တည်းခိုခန်း
Vol. 127 Ch. 4.1416
ထိုအသံကြောင့် တည်းခိုခန်းရှိ လူတိုင်းလည်း ဟောက်လိုက်ကြပြီး ပြတင်းပေါက်များ တစ်ခုပြီးတစ်ခု ဖွင့်ကာ ခေါင်းများပြူထွက်ရင်း လှည့်ကြည့်လာကုန်သည်။
ထိုအခါ သူဌေးက နတ်လက်နက်များဖြင့် ဖိနှိပ်ခံထားရသော လုရွှမ်ကို လူတိုင်း တွေ့လိုက်ကြရသည်။ သူဌေးကို ကြည့်နေသာ ထိုလူငယ်မှာ သွေးများဖြင့် ဖုံးလွှမ်းနေ၏။ ဝှစ်ကနဲ အသံနဲ့အတူ ကျင့်ကြံသူတွေ တစ်ယောက်ပြီးတစ်ယောက် လုရွှမ်တို့ရှိရာသို့ အလျင်အမြန် ပြေးလာကြသည်။
"သူဌေး... ဘာဖြစ်နေတာလဲ"
"ငါ တံခါးပိတ်ပြီးတာနဲ့ သွေးတွေနဲ့ ဖုံးနေတဲ့ဒီကောင်က အထဲကို ပြေးဝင်လာတာ..."
"သူဌေး... ဒီလိုလူမျိုးမှာ ပြဿနာရှိမရှိ ဘယ်သူသိမှာလဲ၊ သူ့ကို သတ်ပစ်လိုက်တာ အကောင်းဆုံးပဲ"
"ဟုတ်ပါတယ် သူဌေး... သူဌေးရဲ့ စည်းမျဉ်း အတိုင်းဆို ဝင်ပြီးတာနဲ့ သူ့ကို အကာအကွယ်ပေးရလိမ့်မယ်... ဒါပေမဲ့ ငါတို့ ဝင်ဖို့ အခကြေးငွေ ပေးရတယ် ဒီလူက ခင်ဗျားရဲ့ အကာအကွယ်ထဲမှာ မဟုတ်ဘူး ခင်ဗျား မလုပ်နိုင်ရင် ကျုပ်တို့ လုပ်မယ်"
လုရွှမ်က သူတို့ကို ကံဆိုးစေမည်ကို စိုးရိမ်သဖြင့် ဧည့်သည်များက စိတ်လှုပ်ရှားစွာ အော်ကြသည်။
လုရွှမ်ကတော့ တည်းခိုခန်းပိုင်ရှင်ဟာ လူသတ်ရန် ရည်ရွယ်ချက်မရှိသည်ကို မြင်သဖြင့် အန္တရာယ်မရှိနိုင်တာကို သိပြီး တိတ်တဆိတ် အသက်ရှုသွင်းလိုက်သည်။
ဤအခိုက်အတန့်တွင် သူသည် နောက်ဆုံးတွင် သူ့ဒဏ်ရာကို မျိုသိပ်ကာ မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။ သူတို့အိမ်အတွက် အလွန်စိုးရိမ်နေပုံရသူ အားလုံးကို ကြည့်လိုက်သော်လည်း မည်သူမျှ လေးလေးနက်နက် မပြောနိုင်ပေ။
အဲဒီလူတွေက စကားပြောတဲ့ လူတွေပြောတာကို လိုက်လုပ်နေရုံပဲ ဖြစ်ကာ ဘာမှမသိကြ။ မိုးမြေအဆောက်အအုံထဲက မိန်းကလေး ပြောသလိုပဲ အပြင်ကအကြောင်း သိတဲ့သူတိုင်းက သေပြီးသားတွေလေ။
ဒါပေမဲ့ အခုချိန်မှာတော့ သူ လုံလုံလောက်လောက် မသိခဲ့တော့ လွတ်မြောက်ခဲ့တယ် မဟုတ်လား။
"နိုးလာပြီ... နိုးလာပြီ!"
လုရွှမ် သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ ဖောက်သည်တွေက တစ်ခုခုကို ညစ်ညမ်းစေမှာကြောက်လို့ တစ်ချက်ပြီး တစ်ချက် အော်ဟစ်ပြီး အမြန်ပြန်ထွက်သွားကုန်၏။
"ကောင်လေး မင်းရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေရှိလား"
လူကြီးက ထပ်မေးသည်။
လုရွှမ် သူ့လက်ဖဝါးကို ပွတ်ဆွဲလိုက်ပြီး ကြီးမားစွာ ဖြန့်ကျက်ထားသော ထိုလူ၏ မှော်လက်နက်ကို ဆုပ်ကိုင်လိုက်ကာ ၎င်းကို ညင်သာစွာ တွန်းထုတ်ရင်း မတ်တပ်ရပ်လိုက်သည်။
"ကျုပ်မှာ ဒဏ်ရာတွေ မရှိဘူး... ဖိအားတွေ ခံနေရလို့ သွေးတွေ ထွက်လာတာ..."
ဤအကြောင်းနှင့် ပတ်သက်၍ အရှင်းလင်းဆုံးသူတိုင်းဟာ သူ့ခန္ဓာကိုယ်ထဲတွင် လရောင်ပါဝင်မှုမှာ သေချာပေါက် အနိမ့်ဆုံးဖြစ်သည်ဟု ဆိုနိုင်ပါသည်။
"ဘယ်လို သက်သေပြတာလဲ"
လုရွှမ် သူ့ခေါင်းကို ခါယမ်းလိုက်ပြီး။
"ကျုပ်မှာ သက်သေပြစရာ မရှိဘူး သူဌေးသာ အပြင်မှာ ဘာရှိလဲ သိထားရင် ကျုပ်မှာ ပြဿနာမရှိဘူး ဆိုတာကို ကောင်းကောင်းသိသင့်တယ်... အပြင်မှာ ဘာရှိလဲ မသိထားရင်... ကျုပ်ဘာပြောပြော ယုံမှာလား"
သူဌေးက နတ်လက်နက်ကို ပြန်ဖယ်ပစ်လိုက်သည်။
"အပြင်မှာ ဘာတွေဖြစ်နေလဲ မသိပေမယ့်လည်း ဘယ်သူကမှ သူတို့ရဲ့ သီလကို မထိန်းနိုင်သေးဘူး... မင်းက သတိရှိတုန်းဆိုတော့ အဆင်ပြေတယ်!"
"ကျေးဇူးအများကြီး တင်ပါတယ်"
လုရွှမ်က လက်ခုပ်ဆုပ်၍ ပြောလိုက်သည်။ သက်ပြင်းတစ်ချက်ချကာ အစိမ်းရောင်သလင်းကျောက်တုံး တစ်တုံးကို ပေးလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် သူဌေး... ဒီငွေကို ကျုပ်ရဲ့နေရာထိုင်ခင်းခ အဖြစ် သုံးမယ်"
သူဌေးက ပြုံးပြီး "မလောက်ဘူး... ဆယ်တုံး"
လုရွှမ်လည်း ပြုံးပြီး အစိမ်းရောင် သလင်းကျောက်ကို ကောက်ယူကာ အပြာရောင် သလင်းကျောက်ကို ထုတ်ပေးလိုက်သည်။ သူဌေးက လက်တစ်ဖက်ကိုကိုင်ကာ ရယ်မောရင်း အားမနာဘဲ လက်ခံလိုက်သည်။
"ဒါပေမယ့် အိပ်ခန်းမရှိဘူး... ဒါကြောင့် မင်း ဧည့်ခန်းထဲမှာ တစ်ညလုံး နေရလိမ့်မယ်"
လုရွှမ်အတွက်တော့ နေစရာနေရာ ရှာနိုင်သရွေ့တော့ လုံလောက်ပါပြီ။ ဒါကြောင့် စားပွဲတစ်လုံးကို ရှာပြီး ထိုင်လိုက်ရာ သူဌေးက သေရည်တစ်အိုးနဲ့ ရောက်လာသည်။ သူသည် လုရွှမ်၏ ဆန့်ကျင်ဘက်တွင် ထိုင်ကာ ခွက်နှစ်ခွက်ထဲ လောင်းလိုက်သည်။ တစ်ခွက်ကို လုရွှမ်အား ပေးကာ တစ်ကျိုက်တည်း သောက်လိုက်သည်။
လုရွှမ်လည်း ယူကာ တစ်ကျိုက်တည်း မော့ပြီးနောက် သက်ပြင်းချလိုက်၏။
"တကယ်ကောင်းတဲ့ သေရည်ပဲ... ဒါပေမဲ့ အဘိုးကြီးရှန်းရွှေ ချက်တဲ့ ပိလော့နတ်သေရည်ထက်တော့ နည်းနည်း နိမ့်သေးတယ်.."
လူများစွာသည် နေရာအနှံ့မှ ဆင်းသက်လာသော်လည်း လုရွှမ်ထံသို့ မချဉ်းကပ်ဝံ့ကြသေးပေ။ နှစ်ယောက်သား အရက်ကိုသာ ပြင်းပြင်းထန်ထန် သောက်နေကြငည်။
"တရှန်း... လူတိုင်းက ငါ့ကို တရှန်းလို့ခေါ်တယ်"
"ဟောက်ထျန်း"
လုရွှမ် သူ့ခွက်ကို မြှောက်ပြပြီး မော့လိုက်သည်။ တရှန်းသည် သူ့ပတ်ဝန်းကျင်က လူတွေကို ကြည့်၍ မေးခွန်းထုတ်လာ၏။
"ဒီလိုမျိုး ကြုံဖူးလား?"
လုရွှမ် မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။ ဒီသူဌေးက ဒီမှာ တည်းခိုခန်းဖွင့်ထားတယ် ဆိုကတည်းက ဒီအရာတွေကို သူလည်း အရင်က မြင်ဖူးပြီးလောက်ပြီ။ ဒါကြောင့် သူ့ရဲ့ ပထမဆုံးစာကြောင်းမှာ ဒဏ်ရာတွေရှိလားလို့ မေးလိုက်တာပင်။
တရှန်း: "ဘာတွေဖြစ်ခဲ့တာလဲ?"
"တိုက်ခိုက်မှုက ရက်ရောလွန်းတယ်လေ... ကျွန်တော် သူတို့ဆီက ပစ်မှတ်ထားခံရတာ... အဲဒီလူနှစ်ယောက်က အားနည်းလွန်းမယ်လို့ ဘယ်သူက ထင်မှာလဲ.. . ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း လက်မောင်းကို ဖြတ်ပစ်လိုက်တာ အဲဒီအကောင်တွေ ဖြစ်ကုန်တာပဲ.... ကံကောင်းလို့ ထွက်ပြေးလာနိုင်တာ..."
တရှန်းက ခပ်ဖျော့ဖျော့ ပြုံးပြီး သူ့ခွက်ကို ထပ်မြှောက်ကာ နှစ်ယောက်သား တစ်ကျိုက်တည်း သောက်လိုက်သည်။
လုရွှမ် ပြောတာကို တရှန်းအနေနဲ့ ပထမတစ်ဝက်သာ ယုံမှာ အမှန်ပင်။ နောက်ဆုံးအပိုင်းက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက ခွန်အားနဲ့ ပတ်သက်နေမှာ သိသာထင်ရှားသည်လေ။ မဟုတ်ပါက လုရွှမ် တစ်ယောက်တည်း အပြေးအလွှား ရောက်လာတာကို သူတို့သိသွားလိမ့်မည်။
ဒါပေမဲ့ လုရွှမ်က သူ့ကို ပြောပြဖို့ မရည်ရွယ်ထားပုံ ပေါ်တာကြောင့် နောက်ထပ် မေးခွန်းတွေ ထပ်မမေးခဲ့တော့ပေ။ တည်းခိုခန်းကို စောင့်ကြပ်နေရင် အဲဒီအရာတွေ မဝင်နိုင်ပါဘူး။
မနက်အစော ရောက်တော့ တရှန်းကို နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။ တရှန်းကတော့ လုရွှမ်ရဲ့ နောက်ကျောကို ကြည့်ပြီး ဟောက်ထျန်းဟူသော အမည်ကို လေးလေးနက်နက် မှတ်ထားလိုက်သည်။ ထူးထူးခြားခြား ပြုမူသော ဤကောင်လေးက ထိုညတွင် ပထမဆုံး တိုက်ခိုက်ခံရပြီး ပထမဆုံး အသက်ရှင် ကျန်ရစ်သူ ဖြစ်သည်။
မိုးမြေအဆောက်အအုံသို့ တစ်ဖန်သွားကာ တစ်နေ့တာစာ ဆက်လက်ဖတ်ပြန်သည်။ ဒါပေမဲ့ ထိုအချိန်မှာ တစ်ယောက်ယောက် စကားပြောနေတာကို ကြားလိုက်ရ၏။
"အဲ့ဒါကို မင်း ကြားလိုက်လား မနေ့ညက တစ်ယောက်ယောက်က ဝင်တိုက်ခိုက်တယ်တဲ့... အလင်းရောင်တွေလည်း လှုပ်ရှားနေတယ် ဆိုင်တစ်ဆိုင်ရဲ့ အကာအရံတွေ ကွဲအက်သွားတာ အထဲမှာ တစ်ယောက်မှ မကျန်ခဲ့ဘူး...."
"အရှေ့ဘက်က ကုန်စုံဆိုင်လို့ ကြားတယ်... ကျစ် ကျစ် လူငါးယောက်ပါတဲ့ မိသားစုတစ်စု သေသွားတာတဲ့... အရမ်းသနားစရာ ကောင်းတာပဲ"
"ဘာဖြစ်တာလဲ"
"ဘယ်သူသိမှာလဲ...သိတဲ့သူတိုင်းက သေသွားကုန်ပြီလေ"
လုရွှမ် ငြိမ်သက်မနေနိုင်တော့ဘဲ သူ့နံဘေးက နတ်သမီးကို ခေါင်းညိတ်ပြကာ အရှေ့ဘက်သို့ ပျံသန်းသွားခဲ့သည်။ ဟိုးအဝေးကြီးက သုံးထပ် အဆောက်အဦးနဲ့ ထိုအပြင်မှာ ဖြစ်ပျက်နေတာကို စောင့်ကြည့်နေကြတဲ့ လူတွေ ရှိလေသည်။
တစ်ပုံစံတည်း ဖြူဖျော့ဖျော့ မျက်နှာနှင့် အလောင်းငါးလောင်းကို အတူတကွ ချထားတာ တွေ့လိုက်ရသည်။ တခြားကတော့ ဘာတွေလဲဆိုတာကို ဖော်မပြနိုင်ပေ။
လုရွှမ် ခုန်ဆင်းသွားသည်။
"ဟေ့ မင်းဘာလုပ်နေတာလဲ... ဒီနားကို ကပ်မလာနဲ့!"
လူတစ်ယောက်က ကြမ်းတမ်းစွာ အော်ငေါက်ပြီး အနားမကပ်ခိုင်းချေ။
လုရွှမ် ၎င်းတို့အား လျစ်လျူရှုထားခဲ့သည်။ ယခုအချိန်တွင် သူ့အငွေ့အသက်ကို ဖုံးကွယ်ထားတာမို့ တခြားလူများ သူ့ကျင့်ကြံမှု အဆင့်ကို မသိကြပေ။ ဒါကြောင့် ဆူပူကြိမ်းမောင်းခြင်း မပြုဝံ့ပေ။
ကိုယ်တိုင် သေခြင်းတရားကို ရှာချင်ရင်တော့ ဆက်လုပ်ဟူသည့် သဘောဖြင့် လွှတ်ထားပေးသည်။
လုရွှမ် အလောင်းတစ်လောင်း၏ မျက်လုံးကို လက်ဖြင့် ဆွဲဖွင့်လိုက်ရာ သေချာသည်မှာ တစ်ဖက်က မျက်လုံးဖြူနှင့် နောက်တစ်ဖက်က အနက်ရောင် ဖြစ်သည်။ တခြားလူတွေကို ကြည့်လိုက်တော့ သူတို့အားလုံးကလည်း အတူတူပင်။
လုရွှမ်၏ လုပ်ရပ်များကို အခြားသူများအားလုံး မြင်နေရသည်။ အသီးသီးသည်လည်း ဤလူငါးဦး၏ မျက်လုံးများကို မြင်လိုက်ရတာကြောင့် တုန်လှုပ်ခြောက်ခြားစွာဖြင့် တစ်ယောက်ပြီး တစ့ယောက် ပြန်ဆုတ်သွားကြသည်။
လုရွှမ်ဟာ ခဏလောက် စဉ်းစားပြီးတဲ့အခါ အဘိုးအိုကို ရှာရန် မြို့တံခါးဆီသို့ ထွက်မသွားတော့ပေ။
သူပြောရင်တောင် ထိုအဘိုးကြီးက ငြင်းရင် ဘာဖြစ်သွားမလဲ။
ထို့အပြင် ဤလက်ကောက်သည် သူ့အား အနှောက်အယှက် ဖြစ်စေခဲ့လျှင် သို့မဟုတ် အဘိုးအိုကို ဖော်ထုတ်မိပြီး အခြားသူများကို အန္တရာယ်ကြီး ပေးမိလျှင် ဘာဖြစ်သွားလေမလဲ။