← Chapters

အားလုံးပဲ... ကမ္ဘာအသစ်မှ ကြိုဆိုပါတယ်

Vol. 94 Ch. 1316

အားလုံးပဲ... ကမ္ဘာအသစ်မှ ကြိုဆိုပါတယ်

Vol. 94 Ch. 1316

အခန်း (၁၃၁၆) အားလုံးပဲ... ကမ္ဘာအသစ်မှ ကြိုဆိုပါတယ်

ရန်ကျောက်ကဲက အထက်ဘုံကမ္ဘာ နယ်မြေများစွာကို ဆွဲထုတ်သွားသည်သာမက အထက်ဘုံကမ္ဘာနှင့် ဆက်စပ်နေသည့် အောက်ဘုံကမ္ဘာများစွာကိုလည်း အဂ္ဂိရတ်ခန်းမထဲသို့ ထည့်သွင်းပြီး ထိန်းချုပ်ထားနိုင်ခဲ့သည်။

အထက်ဘုံကမ္ဘာမှ အခြားနယ်မြေများနှင့် နှိုင်းယှဉ်ပါက မတူညီသည့်ကမ္ဘာများစွာ၏ အရံအတားနယ်နိမိတ်များက အခြေအနေကောင်းမွန်ပြီး ပိုမိုတည်ငြိမ်မှု ရှိသည်။

အောက်ဘုံကမ္ဘာများ၏ နယ်နိမိတ်အရံအတားများက အထက်ဘုံကမ္ဘာနှင့်ယှဉ်လျှင် ပိုမိုခိုင်မာသည့်တိုင် ရန်ကျောက်ကဲက အထူးဂရုစိုက်စီမံထိန်းချုပ်ခဲ့သဖြင့် မည်သည့်ပြဿနာမှ မရှိခဲ့ပေ။

သို့ပေသိ ဤအပြောင်းအရွှေ့ကြောင့် အောက်ဘုံကမ္ဘာအသီးသီးတွင် အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်နေဆဲပင်။

အကြောင်းမှာ အောက်ဘုံကမ္ဘာများ၏ ဝိညာဉ်စွမ်းအားစည်းချက်က လုံးဝ အစီအစဉ်တကျ မရှိတော့ပေ။

***

မျောလွင့်ဝိညာဉ်ကမ္ဘာ ၊ အနောက်ပိုင်းတောင်တန်းဒေသရှိ နှင်းကျောက်စိမ်းတောင်တန်းတွင်ရှိသော ‘နှင်းကြိုးကြာဂိုဏ်း’။

စူးယွင် ၊ ရှန်နော့ ၊ ရှန်ရုန်တို့ မိသားစု (၃)ယောက်လုံး အတူတကွ ရှိနေကြသည်။ သူတို့အားလုံး ကောင်းကင်ထက်သို့ ပြိုင်တူ ခေါင်းမော့ပြီး ကြည့်လိုက်ကြသည်။

အစပိုင်းတွင် ကောင်းကင်က နေသာနေသော်လည်း ယခုတော့ ကောင်းကင်တစ်ခုလုံး အလင်းတောက်နေသည့် ကွင်းပြင်ကြီးတစ်ခုပမာ ပြောင်းလဲသွားသည်။

တောက်ပသောအလင်းတန်းများက ဗလာနယ်တစ်ခုလုံး လင်းလက်နေပြီး မမေ့နိုင်စရာမြင်ကွင်းတစ်ခုအား ပြသနေသည်။

စူးယွင်တို့နံဘေးတွင် နဂါးစိမ်းတောင်ဂိုဏ်းချုပ်’လော့ကျင်းဟောင်’ ရှိနေပြီး မျောလွင့်ဝိညာဉ်ကမ္ဘာမှ သိုင်းကျင့်ကြံသူအုပ်စုတစ်စုလည်း ဤနေရာတွင် လာရောက်စုဝေးနေကြသည်။

သူတို့အားလုံး ကမ္ဘာပျက်ကိန်းနှင့်ဆင်တူသည့် ဖြစ်စဉ်ပြောင်းလဲမှုများကို ကြည့်ရှုရင်း အသံတစ်စက်မှ မထွက်ရဲကြပေ။

နှင်းကြိုးကြာဂိုဏ်းက မျောလွင့်ဝိညာဉ်ကမ္ဘာတွင် သိုသိပ်စွာနေထိုင်‌သော်လည်း ချီစွမ်းအားသန့်စင်ကျင့်ကြံခြင်းကို အာရုံစိုက်သည့် မတူကွဲပြားသော သိုင်းဂိုဏ်းတစ်ခုဖြစ်ကြောင်း မိစ္ဆာသွေးကျင့်ကြံခြင်းကို အဓိကထားသည့် ဤကမ္ဘာမှလူတိုင်း သိရှိကြသည်။

ချီစွမ်းအားကျင့်ကြံခြင်းသည်သာလျှင် စစ်မှန်သည့် ကျင့်စဉ်လမ်းဖြစ်ကြောင်း မိစ္ဆာသွေးကျင့်ကြံသူများသည်လည်း သိရှိနားလည်ထားကြသည်။

သို့ဖြစ်ရာ အခြားဂိုဏ်းများ မည်မျှအားကောင်းနေပါစေ ထိုသူများကို နှင်းကြိုးကြာဂိုဏ်း၏ “အထက်” တွင် ထားရှိရန်မှာ မဖြစ်နိုင်ပေ။

လက်ရှိတွင် ရွှယ်ချူးချင်အနေဖြင့် အထက်ဘုံကမ္ဘာတွင် လွတ်လပ်စွာသွားလာနိုင်ပြီဖြစ်သော်လည်း သူမရင်ဆိုင်ရမည့်အရာများက မသေချာသည့်အတွက် ရွှယ်ချူးချင်က မျောလွင့်ဝိညာဉ်ကမ္ဘာတွင်ရှိနေသော စူးယွင်တို့မိသားစုထံသို့ သွားရောက်လည်ပတ်ခြင်း မရှိခဲ့ပေ။

သူမနှင့် စူးယင်၏မိသားစုကြားဆက်ဆံရေးကို လျှော့ချရန် ရွှယ်ချူးချင်က ကြိုးစားခဲ့သည်။

“အမေ...”

ရှန်ရုန်က စိုးရိမ်တကြီးဖြင့် စူးယွင်ကို လှမ်းကြည့်လိုက်သည်။

စူးယွင်က ပေါ့ပါးစွာပြုံးလိုက်ပြီး...

“မကြောက်နဲ့... ရလဒ်ကို တိတ်တဆိတ်စောင့်ကြတာပေါ့ ၊ မျောလွင့်ဝိညာဉ်ကမ္ဘာတစ်ခုလုံး ဖျက်ဆီးခံလိုက်ရရင်တောင် ငါတို့ ဘာမှပြန်ရနိုင်မှာမဟုတ်ဘူး ၊ အေးအေးဆေးဆေး ရင်ဆိုင်ကြတာပေါ့”

ရန်ကျောက်ကဲ၏အစီအစဉ်များကို သူမ မသိရှိခဲ့ပေ။ ပြီးတော့ ရွှယ်ချူးချင် အထက်ဘုံကမ္ဘာတွင်ရှိကြောင်းကိုလည်း သူတို့ မသိရှိခဲ့ကြပေ။

မျောလွင့်ဝိညာဉ်ကမ္ဘာအပြင်ဘက် ၊ တာအိုစကြာဝဠာနှင့် အထက်ဘုံကမ္ဘာတွင် ဖြစ်ပျက်နေသော ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အပြောင်းအလဲများကို သူမ သတိပြုမိခဲ့ခြင်း မရှိပေ။

သို့သော် မျောလွင့်ဝိညာဉ်ကမ္ဘာ၏ ထိတ်လန့်ဖွယ်ရာအပြောင်းအလဲများသည် မျောလွင့်ဝိညာဉ်ကမ္ဘာမှလူတစ်ယောက် လုပ်ဆောင်နိုင်သည့်အရာမဟုတ်ကြောင်း သူမ သိရှိလေသည်။

ဤအပြောင်းအလဲများက ပိုမိုမြင့်မားသောနယ်ပယ်များမှ ဖြစ်ပေါ်လာသော အပြောင်းအလဲများသာ ဖြစ်နိုင်သည်။

“ဒါပေမဲ့ ကျွန်မကိုယုံပါ ၊ သခင်မလေး ၊ သခင်လေး ၊ သခင်နဲ့ တခြားသူတွေအားလုံး ဘေးကင်းကြမှာပါ”

စူးယွင်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

ထိုစကားကြားတော့ သူ့ပတ်ဝန်းကျင်မှလူများလည်း စိတ်ချမှုကို ခံစားလာရသည်။

အန္တရယ်ကင်းသည်ဟု မခံစားရလျှင်တောင်မှ စောစောကလို ထိတ်လန့်တကြား မဖြစ်ကြတော့ပေ။

လူတိုင်းက ကောင်းကင်ထက်သို့ တိတ်ဆိတ်စွာစိုက်ကြည့်ပြီး နောက်ဆုံးရလဒ်ကို စောင့်မျှော်နေခဲ့ကြသည်။

***

သမုဒ္ဒရာကမ္ဘာတွင်ရှိနေသော လူတိုင်းသည်လည်း အလားတူပင် အထိတ်တလန့် ဖြစ်ခဲ့ကြရသည်။

အတိတ်တစ်ချိန်က နဂါးသင်္ချိုင်း၏လွှမ်းမိုးမှုကြောင့် ကပ်ဘေးများစွာ ကြုံတွေ့ခဲ့ရသော သမုဒ္ဒရာကမ္ဘာသည် ပြင်းထန်သော အပြောင်းအလဲများအတွက် အမြဲတမ်း စိတ်ပိုင်းဆို်ငရာ ကြိုတင်ပြင်ဆင်မှုများ ရှိနေခဲ့ပြီး အထူးသတိထားစရာများလည်း ရှိနေခဲ့သည်။

နဂါးသင်္ချိုင်းက သမိုင်းတွင်ကျန်ရစ်ခဲ့ပြီဖြစ်သော်လည်း လက်ရှိကပ်ဘေးကြီးကတော့ ကမ္ဘာတစ်ခုလုံကို ထိခိုက်စေနိုင်ပြီး ရန်တန့်သွားခြင်းရှိမည် မဟုတ်ပေ။

သို့သော် ယခင်တစ်ချိန်က ရန်ကျောက်ကဲ ဤကမ္ဘာတွင် တံခါးပိတ်ကျင့်ကြံပြီး အထက်ဘုံကမ္ဘာသို့ တက်ရောက်သွားခြင်းကို တွေ့ကြုံခံစားခဲ့ရပြီးနောက် ပျက်ဆီးခြင်းအစွန်းတစ်ဖက်တွင်ရှိသော ကမ္ဘာလောက၏ ကြောက်မက်ဖွယ်ရာများကို မြင်တွေ့ခဲ့ရသည်။

သမုဒ္ဒရာကမ္ဘာမှ သိုင်းကျင့်ကြံသူများသည် အခြားသေသာ အောက်ဘုံကမ္ဘာများမှ လူများနှင့်နှိုင်းယှဉ်ပါက...

“လူသားများထက်သာလွန်သောလူသားများ ၊ ကောင်းကင်များထက်သာလွန်သောကောင်းကင်များ”

ဟု ပြောဆိုနိုင်ပေသည်။

အခြားဂိုဏ်းမှလူများမှာ ချန်လီတောင်နှင့် ဆက်ဆံရေးမည်မျှဆိုးရွားပါစေ ယခုတော့ သူတို့အားလုံး ချန်လီတောင်တွင် စုဝေးလျှက် ရှိကြသည်။

ဝါဒတောင်မှ တစ်စုံတစ်ယောက် ချန်လီတောင်တွင်နေထိုင်ကြောင်း လူတိုင်းသိရှိကြသည်။

ချန်လီတောင်က အထက်ဘုံကမ္ဘာမှ ဝါဒတောင်နှင့် အဆက်အသွယ်ရှိသည်ဖြစ်ရာ သမုဒ္ဒရာကမ္ဘာ၏ အုပ်ချုပ်သူအဖြစ် သတ်မှတ်ထားခဲ့ကြသည်။

သမုဒ္ဒရာကမ္ယာ၏ ထာဝရဒဏ္ဍာရီဖြစ်သော ‘ကောင်းကင်ဘံမှဆင်းသက်လာသောနတ်ဘုရား’ ရန်ကျောက်ကဲက ဝါဒတောင်မှ ဖြစ်ပေသည်။

“အခု သမုဒ္ဒရာကမ္ဘာရဲ့ဖြစ်စဉ်တွေ ပြောင်းလဲသွားပြီ ၊ ဟုတ်တယ်... အဲဒါက ပိုမြင့်မားတဲ့နယ်ပယ်က ငါတို့ဂိုဏ်းရဲ့လုပ်ဆောင်မှုနဲ့ပတ်သက်နေတယ် ၊ အားလုံး တည်ငြိမ်စွာနဲ့ ရလဒ်ကို စောင့်မျှော်ကြပါ”

အသက် (၂၀) (၃၀)ခန့်ရှိသော လူငယ်တစ်ယောက်က ပြောလိုက်ခြင်း ဖြစ်သည်။

“အခုလို ရုန်းရင်းဆန်ခတ်ဖြစ်ရတာအတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

ချန်လီတောင်၏ ယခင်ဂိုဏ်းချုပ်ဟောင်း ‘ကောင်းကျုန်းထျန်း’ က သမုဒ္ဒရာကမ္ဘာ၏ လောကပထမ သိုင်းကျင့်ကြံသူဖြစ်သည်။

သူက သမုဒ္ဒရာကမ္ဘာမှ သိုင်းကျင့်ကြံသူများကို ကိုယ်စားပြုပြီး စကားပြန်ပြောလိုက်သည်။

“ခင်ဗျားက ယဉ်ကျေးလွန်းနေပါပြီး ဆရာ’လန်’ ၊ ကျုပ်တို့က ကျင့်ကြံခြင်းအဆင့် အားနည်းတဲ့အတွက် ကူညီပေးဖို့ အင်အားမရှိဘူး ၊ ဝါဒတောင်လုပ်သမျှအောင်မြင်ပြီး ရည်မှန်းချက်တွေပြည့်စုံပါစေလို့သာ ဆုတောင်းပေးနိုင်ပါတယ်”

ကောင်းကျုန်းထျန်းက သိုင်းသူတော်စင် တတိယအဆင့် ကျင့်ကြံသူဖြစ်ပြီး သူ့အရှေ့မှ ဆရာ’လန်’ ဆိုသူမှာ သိုင်းဆရာသခင်အဆင့်သာ ရှိသေးသော်လည်း သူက မလေးမစား မဆက်ဆံခဲ့ပေ။

ဝါဒတောင်မှ မျိုးဆက်ဟောင်းများက မိမိတို့၏အခြေအနေကို ထိန်းသိမ်းထားရန် အထက်ဘုံကမ္ဘာသို့ ထွက်ခွာသွားကြပြီ ဖြစ်သည်။

သမုဒ္ဒရာကမ္ဘာနှင့်ယှဉ်လျှင် အထက်ဘုံကမ္ဘာက ချီစွမ်းအားပိုမိုပေါများပြီး ပတ်ဝန်းကျင်ကလည်း အလွန်ကောင်းမွန်သည် မဟုတ်ပါလား။

မျိုးဆက်သစ်များထွန်းကာားလာခဲ့ပြီး ရှေးယခင် မျိုးဆက်များ၏ တာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့ကြသည်။

ယခု သမုဒ္ဒရာကမ္ဘာတွင် ဝါဒတောင်ကိုယ်စားပြုအဖြစ်နေထိုင်သောအကြီးအကဲမှာ ရန်ကျောက်ကဲ၏ ဂိုဏ်းတူညီဖြစ်သော ‘လန်ဝမ်ယန်’ ပင် ဖြစ်သည်။

လန်ဝမ်ယန်က ပြုံးလိုက်ရင်း...

“အခုလို ဆုမွန်‌တောင်းပေးတာ ကျေးဇူးတင်ပါတယ် အကြီးအကဲ’ကောင်း’”

သူက ဆက်ပြောလိုက်သည်။

“ဂိုဏ်းတူအစ်ကို’ရန်’ နဲ့ ဂိုဏ်းချုပ်တို့က ကိစ္စရပ်တွေအဆင်ပြေသွားအောင် ဖြေရှင်းပေးမှာပါ”

လန်ဝမ်ယန်ဘေးနားတွင်ရှိနေသည့် ဝါဒတောင်တပည့်များအားလုံး၏ မျက်နှာအမူအရာများကလည်း တည်ငြိမ်လျှက် ရှိကြသည်။

သူတို့က သူတို့၏ဂိုဏ်းအပေါ် ယုံကြည်မှုရှိကြသဖြင့် စိတ်ခံစားချက်များက မယုံနိုင်အောင် တည်ငြိမ်နေကြပြီး ကြောက်ရွံ့ထိတ်လန့်ခြင်း မရှိကြပေ။

***

အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ လှိုင်းနက်ဂေဟာ။

အန်းချင်လင်က ရှေ့ဆုံးတွင်မတ်တတ်ရပ်နေပြီး လှိုင်းနက်ဂေဟာမှအခြားသူများအားလုံး သူမနောက်တွင်ရှိနေကာ ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်နေကြသည်။

အခြားသော အောက်ဘုံကမ္ဘာများနှင့်မတူဘဲ ဤကမ္ဘာက ယခင်က ဝါဒတောင် အခြေချရာ နေရာတစ်ခု ဖြစ်ခဲ့သည်။

ယခုဆိုလျှင် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ဝိညာဉ်စွမ်းအားမျးက အခြားသော အောက်ဘုံကမ္ဘာများထက် ပိုမိုတည်ငြိမ်သည်ဟု ဆိုနိုင်၏။

သို့သော် ပြင်ပကမ္ဘာ၏ လွှမ်းမိုးမှုခံစားရပြီးနောက် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ဝိညာဉ်စွမ်းအားလှည့်ပတ်မှုသည်လည်း ပြင်းထန်သောပြောင်းလဲမှုနှင့် တွေ့ကြုံခဲ့ရသည်။

လူတစ်ယောက်က တိုးလျသည့်အသံဖြင့်...

“ဝါဒ‌တောင်က သတင်းရောက်လာပါတယ် ၊ ဒီလိုကြီးမားတဲ့အပြောင်းအလဲ ဖြစ်သွားတာက ပိုမိုမြင့်မားတဲ့နယ်ပယ်မှာ အပြောင်းအလဲတွေဖြစ်နေလို့တဲ့”

အန်းချင်လင် ခေါင်းညိတ်လိုက်ပြီး...

“ဒီတော့ သိပ်စဉ်းစားနေစရာမလိုပါဘူး ၊ စိတ်ရှည်ရှည်နဲ့ စောင့်ကြတာပေါ့”

အလားတူအခြေအနေသည် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ထိပ်သီးသိုင်းဂိုဏ်းကြီးများတွင်လည်း ဖြစ်ပျက်လျှက် ရှိသည်။

ကောင်းကင်နယ်မြေရှိ ဝါဒတောင်မှလူတိုင်းကတော့ မိမိတို့နေထိုင်ရာ ကျောက်ဂူအိမ်များဆီသို့ ပြန်ခဲ့ကြသည်။ သူတို့က အေးအေးဆေးဆေးကျင့်ကြံရင်း အရာအားလုံးပြီးဆုံးသည့်အချိန်ကို စောင့်မျှော်နေကြပေသည်။

***

အလားတူဖြစ်ရပ်များသည် အခြားသော အောက်ဘုံကမ္ဘာ အသီးသီးတွင်လည်း ဖြစ်ပျက်လျှက်ရှိသည်။

အဘယ်ကြောင့် ဤသို့ဖြစ်ပျက်ရသည်ကို လူတချို့သာလျှင်သိရှိပြီး အများစုကတော့ သတိထားနိုင်ခြင်းမရှိဘဲ ထိတ်လန့်တုန်လှုပ်လျှက် ရှိကြသည်။

အဂ္ဂိရတ်ခန်းမအတွင်းရှိ စကြာဝဠာထဲမှာတော့ ဧရာမပူဖောင်းများစွာ လွင့်မျောလျှက်ရှိသည်ကို တွေ့ရပေသည်။

ထိုပူဖောင်းများပတ်လည်ဝိုင်းနေသည့်နေရာတွင် အထက်ဘုံကမ္ဘာမှ စုပ်ယူထားသည့် အလင်းပင်လယ်ပြင်ကြီးရှိနေလေသည်။

အရာအားလုံး အဂ္ဂိရတ်ခန်းမအတွင်း ရောက်ရှိသွားသည့်အခါ မူလက အလွန်ကျယ်ပြန့်ပြီး အဆုံးမရှိသော ခန်းမအတွင်းပိုင်း စကြာဝဠာကြီး အနည်းငယ်ပင် ပြည့်ကျပ်သွားရသည်။

ခရမ်းရောင်ဝိညာဉ်ခန်းမထဲတွင်ရှိနေသည့် ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“အားလုံးပဲ... ကမ္ဘာအသစ်မှ ကြိုဆိုပါတယ်”

ဤကမ္ဘာများစွာကိုယူဆောင်သွားပြီးသည့်နောက် ကျောက်စိမ်းဖြူနန်‌းဆောင်ကြီးသည် အထက်ဘုံကမ္ဘာတည်ရှိရာနေရာမှ ထွက်ခွာသွားခဲ့သည်။

အဂ္ဂိရတ်ခန်းမကြီးက သဏ္ဌန်မဲ့အရံအတားများကိုဖြတ်ကျော်ကာ တာအိုစကြာဝဠာအတွင်းမှ ထွက်ခွာသွားလေသည်။

အဆုံးမရှိသော ပြင်ပဗလာနယ်အစွန်အဖျားသို့ရောက်ရှိပြီးသည့်တိုင် ရန်ကျောက်ကဲ စိတ်သက်သာရာ မရနိုင်သေးပေ။ သူက ခရမ်းရောင်ဝိညာဉ်ခန်းမထဲတွင် ထုံးတမ်းအစီအရင်ကို ဆက်လက်လုပ်ဆောင်နေပြီး အဂ္ဂိရတ်ခန်းမထဲတွင် ဖြည်းဖြည်းချင်း ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ခန်းမကြီး၏ တောက်ပနေသောရွှေရောင်က မှိန်ဖျော့သွားပြီး ခရမ်းရောင်တိမ်တိုက်ပင်လယ်ကြီးက နောက်ပြန်ဆုတ်သွားသည်။

ကျောက်စိမ်းဖြူခန်းမကြီး ဗလာနယ်ထဲတွင်ပျောက်ကွယ်သွားပြီး အမှောင်ထုနှင့်တစ်သားတည်းကျကာ တဖြည်းဖြည်း တွေ့မြင်နိုင်ခြင်းမရှိတော့ဘဲ ပျောက်ကွယ်သွားသည်။

“ငါတို့တွေ တာအိုစကြာဝဠာက ထွက်ခွာလာနိုင်ပြီး ပြင်ပဗလာနယ်အစွန်အဖျားကို ရောက်လာပြီဆိုပေမယ့်... ငါတို့ရဲ့တည်နေရာကို ထုတ်ဖော်လိုက်ရင် အန္တရယ်ရှိနိုင်သေးတယ် ၊ သတိထားဖို့ လိုနေသေးတယ်”

ရန်ကျောက်ကဲ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ခရမ်းရောင်ဝိညာဉ်ခန်းမအတွင်းသို့ ဝင်ရောက်လာသည့် ဖန်းယွင်ရှန်းနှင့် ယွဲ့ကျန့်ပေတို့အား လှည့်ကြည့်လိုက်သည်။

“ဘာပဲဖြစ်ဖြစ်... အစီအစဉ်ရဲ့ပထမဆုံးခြေလှမ်းကတော့ ပြီးဆုံးသွားပြီ... ပြီးတော့...”

ရန်ကျောက်ကဲက ပြုံးရယ်လိုက်ရင်း...

“မိန်းမရေ... ကိုယ့်မှာ မင်းပြန်လာတာကို စောင့်လိုက်ရတာ...”

သူ့စကားမဆုံးခင်မှာပင် ဖန်းယွင်ရှန်းက ရန်ကျောက်ကဲရင်ခွင်ထဲသို့ ပြေးဝင်လာပြီး ပွေ့ဖက်ထားလိုက်ပြီ ဖြစ်လေသည်။

All Chapters