား ရည်ရွယ်ချက်လည်း မရှိဘူး။ ကျွန်တော် ဒီကို ရောက်လာတာ မတော်တဆပဲ။ ကျွန်တော်က အသက်ပဲ ရှင်ချင်တာ။ အကယ်၍ အခုချိန်မှာသာ။ ဓားစာခံကို ပေးလိုက်ရင်။ သေမိန့်ချခံရတာနဲ့ အတူတူပဲ။ ဒါဆိုရင် ယွင်ချင်းဝူကိုလည်း အသက် ပေး မရှင်နိုင်ဘူး။”

ဖန်ကျန်းရှီ လက်ဝေ့ယမ်းရင်းနဲ့ ပြောတယ်။ ချန့်ယန်းက ဖန်ကျန်းရှီ ပင်းယန်ကို ကယ်ဖို့ တွန်းအား ပေးချင်တယ်။ ဒီလို လုပ်ရင်။ သူလည်း ဖန်ကျန်းရှီကို အနိုင်ယူနိုင်မယ်လေ။ ဒါဆိုရင် နှဏ်ဦး နှဏ်ဖက် အကျိုး မယုတ်တော့ဘူး။ အခုတော့ ဖန်ကျန်းရှီက ကိုယ့်သေတွင်းကိုယ်တူးနေခဲ့ပြီ။

“ သံတောင်ကုန်းဒေသ ကနေ ငါတို့ ဆုတ်ခွာ သွားရင်တောင်။ ငါတို့ အသက်ရှင်နိုင်မယ် ထင်လား။” ချန့်ယန်းက ဖန်ကျန်းရှီကို ကြည့်ရင်း မေးတယ်။ သူ့မျက်လုံးတွေက ဒေါသတွေ လူသတ်ငွေ့တွေနဲ့ ပြည့်နေခဲ့တယ်။

အနည်းဆုံးတော့ အသက်ရှင်နိုင်ဖို့ အခွင့်အရေးလေး ရှိသေးတာပေါ့။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ မင်းရဲ့ အသက်ကိုပဲ လိုချင်တယ်လို့ ။ ငါပြောရင်ကော။” ချန့်ယန်း တည်တည်ငြိမ်ငြိမ်နဲ့ ပြောတယ်။

“ ပထမဆုံး။ ဒါကို ယူနိုင်မှ ရမယ်။” ဖန်ကျန်းရှီ နှုတ်ခမ်းတွေ တွန့်ကွေးရင်း ပြုံးနေခဲ့တယ်။ ဟန်ပြန်လို့ မဖြစ်ဘူး။

“ကောင်းပြီ။ မင်းတောင်းဆိုတာတွေကို လိုက်လျောပေးမယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။မင်း နောက်မှာပဲနေရမယ်။” ချန့်ယန်း တစ်ခဏတွေဝေနေပြီးနောက် ပြောတယ်။

“နောက်မှာပဲ နေရမှာလား ” ဖန်ကျန်းရှီ သူ့နောက်ကို လှည့်ကြည့်တယ်။ ချီကူယန်ကို ကြည့်တယ်။ အလဲအလှယ်ကို ကြားပြီးတဲ့နောက်။ ချီကူယန်က ခေါင်းငြိမ့်ပြတယ်။

“ ငလူးပဲ။ ဒါက ဘာသဘောလဲ။ မင်းက ဆက်နေ မလို့လား။” ဖန်ကျန်းရှီ သူ့ရဲ့ စိတ်ကနေ ကျိန်ဆဲနေမိတယ်။ ဒါပေမယ့် အသံလေး တစ်သံတောင်မထွက်ဘူး။ ဖန်ကျန်းရှီ တိတိကျကျကြီးကို သိတယ်။ ချန့်ယန်းက ဘာလို့ သူ့ကို အလဲအလှယ်လုပ်ပြီးတော့ သတ်ချင်နေလဲ ဆိုတာ။

ဒါပေမယ့် ။ သူ့မှာ ရွေးချယ်စရာမရှိဘူးလေ။ ပင်းယန်ကို လျစ်လျူရှုလို့မှ မဖြစ်ပဲ။ အကယ်၍ နတ်ဆိုးတွေ သာ သံတောင်းကုန်းနယ်မြေကနေ ဆုတ်ခွာသွားရင်။ တောင်ပိုင်းဒေသလည်း ဆက်လက်ရှင်သန်နေမှာပဲ။ လွတ်မြာက်ဖို့ လမ်းစလေး တစ်ခုတော့ ရှိလိမ့်မယ်။ ဒါပေမယ့် ပထမဆုံး လမ်းကိုရအောင်ရှာဖို့ လိုတယ်။ ပြောနိုင်တာက။ အနည်းဆုံးတော့ ရွေးချယ်စရာလေးတွေ ရှိနေသေးတယ်။ ချန့်ယန်းက နောက်ထပ် အချိန် နှောင့်နှေးအောင် မလုပ်တော့မှာမှန်း သူသိတယ။် နတ်ဆိုးတွေကို သံတောင်ကုန်း နယ်မြေကနေ ယာယီ ဆုတ်ခွာစေဖို့က အကောင်းဆုံး အကြံပဲ။

“ ကောင်းပြီ။ ကမ်းလှမ်းချက်တွေကို လက်ခံတယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ သူ့မှာ တခြားရွေးစရာမှ မရှိတော့ပဲ။ ပင်းယန်ကို ကယ်ဖို့ လိုတယ်လေ။ ပင်းယန်ကို နောက်မှ လူသား ဒိုင်းကာ အဖြစ် သုံးလို့ရတယ်လေ။ မီးတောက်နီ သံချပ်ကာ ဝတ်စုံ ရှိနေသရွေ့။ နောက်ထပ် တိုက်ခိုက်မှု နည်းနည်းကိုတော့ ခံလို့ရသေးတယ်လေ။

“အမိန့်ချမယ်။ သံတောင်ကုန်းနယ်မြေကနေ တပ်ဖွဲ့ ဆုတ်ခွာမယ်။” ချန့်ယန်း တစ်ချက်လေးတောင် မတွေဝေပဲ ပြောတယ်။

“ အမိန့်တော် အတိုင်းပါ ” နတ်ဆိုးခေါင်းဆောင်တွေ ခေါင်းငြိမ့်ကြတယ်။ ပြန်မဆုတ်ခွာခင်။ ဓားမြောင်လို အကြည့်တွေနဲ့ ဖန်ကျန်းရှီ ကို ကြည့်သွားကြတယ်။ ဖန်ကျန်းရှီက သူတို့ရဲ့ နံပါတ်တစ် ရန်သူပဲ။ ဖန်ကျန်းရှီက ပါရမီရှင် ဖြစ်နေတာထက်။ သူ့ရဲ့ အပြုအမူ တွေက အတင့်ရဲလွန်းနေတာကြောင့်ပဲ။

လေတောင်ကုန်းမှာ ယွင်ချင်းဝူကို သူ လုပ်ခဲ့တဲ့ လုပ်ရပ် က လုံးဝကို ခွင့် မလွှတ် နိုင်ချင်စရာပဲ။ နတ်ဆိုးတွေမှာ သူတို့ရဲ့ ဂုဏ်သိက္ခာတွေရိတယ်လေ။

“ ဆုတ်ခွာမယ်။ ဆုတ်ခွာမယ်။”

“ ငါတို့ တပ်တွေကို ဆုတ်ခွာမယ်။”

နတ်ဆိုးတွေရဲ့ အသံထွက်လာခဲ့တယ်။ အဲ့ဒီ့နောက် သူတို့တွေ စနစ်တကျ ဆုတ်ခွာကြတော့တယ်။ ရှန်လင်းကတော့ အစီအစဉ်တကျ ဆုတ်ခွာနေတဲ့ နတ်ဆိုးတွေကို ကြည့်ရင်း ထိတ်လန့်နေတယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက နတ်ဆိုးတွေ ဘယ်လိုပုံစံ ရှိတယ်ဆိုတာ။ ရှန်လင် း ကောင်းကောင်း သိတယ်လေ။ ယွင်ချင်းဝူ။ ဒီနတ်ဆိုးခေါင်းဆောင်ရဲ့ ကျော်ကြားမှုက အံ့အားသင့်စရာကောင်းတယ်။ နတ်ဆိုးတွေကို စုစည်းဖို့ ဘယ်လိုနည်းလမ်းကိုများ သူမသုံးခဲ့တာလဲ။ ဒီနေကလိုအခြေအနေကို ရောက်အောင် သူမ ဘယ်လို လုပ်လိုက်တာလဲ။

“ အကိုတော်။ ဒါ ဘာတွေ ဖြစ်နေတာလဲ။ ” ရှန်ယွီမင်းသမီး အတော့်ကို ထိတ်လန့်နေတယ်။ ဒါကို မြင်ရတာ စိတ်ထဲနေလို့ မကောင်းဘူး။

“ အခုချိန်မှာ ဘာမေးခွန်းမှ မမေးနဲ့။ ငါတို့ တပ်တွေကိုပဲ နောက်ပြန်ဆုတ်ပြီး ခုခံမယ်။” ရှန်လင်း အမိန့်ပေးတယ်။ ရှန်းယွီ မင်းသမီးခေါင်းငြိမ့်တော့မယ့် အချိန်မှာပဲ။ သူ့ မျက်လုံး အကြည့်က အပြာရောင်ဝတ်ထားတဲ့ ပုံရိပ်ဆီကို ရောက်သွားခဲ့တယ်။ အဲ့ဒီ့နောက် သူ့နောက်မှာ လဲကျနေတဲ့ ဝတ်ရုံဖြူဝတ် အမျိုးသမီးတစ်ယောက်ကို။

“ ယွင်ချင်းဝူလား။ ဘယ်လို ဖြစ်နိုင်မှာလဲ။ ” ရှန်းယွီမင်းသမီး မျက်လုံးပြူးသွားတယ်။ ဖန်ကျန်းရှီ ။ အချုပ်အနှောင်ကနေ ဘယ်လို လွတ်လာမှန်း သူမ မသိလိုက်ဘူး။ ဒီ အချိန်အတောတွင်းမှာ။ အနောက်ဘက်ဂိတ်ကို သူမ ခုခံနေခဲ့တာလေ။ ဒါကြောင့် ယွင်ချင်းဝူ ဘာကြောင့်များ မေ့မျောနေလဲ ဆိုတာ သူမ မသိဘူး။ နောက်ပြီးတော့ ဒီမှာ ဘာတွေ ဖြစ်သွားတာလဲ။

“ မင်း အမိန့်အတိုင်း မလုပ်သေး ဘူးလား။” ရှန်လင်း မျက်မှောင်ကြုတ်နေတယ်။

“ဒါပေမယ့် …” ရှန်းယွီ မင်းသမီး က ဖန်ကျန်းရှီ နဲ့ ချီကူယန်ကို ကြည့်ရင်း တွေဝေနေခဲ့တယ်။

“ အိုက်ယား… ဖန်ကျန်းရှီက ကောင်းကင်တာအိုကို နားလည်သွားပြီ။ ” ရှန်လင်းက ရှန်းယွီမင်းသမီး ကြည့်ရင်း လှမ်းပြောလိုက်တယ်။ သူမတွေးနေတာကို သူသိတယ်လေ။

“ ဘာဖြစ်တယ်။ သူက ဘယ်လို တောင်။ ကောင်းကင်တာအိုကို အသုံးချနိုင်သွားတာလဲ။ ” ရှန်းယွီမင်းသမီး ရဲ့ မျက်လုံးတွေ မယုံကြည် နိုင်မှုကြောင့် ပြူးကျယ်လာနေတယ်။

“ ဟုတ်တယ်။ ငါတို့လည်း သူ ဘယ်လိုလုပ်လဲမတွေးတတ်ဘူး။ ဒါပေမယ့် သုံးတာတော့ သုံးလိုက်တာ အမှန်ပဲ။ အချုပ်အနှောင်ကနေ သူ လွတ်မြောက်လာပြီးနောက်။ ယွင်ချင်းဝူကို တိုက်ခိုက်တော့တာပဲ။” ရှန်လင်း လည်း ဒီလို ထိတ်လန့် အံ့သြမှုတွေကို နားလည်နိုင်ပါတယ်။ မျက်မြင်တွေ့လိုက်ရတဲ့ သူတောင် အံ့သြနေခဲ့တာပဲ။ ဖန်ကျန်းရှီက အသက် ၁၆ နှစ်ပဲ ရှိသေးတယ်လေ။

ဒီအသက်အရွယ်မှာ ကောင်းကင်တာအိုကို နားလည်နေရင်။ နောင်အနာဂတ်မှာ ။ ဘယ်လောက်ထိ အင်အားကြီးလာနိုင်မလဲ။ အကယ်၍ ရှန်လင်း သာ ဧကရာဇ် ဖြစ်လာခဲ့ရင်။ ဖန်ကျန်းရှီကို သိမ်းသွင်းထားမှ ဖြစ်မယ်။ ဒါပေါ့။ ဖန်ကျန်းရှိသေမယ်ဆိုတာ။ မြေကြီးလက်ခတ်မလွဲတဲ့ အဆုံးသတ် တစ်ခုပေါ့ ။ နတ်ဆိုးတွေကို ပြန်လည် ဆုတ်ခွာဖို့ ချန့်ယန်း အမိန့်ပေးလိုက်တည်းက ။ ဖန်ကျန်းရှီကို အလွတ်ပေးမှာ မဟုတ်တော့မှန်း သူသိလိုက်ပြီလေ။

“ကောင်းပြီလေ။ ငါတို့ အခု လှဲလှယ်ဖို့စတော့မလား။” ချန့်ယန်းရဲ့ အသံ ထွက်လာခဲ့တယ်။

ဖန်ကျန်းရှီက ချီကူယန် ကို လှည့်ကြည့်တယ်။ သူမ ဘာလိုက် အခုချိန်အထိ ထွက်မသွားသေးတာလဲ။

“ မင်း သွားတော့မှာလား။”

“မသွားဘူး။” ချီကူယန် တည်တည်ငြိမ်ငြိမ် ပြန်ဖြေတယ်။

“ မင်း သေရမှာကို မကြောက်ဘူးလား။”

“မကြောက်ပါဘူး။ သူက နင့်အသက်ကို လိုချင်တာလေ။ ငါ့အသက်ကိုမှမဟုတ်ပဲ။” ချီကူယန် အေးအေးဆေးဆေး ပြန်ဖြေခဲ့တယ်။

“ငလူးပဲ။ ” အစတုန်းကတော့ ချီကူယန်ရဲ့အဖြေကြောင့် စိတ်လှုပ်ရှားသွားခဲ့တာ။ ဒါပေမယ့် နောက်ဆက်တွဲ စကားကို ကြားပြီးတဲ့နောက်။ လက်ခလယ်ကိုသာ ထောင်ပြလိုက်ချငတော့တယ်။

ဒါပေမယ့် ပင်းယန်ဘက်ကို သူ ပြန်လှည့်တယ်။ အခုချိန်မှာ သူ ဘာလုပ်ရတော့မလဲ။

အပိုင်း(၄၄၅)ပြီး၏။

အပိုင်း (၄၄၆)

“ ယောကျာ်းတစ်ယောက်က ဘာလုပ်သင့်သလဲ။”

နတ်ဆိုးတွေက ဆုတ်ခွာသွားခဲ့ပြီ။ ဖန်ကျန်းရှီ လက်ထဲမှာတော့ ယွင်ချင်းဝူက ဓားစာခံ အဖြစ် ရှိနေခဲ့တယ်။ အကယ်၍ ဖန်ကျန်းရှီသာ သူ့ ကိုယ်သူ အတွက်ပဲ ကြည့်ပြီး။ ပင်းယန်ကို လျစ်လျူရှုလိုက်ရင်။ သူ အသက်ရှင်နိုင် လိမ့်မယ်။ ဒါပေမယ့် ဒီလိုတာဝန်မဲ့တဲ့ လုပ်ရပ်မျိုးကို ဖန်ကျန်းရှှီ မလုပ်နိုင်ဘူး။ သူက အရှက်မဲ့တယ်။ ဒါပေမယ့် ချွတ်ယွင်းချက်ရှိတဲ့ လူတော့ မဟုတ်ဘူး။ ပင်းယန်ကို အခက်အခဲ ကြားထဲမှာ ပြစ်ထားဖို့ကို တစ်ခါမှ မတွေးဖူးဘူး။ ဓားစာခံတွေ လဲမှ ဖြစ်မယ်။ ဒါမှသာ ပင်းယန်လည်း အသက်ရှင်နိုင်မယ်။ ယွင်ချင်းဝူကတော့။ သူ့ ပြိုင်ဘက် ဖြစ်ပေမယ့်။ သူတို့မှာ ပုဂိုလ်ရေးဆိုင်ရာ အငြိုးအတေးမှ မရှိဘဲ။

ဓားစားခံကို လဲလှယ်တာက အရမ်းရိုးရှင်းတယ်။ ယွင်ချင်းဝူကို သူ အန္တရာယ်ကင်းကင်းနဲ့ ပြန်ခေါ် နိုင်မယ်လို့ ။ ဒါတွေက ချန့်ယန်းရဲ့ ယုံကြည်မှုပဲ။

ချန့်ယန်းက ပင်းယန်ကို ကို ထိခိုက်အောင် လုပ်မယ်လို့။ ဖန်ကျန်းရှီ မထင်ဘူး။ ချန့်ယန်းတွေးထား တဲ့ အတိုင်း ဖန်ကျန်းရှီ ကလည်း ပင်းယန်ကို မစွန့်လွှတ်ခဲ့ဘူး။ အဲ့ဒီ့တော့။ ဒီမှာ ဓားစာခံ လဲဖို့ ကိစ္စပဲရှိတော့တယ်။ ဖန်ကျန်းရှီကတော့ မျက်မှောင်ကြုတ်နေခဲ့တယ်။ အခု လက်ရှိ အခြေအနေအရ။ သူက နတ်ဆိုးတွေနဲ့ အတော့်ကို နီးနေသေးတယ်။ အကယ်၍ သူသာ ။ သံတောင်ကုန်း နယ်မြေကနေ ကျော်လွန် သွားမယ်ဆိုရင်တောင်။ သိပ်ပြီးတော့ ဝေးဝေး ပြေးနိုင်မှာ မဟုတ်ဘူး။

ချန့်ယန်း နဲ့လည်း ထိပ်တိုက် တိုက်ခိုက်လို့ မရဘူး။ ချန့်ယန်းက သူ့ထက် နှေးမယ်လို့ မောက်မောက်မာမာ တွေးကြည့်လို့မှ မဖြစ်ပဲ။ ဒါကြောင့်။ ချန့်ယန်းကို အရှိန်နှုန်းနဲ့ အနိုင်မယူ နိုင်ရင် ဘာ ဆက်လုပ်ရမလဲ။ ချန့်ယန်းရဲ့ မျက်လုံးထဲကို သဲတွေ ပြစ်ထည့်ရမလား။ ဒါမှမဟုတ် လက်နက် ပုန်းတွေ သုံးရမလား။ ဖန်ကျန်းရှီ သူ့ အရင်တိုက်ပွဲတွေမှာ သုံးခဲ့တဲ့ နည်းလမ်းတွေကို ပြန်စဉ်းစားနေခဲ့တယ်။ သနားစရာပဲ။ ဒါတွေ တစ်ခုမှ ချန့်ယန်းကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ချန့်ယန်းက မျက်လုံးကန်းနေတယ်။ ပြာတွေ လက်နက်ပုန်းတွေ။ တစ်ခုမှ အသုံးမဝင်တော့ဘူး။

အရင်လို အလောတကြီး လှုပ်ရှားလိုက်ရင် ထိခိုက်မယ့်သူက သူပဲ ဖြစ်လိမ့်မယ်။ အလစ်ဝင်တိုက်တာ ကလည်း အခုအချိန်မှာတော့ အသုံးမဝင်တော့ဘူး။ ချွေးသီးချွေးပေါက်တွေ ဖန်ကျန်းရှီ ရဲ့ နဖူးပေါ်က စီးကျလာခဲ့တယ်။ အလစ်ဝင်တိုက်တာက သူ့ရဲ့ ဂန္တဝင်မြောက် ကျွမ်းကျင်မှုကြီးပဲ။ ဒါပေမယ့် မျက်မမြင် တစ်ယောက်နဲ့ ရင်ဆိုင်ရရင်တော့ ။ ဒါက အသုံးမဝင်တော့ဘူး။ အကယ်၍ သူသာ အလစ်ဝင် မတိုက် နိုင်ဘူးဆိုရင်။ လွတ်မြောက်ဖို့ အခွင့်အရေးကို ဘယ်က သွားရှာရမလဲ။

ချန့်ယန်းနဲ့ ထိပ်တိုက် တွေ့တာကနေ ရှောင်ရှားဖို့ ဘာများ လုပ်ရမလဲ။ (ဘာမှ စဉ်းစားမရတော့ရင်။ ဒီ အတိုင်းပဲ တဇွတ်ထိုး တိုက်ခိုက်ရတော့မှာလား။ မဖြစ်နိုင်တာပဲ) ဒီကိစ္စကို အစတည်းက မစဉ်းစားချင်တာ။ ချန့်ယန်းက ပြန်လည်မွေးဖွားမှု တာအိုအထိ နားလည်နေတဲ့ သုခမိန်တစ်ဝက် နီးပါးကြီး။ သူ့ကို သွားတိုက်ခိုက်တာက ။ ကိုယ့်ကိုယ်ကို သတ်သေ တာနဲ့ အတူူတူပဲ။ အခုကချန့်ယန်းကို လည်း အလစ်ဝင် တိုက်လို့ မရဘူး။ ထိပ်တိုက်လည်း မတွေ့ရဲဘူး။

ဖန်ကျန်းရှီ အရမ်းကို အကြပ်အတည်းအခြေအနေမှာ ရောက်နေတယ်။ ပင်းယန်ကို သူက လူသားဒိုင်းကာ အဖြစ် သုံးလည်း သုံးချင်တယ်။ ဒါပေမယ့် ချီကူယန်က သူ့နောက်မှာ ကပ်နေတာ။ ပင်းယန်က သူတို့ နှစ်ယောက်လုံး အတွက်တော့ ခုခံပေးနိုင်မှာ မဟုတ်ဘူး။ ပိုပြီး အရေးကြီးတာ ချီကူယန်က ပင်းယန်ကို အထိခိုက်ခံမှာ မဟုတ်ဘူးဆိုတာပဲ။ ချီကူယန် မြင်ကွင်းထဲမှာ ရှိနေတာက ကိစ္စကြီး တစ်ခုပဲ။ စဉ်းစားစမ်း။ အခု ဘာလုပ်ရမလဲ။ ဖန်ကျန်းရှီက ချီကူယန်ကို တစ်ချက်ကြည့်တယ်။ သူ့ရဲ့ နေရာကို ချိန်ဆတယ်။ နောက်ဆုံးမှာတော့။ သူ ကောက် ချက်ချလိုက်ပြီ။ ဒီ ဓားစာခံတွေ လဲပြီး တာနဲ့ သူလည်း သေရမှာပဲ။

“ မင်း ပြီးပြီလား။ ငါ့ရဲ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်။” ဖန်ကျန်းရှီ ရဲ့ အတွေးရေယာဉ်ကြီး ကို ချန့်ယန်းနှောက်ယှက်လိုက်တယ်။

“ ဘာဖြစ်လို့ ဒီလောက်တောင် လောနေတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က သေရမှာပဲလေ။ နောက်ဆုံး ဆန္ဒလေး တစ်ခုတော့ရှိသေးတယ်။ ” ဖန်ကျန်းရှှီ ပြန်ဖြေတယ်။

“ ကောင်းပြီ။” ချန့်ယန်း ခေါင်းငြိမ့်တယ်။

“ ငါ့ရဲ့ နောက်ဆုံးဆန္ဒကို ပြောမလို့။ အနားကပ်ခဲ့။ ဒီကောင်တွေကို မကြားစေချင်ဘူး။” ဖန်ကျန်းရှီ က ချီကူယန်ကို ခပ်တိုးတိုး ပြောတယ်။

“ အသုံးမဝင်ဘူး။ ချန့်ယန်းရဲ့ စွမ်းရည်နဲ့ ဆိုရင်။ နင် ဘယ်လောက်တိုးတိုး ပြောပြော သူ အကုန်ကြားတယ်။” ချီကူယန် ပြန်ဖြေတယ်။

“အိုး။” ဖန်ကျန်းရှီ ထိတ်လန့်သွားတယ်။

မျက်မမြင်တွေမှာ အထူး ကောင်းမွန်တဲ့ အကြား စွမ်းရည်တွေ ရှိမှန်း သူကြားဖူးတယ်။ ဒါပေမယ့် ချန့်ယန်းရဲ့ အစွမ်းက ဒီလောက်ထိ သက်ရောက်မှု ရှိမယ်လို့ မထင်ထားမိဘူး။ ပြောနိုင်တာတစ်ခုရှိတယ်။ ချီကူယန်က ဘယ်တော့မှ မလိမ်ဘူး။ မသေခင်ဆန္ဒတစ်ခုတဲ့။ ဒါမျိုးကို တွေးတောင် မတွေးဖူးဘူး။ တကယ်တော့ ချီကူယန် နဲ့ အစီအစဉ်လေး ဆွေးနွေးချင်တာ။ ချန့်ယန်းမကြားနိုင် လောက်ဘူးထင်ပြီးတော့ ဒီလို လုပ်မလို့ပေါ့။ အခုတော့ ချန့်ယန်း က ကြားနိုင်နေရင်။ ဒါက ကိုယ့်ကိုယ်ကို သတ်သေတာပဲ ဖြစ်အုန်းမှာ ။ သူတွေးနေတဲ့ အချိန်မှာပဲ။ ချောမွေ့တဲ့ လက်တစ်ဖက်က သူ့ ရှေ့မှာ ပေါ်လာတယ်။ အသေးစိတ်ကျတဲ့ ထိပ်တန်းပန်းပုလက်ရာ တစ်ခုလို လက်တစ်ဖက်ပဲ။

“ နင် ပြောလို့မရပေမယ့်။ ရေးလို့တော့ရတယ်လေ။” ချီကူယန်က ဖန်ကျန်းရှီကို မကြည့်ဘူး။ တည်တည်ငြိမ်ငြိမ်ပဲ လက်ကို ဆန့်တန်းထားခဲ့တယ်။

“ အဟမ်း။” ဖန်ကျန်းရှီ လည်ချောင်းရှင်းလိုက်တယ်။ ဒီ နည်းလမ်းကို သူ မတွေးမိဘူး။ ဒါပေမယ့် လည်း ချီကူယန် ရဲ့ အဆိုပြုချက်ကိုတော့ သူလည်း ပယ်မချရက်ပါဘူး။ နောက်ဆုံးတော့လည်း သူက ယောကျာ်းတစ်ယောက်ပဲလေ။ ဆုံးဖြတ်ဖို့ လိုအပ်တယ်။ မြန်မြန်ဆန်ဆန် အစဆွဲထုတ်ပြီးတော့ ။ မှန်တဲ့ ကိစ္စကို လုပ်ရမယ် ။ ကိုယ့်အတွက် သက်တောင့် သက်သာ မဖြစ်ရင်တောင်မှ ပေါ့။ နောက်ပြီးတော့။ ရန်သူ နဲ့ ရင်ဆိုင်ရမယ့် အချိန်မှာ။ တစ်ခါတစ်လေတော့။ စတေးရမယ်လေ။ ဖန်ကျန်းရှီက ချီကူယန်ရဲ့ လက်ကို ဆွဲပြီးတော့ ထိတွေ့ နေခဲ့တယ်။ ချောမွေ့နူးညံ့ပြီးတော့ နွေးထွေးနေတယ်။ ချီကူယန်ရဲ့ ခန္ဒာကိုယ်က တုန်ယင်နေတယ်။ ဒါပေမယ့် သူမရဲ့ လက်ကို ပြန် ရုပ်ဖို့တော့ စိတ်ကူးရှိတဲ့ ပုံမတူဘူး။ သူမက အတော်လေးကို တည်ငြိမ်နေတယ်။ စစ်တပ်မိသားစု တစ်ခုမှာ မွေးဖွားပြီး။ စစ်သည်တော်တွေကြားမှာ ကြီးပျင်းလာတဲ့ လူတစ်ယောက် အနေနဲ့။ သူမက မိန်ကလေး တစ်ယောက် ဖြစ်ပေမယ့်။ စစ်သည်တော်လို့ပဲ သူမကိုယ် သူမ မှတ်ယူထားတာ။

…

သံတောင်ကုန်းဒေသ ရဲ့ နံရံပေါ်မှာ။ မရေမတွက်နိုင်တဲ့ မျက်လုံးတွေက။ ဂိတ်တံခါးက လူတစ်ချို့ကို ကြည့်နေတယ်။ အများစုကတော့ ချီကူယန်နဲ့ ဖန်ကျန်းရှီကို ကြည့်နေကြတာ။ နဂါးတပ်ဖွဲ့ ရဲ့ မျက်လုံး တွေကတော့ ပြူးကျယ်နေတယ်။ တောင်ဖြိုတပ်ဖွဲ့ ကတော့ ပါးစပ် အဟောင်းသား နဲ့ ကြည့်နေခဲ့တယ်။ တောင်ပိုင်းဒေသ စစ်သည်တော်တွေက သူတို့ရဲ့ လှံတွေကိုတောင် ပြစ်ချ ချင်နေကြပြီ။ သူတို့ထဲက တစ်ယောက်ကမှ ဒီလိုတွေကို မြင်နေရမယ်လို့ မတွေးထားခဲ့ဘူး။

အစတည်းက ဖန်ကျန်းရှီပြောတာ မကျယ်လောင်တဲ့ အတွက်။ သူတို့လည်း မကြားနိုင်ဘူး။ ဒါကြောင့်။ အခုချိန် အောက်မှာ ဘာတွေ ဖြစ်နေလဲ သူတို့ နားမလည်တာ ပုံမှန်ပဲလေ။ သူမက နိုင်ငံ့ ဂုဏ်ကျက်သရေ။ ချီကူယန်လေ။ ကြယ်တွေလို တောက်ပတဲ့ သူ။ ဒါဆို ဘာကြောင့်များ။ ဖန်ကျန်းရှီကို သူမ လက် ပေးကိုင် ထားတာလဲ။

နဂါးတပ်ဖွဲ့နဲ့ တောင်ဖြိုတပ်ဖွဲ့ ကတော့။ ချီကူယန်နဲ့ ဖန်ကျန်းရှီကြားမှာ အထူးရင်းနှီးမှု ရှိမှန်း သူတို့ သိတယ်။ ဒါပေမယ့် တောင်ပိုင်းဒေသ စစ်သည်တော်တွေကတော့ မသိဘူး။ သူတို့သိတာ။ ချီကူယန်က ကောင်းကင်နိမိတ်စကား အရ အားလုံးရဲ့ အထက်မှာရှိနေရမယ့်သူ။ ကြီးမြတ်သောရှမင်းဆက်ရဲ့ အနာဂတ် စစ်တပ် အုပ်ချုပ်သူ။ အနာဂတ်မှာ တော်ဝင်မိသားစုတောင် ဖြစ်လာနိုင်သေးတယ်။

“ ငါ့ မျက်လုံးတွေ အမြင်မှောက်နေတာလား။”

“ မဟုတ်ဘူး။ ငါလည်း မြင်နေရတယ်။ ”

“ ဖန်ကျန်းရှီ က အထူးတလည် မြင့်မားတဲ့ ပါရမီရှိနေပြီးတော့။ ချီကူယန်က ထူးခြားပေမယ့်။ သူတို့က လက်မှ မထပ်ရသေးပဲ။”

တောင်ပိုင်းဒေသ စစ်သည်တော်တွေ မယုံနိုင်။ ရှန်းယွီမင်းသမီးကတော့ အံကြိတ်ရင်း နဲ့ နှုတ်ခမ်းကို ကိုက်ထားခဲ့တယ်။ သူမကတော့ နည်းနည်းလန့်နေတဲ့ပုံပဲ။ ဒါပေမယ့် တခြားသော စိတ်ခံစားချက်တွေပါ ရောထွေးနေခဲ့တယ်။ နန်ကုန်းဟောင်က လည်း ချီကူယန် နဲ့ ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ သူ့ကြည့်ရတာ သိပ်ပြီးတော့ အံံ့သြတဲ့ ပုံစံ မပေါ်ဘူး။ ညကောင်းကင်က မှောင်မိုက်နေတုန်းပဲ။ စစ်ပွဲကြီး ရပ်တန့်ပြီးတော့။ နတ်ဆိုး တွေ ဆုတ်ခွာသွားတာ အချိန်သိပ်မကြာသေးဘူး။ ဒါပေမယ့် နေထွက်လာဖို့တော့ အချိန်လိုသေးတယ်။

“ နင် ဘာလို့ အခုထိ ဘာမှ မရေးသေးတာလဲ။”

“ အိုး ဟုတ်သား။ ငါ ရေးရမယ်။ ဒါပေမယ့် ဘာရေးရမလဲ။” ဖန်ကျန်းရှှီ မေးရင်းနဲ့ တွေးတောနေခဲ့တယ်။

“ အရှက်မရှိလိုက်တာ။” ချီကူယန်က ဖန်ကျန်းရှီ အကျင့် စရိုက်ကို သိတယ်။ ဒါပေမယ့် သူမ စိတ်မထိန်း နိုင်ပဲ။ မြည်တွန်တောက်တီးတော့တယ်။ အပြောင်းအလဲတွေကို ချန့်ယန်းလည်း ကြားနေရတယ်။

“ နောက်ထပ် အချိန် မဖြုန်းတော့ရအောင်။ ငါတို့ တွေ လဲ ကြမယ်။” ချန့်ယန်းက ဘာတွေ ဖြစ်နေမှန်း မမြင်ရပေမယ့်။ ကောင်းကောင်းကြားနိုင်တယ်လေ။

“ နောက်ဆုံးဆန္ဒ လေးကိုတောင် မရေးရသေးဘူးလေ။ လူမှန်ရင်။ ကတိမဖျက်ရဘူး။ ” ဖန်ကျန်းရှီ ခေါင်းခါနေခဲ့တယ်။

“ ဟဟား။ ငါက နတ်ဆိုးလေ။ လူမှ မဟုတ်ဘဲ။ ” ချန့်ယန်း ပြုံးနေခဲ့တယ်။ ဖန်ကျန်းရှှီ အချိန် ဆွဲဖို့ ကြိုးစားနေမှန်း သူသိသားပဲ။ အချိန်ပိုကြာလေလေ။ နတ်ဆိုးတွေ အတွက် ဆုံးရှုံးမှု များလေပဲ။

“ အချိန် နှစ်နာရီပေး။” ဖန်ကျန်းရှီ ကမ်းလှမ်းတယ်။

“ ငါ တစ်ဆယ်အထိ ရေမယ်။ အဲ့ဒီ့အချိန် အထိ ငါတို့ ဓားစာခံ မလဲ ရသေးရင်။ သူ့ကို သတ်မယ်။” ချန့်ယန်းမှာ ညှိုနှိုင်းဖို့ စိတ်ကူးမရှိဘူး။

“ ကောင်းပြီ ကောင်းပြီ၊ ငလူးပဲ။ ဘာတွေလောနေတာလဲ။ အချိန်မတိုင်ခင် ဖျက်လိုဖျက်စီး ဖြစ်လိုက်တာ။” ဖန်ကျန်းရှီ စပြီးတော့ ရေးရင်းနဲ့ သက်ပြင်းချနေတယ်။

“ တစ်ဆယ်။ ”

“ကိုး…”

“…”

“တစ်”

“ ခနလေး ခနလေး။ မပြီးသေးလို့။ နောက် နောက်တစ်ခေါက်လောက် ပြန်ရေပါအုန်း ။” ဖန်ကျန်းရှီ စိတ် ရှုပ်ရှုပ်နဲ့ ပြောနေတယ်။

“ဟန့်။” ချန့်ယန်း အေးစက်စက် နှာမှုတ်လိုက်တယ်။ ဖန်ကျန်းရှီ ဒီလောက် ထိ အချိန်ဆွဲတာ လွန်လွန်နေပြီ။ ချန့်ယန်း လက်ချောင်းတွေကို လှုပ်ရှားလိုက်တယ်။

“ အား….” ပင်းယန် နာနာကျင်ကျင် အော်ဟစ်တယ်။ သူမ ကြည့်ရတာ အသက်ရှူကြပ်လာတဲ့ ပုံစံပဲ ။

“ဖန်ကျန်းရှီ။ …. နင် …. အရှက်မရှိတဲ့ ကောင်။ ငါ သေ တော့မယ်။ ငါ …. သေ ရင်…. နင့်ကို …. တသက်လုံး …. လိုက်ခြောက်မှာ။”

“ ခန ။ ခနလေး။ ဓားစာခံတွေ လဲမယ် ဆိုရင်။ အန္တရာယ် ကင်းတဲ့ နည်းလမ်း တစ်ခုလောက် ရှာသင့်တယ်။ ” အော်သံကို ကြားတော့ ဖန်ကျန်းရှီ စိုးရိမ်တကြီးနဲ့ ပြောတယ်။ တကယ်တော့ ။ သူ ဆုံးဖြတ်လိုက်ပြီးပြီ။ အချိန်ဆွဲရမယ်။ ဝေ့လည်ကြောင်ပတ် လုပ်ရမယ်။ စစ်ကူတွေ မရောက်ခင် အထိ အချိန်ဆွဲထားနိုင်ရင်။ အသက်ရှင်ဖို့ အခွင့်အရေး ရှိလိမ့်မယ်။ အချိန်ကြာကြာဆွဲနိုင်လေ။ အခွင့်အရေး များလေပဲ။ သူ့ရဲ့ အခွင့်အရေးက အတော့်ကို နည်းပါးတယ်။

သူ့စိတ်ကို ဆုံးဖြတ်ထားခဲ့တယ်။ ချန့်ယန်း ဘယ်လိုပဲ ခြိမ်းခြောက်ပါစေ။ ငြင်းပယ်မယ်။ ပြီးရင်။ မဖြစ်နိုင်တာမျိုးတွေ တောင်းဆိုမယ်။ ဥပမာ ။ ပင်းယန် ကို အရင် လွှတ်ပေးခိုင်းတာမျိုုးလို ။ ဘယ်သူက အရင် သဘောတူမလဲ။ ဒါက ချန့်ယန်း ရဲ့ အတွေးလေ။ နောက်ပြီးတော့ ဖန်ကျန်းရှီ လက်လှုပ်လိုက်တာ နဲ့ ထွင်းဖောက် မြင်နေတဲ့ ပုံစံမျိုး။

“အားးး…. ငါ … ငါ …. ” ပင်းယန် ရဲ့ မျက်နှာက ခရမ်း ချဉ်သီးလို ရဲရဲနီနေခဲ့ပြီ။ နှုတ်ခမ်းတွေလည်း ပြာနှမ်းနေခဲ့တယ်။ သူမ အသက်ရှူကြပ်နေတဲ့ ပုံပဲ။

“ ကောင်းပြီ။ ငါတို့ အခု လဲကြမယ်။” ဖန်ကျန်းရှှီ တကယ့်ကို စိတ်ပူနေပြီ။

“အင်း။ ” ချန့်ယန်း ခေါင်းငြိမ့်ပြီးနောက်။ ရပ်တန့်လိုက်တယ်။

“ အဟွတ်။ အဟွတ် ။ ဖဖန်ကျန်းရှီ ။ အရှက်မရှိတဲ့ကောင်။ နင့်ကိုလည်း ဒီလို ခံစားရအောင် လုပ်မယ်။ ” ပင်းယန်က အတော့်ကို ဒေါသထွက်နေတာ ။ ဖန်ကျန်းရှှီ ကတော့ စိတ်ထဲ ခါးသက်သက် ဖြစ်နေခဲ့တယ်။ သူလည်း သိချင်ပါသေးတယ်။ ဒါပေမယ့် ဒီလို ဓားစာခံတွေ လဲတာ ပြီးသွားရင်။ သူက အသတ်ခံရမှာလေ။ အခုချိန်မှာ သူ ဘာလုပ်ရမလဲ။

အချိန် ထပ်ဆွဲလို့လညဲ မ ဖြစ်ဘူး။ အချိန်ထပ်မဆွဲရင်လည်း အသတ်ခံရတော့မယ်။ ဘာပဲ ဖြစ်ဖြစ် ဆက်လုပ်ရမယ်။ ဓားစာခံလဲကို လဲရမယ်။ ဒါပေမယ့် စစ်ကူရောက်လာမှပဲ လဲမယ်။ အခုတော့ ယွင်ချင်းဝူကို ချန့်ယန်း လက်ထဲ မထည့်ပေးနိုင်ဘူး။ သူမက သူ့ရဲ့ ဝှက်ဖဲပဲ။

“ ယွင်ချင်းဝူကို ကြည့်ထား။” ဖန်ကျန်းရှီ အံကြိတ်ရင်း။ ချီကူယန်ကို ပြောတယ်။ သူမရဲ့ လက်ကို လွှတ်ပေးရင်း.။ ချန့်ယန်းဆီကို လျှောက်လာခဲ့တယ်။ ဖန်ကျန်းရှီ က သူမလက်ကို လွှတ်လိုက်တော့။ ချီကူယန်ရဲ့ အမူအယာ ပြောင်းလဲ သွားခဲ့တယ်။

“ အရှက်မရှိတဲ့ ကောင်။ ပြန် လာခဲ့။ ချန့်ယန်း ရဲ့ အဓိက ပြစ်မှတ်က နင်ပဲ။ ယွင်ချင်းဝူကို ငါပဲ ခေါ်သွားပေးလိုက်မယ်။” ဖန်ကျန်းရှီ လုပ်နေတာကို ချီကူယန် သိတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက အရမ်းကို မြန်မြန်ဆန်ဆန် လှုပ်ရှားသွားတာ။ ဖန်ကျန်းရှီကို သူ မ တားချင်ပေမယ့်။ ဖန်ကျန်းရှီက သွားနှင့်ပြီ။ စကားပြောချိန်တောင် မရလိုက်ဘူး။ သူမလိုက်သွားလို့လည်း မဖြစ်ဘူးလေ။ ယွင်ချင်းဝူကို တစ်ယောက်ထဲ ထားခဲ့လို့ မဖြစ်ဘူး။

“ ဟဟား ….။ ကောင်းကင်တာအိုကို သိတယ်ဆိုတာ ခင်ဗျားလား။” ဖန်ကျန်းရှီ ရယ်မော လှောင် ပြောင် နေခဲ့တယ်။ ချန့်ယန်းက သူ့ကို ပြစ်မှတ်ထားနေတာ သူသိသားပဲ။ ဒါပေမယ့် ချီကူယန်ကို သူ့ အတွက်တော့ မစွန့်စားစေချင်ဘူး။ ပင်းယန်ကလည်း သူ့ကို ကယ်ဖို့ ကြိုးစားရင်းနဲ့ အဖမ်းခံလိုက်ရတာ။

အပိုင်း(၄၄၆)ပြီး၏။

အပိုင်း(၄၄၇)

“ ဒါက (အနောက်အရပ်သို့ ခရီးသွားခြင်း)ကို ခေတ်ဟောင်းပုံစံ ပြန်ရိုက်နေရသလိုပဲ။”

“ သုခမိန် တစ်ဝက်လေး တစ်ယောက်ပဲ။ နှစ်ယောက် ၊ သုံးယောက်ရှိနေတာလည်း မဟုတ်ဘူး။ တစ်ယောက်တည်း။ ဖိအားက …. အားးး” ဖန်ကျန်းရှီ နှုတ်ခမ်းတွေကို တွန့်ကွေးရင်းနဲ့ ပြောနေခဲ့တယ်။ သူ့ ဆုံးဖြတ်ချက်ကို နောင်တ ရနေခဲ့ပြီ။ ဒါပေမယ့် အခုချိန်မှာတော့ နောက်ဆုတ်လို့ မရတော့ဘူး။

“ သတ် … သတ်လိုက။် ”

“ ငါတို့ အရှင်သခင်ငယ် အတွက် လက်စားချေရမယ်။ တစ်ခါတည်း အပြတ်ရှင်းလိုက်။”

“ သေ ”

“ သေ”

နတ်ဆိုးတွေ။ ဖန်ကျန်းရှီ လျှောက်လာ တာကိုမြင်တော့ သူတို့တွေ အသားကုန်အော်ဟစ်ကြတော့တယ်။ သူတို့ ရဲ့ အသံတွေက မြေကမ္ဘာကိုတောင် တုန်လှုပ်စေတယ်။ သံတောင်ကုန်း နယ်မြေရဲ့ နံရံတွေပေါ်မှာ.။

လူတိုင်းက ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။ သူတို့ ရဲ့ စိတ်ထဲမှာ အတွေး တစ်ခုပဲ ရှိတယ်။ ဖန်ကျန်းရှီက တကယ့်ကို သတ္တိရှိပြီးတော့။ သေရမှာကို မကြောက်ဘူး။ လောကကြီးတစ်ခုလုံးက အရမ်းကို တိတ်ဆိတ်ငြိမ်သက်သွားခဲ့တယ်။ အချိန်တွေတောင်ရပ်တန့်သွားသလိုပဲ။ ကျန်ရစ်နေတာကတော့ စစ်မြေပြင်မှာ ရှိနေတဲ့ လူတွေပဲ။

ဂုဏ်ယူဝံ့ကြွားနေတယ်။ တည်ငြိမ်တယ်။ သေရမှာကို မကြောက်ဘူး။ ဒါပေမယ့် ဒီလို အရှိန်အဝါ မျိုးက ဖန်ကျန်းရှီ နဲ့ သိပ်ပြီးတော့ မလိုက်ဖက်ဘူး။ ရလဒ် အနေနဲ့ ကတော့ သူတို့ အားလုံး မျက်လုံး အဝိုင်းသား နဲ့ ကြည့်နေရတာပဲ။ ဖန်ကျန်းရှီ လုပ်နေတာကို သူတို့ သိတယ်လေ။ ဒါပေမယ့် ဖန်ကျန်းရှီ တကယ်တမ်း ရှေ့ထွက်လာကို ။ သူတို့ မယုံနိုင်သေးဘူး။

“ ဒီလောက် အရှက်မရှိတဲ့ လူက။ သေရမှာလဲ ကြောက်သင့်တယ်လေ။ ဒါပေမယ့် အခုလို အကြပ်အတည်း ဖြစ်နေတဲ့ အချိန်မျိုးမှာ ဘာလို့များ ဒီလောက်ထိ သတ္တိရှိနေတာလဲ။ ” ရှန်းယွီ မင်းသမီး တကယ့်ကို မယုံနိုင်ဘူး။ တောင်ပိုင်းဒေသရဲ့ ကံကြမ္မာက ဖန်ကျန်းရှီ ရဲ့ ပုခုံးပေါ်မှာ ရောက်နေမယ် လို့။ ဖန်ကျန်းရှီကို သူမ မေးလိုက်ချင်တယ်။ ဘာလို့များ သူ့ကိုယ်သူ စတေးနေတာလဲ။ အဆုံးသတ်က ဘာဖြစ်မလဲ။ ပိုက်ဆံလား။ စွမ်းအားလား။ လှပတဲ့ အမျိုးသမီးတွေကို ပိုင်ဆိုင်ရတာလား။ အကယ်၍ သူ့အသက်ကိုသာ ဆုံးရှုံးသွားရင်။ ဒါတွေ တစ်ခုမှ ဘယ် ဖြစ်လာနိုင်မလဲ။

ရဲစွမ်းသတ္တိရှိတယ်။ အကြောက်အလန့်ကင်းတယ်။ ဂုဏ်အရှိန်အဝါတောက်ပနေတယ်။ ဒါတွေက တောင်ပိုင်းဒေသ စစ်သည်တော်တွေ လေးစားတဲ့ ဂုဏ်ရည်တွေပဲ။ ဒါပေမယ့် တောင်ပိုင်းဒေသ ရဲ့ စစ်သည်တော် တွေဆီမှာ။ ဒီလို အရှိန်အဝါ မျိုးကို သူမ မတွေ့ခဲ့ရတာ ကြာပြီ။ ဖြစ်နိုင်တာက။ သူမရဲ့ ဘေး မှာရှိနေတဲ့ ယောကျာ်းသားတွေထက်ကို သူမက အများကြီး သန်မာနေတာကြောင့်လည်း ပါမှာပေါ့လေ။ ဒါပေမယ့ အခုတော့။ စစ်မြေပြင် အလယ်မှာ ရပ်နေတဲ့ လူရိပ်ကနေ မြင့်မားတဲ့ အရှိန်အဝါတွေကို ခံစားနေရတယ်။ အတော့်ကို ထူးဆန်းတဲ့ ခံစားချက်ပဲ။ သူမကို တုန်ယင်လာစေတယ်။ သူမ ငိုချင်လာမိတယ်။ အဲ့ဒီ့နောက်။ ရှန်းယွီမင်းသမီး ငိုကြွေးတော့တယ်။

“ အရှက် … အရှက်မရှိတဲ့ ကောင်စုတ်။” ရှန်းယွီ ရဲ့ အော်သံ လေထဲမှာ ထွက်ပေါ်လာခဲ့တယ်။ သူမရဲ့ အသံက ဒေါသတွေနဲ့ ပြည့်နက်နေတယ်။ ရှန်လင်းနဲ့ တခြားသော နယ်မြေမှူးတွေလဲ ခါးသက်သက် ပြုံးနေခဲ့တယ်။ ဖန်ကျန်းရှီက ဟုတ်တိပတ္တိလုပ်ပြီးတော့မှ ထဖောက်သွားတာလေ။ ခြေလှမ်းနည်းနည်းလောက် လျှောက်ပြီးတဲ့နောက်။ နောက်ပြန်လှည့်ပြီးတော့။ သံတောင်ကုန်း နယ်မြေထဲကို ကြောက်လန့်နေတဲ့ ယုန်လေးတစ်ကောင်လို ပြေးသွားတော့တယ်။

“ အရှက်မရှိလိုက်တာ။”

“ လုံးဝကို အရှက်မရှိတာပဲ။”

“ ဒီလိုလူမျိုးလည်း လောကမှာ ရှိနေသေးတယ်လား။”

တောင်ပိုင်းဒေသ စစ်သည်တော်တွေ ကတော့။ ဖန်ကျန်းရှီကို မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံး တွေနဲ့ ကြည့်နေကြတယ်။ သူတို့တွေက လှံတွေကို အသင့်ပြင်လိုက်ကြတယ်။ ဒီကောင် ဘယ် ကနေ လာတာလဲ။ သူတို့တွေကို အာမခံချက် ပေးပြီးတော့မှ အခုချိန်မှာ သောက်တလွဲလုပ်ချသွားပြီ။ ချီကူယန်ကိုတောင် နောက်မှာ ချန်ခဲ့တယ်။ ဒီကောင် ဘယ်လောက်ပဲ အရှက်မရှိပါစေ။ ကန့်သတ်ချက်တော့ ရှိသင့်တယ်မလား။

“ ဖန်ကျန်းရှီ…. အရှက်မရှိတဲ့ ကောင်စုတ်။ ငါနဲ့ ယန်လေးကို ထားရစ်ခဲ့တယ်။ နင်… နင့်ကို တစ်သက်လုံး အလွတ်မပေးဘူး။” ဖန်ကျန်းရှီ ထွက်လာတာ မြင်တော့။ ပင်းယန်တောင် စိတ်ထိခိုက်သွားသေးတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ။ ပြန်ထွက်ပြေးတော့တယ်။ အရမ်းကို ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား နဲ့ လုပ်သွားတာပဲ။ ချီကူယန်ကို ရှေ့ တွန်းပို့တယ်။ ပြန်ပတ်ပြေး တယ်။ ဒေသထဲကို ပြေးဝင်တယ်။ ပိုပြီး အရေးကြီးတာက။ သူ အော်ဟစ်သွားတာပဲ။

“ဂိတ်တံခါးကို ဖွင့်လိုက်။”

“ ဂိတ်တံခါးကို ဖွင့်လိုက်။”

“ …”

ဒါက သည်းမခံနိုင်စရာပဲ။ ပင်းယန်တော့ ဖန်ကျန်းရှီကို နုတ်နုတ်စင်းပြစ်ချင်နေပြီ။ ချီကူယန် တောင် မယုံကြည်နိုင်ပဲ မျက်လုံး ပြူးသွားခဲ့တယ်။ ဒါပေမယ့် သူမ မလှုပ်ရှားခဲ့ဘူး။ ယွင်ချင်းဝူက သူမ လက်ထဲမှာလေ။ ဒါကြောင့် သူမ လှုပ်ရှားလို့ မရဘူး။ ဖန်ကျန်းရှီ ဘာပဲ လုပ်လုပ်။ သူမ ဆက်ပြီး ရပ်နေဖို့ လိုတယ်။

“ အသုံးမကျတဲ့ ကောင်”

“ သူရဲဘောကြောင်တဲ့ ကောင်။”

“ ကြီးမြတ်သော ရှမင်းဆက်မှာ မင်းလို သူရဲဘောကြောင်တဲ့ မရှိဘူး။ ငါတို့ နိုင်ငံသားလို့တောင် မင်းကို မသတ်မှတ်နိုင်ဘူး။”

နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြို တပ်ဖွဲ့ တို့ စိတ်မထိန်းနိုင်တော့တာကြောင့်။ အော်ဟစ်ကြိမ်းမောင်းတော့တယ်။ သူတို့တွေ ဖန်ကျန်းရှီကို တော်တော်လေး စိတ်ပျက်နေကြပြီ။ အခုပဲ လိမ်ဆင်ကြီးတစ်ခုထဲ ကျရောက်သွား သလိုပဲ။ အကယ်၍ ဖန်ကျန်းရှီသာ သေရမှာကို ကြောက်ရင်။ ယွင်ချင်းဝူကိုဖမ်းဖို့ မကြိုးစားသင့်ဘူးလေ။ ချီကူယန် ကို လည်း ချန့်ယန်း နဲ့ တိုက်ခိုက်ခိုင်းတာမျိုး မလုပ်သင့်ဘူး။ တခြားနည်းလမ်းနဲ့ အချိန် ဆွဲနိုင်တယ်လေ။ ဒါပေမယ့် အခုတော့။ ဒီလုပ်ရပ်တွေ အားလုံးက သူ လွတ်မြောက်ဖို့ အတွက်တဲ့လား။ ချီကူယန်ကို စစ်မြေပြင်မှာ ချန်ထားခဲ့ပြီးတော့လေ။ နောက်ပြီးတော့ ပင်းယန် လည်း ရှိနေတယ်။

ပင်းယန်ဆိုတာ မင်းသမီး။ နောက်ပြီးတော့ ကြီးမြတ်သောရှမင်းဆက်ရဲ့ အဖိုးတန် ။ ပိုပြီး အရေးကြီးတာ ဖန်ကျန်းရှီ အတွက်နဲ့။ သူမ အသက်ကိုတောင် စွန့်စားခဲ့တာလေ။ နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြိုတပ်ဖွဲ့ တို့က အတော်လေး ဒေါသထွက်နေတယ်။ ဖန်ကျန်းရှီကြောင့် သူတို့ တကယ့်ကို မျက်နှာ ပျက်ရတယ်။ ဒီလိုလူနဲ့ ဆက်ပြီးတော့ ပတ်သက်ရရင်။ သူတို့ ဆက်ပြီး ခေါင်းဖော်နိုင်မှာတောင် မဟုတ်တော့ဘူး။

“ အဖေ။ ဂိတ်တံခါး…” ရှင်ချင်းစွေ့ ခါးသက်သက်ပြုံးနေခဲ့တယ်။ နီးကပ်လာတဲ့ ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။

“ အမိန့်ချလိုက်။ တံခါးဖွင့်…” ရှင်းယွမ်ကောင်းအမိန့်ချလိုက်တယ်။

“ ဘာကြောင့်လဲ။ အရှင်။ ဒီလို သူရဲဘောကြောင်တဲ့ လူတစ်ယောက်ကို ဘာကြောင့်များ ဂိတ်တံခါး ဖွင့်ပေးရမှာလဲ။.”

“ အမှန်ပဲ။ ဒီလို လူကို မသိခဲ့သင့်ဘူး။”

“ ဒီလို အရှက်မရှိတဲ့ သူရဲဘောကြောင်တဲ့ ကောင်ကို ။ နတ်ဆိုးတွေလက်ထဲ သာ အပ်လိုက်တော့။ ကျွန်တော်တို့ရဲ့ ကြီးမြတ်သော ရှမင်းဆက်ကို သိက္ခာနေတာပဲ။”

ကြီးမြတ်သော ရှမင်းဆက်က စစ်သည်တော်တွေ ။ ရှင်းယွမ်ကောင်း ရဲ့ အမိန့်ကိုကြားတော့ သူတို့ လက်မခံချင်ကြဘူး။

“ ပါးစပ်ပိတ်ထားစမ်း။ တံခါးကို ဖွင့်လိုက်။” ရှင်းယွမ်ကောင်းမျက်မှောင်ကြုတ်သွားသလို။ လေသံလည်း ပြောင်းသွားခဲ့တယ်။

“ အမိန့်တော် အတိုင်းပါ။” တောင်ဖြိုတပ်ဖွဲ့ ရဲ့ စစ်သည်တော်တွေက စိတ်မချမ်းသာကြပေမယ့်။ ပါးစပ်ပိတ်ပြီး အမိန့်ကို လိုက်နာခဲ့တယ်။

ဖန်ကျန်းရှီ ရဲ့ အလောတကြီး အော်သံကို ကြားပြီးတဲ့နောက်။ စစ်သည်တော်တွေ စိတ်မချမ်းသာ ကြပေမယ့်။ ရှင်းယွမ်ကောင်းရဲ့ အမိန့်ကိုလည်း မလွန်ဆန်ဝံ့ကြဘူး။

“ ခရက်… ခရက်…”

အသံကျယ်ကြီးနဲ့ အတူ။ ဂိတ်တံခါးလည်း ပွင့်လာခဲ့တယ်။ ချန့်ယန်းရဲ့ အမူအယာကတော့ အတော့်ကို ပျက်ယွင်းနေပြီ။ သူ့ရဲ့ အမူအယာက။ ဖန်ကျန်းရှီ လှည့်ပြေးတည်းက ပျက်ယွင်းနေခဲ့တာ။ သူ့ရဲ့ တည်ငြိမ်နေတဲ့ အမူအယာကတော့ လုံးဝကို ပျောက်ကွယ်သွားပြီ။ ချန့်ယန်း မျက်မှောင်ကြုတ်ထားခဲ့တယ်။ သူ့ရဲ့ ကောင်းကင်ပြာရောင် ဝတ်ရုံက လေထဲမှာ တဖျပ်ဖျပ် လွင့်နေခဲ့တယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်းနဲ့။ တစ်ခုခု လုပ်ဖို့ ပြင်ဆင်နေခဲ့တယ်။ နောက်ဆုံးတော့။ သံတောင်ကုန်းဒေသ ဂိတ်တံခါးဆီကို အရှိန်ပြင်းပြင်းနဲ့ ပြေးဝင်သွားခဲ့တယ်။

“ ကောင်းတယ်။ အရမ်းကောင်းတယ်။ ဖန်ကျန်းရှီ။ မင်းက တကယ့်ကို နတ်ဆိုးတွေ အတွက် အန္တရာယ် ကောင်ပဲ။” ချန့်ယန်းရဲ့ တုန်ယင်နေတဲ့ အသံ ထွက်ပေါ်လာတယ်။ နောက်ဆုံးတော့ သူ ဆုံးဖြတ်ချက် ချလိုက်ပြီ။ သူ့နေရာကနေ ပျောက်ကွယ်သွားတယ်။ လေထုနဲ့ အတူ မျောပါ သွားသလိုပဲ၊

မျက်တောင်တစ်ခတ် အတွင်းမှာပဲ။ ဖန်ကျန်းရှီ ရဲ့ ရှေ့ကို ချန့်ယန်း ရောက်လာခဲ့တယ်။ အပြာဖျော့ရောင် အလင်းတန်း အတိုင်း သူ လမ်းလျှောက်လာသလိုပဲ။ (တကယ်တော့ လျင်မြန်လွန်းလှတဲ့ လှုပ်ရှားမှုကြောင့်။ သူ့ဝတ်ရုံကိုသာ မြင်ရတာ ) ဖွေးဖွေးဖြူနေတဲ့ ငွေရောင် ဆံပင်တွေ နဲ့ အိုမင်းနေတဲ့ မျက်နှာက ထင်ထင်ရှားရှား မြင်သာနေခဲ့တယ်။

“ မြန်လိုက်တာ။”

“ ဒါက သုခမိန် တစ်ဝက် တစ်ယောက်ရဲ့ စွမ်းအားလား။”

“ ပြန်လည်မွေးဖွားမှု တာအိုဆိုတာ ဒါပဲ။ ဖန်ကျန်းရှီ မလွတ်နိုင်တော့ဘူး။”

“အမှန်ပဲ။ ဒါပေမယ့် ငါ တစ်ခုတော့ နားမလည်တာရှိတယ်။ ဘာလို့ ချန့်ယန်းက ဖန်ကျန်းရှီကို နတ်ဆိုးတွေရဲ့ အကြီးဆုံး အန္တရာယ်လို့ ခေါ်နေတာလဲ။ ဒီလို အရှက်မရှိ သူရဲဘောကြောင်တဲ့ ကောင်က ဘာများ လုပ်နိုင်မှာလဲ။”

နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြိုတပ်ဖွဲ့ က စစ်သည်တော်တွေ စိတ်ရှုပ်ထွေးနေကြတယ်။

“ ပင်းယန် မင်းသမီးကို မြင်ရင်။ မင်းနားလည်သွားလိမ့်မယ်။” နန်ကုန်းဟောင် က ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း နဲ့ ပြောတယ်။ ရှင်းယွမ်ကောင်းလည်း သူ့ ဓားကို ဆုပ် ကိုင် ထားခဲံတယ်။ သူ့ရဲ့ ခရမ်းရောင် ဝတ်ရုံက လေထဲမှာ လွင့်မျောနေခဲ့တယ်။ ဒီတောက်ပမှုက ရှင်းယွမ်ကောင်း ရဲ့ တိုက်ပွဲ ဝိဉာဉ်ကို ကိုယ်စားပြုနေတယ်။

နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြို တပ်ဖွဲ့က စစ်သည်တော်တွေ မျက်လုံးပြူးကုန်ကြတယ်။ အစတုန်း က နန်ကုန်းဟောင် ဆိုလိုတာကို သူတို့ နားမလည်ကြဘူး။ ဒါကြောင့် ပင်းယန်ကို ကြည့်လိုက်ကြတယ်။ အခုတော့ သူတို့ နားလည်သွားခဲ့ပြီ။ ပင်းယန်ရဲ့ ဘေးမှာ လူတစ်ယောက်ရှိနေတယ်။ ပန်းနုရောင်ဝတ်ထားတဲ့ မိန်းမလှလေး။ ကြယ်လိုတောက်ပတဲ့ မျက်ဝန်းတွေနဲ့ သူမရှေ့က နတ်ဆိုး စစ်သည်တော်တွေကို ကြည့်နေခဲ့တယ်။

“ ယန်လေးက အမြဲတမ်း အကောင်းဆုံးပဲ။ အရှက်မရှိတဲ့ ကောင်စုတ် ကို ပင်းယန်တို့ သွားသတ်ကြမယ်။” ပင်းယန်က ချီကူယန်ကို ကြည့်ရင်း စိတ်လှုပ်ရှားမှု အပြည့်နဲ့ ပြောနေခဲ့တယ်။

“ မဟုတ်ဘူး။ သူ က ပင်းယန်ကို ကယ်လို့ ရအောင်။ ယန်လေးကို လွှတ်လိုက်တာ။” ချီကူယန်က ခေါင်းခါရင်း နဲ့ ပြောနေခဲ့တယ်။ မျက်မှောင်ကြုတ်နေတဲ့ နတ်ဆိုး စစ်သည်တော်တွေကို သူမ ကြည့်နေခဲ့တယ်။ ခုနတုန်းက။ ဖန်ကျန်းရှီ သူမ လက်ကို ကိုင်ရင်း အစီအစဉ်တွေကို ဆက်တိုက် ရေးနေခဲ့တယ်။ အဲ့ဒီ့ထဲက တစ်ခုကတော့။

“ ချန့်ယန်း ကို ငါ မြှားခေါ်သွားမယ်။”

အစတုန်းကတော့။ ဖန်ကျန်းရှှီ ပြောတာကို ချီကူယန်လည်း နားမလည်ခဲ့ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ အရှေ့ကို ထွက်သွားတဲ့ အချိန်မှာ သူမ နားလည်သွားခဲ့တယ်။ သရုပ်ဆောင်ဖို့ အချိန် ကျပြီ။ ချီကူယန်က မကျွမ်းကျင် သေးတဲ့ သရုပ်ဆောင် လက်သစ် တစ်ယောက် လိုပဲ။ ဒါကြောင့် နောက်တန်းမှာ ချန်ရစ်ခဲ့တယ်။ ချန့်ယန်းမှာလည်း တခြားသော ရွေးချယ်စရာမရှိဘူးလေ။ ဘာကြောင့်လဲ ဆိုတော့။ သူက ဖန်ကျန်းရှီကို သံတောင်ကုန်းနယ်မြေထဲ ထွက်ပြေးခွင့် ပေးမှာ မဟုတ်လို့ပဲ။

…

“ မင်း ကို အလွတ် မပေးဘူး။” ချန့်ယန်းက ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ သူ့ရဲ့ အိုမင်း နေတဲ့ မျက်နှာမှာ ထူးဆန်းတဲ့ အမူအယာတွေ ပြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ ရဲ့ အစီအစဉ်ကို ချန့်ယန်း သိတယ်။

“ အမှန်ပဲ။ ဒါပေမယ့် ချန့်ယန်း ၊ ခင်ဗျားရဲ့ ကျွမ်းကျင်မှုတွေလည်း ရှိမှ မရှိတော့ပဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် ခေါင်းမော့လိုက်တယ်။ သူ နောက်လှည့် မကြည့်ဘူး။ ချီကူယန်က ပင်းယန် ရဲ့ ဘေးမှာ ရှိနေမှန်း သူသိတယ်။

“ ဟုတ်လား။ ငါတော့ မထင်ဘူး။” တနေရာတည်းမှာ ရပ်နေတဲ့ ပင်းယန်ကို လက်ညှိုးထိုးပြရင်း နဲ့ ချန့်ယန်း ပြောလိုက်တယ်။

“ဒါဆို ခင်ဗျားက ကန်းနေလို့ပဲ ဖြစ်မှာပေါ့။ အိုး။ တောင်းပန်ပါတယ်။ ခင်ဗျားက ကန်းနေတာပဲ။” ဖန်ကျန်းရှီ နှုတ်ခမ်းတွေ တွန့်ကွေးရင်း နဲ့ ပြောနေခဲ့တယ်။ ချန့်ယန်း ကတော့ မျက်မှောင်ကြုတ်နေတယ်။ ဒါပေမယ့် ဒေါသထွက်နေတဲ့ ပုံစံ မရှိဘူး။ သူ့ ကြည့်ရတာ လေးလေးနက်နက်တွေးတော နေတဲ့ ပုံစံပဲ။ ဒီ အမူအယာက ခပ်မြန်မြန်ပဲ ပျောက်ကွယ်သွားခဲ့တယ်။

“ ငါ နားလည်ပြီ။ မင်းက ကောင်းကင်တာအိုကို မင်း ဘယ်လို ချိုးဖောက်ခဲ့မှန်း ပြောတယ်ပေါ့။ ဒါပေမယ့်။ မင်း ရဲ့ စကားတွေက လုံလောက်မယ်လို့ မင်း ထင်နေတာလား။”

“ ဒါပေါ့။ ဒါနဲ့ ခင်ဗျား တစ်ခုခုကိုများ မေ့နေသလားလို့။ ချီကူယန်လည်း ရှိသေးတယ်လေ။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။

“ ဟုတ်တယ်။… ချီကူယန်။ အင်ပါယာ တစ်ခုလုံးမှာ ပါရမီ အရှိဆုံး အမျိုးသမီး။ ဒါပေမယ့် ချီကူယန် တောင် နားလည်ဖို့ အချိန်လိုမှာပဲ။ သူမ အတွက် အချိန်က လုံလောက်မယ် ထင်လား။” ချန့်ယန်း တွေးတောပြီးနောက် ခေါင်းငြိမ့်လိုက်တယ်။

“ မကြာခင် အဖြေပေါ်လာမှာပါ။” ဖန်ကျန်းရှီ လက်ခါပြရင်း ပြောတယ်။

“ ကောင်းပြီလေ။ အဖြေရှာလိုက်ကြရအောင်။” ချန့်ယန်း ခေါင်းငြိမ့်တယ်။ သူ ခေါင်းငြိမ့် လိုက် တဲ့ အချိန်မှာ လေဟာနယ်ထဲ။ လေပွေတွေ ဖြစ်ပေါ်လာခဲ့တယ်။ တခြားသော နယ်မြေတစ်ခုကို ရောက်သွားသလို အခြေအနေတွေက ပြောင်းလဲသွားခဲ့တယ်။

ဒါက တံလျှပ်လားဆိုတာ ဖန်ကျန်းရှီ မတွေးတတ်ဘူး။ ဒါပေမယ့် တောင်လို လေးလံတဲ့ ဖိအားတွေ သူ့ကို ဖိနေမှန်းတော့ သိတယ်။ သူအပေါ်ကို မော့ကြည့်လိုက်တော့။ မျက်လုံးပြူးသွားရတယ်။ ဘာကြောင့်လဲ ဆိုတော့။ သူ့ ခေါင်းပေါ်မှာ တကယ်ပဲ တောင်ကြိးတစ်လုံး ရှိနေတာ ကြောင့်ပဲ။ ကိုက်တစ်ရာ ကျော် မြင့်မားပြီးတော့။ သားရဲကောင်တွေ သစ်တော နက်ကြီးတွေ ပြည့်နှက်နေ တဲ့ တောင်ကြီးတစ်ခု။ လေပြေတိုက်ခတ်နေတာကြောင့်။ မြက်ပင်တွေတောင် ယိမ်းနွဲ့နေတယ်။ သူ့ခေါင်းပေါ်က တောင်ကြောင့် သူ တကယ့်ကို အံ့သြနေခဲ့တယ်။ အသက်ဝင်နေတဲ့ တကယ့် တောင်ကြီးပဲ ။

“ ငလူးပဲ။ ဘာတွေ ဖြစ်နေတာလဲ။” ဖန်ကျန်းရှီ တခါဆို တစ်ခါလေးမှ မတွေးခဲ့ဖူးဘူး။(တောင်နဲ့ ဖိသတ် ခံရမယ်လို့) အံံ့သြစရာကြီး။ ဒါက သုခမိန် တစ်ဝက် တစ်ယောက်ရဲ့ စွမ်းအား လား။ (အနောက်အရပ်သို့ ခရီးသွားခြင်း) ထဲက ပုံတူကူးထားတဲ့ ဇာတ်ဝင်ခန်း တစ်ခုလား။

အပိုင်း(၄၄၇)ပြီး၏။

အပိုင်း(၄၄၈)

“ မကြုံစဖူး ထူးကဲတဲ့ ဉာဏ်ကြီးရှင်”

ဖန်ကျန်းရှီ တကယ့်ကို မျက်လုံးပြူးနေတယ်။ အရာအားလုံး ဖြစ်တည်မှု တာအိုက။ ပတ်ဝန်းကျင်ရဲ့ စွမ်းအင်တွေကို ဆွဲယူ အသုံးချမှန်း သူသိခဲ့တာ ကြာပြီ။ တောင်တန်းတွေ ရဲ့ စွမ်းအားကို အသုံးချနိုင် ရင်။ ပြိုင်ဘက်ကို တောင်တန်းတွေနဲ့ ဖိနှိပ် နိုင်မယ်။ ဒီလိုပဲ။ ကြယ်တာရာတွေ။ နေရောင်ခြည်။ လရောင် နဲ့။ နဂါးငွေ့တန်း အထိတောင် အသုံးချနိုင်တယ်။ ဒီ စွမ်းအားတွေ အားလုံးက ကျင့်ကြံသူ ရဲ့ အစွမ်းနဲ့ သက်ဆိုင် သွားတယ်။

လူသား တစ်ယောက်က တောင်ကြီး တစ်ခုလုံးကို ဖန်တီးနိုင်တယ် ဆိုတာ။ လုံးဝကို သမာရိုးကျ မဟုတ်တဲ့ ကိစ္စ တစ်ခုပဲ။ ချန့်ယန်းကတော့ တောင်တန်း တစ်ခုကို လုံး၀ ဘာမှ မဟုတ်သလို ဖန်တီး လိုက်တာပဲ။ ဖန်ကျန်းရှီ စိတ်ထဲ တွေးနေခဲ့တယ်။ (ငါပြေးသင့်နေပြီ။) သူ ပြေးဖို့ ကြိုးစား နေတဲ့ အချိန် မှာပဲ။ သူ့ ကိုယ်ခန္ဒာက မြေပြင်မှာ အမြစ်တွယ်နေခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ။ သူ့ခြေထောက်အောက်က မြေပြင်မှာ ပြောင်းလဲ မှုတွေ ဖြစ်နေပြီ။ သူ့ရဲ့ခြေထောက်တွေကို အစိမ်းရောင် နွယ်ပင်တွေက ရစ်ပတ်နေခဲ့တယ်။ ဒီအချိန်မှာပဲ။ ဖန်ကျန်းရှီ ရဲ့ မျက်လုံးမှာ မျက်ရည်တွေ ဝဲလာခဲ့တယ်။

သုခမိန်တစ်ဝက်က ဒီလောက်ထိ အင်အားကြီးမယ်လို့ မထင် ထားမိဘူး။ အနည်းဆုံးတော့ အချီနည်းနည်းလောက် တောင့်ခံနိုင်မယ်လို့ မျှော်လင့်ထားတယ်။ သူ့ခေါင်းပေါ်မှာ တောင်ကြီးတစ်ခု။ ခြေထောက်အော်ကက မြေပြင်ကတော့ ရွံ့မြေ ဖြစ်နေပြီ။ နွယ်ပင်တွေက သူ့ကို ဆွဲချနေခဲ့တယ်။ ဖန်ကျန်းရှီ လွတ်မြောက်ချင်ပေမယ့်။ သူ ဘယ်လို သွားရမှာလဲ။ ချန့်ယန်းက သူ့ရဲ့ အင်အားနဲ့ အကြီးအကျယ်ကို ခြိမ်းခြောက်နေတာလေ။ ကလေးတစ်ယောက်ရဲ့ လက်ထဲမှာ ဆော့ကစားခံနေရတဲ့ သကြားလုံး တစ်လုံးလို အဖြစ်ကို ရောက်နေပြီ။ နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြိုတပ်ဖွဲ့ တွေက မျက်လုံး ပြူးနေခဲ့တယ်။

“ စွမ်းအားကြီးလိုက်တာ။”

“ ဒါက သုခမိန် တစ်ဝက်ရဲ့ စွမ်းအားလား။”

“ မဟုတ်ဘူး။ ချန့်ယန်းက သုခမိန် တစ်ဝက် ဖြစ်နေတာ ဆယ်စုနှစ်ကျော် ရှိနေပြီ။ အခုတော့။ သူက သုခမိန် နီးနီ း စွမ်းအားတွေ ရှိနေပြီ။”

ချန့်ယန်းရဲ့ စွမ်းအားတွေကို သူတို့ မြင်တွေ့ရပြီးတဲ့ နောက်မှာတော့။ နွယ်ပင်တွေနဲ့ ရစ်ပတ်ခံနေရတဲ့ ဖန်ကျန်းရှီကို ကြည့်နေကြတယ်။ သူတို့စိတ်ထဲမှာ အပြစ်ရှိသလို ခံစားနေရတယ်။ အခုတော့။ ဖန်ကျန်းရှီ ဘာကြောင့်များ ပြေးနေရလဲ သူတို့ နားလည်သွားပြီလေ။ (အရှက်မရှိတာလား။) ဒါက ဘာ အရှက်မရှိတာတွေ။ သူရဲဘောကြောင်တာတွေမှ မဟုတ်ဘူး။ ဒါက ကြိုတင် ထိုးထွင်းသိမြင်နိုင်စွမ်းပဲ။ ဖန်ကျန်းရှီက သူတို့တွေထက် အများကြီးထွင်းဖောက် မြင်နိုင်တယ်။ ဒါပေမယ့် သူ့ ဉာဏ်စွမ်းက သူ့ကို မကယ်တင်နိုင်တာတော့ သနားစရာပဲ။

ရှန်လင်းကတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ သူ့မျက်ဝန်းတွေကတော့ လေးစားမှု ကြောင့် တစ်လက်လက် တောက်ပနေတယ်။ ဖန်ကျန်းရှီ ရဲ့ ပါရမီကို သူ တကယ်ပဲ နှလုံးသားထဲကနေ လေးစားမိတယ်။ အခုချိန်မှာ စစ်မှန်တဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ရဲ့ ကျရှုံးခန်းကို စောင့်ကြည့်နေရသလိုပဲ။ ရှန်းယွီ မင်းသမီး ကတော့ ဒီ တိုက်ပွဲကို ကြည့်ရင်း ဖြူဖျော့နေခဲ့ပြီ။ သူမ တကယ့်ကို စိုးရိမ်ပူပန်နေတာ။ သူမ အရင်က ဖြစ်ပေါ်ခဲ့တဲ့ ဒေါသတွေ။ ချန့်ယန်း က ဖန်ကျန်းရှီရှေ့မှာ ပေါ်လာတဲ့ အချိန်မှာ။ လုံး၀ ပျောက်ကွယ်သွားတော့တယ်။

…

တောင်ကြီးက ကြယ်ရောင်တွေကိုတောင် ပိတ်ဆို့သွားခဲ့ပြီ။ လုံးဝကို မှောင်အတိကျသွားခဲ့တယ်။ နံရံပေါ်က စစ်သည်တော်တွေ ဖန်ကျန်းရှီကို ငုံ့ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီလို ဉာဏ်ကြီးရှင်မျိုးတောင် ဒီလို အင်အားကြီးတဲ့တိုက်ခိုက်မှုကို ခုခံနိုင်မှာ မဟုတ်ဘူး။ သူတို့စိတ်ထင် ဖန်ကျန်းရှီ စိတ်ပျက်ပြီး လက်လျှော့သွားမယ်လို့။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ နည်းနည်း အံ့အားသင့်သွားရုံက လွဲပြီးတော့ စိတ်ပျက်တဲ့ပုံ မပေါ်ခဲ့ဘူး။

“ သူ့မှာ ဝှက်ဖဲတွေ ထပ်ရှိသေးလို့လား။”

မေးခွန်းတွေက လူတိုင်းရဲ့ စိတ်ထဲမှာ အစီအရီပေါ်လာခဲ့တယ်။ ဒါပေမယ့် ဘယ်သူမှ သူ့ အစီအစဉ်ကို မတွေးတတ်ခဲ့ဘူး။ သူတို့တွေးနေတဲ့ အချိန်မှာပဲ။ ခရမ်းရောင်အလင်းတန်းက မြို့နံရံကို ဖြတ်ကျော်ပြီး ထွက်ပေါ်လာခဲ့တယ်။ အလင်းဓား ကောင်းကင်ပေါ်မှာ ပေါ်လာတယ်။ ဧရိယာကြီးတစ်ခုလုံးကို ကြောက်မက်ဖွယ် တိုက်ပွဲဝိဉာဉ်က လွှမ်းခြုံသွားခဲ့တယ်။ တကယ့်ကို ကြောက်စရာပဲ။

“ဘုန်း။”

ခရမ်းရောင် အလင်းဓားက တောင်ကို တည့်တည့် ဝင်တိုက်တယ်။ ကြီးမားတဲ့ ပေါက်ကွဲမှုကြီးက မြေပြင်ကို တုန်ခါသွားစေခဲ့တယ်။

“ ကျိုးပျက်စမ်း။” မာဆတ်ဆတ် အသံ တသံလေထဲမှာ ပဲ့တင့်ထပ်လာခဲ့တယ်။ အတော့်ကို ယုံကြည်ချက် ပြည့်ဝတဲ့ အရှိန်အဝါကို ဖန်တီးပေးနေခဲ့တယ်။ အဲ့ဒီ့နောက်။ တောင်ကြီးက အပိုင်းအစပေါင်း သိန်းသန်းချီပြီးတော့ ကွဲထွက်သွားခဲ့တယ်။ တောက်ပတဲ့ အဖြူရောင် အလင်းတန်း တစ်ခုလည်း ကောင်းကင်ပေါ်ကို ထိုးတက်သွားခဲ့တယ်။

ပထမ ခရမ်းရောင် အလင်းတန်းထက် အများကြီးကို အားနည်းတယ်။ ဒါပေမယ့် ဒီ အလင်းဓားရဲ့ စွမ်းအားကို ဘယ်သူကများ မေးခွန်းထုတ်ဝံ့မှာလဲ။ အတော့်ကို သေးသွယ်ပြီးတော့ ပါးလွှာတဲ့ ဓားလေး။ ဒါပေမယ့် သူ့ရဲ့ အလင်းတန်းကတော့ အေးခဲ မျောက်မင်း ဒေသ ကြီး တစ်ခုလုံးကို လင်းထိန်သွားစေခဲ့တယ်။

“ ကချာ့။”

အဖြူရောင် အလင်းတန်း က မြေပြင်ကို ထိတွေ့သွားခဲ့တယ်။ နွယ်ပင်တွေ ပြတ်ထွက်ကုန်သလို။ ရွံ့နွံကလည်း အေးခဲသွားခဲ့တယ်။ အလင်းတန်း နှစ်ခုရဲ့ ရုတ်တရက် ပေါ်ထွက်လာမှုက စစ်သည်တော်တွေကို အံ့အားသင့်စေခဲ့တယ်။ နံရံပေါ်မှာ ရပ်နေတဲ့ ခရမ်းရွှေရောင် ဝတ်ရုံရှင်ကို သူတို့ မော့ကြည့် နေကြတယ်။

သူ့ရဲ့ စွမ်းအားတွေ နဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ဘယ်သူမှ မေးခွန်း မထုတ်ကြဘူး။ သူက ကြီးမြတ်သောရှမင်းဆက် ရဲ့ မဏ္ဍိုင်။ ကျောင်းတော် ဆယ့်သုံးခုရဲ့ ခေါင်းဆောင် ။ ရှင်းယွမ်ကောင်းပဲ။ ရှင်းယွမ်ကောင်းရဲ့ နောက်မှာတော့ ဝတ်ရံုံဖြူဝတ် ကျောင်းတော်သား တစ်ယောက်ရှိနေခဲ့တယ်။ သူ့ရဲ့ ဓားကတော့ အေးစက်စစက် အရှိန်အဝါတွေကို ထုတ်လွှတ်ပေးနေခဲ့တယ်။ နန်ကုန်းဟောင်။

တောင်ဖြိုတပ်ဖွဲ့ နဲ့ နဂါးတပ်ဖွဲ့တို့ ။ ဒီ အင်အားကြီး တိုက်ခိုက်မှု နှစ်ခုကို မြင်တွေ့ပြီး နောက်မှာ။ ဖန်ကျန်းရှီက ဘာကြောင့်များ။ မအံ့သြလဲ ဆိုတာ သူတို့ နားလည်သွားတော့တယ်။ ဖြစ်နိုင်တာက ဒီ ကိစ္စတွေ အားလုံးကို သူ တွက်ချက်ထားပြီးသား ဖြစ်တာကြောင့်ပဲ။ သူတို့ပြန်လည် တွေးတောမိတဲ့ အချိန်မှာ။ တစ်ယောက်ကို တစ်ယောက် ကြောက်လန့်တကြား နဲ့ ကြည့်နေခဲ့တယ်။ လေးစားမှုတွေက သူတို့ စိတ်ထဲမှာ ပြည့်လာခဲ့တယ်။

ပင်းယန်မင်းသမီးကို လက်လွှတ်ဖို့ ချန့်ယန်းကို ဖိအားပေးတယ်။ ပင်းယန် မင်းသမီးကို ကယ်တင်ဖို့ ချီကူယန်ကို အခွင့်အရေး ဖန်တီး ပေးတယ်။ အဲ့ဒီ့နောက်။ ချန့်ယန်း က သူ့နောက်ကို လိုက်လာမယ်ဆိုတာ တွက်ချက်ထားတယ်။ ဒါကြောင့် နန်ကုန်းဟောင် နဲ့ ရှင်းယွမ်ကောင်းတို့ ကောင်းကောင်း တိုက်ခိုက်နိုင်မယ့် အကွာအဝေးကို ရောက်အောင် လာတာ ။ ပါရမီကြောင့်များလား။ ပါရမီဆိုတာ အပေါ်ယံ အမြင်တစ်ခုပဲ။ ဖန်ကျန်းရှီက သုခမိန် တစ်ဝက်ကို တိုက်ခိုက်ခဲ့တယ်။

ပုံမှန်လူ ဆိုရင်။ သုခမိန် တစ်ဝက်နဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ။ ကြောက်လန့်ပြီးတော့ အစီအစဉ်ကို စဉ်းစားနိုင်ကြမှာ မဟုတ်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီကတော့။ သုခမိန်တစ်ဝက်ရဲ့ လှုပ်ရှားမှုတွေကို ကြိုတင် ခန့်မှန်း ထားခဲ့တယ်။ တိုက်ပွဲမှာ သူ့ အတွက်ခွင့်သာမယ့် အခြေအနေကိုတောင် ဖန်တီး လိုက်သေးတယ်။ တကယ့်ကို မကြုံစဖူးထူးကဲတဲ့ ဉာဏ်ကြီးရှင်ပဲ။ ဖန်ကျန်းရှီကို ဖော်ပြဖို့ အတွက် စကား တစ်ခွန်းပဲ ရှိတယ်။ အဲ့ဒီ့နောက်။ ဟောကိန်းတစ်ခုကို သူတို့ စိတ်ထဲ သတိရမိလိုက်တယ်။ ဒီဟောကိန်းနဲ့ ကိုက်ညီတဲ့ လူက။ ပန်းနုရောင်ဝတ်ထားတဲ့ အမျိုး သမီးငယ်လေး ဖြစ်သင့်တာလေ။ ချီကူယန်။

“ သူ့ကို ကယ်ရမယ်။” အထိတ်တလန့်ဖြစ်ရပ်ကြောင့် ရှန်းယွီ အော်လိုက်တယ်။ အဲ့ဒီ့နောက် သူမက ရှင်းယွမ်ကောင်းနဲ့ နန်ကုန်းဟောင်ကို စိုက်ကြည့်တယ်။ ရှန်းယွီ မင်းသမီး ရဲ့ နောက်မှာ ရပ်နေတဲ့ နယ်မြေမှူးတွေလည်း ချက်ခြင်း လှုပ်ရှားတော့တယ်။ အကယ်၍ ရှင်းယွမ်ကောင်းနဲ့ နန်ကုန်းဟောင်တောင် လုပ်နိုင်ရင် သူတို့လည်း လုပ်နိုင်တယ်။ ဒါကြောင့် ရှန်လင်း လည်း လုပ်နိုင်မှာပဲ။

ချန့်ယန်းကို သူတို့ အချိန်ဆွဲနိုင်လေလေ ။ ပိုပြီးတော့ အခြေအနေကောင်းလာနိုင်လေပဲ။ ဒါပေမယ့် သူတို့ ခုန်ပြီး တိုက်ခိုက်တော့မယ့် အချိန်မှာ သူတို့ တွေဝေသွားကြတယ်။ အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။ ရှန်လင်းကို သူတို့ ကြည့်တဲ့ အချိန်။ ရှန်လင်းရဲ့ မျက်လုံးတွေကပြောနေခဲ့တယ်။ အချိန် မတန်သေးဘူးလို့။ အကြောင်းရင်းကိုတော့။ ရှန်လင်း မပေးခဲ့ဘူး။ ဒါပေမယ့် တောင်ပိုင်းဒေသ နယ်မြေမှူးတွေက ။ သူတို့ ရဲ့ ကံကြမ္မာကို သူတို့ရဲ့ အိမ်ရှေ့စံ မင်းသားအပေါ်မှာ ပုံအပ်ထားကြတယ်။

“ဘာဖြစ်တာလဲ။ မြန်မြန်။ ငါတို့ ပူးပေါင်းပြီး ချန့်ယန်းကို တိုက်ခိုက်ရင်။ ဒီ တိုက်ပွဲမှာ အခွင့်အရေး ရနိုင်သေးတယ်။” ရှန်းယွီ မင်းသမီးက နယ်မြေမှူးတွေကို တွန့်အားပေးနေခဲ့တယ်။ ချန့်ယန်းကို တိုက်ခိုက် ဖို့ အတွက်။ အနည်းဆုံး ပြန်လည်မွေးဖွားမှု အဆင့်မှာ ရှိဖို့ လိုအပ်တယ်။ သူမက ကောင်းကင်ရောင်ပြန် အဆင့်မှာပဲ ရှိနေသေးတာ။ ရှန်းယွီ မင်းသမီး က သူမရဲ့ စွမ်းရည်တွေကို ယုံကြည်ချက် အပြည့်ရှိခဲ့တယ်။ ဒါပေမယ့် အခု အချိန်မှာတော့။ သူမကိုယ် သူမ ပိုပြီး သန်မာဖို့ မျှော် လင့်မိနေခဲ့တယ်။

“ ညီမလေး။ တော်တော့်။ ငါတို့ က ချန့်ယန်းကို တိုက်ခိုက်လို့ ရတာ ဟုတ်တယ်။ ဒါပေမယ့် ချန့်ယန်း ကလည်း ငါတို့ကို ပြန်တိုက်ခိုက်မှာပဲ။ ငါတို့ အင်အားကို ချွေတာဖို့ လိုတယ်။ ” ရှန်လင်း ပြန်ဖြေတယ်။”

“ အင်အားကို ချွေတာရမယ် ဟုတ်လား။ ဒါက အင်အားတွေတာ မဟုတ်ဘူး။ ဒုက္ခရောက်နေတဲ့ ဖန်ကျန်းရှီ နဲ့ တောင်ပိုင်းဒေသကို လျစ်လျူရှုတာပဲ။ ” ရှန်းယွီ မင်းသမီး ရဲ့ အမူအယာက ပြောင်းသွားခဲ့တယ်။

“ ပါးစပ် ပိတ်ထားစမ်း။ ငါတို့ ဒီ စစ်ပွဲမှာ ဆုံးရှုံးရတာ များနေပြီ။ မင်းက ငါတို့ အားလုံးကို ဒီမှာ သေစေချင် နေလို့လား။” ရှန်လင်းရဲ့ အမူအယာက အေးစက်သွားတယ်။

“ အစ်ကိုတော်။ ငါတို့တွေက နိုင်ငံ စစ်သည်တော်တွေ။ ငါတို့ အခုချိန်မှာ စည်းလုံးသင့်တယ်။”

“ တော်စမ်း။ ငါ စိတ်ဆုံးဖြတ်လိုက်ပြီ။ သင့်တော်တဲ့ အချိန်မှာ ငါ တိုက်ခိုက်မယ်။ မင်း တခြားပြောစရာမရှိတော့ရင် သွားတော့။” ရှန်လင်း ပြန်ဖြေတယ်။

ရှန်းယွီမင်းသမီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ သူမရဲ့ မျက်လုံးတွေက မီးဝင်းဝင်းတောက်နေခဲ့တယ်။ အနီရောင် တိမ်သဏ္ဍာန်တွေက သူမ လက်ကနေ လက်မောင်း အထိ ရောက်ရှိလာခဲ့တယ်။ ဒီ မြင်ကွင်းကြောင့် ရှန်လင်း အတော့်ကို ထိတ်လန့်နေတယ်။

“ရှန်းယွီ မင်း ဘာတွေတွေးနေတာလဲ။”

“ဟန့်။ အကိုတော်။ နင် ငါ့ကို သံတောင်ကုန်းနယ်မြေထဲမှာ ခုခံခိုင်းတုန်းက ငါ ဘာမှ မပြောခဲ့ဘူး။ ဒါပေမယ့် အခုတော့ ။ နင့် အမိန့်ကို ငါ မလိုက်နာ နိုင်ဘူး။ နင် သူ့ကို မကယ်ရင်။ ငါ ကယ်မယ်။ နင်တောင်ပိုင်းဒေသ က ကိစ္စ အားလုံးကို ထိန်းချုပ်လို့ မရဘူး။”

“ မင်း….” ရှန်လင်း ရဲ့ အမူအယာ ပြောင်းသွားတယ်။ သူ့ ညီမရဲ့ စိတ်ဓာတ်ကို သူသိတယ်လေ။ သူလုပ် ချင်တဲ့ ဘယ်သူမှ (ခမည်းတော် တောင်ပိုင်းဘုရင်တောင်မှ) တားလို့ မရဘူး။ သူမကို တောင်ပိုင်း ဒေသ စစ်သည်တော်တွေ လေးစားကြတာ ဒါကြောင့်ပဲ။ ရှန်းယွီ မင်းသမီး ပြောတာ မှန်တယ်။ ရှန်လင်းက တောင်ပိုင်းဒေသ ရဲ့ အာဏာရှင် မဟုတ်ဘူး။ တောင်ပိုင်းဒေသ တစ်ခုလုံးမှာ။ သူ့ ညီမတော်ရဲ့ အမိန့် အာဏာက သူနဲ့ ထပ်တူကျတယ်။

“ အမိန့်ချမယ်.။ ငွေဂျို ဝံပုလွေ တပ်ဖွဲ့။”

“ အရှင်မင်းသမီး။ အိမ်ရှေ့စံ မင်းသားကို ကျေးဇူးပြုပြီး ယုံကြည်ပေးပါ။”

“ မှန်ပါတယ်။ အရှင်မင်းသမီး။ အိမ်ရှေ့စံမှာ မတိုက်ခိုက်ရတဲ့ အကြောင်းရင်း ရှိမှာပါ။ အခုချိန်က ပြည်တွင်းရေး ပြဿနာတွေကို ဖြေရှင်းရမယ့် အချိန် မဟုတ် သေးပါဘူး။”

“ အိမ်ရှေ့စံ။ အရှင်မင်းသမီး ပြောတာ တရားနည်းလမ်းကြပါတယ်။ ကျွန်တော်တို့ ရဲ့ အသက်တွေကို အရှင် စိုးရိမ်မှန်း သိပေမယ့် ။ ကျွန်တော်တို့က ဒီလို ဘေးမှာပဲ လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူးလေ။ နောက်ပြီးတော့။ ကြီးမြတ်သော ရှမင်းဆက်ကို အခုချိန်မှာ ကူညီတာက ။ တောင်ပိုင်းဒေသကို ကူညီရာလည်း ရောက်တယ်။ ”

နယ်မြေမှူးတွေ အားလုံးက ။ ဒီ မောင်နှမ နှစ်ယောက်ကို သင့်မြတ်အောင် လုပ်ပေးဖို့ ပြင်ဆင်နေကြတယ်။

“ ကောင်းပြီလေ။ မင်းတို့တွေ ဘေးက ကူညီကြ။ အနားတော့ အရမ်း မကပ်ကြနဲ့” ရှန်လင်း အံကြိတ်ရင်း ခေါင်း ငြိမ့်လိုက်တယ်။

“ အမိန့်တော် အတိုင်းပါ ။ အရှင်မင်းသား။” နယ်မြေမှူးတွေ တစ်ညီတညွှတ်တည်း ပြန်ဖြေကြတယ်။

“ အကိုတော်။ ငါ တောင်းပန်ပါတယ်။ ငါက …” ရှန်းယွီ မင်းသမီး တည်ငြိမ်စ ပြုလာတယ်။ လက်ရှိ အခြေအနေကို သူမ လောကြီးသွားမိမှန်း နားလည်သွားတယ်။

“ မလိုပါဘူး။ ဒါ ငါ့ အမှားပါ။ အခြေအနေကို ငါ အရင် ရှင်းပြသင့်တယ်။” ရှန်လင်း ပြောတယ်။ ဒါပေမယ့် သူက ဖန်ကျန်းရှီကို ကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။

“အကိုတော်။ နင်က ။ အိမ်ရှေ့စံ ။ အနာဂတ် ဘုရင် တစ်ပါး။ ငါ နင့် အမိန့်ကို လိုက်နာမှာပါ။” ရှန်းယွီ မင်းသမီးက ဖန်ကျန်းရှီကို ကြည့်ရင်း အတော်လေး စိတ်ပူနေခဲ့တယ်။

“ငါတို့ အတူတူ လှုပ်ရှားကြရင်။ နတ်ဆိုးတွေကော။ ကြီးမြတ်သော ရှ မင်းဆက်ပါ။ ငါတို့ကို အနိုင်ယူ နိုင်မှာ မဟုတ်ဘူး။ ” ရှန်လင်း ဆက်ပြောတယ်။

“ အိမ်ရှေ့စံ မင်းသားက အမျှော် အမြင်ကြီးတယ်။”

“ သေ ”

“ သေစမ်း။”

အမိန့်ကို ရပြီးတဲ့ နောက်မှာ။ နယ်မြေမှူးတွေက အလင်းတန်းတွေ အဖြစ်ကို ပြောင်းလဲ သွားတယ်။ ချန့်ယန်းကို ခုန်လွှားတိုက်ခိုက်တော့တယ်။ ချန့်ယန်းက ချက်ခြင်း တုံ့ပြန်တယ်။ ကောင်းကင်ပေါ်ကို အပြာရောင် အလင်းတန်း အဖြစ် ချက်ခြင်း ထိုးတက်သွားတယ်။ သိသိသာသာကြီးကို မြင်သာလွန်းတယ်။

ဖန်ကျန်းရှီက အခုမှ လွတ်လာတာ။ ချန့်ယန်းကို စကားပြောဖို့ ပြင်လိုက်တဲ့ အချိန်။ အပြာရောင် အလင်းတန်းက သူ့ရှေ့ကို ရောက်လာခဲ့တယ်။

“ အိုး။ နောက်ထပ် လှည့်ကွက်တွေ မသုံးပါ နဲ့တော့။ စွမ်းအားတွေ ကစားဖို့ ပြင်နေတာလား။” ဖန်ကျန်းရှီက ယုံကြည်ချက် အပြည့်နဲ့ ပြုံးနေခဲ့တယ်။ အသက်ငယ်ငယ်ရွယ်ရွယ်တည်းက သားရဲကောင်တွေနဲ့ ရင်ဆိုင် တိုက်ခိုက် လာခဲ့တာ။ အနီးကပ်တိုက်ပွဲက သူ့ရဲ့ ကျွမ်းကျင် မှု မဟုတ်ရင်တောင်။ သူ့ရဲ့ အားနည်းချက်တော့ မဟုတ်ဘူး။ နောက်ပြီးတော့။ သူ့ရဲ့ ပြိုင်ဘက်က မျက်မမြင်ကြီးလေ။ ဖန်ကျန်းရှီ က အရမ်း အရမ်းကို ယုံကြည်ချက် ပြည့်ဝနေတယ်။ ပထမဆုံး ခုန်ရှောင်မယ်။ ချန့်ယန်း နောက်ကို ပြေးမယ်။ ပြီးရင် ဆံပင်ကနေ ဆွဲပြီးတော့ ထောင်းပြစ်မယ်။

အဲ့ဒီ့နောက် သူ့ရင်ဘတ်ကို တစ်ခုခု ဖိထားတာကို ခံစားမိလိုက်တယ်။ သူ ငုံ့ကြည့်လိုက်တော့။ မျက်လုံး ပြူးသွားရတော့တယ်။ အိုမင်း ရွတ်တွနေတဲ့ လက်တစ်ဖက်က သူ့ ရင်ဘတ်မှာ။ ဒီ တိုက်ကွက်ကို သုံးနေရတဲ့ သူ က သူ ဖြစ်ရမှာ လို့ ဖန်ကျန်းရှီ တွေးနေမိတယ်။ ဒါပေမယ့် အခုတော့ ချန့်ယန်းက သူ့ကို တိုက်ခိုက်နေတာလေ။ နောက်ပြီးတော့ သူ့မှာ တုံ့ပြန်ချိန်တောင် မရ လိုက်ဘူး။

“ ငလူးပဲ။ မြန်လိုက်တဲ့ အရှိန်နှုန်း။” ဖန်ကျန်းရှီ စိတ်ထဲကနေ အော်ဟစ်နေမိတယ်။ ဒီ လက်ထဲက ထွက်လာတဲ့ ကြောက်စရာ စွမ်းအားတွေကို သူ ခံစားနေရတယ်။ ဖန်ကျန်းရှီက (ကြောက်လန့်ခဲတယ်။) ဒါပေမယ့် အခု အချိန်မှာတော့။ ချွေးတွေ တစ်ကိုယ်လုံး ရွဲနစ်နေပြီ။ သူ့ဆီကို အခု ချိန်မှာ တိုက်ခိုက် လာနေတဲ့ အင်အား လှိုင်းလို ။ ပြင်းထန်တဲ့ အင်အားမျိုး တစ်သက်နဲ့ တစ်ကိုယ် မတွေ့ဖူးဘူး။

“ ကချာ့။” အက်ကွဲသံ တစ်ခု ပဲ့တင့် ထပ်သွားသလို။ ဖန်ကျန်းရှီလည်း လွင့်ထွက်သွားတယ်။ ကြွေသွားတဲ့ ကြယ်တစ်စင်းလို။ ချီကူယန်နဲ့ ပင်းယန် ရပ်နေတဲ့ နေရာဆီကို တည့်တည့် ပြုတ်ကျလာတယ်။ အပြာရောင် အလင်းတန်းက သူ့ နောက်ကို လိုက်လာခဲ့တယ်။

အပိုင်း (၄၄၈)ပြီး၏။

အပိုင်း( ၄၄၉)

“ မိုးမေလင်းလိုက်”

ချန့်ယန်းက အရမ်းကို မြန်ဆန်လွန်းတယ်။ မျက်တောင် တစ်ခတ် အချိန် အတွင်းမှာ။ ဖန်ကျန်းရှီက ပျံတက်သွားပြီ။ နယ်မြေမှူးတွေက မယုံကြည်နိုင်မှု အပြည့် နဲ့ ကြည့်နေခဲ့တယ်။ သူတို့က ဖန်ကျန်းရှီကို ကယ်ချင်တာလေ။ ဒါပေမယ့် သူတို့ မလုပ်နိုင်ဘူး။ ရှင်းယွမ်ကောင်းတောင် ဘာမှ မလုပ်ပေးနိုင် လိုက်ဘူး။ ဖန်ကျန်းရှီ ဘာမှ မမြင်လိုက်ဘူး။ ဒါပေမယ့် အပြာရောင် အလင်းတန်းက သူ့ကို လက်မောင်းကနေ ဆွဲထုတ်သွားခဲ့တာ။ ချန့်ယန်း ရဲ့ အမူအယာကိုတောင် သူ မြင်တောင် မမြင်လိုက်ရဘူး။ မရပ်တန့်တဲ့ အင်အားလှိုင်းတွေကို သူ့ရင်ဘတ်မှာ ဆက်တိုက် ခံစားနေရတယ်။ အရမ်းကို အင်အားကြီးလွန်းတယ်။

“ကချာ့။ ” လေကို ဖြတ်ပြီးတော့ ထွက်ပေါ်လာတဲ့ ဆူညံသံက။ ဖန်ကျန်းရှိကို ဖြူဖျော့စေတယ်။ ဒီအသံက ဘာအသံ မှန်း သူသိတယ်။ ဒါက သူ့ရင်ဘတ်ထဲက နှလုံးကာမှန်ရဲ့ အသံပဲ။ ချီကူယန် လက်ဆောင်ပေးထားတဲ့ မှန်။ အေးခဲ မျောက်မင်းဒေသ မှာတုန်းကလည်း ပိုင်ရှင်းရဲ့ တိုက်ခိုက်မှုကို ခုခံ ပေးခဲ့တယ်။ ပိုင်ရှင်းရဲ့ ဓားက ထက်ရှ လျင်မြန်တယ်။ ဒါပေမယ့် နှလုံးကာမှန် အပေါ်မှာ ခြစ်ရာ တစ်ခုပဲ ကျန်ရစ်ခဲ့တယ်။ အခုတော့ ချန့်ယန်းရဲ့ လက်ဗလာနဲ့ တိုက်ခိုက်မှုလေး တစ်ခုက နှလုံးကာမှန်ကို ကွဲအက်သွားစေတယ်။ ချန့်ယန်းရဲ့ စွမ်းအားကို (ကြောက်မက်ဖွယ်) ဆိုတဲ့ စကား တစ်ခွန်းတည်းနဲ့ပဲ။ ဖော်ပြနိုင်တယ်။ အရှိန်နှုန်းနဲ့ စွမ်းအားက တကယ့်ကို ပြိုင်ဘက်ကင်းတယ်။

ဖန်ကျန်းရှီ ရဲ့ စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာတယ်။ သေခြင်းတရား။ ဖန်ကျန်းရှီ မြို့တော်ကို စဝင်တည်းက။ သူ့ထက် အများကြီးအင်အားကြီးတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့တယ်။ ကောင်းကင်ရောင်ပြန် အဆင့် ကျင့်ကြံသူ ဘဝတည်းက သဘာဝလွန် အဆင့် ယဉ်ရှန်ကို တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီ့အချိန်တုန်းက အရှိန်နှုန်းတွေရဲ့ ကွာခြားချက်ကို သူ ကောင်းကောင်း နားလည်ခဲ့တာ။ ယဉ်ရှန်နဲ့ တုန်းကတော့ လှုပ်ရှားမှုတွေကို သူ ထိန်းချုပ်နိုင်ခဲ့တယ်။

မြင်ကွင်းတွေက ။ ဇာတ်ကား တစ်ခုကို ရစ်ပြီး ကျော်ကြည့်နေရသလိုပဲ။ ပုံလေးတွေသာ ဖော်နိုင်တယ်။ ကောင်းကောင်းမမြင်နိုင်ဘူး။ ချန့်ယန်းနဲ့ ရင်ဆိုင် ရ တဲ့ အချိန်မှာ ချန့်ယန်း ဘာလုပ်နေမှန်းကို မတွေ့ရဘူး။ သူ မြင်နေရသမျှ အကုန်လုံးက မှုန်ဝါးဝါးပဲ။ ချန့်ယန်းက သူ့ဆီ ပြေးဝင်လာတာကို ပဲ မြင်ရတယ်။ ကျန်တာ ဘာဆက်ဖြစ်မှန်း မသိတော့ဘူး။ ချန့်ယန်း ဘယ်မှာလဲ။ သူ့ကို ဘယ်နေရာ တိုက်ခိုက်မှာလဲ။ တစ်ခုမှ မခန့်မှန်း နိုင်ဘူး။ အခု သူလုပ်တာက တွေးတောကြည့်ရုံပဲ။

“ ငါလုပ်နိုင်တာ ဘာမှ မရှိတော့ဘူးလား။” ဖန်ကျန်းရှီလည်း သူ လုပ်နိုင်သလောက် အကုန်လုံး လုပ်ခဲ့ပြီးပြီ။ တိုက်ပွဲမှာ သူ့ အတွက် အကောင်းဆုံး အနေအထားကို တောင် ပြင်ဆင်ထားခဲ့တာ။ ချန့်ယန်းကို သူ တစ်ယောက်တည်း ရင်ဆိုင်လို့ မဖြစ်ဘူးလေ။ ရှင်းယွမ်ကောင်းနဲ့ တခြားသူတွေကိုပါ သူ အကူအညီ တောင်းလိုက်တယ်။ ပင်းယန်ကို ကယ်တင်ဖို့ ချန့်ယန်းကို မြားခေါ်တယ်။ အခုချိန်ထိ အရာ အားလုံးကို သူ အစီအစဉ်ချထားခဲ့တာ။

ဒါပေမယ့် ချန့်ယန်းက ခပ်မြန်မြန်ပဲ ကျော်ဖြတ်သွားခဲ့တယ်။ ချန့်ယန်းက အရမ်းအင်အားကြီးလွန်းနေတယ်။ အကောင်းဆုံး ထောင်ချောက်တွေ နဲ့ အစိအစဉ်တွေက လူ အများစုကို ထောင်ဖမ်းနိုင်တယ်။ ထောင်ချောက်တွေရဲ့ လျှို့ဝှက်ချက်ကို မသိဘဲနဲ့။ မလွတ်မြောက်နိုင်ဘူး။ ချွင်းချက်တစ်ခုတော့ ရှိတယ်။ လူတစ်ယောက်ရဲ့ စွမ်းအားက ထောင်ချောက်တွေထက်ကိုကျော်လွန်နေရင်ပေါ့။ စစ်မှန်တဲ့ စွမ်းအားနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ။ ထောင်ချောက်တွေ အားလုံးက ကစားစရာ သက်သက်ဖြစ်သွားမယ်။ သူက သူ့ လမ်းမှာ ရှိတဲ့ အရာအားလုံးကို ချိုးဖျက်နိုင်တယ်။

သူ့လမ်းကို တောင်တန်းတွေက ပိတ်ဆို့နေရင်။ တောင်တွေကို အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် ခွင်းပြစ်မယ်။ ပြီးရင် ဖြတ်သန်းသွားမယ်။ ဘယ် အရာကများ သူ့ကို ရပ်တန့်နိုင်မှာလဲ။ ချန့်ယန်း က သူ့ လှည့်ကွက်ထဲကို ရောက်လာခဲ့တယ်။ ချန့်ယန်း က ပင်းယန်ကိုလွှတ်ထားခဲ့ပြီးတော့။ သံတောင်ကုန်း နယ်မြေ ဂိတ်တံခါး နားက ဖန်ကျန်းရှီကို လိုက်ဖမ်းခဲ့တယ်။ အရာအားလုံးက ဖန်ကျန်းရှီ ရဲ့ အစီအစဉ် အတိုင်း ဖြစ်လာခဲ့တယ်။ ဒါပေမယ့် အသုံးမဝင်ခဲ့ဘူး။

ဖန်ကျန်းရှီကို မူလနေရာဆီ ခပ်မြန်မြန်ပဲ ပြန်ထည့်ထားခဲ့တယ်။ ပြောရမယ်ဆိုရင်။ ဖန်ကျန်းရှီက ချန့်ယန်း ရဲ့ လက်ထဲမှာပဲ။ ဒီ တိုက်ပွဲက အခြေအနေ အကုန်လုံးကို ချန့်ယန်း ထိန်းချုပ်ထားတယ်။ ဖန်ကျန်းရှီ လေထဲကို လွင့်သွားရင်း ပါးစပ်အပြည့် သွေးတွေ အန်ထွက်တော့တယ်။

“ ဘွန်း။”

သူ့ ခန္ဒာကိုယ်က မြေပြင်နဲ့ အရှန်ပြင်းပြင်းထိခတ်သွားသလို။ ကျောက်တုံးတွေလည်း ကွဲအက်သွားခဲ့တယ်။ ဒါက အကုန် မဟုတ်သေးဘူး။ ဖန်ကျန်းရှီ မြေပြင်ပေါ်ကို ပြုတ်ကျလာတဲ့ အချိန်။ အပြာရောင် အလင်းတန်းကလည်း ရောက်လာခဲ့တယ်။ အရှိန်ကတော့ အတူတူပဲ။

“ဘုန်း”

မြေပြင် နှစ်ခြမ်းကွဲသွားခဲ့တယ်။ ဒီ အချိန်မှာ ။ ဖန်ကျန်းရှီက မြေပြင်ပေါ်မှာ ပြားပြားဝပ်နေခဲ့တယ်။ သူ့မှာ နောက်ဆုတ် စရာ နေရာ မရှိဘူး။ ပြန်ထဖို့တောင် မစွမ်းသာ။ ဆက်တိုက် တိုက်ခိုက်မှုတွေရဲ့ ရလဒ်ကို သူခံစားနေရတယ်။

“ ကချာ့။ ကချာ့။” နှလုံးကာမှန်ကတော့ ဖိအားကြောင့် အစိတ်စိတ် အမွှာမွှာ ဖြစ်ကုန်ပြီ။ ဖန်ကျန်းရှီ ပျာယာခတ်နေခဲ့တယ်။ နှလုံး( သေစေနိုင်တဲ့ ကိုယ်တွင်း အင်္ဂါတစ်ခု) ။ ဒီလောကမှာ ။ နှလုံးက လူတစ်ယောက်ရဲ့ စိတ်အာရုံနယ်မြေ ပါဝင်နေတဲ့ အစိတ်အပိုင်း တစ်ခုပဲ။

ချန့်ယန်းရဲ့ ရည်ရွယ်ချက်က ရိုးရှင်းတယ်။ သူက ဖန်ကျန်းရှီနဲ့ သူ့ရဲ့ စိတ်အာရုံနယ်မြေကို ဖျက်စီးချင် ရုံ သက်သက်ပဲ။ ဖန်ကျန်းရှီကို သူ သတ်လို့ မဖြစ်ရင်။ နောက်တစ်သက်လုံး ကျင့်ကြံခြင်း မလုပ်နိုင်တော့အောင် ဖျက်စီး ပြစ်မယ်။ ချန့်ယန်း ဘာတွေ လုပ်နေမှန်း ဖန်ကျန်းရှီ မတွေးတတ်ဘူး။ ဒါပေမယ့် အခုကိစ္စက အရေးကြီးမှာ မဟုတ်ဘူးလေ။ သူ့ရဲ့ နှလုံးသား တစ်ခုလုံး ကွဲကြေ ပျက်စီး တော့မှာက ပို အရေးကြီးတယ်။

“ဘန်း” ဒီ အချိန်မှာပဲ နှလုံးကာမှန်က အမှုန့်ဖြစ်သွားခဲ့တယ်။ ဖိအားကို နောက်ထပ် မခံနိုင်တော့ဘူး။ ဒါကြောင့်။ နှလုံးကာ မှန်ထဲမှာ ထည့်ထားတဲ့ ပစ္စည်းတွေ အကုန်လုံး ပျံထွက်လာခဲ့တယ်။ အပ်ချောင်းလေးတွေ။ သံတွေ။ ပြာတွေ။ အစားအသောက်နဲ့ အကျီတွေ။ မရေမတွက်နိုင်တဲ့ ပစ္စည်းတွေ မြေပြင် အနှံ့မှာ ပျံ့ကျဲလာတယ်။ ဒါ က နှလုံးကာမှန် ကွဲသွားတယ်ဆိုတဲ့ သက်သေပဲ။

“ဖန်ကျန်းရှီ။” ရှန်းယွီ မင်းသမီး ရဲ့ မျက်လုံးတွေ စိုးရိမ်ပူပန်မှုတွေ နဲ့ ပြည့်နှက်နေခဲ့တယ်။ သူမက မြို့နံရံပေါ်ကနေ ကြည့်နေတာ။ သူ့ တစ်ကိုယ်လုံး အနီရောင် တိမ်သဏ္ဍာန်တွေ နဲ့ ပြည့်လာခဲ့တယ်။ စစ်မြေပြင်ထဲကို သူမ ခုန်ချတော့မယ့် အချိန်မှာပဲ။ အင်အားကြီးတဲ့ လက်တစ်ဖက်က သူမကို တားမြစ်လိုက်တယ်။

“ညီမလေး။ မင်း မသွားရဘူး။” ရှန်လင်း တားတယ်။

“ အား…. ။ ငါ သွားမယ်။ ကယ်ရမယ်။ တောင်ပိုင်းဒေသ ကြောင့် ဒီကောင် အခက် တွေ့နေရတာ။ ငါ သွားကယ်မှ ဖြစ်မယ်။ ”

“ ဖြန်း။” မာဆတ်ဆတ် ရိုက်ခတ်သံ တစ်ခုနဲ့ အတူ။ ရှန်းယွီ မင်းသမီး မြေပြင်ပေါ်ကို လဲကျသွားတယ်။ အနီရောင် တိမ်သဏ္ဍာန်တွေ ဖြည်းဖြည်းချင်း ပျောက်ကွယ်လာနေခဲ့တယ်။

“ ဆွဲချထား။ သူမကို စောင့်ကြည့်နေ”

“ အမိန့်တော် အတိုင်းပါ အရှင့်သား။”

…

ဖြူဖျော့ပြီး အသက်မဲ့ ခန္ဒာ တစ်ခုလို လဲလျောင်းနေတဲ့ ဖန်ကျန်းရှီ ကို အဝေးကနေ ရှင်းယွမ်ကောင်း ကြည့်နေခဲ့တယ်။ သူ့ ရဲ့ လက်သီးတွေလည်း ဖြူဖျော့နေတယ်။ ဖန်ကျန်းရှီကို သူ ကယ်တင်ချင်တယ်။ ဒါပေမယ့် သူသာ ကြိုးစားလိုက်ရင်။ နတ်ဆိုးခေါင်းဆောင်တွေ အကုန်လုံးလည်း ။ လှုပ်ရှားလာလိမ့်မယ်။

ဂိတ်တံခါးမှာ တိုက်ပွဲစတည်းက။ တစ်ချက်လေးတောင် မတွေဝေပဲ သူ တိုက်ခိုက်ခဲ့တယ်။ ဆက်တိုက် သူ တိုက်ခိုက်နေခဲ့တယ်။ အခုချိန်မှာ သူသာ စစ်မြေပြင်ထဲ ခုန်ချပြီးတော့ ချန့်ယန်းကို တိုက်ခိုက် လိုက်ရင်။ ဒီပုံပြင်က ပြောင်းလဲသွားလိမ့်မယ်။ သဘောတူညီချက်အရ။ ဖန်ကျန်းရှီ နဲ့ ချန့်ယန်း က ဓားစာခံတွေ လဲရမယ်။ ဒီ အချိန်အတွင်း အဖြစ်အပျက်တွေက သူတို့ နှစ်ယောက် နဲ့ပဲ သက်ဆိုင်လိမ့်မယ်။

“ ယန်လေး။ ဟိုကောင် သေတော့မယ်။ သွား…. သွားကယ်ရအောင်။” ပင်းယန်က ဖန်ကျန်းရှီ နဲ့ မဝေးဘူး။ ဒီတိုက်ခိုက်မှုက ဘယ်လောက်တောင် အင်အားကြီးမှန်း သူမသိတယ်။ ဖန်ကျန်းရှီကို အရင်တုန်းကတော့ အထင်လွဲခဲ့ပေမယ့်လည်း ….။ ပင်းယန်က စိတ်အားတက်ကြွတာ မှန်တယ်။ သူမက တုံးအနေတာ မဟုတ်ဘူး။ ချီကူယန်ရဲ့ ကိုယ်ခန္ဒာက တုန်ယင်နေခဲ့တယ်။ ဒီ တိုက်ခိုက်မှု ရဲ့ အင်အားကို သူမ ခံစားမိနေတယ်။ ဒါပေမယ့် သူမလည်း မလှုပ်ရှားနိုင်ဘူး။ တစ်လက်မလေးတောင် မရွေ့လျားနိုင်တာ။ ဒါပေမယ့် ချန့်ယန်း နောက်တစ်ကြိမ် တိုက်ခိုက်မှာကိုတော့ သူမ ရပ်တန့်နိုင်တယ်။

“ရပ်လိုက်။” ချီကူယန်က ယွင်ချင်းဝူ ရဲ့ လည်ပင်းကို လက်နဲ့ ထောက်ထားလိုက်တယ်။ သူမရဲ့ လက်ထဲမှာ ငွေရောင် အလင်းဓား တစ်ချောင်းရှိနေခဲ့တယ်။ ချန့်ယန်း တစ်ခဏတာတွေေ၀ သွားတယ်။ ဒါပေမယ့်။ သူ့ကိုယ်ခန္ဒာ တောက်ပမှု ကတော့ မပြောင်းလဲ သွားခဲ့ဘူး။ အပြာရောင် အလင်းတန်းက သူ့ ခန္ဒာကိုယ်ကို ဆက်ပြီးတော့ ရစ်ပတ်ထားခဲ့တယ်။ ကောင်းကင်ပြာကြီးက သူ့ကို ထွေးပိုက်ထားတဲ့ အတိုင်း။

“-ျီးပဲ” ဖန်ကျန်းရှီ နောက်ထပ် ပါးစပ် အပြည့်နဲ့ သွေးတွေ အန်ကျလာခဲ့တယ်။ ချန့်ယန်းဆီကို တည့်တည့် အန်ကျသွားတာ။ ဒါပေမယ့် အပြာရောင်အလင်းတန်းနဲ့ သွေးတွေ ထိတွေ့သွား တဲ့ အချိန်မှာ။ ဖန်သားတွေကို ထိ တွေ့သလို။ မြေပြင်ပေါ်ကို ကျသွားခဲ့တယ်။

သွေးစက်တွေ့ ဖန်ကျန်းရှီ ရဲ့ အကျီနဲ့ ။ သူ့ရဲ့ လျှို့ဝှက် လက်နက်တွေ။ ကိုယ်ပိုင် ပစ္စည်းတွေကို ပါ စွန်းထင်းသွားခဲ့တယ်။ ဒီ ပစ္စည်းတွေထဲမှာ။ ကျောက်တုံး တစ်တုံး။ မဟူရာ ကျောက်တုံး တစ်တုံး ပါတယ်။ ဘယ်ထောင့်ကပဲ ကြည့်ကြည့် ။ ဒီ ကျောက်တုံးက အချိုးကျနေတယ်။ ဒါပေမယ့် ကျောက်တုံး ရဲ့ မျက်နှာပြင်ပေါ်ကို သူ့ သွေးတွေ ကျသွားတဲ့ အချိန်မှာ။ တခြားသော နေရာတစ်ခုကို စိမ့်ဝင်သွားသလို ပျောက်ကွယ်သွားတယ်။ ခြေရာတစ်ခုတောင် မကျန်ခဲ့ဘူး။ ဖန်ကျန်းရှီလည်း ဘာတွေ ဖြစ်နေမှန်း မသိဘူး။ အခုချိန် သူ့မှာ ခံစားချက် တစ်ခုပဲရှိတယ်။ နာကျင်မှု။ ရင်ဘတ်ထဲက အရမ်း အရမ်းကို နာနေတယ်။ နှလုံးတည့်တည့်ကို တစ်ခုခုနဲ့ ထိုးဖောက်ခံထားရတဲ့ အတိုင်း။

မျှော်လင့်ထားတဲ့ အတိုင်း ချန့်ယန်း တွေဝေသွားခဲ့တယ်။ ယွင်ချင်းဝူက ချီကူယန်ရဲ့ လက်ထဲမှာ ရှိနေတာလေ။ ယွင်ချင်းဝူ အဲ့ဒီ့မှာ ရှိနေသရွေ့။ ဖန်ကျန်းရှီ ရဲ့ အသက်လည်း ချက်ခြင်းတော့ အန္တရာယ် ဖြစ်မှာ မဟုတ်ဘူး။ ဒီ အကြောင်းရင်း ကြောင့်ပဲ။ ဖန်ကျန်းရှီက ရှေ့ဆက်တိုးလာခဲ့တာ။ ဒါပေမယ့် အခုတော့။ သေတာထက် ဆိုးတဲ့ ကံကြမ္မာ ဖြစ်နေမှန်း သိလိုက်ရပြီ။ အခု အချိန်မှာတော့။ သေဖို့ကို ဆုတောင်းနေရတယ်။

“ခင်ဗျား…. ခင်ဗျားက။ ကျွန်တော့်ရဲ့ စိတ်အာရုံနယ်မြေကို ဖျက်စီး ချင်တာလား။” ဖန်ကျန်းရှီ မတ်တပ် ရပ်လိုက်ချင်တယ်။ ဒါပေမယ့် အရမ်း ပြင်းထန်တဲ့ အင်အားကြီး တစ်ခုက သူ့ကို ချုပ်နှောင်ထားခဲ့တယ်။ ဒါက ကောင်းကင်တာအိုရဲ့ အချုပ်အနှောင် မဟုတ်ဘူး။ ဒါက ဖန်ကျန်းရှီ အတွက် အသက် အန္တရာယ်ပဲ။

“ အင်း.. မင်း က အရမ်းကို ထက်မြက်ပါပေတယ်။ အဟမ်း ….” ချန့်ယန်း ခေါင်းငြိမ့်ရင်း လည်ချောင်းရှင်းတယ်။ အဲ့ဒီ့နောက် သူ ဖြူဖျော့သွားသလို။ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာခဲ့တယ်။

“ ဒဏ်ရာရနေတာလား။” ချန့်ယန်းဘယ်လို ဒဏ်ရာရသွားမှန်း ဖန်ကျန်းရှီ မသိလိုက်ဘူး။ ဒါပေမယ့် သူ သေချာတာက ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူနဲ့ ဆိုင်တာ ဘာမှ မရှိဘူးလေ။ ရှင်းယွမ်ကောင်း ရဲ့ တိုက်ခိုက်မှု ကြောင့်လား။ နန်ကုန်းဟောင်ရဲ့ တိုက်ခိုက်မှုကြောင့်လား။ ဒါမှမဟုတ်။ နှလုံးကာမှန် ရဲ့ တန်ပြန်မှုကြောင့်လား။ ဒါတွေက အရေးမကြီး ပါဘူး။ အကယ်၍ ချန့်ယန်း သာ သူ့ကို နောက်တစ်ကြိမ် ထပ်ပြီး တိုက်ခိုက်လိုက်ရင်။ သူလည်း တစ်သက်တာလုံး ဒုက္ခိတ ဖြစ်သွားလိမ့်မယ်။

“ငါ့ကို သွားခိုင်း။ ဒါမှ မဟုတ်ရင်။ ယွင်ချင်းဝူကို ငါ သတ်မယ်။ ဒါဆိုရင်။ ငါတို့ နှစ်ယောက်လုံး ခံစားရလိမ့်မယ်။” ဖန်ကျန်းရှီ က စိတ်ရှုပ်ထွေး နေခဲ့တယ်။ ချန့်ယန်း ရဲ့ တွေဝေမှုက အနည်းငယ် သက်တောင့်သက်သာ ဖြစ်စေခဲ့တယ်။ ချန့်ယန်းက အတော့်ကို တည်ငြိမ်နေခဲ့တယ်။ ရေကန်တစ်ခုလိုပဲ။ ဒါက ဖန်ကျန်းရှီကို အတော်လေး မတည်မငြိမ် ဖြစ်စေခဲ့တယ်။

“ သတ်မယ်တဲ့လား။ ဘယ်လိုလဲ။” ချန့်ယန်း ရဲ့ တုန်ယင်တဲ့ အသံ ဆက်ပြီး ထွက်ပေါ်လာတယ်။ လူတစ်ယောက်က ချန့်ယန်းရဲ့ အသံကို ကြားရင် အားနည်းတယ်လို့ မှတ်ယူကြလိမ့်မယ်။ ဒါပေမယ့် ဖန်ကျန်းရှှီ ခက်ခက်ခဲခဲ ကြိုးစားပြီးနောက်မှာတော့။ ချန့်ယန်း က ဘယ်လောက်တောင် အင်အားကြီးမှန်း သူသိ ခဲ့တယ်။

“ ယွင်ချင်းဝူကို ကျွန်တော် မသတ်နိုင်ပေမယ့်။ သူကတော့ လုပ်နိုင်မယ်။” ဖန်ကျန်းရှီ အံကြိတ်ထား ခဲ့တယ်။

“ ဒီလိုလား။ ဒီ ဆုံးဖြတ်ချက်က မင်းရဲ့ လက်ထဲမှာ မရှိတာတော့ သနားစရာပဲ။ နောက်ပြီးတော့။ မင်း မှတ်ထားသင့်တယ်။ သူက ချီကူယန် တင်မကဘူး။ နတ်ဆိုးကျောင်းတော်ရဲ့ ဆက်ခံသူ နဲ့။ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အနာဂတ် စစ်သူကြီးလေ။” ချန့်ယန်း လှောင်ပြုံးပြုံးနေခဲ့တယ်။

ချန့်ယန်း ရဲ့ မျက်နှာပေါ်က အပြုံးကို ဖန်ကျန်းရှီ ကြည့်နေခဲ့တယ်။ သူ စကားမပြောပေမယ့် အမူအယာ ကတော့ ပြောင်းသွားခဲ့တယ်။ ချန့်ယန်းက စကားနည်းတယ်။ ဒါပေမယ့် ပြောတဲ့ စကား အကုန်လုံးက အမှန်တရားပဲ။ ဒါကြောင့် ဖန်ကျန်းရှီမှာ ငြင်းပယ်နိုင်တဲ့ လမ်း မရှိဘူး။ ချီကူယန်က ယွင်ချင်းဝူကို မသတ်နိုင်ဘူး။ သူမက ကြီးမြတ်သောရှမင်းဆက် ရဲ့ အနာဂတ် စစ်သူကြီး တစ်ယောက် ဖြစ်နေတာကြောင့်ပဲ။ တောင်ပိုင်းဒေသ နဲ့ ကြီးမြတ်သော ရှမင်းဆက် တို့ ပေးဆပ်ရမယ့် တန်ဖိုးကို သူ တွေးတောဖို့ လိုအပ်တယ်။

“ ချင်း ဝူကတော့ … မကြာခင် နိုးလာတော့မှာ ပါ။” ချန့်ယန်းက မေ့မျောနေတဲ့ ယွင်ချင်းဝူကို ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီကတော့ ဒါကို ကြားတဲ့ အချိန်မှာ အမူအယာ ပြောင်းလဲသွားခဲ့တယ်။ ချန့်ယန်းက ချီကူယန် ရဲ့ စကားကို ကြားတဲ့ အချိန်မှာ ဘာကြောင့် တွေဝေသွားမှန်း သူ နားလည်သွားြ ပီ။ အစတုန်းက ဖန်ကျန်းရှီ ထင်ခဲ့တာ။ အရာ အားလုံးက သူ့ အစီအစဉ် အတိုင်း ဖြစ်နေတယ်လို့။

ဒါပေမယ့် ချန့်ယန်းကပဲ အကုန်လုံးကို ထိန်းချုပ်ထားခဲ့တာ။ သူ အသက်ရှင်နေရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက …. ချန့်ယန်း စောင့်ဆိုင်းနေတာ ကြောင့်ပဲ။ ချန့်ယန်းက ယွင်ချင်းဝူ သတိ ပြန်ရလာ မှာကို စောင့်နေခဲ့တာ။ ယွင်ချင်းဝူကို မျက်မြင်တွေ့စေချင်လို့ပဲ။

ယွင်ချင်းဝူ ရဲ့ ကိုယ်ခန္ဒာက တုန်ယင်နေခဲ့တယ်။ သူမ မျက်လုံး ဖြည်းဖြည်းပွင့်လာပြီ ။ သူမ ရဲ့ မျက်ဝန်း အကြည့်ကနေ။ မူးဝေနေဆဲ ဆိုတာ ပြောနိုင်တယ်။ ဒါပေမယ့် သူမ လည်ပင်းက အလင်းဓားကို မြင်တော့ ချက်ခြင်း ပြန် တောက်ပလာခဲ့တယ်။ သူမ ချီကူယန်ကို ကြည့်တယ်။ အဲ့ဒီ့နောက်။ ချန့်ယန်း နဲ့ ဖန်ကျန်းရှီကို ပြန်ကြည့်တယ်။

“ ငါ မတ်တပ်ရပ်လို့ ရလား။” ယွင်ချင်းဝူက ချီကူယန် ကိုကြည့်နေခဲ့တယ်။

“ အင်း။” ချီကူယန် ခေါင်းငြိမ့်လိုက်တယ်။ သူမရဲ့ အလင်းဓားကို ဆက်ပြီးတော့ ထိန်းသိမ်းထားခဲ့တယ်။ ယွင်ချင်းဝူ စကားမပြောဘူး။ ထရပ်လိုက်တယ်။ သူမက ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ သူမရဲ့ အမူအယာ က ရှုပ်ထွေးတယ်။

“ နောက်ဆုံး မေးခွန်းတစ်ခု မေးလို့ရတယ်။”

“ မေးချင်တာ မေးလို့ရတယ်။ ဒါပေမယ့် ငါ မဖြေဘူးဆိုတာ စိတ်ချထားလိုက်။” ဖန်ကျန်းရှီက တစ်ခါတည်း ရိုက်ချလိုက်တယ်။ မေးခွန်းဆိုတာ။ အနာကို ဆားပက်ရုံ သက်သက်ပဲ။

အခု မြေပြင်ပေါ်မှာ ပြားပြားဝပ်နေရတာက သူလေ။ ဒါတောင် ထပ်ပြီး အရှက်ကွဲအောင် လုပ်မလို့လား။ ဆိုးဝါးလိုက်တာ။ ဖန်ကျန်းရှီက သူ့ အဖြေကို ပြန်စဉ်းစားနေခဲ့တယ်။ သူ ရိုးရိုးရှင်းရှင်း တစ်ခွန်းတည်းပဲ ပြန်ဖြေလိုက်တယ်။

“ မိုးမေလင်းလိုက်။”

အပိုင်း(၄၄၉)ပြီး၏။

အပိုင်း (၄၅၀)

“သေမလား။ ရှင်မလား။”

ယွင်ချင်းဝူက ဖန်ကျန်းရှီကို တစ်ချက်ကြည့်တယ်။ အဲ့ဒီ့နောက်။ ကောင်းကင်ပေါ်ကလမင်းကို ကြည့်တယ်။ ဖန်ကျန်းရှီ ရဲ့ အပြုအမူကို သူ မအံ့သြပါဘူး။

“ ဒီည လမင်း ကြီးက လှတယ်မလား။”

“ ငလူး…. ဟမ်. …။ မင်း ဘာပြောတယ်။ ” ဖန်ကျန်းရှီ ရဲ့ လေသံ က လမ်းတစ်ဝက်မှာ ပြောင်းလဲသွားတယ်။

“ အင်း။ ဒါ ငါ့ မေးခွန်းပဲ ။ ” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။

“လမင်း…. လှတယ်။” ညကောင်းကင်ကို ဖန်ကျန်းရှီ မော့ကြည့်ရင်း ပြောတယ်။ လေထုထဲမှာ သွေးနံ့တွေ ပြည့်နေတာကြောင့်သာမဟုတ်ရင်။ လရောင်ခံဖို့အတော်ကောင်းတဲ့ ည ဖြစ်မှာပဲ။ ဒါပေမယ့် ယွင်ချင်းဝူ ဒီလို မေးလာမယ်လို့ သူမထင်ထားမိဘူး။

“ အင်း။ လမင်းက အတော်လေး ကို လှတယ်။” ယွင်ချင်းဝူ ခေါင်းမော့ရင်း အေးဆေး ပြောနေခဲ့တယ်။ ဖန်ကျန်းရှီ ကတော့ သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ်နိုင်ဘူး။ ဘာဖြစ်လို့။ ယွင်ချင်းဝူက လမင်း အကြောင်းကို မေးမှန်း သူမသိဘူး။ ဒါပေမယ့် သူ့လက်ပေါ်ကို လက်တစ်ဖက် ရောက်နေတာ ရုတ်တရက် မြင်လိုက်ရတယ်။ အိုမင်းနေတဲ့ လက်ဝါးတစ်ဖက်။

“ သုခမိန်တစ်ဝက်ကြီး။ တကယ်ပဲ အလစ်ဝင်တိုက် မလို့လား။ အကယ်၍ ကျွန်တော့်ကို သတ်ချင်ရင်တောင်။ လမင်းကို နည်းနည်လေး နည်းနည်းလေးလောက် အချိန် ပိုယူပြီး ကြည့်ခွင့်ပြုပါ။ ” ဖန်ကျန်းရှီပြောတယ်။

ဒီတိုက်ခိုက်မှုက ဘယ်လောက်တောင် အင်အားကြီးမယ်မှန်း သူသိတယ် ။ နောက်ဆက်တွဲ ဆိုးကျိုးကို လည်း သူတွက်ပြီးပြီ။ ဒါပေမယ့် ချန့်ယန်းက တွေဝေနေခဲ့တယ်။ ဖန်ကျန်းရှီ ပြော လိုက်တာကြောင့်လား ဆိုတာ ဘယ်သူမှ မသိဘူး။ ဒါပေမယ့် သူု က အခုချိန်ထိ မတိုက်ခိုက် ခဲ့ဘူး။ ဒီ ရပ်တန့်မှုက ယာယီပဲ ။ ချန့်ယန်းက အရမ်းကို တည်ငြိမ်နေတယ်။ ကန်ရေပြင်လိုပဲ။ ဖန်ကျန်းရှီ လည်း ဒါက ဘာကို ဆိုလိုချင်မှန်း သိတယ်။ ယုံကြည်မှု။ နောက်ပြီးတော့ ဆုံးဖြတ်ချက်တွေ။ ချန့်ယန်း က စိတ်ဆုံးဖြတ်ထားတာ သူသိတယ်။

“ငါ သေရတော့မှာလား။” ဖန်ကျန်းရှီက လမင်းနဲက ကောင်းကင်က ကြယ်တာရာတွေကို ကြည့်နေခဲ့တယ်။ အကယ်၍ ဒီ ဓားသာ ခပ်မြန်မြန် စိုက်သွားခဲ့ရင်။ နာကျင်မှု မရှိပဲ သေလိုက်ရတော့ မှာမှန်း သူသိတယ်။ သူ မသိတဲ့ တစ်ခုတည်းသော အရာက ။ သေပြီးနောက် ဘာဖြစ်မလဲ ဆိုတာပဲ။ အရင်ကမ္ဘာတုန်းကတော့။ သူသေတဲ့ နောက်မှာ။ ဒီလောကကို ရောက်လာခဲ့တယ်။ နှစ်တွေ အများကြီး ဖြစ်သန်းလာပြီးတဲ့နောက်။ ဒီလောကကို သူ ခင်တွယ်လာမိတယ်။ တကယ့်ကို လှပတဲ့ လောကတစ်ခုပဲ။ ပန်းတွေ ကလည်း လှပတယ်။ လေကလည်း သန့်ရှင်းတယ်။ ဒီလောက အရာအားလုံးကို သူ ချစ်မြတ်နိုးတယ်။

ဒီလောကမှာ လေထု ညစ်ညမ်းတာတွေ။ ရေထုညစ်ညမ်းတာတွေ မရှိဘူး။ အစားအသောက်တွေ အားလုံးက သန့်ရှင်းတယ်။ ဖန်ကျန်းရှီ ဒီလောကမှာ ခရီးထွက်ရတာကိုလည်း သဘောကျတယ်။ ရှေးဟောင်း ယဉ်ကျေးမှုတွေ။ အရိုင်းဆန်တဲ့ အငွေ့အသက်တွေက စိတ်ကို လွတ်လပ်ပေါ့ပါးစေတယ်။ ပိုပြီး အရေးကြီးတာက။ သူ့ကို ဂရုစိုက်တဲ့ မိသားစု ဒီမှာ ရှိနေတာပဲ။

“အဖေ။ အမေ….. ကျွန်တော်သေသွားတာကို အဖေတို့ အမေတို့ သိရင်။ ဘယ်လောက်တောင်ဝမ်းနည်း ကြမလဲ။ ” ဖန်ကျန်းရှီ ရဲ့ စိတ်ထဲမှာ ပုံရိပ်တွေ ပေါ်လာခဲ့တယ်။

တောင်ပိုင်းဒေသ ရွာသူကြီးနဲ့ အဒေါ်လီ တို့ ။ သူတို့ အိမ်ကို လာလည်တဲ့ အချိန်။ ဒီလောကကြီး က စစ်သည်တော်တွေ ရဲ့ စွမ်းအားကိုပထမဆုံးမြင်ဖူးခဲ့တာတွေ။ ဖန်ဟို့ဒဲနဲ့ ရွာက အမဲလိုက်သမားတွေ ဒဏ်ရာရလာတဲ့နေ့။ တစ်ရွာလုံး မျက်ရည်နဲ့ မျက်ခွက် ဖြစ်ခဲ့ရတယ်။ အဲ့ဒီ့နေ့က ဒီလောကကြီးမှာ သူ့ အစွမ်းတွေကို ပထမဆုံး အသုံးပြုခဲ့ရတာပဲ။ တောင်ပိုင်းဒေသ ကနေ သူတို့ ထွက်ခွာလာခဲ့ကြတယ်။ အဲ့ဒီ့နောက်။ သူ့ စွမ်းအားတွေကို အပြည့်အ၀ ဆက်တိုက် အသုံးချခဲ့တယ်။ သူ အမဲလိုက်ပြီး ပြန်လာတဲ့နေတဲ့ မှာ ( အမေရေ သားပြန်လာပြီ။ အဖေရေ သားပြန်လာပြီ။) ညနေတိုင်း သူအော်ခေါ်ခဲ့တာတွေ ။ ပြန်လည် သတိရနေခဲ့တယ်။

“ အိမ်…. ငါ ပြန်နိုင်ပါ့မလား။” ညကောင်းကင်ယံကို ကြည့်ရင်း ဖန်ကျန်းရှီ တွေးမိတယ်။

“ ကျန်းရှီ ပြန်မလာသေးဘူးလား။ ”

“ ကျန်းရှီ။ မင်းက တု့ိရွာရဲ့ ဂုဏ်သိက္ခာပဲ။”

“ ကျန်းရှီ။ မင်းက အခုဆို အမတ်မင်း ဖြစ်နေပြီ။ ငါတို့ ရွာတော့ ကောင်းစားတော့မယ်။ သူက ကျောင်းလည်း ဆောက်ပေးတယ်။ … မဟုတ်ဘူး။ ကျောင်းတော်ကြီး …။ နောက်ပြီးတော့ လမ်းလည်း ဖောက်ပေးတယ်။ ”

“ ဟုတ်တယ်။ သူက ငါတို့ ဒေသရဲ့ ဂုဏ်ကျက်သရေပဲ။”

…

“ မင်း ကြည့်လို့ ဝပြီလား။” ချန့်ယန်း က ဖန်ကျန်းရှီ ရဲ့ အတွေးတွေကို နှောက်ယှက်လိုက်တယ်။ သူ့ကို ဘက်တွေ့ဘဝဆီ ပြန်ခေါ်လာခဲ့တယ်။ ဖန်ကျန်းရှီ ြပ်နမဖြေဘူး။ သူ ဆက်ပြီးတော့ ရုန်းကန်နေတုန်းပဲ။ တကယ်က သူ နားလည်ပါတယ်။ သူလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက အခုချိန်မှာ ချန့်ယန်း ရဲ့ လက်ထဲ သေဖို့ စောင့်နေရမှာပဲလို့။ ရေဘဝဲ တစ်ကောင်းလိုမျိုး သူ ရုန်းကန်နေခဲ့တယ်။ ခြေတွေ လက်တွေ သွားတွေ။ သူ့မှာ ရှိသမျှ အရာ အားလုံး နဲ့ ရုန်းကန်နေတယ်။ ဘာနည်းလမ်း သုံးရမယ် ဆိုတာ သူ ဂရုမစိုက်ဘူး။ သူ လုပ်ချင်တာက။ အသက်ရှင်ချင်တာပဲ။

“ အား…. ” မယုံကြည်နိုင်လောက်အောင် ပြင်းထန်တဲ့ အင်အားလှိုင်းတွေ ထွက်ပေါ်လာတယ်။ နောက်ဆုံး တစ်ကြိမ် နဲ့ မတူတာက။ ဒီ တစ်ခေါက် အင်အားလှိုင်း ပေါက်ကွဲမှုက။ လှိုင်းတွေလို မဟုတ်တော့ဘူး။ ချိန်းကြိုးတွေလို အဆက်မပြတ် လှိုင်းထန်နေခဲ့တယ်။ ဒေါသထွက်နေတဲ့ မြစ်တစ်စင်းက ဆည် တစ်ခုကို ရိုက်ခတ်နေသလိုပဲ။ ဘယ်တော့်မှ လက်လျှော့မသွားခဲ့ဘူး။ သူ့ စိတ်ထဲမှာ တွေးမိတဲ့ တစ်ခုတည်းသော အရာက။ သူ့မှာ ရှိတဲ့ စွမ်းရည်တွေကို တစ်စက်မကျန်အောင် အသုံးချပြီး နောက်ဆုံးမိနစ် ထိ ရုန်းကန်ရမယ် ဆိုတာပဲ။

“ ဘွန်း။” အင်အားလှိုင်းတွေက ချန့်ယန်းရဲ့ ဝတ်ရုံကို လှုပ်ခတ်သွားစေတယ်။ ဒီလေလှိုင်းတွေက ချန့်ယန်း ရဲ့ အိုမင်းနေတဲ့ မျက်နှာကို အရှိန်ပြင်းပြင်းနဲ့ ရိုက်ခတ်သွားတယ်။ ချန့်ယန်း ရဲ့ ကိုယ်ခန္ဒာ ရွေ့လျား သွားတယ်။ သူ့ကိုယ်ကို မြေပြင်ပေါ်ကနေ အရှိန်ပြင်းပြင်းနဲ့ မတင် ခံလိုက်ရတဲ့ အတိုင်းပဲ။ ဒါပေမယ့် သူ့ကိုယ်ကို တည်ငြိမ်အောင် ထိန်သိမ်းထားရင်းနဲ့။ ဖန်ကျန်းရှီကို ကျောက်တုံး တတုံးလို ဖိထားခဲ့တယ်။

“ ယန်လေး။ ဖန်ကျန်းရှီ သေတော့မယ်လေ။ ငါတို့ သူ့ကို ကယ်ရမယ် ” ပင်းယန်က စိတ်ရှုပ်ထွေးမှု အပြည့်နဲ့ ပြောတယ်။ သူမ တကယ့်ကို စိုးရိမ် ပူပန်နေတာ။ ဘာကြောင့်များ ဒီလောက်ထိ ပူပန်မေိမှန်း မသိတော့ဘူး။

“အရှက်မရှိလိုက်တဲ့ ကောင်စုတ်။” ချီကူယန် ဖြူဖျော့သွားတယ်။ သူမ ဒီလို ဖြစ်နေတာမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ သူမ အသံ ထွက်ပေါ်လာတာနဲ့ တပြိုင်နက်။ ငွေရောင် အလင်းတန်းတွေ ကမ္ဘာတွေကို တုန်ဟီး သွားတဲ့ အထိထွက်ပေါ်လာတော့တယ်။ မရေမတွက် နိုင်တဲ့ ကြယ်တာရာတွေကနေ ထွက်ပေါ်လာတဲ့ အလင်းတန်းတွေလိုပဲ။ ချန့်ယန်းကို တိုကခိုက်တော့တယ်။

“ဘွန်း….” ကျယ်လောင်တဲ့ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာတယ်။ ချန့်ယန်း ရဲ့ ကိုယ်ခန္ဒာက တုန်ယင်နေတယ်။ ဒါပေမယ့် သူ ခုန်မရှောင်ခဲ့ဘူး။ ပြောရရင်။ သူ ခုန်ရှောင်ဖို့ မကြိုးစားခဲ့တာပဲ။ အလင်းတန်းတွေ သူ့ကို ထိတွေ့တာကို ခွင့်ပြုထားခဲ့တယ်။ သူ့ရဲ့ တုန်ယင်နေတဲ့ ကိုယ်ခန္ဒာက တောင်ကြီးတစ်ခုလုံးလို တောင့်ခံနေခဲ့တယ်။ သူ့လုပ်နိုင်တဲ့ ကိစ္စက ။ ဖန်ကျန်းရှီကို မှောင်မိုက်ပြီး ဗလာ ဟင်းလင်း ဖြစ်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့တယ်။

“ မင်း ကြည့်လို့ ဝလောက်ပါပြီ။” ချန့်ယန်း နောက်ဆုံးတော့ စကားပြောလာတော့တယ်။ ဖန်ကျန်းရှီ က မှောင်မိုက်နေတဲ့ မျက်ဝန်းတွေကို စိုက်ကြည့်နေတယ် ။ ဖန်ကျန်းရှီကတော့ စိတ်ပျက်အားလျော့နေခဲ့တယ်။ အင်အားလှိုင်းလုံးတွေက သူ့ ဘေးနားမှာ ရှိတဲ့ အရာအားလုံး ( လက်နက် ပုန်းတွေ က အစ။ အစား အသောက်တွေက အဆုံး) လွင့်ထွက်သွားစေခဲ့တယ်။ ဒါပေမယ့် ဘယ် တစ်ခုကမှ ချန့်ယန်းကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူး။ အရာ အားလုံးက ချန့်ယန်း ရဲ့ အပြာရောင် အလင်းတန်းကို ထိတွေ့တဲ့ အချိန်မှာ ပျောက်ကွယ်သွားခဲ့တယ်။

နတ်ဆိုး ကျောင်းတော်မှာ ချီဟို့ နဲ့ တိုက်ခိုက်ခဲ့တဲ့ အချိန်တုန်းက ။ သူ့ရဲ့ လက်နက်ပုန်းတွေက အသုံးဝင်ခဲ့သေးတယ်။ ဒါပေမယ့် အခုတော့ ပိုပြီးတော့ သန်မာတဲ့ ပြိုင်ဘက်နဲ့ တွေ့နေခဲ့ရပြီ။ သုခမိန် တစ်ဝက် ချန့်ယန်း။

“ ငါ အခု ထိ လပ်တောင် မထပ်ရသေးဘူး။” ဖန်ကျန်းရှီ အရမ်းတွေ နောင်တရနေခဲ့တယ်။ သူ့ရဲ့ အရင် လောကမှာ။ လက်ထပ်ဖို့ ဇနီးတစ်ယေက်တောင် ရှာမတွေ့ခဲ့ဘူး။ ဒီ လောကမှာတော့။ သူ့ ရဲ့ အနာဂတ် ခရီးလမ်းက အဆုံးအစမဲ့အောင် တောက်ပနေတာ။ ဒါပေမယ့် အခုတော့ တစ်ယောက်တည်းသေရတော့မှာလား။ ဖန်ကျန်းရှီ လက်မခံချင်ဘူး။ ဒါပေမယ့်လည်း သူ လုပ်နိုင်တာ ဘာမှ မရှိဘူးလေ။ သူ့ရဲ့ နှလုံးကာ မှန်က ကွဲအပ်သွားပြီ။ ချန့်ယန်း ရဲ့ တိုက်ခိုက်မှုကို သူက ဘယ်လိုများ ခုခံ နိုင်အုန်းမှာလဲ။ သံချပ်ကာလား။ တစ်ခါတော့ သူ ဝတ်ဖူးတယ်။ သူ့ဘေးနားမှာ ပျံ့ကျဲနေတဲ့ ပစ္စည်းတွေကို သူ ရှာကြည့်တယ်။ ဒါပေမယ့် သံချပ်ကာက လွင့်ပါ သွားပြီ။ တကယ်လမ်းပျောက်နေပြီ။ သံချပ်ကာလေးတောင် မရှိတော့ဘူး။ သူတွေးနေတဲ့ အချိန်မှာပဲ။ သူ့ လက်က ကျောက်တုံး တစ်တုံးကို စမ်းလိုက်မိတယ်။ မဟူရာကျောက်တုံးကြီး။

“ ဒီကျောက်တုံးက….” အဆုံးမဲ့လောကထဲက ထွက်လာတဲ့ အချိန်မှာ သူ ယူလာခဲ့တဲ့။ ကျောက်တုံးမှန်း သူ သဘောပေါက်သွားတယ်။ ဒါပေမယ့် ဒီ ကျောက်တုံးက သူ ယူလာတည်းက ဘာမှ မသုံးရသေးဘူး။ ဒီအတိုင်း နှလုံးကာ မှန်ထဲမှာ ထည့်ထားတာ။ အခုတော့။ ဒီ အတိုင်းကျန်ခဲ့တယ် တဲ့လား။ ဒီကျောက်တုံးက ဘာမှန်းလည်း သူမသိဘူး။ ဘာ လုပ်နိုင်စွမ်းရှိမှန်းလည်း သူမသိဘူး။ သူ့မှာ တွေးဖို့ အချိန်မှာ မရှိပဲ။ ချန့်ယန်းက သူ့ နှလုံးကို အရှိန်ပြင်းပြင်း နဲ့ ရိုက်ချနေပြီလေ။ တောင်တစ်လုံးလို ပြင်းထန်တဲ့ ခွန်အားနဲ့။ သူ နည်းနည်းလေးတောင် ထပ်မတွေးနိုင်တော့ဘူး။ ဖန်ကျန်းရှီ ကျောက်တုံးကို သူ့ ရင်ဘတ်ပေါ် တင်လိုက်တယ်။ ဒီလို ခုခံတဲ့နေရာမှာ ကျောက်တုံးထက် ကောင်းတဲ့ အရာ မရှိနိုင်တော့ဘူး။

“ဘွန်း။” ဖန်ကျန်းရှီ လက်ဝါးချက်ကို ခံလိုက်ရတယ်။ ချန့်ယန်းရဲ့ တိုက်ခိုက်မှုကို သူ ခုန်မရှောင်ခဲ့ ဘူးလေ။ ချက်ကောင်းကို တည့်တည့်ထိသွားခဲ့တယ်။ ကျောက်တုံးခံထားတာတောင်။ ဒီ တိုက်ခိုက်မှု ရဲ့ စွမ်းအား က ဒူးညွှတ်လောက်ထဲ့ အထိ ပြင်းထန်နေတုန်းပဲ။ ဖန်ကျန်းရှီ မျက်လုံးပြူးသွားခဲ့တယ်။ တောင်နဲ့ အဖိ ခံလိုက် ရတဲ့ အတိုင်းပဲ။ ဒီ တိုက်ခိုက်မှု့ ပြင်းထန်လွန်းလို့ သူ့ကိုယ်သူ သေမယ်လို့တောင် ထင်မိသွားတယ်။ အနည်းဆုံးတော့။ သူ့ စိတ်အာရုံ နယ်မြေ ပျက်စီးလောက်ပြီလေ။

“ စိတ်အာရုံနယ်မြေ မရှိရင်။ ငါ အသက်ဆက်ရှင်နိုင်ပါ အုန်းမလား။ အသက်ရှင်နိုင်ရင်တောင်။ ဘယ်လောက် အချိန် ကြာမှာလဲ။” ဖန်ကျန်းရှီ သူ့ ဘာသူ တွေးနေခဲ့တယ်။ သူ စောင့်ဆိုင်းနေတယ်။ သူ့ရဲ့ စိတ်အာရုံနယ်မြေ တစ်ခုလုံးကို အက်ကွဲသွားမှာကို သူ ကြည့်နေခဲ့တယ်။ ဒါပေမယ့် အချိန် တစ်ခဏတာ ကြာပြီးနောက်မှာတော့။ သူ နားလည်သွားတယ်။ သူ ခံစားရတာ က နာကျင်မှုပဲ။

ချန့်ယန်းများ သက်ညှာလိုက်တာလား။ (ဒီ အတွေးကို သူ ပယ်ချတယ်။) ချန့်ယန်းက ဘယ်တော့မှ သနား ညှာတာမှာမဟုတ်ဘူး။ ဒါဆို သူ အခု ဘာလို့ များ မသေသေးတာလဲ။ ဖန်ကျန်းရှီက အဓိပ္မာယ်မရှိတဲ့ မေးခွန်းတွေကို တွေးခဲ ပါတယ်။ သူ ချန့်ယန်းကို ကြည့်နေတယ်။ ချန့်ယန်းကလည်း သူ့ကို ကြည့်နေတယ်။ သူ့ရဲ့ ဗလာဟင်းလင်း မျက်ဝန်းတွေက ဖန်ကျန်းရှီကို စူးစိုက်နေတယ်။ အေးဆေးတည်ငြိမ်မှုတွေ ပျောက်ကွယ်သွားပြီ။ ဖန်ကျန်းရှီကတော့ ရေကန်ထဲ ပြုတ်ကျသွားတဲ့ ကျောက်တုံး တစ်တုံးလို ခံစားနေရတုန်းပဲ။ ကျောက်တုံး …..။

သူ့ရင်ဘတ်က ကျောက်တုံးကို ဖန်ကျန်းရှီ ကြည့်နေခဲ့တယ်။ ကျောက်တုံးက အခု လက်ရှိ အချိန်မှာ တောက်ပနေတယ်။ အရင်ကလို မည်းနက် မနေတော့ဘူး။ အခုတော့ အရမ်းကို တောက်ပနေတယ်။ ငွေရောင် အလင်းတန်းတွေက ညကောင်းကင်ကို လင်းထိန်စေ သလိုပဲ။

“ ကျောက်တုံးက ရတနာ တစ်ခုပဲ။” ဖန်ကျန်းရှီ မျက်လုံးပြူးနေတယ်။

ငတုံးတွေတောင်မှ ဒီ ကျောက်တုံးက သူ့ အသက်ကို ကယ်လိုက်မှန်း သိနိုင်တယ်။ ဒါပေမယ့် ဘယ်လိုများ တန်ဖိုးရှိရတနာ ဖြစ်သွားလဲ နားမလည်ဘူး။ ဒါပေမယ့်လည်း အခုကိစ္စထက် ပိုကောင်းတာ မရှိတော့ဘူးလေ။ အရင်တည်းက နှလုံးကာမှန်ထဲ ထည့်ထားလိုက်တာ။ ရှေ့ရေးကို ကြိုတွေးမိတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီကျောက်တုံးကို အမှိုက်တစ်ခုလို သဘောထားမိပေမယ့်။ တစ်ခဏတာလေးပါပဲ။

ဖန်ကျန်းရှီ ရဲ့ ရင်ဘတ်က တောက်ပနေတဲ့ အလင်းတန်းကို။ လူတွေ သတိထားမိကြတယ်။ မြို့နံရံပေါ်က လူတွေလည်း သူတို့ မြင်နေရတဲ့ အရာကြောင့် မျက်လုံး ပြူးနေတယ်။

“အဲ့တာ ဘာလဲ။ ”

သူတို့ ဘာသာ တွေးလိုက်ကြတယ်။ ဒါပေမယ့် ဘယ်သူကမှ သေချာမသိကြပါဘူး။ ယွင်ချင်းဝူ နောက်က နတ်ဆိုး စစ်တပ်ကြီးလည်း စိတ်ရှုပ်ထွေးနေမိတယ်။ နတ်ဆိုး စစ်သည်တော်တွေ အားလုံးက တောက်ပတဲ့ အလင်းတန်းကို ကြည့်ရင်း မျက်လုံးပြူးနေခဲ့တယ်။ ဒါပေမယ့် သူတို့ ကတော့ မေးစရာ မလိုကြဘူး။ ကြောက်လန့်နေကြတယ်။

“ဒါက ….”

“အဲ့တာက အဆုံးမဲ့လောက…..”

“ အဲ့တာ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဖန်ကျန်းရှီ မှာ ဘာလို့ အဆုံးမဲ့လောကရှိနေတာလဲ။”

အပိုင်း(၄၅၀)ပြီး၏။

All Chapters