ထူးကဲသောခွန်အား
Vol. 127 Ch. 4.1419
"ဟောက်ထျန်းလား... နာမည်ကောင်းပဲ! ငါကဝေဝူကျို့!!"
လုရွှမ်က ရယ်ပြီး "ငါလည်း အဲ့လိုပဲထင်တယ်"
"ဟောက်ထျန်း! မင်းက အစွမ်းထက်သားပဲ... ငါ့ထက်မနိမ့်ဘူး ပုံမှန်အချိန်တွေဆိုရင် ငါမင်းကို မျက်နှာသာပေးမှာပဲ... ဒါပေမဲ့ မင်းမပါဝင်နိုင်တဲ့ အရာတွေရှိတယ် မင်းကို မစွန့်စားဖို့ ငါအကြံပေးတယ်..."
လုရွှမ်၏ မျက်လုံးများ တောက်ပလာပြီး သံရှည်ဆွဲကာ ပြောလိုက်သည်။
"အိုး....ငါလည်းအစက မင်းကဒီမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ သူပဲလို့ ထင်ခဲ့တာ...နည်းနည်းလောက် စကားပြောပြီးမှ မင်းလုပ်နေတဲ့ တခြားအရာတွေ ရှိနေသေးတာ တွေ့လိုက်ရတာပဲ!"
လုရွှမ်ရဲ့ စကားလုံးများက သရော်လှောင်ပြောင်ခြင်း မရှိသော်လည်း ဤစကားကြားရသူတိုင်းသည် ကဲ့ရဲ့နေကြောင်း သိကြပေမည်။ ဝေဝူကျို့ရဲ့ မျက်နှာသည်လည်း မည်းမှောင်လာကာ အသံနက်ကြီးနဲ့ ပြောလိုက်သည်။
"ဒါဆို အစ်ကို ဟောက်ထျန်း... ငါ နောက်ထပ် မျက်နှာသာ မပေးတော့ဘူး"
လုရွှမ်: "မင်းရဲ့ အစီအစဥ်တွေပေါ်မှာပဲ မူတည်တယ်... အဘိုးကြီးနဲ့ မိန်းကလေးတွေကို မင်း သတ်ချင်ရင်တောင် ငါထိုင်ကြည့်နေလို့ မရဘူးလေ..လူကြီးလူကောင်း တစ်ယောက်မှာ လုပ်စရာတစ်ခုရှိတယ် မလုပ်သင့်တာလည်း တစ်ခုရှိတယ် ဒါပေမဲ့ ဒါက ငါ့စိတ်ဆန္ဒ အတိုင်းပဲမလို့..."
ဝေဝူကျို့က အကျယ်ကြီး ရယ်မောလိုက်သည်။
"မင်းလုပ်နိုင်တာတွေ ရှိသလို မလုပ်သင့်တဲ့အရာတွေလည်း ရှိတယ်လေ...ကောင်းပြီ ငါဝေဝူကျို့က အစ်ကိုဟောက်ထျန်းကို သင်ယူခိုင်းရမှာပေါ့...မင်းရဲ့ဓားကို ဆွဲထုတ်နိုင်မလား"
လုရွှမ်: "မင်းရဲ့ဓားကို ဆွဲထုတ်လိုက်ရင် ငါ့ဘက်ကလည်း သဘာဝအတိုင်း ထွက်လာလိမ့်မယ်..."
ဝေဝူကျို့က အော်ဟစ်ပြီး သူ့လက်ထဲက နတ်ဓားကို လွှဲယမ်းလိုက်သည်။
"ကောင်းပြီ မင်းမှာ ဘယ်လိုစွမ်းရည်မျိုး ကြည့်ရသေးတာပေါ့..."
သူ့လက်ကောက်ဝတ်ကို လှန်လိုက်သည်နှင့် တခဏချင်းတွင် ဓားငါးချောင်းနဲ့အတူ ဒြပ်စင်ငါးမျိုး ထွက်ပေါ်လာသည်။ လုရွှမ်မျက်လုံးများ တောက်ပလာ၏။ ဒီဓားသိုင်းက အထင်ကြီးစရာ ကောင်းသားပဲ။
ဆိုင်ရှင်က "မိတ်ဆွေလေး သတိထားပါ...ဒါက ဝေဝူကျို့ရဲ့ ကျော်ကြားတဲ့ ဓားသိုင်း... ဒြပ်စင်ငါးပါးဝိညာဉ်ဖြတ်ဓား"
ဒြပ်စင်ငါးပါးရဲ့ ဝိညာဉ်ဖြတ်ဓားလား။
လုရွှမ်၏ မျက်လုံးများထဲတွင် ထျန်းယွမ်နတ်မီးလုံးရဲ့ အလင်းရောင်များ ပေါ်ထွက်လာသည်။ တစ်ဖက်လူရဲ့ ဓားသိုင်းသည် အလင်းတန်းငါးစင်းဖြစ်ပြီး ဓားစွမ်းအင်တွေ စီးဆင်းနေကြောင်း ရှင်းရှင်းလင်းလင်း မြင်ရသည်။
သူ့ဓားသိုင်းက ပြီးပြည့်စုံသော ချိန်ခွင်လျှာကို ဖန်တီးလိုက်သလိုပင်။ ဒြပ်စင်ငါးပါးကြားမှ အငွေ့အသက်ဟာ လုံးဝအလိုအလျောက် ပြောင်းလဲသွားသည်။ ဒြပ်စင်ငါးခုသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် သက်ရောက်သွားတဲ့အခါ သူ၏ ဓားစွမ်းအင်ကလည်း တိုးမြင့်လာသည်။
ဝေဝူကျို့သည် သူ့မာနကို မကျေနပ်သည့် အရိပ်အမြွက်ဖြင့် ပေါ့ပေါ့တန်တန် အော်ဟစ်လိုက်သည်။ သူ၏ ဒြပ်စင်ငါးပါးကို ဖမ်းစားနိုင်သော ဓားအကြောင်း လူဘယ်နှစ်ယောက် သိကြသလဲ မရေတွက်နိုင်ပေမယ့် ဘယ်သူမှတော့ မခုခံနိုင်ပေ။
ဒါပေမဲ့ ဝေဝူကျို့ နောက်ကွယ်က လူတွေအားလုံးကတော့ အလွန်ထိတ်လန့်သွားကြပါ၏။ ဝိညာဉ်ဖြတ်ဓားသည် ဝေဝူကျို့၏ ဝှက်ဖဲဖြစ်သည်။ အလွန်ကျွမ်းကျင်ပြီး သာမန်မဟုတ်သည့် လူများကို ကိုင်တွယ်ဖြေရှင်းနိုင်တာ ဖြစ်သည်။
ထိုဓားသိုင်းကို လုပ်ဆောင်ပြီးတာနဲ့ ပြိုင်ဘက်ကို သတ်ပြီး အပြီးသတ်ဖို့ အချိန်တန်ပါပြီ။ ဝေဝူကျို့နောက်ကို အချိန်အတော်ကြာ လိုက်ခဲ့သူတွေမို့ ဒါဟာ ရန်သူကို ရင်ဆိုင်ဖို့ ပထမအကွက်မှာတင် ဒြပ်စင်ငါးပါး ဝိညာဉ်ဖြတ်ဓားကို တိုက်ရိုက် အသုံးပြုတာ ပထမဆုံးအကြိမ် ဖြစ်သည်။
လုရွှမ်မျက်လုံးများက တင်းမာနေ၏။ ကျုံးကျိုဟူသော အလယ်ပိုင်းဒေသထဲကို ဝင်နိုင်သူတွေဟာ သာမန်လူတွေ မဟုတ်ဘဲ ပါရမီရှင်တွေ ဖြစ်ပြီး ပထမမြို့ကို ထွက်သွားနိုင်တဲ့သူတွေကဆိုရင် ပါရမီရှင်တွေကြားမှာ ပိုလို့တောင် ထူးချွန်ကြပါသေးသည်။
ဝေးလေလေ အရည်အချင်းတွေ ပိုရှိလာလေလေ၊ ခွန်အားကို လျှော့တွက်လို့ မရလေပဲ။
ဝေဝူကျို့မှာ လုရွှမ် ဒေါသတကြီး ပြုံးနေတယ်လို့ မြင်လိုက်ရသဖြင့် ဒီကောင်လေး နောင်တအကြီးကြီး ရနေပြီဟု တွေးနေ၏။ သူသည် လူသစ်တစ်ယောက်မျှသာ ဖြစ်သော်လည်း မိမိရှေ့တွင် ကြီးကြီးမားမား ဟန်ဆောင်နေကာ အရည်အချင်းကို အလွန်အမင်း ယုံကြည်နေသည်။
ဝေဝူကျို့ သူ့ဓားကို ပစ်ထုတ်လိုက်သည်နှင့် လုရွှမ်က နောက်ပြန်လှည့်ကာ မိုးမြေအဆောက်အအုံထဲမှ ပြေးထွက်သွားသည်။ ဝေဝူကျို့ဟာ ဒြပ်စင်ငါးပါးရဲ့ စွမ်းအားကို အသုံးပြုပြီး ဓားသွားတွေကို သူ့ခန္ဓာကိုယ်ဆီ တွန်းပို့ခဲ့သူပင်။ ဒါတွေအားလုံးဟာ သူ့ဆန္ဒအတိုင်း လုံးလုံးလျားလျား ပြောင်းလဲသွားပြီး သူ့နှလုံးသားက လုံးလုံးလျားလျား ထိန်းချုပ်ထား၏။
အားကောင်းလေလေ၊ အမြန်နှုန်းက သဘာဝအတိုင်း မြန်လေလေ၊ ခြိမ်းခြောက်မှုကလည်း ကြီးလေလေပါပဲ။
လုရွှမ် နောက်ပြန်ဆုတ်ပြီး ချီထျန်းပု ခြေလှမ်းဖြင့် ရွှေ့သွားသည်။ သူ ဝေဝူကျို့ရဲ့ အရှိန်ကို တကယ်သဘောကျ သွားခဲ့သည်။ ဝေဝူကျို့က ပြိုင်ဘက်ကောင်းပဲ။
သို့သော် ဝေဝူကျို့ အလွန်ထိတ်လန့်နေပြီဖြစ်ကြောင်း သူ မသိပေ။
သူအရမ်းမြန်တယ်ဆိုတာ သူသိပါ၏။ ဒါပေမဲ့ ဒီကောင်လေးက နောက်ပြန် လျှောက်နေသေးတာတောင် သူက ခဏအတွင်း ခြေလှမ်းတစ်ဝက်တောင် မလိုက်နိုင်ခဲ့။ သူလှည့်ထွက်ပြေးဖို့ သူ့ခန္ဓာကိုယ်စွမ်းရည်ကို အသုံးချခဲ့မယ် ဆိုရင်တောင် သူလုပ်နိုင်တာ ဘာမှရှိမှာမဟုတ်ဘူး။
ထိုလူက သူ့ဓားကို မဆွဲထုတ်ရသေးဘူး ဆိုတော့ မိမိဓားသိုင်းက ဘယ်လောက်ပဲ မြတ်နေပါစေ လူက ရှောင်နေရင်တော့ သတ်လို့ မရတော့ချေ။
"ဟမ့် ဓားကိုကြည့်စမ်း!"
ဝေဝူကျို့ ဒေါသတကြီး ဟောက်လိုက်ရာ အလင်းငါးခုနဲ့အတူ ဓားစွမ်းအင်တစ်ခု ပေါက်ကွဲ ထွက်လာသည်။
လုရွှမ်ကလည်း သိပြီးသားမို့ ဓားသွားလမ်းမှ ရုန်းထွက်ရန် သူ့ခြေထောက်ကို ရွှေ့လိုက်သည်။ ဝေဝူကျို့က ရှောင်နေချိန်ကို အခွင့်အရေးယူကာ ဒြပ်စင်ငါးပါး ဝိညာဉ်ဖြတ်ဓားကို ရေစီးကြောင်းတွေလို ဆက်လက်တိုက်ခိုက်ခဲ့သည်။
လုရွှမ်ရဲ့ ခြေလှမ်းများက အလင်းတဖျတ်ဖျတ်နဲ့ ရွေ့သွားသည်။ အာကာသနှင့် ပတ်သက်သော နိယာမစွမ်းအင်အပေါ် နားလည် သဘောပေါက်မှုက ချီထျန်းပုထဲကိုလည်း အသိဥာဏ်များစွာကို ထည့်သွင်းနိုင်ခဲ့သည်။
အဲဒီကနေ ဒီကမ္ဘာကြီး အကြောင်းကို အများကြီး နားလည်လာသလို ခံစားရ၏။ ဤမြေကမ္ဘာသည် ကျဉ်းမြောင်းသော သဘောရှိသော်လည်း တစ်ချိန်တည်းမှာပင် ၎င်းက ကျယ်ပြန့်သော သဘောတရားလည်း ရှိသည်။ ကောင်းကင်နှင့်မြေကြီး အပေါ် စဉ်ဆက်မပြတ်နားလည်ခြင်းသည် ကောင်းကင်မြေကြီး၏ စစ်မှန်သော အဓိပ္ပာယ်ကို ပိုမိုနက်ရှိုင်းစွာ နားလည်ခြင်းပဲ ဖြစ်သည်။
နားလည်လေလေ၊ ပိုလေးနက်လေလေ၊ ပြင်ပအနှစ်သာရကို ဖယ်ထားနိုင်လေလေ၊ အတွင်းစိတ်အမှန်တရားကို မြင်လေပင်။ လောကက လူကို လှည့်စားသလိုပဲ၊ လောကကို တကယ်လှည့်စားနိုင်တဲ့ တစ်ခုတည်းသော သူကတော့ ကျင့်ကြံသူပါပဲ။
ထို့နည်းတူ ချီထျန်းပုကို ပိုနားလည်လေ လေပြင်းနိယာမ အပေါ် နားလည်မှုက ပိုနက်နဲလာလေပဲ ဖြစ်သည်။ ဒါကြောင့် နယ်ပယ် ပိုမြင့်လာတာနဲ့အမျှ ခြေလှမ်းက ပိုသွက်လက်လာပေမည်။
ဤအခိုက်အတန့်တွင် ဝေဝူကျို့၏ မျက်လုံးများတွင် လုရွှမ်၏ ခြေလှမ်းများကြောင့် လက်တွေ အလွန်အေးစက်နေပြီ။ ဒီခြေလှမ်းတွေက လက်လွတ်စပယ် ဖြစ်နေသေးကာ သိသာမြင်သာသော ပြောင်းလဲမှုမျိုး မရှိပေ။ လေထုထဲမှာတင် အရှိန်အများကြီး တိုးလာပြီး ပိုသွက်လာနေ၏။
လုရွှမ်သည် သူ့ဓားကို မဆွဲထုတ်ဘဲ သူ့ခန္ဓာကိုယ် စွမ်းရည်ကို အသုံးပြု၍ ရှောင်နေဆဲဖြစ်သည်။ သို့သော် ဝေဝူကျို့၏ တိုက်ခိုက်မှုကနေ အန္တရာယ်ကင်းကင်း လွတ်မြောက်သွားတဲ့ အခါတိုင်း လူများက ထိတ်လန့်တကြား စောင့်ကြည့်နေကြသည်။
ဒီခြေလှမ်းအကွက်တွေက အားကောင်းလွန်းလှချည်လား။
လုရွှမ်၏ ခန္ဓာကိုယ်သည် ပင်လယ်ထဲတွင် လွတ်လွတ်လပ်လပ် ကူးခတ်နေသော ငါးတစ်ကောင်နှင့်ပင် တူနေသည်။ သူက တိုက်ခိုက်မှုအားလုံးကို အနည်းငယ်လေး ရှောင်ထွက်သွားသည်။ ခန္ဓာကိုယ်က အလိုအလျောက် ရွေ့လျားနေသကဲ့သို့ သို့မဟုတ် ကောင်းကင်နှင့် မြေကြီးတို့က အလိုအလျောက် ဆွဲငင်သွားသကဲ့သို့ အလွန်ထူးဆန်းသည်ဟု ခံစားရစေသည်။
"မင်း လေပြင်းနိယာမကို ကျွမ်းကျင်နေတာကိုး!!"
ဝေဝူကျို့ ရုတ်တရက် ဟစ်အော်လိုက်သည်။
လုရွှမ်အရှိန်သည် မြန်လွန်းသည်။ သူ့အား ပို၍ပင် ဒေါသထွက်စေတာက လေကို အာရုံခံနိုင်စွမ်းဖြစ်သည်။ မိုးမခကိုင်းပေါ်က ကြောင်တစ်ကောင်လို အလိုအလျောက် ခုန်ထွက်သွားပြီး သူ့တိုက်ခိုက်မှု အားလုံးကို အချည်းနှီး ဖြစ်သွားစေသည်။