အပိုင်း (၄၅၁-၄၆၀)
Vol. 5 Ch. 451-460
အပိုင်း (၄၅၁)
“ တောင်းပန်ပါတယ်။ သုခမိန်တစ်ဝက်ကြီး”
နတ်ဆိုးခေါင်းတွေ အားလုံး။ ဖန်ကျန်းရှီ ရဲ့ ရင်ဘတ်ပေါ်က ကျောက်တုံးကြီးကို ကြည့်နေကြတယ်။ အဲ့တာက ဘာမှန်း သူတို့ သိတယ်။ ဒါကြောင့်ပဲ သူတို့ မယုံမကြည်နိုင် ဖြစ်နေခဲ့တာ။ သူတို့တွေတင် မယုံကြည်နိုင်ကြတာ မဟုတ်ဘူး။ ယွင်ချင်းဝူလည်း မယုံနိုင်ခဲ့။
“ဖန်ကျန်းရှှီက ။ အဆုံးမဲ့လောကကို ချိုးဖောက်ခဲ့တဲ့ သူလား။”
ကန်လင်းတောင်မှာ အစီအစဉ်ချခဲ့တာက သူမလေ။ ဒါပေမယ့် မထင်မှတ်ထားတဲ့ ပုံစံ မျိုးနဲ့ ကျရှုံးသွားခဲ့ရတယ်။ သူမရဲ့ အစီအစဉ် ဘာကြောင့်များ ပျက်စီး ရတယ်ဆိုတဲ့ အကြောင်းရင်းကို မသိခဲ့ရဘူး။ သူမ သိတာကတော့ ။ အဆုံးမဲ့ လောကကြီးက ကောင်းကင်တာအို သုခမိန် ကျောက်ဖျာနဲ့ အတူ ပျောက်ကွယ်သွားတာပဲ။ ကန်လင်းတောင် တိုက်ပွဲမှာ ဖန်ကျန်းရှီ ပါနေမယ်လို့ မထင်ထားခဲ့မိဘူး။ အဲ့ဒီ့အချိန်တုန်းက။ ဒါကိုတွေးဖို့ သူမ မေ့သွားခဲ့တယ်။
ဖန်ကျန်းရှီက အဆုံးမဲ့ လောကကို ချိုးဖျက်ပြစ်ဖို့ အင်အား ကြီးမယ်လို့ မထင်ထားမိဘူး။ အဆုံးမဲ့လောက က အရင်ကလို အင်အားမကြီးတော့ရင်တောင်။ ဖန်ကျန်းရှီလို လူမျိုးက ချိုးဖျက်နိုင်မှာ မဟုတ်ဘူး။ ရှင်းယွမ်ကောင်းတောင် မလုပ်နိုင်ဘူး။ နောက်ပြီးတော့ ။ သူမ သိထားသလောက် သတင်းတွေ အရ။ ဖန်ကျန်းရှီက အဆုံးမဲ့ လောကထဲမှာ အဲ့ဒီ့အချိန်က ရှိနေခဲ့တာ။ အထဲကနေ အဆုံးမဲ့ လောကကို ချိုးဖျက်လိုက်ခဲ့တာလား။ ပိုပြီးတော့တောင် မဖြစ်နိုင်သေးတယ်။ ဒါဆိုရင်…။ ဘာတွေ ဖြစ်ခဲ့တာလဲ။
ဖန်ကျန်းရှီလက်ထဲက ကျောက်တုံးကို ယွင်ချင်းဝူ ကြည့်နေခဲ့တယ်။ သူမ မျက်ဝန်းတွေမှာ စိတ်ရှုပ်တဲ့ အငွေ့အသက်တွေ ရှိနေခဲ့တယ်။ ဒါပေမယ့် ဒီမေးခွန်းကို ဆက်ပြီးတော့ ခေါင်းခြောက်ခံပြီး မစဉ်းစားတော့ဘူး။ ပိုပြီး အရေးကြီးတဲ့ နောက်ထပ် မေးခွန်းတစ်ခု ရှိနေတယ်။ အဆုံးမဲ့လောက အသက်ဝင်သွားပြီလား။
ပုံမှန် အတိုင်းဆိုရင်။ အဆုံးမဲ့လောကကို အသက်ဝင်အောင် လုပ်ဖို့။ ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့။ သဘာဝလွန် အဆင့် ကျင့်ကြံသူ ဆယ်ယောက် လိုအပ်တယ်။ ဒါပေမယ့် ချန့်ယန်းရဲ့ ရိုက်ချက်တစ်ချက်က။ အင်အား အပြည့်အဝရစေဖို့ လုံလောက်နေခဲ့တယ်။
“ တိုက်ဆိုင်မှုလား။ ဒါမှမဟုတ်။ ကံတရားလား။”
…
“ယန်လေး။ အဲ့တာ နောက်ဆုံး တစ်ခေါက် တုန်းက ပစ္စည်းလား။“ ပင်းယန်က တောက်ပနေတဲ့ ကျောက်တုံးကို ကြည့်နေခဲ့တယ်။
“အင်း…. အဆုံးမဲ့လောက”
“ ဒါဆို ဒီ ကောင်စုတ်က ကန်လင်းတောင်မှာ။ ငါတို့ကို ကယ်လိုက်တဲ့ သူပေါ့။ ”
“ အမှန်ပဲ။” ချီကူယန် ခေါင်းငြိမ့်တယ်။ ဖန်ကျန်းရှီ ဘယ်လိုများ လုပ်ခဲ့လဲ သူမသိဘူး။ ဒါပေမယ့် အခုတော့ အဆုံးမဲ့လောက က သူ့ ပိုင်ဆိုင်မှု ဖြစ်နေပြီလေ။ ဒါကြောင့် ဖြစ်နိုင်ချေက တစ်ခုတည်း ပဲ ရှိတယ်။ ဖန်ကျန်းရှီက သူတို့ကို ကယ်ခဲ့တာ။ သံတောင်ကုန်းဒေသ နံရံပေါ်မှာ။ ရှင်းယွမ်ကောင်း တစ်ယောက်တည်း ရေရွတ်နေခဲ့တယ်။
“ သူပဲ…. သူပဲ…… ဒီလို ဖြစ်လာတာ ကောင်းတယ်။ အဆုံးမဲ့လောကနဲ့ ဆိုရင်။ ငါတို့ ဒီအခြေအနေက လွတ်နိုင်ပြီ၊” ရှင်းယွမ်ကောင်း နည်းနည်းတော့ စိတ်ရှုပ်ထွေးနေခဲ့တယ်။ ဒါပေမယ့် လည်း စစ်သူကြီး တစ်ယောက် အနေနဲ့။ သူ့ရဲ့ အဓိက လုပ်ငန်းစဉ်က ။ ဒီ စစ်ပွဲကို ဘယ်လို နိုင်အောင် လုပ်ရမယ်ဆိုတာပဲ။ အဆုံးမဲ့လောက က အကောင်းဆုံး အခွင့်အရေးကို ဖန်တီးပေးနိုင်မှာပဲ။
“ဖန်ကျန်းရှီ” နန်ကုန်းဟောင်ရဲ့ နှုတ်ခမ်းတွေ ပွင့်ဟလာတယ်။ အဲ့ဒီ့နောက် သူ့ ဓားကို ပြန်သိမ်းလိုက်တယ်။ နန်ကုန်းဟောင်ရဲ့ အတွေးကို ဘယ်သူကမှ မသိဘူး။ ဒါပေမယ့် သူ စိတ်သက်သာရာရသွားတာကတော့ မြင်သာတယ်။ ဖန်ကျန်းရှီက ကန်လင်းတောင် တိုက်ပွဲမှာ ပါဝင်ခဲ့မှန်း သိတယ်။
နတ်ဆိုးခေါင်းဆောင်တွေပြောနေတာကို သိတယ်။ အဆုံးမဲ့လောကတဲ့။ ဒါက ဒဏ္ဍာရီလာ ရတနာကြီး မဟုတ်ဘူးလား။ ဘယ်လောက်တောင် အင်အားကြီးလိုက်တဲ့ ရတနာလဲ။ ကမ္ဘာကြီးတစ်ခုလုံးကိုတောင် ထည့်ပြီး ချိတ်ပိတ်ထားနိုင်တယ်။ ဒီပစ္စည်းနဲ့သာ ဆိုရင်။ သူလည်း အသက်ရှင်နိုင်မှာပဲ။ တစ်ခုတည်းသော ပြဿနာက ။ ဘယ်လိုသုံးရမလဲ ဆိုတာပဲ။
“ အမ်…. ဒီ အဆုံးမဲ့လောကကို ဘယ်လို သုံးရမလဲ သိလား။” ဖန်ကျန်းရှီက ချန့်ယန်းကို တစ်လေးတစ်စားနဲ့ မေးတယ်။ ချန့်ယန်းရဲ့ အမူအယာကတော့ လုံးဝကို ပြောင်းလဲသွားတယ်။
…
ချန့်ယန်းရဲ့ ငွေရောင် ဆံပင်တွေနဲ့။ အပြာရောင် ဝတ်ရုံက နောက်ကို တစ်ဖျပ်ကဖျပ် လွင့်နေခဲ့တယ်။ တိတ်ဆိတ်သွားတယ်။ လုံးဝကို တိတ်ဆိတ်သွားတယ်။ ချန့်ယန်းတစ်ယောက်တည်းတင် တိတ်ဆိတ်နေတာ မဟုတ်ဘူး။ သံတောင်ကုန်းနယ်မြေပေါ်က နတ်ဆိုး စစ်သည်တော်တွေ နဲ့ လူသား စစ်သည်တော်တွေတောင် တိတ်ဆိတ်နေကြတယ်။
နတ်ဆိုးတွေကတော့။ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း လှောင်ပြုံးပြုံးနေခဲ့တယ်။ ဒါကိုကြားရတာ သူတို့ အတော့်ကို ပျော်နေခဲ့တာ။ မဟာမိတ်အင်အားစုတွေကတော့ ခါးသက်သက် ပြုံးနေခဲ့တယ်။ သူတို့ နားကိုတောင် သူတို့ မယုံနိုင်ဘူး။ (ဒါကို ဘယ်လို သုံးရမလဲ သိလားတဲ့) အံ့သြစရာကောင်းလိုက်တဲ့ မေးခွန်း။ ယွင်ချင်းဝူကတော့ နှုတ်ခမ်းတွေ တွန့်ကွေးရင်း ပြုံးနေခဲ့တယ်။ သူမက တကယ်ဆိုရင် အော်ဟစ်ပြီးတော့ ရယ်ပြစ်လိုက်ချင်တာ။ ဒါပေမယ့် ထိန်းချုပ်ထားခဲ့တယ်။ အခုက အချိန်ကောင်း မဟုတ်ဘူးလေ။ အကယ်၍ အခု အချိန်မှာသာ သူမ ရယ်လိုက်ရင်။ စောစောစီးစီး အောင်ပွဲခံနေတဲ့ ပုံစံ ဖြစ်သွားလိမ့်မယ်။ နောက်ပြီးတော့ ။ လူတွေ အများကြီးရှိနေတဲ့ အချိန်မှာ အော်ဟစ်ရယ်မောလိုကလည်း မသင့်တော်ဘူးလေ။
ပင်းယန်ကတော့။ လုံးဝကို မျက်လုံးပြူးနေခဲ့တယ်။ ဖန်ကျန်းရှီကို လှမ်းပြီး အော်လိုက်ချင်တယ်။ (ဟဲ့ နင်က ငတုံးလား) ဒါပေမယ့် သူမ စကားလုံးတွေကို ပြန်သိမ်းထားလိုက်တယ်။ ချန့်ယန်းက လှုပ်ရှားနေပြီလေ။ သူ့လက်ကို ချက်ခြင်း ပြန် မြှောက်လိုက်တယ်။ အဆုံးမဲ့လောက က ဘယ်လောက်တောင် အင်အားကြီးမှန်း သူသိတယ်လေ။ အန္တရာယ်များလွန်းလို့။ သူကိုယ်တိုင်တောင် ကြောက်ရတယ်။
ဖန်ကျန်းရှီက သူ့ကိုယ်သူ အရှက်မရှိဘူးလို့ အမြဲတမ်း တွေးထားခဲ့တာ။ ဒါကြောင့်။ သုခမိန်တစ်ဝက်က ဒီလို တိုက်ခိုက်လာမှာကို မမျှော်လင့်ထားခဲ့မိဘူး။ ဒီလိုပုံစံ တိုက်ခိုက်တာက ဘာအဓိပ္မာယ်လဲ။ သူမသိရင်တောင်။ ပါးစပ်နဲ့ ပြောလို့ရတယ်လေ။ ဒီလို တိုက်ခိုက်စရာလား။ ကောင်းပြီ။
မင်းလက်ထဲမှာ ရတနာရှိနေရဲ့သားနဲ့။ ဘယ်လို သုံးရမယ်မှန်း မသိရင် ဘာဆက်ဖြစ်မှာလဲ။ ဖန်ကျန်းရျှီ စိတ်ပျက်နေတယ်။ သူ့လက်ထဲကို ခပ်ချောချော မိန်းမပျိုလေး ရောက်လာပေမယ့်။ ဖြုတ်ရမယ့် အကျီကြယ်သီးကို ရှာမတွေ့သလိုပဲ။ ပိုပြီး အရေးကြီးတာ။ မိန်းမပျိုလေးက သုံးမိနစ် အတွင်း ပြန်ထွက် ခွာတော့မယ်။ ဖိအားတွေ အရမ်းကို များနေပြီ။ ဒီဥပမာလိုပဲ ဖန်ကျန်းရှှီ အကြပ်အတည်း ဆိုက်နေခဲ့တာ။ ချန့်ယန်းက လက်မြှောက်ပြီးနေပြီ။ ကျလာမယ့် လက်ဝါးချက်က ဘယ်လောက်တောင် မြန်ပြီး အင်အားကြီးမယ်မှန်း သူသိတယ်။ ချန့်ယန်းကို အချိန်ဆွဲချင်ပေမယ့် ။ သူမလုပ်နိုင်ဘူး။
“ပင်းယန်နဲ့ ချီကူယန် ကတော့ သိနိုင်ကောင်းပါရဲ့။ ငါသူတို့ကို တိုက်ရိုက် မမေးတာနဲ့တင် မဖြေတော့ဘူးလား။” ဖန်ကျန်းရှီ စိတ်ထဲ မကျေမနပ် ဖြစ်လာတယ်။ တကယ်တော့လည်း ။ သူများကို သွားပြီးတော့ အပြစ်တင်လို့ မရဘူးလေ။ ဒီလို သာမာန် မဟုတ်တဲ့ မေးခွန်းရဲ့ အဖြေကို ဘယ်သူများ တွေးမိမှာလဲ။
ချန့်ယန်းကတော့ ဖန်ကျန်းရှီ ရဲ့ မေးခွန်းကြောင့် တစ်ခဏတွေဝေသွားတယ်။ ဒါပေမယ့် သူ ခပ်မြန်မြန်ပဲ လှုပ်ရှားခဲ့တယ်။ ဖန်ကျန်းရှီကို တုံ့ပြန်ချိန်တောင် မပေးခဲ့ဘူး။ ဖန်ကျန်းရှိက ချန့်ယန်း တိုက်ခိုက်တာကို ကြည့်နေခဲ့တယ်။ အံကြိတ်ရင်း ။ သူ့ နားကို နီးကပ်လာတဲ့ လက်ဝါးကို ကြည့်နေခဲ့တယ်။ သူ့မှာ တခြား ရွေးချယ်စရာ မရှိတဲ့ အတွက်။ ကျောက်တုံးကြီးကို ချန့်ယန်းဆီ ပြစ်ပေးလိုက်တယ်။
“အား ….”
ငွေရောင် အလင်းတန်းက။ ချန့်ယန်း ရဲ့ မျက်နှာကို ထိတွေ့သွားတယ်။ ဖန်ကျန်းရှီလည်း ဘာလို့ ကျောက်တုံးကို ဒီလို ပြစ်လိုက်မိမှန်း တွေးမရဘူး။ ဒါပေမယ့် သူ့ရဲ့ တိကျမှုကိုတော့ ပြောနိုင်တယ်။ အခုလို တိုက်ခိုက်တဲ့ အချိန်တစ်လျှောာက်လုံးမှာ ။ သူ့ပြိုင်ဘက်တွေကို လက်နက် ပုန်း အမျိုးမျိုး နဲ့ ပြစ်ခတ်နေခဲ့တာ။ နည်းလမ်းကတော့ တစ်ခုတည်းပဲ။ ဒါကြောင့် ဖန်ကျန်းရှီ သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ှရှိတယ်။ နတ်ဆိုး စစ်သည်တော်တွေနဲ့ တောင်ဖြိုတပ်ဖွဲ့။ နဂါးတပ်ဖွဲ့တွေက တော့ အံ့သြနေခဲ့တယ်။ သူတို့ မြင်နေရတာကြောင့် မျက်လုံးပြူးနေတာ။ ဖန်ကျန်းရှှီ ဘယ်လိုတွေတောင် လုပ်နေတာလဲ။
“ ဘာတွေ ဖြစ်ကုန်တာလဲ။”
“ အဆုံးမဲ့ လောကကို သူ ပြစ်လွှတ်လိုက်တယ်တဲ့လား။”
“တကယ်ကြီးလေ။”
စစ်မြေပြင်က စစ်သည်တော်တွေ ပါးစပ် အဟောင်းသား ဖြစ်ကုန်တယ်။ ဒါပေမယ့် အသံတော့ မထွက်ခဲ့ဘူး။ ပင်းယန်လည်း ပါးစပ်ကြီး ဟနေတာ။ ကြက်ဥတောင် ပြစ်ထည့်လို့ရလောက်တယ်။ သူမ တကယ့်ကို မယုံနိုင်ဘူးလေ။ ပြော၇မယ်ဆိုရင်။ အစတုန်းက တည်ငြိမ်နေတဲ့ ချီကူယန် နဲ့ ယွင်ချင်းဝူတောင်။ တုန်လှုပ်နေတယ်။ ဒီလောကရဲ့ အလှဆုံး အမျိုးသမီး နှစ်ဦး။ မျက်လုံးလေးတွေ အဝိုင်းသား နဲ့။ ဖန်ကျန်းရှီကို ကြည့်နေကြတယ်။
“ ဘန်း။” အလင်းလုံးကြီးက ပြစ်မှတ်ကို တည့်တည့်ထိတယ်။ ချန့်ယန်းရဲ့ မျက်နှာပေါ်မှာ အနီရောင် အမှတ်ကြီး ဖြစ်သွားခဲ့တယ်။ ချန့်ယန်းက ခုန်မရှောင်ခဲ့ဘူး။ သူ့လက်ကတော့ လေထဲမှာ ရပ်နေခဲ့တယ်။ သူက ဖန်ကျန်းရှီကို မသတ်ချင်ဘူး။ မေးခွန်းတစ်ခုပဲ မေးလိုက်ချင်တာ။
(“ငလူးကောင် ။ မင်း ဘာတွေ လုပ်နေတာလဲ။” )
ငယ်ငယ်တည်းက ချန့်ယန်း ဘဝမှာ မြင်ချင်ခဲ့တာတွေ ရှိတယ်။ အလင်းရောင်။ နေ ၊ လ နဲ့ တောင်တွေ။ ဒါပေမယ့် အခုတော့။ သူအမြင်ချင်ဆုံး အရာက ဖန်ကျန်းရှီ ရဲ့ အမူအယာပဲ။ ဖန်ကျန်းရှှီ ဘာတွေ တွေးနေလဲ သူသိချင်တယ်။ ယွင်ချင်းဝူ ။ ချီကူယန် ။ ရှင်းယွမ်ကောင်း ။ ရှင်ချင်းစွေ့ နဲ့ နန်ကုန်းဟောင် တို့လည်း သိချင်နေတယ်။ သူတို့ အားလုံး ဖန်ကျန်းရှိကို ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက် ချန့်ယန်းရဲ့ မျက်နှာကို တည့်တည့် ထိသွားတဲ့ အဆုံးမဲ့လောကကို သူတို့ ကြည့်နေတယ်။
ငွေရောင် အလင်းတန်းကတော့ အရင်က အတိုင်း တောက်ပနေတယ်။ ကောင်းကင်က ကြယ်ရောင်တွေနဲ့ ထိတွေ့ ဆက်စပ်ပြီးတော့။ နှမြောစရာကောင်းတာက။ ဖန်ကျန်းရှီ ရဲ့ လက်ထဲမှာ မရှိတော့တာလေး တစ်ခုပဲ။
တကယ်တော့ ဖန်ကျန်းရှီမှာ အစက စိတ်ကူးမရှိခဲ့ပါဘူး။ ဒါပေမယ့် သူက သူ့ ပြစ်မှတ်ကို တည့်တည့် ထိသွားခဲ့တယ်လေ။ နောက်ပြီးတော့ ချန့်ယန်း က ရပ်တန့်သွားခဲ့တယ်။ ဒါက အသုံးဝင်တယ်လို့ ဆိုရမှာပဲ။ အဲ့ဒီ့အချိန်မှာ ။ သူ့ကိုယ်သူ တွေးမိလိုက်တယ်။ အတွေးလွန်နေတာ မကောင်းဘူး။ တစ်ခါတစ်လေမှာ အရှုပ်ထွေးဆုံး အခြေအနေ မျိုး အတွက် အရိုးရှင်းဆုံး အဖြေက ကောင်းတယ်လို့။ အခုကိစ္စမှာတော့ မှန်သွားတယ်လေ။ ဖန်ကျန်းရှီ ရယ်မောနေခဲ့တယ်။
သုခမိန်တစ်ဝက် ဖြစ်နေတော့ရော ဘာထူးလို့လဲ။ ဖန်ကျန်းရှီ ရဲ့ ကျောက်တုံးနဲ့ ထုတာကို ခံလိုက်ရတာပဲလေ။ ဖန်ကျန်းရှီ သူ့ကိုယ်သူ အတော်လေး ဂုဏ်ယူနေခဲ့တယ်။ ဒါပေမယ့် သူ နားမလည်တာ တစ်ခုတော့ ရှိတယ်။ ပုံမှန် အတိုင်းဆိုရင် ။ ရတနာက မြေပြင်ကို တုန်ခါသွားစေမှာ မဟုတ်ဘူးလား။ ဒါပေမယ့် အခုတော့ ဘာမှ ဖြစ်မလာဘူး။ တစ်ခဏလေးပဲ ရပ်တန့်သွားတယ်။
ချန့်ယန်းက တကယ်ဆိုရင် ပါးစပ်အပြည့် သွေးတွေ အန်သင့်တာ မဟုတ်ဘူးလား။ နေစမ်းပါအုန်း ။ တစ်ခုခုတော့ လွဲနေပြီ၊ အဆုံးမဲ့လောက ဆိုတာ အပြိုင် နယ်မြေ တစ်ခုပဲ။ သူ့ရဲ့ ပြစ်မှတ်ကို ထိသွားရင်။ ပျောက်ကွယ်သွားမှာလား။ ဒါမှ မဟုတ်။ စုပ်ယူသွားမှာလား။ သူပြစ်လိုက်တာ များ ပုံစံ မှားသွားတာလား။ ဖန်ကျန်းရှီ ရဲ့ မျက်လုံးတွေ ပြူးကျယ်လာတယ်။
ချန့်ယန်းကတော့ သူ့ မျက်နှာကို ထိပြီး ပြုတ်ကျသွားတဲ့။ အဆုံးမဲ့လောကကို လိုက်ဖမ်းတော့တယ် ။ ဖန်ကျန်းရှီ က ငတုံးမဟုတ်ဘူးလေ။ သူ့ရဲ့ တုံ့ပြန်နှုန်းက လောကမှာ အမြန်ဆုံး မဟုတ်ရင်တောင်။ ဘာတွေဖြစ်နေမှန်းတော့ သူသိတယ်လေ။ ချန့်ယန်းရဲ့ လှုပ်ရှားမှုတွေကို ကြည့်လိုက်ရင် ။ သူနာကျင်နေရတာ သိသာတယ်။ ဒါကြောင့်။ ပထမဆုံး လုပ်ရမယ့် အလုပ်က။ ချန့်ယန်းကို ရပ်တန့်ဖို့ပဲ။ ချန့်ယန်းရဲ့ လက်ထဲကို အဆုံးမဲ့ လောက မရောက်သွားဖို့ တားရမယ်။
ချန့်ယန်း လက်လှမ်းမှီတော့မှာကို မြင်တော့။ ဖန်ကျန်းရှီ အတော့်ကို စိုးရိမ်သွားတယ်။ သူက ချန့်ယန်းလောက် မမြန်ဘူးလေ။ အခု ဘာဆက်ဖြစ်တော့မှာလဲ။ သူ့မှာ အခွင့်အရေးကော ရှိအုန်းမှာလား။ လက်ထဲရှိနေတဲ့ ရတနာကို ဘယ်လို သုံးရမယ်မှန်း မသိတဲ့ ကိုယ့်ကိုယ်ကို မုန်းနေမိတယ်။ ဖန်ကျန်းရှီ ဒေါသတွေ ထွက်လာတယ်။ အစတုန်းက သူတွေးခဲ့တာ။ ကျောက်တုံးနဲ့ ချန့်ယန်း တိုက်မိသွားရင် ။ ချန့်ယန်း ပျောက်ကွယ်သွားမယ်လို့။
ရှက်စရာကောင်းလိုက်တာ။ မဖြစ်ဘူး။ ဘာပဲ ဖြစ်ဖြစ် ဆက်တိုက်ခိုက်တော့မယ်။
“ သေစမ်း။” ဖန်ကျန်းရှီ အံကြိတ်ရင်း အော်နေတယ် ။ လက်တစ်ဖက် က အဆုံးမဲ့လောက ကို ရောက်သွားသလို။ ခြေထောက်တစ်ဖက်ကိုတော့ ချန့်ယန်းရဲ့ ပေါင်ကြားထဲကို ကန်ထလိုက်တယ်။ ဒီလို နည်းလမ်းမျိုကို လူကြီးတွေ။ အထူးသဖြင့် လူအိုကြီးတွေ ကို မသုံးချင်ပါတယ်။ သူက လူကြီးသူမ တွေကို ရိုသေသမှု ရှိတယ်လေ။ ဒါပေမယ့် အထူး အရေးကြီးတဲ့ ကိစ္စမှာ။ ရွေးချယ်စရာမရှိတော့ လုပ်လိုက်ရပြီ။ တောင်းပန်ပါတယ်။ သုခမိန်တစ်ဝက်ကြီးရေ။
အပိုင်း(၄၅၁)ပြီး၏။
အပိုင်း(၄၅၂)
“ လောကကြီးကို စုပ်ယူခြင်း။”
…
လေ့လာမှုတွေကတော့ သက်သေပြခဲ့ပြီ။ ငယ်ရွယ်တဲ့ တိုက်ခိုက်သူတွေ က သမာရိုးကျ နည်းလမ်းတွေနဲ့ ကွဲထွက်တဲ့ တိုက်ခိုက်နည်းတွေကို သုံးလေ့ရှိတယ်။ နားရွက် တွေကို ကိုက်တယ်။ ခြေထိုးခံတယ်။ ဒါမျိုးတွေက အသက် ငါးနှစ်ဝန်းကျင် ကလေး တွေရဲ့ တိုက်ပွဲတွေမှာ အဖြစ်များတယ်လေ။ တစ်ခါတစ်လေဆို အချင်းချင်း ဆံပင်ဆွဲတာတွေတောင် ဖြစ်တတ်သေးတယ်။ ဒါပေမယ့် အသက် နှစ်ဆယ် ဝန်းကျင် လူတွေ ရဲ့ တိုက်ပွဲမှာတော့ ဒီလို ကိစ္စတွေ မဖြစ်တော့ဘူး။ ဒေါသတကြီး နဲ့ လက်သီးကို အသုံးပြုပြီးတော့ တိုက်ခိုက်ကြတယ်။ ပိုပြီးတော့ အသက်အရွယ်ကြီးရင့်လာရင်တော့။ သူတို့ရဲ့ လက်သီးတစ်ချက်တည်းကတင် အလဲထိုးဖို့ လုံလောက် စေနိုင်တယ်။ သူတို့တွေ့ တိုက်ခိုက်ဖို့ အခွင့်အရေး နဲ့ နည်းလမ်းတွေကို စနစ်တကျ အသုံးချ တတ်တယ်။
ချန့်ယန်း။ အတွေ့အကြုံတွေ ပြည့်ဝနေတဲ့ လူကြီး တစ်ယောက်။ သူ့ရဲ့ ပြိုင်ဘက်က ဒီလို ပုံမှန် မဟုတ်တဲ့ တိုက်ခိုက်နည်းတွေနဲ့ တိုက်ခိုက်လာမယ်လို့ မထင်ထားမိခဲ့ဘူး။ ဒါကြောင့် သူလည်း သူ့ရဲ့ အထိ မခံနိုင်ဆုံး နေရာ ကို ကာကွယ်ဖို့ မပြင်ဆင်ထားမိဘူး။ ပြောနိုင်တာက။ ချန့်ယန်း မှာ အရမ်းကို ကောင်းတဲ့ အကြားအာရုံနဲ့ တုံ့ပြန်နိုင်စွမ်း ရှိပေလို့သာပဲ။ ဖန်ကျန်းရှီ ရဲ့ တိုက်ခိုက်မှုက မအောင်မြင်ခဲ့ဘူး။ ဒါပေမယ့် ချန့်ယန်းကို ချွေးသီးချွေးပေါက်တွေ ကျလာစေခဲ့တယ်။
“ အမှိုက်သရိုက်ကောင်။” ဖန်ကျန်းရှီ က ဒီ လူအိုကြီးရဲ့ ကိုယ်ပိုင်နေရာကို ထိခိုက်ဝံ့မယ်လို့ တစ်ခါမှထင်ထားခဲ့မိဘူး။ သူတို့ နှစ်ယောက်လုံးက အရမ်းကို နီးကပ်နေတာလေ။ ဒီ လို အကွာအဝေးမှာ ဆိုရင်။ ။ ဖန်ကျန်းရှီ ရဲ့ နောက်ထပ် တိုက်ခိုက်မှုကို သူ ခုခံနိုင်ဖို့ မလွယ်ကူလောက်ဘူး။ ဒါကြောင့် ချန့်ယန်း မစွန့်စားဖို့ ဆုံးဖြတ်လိုက်တယ်။
သူခုန်ရှောင်ဖို့ ရွေးချယ်ခဲ့တယ်။ သူကွေးညွှတ်ပြီးတော့ ခုန်လိုက်တယ်။ လေထဲမှာသူ ကျွမ်းပြစ်လိုက်တယ်။ အဲ့ဒီ့ အချိန်မှာပဲ။ တစ်ခုခု လွဲနေတာကို သူ သတိထားမိလိုက်တယ်။ ဖန်ကျန်းရှီရဲ့ အမူအယာ က ပြောင်းသွားတယ်။ ဖန်ကျန်းရှီက ပြုံးနေတဲ့ ပုံစံမျိုးပဲ။ တကယ်ပဲ ဖန်ကျန်းရှီက ပြုံးနေခဲ့တယ်။ သူ့ရဲ့ ပရိယာယ်က အောင်မြင်သွားပြီ။ ချန့်ယန်းကို သူ တကယ် တိုက်ခိုက် ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ ဘယ်လက်ကို သူ လှုပ်ရှားလိုက်တယ်။ အဆုံးမဲ့လောက က သူ့လက်ထဲ ပြန်ရောက်သွားပြီ။
ဒါက တိုက်ခိုက်မှု ရဲ့ တကယ့် ရည်မှန်းချက်ပဲ။ သုခမိန် တစ်ဝက်ရဲ့ လက်ထဲက ရတနာကို ပြန်ယူနိုင်တာ။ အောင်ပွဲခံဖို့တောင် လုပ်သင့်တယ်။ ဖန်ကျန်းရှီ လှောင်ရယ်တယ်။ သူ့မှာ အခုတော့ အခွင့်အရေးရှိနေပြီ။ နတ်ဆိုးတွေ ။ မဟာမိတ် တပ်ဖွဲ့ တွေလည်း စိတ်မထိန်းနိုင်ပဲ လှောင်ရယ်ကြတော့တယ်။ ဒီ ထူးဆန်း တဲ့ မြင်ကွင်းက သူတို့အတွက် မယုံကြည်နိုင်စရာ ကောင်းတယ်လေ။
“အမှိုက် သရိုက် ကောင်။” ဆိုတဲ့ အသုံးအနှုန်းက သူတို့ နားထဲကို ရောက်လာခဲ့တယ်။ ချန့်ယန်းကတော့ လှည့်ကွက် ထဲရောက်သွားမှန်း နားလည်သွားတယ်။ သူ လေထဲကို ကျွမ်းပြစ်လိုက်တော့။ အဆုံးမဲ့လောကလည်း နောက်မှာ ကျန်ခဲ့တယ်။ အခု ဘာတွေ ဖြစ်သွားတာလဲ။
“အရှက်မရှိတဲ့ကောင်။ နင် ဘယ်လိုတောင် လုပ်ဝံ့တာလဲ။”
“ နတ်ဆိုး စစ်သည်တော်တွေ ဒေါသ ထွက်နေကြတယ်။ သူတို့ရဲ့ သူရဲကောင်းကြီး က အခုပဲ စော်ကားမော်ကားလုပ်ခံလိုက်ရတာ။ သူတို့ရဲ့ အကြီးမားဆုံး ရန်သူတော်ကြီးရဲ့ အရှက်မရှိတဲ့ တိုက်ခိုက်မှု တစ်ချို့ကြောင့်ပေါ့။ မဟာမိတ် စစ်သည်တော်တွေ ကတော့ ခါးသက်သက် ပြုံးနေခဲ့တယ်။ ဖန်ကျန်းရှီမှာ တခြား ရွေးချယ်စရာမရှိမှန်း သူတို့ သိတယ်လေ။ ဒီနည်းလမ်းက အတော့်ကို ထူးဆန်းနေပင်မယ့် ။ အခုချိန် သူတို့ တွေးမိတဲ့ တစ်ခုတည်းသော မေးခွန်းကတော့။ ချန့်ယန်း ကန်ချက် မိသွားတာလား ။ ဆိုတာပဲ။
“ လှုပ်ရှားမှု ကောင်းပဲ ။ အရှက်မရှိတဲ့ ကောင်စုတ်။ ချတာ ကောင်းတယ်။ ” လူတိုင်းက စွန့်အ တွေဝေနေခဲ့တယ်။ လူတစ်ယောက်ကလွဲပြီးတော့ပေါ့။ ပင်းယန် ရဲ့ တက်ကြွနေ တဲ့ အ အမူအယာကို မြင်တော့။ ချီကူယန်သက်ပြင်းချနေမိတယ်။ ဖန်ကျန်းရှီ အပေါ် အလေးထားလွန်းနေတာကို ကန့်သတ်မှ ရတော့မယ်။ ပင်းယန်ရဲ့ စိတ်က အရောင်စွဲ လွယ်တယ်။ ဖန်ကျန်းရှီ ဆိုတာ မကောင်းတဲ့ လွှမ်းမိုးမှုပဲ။
ပင်းယန်နဲ့ ချီကူယ် ကြားက ရင်းနှီးမှုကို မြင်တော့ ယွင်ချင်းဝူရဲ့ မျက်နှာတွေ နီရဲလာခဲ့တယ်။ ဒီအချိန်။ သူမ အတွေးထဲမှာ အတိတ်ကဖြစ်ရပ်ကို ပြန်မြင်ယောင်လာခဲ့တယ်။ အဲ့ဒီ့နောက် သူမ နှလုံးသားထဲ နာကျင်လာမိတယ်။
“ ရွံ စရာ ကောင်းလိုက်တာ။” ယွင်ချင်းဝူ ပြောလိုက်တယ်။ သူမ တစ်ခုခုကို တွေးမိသွားတဲ့ အတွက် ။ ချန့်ယန်း ဘက်ကိုလှည့်လိုက်တယ်။ “ ဆရာသခင်….”
ချန့်ယန်း အဆင်ပြေရဲ့လား သူမ မေးလိုက်ချင်တယ်။ ဒါပေမယ့် သူ စကားတွေက မသင့်တော် ဘူးလို့ ထင်မိတာကြောင့် ဆက်မပြောတော့ဘူး။
“ ငါ အဆင်ပြေတယ်။ ” ယွင်ချင်းဝူ စိတ်ပူနေတာကို ချန့်ယန်း သိတယ်။ သူခေါင်းခါလိုက်ပင်မယ့်။ သူ့ အဖြေကို ချက်ခြင်း နောင်တရသွားခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့။ ဖန်ကျန်းရှီ ရဲ့ တိုက်ခိုက်မှုက ။ တည့်တည့်ထိတယ်လေ။ ချန့်ယန်း မျက်နှာတွေ နီရဲနေတယ်။ သူ့ကိုယ်သူ ရှင်းပြလိုက်ချင်တယ်။ လောကကြီးကိုလည်း ပြောလိုက်ချင်တယ်။ ဖန်ကျန်းရှီ ရဲ့ တိုက်ခိုက်ချက်က လွဲသွားတယ်လို့။ ဒါပေမယ့် သူ မပြောနိုင်တော့ဘူး။ ဒါက အတော့်ကို ရှက်စရာကောင်းတယ်။
ဖန်ကျန်းရှီလည်း ရှင်းပြမှာ မဟုတ်ဘူး။ ဒီ တိုက်ချက် ထိသွားလား ။ မထိသွားဘူးလားဆိုတာက အရေးမှ မကြီးပဲ။ ပိုပြီး အရေးကြီးတာက ဖန်ကျန်းရှီ ရဲ့ လက်ထဲကို အဆုံးမဲ့ လောက ရောက်သွားပြီ ဆိုတာပဲ။ အခု အချိန်မှာတော့။ ဘယ်လို သုံးရမယ် ဆိုတာ သိဖို့ လိုတယ်။
“ နင့် ရဲ့ နှလုံးသားက အဆုံးမဲ့လောက နဲ့ ချိတ်ဆက်သွားပြီ။ လောကကြီးကို သူ က ဝါးမျိုသွားတော့မယ်။ ”
အသံတစ်သံ က လေထဲမှာ ထွက်ပေါ်လာတယ်။ အတော့်ကို ချိုသာနေတာ နိုက်တင်ဂေးငှက်ရဲ့ အသံလိုပဲ။ ဖန်ကျန်းရှီ စိတ်ထဲ တုန်ခါသွားခဲ့တယ်။ ချီကူယန် ရဲ့ အသံက အခုချိန်မှာ အရမ်းကို ချိုသာနေခဲ့တယ်။ သူမ အသံက နတ်မိမယ်တစ်ပါးလိုပဲ။ သန့်စင်ခြင်း ခံလိုက်ရတာလား။ သူမရဲ့ နှလုံးသားထဲက အစွမ်းကို သုံးပြီးတော့ အဆုံးမဲ့လောကကို လှုပ်ရှားစေမလို့လား။ ဒီလို ဆိုရင်ကော။ သူမ အသက်အန္တရာယ်ရှိနိုင်မလား။ ချီကူယန် ဘယ်လိုများ ဒီလောက် ချိုသာ သွားရလဲ ဖန်ကျန်းရှီ မတွေးတတ်တော့ဘူး။ ဒါပေမယ့် သူ တွေေ၀ မနေခဲံပါဘူး။
ချန့်ယန်း ရဲ့ အမူအယာလည်း ပြောင်းလဲသွားခဲ့တယ်။ ချီကူယန်ရဲ့ အသံကို ကြားတဲ့ အချိန် လန့်သွားတာ။ ချန့်ယန်း တစ်ယောက်တည်း မဟုတ်ခဲ့ဘူး။ ယွင်ချင်းဝူ နဲ့ တခြားသော နတ်ဆိုး စစ်သည်တော်တွေ အားလုံးလည်း ထိတ်လန့်နေခဲ့တယ်။
“ဟမ်။” ဒီ အချိန်မှာပဲ။ ကျယ်လောင်တဲ့ အသံကြီး ထွက်ပေါ်လာတယ်။ ငွေရောင်အလင်းတန်းကြီး ကောင်းကင်ပေါ်ကို ထိုးတက်သွားတယ်။ တစ်ချိန်တည်းမှာပဲ။ ကောင်းကင်တစ်ခွင်လုံး လင်းထိန်သွားတော့တယ်။ ကြယ်တာရာအလင်းတန်းက ငွေရောင် အလင်းတန်းရဲ့ တောက်ပမှု အောက်မှာ လုံးဝကို ပျောက်ကွယ်သွားတော့တယ်။
မြေကမ္ဘာတစ်ခုလုံး တုန်ခါလာတယ်။ အဲ့ဒီ့နောက်။ အလင်းတန်းတွေ ဆက်တိုက် ဆက်တိုက် ပေါက်ကွဲတော့တယ်။ မြေပြင်တစ်ခုလုံး အလင်းရောင်တွေကြောင့် တလက်လက်တောက်ပနေတော့တယ်။ အလင်းမိုးတွေ ရွာသွန်းနေသလိုပဲ။ ဖုန်မှုန့်တွေ သဲတွေ ကောင်းကင်ပေါ်ကို ရောက်ရှိကုန်ပြီး။ သဲမုန်တိုင်းတွေ နေရာအနှံ့မှာ ဖြစ်ပေါ်လာတယ်။
“ အား…. အဆုံးမဲ့လောက….”
“ သူ အသက်သွင်းလိုက်ပြီ။ ”
“ပြေး”
ကြောက်လန့်တကြား အော်ဟစ်သံတွေ ထွက်ပေါ်လာတယ်။ နတ်ဆိုး စစ်သည်တော်တွေ တစ်ယောက်ပေါ် တစ်ယောက် ခုန်လွှာရင်း ချိုးဖျက်ဖို့ ကြိုးစားနေကြတယ်။ ဒါပေမယ့် အချိန်နှောင်းသွား ခဲ့ပြီ။ ယွင်ချင်းဝူ ကတော့ သူ့ နှုတ်ခမ်းကို ကိုက်ထားခဲ့တယ်။ ညကောင်းကင်ယံကို သူမ ကြည့်နေခဲ့တယ်။ သူမရဲ့ မျက်ဝန်းတွေမှာ ထိတ်လန့်မှုတွေ အကြောက်တရားတွေကို မြင်တွေ့နေရတယ်။
“ ဖန်ကျန်းရှီ။” ယွင်ချင်းဝူ ရဲ့ အသံက မကျယ်လောင်ဘူး။ သူမက ခပ်မြန်မြန်ပဲ ဖုန်မှုန့်ကြားမှာ နစ်မြုပ်သွားခဲ့တယ်။ သူမ အသံထဲက စိတ်ပျက်နာကျည်းမှုတွေ သိသာထင်ရှားနေခဲ့တယ်။ သိပ်မကြာခင်ပဲ။ သူမ ရပ်နေတဲ့ မြေပြင်ကြီး ကွဲအက်သွားတော့တယ်။ အက်ကွဲကြောင်းကြီးက သူမ နောက်က နတ်ဆိုး စစ်တပ်ကြီး ဆီကိုပါ ရောက်ရှိသွားတယ်။
နတ်ဆိုး ခေါင်းဆောင်တွေ၊ လက်ထောက်ခေါင်းဆောင် တွေ အားလုံး။ နောက်ပြန်လှည့်ပြီး။ ပြေးတော့တယ်။ ဒါပေမယ့် သိပ် ဝေးဝေး မရောက်ခင်မှာပဲ ။ သဲမုန်တိုင်းက သူတို့ကို စုပ်ယူသွားတော့တယ်။ သူတို့တွေ ပုံမှန်လို အစီအစဉ် တက်ျ မရှိနိုင်တော့ဘူး။ တကွဲတပြားစီ ပြေးလွှားတော့တယ်။ ပြေးဖို့မြေ မရှိခဲ့။
“နတ်ဆိုးတွေ။”
“ ငါတို့တွေ ဒီမှာ အသေမခံနိုင်ဘူး။”
နတ်ဆိုးတွေ ရဲ့ ဘဝမှာ ဒီလို ကြောက်လန့်တာမျိုး ဖြစ်ခဲတယ်။ သူတို့ကို သူတို့ ပြိုင်ဘက်ကင်းတွေလို့ သတ်မှတ်ထားကြတာ။ ဒါပေမယ့် အခုတော့။ သူတို့တွေက သေခြင်းနတ်ဘုရားနဲ့ ရင်ဆိုင်နေရတာ။ ဒီနေရာမှာ။ နတ်ဆိုး တစ်သိန်းကျော်ရှိနေတယ်။ သူတို့ထဲက ၉၀% ကျော် က သွေးအရိပ် မြို့တော်ရဲ့ အမာခံ တပ်ဖွဲ့တွေ။ အကယ်၍ သူတို့တွေသာ တစ်ခုခု ဖြစ်သွားခဲ့ရင်။ နတ်ဆိုးတွေ ဘယ်လို ဆက်ပြီးတော့ ရှင်သန်ရမှာလဲ။ ရှင်းယွမ်ကောင်းက တော့ တကွဲတပြားဖြစ်နေတဲ့ နတ်ဆိုး စစ်တပ်ကို ကြည့်ရင်း တုန်ယင်နေတယ်။ သူ တကယ့်ကို စိတ်လှုပ်ရှားနေတာ။
နတ်ဆိုး စစ်တပ်ကြီးကို တစ်နေရာတည်းမှာပွဲသိမ်းလိုက်ပြီးတော့။ အဆုံးမဲ့လောကထဲမှာ ထည့်လိုက်တာက။ တကယ့်ကို အရှိန်ပြင်းပြင်းရိုက်ချက်ပဲ။ ိ
“ စစ်ပွဲကြီးက နောက်ဆုံးတော့ ပြီးတော့မှာလား ” ရှင်းယွမ် ကောင်း။ သဲမုန်တိုင်းကို ကြည့်ရင်း စိတ်သက်သာရာ ရသွားတယ်။ မုန်တိုင်းရဲ့ အလယ်ကို သူကြည့်နေခဲ့တယ်။ အလယ်တည့်တည့်က အလင်းရောင်တောက်နေတဲ့ နေရာမှာ လူတ်စ်ယောက် ရှိနေတာကို သူမြင်နေရတယ်။ ဒီလူကို သူသိတယ်။ ကြီးမြတ်သော ရှ မင်းဆက် ရဲ့ ဂုဏ်သိက္ခာ ဖြစ်လာမယ့် သူပဲ။
ရှန်လင်းလည်း သိသိသာသာကို စိတ်လှုပ်ရှားနေခဲ့တယ်။ ဖန်ကျန်းရှီကို ဂုဏ်သိက္ခာရှိရှိ သေဖို့ လည်း မျှော်လင့်ထားတယ်။ ဒါ့အပြင် စစ်ပွဲကို နိုင်ဖို့လည်း သ ူမျှော်မှန်းထားခဲ့တာ။ အကယ်၍ တောင်ပိုင်းဒေသ သာ အနိုင်ရရင်။ ကြီးမြတ်သော ရှမင်းဆက်နဲ့ ညှိုနှိုင်းနိုင်မှာပဲ၊ အခု တော့ အရာအားလုံးက သူ့ စိတ်ကူး အတိုင်း ဖြစ်လာနေတယ်။ နတ်ဆိုးတွေ ကျရှုံးကုန်ပြီ။ တကယ်တော့။ သူ့နယ်မြေထဲမှာ စစ်သည်ပေါင်း တစ်သိန်းကျော်ရှိနေတာ။ လောကကြီးက သူ့လက်ခုပ်ထဲ ရောက်နေသလိုပဲ။
ဒါပေမယ့် တစ်ခုခု လွဲနေတာကို သူ သဘောပေါက်သွားတယ်။ နတ်ဆိုးတွေနဲ့ ယွင်ချင်းဝူ ကို သဲမုန်တိုင်းက ဝါးမျိုးပြီးတဲ့နောက်။ မရပ်တန့်ခဲ့ဘူး။ သံတောင်ကုန်း နယ်မြေဆီကို ပျံသန်းသွားတယ်။
”ရပ်စမ်း။” ဘာတွေ ဖြစ်နေမှန်း ရှန်လင်းသိတယ်။
မုန်တိုင်း စုပ်ယူတာ ခံရရင် ဘာဖြစ်မယ်မှန်းသိတယ်။ ဒါပေမယ့် အချိန်နှောင်းသွားခဲ့ပြီ။ ဘာတွေ ဖြစ်မလဲ ဆိုတာ သူနားလည်သွားတဲ့နောက်။ မုန်တိုင်းက ။ သံတောင်ကုန်း နယ်မြေကိုတောင် ရောက်နေခဲ့ပြီ။ ရှန်လင်း ကျိန်ဆဲချင်လာတယ်။ သူ့ဘဝမှာ ဒီ လို ဒေါသမျိုး မခံစားဖူးဘူး။ အရာအားလုံးက သူ့ အတွက် ဖြစ်တည်လာ တယ်လို့ ထင်တဲ့ အချိန်မှာ။ တကယ်က သူ့ကို ထုချေပြစ်ဖို့ ဖြစ်နေခဲ့တယ်။ အချိန်မှီ သူ မတုံ့ပြန်နိုင်ခဲ့ဘူး။ ိ
“ဖန်ကျန်းရှီ ” ရှန်လင်း အော်ဟစ်တယ်။
ဘာတွေ ဖြစ်နေမှန်း သူ လက်မခံနိုင်သေးဘူး။
တခြားသော တောင်ပိုင်းဒေသ နယ်မြေမှူးတွေ ။ နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြို တပ်ဖွဲ့ တို့တောင် ထိတ်လန့်နေတယ်။
“အား…”
“ပြေး ”
“ နောက်ကျသွားပြီ။ ငါ….”
သူတို့ ရဲ့ အသံတွေ က လေထဲမှာ ထွက်ပေါ်လာတယ်။ ပြင်းထန်တဲ့ သဲမုန်တိုင်းက ။ သူတို့တွေကို ဖိချေနေသလိုပဲ။ ကောင်းကင်တစ်ခုလုံး မည်းမှောင်သွားတယ်။ ကြယ်တွေ လည်း မှောင်မည်းသွားတယ်။ လောကသစ်ကြီးတစ်ခု စတင်လာသလိုပဲ။ ဒါပေမယ့် သဲတွေနဲ့ အက်ကွဲကြောင်းတွေ ကတော့ မကြာခင် ပျောက်ကွယ်သွားတယ်။ မြေပြင်လည်း ပြန်လည် ကောင်းမွန်သွားသလို။ သစ်ပင် ပန်းပင်တွေ ပေါ်ထွက်လာတယ်။ ကောင်းကင်မှာလည်း ကြယ်တွေ ပြန်ပေါ်လာတယ်။
ပုံရိပ်တွေလည်း ပေါ်လာခဲ့တယ်။ တောက်ပနေတဲ့ သံချပ်ကာ နဲ့ နတ်ဆိုး စစ်သည်တော်တွေ။ ဒါပေမယ့် သူတို့ ကြည့်ရတာ အခြေအနေ မကောင်းဘူး။ သံတောင်ကုန်းပေါ်က စစ်သည်တော်တွေလည်း ပေါ်ထွက်လာတယ်။ နံရံပေါ်မှာ သူတို့ ပုံရိပ်တွေ ပေါ်လာတာ။ သူတို့ ပုံစံတွေက နတ်ဆိုးတွေနဲ့ အတူတူပဲ။
အသက်ရှူသံတွေက လေးလံနေတယ်။ နတ်ဆိုးတွေ။ နဂါးတပ်ဖွဲ့။ တောင်ဖြိုတပ်ဖွဲ့နဲ့။ တောင်ပိုင်းေးသ စစ်သည်တော်တွေ အခြေအနေ တစ်ခုတည်းမှာရောက်နေကြတာ။
ဘယ်သူမှ မလှုပ်ရှားကြဘူး။ နေရာမှာပဲ ရပ်နေကြတယ်။ နယ်မြေနဲ့ နတ်ဆိုးတွေကြားမှာ။ လူလေးယောက်ရှိနေတယ်။ တစ်ယောက်က မိုးပြာရောင်ဝတ်ရုံနဲ့ လူကြီး။ သူ့ ဘေးမှာ ယွင်ချင်းဝူ။ ချီကူယန်နဲ့ ပင်းယန်။ ဒါပေမယ့် ဖန်ကျန်းရှီတော့မရှိဘး။
“ ဟ ဟား… မင်းရဲ့ နှလုံးသား က အဆုံးမဲ့ လောကနဲ့ ချိတ်ဆက်သွားပြီ။ လောကကြီးကို ဝါးမျိုပြစ်လိုက်ပြီ။” ဒီ အချိန်မှာပဲ။ မိုးခြိမ်းသံလို အသံကြီး လေထဲမှာ ထွက်ပေါ်လာခဲ့တယ်။ လူသတ်ချင်စိတ်ပြည့်နေတဲ့ ရယ်မောသံကြီး။ မေးခွန်း တစ်ခု လူတွေရဲ့ စိတ်ထဲမှာ ပေါ်လာတယ်။
“အိုး… အိမ်ရှေ့စံလည်း ဒီကိုရောက်နေတာလား။ ဘာလို့ ရောက်နေတာလဲ။”
“ ဟုတ်တယ်။ ငါဘာလို့ ဒီကို ရောက်နေတာလဲ။ မေးခွန်းကောင်းပဲ။” ရှန်လင်း ခေါင်းမော့ရင်း။ အံကြိတ်ထားတယ်။
အပိုင်း(၄၅၂)ပြီး၏ ။
အပိုင်း(၄၅၃)
“ အနက်ရောင်မိုးတွေ”
ရှန်လင်း ဒေါသထွက်နေတယ်။ သူ အနိုင်ရပြီလို့ ထင်ထားခဲ့တာ ။ အခုတော့ ဘာတွေ ဖြစ်သွားတာလဲ။ ဖန်ကျန်းရှီ သစ္စာဖောက်တာကို ခံလိုက်ရတယ်။ နေစမ်းပါအုန်း။ ဒီကိစ္စက…။ ရှန်လင်းရဲ့ အမူအယာ ပြောင်းလဲ သွားတယ်။ သူ တစ်ခုခုကို တွေးလိုက်မိတဲ့ ပုံစံပဲ။ (ဟုတ်တယ် သူမေ့နေခဲ့တာ) တောင်ပိုင်းဒေသ ကို ကာကွယ်နိုင်ဖို့ နဲ့ ။ ဖန်ကျန်းရှီကို တစ်ခါတည်း ပျက်စီးစေဖို့ သူ တွေးတောထားခဲ့တာ။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ အတွေးတွေကိုတော့ သူ မေ့နေခဲ့တယ်။ ဖန်ကျန်းရှီကကော ။ သူ့လို တွေးနေခဲ့ရင် ဘယ်လို လုပ်မလဲ။
ကြောက်စရာကောင်းလိုက်တာ။ မတွေးဝံ့လောက်အောင်ပဲ ကြောက်စရာကောင်းတယ်။ ရှန်လင်း သူ့ ဘေးပတ်လည်က နယ်မြေမှူးတွေကို ကြည့်ရင်း သူ နားလည်သွားတယ်။ ဒီကိစ္စက သူ့ ထိန်းချုုပ်မှုအောက်မှာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ သူက သားသတ်ကွင်းထဲ ပို့ခံလိုက်ရတဲ့ နွားတစ်ကောင်လိုပဲ။
“ နေစမ်းပါအုန်း။ ရှင်းယွမ်ကောင်းလည်း ဒီရောက်နေတာလား။ ” သူ့ မျက်လုံးထောင့်က ခရမ်းရွှေရောင် ဝတ်ရုံရှင်ကို ကြည့်ရင်း တွေးမိတယ်။ သူ လန့်သွားတယ်။ ဖန်ကျန်းရှီက တောင်ပိုင်းဒေသ စစ်သည်တော်တွေကို အဆုံးမဲ့လောကထဲ ပို့လိုက်တာကို နားလည်နိုင်တယ်။ ဒါပေမယ့် ရှင်းယွမ်ကောင်း။ နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြို တပ်ဖွဲ့ ပါ ဘာလို့ ဒီကို ရောက်နေတာလဲ။ ဘာတွေ ဖြစ်ကုန်တာလဲ။
ဖန်ကျန်းရှီ ပုန်ကန်နေတာလား။ အကယ်၍ သူ ပုန်ကန်ချင်ရင်တောင် ဒီလို ပုံစံ မျိုးတော့ မလုပ်သင့်ဘူးလေ။ ရှန်လင်းက ရှင်းယွမ်ကောင်းကို ကြည့်နေခဲ့တယ်။ သူ့ ရဲ့ မျက်လုံးထဲမှာတော့ ။ မေးခွန်းတွေ ပြည့်နှက်နေတယ်။ ရှင်းယွမ်ကောင်းကတော့ စိတ်ပျက်လက်ပျက် ခေါင်းခါ နေခဲ့တယ်။ သူ အဆုံးမဲ့ လောကထဲမှာ ရောက်နေမှန်း သိပါတယ်။ ဒါပေမယ့် ရှန်လင်းလိုမျိုး ဒေါသထွက်မနေခဲ့ဘူး။ သူ့ ပုံစံက နည်းနည်း ရှက်နေတဲ့ ပုံစံပဲ။
“ ငါ့ အထင်…. ဒီ အခြေအနေကို သူနားလည်တဲ့နေရာမှာ ပြဿနာ ရှိနေတဲ့ပုံပဲ။” ရှင်းယွမ်ကောင်း နောက်ထပ် စကား ပြောစရာ မရှိ ဖြစ်နေခဲ့တယ်။ သူ့ဘဝမှာ အဆုံးမဲ့လောကထဲ ရောက်တာ ဒုတိယ အကြိမ်ပဲ။ အခုတစ်ကြိမ်ရဲ့ အခြေအနေတွေကတော့ ကွာခြားတယ်။ စစ်မြေပြင်ရဲ့ အလည်တည့်တည့်က သစ်ပင်ကြီးနဲ့ သွေးအလိမ်းလိမ်း ဖြစ်နေတဲ့ အလောင်းတွေကို သူကြည့်နေတယ်။ ပုံမှန် အတိုင်းဆိုရင်။ အဆုံးမဲ့လောကကို မဖြစ်မနေ အခြေအနေ မျိုးမှာပဲ အသက်သွင်းကြတယ်။ ဥပမာ အားဖြင့် ကန်လင်းတောင်ကို နတ်ဆိုးတွေက ရွေးချယ်ပြီးတော့။ ကန်လင်းတောင်ထဲမှာ ရှိသမျှ လူတွေ အားလုံးနဲ့ သားရဲကောင်တွေကို စုပ်ယူပြစ်တယ်။
ဒါပေမယ့် ကန်လင်းတောင်ကတော့ တည်ရှိနေတုန်းပဲ။ သူ့ရဲ့ သစ်ပင်တွေ မြစ်ချောင်းတွေကိုတော့ မစုပ်ယူသွားပြီ။ ဒီတစ်ကြိမ်မှာတော့ ကွာခြားတယ်။ ဖန်ကျန်းရှီက။ သံတောင်ကုန်းဒေသ ကြီး တစ်ခုလုံးကိုပါ စုပ်ယူ ပြစ်လိုက်တာ။ အဓိက နောက်ဆက်တွဲဆိုးကျိုးကတော့။ သူ့ရဲ့ စုပ်ယူမှုမှာ အကန့်အသတ်ရှိနေတာပဲ။
နောက်တစ်နည်းပြောရရင်။ အဆုံးမဲ့လောက က အကန့်အသတ် မရှိ စုပ်ယူနေခဲ့တာ။ ရလဒ်က သိသိသာသာပဲ၊ အဆုံးမဲ့လောကထဲကို နတ်ဆိုး စစ်သည်တော် တစ်သိန်းလုံး ရောက်နေတယ်။ သူတို့ တင် မကသေးဘူး။ မဟာမိတ် အင်အားစုတွေ အားလုံးပါ ရောက်လာကြတာ။ အခုတော့။ သူတို့ ဘာလုပ်ကြရမလဲ။ ဒီမှာ တိုက်ခိုက်ရမှလြား။
ရှင်းယွမ်ကောင်း တစ်ခုခုပြောချင်တယ်။ ဒါပေမယ့် ဘာပြောရမယ်မှန်း မသိဖြစ်နေခဲ့တယ်။ သူ့ရဲ့ တပ်ဖွဲ့တွေကိုအခု အခြေအနေ အကြောင်း သူ ရှင်းပြနိုင်တယ်။ ဒါပေမယ့် တောင်ပိုင်းဒေသ စစ်သည်တော်တွေကို ကျ ဘယ်လို ရင်ဆိုင်ရမလဲ။ အထင်လွဲနေတာလို့ ပြောရမှာလား။ ဘယ်သူက သူ့ကို ယုံမှာလဲ။
“ကျွန်တော် တောင်းပန်ပါတယ်။ နည်းနည်း အထင်လွဲစရာလေး ဖြစ်သွားတယ်။ ” ကောင်းကင်ကနေ အသံ တစ်သံ ထွက်ပေါ်လာတယ်။ ဒါပေမယ့်တောင်းပန်သံက လေးလေးစားစား မရှိဘူး။ တကယ်တော့ အတော့်ကို ပျော်ရွှင်တက်ကြွနေတဲ့ ပုံစံ ဖြစ်နေတာ။ ရိုးရိုးသားသားပြောရရင်။ ဖန်ကျန်းရှီက တကယ့်ကို စိတ်လှုပ်ရှား ပျော်ရွှင်နေတာ။ နတ်ဆိုး စစ်တပ်ကြီး တစ်ခုလုံးကို စုပ်ယူလိုက်တာကိုလည်း သူ ဂရုမစိုက်ဘူး။ တခြားသူတွေ ဘယ်လို ထွက်ရမယ် ဆိုတာကိုလည်း ။ မတွေးထားဘူး။ သူတွေးမိတာကတော့ ။ပြီးတဲ့ ကိစ္စက ပြီးခဲ့ပြီ။ သူတို့ အထဲမှာ ရောက်နေသရွေ့ကတော့။ ရေရွှတ်ပြစ်တင်တာကလွဲပြီး တခြား ဘာလုပ်နိုင်မှာလဲ။ တခြားတနည်းနဲ့ ပြောရရင်။ သူ့တို့က သူ့ကို ဘာမှ မလုပ်နိုင်ဘူးလေ။ ဒါက ဖန်ကျန်းရှီ ရဲ့ လက်ရှိ အတွေးပဲ။ ဖန်ကျန်းရှီ ရဲ့ မလေးမစားအသံကို ရှန်လင်းကြားနေရတယ်။ သူလည်း အော်ဟစ်ပြီး ကျိန်ဆဲ ချင်ပါတယ်။ ဒါပေမယ့် နောက်ဆုံးထွက်လာတဲ့ စကားက။
“ ကောင်းပြီလေ။ အထင် လွဲတာဆိုတော့လည်း။ အမတ်မင်း ဖန်ရဲ့ အစီအစဉ်လေးတွေကို ကြားချင်ပါတယ်။” ရှန်လင်း တကယ်ပဲ ဖန်ကျန်းရှီ ကို မခြိမ်းခြောက်ဝံ့ဘူး။
နယ်မြေမှူးတွေကတော့ ကြားကြားချင်း အံ့သြသွားကြတယ်။ ဒါပေမယ့် ရှန်လင်း လုပ်နေတာကို ခပ်မြန်မြန်ပဲ နားလည်သွားကြပါတယ်။
“ အမတ်မင်း ဖန် ဆန္ဒရှိတဲ့ အတိုင်း ကျွန်တော်တို့ လုပ်ပါမယ်။” သူတို့ တညီတညွှတ်တည်း ပြန်ဖြေတယ်။
ရှင်းယွမ်ကောင်း။ ဒါကိုကြားတော့ လန့်သွားတယ်။ ခါးသက်သက် ပြုံးလိုက်မိတယ်။
“ အမတ်မင်း ဖန်တဲ့လား။ အိမ်ရှေ့စံ မင်းသား။ နေကောင်းကျန်းမာရဲ့လား။ သုခမိန်တောင်တန်း မြို့တော်မှာ တုန်းက ။ အိမ်ရှေ့စံ ကျွန်တော့်ကို သတ်ချင်နေတာ မဟုတ်ဘူးလား။” ဖန်ကျန်းရှီ ရဲ့ အသံ ထွက်ပေါ်လာတယ်။
“ အထင်လွဲတာပါ…. ဟ ဟား….၊ ဒါက အထင်လွဲတာပါ။” ရှန်လင်း အံကြိတ်နေတယ်။
“အိုး… . ကျွန်တော် နားလည်ပြီ။ အခုတော့ ကျေပြီပေါ့။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် အထင်လွဲနေကြတာဆိုတော့။ ” ဖန်ကျန်းရှီ သဘောထားကြီးတဲ့ အသံနဲ့ ပြောတယ်။
“ကျေးဇူးတင်ပါတယ်။ အမတ်မင်းဖန်။”ရှန်လင်း လက်တွေ ဖြူဖွေးလာပြီး သွေးရောင် ပျောက်တဲ့ အထိ ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ အစတုန်းကတော့ ဖန်ကျန်းရှီကို သူ့ရဲ့ သဘောထားကြီးမှု အတွက် ကျေးဇူးတင်ဖို့ စဉ်းစားခဲ့သေးတယ်။
“ မလိုအပ်ပါဘူး။ ပုလဲ နဲ့ ရတနာ သေတ္တာ နည်းနည်းလောက် ပေးရင်တော့။ စေတနာကို လက်ခံပါ့မယ်။” ဖန်ကျန်းရှီ ဖိအားပေးတယ်။
“ ပေးရမှာပေါ့။” ရှန်လင်းရဲ့ မျက်လုံးတွေ သွေးနီရောင် တောက်ပနေပြီ။
အခုဖြစ်နေတာကို သူနားလည်တယ်။ ဖန်ကျန်းရှီက သူ့ကို ဒီလို အခြေအနေ ရောက်အောင် တွန်းပို့ထားတာ။ ဒါတောင်။ သူက အခု တောင်းပန်နေရတယ်တဲ့လား။ ဘယ်လို လူကများ ဒီလောက်ထိ အရှက်သိက္ခာ ကင်းမဲ့ နိုင်တာလဲ။ နောက်ပြီးတော့ အခုက ခြိမ်းခြောက် ငွေညှစ်နေတာ နဲ့ အတူတူပဲ။ သူက တောင်ပိုင်းဒေသ ရဲ့ အိမ်ရှေ့စံလေ။ ပိုပြီးဒေါသထွက်စရာကောင်းတာက။ ဖန်ကျန်းရှီ ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်ဖို့ရာ သူ့မှာ မစွမ်းသားတာပဲ။
…
ဖန်ကျန်းရှီ ရဲ့ အသံက နေရာတစ်ခုလုံးကို ပဲ့တင်ထပ်ပြီး ထွက်ပေါ်နေတယ်။ ယွင်ချင်းဝူ ၊ ချန့်ယန်း နဲ့ တခြားသော နတ်ဆိုးတွေလည်းကြားတယ်။ ဒါပေမယ့် သူတို့ တစ်ယောက်မှ ဘာမှ မလုပ်နိုင်ကြ။ နတ်ဆိုးစစ်သည်တော်တွေကတော့ အမိန့်ကို စောင့်ဆိုင်းနေတယ်။ ဘာတွေ ဖြစ်လာမလဲ ဆိုတာ သိနေပင်မယ့်လည်း ရွေးချယ်စရာ မရှိတဲ့ အတွက်။ စောင့်ဆိုင်းနေရတယ်။
ပင်းယန်ကတော့ စိတ်မရှည်နိုင်တော့ဘူး။
“ ဖန်ကျန်းရှီ။ အရှက်မရှိတဲ့ကောင်စုတ်။ နင် ဘာ ကို စောင့်နေတာလဲ။ ငါ့ကို လာကယ်စမ်း။ နင် သနားညှာတာမှု မရှိတဲ့ မေတ္တာမဲ့ သူတောင်းစား…” ပင်းယန် ဒေါသထွက်နေတယ်။ ဒါကြောင့် ဆက်တိုက် ကျိန်ဆဲနေခဲ့တယ်။ ဒါပေမယ့် အရေးမကြီးပါဘူး။ အနည်းဆုံးတော့ သူမ ပြောချင်တာ ပြောလို့ ရနေသေးတာပဲ။
“ မင်း ပါးစပ်ပိတ်ထားရင်။ ငါ တွေးပေးမယ်လေ။” ဖန်ကျန်း၇ှီ ပြန်ဖြေတယ်။ ဒါပေမယ့် ဘာမှ မလုပ်ဘူး။
“ငါ ပါးစပ်မပိတတော့ရော ။ နင် ဘာလုပ်ချင်လဲ။ နင်ငါ့ကို မလေးမစားလုပ်တာများပြီ။ ဝဋ်ကြွေးဆပ်ရလိမ့်မယ်။ ငါ့ ခမည်းတော်နဲ့ နင့်ကို တိုင်လိုက်မယ်။ နင့်ကို တစ်သက်လုံး အဆင့်လေး အမတ်မင်းပဲ လုပ်ခိုင်းထားမယ်။ ဘာဆုလဒ်မှာလည်း မပေးဘူး။” ပင်းယန် ခြိမ်းခြောက်နေတယ်။
“ အဲ့ဒီလိုလား။ အဆင့်လေး လည်းကောင်းတာပဲ။ ငါလည်း အဆ င့်လေး အမတ်မင်း လုပ်နေရတာ ကြိုက်သားပဲ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
“ ဒါဆိုလည်း နင့်ကို အဆင့်ချပြစ်မယ်။ နယ်ဝေးဒေသတွေမှာ တာဝန်ချပြစ်မယ်။” ပင်းယန် ဆက်ပြီးတော့ ခြိမ်းခြောက်တယ်။
“ နယ်ဝေးဒေသဟုတ်လား။ မဆိုးပါဘူး။ အခွန်သွားကောက်မယ်လေ။” ဖန်ကျန်းရှီ က လုံးဝကို မကြောက်ဘူး။
“ နင်…. နင်….. အရှက်မရှိတဲ့ကောင်….။ ငါ့ကို ကယ်စမ်း။ မဟုတ်ရင်။ မဟုတ်ရင်…. နင့်ကို သတ်မယ်။” ပင်းယန် အတော့်ကိုဒေါသထွက်နေပြီ။ လေသံလည်း ပြောင်းသွားသလို ။ အရင်ကလို မောက်မောက်မာမာ အခြေအနေ မျိုးလည်း မရှိတော့ဘူး။
“ နေစမ်းပါအုန်း။ (တာအို နိယာမလေး ဖတ်ပြမယ်။) ဘယ်တစ်ခုနားထောင်မလဲ။” ဖန်ကျန်းရှီ အေးအေးဆေးဆေး ပြန်ဖြေတယ်။ ချီကူယန်လည်း တည်ငြိမ်နေခဲ့တယ်။ သူမက သက်ပြင်းတွေတွေ ချနေပင်မယ့်။ ပင်းယန်ထက်တော့ အများကြီး တည်ငြိမ်ပါသေးတယ်။ ငွေရောင် အလင်းတန်းက လုံးဝကို ပျောက်ကွယ်သွားပြီ။
ချီကူယန်ကတော့ ဖန်ကျန်းရှီ။ သူတို့ကို ကယ်ဖို့ မတောင်းဆိုတော့ဘူး။ ကြယ်တွေကို ကြည့်ရင်းနဲ့ အတွေးနွံ နစ်နေခဲ့တယ်။ ကြယ်တွေက ကောင်းကင်ပေါ်မှာ တဖျပ်ဖျပ် လက်နေတယ်။ ဒီ အချိန်မှာပဲ။ လေထဲမှာ တစ်ခုခု ပေါ်လာခဲ့တယ်။ အပြောင်း အလဲက မိနစ် ပိုင်း အတွင်းပဲ၊ တိမ်တွေ လွင့်မျောနေသလိုမျိုး။ ဒါပေမယ့် တိတ်တွေ မဟုတ်ခဲ့ဘူး။ ထူးဆန်းတဲ့ ဒီ ခံစားချက်က။ မိုးတွေရွာချ နေသလိုပဲ။ ဒါပေမယ့် ပြုတ်ကျလာတဲံ အရာတွေက မိုးစက်တွေ ဟုတ်မနေခဲ့ဘူး။ ဒီ အရာတွေက ကြယ်ရောင်တွေကိုတောင် ပိတ်ဆို့သွားခဲ့တယ်။ ဒီကြောက်မက်ဖွယ် အငွေ့အသက်က လေထဲကို ပြည့်သွားခဲ့တယ်။ မိုးလို သိပ်သည်းတဲ့ ဒီ အရာဝတ္ထုတွေက စက္ကန့်အမျှ တိုးလာခဲ့တယ်။ အမြောက်ဆံတွေ ကောင်းကင်ပေါ်က ကျလာသလိုပဲ။
“ နောက်ဆုံးတော့ ရောက်လာပြီ။” နတ်ဆိုး ခေါင်းဆောင်တွေ။ ကြည့်ရင်းနဲ့ ပြောတယ်။ သူတို့ရဲ့ နတ်ဆိုးမျက်လုံးတွေ တောက်ပနေခဲ့တယ်။ လက်နက်တွေကို သူတို့ ကျစ်ကျစ်ပါအောင် ဆုပ်ထားကြတယ်။ အရာဝတ္ထုတွေက နီးလာလေလေ။ ပိုပြီးတော့ သိပ်သည်းလာလေပဲ၊ အရိပ်တွေနဲ့ တူသလို။ သူတို့ အားလုံးက ဝတ်ရုံနက်တွေ ဝတ်ထားကြတယ်။ နတ်ဆိုးတွေနဲ့ ပုံစံ အတူတူပဲ။ လက်နက်တွေကအစ။ ရုပ်ကအဆုံး။ အကုန်လုံး ထပ်တူညီနေခဲ့တယ်။ ရင်ဆိုင်ရတဲ့ လူကို မွန်းကြပ်လာစေတယ်။
“ သေစမ်း။” နတ်ဆိုး စစ်တပ်ကြီး အော်ဟစ်တယ်။ သူတို့တွေက အတော့်ကို ကြောက်လန့်နေတာ။ ဒါပေမယ့် ကြောက်တဲ့ အမူအယာ မပြကြဘူး။ ပြန်လမ်းမရှိဘူးဆိုတာ သူတို့ သိတယ်။
…
သံတောင်ကုန်းဒေသ နယ်မြေပေါ်မှာတော့။ နတ်ဆိုးစစ်တပ်ကြီးအပေး ကျဆင်းလာတဲ့ ပုံရိပ်တွေကို သူကြည့်နေခဲ့တယ်။ သူ့ စိတ်ထဲမှာ ပဋိပက္ခ ဖြစ်နေခဲ့တယ်။ ဒီ အရိပ်စစ်တပ်နဲ့ အရင်တစ်ခါက ရင်ဆိုင်ဖူးတယ်လေ။ အဲ့ဒီ့စစ်ပွဲတုန်းက။ တောင်ဖြိုတပ်ဖွဲ့ နဲ့။ တပ်နီတော်က စစ်သည်တော်တွေ။ အများကြီးကို ဆုံးရှုံးခဲ့ရတာ။ အခုတော့။ တူညီတဲ့ ကိစ္စ တစ်ခု ဖြစ်နေပြီ။ အခုတစ်ကြိမ်မှာတော့။ နတ်ဆိုးတွေက ပြစ်မှတ်ဖြစ်နေတယ်။
ရှန်လင်းကတော့ အရိပ် စစ်တပ်ကို အာရုံစိုက်နေခဲ့တယ်။ အဆုံးမဲ့လောကရဲ့ ပုံပြင်တွေက လျှို့ဝှက်ချက် မဟုတ်ဘူးလေ။ တောင်ပိုင်းဒေသ အိမ်ရှေ့စံ အနေနဲ့။ ဒီ လောက အကြောင်းကို သူသိတယ်။ ဖန်ကျန်းရှီကို အခုချိန်မှာ သူဒေါသမထွက်နိုင်သေးဘူး။ နယ်မြေမှူးတွေလည်း ဒေါသကို ထိန်းထားတယ်။ ဒီ အရိပ်တွေကို သူတို့လည်းကြောက်တယ်လေ။
နန်ကုန်းဟောင်ကတော့ မျက်လုံး မှိတ်ထားခဲ့တယ်။ သူ့ရဲ့ နှင်းလို ဖြူစွတ်နေတဲ့ ကျောင်းတော်သား ဝတ်ရုံက လေထဲမှာ လွင့်မျောနေတယ်။ သူ့မျက်လုံးတွေကို အဆုံးမဲ့လောကစုပ်ယူတာ ခံရတဲ့ အချိန်တည်းက ပိတ်ထားခဲ့တာ။ အသက်တောင် မရှူခဲ့ဘူး။
…
အနက်ရောင်ပုံရိပ်တွေက ။ ကောင်းကင်က မိုးစက်တွေလို စီးကျလာတယ်။ ဒါပေမယ့် သွေးချောင်းစီး တိုက်ပွဲကြီး ဖြစ်တော့မယ်ဆိုတာ သူတို့ သိတယ်။ သူတို့ရဲ့ ရောက်ရှိမှုက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုရဲ့ လက္ခဏာပဲ။
“သေ ။”
“ သေစမ်း။”
“…”
အနက်ရောင်ပုံရိပ်တွေ ရောက်ရှိလာတယ်။
အလင်းရောင် တွေ အကုန်လုံးတောင် ပျောက်ကွယ်သွားသလိုပဲ။ တိမ်မည်းအုပ်တွေလိုမျိုး။ နတ်ဆိုး စစ်တပ်ကို ဖုံးအုပ်သွားတယ်။
“ ပြစ်ကြ။ ”
လေထုတစ်ခုလုံး မြားတွေနဲ့ ပြည့်နှက်သွားတယ်။ အနက်ရောင်ပုံရိပ်တွေ ဆီကို မြားတွေ ပျံထွက်လာတယ်။ ဒါပေမယ့် မြားတွေက သူတို့ ပြစ်မှတ်ကိုတော့ မထိခဲ့ဘူး။ ကောင်းကင်ပေါ်ကို ပျံတက်သွားပြီးတော့။ မြေပြင်ပေါ်ကို ထွင်းဖောက်ပြီး ကျဆင်းသွားခဲ့တယ်။ ဓား ချင်းထိသံတွေ ထွက်ပေါ်လာသလို အော်ဟစ်သံတွေ ။ လေထဲမှာ ပျံ့နှံ့လာတယ်။
ယွင်ချင်းဝူတော့ တုန်ယင်နေခဲ့တယ်။ သူမ မျက်နှာတစ်ခုလုံးဖြူဖျော့နေပြီ။ ဒီလို အကြောက်တရားမျိုး သူမ ဘဝမှာ တစ်ခါမှ မဖြစ်ပေါ်ဖူးဘူး။ ဖန်ကျန်းရှီ ဖမ်းတာကို ခံလိုက်ရတုန်းကတောင် ဒီလောက်ထိ မဆိုးခဲ့ဘူး။ ဒါပေမယ့် အခုချိန်မှာတော့။ သူမရဲ့ မျက်နှာ တစ်ခုလုံး ဖြူဖျော့နေပြီ။ သူမ စိတ်ထဲက နာကျင် ဝမ်းနည်းမှုတွေကို ဖုံးကွယ်မထားနိုင်တော့။ ဒါပေမယ့် သူမ စကားမပြောဘူး။ နေရာမှာပဲ ရပ်စောင့်နေခဲ့တယ်။
အပိုင်း(၄၅၃)ပြီး၏။
အပိုင်း(၄၅၄)
“ ဘဝသစ်”
တိုက်ပွဲစတင်ပြီ။ ဒါပေမယ့် ယွင်ချင်းဝူကတော့ တိုက်ပွဲအတွက် အမိန့်တစ်ခုမှ မပေးခဲ့ဘူး။ သူမကြည့်ရတာ နာကျင်နေပုံပဲ။ ဒါပေမယ့် သူမက အကူအညီ မဲ့နေတာတော့ မဟုတ်ဘူး။ ၁၅မိနစ် ကုန်ဆုံးတယ်။ အဲ့ဒီ့နောက် တစ်နာရီ…။ အော်ဟစ်သံတွေ။ သတ်ဖြတ်မှု အသံတွေ ဆက်တိုက် ဖြစ်ပေါ်လာနေတယ်။ နတ်ဆိုး စစ်သည်တော်တွေ ကျရှုံးစပြုနေပြီ။
အကြောက်တရားတွေက သူတို့မျက်နှာမှာ ပြည့်နှက်နေတယ်။ ဒါပေမယ့် ဘယ်သူကမှ ဘယ်သူ့ကို အကူအညီ မတောင်းကြဘူး။ ယွင်ချင်းဝူ အမိန့်မပေးတာကိုလည်း အပြစ်တင်တဲ့ သူ မရှိသလို ။ အကူအညီအတွက် အော်ဟစ်နေတဲ့ နတ်ဆိုးလည်း မရှိခဲ့ဘူး။ အနက်ရောင် ပုံရိပ်တွေကတော့ သေမင်းတွေလို မျိုး နတ်ဆိုး စစ်တပ်ကြီးကိုရိတ်သိမ်းနေခဲ့တယ်။ နတ်ဆိုး ခေါင်းဆောင်တွေ အံကြိတ်ရင်း ခုခံနေခဲ့ကြတယ်။ သူတို့ရဲ့ နတ်ဆိုး မျက်လုံးတွေက တောက်ပနေကြတယ်။ ည ကတော့ ဆက်ပြီးမမှောင်မိုက်နေတော့ဘူး။
မိုးကုပ်စက်ဝိုင်းကနေ အလင်းရောင် တစ်ခု ထွက်ပေါ်လာတယ်။ ညက ဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့တယ်။ အသက်ပေါင်းများစွာကတော့ အချိန်တို အတွင်း ပျောက်ကွယ်ခဲ့ရပြီ။ မျက်တောင် တစ်ခတ် အချိန် အတွင်းမှာပဲ။ သူတို့ အားလုံး။ မတူညီတဲ့လောကသစ်တစ်ခုကို ပို့ဆောင်ခံလိုက်ရတယ်။ သံတောင်ကုန်း ဒေသရဲ့ နံရံပေးမှာတော့။ ထူးထူးဆန်းဆန်းကို တိတ်ဆိတ်နေခဲ့တယ်။
နတ်ဆိုးတွေ နဲ့ အရိပ်တွေကြားက တိုက်ပွဲကို သူတို့ ကြည့်နေကြတယ်။ စိတ်ရှည်လက်ရှည်စောင့်ဆိုင်း နေကြတယ်။ ဒီလိုပဲ စောင့်ဆိုင်းနေတဲ့ လူတစ်ယောက်လည်း ရှိသေးတယ်။ တိုက်ပွဲ အလယ်က အဖြူရောင်ကြာပန်းလေး။ ဒီ အချိန်မှာပဲ။ အလင်းတန်းတစ်ခုက သူမ ဘေးမှာ တောက်ပလာတယ်။ သန့်စင်တဲ့ ကောင်းကင်ပြာရောင်။ အပြာရောင် ဝတ်ရုံက နေရောင်အောက်မှာ တောက်ပနေတယ်။ အိုမင်းတဲ့ မျက်နှာတစ်ခုက ကောင်းကင်ကို မျက်နှာမူရင်း။ နေထွက်လာတာကို ကြည့်နေခဲ့တယ်။ ဒီလူရဲ့ မျက်လုံးတွေက။ ဗလာဟင်းလင်း ဖြစ်ပြီး အသက်မဲ့နေပင်မယ့်။ ဒီ အသက်မဲ့ မျက်ဝန်းတစ်စုံရဲ့ အထက်မှာ သင်္ကေတ တစ်ခု ရှိနေခဲ့တယ်။
ရိုးရှင်းတဲ့ သင်္ကေတ တစ်ခုက ထူးဆန်းတဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်နေခဲ့တယ်။ အရာအားလုံးရဲ့ ဖြစ်တည်မှုကို ကိုယ်စားပြုနေတဲ့ သင်္ကေတ တစ်ခုလိုပဲ။ အခုတော့။ ဒီ သင်္ကေတက တဖြည်းဖြည်းပြောင်းလဲ လာနေတယ်။ အလင်းတန်းတွေက တဖြည်းဖြည်း သိပ်သည်းလာသလို။ သင်္ကေတ ပုံစံကလည်း ရှု့ပ်ထွေးသထက် ရှုပ်ထွေးလာတယ်။ ဘဝအသစ်ကို စတင်နေတဲ့ အတိုင်း။ ရိုးရှင်းတဲ့ အရာတစ်ခုကနေ ရှုပ်ထွေးတဲ့ အရာတစ်ခု ဖြစ်ပေါ်လာနေတယ်။ လောကကြီ်းကို ပြောင်းလဲ ပြစ်နေတာလား။ ဒါမှမဟုတ် ဘဝသစ်စတင်နေတာလား။ သင်္ကေတ အပြောင်းအလဲ နဲ့ အတူူ အလင်းတန်းက တောက်ပသထက် တောက်ပလာတယ်။
…
နံရံပေါ်မှာတော့ မတိတ်ဆိတ်နိုင်တော့ဘူး။ လူတိုင်းက အလင်းတန်းကို ကြောက်လန့်တကြားနဲ့ ကြည့်နေခဲ့တယ်။
“ ချန့်ယန်း”
“ ချန့်ယန်းက သူ့ကိုယ်သူ ….”
“ မဖြစ်နိုင်တာပဲ။”
သူတို့ရဲ့ ခံစားချက်တွေက ရှုပ်ထွေးလွန်းတယ်။ သူတို့ မျက်မြင်တွေ့နေရတာကို မယုံနိုင် ဖြစ်နေတယ်။
“ ချွမ်“
ကျယ်လောင်တဲ့ ပဲ့တင် သံ ကြီးနဲ့အတူ။ မြေပြင်တစ်ခုလုံး လှုပ်ခါလာတယ်။ တစ်ချိန်တည်းမှာပဲ။ အလင်းတန်း တစ်ခု ကောင်းကင်ပေါ်ကို ထိုးတက်သွားတယ်။ ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေတယ်။
“ ဆရာသခင်….” ယွင်ချင်းဝူရဲ့ အသံက လေထုကိုခွင်းပြီးတော့ ပေါ်ထွက်လာတယ်။ အရိပ်စစ်သည်တော်တွေ သူမ ရဲ့ စစ်တပ်ကြီးကို ဝါးမျိုနေတုန်းကလည်း စကား တစ်ခွန်းမှ မဆိုခဲ့ဘူး။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံနေရတာကို သူမ မြင်ပေမယ့် စကားမပြောခဲ့။ ဒါပေမယ့် ရွှေရောင် အလင်းတန်းကို မြင်တော့။ သူမ စကားပြောတော့တယ်။ ဆရာသခင်။ ဒီ စကားတွေကို ပြောတဲ့ အချိန်။ သူမ ပါးပြင်ပေါ်မှာ မျက်ရည် နှစ်စက်ကျသွားခဲ့တယ်။ ယွင်ချင်းဝူရဲ့ မျက်ရည်တွေက။ မြေပြင်ပေါ်က သွေးတွေနဲ့ အတူ ရောသွားပြီး။ မြေကြီးထဲကို စိမ့်ဝင်ပျောက်ကွယ်သွားတယ်။
မထင်မှတ်ထားမိစရာ ဆိုပေမယ့်။ ချန့်ယန်းက သူမကို လှည့်ကြည့်တယ်။ သူ့ရဲ့ အသက်မဲ့မျက်ဝန်းတွေက။ ဘာမှ မပြောပေမယ့် ။ သူ့နဖူးပေါ်က သင်္ကေတလိုပဲ။ အကြည့်တစ်ချက်မှာ အဓိပ္မာယ်တွေ အများကြီး ပါနေခဲ့တယ်။ သင်္ကေတက ဆက်တိုက် ပြောင်းလဲ နေသလို ။ ဘဝသစ်တစ်ခုကိုလည်း ဖန်တီးနေခဲ့တယ်။ “ တပည့်အလိမ္မာလေး။” အိုမင်းတုန်ယင်နေတဲ့ ချန့်ယန်း အသံ ထွက်လာတယ်။ နတ်ဆိုးတွေအားလုံး ချန့်ယန်းကို တစ်ခဏတာ လှည့်ကြည့်ကြတယ်။ ဘာကြောင့်လဲ ဆိုတော့။ ယွင်ချင်းဝူက ချန့်ယန်းကို သူ့ ဆရာအဖြစ် အမြဲတမ်း ခေါ်ဝေါ်ပင်မယ့်။ ချန့်ယန်းကတော့ တပည့်လို့ တစ်ခါမှ မခေါ်ခဲ့ဘူး။ သူမရဲ့ နာမည်ကိုပဲ ခေါ်ခဲ့တယ်။
ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပထမဆုံး လုပ်ခဲ့တဲ့ ထူးထူးခြားခြား ကိစ္စတစ်ခု။ သူ့ အသံက မကျယ်လောင်ပင်မယ့်။ တိုက်ပွဲထဲမှာ ရှိသမျှ လူတိုင်းကို သက်ရောက်စေတယ်။ လူတိုင်းက သူတို့ ရဲ့ တိုက်ပွဲကို တစ်ခဏတာ မေ့လျော့သွားခဲ့ကြတယ်။ ယွင်ချင်းဝူ ရဲ့ ပါးပြင်ပေါ်မှာတော့ မျက်ရည်စက်တွေ ဆက်တိုက် စီးကျနေခဲ့တယ်။
ပင်းယန်က အစပိုင်းမှာ။ ဒေါသထွက်ပြီးတော့ ပူပန်နေခဲ့တာ။ ဒါပေမယ့် အခုချိန်မှာတော့။ သူမ ထိတ်လန့် ပြီး စိုးရိမ်နေခဲ့တယ်။ ချန့်ယန်းကို ကြည့်ရင်း နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်တဲ့ အထိ ကြောက်နေခဲ့တယ်။ သူမ ဘဝမှာ ဒီလောက်ထိ တစ်ခါမှ မကြောက်ဖူးဘူး။ ချီကူယန်ကတော့
ယွင်ချင်းဝူကို သူမ လက်ထဲကနေ လွှတ်ပေးလိုက်တယ်။ ချန့်ယန်းရဲ့ နဖူးပေါ်မှာ ရွှေရောင် အလင်းတန်း တောက်ပလာတဲ့ အချိန်တည်းက။ ယွင်ချင်းဝူကို သူမ လက်လွှတ်လိုက်တာ။ သိပ်ပြီးတော့ ကောင်းမွန်တဲ့ လှုပ်ရှားမှုတော့ မဟုတ်ပေမယ့်။ သူမ လုပ်ခဲ့ပြီးပြီလေ။ ချန့်ယန်းက ယွင်ချင်းဝူဆီ ဖြည်းဖြည်းချင်း လျှောက်လာတယ်။ အတော်လေးကို စဉ်းစားချင့်ချိန်ပြီး လျှောက်လှမ်းနေပုံပဲ။ တကယ်တော့ ဒီလို လမ်းလျှောက်နေရတာကိုက အတော်လေးကို ခြေကုန်လက်ပန်းကျနေတဲ့ ပုံစံပေါ်နေခဲ့တယ်။ ယွင်ချင်းဝူ ဆီ လာတဲ့ လမ်းမှာ လေပြင်းပြင်းတိုက်ခတ်လိုက်ရင်ကို လွင့်ပါ သွားတော့မယ့် အသွင်ပေါက်နေခဲ့တယ်။
ဒါပေမယ့် ဘယ်သူကမှ သူ့ကို မရပ်တန့်ကြဘူး။ ချီကူယန်တောင် မရပ်တန့်ဘူး။ နောက်ပြန်ဆုတ်ပြီး ။ ပင်းယန်ရဲ့ ဘေးမှာသာ ရပ်နေခဲ့တယ်။ အချိန်တွေက ဒီနေရာမှာ ရပ်တန့်နေသလိုပဲ။ ထာဝရကြာရှည်တယ် လို့တောင် ထင်ရတယ်။ ချန့်ယန်းက ယွင်ချင်းဝူ ရဲ့ အနောက်ကို ရောက်လာတယ်။ သူ့ရဲ့ အရေးအကြောင်းတွေ ပြည့်ပြီၤးတော့ တုန်ယင်နေတဲ့ လက်နဲ့။ ယွင်ချင်းဝူရဲ့ ခေါင်းကို ပွတ်သပ်ပေးနေခဲ့တယ်။ ဖခင်တစ်ယောက်က သူ့ သမီးလေးကို ချော့မြှူနေသလိုမျိုး။
ရွှေရောင်အလင်းတန်းကတော့ ချန့်ယန်းရဲ့ ခေါင်းပေါ်မှာ ဆက်တိုက် လင်းလက်နေခဲ့တယ်။ သူ့ခန္ဒာကိုယ်ရဲ့ အပြာရောင် အလင်းတန်းကတော့ ပျောက်ကွယ်သွားခဲ့ပြီ။ သူ့ရဲ့ ဝတ်ရုံပြာလည်း မတောက်ပတော့။
“ သူတို့ကို ပြန်ခေါ်လာခဲ့။” ယွင်ချင်းဝူကို ချန့်ယန်း ခပ်တိုးတိုး ပြောတယ်။ သူ့ အကြည့်က နာကျင်မှုတွေ ဝမ်းနည်းမှုတွေနဲ့ ပြည့်နေခဲ့တယ်။ ယွင်ချင်းဝူကတော့ မျက်ရည်တွေတွေကျရင်း နှုတ်ခမ်းကိုသာ ကိုက်ထားခဲ့တယ်။ စကားမပြောခဲ့ဘူး။
“ငါသာ မင်းကို မြင်နိုင်ခဲ့ရင်….. ဘယ်လောက် ကောင်းလိုက်လေမလဲ။” ချန့်ယန်းရဲ့ အသံက အဆုံးသတ်ခါနီး လူတစ်ယောက်လို ။ အထီးကျန်ဆန်မှုတွေနဲ့ ပြည့်နှ့်နေခဲ့တယ်။ ယွင်ချင်းဝူ ကတော့ ဆက်ပြီး တိတ်ဆိတ်နေဆဲ။ သူမ နှုတ်ခမ်းကို ဖိကိုက်ထားတဲ့ အတွက်။ သွေးစီးကြောင်းတစ်ခု အောက်နှုတ်ခမ်းထောင့်ကနေ စီးကျလာတယ်။
“ ငါ့ကို ဆရာသခင်လို့ နောက်တစ်ကြိမ် ခေါ်ပါအုန်း။” ယွင်ချင်းဝူရဲ့ ခေါင်းကို ပုတ်ပေးရင်။ ချန့်ယန်းတောင်းဆိုတယ်။
“ဆ.. ဆရာသခင်။” သူ့ ဆရာရဲ့ မျက်နှာကို ကြည့်ရင်း ယွင်ချင်းဝူ တုန်ယင်နေခဲ့တယ်။
“အင်း။ တပည့် အလိမ္မာလေး။ မင်းက တကယ့်ကို တပည့် အလိမ္မာလေးပဲ။ ” ချန့်ယန်း ခေါင်းငြိမ့်တယ်။ သူ့ ဘာသူ တီးတိုးပြောနေတယ်။ သူ့ဘဝမှာ တစ်ခါမှ ပြောဖြစ်မယ် လို့တောင် အိမ်တက် မမက်ဖူးတဲ့ စကားလုံးတွေ ရှိနေတယ်။ သူ မတ်တပ်ထရပ်တယ်။
“ ကချာ့။ ကချာ့။” အရိုးတွေ ကျိုးတွေ အသံထွက်ပေါ်လာတယ်။ နောက်ပြီးတော့ အရိုးအသစ်တွေ ထထွက်ပေါ်လာတဲ့ အသံကို ကြားနေရတယ်။ တစ်ချိန်တည်းမှာပဲ ။ သူ့ရဲ့ အိုမင်းနေတဲ့ မျက်နှာ။ အက်ကွဲစ ပြုလာတယ်။ ဘာကြောင့်များ ဒီလိုတွေ ဖြစ်လာရတာလဲ ။ ဘယ်သူမှ မသိဘူး။ ဒါပေမယ့်။ အဖြူရောင် အရေပြား တစ်ချို့။ သူ့ မျက်နှာပေါ်ကနေ ကွာကျသွားတယ်။ ပိုပြီးတော့ ထူးဆန်းတာကတော့။ ကွာကျသွားတဲ့ အရေပြားအောက်မှာ။ နောက်ထပ် အရေပြားတစ်လွှာ ရှိနေတာပဲ။ ချောမွေ့ပြီး တောက်ပနေတယ်။
အရေပြားအသစ်တစ်ခု မွေးဖွားလာသလိုပဲ။ သူ့မျက်နှာပေါ်မှာ မျက်နှာ အသစ်တစ်ခု ဖြစ်ပေါ်လာတယ်။ ချန့်ယန်းရဲ့ လက်မောင်းတွေလည်း တုန်ယင်လာတယ်။ ကြွက်သား အသစ်တွေ ပေါ်ထွက်လာတယ်။ ကွဲအက်တဲ့ အသံတွေက လေထဲမှာပဲ့တင်ထပ်နေခဲ့တယ်။ လူတိုင်းရဲ့ မျက်လုံးက ချန့်ယန်းကို စိုက်ကြည့်နေကြတယ်။
သံတောင်ကုန်းဒေသ နံရံပေါ်မှာတော့။ ရှင်းယွမ်ကောင်းနဲ့ ရှင်းချင်းစွေ့။ မျက်တောင် မခတ်တမ်း ရှိနေခဲ့တယ်။ ချန့်ယန်းရဲ့ ကိုယ်ခန္ဒာပြောင်းလဲ နေတာကို သူတို့ ကြည့်နေကြတယ်။ ရှန်လင်းနဲ့ နယ်မြေမှူးတွေကတော့ ကြောက်လန့်နေခဲ့ကြတယ်။ တောင်ပိုင်းဒေသ စစ်သည်တော်တွေ အနေနဲ့။ သူတို့ ကြောက်လန့် တာမျိုးက ဖြစ်ခဲပါတယ်။ အရေအတွက် မမျှတဲ့ နတ်ဆိုး စစ်တပ်ကြီးနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာတောင်။ ချန့်ယန်း ထွက်ပေါ်လာခဲ့တဲ့ အချိန်မှာတောင်။ သူတို့ နောက်မဆုတ်ခဲ့ဘူး။ ဒါပေမယ့် အခုချိန်မှာတော့။ သူတို့ တကယ့်ကို လန့်နေကြပြီ။
နန်ကုန်းဟောင် လည်း မျက်လုံးဖွင့်ကြည့်နေတယ်။ ရွှေရောင် အလင်းတန်း ပေါ်လာတဲ့ အချိန်တည်းက သူ့ မျက်လုံးတွေ ပွင့်နေတာ။ အေ ကြာက်တရားကို သူ့ မျက်လုံးတွေမှာ မမြင်ရပေမယ့် လေးစားမှုကိုတော့ မြင်နေရတယ်။ သူချန့်ယန်းကို လေးစားတယ်။
နတ်ဆိုးတွေကတော့။ ငယ်ရွယ်နုပျိုတဲ့ အသားအရေအသစ်၊ သန်စွမ်းတဲ့ ခန္ဒာကိုယ် နဲ့။ သူ့ရဲ့ အသက်မဲ့ နေတဲ့ မျက်တွင်းနက်နက်တွေကို စိုက်ကြည့်နေခဲ့တယ်။ နောက်ဆုံးတော့ အသံတွေ ပျောက်ကွယ်သွားခဲ့ပြီ။ အိုမင်းနေတဲ့ ခန္ဒာကိုယ် ကြီးနဲ့ အတူပေါ့။ အခုတော့။ ယွင်ချင်းဝူရဲ့ ရှေ့မှာ ရပ်နေတဲ့ လူက။ ငယ်ရွယ်နုပျိုပြီးတော့။ ချောမွေ့တဲ့ အသားအရေ။ ရွှန်းစိုတဲ့ နှုတ်ခမ်းနီနီတွေ ရှိနေတယ်။ အနည်းငယ် ပိန်ပါးပေမယ့်။ သူ့ရဲ့ တောင့်တင်းတဲ့ ကြွက် သားတွေကတော့ မြင်သာနေခဲ့တယ်။ ဒါက ထူးဆန်းတဲ့ မြင်ကွင်းပဲ။ ပိုပြီးတော့ ထူးဆန်းတာက။ ဒီလူငယ်ရဲ့ တစ်ခေါင်းလုံးက ဆံပင်တွေ ဆွတ်ဆွတ်ဖြူနေခဲ့တာပဲ။
ဒီလူငယ်က ချန့်ယန်း ။ ပြန်လည်မွေးဖွားလာတဲ့ ချန့်ယန်း။ သူ့နဖူးပေါ်မှာတော့ သင်္ကေတက ရှိနေတုန်းပဲ။ ရွှေရောင်အလင်းတန်းတွေနဲ့ တောက်ပနေတဲ့ ထူးထူးဆန်းဆန်း သင်္ကေတတစ်ခု။ ဒါပေမယ့် သူ့မျက်လုံးတွေကတော့ အရင်အတိုင်း အသက်မဲ့နေတုန်းပဲ။ သူ့နဖူးပေါ်က ရွှေရောင် အလင်းတန်းကတော့ စက္ကန့်အမျှ ပိုပြီးတောက်ပလာတယ်။ တောက်ပလွန်းလို့။ ကောင်းကင်ကိုတောင် လင်းလက်သွားစေတယ်။
တစ်ခဏ အကြာမှာတော့။ ရွှေရောင်အလင်းတန်းက ကောင်းကင်ကို ထိုးတက်သွားခဲ့တယ်။ ဒါက ချန့်ယန်းရဲ့ ခေါင်းပေါ်ကနေ ထွက်ပေါ်လာတာ။ အရမ်းကို မြန်ဆန်တယ်။ မြန်လွန်းလို့။ ချန့်ယန်းရဲ့ ခေါင်းပေါ်ကနေ ထွက်လာတာလား။ ကောင်းကင်ကနေ ထွက်ပေါ်လာတာလားဆိုတာ မပြောနိုင်လောက်အောင်ပဲ။ အဲ့ဒီ့နောက်။ ရွှေရောင်အလင်းတန်းကြီးက ရွှေရောင်ရေပန်းအဖြစ်ကို ပြောင်းလဲသွားတယ်။ ဒါက သူတို့ ကြုံတွေ့ခဲ့ရတဲ့ အနက်ရောင်မိုးနဲ့ လုံးဝကို ကွာခြားတယ်။ လုံးဝကို ရွှေရောင် အလင်းတန်း စစ်စစ်နဲ့ ဖြစ်ပေါ်လာတာကြောင့်ပဲ။
ဒီအလင်းတန်းကြီးက ကောင်းကင်ပေါ်မှာ ရွှေရောင် အလွှာတစ်ခုကို ဖြစ်ပေါ်လာစေတယ်။ နတ်ဆိုးစစ်တပ်ကြီးနဲ့ တိုက်ပွဲဝင်နေတဲ့ အရိပ်စစ်တပ်ကြီး ခေါင်းမော့ကြည့်ကြတယ်။ သူတို့တွေ ရွှေရောင် အလွှာရဲ့ ဖမ်းစားမှုကြောင့် မလှုပ်ရှားနိုင်ကြတော့တဲ့ အတိုင်းပဲ။ အဲ့ဒီ့နောက် သူတို့တွေ အရည်ပျော်ကုန်ကြတယ်။ နေရောင်နဲ့ ထိတွေ့တဲ့ ရေခဲတုန်းတွေလိုပဲ။ ဒါပေမယ့် သိသိသာသာကို မြန်မြန်ဆန်ဆန်ကြီး အရည်ပျော်သွားတာ။ ရွှေရောင်အလွှာကြီးက အောက်ကို နိမ့်ဆင်းလာတယ်။ အဲ့ဒီ့နောက်။ လုံးဝပျောက်ကွယ် မသွားခင် တဖြည်းဖြည်း အရောင်ဖျော့လာခဲ့တယ်။ ဒီ အချိန်မှာပဲ။ ချန့်ယန်းရဲ့ ကိုယ်ခန္ဒာက ရွှေရောင် အလင်းတန်းတစ်ခုလို ကောင်းကင်ဆီ ထိုးတက်သွားခဲ့တယ်။ မျက်ရည်အပြည့်နဲ့ ယွင်ချင်းဝူကို ချန်ထားခဲ့တယ်။ “ဆရာသခင်။”
အပိုင်း(၄၅၄)ပြီး၏။
အပိုင်း (၄၅၅)
“ ငလူးကံ ”
ညက နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်တယ်။ သတ်ဖြတ်မှု အသံတွေ အားလုံး ပျောက်ကွယ်သွားပြီ။ ကောင်းကင်ပေါ်မှာ ရွှေရောင် အလင်းတန်းတစ်ခုပဲ ကျန်တော့တယ်။ သူ့ရဲ့ အလင်းတန်းတွေက ကောင်းကင်ပေါ်က အရောင်အားလုံးကို ပိတ်ဆို့သွားခဲ့တယ်။ ဒီ အချိန်မှာတော့။ လူတိုင်းက ရွှေရောင်အလင်းတန်းကို စိုက်ကြည့်နေကြတယ်။ ကြောက်လန့်နေတဲ့လူတွေ။ ပျော်ရွှင်နေတဲ့သူတွေ။ ဝမ်းနည်းနေတဲ့လူတွေ ရှိတယ်။ ဒါပေါ့။ သူများနဲ့ မတူ တမူထူးခြားနေတဲ့ လူတစ်ယောက်လည်း ရှိနေခဲ့တယ်။ ဒါကတော့
“ငလူးကံ။”
သူ့ရဲ့ လက်ရှိစိတ်ခံစားချက်ကို ဖော်ပြဖို့ ဖန်ကျန်းရှီမှာ တခြား စကားလုံး မရှိဘူး။ သူ အခုပဲ မြင်လိုက်ရတာ ဘာကြီးလဲ။ ထူးဆန်းလိုက်တဲ့ လောကကြီး။ ဒီလောကထဲကို ရောက်လာထဲက ။ ထူးဆန်းနေမှန်း သူသိပါတယ်။ မယုံကြည်နိုင်စရာကောင်းတဲ့ အရာတွေ။ တစ်ခါမှ မကြားဖူးတဲ့ ကိစ္စတွေနဲ့ ပြည့်နေပင်မယ့်လည်း။ ဒါတွေ အားလုံးက အတူတကွရှိနေကြတာလ။
အခုတော့။ သေခါနီး အဖိုးကြီးတစ်ယောက်က အရေခွံလဲပြီးတော့ အသက် ၂၀ အရွယ်ကို ရောက်သွားတယ် တဲ့။ ဘယ်လို ကိစ္စကြီးလား။ ပြာထဲကနေ ပြန်လည်ရှင်သန်လာတဲ့။ ဇာမဏီငှက်လိုလား။ အခွံထဲကနေ ထွက်လာတဲ့ လိပ်ပြာတစ်ကောင်းလိုလား။ ပိုပြီး အရေးကြီးတာက ရွှေရောင် အလွှာကြီးက ဘာကြီးတုန်း။ အရာအားလုံးက အချိန်ခဏလေး အတွင်း ဘယ်လိုလုပ်ပြီးတော့ ပြောင်းလဲ သွားရတာလဲ။
အဆုံးမဲ့လောကရဲ့ စည်းမျဉ်းတွေကို ချန့်ယန်း ဘယ်လိုများ ထိန်းချုုပ်ပြီး ပြောင်းလဲ လိုက်တာလဲ။ ဖန်ကျန်းရှီ တကယ့်ကို ရှက်နေတယ်။ ဒီလိုပဲ ဒေါသထွက်နေခဲ့တယ်။ ဒီလို အခြေအနေမျိုးကို သူ ထိန်းချုုပ်ရတာမျိုး ဖြစ်ခဲတယ်။ သုခမိန်လောကထဲမှာ ခြေရာမဲ့ဓားကို ထိန်းချုပ်ခဲ့ရတဲ့ အခြေအနေကို ပြန်သတိရနေခဲ့တယ်။ အရာအားလုံးက သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ။ တကယ့်ကို ခံစားလို့ကောင်းတယ်။
လောကကြီး ရဲ့ ထိပ်ဆုံးမှာ ရပ်နေရတဲ့ အတိုင်းပဲ။ လူတိုင်းရဲ့ ဘဝတွေကိုပါ ထိန်းချုပ် နိုင်သလို။ သဘာဝလွန် အဆင့် ယဉ်ရှန်ကိုပါ တစ်ချက်နည်းနဲ့ အနိုင်ယူနိုင်ခဲ့တယ်။ အခုလဲ ဒီလိုပဲ။ အဆုံးမဲ့ လောက က သူ့ ရဲ့ လက်ထဲကို ရောက်လာတော့။ အရာအားလုံးကို သူ ထိန်းချုပ်နိုင်ပြီလို့ ထင်ထားခဲ့တာ။ ဒါပေမယ့်။ ဒီ စိတ်လှုပ်ရှားမှုက ကြာရှည်မခံ ခဲ့ဘူး။ ဖန်ကျန်းရှှီက ရှန်လင်းနဲ့ စကားမပြောခင် တုန်းကတည်းက။ နတ်ဆိုးတွေကို ပညာပြဖို့ ရည်ရွယ်ခဲ့တာ။
ရှန်လင်းနဲ့ စကားပြောနေတဲ့ အချိန်မှာလဲ။ ရတနာတွေ ကိုဘယ်နေရာ လာယူမလဲ ဆိုတာ သေချာအောင် လုပ်ဖို့ တွေးနေခဲ့တာ။ ဒါမှမဟုတ်ရင်။ အပင်ပန်းခံပြီးတော့ တိုက်ခိုက်ရတာ ဘာအကျိုးထူးမှာလဲ။ သူ့ရဲ့ အနာဂတ် က တောက်ပနေပြီပဲ။ ဒါပေမယ့် အပေးအယူလေးကိုတောင် အတည်မပြုရသေးခင်မှာပဲ။ ချန့်ယန်း က ချက်ခြင်းလှုပ်ရှားလာတယ်။ သူ့ကို မီးမောင်းကြီးနဲ့ ထိုးနေသလိုပဲ။ ဟုတ်တယ်။ ချန့်ယန်း က ကောင်းကင်ကို အလင်းတန်းကြီး ပြစ်လွှတ်လိုက်တဲ့ အချိန်မှာ။ သူ့ကို မီးမောင်းကြီးတစ်ခုက ထိုးကျနေသလို။ လူတိုင်းက သူ့ကို ကြည့်နေတဲ့ အတိုင်းခံစားလိုက်ရတယ်။ ဒါက လုံးဝကို အဓိပ္မာယ်မရှိဘူး။ ပုံမှန် အတိုင်းဆိုရင်။ သူက အဆုံးမဲ့လောကကို ထိန်းချုပ်နေတဲ့ သူက။ လူလုံးထွက်ပြစရာ အကြောင်းမရှိဘူး။
…
“ ဆင်းမယ်။”
ဖန်ကျန်းရှီ ရဲ့ အသံက ကောင်းကင်ကို ပဲ့တင်ထပ်လာတယ်။ အဲ့ဒီ့နောက် ခရမ်းရောင် အလင်းတန်း တစ်ခုက ရွှေရောင် အလင်းတန်းကြီးဆီကို တက်သွားတယ်။
“ဘွန်း။” ခရမ်းရောင် လျှပ်စီးတန်းတွေက ရွှေရောင် အလင်းတန်း ကို အပြည့်အ၀ ဝန်းရံလိုက်တယ်။ ဒါပေမယ့်။ အလင်းတန်းကြီးကတော့ ဆက်လက် တောက်ပနေတုန်းပဲ။ လူတွေကတော့ ကြောက်လန့်တကြား နဲ့ ကြည့်နေခဲ့တယ်။ သူခမိန်။ နတ်ဆိုးတွေကော။ လေးစားရတဲ့ အဆင့် တစ်ခု။ သုခမိန်အဆင့်ကို ရောက်တယ်ဆိုတာ။ သာမာန်ထက် ပိုတဲ့ စွမ်းရည်တွေ ရှိနေတယ်လို့ ဆိုတာလိုပဲ။ ဒါက နတ်ဆိုးတွေနဲ့ လူသားတွေ ရဲ့ အိမ်မက်တစ်ခုပဲ။ သူတို့တွေကို စကားနဲ့တောင် ပြစ်မှားလို့မရဘူး။ သူတို့ရဲ့ စကားတစ်ခွန်းကတင် လုံလောက်နေပြီ။ သုခမိန် တစ်ယောက်က ဧကရာဇ် နဲ့ အဆင့် အတန်းတူတယ်။ စစ်သည် သန်းချီကို ထိန်းချုပ်ထားနိုင်တဲ့ ဧကရာဇ် ဖြစ်ပါစေ။ နတ်ဆိုးအရှင်သခင်ကိုယ် တိုင် ဖြစ်နေရင်တောင်မှ။ သုခမိန်တစ်ယောက်ကို လေးစားရမယ်။ ခန်းမ ကြီးတစ်ခု။ သုခမိန်လေးယောက်။ ကျောင်းတော် ဆယ့်သုံးခု။ ဒါက ကြီးမြတ်သောရှမင်းဆက်ရဲ့ ဆိုရိုးစကား တစ်ခုပ်ဲ။
ခန်းမတစ်ခုက။ ကောင်းကင်တာအို ခန်းမကို ကိုယ်စားပြုတယ်။ အရာအားလုံးဖြစ်တည်မှုကို ထိန်းချုပပြီးတော့။ ကောင်းကင်ရဲ့ ဆန္ဒတွေကို လုပ်ဆောင်ပေးတယ်။ သုခမိန်လေးယောက်ကတော့ လောကမှာ အင်အား အကြီးဆုံး လူသားတွေပဲ။ ဧကရာဇ် ကိုယ်တိုင်နဲ့။ ကျောင်းတော်ဆယ့်သုံးခုရဲ့ ခေါင်းဆောင် တို့နဲ့ အဆင့် တူ ။ ဒါက သူတို့ရဲ့ တည်ရှိမှုကို မလေးမစား ပြုလို့မရတဲ့ ကိစ္စပဲ။ သုခမိန် တစ်ယောက်ရဲ့ အလင်းတန်း။ ချန့်ယန်း ဘာလို့များ ရုတ်တရက် အဆင့် တက်သွားမှန်း ဘယ်သူမှ မသိဘူး။ ဒါပေမယ့် သေချာ သွားတာ တစ်ခုကတော့။ ချန့်ယန်းရဲ့ နတ်ဆိုး မျက်လုံးထဲက ရွှေရောင် အလင်းတန်းတွေ ထွက်လာတာကြောင့်။ သူက သုခမိန် အဆင့်ကို ရောက်သွားပြီဆိုတာ သိသာလွန်းတယ်။
“အဖေ ။ အဖေ။ ဖန်ကျန်းရှီ။” ရှင်ချင်းစွေ့ လက်င်္သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း စိုးရိမ်တကြီးနဲ့ ပြောနေခဲ့တယ်။
“ကောင်းကင် ရဲ့ အလိုအတိုင်းပဲ။ ” ရှင်ချင်းစွေ့က။ ချန့်ယန်းကိုကြည့်ရင်း ပြောတယ်။ ရှင်ချင်းစွေ့ စိုးရိမ်နေတာ သူသိတယ်။ ဒါပေမယ့်။ သူလည်း ဘာမှ မလုပ်နိုင်ဘူး။ သုခမိန်တစ်ယောက်ကို အပြစ်ပြုရမှာလား။ ဘယ်ဖြစ်မလဲ။ ဒါကြောင့်။ သူ အံကြိတ်ရင်းနဲ့ သာ စောင့်ဆိုင်းနေခဲ့တယ်။
“ ကောင်းကင်ရဲ့ ဆန္ဒ အတိုင်းပေါ့။” ရှန်လင်းက သူ့ကိုယ်သူ ပြောနေခဲ့တယ် ။ ဒီ အချက်ကို အခုချိန်ထိ သူ လက်မခံနိုင်သေးဘူး။
…
ချန့်ယန်း အပေါ်တက်လာတာ မြင်တော့ ။ ဖန်ကျန်းရှီ ရဲ့ စိတ်ထဲ ခံစားချက်မကောင်း ဖြစ်လာတယ်။ ဘာတွေ ဖြစ်နေမှန်း သူ မတွေးတတ်ပေမယ့် ချန့်ယန်းရဲ့ အစွမ်းတွေ တိုးလာမှန်း တော့ သူသိတယ်လေ။
“မဖြစ်နိုင်ဘူး။ ဒီလို နောက်တစ်ကြိမ်။ ကိုယ့် ကိုယ်ကို ဖျက်စီး တာမျိုး။ ” ဖန်ကျန်းရှီ သက်ပြင်းချတယ်။ ဒါမျိုးကို သူ မြင်ဖူးတာ ပထမဆုံး အကြိမ် မဟုတ်တော့ဘူးလေ။ သုခမိန်လောကထဲမှာတုန်းကလည်း။ ယဉ်ရှန်က ဒီလို ကိုယ်ကိုယ်ကို ဖျက်စီးခဲ့တယ်။ အေးခဲမျောက်မင်း ဒေသ ဝင်ပေါက်တုန်းကလည်း ။ သူ့ ရဲ့ နတ်ဆိုး မျက်လုံးကို ဖျက်စီး ပြစ်တဲ့ နတ်ဆိုး တစ်ယောက်နဲ့ တွေ့ဖူးခဲ့တယ်။ ။ ဒါမျိုး ထပ်ကြုံရအုန်းမယ်လို့ မထင် ထားမိဘူး။ ချန့်ယန်းက ဒီလိုနည်းလမ်းမျိုး သုံးမယ်လို့် ပိုလို့တောင် မထင်ထားသေးတယ်။ ပြောနိုင်တာကတော့။ သူ တစ်ခုခု လွဲနေပြီ၊ ဖန်ကျန်းရှီက ချန့်ယန်း နဲ့ သူ့ နဖူးပေါ်က ထူးဆန်းတဲ့ သင်္ကေတရယ်ကို ကြည့်နေခဲ့တယ်။ သူ သံယူ ဝင်နေတယ်။ ချန့်ယန်းက သူ့ကိုယ်သူ ကို ဖျက်စီးမယ့် ပုံလည်း မပေါ်ပါဘူး။ ဖန်ကျန်းရှီမှာ ဒီကိစ္စနဲ့ ပတ်သက်ြင်္ပီးတော့ ဗဟုသုတ နည်းတယ်။ ချန့်ယန်းရဲ့ အခု အဆင့်က။ သူ ကြုံဖူးတဲ့ ကိုယ့်ကိုယ်ကို ဖျက်စီးမှု နဲ့ မတူကြဘူး။ နတ်ဆိုးတွေရဲ့ စွမ်းအားက သူတို့ရဲ့ နတ်ဆိုးမျက်လုံးမှာပဲ စုစည်းကြတာ။ ဒီနေရာကပဲ။ သူတို့တွေ စွမ်းအားကို ထုတ်ယူကြတာ။
နတ်ဆိုး မျက်လုံးကို ဖျက်စီးလိုက်တာနဲ့။ သူတို့ရဲ့ စွမ်းအားတွေလည်း နတ်ဆိုး မျက်လုံးထဲမှာ မကျန်ရစ်တော့ဘူး။ မီးခိုးရောင်ကို ပြောင်းသွားလိမ့်မယ်။ ဒါပေမယ့် ချန့်ယန်း မှာ ဖြစ်နေတဲ့ ပုံစံကတော့ ကွာခြားတယ်။ ချန့်ယန်းက အံ့သြစရာကောင်းလောက်အောင်ကို သန်မာလာတယ်။ သူ့ရဲ့ အင်အားတွေကို နဖူးပေါ်က သင်္ကေတထဲမှာ စုစည်းနေခဲ့တယ်။ ဒီ စွမ်းအင်တွေ ဘယ်လောက်တောင် သန်မာနေမှန်း ဖန်ကျန်းရှီ ခံစားနိုင်တယ်။
“ သူ ကိုယ့်ကိုယ်ကို မဖျက်စီးဘူးလား။ ” ဖန်ကျန်းရှီ စိတ်ထဲ ရှုပ်ထွေးလာတယ်။ ဒါတွေ ဘယ်လို ဖြစ်နေလဲ ဆို တာ သူတကယ့်ကို နားမလည်ဘူး။ ဒါပေမယ့်လည်း ချန့်ယန်းသာ ဒီလို ဖျက်စီးမှုမျိုး မလုပ်ခဲ့ဘူး ဆိုရင်။ ဘာကြောင့်များ ဒီလောက်ထိ အင်အားကြီးလာမှာလဲ။ အဆုံးမဲ့ လောကက လုံးဝကို ကွာခြားတဲ့ နယ်မြေတစ်ခုလေ။ သူ့မှာ ကိုယ်ပိုင် စည်းမျဥ်းတွေ ရှိတယ်။ ဖန်ကျန်းရှီမှာ ခံစားချက်တစ်ခုရှိတယ်။ ချန့်ယန်းကို ပထမဆုံး အဆုံးမဲ့လောကထဲ စုပ်ယူတဲ့ အချိန်။ သူ့ရဲ့ တည်ရှိမှုကို ကောင်းကောင်းခံစားလို့ရခဲ့တယ်။ ဒါပေမယ့် ချန့်ယန်းရဲ့ နဖူးပေါ်က သင်္ကေတ ပြောင်းလဲသ ွားတဲ့အချိန်မှာတော့။ ချန့်ယန်းရဲ့ တည်ရှိမှုကို ခံစားလို့ မရတော့ဘူး။ ဒီခံစားချက်က သိပ်တော့ မကောင်းဘူး။ ချန့်ယန်းက သူ့ ဘာသူ အဆုံးမဲ့ လောကထဲကနေ ထွက်လို့ရတယ်ဆိုတဲ့ သဘောပဲ။
သူက ကိုယ့်ကိုယ်ကိုယ်လည်း မဖျက်ဆီးဘူး။ ဒါပေမယ့် ပိုပြိးတော့ သန်မာလာတယ်။ ဒါဆိုရင် ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတော့တယ်။ အဆင့်တက်သွားတာ။ “အိုး… အဲ့ဒီတော့ ဒါက အဆင့်တက်သွားတာပေါ့။ ” ဖန်ကျန်းရှီ သက်ပြင်းချလိုက်တယ်။ အဲ့ဒီ့နောက် တစ်ခုခု လွဲနေတာကို သူ သတိထားမိသွားတယ်။ ချန့်ယန်းက သုခမိန် တစ်ဝက်။ ဒါဆိုရင် အဆင့်တက်လိုက်ရင်။ ဘာဖြစ်လာမလဲ။
“ သူက သုခမိန် ဖြစ်သွားတာလား။” ဖန်ကျန်းရှီရဲ့ အမူအယာက ချက်ခြင်း ပြောင်းလဲ သွားတယ်။ သူ့ ရဲ့ ခံစားချက်ကို ဖော်ပြဖို့က တကယ့်ကို စကားလေး တစ်ခွန်းပဲ ရှိပါတယ်။( ငလူးကံ)
…
ချန့်ယန်းက သုခမိန်အလင်းတန်းကို ဆက်ပြီးတော့ ထုတ်လွှတ်နေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ။ မြေပြင်တစ်ခုလုံး တုန်ခါလာသလို။ ပင့်ကူအိမ်လို အက်ကွဲကြောင်းတွေက နေရာ အနှံ့ကို ပျံ့သွားခဲ့တယ်။ မြေပြင်လည်း ကွဲထွက်သွားသလို။ကြီးမားတဲ့ ကျောက်တုံးကြီးတွေ လွင့်စင်လာတယ်။ ဒီကျောက်တုံး ကြီးတွေက အားနည်းတဲ့ ကြယ်ရောင်တွေကို ပိတ်ဆို့သွားခဲ့တယ်။
ဓားတစ်ချောင်းလိုပဲ။ ချန့်ယန်းက ကျောက်တုံးကို ခပ်မြန်မြန် ထိုးဖောက်နေခဲ့တယ်။ ရွှေရောင် အလင်းတန်းက အရမ်းကို တောက်ပလွန်းတယ်။ ကျောက်တုံးတွေက မကွဲထွက်သွားခဲ့ဘူး။ သူတို့တွေက ချက်ခြင်းကို အရည်ပျော်သွားခဲ့တယ်။ သူ့အရင်က အနက်ရောင်ပုံရိပ်တွေလိုပဲ။ ကျောက်တုံးတွေ ချက်ခြင်း အရည်ပျော်ပြီးတော့ ပျောက်ကွယ်သွားတယ်။ မြေပြင်ပေါ်က လူတိုင်း သူ့ကို ကြည့်နေခဲ့တယ်။ သူတို့တွေ ဒါကို မျှော်လင့်ထားပြီးသား ဖြစ်ပေမယ့်။ အံ့သြနေကြဆဲပဲ။ ဒါက သုခမိန်တစ်ယောက်ရဲ့ စွမ်းအားပဲ။ သုခမိန်တစ်ယောက်ရဲ့ လမ်းကို ဘယ်သူကမှ ပိတ်ဆို့လို့ မရဘူး။ တောင်တန်းကြီးက ပျောက်ကွယ်သွားသလို။ ညကလည်း တိတ်ဆိတ်နေခဲ့တယ်။ ချန့်ယန်းက နောက်ဆုံးတော့ လေထဲမှာ ရပ်တန့်သွားခဲ့တယ်။ သူ့ရဲ့ ပတ်ဝန်းကျင်ကို ကြည့်နေခဲ့တယ် ။ သူ့ရဲ့ နဖူးကတော့ ဆက်ပြီးတော့ တောက်ပေ နဆဲပဲ။
“ပျက်စမ်း။” သူ ခပ်တိုးတိုး ပြောတယ်။ သူ ပြောလိုက်တဲ့ အချိန်။ ကြီးမားတဲ့ အက်ကွဲကြောင်း ကြီးတစ်ခု သူ့ရှေ့မှာ ပေါ်လာခဲ့တယ်။ မြန်လွန်းတဲ့ အရာတစ်ခုကိုခုခံတဲ့ အချိန်။ ဒါမှမဟုတ်ရင်။ အင်အား ကြီးလွန်းတဲ့ အရာတစ်ခုကို ခုခံတဲ့ အချိန်။ ဒီလို အက်ကွဲကြောင်းတွေ ပေါ်လာတတ်တယ်။ ဒါပေမယ့် ဒီလို အက်ကွဲကြောင်းကို ဖြစ်စေဖို့လည်း လိုအပ်တဲ့ စွမ်းရည်ရှိတဲ့ သူက ရှားပါးတယ်။ နောက်ပြီးတော့။ အက်ကွဲကြောင်းကြီးပေါ်လာပြီးတဲ့နောက်။ ပျောက်ကွယ်သွားမယ့်ပုံမရှိတော့ဘူး။
အဲ့ဒီ့အစား။ တဖြည်းဖြည်းနဲ့ တောက်ပလာတယ်။ တစ်ခုခုက လေဟာနယ်ကို ဆွဲဖြဲနေတဲ့ အတိုင်းပဲ။ ကောင်းကင်တစ်ခွင်လုံးက ဖန်သားပြင်တစ်ခုလို။ ဒီ ဖန်သားပြင်ကြီးက။ ကျောက်တုံးတစ်တုံးနဲ့ ထုခွဲတာကို ခံနေရတယ်။ ဘယ်သူမှ ရှောင်ရှားဖို့ရာ မစွမ်းသာအောင်။ အရှိန်မြန်မြန် လှုပ်ရှားနေတဲ့ ကျောက်တုံး တစ်တုံးလိုပဲ။ အက်ကွဲကြောင်းတွေ ပိုပြီးတော့ များများ ပေါ်လာခဲ့တယ်။ ကောင်းကင်ကကြယ်တွေကိုတောင် ဝါးမျို ပြစ်ပြီးတော့။ ကြီးမားတဲ့ အပေါက်ကြီးတွေ အဖြစ်ကို ပြောင်းလဲ သွားစေခဲ့တယ်။
…
ဖန်ကျန်းရှီ သူ့ လက်ထဲက အဆုံးမဲ့လောကကို။ ပင်းယန်ဆီ ပြစ်ပေးခဲ့ပြီး ပြောလိုက်ချင်တယ်။ “ ဒါ မင်း အတွက်ပဲ။ ငါသွားတော့မယ်။ ” လို့။ ရိုးရိုးသားသား ပြောရရင်။ အဆုံးမဲ့လောက အသက်ဝင်လာတည်းက ။ ချန့်ယန်းမှာ တခြား လျှို့ဝှက်ချက်များ ရှိနေမလားလို့ ဖန်ကျန်းရှီ သိချင်နေခဲ့တာ။ ချန့်ယန်းမှာ အင်အားကြီးတဲ့ ရတနာတွေ ရှိမယ်လို့ သူထင်ထားခဲ့တာ။ ဒါမှမဟုတ်။ သူ့ရဲ့ နတ်ဆိုး မျက်လုံးက ထူးထူးဆန်းဆန်း အင်အားတွေ ရှိနေမယ်ပေါ့။ ဒါပေမယ့်။ ချန့်ယန်းက ကျင့်ကြံဆင့်တက်သွားမယ်လို့ တော့ မထင်ထားမိခဲ့ဘူး။ ဒီလို အံ့သြစရာကောင်းလောက်အောင် စွမ်းအားကြီးနေစရာလိုလို့လား။
သုခမိန်တစ်ဝက် အဖြစ်တောင် အတော့်ကို အင်အားကြီးလွန်းနေပြီလေ။ ငလူး အဆင့်တက်ပြီး။ သုခမိန် ဖြစ်သွားတော့ ။ ဖန်ကျန်းရှီ သွေးတက်နေခဲ့ပြီ။ နောက်ထပ် ဘာဆက်လုပ်ရမယ်မှန်း မသိတော့ဘူး။ အကယ်၍ ဖြစ်နိုင်ရင်။ ဒီ အဆုံးမဲ့လောကကြီးကို တခြားသူ လက်ထဲ ထည့်ပြစ်လိုက်ချင်ပြီ။ ဒါပေမယ့် အခုကတော့ အချိန်နှောင်းသွားခဲ့ပြီ။ အက်ကွဲကြောင်းတွေ ပေါ်လာတည်းက အချိန်နှောင်းသွားမှန်း သူသိတယ်။ ကောင်းကင်က တစ်စစီ အက်ကွဲနေပြီ။
မြေကြီးကလည်း ကွဲထွက်နေသလို။ ဖုန်မှုန့်တွေနဲ့ ကျောက်တုံးတွေပါ တစ်စစီ ဖြစ်နေတယ်။ ဒါက အရှုပ်ထုပ်ပဲ။ အရာအားလုံးက ဖျက်စီး ခံနေရပြီ။ နောက်ထပ် ဘာဆက်ဖြစ်မလဲ ဖန်ကျန်း၇ှီ သိတယ်။ အဆုံးမဲ့လောက ဖျက်စီးခံရတာနဲ့ ။ သူလည်းသေမှာ။ အခု ဘာလုပ်ရမလဲ။ အခုချိန်မှာ သူ ဘာလုပ်နိုင်မလဲ။ မဟုတ်သေးဘူး။ ဒီ့ မတိုင်ခင် က ဘာရှိခဲ့လဲ။ ဟုတ်တယ်။ သူ့ရဲ့ စိတ် အာရုံနယ်မြေ နဲ့ ဆက်စပ်လို့ရတယ်။
“ စိတ်အာရုံနယ်မြေ ” ဖန်ကျန်းရှီ သူ့ကိုယ်သူေ ပြာနေခဲ့တယ်။ အဲ့ဒီ့နောက် သူ့ မျက်လုံးတွေ တောက်ပလာခဲ့တယ်။
“ အဆုံးမဲ့လောကကို စိတ်အာရုံနယ်မြေနဲ့ ဆက်မယ်။” လူတိုင်းကြားနိုင်လောက်တဲ့ မာဆတ်ဆတ် အသံတစ်ခု ထွက်ပေါ်လာတယ်။
မြေပြင်တစ်ခုလုံး ငလျင်လှုပ်သလို တုန်ခါလာတယ်။ အဲ့ဒီ့နောက်။ ကြီးမားတဲ့ သစ်ပင်ကြီးတစ်ခု ပေါ်လာခဲ့တယ်။ အတော့်ကို ကြီးမားတဲ့ အုံ့ဆိုင်းတဲ့ သစ်ပင်ကြီးပဲ။ အကိုင်းအခက်တွေ။ အရွက်တွေ သစ်သီးတွေ ဝေဆာနေခဲ့တယ်။
အပိုင်း(၄၅၅)ပြီး၏။
အပိုင်း(၄၅၆)
“ရူးနေတာလား။”
ဒီသစ်ပင်ကြီးကို ဖော်ပြဖို့။ တစ်ခုတည်းသော နည်းလမ်းကတော့။ ကြီးမားပြီးတုတ်ခိုင်တာပဲ။ သစ်ပင်ကြီးက ဖြည်းဖြည်းချင်း ပုံပေါ်စပြုလာတယ်။ မရေမတွက်နိုင်တဲ့ အကိုင်းအခက်တွေ မြေပြင်ကနေ ကောင်းကင်ကို ထိုးတက်လာခဲ့တယ်။ တကယ့်ကို အခက်အလက်တွေနဲ့ ဝေဆာနေတဲ့ သစ်ပင်ကြီး တစ်ခုပဲ။ ပိုပြီးအရေးကြီးတာက။ ကြီးမား မှည့်ဝင်းပြီးတော့ အရည်ရွှမ်းတဲ့ သစ်သီးတွေ ။ သစ်ပင်တစ်ပင်လုံးမှာ ပြည့်နှက် နေခဲ့တယ်။ သစ်သီးတစ်လုံး ချင်းစီက အလင်းရောင် တောက်ပနေတယ်။ အနီရောင်။ အစိမ်းရောင်။ အပြာရောင်။ ခရမ်းရောင်။ သစ်သီး ခွံ တစ်ခုချင်းစီ ပေါ်မှာ ထူးဆန်းတဲ့ ပုံသဏ္ဍာန်တွေက စီးဆင်းနေခဲ့တယ်။
“ခဘွန်း။”
မြေကမ္ဘာတစ်ခုလုံး တုန်ယင်သွားတယ်။ ကျောက်တုံးတွေ နေရာအနှံ့ကို ပျံထွက်ကုန်တယ်။ လူတိုင်းကတော့ သစ်ပင်ကြီးကို အာရုံစိုက်နေခဲ့တယ်။ ဒီလို ဝေဆာနေတဲ့ အကိုင်းအခက်တွေ။ သစ်သီးကြီးတွေ …။
“ ဒါက…. ဒါက ဘာကြီးလဲ၊”
“ဒါက ဖန်ကျန်းရှီ ရဲ့ ….”
“ ဟုတ်လောက်တယ်။ ဒါက ဖန်ကျန်းရှီ ရဲ့ စိတ်အာရုံနယ်မြေ အရင်းအမြစ်ပဲ ဖြစ်ရမယ်။ ”
သူတို့ အားလုံး သစ်ပင်ကြီးကို အထိတ်တလန့်နဲ့ ကြည့်နေကြတယ်။ အေးခဲ မျောက်မင်းဒေသ ရဲ့ အပြင်ဘက်မှာ တုန်းက။ ဖန်ကျန်းရှီ သူတို့ကိုပြောခဲ့တယ်။ သူ့မှာ တာအို ရာနဲ့ ချီပြီးတော့ ရှိတယ်လို့။ သူတို့တွေ အားလုံး မယုံခဲ့ကြဘူး။ ဒါပေမယ့် အခုတော့။ ဖန်ကျန်းရှီရဲ့ စိတ်အာရုံနယ်မြေ ကို တွေ့မြင်ရတဲ့ အချိန်မှာတော့။ သူ တကယ့်ကို ကြောက်ရွံ့ ထိတ်လန့်နေမိတယ်။
…
ချန့်ယန်းက လေထဲမှာ ရပ်နေခဲ့တယ်။ သူ့ရဲ့ အပြာရောင် ဝတ် ရုံက လေထဲမှာ တဖျတ်ဖျတ် လွင့်နေခဲ့တယ် ။ ဒါပေမယ့် သူ့ ခန္ဒာကိုယ် တစ်ဝိုက် က အက်ကွဲကြောင်းတွေ စပြီးတော့ ပျောက်ကွယ်လာတယ်။ အက်ကွဲကြောင်းတွေကို အင်အားတစ်ခုခုက။ ကုသပေးနေသလိုပဲ။
ချန့်ယန်း မျက်မှောင်ကြုတ်နေတယ်။ စစ်မြေပြင်ထဲမှာ သစ်ပင်ကြီးပေါ်ထွက်လာတာကိုပဲ ခံစားရတာ ကြောင့် လား။ ဒါမှမဟုတ်။ အက်ကွဲကြောင်းတွေ ပျောက်ကွယ်သွားတာကိုပဲ။ ခံစားမိတာကြောင့်လား။ ချန့်ယန်း စိတ် မပျော်ဘူးဆိုတာကတော့ သေချာနေတယ်။ အဲ့ဒီ့နောက်။ မျက်တောင် တစ်ခတ် အချိန် အတွင်းမှာပဲ။ သစ်ပင်ကြီးက ချန့်ယန်း ရှေ့မှာ ပေါ်လာတယ်။ သူ့ရဲ့ အကိုင်းအခက်တွေကို ဆန့်ထုတ်လိုက်တာ။
“ ကျိုးပျက်စမ်း။” သူ နောက်တစ်ကြိမ် အော်ဟစ်တယ်။ နွယ်ကျိုးတွေ ပြတ်ထွက်ကုန်တယ်။ ဒါပေမယ့်။ တတိယ တစ်ခုက သူ့ လမ်းကြောင်းပေါ်မှာ ပေါ်လာတယ်။ အဲ့ဒီ့နောက် တတိယ တစ်ခု။ စတုတ္ထ တစ်ခု။ အဆုံးသတ်မှာတော့။ သစ်ရွက်တွေတောင်မှ ချန့်ယန်းကို တိုက်ခိုက်နေကြတယ်။ အရွက်တွေက အလင်းတန်းလို အရှိန်နှုန်း မျိုးနဲ့ ချန့်ယန်း ဆီကို တိုးဝင်လာတယ်။ ချန့်ယန်းက သစ်ရွက်မိုးတွေနဲ့ အရှိန်ပြင်းပြင်း တိုက်ခိုက်နေခဲ့တယ်။ ရွှေရောင် အလင်းတန်းက။ အစိမ်းရောင်အလင်းတန်းကို ပိုင်းဖြတ်ချနေတယ်။ ရူးလောက်အောင်ကို ကြောက်စရာကောင်းတယ်။
“ရူးချင်စရာပဲ။ ဒီကောင် စိတ်လွတ်နေပြီလား။”
လူတိုင်းက ဒီ တိုက်ပွဲကို စောင့်ကြည့်နေတယ်။ သူတို့ မျက်မြင်တွေ့နေရတဲ့ မြင်ကွင်းကြောင့် တကယ့်ကို ထိတ်လန့်နေခဲ့တယ်။ ဒီလို တိုက်ပွဲမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး။
“ ဘွန်း။” ကျယ်လောင်တဲ့ ပေါက်ကွဲသံ တစ်ခု ကောင်းကင်မှာ ပဲ့တင့်ထပ်လာတယ်။ မရေမတွက်နိုင်တဲ့ အလင်းတန်းတွေကို ဓားသွားတွေ အဖြစ်ကို ပြောင်းလဲသွားတယ်။ အလင်းတန်းတွေက သစ်ကိုင်းတွေကို ထက်ခြမ်းခွဲပြစ်လိုက်တယ်။ အရွက်တွေ မြေပြင်ပေါ်ကို ကြွေကျကုန်တယ်။ ရှင်းယွမ်ကောင်းလည်း မြေပြင်ပေါ် ကျလာတဲ့ သစ်ကိုင်းတွေနဲ့ သစ်ရွက်တွေ ကို ကြည့်နေခဲ့တယ်။ သူ့ရဲ့ ခရမ်းရွှေရောင် ဝတ်ရုံက လေထဲမှာ လွင့်မျောနေတယ်။ သူ့ အမူအယာကတော့ ရှုပ်ထွေးတယ်။ ဘာတွေးလို့ တွေးရမယ်မှန်း မသိ ဖြစ်နေပုံပဲ။
“ ဖန်ကျန်းရှီ… ဖန်ကျန်းရှီ …. မင်း။ မင်း က ။ငါ့ကို ဘာလုပ်စေချင်နေတာလဲ။“ ရှင်းယွမ်ကောင်း အံကြိတ်နေတယ်။ သူ့ နှုတ်ခမ်းတွေ တုန်ယင်နေခဲ့ပြီ။
ရှန်လင်းလည်း သစ်ပင်ကြီးကို ကြည့်နေခဲ့တယ်။ သူ စကားမပြောဘူး။ ဒါပေမယ့်။ သူ့လက်သီးကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ နယ်မြေမှူးတွေလည်း တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း။ မျက်လုံးချင်း စကားပြောနေခဲ့တယ်။ နန်ကုန်းဟောင်ရဲ့ မျက်လုံးတွေ က တလက်လက် တောက်ပနေခဲ့သလို။ သူ့လက်ကလည်း ဓားလက်ကိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင် ထားခဲ့တယ်။ အဲ့ဒီ့နောက် လက်လွှတ်လိုက်ပြန်တယ်။ သူ့ကြည့်ရတာ ။ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ကြား လွန်ဆွဲနေရတဲ့ ပုံစံပဲ။ ပင်းယန်ကတော့ သူမရဲ့ ဖန်သလင်းလို မျက်လုံးတွေနဲ့ တိုက်ပွဲကို မျက်တောင်မခတ် စတမ်း ကြည့်နေခဲ့တယ်။ သူမ ပုံစံက အရမ်းကို စိတ်လှုပ်ရှားနေသလိုပဲ။
“ ယန်လေး။ ဟိုကောင် ဘာလုပ်နေတာလဲ။”
“ သူ့ရဲ့ စိတ်အာရုံနယ်မြေ နဲ့ အဆုံးမဲ့ လောကကို ချိတ်ဆက်လိုက်တာ။ ဒီလိုလုပ်လိုက်တော့။ အဆုံးမဲ့လောကကြီးက ။ သူ့နဲ့ လုံးဝကို ချိတ်ဆက်သွားတယ်။ ပြီးတော့ ပို သန်မာလာလိမ့်မယ်။ အရေးကြီးတာ။ ဒီ သစ်ပင်ကြီးက အရာအားလုံး ဖြစ်တည်မှုထဲမှာ ပါဝင် မနေဘူး။” ချီကူယန် ခပ်တိုးတိုး ရှင်းပြတယ်။
“ အရာအားလုံး ဖြစ်တည်မှုနဲ့ မသက်ဆိုင်ဘူးဟုတ်လား။”
“ ဟုတ်တယ်။ ဒါက ဖန်ကျန်းရှီ ရဲ့ ဖန်တီးမှု အရင်းအမြစ်ပဲ။ ဒါကြောင့်။ ချန့်ယန်းက သုခမိန် ဖြစ်နေရင်တောင်။ ဖန်ကျန်းရှီ ရဲ့ ( အရာအားလုံး ဖန်တီးမှု အရင်းအမြစ်) ကို မထိန်းချုပ်နိုင်ဘူး။ ”
“ ဒါဆိုရင် ဖန်ကျန်းရှီ နိုင်နိုင်တယ် ဆိုတဲ့ သဘောလား။”
“ မဟုတ်ဘူး။ ဒါပေမယ့်။ အခု နည်းလမ်းက သုခမိန်တစ်ယောက်ကို တိုက်ခိုက်နိုင်တဲ့ တစ်ခုတည်ေးသာ နည်းလမ်းပဲ။ ဒါပေမယ့်။ “
“ ဒါပေမယ့် ဘာဖြစ်လဲ။”
“ အဆုံးမဲ့လောက ပျက်စီးသွားတာနဲ့။ သူ… သူလည်း…. ” ချီကယန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။ သူမ ကိုယ်သူမ ဆက်ပြောဖို့ မလုပ်နိုင်တော့ဘူး။
“ သူ သေလိမ့်မယ်။” နောက်ဘက်ကယွင်ချင်းဝူရဲ့ အသံ ထွက်လာခဲ့တယ်။
“ သေမယ်။” ပင်းယန် တောင့်တင်းသွားတယ်။ သူမရဲ့ မျက်လုံးတွေက ထိတ်လန့် ကြောက်ရွံ့မှု တွေနဲ့ ပြည့်နေခဲ့တယ်။ ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။ ဒါပေမယ့် စကားမပြောဘူး။ ကောင်းကင်ကိုသာ မော့ကြည့်နေခဲ့တယ်။ ချန့်ယန်းကို ကြည့်တာလား။ တိုက်ခိုက်နေတဲ့ သစ်ပင်ကြီးကို ကြည့်တာလား။ ဘယ်သူမှ မသိဘူး။ ချီကူယန် လည်း စကားမပြောတော့ဘူး။ သူမလည်း ကောင်းကင်ကိုသာ ကြည့်နေခဲ့တယ်။ ဒါပေမယ့် သူမရဲ့ လက်တွေကတော့ ဆက်တိုက် လှုပ်ရှားနေတယ်။ ပင်းယန်ရဲ့ ကိုယ်ပေါ်မှာ တစ်ခုခု ရှာနေတဲ့ ပုံစံပဲ။
…
ကောင်းကင်ပေါ်က တိုက်ပွဲကတော့ ဆက်လက် ဖြစ်ပွားနေခဲ့တယ်။ တစ်မိနစ်ထက် တစ်မိနစ် ပိုပြီးတော့ ပြင်းထန်လာခဲ့တယ်။ ရွှေရောင် အလင်းတန်းကတော့ သစ်ပင်ကြီးကို လှိုင်းတွေလိုပဲ တိုက်ခိုက်နေတယ်။ သစ်ရွက်တွေ နဲ့ သစ်ကိုင်းတွေကို ဖြတ်ချနေတယ်။
“ -ျီးပဲ” ဒီ အချိန်မှာ ။ လေထုထဲ အသံတစ်သံ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက်။ သွေးစီးကြောင်းကြီးတစ်ခု လေထုထဲမှာ ထွက်ပေါ်လာတော့တယ်။ ဖြူဖွေးနေတဲ့ ကောင်းကင်ကြီးပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာတာ။
“ဒဏ်ရာရသွားတာလား။”
“ ဒါဆိုရင်။ သူက ချန့်ယန်းကို တောင့်မခံနိုင်ဘူးပေါ့။”
လူတိုင်း ကောင်းကင်ပေါ်က အနီရောင် မီးခိုးတန်းကြီးကို ကြည့်ရင်း ။ စိတ်ပျက်လက်ပျက် ပြောနေခဲ့တယ်။ သူတို့ရဲ့ နှလုံးသားထဲမှာ ကူကယ်ရာမဲ့ ဖြစ်နေခဲ့တယ်။
လူသားတွေ အနေနဲ့။ ဖန်ကျန်းရှီ အနိုင်ရဖို့ မျှော်လင့်မိကြတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက သူ့ရဲ့ စိတ်အာရုံနယ်မြေကို အဆုံးမဲ့လောကနဲ့ ချိတ်ဆက်လိုက်မယ်ဆိုရင်တောင်။ သုခမိန်တစ်ယောက်ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး။ ချန့်ယန်းက သုခမိန်တစ်ယောက်လေ။ လောကကြီးမှာ အင်အားအကြီးဆုံး ဖြစ်တည်မှု တစ်ခု။ ကောင်းကင်ကြီးက ဖြူဖွေးလာတယ်။ ကြယ်တွေ ပျောက်ကွယ်စ ပြုနေပြီ။ အနီရောင်အလင်းတန်းကြီးက မိုးကုပ်စက်ဝိုင်းမှာ ပေါ်လာခဲ့တယ်။ နေထွက်လာဖို့ ရောင်ခြည်ဖြာနေပြီ။ ထွက်လာတဲ့ နေမင်းကြီးရဲ့ ရှေ့မှာ သုခမိန် တစ်ယောက် ရောက်နေတယ်။ ဒါက စစ်တပ်တစ်ခုတောင် ရင်မဆိုင်နိုင်တဲ့ စွမ်းအား တစ်ခုပဲ။
“ ဘွန်း။”
ဒီ အချိန်မှာပဲ။ ပေါက်ကွဲသံ တစ်ခု စစ်မြေပြင်မှာပေါ်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ။ ပြင်းထန်တဲ့ အင်အားလှိုင်းတွေ စစ်မြေပြင်မှာ ထွက်ပေါ်လာတယ်။ ဒါက လေမုန်တိုင်း တစ်ခုပဲ။ ကြီးမားတဲ့ ကျောက်စိမ်းရောင် လေမုန်တိုင်းကြီး။ အစိမ်းရောင်ဓားတွေနဲ့ ပြည့်နှက်နေတဲ့ လေဝဲကြီးတစ်ခု။
“ငလူး ဘဝ။”
အလင်းရောင်ပေါက်ကွဲမှုနဲ့ အတူ။ ဒေါသတကြီးနဲ့ အသံ ထွက်ပေါ်လာတယ်။ အတော့်ကို အနည်ထိုင်နေတဲ့ ဒေါသတွေ ပေါက်ကွဲလာသလိုပဲ။ ဒီ အသံက ဖန်ကျန်းရှီရဲ့အသံ။ ဖန်ကျန်းရှီက လွဲရင်။ ဒီလောက် စိတ်ဆိုးနေတာ ဘယ်သူရှိနိုင်မှာလဲ။ ဒါပေမယ့် ဖန်ကျန်းရှီကို ဘယ်သူကမှ ထုံနနလူလို့ မထင်ကြပါဘူး။ နတ်ဆိုး စစ်သည်တော်တွေတောင် ဒီလိုမတွေးကြဘူး။
သူတို့တွေသာ ဖန်ကျန်းရှီ ရဲ့ နေရာကို ရောက်နေရင်လည်း။ ဒီလိုပဲ အော်ဆဲမိကြမှာပဲ။
သိပ်ပြီးတော့ ဂန္တဝင်မဆန်ပေမယ့်ပေါ့။
ချန့်ယန်းကတော့ သစ်ကိုင်းတွေကိုကြည့်နေခဲ့တယ်။ သူ့ ရင်ဘတ်က ဒေါသကြောင့် အရှိန်ပြင်းပြင်း လှုပ်ရှားနေခဲ့တယ်။ ဒါပေမယ့် သူ ခပ်မြန်မြန်ပဲ တည်ငြိမ်သွားခဲ့တယ်။ မျက်တောင်တ စ်ခတ် စာ အချိန် အတွင်းမှာပဲ။ သူက သစ်ပင်ကြီးရဲ့ အတွင်းထဲမှာ ရောက်သွားခဲ့ပြီ။
“ကချာ့။” မာဆတ်ဆတ် အသံတစ်ခု ထွက်ပေါ်လာတယ်။ ချန့်ယန်း လက်ထဲမှာ အနီရောင် သစ်သီးတစ်လုံးကို ကိုင်ထားခဲ့တယ် ။ သစ်သီးကြီးရဲ့ အခွံပေါ်မှာ။ ထူးဆန်းတဲ့ ပုံသဏ္ဍာန် ပါဝင်တယ်။
“ဘွန်း။” ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာတယ်။ မီးတောက်မီးလျှံတွေ ကောင်းကင်ပေါ်ကို ထိုးတက်လာတယ်။ လေထုကိုတောင် လောင်မြိုက်စေခဲ့တယ်။
တစ်ချိန်တည်းမှာပဲ။ ချန့်ယန်းရဲ့ လက်တွေ တုန်ယင်လာခဲ့သလို။ သူကနဖူးပေါ်က ရွှေရောင် အလင်းတန်းလည်း တစ်ခဏတာ မှိန်ဖျော့သွားခဲ့တယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ ပြန်လည်တောက်ပလာတယ်။ အောက်ဘက်မှာတော့။ လူတိုင်းက မီးတောက်မီးလျှံတွေကို ကြည့်နေကြတယ်။ သူတို့မျက်နှာမှာလည်း စိတ်ခံစားချက် အမျိုး မျိုး ပေါ်လွင်နေခဲ့တယ်။ တစ်ချို့ကတော့ ကြောက်လန့်နေတယ်။ တစ်ချို့ကတော့ လန့်နေကြတယ်။ ပျော်ရွှင်တယ်။ ဝမ်းနည်းတယ်။ ဒေါသထွက်နေကြတဲ့ လူတွေတောင် ရှိသေးတယ်။ လူတိုင်းက ချန့်ယန်း လုပ်နေတာကို သိတယ်။ သူဘာလို့ လုပ်နေမှန်း ပိုတောင် သိသေးတယ်။
“ ဖန်ကျန်းရှီ။ ငါမင်းကို ဒီနေ့ ဖျက်စီး ပြစ်မယ်။” ချန့်ယန်းရဲ့ အသံက။ စစ်မြေပြင်တစ်ခုလုံးကို ဟိန်းထွက်လာခဲ့တယ်။ သူ့ရင်ဘတ်ကလည်း အရှိန်ပြင်းပြင်း လှုပ်ရှားနေခဲ့တယ်။ ဒီလို အသေးစိတ်ကျတဲ့ အချက်အလက်ကို ဘယ်သူကမှ သတိမထားမိကြဘူး။
အကြောင်းရင်းကတော့။ သူက သုခမိန်တစ်ယောက် ဖြစ်နေလို့ပဲ။ ချန့်ယန်းက လက်လှမ်းမှီတဲ့ သစ်သီး တွေကို ခူးနေတယ်။ သစ်သီးကို သူလက်လှမ်းလိုက်တယ်။ ဒါပေမယ့် ဒီ တစ်ခေါက်မှာတော့။ သစ်သီးက ပြုတ်မလာခဲ့ဘူး။ သူလက်လှမ်းထားတဲ့ နေရာမှာပဲ သစ်သီးက ပျောက်ကွယ်သွားတယ်။
ဒါကိုမြင်တဲ့ တခြားသူတွေလည်း အံ့သြနေခဲ့ကြတယ်။ ဒါတွေက တာအို သစ်သီးတွေမှန်း သူတို့သိတယ်လေ။ တာအို သစ်ပင်ပေါ်မှာ ပဲ ကြီးထွားတဲ့ သစ်သီးတေါက ဘယ်လိုများ လှုပ်ရှားနိုင်တာလဲ။ ဒါက မေးခွန်းကောင်းတစ်ခုပဲ။ ချန့်ယန်း လည်း စိတ်ရှုပ်ထွေးနေတယ်။ ဒါပေမယ့် သူ့ မေးခွန်းက ခပ်မြန်မြန်ပဲ အဖြေရသွားခဲ့တယ်။ ချန့်ယန်းရဲ့ ရှေ့မှာ လူတစ်ယောက်ရှိနေတယ်လေ။ သစ်ကိုင်းပေါ်မှာ ရပ်နေတဲ့ လူတစ်ယောက်။ အပြာရောင် အကျီလက်ရှည်နဲ့ သူ။ ထွက်ပြူစပြုနေတဲ့ မနက်ခင်း လင်းရောင်ခြည်က။ ဖန်ကျန်းရှီ ရဲ့ အကျီကို အနီရောင် စွန်းထင်းစေတယ်။
“ဖန်ကျန်းရှီ။”
“သူ တကယ်ပဲ… သူ့ရဲ့ ကိုယ်ပိုင် တာအို သစ်သီးကို ခူးလိုက်တာလား။”
“ဘာတွေလုပ်နေတာလဲ။”
ဖန်ကျန်းရှီရဲ့ အပြုအမူကို ဘယ်သူမှ နားမလည်နိုင်ဘူး။ ဘာတွေများ လုပ်မလို့လဲ။ တခြားသူတွေ ဘာတွေ တွေး နေမှန်း ဖန်ကျန်းရှီ တကယ့်ကို မသိဘူး။ သူသိရင်လည်း ပြန်ဖြေမှာ မဟုတ်ဘူး။ အခုလို လုပ်ရပ်ရဲ့ နောက်ဆက်တွဲ က ဘာဖြစ်လာမလဲ သူမှမသိပဲ။ ဒါပေမယ့် အခုကိစ္စက သူ့ရဲ့ ဆုံးဖြတ်ချက်ပဲလေ။
“ ဖျက်စီး ခံရတာကို ကြည့်နေရတာထက်။ စားသာ စားပြစ်လိုက်ချင်ပါတယ်။” ဖန်ကျန်းရှီ က ချန့်ယန်းကို ကြည့်ရင်း ပြောတယ်။ သူ့မျက်လုံးတွေက ဒေါသတွေ လူသတ်ငွေ့တွေနဲ့ တောက်ပနေခဲ့တယ်။
အဲ့ဒီ့နောက်။ ကြည့်နေသူတွေ အံ့သြသွားလောက်အောင်ပဲ။ သစ်သီးကို မျိုချလိုက်တယ်။ ဒီအချိန်မှာတော့ လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသလိုပဲ။ လူတိုင်းက။ ဖန်ကျန်းရှီ ကို ကြည့်နေတယ်။ သူတို့ မျက်လုံးကို မယုံနိုင်ကြဘူး။ ပထမဆုံး တွေးမိတာ။ ဒီ သစ်သီးကြီးက ဖန်ကျန်းရှီ ရဲ့ ပါးစပ်နဲ့ ဘယ်လို ဆံ့သလဲ ဆိုတာပေါ့။ ဒါက အရေးမကြီးပါဘူး။ ပိုပြီးတော့ အရေးကြီးတာ။ ဖန်ကျန်းရှီက သူ့ရဲ့ တာအို သစ်သီးကို ပြန်စား ပြစ်တယ်တဲ့။ တာအို သစ်သီးကို စားပြစ်တယ်တဲ့။
ဘယ်သူ တစ်ဦးတစ်ယောက်ကမှ မလုပ်ခဲ့ဖူးတာမျိုး။ ဒါမျိုးကိစ္စဖြစ်လာဖို့ အတွက်။ သတ္တိတော့ အတော်ရှိမှရမယ်။ သူတို့ရဲ့ စိတ်အာရုံနယ်မြေကို ။ အဆုံးမဲ့လောကလိုမျိုး အပြိုင်နယ်မြေနဲ့ အရင်ဆုံး ချိတ်ဆက်ရမယ်။ ပြီးတော့မှ ရဲရဲဝံ့ဝံ့နဲ့ လုပ်ရတော့မယ်။ အရင်က ဘယ်သူမှ မလုပ်ဖူးခဲ့တဲ့ ။ ရူးချင်စရာကောင်းလွန်းတဲ့ ကိစ္စတစ်ခုပဲ။ ဘာကြောင့်များ ဒီလိုတွေ လုပ်နေတာလဲ။ ဒီမေးခွန်းရဲ့ အဖြေကို ဘယ်သူမှ မသိကြဘူး။ ပြောရမယ်ဆိုရင်။ ဖန်ကျန်းရှီ စိတ်လွတ်နေပြီလား ဆိုတာတောင် သေချာ မသိနိုင်ဘူး။
အဲ့ဒီ့နောက်။ ဒီအချိန်လေး အတွင်းမှာပဲ။ အသံခပ်တိုးတိုး တစ်ခု ထွက်လာခဲ့တယ်။ ဒီ အသံအရတော့။ ဒီလူက အတော့်ကို စိတ်ကျေနပ်နေပုံပဲ။
“ အရသာ အတော်ရှိတာပဲ။”
အပိုင်း(၄၅၆)ပြီး၏။
အပိုင်း (၄၅၇)
“လေထုထဲကနေ လူတစ်ယောက်ထွက်လာတယ်။”
“ တော်တော် အရသာ ရှိတာပဲ။”
ဖန်ကျန်းရှီ ရဲ့ အသံက လေထဲမှာ ပဲ့တင့်ထပ်လာတော့။ လူတိုင်း တောင့်ခဲသွားခဲ့တယ်။ ဒီအသီးက စားကောင်းတဲ့ အသီးကော ဟုတ်လို့လား။
“ယန်လေး။ ဒီ ကောင်စိတ်ဖောက်ပြန် သွားပြီလား။ တာအို အသီးတွေ ဆိုတာ။ စားလို့ ရကော ရလို့လား ။” ပင်းယန်က ဖန်ကျန်းရှီကို ကြည့်ရင်း ပြောတယ်။ သူမရဲ့ မျက်နှာက ထိတ်လန့်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ ချီကူယန်ကတော့ စကားမပြောဘူး။ အပြာရောင် အကျီလက်ရှည်နဲ့ လူကိုသာ စိုက်ကြည့်နေခဲ့တယ်။ ဒီလောက်ရူးမိုက်တဲ့ ကိစ္စမျိုးကို သူမ တစ်ခါမှမလုပ်ခဲ့ ဖူးဘူးလေ။
ယွင်ချင်းဝူလည်း စကားမပြောဘူး။ ဒါပေမယ့် သူမရဲ့ တည်ငြိမ်မှုတွေတော့ ပျောက်ဆုံးနေခဲ့တယ်။ သူမရဲ့ စိတ်ခံစားချက်တွေ ရှုပ်ထွေးနေသလို။ ဒီမြင်ကွင်းကိုတောင် မကြည့်ရက်နိုင်သလိုပဲ။ ဒါပေမယ့် ကြိုးစားပြီး ကြည့်နေခဲ့တယ်။ သူမ နောက်မှာတော့ ။ နတ်ဆိုး စစ်သည်တော်တွေက တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ ဘာတွေ လုပ်ချင်နေလဲ သူတို့ နားမလည်နိုင်ကြဘူး။ ဒါပေမယ့် သူတို့ စိတ်ထဲ အတွေးတစ်ခုတော့ ဝင်လာခဲ့တယ်။
“ တကယ်ပဲ … အရသာ ရှိတာလား။”
နဂါးတပ်ဖွဲ့၊ တောင်ဖြိုတပ်ဖွဲ့ နဲ့။ တောင်ပိုင်းဒေသ စစ်သည်တော်တွေ ။ ဘာပြောရမှန်း မသိအောင် ဖြစ်နေခဲ့တယ်။
“ သူ့ကိုယ်သူ နှစ်သိမ့်နေတာလား။”
ဒါက သူတို့ အားလုံးတွေးနေတာပဲ။ တာအို သစ်သီးတွေက ဘယ်လို အရသာရှိမယ်မှန်း။ သူတို့ တကယ့်ကို မသိခဲ့ဘူး။ ဖျက်စီးခံလိုက်ရတာပဲ ဖြစ်ဖြစ်။ အစားခံလိုက်ရတာပဲ ဖြစ်ဖြစ်။ အားလုံး ကိစ္စချောသွားမယ်လို့ ဆိုလိုတာပဲ။ ကြိုးစားခဲ့သမျှအရာအားလုံး ဖျက်စီးခံရမယ်လို့။ ဖန်ကျန်းရှီ ရူးနေတာပဲ ။ သူ ရူးနေတာ မဟုတ်ရင် ။ ဘာကြောင့်များ ။ ဒီလောက် ရူးမိုက်တဲ့ အရာကို လုပ်မှာလဲ။ ဖန်ကျန်းရှီက သူ့ကိုယ်သူ နှစ်သိမ့်နေတယ်လို့ပဲ ထင်လိုက်တယ်။ တာအို သစ်သီး တစ်လုံး ဆုံးရှုံးသွားတဲ့ နာကျင်မှုကို ။ သူတို့ တွေးကြည့်လို့ ရတယ်။ ဒါပေမယ့် သူ့လို လုပ်ရပ်မျိုး လုပ်ဖို့ကတော့ ။ မဖြစ်နိုင်ဘူး။ တာအို သစ်သီးကို စားတာက ဘာပြဿနာကိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။
တာအို သစ်သီးကို စားတာကသာ ပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုရင်။ ဒီလောကကြီးက။ နေစမ်းပါအုန်း။ သူ ဘာတွေ လုပ်နေတာလဲ။ သူတို့တွေက။ ဖန်ကျန်းရှီကို အကြံပေးဖုက ပြင်နေတဲ့ အချိန်မှာပဲ၊ ဒုတိယ သစ်သီးတစ်လုံးက ဖန်ကျန်းရှီ ရဲ့ ပါးစပ်ထဲကို ရောက်သွားခဲ့ပြီ၊
“ဘွန်း။”
မြေပြင်ပေါ်ကို လျှပ်စီးကြောင်းကြီးတစ်ခု ရိုက်ခတ်လာသလို။ မြေပြင်ပေါ်မှာ ရှိတဲ့ လူတိုင်း မျက်လုံးပြူးသွားခဲ့တယ်။ ဖန်ကျန်းရှီက သစ်သီးတစ်လုံး စားလိုက်တာကို သူတို့နားလည်နိုင်တယ်။ ဒါပေမယ့် နှစ်လုံး စားလိုက်တာ ။ ကောင်းပြီလေ။ ခူးပြီးတာကို မဖြုန်းတီး ပြစ်ချင်လို့လည်း ဖြစ်မှာပါ။ ရှင်းပြဖို့ ခက်ခဲတဲံ အကြောင်းရင်း တစ်ခုကို သူတို့ ရင်ဆိုင် နေကြရတယ်။ ပိုကောင်းတဲ့ အကြောင်းပြချက်ကိုလည်း သူတို့ မတွေးတတ်ကြတော့ဘူး။ နှစ်ခုဆို လုံလောက်ပါပြီ။ ဟုတ်တယ်မလား။ သူတို့တွေးနေတဲ့ အချိန်မှာပဲ။ လျှပ်စီးကြောင်းတစ်ချို့ ကောင်းကင်မှာ ဖြတ်ပြေးသွားခဲ့တယ် ။ သစ်သီးလေးခု ။ တာအို သစ်ပင်ကနေ သစ်သီး လေးခု ကြွေဆင်းလာတယ်။ ဖန်ကျန်းရှီ ရဲ့ လက်ထဲကို ရောက်လာခဲ့တယ်။
“အရသာရှိလိုက်တာ။” ဖန်ကျန်းရှီ နောက်သစ်သီးတစ်လုံးကို သူ့ ပါးစပ်ထဲ ရောက်သွားပြန်တယ်။ အဲ့ဒီ့နောက်။ ဘယ်သူမှ မတုံ့ပြန်နိုင်ခင်မှာပဲ။ စတုတ္ထ တစ်လုံး။ ပဉ္စမ တစ်လုံး ။ ဆဋ္ဌမတစ်လုံး။ အချိန်တို အတွင်းမှာပဲ။ လက်ထဲက သစ်သီးလေးလုံး လုံးကို စားပြစ်ခဲ့ပြီ။ ပိုပြီး အရေးကြီးတာက။ သူ့လက်ထဲကို သစ်သီးတွေ ထပ်ပြီးတော့ ရောက်လာတာပဲ။ ဖန်ကျန်းရှီက ရပ်တန့်မယ့် ပုံစံ မရှိဘူး ။
ဒီ အချိန်မှာတော့။ စစ်မြေပြင်တစ်ခုလုံး ငြိမ်သက်နေခဲ့တယ်။ သစ်သီး တစ်လုံးပြီးတစ်လုံး ဖန်ကျန်းရှီ ရဲ့ ပါးစပ်ထဲ ပြွတ်သိပ်ထိုးထည့်နေတာကို ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ သူ့ကိုယ်သူ နှိပ်စက် နေတာလား။ ဒါမှမဟုတ်။ ဒီကောင် လက်လျှော့လိုက်တာလား။
“ ရူးနေတာပဲ။ ဒီကောင် စိတ်ရူးပေါက်နေတာပဲ ဖြစ်ရမယ်။ ”
ချန့်ယန်းတောင် သူလုပ်နေသမျှ ကိစ္စ အားလုံးကို ရပ်တန့်ပြီးတော့ ။ ဖန်ကျန်းရှီကို ပါးစပ် အဟောင်းသား နဲ့ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ ရဲ့ တာအိုသစ်သီး တွေကို ဖျက်စီးတာက။ ချန့်ယန်း ဆုံးဖြတ်ထားခဲ့တဲ့ ကိစ္စပဲ။ အဆုံးမဲ့ လောကကို သူဖျက်စီး ပြစ်ရုံ တင်မကဘူး။ ဖန်ကျန်းရှီကိုပါ ကန်ထုတ် ပြစ်ချင်တာ။ ဒါပေမယ့် သူကိုယ်တိုင်တောင် စွံ့အနေမိတယ်။ သိချင်နေတာလား။
ချန့်ယန်းပဲ တုံးအလွန်းနေခဲ့တာ မဟုတ်ပါဘူး။ အခုအချိန်မှာ သူလုပ်ချင်နေတာက။ သစ်သီး ဘယ်လောက်များများကို ဖန်ကျန်းရှီ စားနိုင်မလဲ ။ ထိုင်ကြည့်ချင်နေတာပဲ။ ဒါက သူ့ ရဲ့ အတွေးတစ်ခုပဲ။ ချန့်ယန်း တင်မကဘူး။ ယွင်ချင်းဝူ နဲ့။ နတ်ဆိုး ခေါင်းဆောင်တွေ။ နတ်ဆိုး စစ်သည်တော်တွေ အားလုံးလည်း အတွေးတူနေခဲ့တယ်။ သူတို့ အားလုံး မြင်ချင်နေတာက။ (ဖန်ကျန်းရှီ ရဲ့ ဗိုက်ထဲမှာ သစ်သီး ဘယ်လောက်များများ ဆံ့လေမလဲ။)
နေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့တယ်။ ဒါက ထူးဆန်းတဲ့ မြင်ကွင်းပဲ။ လူတိုင်းက ဖန်ကျန်းရှီ ရဲ့ ပါးစပ်ကိုပဲ အာာရုံစိုက်နေခဲ့တယ်။
“အခုပဲ။ သစ်သီး အလုံး ငါးဆယ်ကို စားပြစ်လိုက်တာ မလား။”
“ ကြည့်စမ်း။ မြန်လိုက်တာ။ ၅၁ လုံးတောင် စားလို့ပြီးတော့မယ်။ ”
“ဝိုး။ မြန်ချက်။”
သူတို့ဘာ သူတို့ ရေရွတ်ပြောဆိုနေကြတယ်။ ဖန်ကျန်းရှီကို နှောက်ယှက်ရမှာတောင် သူတို့ လန့်နေကြပုံပဲ။ ကောင်းကင်ပေါ်မှာတော့။ ဖန်ကျန်းရှီက ပါးစပ် ထဲကို အပြည့်အသိပ် ထိုးထည့်နေခဲ့တယ်။ သူ့ရဲ့ အပြာရောင် အကျီ လက်ရှည်က လေထဲမှာ တဖျပ်ဖျပ် လွင့်နေခဲ့တယ်။ အောက်ဘက်မှာ ရှိတဲ့လူတွေ ကို သူ လျစ်လျူရှုထားတယ်။ သူ့ ရဲ့ သစ်သီးတွေကို စားဖို့ပဲ အာရုံစိုက်နေခဲ့တယ်။
တာအို သစ်သီးတွေက သူ့ လက်ထဲကို ဆက်တိုက် ပျံဝဲလာနေတယ်။ သူလည်းချက်ခြင်း မျိုချတယ်။ သူ့ပါးစပ်ကို တစ်ခါဖွင့်လိုက်တဲ့ အချိန် တိုင်း ။ တာအို သစ်သီး တစ်လုံး မျိုချပြီးသား ဖြစ်နေခဲ့တယ်။ သစ်ပင်ကြီးက ဆက်တိုက် လှုပ်ရှားနေတယ်။ တာအို သစ်သီးတွေလည်း သူ့လက်ထဲကို လွင့်စင်လာခဲ့တယ်။ ဖန်ကျန်းရှီကတော့ ရပ်တန့်မယ့် ပုံစံမရှိဘူး။ အကြမ်းဖျင်း တွက်မယ်ဆိုရင်တောင်။ သစ်သီး တစ်ရာနီးပါးကို သူ စားပြီးခဲ့ပြီ။ ဒီ အချိန်မှာပဲ။ ဖန်ကျန်းရှီ နောက်ဆုံးတော့ ရပ်တန့်သွားတယ်။ သူကြည့်ရတာ အစားများသွားလို့ မအီမသာ ဖြစ်နေပုံပဲ ။
“ သူ ပြီးသွားပြီလား။”
“ တစ်ယောက်ယောက်များ ရေထားမိ သေးလား။ ”
“ ငါရေထားတယ်။ တစ်ရာ့ရှစ်လုံး။”
“ ၁၀၈… မိုးနတ်မင်းရေ….။ သူ ဘယ်လိုများ အသက်ရှင်နေနိုင်သေးတာလဲ။”
လူတိုင်းက အရေအတွက်ကိုကြားတော့။ ဆူဆူညံညံ ဖြစ်လာခဲ့တယ်။
“ မင်း ဗိုက်ပြည့်သွားပြီလား။” ချန့်ယန်းရဲ့ အသံက လူတိုင်းကို နှောက်ယှ့်လိုက်တယ်။ ဖန်ကျန်းရှီကို သူ့ရဲ့ ဟောင်းလောင်းပေါက် မျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်။
“ဝေးပါသေးတယ်။ တစ်ဝက်ပဲ ပြည့်သေးတာ။” ဖန်ကျန်းရှီ ခေါင်းခါရင်းနဲ့ သူ့ ဗိုက်ကို ပုတ်ပြတယ်။
“ တစ်ဝက်ပဲ ပြည့်သေးတယ်လား။ ဒါဆို ဆက်လုပ်လေ…” ချန့်ယန်းတောင့်တင်းနေခဲ့တယ်။ ဖန်ကျန်းရှီ ကိုရပ်တန့်ရမလား ။ ဆက်လုပ်စေရမလား။ သူမသိဘူး။ ဒါပေမယ့် စိတ်ရှည်လက်ရှည်စောင့်ဆိုင်းချင်နေတာကြောင့်။ လက်ကို နောက်ပြစ်ထားရင်း ရပ်နေခဲ့တယ်။
“ မဟုတ်သေးဘူး။ နည်းနည်းလောက်တော့ လှုပ်လှုပ်ရှားရှား လုပ်ချင်သေးတယ်။ အစာချေဖို့ လိုတယ်လေ။“ ဖန်ကျန်းရှှီ ခေါင်းချတယ်။
“ အစာချေဖို့ ဟုတ်လား။” ချန့်ယန်း ပြုံးလိုက်တယ်။ တခြားမေးခွန်းကို သူ ထပ်မမေးတော့ဘူး။ “လာစမ်းပါ။”
“ ကောင်းပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။”
ခေါင်းငြိမ့်လိုက်တဲ့ အချိန်မှာပဲ ။ သူလှုပ်ရှားတော့တယ်။ သူက တကယ့်ကို မြန်ဆန်တယ်။ မြန်လွန်းလို့ သူ့ ခန္ဒာကိုယ်ကို ခပ်ဝါးဝါး ပုံရိပ်တစ်ခုလိုပဲ မြင်ရတယ်။ မျက်တောင်တစ်ခတ် အတွင်းမှာပဲ။ ချန့်ယန်းရှေ့ကို သူရောက်လာတယ်။ သူလက်သီးနဲ့ ထိုးတယ်။ သာမာန် လက်သီးချက်တစ်ချက်ပဲ။ ဒါပေမယ့် အရမ်းကို မြန်လွန်းတယ်။ သံတောင်ကုန်း ဒေသ ဝင်ပေါက်မှာတုန်းက ချန့်ယန်းရဲ့ တိုက်ခိုက်မှုလိုမျိုး လျင်မြန်တယ်။
ချန့်ယန်းရဲ့ အမူအယာ ပြောင်းလဲသွားတယ်။ သူ လန့်သွားတယ်။ ဒါက မမျှော်လင့်ထားတဲ့ အရာပဲ။ သူ့ရဲ့ အပြုံးလည်း အေးခဲသွးတယ်။ သူ ချက်ခြင်း နောက်ပြန်ဆုတ်တယ်။ သူ့ လက်တွေကို လက်မောင်းနဲ့ ကာလိုက်တယ်။
“ဘွန်း။” ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ခု။ စစ်မြေပြင်အနံှ့ကို ပျံ့သွားခဲ့တယ်။ တကယ့်ကို ကြောက်မက်ဖွယ်အင်အားလှိုင်းတွေပဲ။ တောင်ကြီးနှစ်ခု တိုက်မိသွားသလိုမျိုး။ လေထုတစ်ခုလုံး တုန်ယင် သွားခဲ့တယ်။
“ ဘာတွေ ဖြစ်နေတာလဲ။”
“ သူက ဘာလို့များ ဒီလောက်ထိ မြန်လာတာလဲ။”
“ မဖြစ်နိုငတာပဲ။”
အောက်ဘက်က လူတိုင်း မျက်လုံးပြူးနေခဲ့တယ်။ ဖန်ကျန်းရှီက အဆုံးမဲ့လောက နဲ့ ပေါင်းစပ်လိုက်မှန်း သူတို့ သိတယ်။ ဖန်ကျန်းရှီက သဘာဝလွန် ကနဦး အဆင့်ပဲ ရှိသေးတယ်လေ။ သူ့ရဲ့ အင်အားတွေက ဘယ်လောက်ပဲ တိုးတက်လာပါစေ။ ဒီလောက်ထိတော့ မမြန်ဆန်နိုင်ဘူးလေ။ သုခမိန်တစ်ယောက်ကို ရင်ဆိုင်နေရတာလေ။ သုခမိန်တစ်ယောက် မဖြစ်သေးပဲနဲ့။ သုခမိန်တစ်ယောက်ကို သူ ဘယ်လိုများ တိုက်ခိုက်နိုင်တာလဲ။ လုံးဝကို မယုံကြည်နိုင်စရာပဲ။ အခုတော့ ကောင်းကင်ကြီးတစ်ခုလုံးက ရွှေရောင် ဖြာနေခဲ့ပြီ။ ကြယ်ရောင် လရောင် နေရောင်တွေ အကုန်လုံး မရှိတော့ဘူး။ ရွှေရောင် အလွှာပြားကြီးတစ်ခုပဲ ရှိနေတော့တယ်။ ဒါဆို ဆိုလိုတာက တစ်ခုတည်းပဲ ရှိတော့တယ်။ ဖန်ကျန်းရှိတော့ သေပြီ။
မဟာမိတ် တပ်ဖွဲ့ရဲ့ စစ်သည်တော်တွေ စိတ်ပျက်သွားခဲ့တယ်။ ဖန်ကျန်းရှီက ချန့်ယန်းရဲ့ ပြိုင်ဘက်မဟုတ်မှန်း သူတို့ သိတယ်။ ဒါပေမယ့် ချန့်ယန်းရဲ့ အရှိန်နှုန်းကို ယှဉ်နိုင်မှန်း သူတို့ မြင်တော့။ မျှော်လင့်ချက်လေး တစ်ချို့ မြင်တွေ့ရလာခဲ့ရတယ်။ သူ မနိုင်နိုင်ရင်တောင်။ ဆယ့်ငါးမိနစ်လောက် တောင့်ခံနိုင်လည်း မဆိုးဘူး။ ဒါပေမယ့် သူတို့ရဲ့ မျှော်လင့်ချက်က ကြာရှည် မခံခဲ့ ပါဘူး။
“ယန်လေး. သူ” ပင်းယန် ရွှေရောင် အလင်းတန်းကို ကြည့်ရင်း သူက ရင်ဘတ်ကို ဖိထားခဲ့တယ်။
“ အဆုံးမဲ့လောက က ဒီမှာ ရှိနေသေးတယ်။” ချီကူယန် ခေါင်းခါလိုက်တယ်။ ပင်းယန်ရဲ့ မေးခွန်းကို သူမ တိုက်ရိုက် ပြန်မဖြေခဲ့ဘူး။
“ ဒါဆို သူ မသေသေးဘူးပေါ့။” ယွင်ချင်းဝူ ကောင်းကင်ကို ကြည့်ရင်း ပြောတယ်။
“ မသေသေးဘူးလား။”
“ ဖန်ကျန်းရှီက မသေသေးဘူးလား။”
“ ဒါက …“ ယွင်ချင်းဝူ နောက်က နတ်ဆိုးတွေ ဒါကို ကြားတော့ ။ သူတို့ ငြင်းဆန်ပြစ်ချင်တယ်။ ဒါပေမယ့် သူတို့ မလုပ်နိုင်ကြဘူး။ ယွင်ချင်းဝူက ဖန်ကျန်းရှီ မသေဘူးလိုက ကောက်ချချလိုက်တဲ့ လူလေ။ ဒါကြောင့် သူပြောတာကမှန်မှာပဲ။
“မသေသေးဘူးတဲ့လား။”
မဟာမိတ်တပ်ပေါင်းစုက စစ်သည်တော်တွေလည်း မယုံကြည်နိုင် ဖြစ်နေတယ်။ ဒါပေမယ့် ချီကူယန်ပြောတာ မှန်တယ်လေ။ အဆုံးမဲ့ လောကက မပျက်စီးသေးဘူး။ ဒါဆိုရင် ။ ဖန်ကျန်းရှီ အသက်ရှင်နေသေးတယ်လို့ ဆိုလိုတာပဲ။ ဒါပေမယ့် သူမသေသေ၇င်။ ဘာလို့များ ပုန်းနေတာလဲ။ ကောင်းကင်ကြီးတစ်ခုလုံးက ရွှေရောင် တောက်ပနေတာလေ။ သူ ဘယ်မှာများ ပုန်းစရာ နေရာရှိလို့လဲ။ မဟုတ်မှလွဲရော။ လူတိုင်း ။ စစ်မြေပြင်အလယ်က သစ်ပင်ကြီးကို ကြည့်နေကြတယ်။ ဖြစ်နိုင်ချေတစ်ခုပဲရှိတယ်။ အစတုန်းက ဒီ သစ်ပင်ကြီး ရွေ့လျားနေခဲ့တာ။ သစ်ရွက်တွေ အကုန်လုံး လှုပ်ရှားရင်း သုခမိန် အလင်းတန်းကြီးကို တိုက်ခိုက်နေခဲ့တယ်။ အရွက်တွေမှာလည်း တုံ့ပြန်မှု ရှိတယ်။ မီးကို တိုးဝင်နေတဲ့ ပိုးဖလံတွေလိုပဲ။
“ ဘွန်း။”
“ ဘွန်း။”
“ ဘွန်း ဘွန်း ဘွန်း။”
အလင်းတန်းနဲ့ သစ်ရွက်တွေ ထိတွေ့သွားတဲ့ အချိန်တိုင်း ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာတယ်။ ဒီ ဒိုင်းကာကြီးကို ဖြတ်သန်းသွားဖို့နည်းလမ်း သူတို့ ရှာမတွေ့ဘူး။ အလင်းတန်းနဲ့ ထိတွေ့တဲ့ အချိန်မှာပဲ။ သူတို့တွေ ကွဲအက်ကုန်တယ်။ သုခမိန်တစ်ယောက်ရဲ့ အလင်းတန်းက ။ လူတိုင်းကို မျက်လုံးပြူးစေတယ်။ ပိုပြီး အရေးကြီးတာ။ တုန်ခါသွားတဲ့ တစ်ချက်စီ တိုင်းမှာ။ ပုံရိပ်တစ်ခုက။ သုခမိန်အလင်းတန်းထဲ လွင့်မျောနေခဲ့တယ်။ ဒါက ချန့်ယန်း မဟုတ်ခဲ့ဘူး။ ပိန်ပါးတယ်။ ပိုပြီးအရေးကြီးတာ။ သူ့မျ်ကလုံးတွေက တောက်ပနေတာပဲ။
“ အဲ့တာ… ဖန်ကျန်းရှီလား။”
“ သူက သစ်ပင်ထဲမှာ ပုန်းနေတာ မဟုတ်ဘူး။ သုခမိန်အလင်းတန်း ထဲမှာ ။ ရောက်နေတာပဲ။”
“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။…. ။ သူက ဘယ်လိုလုပ် အသက်ရှင်နှိုင်မှာလဲ။”
မရေမတွက်နိုင်တဲ့ မျက်လုံးတွေက ။ အလင်းတန်းထဲက လူရိပ်ကို ကြောက် လန့်တကြား ကြည့်ရင်း ပြောနေခဲ့တယ်။ ဒီလို ဖြစ်လာမယ်လို့ ဘယ်သူမှ မထင်ထားခဲ့မိဘူး။ ဒါပေမယ့် လူတိုင်း မြင်နေရတာကတော့ သိသိသာသာကြီး။
“ ကချာ့။” ဖန်တွေ ကွဲအက်သွားသလို အသံမျိုး ပေါ်ထွက်လာတယ်။ အသံထွက်လာတဲ့ အချိန်မှာပဲ။ ရွှေရောင် အလင်းတန်းတွေ ရဲ့ အလယ်မှာအပေါက်တစ်ခု ဖြစ်ပေါ်လာတယ် ။ သိပ်ကြီးတဲ့ အပေါက်တော့ မဟုတ်ဘူး။ ဒါပေမယ့် လူတစ်ယောက် လမ်းလျှောက်ထွက်လာဖို့တော့ လုံလောက်တယ်။ ခေါင်းအစ ခြေအဆုံးသွေးတေါနဲ့ ပြည့်နေတဲ့ လူတစ်ယောက် ထွက်လာတယ်။ သွေးတွေကတော့ ခြောက်သွေ့သွားပုံပဲ။ သူ့ရဲ့ အဝတ်တွေကိုတောင် မမြင်ရဘူး။ မြင်နိုင်တာက။ သွေးအလိန်းလိန်းနဲ့ ခန္ဒာကိုယ်တစ်ခုပဲ။
လူတိုငးက သူ့ကို ကြည့်နေခဲ့တယ်။ ဒါပေမယ့် လူခန္ဒာကို ယ်ကို ကြည့်နေကြတာ မဟုတ်ဘူး ။ သူ့မျက်လုံးတွေကို ကြည့်နေခဲ့တာ။ တကယ့်ကို သက်ဝင်လှုပ်ရှားပြီးတော့။ ခိုင်မာတဲ့ ဆုံးဖြတ်ချက် တွေနဲ့ ပြည့်နှက်နေတယ်။ သူ အသက်ဆက်ရှင်ပြီးတော့ တိုက်ခိုက်မယ် ဆိုတဲ့ အကြောင်းကို ထင်ထင်ရှားရှား ဖော်ပြနေခဲ့တယ်။ ပိုပြီးအရေးကြီးတာ။ သူကမျက်လုံးတွေက။ ထူးဆန်းတဲ့ အရောင်မျိုးစုံနဲ့ တောက်ပနေခဲ့တာပဲ။ အနီရောင်၊ အစိမ်းရောင်၊ အဝါရောင် ၊ လိမ္မော်ရောင်. အပြာရောင်….။ ဒီ အရောင်မျိုးစုံက သူက မျက်လုံးထဲမှာ လှည့်ပတ်နေခဲ့တယ်။ တကယ့်ကို ကြည့်ရတာ ထူးဆန်းတဲ့ မြင်ကွင်းပဲ။ ကြည့်နေတဲ့ လူတိုင်းရဲ့ ကျောရိုးထဲကို စိမ့်ချမ်းသွားစေတဲ့ မြင်ကွင်းတစ်ခုပဲ၊
အပိုင်း(၄၅၇)ပြီး၏။
အပိုင်း(၄၅၈)
“ နောက်ဆုံးသော တာအို သစ်သီး။”
သုခမိန် အလင်းတန်းကနေ အသက်ရှင်လျက် ထွက်လာတယ်။ ဒါက တကယ့်ကို ပုံမှန်မဟုတ်တာပဲ။ ဒါပေမယ့် ဖန်ကျန်းရှီ ကတော့ လုပ်နိုင်ခဲ့ပြီ။ သူက ကြီးမားလွန်းတဲ့ သစ်ကိုင်းကြီး တစ်ခုအပေါ်မှာ ရပ်နေခဲ့တယ်။ သူ့ တစ်ကိုယ်လုံး သွေးတွေ နဲ့ ပြည့်နေခဲ့တယ်။ “ နာလိုက်တာ ” ဖန်ကျန်းရှီ နှုတ်ခမ်းတွန့်ရင်း ပြောတယ်။ သူ ရိုးရိုးသားသား ပြောနေတာ။ နာကျင်မှုကအရိုးထဲထိတောင် ခိုက်နေခဲ့တယ်။ သူ့ခန္ဒာကိုယ်တစ်ခုလုံး။ လက်မလက် နေရာတောင် မကျန် လောင်ကျွမ်းနေခဲ့တယ်။ ဒါက အခုသူလုပ်လိုက်တဲ့ လုပ်ရပ်ရဲ့ ရလဒ်ပဲလားလို့ထင်မြင်နေမိတယ်။
“ ငါနားလည်ပြီ။” ချန့်ယန်းရဲ့ အသံ ပဲ့တင့်ထပ်လာတယ်။ ရွှေရောင် အလင်းတန်း ပျောက်ကွယ်သွားသလို။ လူတစ်ယောက် အဖြစ်ကို မှိန်ဖျော့သွားတယ်။ ချန့်ယန်းရဲ့ နဖူးပေါ်က ရွှေရောင်သင်္ကေတ ကတော့ ဆက်ပြီးတောက်ပ နေခဲ့တယ်။
သူ့မျက်လုံးတွေကတော့ အသက်မဲ့ပြီးတော့ ဖြူဖျော့နေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ နဲ့ ယှဉ်လိုက်ရင်တော့။ သူကမှ ပိုပြီးတော့ ကြည့်ကောင်းနေသေးတယ်။ အနည်းဆုံးတောာ့ သူ့ရဲ့ ဝတ်ရုံပြာက မပျက်စီးသေးဘူးလေ။ အောက်မှာတော့။ လူသားနဲ့ နတ်ဆိုးတွေက ချန့်ယန်း ပြောလိုက်တဲ့ စကားကို ခန့်မှန်းနေကြတယ်။ ( ငါနားလည်ပြီ)တဲ့ ။
ဒီနေရာမှာ ရောက်နေကြတဲ့ လူတိုင်းရဲ့ စိတ်ထဲမှာ အတွေးတစ်ခု ဝင်လာခဲ့တယ်။ ဖန်ကျန်းရှီကို သူတို့ ကြည့်နေခဲ့တယ်။ သူတို့ စိတ်ထဲမှာ ပဋိပက္ခ ဖြစ်နေခဲ့တယ်။ ထိတ်လန့်မှု တွေကတော့ ပျောက်ကွယ်သွားပြီ။ မျိုးစုံတဲ့ တခြားသော ခံစားချက်တွေ သူတို့ရဲ့ စိတ်ထဲ ဝင်ရောက်လာခဲ့တယ်။ ေ လးစားမှုတွေ။ စိတ်ထဲ နာကျင်တာတွေ။ ပျော်ရွှင်မှုတွေ ။
“ ယန်လေး…။ ဒါက ….” ကောင်းကင်ပေါ်က ပုံရိပ်ကို ကြည့်ရင်း ပင်းယန် ခပ်တိုးတိုး ပြောတယ်။
“ ဟုတ်တယ်။ သူ လုပ်နိုင်ခဲ့ပြီ။” ပင်းယန်တောင် စကားမဆုံးသေးဘူး။ ချီကူယန် ပြန်ဖြေတယ်။ သူမ တကယ့်ကို တုန်ယင်နေပြီ။ ယွင်ချင်းဝူကတော့ စကားမပြောဘူး ။ ဒါပေမယ့် သူမရဲ့ အကျီကို ခပ်တင်းတင်း ဆွဲဆုပ်ထားခဲ့တယ်။ သူမရဲ့ အကျီရှည်က လေထဲမှာ တဖျပ်ဖျပ် လူးလွန့် နေခဲ့တယ်။ တကယ့်ကို လှပတဲ့ မြင်ကွင်းပဲ။ အတော့်ကို လွမ်းဆွေးစရာလည်း ကောင်းတယ်။
ဖန်ကျန်းရှီလည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ သူ မသေချင်သေးဘူလေ။ ဒါကြောင့်ပဲ သူ အခုချိန်ထိ ခုခံနေခဲ့တာ။ ရလဒ်တွေက ဘာဖြစ်လာမယ်မှန်း သူ တကယ့်ကို မသိဘူး။ ဒါပေမယ့် သူသိတာ တစ်ခုတော့ ရှိတယ်။ အကယ်၍ သူသာ ဒါမျိုး မလုပ်ခဲ့ရင်။ သူ့ကို စောင့်နေတာ ကံကြမ္မာ တစ်ခုပဲ ရှိလိမ့်မယ်။ သေခြင်း တရား။ ချန့်ယန်းက သူ့ကို လုံး၀ အလွတ်ပေးမှာ မဟုတ်ဘူး။ ခါးသီးတဲ့ အဆုံးသတ် အထိ သူတောင့်ခံရမယ်။
နတ်ဆိုးတွေက သူတို့ရဲ့ နတ်ဆိုး မျက်လုံးကို ဖျက်စီးလိုက်ပြီးတော့ ။ အင်အားတွေကို မြှင့်တင်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီမှာတော့။ ဖျက်စီးစရာ နတ်ဆိုး မျက်လုံး မရှိဘူး။ ဒါပေမယ့် သူ့မှာ တာအို သစ်သီးတွေ ရှိတယ်လေ။ သစ်သီး တစ်လုံး ချင်းစီ တိုင်းမှာ။ ကျယ်ပြန့်လွန်းတဲ့ အင်အားနယ်တွေ ရှိတယ်။
“ မင်း သေရမယ်။ ” ချန့်ယန်းက ဖန်ကျန်းရှီကို ကြည့်ရင်း ပြောတယ်။ သူက အသံကတော့ တည်ငြိမ်အေးဆေးနေခဲ့တယ်။
“ ကောင်းပြီ။ ဒါပေမယ့် မင်းပြောသလိုပဲ။ ဖြစ်နိုင်ချေကတော့ တစ်ခုတည်းရှိတယ်။ အဆုံးသတ် ဘာဖြစ်မလဲ ဆိုတာတော့။ ဘယ်သူသိနိုင်မှာလဲ။
“အင်း။ မင်းပြောတာမှန်တယ်။” ချန့်ယန်း တွေဝေနေပြီးနောက်မှာ ခေါင်းငြိမ့်လိုက်တယ်။ ဖန်ကျန်းရှီ စကားမပြောဘူး။ စောင့်လည်း မစောင့်နေခဲ့ဘူး။ သူမှာ စောင့်ဖို့ အင်အားလည်း မရှိဘူးလေ။ ပထမဆုံး သစ်သီးကို စားလိုက်တဲ့ အချိန်တည်းက ။ သူ့ ရဲ့ အသက်နာရီစင်ကြီးက ခပ်မြန်မြန်သွားနေခဲ့ပြီ။ ဖန်ကျန်းရှီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။
“ဘန်း။“ သူ့ရဲ့ လက်သီးက ။ လေထဲကို အရှိန်ပြင်းပြင်းနဲ့ ဖြတ်သန်းသွားခဲ့တယ် ။ တစ်ချိန်တည်းမှပြဲ။ သူ့ ခန္ဒာကိုယ်ကနေ အလင်းရောင် ပေါင်းစုံဖြာထွက်လာခဲ့တယ်။ သူ့ ခန္ဒာကိုယ်က သွေးအလိမ်းလိမ်းနဲ့ ဒဏ်ရာတွေ လည်း ခပ်မြန်မြန်ပဲ ပျောက်ကွယ် သွားခဲ့တယ်။ မျက်တောင် တစ်ခတ်စာတောင် မ၇ှိသေးတဲ့ အချိန်မှာပဲ။ ချန့်ယန်းရဲ့ ရှေ့ကို ရောက်လာခဲ့တယ်။ သူ့ရဲ့ စွမ်းအားကို အပြည့်အ၀ သုံးပြီးတော့ ချန့်ယန်းကို ထိုးချလိုက်တယ်။ သူ့ရဲ့ ခန္ဒာကိုယ်ကနေ အလင်းတန်းတွေ ဆက်တိုက် တောက်ပလာခဲ့တယ်။ တည်ငြိမ်တဲ့ အလင်းရောင်တော့ မဟုတ်ဘူး။ အ ရမ်းကို တောက်ပတယ်။ ဒါပေမယ့် အလင်းတန်း တစ်ခုချင်းစီက။ အချင်းချင်း တိုက်ခတ်နေခဲ့တယ်။
ဖန်ကျန်းရှီ ရဲ့ ရုတ်တရက် တိုက်ခိုက်မှုကို။ ချန့်ယန်းမအံ့သြတော့ဘူး။ ဖန်ကျန်းရှီ လက်သီး မြှောက်လိုက်တည်းက ။ ချန့်ယန်း လည်း သူ့ ညာလက်ကို သုံးပြီးတော့ ပြန်တိုက်ခိုက်ခဲ့တယ်။ ဖန်ကျန်းရှီ ရဲ့ အရှိန်နှုန်း ကို သူတွက်ချက်ထားပြီးသား။
“ဘွန်း။” ရွှေရောင် အလင်းတန်း တောက်ပလာတယ်။ ကြောက်မက်ဖွယ် အင်အားလှိုင်းတွေ ။ ဖန်ကျန်းရှီ ဆီကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်တော့တယ်။ လက်သီး နှစ်ခု ကွဲထွက်သွားတယ်။ လူရိပ်တစ်ခု ကောင်းကင်ပေါ်ကို ထိုးတက်သွားတယ်။ တစ်ချိန်တည်းမှာပဲ။ သစ်ပင်ကြီးတုန်ခါသွားသလို။ သစ်ရွက်တွေလည်း မြေပြင်ပေါ်ကို ကြွေကျလာတယ်။ မြေကြီးနဲ့ ထိတွေ့တဲ့ အချိန်မှာ သူတို့ ပေါက်ကွဲကြတော့တယ်။
“ မဟုတ်ဘူး။ စွမ်းအား ကွာခြားချက်က များလွန်းတယ်။”
“ အင်အားတိုးလာဖို့ ။ တာအို သစ်သီး ဘယ်လောက်များများ စားပါစေ။ သူ မနိုင်နိုင်ဘူး။”
“ဟုတ်တယ်။ သူ့ပြိုင်ဘက်က သုခမိန်တစ်ယောက်ပဲ။ အစတည်းက တရားတဲ့ တိုက်ပွဲမှ မဟုတ်တာ။ ” နဂါးတပ်ဖွဲ့။ တောင်ဖြို တပ်ဖွဲ့ နဲ့ တောင်ပိုင်းဒေသ စစ်သည်တော်တွေ တိုက်ပွဲကို ကြည့်ရင်း ပြောနေခဲ့တယ်။ ကွာခြားချက်ကတော့။ ဒီ ခြိမ်းခြောက်မှု အငွေ့အသက်မျိုးကို သူ တစ်ခါမှ မမြင်ဖူးတာပဲ။ ဖန်ကျန်းရှီ ကျော်လွှားနိုင်တဲ့ အရာ တစ်ခု မဟုတ်ဘူးလေ။
“ ဒီတစ်ာကိမ်တော့။ သူတကယ့်ကို သေတော့မှာပဲ။” နတ်ဆိုး စစ်သည်တော်တွေကတော့။ အက်ကွဲနေတဲ့ သစ်ပင်ကြီးကို ကြည့်ရင်း နတ်ဆိုး စစ်သည်တော်တွေ ဝမ်းသာ အားရ ပြောနေကြတယ်။ ဒါပေမယ့် သူတို့ သိပ်မပျော်လိုက်ရခင် အချိန်မှာပဲ၊ မြေပြင်တစ်ခုလုံး တုန်ယင်လာခဲ့တယ်။ လက်တစ်ဖက် မြေကြီးထဲကနေ ထွက်လာခဲ့တယ်။ အရိုးကျိုးကြေနေတဲ့ လူတစ်ယောက် ထွက်လာခဲ့တယ်။
“ အား……” လူတွေ အားလုံး ကြားရနိုင်တဲ့ အသံ တစ်သံ ထွက်လာခဲ့တယ်။ အဲ့ဒီ့နောက် လက်တစ်ဖက် က ကျောက်တုံးတွေ ဆွဲရင်း။ သူ့ကိုယ်သူ အပေါ်ရောက်အောင် လုပ်နေခဲ့တယ်။ သူ့ လက်က တုန်ယင်နေခဲ့တယ်။ ဒ ါပေမယ့် ခိုင်မာတဲ့ စိတ်ဓာတ် အင်အားကတော့ အံ့သြစရာပဲ။ သူ လုပ်နိုင်ခဲ့တယ် ။ ကျောက်တုံး တွေရဲ့ အကူအညီနဲ့။ အက်ကွဲကြောင်းထဲကနေ ထွက်လာခဲ့တယ်။ သူ့မျက်လုံးတွေကတော့။ အရောင်စုံတောက်ပနေတုန်းပဲ။ ဒါပေမယ့် သိသိသာသာကို မှိန်ဖျော့နေ ခဲ့တယ်။ သူ့ ခန္ဒာကိုယ်က အလင်းရောင်တွေ ပျောက်ကွယ်သွားခဲ့ပြီ။
“ သူ အခုထိ မသေသေးဘူးလား။” နတ်ဆိုး စစ်သည်တော်တွေ မယုံကြည်နိုင်ကြဘူး ။ မြေပြင်အက်ကွဲကြောင်းထဲက လေးဘက်ထောက် ထွက်လာတဲ့ သူကို ကြည့်ရင်း မယုံနိုင် ဖြစ်နေကြတယ်။ ဖန်ကျန်းရှီက ဒီ တိုက်ခိုက်မှုမှာ။ ဘယ်လိုတောင် အသက် ဆက်ရှင်နိုင်တာလဲ။ ချန့်ယန်းက ဖန်ကျန်းရှီကို သူ့ရဲ့ အသက်မဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့တယ်။ သူလည်း နည်းနည်းတော့ အံ့သြသွားခဲ့တာ။ ဒါပေမယ့် ခပ်မြန်မြန်ပဲ သတိဝင်လာခဲ့တယ်။
“ သူ့ရဲ့ ရှေ့ရေးက ဒီလောက်တောင် ကြီးကျယ်နေမယ်လို့ ငါ မထင်ထားမိဘူး။ ” ချန့်ယန်း သူ့ဘာသူ ခပ်တိုးတိုးပြောနေခဲ့တယ်။ နတ်ဆိုး တစ်ယောက် အနေနဲ့။ ဖန်ကျန်းရှီ လုပ်နေတာကို သူ နားလည်နိုင်တယ်။ ပုံမှန် အခြေအနေ မျိုးမှာဆိုရင်။ လူသားတွေကော။ နတ် ဆိုးတွေပါ။ သူတို့ရဲ့ အလားအလာကို အမြင့်ဆုံး ဘာဖြစ်မလဲ။ ဘယ်သူမှ မသိနိုင်ဘူး။ ဒါပေမယ့် သူတို့ရဲ့ စွမ်းအား အရင်း အမြစ်ကို။ အချိန် အကန့်အသတ်နဲ့ပဲ အစွမ်းကုန် အသုံးချလို့ ရတယ်။ နတ်ဆိုး မျက်လုံးထဲမှာ။ စွမ်းအင် သိမ်းဆည်းမှု များလေလေ ။ ထုတ်နိုင်တဲ့ အင်အားက များလေပဲ။ ဖန်ကျန်ရှီမှာ နတ်ဆိုးမျက်လုံး မရှိပေမယ့်။ စိတ်အာရုံနယ်မြေကြီးတော့ ရှိတယ်။ ရလဒ်ကတော့ အတူတူပဲ။
အခုတော့ ။ ဖန်ကျန်းရှီရဲ့ စွမ်းအင်က ။ သာမာန် နတ်ဆိုးတွေ အသုံး ပြုနေတာထက် ။ ကျော်လွန်သွားခဲ့ပြီးပြီ။ ချန့်ယန်းတောင် မျက်လုံး ပြူးနေခဲ့တယ်။ ဖန်ကျန်းရှှီ အတွက်တော့။ သူက ဒါတွေ အားလုံးကို ဂရုမစိုက်ခဲ့ဘူး။ သူ့ ခန္ဒာကိုယ်က ပေါက်ကွဲနေတဲ့ အင်အားတွေ အကုန်လုံး နီးပါး ပျောက်ကွယ်သွားခဲ့ပြီ။ အကုန်လုံး ဗလာဟင်းလင်း ဖြစ်သွားတယ်တဲ့။ “ကုန်သွားပြီလား။” ဒီ အဖြစ်က ကောင်းတာလား။ ဆိုးတာလား။ သူမသိဘူး။ ဒါပေမယ့် ချန့်ယန်းရဲ့ ရွှေရောင် အလင်းတန်းကို မြင်တော့။ သူ့မှာ တခြားရွေးချယ်စရာ မရှိတာ သူသိတယ်။ သူ ထပ်စားဖို့ လိုသေးတယ်။ နံပါတ် ၁၀၈ ကို သူ ကြိုက်တယ်။ သူ့ရဲ့ အရင်လောကမှာ တုန်းက။ ဒီနံပါတ်က ။ အင်အားကြီးမားတာကို ကိုယ်စားပြုတယ်။ ဒီလောကမှာတော့။ ဒီ နံပါတ်က ဘာ အဓိပ္မာယ်မှ မရှိဘူး။
ဒါကြောင့် ၁၀၈ လုံးမြောက်မှာ သူ ရပ်လိုက်တယ်။ ဒါပေမယ့် ဒီ နံပါတ်က ဘာမှ အသုံးမဝင်ခဲ့ဘူး။ ငလူး နံပါတ်။ စားနိုင်သလောက်ကို စားပြစ်ရမှာ။ သစ်သီးတွေ ဖန်ကျန်းရှီ ရဲ့ လက်ထဲ ပျံထွက်လာတယ်။ အဆုံးမဲ့ လောက နဲ့ သူ ချိတ်ဆက်ထားတာ။ ဒီ တစ်ခုတော့ အသုံးဝင်တယ်။
“ နောက်တစ်ခါလား။”
စစ်မြေပြင်ထဲမှာ ရှိတဲ့ လူတွေ မျက်လုံးပြူး သွားပြန်တယ်။ ဖန်ကျန်းရှီ နောက်ထပ် သစ်သီးတွေကိုထပ်မျိုချနေတယ်။ သူတို့တွေ မအံ့သြတော့ဘူး။ ဖန်ကျန်းရှှီ ဘာလုပ်နေမှန်းသူတို့ သိတယ်လေ။ ဒါပေမယ့်…..။ ဖြစ်လာမယ့် အကျိုးဆက်ကို သူတို့ သိတယ်လေ။ ဖန်ကျန်းရှှီ လည်း သိတယ်။ ဒါပေမယ့် သူတို့မှာ ရွေးချယ်စရာမရှိခဲ့ဘူး။ သူ အသတ်ခံရတော့မှာလေ။
စွမ်းအား အတွက် စားရမယ်။ ဒါပေမယ့် ချန့်ယန်းကတော့ ဖန်ကျန်းရှီကို နောက်ထပ် စားစေဖို့ စိတ်ကူးမရှိတော့ဘူး။ သူ့ ခန္ဒာကိုယ်က ရွှေရောင် အလင်းတန်း အဖြစ် ပြောင်းလဲသွားတယ်။ သူ့ နဖူးပေါ်က သင်္ကေတလည်း တောက်ပနေခဲ့တယ်။ချန့်ယန်းက မြန်ဆန်တယ်။ ဒါပေမယ့် သူ့နောက်မှာ နောက်ထပ် အလင်းတန်း တစ်ခုလည်း ကပ်လိုက်လာခဲ့တယ်။ ဒီ အလင်းတန်းက သံတောင်ကုန်းနယ်မြေကနေ ဆင်းလာခဲ့တာ။ ချန့်ယန်းလိုမျိုး မမြန်ဆန်ဘူး။ ဒါပေမယ့် ပိုနီးတယ်။ ဒါကြောင့် ချန့်ယန်း ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့တယ်။
“ ဘွန်း။” တောက်ပတဲ့ ခရမ်းရောင် အလင်းတန်းတွေ ထွက်ပေါ်လာခဲ့တယ်။ ဒါပေမယ့် ခရမ်းရောင် အလင်းတန်းက မျက်တောင် တစ်ခတ် အတွင်းမှာပဲ ကောင်းကင်ကို ထိုးတက်သွားခဲ့တယ်။
“ချန့်ယန်း ။ မင်းက သုခမိန်ဖြစ်နေရင်တောင်။ ငါ မင်းကို တားရလိမ့်မယ်။”
သူ့ရဲ့ လက်တစ်ဖက်က သွေးတွေ လွှမ်းနေခဲ့တယ်။ သူ့ရဲ့ ခရမ်းရွှေရောင် ဝတ်ရုံက အစိတ်စိတ် အမွှာမွှာ ဖြစ်နေခဲ့ပြီ။ ချန့်ယန်းကို စိမ်းစိမ်းကြီး စိုက်ကြည့်နေခဲ့တယ်။ ရပ်တန့်မယ့်ပုံတော့ မရှိဘူး။ သူကတော့ ရှင်းယွမ်ကောင်းပဲ။
“ စစ်သူကြီး။”
“ စစ်သူကြီးကို ကယ်တင်ကြ။”
“ ဖန်ကျန်းရှီ အတွက် အချိန်ဆွဲကြရမယ်။”
အသံတွေ ထွက်ပေါ်လာသလို။ စစ်သည်တော်တွေလည်း ခုန်ဆင်းလာကြတယ်။ နဂါးတပ်ဖွဲ့နဲ့ တောင်ဖြိုတပ်ဖွဲ့က စစ်သည်တော်တွေပဲ။ ရှန်လင်းကတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ နယ်မြေမှူးတွေ ကတော့ ရှန်လင်းကို ကြည့်နေခဲ့တယ်။ သူတို့ရဲ့ မျက်နှာတွေ က နီရဲနေခဲ့ပြီ။
“ အိမ်ရှေ့စံ။ ကြီးမြတ်သော ရှမင်းဆက်က လူတွေ တိုက်ခိုက်နေကြပြီ။ ကျွန်တော်တို့ ဒီလို ရပ်နေလို့ ဘယ်ဖြစ်မလဲ။”
“ဟုတ်တယ်။ ဖန်ကျန်းရှီတောင်။ ကျွန်တော်တို့ အတွက် တိုက်ခိုက်နေခဲ့တာ။ အရှင်မင်းသား။ ကျေးဇူးပြုပြီးတော့ အမိန့်ချပေးပါ။ ”
“အရှင်မင်းသား။ တောင်ပိုင်းဒေသ ဆက်လက်ရှင်သန်ဖို့ အတွက်။ ဖန်ကျန်းရှီ အချိန်ရအောင် လုပ်မှ ဖြစ်မယ်။”
နယ်မြေမှူးတွေ မနေနိုင်ကြတော့ဘူး။
“ ဖန်ကျန်းရှီ။ ဖန်ကျန်းရှီ….။ သွားကြ။ ဖန်ကျန်းရှီ အတွက်။ အချိန်ဆွဲကြ။ ဒီ သစ်သီးတွေ အားလုံးကို သူ စားပြီးမှ ဖြစ်မယ်။” ရှန်လင်း အံကြိတ်နေခဲ့တယ်။
“ အမိန့်တော် အတိုင်းပါ။” နယ်မြေမှူးတွေ တညီတညွှတ်တည်း ပြန်ဖြေတယ်။
…
စစ်သည်တော်တွေ သံတောင်ကုန်းပေါ်က ဆင်းလာပြီးတော့။ ချန့်ယန်းဆီကို တည့်တည့် ဝင် တိုး ခဲ့တယ်။ ပိုးဖလံတွေ မီးထဲ ဝင်တိုးနေသလိုပဲ။
“အရှက်မရှိတဲ့ လူသားတွေ။ ငါတို့ ကို အရေအတွက်နဲ့ ဖိနှိပ်နေကြတယ်။”
နတ်ဆိုး ခေါင်းဆောင်တွေ ပြန်တိုက်ဖို့ ပြင်ဆင်လိုက်ကြတယ်။ ဒါပေမယ့် ယွင်ချင်းဝူကို သူတို့ ကြည့်လိုက်တဲ့ အချိန်။ တွေဝေသွားကြပြန်တယ်။ တွေဝေမှုက သိပ်ကြာကြာတော့ မခံခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့။ သူတို့ အပေါ်ကို ဆင်းသက်လာတဲ့ အနက်ရောင် ပုံရိပ်တွေ မြင်လိုက်ရတာ ကြောင့်ပဲ။
“ ဖန်ကျန်းရှီ…” နတ်ဆိုး ခေါင်းဆောင်တွေ အော်ဟစ်ဆဲဆို ပြစ်ချင်လာတယ်။ (တကယ်တော့ သူတို့ လုပ်လို့ရကြပါတယ်။) ဒါပေမယ့်လည်း အကျိုး မထူးဘူးလေ။ သူတို့တွေမှာ ရှိသမျှ အရာအားလုံး နဲ့ ဒီအနက်ရောင် လူတွေကို တိုက်ခိုက်ဖို့ လိုတယ်။ ချန့်ယန်း သူတို့ကို လာကယ်မယ့် အချိန် မတိုင်ခင်ထိ။
ရွှေရောင် အလင်းတန်းကတော့ တောက်ပနေခဲ့တယ်။ မရေမတွက်နိုင်တဲ့ ရွှေရောင် အလင်းစက်လေးတွေက အနက်ရောင်လူရိပ်တွေကို တိုက်ခိုက်ကြတယ်။ တစ်ချိန်တည်းမှာပဲ။ မဟာမိတ် တပ်ပေါင်းစုတွေကလည်း ချန့်ယန်းကို တိုက်ခိုက်ကြတော့တယ်။ ခရမ်းရောင် အလင်းတန်း ရဲ့ ဦးဆော်ငမှု နဲ့ အတူ။ သတ်ဖြတ်မှုအသံတွေ လေထဲမှာ ပေါ်ထွက်နေခြ့တယ်။
တကယ့်ကို ကြောက်မက်ဖွယ် မြင်ကွင်းပဲ။ တိုက်ပွဲရဲ့ အောက်မှာတော့။ သစ်သီးတွေကို တစ်လုံးပြီး တစ်လုံး ခပ်သွက်သွက် မျိုချနေတဲ့ လူတစ်ယောက်ရှိနေခဲ့တယ်။ သစ်သီးတစ်လုံး စားပြီးတိုင်း။ သူ့ခန္ဒာကိုယ်ကို ဝန်းရံတောက်ပနေတဲ့ သက်တံ့ရောင်စဉ်ထဲမှာ အရောင်တစ်ခု ထပ်တိုးလာခဲ့တယ်။
“ ငါစားရမယ်။” ဖန်ကျန်းရှီ သူ့ကိုယ်သူ သတိပေးနေခဲ့တယ်။ ရှင်းယွမ်ကောင်းနဲ့ တခြားသူတွေက ကြာကြာ တောင့်ခံနိုင်မှာမဟုတ်မှန်း သူသိတယ်။ ဒါကြောင့် မြန်နိုင်သလောက် မြန်မြန်စားရမယ်။ ဖန်ကျန်းရှီ မြန်မြန် မျိုချနေတယ်။ အား…. သူ လန့်သွားခဲ့တယ်။ အခု။ သူ့ လက်ထဲမှာ ရောက်နေတဲ့ သစ်သီးက အတော့်ကို ကြီးလွန်းတယ်။ ပုံမှန် သစ်သီးတွေထက် ဆယ်ဆမက ကြီးနေခဲ့တယ်။
အပိုင်း(၄၅၈)ပြီး၏။
အပိုင်း(၄၅၉)
“ ထူးထူးဆန်းဆန်း သေဖို့နည်းလမ်း။”
ခရမ်းရောင်အလင်းတန်းတွေက သစ်သီး အခွံပေါ်မှာ ။ တလက်လက် တောက်ပနေခဲ့တယ်။ ကျောက်သလင်းလိုပဲ ကြည်လင်နေခဲ့တယ်။ ပိုပြီးတော့ အရေးကြီးတာကတော့။ သစ်သီးအခွံပေါ်က ပုံစံထက်။ အထဲမှာ တစ်ခုခု ပါနေခဲ့တဲ့ပုံစံပဲ။ ပြောနိုင်တာကတော့။ ဒါတွေ အကုန်လုံး ဖန်ကျန်းရှီ ရဲ့ ကိစ္စ မဟုတ်ဘူးလေ။ သူလုပ်ရမှာကတော့။ ဒါကို ဘယ်လို စားရမလဲ တွေးဖို့ပဲ။ အရင် သစ်သီးတွေက လက်သီး ဆုပ်လောက်လေးပဲ ရှိတယ်။ အခုသစ်သီးကတော့ ဆယ်ဆမက ကြီးမားနေတယ်။ သူ့ ပါးစပ်ကလည်း ဒီလောက်ထိ မကြီးမားဘူး။ ဒါက အကြီးဆုံး ပြဿနာပဲ။ ခွဲပြီးတော့လည်း မျိုချလို့ မရဘူး။ အကယ်၍ သူလုပ်နိုင်ရင်တောင်။ သူ မလုပ်ဝံ့ဘူး။
ချန့်ယန်းက သူ့ရဲ့ တာအို သစ်သီး နှစ်လုံးကို ဖျက်စီးလိုက်တဲ့ အချိန်မှာ ဘာတွေ ဖြစ်သွားခဲ့မှန်း ။ သူမမေ့သေးဘူး။ သစ်သီးတွေ ကွဲအက်သွားတာက ။ အတွင်းက စွမ်းအင်တွေကို ထွက်သွားစေတယ်။ တာအို သစ်သီးကို ခွဲပြစ်လို့ မဖြစ်ဘူး။ သူ့မှာ တာအို သစ်သီးတွေ ဘယ်လောက်မှ မကျန်တော့ဘူး ဆိုတာ နားလည်သွားတဲ့နောက်။ ဒီ သစ်သီးကြီးကို ပိုပြီး မြန်တဲ့ အရှိန်နှုန်းနဲ့ မျိုချဖို့ ဆုံးဖြတ်လိုက်တယ်။ ဝါးစားရမှာလား။ သူ ဒီလိုလည်း လုပ်လို့ မရဘူးလေ။ ဖန်ကျန်းရှီလည်း သူ့ သွားတွေက ဒီ သစ်သီးတွေကို ဝါးလိုက်ရင် ကျိုးသွားမလားလို့ တွေးနေခဲ့တယ်။ ဒါကြောင့် သစ်သီးကို မျိုချဖို့ပဲ ဆုံးဖြတ်လိုက်တယ်။
“ စားပြစ်။ ငါ စားရမှ ဖြစ်မယ်။” ဖန်ကျန်းရှီ က ဒီ သစ်သီးတွေ အားလုံးကို စား ဖြစ်ဖို့ တာဆူ နေခဲ့တယ်။ ကောင်းကင်က တိုက်ပွဲကြီးကတော့။ ချန့်ယန်းကို အရှိန်ပြင်းပြင်းနဲ့ တိုက်ချနေခဲ့တယ်။ ကိုယ်ခန္ဒာကိုယ်တွေ တောင်လို ပုံလာခဲ့တယ်။ ဒါပေမယ့် ။ ဘယ်သူကမှ မရပ်တန့်ခဲ့ဘူး။ သူတို့တွေက မီးပုံထဲကို တိုးဝင်နေကြတဲ့ ပိုးဖလံကောင်တွေ လိုပဲ။ သေရမှာကို သိနေပင်မယ့်။ ဘယ်သူမှ နှစ်ကြိမ်တွေးမနေကြတော့ဘူး။
တောင်ပိုင်းဒေသက စစ်သည်တော်တို့ မွေးဖွားရာ နယ်မြေပဲ။ ဖန်ကျန်းရှှီက စစ်ပွဲရဲ့ ပရိသတ် တစ်ယောက်တော့ မဟုတ်ဘူးလေ။ စစ်ပွဲက ရက်စက်လွန်းတာကို သူသိတယ်။ ဒါပေမယ့် စစ်ပွဲ ကတော့ သမိုင်းနဲ့ အမြဲတမ်း ကင်းကွာမနေခဲ့ဘူး။ နိုင်ငံတွေ။ နယ်မြေတွေ။ မျိုးနွယ်တွေ။ လူသားတွေ ကြားက စစ်ပွဲတွေ။ သဘောထားကွဲလွဲတာနဲ့ သူတို့တွေ တိုက်ခိုက်ကြတော့တာပဲ။ အကုန်လုံးကို ဖြေရှင်းဖို့ကတော့…. အနိုင်ရဖို့ပဲ။
ဖန်ကျန်းရှီ အနိုင်ရချင်တယ်။ သူ ရှုံးနိမ့်ရင်။ သူသေမယ်ဆိုတာ သိတယ်လေ။ ဘယ်သူကမှ မသေချင်ကြဘူး။ အနည်းဆုံးတော့ ဖန်ကျန်းရှီ မသေချင်ဘူး။ သူ မတ်တပ်ထရပ်တယ်။ နောက်ဆုံး သစ်သီးကို သူ့လက်ထဲမှာ ကိုင်ထားခဲ့တယ်။ တောက်ပနေတဲ့ ခရမ်းရောင် သစ်သီးကြီး။ သူ့ ပါးစပ်ကို ကျယ်နိုင်သလောက် ကျယ်အောင် ဖွင့်လိုက်တယ်။ သူ မျိုမချနိုင်ရင် ဘာဖြစ်လာမှာလဲ ။ ဒါဆိုရင်။ အတင်းအကြပ် မျိုချရမယ်။ ဖန်ကျန်းရှီလည်း ချန့်ယန်း ဘယ်လောက်တောင် အင်အားကြီးမှန်း သိတယ်။ ချန့်ယန်းက သူ့ကို အခွင့်အရေးလေးတောင် ပေးမှာ မဟုတ်ဘူး။ ပါးစပ်ကို အကျယ်ကြီး ဖွင့်လိုက်တယ်။ သူ လုပ်မှ ဖြစ်မယ်။ သဘာဝလွန် အဆင့် လူတစ်ယောက်အနေနဲ့။ ပါးစပ်ကွဲထွက်သွားရင်တောင် ။ ပြန်ကုသလို့ ရအုန်းမယ်။ မျိုချလိုက်စမ်း….။ သတ္တိရှိရမယ်။ မ ဖန်ကျန်းရှီ လုပ်ခဲ့ပြီ။ ချက်ခြင်းဆိုသလို သူ နောင်တရသွားတယ်။ သစ်သီး ပါးစပ်ထဲကို ရောက်ရောက်ချင်းပဲ။ နှိပ်စက်တယ် ဆိုတဲ့ စကားကို သူနားလည်သွားခဲ့ပြီ။ “ ကချာ့။” သူ့ သွားတွေ ကျွတ်ထွက်ကုန်တယ်။ သူ့နှုတ်ခမ်း ဆုတ်ပြဲ သွားတယ်။ ဒါက တကယ့်ကို ဗျူဟာ မကျတဲ့ မြင်ကွင်းပဲ။
တောင်ပိုင်းဒေသ စစ်သည်တော်တွေ ။ ချန့်ယန်းကို တိုက်ခိုက်ဖို့ ပြင်နေတဲ့ လူတွေ အားလုံး။ သူတို့ မြင်နေရတာကို ထိတ်လန့်နေကြတယ်။ ဖန်ကျန်းရှီ ရဲ့ ကွဲထွက်သွားတဲ့ မေးရိုးနဲ့ ။ သစ်သီးကြီးကို ကြည့်နေခဲ့တယ်။ သူတို့ မြင်နေရတာကို မယုံကြည်နိုင်ဘူး။ ဒီကောင် ဘာတွေ များ လုပ်နေတာလဲ။ သူတို့တင် မျက်လုံးပြူးနေကြတာ မဟုတ်ဘူး။ နတ်ဆိုး စစ်သည်တော်တေါတောင် တကယ့်ကို လန့်နေခဲ့ကြတယ်။ ဒီ အချိန်မှာပဲ။ သူ တို့ရဲ့ စတေးမှုက အဓိပ္မာယ် မဲ့နေတယ်လို့ ခံစားလိုက်ရတယ်။ ဖန်ကျန်းရှီက ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်နေတယ်။ အကယ်၍ ဒါသာ မှန်ခဲ့ရင်။ သူတို့ က ဘာကြောင့်များ အပင်ပန်းခံနေရအုန်းမှာလဲ။ သူ့ကိုယ်သူ သေကြောင်းကြံနေတဲ့ ဖန်ကျန်းရှီကို ဘာကိစ္စ ကယ်နေရအုန်းမှာလဲ။
ဒီ အချိန်မှာပဲ တိုက်ပွဲ ရပ်တန့်သွားတယ်။ ဒါက နောက်ဆုံး အဆုံးသတ် တစ်ခုပဲ။ ရှိနေတဲ့ လူတိုင်းရဲ့ စိတ်ခံစားချက်ကို ဖော်ပြဖို့ လုံလောက်တယ်။ ပင်းယန်ရဲ့ မျက်လုံးတွေ ပြူးကျယ်ပြီးတော့ အနီရောင် ရဲရဲတောက်နေခဲ့တယ်။ အကယ်၍ သူမသာ လှုပ်ရှားနိုင်ရင်။ ဖန်ကျန်းရှီကို ကယ်တင် ဖို့ လုပ်မိမှာ အမှန်ပဲ။ သစ်သီးကို ဖိနှောင့်နဲ့ ပေါက်ပြီးတော့ ။ ဖန်ကျန်းရှီ မြန်မြန် အဆုံးသတ်နိုင်အောင် လုပ်ပေးမှာ။ ချီကူယန် ခါးသက်သက် ပြုံးနေခဲ့တယ်။ ဖန်ကျန်းရှီ နဲ့ တွေ့ခဲ့ရတာ သူ့ ဘဝမှာ အမှားတစ်ခုလို့ တစ်ခါမှ မထင်ခဲ့ဖူးဘူး။ ဒါပေမယ့် အခုတော့ အမှားလို့ ထင်နေခဲ့ပြီ။
ယွင်ချင်းဝူ လည်း ခါးသက်သက် ဖြစ်နေခဲ့တယ်။ ဖန်ကျန်းရှီကို သူ မကြည့်ဘူး။ အဲ့ဒီ့အစား။ ရွှေရောင် သုခမိန် အလင်းတန်း ထဲမှာ ရှိနေတဲ့ ချန့်ယန်းကို ကြည့်နေခဲ့တယ်။ ချန့်ယန်း အခုလို လုပ်နေတဲ့ ကိစ္စ ကို မလုပ်သင့်ဘူးလို့တောင် သူမ တွေးမိနေခဲ့တယ်။ ဖန်ကျန်းရှီက ပြင်ပ ပယောဂမပါဘဲနဲ့တောင် သေမှာပဲ။ ချန့်ယန်း ရဲ့ နဖူးပေါ်က ရွှေရောင် အလင်းတန်းလည်း သူ လငပ်ရှားတာ ရပ်လိုက်တာ နဲ့ ငြိမ်သက်သွားတယ်။ အရင်တုန်းကတော့ ဖန်ကျန်းရှီ အသီးတွေ စားတာကို သူ ရပ်တန့်ချင်ခဲ့တာ။ ဒါပေမယ့် အခုတော့။ သူ ဂရုမစိုက်တော့ဘူး။ ကိုယ့ိကိုယ်ကို သေကြောင်းကြံနေတဲ့ လူတစ်ယောက်ကို မြင်ခဲတယ်လေ။ ဖန်ကျန်းရှီ ရဲ့ မျက်နှာက လုံးဝကို နီရဲနေခဲ့ပြီ။ သူက ပန်းသီးတစ်လုံးနဲ့တောင် တူနေခဲ့တယ်။ ဒါပေမယ့် သူ့မျက်နှာ အနီရောင်က သွေးတွေကြောင့် နီရဲနေခဲ့တာ။ သူ့မျက်နှာက သွေးကြောတွေ ပေါက်ပြဲကုန်နေပြီ။ အခုတော့ သူ့ ရဲ့ ဆုံးဖြတ်ချက်ကို နောင်တရနေခဲ့ပြီ။ အခု ဘာဆက်လုပ်ရမှာလဲ။ ထွေးထုတ်ရမှာလား။ ဒါတော့ မဖြစ်ဘူး။ မဖြစ်ဘူး။ ရှက်စရာကောင်းလွန်းတယ်။
အခုချိန်မှာ ထွေးထုတ်လိုက်ရင်။ လုပ်ခဲ့သမျှ အရာအားလုံး အလကား ဖြစ်သွားလိမ့်မယ်။ နောက်ပြီးရင်။ သစ်သီး ပါစပ်ထဲ ဝင်လာလာချင်းမှာပဲ။ သူ့ကိုယ်က စွမ်းအင်တွေ အားလုံး ညီမျှနေပြီလို့ ခံစားမိလိုက်တာ။ အတော့်ကို ထူးဆန်းတယ်။ သိုးအုပ်စုလိုက်ကြီးက။ ဆာလောင်နေတဲ့ ဝံပုလွေ အုပ်ထဲကို ဝင်လာသလိုပဲ။ ဒီ ခရမ်းရောင် သစ်သီး ကြီးထဲက အင်အားတွေက အဖြေဖြစ်လာမလား ဆိုတာ ဖန်ကျန်းရှီလည်း မသိဘူး။ ဒါပေမယ့် ဒီ သစ်သီးကြီးက တခြားသော သစ်သီးတွေ ထက် အများကြီး အင်အားကြီးမှန်း သူသိတယ်။ ဒါကြောင့်…။ တစ်ချက်လောက် စွန့်စားကြည့်ဖို့ ပြင်ဆင်ခဲ့တယ်။ ခေါင်းဆောင်တစ်ယောက် မရှိရင်။ နောက် လိုက်တွေက ပရမ်းပတာ ဖြစ်လာကြမယ်။ ပြန်လမ်း မရှိတဲ့ နေရာကို သူရောက်နေခဲ့ပြီ။ ဖန်ကျန်းရှှီ သူ့ကိုယ်သူ အားပေးလိုက်တယ်။ ဒါပေမယ့် စကားတော့ မပြောနိုင်ရှာသေးဘူး။ သူ့ ပါးစပ်က သစ်သီးနဲ့ ပြည့်နေခဲ့တာ။ လက်သီးလက်မောင်းတန်းလိုက်တယ်။ လက်သီး နဲ့ သစ်သီးကို ထိုးပြစ်လိုက်တယ်။
“ဝင်စမ်း။” ဖန်ကျန်းရှီ အော်ဟစ်နေတယ်။ အဲ့ဒီ့နောက်။ ခရမ်းရောင် သစ်သီး က သူ့ပါးစပ်ထဲ ပိုဝင်လာတာကို ခံစားရတယ်။ သူ့ပါးစပ်က အက်ကွဲကြောင်းလည်း ကျယ်လာခဲ့သလို။ နာကျင်မှုလည်း တိုးလာခဲ့တယ်။ သူ့ရဲ့ နာကျင်မှုကို စကားနဲ့ ဖော်ပြလို့တောင် မရဘူး။ သူ အတော့်ကို အသက်ရှူကြပ်နေပြီ။ မျက်ရည်တွေ သူ့ ပါးပြင်ပေါ်ကနေ လိမ့်ဆင်းလာတယ်။ သူ ငိုမိနေပြီ ။
မရေမတွက်နိုင်တဲ့ မျက်လုံးတွေ သူ့ကို စိုက်ကြည့်နေခဲ့တယ်။ အသက်ရှှုကြပ်ပြီးတော့ နီရဲနေတဲ့ ဖန်ကျန်းရှီကို ကြည့်နေကြတယ်။ သူတို့တွေ တံတွေး မျိုချနေကြတယ်။ ဖန်ကျန်းရှီ ကြုံနေရတဲ့ ဒုက္ခကို သူတို့ တွေးကြည့်နေကြတယ်။
“ ဒီကောင် တကယ်ပဲ သေတော့မှာလား။” လူတိုင်းရဲ့ စိတ်ထဲ မှာ ဒီ အတွေးဝင်လာခဲ့တယ်။ သူတို့ လည်းမယုံကြည်နိုင်ကြဘူး။ ဒါပေမယ့် အခု ဖြစ်နေတဲ့ ကိစ္စကတော့ ဖြစ်နေတာပဲ။ ဖန်ကျန်းရှီက သူ့ကိုယ်သူ သတ်နေပြီ။ နာကျင်မှုကတော့ မခံမရပ်နိုင်လောက်အောင်ပဲ။ သစ်သီးက ညပ်နေပြီ။ …. ဒါပေမယ့် သူလည်း မထွေးနိုင် မအန်နိုင်။ ဒါမျိုးက ကိုယ်တိုင် ကြုံဖူးတဲ့ လူမှပဲ သိမှာ။ ဆိုးရိုးစကား တစ်ခု ရှိတယ်။ မင်း ဝါးနိုင်တာထက် ဘယ်တော့မှ ပိုမကိုက်နဲ့။ ဒါက လူတွေကို ဘောကသိပ်မကြီးဖို့ သင်ကြားထားတာ။ အခုတော့။ ဖန်ကျန်းရှီက အကျိုးဆက်တွေကို ခံစားနေရပြီ။
ဆိုးဝါးလိုက်တာ။ ဒါပေမယ့်လည်း သူ့မှာ ရွေးချယ်စရာမှ မရှိခဲ့ပဲ။ အခုတော့။ ဖန်ကျန်းရှီ ရဲ့ စိတ်ထဲမှာ ဝါးလိုက်ရင် အကောင်းသားလို့ တွေးမိနေတယ်။ အသက်ရှူရင်းနဲ့ ။ သူ့ဘေးက လူတွေကို လျစ်လျူရှုနေခဲ့တယ်။ အဲ့ဒီ့နောက်။ သစ်သီးကို လက်နဲ့ ထိုး လိုက်တယ်။
“ဘန်း ဘန်း ဘန်း။” ရိုက်ချက်တွေက ပဲ့တင့်ထပ်လာခဲ့တယ်။ တစ်ချက်ချင်းစီ တိုင်းမှာ။ ခရမ်းရောင် သစ်သီးက တစ်လက်မ လောက် ပို ဝင်လာခဲ့တယ်။ နောက်ဆုံးတော့။ လက်သီးချက် အချက် တစ်ရာရောက် ထိုးသွင်းပြီး နောက်မှာ။ သစ်သီးက သူ့ ပါးစပ်ထဲ ဝင်သွားခဲ့တယ်။ ဖန်ကျန်းရှီ အခုချိန်မှာ ပြဿနာ တက်နေပြန်ပြီ၊ သစ်သီးက လည်ချောင်းမှာ ဆို့နေခဲ့တယ်။ အောက်ဆင်းမလာဘူး။ သူ ဘာဆက်လုပ်ရမလဲ။ မေးခွန်း အတွက် အဖြေမရှိ။ ဘာကြောင့်လဲ ဆိုတော့။ ဒီ သစ်သီးကို ဗိုက်ထဲ ရောက်အောင် လုပ်ဖို့ နည်းလမ်း တစ်ခုပဲ ရှိတော့တယ်။ ထိုးထည့်ရမယ်။ ဒီ အချိန်မှာတော့။ ဖန်ကျန်းရှီ သူ့ လည်ပင်းတွေ မီးတောက်နေသလို ခံစားလိုက်ရတယ်။ မီးတောက်နေတဲ့ ဆီပူပူတွေကို ဂါလန်လိုက် လည်ပင်းထဲ လောင်းချနေရသလိုပဲ။
“ အား…” ဖန်ကျန်းရှီတစ်ကိုယ်လုံး တုန်ယင်လာခဲ့တယ်။ အဲ့ဒီ့နောက် ခြေထောက်တွေ ပျော့ခွေကျလာတော့တယ်။
“ သူ … နင်ပြီးတော့ သေတော့မှာလား။” နတ်ဆိုးတွေက အသက်မဲ့နေတဲ့ ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ ရှင်းယွမ်ကောင်းရဲ့ မျက်နှာကတော့ ခရမ်းရောင် ပြောင်းနေခဲ့ပြီ။ သူ့ရဲ့ ဒဏ်ရာတွေ ကြောင့်ကော။ အင်အား ယုတ်လျော့တာကြောင့်ကော မဟုတ်ခဲ့ဘူး ။ စိတ်ခံစားချက်ကြောင့် ဖြစ်လာတာ။ သူ့နှလုံးသားတွေ ကြေမွကုန်တော့မယ့် အတိုင်းပဲ။ အခု အသက်စွန့်ပြီးတော့ တိုက်ခိုက်နေရတာ ဘာကြောင့်များလဲ။ သူ့ရဲ့ မျှော်လင့်ချက်တွေကို ဘာကြောင့်များ လူတစ်ယောက် တည်း အပေါ် ပုံအော လိုက်မိတာလဲ။ ငါ့နှလုံးတွေ။ သူ မယုံနိုင်ဘူး။
မဟာမိတ် တပ်ပေါင်းစုတွေရဲ့ နှလုံးသားလည်း ကွဲကြေနေခဲ့တယ်။ ဒီလို ကိုယ့်သေတွင်း ကိုယ်တူးနေတဲ့ လူ အတွက်။ ဘယ်လိုများ တိုက်ခိုက်နေရတာလဲ။ အမှန်တရားက ခါးသီးတယ်။ သံတောင်ကုန်း နယ်မြေ နံရံပေါ်မှာ လူနှစ်ယောက် ရှိနေတယ်။
သူတို့ ထဲက တစ်ယောက်ကတော့ ။ အဖြူရောင် ကျောင်းတော်သား ဝတ်ရုံနဲ့ လူတစ်ယောက်ပဲ။ နောက်တစ်ယောက်ကတော့ တန်ဖိုးကြီး သားရေဝတ်ရုံကိုဝတ်ထားတဲ့သူ။ သူ့ကိုယ်မြှ သွေးတွေ စွန်းထင်းနေတယ်။ နန်ကုန်းဟောင်နဲ့ ရှန်လင်း။ သူတို့ တစ်ယောက်မှ တိုက်ပွဲထဲ မဆင်းကြဘူး။
“ မင်း ဘာကို စောင့်နေတာလဲ။” လူးလိမ့်နေတဲ့ ဖန်ကျန်းရှီကိုကြည့်ရင်း ။ ရှန်လင်း ခပ်ပြုံးပြုံးပြောတယ်။
“ ဘာမှ မစောင့်ဘူး။” နန်ကုန်းဟောင် ခေါင်းခါတယ်။
“ နန်ကုန်းဟောင်တောင် သေရမှာ ကြောက်နေမယ်လို့ မထင်ထားမိဘူး။” ရှန်လင်း လှောင်ရယ်တယ်။
“ တစ်ယောက်ယောက်တော့ နေရမယ်။” နန်ကုန်းဟောင် ထပ်ပြောတယ်။
“ နေရမယ်။” နန်ကုန်းဟောင်ကို လှည့်ကြည့်ရင်း ရှန်လင်း ပြောမိတယ်။ အရမ်းကို တည်ငြိမ်လွန်ေးနတဲ့ နန်ကုန်းဟောင်ကို မြင်တော့။ သူ့ဓားလက်ကိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိတယ်။
“ငါ့ဆီမှာ သဘောတူ စာချုပ်တစ်ခုရှိတယ်။ ကိစ္စမရှိရင် လက်မှတ်ထိုးလိုက်။” နန်ကုန်းဟောင်က ရွှေရောင် စာလွှာတစ်ခုကို ထုတ်လိုက်တယ်။
ရှန်လင်း ဆီကို ပြစ်ပေးတယ်။
“သဘောတူစာချုပ်ဟုတ်လား၊” ရှန်လင်းရဲ့ အမူအယာ ပြောင်းလဲသွားတယ်။ “ ဒါဆိုရင်…. မင်းကမှ တကယ့် သံတမန် အစစ်ပေါ့”
“ဟုတ်တယ်။ ” နန်ကုန်းဟောင် ခေါင်ငြိမ့်တယ်။
“ ငါ လက်မှတ်မထိုးရင် ဘာဖြစ်မလဲ။” ရှန်လင်း ရဲ့ အကြည့်တွေ အေးစက်သွားခဲ့တယ်။
“ အိမ်ရှေ့စံ။ ငါ နောက်တန်းမှာ ချန်ရစ်နေခဲ့တာ ဘာကြောင့်လို့များ ထင်လဲ။” နန်ကုန်းဟောင် ပြန်ဖြေတယ်။
“ နန်ကုန်းဟောင်။ မင်းက ပါရမီရှင် ဖြစ်ကောင်း ဖြစ်မယ်။ မင်းက ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ယှဉ်လို့ရမယ် ထင်နေတာလား။ ဒါပေမယ့်။ မင်းငါ့ကို တကယ်ပဲ သတ်နိုင်မယ်လို့ ထင်နေတာလား။” ရှန်လင်း ဖိအားပေးလာတယ်။
“ ကြိုးစားပြီး အဖြေရှာကြည့်ပါလား။” နန်ကုန်းဟောင်က ရှန်လင်းကို ကြည့်ရင်း ပြောတယ်။ သူ့ ဓားလက်ကိုင်ကို သူ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ ရှန်လင်းရဲ့ အမူအယာ ပြောင်းသွားခဲ့တယ်။ နန်ကုန်းဟောင်ကို သူကြည့်တယ်။ အဲ့ဒီ့နောက် နတ်ဆိုးစစ်သည်တော်တွေနဲ့ မဟာမိတ် တပ်ပေါင်းစုတွေကို ကြည့်နေခဲ့တယ်။ သူ အံကြိတ်လိုက်တယ်။
“ ငါးနှစ်။ လက်အောက်ခံ အဖြစ် ငါးနှစ်နေမယ်။” ရှန်လင်းက သူ့နေရာမှာတင် တုန်ယင်နေခဲ့တယ်။
“ဆယ်နှစ်။ အောက်ဆုံးမှာ ပါတယ်။“ နန်ကုန်းဟောင် ခေါင်းခါလိုက်တယ်။
“ ကောင်းပြီလေ။ ဆယ်နှစ်။ ဒါပေမယ့် ကိစ္စတစ်ခုတော့ ရှိသေးတယ်။ ” မြေပြင်ပေါ်မှာ အသက်ကင်းမဲ့သလို လဲလျောင်းနေတဲ့ ဖန်ကျန်းရှီကို ။ ရှန်လင်းကြည့်ရင်း ပြောတယ်။
“ ပဏ္ဍာ တော်ကို တစ်ဝက်ပဲ ဆက်နိုင်မယ်။”
“ စာချုပ်ထဲမှာ ပါပြီးသား။ လက်မှတ်ထိုးလိုက်။” နန်ကုန်းဟောင် ခေါင်းငြိမ့်တယ်။
“ ရေးထားပြီးသား ဟုတ်လား။ ” ရှန်လင်း မယုံကြည်နိုင်ဖြစ်နေတယ်။ စာလွှာကို ခပ်မြန်မြန်ပဲ ယူဖတ်ကြည့်တယ်။ နန်ကုန်းဟောင်ပြောတာ မှန်တယ်။ ရေးထားပြီးသားပဲ။ နောက်ပြီးတော့ ဆယ်နှစ် တာဆိုတဲ့ အကြောင်းရင်းကို သီးသန့်ခွဲခြား ရေးသားထားတယ်။ ပိုပြီး အရေးကြီးတာကတော့။ စာလွှာရဲ့ အဆုံးမှာတော့ အနီရောင် တံဆိပ်ပါနေခဲ့တယ်။ ဒါက ဧကရာဇ်ရဲ့ တံဆိပ်တော်ပဲ။
“ ငါ မမျှော်လင့်ထားမိဘူး…။ ဒီဖြစ်လာမယ့် ကိစ္စတွေ အကုန်လုံးကို ကြီးမြတ်သော ရှက တွက်ချက်ပြီးသား ဖြစ်နေမယ်လို့။ ဟ ဟား….။ မဆိုးဘူူးပဲ။” ရှန်လင်း ဟားတိုက်ပြီးပြောတယ်။ အဲ့ဒီ့နောက် သူ့ လက်တစ်ချောင်းကို ကိုက်လိုက်တယ်။ စာလွှာပေါ်မှာ လက်မှတ်ထိုးလိုက်တယ်။
ရှန်လင်း စကားမပြောတော့ဘူး။ တစ်ခဏတာတွေဝေနေပြီးတဲ့နောက်မှာတော့။ နန်ကုန်းဟောင်ကို ပြန်ပြစ်ပေးလိုက်တယ်။ နန်ကုန်းဟောင်ခေါင်းငြိမ့်တယ်။ ဘာမှ ပြန်မပြောဘူး။ စာလွှာကို ပြန်သိမ်းရင်းနဲ့။ ဓားကို ဆုပ်ကိုင်ထားခဲ့တယ်။ တစ်ခဏတာ အတွင်းမှာပဲ။ နံရံပေါ်ကနေ ခုန်ဆင်းလာတယ်။ ကောင်းကင်ပေါ်ကို ပျံတက်သွားတယ်။ ရှန်လင်းကတော့ နှုတ်ခမ်းကို ကိုက်ရင်းနဲ့သာ။ နန်ကုန်းဟောင် ပျောက်ကွယ်သွားတာကို ကြည့်နေခဲ့တယ်။ သူ့ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာတယ်။ သူ့ရဲ့ ကိုယ်တွင်း စွမ်းအားတွေ မငြိမ်မသက်ဖြစ်လာခဲ့တယ်။ ဒေါသ။ ပြင်းထန်လွန်းတဲ့ ဒေါသ။ ဒါပေမယ့် သူ့ ဒေါသကတော့ ထိတ်လန့်မှုနဲ့ ခပ်မြန်မြန် အစားထိုးသွားခဲ့တယ်။ သူ့ မျက်လုံးထောင့်ကနေ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရတာ ကြောင့်ပဲ။ မြေပြင်ပေါ်မှာ လဲှနေတဲ့ အသက်မဲ့ ခန္ဒာကိုယ်က ။ လူးလှိမ့်လာတယ်။
အပိုင်း(၄၅၉)ပြီး၏။
အပိုင်း(၄၆၀)
“ ဘယ်လောက်တောင် အကျည်းတန်လိုက်သလဲ။”
“ငါပဲ သွေးလေချောက်ခြားပြီးတော့ အမြင်မှားနေတာလား။” ရှန်လင်းက မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ သူကို ။ နောက်တစ်ခါ ပြန်ကြည့်လိုက်ပြန်တယ်။ သူ တကယ်ပဲ သေသွားတာလား။ ရှန်လင်း တွေးနေတဲ့ အချိန်မှာပဲ။ နန်ကုန်းဟောင်ရဲ့ ဓားက ချန့်ယန်း စီကို ရောက်သွားခဲ့ပြီ။ ကြည်လင်တဲ့ ဓား ထိပ်ဖျားကနေ အေးစက်တဲ့ အငွေ့အသက်တွေ ဖြာထွက်နေတယ်။ ထူထဲတဲ့ မြူနှင်းတွေက နန်ကုန်းဟောင်ကို ဖုံးအုပ်ထားခဲ့တယ်။ သူ့ကို အေးခဲနေတဲ့ လေထု အလွှာက ဖုံးအုပ်ထားခဲ့တယ်။ ချန့်ယန်းအပါအဝင် လူတိုင်းက နန်ကုန်းဟောင်ကို ကြည့်နေခဲ့တယ်။
သူမမြင်နိုင်ပေမယ့် ။ တောင်ကြီးတစ်လုံးလို တည်ငြိမ်နေခဲ့တယ်။ နောက်ဆုံးတော့လည်း သူက အင်အားကြီးတဲ့ ချန့်ယန်းပဲလေ။ ဘယ်အရာကမှ သူ့ကို မရိုက်ခတ်နိုင်ဘူး။ ချန့်ယန်းရဲ့ လှုပ်ရှားမှုကတော့ရိုးရှင်းတယ်။ ကြည့်ပျော်ရှုပျော် မရှိပေမယ့်။ နန်ကုန်းဟောင်ရဲ့ ဓားကတော့ လေထဲမှာ ရပ်တန့်နေခြ့တယ်။ သုခမိန် အလင်းတန်းထဲမှာ အမိဖမ်းခံလိုက်ရသလိုပဲ။ မမျှော်လင့်ထားတဲ့ ကိစ္စ တစ်ခုမှ မရှိခဲ့ဘူး။ ဒါပေမယ့် နန်ကုန်းဟောင် ရဲ့ အမူအယာကတော့ ပြောင်းလဲသွားခဲ့တယ်။ တည်ငြိမ်နေတဲ့ ကန်ကြီးထဲကို ကျောက်တုံးကြီး တစ်လုံး ပြစ်ချလိုက်သလိုပဲ။ သူ့ ခံစားချက်တွေ ရှုပ်ထွေးလာတာ မြင်သာလွန်းလှတယ်။
နောက အချိန် ခဏတာ အတွင်းမှာပဲ။ နန်ကုန်းဟောင်ရဲ့ ဓား တုန်ခါလာတယ်။ အဲ့ဒီ့နောက် ။ သူ လွင့်ထွက်သွားခဲ့တယ်။ သုခမိန် အလင်းတန်းထဲကနေ အရှိန်ပြင်းပြင်း နဲ့ ဆွဲထုတ်ခံလိုက်ရသလိုပဲ။ တိတိကျကျ ပြောရရင်။ ဓားက သူ့အလိုလို ဖယ်ရှားသွားခဲ့တာ ။ ထူးဆန်းတဲ့ ခံစားချက်ပဲ။ ပိုပြီး ထူးဆန်းတာက။ နန်ကုန်းဟောင် ရဲ့ ဓားကို အရိပ်တွေ အများကြီး ခွဲထွက်သွားခဲ့တာပဲ။ သူ နောက်ကို လွင့်ထွက်သွားသလို။ တည်ငြိမ်ဓားရဲ့ အခွဲတွေလည်း အများကြီး ပေါ်လာခဲ့တယ်။ တစ်ခုချင်းစီ တိုင်းက မူလဓားလိုမျိုး ကြည်လင်နေခဲ့တယ်။
“ ဟမ်…” ဓားက အော်မြည်တယ်။ ဒလက်တွေလိုမျိုး လည်လာခဲ့တယ်။ ချန့်ယန်းရဲ့ ဘေးပတ်လည်မှာ လေမုန်တိုင်း တစ်ခု ဖြစ်ပေါ်လာတော့တယ်။ တစ်ချိန်တည်းမှာပဲ မြင်ကွင်းထဲကနေ နန်ကုန်းဟောင် ပျောက်ကွယ်သွားတယ်။ ဓားရဲ့ တဝီဝီမြည်သံတွေ ပိုပြီးတော့ သိပ်သည်းလာခဲ့တယ်။ ရွှေရောင် သုခမိန် အလင်းတန်းကတော့ ။ လေမုန်တိုင်းကို ခုခံပြီး တွန်းထုတ်နေခဲ့တယ် ။
မြင်နေတဲ့ သူတွေ စိတ်လှုပ်ရှားလာခဲ့တယ်။ သုခမိန်အလင်းတန်းက ဘယ်လောက်တောင် အင်အားကြီးမှန်း သူတို့ သိတယ်။ သူတို့ ကိုယ်တိုင် မျက်မြင်တွေ့ကြုံနေရတာလေ။ ဒါပေမယ့် မရေမတွက်နိုင်တဲ့ အလင်းဓားတွေက။ သုခမိန် အလင်းတန်းထဲမှာ ဆက်ပြီးတော့ ကျယ်ပြန့် လာခဲ့တယ်။ တစ်ဝက်လောက်ကတော့ အလင်းရောင် ထဲမှာ ပြန့်ကျဲကုန်သလို။ နောက်တဝက်လောက်ကတော့။ မူလ အခြေအနေ အတိုင်း မုန်တိုင်းထဲမှာ လှည့်ပတ်နေခဲ့တယ်။ မုန်တိုင်းထက်တောင် ပိုပြီးတော့ သိပ်သည်းနေသေးတယ်။ သုခမိန် အလင်းတန်းကတော့ တဖြည်းဖြည်း ပြန်ပျောက်ကွယ်လာခဲ့တယ်။ မုန်တိုင်းကတော့ သူ့ အရှိန် အတိုင်း ဆက်ပြီးတော့ လည်ပတ်နေခဲ့တယ်။ တကယ့်ကို လန့်စရာ ကောင်းတဲ့ မြင်ကွင်းပဲ။ မုန်တိုင်း ရုပ်သိမ်းသွားတာထက် ပိုပြီးတော့ လန့်စရာကောင်းတာ ရှိနေသေးတယ။် ချန့်ယန်းရဲ့ ဝတ်ရုံမှာ အပေါက်တစ်ခု ဖြစ်သွားတာ ကြောင့်ပဲ။ သေးငယ်ပေမယ့်။ လူတိုင်း ကောင်းကောင်းမြင်နိုင်ကြတယ်။
“ဝိုး။”
နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြိုတပ်ဖွဲ့တွေ စိတ်လှုပ်ရှားလာကြတယ်။ ချန့်ယန်း သုခမိန် ဖြစ်ပြီးတဲ့နောက်မှာ။ သူ့ကို ပထမဆုံး ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာ။ နန်ကုန်းဟောင်ပဲ။ အနည်းဆုံးတော့။ သူ့ အကျီစကို ထိအောင် လုပ်နိုင်ခဲ့သေးတယ်။ မဟာမိတ် စစ်သည်တော်တွေ စိတ်ဓာတ် အင်အား ပြန်လည်တက်ကြွလာခဲ့တယ် ။ ရှန်လင်းရဲ့ နဖူးပေါ်မှာ ချွေးသီးချွေးပေါက်တွေ ပြည့်လာခဲ့တယ်။ နန်ကုန်းဟောင်က ဘာလို့ နောက်တန်းမှာ နေရစ်ခဲ့ရဲ လည်းဆိုတာရယ်။ သူစိန်ခေါ်တဲ့ အချိန်တုန်းက နန်ကုန်းဟောင် ပြောခဲ့တဲ့ စကားက ဘာကို ဆိုလိုလည်း ဆိုတာရယ် ။ နားလည်သွားခဲ့တယ်။ ဒါကြောင့်။ သူ့ ကျော်ရိုးထဲက စိမ့်ချမ်းလာခဲ့တယ်။
“နန်ကုန်းဟောင်။”
…
“ ကောင်းလိုက်တဲ့ တိုက်ကွက်။ တည်ငြိမ်ကို သုံးပြီးတော့ စည်းမျဥ်းတွေကို ပေါင်းစည်းပြစ်လိုက်တယ်။ ” ရှင်းယွမ်ကောင်း ကြည့်ရင်း နဲ့ ပြောနေခဲ့တယ်။
“ တည်ငြိမ်ကို သုံးပြီးတော့ စည်းမျဥ်းတွေကို ပေါင်းစည်းပြစ်တယ်။” ရှင်းယွမ်ကောင်း ပြောတဲ့ စကားကို ကြားတော့။ နဂါးတပ်ဖွဲ့ နဲ့ တောင်ဖြိုတပ်ဖွဲ့ တွေ ။ နားမလည်နိုင် ဖြစ်နေခဲ့တယ်။ အခုချိန်ကတော့ မေးဖို့ အချိန်ကောင်းမဟုတ်မှန်း သူတို့သိတယ်။
ချီကူယန်ကတော့ ကောင်းကင်ကို မော့ကြည့်နေခဲ့တယ်။ ဓားမုန်တိုင်းကို ကြည့်ရင်းနဲ့ သူမ တွေးတောနေခဲ့တယ်။ နန်ကုန်းဟောင် ဘယ်လောက်တောင် အင်အားကြီးမှန်း သိတဲ့သူ နည်းတယ်။ နန်ကုန်းဟောင်ကို သူ့မှာ ရှိသမျှ အစွမ်းကုန် အသုံးချပြီးတော့ တိုက်ခိုက်စေဖို့ ဖိအားပေးနိုင်တဲ့သူရှားပါးတယ်။ ချီကူယန်က သူတို့ ထဲက တစ်ယောက်ပဲ။
ချီကူယန် က နှစ်ထပ်ကွမ်း နဂါးချန်ပီယံ ထိပ်တန်း နေရာကို ချီကူယန် ယူလိုက်တဲ့ အချိန်တုန်းက။ နန်ကုန်းဟောင်လည်း အကောင်းဆုံး ကြိုးစား တိုက်ခိုက်ခဲ့တာပဲ။ ဒါပေမယ့် သူ ကျရှုံးခဲ့တယ်။
“ တည်ငြိမ်ကြောင့် အောင်မြင်တာ မဟုတ်ဘူး။ စည်းမျဉ်းတွေကို ကစားနိုင်လို့ပဲ အောင်မြင်တာ….။ ဒီလိုဆိုတော့…။ ငါ့မှာ ယုံကြည်ချက်တောင် မရှိတော့ဘူး။” ချီကူယန် သူမ ဘာ သူမ ပြောနေခဲ့တယ်။
“ ယန်လေး ဘာတွေ ပြောနေတာလဲ။” ပင်းယန် နားမလည်နိုင်ဘူး။
“ဘာမှ မဟုတ်ပါဘူး။” ချီကူယန် ခေါင်းခါလိုက်တယ်။
…
ကောင်းကင်မှာတော့။ ဓားတွေက တဝီဝီလည်နေခဲ့တယ်။ တည်ငြိမ်ဓားက ဖန်တီးနေတဲ့ ဓားမုန်တိုင်းက လေထုကို ထိန်းချုပ်ထားခဲ့တယ်။ ချန့်ယန်းက မလှုပ်ရှားဘူး။ မူလနေရာမှာပဲ ရပ်နေခဲ့တယ်။ ဒီအချိန်မှာပဲ အလင်းတန်း တစ်ခု ဖြတ်သန်းသွားခဲ့တယ်။ ချန့်ယန်းရဲ့ အကျီကို ဖြတ်သန်းပြီးတော့ အပေါက်တစ်ခု ဖြစ်သွားစေခဲ့တယ်။ အရင်တစ်ခေါက် တုန်းကတော့ ချန့်ယန်းရဲ့ အကျီလက်ကိုပဲ ဖြတ်ထွက်သွားခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့။ ဓားက သူ့ ရင်ဘတ်ကို ဖြတ်သန်းသွားခဲ့တာ။ သွေးထွက်သွားတဲ့ ပုံပဲ။ မဟာမိတ် တပ်ဖွဲ့တွေက တော့ ပျော်ရွှင်နေခဲ့တယ်။
“နန်ကုန်းဟောင်….”
“နန်ကုန်းဟောင်…”
“ …”
သူတို့ အားပေးနေခဲ့တယ်။ နတ်ဆိုးတွေရဲ့ တုံ့ပြန်မှုကတော့ ကွာခြားတယ်။ နတ်ဆိုးစစ်သည်တော်တွေကတော့ ဒေါသထွက်နေခဲ့တယ်။ နန်ကုန်းဟောင် ဘယ်ဗျူဟာကို သုံးနေကြလဲ ဆိုတာ သူသိတယ်။ ချန့်ယန်းက သုခမိန် ဖြစ်ပေမယ့်။ ချန့်ယန်း ဖြစ်နေတုန်းပဲလေ။ သူက တခြား သုခမိန်တွေနဲ့ ကွာခြားတယ်။ အသံအပေါ်ကို မူတည်ပြီးတော့ပဲ နေရာကို ခန့်မှန်းနိုင်ကြတာ။ နောက်ပြီးတော့။ သူရဲ့ ဘေးပတ်လည်က လှိုင်းတွေကို မူတည်ပြီးတော့ပဲ လှုပ်ရှားတာ။ အခုတော့ နန်ကုန်းဟောင်က နှစ်ခုစလုံးကို နှောက်ယှက်နေခဲ့ပြီ။
နောက်တစ်နည်းနဲ့ ပြောရရင်။ နန်ကုန်းဟောင်က သူ့ဓားကို ။ ချန့်ယန်းရဲ့ အမြင်အာရုံကနေ ပျောက်ကွယ်အောင် လုပ်ထားခဲ့တာ။ ထူးဆန်းတဲ့ အဖြစ်တစ်ခုကတော့။ နန်ကုန်းဟောင်ရဲ့ ဓားတွေ့ သုခမိန် အလင်းတန်း ထဲမှာ လည်ပတ်နေတာပဲ။ နန်ကုန်းဟောင် ဘယ်လိုများ လုပ်နေတာလဲ သူတို့ နားမလည်နိုင်ကြဘူး။ ဒီလိုပဲ သူတို့ မပျော်ရွှင်ကြဘူး။
“မဖြစ်နိုင်လိုက်တာ။”
သူတို့ ရဲ့ မျက်လုံးတွေက မျက်လုံးအိမ်ထဲကနေ ပေါက်ထွက်တော့မယ့် အတိုင်း ကြည့်နေခဲ့တယ်။ သူတို့တွေ အော်ဟစ်ကျိန်ဆဲလိုက်ချင်တယ်။ ဒါပေမယ့် နန်ကုန်းဟောင်ကတော့ ပညာရှိရှိ တိုက်ခိုက်နေခဲ့တာ။ စစ်ပွဲတစ်ခုမှာ အဓိက အကျဆုံး အချက်ကတော့ ။ နောက်ဆုံးရလာမယ့် ရလဒ်ပဲ။ ကြားထဲမှာ ဘာတွေ ဖြစ်ခဲ့လည်း ဆိုတာ ဘယ်သူမှ အာရုံမစိုက်ကြဘူး။
…
“မဆိုးဘူးပဲ။ နန်ကုန်းမိသားစုရဲ့ တပည့်သားတွေက။ တကယ့်ကို စိတ်မပျက်စေရဘူး…” ချန့်ယန်းရဲ့ အသံ ထွက်ပေါ်လာခဲ့တယ်။ သူ့နဖူးပေါ်က သင်္ကေတလည်း ဆက်လက်တောက်ပနေခဲ့တယ်။ နတ်ဆိုးတွေ အားလုံး ဒါကိုမြင်တော့ လန့်လာတယ်။ သူတို့တွေ ပါးစပ် အဟောင်းသား ဖြစ်ကုန်ကြတယ်။ ချန့်ယန်း ဘာလို့များ ဒါတွေ ပြောနေတာလဲ။ သူ့ရဲ့ တိုက်ခိုက်မှုကို လျော့ချနေတာနဲ့ အတူတူပဲ မလား။ သုခမိန် အလင်းတန်းရဲ့ ကာကွယ်မှုကို သူက ဘယ်လိုများ သတိလက်လွတ်ဖြစ်ရတာလဲ။ ဘယ်နတ်ဆိုးကမှ နားမလည်နိုင်ကြဘူး။ ယွင်ချင်းဝူလည်း ချန့်ယန်းကို ကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။
ဒီအချိန်မှာပဲ။ လေမုန်တိုင်းရဲ့ အလယ်ထဲမှာ လူရိပ်တစ်ခုပေါ်လာခဲ့တယ်။ မုန်တိုင်းထဲမှာ ပျော်ဝင်နေတဲ့ လူတစ်ယောက်ရှိနေတယ်။ သူ့လက်ထဲမှာ ဓားတစ်ချောင်း ရှိနေခဲ့တယ်။ ချန့်ယန်းရဲ့ နဖူးနဲ့ လက်မ အနည်းပဲ ကွာဝေးတဲ့ ဓားတစ်ချောင်း။ လေထဲမှာ သူ့ ရဲ့ တိုက်ခိုက်မှုကို တားဆီးတဲ့ အရာမရှိခဲ့ဘူး။ တိတ်ဆိတ်ပြီးတော့ ကြောက်မက်ဖွယ်ကောင်းတယ်။ ဒီ ဗျူဟာမှာ နာမည်တစ်ခု ရှိတယ်။ နဂါးဗျူဟာ ။
လူတိုင်းရဲ့ အကြည့်ကတော့ သူ့ ဓားပေါ်မှာ ရောက်နေခဲ့တယ်။ သူတို့တွေ အော်ဟစ် လိုက်ချင်ကြတယ်။ ဒါပေမယ့် မလုပ်နိုင်ကြဘူး။ ဓားက တကယ့်ကို မြန်ဆန်လွန်းနေတယ်လေ။ သူတို့တွေ အသံ တစ်သံတောင် မထွက်နိုင်ကြဘူး။
“ ကလန်။” ခပ်တိုးတိုး အသံတစ်ခု ထွက်လာခဲ့တယ်။ တိုက်ပွဲမှာ တကယ့်ကို အပြင်းထန်ဆုံးသော အချိန်ပဲ ။ အသံတွေ အကုန်လုံး ရပ်တန့်သွားခဲ့တယ်။ လက်နှစ်ဖက်။ ထိတွေ့သွားတယ်။ ဒီလက်နှစ်ဖက်ကြားမှာတော့။ ဓားတစ်ချောင်းရှိနေခဲ့တယ်။ နန်ကုန်းဟောင်ရဲ့ အမူအယာ ပြောင်းလဲသွားတယ်။
“ ဆရာကြီး … ခင်ဗျား….” နန်ကုန်းဟောင် မယုံကြည်နိုင် ဖြစ်နေခဲ့တယ်။ သူနှစ်ကြိမ်တောင် ကျရှုံးနေခဲ့တယ်။
“ ငါ့ နဖူးအပြင်။ တခြား ချိန်စရာ နေရာ မရှိတော့ဘူးလား။ ” ချန့်ယန်းရဲ့ အမူအယာ တည်ငြိမ်အေးဆေး နေခဲ့တယ်။ သူ့လက်ထဲက ဓားကို အသာလေး ဆုပ်ကိုင်ထားခဲ့တယ်။
“ ငါနားလည်ပြီ။” နန်ကုန်းဟောင် ခေါင်းငြိမ့်တယ်။ လူတိုင်းကတော့ တိဆိတ်နေခဲ့တယ်။ နတ်ဆိုးတွေက ပြုံးနေခဲ့တယ်။ သူတို့ တေါ မျှော်လင့်ချက် မဆုံးရှုံးသေးဘူး။
မဟာမိတ်တပ်ပေါင်းစုတွေကတော့ စိတ်ပျက်နေခဲ့တယ်။ သူတို့တွေ မျှော်လင့်ချက် ပျက်သုန်းသွားပြန်ပြီ။ ဒါက … နောက်ဆုံး အဆုံးသတ်ပဲလား။ စစ်ပွဲကြီးက ဒီနေရာမှာ အဆုံးသတ်တော့မှာလား။
“ သူ့မှာ ရွေးချယ် စရာမရှိတော့ဘူး။ ဒါပေမယ့် ငါ့မှာတော့ ရှိတယ်။ ”
အသံတစ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းသွားတယ်။ ဒီ အသံက ထူးထူးဆန်းဆန်းကြီးကို ကောင်းကင်ပေါ်ကနေ ထွက်လာတာ။ ကောင်းကင်ပေါ်မှာ ချန့်ယန်းနဲ့ နန်ကုန်းဟောင် နှစ်ယောက်တည်းရှိနေတာ။ တတိယလူမရှိဘူး။ ဒါပေမယ့် အသံကတော့ ကောင်းကင်ကနေ ထွက်လာတာ။ အတိအကျပြောရရင်။ ချန့်ယန်းရဲ့ နောက်ကနေ ထွက်လာတာ။ ရုတ်တရက်ကြီး ။ မမျှော်လင့်ထားတဲ့ အခြေအနေပဲ။ ချန့်ယန်း ရဲ့ အမူအယာလည်း ဖြူဖျော့ သွားခဲ့တယ်။ အသံထွက်လာတဲ့ အခြေအနေမှာပဲ ။ သူ့ဘဝမှာ တစ်ခါမှ မခံစားဖူးတဲ့ နာကျင်မှုမျိုးကို ခံစား လိုက်ရတယ်။
“သူမှာ ရွေးချယ်စရာမရှိပေမယ့် ။ ငါ့မှာတော့ ရှိတယ်။”
ဒီအသံက သူ့ စိတ်ထဲမှာ ပဲ့တင်ထပ်နေခဲ့တယ်။ သူ့စိတ်ထဲ တကယ့်ကို ခါးသက်သက် ခံစားနေရတယ်။ သူ့မှာ လည်း အားနည်းချက်ရှိတယ်လေ။ သူ့နဖူးက သူ့ရဲ့ အဓိက အားနည်းချက်ပဲ။ သူ့ကိုယ်သူ ကာကွယ်ဖို့ တခြား ဘယ်အရာကိုမှ ရပ်တန့်မှာ မဟုတ်ဘူးလို့ သူတွေးထားခဲ့တာ။ အခုချိန်မှာတော့။ သူ့မှာ နောက်ထပ် အားနည်းချက် တစ်ခု ရှိမှန်း သိလိုက်ရတယ်။ ဘယ်သူမှ မသိနိုင်လောက်တဲ့ နေရာတစ်ခုပေါ့။ ချန့်ယန်းက နာကျင်မှုတွေကို ခံနိုင်ရည် ရှိပါတယ်။ ဒါပေမယ့် အခုတော့ သူ့မျက်နှာ တစ်ခုလုံး နီရဲနေခဲ့ပြီ။
“ဖန်ကျန်းရှီ….” ချန့်ယန်း ရှက်ရွံ့ပြီး ဒေါသကြီး တစ်ကြီးနဲ့ အော်ဟစ်တယ်.။ သုခမိန်တစ်ယောက် အနေနဲ့။ ဒီနေရာကို ထိခိုက်ခံရမယ်လို့ မထင်မှတ်ထားမိဘူး။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ ။ နှစ်ကြိမ်တိုင်တိုင် သူ့ကို အရှက်ရအောင် လုပ်ခဲ့တယ်။ ဒေါသထွက်တယ်။ ရှက်ရွံ့တယ်။ ချန့်ယန်းရဲ့ ကိုယ်ခန္ဒာက ကောင်းကင်ပေါ်ကို ထိုးတက်သွားခဲ့သလို ။ မြေပြင်ပေါ်ကို အရှိန်ပြင်းပြင်း နဲ့ ပြုတ်ကျလာခဲ့တယ်။ တိတ်ဆိတ်သွားခဲ့တယ်။ အရင်တစ်ခေါက် တိတ်ဆိတ်မှုကတော့။ နှစ်သက် အ့သြမှုတွေကြောင့် တိတ်ဆိတ်သွားတာ။ အခု တစ်ခါကတော့ ။ ကြောက်ရွံ့ ထိတ်လန့်မှုတွေကြောင့် တိတ်ဆိတ်သွားခဲ့တာ။ ဘာကြောင့်လဲ ဆိုတော့။ အခု ဖြစ်သွားတာကို လူတိုင်းသိတယ်လေ။ ချန့်ယန်းရဲ့ နောက်မှာ ရပ်နေတဲ့ လူတစ်ယောက်ရှိနေတယ်။ အဝတ်မဲ့ပြီးတော့ သွေး အလိမ်းလိမ်းနဲ့ ခန္ဒာကိုယ်တစ်ခု။ ဒါပေမယ့် ဒီလူရိပ်က လူတိုင်းရဲ့ ကျောရိုးထဲကို စိမ့်ချမ်းသွားစေခဲ့တယ်။ သူ့ရဲ့ လက်နှစ်ဖက်ကို ယှက်သိုင်းထားခဲ့တယ်။ နန်ကုန်းဟောင်ရဲ့ ဓားကို ချန့်ယန်း ဖမ်းခဲ့တုန်းက ပုံစံ အတိုင်းပဲ။ ဒါပေမယ့် သူကတော့ လက်ညှိုးနှစ်ချောင်းကိုပဲ ထိစပ်ထားခဲ့တာ။ တစ်ချက်တည်းနဲ့။ သူ အပေါ်ကို ရောက်သွားတယ်။
ဖန်ကျန်းရှီ က နောက်တစ်ကြိမ် လှုပ်ရှားဖို့ရာတွေေ၀ မနေခဲ့ဘူး။ ဒီတစ်ကြိမ်မှာတော့။ သူ့ ခန္ဒာကိုယ်က အင်အား အကုန်လုံးကို အသုံးချလိုက်တာ။
“ တိုက်ခိုက်မယ်။”
အလုပ်ဖြစ်မယ်မှန်း သူကောင်းကောင်းသိတယ်လေ။ လူတိုင်းကတော့ ဖန်ကျန်းရှီကို စိုက်ကြည့်ရင်း မျက်လုံးပြူးနေခဲ့တယ်။ သေသွားတဲ့ လူတစ်ယောက်က ဘယ်လိုများ ပြန်ပေါ်လာနိုင်လဲလို့ သူတို့ တွေးနေကြတယ်။ သူ ဘယ်လိုများ အသက်ရှင်နေနိုင်သေးတာလဲ။
“သူမသေသေးဘူး….၊ ”
“ ဖန်ကျန်းရှီ အသက်ရှင်နေသေးတယ်။ ”
“ သူမသေဘူးလား။”
ဘယ်သူကမှ သူတို့ မျက်လုံးကို မယုံနိုင်ကြဘူး….။ ဖန်ကျန်းရှီ ဘယ်လိုများ အသက်ရှင်နိုင်သေးတာလဲ။ တာအို သစ်သီး အကြီးကြီးကြောင့်များ လား။ သူဘယ်လိုများ မျိုချလိုက်တာလဲ။ ဖန်ကျန်းရှီ အခုပဲ လုပ်လိုက်တဲ့ အတင့်ရဲလွန်းတဲ့ အပြုအမူကြောင့် ။ သူတို့ ပိုပြီး အံ့သြနေခဲ့တယ်။ အဲ့တာက သုခမိန်လေ။ သုခမိန်တစ်ယောက်ကို ဒီလို။ အရှက်မရှိတဲ့ နည်း လမ်းနဲ့ နှစ်ကြိမ်တောင် တိုက်ခိုက်ဝံ့တယ်။ ဘယ်လိုတောင် အတင့်ရဲလိုက်တဲ့ လူလဲ။ မဟာမိတပ်ပေါင်းစုတွေကတော့။ အခုသူတို့ ရှေ့မှာ ရပ်နေတဲ့ သူက ဘာမဆို လုပ်ဝံ့တဲ့ လူတစ်ယောက်လို့ တွေးထင်နေခဲ့တယ်။ ဒါပေမယ့်နတ်ဆိုးတွေ ကတော့ ဒီလို မတွေးခဲ့ပါဘူး။
“အရှက်မရှိလိုက်တာ။”
“ဘယ်လိုတောင် အတင့်ရဲလိုက်တဲ့ ကောင်လဲ။”
“ လုပ်ဝံ့လိုက်တာ။”
နတ်ဆိုး စစ်သည်တော်တွေ ဒေါသထွက်နေကြတယ်။ သူတို့ရဲ့ သုခမိန် က သူတို့ အတွေးထဲမှာ အင်အား အကြီးဆုံးဖြစ်တည်မှု တစ်ခုပဲ။ ဒါကို တောင် အရှက်တကွဲ အကျိုးနည်း ဖြစ်ရတယ်။ ပိုပြီး အရေးကြီးတာ။ ချန့်ယန်းက မြေပြင်ပေါ်ကို ဇောက်ထိုးကျလာရတာပဲ။ ဘယ်လောက်တောင် ရှက်စရာ ကောင်းလိုက်သလဲ။ ခံပြင်းစရာ ကောင်းလိုက်သလဲ။ နတ်ဆိုး စစ်သည်တော်တွေ လေးမြားတွေကို အသင့်ပြင်လိုက်ကြတယ်။ ဖန်ကျန်းရှီကို ပြစ်ချဖို့ သူတို့ တွေးနေခဲ့တယ်။
ဒါပေမယ့် သူတို့ ရဲ့ မြားတွေကို မပြစ်လွှတ်နိုင်ခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့။ မျက်လုံး တစ်စုံကို တွေ့လိုက်ရတာကြောင့်ပဲ။ ဖန်ကျန်းရှီ ရဲ့ မျက်လုံး တစ်ဖက်က ခရမ်းရောင်ရင့်ရင့် ဖြစ်နေခဲ့တယ်။ နောက်တစ်ဖက် ကတော့ အရောင်စုံတောက်ပနေခဲ့တယ်။ အနီရောင် ၊ အစိမ်းရောင်၊ အဝါရောင်၊ ။ အိမ်မက်ဆိုးတွေထဲမှာတောင် တစ်ခါမှ မမက်ဖူးတဲ့ ။ မတွေးမမြင်ဖူးတဲ့ ကြောက်မက်ဖွယ် မျက်ဝန်းတွေ။
အပိုင်း(၄၆၀)ပြီး၏။