← Chapters

ပျက်ဆီးယိုယွင်းခြင်း

Vol. 9 Ch. 124

ပျက်ဆီးယိုယွင်းခြင်း

Vol. 9 Ch. 124

#ဘာသာပြန် = စန်ိုးဝှိုက်

မကြာခင်မှာပဲ ..သူတို့က..ဆန်းကျယ်တဲ့ မြို့ကြီးရဲ့ ကျောက်တုံး တံတိုင်းတွေ အောက်ကို ရောက်လာခဲ့ကြတယ်..။သူတို့ရဲ့ နောက်မှာတော့..ကျယ်ပြန့်တဲ့ ချိုင့်ဝှမ်းကြီး ရှိနေခဲ့ပါတယ်..။

သူတို့ရဲ့ ရှေ့မှာတော့..အိပ်မက်ကမ္ဘာထဲက လူသားတွေ နေထိုင်တဲ့ နေရာတစ်ခုက စောင့်ဆိုင်းနေခဲ့တယ်..။ဒီအရာက..သူတို့ကို ..ဒီ အမှောင်နေရာကနေ အိမ်ကို ပြန်ပို့ပေးနိုင်ပါတယ်..။

ဆန်နီကတော့ သူ့ရဲ့ အိပ်မက်ဆိုးကို အဆုံးသတ်ဖို့ တကယ်ကို မစောင့်ဆိုင်းနိုင်တော့ပေ..။

မြို့ရဲ့ တံတိုင်းတွေက ကြီးမားတဲ့ အညိုရောင် ကျောက်တုံးကြီးတွေနဲ့ တည်ဆောက်ထားခဲ့တာပါ..။သို့ပေမယ့် ကျိန်စာသင့် ပင်လယ်ကြီးရဲ့ တိုက်စားမူကို ခံထားရတာကြောင့်..အနက်ရောင်ကို ပြောင်းနေခဲ့တယ်..။နှစ်ပေါင်းထောင် နဲ့ချီအောင် ကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် ..တံတိုင်းကို တည်ဆောက်ပေးခဲ့ကြတဲ့ ဆန်းကျယ်တဲ့လူတွေကတော့ မရှိကြတော့ပါဘူး..။ဒါတောင်မှ တံတိုင်းကြီးက အခုထိ ကြီးမားပြီး..မပျက်ဆီးနိုင်စွာ တည်ရှိနေပါသေးတယ်..။

အပေါ်ကို မော့ကြည့်လိုက်ပြီး..ဆန်နီဟာ ဒီ တံတိုင်းကြီးရဲ့ အမြင့်ကို ခန့်မှန်းကြည့်လိုက်တယ်..။ဒါက အနည်းဆုံးတော့ မီတာ ခြောက်ဆယ် လောက် မြင့်မား ပါတယ်..။ဒီပမာဏ ဆိုရင်..နိုးထခြင်း အကယ်ဒမီ ရဲ့ အကာအကွယ် ထက် နှစ်ဆလောက် ပိုမြင့်နေခဲ့တယ်..။ဒီ အကာအကွယ်က ခေတ်မှီ နည်းပညာ ရော... နိုးထမူ စွမ်းရည် တွေရော အသုံးပြုပြီး တည်ဆောက်ထားခဲ့ကြတာပါ..။

ဒီ တံတိုင်းတွေကို ဘယ်သူတွေကများ ဆောက်လုပ်ခဲ့ကြတာလဲ ဆိုတာကို သူ ခနလောက်တွေးနေခဲ့တယ်..။အနောက်ဘက်မှာလည်း ကြီးမားတဲ့ ရုပ်ထုကြီးက အထီးကျနိစွာ ရှိနေတုန်းပါပဲ..။သူတို့ရဲ့ ဖန်တီးမူ လက်ရာတွေက..အမှောင်ထု နဲ့ အချိန်ကို အံတု နိုင်ခဲ့ပေမယ့်..ဖန်တီး သူတွေကတော့ မရှိကြတော့ပေ..။သူတို့က ဘယ်သူတွေလဲ..။ပျက်ဆီးနေတဲ့ မြို့ကြီးထဲက မြို့သားတွေအပေါ်ကို ဘယ်လိူ ဆိုးဝါးတဲ့ ကံတရားတွေ ကျရောက်လာခဲ့တာလဲ..။

ယင်းနောက် ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။ဒီ ဆန်းကျယ်မူတွေက သူနဲ့ ဘာမှ မသက်ဆိုင်ပါဘူး..။သူက အိမ်ပြန်မှာဖြစ်ပြီး ဒီနေရာကို ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ပေ..။တစ်ခြားလူတွေပဲ..ဒီအရာတွေကို ဖြေရှင်းကြတာ ပိုကောင်းပါတယ်..။

ခနလောက်နားပြီးတဲ့ နောက်မှာတော့...သူတို့က မြို့တံတိုင်းကို ပတ်ပြီး ဝင်ပေါက်ကို ရှာမယ့်အစား..အပေါ်ကို တက်ပြီး ဝင်ဖို့သာ ဆုံးဖြတ်လိုက်ကြတယ်..။သူတို့ ဝင်ပေါက်ကို ရှာတွေ့မယ် ဆိုရင်တောင် ..ဒါက ပွင့်နေမှာလားဆိုတာ မပြောနိုင်ပါဘူး..။

စိုစွတ်နေတဲ့ မြို့တံတိုင်းကို တက်ရတာက..လွယ်ကူတဲ့အရာ မဟုတ်ပေမယ့် သူတို့ လုပ်နိုင်ခဲ့ပါတယ်..။သူတို့ ဆက်တက်ဖို့ အပေါက်မရှိတဲ့ အချိန်မှာတော့ ဆန်နီ နဲ့ နစ်ဖီ တို့ဟာ သူတို့ရဲ့ ဓားတွေနဲ့ ကျောက်ပြားအဆက်တွေ ကြားထဲကို ထိုးသွင်းပြီး အပေါက်ဖန်တီးခဲ့ကြတယ်..။အနည်းငယ် အဆင်မပြေမူတွေ ကြုံပြီးနောက်မှာတော့..သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေက မြန်ဆန်လာခဲ့ကြပါတယ်..။

ဝိဥာဥ် အမြုတေ ၊ အရိပ်အပိုင်းအစတွေကို စုတ်ယူထားတာတွေ အပြင်..များပြားလှတဲ့ သေခြင်းရှင်ခြင်း တိုက်ပွဲတွေကြောင့် သူတို့ရဲ့ ခန္တာကိူယ်က ခွန်အားပြည့်ဝကာ ခံနိုငိရည် ရှိနေကြပါတယ်..။သူတို့နှစိယောက်စလုံးက..ကြံ့ခိုင်မူ အမြင့်ဆုံးမှာ ရှိနေခဲ့ကြတာပါ..။မကြာခင်မှာပဲ သူတို့က ကြီးမားတဲ့ တံတိုင်းကြီးရဲ့ ထိပ်ကို ရောက်သွားပြီး အစွန်းပေါ်ကို တက်လိုက်ကြတယ်..။

အသက်ကိုတောင် ဝအောင် မရူတော့ပဲ..ဆန်နီ အပေါ်ကို အမြန်တက်ကာ..အောက်ကို ငုံ့ကြည့်လိုက်ပါတယ်..။

အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ သူက ရွှေရောင်ကြိုးနဲ့ ကျောက်တုံး တွေ ပွတ်တိုက်တဲ့ အသံကို ကြားလိုက်ရတယ်..။သို့ပေမယ့် သူ့ နှလုံးခုန်သံတွေကတော့ မြန်နေခဲ့ပါပြီ..။

မကြာခင်မှာပဲ..နစ်ဖီ နဲ့ ကတ်စီ တို့လည်း ရောက်လာကြပါပြီ..။

မျက်မမြင် မိန်းကလေးဟာ..သူ့ရဲ့ ပုခုံးကို ဆုပ်ကိုင်လိုက်ပြီး မျှော်လင့်ချက်တွေ အပြည့်နဲ့ မေးလိုက်တယ်..။

"ဆန်နီ...ဘာမြင်ရလဲ "

သူ နှုတ်ခမ်းကို သပ်လိုက်တယ်..။

သူတို့ရဲ့ အောက်မှာတော့ တန်ဖိုးကြီးတဲ့ မြို့ကြီးက ပျက်ဆီးနေခဲ့ပါတယ်..။လှပတဲ့ ကျောက်တုံး အဆောက်အဦးတွေက ကျိုးပဲ ပျက်ဆီးနေပြီး..အများစုက ..ဘာမှမဟုတ်တဲ့ အပျက်အဆီးတွေဖြစ်နေခဲ့တယ်..။လမ်းတွေကြားထဲမှာလည်း လူတွေ သွားလာနေကြတာ လုံးဝ မရှိပါဘူး..။အညိုရောင်ဘကောင်းကင်ကြီးရဲ့ အောက်မှာတော့..ပျက်ဆီးနေတဲ့ မြို့ဟာ..သေဆုံးပြီး အထီးကျန်ပုံပေါက်နေခဲ့ပါတယ်..။

ဒီမှာ ဘယ်လို ကပ်ဆိုးမျိုးကို ကြုံခဲ့ရလဲ ဆိုတာ မပြောနိုက်ပေမယ့်..ပုံမှန်မဟုတ်တာကတော့ သိသာနေခဲ့တယ်..။အိမ်တွေ အများစုက မီးလောင်ခံထားရသလိုဖြစ်နေခဲ့ပြီး..ကျန်ရှိနေသေးတဲ့ နံရံတွေမှာလည်း လက်သည်းချက်ရာတွေလို ရှိနေခဲ့တယ်..။ဟိုနား ဒီနားတွေမှာ ရှေးဟောင်းသားရဲကြီးတွေရဲ့ အရိုးကြီးတွေ ရှိနေပြီး..တစ်ချိန်တုန်းက ဒီနေရာမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ် ဆိုတာကို ပြသနေခဲ့ပါတယ်..။

အနီးကပ် ကြည့်လိုက်တဲ့ အချိန်မှ ဆန်နီဟာ ချွေးစေးတွေ ပျံလာခဲ့တယ်..။အုတ်အကျိုးအပဲ့ တွေကြားထဲမှာ ထူးဆနိးတဲ့ ပုံသဏ္ဍာန် တွေ ရွေ့ရှားနေကြပြီး..အရိပ်တွေ ထဲမှာ ပိုတောင် များပါသေးတယ်..။သူတို့ကို ကြည့်နေရင်းက တစ်ကိုယ်လုံး အေးစက်သွားသလိုတောင် ခံစားလိုက်ရတယ်..။

ပျက်ဆီးနေတဲ့ မြို့ထဲမှာ အိပ်မက်ဆိုး သားရဲတွေက အတော်လေး များပြားနေခဲ့တာပါ..။

"ဒီမှာ..ကျယ်ပြန့်တဲ့ မြို့ပျက်ကြီးတစ်ခုရှိတယ်..။ပြီးတော့ လမ်းတွေကြားထဲမှာ ..မွန်းစတားတွေက အများကြီးပဲ..။နင် ပြောခဲ့သလိုပဲ..."

မြင့်မားတဲ့ မြို့ရိုးကြီးက..လမ်းတစ်ခု စာလောက်ကိုကျယ်ပြောပါတယ်..။ဒါက ..ဆန့်ကျင်ဘက် နှစ်ဖက်ကို ဦးတည်သွားပြီး...ကျယ်ပြန့်တဲ့ အပျက်အစီးတွေကို ပြီးပြည့်စုံစွာ ဝန်းရံပေးထားခဲ့တယ်..။

တစ်နေ့မှာ ဒီ မြို့ရိုးကြီးက ကြောက်စရာ မွန်းစတားတွေရဲ့ ရန်ကနေ တားဆီးပေးရမယ့်အစား..ထိပ်လန့်စရာ သားရဲ တွေကို အကျဥ်းချထားလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ..။

သို့ပေမယ့် ဆန်နီကတော့ မြို့ရိုးကြီးကို သိပ်စိတ်မဝင်စားပေ..။ပြီးတော့ သားရဲ တွေကိုလည်း စိတ်မဝင်စားပါဘူး..။အဲဒီအစား သူ့ မျက်လုံးတွေက အပျက်အစီး တွေရဲ့ အထက်မှာ ရှိနေတဲ့ တောင်ကုနကိုသာ ရောက်နေခဲ့ပါတယ်..။အဲ့ တောင်ကုန်း ပေါ်မှာတော့....

"အပျက်အစီးတွေ အလယ်က တောင်ကုန်းပေါ်မှာ တကယ်ကို ခမ်းနားတဲ့ ရဲတိုကိကြီးတစ်ခုရှိတယ်..။ဒါက..တကယ်ကို ဒဏ္ဍာရီလာ ပုံစံ မျိုးပဲ..။သူ့ရဲ့ နံရံတွေကို အဖြူရောင် ကျောကိတုံးတွေနဲ့ တည်ဆောက်ထားပြီး..ထည်ဝါလှတဲ့ ထိပ်ဖျားကလည်း ကောင်းကင်အထိအောင် ထိုးတက် နေတယ်..။သူက မြို့ရဲ့ အထက်မှာ..မျှော်လင့်ချက်တွေရဲ့ သင်္ကေတ တစ်ခုလို ရှိနေခဲ့တာ..။သူက ဒီငရဲလိုနေရာမျိုးမှာ အမှောင်ထု မထိတွေ့နိုင်တဲ့ တစ်ခုတည်းသော အရာပဲ.."

ကတ်စီ ရဲ့ မျက်နှာပေါ်မှာ ကျယ်ပြန့်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။

"ဟုတ်တယ်..အဲတာ ငါမြင်ခဲ့ရတဲ့ ရဲတိုက်ပဲ "

သို့ပေမယ့် ဆန်နီက သူမ ပြောတာကို မကြားခဲ့ပေ..။သူက မျက်မမြင် မိန်းကလေးကို..ရဲတိုက်ပုံစံ ရှင်းပြနေတုန်းမှာပဲ သူ့ရဲ့ အကြည့်တွေက အနောက်ဘက်ဆီကို မတော်တဆ ရောက်သွားခဲ့ပါတယ်..။

သူ မြင်နေရတာက..ဒီ ဒဏ္ဍာရီလာ ရဲတိုက်ကြီးရဲ့ ကောင်းကင်ကို ထိုးတက်နေတဲ့ အနက်ရောင် အရိပ်ကြီးပါ..။ဆန်နီ ဒါကိုမြင်တာနဲ့ သူ့ စိတ်ထဲမှာ ရှင်းပြမရနိုင်တဲ့ ကြောက်ရွံ့မူတွေ ဖြစ်ပေါ်လာခဲ့ပါတယ်..။

ဒါက..ကြက်သွေးရောင် ပြသာဒ် ကြီးပဲ..။

ထိပ်လန့်နေတဲ့ ခံစားချက်က သူ့ကို ဒီအရာကို နောက်တစ်ကြိမ် ထပ်မကြည့်ချင်လောက်အောင် ဖြစ်စေခဲ့ပါတယ်..။ဒါတောင်မှ သူ အကြည့်ကို မလွှဲနိုင်ခဲ့ပါတယ်..။

သူ့ဘေးမှာ ရှိနေတဲ့ နစ်ဖီဟာလည်း..ဒါကို စိုက်ကြည့်နေခဲ့ပါတယ်..။သူမရဲ့ မျက်နှာမှာလည်း နက်မှောင်တဲ့ အမူအရာ တစ်ခု ရှိနေခဲ့တယ်..။စက္ကန့် အနည်းငယ် ကြာပြီးတဲ့နောကိမှ ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ ကိုယ့်ကိုကို ပြန်ထိန်းချုပ်ပြီး အကြည့်ကို လွှဲလိုက်ပါတယ်..။

ရဲတိုက် ရှိနေတဲ့ဘက်ကို ကြည့်ပြီး သူမ မျက်မှောင်ကျုတ်ကာ ပြောလိုက်တယ်..။

"ခံတပ်ကို သွားမယ့် နောကိဆုံးလမ်း​ကြောင်းက အတော်လေးကို အန္တရာယ် များလိမ့်မယ်..။ငါ တို့ အလျင်လို စရာ မလိုဘူး..။အရင်ဆုံး ဆင်းမယ့် နည်းလမ်းကို ရှာကြတာပေါ့.."

All Chapters