လွန်ခဲ့တဲ့ လေးလက
Vol. 9 Ch. 122
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီ နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်ကထက် စာရင် နစ်ဖီ က အတော်လေးကို ပြောင်းလဲနေခဲ့ပါပြီ..။
သူမက ..အရပ်ရှည် , သွယ်လျပြီး..ထူးဆန်းစွာပဲ ကမ္ဘာကြီးရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေနဲ့ ကွဲပြားနေတယ်လို့ တောင် ထင်ရပါတယ်..။သူမရဲ့ လှပတဲ့ ခန္တာကိုယ်ပေါ်မှာ..ကြယ်အလင်း ချပ်ဝတ်အကာအကွယ်ကို ဝတ်ထားတုန်းပါပဲ..။အခုချိန်မှာတော့..သူမရဲ့ ပုခုံးပေါ်မှာ..အကာအကွယ်နဲ့ အရောင်တူတဲ့ ဝတ်ရုံတစ်ခုကိုလည်း ဝတ်ဆင်ထားပါသေးတယ်..။
ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ ငွေရောင်ဆံပင်တွေဟာလည်း..ပိုရှည်လာခဲ့ပြီး..သူမရဲ့ ပုခုံးနားကိုတောင် ရောက်နေခဲ့ပါပြီ..။သူမက ထူးဆန်းစွာပဲ ရင့်ကျတ်ပြီး မိန်းမသား ဆန်နေခဲ့တာကြောင့်..ဆန်နီကိုတောငိ အနည်းငယ် ရင်ခုန်သံမြန်စေခဲ့ပါတယ်..။သူမရဲ့ တည်ငြိမ်တဲ့ အညိုရောင် မျက်လုံးတွေက ခါတိုင်းလိုပဲ တောက်ပနေခဲ့တယ်..။
သို့ပေမယ့် စစ်မှန်တဲ့ ပြောင်းလဲမူတွေကတော့ နက်ရှိုင်းတဲ့ အတွင်းထဲမှာပါ..။သူမ အကြောင်းကို ကောင်းကောင်းသိနေတဲ့ ဆန်နီလို လူမျိုးကပဲ..ဒီလို အရာမျိုးကို သတိထားမိပါလိမ့်မယ်..။ဆန်နီဟာ သူမအကြောင်းကို သေချာသိနေခဲ့တာကြောင့် သူမရဲ့ ခံစားချက်တွေကို တွေ့မြင်နေခဲ့ရတယ်..။
နစ်ဖီက အခုဆိုရငိ ပိုပြီးတော့ တက်ကြွနေသလိုပါပဲ..။သူမရဲ့ မျက်လုံးတွေက ဆုံးဖြတ်ချက် ပြတ်သားမူတွေနဲ့ တောက်ပနေခဲ့တယ်..။
....ဒါက သူမရဲ့ စွမ်းအင်ပဲ..။သူမရဲ့ ဆွဲဆောင်နိုင်စွမ်းပဲ...။
ဆန်နီ ဒီအကြည့်တွေအောက်မှာ ကျောချမ်းသွားခဲ့တယ်..။
နစ် ဆိုတာက သူ အကြာရှည်ဆုံးတွေ့ခဲ့တဲ့ လူတစ်ယောက်ဖြစ်ပြီး..နောက်ထပ် မတွေ့ချင်ဆုံး လူတစ်ယောက် ဆိုရင်လည်း မှန်ပါတယ်..။သူ ရဲတိုက်ကနေ ထွက်သွားခဲ့ရတဲ့ အကြောင်းအရင်းကလည်း သူမ ကြောင့်ပါပဲ..။
ဒီလို မထင်မှတိပဲ တွေ့ဆုံမူကြောင့်..သူ့ရဲ့ အတိတ်က မှတ်ဥာဏ်တွေက ပြန်လည်ပေါ်ထွက်လာခဲ့တယ်..။
သူ သာ..အဲ့အချိန်ကတည်းက သိခဲ့ရရင်....
ကောင်းပြီ..အမှန်တော့ ဘာမှလည်း ပြောင်းလဲသွားမှာ မဟုတ်ပါဘူး..။
***
လွန်ခဲ့တဲ့လေးလ..။
သူတို့ ကျိန်စာသင့် ပင်လယ်ထဲကို အရိုးလှေဖြင့် စွန့်စားခဲ့သည့် အချိန်တွင်..။
...အမှောင်ထု ၏ အေးစက်တဲ့ ထွေးပွေ့မူ အောက်မှာ အဆုံးမရှိ ကြာပြီးတဲ့ နောက်မှာတော့..သူတို့ရဲ့ လွတ်မြောက်မူက..နောက်ဆုံး အခိုက်အတန့်ကို ရောက်လာခဲ့တယ်..။သူ အရှေ့ဘက်ကို လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့..ကောင်းကင်ထက်မှာ မှိန်ဖျော့ဖျော့ အလင်းရောင်ကို တွေ့မြင်လိုက်ရပါတယ်..။
တုန်ရီစွာပဲ..သူ နှုတ်ခမ်းကို သပ်လိုက်ကာ အက်ကွဲနေတဲ့ လေသံနဲ့ ပြောလိုက်တယ်..။
"ကတ်...ကတ်စီ...မနက်ခင်းရောက်နေပြီ..."
သူ ဒီစကားကို ပြောပြီးတာနဲ့ နောကိဆုံးကျန်ရှိနေသေးတဲ့ ခွန်အားက ကုန်ခမ်းသွားပြီး..ကျောက်တုံးပေါ်မှာ လှဲချလိုက်ပါတယ်..။သူ့ရဲ့ ရင်ဘတ်ကတော့ နိမ့်ချည် မြင့်ချည် ဖြစ်နေခဲ့တယ်..။
နေ့သစ် တစ်ရက်ကတော့..မေ့ပျောက်ကုန်းမြေကြီးရဲ့ပျက်ဆီးနေတဲ့ ငရဲ မှာ နွေးထွေးတဲ့ နေရောင်နဲ့ အတူ စတင်လာခဲ့ပါတယ်..။သူတို့ ရှင်သန်နိုင်ခဲ့ပြီ..။
အိပ်စက်သူ သုံးယောက်ဟာ..ရေလှိုင်းတွေ ရိုက်ခတ်နေတဲ့ အနက်ရောင် ကျောက်တုံးကြီးပေါ်မှာ ရှိနေခဲ့တယ်..။ဆန်နီ နဲ့ ကတ်စီ ကတော့..နွေးထွေးမူ အတွက် တစ်ယောက်ကို တစ်ယောက် ကိိုင်ထားခဲ့ပါတယ်..။နစ်ကတော့ ..ကျောက်တုံးလက်ကြီးရဲ့ အလယ်ဗဟိုမှာ မေ့မျောနေခဲ့တုန်းပါပဲ..။အက်ကွဲနေတဲ့..အကာအကွယ်တွေရဲ့ အောက်မှာ သူမရဲ့ဖြူဖျော့ပြီး လှပတဲ့အသားအရည် ကို မြင်နေခဲ့ရပါတယ်..။
'ငါတို့ လုပ်နိုင်ခဲ့ပြီ '
သူတို့က ဝိဥာဥ် စားသုံးခြင်းသစ်ပင်ကနေ ရွက်လွင့်လာနိုင်ကြကာ..ကြောက်စရာ သားရဲတွေနဲ့ တိုက်ပွဲမှာတောင် ရှင်သန်နိုင်ခဲ့ကြပါတယ်..။
သူတို့ အခုလို လုပ်နိုင်ခဲ့တာကို ဆန်နီ ယုံတောင် မယုံကြည်နိုင်သေးပေ..။ရှေးဟောင်းသားရဲ ကြီးရဲ့ စိတ်ကို ငြို့ထားခြင်းခံနေရတဲ့ အခြေအနေအရ ဆိုရင် သူတို့ လွတ်မြောက်နိုင်ဖို့ အခွင့်အရေးက အရမ်းကို နည်းပါးပါတယ်..။ဘာလို့လဲဆိုတော့ ဒါက သူတို့ရဲ့ အန္တရာယ်အများဆုံးနဲ့..အစွမ်းအထက်ဆုံးဖြစ်တဲ့ စိတ်ကို ယူဆောင်သွားလ်ို့ပါပဲ..။
ဒါတောင်မှ သူတို့ အောင်မြင်ခဲ့ပါသေးတယ်..။
မောပန်းစွာပဲ..ဆန်နီဟာ မျက်လုံးကို ပိတ်ထားကာ..အနက်ရောင်ရေလှိုင်းတွေ ပြန်လည် ဆုတ်ခွာသွားတာကို နားထောင်နေခဲ့တယ်..။သူတောင် မသိလိုက်ခင် အချိန်လေးမှာပဲ..အိပ်ပျော်သွားခဲ့ပါတယ်..။
သူ ပြန်နိုးလာတဲ့ အချိန်မှာတော့ နေက ကောင်းကင် အထက်မှာ ရောက်နေခဲ့ပါပြီ..။ဆန်နီ သူ့ခန္တာကိုယ်က ကျိုးကြေနေသလို ခံစားရမယ်လို့ ထင်ထားခဲ့ပေမယ့်..အံ့ဩစွာပဲ တစ်ဝက်လောက်တောင် ခံစားရခြင်းမရှိပေ..။ဆန်နီလို..ကပ်ဆ်ိုးတွေနဲ့ပဲ..ကြုံတွေ့နေရတဲ့လူအတွက် ဝိီဗာ ရဲ့သွေးက အတော်လေးကို အဖိုးတန်လှပါတယ်..။
သူ့ရဲ့ ကျိုးနေတဲ့ လက်ချောင်းကတောင် အရမ်းကြီး မနာကျင်တော့ပေ..။
သို့ပေမယ့် ဆန်နီ ထထိုင်တဲ့ အချိန်မှာတော့ ညဥ်းညူနေရတုန်းပါပဲ...။
ကတ်စီကတော့ မနေ့ညက အရမ်းကို ပင်ပန်းခဲ့ရတာကြောင့် အိပ်ပျော်နေတုန်းပါပဲ..။သူမ ရဲ့ နူးညံ့တဲ့ မျက်နှာလေးက သွေးရောင်ကင်းမဲ့ကာ ဖြူဖျော့နေခဲ့တယ်..။ဆန်နီ သက်ပြင်းချလိုက်ပါတယ်..။
နစ်ဖီကတော့ အခုထိ အသိစိတ်ပြန်မလည်လာသေးပါဘူး..။သူ အိပ်ပျော်နေတဲ့ အချိန်မှာ မျက်မမြင်မိန်းကလေးက သူမရဲ့ဝတ်ရုံကို ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကို ခြုံပေးထားခဲ့ပါတယ်..။နစ် ကတော့ ခံစားချက်မဲ့စွာ လဲလျောင်းနေပြီး..သူမရဲ့ မျက်နှာက ဖြူဖျော့နေခဲ့တယ်..။သူမရဲ့ ညှင်သာတဲ့ အသက်ရူသံကသာ ဆန်နီကို အသက်ရှင်နေသေးကြောင်း အချက်ပေးနေခဲ့ပါတယ်..။
သူမရဲ့..သန့်စင်တဲ့ မီးတောက်ကနေ တဆင့် အသွေးအသားတွေ ပြန်တည််ဆောက်သွားတာကို တွေးမိပြီး ဆန်နီ တုန်လှုပ်သွားခဲ့တယ်..။ဒီ မီးတောက်က နစ်ဖီကို တစ်ချိန်လုံး မယုံနိုင်တဲ့ နာကျင်မူ ၊ ခံစားရမူ တွေကို ပေးစွမ်းနေခဲ့တာပါ..။သူမ မေ့ပျောက်နေတဲ့ အခြေအနေကနေ ရုန်းထွက်ဖို့ ဘယ်လိုအရာမျိုးကို ပေးဆပ်ခဲ့ရလဲ ဆ်ိုတာကို ဘယ်သူသိမှာလဲ..။ဒီ မီးတောက်က ကုသနိုင်စွမ်းရှိတယ် ဆိုတာကို သူ အရင်တုန်းက မသိခဲ့ပါဘူး..။
ဖြစ်နိုင်တာက..သူမ အရင်ကတစ်ခါမှ အသုံးမပြုတာကြောင့် ဖြစ်နိုင်ပါတယ်..။
"အခြေအနေကို သုံးသပ်ဖို့ အချိန်ရောက်ပြီ '
ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဆီက အကြည့်ကို လွှဲလိုက်ပြီး သူက ပတ်ဝန်းကျင် အခြေအနေကို ကြည့်လိုက်တယ်..။သူ့စိတ်ထဲမှာတော့ လေးလံနေခဲ့ပါတယ်..။
သူတို့က ကြီးမားတဲ့ သားရဲကြီးတွေရဲ့ တိုက်ခိုက်တာကနေ ရှင်သန်ခဲ့ပြီးတာတောင် ကျိန်စာသင့် ပင်လယ် ထဲမှာပဲ ရှိနေသေးတယ်ဆိုရင် ရှေ့ဆက်ဖို့ နည်းလမ်းဆိုတာ မရှိတော့ပါဘူး..။ဒါက တကယ်ကို ဆိုးဝါးတဲ့ ကံတရားပါ..။
သူတို့ရဲ့ အရှေ့ဘက်မှာတော့ ဘာမှရှိမနေပဲ..ရှည်လျားတဲ့ သန္တာကျောက်တန်းကြီးတွေသာ ရှိနေခဲ့တယ်..။အရင်ကနဲ့ အတူတူ....
ဆန်နီ အဝေးတစ်နေရာက အနက်ရောင်အရာတစ်ခုကိုမြင်ပြီး အေးခဲသွားခဲ့တယ်..။ဒီဟာက..ချို့ဝှမ်းကြီးရဲ့ အစွန်းတစ်နေရာပါ..။သူတို့ ဖြတ်လာနိုင်ခဲ့ပြီ..။
သူ့စိတ်ထဲမှာ စိတ်လှုပ်ရှားမူတွေ ပေါ်လာခဲ့ပြီး..ဆန်နီဟာ အလျင်အမြန်ပဲ အနောက်အရပ်ကို လှည့်ကြည့်လိုက်တယ်..။
ခနအကြာမှာတော့ သူက တိတ်ဆိတ်နေခဲ့ပြီး ခေါင်းထဲမှာ အတွေးတစ်ခုသာ ပေါ်နေခဲ့ပါတယ်..။
"ငါတို့ အရမ်းနီးစပ်နေပြီ '
သူ အရာအားလုံးကို မေ့သွားပြီး အချိန်ကြာအောင် တိတ်ဆိတ်နေခဲ့တယ်..။နာရီ အနည်းငယ်ကြာပြီးမှ ကတ်စီက နိုးလာခဲ့ပါတယ်..။ဆန်နီက သူမဘေးမှာ မရှိတာကို ခံစားရတာကြောင့် ကြောက်ရွံ့တဲ့အသံနဲ့ ခေါ်လိုက်တယ်..။
" ဆန်နီ ..."
သူ နှုတ်ခမ်းကို သပ်လိုက်ပြီး..
"ငါ ဒီမှာ..."
ကတ်စီ ..ထရပ်လိုက်ပြီး သူမရဲ့ လက်ကို သူ့ ပုခုံးပေါ်တင်လိုက်ပါတယ်..။
"ဘာလို့လဲ..ဘာလ်ို့ နင့်အသံက ထူးဆန်းနေတာလဲ..။
ဆန်နီ မျက်တောင်ခတ်ပြီး မျက်မမြင်မိန်းကလေးကို ကြည့်လိုက်တယ်..။ဝမ်းသာတဲ့ အပြုံးတစ်ခုကတော့သူ့မျက်နှာပေါ်မှာ ရှိနေခဲ့ပါတယ်..။
"ကတ်စီ..ငါတို့တွေ့ပြီ..။ငါတို့ နင်မြင်ခဲ့တဲ့ မြို့ကို တွေ့ပြီ..."
***
အဆုံးမှာတော့ နစ်ဖီက..နှစ်ရက်လုံးလုံး သတိလစ် မေ့မျောနေခဲ့တယ်..။
ဆန်နီ စတင်ပြီး စိုးရိမ်လာခဲ့ပေမယ့် တတိယမြောက်နေ့မှာတော့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်က နိုးလာခဲ့ပါတယ်..။တစ်ချိန်တည်းမှာပဲ သူက ကျောက်တုံးလက်ကြီးရဲ့ လက်ညိုးထိပ်ပေါ်မှာထိုင်ပြီး အနောက်ဘက်ကို စိတ်လှုပ်ရှားစွာကြည့်နေခဲ့တယ်..။
သူတို့ လုပ်နိုင်ခဲ့ပြီ..။သူတို့ နောက်ဆုံးတော့ အိမ်ပြန်ကြရတော့မှာပါ..။
ဆန်နီ အစစ်အမှန် ကမ္ဘာကို ပြန်ဖို့ မစောင့်နိုင်တော့ပေ..။သူ နိုးထသူ တစ်ယောက်ဖြစ်လာပြီး အဆင့်အတန်း မြင့်လာဖို့ကိုတောင် ထပ်ပြီး ဂရုမစိုက်တော့ပါဘူး..။
သူ ဂရုစိုက်တာက နွေးထွေးတဲ့ အိပ်ယာ၊ အရသာရှိတဲ့ တောင်ပေါ် အစားအသောက် နဲ့ နွေးထွေးတဲ့ ရေ တွေပါ..။
ဆန်နီ နစ်ဖီကို ငုံ့ကြည့်လိုက်ပြီး တစ်ခုခု မှားနေလား ဆိုတာကို စစ်ဆေးကြည့်လိုက်တယ်..။
ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကတော့ အဆင်ပြေနေခဲ့ပါတယ်..။သူမက ရှည်လျားတဲ့ အရပ် ၊ သွယ်လျတဲ့ ခန္တာကိုယ် နဲ့ သူသိတဲ့ နစ် ဖြစ်နေတုန်းပါပဲ..။သူမက ကမ္ဘာကြီးတစ်ခုလုံးကနေ ကွဲထွက်နေသလိူပဲ ထူးခြားနေခဲ့တာပါ..။သူမရဲ့ မျက်လုံးတွေနဲ့ အကြည့်ချင်းဆုံသွားတဲ့ အချိန်မှာတော့ ဆန်နီ နှလုံးခုန်သံတွေ မြန်လာသလိုတောင် ခံစားလိုက်ရတယ်..။
သူ ပြုံးလိုက်ပြီး..
'ဘုရားသခင်တွေကို ကျေးဇူးတင်ပါတယ် '
နစ်ဖီ မျက်မှောင်ကျုတ်ကာ..သူမ ခေါင်းကို ငုံ့ကြည့်လိုက်ပြီးမှ..ပုံမှန်လေသံနဲ့မေးလိုက်တယ်..။
"နင် ဘာလို့ ပြုံးနေတာလဲ "
သူ အရူးတစ်ယောက်လို ပြုံးနေမိတာကို သတိထားမိလိုက်ပြီး ဆန်နီ မျက်တောင် ခတ်လိုက်ပါတယ်..။
'အမြန် ...အမြန် ..သူမကို လမ်းကြောင်းပြောင်းလိုက်'
"နင့်ရဲ့ နောက်ကို ကြည့်လိုက်.."
အနောက်ဘက်မှာ ရှိနေတဲ့ မြင်ကွင်းက သူ စိတ်ကြည်လင်နေရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်တာကြောင့်..ဒါက အမှန်တရားပါပဲ..။
နစ်ဖီ သူ့ကို အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ သက်ပြင်းချကာ တစ်ဖက်ကို လှည့်လိုက်တယ်..။
သူမရဲ့ နောက်ဘက်မှာတော့ ရှည်လျားတဲ့ မြို့ရိုးကြီးတစ်ခု ရှိနေခဲ့ပြီး..သန္တာကျောက်တန်းတွေရဲ့ အထက်မှာ အညိုရောင် ..ကျောက်တုံးတွေနဲ့ တည်ဆောက်ထားခဲ့ပါတယ်..။
ဒီ တံတိုင်းကြီးက..သူတို့ရဲ့ ခံစားခဲ့ရမူ တွေ အလဟသ မဖြစ်ပဲ..သူတို့ရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတော့မယ် ဆိုတဲ့ သင်္ကေတ ပါပဲ..။
ဒါက မျှော်လင့်ချက်ပါ..။