အကူညီပေးတဲ့ လက်
Vol. 9 Ch. 123
#ဘာသာပြန် = စနိုးဝှိုက်
အနည်းငယ်ကြာပြီးတဲ့ နောက်မှာတော့..နစ်ဖီဟာ အသိစိတ်ပြန်ဝင်လာခဲ့ပြီဖြစ်ပြီး..ကြီးမားတဲ့ ကျောက်တုံး လက်ကြီးပေါ်ကနေ ..ထွက်ခွာဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။မနက်ခင်းက အခုမှ စတင်တာ ဖြစ်တာကြောင့်..သူတို့တွေ ဒီချိုင့်ကြီးကို ဖြတ်ဖို့အတွက် အချိန်တွေ အများကြီး ကျန်နေပါသေးတယ်..။တကယ်လို့ အခြေအနေတွေသာ ကောင်းမယ်ဆိုရင်..သူတို့က နေမဝင်ခင်အချိန်မှာပဲ..ဆန်းကျယ်တဲ့ မြို့ကြီးရဲ့ မြို့ရိုးပေါ်ကို ရောက်နိုင်ကြမှာပါ..။
ဒါပေါ့..အခြေအနေ တွေက..အမြဲတမ်းပြောင်းလဲ နေနိုင်ပါတယ်..။သို့ပေမယ့်..အကြောင်းပြချက်တစ်ချို့ကြောင့်..ဆန်နီဟာ ကောင်းတဲ့ဘက်ကနေ သာ တွေးနေခဲ့တယ်..။
ဒီလို အခိုက်အတန့်မျိုး ခံစားရတာက သူ့အတွက် အတော်ရှားပါးလှပါတယ်..။
အရင်တုနိးက အတိုင်းပဲ.. ဆန်နီနဲ့ နစ်ဖီ တို့ဟာ..မီတာအနည်းငယ် စိီအလှည့်ကျ ဆင်းကာ..ကတ်စီကို တစ်ယောက်တစ်လှည့် အောက်ကို ချပေးနေခဲ့ပါတယ်..။သို့ပေမယ့် ..သူတို့က ပြီးခဲ့တဲ့ အခေါက်က လုပ်ခဲ့တာထက် ပိုပြီး သန်မာနေကြပါပြီ..။
အရင်တုန်းက ကြီးမားတဲ့ ရုပ်ထုကြီးပေါ်က ဆင်းတုန်းတဲ့ အချိန်မှာ ဘယ်လောက်အထိ ပင်ပန်းခဲ့ရလဲ ဆိုတာကို တွေးမိပြီး ဆန်နီရယ်မောလိုက်တယ်..။အခုချိန်မှာတော့..သူက ဒီလိုမျိုးကို သုံးကြိမ်ဆက်တိုက်လောက် လုပ်နိုင်တယ်လို့တောင် ခံစားနေရပါတယ်..။ပြီးခဲ့တဲ့ ရက်အနည်းငယ်က သူက ဆိုးဝါးတဲ့ အရာတွေကို ခံစားခဲ့ရပြီး..ခန္တာကိုယ်ရဲ့ အကန့်အသတ်အထိတောင် ရောက်ခဲ့ပေမယ့်..အခုတော့ သူ့ကြွက်သားတွေမှာ ခွန်အားတွေပြန်ပြည့်နေခဲ့ပါပြီ..။
သူတို့ ကြက်သွေးရောင် ဝင်္ကပါ ထဲမှာ နှစ်လလောက် ကုန်ဆုံးခဲ့ကြပြီး..သားရဲတွေကို တိုက်ခိုက်ကာ အသက်ရှင်ဖို့ ကြိုးစားခဲ့ရတာတွေက သူတို့ကို ပိုမိုသန်မာလာစေပါတယ်..။
နိုးထသူတွေ အများကြီးက..ဒီလို ကြမ်းတမ်းတဲ့ အရာတွေကို ကျော်ဖြတ်ပြီး ရှင်သန်ခဲ့ရတာက..ဒဏ္ဍာရီတွေကို ပြန်ပြောဖို့လားဆိုတာကိုတောင် သူ သံသယဖြစ်မိပါတယ်..။သူ အစစ်အမှန်ကမ္ဘာကို ပြန်ရောက်တဲ့ အချိန်ဆိုရင်..သူက..လက်ရှိမျိုးဆက်ထဲမှာ..လက်ရွေးစင် အဆင့်လို့တောင် ပြောလို့ရနေပါပြီ..။
'ဟင်..ဒါက တကယ် ပြသနာ ရှိနေနိုင်တယ် '
ကောငိးပြီ..သူ အရာရာတိုင်းကို နစ်ဖီ ကို ပုံချလို့ ရပါသေးတယ်..။သူမက ဆန်းကျယ်တဲ့ ဖြစ်တည်မူ ဖြစ်ပြီး..ဒဏ္ဍာရီလာ အင်မော်တယ် မီးတောက် ကလန်ရဲ့ နောက်ဆုံး ဆက်ခံသူတစ်ယောက် ဆိုရင်လည်း မမှားပါဘူး..။ပြီးတော့ ပထမဆုံး အိပ်မက်ဆိုးမှာ..နာမည်အစစ်အမှန် ရခဲ့တဲ့ လူနည်းစု တည်းက တစ်ယောက် အပါအဝင်ပါ..။
ဒီလို..ထူးချွန်တဲ့ လူတစ်ယောက်က..မသန်စွမ်း အားနည်းတဲ့ လူနှစ်ယောက်ကို ထွက်ပေါက်ဂိတ် အထိ စောင့်ရှောက်လာခဲ့တယ် ဆိုတယ်ဆိုရင် လူတွေက အလွယ်တကူ ယုံကြည်ကြပါလိမ့်မယ်..။
ဆန်နီ ..က သူ့ရဲ့ စကားလုံးတွေကို သေချာ ရွေးချယ်ပြီး ပြောဖို့သာ လိုအပ်တာပါ..။ကံကောင်းချင်တော့ ဒီနေရာမှာ သူက မာစတာပါပဲ..။
ဒီအတွေးတွေ နဲ့အတူ နစ်မြောနေတာကြောင့် သူက အချိန်ကုန်သွားတာကိုတောင် သတိမထားမိလိုက်ပေ..။မကြာခင်မှာပဲ..သူတို့က မြေကြီးပေါ်ကို ရောက်လာခဲ့ကြပါပြီ..။
သူတို့ နူးညံ့တဲ့..ရွံ့ပေါ်ကို ခြေမချခင်မှာပဲ..နစ်ဖီဟာ ဆန်နီကို ကြည့်ပြီး ပြောလိုက်တယ်..။
"သတိ နဲ့ နေ..."
သူမ အနေနဲ့ သူ့ကို သတိပေးဖို့တောင် မလိုအပ်ပေ..။နောက်ဆုံး အခိုက်အတန့်က အရေးကြီးဆုံးပဲ ဆိုတာကို ဆန်နီ သိထားပြီးသားပါ..။သူတို့က ပန်းတိုင်ကို မြင်ပြီး စိတ်အေးလက်အေး ဖြစ်နေတဲ့ အချိန်မှာ အန္တရာယ်က အနောက်ဘက်မှာ ရောက်နေနိုင်ပါတယ်..။များပြားလှတဲ့..နိုးထသူတွေက ဒီလို အခြေအနေနဲ့ အမြဲတမ်းလိုလို ကြုံတွေ့ခဲ့ကြရတာပါ..။
သူက..ဒီလူတွေထဲက တစ်ယောက် ဖြစ်လာဖို့ အစီစဥ် မရှိပေ..။
ဆန်နီ ဂရုတစိုက်ပဲ ကတ်စီကို ချပေးလိုက်တယ်..။သူ ကိုယ်တိုင်မြေကြီးပေါ်ကို ရောက်တဲ့ အချိန်မှာတော့..အနည်းငယ် ခုန်လိုက်ပြီး..လက်တစ်ဖက်ကို ဆန့်တန်းကာ သန်းခေါင်ယံ အမြုတေကို ချက်ချင်း ထုတ်လိုက်ပါတယ်..။
သို့ပေမယ့်..သူတို့ကို ဘယ်အရာကမှ အန္တရာယ် မပြုခဲ့ပေ..။
ဆန်နီ နဲ့ နစ်ဖီ တို့ဟာ..အကြည့်ချင်းဖလှယ်လိုက်ပြီး ရှေ့ကို ဖြည်းညှင်းစွာ လျောက်သွားခဲ့ကြတယ်..။
တစ်မိနစ်စီတိုင်းမှာ..အညိုရောင် တံတိုင်းကြီးက တဖြည်းဖြည်း နီးကပ်လာခဲ့ပါပြီ..။
တစ်နေရာအရောက်မှာတော့ ဆန်နီဟာ ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို ရပ်ဖို့ လက်ဟန်ပြလိုက်ပြီး..သူတို့ကို ကယ်တင်ခဲ့တဲ့ လက်ပုံစံ ရုပ်ထုကြီးကို ပြန်လှည့်ကြည့်လိုက်ပါတယ်..။
သန္တာ ချိုင်ဝှမ်းကြီး ထဲမှာတော့..ကြီးမားပြီး လှပတဲ့ အမျိုးသမီး ရုပ်ထုကြီး တစ်ခုဟာ ရှိနေခဲ့တယ်..။သူမက အတော်လေးကို ကျတ်သရေ ရှိပြီး သူမရဲ့ လက်တွေက တစ်ခုခုကို ပွေ့ဖက်နေသလို လေထဲကို မြှောက်ထားခဲ့ပါတယ်..။
အနည်းဆုံးတော့ ဒါက အရင်အချိန်တုန်းက သူမ ရှိနေခဲ့တဲ့ ပုံစံပါပဲ..။အခုတော့ သူမရဲ့ လက်တစ်ဖက်က ကျိုးပဲ့ နေပြီး..ပုခုံးသာ ကျန်ရှိနေတော့တယ်..။ကံကောင်းစွာပဲ ကျန်တဲ့တစ်ဖက်က ရှိနေသေးပြီး အိပ်စက်သူ သုံးယောက်လိုအပ်နေတဲ့ အချိန်မှာ အကူညီပေးနိုင်ခဲ့ပါတယ်..။
ဆနိနီ ထင်ထားသလိုပဲ..တောက်ပနေတဲ့ ကြယ်ပွင့် ခုနှစ်ခုက သူမရဲ့ ဝတ်ရုံပေါ်မှာ ထွင်းထု ထားခဲ့တယ်..။
သူ အသိချငိဆုံး အချက်က..ကြီးမားတဲ့ စစ်သည်တော် ရုပ်ထုကြီးလိုပဲ..ဒီ ကျတ်သရေ ရှိတဲ့ အမျိုးသမီးရဲ့ ဦးခေါင်းက ရှိမနေခဲ့ပါဘူး..။ဒီ ရုပ်ထုတွေက နဂိုကတည်းက ဦးခေါင်းမထည့်ထားတာလား..ဒါမှ မဟုတ် ဒေါသတကြီး ဖျက်ဆီးခံထားရတာလား ဆိုတာကို ဆန်နီ နောက်တစ်ကြိမ် အံ့ဩစွာ တွေးလိုက်မိပါတယ်..။
'... ဦးခေါင်း ခုနှစ်ခုက တံဆိပ်တော် ခုနှစ်ခုကို စောင့်ကြပ်နေကြတယ် '
သူက ကတ်စီ ရဲ့ကြောက်လန့်စရာ အမြင်ကို တွေးမိလိုက်ပါတယ်..။
ဆန်းကျယ်တဲ့ အမြင်က အတော်လေးကို ထူးဆန်းနေတာတော့ အမှန်ပါပဲ..။သိူ့ပေမယ့် ဒီအရာက ဖြေရှင်းနိုင်မည့်ပုံ မပေါ်သေးပေ..။ဆန်နီကတော့ သူ အစစ်အမှန်ကမ္ဘာကို ပြန်ရောက်ပြီး ရင် ဒီ ကျိန်စာသင့်နေရာကို ပြန်တော့မှ ပြန်မလာတော့ဖို့တောင် မျှော်လင့်မိပါတယ်..။
အိပ်မက်ကမ္ဘာထဲမှာ နယ်မြေတွေက အများကြီးပါပဲ..။ပြီးတော့ နေရာအများစုက မေ့ပျောက်ကုန်းမြေလို ငရဲ နေရာထက်တော့ အပုံကြီး သာပါတယ်..။
' အကုန်လုံးက ငရဲ ပဲ '
သူတို့ အသက်ကို ကယ်ခဲ့တာကြောင့် ရုပ်ထုကြီးကို တိတ်တဆိတ် ကျေးဇူးတင်လိုက်ပြီး..ဆန်နီ နောက်ပြန်လှည့်ကာ အနောက်အရပ်ကို ဦးတည်သွားခဲ့တယ်..။
ဆန်နီ ဟာ ချိုင့်ဝှမ်းကြီးရဲ့ အတက်ကို ရောက်လာတဲ့ အချိန်မှာပဲ အန္တရာယ်များတဲ့ အရာက ဖြစ်လာခဲ့တယ်..။ဆန်နီဟာ ရွံ့နွံထဲမှာ ရှိတဲ့ ကျောက်ပြားတစ်ချပ်ပေါ်ကို ခြေချဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ ကျောက်တုံးက ရုတ်တရက် လှုပ်လာခဲ့ပြီး ဘေးနားကို လှိမ့်သွားခဲ့ပါတယ်..။
ကြောက်စရာ အော်သံက..သန္တာချိုင့်ဝှမ်း တစ်ခုလုံး ဖုံးလွှမ်းသွားတာကြောင့် ဆန်နီ ထိပ်လန့်သွားခဲ့တယ်..။
တစ်စုံတစ်ခုက မြေအောက်ကနေ ထွက်လာမှာ စိုးရိမ်တာကြောင့် ဆန်နီဟာ နောက်ကို ခုန်ဆုတ်လိုက်ပြီး..သူ့ရဲ့ ဓားကို ထုတ်လိုက်ပါတယ်..။တစ်ဖက်မှာလည်း နစ်ဖီဟာ ကတ်စီကို နောက်ကို ပို့လိုက်ပြီး..သူမရဲ့ ဓားကို ထုတ်လိုက်တယ်..။
...သို့ပေမယ့် ရွံ့ထဲမှာ ရွေ့လျားနေတာ ဘာမှ မရှိခဲ့ပါဘူး..။ရွံ့ထဲက ..ဘာ သားရဲမှ ထွက်မလာသလို..သူတို့ကို မြေအောက်ထဲ ဆွဲခေါ်သွားတာ မျိုးလဲ မရှိပေ..။
ဒါဆို အစောက အော်သံက ဘာလို့ထွက်လာတာလဲ ။
ဆန်နီ တစ်ခုခုကို နားလည်ဖို့ ကြိုးစားနေတုန်းမှာပဲ သူ့ရဲ့ ညာဘက်ခြေထောက်ကို ထိုးဖောက်တဲ့ နာကျင်မူတစ်ခုကို ခံစားလိုက်ရတယ်..။သူ အောက်ကို ငုံ့ကြည့်လိုက်တဲ့ အချိန်မှာတော့ သူ မြင်ရတာက....။
ကျောက်တုံး တစ်တုံးက သူ့ခြေထောက်ကို ကိုက်နေခဲ့တာပါ..။
ကျောက်တုံးက ထူးဆန်းတဲ့ အိပ်မက်ဆိုးသားရဲ တစ်ကောင် ဖြစ်ပုံရပြီး..သူ့ရဲ့ ပါးစပ်မှာတော့ ချွန်ထက်တဲ့ သွားတွေ ရှိနေခဲ့တယ်..။သူက ဆန်နီ ဆီကို ရောက်လာဖို့ ..အကြိမ်အနည်းငယ်လောက် လှိမ့်လိုက်ရပြီး ခြေထောက်ကို လာကိုက် ခဲ့တာပါ..။
သူက ဆန်နီ ရဲ့ ခြေထောက်ကို ကိုက်နေတယ် ဆိုပေမယ့်လည်း..ကံကောင်စွာပဲ ရုပ်သေးဆရာရဲ့ ဝတ်ရုံတော် မှာ ပါတဲ့ ဖိနပ်က အတော်လေးကို မာကျောနေခဲ့တယ်..။ကျောကိတုံးရဲ့ သွားတွေက ဒီဟာကို ထိုးဖောက်ဖို့အတွက် မလွယ်ကူပါဘူး..။ဒီတော့ သူက လည်သာ ဖိနပ်ကိုသာ ဆက်တိုက် ကိုက်နေခဲ့တယ်..။
အခြေအနေအရ အနည်းငယ် နာကျင်ရပေမယ့် အန္တရာယ် တော့ မများပေ..။
ဆန်နီ ကျောကိတုံးကို ကြည့်လိုက်ပြီး ခေါင်းကို မော့ကာ နစ်ဖီကို ကြည့်လိုက်တယ်..။သူမရဲ့ အမူအရာက ပုံမှန်ပဲ ဆိုပေမယ့် ..သူမနဲ့နေတာ ကြာလာပြီဖြစ်တာကြောင့်..သူမ ဒီအခြေအနေကို ရယ်ချင်နေတယ်ဆိုတာ ထင်ရှားပါတယ်..။
" အာ..."
ဆန်နီ ခြေထောက်ကို လေထဲ မြှောက်လိုက်ပြီး..အကြိမ်အနည်းငယ် လှုပ်ခါကာ ဒီတုံးအတဲ့ ကျောက်တုံးကို ပျံသန်းသွားအောင် လုပ်လိုက်ပါတယ်..။
သို့ပေမယ့် ဒီထူးဆန်းတဲ့ မွန်းစတားက ခေါင်းမာနေခဲ့တယ်..။သူက နောက်တစ်ကြိမ် အော်လိုက်ပြီး အတင်းအကြပ်ကို ဆက် ကိူက် နေခဲ့တာပါ..။
'ဘယ်လို အရာမျိုးလဲ..။ငါ့ကို သတ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက..မင်းကို စိတ်ရှုပ်ပြီး သေသွားတာပဲ ' ဆန်နီ မျက်မှောင်ကျုတ်ပြီး တွေးလိုက်တယ်..။
ဘယ်လိုလုပ် ဒီလို အိပ်မက်ဆိုးသားရဲ မျိုး ရှိနေရတာလဲ...။
ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး အရိပ်ကို သန်းခေါင်းယံ အမြုတေမှာ ရစ်ပတ်ခိုင်းလိုက်ကာ..ဆာလောင်နေတဲ့ ကျောက်တုံးကို အားထည့်ပြီး ထိုးချလိုက်ပါတယ်..။
ဓားဦးက မာကျောတဲ့ တစ်ခုခုနဲ့ ထိမိသွားပေမယ့် မကြာခင်မှာပဲ ကျောက်တုံးမွန်းစတားရဲ့ ခန္တာကိုယ်ထဲကို ဖောက်ဝင်သွားခဲ့တယ်..။
.
ထူးဆန်းတဲ့ သားရဲက ဆန်နီကို ကိုက်ဖို့ကြိုးစားနေတုန်းမှာပဲ သေဆုံးသွားခဲ့ပါပြီ..။
ကျန်ရှိနေသေးတဲ့ ကျောက်တုံးအပိုင်းအစ တွေက ရွံ့ထဲ ကျသွားတဲ့ အချိန်မှာတော့ အခိုက်အတန့် ရဲ့ အသံကို ကြားလိုက်ရတယ်..။
[ သင်က နိုးထမူ အဆင့် မွန်းစတား , ရွေ့လျားနေတဲ့ ကျောက်တုံး ကို သတ်ခဲ့ပါပြီ ]
[ သင့်ရဲ့ အရိပ်က သန်မာလာခဲ့သည် ]
[ သင်က ....]
ဆန်နီ ရဲ့ အမူအရာ ထူးဆန်းနေတာကို မြင်ပြီး နစ်ဖီဟာ မေးလိုက်တယ်..။
"ဘာဖြစ်လို့လဲ "
သူက သူမကို ကြည့်ကာ မျက်တောင် အကြိမ်အနည်းငယ် ခတ်လိုက်ပြီး..
"အာ...ငါ အခုပဲ မှတ်သားမူ တစ်ခု ရခဲ့တယ် "
ပြောင်းလဲ နေတဲ့ကြယ်ပွင့်ဟာ မျက်ခုံးပင့်တင်လိုက်ပြီး ပြောလိုက်၏..။
"ဒါကောင်းတယ်..။ဘာ မှတ်သားမူ အမျိုးအစားလဲ "
ဆန်နီ ခေါင်းကို ကုတ်လိုက်ပြီး..အနည်းငယ် ကြာအောင်တွေဝေနေပြီးကာမှ ဖြေလိုက်တယ်..။
"အာ...ဒါက ကျောက်တုံးပဲ ..။သာမန် ကျောက်တုံး တစ်တုံးပဲ "