လွတ်ပေးမယ်
Vol. 127 Ch. 4.1423
တုပြောင်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖိအားများနဲ့အတူ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ ဒီဓားက ဘယ်လိုဓားသိုင်းမျိုးပဲ ဖြစ်နေပါစေ သူ လုံးဝ မခံနိုင်ပါ။ လွတ်မြောက်ရန် ကြိုးပမ်းရင်း အနားသို့ အလိုလို ထွက်ပြေးသွားခဲ့သည်။ အသက်ရှင်နေသူတွေကို သူ ဂရုမစိုက်နိုင်တော့။
လုရွှမ် သူ့စိတ်ထဲမှာ လှောင်ရယ်လိုက်သည်။
အခုမှ ထွက်ပြေးချင်နေတာလား။
ဒီတစ်ခါတော့ စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓား မဟုတ်တော့ဘဲ ယွမ်ယန်ဓားကိုးစင်းရဲ့ ပဉ္စမဓားဖြင့် ချေမှုန်းသတ်ဖြတ်ခြင်းပင် ဖြစ်သည်။ ဓားစွမ်းအင်များ စုစည်းလာတာနဲ့ ရောင်ဝါက ပြင်းထန်လာသည်။ ဓားတစ်လက်တည်းက တုနှိုင်းမရတဲ့ လူသတ်ချင်စိတ်ကို သယ်ဆောင်လာသည်။
တုပြောင် တုန်လှုပ်သွားပြီးနောက် တစ်ခုခုမှားနေကြောင်း ရုတ်တရက် သိလိုက်သည်။ ဒီဓားဟာ သူ့အပေါ်ကို ဖိနှိပ်ထားပုံ မပေါ်ပေမယ့် တကယ်တော့ သူ့နောက်ကို အနီးကပ် လိုက်နေတာပဲ ဖြစ်သည်။
ထွက်လာသည့် အရာမှာ ဓားရည်ရွယ်ချက်မဟုတ်ဘဲ ဓားစွမ်းအင်သာ ဖြစ်သည်။ ဒီကောင်လေးက ဘယ်လိုလုပ် ဓားကျင့်စဥ်အပေါ် ဒီလောက်ထိ နားလည်ထားရတာလဲ။
သူသည် နှစ်တွေ အကြာကြီး ဓားသိုင်း လေ့ကျင့်လာတာတောင် ရှောင်တိမ်းဖို့ မဖြစ်နိုင်တော့ပေ။ ဒီဓားနဲ့ပတ်သက်ရင် တခြားသူတွေက ဓားရဲ့ အာရုံစူးစိုက်မှုကို မခံနိုင်ဘူးဆိုရင် အဲဒါကို တွန်းလှန်နိုင်လောက်သည်။
နတ်ဓားကို နောက်တစ်ကြိမ် ပြင်ဆင်ပြီး ထပ်မတားဆီးရင် ဒီဓားကို လုံးဝရှောင်နိုင်မှာ မဟုတ်ဘူး။ အလွန်ကြောက်စရာ ကောင်းသော အရည်အချင်းရှိသူပင်။ ယခုဆိုလျှင် ဝေဝူကျို့ ခံစားခဲ့ရသည့် အရှိန်အဝါကို နားလည်လိုက်ပါပြီ။
သူဟာ ပါရမီရှင်ဖြစ်သော်လည်း ဝေဝူကျို့ နောက်တွင် အနည်းငယ် ကျန်နေခဲ့သည်။
အမှန်ပင် ဒါက ဓားသမားတွေရဲ့ လမ်းစဥ် ဖြစ်သည်။ သို့သော် မတူညီသော လူများသည် သဘာဝအားဖြင့် မတူညီသော နားလည်မှုများရှိပြီး ၎င်းတို့၏ကိုယ်ပိုင် နားလည်မှုများကို ဓားကျင့်စဥ်ထဲသို့ ယူဆောင်လာတတ်သည်။
ဤနည်းဖြင့်သာ လူတစ်ဦးစီကြားက ဓားသိုင်း ကွာခြားချက်ကို နားလည်နိုင်မှာပဲ ဖြစ်သည်။ သို့သော် တုပြောင်၏ မိမိကိုယ်ကို ဖြောင့်မတ်လှပြီဆိုတဲ့ ချဉ်းကပ်မှုက လုရွှမ်၏ဓားကို ခုခံရန် အစကတည်းက လမ်းလွဲသွားခဲ့ပြီ။
လုရွှမ်ရဲ့ ဓားစွမ်းအင်က ယခုအချိန်မှာတော့ နဂါးငွေ့တန်းကြီး ပြုတ်ကျလာသကဲ့သို့ အလွန်တောက်ပသော တောက်ပမှုကို ဖန်တီးထားသည်။
နေ့ခင်းဘက်ဆိုပေမယ့် ကောင်းကင်က ထိုဓားအလင်းနဲ့သာ တောက်ပနေ၏။ ဓားအလင်းကြီးက နေအလင်းရောင်ကိုပင် ပိတ်ဆို့ထားပြီဟု ဆိုရမှာ ဖြစ်သလို အခုအချိန်မှာတော့ လူတွေအားလုံးကလည်း အဲဒီဓားကို မြင်နေရသည်။
အနောက်က ဝေဝူကျို့လည်း ဓားစွမ်းအင်ကို မြင်လိုက်ရသဖြင့် အတော်လေး ထိတ်လန့်သွားသည်။ တုပြောင်တော့ လုရွှမ်ရဲ့လက်ဆကို ဘယ်လိုမှ ခံနိုင်ရည်ရှိမည် မဟုတ်ကြောင်းလည်း သူ့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း နားလည်လာခဲ့သည်။
ဝေဝူကျို့ကို သွားကယ်တင်ရင် ဘာဖြစ်မလဲ။
ခဏအကြာတွင် ဝေဝူကျို့သည် သူ့အကြံက အသုံးမဝင်သောကြောင့် ပယ်ချလိုက်သည်။ ထိုစက်ဆုပ်ဖွယ် မှော်အစွမ်းကို သူအသုံးပြုခဲ့သော်လည်း လုရွှမ်ဓား၏ စွမ်းအင်သည် သူ နားမလည်နိုင်လောက်အောင် ကျော်လွန်သွားခဲ့ပြီပဲ ဖြစ်သည်။
သန်မာတဲ့လူတွေကို မြင်ဖူးပေမယ့် ရွယ်တူတွေကြားမှာ ဒီလိုလူကိုတော့ တစ်ခါမှ မတွေ့ဖူးပါဘူး။ ဒီဂန္ထဝင်သန်မာသူဟာ ဒီလိုအရည်အချင်းရှိတဲ့သူ တစ်ယောက်ပင်။ အဲဒီလူကို တိုက်ခိုက်ဖို့တောင် မစဉ်းစားသင့်ခဲ့ချေ။
"ထွက်ပြေးဖို့ အချိန်တန်ပြီ!"
ရှင်းရှင်းလင်းလင်း ပြောရရင် သူ့မှာ အဲဒီလို အကြံတစ်ခု ရှိနေပြီးသားပဲ။ ထိုအကြံအစည်ကို အကောင်အထည်မဖော်မီ လုရွှမ်ဓားက ထိမှန်သွားခဲ့ပြီ ဖြစ်သည်။
ဝုန်း!
တုပြောင်မှာ ဓားရည်ရွယ်ချက်ကို တွန်းလှန်သောအခါတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း တွေ့ရှိခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် သူ့အတွက် အချိန်မကျန်တော့ကြောင်း သူသဘောပေါက်သော်လည်း အချိန်နှောင်းသွားပြီ။
လုရွှမ်ဟာ တုပြောင်ကိုရှင်းဖို့ ဓားစွမ်းအင်ကို အဝေးမှသာ လွှဲချခဲ့သည်။ သို့သော် တုပြောင်၏ ချွေးပေါက်များမှ သွေးများ ရုတ်တရက် ထွက်ကျလာပြီး သူ့ခန္ဓာကိုယ် ပေါက်ကွဲသွားကာ သူ့ဝိညာဉ်ကလည်း မျှော်လင့်ချက် မကျန်တော့ပေ။
ဓားဝိညာဉ်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုသည် စိတ်ဝိညာဉ်ထက် သာလွန်ပြီ။
လုရွှမ်ဓားက လူတိုင်းကို အလွန့်အလွန်ကျေနပ်စေသည်။
ယခင်တိုက်ပွဲတွင် သူတို့ကြားက ခွန်အားကွာခြားမှုကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ လုရွှမ်နှင့် ဝေဝူကျို့တို့၏နောက်တွင် အနည်းငယ်မျှသာရှိသော တုပြောင်ရဲ့ အင်အားက မဆိုးလှချေ။
ဒါပေမဲ့ လုရွှမ်ရဲ့ဓားနဲ့ အသတ်ခံရလိမ့်မယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ။ မမျှော်လင့်ထားဘဲ ကွာဟချက်က နှိုင်းယှဉ်စရာ မရှိလောက်အောင် ကြီးမားနေ၏။ အဲဒီဓားနဲ့ ထိပ်တိုက် မတိုက်မိပေမယ့် မထိန်းနိုင်ဘဲ တုန်လှုပ်နေမိသည်။
အရင်ကတော့ လူတချို့က လုရွှမ်ကို အထင်အမြင် သေးကြသည်။ သူ့ရဲ့ ကျင့်ကြံမှုကို ဖုံးကွယ်ထားကာ နတ်ဘုရားလို ဟန်ဆောင်ခဲ့တယ်လို့ ထင်ကြ၏။ ယခုမူ လုရွှမ် လှုပ်ရှားလိုက်တော့ ကြီးမားသော သတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့သည်။
တုပြောင်ထက် အဆင့်နိမ့်သူ အများအပြားကတော့ စိတ်ထဲမှာတင် သေဆုံးသွားကြပြီ။ လုရွှမ် ပျံသန်းနေသော အသွင်ကို မြင်ရုံဖြင့် ဝေဝူကျို့ခမျာ အလွန်ထိတ်လန့်သွားပြီး ထွက်ပြေးသွားသည်။
လုရွှမ် အေးစက်စွာ ရယ်မောပြီး အသက်ရှင်နေသေးသော လူအနည်းငယ်ကို ကြည့်လိုက်သည်။ သူ၏ ယခင်ကြောက်မက် ဖွယ်ကောင်းသော ကောင်းကင်ကို ဖျက်ဆီးတော့မည့် ရောင်ဝါကို ထိန်းထားသော်လည်း ဤသိမ်မွေ့သော ရောင်ဝါကိုက ကြောက်မက်ဖွယ် ကောင်းနေသေးသည်။
"ဟမ့်...ဟောက်ထျန်း! ငါတို့အင်အားက မင်းလောက် မတော်ဘူး... ငါတို့မင်းလက်ထဲ ရောက်သွားပြီဆိုတော့ မင်းဆန္ဒအတိုင်း ငါတို့ကိုသတ်ပစ်နိုင်တယ်!"
"ဒါက သေခြင်းတရားပဲမလား... ကျုံးကျိုးကို ဝင်ပြီးကတည်းက အသက်ရှင်ဖို့ စိတ်ကူးမရှိတော့ဘူး"
ကျန်နေသေးသူတွေက တစ်ယောက်ပြီး တစ်ယောက် ဟောက်သံတွေ တော်တော် ထွက်နေပြီ။ လုရွှမ် ထိုလူများ၏ မျက်လုံးထဲက ရှောင်ပြေးချင်နေကြတာကို တွေ့လိုက်သည်။
အသက်ရှင်ချင်တယ်၊ ဘယ်သူမှ မသေချင်ဘူး။
"မင်းတို့ကိုသတ်မယ်လို့ ဘယ်သူပြောလဲ... မင်းတို့အသက်က တန်ဖိုးရှိတယ်လို့ ထင်ရင် သလင်းကျောက်နဲ့ မင်းတို့အသက်ကို ဝယ်သုံးလိုက်...ပမာဏကို ငါကျေနပ်ရင် မင်းတို့ကို အေးအေးဆေးဆေး သွားခွင့်ပေးမယ်!"
လုရွှမ် တကယ်တော့ သလင်းကျောက်များကို ဂရုမစိုက်ပေ။ သူ အလေးထားသည့် အရာမှာ ကမ္ဘာပေါ်ရှိ ရတနာများသာ ဖြစ်သည်။ တချို့လေလံပွဲများတွင် အမှန်တကယ် ပစ္စည်းကောင်းများကို မဝယ်နိုင်လျှင် လက်လျှော့နေရမည်။ အခုလို ဈေးကွက်မှာ ရောင်းချသည့် အရာအများစုသည် အရေးမကြီးလှတာ သိသာထင်ရှားပါသည်။
တကယ်ကောင်းတဲ့ အရာတွေ ဘယ်မှာ ရှိသလဲ ဆိုတာကတော့ ဒီလူတွေမှာ ပြောနိုင်စွမ်း မရှိကြချေ။
ထို့အပြင် ဤလူများ အသက်ရှင်နှင့် တပြိုင်နက် ဝေဝူကျို့သည် သူ့ညီအစ်ကိုများကို စွန့်ခွာခဲ့ကြောင်း၊ ရန်သူလက်ထဲ ထားခဲ့ကာ ကိုယ်တိုင် ထွက်ပြေးရသည့် သတင်းကို သဘာဝအတိုင်း ဖြန့်ကြလိမ့်မည်။
ဒဏ်ရာများဖြင့် အသက်ရှင်နေသေးသော လူခုနစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာ ကြည့်နေကြသည်။
"မင်း ငါတို့ကို တကယ် လွှတ်လိုက်တာလား..."
လုရွှမ်: "ဟုတ်တယ်... ကောင်းကင်က တရားမျှတပါတယ်... လူတွေကို ဖြစ်သလို လိုက်သတ်တာက ငါ့ပုံစံတော့ မဟုတ်ဘူး"
လူအတော်များများက မယုံနိုင်ကြသေးပေမယ့် ဒါက အခွင့်အရေး တစ်ခုပါပဲ။ အသက်ရှင်နိုင်မယ့် အခွင့်အရေးပင်။ ထိုလူများသည် ၎င်းတို့၏ သိုလှောင်လက်စွပ်များနှင့် လက်ကောက်များကို ထုတ်ယူကာ လုရွှမ် ပေးလိုက်ကြသည်။
လုရွှမ် ယူကြည့်လိုက်ကာ ကျေနပ်သွားသည်။
လုရွှမ်: "အိုး.. ဒီမှာ ဘာလုပ်နေသေးတာလဲ မင်းတို့မှာ လုပ်စရာရှိသေးလို့လား"
လူခုနစ်ယောက်လည်း တစ်ယောက်နဲ့တစ်ယောက် ဖေးမနေရင်းမှ အံ့သြသွားပေမယ့် အလွန်သတိထားကာ မြန်မြန်ပဲ ထွက်သွားကြလေသည်။