← Chapters

လစ်!

Vol. 127 Ch. 4.1417

လစ်!

Vol. 127 Ch. 4.1417

ဒီပြဿနာက နှစ်အတော်ကြာအောင် တည်ရှိနေခဲ့တာကြောင့် အချိန်တိုအတွင်း အဖြေ ရှာဖွေရန် မဖြစ်နိုင်ပေ။ ပြီးတော့ သူ့ရဲ့ ခွန်အားကို အားကိုးနေရမယ် ဆိုရင်တော့ ပိုလို့တောင် ဟာသမြောက်သေးသည်။

လုရွှမ် သူ့စိတ်ထဲက သိချင်စိတ်ကို မျိုသိပ်ထားလိုက်သည်။ နောက်ပိုင်းမှာ ဒီမြို့ကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ဖော်ထုတ်နိုင်မှာ မဟုတ်ပါဘူးဟု ဘယ်သူက အာမခံနိုင်မှာမလို့လဲ။

မိုးမြေအဆောက်အအုံသို့ ပြန်သွားပြီး ဆက်လက် ကြည့်ရှုပြီးနောက် ညဘက်၌ တည်းခိုခန်းသို့ ပြန်သည်။ အချိန်က တစ်လခွဲကြာသွားသည်နှင့် လုရွှမ်ဟာ မိုးမြေအဆောက်အအုံက အရာအားလုံးကို သိသွားပြီပဲ ဖြစ်သည်။

မိုးမြေအဆောက်အအုံ အပေါ် ကျေးဇူးတင်နေချိန်မှာလည်း တစ်ဖက်က ပိုပိုပြီး သိချင်လာသည်။

သူသည် မိုးမြေအဆောက်အအုံရှိ ကောင်းကင်ပစ္စည်းများနှင့် မြေကြီးရတနာများကို စစ်ဆေးသူ တစ်ဦးတည်းမဟုတ်ဘဲ တခြား လူများစွာလည်း ရှိခဲ့သည်။ သို့သော် မိုးမြေအဆောက်အအုံက သူတို့ကို မောင်းမထုတ်ဘဲ မျက်လုံးများကို မှိတ်ထားပေးခဲ့သည်။

လုရွှမ်ကတော့ အဲဒီလူတွေနဲ့ သွားရောက် ပေါင်းသင်းဖို့ လုံးဝ မလုပ်ခဲ့ချေ။ နေ့တိုင်း ပျော်ရွှင်နေတဲ့ မိုးမြေအဆောက်အအုံရဲ့ သခင်ကို ပိုလို့တောင် ချီးကျူးမိသေးသည်။

တစ်နေ့ လုရွှမ် ငွေရှင်းစားပွဲဆီ ရောက်လာခဲ့သည်။

"ကောင်လေး အကုန် ဖတ်ပြီးသွားပြီပေါ့လေ... ဟားဟား တကယ်တော့ ဒီမှာပြထားတဲ့အရာက နည်းနည်းလေးပဲ ရှိသေးတာ... တခြားအဆင့်မြင့်တဲ့ အရာတွေက များလွန်းပေမယ့် အဲဒါတွေကို ငါတို့ရနိုင်ဖို့ အခွင့်အရေး မရှိဘူး"

လုရွှမ်လည်း ဒီအမှန်တရားကို သဘာဝကျကျ သိခဲ့ပြီးပါပြီ။

"သူဌေး.... နှင်းရည်လမ်း ဆိုတဲ့ အရာလိုမျိုး တစ်ခုခုကိုများ သိလား? ဒီလိုမျိုးရှိလား"

အဘိုးအိုက သူ့မုတ်ဆိတ်မွေးတွေကို ပွတ်သပ်ရင်း တစ်ခုခုကို တွေးနေသလိုမျိုး အချိန်အတော်ကြာအောင် တွေးတောနေပေမယ့် နောက်ဆုံးမှာတော့ သူက ခေါင်းခါပြလာသည်။

“အဲဒါတော့ မကြားမိပါဘူး... နောက်မြို့ထဲမှာတော့ နှင်းရည်လမ်း အကြောင်း အချက်အလက်တွေ ရှိကောင်းရှိလိမ့်မယ်..."

လုရွှမ် ကိုယ်တိုင်ကလည်း သိပ်မျှော်လင့်ချက် မထားခဲ့ပါဘူး။ မေးမြန်းတာက ကြိုးစားမှုတစ်ခုသာ။ ဒါပေမဲ့ သူနည်းနည်းတော့ စိတ်ပျက်နေသေးတာကြောင့် ထွက်သွားဖို့ ပြင်လိုက်သည်။

ဒီပထမမြို့နဲ့ ပတ်သက်ပြီး မှော်ဆန်တာ​တွေ မရှိတော့ပေ။ သူဟာ နေရာတော်တော်များများကို ခရီးထွက်ဖူးသူပင်။ တကယ်ကို သိချင်လာတာကတော့ သူ လောလောဆယ် မဖြေရှင်းနိုင်တဲ့ ပြဿနာပါပဲ။

လူတစ်စုက တိုက်ရိုက် အပြေးဝင်လာတာကြောင့် လုရွှမ် အမြန်ရှောင်ထွက်လိုက်သည်။

"ဝူး!"

"ဘာလုပ်တာလဲ! ဒါ မိုးမြေအဆောက်အအုံကွ!"

ဆိုင်ရှင် အဘိုးအိုက အော်လိုက်သည်။

ခေါင်းဆောင်လာသူသည် မျှော်စင်နယ်ပယ် အဆင့်၆ ခွန်အားရှိသော သခင်​လေးတစ်ဦး ဖြစ်သော်လည်း သူ့အသွင်အပြင်က အလွန်ရက်စက် ကြမ်းကြုတ်လွန်းလှသည်။ နတ်ခြေလှမ်းနယ်ပယ်က အဘိုးအိုကို မျက်နှာမူထားရတာတောင် လုံးဝ မကြောက်။

သူ့လက်ကောက်ဝတ်ကို လှန်လိုက်သည်နှင့် မီးတောက်သွားသည်။

"အဘိုးကြီး... ငါက ပဉ္စမမြို့က လာတာ... မင်းမိသားစု မပျက်စီးသွားစေချင်ရင် မျက်စိစုံမှိတ်ပြီး ပူးပေါင်းပေး... ငါတို့ တစ်ခုခုကို ရှာနေတာ တွေ့ပြီးတာနဲ့ သဘာဝအတိုင်း ထွက်သွားမှာပါ"

အဘိုးအိုက တိုးတိုးလေး ဟစ်အော်ပြီး "ဒါက ငါ့ဆိုင်ပဲ... ဆိုင်ထဲမှာ ရှိသမျှ အားလုံးကို ငါပိုင်တယ် တစ်ခုခု ရှာချင်ရင် ဝယ်လိုက်!"

"ဟားဟားဟား"

လူအုပ်စုက တစ်ပြိုက်နက်တည်း အော်ရယ်လိုက်သည်။

"အဘိုးကြီး...ဒီဆိုင်မှာ မင်းနဲ့မဆိုင်တဲ့ ပစ္စည်းတွေရှိရင် ဘယ်လိုလုပ်မလဲ"

"မဖြစ်နိုင်ဘူး!"

"ဟမ့်... တစ်ယောက်ယောက်က ဒီမှာ ရတနာဝှက်ထားတယ်ဆိုပြီး သတင်းပေးလာတယ်... ကံမကောင်းစွာပဲ အဲ့တစ်ယောက်ယောက်က အဲဒီရတနာကို ငါ့သူငယ်ချင်းရဲ့ လက်ကနေ လုယူသွားခဲ့တာ... အဲ့တော့ ထုံးစံအတိုင်း ငါတို့က ပြန်သိမ်းရမှာပေါ့"

လူတစ်ယောက်က မတ်တပ်ထရပ်ပြီး "အဲဒါက ကျုပ်ပစ္စည်းပဲ... သိမ်းသွားပြီ ငါ အခုနလေးတင်ကမှ ရှင်းရှင်းလင်းလင်း ခံစား​မိသေးတယ်... အဲဒါကို ဒီမှာ ဝှက်ထားတာ..."

အဘိုးအို၏ မျက်နှာသည် မည်းမှောင်သွားတော့၏။ ပတ်ဝန်းကျင်ရှိ လူများကလည်း အဘိုးအို၏နောက်တွင် တစ်ယောက်ပြီးတစ်ယောက် စုရုံးကာ တူညီသော အမုန်းတရားများကို မျှဝေခံစားနေကြဟန်တူသည်။

"ဟားဟား... အကြီးအကဲ လန့်ဝူရှင်က အသိစိတ် ပြန်ဝင်လာလို့ အရာအားလုံးကို စွန့်လွှတ်လိုက်ပြီး ပထမမြို့ကို ရောက်လာတယ်... မိုးမြေအဆောက်အအုံကို ဖွင့်လိုက်တယ် ဆိုတာ ကြားမိတာ​တော့ ကြာပြီ... လူတိုင်းက ခင်ဗျား အားလုံးကို စွန့်လွှတ်လိုက်တယ်လို့ ပြောကြပေမယ့် အခုကြည့်ရတာတော့ ခင်ဗျားက လွှတ်မချနိုင်သေးဘူး ထင်တယ်... အားလုံးက ခင်ဗျားအချစ်ဆုံးတွေလား...."

သခင်လေး: “ဒါတွေက မင်းရဲ့ ချစ်လှစွာသော မိန်းမတွေပေါ့လေ”

"ဟာဟားဟား!" တခြားသူများကလည်း ရယ်မောကာ မိန်းကလေးတွေကို တပ်မက်သောမျက်လုံးဖြင့် ကြည့်လိုက်ကြသည်။

"ကျစ်ကျစ်! ငယ်ငယ်ရွယ်ရွယ်နဲ့ ချောမောလှပတဲ့ နတ်သမီးက ဆိုးသွမ်းတဲ့ အဘိုးကြီးနောက်ကို ဘာလို့ လိုက်နေတာလဲ...ဒီသခင်ငယ်လေးနောက်ကို လိုက်ရတာကမှ ကောင်းတာ မဟုတ်ဘူးလား.... အလှလေး ဟားဟား"

အဘိုးအိုက စားပွဲကို ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်သည်

"အတင့်ရဲချက်! ကောင်လေး မင်း ငါဘယ်သူလဲဆိုတာ သိတယ်ဆိုရင် ငါ့ဒေါသကိုလည်း သိထားသင့်တယ်..."

"ဟား ဟား ဟား!"

လူငယ်က ရယ်ပြီး "အဘိုးကြီး ဟန်ဆောင်တာကို ရပ်လိုက်ပါတော့ သူများတွေ မသိပေမယ့် ဒီသခင်လေးက မသိသေးဘူးလို့ မပြောဘူးနော်...ခင်ဗျားရဲ့ ခန္ဓာကိုယ်က ပြန်ကောင်းလာပေမယ့် ခွန်အားက တော်တော် ကျဆင်းသွားပြီ... အခု ဒီအခြေခံအုတ်မြစ်ကို မကာကွယ်နိုင်တော့ဘူးဆိုတာ သိထားတော့ ခင်ဗျားရဲ့နောက်ကြောင်းကို ကျုပ်တို့ ကောင်းကောင်း သိတယ်လို့ ပြောတာပဲ မဟုတ်ဘူးလား?"

အဘိုးအို၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားကာ သူ့ပတ်ဝန်းကျင်ရှိ အမျိုးသမီးအားလုံးလည်း ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

"ဒါဆို ပစ္စည်းရှာတာက အကြောင်းပြချက်သက်သက်လား?"

"ဟားဟား ဟုတ်တာပေါ့... ကျုပ်တို့လိုက်ရှာနေတာက အဘိုးကြီးတစ်ယောက်လေ... ခင်ဗျားကို ရှာနေတာ!"

လူငယ်လေး၏ မျက်နှာသည် ရုတ်တရက် တင်းမာလာပြီး ဆိုင်တစ်ခုလုံးရှိ လူများကို ဝေ့ကြည့်လိုက်သည်။

“ဒီသခင်လေး အလုပ်လုပ်နေတယ်... မသေချင်ရင် အခုကတည်းက ထွက်သွားကြ!"

ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က အရမ်းမြင့်ပြီး ပဉ္စမမြို့က လာတာလို့ ကြားရတော့ အားလုံးက တုံ့ဆိုင်းကုန်သည်။

"ဟေ့ ရှင်တို့ ဒီမှာ စာအုပ်တွေ အလကားဖတ်နေတာလေ... အဓိပ္ပါယ်မရှိဘူး!"

ကျင့်ကြံသူမိန်းကလေး ဘာမှပြန် ထပ်မပြောနိုင်ခင် ကျင့်ကြံသူတွေဟာ ယုန်တွေထက်ပင် မြန်မြန်ပြေးကာ တစ်ယောက်ပြီးတစ်ယောက် ပြေးကုန်တော့သည်။

"မျက်လုံးဖြူ ဝံပုလွေတွေချည်းပဲ..." မိန်းကလေးက သူ့အသံကို ရပ်လိုက်ပြီး လုရွှမ်ကို ကြည့်ကာ ရပ်သွားသည်။

"ဘာလို့ မထွက်သွားတာလဲ... အသတ်ခံရမှာ မကြောက်ဘူးလား"

လူအများက ထွက်သွားပြီးသော်လည်း လုရွှမ်သည် မိန်းကလေး၏ စကားကို နားထောင်ရင်း တံခါးဝတွင် ရပ်ကာ လူအားလုံးကို စိုက်ကြည့်နေသည်။

လူတစ်​ယောက် :"ကောင်လေး... ဒီကနေ လစ်စမ်း!"

လုရွှမ်ရဲ့ ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်သော်လည်း ၎င်းတို့၏ မာနကို လုံးဝ မထိခိုက်စေပေ။ လုရွှမ်ကိုလည်း မျက်လုံးထဲ၌ မထည့်ထားလိုက်ပေ။

"ငါထွက်သွားရင် ငါက မျက်လုံးဖြူ ဝံပုလွေဖြစ်လာမှာ မဟုတ်ဘူးလား... အဲဒီနတ်သမီးက ပြောတယ်လေ... ငါ့ဘဝမှာ အရာတော်တော်များများက အရေးမကြီးပေမယ့် မျက်လုံးဖြူဝံပုလွေလို လူတော့ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး"

မိန်းကလေး၏ မျက်လုံးများက အနည်းငယ်သက်သာရာရသော်လည်း ခေါင်းယမ်းကာ သက်ပြင်းချလေသည်။

"ဟူး...တကယ်တော့ ရှင်ထွက်သွားရင် ပိုကောင်းမယ်... သူတို့ သန်မာလွန်းတယ် နေနေရင် စိတ်ပျက်လက်ပျက်နဲ့ သေရလိမ့်မယ်.. မြန်မြန်သွားတော့..."

"မှန်တယ် ကောင်လေး.. ဒီကနေ လစ်.."

လုရွှမ် သူ့လက်ကို ပြင်းထန်သော လေလှိုင်းနဲ့အတူ ဝှေ့ယမ်းလိုက်ရာ ပြတ်ပြတ်သားသား အသံထွက်လာပြီး စကားပြောနေသော ကောင်လေး၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။

"အိုး... လတ်စသတ်တော့ ဒါက လစ်ဆိုတဲ့ အဓိပ္ပာယ်ကိုး.... စကားလုံးကြီးက တကယ်ကို ခက်တာပဲ ငါတော့ မလေ့လာနိုင်ဘူး"

All Chapters