← Chapters

ဒြပ်စင်ငါးပါး ဝိညာဉ်ဖြတ်ဓား

Vol. 127 Ch. 4.1420

ဒြပ်စင်ငါးပါး ဝိညာဉ်ဖြတ်ဓား

Vol. 127 Ch. 4.1420

"ဒြပ်စင်းငါးပါး အသွင်ပြောင်းစေ!"

ဝေဝူကျို့ သူ့ဓားစွမ်းအင်တွေကို ထပ်မံ ဝေ့ယမ်းသော်ငြား ဆက်လက်၍ ရယ်မောစရာတွေသာ ဖြစ်လာခဲ့သည်။ တိုက်ပွဲကို ကြည့်ရှုရန် ဝိုင်းဖွဲ့နေကြသူ အားလုံးကတော့ တခဏအတွင်း တုန်လှုပ်ချောက်ချား သွားကြသည်။

ဓားစွမ်းအင်ထဲက မီးတောက်တွေ တောက်လောင်နေတဲ့ ပုံပန်းသဏ္ဌာန်နဲ့ အပူချိန်ကို ကြည့်လိုက်ရင် မြေကြီးမီး မဟုတ်ရင် ဘာဖြစ်နိုင်မှာလဲ။

"ဒါက မြေမီးပဲ... လူတိုင်း သတိထားကြ!"

ကျင့်ကြံသူတိုင်း ကောင်းကင်မီးနဲ့ မြေမီးကို သတိထားရမှာ သဘာဝပင်။ လုရွှမ်လည်း ဝေဝူကျို့ရဲ့ ဒြပ်စင်ငါးခု ဓားသိုင်းက ကမ္ဘာမြေမီးကို အမှန်တကယ် ရရှိနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

ဝေဝူကျို့ အော်ဟစ်လိုက်တော့ မြေမီးက လုရွှမ်ဆီသို့ ချက်ချင်း ပျံ့လွင့်သွားသည်။ လုရွှမ် အံ့သြသွားသော်လည်း ရယ်ချင်စိတ်က ပိုများနေ၏။ သူ့ကို မီးရှို့ဖို့ မြေမီးကို သုံးနေတာက တကယ်ရှက်စရာ ကောင်းသွားပြီ။

လုရွှမ်သည် မြေမီး၏ အပူချိန်ကို ခံစားလိုက်ရသည်။ ပြိုင်ဘက်ရဲ့ မြေမီးသည် အမှန်တကယ်ပင် အလွန်အစွမ်းထက်ပြီး သူအောင်နိုင်ခဲ့သော မြေမီးထက် တစ်ဆပိုပြင်းထန်သော်လည်း လုရွှမ်ရဲ့ လက်ရှိခန္ဓာကိုယ်က ကောင်းကင်မိုးခြိမ်းသံနှင့် မြေကြီးမီး၏ ဒဏ်ကို ခံနိုင်ရည်ရှိပြီးသားမို့ သူ့အတွက်မူ တကယ်က ဘာမှပင် မဟုတ်ချေ။

"ဟမ့်!"

ဝေဝူကျို့ကလည်း ဒီမြေမီးရဲ့ အကူအညီနဲ့ လုရွှမ် ကို ကိုင်တွယ်ဖြေရှင်းရန် အနည်းငယ် မဖြစ်နိုင်ကြောင်းကိုလည်း သိသည်။

သူ၏ ဓားသိုင်းကို လှည့်စားခြင်းဖြင့် ဖုန်မှုန့်များသည် လေထဲသို့ ချက်ချင်း ပျံတက်သွားခဲ့သည်။ မီးသည် မြေကြီးအငွေ့အသက်ကို ဖန်ဆင်းပြီး လေပြင်းများ တခဏချင်း ဟိန်းဟောက်လာသည်။

လုရွှမ်လည်း သူ့ပတ်ဝန်းကျင် လေထုက ရုတ်ချည်း ပြင်းထန်လာတာကို ခံစားမိသည်။ သူ့ခန္ဓာကိုယ် ပတ်ဝန်းကျင်က တစ်စုံတစ်ခုကြောင့် ချုပ်နှောင်ထားရသလိုပင်။ လူက လှုပ်ရှားလို့ မရတော့ဘဲ မြေကြီးထဲမှာ အရှင်လတ်လတ် အမြုပ်ခံရတော့မည့်နှယ်။

လုရွှမ်သည် ထူထပ်သော မြေကြီးအလွှာဖြင့် ပိတ်မိသွားတာကြောင့် သူ့ခန္ဓာကိုယ်သည် မြေကြီးထဲတွင် ရစ်ပတ်ထားကာ ဦးခေါင်းတစ်ခုတည်းသာ ကျန်တော့သည်။

ဒီလှုပ်ရှားမှုကို မြင်သူတိုင်းက ချက်ချင်း ဆွဲဆောင် ခံလိုက်ရတော့သည်။ သူတို့ ထိုတိုက်ခိုက်မှုကို လုံးဝ မခံစားခဲ့ရချေ။ လေက ကြည်လင်လာပြီး တိမ်တွေ ငြိမ်သက်သွားကာ လုရွှမ် ရွှံ့တိုင်ထဲမှာ ပိတ်မိနေတာကိုပဲ မြင်နေရသည်။ အသွင်အပြင်ကို ကြည့်ရုံဖြင့် ဤမြေမျိုးသည် လုံးဝ ထူးခြားတယ် ဆိုတာ သိနိုင်သည်။

"ကောင်လေး အဆင်ပြေလား"

လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "သိပ်​တော့မကောင်းဘူး"

လူတိုင်းရဲ့ အမြင်မှာတော့ သူ့တုံ့ပြန်မှုက ပြိုင်ဘက်ရဲ့စွမ်းအင်ကို ထိန်းထားဖို့ ကြိုးစားနေသလိုပင်။ ဒါပေမဲ့ လုရွှမ်ဟာ အရင်ကတည်း လေထဲမှာရှိတဲ့ ဒီမြေကြီးကို ခံစားမိပြီးပြီ ဆိုတာ ဝေဝူကျို့ မသိ။

ဝိညာဉ်စွမ်းအင်က အလိုအလျောက် ရောနှောသွားပြီး နောက်ဆက်တွဲ တိုက်ခိုက်မှုကို အစပျိုးရန် လုံးဝ မဖြစ်နိုင်တော့ပေ။

"ဟမ့် မင်း ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကြည့်ရအောင်လေ..."

ဝေဝူကျို့ရဲ့ သူငယ်အိမ်များ ကျဉ်းမြောင်းသွားကာ လုရွှမ်သည် မြေဆီလွှာအတွင်း တွားသွားသည့် အရာတစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။

မြေကြီးက ရွှေကို မွေးဖွားပြီ!

လုရွှမ် ဆိုသည်မှာ ဒြပ်စင်ငါးမျိုးနှင့် ကစားရာတွင်လည်း ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်လေ။ သဘာဝအတိုင်း သူသည် မြေဒြပ်စင်ထဲကနေ ရွှေဒြပ်စင် မွေးထုတ်ခြင်းဆိုင်ရာ နိယာမကို သိကျွမ်းသည်။

ဤမြေကြီးက ဘယ်လို မြေအမျိုးအစားလဲ သေချာမသိပေမယ့် ၎င်းအထဲတွင် ပိတ်မိနေသောအခါတွင်မူ ပြင်းထန်စွာ ရုန်းကန်ခဲ့ရသည်။

သူ့ရဲ့ လက်ရှိ အင်အားနဲ့ ဒါကို ဒီမြေလွှာက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ တွေးကြည့်နိုင်ပါ၏။ သို့ဆိုလျှင် ဤကဲ့သို့ ပြင်းထန်သော မီးတောက်များနှင့် မြေဆီလွှာမှ ဆင်းသက်လာသော ရွှေစွမ်းအင်က ဘယ်လောက် အစွမ်းထက်လိုက်မလဲ။

လုရွှမ်သည် သူ့ခန္ဓာကိုယ် ခွန်အားအပေါ် အလွန်ယုံကြည်မှုရှိ၏။ ယခုအချိန်တွင် သာမန် ဧကရာဇ်လက်နက်လောက်က သူ့အရေပြားအပေါ် ကုတ်ခြစ်နိုင်ခြင်း မရှိပေ။ သို့သော် သူသည် နတ်လက်နက်ကို ဖြတ်တောက်ခြင်းကို တားဆီးရန် မစမ်းဖူးသေး။

ပြီးတော့ ဒီမြေကြီးထဲကနေ ထွက်ပေါ်လာမယ့်အရာက နတ်လက်နက်တစ်ခု ဖြစ်နိုင်ချေ ရှိသည်။ မြေကြီးထဲတွင် ပိတ်မိနေပြီး နတ်လက်နက်ဖြင့် သုတ်သင်ခံရတာဟာ ကောင်းကင်နှင့် မြေကြီးအား အမှန်တကယ် မတုံ့ပြန်နိုင်ပေ။

လုရွှမ် ခန္ဓာကိုယ်ထဲရှိ နဂါးနှလုံးသည် ပြင်းထန်စွာ ခုန်တက်သွားပြီး နဂါးစွမ်းအားတွေက သူ့ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ အချိန်အတော်ကြာ လေ့ကျင့်ပြီးနောက် ဦးခေါင်းပေါ်ရှိ ချိုများ ကြီးထွားမလာတော့အောင် ထိန်းနိုင်နေပါပြီ။

ဤအခိုက်အတန့်တွင်တော့ သူ့ခန္ဓာကိုယ် တစ်ခုလုံး၌ နဂါးအကြေးခွံများ ပေါ်ထွက်လာနေသည်။ စိမ်းပြာနဂါး စွမ်းအား၊ ယွမ်ယန်ကျင့်စဥ်တို့ရဲ့ ပံ့ပိုးမှုဖြင့် နဂါးအကြေးခွံတွေဟာ နတ်လက်နက်၏ ဓားထိုးတိုက်ခိုက်မှုကို အပြည့်အဝ တားဆီးခဲ့သည်။

ဝေဝူကျို့ရဲ့ အမူအရာလည်း ပြောင်းလဲသွားသည်။ လုရွှမ် ထိုတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိနေမယ်လို့ မယုံကြည်နိုင်ပေ။

"ဝေဝူကျို့... မင်းမှာ တခြားအရည်အချင်းတွေ ရှိသေးရင် အကုန်သုံးလိုက်တော့!"

"ဟမ့်"

ဝေဝူကျို့ရဲ့ လှောင်ပြောင်သံ အနောက်မှာ ပြင်းထန်သော အသံကို လူတိုင်း ကြားလိုက်ရပြန်သည်။ ဒီအသံက ဘယ်လိုအသံမျိုးလဲ ဆိုတာကို မသိရခင် ရွှံ့တိုင်ကနေ ထွက်လာတာမှန်း သိလိုက်ရပေ၏။

ထက်မြက်သူအချို့က ကျယ်လောင်စွာ အော်​ကြသည်။

"မီးက မြေကြီးကို ထုတ်ပေးတယ်... မြေက ရွှေထုတ်ပေးတယ်... ဒီကောင်လေးကို တိုက်နေတာက မြေကြီးတိုင်က ရွှေရဲ့ တန်ခိုးပဲ"

ဒီလိုပြောပြီးနောက် အားလုံးလည်း သဘောပေါက်သွားကြသည်။

ထို့နောက် လုရွှမ်သည် လျစ်လျူရှု​နေသောပုံ ပေါက်နေသေးတာ တွေ့လိုက်ရသော်လည်း ဝေဝူကျို့ရဲ့ စွမ်းအင်အား ထိန်းထားရန် ပြင်းပြင်းထန်ထန် ကြိုးစားနေတာပဲလို့ အထင်အမြင် လွဲသွားပြန်သည်။

ဝေဝူကျို့ရဲ့ လှုပ်ရှားမှုသည် အလွန်အားကောင်းသော်လည်း လုရွှမ်ကို လုံးဝ အရှက်မခွဲနိုင်ပေ။

"ဟမ့် ကောင်လေး မင်းဘာတွေ မာနကြီးနေတာလဲ... အစ်ကိုဝူကျို့ ငါတက်သွားပြီး သူ့ခေါင်းကို ဓားနဲ့ ခုတ်ပစ်လိုက်မယ်... သူဘာလို့ အရမ်းမာန ကြီးတာလဲဆိုတာ သိချင်လွန်းလို့"

ပါးရိုက်ခံရတဲ့ ကောင်လေးက ရုတ်တရက် နိုးလာပြီး လုရွှမ်ရဲ့ အခုပုံစံကို မြင်လိုက်ရတော့ အရမ်းပျော်သွားသည်။ သူတို့နှစ်ယောက်ကြားက လက်ရှိအခြေအနေကို ကြည့်လိုက်တော့ ဝေဝူကျို့ရဲ့ အခက်အခဲကို သူသဘာဝကျကျ နားလည်သွားသည်။ အကြောင်းမှာ ဝေဝူကျို့ရဲ့ ထူးခြားသော စွမ်းရည်ကို သူ သိထားလို့ပင်။

ဤအကွက်သည် အမှန်တကယ်ပင် ယခုအချိန်၌ အလွန်အားကောင်းသော်လည်း တစ်ချိန်တည်းတွင် အာရုံပျံ့လွင့်သွားပါက ထိန်းချုပ်မှုက ပျောက်သွားမှာပဲ ဖြစ်သည်။

အခု ဒီလူကို သတ်ပစ်ဖို့က သူ့အတွက် အကောင်းဆုံး အခွင့်အရေးပဲ။ ထိုလူ ရှေ့သို့ ပြေးသွားကာ ဓားရှည်ကို ဆွဲထုတ်၍ လုရွှမ်ကို ခုတ်ချလိုက်သည်။

"ရွံစရာကောင်းချက်!"

ဆိုင်ရှင်သူဌေးက အော်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ယိမ်းထိုးကာ ကောင်လေးကို တားဆီးဖို့ ကြိုးစားသည်။ သို့သော် ဝေဝူကျို့ရဲဘ နောက်လိုက်သုံးယောက်က အဘိုးအိုကို ဝင်တားကြလေသည်။

"အဘိုးကြီး... အခုက ခင်ဗျားရဲ့အချိန် မဟုတ်သေးဘူးလေ.. ကောင်းကောင်း အနားယူဖို့ အချိန်ရောက်​နေပြီ... ဟားဟားဟား ခင်ဗျားကိုယ်တိုင်က ဒုက္ခပေးချင်နေရင် အခု ဒီကလေး ခင်ဗျားကြောင့် သေသွားရလိမ့်မယ်နော်...."

အဘိုးအိုသည် တိုးတိုးလေး ဟစ်အော်ကာ ရှောင်ထွက်သွားတော့မည် ဖြစ်သော်လည်း ရုတ်တရက် လူသုံးကောင်က နောက်တစ်ကြိမ် ယိမ်းနွဲ့သွားကာ သူ့လမ်းကို ပိတ်ဆို့လိုက်ပြန်သည်။

"အဘိုးကြီး... ကျုပ်တို့ ခင်ဗျားရဲ့ အစွမ်းသတ္တိကို ကောင်းကောင်း သိပါတယ်"

အဘိုးအိုသည် တိတ်တိတ်လေး သက်ပြင်းချမိသည်။ ယခုသူဟာ နတ်ခြေလှမ်းနယ်ပယ် ရောက်နေပြီ ဖြစ်သော်လည်း သူ၏ စစ်မှန်သော အစွမ်းသတ္တိမှာ သူကိုယ်တိုင်ပင် အပြစ်ရှိသလို ခံစားနေရသည်။

သူက လုရွှမ်ကို ကြည့်ရင်း ကြင်နာတတ်တဲ့ ကောင်လေး ဘာဖြစ်သွားမလဲလို့ တွေးနေမိလေသည်။

မြင်ကွင်းကို ကြည့်ရင်း သူ့မျက်လုံးတွေ တောက်ပလာသည်။ လုရွှမ်ရဲ့ ခန္ဓာကိုယ်ဟာ ဓားစွမ်းအင်တွေနဲ့ ဝိုင်းရံထားတဲ့ မြေကြီးထဲကနေ ရုတ်တရက် ပေါက်ကွဲ ထွက်လာ၏။ သူမြင်လိုက်ရတဲ့ခေါင်းက လုရွှမ်ကို ခေါင်းဖြတ်မယ် ပြောသွားတဲ့ ကံဆိုးသူရဲ့ ခေါင်းပါပဲ။

All Chapters