← Chapters

အပိုင်း (၄၇၁-၄၈၀)

Vol. 5 Ch. 471-480

အပိုင်း (၄၇၁-၄၈၀)

Vol. 5 Ch. 471-480

အပိုင်း (၄၇၁)

“ ဘောင်းဘီကျွတ်နေပြီ။”

Translator:JTJTY97 | Editor: JTJTY97 /Sparrow Translations …  

ဖန်ကျန်းရှီက ဘုရင် ကို ပြစ်မှတ်ထားပြီးတော့ ကစားနေခဲ့တာ။ ဘုရင်က ရှန်းယွီ မင်းသမီးကို စိတ်ကြိုက် ရွေးချယ်ခွင့်ပေးမယ် ဆိုပေမယ့် လည ်း။ ဘယ်ဖခင်ကမှ သူ့ သမီးတော် တွင်းထဲ ရောက်သွားမှာကို မမြင်ရက်ဘူး။ ဖန်ကျန်းရှီ က အချိန် မရွေးသေသွားနိုင်တာကို သိနေရဲ့သား နဲ့ ။ သူ့သမီးတော်ကို လက်ထပ်ခိုင်း မှာတော့ မဟုတ်ဘူး ။ ဒါကြောင့် ဖန်ကျန်းရှီက အခြအနေတွေကို ဒီ တစ်လျှောက်လုံး ထိန်းချုပ်ထားခဲ့တာ။

ဒါပေမယ့် အသားကင်ထဲမှာ အဆိပ်ခတ်ထားတာကကော။ အရက်အမူးလွန်လို့ ဒီလို ဖြစ်တာလား။ အရက်မူးတာကြောင့် လို့တော့ ဖန်ကျန်းရှီ မထင်ဘူး။ သူ့ရဲ့ ပတ်ဝန်းကျင်က အသံတွေကိုလည်း ကောင်းကောင်း ကြားနိုင်တယ်။ ဦးဏှောက်ကလည်း အလုပ်လုပ်နေတုန်းပဲ။ ဒါပေမယ့် ခေါင်းက အရမ်းလေးပြီးတော့ ။ တစ်ကိုယ်လုံးက လေထဲ လွင့်နေသလိုပဲ။ ကိုယ့်ခန္ဒာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းပျောက်နေခဲ့တယ်။ ကိုယ်ထဲက အရိုးတွေတောင် ဂျယ်လီလို ပျော့ခွေ သလိုပဲ ။

သေစမ်း။ သူတို့တွေဘာလို့များ အသားကင်မှာ အဆိတ်ခတ် ထားကြတာလဲ။ ဖန်ကျန်းရှီ မသိဘူး။ ဒါပေမယ့် သူ့ ဘေးပတ်လည်က အသံတွေ့ိုတော့ ကောင်းကောင်း ကြားနိုင်တယ်။

“ သတိထားကြ။”

“ အမတ်မင်း ဖန်က အတော့်လေး မူးနေတာ။”

“ သူဒီလောက်တောင် သောက်လိုက်မှတော့ ဒီလို ဖြစ်လာတာ မဆန်းပါဘူး။”

“ အမတ်မင်း ဖန်အတွက် အခန်း ပြင် ထားပြီးပြီ ။ ကျွန်တော် လိုက်ပို့လိုက်မယ်။ ”

အသံတွေ က သူ့ အနားမှာ ရစ်ဝဲနေခဲ့တယ်။ အမျိုးသား အသံတွေကော အမျိုးသမီး အသံတွေကော။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ သူ့ကို မချီတာ ခံလိုက်ရတယ်။ အထိအတွေ့အက အရမ်းကို နူးညံ့လွန်းလို့။ အမျိုးသမီး နှစ်ယောက်ဆိုတာ ပြောနိုင်တယ်။ အမျိုးသမီးတွေရဲ့ မွှေးရနံ့ကိုလည်း သူ့ နှာခေါင်းထဲမှာ ရလိုက်တယ်လေ။

“ ဒီကောင် မူးချင်ယောင် ဆောင်နေတာပဲ။”

“ သူတကယ်မမူးမှန်း နင်ဘယ်လိုသိလဲ။”

“ သူ့ဘက်တွေ ဘယ်နေရာရောက်နေလဲ ကြည့်လိုက်စမ်း။”

“ ဝိုး။ ဒီကောင်က အစေခံတွေကိုတောင် လက်သရမ်းနေတာ။ ဒီလောက် အရှက်မရှိတဲ့ကောင်ကို မမြင်ဖူးဘူး။” ဖန်ကျန်းရှီ သူ့ ဘေးက ကျောင်းတော်သားတွေရဲ့ အသံကို ကြားနေရတယ်။

(“မူးချင်ယောင်ဆောင်နေတယ်ဟုတ်လား။ မိုးမေလင်းလိုက်။ ” ) ဖန်ကျန်းရှီ အော်ဟစ်လိုက်ချင်တယ်။ ဒါပေမယ့် သူ့ကိုယ်ခန္ဒာက အမိန့် မနာခံဘူး။ အဲ့ဒီ့နောက် သူကြားရတဲ့ အသံက တဖြည်းဖြည်း တိုးသထက် တိုးလာတယ်။ အကယ်၍ သူ ခန့်မှန်းတာသာ မှန်မယ်ဆိုရင်။ ညီလာခံ ခန်းမထဲကနေ သယ်သွားခံရပြီးတော့။ အနားယူ တဲ့နေရာကို ရောက်သွားမယ်။

ဖြစ်နိုင်ချေရှိပါတယ်။ တစ်ယောက်ယောက်က သူ့ကို ဒီမှာ သတ်ရင်တော့ ။ အကြမ်းပတမ်း ဖြစ်လွန်းသွားမယ်လေ။ အကယ်၍ သူသာ ဒါမျိုး ဖြစ်လာမယ်မှန်းသိရင်။ ရှန်းယွ မင်းသမီးကိုပဲ လက်ထပ်လိုက်မှာပေ့ါ။ ဒါမှ အသက်ရှင်ဖို့ အခွင့်အရေးရှိအုန်းမယ်။

အစေခံ နှစ်ယောက်က အတော့်ကို မြန်တယ်။ သိပ်မကြာခင် အချိန်မှာပဲ။ တံခါးဖွင့်သံကို ဖန်ကျန်းရှီ ကြားလိုက်ရတယ်။ သူက အိပ်ခန်းထဲကို ရောက်လာတယ်။ ဒါပေမယ့် ဒီနေရာမှာ သူ့ကို သတ်မယ့် သူတော့ မရှိခဲ့ဘူး။ ဘာတွေ ဖြစ်နေတာလဲ။

သူက မခုခံနိုင်တဲ့သူလေ။ အခုချိန်မှာ အသေသတ်ကြမှာ မဟုတ်ဘူးလား။ ဘာတွေ ဖြစ်နေတာလဲ။ ဖန်ကျန်းရှီ မတွေးတတ်တော့ဘူး။ သူစားတဲ့ အသားကင်မှာ အဆိပ်ခတ်ပြီးတော့။ မလှုပ်မရှားနိုင်တော့တာနဲ့ သတ်မှာ မဟုတ်တော့ဘူးလား။ ဒါပေမယ့် သူ့ ကိုယ်ထဲထွင်းဖောက်သွားတာမျိုး တစ်ခါမှ မကြုံရသေးဘူး။ ဘာတွေ ဖြစ်နေတာလဲ။ ငါ့ကို မလုပ်ကြံကြဘူးလား။ ဖန်ကျန်းရှီ အတော့်ကို စိတ်ရှုပ်ထွေးနေတယ်။ သူ့ကို အနားယူစေဖို့ အဆိပ်ခတ်တာလား။ ဖြစ်နိုင်မယ် မထင်ဘူး။ သူတို့ သုံးတာ အဆိပ်မှားသွားတာလား။ ဒါမှမဟုတ် လူမှားပြီးတော့ အဆိပ်ခတ်တာလား။

ဖန်ကျန်းရှီလည်တွေးမိပါတယ်။ ဒီကိစ္စမျိုးက ဖြစ်နိုင်ချေ မရှိဘူးလို့။ အစကနေ အဆုံး အထိ သူ့ကိုပဲ ပြစ်မှတ်ထားခဲ့တာလေ။ ဒါပေမယ့် ဘာမှလည်း ဖြစ်မလာခဲ့ဘူး။ သူတွေးနေတဲ့ အချိန်မှာပဲ တစ်ခုခု ဖြစ်လာခဲ့တယ်။ အမျိုးသမီး လက်တစ်စုံက သူ့ အဝတ်အစားတွေကို ချွတ်နေခဲ့တယ်။ အစေခံလား။ သူ့ရဲ့ အပေါ်ရုံကို ချွတ်နေတာပဲ ဖြစ်ရမယ်။ ဖန်ကျန်းရှီ အများကြီးမတွေးတော့ဘူး။ သူ့ရဲ့ အကျီတွေကို ချွတ်ပြီးတဲ့နောက်မှာ။ လက်တွေက ရပ်တန့်သွားမယ့် ပုံစံ မရှိခဲ့ဘူး နေစမ်းပါအုန်း။

သူတို့တွေ ဘာလုပ်နေကြတာလဲ။ ငါ ကိုယ်လုံးတီးနဲ့တော့ မအိပ်နိုင်ဘူးလေ။ ရပ်စမ်း။ ငလူးပဲ။ သူတို့ ဘာလို့ မရပ်သေးတာလဲ။ မဖြစ်နိုင်ဘူး။ အစေခံတွေကတော့ သူ့ကို ဒီလို လက်သရမ်းရဲမှာ မဟုတ်ဘူး။ အခုကိစ္စမှာ သူ့ကိုယ်သူ ကံကောင်းလွန်းတာလား။ ကံဆိုးလွန်းတာလား။ နားမလည်နိုင်တော့ဘူး။ အစေခံ တစ်ယောက်က ဒီလောက်အထိ အတင့်ရဲမှာမဟုတ်ဘူး။ သူတို့ သခင် အမိန့်ပေးလို့ပဲ ဖြစ်ရမယ်။

သူက အစေခံ တစ်ယောက်နဲ့ အတူ အိပ်ရတော့မှာလား။ ဖန်တရာတေနေတဲ့ ဒီစက်ဝန်းကြီးရဲ့ ရလဒ်ကို သူသိတယ်။ ဘာတွေ ဆက်ဖြစ်မလဲ သိပေမယ့်။ သူက အခုထိလူပျိုစစ်စစ်လေး လေ။ လူပျိုစင်ဘဝကို အစေခံ တစ်ယောက်ဆီမှာ ပေးအပ်လိုက်ရတော့မှာလား။ အနည်းဆုံးတော့။ သူမ ဘယ်လိုပုံစံ ရှိမှန်းတော့ သိသင့်တယ် မဟုတ်ဘူးလား။ ရုပ်ချောမချောတော့ သိချင်သေးတယ်လေ။ ဒါပေမယ့် အခုတော့ ဘာဆိုဘာမှ မမြင်ရဘူး။ အဓမ္မကျင့်ခံရတာမျိုး အဖြစ်မခံနိုင်ဘူး။ ဖန်ကျန်းရှီ ခုခံချင်တယ်။

အစေခံတွေနဲ့ အိပ်တယ်ဆိုတဲ့ ကိစ္စကို သူ မမုန်းပါဘူး။ ဒါပေမယ့် ဒီကိစ္စမျိုးက နှစ်ဦးနှစ်ဖက် ဆန္ဒရှိမှ ဖြစ်နိုင်တာ။ ဖြစ်နိုင်မလား ။ ရှန်လင်းက သူ့ကို အဆိပ်ခတ်တဲ့သူလား။ သူ့ရဲ့ ရည်ရွယ်ချက်က ဖန်ကျန်းရှီကို အပြစ်သင့်အောင် လုပ်ပြီးတော့ ။ အစေခံတစ်ယောက်ကို အဓမ္မ ကျင့်စေလိမ့်မယ်။ ရှန်းယွီ မင်းသမီးကို ဒီကိစ္စ မျက်မြင်တွေ့စေပြီးတော့ အသည်းကွဲအောင် လုပ်လိမ့်မယ်။ ဖြစ်နိုင်ချေ ရှိပါတယ်။

ဒါပေမယ့် အသားကင်ကို ဘာလို့ သုံးရတာလဲ။ ရှန်လင်းတော့ မဖြစ်နိုင်ဘူး။ ရှန်းယွီ မင်းသမီးကို သူ လက်မထပ်ချင်ဘူးလေ ။ ဖန်ကျန်းရှီ ဒီကိစ္စ ကို အော်ဟစ် ပြီးမေးလိုက်ချင်တယ်။ ဒီလို အောက်တန်းကျတဲ့ နည်းလမ်းကို ဘာလို့များ သုံးနေတာလည်း ။ အပြစ်မရှိတဲ့ အစေခံ လေးကို မသနားကြဘူးလား။ ဖန်ကျန်းရှီ ဒေါသထွက်လာတယ်။

ဒါပေမယ့် သူ့ ဒေါသကို အေးခဲမှု တစ်ခုက အစားထိုးသွားခဲ့တယ်။ သူ့ရဲ့ အကျီတွေ အကုန်လုံး ဆုတ်ဖြဲခံနေရတယ်။ လက်တစ်စုံက ခပ်မြန်မြန် လှုပ်ရှားနေခဲ့တာ။ ဖြန်ကျန်းရှီ ပြောနိုင်တာကတော့ ဒါက အိုမင်းနေတဲ့ လက်တစ်စုံပဲ။ ငလူး။ ဘာတွေ ဖြစ်နေတာလဲ။

အနည်းဆုံးတော့ ငယ်ငယ်ချောချောလေး ပေးသင့်တယ် မဟုတ်ဘူးလား။ အဖွားကြီးရဲ့ လက်ထဲမှာ လူပျိုရည် အပျက် မခံနိုင်ဘူး။ မလုပ်ရဘူး။ မလုပ်ရဘူး။ ဒီလို ကိစ္စ မဖြစ်ရဘူး။ မလုပ်ရဘူး။ မလုပ်ရဘူး။ အား ……။ ဘောင်းဘီတော့ မချွတ်ရဘူးလေ ။

ဖန်ကျန်းရှ ဒေါသထွက်ပြီး ရှက်ရွံ့ နေခဲ့တယ်။ အစေခံ တစ်ယောက်စော်ကားတာ ခံရမယ်လို့ မထင်ထားခဲ့မိဘူး။ သူတွေးနေတဲ့ အချိန်မှာပဲ။ နူးညံ့တဲ့ ခံစားချက် တစ်ခုကို ခံ စားလိုက်ရတယ်။ သားရေ ခြုံစောင်လား။ အဲ့ဒီ့နောက် ခြေသံ တွေ နီးကပ်လာတာကို ကြားလိုက်ရတယ်။ ပြီးတော့ တံခါး ပွင့်လာတယ်။ အဲ့ဒီ့နောက် တံခါးပြန်ပိတ်သွားတယ်။ လုပ်ကြံခံရတာတွေမရှိဘူး။ ဘာမှ မဖြစ်လာသလိုပဲ။ ခြုံစောင်နဲ့ အိပ်ယာက အရမ်းကို သက်တောင့်သက်သာရှိလွန်းတယ်။ ဖန်ကျန်းရှီလည်း တစ်ခုခု မှားနေမှန်းတော့ သိပါတယ်။ အစေခံလည်း ထွက်သွားခဲ့ပြီ။ ဘာတွေဖြစ်နေတာလဲ။ သူ့ ဘောင်းဘီကိုတောင် ချွတ်သွားသေးတယ်။ ဒါက ဘာလုပ်တာလဲ။

သေစမ်း။ စိတ်ရှုပ်စရာကောင်းလိုက်တာ။ အချိန်တွေ တဖြည်းဖြည်း ကုန်သွားခဲ့တယ်။ ဆယ့်ငါးမိနစ်။ တစ်နာရီ။ ဖန်ကျန်းရှီ အိပ်ယာပေါ်မှာ လဲလျောင်းနေခဲ့တယ်။ သူ့ ဘေးပတ်လည်မှာလည်း တိတ်ဆိတ်နေခဲ့တယ်။ ထူးဆန်းနေပင်မယ့်လည်း ဖြစ်နေတာကတော့ ဒီ အတိုင်းပဲ။ အဆိပ်ခတ်ပြီးရင် ဘာလုပ်ကြမလို့လဲ။ (ထူးခြားနေတယ်) ဆိုတဲ့ စကားကို မသုံးချင် ပေမယ့်လည် ။ အခု အဖြစ်ကတော့ တကယ့်ကို ထူးဆန်းနေ ခဲ့တယ်။

သူနောက်ထပ် မတွေးတော့ဘူး။ နောက်ဆုံးတော့လည်း သူက အရက်အများကြီး သောက်ထားခဲ့တာလေ။ ဒါ့အပြင် အတော် စိတ်ပင်ပန်းနေခဲ့တာ။ အိမ်မက်မက်တော့တယ်။ မြောက်ရွာကအိမ်ကို ပြန်ရောက်သွားခဲ့တယ်။ အခုတော့။ လမ်းပန်းဆက်သွယ်ရေးကလည်း အတော့်ကို တိုးတက်နေခဲ့ပြီ။ သူ့ရဲ့ ကျောင်းတော်ကြီးကလည်း အခုချိန်မှာ အရမ်း ဖွံ့ဖြိုးနေပြီ။

“ကောင်းကောင်း စာသင်ကြ။”

“ ပျင်းနေတာ ရပ်လိုက်တော့။ ပျင်းတယ်ဆိုတာ ဘယ်နေရာမှမှ အသုံးမဝင်ဘူး။ ”

“ စံပြဖြစ်အောင်နေကြ။ ဖန်ကျန်းရှီ ဆီကနေ သင်ယူရမယ်။ သူက မင်းတို့ရဲ့ စံပြပဲ။ တာအိုနိယာမကို ကောင်းကောင်းသင်ယူပြီးတော့ သူ့လို အောင်မြင်အောင် လုပ်ကြ။”

“ ဟုတ်ကဲ့။” မြောက်ရွာ တစ်ခုလုံး လှုပ်ရှားသက်ဝင်နေခဲ့တယ်။ ကုန်သည်တွေလည်း အများကြီးရောက်နေတယ်။ ကျန်းယန်ဖိန်က ရွာရင်ပြင်မှာ ထိုင်နေပြီးတော့။ သူ့မျက်နှာက ပြုံးရွှင်နေခဲ့တယ်။ ဖန်ဟို့ဒဲ ၊ ချီရှင်းလိန်နဲ့ တခြားရွာသား တွေက သူ့ နောက်မှာ ရပ်နေခဲ့တယ်။

“ ငါကြားတာတော့ ကျန်းရှီက ဒီတစ်ခါ ဂုဏ်ထူး ဆောင်ခဲ့တယ် ဆိုပဲ။ သူ ဘယ် အချိန်ပြန်လာမလဲ သိချင်လိုက်တာ။ ”

“ သိပ်မကြာခင် ပြန်လာတော့မယ် ထင်တယ်။ သူလမ်း မှာရောက်နေပြီလို့ကြားတယ်။”

“ ကောင်းတာပေါ့။ သူပြန်လာရင်။ ငါတို့ ရွာ တော့ နောက်ထပ် အောင်မြင်အုန်းမှာပဲ ။ ”

“ ပုံမှန်အတိုင်းဆိုရင်တော့ ဒီလို ဖြစ်မှာတော့။ ဒါပေမယ့် အခုဆို ကျန်းရှီက အဆင့်မြင့် အမတ်မင်း ဖြစ်နေခဲ့ပြီ။ ဧကရာဇ်ကတောင် သူ့ကို နယ်မြေ အပိုင်စား ပေးလောက်တယ်။ ဒါက ငါတို့ရဲ့ မြောက်ရွာလည်း ပါမလား ။ ”

“ ဒါဆိုရင်တော့ ကောင်းမှာပဲ။ ငါတို့ တွေ အခွန်ဆောင်စရာ မလိုတော့ဘူးပေါ့ ။”

“ မင်းဘာတွေ ပြောနေတာလဲ။ ငါတို့ရွာ လောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး။ ကျန်းရှီက ဒီတစ်ခေါက် အများကြီး စွမ်းဆောင်ထားတာ။ ဖြစ်နိုင်တာ သူက ဟွေ့အန်းဒေ သ တစ်ခုလုံးကိုတောင် အပိုင်စားရနိုင်သေးတယ်။ ”

“ ဒါဆိုရင် သူတော့ ဘုရင် ဖြစ်လာတော့မှာပဲ။”

“ ဟ ဟား….။ ကျန်းရှီ ကောင်းကေငာင်း လုပ်နိုင်ခဲ့တာပဲ။ ကောင်းလိုက်တာ။” ဖန်ဟို့ဒဲ နဲ့ ချီရှင်းလိန်ကတော့။ ကျေနပ် အားရမှု အပြည့်နဲ့ ခေါင်းငြိမ့်နေခဲ့တယ်။ သူ့ မိဘတွေရဲ့ ပြုံးပျော်နေတဲ့ မျက်နှာကို မြင်တော့ ဖန်ကျန်းရှီ ပြုံးမိတယ်။ ဒီအချိန်မှာပဲ။ သူ့ နားထဲ အသံကြားယောင်လာတယ်။

“အရှင်မင်းသမီးကို နှုတ်ခွန်းဆက်ပါတယ်။”

“မင်းသမီး။ ဘာ မင်းသမီးလဲ။” တံခါးဖွင့်သံကြားတော့ ဖန်ကျန်းရှီ လန့်သွားတယ်။ အဲ့ဒီ့နောက် ခြေသံတွေကို သူကြားလိုက်ရတယ်။ ခြေသံတွေက သူ့ အနားကို နီးလာခဲ့တယ်။ နေစမ်းပါအုန်း။ ဘယ်က မင်းသမီး က သူ့ဆီရောက်လာတာလဲ။ သူက မြောက်ရွာမှာ ရောက်နေတာလေ။ မဟုတ်ဘူး။ သူက တောင်ပိုင်းဒေသမှာ ရှိနေတုန်းပဲ။ တော င်ပိုင်းဒေသ မင်းသမီး။ ရှန်းယွီပဲ။

ဘာကိစ္စ သူ့ အခန်းထဲကို လာရတာလဲ။ သူက အိပ်နေတာလေ။ နောက်ပြီးတော့ ကိုယ်လုံးတီး ဖြစ်နေတာ။ ဘာများ လာလုပ်တာလဲ။ မဖြစ်နိုင်ဘူး။ ငါ့ကို အဓမ္မကျင့်မလို့လား။

ဖန်ကျန်းရှီ ရှန်းယွီ ချက်တာကို စား သောက်ပြီးနောက် သတိလစ်သွားတာကို ပြန်တွေးမိတယ်။ သူ့ကို အဆိပ်ခတ်တာ ရှန်းယွီလား။ ဒါပေမယ့် ဘာလို့လဲ ဘာလို့ ဒီလို လုပ်ရတာလဲ။ နေစမ်းပအုန်း။ သူမကို လက်မထပ်ချင်ဘူးဆို သိရဲ့သားနဲ့။ ဘ ယ်လိုများ အတင်းဖိအားပေးပြီးတော့ လုပ်နေတာလဲ။ ဒီလို အောက်တန်းကျတဲ့ နည်းလမ်းကို ဘာလို့ သုံးရတာလဲ။

ရှန်းယွီက လှပပြီးတော့ ဆွဲဆောင်နေပင်မယ့်။ သူနဲ့ တော့ မလိုက်ဖက်ဘူး။ အခုတော့ ဘယလိုလုပ်ရမလဲ။ မျက်စိစုံမှိတ်ပြီး ဒီအတိုင်းနေရမှာလား။

ရှန်းယွီက ဘယ်လို အနေအထားမျိုးကို ကြိုက်တာလဲ။ အပေါ်က နေရတာလား။ ဒါပေမယ့် သူကတော့ အဲ့တာမျိုး မကြိုက်ဘူး။ ဖန်ကျန်းရှီက သူ့ မိန်းမကို လွှမ်းမိုးချင်တာ။ ခြေသံတွေနီးလာတာကို ဖန်ကျန်းရှီ ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် အသံတစ်ချို့။ တစ်ယောက်ယောက် က အဝတ်အစား ချွတ်နေတဲ့ပုံစံပဲ။ ဖန်ကျန်းရှီရဲ့ စိတ်ခံစားတွေ ရှုပ်ထွေးလာတယ်။ သူတို့တွေက အရမ်း ပွင့်လင်းမှန်း သိပါတယ်။ ဒါပေမယ့် သူ့ကို မင်းသမီးတစ်ယောက်က အဓမ္မ ပြုကျင့်တာ မျိုးကတေ့။ ဒါက ဘယ်လို အခြေအနေ မျိုးကြီးလဲ ။

အပိုင်း(၄၇၁)ပြီး၏။

အပိုင်း(၄၇၂)

“ တစ်ခုခုတော့ လွဲနေပြီ။”

သူဘာလုပ်ရတော့မလဲ။ အခု ဘာလုပ်ရတော့မလဲ။ အဓမ္မကျင့်ခံရတော့မယ်။ အဓမ္မ ကျင့်ခံရတော့မယ်။ ဖန်ကျန်းရှှီ စိတ် ထဲမှာ ရုန်းကန်နေမိတယ်။ ခြေသံတွေကနီးကပ်လာခဲ့တယ်။ အဲ့ဒီ့နောက်။ ခြေသံတွေကနီးကပ်လာသလို။ သူ့ အိပ်ယာကြီးပေါ်က စောင်လည်း မြင့်တက်သွားခဲ့တယ်။ အိပ်ယာတုန်ခါသွားတာကို သူခံစားမိလိုက်တယ်။ သိသာပါတယ်။ ရှန်းယွီက အိပ်ယာပေါ်ကို ရောက်နေပြီ။

“ သူဝင်လာပြီ။ အိပ်ယာထဲ ဝင်လာပြီ။ ” ဖန်ကျန်းရှီ စိတ်ထဲမှာ အော်ဟစ်နေခဲ့တယ်။ ရှန်းယွီမင်းသမီး က ရူးနေသလိုပဲ။ အနည်းဆုံးတော့။ သက်တောင့်သက်သာ ဖြစ်အောင် စကားနဲ့ နှစ်သိမ့် ပေးရမှာ မဟုတ်ဘူးလား။ အနည်းဆုံးတော့ ညင်ညင်သာသာ လုပ်မယ်ဆိုတာပြောသင့်တယ်လေ။ ဒါပေမယ့် ရှန်းယွီကတော့ စကားတစ် ခွန်းတောင် မပြောခဲ့ဘူး။

“ စနေပြီလား။” ဖန်ကျန်းရှီ သူ့ ဘာသူတွေးနေမိတယ်။ ရှန်းယွီက သူ့ကို ဘာတွေ လုပ်မလဲ သူမတွေးတတ်ဘူး။ ဒါ မှမဟုတ် ။ ဘယ်လို ပုံစံနဲ့ လုပ် မယ်ဆိုတာကိုပေါ့။ ပိုပြီး အရေးကြီးတာ။ သူမ ဘယ်လို စတင် မယ်ဆိုတာကိုပဲ။

တကယ်တော့ ဖန်ကျန်းရှီက ဒီနေရာကနေ ထွက်သွားချင်ပြီ။ ဒါပေမယ့် သူ့ ကိုယ်ခန္ဒာ က မလှုပ်ရှားနိုင်ဘူး။ သူ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက စောင့်ဆိုင်းဖို့ပဲ။ ရှန်းယွီ လုပ်ချင်တာ လုပ်ပါစေ။

တစ်ခုခုတော့ လွဲနေပြီ။ နေစမ်းပါအုန်း။ အချိန်အတော်ကြာ ရပ်တန့်ပြီးတဲ့နောက်။ ရှန်းယွီက သူ နဲ့ အသားချင်း မထိမှန်း ဖန်ကျန်းရှီ နားလည်သွားတယ် ။ သူ အိပ်ပျော်သွားတာလား။ အိုး။ ဘာတွေ ဖြစ်နေတာလဲ။ ဖန်ကျန်းရှီ စိတ်ရှုပ်ထွေးလာတယ်။ ရှန်းယွီက သူ့ကို ဝံပုလွေ တစ်ကောင်လို ခုန်အုပ်မယ်လို့ ထင်ထားခဲ့တာ ။ ဘာလို့။ ဘာလို့ သူမက အိပ်ပျော်နေတာလဲ။ ဖန်ကျန်းရှီ ခုထိ မျက်လုံး မဖွင့်နိုင်သေးဘူး။ ရှန်းယွီ ကိုကော အလင်းရောင်ကိုပါ မမြင်ရတာ။ သူ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ စောင့်ဆိုင်းတာပဲ။ အသတ်ခံရတော့မယ့် သားကောင်တစ်ကောင်လို စောင့်ဆိုင်းနေခဲ့တယ်။

ဒါပေမယ့် သူ့ ဘေးမှာ အသက်ရှူနေတဲ့ အသံကို ကြားနိုင်တယ်။ ရှန်းယွီ မင်းသမီးက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျောနေတာ။ သူမရဲ့ မွှေးရနံ့ကက တော့ မူးဝေစေနိုင်လောက်အောင် ပြင်းတယ်။ ဖန်ကျန်းရှီ ဒီအနံ့နဲ့ ရင်းနှီးပါတယ်။ ရှန်းယွီ မင်းသမီး နဲ့ တွေ့တိုင်း အဲ့ဒီ့အနံ့ ရနေကြ။ ဒါပေမယ့် အခုတော့ ရှန်းယွီက သူ့ကို အိပ်ယာထဲ ပို့ထားတာလေ။ သူမက ဘာတွေများ စောင့်နေရတာလဲ။ ရူးနေတာလား။ အနေတာလား။ ကိုယ်ဝန်ရှိချင်တယ် ဆိုရင်။ ဘယ်လိုများ ဒီအတိုင်းနေနေရတာလဲ။ ဒီအတိုင်း အိပ်နေရုံနဲ့ ကလေးက ရလာမှာလား။ ဖန်ကျန်းရှီလည်း အဓမ္မကျင့်တာ မျိုး မခံချင်ပါဘူး။ အကယ်၍ ဒီကိစ္စ္စသာ မဟုတ်ရင် ဘာကြောင့်များ သူ့ကို ကိုယ်လုံးတီး ဖြစ်အောင် အဝတ်ဆွဲချွတ်ထားတာလဲ။

သူတွေးနေတဲ့ အချိန်မှာပဲ။ ရှန်းယွီ မင်းသမီး သူ့ဆီ လှိမ့်လာတာကို ခံစားလိုက်ရတယ်။ သူမရဲ့ ခြေထောက်တွေက အခုချိန်မှာ သူ့ကို သိုင်းခွထားတယ်။ အတော့်ကို ကောင်းတဲ့ ခံစားချက်ပဲ။ ခပ်နွေးနွေး ခြုံစောင်ကြီးနဲ့ ဖုံးအုပ်ခံထားရသလိုပဲ။

“ စိတ်လျှော့။ စိတ်လျှော့။ အကယ်၍ မင်းသာ မင်းကိုယ်မင်း ထိန်းချုပ်ထားနိုင်ရင်။ သူမလည်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။”

ဖန်ကျန်းရှီ သူ့ကိုယ်သူ နှစ်သိမ့်နေခဲ့တယ်။ ဒီအချိန်မှာပဲ။ လက်တစ်ဖက်က သူ့ ရင်ဘတ်ပေါ်ကို ရောက်လာခဲ့တယ်။ အဲ့ဒီ့နောက် သူ့ကိုယ်ပေါ်ကို နောက်ထပ် ခန္ဒာကိုယ်တစ်ခု ထပ်ကျလာတယ်။

ဒါက ရှန်းယွီရဲ့ ကိုယ်မှန်း ဖန်ကျးန်၇ှီ ကောင်းကောင်းသိတယ်။ ဒီခန္ဒာကိုယ်က သူ့ကို ဖိလာတော့။ သူ ဘာလုပ်ရမလဲ မသိဖြစ်နေခဲ့တယ်။

“ သူမ အခု လှုပ်ရှားတော့မှာလား။ ဘယ်လိုတောင် လော ချက်” ဖန်ကျန်းရှီ ဒေါသထွက်လာတယ်။ သူမက အေးအေးဆေးဆေးပဲ အိပ်ချင်တယ်လို့ ဖန်ကျန်းရှီ ထင်ထားခဲ့တာ။ သူမက အခုတော့ သူ့ကို အဓမ္မကြံချင်နေတယ်တဲ့လား။ ခြေလက်တွေ သူ့ကိုယ်ပေါ်မှာ လှုပ်ရှားနေတာကို ဖန်ကျန်းရှီ ခံစားရတယ်။ အဲ့ဒီ့နောက် ဖြည်းဖြည်းချင်း ဆင်းသွားတယ်။ ရင်ဘတ်ကနေ အောက်ဘက်ကို။ အဲ့ဒီ့နောက် ရပ်တန့်သွားတယ်။ ငါးမိနစ်ကျော်ကျော်ကြာတဲ့ အထိ ရပ်တန့် သွားခဲ့တယ်။ ဖန်ကျန်းရှီ ကတော့ ပေါက်ကွဲထွက်တော့မလို ခံစားနေရပြီ။ ဒီ အချိန်မှာပဲ။ အော်ဟစ်သံက လေထုထဲမှာ ပေါ်လာခဲ့တယ်။

“ အား…..” ဒီ အော်သံကိုဖော်ပြဖို့ တစ်ခုတည်းသော စကားလုံးကတော့။ (နားစည်ကွဲလောက်အောင်) ဆိုတာပဲ။ ဖန်ကျန်းရှီရဲ့ နားရွက်တွေ ထုံကျင်သွားတယ်။ လူတစ်ယောက်က ဒီလောက် အသံကျယ်ကျယ်နဲ့ အော်နိုင်မယ်လို့ သူ မထင်ထားခဲ့မိဘူး။ အထူးသဖြင့် သူ့ကို မတရားကျင့်မယ့်သူ ဒီလို အော်မယ်လို့ ပိုပြီးတော့တောင် မထင်သေးတယ်။

အော်ရမှာကသူလေ။ ဒီေ-ွးမက ကလေး လိုချင်နေတာ မဟုတ်ဘူးလား။ ဘာလို့ ကိစ္စမပြီးခင် ဒီလို အော်ညံနေရတာလဲ။ ဘာတွေ ဖြစ်နေမှန်း ဖန်ကျန်းရှီ နားမလည်နိုင်ဘူး။ နေစမ်းပါအုန်း တစ်ခုခုတော့ လွဲနေပြီ။ အခု ောအနေတဲ့ပုံစံက တကယ့်ကို ကြောက်လန့်တကြာနဲ့ အော်နေတာ။ ဖန်ကျန်းရှီ တွေးနေတဲ့ အချိန်မှာပဲ တံခါးဖွင့်တဲ့ အသံ ထွက်လာခဲ့တယ်။ အဲ့ဒီ့နောက် အစေခံတွေရဲ့ အသံ ထွက်လာခဲ့တယ်။

“ မင်းသမီးကို ကာကွယ် ကြ၊”

“ မင်းသမီး အရမ်းကို ထိတ်လန့်နေတယ်။ လုပ်ကြံသူကို ဖမ်းကြ။”

“ မြန်မြန်။ နန်းတော်ကို ပိတ်ဆို့ မယ်။”

ဒီအစေခံတွေက ကောင်းကောင်း လေ့ကျင့်ထားတဲ့ပုံစံပဲ။ အမိန့်ပေးနေတဲ့ လူတွေ အားလုံးက လည်း အစခံတွေပဲ။ ဒါပေမယ့် တစ်ခုခု လွဲနေသလို ခံစားရတယ်။ အခု ထွက်လာတဲ့ အစေခံတွေရဲ့ အသံက သူ့ကို ဒီ အခန်းထဲ ခေါ်လာတဲ့ သူတွေနဲ့ မတူဘူး။ ဘာလို့ဒီမှာ လူနှစ်စု ကွဲနေတာလဲ။ ပုံမှန်အတိုင်းဆိုရင် အစေခံတွေက မပြောင်းဘူး။ ဖြစ်နိုင်ချေက နှစ်ခုရှိတယ်။ ပထမတစ်ခုက ။ အဲ့ဒီ့အစေခံတွေ အပြင်ကို မောင်းထုတ်ခံရတာ ။ ဒါပေမယ့် ဖြစ်နိုင်ချေကတော့နည်းပါတယ် ။

ဘာကြောင့်လဲ ဆိုတော့။ ရှန်းယွီ မင်းသမီး အော်ဟစ် လိုက်တဲ့ အချိန်။ သူ အော်တာက အရမ်းကို ကျယ်လောင်လွန်းတယ်။ ဒါကြောင့် သူ့ကို သူမ အဓမ္မကြံတာကို လူမသိစေချင်တာ မဟုတ်ဘူးလို့ ဆိုလိုတာပဲ။ ဒါကြောင့် ။ သူမ က ဘာလို့ သူ့ အစေခံတွေကို မောင်းထုတ်ရမှာလဲ ။ မဖြစ်နိုင်လိုက်တာ။

အဲ့ဒီ့တော့ ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတော့တယ်။ အခု သူရောက်နေတာ သူ့ အခန်းမဟုတ်ဘူး။ သူ့ကျောရိုး တစ်လျှောက်လုံး စိမ့်ချမ်းသွားတော့တယ်။ သူနားလည်သွားတဲ့ အချိန်။ တစ်ကိုယ်လုံး တုန်ယင်လာတော့တယ်။

သူ့ အခန်းတော့မဟုတ်ဘူး။ ဒါပေမယ့် ရှန်းယွီ မင်းသမီးက ဒီ အခန်းထဲ ရောက်နေတယ်။ အဲ့ဒီ့တော့ဒါက ရှန်းယွီ ရဲ့ အခန်းပဲ ဖြစ်ရမယ်။ ငလူးပဲ။ သူက အပြစ်ကင်းစင်တယ်လေ။ အနိုင်ကျင့် ခံရမှာက သူလေ။ ဘယ်လိုများ ကံကြမ္မာက အလှည့်အပြောင်းဖြစ်သွားရတာလဲ။ ဒါက သေချာ စီစဉ်ထားတဲ့ ထောင်ချောက်ပဲ။ ရှန်းယွီ မင်းသမီး က သူ့ကို ဘာလို့ သတိမထားမိမှန်း သူနားလည်သွားခဲ့ပြီ။ အကြောင်းရင်းကတော့ ရှင်းနေတာပဲ။

သူမ အခန်းထဲကို ဘယ်သူက ကျူးကျော်ပြီး ။ သူမ အိပ်ယာထဲမှာ ဝင်အိပ်ဝံ့မှာလဲ ဒါကြောင့်ပဲ ရှန်းယွီ ခုနက အိပ်ပျော်သွားခဲ့တာ။ ဒါပေမယ့် အခု ကိစ္စက သူ့ အတွက်တော့ မကောင်းဘူးလေ။ ဖန်ကျန်းရှီ နောက်ဆုံးတော့ ဇာတ်ညွှန်းကို နားလည်သွားခဲ့ပြီ ။ ဒါပေမယ့် နောက်ရလာမယ့် ရလဒ်ကို သူ မခန့်မှန်း ဝံ့ဘူး။ အခုလို လုပ်တဲ့ သူတွေက ရှန်းယွီ မင်းသမီး ရဲ့ အိပ်ခန်းထဲ သူ့ကို ထည့်ရုံတင် မကဘူး။ ရှန်းယွီ မင်းသမီးရဲ့ ဖြူစင်မှုကိုတောင် အရောင်ဆိုးပြစ်ဖို့ လုပ်နေကြတာ။

ဘယ်သူလဲ။ ဒါ ဘယ်သူလဲ။ ဖန်ကျန်းရှီ အစကတော့ တွေးခဲ့တာ ။ ဘုရင် ဖြစ်နိုင်ချေရှိမယ်လို့။ ဒါပေမယ့် တွေးကြည့်ရင်တော့ မဖြစ်နိုင်ဘူး။ အိမ်ရှေ့စံ လင်းထျန်းရုံလား။ ဖြစ်နိုင်သလိုလို ရှိတယ် ဒါပေမယ့် မဟုတ် ပြန်ဘူး။ ရှန်းယွီ ရဲ့ အစေခံတွေကို သိမ်းသွင်းပြီးတော့ ။ ဒီလိုမျိုး အိပ်ယာထဲ ရောက်အောင် ပို့ နိုင်တာ။ လူ တစ်ယောက်ပဲ ရှိတယ်။ အဲ့တာက ရှန်လင်း။

“ရှန်လင်းပဲ။ ဒါပေမယ့် ဘာလို့သူက။ ဒီလိုကိစ္စမျိုးကို လုပ်ရတာလဲ။” ဖန်ကျန်းရှီ နားမလည်နိုင်ဖြစ်နေခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ သူက အခက်အခဲထဲ ရောက်နေပြီ၊ တောင်ပိုင်းဒေသရဲ့ မင်းသမီးနဲ့ အတူတူ အိပ်နေတာ။ ဒါက အပြစ်ကြီး တစ်ခုပဲ။ သူ မလှုပ်ရှားနိုင်ရင်တောင်။ ဘာကိစ္စကမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ နောက်ပြီးတော့ သက်သေတွေ အားလုံးက သူ့ကို ထောက်ပြမှာပဲ။ နောက်ပြီးတော့ ကိစ္စတွေက သူ့ ဇာတ်ညွှန် အတိုင်း ဖြစ်နေတာ။ သူ့ မျက်လုံးရှေ့မှာ အလင်းရောင် တစ်ခုကို ခံစားလိုက်ရတယ်။ အနီရောင်။ နောက်ပြီးတော့ သူနဲ့ အတော့်ကို နီးကပ်နေတယ်။ အပူလှိုင်းတစ်ခုက သူ့ကို တွန်းတိုက်နေတယ်။

ဒါက ရှန်းယွီ မင်းသမီးရဲ့ ကိုယ်ပေါ်က တိမ်သဏ္ဍာန်ဆိုတာ သူပြောနိုင်တယ်။

ဒါပေမယ့် အပူလှိုင်းက ချက်ခြင်း ပျောက်ကွယ်သွားတယ်။ သူ့ နားထဲမှာ စူးစမ်းချင်စိတ် ပြည့်နေတဲ့ အသံကို ကြားလိုက်ရတယ်။

“အိုး…။ ဘယ်လိုဖြစ်တာလဲ။” ရှန်းယွီ မင်းသမီးရဲ့ စူးစမ်းလိုစိတ် အပြည့်နဲ့ အသံ ထွက်လာခဲ့တယ်။ သူမ လန့်နေတာကို ဖုံးကွယ်မထားနိုင်ဘူး။

“ အရှင်မင်းသမီး။ အဲ့တာ အမတ်မင်းဖန်ပဲ။ ဘာလ ို့။ ဘာလို့။”

“ အမတ်မင်း ဖန်က။ စားသောက်ပွဲ မှာ သောက်တာ များပြီးတော့ မေ့လဲသွားတယ်လို့သတင်းကြားတာပဲ။”

“ သူ ဘာဖြြစ်ဖစ် ဘယ်သူ ဂရုစိုက်မှာလဲ။ မင်းသမီးရဲ့ အခန်းထဲမှာ ကိုယ်လုံးတီး ချွတ်နဲ့ ရှိနေတဲ့ ဘယ်သူမဆို သေရမယ်။ ” ရှန်းယွီ မင်းသမီးရဲ့ အစေခံတွေ အသံ ထွက်လာခဲ့တယ် ။

“ပါးစပ်ပိတ်ထားကြ။ ” ရှန်းယွီ အမိန့်ပေးလိုက်တယ်။ အခန်းက တိတ်ဆိတ်သွားသလို။ အလင်းရောင်လည်း ပျောက်ကွယ်သွားတယ်။ အရာအားလုံးက ပုံမှန် ပြန်ဖြစ်သွားတယ်။

ဖန်ကျန်းရှီကတော့ မလှုပ်ရှားနိုင် ဖြစ်နေတုန်းပဲ။ ငါက သူ့ အခန်းထဲကို တကယ်ပဲ ကျူးကျော်လာတယ်လို့တော့ မထင် ဘူးမလား။ သူတွေးနေတဲ့ အချိန်မှာပဲ။ သူ့ နဖူးပေါ်ကို လက်ညှိုးတစ်ချောင်း ရောက်လာတာ ခံစားလိုက်ရတယ်။ အဲ့ဒီ့နောက် သူ့ မျက်လုံးတွေ ကို အတင်းအကြပ် ဆွဲဖွင့်ခံလိုက်ရတယ်။ ပထမဆုံး သူမြင်ရတာကတော့ အမှောင်ထုကြီးပဲ။ အဲ့ဒီ့နောက် ပိုးသားလို ဆံပင်နက်နက်တွေ ပုခုံးပေါ်မှာ ဝဲကျနေတဲ့သူ။ သူမရဲ့ ရွှေရောင် အသားအရည်က တောက်ပနေတယ်။ တကယ့်ကို ကြည့်ကောင်းလွန်းတယ်။

“ ရှန်းယွီ မင်းသမးီ။” ဖန်ကျန်းရှီ သူ့မျက်စိရှေ့က လူကို ချက်ခြင်း မှတ်မိတယ်။ အဲ့ဒီ့နောက် သူ့ ရှေ့က လောကကြီးတစ်ခုလုံး မှောင်အတိကျသွားပြန်တယ်။

“ သူ အဆိပ်မိနေတယ်။ ” ရှန်းယွီ ပြောတယ်။

“ အဆိပ်မိတယ်။ ”

“ သူက အသောက်လွန်ပြီးတော့ မူးနေတာ မဟုတ်ဘူးလား။”

“ ဘယ်သူက အမတ်မင်းဖန်ကို အဆိပ်ခတ်လိုက်တာလဲ။ ”

ဖန်ကျန်းရှီကတော့ စိတ်လှုပ်ရှားသွားတယ်။ လှိုဏ်ခေါင်းထဲမှာ အလင်းရောင်တွေ့လိုက်ရသလိုပဲ။ ရှန်းယွီက ထက်မြက်တဲ့သူ ဖြစ်နေတာ ဝမ်းသာပါတယ်။ သူ အဆိပ်ခတ်ခံရတာကို ချက်ခြင်းသိတယ်။ တကယ်တော်တဲ့ မိန်းကလေးပဲ။

“ မြန်မြန်လေး။ တံခါးပိတ်လိုက်။ ဘယ်သူ့ကိုမှ မဝင်ခိုင်းနဲ့။” အစေခံတွေ ချက်ခြင်း လှုပ်ရှားကြတော့တယ်။

“ တံခါးပိတ်လိုက်ကြ။ ဒီ သတင်းကို အပြင်မထွက်စေနဲ့။” ဖန်ကျန်းရှီ အော်ဟစ်ချင်တယ်။ ဒါပေမယ့် နှုတ်ခမ်းတွေကိုတောင် လှုပ်မရဘူး။ သူက အဆင့်မြင့် အမတ်မင်း မဟုတ်ဘူး။ ဒါပေမယ့် ရှန်းယွီက မင်းသမီးလေ။ အကယ်၍ ဒီ သတင်းသာ အပြင်ကို ပျံ့သွားရင်။ တောင်ပိုင်းဒေသ ကိုကော။ ကြီးမြတ်သောရှ မင်းဆက်ကိုပါ ရိုက်ခတ်စေလိမ့်မယ်။ ကောင်းကောင်း ထိန်းထားဖို့ လိုတယ်။

“ ညီမလေး။ ဘာဖြစ်လို့လဲ။ ဘာလို့အော်နေတာလဲ။” ဖန်ကျန်းရှီ တွေးနေတဲ့ အချိန်မှာပဲ။ တံခါးအပြင်မှာ ယောကျာ်းအသံ ထွက်လာခဲ့တယ်။

“ တံခါးကို ပိတ်ထား။” ရှန်းယွီ အမိန့်ပေးတယ်။

“ အရှင့်သား။ မင်းသမီးက အနားယူနေပါတယ်။ ကျေးဇူးပြုပြီး….” အစေခံတွေက ရှန်လင်းကို တားတော့တယ်။

“ထွက်သွားစမ်း။” ရှန်လင်း အော်ဟစ်တယ်။ အဲ့ဒီ့နောက်။ ထံထိုင်းထိုင်း အသံ နှစ်ခု ထွက်လာခဲ့တယ်။ ရှန်လင်းကို တားတဲ့ အစေခံနှစ်ယောက် သတိလစ်အောင် အရိုက်ခံလိုက်ရတာသိသာပါတယ်။

“ အကိုတော်။ ညီမရဲ့ အစေခံတွေကို ဘာလို့ ထိခိုက်အောင် လုပ်တာလဲ။” ရှန်းယွီရဲ့ အသံက အေးစက်နေတယ်။

“ ညီမလေး။ စိတ်မပူနဲ့ အကိုတော် အကုန်လုံးကို ထိန်းချုပ်ထားပြီးပြီ။” ရှန်လင်း ပြန်မဖြေဘူး။ စကားလမ်းလွှဲတယ်။

“မင်းတို့တွေ ဘာကြည့်နေတာလဲ။ ထွက်ပေါက်တွေ အားလုံးကို ပိတ်ဆို့လိုက်။”

“အမိန့်တော် အတိုင်းပါ။” ဒီ တုံ့ပြန်သံကနေ။ အပြင်မှာ လူရာချီ ရှိနေမှန်း အသေအချာ ပြောလို့ရတယ်။

အပိုင်း(၄၇၂)ပြီး၏။

အပိုင်း(၄၇၃)

“ မင်းနဲ့ မတန်ဘူး.။”

“ ဒါ တကယ်ပဲ ရှန်လင်းလုပ်တာ။” တိုက်ဆိုင်မှု ဆိုတာကို ဖန်ကျန်းရှီ ဘယ်တုန်းကမှ မယုံခဲ့ဘူး။ ဒီလို အချိန်တိုလေး အတွင်းမှာ ရှန်လင်း ရောက်လာတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ နောက်ပြီးတော့ လူရာချီကို တစ်ချိန်တည်း စုစည်းဖို့ ဆိုတာလည်း မလွယ်ကူနိုင်ဘူး။

ဖြစ်နိုင်ချေ ကတော့ တစ်ခုပဲ ရှိတယ် ။ ရှန်လင်းက အနီးအနားမှာ ရှိနေတာ။ ဒါပေမယ့် အတော် အသုံးမကျတဲ့ နည်းလမ်းပဲ။ ဖန်တရာတေပြီးတော့ ငြီးငွေ့ စရာကောင်းတဲ့ နည်းလမ်း။ ဒီကိစ္စက မိန်းမချောလေး တစ်ယောက်ကို စော်ကားမော်ကားလုပ်ဖို့ ကြံစည်တယ် ဆိုပြီးတော့။ ထောင်ဖမ်းတာနဲ့ အတူတူပဲ။ ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းလိုက်သလဲ။

ဒါပေမယ့် ဖန်ကျန်းရှီ က ဒီလှည့်ကွက်ထဲ ရောက်မှာလား။

ရှန်းယွီ မင်းသမီးကို သုံးပြီးတော့ ဖန်ကျန်းရှီကို ဖမ်းတာ မဖြစ်သင့်တာပဲ။ ဖန်ကျန်းရှှီ အစားအသောက် ကြိုက်တယ်ဆိုတဲ့ အားနည်းချက်ကို သုံးပြီးတော့ ။ ရှန်လင်းက အကွက်ဆင်သွားတာ။ ဒါကို ဖန်ကျန်းရှီ သတိ မထားမိခဲ့ဘူးလေ။

ရှန်းယွီ မင်းသမီးက သူ့ကို အ ဆိပ်ခပ်ဝံ့မယ်လို့ ဖန်ကျန်းရှီ မမျှော်လင့်ထားတာရယ်။ အသားကင်ကို စားကြည့်ချင်တဲ့ သူတွေ အများကြီး ။ ဒီကိစ္စတွေက ဖန်ကျန်းရှီရဲ့ သံသယကို ပျောက်ကွယ်စေတယ်။

ဒါပေမယ့် အခုတော့ သူသေချာသွားပြီ။ ရှန်ဘင်းက အဆိပ်ခတ်တဲ့သူပဲ။ ရှန်းယွီ မင်းသမီ သတိမထားမိတဲ့ အချိန်မှာ လုပ်လိုက်တာ။ ကောင်းပြီလေ။ ဒီ ကိစ္စကနေ လွတ်ဖို့ အတွက် နည်းလမ်းတစ်ခုပဲ ရှိတော့တယ်။

ပုံမှန် အတိုင်းဆိုရင် ယောကျာ်း တစ်ယောက်က သူ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ အတွက် ဘယ်လို မေးခွန်း မျိုးကို မဆို ဖြေမှာပဲ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ ဒါမျိုးတွေ မကြောက်ဘူးလေ။

ရှန်လင်း ဘယ်နေရာမှာ။ ဘယ်လို သတင်းဖြန့်ဖြန့် ။ ဖန်ကျန်းရှီ ေ-ာက်ဂရုမစိုက်။ အခုကတော့ မတူဘူး။ ဒီ ကိစ္စမှာ။ ဖန်ကျန်းရှီ က ပြစ်မှုမြောက်သွားမှာလေ။ ရှန်းယွီ မင်းသမီးရဲ့ အခန်းထဲကို အခွင့်မရှိပဲ ကျူးကျော်ဝင်တယ်။ ဒီတစ်ချက်တည်းနဲ့ တင် သေဒဏ်သင့်နေလောက်ပြီ။ ရှန်လင်း ဘာတွေ လုပ်မလဲ ဖန်ကျန်းရှီသိတယ်လေ။

အစေခံတွေကို အပြင်မှာ စောင့်ဖို့ အမိန့်ပေးထားပြီးသား။ အဲ့ဒီ့နောက်။ သူ အခန်း ထဲကို ဝင်လာတယ်။ ရှန်လင်းဘာဆက်လုပ်မလဲ။ အကယ်၍ ရှန်လင်းသာ အခုချိန်မှာ လှုပ်ရှားလိုက်ရင် ။ ဖန်ကျန်းရှီ နေရာမှာတင် အသတ်ခံရမှာပဲ။

ကြီးမြတ်သောရှ မင်းဆက်ကကော။ အခုကိစ္စကို ဂရုစိုက်မှာလား။ ဖန်ကျန်းရှီ မသိဘူး။ ဒါပေမယ့် ကြီးမြတ်သော ရှ မင်းဆက်ကတော့။ သူ့ အတွက်နဲ့ တောင်ပိုင်းဒေသကို စစ်ခင်းမှာလား။ မဖြစ်နိုင်တာပဲ။ သူ့ရဲ့ သေဆုံးမှုက အဓိပ္မာယ်မဲ့ ဖြစ်သွားလိမ့်မယ် ။

အများဆုံး။ ကြီးမြတ်သောရှမင်းဆက်ကို ကျောက်မျက်ရတနာတွေနဲ့ ရွှေတွေ ဆက်သလိုက်ရုံနဲ့ ပြီးသွားတော့မှာပဲ။

“ ညီမလေး။ အကိုတော် အမှားလုပ်မိတယ်။ ဒီ အရှက်မရှိတဲ့ ကောင်စုတ်က ဒီလို လုပ်မယ်လို့။ ငါမထင်ထားခဲ့မိဘူး။ အကိုတော် ဒီကောင့်ကို …..”

“ အိကုတော် အခု သူ့ကိုသတ်ဖို့ လုပ်နေတာလား။”

“ ဒီကောင် မသေသင့်ဘူးလား။” ရှန်လင်း အထိတ်တလန့်နဲ့ မေးတယ်။

“ အကိုတော်။ အကယ်၍ သူ့ကို သတ်ချင်ရင်။ ညီမတော်ကို အရင်သတ်။” ရှန်းယွီက ရှန်လင်းရဲ့ ရှေ့မှာ ပိတ်ရပ်နေခဲ့တယ်။

“ ဟ ဟား…။ ညီမတော် ဘာပြောချင်လည် အကို တကယ်ပဲ နားမလည်ဘူး။” ရှန်လင်း သူ့လမ်းကြောင်းမှာ ရပ်တန့်သွားခဲ့တယ်။

ဖန်ကျန်းရှီကတော့ သက်ပြင်းချန်ခဲ့တယ်။ ရှန်းယွီက ထက်မြက်လို့ တော်သေးတယ်။ သူမကာကွယ်ပေးနေတာတောင်။ ဖန်ကျန်းရှီ သူ အသက်ဆင်ရှင် နိုင်ပါ့မလား ဆိုတာ ယုံကြည်ချက် မရှိသေးဘူး။ ရှန်လင်းက ရှန်းယွီ ထက် အင်အားကြီးတယ်လေ။

“ အကိုတော်က ရွှေတွင်း ဆယ်တွင်း မပေးချင်လို့ သတ်ဖို့ လုပ်တယ်။ ညီမတော်ပြောတာ မှန်တယ် မဟုတ်လား။ ဒီရွှေတွင်းတွေ အတွက်။ ညီမတော်ရဲ့ ဖြူစင်မှုကို စတေးပြစ်ဖို့ တောင် လုပ်ဝံ့တယ်။ အကိုတော်။ အတင့်ရဲလိုက်တာ။” ရှန်းလင်း ရပ်တန့်သွာတးာ မြင်တော့ ရှန်းယွီ သက်ပြင်း ချမိတယ် ။

“ ညီမလေး အကိုတော့်ကို အထင် လွဲနေပြီ”

“ဟမ့်။ ”

“ ကောင်းပြီ။ ညီမတော် က ဒီလို ပြောလာတော့လည်း။ အကိုတော်ရိုးရိုးသားသားပြောမယ်။ ရွှေတွင်းတွေ အပြင်လူကို ထိန်းချုပ်ခွင့် မပေးနိုင်ဘူး။ ” တစ်ခဏတာတွေဝေပြီးနောက် ရှန်လင်း ပြောတယ်။

“ ဒီလိုလား။ ဒါဆိုရင်လည်း။ အကိုတော်ကို ရှင်းအောင် ပြောရမှာပေါ့။ ညီမတော် ဒီမှာ ရှိနေသရွေ့။ ဘယ်သူကမှ သူ့ကို ထိခိုက်အောင် မလုပ်စေရဘူး။ ရှန်ယီ မင်းသမီး ပြောတယ်။

“ ညီမတော်က ဒီ အပြင်လူ တစ်ယောက်အတွက်နဲ့။ အကိုတော်ကို ဆန့်ကျင်နေတာလား။” ရှန်လင်း ဒေါသတကြီးနဲ့ မေးတယ်။

“ နင်… နင်က။ ငါ့ အကို ဖြစ်ဖို့ မတန်ဘူး။” ရှန်းယွီ လည်း ဒေါသတကြီးနဲ့ ပြောတယ်။ ိ

“အိုက်ယား…. ညီမတော်။ ညီမတော်က အကိုတော်ရဲ့ အရင်းနှီးဆုံး မိသားစုဝင်။ အကိုတော်ရဲ့ အခု လုပ်ရပ်တွေကို ညီမလေး အခု နားမလည်ပေမယ့်။ အကိုတော် လုပ်နေတာ အကုန်လုံးက တောင်ပိုင်းဒေသ အတွက်ပဲ။ ဖန်ကျန်းရှီ ရဲ့ ဂုဏ်သတင်း ကျော်ကြားမှုနဲ့ ဆိုရင်။ ရွှေတွင်းဆယ်တွင်းကို ပြန်ယူလို့ ရမှာ မဟုတ်ဘူး။ ဒီ ရွှေတွင်းတွေ မရှိပဲနဲ့။ အကိုတော်တေီု့ ဘယ်လိုများ အင်အားတောင့်တင်းအောင် လုပ်ရတော့မှာလဲ။ ညီမလေးသာ အကိုတော်ရဲ့ နေရာမှာ ရောက်ရင်ကော။ ဘယ်လိုလုပ်မှာလဲ။” ရှန်လင်း သက်ပြင်းချရင်းပြောတယ်။

“ အနည်းဆုံးတော့ ။ ဒီလို အောက်တန်းကျတာမျိုး မလုပ်ဘူး။ ဒီရွှေတွင်းဆယ်တွင်းအတွက် ငါ့ကို စတေးဖို့ လုပ်တာ အံ့သြလိုက်တာ။”

“ အောက်တန်းကျတယ်။ ဒီ သဘောတူညီချက်ကို လုပ်တာ ဘယ်သူလဲ။ မင်းလေ။ တောင်ပိုင်းဒေသ မင်းသမီးရဲ့။”

“ နင်…” ရှန်းယွီ နောက်ထပ် ပြောစရာစကား ရှာမတွေ့တော့ဘူး။

“ အကိုတော် တစ်ယောက်အနေနဲ့။ မင်းရဲ့ အမှားတွေကို ကူညီပြင်ဆင်ပြီးတော့ ။ အဆုံးရှုံးနည်းအောင် လုပ်ပေးနေတာ။ တောင်ပိုင်းဒေသကို ပြန်လည် ပြင်ဆင်ဖို့ ငါ ကြိုးစားနေတာ။ ငါဘာများ အမှားလုပ်မိလို့လဲ။ ” ရှန်လင်းဆက်ပြောတယ်။

“ နင်ဘာပဲ ပြောပြော။ သူ့ကို ဒီနေ့တော့ ထိခိုက်အောင် လုပ်လို့မရဘူး။ ” ရှန်းယွီ ယတိပြတ်ပြောတယ်။

“ မင်းတကယ်ပဲ သူ့ကို အသက်နဲ့ ရင်းပြီး ကာကွယ်မှာလား။”

“ ဟုတ်တယ်။”

“ ဘာလို့လဲ။”

“ သူသာ မရှိရင်။ တောင်ပိုင်းဒေသလည်း အခုချိန်မှာ မရှိတော့ဘူး။”

“ကောင်းပြီ။ ဒါဆိုရင်။ အပြင်ဘက်က စစ်သည်တော်တွေ အားလုံးကို သတ်လိုက်မယ်။”

“ ရှန်လင်း။ အဲ့တာငါတို့ရဲ့ ပြည်သူတွေလေ။”

“ ညီမတော် မင်းက ထက်မြက် တဲ့သူပါ ။ ဒီလို ညအချိန် မတော်ကြီး။ ညီမတော်ရဲ့ အခန်းထဲ လူတစ်ယောက် ရောက်နေတာဆိုရင်။ ညီမတော်ရဲ့ ဂုဏ်သတင်းထိခိုက်သွားလိမ့်မယ်။ ”

“ ဒါပေမယ့် အခု ကိစ္စက။”

“ လုံလောက်ပြီ။ အခုကိစ္စတွေက ဒီလို ဖြစ်လာမှတော့။ ဖန်ကျန်းရှီကို သတ်ရင်သတ်။ မဟုတ်ရင်။ အပြင်က စစ်သည်တော်တွေကို သတ်ရမယ်။ တခြားရွေးစရာမရှိတော့ဘူး။ ” ရှန်လင်းပြောတယ်။ ရှန်းယွီ တိတ်ဆိတ်သွားခဲ့တယ်။ ရှန်လင်းပြောနေတာကို သူနားလည်တယ်လေ။

ဒါပေမယ့် အပြစ်မရှိတဲ့ နိုင်ငံသားတွေနဲ့ ဖန်ကျန်းရှီ ။ နှစ်ခုထဲက တစ်ခုကို ရွေးဖို့လိုတယ်။ ရှန်းယွီ မင်းသမီး နှုတ်ခမ်းကို ကိုက်ထားရင်းနဲ့ တွေးနေခဲ့တယ်။ တစ်ခုမှ ရွေးစရာမရှိတော့ဘူး။

ရှန်လင်းပြောတာ မှန်တယ်။ ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ်။ ဖြစ်ပြီးတဲ့ ကိစ္စက ပြီးသွားပြီ။ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာက ပျက်ပြားလို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် သူမဆုံးဖြတ်ချက် ချဖို့ လိုတယ်။

“ သူက အပြင်လူတစ်ယောက် မဟုတ်တော့ဘူးဆိုရင် ဘယ်လို လဲ။ ” ရှန်းယွီ အံကြိတ်ရင်းပြောတယ်။

“ ညီမလေးက သူ့ကို တကယ်ပဲ လက်ထပ်မလို့လား။ ” ရှန်လင်း ရဲ့ လေသံက အေးစက်သွားခဲ့တယ်။

“ သူအသက်ရှင်ဖို့ တစ်ရက်ပဲ ရှိတော့ရင်တောင်။ ညီမလေး သူ့ကို လက်ထပ်မယ်။”

“ ဒါက သူ စစ်ပွဲတုန်းက လုပ်ခဲ့တာတွေကြောင့်လား။”

“ မဟုတ်ဘူး။ ညီမလေး သူ့ကို ကြိုက်လို့။”

“ညီမလေး။ အခုက နောက်စရာ ကိစ္စ မဟုတ်ဘူးနော်။ ဒီလိုအရှက်မရှိတဲ့ကောင်ကို ဘယ်လိုများ ကြိုက်နိုင်ရတာလဲ ။”

“ ညီမလေး လည်း သူ့ကို ကြိုက်သွားမယ်လို့ မထင်ထားမိခဲ့ဘူး။ ဒါပေမယ့် အကိုတော် ကောင်းကောင်းသိပါတယ်။ အကယ်၍ ညီမတော်သာ သူ့ကို ကြိုက်မနေရင်။ သူ အခုချိန်ထိ အသက်ရှင်နေမှာ မဟုတ်တော့ဘူး။” ရှန်းယွီ မင်းသမီး ပြောတယ်။

“ညီမလေး။ မင်း။” ရှန်လင်းရဲ့ အမူအယာ ပြောင်းသွားခဲ့တယ်။

ရှန်းယွီရဲ့ အကိုတော် တစ်ယောက်အနေနဲ့။ ရှန်းယွီ အေ လးအနက် ပြောနေတယ်ဆိုတာ သူသိတယ်။

သူမရဲ့ စရိုက်နဲ့ ဆိုရင်။ ဖန်ကျန်းရှီကို သူ မကြိုက်ပဲနဲ့။ အခုလို အသက်ရှင်ခွင့်ပေးတော့မှာမဟုတ်ဘူး။ နောက်ပြီးတော့ အခုကိစ္စ အရ။ ရှန်းယွီရဲ့ အခန်းထဲ ဝင်ဖို့ ကြိုးစားတဲ့ အချိန်မှာပဲ။ တုံ့ပြန်မှု ကို သူ သတိထားမိလိုက်တယ်။ ဖြေရှင်းချက်ကလဲ တစ်ခုပဲ ရှိနိုင်တော့တယ်။ ရှန်းယွီက တကယ်ပဲ ဖန်ကျန်းရှီကို နှစ်သက်နေတာ။

“ အကိုတော် ဘာပြောစရာရှိသေးလဲ။”

“အခုက တကယ့်ကို ကိစ္စကြီးပဲ။ ညီမလေး သူ့ကို လက်ထပ်ချင်ရင် ခမည်းတော်ရဲ့ ဆုံးဖြတ်ချက် လိုတယ်။” ရှန်လင်း တွေဝေနေပြီးနောက် ပြောတယ်။

“ကောင်းပြီလေ။ ခမည်းတော် ဆုံးဖြတ်ပါလိမ့်မယ်။”

“ဖန်ကျန်းရှီကို ညီလာခံ ခန်းမထဲ သယ်သွားလိုက်။ တောင်ပိုင်းဘုရင် ဆုံးဖြတ်ပါစေ။”

…

…  

ညီလာခံခန်းမကြီး လင်းထိန်သွားတယ်။ တောင်ပိုင်းဘုရင်။။ အိမ်ရှေ့စံလင်းထျန်းရုံ။ နယ်မြေမှူးတွေနဲ့။ ကြီးမြတ်သော ရှမင်းဆက်က စစ်သူကြီးတွေပါ ရောက်ရှိနေကြတယ် ။ ဒါပေမယ့် အရင် စားသောက်ပွဲနဲ့ ယှဉ်ရင်။ အတော့်ကို မှုန်ဝါးနေခဲ့တယ်။ စားစရာသောက်စရာတွေကော။ သီချင်းတွေပါ မရှိဘူး။ စစ်သည်တော် နှစ်တန်းသာ ရှိနေခဲ့တယ်။ ညီလာခံ ခန်းမကြီးရဲ့ အလယ်မှာတော့။ ဖန်ကျန်းရှီက သတိလစ်မေ့မျော နေတဲ့ ပုံစံနဲ့ ရှိနေခဲ့တယ်။

ရှန်လင်းက အခြေအနေကို ကိုင်တွယ်တဲ့ နေရာမှာ ကြမ်းတမ်းတယ်။ ဖန်ကျန်းရှိကိုတောင် အဝတ်အစား ဝတ်ပေးမနေခဲ့ဘူး။ ( သက်သေ တွေကို ထင်ရှားအောင် လုပ်ပေးနေခဲ့တယ်။)

“ အိမ်ရှေ့စံ မင်းသား။ ငါတို့ ဒီကိစ္စ နဲ့ ပတ်သက်ပြီး ဘယ်လို လုပ်ရမလဲ။” တောင်ပိုင်းဘုရင် အလေးအနက်မေးတယ်။

ဘယ်သူကမှ သူ့ကို အပြစ်မတင်ကြပါဘူး။ ဘယ်ဖခင်ကများ သူ့သမီးတေ ာ်ရဲ့ အခန်းထဲ ညအချိန် မတော်ကြီး ကျူးကျော်ခံရတာကို ဒေသမထွက်ပဲ နေမှာပဲ။ နောက်ပြီးတော့ ရှန်းယွီက သူ့ရဲ့ အချစ်ခင်ဆုံးသမီးတော်။

“ခမည်းတော်။ ” ရှန်းယွီ စကားစပြောတယ်။

“ ညီမလေး။ ခမည်းတော်က မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချပေးပါလိမ့်မယ်။ သက်တောင့်သက်သာနေပါ။” ရှန်လင်း စကားဖြတ်ပြောတယ်။

“နင်…. ခမည်းတော်။ ” ရှန်းယွီ ဒေါသထွက်သွားတယ်။

“ရှန်းယွီ သမီးတော်လေး။ နောက်မှပြော။ အိမ်ရှေ့စံ ပြောတာကို အရင်နားထောင်ရအောင်။” တောင်ပိုင်းဘုရင်ပြောတယ်။.

ရှန်းယွီကတော့ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်ယင်နေခဲ့တယ်။ ကျောင်းတော်သားတွေကတော့ သတိလစ်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း အံ့သြထိတ်လန့်နေခဲ့တယ်။ ဘယ်လာက်တောင် အတင့်ရဲလိုက်သလဲ။ ရှန်းယွီ မင်းသမီးရဲ့ အခန်းထဲ ကို ဝင်အိပ်ရဲတယ်။ ဒီလောက် အရှက်မရှိတဲ့ သူ မမြင်ဖူးဘူး။

သူတို့ အံ့သြတာက။ အကယ်၍ ဖန်ကျန်းရှီသာ အောင်မြင်ခဲ့ရင်။ ဆိုတဲ့ မေးခွန်းပဲ။ နယ်မြေမှူးတွေနဲ့ စစ်သူကြီးတွေကတော့ အံ့အားသင့်နေခဲ့တယ်။ စစ်ပွဲအတွင်းမှာ ဖန်ကျန်းရှီၤ ဘယ်လို ဆောင်ရွက်ခဲ့မှန်း သူတို့သိတယ်လေ။

အကယ်၍ ဖန်ကျန်းရှီသာ အချိန်မရွေးသေသွားနိုင်တာ မဟုတ်ရင်။ သူ့ရဲ့ ကျင့်ကြံဆင့် ပျက်စီးသွားရင်တောင်။ သူတို့ရဲ့ မင်းသား အဖြစ် လက်ခံဖို့ ဝန်မလေးဘူး။ ဒါပေမယ့် အခုကိစ္စကတော့ ။ ဘယ်လိုကြီးလဲ။

“အဟမ်း…. ဒီလို ကိစ္စတွေဖြစ်လာမယ်လို့ မထင်ထားခဲ့မိဘူး။ ပုံမှန် အတိုင်းဆိုရင် ။ ဆွေမျိုးကိုးဆက် ခေါင်းဖြတ်သတ်ရမှာဆိုပေမယ့်။ …” အိမ်ရှေ့စံ လင်းထျန်းရုံက ခက်ခဲတဲ့ အခြေအနေမှာ ရောက်နေသလို ပြောနေခဲ့တယ်။

ညီလာခံ ခန်းမကတော့ တိတ်ဆိတ်နေခဲ့တယ်။ လူတိုင်းက သူ ဆက်ပြောမှာကို စောင့်နေခဲ့တယ်။

“ဒါပေမယ့် စစ်ပွဲအတွင်း ဖန်ကျန်းရှီရဲ့ လုပ်ဆောင်ခဲ့မှုတွေက မငြင်းနိုင်စရာပဲ။ ” သူပြောရင်းနဲ့ တွေဝေသွားတယ်။ ဘုရင်ကို လှမ်းကြည့်တယ်။

“ မင်းပြောတာကို ငါနားလည်တယ်။ ဖန်ကျန်းရှီသာ မရှိရင်။ ငါလည်း ဒီနေရာမှာထိုင်နေ နိုင်မှာ မဟုတ်ဘူး။ ဒီလို ဖြစ်လာမှာတော့။ မေ့ထားလိုက်တာပေါ့။” တောင်ပိုင်းဘုရင် တွေးတွေးဆဆနဲ့ ပြောတယ်။

“မေ့ထားလိုက်။” ကြီးမြတ်သောရှမင်းဆက်က ကျောင်းတော်သားတွေ တစ်ယောက်ကိုတစ်ယောက်ာကည့်ရင်း လန့်နေကြတယ်။ နယ်မြေမှူးတွေကော။ စစ်သည်တော်တွေကော။ သူတို့ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ခံစားရလတယ်။

“ အရှင်။ တစ်ခုခုတော့မှားနေပြီ။ ကျွန်တော်ဆိုလိုချင်တာ ဒါမဟုတ်ဘူး။” လင်းထျန်းရုံရှင်းပြတယ်။

“ဒါဆို မင်းက ဘာကို ဆိုလိုချင်တာလဲ” တောင်ပိုင်းဘုရင် မေးတယ်။

“ရှန်းယွီ မင်းသမီးရဲ့ အခန်းထဲကို ချိုးဖောက်ဝင်တာ လက်မခံနိုင်စရာပဲ။ ဒါပေမယ့် အမိန့်စာကို ကျွန်တော်အခုပဲ လက်ခံရလိက်တယ်။ သူက အခုချိန်မှာ ယဉ်ကျေးမှုဝန်ကြီး ဌာနရဲ့ လက်ထောက်ဝန်ကြီး (ယာယီ ယဉ်ကျေးမှုဝန်ကြီး) ဖြစ်နေပြီ ။ ဒါကြောင့် သူ့ အပြုအမူတွေက ယဉ်ကျေးမှု ဝန်ကြီးဌာနကိုလည်း ကိုယ်စား ပြုတယ်။ ဒီလိုကြောင့်ပဲ ။ သူ့ကို အပြစ်ပေးတာက ကျွန်တော်ပဲ ဆုံးဖြတ်သင့်ပါတယ်။” အိမ်ရှေ့စံ လင်းထျန်းရုံ ရှင်းပြတယ်။

“ လက်ထောက်ဝန်ကြီး ဟုတ်လား။ ”

“အဆင့်သုံး အမတ်မင်း။ ယာယီ ယဉ်ကျေးမှု ဝန်ကြီး။”

“ မိုးနတ်မင်းရေ။ ဒါမျိုး သမိုင်းမှာ တစ်ခါမှ မဖြစ်ဖူးဘူး။ ဖန်ကျန်းရှီက အသက် ဘယ်လောက်ပဲ ရှိသေးလဲ။ အဆင့်သုံးအမတ်မင်းတောင် ဖြစ်နေပြီ။ နောက်ပြီးတော့။ ယာယီ ယဉ်ကျေးမှု ဝန်ကြီးဆိုတာ။ အဆင့်နှစ် အမတ်မင်းပဲ။

ကျောင်းတော်သားတွေ ဒါကို ကြားတော့ အရမ်း ထိတ်လန့်နေကြတယ်။ ဖန်ကျန်းရှီ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခံရမယ်ဆိုတာ သူတို့ သိတယ်။ ဒါပေမယ့် အခု အမိန့်ကတော့ အတော့်ကို အံ့ဖွယ်ရာဖြစ်လွန်းတယ်။ ရာထူးတိုးတာကတော့ ဖြစ်သင့်ဖြစ်ထိုက်တာပဲ။ ဒါပေမယ့် ယဉ်ကျေးမှု ဝန်ကြီး ရာထူးကတော့ အရမ်းမြင့်လွန်းတယ်။ ဝန်ကြီး ဌာန ခြောက်ခု။ ဘယ်လောက်တောင် အာဏာရှိလိုက်တဲ့ နေရာလဲ။

အဆင့်လေး ဓားသံတမန်ကနေ ။ ယဉ်ကျေးမှုဝန်ကြီး တန်းဖြစ်သွားတာလေ။ ကြီးမြတ်သောရှမင်းဆက်ရဲ့ သမိုင်းတစ်လျှောက်မှာ တစ်ခါမှတောင် မဖြစ်ဖူးဘူး။ အခုကိစ္စက ဆိုလိုရင်း တစ်ခုပဲ ရှိတယ်။ ကြီးမြတ်သောရှမင်းဆက် ဧကရာဇ်က ဖန်ကျန်းရှီကို အထူးချီးမြှင့် မြှောက်စားတယ်။

အပိုင်း(၄၇၃)ပြီး၏။

အပိုင်း(၄၇၄)

“ ဓားနဲ့ထိုးခံရပြီ”

Translator:JTJTY97 | Editor: JTJTY97 /Sparrow Translations

လင်းထျန်းရုံပြောနေတာကို ဖန်ကျန်းရှှီကြားတယ်။ အဆင့်သုံးအမတ်မင်း ဟုတ်လား။ ယဉ်ကျေးမှုဝန်ကြီး ဌာန ယာယီ ဝန်ကြီးတဲ့။ နည်းနည်းတော့ စိတ်ပျက်သွားခဲ့တယ်။ ငါက အဆင့်နှစ်အမတ်မင်း ဖြစ်တော့မယ် ထင်နေတာ။

ပင်းယန် ပြောတဲ့ အတိုင်းများ ဖြစ်လာတာလား။ အနည်းဆုံးတော့ ငါ့ကို အပိုင်စား နယ်မြေလေး ပေးသင့်တယ် မဟုတ်လား။ တစ်ယောက်ယောက် သူ့ကို အဆိပ်ဖြေဆေး လာပေးဖို့ မျှော်လင့်မိနေတယ်။ ဒီကိစ္စမှာ သူ ဆက်ပြီးတော့ ပါးစပ်ပိတ် မနေနိုင်တော့ဘူး။

ဒါပေမယ့် ဘယ်သူကမှ သူပြောတာကို မကြားနိုင်ဘူးလေ။ ရှန်လင်းကတော့ ဖြေဆေးလာပေးမှာ မဟုတ်ဘူး။ သူ့ကို အမှုပတ်ခံမှာ မဟုတ်ဘူးလေ။ သူ့ရဲ့ လုပ်ရပ်ကို ဝန်ခံမှာ မဟုတ်ဘူး။ ရှန်းယွီ မင်းသမီးရဲ့ အခန်းကို ပြန်ပြီးတော့ တောင် လက်စလက်န ဖျောက်ပြစ်ချင်နေတာ။ ပိုပြီး အရေးကြီးတာက။ ဖန်ကျန်းရှီကို သူ စကားမပြောစေချင်တာပဲ။

နယ်မြေမှူးတွေနဲက စစ်သူကြီးတွေက ။ လင်းထျန်းရုံရဲ့ စကားကိုကြားတော့။ အခုဖြစ်နေတဲ့ ကိစ္စက ဖြေရှင်းဖို့ ခက်ခဲမှန်း သူတို့ နားလည်လာတယ်။ ဖန်ကျန်းရှီ ရဲ့ လုပ်ရပ်က သိသာထင်ရှားနေတာပဲ။ ဒါပေမယ့် အခု သူတို့ သူ့ကို ခေါင်းဖြတ် ကွပ်မျက်လိုက်ရင် ကြီးမြတ်သောရှ မင်းဆက်နဲ့ သူတို့ရဲ့ ပြည်သူတွေကို ရှင်းပြဖို့ ခက်ခဲ မှာပဲ ။ နောက်ပြီးတော့ ဖန်ကျန်းရှီက အခုပဲ ရာထူးတိုးသွားတာ။

ဒီ ကိစ္စ အရ ဧကရာဇ် သူ့ကို ဘယ်လောက် အရေးပေးမှန်း သိသာနေတာပဲ။ သူ့ကို လွယ်လွယ်ကူကူ နဲ့ သေတွင်းပို့လို့ မဖြစ်နိုင်ဘူး။ ဒါကြောင့်။ တစ်ခုတည်းသော နည်းလမ်းက ဧကရာဇ်ကို ကိုင်တွယ် ခိုင်းဖို့ပဲ။ ဒါပေမယ့် ဘယ်လိုများ ဧကရာဇ်က ကိုင်တွယ်နိုင်မှာလဲ။ တောင်ပိုင်းဘုရင် မျက်မှောင်ကြုတ်နေခဲ့တယ်။

ပုံမှန်အတိုင်းဆိုရင်။ ဖန်ကျန်းရှီက ဘယ်လိုမှ သေတွင်းက လွတ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ရိုးရိုးရှင်းရှင်း ပြောရရင်။ သူလည်း ဖန်ကျန်းရှီကို မသတ်ချင်ပါဘူး။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီက စစ်ပွဲ အောင်မြင်မှုမှာ အခရာကျနေတယ်လေ။

တော်ဝင်မိသားစုရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းဖို့ တစ်ခုတည်းနဲ့ ။ ဖန်ကျန်းရှီကို သတ်ပြစ်လိုက်ရင်။ အရမ်းကို မဆင်မခြင်လုပ်ရာ ကျသွားမယ်။

အကယ်၍ ဖန်ကျန်းရှီက သေခါနီး ဖြစ်နေ ရင်တော့ တစ်မျိုးပေါ့။ ဒါပေမယ့် ဖန်ကျန်းရှီကို မသတ်ပြန်ရင်လည်း။ ရှန်မိသားစု က ဘယ်လို ခေါင်းမော့နိုင်တော့မှာလဲ။ ရှန်းယွီ မင်းသမီး အနာဂတ်မှာ ဘယ်လိုလုပ် လက်ထပ်နိုင်တော့မှာလဲ။ သူမကို လက်ထပ်တဲ့ သူကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တနုံ့နုံ့ ဖြစ်နေရင် ဘယ်လို လုပ်မလဲ။

ဖန်ကျန်းရှီ က ကြီးမြတ်သော ရှမင်းဆက်မှာ အဆင့်မြင့်သထက်မြင့်လာခဲ့ရင်။ ဒီကိစ္စကြီးရဲ့ ရှက်ဖွယ်သတင်းကလည်း ပိုပြီး ကြီးမားလာလိမ့်မယ်။ သတ်ရမလား။ မသတ် ရဘူးလား။ တောင်ပိုင်းဘုရင် မျက်မှောင်ကြုတ်ရင်း စဉ်းစားနေတယ်။

“ခမည်းတော်။” ရှန်းယွီ ရဲ့ အသံက သူ့ အတွေးကို နှောက်ယှက်လာတယ်။

“ရှန်းယွီ … သမီးတော်ရဲ့ သဘောထားကို ပြော။” ရှန်းယွီ မင်းသမီးကို ကြည့်ရင်း တောင်ပိုင်းဘုရင် တုန်ယင်နေခဲ့တယ်။ သူ့ မျက်ဝန်းထဲမှာ စိုးရိမ်ပူပန်နေမှုတွေက ထင်ရှားလွန်းတယ်။ အဖေတစ်ယောက်။ ဘုရင် တစ်ယောက် အနေနဲ့။ သူ့သမီးတော်ကို ဒီ လို အရှက်တကွဲ အဖြစ်ခံစေမိပြီ။ နောက်ပြီးတော့ သူကလည်း ဒီကိစ္စ နဲ့ ပတ်သက်ပြီး မကူညီနိုင်ဘူး။

“ ညီမတော်။ ခမည်းတော်ကိုပဲ ဆုံးဖြတ်……” ရှန်လင်း စကားဖြတ်ပြောဖို့ ပြင်တယ်။

“ ခမည်းတော်။ တောင်ပိုင်းဒေသရဲ့ ရိုးရာအရ။ သမီးတော်ရဲ့ ခင်ပွန်းလောင်းကို စားသောက်ပွဲမှာ ရှာဖွေပေးခဲ့တယ်နော်။ ဖန်ကျန်းရှီက သမီးတော် ပြင်ဆင်ပေးထားတဲ့ အသားကင်ကိုလည်း စားသောက် ပြီၤးပြီ။ အခုချိန်မှာ သမီးတော် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရတော့မှာ မဟုတ်လား။” ရှန်းယွီ သူ့စကားသူ ဆက်ပြောတယ်။

“ အမ်…” တောင်ပိုင်းဘုရင် ရဲ့ အမူအယာ ပြောင်းလဲသွားတယ်။ ရှန်းယွီ မင်းသမီးက ဒါကို ပြောတော့မယ် ဆိုတာ သူသိနေတယ်။ ရိုးရိုးသားသား ပြောရရင်။ ဖန်ကျန်းရှီ်နဲ့ ရှန်းယွီ မင်းသမီးကို လက်ထပ်ပေးတာက ဒီကိစ္စ အတွက် အကောင်းဆုံး ဖြေရှင်းချက်ပဲ။ ဒါပေမယ့်။ ဖန်ကျန်းရှီက အချိန်မရွေး သေသွားနိုင်တာကို ပြန်တွေးမိပြန်တော့။ သူ စိတ်ရှုပ်ထွေး လာပြန်တယ်။ သူ့သမီးတော်ကိုလည်း မုဆိုးမ မဖြစ်စေချင်ဘူး။ တောင်ပိုင်းဘုရင် တွေဝေနေတယ်။

ရှန်လင်း ဒါကို ချက်ခြင်းသတိထားမိတယ်။

“ခမည်းတော်။ ဒီကိစ္စ က ကြီးမြတ်သောရှမင်းဆက်က အဆင့်သုံး အမတ်မင်း နဲ့ ပတ်သတ် နေတော့။ ကြီးမြတ်သော ရှမင်းဆက် ခုံရုံးကပဲ ဆုံးဖြတ်သင့်ပါတယ်။ ဖန်ကျန်းရှီကို ကြီးမြတ်သောရှ ရဲ့ အိမ်ရှေ့စံနဲ့ ပြန်ထည့်လိုက်ပြီးတော့။ ဧကရာဇ် ကိုယ်တိုင် ဆုံးဖြတ်တာကို လိုက်နာရင်ကော။” ရှန်လင်း အကြံပြုတယ်။

“ အင်း… အိမ်ရှေ့စံ ပြောတာ ကျိုးကြောင်းဆီလျော် တယ်။ ဒါပေမယ့်….” တောင်ပိုင်းဘုရင် ခေါင်းငြိမ့်တယ်။ ဒီ အကြံကို သူ သဘောမကျပေမယ့်။ ငြိမ်းချမ်းရေး ကို အာရုံစိုက်ဖို့ကလည်း အရေးကြီးတယ်လေ။

ဒါကြောင့်။ ဖန်ကျန်းရှီက သေမယ်ဆိုရင်တောင်။ ရှန်းယွီ မင်းသမီးရဲ့ အကြံဉာဏ်ကို လက်ခံဖို့လိုတယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီ ရဲ့ သက်တမ်းက နည်းနည်းပဲ ကျန်တော့ရင်တောင်။ သူမသေခင် အချိန်လေး မှာ မြေးလေးတစ်ယောက် ထွန်းကားအောင်တော့လုပ်ပေးနိုင် လောက်ပါတယ်လေ။ ဒီ ကိစ္စကတော့ မဆိုးဘူး။

“ ခမည်းတော်။ စိတ်ချပါ။ ကျွန်တော် အိမ်ရှေ့စံ နဲ့ အတူ ကြီးမြတ်သောရှမင်းဆက်ကို သွားပြီးတော့။ ခမည်းတော်ရဲ့ ဆန္ဒ အတိုင်း ဖြစ်မြောက်အောင် လုပ်ပေးပါမယ်” ရှန်လင်း ဆက်ပြောတယ်။

“ အိမ်ရှေ့စံက ယန်မြို့တော်ကို သွားမလို့လား။” တောင်ပိုင်းဘုရင် မေးတယ်။

တောင်ပိုင်းဒေသ အိမ်ရှေ့စံ ရှန်လင်းက သူ့နေရာနဲ့ သူ့ရဲ့ လွှမ်းမိုးမှု ကို ။ ကောင်းကောင်းနားလည်တယ်။ ဖန်ကျန်းရှီက ဒီ အောင်မြင်မှုရဲ့ အခရာ ဖြစ်နေမှတော့ ။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ နိုင်ငံရေးမှာ ခပ်မြန်မြန်ပဲ အာဏာကြီးလာနိုင်တယ်။

အကယ်၍ သူ့ကို တောင်ပိုင်း ဒေသမှာ အတင်းအကျပ် နေခိုင်းလိုက်ရင်။ သူ့ ရဲ့ စိတ်နှလုံးက တည်ငြိမ်မှာ မဟုတ်တော့ဘူး။ ဒါပေမယ့် အကယ်၍ ကြီးမြတ်သော ရှ မင်းဆက်ကသာ။ သူ့ကို အပြစ်ပေးမယ်ဆိုရင်။ တောင်ပိုင်းဒေသကို ပြန်လာနိုင်ချေလည်း ရှိတယ်။ ရှန်းယွီ မင်းသမီးနဲ့ လက်ထပ်ဖို့လည်း ပြောလို့ရနိုင်တယ်။ ဖန်ကျန်းရှီ က ဒီလို ကမ်းလှမ်းခံရရင်။ ဝမ်းသာအယ်လဲ လက်ခံမှာ အမှန်ပဲ။

“ မှန်ပါတယ် ခမည်းတော်။ ဒီကိစ္စက ရှန်မိသားစု ရဲ့ ဂုဏ်သတင်း နဲ့ သက်ဆိုင်နေတယ်။ နောက်ပြီးတော့ ကျွန်တော် တို့က စစ်ပွဲပြီးစ မို့။ ပြန်လည်ထူထောင်ရေးတွေ လုပ်နေရတယ်။ ခမည်းတော်လည်း နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်များနေမှာ အမှန်ပဲ။ ဒါကြောင့်။ ကျွန်တော် သွားလိုက်တာ သင့်တော်မယ်လို့ ထင်ပါတယ။်” ရှန်လင်း ဆက်ပြောတယ်။

ရှန်းယွီကတော့ နှုတ်ခမ်းကို တင်းတင်းစေ့ထားခဲ့တယ်။ သူမ စကားဝင်ပြောချင်ပေမယ့်။ သူမ ခမည်းတော်က ခေါင်းခါပြနေတာကို တွေ့တယ်လေ။

“ကောင်းပြီလေ။ ဒါနဲ့ အိမ်ရှေ့စံကော ဘယ်လို ထင်မြင်ပါသလဲ။” တောင်ပိုင်းဘုရင် ခေါင်းငြိမ့်ရင်း ပြောတယ်။ ရှန်းယွီ ဘာတွေ တွေးနေလဲ သူမသိဘူး။ ဒါပေမယ့် သူ့သမီးတော်ကိုတော့ ကြီးမြတ်သောရှ မင်းဆက်ဆီ မလွှတ်နိုင်ဘူးလေ။ ရှန်လင်းကိုပဲ လွှတ်သင့်တယ်။

“ပြဿနာ မရှိပါဘူး။” လင်းထျန်းရုံခေါင်းငြိမ့်တယ်။

“ဒီလိုဖြစ်မှတော့။ ကိုယ်တော့်သားလေးကို စောင့်ရှောက်ပေးဖို့ အနှောက်အယှက်ပေးရတော့မယ်။” တောင်ပိုင်းဘုရင် ပြန်ဖြေတယ်။

“အရှင် နှိမ့်ချလွန်းနေပါပြီ။ အိမ်ရှေ့စံရဲ့ စွမ်းရည်တွေက ကျွန်တော်တို့ အားလုံး မြင်သာလောက်အောင် သိသာထင်ရှားလွန်းနေတာ။ ကျွန်တော်ကသာ စောင့်ရှောက်ခံရမယ့် သူပါ။” အိမ်ရှေ့စံ လင်းထျန်းရုံ ပြုံးပြရင်း ပြောတယ်။

ညီလာခံခန်းမကြီး သက်တောင့်သက်သာ ဖြစ်လာတယ်။ နယ်မြေမှူးတွေနဲ့ စစ်သူကြီးတွေကတော့ စကားမပြောကြဘူး။ စစ်ပွဲကြီးတစ်ခုကို တိုက်ခိုက်ခဲ့ပြီၤးနောက်။ နောက်တစ်ပွဲ ထပ်တိုက်ဖို့ သူတို့ ဆန္ဒမရှိကြတော့ဘူးလေ။

ကြီးမြတ်သောရှ မင်းဆက်က ကျောင်းတော်သားတွေလည်း။ ဆူညံဆူညံ လုပ်ချင်နေကြတယ်။ ဒါပေမယ့် အခန်းထဲက အခြေအနေကြောင့် သူတို့ စကားမပြောကြဘူး။ သတိလစ်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း။ မနာလိုဖြစ်နေခဲ့ကြတယ်။ ရှန်းယွီ မင်းသမီးရဲ့ အခန်းထဲက အိပ်ယာမှာ ဘယ်လိုများ အေးဆေး သွားအိပ်နိုင်ရတာလဲ။

…  

မိုးသောက်ရောင်နီမလာခင် အချိန်မှာ။

ကြီးမြတ်သောရှမင်းဆက်ကို ဦးတည်တဲ့ ယာဉ်တန်းတစ်ခု ထွက်လာခဲ့တယ်။ ဒီလိုမျိုးကိစ္စကြီးဖြစ်သွားတာကြောင့်။ ဂုဏ်ပြုပွဲသဏ္ဍာန် အဆင် အယင်တွေ တစ်ခုမှ မရှိတော့ဘူး။ ကြီးမြတ်သောရှမင်းဆက်က ကျောင်းတော်သားတွေ က ရှေ့ပြေးတပ်ထဲမှာ ပါသွားကြတယ်။ သူတို့ ကိုယ်ပိုင်မြင်းတွေကို စီးရင်း။ တောင်ပိုင်းသား စစ်သည်တော် လမ်းညွှန်သူတွေနဲ့ သွားလာကြတယ်။

အိမ်ရှေ့စံ လင်းထျန်းရုံနဲ့ ရှန် လင်းကတော့ အနောက်မှာ။ သက်ဆိုင်ရာ နယ်မြေတွေရဲ့ အိမ်ရှေ့စံ တွေ ဖြစ်တဲ့ အတွက်။ သူတို့မှာ ကိုယ်ပိုင် သက်တော်စောင့်တပ်ဖွဲ့တွေ ရှိကြတယ်။ ရှစ်ဦးပါတဲ့ တပ်ဖွဲ့။ သူတို့က စစ်သည်တော်တွေ မဟုတ်ဘူး။ သက်စောင့် စစ်သည် တွေ ။ ကြီးမြတ်သောရှမင်းဆက် က တော်ဝင်မိသားစုမှာ ရှိတတ်တဲ့ လူတွေ။ သူတို့မှာ ထူးခြားတဲ့ အရည် အချင်းတွေ ရှိတယ်။

တိကျတဲ့ရာထူး မရှိပေမယ့်။ သူတို့ တာဝန်ထမ်းဆောင်တဲ့ မိသားစု အတွက် ကိစ္စတွေ အများကြီးကို လုပ်ပေးကြတယ်။ ညီလာခံက သက်စောင့် စစ်သည်တွေကို ကွပ်ကဲတယ်။

ဒါပေမယ့် လွှမ်းမိုးမှု အရှိဆုံး မိသားစုတွေတောင်။ သက်စောင့် စစ်သည် အများကြီး မရှိကြဘူး။ အကြောင်းရင်းကတော့။ လုံခြုံရေးကြောင့်ပဲ။ သူတို့ ရှစ်ယောက်လုံးက အသက် ငါးဆယ်ဝန်းကျင် ရှိနေကြပြီ။ အိမ်ရှေ့စံ အတွက် နှစ်ယောက်က စောင့်ကြပ်ရတယ်။ နောက်ပြီးတော့ရှန်လင်းက ပြန်လည်မွေးဖွားမှု အလယ်တန်း အဆင့်မှာ ရောက်နေပြီးသားသူ။

စုချင်းကတော့ အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ နောက်မှာ ရှိနေတယ်။ သူတို့တွေ သားရဲကောင် ဘုရင်တွေကို သွား မထိ သရွေ့။ လမ်းမှာ အနှောက်အယှက် မရှိခဲ့ဘူး။ ဒါကြောင့် သတိလစ်နေတဲ့ ဖန်ကျန်းရှီကို သယ်လာတာကလည်း ။ မခက်ခဲဘူး။

အိမ်ရှေ့စံ လင်းထျန်းရုံကတော့ ခရီး အစတည်းက မျက်စီမှိတ်ဲပီး အေးဆေး လိုက်လာခဲ့တယ်။ ရှန်လင်း ကတော့ တစ်ခုခု စဉ်းစားနေတဲ့ပုံစံပဲ။ သူတို့က သုခမိန်တောင်တန်း ဒေသကနေ အတော် ဝေးနေခဲ့ပြီ။ ထွက်ပြူစ နေမင်းကြီးကို ကြည့်ရတာ တကယ့်ကို ကြည့်ကောင်းတဲ့ မြင်ကွင်းပဲ။

လိုက်ကာစကို ဖြတ်သန်းပြီးတော့။ ဖန်ကျန်းရှီရဲ့ မျက်နှာပေါ်ကို ထိုးကျနေတဲ့ နေရောင်က နွေးထွေးနေတယ်။ ဒီ အချိန်မှာပဲ။ ယာဉ်တန်း ရပ်တန့်သွားတယ်။ ရှန်လင်းလည်း သူ့မြင်းကို ရပ်လိုက်သလို။ လင်းထျန်းရုံလည်း ရပ်တန့်သွားတယ်။

“အရှင်မင်းသား။ ကျွန်တော်တို့ရဲ့ အပေးအယူကို မှတ်မိသေးတယ် မဟုတ်လား။” ရှန်လင်း မေးတယ်။

“ မှတ်မိတာပေါ့။” လင်းထျန်းရုံ ခေါင်းငြိမ့်ရင်။ လှည်းထဲက လူကိုကြည့်တယ်။

 “ ကျွန်တော်တို့ရဲ့ သဘောတူညီချက်က။ ဆယ်နှစ်တာ ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ပဲ။ ဒါပေမယ့် ကိစ္စ တစ်ခုတော့ ရှိတယ်။” ရှန်လင်း ဆက်ပြောတယ်။

“ဖန်ကျန်းရှီကို ဘယ်လို လုပ်ချင်လဲ။” လင်းထျန်းရုံ ပြုံးပြရင်းမေးတယ်။

“ သူ့ကို သတ်မယ်။ ညီမတော်ကို ဒီလို ကောင်မျိုးနဲ့တော့ လက်မထပ်စေနိုင်ဘူး။” ရှန်လင်းရဲ့ အသံက အေးစက်နေတယ်။

“ ဒီလိုဆိုတော့ ဆက်ပြောပါ။” လင်းထျန်းရုံ ဒါကို တွေးထားပြီးသား။

“ အကယ်၍ ကျွန်တော်သာ ဖန်ကျန်းရှီကို သတ်လိုက်ရင်။ ဧကရာဇ်ကို ဘယ်လို ပြန်လျှောက်တင်မလဲ။”

“ ဖန်ကျန်းရှီက။ သူအပြစ်ကနေ မလွတ်တာ သိလို့။ နေပြည်တော်ကို ပြန်မလာချင်တာကြောင့်။ ထွက်ပြေးသွားတယ်။ တောင်ပိုင်းဒေသ အိမ်ရှေ့စံကိုလည်း ပြန်ပေးဆွဲသွားတယ်။ ဒါကြောင့် ကျွန်တော်လည်း ရွေးချယ်စရာ မရှိတော့တာကြောင့်။ သူ့ကို လွှတ်ပေးလိုက်ရတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက ကျင့်ကြံဆင့် ပျက်စီး သွားတဲ့ သူဆိုတော့။ သားရဲကောင်တွေ သတ်တာကို ခံလိုက်ရတယ်။ ကျွန်တော် အဲ့ဒီ့ကို ရောက်တော့ အချိန်နှောင်သွားခဲ့ပြီ။ ဘယ်လို ထင်လဲ။” လင်းထျန်းရုံ ပြန်ဖြေတယ်။

“ဒီ အစီအစဉ်ကောင်းတယ်။”

“ ကျေးဇူးပြုပြီးတော့။” လင်းထျန်းရုံ သစ်တောထဲကို ညွှန်ပြတယ်။

“ကောင်းပြီ။ လမ်းရှင်းပေးပါရစေ။” ရှန်လင်း သစ်တောထဲကို ဝင်သွားတယ်။ လင်းထျန်းရုံနဲ့ သူ့ရဲ့ သက်စောင့် စစ်သည် ရှစ်ဦးက နောက်က လိုက်လာခဲ့တယ်။ စုချင်းကတော့ ဖန်ကျန်းရှီ ပါတဲ့ လှည်းကို သယ်ရင်း သစ်တောထဲ ဝင်လာခဲ့တယ်။

နေဝင်နေပြီ။ အမှောင်ထုက ကြီးစိုးလာတယ်။ ကျောင်းတော်သားတွေကလည်း ခပ်ဝေးဝေးမှာ။ ည အချိန် ရောက်လာပြီ ဖြစ်တာကြောင့် ။ သူတို့တွေ စခန်းချကြတော့တယ်။ မီးပုံဖိုရင်း လင်းထျန်းရုံကို စောင့်နေခဲ့တယ်။ လုံခြုံရေးအတွက် စိတ်ပူစရာမလိုဘူး။

သူတို့ မသိတာကတော့။ သစ်တောထဲက လှည်းတဝိုက်မှာ။ လူဆယ်ယောက်ထဲမနည်း ရှိနေတာပဲ။ လှည်းရဲ့ လိုက်ကာစပွင့်သွားတယ်။ ဝတ်စုံပြည့်နဲ့ ဖန်ကျန်းရှှီရှိနေတယ်။ တည်ငြိမ်တဲ့ အမူအယာ နဲ့ ဆန့် ဆန့်ကြီး လှဲလျောင်းနေခဲ့တယ်။

“ ဘယ်လိုတောင် ကောင်းလိုက်တဲ့ လှည့်ကွက်လဲ။” လင်းထျန်းရုံ ပြောတယ်။ ရှန်လင်းကတော့ ခေါင်းငြိမ့်နေတယ်။

“ မင်းက သူ့ကို ဂုဏ် ကျက်သရေ ရှိရှိ သေခိုင်းမှာ မဟုတ်ဘူးပဲ။” သတိလစ်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း လင်းထျန်းရုံ ပြောနေခဲ့တယ်။

“ကျွန်တော် အလုပ်လုပ်တဲ့ အချိန်တိုင်း။ ခြေရာလက်ရာ မကျန်စေရဘူး။ နောက်ပြီးတော့။ ကျွန်တော်ခတ်လိုက်တဲ့ ဆေးက။ သူ့ကို မလှုပ်ရှားနိုင် ဖြစ်စေတာကလွဲပြီးတော့။ အသိစိတ် လွတ်မသွားစေဘူး။ အစတည်းက ကိစ္စအားလုံးကို သူကြားတယ်။” ရှန်လင်း ခေါင်းငြိမ့်တယ်။

“ နားလည်ပြီ။” လင်းထျန်းရုံကတော့ တောင့်တင်းသွားခဲ့တယ်။

ရှန်လင်းကတော့ နောက်ထပ် ထပ်မပြောတော့ဘူး။ လှည်းထဲကိုသာ ဝင်သွားခဲ့တယ်။

“ ဖန်ကျန်းရှီ ။ လောဘကြီးလွန်းတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်တော့။ ရွှေတွင်းဆယ်တွင်းကို မင်းတောင်းလိုက်တဲ့ အချိန်တည်းက ဒါတွေ ဖြစ်လာမှာကို ကြိုသိသင့်တယ်။” ရှန်လင်း နှုတ်ခမ်းကို တင်းတင်း စေ့လိုက်တယ်။ သူ့ အသံက မကျယ်ဘူး။ ဒါပေမယ့် သူ့လက်ကတော့ တည်ငြိမ်တယ်။ သူ့ရဲ့ ဓားက ရေခဲ အငွေ့အသက်တွေ ထွက်နေခဲ့တယ်။ ဖန်ကျန်းရှီကို လည်စင်းခံနေတဲ့ သားရဲကောင်တစ်ကောင်လို ကြည့်နေခဲ့တယ်။ သူ့ ဓားကို သူ မြှောက်လိုက်တယ်။

သွေးတွေ…

သွေးတွေက လှည်းတစ်ခုလုံး လွင့်စင်သွားခဲ့တယ်။

– – – – – – – – – – – – – – – – ? ?

အပိုင်း(၄၇၄)ပြီး၏။

အပိုင်း(၄၇၅)

“ မတော်တဆ”

Translator:JTJTY97 | Editor: JTJTY97 /Sparrow Translations

ရှန်လင်းက တော့ သူ့လက်ထဲက ဓားနဲ့ စွန်းထင်းနေတဲ့ သွေးတွေကို ကြည့်ရင်း မယုံနိုင် ဖြစ်နေတယ်။

“ဘာကြောင့် လဲ။” ရှန်လင်း သူ့နောက်ကို လှည့်ကြည့်တယ်။ တကယ်တော့ အဲ့ဒီ့မေးခွန်းကို သူမေးဖို့တောင် မလိုပါဘူး။ သူ့ရင်ဘတ်ကို ဖောက်ထွက်လာတဲ့ ဓားက အကုန်လုံး အတွက် အဖြေ ဖြစ်နေပြီပဲ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မေးတော့ မေးရမယ်။ လူတစ်ယောက်က ဘယ်လိုများ ဒါကို လုပ်နိုင်လဲ သူ နားမလည်နိုင်ဘူး။

နောက်ပြီးတော့ သူ့ကို တောင်ပိုင်း ဒေသမှာတင် တိုက်ခိုက်ရဲတာ။ ဘယ်လိုတောင် အတင့်ရဲလိုက်တဲ့ အပြုအမူလဲ။

“ ဘာတွေ ဖြစ်နေလဲ မတွေးတတ်သေးဘူးလား။” အိမ်ရှေ့စံ လင်းထျန်းရုံ ပုခုံးတွန့်ပြရင်း ပြောတယ်။

ရှန်လင်းကတော့ လင်းထျန်းရုံကို စိုက်ကြည့်နေခဲ့တယ်။ သူ့ဘဝမှာ တစ်ခါမှ ဒီလောက်ထိ ဒေါသ မထွက်ဖူးဘူး။ အဆုံးမဲ့လောကထဲမှာ ဖန်ကျန်းရှီ ခြိမ်းခြောက်တာခံ ရတုန်းကတောင်။ ဒီလောက် ဒေါသမထွက်ခဲ့ဘူး။

“ ဘာကြောင့်လဲ။ မင်းက သူ့ကို မသေစေချင် လို့လား။ မဟုတ်သေးဘူး။ မင်းသူ့ကို အသေသတ်ချင်နေတာ အထင်အရှားကြီးကို။” ရှန်လင်းရဲ့ မျက်နှာတစ်ခုလုံး ဖြူရော်လာခဲ့တယ်။ လင်းထျန်းရုံက ဖန်ကျန်းရှီကို သတ်ချင်နေမှန်း သူသိတယ်လေ။

ထာဝရ ရန်သူဆိုတာ မရှိဘူး။ အဆုံးမဲ့တဲ့ ကောင်းကျိုးတွေပဲ ရှိတယ်။ သူတို့တွေရဲ့ ဦးတည်ချက်က တူနေသရွေ့ သူတို့ အတူတူ အလုပ်လုပ်လို့ရတယ်။ ဒါကြောင့်ပဲ လင်းထျန်းရုံကို ရှန်လင်း ယုံကြည်ထားတာ။

ဒါပေမယ့် လင်းထျန်းရုံ ကသူ့ကို နောက်ကျောကနေ ဓားနဲ့ ထိုးပြီးတော့ ။ ဖန်ကျန်းရှီကို ကယ်မယ်လို့ တစ်ခါမှ မထင်ထားခဲ့မိဘူး။ သူ နားထောင်ဖို့ အကြောင်းပြချက် တစ်ခု လိုအပ်တယ်။

“ အိမ်ရှေ့စံ ပြောတာ မှန်တယ်။ ငါက ဖန်ကျန်းရှီကို သေစေချင်ရုံတင် မကဘူး။ မင်းကိုလည်း သေစေချင်တာ။” လင်ထျန်းရုံ အေးစက်စက်ရယ်မောတယ်။ ပျော်ရွှင်နှစ်ခြိုက်မှု ကြောင့် သူ့ ခန္ဒာကိုယ်က တသိမ့်သိမ့်တုန်ယင် နေခဲ့တယ်။ သူ့ရဲ့ ဓားကို ဆွဲထုတ်လိုက်တော့ ။ သွေးတွေက နေရာအနှံ့ကို ပြန့်ကျဲသွားတော့တယ်။

သက်စောင့်စစ်သည်တော် ရှစ်ဦးက။ လင်းထျန်းရုံရဲ့ ဘေးကို ချက်ခြင်း ပြေးကပ်တယ်။ သူတို့ရဲ့ ဝတ်ရုံတွေက လေထဲမှာ တဖျပ်ဖျပ် လွင့်နေခဲ့တယ်။

“မင်းက ငါ့ကို သေစေချင်တာလား။” ရှန်လင်း တုန်ယင်လာခဲ့သလို။ သူ့ ဒဏ်ရာကနေလည်း သွေးတွေ စီးကျလာနေတယ်။

“ ရိုးရိုးသားသားပြောရရင်။ ခုနက ဇာတ်လမ်းမှာ အချက်အလက် နည်းနည်းလောက် ချန်ထားခဲ့မိ သေးတယ်။ ဖန်ကျန်းရှီက တောင်ပိုင်းဒေသ အိမ်ရှေ့စံကို ပြန်ပေးဆွဲ သွားရုံသာ မကပဲ။ တစ်ခါတည်း သတ်ပြစ်လိုက်တယ်။” လင်းထျန်းရုံ ရှင်းပြတယ်။

“ ဟဟား…. ဒီ အသုံးမဝင်တဲ့ ကောင်က ။ ငါ့ကို သတ်ခဲ့တယ်လို့။ မင်းပြောတာကို ။ ဧကရာဇ်က ယုံကြည်မယ်လို့ မင်းထင်နေတာလား။” ရှန်လင်းရဲ့ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာခဲ့တယ်။

“ အဲ့တာ ကိစ္စ ရှိလို့လား။ မင်းကော သူကော ဒီနေ့သေမှာပဲကို။ ငါ ဘာပဲပြောပြော ။ လူတွေယုံကြမှာပဲ။” လင်းထျန်းရုံ ရယ်မောရင်း ဆက်ပြောတယ်။

ရှန်လင်းကတော့ တိတ်ဆိတ်သွားတယ်။ လင်းထျန်းရုံပြောတာ မှန်တယ်။ သေလူတွေက စကားမပြောနိုင်ဘူး။ ဒါကြောင့် သူတို့ ရွေးချယ်စရာမရှိပဲ။ လင်းထျန်းရုံပြောတာကို လက်ခံ ကြမှာ ပဲ။

တောင်ပိုင်းဘုရင်က ဒီကိစ္စကို မယုံကြည်ရင်တောင်။ သူလည်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ကြီးမြတ်သော ရှ မင်းဆက်နဲ့ စစ်ဖြစ်ရမှာလား။ ကြီးမြတ်သောရှ ကို သူတို့ရဲ့ အိမ်ရှေ့စံ မင်းသားက လူသတ်ပါတယ်လို့ ။ စွဲချက် တင်ရမှာလား။ နှစ်ခုလုံးက မဖြစ်နိုင်တာတွေပဲ။

“ငါ့ကို မင်းသတ်ရတဲ့ အကြောင်းရင်း ပြော။” ရှန်လင်း လည်း ဆက်ပြီး ငြင်းခုန် မနေချင်တော့ဘူး။ သူသိချင်တာက အကြောင်းရင်းပဲ။

“ မင်း မသေရင်။ ငြိမ်းချမ်းမှာ မဟုတ်ဘူး။” လင်းထျန်းရုံ ဆက်ပြောတယ်။

“ ငါနားလည်ပြီ။” ရှန်လင်း ဒေါသကြောင့် တုန်ယင်နေတာကို ရပ်လိုက်တယ်။ သူ တည်ငြိမ်သွားတယ်။ သေရတော့မယ်လေ။ နောက်ဆုံးတော့ နားလည်သွားပြီ။ ခုနကပဲ သူ ဖန်ကျန်းရှီကို ပြောလိုက်တာ။ သူ့ရဲ့ ကံကြမ္မာ အတွက် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်လို့။ လောဘကြီးတာ မင်း အပြစ်ပဲလို့။

အခုတော့ ကိုယ်ဖော်တဲ့ ဆေးကို ကိုယ်ပြန်စားနေရပြီ။ သူ့ရဲ့ လောဘ။ ဘုရင်ဖြစ်ချင်တဲ့ လောဘ ကြောင့် ကိုယ့်သေတွင်း ကိုယ်တူးမိပြီ။ ဘယ်လောက်တောင် ပြဇာတ်ဆန်လိုက်သလဲ။ သူများကို လောဘကြီးလို့ အပြစ်ပေးတော့မယ့် အချိန်မှာ။ ကိုယ်တိုင်က ပိုလောဘကြီးနေတာကို သတိထားမိလိုက်တဲ့ အခိုက်အတန့်တစ်ခုပေါ့။

ပြောနိုင်တာကတော့။ လင်းထျန်းရုံ လုပ်နေတာ မှန်ကန်တယ်လို့ ပဲ။ သူ အသက်ရှင်နေသရွေ့။ ကြီးမြတ်သော ရှ မင်းဆက်က။ တောင်ပိုင်းဒေသကို အမြဲ စိုးရိမ်နေရမယ်။ ရှန်လင်း နောက်ထပ် မေးစရာ မရှိတော့ဘူး။ လင်းထျန်းရုံနဲ့ စုချင်းကို ကြည့်ရင်း သူ ပြုံးနေတယ်။

“ ငါ့ကို လာရှာတဲ့ အဲ့ဒီ့နေ့တည်းက။ ဒီနေ့ လို ကိစ္စ ဖြစ်လာမယ် ဆိုတာ အမတ်မင်းစု ။ ကြိုတင် ခန့်မှန်း ပြီးသား ဖြစ်ပါလိမ့်မယ်။” ရှန်လင်း ရယ်မောတယ်။ ဒါက ဘယ်သူ့ အစီအစဉ်မှန်း သူသိတယ်လေ။ စုချင်းဆိုတာ အသိသာကြီးပဲ။ ရှန်လင်းကိုလှည့်စားပြီးတော့။ ဒီခရီးကို ယုံယုံကြည်ကြည် လိုက်လာအောင် လုပ်တယ်။

“ အရှင် ချီးမွမ်းလွန်းနေပါပြီ။” စုချင်းက ဦးညွှတ်ရင်းနဲ့ ပြန်ဖြေတယ်။ သူ ချက်ခြင်း နောက်တစ်လှမ်း ဆုတ်သွားတယ်။

“ဘုန်း။” စုချင်းရဲ့ ခြေထောက်အောက်မှာ အက်ကွဲရာကြီး ပေါ်လာခဲ့တယ်။ မြေကြီးကို ဓားနဲ့ ဟက်တက်ခွဲလိုက်သလိုပဲ။ ဖြစ်သွားကတော့ ရုတ်တရက်ကြီး။ ဒါပေမယ့် စုချင်းကတော့ ခုန်ရှောင်နိုင်တယ်။

“ တောင်ပိုင်းဒေသရဲ့ အိမ်ရှေ့စံ ပီသပါပေတယ်။ တိုက်ခိုက်မှုက တကယ်ပဲ ပြောင်မြောက်တယ်။ ဒဏ်ရာရနေလို့ အရှိန်လျော့သွားတာက လွဲပြီးတော့ အစွမ်းမကျဘူးပဲ။ ကျွန်တော်မျိုး တကယ်ပဲ လေးစားမိပါတယ်။” စုချင်းက နောက်ကို ဝေးဝေး ဆုတ်ရင်းနဲ့ ပြောနေခဲ့တယ်။

“ဒါကို ဆယ့်ငါးမိနစ်အတွင်း လက်စဖျောက်လိုက်။ ”မြေပြင်ပေါ်က အက်ကွဲကြောင်းကို ကြည့်ရင်း လင်းထျန်းရုံ အမိန့်ပေးတယ်။

“အမိန့်တော်အတိုင်းပါ။” သက်စောင့် စစ်သည်တွေ ခေါင်းငြိမ့်တယ်။

“ အမတ်မင်းစုက ဒီလောက်တောင် အင်အားကြီးမယ်လို့ မထင်ထား မိခဲ့ဘူး။ ဟ ဟား …။ ကြီးမြတ်သော ရှ မင်းဆက်မှာ။ ပါရမီရှင်တွေ တကယ်ပေါတာပဲ။ ဒီနေ့တော့။ အိမ်ရှေ့စံ ရဲ့ သက်စောင့် စစ်သည်တော်တွေ ။ ဘယ်လောက်စွမ်းလဲ တစ်ချက်ကြည့်ကျတာပေါ့။” ရှန်လင်း ရယ်မောရင်းနဲ့။ ရေခဲလို အေးစက်စက် အငွေ့အသက်တွေကို ထုတ်လွှတ်နေတယ်။ ရှန်လင်းရဲ့ ဒဏ်ရာက ထွက်နေတဲ့ သွေးတွေ ရပ်တန့်သွားခဲ့တယ်။ ပတ္တမြားလိုပဲ ခဲသွားခဲ့တယ်။

“ သေစမ်း။”

“ ငရဲကို သွားလိုက်တော့။”

“….”

အော်ဟစ်သံတွေက လေထဲမှာ ထွက်ပေါ်နေခဲ့တယ်။ သက်စောင့်စစ်သည်တော်တွေ ရဲ့ လှုပ်ရှားမှုက ညအချိန်မှာ ရောင်စဉ်တွေ ဖြာနေသလို။ မြန်ဆန်လွန်းတယ်။ သူတို့တွေက မျက်တောင် တစ်ခတ် အတွင်းမှာ ခုန်ပျံ ကျော်လွှားနေကြတယ်။ ရှန်လင်းလည်း ရှစ်ယောက် အဖွဲ့ကို တဟုန်ထိုး တိုက်ခိုက်နေခဲ့တယ်။

သူ့ ရဲ့ ဓားက ထွက်လာတဲ့ အေးစက်စက် အငွေ့အသက်ကြောင့်။ မြက်ခင်းပြင်ပေါ်မှာ ရေခဲတွေ ဖြစ်ပေါ်လာသလို။ အရွက်တွေလည်း အေးခဲ ကုန်တယ်။ တစ်ခဏတာ အတွင်းမှာပဲ။ သက်စောင့် စစ်သည်တော် ရှစ်ဦးလုံး ဒဏ်ရာတွေ ပြည့်နေခဲ့ပြီ။ တစ်ယောက်က လက်ြတ်သွားခဲ့တယ်။ သွေးတွေက ဒဏ်ရာကနေ စီးကျနေတယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်ဆုံးဖြတ် ချက်ကတော့ ခိုင်မာနေဆဲပဲ။

ပြန်လည်မွေးဖွားမှု အလယ်အဆင့်။ ရှန်လင်းကတော့ ဒဏ်ရာမရတဲ့ အတိုင်း တိုက်ခိုက်နေတုန်းပဲ။ ရှန်လင်းက တောင်ပိုင်းဒေသရဲ့ ထိပ်တန်းကျင့်ကြံသူ လူငယ်တွေ ထဲက တစ်ယောက်ပဲ။ ဒါပေမယ့် တိုက်ပွဲက သိပ်မကြာခဲ့ဘူး။ သက်စောင့် စစ်သည်တော်တွေ ကတော့ သူတို့ရဲ့ အသက်ကို မမှုပဲ တိုက်ခိုက်နေကြတယ်။

ကျိုးပဲ့ပြီးတော့ သေသွားရင်တောင် ။ မှုမယ့်ပုံမပေါ်ဘူး။ သစ်ကိုင်းတွေ ကျိုးပဲ့ကုန်သလို။ သွေးစသွေးနတွေလည်း ။ နေရာအနှံ့ စွန်းထင်းကုန်တယ်။ အက်ကွဲရာတွေကတော့ မြေပြင်တစ်ခုလုံး ပွစာကျဲနေခဲ့တယ်။ တကယ့်ကို သွေးစွန်းနေတဲ့ စစ်မြေပြင်ပဲ။

ဆယ့်ငါးမိနစ်ကြာပြီးနောက်မှာတော့။ တိုက်ပွဲက ပြီးသွားခဲ့ပြီ။ ရှန်လင်းက လှည်းထဲမှာ လဲလျောင်းနေတယ်။ သူ့ ဓားလည်း ကျိုးသွားခဲ့ပြီ။ ကောင်းကင်က ကြယ်တွေကို သူ မော့ကြည့်နေခဲ့တယ်။ အခုလို အဆုံးသတ်ကို သူ လက်မခံနိုင်သေးဘူး။

အိမ်ရှေ့စံ နေရာကို ရဖို့ အတွက် သူခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်။ နတ်ဆိုးတွေနဲ့လည်း သူ ပူပေါင်းခဲ့တယ်။ ကြီးမြတ်သောရှ က အိမ်ရှေ့စံ နဲ့လည်း အဆင်ပြေပြေ နေခဲ့တာပဲ။ ဒါပေမယ့် နှစ်ခုစလုံး ကျရှုံးခဲ့တယ်။ သူ့ကိုယ်သူ ထက်မြက်တဲ့ သူလို့ ထင်ထားခဲ့တာ။ ဒါပေမယ့် မဟုတ်ခဲ့ဘူး။ တကယ်တမ်း ထက်မြက်တာက။ ယွင်ချင်းဝူ။ ချီကူယန်နဲ့ ဖန်ကျန်းရှီ။ အခုတော့ နောက်တစ်ယောက် ထည့်တွက်စရာလိုလာခဲ့ပြီ။ အိမ်ရှေ့စံ လင်းထျန်းရုံ။

ရှန်လင်းက မသေချင်သေးပါဘူး။ ဒါပေမယ့်။ သူ့ ပုံစံက အကြောက်အလန့် လုံး၀ မရှိတဲ့ပုံပဲ။ သူ့ကံတရားကို ဒီအတိုင်း လက်ခံထားခဲ့တယ်။ ဒါက သူမတိုက်ခိုက်နိုင်တဲ့ အရာတစ်ခုပဲလေ။ သေခြင်းက သူ့ဆီ ရောက်လာမှတော့။ သူကြောက်နေလို့ မဖြစ်တော့ဘူး။ ကောင်းကင်နဲ့။ သူ့ ဖိနပ်မှာ စွန်းထင်းနေတဲ့ သွေးတွေကို သာ ကြည့်နေခဲ့တယ်။

“ဂုဏ်ပြုပါတယ်။ အရှင့်သား။” စုချင်း ဒူးထောက်ရင်းနဲ့ ပြောလိုက်တယ်။

“အိုး..။ မင်းက ငါ့ကို ဘာအတွက် ဂုဏ်ပြုတာလဲ။” လင်းထျန်းရုံက ရှန်လင်းကို လှည့်ကြည့်နေရင်း မေးတယ်။ ကြီးမြတ်သောရှ မင်းဆက်ရဲ့ အိမ်ရှေ့စံ တစ်ယောက်အနေနဲ့။ သူက လူအများ လေးစားခံရတဲ့ သူပဲ။ ဒါပေမယ့် တောင်ပိုင်းဒေသကို သူ ဝင်လာတဲ့ အချိန် တည်းက။ ရှန်လင်းကို အမြဲ တလေးတစား ပြောဆိုနေရတာ။

လက်စားချေချင်နေခဲ့တာ ကြာပြီ။ အခုက ဒီလို လုပ်ဖို့ အကောင်းဆုံး အချိန်ပဲ။ လက်စားချေရင်းနဲ့ ။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ ခြိမ်းခြောက်မှုကိုလည်း ဖယ်ရှားနိုင်မယ်။

“ အပြင်လူတွေကတော့ ဖန်ကျန်းရှီက ရှန်လင်းကို သတ်လိုက်တယ်လို့ ထင်မှာပဲ။ ဒါပေမယ့် ဧကရာဇ် မင်းကတော့ ။ အရှင့်ရဲ့ ကြိုးပမ်းမှုကို ထိုးထွင်းသိမြင်မှာပဲ။ ကြီးမြတ်သောရှ မင်းဆက်ရဲ့ စိုးရိမ်ပူပန်မှုကို ဖယ်ရှားပေးတဲ့ အတွက် အရှင့်ကို ဆုချီးမြှင့်မှာ အမှန်ပါ။” စုချင်း ရှင်းပြတယ်။

“ ဆုချီးမြှင့်မယ်ဟုတ်လား။ ဧကရာဇ် လုပ်မလုပ် မင်းက ဘယ်လိုသိလဲ။” လင်းထျန်းရုံ မေးတယ်။

“ ဖန်ကျန်းရှှီ က သေသွားပြီ။ ဒါကြောင့် အောင်ပွဲအတွက် သူ့ကို ချီးမြှင့်ဖို့ မဖြစ်နိုင်တော့ဘူး။ ရှန်လင်းကို သတ်လိုက်တဲ့ အတွက်။ အရှင့်ကို လည်း တိုက်ရိုက်ဆုချီးမြှင့်လို့ မရဘူး။ …”

“အဲ့ဒီ့တော့ ဘာဖြစ်လဲ။”

“ အောင်ပွဲအတွက် ဂုဏ်ထူးတွေက အရှင့်ဆီ အကုန်ရောက်လာတော့မှာပါ။”

“ ဟ ဟာ…. ပြောတာ ကောင်းတယ်။ ပြောတာ ကောင်းတယ်။” လင်းထျန်းရုံ ရယ်မောတယ်။

စုချင်းက သူ့ကို အောင်ပွဲရဲ့ ဂုဏ်ရှိန်တွေ အကုန်ရအောင် လုပ်ပေးမယ်။ ပြောတုန်းက သူ မယုံကြည်ခဲ့ဘူး။ ဒါပေမယ့် ။ စုချင်းက သူ့ကို အစီအစဉ်ပြောပြ ပြီးတဲ့ နောက်မှာတော့။ သူ ယုံကြည်သွားခဲ့တယ်။ သေလူတစ်ယောက် က ဘွဲ့ထူးဂုဏ်ထူးတွေ မရနိုင်ဘူး။

“ အရှင်ရဲ့ နန်းတော်က နေရာနဲ့။ ဒီတောင်ပိုင်းဒေသမှာ အကျိုးထူး ဆောင်ခဲ့မှုတွေကြောင့်။ နန်းပလ္လင်ကို ဆက်ခံ ဖို့က ခိုင်မာတဲ့ အနေအထားမှာ ရှိသွားလိမ့်မယ်။ သွမ့်အရှင်အတွက်တော့ ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာတော့မှာပဲ။” စုချင်း ပြုံးရင်း ပြောတယ်။

“ ခြိမ်းခြောက်မှုဟုတ်လား။ ဒါတော့ ငါ မသေချာဘူး။” လင်းထျန်းရုံ ပုခုံးတွန့်ရင်း ခေါင်းခါတယ်။

“ သွမ့်အရှင်က ဒီ့ထက် ပိုပြီးတော့ ထူးချွန်အောင် လုပ်နိုင်မယ်လို့။ အရှင်ထင်လို့လား။” စုချင်းမေးတယ်။

“ မြို့တော်ကို ငါ ကောင်းကောင်း ထိန်းချုပ်ထားတယ်။ နောက်ပြီးတော့ ဒီမှာလည်း ကောင်းကောင်း လုပ်ခဲ့တယ်။ ညီလာခံမှာတော့ ညီတော် ခြောက်က ငါ့ကို တိုက်ခိုက်လို့ရမှာမဟုတ်ဘူး။ ဒါပေမယ့် သူ့ရဲ့ အင်အားက တည်နေတာက ညီလာခံ မဟုတ်ဘူးလေ။”

“ မြောက်ပိုင်းဒေသ ကျောင်းတော်ငါးခုကို အရှင်ရည်ညွှန်းနေတာလား။” စုချင်း နားလည်သွားပုံပဲ။

“ အတိအကျပဲ။ မြောက်ပိုင်း ဒေသ ကျောင်းတော် ငါးခုကို ။ နတ်ဆိုး ကျောင်းတော်ကနေထိန်းချုုပ်ထားတာ။ ချီဟို့က ။ သွမ့်အရှင်ဘက်မှာ ရှိနေခဲ့တာ။ အချိန်အတော်ကြာပြီ။ နတ်ဆိုး ကျောင်းတော်ရဲ့ အထောက်အပံ့မရှိဘဲ နဲ့။ သွမ့်အရှင်က ။ စစ်တပ်ကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။”

“ အရှင်ပြောနေတာက….”

“ မင်းရဲ့ စွမ်းရည်တွေ နဲ့ ဆိုရင်။ ယဉ်ကျေးမှု ဝန်ကြီး ဌာနကို ရောက်သွားရင် အလဟသတ်ဖြစ်သွားလိမ့်မယ်။”

“ အရှင်။ ကျွန်တော့်ကို နတ်ဆိုး ကျောင်းတော်ဆီ စေလွှတ်ဖို့ ပြင်နေတာလား။”

“ နတ်ဆိုးကျောင်းတော်လား။ ဘယ်ဟုတ်မလဲ။ ဒါပေမယ့် မြောက်ပိုင်းကျောင်းတော် ငါးခုကို ဦးဆောင်ခွင့်ရဖို့ အတွက်တော့ တိုက်ခိုက်ရမယ်။ မင်း ဘယ်လိုထင်လဲ။” လင်းထျန်းရုံ မေးတယ်။

“ မြောက်ပိုင်း ကျောင်းတော်ငါးခုရဲ့ ခေါင်းဆောင်။ ဒါက ….. တကယ့်ကို မြင့်မားတဲ့ ဂုဏ်ရည်ပဲ။” စုချင်း ပြုံးပျော် မဆုံးဖြစ်နေခဲ့တယ်။

“ ဟ ဟာ… ။ ငါ့ကို ကျေးဇူးတင် မစောသေးနဲ့အုန်း။ မြောက်ပိုင်းကျောင်းတော် ငါးခုရဲ့ ခေါင်းဆောင်ဖြစ်ဖို့က လွယ်တာ မဟုတ်ဘူး။ ကျောင်းတော်တစ်ခုကိုသာ အရှင်ဆုံး ဦးဆောင်ကြည့်ပါအုန်း။”

“ အရှင် ဆန္ဒရှိတဲ့ အတိုင်း။ ကျွန်တော်မျိုး အမှုထမ်းပါမယ်။” စုချင်း ခေါင်းငြိမ့်တယ်။

…  

ညက အေးစိမ့်နေတယ် ။ လင်းထျန်းရုံက လှည်းကို တစ်ချက်ကြည့်တယ်။ အသက်မျှင်းမျှင်းလေး ရှူနေတဲ့ ရှန်လင်းကို လျစ်လျူရှုထားခဲ့တယ်။ လှည်းထဲမှာ ရှိနေတဲ့ သူတွေက သေလူတွေပဲ။

“ အကယ်၍ ဒီ အစီအစဉ်သာ အောင်မြင်သွားရင်။ ကြီးမြတ်သောရှ မင်းဆက် နန်းတော်မှာ မင်းရဲ့ နေရာက။ ယှဉ်သူ မရှိအောင် ဖြစ်သွားမှာပဲ။ ”ရှန်လင်းရဲ့ အသံ ထွက်ပေါ်လာတယ်။ လင်းထျန်းရုံက ရှန်လင်းကို လျစ်လျူရှုထားဆဲ။ ရှုံးနိမ့်သွားတဲ့ သူနဲ့ စကားပြောစရာမလိုဘူး။

“အရှင့်သား ။ ဒီကိစ္စကို ကျွန်တော် လက်စသတ်လိုက်ရတော့မလား။” စုချင်း မေးတယ်။ သူက မျက်နှာလိုမျက်နှာ ရ လုပ်ချင်နေတာ မဟုတ်ဘူး။ သူ့ဒေါသတွေကို ဖြေဖျောက်ချင်နေတာ။

“ကောင်းပြီ။” လင်းထျန်းရုံခေါင်းငြိမ့်တယ်။

“ ကျေးဇူးတင်ပါတယ်။ အရှင်။” စုချင်းအကျီကို ဖုန်ခါရင်း။ လှည်းဆီ လျှောက်လာတယ်။ ဖြည်းဖြည်းချင်း တစ်လှမ်းချင်း။ ကျေနပ်မှုကို ခံစားနေခဲ့တယ်။ လှည်းနားကို သူရောက်တဲ့ အချိန် သူ ပြုံးလိုက်တယ်။ သူ့ အသက်ရှူသံကိုတောင် သူ ပြန်ကြားနေရတယ်။

“ နာနာကျင်ကျင်သေလို့ရအောင် သေချာ လုပ်ပေးပါမယ်။” စုချင်း လှောင်ရယ်ရင်းပြောတယ်။ လှည်း ရဲ့ လိုက်ကာကို လှပ်လိုက်တဲ့ အချိန်မှာတော့ ။ သူတုန်ယင်သွားသလို။ ပြုံးနေတာလည်း ရပ်သွားခဲ့တယ်။

“တကယ်တော့ စကားက မဆုံးသေးဘူး။ ပြီးပြည့်စုံလွန်းလှပါတယ် ဆိုတဲ့ အစီအစဉ်တွေတောင်။ ဟာကွက်တော့ ရှိတာပဲ။ ငါပြောတာမှန်တယ်မလား။ အိမ်ရှေ့စံနဲ့။ အမတ်မင်းစု။” ရှန်လင်းရဲ့ အသံ ထွက်လာခဲ့တယ်။

အပိုင်း(၄၇၅) ပြီး၏။

အပိုင်း (၄၇၆)

“ သေရမယ်။ ဒီကောင် သေရမယ်။”

ရှန်လင်းရဲ့အသံက မကျယ်ဘူး။ တကယ်တော့ သူက အသက်ရှူ ရပ်မတတ် ဖြစ်နေတာ။ ဒါပေမယ့် သူ့ အသံက စုချင်း ကို အေးခဲသွားစေခဲ့တယ်။

(“တကယ်တော့ စကားက မဆုံးသေးဘူး။ ပြီးပြည့်စုံလွန်းလှပါတယ် ဆိုတဲ့ အစီအစဉ်တွေတောင်။ ဟာကွက်တော့ ရှိတာပဲ။ ငါပြောတာမှန်တယ်မလား။ အိမ်ရှေ့စံနဲ့။ အမတ်မင်းစု။” ရှန်လင်းရဲ့ စကားတွေက စုချင်း စိတ်ထဲမှာ ပဲ့တင့် ထပ်နေခဲ့တယ်။

သ ဆက်ပြီးတော့ မပြုံးနိုင်တော့ဘူး။ သူ့လက်ကလည်း လမ်းတစ်ဝက်မှာ ရပ်နေခဲ့တယ်။ လှည်းတံခါးက လိုက်ကာကို သူ ကိုင်ထားခဲ့တယ်။ ဒါပမေယ့် သူ ဆက်ပြီး မလှုပ်ရှားဘူး။ ဘာတွေ ဖြစ်နေတာလဲ။ အခု ကိစ္စက မဖြစ်နိုင်တာပဲ။ စုချင်း တကယ့်ကို မယုံနိုင်။

သူ့ရဲ့ ပြီးပြည့်စုံတဲ့ အစီအစဉ်က လွဲချော်သွားတယ်ဆိုတာ သူလက်မခံနိုင်ဘူး။ တကယ်တော့ အခု အစီအစဉ်ကြီးက သူထင်ထားတာ တက်တောင် ပို ချောမွေ့နေသေးတယ်။ ဖန်ကျန်းရှီ ရဲ့ ပြစ် မှုကို လူတိုင်း မျက်မြင် တွေ့ခဲ့ရတာပဲ။ သူ့ရဲ့ အရင်အကျင့် စရိုက် တွေနဲ့ ပေါင်းလိုက်တော့။ ရှန်လင်း ကို အကွက်ဆင်ဖို့လည်း အကုန်လုံး အစီအစဉ်တကျ ဖြစ်သွားခဲ့တယ်။

တခြားသူတွေ ယုံတာ မယုံတာ အပထား။ သေတဲ့သူတွေကတော့ စကားမပြောနိုင်ဘူးလေ။ သူနဲ့ လင်းထျန်းရုံက ဒီ သတင်းကို အမှန်လို့ ထင်အောင် လုပ်နိုင်သရွေ့ ။ အစီအစဉ်က ချောမွေ့နေမှာပဲ။ ဒါပေမယ့် ဖန်ကျန်းရှီသာ မသေရင် ဘယ်လို ဖြစ်သွားမလဲ။

စုချင်း တုန်ယင်သွားတယ်။ အနီးမှာ ရပ်နေတဲ့ အိမ်ရှေ့စံ လင်းထျန်းရုံကို လှည့်ကြည့်တယ်။ ကြီးမြတ်သော ရှမင်းဆက် ရဲ့ အိမ်ရှေ့စံ အနေနဲ့။ လင်းထျန်းရုံက အရှုံးဆိုတာကို မကြားလိုဘူး။ ဒါပေမယ့် ရှန် လင်းပြောတာကို ကြားပြီးနောက်မှာတော့။ သူ့ ရဲ့ အမူအယာလုံးဝကို ပြောင်းလဲသွားတယ်။

စုချင်းကို ကြည့်ရုံနဲ့ တစ်ခုခု လွဲနေတာကို သူသိတယ်။ နောက်ပြီးတော့။ သူလည်း တဲထဲကို မြင်နေရတယ်လေ။ းီ အချိန် တစ်လျှောက်လုံးမှာ လင်းထျန်းရုံက အေးဆေး တည်ငြိမ်နေခဲ့တာ။ သူက အလုပ်လုပ်ရင် အပိုင် တွက်ဆပြီးမှ လုပ်လေ့ ရှိတယ်။ ဒါပေမယ့် အခု အချိန်မှာတော့။

ဒီတစ်ကြိမ်မှာတော့။ သူ လုပ်နေကြ ကိစ္စကနေ သွေဖယ်ပြီးတော့ လုပ်ခဲ့မိတယ်။ ဆုလဒ်က ကြီးလွန်းတယ်လေ။ တောင်ပိုင်းဒေသ က ဂုဏ်ထူးတွေအကုန်လုံး။ ဒီကိစ္စ အောင်မြင်သွားရင်။ ညီလာခံက သူ့နေရာကိုလည်း ဆက်ပြီးတော့ ထိန်းသိမ်းထားနိုင်မယ်။ သူ့ အလုပ်သာ ကောင်းကောင်းမွန်မွန် အဆုံးသတ်သွားရင်။ နန်းပလ္လင်ကလည်း သူ့ အတွက် သေချာသွားလိမ့်မယ်။

ဒါပေမယ့်။ အခု အစီအစဉ်ကြီးမှာ။ အဓိက လိုအပ်တာက။ ဖန်ကျန်းရှီ သေရဖို့ပဲ။ ဖန်ကျန်းရှီ သေမှပဲ ဒီ ကိစ္စကြီးလည်း အောင်မြင်နိုင်လိမ့်မယ်။

“ မင်း…. သူ့ကို လွှတ်လိုက်တာလား။” ရှန်လင်း တုန်ယင်သွားတယ်။ ဖန်ကျန်းရှီ လွတ်မြောက်သွားလိမ့်မယ်လို့ မထင်ထားမိဘူး။ သူက အဆိပ်မိပြီးတော့ သတိလစ်ေ်နတာလေ။ သူ့ကို သတ်ဖို့က ကိတ်မုန့်လှီးရ သလိုပဲ။ လင်းထျန်းရုံမှာ သက်စောင့် စစ်သည်တော် ရှစ်ဦးလည်း ရှိနေတယ်လေ။ သာမာန် စစ်သည်တော် တစ်ယောက် တောင်မှ ဖန်ကျန်းရှီကို လွယ်လွယ်လေး သတ်နိုင်တယ်။ ဒါပေမယ့် အခုတော့ လှည်းထဲ မှာ ဖန်ကျန်းရှီ မရှိတော့ဘူး။ ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတယ်။ ရှန်လင်းက ဖန်ကျန်းရှီကို လွှတ်ပေးလိုက်တာ။ ရှန်လင်းမှာပဲ ဖြေဆေးရှိတာလေ။

“ ဟ ဟာ.း ….။ မင်းက ဘယ်လို ထင်လို့လဲ။” ရှန်လင်း ရယ်မောရင်း မေးတယ်။ သူက အကြောလိုက်နေသလို။ သူ့ ရဲ့ ဒဏ်ရာကနေ လည်း သွေးတွေ စီးကျနေခဲ့တယ်။ ဒါပေမယ့် သူ့ လုပ်ရပ် ရဲ့ ရလဒ်ကြောင့် အတော့်ကို ပျော်ရွှင်နေခဲ့တယ်။

“သေစမ်း။” လင်းထျန်းရုံ အော်ဟစ်တယ်။ သူ့ လက်ထဲက ဓား အလင်းလို အရှိန်နှုန်းနဲ့ ရှန်လင်း ဆီကို ပြေးဝင်လာတယ်။ ရှန်လင်းကတော့ မလှုပ်ရှားဘူး။ သူ့လည်ပင်းကို ထိုးဖောက်လာတဲ့ ဓားကို ကြည့်နေခဲ့တယ်။ သူသေတဲ့အထိ။ အဲ့ဒီ့နောက်။ သူ့မျက်စိရှေ့က လောကကြီး မှောင်အတိကျသွားတယ်။ သေသွားခဲ့ပြီ။

လင်းထျန်းရုံကတော့ ရှန်လင်းကို စိုက်ကြည့်နေခဲ့တယ်။ သူ့ နှလုံးသားထဲ ဒေါသ အမုန်းတွေ ပေါက်ကွဲနေခဲ့တယ်။ တကယ်တော့။ ရှန်လင်းကို သူမသတ်ခင်မှာ။ ဖန်ကျန်းရှီကို ရှန်လင်းသတ်လိုက်ပြီးတဲ့ အချိန် အထိ စောင့်လိုက် သင့်တာ။ ဒါပေမယ့် သူ မစောင့်မိခဲ့ဘူး။ ဖန်ကျန်းရှီက အဆိပ်မိပြီးတော့ သတိလစ်နေတဲ့ သူ။ ဒါကြောင့် စိုးရိမ်ဖို့ မလိုဘူး။ အခုတော့ ကိစ္စတွေက ဒီလို ဖြစ်လာပြီ။

“ လိုက်စမ်း ။ ဖန်ကျန်းရှီကို အသေသတ်။” လင်းထျန်းရုံ အော်ဟစ်တယ်။

“အမိန့်တော် အတိုင်းပါ။” သက်စောင့် စစ်သည်တော်တွေ လင်းထျန်းရုံ ရဲ့စကားကို ကြားတာ နဲ့ ချက်ခြင်း လှုပ်ရှားကြတယ်။ အရပ်ရှစ်မျက်နှာကို သူတို့ ခွဲထွက်သွားကြတယ်။ ည အမှောင်ထုက ကြီးစိုးလာတယ်။ သွေးနီနီတွေက နှင်းဖြူဖြူ ပေါ်မှာ စွန်းထင်းကုန်တယ်။

“ ဝူး….” ရှန်လင်းရဲ့ လည်ပင်းက ဓားကို နုတ်လိုက်တာနဲ့ သွေးတွေ ပန်းထွက်လာခဲ့တယ်။ ညက အေးစက်နေတယ်။ အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ အမူအယာကတော့ မှောင်မည်း တည်ငြိမ်နေခဲ့တယ်။ နန်းပလ္လင် အတွက် တိုက်ခိုက်နေတဲ့ အချိန်မှာ ဘာ အမှားအယွင်းမှ သူ အဖြစ် မခံနိုင်ဘူး။

မှောင်မည်း သိပ်သည်းနေတဲ့ ဒီ သစ်တော်ထဲမှာ လူတစ်ယောက်ကို လိုက်ရှာဖို့ ။ ဘယ်လောက်တောင် ခက်ခဲမှန်း သူသိတယ်။ အမှောင်ထဲကို ကြည့်ရင်း သူ့လက်ထဲက သွေးစွန်းနေတဲ့ ဓားကို တစ်ချက်ကြည့်လိုက်တယ် ။ “ ဝူး။ ” သူ နောက်တစ်ကြိမ် ထိုးလိုက်တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ရှန်လင်းကိုကော ။ စုချင်းကိုကော ထိုးတာ မဟုတ်ဘူး။ သူ့ရင်ဘတ်သူ ထိုးလိုက်တာ။

“အရှင်မင်းသား။ ” စုချင်း တုန်တုန်ယင်ယင်နဲ့ ဒူးထောက်လိုက်တယ်။

“ သူ မသေဘူး။ ဟ ဟား…။ သူ မသေဘူး။ ကောင်းတယ်။ အရမ်းကောင်းတယ်။ ကြီးမြတ်သောရှ မင်းဆက်မှာ မင်း ဘယ်လို မျက်နှာပြဝံ့မလဲ ။ ငါ သိချင်လိုက်တာ။” လင်းထျန်းရုံ သွေးတပွက် အန်ကျလာတယ်။

“ ဒီလို ဆုံးဖြတ်ချက် ခိုင်မာပုံမျိုးနဲ့ ဆိုရင်။ နန်းပလ္လင်ကလည်းအရှင့် အတွက်ပဲ ဖြစ်မှာပါ။ အရှင့်အတွက် ကျွန်တော့် အသက်ကို ပေးအပ် ဝံ့ပါတယ်။ ” လင်းထျန်းရုံ လုပ်နေတာကို စုချင်း န ားလည်တယ်လေ။ တောင်ပိုင်း အိမ်ရှေ့စံ ကို ချ နင်းဖို့ လပ်နေတာ။

ဖန်ကျန်းရှီ က စစ်ပွဲထဲမှာ စွမ်းဆောင်မှု ကြီးမားတဲ့ အတွက်။ သတ်ခံရမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် အကယ်၍ သူသာ တောင်ပိုင်းဒေသ အိမ်ရှေ့စံကို သတ်ပြီးတော့။ ကြီးမြတ်သော ရှ အိမ်ရှေ့စံကို ဒဏ်ရာရအောင် လုပ်လိုက်ရင်။ သေခြင်းတရားလက်က နေ သူ ထွက်ပြေးနိုင်တော့မှာ မဟုတ်ဘူး။

…

…

တောင်ပိုင်းဒေသရဲ့ ပထမခင်းက တောက်ပနေတယ်။ ဒီနှစ်ဆောင်းတွင်းမှာ ပထမဆုံး နှင်းတွေ ကျလာပြီ။ မနက်ခင်းက အေးစက်နေသလို။ ငွေရောင်ရေခဲပြင် အလွှာကလည်း ။ မြေပြင်ပေါ်မှာ တောက်ပနေတယ်။ သုခမိန်တောင်တန်း မြို့တော် တစ်ခုလုံး ။ နှင်းဖုံးသွားခဲ့ပြီ။ ဒါပေမယ့်။ နှင်းထဲမှာ ရပ်နေတဲ့ စစ်သည်တော် အုပ်စုတစ်ခု ရှိနေခဲ့တယ်။

သူတို့ အားလုံးက နှစ်မီတာ မြင့်တဲ့ သားရဲကောင်ကြီးတွေကို စီးနင်းထားကြတယ်။ ငွေဂျိုဝံပုလွေ တပ်ဖွဲ့။ ကုံျွှန် အတိုင်းဆိုရင်။ သူတို့တွေက မယုံနိုင်လောက်အောင် လျင်မြန်ကြတယ်။ နှင်းထဲမှာတောင်။ ပုံမှန်မြေပြင်ပေါ်မှာ ပြေးသလို ပြေးနိုင်ကြတယ်။ ဒါပေမယ့် အခု ငွေဂျိုဝံပုလွေတွေကတော့ နှင်းထဲမှာ ။ နာနာကျင်ကျင် လျှောက်လှမ်းနေကြတယ်။ သူတို့တွေက ညီလာခံ ခန်းမဆီကို လျှောက်လာကြတာ။ နှင်းတွေကတော့ ဖွေးဖွေးလှုပ်အောင် ကျနေခဲ့တယ်။

ကောင်းကင်ကြီးက မှောင်မည်းနေတယ်။ ညီလာခံခန်းမကို မြင်နေရပြီ။ ဒါပေမယ့် ဘယ် ငွေဂျိုဝံပုလွေ တပ်ဖွဲ့ကမှ စိတ်အားထက်သန်နေတာမျိုး မရှိခဲ့ဘူး။ သူတို့တွေ တည်ငြိမ်နေခဲ့တယ်။ တစ်ယောက်မှ စကားမပြောကြဘူး။ ငွေဂျိုဝံပုလွေ တွေရဲ့ နှာမှုတ်သံနဲ့။ ခြေသံတွေကို ပဲ ကြားနေရတယ်။

နောက်ဆုံးတော့။ သူတို့တွေ နန်းတော်ရှေ့မှာ ရပ်တန့်လိုက်ကြတယ်။ ဘယ် အစောင့်ကမှ သူတို့တွေကို မေးခွန်း မထုတ်ကြဘူး။ လူတိုင်းက တိတ်တဆိတ် စောင့်ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက် တံခါး ပွင့်သွားတယ်။

“ အာဝူး…” တံခါးပွင့်သွားတဲ့ အချိန်မှာပဲ။ ငွေဂျိုဝံပုလွေ တွေရဲ့ အူသံ ထွက်ပေါ်လာတယ်။ ဒီအသံက မြို့တစ်ခုလုံးကို ပဲ့တင့် ထပ်သွားခဲ့တယ်။ ဒါပေမယ့် ငွေဂျိုဝံပုလွေတွေ မလှုပ်ရှားကြဘူး။ တံခါး အလယ်မှာ ရပ်နေတဲ့ လူတစ်ယောက်ရှိနေတာ ကြောင့်ပဲ။ ဒီလူက နှင်းဖြူရောင် ဦးထုပ်ကို ဆောင်းထားပြီးတော့။ နှင်းဖြူရောင် သားရေထည်ကို ဝတ်ထားခဲ့တယ်။

ဒီလူ့ရဲ့ နောက်မှာ။ အမျိုးသမီး တစ်ယောက်ရှိနေတယ် ။ သူမလည်း နှင်းတွေ ဖုံးနေတဲ့ အဖြူရောင် သားရေ ဝတ်စုံကို ဝတ်ထားခဲ့တယ်။ သူမရဲ့ ရွှေအိုရောင် အသားအရည်။ နက်မှောင်တဲ့ မျက်ဝန်းတွေ။ သေးသွယ်တဲ့ ခြေထောက်နဲ့။ ပေါင်မှာ ချိတ်ထားတဲ့ ဓား မြှောင်နှစ်ချောင်းက ထင်ရှားလွန်းတယ်။ ရှန်းယွီ မင်းသမီး။ ဒါကြောင့် သူမ ရှေ့မှာ ရှိနေတာက တောင်ပိုင်း ဘုရင်။

ငွေဂျိုဝံပုလွေတပ်ဖွဲ့တွေက တံခါးရှေ့မှာ ရပ်နေခဲ့တယ်။ သူ တို့နောက်မှာ။ နယ်မြေမှူးတွေနဲ့ စစ်သူကြီးတွေ ရှိနေခဲ့တယ်။ ဒါပေမယ့် သူတို့တွေ တစ်ယောက်မှ ဦးမညွှတ်ကြသလို။ ဒူးလည်း မထောက်ကြဘူး။ တိတ်တဆိတ်သာရှိနေခဲ့တယ်။ မြင်ရတာ ထူးဆန်းလွန်းတယ်။ ဒီအချိန်မှာပဲ။ တောင်ပိုင်းဘုရင် တုန်တုန်ယင်ယင်နဲ့ ဒူးထောက်လျက် လဲကျသွားတယ်။

“ငါ့သားတော်။”

တောင်ပိုင်းဘုရင်… အော်ဟစ်တယ်။ သူ့ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ ဖြတ်သန်း စီးဆင်းလာခဲ့တယ်။ ဒီလူကြီးက မရေမတွက်နိုင်တဲ့ စစ်ပွဲတွေကို ဖြတ်သန်းခဲ့တယ်။ ကြောက်စရာကောင်းတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရရင်တောင်။ သူ တစ်ခါမှ မငိုခဲ့ဘူး။ ဒါပေမယ့် အခုတော့။ သူ့ပါးပေါ်မှာ မျက်ရည်စတွေ စွန်းထင်း ကုန်ပြီ။

ရှန်းယွီ မင်းသမီး ။ နယ်မြေမှူးတွေနဲ့ စစ်သူကြီးတွေ အားလုံး ဒူးထောက်လိုက်ကြတယ် ။ ဒါက မြေပြင်တစ်ခုလုံးကို တုန်ယင်သွားစေခဲ့တယ်.။

“ ဝူး…”

ငွေဂျိုဝံပုလွေ တွေလည်း မြေပြင်ပေါ်မှာ ဝပ်တွားနေခဲ့တယ်။ ဒါပေမယ့် သူတို့ ပေါ်မှာ စီးနင်းလာတဲ့ စစ်သည်တော်တွေကတော့ မလှုပ်ရှားဘူး။

နှင်းထဲမှာ ပဲ ဒီအတိုင်းရှိနေခဲ့ကြတယ်။ ဘာကြောင့်လဲ ဆိုတော့။ သူတို့ ရဲ့ ပုခုံးပေါ်မှာ သစ်သား အခေါင်း တစ်ခုကို သယ်ထားတာ ကြောင့်ပဲ။ သစ်သား မျက်နှာပြင်ပေါ်မှာ။ ထူးခြားတဲ့ သင်္ကေတတွေ ထွင်းထားခဲ့တယ်။ ဒါက နန်းတော် နံရံပေါ်မှာ ထွင်းထားတဲ့ သင်္ကေတနဲ့ တူညီတယ်။ ပိုပြီး အရေးကြီးတာက။ သစ်သား အခေါင်းထဲမှာ လဲလျောင်းနေတဲ့ လူတစ်ယောက်ရှိနေတာပဲ။ အဖြူရောင် သားရေပြားနဲ့ အုပ်ထားပေမယ့်။ သွေးစတွေ စွန်းထင်းနေတာက မြင်သာလွန်းတယ်။ ဒါက ရှန်လင်း။ တောင်ပိုင်းဒေသရဲ့ ထီးနန်းကို ဆက်ခံတော့မယ့် အိမ်ရှေ့စံ။ ဒါပေမယ့် အခုတော့ သူသေသွားခဲ့ပြီ။

“ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အိမ်ရှေ့စံ ဘယ်မှာလဲ။ ဘာလို့ ဒီကို ပြန်မလာတာလဲ။ ငါ သူ့ကို သတ်မှာ ကြောက်လို့လား။” တောင်ပိုင်း ဘုရင် အော်ဟစ်တယ်။

“ အရှင်။ အိမ်ရှေ့စံက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပါတယ်။ အခုက သူက သတိလစ်မေ့မြောနေပြီးတော့။ ကြီးမြတ်သောရှ မင်းဆက်ကို ပြန်တဲ့လမ်းမှာ ရှိနေပါတယ်။” ငွေဂျိုဝံပုလွေ တပ်ဖွဲ့က ပြန်ဖြေတယ်။

“ ဒဏ်ရာရတယ်။ သတိလစ်နေတယ်။ ဘာ ဒဏ်ရာ ရတာလဲ။ ဘာလို့ သတိလစ်နေတာလဲ။” ဘုရင့်ရဲ့ အမူအယာ ပြောင်းလဲသွားတယ်။

“ ရင်ဘတ်ကို ဓားနဲ့ ထိုးခံရတာပါ။ နှလုံးနဲ့ တစ်လက်မပဲ ဝေးကွာတဲ့ နေရာမှာ။” ငွေဂျိုဝံပုလွေ စစ်သည် ပြန်ဖြေတယ်။

“ တစ်လက်မ ဟုတ်လား…၊ ဟ ဟာ…. တစ်လက်မလောက် လွဲသွားတယ်ပေါ့။” တောင်ပိုင်းဘုရင် ရယ်မောတယ်။ သူဒေါသ ထွက်လွန်းလို့ ရယ်မောနေခဲ့တာ။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ။ တုန်ယင်လာခဲ့တယ်။ အဲ့ဒီ့နောက်။ ပါးစပ်အပြည့် သွေးတွေ အန်ချတော့တယ်။

“ -ျီးပဲ” သွေးတွေက နှင်းပေါ်ကို ပျံ့ကျဲသွားတဲ့ အတွက်။ အနီရောင် စွန်းထင်းသွားခဲ့တယ်။

“ခမည်းတော်။” ရှန်းယွီ ချက်ခြင်း။ သူ့ ခမည်းတော် လဲကျမသွားအောင် ထိန်းထားလိုက်တယ်။ သူမလည်း တုန်ယင်နေခဲ့တယ်။ သူမ မျက်ဝန်းတွေမှာ အမုန်းတရားတွေ ပြည့်နှက်နေခဲ့တယ်။ သူမ ခမည်းတော် ကို ပွေ့ဖက်ထားရင်း တိတ်ဆိတ်နေခဲ့တယ်။ အခု အခြေအနေကို သူမ နားလည်တယ်။ ပြောသင့်တဲ့ ကိစ္စတွေ ရှိသလို ။ တချို့ကိစ္စတွေတော့ ထုတ်မပြောသင့်ဘူးဆိုတာ သူမ နားလည်တယ်။

“ သမီးတော်။ အကို အကြီးဆုံး နဲ့ ဒုတိယ အကိုလည်း မရှိတော့ဘူး။ အခုတော့ တတိယ အကိုတော်လည်း ဆုံးပါးသွာခးဲ့ပြီ။” တောင်ပိုင်းဘုရင်က။ ရှန်းယွီမင်းသမီးကို ပြောတယ်။ စက္ကန့် ပိုင်း အတွင်းမှာပဲ သူ ပိုပြီး အိုမင်းသွားခဲ့တာ။

“ ခမည်းတော်။ ခမည်းတော်မှာ ဒီ သမီးတစ်ယောက်လုံး ရှိနေပါသေးတယ်။” ရှန်းယွီ ရဲ့ လက်တွေက နှင်းတွေ အောက်မှာ နစ်မြုပ်နေခဲ့တယ်။ ဒါကြောင့် သူမ လက်သီးဆုပ်ထားတာကို ဘယ်သူမှ သတိမထားမိခဲ့ဘူး။

“ ဟုတ်တယ်။ ငါ့မှာ သမီးတော် ရှိသေးတယ်။ တောင်ပိုင်းဒေသကို အုပ်ချုပ်နိုင်မယ့် သမီးတော် ရှိသေးတယ်။” တောင်ပိုင်းဘုရင်ရဲ့ မျက်လုံးတွေ တလက်လက် တောက်ပလာခဲ့တယ်။ သူ့ ခန္ဒာကိုယ်က အနီရောင် အလင်းတန်းတွေ ဖြာထွက်လာသလို။ သူ့ပတ်ပတ်လည်မှာ ရှိတဲ့ နှင်းတွေလည်း အရည်ပျော်သွားခဲ့တယ်။ သူ့ ခန္ဒာကိုယ် တဝိုက်က အပူလှိုင်းတွေကို ကောင်းကောင်းမြင်နေရတယ်။

“ဒီနေ့ကစပြီးတော့။ ရှန်းယွီ မင်းသမီးက တောင်ပိုင်းဒေသကို အုပ်ချုုပ်လိမ့်မယ်။”

“ အမိန့်တော် အတိုင်းပါ။”

“ ခမည်းတော် ။ သမီးတော်က ငယ်ရွယ်သေးတယ်။ နောက်ပြီးတော့ ခမည်းတော်။” ရှန်းယွီ မင်းသမီး တုန်ယင်လာသလို။ သူမရဲ့ မျက်ဝန်းတွေ ပြူးကျယ်နေခဲ့တယ်။

တောင်ပိုင်းဒေသ ရဲ့ မိသားစုဝင် အနေနဲ့ သူမက ရှန်မျိုးနွယ် မိသားစု တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။ ဒါပေမယ့် တောင်ပိုင်းဒေသကို အုပ်ချုပ်ရမယ်လို့ သူမ တစ်ခါမှ မထင်ထားမိခဲ့ဘူး။

“ လုံလောက်ပြီ။ ကိုယ်တော် ဆုံးဖြတ်ချက် ချပြီးပြီ။ မီးတောက်ကျီးကန်း ဘယ်မှာလဲ။” တောင်ပိုင်းဘုရင်။ ခေါင်းခါရင်း သူ့သမီးတော်ရဲ့ ဆံပင်တွေကို ထိုးဖွနေခဲ့တယ်။

“ အရှင်မင်းမြတ်။ ကျွန်တော်မျိုး အခစားဝင်ပါတယ်။ ” ပိန်ပိန်ပါးပါး လူတစ်ဦး လူအုပ်ထဲကနေ လျှောက်လာခဲ့တယ်။ ဒါက မီးတောက်ကျီးကန်း နယ်မြေရဲ့ နယ်မြေမှူးပဲ။

“ အင်း။ ကြီးမြတ်သော ရှမင်းဆက် မြို့တော်ကို။ ကိုယ်တော့်ကိုယ်စား မင်း ခရီးထွက်ရမယ်။ တောင်ပိုင်းဒေသ ပလ္လင်ကို ဆက်ခံတော့မယ့်။ ရှန်းယွီ မင်းသမီး အတွက် လက်ဆောင် တောင်းခံ။ ရိက္ခာ တန် ရှစ်သောင်း။ ရွှေသား တစ်သောင်း။ ငွေသား တစ်သောင်း။ …” တောင်ပိုင်းဘုရင် နှင်းထဲမှာ ရေးခြစ်ရင်း ပြောနေခဲ့တယ်။

“ အရှင်မင်းမြတ်။ ကျွန်တော်မျိုးတို့က ။ကြီးမြတ်သောရှ မင်းဆက်ရဲ့ လက်အောက်ခံ နယ်မြေ ဆိုတော့။ ရွှေသား ငွေသားပေးမှာ ဟုတ်ပေမယ့်။ ရိက္ခာကျတော့ ပေးပါ့မလား အရှင်။” မီးတောက်ကျီးကန်း သူမြင်ရတဲ့ အရေအတွက် ကြောင့် မျက်လုံး ပြူသွားခဲ့တယ်။

ဒီ ကိန်းဂဏန်းတွေက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ သူသိတယ်။ စစ်တပ်တစ်ခုကို ကောင်းကောင်း ဖန်တီးလို့ရတယ်လေ။ မီးတောက်ကျီးကန်းတွေ မကဘူး။ တခြားသော နယ်မြေမှူးတွေလည်း လန့်နေခဲ့တယ်။ ဒါက မခန့်မှန်း ထားနိုင်စရာပဲ။

“ ပေးမှာ။ သူတို့ သေချာပေါက်ပေးမှာပါ။” နယ်မြေမှူးနဲ့ စစ်သူကြီးတွေကို ကြည့်ရင်း။ တောင်ပိုင်းဘုရင် အခိုင်အမာ ပြောတယ်။

“ ကျွန်တော် နားလည်ပါပြီ။” မီးတောက်ကျီးကန်း ခေါင်းငြိမ့်တယ်။

“ ခမည်းတော်။ ကြီးမြတ်သောရှ မင်းဆက် ကနေ ရိက္ခာ တန်ချီပြီး တောင်းတာက…။ ခမည်းတော် စီစဉ်နေတာ. …” ရှန်းယွီ မင်းသမီးရဲ့ အမူအယာ ပြောင်းသွားခဲ့တယ်။

“ မဟုတ်ဘူး…။ သမီးတော်။ ဒါက သမီးတော် နန်းပလ္လင်ကို ဆက်ခံဖို့ ခမည်းတော်ရဲ့ လက်ဆောင်ပဲ။ သမီးတော်က အမျိုးသမီးဖြစ်နေတာ့။ ဒီ ပဏ္ဍာ ပမာဏက လူတွေရဲ့ စိတ်ကို လွှမ်းမိုးစေနိုင်ဖို့ လိုအပ်လာလိမ့် မယ်။ ကြီးမြတ်သောရှ ဧကရာဇ်လည်း သိမှာပါ။ ဒါကြောင့် သူ ပေးမှာ အမှန်ပဲ။ ဒါပေမယ့် ဒီ ရိက္ခာတွေကို ဘယ်လို သုံးမလဲ ဆိုတာ ။ သမီးတော် နဲ့ပဲ သက်ဆိုင်တယ်။ သမီးတော်က အုပ်ချုပ်သူ ဖြစ်လာတော့မှာပဲ။”

နယ်မြေမှူးနဲ့ စစ်သူကြီးတွေကို တောင်ပိုင်းဘုရင် လှည့်ကြည့်တယ်။ သူ့ခန္ဒာကိုယ်က အနီရောင် တောက်ပနေခဲ့တယ်။

“ ရှန်းယွီ မင်းသမီးကို ကျွန်တော်တို့ နောက်ဆုံး ထွက်သက် အထိ အမှုတော် ထမ်းသွားပါမယ်။” နယ်မြေမှူးတွေ နဲ့။ စစ်သူကြီးတွေ ဒူးထောက်ရင်း ဖြေတယ်။

ရှန်းယွီ မင်းသမီး တုန်ယင်သွားတယ်။ ဒီ တစ်ကြိမ်မှာ သူမ ဒူးမထောက်တော့ဘူး။ အခုချိန်မှာ သူမ ပုခုံးပေါ် ထမ်းရွက်ထားရတဲ့ တာဝန်က ကြီးမားလွန်းမှန်း။ သူမ သဘောပေါက်တယ်။ တောင်ပိုင်း ဒေသကို အုပ်ချုပ်ရတော့မယ်။ နယ်မြေမှူးတွေနဲ့ စစ်သူကြီးတွေကို ကြည့်ရင်း။ သူမ တိတ်ဆိတ်နေခဲ့တယ်။ အဲ့ဒီ့နောက်။ အဝေးကို ငေးကြည့်နေတော့တယ်။

နှင်းဖုံးနေတဲ့ မြေပြင်။ လေတိုက်တိုင်း ယိမ်းနေတဲ့ သစ်ပင်တွေ။ ကြီးမြတ်သောရှ မင်းဆက် ဆီကို ကြည့်နေခဲ့တာ။ ဒါပေါ့။ ကြီးမြတ်သောရှ မင်းဆက် အပြင် နောက် နယ်မြေ တစ်ခုလည်းရှိသေးတယ်။ အေးခဲ မျောက်မင်းဒေသ။ နောက်ပြီးတော့ ဓားတစ်လက်။ လေတောင်ကုန်း တောင်ပေါ်မှာ စိုက်ဝင်နေတဲ့ ဓားတစ်ချောင်း။ ဓား ရဲ့ တစ်ဝက် လောက်က မြေကြီးထဲမှာ စိုက်ဝင်နေတယ်။

နှင်းတွေကလည်း သူ့ကို ဖိထားသလို။ လေကလည်း ပြင်းပြင်းထန်ထန် တိုက်ခတ်နေခဲ့တယ်။ တောင်ပိုင်းဒေသရဲ့ အအေးဆုံး အပိုင်းဆိုတာ သေချာလွန်းတယ်။ ဓားကို ရေခဲအလွှာက ဖုံးအုပ်ထားပေမယ့်။ ထူးဆန်းတဲ့ ခရမ်းရောင် အလင်းတန်းကတော့။ ရေခဲအလွှာကို ဖြတ်သန်း တောက်ပနေခဲ့တယ်။

အပိုင်း(၄၇၆)ပြီး၏။

အပိုင်း(၄၇၇)

“ ညီလာခံ စာမေးပွဲရလဒ်”

…    Three weeksသုံးပတ်ကြာပြီးနောက်။ ကြီးမြတ်သောရှ မင်းဆက်ရဲ့ ဆောင်းရာသီ နေ့တနေ့မှာ။ မြို့တော်ကြီး တစ်ခုလုံးကို ေ“ ဖန်ကျန်းရှီ့ နာမည် ဘာလို့ ကျောက်ပေလွှာပေါ်မှာ မပါတာလဲ။” ရန်ရွှယ်က အလျှော့ပေးမယ့် ပုံစံ လုံး၀ မရှိ။

“ရန်ရွှယ်။” ဝန်ကြီး ယွီယိဖျင်ရဲ့ အသံ ထွက်ပေါ်လာတယ်။

“ညီလာခံ စာမေးပွဲရဲ့ စည်းမည်း အရ။ တိုက်ခိုက်ရေး စာမေးပွဲက။ တောင်ပိုင်းဒေသ အေးခဲ မျောက်မင်းဒေသမှာ ပြီးဆုံးတယ်။ အဲ့ဒီ့အချိန်တုန်းက။ ဖန်ကျန်းရှီ ကွပ်ကဲနေတာ စစ်သည်တော် ငါးသောင်းနီးပါး။ ကျန်ခဲ့တဲ့ ကျောင်းတော်သားတွေက နန်ကုန်းဟောင်။ ဖန်ကျန်းရှီ နဲ့ ငါပဲ။ ဘာလို့ သူ့ နာမည်က ကျောက်ပေလွှာပေါ်မှာ မပါတာလဲ။” ရန်ရွှယ်က ယွီယိဖျင်ကို လုံး၀ လျစ်လျူရှုထားရင်း အော်ဟစ်မေးမြန်းတယ်။

“ သစ္စာဖောက်တစ်ယောက်ကို ကျောက်ပေလွှာ ပေါ်မှာ ဘာလို့ ထွင်းပေးရမှာလဲ။”

“တောင်ပိုင်း ဒေသ မင်းသမီးကို စော်ကားတယ်။ အိမ်ရှေ့စံ ရှန်လင်းကို သတ်ဖြတ်ပြီးတော့။ အိမ်ရှေ့စံ လင်းထျန်းရုံကို ဒဏ်ရာရစေတယ်။ ဧကရာဇ် မင်းက သက်ညှာသော အားဖြင့် သူ့ကို သေဒဏ်မပေးတာ။ မင်းက ဘာထက် လိုချင်သေးလို့လဲ။”

“ရန်ရွှယ် မင်းက မြင့်မြတ်တဲ့ မိသားစုကပါ။ မင်းက သူနဲ့ မတူဘူး။ ကောင်းကင်တာအို ခန်းမမှာ အာရုံစိုက် ကျင့်ကြံလို့ ရသေးတယ်။ ပုန်ကန်တဲ့ သူ အတွက် မင်း ရပ်တည်ပေးမနေနဲ့တော့။” အမတ်မင်း တွေ ဒေါသတကြီး ဆူပူကြတယ်။

“ အပြစ်တွေ ပုံချတာ မခံရသေးခင် အထိတော့ အပြစ်ကင်းစင်ခဲ့တာပဲ။ ငါ့မှာ မေးခွန်းတစ်ခုပဲ ရှိတယ်။ ဖန်ကျန်းရှီ ရဲ့ နာမည် ကျောက်ပေလွှာပေါ်မှာ ဘာလို့ မပါတာလဲ။

“ရန်ရွှယ် …” အမတ်မင်းတွေ။ ဘာဆက်ပြောရမယ်မှန်းတောင် မသိ ဖြစ်နေခဲ့တယ်။

ကျောင်းတော်သားတွေလည်း မျက်လုံးတွေ ပြူးကျယ်နေကြတယ်။ ရန်ရွှယ်က အမတ်မင်းတွေ အားလုံးကို အာခံ ဝံ့မယ်လို့ သူတို့ မထင် ထားမိခဲ့ဘူး။ ဒါတွေ အကုန်လုံး က ဖန်ကျန်းရှီ ကြောင့်ပဲ။

“ ကချာ့။” ဒီအချိန်မှာပဲ။ နှင်းထဲကို ဖြတ်လျှောက်လာတဲ့ အသံ ထွက်ပေါ်လာတယ်။ အသံက တိုးညှင်းပေမယ့်။ ကျောင်းတော်သားတွေနဲ့ အမတ်မင်းတွေ အားလုံး ဒူးထောက်လိုက်ကြတယ်။

“ ဧကရာဇ် မင်း သက်တော်ရာကျော် ရှည်ပါစေ။” သူတို့ တွေ တညီတညွှတ်တည်း ပြန်ဖြေတယ်။

နှင်းထဲမှာ ရပ်နေတဲ့ တစ်ယောက်တည်းသော လူငယ်ကို ဧကရာဇ် လင်းမုပိုင် စိုက်ကြည့်နေခဲ့တယ်။

“ ဖန်ကျန်းရှှီ ရဲ့ နာမည် ဘာလို့ ကျောက်ဖျာပေါ်မှာ မပါတာလဲလို့။ ကိုယ်တော့်ကို မင်း မေးတယ် မဟုတ်လား။” ဧကရာဇ် လင်းမုပိုင်ရဲ့ အသံက တည်ငြိမ်တယ်။ ဒါပေမယ့် သူ့ အသံက ဘယ်လောက်တောင် အန္တရာယ်များမှန်း လူတိုင်းသိနေတယ်။ နှင်းနဲ့ ရေခဲတွေလို မအေးစက်ပေမယ့်။ လူတိုင်းရဲ့ ကျောရိုးထဲကို လှိုက်ခနဲ တုန်ယင် သွားစေပြီး။ နှလုံးခုန်သံကိုပါ ရပ်တန့်သွားစေနိုင်လောက်တဲ့ အအေးဓာတ်တွေ ပါဝင်နေခဲ့တယ်။

“ ဟုတ်တယ်။” ရန်ရွှယ်ခေါင်းငြိမ့်ရင်း ဖြေတယ်။ သူ့ အသံကလည်း ထပ်တူ ညီစွာပဲ အေးစက်နေခဲ့တယ်။

“ ကောင်းပြီ။ ကိုယ်တော် မင်းကို ပြောပြမယ်။ သူ့ အတွက် ကျောက်ပေလွှာပေါ်မှာ ကိုယ်တော် နေရာချန်ထား တယ်။ သူ့မှာ အပြစ်ကင်းစင်တဲ့ အဖြစ်ကို သက်သေပြနိုင်ရင်။ ဒီ ကျောက်ပေလွှာပေါ်မှာ ကိုယ်တော်ကိုယ်တိုင် သူ့ နာမည်ကို ရေးထွင်းပေးမယ်။ ဒီ အဖြေ မင်း ကျေနပ်ရဲ့လား။” ဧကရာဇ် လင်းမုပိုင် မျက်မှောင်ကြုတ်ရင်း ဖြေတယ်။

“အရှင်မင်းမြတ် ။ စိတ်ထိန်းတော်မူပါ။” အမတ်မင်းတွေ ဒူးထောက်နေရင်း တောင်းပန်ကြတယ်။

ရန်ရွှယ် စကားမပြောဘူး။ နှုတ်ခမ်းတွေကို ကိုက်ထားရင်း။ နန်ကုန်းဟောင်ရဲ့ နာမည်ဘေးက နေရာလွတ်ကို ကြည့်နေခဲ့တယ်။ နှင်းတွေကတော့ ဆက်တိုက် ကျဆင်းနေခဲ့တယ်။

“ရန်ရွှယ်။ ဧကရာဇ်က မင်းရဲ့ မေးခွန်းကို ဖြေပြီးနေပြီ။ အခုက မင်း ဖြေရမယ့် အချိန်ပဲ။ ရွေးချယ်ပွဲမှာ မင်း ပါဝင်မှာလား။” အထိန်းတော်ေ၀ ရဲ့ အသံ ထွက်ပေါ်လာတယ်။ သူက ဧကရာဇ်ရဲ့ နောက်တော်ပါး အစေခံ။ ဘယ်အချိန်မှာ ဘာပြောရမယ်မှန်း သူသိတယ်။

“ ဖန်ကျန်းရှီရဲ့ နာမည်ကို ကျောက်ပေလွှာပေါ်မှာ ရေးထွင်းပြီးတဲ့ အချိန်။ ကျွန်တော် ပါဝင် ယှဉ်ပြိုင်ပါမယ်။” ရန်ရွှယ် ဒူးထောက်တယ်။

ဒါပေမယ့် ခပ်မြန်မြန်ပဲ သူ ပြန်ထတယ်။ အဲ့ဒီ့နောက် တချက်လေးတောင် မတွေဝေပဲ လှည့်ပြန်သွားတော့တယ်။

“ ဒါ …” “ အတင့်ရဲလိုက်တာ။” “ အရှင်မင်းမြတ် ကျွန်တော်တို့။”

အမတ်မင်းတွေ။ ဧကရာဇ် လင်းမုပိုင်ကို လှည့်ကြည့်ကြတယ်။

“ ထားလိုက်။” ဧကရာဇ် လင်းမုပိုင် လက် ဝေ့ယမ်း ပြပြီးနောက်။ ခန်းမထဲကို ပြန်ဝင်သွားတော့တယ်။

…

…

နွေဦးရာသီ။ တစ်နှစ်ကြာပြီးနောက်။ ကြီးမြတ်သော ရှ နိုင်ငံတော်။ တိတ်ဆိတ်ငြိမ်သက်တဲ့ အိမ်တော်လေး တစ်ခု အတွင်း။ ပန်းတွေ လှိုင်လှိုင် ပွင့်ဖူးနေသလို။ အိမ်တော်တစ်ခုလုံး မွှေးရနံ့တွေ ထုံသင်းနေခဲ့တယ်။

ခြံဝန်းထဲက ဒန်းတစ်ခုပေါ်မှာ မိန်းမပျိုလေး တစ်ယောက်ရှိနေတယ်။ သူမရဲ့ ဖြူဖွေးတဲ့ အသားအရေက နေရောင်အောက်မှာ တလက်လက် တောက်နေတယ်။ သူမရဲ့ မျက်ခုံးတွေက ပါးလွှာချွန်မြနေတယ်။ နဖူး အလယ်မှာ အနီစက်လေး တစ်ခု ရှိနေခဲ့တယ်။ နန်းဆန်တဲ့ အလှတရား နဲ့ မိန်းမချောလေး ။ ပန်းပွင့်ဖတ်လေးတွေ ပြည့်နေတဲ့ ရေကန်လေး ဘေးမှာ ဒန်းစီးနေတာ။ လှိုင်းကြက်ခွပ်လေးတွေက ရေကန်ပေါ်မှာ တရိပ်ရိပ်ပြေးနေခဲ့တယ်။

“ သူတို့တွေ ဘာလို့ ထွက်မလာသေးတာလဲ။ တံခါးမှာ ညပ်နေကြတာလား။” သူမ ကြည့်ရတာ ဒေါသ ထွက်နေပုံပဲ။

ဒီအချိန်မှာပဲ။ ရေကန်ကြီး လှုပ်ရှားလာတော့တယ်။ အဲ့ဒီ့နောက် ရေကန်တစ်ခုလုံး လှိုင်းထန်လာခဲ့တယ်။ အနက်ရောင် စက်ဝိုင်းသဏ္ဍာန် ကျောက်တုံးတွေ။ ရေမျက်နှာပြင်ပေါ်ကို တက်လာကြတယ်။

“အာ.။ သူတို့ ထွက်လာကြပြီ။” မိန်းမပျိုလေးရဲ့ မျက်ဝန်းတွေ တလက်လက် တောက်ပလာသလို။ ပြန်တည်ငြိမ်သွားခဲ့တယ် ။ ကျောက်တုံး နက်တွေကြားမှာ အက်ကွဲကြောင်း တစ်ခု ပေါ်ထွက်လာတယ်။ တံခါး တစ်ခု ပွင့်လာသလိုပဲ။

မိန်းမပျိုလေးက ဒန်းစီးတာကို ရပ်တန့်ရင်း။ အက်ကွဲကြောင်းကို စိုက်ကြည့်နေခဲ့တယ်။ အက်ကွဲကြောင်းကြီး တစ်ဖြည်းဖြည်း ကျယ်လာပြီးတဲ့နောက်။ လူတစ်ယောက် ထွက်ပေါ်လာတယ်။ ခြေဗလာနဲ့ ခပ်ပွပွဝတ်ရုံဖြူကို ဝတ်ထားတဲ့ သူ။ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးတွေနဲ့ အိုမင်းနေတဲ့ လူကြီးပဲ။ ခေါင်းတစ်ခုလုံးလည်း ဖွေးဖွေးဖြူနေသလို။ ငွေရောင် မုတ်ဆိတ်မွှေးတွေ ကလည်း ခါး အထိ ကျနေခဲ့တယ်။

“ ဆရာ….” မိန်းမပျိုလေးက ဒန်းပေါ်ကနေ ခုန်ဆင်းလာခဲ့တယ်။ အဲ့ဒီ့နောက် လူအိုကြီးရဲ့ နောက်ကို လှမ်းကြည့်နေခဲ့တယ်။

“ အိုး…။ တပည့်လေးက ဆရာ့ကို ဒီမှာ လာစောင့်နေတာလား။” လူကြီးက သူ့ မုတ်ဆိတ်မွှေးတွေကို သပ်ရင်း ခပ်ပြုံးပြုံးမေးတယ်။

“ သူ ဘယ်မှာလဲဟင်။” မိန်းမပျိုလေးကတော့ လူကြီးရဲ့ အမေးကို လျစ်လျူရှုထားခဲ့တယ်။

“ ဘယ်သူတုန်း။” လူကြီး တစ်ခဏ ကြောင်သွားခဲ့တယ်။

“ဟိုအကောင်လေ။ သူ ဘာလို့ မထွက်လာသေးတာလဲ။ အရင်တစ်ခေါက်ကလို တံခါးမှာ ညပ်နေပြန်ပြီလား။” မိန်းမပျိုလေးက မေးမြန်းရင်း လှောင်ရယ်နေခဲ့တယ်။ အရင်တစ်ခေါက် အဖြစ်ကို ပြန်တွေးနေခဲ့တယ်။

“ ဒါဆို ဆရာ့ကို လာစောင့်တာ မဟုတ်ဘူးပေါ့။” လူကြီး ကြည့်ရတာ စိတ်ပျက်သွားပုံပဲ။

“ ဆရာ့ကို လာစောင့်တာပေါ့။ ဒါပေမယ့် ဟိုကောင်စုတ် က အထဲမှာရှိနေ တုန်းလား။”

“ မဟုတ်ဘူး။” လူကြီး ခေါင်းခါတယ်။

“ မဟုတ်ဘူး။ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ သူက မီးတောက် အမွှေးဖွာကြက် ပုံစံ ပြောင်းပြီးတော့ ထွက်ပြေးနိုင်မှာလား။” မိန်းမပျို ထိတ်လန့်သွားတယ်။

“ အမှန်ပဲ။ ” လူကြီး ခေါင်းငြိမ့်တယ်။

“ဆရာ။ အခုက ဟာသ လုပ်ရမယ့် အချိန် မဟုတ်ဘူးလေ။ ဆရာ့ရဲ့ သင့်ပြမှု မပါပဲနဲ့။ သူက ဒီ (ရေနတ်ဆိုး နယ်နိမိတ်) ကနေ ဘယ်လို လွတ်နိုင်မှာလဲ။” မိန်းမပျို မယုံကြည်။

“ ဖြစ်နိုင်ပါတယ်။ ဒီ (ရေနတ်ဆိုး နယ်နိမိတ်) ကနေ သူ ဘယ်လို လွတ်နိုင်မှာလဲ။” လူကြီး ခေါင်းငြိမ့်ရင်း သဘောတူတယ်။

“ ဆရာရေ့ … မဖြစ်နိုင်ဘူးလေ။ ဒီကောင်စုတ်က ကိုယ့်ဘာကိုယ် လမ်းဖောက်ပြီးထွက်သွားတယ် ဆိုတာက။”

“ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်လေ။”

“အား…..။ အဲ့ ကောင်စုတ် ဘယ်ထွက်သွားလဲ။ သူ မြို့တော်ကို သွားတာတော့ မဟုတ်ဘူး မလား။ ငါ ဘာမှ မပြင်ဆင် ရသေးဘူးလေဟာ…။ အခု ချိန် ငါတို့ သွားရင်။….”

“မဟုတ်ဘူး။ သူ မြို့တော်ကို သွားတာ မဟုတ်ဘူး။”

“ ဟင်… ဒါဆို ဘယ်လို သွားတာလဲ။”

“ သူပြောတာတော့။ ဒီ အထဲမှာ နေရတာ ကြာလွန်းနေပြီ။ မွန်းကြပ်လို့။ ရှုခင်းလျှောက်ကြည့်မယ်တဲ့။”

“ ရှုခင်းကြည့်မယ် ။ ဘယ်နေရာကိုလဲ။”

“ သူပြောတာတော့။ သွေးအရိပ်မြို့တော်ကို သွားချင်တယ်တဲ့။ ”

“ သွေးအရိပ် မြို့တော်…။ သူ ယန်မြို့တော်ကို မသွားသရွေ့… ။ အဆင်ပြေ ပြေ…..။ နေပါအုန်း။ ဆရာပြောတာ သွေးအရိပ် မြို့တော် ဟုတ်လား။ အဲ့တာ နတ်ဆိုးတွေရဲ့ မြို့တော် မဟုတ်ဘူးလား။” မိန်းမပျိုရဲ့ အမူအယာ ပြောင်းလဲသွားတယ်။

အပိုင်း(၄၇၇) ပြီး၏။

အပိုင်း(၄၇၈)

“ ခရမ်းရောင် နတ်ဆိုး မျက်လုံး။ ”

Translator:JTJTY97 | Editor: JTJTY97 /Sparrow Translations …  

သွေးအရိပ် မြို့တော်ရဲ့ နာမည်က ။ သူ့ရဲ့ ဖွဲ့စည်းထားတဲ့ ပုံပန်း သဏ္ဍာန် ကြောင့်။ ဒီနာမည် တွင်နေတာ။ ပုံမှန် အတိုင်းဆိုရင်။ မြို့တော်တိုင်းမှာ။ အရပ်လေးမျက်နှာ အတွက် တံခါး တစ်ခုစီ ရှိတယ်။ တစ်ခုချင်းစီ တိုင်းက။ ခုခံစစ် အတွက် အကောင်းဆုံး ဖြစ်အောင် အသင့်ပြင်ဆင် ထားတာ။ ဒါပေမယ့် သွေးအရိပ် မြို့တော်ကတော့ ချွင်းချက် တစခုပဲ။ ဒါက အဝေးကနေပဲ လှမ်းမြင်နိုင်တဲ့ ခံတပ်ကြီးတစ်ခု။ လူစိမ်းတစ်ယောက်ယောက်သာ အနားကပ်လာရင်။ ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ အတူတူပဲ။

ဒါပေမယ့် အခုတော့။ သွေးအရိပ်မြို့တော်ရဲ့ နံရံပေါ်မှာ ရပ်နေတဲ့ လူငယ် တစ်ယောက်ရှိနေတယ်။ သူကြည့်ရတာ လမ်းမသိတဲ့ ပုံစံပဲ။ ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်နေခဲ့တယ်။ သူ့ရဲ့ အပြာရောင် အကျီ လက်ရှည်က လေထဲမှာ တဖျပ်ဖျပ် လွင့်နေခဲ့တယ်။ သူ့ပုံစံ ကြည့်ရတာ ထိတ်လန့်မှု အပြည့်နဲ့။ ရိုးရိုးသားသား ပြောရရင်။ ဒီ ရှေးဟောင် မြို့တော်ကြီးကို ။ စမြင်ဖူးတဲ့ ဘယ်သူကများ မလန့်ပဲ နေနိုင်မလဲ။ ဒီ ရှေးဟောင် ခံတပ်ကြီးက ။ တောင်တစ်ခုလုံးကို ဖုံးအုပ်ထားခဲ့တယ်။

စက်ဝိုင်းပုံ။ တောင်ခြေမှာ ပထမဆုံး စက်ဝိုင်းပုံစံ နံရံကြီးက ဝန်းပတ်ထားတယ်။ မြို့တော် တစ်ခုလုံးကို ဝန်းရ့ထားတာ။ တစ်မိုင်အတိမှာ နောက်ထပ် စက်ဝိုင်းပုံ နံရံကြီး ရှိတယ်။ ဒါပေမယ့် ဒီနံရံက နှစ်မီတာ ပိုမြင့်နေတယ်။ သစ်ပင်ကြီးတစ်ပင်လိုပဲ ။ ဒါက အကုန် မဟုတ်သေးဘူး။ မြို့တော် တစ်ခုလုံးကို ပတ်ပတ်လည် ဝန်းရံထားတဲ့ စက်ဝိုင်းပုံစံ နံရံကြီးတွေက အလွှာ အထပ် လိုက်ရှိနေတာ။ အထဲကို ရောက်လာလေ ပိုပြီးတော့ မြင့်လာလေလေပဲ။

“ရှေးကျလိုက်တာ။” သူ့ နောက်က နံရံတွေကို ကြည့်ရင်း ။ တအံ့တသြနဲ့ ရေရွတ်နေခဲ့တယ်။ သွေး အရိပ်မြို့တော်လို့ ခေါ်တာ အဆန်း မဟုတ်ဘူး။ သစ်ပင်တွေရဲ့ အလယ်က အနီရောင် အလံတွေကို လူငယ် ကြည့်နေခပြန်တယ်။ အနီရောင် ပင်လယ်ကြီၤးနဲ့ ဝန်းရံခံထားရသလို ခံစာေးနရတယ်။ ဒါပေါ့။ ရှေးအကျဆုံး အရာကတော့ သူရပ်နေတဲ့ နေရာမှာ ရှိနေတဲ့ ။ အက်ကွဲကြောင်းကြီးပဲ။ ဒီ အမာရွတ်က။ အပြင်ဘက်ဆုံး နံရံကနေ အလယ်တည့်တည့် ဗဟိုချက် အထိ။ ရှိနေခဲ့တယ်။ ဒီ အမှတ်ကိုကြည့်ရင်း သူ စိတ်ရှုပ်ထွေးနေခဲ့တယ်။ ပြန်ပြုပြင်ထားမှန်းတော့ သိသာပါတယ်။

တဝက်တစ်ပျက် ပြုပြင်ထားတဲ့ ပုံစံပဲ။ အပြည့်အ၀ ပြင်ဆင်ထားတာ မဟုတ်တော့။ အက်ကွဲကြောင်းက မြင်သာနေတုန်းပဲ။ တကယ့်ကို စိတ်ဝင်စားစရာကောင်းတယ်။

“ ငါထင်တာတော့။ ဒါက နောင်လာမယ့် မျိုးဆက်သစ်တွေကို သတိပေးတဲ့ သဘောနဲ့။ ချန်ထားတာပဲ ဖြစ်ရမယ်။ ” လူငယ်က သူ့ဘာသူ တွေးနေခဲ့တယ်။ ကိစ္စ တစ်ချို့ကိုတော့ သူ အတည်ပြုပြီးပြီ။ ပထမဆုံး။ သွေးအရိပ် မြို့တော်က တောင်တစ်တောင် ပေါ်မှာ ဆောက်ထားတာ။ တောင် အမြင့်ကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့် နေရာကျယ်ကျယ် ရှိတယ်။ အပြင်ဘက်ဆုံး နံရံမှာ တံခါး လေးခုရှိတယ်။ ဒုတိယ အလွှာမှာလည်း တံခါး လေးခုရှိတယ်။ ဒါပေမယ့် သူတို့တွေက တစ်ထပ်တည်း ရှိနေတာ မဟုတ်ဘူး။

မြို့ထဲကို လမ်းလျှောက် ဝင်ဖို့ ဆိုရင် အတော့်ကို ခက်လိမ့်မယ်။ ဒါတွေကြောင့်ပဲ ခုခံစစ်က အတော့်ကို ကောင်းနေတာ။ ပထမဆုံး မြို့ထဲကို ဝင်နိုင်ဖို့ မျိုးနွယ်တွေ အရ ခွဲခြားခံရမယ်။ မျိုးနွယ်တိုင်းက မြို့ထဲကို ဝင်တဲ့ အချိန်မှာ မတူညီတဲ့ စည်းမျဉ်းတွေကို လိုက်နာကြရမှာပဲ။ ဒါပေါ့။ အမျိုးဇာတ်ခွဲခြားမှုတွေလည်း ရှိမှာပဲ။ ဒုတိယ ဖြစ်နိုင်ချေကတော့ မြို့ထဲကို ဝင်တဲ့ အချိန်မှာ မှော်ကွက်တွေကို ချထားမှာပဲ။ နှစ်ခုပေါင်းထားတာတောင် ဖြစ်နိုင်ချေ ရှိသေးတယ်။ ဒါကြောင့် မြို့ထဲဝင်ဖို့ အတော့်ကို ခက်ခဲလိမ့်မယ်။ စည်းမျဥ်းတွေကို လိုက်နာရုံတင် မကဘူး။ တံတိုင်းက အစောင့်တွေကို လည်း ဖြတ်ရအုန်းမယ်။

အံ့သြစရာမရှိပါဘူး။ မြို့ထဲကို ဝင်ဖို့ အလွယ်ဆုံး နည်းလမ်းက။ မြို့အဝင်လမ်းကို ကိုယ့်ဘာကိုယ် ဓားနဲ့ ခုတ်ချပြီး တော့ ဖောက်လိုက်တာ ပဲ။ အတော့်ကို ဖြတ်ထိုးဉာဏ်ကောင်းတဲ့ နည်းလမ်း တစ်ခုပဲ။ ဝင်လာတာကတော့ ပြန်ထွက်ဖို့ထက် ပိုပြီးတော့ ခက်ခဲလိမ့်မယ်။ သူတွေးတောနေတဲ့ အချိန်မှာပဲ။ သူ့နောက်က အသံ တစ်သံကို ကြားလိုက်ရတယ်။ အတော့်ကို အထိတ်တလန့် ဖြစ်နေတဲ့ အသံပဲ။

“ မလှုပ်နဲ့။ ဖြည်းဖြည်းချင်း ဒီဘက် လှည့်လာခဲ့။”

  နတ်ဆိုး စစ်သည်တော်တွေက ဒီ မြို့တော် တစ်ခုလုံးကို။ ပတ်ပတ်လည် စောင့်ကြပ်နေတာ ဖြစ်တဲ့ အတွက်။ လူငယ်တစ်ယောက် မြို့နံရံပေါ်မှာ ရပ်နေတာ အတော့်ကို ထိတ်လန့်စရာကောင်းတယ်။ ဒီ လူမှာ ဘယ်လို ဆိုးဝါးတဲ့ အစီအစဉ်များရှိနေလဲ။ သွေးအရိပ်မြို့တော်ရဲ့ စည်းမျဥ်းတွေကို သူမသိဘူးလား။ နတ်ဆိုး စစ်သည်တော် သူ့ လက်ထဲက လှံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ဒီလူက အရမ်းကို စိတ်အေးသက်သာနေတဲ့ ပုံစံ ရှိတဲ့ အတွက် သူ ချက်ခြင်း မတိုက်ခိုက်တာ။ ဒီနံရံပေါ်ရောက်နေတာ သူ့အိမ် သူ့ယာကို ရောက်နေသလိုပဲ။

ဒီအချိန်မှာပဲ လူငယ်က နောက်ကို ပြန်လှည့်ထားတယ်။ ပေါ့ပေါ့ပါးပါး ပြုံးပြနေခဲ့တယ်။ နတ်ဆိုး စစ်သည်တော် သူ့လက်ထဲက လှံကိုင်ထားတဲ့ လက်ကို ဖြေလျော့လိုက်တယ်။ လူငယ်ရဲ့ နဖူးပေါ်က နတ်ဆိုး မျက်လုံးက တလက်လက် တောက်ပနေခဲ့တယ်။ ဒါကြောင့် သူက နတ်ဆိုး ဆိုတာ သိသာတယ်။ ဒါပေမယ့် ….. သူ့ရဲ့ နတ်ဆိုး မျက်လုံးက ထူးဆန်းနေခဲ့တယ်။ နေစမ်းပါအုန်း….။ ခရမ်းရောင်…။ ခရမ်းရောင်။ နတ်ဆိုး မျက်လုံး။ စစ်သည်တော် မျက်လုံးပြူးသွားတယ်။ စစ်သည်တော် ဒီနေရာမှာ တာဝန်ကျနေတာ ဆယ်စုနှစ် ချီ ကြာမြင့်နေပြီ။ ထူးဆန်းတဲ့ ကိစ္စတွေ အများကြီးကို သူ မြင်ဖူးတယ်။ ဒါပေမယ့် ဒီနေ့လို သွေးအန်ချင်စရာ ကောင်းတဲ့ ကိစ္စ မျိုးကို တစ်ခါမှ မကြုံဖူးဘူး။

“ သူလျှို။ ဖမ်း ။ ကျူးကျော်လာတဲ့ သူကို ဖမ်း….။” နတ်ဆိုး စစ်သည်တော် အော်ဟစ်တယ်။ ဒီ လူငယ်က ကျူးကျော်သူဆိုတာ နားလည်ပြီးတဲ့ နောက်မှာ သူ အော်ဟစ်တော့တယ်။ နောက်ဆုံးတော့လည်း ခရမ်းရောင် နတ်ဆိုး မျက်လုံးဆိုတာ ရှိမှမရှိပဲ။ ဒီ ကျူးကျော်သူက ငတုံး လား။

သူ့ အတွေးထဲမှာ ဒီ အတွေး ပထမဆုံး ဝင်လာခဲ့တယ်။ အဲ့ဒီ့နောက်။ သူ့ မျက်စိရှေ့က လောကကြီး။ ချာလပတ် လည်လာတော့တယ်။ ခေါင်းနောက်မှာ အရိုက်ခံလိုက်ရသလိုပဲ။ သူနောက်လှည့်ကြည့်လိုက်တော့။ နောက်မှာ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ ဒီ လူက အနက်ရောင်ဝတ်ရုံ ကို ဝတ်ထားတယ်။ မေးရိုးတွေက ချွန်မြနေပြီးတော့။ နဖူးပေါ်မှာ အနီရောင် နတ်ဆိုး မျက်လုံးရှိနေတယ် ပိုပြီး အရေးကြီးတာက။ သူ့ လက်ထဲမှာ အနက်ရောင် သံတုတ်တစ်ချောင်းရှိနေတာပဲ။

“ ဒီ ကောင်က ဘယ်လိုများ…။ ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူ အယောင် ဆောင်ရဲတာလဲ။ ” နတ်ဆိုး စစ်သည်တော် ဒေါသထွက်သွားတယ်။ ဒါပေမယ့် မြေပြင်ပေါ်ကို လဲကျပြီး သူ့ အမြင်တွေ မှောင်အတိကျသွားခဲ့တယ်။

“ အားကျူး ။ ဒါ ဘယ်နှစ်ယောက် မြောက်လဲ။” လူငယ်က တခြား တစ်ဖက်ကို လှမ်းမေးနေတယ်။

“ သခင်။ ဒီနေ့ အတွက် သုံးယောက်မြောက်ပါ။ ကျွန်တော်တို့ မြောက်ပိုင်း ဂိတ်တံခါးကို ကျော်လာခဲ့ပါပြီ။ သခင် ဆက်သွားချင် ပါ သေးလား။ ” အစေခံက ပြန်ဖြေတယ်။ အဆင့်နိမ့် အစေခံ တစ်ယောက်အနေနဲ့။ စုကျူးက လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေခဲ့တာ။ ဟွေ့အန်းဒေသကနေ ယုံကြည်မှု မြစ် မြို့တော် ကို ဖြတ်သန်းပြီးတော့ ထွက်ခွာလာတယ်။

အခုတော့ သူက သခင်နဲ့ အတူ။ ရှုချင်း ကြည့်နေခဲ့တာ။ နဖူးပေါ်မှာလည်း။ အနီရောင် နတ်ဆိုး မျက်လုံးကို ရေးဆွဲ ထားပြီးတော့ ။ ရောနှောနေခဲ့တယ်။

“ အပြင်ဘက်မှာ ငါတို့ အတော်များများ ကြည့်ခဲ့ပြီးပြီ။ အခုက အထဲကို ဝင်ကြည့်ဖို့ အချိန်ပဲ။ ” လူငယ်က အသက်ပြင်းပြင်းရှူရင်းနဲ့ မျက်လုံးတွေကို မှိတ်လိုက်တယ်။

“ကောင်းပါပြီ သခင်။” စုကျူးခေါင်းငြိမ့်တယ်။ လူငယ်ရဲ့ စကားကို သူ အံ့သြတဲ့ ပုံမရှိဘူး။ သူ့နှုတ်ခမ်းတွေကို ဟစိ ဟစိ လုပ်နေခဲ့တယ်။ ကြည့်ရတာ တစ်ခုခုပြောချင်နေတဲ့ ပုံစံပဲ။

“ ဘာပြောမလို့လဲ။” လူငယ် လှမ်းမေးတယ်။

“ သခင် ။ ဒီ ခရမ်းရောင် နတ်ဆိုး မျက်လုံးကိုပဲ ဆက်ဆွဲထားမှာလား။ ကျွန်တော် သိသလောက်ဆိုရင်။ နတ်ဆိုးတွေ ထဲမှာ ခရမ်းရောင် နတ်ဆိုး မျက်လုံး မရှိဘူး မလား။”

“ အရောင်က ပြဿနာရှိလို့လား။”

“ မရှိပါဘူး။”

“ ငါလည်း ရှိတယ် မထင်ဘူး။ ဒီ အရောင်က ထင်သာ မြင်သာရှိတယ် မဟုတ် လား။” လူငယ်ခေါင်းငြိမ့်တယ်။

“ဟုတ်။ အမှန်ပဲ။ အဲ့ဒီ့အရောင်က။ လူစိတ်ဝင်စား ခံရတာ များတယ်။“ စုကျူး ခေါင်းငြိမ့်ရင်း နဲ့ နှုတ်ခမ်းတွေကို တွန့်ကွေးထားခဲ့တယ်။ စကားဆုံးတဲ့ အထိ သူ ဆက်မပြောရဲဘူး။

(လူစိတ်ဝင်စားခံရတယ်။ သူတို့သွားတဲ့ နေရာတိုင်းမှာ။ သူတို့တွေကို သူလျှိုတွေ။ ကျူးကျော်သူတွေ အဖြစ် အသိအမှတ်ပြုခံရတာ။ ဒါ မဆန်းဘူး။ အခု က သွေးအရိပ် မြို့တော် လေ။ သူတို့တွေနည်းနည်းတော့ ဇာတ်မြှုပ်နေသင့်တာ မဟုတ်ဘူးလား။)

“ကောင်းပြီေ လ။ ဒါဆိုရင် အထဲကို ဝင်ကြည့်ရအောင်။” လူငယ်က အောက်ကို ဆင်းသွားခဲ့တယ်။ သူ အရင် ရပ်နေခဲ့တဲ့ နေရာမှာ သစ်သား လှေကား တစ်ခုလည်း ရှိနေခဲ့တယ်။

“ ကောင်းပါပြီ သခင်။” စုကျူးက လူငယ်ရဲ့ နောက်ကို လိုက် ဆင်းသွားခဲ့တယ်။

…

…  

စစ်ပွဲ ပြီးတဲ့ အချိန်မှာ ပိုင်ရှင်းက သီးသီးသန့်သန့် အေးချမ်းတဲ့ ဘဝကို နေရမယ်လို့။ မတွေးထားခဲ့ဘူး။ ဒါပေမယ့် သူ ပြန်လာပြီးတည်းက ။ ဘာမှ ထူးခြားတာလည်း မဖြစ်ခဲ့ဘူး။ သူက ကြယ်တာရာ နတ်ဆိုး မျိုးနွယ်ရဲ့ မျိုးနွယ် ခေါင်းဆောင် ဖြစ်နေတုန်းပဲ။ နောက်ပြီးတော့ ယွင်ချင်းဝူကလည်း သူ့ကို တာဝန်တစ်ချို့ ထပ်ပေးထားခဲ့သေးတယ်။ ပိုင်ရှင်းက ဒီကိစ္စကို အသား မကျသေးဘူး။ ဒါပေမယ့် တစ်နှစ်ကြာပြီးနောက်မှာတော့။ သူ့ရဲ့ နတ်ဆိုးမျိုးနွယ် ခေါင်းဆောင်နေရာကတော့ လုံခြုံနေတုန်းပဲ။ ယွင်ချင်းဝူကလည်း သူ့နေရာသူ ရှိနေသေးသလို။ ပိုင်ရှင်းကလည်း သူ့နေရာသူ ရှိနေတုန်းပဲ။

နတ်ဆိုး မျိုးနွယ် ခေါင်းဆောင် တစ်ယောက် အနေနဲ့။ ပိုင်ရှင်းက အဆင့်က ပုံမှန် အတိုင်းဆိုရင် မြင့်မားတယ်။ နတ်ဆိုးတွေက ပုံမှန်အတိုင်းဆိုရင် နှိမ့်ချပြီးပဲ နေလေ့ရှိတယ်။ ပုံမှန် စစ်မှုရေးရာ လေ့ကျင့်ခန်းတွေ ပြီးရင်။ ပိုင်ရှင်းက သူ့ အိမ်တော်မှာပဲ အချိန်ဖြုန်းလေ့ရှိတယ်။ သူ့ရဲ့ စစ်ဗျူဟာ စွမ်းရည်တွေကို လေ့ကျင့်ရင်းနဲ့။ ဂီတသံလေး နားထောင်လေ့ရှိတယ်။ သူက စိတ်အေးသက်သာ မနေပင်မယ့်။ ပုံမှန် ဘဝမှာတော့ တည်ငြိမ်နေတယ်။ ဒါပေမယ့် သူ့ရဲ့ နေ့စဉ်ဓူ၀ ကိစ္စရပ်ကြီးကို အထူးခြားဆုံး ပုံစံမျိုးနဲ့ ဖျက်စီး ခံလိုက်ရတယ်။

ဒီလို နှစ်နဲ့ ချီနေတဲ့ ။ နေ့စဉ်ဓူ၀ ကိစ္စရပ်ကြီးကို ဖျက်စီးလိုက်တဲ့ သူကတော့။ လူငယ်တစ်ယောက်ပဲ။ အပြာရောင် အကျီလက်ရှည်နဲ့ လူငယ်။ ဒီ အကျီကို ပိုင်ရှင်း အရမ်းရင်းနှီးတယ်။ တစ်ခါတစ်လေမှာဆို အိမ်မက်ထဲတောင် ထည့်မက်သေးတယ်။ သူ့ရဲ့ အိမ်တံခါးဝမှာ ဒီလူငယ် ထွက်ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ အထူးသဖြင့်။ နေ့ခင်းကြောင်တောင်။ မြင်သာ ထင်သာရှိတဲ့ အချိန်မျိုးမှာပေါ့။

ဘယ်လိုဖြစ်နိုင်မှာလဲ။ ပိုင်ရှင်း မတွေးတတ်ဘူး။ သွေးအရိပ်မြို့တော် လုံခြုံရေး ကျိုးပျက်သွားပြီလား။ မဟုတ်ရင်။ ဒီလူငယ်က သူ့ အိမ်တော် ဝန်းထဲကို။ နေ့ခင်းကြောင်တောင် ဘယ်လို ဝင်လာနိုင်တာလဲ။ သူ့ အိမ်တော်က တတိယ နံရံ နောက်မှာ ရှိတာလေ။ ဒီလို ခပ်ဝေးဝေးနေရာမှာ နေရတာက။ နတ်ဆိုး စစ်သည်တော်တွေကို လေ့ကျင့်ပေးစရာ ရှိလို့ပဲ။ ဒါကြောင့်။ အပြင်လူလည်း လွယ်လွယ် မဝင်နိုင်ဘူး။ ပိုပြီး အရေးကြီးတာ။ ဒီ ကောင်စုတ်လေးရဲ့ နဖူးပေါ်မှာ ခရမ်းရောင် နတ်ဆိုး မျက်လုံးရှိနေတာပဲ။

ဘာဖြစ်တာလဲ။ ပိုင်ရှင်း သူ့ကိုယ်သူ သရဲတွေ့နေသလို ခံစားရတယ်။ တစ်နှစ်ကျော်ကြာအောင် ပျောက်နေတဲ့ လူက ဘယ်လိုများ သူ့ အိမ်ထဲ မှာ ရုတ်တရက်ပေါ်လာတာလဲ။ နောက်ပြီးတော့အဲ့ဒီ့ ခရမ်းရောင် နတ်ဆိုး မျက်လုံးက ဘာသဘောလဲ။ ပိုင်ရှင်း သူ့ မျက်လုံးသူ ပွတ်တိုက်နေခဲ့တယ်။

နောက်တစ်ကြိမ် မျက်လုံးဖွင့်ကြည့်ပြန်တော့လည်း။ လူငယ်က အရင်နေရာမှာ ရှိနေတုန်းပဲ။ ပိုပြီးတော့ ဆိုးဝါးသွားစေတာက။ တောက်တောက်ပပ ပြုံးပြရင်း သူ့ကို စိုက်ကြည့်နေတဲ့ လူငယ်ရဲ့ မျက်နှာပဲ။

“ဖန်ကျန်းရှီ။” ပိုင်ရှင်းက ထိတ်လန့်ခဲပါတယ်။ ဒါပေမယ့် လူငယ်ကို မြင်တော့ သူ အတော့်ကို လန့်သွားတာ။

“ အင်း။ ငါပဲ။” လူငယ် ခေါင်းငြိမ့်တယ်။

“မင်း …။ မင်း ဘာလို့ သွေးအရိပ် မြို့တော်ကို ရောက်နေတာလဲ။ နောက်ပြီးတော့။ မင်းက ဘာလို့ ငါ့အိမ်တော် ထဲမှာ ရောက်နေတာလဲ။” ပိုင်ရှင်း ဒီမေးခွန်းတွေက ကြောင်အလွန်းမှန်း သိပါတယ်။

လူသား တစ်ယောက်က သူ့ အိမ်တော်ထဲကို ဝင်လာတယ်။ သူ့ အစောင့်တွေကို အော်ခေါ်ပြီးတော့ ဖမ်းလိုက်ရမှာ။ ဒါပေမယ့် သူမလုပ်နိုင်ဘူး ။ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း။ ဖန်ကျန်းရှီ ဘာတွေ ဖြစ်နေခဲ့လည်း သူသိချင်တယ်လေ။

အန္တရာယ်များတဲ့ ရွေးချယ်မှု ဖြစ်ပေမယ့်လို့။ ဖန်ကျန်းရှီ နဲ့ စကားပြောချင်သေးတယ်။

“ ရှုခင်းလာကြည့်တယ်လို့ ပြောရင်။ ယုံမှာလား။” ဖန်ကျန်းရှီက နေရာ တစ်ခု ရှာပြီး ထိုင်ရင်းနဲ့ ရယ်မောနေခဲ့တယ်။

“ ရှုခင်းလာကြည့်တယ်။ ဒီ သွေးအရိပ်မြို့တော်မှာလား။” ပိုင်ရှင်းရဲ့ မျက်လုံးတွေ ဒေါသ ကြောင့် အရောင် တလက်လက် တောက်လာတယ်။ ဒါပေမယ့် သူ့ကိုယ်သူ စိတ်ထိန်းထားခဲ့တယ်။

“ တကယ်တော့ သွေးအရိပ် မြို့တော်ရဲ့ မြို့လယ်ကို ။ သွားမလို့။ ဒါပေမယ့် လမ်းတစ်ဝက်မှာ (ပိုင် အိမ်တော်) ဆိုတဲ့ စာသားကို မြင်တော့။ ရပ်ကြည့်လိုက်တာ။ မျိုးနွယ်စု ခေါင်းဆောင် ပိုင်များ ဖြစ်နေမလားလို့။ ဒါကြောင့် အထဲ ဝင်ပြီးတော့ လာကြည့်တာ။ တကယ် မှန်နေတာပဲ။” ဖန်ကျန်းရှှီ ပြန်ဖြေတယ်။

“ ငါသိပြီ။” ပိုင်ရှင်းခေါင်းငြိမ့်ရင်း ကျောတွန့်လိုက်တယ်။ ဖန်ကျန်းရှီက ရှေ့တံခါးက ဝင်လာမှန်း သူသိတယ်။

ဒါပေမယ့် … ဒီကောင် ဘယ်လို လုပ်လိုက်တာလဲ။ သူ့ ရဲ့ အစောင့်တွေ အကုန်လုံး မျက်လုံး ကန်းနေတာလား။ ဒီကောင့် နဖူးက ခရမ်းရောင် နတ်ဆိုး မျက်လုံးကို မမြင်ကြဘူးလား။

အပိုင်း(၄၇၈) ပြီး၏။

အပိုင်း(၄၇၉)

“ လှည့်ကွက်ထဲ ကျရောက်ဖို့ ရာ မဖြစ်နိုင်”

Translator:JTJTY97 | Editor: JTJTY97 /Sparrow Translations

ပိုင်ရှင်းက လက်ညိုး တစ်ချောင်း နဲ့ စားပွဲကို တတောက်တောက် ခေါက်နေခဲ့တယ်။ ဖန်ကျန်းရှီပြောတဲ့ (ရှုခင်း လာကြည့်တယ်) ဆိုတာကို သူ မယုံကြည်ဘူး။ သူ့ အိမ်တော်ထဲကို ဖန်ကျန်းရှီ က ဒီ အတိုင်း ဝင်ဘာတယ်လို့ ပြောရင်ဘည်း ဘယ်သူမှ ယုံမှာ မဟုတ်ဘူးလေ။ မေးခွန်းတွေ သူ ထပ်မမေးတော့ဘူး။ သူ ဒီအတိုင်း ရေလိုက်ငါးလိုက် နေနေခဲ့တယ်။

“ ရေနွေးကြမ်းနဲ့ ဧည့်ခံမယ်။” အစေခံ တစ်ယောက်လို ဝတ်ဆင်ထားတဲ့ လူက။ ရေနွေကရားနဲ့။ အဖိုးတန် ရေနွေးကြမ်းခွက် နှစ်ခွက်ကို ကိုင်ရင်း ရောက်လာခဲ့တယ်။ ပိုင်ရှင်း မျက်မှောင်ကြုတ်သွားတယ်။ သူက ရေနွေးကြမ်း မှာတာ။ ဧည့်ဝတ်ကျေကြောင်း ပြချင်လို့ မဟုတ်ဘူး။ သူက နတ်ဆိုး တို့ရဲ့ မြို့တော် သွေးအရိပ် မြို့မှာ ရှိနေတာလေ။ ဒီနေရာက အရာ အားလုံးကို သူ ထိန်းချုပ်ထားတယ်။

ဒါကို ပြနိုင်ရင် ။ သူ့မှာ အသာစီး ရနိုင်ချေ ပိုများမှာပဲ။ အကယ်၍ ဖန်ကျန်းရှီ သာ အလျင်လိုနေတာ မဟုတ်ရင်။ သူက ဘယ်လိုများ ဒီကို ရောက်လာတာလဲ။ ပိုပြီး အရေးကြီးတဲ့ အကြောင်းပြချက်လည်း ရှိသေးတယ်။ သူ့ ရဲ့ အိမ်တော်က နတ်ဆိုး စစ်သည် တော်တွေ တကယ်ပဲ မျက်လုံးကန်းနေလား ဆိုတာ သူ သိချင်သေးတယ်။

သူ့ အိမ်တော်က နတ်ဆိုး စစ်သည်တွေက ။ ယုံကြည်နိုင်တာထက်တောင် ပိုပြီး ကန်းနေကြသေးတယ်။ ရေနွေးကြမ်းက ခပ်မြန်မြန်ပဲ ရောက်လာတယ်။ မြန်လွန်းလို့။ ကြိုပြင်ထားတဲ့ ပုံစံပဲ။ ပိုပြီး အရေးကြီးတာ။ ဖန်ကျန်းရှီ က ရေနွေးကြမ်း နှစ်ခွက်ကို စားပွဲပေါ် တင်လိုက်တာပဲ။

“ သူ ပြင်ဆင်ထားတာ လား။” ပိုင်ရှင်း လန့်သွားပေမယ့်။ သူ ထုတ်ဖော် မပြဘူး။ ရေနွေးအိုး ယူလာမယ့် သူကိုပဲ စောင့်နေခဲ့တယ်။ ဖန်ကျန်းရှီနဲ့ ဆက်သွယ်တဲ့ အချိန်မှာ။ ခန့်မှန်း ထားတဲ့ အတိုင်း ဖြစ်ဖို့က ခက်ခဲတယ်။

ဒါပေမယ့် သူ့ရဲ့ အစေခံ အယောင် ဆောင်နေတဲ့ သူကိုတော့ ။ တိုက်ခိုက်ဖို့ရာ ယုံကြည်ချက်ရှိတယ်။ ဖန်ကျန်းရှီ ရှေ့မှာ သတ်ဖြတ်ပြပြီးတော့။ ဖန်ကျန်းရှီကို ခြောက်လှန့် ရမယ်။ သူ့လက်ထဲမှာ ငွေရောင် အလင်းတန်း တစ်ချို့ကို ဝှက်ထားခဲ့တယ်။ အယောင်ဆောင် အစေခံ နီးကပ်လာမယ့် အချိန်ကို စောင့်ဆိုင်းနေတယ်။ ရေနွေးအိုး ကိုင်ထားတဲ့ အစေခံက ပိုင်ရှင်းရဲ့ လူသတ်ငွေ့တွေကို သတိ ထားမိတဲ့ ပုံစံ မရှိဘူး။ သူ တဖြည်းဖြည်း နီးကပ်လာတယ်။

ပိုင်ရှင်းရဲ့ လက်တွေက ရွေ့ လျား သွားသလို။ သူ့ မျက်လုံးတွေ တလက်လက် တောက်ပလာတယ်။ သူ တိုက်ခိုက်တော့မယ့် အချိန်မှာ။ တောင့်တင်းသွားတယ်။ ဘာကြောင့်လဲ ဆိုတော့။ နတ်ဆိုး မျက်လုံးကို မြင်လိုက် ရတာကြောင့်ပဲ။ နဖူးမှာ အနီရောင် နတ်ဆိုး မျက်လုံး ရှိနေတဲ့ အစေခံ တစ်ယောက်။ အစိမ်းရောင် တောက်နေတဲ့ ခြံဝန်းနဲ့တော့ သိသိသာသာ ကွဲထွက်နေတယ်။

“ မျိုးနွယ်စု ခေါင်းဆောင် ပိုင်။ ရေနွေးကြမ်းလေး သောက်ပါအုန်း။” အယောင်ဆောင် အစေခံ က ။ ပိုင်ရှင်းကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်နေခဲ့သလို။ ပိုင်ရှင်းရဲ့ ရေနွေးခွက်ထဲကို ရေနွေး ဖြည့်ပေးနေခဲ့တယ်။ ရေနွေးကြမ်းရဲ့ မွှေး ရနံ့က ဥယျာဉ် တစ်ခုလုံးကို ပျံ့သွားခဲ့တယ်။ ပိုင်ရှင်းက သူ့ ရှေ့က ရေနွေး ခွက်ကို ကြည့်ရင်း။ ပြုံးနေခဲ့တယ်။

ရယ်စရာကောင်းလိုက်တာ။ ဖန်ကျန်းရှီက သူ့ အိမ်တော်ထဲကို ခရမ်းရောင် နတ်ဆိုး မျက်လုံး နဲ့ ဝင်လာတယ်။ အခုတော့ အနီရောင် နတ်ဆိုး မျက်လုံးအတု ။ ဆွဲထားတဲ့ အစေခံ တစ်ယောက် က သူ့ အိမ်တော်ထဲ ဝင်လာပြီးတော့။ ရေနွေး လာတိုက်နေတယ်။ ပိုင်ရှင်းကတော့ သူတို့တွေကို အရူးကောင်တွေလို့ ခေါ်ပေမယ့်။ တကယ်တော့ သူတို့ ကမှ ပိုင်ရှင်းကို ဟာသ လာလုပ်နေကြတာ။

ခရမ်းရောင် နတ်ဆိုး မျက်လုံး။ အနီရောင် နတ်ဆိုး မျက်လုံး။ ဒါ့ထက် ပိုပြီးတော့ ထူးဆန်းတာ ရှိသေးလို့လား။ ပိုင်ရှင်းက သူ့လက်သီးကို ဆုပ်လိုက်တယ်။ “ဘန်း” ငွေရောင် အလင်းတန်းက သူ့ လက်ထဲမှာ ပေါက်ကွဲ သွားတယ်။

ဒါက သူ့စိတ်ထဲက ဒေါသကို။ ဖော်ပြမှုလေး တစ်ခုပဲ။ ဒါပေမယ့် ပိုင်ရှင်းကတော့ ပိုင်ရှင်း ဖြစ်နေတုန်းပဲလေ။ တစ်ခဏတာ တွေေ၀ ပြီးတဲ့နောက်။ သူ့ ရှေ့က ရေနွေးခွက်ကို မှုတ်ရင်း ရနံ့ကို ခံစားနေတယ်။ အဲ့ဒီ့နောက် ။ သူ ပြုံးပြလိုက်တယ်။

“ ကောင်းလိုက်တဲ့ ရေနွေး။” ပိုင်ရှင်းက။ တည်ငြိမ်နေတဲ့ ဖန်ကျန်းရှီကို တစ်ချက် လှည့်ကြည့်တယ်။

“ မျိုးနွယ်စု ခေါင်းဆောင်ပိုင်။ ဒါက ဧည့်ခံမှုလေး သက်သက်ပါ။ ခေါင်းဆောင်ပိုင်ရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ ရေနွေးကြမ်းက ဒီနှစ် နွေဦး ရာသီ အတွက် အကောင်းဆုံး ဖြစ်မယ် ဆိုတာ ။ ကျွန်တော် ပြောရဲတယ်။ ဒီ လက်ဖက်ခြောက်ကို ကိုယ်ပိုင် နည်းပညာတွေ သုံးပြီးတော့ ဖော်စပ်ထားတာ။ ဒီရေနွေးကြမ်းကို မှ မကောင်းဘူး ပြောရင်။ လက်ဖက်ခြောက် အကြောင်း မသိတဲ့ အတွက် အပြစ်တင်တော့မလို့။ ” ဖန်ကျန်းရှီ ရယ်မောတယ်။ အဲ့ဒီ့နောက်။ သူလက် ဝေ့ယမ်းလိုက်တယ်။

အစေခံ အယောင်ဆောင် လူက။ ဖန်ကျန်းရှီဆီကို လျှောက်လာခဲ့တယ်။ အဲ့ဒီ့နောက် ရေနွေးငဲ့ပေးတယ်။ ပြီးတဲ့နောက်။ ရေနွေးကရားကို ချန်ထားခဲ့ပြီးတော့ ထွက်သွားတော့တယ်။ ပိုင်ရှင်းကတော့ နှုတ်ခမ်းတွေကို တွန့်ကွေးထားခဲ့တယ်။ မင်းကို နားလည်အောင် ပြောပြရရင်တော့။ မင်းရဲ့ အိမ်နောက်က ခြံဝန်းထဲကို သူစိမ်း တစ်ယောက်က ဝင်လာပြီးတော့။ သူ့ အစေခံနဲ့ မင်းကို ဧည့်ခံနေတာ။ မျက်နှာကို ဖြတ်ရိုက်ခံရသလိုပဲ။

“ မင်းကို မေးချင်တာ။ ငါ့ အိမ်တော်ထဲက အစေခံ တွေကို ထိန်းချုပ် လိုက်ရုံနဲ့။ သွေးအရိပ်မြို့တော်က နေ လုံလုံခြုံခြုံထွက်သွားနိုင်မယ် ထင်လား။ ” ပိုင်ရှင်း မေးတယ်။

“ ခေါင်းဆောင်ပိုင်။ ကျွန်တော်တို့တွေ ။ ရေနွေး အရင် သောက်ရအောင်လေ။” ဖန်ကျန်းရှီက ပိုင်ရှင်းရဲ့ မေးခွန်းကို ဖန်ကျန်းရှီ မဖြေဘူး။ ရေနွေးကြမ်းကိုသာ သူ သောက်နေခဲ့တယ်။

“ဟမ့်။” ပိုင်ရှင်း နှာခေါင်း ရှုံ့လိုက်တယ်။

ဖန်ကျန်းရှီ ဒီနှစ်တွေမှာ ဘာတွေ လုပ်နေလဲ သူသိချင်နေခဲ့တာ။ ဒါပေမယ့် အခုတော့။ သည်းခံရအုန်းမှာပေါ့။ အချိန် အကြာကြီးတော့ သည်းခံနိုင်မှာ မဟုတ်ဘူး။ ဖန်ကျန်းရှီ နဲ့ သူ့ လူ ယူလာတဲ့ ရေနွေးကို အကုန် သောက် ရ လောက်အောင် တုံးအ နေတာတော့ မဟုတ်ဘူးလေ။

“ ဟ ဟား…။ ခေါင်းဆောင် ပိုင်။ စိတ်မရှည်တော့ဘူး ထင်တယ်။ ဒီ ရေနွေးကြမ်း မျိုးက တော်ရုံရှာလို့ရတာ မဟုတ်ဘူးလေ။ ဒါကို တကယ်ပဲ မသောက်ဘူးလား။” ဖန်ကျန်းရှီက ပိုင်ရှင်းကို လျစ်လျူရှုထားရင်းနဲ့ ပြောနေတယ်။

“ဖန်ကျန်းရှီ ။ မင်းက တကယ်ပဲ တုံး အ သွားတာလား။ မင်းရောက်နေတာ ဘယ်နေရာမှန်း ကော သိလား။” ပိုင်ရှင်း ရဲ့ မျက်လုံးထဲမှာ ငွေရောင် အလင်းတန်း တလက်လက် တောက်ပလာတယ်။

“ စဉ်းစားပါရစေအုန်း။ ပြန်တွေးကြည့်မယ် ဆိုရင်။ သွေးအရိပ် မြို့တော် တတိယ အလွှာက။ ပိုင် အိမ်တော်ကို ရောက်နေတယ် ထင်တာပဲ။ မှန်တယ် မဟုတ်လား။” ဖန်ကျန်းရှီ အပြစ်ကင်းစင်တဲ့ ပုံစံ လေးနဲ့ ပြန်ဖြေတယ်။

“ ဒါဆိုရင်။ မင်းကိုယ်မင်း။ သွေးအရိပ် မြို့တော်ထဲ ရောက်နေတာကို တော့ သိသေးတယ်ပေါ့။” ပိုင်ရှင်း ဒေါသတွေ ပေါက်ကွဲလာတယ်။ ရေနွေးခွက်ကို သူ ချေမွ ပြစ်လိုက်ပြီ။

“ သနားစရာပဲ။ အဲ့ ခွက်က တော်တော် ကောင်းကောင်းတာကို။ မျိုးနွယ်စု ခေါင်းဆောင် ပိုင်က ကျွန်တော့်ကို နှင်မထုတ် ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် သွေးအရိပ် မြို့တော်ကို လှည့်ပတ်ကြည့်နေတာ မပြီးသေးဘူး။ ကျွန်တော်နဲ့ အတူတူ လိုက်ကြည့်ပါ လား။” ဖန်ကျန်းရှီက ရေနွေးခွက်ကို နှမြောတဲ့ အကြည့်တွေ နဲ့ ကြည့်ရင်း။ ပြော နေခဲ့တယ်။

“ မင်းနဲ့ အတူတူ လိုက်ရမယ်။ ဟ ဟား …. ဟုတ်တာပေါ့။ မင်း နဲ့ အတူ လိုက်ရမှာပေါ့။” ပိုင်ရှင်း ဒေါသ တကြီးနဲ့ ရယ်မောတယ်။

“ ကျေးဇူးတင်ပါတယ်။ ခေါင်းဆောင်ပိုင်ရဲ့ အချိန်တွေကို ဖြုန်းတီးမိပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့် နေခဲ့တယ်။

“ ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး။ ဒီနေရာကို မင်း လေ့လာရမှာ ပါ။ နည်းနည်းတော့ ကွာခြားသွားမှာပေါ့။”

“ ဘယ်လိုမျိုး ကွာမှာလဲ။” ဖန်ကျန်းရှီ မေးတယ်။

“ မင်းကို အရင်ဆုံး ကြိုးနဲ့ တုပ်မယ်။ ပြီးတော့ စစ်သည်တော်တွေ အားလုံး ကို မင်း ရှေ့ ခေါ်လာလိုက်မယ်။ ဒါဆိုရင် ။ မင်းလည်း ကောင်းကောင်း ကြည့်လို့ ရပြီပေါ့။” ပိုင်ရှင်း အေးစက်စက် ရယ်မောရင်း ပြောတယ်။

“ ဒါမျိုးက ပိုပြီးတော့ အလုပ်ရှုပ်တာပေါ့။”

“ မရှုပ်ပါဘူး။”

“ တကယ်လား။”

“ ငါ့ ဘုးိဘေးတွေကို တိုင်တည်ပြီး ကျိန်ပြောရဲတယ်။ ဘယ်လိုမှ ပြဿနာ မရှိဘူး။”

“ ခေါင်းဆောင် ပိုင် က ကျိန်ဆိုပြီး ပြောမှတော့။ လုပ်ကြတာပေါ့။” တစ်ခဏတာတွေဝေပြီးနောက်။ ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက် သူ့ လက်တွေကို ပိုင်ရှင်းဆီ ဆန့်တန်းလိုက်တယ်။

“ ဟ ဟား … ဖန်ကျန်းရှီ…. ဟမ် .” ပိုင်ရှင်း ရယ်မောရင်း နဲ့ ထရပ်ဖို့ ပြင်တယ်။ အဲ့ဒီ့အချိန်မှာပဲ။ သူ့ အပြုံးတွေ အေးခဲသွားတော့တယ်။

“ နတ်ဆိုး ခေါင်းဆောင် ပိုင်။ ဘာကို စောင့်နေတာလဲ။ ကျွန်တော် အဆင်သင့် ဖြစ်နေပြီလေ.” ဖန်ကျန်းရှီ ပြောတယ်။

“ မင်း…. ငါ့ကို ဘာလုပ်လိုက်တာလဲ။” ပိုင်ရှင်း သူ မလှုပ်ရှားနိုင်တာ ။ နားလည်သွားပြီးတဲ့ နောက်။ သူ့ အမူအယာ ပြောင်းလဲ သွားခဲ့တယ်။ သူ့ ခြေထောက်တွေ လှုပ်လို့ မရတော့ဘူး။ လုံးဝကို ထုံထိုင်းနေခဲ့တယ် ။ သူ့ကိုယ်သူ ဘာဖြစ်နေမှန်း မသိတော့ဘူး။ ဒါဘယ်လို ဖြစ်နိုင်မှာလဲ။ တစ်နှစ် အတွင်း ဖန်ကျန်းရှီ က ဒီလောက် တိုးတက်လာနိုင်လို့လား။ လုံးဝကို မဖြစ်နိုင်တာပဲ။

ဖန်ကျန်းရှီရဲ့ ကျင့်ကြံဆင့်က။ တောင်ပိုင်းဒေသ စစ်ပွဲ ထဲမှာ ဖျက်စီး ခံလိုက်ရပြီ မဟုတ်ဘူးလား။ ဒီ သတင်းသာ မမှန်ခဲ့ရင်။ သူ့ စွမ်းရည်တွေက ။ တစ်နှစ် အတွင်း ဒီလောက် မတိုးတက်နိုင်ဘူး။ သူက လွန်ခဲ့တဲ့ တစ်နှစ် တုန်းတည်းက သဘာဝလွန် အဆင့်ကို ရောက်သွားတာ။ ချန့်ယန်းရဲ့ သူ တိုက်ခိုက်တဲ့ အချိန်။ အဆုံးမဲ့လောက နဲ့ သူ့ အစွမ်းကို ချိတ်ဆက်ထားခဲ့တာ။ ဒါကြောင့်ပဲ အနိုင်ရခဲ့တာ။ မဖြစ်နိုင်လိုက်တာ။

ကျင့်ကြံဆင့် ကြောင့်တော့ မဖြစ်နိုင်ဘူး။ ဒါဆို ရေနွေးကြောင့်လား။ မဖြစ်နိုင်ဘူး။ ရေနွေးကို သူ မှ မသောက်ပဲ။ ဒါဆို ဘာကများ လွဲနေတာ ဖြစ်မလဲ။

“ မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ။” ပိုင်ရှင်း ဒေါသ တကြီးနဲ့ မေးတယ်။ သူ့ကိုယ်သူ အန္တရာယ်ကြီး ထဲ ရောက်နေသလို ခံစားလိုက်ရတယ်။

“ မျိုးနွယ်စု ခေါင်းဆောင် ပိုင်။ ခန့်မှန်း ကြည့်ပါလား။.” ဖန်ကျန်းရှီ လှောင်ပြုံးပြုံးရင်း ပြောတယ်။

“ မင်းငါ့ကို အဆိပ် ခတ်လိုက်တာလား။” ပိုင်ရှင်း ပြောတယ်။

“ မျိုးနွယ်စု ခေါင်းဆောင်ပိုင်။ မင်းက တကယ့်ကို ထက်မြက်တဲ့ သူပဲ။ ရေနွေးကြမ်းကို သောက်ဖို့ ပြောတာကို သောက်မှ မသောက်ပဲ။ အခုတော့ ပြဿနာ တက်ပြီ မဟုတ်လား။ ဆိုရိုးစကားရှိတယ်လေ။ အစား အသောက်ကို မဖြုန်းတီး သင့်ဘူးတဲ့။” ဖန်ကျန်းရှီက ပိုင်ရှင်း ဆီကို လျှောက်လာခြ့တယ်။

“ မင်း ဘာကို ဆိုလိုတာလဲ။” ပိုင်ရှင်းရဲ့ မျက်လုံးတွေက မျက်လုံး အိမ်ထဲက ပေါက်ထွက် မတတ် ပြူးကျယ်နေခဲ့တယ်။

“ လွန်ခဲ့တဲ့ တစ်နှစ် တုန်းက ကိစ္စကို မှတ်မိသေးလား။ စိတ်တွအရမ်းတိုနေပြီးတော့။ မြင်မြင် သမျှ အရာ အားလုံးကို မုန်းတီးနေတဲ့ အချိန်လေ။ ဒါကြောင့်။ နေရာ တစ်ခုလုံးကို လူတွေ ငှားပြီးတော့ ပြင်ဆင် ခဲ့တယ် မဟုတ်လား။ မှတ်မိသေးတယ်ဟုတ်။” ဖန်ကျန်းရှီ အေးအေး ဆေးဆေး ပြန်ဖြေတယ်။

“မင်း ဒါကို သိတယ်။…. အဲ့ဒီ့ အလှဆင်သူတွေက…။”

“ ဟုတ်တယ်။ ကျွန်တော် လွှတ်လိုက်တာ။ ”

“ ဒါပေမယ့် ပြန်ပြင်ဆင်ပြီးတဲ့နောက်။ ငါတို့ စစ်ဆေးခဲ့တာပဲ။ လွဲနေတာမျိုး မရှိဘူး။ နောက်ပြီးတော့။ လွန်ခဲ့တဲ့ တစ်နှစ် အတွင်းမှာ။ ဘာမှ မဖြစ်ခဲ့တာပဲ။ မင်း ဘယ်လို လုပ်လိုက်တာလဲ။” ပိုင်ရှင်း က သူ့ အိမ်တော် နေရာ ချတာကို တော်တော် အာရုံစိုက်ထားခဲ့တာ။

“ ပန်းတွေလေ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ ပန်းတွေ။ ဘာပန်းတွေလဲ။”

“ နွေဦးရာသီမှာပဲ။ ပွင့်ဖူးတဲ့ ပန်းတွေလေ။ ”

“ နွေရာသီမှာ ပွင့်တဲ့ ပန်းနဲ့ မင်းက ဘာဆိုင်လို့လဲ ” ပိုင်ရှင်း စိတ်ရှုပ်ထွေးနေတယ်။

“ မျိုးနွယ်စု ခေါင်းဆောင် ပိုင် က။ ဗဟုသုတနဲ့ ပြည့်စုံတာပဲ။ အနံ့ကနေ အဆိပ်ပျံ့တာမျိုးကို ကြားဖူးသင့်တယ် မဟုတ်ဘူးလား။”” ဖန်ကျန်းရှီ စိတ်မရှည် လက်မရှည်နဲ့ ပြန်ဖြေတယ်။

“ ခေါင်းဆောင်ပိုင်။ ပန်းတွေကတော့ ။ သူတို့ ချည်းပဲ သက်သက်ဆို အဆိပ် မရှိဘူးလေ။ ဒါပေမယ့် သူတို့ရဲ့ အနံ့ က တခြား အနံ့ နဲ့ ရော လိုက်ရင်တော့။ အဆိပ် ဖြစ်သွားလိမ့်မယ်။” ဖန်ကျန်းရှှီ သတိပေးတယ်။

“ ရေနွေးကြမ်းရဲ့ အနံ့ နဲ့ ရောသွားရင်လား။“ ပိုင်ရှင်း ပြန်တွေးနေတယ်။ တခြား အနံ့နဲ့ ရောလိုက်ရင် အဆိပ် ဖြစ်စေနိုင်တာ ဆိုလို့။ ဖန်ကျန်းရှီရဲ့ ရေနွေးအိုးပဲ ဖြစ်ရမယ်။

“ ဟုတ်တယ်။ ကျွန်တော် ရေနွေး မှုတ်သောက်နေတုန်းက။ ခေါင်းဆောင်ပိုင်ကို သတိပေးလိုက် သေးတယ်လေ။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ဒါပေမယ့်။ မင်းလည်း ဒီမှာ ရှိနေတယ်။ ပြီးတော့။ မင်းက ရေနွေးကြမ်းတောင် သောက်လိုက်သေး။ ဒါတောင် ဘာလို့ ဘာမှ မဖြစ်တာလဲ။” ပိုင်ရှင်း ဘာတွေ လွဲနေလည်း မသိဘူး။

“ဟုတ်တာပေါ့။ ကျွန်တော်က ဥယျာဉ်ထဲမှာလည်း ရှိနေသေးတယ်။ ရေနွေးလည်း သောက်လိုက်သေးတယ်။ ကျွန်တော် မှတ်မိတာ မှန်မယ်ဆိုရင်။ ခေါင်းဆောင်ပိုင်က ရေနွေး မသောက်ဘူးလေ။ ဟုတ် တယ် မလား။” ဖန်ကျန်းရှီ ရယ်မောတယ်။

“ ရေနွေး မသောက်ဘူး။ မင်း ပြောတာ။ ရေနွေးက အဆိပ်ဖြေဆေးတဲ့လား။ ” ပိုင်ရှင်း ရဲ့ ကျောရိုး တစ်လျှောက်လုံး စိမ့်ချမ်းသွားခဲ့တယ်။ ဒီလို ကိစ္စက ဖြစ်လာမယ်လို့ မထင် နိုင်စရာပဲ။

ရေနွေး ရဲ့ အနံ့က အဆိပ်။ ရေနွေးကတော့ ဖြေဆေး။ ဘယ်လောက်တောင် အံ့သြစရာ ကောင်းလိုက်သလဲ။ ဒီလို အဓိပ္မာယ်မဲ့တဲ့ အဆိပ် မျိုးကို ဘယ်သူကများ ထုတ်လိုက်တာလဲလို့။ သူသိချင်မိတယ်။ ဒါပေမယ့် လူကတော့ မလှုပ်နိုင်သေးတာကြောင့် ရပ်တန့်နေခဲ့တယ်။

“ ရေနွေးသောက်ဖို့ အစတည်းက သတိပေးခဲ့သားပဲ…။ အခုတော့ အရမ်းနောက်ကျသွားပြီ။ ခေါင်းဆောင် ပိုင်က ခွက်ကိုတောင် ချေမွ ပြစ်လိုက်တာကို။” ဖန်ကျန်းရှီ နောင်တ တကြီးနဲ့ ပြောခဲ့တယ်။

“ဖန်ကျန်းရှီ ။ မင်း က င့ါကို ဘယ်လိုတောင် အဆိပ် ခတ်ဝံ့တာလဲ။ ဒီလို နည်းလမ်းမျိုး သုံးဖို့ လွန်ခဲ့တဲ့ တစ်နှစ် လုံးလုံး စီစဉ် နေခဲ့တာလား။ ” ပိုင်ရှင်း ဒေါသ ထွက်လာတယ်။ သူ့လို နတ်ဆိုး ခေါင်းဆောင် တစ်ယောက်က ဒီလို အဆိပ်ခတ် ခံရမယ်လို့ မထင်ထားခဲ့မိဘူး။

ဒါက ကြိုတင် ခန့်မှန်း နေတာလား။ ဒါမှမဟုတ်။ ဖန်ကျန်းရှီက သူ့ကို စာအုပ် တစ်အုပ်လို ဖတ်နေတာလား။ ပိုင်ရှင်း ဒေါသတွေ တလိပ်လိပ် ထွက်လာခဲ့တယ်။ ယွင်ချင်းဝူနဲ့ ရင်ဆိုင် နေရသလို သူ ခံစားနေရတယ်။ ဟု်တတယ် ယွင်ချင်းဝူ။ ဘာလို့ များ ဖန်ကျန်းရှီနဲ့ တွေ့တဲ့ အချိန်မှာ။ ယွင်ချင်းဝူကို ရင်ဆိုင်နေရသလို ခံစားရတာလဲ။

တစ်နှစ်။ ဒီအချိန်လေးက တိုတောင်းတယ်။ … ဒါပေမယ့်။ ဒီ ကောင်စုတ်က မခန့်နိုင်လောက်အောင်။ စွမ်းရည် မြင့်မားလာတာပဲ။ အခုတော့ နတ်ဆိုး အရှင်သခင်ငယ် နဲ့တောင် ယှဉ်နိုင်နေပြီတဲ့လား။

အပိုင်း(၄၇၉) ပြီး၏။

အပိုင်း(၄၈၀)

“ သူ ပြန်လာပြီ။”

ပါရမီရှင်တွေကို ပိုင်ရှင်း မကြောက်ဘူး။ လောကကြီးမှာ ပါရမီရှင်တွေ အများကြီး ရှိတယ်လေ။ ဒါပေမယ့် ပါရမီရှင် တစ်ယောက်က ပါရမီတွေ အများကြီးကို ပိုင်ဆိုင်ထားရင်တော့။ ဒါက အတော့်ကို ကြောက်စရာကောင်း တဲ့ ပါရမီရှင် ဖြစ်လာလိမ့်မယ်။

“ ခေါင်းဆောင်ပိုင်ကို ဘာမှ ဖုံးကွယ် မထားတော့ပါဘူး။ လွန်ခဲ့တဲ့ နှစ်တွေ တုန်းက။ ဒီ ပစ္စည်း အကြောင်းကို အတော်လေး လေ့လာခဲ့ရတာ။ ကျွန်တော့် အထင်တော့။ အကျိုးအာနိသင်တွေကို ခေါင်းဆောင်ပိုင် ခံစားနေရပြီ ထင်တာပဲ။ ခြေထောက်တွေ မလှုပ်နိုင်တော့ အောင် ခံစားနေရတယ် မဟုတ်ဘူးလား။” ဖန်ကျန်းရှီ ဂရုတစိုက်မေးတယ်။

“မင်း ….” ပိုင်ရှင်း အကူအညီ တောင်းဖို့ အော်ဟစ်လိုက်ချင်တယ်။ သူ့ ကိုယ်ပိုင် အိမ်တော်ထဲမှာ ဒီလို အော်ဟစ် အကူညီတောင်းရတာ။ အရှက်ကွဲမှန်းတော့ သိတယ်။ ဒါပေမယ့်။ သူ အော်မှ ဖြစ်မယ်လေ။ သူ ပါးစပ်ကို ဖွင့်လိုက်တဲ့ အချိန်။ ခေါင်းကို တစ်ခုခုနဲ့ အရှိန်ပြင်းပြင်း ဝင်တိုက် ခံရသလို ခံစား လိုက်ရတယ်။ သူ နောက်ကို ပြန်လှည့်ကြည့်တော့ ကွေးနေတဲ့ သံတုတ် တစ်ချောင်းကို တွေ့လိုက် ရတယ်။

“ မာလိုက်တဲ့ ခေါင်း။” သံတုတ် ကိုင်ထားတဲ့ လူ တအံ့တသြ ပြောနေခဲ့တယ်။

“ ….” ပိုင်ရှင်းကတော့ တောက်ပနေတဲ့ အနီရောင် နတ်ဆိုး မျက်လုံးကို ကြည့်နေတယ်။ သူ့ နောက်ကို လူတစ်ယောက်က ရောက်လာပြီးတော့ ။ ဒီလို လုပ်ကြံလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ ဘယ်လိုများ ဖြစ်သွားရတာလဲ။ ဖန်ကျန်းရှီက သူ့ကို အာရုံလွှဲလိုက်တာလား။ ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူ အနေနဲ့။ ပိုင်ရှင်းက သူ့နောက်ကို တစ်ယောက်ယောက် ကပ်လာတာ ။ သတိ မထားမိ စရာ အကြောင်းမှ မရှိပဲ။ နောက်ပြီးတော့ ခေါင်းကို သံတုတ် နဲ့ အရိုက်ခံရတာ။

ဒီ သံတုတ် တစ်ချောင်း လောက် နဲ့ ။ သူ လဲသွားမယ်လို့ ဒီလူ ထင်နေတာလား။ ဘယ်လောက်တောင် တုံးအလိုက် သလဲ။ ပိုင်ရှင်း တစ်ခုခု လွဲနေတာကို သတိ ထားမိသွားတယ်။ သူ့ခေါင်း တစ်ခုလုံးကို အပ်တွေနဲ့ ထိုးခံနေရသလိုပဲ။ နာလွန်းလို့။ သူ့ ရှေ့က လောကကြီး တစ်ခုလုံး မှောင်အတိ ကျသွားခဲ့တယ်။

“ ဘွန်း။” ပိုင်ရှင်း တောင့်တင်း သွားပြီးတော့။ မြေကြီးပေါ်ကို လဲကျသွားတယ်။ မြေပြင်ပေါ်ကို သူ မထိခင် အချိန်လေးမှာ။ သူ့ ခေါင်းထဲ အတွေးတစ်ခု ဝင်လာခဲ့တယ်။ မဟုတ်ဘူး။ သူ အဆိပ် မိတာ မဟုတ်ဘူး။ အတိအကျ ပြောရရင်။ အဆိပ် မိတာတင် မကဘူး။

“ ဟ ဟား. ဟား….။ သမိုင်း သစ်တော့ ရေးရတော့မှာပဲ။ နတ်ဆိုး မျိုးနွယ် ခေါင်းဆောင် တစ်ယောက်ကို ငါ အခုပဲ ရိုက်ချလိုက်တယ် တဲ့။” စုကျူး ပိုင်ရှင်းကို ကြည့် ရင်း။ စိတ်လှုပ်ရှားမှု အပြည့်နဲ့ ပီတိဖြာနေခဲ့တယ်။

“ ဒါဆိုရင်။ သွေးအရိပ် မြို့တော်ကို လာပြီးတော့။ ရှုခင်း လာကြည့်တာက ။ မင်းရဲ့ အကြံပေ့ါ ဟုတ်လား။” ဖန်ကျန်းရှီ လှမ်းမေးတယ်။

“အမ်….” စုကျူး တောင့်တင်းသွားတယ်။

…

တစ်နာရီကြာပြီးနောက်။ သွေးအရိပ် မြို့တော် အမြင့်ဆုံး နေရာ။ မဟူရာ နန်းတော်ရဲ့ ဝင်ပေါက်ရှေ့မှာ။ တောက်ပတဲ့ သံချပ်ကာ နဲ့ အစောင့် ကိုးဦး စောင့်နေခဲ့တယ်။ နန်းတော်ကြီးက အတော့်ကို အိုဟောင်းနေမှန်း သိသာလွန်းတယ်။ နန်းတော် တစ်ခုလုံးကို အနက်ရောင် တိုင်လုံးကြီး ဆယ်ခုက ထောက်ပံ့ထားတယ်။ တိုင်လုံး တစ်ခု ချင်းစီကို ပုံစံ မတူတဲ့ သံချပ်ကာဝတ် စစ်သည်တော်တွေက စောင့်ကြပ်နေတယ်။ သိပ်မကြာခင် အချိန်မှာပဲ။ နတ်ဆိုး စစ်သည်တော် တစ်ဦး ။ နန်းတော်ထဲကနေ ထွက်လာခဲ့တယ်။

“ အရှင်သခင်ငယ်က ဖိတ်ခေါ်လိုက်ပါတယ်။“

“ကောင်းပါပြီ။” အမျိုးသား ကိုးဦး ခေါင်းငြိမ့်ပြီးနောက်။ နန်းတော်ထဲကို ဝင်လာခဲ့တယ်။ တစ်ခဏကြာပြီးနောက်။ အမျိုးသား ကိုးဦးက ။ နန်းတော်ထဲမှာ ရှိတဲ့ အခန်းကို ရောက်နေခဲ့ပြီ။

အခန်းအလယ်မှာတော့။ အမျိုးသမီးငယ် တစ်ဦးရှိနေတဲ့။ နှင်းလို ဖြူဖွေးနေတဲ့ ဝတ်ရုံကို ဝတ်ထားတဲ့ အမျိုးသမီး တစ်ဦး။ သူမရဲ့ နက်မှောင် တောက်ပတဲ့ ဆံကေသာတွေက။ ခါးပေါ်ကို ဝဲကျနေတယ်။ မျက်လုံးတွေကတော့ တည်ငြိမ်လွန်းလှတယ်။ အမျိုးသမီးက မလှုပ်ရှားဘူး။ ပြတင်းပေါက် ပေါ် ကို ထိုးကျနေတဲ့ နေရောင်ကို ကြည့်နေခဲ့တယ်။ သူမ ရဲ့ လက်ထဲမှာ အဝါရောင် စာရွက်လေးကို ကိုင်ထားခဲ့တယ်။ စာရွက်လေးက သေးငယ်တယ်။ အဲ့ဒီ့်စာရွက်ပေါ်မှာ စာကြောင်းက တစ်ကြောင်း ရှိနေတယ်။

“မင်း စားပြီးပြီလး။”

ဒီစကားအပြင် နောက်ထပ် မရှိတော့ဘူး။ ရေးတဲ့သူဘယ်သူ ဆိုတာတောင် မပါဘူး။ အခန်းအလယ်က အမျိုးသမီးကတော့ ယွင်ချင်းဝူ။ နတ်ဆိုး အရှင်သခင်ငယ်။ ယွင်ချင်းဝူမှာ တစ်နေ့တစ်နေ့ လုပ်စရာ တွေ အများကြီး။ ဒါကြောင့်။ ဒီလို စာရွက်မျိုးက သူမ လက်ထဲကို ရောက်လာစရာ အကြောင်း မရှိဘူး။ ဒါပေမယ့် စစ်သည်တော် တွေ အများကြီးကို ဖြတ်သန်း ြင်္ပီးတဲ့ အချိန်မှာတော့။ ယွင်ချင်းဝူ ဆီကို တန်းတန်း မတ်မတ် ရောက်လာခဲ့တယ်။ အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။ ဒီ စာရွက်လေးကသာ။ ပိုင်အိမ်တော်မှာ ကျန်ရစ်ခဲ့တဲ့ တစ်ခုတည်းသော အရာ ဖြစ်တာကြောင့်ပဲ။

“အရှင် သခင်ငယ်ကို နှုတ်ခွန်းဆက်ပါတယ်။ ” အမျိုးသား ကိုးဦး ။ အခန်းထဲ ဝင်ဝင်လာချင်း ဒူေးထာက်လိုက်တယ်။

“ အင်း. ..။ ထကြပါ။ မျိုးနွယ်စု ခေါင်းဆောင်တို့။” ယွင်ချင်းဝူ စာရွက်ကို ကြည့် နေရင်း ခေါင်းငြိမ့်တယ်။

“ အရှင်သခင်ငယ်…။ ဒါက ….”

“ အရှင်သခင်ငယ်။ ဘာများ ဆောင်ရွက်ပေးရပါ မလဲ။”

“ သွေးအရိပ် မြို့တော်ထဲကို ခိုးဝင်ပြီးတော့။ မျိုးနွယ်စု ခေါင်းဆောင်ပိုင်ကို ။ ဖမ်းသွားနိုင်တဲ့ လူက ။ တောင်ပိုင်း ဒေသမှာ မရှိဘူး။ ကြီးမြတ်သောရှ မင်းဆက် လူတစ်ချို့ပဲ ဒီလို လုပ်နိုင်တယ်။”

အမျိုးသား ကိုးဦးက ယွင်ချင်းဝူရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့တယ်။ နတ်ဆိုးမျိုးနွယ် ခေါင်းဆောင်တစ်ဦး။ မြို့တော်မှာ ပြန်ပေးဆွဲ ခံလိုက်ရတာက။ နတ်ဆိုး မျိုးနွယ် တစ်ခုလုံးကို ထိတ်လန့်စေတယ်။ ပိုပြီးတော့ အရေးကြီးတာကတော့။ ကြောက်စရာ အကောင်းဆုံး ဖြစ်စေတဲ့ အပိုင်းက။ နေ့ခင်းကြောင်တောင်ကြီး မြို့ထဲကို ဝင်လာပြီးတော့။ ဘာ အချက်ပေး သံမှ မမြည်ပဲစေပဲနဲ့။ သပ်သပ်ရပ်ရပ် လုပ်သွားခဲ့တာ။ ဒါက သတိပေးချက်ပဲ။ သွေးအရိပ် မြို့တော်က သူတို့ တွေးထင်ထားသလို မလုံခြုံတော့ဘူး။

“ တစ်နှစ်ကျော် ကြာပြီးတဲ့နောက်။ သူ နောက်ဆုံးတော့ ပြန်လာပြီ။” ယွင်ချင်းဝူ ခပ်တိုးတိုး ရေရွတ်နေခဲ့တယ်။

“ သူ။ အရှင်သခင်ငယ် ဘယ်သူ့ကို ဆိုလိုချင် တာများလဲ။” ယွင်ချင်းဝူရဲ့ စကားလုံးတွေကို။ အမျိုးသား တစ်ယောက်ကတော့ နားမလည်နိုင်။ သူတို့ မြင်နေရတာက။ စာရွက် ဖြတ်ပိုင်းလေး တစ်ခုပဲ။ ဒီ စာကို ရေးတဲ့ သူက ဘယ်သူမှန်း ဖော်ပြမထားဘူးလေ။ ပိုင်အိမ်တော်ထဲမှာ ကျန်ခဲ့တဲ့ တစ်ခုတည်းသော သဲလွန်စ ဖြစ်တာကြောင့်သာ မဟုတ်ရင်။ ဒါကို နှစ်ခါ မတွေးပဲ လွှင့်ပြစ်မိမှာပဲ။

“ တစ်နှစ်ကျော်ကျော် ပျောက်နေခဲ့တဲ့ လူတစ်ယောက်ပေါ့။” ယွင်ချင်းဝူ တစ်ခဏတာ တွေးတောပြီးနောက် ပြန်ဖြေတယ်။

“ တစ်နှစ်ကျော်ကျော်ပျောက်နေတာ။” အမျိုးသားတွေ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း။ စိတ်ရှုပ်ထွေးနေကြတယ်။

“အရှင်သခင်ငယ။် ဖန်ကျန်းရှီ အကြောင်းကို ပြောနေတာလား။”

“ ဟာသ တစ်ခုပဲ။ ဒါက ဖြစ်နိုင်လို့လား။ ဖန်ကျန်းရှီ က တစ်နှစ်ကျော်ကျော် ပျောက်နေပင်မယ့်။ သူက ကျိုးပဲ့နေတဲ့ လူတစ်ယောက် နဲ့ ဘာများ ကွာခြားလို့လဲ။ နောက်ပြီးတော့။ ကြီးမြတ်သော ရှ မင်းဆက်ကော။ တောင်ပိုင်းဒေသ ကောက သူ့ကို ။ လိုက်ဖမ်းနေတာ။ သူက သေလူနဲ့ ဘာများ ကွာခြားလို့လဲ။”

“အင်း…။ ကြီးမြတ်သောရှ က သတင်းကြေညာ ချက်တောင် မထုတ်ပဲနဲ့။ ကွပ်မျက်တာမျိုးတောင် လုပ်နိုင်သေးတယ်။” အမျိုးသားကိုးဦးက ယွင်ချင်းဝူကို ကြည့်ရင်း ခန့်မှန်း ပြောဆို နေကြတယ်။ ဒါပေမယ့် ယွင်ချင်းဝူကတော့ ပြန်မဖြေဘူး။ အကယ်၍ သူမပြောရရင်တောင်။ ဘယ်သူကမှ သူမကို မယုံကြည်မှန်းသိတယ်လေ။ သူတို့ကို ပြောစရာ အကြောင်းမရှိဘူး။

“ယဉ်ဖုန်း။”

“ အမိန့်ရှိပါ အရှင်သခင်ငယ်။” ပိန်ပိန်းပါးပါး လူတစ်ယောက် ထွက်လာခဲ့တယ်။ ဒီလူ ထွက်လာတာနဲ့။ သူ့ ဘေး နားကလူတွေ။ နောက်ကို ဆုတ်သွားခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလူက ယဉ်ဖုန်း ဖြစ်နေတာကြောင့်ပဲ။ အမှောင်နတ်ဆိုး မျိုးနွယ်ရဲ့။ လက်ရှိ မျိုးနွယ်ခေါင်းဆောင်။ ယဉ်ရှန်ရဲ့ ညီငယ်လေး ဖြစ်သလို။ ယွင်ချင်းဝူ ရဲ့ စကား တစ်ခွန်းတည်းနဲ့ မျိုးနွယ်စု ခေါင်းဆောင် ဖြစ်လာခဲ့တဲ့ သူ။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းကမှ သူ။ တာဝန်စယူတာ။

ဒါပေမယ့် အခု ပြောနေတာတွေကအရေးမကြီးသေးဘူး။ အမှောင်နတ်ဆိုး မျိုးနွယ်က ။ ကြယ်တာရာ နတ်ဆိုး မျိုးနွယ်ရဲ့ နေရာကို အစားထိုး နေရာ ယူသွားခဲ့ပြီ။ အားအနည်းဆုံး နတ်ဆိုး မျိုးနွယ်ကနေ ။ အင်အား အကြီးဆုံးမျိုးနွယ် အဖြစ်ကို နေရာ ယူလာခဲ့တယ်။ ယဉ်ဖုန်း ဘယ်လိုတောင် လုပ်လိုက်လဲ ဘယ်သူမှ မသိခဲ့ဘူး။ ဒါပေမယ့် ယွင်ချင်းဝူ ရဲ့ အထောက်အပံ့ မပါပဲ ။ သူ လုပ်နိုင်ခဲ့တာ။

“ အင်း။ ငါ ကြီးမြတ်သောရှ မင်းဆက်ကို ခရီးသွားမယ်။ ပြင်ဆင်မှုတွေ လုပ်ထားလိုက်တော့။ ” ယွင်ချင်းဝူ အေးဆေး ပြန်ဖြေတယ်။

“ အရှင်သခင်ငယ် ဒီလောက်အထိ လုပ်စရာမလိုဘူးလေ။ ကြီးမြတ်သောရှ မင်းဆက်က အရှင်သခင်ငယ်ကို ။ ဘယ်သူမှန်း သိပြီးနေပြီ။ ဘာလို့များ ဒီလို စွန့်စားရတာလဲ။”

“မှန်ပါတယ်။ အရှင်သခင်ငယ် အလောမကြီးပါနဲ့။ ဒီကိစ္စကို နတ်ဆိုး အရှင်သခင်နဲ့ အရင်ဆုံး ဆွေးနွေး သင့်တယ် လိ့ ကျွန်တော်တို့ ထင်ပါတယ်။” ယွင်ချင်းဝူ ရဲ့ အမိန့်ကြောင့်။ အမျိုးသားတွေ အံ့အားသင့်နေခဲ့တယ်။

“ မင်းတို့ ငါ … ယဉ်ဖုန်းက။ အရှင်သခင်ငယ်ရဲ့ လုံခြုံမှု အတွက် တာဝန် မယူနိုင်ဘူးလို့ ထင်နေကြတာလား။” ယဉ်ဖုန်းရဲ့ အသံ ထွက်လာခဲ့တယ်။ ဒီအချိန်မှာပဲ။ အမျိုးသား ရှစ်ဦးရဲ့ အမူအယာ ပြောင်းသွားခဲ့တယ်။ ဒါပေမယ့် ဘယ်သူကမှ သူ့ကို မဆန့်ကျင်ကြဘူး။

“ငါ အသက်ရှင်နေသရွေ့။ အရှင်သခင်ငယ် လုံခြုံစေရမယ်လို့ ကျိန်ဆိုတယ်။ အရှင်သခင်ငယ်။ ကျွန်တော်တို့ ဘယ်အချိန် ထွက်ခွာကြမလဲ။”

“မနက်ဖြန်။”

“မနက်ဖြန် လား။ ကောင်းပါပြီ။ ကျွန်တော် အခုပဲ သွားပြီး ပြင်ဆင် လိုက်ပါတော့မယ်။”

…

…

ငါးရက်ကြာပြီးတဲ့နောက်… တောင်ပိုင်းဒေသ အေးခဲမျောက်မင်း နယ်မြေမှာ။ လေတောင်ကြားကို ဖြတ်သန်းပြီးတော့ လေအေးအေးက တိုက်ခတ်နေတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က သွေးတွေကတော့ ခြောက်သွေ့သွားခဲ့ပြီ။

စိမ်းစိုတဲ့ မြက် ခင်းပြင်ရဲ့ ရနံ့တွေက ။ လေထုတစ်ခုလုံးကို ပျံ့နှံ့နေခဲ့တယ်။ ဒါပေါ့။ စစ်ပွဲ ဖြစ်ခဲ့တယ် ဆိုတဲ့ အရိပ်အယောင် တောင် မတွေ့ရတော့ဘူး။ ဒါပေမယ့် ချွင်းချက် တစ်ခုတော့ ရှိနေတယ်။ ဘာကြောင့်လဲ ဆိုတော့။ တောင်ကုန်းပေါ်မှာ ဓားတစ်ချောင်း ကျန်ရစ်နေသေးတာကြောင့်ပဲ။ နှင်းတွေနဲ့ ရောပြီးတော့ မြေကြီးထဲမှာ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေတယ်။

နေရောင်ခြည်က ။ ရေခဲတွေပေါ်ကို ကျရောက်နေတယ်။ ဒါပေမယ့် ရေခဲတွေကတော့ အပူကြောင့် အရည်ပျော် မသွားခဲ့ဘူး။ အတော့်ကို ထူးဆန်းတဲ့ မြင်ကွင်းပဲ။ ဓားနောက်မှာ ရပ်နေတဲ့ လူတစ်ယောက် ရှိနေတာက ပိုပြီးတော့ ထူးဆန်းနေတယ်။ သူ့ရဲ့ အပြာရောင် အကျီလက်ရှည်က လေထဲမှာ တဖျပ်ဖျပ် လွင့်နေခဲ့တယ်။

တောင်ပိုင်းဒေသ က လူတွေ အတွက်တော့ ။ ဒီဓားကို တောင်ကုန်းပေါ်မှာ မြင်ရတာ နေသား ကျနေခဲ့ပြီ။ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး ။ တောင်ပိုင်းဒေသရဲ့ ရဲရင့်တဲ့ စစ်သည်တော်တွေ ။ ဒီ ဓားကို မြေပြင်ကနေ ဆွဲနုတ် ဖို့ ကြိုးစားခဲ့ကြတယ်။

ဒါပေမယ့် ဓားကတော့ လုံး၀ ထွက်မလာခဲ့။ မြေပြင်ထဲမှာ။ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်ရင်း။ နှင်းတွေ ရေခဲ လွှာတွေ နောက်မှာ ပုန်းကွယ်နေခဲ့တယ်။ ဓားသာ စကားပြောနိုင်မယ် ဆိုရင် ( မင်းတို့ကို တစ်ချက်လေးတောင် ထိခွင့်မပေးနိုင်ဘူးလို့) အော်နေမှာပဲ။ ဒါပေါ့။ တောင်ပိုင်းဒေသ ကတော့ လူတွေကတော့ ဘယ် နားလည် လိမ့်မလဲ။ ဓား တစ်ဝိုက်က ရေခဲတွေ ဘာကြောင့် အခုထိ အရည်မပျော်လဲ ဆိုတာကို ။ သူတို့ သိချင်နေကြတယ်။

ဓားကောင်းတစ်လက်။ သူတို့တွေမှာ ဖြေရှင်းချက် တစ်ခုပဲ ရှိတော့တယ်။ ဓားကို မေ့ထားလိုက်တာပဲ။ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး လူတွေ အများကြီး ကြိုးစားခဲ့တယ် ကျရှုံးခဲ့တယ်။ ဒါပေမယ့် အခုတော့။ လူတစ်ယောက် က လေတောင်ကုန်းမှာ ရောက်နေ ခဲ့ပြီ။

ဓားအတွက် သူ ရောက်လာတာ။ လက်ကို ဆန့်တန်းရင်း ။ ဓားလက်ကိုင်ကို ကိုင်လိုက်တယ်။ ရေခဲထုအလွှာကြီးတွေ ဖုံးအုပ်နေတဲ့ ဓားလက်ကိုင်ကို သူ ကိုင်လိုက်တာ။ အဲ့ဒီ နောက်။ ထူးဆန်းတာ တစ်ခု ဖြစ်လာတော့တယ်။ ရေခဲတွေ ချက်ခြင်းကို အရည်ပျော်သွားခဲ့တယ်။ သာမာန် မျက်လုံးနဲ့ တောင် ကောင်းကောင်း မြင်အောင်။ မြန်မြန် ဆန်ဆန်နဲ့။ အငွေ့ပျံပြီးတော့ ပျောက်ကွယ်နေခဲ့တယ်။ သူ့လက်က ဓားလက်ကိုင်နဲ့ တဖြည်းဖြည်း နီးလာခဲ့တယ်။ ဓားကိုမြေပြင်ပေါ်ကနေ သူ မလိုက်တယ်။ ဓားက ခရမ်းရောင် အလင်းတန်း အဖြစ် ပြောင်းလဲပြီးတော့ သူ့လက်ထဲကို ရောက်လာတော့တယ်။

“ အချိန်တောင် အတော်ကြာသွားပြီနော်။” ဓားကို လက်တစ်ဖက်က ကိုင်ထားသလို။ နောက်လက်တစ်ဖက်က ဓားသွားကို ပွတ်တိုက်ရင်းနဲ့။ ပြုံးနေခဲ့တယ်။

“ ချွင်။”ဓားက သူ့ကို စကားပြန်ပြောနေတယ်။ ဒီလူကို တွေ့ရတာ အတော်ပျော်နေတဲ့ ပုံစံပဲ။ အိပ်နေတဲ့ နဂါးတစ်ကောင် နိုးထလာပြီးတော့ ။ အရုဏ်ဆည်းဆာကို ခံစားနေတဲ့ အတိုင်း။ သူ့ရဲ့ စိတ်လှုပ်ရှားမှုက မြင်သာနေတယ်။

“ မင်းကို ရှုခင်း မျိုးစုံ ကြည့်ဖို့ ခေါ်သွားမယ်လေ။ အရင်ကထက် အများကြီး ဝေးအောင် သွားမယ်။ ပိုမြင့်တဲ့ တောင်တွေကို တက်ကြမယ်။”

“ချွင်။”ဓားက စိတ်လှုပ်ရှားမှု အပြည့်နဲ့ ပြန်အော်နေခဲ့တယ်။

…

တောင်ပိုင်းဒေသ ။ သုခမိန်တောင်တန်း မြို့တော်မှာ။ အေးခဲ မျောက်မင်းဒေသ နယ်မြေမှူး။ အစောင့်တွေကို ဖြတ်သန်းရင်းနဲ့ ။ ညီလာခံ ခန်းမထဲကို အပြေးဝင်လာခဲ့တယ်။

“ဧကရီ” အေးခဲမျောက်မင်း။ ဒူးတစ်ဖက်ထောက်လိုက်တယ်။

ပလ္လင်ပေါ်မှာ ထိုင်နေတဲ့ မိန်းမပျိုတစ်ယောက်ရှိနေတယ်။ နှင်းဖြူရောင် ဝတ်ရုံကို ဝတ်ထားတဲ့ အမျိုးသမီးလေး။ သူမရဲ့ ရွှေရောင် တောက်နေတဲ့ အသားအရည်က အလင်းရောင်ထဲမှာ။ တောက်ပနေတယ်။ မဟူရာကေသာ တွေက ပုခုံးပေါ်မှာ ဝဲကျနေတယ်။ သူမရဲ့ နဖူးပေါ်မှာ ရွှေရောင် သရဖူကို ဆောင်းထားခဲ့တယ်။ သရဖူကြီးမှာ။ ငှက်မွှေးသုံးချောင်းနဲ့။ မတူညီတဲ့ အရောင်ရှိတဲ့ ကျောက်မျက်ရတနာတွေရှိနေခဲ့တယ်။ သူမကတော့ ရှန်းယွီ။ တောင်ပိုင်းဒေသရဲ့ ဧကရီ ဘုရင်မ။

အေးခဲမျောက်မင်း ပြောတာကို ကြာပြီးတဲ့ နောက်။ သူမ လက်ထဲက ပေလွှာကို ချထားရင်း သူ့ကို ကြည့်လိုက်တယ်။

“ဦးလေး။ ဘာတွေများ အလျင်လိုနေတာလဲ။”

“ဓားလေ ။ ဓား ပျောက်သွားတယ်။” အေးခဲ မျောက်မင်း။ စိတ်ရှုပ်ထွေးမှု အပြည့်နဲ့ ပြန်ဖြေတယ်.။

“ဓားလား။ ဘာဓားလဲ။” ရှန်းယွီ စိတ်ရှုပ်ထွေးသွားတယ်။

“ဓားက ။ လေတောင်ကုန်းဒေသမှာ။ နောက်ပြီးတော့။ အဲ့တာ ပျောက်နေတယ်။” အေးခဲ မျောက်မင်းဒေသ က ရှုပ်ထွေးနေတယ်။

“ ဦးလေး ပြောတာ။ လေတောင်ကုန်းပေါ်က ဓား ပျောက်နေတယ်တဲ့လား။” ရှန်းယွီရဲ့ အမူအယာ က ပြောင်းလဲသွားသလို။ သူ့လက်ထဲက ပေလွှာ ။ ကြမ်းပြင်ပေါ်ကို ကျသွားခဲ့တယ်။

“ဟုတ် တယ်။” အေးခဲ မျောက်မင်း ခေါင်းငြိမ့်လိုက်တယ်။

ဧကရီ ရှန်းယွီ ဘာလို့ ဒီလောက်တောင်။ လန့်သွားလဲ သူ သိတယ်လေ။ ဓား ပျောက်သွားတဲ့ ကိစ္စက ။ ဆိုလိုရင်း တစ်ခုပဲရှိတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး တောင်ပိုင်းဒေသ စစ်သည်တော်တွေက ။ သူတို့ရဲ့ ကံတရားကို စမ်းသပ်ခဲ့ကြတယ်။ ဒီဓားက လုံးဝကို ဂုဏ်ကျက်သရေ တစ်ခုပဲ။ ဒီ ဓားကို မြေပြင်ပေါ်က နုတ်နိုင်ရင်။ အကြီးမားဆုံး ဂုဏ် သိက္ခာရှင် ဖြစ်လိမ့်မယ်။ ဒါပေမယ့် အခုတော့ ဓားက ပျောက်ကွယ်သွားပြီ။ တစ်ချက်လေးတောင် ခြေရာမချန်ပဲ ပျောက်ကွယ်သွားတာ။ ဘယ် စစ်သည်တော် ကမှ သူ ဆွဲထုတ်လို့ အောင်မြင်တယ် ဆိုပြီးတော့ ဘာမကြေညာကြဘူး။ ဒါကြောင့်။ ဒီ ဓားက ဂုဏ်သိက္ခာကြီး မဟုတ်တော့ဘူး။ လုံးဝကို ကွာခြားသွားပြီ။

အပိုင်း(၄၈၀)ပြီး၏။

All Chapters