← Chapters

ကပ်ဆိုးအတွင်းက စားသောက်ပွဲ

Vol. 9 Ch. 125

ကပ်ဆိုးအတွင်းက စားသောက်ပွဲ

Vol. 9 Ch. 125

#ဘာသာပြန် = စနိုးဝှိုက်

နစ်ဖီ ရော..ဆန်နီ ရော မြို့ရိုးရဲ့ အောက်ကို သိပ်ပြီး မဆင်းချင်ခဲ့ကြပါဘူး..။ဘာလို့လဲဆိုတော့ သူတို့သာ အောက်ကို ဆင်းပြီး..တစ်ခုခုဆိုးဝါးတာဖြစ်ခဲ့ရင် နောက်ပြန် ဆုတ်စရာ လမ်းရှိတော့မှာ မဟုတ်ပေ..။ဆွေးနွေးနေစရာ တောင်မလိုပဲ..သူတို့က အနီးဆုံးတာဝါ ကို ရှာပြီး အတွင်းကို ဆင်းဖို့ လမ်းရှိလားဆိုတာကို ရှာဖွေနေခဲ့ကြတယ်..။

သူတို့က မြို့ရိုးရဲ့ မြောက်ဘက်ကို ဖြည်းဖြည်းချင်းသွားနေပြီး မျက်လုံးတွေကတော့ အောက်ဘက်ကိုသာ ကြည့်နေခဲ့ကြပါတယ်..။မကြာခန ဆိုသလိုပဲ..ဆန်နီဟာ မြို့ပျက်ထဲက လမ်းကြားတွေထဲမှာ သားရဲတွေ ရွေ့လျားနေတာကို တွေ့မြင်နေခဲ့ရတယ်..။

လတ်တလောတော့ သူတို့က လုံခြုံနေပါသေးတယ်..။

သို့ပေမယ့် သူကတော့ လုံခြုံတယ်လို့ မခံစားရပေ..။အဲဒီအစား သူက ကြက်သွေးရောင် ထိပ်ဖျားကြီးကိုသာ ခနခန ကြည့်နေမိတာပါ..။

ဒီဟာကြီးက အတော်လေးကို နိမိတ်မကောင်းတာပါ..။

' မကြာခင် ငါတို့ ဒီနေရာကြီးကနေ ထွက်သွားနိုင်တော့မှာကြောင့် တော်သေးတယ် '

ဒီအရာက သူ့ရဲ့ ထိပ်လန့်မူကို လျော့ချပေးနိုင်တဲ့ တစ်ခုတည်းသော အတွေးပါ..။သူတို့ရဲ့ ​မေ့ပျောက်ကုန်းမြေ ခရီးစဥ်ကြီးက ပြီးဆုံးပါတော့မယ်..။သူတို့ အများကြီးကို ကျော်ဖြတ်ခဲ့ပြီး အရမ်းလည်း ပင်ပန်းခဲ့ကြပါတယ်..။အဲ့အချိန်တုန်းကတော့ သူက ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်ပါ့မလား ဆိုတာတောင် မသေချာခဲ့ပါဘူး..။သို့ပေမယ့် အခုတော့ ခံစားနေရတာတွေ အကုန်လုံး အဆုံးသတ်ကို ရောက်လာတော့မှာပါ..။လွတ်မြောက်မယ့် လမ်းကြောင်းက သူတို့ရဲ့ မျက်စိရှေ့နားကို ရောက်နေခဲ့ပါပြီ..။သူတို့ အိမ်ကို ခမ်းနားစွာ ပြန်နိုင်ဖို့ ဒီ တစ်ခုတည်းသော အခက်အခဲကို ရင်ဆိုင်ဖို့ပဲ ကျန်ပါတော့တယ်..။

မကြာခင်မှာပဲ..သူတို့ဟာ..မြို့ရိုးအထဲမှာ တည်ဆောက်ထားတဲ့ ..တာဝါ တစ်လုံးကို တွေ့လိုက်ရတယ်..။ဒီ တာဝါမှာ..မြို့ရိုး အတွင်းကို ဝင်ဖို့ သစ်သား ဝင်ပေါက်တစ်ခု ရှိနေခဲ့ပြီး..တံခါးကတော့ အချိန်အတော်ကြာ ကတည်းက ကျိုးပဲ့ နေခဲ့ပါပြီ..။

တံခါးရဲ့ အနောက်ဘက်မှာတော့ ဘာမှ ရှိမနေပဲ..အမှောင်ထုသာ ရှိနေခဲ့တယ်..။

ဆန်နီ ဝင်ပေါက်ရဲ့ မြင်ကွင်းကို ကြည့်ပြီး ကြက်သီးထသလို ခံစားလိုက်ရတယ်..။ဒါပေါ့ အမှောင်ထု ဆိုတာက သူ့အတွက် ပြသနာ မဟုတ်ပါဘူး..။ဒါတောင်မှပဲ.....

ရုတ်တရက် ကတ်စီဟာ သူ့ပုခုံးကို တင်းကြပ်စွာကိုင်လိုက်ပြီး ဆန်နီကို ရပ်တန့်ဖို့ အချက်ပေးလိုက်ပါတယ်..။သူရော ၊ နစ်ဖီ ရောဟာ..သူမ ဘက်ကို လှည့်ပြီး ဓားတွေကို ထုတ်ဖို့ အဆင်သင့် ပြင်ထား လိုက်ကြတယ်..။

"ဘာဖြစ်လို့လဲ ကတ်စီ "

ဆန်နီ သတိကြီးစွာ မေးလိုက်တာပါ..။

တစ်ချို့အခြေအနေတွေမှာဆိုရင် မျက်မမြင်မိန်းကလေးက သူတို့ထက် အရင် အန္တရာယ်ကို ကြိုသိနိုင်တာပါ..။သူမရဲ့ အကြားအာရုံ နဲ့ အနံ့ခံ အာရုံက သာမန်လူတွေ လိုက်မိီဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..။

အခု..ကတ်စီ ရဲ့ မျက်နှာမှာ စိုးရိမ်တဲ့ အမူအရာ ဖြစ်နေပြီး တီးတိုးပြောလိုက်တယ်..။

"နားထောင်.."

ဆန်နီ ..အသက်ကို အောင့်လိုက်ပြီး သူမပြောသလို နားထောင် ကြည့်လိုက်တယ်..။မကြာခင်မှာပဲ..တာဝါ ထဲကနေ ထူးဆန်းတဲ့ အသံတွေ ထွက်နေတာကို သတိထားမိလိုက်ပါတယ်..။

ကြွပ် ....ကြွပ် ....ကြွပ် ....

ဒီအသံ ...လတ်ဆတ်တဲ့ အရိုးတွေ အသားတွေကို သွားနဲ့ ကိုက်ပြီး စားနေတဲ့ အသံပါ..။အသားတွေကို အားရပါးရ ဝါးစားနေတဲ့ အသံက သူ့ကို မျက်နှာရှုတ်မဲ့ သွားစေခဲ့တယ်..။

ဆန်နီ နဲ့ နစ်ဖီ တို့ဟာ အကြည့်ချင်းဖလှယ်ပြီး သူတို့ရဲ့ ဓားတွေကို ထုတ်လိုက်ကြပါတယ်..။ခါတိုင်းလိုပဲ..သူတို့ ရှေ့ဆက်မသွားခင်မှာ..ဆန်နီက သူ့ရဲ့ အရိပ်ကို အရင်လွှတ်လိုက်တယ်..။

အရိပ်ဟာ..ကျောက်တုံးနံရံနားကနေ တဆင့် တာဝါနားကို ကပ်သွားခဲ့တယ်..။ယင်းနောက် သူက အမှောင်ထု ထဲကို ဝင်သွားပြီး..အဆောက်အဦး အတိူင်း ပုံသဏ္ဍာန်ယူကာ ရှေ့ကို ဆက်သွားခဲ့ပါတယ်..။

ဆန်နီ အနေနဲ့ အထဲကို မြင်နေရပါပြီ...

သူ ပထမဆုံး မြင်လိုက်ရတဲ့ အရာက..သွေးအိုင်တွေထဲက ကျောက်တုံးပေါ်မှာ မွန်းစတား အလောင်းတွေ အများကြီး လဲလျောင်းနေတာပါပဲ..။ကျောက်တုံး ကြမ်းပြင်ပေါ်မှာ ရှိနေတဲ့ အခြေအနေ တွေကိုကြည့်ရင် ဒီ အလောင်းတွေကို အရမ်းသန်မာတဲ့ တစ်စုံတစ်ခုက ဆွဲယူလာခဲ့တာ ဖြစ်ပါလိမ့်မယ်..။

ယင်းနောက် သူက ..ကျောက်တုံးတွေပေါ်မှာ ရှိနေတဲ့ အရိုးပုံ ကြီးကိုလည်း တွေ့နေခဲ့ရတယ်..။သူတို့ထဲက တစ်ချို့မှာတော့ အခုထိ အသားစတွေ ကပ်နေတုန်းပါပဲ..။တစ်ချို့ကတော့ အပိုင်းပိုင်းကျိုးနေပြီး ရိုးတွင်းချင်စီ တွေတောင်မရှိကြတော့ပေ..။

သူ နောက်ထပ်တွေ့လိုက်ရတာက..မီးတောက်တစ်ခု ရှိနေတဲ့..အဝိုင်းပုံစံ ကျောက်တုံးအပိုင်းအစ တွေကိုပါ..။မွန်းစတားတွေရဲ့ အသားအနည်းငယ်ကိုတော့ အပေါ်မှာ တင်ပြီး ကင်ထားခဲ့ပါတယ်..။

မီးပုံရဲ့ လေးမှာတော့..ဒီအရာတွေကို ပြုလုပ်နေတဲ့ အရာက ရှိနေခဲ့တယ်..။သူက ကျောက်တုံးပေါ်မှာ ထိုင်ပြီး သေချာကင်ထားတဲ့ အသားကို အသံထွက်ပြီးစားသောက်နေခဲ့တာပါ..။

...ဒါက လူသားလား..။

အမှန်တော့ ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်ပါ..။သူမ ကြည့်ရတာတော့ သူတို့သုံးယောက်ထက် အနည်းငယ် ကြီးတဲ့ ပုံပါပဲ..။

ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။

ဒီ မိန်းကလေးက အရပ်ရှည်ပြီး ဆွဲဆောင်နိုင်စွမ်းရှိပါတယ်..။သူမ မှာ တောက်ပတဲ့မျက်လုံးတွေ ရှိပြီး လှပတဲ့ အညိုရောင် ဆံပင်ကို အနောက်မှာ ချည်နှောင်ထားခဲ့တယ်..။သူမရဲ့ ခန္တာကိုယ်တည်ဆောက်ပုံက အားကစားသမားနဲ့ တူနေပြီး..ကြွက်သားတွေ အမြောင်း အမြောင်းလိုက်တွေကို လှုပ်ရှားလိုက်တိုင်းတွေ့မြင်နေခဲ့ရတာပါ..။သူမက အဖြူရောင် အတွင်းခံ အင်္ကျီကို ဝတ်ထားပြီး ၊ ခြေထောက်မှာတော့ ကြေးသံချပ်ကာ ၊ လည်သာနဲ့ ပြုလုပ်ထားတဲ့ သံချပ်ကာ အင်္ကျီကိုလည်း ဝတ်ဆင်ထားပါသေးတယ်..။

နစ်ဖီ ရဲ့ သွယ်လျတဲ့ ခန္တာကိုယ်နဲ့ ယှဥ်ရင် သူမက ခွန်အားတွေ ပြည့်ဝနေတဲ့ ပုံစံမျိုးပါ..။သူမရဲ့ တည်ရှိမူက ခွန်အားတွေ ၊ စွမ်းအင် တွေကို ကိုယ်စားပြုနေသလိုပါပဲ..။

အထူးဆန်းဆုံး အပိုင်းကတော့ သူမရဲ့ မျက်နှာပေါ်မှာ ရှိနေတဲ့ စိတ်အေးချမ်းပြီး ပျော်ရွှင်နေတဲ့ အမူအရာပါ..။သူတို့ မေ့ပျောက်ကုန်းမြေမှာ လအနည်းငယ် လောက် ဖြတ်သန်းခဲ့တဲ့ အချိန် မှာ..ဆန်နီဟာ ဘယ်တုန်းကမှ သူ့လိုမျိုး သတိ ကင်းမဲ့ စွာ မနေခဲ့ဖူးပေ..။နစ်ဖီ နဲ့ ကတ်စီ တို့လည်း အတူတူပါပဲ..။

အကာအကွယ် တွေ လုံခြုံပြီး စိတ်ချရတဲ့ အချိန်မှာတော့ သူတို့က အန္တရာယ် တစ်စုံတစ်ရာနဲ့ တွေ့မလားဆိုပြီး အမြဲ သတ်ိထားခဲ့ကြပါတယ်..။ဘယ်လိုထိပ်လန့်စရာတွေက ကြုံတွေ့လာရမလဲ ဆ်ိုတာ ဘယ်သူမှ မသိနိုင်ပေ..။သူတို့ ဝိဥာဥ် သစ်ပင်အောက်မှာ ရှိနေတုန်းကတောင်..သူတို့ရဲ့ စိတ်ထဲမှာ မမြင်နိုင်တဲ့ သတိတရား တွေ ရှိနေခဲ့သေးတာပါ..။

သို့ပေမယ့် ဒီမိန်းကလေးကတော့ ကျိန်စာသင့်နယ်မြေမှာ လုံးဝ ကျေနပ်အားရနေသလိူပါပဲ..။သူမက ဆန်နီ အစစ်အမှန်ကမ္ဘာမှာ နေခဲ့ရတုန်းက ထက်တောင် ပိုပြီးပျော်ရွှင်နေခဲ့တာပါ..။

ဆန်နီ ကြည့်နေတုန်းမှာပဲ..ဒီမိန်းကလေးက မွန်းစတားရဲ့ အသားကို အားပါးတရ စားသုံးနေခဲ့တယ်..။အသားက ထွက်လာတဲ့ အရည်တွေကတော့ သူမရဲ့ လက်နဲ့ မျက်နှာပေါ်ကို စီးကျနေခဲ့ပါတယ်..။အသား ကုန်သွားတဲ့ အချိန်မှာတော့ သူမက အရိုးကိုပါ ဆက်ပြီး ကိုက်နေခဲ့တယ်..။

သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပါပြီ..။

အိပ်မက်ဆိုးသားရဲ ရဲ့ အသားက သူမရဲ့ သွားနဲ့ ကိုက်လိုက်တာကြောင့် လွယ်လွယ်ပဲ ကွဲကြေသွားခဲ့ပါတယ်..။သူမက မျက်လုံးမှိတ်ကာ အရသာခံပြီး ရိုးတွင်းခြင်ဆီ တွေကို စုပ်ယူစားသောက်နေခဲ့တယ်..။အရိုးအများစုကတော့ သူမ မြိုချတဲ့ အထဲပါသွားမှာ အသေအချာပါပဲ..။

ဂျွတ် ဂျွတ် ဂျွတ်

ရိုးတွင်းခြင်ဆီ ကုန်သွားတဲ့ အခါမှာတော့ ကျန်ရှိနေသေးတဲ့ အရာကို သူမ ခြေထောက်နားက အရိုးပုံထဲပစ်ထည့်လိုက်တယ်..။ပြီးတာနဲ့ ချက်ချင်းဆိုသလိုပဲ နောက်ထပ် အသားတစ်ချောင်းကို လှမ်းယူလိုက်ပြီးစားသောက်နေခဲ့ပြန်ပါတယ်..။

ဆန်နီ အကြိမ်အနည်းငယ် မျက်တောင်ခတ်ပြီးမှ သူ့ရဲ့ အမြင်အာရုံကို ဒီဘက်ပြန်ပြောင်းလိုက်ပြီး နစ်ဖီကို ကြည့်လိုက်ပါတယ်..။

"နင် ဘာတွေ့ရလဲ"

သူ ခနလောက်စဥ်းစားလိုက်ပြီးမှ တွေဝေ နဲ့လေသံ နဲ့ ပြောလိုက်တယ်..။

"ကောင်းပြီ...ဒါက အရမ်း ဆာလောင်နေတဲ့ မိန်းကလေး တစ်ယောက် မဟုတ်ရင်..အရမ်းဆာလောင် နေတဲ့ နတ်ဆိုး တစ်ယောက်ပဲ "

All Chapters