← Chapters

လူသတ်ပွဲ

Vol. 127 Ch. 4.1422

လူသတ်ပွဲ

Vol. 127 Ch. 4.1422

ဝေဝူကျို့ဟာ ဒေါသတွေ ပြည့်နှက်နေတဲ့ သူ့အသံကို လူတိုင်းကြားအောင် ထုတ်လိုက်သည်။ ဒီကောင်က တမင် ဒုက္ခပေးခဲ့တာ ဖြစ်မယ်လို့ ချက်ချင်း ကောက်ချက်ချလိုက်ပါ၏။

တုပြောင်ရဲ့ သတိပေးစကားကြောင့်သာ မဟုတ်ပါက နှစ်များတစ်လျှောက် စုဆောင်းလာသော ဂုဏ်ကျက်သရေနှင့် နာမည်ကျော်ကြားမှုတွေ ပျက်ပြားသွားကာ အနာဂတ် မျိုးဆက်သစ်များကြား ရယ်မောစရာ​တွေ ဖြစ်လာလိမ့်မည်။

"အားလုံး အတူတူ လာပြီး သတ်ပစ်ကြ!"

ဝေဝူကျို့ လုရွှမ်ရဲ့ စွမ်းအားကို စိတ်ပူနေဆဲပါ။ ဒီလူက ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ သိဖို့ မဝံ့မရဲ ဖြစ်နေ၏။ အကယ်၍ တစ်ဦးတည်း ဝင်သွားပါက ဤသူသည် လုရွှမ်ပြိုင်ဘက် မဟုတ်ကြောင်း ပြသမိသွားလျှင် ရယ်စရာ ကောင်းသွားပေလိမ့်မည်။

လူတစ်စုသည် ရှေ့သို့ ပြေးသွားသော်လည်း ဆိုင်ရှင် အဘိုးအိုကို တားဆီးရန် လူနှစ်ယောက်က နောက်တွင် ကျန်ရစ်ခဲ့သည်။

"အဘိုးကြီး...အစကတော့ ဒါက မင်းရဲ့ကိစ္စပဲ... ဒါပေမဲ့ ကံမကောင်းစွာနဲ့ ခင်ဗျားက မပူးပေါင်းပေးဘူးလေ... အရမ်းကောင်းတယ် ဒီကလေး အသတ်ခံရပြီးရင် ခင်ဗျားအဲဒီမှာ ဆက်ရှိနေနိုင်ဦးမလား ကြည့်ရသေးတာပေါ့”

ဆိုင်ရှင်အဘိုးအိုလည်း ချီတုံချတုံ ဖြစ်သည်။ ဒီလူတွေ ဘာကြောင့် ဒီကိုလာပြီး သူတို့ရှာနေတာလဲဆိုတာ သူ မသိဘူး။ သို့သော် သူပစ္စည်းကောင်းတွေ ဖုံးကွယ်ထားခဲ့တာတော့ အမှန်ပင်။ သို့သော် ထိုအရာများကို အခြားသူများကတော့ သိနိုင်လိမ့်မည် မဟုတ်ပေ။

သူ အရမ်းစိတ်ရှုပ်သွားပြီ!

သူ့မျက်လုံးများက လုရွှမ်ကို စိုက်ကြည့်နေသည်။ သူ့ကို တား​နေသည့် လူနှစ်ယောက်အကြောင်း ကောင်းကောင်း သိသည်။ ဤအခိုက်အတန့်တွင် သူသည် ဤလူနှစ်ယောက်ကို ဆက်ဆံနိုင်သော်လည်း လူသုံးယောက် ဆိုရင်တော့ အဆင်မပြေနိုင်ချေ။

သူ ထွက်ပြေးချင်ရင်တောင် လုံးဝ ပြေးလို့မရဘူး။ လုရွှမ်ကိုပဲ အားကိုးလို့ ရသည်။

လုရွှမ် လှည့်ပတ်ကြည့်ရှုပြီး လမ်းကြောင်းအားလုံးကို အာရုံစိုက်နေသောကြောင့် အဘိုးအို၏ လှုပ်ရှားမှုများကို သဘာဝကျကျ သတိထားမိသည်။ ထိုသူသည် လူဆိုးအုပ်စုကို ရွဲ့စောင်းကာ မထီမဲ့မြင် အရိပ်အမြွက်ကို ခံစားလိုက်သော်လည်း သူ ယခုထိ မထွက်သွားသေးပေ။

ဒီမှာ စာအုပ်တစ်အုပ် ဖတ်ပြီးကတည်းက တစ်စုံတစ်ယောက်ရဲ့ ကျေးဇူးကို ဆပ်နေရပြီ။ တကယ်တော့ ကျေးဇူးပြန်ဆပ်သင့်​သည့် အရာပင်။

လုရွှမ်သည် သူ့ဆီသို့ ပြေးလာသော ဤလူများကို အနည်းငယ်မျှ အထင်မသေးဝံ့ပေ။ ဒါတွေအားလုံးက ကျုံးကျိုးက လူသားတွေ ဖြစ်ပြီး ဒီကိုလာလည်ဖို့ ဆန္ဒရှိတဲ့သူတွေ အားလုံးဟာ ပါရမီရှင်တွေကြားထဲက ထူးချွန်သူတွေပါပဲ။

သူတို့ထဲက တစ်ယောက်ယောက်ကို လျှော့တွက်ရင် သတိမထားမိဘဲ ရေမြောင်းထဲ နစ်သွားနိုင်သည်။ ချင်ထျန်းဓားပေါ်၌ မီးတောက်နှင့် အလင်းတန်းများ တောက်ပလာကာ ဆုတ်ခွာမည့်အစား ဓားဖြင့် တက်ကြွစွာ ပြေးထွက်လာခဲ့သည်။

ယွမ်ယန်ဓားကိုးစင်းက အလွန်အစွမ်းထက်လို့ စွမ်းအင်အလွန်အကျွံ သုံးစွဲရသည်။ တစ်မျိုးပြီး တစ်မျိုး ပြောင်းလဲမည်ဆိုပါက စွမ်းအားကို သဘာဝအတိုင်း အမြင့်ဆုံးအထိ အသုံးချနိုင်သည်။ သို့သော် ဤလူများအတွက် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားက သဘာဝအတိုင်း ယုံကြည်ရဆုံးသော ဓားသိုင်း ဖြစ်သည်။

ဓားတွေ အတူတကွ ရွေ့လျားသွားသောအခါ အေးစက်သော အလင်းတန်းများ ထွက်လာပြီး ဓားစွမ်းအင် တောက်တောက်များ ထွက်​ပေါ်လာသည်။ ကျယ်လောင်သော အသံတစ်ခုသည် နတ်ဓားများ အချင်းချင်း ထိခတ်သွားသံများသာ ဖြစ်၏။

​ချင်ထျန်းဓားစွမ်းအင်သည် ထိုလူများ၏ နတ်လက်နက်များကို တစ်ပြိုက်နက်တည်း တိုက်ခိုက်လိုက်သည်။ ပါရမီရှင်တွေက မျှော်လင့်ထားသည့်အတိုင်း လုရွှမ်၏ ဓားစွမ်းအင်များကို တစ်ချက်ပြီးတစ်ဆင့် ရှောင်သွား​ကြသည်။

လုရွှမ်သည် ချီထျန်းပု ခြေလှမ်းကို လှမ်းပြီး ထိုလူများကို တိုက်ခိုက်သောအခါ သူသည် ၎င်းတို့၏ ခွန်အားကို အမြန်ဖော်ထုတ်နိုင်ခဲ့သည်။ အရင်က ဝေဝူကျို့ကို သတိပေးခဲ့တဲ့သူဟာ အစွမ်းအထက်ဆုံး လူဆိုတာ သိသာထင်ရှားပေမယ့် သူကအနောက်မှာ ရပ်နေခဲ့၏။

တခြားလူတွေကတော့ နည်းနည်းလေး ညံ့ကြသည်။ သူခိုးကို ဖမ်းဖို့ မြင်းကို အရင်ပစ်ရသလို အခုလည်း ဘုရင်ကို အရင်ဖမ်းရမည်။ ဒီလူတွေကို ဆက်ဆံချင်ရင်တော့ ဒီကောင်လေးတွေကို အရင်ဆုံး ဆက်ဆံသင့်ပါသည်။

လုရွှမ်၏ ခြေဖဝါးများသည် လေထုထဲက နေရာတိုင်းတွင် တဖျပ်ဖျပ် ခတ်သွားကာ ဝေဝူကျို့နဲ့ တုပြောင်တို့၏ တိုက်ခိုက်မှုများကို တက်ကြွစွာ ရှောင်ရှားခဲ့သော်လည်း ၎င်းတို့နှစ်ဦးကြားတွင် လှည့်ပတ်ကာ အခြားသူများကို အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။

"အား!"

"အား!"

အော်ဟစ်သံများကတော့ တခြားလူတွေ ဓားထိုးခံနေရလို့ပဲ ဖြစ်သည်။

"စိတ်ပျက်စရာပဲ!"

ဝေဝူကျို့ ထပ်ခါထပ်ခါ တိုက်ခိုက်သော်လည်း လုရွှမ်က ကျွမ်းကျင်စွာ ရှောင်ထွက်သွားကာ အမှီလိုက်ဖို့ ကြိုးစားတော့လည်း လိုက်မမီနိုင်တာကို သိလိုက်ရသည်။ အထူးသဖြင့် ယခုအချိန်တွင် လုရွှမ်သည် သူ၏လှည့်စားသည့် ခြေလှမ်းကို အစွမ်းကုန် အသုံးပြုထား၏။

လေပြင်းနိယာမရဲ့ လှုပ်ရှားမှုအောက်တွင် ဒီလူတွေ သူ့ကိုဖမ်းမိဖို့ လုံးဝ မဖြစ်နိုင်ပေ။

လုရွှမ်သည် လူများကြားတွင် အဆက်မပြတ် ပြေးလွှားနေကာ အနည်းငယ် ခက်ခက်ခဲခဲ ဖြစ်နေပုံရသော်ငြား သူ့ဓားကို ဆွဲလိုက်တိုင်း လူတစ်ယောက် လဲကျသွားသည်။ လက်ရှိအချိန်တွင် လုရွှမ်ရဲ့ ဓားသိုင်း ထိန်းချုပ်မှုက အလွန်လေးနက်ပြီး ကြီးစိုးနေသည်။

ဒီလူတွေက သူ့အသက်ကို လိုချင်နေတာ သိသာထင်ရှားနေပြီ။ အဲ့တော့ ဘာကြောင့် သနား​နေရမှာလဲ။ ဒီလူတွေရဲ့ ကောင်းကျိုးတွေကို ဖျက်ဆီးမိပြီးသားမို့ သူက ၎င်းတို့ရဲ့ ရန်သူဖြစ်နေပြီ။

ဓားတစ်ချောင်း လူတစ်ယောက်ရဲ့ လည်ချောင်းကို ထိုးဖောက်ပစ်သည်။ ကောင်းကင်နှင့်မြေကြီး၏ အရှိန်အဝါကြောင့် ကောင်းကင်လက်နက်ထံမှ လွင့်စင်သွားသော စွမ်းအင်သည် ထိုလူ၏ စိတ်ဝိညာဉ်ကို တိုက်ရိုက် တုန်လှုပ်သွားစေကာ အပိုင်းပိုင်း ဖြတ်ပစ်လေ၏။

အချိန်တိုလေး အတွင်းမှာပင် လုရွှမ် လူလေးဦးကို သတ်ပစ်တာကြောင့် ထိုလူများကို လုံးဝ ထိတ်လန့်သွားခဲ့သည်။

သူတို့အားလုံးက ဝေဝူကျို့လို ပါရမီရှင်တွေ မဟုတ်ကြပေမယ့် ပဉ္စမမြို့ကို ရောက်နိုင်ရင် ပထမမြို့က လူတွေအတွက် သူတို့အားလုံးက ထိပ်တန်း ပါရမီရှင်တွေပါပဲ။

သူတို့သည် ယခုလုရွှမ် ဓားအောက်တွင် အမှန်တကယ် သေဆုံးသွားခဲ့ပြီး အချိန်များစွာလည်း မယူခဲ့ရပေ။

လုရွှမ်ရဲ့ လှုပ်ရှားမှုများက ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ် ရှိနေဆဲ။ ချီထျန်းပု ခြေလှမ်းများက သူ့ရုပ်ပုံလွှာကို ပို၍ သာလွန်ပေါ့ပါးစေသည်။ သူရှောင်သွားတဲ့အတွက် ဒီလူတွေဟာ အတိုင်းအဆမရှိ အရှက်ရခဲ့ကြပေမယ့် ဒါတောင် သူတို့ မလွတ်မြောက်နိုင်သေးဘူး။

"ထွက်သွား... အကုန် ထွက်သွား!!"

ဝေဝူကျို့ အော်လိုက်ရသည်။ ဒီအတိုင်းဆို သူတို့ရောက်လာတဲ့ ညီအကိုတွေ အားလုံး ဒီမှာပဲ ဇာတ်သိမ်းသွားလိမ့်မည်။

"အိုး.. ငါ အခုမှ ထွက်သွားချင်နေပြီလား... နောက်​တောင်ကျသွားပြီ"

လုရွှမ် ပျော့ပျောင်းတဲ့ လေသံကို ထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲက ဓားစွမ်းအင်တွေကိုပါ ထုတ်လွှတ်လိုက်သည်။ ရုတ်တရက် ထွက်လာတဲ့ ဓားစွမ်းအင်ကြောင့် လုရွှမ်ရဲ့ ခန္ဓာကိုယ်က ပိုလို့တောင် အစွမ်းထက်လာ၏။

ထိုလူတို့သည် လုရွှမ် ဓားစွမ်းအင်မှ လွတ်မြောက်ပြီးခါစ အချိန်မှာပဲ နောက်ထပ်ဓားချက်ကို တားဆီးဖို့ ကြိုးစားရတော့သည်။ ဓားစွမ်းအင်ကို မရှောင်ရင် ချက်ချင်း သေသွားလိမ့်မည်။

လုရွှမ် ကိုယ်တိုင်နားလည်ခဲ့သော စွမ်းရည်သုံးမျိုးနှင့် အသက်သုံးချောင်းဓားသည် ရွှေဒြပ်စင်၏ အဓိကစွမ်းအား ဖြစ်သည်။ အခု ဝေဝူကျို့ရဲ့ ဓားသိုင်းကနေ သင်ယူခဲ့သော အရာအနည်းငယ်နှင့် ရောနှောကာ လက်တွေ့အသုံးချဖို့ အချိန်ကောင်းပင်။

ဝေဝူကျို့လည်း မြင်တာမို့ သူ့စိတ်ထဲ အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။

သူ့မျက်လုံးများသည် ဒေါသကြောင့် သွေးရောင်တွေတောင် နီရဲနေပြီ။ ဓားကိုကိုင်ထားသည့်လက်သည် တုန်ယင်နေပြီး ဓားစွမ်းအင်များ ပစ်လွှတ်လိုက်သည်။

တုပြောင်သည် ယခင်က လုရွှမ်ဆီက အရှိန်အဝါကို မခံစားခဲ့ရသော လူဖြစ်သည်။ ယခု သူသည် အခြားသူများကို ကာကွယ်ဖို့ တုပြောင်အား တိုက်ခိုက်ရန် ခွင့်ပြုလိုက်သည်။ သူတို့နှစ်ယောက် ပေါင်းစည်းမှုက လူတိုင်းအတွက် သေရမည့်အန္တရာယ်ကို ချက်ချင်း လျှော့ချပေးလောက်ရဲ့။

လုရွှမ် :"ကောင်းပြီ မင်းရဲ့ အစွမ်းအစကို ငါကြည့်ချင်သေးတယ်..."

သူ့ခြေဖဝါးအောက်တွင် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာပြီး နောက်ဆက်တွဲ အရိပ်တစ်ခုကိုသာ မူလနေရာ၌ ချန်ထားခဲ့၏။ သူ့ခန္ဓာကိုယ်သည် ကောင်းကင်ပေါ်သို့ ခုန်တက်သွားခဲ့သည်။

"ခုတ်!"

လုရွှမ် အော်လိုက်ပြီးတာနဲ့ လုရွှမ်နှစ်ယောက်ဟာ တပြိုင်နက်တည်း လှုပ်ရှားလိုက်ပေ၏။ တုပြောင် မျက်လုံးပြူးမျက်စံပြူးဖြင့် ကြည့်နေသော်ငြား ဘယ်တစ်ယောက်က အစစ်လဲ သူ မပြောနိုင်ပေ။

ဒါက သေချာပေါက် အမြင်အာရုံကို ဖုံးကွယ်ခံထားရတာတောင် မဟုတ်​သေးဘူး။

All Chapters