ပိုင်ဆိုင်မှုအပြောင်းအလဲ
Vol. 127 Ch. 4.1425
လုရွှမ် အနည်းငယ် မျက်မှောင်ကြုတ်ကာ ထိုလူကြီးကို အပြစ်တင်ရန် ကြိုးစားနေလေသည်။
သူ ဒီဆိုင်ကို လက်မခံရင် လာလည်လို့ မရဘူးလား။
ထို့အပြင် ယခင်ဆိုင်ပိုင်ရှင်သည် ခပ်တည်တည် ဖြစ်နေသောကြောင့် ဤနေရာတွင် အလွန်ထူးဆန်းသည့် အရာတစ်ခု ရှိနေမှာ ထင်ရှားသည်။ ဒါကြီးကို ကာကွယ်ချင်ရင် အခုမှ နတ်မီးနယ်ပယ် အဆင့်၁၀မှာ ရှိနေပြီဖြစ်တဲ့ သူ့လက်ထဲ အပ်ခဲ့တာက ဟာသတစ်ခု ဖြစ်မသွားဘူးလား။
ဒါပေမဲ့ အဘိုးအိုက ဆုံးဖြတ်ချက် တစ်ခုချနေသလိုပဲ ရုတ်တရက် သွားတွေ အံကြိတ်ကာ ဆိုလာ၏။
"သခင်လေး... ကျုပ်နဲ့ လိုက်ခဲ့ပါ"
ဤလူကြီးနဲ့ တစ်ဦးချင်း တိုက်ခိုက်ဖြစ်မယ် ဆိုရင်တောင် အနည်းဆုံးတော့ သူတို့နှစ်ဦး အညီအမျှ ဖြစ်လောက်သည်ဟု ခံစားမိသည်။ ဒီလူကြီးနောက်ကို လိုက်ခဲ့မယ်ဆိုရင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူသိမှာလဲ။
"ကောင်လေး... အဲဒီလူကြီးနောက်ကို လိုက်"
ရုတ်တရက် ရွှေကျီးကန်းကပါ ထောက်ခံလာလေသည်။
"တစ်ခုခုကို ခံစားမိလို့လား"
"မသိဘူး ဒါပေမဲ့ နည်းနည်းတော့ ရင်းနှီးနေသလို ခံစားရတယ်... စွန့်စားရကျိုး နပ်လောက်ပါတယ်..."
ရွှေကျီးကန်း ဒီလိုပြောလာတာကြောင့် လုရွှမ် သူ့နောက်ကို လိုက်ကြည့်ဖို့ စိတ်ပိုင်းဖြတ်ထားလိုက်သည်။ ဒီကောင်လေးကို ကြံစည်ချင်တယ်ဆိုရင်တော့ ရက်စက်တယ်ဆိုပြီး သူ့ကို အပြစ်မတင်တာ ကောင်းပေလိမ့်မည်။
"ကောင်းပြီ အဘိုးအို...ကျုပ် ခင်ဗျားနဲ့ လိုက်ကြည့်မယ်!!"
အဘိုးအိုမှာ အလွန်ပျော်နေသော်လည်း လုရွှမ် သဘောမတူမှာကို ပိုကြောက်နေသည်။ မူလသူ့ရဲ့ ကျမ်းကျိန်ဆိုချက်ထဲတွင် မိုးမြေအဆောက်အအုံသည် သဘောတူထားသည့်ရက် မတိုင်မီ ဘယ်တော့မှ မပိတ်ရကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး ဆိုင်ရှင်လည်း ရှိရပါမည်။
မဟုတ်ပါက ထောင်ပေါင်းများစွာသော မြှားများဖြင့် ထိုးဖောက်ခံရပြီး သေဆုံးရပေလိမ့်မည်။
သူဒီကို ရောက်လာသောအခါတွင် ဒဏ်ရာ အပြင်းအထန်ရနေပြီ ဖြစ်သည်။ ဆေးဖက်ဝင်ပစ္စည်းများကို အသုံးပြု၍ ယခင်ဆိုင်ပိုင်ရှင်ဆီက အကယ်ခံခဲ့ရသည်။ ဒီလောက် စျေးကြီးတာကို မြင်တော့ သူကလည်း သဘောတူစာချုပ် ချုပ်လိုက်သည်။
နှစ်ပေါင်းများစွာ ငြိမ်းချမ်းပြီး သဟဇာတဖြစ်အောင် နေထိုင်လာခဲ့ကြပြီး သူ၏ မူလသစ္စာကို တဖြည်းဖြည်း မေ့လျော့သွားခဲ့သည်။
သို့သော် ကျမ်းကျိန်ထားသော အချိန် ရောက်လာသည်နှင့်အမျှ များစွာ ပြောင်းလဲလာနေတာကို အဘိုးအိုခမျာ တဖြည်းဖြည်း သိလာသည်။ အပြောင်းအလဲကို သူ မဖော်ပြနိုင်သော်လည်း ၎င်းကို ခံစားနိုင်ပြီး သူသာလျှင် သိရှိနိုင်သည်။
အရင်က ဧည့်ကြိုမိန်းကလေးတွေကို မေးမြန်းသော်လည်း ဘာမှ မတွေ့ သတိမထားမိဘူးလို့သာ ဆိုကြ၏။ ဘာကြောင့်မှန်းမသိပေမယ့် အဘိုးအိုမှာ စိတ်ထဲ တဖြည်းဖြည်း ကြောက်လာသည်။ ထိုအခါ သူသည် ယခင်ဆိုင်ပိုင်ရှင်ထံမှ သတိပေးချက် ရုတ်တရက် ပြန်သတိရလာ၏။
"ဒါက အခွင့်အရေးတစ်ခုပါ... ဒါပေမဲ့လည်း အန္တရာယ်တစ်ခုလည်း ဟုတ်တယ်... မင်းမတတ်နိုင်ဘူးလို့ ထင်ရင် ဆိုင်ပိုင်ရှင်ကို ချက်ချင်း ပြောင်းလိုက်..."
ဒါ အရင်ဆိုင်ပိုင်ရှင် ပြောခဲ့သော စကားပင်။
အမြဲတမ်း အလေးအနက် မထားခဲ့ပေမယ့် ပိုပိုပြီး ထိတ်လန့်လာတဲ့ အခါမှာတော့ တစ်စုံတစ်ယောက်က ပြဿနာရှာဖို့ ရောက်ချလာတော့သည်။ ပဉ္စမမြို့ကလူတွေက သူ့ကိုရှာဖို့ အခွင့်အလမ်း မရှိ။ သန်းရာပေါင်းများစွာထဲမှ တစ်ယောက်လောက်က သူ့ကို လာရှာနေပြီ။
သူပို၍ ကြောက်လာကာ ထိုအရာသည် သူလုံးဝ မတတ်နိုင်သော အရာဖြစ်ကောင်း ဖြစ်နိုင်ကြောင်း နောက်ဆုံးတွင် သဘောပေါက်လာသည်။ အစားထိုးရန် လိုအပ်ပါက သေချာပေါက် အစားထိုးရမည်။
ဒါပေမဲ့ သူ့မှာ လူဆိုးတစ်ယောက်ရဲ့ နှလုံးသား ရှိနေသေးသည်။ သူအရမ်း ကြောက်သွားတာကြောင့် လုရွှမ်ကို ဆိုင်ပိုင်ရှင် ထားခဲ့တဲ့ ရတနာစာအုပ်တွေနဲ့ လှည့်ဖြားချင်ခဲ့တာပင်။
သူသည် လုရွှမ်ရဲ့ စကားလုံးများနှင့် အမူအရာများကို အမြဲစောင့်ကြည့် နေသော်လည်း ယခုတော့ ရတနာကို မြင်ပြီးတာကြောင့် လုရွှမ်က မတုန်လှုပ်တာကြောင့် ဝမ်းသာအားရဖြင့် မြေအောက်ခန်းသို့ အမြန်ခေါ်သွားခဲ့သည်။
ဆင်းလာပြီးနောက် လုရွှမ် ရုတ်တရက် အနည်းငယ် အေးစက်သွားသလို ခံစားလိုက်ရသည်။ အမှန်တော့ သူ့ခန္ဓာကိုယ်ကို မှုတ်ထုတ်လာတဲ့ လေပူတွေကြောင့် အနည်းငယ် ပူနေသေးပေမယ့် သူ့ရင်ထဲမှာ ခံစားရတာကတော့ အေးစက်နေ၏။
ဒီအောက်မှာ အလွန်ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခု ရှိနေပြီ။ အဘိုးအိုကို ကြည့်လိုက်သော်လည်း အဘိုးအိုသည် ဘာမှ မခံစားရကြောင်း မြင်သာသည်။
"အိုး... ခင်ဗျား ဘာမှ မခံစားရဘူးလား"
အဘိုးအိုက ခေါင်းခါရင်း : "ဘာမှ မခံစားရပါဘူး... ဒီမှာ အရမ်းအဆင်ပြေတယ် အမြဲတမ်း ကျုပ်ရဲ့ ခိုလှုံရာလေးတောင် ဖြစ်ခဲ့တယ်... လူငယ်လေး တစ်ခုခု မှားနေလို့လား"
"ဒီမှာ အရမ်းအန္တရာယ် များတယ်... ကျွန်တော့်ကို ကြောက်စရာကောင်းတဲ့ ခံစားချက်တစ်ခု ပေးနေတယ်..."
အဘိုးအိုသည် သူ့ကို ထိတ်လန့်စွာကြည့်ကာ အသံက တုန်တုန်ယင်ယင်ဖြင့်။
"သခင်လေး...ကျုပ်ကို နောက်နေတာလား ကျုပ် ဘာမှ မခံစားရဘူး"
အဘိုးအို၏ အမူအရာသည် အတုအယောင်မဟုတ်သလို ရွှေကျီးကန်း အသံကလည်း အနည်းငယ်တုန်ခါကာ သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"မှန်တယ်! အဲဒါပဲ...တကယ်ကြီး ဒီနေရာမှာ ဖုံးကွယ်ထားမယ်လို့ မမျှော်လင့်ထားဘူး!"
လုရွှမ်သည်လည်း ရွှေကျီးကန်းကို တုန်လှုပ်စေသည့် အရာအား ပို၍ သိချင်လာသည်။ အဘိုးအိုက လိုက်ရှာပေမယ့် ဘာမှမတွေ့သေးချေ။ ဒါပေမဲ့ သူ့မျက်နှာက ရွှင်လန်းမှုအပြည့်နဲ့ ဒီမှာတစ်ခုခု ရှိနေရင် လုရွှမ်ဆက်နေဖို့ အခွင့်အလမ်း ပိုများမယ်ဆိုတာ သိသာတယ်လေ။
"ဒါဆို သခင်လေး....?"
"ကျွန်တော် ဒီဆိုင်ကို ယူမယ်"
အဘိုးအိုသည် စိတ်လှုပ်ရှားစွာ ရယ်မောပြီး လုရွှမ်ရဲ့ အမူအရာကို မြင်သောအခါ အနည်းငယ် ရှက်ရွံ့သွားလေသည်။
"ကောင်းပြီ သခင်လေး ဒီမိုးမြေအဆောက်အအုံကို အမွေဆက်ခံချင်ရင် ဒီအဘိုးကြီးရဲ့ ဦးဆောင်မှုအောက်မှာ ကျောက်ပြားတစ်ချပ်ကို ကျိန်ဆိုဖို့ လိုတယ်"
သူပြောတဲ့ ကျောက်ပြားပေါ်မှာ နာမည်တွေ တစ်ခုပြီးတစ်ခု ပေါ်လာပြီး အောက်က ကွက်လပ်ရဲ့ အပေါ်မှာတော့ လိရှန်းဆိုတဲ့ စကားလုံး နှစ်လုံးရှိပါ၏။
"ဟားဟား... အဲဒါကျုပ်နာမည်ပါ... သခင်လေးရဲ့ ဝိညာဉ်နဲ့ နာမည်ကို ရိုက်နှိပ်ထားသရွေ့တော့ အဆင်ပြေသွားလိမ့်မယ်..."
လုရွှမ် အနည်းငယ် အံ့အားသင့်သွားပြီး "ဝိညာဉ်ကို သုံးဖို့ လိုတာလား" ဟု ပြန်မေးလိုက်သည်။
လိရှန်းက မျက်တောင်ခတ်လိုက်ပြီး။
"သခင်လေး....ဟောက်ထျန်းက သခင်လေးနာမည် မဟုတ်ဘူးလား"
အဘိုးကြီးကို ခေါင်းညိတ်ပြပြီး စမ်းကြည့်သော်လည်း ဟောက်ထျန်း နာမည်ကို လုံး၀ မရေးထွင်းနိုင်တာ တွေ့လိုက်ရသည်။ ကျောက်ပြားပေါ်၌ သူ့စိတ်ဝိညာဉ်ကို အဟန့်အတား ဖြစ်စေသော ခွန်အားတစ်ခု ရှိနေသည်။
အဘိုးအိုကို ကြည့်ပြီးနောက် လုရွှမ် သူ့နာမည်ကိုပဲ ရေးလိုက်ရတော့သည်။
"လုရွှမ်?"
အဘိုးအိုခမျာ သူ့လျှာကို နှစ်ခါလောက် ရိုက်လိုက်ပြီး မျက်လုံးတွေက ရုတ်တရက် တောက်ပလာတော့သည်။
"သခင်လေးက...ဒုတိယ ပါရမီရှင်စာရင်းမှာပါတဲ့ သခင်လေးလုရွှမ်လား?"
လုရွှမ် မဖြေလည်း အဖြေက သူ့စိတ်ထဲရှိနေပြီ ဖြစ်သည်။
"မထူးဆန်းပါဘူး အံ့သြစရာလည်း မရှိပါဘူး... ဘယ်သခင်က ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ကျင့်ကြံမှုမျိုး ရှိနေတာလဲလို့ စဥ်းစားနေတာ... လတ်စသတ်တော့ သခင်လေးလုရွှမ် ဖြစ်နေတာကိုး...."
လုရွှမ် သူ့စိတ်ဝိညာဉ်ကို ကျောက်ပြားပေါ်တွင် ရေးသွင်းပြီးနောက် မိုးမြေအဆောက်အအုံနဲ့ အလွန်ရင်းနှီးလာသလို ခံစားလာခဲ့ရသည်။ စိတ်ဝိညာဉ်က မိုးမြေအဆောက်အအုံ တစ်ခုလုံးရဲ့ နေရာအားလုံးသို့ ပျံ့နှံ့သွားသလိုပင်။ အဆောက်အအုံ တစ်ခုလုံးရှိ အရာအားလုံးကို သူ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
သူသည် မိုးမြေအဆောက်အအုံထဲ ရှိနေသရွေ့ နေရာတိုင်းတွင် ရှိနေသလို ဖြစ်နေလိမ့်မည်။ ဒါပေမဲ့ သူ့စိတ်ဝိညာဉ် မ၀င်ရောက်နိုင်တဲ့ နေရာနှစ်ခုရှိသည်။ ပြီးတော့ နည်းနည်းလေး ငြင်းပယ်ခံရတာကိုတောင် ခံစားရ၏။
“ဖယ်ထုတ်ခံရတဲ့ နေရာ နှစ်နေရာရှိတယ်လို့ ခံစားရတယ်...."
"နှစ်ခုလား သခင်လေး... ဒီအကြောင်းတော့ မသိဘူး ကျုပ်က တစ်ခုပဲ ခံစားရတယ်... အဲဒီမှာ အရမ်းအန္တရာယ်များတယ် အကြိမ်ကြိမ်တောင် စမ်းကြည့်ပေမယ့် မအောင်မြင်ဘူး... သခင်လေး... တကယ်ပဲ နေရာ နှစ်နေရာလောက် ခံစားရတယ်လား.... ဒါဆို အခွင့်အလမ်းတွေ ရှာတွေ့နိုင်တယ်"
လုရွှမ်လည်း ဒီအဘိုးကြီး တွေးနေပုံကိုလည်း သိတာကြောင့် ပြုံးပြလိုက်သည်။
"အဘိုးကြီး.... အခု ကျွန်တော့်လက်ထဲ အပ်လိုက်ပြီဆိုတော့ အခုထွက်သွားလို့ရပြီပေါ့"
"ဟာဟား... နောက်ဆုံးတော့ ထွက်သွားနိုင်ပြီ သခင်လေး ကျုပ် အရင်သွားတော့မယ်"
သူသည် စိတ်လှုပ်ရှားစွာ ရှေ့သို့ ပြေးသွားတော့သည်။ လုရွှမ်သည် မိန်းကလေးများလည်း စုဝေးပြီး အဘိုးကြီးနှင့်အတူ တိုက်ရိုက် ထွက်ခွာသွားတာကို ကြည့်ရင်း မိုးမြေအဆောက်အအုံထဲ၌ သူတစ်ဦးတည်းသာ ကျန်ခဲ့တော့သည်။