← Chapters

တန်ပြန်တိုက်ခိုက်မှု

Vol. 127 Ch. 4.1412

တန်ပြန်တိုက်ခိုက်မှု

Vol. 127 Ch. 4.1412

ယင်ယွဲ့ လုပ်ရပ်ကြောင့် ဘယ်သူကမှ မအံ့သြကြပေ။ လူ့သဘာဝသည် ယခုအချိန်တွင် ပို၍ ဖရိုဖရဲ ဖြစ်လာတာမလို့ နှလုံးသားတွေကလည်း ပိုမည်းမှောင်လာပြီလေ။

လုရွှမ်သည် ဤမြင်ကွင်းကို ကြိုမြင်ထားပုံမပေါ်သော်လည်း ထိုကဲ့သို့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာကို ခုခံရန် အစောကတည်းက ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်သည်။

လူတစ်ဦးချင်းစီရဲ့ တိုက်ခိုက်မှုက အလွန်အားကောင်းတာမျိုး မဟုတ်သော်လည်း လူတိုင်းကတော့ သူတို့ကိုသတ်မှာ စိုးရိမ်၍ ခိုးဝင်တိုက်ခိုက်ရန် ၎င်းတို့၏ အစွမ်းရှိသမျှ အားလုံးနီးပါးကို သုံးထားကြသည်။ လျှော့တွက် မရနိုင်သော နတ်ခြေလှမ်းနယ်ပယ်ကို ယှဉ်နေပြီဖြစ်သည်။

သာမန် မျှော်စင်နယ်ပယ်က ဘယ်တော့မှ ခံနိုင်ရည်ရှိမှာ မဟုတ်ပေမယ့် လုရွှမ်ကတော့ သာမန်ကျင့်ကြံသူ မဟုတ်နေခဲ့ချေ။

ထိုအခိုက် ယင်ယွဲ့၏ ခန္ဓာကိုယ်သည် လေထဲ၌ ရုတ်တရက် တောင့်တင်းသွားတော့သည်။ သူမ တုန်လှုပ်သွားကာ ပြန်ကြည့်သော် သူမ၏ ခြေဖဝါးကို လက်ဖြင့် ဆုပ်ကိုင်ထားသူက လုရွှမ်ပဲ ဖြစ်နေ၏။

ငါ သူ့ကို အကာအရံလို သုံးခဲ့တာ မဟုတ်ဘူးလား။

သူမခြေဖဝါးမှ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ ယင်ယွဲ့ လုံးဝ မခံနိုင်သောကြောင့် ဆွဲထုတ်ခံလိုက်ရသည်။ တစ်ခဏမျှပင် သူမသည် ကမ္ဘာကြီးတစ်ခုလုံး လည်ပတ်နေသကဲ့သို့ ခံစားလိုက်ရသည်။

ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုက သူမခန္ဓာကိုယ်ကို ထိသွားတဲ့အခါ ထို​နာကျင်မှုကြောင့် နိုးထလာ၏။ ထိုမှသာ သူမ တစ်ကိုယ်လုံးသည် နေရာပေါင်းစုံမှ တိုက်ခိုက်မှုများဖြင့် ဝိုင်းရံခံထားရတာ သတိပြုမိသည်။ သူမ၏ ခန္ဓာကိုယ်သည် အပေါက်များစွာ အဖောက်ခံထားရပြီး နောက်အခိုက်အတန့်တွင် သေဆုံးသွားရ​တော့မည်။

ရှင်းရှင်းလင်းလင်း ပြောရလျှင် သူမ အဝေးက လုရွှမ်ကို နောက်ဆုံးအကြိမ်သာ မြင်လိုက်ရပြီး သူမစိတ်ဝိညာဉ်ထဲသို့ အသံတစ်သံ ဝင်လာခဲ့သည်။

"မလုပ်ရင် သေလိမ့်မယ်တဲ့... ငါ့နာမည်အရင်းက လုရွှမ်... ဒုတိယပါရမီရှင် စာရင်းမှာပါတဲ့ လုရွှမ်!"

ယင်ယွဲ့ ​ပြန်ဟောက်ချင်သည်။ ကရုဏာကို တောင်းရမ်းချင်သော်လည်း မထီမဲ့မြင်သာ အပြုခံရရင်း သူမစိတ်ဝိညာဉ် ကွဲအက်ကာ အပြာရောင် မီးခိုးတန်းအဖြစ် ပျောက်ကွယ်သွားခဲ့ရ​လေသည်။

“သူ မသေသေးဘူး!"

အော်ဟစ်သံ ပြုတ်ကျခါနီးတွင် ယခင်ကထက် ဆယ်ဆ ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများက ထပ်မံ ပြေးထွက်လာသည်။ လုရွှမ်ကို မသတ်ရင် အဆုံးမဲ့ ဒုက္ခတွေ ချန်ထားမိခဲ့မှာကို သွေးဆာနေပြီး ကြောက်ရွံ့မှုတွေ အပြည့်နဲ့ လူတွေက အော်ဟစ်နေ၏။

လုရွှမ်ခန္ဓာကိုယ်က ယိမ်းယိုင်သွားသည်။ သူသည် ခွန်အားအပြည့်ဖြင့် ချီထျန်းပု ခြေလှမ်းကို စတင်သုံးလိုက်သည်။ သူ၏ အပြည့်အဝ အားစိုက်ထုတ်မှု အောက်တွင် သူ့​ခန္ဓာကိုယ်ဟာ လေထုထဲ၌ စီးဆင်းနေသော တိမ်တိုက်မြစ်တစ်စင်းလို ပြောင်းလဲလုနီးပါး ဖြစ်နေပြီဖြစ်သည်။

လူအုပ်စုရဲ့ တိုက်ခိုက်မှုက ပိုပိုပြီး ပြင်းထန်လာသည်။ လုရွှမ် ပတ်ပတ်လည်မှာ တောက်ပနေတဲ့ နေလုံးငယ်လေးလို အလင်းရောင်တစ်ခု ဖြာထွက်လာ၏။ ထိုလူများအားလုံး အံသွားကြိတ်ကာ လုရွှမ်ကို ချက်ချင်း သတ်ပစ်ရန်သာ ဆန္ဒရှိလာကြသည်။

ပေါ့ပ်ကနဲ အသံနှင့်အတူ အလင်းရောင်တွေ ပေါင်းစပ်သွားပြီး လုရွှမ်ဟာ လေထဲမှာ ပျောက်ကွယ်သွားသကဲ့သို့ ရုတ်တရက် မတွေ့ရတော့ချေ။

"သူသေပြီလား?"

"ဒီလိုမဟုတ်ဘူး... ဒီလိုလူက လွယ်လွယ်နဲ့ ဘယ်တော့မှ သေမှာမဟုတ်ဘူး"

"အားလုံးပဲ...သူငါတို့ကို မကြံစည်မိအောင် သတိထားရ....!"

ထိုလူ စကားမဆုံးခင်မှာ ဓားတစ်ချောင်းက ဖြတ်ပြေးလာကာ ထိုလူရဲ့ ရုပ်အလောင်းဟာ အပိုင်းပိုင်း ကွဲသွားလေ၏။ ၎င်းရဲ့လွတ်သွားတဲ့ ဝိညာဉ်က လန့်ပြီး ထွက်ပြေးချင်ပေမယ့် ဖောင်းကနဲ မီးပွားတွေလို ပျံ့သွားသည်။ ဒါက စိတ်ဝိညာဉ်ကို ပြာဖြစ်သွားစေတာမှန်း လူတိုင်း သိ၏။

ထိုအချိန် လူတိုင်းရှေ့မှာ အဝတ်အစားတွေက ဖြူစင်သန့်ရှင်းနေပြီး ကျောက်စိမ်းလို ချောမောတဲ့ လူငယ်တစ်ယောက် ပေါ်လာသည်။

"မင်းဒဏ်ရာတောင် မရဘူးလား"

လုရွှမ် အေးစက်စွာ ရယ်လိုက်ပြီး "ငါ့ကို သတ်ချင်ရင် မင်းသေဖို့လည်း ပြင်ထားရမယ်..."

သူ့လက်ဖဝါးထဲက လေထု တုန်ခါသွားကာ ကောင်းကင်လက်နက် တစ်လတ်ဟာ ကျယ်လောင်သော အသံ​ဖြင့် ထွက်ပေါ်လာခဲ့၏။

ကောင်းကင်လက်နက်ရဲ့ အရှိန်အဝါကြောင့် ဓားသွား စွမ်းအင်များဟာ အရှိန်အဟုန် ပြင်းပြင်းနှင့် မပြေးလာနိုင်တော့ဘဲ ပင့်ကူမျှင်များနှယ် ကွဲအက်သွားကာ တခဏချင်းတွင် ကမ္ဘာတစ်ခုလုံးနီးပါး ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

ပထမမြို့ပြင်မှာ တပ်စွဲထားတဲ့ ကျင့်​ကြံသူတွေအားလုံးရဲ့ ဓားထက် ဒီဓားဟာ အစွမ်းထက်ပေ၏။ ပထမမြို့မှ လူများ၏ မျက်နှာ အမူအရာများပင် ပြောင်းလဲသွားကာ အပြင်ဘက်၌ ဖြစ်ပျက်နေတာကို စပ်စုရန် ပျံသန်းလာကြသည်။

လုရွှမ်ရဲ့လက်ထဲက ချင်ထျန်းဓား တစ်ဖန် တုန်ခါသွားစဥ် ထိုလူတွေရဲ့ လက်ထဲက ဓားရှည်ကြီးများ တဆက်ဆက် တုန်လာကြသည်။ တခဏအတွင်းမှာပင် ရာနှင့်ချီသော ဓားရှည်များ လှုပ်ယမ်းလာကုန်သည်။ ဓားများ လုယူခံလိုက်ရသည့် အချိန်တွင် အောက်ဖက်မှ လူများသည် ထိတ်လန့်စွာ ကြည့်နေကြပြီး ရုန်းရင်းဆန်ခတ် မလှုပ်ရှားဝံ့ကြပေ။

လုရွှမ်: "သွား!"

ဓားရှည်များသည် ယခင်က သူ့ကို တိုက်ခိုက်ခဲ့သော လူများဆီသို့ ပျံသန်းသွား၏။ ကောင်းကင်လက်နက် ဆိုတာ ကောင်းကင်နှင့်မြေကြီးကို နှိုးဆော်နိုင်သည်။ ဒါကြောင့် ဤလက်နက်များဟာ ကောင်းကင်နဲ့မြေကြီးရဲ့ အရှိန်အဝါကို မခံနိုင်ကြပေ။

အစပျိုး တိုက်ခိုက်ခဲ့သော ကိုယ့်သေတွင်းတူး အုပ်စုမှာ လုရွှမ်ရဲ့ လက်စားချေမှုက ဒီလောက် လျင်မြန်ပြီး ရက်စက်ကြမ်းကြုတ်မယ်လို့ မထင်ထားခဲ့။

လုရွှမ်က တစ်ယောက်တည်း ဆိုတာကို အခွင့်ကောင်း ယူခဲ့ကြသော်လည်း ယခု လုရွှမ်ရဲ့ ကလဲ့စားချေမှုက တွေးပင်တွေးမထားတဲ့ အရာပင်။ အစောက လူတိုင်းတွင် ဓားရာပေါင်းများစွာ ရှိကြသော်လည်း အခု တစ်ယောက်မှာမှ မကျန်တော့ပေ။

ထို​ဓားအများစုက နတ်လက်နက်များ ဖြစ်သည်။ အဆိုးဆုံးမှာ အဆင့်၇ ဧကရာဇ်လက်နက် များဖြစ်၏။ ၎င်းတို့သည် လွန်စွာထက်ရှပြီး နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း ကျွေးမွေးခဲ့ကြပြီးနောက် စွမ်းအားသည်လည်း အလွန်တိုးတက်ခဲ့ရာ လျှော့မတွက်သင့်တဲ့ အဆင့်သာ။

သို့သော် ဤအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီး တစ်ခုလုံး၏ စွမ်းအားသည် အဆများစွာ တိုးလာသကဲ့သို့ ပတ်၀န်းကျင်က ကောင်းကင်လက်နက်ရဲ့ အရိပ်အယောင်များသာ ရှိနေသည်။ ယခုလိုလက်နက်ဆီက ပစ်မှတ်ထား ခံရတာဟာ လူသားများရဲ့ တိုက်ခိုက်မှုနှင့် မတူပေ။

ကွာခြားချက် တစ်ခုခုရှိရင်တောင် ၎င်းသည် ပိုမိုကြီးမားသော ခြိမ်းခြောက်မှု တစ်ခုနဲ့ ပိုမိုပြင်းထန်သော လူသတ်ချင်သည့် ရည်ရွယ်ချက် တစ်ခုသာ ဖြစ်မည်။

“ဒါက ဘယ်လိုဓားသိုင်းမျိုးလဲ”

လူတစ်ယောက်က ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်၏။

"အဲဒါက ကောင်းကင်လက်နက်! ကောင်းကင်လက်နက်ပဲ!"

"သခင်လေး ဟောက်ထျန့း... ငါတို့မှားပါတယ် မင်းအသက်ကို ရန်မရှာသင့်ဘူး...ကျေးဇူးပြုပြီး သက်ညှာပေးပါ!"

လုရွှမ်သည် မြို့တံခါးအပြင်ဘက်တွင် လွင့်မျောနေပြီး ယခင်က ရက်စက် ကြမ်းကြုတ်သော လူများကို ကြည့်နေ၏။ ယခုအခါတွင် ၎င်းတို့သည် ကောင်းကင်လက်နက်ကို ဆွဲထုတ်လိုက်မှသာ နတ်ဓားများဖြင့် ရှက်ရွံ့စွာ ခုခံနေကြ၏။ လုရွှမ် အမူအရာမှာ အပြောင်းအလဲ မရှိပေ။

"ခေါင်းဖြတ်!"

လုရွှမ် အေးစက်စွာ အသံပြုလိုက်သည်။

ထိုဓားရှည်များက ချက်ချင်းပင် တောက်ပသွား၏။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကြောင့် တခဏချင်းပင် ကောင်းကင်တစ်ခွင်ဟာ မိုးခြိမ်းသံများဖြင့် ပဲ့တင်ထပ်သွားသည်။

ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ လေထုတစ်ခုလုံး လှုပ်ခတ်သွားကာ ဓားပေါင်းတစ်သောင်း လွင့်သွား၏။ ဓားစွမ်းအင်က လူများစွာကို နတ်ဘုရားဓားဖြင့် တိုက်ရိုက် ခုတ်ထစ်ပြီး နှစ်ပိုင်းခွဲပစ်သလိုပင်။

တချို့လူများက စွမ်းရည်ကောင်းပြီး ဓားသွားကို အချိန်မီ ရှောင်ကြသော်လည်း တချို့က ထိုကိစ္စကို မစဉ်းစားမိကြပေ။ ထိုနတ်ဓားများမှ ဓားစွမ်းအင်များက ၎င်းတို့ဆီသို့ ကျယ်လောင်လာသော ပင်လယ်လှိုင်းထဲသို့ ပစ်ချပစ်တော့သည်။

ဓားအလင်းများ ပြယ်သွားစဥ် ဓားစွမ်းအင်များကြောင့် မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သမျှက အလောင်းများသာ ဖြစ်နေသည်။ အချို့မှာ အကွဲကွဲ အပြားပြားဖြင့်၊ လေထုက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော သွေးစွန်းနေသည့် ရောင်ဝါများသာ ကျန်ရှိနေခဲ့တော့သည်။

All Chapters