မိုးမြေအဆောက်အအုံ
Vol. 127 Ch. 4.1414
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
လုရွှမ်လည်း အသံလှိုင်းတစ်ချက် ပို့ပြီး လှည့်ထွက်သွားသည်။
ဒီလက်ကောက်ကို ရပြီးနောက် သူ့ခန္ဓာကိုယ်ထဲသို့ လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါတစ်ခု တိုးဝင်လာတာ ခံစားလိုက်ရသည်။ ဤလက်ကောက်ဖြင့် သူ့အား ရှင်းလင်းသော နားလည်မှု တစ်ခုကို ပေးကာ သူ့နယ်ပယ်နှင့် ကျင့်ကြံမှုအဆင့်ကို အမှန်တကယ် ဖုံးကွယ်နိုင်ခဲ့သည်။
ဝိညာဥ်ကျင့်စဉ် လောကထဲက အငြင်းပွားမှု များစွာသည် နယ်ပယ်နှင့် ခွန်အား မညီမျှမှုကနေ စတင်ကြသည်။ အားကြီးတဲ့သူက အားနည်းသူကို အနိုင်ကျင့်တတ်တာ သဘာဝပါပဲ။
အခုလို ရတနာတစ်ခုရှိလျှင် မိမိကိုယ်ပိုင်နယ်မြေကို ဖုံးကွယ်ထားနိုင်သည်။ အနည်းဆုံးတော့ တချို့လူတွေရဲ့ ချေဖျက်နိုင်ပြီး အငြင်းပွားမှု များစွာကို ရှောင်ရှားနိုင်မှာပဲ ဖြစ်သည်။
အထူးသဖြင့် သူ့အဆင့်သည် ကျုံးကျိုး တစ်ခုလုံးတွင် အနိမ့်ဆုံး ဖြစ်ပေမည်။ ထိုသို့သော အခြေအနေမျိုးတွင် ကျွမ်းကျင်သူများကို မဆိုလိုနှင့်။ အချို့သော အဆင့်တူတွေဆီကနေတောင် ချောက်ချ၊ အကိုက်ခံရခြင်းမျိုး ရှိလာနိုင်သည်။
သူ့အဆင့်နဲ့ဆို အဆင့်တူတွေ တိုက်ခိုက်လာမှာကို မကြောက်ပေ။ ဒါပေမဲ့ လမ်းအရမ်းလျှောက်ရင် နောက်ဆုံးမှာ သရဲတစ္ဆေတွေနဲ့ တွေ့လိမ့်မယ် ဆိုတဲ့ စကားပုံကိုတော့ နားလည်သေးသည်။ ဒီလက်ကောက်ကို ကိုင်ဆောင်ထားရင် အနာဂတ်က ပိုမိုလုံခြုံလာလိမ့်မည်။
ပထမမြို့ထဲက အရာတွေဟာ ကျော်လွန်သွားခဲ့သည်။ လုရွှမ် သူ့နောက်လိုက်လာတဲ့ လူအနည်းငယ်ကို လျစ်လျူရှုပြီး ဆေးဆိုင်တစ်ခုဖြစ်တဲ့ မိုးမြေအဆောက်အအုံထဲ ၀င်သွားလိုက်သည်။
နာမည်ကတင် အရမ်းလွှမ်းမိုးနေပြီ။ ဆိုင်ကနေ ထွက်ကျလာတဲ့ သဘာဝရတနာတွေရဲ့ ရနံ့က ဆေးဆိုင်ဟာ နာမည်နဲ့ ထိုက်တန်ကြောင်း ပြသနေ၏။ ဒီအပင်များနဲ့ ဆေးဖက်ဝင်ပစ္စည်းများရဲ့ အနံ့ကိုပင် သူ တစ်ခါမှ မမြည်းစမ်းဖူးကြောင်း သိလိုက်ရသည်။
အထဲဝင်လိုက်တဲ့အခါ သူမြင်လိုက်ရသော အရာများကြောင့် လုရွှမ် ရုတ်တရက် အေးခဲသွားတော့သည်။ သစ်သားစင်များ၏ ထိပ်တွင် ပုံသဏ္ဌာန်မျိုးစုံနှင့် ပစ္စည်းများပါသော သေတ္တာများရှိသည်။
ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို ညွှန်ပြပေးသော တံဆိပ်ပြားတွေက သေတ္တာ၏ အရှေ့ဘက်တွင် နေရာချထား၏။
ပြီးတော့ သေတ္တာတစ်ခုစီကို သေးငယ်တဲ့ အခင်းအကျင်း ပုံစံနဲ့ ဖုံးအုပ်ထားကာ အစောင့်တွေကလည်း အရမ်းတင်းကျပ်တာ တွေ့ရသည်။ ၎င်းကို သေးငယ်သော အခင်းအကျင်း ဖွဲ့စည်းမှု တစ်ခုအဖြစ် မကြည့်လိုက်တာက ကောင်းပေမည်။
၎င်းနှင့်သက်ဆိုင်သော ဝိညာဉ်ရေး အသိဥာဏ်မရှိပါက၊ ၎င်းအား အပြင်းအထန် ဖျက်ဆီးလိုပါက တုံ့ပြန်မှု အကြီးကြီးကို သေချာပေါက် ခံစားရလိမ့်မည်။
သေတ္တာဘေးတွင် ဆေးပစ္စည်းများ၏ အမည်၊ ပုံသဏ္ဍာန်၊ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိ စတာတွေကို စံချိန်စံညွှန်း သတ်မှတ်ထားသော ပုံတစ်ခု ပါရှိသည်။ ထိုစင်များကြားတွင် မိန်းကလေးများစွာက ဝယ်သူတို့ကြားတွင် ပြေးလွှားကာ ပြုံးနေကြသည်။ သူတို့က ကူညီဖို့ အမြဲအဆင်သင့်ရှိပြီး ဘေးနားကနေ နှုတ်ဆက်တာကလွဲလို့ လုံးဝ အနှောင့်အယှက် မပေးချေ။
လုရွှမ်သည် အနောက်ဖက်ဒေသတွင် ရှိစဉ်က မြေကမ္ဘာရဲ့ အပင်များ၊ ပစ္စည်းများနှင့် ရတနာများကို လေ့လာရန် ကြိုးစားခဲ့သည်။ ယွင်ချွဲ့၊ ကျီရွှေ မှတဆင့် မြောက်ဖက်ဒေသက ရတနာများ အကြောင်းလည်း နားလည်ခဲ့သည်။
ဒါပေမဲ့ အခု သူ ဒီကို လာတဲ့အခါ သင်ယူရမှာတွေက အဆုံးမရှိမှန်း သိလာရပြီး သူ တစ်ခါမှ မကြားဖူးတဲ့ အရာတွေ များလွန်းလို့ ဘာမှန်းမသိပေ။
လုရွှမ်သည် သူ့ဘေးနားရှိ မိန်းကလေးကို မေးခွန်းထုတ်သော မျက်လုံးများဖြင့် ညင်သာစွာ ပြုံးပြလိုက်သည်။ လုရွှမ်ကဲ့သို့ လူသစ်များအတွက် သူမမှာ အတွေ့အကြုံ ရှိတာကြောင့် သိသာထင်ရှားစွာ တိုးတိုးလေး ပြောလာသည်။
"သခင်လေး မနေနိုင်တော့ရင် ကြည့်လို့ရတယ်... အဲဒီအကွက်တွေကို နှိပ်လိုက်ရုံပါပဲ...."
လုရွှမ် သူမကို ကျေးဇူးတင်စကား ပြောပြီး ပစ္စည်းတိုင်းကို လေ့လာနေ၏။ သစ်သားစင်တစ်ခုကနေ နောက်တစ်ခုဆီကို လျှောက်သွားရင်း ဖြည်းဖြည်းချင်း ပိတ်မိသွားတယ်။
"သခင်လေး... မှောင်လာပြီ.. ကျွန်မတို့ဆိုင်ကို ပိတ်ရတော့မယ်"
လုရွှမ်ရဲ့ လှည့်ပတ်ကြည့်မှုကို ဟန့်တားလိုက်လေသည်။ နောက်ပြန် လှည့်ကြည့်လိုက်တော့ တကယ်ပဲ ကောင်းကင်က မှောင်မိုက်နေပြီ။ ဆိုင်တစ်ဆိုင်လုံးရှိ ဖောက်သည် အများစုကလည်း ထွက်ခွာသွားကြပြီ ဖြစ်သည်။
"တောင်းပန်ပါတယ်... ကျွန်တော် အခုပဲ ထွက်သွားပါ့မယ်"
အဝင်ဝက ငွေချေရာ နေရာသို့ ရောက်သောအခါတွင် ထပ်မြင့် ထိုင်ခုံနေရာ၌ ထိုင်နေသော အဘိုးအိုတစ်ဦးကို မြင်လိုက်ရသည်။ သူ့ထံ၌ နီရဲသော မျက်နှာတစ်ခု ရှိသည်။ သူသည် မျက်နှာပေါ်က အပြုံးတစ်ခုဖြင့် ကြည့်နေရာ လုရွှမ်အား အကြောင်းပြချက်မရှိ အနည်းငယ် အံ့သြသွားသလို ခံစားရစေလေသည်။
နတ်ခြေလှမ်းနယ်ပယ်က သခင်တစ်ယောက်ဟာ သာမာန်လူတွေ လုပ်တတ်ကြတဲ့ အလုပ်နေရာမှာ ထိုင်နေ၏။ ဒါက အနာဂတ်မရှိသော ကျင့်ကြံသူများသာ လုပ်သောအလုပ်ဟု ယူဆကြသည်။
သူ့မျက်နှာကို ကြည့်လိုက်တော့ အရမ်းပျော်နေပုံနဲ့ တကယ့်ကို ထူးဆန်းနေသည်။
"ဟားဟား ညီလေး...ရှက်နေစရာ မလိုပါဘူး ငါ ဆိုင်ဖွင့်ပြီးပြီ ဆိုတော့ လူတွေကို လာကြည့်ဖို့ ဖိတ်ခေါ်ရမှာပဲလေ...မနက်ဖြန် လာကြည့်ချင်ရင် ပြန်လာခဲ့... "
အဘိုးအိုက ပြုံးပြသည်။ လုရွှမ်လည်း ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ လက်ခုပ်ဆုပ်ပြပြီး နောက်လှည့်ကာ ထွက်လာခဲ့သည်။
မိန်းကလေး :"စကားမစပ် သခင်လေး... တည်းခိုခန်းမှာနေပြီး မနက်အစောကြီး အပြင်မထွက်တာ အကောင်းဆုံးပဲ... ညဘက်တွေမှာ ထူးထူးဆန်းဆန်းတွေ အမြဲဖြစ်နေတတ်တယ်"
လုရွှမ်က မျက်မှောင်ကြုတ်ပြီး မြန်မြန်လေး မေး၏။
"ဘာထူးဆန်းလို့လဲ... ဘာဖြစ်တာလဲ"
မိန်းကလေးက ခေါင်းခါသည်။
"အဲဒီအရာတွေကို သိသွားတဲ့သူက သေကုန်ပြီဆိုတော့ ဘယ်သူမှ မသိပါဘူး... တိုတိုပြောရရင် ရှင် သတိထားပြီး ပိုဂရုစိုက်ရမယ်!!"
ဤကိစ္စနဲ့ ပတ်သက်ပြီး သူမကို ကျေးဇူးတင်ကြောင်း ထပ်မံဆိုပြီးနောက် မိုးမြေအဆောက်အအုံမှ ထွက်လာခဲ့သည်။
ထင်ထားသလိုပဲ။ တစ်ဝိုက်မှာ မှိုနံ့တွေ သင်းပျံ့နေ၏။ ၎င်းက အေးစက်နေတဲ့ လေအောက်မှာ မှုန်မှိုင်းသလို ဖြစ်သွားသည်။ လုရွှမ် အနည်းငယ် မျက်မှောင်ကြုတ်ကာ ကောင်းကင်ကို မော့ကြည့်တော့ ကောင်းကင်တွင် တောက်ပသော လရောင် ရှိနေသေးသည်။
လုရွှမ်သည် ယခင်က ကောင်းကင်တွင် တောက်ပနေသော လကို သတိပြုမိခဲ့ပြီးသား ဖြစ်ပါ၏။ အစက ငွေပြား အရွယ်အစားသာ ရှိသော်ငြား ယခုမူ ၎င်းသည် အဆတစ်ရာနီးပါး အရွယ်အစားရှိပြီး ငွေဖြူရောင် ဘရောင်က သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းတော့မလိုပင်။
နေ့ဘက်တွင် ဝိညာဉ်စွမ်းအင်နှင့် ယှဉ်လျှင် တစ်ခုခုမှားနေသလို ခံစားမိသည်။ ဤအချိန်တွင် ဝိညာဉ်စွမ်းအင်သည် ခန္ဓာကိုယ်ထဲ စုပ်ယူလိုက်စဥ် ပွက်ပွက်ဆူနေသော ရေကဲ့သို့ သွေးကြောများတစ်လျှောက် လှုပ်ရှားသွားကာ အူသံများ ထွက်ပေါ်လာသည်။
ဒီအတိုင်းဆို ဝိညာဉ်စွမ်းအင်ကို စုပ်ယူရန် မဖြစ်နိုင်တော့ချေ။ ၎င်းက သွေးကြောတွေကို ပျက်စီးစေနိုင်သည်။ ဒီလိုမျိုး အချိန်အကြာကြီးကစားရင် နောက်ဆုံးမှာ ဒဏ်ရာတချို့ ကျန်ရစ်ခဲ့လိမ့်မည်။
ဒါကိုသာ ခံနိုင်ရည်ရှိမယ်ဆိုရင် ဒီဝိညာဉ်စွမ်းအင်မျိုးက ပိုပြင်းထန်လာပြီး အာရုံစူးစိုက်မှုကလည်း ပိုအားကောင်းလာပါလိမ့်မည်။ သေချာပေါက် အဲဒီလို ပတ်ဝန်းကျင်မှာ လေ့ကျင့်ရင် အရည်အချင်းတွေက သဘာဝအတိုင်း ပိုမြန်လာပေမည်။
ဒါပေမဲ့ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ကောင်းကင်မှ ငွေလရောင်ဟာ နည်းနည်း ပိုကြီးလာတာကို တွေ့လိုက်ရပြန်၏။ လေထဲမှာ ဝိညာဉ်စွမ်းအင်တွေ ပိုလျှံတက်လာပြီး လေမုန်တိုင်းလို သူ့အလိုလို ဖြစ်သွားကာ သူ့ဆီ ပြေးဝင်လာတော့သည်။
ဆက်နေမယ်ဆိုရင် မိန်းကလေးဟာ ပြောသလို ထူးထူးခြားခြား တစ်ခုခုဖြစ်သွားလိမ့်မယ်။ နေစရာတစ်နေရာ သို့မဟုတ် တည်းခိုခန်း ရှာဖွေခြင်းကသာ ထိပ်တန်းဦးစားပေး ဖြစ်သည်။
လမ်းတစ်လျှောက်လုံး ပျံသန်းရင်း အနီးနားရှိ ဆိုင်များသည် တူညီသော အခင်းအကျင်း ဖွဲ့စည်းမှု ဖြစ်ကာ ယင်းအဆောက်အအုံများကို အကာအကွယ် ပေးထားသည့် ပုံစံများပဲ ဖြစ်သည်။
"ထွက်လာခဲ့တော့... ငါ့နောက်ကို လိုက်နေတာကြာပြီ... မင်းတို့ အခုထွက်မသွားရင် ခဏနေလို့ ထွက်သွားချင်ရင်တောင် ထွက်မသွားနိုင်မှာကို ကြောက်ရတယ်"
လုရွှမ် စကားဆုံးသောအခါတွင် နေ့ခင်းဘက်တုန်းက တွေ့ဖူးသော လူနှစ်ယောက် ထွက်လာခဲ့လေသည်။