အပိုင်း (၄၈၁-၄၉၀)
Vol. 5 Ch. 381-490
အပိုင်း (၄၈၁)
“ ကိစ္စတွေက အခုချိန်မှာ ကွာခြားနေပြီ။”
ရှန်းယွီ ရဲ့ မျက်နှာ နီရဲသွားတယ်။ သူမရဲ့ စိတ် တစ်ခုလုံး မှောင်အတိကျသွားခဲ့တယ်။ သူမ စိတ်လှုပ်ရှားသင့်လား။ ဒေါသထွက်သင့်လား ဆိုတာကိုတောင် မသည်းကွဲဘူး။ ဒီ အချိန်ကို သူမ စောင့်ဆိုင်းနေခဲ့တာ အတော်ကြာပြီ။ သူ ပြန်လာပြီ။ တစ်နှစ်ကျော်ကြာပြီးတဲ့ နောက်မှာ။ နောက်ဆုံးတော့ သူ့ရဲ့ ဓားကို ပြန်လာယူခဲ့ပြီ။ ဒါပေမယ့်။ သူ ဘာလို့ ငါ့ကို လာမတွေ့တာလဲ။
လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ဘာတွေ ဖြစ်ခဲံတာလဲ။ ငါ့ကို လာတွေ့ပြီးတော့ အမှန်ကို ပြောသင့်တာ မဟုတ်ဘူးလား။ ငါ့ကို ဘာလို့ လာမရှာလဲ။ ကြောက်နေလို့လား။ ဒါမှမဟုတ်ရင်။ မတွေ့ချင်လို့များလား။
“ဧကရီ။ ကြီးမြတ်သောရှ မင်းဆက် နယ်စယ်စည်းမှာ စောင့်ကြပ်ဖို့ ။ လူတွေကို ကျွန်တော် လွှတ်လိုက်ပါပြီ။ ကြီးမြတ်သောရှမင်းဆက်ကို ကျွန်တော်တို့ သတင်းပေးသင့်လား….” အေးခဲ မျောက်မင်း အကြံပြုတယ်။
“ မလိုအပ်ဘူး။” ရှန်းယွီ တစ်ချက်လေးတောင် မတွေဝေပဲ ပြန်ဖြေလိုက်သလို။ သူ့ မျက်လုံးတွေ တလက်လက် တောက်ပလာခဲ့တယ်။ “ဦးလေး ။ ဧကရီ့ကို ယုံကြည်လား”
“ဧကရီ အရှင်မ။ ကျွန်တော်မျိုး ယုံကြည်တာပေါ့။” အေးခဲ မျောက်မင်း ပြန်ဖြေတယ်။
“ဒါဆိုရင်။ နယ်စပ်က စစ်သည်တော်တွေကို ရုပ်သိမ်းထားလိုက်ပါ။“ ရှန်းယွီရဲ့ မျက်လုံးတွေက အခိုင်အမာ ဆုံးဖြတ်ချက်ကြောင့် တောက်ပနေတယ်။
“ တပ်ရုပ်သိမ်းရမယ့်။ ဘာကြောင့် များလဲ။ အရှင် ဧကရီ။ ရှန်လင်းရဲ့ သေဆုံးမှု နောက်ကွယ်က အမှန်တရား အကြောင်း အရှင် မသိချင်တော့ဘူးလား။” အေးခဲ မျောက်မင်း နားမလည်နိုင်။
“ သိချင်တယ်။” ရှန်းယွီ ပြန်ဖြေတယ်။
“ ဒါဆိုရင် ဘာကြောင့်များ …. အရှင် ဧကရီ ။ ဖန်ကျန်းရှီကို ယုံကြည်မှန်း ကျွန်တော်မျိုး သိပါတယ်။ ဒီကိစ္စက သူ မလုပ်ခဲ့ရင်တောင်။ သူနဲ့ တနည်းနည်းတော့ ပတ်သက်နေမှာပဲ။ သူက တောင်ပိုင်းဒေသကို ရှင်းပြဖို့ အကြွေးတင်နေသေးတယ်။ ကျွန်တော်တို့ အိမ်ရှေ့စံကို ဒီ အတိုင်း ပဲ ထားတော့မှာလား…..”
“ ဦးလေး….။”
“ ကောင်းပါပြီ။ အရှင်ဧကရီ။ မိန့်တော် မူပါ။”
“ ကျေးဇူးပြုပြီး။ လေတောင်ကုန်းပေါ်မှာ တစ်ပုံစံတည်း တူတဲ့ ဓား တစ်ချောင်းကို အစား ထိုးလိုက်ပါ။” ရှန်းယွီ တွေးတောပြီးနောက် ပြန်ဖြေတယ်။
“ ဓား ကို အစားထိုးရမယ်။ ” အေးခဲမျောက်မင်း လန့်သွားခဲ့တယ်။
“ဟုတ်တယ်။”
“ အရှင် ဧကရီက သူ ဓားကို ပြန်ယူသွားတဲ့ အကြောင်း ဖုံးကွယ် ထား ပေးမလို့လား။ ဒါပေမယ့် ။ သူက ဓားကို ယူသွားပြီ ဆိုတော့။ သိပ်မကြာခင်ပဲ တစ်လောကလုံးက သိသွားတော့မှာ။” အေးခဲ မျောက်မင်း နားမလည်နိုင်။
“သူဖုံးကွယ် ထားချင်လား ။ ဒါမှမဟုတ် သတင်းဖြန့်ချင် လား ဆိုတာ ။ ဧကရီလည်း မသိဘူး။ ဒါပေမယ့် ကြီးမြတ်သောရှ မင်းဆက်ကို ဧကရီ မရောက်ခင် ဒီ သတင်းကို ဖုံးကွယ် ထားစေချင်တယ်။” ရှန်းယွီ ပြန်ဖြေတယ်။
“ အရှင် ဧကရီ။ ယန် မြို့တော်ကို သွားမလို့လား။”
“ အင်း … ။ အကယ်၍ ငါတို့ နယ်စပ်မှာ တပ်ပုန်းတွေ ချထားရင်ကော။ ဖန်ကျန်းရှီကို ဖမ်းမိနိုင်မယ် ထင်လား။” ရှန်းယွီ မေးတယ်။
“ အမ်…” အေးခဲ မျောက်မင်း ပြန်မဖြေနိုင်တော့ဘူး။
“ ဧကရီ ထီးနန်းဆက်ခံ ခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီ။ အခုက ခရီးထွက်ဖို့ အချိန်ပဲ။” ရှန်းယွီ ဆက်ပြောတယ်။
“ကောင်းပါပြီ။ အရှင် ဧကရီ။ စိတ်ဆုံးဖြတ် ပြီးပြီ ဆိုတော့။ ကျွန်တော်မျိုး ခရီးထွက်ဖို့ ပြင်ဆင်လိုက်ပါတော့မယ်။ ဘယ်လို ခရီးစဉ်မျိုး ဖြစ်စေလိုပါသလဲ။” အေးခဲ မျောက်မင်း မေးတယ်။
“ ပိုပြီးတော့ ကြီးကျယ် ခမ်းနားလေ ပိုကောင်းလေပဲ။ ”
“ ကြီးမြတ်သော ရှမင်းဆက်ကို အရှင် ဧကရီ ကြွရောက်ကြောင်း ။ ကြေညာဖို့ ။ သတင်းပို့သူ စေလွှတ်လိုက်ပါမယ်။” အေးခဲ မျောက်မင်း ဦးညွှတ်တယ်။
“ ကူညီတာ အတွက် ကျေးဇူးတင်ပါတယ် ဦးလေး။ ”
…
သုခမိန်တောင်တန်း မြို့တော် တောင်ခြေမှာ။ အပြာရောင် လူတစ်ယောက် ရပ်နေခဲ့တယ်။ သုခမိန်တောင်တန်း မြို့တော် အပေါ်က တိမ်တွေ နဲ့ မြူတွေကို သူ ကြည့်နေခဲ့တယ်။
“သခင် သုခမိန်တောင်တန်း မြို့တော်ကို အရှင်သွားမှာလား။ အကယ်၍ သခင် သွားမယ် ဆိုရင်။ လမ်းတစ်လျှောက် ပြင်ဆင်မှုတွေ လုပ်လိုက်ပါမယ်။” အဲ့ဒီ့ လူရဲ့ နောက်ကနေ အသံ ထွက်လာခဲ့တယ်။
“ မလိုတော့ဘူး။” အပြာရောင် လူ ခေါင်းခါတယ်။
“တကယ်တော့။ ခေါင်းဆောင်က ကျွန်တော့်ကို သတင်းစကား တစ်ခု ပါးခိုင်း လိုက်ပါတယ်။ သခင် တောင်ပိုင်းဒေသကို ခြေချ ခဲ့ရင် ဒီ သတင်းစကားကို ကျွန်တော် ပြောရမှာပါ။ ”
“ဆက်ပြော”
“ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက အိမ်ရှေ့စံကို အသတ်ခံရတဲ့ ကိစ္စ နဲ့ ပတ်သက်ပြီးတော့ သခင် ။ အစီအစဉ် ဆွဲလိုက်ရင်။ ကြီးမြတ်သောရှ မင်းဆက် ပြောတဲ့ အကြောင်းအရာတွေကို တောင်ပိုင်းဧကရီ ယုံတော့မှာ မဟုတ်ဘူး။ ”
“အင်း ဆက်ပြော။”
“ နောက်ပြီးတော့။ ဒီ သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ သက်စောင့် စစ်သည် ရှစ်ဦးရှိခဲ့တယ်။ ဒါပေမယ့် မြို့တော်ကို ရောက်ရောက်ချင်း သူတို့ ပျောက်ကွယ်သွားခဲ့တာ။ ခေါင်းဆောင်ကတော့။ ကြီးမြတ်သောရှ က အိမ်ရှေ့စံ။ သူတို့်ကို နှုတ်ပိတ်လိုက်တယ်လို့ ယုံကြည်နေပါတယ်။ ဒါကြောင့်…။”
“ ဒါကြောင့်။ ဒီကိစ္စကို သက်သေခံနိုင်တဲ့ သူက စုချင်းပဲ ရှိတော့တာပေါ့။”
“ မှန်ပါတယ်။ ဒါပေမယ့် စုချင်းက ကြံရာပါ ဖြစ်နေတဲ့ အပြင်။ အခု ချိန်မှာ ။ အိမ်ရှေ့စံ အထူး အရေးပေး ခံရတဲ့ သူ ဖြစ်နေပါတယ်။ ဒါကြောင့် လင်း ထျန်းရုံကို ဆန့်ကျင်ပြီး သက်သေခံခိုင်းဖို့က လွယ်ကူမှာတော့ မဟုတ်ဘူး။
“အင်း။”
“ အကယ်၍ သခင်သာ တောင်ပိုင်း ဒေသမှာ ။ ဒီကိစ္စတွေကို သခင့် အတွက် သက်သေခံခိုင်းဖို့ တစ်ယောက်ယောက်ကို ရှာနိုင်ခဲ့ရင်။ ….”
“ ငါသိပြီ။”
“ ဒါဆိုရင် သခင် သုခမိန်တောင်တန်း မြို့တော်ကို သွားမှာလား။” မေးတဲ့ သူရဲ့အသံက မျှော်လင့်ချက်တွေ ပြည့်ဝနေတယ်။
“ မသွားဘူး။”
“ ကောင်း ပါပြီ၊ ဒါဆိုရင်။ ကျွန်တော်တို့ ဘယ်ကို သွားမလဲ သခင်။”
“ မြောက်ရွာကို သွားမယ်။“
“ မြောက်ရွာ။ အမ်။ ဒါက မဖြစ်နိုင်တာပဲ။ အိမ်ရှေ့စံက။ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး မြောက်ရွာကို ထောက်လှမ်းနေခဲ့တာ။ သခင် ရွာထဲ ဝင်တာနဲ့ သူ ထောက်လှမ်းမိမှာပဲ။ နောက်ပြီးတော့….” အသံက ကြောက်လန့်မှုတွေ ပြည့်နေခဲ့တယ်။
“ အဲ့ဒီ့တော့ ဘာဖြစ်လဲ။”
“ ခေါင်းဆောင်က။ ကျွန်တော့်ကို ထပ်ခါထပ် မှာလိုက်ပါတယ်။ သခင် နေရာစုံကို သွားလို့ရပေမယ့်။ နေရာ နှစ်ခုကိုတော့ ရှောင်ရှားရမယ် ”
“ မြောက်ရွာနဲ့ ကြီးမြတ်သောရှ မင်းဆက် မဟုတ်လား။”
“ ဒါဆိုရင် ။ ဘာကြောင့်များ မြောက်ရွာကို သွားမှာလဲ သခင်။”
“ ငါသွားချင်လို့လေ။ ဘယ်လိုလဲ။ အကြောင်းပြချက်က လုံလောက်ပြီလား ။ ”
“ ဟုတ်ကဲ့ လုံလောက်ပါပြီ၊”
“ ဒါဆိုရင်။ မင်း သူ့ကို လျှို့ဝှက် သတင်းပို့တော့မှာ မဟုတ်လား။”
“ ကျွန်တော် မလုပ်ဝံ့ပါဘူး။”
“ ဘာလို့တုန်း။”
“ ကျွန်တော့်က အရိပ် မျိုးနွယ်က ဖြစ်ပေမယ့်။ ကျွန်တော် အခု ဒီ နေရာကို ရောက်နေတာ။ သခင့်ကြောင့်ပါ။ ဒါကြောင့် သခင့်ကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။”
“ ဒါဆိုရင်။ မင်းက ဝူယွဲ့အာကို သစ္စာဖောက်မယ် ပေါ့။ ”
“ အမ်။”
“ မင်းက ငါ့ရှေ့မှာ ငါ့ကို သစ္စာရှိမယ်။ ဝူယွဲ့အာ ရှေ့ ရောက်ရင် ။ ဝူယွဲ့အာကို သစ္စာရှိမယ်။ ဒါက ကိစ္စကောင်းပဲ။ မင်းရဲ့ စကားတွေကို တစ်ခွန်း မကျန် ပြန်ပြောပေးလိုက်ပါမယ်။”
“ ….” နောက်ကလူ ပြောစရာ စကားမရှိ ဖြစ်သွားခဲ့တယ်။
“ ပြဿနာရှိလို့လား။” အပြာရောင် လူ လှောင်ပြုံးပြုံး ရင်း နဲ့။ သူ့နောက်က လူကို လှည့်ကြည့်တယ်။
“ ပြဿနာ မရှိပါဘူး။ သခင်။ ခေါင်းဆောင်ကို ပြန်ပြောလို့ ရပါမယ်။ ” ပြန်ဖြေတဲ့ အသံက အတော့်ကို ကြေကွဲနေသယောင်ယောင်။
“ကောင်းပြီလေ။ မင်းက ငါ့ကို တလေးတစား တောင်းဆိုနေမှတော့။ မင်း ရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးရမှာပေါ့။ ဆက်လုပ်လေ။ ဝူယွဲ့အာရဲ့ နာမည်ကို သုံးပြီးတော့။ ဟွေ့အန်းဒေသမှာ လူကိုးယောက်ကို စောင့်ခိုင်း ထားလိုက်။”
“ သခင်။ ခေါင်းဆောင်ရဲ့ အမိန့်ကို လွန်ဆန် ခိုင်းနေတာလား။” အသံက တုန်ယင်နေခဲ့တယ်။
“ ပြဿနာရှိလို့လား။”
“ မဟုတ်ဘူး။ မရှိပါဘူး။ ခေါင်းဆောင်လည်း ကျင့်သားရနေလောက်ပါပြီ။
“ ဒါဆိုရင်။ မင်း ဘာကို စောင့်နေတာလဲ။ ”
“အမိန့်တော်အတိုင်းပါ။”
…
ငါးရက်ကြာပြီးနောက်။ ကြီးမြတ်သောရှ မင်းဆက်။ အတွင်းက တိတ်ဆိတ်တဲ့ အိမ်တော် တစ်ခုမှာ။ ဝူယွဲ့အာက သူမရဲ့ အိမ်တော်ဥယျာဉ်ထဲမှာ ထိုင်နေခဲ့တယ်။ သူမရှေ့မှာ ရှိတဲ့ စာကြောင့် အတော်လေး စိတ်ထိခိုက်နေတာ သိသာလွန်းတယ်။
“သေလိုက်ပါတော့ဟယ်။” လက်ထဲက စာကို ကြည့်ရင်း မျက်မှောင်ကြုတ်နေခဲ့တယ်။
“ယွဲ့အာ။ ဘယ်သူ့ကို စိတ်ဆိုး နေပြန်တာလဲ။” ဝူယွဲ့အာရဲ့ နောက်မှာ လူကြီးတစ်ယောက် ပေါ်လာခဲ့တယ်။ သူ့ ရဲ့ ဝတ်ရုံဖြူက လုံးဝကို ဖွေးရွနေခဲ့တယ်။
“ဘယ်သူ ဖြစ်ရအုန်းမှာလဲ။”
“ ဖန်ကျန်းရှီလား။”
“ ဆရာ။ ဒီကောင် အခု ကိစ္စကို ကျော်လွှားနိုင်မယ် ထင်လား။ ဒီကောင်က အရိပ် မျိုးနွယ်ရဲ့ မျိုးနွယ်စု ဝင် တစ်ယောက်ပဲ ဖြစ်သေးတာကို။ ငါတို့ရဲ့ မျိုးနွယ် တစ်ခုလုံးကို သူက ဘယ်လိုများ။ ဟွေ့အန်း ဒေသ ဆီ ဆင့်ခေါ် လိုက်တာလဲ။ အကြောက် အလန့် မရှိတဲ့ကောင်။” ဝူယွဲ့အာ ဒေါသ ထွက်နေတာ သိသာလွန်းတယ်။
“ ဟုတ်တာပေါ့။ ဒီကောင်က ဘယ်လိုများ ။ အရိပ် မျိုးနွယ်စု အားလုံးကို ဟွေ့အန်း ဒေသ ဆီ။ ဆင့်ခေါ် နိုင်ရတာလဲ။” လူကြီးမေးတယ်။
“ သူ မခေါ်နိုင်ပါတယ်။ အကုန်လုံးကို လိမ်ညာပြီးတော့ ရောက်လာ အောင် လုပ်တာ။ ယွဲ့အာ နာမည်ကို သုံးပြီးတော့ သူတို့ကို ခေါ်လိုက်တာ တောင် ဖြစ်နိုင်သေးတယ်။”
“ အင်း။ တပည့်ပြောတာ မှန်တယ်။ ဒါပေမယ့်။ ဆရာ နားမလည်တာ တစ်ခု ရှိသေးတယ်။ သူတို့ အားလုံးက ဘာလို့ များ သူ့ကို ဒီလောက်တောင် ယုံကြည်နေရတာလဲ။ မင်းကိုတောင် နှစ်ခေါက် လာမမေးတော့ဘူး။ အိုက်ယား …” လူကြီး ပြန်ဖြေတယ်။
“ ဆရာ။ ဘာကို ပြောချင်တာလဲ။” ဝူယွဲ့အာ မျက်လုံး ပြူး သွားခဲ့တယ်။ တစ်ခုခု လွဲနေတာကို သူမ နားလည်သွားပြီလေ။
“ တစ်နှစ်ကြာပြီးတဲ့နောက်။ အရိပ် မျိုးနွယ်က အရင်ကနဲ့ မတူတော့ဘူး။ တပည့်လေး ဒါကို နားမလည် သေးဘူးလား။” လူကြီး အရိပ် အမြွက် ပေးနေခဲ့တယ်။
“ ဆရာ။ ဝူယွဲ့အာ ဒီလို ပြောခံရတာကို သဘော မကျဘူး။ ဆုတ်ဖြဲထားတဲ့ စာရွက်ကို ကြည့်ရင်း။ သူမ အော်လိုက်တယ်။
“ သွားသေလိုက်တော့။” ဝူယွဲ့အာ နှုတ်ခမ်းကို ကိုက်ရင်း ဥယျာဉ်ထဲကို ထွက်သွားခဲ့တယ်။ လူကြီးကတော့ ယွင်ချင်းဝူကိုသာ ကြည့်နေခဲ့တယ်။ တစ်ခုခုကို တွေးနေရင်းနဲ့ သူ လှောင်ပြုံးပြုံးနေခဲ့တယ်။
…
ဟွေ့အန်း ဒေသ ။ ယုံကြည်မှု မြစ် မြို့တော်မှာ။ လူတိုင်းက ပျော်ရွှင်နေခဲ့ကြတယ်။ နွေဦးရာသီ ကဗျာစပ် ပြိုင်ပွဲ စနေပြီ။ ဒါက အတော့်ကို ပျော်စရာ ကောင်းတယ်။ ဒါပေါ့။ ဒီလို ပျော်ရွှင်မှုက။ ဆင်းရဲတဲ့ ကျောင်းတော်သားတွေ အတွက်ပေ့ါ။ သူတို့ မှာ ပိုက်ဆံလည်း များများ စားစား မရှိတဲ့ အတွက် ။ ရေကန် တစ်ဝိုက်မှာ လမ်းသလားရင်း။ ကဗျာ စပ် ကြတယ်။
ပျော်တဲ့ အကြောင်းတွေကိုပေါ့။ သူတို့တွေ ။ တောင်ပိုင်းက တောင်တန်း တွေ ဆီကိုတော့ မသွားဝံ့ကြဘူး။ သူတို့တွေထဲမှာ။ တာအို မုခ်ကိုတောင် လက်မခံရသေးတဲ့ သူတွေလည်း ရှိနေသေးတယ်လေ။
ဒါကြောင့် ယုံကြည်မှု မြစ်မြို့တော် က သူတို့ အ တွက် ။ အကောင်းဆုံး နေရာပဲ။ သဘောၤတွေ အများကြီးလည်း ဖြတ်သန်းသွားကြသလို။ မိန်းမပျိုလေးတွေနဲ့။ ကျောင်းတော်သားတွေ ဆုံဆည်း တဲ့ နေရာတစ်ခုလည်း ဖြစ်တယ်။ အထူးသဖြင့်။ ဂုဏ် ပြိုင်ပွဲတွေပေါ့။
ရွှေရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီးတော့။ ကျောက်စိမ်းဓားကို ခါးမှာ သိုင်းလွယ်ထားတယ်။ ဟွေ့အန်းဒေသက နံပါတ်တစ် အနိုင်ကျင့်သူပဲ။ မုန့်မိသားစုက မုန့်ယွိရှု။ ဖန်ကျန်းရှီနဲ့ တာအို စာမေးပွဲမှာ ကြုံခဲ့ ရတာကတော့ သူ ကံမကောင်းတာပဲ။ အတော့်ကို အထိနာသွားခဲ့တယ်။ မုန့်ယွိရှုက ဆုံးဖြတ်ချက် ခိုင်မာတဲ့ သူ ဖြစ်တာတော့ အတော်ကောင်းတယ်။ ရှုံးနိမ့်မှု နဲ့ ကြုံခဲ့ရပေမယ့်။ သူက သူ့ ကံကြမ္မာရဲ့ အရှင်သခင်ပဲလေ။
လတ်တလော ကျင်းပခဲ့တဲ့။ တာအို စာမေးပွဲမှာ ။ သူ ထိပ်တန်း ရခဲ့တယ်။ ဒါက သူ့ဘဝမှာ အကောင်းဆုံး အချိန်တွေ ထဲက တစ်ခုပဲ။
ဒါကြောင့် စိတ်အေး လက်အေးနဲ့ ။ ယုံကြည်မှု မြစ်မြို့တော် တစ်ပတ် ပတ်နေခဲ့တယ်။ ရွှေရောင် လှေတစ်စီး ပေါ်မှာ ။ သူ မတ်တပ်ရပ်နေခဲ့တယ်။ လှေရဲ့ အလံပေါ်မှာ (မုန့်) ဆိုတဲ့ စကားလုံးကို ရွှေချည် ထိုးထားခဲ့တယ်။ တခြားသူတွေ ။ သူ့ကို ထင်ထင်ရှားရှား သိသာအောင် ဒီလို လုပ်ထားတာ။
ဒါပေါ့။ သူက လွှမ်းမိုးမှုရှိတဲ့ လူတစ်ယောက်ပဲ ။ ပုံမှန်လူတွေက သူ့ အနားကို မကပ်နိုင်ဘူး။ နောက်ပြီးတော့ အခုချိန်မှာ သူ့ရဲ့ ဂုဏ် သတင်း နဲ့ ဆိုရင်။ ဟွေ့အန်းဒေသ တစ်ခုလုံးကို မျက်လုံး ပြူးအောင် လုပ်နိုင်တယ်လေ။
“ ဒါက ဘာလဲ။ ” မုန့်ယွိရှု သူ့ဓားကို ကိုင်ရင်းနဲ့။ ကောင်းကင်ကို ခုန်လွှားလိုက်တယ်။ မြစ်ရေပြင်ပေါ်မှာ လေတဖြူးဖြူး တိုက်ခတ်နေသလို။ သူဒီလို ခုန်လွှားလိုက်တဲ့ ပုံစံကလည်း အတော့်ကို ခမ်းနားတဲ့ မြင်ကွင်းပဲ။ ဒါက မြစ်ကမ်းဘေးက မိန်းမပျိုနဲ့ ကျောင်းတော်သားတွေရဲ့ ။ စိတ်အာရုံကို ဖမ်းစားလိုက်တယ်။
အကယ်၍ အခြား လှေ ပိုင်ရှင်က။ ငါး တစ်ကောင်ဖြစ်မယ် ဆိုရင်။ သူကတော့ နဂါးပဲ။ မုန့်ယွိရှုဆီကို လာနေတဲ့ လှေကြီးက တဖြည်းဖြည်း နီးကပ်လာခဲ့တယ်။ ဒီလှေကြီးက အရောင်စုံပါတဲ့ အလံ တစ်ခုနဲ့။ ခမ်းနားတဲ့ လှေကြီးတစ်ခုပဲ။
မြစ်ကမ်းပေါ်က လူတွေကတော့ ဘာတွေ ဖြစ်လာမလဲ စောင့်ကြည့်နေကြတယ်။ လှေ နီးကပ်လာပြီးတဲ့ နောက်မှာတော့။ မုန့်ယွီရှုက တစ်ချက် ဦးညွှတ်လိုက်တယ်။ သူ့ မျက်လုံးတွေက ယုံကြည်ချက်တွေနဲ့ ပြည့်နေခဲ့တယ်။
“ဟွေ့အန်းဒေသ။ မုန့်အိမ်တော်ရဲ့ အကြီးဆုံးသား။ မုန့်ယွိရှု။ အသင့်လှေကို ဖိတ်ခေါ်ပါတယ်။” မုန့်ယွိရှုက အခုချိန်မှာ အတော့်ကို ယုံကြည်ချက် ပြည့်ဝနေတာ။ ဒီအချိန်အတွင်း။ ဟွေ့အန်းဒေသမှာ သူ့ထက် လွှမ်းမိုးနိုင်တဲ့သူ မရှိတော့ဘူး။ နောက်ပြီးတော့။ ဒီလို လှေမျိုးပေါ်က လူတွေက ကျင့်ကြံသူတွေ ဖြစ်လေ့မရှိဘူး။ လူချမ်းသာတွေ မိန်းမချောတွေပဲ ဖြစ်လေ့ရှိတယ်။
ဒါက တစ်မျိုးကောင်းတာပဲ။ ဒီလှေ ဟွေ့အန်းဒေသကို ရောက်လာပြီဆိုတည်းက။ သူ့ကို သိမယ်လို့ မုန့်ယွိရှု ယုံကြည်နေတယ်။ သူ့အတွက် လှေကို ရပ်တန့်ရမှာပဲ။ ဟ ဟား …။ မုန့်ယွိရှု ။ သူ့ဘာသူ တွေးရင်းနဲ့ လှောင်ပြုံးပြုံးလိုက်တယ်။ ဒါပေမယ့် တစ်ခုခု လွဲနေတာကို သတိထားမိသွားပြီးတဲ့နောက်။ သူ့ အပြုံးလည်း တောင့်တင်းသွားတော့တယ်။
“ ဟေ း….။ ရပ်. … ရပ်လိုက်။”
“ဘုန်း။”
လူတွေ ကြည့်နေတဲ့ အချိန်မှာပဲ။ လှေကြီးက မုန့်ယွိရှုရဲ့ လှေကို ဝင်တိုက်သွားတယ်။ အဲ့ဒီ့နောက် မုန့်ယွိရှု မြစ်ထဲကို ပြုတ်ကျသွားတော့တယ်။
အပိုင်း(၄၈၁)ပြီး၏။
အပိုင်း (၄၈၂)
“ ငါက ဖန်ကျန်းရှီ”
ဖုန့်ယွိရှုက မလျင်လို့ ရေထဲ ပြုတ်ကျသွားတာ မဟုတ်ဘူး။ လှေကြီးက သူ့ကို အရှိန်ပြင်းပြင်းနဲ့ ဝင်ဆောင့်လိုက်တော့။ ဘယ်လိုမှ မျှခြေမထိန်းနိုင်တော့ပဲ။ ပြုတ်ကျတော့တာ။ ဘာကြောင့်လဲ ဆိုတော့။ သူ့ရဲ့ လှေက အရမ်းကို သေးလွန်းနေတယ်လေ။ လှေကြီးက သူ့ လှေကို နှစ်ခြမ်းကွဲသွားစေခဲ့တယ်။ သူ့လှေက ချက်ခြင်းရေအောက်ကို နစ်မြုပ်သွားခဲ့တာ။ လက်သီးနဲ့ အထိုးခံလိုက်ရတဲ့ ဖရဲသီးတစ်လုံးလိုပဲ။
“သူ လှေမှောက်သွားတာလား။”
“အိုး။ မဟုတ်တာပဲ။ လှေကို အတိုက်ခံလိုက်ရတာ။”
မုန့်ယွိရှု အချိန်မှီ မတုံ့ပြန်နိုင်လိုက်ဘူး။ သူ့လှေက အရွယ်ငယ်ပေမယ့် ။ တန်ဖိုးကတော့ မသေးလှဘူး။ ဒါကြောင့် လျော်ကြေးမရပဲနဲ့တော့ အလွတ် မပေးနိုင်ဘူး။ အဲ့ဒီ့နောက် ခပ်တိုးတိုး အသံ တစ်ခု ထွက်လာခဲ့တယ်။
“ မုန့်ယွိရှု။ ဒီ နာမည်က ရင်းနှီးနေတယ်။ ဘယ်နေရာမှာ ကြားဖူးတာပါလိမ့် …” နောက်တော့။ တခြား ဘာမှ ထပ်မဖြစ်တော့ဘူး။
လှေကြီးကတော့ ရပ်တန့်မယ့် ပုံမရှိပဲ။ ဆက်ပြီးတော့ စီးဆင်းသွားတယ်။ မုန့်ယွိရှုကိုရော ။ သူ တိုက်ချ လိုက်တဲ့ လှေကိုကော မမြင် ခဲ့တဲ့ အတိုင်းပဲ ဆက်သွားနေခဲ့တယ်။ ဒါပေမယ့် ။ မုန့်ယွိရှုကတော့ သိလိုက်တယ်။ ဒီလူတွေ သူ့ကို မြင်ဖူးမှန်း။ မဟုတ်ရင်။ သူ့နာမည်ကို ရင်းနှီးနေစရာ အကြောင်း မရှိဘူး။ နေစမ်းပါအုန်း။ ဒီ အသံက ယောကျာ်းသံပဲ ။ လှေပေါ်မှာ လူတစ်ယောက်ရှိနေတာလား။
“ ရပ်လိုက်စမ်း။ ငါက မုန့်မိသားစုရဲ့ အကြီးဆုံးသား။ မင်းက ငါ့ လှေကို တိုက်ချပြီးတော့ ထွက်ပြေးဖို့ ပြင်နေတယ်။ ဟွေ့အန်း ဒေသကနေ ထွက်သွားဖို့ စိတ်တောင် မကူးလေနဲ့။” မုန့်ယွိရှု လှမ်းအော်တယ်။ မိန်းမပျိုတစ်ယောက် သူ့ကို မထီမဲ့မြင် ပြုတာကို လက်ခံ နိုင်သေးတယ်။ ဒါပေမယ့် ယောကျားတစ်ယောက် ကိုတော့ သူ သည်းမခံနိုင်ဘူး။ နောက်ပြီးတော့။ လူတွေ အများကြီး ရှေ့မှာ ဒီ လို အရှက်ကွဲရတာ။ အခုချိန်မှာ။ မုန့်ယွိရှု ရဲ့ စွမ်းရည်က အတော့်ကို တိုးတက်နေပြီ။
တာအို စာမေးပွဲကို ပါဝင်ဖြေဆိုတဲ့ အချိန်တုန်းက သူက နတ်ဆိုး စည်း အဆင့်မှာပဲရှိနေသေးတာ။ ဒါပေမယ့် အခုချိန်မှာတော့။ ကြယ်တာရာ စုဝေးမှု အဆင့်ကို ရောက်နေပြီ။ ဟွေ့အန်းဒေသ ရဲ့ လက်ရှိ ထိပ်တန်း ကျောင်းတော်သားလည်း ဖြစ်နေသေးတယ်။ သူက ရေပေါ်မှာ လမ်းမလျှောက်နိုင်ပေမယ့်။ လေစွမ်းအား ကို သုံးပြီးတော့ ရေထဲကနေ ခုန်ထွက်နိုင်တယ်။
လှေကြီးက မြန်ဆန်တယ်။ ဒါပေမယ့် မုန့်ယွိရှုကိုတော့ မမှီဘူး။ ကျိုးပဲ့သွားတဲ့ လှေအပိုင်းအစပေါ်မှာ သူ နင်းချလိုက်ပြီးတော့။ လေထဲကို ခုန်လိုက်တယ်။ အဲ့ဒီ့နောက် လှေကြီးရဲ့ အနားစွန်းပေါ်ကို ရောက်သွားတော့တယ်။ လှေကုန်းပတ်ပေါ်ကို သူ ရောက်အောင် မခုန်နိုင်ပေမယ့်။ အနားစွန်းကို သူ မှီလိုက်တာ မြစ်ကမ်း ဘေးက လူတွေကို အံ့သြ ချီးမွမ်းစေတယ်။
“ ဝါး ….၊။ သခင်လေး မုန့်က အင်အားကြီးလိုက်တာ။”
“ ဟွေ့အန်းဒေသ တိုက်ခိုက်ရေး စာမေးပွဲမှာ သူ ထိပ်တန်း ဖြစ်တာ မဆန်းတော့ပါဘူး။ ”
“ ဒါက ကြယ်တာရာ စုဝေးမှု အဆင့် ရဲ့ စွမ်းအားတွေလား။”
အမျိုးသမီး တွေရဲ့ အော်ဟစ် သံနဲ့။ ကျောင်းတော်သားတွေရဲ့ မနာလို မှုတွေကတော့ အထင်းသား မြင်နေခဲ့ရတယ်။ ဒါပေမယ့် သူတို့ ဘယ်သူကမှ မုန့်ယွိရှုလို စွမ်းရည် မရှိသလို။ ပိုက်ဆံလည်း မရှိကြဘူး။ မုန့်ယွိရှုကတော့ လှေအနားစွန်းမှာ အံကြိတ်ရင်း ရပ်နေခဲ့တယ်။ ဒါက ကောင်းတဲ့ အနေအထားတော့ မဟုတ်ဘူး။ လှေရဲ့ အနားစွန်းကို သူ မှီလိုက်ပေမယ့် လှေက သွားနေတာ မြန်ဆန် လွန်းတယ်။ သူက လေထဲမှာ လွင့်နေရင်း ပြုတ်မကျအောင် မနည်း ထိန်းနေခဲ့ရတယ်။
ဒီလိုနေနေရတာ ဘယ်လောက်ပဲ ခက်ခဲ ပါစေ။ အကယ်၍ အခုချိန်မှာ။ သူသာ ရေထဲ ပြုတ်ကျသွားရင်။ သူ့ ဂုဏ်သိက္ခာလည်း ရေစုန်မျောသွားတော့မှာပဲ။ သူ့နှုတ်ခမ်းကို သူ ကိုက်ထားတယ်။
မုန့်ယွိရှု အံကြိတ်ရင်း။ လှေကုန်းပတ်ပေါ်ကို ခုန်လိုက်တော့တယ်။ ကုန်းပေါ်မှာ ရှိတဲ့ လူတွေကတော့ အော်ဟစ်ပြီး အားပေးကြတော့တယ်။ မုန့်ယွီရှု ပျော်နေတဲ့ အချိန်မှာပဲ။ သူ့ မျက်နှာချက်ခြင်း တောင့်တင်းသွားတယ်။ ဓား တစ်ချောင်း။ အေးစက်တဲ့ လူသတ်ငွေ့တွေနဲ့ ပြည့်နေတဲ့ ဓား တစ်ချောင်းကို မြင်လိုက်ရတာကြောင့်ပဲ။ ဓားက သူ့ လည်ပင်းမှာ ထောက်ထားတယ်။ တိတ်တဆိတ် နဲ့။ သေစေနိုင်လောက်တဲ့ အငွေ့အသက်တွေ ပြည့်နေတယ်။ ကျောရိုးတစ်ခုလုံး စိမ့်ချမ်းသွားခဲ့တယ်။
ဒီလှေကုန်းပတ်ပေါ် မရောက်ခင် တုန်းက ။ ဒီနေရာမှာ လူလည်း မရှိခဲ့သလို ဓားလည်း ရှိမနေခဲ့ဘူး။ သူ ခုန်လိုက်တဲ့ အချိန် ခဏလေး အတွင်းမှာပဲ။ ဒီလို ရောက်လာတယ်။ အဲ့ဒီ့တော့ ဖြစ်နိုင်တာက တစ်ခုပဲ ရှိတယ်။ သူ့ကို တိုက်ခိုက်နေတဲ့ သူရဲ့ အရှိန်နဲ့ တိကျမှုက ပြောမပြနိုင်လောက်အောင် လျင်မြန်တယ်။ ဓားကိုင်ထားတဲ့ လူ ကိုတော့။ မုန့်ယွိရှု သိလည်း မသိသလို။ သူ့ရဲ့ ရုပ်သွင်ကိုလည်း မမြင်ရဘူး။ ဝတ်ရုံနက် နဲ့။ မျက်နှာဖုံးနက် စွပ်ထားတဲ့သူ။ မျက်နှာကာ ပဝါက လည်ပင်းအထိ ဖုံးထားတယ်။ မျက်နှာဖုံးစွပ် အမျိုးသမီး ဓားပညာရှင်။ သူ့ ရန်သူကို ကောင်းကောင်း မမြင်ရပေမယ့်။ အမျိုးသမီး တစ်ယောက်ဆိုတာ သေချာတယ်။ အတော်လေး လှတဲ့ အမျိုးသမီး။
“ ငါက မုန့်မိသားစုရဲ့ အကြီးဆုံးသား….” မုန့်ယွိရှု သူ့ ကိုယ်သူ မိတ်ဆက်နေတဲ့ အချိန်မှာပဲ။ လည်ပင်းက နာကျင်မှုကြောင့် ပါးစပ် ပိတ်သွားခဲ့တယ်။ ဓား ထိပ်ဖျားက သူ့ လည်ပင်းကို ရှသွားတဲ့ အတွက်။ သွေးတွေ စီးကျလာတာကို သိလိုက်ရတယ်။ သူ အခု အသတ်ခံရတော့မှာလား။ ဒါက ဟွေ့အန်းဒေသလေ။ မရေမတွက်နိုင်တဲ့ မျက်မြင်သက်သေတွေရှိနေတာ။ ဘယ်သူကများ ဒီလောက်ထိ အတင့်ရဲလွန်းရတာလဲ။ ပင်လယ်ဓားပြတွေလား။ ဒါက မြစ်လေ။ ဘယ်လိုလုပ်ပြိးတော့ ပင်လယ် ဓားပြတွေရှိရမှာလဲ။ ဒါက အဓိပ္မာယ်မှ မရှိတာပဲ။
“ငါတို့ မှာ ပြဿနာရှိလို့လား။” အမျိုးသမီးရဲ့ အသံက ကြောက်စရာ ကောင်းလွန်းတယ်။
“ ပြ … ပြဿနာ မရှိပါဘူး။” မုန့်ယွိရှု အလျော်တောင်းချင်လို့ လှေပေါ် တက်လာတာ ။ ဒါပေမယ့် အခုတော့ ကိုယ့် အသက်ကိုယ် စိုးရိမ်နေရပြီ။ အခုက ပိုက်ဆံ အကြောင်းကို ပြောရတော့မှာ မဟုတ်ဘူး။
“ထွက်သွား။” အမျိုးသမီးရဲ့ အသံ ထွက်ပေါ်လာပြန်တယ်။
“ အာ…။ ထွက်….။ ဟုတ်။ အခုပဲ လှေပေါ်က ဆင်းပါမယ်။ ” မုန့်ယွိရှု မျက်လုံးပြူးသွားတယ်။ ဒါပေမယ့် သူချက်ခြင်းသတိဝင် လာတဲ့ အတွက် ။ လှေပေါ်ကနေ ခုန်ချဖို့ ပြင်ရတော့တယ်။ ဒါက ရှက်စရာကောင်းလား။ အသေချာပဲပေါ့။ ဒါပေမယ့် ။ လှေတစ်စီးရဲ့ တန်ဖိုးက သူ့ အသက်နဲ့ လဲရလောက်အောင်တော့ မတန်ဘူးလေ။ မုန့်ယွိရှု ကုန်းပေါ်ကို လှမ်းကြည့်လိုက်တယ်။ မရေမတွက် နိုင်တဲ့ မျက်လုံးတွေက သူ့ကို ကြည့်နေခဲ့တယ်။ သူတို့ အားလုံး လည်း လှေပေါ်က အဖြစ်ကို မြင်တယ်လေ။ လူတိုင်းက မျက်လုံးပြူးနေခဲ့တယ်။
ဒါပေမယ့် မုန့်ယွိရှု ရဲ့ အခြေအနေကို သူတို့ နားလည်ကြတယ်လေ။ မုန့်ယွိရှုကတော့ ကောင်းကင်ကို မော့ကြည့် နေခဲ့တယ်။ ပျော်စရာနေ့လေး တစ်ခုကို သူ မျှော်လင့်ထားတာ။ နွေဦးရာသီပွဲတော်မှာ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲဖို့ ပြင်ဆင်ထားခဲ့တာ ။ ဒါပေမယ့် အခုတော့ နောက်တစ်ကြိမ် ရေထဲကိုပြစ်ချခံလိုက်ရပြန်ပြီ။ မုန့်ယွိရှု စိတ်ထဲမှာ ရှက်ရွံ့နေခဲ့တယ်။ ဒီအချိန်မှာပဲ ။ အမျိုးသား တစ်ယောက်ရဲ့ အသံ ထွက်လာခဲ့တယ်။ အရင်ကလိုတော့ သူ စိတ် မအေးတော့ဘူး။ ဒီအသံက သူ့ကို အသိအမှတ် ပြုလိုက်တဲ့ ပုံစံပဲ။
“ မုန့်ယွိရှု ။ ငါ မှတ်မိပြီ။ အဲ့တာ သူပဲ။” ( နောက်ဆုံးတော့ သူ ကယ်တင်ခံရတော့မှာလား။ မုန့်ယွီရှု မျှော်လင့် မိနေတယ်။ ဝဲတက်လာတဲ့ မျက်ရည်တွေကို သူ ပွတ်သုပ် လိုက်တယ်။ လှေပေါ်က တစ်ယောက်ယောက်ကတော့ သူ့ကို သိနေတယ်။ ဒီ့ထက် ကောင်းတာ မရှိနိုင်တော့ဘူး။ သူ့ လှေအတွက် လျှော်ကြေးကတော့ ထားပါတော့ ။
သူ့ရဲ့ ဂုဏ်သိက္ခာကတော့ ပြန်အဖတ်ဆယ်လို့ ရနိုင်ပါသေးတယ်။ ပိုက်ဆံကိစ္စကို သူ့စိတ်ထဲကနေ လုံး၀ ထုတ်လိုက်ပြီၤ။ ဒီလို လှေမျိုးကို စီးနိုင်တာ။ အင်အားကြီးတဲ့ လူတစ်ယောက်ပဲ ဖြစ်ရမယ်။ အကယ်၍ သူသာ ကုန်းပတ်ပေါ်မှာ ဆက်နေနိုင်ရင်။ အရှက်ရပြီး ထွက်သွားရတာထက်တော့ ကောင်းမှာပဲ။ မုန့်ယွိရှု မျက်နှာဖုံးနက် အမျိုးသမီးကို လှည့်ကြည့်တယ်။ ပါးစပ်နဲ့ ထုတ် မပြောတဲ့ မေးခွန်းတွေ ရှိနေခဲ့တယ်။ ငါ ခုန်ချဖို့ လိုသေးလား။ အဖြေကတော့ရှင်းပါတယ်။ အမျိုးသမီးကတော့။ တစ်ခွန်းမှ ပြန်မဖြေခဲ့ဘူး။ သူမရဲ့ ဓားကိုလည်း အောက်မချခဲ့။ ဒါပေမယ့် သူမ ရဲ့ အပြုအမူကတော့ ှရင်းလင်းတယ်။ ခြေတစ်လှမ်း နောက်ဆုတ် ရင်း ဘေးဖယ်နေခဲ့တယ် ။
“ ဟ ဟား….။ ဒါတွေ အကုန်လုံးက အထင် လွဲေ နေတာလို့တော့ ထင်သား။ အခု လှေပေါ်က ဘယ် မိတ်ဆွေများ ရှိနေလဲ သိခွင့်ရှိမလား။” မုန့်ယွိရှု ရယ်မောရင်း မေးတယ်။ သူ့ ရယ်သံကို လူတိုင်း ကောင်းကောင်းကြားနိုင်လောက်တဲ့ အထိပေါ့။
“ သခင်လေး မုန့်။ အချိန်တွေတောင် ကြာခဲ့ပြီနော်။ ” အမျိုးသား တစ်ဦးရဲ့ အသံ ထွက်ပေါ်လာခဲ့သလို။ လူတစ်ယောက် လှေအိမ်ထဲကနေ ထွက်လာခဲ့တယ်။ အပြာရောင် အကျီ လက်ရှည်နဲ့ လူ။ ဒီ လူရဲ့ အပြုအမူကတော့ တလေးတစား ပုံစံ ပေါက်တယ်။ မုန့်ယွိရှုကို ပြုံးပြနေခဲ့တယ်။ ဒါပေမယ့် မုန့်ယွိရှုကတော့ တောင့်တင်းသွားခဲ့ပြန်တယ်။ သူ့ မျက်လုံးသူ မယုံနိုင်ဘူး။ အခုချိန်မှာ သရဲတစ်ကောင်ကို မြင်လိုက်ရသလိုပဲ။ သူခံစားနေရတယ်။ ဒီလူကို ဘယ်သူ ဖြစ်နိုင်မလဲ လို့ သူ ခန့်မှန်း နေခဲ့တယ်။
အမတ်မင်း တစ်ယောက်။ ဒါမှမဟုတ်ရင်။ တော်ဝင်မျိုးနွယ်ထဲက တစ်ယောက်လို့။ သူနဲ့ တစ်ခါ နှစ်ခါလောက် ပဲ မြင်ဖူးတဲ့ လူတွေ အထိ စဉ်းစားကြည့်ခဲ့တာ။ ဒါပေမယ့် ဒီ လူ ကိုယ်ထင်ပြလာတဲ့ အချိန်မှာတော့။ သူ လုံးဝကို မတွေး မိတဲ့သူ ဖြစ်နေတယ်။ ဘယ်သူမှ ဒီလူ့ကို မျှော်လင့်ကြမှာ မဟုတ်ဘူး။ ဒီလူက လုံးဝကို မထွက်ပေါ်လာသင့်တဲ့သူပဲ။
ပိုပြီးတော့ အတိအကျ ပြောရရင်။ ဟွေ့အန်း ဒေသကို လုံး၀ မလာသင့်တဲ့သူ။ အထူးသဖြင့် နေ့ခင်း ကြောင်တောင် မှ လူလုံး ထွက်မပြသင့်တဲ့သူ။ အနည်းဆုံးတော့ သူ့ကိုယ်သူ ဖုံးကွယ်ထားသင့်တယ်လေ။ ဦးထုပ်ဆောင်းတာမျိုး ။ ဒါမှမဟုတ် မျက်နှာကာ ဝတ်တာမျိုးလို လုပ်သင့်တယ်လေ။ ဒါပေမယ့် အခုတော့ ဘာဆို ဘာမှ လုပ်မထားဘူး။ သူ့ကိုယ်သူ ကြီးမြတ်သောရှ မင်းဆက်က အလိုအရှိဆုံး လူဆိုတာ မသိဘူးလား။
“ ဖန် … ဖန်ကျန်းရှီ။” မုန့်ယွိရှု မိုးကြိုးပြစ်ချခံလိုက်ရသလို ခံစားရတယ်။ သူ့ မျက်စိရှေ့က လူငယ်ကို စိတ်ရှုပ်ထွေးမှု အပြည့်နဲ့ ကြည့်နေခဲ့တယ်။ ဒီကောင်က။ ဘာလို့များ ဒီမှာ ပေါ်လာရတာလဲ။
မုန့်ယွိရှု တစ်ယောက်တည်း သူ မြင်နေရတဲ့လူကြောင့်။ အံ့သြနေရတာ မဟုတ်ဘူး။ တခြားသော ကျောင်းတော်သားတွေနဲ့ မိန်းမပျိုတွေလည်း အံ့သြနေခဲ့ကြတယ်။ သူတို့တွေက ဖန်ကျန်းရှီရဲ့ ပုံစံကို ကောင်းကောင်း သိကြတာ မဟုတ်ပေမယ့်။ မုန့်ယွိရှု ခေါ်လိုက်တဲ့ နာမည်ကြောင့် ။ သူတို့ ဒီလို ခံစားနေရတာ။
“ဖန်ကျန်းရှီလား။”
“ အဲ့တာ ဖန်ကျန်းရှီလား။”
“ သူ က… ဟွေ့အန်းဒေသမှာ ရောက်နေတယ်။ အား ….။ ဖန်ကျန်းရှီက ဟွေ့အန်းဒေသကို ရောက်လာတယ်။”
“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ဖန်ကျန်းရှီက အလိုရှိနေတဲ့ ရာဇဝတ်သား မဟုတ်ဘူးလား။” အပြာရောင် အကျီလက်ရှည်နဲ့ လူငယ်ကတော့ အေးဆေးတည်ငြိမ်နေတယ်။ ယုံကြည်မှု မြစ်မြို့တော်မှာ နေ့ခင်း ကြောင်တောင် ဒီလို ထွက်လာဖို့ ဘယ်ကများ သတ္တိတွေရနေတာလဲ။ ဒါပေမယ့် ကြီးမြတ်သောရှ မင်းဆက်ရဲ့ နိုင်ငံသားတွေ အနေနဲ့ ။ အခု အဖြစ်ကို သက်ဆိုင်ရာဆီ သတင်းပို့ဖို့ တာဝန်ရှိကြတယ်လေ။
“ မြန်မြန်သွား။”
“မြန်မြန်သွားကြ။”
“ ဖန်ကျန်းရှီက ဟွေ့အန်းဒေသမှာ ရောက်နေပြီ။”
“ သူက လှေပေါ်မှာ။”
လူတွေ အပြေးအလွှားနဲ့ မြို့တော် အစောင့်တွေဆီ ပြေးကြတော့တယ်။ မုန့်ယွိရှုလည်း ဒီ ဆူညံသံတွေကို ကြားနေရတယ်။ သူ ပါးစပ်အဟောင်သား ဖြစ်နေရတယ်။ အခု ကိစ္စမှာ ပြဿနာတစ်ခုရှိနေတယ်။ ပြဿနာကောင်ကတော့ သူပဲ။ ဖန်ကျန်းရှီကို လှေအိမ်ထဲကနေ ထွက်လာစေလိုက်တာက သူ။ သူ့ကို မှတ်မိတာလည်း သူပဲ။ အခုချိန်မှာ အသက်ရှင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။
“ အိုး ….။ ငါ အမှတ်မှားတာ။ ဟ ဟား.. ဖန်။ မဟုတ်ဘူး။ သခင်လေးလီ။ ။ မတွေ့တာကြာပြီနော်” ။ ဘယ်သူမှ သူ့ကို မယုံမှန်းတော့ သိပါတယ်။ အကယ်၍ ရွေးစရာသာရှိမယ်ဆိုရင်။ ဒီလှေပေါ်ကို ဘယ်တော့မှ တက်မြှ မဟုတ်ဘူး။ လျော်ကြေးအကြောင်းလည်း တွေးမှာ မဟုတ် ဘူး။
ဖန်ကျန်းရှီ။ တောင်ပိုင်းဒေသမှာ နတ်ဆိုး စစ်သည်တော် တစ်သိန်းနဲ့ ရင်ဆိုင်ခဲ့တဲ့ သူ။ သုခမိန် ချန့်ယန်းနဲ့ တိုက်ခိုက်ခဲ့တဲ့သူ။ ဒါပေါ့။ အခု ကိစ္စတွေက အရေးမကြီးသေးဘူး။ တောင်ပိုင်းဒေသရဲ့ မင်းသမီး။ လက်ရှိ တောင်ပိုင်းဧကရီကို အရှက်ရစေသူ။ ပြီးတော့ ရှန်လင်းကို သတ်ခဲ့တဲ့ အပြင်။ အိမ်ရှေ့စံကိုလည်း ဒဏ်ရရစေခဲ့ သေးတယ်။ သူ့ရဲ့ ကျင့်ကြံဆင့် ပျက်စီးသွားပြီလို့ သတင်းတွေ ထွက်ခဲ့ပေမယ့်။ ဒါက ပြဿနာ မဟုတ်ဘူး။ မုန့်ယွိရှုက မျက်နှာဖုံးနက် အမျိုးသမီးကိုကြည့်ရင်း နဲ့။ တုန်ယင်နေခဲ့တယ်။ သူ့ ဆုံးဖြတ်ချက်ကို သူ နောင်တရနေပြီ။
ပြန်မလှည့်ခဲ့သင့်ဘူး။ ရေထဲကို ခုန်ချလိုက်ရမှာ။ ဂုဏ်သိက္ခာ ။ ဒါက ဘာ အရေးကြီးလဲ ။ ဂုဏ်သိက္ခာ က ဘာမှ မဟုတ်ဘူး။ အသက်ထက်အရေးကြီးတာ ဘာမှ မရှိ။ အခုတော့ အမှုပတ်တော့တယ်။ မုန့်မိသားစု တစ်ခုလုံး ကတောင် ဒီ ကိစ္စနဲ့ ရင်ဆိုင်ရဲမှာ မဟုတ်ဘူး။
“သခင်လေး မုန့်။ မင်း မမှားပါဘူး။ ငါက ဖန်ကျန်းရှီလေ။ ” လူငယ် လှောင်ပြုံးပြုံးနေခဲ့တယ်။ ကမ်းပေါ်က ဆူညံသံတွေကို သူ မကြားတဲ့ အတိုင်းပဲ။
အပိုင်း(၄၈၂) ပြီး၏။
အပိုင်း(၄၈၃)
“ မင်းလုပ်နိုင်ရင် ငါ့ကို လာဖမ်းလှည့်။”
“သခင်လေးမုန့်။ မင်း မမှားပါဘူး။ ငါက ဖန်ကျန်းရှီပဲလေ။” လူငယ်က လှောင်ပြုံးပြုံးရင်းနဲ့။ မြစ်ကမ်းပေါ်က အသံတွေကို လျစ်လျူရှုထားခဲ့တယ်။ သူက အရမ်းကို တည်ငြိမ်နေတယ်။ သူ့စကားကို ကြားလိုက်ရတဲ့ မုန့်ယွိရှုကတော့ မတည်ငြိမ်နိုင်ခဲ့။ သူက သူ့ကိုယ်သူ ဝန်ခံနေတာလား။ ဒီလောက်လူတွေ အများကြီး ရှေ့မှာလေ။ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ သူ မကြောက်တာလား။ ဒါမှမဟုတ်။ သူ့ကိုယ်သူ ဝရမ်းပြေးဆိုတာ မသိတာလား။ မုန့်ယွိရှု မတွေးတတ်။ ဖန်ကျန်းရှီ အဖမ်းခံရပြီးတော့ ခေါင်းဖြတ်သတ်ခံရတာကို သူ အများကြီး မျှော်လင့်ထားခဲ့တာ။ ဒါပေမယ့် သူ ပြောမထွက်ဘူး။ စိတ်အေးအေး ထားပြီးတော့ စဉ်းစားနေခဲ့တယ်။
“ ငါ့ကို နှုတ်ပိတ်ဖို့ တွေးနေတာလား။” မုန့်ယွီရှု ကျောရိုးထဲ စိမ့်ချမ်းသွားတယ်။ ဟွေ့အန်းဒေသမှာ သူ့ကို ဘယ်သူမှ မသတ်ဝံ့ဘူးလို့ ။ အသေအချာပြောရဲတယ်။ အထူးသဖြင့် ။ အခုလို လူအများကြီးရဲ့ ရှေ့မှာပေါ့။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ ချွင်းချက်ပဲ။ တောင်ပိုင်းဒေသ အိမ်ရှေ့စံကို သတ် ပြီးတော့ ။ ကြီးမြတ်သောရှ အိမ်ရှေ့စံကို ဒဏ်ရာရစေခဲ့တယ်။ သူ့လို မုန့်မိသားစုရဲ့ အကြီးဆုံးသား ဆိုတဲ့ နေရာက ဖန်ကျန်းရှီ အတွက်တော့။ ဘာမှ မဟုတ်ဘူး။
“ သခင်လေး မုန့်က ။ သေချာ မကြည့်ဘူးပဲ။ လှေထဲလာပြီးတော့ လက်ဖက်ရည်လေး ဘာလေးသောက်ပါအုန်း။ ရှေးဟောင်း နှောင်းဖြစ်လေးတွေ ပြောရတာပေါ့။ ကျွန်တော့်လှေပေါ်မှာ လက်ဖက်ခြောက် ကောင်းတွေရှိတယ်။” ဖန်ကျန်းရှီ ပြုံးပြရင်း ပြောတယ်။
“အာ …။ တော် ပါပြီ။ ကျေးဇူး တင်ပါတယ်။ ကျွန်တော် ။ ကျွန်တော့်မှာ။ သွားစရာလေးရှိသေး လို့။ နောက်ရက်မှ တွေ့ရအောင်လေ။ ” မုန့်ယွိရှု နောက်တစ်လှမ်း ဆုတ်သွားတယ်။ တခြားနေရာကို သူ မရွေ့ရဲဘူး။ ရှေ့ကို တစ်လှမ်း တိုးတာက ကိုယ့်သေတွင်း ကိုယ်တူးတာပဲလေ။
“ကောင်းပြီလေ။ ငါကတော့ စကား နည်းနည်းပါးပါး ပြောချင်ပေမယ့်။ မင်းကတော့ မလုပ်ချင်တဲ့ ပုံစံပဲ။ အဲ့ဒီ့တော့လည်း နှုတ်ဆက်ပါတယ်။ ” ဖန်ကျန်းရှီ လက်ယမ်းပြတယ်။
“ နှုတ်ဆက်တယ်။” မုန့်ယွိရှု မျက်လုံး ပြူးသွားတယ်။
“ လှေထဲ တစ်ချက်လောက် လာထိုင် အုန်းမလား။”
“ ဟဟား…။ မလိုအပ်ပါဘူး။ ဟ ဟား…. နှုတ်ဆက်ပါတယ်။ နှုတ်ဆက်ပါတယ်။” မုန့်ယွီရှု တစ်ချက်လေးတောင် မတွေဝေပဲ ခုန်ချလိုက်တယ်။
“ပလွတ်။” ကြီးမားတဲ့ ရေလှိုင်းကြီးတစ်ခု ဖြစ်ပေါ်လာတယ်။ မရေမတွက်နိုင်တဲ့ လူတွေ။ မုန့်ယွိရှု ခုန်ချသွားတာကို ကြည့်နေခဲ့တယ်။ ဒါပေမယ့် မုန့်ယွိရှု ဘယ်လိုများ လုပ် လိုက်တာလဲ။ ဖန်ကျန်းရှီက သူ့ကို လွှတ်ပေးလိုက်တယ်တဲ့လား။ ဘာတွေ ဖြစ်နေတာလဲ။ ဖန်ကျန်းရှီက ။ မုန့်ယွိရှုကို ကြည့်နေခဲ့တယ်။ ယဉ်ယဉ်ကျေးကျေး သူ ပြန်မေးတယ်။
“သခင်လေး မုန့်။ ဘာလို့များ မြစ်ကမ်းကပ်တဲ့ အထိ မစောင့်ရတာလဲ။ အရေးကြီးကိစ္စရှိလို့လား။”
“ မဟုတ်ပါဘူး။ ရေက အခုဆို အေးမြနေတာပဲလေ။ ကျွန်တော်က ရေအေးအေး ကို ကြိုက်လို့ပါ။ ဟ ဟား…. ” မုန့်ယွိရှု အမူအယာ ချက်ခြင်း ပြောင်းလဲသွားပြီးတော့။ ကုန်းပေါ်ရောက်အောင် အရှိန်ပြင်းပြင်း နဲ့ လက်ပြစ်ကူးတော့တယ်။ နောက်ကို တစ်ချက်လေးတောင် လှည့်မကြည့်ဘူး။
“ဒီလို ဖြစ်လာမှတော့ ထားလိုက်ပါတော့။” ဖန်ကျန်းရှီ။ လှေအိမ်ထဲကို ပြန်လျှောက်လာရင်းနဲ့ ခေါင်းငြိမ့်လိုက်တယ်။ လှေအိမ် အဝင်ဝမှာတော့။ ဖြူဖျော့နေတဲ့ စုကျုးရှိနေခဲ့တယ်။
“သခင်. …။ ကျွန်တော်တို့ မြောက်ရွာကို သွားအုန်းမှာလား။” စုကျုး သတိကြီးကြီးနဲ့ မေးတယ်။
“ဒါပေါ့။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
“ဒါပေမယ့် အခု ဒီနေ့ အဖြစ် အပျက်က ။ သခင် ရောက်လာတဲ့ အကြောင်း လူတိုင်းကို သတိပေးလိုက်သလို ဖြစ်သွားပြီ။ နောက် ၂ရက် ၃ရက် အတွင်းမှာပဲ။ မြောက်ပိုင်းဒေသ တစ်ခုလုံး။ ကြီးမြတ်သော ရှမင်းဆက် တစ်ခုလုံးကိုတောင်။ ……” စုကျုးတွေေ၀ ရပ်တန့်သွားတယ်။
“ ဟုတ်တာပေါ့။ မင်း တွေ အားလုံး ကြောက်နေကြပြီလား။” ဖန်ကျန်းရှှီ ခေါင်းငြိမ့်ရင်း။ မျက်နှာ ဖုံးနက် အမျိုးသမီးတွေနဲ့။ အရိပ်ထဲက လူတွေကို ကြည့်ရင်း မေးတယ်။
“ မကြောက်ဘူး။” သူတို့ အားလုံး တစ်ညီတစ်ညွှတ်တည်း ပြန်ဖြေတယ်။
“ အင်း… စုကျုး။ မင်းကော ကြောက်လား။ ဖန်ကျန်းရှီက စုကျိုးကို မေးတယ်။
“ သခင်နဲ့ အတူ။ ငရဲကို ဖြတ်ရမယ်ဆိုရင်တောင် အတူတူ လိုက်ဝံ့ပါတယ်။ သခင် အမိန့်ရှိတဲ့ အတိုင်း ဆောင်ရွက်ပါမယ်။ ဘယ်လောက်ပဲ အန္တရာယ် များပါစေ။ ကျွန်တော်က ဘာလို့ ကြောက်ရမှာလဲ။” စုကျိုး သူ့ ရင်ဘတ်သူ ပုတ်ရင်း ပြောတယ်။
“ဘယ်သူမှ မကြောက်ဘူးဆိုတော့။ ဘာပြဿနာထပ်ရှိအုန်းမှာလဲ။ ” ဖန်ကျန်းရှီ က မြစ်ကမ်းကို အားကုန်ကူးနေတဲ့ မုန့်ယွိရှုကို လှမ်းကြည့်တယ်။ အဲ့ဒီ့နောက်။ မြစ်ကမ်းပေါ်က ကြောက်ရွံ့နေတဲ့ လူတွေကို ကြည့်နေခဲ့တယ်။ သူတို့တွေ ဘာတွေးနေလဲ သူသိတယ်။ လေ။
ဒါပေမယ့် ကမ်းပေါ်က လူတွေကတော့။ ဒီလို ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သူက ။ ဒီလို နေ့ခင်းကြောင်တောင်ကြီး လူလုံးထွက်ပြ နေတာကို နားမလည်နိုင်ကြဘူး။ စုကျိုးတောင် နားမလည်နိုင်ဘူး။ အကယ်၍ ဖန်ကျန်းရှီသာ မြောက်ရွာကို ပြန်ချင်ရင်။ နည်းလမ်း အများကြီးရှိတယ်။ ကုန်သည်ယောင် ဆောင်မလား။ အမှုထမ်း ပုံစံ ရုပ်ဖျက်မလား။ လူမသိ သူမသိ ပြန်ဖို့ နည်းလမ်း အများကြီးရှိတယ်။ လုံခြုံပြီးတော့ လူသိနည်းတာမျိုး။ မြောက်ရွာမှာ လူကြား သူကြားထဲ မထွက် သရွေ့။ သူ့ အတွက် အဆင်ပြေတယ်။ ဖန်ကျန်းရှီလည်း ဒါကို သိပါတယ်။
ဒါပေမယ့် သူ မလုပ်ချင်ဘူးလေ။ မဟုတ်ဘူး။ ဖန်ကျန်းရှီရဲ့ အတွေးက ရိုးရှင်းတယ်။ အိမ်ကို ပြန်ချင်တယ်။ ဒါက သူ ကြီးပျင်းခဲ့တဲ့နေရာပဲ။ ကိုယ့်အိမ်ကို ပြန်တာ ဘာများ ဖုံးကွယ် ပြီးတော့ ။ ရုပ်ဖျက်စရာလိုမှာလဲ။ မြောက်ရွကြ သူ့အိမ်ပဲ။ ဒါကြောင့် သူ ပြန်ချင်သလို ပြန်မယ်။ နောက်ပြီးတော့ ခမ်းခမ်းနားနားပဲ ပြန်ချင်တယ်။ မြောက်ရွာကို သူ ပြန်လာပြီဆိုတာ လူတိုင်းကို သိစေချင်တယ်။
“ ငါပြန်လာပြီလေ။ မင်း ငါ့ကို ဖမ်းနိုင်ရင် လာဖမ်း။”
ဖန်ကျန်းရှီက သေမှာ မကြောက်တာ မဟုတ်သလို။ အရိပ် မျိုးနွယ်စုရဲ့ အထောက်အပံ့ကြောင့် ကြီးမြတ်သောရှ မင်းဆက်ကို မထီမဲ့မြင် ပြုတာလည်း မဟုတ်ဘူး။ ဒါပေမယ့် သူ့ အိမ်သူ ပြန်လာတာကိုလည်း အပြစ်တစ်ခုလို့ မခံယူ ထားခဲ့ဘူး။
စစ်သည်တော်တွေ အမြောက်အများပြေးလာခဲ့တဲ့ အတွက်။ လူအုပ်ကြီး လမ်းဖယ်ပေးလိုက်ကြတယ်။ နိုင်ငံတော်မှာ အလိုအရှိဆုံး နံပါတ်တစ် လူ။ ဖန်ကျန်းရှီရဲ့ နာမည်က တော်ဝင် မိသားစုတွေထက် ကို ပိုပြီးတော့ နာမည်ကြီးတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး ဖန်ကျန်းရှီ ပျောက်ဆုံး နေခဲ့ပေမယ့်။ သူ့ရဲ့ လုပ်ရပ်တွေနဲ့ ကျော်ကျားမှုတွေ။ သူ့ နာမည်ရဲ့ လွှမ်းမိုးမှုတွေက ပျောက်ကွယ်မသွားခဲ့ဘူး။ တောင်ပိုင်းဒေသ တိုက်ပွဲ မှာ။ သူ့ရဲ့ စွမ်းဆောင်မှုက ။ နိုင်ငံတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တယ်။
လူတွေက စစ်ပွဲအကြောင်း။ ဒါမှမဟုတ်ရင်။ လတ်တလော ညီလာခံ စာမေးပွဲအကြောင်း ပြောကြတဲ့ အချိန်မှာ။ နာမည် တစ်ခုကို သူတို့ အထူးရှောင်ကျဉ်ကြတယ်။ ဒီ လူက စစ်ပွဲမှာကော။ တာအို စာမေးပွဲမှာကော။ စွမ်းဆောင်မှု ကြီးမားလွန်းတဲ့သူမှန်း လူတိုင်းသိတယ်လေ။
အဲ့ဒီ့လူကတော့ ဖန်ကျန်းရှီ။ ဖန်ကျန်းရှီသာ မရှိရင်။ တောင်ပိုင်းဒေသ တိုက်ပွဲကလည်း အောင်မြင်နိုင်မှာ မဟုတ်ဘူး။ ဖန်ကျန်းရှီသာ မရှိခဲ့ရင်။ ညီလာခံ စာမေးပွဲ။ အတွေးအခေါ် အဆင့်မှာ။ ပူးတွဲပထမ ရခဲ့တဲ့ သမိုင်းလည်း ရှိလာမှ မဟုတ်ဘူး။ သူဖြေခဲ့တဲ့ စာမေးပွဲ တိုင်းမှာ သူက ထိပ်သီး။ ညီလာခံ စာမေးပွဲ ရလဒ် ကျောက်ပေလွှာမှာ သူ့နာမည် မပါပေမယ့်။ သူက နန်ကုန်းဟောင် နဲ့ ပူးတွဲ ပထမ ရတယ် ဆိုတာ လူတိုင်း သိကြပါတယ်။
မြစ်ကမ်းပေါ်က စစ်သည်တော်တွေနဲ့။ ဝရုန်းသုန်းကား ဖြစ်နေတဲ့ လူတွေကို ဖန်ကျန်းရှီ ကြည့်နေတယ်။ နောက်ဆုတ်ဖို့ သူ စိတ်ကူးရှိတဲ့ ပုံမပေါ်ဘူး။
“လာစမ်းပါ။ ဘယ်သူ ငါ့ကို တားနိုင်မလဲ ကြည့်ရအေင်။”
…
နွေဦးလေညှင်းက တဖြူးဖြူး တိုက်ခတ်နေတယ် ။ ပထမဆုံး မိုးစက်တစ်စက်။ ယုံကြည်မှု မြစ်ထဲကို ကျဆင်းလာတယ်။ ရေပြင်ကို လှိုင်းကြက်ခွပ်လေးတွေ ထသွားစေတယ်။
“သခင်။ မိုးရွာနေပြီ။” စုကျိုးက မျက်မှောင်ကြုတ်ရင်း။ ဖန်ကျန်းရှီကို ထီးတစ်ချောင်း မိုးပေးလိုက်တယ်။
“ အင်း။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ပြီးနောက်။ လက်ခါ ပြလိုက်တယ်။ အဲ့ဒီ့နောက် လေပဲ့ပိုင်းကို ယုံကြည်ချက် အပြည့်နဲ့ သူ လျှောက်သွားတယ်။
“ နွေဦး တိမ်တိုက် တော်ဝင် ဥယျာဉ်ကို ဖုံးအုပ်လေပြီ။ မှောင်မဲ ကောင်းကင်။ ပွင့်ဖူးခြင်းကို ဆောင်ယူလော့။ ”
“ ပွင့်ဖတ်သဖွယ် ကျဆင်းနေသော မိုးစက်များ။ ပန်းပွင့်များကို ထိပါးနေသယောင်ယောင်။ မြက်ခင်းပြင်ကိုတော့။ လေမင်းက ပွေ့ဖက်ထားတယ်။ ”
ဖန်ကျန်းရှီ ဒီနေရာမှာ ရပ်တန့်လိုက်ရင်း။ စစ်သည်တော်တွေနဲ့ ကျောင်းတော်သားတွေကို လှမ်းကြည့်တယ်။ သူ ပြုံးပြနေခဲ့တယ်။ မြစ်ကမ်းပေါ်က လူတွေကတော့ ဒီအသံကြောင့် အတော့်ကို အံ့သြနေခဲ့တယ်။
“သူက ကဗျာစပ်နေတာလား။”
“သူက အခု ချိန်မှာတောင် ကဗျာ စပ်နိုင်သေးတယ်ပေါ့။”
“ ဟွေ့အန်းဒေသကနေ သူထွက်သွားလို့ မရတော့တာကို မေ့နေတာလား။” သေလူတစ်ယောက်က ။ ဘယ်လိုများ ကဗျာစပ်ဖို့ စိတ်ကူး ရှိနိုင်သေးလဲ။ သူတို့ နားမလည်နိုင်ကြဘူး။
“ တော်ဝင်တပ်ဖွဲ့ ကြီးက ။ ကြာပန်းတွေနဲ့ ပြည့်နေတဲ့ နန်းတော်ကို ကာကွယ်နေခဲ့တယ်။ ”
“စုဝေးပွဲ ကျင်းပချိန်မှာတော့။ မိန်းမပျိုလေးတွေရဲ့ ဗျပ်စောင်း တီးခတ် သံကို ။ နားဆင်ရင်း….. မူးယစ်လေခဲ့ပြီ။”
ဖန်ကျန်းရှီက လူတိုင်းကို လျစ်လျူရှုထားရင်း။ ကဗျာစပ်နေခဲ့တယ်။
“ ကောင်းလိုက်တဲ့ ကဗျာ။”
ကျောင်းတော်သား တစ်ဦး ချီးမွမ်းတယ်။
“ နွေဦး တိမ်တိုက် တော်ဝင် ဥယျာဉ်ကို ဖုံးအုပ်လေပြီ။ မှောင်မဲ ကောင်းကင်။ ပွင့်ဖူးခြင်းကို ဆောင်ယူလော့။ ”
“ ပွင့်ဖတ်သဖွယ် ကျဆင်းနေသော မိုးစက်များ။ ပန်းပွင့်များကို ထိပါးနေသယောင်ယောင်။ မြက်ခင်းပြင်ကိုတော့။ လေမင်းက ပွေ့ဖက်ထားတယ်။ ” တော်ဝင်တပ်ဖွဲ့ ကြီးက ။ ကြာပန်းတွေနဲ့ ပြည့်နေတဲ့ နန်းတော်ကို ကာကွယ်နေခဲ့တယ်။ စုဝေးပွဲ ကျင်းပချိန်မှာတော့။ မိန်းမပျိုလေးတွေရဲ့ ဗျပ်စောင်း တီးခတ် သံကို ။ နားဆင်ရင်း….. မူးယစ်လေခဲ့ပြီ။”
“တကယ့်ကို ကောင်းတဲ့ ကဗျာပဲ။ ငါကြားတာတော့ ဖန်ကျန်းရှီက ဘယ်သူ့ကိုမှ ကဗျာစပ်တာ စိန်မခေါ်ဖူးဘူး ဆိုပဲ။ ဒါပေမယ့်။ ဒီလောက် ကဗျာကောင်းကောင်း စပ်တတ်မယ်လို့။ ဘယ်သူ ထင်မိမှာလဲ။” ကျောင်းတော်သားက ဖန်ကျန်းရှီကို ဆက်ချီးမွမ်းနေခဲ့တယ်။ သူ့အသံ ထွက်လာပြီးတဲ့နောက်။ တခြားသော ကျောင်းတော်သားတွေလည်း။ ဖန်ကျန်းရှီ့ ကဗျာရဲ့ အနှစ်သာရကို နားလည်စ ပြုလာတယ်။
“တကယ့်ကို ကဗျာကောင်းပဲ။
“ ဒါက စံပြုရတဲ့ ကဗျာကောင်း တစ်ခုပဲ။ အနှစ်သာရ တကယ့်ကို ပြည့်ဝတယ်။”
“ဖန်ကျန်းရှီက ဝရမ်းပြေး ဖြစ်နေပင်မယ့်။ သူ့ရဲ့ ပါရမီကတော့ မငြင်းနိုင်စရာပဲ။ ညီလာခံ စာမေးပွဲမှာ ပူးတွဲ ပထမ ရတာ မဆန်းပါဘူး။ ”
“ဟုတ်တယ်။ ဒါမျိုးက အရင်တုန်းက တစ်ခါမှ မဖြစ်ဖူးဘူးလေ။” ကျောင်းတော်သားတွေ ပြေးရင်း လွှားရင်းကနေ ။ ချီးမွမ်းနေကြတယ်။ ဒါပေမယ့် သူတို့နဲ့ ဖန်ကျန်းရှီကြားက ကွာခြားချက်ကိုတော့။ နားလည်သဘောပေါက် ခြင်းငှာ မစွမ်းသာဘူး။
“မြန်မြန်။ လိုက်က်။ ငါတို့ ဖန်ကျန်းရှီကို ဖမ်းမှ ဖြစ်မယ်။ အလွတ်ပေးလို့ မဖြစ်ဘူး။” စစ်သည် ခေါင်းဆောင် တစ်ယောက် အမိန့်ပေးတယ်။ ကဗျာကို သူ အာရုံ မစိုက်ဘူး။ ဖန်ကျန်းရှီကို ဖမ်းနိုင်ရင်။ သူ ဆုရလိမ့်မယ်။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီက။ ကျင့်ကြံဆင့် မရှိတော့တဲ့ လူတစ်ယောက်ပဲလေ။ ဒီ ရွှေရောင် အခွင့်အရေးကို သူ လက်မလွှတ်နိုင်ဘူး။
“ အမိန့်ချမယ်။ မြစ်ကျဉ်းနေရာကို ပိတ်ဆို့ထားလိုက်။”
“ သူ့ကို မြို့ထဲက နေ မလွတ်စေနဲ့။”
“အမိန့် အတိုင်းပါ။” ခေါင်းဆောင်တွေ အားလုံး စစ်သည်တော်တွေကို အသင့်ပြင်ပြီးတော့ လိုက်ကြတော့တယ်။
လှေပေါ်မှာတော့။ ဖန်ကျန်းရှီက ကောင်းကင်ကို ကြည့်နေခဲ့တယ်။ မြစ်ကမ်းပေါ်က ဆူညံသံတွေ အားလုံးကို သူ လျစ်လျူရှုထားခဲ့တယ် ။
“သခင်။ အကယ်၍ ကျွန်တော်တို့။ တပ်ဖြန့်လိုက်ရင်။ မြို့ထဲကနေ ထွက်လို့ ရပါပြီ။” စုကျိုးကတော့ ဖန်ကျန်းရှီရဲ့ ကဗျာကို အပြည့်အ၀ နားမလည်ဘူး။ သူ့စိတ်ထဲမှာတော့။ ဟွေ့အန်း ဒေသကနေ လုံလုံခြုံခြုံ ထွက်နိုင်ဖို့က။ အရေးအကြီးဆုံးပဲ။
“အင်း။ ငါလည်း ဟွေ့အန်းဒေသ ဂိတ်တံခါးကို မမြင်ရတာကြာပြီ။ ဘာတွေများ ပြောင်းလဲသွားပြီလဲ မြင်ချင်လိုက်တာ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ပြောတယ်။
“ ဂိတ်တံခါး။” စုကျိုး မျက်လုံး ပြူးသွားတယ်။
“ သခင်။ သခင်ပြောတာ ။ ဟွေ့အန်းဒေသ ဂိတ်တံခါးကနေ ထွက်မယ်လို့လား။ ” မျက်နှာဖုံးနက် အမျိုးသမီး ပြောတယ်။
“အင်း။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ကမ်းကပ်မယ်။” မျက်နှာဖုံးနက် အမျိုးသမီး ချက်ခြင်း အမိန့်ပေးတယ်။
“ ဟုတ်။” အလုပ်သမားတွေ ခေါင်းငြိမ့်တယ်။
စုကျိုးကတော့ ကျက်သေသေနေတယ်။ သူတို့က မြို့ကနေ ခွာတော့မှာကို။ ဖန်ကျန်းရှီက ဘာလို့များ လမ်းလျှောက်သွားဖို့ ရွေးရတာလဲ။ သူ့ဘဝသူ ခက်ခဲအောင် လုပ်နေတာပဲ။ စူကျိုး နားမလည်နိုင်ဘူး ။ ဒါပေမယ့် သူ မေးခွန်းလည်း မထုတ်ခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့။ လွန်ခဲ့တဲ့ တစ်နှစ် လုံးလုံး။ ဖန်ကျန်းရှီ လုပ်ခဲ့တဲ့ လုပ်ရပ်တွေ။ ဆုံးဖြတ်ချက်တွေက မှန်ကန်ခဲ့တာကြောင့်ပဲ။
…
လှေကြီးက။ မြစ်ကမ်းကို ကပ်လာခဲ့တယ်။ အဲ့ဒီ့နောက်။ စစ်သည်တော်တွေနဲ့ ကျောင်းတော်သားတွေရဲ့ ရှေ့မှာပဲ ရပ်သွားခဲ့တယ်။
“ဘာတွေဖြစ်နေတာလဲ။”
“ဖန်ကျန်းရှီရဲ့ လှေက ကမ်းကပ်တယ်တဲ့ဘား။”
“ ငါပဲ အမြင်မှားနေတာလား။” စစ်သည်တော်တွေလည်း မျက်လုံး ပြူးနေခဲ့တယ်။ တကယ်တော့ လူတိုင်း မျက်လုံး ပြူးနေခဲ့တာ။ ကုန်းပေါ်မှာ သူ့ကိုယ်သူ အခြောက်ခံနေတဲ့ မုန့်ယွိရှုလည်း မျက်လုံးပြူးနေခဲ့တယ်။
ဖန်ကျန်းရှီ ဘာလို့ ရပ်လိုက်တာလဲ။ သူက ဒီမြို့မှာ နေမလို့လား။ သူတို့တွေ တွေးနေခဲ့ အချိန်မှာပဲ။ ေ လှပေါ်က နေ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာခဲ့တယ်။
“သူတိုကတွေ ဆင်းလာနေတာလား။”
“ မြန်မြန်။ ဖန်ကျန်းရှီကို ဖမ်းကြ။”
စစ်သည်တော် ခေါင်းဆောင်။ ချက်ခြင်း အမိန့်ပေးတယ်။
“ သခင်။ ဆက်သွားပါ။ သူတို့ကို ကျွန်မ ကိုင်တွယ်နိုင်တယ်။” မျက်နှာဖုံးနက် အမျိုးသမီး ရဲ့ မျက်ဝန်းတွေက တလက်လက် တောက်ပနေခဲ့တယ်။
“အင်း။ ငါက အိမ်ပြန်နေတာ။ သတ်တာဖြတ်တာတွေ မဖြစ်စေချင်ဘူး။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ဖြေတယ်။
“စိတ်ချပါ သခင်။ ကျွန်မ ထိန်းထိန်းသိမ်းသိမ်းလုပ်ပါမယ်။” မျက်နှာဖုံးနက် အမျိုးသမီး နောက်လှည့်ပြီးနောက်။ စစ်သည်တော်ဆွေဆီကို လျှောက်လာတယ်။ သူမရဲ့ ဓားက တောက်ပနေခဲ့တယ်။ အဲ့ဒီ့အချိန်မှာပဲ။ ကျဆင်းနေတဲ့ မိုးပေါက်တွေက နှင်း အဖြစ်ကို ပြောင်းလဲသွားခဲ့သလို။ ယုံကြည်မှုမြစ်ကြီး တစ်ခုလုံးလည်း အေးခဲသွားခဲ့တယ်။
လူတိုင်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။ မုန့်ယွိရှုလည်း ဖင်ထိုင်ရက်တောင် လဲကျတော့မတတ် လန့်သွားခဲ့တယ်။ ဒီအချိန်မှာ ။ သူတို့နားလည်သွားတာ တစ်ခုရှိတယ်။ မင်းရဲ့ ပြိုင်ဘက်ကို အရေအတွက်နဲ့ ဖိနှိပ်တာက ။ အောင်မြင်မှုကို မရရှိစေနိုင်ဘူး။
စစ်သည်တော်တွေထက်။ အဆပေါင်းများစွာ သာလွန်တဲ့ စွမ်းအားရှင်တွေ ရှိနေတော့လည်း။ လမ်းဖယ်ပေးရုံက လွဲပြီးတော့ သူတို့ ဘာတတ်နိုင်အုန်းမှာလဲ။ ဒါက ဘဝရဲ့ အမှန်တရား တစ်ခုပဲ။
“ သခင်။ မြို့တံခါးက အရင်အတိုင်းရှိနေပါသေးတယ်။”
“အင်း။ အနည်းနဲ့ အများပေါ့။”
အပိုင်း(၄၈၃)ပြီး၏။
အပိုင်း(၄၈၄)
“ ဒါတွေအားလုံးက ပုံရိပ် သပ်သပ်ပဲ။”
ဖန်ကျန်းရှီက ။ ဟွေ့အန်းဒေသ ကနေ အပြင် ထွက်တဲ့ လမ်းကို ကြည့်နေခဲ့တယ်။ သူ့စိတ်ထဲ မှာ လွမ်းဆွေးမှုတွေ ပြည့်နှက်လာခဲ့တယ်။ နောက်ဆုံးတော့လည်း ဒီ လမ်းကို သူ ကောက်ထားတဲ့ အလှူငွေတွေနဲ့ ဖောက်ထားခဲ့တာလေ။
“သွားရအောင်။”
“အမိန့်တော် အတိုင်းပါ။”
…
မြောက်ရွာက။ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း အတော့်ကို ကြီးထွားလာခဲ့တာ။ ဖန်ကျန်းရှီ က ဝရမ်းပြေး တစ်ယောက် ဖြစ်နေပင်မယ့်။ မြောက်ရွာရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်စေခဲ့ဘူး။ မြောက်ရွာက မြောက်ပိုင်းဒေသ တစ်ခုမှာ ရှိတဲ့ အတော်ဆုံး ဆရာ အယောက် ၅၀။ ရှိနေတဲ့ ကျောင်းတော်ကြီးလည်း ရှိတယ်။ မြောက်ရွာ ကျောင်းတော်က နာမည်ကြီးလွန်းလို့။ မြောက်ပိုင်းဒေသက မြင့်မြတ်ဂုဏ်ခံ မျိုးနွယ်ဝင်တွေတောင်။ သူတို့ရဲ့ ကလေးတွေကို။ ကျောင်းလာထားကြတယ်။ ဒါကြောင့် မြောက်ရွာကလည်း အရင်လို အမဲလိုက်ပြီးတော့ အသက်မွေးနေစရာ မလိုတော့ဘူး။
ရွာရဲ့ အရွယ်အစားကတော့။ အရင်ကထက် နှစ်ဆကျယ်ပြန့်လာခဲ့သလို။ ဥယျာဉ်တွေ။ အိမ်တွေကလည်း ပိုပြီးတော့ ခမ်းနားလာခဲ့တယ်။ ဒါပေမယ့် ။ မပြောင်းလဲတဲ့ အရာကတော့ တစ်ခုရှိသေးတယ်။ သူတို့တွေ ဆက်လက် စိုက်ပျိုးနေကြဆဲ။ သူတို့ရဲ့ သဘာဝအရ ဒီလို စိုက်ပျိုးနေ ကြတာ။ အခု ချိန်မှာ သူတို့က ကြွယ်၀ ချမ်းသာနေကြပြီ။ ဒါပေမယ့်။ သူတို့တွေ ဆက်လက် စိုက်ပျိုးနေကြတုန်းပဲ။ ဒါကြောင့် သူတို့ တွေ ဆီမှာ။ ကောက်ပဲသီးနှံ နဲ့ အသီးအရွက်တွေ ။ ပေါကြွယ်ဝလွန်းတယ်။
နွေဦးရာသီက ရိတ်သိမ်းဖို့ အချိန်ကောင်းပဲ။ မပြောင်းလဲသွားတဲ့ အရာ တစ်ခုတော့ရှိတယ်။ ရွာသူ ရွာသားတွေက ။ မနက်စောစောဆို ထပြီးတော့ အလုပ်လုပ်တယ်။ ညနေ နေဝင်မှပဲ အလုပ်သိမ်းတော့တယ်။ အခုက နေဝင် ဆည်းဆာချိန်ကို ရောက်နေပြီ။ နေညိုချိန် အလင်းတန်းက ရွှေနီရောင် တောက်ပပြီးတော့ ။ မြေပြင်တစ်ခုလုံးကို ဖြာကျနေခဲ့တယ်။
ရွာသားတွေက ထုပ်ပိုးပြီးတော့။ အိမ်ပြန် ညစာ စားဖို့ ပြင်ဆင်နေကြပြီ။ ဒီအချိန်မှာပဲ။ ရွာလမ်းပေါ်မှာ လူတစ်ချို့ပေါ်လာခဲ့တယ်။ ဝတ်ရုံနက်တွေ ခြုံထားတဲ့ လူတွေ။ သူတို့ရဲ့ မျက်နှာတွေကို မျက်နှာဖုံး အနက်တွေနဲ့လည်း ဖုံးအုပ်ထားသေးတယ်။ အကုန်လုံး ပေါင်းရင် လူ ဆယ်ယောက်ကျော်ရှိတယ်။
ဒီလူတွေရဲ့ အဆင့်အတန်းက။ သူတို့ရဲ့ ပိုးဝတ်ရုံနက်တွေ။ လက်ထဲက လက်နက်တွေကို ကြည့်ရုံနဲ့တင် သိသာနေတယ်။ ဓား ရှည်တွေ။ ဓားမြောင်တွေ။ လှံတွေ။ လက်နက် တစ်ခုချင်းစီတိုင်းက။ အေးစက်စက်အငွေ့အသက်တွေနဲ့ တောက်ပနေခဲ့တယ်။ လက်နက် အကြောင်း မသိတဲ့ လူတွေတောင်မှ ။ အရည်အသွေးမြင့် လက်နက်တွေ ဆိုတာ ကြည့်ရုံနဲ့တင် ပြောနိုင်တယ်။ ဒီလူတွေက အထူး ဧည့်သည်တွေ ဖြစ်တဲ့ ပုံစံပဲ။
ရွာသားတွေ သူတို့ လုပ်လက်စ တွေကို ရပ်တန့်လိုက်ကြတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး။ အာဏာရှိတဲ့သူတွေ ပိုက်ဆံချမ်းသာတဲ့ သူတွေ ။ သူတို့ ရွာကို အများအပြား လာရောက်ကြတယ်။ ဟွေ့ အန်းဒေသက လူတွေ၊ ယုံကြည်မှု မြစ်မြို့တော်က လူတွေ အတော်များများကို လာကြတာ။ သူတို့ရဲ့ မျက်နှာတွေကိုလည်း ရင်းနှီးကြတယ်။
အခုတော့ သူတို့ လုပ်နေတာကို ရပ်ပြီးတော့ ဒီလူတွေကို ကြည့်နေခဲ့တယ်။ ပထမဆုံး။ ဒါက ကျောင်းတော်ကို လာတဲ့ လူတွေ မဟုတ်ဘူး။ နောက်ပြီးတော့ ။ ဒုတိယ တစ်ခု က။ ဒီလူတွေ။ မြင့်မြတ်ဂုဏ်ခံ မိသားစုက မဟုတ်ကြဘူး။ ဘာကြောင့်လဲ ဆိုတော့။ သူတို့ တွေ က ခြေကျင် လာကြတာ ဖြစ်နေလို့ပဲ။ တစ်ယောက်မှ မြင်းတွေ လှည်းတွေ မပါကြသလို။ အထုပ်အပိုးတွေ လည်း မပါကြဘူး။ ဒါ့အပြင် သူတို့တွေက သန့်ရှင်းလွန်းနေတယ်။ ဖုန့်မှုန့်တွေ တစ်မှုန်လေးတောင် ကပ်တင်မနေခဲ့တယ်။
ဒါကြောင့်ပဲ အထူးတဆန်း ဖြစ်နေခဲ့တာ။ ရွာသားတွေ ဒီလူတွေက ဘယ်သူတွေမှန်း တွေးတောနေခဲ့တယ်။ အခုတော့ သူတို့တွေ မြင်သာမြင်နေရတယ်။ ဘယ်သူတွေမှန်း တွေးလို့မတတ်ဘူး။ အဲ့ဒီ့နောက် သူတို့ မျက်လုံးတွေ ပြူးကျယ်လာခဲ့တယ်။ မျက်လုံးကို ပွတ်သပ်ရင်း။ သူတို့ အမြင် မှား မမှား သေချာအောင် လုပ်နေခဲ့ကြတယ်။ သူတို့တွေ မြင်နေရတာကို မယုံကြည်နိုင်ဘူးလေ။ အကြောင်းရင်းကတော့။ ဒီ အုပ်စုထဲမှာ လူတစ်ယောက်ကို တွေ့လိုက်ရတာကြောင့်ပဲ။ အပြာရောင် အကျီလက်ရှည် ဝတ် လူငယ်။ ပိန်ပါးပြီးတော့ အသားဖြူဖြူ နဲ့ ဝမ်းသာအားရ ပြုံးနေခဲ့တဲ့ လူငယ်လေး။
“ဦးလေးလီ။ အဒေါ်ချန်။ နေကောင်းကြရဲ့လား။” လူငယ်က လမ်းလျှောက်ရင်းနဲ့ ရွာသား တစ်ချို့ကို နှုတ်ဆက်သွားတယ်။
“ အား….။” နှုတ်ဆက်ခံရတဲ့ စုံတွဲကတော့ မယုံကြည်နိုင်စွာကြည့်နေခဲ့တယ်။ သူတို့တွေ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့တယ်။
ဝမ်းသာအားရ ပြုံးနေတဲ့ လူငယ်ကတော့ သူတို့တွေရဲ့ တုံ့ပြန်မှုကို အံ့သြဟန်မရှိ။ လမ်းက တခြား ရွာသားတွေကိုလည်း သူ နှုတ်ဆက်သွားတယ်။
“ ဦးလေး ဝမ်။ အရင်လို နုပျို ဖြတ်လတ်နေတုန်းပဲနော်။ အဒေါ်လု။ အသားတွေ ဖြူလာတယ်။ အကိုကျောက် လက်ထပ်ပြီးပြီလား။ ဟ ဟား… အကိုကျောက် အားရင်။ အိမ်ကို ထမင်းလာစားအုန်း။” လူငယ်က လမ်းမှာတွေ့သမျှ ရွာသားတိုင်းကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်နေခဲ့တယ်။ ဒါပေမယ့်။ ရွာသားတိုင်းကတော့ ပါးစပ်အဟောင်းသား။နဲ့ မျက်လုံးတွေ ပြူးပြီးတော့သာ ကြည့်နေခဲ့တယ်။ သူ့ကို ဘယ်သူမှ ပြန်မနှုတ်ဆက်ကြဘူး။ အားလုံးက သရဲတစ်ကောင် မြင်ရသလို။ ခံစားနေရတယ်။
“ငလူးပဲ….. ငါ .. ငါ … အခု သရဲ ခြောက်ခံနေရတာလား။”
“မင်းကောလား။”
“မင်းကော မြင်တာလား၊”
“မြင်တာပေါ့ဟ”
“ မင်းလည်း ဖန်ကျန်းရှီကို မြင် တယ်လား။”
“ ဒါပေါ့။ ငါ … ငါ … ဖန်ကျန်းရှီကို မြင်လိုက်တယ်။ အရင် အတိုင်း ငါ့ကို နှုတ်ဆက်သွားသေးတယ်။ အရပ်တော့ နည်းနည်း ပိုရှည်လာတယ်။ ”
“သရဲ. ….”
မြောက်ရွာက ရွာသားတွေက တရားဥပဒေကို လိုက်နာကြတယ်။ ဖန်ကျန်းရှီက ကြီးမြတ်သောရှ မင်းဆက် တစ်ခုလုံးမှာ အလို အရှိဆုံး ရာဇဝတ်ကောင် တစ်ယောက်ပဲ။ ဒါကြောင့် သူတို့ ရှေ့မှာ။ ဖန်ကျန်းရှှီ ဒီအတိုင်း ဖြတ်လျှောက်သွားတာကို မယုံကြည်နိုင်ကြဘူး ။
ဖန်ကျန်းရှီကတော့။ နေဝင်ဆည်းဆာကို ခံစားရင်းနဲ့။ တောင်ပေါ်ဒေသက လေနုအေးကို ရှူရှိုက်နေခဲ့တယ်။ တောင်တန်းတွေရဲ့ အေးချမ်းတည်ငြိမတ် တဲ့ ရှုခင်းကို သူ နှစ်သက်တယ်လေ။ ရွာ အဝင်ပေါက်ကို ဖြတ်စီးနေတဲ့ မြစ်ရေက ကြည်လင်နေတယ်။ ငါးတွေကလည်း တဖျပ်ဖျပ် ခုန်လွှားနေကြတယ်။ ဖန်ကျန်းရှီက မြန်မြန်ကြီး လျှောက်နေတာ မဟုတ်ခဲ့ဘူး။ ဒါပေမယ့် ရွာအဝင်ပေါက်ကို ခပ်မြန်မြန်ပဲ ရောက်လာခဲ့တယ်။ ရွာအဝင်ပေါက်က ဆိုင်းဘုတ် အသစ်နဲ့ ကျောက်ပေလွှာကို ကြည့်နေခဲ့တယ်။
ဒီ ကျောက်ပေလွှာကို ထွင်းထားတဲ့ လက်ရာက အတော့်ကို သေသပ်တယ်။ ဒါက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုရဲ့ ရလဒ်တွေပဲ။ ကျောင်းတော်ကြီး တစ်ခု တည်ဆောက်ထားတဲ့ အတွက်။ ရွာရဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းတွေလည်း တိုးတက်လာခဲ့တယ်။ လက်ရေးလှ အတတ်ပညာနဲ့ တခြားသော အနုပညာရပ်တွေလည်း ပိုပြီးတော့ ထွန်းကားလာခဲ့တယ်။ ရုပ်တုတွေ သစ်သား ပန်းပုတွေ အကုန်လုံးက အနုပညာ မြောက်လွန်းတယ်။ ဒါက ဆရာတွေရဲ့ ဖန်တီးမှုတွေပဲ။
ရွာသူကြီး ကျန်းယန်ဖိန်သာ ဒါမျိုး လုပ်မယ် ဆိုရင်တော့။ အခြေတောင် မချရသေးခင်မှာပဲ။ ကျိုးပဲ့သွားလိမ့်မယ်။ သူ ရွာထဲကို ဝင်လာခဲ့တယ်။ ရွာက ဆူညံလှုပ်ရှားနေခဲ့တယ်။ ရွာသားတိုင်းက ပြုံးပျော်နေခဲ့ကြတယ်။ မိသားစုတိုင်း လိုလို အိမ်အဝင်ဝမှာ ဆိုင်းဘုတ်တွေ ထောင်ထားကြတယ်။ ဒါပေမယ့် ရွာတစ်ခုလုံး ချက်ခြင်း တိတ်ဆိတ်သွားခဲ့တယ်။ ဖန်ကျန်းရှီ ရွာထဲ ဝင်လာတာကို သူတို့ မြင်တယ်လေ။ ဖန်ကျန်းရှီ က ရွာကနေ ထွက်သွားတာ တစ်နှစ်ကျော်ကြာနေပြီ ဆိုပေမယ့်။ သူက မြောက်ရွာရဲ့ ဂုဏ်ရည် တစ်ခု ဖြစ်နေတုန်းပဲ။ သူတို့ တွေ သူ့ကို မမေ့နိုင်ကြပါဘူး။
အကယ်၍ ဖန်ကျန်းရှီ ထွက်သွားတာ။ ငါးနှစ် ဆယ်နှစ် ကြာနေရင်တောင်။ သူ့ကို မြင်တာနဲ့ မှတ်မိကြတာ။ ဖန်ကျန်းရှီ သာ တနေ့မှာ ရွာကို ပြန်လာခဲ့ရင် ကောင်းမှာပဲလို့။ သူတို့တွေ တစ်ခါတစ်လေ တွေးမိကြတယ်။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီ လုပ်ခဲ့တဲ့ ပြစ်မှုတွေက ကြီးလေးလွန်းနေတော့။ ရွာကို ပြန်လာဖို့ရာ သူတို့ မျှော်လင့်ရုံပဲ တတ်နိုင်ကြတယ်။ ဒါပေါ့။ ဖန်ကျန်းရှီ ညသန်းခေါင်ယံ အချိန်မှာ ရွာကို တိုးတိုးတိတ်တိတ်လေး ပြန်လာဖို့ သူတို့ တွေးမိခဲ့ကြတာပေါ့။ ရွာသားတွေ အားလုံး ကောင်းကင်ကို မော့ကြည့်နေခဲ့တယ်။ နေဝင်ခါနီး အချိန် ဖြစ်ပေမယ့်။ ပြုံးပျော်နေတဲ့ လူငယ်ရဲ့ မျက်နှာကို ထင်ထင်ရှားရှား မြင်နိုင်တဲ့အထိ။ နေရောင်က တောက်ပနေတယ်လေ။
“ ကျန်း… ကျန်းရှီ။”
အသံတစ်သံ ထွက်ပေါ်လာခဲ့တယ်။ အဲ့ဒီ့နောက်။ ရွာသားတွေ တစ်ယောက်ကို တစ်ယောက်ကြည့်မိတော့တယ်။ သူတို့တွေ စိတ်လှုပ်ရှားနေတယ်။ ကြောက်ရွံ့နေသလို။ စိတ်လည်း ပူနေခဲ့တယ်။ ရွာသားတွေ အနေနဲ့။ သူတို့တွေက။ ရွာထဲက လူတိုင်းကို သိတယ်လေ။ အပ်ကျတာက အစ သိတယ်လို့တောင် ပြောလို့ရတယ်။
“ကျန်းရှီ။ သား ဘာလို့ ပြန်လာတာလဲ။ ပြန်တော့ သွား။”
“ အမေ ဘယ်မှာလဲ၊”
“အာ။”
“ အိမ်မှာလား။ ဦးလေးချန်း။ အားရင်။ ဒီည ။ အိမ်လာပြီး ထမင်းစားပါလား။” ဖန်ကျန်းရှီက ဦးလေးချန်းကို လက်ဝေ့ယမ်း ရင်း နှုတ်ဆက်နေတယ်။
“ ထ … ထမင်းစားရမယ်။ ကျန်းရှီက ငါ့ကို ထမင်းစားဖိတ်တယ်။ ” ဖန်ကျန်းရှီနဲ့။ သူ့ဘေးနားက ဝတ်ရုံနက်တွေကိုကြည့်ရင်း ဦးလေးချန်း အံ့သြနေမိတယ်။
….
ဖန်မိသားစု ဥယျာဉ်ထဲမှာတော့ ။ ချီရှင်းလိန်က ။ အပင်တွေကို ရေလောင်းနေခဲ့တယ်။ သူမ က ဆံပင်ဖြူတွေ ထွက်စပြုနေခဲ့ပြီ။ ကျောက်တုံးအိမ်ရဲ့ ဒုတိယထပ်မှာတော့။ အခွံမာသီး ပင် တစ်ချို့ကို သူတို့ စိုက်ထားခဲ့တယ်။ ဖန်ဟို့ဒဲလည်း အဲ့ဒီ့နေရာမှာ ရပ်နေခဲ့တယ်။ အပင်တွေကို တသသလုပ်နေရင်းနဲ့ ။ ရေနွေးကြမ်းကို တဖူးဖူး မှုတ်သောက်နေခဲ့တယ်။
“အဖေကြီးရေ။ မောနေရင် နားတော့လေ။” ဖန်ဟို့ဒဲရဲ့ နဖူးက ချွေးတွေကို မြင်တော့ သူမ လှမ်းပြောတယ်။ ဒီလို ပြောလိုက်တဲ့ အချိန်မှာပဲ။ သူမ မျက်နှာ ညှိုးကျသွားခဲ့တယ်။ အဖေကြီးလို့ မခေါ်ခဲ့တာ အချိန်အတော်ကြာခဲ့ပြီ။ ဟို့ဒဲ ဒါမှမဟုတ်ရင်။ အဖိုးကြီး ဖန်လို့ပဲ ဒီ နှစ်တွေမှာ သူ ခေါ်ခဲ့တာ။
“အမေကြီး… အာ ..ရှင်းလိန်။ မင်းလည်း နားသင့်ပြီ။ ငါ ဒီနေ့ ညစာချက်လိုက်မယ်။” ဖန်ဟို့ဒဲ လှမ်းဖြေတယ်။ သူလည်း မျက်နှာ အမူအယာ မကောင်းလှ။ သူ့ လက်တွေကို ဆေးကြောလိုက်ပြီးနောက်။ ရေနွေးခွက်လေး ကိုင်ရင်း ထလာခဲ့တယ်။ သူ တစ်ချက်မှုတ်သောက်လိုက်တယ်။ အကြောင်းရင်း တစ်ချို့ကြောင့်။ မျက်ရည်စက်လေး တစ်စက်။ ရေနွေးခွက်ထဲကို စီးကျသွားပြီး။ လှိုင်း ထလာခဲ့တယ်။
“ ငါပဲ ချက်လိုက်ပါမယ်။” ချီရှင်းလိန် ခေါင်းခါတယ်။ သူမ မျက်လုံးမှာ မျက်ရည်တွေ ဝဲလာခဲ့တယ်။ ဒီ တစ်နှစ်လုံးလုံး သူမ အများကြီး ငိုခဲ့ပြီးပြီ။ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း။ ဥယျာဉ်ထဲမှာ ထိုင်ရင်း ဖြတ်သွား ဖြတ်လာတဲ့ သူတွေကို ကြည့်တယ်။ သူမ တွေ့ချင်တာကတော့ သူမရဲ့ သားလေးပဲ။ ဒါပေမယ့် တစ်ချို့သော ကိစ္စတွေက ဖြစ်မလာခဲ့ဘူး။ သူမ စိတ်ပျက် လက်ပျက်တော့ မဖြစ်ခဲ့ပါဘူး။ သားလေးကို မတွေ့ရတာလဲ ကောင်းတဲ့ ကိစ္စတစ်ခုပဲလေ။ အဲ့ဒီ့နောက်။ သူမ ရေလောင်းနေတဲ့ အပင်ပေါ်ကို မျက်ရည်စက် တစ်ချို့ စီးကျသွားခဲ့တယ်။ သူမရဲ့ ခန္ဒာကို တစ်ခုလုံး တုန်ယင်လာခဲ့သလို။ ရေပုံးကို ဖိကိုင်ထားရင်း လဲမကျသွားအောင် ကိုယ့်ကိုယ်ကို ထိန်းနေခဲ့တယ်။
“ငါ့သား… အမေ မင်းကို လွမ်းလိုက်တာ။”
ချီရှင်းလိန် နှလုံးသားထဲကနေ အော်ဟစ်နေခဲ့တယ်။ ထပ်ခါထပ်ခါ အော်ဟစ်နေမိတယ်။ ဒါပေမယ့် ပါးစပ်ကတော့ ထုတ်မပြောခဲ့ဘူး။ ရေပုံးက တုန်ယင်နေခဲ့တယ်။ ရေပုံးထဲက ရေမျက်နှာပြင်မှာ။ ဖြူဖျော့ပြီး အရေးအကြောင်းတွေ ပြည့်နေတဲ့ မျက်နှာ တစ်ခုရဲ့ အရိပ် ထင်နေခဲ့တယ်။
ဒီအချိန်မှာပဲ။ နောက်ထပ် ပုံရိပ်တစ်ခု ရေပုံပေါ်မှာ ပေါ်လာခဲ့တယ်။ တံခါးဝမှာရပ်နေတဲ့ သူ။ အပြာရောင် အကျီလက်ရှည်ကို ဝတ်ထားခဲ့တယ်။
“ငါ့သား။ ကျန်းရှီ။”
ချီရှင်းလိန် အော်ခေါ်ချင်ပေမယ့်။ သူမ စိတ်ကို ထိန်းထားခဲ့တယ်။ သူမ ဒီ ပုံရိပ်ကို ခနခန မြင်နေခဲ့ရတာလေ။ သူက ဒီမှာရှိသင့်တာ မဟုတ်ဘူး။
“ကျန်းရှီ …။ ငါ့သား။” ရောင်ပြန်ကိုသာ ချီရှင်းလိန် စိုက်ကြည့်နေခဲ့တယ်။ ဒီ ပုံရိပ် ခနနေရင်ပျောက် သွားတော့မှာ မှန်း သူသိတယ်လေ။ အချိန်တွေကို ရပ်တန့်ပြီးတော့။ ဒီ အခိုက်အတန့်လေးကို သိမ်းထားချင်မိတယ်။ ဒါပေမယ့် အချိန်တွေကတော့ ဆက်သွားနေတုန်းပဲ။ ပြန်မလာတဲ့သူကို သူမ ဆက်မျှော်နေတာက တစ်ခုတည်းသော နည်းလမ်းပဲ။
“ အမေ။” ဒီအချိန်မှာပဲ။ အိမ်တံခါးကနေ အသံ ထွက်လာခဲ့တယ်။ အရမ်းကို ရှင်းလင်းပြီးတော့ ရင်းနှီးနေတဲ့ အသံ။ ချီရှင်းလိမ် တုန်ယင်သွားတယ်။ သူမ လက်ထဲက ရေပုံးကို ပြန်ကြည့်တယ်။ ပုံရိပ်က အစစ်အမှန်အတိုင်း ဆက်ရှိနေတုန်းပဲ။
“ငါ့သား ။ ကျန်းရှီ ပြန်လာပြီ။”
ချီရှင်းလိန်။ တံခါးကို တကယ်ကြည့်ချင်တယ်။ ဒါပေမယ့် ဒီလို ကြည့်လိုက်ရင်။ သူမ အတွေးထဲက မြင်နေရတဲ့ သား လေးရဲ့ ပုံရိပ် ပျောက်ကွယ်သွားမှာကိုလည်း တကယ်ကြောက်တယ်။ သူမ မလုပ်ချင်ပေမယ့်။ အိမ်တံခါးကို လှည့်ကြည့်မိတယ်။ အချိန်တွေ ရပ်တန့်သွားသလိုပဲ။ ချီရှင်းလိန် အသက်တောင် မရှူနိုင်တော့။ သူမရဲ့ သားလေးက အိမ်တံခါးဝမှာ သူမကို ပြုံးပြနေခဲ့တယ်။
“အမေ။”ခေါ်သံ ထပ်ထွက်လာခဲ့တယ်။
“ကျန်း… ကျန်းရှီ….။ တကယ်ပဲ သား ။” ချီရှင်းလိန် လက်ထဲက ရေပုံးကို လွှတ်ချလိုက်တော့တယ်။
အပိုင်း(၄၈၄)ပြီး၏။
အပိုင်း(၄၈၅)
“လာနေပြီ။”
ချီရှင်းလွန်။ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး။ ဒီလို အဖြစ်ကို အိမ်မက်မက်နေခဲ့တာ။ ဒါပေမယ့် အမှန်တကယ်မှာ ဖြစ်လာလိမ့်မယ်လို့။ သူမ ထင်မထားမိခဲ့ဘူး။
“ ကျန်း … ကျန်းရှီ။.” ချီရှင်းလိမ်။ သူမဘာ သူမ ရေရွတ်ရင်း။ နေရာမှာ ကြက်သေသေနေခဲ့တယ်။ ဒုတိယထပ်မှာ ရှိနေတဲ့ ဖန်ဟို့ဒဲလည်း သူ့မျက်လုံးသူ မယုံနိုင်။ ဒါက မဖြစ်နိုင်တာပဲလေ။
“ ကျန်းရှီ ပြန်လာပြီလား။” ဖန်ဟို့ဒဲ သူ့ကို ယ်သူ ပြန်မေးနေခဲ့တယ်။ သူလက်သီးကို သူ ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။
“မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ အဲ့တာ ငါ့သား မဟုတ်ဘူး။ ငါ့သားက ဒီလို ပုံစံမျိုး မဟုတ်ပါဘူး။ မင်းက ဘယ်သူလဲ။ ဘာဖြစ်လို့ ငါ့ သား အယောင်ဆောင်နေတာလဲ။ သွား။ ထွက်သွားစမ်း ။” ဖန်ဟို့ဒဲ အော်ဟစ်တယ်။
ဖန်ကျန်းရှီကတော့ သူ့ အဖေကိုသာ ကြည့်နေခဲ့တယ်။ ဒီ နှစ်ပိုင်း အတွင်း သူ့ အဖေ အတော့်ကို အိုမင်း သွားတာပဲ။
“အဖေ။”
“ထွက်သွား။”
“ ဟုတ်တယ်။ ထွက်သွား။ မင်းက ငါ့တို့ရဲ့ သား မဟုတ်ဘူး။ ငါတို့သားက ဒီလို ပြန်လာမှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး ထွက်သွားပါ။” ချီရှင်းလိန် တစ်ကိုယ်လုံး တုန်ယင်နေခဲ့တယ်။ အဲ့ဒီ့ အချိန်မှာပဲ။ ဖန်ကျန်းရှီက သူ့ ရှေ့ကို ရောက်လာပြီးတော့ ။ သူမကို ပွေ့ဖက်ထားတော့တယ်။
“ကျန်းရှီ။ ငါ့သား။” ချီရှင်းလိန် အော်ဟစ်ရင်း နဲ့ လဲကျသွားခဲ့တယ်။ သူမရဲ့ ပါးပြင်ပေါ်မှာ မျက်ရည် စီးကြောင်းတွေ အပြည့် ။
“ ငါ့သား ။ တစ်နှစ်လုံးလုံး။ မင်း ဘယ်ကို ရောက်နေတာလဲ။ သားကို အမေ အရမ်းသတိရတယ်။ အရမ်း သတိ ရတယ်။ ”
“ ကျန်းရှီ…. ငါ့သား…။ မင်း အိမ်ပြန် မလာတာ ကြာပြီ….” သူမ နောက်ထပ် တောင့် မခံနိုင်တော့ဘူး။ သားလေးကို နောက်တစ်ကြိမ် ဆုံးရှုံးရမှာ ကြောက်လွန်းလို့။ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားခဲ့တယ်။
ဖန်ကျန်းရှီ မလှုပ်ရှား။ သူ့မျက်လုံးထဲမှာလည်း မျက်ရည်တွေ ဝဲနေခဲ့တယ်။ ဒီလို နွေးထွေးမှုမျိုးနဲ့ ဝေးကွာနေခဲ့တာကြာပြီလေ။ အိမ်ကို ပြန်ရောက်ဖို့ အချိန်တွေ အကြာကြီး စောင့်ဆိုင်းခဲ့ရတာ။
“ ရှင်းလိန်။ ကျန်းရှီကို လွှတ်လိုက်ပါအုန်း။ သူ ပြန်ရ အုန်းမယ်လေ။ မဟုတ်ရင်… မဟုတ်ရင် …” ဖန်ဟို့ဒဲ ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာခဲ့တယ်။ ဒါပေမယ့်။ မြောက်ရွာမှာ သူလျှိုတွေ ရှိနေတာကိုလည်း သူသိတယ်လေ။
“ အဖေ ။ အနေ။ သား အဆင်ပြေပါတယ်။ ဘာမှ မဖြစ်ပါဘူး။” ဖန်ကျန်းရှီ ခေါင်းမော့ကြည့်ရင်း ပြန်ဖြေတယ်။ သူ့ အဖေ တွေးနေတာကို သူသိတယ်။
“ ဘယ်လို လုပ် အဆင်ပြေ မှာလဲ သားရဲ့။ အခုချိန် မှာ သားက ဖမ်းဝရမ်း ထုတ်ခံထားရတာ။ လူတိုင်းက သားကို လိုက်ရှာနေတာ။ ဟွေ့အန်း ဒေသ တစ်ခုလုံး သားရဲ့ ပုံတွေကို သူတို့ ကပ်ထားကြတယ်။ ”
“ အဖေ။ သား သိပါတယ်။”
“ ဒါဆိုရင်။ ဘာလို့ မသွားသေးတာလဲ။ မြန်မြန်သွား လေ သားရဲ့၊ တခြားသူတွေကို အဖေ ကြည့် ထိန်းထားလိုက် မယ်။ ဦးလေး ယန်ဖိန်ကို ပါ ခေါ်ပြီးတော့ တောင့်ခံ ထားလိုက်မယ်။”
“ အဖေ. မြောက်ရွာက သူလျှိုတွေကို သား ဖယ်ရှားပြီးပါပြီ။”
“ဘာ ..။ သူတို့ မနေနိုင်ရင်တောင်။ ဟွေ့အန်းဒေသကို တော့ သတင်း သွားပို့ကြမှာပဲလေ။ ဒီမှာ ကြာကြာ မနေနဲ့။ သား မြန်မြန်သာသွား။ ” ဖန်ဟို့ဒဲ သူ့သား စကားတွေကို လျစ်လျူရှုထားခဲ့တယ်။ ဖန်ကျန်းရှီ က ။ သူဟွေ့အန်းဒေသမှာ သူ လူလုံးပြခဲ့ပြီးပြီ ဆိုတာ ပြောလိုက်ချင်တယ်။ ဒါပေမယ့် ဖန်ဟို့ဒဲ ပိုပြီးတော့ စိုးရိမ်လာမှာကိုလည်း သူသိတယ်လေ။ သူ့အဖေကို ကိစ္စ အားလုံးရှင်းပြဖို့က။ ခက်လွန်းတယ်။
“ အမေ။ သား ဆာနေပြီ။” ဖန်ကျန်းရှီ။ ချီရှင်းလိန်ကို ကြည့်နေခဲ့တယ်။
“ကောင်းပြီ။ သား စားဖို့ တစ်ခုခုလုပ်ပေးမယ်လေ။” ချီရှင်းလိန်။ သူမရဲ့ မျက်နှာက မျက် ရည်တွေကို သုတ်ရင်း ဖန်ကျန်းရှီ အတွက် အစားအသောက် ပြင်ဆင်ပေးဖို့ ။ အိမ်ထဲ ဝင် သွားခဲ့တယ် ။
“ရှင်းလိန်။”
“ ဟို့ဒဲ။ ငါ ငါ။”
“ရှင်းလိန်။ မလုပ်ပါနဲ့။ သား ကို ငါတို့ ဒုက္ခပေးမိသလို ဖြစ်လိမ့်မယ်။”
“ ငါတို့ ထမင်း တစ်နပ်တောင် အတူတူ စားလို့ မဖြစ်ဘူးလား။” သူမရဲ့ မျက်ဝန်းတွေက။ ဖန်ဟို့ဒဲကို တောင်းပန်နေ သယောင်ယောင်။
“အိုက်ယား ….။” ဖန်ဟို့ဒဲ သက် ပြင်း ချနေမိတယ်။ ဒါပေမယ့် သူ ဘာမှ မပြောခဲ့ဘူး။ သူလျှိုတွေကို သူသား ပထုတ်ပြီးသားမှန်း နားလည်ပါတယ်။ သူ တွေးနေတဲ့ အချိန်မှာပဲ။ လူဆယ်ယောက်ကျော်ကျော်။ အိမ် တံခါးမှာ ရောက်နေမှန်း တွေ့လိုက်ရတယ်။ သူတို့ အားလုံးက အနက်ရောင် ဝတ်ရုံရှည်တွေကို ဝတ်ထားပြီးတော့ ။ လက်ထဲမှာ တောက်ပနေတဲ့ လက်နက်တွေကို ကိုင်ထားခဲ့တယ်။
“ သား ရေ။ အခု သွားသင့်ပြီလေ။ ” ဖန်ဟို့ဒဲရဲ့ အမူအယာက ပြောင်းလဲသွားတယ်။
“ အဖေ.။ အဲ့တာ သားရဲ့ မိတ်ဆွေတွေပါ။”
“ မိတ်ဆွေတွေ။”
“ ဦးလေး ဖန်နဲ့ အဒေါ့်ကို နှုတ်ဆက်ပါတယ်။” အိမ်တံခါးဝက လူတွေ ချီရှင်းလိန်နဲ့ ဖန်ဟို့ဒဲကို တစ်ညီတညွတ်တည်း နှုတ်ဆက်ကြတယ်။
“ အမ်။” ဖန်ဟို့ဒဲနဲ့ ချီ ရှင်းလိန်။ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်နေမိတယ်။ အဲ့ဒီ့နောက် သူတို့ ရဲ့ အကျီတွေကို သပ်ရပ်အောင် လုပ်ရင်း လှမ်းပြောတယ်။
“ ဟ ဟား…။ ကျန်းရှီရဲ့ မိတ်ဆွေတွေ ဆိုတော့။ အထဲ ဝင် ကြပါ။ လာထိုင်ကြပါအုန်း။ ”
“ ဦးလေး ဖန်။ အဒေါ်ဖန်။ ဖိတ်ခေါ်တာအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အပြင်မှာပဲ စောင့် ကြပ်နေပါမယ်။ ” စုကျိုး ရှေ့ကို တိုးလာပြီးတော့ ။ တလေးတစားနဲ့ ပြန်ဖြေတယ်။
“ အပြင်မှာ စောင့်ကြပ်မယ်။ မဟုတ်တာပဲကွယ်။ အိမ်ကို လာတဲ့ ဧည့်သည်တွေကို အပြင်မှာ ဒီ အတိုင်းတော့ ရပ် မစောင့် ခိုင်းပါဘူး။ ဒါက ….” ချီရှင်းလိန် ပြန်ဖြေတယ်။
“ ငါတို့နဲ့ လာစားလှည့်။” စုကျိုးကို ဖန်ကျန်းရှီ လှမ်းပြောတယ်။ သူက မာနကြီးတဲ့ လူတစ်ယောက် မဟုတ်ဘူး။ နောက်ပြီးတော့ သူ့ မိဘတွေ အကြောင်းကိုလည်း သူ ကောင်းကောင်း သိတယ်လေ။
“ ကျေးဇူးတင်ပါတယ် သခင်။” တညီတညွှတ်တည်း ပြန်ဖြေသံတွေ ထွက်လာတယ်။
“ သခင် ။” ချီရှင်းလိန် နဲ့ ဖန်ဟို့ဒဲ။ သူတို့ နားတွေကိုတောင် မယုံနိုင် ဖြစ်နေခဲ့တယ် ။ သူတို့သားက ဝရမ်းပြေး ဖြစ်ပြီးတော့။ ကျင့်ကြံဆင့်တွေ ပျောက်ဆုံး ကုန်တာ မဟုတ်ဘူးလား။ ဘယ်လိုများ ဒီလူတွေရဲ့ သခင် ဖြစ်လာရတာလဲ။
“ …” ဒီကိစ္စ သူ့ မိဘတွေကို ရှင်းပြဖို့ ခက်မှန်း ဖန်ကျန်းရှီ သိတယ်။ သူတို့တွေ ဘာမှ မမေးတာလည်း တစ်ခု ကောင်းတာပဲလေ။
ဖန်ကျန်းရှီ ပြန်ရောက်လာတဲ့ သတင်းက။ တောမီးလောင်သလို မြန်မြန်ဆန်ဆန် ပြန့်သွားခဲ့တယ်။ ကျန်းယန်ဖိန် ။ ဖန်ကျန်းရှီတို့ အိမ်ကို အမောတကော ရောက်ချလာခဲ့တယ်။ ဖန်ကျန်းရှီ အိမ်ထဲကို ဝင်ဝင်ချင်း။ သူ လှမ်းအော်တယ်။ ”ကျန်းရှီ… ြပြေး .. မြန်မြန်ပြေး။” ကျန်းယန်ဖိန်ရဲ့ နောက်မှာ မရေ မတွက်နိုင်တဲ့ ရွာသား တွေ ပါလာခဲ့တယ်။ ကျောင်းတော်က ဆရာတွေနဲ့ ကျောင်းတော်သားတွေတောင် ရောက်လာခဲ့တယ်။ ဖန်ကျန်းရှှီ သူတို့ကို ပြောနိုင်တဲ့ တစ်ခုတည်းသော စကားက ( အိမ်မှာ ထမင်း မလောက်ဘူး ဆိုတာပဲ။)
…
မြောက်ရွာကတော့ ဒီညမှာ ဆူညံနေခဲ့တယ်။ ကျန်းယန် ဖန်က။ ရွာကွင်းပြင်မှာ စားပွဲခုံတွေ အပြည့် ချထားခဲ့တယ်။ ဒါပေမယ့်။ ရွာသားတွေကို အံ့သြစေတာက ။ ဒီညမှာ သူစိမ်း တစ်ယောက်မှကို ရောက်မလာတာပဲ။ ဒါက ထူးဆန်းနေတယ်။ ဒါပေမယ့် သူတို့ မရှိတာက ခနပဲ ဖြစ်မှာ။ မကြာခင် ပြန်ရောက်လာကြမှာပဲ။
“ ကျန်းရှီ။ ငါ ငွေသား နည်းနည်း ယူလာခဲ့တယ်။ မင်း ဒါကို ယူ သွားလိုက်ပါ အုန်း။”
“ဟုတ်တယ်။ ကျန်းရှီ။ ငါတို့လည်း။ ရွာက ထွက်တဲ့ သီးနှံတွေ ယူလာတယ်။ ဒီနှစ်ထွက်တဲ့အသီး အနှံတွေက အတော့်ကို စားကောင်းတာ။ မင်းနဲ့ မင်းရဲ့ မိတ်ဆွေတွေ အတွက် ယူသွားပါအုန်း။”
“ ငါလည်း ငွေသားနည်းနည်း ယူလာတယ်။”
“ငါကောပဲ။”
စားသောက်ပြီး ပြီးချင်းမှာပဲ။ ရွာသားတွေ ။ ဖန်ကျန်းရှီအနားကို ရောက်လာကြပြီးတော့။ သူတို့မှာ ရှိတာလေးတွေကို လာပေးကြတော့တယ်။
“ ဦးလေးလီ။ အဒေါ်ကျန်း။ ဒါတွေ ကို ကျွန်တော် မလိုပါဘူး။”
“ ကျန်းရှီ။ ဘာပြောတာလဲ။ အခုဆို ကိစ္စတွေက မတူတော့ဘူး။ ဒီ ပစ္စည်းတွေကို အပြင်မှာ သုံးလို့ရတယ်လေ။ ဒီအတိုင်းပြန်လာပြီးတော့ ဒီလိုကြီး ပြန်သွားတာ မျိုးတော့ မလုပ်နဲ့လေ။ အပြင်မှာ နေထိုင်စရိတ်က ဈေးကြီးတယ်။ ယူသာ ယူထားစမ်းပါ။ ” ကျန်းယန် ဖိန် လှမ်းပြောတယ်။
“ ဦးလေး ယန်ဖိန်။ ကျွန်တေန် အခု ချက်ခြင်း ပြန်သွားမှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ ကျွန်တော်အခု ချိန်မြှ ပိုက် ဆံ မလိုသေးဘူးလေ။ ” ဖန်ကျန်းရှီ ခါးသက်သက် ပြုံးနေမိတယ်။ သူတို့ တွေးနေတာကို သူ နားလည်တာပေါ့။ ဒါပေမယ့် သူက တကယ်ပဲ ပိုက်ဆံ လိုမှမလိုပဲ။
“ မင်း က မသွားဘူး။ ဘာပြောချင်တာပဲ။ မှောင်နေတဲ့ အချိန်မှာ သွားသင့်တယ်လေ။ ကန်လင်းတောင် လျှို့ဝှက် လမ်းကနေ ပြန်လို့ရတယ်။ လမ်းမကြီးက နေ မသွားနဲ့။ ”မ
“ ကျွန်တော် မသွားဘူး။”
“ ကျန်းရှီ မအ စမ်းပါနဲ့။ မင်း အင်အားကြီးတာ ဦးလေးသိတယ်။ ဒါပေမယ့် ကြီးမြတ်သောရှမင်းဆက်က စစ်သည်တော်တွေက။ အင်အားအရမ်းများတယ်။”
“အမှန်ပဲ။ ယန်ဖိန် ပြောတာ မှန်တယ်။ ငါတို့တွေက မိသားစု တစ်ခု တစ်ခုတည်းပဲ။ ငါတို့တွေ သေမှာ မကြောက်ဘူး။ ဒါပေမယ့် မင်းမှာ ရှေ့ဆက်ရမယ့် ဘ၀ ခရီး ရှိသေးတယ်လေ။ ဒီအတိုင်း သေသွားလို့ မဖြစ်ဘူး။” ရွာသားတွေ အကြံပေးတယ်။ ဖန်ကျန်းရှီကတော့ ပြောစရာ စကားမရှိ ဖြစ်နေခဲ့တယ်။ သူတို့တွေကို ဒီ အခြေအနေ ရှင်းပြဖို့ရာ မလွယ်ကူမှန်း နားလည်ပါတယ်။ ရွာသားတွေ အတွက်တော့။ တော်ဝင် ညီလာခံ ဆိုတာ ကောင်းကင်ဘုံလိုပဲ။ ဖန်ကျန်းရှီ အတွက်တော့။ အသက်ရှင်နိုင်စရာ လမ်းမရှိဘူးလို့ သူတို့ မြင်နေခဲ့တယ်။
“ သွား..။ သွားပါတော့။”
“ ကျွန်တော် မသွားဘူး။”
“ မရူးမိုက် စမ်းပါနဲ့။ သွား ပါ။”
“ ကျွန်တော် မသွားဘူး။”
“ဖန်ကျန်းရှီ အကြိမ် ကြိမ်။ ငြင်းဆန်ခဲ့တယ်။ ရွာသားတွေ ဘယ်အချိန် ထွကသွားလဲတောင် သူ မသိတော့ဘူး။ နောက်ဆုံး သူ လိုက်တာက။ အိပ်ချင်တာ တစ်ခုပဲ။ ရွာသားတွေနဲ့ ငြင်းခုံရတာက။ စစ်ပွဲတစ်ခုကို တိုက်ခိုက်ရတာထက် ပိုခက်တယ်။ ည နက် သန်းခေါင်ကို ရောက်လာပြီ။ ကြယ်တွေက ကောင်းကင်မှာ တလက်လက် တောက်ပနေခဲ့တယ်။ ချီရှင်းလိန်က။ ဖန်ကျန်းရှီ ရဲ့ နောက်မှာ ထိုင်ရင်း။ အိပ်ယာခင်းနေခဲ့တယ်။ သူမ နောက်မှာတော့ ဖန်ဟို့ဒဲ ရပ်နေခဲ့တယ်။
“ ရှင်းလိန်။ သားကို ချီပြီးတော့ အပြင် ထုတ်ထားရင်ကော။ ”
“ လုပ်ရဲရင် လုပ်ကြည့်စမ်း။ ကျွန်မ သားကို လက်ဖျားနဲ့တောင် မထိနဲ့။ ထိရင် ကျွန်မနဲ့ တွေ့မယ်။” ချီရှင်းလိန် ပြန်အော်တယ်။
“ဒါပေမယ့်…”
“ မနက်ဖြန်။ မနက် မှာ သားကို ထွက်သွားဖို့ ပြောပေးမယ်။” ချီရင်းလိန်ရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ ရစ်ဝဲလာခဲ့တယ်။ ဒီနေ့ကို ရောက်ဖို့ သူ တစ်နှစ် ကျော်ကြာအောင် ဟောင့်ဆိုင်းလာခဲ့ရတာ။ အကြိမ်ကြိမ်လည်း အိမ်မက် မက်ဖူးခဲ့တယ်။ သူမ သားက အခုချိန်မှာ ပြန်လာပြီလေ။ ဒါပေမယ့် သူမ မှာ ရွေးချယ်စရာမရှိတဲံ အတွက်။ သားကို ထွက်သွားဖို့ ပြောရတော့မယ်။ သူမ ရဲ့ နာကျင်မှုတွေကို ဘယ်သူ နားလည်နိုင်မှာလဲ။
…
မြောက်ရွာရဲ့ ည အချိန်ကတော့ တိတ်ဆိတ်နေခဲ့တယ်။ ဒါပေမယ့် ဟွေ့အန်း ဒေသ။ မြောက်ပိုင်းကျောင်းတော် ငါးခု နဲ့ ယန်မြို့တော်ကြီးကတော့။ သူတို့ ကြားလိုက်ရတဲ့ သတင်းကြောင့် ထိတ်လန့်နေခဲ့တယ်။ ဖန်ကျန်းရှီ ဟွေ့အန်း ဒေသမှာ ပေါ်ထွက်လာခဲ့တဲ့ သတင်းက ။ တောမီးလောင်တာထက်တောင် ပိုပြီးတော့ မြန်မြန်ဆန်ဆန် ပျံ့နှံ့ နေသေးတယ်။ အိမ်ရှေ့စံ ရဲ့ အိမ်တော်မှာတော့။ ပန်းအိုးအကြေတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
စစ်သည်တော်တွေ အမြောက်အများ ။ သူတို့ အိမ်တော်ထဲကနေ ထွက်လာကြတယ်။ အိမ်ရှေ့စံ အပြင်။ သွမ့်အရှင်။ ဝန်ကြီး ယွီယိဖျင်။ စစ်နတ်ကျောင်းတော်။ အကုန်လုံး။ သတင်းကို တစ်ချိန်တည်းမှာပဲ သိခဲ့ရတယ်။
“ဖန်ကျန်းရှီ။ ဟွေ့အန်း ဒေသကို ပြန်လာပြီ။”
“ သူမြောက်ရွာကို ပြန်သွားတယ်။ ”
ဒါက အတော့်ကို ခိုင်လုံပြီးတော့ မယုံကြည်စရာ ကောင်းနိုင်လွန်းတဲ့ သတင်းပဲ။ ဒါပေမယ့် ဟွေ့အန်းဒေသ တစ်ခုလုံးကတော့ ဖန်ကျန်းရှီ ပြန်လာတာကို မျက်မြင်တွေ့လိုက်ကြတယ်လေ။ ဒီသတင်း မမှန်တာတော့ မဖြစ်နိုင်တာပဲ။
“ ဒီကောင် ဘယ်လို လုပ်ဝံ့တာလဲ။ ”
“ သူ့ကို ဖမ်းရမယ်။”
“ ဒီတစ်ခေါက်တော့ အလွတ်ပေးလို့ မဖြစ်ဘူး။” ဒီအသံတွေ့ မြို့တော်ထဲမှာ ပဲ့တင့် ထပ်နတော့တယ်။ လွန်ခဲ့တဲ့ တစ်နှစ်တည်းက ။ စပြီးတော့ အိမ်ရှေ့စံ လင်းထျန်းရုံက ။ အင်အားတွေကို ပေါင်းစည်းနေတာ။ အခုချိန်မှာ ဘယ်သူမှ အနားကပ်လို့မရဘူး။
သွမ့်အရှင်တောင် ဘေးဖယ်နေရတယ်။ နောက်ဆုံးတော့လည်း။ တောင်ပိုင်းဒေသက အောင်ပွဲနဲ့။ ရှန်လင်းရဲ့ သေဆုံးမှုတွေက။ ညီလာခံမှာ အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ နေရာကို မြင့်မားလာစေတယ်လေ။ အမတ်မင်းတွေ အားလုံး နီးပါး။ သူ့ကို သစ္စာခံလိုက်ရတယ်။ လင်းထျန်းရုံ ကတော့ တနေ့မှာ ထီးနန်းကို သူ ဆက်ခံရ မှာ သေချာနေတဲ့ အတွက်။ ပျော်ရွှင်နေခဲ့တယ်။
…
…
ဖန်ကျန်းရှီက မြောက်ရွာကနေ မထွက်ခွာခဲ့ဘူး။ သူ့မိဘတွေ နဲ့ ရွာသားတွေက ဘယ်လိုပဲ ပြောပြော။ သူကတော့ ဆက်လက်ပျော်ပါးနေခဲ့တယ်။ သူ့ အိမ်က ဒီမှာလေ။
“ နေ့လယ်စာလေး စားပြီးရင် ပြန်ပါမယ်။”
“ ညစာလေး စားပြီးရင် ပြန်မယ်လို့ ကတိပေးတယ်။”
“ နောက်ကျနေပြီ။ ။ မနက် မှ ထ ပြန်တော့မယ်လေ။”
ဖန်ကျန်းရှီ ရှင်းပြလို့ မရမှန်း သိတာကြောင့်။ အချိန်သာ ဆွဲနေခဲ့တယ်။ ညနေစောင်း တစ်ခု။ ဖန်ကျန်းရှီ။ အိမ်ပြန်ရောက်နေတာ သုံးရက်ကြာသွားခဲ့ပြီ။
ဖန်အိမ်ရဲ့ ခြံတံခါးမှာ ကျန်းယန်ဖိန်ပေါ် လာခဲ့တယ်။ ဒီတစ်ကြိမ်မှာ ။ သူ အတော့်ကို အလျင်လိုနေတဲ့ ပုံစံပဲ။ ထိတ်လန့် ကြောက်ရွံ့မှုတွေ သူ့ မျက်နှာမှာ ပြည့်နေခဲ့တယ်။
“ ကျန်းရှီ ရေ။ သား မြန်မြန်ပေးတော့။ လူတွေ အများကြီး ရောက်နေကြတယ်။ စစ်တပ်ကလာတဲ့ သူတွေတဲ့။ စစ်တပ်ကြီး ရောက်နေပြီ။ ကန်လင်းတောင်ကို မြန်မြန်ပြေးတော့။” ကျန်းယန်ဖိန် အိမ်ပေါက်ဝကနေ လှမ်းအော်တယ်။
ကျန်းယန်ဖိန် အသံထွက်လာတဲ့ အချိန်မှာပဲ။ ရေခဲလို အေးစက်စက် အငွေ့အသက်တွေ တောက်ပနေတဲ့ ။ ဝတ်ရုံနက် အမျိုးသမီး ထွက်ပေါ်လာတယ်။
“ သခင် အနားယူ်နေတယ်။” ကျန်းယန်ဖိန်ကို သူမ လှမ်းပြောတယ်။
“ ငါသိတယ်။ … ။ ဒါပေမယ့်။ သူ့ကို ဖမ်းမယ့် သူတွေ အပြင်မှာ ရောက်နေပြီ။ ငါ့ လူတွေကို ရွာပတ်ပတ် လည်မှာ ချထားတာ။ သူတို့တွေ သုံးမိုင် အတွင်းရောက်နေပြီလို့ သတိရတယ်။” ကျန်းယန်ဖိန်။ အမျိုးသမီးငယ်ကို ဖြတ်ပြီးတော့ သွားလိုက်ချင်တယ်။ ဒါပေမယ့် သူ မလုပ်နိုင်ဘူး။
“အင်း..။ သိပြီ။” အမျိုးသမီး ခေါင်းငြိမ့်တယ်။
“ဒါဆိုရင်။ ကျန်းရှီကို ပြေးဖို့ ဘာလို့ သွားမပြောတာလဲ။” ကျန်းယန်ဖိန် စိတ်ရှုပ်ထွေးနေခဲ့တယ်။
“သခင်အနားယူနေတယ်။” အမျိုးသမီးတော့ ပုံမှန်အတိုင်းသာ ပြန်ဖြေခဲ့တယ်။
“….” ကျန်းယန် ဖိန် ပြောစရာ စကားမရှိ ဖြစ်သွားခဲ့တယ်။ သူ့မှာ ထပ်ရှင်းပြဖို့ အချိန် မရှိတော့ဘူးဆိုတာလည်း သူသိတယ်။ ဒါကြောင့် နောက်တစ်လှမ်း ပြန်ဆုတ်သွားတယ်။
“ ကျန်းရှီ။ ရွာပြင်မှာ မင်းကို လာဖမ်းတဲ့ စစ်တပ်ကြီး ရောက်နေပြီ။ ပြေးတော့။ မြန်မြန်ပြေး ။ ဟို့ဒဲ ။ ရှင်းလိန် ။ မင်းတို့သူ့ကို မသေစေချင်ရင်ပြေးခိုင်းတော့။ ”
အပိုင်း(၄၈၅)ပြီး၏။
အပိုင်း(၄၈၆)
“ ပေါက်ကွဲမှု။”
“ဘာပြောတယ်။ စစ်တပ်ကြီးက ဖန်ကျန်းရှီကို ဖမ်းဖို့ လာနေပြီတဲ့လား။ ”
“မင်း ဘာတွေ လုပ်လိုက်တာလဲ။ ကျန်းရှီ ကို ထွက်သွားဖို့ ပြောလိုက်။” ချီရှင်းလိန် နဲ့ ဖန်ဟို့ဒဲ ရဲ့ အသံ ထွက်လာခဲ့တယ်။ အဲ့ဒီ့နောက်။ အဝတ်လဲတဲ့ အသံ တစ်ချို့ထွက်လာခဲ့တယ်။ ခြံဝန်းထဲကို လူတစ်ယောက် ဆင်းလာခဲ့တယ်။ ဒါကတော့ ဖန်ကျန်းရှီ။ အပြာရောင် အကျီလက်ရှည်ကို ဝတ်ထားပြီးတော့ သမ်းဝေရင်း နဲ့ လျှောက်လာခဲ့တယ်။ သူ့ ရဲ့ ဆံပင်တွေကို သပ်သပ်ရပ်ရပ် ဖီးသင်ထားခဲ့တယ်။ ဒါပေမယ့် သူ အခုမှ နိုးလာတာကတော့ သေချာနေတယ်။
“ ကောင်းသော နံနက်ခင်းပါ ဦးလေး ယန်ဖိန်။” ဖန်ကျန်းရှီ လှမ်း နှုတ်ဆက်တယ်။
“ မင်္ဂလာ နံနက်ခင်းဟုတ်လား။ အခုက နေ့လည်တောင် ရောက်နေပြီလေ။ စစ်တပ်ကြီး နီးလာနေပြီ။ ငါ့နောက် လိုက်ခဲ့။ ကန်လင်းတောင် လမ်းပေါ်မှာ စောင့်နေတဲ့ လူတွေရှိတယ်။ မင်းအတွက် အရာအားလုံး ပြင်ဆင် ပြီးသွားပြီ။ အခု….”
“ဦးလေး ယန်ဖိန်။ ကျွန်တော် မသွားဘူး။ ” ဖန်ကျန်းရှီ ခေါင်းခါရင်း။ ကျန်းယန်ဖိန်ရဲ့ စကားကို ဖြတ်ပြောတယ်။
ချီရှင်းလိန် နဲ့ ဖန်ဟို့ဒဲ တို့ ဘယ်လောက်တောင် စိတ်ရှုပ်ထွေးနေမှန်း ။ သူ အကုန်ကြားတယ်။ ဖန်ကျန်းရှီ က အခုချိန်မှာ ထွက်မသွားတာ။ သူ့ မိဘတွေနဲ့ မခွဲနိုင်တာကြောင့်လို့ သူတို့ ထင်နေကြတာ။ ဒါပေမယ့် အခုချိန်မှာ။ စစ်တပ်ကြီးက နီးကပ်လာနေပြီလေ။ သူက ကိုယ့်သေတွင်း ကိုယ်တူးနေတာလား။ ဒါမှမဟုတ်။ ကိုယ့်သေလမ်း ကိုယ်ဖောက်နေတာလား။
“ မဟုတ်ဘူး။ ငါ့ သား။ သားလေးက အမေ့ရဲ့ တစ်ဦးတည်းသော သားလေ။ ဒီအတိုင်းတော့ ထောင်ထဲကို မဝင်ခိုင်း နိုင်ဘူး။ အကယ်၍ တစ်ခုခု ဖြစ်လာခဲ့ရင်….”
“အမေ….” ဖန်ကျန်းရှီက ချီရှင်းလိန်ရဲ့ လက်မောင်းကို ပွေ့ဖက်ထားခဲ့တယ်။ ရွာသားတွေကို ရှင်းပြလည်း အကျိုးမထူးမှန်း သူသိတယ်။ သူတို့တွေ အတွက်တော့။ ဖန်ကျန်းရှီက ဝရမ်းပြေး တစ်ယောက်ပဲ။ သူတို့ ကို ယုံကြည်စေဖို့ လုပ်ရမယ့် တစ်ခုတည်းသော အလုပ်က။ သူ့အစွမ်းတွေကို မျက်မြင်တွေ့အောင် ပြသရမှာပဲ။ သူတို့တွေ မြင်ရဖို့ လိုတယ်။ ကျန်းယန်ဖိန်ကို လမ်းပိတ်ပြီးတော့ ရပ်နေတဲ့ မျက်နှာဖုံးနက် အမျိုးသမီးကို ကြည့်ရင်း။ ဖန်ကျန်းရှီ ပုခုံးတစ်ချက် တွန့်လိုက်တယ်။
“ချင်းယီ။ သူတို့တွေ ဘယ်နေရာ ရောက်ပြီလဲ။”
“ ဆယ့်ငါးမိနစ် စာ အကွာအဝေး။” မျက်နှာဖုံးနက် အမျိုးသမီး အေးစက်စက် ပြန်ဖြေတယ်။
“အင်း … အစီအစဉ် အတိုင်း ဆက်လုပ်။”
“ အမိန့်တော် အတိုင်းပါ။ ” မျက်နှာဖုံးနက် အမျိုးသမီး ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက်။ ရွာဝင်ပေါက်ကို သူ ထွက်သွားတော့တယ်။ ကျန်းယန်ဖိန်။ ချီရှင်းလိန် နဲ့။ ဖန်ဟို့ဒဲ သူတို့ ကြားလိုက်ရတဲ့ စကားတွေကြောင့်။ တုန်ယင်ကြောက်လန့်နေကြတယ်။
“ကျန်းရှီ။ မင်းက စစ်တပ်ကို တိုက်ခိုက်မလို့လား။” ကျန်းယန်ဖိန် ခန့်မှန်းနေတယ်။ ဒါမျိုး အရင်က ဖြစ်ဖူးတယ်လေ။
“ကျန်းရှီ။ အခုချိန်မှာ ကိစ္စတွေက မတူဘူးလေ။ အရင်တစ်ခေါက် တိုက်ခိုက် တုန်းက။ မင်းက အဆင့်လေး အမတ်မင်း။ ချီကူယန် နဲ့ မင်းသမီးနှစ်ယောက် စလုံးလည်း ရှိနေတယ်။ အခုတော့… အခုတော့…. မင်းမှာ ဘာမှ မရှိတော့ဘူး ။” ချီရှင်းလိန် လည်း အတော့်ကို စိုးရိမ်နေခဲ့တယ်။
“ သား။ အဖေကတော့ မင်း နဲ့ အတူ ရပ်တည်မှာပဲ။ ဒါပေမယ့် ငါ့တို့ မြောက်ရွာ…..”
“ အကို ဟို့ဒဲ။ ဖန်ကျန်းရှီသာ မရှိရင်။ ကျွန်တော်တို့ရဲ့ မြောက်ရွာလည်း ရှိနိုင်မှာ မဟုတ်တော့ဘူး။ အကယ်၍ ဖန်ကျန်းရှီ သာ တိုက်ခိုက်ချင်ရင်။ ကျွန်တော်တို့ လည်း သူနဲ့ အတူ တိုက်ခိုက် မှာ။” ကျန်းယန်ဖိန် က ဖန်ဟို့ဒဲရဲ့ စကားကို ဖြတ်ပြောတယ်။
“ ဟုတ်တယ်။ ငါတို့ အကုန် ဒီမှာ ရောက်နေပြီပဲ။”
“ငါတို့လာတာ။ ဖန်ကျန်းရှီကို ဖမ်းဖို့ စစ်တပ်ကြီး ရောက်လာတယ် ကြားလို့ပဲ။ ”
“ ငါတို့ ဘာလုပ်ပေးရမလဲ ပြောသာပြောလိုက်။”
လေးမြားတွေ လှံတွေ ကိုင်ထားတဲ့ ရွာသားတွေ အုပ်စုလိုက်ကြီး ။ ဖန်ကျန်းရှီတို့ အိမ်ကို ရောက်ချလာခဲ့တယ်။
“အမ်… ကျွန်တော်…..” ဖန်ကျန်းရှီ ဒါကို မြင်တော့ အတော့်ကို စိတ်ထိခိုက်မိတယ်။ ဒါပေမယ့် ရွာသားတွေကိုတော့ သူ ဘာမှ မပြောနိုင်ဘူး။ နောက်ဆုံးတော့လည်း။ ဒီလောကမှာ ဒီလို သစ္စာရှိတဲ့ လူက ရှားသွားပြီလေ။
“ ကျန်းရှီ။ မင်း ငါတို့ကို ဘာမှ အကြွေးမတင်ဘူး။ မင်း အသက် ဆယ်နှစ်မှ ဒီကို ရောက်လာတုန်းက။ ငါတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို မင်း ကူညီပေးခဲ့တယ် ။ ပတ်ဝန်းကျင် ရွာတွေက ဘေးအန္တရာယ် ကျရောက် ပင်မယ့်။ ငါတို့ကတော့။ ရိက္ခာအမြဲ လုံလောက်တယ်။ ညဘက်မှာလည်း နွေးနွေးထွေးထွေး နဲ့ အန္တရာယ် ကင်းကင်း အိပ်ရတယ်။ မင်းကို ငါတို့ ပြန်ကူညီချိန် ရောက်ပြီ။”မ
“ ဟုတ်တယ်။ သူတို့နဲ့ နောက်ဆုံး အချိန်ထိ။ ငါတို့ တိုက်ခိုက်မယ်။ အသက်ပေးပြီး တိုက်ခိုက်မယ်။”
“ သူတို့ကို အဆုံးထိ တိုက်ခိုက်မယ်။”
“ မင်းတို့ အားလုံး ဒီကို။ ရောက်လာတာ။ ကျန်းရှီကို ကာကွယ်ဖို့ပဲ။ ဒါဆိုရင်။ ရွာဝင်ပေါက်ကို သွားကြတော့။ ကျန်းရှီ အတွက် အချိန်ဆွဲပေးရမယ်။” ကျန်းယန်ဖိန် အကြံရသွားတဲ့ ပုံပဲ။
“ ဟုတ်တယ်။ ဟုတ်တယ်။ ငါတို့ ရွာဝင်ပေါက်ကို သွားရအောင်။”
ရွာသားတွေ သူတို့ လက်ထဲက လက်နက်တွေကို ဝေ့ယမ်းလိုက်ကြတယ်။ ဖန်ကျန်းရှီ ပြန်ဖြေဖို့တောင် သူတို့ အချိန် မပေးကြဘူး။ အဲ့ဒီ့နောက်။ ကျန်းယန်ဖိန်ရဲ့ ဦးဆောင်မှု နဲ့ အတူ။ သူတို့ အားလုံး ရွာအဝင်ပေါက် ဆီကို ပြေးသွားတော့တယ်။ ဖန်ကျန်းရှီကတော့ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့တယ်။ သူ့မျက်လုံးသူ မယုံနိုင်ဘူး။ သူ့ကို အချိန်ဆွဲပေးဖို့တစ်ခုတည်း နဲ့ သူတို့တွေက ပုန်ကန်တော့မလို့လား။
သူတို့ကို သူ မတားနိုင်သေးခင် အချိန်မှာပဲ။ ကျန်းယန်ဖိန်နဲ့ ရွာသားတွေ အကုန်လုံးက ။ မြင်ကွင်းရှေ့ကနေ ပျောက်ကွယ်သွား ခဲ့တယ်။ ပိုပြီးအရေးကြီးတာကတော့။ ဖန်ဟို့ထဲက အိမ်ထဲ ပြေးဝင်သွားပြီးတော့။ သူ့ အိပ်ယာအောက်မှာ သိမ်းထားတဲ့ အမဲလိုက်ဓားကို သွားပြေးယူတာပဲ။ ဒီ အမဲလိုက်ဓားကို သူအမဲလိုက်တဲ့ အချိန်တိုင်း အမြဲယူသွားခဲ့တယ်။ သူအမဲမလိုက်တာ နှစ်တွေ အကြာကြီး ကြာနေခဲ့ပေမယ့်။ အမဲလိုက်ဓားကို တော့ သူ့ အိပ်ယာအောက်မှာ အမြဲ ထားထား တုန်းပဲ။ သူ အချိန်အားတိုင်း ဓားကို အမြဲတိုက်ချွတ် နေတဲ့ အတွက်။ ဓားက တောက်ပြောင်းနေခဲ့တယ်။
“ အဖေ။ ဘာဖြစ်လို့ ဓားကြီး ထုတ်လာတာလဲ။” ဖန်ကျန်းရှီ မျက်တောင် တဖျပ်ဖျပ် ခတ်ရင်း မေးနေတယ်။
“ ရွာသားတွေ အကုန်လုံး။ မင်းအတွက် ရွာဂိတ်တံခါးကို သွားကုန်ကြပြီလေ။ ငါ ကော မသွားလို့ ဖြစ်မလား။ ငါ့ကို တားဖို့ ပြင်မနေနဲ့။ သား လုပ်စရာ ရှိတာသာ လုပ်။” ဖန်ဟို့ဒဲ အော်ဟစ်တယ်။ အဲ့ဒီ့နောက်။ ဖန်ကျန်းရှီကို ကွေ့ပတ်ပြီးတော့။ ဂိတ်တံခါးဆီကို သွားတော့တယ်။ ဖန်ကျန်းရှီနဲ့ ချီရှင်းလိန် ကတော့ ဥယျာဉ်ထဲမှာ ကျန်ခဲ့တယ်။
“ အမေ……”
…
မြောက်ရွာရဲ့ ရွာအပြင်ဘက် မှာ။ ဝေ့ဝိုက်စီးဆင်းနေတဲ့ စမ်းချောင်းလေး ရှိတယ်။ မျက်နှာဖုံးနက် အမျိုးသမီးကတော့ ။ ဓားအိမ် ထဲမှာ ထည့်ထားတဲ့ ဓားတစ်ချောင်းကို ကိုင်ရင်း ။ ရွာဝင်ပေါက်မှာ စောင့်နေခဲ့တယ်။ ဓားအိမ်မှာ တိမ်သဏ္ဍာန်တွေနဲ့ ပြည့်နေခဲ့တယ်။ ရွာသားတွေက သူမ နောက်မှာ ရပ်နေတယ်။ ချင်းယီ ကတော့ သူတို့ကို တားဖို့ စိတ်ကူးမရှိ။ ရုပ်တုကြီးတစ် ခုလိုသာ ရပ်နေခဲ့တယ်။ ိ
အဲ့ဒီ့နောက်။ မိုးမြေတစ်ခုလုံးကို တုန်ဟီးစေတဲ့ အသံတွေနဲ့အတူ။ စစ်တပ်ကြီးရောက်ရှိလာတော့တယ်။ ရွာသားတွေက သူတို့ လက်နက်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ ကြီးမြတ်သောရှမင်းဆက်က စစ်သည်တော်တွေနဲ့ သူတို့ တစ်ခါမှ မတိုက်ခိုက်ဖူးဘူး။ ဖုန်မှုန့်တွေက။ ကောင်းကင်ပေါ်ကို ထိုးတက်သွား သလို။ အနက်ရောင် ပုံရိပ်တွေ မိုးကုပ်စက်ဝိုင်း စွန်းမှာ ပေါ်လာခဲ့တယ်။ သူတို့တွေက အတော့်ကို မြန်မြန် လာနေကြတာ။ သံချပ်ကာ ဝတ်စုံပြည့်နဲ့ စစ်တပ်ကြီးပဲ။ မဟူရာမြင်းပျံတွေကို စီးနင်းလာကြတယ်။
“ နှင်းမဟူရာ မြင်းပျံတွေ။”
“ အဲ့…. အဲ့တာ… နတ်ဆိုးကျောင်းတော်က တပ်နီတော်ပဲ။”
“အနည်းဆုံး အယောက် နှစ်ထောင်ကျော်ရှိတယ်။ ”
“ တပ်နီတော် က စစ်သည် အယောက် နှစ်ထောင်။ …. မဖြစ်ဘူး။ ကျန်းရှီကို မြန်မြန် သွားပြော။ ပြေးနိုင်သလောက် မြန်မြန် ပြေးတော့လို့။ တပ်နီတော်က သူ့ကို ဖမ်းဖို့လာနေပြီ။ ” ချဉ်းကပ်လာတဲ့ စစ်တပ်ကြီးရဲ့ ။ ဝတ်စုံပေါ်က အနီရောင် တြိဂံကို မြင်တော့။ ရွာသားတွေ နောက်ကို ဆုတ်သွားခဲ့တယ်။
အကယ်၍ ဒါသာ ကျောင်းတော် ရဲ့ အစောင့် စစ်သည်တွေ သက်သာက် သာ ဖြစ်မယ် ဆိုရင်တော့။ သူတို့တွေ ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူး။ ရှေ့တိုးပြီးတော့ တိုက်ခိုက် ကြမှာပဲ။ ဒါပေမယ့် အခုက။ မြောက်ပိုင်းဒေသ ရဲ့ တပ်နီတော် ဖြစ်နေတယ်။ ကြီးမြတ်သောရှမင်းဆက် ရဲ့ အထူးချွန်ဆုံး တပ်ဖွဲ့တွေ ထဲက တစ်ခု။ သူတို့လို သာမာန် ရွာသားလေးတွေက ဘယ်လိုများ ရင်ဆိုင်နိုင်မှာလဲ။
ရွာသားတွေ တုန်ယင်လာတယ်။ ဒါပေမယ့် သူတို့ နေရာကနေ မရွေ့လျားကြဘူး။ အံကြိတ်ရင်းနဲ့ သာ မတ်မတ် ရပ်နေခဲ့တယ်။
“ ရပ်။” ခေါင်းဆောင် အမိန့်ပေးတယ်။ စစ်သည်တော် အယောက် နှစ်ထောင်လုံး ရပ်တန့်သွားခဲ့တယ်။ သူတို့ တစ်ယောက်ချင်းစီရဲ့ ကိုယ်က ထွက်ပေါ်လာနေတဲ့ ။ သတ်ဖြတ်မှု အငွေ့အသက်တွေ က အရမ်းကို ပြင်းထန်လွန်းနေတယ်။ ဒါကို ရပ်နေတဲ့ ရွာသားတိုင်း ခံစားမိတယ်။ သူတို့တွေ ကြောက်ရွံ့နေခဲ့ကြပြီ။
“ ဖန်ကျန်းရှီ ဘယ်မှာလဲ။” ရွာသားတွေကို ခေါင်းဆောင် မေးတယ်။
“ရွာထဲမှာ။ ” ချင်းယီ ပြန်ဖြေတယ်။
“ မဟုတ်ဘူး။ ဖန်ကျန်းရှီ ပြန်မလာသေးဘူး။ ”
“ ဟုတ်တယ်။ သူ ပြန်မှ မလာပဲ။ စစ်သူကြီး ” ရွာသားတွေ ချက်ခြင်းကို ငြင်းကြတော့တယ်။
“ ရွာထဲမှာ သူရှိနေရင်။ ထွက်လာခိုင်း။” ခေါင်းဆောင်က ရွာသားတွေ လျစ်လျူရှုရင်း။ ချင်းယီရဲ့ ဓား ကို ကြည့်နေခဲ့တယ်။
“ သူ့ကို ရှာချင်ရင်။ ရွာထဲကို ဝင်သွားလိုက်။ ဒါပေမယ့် နင်တို့ထဲက တစ်ယောက်ပဲ ဝင်ရမယ်။”ချင်းယီ ခေါင်းခါ ရင်း ဖြေတယ်။ တခြား ရွာသားတွေကတော့ အခုချိန်မှာ မတည်ငြိမ်နိုင်တော့ဘူး။ နောက်ပြီးတော့။ တပ်နီတော် အယောက် နှစ်ထောင်တောင်လေ။ ချင်းယီက တစ်ယောက်တည်းနဲ့ ဘယ်လိုများ ရင်ဆိုင်နိုင်မှာလဲ။
“ မင်း ဘယ်လိုပြောဝံ့တာလဲ။ မင်း စကားပြောနေတာ ဘယ်သူလို့ ထင်လဲ။” ခေါင်းဆောင်ရဲ့ အမူအယာက ပြောင်း လဲသွားတယ်။ ရွာသားတွေကတော့။ သူတို့ ခေါင်းပေါ်ကို တောင်ကြီးတစ်လုံး ဖိထားခံရသလို ခံစားနေရတယ်။ သူတို့တွေ တုန်ယင်ပြီး ချွေးသီးချွေးပေါက်တွေ စီးကျလာခဲ့တယ်။
“ ငါတို့ တပ်နီတော်ကို စိတ်ဆိုး စေမိပြီ။”
“ မြောက်ရွာ အခု အဆုံးသတ်တော့မှာလား။”
“ ဖန်ကျန်းရှီ လွတ်သွားရင်တော့ ကောင်းမှာပဲ။” ရွာသားတွေ အကုန်လုံး ကြောက်လန့်နေခဲ့တယ်။
မြောက်ပိုင်းဒေသ အတွက်တော့။ တပ်နီတော်က နတ်ဘုရားတွေလိုပဲ။ ချင်းယီ ပြောသလို လေသံ မျိုးနဲ့ တပ်နီတော်ကို ပြောလို့ရတယ်လို့ မသိခဲ့ဘူး။
“ တပ်နီတော် ခေါင်းဆောင်။ လီကျန်းဖုန်း။” ချင်းယီ ပြန်ဖြေတယ်။
“အိုး… မင်းက ဘယ်သူလဲ။” လီကျန်းဖုန်း မျက်ခုံးပင့်ရင်းမေးတယ်။ သူ့ကို သူမ သိတာ မထူးဆန်းပေမယ့်။ သူမက အင်အားကြီးလွန်းလို့ သူတောင် မဖိနှိပ် နိုင်ဘူးလေ။
“ချင်းယီ။” ချင်းယီကတော့ ပုံမှန် အတိုင်း ပြန်ဖြေတယ်။
“ မင်း ဘယ်ကလာတာလဲ။”
“ ငါက ချင်းယီ။”
“ အင်း… ချင်းယီ ။ အကယ်၍ ငါ့ တပ်နီတော်ကို အတင်း ဖြတ်ခိုင်းရင်ကော မင်း ဘယ်လို လုပ်မလဲ။” လီကျန်းဖုန်း ခေါင်းငြိမ့်ရင်း ပြောတယ်။
“မင်း ကြိုးစားကြည့်လေ။” ချင်းယီကတော့ မလှုပ်ရှား။
“ကောင်းပြီလေ။ ငါ ကြိုးစားကြည့်ရတာပေါ့။ ” လီကျန်းဖုန်း တိုက်ခိုက်ဖို့ လှံကို အသင့်ပြင်လိုက်တယ်။ လံှံက အပြာရောင် အလင်းတန်း နဲ့ တောက်ပနေခဲ့တယ်။
“ကျန်းဖုန်း။ ရပ်လိုက်။”
ဒီအချိန်မှာပဲ သူ့ အနောက်က အသံထွက်လာခဲ့တယ်။
“အမိန့်တော်အတိုင်းပါ သခင်။” လီကျန်းဖုန်း ချက်ခြင်း ဘေးဖယ်တယ်။ သက်လတ်ပိုင်းလူကြီး တစ်ဦး ရှေ့ကို ထွက်လာခဲ့တယ်။ ခရမ်းရင့်ရောင် ဝတ်ရုံရှည်ကို ဝတ်ထားပြီးတော့ ။ သားရဲကောင်ပုံစံ ရွှေချည်ထိုး ဝတ်ရုံကို ခြုံလွှမ်းထားတယ်။ သားရဲကောင်ရဲ့ နဖူးပေါ်မှာ အနီရောင် တြိဂံတစ်ခု ရှိနေခဲ့တယ်။
“ သခင်။”
“အဲ့တာက …” လီကျန်းဖုန်းရဲ့ စကားကိုကြားတော့ ။ ရွာသားတွေ လူတစ်ဦးကို တွေးမိတယ်။
မြောက်ပိုင်းဒေသကျောင်းတော် ငါးခု ခေါင်းဆောင်။ မြောက်ရွာက ရွာသားတွေ အတွက်တော့ စစ်မှန်တဲ့ ဒဏ္ဍာရီလာ သူရဲကောင်း တစ်ယောက်။ ကိုယ်တိုင် မြင်တွေ့ရဖို့အတွက်တောင်။ မမျှော်လင့်ခဲ့ရတဲ့သူ။ ကျောင်းတော် ဆယ့်သုံးခုရဲ့ ခေါင်းဆောင် တစ်ယောက်။
“ ငါက ကျန်းယန်ဖိန်။ ရွာအကြီးအကဲပါ။ သခင်။ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ။”
အကယ်၍ တပ်နီတော်သာ ရွာသားတွေရဲ့ နှလုံးသားကို ။ ထိုးစိုက် နိုင်ရင်။ ချီဟို့ကို လူကိုယ်တိုင် မြင်ရတာကတော့။ အတော့်ကို နာကျင်စရာပဲ။ ချီဟို့နဲ့ မြောက်ပိုင်း ကျောင်းတော်တွေက မြောက်ပိုင်း လူရိုင်းတွေကို အသက်စွန့်တိုက်ခိုက်ခဲ့တာလေ။ ရွာသားတွေ အားလုံး ဒူးထောက်လိုက်ကြတယ်။
“ ထကြပါ ရွာသားတို့။ ငါက ဖန်ကျန်းရှီကို ပဲ ရှာဖို့လာတာ။” ရွာသားတွေကို မြင်တော့။ ချီဟို့ သူ့ရဲ့ လူသတ်ငွေ့တွေကို ပြန်ရုပ်သိမ်းလိုက်တယ်။
“အရှင်။ ကျန်းရှီကို ခွင့်လွှတ်ပေးပါ။ သူက မှားယွင်း စွပ်စွဲခံရတာပါ။”
“သခင်။ ဖန်ကျန်းရှီကို အသက်ချမ်းသာပေးပါ။” ရွာသားတွေ ချီဟို့ ကိုယ်တိုင် လာတာ မြင်တော့ ။ ဖန်ကျန်းရှီ အသက်ရှင်ဖို့ အလားအလာ မရှိတော့ဘူးလို့ ထင်မိလိုက်တယ်။
“ ရွာသားတို့။ ဖန်ကျန်းရှီရဲ့ ပြစ်မှုက နိုင်ငံတော်အဆင့်ကို ရောက်နေပြီ။ ညီလာခံကပဲ ဆုံးဖြတ်ရတော့မှာ။ အကယ်၍သူသာ အမှန်တကယ် အပြစ်ကင်းရင်။ ညီလာခံက သူ့ကို ချမ်းသာပေးမှာပါ။” ရွာသားတွေရဲ့ တောင်းဆို သံတွေကြောင့် ချီဟို့ ရဲ့ မျက်လုံး တောက်ပလာခဲ့တယ်။ ကြည့်ရတာ ။ ဖန်ကျန်းရှီက ဒီနေရာမှာ အတော့်ကို နက်နက်ရှိုင်းရှိုင်းချည်နှောင်ထားတဲ့ ပုံပဲ။ ဒါပေမယ့် ။ ဘာဖြစ်လို့ သူတို့ကို တားဖို့ လူ လွှတ်ထားတာလဲ။ ရွာထဲကို လည်း တစ်ယောက်ပဲ ဝင်စေချင်တယ် ပေါ့။ ချီဟို့ စဉ်းစားရင်း ဒေါသထွက်လာတယ်။
“ ဖန်ကျန်းရှီ။ ငါ အကြီးအကဲ။ မင်းကိုတွေ့ဖို့ မြောက်ရွာကို ကိုယ်တိုင် ကိုယ်ကျ ရောက်လာပြီ။ မင်း ဘာလို့ ငါ့ကို အခု ထိ နှုတ်မဆက် သေးတာလဲ။ ငါက မင်းကို လာနှုတ်ဆက်ရမှာလား။ ”
အပိုင်း(၄၈၆)ပြီး၏။
အပိုင်း (၄၈၇)
“ တစ်ခုတည်းသော ရွေးချယ်မှု”
“အကြီးအကဲလား”
“ ထွက်လာပြီး ငါ့ကို လာတွေ့ ဟုတ်လား ။” ကျန်းယန်ဖိန် နဲ့ ရွာသားတွေ ဒါကို ကြားတော့ လန့်သွားတယ်။ သူတို့တွေက ဖန်ကျန်းရှီကို ဖမ်းဖို့ လာတာ မဟုတ်ဘူးလား။ ချီဟို့ရဲ့ အသံက တမျိုးတစ်မည် ထူးဆန်းနေသလိုပဲ။ ရွာသားတွေ အတွက်တော့။ တပ်နီတော် ဒီမှာ ရောက်နေရတာက ဖန်ကျန်းရှီကို ဖမ်းဖို့ လို့ပဲ သူတို့ ထင်တယ်။ ဘာလို့များ။ လူကိုယ်တိုင် ထွက်လာဖို့ ပြောနေရတာလဲ။ နတ်ဆိုး ကျောင်းတော် က ဖန်ကျန်းရှီကို လွတ်မြောက်ဖို့ အခွင့်အရေး ပေးနေတာလား။ ကျန်းယန်ဖိန် နဲ့။ ရွာသားတွေ မျှော်လင့်ချက် ကြီးမားလာတော့တယ်။ ချီဟို့က ဖန်ကျန်းရှီကို ရိုက် နှက်ပြီးတော့ ခေါ်မသွားတာကိုပဲ သူတို့ ဝမ်းသာနေကြတယ်။ သူတို့ တွေ ကျေးဇူတင် စကား ပြောတော့မယ့် အချိန် မှာပဲ။ သူတို့ နောက်ကနေ အသံထွက်လာခဲ့တယ်။
“ အရှင်က။ အကြီးအကဲ တစ်ယောက် အနေနဲ့ ရွာကို လာတာဆိုရင်။ ဘာကြောင့်များ။ ကျွန်တော့် ဆွေမျိုးတွေကို ဒူးထောက်ခိုင်းထားရတာလဲ။” အသံက ရွာထဲကနေ ထွက်လာ ပေါ်လာတယ်။ တစ်စထက် တစ်စ နီးကပ်လာတာကိုတော့ အသံအရ သိနိုင်တယ်။
“ဆွေမျိုးတွေ ဟုတ်လား။” ချီဟို့ ပုခုံးတွန့်လိုက်တယ်။ အဲ့ဒီ့နောက် ဒူးထောက်နေတဲ့ ရွာသားတွေကို သူကြည့်တယ်။ ကျန်းယန်ဖိန်နဲ့ တခြား ရွာသားတွေကတော့ ကျက်သေသေနေခဲ့တယ်။
ဒီအသံက ဖန်ကျန်းရှီရဲ့ အသံ ဆိုတာ သူတို့ သိတယ်။ ဒါပေမယ့် ဘာတွေ ဖြစ်နေလဲ ဆိုတာ နားမလည်နိုင်ဘူး။ ချီဟို့ကတော့ ဖန်ကျန်းရှီကို လွတ်လမ်းပေးနေတဲ့ ပုံစံပဲ။ ဖန်ကျန်းရှီက ဘာလို့များ ရှေ့ထွက်လာတာလဲ။ နောက်ပြီးတော့ ဖန်ကျန်းရှိက သူတို့ကို ဆွေမျိုးလို့ ခေါ်ပြီးတော့။ ချီဟို့ကိုကျ အကြီးအကဲလို့ ခေါ်နေတာလဲ။ သူတို့တွေက သူတို့က ဘယ်လိုများ နတ်ဆိုး ကျောင်းတော်က ခေါင်းဆောင် နဲ့ ယှဉ်လို့ရမှာလဲလေ။ အသတ်မခံရရင်တောင် ကံကောင်းလွန်းနေပြီ။ ကျန်းယန်ဖိန်နဲ့ ရွာသားတွေကတော့ စိတ်ရှုပ်ထွေးနေကြတယ်။ ဖန်ကျန်းရှီက ထက်မြက်မှန်း သူတို့ သိပါတယ်။ သူတို့တွေးနေတဲ့ အချိန်မှာပဲ။ အသံ တစ်သံ ထွက်လာခဲ့တယ်။
“ မင်းတို့ အားလုံးက ဖန်ကျန်းရှီ ရဲ့ ဆွေမျိုးတွေဆိုတော့။ ငါ့ရဲ့ ဆွေမျိုးတွေပဲ။ ထကြပါ။” အသံက မကျယ်လောင်ဘူး။ ဒါပေမယ့် လူတိုင်း ကောင်းကောင်းကြားနိုင်ဖို့ လုံလောက်တယ်။ ( “ ဆွေမျိုးတွေ ။” “ထကြပါ” ) ဒီစကားလုံးတွေက ကျန်းယန်ဖိန်နဲ့ ရွာသားတွေကို အံ့သြစေတယ်။ ဘာတွေဖြစ်နေမှန်း သူတို့ မသိဘူး။ တစ်ယောက်မှလည်း ထ မရပ်ကြဘူး။
နတ်ဆိုးကျောင်းတော် ခေါင်းဆောင်။ ချီဟို့က ။ သူတို့ကို ဆွေမျိုးတွေလို့ ခေါ်လိုက်တာလား။
“ မင်းတို့ အားလုံး ဆက်ပြီးတော့ ဒူးထာက်နေတုန်းလား။ ငါ့ကိုပါ ဒူးထောက်စေချင်လို့လား။” ချီဟို့ ဒူးတစ်ဖက် ထောက်လိုက်တယ်။
“ မဟုတ်ပါဘူး။ ကျွန်တော်တိုက မလုပ်ဝံ့ဘူး။ နတ်ဆိုး ကျောင်းတော်က မြောက်ပိုင်း လူရိုင်းတွေကို တိုက်ခိုက်နေတာ နှစ်တွေကြာပြီ။ ကျွန်တော်တို့လို သာမာန် ရွာသားတွေက မြင့်မြတ်တဲ့ အရှင် နဲ့ ဘယ်လိုများ တုပြိုင်ဝံ့မှာလဲ။”
“ အမှန်ပါပဲ။”
“ လူတိုင်း ထကြတော့။”
ကျန်းယန်ဖိန်နဲ့ ရွာသားတွေက တုန်ယင်နေကြတယ်။ သူတို့ ချက်ခြင်း မြန်မြန်ဆန်ဆန် မတ်တပ်ထရပ်လိုက်ကြတယ်။ ချီဟို့ကတော့ ဒါကို မြင်တော့ ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက်။ မြောက်ရွာထဲကို သူလှမ်းကြည့်တယ်။ သူ့ အကြည့်က သစ်သား ရုပ်ထုမှာ ရပ်တန့်သွားတယ်။
“ ဟေး…. အယုတ်တမာကောင်။ ငါ့ကို ခုထိ ထွက်မတွေ့သေးဘူးလား။” ချီဟို့ ဒေါသထွက်လာတာ သိသာလာတယ်။ အဲ့ဒီ့နောက်။ သစ်သား ရုပ်တုရဲ့ နောက်ကနေ လူတစ်ယောက်ထွက်လာခဲ့တယ်။ ရွာတံခါးကနေ ထွက်လာတဲ့ သူ့ကို ချီဟို့ ကြည့်နေတယ်။ အဲ့ဒီ့လူ နီးကပ်လာတာကို သူ စောင့်ကြည့်နေတယ်။
ချင်းယီကတော့ သူမရဲ့ ဓားလက်ကိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း။ စောင့်ဆိုင်းနေတယ်။ ဒါပေမယ့် သူမက ဖန်ကျန်းရှီကို စောင့်တာ မဟုတ်ဘူး။ ကျန်းယန်ဖိန် နဲ့ တခြားရွာသားတွေလည်း စိတ်ရှုပ်ထွေးနေခဲ့တယ်။
တပ်နီတော်။ နတ်ဆိုးကျောင်းတော်။ သူတို့ရဲ့ အိမ်မက်ထဲမှာတောင် ဒီလို ကိစ္စမျိုး မဖြစ်ဖူးဘူး။ ပိုပြီးတော့ အရေးကြီးတာ။ ချီဟို့ရဲ့ အပြုအမူတွေက အံ့သြစရာ ကောင်းနေတာပဲ။ ဖန်ကျန်းရှီက ချီဟို့ရဲ့ ရှေ့မှာ ရပ်တန့်လိုက်တယ်။
“ အကြီးအကဲကို နှုတ်ခွန်းဆက်ပါတယ်။ ” ဖန်ကျန်းရှီ ဦးညွှတ်လိုက်တယ်။
“ ပိုကောင်းတာပေါ့။” ချီဟို့ ပြန်ဖြေတယ်။ အဲ့ဒီ့နောက် တပ်နီတော်ကို သူ လှည့်ကြည့်တယ်။
“ ကျန်းဖုန်း။”
“ရှိ။”
“ တပ်နီတော်ကို ရွာအပြင်ဘက်မှာ။ စောင့်ထားခိုင်းလိုက်။ အကယ်၍ အရေးကြီးတဲ့ ကိစ္စ မရှိရင်။ ငါတို့ကို မနှောက်ယှက်နဲ့။” ချီဟို့ အမိန့်ပေးတယ်။
“ အမိန့်တော် အတိုင်းပါ။” ကျန်းဖုန်း ခေါင်းငြိမ့်ပြီး။ တပ်နီတော်ကို မျက်နှာမူလိုက်တယ်။ “တပ်နီတော်။ ဒီမှာ စခန်းချမယ်။”
“ အမိန့်တော် အတိုင်းပါ ။” စစ်သည်တော်တွေ ချက်ခြင်း စခန်းချဖို့ ပြင်တော့တယ်။ ကျန်းယန်ဖိန်နဲ့ ရွာသားတွေကတော့ အံ့သြနေခဲ့တယ်။ နတ်ဆိုး ကျောင်းတော်က တကယ်ပဲ ရွာထဲကို မဝင်ဘူးလား။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒါက တကယ်ပဲ နတ်ဆိုး ကျောင်းတော် ငါးခုရဲ့ ထိပ်တန်း စစ်သည်တော် တပ်ဖွဲ့လား။ ဒါတောင် ။ သူတို့က ရွာအပြင်ဘက်မှာပဲ ဘာလို့ နေနေမှာလဲ။
“ လူမိုက်။ မင်း ရဲ့ စည်းမျဉ်း အတိုင်း ငါ ရောက်လာပြီပဲ။ လေးစားမှု ဆိုတာမျိုး နည်းနည်းလေးတောင် ပြလို့ မရဘူးလား။” ချီဟို့က ဖန်ကျန်းရှီကို ကြည့်ရင်း မေးတယ်။
“ ယောက္ခထီးကြီး ဘာစားချင်လဲ။”
“ ငါ့သမီး ကူယန် ဆီကနေ ကြားတယ်။ မင်း ရဲ့ အသားကင်က အရမ်းကောင်းဆိုပဲ။ ဒါကြောင့် ငါ ဒီနေ့ ဒီကို ရောက်လာမှတော့။ ဗိုက်ဝအောင် စားပြီးမှ ပဲ ပြန်မယ်။”
“ ကျွန်တော်ကင်တဲ့ အသားကင်က ဈေးကြီးတယ်။ ” ဖန်ကျန်းရှီ နှုတ်ခမ်းတွေ တွန့်ကွေးနေခဲ့တယ်။
“ ဈေးနှုန်းက ပြဿနာ မဟုတ်ဘူး။ ငါ့မှာ ပိုက်ဆံ တစ်ပြားမှ ပါ မလာဘူးလေ။”
“ ….” ချီဟို့က ပြောရဆိုရခက်တဲ့လူလို့ တခြားသူတွေ ပြောကြတာ။ ဖန်ကျန်းရှီ နောက်ဆုံးတော့ နားလည် သွားခဲ့ပြီ။ သူ့အိမ်ကနေ ထွက်လာတာ တောင် ပိုက်ဆံ တပြားမှ ယူမလာဘူး။ မဖြစ်နိုင်တာပဲ။
…
အယောက်နှစ်ထောင်ပါတဲ့ တပ်နီတော်က။ ရွာအပြင်မှာ စခန်းချပြီးပြီ။ ရွာသားတွေကတော့ သူတို့ မြောက်ပိုင်း ဒေသ ရဲ့ ထိပ်တန်း တပ်ဖွဲ့ကြီးကို လျစ်လျူမရှုထားနိုင်ဘူး။ ရွာသားတွေ အတွက် အစားအသောက်တွေကို ချက်ပြုတ်ပြီး လာပို့တယ်။ လီကျန်းဖုန်းက သူတို့ကို မတားပါဘူး။ ကျေးဇူးတင် စကား ခပ်ပြတ်ပြတ်ပြောပြီးတော့။ ငွေသားတစ်ချို့ ကျန်းယန်ဖိန်ရဲ့ လက်ထဲကို ထည့်ပေးတယ်။
“အရက် မရှိဘူးလား။” သူ မေးတယ်။
“ကောင်းပါပြီ။” (တာဝန်ချိန်အတွင်း အရက်မသောက် ရ) ဆိုတာကို ကျန်းယန်ဖိန် နားလည်တယ်။ ဒါကြောင့် ရွာသားတွေကို အရက်မပို့ခိုင်းတာ။
ဖန်အိမ်တော်မှာတော့။ ချီရှင်းလိန်က မျက်လုံးပြူးနေခဲ့တယ်။ သူ့သားက အိမ်ကို လူတစ်ယောက် ညစာလာစားမယ်လို့ ပြောထားတာ။ ဒါပေမယ့် အဲ့ဒီ့ဧည့်သည်က ချီဟို့ ဖြစ်နေမယ်လို့ မထင်ထားခဲ့မိဘူး။ နတ်ဆိုးကျောင်းတော်ရဲ့ ခေါင်းဆောင်က ဘာလို့ ဒီမှာ ထမင်းလာစားနေတာလဲ။ သူမ မယုံကြည်နိုင်ပေမယ့် ဒါက အဖြစ်မှန်ပဲ။ ဖန်ဟို့ဒဲလည်း လန့်နေခဲ့တယ်။ နေ့လယ်တုန်းက ရွာဂိတ်တံခါးမှာ သူလည်းရှိနေတယ်လေ။ ဖန်ကျန်းရှီ ကင်တဲ့ အသားကင်ကို ချီဟို့ စားချင်တယ်လို့ ပြောတာ သူကိုယ်တိုင် ကြားခဲ့တာပဲ။ နောက်ပြီးတော့ အလကား စားမယ်တဲ့ ။
…
အသားကင်တာက အချိန် နည်းနည်းကြာတော့။ သူတို့တွေ အဆာပြေ အရင်စားထားကြတယ်။ မီးပုံမှာတော့ အသားကင်က စကင်နေပြီ။ ချီဟို့ နဲ့ ဖန်ကျန်းရှီက မီးပုံနားမှာ ထိုင်နေကြတယ်။
“ မြောက်ရွာကို လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး စောင့်ရှောက်ပေးထားတဲ့ အတွက်။ ကျေးဇူးတင်ပါတယ်။” ဖန်ကျန်းရှီ စပြောတယ်။
“ အဲ့တာ ငါ့သမီး ကူယန် ဆန္ဒရှိလို့လုပ်တာ။ ငါမဟုတ်ဘူး။”ချီဟို့ ခေါင်းခါတယ် ။
“ကျွန်တော် နားလည်ပြီ။ ဒါဆိုရင် ကျေးဇူးတင်စရာမလိုတော့ဘူးပေါ့။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ ကျေးဇူးတင်စရာ မလိုဘူး ။ မင်း … လူမိုက်ကောင်။ ရွာကို စောင့်ရှောက်တာ ငါ့သမီးရဲ့ စိတ်ကူး ဆိုပေမယ့်။ သူက ကောင်းကင်တာအို ခန်းမမှာ ရောက်နေတာ။ လူတွေလွှတ်ပေးတာ ဘယ်သူ လုပ်ရတယ် မှတ်လဲ။” ချီဟို့ ပြန်ပြောတယ်။
“ ဒါက ကျေးဇူးတင်စရာ ကိစ္စမှ မဟုတ်ပဲ။ ”
“ ….” ချီဟို့ မျက်မှောင်ကြုတ်သွားတယ်။ အဲ့ဒီ့နောက် သူ ရယ်မောတယ်။
“ ကောင်းပြီလေ။ မင်း ဒီကိစ္စအတွက် ကျေးဇူးမတင်ရင်တောင်။ နောက်ကိစ္စအတွက်တော့ ေ ကျးဇူးတင်ရမှာပဲ။”
“ အရှင် ဒီကိုလာတာ ချီကိုယန် နဲ့ မဆိုင်ဘူးလို့တော့ ထင်သား။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
“ ဟ ဟား… မင်းက ငါ လာရတဲ့ အကြောင်းရင်းကို မြင်ပြီးသားပဲ။ ဒီလို ဖြစ်မှတော့ ဘာမှ သွယ်ဝိုက် မနေတော့ဘူး။ ငါ လုပ်စရာကိစ္စရှိလို့လာတာ။” ချီဟို့ ရယ်မောတယ်။
“ သွမ့်အရှင် မဟုတ်ဘူးလား။”
“အိုး .။ ဒီနှစ် အတွင်း မင်းတော်တော် ရင့်ကျက်လာသားပဲ။ ” ချီဟို့ရဲ့ မျက်လုံးတွေ တလက်လက်တောက်ပ လာတယ်။ “သွမ့်အရှင်က ငါ့ကို စာတစ်စောင် ပို့လိုက်တယ်။”
“ အကယ်၍ ကျွန်တော်သာ အရှင်နဲ့ မဟာမိတ် ပြုရင် ။ အသက် ချမ်းသာပေး။ မဟုတ်ရင် သတ်ပစ်လိုက်။ ဟုတ်တယ်ဟုတ်။” ဖန်ကျန်းရှီ ဆက်ပြောတယ်။
“ အတိအကျပဲ။”
“ ကျွန်တော်က ငြင်းမယ်ဆိုရင်ကော။ ကျွန်တော့်ကို ချက်ခြင်း သတ်မှာလား။”
“ မင်းကို သတ်ဖို့လား။ ငါ တစ်ခါမှ မတွေးဖူးဘူး။ မင်း ငြင်းလိုက်ရင်။ မင်းကို ဖမ်းခေါ်ပြီးတော့။ ခုံရုံးတင်မှာ။” ချီဟို့ ခေါင်းခါတယ်။
“ ကျွန်တော်တော့ ကံကောင်းခြင်း ကြယ်တွေကို ရေတွက်ရင်းနဲ့ အရှင့် ကမ်းလှမ်းချက်ကို လက်ခံရတော့မယ့် ပုံပဲ။”
“ ဒါပေါ့။ မင်း မှာ ရွေးစရာမှ မရှိပဲ။ ” ချီဟို့ ပြောတယ်။
“ ကောင်းပြီလေ။ ဒါဆိုရင် ကျွန်တော့်ကို ဖမ်းတော့။”
“ မင်း …။ လူမိုက်ကောင်။ မင်း တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ။ ငါကော။ သွမ့်အရှင်ကော။ မင်းကော။ တောင်ပိုင်းဒေသမှာ အမှန်တကယ် ဘာတွေ ဖြစ်ခဲ့မှန်း သိနေတာပဲ။ ဒါပေမယ့် ငါတို့ သိတာက အရေးမကြီးဘူး။ ဒါကို မင်းသိသင့်တယ်။” ချီဟို့ရဲ့ မျက်လုံးတွေ တလက်လက် တောက်ပလာတယ်။
“ ထီးနန်းအတွက် တိုက်ခိုက်နေကြတာလား။”
“ ဒါက တစ်ဖက်တည်းပဲ ရှိသေးတာ။ အိမ်ရှေ့စံက ထီးနန်းကို ဆက်ခံရမှာ။ အကယ်၍ ငါတို့ရဲ့ အိမ်ရှေ့စံက ။ ငါ့တို့ ရဲ့ လက်အောက်ခံ နယ်မြေက အိမ်ရှေ့စံကို သတ်လိုက်တဲ့ အကြောင်း ပေါ် သွားရင်။ ဒါက နိုင်ငံတော် အဆင့် ပြစ်မှု ဖြစ်သွားပြီ။ ဧကရာဇ်က ဒါမျိုးကို အဖြစ်ခံမှာ မဟုတ်ဘူး။ မဟုတ်သရွေ့…..”
“အိမ်ရှေ့စံ ရာထူးကနေ မပယ်ရှားခံရ သရွေ့ပေါ့။” ဖန်ကျန်းရှီ စကားကို ဆက်ပြောတယ်။
“အတိအကျပဲ။ ဧကရာဇ်က အိမ်ရှေ့စံကို ပယ်ရှားဖို့ စိတ် မဆုံးဖြတ် သေးခင် အချိန်ထိ။ ဒီကိစ္စကို တူးဆွမှာ မဟုတ်ဘူး။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ တခြား သော ကိစ္စတွေကိုလည်း စုံစမ်းမှာ မဟုတ်ဘူး။ ဒါကြောင့်။ မင်း ဆက်ပြီးတော့ အသက် ရှင်ချင်ရင် စောင့်ဆိုင်းရမယ်။” ချီဟို့ ခေါင်းငြိမ့်တယ်။
“အိမ်ရှေ့စံ ရာထူးက ပယ်ရှားခံရတာကို စောင့်ရမှာလား။”
“ဟုတ်တယ်။”
“ ဒါပေမယ့် ကျွန်တော်က ကျွန်တော့်ကို ကျွန်တော် ထုတ်ဖော်လိုက်ပြီလေ။ ဘယ်လိုများ အသက်ဆက်ရှင်ရမှာလဲ။” ဖန်ကျန်းရှီ မေးတယ် ။
“ငါ ဒီကို လာရတဲ့ ရည်ရွယ်ချက်က မင်းကို လွတ်မြောက်အောင် လုပ်ပေးဖို့ပဲ။ မင်းလွတ်တာနဲ့။ ပုံစံအသစ် နောက်ကြောင်းအသစ် ဖန်တီးပေးမယ်။ သွမ့်အရှင် နဲ့ ငါ စီစဉ်ပြီးတော့ အချိန်ကျတဲ့ တနေ့။ မင်းကို ညီလာခံ ဝင်ခိုင်းမယ်။ ”
“ ညီလာခံ ဝင်ခိုင်းမယ်။ ကျွန်တော့်ကို ပါးပါးလှီးပြီး အသတ်ခံရဖို့ လွှတ်နေတာလား။”
“ “ဟ ဟား… ဘယ်ဟုတ်မလဲ။ ဖန်ကျန်းရှီ။ ဧကရာဇ်က အရမ်းထက်မြက်တယ် ဆိုတာ မင်း သိသင့်တယ်။ ငါတို့တွေးထင်ထားတာ ထက်တောင် အများကြီး ထက်မြက်လွန်းတယ်။” ချီဟို့ ရယ်မောပြန်တယ်။
“ အရှင် ဘာတွေ ပြောနေတာလဲ။ …. ဧကရာဇ်က ကျွန်တော် ဘယ်သူမှန်း သိရင် သူ မသတ်ဘူးလို့ ဆိုလိုတာလား။” ဖန်ကျန်းရှီ ပြုံးပြရင်းမေးတယ်။
“အတိအကျပဲ။ အကယ်၍ သူသာ သတ်ချင်ရင်။ မင်း အခုချိန် အသက်ရှင်မနေတော့ဘူး။ ဧကရာဇ်က မင်းကို မျှော်လင့်ချက်ကြီးတယ်။ နောင်တစ်ချိန်က မင်းက ဝန်ကြီး ချုပ်တောင် ဖြစ်လာနိုင်သေး။” ချီဟို့ ပြောတယ်။
“ ဘာတွေများ ဒီလောက်တောင် သေချာနေတာလဲ။”
“ လူမိုက်ကောင်။ မင်းက ထက်မြက်တဲ့ လူ မဟုတ်ဘူးလား။ မင်း သိထားတာ ပြောစမ်း။” ချီဟို့ သူ့ ရေနွေးခွက်ကို မှုတ်သောက်ရင်း ပြောတယ်။
“ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က အိမ်ရှေ့စံကို ရိုက်ချနိုင်တဲ့ တစ်ဦးတည်းသော သူ ဖြစ်နေလို့ပဲ။”
“အမှန်ပဲ။ အိမ်ရှေ့စံက။ ညီလာခံ။နဲ့ ကျောင်းတော်တွေမှာ မဟာမိတ်တွေ အများကြီး စုထားလိုက်ပြီ။ ညီလာခံရဲ့ မျှခြေက လွန်ခဲ့တဲ့ တစ်နှစ်တည်းက ပျက်သုန်းနေတာ။ ဧကရာဇ် ကလည်း ဒါကို ပြန်စုစည်းတာမျိုး မဟုတ်ဘူး။ အိမ်ရှေ့စံ သတိကြီးသွားတာမျိုး သူ အဖြစ် မခံဘူး။ ”
“ဒါဆိုရင်။ ဧကရာဇ်က အိမ်ရှေ့စံကို တိုက်ခိုက်ဖို့ တစ်ယောက်ယောက် ရှာနေတယ်ပေါ့။” ဖန်ကျန်းရှီ မေးတယ်။
“ဟုတ်တယ်။ မင်း ညီလာခံမှာ ရောက်လာသရွေ့။ မင်းက အိမ်ရှေ့ အတွက် ခြိမ်းခြောက်မှုကြီး ဖြစ်နေမှာပဲ။ သူက မင်းကို အသက်ရှင်ခွင့်ပေးမှာမဟုတ်ဘူး။ ဒါကြောင့် မင်းကို ကန်ထုတ်ဖို့ အစွမ်းကုန် ကြိုးစားပြီး ။ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်မှာပဲ။” ချီဟို့ ခေါင်းငြိမ့်တယ်။
“ နောက်ပြီးတော့ ကျွန်တော့်ကို ထိလို့ ရမှာ မဟုတ်ဘူး။”
“စိတ်ချစမ်းပါ။ ငါကိုယ်တိုင် မြို့တော်ကို မင်းနဲ့ လိုက်လာမှာ။ သွမ့်အရှင်ကလည်း စစ်တပ်ကို အုပ်ချုပ်နေတုန်းပဲ ။ မင့် အသက်အန္တရာယ် ကို မစိုးရိမ်နဲက။”
“ ဒါဆို အရှင် မြို့တော်ကို ဝင်တာက။ ကျွန်တော့်ကို မဖမ်းနိုင်ခဲ့တဲ့ အတွက် ။ တာဝန်မကျေတာကြောင့် ဝင်တောင်းပန်တာ ဖြစ်မှာပေါ့။”
“ ဟ ဟား….။ ဒီ အချိန် အတောတွင်း မင်း တကယ့်ကို ရင့်ကျက် လာတာပဲ။ ဒါပေါ့။ မင်းကို မဖမ်းနိုင်တဲံ အတွက် တောင်းပန်ဖို့ သွားမှာ။”
“ ဒါဆိုရင်။ မြောက်ပိုင်းကျောင်းတော် ငါးခုကို ထိန်းချုပ်ၤနိုင်တဲ့ အင်အား ပျက်ယွင်းသွားမှာ မကြောက်ဘူးလား။ စုချင်းက အရှင့်နေရာကို ဝင်ယူသွားမှာကော မစိုးရိမ်ဘူးလား။”
“ ငါက ကြောက်တတ်တဲ့ ပုံစံများ ပေါ်နေလို့လား။” ချီဟို့ မေးတယ်။
“ အရှင်က ကျွန်တော့်ကို လွှတ်ပေးဖို့ ဒီကိုလာတယ်။ အဲ့ဒီ့နောက်။ မြို့တော်ကို သွားပြီး တောင်းပန်မယ်။ ကျွန်တော့်ကို သုံးပြီးတော့ အိမ်ရှေ့စံရဲ့ ခုံ(နေရာ)ကို လှုပ်အောင် သက်သက် လုပ်နေတာပဲ။ အစီအစဉ်ကတော့ ကောင်းပါတယ်။ ဒီအစီအစဉ်ကို ချတဲ့ ဉာဏ်ကြီးရှင်က ဘယ်သူလဲ သိချင်လိုက်တာ။”
“ ဟ ဟား… ဒါက အရေးမကြီးပါဘူး။ အခု အရေးကြီးတာ မင်းအတွက် အရှုံးမရှိဘူး။ မင်းရဲ့ ကျင့်ကြံဆင့်ကလည်း ပျက်သုန်းသွားပြီ။ မင်းမှာ ညီလာခံက လွဲပြီး ရွေးစရာမရှိတော့ဘူး။” ချီဟို့ အလေးအနက် ပြန်ဖြေတယ်။
အပိုင်း(၄၈၇)ပြီး၏။
အပိုင်း(၄၈၈)
“ ချီကူယန်ကို ကိုယ်လုပ်တော် အဖြစ် ထမ်းဆောင် စေမယ်တဲ့လား။”
“ ကျွန်တော့်ရဲ့ ကျင့်ကြံဆင့် တကယ်ပဲ ပျက်သုန်းသွားပြီလို့ အရှင် ထင်နေတာလား။” ဖန်ကျန်းရှီ လှောင်ပြုံးပြုံးရင်း နဲ့ ချီဟို့ကို လှမ်းမေးတယ်
“ ငါ … ပြောတာ မှားသွားလို့လား။” ဖန်ကျန်းရှီကို ကြည့်ရင်း ချီဟို့ တွေဝေနေခဲ့တယ်။ သူ့မျက်လုံးထဲမှာတော့ သိလိုစိတ် ပြည့်နေတဲ့ အရိပ်အယောင်တွေ တောက်ပနေခဲ့တယ်။ ဒီသတင်းကို ဘယ်သူမှ အတည်မပြုရသေးဘူး ဆိုတာ သူ ရုတ်တရက် သတိ ထားမိသွားတယ်။ ချန့်ယန်း နဲ့ တိုက်ခိုက်ပြီးတဲ့နောက်။ ဖန်ကျန်းရှီရဲ့ ကျင့်ကြံဆင့် ပျက်သုန်းသွားပြီလို့ သတင်းတွေ ထွက်လာတာပဲ။ ဘယ်သူမှ အတည်မပြု ရသေးတဲ့ အချက် ဖြစ်နေတော့လည်း။ ဖန်ကျန်းရှီမှာ သူ့ စွမ်းအားတွေ ရှိနေသေးတာ ဖြစ်နိုင်ပါတယ်။ ဒါကို တွေးမိတော့ သူ မျက်လုံး ပြူး သွားခဲ့တယ်။
သူ့ရဲ့ ကျင့်ကြံဆင့်သာ ဆက်ရှိနေသေးရင်။ လွန်ခဲ့တဲ့ တစ်နှစ်ကတောင် ချန့်ယန်းကို အနိုင်ယူ နိုင်ခဲ့တာ။ အခု ဆိုရင် ဘယ်လောက်တောင် အင်အားကြီးနေပြီလဲ။ ဖန်ကျန်းရှီက အခုထိ ၁၈ နှစ်တောင် ပြည့်သေးတာ မဟုတ်ဘူး။ (နှစ်ထပ်ကွမ်း နဂါး ချန်ပီယံသည် လောကို တုန်လှုပ်စေလိမ့်မည် ဆိုတဲ့ ဟောကိန်း ) တကယ်ဖြစ်လာတော့မှာလား။
“ ဟ ဟား….။ ကျွန်တော်က နောက် နေရုံပါပဲ။ အတည်တော့ ထင် မနေဘူး မဟုတ်လား။ ” ဖန်ကျန်းရှီ ရယ်မောရင်း နဲ့။ မီးပုံပေါ်က သားကောင်ကို အမဲဖျက်တော့တယ်။ သူ့ ရဲ့ လက်က တည်ငြိမ် ပြီးတော့ ညင်သာတယ်။ ကြည့်လိုက်ရုံနဲ့ ပုန်းကွယ်နေတဲ့ ရက်စက်မှုတွေက မြင်သာလွန်း လှတယ်။ ဒီလိုမျိုး အမဲ ဖျက်တာက။ အတော်လေး အားစိုက်ရပေမယ့်။ တခြား ဘာစွမ်းအားကိုမှ သုံးမထားဘူးဆိုတာ သိသာလှတယ်။ အဲ့ဒီ့နောက်။ အသားကင်ကို ပြင်ဆင်ထားတဲ့ ပန်းကန်ဖုံးထဲကို ထည့်လိုက်ပြီး။ ချီဟို့ဆီ ကမ်းပေးလိုက်တော့တယ်။
“ စားကြည့်ပါအုန်း။”
“ ငါ့သမီး ကူယန် ဆီကနေ ကြားထားရတာတော့။ မင်းရဲ့ အသားကင် က အတော်ကောင်းတယ်ဆိုပဲ။ ငါ အားနာမနေတော့ဘူး။” ချီဟို့ ခေါင်းငြိမ့်ရင်း နဲ့ ဖန်ကျန်းဆီ ဆီကနေ အသားကိုယူ လိုက်တယ်။ ဒါပေမယ့် သူ့ လက်က တုန်ယင်နေတော့။ အသားကင်က တူ ပေါ်ကနေ ပြုတ်ကျပြီး မြေပြင်ပေါ်ကို ရောက်သွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ။ ချီဟို့က ဖန်ကျန်းရှီကို ကြည့်လိုက်တယ်။
ဖန်ကျန်းရှီရဲ့ လက်တွေက လှုပ်ရှားနေတယ်။ အသားကင် မြေကြီး ပေါ်ကို စစကျတဲ့ အချိန် မှာ။ သူ့ ဓားကို ဆွဲထုတ်ရင်း။ အသားကို စိုက်လိုက်တယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေက ချောမွေ့တယ်။ ချီဟို့ မျက်လုံးတွေ တလက်လက် တောက်ပလာတော့တယ်။
“ ကလန်။” ဓားက အသားနဲ့ ထိ သွားတယ်။ ဒါပေမယ့် တွန်းကန်အား တစ်ခုကြောင့်။ ဓားကို မစိုက်ပဲ။ မြေပြင်ပေါ်ကိုသာ ကျသွားခဲ့တယ်။ အသားကင်တစ်ခုလုံး ညစ်ပေသွားခဲ့တယ်။
ဖန်ကျန်းရှီ မြေပြင်ပေါ်က အသားကင်ကို ကြည့်ရင်း ခေါင်း တစ်ချက် ခါလိုက်တယ်။ ဒါပေမယ့် သူ စကား တစ်ခွန်းမှ မပြောဘူး။ ချီဟိုဆိကို နောက် အသား ကင် တစ်ခု လှီးပြီးတော့ ပေးလိုက်တယ်။ ချီဟို့လည်း ဘာမှ မပြောတော့ဘူး။ ဒီတစ်ခါမှာတော့ ပြုတ်မျက်အောင် သူ ထိန်းပြီး စားတော့တယ်။ တစ်ချက် ကိုက်လိုက်ရုံနဲ့။ ပါးစပ်တစ်ခုလုံး ကောင်းမွန်တဲ့ အရသာတွေ ပြည့်နှက်သွားတယ် ။
“ “ဟ ဟာ…။ ကူယန် ပြောတ မှန်တယ်။ အသားက နူးညံ့နေတာပဲ။ ငါ စားဖူးသမျှ အသားကင်တွေတွေထဲ အကောင်းဆုံးပဲ။” ချီဟို့ ရယ်မောရင်း ပြောတယ်။
“ တစ်တုံး ပြုတ်ကျသွားတာကတော့ နှမြောစရာကြီး။ ” ဖန်ကျန်းရှီ ခေါင်းခါရင်း ပြောနေခဲ့တယ်။
“ အလကား ဖြစ်သွားလို့လား။ ” ကြမ်းပြင်ပေါ်မှာ ရှိနေတဲ့ အသားကင်ကို ချီဟို့ ကြည့်ရင်း မေးတယ်။ အဲ့ဒီ့နောက် သူ ပြုံးလိုက်တယ်။ လူရိုင်းတွေကို ငါ တိုက်ခိုက်တဲ့ အချိန် တုန်းက ဆိုရင် ။ စားလို့ရတာ မှန်သမျှ အကုန် စားတာပဲ။ သစ်ကိုင်းခြောက်တွေတောင် ခွာဝါးရသေး။ နည်းနည်းလောက် ညစ်ပတ်နေရုံနဲ့တော့ ဘာမှ မဖြစ်ပါဘူး။”
ချီဟို့ လက်ဆန့်လိုက်တယ်။ အဲ့ဒီ့နောက် အောက်ကျနေတဲ့ အသားတုံးကို သူ ကောက်ဝါးလိုက်တော့တယ်။ ဖုန်လေးတောင် မသုတ်ဘူး။ ဖန်ကျန်းရှီကတော့ ချီဟို့ကို မတားပါဘူး။ သူ့အတွက် နောက်အသား တစ်တုံးကို လှီးရင်း အလုပ်ရှုပ်နေခဲ့တယ်။
“ တကယ်တော့။ ကျွန်တော်တို့လည်း တထိုင်တည်းနဲ့ အသား အများကြီး စားမှ မစားနိုင်ဘဲ။ တစ်တုံးလောက် အောက်ကျတာကတော့ ဘာမှ မဖြစ်ပါဘူး။” ဖန်ကျန်းရှီ ရှင်းပြတယ်။
“ မင်း လူမိုက်ကောင်။ အဓိပ္မာယ်မရှိတာတွေ မပြောနဲကတော့။ ငါတို့ ဘယ် အချိန် မြို့တော်ကို ပြန်မလဲ။” ဖန်ကျန်းရှီ သူ့ အတွက် နောက် အသားတတုံး လှီးနေတာကို သူ အာရုံမစိုက်တော့ဘူး။ လက်နဲ့ အသားကင်ကို ကိုယ့်ဘာကိုယ် ဆွဲဖြဲ နေတော့တယ်။
“ အရှင်။ အကယ်၍ အလျင်လိုနေရင်။ အရင် သွားလိုက်ပါလား။”
“အရင်သွားရမယ်။ လူမိုက်…. မင်း ဒါက ဘာပြောတာလဲ။” ချီဟို့ တွေဝေသွားတယ်။
“ အရှင် နဲ့ အတူ မြို့တော်ကို သွားဖို့ ကျွန်တော် မစီစဉ်ထားဘူး။ ” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
“ မင်းက ငါနဲ့ မြို့တော်ကို မပြန်ဘူးလား။ သတင်းတွေ အရ ဆိုရင်။ အိမ်ရှေ့စံရဲ့ လူတွေက မြို့တော်ကို သွားတဲ့ လမ်းမှာ ရောက်နေပြီ။ ငါ မရှိပဲနဲ့။ မင်းက မြို့တော်ကို ရောက်နိုင်မှာ မဟုတ်ဘူး။ မင်းဘေးမှာ လူ နည်းလွန်းတယ်။” ချီဟို့ အခိုင်အမာ ပြောနေခဲ့တယ်။
“ ဒီလိုလည်း ဖြစ်နိုင်တာပဲ။ ဒါပေမယ့် ကျွန်တော်က သွမ့်အရှင်နဲ့ မဟာမိတ်ပြုဖို့ စိတ်ကူးမရှိဘူး။ ” ဖန ်ကျန်းရှီ ပြန်ဖြေတယ်။
“ မင်း လူမိုက်ကောင်။ အိမ်ရှေ့စံ နဲ့ သွမ့်အရှင်အပြင်။ မင်းမှာ တခြား ရွေးစရာရှိသေးလို့လား။ မင်းက အိမ်ရှေ့စံ နဲ့ တကယ်ပဲ မဟာမိတ် ပြု မလို့လား။” ချီဟို့ရဲ့ အမူအယာ ပြောင်းလဲသွားတယ်။
“ နှစ်ယောက်လုံးကို မရွေးလို့ ရမလား။” ဖန်ကျန်းရှီ မေးတယ်။
“မရဘူး။”
“ ကောင်းပြီလေ။ …. ဒီလိုဖြစ်တော့လည်း။ ကျွန်တော်မှာ တောင်းဆိုစရာရှိတယ်။ ။” ဖန်ကျန်းရှီ လက်ဝေ့ယမ်းရင်းနဲ့ ပြောလိုက်တယ်။
“ မင်း တောင်းဆိုမယ်ဆိုတာ ငါသိတယ်။ ပြော။ မင်း ဘာလိုချင်လဲ။ ပိုက်ဆံလား ရတနာလား။ ငါ ပေးနိုင်သလောက် အားလုံး ပေးမယ်။”
“ ချီကူယန်ကို ကျွန်တော့်ရဲ့ ကိုယ်လုပ်တော် လုပ်ခိုင်း။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
“ ဘာပြောတယ်။ အယုတ်တမာကောင်။ မင်းကို ငါ့သမီးနဲ့ မပေးစားနိုင်ဘူး။ ကိုယ်လုပ်တော် လုပ်ခိုင်းဖို့ ဆိုတာ ဝေလာဝေး။ နောက်ပြီး သူ့ အတွက် ငါ ဆုံးဖြတ်ချက် ချ လို့မရဘူး။ တခြားကိစ္စ ပြောင်းပြီးတောင်း။” ဖန်ကျန်းရှီ ရဲ့ တောင်းဆိုချက်ကို ကြားတော့။ ချီဟို့ လက်ထဲက အသားကင်တောင် လွတ်ကျတော့ မတတ် ဖြစ်သွားတယ်။
“ တခြား တောင်းဆိုစရာ မရှိတော့ဘူး။ ” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက် ခေါင်းခါနေတယ်။
“ဖန်ကျန်းရှီ။ ငါက ကြီးမြတ်သောရှမင်းဆက် ရဲ့ အဆင့်တစ် အမတ်မင်း ။ စစ်သူကြီးတစ်ယောက်။ မင်း ပြန်လာတာ ကြားကြားချင်း။ ၄၈ နာရီလုံးလုံး မရပ်မနား ခရီး နှင်လာခဲ့တာ။ မင်းကို ငါ တတ်နိုင်သလောက် ပေးပြီးပြီ။ ဒီ့ထက် လွန်လာရင် ငါ့ကို အဆိုး မဆိုနဲ့တော့။” ချီဟို့ ဒေါသတကြီးနဲ့ ပြောတယ်။
“ဘာလဲ ကျွန်တော့်ကို ရိုက်နှက် မလို့လား။” ချီဟို့ ဒေါသ ထွက်နေတာ မြင်တော့ ဖန်ကျန်းရှီ ထိတ်လန့်သွားပုံပဲ။
“အိုက်ယား…. ငါတို့ နတ်ဆိုး ကျောင်းတော်မှာ စ တွေ့တွေ့ချင်း တည်းက အခြေအနေ သိပ်မကောင်းပေမယ့် ။ ငါ မင်းကို မမုန်းပါဘူး။ နောက်ပြီးရင်။ စစ်ပွဲ မှာ မင်းက ကြီးမြတ်သောရှမင်းဆက် အတွက် အများကြီ း စွမ်းဆောင် ပေးထားတာ။ ငါ မင်းကို မသေစေချင်ပါဘူး။” ချီဟို့ သက်ပြင်းချရင်း နဲ့ ခေါင်းခါတယ်။
“ ကျွန်တော်က ကိုယ့်လမ်းကို ဖောက်ဖို့ ရွေးချယ်ထားတာ။ နောက်ပြီးတော့ အဲ့ဒီ့လမ်း ပေါ်မှာပဲ လျှောက်မယ်။ အရှင်က ချီကူယန်ကို ကိုယ်လုပ်တော် ဖြစ်အောင် ။ မလုပ်ပေးနိုင်ဘူးဆိုတော့။ ကျွန်တော့် ဘာ ကျွန်တော်ပဲ လုပ်ရတော့မှာပေါ့။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ မင်းပြောနေတာ။ မင်းက ချီကူယန်ကို ကိုယ်လုပ်တော် ဖြစ်အောင် လုပ်နိုင်တယ်လို့လား။” ချီဟို့ ဒါကို ကြားတော့ မျက်လုံးပြူးသွားခဲ့တယ်။
“အင်း…” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ မင်း… လူမိုက်ကောင်။ မင်း ဝါးနိုင်တာထက် ပို မကိုက်လေနဲ့။” ချီဟို့ ကိုယ်ကနေ ခြိမ်းခြောက်တဲ့ အငွေ့အသက်တွေ ထွက်ပေါ်လာတော့တယ်။
“ သုံးလ။ ဒီနေ့ကနေ သုံးလ အတွင်း။ တစ်လောကလုံးကို ကြေညာပြမယ်။ ချီကူယန်က ကျွန်တော့်ရဲ့ ကိုယ်လုပ်တော် ဖြစ်ပြီလို့။” ဖန်ကျန်းရှီ ပုံမှန် အတိုင်း ပြန်ဖြေနေခဲ့တယ်။
“ မင်းတကယ်ပြောနေတာလား။” ချီဟို့ မျက်လုံး ပြူးရလွန်းလို့ ။ သူ့ မျက်လုံးက အပြင်တောင် ကျွတ်ထွက်တော့မယ်။
“ဒါပေ့ါ့။”
“ အကယ်၍ မင်း မလုပ်နိုင်ခဲ့ရင်ကော။”
“ ဒါဆိုရင်။ အရှင်ပြောတဲ့ အတိုင်းလုပ်မယ်။ ညီလာခံမှာ သုံးနှစ်ကနေ ငါး နှစ် တာဝန် ထမ်းဆောင်ပြီးတော့။ ရာထူးကို သုံးဆင့် နှိမ့်ပြစ်လိုက်မယ်။” ဖန်ကျန်းရှီ လက်ဝေ့ယမ်းရင်းပြောတယ်။
“ကောင်းပြီ။ ငါ မင်းကို အချိန် သုံးလ ပေးမယ်။”
“ အကယ်၍ ကျွန်တော် အောင်မြင်ခဲ့ရင်ကော။”
“ ဟ ဟား… ဟား … ဒါဆိုရင်။ ငါ မင်းကို သစ္စာခံမယ်။ မင်းရဲ့ အမိန့်တွေကို လိုက်နာမယ်။” ချီဟို့ ရယ်မောရင်း နဲ့ ပြန်ဖြေတယ်။
“ကျွန်တော့် အမိန့်ကို လိုက်နာမယ် ဟုတ်လား။ ဒါဆိုရင်။ ကျွန်တော်က အရှင့်ကို ပုန်ကန် ခိုင်းရင်ကော။”
“အမှိုက် သရိုက်ကောင်။ မင်း ဒီလို ကိစ္စမျိုးကို ဘယ်လိုတောင် ပြောဝံ့တာလဲ။”
“ ဟ ဟား…. ကျွန်တော် နောက်တာပါ။”
“ မင်း လူမိုက်ကောင်။ မင်းသာ တကယ်ပဲ ငါ့ သမီးကို ကိုယ်လုပ်တော် ဖြစ်စေနိုင်ရင်။ မင်း နိုင်ငံကို မပုန်ကန် သရွေ့ ။ မင်း အမိန့်ကို ငါ လိုက်နာမယ်။” ချီဟို့ ပြန်ဖြေတယ်။
“ အပေးအယူ ဖြစ်ပြီလား။”
“ကောင်းပြီ။ မင်းကို ငါ အချိန် သုံးလ ပေးထားမယ်။ ဒီ အချိန်အတွင်း။ မင်းကို ငါ ကာကွယ်ပေးမယ်။ အကယ်၍ မင်း ငါ့ကို လှည့်စားခဲ့ရင်။ ငါ မညှာတာဘူးလို့ အဆိုး မဆိုလေနဲ့။”
“ ကျေးဇူးတင်ပါတယ် အရှင်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“အင်း။ ကိစ္စတွေက ဒီလို ဖြစ်လာမှတော့။ မင်း ဘယ် အချိန် မြို့တော်ကို ပြန်ဖို့ စီစဉ်ထားလဲ။ ”
“ သိပ်မကြာခင်ပြန်မှာပါ။ အခုက မိတ်ဆွေ တစ်ယောက်ကို စောင့်နေတာ။”
“ မိတ်ဆွေ တစ်ယောက်။”
“ ဒီလောက် သားကောင် အကြီးကြီး ကင်ထားတာ။ အရှင်နဲ့ ကျွန်တော် နှစ်ယောက်တည်း အတွက် လို့။ အရှင် ထင်နေတာလား။” ဖန်ကျန်းရှီ နှုတ်ခမ်းတွေကို တွန့်ကွေးရင်းနဲ့ ပြောနေခဲ့တယ်။
“ ငါကြားတာတော့ အရိပ်မျိုးနွယ်စုေ ခါင်းဆောင်က အမျိုးသမီး ဆိုပဲ။ ဒါပေမယ့် ငါ သူ့ကို လူတွေ့ မမြင်ဖူး သေးဘူး။ ဒီနေ့ သူ့ကို တွေ့ရမှာလဲ ကောင်းတာပဲ။” ချီဟို့ ခန့်မှန်းရင်း ပြန်ဖြေတယ်။
“ ဟ ဟား…။” ဖန်ကျန်းရှီကတော့ ရယ် သာ ရယ်နေခဲ့တယ်။ ဒါပေမယ့် ဘာမှ ဆက်မပြောခဲ့တယ်။
ဒီအချိန်မှာပဲ ခပ်ဝေးဝေးကနေ လူနှစ်ယောက် ပေါ်လာခဲ့တယ်။ သူတို့ အတော် မြန်မြန်ကို လာနေကြတာ။ ပြေးလွှားရင်းနဲ့ လမ်း တစ်လျှောက်လုံး တိုက်ခိုက်နေခဲ့ကြတယ်။ ဓား နဲ့ လှံရဲ့ တောက်ပတဲ့ အရောင်က လူတိုင်း အတွက် မြင်သာနေခဲ့တယ်။ အပြာဖျော့ဖျော့ အလင်းတန်းက အေးစက်မှုတွေကို ပေးစွမ်းနေတယ်။ ဒီ တိုက်ခိုက်မှုက။ ဝံပုလွေကြီး နှစ်ကောင် လုံးထွေး သတ်ပုတ်နေကြသလိုပဲ။ ဒါကတော့ ချင်းယီ နဲ့ လီကျန်းဖုန်း။
ချီဟို့ကတော့ မျက်မှောင်ကြုတ်သွားတယ်။ လီကျန်းဖုန်းက မလိုအပ်ရင် မတိုက်ခိုက်မှန်း သူသိတယ်။ စစ်သည် တစ်ယောက်က အမိန့်ကို လိုက်နာတယ်။ တော်ရုံကိစ္စနဲ့တော့ လီကျန်းဖုန်းက အမိန့်ကို ချိုးဖောက်ပြီးတော့ ရွာထဲ ဝင်လာမှာ မဟုတ်ဘူး။ ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတယ်။ လီကျန်းဖုန်း ကိုယ်တိုင် မကိုင်တွယ်နိုင်တဲ့ အရေးကြီး ကိစ္စတစ်ခုခု ရှိနေပြီ။
“ဘာတွေ ဖြစ်နေတာလဲ။” ချီဟို့ လက် ဝေ့ယမ်းလိုက်တယ်။ ခပ်ပါးပါး အရာတစ်ခု သူတို့ ဆီကို ပြေးထွက် သွားသလို။ တိုက်ပွဲလည်း ရပ်တန့်သွားခဲ့တယ်။
“ အရှင်။ စစ်သည်တော် အုပ်စုကြီး တစ်ခု။ ဒီရွာကို ဦးတည်လာနေပါတယ် ။နှစ်မိုင် အကွာအဝေးကို ရောက်နေပါပြီ။ နောက်ပြီးတော့ ကင်းထောက်တွေရဲ့ သတင်း အရ။ အင်အားက သုံးထောင် ရှိပါတယ်။ အတော့်ကို စည်းစနစ်ကျကျ မြန်မြန် ဆန်ဆန်နဲ့ ချီ တက်လာနေတာ။ ဒါ့အပြင်။ သူတို့တွေက အဆင့်မြင့် စစ်သည်တော်တွေ ဆိုတာ သေချာတယ်”
“ အဆင့်မြင့် လေ့ကျင့် စစ်သည်တော် တပ်ဖွဲ့။ သူတို့တွေ က ဘယ် တပ်လဲ ငါတို့ သိလား။” ချီဟို့ မျက်လုံး ပြူးသွားတယ်။ ဒါက မြောက်ပိုင်းဒေသလေ။ သေချာလေ့ကျင့်ထားတဲ့ စစ်သည်က သူတို့ပဲရှိတာ။
“မသိပါဘူး အရှင်။ သူတို့တွေက မျက်နှာဖုံး စွပ်ထားတဲ့ အပြင်။ တစ်ကိုယ်လုံးကို ဝတ်ရုံနက်တွေ ခြုံထားပါတယ်။ နောက်ပြီးတော့။ သူတို့ ကြည့်ရတာ အတော့်ကို သန်မာပြီးတော့ ကြံ့ခိုင်ကြတယ်။ ရုပ်သွင်ကို မမြင်ရတဲ့ အတွက်။ ဘယ်သူမှန်းတော့ မသိရပါဘူး။”
“ သန်မာ ကြံ့ခိုင်တယ်။ လူရိုင်းတွေလား။”
“ လူရိုင်းတွေတော့ မဟုတ်နိုင်ဘူး အရှင်။ သူတို့တွေရဲ့ အရှိန်အဝါ အငွေ့အသက်က ဆင်တူပေမယ့်။ ဒီလို စနစ် တကျ လေ့ကျင့်ထားတာကတော့ မဖြစ်နိုင်ဘူး။ ကင်းထောက်ရဲ့ ပြောစကား အရဆိုရင်။ ဒီ တပ်ဖွဲ့က ကျွန်တော်တို့ရဲ့ တပ်နီတော်ထက် ပိုပြီးတော့ လျင်မြန်တဲ့ အပြင်။ အရမ်းလည်း စနစ်ကျနေတယ်။ ကျွန်တော့် ခန့်မှန်း ချက်အရတော့။ တပ်နီတော်ထက် အားနည်းမယ့်ပုံမပေါ်ဘူး။” လီကျန်းဖုန်း ခေါင်းခါရင်းပြောတယ်။
“ တပ်နီတော်ထက် အားမနည်းဘူး။” ချီဟို့ရဲ့ အမူအယာ ပြောင်းလဲသွားတယ်။
လီကျန်းဖုန်း ရဲ့ အကဲဖြတ်မှုကို သူ ယုံကြည်တယ်။ ဒါပေမယ့် တပ်နီတော်ထက် အင်အားကြီးတာ တပ်ဖွဲ့နည်းနည်း ပဲရှိတယ်။ တောင်ဖြိုတပ်ဖွဲ့လည်း ပါတာပေါ့။ နောက်ပြီးတော့ ကျောင်းတော် တစ်ချို့က တပ်ဖွဲ့ ကြီးတွေ၊ မြင့်မြတ် ဂုဏ်ခံ မိသားစုကြီး တစ်ချို့က တပ်ဖွဲ့တွေလည်း ဖြစ်နိုင်သေးတယ်။
ဒါပေမယ့် သူတို့ ဘယ်သူကမှ။ မြောက်ရွာကို လာမယ် ပြောမထားဘူး။ ဒါဆို ဘယ်သူလဲ။ စစ်နတ်ကျောင်းတော်လား။ မဖြစ်နိုင်ဘူး။ ဒီ အတွေးကို ချီဟို့ ခပ်မြန်မြန် ရှင်းထုတ်လိုက်တယ်။ စစ်နတ်ကျောင်းတော်က ဖန်ကျန်းရှီ နဲ့ စစ်ပွဲ အတွင်း ပတ်သက်ခဲ့တယ် ဆိုရင်တောင်။ သူ့ကို တွေ့ဖို့ အတွက် တပ်တော်ကြီး င်္ချီလာမှာ မဟုတ်ဘူး။
ရှင်းယွမ်ကောင်းက တရား နည်းလမ်းကျတဲ့သူ။ အကယ်၍ သူသာ မြောက်ပိုင်းဒေသကို လာမယ် ဆိုရင်။ ချီဟို့ ဆီကို စာတော့ ပို့မှာပဲ။ အချိန်က အရေးကြီးနေရင်တောင်( အလျင်လိုနေရင်တောင်) သူတို့ ရဲ့ ရုပ်သွင်ကို ဖုံးကွယ်ထားမှာ မဟုတ်ဘူး။ စစ်နတ်ကျောင်းတော်က သူတို့ ကိုယ် သူတို့ ဖုံးကွယ်ဖို့ လိုမှ မလိုပဲ။ မျက်နှာကို ဖုံးကွယ်ထားတာ အရ ။ သူတို့ရဲ့ လာရောက်မှုကို အသိအမှတ် ပြု မခံချင်တဲ့ (လူသိမခံချင်တဲ့) တပ်ဖွဲ့ပဲ ဖြစ်ရမယ်။
သူတို့ရဲ့ လှုပ်ရှားမှုကို ဖုံးကွယ်ဖို့လား။ မဖြစ်နိုင်ဘူး။ လူသုံးထောင်ကျော် ပါတဲ့ တပ်ကြီးတစ်ခု သွားလာနေတာ ဘယ်သူမဆို သတိထားမိမှာပဲ။ သူတို့ ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာကို ဖုံးကွယ်ချင်တာပဲ ဖြစ်ရမယ်။ အိမ်ရှေ့စံလား။ သူကတော့ ဒီလောက် မြန်မြန် မရောက်နိုင်ဘူး။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို ချီဟို့ လှည့်ကြည့်တယ် ။ လီကျန်းဖုန်းရဲ့ စကားကို ကြားတော့ ဖန်ကျန်းရှီ ရဲ့ အမူအယာက ပြောင်းလဲ မသွားခဲ့။ အနည်းငယ် အံ့သြတဲ့ ပုံစံသာရှိနေခဲ့တယ်။ ဒါဆိုရင် ဒါက …..။
ချီဟို့ ပုခုံးတွန့်လိုက်တယ်။
“ အရိပ် မျိုးနွယ်က ဒီလောက်တောင် ကြောက်စရာကောင်းလာမယ်လို့ ငါ မထင်ထား မိဘူး။ ဝူယွဲ့အာကို ငါ လျော့တွက်မိတာပဲ။”
အပိုင်း(၄၈၈) ပြီး၏။
အပိုင်း(၄၈၉)
“ ရန် တိမ် မြင်းတပ် ”
“အရှင်။ ဝူယွဲ့အာက မြောက်ပိုင်းဒေသမှာ မရှိဘူး။” ချီဟို့ အထင်လွဲနေတာကို ဖန်ကျန်းရှီ သိတယ်။ အခု ရောက်လာတာကို ဝူယွဲ့အာလို့ ထင်နေတာ သူ မအံ့သြပါဘူး။ အကယ်၍ နတ်ဆိုးကျောင်းတော် ခေါင်းဆောင်သာ အရိပ်မျိုးနွယ် ခေါင်းဆောင်ကို ဘယ်သူမှန် း မသိရင်။ သူက ခေါင်းဆောင် ဖြစ်နေတော့မှာ မဟုတ်တော့ဘူး။
“ ဝူယွဲ့အာ မဟုတ် ဘူးလား။” ချီဟို့ရဲ့ နှလုံးတွေ တဒိန်းဒိန်း ခုန်လာတော့တယ်။ အကယ်၍ ဒါသာ ဝူယွဲ့အာ မဟုတ်ဘူးဆိုရင်။ အိမ်ရှေ့စံပဲ ဖြစ်ရမယ်။ ေ လ့ကျင့်ထားတဲ့ စစ်သည်တော် သုံးထောင်။ အိမ်ရှေ့စံရဲ့ အမိန့်အာဏာ။ သူ တကယ်ပဲ ဒီ လောက် ယုံကြည်ချက် ရှိနိုင် အုန်းမလား။
“ ချင်းယီ ။ ငါ့ကို မီးတိုင် ကူထွန်းပေးပါအုန်း။ ငါ ကိုယ်တိုင် သွား နှုတ်ဆက်ရမယ်။” ဖန်ကျန်းရှီ နောက်ထပ် မရှင်းပြတော့တယ်။ အဝေးက ချဉ်းကပ်လာတဲ့ အသံတွေကို သူ ကြားနေရတယ်လေ။
“အမိန့်တော် အတိုင်းပါ သခင်။” ချင်းယီ ခေါင်းငြိမ့်တယ်။
“ ဟ ဟား…။ ဒီလို ဖြစ်မှတော့။ ငါလည်း မင်းနဲ့ အတူ လိုက်ပါ နှုတ်ဆက်ရတာပေါ့။” ချီဟို့ သူ့ လက်တွေကို သုတ်ရင်း မတ်တပ်ထရပ်တယ်။
“ အရှင်။ ဒီလမ်းပါ။” လီကျန်းဖုန်း ဦးဆောင် လမ်းပြဖို့ ပြင်တယ်။ ဖန်ကျန်းရှီကတော့ သူ့ကို ရပ်တန့်ဖို့ စိတ်ကူး မရှိဘူး။ ဒါက မြောက်ပိုင်းဒေသ လေ။ ချီဟို့ရဲ့ နယ်မြေ။ သူ သွားချင်တဲ့ နေရာကို ဘယ်သူမှ တားလို့မရဘူး။
…
တပ်နီတော်ရဲ့ စစ်သည်တော် နှစ်သောင်းက ။ သူတို့ရဲ့ မြင်းတွေပေါ်မှာ အသင့်စောင့်ဆိုင်းရင်း နေရာယူထားကြတယ်။ လှံတွေကို အသင့်ပြင်ရင်း ဆူညံသံတွေ ဘက်ကို ဦးတည်ထားကြတယ်။ ကျန်းယန်ဖိန် နဲ့ တခြား ရွသြားတွေကတော့ ။ တပ်နီတော်ရဲ့ နောက်မှာ စိတ်ရှုပ်ထွေး မှု အပြည့်နဲ့ စောင့်ဆိုင်းနေကြတယ်။ အခု လာနေတဲ့ တပ်ဖွဲ့က အတော့်ကို အင်အားကြီးတဲ့ ပုံစံပဲ။
“သူတို့ တကယ်ပဲ တိုက်ခိုက်ကြတော့မှာလား။”
“အကယ်၍ သူတို့သာ တကယ် တိုက်ခိုက်ကြရင်။ ငါတို့ မြောက်ရွာကတော့မအဆုံးသတ် သွားမှာပဲ။ ငါတို့ရဲ့ ကျောင်းသား တွေနဲ့ ဆရာတွေကို အကာအကွယ် ယူထားဖို့ ပြောလိုက်ရတော့မလား။ ”
“ သူတို့ တကယ် တိုက်ခိုက်မယ်လို့တော့ ငါ မထင်ဘူး။ ချီဟို့က ရွာထဲမှာ ရှိနေ သေးတယ်လေ။ မြောက်ပိုင်းဒေသမှာ သူ့ကို ဘယ်သူများ အပြစ်ပြုရဲမှာလဲ။”
“ဒါပေမယ့် သူတို့ တိုက်ခိုက်ကြရင်ကော။ ဘယ်လို လုပ်မလဲ။”
ရွာသားတွေက ဖြစ်နိုင်ချေကို သူတို့ဘာ သူတို့ ဆွေးနွေးနေကြတယ်။ သူတို့ အတွက် ဒီ အခြေအနေက အတော့်ကို ထူးဆန်းနေတယ်။ ဒီ အချိန်မှာပဲ။ ချီဟို့။ နဲ့ ဖန်ကျန်းရှီ ရွာတံခါး အပြင်ကို ထွက်လာခဲ့တယ်။ သူတို့နဲ့အတူ လီကျန်းဖုန်းလည်း ပါလာတယ်။ သူတို့ သုံးယောက်လုံး တပ်နီတော် နားကို ရောက်လာတယ်။
“ အရှင်။ ” ရွာသားတွေ နှုတ်ဆက်တယ်။
“အင်း…။” ချီဟို့ ခေါင်းသာ ငြိမ့်တယ်။ တခြား ဘာမှ မပြောဘူး။ အဝေးက တထောင်းးထောင်းနေတဲ့ ဖုန်မှုန့်တွေကို ကြည့်ရင်း ရှေ့ကို လျှောက်လာခဲ့တယ်။ တပ်နီတော်က သူ့ အတွက် လမ်းရှင်းပေးတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေက ညီညာပြီးတော့။ စည်းစနစ်ကျတယ်။
ဖန်ကျန်းရှီကတော့ စိတ်ထဲမှာ လန့်နေမိတယ်။ တပ်နီတော်က ကြီးမြတ်သောရှ ရဲ့ ထိပ်တန်း စစ်တပ်ကြီး တစ်ခုပဲ။ လေ့ကျင့်မှုကလည်း အတော့်ကို စည်းစနစ်ကျတယ်။ ချီဟို့က စစ်မက်ရေးရာမှာ ဉာဏ်ကြီးရှင် တစ်ယောက်ပဲ။ သူတို့တွေ တပ်နီတော်ကို ဖြတ်သန်းလာပြီးတဲ့နောက်။ နီးကပ်လာတဲ့ စစ်တပ်ကြီးကို လှမ်းကြည့်နေတယ်။ လီကျန်းဖုန်း ပြောသလိုပဲ။ ဒီတပ်ဖွဲ့က စစ်သည်တော်တွေ အကုန်လုံးက မျက်နှာဖုံး စွပ်ထားခဲ့တယ်။ တစ်ယောက်ချင်းစီ တိုင်းက ခေါင်းအစ ခြေအဆုံး။ ဝတ်ရုံနက်တွေ ခြုံလွှမ်းထားခဲ့သလို။ ရွာဆီကို ဦးတည်လာနေခဲ့တယ်။ ဒီ ပုံစံအရ။ သူတို့ အယောက် သုံးထောင်လုံး တူညီတဲ့ သံချပ်ကာတွေကို ဝတ်ထားတယ် ဆိုတာ သိသာလွန်းတယ်။
“မဆိုးဘူးပဲ။” ချီဟို့ ချီးမွမ်းတယ်။ သူလို ဝါရင့် စစ်သူကြီးတစ်ယောက် ကောင်းကောင်း ပြောနိုင်တာက။ ဒီ တပ်ဖွဲ့ကြီးက တစ်ချက်ကြည့်ရုံနဲ့တင် ကောင်းကောင်း လေ့ကျင့်ထားမှန်း သိသာလွန်းတာပဲ။ မြင်းနဲ့ ချီတက်လာတာတောင် ပုံစံမပျက်ဘူး။ သူတို့ရဲ့ ပုံစံက လှံတစ်ချောင်းလိုပဲ။ သူတို့ နောက်မှာတော့။ ငါးယောက်ဆီ ပါတဲ့ စစ်သည်တော်တွေ အစီအတိုင်း ရှိနေတယ်။
စစ်ဗျူတာတွေကို လေ့လာဖူးတဲ့ ဘယ်သူမဆို ဒါက ထိုးစစ်ဆင် ဖို့ အသင့်ပြင်ထားတဲ့ ပုံစံ။ ဆိုတာ ပြောနိုင်တယ်။ ဒီလောက် ခရီးအဝေးကြီးကို ပုံစံ မပျက် လာနိုင်တယ်ဆိုတာ။ ဘယ်လောက်တောင် စည်းစနစ်ကျကျ ကောင်းကောင်း လေ့ကျင့်ထားခဲ့လဲ ဆိုတာ သိသာလွန်း တယ်။
“ တကယ့်ကို မဆိုးဘူး။” ဖန်ကျန်းရှီလည်း သဘောတူ ကြောင်း ပြောလိုက်တယ်။
ချီဟို့ကတော့ နောက်ထပ် ထပ် မပြောတော့ဘူး။ မျက်မှောင်ကြုတ်ရင်းနဲ့သာ။ နီးကပ်လာနေတဲ့ လှံ သဏ္ဍာန် တပ်ဖွဲ့ကို ကြည့်နေခဲ့တယ်။ ချီဟို့ကို ဒီလို ပုံစံမျိုး မြင်ရခဲတယ်။
ငါးသောင်းသော လူရိုင်း စစ်တပ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အချိန်မှာတောင်။ သူ မျက်မှောင် မကြုတ်ခဲ့ဘူး။ ဒါပေမယ့် အခု စစ်သည်တော် သုံးသောင်း ကို မျက်နှာချင်းဆိုင် တွေ့ရတော့ သူ မျက်မှောင်ကြုတ်ထားခဲ့တယ်။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ သူ့နောက်မှာ ရွာကြီးတစ်ခုလုံးရှိနေတာကြောင့်ပဲ။ ဒီရွာမှာ မြောက်ပိုင်းဒေသရဲ့ အလားအလာ အကောင်းဆုံး ကလေးတွေ ရှိနေတယ်။
အကယ်၍ ဒီလူတွေသာ အိမ်ရှေ့စံ မင်းသားရဲ့ လူတွေ ဖြစ်မယ်ဆိုရင်။ အခု သူတို့ ရောက်လာတာက။ ဖမ်းဆီးဖို့ပဲ ဖြစ်လိမ့်မယ်။ တပ်နီတော် မရှိရင်။ ဒီတပ်ဖွဲ့က ဖန်ကျန်းရှီကို အလွယ်တကူ ဖမ်းသွားမှာပဲ။ ဒါပေမယ့် တပ်နီတော် ပါဝင်ပတ်သက်လိုက်ရင်။ အခုကိစ္စက သွေးချောင်းစီး လူသတ်မှုကြီး ဖြစ်သွားလိမ့်မယ်။ အိမ်ရှေ့စံက ဖန်ကျန်းရှီ နတ်ဆိုးကျောင်းတော် လက်ထဲကို ရောက်သွားတာမျိုး လုံး၀ အဖြစ်ခံမှာ မဟုတ်ဘူး။
သူတို့တွေ နီးကပ်လာနေပြီ။
“အသင့်ပြင်။” ချီဟို့ သူ့လက်ကို မြှောက်လိုက်တယ်။
“ဝူး….” တပ်နီတော်က စစ်သည်တော်တွေ သူတို့ရဲ့ လှံတွေကို မြှောက်ရင်း။ ဦးတည်လာနေတဲ့ တပ်ဖွဲ့ကြီးကို ပြစ်လို့လိုက်တယ်။ လှံတွေ မြေပြင်ပေါ်ကို ကျရောက်သွားတဲ့ အချိန်မှာပဲ။ လံှသဏ္ဍာန် ရှေ့ပြေး တပ်ဖွဲ့ရပ်တန့်သွားတယ်။ သူတို့နောက်က စစ်သည်တော် သုံးထောင်လည်း ရပ်တန့်သွားတယ်။ ဒါပေမယ့် ပုံစံကတော့ မပျက်ယွင်း။
“ ငါက တပ်နီတော်ရဲ့ ခေါင်းဆောင်။ နတ်ဆိုးကျောင်းတော်က လီကျန်းဖုန်း။ ချီဟို့ရဲ့ အမိန့်တော် အရ။ ဒီမှာ ဝရမ်းပြေးကို ဖမ်းဖို့လာတာ။ မင်းတို့က ဘယ်သူတွေလဲ။ မြောက်ပိုင်းဒေသကို ဘယ်လို ကျူးကျော်လာဝံ့တာလဲ။” လီကျန်းဖုန်းအော်ဟစ်တယ်။
ချီဟို့ ဆီမှာ ဆယ်စုနှစ် တစ်နှစ် ကျော်ကြာအောင် တာဝန် ထမ်းဆောင်ခဲ့သူ အနေနဲ့။ လီကျန်းဖုန်းက။ ချီဟို့ ဘယ်နေရာမှာရှိနေတယ် ဆိုတာ မပြောရမှန်း သိတယ်။
လေညှင်းလေးက ခပ်သွဲ့သွဲ့ တိုက် ခတ်နေတယ်။ ပန်းရနံ့တွေ ထုံသင်းလာတော့တယ်။ ဝတ်ရုံနက် စစ်သည်တော် သုံးထောင် နေရာမှာတင် ရပ်နေခဲ့တယ်။ လီကျန်းဖုန်းရဲ့ ပြောစကားကြောင့် အနည်းငယ်လေး တောင် လှုပ်ရှားတာမျိုး မဖြစ်။ မကြားသလိုသာရှိနေတယ်။ သူတို့တွေက အမိန့်ကို စောင့်နေကြတာ။ ဒီအချိန်မှာပဲ သွေးနီရောင် အလံ မြင့်တက်လာတယ်။ ဘာ သင်္ကေတမှ မပါတဲ့အလံ တစ်ခုပဲ။
လီကျန်းဖုန်းကတော့ ဒီ အလံကို မြင်တဲ့ အချိန်။ သူ့ အမူအယာ ပြောင်းလဲသွားတယ်။ ဝတ်ရုံနက် စစ်သည်တော် သုံးထောင် က အလံလှုပ်ရှားတာနဲ့ တပြိုင်နက်တည်း လှုပ်ရှားကြတယ်။
“ဝူး….” သူတို့ တညီတညွှတ်တည်း လှုပ်ရှားကြတယ်။ အသံတွေ ငြိမ် သက်သွားတဲ့ အချိန်မှာ။ သူတို့ တစ်ယောက်ချင်းစီရဲ့ လက်ထဲ။ သံမဏိလေးကိုင်းတွေ အသင့်ဖြစ်နေခဲ့ပြီ ။ လေးညှို့ကို ဆွဲရင်း။ မြှားတွေ က ပြစ်ရန် အသင့်။ တပ်နီတော်ကို သူတို့ ချိန်ရွယ်ထားကြတယ်။
“ မင်းတို့တွေ ဘယ်လိုတောင် လုပ်ဝံ့တာလဲ။” လီကျန်းဖုန်း။ သူ့ လက်ထဲ လှံကို မြှောက်လိုက်တယ်။ အခုကိစ္စက သူ့ကို အတော်လန့်စေတယ်။ သူတို့တွေက မြောက်ပိုင်းဒေသမှာ ရှိနေတာလေ။ ချီဟို့ ဒီမှာ ရှိနေတာ ကို မပြောပေမယ့် တပ်နီတော်ရဲ့ တည်ရှိမှုကတင် သူတို့ တွေကို စဉ်းစား ဆုံးဖြတ်စေဖို့ လုံလောက်ပြီလေ။ နတ်ဆိုးကျောင်းတော်က မြောက်ပိုင်းဒေသမှာ အင်အား အကြီးဆုံး တပ်ပဲ။
“ ချီဟို့။ မင်းရဲ့ နောက်က လူငယ်လေးကို ငါတို့ လိုချင်တယ်။ အကယ်၍ မင်းသာ သူ့ကို ငါတို့ လက်ထဲ အပ်ရင်။ ငါတို့ လမ်းကို ငါတို့ ဆက်သွားမယ်။ ” တပ်ဖွဲ့ကြီးထဲကနေ အသံ ထွက်လာတော့တယ်။
“အိုး. … ။ ငါငြင်းရင်ကော ဘယ်လို လုပ်မလဲ။” ချီဟို့ ပြန်ဖြေတယ်။
လီကျန်းဖုန်းက သူ့နာမည်ကို မပြောခဲ့ဘူး ဆိုတာ သူသိတယ်။ ဒီစစ်တပ်ကြီးကို လီကျန်းဖုန်း က ခြောက်လှန့် ခဲ့ပေမယ့်။ သူတို့ကတော့ အာရုံစိုက်ဟန် မရှိ။ သူ့ကို နာမည် ခေါ်ပြီးတော့တောင်။ ဖန်ကျန်းရှီကို ပေးခိုင်းနေသေး တယ်။ ဒါက ဘယ်သူ ဖြစ်မလဲ။ မြောက်ပိုင်းဒေသမှာ နတ်ဆိုး ကျောင်းတော်ကို ထိပါးဝံ့တဲ့သူက ဘယ်သူ ဖြစ်လိမ့်မလဲ။
“ အကယ်၍ မင်း ငြင်း ရင်။ ဒါဆိုလည်း။ ငါတို့ အင်အား သုံးတာအတွက် တောင်းပန်တာကို လက်ခံပေးပါ။” အသံ နောက်တစ်ကြိမ် ထွက်လာသလို။ အနီရောင် အလံလည်း မြင့်တက်လာတယ်။
“ အမှိုက်သရိုက်တွေ။” အနီရောင် အလံ ထွက်လာတာ မြင်တော့။ ချီဟို့ ဒေါသ ထွက်သွားတယ်။ သူတို့တွေကို သနား ညှာတာ ပြီးပြီပဲ။ အခုက အိမ်ရှေ့စံနဲ့ ပတ်သက်တဲ့ စစ်တပ် ဖြစ်မယ်လို့ ထင်နေတာကြောင့်။ မလိုအပ်ပဲ ချက်ခြင်း မတိုက်ခိုက်တာပဲ။ ဒါပေမယ့် သူ က တိုက်ခိုက်ရမှာ ကြောက်နေတာ မဟုတ်ဘူး။
“သေကြ။” ချီဟို့ ဒေါသတကြီး ကျိန်ဆဲနေတဲ့ အသံကို ကြားတော့။ တပ်နီတော်က စစ်သည်တော်တွေ လှုပ်ရှားတော့တယ်။ သူတို့ရဲ့ လူသတ်ငွေ့က လေထုကို လွှမ်းခြုံသွားတယ်။
ဖန်ကျန်းရှီကတော့ မျက်လုံးပြူးနေခဲ့တယ်။ ဘာတွေ ဖြစ်ကုန်တာလဲ။ အစတည်းက သူ ရှင်းအောင် ပြောထားပြီးသား မဟုတ်ဘူးလား။ သူငယ်ချင်း တစ်ယောက်ကို စောင့်နေတာ လို့။ ဘာလို့ နှစ်ဖက်လုံးက အခု ချက်ခြင်း တိုက်ခိုက်တော့မလို ဖြစ်နေတာလဲ။ သူတို့က ငါ့ကို လိုချင်နေတာလေ။ အသာတကြည်ပေးလိုက်လို့မရဘူးလား။
ဖန်ကျန်းရှီ ခါးသက်သက်ပြုံးရင်း ကြည့်နေခဲ့တယ်။ ဆန့်ကျင်ဘက် တပ်ဖွဲ့ကို သူသိတယ်လေ။ ဒါပေမယ့် တပ်နီတော်ရဲ့ ရှေ့မှာ ချီဟို့ကို ဒီ အကြောင်း ပြောလို့မရဘူး။ နောက်ဆုံးတော့လည်း ဒါက မြောက်ပိုင်းဒေသလေ။
“ အရှင်။ ကျွန်တော့်ကို သူတို့ လက်ထဲ ထည့်လိုက်ပါ။” ချီဟို့ ဒေါသ ထွက်နေတာ မြင်တော့ ဖန်ကျန်းရှီ ခပ်တိုးတိုး ပြောတယ်။
“ ဘာ ေ-ာက် အဓိပ္မာယ် မရှီတာတွေ။ ငါ တကယ်ပဲ သူတို့ လက်ထဲ မင်းကို အပ်လိုက်မယ် ထင်နေတာလား။ ” ချီဟို့ ပြန်ဖြေတယ်။
“ အရှင် ကျွန်တော့်ကို အပ်လိုက်ပါ။ တကယ်တော့ ကျွန်တော် စိတ်မဆိုးပါဘူး။ သူတို့ နဲ့ လိုက်သွားလို့ ရပါတယ်။” ဖန်ကျန်းရှီ လက်မလျှော့ပဲ အရး ဆိုနေခဲ့တယ်။
“ မင်း စိတ်မဆိုးပေမယ့် ။ ငါ စိတ်ဆိုးတယ်။” ချီဟို့ က ဖန်ကျန်းရှီရဲ့ အကြံပြုချက်ကို ဆက်တိုက် ငြင်းပယ်နေခဲ့တယ်။
ဖန်ကျန်းရှီၤကို သူများ လက်ထဲ ထည့်ပေးရမယ်။ ဒါက ဟာသလုပ်နေတာလား။ မြောက်ပိုင်းဒေသကို လာပြီးတော့ ဖန်ကျန်းရှီကို လာတောင်းနေတယ်။ အင်အားက ဆယ်ဆ တစ်ဆ ဖြစ်နေရင်တောင်။ မပေးနိုင်ဘူး။ ဘာလုပ်ချင်လဲ။
“အရှင်။ ကျွန်တော် တကယ် သူတို့ ဆီ သွားချင်ပါတယ်။”
“ ပါးစပ် ပိတ်ထားစမ်း။ ”
“ ….” ဖန်ကျန်းရှီ ပါးစပ်ပိတ်သွားခဲ့တယ်။ သူပြောခဲ့ပြီးသားပဲ။ အရှင် ကျွန်တော့် သူငယ်ချင်းလာမယ်လို့။
သူတို့ နီးလာပြီမို့ ရွာ အပြင် ထွက်ပြီးတော့ လာကြိုတာလေ။ ဒါပေမယ့် လီကျန်းဖုန်းက အရင်ရှေ့ထွက်သွားတယ်။ သူတို့ ဘယ်သူဆိုတာ ကြေညာတယ်။ ဟို ဘက် တပ်ဖွဲ့ကလည်း တိုက်ခိုက်ဖို့ အသင့်ပြင်နေတယ်။ သူတို့တွေ ဆက်တိုက် လှုပ်ရှားသွားလိုက်ကြတာ။ ဖန်ကျန်းရှီတောင် ဝင်နှောက်ယှက်ဖို့ အချိန် မရှိလိုက်ဘူး။
“ သေ …”
“ သေ….”
“သေ….”
တပ်နီတော်ရဲ့ အသံက တစ်ဆထက် တစ်ဆ ကျယ်လောင်လာတယ်။ သူတို့တွေ တိုက်ခိုက်ဖို့ အသင့် ဖြစ်နေခဲ့ပြီ။ ဝတ်ရုံနက် စစ်သည်တော်တွေကလည်း လုံး၀ မကြောက်ရွံ့။ မြှားတွေကို ပြစ်ဖို့ အသင့်ပြင်နေရာကနေ လုံးဝမလှုပ်။
ကျန်းယန်ဖိန် နဲ့ တခြား ရွာသားတွေကတော့။ ပါးစပ် ဟရ လွန်းလို့ ။ မေးရိုးတောင် မြေကြီးပေါ်ကို ကျတော့မယ်။.
“ ကျန်းရှီ။ ပြန်ဆုတ်လာခဲ့”
“ အကယ်၍ သူတို့ တိုက်ခိုက်ရင်။ ငါတို့တွေ တောင် ပေါ်တက် ပုန်းကြမယ်။”
“ဟုတ်တယ်။ ကျန်းရှီ။ မြန်မြန် လာ။”
ရွာသားတွေ အသားကုန်အော်ဟစ်နေခဲ့တယ်။ တပ်နီတော်က သူတို့နဲ့ ဖန်ကျန်းရှီရဲ့ ကြားမှာ ခံနေတယ်။ ဖန်ကျန်းရှီက အင်အားစု နှစ်ခုကြားမှာ ရောက်နေတာ။ ဒါက အန္တရာယ် များလွန်းတယ်။ ဖန်ကျန်းရှီကတော့ ပုန်းဖို့ နေရာ ရှာဖို့ စိတ်ကူးမရှိသေးဘူး။ သူရှေ့ကို ထွက်လာခဲ့တယ်။
“နေကြပါအုန်း။ လက်နက်တွေ ချကြပါ။”
ဖန်ကျန်းရှိရဲ့ အသံက ကျယ် လွန်းလို့ ။ စစ်မြေပြင်က လူတိုင်း သူ့ အသံကိုကြားနိုင်တယ်။ ဒါပေမယ့် တပ်နီတော်ကတော့ သူ့ အမိန့်ကို မလိုက်နာဘူး။ ဒါက အသုံးမဝင်။ ဒါပေမယ့် ဝတ်ရုံနက် စစ်သည်တော် သုံးထောင်ကတော့ သူ့ တို့ လမ်းမှာ ရပ်နေကြတယ်။ အဝါရောင် အလံ ထွက်ပေါ်လာတယ်။
“ဝူး ဝူး ဝူး…”
ဒီအချိန်မှာပဲ လှံတံတွေ တပ်နီတော်ဆီကို ပျံသန်း လာခဲ့တယ်။ သူတို့ရဲ့ ပိုင်ရှင်တွေဆီကို ပြန်လာကြတာ။ လီကျန်းဖုန်း မျက်လုံးပြူးသွားတယ်။ တပ်နီတော်ကတော့ အော်ဟစ်နေကြတာကို ရပ်လိုက်ပြီ။ အခု ဖြစ်နေတာတွေကို သူတို့ နားမလည်နိုင်ဘူး။ ဘာလို့ တခြား တပ်ဖွဲ့က ဖန်ကျန်းရှီ ပြောတာကို နားထောင်နေကြတာလဲ။
ချီဟို့လည်း အံ့သြလို့ ပါးစပ်ဟသွားခဲ့တယ်။ ဒါပေမယ့် ချက်ခြင်း မျက်နှာကို ပြန်တည်တယ်။ စစ်သည်တော် သုံးထောင်ရဲ့ ဝတ်ရုံတွေနဲ့။ သူတို့ ဝတ်ထားတဲ့ ဝတ်ရုံနက်တွေ။ လက်ထဲက လေးကိုင်းတွေကို သူ လေ့လာနေတယ်။ ရုတ်တရက် သူ မျက်လုံးပြူးသွားတယ်။ အဲ့ဒီ့နောက် အစိမ်းရောင် အလင်းတန်း သူ့လက်ထဲမှာ ထွက်ပေါ်လာတယ်။ ကျောက်စိမ်းရောင် တောက်နေတဲ့ အလင်းတန်း။ အလင်းတန်းက စစ်သည်တော် တစ်ယောက်ဆီကို ပျံထွက်သွားတယ်။
တစ်ချိန်တည်းမှာပဲ။ ဝတ်ရုံနက် စစ်သည်တော်ရဲ့ အမူအယာ ပြောင်းလဲသွားတယ်။ သူ့ ခန္ဒာကိုယ် တစ်ခုလုံးကို အစိမ်းရောာင် အလင်းတန်းက ဝန်းရံထားတယ်။ သူ့ရဲ့ ဝတ်ရုံနက် ဆုတ်ဖြဲခံနေရတယ်။ မရေမတွက်နိုင်တဲ့ ဓားသွားတွေ သူ့ကို မွှန်းနေသလိုပဲ။ လက်တဝါးစာ အဝတ်စ အမည်းတွေ ေ လနဲ့ လွင့်ပါသွားတယ်။
အဝတ်စတွေ မြေပြင်ပေါ် ကျသွားတဲ့ အချိန်မှာပဲ။ တောက်ပတဲ့ သံချပ်ကာ ပေါ်ထွက်လာခဲ့တယ်။ ပုံသဏ္ဍာန်တစ်ခု နဲ့ ပြည့်နှက်နေတဲ့ ငွေရောင်သံချပ်ကာ ။ ပိုပြီးအရေးကြီးတာက။ ဒီ သံချပ်ကာကို တိမ်စိုင်ခြောက်ခု နဲ့ တန်ဆာဆင်ထားတာပဲ။ အနီရောင် တောက်ပနေတဲ့ တိမ်စိုင်တွေ။ ပုခုံးကာ ကနေ ခါးအထိ။ ခြောက်ထောင့်ပါတဲ့ ဆဌဂံလို ရှိနေတယ်။ အကုန် ခြုံကြည့်လိုက်ရင် ယပ်တောင် သဏ္ဍာန်ရှိတယ်။ ယပ်တောင် ပုံစံ အစီအစဉ်ချထားတဲ့ အနီရောင် တိမ်စိုင် ခြောက်ခု။
“ ရန် တိမ် မြင်းတပ်ဖွဲ့…..”
အပိုင်း(၄၈၉) ပြီး၏။
အပိုင်း(၄၉၀)
“ ကြောက်မက်ဖွယ် အရှိန်အဝါ။”
“အဲ့တာ ရန် တိမ် မြင်းတပ် ဖွဲ့ကြီးလား။”
လီကျန်းဖုန်းနဲ့ တပ်နီတော်ရဲ့ အမူအ ယာကတော့။ အနီရောင် တိမ်စိုင် ခြောက်ခုကို မြင်တဲ့ အချိန်မှာ ပြောင်းလဲသွားတယ်။ ကြီးမြတ်သောရှမင်းဆက်မှာ အထူးတပ်ဖွဲ့ကြီးတွေ အများအပြားရှိ တယ်။ နဂါးတပ်ဖွဲ့။ တောင်ဖြိုတပ်ဖွဲ့။ တပ်နီတော်။ အကုန်လုံးကထိပ်တန်း စစ်သည်တော်တွေပဲ ။ ဒါပေမယ့် အကယ်၍ သူတို့ရဲ့ အထက်မှာ ရှိတဲ့ တပ်ဖွဲ့ကို ပြောပါဆိုရင် ။ ရန်တိမ် မြင်းတပ် လို့ ချက်ခြင်း ဖြေရမှာပဲ။
ရန်တိမ်မြင်းတပ်က စစ်သည်တော်တွေက။ ပိုပြီးတော့ အင်အားကြီးတာ။ အရည်အချင်း ပြည့်ဝနေတာ တွေကြောင့် မဟုတ်ဘူး။ သူတို့ လေ့ကျင့်နေထိုင်ရတဲ့ နေရာကြောင့်ပဲ။ အနောက်ပိုင်း လျန်ဒေသကြီး။ ကျတ်တီးမြေ။ လေနီကြမ်း အမြဲတိုက်ခတ်နေတယ်။ သဲမုန်တိုင်းနဲ့ ဖုန်မှုန့်တွေ့ နေရာ အနှံ့မှာ အပြည့်။ ရန်တိမ် တပ်ဖွဲ့ကြီးက သွေးကို သောက်ပြီး အသားကို စားကြတယ်။မ
ရန်မိသားစုက အနောက်ပိုင်းလျန်ရဲ့ ခေါင်းဆောင် မိသားစုပဲ။ သူတို့ရဲ့ သမိုင်းကြောင်းက ကြီးမြတ်တ်သောရှ မင်းဆက် ထက်တောင် ရှည်လျားတယ်။ ကြီးမြတ်သောရှ မင်းဆက် မတည်ထောင်ရသေးခင် အချိန်မှာ။ သူတို့ က အနောက်ပိုင်းလျန်ကို အုပ်ချုပ်နေခဲ့ပြီ။ ကြီးမြတ်သောရှကို ကျောင်းတော်ကြီး ဆယ့်သုံးခုက ထောက်ပံ့ထားတယ်။
ဒါပေမယ့် ကြီးမြတ်သောရှ ဧကရာဇ် တိုင်းက။ အနောက်ပိုင်းလျန် အုပ်ချုပ်ခွင့်ကို ရန်မိသားစုဆီ အမြဲ ပေးအပ်ထားခဲ့တယ်။ ရန်မိသားစုရဲ့ သွေးနီရောင် တိမ်စိုင် ခြောက်ခုက ကြမ်းတမ်းတဲ့ ကျတ်တီးမြေမှာ လေ့ကျင့်နေကြတဲ့ အချိန်။ ကျောင်းတော် ဆယ့်သုံးခုကတော့ လမ်းတစ်ဝက်မှာပဲ ကျန်ရစ်ခဲ့တယ်။ အဲ့ဒီ့နယ်မြေမှာ သူတို့ မတိုက်ခိုက်နိုင်ဘူး။
“ရန် တိမ် မြင်းတပ်။” ချီဟို့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ရန်တိမ် မြင်းတပ် ဒီမှာ ပေါ်လာမယ်လို့ မထင်ထားမိဘူး။ ဖန်ကျန်းရှီက မြောက်ပိုင်းဒေသ ဟွေ့အန်း နယ်မြေ။ မြောက်ရွာမှာ ရှိနေတာ။ ချီဟို့ က ဒီ သတင်းကို ကြားကြားချင်း နှစ်ရက်လုံးလုံး အရှိန်ပြင်း နှင်လာ ခဲ့တာ။ တစ်ချက်လေးတောင် မနားခဲ့ဘူး။
ရန်တိမ် မြင်းတပ် ။ သူတို့က မိုင်ထောင်ချီ ဝေးတဲ့ အနောက်ပိုင်း လျန်ဒေသမှာ ရှိနေတာ။ ဒါတောင်။ တပ်နီတော် ရောက်ပြီး နာရီ နည်းနည်းပဲ ကြာတာ နဲ့ သူတို့ ရောက်ချလာတယ်။ ဒါမျိုးက ဘယ်လို အရှိန် နှုန်းဖြစ်နိုင် မလဲ။ ဒါက…..။ ရန်တိမ် မြင်းတပ် စစ်သည်တော်ကို သူ သေချာကြည့်တယ်။ စစ်သည်တော်ရဲ့ ခါးကို မြင်တဲ့ အချိန်။ အရာ အားလုံးကို သူ နားလည်သွားခဲ့တယ်။ စစ်သည်တော်ရဲ့ ခါးမှာ စားလက် သွေးသံရဲရဲ နဲ့ အသားပိုင်းရှိနေတယ်။ အစိမ်း။ ဒါက ခရီးသွားတဲ့ အချိန်မှာ ထိရောက်မှုအရှိ ဆုံး နည်းလမ်းပဲ။ စွမ်းအင်ကိုလည်း ချွေတာနိုင်တယ်။ မြန်နိုင်သလောက် မြန်အောင် သွားနိုင်သလို။ အချိန် မရွေး ရပ်တန့်ပြီး တော့ တစ်ခဏ အတွင်းလည်း တိုက်ခိုက်နိုင်တယ်။
“ ကောင်းတယ်။ အရမ်းကောင်းတယ်။ ရန်တိမ် မြင်းတပ်က တကယ့်ကို နာမည် နဲ့ လိုက်ဖက် အောင် အစွမ်း ထက်ပါပေတယ်။” ချီဟို့ လေးစားမှု ပြတဲ့ အနေနဲ့။ လက်သီး ဆုပ်ရင်း အလေးပြုတယ်။
သူ မတတ်နိုင်တာကြောင့်။ တခြားသော စိတ်ခံစားချက်တွေကို ဖိနှိပ် ထိန်းချုပ်ထားခဲ့တယ်။ ရှုံးနိမ့်တာမျိုး သူ အဖြစ် မခံနိုင်ဘူး။ လီကျန်းဖုန်းလည်း စစ်သည်တော်ရဲ့ ခါးမှာ ချိတ်ထားတဲ့ အသားစိမ်းကို သတိပြုမိတယ်။ သူ တစ်ချက် တုန်ယင်သွားခဲ့တယ်။ အမှန်တရားက ခါးသက်တယ်။ အရိုင်းဆန်ဆန် ကြမ်းကြုတ်တယ်။
“ ရန်တိမ် မြင်းတပ်က ဒီလိုနည်း နဲ့ လေ့ကျင့်နေ တုန်းလား။” ရန်တိမ်မြင်းတပ် ဒီလို နည်းလမ်းကို သုံးနေတာ ကြာလောက်ပြီမှန်း သူသိတယ်။ အသားစိမ်းဆိုတာ မစားကောင်းဘူး။ အကယ်၍ သူတို့သာ ဒီ အသားတွေကို အစာကောင်းကောင်း မချေနိုင်ရင် ။ အခု အချိန်ဆို အစာအိမ် နာလို့ လူးလိမ့်နေရလောက်ပြီ။ တပ်နီတော် စစ်သည်တော် နှစ်ထောင်လည်း ။ ခြိမ်းခြောက်မှု အငွေ့အသက်တွေကို ခံစားနေရတယ်။ သူတို့လက်ထဲက လက်နက်တွေကို ကျစ်ကျစ်ပါအောင်သာ ဆုပ်ထားကြတော့တယ်။ ဒီ အချိန်မှာပဲ။ သူ့ ဝတ်ရုံကို စုတ်ဖြဲခံလိုက် ရ တဲ့ စစ်သည်။ ဓားတစ်ချောင်းကို ဆွဲထုတ်ရင်း လည်ပင်းကို ထိုးချလိုက်တော့တယ်။
“ ကလန်။”
သူ့ဓားမြှောင် မြေပြင်ပေါ်ကို ပြုတ်ကျသွားတယ်။
“ကျွန်တော် သေသင့်ပါတယ်။” စစ်သည်တော်ရဲ့ အမူအယာ ပြောင်းလဲသွားတယ်။
“ မင်းရဲ့ အမှားမဟုတ်ဘူး။ ငါတို့က ချီဟို့နဲ့ ရင်ဆိုင်နေရတာ။ ငါတို့ရဲ့ တပ်အကြောင်း မဖော်ပြဖို့ အချိန်ပဲ လိုအပ်တာ။ နောက် တိုက်ပွဲတွေမှာ ပိုပြီး ကောင်းကောင်း လုပ်ဆောင်ပါ။” တပ်ဖွဲ့ထဲကနေ အသံ ထွက်လာခဲ့တယ်။
“ အမိန့်တော် အတိုင်းပါ။”
…
ဖန်ကျန်းရှီ ရှေ့ကို ထွက်လာခဲ့တယ်။ ချီဟို့ကတော့ သူ့ကို ရပ်တန့်မယ့် အရိပ် အယောင် မရှိ။
“ သခင်လေး ဖန်ကို နှုတ်ခွန်းဆက်ပါတယ်။” ရန်တိမ် မြင်းတပ်က စစ်သည်တော် သုံးထောင် တလေးတစား နဲ့ ဦးညွှတ်တယ်။ အဲ့ဒီ့နောက် တပ်ဖွဲ့ ထဲကနေ လူတစ်ယောက် ထွက်လာခဲ့တယ်။ သူ လည်း ဝတ်ရုံနက် ဝတ်ထားရင်း မျက်နှာဖုံးနက် စွပ်ထားခဲ့တယ်။ ဒါပေမယ့် တပ်ဖွဲ့ ထဲက ထွက်လာတဲ့ အချိန်။ သူ့ မျက်နှာဖုံးကိုလည်း ချွတ်လိုက်တယ်။ ခါတိုင်းလိုပဲ အေးစက်စက် ပြုံးနေခဲ့တယ်။ အတော့်ကို ကြမ်းတမ်းတဲ့ ခရီး ပြင်းကို နှင်လာရတာတောင်။ သူ ပင်ပန်းနေတဲ့ ပုံ မပေါ်ဘူး။ ဖန်ကျန်းရှီကို ဂရုစိုက်တဲ့ မျက်ဝန်း အကြည့်တွေနဲ့ ကြည့်နေခဲ့တယ်။ ရန်ရွှယ်။….. ( ညီလာခံ စာမေးပွဲ ရလဒ်တွေ ထွက်လာပြီးတဲ့ နောက် အနောက် လျန် ဒေသကို သူပြန်သွားခဲ့တယ်။ ဒီ ရက်ပိုင်း အတွင်း မြို့တော်ကို သူ ခြေတစ်လှမ်းတောင် မလှမ်းလာခဲ့တယ်။
“ လွန်ခဲ့တဲ့ တစ်နှစ် လုံးလုံး မင်း ဘယ် လိုလဲ။”
“ မင်းကော ဘယ်လိုလဲ။”
ဖန်ကျန်းရှီ နဲ့ ရန်ရွှယ် တစ်ယောက်ကို တစ်ယောက် နှုတ်ဆက် နေခဲ့ကြတယ်။ သူတို့ မတွေ့တာ တစ်နှစ် ကြာပြီးတဲ့ နောက်မှာတောင်။ သူတို့ နှစ်ယောက်လုံး အရင်လိုပဲ မပြောင်းလဲဘူး။ စမ်းချောင်းထဲက ရေလို တည်ငြိမ်နေခဲ့ကြတယ်။ ဖန်ကျန်းရှီနဲ့ ရန်ရွှယ် ရယ်မောနေခဲ့ကြတယ်။
“ငါ နေကောင်းပါတယ်။”
သူတို့ နှစ်ယောက်လုံးရဲ့ အသံ တပြိုင်တည်း ထွက်လာခဲ့တယ်။ သူတို့ တွေရဲ့ နောက်မှာ စစ်တပ်ကြီး နှစ်ခု ရှိနေတယ် ဆိုတာတောင် မေ့နေခဲ့တယ်။ အဲ့ဒီ့နောက် ။ ဖန်ကျန်းရှီ သူ့ ပတ်ဝန်းကျင်ကို လက်ညှိုး ထုးိရင်း ရန်ရွှယ့်ကို မိတ်ဆက်ပေးနေတယ်။
“ ကြည့်။ ဒီနေရာက ငါကြီးပျင်းခဲ့တဲ့ နေရာပဲ။ မြောက်ရွာက တကယ့်ကို လှတယ်။ ရေတွေကလည်း ကြည်လို့။ လေထုကလည်း အေးမြနေတာပဲ။ မြစ်ကို ကြည့်လိုက်ရင်။ ငါးတွေ ရေထဲမှာ ကူးနေတာကိုတောင် ထွင်းဖောက်နေမြင်နေရတယ်။”
“အင်း…”
“မင်း မနက်စာ မစားရသေးဘူးမလား။ လာ ငါ့အိမ် မှာ လိုက်စားလှည့်။”
“ကောင်းပြီ”
အဲ့ဒီ့နောက် ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ မြောက်ရွာကို ဦးတည်ပြီးတော့ လျှောက်လာခဲ့တယ်။ ရန်တိမ် တပ်ဖွဲ့ကတော့ စကားမပြောပဲ ဒီအတိုင်းသာ ကြည့်နေခဲ့တယ်။ ဒါပေမယ့် သူတို့ မျက်လုံးထဲမှာတော့ ထိတ်လန့်မှုအပြည့်။
“အခုချိန်က အစားအသောက် အကြောင်းကို ပြောဖို့ အချိန်လား။”
ကျန်းယန်ဖိန်နဲ့ ရွာသားတွေ တစ်ယောက်ကို တစ်ယောက် ။ စိတ်ရှုပ်ထွေးမှု အပြည့်နဲ့ ကြည့်နေခဲ့တယ်။ ဒီ လူငယ်က ဘယ်သူမှန်း သူတို့ မသိဘူး။ ဒါပေမယ့် သူတို့ သိတာ။ အကယ်၍ ဒါသာ ရန် တိမ် မြင်းတပ် ဖြစ်ခဲ့ရင်။ နယ်မြေကျူးကျော်မှုပဲ။
“ရန်ရွယ် ။ ရန်တိမ် မြင်းတပ်က ရန်မိသားစုရဲ့ လက်အောက်မှာ ဆိုတော့။ မင်းဦးဆောင် လာတာ ပေါ့ ။ ဒါပေမယ့် မင်းက မြောက်ပိုင်းဒေသကို ရောက်လာမှတော့။ ဒီကိုလာရတဲ့ ဧကရာဇ် အမိန့်တော်ကိုငါ့ဆီ ပြသင့်တယ်။” ချီဟို့ ရှေ့ထွက်လာခဲ့တယ်။ မြောက်ပိုင်းဒေသ ကျောင်းတော်တွေရဲ့ ခေါင်းဆောင် အနေနဲ့။ ဒီလို ကျူးကျော်တာမျိုးကို ။ ရန်တိမ် မြင်းတပ် ဖြစ်နေရင်တောင် လက်မခံနိုင်ဘူး။
“ အမိန့်စာမပါဘူး။” ရန်ရွှယ် ခေါင်းခါလိုက်တယ်။
“ လူငယ်လေး။ မင်းက ရန်တိမ် မြင်းတပ်ကိုလည်း မြောက်ပိုင်းဒေသ ဆီ ခေါ်လာသေးတယ်။ ဧကရာဇ် အမိန့်လည်း မပါဘူး။ ဒါက မသင့်တော်တာပဲ။ ” ချီဟို့ ခေါင်းခါရင်းပြောတယ်။
“ဟုတ်ပါတယ်။” ရန်ရွှယ်ခေါင်းငြိမ့်တယ်။
“ ဒါက မသင့်တော်မှန်း သိမှတော့။ မင်း ငါ့ကို ဖြေရှင်းချက်ပေးသင့်ပါတယ်။” ရန်ရွှယ် ဘာလို့ ဒီမှာ ရှိနေမှန်း သူသိတယ်။ အရင်နှစ်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကြီးတွေမှာ။ ရန်ရွှယ်က ဖန်ကျန်းရှီရဲ့ စစ်မှန်တဲ့ သူငယ်ချင်းလို့ ထောက်ပြနေတယ်။ ရန်ရွယ်က သူ့ ရန်သူလည်း မဟုတ်တာကြောင့်။ ချီဟို့ သူ့ကို တွန်းအား မပေးချင်ဘူး။ ဒါပေမယ့် တပ်နီတော်ရဲ့ အင်အားကိုတော့ သူ ြပ်ဖို့ လိုသေးတယ်လေ။
“ လမ်းပျောက်နေတာ။” ရန်ရွှယ် တွေးလိုက်ပြီးနောက် ပြန်ဖြေတယ်။
“လမ်းပျောက်နေတယ်။” ချီဟို့ တခြား ဖြေရှင်းချက်ကို မျှော်လင့်ထားခဲ့တာ။ နတ်ဆိုးတွေရဲ့ လှုပ်ရှားမှုကို သူသတိထားမိလို့ ရောက်လာတာ။ ဒါမှမဟုတ်။ လူဆိုးတစ်ယောက်ကို လိုက်ဖမ်းဖို့ လိုက်လာတာမျိုး။ ဒါတွေက အမှားဖြစ်နေရင်တောင်။ ယုံကြည် ယောင်ဆောင်ပြီးတော့။ စစ်တပ်နှစ်ခုကို စုံစမ်းခိုင်းမယ်။ အဲ့ဒီ့နောက် ဘာမှ မတွေ့ရင် ပြန်လွှတ်မယ်။ ဒါပေမယ့် လမ်းပျောက်နေတယ်ဆိုတာက။ ဘယ်လို အကြောင်းရင်း မျိုးလဲ။ အနောက်ပိုင်းလျန်ကနေ ဒီမြောက်ရွာကို မိုင်ပေါင်းထောင်ချီ။ အသားစိမ်းစားပြီး သုံးရက်လုံးလုံး။ ခရီးပြင်းနှင်လာပြီးတော့မှ လမ်းပျောက်နေတယ်တဲ့။ မြောက်ရွာကို ခြေချော်ပြီးတော့ ရောက်လာတာလား။ ဘယ်သူ ယုံမှာလဲ။ ချီဟို့တောင် ယုံကြည်ပေးဖို့ အကြောင်းပြချက် ရှာလို့ မရဘူး။ လီကျန်းဖုန်းနဲ့ တပ်နီတော်လည်း။ ချီဟို့ရဲ့ စိတ်သဘောကို ခန့်မှန်း နိုင်တယ်။ ဒါပေမယ့် ရန်ရွှယ့်ရဲ့ အကြောင်းရင်းက အရမ်းကို ရိုးစင်းလွန်းနေတယ်။
“သခင်လေးရန်။ လူဆိုး တစ်ယောက်ယောက်ကို လိုက်ဖမ်းရင်းနဲ့ များ လမ်းပျောက်လာတာလား။ ဒါမှမဟုတ်။ ဒီ နယ်မြေနဲ့ မရင်းနှီးလို့လား။” လီကျန်းဖုန်းက ရန်ရွှယ်ရဲ့ ဖြေရှင်းချက်ကို အကျယ်ချဲ့ဖို့ ပြင်နေတယ်။
“ မဟုတ်ဘူး။ လမ်းပျောက်နေတာ။” ရန်ရွှယ်ခေါင်းခါတယ်။
“ ငါ့ကို လာနောက်နေတာတော့ မဟုတ်ဘူးမလား။” ချီဟို့ နောက်ထပ် သည်းမခံနိုင်တော့။ ရန်ရွှယ်က မဖြစ်နိုင်တဲ့ ဇာတ်လမ်းကို ရေးနေတာပဲ။ အခုကိစ္စက သူ့ရဲ့ ဂုဏ် သတင်းနဲ့လည်း သက်ဆိုင်နေတယ်။ ရန်ရွှယ် သူ့ကို ရိုင်းပြတာမျိုးတော့ လက်မခံနိုင်ဘူး။
“ ငါ့မြေးက ဟာသပြောရတဲ့ ကြိုက်တဲ့သူလို့ မင်းထင်နေတာလား။” ရန်တိမ်မြင်းတပ်ထဲကနေ နောက်ထပ် အသံ ထွက်လာခဲ့တယ်။
ဒီအသံက မကျယ်လောင်ဘူး။ ဒါပေမယ့် ကြမ်းရှရှနဲ့ အက်ကွဲသံမျိုး။ စစ်သေနာပတိ တစ်ယောက်ရဲ့ သြဇာရှိတဲ့ အသံ သြသြဆိုတာတော့ သေချာတယ်။ ဒီအသံ ထွက်လာတဲ့ အချိန်။ ထူးဆန်းတဲ့ ကိစ္စ တစ်ခု ဖြစ်ပေါ်လာတယ်။ နှင်းမဟူရာ မြင်းပျံတွေ အကုန် ကြောက်လန့်တကြား ပတပ်ရပ် ကုန်ကြတာပဲ။ ကြောက်စရာ တစ်ခုခုနဲ့ ကြုံလိုက်ရသလိုမျိုး။ တစ်ချို့သော နှင်းမဟူရာမြင်းပျံတွေ ဆိုရင်။ သူတို့ရဲ့ စီးနင်းသူတွေကိုတောင် ကန်ထုတ် ပြစ်ကြတယ်။
“ အား ….”
တပ်နီတော်က စစ်သည်တော် နှစ်ထောင်ကတော့ ။ လွင့်ထွက်ကုန်ကြတယ်။ လီကျန်းဖုန်းတောင် အချိန်မှီ မလှုပ်ရှားနိုင်ဘူး။ သူလည်း ပျံထွက်သွားတယ်။ ဒါပေမယ့် ကျန်းယန်ဖိန် နဲ့ ရွာသားတွေကိုတော့ ဒီ စွမ်းအားက မသက်ရောက်ဘူး။ ဒါက ထူးဆန်းတဲ့ မြင်ကွင်းပဲ။ လီကျန်းဖုန်း အမိန့်ပေးတော့မယ့် အချိန်မှာပဲ။ ချီဟို့ရဲ့ တားမြစ် မှုကြောင့် ရပ်တန့်လိုက်တယ်။ ချီဟို့ရဲ့ ဒီလို အမူအယာကို သူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆယ်နှစ်ကျော် အတွင်း ။ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ဒါက ဘယ်သူ ဖြစ်မလဲ။
သူက ရန်ရွှယ်ကို မြေး လို့ ခေါ်တယ်။ ဒါက ……။ လီကျန်းဖုန်း အမူအယာ ချက်ခြင်း ပြောင်းသွားတယ်။ တပ်နီတော်ရဲ့ ခေါင်းဆောင် ဖြစ်နေတဲ့ သူတောင်။ နာမည် တစ်ခုကို တွေးလိုက် မိတဲ့ အချိန်။ ကျောရိုးထဲကနေ စိမ့်ချမ်းလာပြီး ကြက်သီး တဖြန်းဖြန်း ထလာခဲ့တယ်။
“ရန် ချန်လိ”
ရန်မိသားစုရဲ့ ခေါင်းဆေင်။ ဒဏ္ဍာရီလာ သူရဲကောင်းကြီး။ သူ့ကို ဧကရာဇ်တွေတောင် လေးစားကြောက်ရွံ့ ရတယ်။ ဒီလူက ကြောက်မက်ဖွယ် အင်အားရဲ့ ပြယုဂ်တစ်ခုပဲ ။ လူတိုင်းက သူ့ကို ကြောက်ရွံ့ လေးစားကြတယ်။ ရန်ချန်လိ အသက်ရှင်နေသရွေ့။ ရန် မိသားစုက အနောက်ပိုင်း လျန်ကို ထိန်းချုပ်ထားနိုင်တယ်။ ဘယ်သူကမှ သူတို့ရဲ့ ကံကြမ္မာကို စမ်းသပ်ဝံ့မှာ မဟုတ်ဘူး။ ရန်ချန်လိက ခြိမ်းခြောက်မှုတွေရဲ့ ပြယုဂ်လည်း ဖြစ်တယ်။
ရန်ချန်လိ လို လူမျိုးကပဲ အနောက်ပိုင်းလျန်ကို ကောင်းကောင်း ထိန်းကွပ်နိုင်တယ်ဆိုတာ။ လူတိုင်းသိကြ တယ်။ ဒါပေါ့။ ဒါက အဓိက အချက် မဟုတ်သေးဘူး။ ရန်ချန်လိ အနောက်ပိုင်း လျန် ဒေသကနေ အပြင်ထွက်မလာတာ။ အနှစ် ၂၀ ကျော်နေပြီ။ မြို့တော်ကိုတောင် မလာဘူး။ အခုတော့ သူ ဒီကို ရောက်လာတယ်။ ရန်တိမ် မြင်းတပ်ကြီးက အယောက် သုံးထောင် ကို ဦးဆောင်ပြီးတော့ ဒီ ရွာသေးသေးလေးကို ရောက်ချလာတယ်။
“ ငါက အကျိုး အကြောင်း နဲ့ လာတဲ့ လူ။ ငါ့ မြေးက ငါ့ စကားတွေကို ခပ်ရှင်းရှင်း ပြန်ပြောနေတာ။ ဒါက လက်မခံနိုင်စရာ အကြောင်းလို့ မင်းထင်နေတာလား။ ” အသံတွေက လေထုကို ထွင်းဖောက်ပြီး ထွက်ပေါ်လာခဲ့တယ်။ ဒါပေမယ့် မြင်းတပ်ထဲကနေ ဘယ်သူမှ ထွက်မလာခဲ့ဘူး။ အသံက လေထု တစ်ခုလုံးကို ပျံ့နှံ့ လာတဲ့အတွက်။ သူဘယ်မှာလဲ ဆိုတာ ဘယ်သူမှ မခန့်မှန်း နိုင်ဘူး။
ချီဟို့ရဲ့ အမူအယာကတော့ ပြောင်းလဲသွာခးဲ့တယ်။ ရန်တိမ် မြင်းတပ်ဖွဲ့ကို သူ စိုက်ကြည့်နေခဲ့တယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်။ အဲ့ဒီ့နောက် ပြန်ဖြန့်လိုက် လုပ်နေခဲ့တယ်။ အချိန် တစ်ချို့ ကြာပြီးတဲ့နောက်မှာ။ နောက်ဆုံးတော့ သူ တည်ငြိမ်သွားခဲ့ပြီ။ သူ့မျက်လုံးထဲက တလက်လက် တောက်ပနေတဲ့ အလင်းရောင်လည်း ပျောက် ကွယ်သွားတယ်။
“ သခင်ကြီးရန် ။ သခင်ကြီး လမ်းပျောက်နေတယ် ဆိုတော့။ ကျွန်တော် ချီဟို့။ ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်ပြီးတော့ အနောက်ပိုင်း လျန်ဒေသကို ပြန်ပို့ပေးရမလား။” ချီဟို့ မေးတယ်။
“ ဟ ဟား…..။ ငါက အနောက်ပိုင်းလျန် မှာပဲ နေပြီးတော့။ နောက်ဆုံး အချိန် တွေကို ကုန်ဆုံးချင်တာ။ ဒါပေမယ့် ငါ့မြေးလေးက ငါ့ကို မြို့တော်ဆီ ခရီးထွက်ခိုင်း ချင်နေတယ်။ ငါ့အတွက် အချိန်က လည်း သိပ်မကျန် တော့ …. လှည့်ပတ်ကြည့်ဖို့ အချိန် မရပါဘူး။ ငါ့မြေးနဲ့အတူ ဧကရာဇ် မင်းဆီ သွားမယ်လို့ စိတ်ကူးထားတာ။ ဒါပေမယ့်။ ငါ့အသက်အရွယ်ကြောင့်။ မြို့တော်ကို သွားတဲ့ လမ်းကို မေ့ပြီးတော့ လမ်းပျောက်နေကော။”
“ သခင်ကြီးက မြို့တော်ကို သွားမလို့လား။” ချီဟို့ရဲ့ မျက်လုံးတွေ တလက်လက် တောက်ပ လာတယ်။
“ဟုတ်တယ်။ မင်း နဲ့ လမ်းသင့်လို့လား။”
“ဟုတ်ပါတယ်။ ကျွန်တော် လည်း မြို့တော်ကို သွားမလို့ပါပဲ။”
“ တိုက်ဆိုင်တာ ကောင်းသားပဲ။ အကယ်၍ မင်းသာ စိတ်မရှိဘူးဆိုရင်။ ငါတို့ကို မြို့တော်ဆီ လမ်းညွှန်နိုင်ဖို့ မျှော်လင့်ပါတယ်။ ငါတို့ နောက်တစ်ကြိမ် ထပ်ပြီးတော့ လမ်းပျောက်ရင် အချိန်တွေ နှောင့်နှေး ကုန်လိမ့်မယ်။ ”
“ သခင်ရန်သာ ကျွန်တော်နဲ့ အတူ မြို့တော်ကို ကြွရောက်ပေးရင်။ ကျွန်တော် ဂုဏ်ယူရမှာပါ။ သခင်ရန် ဘယ် အချိန် ထွက်ခွာချင်ပါ သလဲ။”
အပိုင်း(၄၉၀) ပြီး၏။