ထူးဆန်းတဲ့ အဘိုးကြီး
Vol. 127 Ch. 4.1413
“ဒုက္ခမပေးချင်ပေမယ့် ဒုက္ခကိုကြောက်မယ်လို့ မဆိုလိုဘူး... ငါ့ကိုလာမစရင် ငါ့ဘက်ကလည်း လူသတ်ဖို့ စမှာ မဟုတ်ဘူး..."
လုရွှမ်၏ အသံသည် အေးစက်သော လူသတ် အငွေ့အသက်များ ပြည့်နှက်နေကာ လူတိုင်း၏နားထဲ ကျယ်ကျယ်လောင်လောင် ဝင်ရောက်သွားသည်။ သူတို့သည် လုရွှမ်ကို ထိတ်လန့်ကြောက်ရွံ့မှု အပြည့်ဖြင့် ကြည့်ကာ သူတို့ကို တည့်တည့် စိုက်ကြည့်လာမှာ ကြောက်တာကြောင့် အမြန်ရှောင်သွားကြသည်။
လုရွှမ် လှည့်ပြီး ပထမမြို့ထဲကို ပြေးဝင်သွားလိုက်သည်။ အခင်းအကျင်းကို ဖြတ်သန်းသွားရတာက တကယ်တော့ အလင်းရောင်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဆေးကြောပစ်သလိုမျိုး ခံစားချက်များနှင့် တူသည်။
အမြင်အာရုံ ရုတ်တရက် ကြည်လင်လာသည်နှင့်အမျှ ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ လှပသော မြို့တစ်မြို့ကို တွေ့လိုက်ရသည်။ လမ်းတစ်လမ်းက အရှေ့မှ မိုးကုတ်စက်ဝိုင်းဆီသို့ တိုက်ရိုက် ပျံ့နှံ့သွားသည့် အတိုင်းပင်။
အလွန်ကျယ်ဝန်းသော လမ်းမပေါ်တွင် လူသားများ လျှောက်လှမ်းနေကြသည်။ သို့သော် လူသားများသာမက လုရွှမ်သည် နတ်ဆိုးများရဲ့ ရနံ့ကို အလွန်အမင်း အာရုံခံစားနိုင်ဆဲ ဖြစ်တာကြောင့် ဤလူအုပ်ကြားထဲ၌ မိစ္ဆာသားရဲနဲ့ တခြားနတ်ဆိုးတွေ ပုန်းကွယ်နေကြောင်း သဘောပေါက်သွား၏။
ပုန်းအောင်းနေတာ မဟုတ်ပေ။ တစ်ယောက်ဆို သူ့ခေါင်းမှာ ချိုတွေပါတဲ့ ပုံသဏ္ဌာန်တစ်ခုကို တိုက်ရိုက် မြင်နေရပြီ။ ထိုလူက အသေးစား စီးပွားရေး လုပ်ငန်းတစ်ခုကို တင်ကုပ်လေးတစ်ခုဖြင့် လုပ်ကာ ဝယ်သူများနှင့် ညှိနှိုင်းနေခဲ့သည်။
ဒါပေမဲ့ သူ့ပတ်ဝန်းကျင်က လူသားတွေ အားလုံးကတော့ သူလူမဟုတ်တာကို ကျင့်သားရနေကြပါပြီ။
အ၀င်အထွက် နေရာကတော့ ကျင့်ကြံသူ များစွာကို ကြည့်ရှု့စေတဲ့ နေရာသည်။ အပြင်မှယခင်က ရုန်းရင်းဆန်ခတ် လေထုက သူတို့ကို သိသာထင်ရှားစွာ ထိတ်လန့်စေခဲ့ပြီး ပထမဆုံးဝင်ရောက်လာသူတိုင်းက ကြီးမားသော ရုန်းရင်းဆန်ခတ်မှုကို ဖြစ်စေခဲ့တာ ထင်ရှားပါသည်။
နတ်မီးနယ်ပယ် အဆင့်၁၀!
အငွေ့အသက်ကို ဖုံးကွယ်ထား၍ မရချေ။ လုရွှမ်ကလည်း သူ့ကိုယ်သူ ဖုံးကွယ်ထားရန် လုံးဝရည်ရွယ်ချက် မရှိပေ။
"ကောင်လေး... မင်းဒီကို ဝင်လာပြီ ဆိုမှတော့ မင်းရဲ့လက်ကောက်ကို ယူထား!"
အနည်းငယ် ချောမောသော အဘိုးကြီးတစ်ယောက်က သူ့ရှေ့ရှိ တင်းကုပ်လေးထဲမှ ထွက်လာကာ လက်ကောက်တစ်ကွင်းကို ယူလာ၏။
"အစိမ်းရောင်သလင်း တစ်ခု!"
အဘိုးကြီးဘေးနားကို ဝင်လာတဲ့ သူတစ်ယောက်က သလင်းကျောက်ကို ထုတ်ပြီး လက်ကောက်တစ်ကွင်း ယူလိုက်သည်။ လုရွှမ် ဖြတ်သွားသည်နှင့် အဘိုးအို၏ အနည်းငယ်မှိတ်ထားသော မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး အလွန်ထူးဆန်းသော မျက်လုံးဖြူတစ်လုံးနှင့် အနက်ရောင် မျက်လုံးတစ်လုံးကို ပြလာ၏။
နှိုင်းယှဥ်ကြည့်လျှင် ပို၍တောက်ပသည့် အရာမှာ အဖြူရောင်မျက်လုံး ဖြစ်သည်။ အဘိုးအိုက စိုက်ကြည့်ကာ ပြုံးလိုက်သည်။
"ခရမ်းရောင်သလင်းကျောက် တစ်လုံး!"
လုရွှမ် ခေတ္တရပ်လိုက်ပြီး။
"အဘိုးကြီး...တခြားလူတွေက အစိမ်းရောင် သလင်းကျောက်ကို ပေးကြတာ မဟုတ်ဘူးလား... ဘာလို့ ခရမ်းရောင်သလင်းကျောက် ဖြစ်သွားတာလဲ?"
အဘိုးအိုက သူ့အဝါရောင်သွားတွေ ပေါ်တဲ့အထိ ရယ်မောပြီး အော်လိုက်သည်။
"တခြားလူတွေက တခြားသူတွေ... မင်းကမင်း တူမလား? မတူတဲ့ လူတွေအတွက် စျေးနှုန်းတွေကလည်း မတူဘူး"
“ဒါ့အပြင် ကောင်လေး... မင်းရဲ့လက္ခဏာက မည်းမှောင်နေတယ်... သွေးထွက်သံယို ဘေးဥပဒ်ကို ခံရဖို့ အလားအလာရှိတယ်။ မျက်ခုံးကြားက နီရဲနေတာက ကံကောင်းခြင်းရဲ့ လက္ခဏာတစ်ခုပဲ... ပြီးတော့ နှစ်ခုက ပေါင်းစပ်နေပြီ ဆိုပေမယ့် ရှင်းလင်းချက် တစ်ခုလို့လည်း ပြောလို့ရတယ်...."
လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးပြီး "အို အဘိုး ဘာရှင်းပြချက်လဲ"
ဒီလိုအဘိုးကြီး တစ်ယောက်က ဒီမှာစောင့်ပြီး အထောက်အထား လက်ကောက်တွေ ရောင်းနေသည်။ သူ့ကို ဘယ်သူမှ မနှောင့်ယှက်တဲ့ အချက်ကို ထည့်စဥ်းစားရင် အဘိုးအိုမှာ ထူးထူးခြားခြား နောက်ခံရှိကြောင်း ပြသနေပါ၏။
သို့သော် လုရွှမ် အဘိုးအို၏ ကျင့်ကြံမှုအဆင့်ကို လုံးဝ သတိမထားမိပေ။ သူသည် နတ်ခြေလှမ်းနယ်ပယ် ဖြစ်နိုင်သလို သူထင်ထားတာထက်လည်း ကျော်လွန်နေပေလိမ့်မည်။ ဒါကို သဘာဝအားဖြင့် သူနားမလည်နိုင်ပေ။
အဘိုးအိုက ရယ်မောသည်။
“ငါလည်း အဲဒါကို ရှင်းမပြနိုင်ဘူး... ဒါ မင်းရဲ့ကိုယ်ပိုင်လမ်းပဲ...မင်းကိုယ်တိုင်က သဘာဝအတိုင်း ဆက်လျှောက်လှမ်းရမှာ”
လုရွှမ် ဘာမှပြန်မပြောဘဲ ခေါင်းညိတ်ပြကာ ခရမ်းရောင် သလင်းကျောက်ကို ထုတ်၍ လေးလေးစားစား ပေးလိုက်သည်။
အဘိုးအိုက သူ့လက်ချောင်းတွေကို ဆုပ်ကိုင်လိုက်တဲ့အခါ သလင်းကျောက်က အလိုအလျောက် ခုန်တက်သွားပြီး အဘိုးအိုရဲ့ လက်ဖဝါးထဲကို ပျံသန်းသွားပါ၏။ သူသည် တင်းကုပ်ထဲတွင် အချိန်အတော်ကြာ လှည့်ပတ်ကြည့်ပြီးနောက် အလယ်စားပွဲရှိ ကျိုးပဲ့နေသည့် လက်ကောက်ကို ကောက်ကိုင်ကာ ပေးလာသည်။
"အင်း ကောင်လေး... ဒါပဲ ဒါက မင်းနဲ့ အရမ်းလိုက်ဖက်တယ်"
လက်ကောက်အတွက် ခရမ်းရောင် သလင်းကျောက်ကိုတောင် တောင်းရတယ် ဆိုတော့ လူတိုင်းရဲ့ မျက်လုံးများ လှည့်လာကြသည်။ ဒါပေမဲ့ လက်ကောက်ကို ကြည့်လိုက်တော့ အကုန်လုံး စက်ဆုပ်ရွံရှာကုန်၏။
ဒီလက်ကောက်မှာ အက်ကွဲနေတဲ့အပြင် ပိုးကောင်တွေ အကိုက်ခံရသလိုပဲ အဲဒီအပေါက်တွေပါ ရှိနေသည်။ အဲဒီလို အစုတ်ပလုတ် အရာက ခရမ်းရောင် သလင်းကျောက် တောင်းရတယ်တဲ့လား။
ခရမ်းရောင် သလင်းကျောက်က အလွန်အဖိုးတန်သောကြောင့် သာမာန်လူများပင် မြင်ခွင့်မရှိပေ။ ဒီအထဲက လူများအားလုံးသည် ပါရမီရှင်များ ဖြစ်သော်ငြား ၎င်းတို့ရဲ့ ကြွယ်ဝမှုက သာမန်ကျင့်ကြံသူများထက် များစွာ သာလွန်ကာ အရပ်ရပ် ခရီးထွက်ဖူးလို့ ဗဟုသုတ ကြွယ်ဝသည်။
သို့သော် ခရမ်းရောင် သလင်းကျောက်ကိုတော့ နေရာတိုင်းမှာ မတွေ့ရပါ။ အလွန်ကြွယ်ဝသော သလင်းကျောက်တွင်း အချို့၌သာ မြင်တွေ့နိုင်သည်။ အလယ်ပိုင်းဒေသဟာ ကြီးပွားချမ်းသာသော်လည်း ကျင့်ကြံသူ အမြောက်အမြားလည်း ရှိနေရာ သလင်းကျောက်တွင်းများစွာကလည်း နှစ်ပေါင်းများစွာ တူးဖော်ပြီးပြီ။
ယခုအချိန်တွင် ခရမ်းရောင် သလင်းကျောက်များကို လူသားခြေရာမရှိသော ဝေးလံခေါင်သီသော နေရာအချို့တွင်သာ တွေ့ရှိရသည်။ ကောလဟာလတွေအရ ယနေ့ခေတ်မှာ မြောက်ဖက်ဒေသ၌ သလင်းကျောက်တွေ ပေါများလာပေမယ့် မိစ္ဆာသားရဲတွေရဲ့ သုခဘုံဖြစ်ပြီး လူသားတွေက အလွယ်တကူ မချဉ်းကပ်ဝံ့ကြချေ။
ဒါက ဓားပြတိုက်နေတာ မဟုတ်ပါလား။
သို့သော် လုရွှမ်သည် အမှန်တကယ်ပင် ခရမ်းရောင် သလင်းကျောက်ကို ထုတ်ယူလိုက်၏။ ဒါက လူတိုင်းကို သူတို့စိတ်နှလုံးထဲ အံ့သြသွားစေသလို လုရွှမ်အပေါ် စိတ်ဝင်စားမှုလည်း တိုးလာစေသည်။
လုရွှမ်နဲ့ အပြင်က လူတွေကြားက ရုန်းကန်မှုကို လူတော်တော်များများက လုံးဝ မမြင်ခဲ့ကြပေမဲ့ ပထမမြို့ထဲကိုတောင် မဝင်နိုင်တဲ့လူတွေ အတွက် ပါရမီရှင်တွေက အလေးအနက် မထားကြပါဘူး။
မြို့တစ်မြို့ ဖြစ်သော်လည်း မြို့တွင်းနှင့် အပြင်သည် ကမ္ဘာနှစ်ခုကဲ့သို့ပင် လုံးဝ ကွဲပြားသည်။
မြို့ထဲတွင် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေပြီး မရေမတွက်နိုင်သော ရတနာမျိုးစုံနှင့် အခွင့်အလမ်းများစွာကို ရှာတွေ့နိုင်သည်။ သံဖိနပ်ဖြင့် သွားလျှင်ပင် ရှာမတွေ့နိုင်သည့် အရာများကို တွေ့နိုင်သည်။
တစ်ချိန်က လေ့ကျင့်ခဲ့ဖူးသော ကျွမ်းကျင်မှုများ အတွက် အလွန်ရှားပါးပြီး အားကောင်းသော ရတနာကိုရဖို့ ၎င်းတို့အတွက် နောက်ဆုံးသွေးတစ်စက်ကိုပင် ပေးဆောင်ရန် ဆန္ဒရှိခဲ့သော်လည်း လမ်းဘေးဆိုင် အပေါ်မှာ မသုံးနိုင်ကြချေ။
များစွာသော ရတနာများ၏ မူလအစကို ပြန်ခြေရာခံသောအခါတွင် ၎င်းတို့သည် ပထမမြို့မှ အမှန်တကယ် ပျံ့နှံ့သွားခဲ့ကြောင့် တွေ့ရှိခဲ့ရသည်။ ဒါတင်မက။ ပထမမြို့မှာ ပထမအဆင့် အနေနဲ့ ဝင်ချင်ရင် အခင်းအကျင်း ဖွဲ့စည်းမှုကို ကျော်ဖြတ်ရမှာ ဖြစ်ပြီး ဘယ်သူမှ ဆန့်ကျင်လို့မရပေ။
လူတွေက အဲဒီအဆင့်အတွက်ပါ ကြိုးကြိုးစားစား လုပ်ကြသည်။ အဘယ်ကြောင့်ဆိုသော် သင်သည် လက်ရှိကို ဖြတ်ကူးလာနေတုန်း မတိုးတက်လျှင် နောက်ပိုင်းလည်း ဆုတ်ယုတ်သွားလိမ့်မည်။
ဒါပေမဲ့ ပထမမြို့ရဲ့ အရေးကြီးဆုံးက ဘာလဲ။
သလင်းကျောက်က အရာအားလုံးအတွက် မရှိမဖြစ် လိုအပ်တာ အသေအချာပင်။ လုယက်ရန်၊ လောင်းကစား သို့မဟုတ် တိုက်ခိုက်ရန် အလွန်အစွမ်းထက်သူ ဖြစ်ရမည်။ သို့မဟုတ် သင့်တွင် သလင်းကျောက်များ ရှိပါက လမ်းရှင်းရန် ၎င်းတို့ကို အသုံးပြုနိုင်၏။
ဘယ်သူတားနိုင်မလဲ။
လုရွှမ် ပြုံးပြီး လက်ကောက်ကို ယူလိုက်သည်။ လက်ကောက်ဝတ်မှာ ဝတ်ပြီးပြီးချင်း သူ့စိတ်တွေ ရုတ်တရက် လှုပ်ခတ်သွားပြီး လှည့်ကြည့်လိုက်သော် အဘိုးအိုရဲ့ ပါးစပ်ထောင့်က အပြုံးက လုံးဝ ပြောင်းလဲမသွားဘဲ မြို့ရိုးကို ဆန့်ကျင်၍ လွင့်မျှောသွားလေပြီ။